အပိုင်း - ၁
သူမ၏ ideal ဖြစ်သော ယောကျာ်းသည် ဘယ်လို ဖြစ်ရမည် ဟု “စံ” သတ်မှတ်ထားစရာ ထူးထူးခြားခြား မရှိခဲ့ဘဲ၊ ထိုယောက် ကျားတွင် ရှိသမျှ အရည်အသွေး၊ စိတ်နေစိတ်ထား၊ အကျင့်စရိုက်၊ တွေးခေါ်မြော်မြင်မှု ၊ လောကကြီးကို ဆက်ဆံပိုင်ဆိုင်မှု ၊ စိတ်ဓာတ်၊ ဥာဏ်ပညာ၊ ရည်ရွယ်ချက် အားလုံးသည် အံ့သြစရာ ကောင်းလေစွာ ကောင်းလေစွာ သူမရဲ့ “စံ”များ သာ ဖြစ်ခဲ့သည်။
သူဘာလုပ်လုပ် သူမက ရင်သပ်ရှုမော လက်ခံအောင် သူက ဖမ်းစားနိုင်ခဲ့သည်။ သူနှင့် သူမသည် နေရာတော် တော် များများ မှာ အံ့မခန်းဖွယ် တူညီနေတတ်သည်။ စိတ်ဆက်ပုံချင်းရော၊ စိတ်ထက်ပုံချင်းရော၊ ဆက်ဆက်ထိမခံတတ်ချင်းရော၊ ကြွပ်ဆတ်ကြွဆောင်းကာ ဒေါ်သကြီးတာ ချင်းရော၊ မထေမဲ့မြင် ပြုတတ်ပုံချင်းရော၊ အရွဲ့တိုက်သရော်တတ်ပုံချင်းရော၊ အားလုံးအားလုံးတူ သည်။
လောကတွင် သူမ၏ ချစ်သူရည်းစား ဖြစ်ဖို့ အကောင်းဆုံးယောကျာ်းမှာ ၊ သူ တစ်ယောက် တည်းသာရှိပါသည်။ အဲဒီ အချက်ကို သူမကိုယ်တိုင် တစ်ထစ်ချ ယုံကြည်လက်ခံသည်။ သူ့လောက် စိတ်တိုင်းကျစရာ အကောင်းဆုံး၊ နှစ် ယောက် သား လက်ချင်းတွဲ ကာ လောကကို သရော်ရွဲ့ စောင်းဖို့အကောင်းဆုံး၊ နောက်ထပ် ယောကျာ်း တစ်ယောက် သူမသေသည်အထိ ထပ်မံပေါ် ပေါက်လာတော့မည် မဟုတ်တော့ပါ။
“ကိုယ့်ကိုယ်ကို အချစ်ဆုံး” ဟု အတ္တကြီးစွာ အမြဲကြွေးကြော်ခဲ့သော သူမတွင် ကိုယ်နှင့် ထပ်တူ ချစ်မြတ်နိုးစရာ ယောကျာ်း တစ်ယောက် သူမသေသည်အထိ ထပ်မံပေါ်ပေါက်ခဲ့သည်ဆိုလျှင် ထိုယောက် ကျာ်းမှာ သူပဲ ဖြစ်ရမည် ။
သူမကိုယ်သူမ ပြီးလျှင် လောကတွင် သူမ အစွဲ လမ်းဆုံး အချစ်မြတ်နိုးဆုံး ယောကျာ်းမှာ သူပဲ ဖြစ်သည်။
သူသည် သူမရဲ့ အနီးကပ်ဆုံးတွင် လည်းအမြဲတမ်းရှိခဲ့သည်။ သို့ သော် အံ့သြစရာကောင်းလှစွာ သူသည် သူမ၏ ချစ်သူ ဖြစ်မလာခဲ့ပါ။
လောကတွင်ုကျွန်တော် ဘယ်တော့မှ မငြင်းမည့်  မလိမ်မည့်  အမှန်အတိုင်းဝန်ခံရမည့်  အမှန်တရားတစ်ခုသာရှိသည်ဆိုလျှင် ထိုအမှန်တရားမှာ ကျွန်တော့် ရဲ့ “စံ” များ စွာ နှင့် ကိုက်ညီနေ သော မိန်းမ တစ်ယောက် ကို အချစ်စစ်စစ် သက်သက်ဖြင့် ချစ်ခင် စွဲမက်မိခြင်းတည်း။
ကျွန်တော့် ရဲ့ ideal မိန်းမကို ပြပါဆိုလျှင် ထိုမိန်းမကိုသာ ကျွန်တော် ရဲ့ ရင့်ပြတ်သားစွာ ဆွဲထုတ်ဖို့ ၀န်မလေးပါ။ သူမလောက် ချစ်စရာ၊ လေးစားစရာကောင်းသော မိန်းမမျိုး၊ ဤကမ္ဘာမြေ ရဲ့ ဘယ်လိုနေရာမျိုးတွင် မှ မရှိနိုင်ဟု ကျွန်တော် တစ်ထစ်ချ ယုံကြည်ပါသည်။
ကျွန်တော့် ရဲ့ အချစ်ဆုံးမိန်းမကို လက်တွဲ ကာ ကမ္ဘာမြေကို ရင်ဆိုင်ဖို့၊ ကျွန်တော် စိတ်ကူး များ စွာ မွေးမြူခဲ့ပါသည်။ သူမ ဘာလုပ်လုပ် ကျွန်တော် ချစ်နိုင်သည်။ ထိုချစ်ခြင်းဖြင့် ပင် ကျွန်တော့်  ဘ၀တစ်ခုကို တည်ဆောက်လိုခဲ့သည်။ သူမဘေးတွင် ကျွန်တော် အမြဲအနီးကပ်ဆုံး ရှိနေခဲ့သည်။
ကျွန်တော် နှင့် စိတ်နေစိတ်ထားချင်း၊ ဥာဏ်ပညာချင်း၊ အကျင့်စရိုက်ချင်း၊ အယူ အဆ အတွေးအခေါ်ချင်း၊ ပြဿနာများ ကို ရင်ဆိုင်ဖြေရှင်းပုံချင်း၊ လောကကို မြင်သော ရှုထောင့်ချင်း အားလုံးတူညီနေခဲ့သော ထိုမိန်းမသည် ….
