စာပျိုးခင်း
အလင်္ကာစကားဖြင့် တင်စားပြောဆိုခွင့်ရမည် ဆိုပါလျှင် -
နှစ် ပေါင်းနှစ် ဆယ်နီးပါးမျှ တောပေါင်းတစ်ထောင်၊ တောင်ပေါင်းတစ်သော င်း၊ မြစ်ချောင်း တစ်သိန်းမျှ ဖြတ်သန်းကျော်လွှား၊ လှည့်ပတ်လှုပ်ရှား တောကစားခဲ့ပြီးနောက် မိမိကိုယ်မိမိ ပြန်ကြည့်လိုက်မိသော အခါ၊ လွိုင်ဆမ်ဆစ် (တောင်သုံးဆယ်) သွယ်တန်းနေသော တောင်ကြော ပေါ်မှ အပန်းဖြေ စခန်းတစ်ခုဆီသို့ ရောက်ရှိနေကြောင်း ကြေကွဲဝမ်းနည်းဖွယ်ရာ တွေ့ ရှိခဲ့ရ ပါသည်။ မိမိတို့စခန်းမှ အရှေ့တောင်ဘက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ပါမူ ပေငါးထောင်ကျော်မျှ မြင့်မားလှသော တောင်ချွန်းပေါ်မှ ထုံးဖြူဖွေဖွေးလွလွဖြင့် ကြည်ညိုသပ္ပာယ် လွမ်းမောဖွယ် ကောင်းလှသည့် လွယ်ဆမ်ဆစ်၏ လွမ်းစေတီလေးကို အဝေးမှပင် ဖူးမြင်နေရ၏ ။ အဆိုပါ လွိုင်ဆမ်ဆစ် တောင်ကြောတစ်လျှောက်ရှိ စမ်းပေါက် စမ်းရေတို့၏ အစုအပေါင်းဖြင့် တောင်ခြေ တွင် ချောင်းလေး ဖြစ်နေသော 'နမ့်ခိုင်' ရေတို့၊ ရစ်ခွေစီးဆင်းနေရာ အနောက်မြောက်ဆီမှာ ဥရောပကျေးလက်ဆန်စွာ အေးမြလှပသော ကွတ်ခိုင်မြို့လေး တည်ရှိနေ၏ ။ ဤကွတ်ခိုင် မြို့လေးကို မဟာတံတိုင်းကြီးပမာ ပိတ်ဆည်းကာရံထားသော လွိုင်ဆမ်ဆစ် တောင်ကြောပေါ်ရှိ လွမ်းမော ဖွယ်စခန်းလေသို့ ရောက်ရှိပြီးမှသာ ဘဝအမောများ ဖြေခွင့်ရခဲ့သည်။ လွယ်ဆမ်ဆစ် တောင်ကြောပေါ်မှ တိမ်တောင်တိမ်စိုင်များ လွင့်စင်၍ သာယာကြည်လင်သော နေ့ရက်များ တွင် မူ သိန္နီကွင်းပြန့်ဆီမှ တောင်ပေါ်မြို့လေး ကွတ်ခိုင်သို့ ကွေ့ဝိုက်လူးလွန့် လှိုင်းတွန့်ပမာ အပြေး တက်လာနေသော အနက်ရောင် ဖဲပြားလေးတစ်စကို လှမ်းမြင်နေကြရသည်။ လွန်ခဲ့သော နှစ် ပေါင်း ခြောက်ဆယ် ဝန်းကျင်ခန့်က ရဲဘော်ဗဟိန်းနှင့် ဆရာဒဂုန်တာရာတို့ ရွှန်းမြသော လရောင် အောက်တွင် ဤကတ္တရာလမ်းအတိုင်း၊ သိန္နီမှ တက်လာနိုင်ရန် ကြိုးပမ်းခဲ့ကြဖူးသည်။
ထို့အတူ လွန်ခဲ့သော အနှစ် နှစ် ဆယ်ကျော်ကလည်း ကျွန်တော် သည် ဤလမ်းမှပင် ------
၁၉၇၅ ခုနှစ် အလယ်ပိုင်းခန့်တွင် အရုဏ်မကျင်းမီကပင် နှင်းမှု န်များ ကြားမှ ရွှေလီမြစ်ကို ဖြတ်ကူးကာ ဗ-က-ပ လွတ်မြောက်ဒေသ၏ မုခ်ဦးဟူ၍ ခေါ်ဆိုကြသည့် မန်ဟီးရိုးရွာလေးတွင် ခြေချမိခဲ့သည်။ ထိုမှ ရွှေလီမြစ်ကမ်းတစ်လျှောက် ဆက်လျှောက်ရင်း ကျူကုတ်ခေါ် ပန်ဆိုင်း မြို့လေးကိုဖြတ်ပြီး ဟေမုံလုံတောင်ကြောကို ကျော်လိုက်သော အခါ ကွင်းပြန့်ထဲရှိ ဗ-က-ပ အရှေ့မြောက်စစ်ဒေသ (သံလွင်အနောက်ခြမ်း) ဌာနချုပ် အခြေစိုက်ရာ မုန်းကိုးဒေသသို့ ရောက်ရှိ သွားတော့သည်။ ဤမုန်းကိုးမှာ ပင် နိုင်ငံရေး ၊ စစ်ရေး ၊ သင်တန်းတက်ရင်း၊ ဝါးခုတ် နှီးဖြာ လယ်ယာလုပ်ငန်းများ တွင် ပါဝင်ခဲ့ရ၏ ။ ဤမှာ ပင် ဟေမုံလုံတပ်ပေါင်းစု သင်တန်းတက်ရင်း နိုင်ငံရေး မုန်တိုင်းများ ကို ဖြတ်သန်းကျော်လွှားခဲ့ရ၏ ။ ဤနေရာတွင် ဥက္ကဋ္ဌမော်၏ လက်ရွေးစင် ကျမ်းများ ဘာသာပြန်ရင်း 'ပြည်သူ့အသံ' ဆောင်းပါးများ ရေး သားခဲ့ရ၏ ။
ထိုမှ ၁၉၇၈ ခုနှစ် တစ်နှစ် လုံးနီးပါးမျှပင် ရွှေလီချိုင့်ဝှမ်းမှ မဲခေါင်မြစ်ဝှမ်းအထိ တစ်တောင် ကျော်နင်း၊ တစ်တောရှင်းရင်း ကချင်၊ တရုတ်၊ ကိုးကန့်၊ ဝ၊ လားဟူ၊ ရှမ်း၊ အခါ ဒေသများ အထိ ပြည်သူ့ဘဝလေ့လာရေး ၊ ခရီးရှည်ကြီး ချီတက်ခဲ့ရ၏ ။ အဆိုပါ ခရီးရှည်ချီတက်ပွဲကြီး အဆုံးသတ် ရာ ဗကပမြို့တော် ပန်ဆန်းသို့ ရောက်ရှိသော အခါ ၇၉ ဗဟိုကော်မတီ၏ တစ်နှစ် ကျော်ကြာ၊ မာရသွန်အစည်းအဝေးကြီးနှင့် တိုးခဲ့ကြရပြန်သည်။ ထိုစဉ်က တစ်ဖက်တွင် ပါတီတွင်း နိုင်ငံရေး လမ်းစဉ်ဆိုင်ရာ တိုက်ပွဲများ ဆင်နွှဲရင်း၊ အခြားတစ်ဖက်တွင် တပ်မတော် ၏ 'မင်းရန်အောင်' ထိုးစစ်ကို တုံ့ပြန်ခုခံရသည့် စစ်ရေး တိုက်ပွဲများ ကိုလည်း ဆင်နွှဲနေရ၏ ။ တစ်ဆက်တည်းလိုမှာ ပင် ဗကပပါတီ ထူထောင်သည့် အနှစ် (၄၀) မြောက် အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသည့် 'မိုးသောက် ကြယ်နီ' ပြဇာတ်တော် ကြီး ကပြရာတွင် လည်း တက်ကြွစွာ ပါဝင်ခဲ့ကြ၏ ။ ထိုမှ 'မိုးသောက်ကြယ်နီ' ပြဇာတ်တော် ကြီး၏ ဇာတ်သိမ်းခန်း ဖြစ်သော 'ဒီရေမြင့်သစ်ကို ကြိုဆိုကြ' အခန်း၏ နောက်ဆုံး ဇာတ်ကွက်အတိုင်း သံလွင်မြစ်ကို ဖြတ်ကူးကာ အလယ်ပိုင်းရှမ်းပြည်ထဲသို့ ပြောက်ကျားတပ်ဖွဲ့ များ နှင့် အတူ ဝင်ရောက်ခဲ့ကြသည်။
ထိုအချိန်မှစ၍ အလယ်ပိုင်းရှမ်းပြည်တွင် ဆယ်စုနှစ် တစ်ခုနီးပါးမျှ တပ်ပေါင်းစုလုပ်ငန်းများ လုပ်ကိုင်ရင်း၊ သံလွင်မြစ်နှင့် နမ့်ပန်မြစ်တို့အကြား လွန်းပျံပမာ ဖြတ်ကူးနေခဲ့ရသည်။ ၁၉၈၅ ခုတွင် ဗကပတို့၏ လက်နက်ကိုင်တော် လှန်ရေး ကာလတွင် ပထမဆုံးနှင့် နောက်ဆုံး ဖြစ်သော ပါတီ ကွန်ဂရက်ကြီးကို ပန်ဆန်းတွင် စုစည်းကျင်းပခဲ့ပြန်သည်။ သို့ သော် ဤကွန်ဂရက်ကြီးကလည်း ၇၉ ဗဟိုကော်မတီ ဆုံးဖြတ်ချက်ကို အပေါ်ယံသနပ်ခါးလိမ်း၊ ပန်းပန်ပေးရုံမျှသာ ဖြစ်၍ ဗကပတို့၏ အကြပ်အတည်းကို ဘာမျှဖြေရှင်းပေးနိုင်စွမ်း မရှိခဲ့ပေ။ သို့ တိုင် (၈၈) အရေး အခင်းကြီး ပေါ်ပေါက် လာခြင်းကြောင့် ဗကပတို့ ယာယီမျှ နိုင်ငံရေး အသက်ရှုပေါက် ရရုံမျှမက သွေးကြီးစရာပင် ဖြစ်လာ ခဲ့သည်။ မြို့ပေါ်မှ တောထဲသို့ ပြေးဝင်ခိုလှုံလာကြသော ကျောင်းသားလူငယ်များ ကို 'ပါတီ ခေါင်းဆောင်မှု အကြွင်းမဲ့ခံယူ' မှသာလျှင် လက်နက်တပ်ဆင်ပေးနိုင်မည် ဆိုသည့် သဘောထားမျိုး အထိ တောင်းဆိုခဲ့ကြသည်။ သို့ ဖြင့် ကျောင်းသားလူငယ်များ စွာ တို့ တောခိုလာရာမှ မြို့ပြန်ခို သွာြး ကတော့သည်။ ဤတွင် မြို့ပေါ်တွင် လည်း ခေါင်းမထောင်နိုင် တောထဲတွင် လည်း ခေါင်းမဆောင်နိုင်ြ ကတော့သည့် ဗကပခေါင်းဆောင်များ ၏ အစွမ်းအစကို နားလည်သွားကြသော လူမျိုးစုများ က ၁၉၈၉ ခု၊ ဧပြီလ (၁၇) ရက်နေ့တွင် ပန်ဆန်းကို သိမ်းပိုက်၍ ဗကပခေါင်းဆောင် များ ကို မောင်းထုတ်လိုက်ြ ကတော့သည်။ သို့ ဖြင့် မြန်မာ့နိုင်ငံရေး သမိုင်းစဉ်တွင် ကိုလိုနီလက်ထက် မှစ၍ ပါဝင်လှုပ်ရှားခဲ့သော ဗကပတို့ခမျာ အနှစ် (၅၀) ရွှေရတုသဘင်ပွဲ ဆင်နွှဲခွင့်ပင် မရခဲ့ကြ တော့ဘဲ သမိုင်းဇာတ်ခုံပေါ်မှ ဆင်းသွားခဲ့ကြရတော့သည်။
'အရင်းလဲလျှင်၊ အဖျားထင်း ဖြစ်မြဲ' ဆိုသည့် မြန်မာစကား ရှိခဲ့သော်ငြားလည်း ဗကပ ပြိုကွဲမှု တွင် ကိုင်းဖျားကိုင်းနားများ သာ ထင်း ဖြစ်ခဲ့ကြရပြီး၊ အရင်းများ မှာ မူ မလဲနိုင်ခဲ့ကြပါ။ နောင်တော် ကြီးပါတီက (၇၉) ဗဟိုကော်မတီနှင့် မိသားစုများ ကို နွေးထွေးဖေးမ ရာသက်ပန် စောင့်ရှောက်ခဲ့ကြပါသည်။ သို့ သော် ဗကပခေါင်းဆောင်များ ကမူ ကိုင်းဖျားကိုင်းနားများ ကို သနား ငဲ့ညာ ထောက်ထားစာနာခြင်း ကင်းမဲ့စွာ 'ရဲဘော် တစ်ယောက် လျှင် ယွမ်ငွေသား (၅၀၀) ပေးသနား၍ အသင်သွားလိုရာ သွားစေ' ဟု ပြန်တမ်းထုတ်စေခဲ့သည်။ ထိုအခါ ပါတီအတွက် အသက်ပေးမည် ဟူ၍ ယုံကြည်ချက်ကြီးစွာ ပိုင်းဖြတ်ချက်ချလာသော ရဲဘော်များ ခမျာ ရွှေလီမြစ် ဘေးတွင် သော င်ပြင်လွတ်သည့် ခွေးများ ပမာ ဘဝရပ်တည်ရေး အတွက် ပုံစံမျိုးစုံဖြင့် ရုန်းကန် လှုပ်ရှားခဲ့ကြရရှာသည်။ ဗကပနှင့် ခွဲထွက်ကာ တော် လှန်ရေး ဆက်လုပ် လိုသော ရဲဘော်များ မှာ မူ ခေါင်းဆောင်တချို့၏ နိုင်ငံရေး လုပ်ကြံမှု တို့ကြောင့် လွိုင်ဆမ်ဆစ်တောင်ကြောပေါ်ရှိ စခန်းဆီသို့ ရောက်သွားခဲ့ကြလေတော့သည်။
