အခန်း(၁)
၂၀၀၉ ခုနှစ် ၏ နေ့တစ်နေ့။
ရန်ကုန်မြို့ ၃၆ လမ်း၊ ကြာသာပတေး စကားဝိုင်းသို့ ထောင်မှလွတ်လာသည့် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဟောင်း ဆရာဦးဝင်းတင် ရောက်ရှိလာခဲ့သည်။ ထောင်အင်္ကျီပြာ၊ ချည် လုံချည်ကွက်ကျဲနှင့် လှိုင်းထနေသော ငွေရောင် ဆံပင်များ က သူ၏ တောင့်တင်းကြံ့ခိုင်ဟန်ရှိသော ပခုံးပေါ်သို့ ဖားလျားကျနေ၏ ။ ယခင် မန္တလေးဟံသာဝတီသတင်းစာတိုက် စာပေ၀ိုင်းကာလများ က သူ့ကို အဝေးမြင်။ ယခုတော့ အနီးမြင်။သို့ တိုင်ဆရာနှင့် ကျွန်တော် နီးနီးကပ်ကပ် မဆက်ဆံခဲ့ရ။ ဆရာမ န္တလေးနတွင် ရောက်နေစဉ်က ကျွန်တော် က ရန်ကုန်တက္ကသိုလ်ပရ၀ုဏ်ထဲတွင် ။ ဆရာ အင်းစိန်တောရတွင် သီတင်းသုံးနေစဉ် ကျွန်တော် က ရှမ်းပြည်မှထင်းရှူးတောများ ကြားတွင် တောကစားနေစဉ် ဖြစ်၏ ။ သို့ ဖြင့် ဆရာ၏ `ကမ္ဘာနီတွင် တဒင်္ဂ၊ အလှ ရှာပုံတော် ၊ ကွီ´စာအုပ်များ မှ တစ်ဆင့်သာ ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ဆရာ၏ လေလှိုင်းမှလာသော နိုင်ငံရေး ကြုံးဝါးသံများ မှ တစ်ဆင့်သာ လေးစားကြည်ညိုခဲ့ရခြင်း ဖြစ်၏ ။ သို့ ဖြင့် လှောင်ချိုင့်ထဲမှလွတ်လာစဆရာ့ ကိုလှိုက်လှဲဝမ်းသာစွာ ကြိုဆိုနုတ်ဆက်စကားဆိုမိသည်။
`ဆရာ၊ အခု ကျွန်တော် သန်းစိုးနိုင်ဆိုတဲ့ ကလောင်နာမည် နဲ့ စာနည်းနည်း ပါးပါး ရေး နေပါတယ်။´ ထိုအခါ ဆရာက `သြော်-ဟုတ်လား၊ သန်းစိုးနိုင်ဆိုတာ ခင်ဗျားလား၊ အတွေးအမြင်မဂ္ဂဇင်းမှာ ခင်ဗျားဆောင်းပါးတွေ ကျွန်တော် ဖတ်ရပါတယ်။ သတိထား စောင့်ဖတ်နေခဲ့တာပါဗျာ။´ `ကျေးဇူးပါဆရာ၊ ကျွန်တော် တို့လည်း ဆရာ့စာတွေ နဲ့ပဲ ရှင် သန်ပြီး ကြီးပြင်းခဲ့ရတာ ပါ။ `ဒါ့ထက် နေပါဦးဗျ။ ခင်ဗျား အတွေးအမြင်မှာ မိတ်ဆက်ပေးခဲ့ တဲ့ Fly and Fly Bottle စာအုပ်ရေး တဲ့စာရေး ဆရာ ဗက်-မေထာ (Ved Mehta) ဆိုတာ အိန္ဒိယကမဟုတ်လား။ ဒေလီမှာ ကျင်းပခဲ့တဲ့ စာပေညီလာခံတစ်ခုမှာ မိတ်ဆက်ပေးလို့ ကျွန်တော် ဆုံဖူးတယ်ဗျ။ ဒါကြောင့် ကျွန်တော် ဆုံဖူးတဲ့ ဗက်မေထာလား ဒါမှမဟုတ် နာ မည် တူတဲ့ တခြားစာရေး ဆရာ တစ်ယောက် များ လား သိချင်လို့….´
အဲဒါတော့ အတိအကျ မသိပါဘူးဆရာ။ ဗက်-မေထာဟာ အမှန်ပဲ အိန္ဒိယက စာ ရေး ဆရာ တစ်ယောက် ပါ။ Fly and Fly Bottle စာအုပ်ကလည်း အိန္ဒိယကနေ အောက်စ ဖို့ဒ်နဲ့ဟားဗတ်တက္ကသိုလ်တွေ မှာ သူကျောင်းသွားတက်စဉ်က အတွေ့ အကြုံတွေ ကို ပြန် ရေး ပြထားတာပါ။ အနောက်တိုင်းမှာ ထွန်းထွန်းပေါက်ပေါက် ထိုးဖောက်နိုင်တဲ့ အိန္ဒိယ စာရေး ဆရာဆိုတာ များများ စားစား ရှိတာမဟုတ်ပါဘူးဆရာ။ ဒါကြောင့် ဆရာတွေ့ ဆုံမိတ် ဆက်ခွင့်ရခဲ့တဲ့ စာရေး ဆရာ ဗက်-မေထာဆိုတာ သူပဲ ဖြစ်ဖို့များ ပါတယ်။´