ကျွန်တော့် ရဲ့ ချစ်သူ ဖြစ်ဖို့ အကောင်းဆုံး မိန်းမ တစ်ယောက် ဖြစ်ခဲ့သည်။
သူမသည် ကျွန်တော့် ရဲ့ အနီးကပ်ဆုံးတွင် လည်း အမြဲတမ်းရှိခဲ့သည်။ သို့ သော် အံ့ သြစရာကောင်းလှစွာ သူမသည် ကျွန်တော် ၏ ချစ်သူ ဖြစ်မလာခဲ့ပေ။
သူမအမုန်းဆုံးကိစ္စတစ်ခုမှာ နိုင့်ထက်စီးနင်းဖြင့် မတရားအမိန့်ပေးပိတ် ပင်ခြင်း ကိစ္စ ဖြစ် လေသည်။ အမိန့်ပေးခံရတိုင်း သူမ၏ တုန့်ပြန်မှု မှာ အရွဲ့တိုက်ခြင်းသာ ဖြစ်၏ ။
“သီတဂူ . . . ညည်းလုပ်ရပ်တွေ ကို ရပ်တန်းကရပ်ရင်ကောင်းမယ်နော်၊ နောက်မှ ငါ့အဆိုးမဆိုနဲ့၊ မအေကို သက်သက်အရွဲ့တိုက်နေတော့ နင့်မှာ ဘာအကျိုးအမြတ် ထွက်သွားသလဲ၊
ပြောပါဦး”
မေမေသည် သူမအပေါ် ဘယ်တော့မှ အကောင်းမမြင်ဟု သူမ အမြဲခံစားရသည်။ထို့ ကြောင့် သူမကလည်း ကောင်းပြဖို့ မကြိုးစားပါ။
“သီတဂူ ဘာလုပ်လို့လဲ မေမေရဲ့ ”
“ဘာလုပ်သလဲ မသိဘူးလား၊ ဟိုကောင်လေးနဲ့ ပေါင်းတာသင်းတာ တစ်အိမ်လုံးက မကြိုက်တာကြမှန်းသိရက်နဲ့ အဲဒီ ကောင်လေးကိုမှ အိမ်ပြန်လိုက်ပို့ခိုင်းတာ ဘာသဘောလဲ၊
အဲဒါ အရွဲ့တိုက်တာမဟုတ်လို့ ဘာလဲ၊ အဲဒီ ကောင်လေးကို ငါ ပြောပစ်လိမ့်မယ်နော်”
“ဘာဆိုင်လဲ မေမေ၊ ကျွန်မတို့ပေါင်းလာတာ ငယ်ငယ်ကတည်းကပဲ ဥစ္စာ၊ မမတို့ ပြဿနာ မ ဖြစ်ခင်ကတည်းက ပေါင်းလာတာ၊ မမတို့ ပြဿနာက ကျွန်မတို့နဲ့မှမဆိုင်ပဲ၊ ကျွန်မတို့ ချင်း ဘာပြဿနာမှ မရှိတဲ့ ကိစ္စကြီးကို ကျွန်မက ဘာ ဖြစ်လို့ မခေါ် မပြောနေရမှာ လဲ”
“ကြည့်စမ်းဘယ်လောက် တစ်ကိုယ်ကောင်းဆန်လိုက်တဲ့ စိတ်ထားလဲလို့၊ မမရဲ့ ပြဿနာ ဟာ အိမ်ရဲ့ ပြဿနာ၊ ငါတို့သွေးရဲ့ ပြဿနာ၊ အဲဒါ ညည်းရဲ့ ပြဿနာ မဟုတ်ဘူးလို့ ပြောထွက်ရက်တာ အံ့သြပါရဲ့ ဟယ်၊ ကိုယ့်အစ်မ တစ်ယောက် လုံး လူတွေ ကြားထဲ အရှက်ရခဲ့တာ၊ အညွန့်တုံးခဲ့တာဟာ စိတ်နာစရာပြဿနာ မဟုတ်ဘူးတဲ့၊ ညည်း ဘယ်လိုမိန်းမမျိုးလဲ”
“ခက်လိုက်တာ ကျောင်းကပြန်စရာကားမရှိလို့ ရဲတိုက်ကားကြုံလိုက်စီးမိပါတယ်၊ မိုးမီး လောင်နေတယ်၊ မေမေမကြိုက်လဲ ကျွန်မ ကတော့ ကိုယ့်သူငယ်ချင်းကို အဆက်မဖြတ်နိုင် ပါဘူး”
“အေး တော် တော် မွေးရကျိုးနပ်တဲ့ သမီး၊ ဒီလောက်တောင် ဖြစ်လှတာ၊ ယူလိုက်ပါတော့ လား”
“သေချာတာပေါ့မေမေ၊ သူ သီတဂူကို လက်ထက်ဖို့ ကမ်းလှမ်းလာရင် ကျွန်မ မငြင်းဘူး”
“ဘုရားရေ”
မေမေသည် ရင်ဘတ်ဖိထားဆဲမှာ ပင် သူမက အခန်းထဲ ၀င်ရောက်ပြီး ဖြစ်လေ သည်။ အရွဲ့တိုက်ဖို့ ကတော့ သူမကို ဘယ်တော့မှ စိန်ခေါ်လို့မရဘူး။ မေမေတင်မက ဖေဖေ ရော မမပါ ဆွေ့ဆွေ့ ခုန်လောက်အောင် သူမက အရွဲ့တိုက်ပြတတ်သူ ဖြစ်လေသည်
ငယ်ငယ်ကတည်းက သူမ အကျင့်မှာ တစ်ယောက် ခြမ်းခြောက်ပြီး မလုပ်ဖို့ ဟန့် ထားတဲ့ ကိစ္စတစ်ခုကို အသားနာခပြီး မရရအောင် မ ဖြစ်မနေလုပ်ယူခဲ့ခြင်း ဖြစ်သည်။ ထိုဗီဇ သည်ကြီးရင့်လာသည်နှင့် အမျှ ပို၍ ထက်သန်ခိုင်မာလာခဲ့သည်။
“မမ ခြေထောက်တစ်ဖက်နိမ့်သွားတဲ့ အ ဖြစ်ဟာ သူ့ဘာသာသူ အချစ်ကို တရားလွန် ကိုးကွယ်ခဲ့ လို့ ဖြစ်တဲ့ကိစ္စ၊ ဦးနှောက်မရှိတဲ့ကိစ္စ၊ အဲဒါ ငါနဲ့မပတ်သက်ဘူး”
သူမက တစ်ဖက်စောင်းနင်း မတွေးဘဲ အမှန်အတိုင်းသာ တွေးခဲ့သည်။
ပြဿနာရဲ့ အရင်းအမြစ်မှာ မမ၏ ချစ်သူ အရွေးမှားမှု ၊ ချစ်သူအပေါ် မျက်စိမှတ် ပုံအပ်ယုံကြည်ချစ်ခင်မှု ၊ အချစ်ကို မိုက်မိုက်မဲမဲ တွေးခေါ်ဆင်ခြင်မှု ကင်းမဲ့လောက်သည် အထိ ကိုးကွယ်မှု တို့ကြောင့် ဖြစ်သည်။ ရဲတိုက်၏ အစ်ကို ရင်း ဖြစ်သူဟာ အံ့သြလောက်ဖွယ် မိန်းမရှုပ်ပွေတတ်မှန်း သိရက်နှင့် ပင် ဇွတ်တိုးကာ အရှုးအမှုး ဖြစ်ခဲ့သော မမကို သူမက ကျကျနန ပင် ရှုတ်ချခဲ့ပါသည်။ အဲဒီ တုန်းက သူမနှင့် သူသည် ဆယ်တန်း ကျောင်းသူကျောင်းသားအရွယ် တေလေကြမ်းပိုးထိုးရာတွင် သူ,မတူအောင် ပြောင်မြောက်ကြချိန် ဖြစ်သည်။
ညနေမှော င်ရီတရောအချိန် ကျူရှင်ရှိသည်ဟု လိမ်၍ အိမ်မှထွက်ကာ သင်္ချီုင်းအုတ်ဂူ တွေ ကြားမှာ သရဲခေါ်ဖို့စိတ်ဝင်တစား သတ္တိကောင်းခဲ့ကြချိန် ဖြစ်သည်။ အိမ်မှ အမဲသားတစ်များ ခိုးဝှက်ယူကာ သရဲအလာကို စောင့်ကြည့်ကြရင်း တစ်ယောက် လက်ကို တစ်ယောက် တင်းကြပ်နစ် ဝင်နေအောင် ဆုပ်ဖျစ်ညှစ်ထားကြပြီး၊ သရဲမလာနိုင်ခင် သင်္ချီုင်း အုတ်ဂူတွေ ကို အသံသေး အသံကြောင်ဟစ်၍ ထွက်ပြေးခဲ့ရသည်ကို ယခုချိန်အထိ အမှတ်ရဆဲ။