ထိုသို့ မြန်မာပြည်မှ ဗကပတို့၏ ပြိုကွဲပျက်စီးမှု လှိုင်းဂယက်ကြီး ကောင်းစွာ ငြိမ်သက် မသွားသေးမီမှာ ပင် အနောက်ဥရောပဆီမှ ဘာလင်တံတိုင်းကြီး ပြိုကျသံကိုလည်း တစ်ကမ္ဘာ လုံးက ဆက်လက်ကြားခဲ့ကြရပြန်သည်။ တစ်ဆက်တည်းဆိုသလိုပင် ပိုလန်နိုင်ငံ၊ ဝါဆော မြို့တော် ကြီးရှိ လီနင်သင်္ဘောကျင်းမှ အလုပ်သမားများ က ဆိုဗီယက်နောက်လိုက် ဆိုရှယ်လစ် စစ်ဗြူရိုကရက်အစိုးရကို ဖြုတ်ချလိုက်ကြ၏ ။ ရိုမေးနီးယားမှ ကွန်မြူနစ်ထိပ်သီးခေါင်းဆောင်ကြီး ချောင်ဆက်စကူးတို့ ဇနီးမောင်နှံမှာ လည်း အီတလီမှ နာဇီခေါင်းဆောင် မူဆိုလိုနီတို့ ဇနီးမောင်နှံ တို့နည်းတူ ပြည်သူများ ၏ ကွပ်မျက်စီရင်ခြင်းကို ခံခဲ့ကြရသည်။ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ တွင် မူ ကတ္ထီပါတော် လှန်ရေး ခေါင်းဆောင် နိုဘယ်ဆုရ ကဗျာဆရာ၊ ပြဇာတ်ဆရာ ဗားကလပ် ဟာဗယ် (V. Harvel) တစ်ယောက် ၊ ဒီမိုကရေစီချက်သမ္မတနိုင်ငံ၏ သမ္မတကြီး ဖြစ်လာခဲ့လေပြီ။ ခြုံပြောရလျှင် ယခင်က ဆိုရှယ်လစ်မိသားစုဟု ပြောခဲ့ကြသော အရှေ့ဥရောပတစ်ခုလုံး ဆိုဗီယက်တို့၏ ဝါဆော စစ်ထီးရိပ်အောက်မှ ရုန်းထွက်ကာ ဒီမိုကရေစီနိုင်ငံများ ဖြစ်သွားခဲ့ ကြသည်။
ဤသည်တို့နှင့် တစ်ဆက်တည်းဆိုသလိုပင် စစ်ပြီးခေတ်ကာလကတည်းက ဆိုဗီယက် ပြည်ထောင်စုဆိုသော ထီးဖြူအောက်သို့ ဇွတ်အတင်း ဆွဲသွင်းထားခဲ့သော ပြည်နယ်များ စွာ တို့ တွင် ကွဲအက်ရေး နှင့် ခွဲထွက်ရေး လှုပ်ရှားမှု များ ၊ တစ်သီတစ်တန်းကြီး ပေါ်ပေါက်လာတော့သည်။ ဘောလ်တစ်ပင်လယ်ထွက်ပေါက်များ ဖြစ်သော လတ်ဗီးယား (Latvia) ၊ လစ်သူရေး နီးယား (Lithuyenia) နှင့် အက်စတိုနီးယား (Astonia) နိုင်ငံများ က တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာလိုက်ကြသည်။ ပင်လယ်နက်ကမ်းခြေဘက်မှ ယူကရိန်း (Ukarine) နှင့် ဂျော်ဂျီယာ (Georgia) ပြည်နယ်တို့ကလည်း လွတ်လပ်သော ဒီမိုကရေစီသမ္မတနိုင်ငံများ ထူထောင်လိုက်ကြ ပြန်၏ ။ တစ်ချိန်တည်းတွင် ဆိုဗီယက်ပြည်ထောင်စုတောင်ပိုင်းမှ မွတ်စလင်ပြည်နယ်များ ဖြစ်ကြသော အဇာဘိုင်ဂျန် (Azarbijan) ၊ တာ့ခ်မန်နစ္စတန် (Tarkministan) ၊ ဥဇဘက် (Uzbec) နှင့် ကာဇက်စတန် (Karzatstan) တို့ကလည်း သီးခြားခွဲထွက်ကာ လွတ်လပ်သော သမ္မတနိုင်ငံ အ ဖြစ် ဖွဲ့စည်းလိုက်ကြသည်။ ယင်းသို့ လွတ်လပ်ရေး နှင့် ဒီမိုကရေစီတို့အတွက် ကရင်မလင် ထီးရိပ်အောက်မှ ခွဲထွက်မှု များ မှာ ၁၉၉၁ ခုနှစ် ကုန်ပိုင်းတွင် 'ဆိုဗီယက်ကွန်မြူနစ်ပါတီကြီး' ကို ဖျက်သိမ်းကြောင်း သမ္မတဂေါ်ဘာချက်ဗ်၏ ကြေညာချက်ထွက်ပေါ်လာမှ အဆုံးသတ်သွား တော့သည်။ သို့ ဖြင့် လီနင်ထူထောင်ခဲ့သော 'ဆိုဗီယက်ကွန်မြူနစ်ပါတီကြီး' နှင့် စတာလင် တည်ဆောက်ခဲ့သော 'ဆိုဗီယက်အင်ပါယာကြီး' လည်း ပြိုကွဲပျက်စီးသွားတော့၏ ။ ဤသို့ ဖြင့် ကရင်မလင်နန်းတော် ပေါ်တွင် နှစ် ပေါင်း (၇၅) နှစ် နီးပါးမျှ လွင့်ပျံခဲ့သော တူတံဇဉ်အလံနီ သည်လည်း လျှောကျမြေခသွားခဲ့ရလေသည်။
ယခုအခါ တစ်ကမ္ဘာလုံးတွင် ကွန်မြူနစ်ပါတီ၏ အမည် နာမဖြင့် ဆက်လက်အုပ်ချုပ် မင်းလုပ်နေနိုင်သော တိုင်းပြည်ဆို၍ လက်ချိုးရေကြည့်လျှင်ပင် လက်တစ်ဖက်စာ ပြည့်တော့မည် မဟုတ်ပေ။ အဆိုပါ တိုင်းပြည်အားလုံး ယေဘုယျတူညီသော လက္ခဏာဆို၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပေါ် အလေးမထားသည့်ဖက်သာ ရှိတော့သည်။ တရုတ်ပြည်အနေနှင့် စတာလင်၏ ဆိုရှယ်လစ်တည်ဆောက်ရေး တရားသေပုံသေနည်းများ ထဲမှ ၁၉၇၈ ခုနှစ် ကတည်းက ရုန်းထွက်ခဲ့ပြီး ဖြစ်၏ ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရှိ နိုင်ငံတကာဈေးကွက်အတွင်း သို့ ဝင်ရောက်ပြီး အရင်းအနှီးနှင့် နည်းပညာများ ရယူနိုင်ခဲ့သဖြင့် အလျင်အမြန် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာခဲ့၏ ။ ၂၀၁၀ ခုနှစ် မှာ ပင် တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် ဒုတိယစီးပွားရေး အင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့လေပြီ။ အလားတူ ဗီယက်နမ်နိုင်ငံကလည်း ဆိုဗီယက် ဆိုရှယ်လစ် စီးပွားရေး ပုံစံဟောင်းမှ တရုတ်ပြည်၏ လွတ်လပ်သော ဈေးကွက်စီးပွားရေး စနစ်သို့ အလျင်အမြန် ပြောင်းလဲပြုပြင်နိုင်ခဲ့သဖြင့် အရှေ့အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု နှုန်း အမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့လေပြီ။ ကျူးဘားနိုင်ငံကလည်း ဆိုဗီယက်ဆိုရှယ်လစ် တည်ဆောက်ရေး ပုံသေနည်း ဟောင်းဖြင့် အလုပ်မ ဖြစ်တော့ကြောင်းကို ကောင်းစွာ သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသာလျှင် အရှိန်အဟုန်ပြင်းစွာ မောင်းနှင်လာသည့် ဂလိုဘယ်လိုက်ဇေးရှင်း ရထားကို အဏုမြူလက်နက်များ ကာရံထားသည့် တရားသေနွံအိုင်အတွင်းမှာ ပင် ရဲတင်းစွာ အနင်းခံလိုက်ရန် စောင့်ဆိုင်းနေဟန် ရှိပါသည်။
ယခုအခါ -
ဤနွေဦးတွင် တဖွဲဖွဲ ကြွေကျနေတတ်ကြသည်မှာ
ရွှေရောင် ဒီမိုကရေစီ ရွက်ဝါများ မဟုတ်ကြပါ။
ရဲရဲနီစွေး၊ မမွှေးမမြ၊ ကြွေကျလုနီးပါး အခြေဆိုက်နေကြသည့်
'လက်ဝဲတရားသေ' ကျီးအာသီးများ သာ ဖြစ်ကြပေသည်။
၁၉၉၁ ခုနှစ် လွိုင်ဆမ်ဆစ်တောင်ကြောပေါ်တွင် (၂) နှစ် ခန့် အနားယူပြီးသည့်အခါ ခွဲထွက် ပုဂ္ဂိုလ်မများ အနေနှင့် ပြည်တွင်းရှိ မိသားစုများ နှင့် ပြန်လည် ဆက်သွယ်ခွင့် ရလာခဲ့ကြသည်။ နိုင်ငံရေး ဖောင်စီးရင်း စာငတ်နေသူ ကျွန်တော် က စာပေလေ့လာမှု နှံ့စပ်သူ ရှေ့နေအစ်ကိုကြီး ဦးခင်မောင်အေး (၂၀၀၇ ခုနှစ် ကွယ်လွန်) ထံသို့ သင့်လျော်မည် ထင်ရသော စာအုပ်များ ပို့ပေးရန် မှာ ကြားခဲ့သည်။ ဤတွင် နိုင်ငံရေး အရ အထာပေါက်သူ အစ်ကိုကြီးဦးခင်မောင်အေးက စာအုပ် (၃) အုပ် ပို့ပေးလိုက် သည် -
(၁) ''The Discovery of India'' အိန္ဒိယဝန်ကြီးချုပ်ဟောင်း ဂျဝါဟလာနေရူး (J. Nehru) ထောင်ကျနေစဉ်အတွင်း ရေး ခဲ့သည့် စာအုပ်
(၂) ''The Animal Farm'' ကမ္ဘာကျော်စာရေး ဆရာကြီး ဂျော့ခ်ျ-အော်ဝဲလ် (George Orwell) ၏ ကွန်မြူနစ်စနစ်အပေါ် သရော်စာဝတ္ထု
(၃) ''The Unperfect Society'' ယူဂိုဆလဗ်ကွန်မြူနစ်ပါတီ ဒုတိယဥက္ကဋ္ဌဟောင်း မီလိုဗင် ဂျီးလတ်စ် (Milovan D'jilus) ရေး သားသည့် ကွန်မြူနစ်ဝေဖန်ရေး စာအုပ်
အစ်ကိုကြီး ဦးခင်မောင်အေး ရွေးချယ်ပေးပို့လိုက်သော စာအုပ်များ မှာ ဗကပလှုပ်ရှားမှု အတွင်း ယုံကြည်စွာ လိုက်ပါဖြတ်သန်းရင်း စိတ်ဒဏ်ရာဒဏ်ချက်များ စွာ နှင့် ပြန်လာသူ မောင်သုမနအတွက် ဖြေဆေး၊ စိတ်ငြိမ်ဆေးများ ပင် ဖြစ်ကြပါသည်။ အဆိုပါ စာအုပ်များ အနက် အထိရောက်ဆုံးသော ဖြေဆေးမှာ ဂျီးလတ်စ်၏ 'မပြည့်စုံသော လူ့အဖွဲ့အစည်း' (The Unperfect Society) ပင် ဖြစ်၏ ။ အကြောင်းမှာ ဤစာအုပ်သည် နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှု အတွင်း အယူဝါဒရေး ရာ လမ်းညွှန်အတွေးအခေါ်တစ်ရပ်အ ဖြစ် ယုံကြည်ကိုးကွယ်ခြင်းခံခဲ့ရသော 'မာ့က်စ်ဝါဒ၏ သမိုင်းဆိုင်ရာကံကြမ္မာ' အပေါ် ကွန်မြူနစ်ပညာရှင် တစ်ယောက် အနေဖြင့် ကိုယ်တိုင်လေ့လာတွေ့ ကြုံဖြတ်သန်း တန်ဘိုးပေးရင်း ဝေဖန်သုံးသပ်ထားသော အမြင်များ ပါဝင် နေသည်။
ပွင့်လင်းစွာ ပြောရမည် ဆိုလျှင် ဂျီးလတ်စ်၏ စာအုပ်များ နှင့် ကျွန်တော် မစိမ်းလှပါ။ လွန်ခဲ့သည့် နှစ် ပေါင်း ၃၀ ကျော်ကာလကတည်းက သူ၏ 'လူတန်းစားသစ်' (The New Class) နှင့် 'စတာလင်နှင့် ဆွေးနွေးပြောဆိုခြင်း' (Conversation with Stalin) စာအုပ်များ ကို ဖတ်ခဲ့ဖူးပြီး ဖြစ်ပါသည်။ သို့ တိုင် ထိုစဉ်က အရှေ့ဥရောပသို့ လည်း မရောက်ဖူး၊ ခရူးရှော့ဗ်၏ 'လျှို့ဝှက် မိန့်ခွန်းကြီး' လည်း မထွက်ပေါ်သေးသဖြင့် ဂျီးလတ်စ်ပြောသမျှကို မယုံနိုင်ခဲ့ပါ။ ဂျီးလတ်စ် ပြောသမျှကို 'ပြန်ပြင်ရေး အယူအဆ' ၊ ဂျီးလတ်စ်ဆိုသူကို 'ပြန်ပြင်ရေး သမား' အ ဖြစ် လေသံကြား တရားနာ ယူဆထားခဲ့မိပါသည်။ ထိုတစ်ချိန်ကသာ ဂျီးလတ်စ်ရေး သည့်စာအုပ်ကိုပေးလျှင် ဆုတ်ပစ်မိမည် (သို့ မဟုတ်) မီးရှို့ပစ်မိမည် ထင်ပါသည်။