`အေး-အဲဒီ ဆောင်းပါးတွေ က အဆင့်မြင့်သလို ဖတ်လို့လည်း ကောင်းတယ်ဗျ။ စာအုပ်လေး ဘာလေး ဖြစ်လာအောင်လုပ်ပါဗျာ´
`ဟုတ်ကဲ့ ကျွန်တော် ကြိုးစာပါ့မယ် ဆရာ´
ဗက်-မေထာကို ၁၉၃၄ ခုနှစ် က အန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ် လာဟိုးမြို့တွင် ဟိန္ဒူမိသားတစ်စုမှ မွေးဖွားခဲ့ခြင်း ဖြစ်၏ သူ၏ ဖခင်မှာ အိန္ဒိယအစိုးရ၏ ကျန်မာရေး ဌာနမှ အုပ်ချုပ်ရေး မှူးကြီးတစ်ဦး ဖြစ်၏ ။ အိန္ဒိယနိုင်ငံ ပါမိုနာ(pamona)ကောလိပ်မှ ဘွဲ့ရခဲ့ပြီး နောက် ၁၉၄၉ ခုနှစ် မှစတင်ကာ ဥရောပနှစ် အမေရိကန်တက္ကသိုလ်များ တွင် သွားရောက် ပညာသင်ကြားခဲ့သည်။ အောက်စဖို့ဒ်တက္ကသိုလ် ဘေလိလော(Ballilol)ကောလိပ်တွင် ခေတ်သစ်သမိုင်း(Modem Hstory)ပညာ လေ့လာခဲ့ပြီး ဟားဗတ်တက္ကသိုလ်မှ ဒဿနိက ပညာပါရဂူဘွဲ့ရှိခဲ့သူ ဖြစ်သည်။ ၁၉၆၀ ခုနှစ် မှစတင်ကာ New Yorker မဂ္ဂဇင်းကြီးတွင် အမှု ထမ်းရင်းမှပင် ပင်တိုင်ဆောင်းပါးရှင် တစ်ဦး ဖြစ်လာခဲ့၏ ။ ထို့ပြင် အမေရိကန် အင်္ဂလန်နှင့် အိန္ဒိယတွင် စာပေညီလာခံ များ တက်ရောက်ခြင်း၊ သုတေသနစာတမ်းများ တင်သွင်းခြင်း စသည့် ပညာရှင် လုပ်ငန်းများ ၌ ပါဝင်ခဲ့၏ ။ ထိုမှတစ်ဆင့်-
၁၉၅၇ ခုနှစ် တွင် “Face to- Face”အမည် ဖြင့် ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ရေး သား ထုတ်ဝေခဲ့၏ ။
၁၉၆၀ တွင် “Walking in Indian Streets”အမည် ဖြင့် ခရီးသွားမှတ်တမ်း ရေး ခဲ့ ၏ ။
၁၉၆၄ ခုနှစ် တွင် ဤ “Fly and Fly- Bottle”စာအုပ်ကို ရေး သားခဲ့ခြင်း ဖြစ်သည်။
“Fly and Fly-Bottle” စာအုပ်မှာ ၁၉၆၀ ခုနှစ် ၀န်းကျင်က အောက်စ်ဖို့ဒ်၊ ဟားဗတ် တက္ကသိုလ်တို့တွင် ပါရဂူဘွဲ့ယူကျောင်းသားဘ၀မှ အတွေ့ အကြုံများ ကို ရေး သားထားခြင်း ဖြစ်သည်။ စာရေး ဆရာ မေထာမှာ ဒဿနိကနှင့် သမိုင်းဘာသာရပ်များ ကို အထူးစိတ်ဝင် စားသော ကျောင်းသားတစ်ဦးပင် ဖြစ်သည်။ သို့ ရာတွင် မည် သည့်ဘာသာ အထူးပြုလေ့ လာရမည် ကို ဝေခွဲမရအောင် ဒွိဟ ဖြစ်နေခဲ့၏ ။ ထိုစဉ်က အောက်စ်ဖို့ဒ်တက္ကသိုလ် အသိုင်း အ၀ိုင်တွင် ဒဿနတော် လှန်ရေး တစ်ရပ်ပေါ်ပေါက်ရန် အားယူပြင်ဆင်နေချိန် ဖြစ်၍ ပညာ ရှင် ငလျင်များ တသိမ့်သိမ့် လှုပ်ရှားရမ်းခါနေ၏ ။ ထို့အတူ အောက်စ်ဖို့ဒ် နှင့် ကိန်းဘရစ်ခ်ျ တက္ကသိုလ်တို့အကြား သမိုင်းသရဖူးလုပွဲများ ခြိမ့်ခြိမ့်သည်း ကျင်းပနေချိန်လည်း ဖြစ်၏ ။ ပညာရှင်များ ၏ ငြင်းခုံပွဲများ မှာ တက္ကသိုလ်ပရ၀ုဏ်ကို ကျော်လွှားကာ Time New Yorker BBC စသည့် သတင်း မီဒီယာစာမျက်နှာများ ဆီအထိ ကျယ်ပြန့် ကျွမ်းလောင်နေပေတော့ သည်။
ယင်းသို့ သော အနေအထားတွင် ဗက်-မေထာ ကိုယ်တိုင်လည်း အဆိုပါ ငြင်းခုံပွဲများ ၏ အနေအထား၊ အမှားအမှန်ကို မခွဲခြားတတ်အောင် ဖြစ်နေခဲ့ ပြန်သည်။ သို့ဖြင့် ငြင်းခုံနေ ကြသူ ပညာရှင်များ အကြား ကိုယ်တိုင်တိုးဝှေ့ ၀င်ရောက်ကာ အမြင်သဘောထားများ ကို လူကိုယ်တိုင် တွေ့ ဆုံမေးမြန်းခွင့်ရရန် အကြီးအကျယ်လုံးပန်းအားထုပ်လေတော့သည်။ ဤမှ ဒဿနငြင်းခုံပွဲများ နှင့် စပ်လျဉ်၍ ဘာထရန်ရပ်ဆယ်(B-Russel)၊ပါမောက္ခရိုင်း(G-Ryle)ဂျယ်လ်နာ(E-Gellner)၊စထရော်စန်(P.F.Strawson)အေယာ(A.J.Ayer)၀ါးနော့စ် (E.J.Warnock)စသည့်ပညာရှင်များ နှင့် ကိုယ်တိုင်တွေ့ ဆုံမေးမြန်းခဲ့၏ ။ သမိုင်းပြဿနာ များ နှင့် ပတ်သက်၍ ပါမောက်က္ခကား (E.H.Carr)၊ တွိုင်းဘီ (A.Toynbee)၊ ထရီဗါရော့ပါး (A.R.Trevor Roper)၊ တေလာ(J.Taylor) ပီတာဂျေး(P.geyl) စသည့်ပညာရှင်များ နှင့် စုစည်းလိုက်ရာမှ ဤ ``Fly and Fly-Bottle´´ စာအုပ်ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
``Fly and Fly-Bottle´´ စာအုပ်မှာ တွေ့ ဆုံမေးမြန်းချက်များ ကို စုစည်းထားခြင်း ဖြစ်သဖြင့် ကျမ်းဆန်စွာ ၊ လေးလေးပင်ပင် ထိုင်းထိုင်းမှိုင်းမှိုင်း မရှိလှပါ။ သို့ တိုင် ပေါ့ပေါ့တန် တန် ဖတ်ရမည့် ပေါ်ပင်စာအုပ်မျိုးမဟုတ်ပါ။ စာကြောင်းတိုင်း စာလုံးတိုင်းတွင် အရေး ကြီး ပညာရပ်များ နှင့် စပ်လျဉ်း၍ ၊ အရေး အပါဆုံး ပညာရှင်များ ၏ အမြင်သဘောထားနှင့် ကောက်ချက်များ ပါဝင်နေသဖြင့် အလေးထား စဉ်းစားရမည့်  ပြဿနာများ ဖြစ်သည်ဟု ယုံကြည်မိပါသည်။ ထို့ကြောင့် လည်း ဤစာအုပ်ကို `အတွေးအမြင်´မဂ္ဂဇင်းတွင် (၃)နှစ် တိုင် တိုင် ဂရုစိုက် အချိန်ယူကာ ဘာသာပြန်တင်ပြခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က မိတ်ဆွေကဗျာဆရာ စိုးမြင့်သိန်း ထောင်တွင်းမှာ ရေး ဖွဲ့ခဲ့သည့် ကဗျာတစ်ပုဒ်၏ ခေါင်းစီး ဖြစ်သော `ပိုက်ကွန်ထဲမှ ငှက် တစ်အုပ်´အမည် ဖြင့် ရေး သားခဲ့ခြင်း ဖြစ်ပါသည်။ သို့ တိုင် ဒဿနပါရမီရှင်ကြီး ၀စ်ဂင်းစတိုင်း ကိုယ် တိုင်ကလည်း-
