Cover

(နိဒါန်း)

သန်းစိုးနိုင်( ၁၉၄၆ - )

သန်းစိုးနိုင်ကို ၁၉၄၆ ခုနှစ် ၊ဒီဇင်ဘာလ(၁၂)ရက်နေ့၊ရွှေဘိုခရိုင်၊ရေး ဦးမြို့တွင် အဖရှေ့နေ ဦးဘသန်း၊အမိဒေါ်တင်မြတို့မှမွေးဖွားခဲ့သည်၊မွေးချင်းများ အနက်ဒုတိယမြောက်သား ဖြစ်သည်။ အမည် ရင်းဦးခင်မောင်ဌေး ဖြစ်သည်။သူငယ်တန်းမှဒုတိယတန်းအထိအမှတ်(၂)အ.ထ.က ရွှေဘို တွင် သင်ကြားခဲ့သည်။တတိယတန်းမှသတ္တမတန်းအထိ မန္တလေးမြို့၊ရတနာပုံအလွတ်ပညာသင် ကျောင်းတွင် တက်ရောက်ခဲ့သည်။၁၉၆၃ခုနှစ် တွင် ဒသမတန်းအောင်မြင်ခဲ့ပြီး၊ရန်ကုန်တက္ကသိုလ်သို့တက်ရောက်ခဲ့သည်။၁၉၆၄-၆၆ ပုသိမ်ကောလိပ်တွင် ဥပစာသင်တန်းတက်ရောက် အောင်မြင် ခဲ့သည်။၁၉၆၇-၉၈ တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိခဲ့သည်။

၁၉၇၀-ခုနှစ် နောက်ပိုင်းတွင် စမ်းချောင်းမြို့နယ်ရှိ စန္တိနိကေတန်အလွတ်ပညာသင်ကျောင်း ထူထောင်ဖွင့်လှစ်ခဲ့သည်။၁၉၇၂-ခုနှစ် တွင် မုတ်သုန်စာပေတိုက်ထူထောင်၍ စာအုပ်ထုတ်ဝေရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။၁၉၉၆-ခုနှစ် တွင် ̒ရွှေဝတ်ရည်̓မဂ္ဂဇင်းကို တာဝန်ခံအယ်ဒီတာချုပ် အ ဖြစ် တာဝန်ယူထုတ်ဝေခဲ့သည်။ မိုးဝေမဂ္ဂဇင်း၊စာပေဂျာနယ်၊အတွေးအမြင်မဂ္ဂဇင်း၊စံပယ်ဖြူမဂ္ဂ ဇင်း၊ခေတ်ဆန်းဂျာနယ်တို့တွင် အတွေးအမြင်နှင့် နိုင်ငံတကာအယူအဆရေး ရာဆောင်းပါးများ ရေး -သား ခဲ့သည်။

* * * * *


ဝစ်လ်ဒူးရန့် ( ၁၈၈၅ - ၁၉၈၁ )

ဝစ်လ်ဒူးရန့်ကို ၁၈၈၅ ခုနှစ် တွင် မန်ဆာချူးဆတ်၊နော့အဒမ်မြို့တွင် မွေးဖွားခဲ့သည်။ ထို ဒေသနှင့် ကီယာနီဒေသရှိ ကတ်သလစ်ဘုန်းတော် ကြီးကျောင်းများ တွင် ငယ်စဉ်က ပညာသင်ခဲ့ရ သည်။ထို့နောက် နယူးဂျာဆီရှိစိန့်ပီတာကောလိပ် ထိုမှကိုလံဘီယာတက္ကသိုလ်များ တွင် ပညာဆက် လက်ဆည်းပူးသည်။၁၉၀၇ နယူးယော့ဂျာနယ်တွင် လက်သင်သတင်းထောက်အ ဖြစ် တစ်နွေ အလုပ်ဝင်ခဲ့သော်လည်း ထိုအလုပ်က သူ့စိတ်နှင့် အခန့်မသင့်ခဲ့ပေ။ထိုကြောင့် နယူးဂျာဆီ၊တောင် အော့ရိန့်ဂ်ျဆက်တန်ကောလိပ်တွင် အခြေချကာ ၁၉၀၇ မှ ၁၉၁၁ အထိ လက်တင်၊ပြင်သစ်၊အင်္ဂ လိပ်နှင့် ဂျော်မထရီဘာသာပြဆရာလုပ်ခဲ့သည်။

၁၉၁၁ တွင် ထိုအလုပ်မှထွက်သည်။ထို့နောက် နယူးယော့ရှိ အစွန်းရောက်အသိုင်း အ၀ိုင်း များ သို့ရွှေ့ပြောင်းကာ ဖာရာမော်ဒန်ကျောင်းတွင် ၁၉၁၁ မှ ၁၉၁၃ အထိ ဆရာဝင် လုပ်ခဲ့သည်။ထိုကျောင်း၌ လွတ်လပ်စွာ တွေးတောပြုမူမှု ကို အခြေခံသော ပညာရေး ပုံစံသစ်ကို စမ်းသပ်ကြည့်ခဲ့သည်။ ၁၉၁၂ တွင် အယ်လန်ဖရီးမန်းဟူသော မိတ်ဆွေ၏ စားရိတ်ခံဖိတ်ကြား ချက်အရ ဥရောပသို့ လှည့်လည်သွားလာခဲ့သည်။ ထိုအခါ သူ၏ အတွေးကလ နားမှာ များ စွာ ကျယ်ပြန့်ဆန့်ထွက်သွားသည်။

ဖယ်ရီကျောင်းသို့ ပြန်ရောက်ပြီး မကြာမီ တပည့်မတစ်ဦးနှင့် ချစ်ကြိုက်ကာ၊ကျောင်းမှထွက်ပြီး သူမနှင့် လက်ထပ်ခဲ့သည်။ ၁၉၁၃ တွင် ဖြစ်သည်။ ထို့နောက် ကိုလံဘီယာတက္ကသိုလ်တွင် ဘွဲ့ရရေး အတွက် လေးနှစ် ကြိုးစားသည်။

အထူးပြုအ ဖြစ် ဇီဝဗေဒနှစ် ဒဿနိကယူသည်။ မော်ဂန် (Morgan) နှင့် ကယ်လ်ကင် (Calkins) တို့ထံတွင် ဇီဝဗေဒကိုလည်းကောင်း၊ ၀ုဒ်ဘရစ်ဂ်ျ

(Woodbridge) နှင့် ဒူဝီ (Dewey) တို့ထံတွင် ဒဿနိကကိုလည်းကောင်းဆည်းပူးသည်။ ၁၉၁၇ တွင် ဒဿနိကပါရဂူဘွဲ့ရသည်။ တစ်နှစ် ခန့် ကိုလံဘီယာတက္ကသိုလ်တွင် ဆရာလုပ် သည်။၁၉၁၄တွင် နယူးယော့ဘုန်းတော် ကြီး ဖြစ်ကျောင်းတွင် သမိုင်း၊စာပေနှင့် ဒဿ နိကဘာသာ ရပ်များ တွင် လက်ချာပေးခဲ့သည်။နှစ် ပတ်တစ်ကြိမ်လက်ချာဝင်ရာဆယ့်သုံးနှစ် ကြာသည်။ထိုလက်ချာများ သည် နောင်သူရေး မည့် လက်ရာများ ၏ ကုန်းကြမ်းများ ပင် ဖြစ်သည်။

၁၉၂၆ တွင် ဒဿနပုံပြင် (The Story of Philkosophy) ဟူသော စာအုပ်ကိုထုတ်ဝေရာ မျှော်လင့်မထားသော အောင်မြင်မှု ကို ရရှိခဲ့သည်။ ထိုစာအုပ်မှ ရသော ၀င်ငွေကြောင့် စာသင်ခြင်းအလုပ်ကို စွန့်လွှတ်ကာ၊ ဒူးရန့် ဇနီးမောင်နှံသည် တစ်နေ့ (၈) နာရီမှ (၁၄) နာရီတိုင်အောင် The Story of Civilization ခေါ် ကျမ်းအတွက် ဘ၀ကိုမြှပ်နှံခဲ့ကြသည်။ တခါတရံ အက်ဆေးတို ကလေးများ ရေး သားသည်မှအပ ထိုကျမ်းအတွက် လုံးပမ်းခဲ့ကြသည်။ ထိုကျမ်းအတွက် ၁၉၂၇ တွင် ဥရောပ၊ ၁၉၃၀ တွင် အီဂျစ်၊ အရှေ့အလယ်ပိုင်း၊ အိန္ဒိယ၊ တရုတ်နှင့် ဂျပန်သို့ ခရီးဆက်သည်။

၁၉၃၂တွင် ကမ္ဘာလှည့်ခရီးကိုပြန်စသည်။ဂျပန်၊မန်ချူးရီးယာ၊ဆီဘီရီးယား၊ရုရှား နှင့် ပိုလန် တို့တွင် လေ့လာသည်။ထိုခရီးစဉ်များ က အရှေ့တိုင်းမှအမွေအနှစ် များ ခေါ် Our Oriental Heritage (1935) အမည် ရှိ The Story of Civilization ကျမ်းအတွဲ တစ်အတွက် အခြေခံများ ပံ့ပိုး ပေးခဲ့သည်။ထို့နောက် ဥရောပသို့ အကြိမ်ကြိမ်သွားကာ ဂရိဘ၀ခေါ် The Life of Greece (1939) နှင့် ဆီဇာနှင့်ခရစ် Caesar and Christ (1944) ဟူသော အတွဲ နှစ် နှင့် သုံးတို့အတွက် ပြင်ဆင် သည်။၁၉၄၈တွင် တူရကီ၊အီရတ်၊အီရန်၊အီဂျစ်နှင့် ဥရောပသို့ထွက်ကာ ယုံကြည်မှု ခေတ် The Age Faith(1950) Civilization ကျမ်းကြီးအတွဲ လေးအတွက် ကုန်ကြမ်းရယူပြန်သည်။

၁၉၅၁တွင် ဒူးရန့် ဇနီးမောင်နှံသည် အီတလီ၌ အခြေချကာ ရီနေဆွန်း The Renaissance(1953) ကို ရေး သားပြန် သည်။Civlization ကျမ်ြးံကီး၏ အတွဲ ငါး ဖြစ်သည်။၁၉၄၅ တွင် အီတလီ၊ဆွစ်ဇာလန်၊ဂျာမနီ၊ပြင်သစ် နှင့် အင်္ဂလန်တို့တွင် လေ့လာမှု များ ထပ်မံပြုလုပ်ပြီး Civlization ကျမ်းကြီး၏ အတွဲ ခြောက်အ ဖြစ် ပြုပြင်ပြောင်းလဲရေး The Reformaion(1957) ကိုရေး သားပြန်သည်။

တစ်နှစ် ထက်တစ်နှစ် ဇနီး ဖြစ်သူ၏ အခန်းကဏ္ဍက ကျမ်းပြုရေး တွင် ပိုမိုအရေး ပါလာခဲ့သည်။

အတွဲ ခုနှစ် ဖြစ်သော ဆင်ခြင်သော လူသားခေတ် The Age of Reason Beings (1961) တွင် ကျမ်း၏ Ttle Page ၌ ဇနီးမောင်နှံနှစ် ယောက် လုံး၏ အမည် များ ပါဝင်လာခဲ့သည်။ အတွဲ ရှစ်အ ဖြစ် လူဝီ (၁၄) ခေတ် The Age of Louis XIV (1963)၊အတွဲ ကိုးအ ဖြစ် ဗော်လ်တိုင်းယားခေတ် The Age of Voltaire (1965) နှင့် အတွဲ တစ်ဆယ်အ ဖြစ် ရူးဆိုနှင့် တော် လှန်ရေး Rousseau and Reavolution (1967) တို့ကို ဆက်လက်ထုတ်ဝေခဲ့သည်။ဤသမိုင်း၏ သင်ခန်းစာများ ခေါ် The Lessons Of History မှာ ထိုကျမ်းတွဲ များ ကိုပြုစုစဉ်က ထုတ်နှုတ်ခဲ့သော မှတ်စုများ မှဆင်ခြင် ထုတ် နှုတ်ထားသည့် အက်ဆေးများ ပင် ဖြစ်ပါသည်။

* * * * *


သုံးပွင့်ညီညာစာပေ၏ အမှာ

လူတို့၌ သမိုင်းရှိပြီး အဟိတ်တိရစ္ဆာန်တို့၌ သမိုင်းမရှိ။ သမိုင်းရှိခြင်း၊မရှိခြင်းဟူသည်မှာ သမိုင်းကိုသိခြင်း၊မသိခြင်းအားဆိုလိုပါသည်။သမိုင်းကိုသိခြင်းတွင် သမိုင်းတစ်စုံတစ်ရာအကျိုးရှိမှု ကို ထုတ်ယူနိုင်ခြင်း ဖြစ်သည်။ ရောမအတွေးအခေါ်ပညာရှင်ကြီး ̒̒̒̒ ဆီဇာရို ̓ က ဆိုခဲ့ဖူးသည်။

̒ အတိတ်က ဖြစ်ပျက်ပြောင်းလဲမှု ကို မသိခြင်းမှာ ကလေးငယ် တစ်ယောက် ဖြစ်နေခြင်းမည် သည်။အတိတ်က ဖြစ် ဖြစ်ပျက်ပြောင်းလဲမှု မှ တစ်စုံတစ်ရာ အသုံးချနိုင်မှု မရှိလျှင်၊ဤလောကသည် အသိဥာဏ်အရာ၌ ထာဝစဉ်ကလေးငယ်အဆင့်သာ ရှိတော့မည် ။̓

သမိုင်းကိုသိမှု ၌ ၀ိဝါဒများ စွာ ကွဲကြသည်။ဤကျမ်းငယ်ကို ပြုစုကြသော ဒူးရန့်ဇနီးမောင်နှံ တို့ ကိုးကားသည့် ပြင်သစ်သမိုင်းပညာရှင် ရီနေဆေဒီလို က ̏ L̍ Histoire n̍ a pas de sens. ̋ ဟု ဆို၏ ။ ̏ သမိုင်းတွင် အဓိပ္ပါယ်မရှိ ̋ ဟု အဓိပ္ပါယ်ကောက်နိုင်ပါမည် ။

̏ ရောမအင်ပါယာ၏ ပျက်သုဉ်းပြိုကွဲမှု ̋ (The Decline and Fall of Roman Empire) ကျမ်းကြီးကိုပြုစုသူ ကမ္ဘာကျော်သမိုင်းပညာရှင်ကြီး ဂစ်ဘွန်က ̏ သမိုင်းဟူသည် လူသားထုတစ်ရပ် လုံး၏ ရာဇ၀တ်မှု များ ၊မိုက်မဲမှု များ နှင့် ကံမကောင်းအကြောင်းမလှမှု များ ၏ မှတ်တမ်းထက် အနည်း ငယ်သာ ပိုသည် ̋ ဟုဆိုသည်။

ဒူးရန့်ဇနီးမောင်နှံက ̏ သမိုင်းသည် အများ စုမှန်းဆချက်နှင့် စိတ်စွဲမှု ̋ ဟုဆိုထားကြောင်းတွေ့  ရသည်။သမိုင်းက ပစ္စုပ္ပန်လူသားတို့ကို တစ်စုံတစ်ရာသင်ကြားပေးနိုင်သည်ဟူသော အဆိုများ လည်းရှိသည်။ ̏ သမိုင်းသည် ဥပမာနှင့် တစ်မျိုး၊သတိပေးချက်နှင့် တစ်ဖုံ သင်ကြားပေးသော ဒဿန ̋ ဟု ဂါဖီးကဆိုသည်။

ဆရာကြီးဒေါက်တာသန်းထွန်းက ̏ သမိုင်းက သင်ခန်းစာယူနိုင်ရင် သမိုင်းလေ့လာရကျိုး နပ်ပါတယ် ̋ (ငါပြောချင်သမျှ ငါ့အကြောင်း၊ စာ-၉၄) ဟုဆိုသည်။ဂစ်ဘွန်၏ အယူအဆ၌ ပင်လျှင် သံဝေဂသင်ခန်းစာများ ပေါ်လွင်ထင်ရှားနေပါသည်။