သူမနှင့် ပတ်သက်လာသမျှ ကောင်ကလေးတိုင်းကို မိုက်မဲကြမ်းရမ်းစွာ သူတတ်သ မျှ ကိုယ်ခံပညာ၊ တုတ်၊ ဓားမြှော င် စသည်ဖြင့် တိုက်ခိုက်ရန်လိုတတ်သော သူမကိုအမြဲ ဖေးမစောင့်ရှောက်တတ်သော ၊ သူမ, တောင်းသမျှ အကြံဥာဏ်၊ အကူအညီမှန်သမျှကို မဆိုင်းမတွ ပေးတတ်ခဲ့သော ၊သူမဘေးတွင် အဖော်ကောင်း တစ်ယောက် အ ဖြစ် မားမားရပ်တည်ပေးခဲ့သော သူမ၏ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်ယောက် ကို ဘယ်လို အကြောင်းပြချက်မျိုးနှင့် မှ သူမ လက်တွဲ မဖြုတ်နိုင်ပါ။ အဲဒါသိပ်ကို သေချာမြဲမြံသော သူမ၏ သစ္စာတရား ဖြစ်၏ ။
သူမတို့ ပထမနှစ် မှာ ပင် အိမ်တွင် မိုးမီးလောင်သလို ပြဿနာတွေ အကြီးအကျယ် တက်ခဲ့သည်။ ပြဿနာမှာ မမရဲ့ ချစ်သူကို အိမ်က သဘောမတူနိုင်ခြင်းက စလေသည်။ဒီလောက် ပွေရှုပ်နေသော ယောကျာ်း တစ်ယောက် နှင့် မမကို ဘယ်လိုမှ မပေးစားနိုင်ဟု အပြင်းအထန် တင်းကြပ်ပိတ်ပင်ခဲ့ကတည်းက တစ်ခုခုမှားတော့မည် ဟု သူမ စိတ်ထဲက ကြိုသိသလို ဖြစ်ခဲ့သည်။
တကယ်လည်း မှားခဲ့တာပင်။ မေမေက မမကို ချောင်ပိတ်ချုပ်နှောင်ခဲ့ခြင်းဖြင့် မိခင် တစ်ယောက် ရဲ့ အမှားကို ကျူးလွန်ခဲ့ပြီး မမကလည်း သူချစ်သူကို ရအောင်ပေါင်းဖို့ အားထုတ်ခြင်းဖြင့် သမီး တစ်ယောက် ရဲ့ အမှားကို ကျူးလွန်ခဲ့ပါသည်။
အဲဒီ တုန်းက မမတွင် ဦးနှောက်မရှိခဲ့ပါ။ အချစ်တို့သာ ပြည့်သိပ်ကြပ်ညပ်နေခဲ့သည် ထင်၏ ။
အဲဒီ အချိန်က ဘယ်သိုမှ မလုပ်ရဲသော အလုပ်တစ်ခုကို မမလုပ်ခဲ့ရတာ အဆန်း ပင်။ အိပ်ခန်းတံခါးကိုမေမေက သော့ ခတ်ထားသဖြင့် သူ့ချစ်သူ ကိုယ်ရောင် လာပြသော ညတစ်ညတွင် တစ်ခါတည်း ခိုးရာလိုက်ပြေးဖို့ သူမအခန်းရှိရာ အပေါ်ထပ်ဝရန်တာမှ မျက်စိစုံမှိတ်ကာ ခုန်ဆင်းချခဲ့ပါသည်။ ဆယ့်ငါးပေအမြင့်ရှိသော အပေါ်ထပ်ဝရန်တာကနေ ငှက်တောင်မွေးကလေးလို လွင့်ခနဲ ခုန်ချလိုက်သော မိန်းမ တစ်ယောက် ၏ ရလာဒ်မှာ ဘာ ဖြစ်နိုင်သလဲဆိုတာကို မမ ကောင်းကောင်း တွေးခဲ့ဖို့ ကောင်းပါသည်။
ညတွင်းချင်းပင် တင်ပဆုံရိုးနှင့် ပေါင်းရိုးဆက်တဲ့နေရာ ကျိုးသွားခဲ့သော မမသည် ပြန်ကောင်းလာသည့် တိုင်လမ်းလျှောက်လျှင် ခြေတစ်ဖက်သိသိသာသာ နိမ့်ကျသွားခဲ့သည်။ မေမေ မွေးတုန်းက အကောင်းပကတိ လှလှပပကလေး မွေးဖွားခဲ့ပြီး လှပစွာ ရှင်သန်ခဲ့သော မမသည် အဲဒီ ညတစ်ညကြောင့် ရုပ်ဆိုးသော ခြေထောက်များ ကို ပိုင်ဆိုင်ခဲ့ရသည်။
မမ အိမ်ပေါ်က ပြုတ်ကျလာခဲ့ပြီး မထနိုင်တာ မြင်ရတော့ အပျော်သက်သက် ဂစ်တာလာတီးရုံသက်သက် ရောက်လာခဲ့သော သူ့ချစ်သူနှင့် သူငယ်ချင်းများ က အလန့်တကြား ထွက်ပြေးသွားခဲ့ကြသည်။ အဲဒီ ထက်ပိုးဆိုးသည်မှာ မမ ဖြစ်ပြီးနောက်တစ်လအကြာတွင် မမချစ်သူက တစ်ခြားမိန်းမ တစ်ယောက် နှင့် လက်ထက်လိုက်ခြင်း ဖြစ်လေသည်။ထိုအ ဖြစ်အပျက် အပေါ် ခါးခါးသီးသီး ခံစားခဲ့ကြသူတွေ မှာ ဖေဖေ မေမေ နှင့် မမ တို့ သုံးယောက် သာ ဖြစ်ပါသည်။ သူမကဘယ်လိုမှ မခံစားခဲ့။ မမရဲ့ အမှားများ ကို သူမ ကောင်းစွာ သိမြင်ပြီး ဖြစ်၏ ။
ထိုအချိန်တုန်းက ညညတွေ သူမနှင့် သူဖုန်းခိုးခိုးပြောကြကာ၊ ဘယ်သူမှားတယ် ၊ဘယ်သူမှန်တယ်၊ မှတ်ချက်ချခဲ့ကြသေးသည်။ အဲဒီ အချိန်ကတည်းက သူက သတ်မှတ်ခဲ့သည့် စံမှာ . . .
“နင်ဟာ I.Q တော် တော် မြင့်တဲ့ မိန်းမ တစ်ယောက် ပဲ သီတဂူ၊ ဘယ်မိန်းမနဲ့မှ မတူတဲ့ အတွေးအတွေးမျိုး နင်ပဲ တွေးတတ်တယ် . . .”
“ငါ မလိမ်ပါဘူး . . . ငါ့အစ်မအတွက် နင့်အစ်ကိုကို နာကျည်းရမယ်၊ စိတ်ဆိုးရမယ်ဆိုတဲ့
အတွေးမျိုး ငါ့အတွေးထဲမှာ ဘယ်တုန်းကမှ ပေါ်မလာခဲ့ဖူးဘူး၊ ယောကျာ်း တစ်ယောက် ဟာ
. . . ခြေတစ်ဖက်နိမ့်သွားတဲ့ မိန်းမ တစ်ယောက် ကို သစ္စာရှိမှု ဆိုတဲ့ စကားလုံးလှလှရဲ့ စွဲ
ဆောင်မှု သက်သက်နဲ့တော့ စိတ်ထဲကမပါဘဲ လက်ထပ်တော့မှာ မဟုတ်ဘူး၊ သူ့ဆုံးဖြတ်
ချက်မှန်တယ်၊ သစ္စာမရှိဘူးဆိုတဲ့စကားလုံးကို သူရွေးချယ်လိုက်ခြင်းရဲ့ ရလာဒ်က သူမမထက်သာတဲ့ ချောတဲ့ . . . ခြေထောက်တွေ အကောင်းပတိ လှပသန်စွမ်းတဲ့ မိန်းမ တစ်ယောက် ကို သူ့ဘဝတစ်လျှောက်လုံးအတွက် အပိုင်ရလိုက်တယ်၊ ယောကျာ်းဆိုတာ တော့ သူ့အတ္တနဲသူတော့ တစ်ကိုယ်ကောင်းဆန်တတ်တာ သဘာဝ ပဲဟဲ့ . . .
မမ . . . သူ့ပယောဂကြောင့် ခြေတစ်ဖက်နိမ့်သွားလို့ မမကို အားနာပါးနဲ့ သူလက်ထပ်ရမယ်ဆိုရင် . . . သူ့ဘဝသူ ကျေနပ်တော့မှာ မဟုတ်ဘူး၊ ငါပြောတာ မသေချာသေးတဲ့ စွန့်စားမှု တစ်ခုကို မိုက်မိုက်မဲမဲ လုပ်လိုက်တဲ့ မမအမှားကိုပဲုပြေတာ၊ သူချစ်သလို ဟိုက သူ့ကို ပြန်ချစ်လိမ့်မယ်လို့ တရားသေတွက်မထားသင့်ဘူးပေါ့ . . .