သို့ သော် ယခုအခါ ကျွန်တော် ကိုယ်တိုင်လည်း မာ့ခ်စ်ဝါဒအပေါ် ယုံကြည်သက်ဝင်မှု ဖြင့် ကွန်မြူနစ်လှုပ်ရှားမှု အတွင်း ဆယ်စုနှစ် အချို့ ဖြတ်သန်းခဲ့ပြီး ဖြစ်သည့်အလျောက် ဂျီးလတ်စ် အပေါ် များ စွာ သဘောပေါက် စာနာနားလည်လာနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဂျီးလတ်စ်၏ အမြင် အယူအဆများ ၊ အမှားအမှန် ဖြစ်နိုင်ခြေကိုလည်း တစ်စုံတစ်ရာ ချင့်ချိန်တွက်ဆ၊ ခန့်မှန်း၍ ရနိုင်ပေပြီ။ စင်စစ် ဂျီးလတ်စ်မှာ ပြန်ပြင်ရေး သမားတစ်ဦး မဟုတ်ပါ။ တရားသေ မာ့ခ်စ်ဝါဒသမား များ ကို အယူအဆရေး ရာအရ ဆန့်ကျင်တိုက်ခိုက်နေသူတစ်ဦးမျှသာ ဖြစ်ပါသည်။ မာ့ခ်စ်ဝါဒကို ယုံကြည်သက်ဝင်စိတ်ဖြင့် တော် လှန်ရေး ဘဝကို ဖြတ်သန်းရင်း မာ့ခ်စ်၏ စိတ်ကူးစံ ကွန်မြူနစ် နိုင်ငံထူထောင်ရေး အတွက် လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းနေသူတစ်ဦးပင် ဖြစ်ပါလိမ့်မည် ။ အထူးသဖြင့် ဤ 'မပြည့်စုံသော လူ့အဖွဲ့အစည်း' ကျမ်းတွင် မာ့ခ်စ်၏ စိတ်ကူးစံ များ နှင့် အာဏာရ ကွန်မြူနစ်ပါတီများ ၏ လက်တွေ့  ဆိုရှယ်လစ်တည်ဆောက်မှု များ အကြားရှိ ကွဲလွဲကွာဟချက်များ ကို ကွန်မြူနစ်ပညာရှင်တစ်ဦးအနေဖြင့် ဝေဖန်ထောက်ပြထားခြင်း ဖြစ်သည်။ တစ်နည်းပြောရလျှင် မာ့ခ်စ်၏ အမည် နာမကို အသုံးချ၍ အာဏာရခဲ့ကြသော ကွန်မြူနစ်ပါတီ များ ၏ မှော က်လှန်တွန်းချထားမှု ကြောင့် ချောက်ကမ်းပါးထဲကျနေသော မာ့ခ်စ်ဝါဒ၏ သမိုင်း ဆိုင်ရာကံကြမ္မာကို ပြန်လည်ဆယ်တင် သုတ်သင်ရှင်းလင်းရန် ကြိုးပမ်းအားထုတ်ချက်တစ်ရပ် ပင် ဖြစ်ပါသည်။ ထို့ကြောင့် ဂျီးလတ်စ်၏ ဤ 'မပြည့်စုံသော လူ့အဖွဲ့အစည်း' ကျမ်းကို ဖြစ်နိုင်သမျှ ဘာသာပြန်မိတ်ဆက်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
သို့ သော် 'မပြည့်စုံသော လူ့အဖွဲ့အစည်း' ကျမ်းကို တိုက်ရိုက်ဘာသာပြန်ပေးရန် အခက်အခဲ အမှန်ပင်ရှိပါသည်။ ဤကျမ်းတွင် မာ့ခ်စ်အဘိဓမ္မာ၊ နိုင်ငံရေး ဘောဂဗေဒ၊ လူမှု ရေး သိပ္ပံ စသည့် ကဏ္ဍများ ကို အစီအစဉ်တကျ ခွဲကန့်တင်ပြထားခြင်း မရှိပါ။ ထို့အတူ မာ့ခ်စ်ဝါဒ လှုပ်ရှားမှု သမိုင်းစဉ်ကိုလည်း ခုနှစ် သက္ကရာဇ်ာအရ အစီအစဉ်တကျ ရှင်းပြထားခြင်းမျိုးလည်း မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံရေး လေ့လာမှု နိုင်ငံရေး ဖြတ်သန်းမှု အခံနည်းပါးသူ သာမန်စာဖတ်ပရိသတ်များ အနေနှင့် နားမလည်နိုင်သည့်အပြင် ငြီးငွေ့စရာပင် ဖြစ်နေနိုင်ပါသည်။ သို့ ပါ၍ ကျွန်တော် ၏ နိုင်ငံတကာ မာ့ခ်စ်ဝါဒ လှုပ်ရှားမှု ဆိုင်ရာလေ့လာမှု ၊ မြန်မာ့နိုင်ငံရေး သမိုင်း၊ ဗကပအဖွဲ့တွင်း ဖြတ်သန်းမှု အတွေ့ အကြုံများ နှင့် တတ်နိုင်သမျှ ပေါင်းစပ်နှိုင်းယှဉ် ရှင်းပြနိုင်ရန် ကြိုးစားအားထုတ် ထားခြင်း ဖြစ်ပါသည်။ အကယ်၍ သဘောပေါက်နားမလည်နိုင်မှု မရှင်းလင်း မပြည့်စုံမှု တစ်စုံတစ်ရာ ရှိလာပါက ကျွန်တော် ၏ တာဝန်မျှသာ ဖြစ်ပါလိမ့်မည် ။
၇၀ စုနှစ် များ အတွင်းက လေးစားကြည်ညိုခဲ့ရသော ဆရာဗန်းမော်တင်အောင်၏ 'မြစ်ဧရာပေါ်ဝယ်' ဝတ္ထုထွက်လာခဲ့စဉ်က ယဉ်ကျေးမှု တော် လှန်ရေး ၏ အရိပ်အာဝါသအောက်တွင် ဖြတ်သန်းခဲ့ရသော ခေတ်ပြိုင်မျိုးဆက်များ နည်းတူ ကျွန်တော် လည်း လုံးဝသဘောမကျ လက်မခံနိုင်အောင် ဖြစ်ခဲ့ရပါသည်။ အထူးသဖြင့် ဆရာဗန်းမော်တင်အောင်၏ အမှာ စာတွင် ပါဝင်သော ''နိုင်ငံရေး ဆိုတာ မှန်ထဲမှာ ကိုယ့်ဟာကိုယ်ပြန်ကြည့်မိတဲ့လူလိုပါပဲ၊ လက်ဝဲလို့ ထင်ခဲ့မိတဲ့အရာတွေ က တကယ်တန်းမှာ လက်ယာ ဖြစ်နေတတ်ကြပြီး အရင်က လက်ယာလို့ ထင်ခဲ့မိတဲ့ အရာတွေ ကလည်း အခုအခါ လက်ဝဲ ဖြစ်နေကြကြောင်း ဝမ်းနည်းစွာ တွေ့ ရှိလာရပါ တယ်'' ဆိုသော သဘောထားများ ပင် ဖြစ်ကြပါသည်။ ထိုစဉ်က ရပ်တည်မှု ခိုင်မာရေး ၊ အမြင် ရဲရင့်ပြတ်သားရေး အယူအဆများ လွှမ်းမိုးအားကောင်းနေသူ ဖြစ်သည့်အလျောက် ဆရာ့ကို ရပ်တည်မှု မခိုင်မာသူ၊ အမြင်မပြတ်သား ပျော့ညံ့သူအ ဖြစ်၊ မနောကံဖြင့် ပစ်မှားခဲ့မိပါသည်။ လေ့လာမှု အားနည်း၊ အတွေးအမြင် မကျယ်ပြန့်၊ အတွေ့ အကြုံ မပြည့်စုံလှသော လူငယ် တစ်ယောက် ၏ လက်ဝဲစွန်းရေစီးကြောင်းအတွင်း စီးမျောလိုက်ပါနေခဲ့စဉ်က ရေလိုက်လွဲခဲ့သော အယူတိမ်းပါး လွဲမှားသော အမြင်များ ဖြစ်ကြပါသည်။
ထိုကာလက လက်ဝဲမျိုးဆက်သစ်လူငယ်များ စံထားကြသည့် တော် လှန်ရေး သူရဲကောင်းမှာ ကျူးဘားကွန်မြူနစ်ခေါင်းဆောင် ကက်စထရို (Castro) ပင် ဖြစ်ပါသည်။ ချေဂွေ ဗားရားသည်ပင် ဒုတိယဇာတ်လိုက်အဆင့်မျှသာ ရှိပါသေးသည်။ ဂျီးလတ်စ်မှာ မူ ဆိုဗီယက် ဆိုရှယ်လစ်စနစ်ကို သရုပ်ဖျက်နေသော ၊ ကွန်မြူနစ်လှုပ်ရှားမှု ခေါင်းဆောင်ကြီး 'မဟာစတာလင်' ကို ပုတ်ခတ်တိုက်ခိုက်နေသော 'ပြန်ပြင်ရေး သမား' သစ္စာဖောက်တစ်ဦးမျှသာ ဖြစ်သည်ဟု နားလည်နေကြချိန် ဖြစ်ပါသည်။ သို့ သော် ဆယ်စုနှစ် သုံးစုစာမျှသာရှိသည့် သမိုင်းစာမျက်နှာ တစ်ရွက်ကို ဆက်လက်လှန်ကြည့်လိုက်သော အခါ ဇာတ်ကောင်များ ၏ အနေအထား၊ အမှားအမှန် တို့မှာ ပြောင်းပြန်လန်သွားကြပြီ ဖြစ်ကြောင်း အံ့သြဖွယ်ရာ တွေ့ ရှိလာခဲ့ကြရပါတော့သည်။ စတာလင်မှသည် ကက်စထရိုတို့သည် ကွန်မြူနစ်အာဏာရှင်ကြီးများ ဖြစ်နေကြပြီး၊ ဂျီးလတ်စ် မှသည် ဂေါ်ဗာချော့တို့သည် လူသားဆန်ပြီး ဒီမိုကရေစီရှိသည့် ကွန်မြူနစ်စနစ်ကို ထူထောင် လိုသော ယုံကြည်မှု ထက်သန်ပြင်းပြသူ 'ပြုပြင်ပြောင်းလဲသမားများ ' ဖြစ်နေကြပေသည်။
မည် သို့ ပင် ဖြစ်စေ ထက်သန်ပြင်းပြသည့် ယုံကြည်ချက်မရှိလျှင် ဘာမျှ ဖြစ်ထွန်းလာစရာ ရှိနိုင်မည် မဟုတ်ပေ။ သို့ တိုင် ရှင်သန်သက်ဝင်သည့် ယုံကြည်မှု ဆိုသည်မှာ တရားသေ အစွဲအလန်းများ မဟုတ်ကြပေ။ အထူးသဖြင့် အပြောင်းအလဲ မြန်ဆန်များ ပြားသည့် ဂလိုဘယ် လိုက်ဇေးရှင်းခေတ်သမယမျိုးတွင် ထွေပြားသည့် ယုံကြည်မှု သဏ္ဌာန်မျိုးစုံတို့ ပေါ်ပေါက်လာနိုင် ပါသည်။ သို့ သော် မာ့ခ်စ်မျှော်မှန်းခဲ့သည့် သွေးစုပ်ခြင်း၊ ဆင်းရဲခြင်းကင်းသော ၊ စစ်ပွဲများ ကင်းရှင်း၍ ထာဝရငြိမ်းချမ်းသော ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြည့်စုံသော လူ့အဖွဲ့အစည်း ထူထောင်ရေး စသည့် လူ့အခြေခံယုံကြည်မှု များ ကို မြဲမြံစွာ ဆုပ်ကိုင်အားထုတ်သွားရေး မှာ လည်း အရေး ကြီးပါသည်။ အပြောင်းအလဲကြုံတိုင်း အခြေခံယုံကြည်မှု များ ပါ လိုက်ပါပြောင်းလဲနေပါလျှင် အစစ်အမှန် ယုံကြည်မှု ကား မ ဖြစ်နိုင်တော့ပေ။ လေစဉ်ကြည့် ရွက်တိုက်တတ်သော အချောင်ဝါဒ ၏ အမှိုက်တစ်စအ ဖြစ်သာ မြောင်းထဲသို့ ကျ သွားပါလိမ့်မည် ။ မည် သို့ ပင်ဆိုစေ လူတို့၏ အနာဂတ် ယုံကြည်မှု မိုးကောင်းကင်မှာ မူ အကန့်သတ်မဲ့ ကျယ်ပြန့်နေပေတော့မည် ။
စွန့်လွှတ်တန်ဖိုးပေးခဲ့ရခြင်းများ စွာ ဖြင့် ဖြတ်သန်းကျော်လွှားခဲ့ရသည့် 'အနှစ် နှစ် ဆယ်' အတွက်မူ နာမည် ကျော်တေးရေး ဆရာ စိုင်းခမ်းလိတ် ရေး ဖွဲ့ခဲ့ဖူးသည့် သီချင်းတစ်ပုဒ်အတိုင်း ''လွိုင်ဆမ်ဆစ်ရေ ခွင့်လွှတ်ပါ'' ဟူ၍ သာ တောင်းပန်ရပေတော့မည် ။
သန်းစိုးနိုင်
(၂၀၁၀-အောက်တိုဘာ)
ဘာလင်တံတိုင်းကြီးပြိုကွဲပြီးသည့်အခါ