သမိုင်းကိုရှုမြင်ရာ၌ မြင်သော ရှုထောင့်ကိုလိုက်၍ ပုံရိပ်ကွာခြားလေ့ရှိသည်။မြင်သူ၏ အယူ အဆ၊ခံယူချက်၊သဘောထား၊ပညာရပ်အခြေခံစသည်တို့ကိုလိုက်ပြီး အရှုခံအမြင်ခံ သမိုင်းသဘော တရား ပြောင်းလဲတတ်သည်။သမိုင်းကိုရှုမြင်ခြင်းမှာ မျက်မမြင်ပုဏ္ဏားများ ဆင်စမ်းသည်နှင့် တူ သည်ဟု ဆိုသူများ ရှိကြသည်။အဖြေက အမျိုးမျိုး ဖြစ်နေသည်။သို့သော် ပုဏ္ဏားခြောက်ယောက် ၏ အဖြေများ က ဆင်ကိုမြင်သော အမှန်တရား၏ တစ်စိတ်တစ်ပိုင်းအဖြေမှန်များ ဖြစ်နေကြောင်းသတိ ချပ်ရပါမည် ။

ကမ္ဘာပေါ်တွင် သမိုင်းမှ သင်ခန်းစာယူနိုင်၊မယူနိုင် ငြင်းခုံနေကြဆဲ ဖြစ်ပါသည်။မြန်မာနိုင်ငံ ၌ ဒူးရန့်ဇနီးမောင်နှံရေး သားသော ̏ သမိုင်း၏ သင်ခန်းစာများ ̋ ကို ဆရာသန်းစိုးနိုင်က ဘာသာပြန် ထားပြီး ရှိနေသည်။၎င်းကို ကျွန်တော် တို့ ̏ သုံးပွင့်ညီညာစာပေ ̋ က ထုတ်ဝေရန် ဆုံးဖြတ်လိုက်ပါ သည်။

ဤကျမ်းငယ်မှာ ၎င်းတို့ပြုစုသော ̏ လူ့ယဉ်ကျေးမှု အကြောင်း ̋ ဟူသည့် အတွဲ ဆယ်တွဲ ပါသော ̏ The Story of Civilizatoin ̋ ကျမ်းကို ပြုစုစဉ်က ထုတ်နှုတ်ထားသော မှတ်စုများ ကို အခြေခံ၍ essay ပုံစံဖြင့် အနှစ် ချုပ်ရေး သားထားခြင်း ဖြစ်ရာ အလွန်အဖိုးတန်လှပါသည်။ ဤဘာ သာပြန်ကျမ်းအား ထုတ်ဝေခွင့်ပြုသော ဆရာသန်းစိုးနိုင်နှင့် အစစအရာရာကူညီကြသော ကိုစိုး(စိုး စိုး-အင်္ဂပူ) နှင့် ကိုမိုးတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

* * * * *


(အမှာ စကား)

ဝီလ်ဒူးရင့် (WILL DURANT) ရေး သားခဲ့သော ဤ ̏ သမိုင်း၏ သင်ခန်းစာများ ̋ (THE LESSONS OF HISTORY) စာတမ်း၏ မိတ်ဆက်ဆောင်းပါးကို မဂ္ဂဇင်းတွင် ပထမဆုံးဖတ်ရှုခဲ့ရစဉ်ကပင် နှစ် ခြိုက်သဘောကျလွန်းလှသဖြင့် မူရင်းဆောင်းပါးကို လက်လှမ်းမှီသမျှ ကြိုးပမ်းရှာဖွေခဲ့ပါသည်။ သို့တိုင် အချိန်အတော် ကြာသည်အထိ ရုတ်တရက်ရှာဖွေ၍ မရနိုင်ခဲ့ပါ။၂၀၀၃ ခုနှစ် ရောက်မှသာ စမ်းချောင်းစာအုပ်သရဲကြီး ဆရာမိုး(ဦးအောင်ကျော်မိုး) ၏ ကျေးဇူးကြောင့် မူရင်းစာတမ်းကို ဖတ် ရှုခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။ဝီလ်ဒူးရင့်၏ ̏ သမိုင်း၏ သင်ခန်းစာများ ̋ ကို ဖတ်မိတော့လည်း အများ သိ စေလိုသော စေတနာ၊ ဖတ်စေလိုသော အာသီသပြင်းပြမှု ကြောင့် စံပယ်ဖြူမဂ္ဂဇင်းတွင် လစဉ်ဘာ သာပြန်ဆိုထည့်သွင်းခဲ့ခြင်း ဖြစ်ပါသည်။

ထိုသို့အများ ဖတ်စေသိစေလိုသော အာသီသပြင်းပြခဲ့ရသည်မှာ လည်း များ စွာ မဆန်းလှပါ။ ̏ သမိုင်း၏ သင်ခန်းစာများ ̋ စာတမ်းမှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်း ထူထောင်ဖြတ်သန်းလာခဲ့ သည့် အနည်းဆုံးနှစ် ပေါင်း ငါးထောင်ကျော်မျှရှိမည့်  လူသားသမိုင်း၏ အတွေ့ အကြုံများ ကို လေး နက်လှပစွာ ပေါင်းချုပ်အနှစ် ချုပ်ပြထားခြင်း ဖြစ်ပါသည်။မူရင်းစာတမ်း၏ ̏ ပထမစာမျက်နှာ ̋ တွင် ဖော်ပြထားသည့် ̒ ပထမဆုံးစာကြောင်း ̓ များ ကပင်လျှင် စာဖတ်သူ၏ ရင်ကို များ စွာ ပင် စူးနင့် ခြောက်ခြား ရိုက်ခတ်လှုပ်ရှားသွားစေခဲ့ပါသည်။ထိုပထမဆုံးစာကြောင်းဖြင့် ဖွဲ့သီထားသော ပထမ စာပိုဒ်ထဲရှိ မေးခွန်းများ ကလည်း ပညာရှင် တစ်ယောက် ၏ ပညာနှင့်ကမ္ဘာကို စိန်ခေါ်လိုက်သကဲ့သို့ ခံစားသွားရနိုင်ပါသည်။

၎င်းတို့မှာ -

- လူ့ယဉ်ကျေးမှု သမိုင်းကျမ်းတွဲ ကြီး (၁၀) တွဲ ကို တစ်ဘ၀လုံးမြှုပ်နှံပြီး ကြိုးပမ်း အားထုတ်လိုက်လို့ ဘာတွေ ဖြစ်လာမှာ လဲ၊ဘာများ အသုံးကျမှာ မို့လို့လဲ။

- သမိုင်းကျမ်းဂန် ပေထုပ်၊စာအုပ်ပုံထဲကို ခုန်ချနှစ် မြှုတ်ထားတဲ့ ပညာရှင်တွေ က ရွာရိုးကိုးပေါက် လျှောက်သွားနေတဲ့ လူသာမန် တစ်ယောက် ထက် လောက သဘော လူ့လောကသဘောကို ဘယ်လောက်ပိုမိုစောကြော နားလည်နိုင်မှာ လဲ။

- သမိုင်းဆိုတာထဲမှာ ဒီနေ့ကမ္ဘာကြီးကို လှိုက်စားနေတဲ့ ရောဂါ ဝေဒနာမျိုးစုံးကို တကယ်တမ်း ကယ်တင်ကုစားနိုင်တဲ့ သမားတော် နှင့် ဆေးဝါးများ ရှိနေခဲ့ပါသ လား။

- သမိုင်းဆိုတာထဲမှာ လူသားရဲ့အနာဂတ်နှင့် ကမ္ဘာလောကကြီးရဲ့ကံကြမ္မာကို ညွန်ပြနိုင်တဲ့ ဗေဒင်ဆရာနှင့် ဟောကိန်းတွေ များ ပါနေပါသလား။

- လက်တွေ့ အာရုံခံစားနိုင်စွမ်းမရှိတော့တဲ့ သက်မဲ့အတိတ်သမိုင်းက ကမ္ဘာလောကကို ဘာမှလမ်းညွန် သင်ကြားပေးနိုင်မှာ မဟုတ်သလို၊ ကမ္ဘာ လောကကြီးရဲ့ ဘယ်ပြဿနာကိုမှလည်း ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။

- တကယ်တော့ ̒ သမိုင်းဆိုတာ လူ့လောကကြီးရဲ့ ပိုမိုကျယ်ပြောတဲ့ ဇာတ်ခုံပေါ် မှာ ပိုမိုကြီးကျယ်တဲ့ အမှားတွေ ထပ်မှားဖို့ အကြိမ်ကြိမ် ကြိုတင်ဇာတ်တိုက်နေ ကြခြင်းသာ ဖြစ်ပါတယ် ̓ စသည်တို့ပင် ဖြစ်ကြပါတယ်။

ထိုသို့သော သဘောထားအမြင်များ အောက်တွင် ဤကြီးကျယ်လှသော လူ့ယဉ်ကျေးမှု သမိုင်းကြီးကို ရူးသွတ်မိုက်မဲလွန်းသူ လူတစ်သိုက်သာလျှင် လုပ်ကြပေလိမ့်မည် ။ သို့သော် ဤလုပ်ငန်းမျိုးကို သူလုပ်ပါမည် ဟု ၀ီလ်ဒူးရန့်ဆိုခဲ့ပါသည်။အရူးသွတ်ဆုံး ပညာ ရှင်ကြီးက အမိုက်မဲဆုံးသော ဆုံးဖြတ်ချက်ချကာ တစ်ဘ၀လုံးပုံ၍ ကြိုးပမ်းအားထုတ်ခဲ့ခြင်း ဖြစ်ပါသည်။ မည် သို့ပင် ဖြစ်စေ သမိုင်းပညာရှင်ကြီး ဒူးရင့်၏ ရဲရင့်သော စိတ်ဓာတ်နှင့် စွန့်လွတ်လုံးပမ်းမှု ကို ကျွန်တော် တို့ဦးနှိမ်မာန်ချ ရိုသေလေးစားထိုက်လှပါသည်။

စင်စစ်အားဖြင့် ၀ီလ်ဒူးရန့်သည် မူလက သမိုင်းပညာရှင်တစ်ဦးမဟုတ်ခဲ့ပေ။ တစ်ကမ္ဘာလုံးမှ ၀ီလ်ဒူးရန့်ကို ထူးချွန်ထင်ရှားသော ဒဿနပညာရှင်တစ်ဦးအ ဖြစ်သာ သိရှိ နားလည်ထားခဲ့ကြသည်။သူရေး သားပြုစုခဲ့သော ̒ PLEASYRES OF PHILOSOPHY ̓ စာအုပ်မှာ ကမ္ဘာကျော်ရသပညာဆိုင်ရာ ဒဿနကျမ်း ဖြစ်သည်။ထို့အတူ သူ၏ ̒ THE STORY OF PHILOSOPHY ̓ ကျမ်းမှာ လည်း ဒဿနပညာဆိုင်ရာ သမိုင်းကျမ်းများ နယ် ပယ်တွင် အလွန်ကျော်ကြားလူကြိုက်များ သော ကျမ်းတစ်ဆူပင် ဖြစ်သည်။သူသည် ̒ လူ့ အဖွဲ့အစည်း ယဉ်ကျေးမှု သမိုင်း ̓ ခေါင်းစည်း (၅) ခုခွဲကာ ကျမ်းတွဲ ကြီး (၁၀) တွဲ (အတွဲ ငယ် ၃၃ တွဲ ) ရေး သားထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ထိုသို့သော လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု သမိုင်းစဉ်ကို ဘက်ပေါင်းစုံမှ ပြုစုရေး သားနိုင်ရေး ဆိုသည့် ကြီးကျယ်မြင့်မားလှသည့် လုပ် ငန်းတာဝန်မျိုးမှာ လူတစ်ဦး တစ်ယောက် ၏ တစ်သက်တာအတွင်း ပြီးမြောက်အောင်မြင် ရေး ဆိုသည်မှာ သာမန်အားဖြင့် မစဉ်စားထိုက်သော အရာ ဖြစ်ပေလိမ့်မည် ။သို့သော် ဘုရား သခင်၏ ဂုဏ်ကျေးဇူးတော် ကြောင့် ၀ီလ်ဒူးရန့်မှာ အသက် (၉၀) တိုင် အသက်ရှည်ရှင်သန် ခွင့်ရခဲ့ပြီး လူ့ယဉ်ကျေးမှု သမိုင်းစဉ်ကြီးကို နှစ် ပေါင်း (၄၀) တိုင်ပြီးစီးအောင် ရေး သားနိုင် ခွင့် ရခဲ့သည်။ဤကျမ်းတွဲ စတင်ရေး သားခဲ့စဉ်က ၀ီလ်ဒူးရန့်တစ်ဦးတည်း ဒိုင်ခံရေး သားခဲ့ ခြင်း ဖြစ်ပြီး သူ၏ ဇနီးဟောင်း အေရီရယ်လ်မှာ လက်နှိပ်စက်စာရေး မလေးသာ ဖြစ်ခဲ့သည်။

နောက်ပိုင် သူတို့နှစ် ဦးလက်ထပ်ခဲ့ပြီးနောက် ဤကျမ်းကြီးကို အတူပူးပေါင်း ဆက်လက်ကြိုးပမ်းခဲ့ကြရသဖြင့် စာရေး သူများ အ ဖြစ်ဝီလ်နှင့် အေရီရယ်လ် ဒူးရန့်နှစ် ဦးစ လုံး၏ အမည် ကိုကမ္ဗည်းထိုးခဲ့ကြသည်။သို့သော်ဤကျမ်းကြီးလုံးဝရေး သားပြီးစီးချိန် ရောက် သော အခါအေရီရယ်လ်ခမျာကွယ်လွန်အနိစ္စရောက်သွားခဲ့ရှာပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းကျမ်းတွဲ ကြီးတစ်ခုလုံးပြန်လည်စုစည်းထုတ် ဝေခဲ့သော အခါ ဤကျမ်း၏ ရည် ညွန်းခံပုဂ္ဂိုလ် မှာ သဘာဝကျစွာ ပင် ̒ အေရီရယ်လ်ဒူးရန့် ̓ ဖြစ်လာရတော့သည်။

ထိုသို့ လူသား၏ ယဉ်ကျေးမှု သမိုင်းစဉ် တစ်ရပ်လုံးကို တတ်နိုင်သမျှအနည်းဆုံး စာမျက်နှာများ အတွင်း အပြည့်စုံဆုံး ဖြစ်ရန် ရေရှည်အားထုတ်ကြိုးပမ်းခြင်းဖြင့် နောင်လာ မည့် မျိုးဆက်ပေါင်းများ စွာ ကို လက်ဆင့်ကမ်းအမွေပေးခဲ့သည့်လုပ်ငန်းသည် ရူးသွတ်မိုက် မဲမှု တစ်ရပ် မဟုတ်ပါ။ပညာရှင် တစ်ယောက် ၏ ကြီးကျယ်မြင့်မြတ်သည့် ကိုယ်ကျိုးစွန့်လွှတ် မှု တစ်ရပ်သာ ဖြစ်ပါသည်။ဤသို့ ကြီးကျယ်မြင့်မြတ်သော ပညာရှင် တစ်ယောက် ၏ ကိုယ် ကျိုးစွန့်လွှတ်မှု ကြီးတစ်ရပ်သည် အချီးနှီးမ ဖြစ်ကောင်းပါ။ အကျိုးမဲ့မဟုတ်ပါ။ယင်းသို့ အချီး နှီးမဟုတ်ကြောင်း အကျိုးမ ဖြစ်ကြောင်း ထင်လင်းစွာ ပြသနိုင်ရေး အတွက် ဤ ̒ သမိုင်း၏ သင်ခန်းစာများ ̓ စာတမ်းကို ၀ီလ်ဒူးရန့်ရေး သားပြုစုခဲ့ခြင်း ဖြစ်ဟန်တူပါသည်။