ဒါကြောင့် မမမှာ ဦးနှောက်မရှိဘူးလို့ ငါ သုံးသပ်တာပေါ့”
“အေး ငါကလဲ အဲဒီ အတိုင်းပဲ သုံးသပ်မလို့၊ နုင့်ကို အားနာလို့၊ နင်နဲ့ငါ အတွေးချင်း သိပ်တူ တယ် သီတဂူ၊ ကိုကိုက ဘာပြောတယ်မှတ်လဲ . . . သူ့ကို အဲဒီ လောက်ချစ်တဲ့ မိန်းမတစ် ယောက် ရှိနေပါလားလို့ တော် တော် အံ့သြတုန်လှုပ်သွားတယ်တဲ့၊ မိဘက သဘောမတူနိုင် ဘူး မကြည်ဖြူနိုင်ဘူးဆိုတဲ့ မိန်းမ တစ်ယောက် ကို သူဘယ်တော့မှ မသထာရေစာလို ခိုးယူမှာ မဟုတ်ဘူး၊ ကောင်းမလေး ခုန်ချလာတာ တော် တော် မှားတယ်တဲ့”
“တွေ့ လား . . . အဲဒါအကောင်းဆုံး ဥပမာပဲ ရဲတိုက်၊ မိန်းမက သူ့ဘဝထက် အချစ်ကို တန်ဖိုးထားတယ်၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ထက် အချစ်ကို တန်ဖိုးထားတယ်၊ ယောကျာ်းက အချစ်ထက် သူ့ဘဝသူ တန်ဖိုးထားတယ်၊ အချစ်ထက်ုကိုယ်အဂါင်္ အစိတ်အပိုင်းတွေ ကို ပိုတန်ဖိုးထားကြတယ်၊ ငါတော့အဲဒီ ချက်ကို အမြဲယုံတယ်”
ထိုအချိန်ကစပြီး သူမတို့ အဆက်အသွယ်မပြတ်ရှိခဲ့ကြပါသည်။ မေမေ့ကို အရွဲ့တိုက်ခြင်းက တစ်ဝက်၊ သူနှင့် အတူ ရှိရချိန် စကားပြောရချိန်များ တွင် ဖြစ်ပေါ်သည့် သူ,မတူသော ပျော်ရွှင်စိတ်ချမ်းသာမှု ကို တပ်မက်ခြင်းက တစ်ဝက်ဖြင့် သူနှင့် သူမသည် နီးကပ်စွှာ ရှိခဲ့ကြပါသည်။
“နင့်ငါ့ကို ဘယ်လိုမြင်လဲ ရဲတိုက်”
ဟု သူမက မေးခဲ့ဖူးသည်။ ထိုအချိန်က သူ ဖြေခဲ့ပုံက အလွန်သင်းပါသည်။
“ငါ့ဘဝမှာ တစ်ယောက် တည်းရှိခဲ့ဖူးတဲ့ မိန်းမ တစ်ယောက် လို့ မြင်တာပေါ့၊ နင်နဲ့ ပုံစံတူတဲ့ မိန်းမ တော် တော် ရှာရခက်မယ်ကွ၊ ငါရှာနေတယ်”
“ငါနဲ့တူတဲ့မိန်းမကို နင်ရှာပြီး ဘာလုပ်ဖို့လဲ”
“ငါ လက်ထပ်ဖို့ပေါ့”
ဟု သူက ညင်သာစွာ ဖြေခဲ့ပါသည်။ ဘုရားရေ နင်လက်ထပ်ဖို့မိန်းမဟာ ငါကိုယ်တိုင်ရော မ ဖြစ်နိုင်ဘူးလားဟု မေးလိုက်မိမတတ် သူမ စိတ်လှုပ်ရှားခဲ့ဖူးပါ သည်။သို့သော်သူနှင့် သူမကြားတွင် အလွန်ဖြတ်ရခက်သော စည်းတစ်ခုရှိနေခဲ့သည်မှာ အသေအချာပင်။ သူမက အလိုက်သိစွာ ပင် ပြောနေခဲ သည်မှာ . . .
“အေးလေ . . . တွေ့ တဲ့အခါ ငါ့ကို ပြစမ်းပါ ငါ သဘောတူမတူ အရင်ဆုံး အကဲဖြတ်ပေးတာပေါ့”
ဟု သက်သက်သာသာ ပြောခဲ့ဖူးလေသည်။
သူမက ပြဿနာကို ရှာဖွေမီးထွန်းသူဟု မေမေက ကဲကဲဆတ်ဆတ် စွပ်စွဲနေကျ ဖြစ်သည်။ သူမ ကတော့အဲဒီ လို ဘယ်တုန်းကမှ မမြင်ခဲ့ပါ။
ခြံထဲမှာ ကောင်းလုံးကင်ပွဲတော် (barbecue) လုပ်စားကြသော နေ့မှာ သူမက ရဲတိုက်ကို ထိပ်ဆုံးက ဖိတ်ခေါ်လိုက်သည်။ မေမေက သူ့ကို ခြံရိပ်တောင် အနင်းမခံ ဖြစ်ဆဲ၊ သူမက ခြံထဲခေါ်ကာ မီးမွေးခိုင်း၊ အသားတွေ ကို ဆာတေးမှု န့်များ ဖြင့် နယ်ခိုင်း၊ရယ်မောနောက် ပြောင်ရင်းဖြင့် မေမေ့ကို အရွဲ့တိုက်ပြခဲ့ပါသည်။
လူငယ်တွေ ရဲ့ ပုံကို မေမေ စွတ်ဖက်ဖို့မကောင်း ပါ။ သို့သော် မေမေက ဘယ်သူ့မျက်နှာ ကိုမှ မထောက်။ အသားကင်များ စတင်စားသောက်ကြသော အချိန်တွင် ခါးထောက်ကာ လာရပ်ကြည့်ရင်း သူ့ကို တွေ့ သွားခဲ့သည်။ မေမေ့ မျက်နှာပေါ်က အခါးရိပ်သည် စူးရှသွားကာ . . .
“သီတဂူ လာစမ်း ဒီကို ”
ဟု လှမ်းအော်ခဲ့သည်။ ထိုအချိန်တွင် သူက ဂီတာ စတီးစဲပြု နေပြီ။ မေမေ့နား သူမ လှမ်းလျှောက်သွားစဉ် . . .