ယူကရိန်း (Ukarine) ၊ ဘိုင်လိုရပ်ရှား (Bylorussia) ၊ အာမေးနီးယား (Armania) ၊ အဇာဘိုင်ဂျန် (Azabijan) စသည့် ပြည်နယ်များ သည် မော်စကို အစိုးရ၏ ချုပ်ကိုင်မှု ကင်းလွတ် သည့် လွတ်လပ်စွာ အုပ်ချုပ်ခွင့်ရ ပြည်နယ်များ ဖြစ်လာကြ၏ ။ ဂေါ်ဘာချော့ဗ်၏ ဗလာဒီ ဗော့စတော့ (Vladivostov Speech) မိန့်ခွန်းက စစ်အေးတိုက်ပွဲပြီးဆုံးရေး လိုက်ကာချပေးရန် အချက်ပြလိုက်ခြင်း ဖြစ်သည်။ သို့ ဖြင့် ပရာဟာ၊ ဘူဒါပက်၊ ဘာလင်မြို့တော် များ ဆီမှ ဆိုဗီယက် တပ်ဖွဲ့ကြီးများ ပြည်တော် ပြန်ခွင့် ရလာခဲ့ကြသည်။ ဝါဆောစစ်စာချုပ်အဖွဲ့ကြီး ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းဖြင့် ဖြန့်ကျက်ထားသည့် ဆိုဗီယက် စစ်ထီးရိပ်ကို အရှေ့ဥရောပမှ ရုပ်သိမ်း လိုက်ကြ၏ ။ စစ်အေးခေတ်လွန် ငြိမ်းချမ်းရေး ကာလသစ်တစ်ရပ်ဆီသို့ ဦးတည်မိချေပြီ။
တစ်ဖန် 'ပယ်ရီစထရွိုင်ကာ' (Peristroika) ခေါ် ပြုပြင်ပြောင်းလဲရေး မူဝါဒ အကောင် အထည်ဖော်လိုက်ခြင်းဖြင့် ဆိုဗီယက်ရုရှားတွင် စီးပွားရေး ကန့်သတ်ချုပ်ချယ်မှု များ ပြိုလဲသွား တော့၏ ။ မော်စကိုမြို့တော် တွင် ဂျင်နရယ်မော်တော် ၊ တိုယိုတာ၊ ကရပ်စသော ကုမ္ပဏီဆိုင်းဘုတ် ကြီးများ ကို မြင်တွေ့ လာရ၏ ။ ပုဂ္ဂလိကလုပ်ငန်းများ အပြိုင်းအရိုင်း ပေါ်လာတော့၏ ။ အရင်းအနှီး နှင့် နည်းပညာသည် အဖက်ဖက်မှ သွင်းကုန်များ အ ဖြစ် စီးဝင်လာတော့သည်။ စတာလင် ပြုစုပျိုးထောင်ခဲ့သော ဆိုဗီယက် ဆိုရှယ်လစ်စီးပွားရေး သည် ဈေးကွက်စီးပွားရေး ဆီသို့ ဦးတည် ပြောင်းလဲခဲ့သည်။ ဤပြောင်းလဲမှု နှင့် အတူ ရေရှည်စီးပွားရေး ကျဆင်းမှု ၏ ဒဏ်ရာဒဏ်ချက်တို့မှာ ပြင်းထန်သည်းသန်လာတော့သည်။ ဆိုဗီယက်ရူဘယ်ငွေ ဖောင်းပွမှု နှုန်းမှာ ရာခိုင်နှုန်း ၂၇၀၀ အထိ မြင့်တက်လာ၏ ။ အမဲသားနှင့် ပေါင်မုန့်အတွက် အလုအယက် တန်းစီတိုးဝှေ့နေကြရ၏ ။ ကုန်ဈေးနှုန်းကလည်း မိုးကောင်းကင်ဆီသို့ ထိုးတက်သွားတော့သည်။ ဆိုဗီယက်ရုရှားတို့၏ စီးပွားရေး ဖွံ့ဖြိုးမှု အိပ်မက်တို့ ကွဲကြေရလေပြီ။
တစ်ချိန်တည်းတွင် 'နိုင်ငံရေး ပွင့်လင်းမှု ' (Glasnost) ကို အကြောင်းပြုပြီး ပြည်နယ်များ က လွတ်လပ်ခွင့်ကို ပိုတောင်းဆိုလာကြသည်။ ဂျော်ဂျီယာပြည်နယ်နှင့် ဘောလတစ်ဒေသမှ လစ်သူရေး နီးယား (Lithuyenia) ၊ လတ်ဗီးယား (Latvia) ၊ အက်စတိုးနီးယား (Astonia) တို့က လွတ်လပ်သော ပြည်နယ်ကို တောင်းဆိုလာကြသည်။ ထိုမှတစ်ဆင့် ခွဲထွက်ပြီး လွတ်လပ်သော နိုင်ငံများ အ ဖြစ် ကြေညြာ ကတော့သည်။ ထိုအခါ ဆိုဗီယက်နိုင်ငံ၏ လုံခြုံရေး အတွက် သေနင်္ဂ ဗျူဟာ အချက်အခြာကျသည့် ဘောလတစ်ဒေသထဲသို့ ဆိုဗီယက်တင့်ကားတပ်များ လှိမ့်ဝင်လာ တော့သည်။ တစ်ကမ္ဘာလုံးက စိုးရိမ်စရာ ဖြစ်အောင် အခြေအနေက ပြင်းထန်တင်းမာလာခဲ့ပြီ။ ထို့ပြင် ဆိုဗီယက်ပြည်ထောင်စုသည် လူမျိုးပေါင်းစုံ စုစည်းနေထိုင်ရာ ဖြစ်သည့်အလျောက် လူမျိုး အလိုက် သမ္မတနိုင်ငံ ထူထောင်လိုက်ကြသည်နှင့် လူမျိုးရေး ပြဿနာ၊ နယ်မြေပြဿနာများ ပေါ်ပေါက်လာတော့သည်။ နာဂါနိုကာရာဘက်ဒေသ ပိုင်ဆိုင်ခွင့်ကို အကြောင်းပြု၍ အဇာဘိုင်ဂျန် နှင့် အာမေးနီးယားတို့ စစ်ခင်ြး ကတော့သည်။ ဘောလတစ်ဒေသ စိုးမိုးရေး အတွက် ရုရှားနှင့် ယူကရိန်းတို့ အချင်းများ ရသည်။ အက်ခါဆီယာက ဂျော်ဂျီယာမှ ခွဲထွက်ရေး အတွက် လက်နက်ကိုင်လှုပ်ရှားမှု စတင်တော့သည်။ ထိုအခါ ဗဟိုအစိုးရအနေနှင့် အင်အားသုံး ဖြေရှင်းရ မည့် အ ဖြစ် ဆိုက်လာတော့သည်။ ဆိုဗီယက်ပြည်ထောင်စုသည် ပြည်တွင်းစစ်ချောက်နှုတ်ခမ်းတွင် လျှောက်လှမ်းနေရချေပြီ။
၁၉၉၁ ခုနှစ် ၊ ဆိုဗီယက်ပြည်ထောင်စု အခြေအနေသည် ထိုသို့ ပေါက်ကွဲလုနီး မီးတောင် ကြီးတစ်လုံး ဖြစ်နေစဉ် ကမ္ဘာကို ကိုင်လှုပ်လိုက်သော အရေး အခင်းကြီးတစ်ရပ် ပေါ်ပေါက်လာခဲ့ရ ပြန်သည်။ သြဂုတ်လ ၁၈ ရက်နေ့ အာဏာသိမ်းပွဲ။ အာဏာသိမ်းအဖွဲ့မှာ ဒုတိယသမ္မတ ယာနက်ယက်ဖ် (Yanayev) ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေး ဆန့်ကျင်သူ ခေါင်းမာဂိုဏ်းသား သမားရိုးကျ ကွန်မြူနစ်များ က သမ္မတဂေါ်ဘာချက်ကို မိသားစုနှင့် အတူ ကရိုင်းမီးယား (Crimea) ရှိ နွေရာသီစံအိမ်အရောက်တွင် အကျယ်ချုပ် ဖမ်းထားကြသည်။ သို့ သော် ရုရှားသမ္မတ ယဲလ်ဆင်က အာဏာသိမ်းအဖွဲ့ကို ပါလီမန်လွှတ်တော် အတွင်းမှ ဆန့်ကျင်အန်တုခဲ့သည်။ တစ်ချိန် ထဲတွင် မော်စကိုမြစ်ကမ်းနဖူးရှိ ပါလီမန်အဆောက်အဦးကို ပြည်သူလူထု အထောင်အသော င်းက ယန်းရံကာကွယ်ထား၏ ။ ပါလီမန်ကို စီးနင်းရန်လာသည့် တင့်ကားတပ်ဖွဲ့များ ကို ပိတ်ဆို့ဟန့်တား ထားကြ၏ ။ တပ်မှူးများ ကို ကွန်မြူနစ်အာဏာသိမ်းမှု အား ဆန့်ကျင်ပြီး ပြည်သူများ နှင့် ပူးပေါင်း ကြရန် သမ္မတယဲလ်ဆင် (Boris Yeltsin) က မေတ္တာရပ်ခံခဲ့သည်။ ပြည်သူလူထုကလည်း ဖြောင်းဖြစည်းရုံးကြသည်။ သို့ ဖြင့် နောက်တစ်နေ့ ညနေပိုင်းတွင် တင့်ကားစစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားကြသည်။ နိုင်ငံတကာသည်လည်း အာဏာသိမ်းမှု ကို ဝိုင်းဝန်းရှုံ့ချ ကန့်ကွက်ကြသည်။ ဤသို့ ဖြင့် ပြည်တွင်းပြည်ပထောက်ခံမှု လုံးဝမရရှိခဲ့သော ဆိုဗီယက် အာဏာသိမ်းပွဲသည်လည်း ပြိုကွဲသွားရတော့သည်။
သြဂုတ်လ ၂၂ ရက်နေ့ - လွတ်မြောက်ပျော်ရွှင်နေကြသည့် အောင်ပွဲရပြည်သူများ ၊ ထောင်နှင့် သော င်းနှင့် ချီ၍ 'ရင်ပြင်နီ' (Red Square) သို့ စုဝေးရောက်ရှိလာကြသည်။ ရုရှား သမ္မတ ယဲ့လ်ဆင်က 'ရင်ပြင်နီ' ကို 'လွတ်လပ်သော ရင်ပြင်' (Independence Square) အ ဖြစ်သို့ အမည် ပြောင်းလိုက်ကြောင်း ကြေညာလိုက်သော အခါ ပြည်သူအပေါင်းက သော င်းသော င်းဖြဖြ သြဘာပေြး ကတော့သည်။ ရင်ပြင်နီဟောင်းပေါ်တွင် ကွန်မြူနစ် အာဏာသိမ်းခေါင်းဆောင်များ ကို အရေး ယူရန် ကွန်မြူနစ်ပါတီ ဖျက်သိမ်းရန် ကြွေးကြော်တောင်းဆိုသံများ ဖြင့် ဟိန်းညံနေ တော့သည်။ နောက်တစ်ရက်အကြာ အကျဉ်းခံဘဝမှ လွတ်မြောက်လာသူ သမ္မတဂေါ်ဘာချက် ပါတီအတွင်းရေး မှူးအ ဖြစ်မှ နှုတ်ထွက်ကြောင်း၊ ဗဟိုကော်မတီကို ဖျက်သိမ်းရန် တိုက်တွန်း ကြောင်း၊ ကြေညာချက်ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ကွန်မြူနစ်ပါတီပိုင် ပစ္စည်းဥစ္စာ အားလုံးကို နိုင်ငံတော် ကောင်စီသို့ လွှဲပြောင်းလိုက်ကြောင်း အမိန့်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ရုရှားအစိုးရကလည်း မော်စကိုပါတီဌာနချုပ်၊ ကေဂျီဘီမော်ကွန်းတိုက်၊ လီနင်ဂရက် (Leningrad) ရှိ စမိုနီဗိမာန် (Smolny) တို့ကို ချိတ်ပိတ်လိုက်တော့သည်။ ထိုအချိန်မှစ၍ ရုရှားတစ်ပြည်လုံးရှိ ပါတီဆိုင်းဘုတ်ဖြုတ်ပွဲကြီးကို ပြည်သူများ က ကျင်းပြ ကတော့သည်။ ကေဂျီဘီကို စတင် ထူထောင်ခဲ့သူ ပိုလန်ပြည်သား ဇာဇင်းစကီး၏ ရုပ်ထုကြီးလည်း ပြိုလဲသွားတော့သည်။ ၇၅ နှစ် နီးပါး ရှည်ကြာခဲ့သော ပထမအောက်တိုဘာတော် လှန်ရေး ၏ အသီးအပွင့်များ သည် ဒုတိယ မဟာဒီမိုကရေစီတော် လှန်ရေး မိုးသက်မုန်တိုင်းအောက်တွင် ကျိုးကြေသွားခဲ့လေပြီ။
ခေတ်သစ် ဆိုဗီယက် ကွန်မြူနစ်အင်ပါယာကြီး၏ ပြိုလဲမှု ပင် ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်များ မတိုင်မီကပင် တစ်နေ့တွင် ထိုသို့ ဖြစ်လာလိမ့်မည် ဟု ကြိုမြင်သူများ ရှိခဲ့သည်။ ကြိုတင်ဟောကိန်း ထုတ်သူများ လည်း ရှိခဲ့သည်။ ထိုသူများ ထဲတွင် ဂျီးလတ်သည် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။