စင်စစ်အားဖြင့် လူ့လောကကြီးကို သမိုင်းက နိုင်ငံရေး ၊စီးပွားရေး ၊စစ်ရေး ၊လူမှု ရေး နှင့် ဘာသာရေး အရ ဘက်ပေါင်းစုံမှ အကြိမ်ကြိမ် အထပ်ထပ်သင်ခန်းစာအရပ်ရပ်ကို ပေး အပ်ခဲ့ပြီး ဖြစ်ပါသည်။ထို ̒ သမိုင်း၏ သင်ခန်းစာများ ̓ ကို လူ့ယဉ်ကျေးမှု သမိုင်းစဉ် တစ် လျှောက် မွှေနှောက်လေ့လာခဲ့သူ ၀ီလ်ဒူးရန့်က ဤစာတမ်းတွင် သုံးသပ်ပေါင်းချုပ် ထုတ် နှုတ်စုစည်းပြလိုက်ခြင်း ဖြစ်ပါသည်။ထို့ကြောင့် ၀ီလ်ဒူးရန့်၏ ̒ လူ့ယဉ်ကျေးမှု သမိုင်း ̓ သည် လူ့အဖွဲ့အစည်း ဖြစ်ထွန်းတိုးပွားမှု ဖြစ်စဉ်ကြီး၏ ပင်စည်ပင်ရင်း ဖြစ်မည် ဆိုပါလျှင် ကြိုးပမ်း ခြင်းဖြင့် နောင်လာမည့်  မျိုးဆက်ပေါင်းများ စွာ ကို ဤ ̒ သမိုင်း၏ သင်ခန်းစာများ ̓ သည် ထိုလူသားအတွေ့ အကြုံများ ၏ အနှစ် အသားပင် ဖြစ်လိမ့်မည် ဟု ထင်မြင်ယုံကြည်မိပါ သည်။

မည် သို့ပင် ဖြစ်စေ တစ်ခါက သမိုင်းဒဿနပညာရှင် ဂျော့-စန်တာယာနာ (GEOR- GE SANTAYANA) မှ ဤကောက်ချက်ချထားခဲ့ဖူးပါသည်။

̒သမိုင်းကို မေ့ပျောက်ဖျောက်ဖျက်ပစ်ရန် ကြိုးစားသူမှန်သမျှကို

သမိုင်းကလည်း ပြစ်ဒဏ်ခတ်ခြင်းဖြင့် ပင်

မလွဲမသွေ တုန့်ပြန် လက်စားချေပါလိမ့်မည် ။ ̓

လေးစားစွာ ဖြင့်

သန်းစိုးနိုင်

* * * * *


အခန်း (၁)

သမိုင်း၏ သင်ခန်းစာများ

သမိုင်းရေး ရာစိန်ခေါ်မှု များ

လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု များ (THE HISTORY OF CIVILIZATIONS) သမိုင်းကျမ်းတွဲ ကြီးဆယ်တွဲ ကို ပြုစုပြီးသည်နှင့် တစ်ပြိုင်နက် ဤသို့သော စိန်ခေါ်မှု များ စွာ ကို တစ် ချိန်တည်း ရင်ဆိုင်လိုက်ရသည်။

ဤမျှ ကြိုးပမ်းအားထုတ်လေ့လာမှု သည် မည် သို့အကျိုးရှိမည် နည်း။

¬¬- အတွေးအခေါ် အယူအဆမျိုးမျိုးနှင့် နိုင်ငံအမျိုးမျိုးတို့၏ တို့တက်မှု ၊ ကျဆင်းမှု တို့ကို စာရင်းချတွက်ပြနေရခြင်းအပေါ် ကျေးနပ်ကြည်နူးနေမိပါသလား။

-သို့ မဟုတ်မင်းဧကရာဇ်များ ၏ ဘိသိတ်ခံယူခြင်းနှင့် ကံကုန်တော် မူခြင်းတို့အပေါ် ၀မ်းနည်းတသ၊ အမှတ်ရနေမိပါသလား။

စာသိပ်မဖတ်လှသော လမ်းပေါ်မှလူတစ်ထက်၊ သမိုင်းပညာရှင်သည် လူ၏ သဘာဝကို သမိုင်းလေ့လာမှု ဖြင့် ပိုမိုသိရှိနားလည်နိုင်ပါသလား။

- သမိုင်းသည် မျက်မှော က်အခြေအနေကို မီးမောင်းထိုးပြနိုင်ပါသလား။

- မျက်မှော က်ခေတ်ကာလအတွက်အကဲဖြတ်ချက်များ မူဝါဒများ ချမှတ်နိုင်ရန် တစ်စုံတစ်ရာလမ်းညွန်ပေးနိုင်ပါသလား။

- အံ့သြဖွယ်ရာကောင်းသည့် ကံကြမ္မာဆိုင်ရာ အပြောင်းအလဲမျာ ဖြစ်ပေါ်

လာခြင်းကို သမိုင်းသည် တားဆီးကာကွယ်နိုင်ပါသလား။

လူသား၏ အနာဂတ်နှင့် တိုင်းပြည်များ ၏ ကံကြမ္မာကို ကြိုတင်ဟောကိန်းထုတ်နိုင်လောက်အောင် အတိတ် ဖြစ်ရပ်များ သည် စနစ်ကျစွာ တပြေးညီ ဖြစ်ပေါ် ပြောင်းလဲခဲ့သလား။

တကယ်တမ်းတွင်

သမိုင်းသည် ဘာကိုမျှ လေ့လာသင်ကြားပေးနိုင်စွမ်း မရှိ။

သမိုင်းသည် စင်စစ်အားဖြင့် အနာဂတ်တွင် ပိုမိုကြီးကျယ်

ခမ်းနားသော အမှားကြီးများ အကြိမ်ကြိမ်ထပ်မံ ကျူးလွန်နိုင်ရန်၊

ကြိုတင်ဇာတ်တိုက်နေခြင်းသာ ဖြစ်တော့သည်။

သို့ ဖြစ်လျှင် သမိုင်းတွင် မည် သို့ သော တန်ဘိုးမျှ မရှိတော့ပြီလော။

မည် သို့ သော ရှင်သန်သက်ဝင်မှု မျှ မကျန်တော့ပြီလော။

မကြာခဏဆိုသလိုပင် ကျွန်တော် တို့ ဤသို့ ခံစားခဲ့ကြရပါသည်။

ဒွိဟသံသယများ စွာ ကလည်း ကျွန်တော် တို့ကို လွှမ်းမိုးဖိစီးကြပါသည်။

တစ်ကယ်တမ်း ပြောကြစတမ်းဆိုပါလျှင် အတိတ်ဆိုသည်မှာ မည့် သို့ ဖြစ်သည်။

အတိတ်တွင် ဘာတွေ ဖြစ်ခဲ့သည်ဆိုခြင်ကို ကျွန်တော် တို့ အမှန်တကယ်သိခဲ့ကြပါသလား။ သို့ မဟုတ် သမိုင်းဟူသည် ̒စေ့စပ်ညှိနှိုင်း သဘောတူညီမှု ̓ လုံးဝမရနိုင်သည့်ဒဏ္ဍာရီများ ပေလော။ အတိတ်နှင့် ပတ်သက်သည့် ကျွန်တော့် တို့၏ သိမြင်နားလည်မှု အလုံးစုံတို့မှာ မရေရာသည့် အချက်အလက် အထောက်အထား တိမ်သလ္လာများ ၏ ၀န်းရံကာဆီးထားမှု ကြောင့် လည်းကောင်း၊ တစ်ဖက်စောင်းနင်းကျစွာ ဘက်လိုက်တတ်သော သမိုင်းပညာရှင်များ ကြောင့် လည်းကောင်း၊ တစ်ခါ တစ်ရံကျွန်တော် တို့၏ မျက်ကန်းမျိုးချစ်စိတ်(သို့ မဟုတ်)ဘာသာရေး အယူသီးမှု များ ၏ တားဆီးပိတ် ဆို့မှု ကြောင့် လည်းကောင်း၊မရေမရာ ဖြစ်နေနိုင်၏ ။မပြည့်မစုံ ဖြစ်နေနိုင်၏ ။ထို့ကြောင့် လည်း ̒ သမိုင်း ဟူသည်အများ ပိုင်အားဖြင့် မှန်းဆချက်များ ဖြစ်နေတတ်ကြပြီး၊ကျန်အပိုင်းမှာ လည်းဘက်လိုက်မှု များ သာ ဖြစ်လေ့ရှိတတ်ကြသည် ̓ ဟုဆိုခဲ့ကြခြင်း ဖြစ်ပေမည် ။

မိမိတို့တိုင်းပြည်အတွက်၊လူမျိုးအတွက်၊ လူတန်းစားအတွက်၊ ယုံကြည်သက်ဝင်မှု အတွက်၊ နည်းနည်း မျှဘက်မလိုက်ဟု ဆုံးဖြတ်ထားသူ သမိုင်းပညာရှင်တို့သည်ပင်လျှင် အချက်အလက်များ ကောက်ယူမှု တွင် လည်းကောင်းရှင်၊လင်းဖွင့်ဆိုဝိသေသပြုရာတွင် လည်းကောင်း မိမိတို့နှစ်သက် ထက်သန်းရာဘက်သို့ တိမ်းစောင်းသွားတတ်ကြသည်။ ဤသို့ ဖြင့် ̒ သမိုင်းပညာရှင်သည် အစဉ်သဖြင့် ယေဘုယျကျစွာ ၊အကြမ်းဖျင်းဆန်စွာ ကောက်ချက်ချပစ်တတ်၏ ။မိမိလိုလားသဘောကျသော အချက်အလက် အနည်းအကျဉ်းမျှကိုသာ ဆုပ်ကိုင်အသုံးချတော့၏ ။ ရှုပ်ထွေးလှသော အ ဖြစ်အပျက်များ စွာ နှင့် သဘောထားအမြင်မျိုးစုံတို့ကိုခြုံငုံနားလည်နိုင်ရန် ကြိုးပမ်းခြင်းမရှိတော့ဘဲ ဘေဖယ်ထားလိုက်ြ ကတော့သည် ̓ ဟု ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မျက်မှော က်ခေတ်ကာ ပြေင်းလဲမှု များ ၏ အရှိန်အဟုန်နှုန်းကြောင့် ကျွန်တော် တို့၏ အတိတ်သမိုင်းကြောင်းမှ အနာဂတ်အလားအလာများ အထိ၊ သုံးသပ်နိဂုံးချုပ်ချက်များ မှာ ပိုမို၍ အဆီအငေါ့မတည့်၊အခြေအနေနှင့် မကိုက်ညီ ဖြစ်လာနေရသည်။(၁၉၀၉) ခုနှစ် က ချားလ်စ်ပီဂေး (Charles Pegay) သည် ̒ ကမ္ဘာကြီးဟာ ခရစ်တော် လက်ထက်ကစပြီး လွန်ခဲ့တဲ့နှစ် ပေါင်း ၃၀ မတိုင်မီအတွင်း ဘာမှကြီးကြီးမားမားပြောင်းလဲခဲ့ပုံမရဘူး ̓ ဟူ၍ တွေ မိခဲ့ပေသည်။ရူပဗေဒပါရဂူ ပညာရှင်များ ကမူ သိပ္ပံပညာသည် (၁၉၀၉) ခုမတိုင်မီ သမိုင်းတင်ထားခဲ့သည့် အပြောင်းအလဲများ အားလုံးထက် ယခုအခါ ပိုမိုကြီးကျယ်သည့် အပြောင်းအလဲများ ဖြစ်နေလေပြီဟု ယူဆကောင်းယူ ဆကြပေလိမ့်မည် ။ရံဖန်ရံခါ စစ် ဖြစ်နေသော အချိန်များ ၌ ပင် ဖြစ်စေ၊နှစ် တိုင်းလိုပင်၊လတိုင်းမှာ ပင် တီထွင်မှု အသစ်အဆန်းများ နည်းပညာသစ်များ နှင့် အခြေအနေသစ်များ တိုးပွားထွန်းကားနေ၏ ။ ဤအချင်းအရာသစ်များ က လူတို့၏ အတွေးအခေါ်နှင့် အပြုအမူများ အားလုံးကို ပြန်လည်စစ်ဆေး လျှက်ရှိသည်။

ထို့ပြင် လွတ်လပ်ခွင့်ကဲ့သို့သော အခွင့်အလမ်းများ စွာ တို့ကလည်း လူများ နှင့် ရုပ်ဝတ္ထုများ အကြားသို့ တိုးဝှေ့ဝင်ရောက်လာလျှက်ရှိကြသည်။ထိုအခါအနုမြူအက်တမ်တို့သည် အတိတ်တွင် နားလည်လက်ခံခဲ့ကြသည့် ပုံစံအတိုင်း အနာဂတ်တွင် လည်း တုန့်ပြန်ဖော်ပြကြလိမ့်မည် ဟု ပုံသေ ကားကျ မယူဆရြဲ ကတော့ပေ။

ယခုအခါအီလက်ထရွန်များ သည် အလွန်ဂမ္ဘီရဆန်သော ဘုရား သခင်၏ ပဉ္စလက် အတတ်ပညာကဲ့သို့ထူးဆန်းအံ့သြဖွယ်ရာများ စွာ ကို ရင်သပ်ရှုမောဖွယ်ရာ ပြသလျှက်ရှိသည်။ အချို့သော ကွပ်ခဲ (Quark) များ ၏ အခြေအနေနှင့် အမူအကျင့်တို့က အစဉ်အလာ နားလည်လက်ခံထားသော ညီမျှခြင်းများ ကို ကျွမ်းထိုးမှော က်ခုံ ဖြစ်သွားစေခဲ့သည်။ဤသည်တို့မှာ သမိုင်းတွင် ဘီစီ ၃၂၃ ခုက အလက်ဇန္ဒရားဘုရင်၊သူ့ဟာသူ အဆိပ်သောက်သေလိုက်ခြင်းဟူ သော အ ဖြစ်အပျက်လေးတစ်ခုကြောင့် အကျိုးဆက်အားဖြင့် ဂရိအင်ပါယာကြီးတစ်ခုလုံး ပြိုကွဲ ပျက်ဆီးသွားခဲ့ရခြင်းနှင့် တူနေပေလိမ့်မည် ။

ထင်ရှားသိသာသည်မှာ သမိုင်းသည် သိပ္ပံပညာရပ်တစ်ရပ်မ ဖြစ်နိုင်ပေ။အကယ်၍ ဖြစ်ချင်း ဖြစ်လျှင် စက်မှု လုပ်ငန်းတစ်ခု၊၀ိဇ္ဇာပညာတစ်ရပ်၊ဒဿနပညာတစ်ရပ်သာ ဖြစ်နိုင်ပေလိမ့်မည် ။ အချက်အလက်များ ကို လှန်လှောဖယ်ရှား ကြိတ်ချေရခြင်းတွင် သမိုင်းသည် စက်မှု လုပ်ငန်းတစ်ခု နှင့် တူနိုင်၏ ။အချက်အလက်သော င်းပြောင်းကို ရှင်းလင်ဖယ်ရှား၍ အစီအစဉ် စနစ်တကျ ဖြစ် အောင် ပြုလုပ်ရသည့်အနုပညာမှာ ၀ိဇ္ဇာဘာသာနှင့် ဆင်တူနိုင်၏ ။အလားအလာများ ကို တွက်ဆ၍ အလင်းပြလမ်းညွန်ရာ၌ သမိုင်းသည် ဒဿနနှင့် နီးကပ်စွာ ဆင်တူသွားနိုင်ပါသည်။ ထို့ကြောင့် လည်း ̒ ပစ္စုပ္ပန်ဟူသည် လက်တွေ့ ပြုမူဆောင်ရွက်ရန် ထုပ်ပိုးသိမ်းဆည်းထားသော အတိတ် ဖြစ် ပြီး အတိတ်ဟူသည် သဘောပေါက်နားလည်နိုင်ရန် ခင်းကျင်းပြသထားသော ပစ္စုပ္ပန် ဖြစ်သည် ̓ ဟု သမိုင်းပညာရှင်များ က ဆိုခဲ့ခြင်း ဖြစ်ပေမည် ။သမိုင်းကို ကျွန်တော် တို့ ဤသို့မျှော်လင့်ခဲ့ပါသည်။