“သီတဂူ ညည်းတို့ကလေးတွေ ပျော်ကြပါစေဆိုပြီး မေမေ ခြံထဲမှာ ခွင့်ပြုထားတယ်၊ ငါ မကြိုက်တဲ့လူကို ညည်းသက်သက် ဖိတ်တာ ငါ့ကို သက်သက် အာခံတာပဲ၊ ဘယ်လို ဖြစ် လို့ အဲဒီ ကောင်းကလေးနဲ့ မပေါင်းရမနေနိုင် ဖြစ်နေတာလဲ၊ ဒီပွဲကို ပျော်ပျော်ပါးပါး ဆက်ကစားချင်တယ်ဆိုရင် သူ့ကို ပြန်လွှတ်လိုက်၊ ပြန်မလွှတ်ရင်တော့ မေမေ ပွဲကို သိမ်းခိုင်းရလိမ့်မယ်”
“ဟာ မေမေကလဲ . . . သီတဂူတို့ သူငယ်ချင်းတွေ အားလုံးကို ဖိတ်တာပဲဥစ္စာ၊ သူလဲပါတာပေါ့၊ သူ့ကို ကျွန်မ ပြန်မလွှတ်နိုင်ဘူး မေမေ”
သူမကလည်း မေမေနှင့် အမြဲထိပ်တိုက်ရင်ဆိုင်လေ့ရှိသူပီပီ မေမေ့ကို အလျှော့မ ပေးဖို့ ဆုံးဖြတ်ပါသည်။
“ပြန်မလွှတ်ရင် ပွဲကို ခု ချက်ချင်း သိမ်းလိုက်စမ်း သီတဂူ၊ အဲဒီ ကောင်လေး ငါ့ခြံထဲရှိနေတာ ငါတစ်စက်မှ မနှစ် မြို့ဘူး၊ ညည်းပွဲသိမ်းရမလား၊ ငါသိမ်းပစ်လိုက်ရမလား”
“မသိဘူး . . . မေမေ ဒီပွဲကို ခွင့်ပြုခဲ့ပြီးသား ဥစ္စာ၊ ခု ချက်ချင်း ကြီး ထပိတ်လိုက်ရင် ကျွန်မတို့ တခြားခြံရွှေ့လုပ်မှာ ပဲ စိတ်ချ”
မေမေ ထွက်သွားပြီး မကြာခင်တွင် တစ်ခြံလုံး မီးမှော င်အတိကျသွားလေသည်။ မေမေ မိန်းဆွစ်ခ်ျပိတ်ပစ်လိုက်တာ သေချာပါသည်။
“သီတဂူ နင့်မေမေတော့ ငါ့ကို ကောင်းကောင်း ပညာ ပြနေပြီ ထင်တယ်”
“နေပစေ သီချင်းဆက်ဆိုမှာ သာဆိုစမ်းပါ။ မီးမှေးနေတော့ ပိုတောင်ကောင်းသေးတယ်၊ ဒီမှာ အသားကင်တဲ့ မီးဖိုရှိတာပဲ၊ မီးပုံတောင် ဖြစ်သွားတယ်၊ ပိုကောင်းတယ်”
သူမတို့ သီချင်းတွေ ဆက်အော်ဆိုကြသည်။ မကြာပါ . . . စူးရှ၍ ဟိန်းနေသော မေမေ့ အသံ ထွက်လာခဲ့သည်။
“သီတဂူ ပွဲသိမ်းပြီး တိုက်ပေါ်တက်တော့”
“ဟော . . . ခေါ်နေပြီ . . . ခေါ်နေပြီ”
သူငယ်ချင်းတွေ အားလုံးလန့်ဖျတ်ကြသည့်တိုင် သူနှင့် သူမက မလန့်ပါ။
“နေပါစေ . . . တော် တော် ကြာနေမှ သွားမယ်၊ ငါတက်သွားရပြီးရင်လဲ နင်တို့ ဘယ်သူမှ မပြန်ကြနဲ့၊စားစရာရှိတာ ဆက်စား၊ သီချင်းဆိုစရာရှိတာ ဆက်ဆိုကြ၊ အလကားသက် သက် မတရားတာ၊ သူပဲ ဒီပွဲလုပ်ခိုင်း၊ ခုသူပဲပြန်ဖျက်၊ ဘာမှန်းကို မသိဘူး၊ အထူးသဖြင့် ရဲတိုက်နော် သူများ တွေ ပြန်တဲ့တိုင်အောင် နင်မပြန်နဲ့၊ ဆက်နေရဲတယ် မဟုတ်လား၊ သီချင်းဆက်ဆို၊ တိုက်ပေါ်ဝရန်တာကနေ ငါနားထောင်မယ်”
“စိတ်ချစမ်းပါ၊ ငါကလဲ ငါပြန်ချင်မှပြန်မှာ ပါ၊ နင့်မယ်တော် ကြီး သွေးတက်တဲ့အထိ ငါနေပေး ပါ့မယ်၊ ငါဆိုချင်တဲ့ သီချင်းတွေ ကုန်မှ ငါအိပ်ချင်မှ ထပြန်မယ်”
ထိုညက ပြောတဲ့အတိုင်း တကယ်လုပ်ကြသည်။ သူတို့ကိုတော့ မေမေ မောင်းမထုတ်နိုင်။ သူမကဝရန်တာမှ သူဆိုသော သီချင်းများ ကို စိတ်ပါလက်ပါ နားထောင်ခြင်းဖြင့် အားပေးခဲ့သည်။ သူနှင့် သူမတွင် စိတ်မြန်လက်မြန်ရှိတာတွေ ၊ ရွဲ့တတ် ထေ့တတ်တာရော သူ,မတူအောင် ပြောင်မြောက်လေသည်။
“သူတို့ ဘယ်အချိန်ကျမှ ပြန်ကြမှာ လဲ သီတဂူ၊ ညည်းတင်မကဘူး၊ညည်းသူငယ် ချင်းတွေ ကပါ ငါ့ကို ရွဲ့နေကြတာပေါ့လေ”
“မေမေကလဲ . . . အသားကင်တွေ က သူတို့အားလုံး ရဲ့ ပိုက်ဆံတွေ နဲ့ စုဝယ်ကြ တာ၊ သူ့တို့ ကုန်အောင်တော့ စားသောက်ကြမှာ ပေါ့၊ စားပြီးတော့ ပြန်ကြမှာ ပေါ့”
သူမက ခပ်အေးအေးပင် အဖြေပေးခဲ့သည်။ ထို့အတွက် မေမေ ဘယ်လိုမှ မတတ်နိုင်ချေ။ သူမ,ကိုသာ ဖိကြိမ်းမောင်းဆူပူဖို့ပဲ တတ်နိုင်ခဲ့ပါသည်။
ထိုအချိန်ကစတင်ပြီး လောကတွင် သူမ ချစ်မြတ်နိုးစရာ ယောကျာ်းတစ် ယောက် မှာ “သူ” ကလွဲပြီး ဘယ်သူမှ မ ဖြစ်နိုင်ကြောင်း စတင်သိမြင်ခဲ့ရသည် လည်း ဖြစ်ပါသည်။
သူ့တို့ နှစ်သက် သဘောကျသော အချက်တစ်ချက်မှာ သူမ စိတ်ထဲ ဘာ ဖြစ်နေ တယ်ဆိုတာကို ထွင်းဖောက်သိမြင် ခံစားနိုင်သော အချက်ပင် ဖြစ်သည်။ သူသည် သူမကို နားအလည်နိုင်ဆုံး ယောကျာ်း တစ်ယောက် ဖြစ်သည်။ သူမ၏ မျက်နှာရိပ်မျက်နှာကဲကို သူကောင်း စွာ ဖတ်ရှုတတ်ပါသည်။
မိုးတွေ သည်းသည်းရွာသော နေ့တစ်နေ့တွင် Lecture Room ထဲမှာ စာအတူသင် ကြရင်း မိုးရေတွေ ထဲ ခပ်နစ်နစ်စိုက်ကြည့်မိသော သူမ,ပခုံးကို ပုတ်ကာ သူက တိုးတိုး အဖော်စပ်သည်မှာ . . .
“ဟိတ် နင်မိုးရေချိုးချင်စိတ် ဖြစ်နေတယ် မဟုတ်လား၊ ငါတို့နှစ် ယောက် မိုးရေထဲ ဖြတ် လျှောက်ပြီး ကဲန်တင်းသွားကြမလား ဘယ်လိုသဘောရလဲ”
“အေး ငါလဲ အခုပဲ နင့်ကို အဖော်စပ်တော့မလို့ သွားစို့”
ဟုနှစ် ယောက် သား တက်ညီလက်ညီ မိုးရေထဲ ထွက်လျှောက်ကြတာ နှစ် နှစ် ခြိုက်ခြိုက် ရယ်မောကြလေသည်။ မိုးရေများ ခေါင်းတွင် စိုရွှဲနစ်ကာ မိုးစက်များ မျက်နှာပေါ် တိုက်ရိုက်ကျသော အရသာကို သူမတို့ ဘယ်လိုတပ်မက်မှန်း မသိချေ။
“ပတ်ဝန်းကျင်က နင်နဲ့ငါ့ကို ဘယ်လို ခေါင်းစဉ်တပ်ကြမလဲ မသိဘူးနော်၊ ရဲတိုက်”
မိုးရေထဲမှ သူမက နှစ် လိုစွာ အော်မေးလျှင် ရွှန်းစိုတောက်ပသော စကားပြောသည့် မျက်လုံးခပ်ခပ်စိုစိုဖြင့် လှမ်းကြည့်ကာ . . .