ဂျီးလတ်၏ ဟောကိန်းများ သွေးထွက်အောင် မှန်လှကြောင်း ဖြစ်ရပ်များ က သက်သေပြခဲ့ ကြပြီ။
ယူဂိုဆလားဗီးယားနိုင်ငံသား ဂျီးလတ်၏ ဟောကိန်းများ ကား -
ဟောကိန်း
၉၀ ခုနှစ် စွန်းစွန်းကာလများ ၏ နိုင်ငံတကာစာမျက်နှာ၌ ယူဂိုစလပ်ပြဿနာသည် လွှမ်းမိုး နေရာယူထားခဲ့ပေသည်။ စာနယ်ဇင်း အများ စုကြီး၏ မျက်နှာဖုံးတို့ကို ယူဂိုဆလပ် ပြဿနာ တို့ဖြင့် ဖုံးလွှမ်းထားတော့၏ ။ ယူဂိုဆလပ်ပြဿနာဆိုရာ၌ အများ စုမှာ အနိဌာရုံများ သာ၊ ယူဂိုစလပ်ပြည်ထောင်စုပြိုကွဲခြင်း၊ သမ္မတမီလိုဆီးဗစ် (Milosevic) ၏ မဟာဆားဗီးယား နိုင်ငံ ထူထောင်ရေး (Greater Serbia) စိတ်ကူးစံများ ၊ လူမျိုးရေး ပဋိပက္ခမှ မျိုးဖြုတ်ရေး စစ်ပွဲများ သို့၊ စိမ်းမြသော ထင်းရှူးပင်ရိပ်မှ ရှိုက်သံများ ၊ ဘော့စနီးယား နှင်းမှု န်များ အောက်မှ အငတ်ဘေး၊ အအေးဒဏ်နှင့် စစ်ဒဏ်ပိနေကြသော ပြည်သူများ ၊ အမြောက်စိန်ပြောင်းဆန်များ ကျရောက် လာမည် ကို ကြောင့် ကျနေရသည့် အနီရောင် အုတ်ကြွတ်မိုးအောက်မှ လူနာများ ၊ စာသင်ခန်းများ ပိတ်၍ ဗုံးခိုကျင်းထဲ အိပ်နေရသည့် ကလေးသူငယ်များ ၊ အုတ်ကျိုး အင်္ဂတေပုံများ အောက်မှ ခေတ်သစ်ရိုမီယိုနှင့် ဂျူးလီယက်ဇာတ်လမ်း၊ ယူဂိုဆလပ်တွင် အကြောင်းအမျိုးမျိုးကြောင့် တစ်နေ့လျှင် လူ ၆၀ ခန့် သေဆုံးနေပြီး အချို့ဒဏ်ရာရနေသည်။ အမျိုးသမီးပေါင်း နှစ် သော င်း ကျော် မတရားပြုကျင့်ခံနေရသည်။ အထွေထွေ လူမှုရေး မလုံခြုံမှု ၊ မျှော်လင့်ချက်မဲ့နေသော ပြည်သူများ စသည်တို့မှာ ယူဂိုဆလပ်ပြည်တွင်းစစ်၏ ရုပ်ပုံလွှာများ ပင်တည်း။
ဆိုဗီယက်အင်ပါယာကြီး၏ ပြိုကွဲမှု နောက်မှ ယူဂိုဆလပ်ပြည်ထောင်စု၏ ပြိုကွဲမှု သည် လည်း တစ်ဆက်တည်း လိုက်ပါလာခဲ့သည်။ ပြည်နယ်များ ခွဲထွက်ရေး လှုပ်ရှားမှု နှင့် အတူ ပြည်တွင်းစစ်မီးလည်း တောက်လောင်လာတော့သည်။ ၁၉၉၁ ခုနှစ် ဇွန်လ ၅ ရက်နေ့ ခရိုအေးရှား (Croatia) ပြည်နယ်မှစတင်၍ တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာလိုက်သည်။ နောက်နှစ် နာရီ အကြာတွင် ဆလိုဗေးနီးယားကလည်း ပြည်ထောင်စုမှခွဲထွက်ကြောင်း ကြေညာခဲ့ပြန်သည်။ လွတ်လပ်ရေး ကြေညာရာတွင် ဆလိုဗေးနီးယား (Slovenia) မှာ ဒုတိယလိုက်ခဲ့သော်လည်း ပြည်ထောင်စုတပ်ဖွဲ့များ ကိုတိုက်ခိုက်ရာတွင် ပထမဆုံး ဖြစ်ခဲ့သည်။ သို့ဖြင့် ယူဂိုဆလပ်၏ ပြည်တွင်းစစ်သည် ဆလိုဗေးနီးယားတွင် စတင်ခဲ့သည်။ ထို့နောက် ခရိုအေးရှား ပြည်နယ်ရှိ ခရိုအေးရှားလူမျိုးများ နှင့် ဆားဗီးယားလူမျိုးများ အကြား လူမျိုးရေး ပဋိပက္ခ တင်းမာလာပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားတော့သည်။ အစ္စလာမ်ဘာသာဝင်များ ကြီးစိုးရာ ဘော့စနီးယား-ဟာဆီဂိုဗီးနား (Bosnia-Herzigovina) တွင် အပြင်းထန်ဆုံး ပေါက်ကွဲသွားတော့သည်။ ဤဒေသသည် ယူဂိုဆလပ်ပြည်တွင်းစစ်၏ အချက်အချာနေရာ ဖြစ်လာတော့သည်။ ပထမ ကမ္ဘာစစ် စတင်မီးမွှေးခဲ့ရာ ဆာရာယေဗိုမြို့ကို မီးလျှံများ ၀ိုင်းရံနေပေပြီ။ ဤပြဿနာ ဖြေရှင်းရေး အတွက် ကုလသမဂ္ဂမှာ ကြားဝင်ဖြန်ဖြေရန် ကြိုးပမ်းလာရတော့သည်။ ဗန့်စ်-အိုဝင် (Vince-Owen) ငြိမ်းချမ်းရေး အစီအစဉ်အရ ဘော့စနီးယားဒေသကို နယ်မြေ ၁၁ ခု ပိုင်းခြားရမည် သို့ ဖြစ်နေသည်။ ဆာ့ဗ်၊ ခရိုအေးရှားနှင့် ဘော့စနီးယားမွတ်စလင်များ ကြားတွင် ခွဲလည်း မခွဲနိုင်၊ တွဲ လည်း မတွဲ နိုင်သော အခြေအနေ ဖြစ်နေ၏ ။ ဤသို့ ဖြင့် ပြည်တွင်းစစ်မှာ ပို၍ ရှည်ကြာလေ ပို၍ ရင်နာစရာ များ လာလေ ဖြစ်နေတော့၏ ။ ယူဂိုဆလပ်ပြည်ထောင်စုသည် ခွဲပြီးရင်းခွဲရင်း၊ ကွဲပြီးရင်း ကွဲရင်းဖြင့် ယူဂိုဆလဗ် စိတ်ဓာတ်လည်း အပိုင်းပိုင်း အစစ ကြေမွတော့မည့် ကိန်း ဆိုက်နေရ ပေပြီ။
ယူဂိုဆလဗ်၏ ကံကြမ္မာ ဤအခြေစိုက်လာချိန်တွင် မှ နိုင်ငံတကာမှ ပြဿနာဖြေရှင်းရန် အရင်းခံ အကြောင်းတရားကို ကြိုးစားရှာဖွေလာကြသည်။ သမိုင်းကြောင်းကို ပညာရှင်များ က စစ်တမ်းထုတ်လာကြသည်။ နိုင်ငံရေး အရ ခွဲခြမ်းစိတ်ဖြာ သုံးသပ်လာကြသည်။ စစ်တမ်း ထုတ်လာကြသည်။ ယူဂိုဆလပ်တွင် ဤသို့ ဖြစ်လာရခြင်းမှာ အရှေ့ဥရောပတွင် ကွန်မြုနစ်ဝါဒ ကျဆုံးသွား၍ - ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲ၍ - စစ်ပြီးခေတ်နိုင်ငံရေး အမွေ - ဆိုရှယ်လစ် တည်ဆောက်ရေး ဆိုင်ရာ အမှားများ - မာရှယ်တီတိုး (Marshal Tito) ကြောင့် ဟူ၍ သုံးသပ် လာကြ၏ ။ ကောက်ချက်ချကြ၏ ။ သို့သော် ၈၀ ခုနှစ် အကုန်ပိုင်းအထိ ရှည်ကြာခဲ့သော ယူဂိုဆလဗ်ပြည်ထောင်စု၏ တည်ငြိမ်အေးချမ်းသော ကာလများ ကမူ တိုတောင်းလှသော အချိန် အတွင်း ဤသို့ ဖြစ်လာလိမ့်မည် ဟု မည် သည့်နိုင်ငံရေး သမားကမှ မထင်ခဲ့ကြ။ မည် သည့်ပညာရှင် ကမျှ မမှန်းဆခဲ့ကြပေ။ သို့သော် နိုင်ငံရေး ပုရောဟိတ်တစ်ဦးကမူ ခိုင်ခိုင်မာမာပင် ဟောကိန်း ထုတ်ခဲ့သည်။ ထိုပုရောဟိတ်ကား အခြားသူမဟုတ် ဂျီးလတ်ပင်တည်း။
၆၀ ခုနှစ် အကုန်ပိုင်း ကာလများ ကတည်းက ယူဂိုဆလပ်ပြည်ထောင်စုတွင်းရှိ လူမျိုးရေး ပြဿနာများ ၏ အနေအထားနှင့် စိတ်ဓာတ် သို့မဟုတ် ယူဂိုဆလဗ်ဝါဒ၏ အလားအလာကို ဂျီးလတ်က ဤသို့ထောက်ပြခဲ့ဖူးပေပြီ။
ယူဂိုဆလပ် အမျိုးသား အသီးသီး ပြည်သူများ တွင် ကျယ်ပြန့်သော အုပ်ချုပ်ရေး နှင့် လွတ်လပ်သော စီးပွားရေး ဆန္ဒများ ရှိကြ၏ ။ ဤဆန္ဒကို လူမျိုးစု အသိုင်းအ၀ိုင်းအားလုံးလိုလိုက သူ့နည်းသူ့ဟန်ဖြင့် ဖော်ပြကြ၏ ။ လူမျိုးစုများ ၏ အတိတ်သမိုင်း၊ ဖွံ့ဖြိုးမှု နှင့် အနာဂတ် ရည်မှန်းချက်တို့ မတူကြသည့်အလျှောက် အလေးထားဖော်ပြသည့် ပုံစံနှင့် အတိုင်းအတာကား မတူကြပေ။ အကြမ်းဖျင်း ကွဲပြားခြားနားပုံမှာ ဆလဗ်များ အတွက် အဓိကရည်မှန်းချက်သည် စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဖြစ်၏ ။ ကရုတ်များ က တိုင်းပြည်ထူထောင်လိုကြ၏ ။ မက်ဆီဒိုးနီးယန်း (Mesidonian) တို့အတွက်မူ အသိပညာ၊ အတတ်ပညာရယူနိုင်ရေး ဖြစ်၏ ။ ဆာ့ဗ်တို့အတွက်မူ အစွန်းနှစ် ဖက်ရှိသည်။ တစ်ဖက်တွင် ဖြစ်နိုင်လျှင် မဟာဆားဗီးယားနိုင်ငံထူထောင်ရေး ဖြစ်ပြီး အခြားတစ်ဖက်တွင် မူ လုံးဝသီးခြားခွဲထွက်ရေး ပင် ဖြစ်တော့၏ ။ ဤအမျိုးသားပြဿနာကို အကျယ် မဖွင့်ဆိုနိုင်သည့်တိုင် အချို့လက္ခဏာများ ကို အလေးထားသင့်ပေသည်။ ယူဂိုဆလဗ်ဘုရင့် နိုင်ငံတော် သည် စစ်ပွဲစတင်ပြီး အချိန်အနည်းငယ်အတွင်း ပြိုကွဲသွားသည်မှာ ဤအမျိုးသား ပြဿနာကြောင့် ပင် ဖြစ်ပေသည်။ ကွန်မြူနစ်များ အနေဖြင့် ပြည်သူများ ကို စည်းရုံးပြီး ကျူးကျော်သူများ ကို မောင်းထုတ်နိုင်ကြသည့်တိုင် ချိုမြသည့် ကတိစကားများ မှအပ ယဉ်ကျေးမှု နှင့် အုပ်ချုပ်ရေး ဆိုင်ရာ အသိအမှတ်ပြုမှု ထက် ကျော်လွန်၍ ဤအမျိုးသားပြဿနာကို ဖြေရှင်း နိုင်ခြင်း မရှိခဲ့သေးပေ။ ယူဂိုဆလဗ်နိုင်ငံဟောင်းသည် ဆာဗ်စစ်ပုလိပ်လွှမ်းမိုးသော ယန္တယားကို မဏ္ဍိုင်ပြုသည့် ဆာဗ်ဗဟိုဘုရင်စနစ် ဖြစ်ပြီး ယူဂိုဆလဗ်သစ်သည်လည်း စစ်တပ်နှင့် လျှို့ဝှက် ပုလိပ်ကို မဏ္ဍိုင်ပြုထားသည့် တစ်ခုတည်းသော နိုင်ငံရေး ပါတီကို ဗဟိုပြုအုပ်ချုပ်ထားခြင်း ဖြစ်သဖြင့် သိပ်ကွားခြားလှသည်ကား မဟုတ်ပေ။