ဒဿနပညာတွင် တစ်ခုလုံးအမြင်မှ တစ်ခုချင်းဆီသို့ ချဉ်းကပ်ကြည့်ရှုလေ့ရှိ၏ ။သမိုင်း ဒဿန (Philosophy of History) ပညာတွင် မူ အတိတ်အတွေ့ အကြုံများ အောက်တွင် မျက် မှော က်ကာလကို ချဉ်းကပ်ကြည့်မြင်နည်းနှစ် မျိုးစလုံးမှာ နှိုင်းယှဉ်မှု သဘောအရ ပိုမိုပြည့်စုံစေရန်၊ ကြိုးပမ်းမှု များ သာ ဖြစ်ကြပြီး တိကျပြည့်စုံမှု ဟု ယူဆနိုင်ဖွယ်မရှိသေးပါ။သမိုင်းရေး ရာ မြင်ကွင်းတစ် ခုလုံးဆိုသည်မှာ စင်စစ်အားဖြင့် မှန်းဆထားသော အမြင်များ သာ ဖြစ်တတ်ကြပါသည်။

လူသား၏ သမိုင်းစဉ်တစ်ရပ်လုံးကို ကျွန်တော် တို့မသိကြရသေးပါ။ဆူမားရီးယန်း(သို့မ ဟုတ်) အီဂျစ်တို့ထက် ပိုမိုရှေးကျသော လူ့အဖွဲ့အစည်းများ စွာ ရှိကောင်းရှိနေနိုင်သည်။ကျွန်တော် တို့ ယခုမှတူးဖော်စသာ ရှိကြပါသေးသည်။တစ်စိတ်တစ်ပိုင်းသာ ဖြစ်သော အသိပညာဖြင့် ကျွန် တော် တို့ အစပြုကြရမည် ဖြစ်ပါသည်။ယာယီအားဖြင့် မူ ဖြစ်နိုင်ချေများ နှင့် သာ ကျွန်တော် တို့နှစ် သိမ့်ကျေနပ်ကြရပါဦးမည် ။နိုင်ငံရေး နှင့် သိပ္ပံပညာတွင် လည်း နှိုင်းရအယူအဆ လွှမ်းမိုးလျှက်ရှိပြီး မည် သည့်သမိုင်းရေး ရာ ပုံသေနည်းကိုမျှ အပြည့်အစုံယုံကြည်ထား၍ မရသေးပါ။ထို့ကြောင့် ̒ သမိုင်းပညာရပ်ကို သဘောတရားရေး ပုံစံခွက်တစ်ခု (သို့မဟုတ်) ယုတ္တိဗေဒ ကောက်ချက်တစ်ခု အတွင်းသို့ ဇွတ်အတင်းသွတ်သွင်းရန် ကြိုးပမ်းမှု မှန်သမျှကို သမိုင်းကပြုံး၍ ကြည့်နေတတ်လေ့ရှိ ၏ ။သမိုင်းသည် ကျွန်တော် တို့၏ ယေဘုယျကောက်ချက်များ ကို ကျွမ်းထိုးမှော က်ခုန် ဖြစ်အောင် ဆော့ကစားတတ်၏ ။ကျွန်တော် တို့၏ ဥပဒေမှန်သမျှကို ရိုက်ချိုးပြတတ်၏ ။စင်စစ် သမိုင်းဟူသည် ဟန်ပန်သဘောမျှသာ ဖြစ်ပေသည် ̓ ဟုဆိုခဲ့ကြခြင်း ဖြစ်ပေသည်။ဤသို့သော အတားအဆီး အကန့်အသတ်များ ကြားမှာ ပင် အမှန်တရားနှင့် အနီးစပ်းဆုံးသမိုင်းကို ကျွန်တော် တို့ စိတ်ရှည် လက်ရှည် ရှာဖွေကြရပေမည် ။ဤမှတစ်ဆင့် ပညာရှင်တစ်ဦးချင်း၏ အမြင်မှား၊ကောက်ချက်မှား များ ကိုလည်း အမြန်အလှန်နားလည်အောင် လေးစားမှု ရှိအောင် ကြိုးပမ်းသွားကြရမည် ဖြစ်သည်။

စင်စစ်အားဖြင့် လူ့အ ဖြစ်ဆိုသည်ပင် နက္ခတ်ဗေဒ အချိန်သဘောအရ ခဏငယ်တစ်ခုမျှ သာ ဖြစ်၏ ။ကမ္ဘာမြေကြီးဆီးသို့ ခေတ္တအလည်ရောက်လာသော ဧည့်သည် ဖြစ်၏ ။လူသည် တိရိ စ္ဆာန်မျိုးစိတ်တစ်စိတ် ဖြစ်၏ ။လူသားမျိုးနွယ်ဝင် ဖြစ်၏ ။ စိတ်နှင့် ရုပ်တို့ပေါင်းစပ်ထားသော ခန္ဓာကိုယ် တစ်ခု ဖြစ်၏ ။မိသားစုဝင်၊လူအဖွဲ့စည်းဝင် တစ်ယောက် ဖြစ်၏ ။ထို့လူတွင် သက်ဝင်ယုံကြည်မှု ရှိသ ကဲ့သို့ ဘာကိုမျှမယုံကြည်သူလည်း ဖြစ်နိုင်၏ ။ မည် သို့ သော ပုဂ္ဂိုလ်များ ပင် ဖြစ်စေ ထိုသူတွင် မေခွန်း ထုတ်နိုင်ခွင့် အပြည့်အ၀ရှိ၏ ။အကယ်၍ ၎င်းက ဤသို့ မေးခွန်းထုတ်မည် ဆိုလျှင်. . . .

သမိုင်းသည်

လူ၏ သဘောသဘာဝ

လူသား၏ စွမ်းဆောင်မှု

လူသား၏ အလားအလာတို့နှင့် စပ်လျဉ်၍ ရှင်းလင်းပြောဆိုစရာ ဘာများ ရှိပါသနည်း။

စင်စစ်အားဖြင့် ဤသည်မှာ အလွန်ကြီးကျယ်ခမ်းနားလှသည့် လုပ်ငန်းကြီးတစ်ရပ် ဖြစ်ပါ သည်။ရာစုနှစ် ပေါင်းများ စွာ ချီ၍ ကြာမြင့်ခဲ့ပြီး ဖြစ်သော လူ့သမိုင်းကိုစာမျက်နှာအချို့ပေါ်တွင် မရေ မရာ သုံးသပ်နိဂုံးချုပ်ရန်ကြိုးပမ်းမှု မျိုးကို အရူး တစ်ယောက် သာလျှင် ပြူလုပ်ပါလိမ့်မည် ။သို့ သော် ဤအလုပ်ကို ကျွန်တော် ဆက်လုပ် ပါမည် ။

Ref:Hesitations By Will Durant

* * * * *


အခန်း (၂)

သမိုင်းနှင်ကမ္ဘာမြေကြီး

သမိုင်းဆိုသည်ကို ပြဿနာရှုပ်ထွေး၍ အငြင်းပွားဖွယ်များ လှသော အတိတ် ဖြစ်ရပ် များ ၏ မှတ်တမ်းအ ဖြစ် ရှင်းလင်းဖွင့်ဆိုကြည်ကြပါစို့။

စင်စစ်အားဖြင့် အကြီးအကျယ်ကြိုးပမ်းဖွင့်ဆိုနေကြသည့် လူသား၏ သမိုင်းဆိုသည်မှာ ကျယ်ပြန့်လှသော မဟာစကြာဝဠာထဲမှ အစက်အပြောက်တစ်ခု၏ ခဏငယ်မျှသော သင်ခန်း စာမှာ ဘ၀င်မမြင့်ဘဲ စိတ်ထားနှိမ့်ချရန်ပင် ဖြစ်၏ ။

အချိန်အခါမရွေးဆိုသလိုပင် ကြယ်တံခွန်ကြီးတစ်ခုလုံးက ကမ္ဘာမြေအနီးသို့ ရောက်ရှိလာ နိုင်၏ ။တစ်ချိန်ထဲတွင် ကမ္ဘာမြေတစ်ခုလုံး ကျွမ်းထိုးမှော က်လှန်၊ကပြောင်းကပြန် ဖြစ်သွားနိုင်၏ ။ သို့မဟုတ် ကြယ်တံခွန်ကြီး၏ အခိုးအငွေ့များ ကြောင့် ၎င်း၊ပြင်းထန်သော အပူရှိန်ကြောင့် သော်၎င်း၊ သက်ရှိအရာအားလုံးတို့၏ ဘ၀ ချုပ်ငြိမ်းသွားနိုင်၏ ။

တစ်ချိန်က လူတို့သည် ကမ္ဘာမြေကြီးကို နေမင်းကြီးမှပဲ့ထွက်လာသော အစိတ်အပိုင်းအ ဖြစ် ယုံကြည်ယူဆခဲ့ကြဖူး၏ ။ထိုသို့သော လူတို့ယုံကြည်ခဲ့ကြသည့်အတိုင်းလည်း အစဉ်ပြုံးရွှင်နေခဲ့ သော နေမင်းကြီး၏ အပိုင်းအစတစ်ခုက ကမ္ဘာမြေကြီးပေါ်သို့ အချိန်မရွေးကျရောက်လာသည်။သို့ နှင့် တစ်ပြိုင်နက်သက်ရှိသတ္တ၀ါအားလုံးတို့၏ ခံစားမှု ဝေဒနာအလုံးစုံတို့သည်လည်း ချုပ်ငြိမ်းပျောက် ကွယ်တော့မည် မှာ အမှန် ဖြစ်၏ ။

မိမိတို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ ဤအလားအလာများ အားလုံး၏ ဖြစ်နိုင် ချေကို ကျွန်တော် တို့ လက်ခံထားရမည် ဖြစ်သည်။သက်ရှိများ ရှင်သန် ဖြစ်ထွန်းခွင့်ရခဲ့သော ကမ္ဘာ မြေ၏ တည်ရှိမှု သည်ပင် လက်ရှိအနေအထားမှ အနည်းငယ်တိမ်းစောင်းပြောင်းလဲလိုက်သည်နှင့် ပေါက်ကွဲပျက်စီးသွားနိုင်ချေရှိသည်။ကျွန်တော် တို့ လူသားများ အနေနှင့် ဤ ဖြစ်နိုင်ချေအားလုံးကို မလွဲမရှောင်သာစွာ လက်ခံထားရမည် ဖြစ်သည့်တိုင် သိပ္ပံပညာရှင်ကြီး ပါစကယ့် (Pascal) ၏ အောက်ပါစကားဖြင့် စကြာဝဠာကြီးကို ပြန်လည်စိန်ခေါ်တိုက်ခိုက်ရပေတော့မည် ။

̒ စကြာဝဠာကြီးက လူသားဆိုတာကို ဖျက်ဆီးချေမှု န်းနိုင်စွမ်းရှိခဲ့သည့်တိုင်အောင် လူသား ဟာ သူ့ကိုသတ်ဖြတ်ချေမှု န်းခဲ့သည့် စကြာဝဠာကြီးထက်တော့ ပိုမိုကြီးကျယ်မြင့်မြတ်နေပါလိမ့်ဦး မယ်။ဘာကြောင့် လဲဆိုတော့ ပျက်စီးသေဆုံးခြင်းဆိုတဲ့သဘောကို လူသားကသာ သိရှိနားလည် နိုင်စွမ်းရှိပြီး အောင်နိုင်ခြင်းဆိုတဲ့ သဘာဝကိုတော့ စကြ၀ဠာကြီးကိုယ်တိုင် သိရှိနားလည်နိုင်စွမ်း မရှိလို့ပါပဲ။̓

စင်စစ် သမိုင်းဟူသည် ဘူမိဗေဒပညာ (Grology) ၏ လက်အောက်ခံမျှသာ ဖြစ်သည်။ နေ့စဉ်နှင့် အမျှပင် ကမ္ဘာကြီး၏ အနှံ့အပြားတွင် ပင်လယ်ကကုန်မြင့်ကိုဖုံးလွှမ်းခြင်း (သို့မဟုတ်) ကုန်းမြေကပင်လယ်ကိုဖုံးလွှမ်းခြင်းတို့ရှိနေ၏ ။မြို့တော် ဟောင်းများ စွာ တို့ ရေအောက်သို့ နစ်မြုပ် ပျောက်ကွယ်ခဲ့ကြရ၏ ။ပင်လယ်အောက်သို့ ရောက်နေခဲ့သော ဘုရားရှိခိုးကျောင်းများ စွာ တို့က လွမ်းဆွတ်ကြေကွဲခြင်းခေါင်းလောင်းထိုးလျှက် အတိတ်သမိုင်းကိုအောက်မေ့သတိရနေခဲ့ကြသည်။

အသစ်ပေါ်ထွန်းခြင်းနှင့် တိုက်စားပြိုကွဲခြင်းဆိုသည့် ဆန့်ကျင်ဘက်နရီစည်း ချက်များ အောက်တွင် တောင်တန်းနှင့် ချိုင့်ဝှမ်းများ ၏ ရုပ်ပုံလွှာတို့သည် ပြောင်းလဲနေ တတ်၏ ။ မြစ်ချောင်းများ ဆူဖြိုလာ လျှင် ရေလျှံခြင်းနှင့် ရေလွှမ်းမိုးခြင်းတို့ ဖြစ်တတ်၏ ။မြစ်ချောင်းများ တိမ်ကောလျှင်လည်း ရေစီး ကြောင်းတို့ ပြောင်းသွား တတ်ကြ၏ ။ထိုအခါ မြစ်ချိုင့်ဝှမ်းတို့သည် ကန္တာရဆန်လာတတ်ကြပြီးကျွန်းဆွယ်ကမ်းမြောင်တို့မှာ လည်း ရေလက်ကြား ဖြစ်သွားတတ်ကြ၏ ။

ဘူမိဗေဒအမြင်အရပြောမည် ဆိုလျှင် ကမ္ဘာ၏ မျက်နှာဆိုသည်ပင် အရည်အသွင် ဖြစ်၏ ။ သူတော် စင်စိန့်ပီတာ (ST:Peter) သည် ခရစ်တော် ကို ဖူးမျှော်နိုင်ခွင့်ရရန် ရေပြင်ပေါ်တွင် လမ်းလျှောက်သွားခဲ့သကဲ့သို့ လူသားတို့ သည်လည်း လုံခြုံမှု မရှိလှသော ကမ္ဘာကြီး၏ မြေမျက်နှာပြင်ပေါ်တွင် မယုံမရဲဖြင့် ခရီးနှင်ခဲ့ကြရ သည်။

ရာသီဥတုက လူသားများ အပေါ် အဓိကလွှမ်းမိုးချုပ်ကိုင်ထားသည်ဟု ပြင်သစ်အတွေးအ ခေါ်ရှင် မွန်တက်စကျူ (Montesuieu) ဆို ခဲ့ဖူးသည်။စင်စစ်တွင် ရာသီဥတုက လူသားကိုတစ်စုံ တစ်ရာ ကန့်သတ်နိုင်စွမ်းရှိသည့်တိုင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း မရှိပါ။သမိုင်းတွင် လူသား၏ စွမ်းပ ကားဖြင့် ပထ၀ီဆိုင်ရာ အတားအဆီး အကန့်အသတ်များ ကို ကျော်လွှားနိုင်ခဲ့ကြပါသည်။လူသား သည် သဲကန္တာရကြီးထဲတွင် ဆည်မြောင်းများ တည်ဆောက်နိုင်ခဲ့ပြီး ဆာဟာရဒေသတစ်ခုလုံးကို လည်း စိမ်းလန်းအေးမြစေခဲ့ပါသည်။လူသားသည် တောင်တန်းများ ကို ပြန့်ပြူးစေနိုင်သကဲ့သို့ တောင်ထွတ်များ ကိုလည်း ပိုမိုမြင့်မားနိုင်စွမ်းရှိခဲ့ပါသည်။တောင်ကုန်း၊တောင်ကမ်းပါးရဲ မှန်သမျှကို လည်း လှေကားထစ် စပျစ်ခင်းများ ဖြင့် စိမ်းမြလှပစေခဲ့ပါသည်။