“ဘာတပ်တပ်ပေါ့ . . . နင်ကဂရုစိုက်လို့လား၊နင်က ငါနဲ့စရိုက်တူတဲ့ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ပဲ ကွာ၊ ငါ ကတော့ ပတ်ဝန်းကျင် ကို ဂရုမစိုက်ဘူး”
ဟု အဖြေပေးခဲ့လေသည်။
စားအတူ သွားအတူ တေလေအတူ ရှိကြသော ကာလတစ်လျှောက်တွင် သူသည် သူမအတွက် အကောင်းဆုံး အဖော် တစ်ယောက် ဖြစ်ခဲ့ပါသည်။
“အေးပါ . . . ငါကလဲ ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် နင့်ကို မေးခွန်းတစ်ခုမေးဖို့ ရှာထားတယ်၊ နင် ဖြေနိုင်မလား”
“အေး မေးလေ”
“ငါ့ကို မျက်ရည်ကျအောင် လုပ်နိုင်တဲ့ ယောကျာ်းကို နင် ဘာလုပ်မလဲဟင်”
သူက မိုးရေထဲတွင် ခြေစုံရပ်သွားကာ . . .
“နင့်ကို မျက်ရည်ကျစေတဲ့ ယောကျာ်း ကို ငါ့လက်နဲ့ လက်စားပြန်ချေမှာ ပေါ့”
ဟုခပ်တည်တည် ဖြေလေသည်။
ထိုအချိန်တွင် မိုးရေကြောင့် မဟုတ်ဘဲ၊ နှလုံးသားထဲက ချမ်းစိမ့်တက်လာ တုန်ရင် လှိုက်မောလာခဲ့သည်။
“အဲဒီ ယောကျာ်း ဟာ နင်ကိုယ်တိုင် ဖြစ်နေတယ်ဆိုရင်ကော”
သူမက ဆက်အမေးတွင် သူ ခဏမျှ တိတ်ဆိတ်ဆွံ့အသွားခဲ့ပါသည်။ အတော် လေးကြာမှ လေးလံဆုတ်ဆိုင်းနေသော အသံမျိုးဖြင့် . . .
“ဒါဆိုရင်လဲ ငါ့ကိုယ့်ငါ ပြန်လက်စားချေမှာ ပေါ့ကွာ၊ ဒါပေမယ့် သေချာတာက နင့်ကို ငါ မျက်ရည်ကျအောင်ဘယ်တုန်းကမှ မလုပ်ခဲ့သလို ဘယ်တော့မှလဲ လုပ်မှာ မဟုတ်ဘူးဆိုတာပဲ သီတဂူ၊ နင်စိတ်ချမ်းသာတာ ပျော်တာကိုပဲ ငါလိုချင်ခဲ့တာပါ”
သူမက အကြွင်းမဲ့ယုံကြည်ခဲ့ပါသည်။
သူသည် သူမ, ဖြစ်ချင်တာကို အမြဲ ဖြစ်အောင် လုပ်ပြခဲ့သူ ဖြစ်တာကို ဘယ်တုန်းက မှ သံသယ မရှိခဲ့ပါ။
သူမတို့ နှစ် ယောက် သား ဆက်လွင့်မျှောခဲ့ကြသည်။ ကိုယ်ပိုင်ကားကို ထိုးရပ်ခဲ့ပြီး ဘတ်စ်ကားကြပ်ကြပ် တိုးစီးကြခြင်း၌ အတော် မွေ့လျှော်ခဲ့ကြသည်။ လမ်းဘေးဆိုင်တစ်ခုခုမှာ နှစ် ယောက် အတူ ထိုင်စားကြဖို့လည်း ဝန်မလေးခဲ့ပါ။
သူဒေါသကြီးတာ စိတ်ဆတ်တာ . . . စိတ်မြန်တာကို သူမ သည်းခံနိုင်သလို သူမရဲ့ စိတ်ကိုလည်း သူခံစားနိုင်လေသည်။
“ငါ သိပ်စိတ်ညစ်လာရင် အရက်ထွက်သောက်တတ်တယ်၊ သီတဂူ . . . အဲဒါကို နင်ဘယ် လိုသဘောရသလဲ၊ လက်ခံနိုင်မလား”
ဟု သူမေးခဲ့ဖူးသည်။ သူမက အများ သူငါ မိန်းမတွေ လို အရက်သောက်တာ မကြိုက်ဘူးဟု မပြောခဲ့ပါ။
“ယောကျာ်း တစ်ယောက် အရက်သောက်တာ အပြစ်ကျုးလွန်းတဲ့ ကိစ္စမှ မဟုတ်တာဘဲ ရဲတိုက်ရဲ့ ၊ ငါ လက်ခံနိုင်ပါတယ်၊ ယောကျာ်းဆိုတာ အတတ်ပညာအားလုံးကို တတ်မြောက်ထားမှ မိန်းမထက် တစ်ကွက်ကြောနေရမှာ ပေါ့၊ ဒါမှ သူက မိန်းမကို ဦးဆောင်နိုင်မှာ ပေါ့။ ငါက တော့ရိုးသားအပြစ်ကင်းတဲ့ ယောကျာ်းဆို မကြိုက်ဘူး အထင်မကြီးဘူး၊ မလေးစားဘူး”
အဲဒီ တုန်းက သူ ဟက်ဟက်ပက်ပက် ရယ်မောခဲ့လေသည်။
“ငါ့ကိုယ်ငါ အပြစ်ကင်းတယ်လို့ ဘယ်တုန်းကမှ မချီးမြှော က်ခဲ့ပါဘူး”
“အေးလေ . . . အဲဒါကြောင့် ဒီနေ့ထက်ထိ ငါအထင်ကြီးတဲ့ ယောကျာ်း တစ်ယောက် နေရာ မှာ နင်ရပ်တည်လို့ ရခဲ့တာပေါ့”
သူက ညင်သာစွာ ပခုံးတွန့်ပြခဲ့ပါသည်။
သူနှင့် သူမ ချစ်သူတွေ ဖြစ်သွားကြစို့ အခြေအနေများ မကြာခဏ ဖြစ်ပျက်ခဲ့ဖူးပါသည်။ သို့သော် နှစ် ယောက် စလုံးသည် အခြေအနေကို ပြန်လည်ရုတ်သိမ်း ခဲ့ရပါသည်။ ရင်ပွင့်ထွက်သွားပြီး ဟင်းလင်းပြင်တစ်ခုထဲသို့ ရောက်ရှိသွားရမည့်  အ ဖြစ်အပျက် တစ်ခုကို ဘယ်လိုနေမလဲလို့ တစ်ခါတစ်ရံတော့ ခံစားဖူးကြည့်ချင်ပါသည်။
သို့သော်တစ်ခုသော တစ်နေ့တွင် သူရဲ့ မာနကို သူမ ကောင်းစွာ မြင်တွေ့ ခွင့် ရခဲ့ဖူးပါသည်။ ထိုနေ့က သူရှယ်ယာပါဝင်သော ကုမ္ပဏီဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် သူမ အပါအဝင် သူငယ်ချင်းတွေ ကို ဟိုတယ်မှာ လိုက်ကျွေးသော နေ့ ဖြစ်သည်။ မှတ်မှတ်ရရ သူသည် အဖြူခံတွင် နက်ပြာ ကွမ်းရိုးစင်း ရှပ်လက်တိုတို နက်(ခ်)တိုင်နက်ပြာ တပ်ဆင်လျက် ကုမ္ပဏီ တစ်ခုရဲ့ M.D တစ်ယောက် ဟန်ပန်ဖြင့် ဣနြေ္ဒရရရှိနေခဲ့သည်။
ရှိန်ပိန်ပုလင်းများ ကို ဖွင့်ဖောက်ရင်း သူက အပြုံးဖြင့် ကြေငြာသည်မှာ . . .