ကွန်မြူနစ်ပါတီ အားနည်းချိနဲ့ လာခြင်းနှင့် ပါတီတွင်း အလွှာများ ကွဲပြားလာခြင်းတို့က ယူဂိုဆလဗ်နိုင်ငံကိုသာမက 'ယူဂိုဆလဗ်ဝါဒ' ကိုပင်လျှင် စိန်ခေါ်နေပြီ ဖြစ်သည်။ ယူဂိုဆလဗ် ၀ါဒသည် ကျွန်တော် တို့ဘိုးဘေးများ ၏ အမျိုးသားရေး ဆိုင်ရာ စိတ်ကူးစံ ဖြစ်၏ ။ ကျွန်တော် တို့ ခေတ် တော် လှန်ရေး မျိုးဆက်များ ၏ မျှော်လင့်ချက် ဖြစ်၏ ။ ထိုယူဂိုဆလဗ်စိတ်ဓာတ်သည် ရှင်သန် အားကောင်းနေရမည့် အစား ကျွန်တော် တို့မျက်စိရှေ့မှော က်တွင် တလူလူ အငွေ့ပျံလွင့်ပါးနေ ပေပြီ။ ယူဂိုဆလဗ်ပြည်သူများ ဘ၀၏ လိုလားချက်တစ်ရပ်မဟုတ်တော့ပေ။ လူသား၏ လွတ်လပ်ခွင့်မရှိလျှင် သို့မဟုတ် စစ်မှန်သော အမျိုးသားအခွင့်အရေး မရှိလျှင် ကိုယ်ပိုင်ခန့်ခွဲ နိုင်သော စီးပွားရေး ၊ လွတ်လပ်သည့် နိုင်ငံရေး အဖွဲ့အစည်းနှင့် ကိုယ်ပိုင်တပ်ဖွဲ့ ထူထောင်ခွင့်တို့ မရှိလျှင် လူမျိုးရေး တန်းတူမှု ဟူသည် မရှိနိုင်ပေ။ တန်းတူသော လူမျိုးအဖွဲ့အစည်း အချင်းချင်း အချုပ်အချာအာဏာပိုင် နယ်ပယ်များ အတွင်း ညှိနှိုင်းသဘောတူမှု ဖြင့် သာ သစ်လွင်သော ယူဂိုဆလဗ်နိုင်ငံတော် ကို မြင်တွေ့ နိုင်ပေသည်။ သဘောတရား ချွတ်ခြုံကျမှု ၊ အမျိုးသားရေး နှင့် လူမှု ရေး ဆိုင်ရာ တင်းမာမှု များ ၊ ကြီးထွားပြင်းထန်လာခြင်းကြောင့် အကြပ်အတည်းဆိုက်လာလျှင် စစ်ခေါင်းဆောင်များ ၏ 'တိုင်းပြည်ကယ်တင်ရေး ' ဟူသော စိတ်ကူးများ ပေါ်ပေါက်လာနိုင် ပေသည်။ သို့သော် လူမျိုးပေါင်းစုံဟူသော တိုင်းပြည်၏ လက္ခဏာကြောင့် မည် သည့်အာဏာရှင် မဆို ၁၉၃၀ ခုနှစ် ၀န်းကျင်က ဒုတိယ အလက်ဇန္ဒား (Alexander II) ကဲ့သို့ပင် မုချ အရှုံးနှင့် ရင်ဆိုင်ရပေမည် ဟု ဂျီးလတ်က ဆိုခဲ့ပေပြီ။
ဤမျှမကသေး အနီးကပ် အတိတ်ကိုပင် ဂျီးလတ် ပေးခဲ့သေးသည်။
ယူဂိုဆလပ်နိုင်ငံ တည်ငြိမ်အေးချမ်းသော ကာလ - ၁၉၈၅ ခုနှစ် က - ဘဲလ်ဂရိတ်မြို့တော် ရှိ ဂျီးလတ်၏ နေအိမ်သို့အမေရိကန်သတင်းစာဆရာ ဆောင်းပါးရှင် ရောဘတ်ကတ်ပလန် (Robert Caplan) ရောက်ရှိသွားခဲ့သည်။ ဂျီးလတ်နှင့် လည်း တွေ့ ဆုံမေးမြန်းခွင့်ရခဲ့သည်။ နောင်နှစ် အချို့ အတွင်း ယူဂိုဆလားဗီးယားနိုင်ငံ၏ အလားအလာ မည် သို့ရှိမည် နည်းဟု ကက်ပလန်က မေးလိုက်မိသည်။ ထိုအခါ ဂျီးလတ်က တစ်ချက်မျှ မဲ့ပြုံး ပြုံးလိုက်ရင်း ဤသို့ အဖြေပေးလိုက် သည်။
စာအုပ်များ နှင့် ပြည့်သိပ်နေသော ငြီးငွေ့ဖွယ်ရာ စာကြည့်ခန်းအတွင်းတွင် သူ၏ ဖြေကြားသံသည် မိုးယံသို့ မြည် ဟိန်းထွက်ပေါ်လာခဲ့သည်။
''ယူဂိုဆလဗ်ဟာ မကြာခင်မှာ လက်ဘနွန်လို ဖြစ်လာလိမ့်မယ်၊ စောင့်သာ ကြည့်ကြ ပေတော့--''
ဟူ၏ ။
ဂျီးလတ်၏ ဟောကိန်းသည် သွေးထွက်အောင် မှန်ခဲ့ပေပြီ။
ထိုဂျီးလတ် အဆိုပါ ဂျီးလတ်သည် မည် သူနည်း။
မည် သို့သော ပုဂ္ဂိုလ်ပေနည်း။
ဘ၀ပုံရိပ်မှ ကောက်ကြောင်းတစ်စ
သူ၏ အမည် အပြည့်အစုံမှာ မီလိုဗင် ဂျီလတ် (Milovan DJilas) ဖြစ်သည်။ ယူဂိုဆလဗ် နိုင်ငံ မွန်တီနီဂရိုးဒေသသား ဖြစ်သည်။ သူမွေးဖွားသည့် သက္ကရာဇ်မှာ ၁၉၁၁ ခုနှစ် ၊ သူ၏ ကြမ္မာငင်သော ဇာတိမြေအကြောင်းကို သူ၏ ငယ်စဉ်ဘ၀ အတ္ထုပ္ပတ္တိ ဖြစ်သော 'Land without Justice’ တွင် ပုံဖော်ထားခဲ့သည်။ ၁၉၂၉ ခုတွင် မြို့တော် ဘဲလ်ဂရိတ်သို့ တက္ကသိုလ် ကျောင်းသားတစ်ဦးအ ဖြစ် ရောက်လာခဲ့သည်။ ထိုတက္ကသိုလ်၌ ပင် သူသည် ကွန်မြူနစ် တစ်ယောက် ၊ ပါတီစည်းရုံးရေး မှူး တစ်ဦး ဖြစ်လာခဲ့သည်။ ဤအကြောင်းကြောင့် ပင် ဘုရင့် တော် ၀င်အစိုးရ လုံခြုံရေး အဖွဲ့၏ ဖမ်းဆီးခံခဲ့ရပြီး ဆရဗ်ဆကာထောင်တွင် ၃ နှစ် ဖမ်းဆီးညှဉ်းပမ်း နှိပ်စက် ခံခဲ့ရသည်။
ဂျီးလတ်၏ အသက် ၂၇ နှစ် အရွယ်တွင် ယူဂိုဆလဗ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်လာခဲ့သည်။ ၁၉၄၀ ခုနှစ် သူ၏ အသက်-၃၀ တွင် မူ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်နေပေပြီ။ ယူဂိုဆလဗ်နိုင်ငံကို ဖက်ဆစ်များ ကျူးကျော်လာချိန်တွင် သဘာဝကျစွာ ပင် ဂျီးလတ်သည် ပြောက်ကျားတပ်၏ ဗိုလ်ချုပ်တစ်ဦးအ ဖြစ် စစ်မစ်ရှင်တစ်ရပ်ကိုဦးဆောင်ပြီး မော်စကိုမြို့သို့ သွားရောက်ခဲ့ရသည်။ ထို့နောက် စစ်ပြီးခေတ် မာရှယ်တီတိုးအစိုးရအဖွဲ့ဝင်၊ ၀န်ကြီးတစ်ဦးအ ဖြစ်နှင့် လည်း မော်စကိုသို့ ထပ်မံသွားရောက်ခဲ့ရပြန်သည်။ စတာလင်အပါအ၀င် ဆိုဗီယက်ခေါင်းဆောင်များ နှင့် တွေ့ ဆုံဆွေးနွေးခဲ့ရသည်။ ၁၉၄၈ ခုနှစ် တွင် ဆိုဗီယက်နှင့် ယူဂိုဆလဗ်နိုင်ငံအကြား ပြတ်လုတည်းတည်း ဆက်ဆံရေး ကို ထိန်းသိမ်းသည့်အနေဖြင့် မော်စကိုသို့ ရောက်ရှိပြန်သည်။ စတာလင်နှင့် ထိုသို့တွေ့ ဆုံဆွေးနွေးခဲ့သည်များ ကို အကြောင်းပြု၍ နောက်ပိုင်းတွင် စာအုပ်တစ်အုပ်ကို ဂျီးလတ် ရေး သားထုတ်ဝေခဲ့သည်။ ယင်းမှာ 'Conversation with Starlin' ဖြစ်၏ ။
၁၉၄၉ ခုနှစ် ကစ၍ ဆိုဗီယက်နှင့် ယူဂိုဆလဗ်ဆက်ဆံရေး လုံးဝပြတ်တောက်သွား တော့သည်။ ထိုအခါ ဂျီးလတ်သည် လွတ်လပ်အမှီအခိုကင်းသော ကွန်မြူနစ်နိုင်ငံတစ်ခုအ ဖြစ် ရပ်တည်သော ယူဂိုဆလဗ်နိုင်ငံကို ကိုယ်စားပြုပြောရေး ဆိုခွင့်ရှိသူ ဖြစ်လာတော့သည်။ သူသည် ယူဂိုဆလဗ်ပြည်ထောင်စု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလည်း ဖြစ်သည်။ တစ်ချိန်တည်းတွင် နိုင်ငံတော် ကောင်စီ၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်ပေသည်။
ထိုအချိန်က ယူဂိုဆလဗ်ပါတီ နိုင်ငံရေး ဦးဆောင်အဖွဲ့တွင် အဓိကခေါင်းဆောင် ၄ ဦး ရှိ၏ ။ ခေါင်းဆောင်မှု အစီအစဉ်အရဆိုလျှင် ပထမ မာရှယ်တီတိုး၊ ဒုတိယ ဂျီးလတ်၊ ထို့နောက် ကာဒစ်ရှ် (Kardish) နှင့် ယန်ကိုဗစ် (Yankovic) တို့ ဖြစ်ကြ၏ ။ ထို့အပြင် နိုင်ငံရေး အစဉ်အလာအရ ကြည့်လျှင်လည်း မူဆာပီဂျိတ်သည် ယူဂိုဆလဗ်ကွန်မြူနစ်ဝါဒကို စတင်ပြုစုပျိုးထောင်ခဲ့သူ ဖြစ်ပြီး တီးတိုးက ပါတီကို စည်းရုံးခေါင်းဆောင်ခဲ့သူ ဖြစ်၏ ။ ဂျီးလတ်မှာ မူ ပါတီပြောရေး ဆိုခွင့်ရှိသူ ဖြစ်သည်။ တစ်ချိန်တည်းမှာ ပင် ပါတီ၏ သဘောတရားရေး ဆရာအ ဖြစ် ယုံကြည်ယူဆထားခြင်း ခံရသူလည်း ဖြစ်သည်။ ထို့အပြင် ဂျီးလတ်သည် အရှေ့ဥရောပ ကွန်မြူနစ်လောက၌ 'အမျိုးသား ကွန်မြူနစ်ဝါဒ' ထူထောင်ကြရန် ရှေ့ဆောင်တင်ပြခဲ့သူတစ်ဦးလည်း ဖြစ်လာခဲ့သည်။
၁၉၅၃ ခုနှစ် တွင် ဂျီးလတ်သည် ပါတီသတင်းစာ ဘော်ပါ (Borba) နေ့စဉ်မှနေ၍ အစိုးရ၏ ဗျူရိုကရေစီယန္တရားကို ဝေဖန်သည့် ဆောင်းပါးများ စွာ ရေး ခဲ့သည်။ အဆိုပါ ဗျူရိုကရက်များ ကိုပင် နောက်ပိုင်းတွင် ဂျီးလတ်က 'လူတန်းစားသစ်' (New class) ဟု ကင်ပွန်းတပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ဂျီးလတ်နှင့် ပါတီခေါင်းဆောင်များ အကြား သဘောတရားရေး ဆိုင်ရာ ကွဲလွဲချက် များ စတင်ပေါ်ပေါက်လာတော့သည်။ ဤကာလအတွင်း ခံစားမှု များ နှင့် ပတ်သက်၍ ဂျီးလတ်က ဤသို့ ပုံဖော်ခဲ့ဖူးလေသည်။
၁၉၅၃ ခုနှစ် ဒီဇင်ဘာ ၇-၈ ရက် ညများ တွင် ဖြစ်သည်။
''သန်းခေါင်ခန့်အထိ အိပ်မောကျနေခဲ့ရာမှ ကျွန်တော် ရုတ်တရက် လန့်နိုးလာခဲ့သည်။ ကျွန်တော့် အမြင်များ ကို မစွန့်လွှတ်နိုင်ဟူသည့် ကြမ္မာငင်မည့်  အသိစိတ်၏ လှုပ်နှိုးမှု ကြောင့် လန့်နိုးလာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က 'ပြန်ပြင်ရေး အယူအဆများ ' ဟု အချို့ပြောဆိုစွပ်စွဲခဲ့သည့် ဆောင်းပါးများ ကို ပါတီသတင်းစာ 'ဘော်ဘာ' တွင် ကျွန်တော် ရေး သားနေစဉ် ဖြစ်သည်။ ကျွန်တော့် အမြင်များ သည် ဗဟိုကော်မတီအတွင်းရှိ ကျွန်တော့် ရဲဘော်များ နှင့် ပြဿနာ ဖြစ်ရတော့ မည် ကို ကျွန်တော် သိနေသည်။ ထိုရဲဘော်များ မှာ ကျွန်တော် နုစဉ်ကာလမှာ ရင့်ကျက်လာသည့် အချိန်အထိ စိတ်ကူးစံရှာပုံတော် ဖွင့်ရေး တွင် အတူတကွ ခါးစည်း၍ အနစ်နာခံခဲ့ကြသူများ ပင် ဖြစ်ကြသည်။ ထိုစိတ်ကူးစံနှင့် မျှော်လင့်ချက်များ ကို သွေးနှင့် ချွေးနှင့် ရင်းနှီးဖြတ်သန်းခဲ့ကြ ပြီးနောက် ပကတိနှင့် မကိုက်ညီ လက်တွေ့ မကျလှကြောင်း ဖြစ်ထွန်းနိုင်ဖွယ်ရာ မရှိကြောင်း ကျွန်တော် တွေ့ လာရသည်။