``အချင်းချင်းဆွေးနွေးငြင်းခုံနေကြတဲ့ ဒဿနပညာရှင်တွေ ဆိုတာကလည်း ပုလင်းထဲက ထွက်ခွင့်ရဖို့အတွက် ဖောက်ထွင်းမြင်နေရတာ ကို ပုလင်းနံရံမှန်းမသိဘဲအတင်းတိုးဝှေ့ ရုန်းကန်နေကြတာပါ။ တကယ်က ဒီပုလင်း အဖုံးမရှိဘူး ဆိုတာကို သူတို့မသိခဲ့ကြရှာပါဘူး´´
ဟုမှတ်ချက်ချခဲ့၏ ။ ၀င်ဂင်းစတိုင်၏ ထိုမှတ်ချက်ကြောင့် ပင်-ဤစာအုပ်၏ ခေါင်းစဉ်ကို စာရေး ဆရာ ဗက်မေထာက (The Fly and Fly Bottle) (ပုလင်းထဲကယင်ကောင်များ ) ခေါင်းစီးပေးခဲ့ခြင်း ဖြစ် ပါသည်။
ထို့ပြင်ဤစာအုပ်မှာ ပညာရပ်တစ်ခုအကြောင်း ပညာရှင်များ ၀ိုင်းဝန်းဆွေးနွေးငြင်းခုံထား ကြခြင်းအဟုတ်ပါ။ သမိုင်းနှင့် ဒဿ နဆိုသည့် ပညာရပ်နယ်ပယ်အကြောင်းကို သက်ဆိုင်ရာ ပညာ ရှင်များ က သီးခြားစီ ဆွေးနွေးငြင်းခုံခဲ့ကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဤစာအုပ်တွင် ဒဿ နပညာ ရပ်ဆိုင်ရာ ပြဿ နာများ ကို ဒဿ နပညာရှင်များ ဆွေးနွေးငြင်းခုံသည့် အပိုင်းနှင့် သမိုင်းပြဿ နာ များ ကို သမိုင်းပညာရှင်များ ဆွေးနွေးငြင်းခုံသည့် အပိုင်းဟူ၍ သီးခြားပညာရပ်နှစ် မျိုးကို နှစ် ပိုင်း ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ ၎င်းတို့ကို သီးခြား စာအုပ်တစ်အုပ်စီအ ဖြစ် ခွဲခြားထုတ်ဝေလျှင်လည်း စာရေး ဆရာဗက်မေထာ ၏ ဆန္ဒကို ချိုးဖောက်ရာ ရောက်သွားနိုင်ပါသည်။ ထို့ကြောင့် စာအုပ်ထဲမှာ ပင် ပညာရပ်ဆိုင်ရာ ဆွေးနွေးငြင်းခုံမှု (၂)မျိုးကို ခေါင်းစီး(၂)မျိုးခွဲ၍ တင်ပြလိုက်ခြင်း ဖြစ်ပါသည်။
အပိုင်း (၁) ဒဿ နပညာနှင့် ငြင်းခုံခြင်း
အပိုင်း (၂) သမိုင်းနှင့် ငြင်းခုံခြင်း
မည် သို့ ပင် ဖြစ်စေ ဤ`ပုလင်းထဲမှ ယင်ကောင်များ ´ စာအုပ်မှာ ဒဿ နစာအုပ်သက် သက် မဟုတ်သကဲ့သို့ သမိုင်းအချက်အလက်များ ဆိုင်ရာ စာအုပ်လည်း မဟုတ်ပါ။ ဒဿ နပညာ အကြောင်း ပြောဆိုဆွေးနွေးရာတွင် သမိုင်းကြောင်းပါသကဲ့သို့ သမိုင်းအကြောင်း ပြောဆိုဆွေး နွေးရာ၌ ဒဿ နပညာပါသည့် `သမိုင်းဒဿ န´ စာအုပ်တစ်အုပ်ပင် ဖြစ်ပါသည်။
သန်းစိုးနိုင်
၂၅-၁၀-၂၀၁၂
ဝန်ခံချက်-
- ဝေဖန်ရေး ကိုငြင်းပယ်ခြင်း၏ ဒဿ နလေပြင်းများ
- သမိုင်းနှင့် ငြင်းခုံခြင်း
- ရုပ်သံလှိုင်းပေါ် မှ သမိုင်းငြင်းခုံပွဲ
- ကိန်းဘရစ်နှင့် အောက်စဖို့ဒ်ကြားမှ သမိုင်းသရဖူလုပွဲများ
ဆောင်းပါး (၄)ပုဒ်ကို “ပညာရှင်များ နှင့် ငြင်းခုံခြင်း”စာအုပ်တွင် ဖော်ပြခဲ့ဖူးပါ သည်။
၁။ ဝေဖန်ရေး ကို ငြင်းပယ်ခြင်း၏ ဒဿနလေပြင်းများ