“ငါ့အလုပ်အကိုင်နဲ့ မိန်းမ တစ်ယောက် ကို လိုအပ်တာ ထက်ပိုပြီး တင့်တင့်တယ်တယ် ထားနိုင်ပြီ၊ ငါလိုချင်တဲ့ မိန်းမဟာ ကမ္ဘာပေါ်မှာ တစ်ယောက် တည်းရှိတာလဲ သေချာတယ်၊ အဲဒါထက် ပိုသေချာတာက ငါ သူ့ကို မရနိုင်ဘူးဆိုတဲ့အချက်ပဲ”
ထိုစကားနောက်တွင် အဓိပ္ပများ စွာ ပျော်ဝင်လျက်ရှိတာကို သူမကလွဲပြီး ဘယ်သူမှ မသိနိုင်ပါ။ သိလျက်နှင့် ပင် မိုက်မိုက်မဲမဲ ဆက်မေးခဲ့သည်မှာ . . .
“ဘာ ဖြစ်လို့မရနိုင်ရမှာ လည်း ရဲတိုက်၊ နင်ကြိုးစားရင် ရလာနိုင်မယ်လို့ နင်မထင်ဘူလား”
“ငါ့တန်ဖိုးက မိန်းကလေးရဲ့ မိဘက သဘောမတူဘူး လို့ငြင်းဆန်ခံရလောက်အောင် မနိမ့်ကျသေးဘူးဆိုတာ ငါအသိဆုံးပဲ ဖြစ်နေတယ် သီတဂူ . . . ၊ ငါ့တန်ဖိုးငါသိနေလို့လဲ အငြင်းခံ ရတဲ့ဘဝ မရောက်အောင် ငါ ထိမ်းချုပ်နေရတာ ပေါ့၊ ငါ့မှာ ယောကျာ်းမာနတော့ ရှိတယ် သီတဂူ၊ ငါ့ရဲ့ တန်ဖိုး အရည်းအချင်းကို သိနားလည်ပြီးလှိုက်လှိုက်လှဲလှဲ လိုလားတာမျိုးကိုပဲ ငါလိုချင်တယ် . . .
ငါ့ရဲ့ ဥာဏ်ပညာနဲ့ မိန်းမကို ချမ်းသာကြွယ်ဝအောင် ငါ ထားနိုင်ရက်နဲ့ ငါ့ကို ကလေကချေ တေလေကြမ်းပိုး တစ်ယောက် လိုတော့ ငါ အငြင်းမခံနိုင်ဘူး ၊ နင်ငါ့ကို နားလည်ရဲ့ လား မသိဘူး”
သူ့မျက်လုံးများ သည် မာနဖြင့် တောက်ပြောင်စူးလက်လာခဲ့သည်ကို သူမ ကောင်းစွာ ခံစားမိခဲ့သည်။ သူ့မာနကို သူမ ကောင်းစွာ သိမြင်လေပြီ။ အဲဒီ ကစလို့ သူနှင့် သူမအကြားတွင် အင်မတန် သေးမျှင်သိမ်မွေ့သလောက် ရှုပ်ထွေးနက်နဲကာ ကျော်ဖြတ်ရခက်သော အဟန့်အတားတစ်ခုကောင်းစွာ ရှိနေခဲ့ပြီဆိုတာကို တုန်လှုပ်စွာ သိမြင်လိုက်ရသည်။
သူသည် သူမကို ဘယ်လောက်ပဲ ချစ်ခင်တပ်မက်နေစေဦးတော့ မေမေ့ရဲ့ ငြင်းဆန်ခါးသီးမှု ကို ကာကွယ်ဖို့အကောင်းဆုံး အကာအရန်များ ဖြင့် သူ့ကိုယ်သူ မြှုပ်နှံဖုံးအုပ်ထားမည့် သူ ဖြစ်သည်။
“နင့်ကို ငါ ကောင်းကောင်း နားလည်လို့ရတယ်၊ ခံစားလို့ရတယ် ရဲတိုက်၊ ဒါပေမယ့်
နင့်ကို ငါ အကြံတစ်ခုပေးချင်တယ်၊ နင် ဆုံးဖြတ်ချက်မှားမှာ ငါစိုးရိမ်တယ်”
“လာဦး . . . နင် ငါနဲ့ ခဏလိုက်ခဲ့ဦး သီတဂူ”
သူက သူမကို လူတွေ နှင့် ဝေးရာ အပြင်သို့ခေါ်ထုတ်သွားပြီး နှစ် ကိုယ် ကြား ပြောခဲ့သည်ကို သူမဘယ်တော့မှ မမေ့ခဲ့ပါ။
“နင့်ကိုလဲ ငါ အကြံတစ်ခုပေးချင်တယ် သီတဂူ၊ နင့်အမေကို ရွဲ့သမျှ အရွဲ့အားလုံးကို ငါအားပေးအားမြှော က်ပြုခဲ့တာ နင် အသိဆုံးပဲနော်၊ တစ်ခုပဲ ငါ ကန့်ကွက်မယ်၊ နင့်အမေကို ရွဲ့ပြီး ငါ့ကိုချစ်ဖို့ နင်မကြိုးစားပါနဲ့၊ အဲဒါကို ငါ အကြောက်ဆုံးပဲ”
သူ့စကားက ပွင့်လင်းထိရောက်လွန်းသဖြင့် သူမမျက်နှာ တစ်ပြင်လုံး ထူပူသွားကာ လှိုက်လှိုက်လှဲလှဲ ပြောခဲ့မိသည်မှာ . . .
“ငါ ဘယ်တော့မှ အဲဒီ လို မလုပ်ဘူး . . . ရဲတိုက်”
ထို့နောက် သူနှင့် သူမ နစ်မြောရှည်ကြာစွာ ငေးရီကြည့်မိကြလေသည်။ မျက်စိတမှိတ် လျှပ်တပြက်ကလေးအတွင်း သူနှင့် သူမ ချစ်သူတွေ ဖြစ်တော့မလား အောက် မေ့ရလောက်အောင် စိတ်တွေ မူးယစ်ထုံတိုင်း ပျော့ညံ့လာခဲ့လေသည်။ သူက သူမ၏ ဆံနွယ်များ ကို နမ်းတော့မလို နီးကပ်စွာ ငုံ့ကျလာခဲ့ပြီးမှ . . .
“နင့်စိတ်ကို ငါ သိပ်ခံစားလို့ရတယ်၊ အဲဒီ အတွက် နင့်ကို ငါ ကျေးဇူးတင်ပါတယ်”
ဟုခပ်တိုးတိုး ပြောကာ စိတ်လိုက်မာန်ပါလှည့်ထွက်သွားခဲ့သည်။ သူမက စပ်ဖျဉ်းဖျဉ်း ရီဝေဝေဖြင့် ကျန်ခဲ့သည်။
“နင့်ကို ငါ သိပ်ချစ်တယ်” ဟု မသေခင်တော့ပြောပြခဲ့ဖို့ စိတ်ကူးသေး၏ ။ လောကတွင် အပြင်းပြဆုံးဆန္ဒမှာ အဲဒီ အချက်တစ်ချက်တည်းဆိုရင် လူတွေ ယုံမှာ လား မသိ။သူမအတွက် ကတော့ အရှုးအမူးပင် ဖြစ်လေသည်။
ထို့နောက် သူမတို့နှစ် ယောက် သည် ပိုပိုနီးကပ်လာသလို ခံစားရလိုက် ပိုပို ဝေးကွာသွားသလို ခံစားရလိုက်နှင့် တစ်ချိန်လုံး တစ်ယောက် ကို တစ်ယောက် မျက်ခြည်မ ပြတ်စောင့်ကြည့်ခဲ့ကြသည်။ ကျောင်းပတ်ဝန်းကျင်တစ်ခုလုံးက တော့ သူမတို့နှစ် ယောက် ကို “ချစ်သူ” အ ဖြစ် သတ်မှတ်လျက် ရှိကြလေသည်။ ဘယ်လိုမှ ငြင်းလို့မရ။
တစ်ယောက် ကို တစ်ယောက် အလိုအပ်ဆုံး နားအလည်ဆုံး ဖြစ်ကြသော လူနှစ် ယောက် မှ ချစ်သူမ ဖြစ်ကြလျှင် ဘယ်သူတွေ ချစ်သူ ဖြစ်ကြမည် နည်းဟု ပြန်မေးလျှင် သူမမှာ အဖြေမရှိပါ။ သို့သော် လောကတွင် ဖြစ်နိုင်လျက်နှင့် မ ဖြစ်သင့်တာတွေ အမျာကြီး။
သူ ဘာအရောင် ကြိုက်သလဲ၊ ဘယ်လိုအစားအစာမျိုးကို ကြိုက်သလဲ၊ ဘယ်လိုစွန့်စားမှု မျိုးကို ကြိုက်သလဲ၊ ဘယ်လိုနေ့ရက်မျိုးဟာ သူ့အတွက် ကံကောင်းစေ တတ်သော နေ့ ဖြစ်သလဲ၊သူ့ရဲ့ စိတ်ဟာ ဘယ်လိုအချိန်မျိုးမှာ အကြည်လင် အရွှင်ပြဆုံး ဖြစ်သလဲဆိုတာကအစ အသေးစိတ်သိရှိခဲ့သော သူမသည် သူ့ဘဝရဲ့ ကြီးကျယ်ခမ်းနား သော ရည်ရွယ်ချက်တွေ ကိုတော့ လိုက်မှီအောင် မနည်းကြိုးစားခဲ့ပါသည်။
“လက်ထပ်တယ်ဆိုတာ . . . လူနှစ် ယောက် တည်း လုပ်ယူလို့ရတဲ့ကိစ္စမဟုတ်ဘူး သီတဂူ၊ ငါတို့ ဆွေစဉ်မျိုးဆက်တစ်ခုလုံး အစဉ်အလာရှိကြတယ်၊ မိန်းကလေး ဆိုရင်လည်း ယောကျာ်းလေးဘက်က တန်ဖိုးထား အရေး ထားတတ်သလို . . . ယောကျာ်းလေးကိုလဲ မိန်းကလေးဘက်က အပြန်အလှန် တန်ဖိုးထား အရေး ပေးတာကို ဂုဏ်ယူတတ်ကြတယ် . . .