ထို့အတူ လူသားသည် သမုဒ္ဒရာကြီးများ ကို ဖြတ်သန်းကျော်လွှမ်းနိုင်စွမ်းရှိသည့် တိုင်တန် နစ် (Titanic) ကဲ့သို့သော မြို့တော် ကြီးများ ကို တည်ဆောက်နိုင်ခဲ့သည်။သို့ မဟုတ် ကောင်းကင် တွင် ပျံသန်းနိုင်သည့် ဧရာမယန္တရာငှက်ကြီးများ ကိုလည်း ဖန်တီးနိုင်ခဲ့သည်။သို့ သော် ရာစုနှစ် နှင့် ချီ၍ ကြာမြင့်အောင်တည်ဆောက်ခဲ့ရသည့်ဤမြို့တော် ကြီးမှာ လေမုန်တိုင်းတစ်ချက်ရမ်းလိုက်ရုံ ဖြင့် လည်း ပြိုကွဲပျက်စီးသွားနိုင်၏ ။သမုဒ္ဒရာထဲတွင် မျောနေသည့် ရေခဲတောင်တစ်ခုကြောင့် လည်း ရေပေါ်နန်းတော် ကြီးတစ်ခုလုံး စုံစုံမြိုပ်သွားနိုင်ပြန်၏ ။ဤသို့ ဖြင့် အပျော်ရှာသူ ထောင်ပေါင်းများ စွာ တို့ ကောင်းကင်ဘုံသို့ ရောက်ခဲ့ရရှာသည်။

ဒေသတစ်သည် မိုးရွာသွန်းရှာမှု ပမာဏသာတဖြည်းဖြည်းနည်းလာပါစေ။မကြာမီ ဤဒေသ သည်လည်း အာရှတိုက်အလယ်ပိုင်းတွင် တစ်ချိန်ကကြီးကျယ်ထွန်းကားခဲ့ဖူးသည့် လူ့အဖွဲ့အစည်း ကြီးများ ကဲ့သို့ပင် သဲကန္တာရများ အောက်သို့ ရောက်ရှိသွားပေလိမ့်မည် ။အမေရိကတိုက် အလယ် ပိုင်းကဲ့သို့ တောကြီးမျက်မည်းဘ၀ထဲသို့လည်း ကျရောက်သွားနိုင်ပါသည်။အကယ်၍ ဖွံ့ဖြိုးစည် ပင်နေသော ကျွန်တော် တို့ဒေသ၏ အပူချိန်ကို ပျှမ်းမျှခြင်း ၂၀ ဒီဂရီခန့် မြှင့်ကြည့်မည် ဆိုပါက ကျွန် တော် တို့အားလုံး သေကြေပျက်စီးနိုင်လောက်အောင် ရိုင်းစိုင်းပြင်းထန်သော ဘ၀အနေအထားသို့ ပြန်ရောက်သွားနိုင်ပါသည်။

သမပိုင်းဒေသများ တွင် ပုရွက်ဆိတ်များ ပွားများ သကဲ့သို့ လူဦးရေ သန်း ၅၀၀ ခန့်ရှိသော တိုင်းပြည်တစ်ပြည် ဖြစ်ထွန်းလာနိုင်ဖွယ်ရာရှိပါသည်။သို့သော် ၎င်းတို့သည် အပူပိုင်းဒေ သမှလာ သော စစ်သည်များ ၏ ထိုးနှက်တိုက်ခိုက်မှု ကြောင့် တိုင်းပြည်ပျက်သွားနိုင်ပါသည်။

သို့ဖြင့် လူသားမျိုးဆက်ပေါင်းများ စွားတို့သည် ဤကမ္ဘာကြီးကို ပို၍ ပို၍ ကြီးစိုးလွှမ်းမိုး နိုင်စွမ်း ရှိခဲ့ကြပါသည်။သို့သော် ထိုမျိုးဆက်ပေါင်းများ စွာ တို့မှာ နောက်ဆုံးတွင် ဤကမ္ဘာမြေကြီး၏ မြေဆီလွှာထဲမှာ ကျောက် ဖြစ်ရုပ်ကြွင်းများ အ ဖြစ်ဖြင့် သာ အဆုံးသတ်ခဲ့ကြရသည်။

ပထ၀ီအနေအထားသည် သမိုင်းကိုပုံဖော်ပေးသည့် ပုံစံခွက်ပင် ဖြစ်သည်။ထိုပထ၀ီအနေ အထားဟူသည် ပုံစံခွက်ထဲတွင် သမိုင်းသည် ဖွားမြင်ပုံလာခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် ပထ၀ီသည် သမိုင်းကိုလူလားမြောက်အောင် ပြုစုပျိုထောင်ပေးသည့် မိခင် ဖြစ်၏ ။ပထ၀ီဝင်များ ဖြစ်ကြသော ကန်များ ၊မြစ်များ ၊ချောင်းများ ၊ပင်လယ်များ ၊အိုအေစစ်များ က အခြေစိုက်နေထိုင်မည့် လူများ ကို ၎င်း တို့အနီသို့ရောက်အောင် ဖျားယောင်းဆွဲဆောင်တတ်ကြ၏ ။အကြောင်းမူ ရေသည် သက်ရှိသတ္တ၀ါ များ နှင့် မြို့ပြများ ၊အခြေပြုရာ ဖြစ်သော ကြောင့် ဖြစ်၏ ။ထို့ပြင် ရေကြောင်းခရီးသည် အသက်သာဆုံး နှင့် အလွယ်ကူဆုံး လမ်းပန်းဆက်သွယ်ရေး စနစ် ဖြစ်၏ ။ထိုရေကြောင်းမှပင် ကုန်သွယ်ရေး ဖွံ့ဖြိုးပြီး စီးပွားရေး တိုးတက်ခဲ့ကြခြင်း ဖြစ်ပြီး မြို့ပြလူ့အဖွဲ့အစည်းများ ဖြစ်ထွန်းခဲ့ကြခြင်း ဖြစ်သည်။

စင်စစ်အားဖြင့် အီဂျစ်လူ့အဖွဲ့အစည်းဆိုသည်မှာ နိုင်း (Nile) မြစ်ကြီး၏ လက်ဆောင်မွန် ပင် ဖြစ်၏ ။မက်ဆိုပိုတေးမီး (Mesopotamia) ခေါ် အာရေဗျကျွန်းဆွယ်ကြီးပေါ်မှ မြို့ပြလူ့အဖွဲ့ အစည်းတို့သည် ယူဖရေတီးစ် (Eupirates) နှင့် တိုက်ဂရစ် (Tigris) မြစ်နှစ် သွယ်ကြားတွင် ဖွား မြင်သန့်စင်ခဲ့ခြင်း ဖြစ်၏ ။ဆူမားရီးယန်း လူ့အဖွဲ့အစည်း၏ အထွဋ်အထိပ် ဖြစ်သေည ဘေဘီလုံ (Babylon) မြို့ပြခေတ်လည်း ဤမြစ်များ ကို အခြေပြု၍ ရှင်သန်ကြီးပြင်းခဲ့ခြင်း ဖြစ်၏ ။ထို့အတူ အိန္ဒိယသည် အိန္ဒု ဖြစ်၊ဗြဟ္မပုတ္တရမြစ်နှင့် ဂင်္ဂါမြစ်တို့၏ သမီးပျိုပင် ဖြစ်၏ ။တရုတ်လူ့အဖွဲ့အစည်း၏ အောင်မြင်မှု နှင့် ဆုံးရှုံးမှု များ ၀မ်းသာကြည်နူးခြင်းနှင့် ကြေကွဲဝမ်းနည်းခြင်းတို့မှာ ယန်စီမြစ်၊မြစ်ဝါ မြစ်ကြီးတို့၏ ဘ၀အခြေအနေတို့နှင့် တိုက်ရိုက်ဆက်စပ် ပက်သက်ခဲ့သည်။

အာရှတိုက်နည်းတူ ဥရောပဘ၀များ ကို ဥရောပပထ၀ီဝင်များ ဖြစ်ကြသည့် မြစ်ချောင်း သမုဒ္ဒရာများ လွင်ပြင်ချိုင့်ဝှမ်းများ နှင့် တောင်တန်းများ က ဖန်တီးပြဌာန်းခဲ့ခြင်း ဖြစ်၏ ။အီတလီနိုင်ငံ ကို တိုင်ဘာမြစ် (Tiber) ၊ အာနို (Arno) နှင့် ပို (Po) မြစ်တို့အကြားရှိ လွင်မြင်ချိုင့်ဝှမ်းများ က ဖန် ဆင်းခဲ့ခြင်း ဖြစ်၏ ။သြစတြီးယား (Austria) နိုင်ငံသည် ဒနျူဘီ (Denube) ဖြစ်ပေါ်တွင် လူလား မြောက်ခဲ့ပြီး ဂျာမနီနိုင်ငံသည် အယ်ဘာ (Elbe) နှင့် ရိုင်း (Rhine) မြစ်ပြင်တို့ပေါ်တွင် ရှင်သန်ကြီး ပြင်းခဲ့ခြင်း ဖြစ်၏ ။ပြင်သစ်ကို ဗျူလွိုင် (Loire) ၊ရုန်း (Rhone) နှင့် စိန်း (Seine) မြစ်တို့က ပုံဖော်ခဲ့ ခြင်း ဖြစ်၏ ။ပီထရာ (Petra) နှင့် ပါလ်မိုင်ရာ (Palmyra) မြို့ပြများ ကိုမူ သဲကန္တာရအတွင်းရှိ အိုအေ စစ် (Oasis) များ က ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။

ဂရိနိုင်ငံ၏ နယ်နိမိတ်အတွင်း နိုင်ငံသားဦးရေ တိုးပွားကြီးထွားလာခဲ့သည်နှင့် တစ်ပြိုင်နက် ဂရိတို့က မြေထဲပင်လယ်ဒေသ ကမ်းခြေတစ်လျှောက်လုံးတွင် ကိုလိုနီဒေသများ ကို ထူထောင်ခဲ့ ကြသည်။ထိုစဉ်က တွေးခေါ်ရှင်ကြီးပလေတို၏ စကားနှင့် ပြောရလျှင် မိုးဦးကျ၌ ရေကန်ပတ်လည် တွင် ဖားများ ၀န်ရံနေသကဲ့သို့ပင် ဖြစ်၏ ။ဘီစီ ၄၈၀ က ဖြစ်ပွားခဲ့သည့် ဆလမ္မစ်စစ်ပွဲ (Both Of Salamis) မှသည် စပိန်ရေတပ်မတော် ကြီး ပထမဆုံးရှုံးနိမ့်ခဲ့သည့် ၁၅၈၈ ခုနှစ် စစ်ပွဲအထိ နှစ် ပေါင်းနှစ် ထောင်တိုင်အောင် မြေထဲပင်လယ်ဒေသမှာ လူဖြူများ ၏ အင်အားရင်ဆိုင်ယှဉ်ပြိုင်ရာ နယ်ပယ် ဖြစ်နေခဲ့ရ၏ ။

သို့ သော် ၁၄၉၂ ခုနှစ် နောက်ပိုင်း ကိုလံဘတ်စ် (Columbus) နှင့် ဗာ့စကိုဒါဂါးမား (Vaso Da Gama) တို့၏ ခရီးစဉ်များ အပြီးတွင် မူ သမုဒ္ဒရာကြီးများ ကို စိုးမိုးအနိုင်ယူရဲသူများ ကို ကမ္ဘာကြီး က ဖိတ်ခေါ်လိုက်၏ ။ထိုအခါ ဂျီနိုအာ (Genoa) ၊ပီဆာ (Pisa) ၊ဖလော်ရင့် (Florance) နှင့် ဗင်းနစ် (Venice) စသည့် မြို့ပြများ ၏ အမည် နာမများ မှာ မှု န်ဝါးမှေးမှိန်လာတော့၏ ။ပြန်လည်ဆန်းသစ်ရေး (Renaissance) ခေတ်ကာလကြီး၏ နေ၀င်ချိန်စတင်ခဲ့လေပြီး။အတ္တလန်တိတ်နိုင်ငံများ နိုးကြား မြင့်မားလာခဲ့ပြီး နောက်ဆုံးတွင် အတ္တလန်တိတ်က ကမ္ဘာကြီး၏ တစ်ဝက်ကို လွှမ်းမိုးအုပ်စိုးလာခဲ့ သည့် ခေတ်ကာလတစ်ရပ်သို့ရောက်ရှိလာခဲ့သည်။ထို့ကြောင့် လည်း ၁၇၃၀ ခုနှစ် တွင် ဂျော့ခ်ျဘာ ကလေ (G.Barkeley) က ̒ အင်ပါယာနိုင်ငံများ ၏ လမ်းကြောင်းကို အနောက်ဖက်ဆီသို့ ဦးတည်စေခဲ့လေပြီ ̓ ဟု ရေး သားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အနောက်ဖက်ဆီသို့ အတ္တလန်တိတ်၏ ဦးတည်မှု သည် ပစိဖိတ်သမုဒ္ဒရာကို ဆက်လက်ဖြတ်ကျော်ဦးမည် လော။ဥရောပနှင့် အမေရိက၏ စက်မှု နှင့် စီးပွားရေး နည်းပညာများ ကို ယခင်က ဂျပန်ကိုပေးခဲ့သလို ယခုတရုတ်ကိုပေးကြဦးမည် လော။အရှေ့တိုင်း၏ ကြွယ်ဝလှသော မြေဆီသြဇာပေါ်တွင် အနောက်တိုင်း၏ နောက်ဆုံးပေါ် နည်းပညာများ ကို အသုံးချလိုက် ခြင်းအားဖြင့် အနောက်တိုင်း၏ ကျဆုံးခန်းသည် ဆိုက်ရောက်လာ တော့မည် လော။

လေယာဉ်များ ဖွံ့ဖြိုးတိုးတက်လာခြင်းကလည်း ယဉ်ကျေးသော လူ့အဖွဲ့အစည်းများ ၏ မြေပုံကို တစ်ကြိမ်ထပ်၍ ပြောင်းလဲစေခဲ့ပြန်သည်။ ကုန်သွယ်ရေး လမ်းကြောင်းများ သည် မြစ် ကြောင်း၊ရေကြောင်းတို့ကို အသုံးပြုမှု ပို၍ ပို၍ လျော့ပါးလာစေခဲ့၏ ။ရှည်လျားသည့် ပင်လယ်ကမ်း ရိုးတန်းများ နှင့် ဆိပ်ကမ်းကောင်းများ ကို အသုံးပြု၍ အကျိုး ဖြစ်ထွန်းခဲ့သည့် အင်္ဂလန်နှင့် ပြင်သစ်တို့ ၏ ကုန်သွယ်ရေး အသာစီးရခဲ့မှု များ လက်လွှတ်ဆုံးရှုံးသွားနိုင်ဖွယ်ရာရှိသည်။ရုရှား၊တရုတ်၊ဘရာဇီး တို့ကဲ့သို့ ကျယ်ပြောသည့်ကုန်းမြေများ က ကမ်းရိုးတန်းများ ကို ကန့်သတ်ကာဆီးနေခဲ့သည့် နိုင်ငံ များ အတွက် လေကြောင်းကို ပိုမိုအသုံးချခြင်းဖြင့် ပထ၀ီဆိုင်ရာအားနည်းချက်များ ကို ကျော်လွှား နိုင်ခွင့်ရှိလာခဲ့၏ ။ကမ်းရိုးတန်းမြို့များ အနေနှင့် သင်္ဘောပေါ်မှ ကုန်စည်များ ကို ရထားပေါ်သို့ လွှဲ ပြောင်းပေးလိုက်ရသဖြင့် အစဉ်အလာရရှိခဲ့သည့် အကျိုးအမြတ်များ ဆုံးပါးသွားဖွယ်ရာရှိ၏ ။