၂။ ဆေးတံတစ်လက်၊ ၀ိုင်နီတစ်ခွက်နင့် ဒဿ နအမြည်းများ
၃။ ဒဿနရှာပုံတော် အဖွင့်
၎။ ဘာထရန်ရပ်ဆယ်၏ ဒဿနပညာလမ်းခွဲ
၅။ ကိုယ်ကျင့်ပညာဘာသာဗေဒ ဒဿနဆရာ
၆။ ဖြစ်တည်မှု ဒဿနဆရာမ ၏ စာပေဘဝ
၇။ ဘာသာဗေဒ ဒဿနကို ဦးစွာ လမ်းပြခဲ့သူ
၈။ ဘာသာဗေဒ ဒဿနခရီးစဉ်မှ ဂန္ထ၀င်သံသရာ
၉။ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ လက်ဝဲ၀ါဒီ ပါမောက္ခတစ်ဦး
၁၀။ ၀စ်ဂန်စတိုင်း၏ ဒဿနကောက်ကြောင်းများ
စာရေး ဆရာ ဗက်မေထာ၏ `ပုလင်းထဲကယင်ကောင်များ ´ စာအုပ်သည်(၁၉၆၀) ခုနှစ် ၀န်ကျင်က အောက်စ်ဖို့ဒ် တက္ကသိုလ် ဒဿနပညာရှင်များ လောကတွင် စတင်သန္ဓေတည် အသက်ဝင်လှုပ်ရှားလာခဲ့သည့် `ဒဿနတော် လှန်ရေး ´ တစ်ရပ်အကြောင်း ခြေရာကောက်ကာ ရှင်းပြထားခြင်း ဖြစ်ပါသည်။ အဆိုပါဒဿနရေး ရာ တော် လှန်ရေး ကြီး ဖြစ်ပေါ်လာစေရန် အဓိက တွန်းတင်ပေးသူမှာ ဆရာကြီးဘာထရန်ရပ်ဆယ်(Bertrand Russel)နှင့်  ဒဿနပညာ ပါရမီးရှင် ကြီးဝစ်ဂင်းစတိုင်း (Wittgenstein)တို့နှစ် ဦးပင် ဖြစ်ကြသည်။ အဆိုပါ အောက်စ်ဖို့ဒ်ပရ၀ုဏ်အ တွင်း ပေါ်ပေါက်ခဲ့သည့် ဒဿနရေး ရာ တော် လှန်ပြောင်းလဲမှု များ မှာ (၂၀)ရာစုနောက်ပိုင်းနှင့် (၂၁) ရာစုနှစ် ဦးပိုင်းတို့တွင် လွှမ်းမိုးကျယ်ပြန့်လာသည့် ပို့စ်မောဒန် အယူအဆများ ကို မွေးဖွားပေးခဲ့သည့် ဒဿနရေး ရာ ၀မ်းဆွဲလက်သည်ကြီးများ ပင် ဖြစ်သည်။ ထိုခေတ်ကာလရှိ ဒဿနရေး ရာတော် လှန် ရေး ကြီး၏ အခြေခံများ ကို ကောင်းစွာ နားမလည်လျှင် ပို့စ်မော်ဒန် သီဝရီများ ၏ ဖြစ်ပေါ်တိုးပွားမှု ဖြစ် စဉ်နှင့် အခြေခံသဘာဝကို နားလည်ရန် အခက်အခဲရှိနိုင်ပါသည်။ ထို့ကြောင့် ဗက်မေထာ၏ ပုလင်းထဲမှ ယင်ကောင်များ စာအုပ်ကို ပို့စ်မော်ဒန်ဒဿနစိတ်ဝင်စားသူများ နှင့် (၂၁)ရာစု ဒဿန ပညာရောက်ရှိနေသည့် အနေအထားကို သိလိုသူများ အတွက် မိတ်ဆက်ပေးလိုက် ခြင်း ဖြစ်ပါသည် သို့သော် ဤစာအုပ်သည် ပို့စ်မော်ဒန်သီဝရီအတွက် အဖွင့်ဋီကာကျမ်း မဟုတ်ပါ။ ပို့စ်မော်ဒန်သီဝရီ များ ကို မွေးထုတ်ပေးလိုက် သည့် ဒဿနရေး ရာခေါင်းကိုင်ဖခင်(God father) ဖြစ်သည့် ဘာသာ ဗေဒ ဒဿန(Lan-guistic Philosophy) ဆိုင်ရာ အခြေခံဆွေးနွေးငြင်းခုံမှု များ အကြောင်း မိတ် ဆက်ပေးခြင်း ဖြစ်သည်။