ကျွန်တော့် အခန်း၏ တစ်ဖက်စွန်း၌ ကျွန်တော့် ဇနီး စတီဖာနီဂျာ (Stefanija) တစ်ယောက် အိပ်ပျော်လျက်ရှိနေပေသည်။ တိတ်ဆိတ်ငြိမ်သက်လွန်းသော ည၏ အမှော င်ထုအောက်ဝယ် သူမ ရှိနေမည် ဟု ကျွန်တော် သိနေသည်။ ကျွန်တော့်ကို နှိုးဆွနေသော ကျွန်တော့်ရင်ထဲတွင် ရှိနေသော စိတ်ဆန္ဒတို့ နောက်ဆုံးရင်ဆိုင်ရမည့်  အခြေအနေ ယင်းမှာ ကျွန်တော့်ဘ၀ ကျွန်တော့်  မျှော်လင့်ချက်များ ချိုးနှိမ်ခံကြရမည် ။ အဆိုးဆုံးအ ဖြစ် မိသားစုအားလုံးပါ တန်ဖိုးပေးကြရမည် ။ ဤအတွေးများ ကို ကျွန်တော် မောင်းထုတ်ပစ်နေရသည်။ ကျွန်တော် အနိုင်ရစရာ မရှိလှကြောင်း ကိုလည်း ကျွန်တော် သိနေသည်။ ထရော်စကီ (Trosky) ၏ ကံကြမ္မာကို ကျွန်တော် ပြန်ပြောင်း သတိရနေမိသည်။ မိမိကိုယ်မိမိလည်း ဖြေသိမ့်နေမိသည်။ မည် သို့ပင် ဖြစ်စေ
'စတာလင်၏ ကုသိုလ်မျိုးထက်
ထရော်စကီ (Trosky) ၏ ကံကြမ္မာမျိုး
ကြုံရသည်က ပိုကောင်းပေလိမ့်မည် ။
မိမိ၏ စိတ်ကူးစံ၊
မိမိ၏ ယုံကြည်မှု ကို သစ္စာဖောက်ရသည်ထက်
အဆုံးအရှုံးခံရသည်က ပိုကောင်းပေလိမ့်မည် ။'
ထောင်ကျနိုင်သည့် သက်တမ်းကိုပင် ကျွန်တော် ခေါင်းထဲက မှန်းဆနေမိသည်။ ထိုအချိန်က နိုင်ငံတော် ကို ပုတ်ခတ်ဝါဒဖြန့်မှု သည် ထောင်ဒဏ် ၇ နှစ် မှ ၉ နှစ် အထိ ကျနိုင်၏ ။ ကျွန်တော် ၏ အထီးကျန် ဖြစ်မှု ၊ ရဲဘော်များ ၏ ၀ိုင်းဝန်းပုတ်ခတ်ရှုံချမှု ၊ မိသားစု၏ တုန်လှုပ် ခြောက်ခြားမှု စသည်တို့ကို မြင်ယောင်နေမိသည်။ ကျွန်တော့် ကို အရူးလော၊ သို့ တည်းမဟုတ် ပညာရှင်လော မခွဲခြားတတ်သူများ အကြား ရောက်နေသလို ခံစားနေရသည်။ သို့သော် ထိုစိတ်လှုပ်ရှားမှု များ ကား တာရှည်မခံခဲ့၊ မိနစ်ပိုင်းမျှသာ။ အိပ်ချင်မူးတူးအ ဖြစ်မှ အတွေးစများ ကို ပြန်လည်ဆွဲယူစုစည်းနိုင်ခဲ့ပြီ။ ခြောက်အိပ်မက်မှ လန့်နိုးလာခဲ့ပြီ။ ကျွန်တော် သိသည်။ ကျွန်တော် ကောင်းစွာ သိသည်။ စိတ်လှုပ်ရှားမှု ရှိသည့်တိုင် အန္တရာယ်ကို ရင်ဆိုင်ရမည် ကို နားလည်သည့်တိုင် ကျွန်တော့် အမြင်ကို ကျွန်တော် စွန့်ပစ်နိုင်စွမ်းမရှိ။ ဤသည်မှ ကျွန်တော် ၏ အတ္တပုံရိပ်အစစ်ပင် ဖြစ်သည်။
ကျွန်တော် အိပ်ရာမှထပြီး စာကြည့်ခန်းထဲဝင်၍ စာထိုင်ရေး နေမိသည်။
- ''အာဏာရပါတီခေါင်းဆောင်များ နှင့် ကျွန်တော့် အကြားကွဲလွဲချက်
- ဤအဖွဲ့ထဲမှ ထွက်ရန် မလွှဲရှောင်သာမှု
- ထိုလမ်းကြောင်းမှ ခွဲထွက်၍ လမ်သစ်ရှာဖွေရေး
- မိမိအင်အား၏ အားကောင်းချက်၊ အားနည်းချက်ကို အစမ်းသပ်ခံခြင်း''
ကျွန်တော် သည် မှန်းဆနိုင်စွမ်းမရှိသော ဘေးအန္တရာယ်များ ကို ချိန်ထိုးစဉ်းစားမိနေ သည့်တိုင် တီးတိုးသည် စတာလင်မဟုတ်ကြောင်းကိုကား သိပါသည်။ တီးတိုး၏ အမြင်အရ စတာလင်၏ တရားသေ၀ါဒသည် အေးစက်မာကျောပြီး လက်တွေ့ အသုံးချရေး သက်သက်မျှသာ ဖြစ်သည်။ တီးတိုးသည် ကျွန်တော့ကို ချေမှု န်းပစ်လိမ့်မည် ဟူ၍ ကား ကျွန်တော် မထင်လှ။ ကျွန်တော့် အမြင်ကို သမိုင်းရေး ရာ အမြင်မှားတစ်ရပ်ဟုသာ ယူဆပေမည် ။ သို့သော် စတာလင် ဆန့်ကျင်ရေး တိုက်ပွဲ၌ အသာစီးရလာပြီးသည့် နောက်ပိုင်းတွင် တီးတိုးသည် သူ၏ ပုဂ္ဂိုလ်ရေး သြဇာအာဏာကို အခိုင်အမာ တိုးချဲ့တည်ဆောက်လာသည်။ ထိုကာလမတိုင်မီအထိ ပါတီသည် စတာလင်ပါတီထက်ကား ဒီမိုကရေစီကျယ်ပြန့်ခဲ့၏ ။
သို့သော် ၁၉၅၃ ခုနှစ် ၊ နွေရာသီ ဘရိုနီကျွန်း (Broni Island) ဗဟိုကော်မတီ အစည်းအဝေးမှစ၍ တီးတိုး၏ သဘောထားများ ပြောင်းလဲလာခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်များ ဖျက်သိမ်းရန် တီးတိုး ဆုံးဖြတ်ချက်ချလာခဲ့သည်။ ကျွန်တော် ဆက်လက်သည်းမခံနိုင်တော့ ကျွန်တော် ထကန့်ကွက်တော့သည်။ ဗဟိုကော်မတီ စုံညီအစည်းအဝေး ခေါ်ပေးရန် တောင်းဆိုခဲ့ သည်။ ထိုအချိန်ကစ၍ နိုင်ငံရေး အခြေအနေ၏ ရာသီဥတုမှာ မကောင်းလှတော့။ တင်းမာပြင်းထန် လာတော့သည်။ နောက်ပိုင်းတွင် ကျွန်တော် တီးတိုးနှင့် ၂ ကြိမ်တိုင်၊ တွေ့ ဆုံဆွေးနွေးခွင့် ရခဲ့သည်။ သို့သော် ထိုဆွေးနွေးမှု များ ကလည်း ကျွန်တော် ၏ 'ရေစီးကြောင်းဆန်တက်ရေး ' စိတ်ဓာတ်ကို မချိုးနှိမ်နိုင်ခဲ့ပေ။
ပထမတစ်ကြိမ်တွေ့ ဆုံမှု မှာ ၁၉၅၃ ခု ဆောင်းဦးကာလ ဖြစ်သည်။
ဘဲလ်ဂရိတ်မြို့တော် ၏ ဘယ်လီဒေသသို့ တီးတိုးကို ကျွန်တော် ဖိတ်မန္တက ပြုခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ကျွန်တော့် ဆောင်းပါးများ အပေါ် သူ၏ သဘောထားကို တီးခေါက်ကြည့် လို၍ ဖြစ်သည်။ ထိုတွေ့ ဆုံပွဲ၌ တီးတိုးက ကျွန်တော့် ဆောင်းပါးများ ကို သဘောကျသည်ဟု ဆိုပါသည်။ သို့သော် ကျွန်တော် သိပ်မယုံလှ၊ သူ အမှန်အတိုင်းမပြောဟု ထင်သည်။ သို့မဟုတ် သူ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချရသေး၍ ပင် ဖြစ်မည် ။
၁၉၅၄ ခု၊ ဇန်န၀ါရီလလယ်တွင် ကျွန်တော် တို့ နောက်ဆုံးဆုံကြသည်။ တီးတိုးအပြင် ပါတီ အတွင်းရေး မှူး၊ အဖွဲ့ဝင်များ ဖြစ်ကြသော ကာဒတ်နှင့် ရန်ကိုဗစ်တို့ပါဝင်ကြသည်။ ကျွန်တော် ၏ အယူအဆရေး ရာသွေဖီမှု ကို အဓိကဆွေးနွေးကြရန် ဖြစ်သည်။ 'သဘာဝလောကကြီးသည် အနုပဋ္ဋိလောမ နည်းကျသည်' ဟူသော အဆိုပြုချက်ကို ခေတ်သစ် သိပ္ပံပညာက ပယ်ချလိုက်ပြီ ဟု ကျွန်တော့် အမြင်ကို တင်ပြခဲ့သည်။ ကျွန်တော် တို့အတွင်း အပြင်းအထန် ဆွေးနွေး ငြင်းခုန်မှု များ ရှိခဲ့သည်။ သို့သော် တီးတိုးကား မပါဝင်ခဲ့။ တီးတိုးက စေ့စပ်ညှိနှိုင်းမှု တစ်ခုရယူရန် ကြိုးစား ရှာပေးသည်။ သို့သော်မရခဲ့ပေ။ နောက်ဆုံးတွင် မူ တီးတိုးကိုယ်တိုင်က
''ခင်ဗျား-ဒီသဘောထားတွေ ကို လူသိရှင်ကြားဖော်ထုတ်မလို့လား'' ဟု မေးခဲ့သည်။ ကျွန်တော် လည်း ''ဟုတ်တယ်'' ဟူ၍ ခပ်ရှင်းရှင်းပင် အဖြေပေးလိုက်၏ ။
စင်စစ်အားဖြင့် တီးတိုးကိုယ်တိုင်လည်း အနုပဋ္ဋိလောမကို အယုံအကြည်ရှိလှသည်ကား မဟုတ်တော့ပေ။ သို့မဟုတ် အနည်းဆုံး ဆက်လက်အကာကွယ်ပေးလိုသော ဆန္ဒမရှိတော့သည် ကို ကျွန်တော် ရိပ်စားမိပါသည်။ သို့သော် သူ၏ အနေအထားအရ တရားဝင်သဘောထား ဖော်ပြလိုခြင်းကား မရှိလှ။ မည် သို့ပင် ဖြစ်စေ ကျွန်တော် ကား ဆက်လုပ် သွားရပေတော့မည် ။ ထိုသို့ တွေ့ ဆုံပြီး မကြာမီ ကျွန်တော့် ကို ဗဟိုကော်မတီမှ ထုတ်ပယ်လိုက်ြ ကတော့သည်။ နောက် ၂ လခန့် ကြာပြီးချိန်တွင် မူ ပါတီမှ ကျွန်တော် လည်း နှုတ်ထွက်စာ တင်လိုက်တော့သည်။ ထိုစာတွင်
''တကယ့် ဖြစ်ရပ်များ သည် မျှော်မှန်ထားသည်ထက် ပိုမိုနာကျင်ကြေကွဲဖွယ်ရာ ကောင်းပေ သည်'' ဟူ၍ ဖော်ပြခဲ့၏ ။
ဤကာလများ အတွင်း၌ ဂျီးလတ် စာအုပ်နှစ် အုပ်ရေး ခဲ့သည်။ The New Class နှင့် Land Without Justice တို့ ဖြစ်၏ ။ ထိုရေး ပြီး စာမူနှစ် ပုဒ်ကို ထုတ်ဝေသူထံ ပေးပို့ခဲ့သည်။ ၁၉၅၅ ခုနှစ် တွင် ဂျီးလတ်သည် နယူးယောက် တိုင်းမ်သတင်းစာကြီးနှင့် တွေ့ ဆုံမေးမြန်းခန်းတစ်ခု ပြုလုပ် လိုက်သည်။ ထိုတွေ့ ဆုံမေးမြန်းခန်းကို ပုံနှိပ်လိုက်သည်နှင့် ဂျီးလတ် အရေး ယူခံရတော့သည်။ 'ရန်လိုသော ၀ါဒဖြန့်ချိမှု ' ဖြင့် ရုံးတင်စစ်ဆေးခဲ့သည်။ အဆိုပါအမှု အတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် ယာယီအားဖြင့် ဆိုင်းငံ့ထားစေခဲ့သည်။