ငါ့အဘိုးကအစ ငါ့အဖေအဆုံး မိန်းမဖက်က လိုလိုလားလား နှစ် ခြိုက်တန် ဖိုးထားတာကို ဂုဏ်ယူပြီး လက်ထပ်ခဲ့တာချည်းပဲ၊ ငါ့မှာ လဲ အဲဒီ သွေး အဲဒီ ဗီဇတော့ ပါတာချည်းပဲ သီတဂူရဲ့ ၊ ငါလိုချင်တဲ့ မိန်းကလေး ဖက်က ငါ့ကို တန်ဖိုးထားလေး စားအောင် ငါကြိုးစားတယ်၊ ငါ့မိန်းကလေးကို ချမ်းချမ်းသာသာ ငါထားနိုင်တယ်၊ ငါအောင်မြင်ကျော်ကြားတဲ့Bussinessman တစ်ယောက် ဖြစ်အောင် လုပ်မယ်၊ ငါရဲ့ အရှိန်အဝါကို မိန်းမတိုင်းရဲ့ မိဘတွေ က Welcome ဖြစ် နေစေရမယ်၊ ဒါပဲ သီတဂူ ၊ ကောင်မလေးမိဘက သဘောမတူလို့ ခိုးပြေးတဲ့အ ဖြစ် ကို ငါ ဘယ်တော့မှ အရောက် မခံဘူး၊ဘာ ဖြစ်လို့ ကောင်မလေးရဲ့ မိဘတွေ ဖက်က သဘောမတူရသ လဲ၊ ငါ့မှာ ဘာချို့ယွင်းချက်ရှိသလဲ ဆိုတဲ့ Question mark ကို ငါ လက်မခံနိုင်ဘူး . . .
ဘယ်လောက်ချစ်နေစမ်းပါစေ . . . ငါရင်အကွဲခံလိုက်မယ် သီတဂူ . . . အဲ ဒါ ငါ့ဝါဒပဲ”
သူ့ရဲ့ ပြင်းထန်စူးရှသော ဝါဒဂယက်ကြမ်းကြမ်းထဲတွင် သူမသည် လှိုက် မောနာကျင်စွာ ခံစားခဲ့ရသည်။
“နင် သိပ်မာနကြီးတယ် ရဲတိုက်ရယ်”
သူမ မှတ်ချက်ချခဲ့သည်။
“ငါ အသားလွတ်ကြီး မာနမကြီးပါဘူး၊အဲဒါ ငါ့ရဲ့ ထားသင့်တဲ့ မာနပါ၊ မာန ထားလို့ရ
အောင်လည်း . . .
ငါ ကြိုးစားခဲ့ရတာ နင်အသိဆုံးပဲ . . .
အသက်နှစ် ဆယ့်နှစ် နှစ် အရွယ်မှာ ကုမ္ပဏီတစ်ခုမှာ ကိုယ်ပိုင်ရှယ်ယာငွေများများ ထည့်ပြီး အုပ်ချုပ်တဲ့ ယောကျာ်း တစ်ယောက် ဟာ တေလေ ကြမ်းပိုး တစ်ကောင်မှ မဟုတ်တာဘဲ၊ အဲ့ဒီလို ဆက်ဆံခံရမှာ ကို ငါသိပ်ကြောက်တယ် သီတဂူ”
သူမမှားဘူးဟု သူမက ယူဆခဲ့လေသည်။
“နင်နဲ့ငါ့ရဲ့ သမိုင်းက ဘယ်လို ဖြစ်ကျန်ရစ်ခဲ့မလဲ . . .
ငါ မတွေးရဲသေးဘူး ရဲတိုက်”
“ငါလဲမတွေ ဘူး . . . တွေးလိုက်ရင် နင့်အမေကြီးရဲ့ မျက်နှာ ရှစ်ခေါက်ချိုးကြီး ပေါ်လာ တတ်လွန်းလို့ ငါ့ခေါင်းထဲက အမြန်ပြန်ထုတ်ပစ်လိုက်တယ်”
သူတို့နှစ် ယောက် ပြိုင်တူ မသက်မသာ ရယ်မောမိကြလေသည်။
“ငါလဲ မစဉ်းစားတတ်တော့ဘူး၊ မေမေဟာ နင့်အကိုကို ရော နင့်ကိုပါ ဘာကြောင့် ဒီလောက် ပြတ်ပြတ်သားသား ခါးသီးနေသလဲဆိုတာ”
သူမက စိတ်မကောင်းစွာ ညည်းညူမိသည်။ မေမေ့ကို သူမကိုယ်တိုင် တော် တော် နားမလည်ချေ။ မေမေ့လောက် အတေးအမှတ် အငြိုးအတေးကြီးသော ဗီဇကိုလည်း လိုက်မမှီ်ချေ။ မမ လမ်းလျှောက်တိုင်း ခြေတစ်ဖက် နိမ့်နိမ့်ကျသွားသည် ကိုမြင်တိုင်း မေမေက သူ့အစ်ကိုကိုရော သူ့ကိုပါ ခါးတီးမုန်းတီးစိတ်များ တဖွားဖွား ရှင်သန်ကြီးထွားလာ ခဲ့မြဲ ဖြစ်သည်။ ထိုအမှု န်စိတ်က ဟိုးအနက်ရှိုင်းထဲမှာ ကိန်းအောင်းနေခဲ့သည်။ မေမေ ကလည်း ကိုယ့်ခံစားချက်နှင့် ကိုယ်၊ သူကလည်း သူ့ခံစားချက်နှင့် သူ၊ သူမကလည်း ကိုယ့်စိတ်ဆန္ဒနှင့် ကိုယ်၊ အသီးသီးယှဉ်ပြိုင်လျက် ဘယ်သူ့ ဘယ်သူ့ကိုမှ အရှုံးမပေးလိုစိတ်သည် ကိုယ်စီကိန်းဝပ်နေလေသည်။
![]() အမုန်းရဲ့ တခြားမျက်နှာတစ်ဖက် | ![]() တစ်ခတ်ဆန်း နှလုံးအိမ်မှာ ထိုးထွင်းခဲ့သော Tattoo | ![]() စိတ်ဖတ်သူ |