ထို့ကြောင့် ပုလင်းထဲကယင်ကောင်များ စအုပ်ကို ဘာသာဗေဒ ဒဿနပညာရှင်တစ်ဦး ဖြစ် သော ဂျယ်လ်နာ(E.Gellner)၏ “Words and Thing”စာအုပ်အပေါ် ဗြိတိသျှပညာရှင်များ ကြား ဆွေးနွေးငြင်းခုံပွဲကြီး တစ်ရပ်ဖြင့် စတင်ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ထို့နောက်မှ ဆရာကြီးဘာထ ရန်ရဆယ်၏ သဘောထားအမြင် ကောက်ချက်များ နှင့် သရဖူး ရယူသွားပုံများ ဖော်ပြထား၏ ။ စင် စစ်အားဖြင့် ဂျယ်နာသည် သူ၏ စကားလုံးများ ဆိုင်ရာ ဒဿနဗေဒ အယူအဆကို သူ၏ ဆရာ ကွယ်လွန်သူ ပါမောက္ခအော်စတင်ထံမှ ရယူခဲ့ခြင်း ဖြစ်သည်။ ပါမောက်က္ခအော်စတင်းမှာ ဘာသာ ဗေဒ ဒဿနသီးအိုရီများ ရေး သား ထုတ်လုပ်ခဲ့သူ မဟုတ်သည့်တိုင် ဒဿနပညာရှင်လောကတွင် စကားလုံးများ ၏ ဖွဲ့စည်းပုံဆိုင်ရာ အရေး ပါမှု ကို ပထမဆုံးသုတေသနပြု ဆွေးနွေးတင်ပြခဲ့သူ ဖြစ်၏ တစ်နည်းပြောရလျှင် ဘာသာဗေဒပညာရပ်မှ ဒဿနအယူအဆများ ပထမဆုံးရှာဖွေတည်ဆောက် နိုင်ရန် ကြိုးပမ်းခဲ့သည့် ဘာသာဗေဒဒဿန၏ ဖခင်အစစ်ပင် ဖြစ်သည်။ ပါမောက္ခ ဟမ်းရှိုင်းယား၊ အေယာ၊ စထရော်ဆင် စသူတို့မှာ ပါမောက္ခအော်စတင် စတင်ဖောက်လုပ်ခဲ့သည့်လမ်းကို ဆက်လက် လိုက်ပါခဲ့ကြသူများ ဖြစ်၏ ။ ဒဿနပညာပါရမီရှင်ကြီး ၀စ်ဂင်းစတိုင်းကမူ ဆင်ခြင်တုံတရား နှင့် ယုတ္တိဗေဒကို ဗဟိုပြုခုတ်မောင်းလာခဲ့သည့် ဒဿနပညာ၏ သမိုင်းလမ်းကြောင်းကို ပြောင်းလဲ ပစ်ခဲ့သူ ဖြစ်၏ ။ တစ်ချိန်တည်းတွင် ဘာသာဗေဒ၊ ဒဿနသရဖူကိုဆောင်းကာ ပို့စ်မော်ဒန်အယူ အဆများ အတွက် အုတ်မြစ်ချပေးခဲ့သူလည်း ဖြစ်သည်။ သို့ ဖြင့် `ပုလင်းထဲက ယင်ကောင်များ ´ အကြောင်းကို နားမည် လျှင် ၂၁ ရာစု ပို့စ်မော်ဒန်ဝါဒကိုလည်း နားလည်မည် မဟုတ်ပေ။
၂၀ ရာစုအဆုံးပိုင်းနှစ် ကာလများ သည် အနောက်တိုင်းဒဿနနယ်ပယ်တွင် `ပို့စ်မော်ဒန်´ သီဝရီအယူအဆများ လွှမ်းမိုးကျယ်ပြန့်ခဲ့သော အချိန်များ ပင် ဖြစ်ပေသည်။ ပို့စ်မော်ဒန်အယူအဆ ဆိုင်ရာစကားလုံးကို တစ်ဆုံတစ်ရာ နားလည်းသုံးနှုန်းနိုင်စွမ်းမရှိလျှင်ပင် ဒဿန နယ်ပယ်တွင် လူရာမ၀င်သကဲ့သို့ ဖြစ်နေတော့သည်။ ၁၉ ရာစုမှ ၂၀ ရာစုအလယ်ပိုင်းအထိ တွင် ကျယ်လွှမ်းမိုး ခဲ့ သော မာ့က်စ်ဝါဒ၏ အရှိန်အ၀ါမျိုးကို ၂၀ ရာစုနောက်ပိုင်းတွင် ပို့စ်မော်ဒန်ဝါဒက ရယူစိုးမိုးနိုင်ခဲ့ ခြင်း ဖြစ်သည်။ သို့ သော်ပို့စ်မော်ဒန်သီဝရီဆိုသည်မှာ မည် သို့ နည်းဆိုသော်မေးခွန်းကို မေးလျှင်မူ `တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း´အဆိုစကားကဲ့သို့ အမျိုးမျိုးကွဲပြားခြားနားနေကြ ပေလိမ့်မည် ။ အကြောင်းမူ ပို့စ်မော်ဒန်ဝါဒ၏ အခြေခံအတွင်းသဘောအ ဖြစ် ၎င်း၏ အနှစ် သာရကို စုစည်းပုံဖော်ရန် ကြိုးပမ်းမှု မှန်သမျှမှာ အငြင်းပွားဖွယ်ရာ များ နှင့် သာ ဇာတ်သိမ်းခဲ့ရသည်ချည်း ဖြစ် ပေသည်။