အကယ်၍ ရေကြောင်းအင်အားကို လေကြောင်အင်အားဖြင့် အပြီးတိုင် အစားထိုး အသုံးချနိုင်ပြီဆိုပါလျှင် သမိုင်းပညာတွင် အခြေခံကျသည့်တော် လှန် ပြောင်းလဲမှု များ ဖြစ်ပေါ် လာသည်ကို ကျွန်တော် တို့ မျက်ဝါးထင်ထင် မြင်တွေ့ ကြရပေလိမ့်မည် ။

နည်းပညာတိုးတက် ထွန်းကားလာသည်နှင့် အမျှ ပထ၀ီဆိုင်ရာ အကြောင်းအချက်များ ၏ လွှမ်းမိုးသြဇာသက်ရောက်မှု မှာ ပို၍ လျော့ပါးကျဆင်းလျှက်ရှိသည်။နယ်မြေဒေသတစ်ခု၏ ပထ၀ီ အနေအထားနှင့် ဖွဲ့စည်းပုံထူးခြားအရေး ပါမှု ကြောင့် စိုက်ပျိုးရေး ၊သတ္ထုတွင်းနှင့် ကုန်သွယ်ရေး ကဏ္ဍ တို့တွင် ပိုမိုအခွင့်အလမ်းသာမှု များ ရှိနိုင်ပါသည်။သို့ သော် ဤသည်တို့မှာ ဖြစ်နိုင်ချေများ သာ ဖြစ် ကြသည်။ ဖြစ်နိုင်ချေများ မှ ပကတိ ဖြစ်ရပ် ဖြစ်လာရေး အတွက် အဓိကအဆုံးအဖြတ်ပေးမည် မှာ လူသား၏ အသိဉာဏက်ပင် ဖြစ်၏ ။အသိဉာဏ်ရှိသော လူသား၏ ခေါင်းဆောင်မှု နောက်တွင် နိုးကြား တက်ကြွစွာ လူသားတိုင်းပါဝင်ကြိုးပမ်းကြမှသာလျှင် ဖြစ်နိုင်ချေများ က တကယ့် ဖြစ်ရပ်များ ဖြစ် လာနိုင်သည်။စိတ်ကူးစံများ မှ ဘ၀ ဖြစ်လာနိုင်ပါသည်။

ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို တကယ်တမ်း ထူထောင်တည်ခဲ့သူမှာ ကမ္ဘာမြေကြီး မဟုတ်ပါ။လူသားပင် ဖြစ်ပါသည်။

Ref: History and the Earth By Will Durant

* * * * *


အခန်း (၃)

သမိုင်းနှင့် ဇီဝဗေဒ

တကယ်တမ်းတွင် သမိုင်းဟူသည် ဇီဝဗေဒအစိတ်အပိုင်းတစ်ရပ်မျှသာ ဖြစ်သည်။လူဆို သည်မှာ လည်း ရေထဲမြေထဲတွင် ရှင်သန်ပေါက်ဖွားနေကြသော သက်ရှိများ ၏ အစိတ်အပိုင်းတစ် ရပ်မျှသာ ဖြစ်၏ ။ရံဖန်ရံခါ နွေဦးပတ်ဝန်းကျင်မှာ သတ္တ၀ါမျိုးစိတ်တစ်ရာခန့်၏ ပျံသန်နေဟန်၊ခုန် ပေါက်နေဟန်၊တွားသွားနေဟန်၊ဖောက်ထွင်းနေဟန်မျိုးစုံတို့ကို တွေ့ ရမည် ဖြစ်သည်။ကျွန်တော် တို့ ၏ ခြေသံကြောင့် မှိန်းနေသော သတ္တ၀ါတို့ အဝေးသို့ ထွက်ပြေးသွားနိုင်၏ ။ငှက်များ အုပ်စုကွဲကာ ပျံ သွားနိုင်၏ ။ငါးလေးများ လည်း ချောင်းထဲသို့ ငုတ်လျှိုးသွားနိုင်ပေသည်။

ရုတ်ချည်းဆိုသလို ဤကမ္ဘာမြေကြီး၏ တစ်နေရာတွင် အန္တရာယ်ရှိလောက်အောင် နည်းပါး လှသည့် အချိုးအစားအရေအတွက်နှင့် ရပ်တည်နေကြရသော လူသား၏ အ ဖြစ်ကို အမှတ်ရသွားမိ ၏ ။သက်ရှိသတ္တ၀ါမျိုးစုံတို့ ရှောင်ပြေးရလောက်အောင်ပင် ဤဒေသတွင် လူသားသည် ထူးဆန် သော ခရီးသည်တစ်ဦး ဖြစ်နေတော့၏ ။သို့ ဖြင့် လူသားဘ၀၏ ဂုဏ်ယူဖွယ်ရာ ခုနှစ် သက္ကရာဇ်မျးနှင့် အောင်မြင်မှု အလုံးစုံတို့သည် အသွင်အမျိုးမျိုးသော သက်ရှိသတ္တ၀ါတို့၏ ဘ၀များ စွာ ထဲမှ သာမန် အစိတ်အပိုင်းတစ်ရပ်မျှသာ ဖြစ်ကြောင်း ၀မ်းနည်းဖွယ်ရာ သိရှိလာခဲ့ရသည်။

လူတို့၏ စီးပွားရေး ပြိုင် ဆိုင်မှု ၊အချစ်ရေး ပြိုင်မှု ၊ဆာလောင်မွတ်သိပ်မှု ၊ မေတ္တာနှင့် စစ်ပွဲ အတွက်လုံးပန်းတိုက်ခိုက်မှု အလုံးစုံတို့သည်လဲကျနေသော သစ်ပင်များ အောက် ကြွေကျနေ သော သစ်ရွက်များ အောက်၊ရေမျက်နှာပြင်ရေအောက်တို့တွင် ပုန်းလျှိုးရှင် သန်နေသည့် သက်ရှိများ စွာ တို့၏ အစာရှာခြင်း၊မိတ်လိုက်ခြင်း လုံးပန်းတိုက်ခိုက်ခြင်းတို့နှင့် ဘာမျှကွာခြားခြင်း မရှိလှပေ။

ထို့ကြောင့် ဇီဝဗေဒ၏ ဥပဒေသမှန်သမျှသည် သမိုင်း၏ အခြေခံကျသော သင်ခန်းစာများ ပင် ဖြစ်နေရပေသည်။ကျွန်တော် တို့ လူသားသည်တရွေ့ရွေ့ပြောင်းလဲမှု ဖြစ်စဉ် (Evolution) ဘ၀ ရှင်သန်နိုင်ခွင့် (Survival) အသင့်လျော်ဆုံးအရာသာလျှင် ရှင်သန်နိုင်ခွင့် (Selection) စသည့် သဘာဝတရား၏ စမ်းသပ်အတည်ပြုမှု မျိုးစုံကို ခံယူရပ်တည်နေရသော သတ္တ၀ါတစ်မျိုးမျှသာ ဖြစ် ပေသည်။ထိုသို့သော သဘာဝတရား၏ စမ်းသပ်စစ်ဆေးမှု မှ လူတစ်ဦးချင်းအနေနှင့် ရှောင်ရှားအ လွတ်ရုန်းနိုင်သည်။သို့လျှင်လည်း ထိုလူ၏ အသိုက်အ၀န်းကောင်းမွန်၍ သာ ဖြစ်ပေလိမ့်မည် ။သို့ သော် ထိုလူ့အသိုက်အ၀န်းသည်လည်း ရှင်သန်ရပ်တည်ရေး အတွက် သဘာဝတရား၏ စမ်းသပ် စစ်ဆေးမှု ကို မုချခံရဦးမည် ဖြစ်သည်။

ပထမဦးဆုံးသော သမိုင်း၏ ဇီဝဗေဒဆိုင်ရာသင်ခန်းစာမှာ ̒ယှဉ်ပြိုင်မှု ̓ COMPETITION ပင် ဖြစ်သည်။ပြိုင်ဆိုင်မှု ဟူသည် ဘ၀၏ အတတ်ပညာတစ်ရပ် ဖြစ်ရုံမျှမက အတတ်ပညာဆိုင်ရာ ဘ၀ တစ်ခုလည်း ဖြစ်ပေသည်။စားသောက်ဖွယ်ရာတို့ ပေါများ ပိုလျှံနေလျှင် ဘ၀သည် ငြိမ်းချမ်းသာယာ ၍ အစားအသောက်ထက် ပါးစပ်ပေါက်တို့ ပေါများ ပိုလျှံနေလျှင်မူ အပြင်းအထန် အသည်းအသန် လုယက်ပြိုင်ဆိုင်ကြရတော့၏ ။တိရိစ္ဆာန်တို့သည်တစ်ကောင်နှင့် တစ်ကောင် စိတ်အနှောက်အယှက် မ ဖြစ်ဘဲ စားသောက်တတ်ကြသည်။ယဉ်ကျေးသော လူသားများ ကမူ ဥပဒေအကြောင်းနှင့် ညီ ညွတ်စွာ သာလျှင် တစ်ယောက် ကို တစ်ယောက် ကိုက်ဖဲ့စားသောက်တတ်ကြသည်။

လူ့အဖွဲ့အစည်း၏ ဖြစ်ပေါ်မှု နှင့် အညီ လူတို့၏ ̏ ပူးပေါင်းဆောင်ရွက်မှု ̋ (Cooperation) သည်လည်း အမှန်ပင် ဖွံ့ဖြိုးတိုးတက်နေ၏ ။သို့ သော် ဤပူးပေါင်းဆောင်ရွက်မှု မှာ လူသားချင်းညီ ညွတ်မှု တိုးတက်လာခြင်းကြောင့် မဟုတ်၊ ပြိုင်ဆိုင်ကြီးထွားလာခြင်းကြောင့် မဟုတ်၊ပြိုင်ဆိုင်ကြီး ထွားလာခြင်းကြောင့် ပေါ်ပေါက်လာသည့် သဏ္ဍာန်တစ်ခုမျှသာ ဖြစ်၏ ။လူသားတို့သည် မိမိတို့၏ အုပ်စု၊ မိသားစုအသိုက်အ၀န်း၊ ကလပ်အသင်း၊ ဘာသာရေး အသင်းအဖွဲ့၊ နိုင်ငံရေး ပါတီ၊ လူမျိုး သို့မဟုတ် တိုင်းပြည်စသည့်စုစည်းမှု မှာ အလားတူအခြားစုစည်းထားသော အုပ်စုနှင့် ပြိုင်ဆိုင်ရာ တွင် အင်အားသာလွန်ရန် စုစည်းခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ ပြိုင်ဆိုင်နေသော အုပ်စုများ သည် လူတစ်ဦးချင်းကို စုစည်းထားခြင်း ဖြစ်သည့်အ လျှောက် ထိုလူတစ်ဦးချင်း၏ သဘာဝအရည်အသွေး အလုံးစုံတို့ကို ထိုအုပ်စုများ က ဖော်ပြလေ့ ရှိကြ၏ ။ထိုအုပ်စုများ သည် လူတစ်ဦးချင်းစီကဲ့သို့ပင် လောဘ၊ဒေါသ၊မောဟနှင့် မာန်မာနများ ထူ ပြောတတ်ကြ၏ ။ကျွန်တော် တို့ တိုင်းပြည်ဆိုသည်မှာ လည်း ကျွန်တော် တို့အားလုံးရှိ အရည်အသွေး များ ၏ စုစည်းဖော်ပြခက်ပင် ဖြစ်သည်။ကျွန်တော် တို့၏ အရည်အသွေးများ ကို ရဲရဲနီအောင် ကမ္ဗည်း ထိုးပြထားခြင်းမျှသာ ဖြစ်သည်။ကျွန်တော် တို့၏ အားကောင်းချက်၊အားနည်းချက်အလုံးစုံကို ထင် ရှားမြင်သာအောင် ချဲ့ထွင်ပြထားခြင်းပင် ဖြစ်သည်။အမှန်ပင် ကျွန်တော် တို့သည် လောဘ၊ဒေါသ၊ မာန်မာနကြီးမားလှ၏ ။တိုသို့ ဖြစ်ရခြင်းမှာ ကျွန်တော် တို့၏ အသွေးအသားများ က ကုန်လွန်ခဲ့သည့် နှစ် ထောင်ပေါင်းများ စွာ က ဘိုးဘွားများ ကို ပြန်လည်သတိရနေခြင်းကြောင့် ပင် ဖြစ်သည်။

ထိုနှစ် ကာလများ တစ်လျှောက်အတွင်းက လူသားသည် ဘ၀ရှင်သန်ရပ်တည်ရေး အတွက် သားကောင် ကို လိုက်ခဲ့ရ၊တိုက်ခဲ့ရ၊သတ်ဖြတ်ခဲ့ရသည်။နောက်တစ်ကြီ စားသောက်ခွင့်ဆိုသည်မှာ မသေချာမ ရေရာသည့်အလျှောက် ရရှိထားသည့်သားကောင်ကို နေ့ဖို့ညစာဟူ၍ မချန်ပဲ ၀မ်းဗိုက်ထဲထည့်ထားခဲ့ရသည်။တကယ်တမ်းတွင် စစ်ပွဲဆိုသည်မှာ လည်း တိုင်းပြည်များ ၏ ဖမ်းယူ စားသောက်မှု သဏ္ဍာန် တစ်မျိုးပင် ဖြစ်ပေမည် ။စစ်သည်အလုံးစုံကို စုစည်းပူးပေါင်းစေ၏ ။ အကြောင်းမူ ၎င်းသည် လူ့အဖွဲ့ အစည်း၏ အမြင့်မားဆုံး ̒ ပြိုင်ဆိုင်မှု ကြီး ̓တစ်ရပ် ဖြစ် သော ကြောင့် ပင် ဖြစ်သည်။ကျွန်တော် တို့တိုင်းပြည်များ အားလုံး၏ လုံခြုံရေး ကို တာဝန်ယူပေးနိုင်မည့်  မြင့်မား၊ ကျယ်ပြန့်လှသည့် အဖွဲ့အစည်း ကြီးတစ်ရပ် မပေါ်ထွန်းသေးသမျှ နိုင်ငံတစ်နိုင်ငံချင်းစီသည် လူတစ်ဦးချင်းကဲ့သို့ပင် ထင်သလိုပြု မူနိုင်စွမ်းရှိကြသည်။

ဒုတိယမြောက် သမိုင်း၏ ဇီဝဗေဒဆိုင်ရာသင်ခန်းစာမှာ ̒ ဘ၀၏ ရွေးချယ်မှု ̓ ပင် ဖြစ်သည်။ စားနပ်ရိက္ခာအတွက် (သို့မဟုတ်) မိတ်လိုက်နိုင်ရေး အတွက် (သို့မဟုတ်) သြဇာအာဏာရရှိရေး အတွက် ပြိုင်ဆိုင်မှု တွင် သက်ရှိသတ္တ၀ါအချို့သည် အောင်မြင်ခဲ့ကြ၍ အချို့သည်ဆုံးရှုံးခဲ့ရ၏ ။ဘ၀ ရပ်တည်ရေး အတွက် ရုန်းကန်တိုက်ခိုက်ကြရာတွင် ရှင်သန်ရေး အတွက် စမ်းသပ်ပွဲ၌ အချို့လက် နက်တပ်ဆင်မှု မှာ အခြားသူများ ထက် ပိုမိုသာလွန်ကောင်းမွန်နေတတ်၏ ။

စင်စစ်တွင် သဘာဝတရားသည် ̒ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ̓ ကိုသော် လည်းကောင်း၊ပြင်သစ်တော် လှန်ရေး ၏ လူ့အခွင့်အရေး ကြေညာစာတမ်း ̓ ကိုသော်လည်းကောင်း အသေအချာဖတ်ရှုခဲ့ဖူးပုံမရပေ။သဘာဝတရား၏ ရင်ခွင်ထဲတွင် ကျွန်တော် တို့သည် မလွတ်မလပ် မွေးဖွားလာခဲ့ကြပြီး မမျှမတသက်ဝင်ရှင်သန်ခဲ့ကြရ၏ ။