သို့သော် ၁၉၅၆ ခု၊ ဟန်ဂေရီ အရေး အခင်း ပေါ်ပေါက်လာချိန်တွင် မူ ဆိုဗီယက် ကျူးကျော်မှု ကို နယ်ချဲ့လုပ်ရပ်အ ဖြစ် ကြေညာချက်ထုတ်၍ ဂျီးလတ်က ဆန့်ကျင်ကန့်ကွက်ခဲ့ သည်။ ဆိုဗီယက်အပေါ် ဝေဖန် ရှုံ့ချမှု မပြုသည့် ယူဂိုဆလဗ်အစိုးရကိုလည်း ဗြောင် အတိအလင်း ဝေဖန်ခဲ့သည်။ သို့ဖြင့် ဂျီးလတ် အဖမ်းအဆီးခံရပြီး ဆရဗ်ဆကာထောင်တွင် အချုပ်ခံရပြန်သည်။ သမိုင်း၏ သရော်လှောင်ပြောင်မှု မှာ နာကြင်ကြေကွဲဖွယ်ရာပင် ဖြစ်တော့သည်။ ဤထောင်တွင် တက်ကြွသော လူငယ်ကွန်မြူနစ်တစ်ဦးအ ဖြစ်နှင့် ၃ နှစ် ကျခံခဲ့ရပြီး ယခု သူ လုံးပမ်းတိုက်ခိုက် ပေးခဲ့သော ယုံကြည်မျှော်လင့်ပေးခဲ့သော ကွန်မြူနစ်အစိုးရ လက်ထက်တွင် လည်း ဤထောင်မှာ ပင် အချုပ်နှောင်ခံရပြန်သည်။ ဤအကြိမ်တွင် မူ ထောင်ဒဏ်မှာ ၇ နှစ် ။
၁၉၅၇ ခုတွင် သူ၏ 'လူတန်းစားသစ်' (The New Class) စာအုပ်ကို ပုံနှိပ်ထုတ်ဝေလိုက်၍ တရားရုံးကို နောက်တစ်ကြိမ် ရင်ဆိုင်ရပြန်သည်။ ဤစာအုပ်အတွက် တရားရုံးမှ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်၏ ထို့ပြင် နယူးယောက် တိုင်းမ်သတင်းစာနှင့် တွေ့ ဆုံဆွေးနွေးခန်းအတွက် မူလချမှတ်ထားသော ပြစ်ဒဏ် ၃ နှစ် နှင့် ပေါင်း၍ ၇ နှစ် ကျခံစေရန် ဖြစ်၏ ။ ဂျီးလတ် ခန့်မှန်း တွက်ချက်ထားသည့် ထောင်သက်တမ်းနှင့် သိပ်မကွာခြားလှပေ။
၁၉၅၈-ခုနှစ် တွင် ဂျီလတ်၏ Land Without Justice စာမူ ပုံနှိပ်စာအုပ်အ ဖြစ် ထွက်ပေါ် လာခဲ့သည်။ ထောင်တွင်းကာလ ပထမတစ်နှစ် အတွင်းကမူ ဂျီးလတ်ကို တစ်ဦးတည်း တိုက်ပိတ် ထားခဲ့ကြသည်။ မည် သူနှင့်မျှ စကားပြောခွင့်မရ။ စာရေး စာဖတ်ခွင့်လည်း လုံးဝမရပေ။ နောက်ပိုင်း ထောင်သက်တမ်းတစ်လျှောက်လုံးတွင် မူ စာရေး စာဖတ်ရင်း အချိန်ကို ကုန်ဆုံးစေခဲ့သည်။ ထိုကာလအတွင်း ဖြစ်သော အင်ဂျီဂို (Njigo) ၏ အတ္ထုပ္ပတ္တိတစ်ပုဒ်၊ Montenegro အမည် ဖြင့် ပထမကမ္ဘာစစ်နောက်ခံ သမိုင်းဝတ္တုတစ်ပုဒ်နှင့် ပုံပြင်စာအုပ်တစ်အုပ် ရေး နိုင်ခဲ့သည်။
၁၉၆၁ တွင် ဂျီးလတ်ကို ထောင်မှလွှတ်ပေးခဲ့သည်။ ထောင်မှလွတ်လျှင် လွတ်ချင်း စတာလင်နှင့် ဆွေးနွေးခဲ့ရပုံများ ကို ဖော်ပြသည့် Conversation with Stalin ကို ရေး သားခဲ့ ပြန်သည်။ ယင်းစာမူကို အမေရိကန်ထုတ်ဝေသူတစ်ဦးထံ ပေးပို့ထုတ်ဝေစေခဲ့သည်။ စာအုပ် အ ဖြစ်ကား ၁၉၆၂ ခုနှစ် တွင် မှ ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်က နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှု အတွင်း စတာလင်အပေါ် အကဲဖြတ်ချက်နှင့် စပ်လျဉ်း၍ အယူအဆများ ကွဲပြားငြင်းခုံနေကြချိန် ဖြစ်၏ ။ သို့်ဖြင့် ၁၉၆၂ ခုနှစ် ၊ ဧပြီလတွင် ဂျီးလတ် အဖမ်းခံခဲ့ရပြန်သည်။ နိုင်ငံတော် အစိုးရ၏ စာရွက်စာတမ်းများ ကို တရားမ၀င် ပုံနှိပ်ထုတ်ဝေမှု ဖြင့် ရုံးတင်စစ်ဆေးခံရပြန်သည်။ အမေရိကန် ထုတ်ဝေသူကမူ ဂျီးလတ်လွတ်မြောက်ရေး အတွက် အချည်းနှီး ကြိုးပမ်းပေးခဲ့ရှာပေသည်။ သို့ဖြင့် ဂျီးလတ်သည် ဆရဗ်ဆကာထောင်သို့ တတိယအကြိမ်မြောက် ၀င်ရောက်ခဲ့ရရှာသည်။
တီးတိုးလက်ထက်တွင် ဒုတိယအကြိမ် ထောင်ကျခြင်း ဖြစ်၏ ။ ဤအကြိမ်တွင် မူ တစ်ဦးတည်း တိုက်ပိတ်ခြင်းမျိုးမရှိ၊ စာရေး စာဖတ်ခွင့်သာ ၂ နှစ် ပိတ်ခံထားရသည်။ သို့သော် ဂျီးလတ်သည် အထပ်ထပ် ကြီးကြပ်မှု အောက်မှာ ပင် မ ဖြစ်မနေ စာရေး ခဲ့သည်။ အိမ်သာသုံး စက္ကူပေါ်တွင် စာခိုးရေး ရသည်။ ယခုအကြိမ်တွင် မူ စာအုပ်လေးအုပ်စာ စာမူကြမ်းများ ပါလာလေ သည်။ Lost Battle ဟူသော ၀တ္တုတစ်ပုဒ်၊ မီလ်တန်၏ 'ကောင်းကင်ဘုံပျောက်ဆုံးခြင်း' (Paradise Lost) ၊ ဆာ့ဘ်ခရိုအေးရှား ဘာသာပြန်တစ်ပုဒ်၊ 'World and Bridges' ၀တ္တု တစ်ပုဒ်နှင့် ပုံပြင်စာအုပ်တို့ပင် ဖြစ်သည်။ ၁၉၆၆ နှစ် ကုန်တွင် မူ ဂျီးလတ်ကို တရားသေ ပြန်လွှတ် ပေးခဲ့သည်။ သို့သော် ကန့်သတ်ချက်တစ်ရပ်မှာ ၅ နှစ် အတွင်း တစ်စုံတစ်ရာ ကြေငြာချက် မထုတ်ပြန်ရန်၊ စာမရေး ရန်ပင် ဖြစ်သည်။
ထောင်မှလွတ်လာသည်နှင့် စာရေး ရန် ဂျီးလတ် စိုင်းပြင်းစီစဉ်တော့သည်။ ''The Unperfect Society: Beyond the new class'' ရေး ခဲ့သည်။ ၁၉၆၈ ခုနှစ် တွင် စာမူကို ထုတ်ဝေသူထံ အရောက်ပို့ပေးခဲ့ပြီး နောက်တစ်နှစ် တွင် စာအုပ်အ ဖြစ် ထွက်လာသည်။ ထိုအချိန်က ပြည်ပသို့ လည်ပတ်ခွင့် တောင်းခံခဲ့သည်ကို ယူဂိုဆလဗ်အစိုးရက အကြိမ်ကြိမ် ပယ်ချခဲ့သည်။ ဤအတွင်းမှာ ပင် ၁၉၆၈ ခု၊ ချက် အရေး အခင်း ပေါ်လာပြန်သည်။ ထိုအခါတွင် မှ ဂျီးလတ် ပြည်ပသို့ လည်ပတ်ခွင့်ရခဲ့သည်။
အမေရိကန်နိုင်ငံတွင် ရှိနေစဉ် ဂျီးလတ်ကို ပရင်စတန်တက္ကသိုလ်၊ နိုင်ငံတကာရေး ရာ ဌာနကြီး၏ ဂုဏ်ထူးဆောင်အဖွဲ့ဝင်အ ဖြစ် တက္ကသိုလ်ပရ၀ုဏ်အတွင်းတွင် နေရာချထားပေး ခဲ့သည်။ ဤကာလအပိုင်းအတွင်းမှာ ပင် အမေရိကန်နိုင်ငံ လွတ်လပ်ရေး စာပေမှ 'လွတ်လပ်ခွင့်' (Honour of Freedom) ဆုတံဆိပ်ကို ဂျီးလတ်အား အခမ်းအနားဖြင့် အပ်နှင်းခဲ့သည်။ သို့ဖြင့် ဂျီးလတ်သည် ပက်ဘလိုကက်ဆလ် (Pablo Casell) ၊ ယန်းမွန်းနက် (Jean Monnot)၊ ၀င်စတန်ချာချီ (Winston Churchill) စသူတို့နှင့် တစ်တန်းတည်း ဖြစ်သွားခဲ့လေပြီ။
၁၉၆၈ ခုနှစ် ကုန်ပိုင်းတွင် ဇနီးနှင့် သားရှိရာ ဘဲလ်ဂရိတ်သို့ ပြန်သွားရရှာသည်။
ဂျီးလတ်ကိုယ်တိုင် မာ့ခ်စ်ဝါဒကို ဆက်လက်စွဲကိုင်ထားသည့်တိုင် အနောက်တိုင်းနိုင်ငံရေး နှင့် ပညာရှင်လောကမှ သူ့ကို အတိုက်အခံ ယူဂိုဆလဗ်သူရဲကောင်းတစ်ဦးအ ဖြစ် အထူးလေးစား တန်ဘိုးထားခဲ့ကြ၏ ။ တစ်ချိန်တည်းတွင် ဂျီးလတ်ကလည်း ယူဂိုဆလဗ်တွင် အတိုက်အခံတစ်ဦး အ ဖြစ် ဆယ်စုနှစ် များ စွာ ရပ်တည်ဖြတ်သန်းခဲ့သည့်တိုင် သူ့ကိုယ်သူ ကွန်မြူနစ်တစ်ဦးအ ဖြစ် ယူဆကာ ကွန်မြူနစ်ဝါဒကို ဆက်လက်အားပေးဖြည့်ဆည်းနေသူတစ်ဦး ဖြစ်ပေသည်။
မည် သို့ ပင် ဖြစ်စေ ဘာလင်တံတိုင်းပြိုလဲခြင်း၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်း၊ ဆိုဗီယက်ကွန်မြူနစ်ပါတီ ချုပ်ငြိမ်းသွားခြင်းမှ ယူဂိုဆလဗ်ပြည်ထောင်စုကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်ခဲ့ခြင်း စသည့် မြင်ကွင်းများ ကို မြင်ခွင့်ရလိုက်ခြင်းက အတိုက်အခံ ပုရောဟိတ်တစ်ဦး၏ ဘ၀အနေဖြင့် ကျေနပ်လောက်ပါသည်။ ၁၉၉၅ ခုနှစ် တွင် ဘဲလ်ဂရိတ်မြို့မှာ ပင် ဂျီးလတ် ကွယ်လွန်ခဲ့သည်။
ဂျီးလတ်ရေး သားခဲ့သော စာအုပ်များ -
* The New Class: An Analysis of the Communist System, 1957
* Land without Justice, 1958
* Conversations with Stalin, 1962
* Montenegro, 1963
* The Leper and other Stories, 1964
* Njegos (: Poet-Prince-Bishop, 1966
* The Unperfect Society: Beyond the New Class, 1969
* Lost Battles, 1970
* The Stones and the Violets, 1970
* Under the Colors, 1971
* Memoir of a Revolutionary, 1973
* Wartime, 1977
* Of Prisons and Ideas, 1984
* Parts of a Lifetime
* Rise and Fall
* Tito: The Story from Inside
* Selected Essays
''Disintegration of Leninist Totaliarianism'', in 1984 Revisited: Tlitarianism in Our Century, New York, Harper and Row, 1983, ed. Irv-ing Howe
* ''The Crisis of Communism'' TELOS 80 (summer 1989), New York:
Telos Press
Translations
* Milton, John, Paradise Lost (From the original English to Serbo-Croatian), 1969
![]() ဒီမိုကရေစီနှင့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးများ | ![]() ပညာရှင်များနှင့်ငြင်းခုံခြင်း | ![]() သမိုင်း၏ သင်ခန်းစာများ |