ကျွန်တော် တို့သည် ရုပ်ပိုင်းဆိုင်ရာနှင့် ဇီဝကမ္မဆိုင်ရာ မျိုးရိုးဗီဇများ ကို အမွေခံခဲ့ကြရ၏ ။ အစဉ်အလာဓလေ့ထုံးစံများ အားလုံးကိုလည်း မလွှဲမရှောင်သာစွာ ဆက်ဆံခဲ့ကြရ၏ ။ကျန်းမာရေး ၊ ခွန်အား၊စိတ်ဓာတ်ဆိုင်ရာ အရည်အချင်းနှင့် အကျင့်စရိုက်ဆိုင်ရာ အရည်းအသွေးအရလည်း များ စွာ ကွဲပြားခြားနားခဲ့ကြလေပြီ။သဘာဝတရားသည်ကွဲပြားခြားနားခြင်းကို လိုလားချစ် ခင်လေ့ရှိ၏ ။ ကွဲပြားခြားနားခြင်း ̋ မှာ အဆင်ဆင့်ပြုပြင်ပြောင်းလဲရေး နှင့် သဘာဝ၏ ရွေးချယ်မှု တို့အတွက် မရှိ မ ဖြစ်လိုအပ်သော အရာ ဖြစ်၏ ။သဘာဝအရ အမြွာကလေးများ မှာ ပင် ကွဲပြားသော လက္ခဏာ ရာနှင့် ချီ၍ ရှိ၏ ။မည် သည့်ပဲစေ့နှစ် လုံးသည်မျှ အလုံးစုံမတူညီနိုင်ကြပေ။

̒ မညီမျှမှု ̓ ဟူသည်၊သဘာဝ၏ မွေးရာပါလက္ခာဏာ ဖြစ်ရုံမျှမကလူ့အဖွဲ့အစည်းဖွံ့ဖြိုးမှု နှင့် အတူ လိုက်ပါရှင်သန်ကြီးထွားလေ့ရှိ၏ ။မျိုးရိုးဗီဇဆိုင်ရာ မညီမျှမှု က လူမှု ရေး နှင့် မတုလိုက်ပါ ရှင် သန်ကြီးထွားလေ့ရှိ၏ ။မျိုးးရိုးဗီဇဆိုင်ရာ မညီမျှမှု က လူမှု ရေး နှင့် ပညာရေး ရာ မညီမျှမှု များ ကို ဖြစ်စေတတ်၏ ။တီထွင်ဆန်းသစ်မှု (ဂသို့မဟုတ်) ရှာဖွေတွေ့ ရှိမှု အသစ်မှန်သမျှကို ထူးချွန်သူပါရ မီရှင် လူတစ်ဦးချင်းက ဖန်းဆင်းခဲ့ခြင်းသာ ဖြစ်သည်။မညီမျှမှု က ခွန်အားရှိသူကို ပိုမိုခွန်းအားကြီးမာ စေ၍ အင်အားနည်းသူကို ပိုမိုအားနည်း ဆုတ်ယုတ်စေ၏ ။ရှိသူကို ပိုမိုရှိစေ၍ မရှိသူကိုပိုမိုမရှိစေ ခဲ့၏ ။

ထိုအပြင် စီးပွားရေး ဖွံ့ဖြိုးမှု မှန်သမျှသည် ̒ မညီမျှမှု ̓ ကို ပိုမိုကြီးထွားစေခဲ့သည်။စီးပွားရေး ဖွံ့ဖြိုးလာသည်နှင့် အထူးလုပ်ငန်းမျိုးစုံ ပေါ်လာလေ့ရှိ၏ ။

လုတို့၏ အရည်မသွေးကိုလည်း၊ မျိုးမျိုးကွဲ့ပြားခြားနားစေ၏ ။မတူသော လူမှု ရေး အုပ်စုများ အကြားရှိ တန်ဖိုးအသီးသီးကိုလည်းကွာဟချက်ပိုမိုကြီးမားစေခဲ့သည်။သမိုင်းနှင့် လူ့ဘ၀ ဤထူး ခြားထင်ရှားလှသည့်သဘာဝတရား၏ ̒ မညီမျှမှု ̓ ကို ရှင်းလင်းပီပြင်စွာ သက်သေပြသလိုက်ပေ သည်။

ကျွန်တော် တို့၏ စိတ်ကူးစံအိမ်များ တွင် လွတ်လပ်မှု နှင့် ညီမျှမှု တို့အား လက်ထပ်ထိမ်းမြား ပေးထားခဲ့ကြခြင်းကို သဘာဝတရားက ပြုံးကြည့်နေခဲ့ပုံရပါသည်။အကြောင်းမူ လွတ်လပ်မှု နှင့် ညီ မျှမှု တို့မှာ ကမ္ဘာ့ရန်များ ပင် ဖြစ်ကြသည်။တစ်မျိုးရှင်လျှင် တစ်မျိုးကသေ၍ တစ်မျိုးရှိလျှင် တစ်မျိုး က မရှိနိုင်တော့ပေ။လူသားကို လွတ်လွတ်လပ်လပ် ထားကြသည့်ပါ။မညီမျှမှု တွေ ခေါင်မိုးထိုး လောက်အောင် တိုးလာပါလိမ့်မည် ။၁၉ ရာစုက လွတ်လပ်သော ဈေးကွက်မူဝါဒကျင့်သုံးခဲ့ဖူးသည့် အမေရိကန်နှင့် အင်္ဂလန်နိုင်ငံတို့၏ သမိုင်းကြောင်းကို ကောင်းစွာ သိကြပါသည်။ ၁၉၁၇ ခုနှစ် နောက်ပိုင်းကလည်း ရုရှားပြည်တွင် ̒ မညီမျှမှု ̓ ကို တိုက်ဖျက်ရေး အတွက် ̒ လွတ်လပ်မှု ̓ ကို စတေးခဲ့ရဖူးပါသည်။

တကယ်တမ်းတွင် ̒ ညီမျှမှု ̓ ကို လိုလားကြသူများ မှာ စီးပွားရေး စွမ်းဆောင်ရည် သာမန် ထက်နိမ့်ကျနေသူများ သာ ဖြစ်တတ်ကြလေ့ရှိသည်။စီးပွားရေး စွမ်းဆောင်ရည် မြင့်မားသူများ ကမူ ̒ လွတ်လပ်မှု ̓ ကို ပိုမိုလိုလားကြသည်။ဤသို့ဖြင့် လူတို့၏ ဆန္ဒများ ၊ပဋိပက္ခ ဖြစ်ခဲ့ကြသည့်တိုင် နောက်ဆုံး အဆုံးအဖြတ်ပေးသွားကြသူများ မှာ စွမ်းဆောင်ရည်မြင့်မားသူများ သာ ဖြစ်လေ့ရှိသည်။

̒ တန်းတူညီမျှရေး ̓ အတွက် စိတ်ကူးယဉ်မှု မှန်သမျှတို့သည် အဆုံးတစ်နေ့တွင် ကြေပြုန်း ပျက်ဆီးရသည်ချည်း ဖြစ်၏ ။မျှတမှု ကိုလိုလားသူ ဒဿနဆရာတစ်ဦးအနေနှင့် အမြင့်ဆုံးမျှော်မှန်း နိုင်သည့် တန်းတူညီမှု ဟူ၍ တရားဥပဒေရှေ့မှော က်တွင် တန်းတူမှု နှင့် ပညာရေး အခွင့်အရေး တန်း တူမှု နှစ် မျိုးသာရှိကောင်းရှိနိုင်ပါသည်။ဤသို့ သော တရားဥပဒေနှင့် ပညာရေး တန်တူမှု ဆိုသည်မှာ ပင် ချွင်းချက်များ စွာ ရှိနေတတ်ပါသည်။

လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းရှိစွမ်းရည်အလုံးစုံကို လွတ်လပ်စွာ ဖွံ့ဖြိုးပိုင်ခွင့်ရှိမှသာလျှင် မတူသည့်သက်ရှိအုပ်စုများ အကြားရှိပြိုင်ဆိုင်မှု တွင် ရှင် သန်ခွင့်ကို ပိုမိုရရှိနိုင်မည် ဖြစ်သည်။ ရန်ဖက်တိုင်းပြည်များ အကြားနီးကပ်ဆက်စပ်မှု ရှိနေသည်နှင့် အမျှ ပဋိပက္ခ ပိုမိုကြီးထွား လာတတ် သကဲ့သို့ ပြိုင်ဆိုင်မှု သည်လည်း ပိုမိုသည်းသန်ပြင်းထန်လာ တတ်၏ ။တတိယမြောက် သမိုင်း၏ ဇီဝဗေဒဆိုင်ရာသင်ခန်းစာမှာ မူ ̒သက်ရှိတို့မည် သည် အစဉ် ထွန်းကားပြန့်ပွားနေရမည် ̓ ဖြစ်၏ ။ သဘာဝတရားအတွက် အကြီးအကျယ် မျိုးဆက်ပွားနိုင်စွမ်းမ ရှိသော သက်ရှိများ ၊မျိုးစိတ်များ ၊မျိုးကွဲများ နှင့် အုပ်စုတို့သည် အရည်အသွေးရှိသူကို ရွေးထုတ် ယူနိုင်ရန် ဦးစွာ အားဖြင့် အရေအတွက်တစ်စုံတစ်ရာရှိရန်လိုအပ်၏ ။သဘာဝတရားအနေနှင့် အရည်အသွေးရှိသူ အနည်း ငယ်ကို ရွေးချယ်ရယူရန်အတွက်ကြီးမားသည့် အမှိုက်ပုံကြီးတစ်ပုံရှိ ရန်လည်းလို၏ ။သူမသည် မျိုးကောင်းမျိုးသန့်ရရှိရေး အတွက်အဖိုစပမ်းထောင်ပေါင်းများ စွာ ထဲမှ တစ်ကောင်ကို အမဥအိမ်နှင့် ပေါင်းယှက်စေ၍ အောင်မြင်သော သန္ဓေသားကိုရယူ၏ ။

သဘာဝတရားသည် တစ်ဦးချင်းပုဂ္ဂိုလ်ထက် မျိုးစိတ်မျိုးဆက်များ ကို ပိုမိုစိတ်ဝင်စား အလေးထား၏ ။သဘာဝတရားအတွက် ယဉ်ကျေးသော လူ့အဖွဲ့အစည်းနှင့် လူရိုင်းလူ့အဖွဲ့အစည်း ဆိုသည်တို့အကြားတွင် ကွာဟချက်ကြီးကြီးမားမား မရှိလှပေ။မွေးဖွားနှုန်းမြင်မားသော လူ့အဖွဲ့အ စည်းက လူမှု အဆင့်အတန်းနိမ့်ကျ၍ မွေးဖွားနှုန်းနိမ့်ကျသော လူ့အဖွဲ့အစည်းက လူမှု အဆင့်အ တန်း ပိုမိုမြင့်မားသည်ဆိုသည့်အချက်မျိုးကို သဘာဝတရားက စိတ်ဝင်စားအလေးထားခြင်း မရှိ ပေ။မွေးဖွားနှုန်းနိမ့်ကျသော တိုင်းပြည်ကို မြင့်သော တိုင်းပြည်က တစ်နေ့တွင် မုချဒဏ်ခတ် အနိုင် ကျင့်လိမ့်မည် ဟုသာ သဘာဝတရားက ယုံကြည်ယူဆထားသည်။

ဂျူးလီယက်ဆီဇာ၏ လက်ထက် ဂေါလ်လူမျိုးတို့သည် ရောမ၏ အကူအညီဖြင့် ဂျာမန်တို့ကို တွန်းလှန်နိုင်ခဲ့ခြင်း ဖြစ်၏ ။ရောမအင်ပါယာ ပြိုလဲသော အခါ ဂေါလ်တို့နေထိုင်ရာတိုင်းပြည်ကို ဂျာမ နီရှိ ပြင်သစ်တို့က ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ပြင်သစ်နိုင်ငံ ထူထောင်လိုက်၏ ။ဒုတိယ ကမ္ဘာစစ်အတွင်းကလည်း ပြင်သစ်သည် အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့၏ အကူအညီဖြင့် ပြင် သစ်နိုင်ငံ ပြန် ဖြစ်ခဲ့ခြင်း ဖြစ်သည်။အကယ်၍ု အင်္ဂလန်နှင့် အမေရိကန်တို့ ပြိုလဲခဲ့လျှင် ၁၉ ရာစုတစ် ခုလုံး လူဦးရေအတိုးအလျှော့မရှိလှသော ပြင်သစ်နိုင်ငံသည်လည်း ပြိုလဲသွားနိုင်ပေသည်။

အကယ်၍ လူသား၏ ကုန်ထုတ်စွမ်းအားသည် စားသုံးနိုင်သည်ထက် အလျှံပယ် ပိုလျှံများ ပြားနေမည် ဆိုပါက ဤသည်ကို ထိန်းညှိပေးမည့် သဘာဝတရား၏ လက်နက် (၃) မျိုးရှိ၏ ။၎င်းတို့ မှာ အငတ်ဘေး၊ ရောဂါ ဘေးနှင့် စစ်မက်ဘေးတို့ ဖြစ်၏ ။(၁၇၉၈) ခုနှစ် က ထောမတ်မောလ်သပ်စ် သည် (Essay on Population) ဆိုသည့် စစ်တမ်းတစ်စောင် ရေး သားထုတ်ပြန်ခဲ့ဖူး၏ ။အဆိုပါ စစ် တမ်းတွင် မောလ်သပ်စ်က အကယ်၍ လူ့အဖွဲ့အစည်းတွင် မွေးဖွားနှုန်းကသေနှုန်းထက် အဆမ တန်များ လာလျှင် ပိုလျှံလာသည့် ပါးစပ်ပေါက်များ စွာ က ထုတ်ကုန်များ အားလုံးကို စားသုံးပစ်မည့်  အန္တရာယ်ရှိသည်ဟု ထောက်ပြခဲ့သည်။

စင်စစ် မောလ်သပ်စ်မှာ စိတ်ကောင်းနှလုံးကောင်းရှိသူ ဘုန်းကြီးတစ်ပါး ဖြစ်၏ ။သို့သော် ၎င်းက ဆင်းရဲသားများ ကို ထောက်ပံ့ကြေးပေးခြင်း၊စောစီးစွာ အိမ်ထောင်ပြုရန် အားပေးခြင်းနှင့် အကန့်အသတ်မဲ့ကလေးများ မွေးဖွားခြင်းတို့ကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့၏ ။၁၈၀၃ ခုနှစ် ဒုတိယပုံနှိပ်ခြင်းတွင် မူ ကလေးယူရန် ရည်ရွယ်ချက်မရှိလျှင် လိင်ဆက်ဆံမူမပြုရန်အထိ ၎င်းက တောင်းဆိုခဲ့၏ ။သူ၏ မြင့်မြတ်သန့်စင်လှသော အယူအဆကို လူများ စုကြီးက လက်မခံနိုင်မှန်း သိ ရှိထားသော မောလ်သပ်စ်က နောက်ဆုံးတွင် ရိက္ခာနှင့် ပါးစပ်ပေါက်မမျှတသည့်ပြဿနာကို လူများ မဖြေရှင်းနိုင်လျှင်လည်း သဘာဝတရားက သူ၏ အငတ်ဘေး၊ ရောဂါ ဘေး၊စစ်မက်ဘေးသည့် လက် နက်များ ဖြင့် ထိန်းညှိဖြေရှင်းပေးလိမ့်မည် ဟု ဟောကိန်ထုတ်ခဲ့သည်။

သို့သော် (၁၉) ရာစုတွင် စိုက်ပျိုးရေး နည်းပညာများ တိုးတက်ထွန်းကာလာခဲ့ခြင်းက မောလ်သပ်စ်၏ အယူအဆများ မမှန်ကန်ကြောင်းငြင်းချက် ထုတ်ပြသကဲ့သို့ ဖြစ်လာခဲ့သည်။အင်္ဂ လန်၊အမေရိကန်၊ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့တွင် ရိက္ခာတိုးတက်ထုတ်လုပ်မှု နှုန်းသည် မွေဖွားနှုန်း ကို အမီလိုက်နိုင်ခဲ့သည်။ထို့ပြင် လူနေမှု ဘ၀အဆင့်အတန်း မြင့်မားလာခြင်းက စောစီးစွာ လက် ထပ်ခြင်းကို တားဆီးလိုက်ပြီး မိသားစုအရွယ်အစားကိုလည်း ငယ်အောင်ထိန်းထားနိုင်ခဲ့သည်။သို့ ဖြင့် များများ မွေးလေ အလုပ်လုပ်သူ ပိုများ လေ ဖြစ်လာခဲ့၏ ။

သို့ဖြင့် တိုးပွားလာသော လက်များ က ကုန်ထုတ်လုပ်မှု ကိုလည်း ပိုမိုတိုးပွားလာစေခဲ့သည်။ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် အငတ်ဘေးဆိုသည်ကို မကြားဘူြး ကတော့ပေ။ ရောဂါ ဘေးကိုလည်း တစ်စုံတစ်ရာ တားဆီးကာကွယ်နိုင်စွမ်းရှိလာခဲ့သည်။ထို့ပြင် ပြည်ပနိုင်ငံများ စွာ သို့ ၎င်းတို့က ဂျုံတန်ချိန်ပေါင်းများ စွာ တင်ပို့နိုင်သည်ကို မြင်လာကြရသော အခါ မောလ်သပ်စ်၏ အယူအဆမှားယွင်းကြောင်း သက်သေထူပြသကဲ့သို့ ဖြစ်လာခဲ့သည်။အကယ်၍ ဥရောပ၏ ခေတ် မီ စိုက်ပျိုးရေး နည်းပညာများ ကို တစ်ကမ္ဘာလုံးတွင် အကျယ်အပြန့်သုံးစွဲလာခဲ့လျှင် ယနေ့ရှိနေ သော ကမ္ဘာကြီးက ကျွေးမွေးနိုင်လိမ့်မည် ဟု ယုံကြည်ယူဆနြေ ကတော့သည်။

သို့သော် မောလ်သပ်စ်ကလည်း ထိုဖြေရှင်းနည်းမှာ ကပ်ဘေးကို အချိန်ရွှေ့ဆိုင်းထားခြင်း မျှသာ ဖြစ်သည်ဟု အဖြေပေးပေလိိမ့်မည် ။ကမ္ဘာမြေကြီး၏ ဖွံ့ဖြိုးနိုင်စွမ်းတွင် အကန့်အသတ်ရှိပေ လိမ့်မည် ။စိုက်ပျိုးရေး နည်းပညာဆိုင်ရာ တိုးတက်အောင်မြင်မှု ဆိုသည်တို့မှာ ဖွား-သေ-နှုန်း မညီမျှ မှု ကြောင့် တိုးပွားလာသည့် ပါးစပ်ပေါက်များ ၏ စားသုံးမှု အောက်တွင် အနှေးနှင့် အမြန်ဆိုသလို ကြေပြုန်းပျောက်ဆုံးကြရမည် သာ ဖြစ်သည်။ထိုစဉ်တွင် ဆေးဝါးများ ၊ဆေးကုသခြင်းများ နှင့် လှူဒါန်း ပေးကမ်းခြင်းစသည့် လုပ်ငန်းများ က သဘာဝတရား၏ ရွေးချယ်နှုကို နည်းမျိုးစုံနှင့် တားဆီးကန့် သတ်ကြမည် ဖြစ်သည်။ရှင်သန်နိုင်စွမ်းမရှိသည့် အရာမျိုးကို ရှင်သန်ခွင့်ရရန် အားပေးမြေတောင် မြှော က်ပေးနေကြ၏ ။ထိုအခါ မစွမ်းသန်သူ၊အရည်အသွေးမရှိသူ၊ရှင်သန်ခွင့်ရအောင် စွမ်းဆောင် နိုင်စွမ်း မရှိသူများ ၏ အရေအတွက် အဆမတန် တိုးပွားများ ပြားလာနိုင်၏ ။

စက်မှု ထွန်းကားခြင်း၊မြို့ပြခေတ်ထူထောင်လိုက်ခြင်း၊ပညာရေး နှင့် လူနေမှု အဆင့်အတန်း မြင့်မားလာခြင်း စသည့်လက္ခဏာများ ဖြစ်ထွန်းလာသည့် တိုင်းပြည်များ တွင် မွေးဖွားနှုန်းမြင့်မား လာတတ်သည့် အန္တရာယ်အမှန်ပင်ရှိ၏ ။အကယ်၍ ထိုတိုင်းပြည်များ ၏ လူဦးရေတိုးနှုန်းကို လျှော့ ချလိုက်လျှင်လည်း ယနေ့ဥရောပနှင့် အမေရိကတိုင်းပြည်များ ကဲ့သို့သော ကံကြမ္မာမျိုးနှင့် ကြုံဆုံ ကြရဦးမည် ဖြစ်သည်။ကုန်ထုတ်လုပ်မှု နှင့် လူဦးရေတိုးနှုန်းတို့ကို ညီမျှအောင် မစွမ်းဆောင်နိုင်သေး သမျှ ဆေးဝါးနှင့် ကုထုံးဆိုင်ရာကိစ္စများ ကို လူအများ နားလည်အောင် ၀ါဒဖြန့်ပေးရန်လိုအပ်သည်။ စံချိန်အရည်အသွေး ပြည့်မီသော မိဘများ ဖြစ်ရေး သည် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု ပေါ်တွင် အခြေမပြုဘဲ မိဘ ဖြစ်မည့် သူများ ၏ ကျန်းမာရေး ကြံ့ခိုင်တောင့်တင်းမှု အပေါ်တွင် သာ အခြေစိုက် သင့်သည်။

မွေးဖွားနှုန်းထိန်းချုပ်ရန် ကြိုးပမ်းမှု ကြောင့် ပညာတတ်များ အတွင်း ထိုသို့ ထိန်းချုပ်သူ အရေအတွက်ပမာဏ လျော့ကျသွားရသည့် အထောက်အထားတစ်စုံတစ်ရာ ရှိပါသလား။

ကြည့်ရသည်မှာ ပညာတတ်များ အတွင်းတွင် သာ မွေးဖွားနှုန်းထိန်းချုပ်မှု သာမန်လူများ ထက် ပိုများ ပြားပုံရပါသည်။ပညာရေး လောကတွင် မူ မျိုးဆက်တိုင်းအတွင်း၌ အောင်မြင် ဖြစ်ထွန်း လာသော သန္ဓေသားများ ကို တိုးတိုးတိတ်တိတ် ကြိတ်ဖျက်ဆီးမှု များ ရှိခဲ့ပုံရပါသည်။

ကျွန်တော် တို့ ယနေ့ပြောဆိုသုံးစွဲနေကြသော ̒ အသိဉာဏ်ပညာ ̓ ဆိုသည်မှာ စင်စစ်အား ဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ပညာရေး အခွင့်အရေး နှင့် ပညာရေး ဖြတ်သန်းမှု ၏ အသီးအပွင့်ကိုဆို လိုခြင်းသာ ဖြစ်သည်။ထို ̒ အသိဉာဏ်ပညာ ̓ ဆိုသည်ကလည်း အသွေးအသားထဲမှ မျိုးရိုးဗီဇထိ လိုက်ပါဆက်ခံ သွားနိုင်သည်ဆိုသော အထောက်အထားမျိုး လုံးဝမရှိပေ။ပါရဂူဒေါက်တာဘွဲ့ရ ထားသူများ ၏ သားသမီးတို့သည်လည်း ပုံမှန်ပညာရေး အဆင့်များ ကို မလွဲမသွေ ဖြတ်သန်းနေကြ ရလေ့ရှိသည်။လူကြီးများ မှားခဲ့ဖူးသော အမှားများ ၊လူကြီးများ စွဲလမ်းခဲ့ဖူးသော တရားသေများ ၊လူ ကြီးများ ထွေးပိုက်ခဲ့ဖူးသော အယူဝါဒကိုးကွယ်မှု များ အားလုံးကို သူတို့လည်း ဖြတ်သန်းနေကြရပေ မည် ။

အဆက်မပြတ် ထိုးနှက်တိုက်ခိုက်မှု များ ဖြင့် အားနည်းချည့်နဲ့နေသော ဆင်းရဲသားများ ၏ ခရိုမိုဇုန်းများ ထဲတွင် အရည်အသွေးမြင့်မားသော မျိုးရိုးဗီဇများ မည် မျှစိမ့်ဝင်နေမည် ကို ကျွန်တော် တို့ တွက်ချက်မှန်းဆပြနိုင်စွမ်းမရှိပေ။ဇီဝဗေဒသဘောအရဆိုလျှင် ပညာတတ်မျိုးရိုးဆက်ခံခြင်း ထက် မွေးဖွားချိန်တွင် ရုပ်ပိုင်းအရ ရှင်သန်သက်ဝင်ခြင်းက ပိုမိုတန်ဖိုးကြီးမားသည်ဟု ဆိုပါသည်။ ဗီဇအရည်အသွေးသည် ဂျာမန်လယ်သမားများ ၏ သွေးထဲတွင် ရှိနေသည်ဟုဆိုပါသည်။မည် သို့ပင် ဖြစ်စေ အကောင်းဆုံးသော မျိုးနွယ်မျိုးရိုးအရည်အသွေးသည် ဒဿနပညာရှင်များ ထံတွင် မရှိနိုင် သည်မှာ လည်း အသေအချာပင် ဖြစ်သည်။

ဂရိနှင့် ရောမနိုင်ငံသမိုင်းတွင် မိသားစုအရေအတွက် ကန့်သတ်မှု သည် တစ်စုံတစ်ရာအ ရေး ပါသော အခန်းရှိခဲ့၏ ။တစ်ချိန်ထဲတွင် ရယ်စရာလည်း ဖြစ်ခဲ့၏ ။ဘီစီ-၅၉ ခုနှစ် က ဂျူးလီယက် ဆီဇာသည် ကလေးများများ မွေးဖွားပေးသော မိခင်များ အား ဆုချခဲ့၏ ။သားသမီးမရှိသော မိန်းမ များ ကိုမူ ဝေါယာဉ်စီးနင်း ခွင့်မပြု။လက်ဝတ်ရတနာများ ၊ ၀တ်စားဆင်ယင်ခွင့်လည်း မပြုခဲ့ပေ။ နောက်ပိုင်း နှစ် ပေါင်းလေးဆယ်ကြာပြီးနောက် သြဂတ်စတပ် (Augustus) ဘုရင်၏ လက်ထက် တွင် လည်း ဤဂျူးလီယက်ဆီဇာ၏ စနစ်ကို ပြန်လည်ကျင့်သုံးခဲ့ကြပြန်သည်။

ထိုစဉ်က အီတလီနိုင်ငံ၏ အထက်လွှာများ တွင် လည်း မွေးဖွားနှုန်းထိန်းချုပ်သည့်စနစ် ခေတ်စားပြန့်ပွားနေခဲ့သည်။ထိုသို့ အီတလီလူမျိုးအစစ်များ က လူဦးရေထိန်းချုပ်ကန်သတ်နေစဉ် အီတလီနိုင်ငံတွင်းသို့ ပြင်ပမှ ၀င်ရောက်နေထိုင်လာကြသည့် မြောက်ပိုင်းမှ ဂျာမန်များ ၊ ဂရိများ နှင့် အရှေ့ပိုင်းမှ ဆီးမိုက် (Semite) မိသားစုများ ကမူ အကန့်အသတ်မဲ့ကလေးများ မွေးဖွားနေခဲ့ကြ၏ ။ ဤ ဖြစ်စဉ်ကြီး ရှည်ကြာလာသော အခါ အီတလီနိုင်ငံ၏ လူမျိုးဖွဲ့စည်းပုံ အချိုးအစားမှာ လုံးဝပြောင်း လဲသွားတော့သည်။ဤသို့သော လူမျိုးဆိုင်ရာ အပြောင်းအလဲများ က တိုင်းပြည်အုပ်ချုပ်ရေး တွင် ပါဝင်ဆောင်ရွက်ရဲခြင်း၊ ပြည်ပကျူးကျော်မှု ကို ခုခံတိုက်ရဲခြင်းစသည့် မူလဒေသခံများ ၏ မြင့်မြတ် ကောင်းမွန်သော စိတ်ဓာတ်များ ကို ချိနဲ့လျော့ပါးစေခဲ့သည်။

အမေရိကန်နိုင်ငံတွင် လည်း အင်္ဂလိုဆက်ဆွန်မျိုးနွယ်တို့၏ မွေးဖွားနှုန်းတဖြည်းဖြည်းလျော့ ကျလာခဲ့ခြင်းကြောင့် ရေရှည်တွင် ၎င်းအနွယ်တို့၏ နိုင်ငံရေး နှင့် စီးပွားရေး သြဇာများ ပါ မှေးမှိန်ကျ ဆင်းလာခဲ့သည်။မွေးဖွားနှုန်းမြင့်မားသည့် ရိုမန်ကက်သလစ် မိသားစုများ က ၂၀၀၀ ခုနှစ် အရောက်တွင် အမေရိကန်အမျိုးသားရေး သို့ မဟုတ် စည်ပင်သာယာရေး သို့ မဟုတ် အစိုးရ အဖွဲ့ဝင်များ ရွေးကောက်တင်မြှော က်ရေး တွင် ၎င်းတို့က လွှမ်းမိုးအသာစီးရနေကြလိမ့်မည် ဟု ယုံကြည်ယူဆခဲ့ကြသည်။ဤ ဖြစ်စဉ်မျိုးတို့သည် ပြင်သစ်၊ဆွစ်ဇာလန်၊ ဂျာမနီစသည့် ဗောလတိုင်း ယား (Voltaire) ကယ်လ်ဗင် (Calvin) နှင့် မာတင်လူသာ (Martin Luther) တို့၏ နယ်မြေ တိုင်းပြည်များ တွင် ကက်သလစ်ဘာသာ ပြန်လည်အားကောင်းလာစေခဲ့သည်။

အေဒီ ၇၃၂ စုက မွတ်စလင်များ ဥရောပတိုက်ရှိ တိုးစ် (Tours) ဒေသတိုက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့သဖြင့် သာ ပြင်သစ်ပြည်နှင့် စပိန်ပြည်တို့တွင် သမ္မာကျမ်းစာ (Bible) ၏ နေ ရာတွင် ကိုရန် (Koran) ကျမ်းစာ အစားထိုးဝင်ရောက်မလာခဲ့ခြင်း ဖြစ်သည်။ထို့အတူ ကက်သလစ် ဘာသာ၏ ပိုမိုမြင့်မားသော အဖွဲ့အစည်း၊စည်းမျဉ်းစည်းကမ်း၊ကိုယ်ကျင့်တရား၊သစ္စာစောင့်သိမှု တို့ က ပရိုတက်စတင့် ခရစ်ယာတ်တို့၏ ပြုပြင်ပြောင်းလဲရေး ကို အနိုင်တိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ပြင် သစ်နိုင်ငံ၏ ဉာဏ်အလင်းပွင့် ခေတ်ကာလကို တားဆီးထားနိုင်ခဲ့ခြင်း ဖြစ်သည်။ မည် သို့ပင်ဆိုစေ သမိုင်းကဲ့သို့ ပြက်ရယ်ပြုနိုင်စွမ်းကြီးသူကား ရှာမှရှားလွန်းလှပေသည်။

Rfe: Biology and History By Will Durant.

* * * * *




ဝန်ဇင်းချစ်သူများ သန်းစိုးနိုင် ၏ “ သမိုင်း၏ သင်ခန်းစာများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အနားသတ်မဲ့မိုးကောင်းကင်

ပုလင်းထဲက ယင်ကောင်များ

နည်းပညာ တော်လှန်ရေးများ၏ အနာဂါတ်