စင်စစ်အားဖြင့် ပို့စ်မော်ဒန်အယူအဆများ သည် ၆၀ ခုနှစ် မတိုင်မီ အောက်စ်ဖို့ဒ်တက္ကသိုလ် ဒဿနဆရာများ ဦးဆောင်လှုပ်ရှားခဲ့သည့် အတွေးအခေါ် တော် လှန်ရေး ၏ အထွက်ပစ္စည်းများ ပင် ဖြစ်ကြပေသည်။ အဆိုပါလှုပ်ရှားမူ၏ ခေါင်းဆောင်ဟု ဆိုရမည့်  ဘာထရန်ရပ်ဆယ်၏ “Logical Atmism”(ယုတ္တိဗေဒဆိုင်ရာ အက်တမ်ဝါဒ)ဟောပြောချက်တွင် စတင်၍ လက်ရှိဆက်ဆံပြောဆို နေကြသည့် စကားလုံးများ ၏ အထုံးအဖွဲ့တည်ဆောက်ပုံများ ကို ပြန်လည်သုံးသပ်စစ်ဆေးရန် လှုံ့ဆော်တိုက်တွန်းခဲ့သည်။ ထိုမှ ဒဿနဆရာကြီးဝှိုက်ဟက်(White Head)နှင့် ပူးပေါင်းကာ “principia Mathemetice“အမည် ဖြင့် `သချာင်္ဒဿန´ ကျမ်းကြီးကို ပြုစုခဲ့ပြန်သည်။ ထိုကျမ်းဖြင့် `သင်္ချာယုတ္တိဗေဒ´သည် ကမ္ဘာလောကကြီး၏ `ယုတ္တိဗေဒ-ဒဿန´နှင့် အတူတူပင် ဖြစ်ကြောင်း သက်သေထူခဲ့၏ ။ တစ်နည်းဆိုရလျှင်`ယုတ္တိဗေဒဒဿန´ထဲမှ အက္ခရာစကားလုံး(Words)များ ကို သင်္ချာကိန်းဂဏန်းများ ဖြင့် ညီမျှခြင်းထိုးပေးခဲ့ခြင်း ဖြစ်သည်။ သို့ ဖြင့် အစဉ်အလာဒဿနိက ပညာ ရပ်၏ အခြေခံတွန်းအား ဖြစ်သော ယုတ္တိဗေဒ၏ အခန်းနန်းကျလာခဲ့ရပြီး စကားလုံးများ ၊ ကိန်းဂဏန်း များ က ဒဿနရာဇပလ္လင်ကို သိမ်းပိုက်လိုက်ြ ကတော့သည်။
-ဤမှာ ပင် စကားလုံး-ပဟေဠိများ ကို စွဲစွဲမြဲမြဲ သုံးသပ်စိတ်ဖြာ အဖြေညှိမည့်  ဒဿ နပါမောက္ခတစ်ဦး အောက်စ်ဖို့ဒ်ဒဿနလောကတွင် ပေါ်ပေါက်လာခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ ပါမောက္ခ အော်စတင်(Austin)ပင် ဖြစ်၏ ။ ပါမောက္ခ အော်စတင်တွင် ရှုးသွပ်မှု (၂)မျိုးရှိ၏ ။ ပထမတစ်မျိုးမှာ ရပ်ဆယ်မှအပ ဖြစ်သော ခေတ်ပြိုင်ဒဿနဆရာများ ၏ အယူအဆများ ကို အရူးအမူးဝေဖန် တိုက် ခိုက်တတ်ခြင်း ဖြစ်၏ ။ နောက်တစ်မျိုးမှာ ဘာသာဗေဒရူးရူးနေသူ ဖြစ်၏ ။ သူ့ထံတွင် မရှိသော `သဒ္ဒါ စာအုပ်(Grammer)ဟူ၍ မရှိသကဲ့သို့ သူ့ထံတွင် မရှိသော အဘိဓာန်ကျမ်း (Dicitonary)ဟူ၍ လည်းမရှိပေ။ သူသည် စကားလုံးများ ကို ပိုးမွှားပညာရှင်တစ်ဦးကဲ့သို့ အစဉ်အမြဲအမျိုးအစားခွဲ၊ အုပ်စုခွဲ၊ အတန်းအစားခွဲ လုပ်နေသူ ဖြစ်သဖြင့် ဘာသာဗေဒပညာနှင့် စကားလုံးများ ၏ ဖွဲ့စည်းပုံ အကြောင်း သူ့လောက်ကျွမ်းကျင်သူပညာရှင်ဟူ၍ မရှိခဲ့ဘူးပေ။ သူ၏ “How Dog Becomes God”ဟောပြောချက်ကြောင့် အောက်စ်စဖို့ဒ်ပညာရှင်လောကတွင် ဘာသာဗေဒ၊ ငလျင်ကြီး လှုပ် သွားခဲ့ရသည်။ သူ၏ စကားလုံးများ ဆိုင်ရာ ဘာသာဗေဒ၊ ဒဿနလေ့လာချက်များ နောက်သို့ ဒဿနစိတ်ဝင်စားသူ ကျောင်းသား ကျောင်းသူများ စွာ တို့ ကောက်ကောက်ပါအောင် လိုက်သွားကြ ၏ ။ စင်စစ်အားဖြင့် ပါမောက္ခအော်စတင်သည်လည်း ၀စ်ဂင်းစတိုင်းကဲ့သို့ ပင် ပါရမီရှင်တစ်ဦး ဖြစ်၏ သို့ သော် ၀စ်ဂင်းစတိုင်းလောက် ထင်ရှားလူသိများ ခြင်းမရှိခဲ့။ အကြောင်းတစ်ချက်မှာ ငယ်ငယ်ရွယ် ရွယ် အသက်(၄၀)ကျော်ခန့်မှာ ပင် ကင်ဆာ ရောဂါ ဖြင့် ကွယ်လွန်ခဲ့ရှာသူ ဖြစ်၏ ။ ထိုပြင် ပါမောက္ခ အော်စတင်းတွင် ဟောပြောထားချက်များ သာရှိ၍ သူကိုယ်တိုင် ပြုစုထားသည့် ဒဿနကျမ်းဟူ၍ တစ်အုပ်မျှမရှိခဲ့ပေ။ မည် သို့ ပင်ဆိုစေ ပါမောက္ခအော်စတင်သည် ဘာသာဗေဒ ဒဿနပညာကို စတင်အုတ်မြစ်ချ ခဲ့သူပင် ဖြစ်သည်။
ယင်းသို့ ပါမောက္ခအော်စတင် စိုက်ပျိုးခဲ့သော ဘာသာဗေဒ ဒဿနပျိုးပင်ကို ရှင်သန်ကြီး ပြင်းအောင် ရေလောင်းပေါင်းသင်ပေးခဲ့သူမှာ ပညာပါရမီရှင် ၀စ်ဂင်းစတိုင်း ပင် ဖြစ်သည်။ ၀စ်ဂင်း စတိုင်းက လူ့အဖွဲ့အစည်းကြီး စည်ပင်ထွန်းကားလာခြင်း၏ အခြေခံအကြောင်းရင်းမှာ ဘာသာ စကားဖွံ့ဖြိုးတိုးတက်လာမှု ကြောင့် ဖြစ်၏ ။ ကမ္ဘာပေါ်တွင် လူသည် ဘာသာစကားသုံးစွဲနိုင်သည့် တစ်မျိုးတည်းသော သတ္တ၀ါ ဖြစ်၏ ။ လူတို့ကမ္ဘာကြီးကို ပုံဖော်နားလည်းလာနိုင်ခြင်းမှာ ဆင်ခြင်းတုံ တရားနှင့် ယုတ္တိဗေဒကြောင့် မဟုတ်။ ဘာသာစကားအခြေခံဖြင့် သာ ဖြစ်၏ ။ ဘာသာစကားမရှိလျှင် အသိဥာဏ်လင်းပွင့်ရာ ပညာဆိုသည်လည်း မရှိနိုင်ပေဟု ဆိုခဲ့သည်။ သို့ ဖြင့် ၁၉၂၁ ခုတွင် သူရေး သား ထုတ်ဝေခဲ့သည့် “Tractatus”ဒဿနကျမ်းတွင် `ယခုအခါ ဆင်ခြင်တုံ တရားနှင့် ယုတ္တိဗေဒ စနစ် အခြေခံပေါ်တွင် ရှင်သန်ခဲ့သော ဒဿနပညာသည် သေဆုံးခဲ့လေပြီ´ဟုအတိအလင်း ကြေ ညာခဲ့ခြင်း ဖြစ်ပေသည်။ သို့ တိုင်”Tractatus”ကျမ်းမှာ သူ့ဆရာဘာထရန်ရပ်ဆယ် လျှောက်ခဲ့သည့် လမ်းကို တိုးချဲ့ဆက်လျှောက်ခဲ့ခြင်းမျှသာ ဖြစ်၏ ။ ၁၉၅၃ ခုနှစ် တွင် ထုတ်ဝေခဲ့သော Philosophical lnvestigation(ဒဿနရေး ရာ စူးစမ်းလေ့လာချက်များ )ကျမ်း ရေး သားချိန်ရောက်မှသာ ရပ်ဆယ် ၏ အရိပ်အောက်မှ လုံးဝရုန်းထွက်ကာ`၀စ်ဂင်းစတိုင်း ဒဿန´ကို ပီပြင်စွာ ထူထောင်နိုင်ခဲ့ခြင်း ဖြစ် သည်။ ဤကျမ်းတွင် ဆရာကြီးရပ်ဆယ်နှင့် ကတ္တီပါလမ်းခွဲခဲ့ရသကဲ့သို့ သူ၏ `Tractatus´ကျမ်း နှင့် လည်း ဒဿနရေး ရာအယူအဆအရ လမ်းခွဲလိုက်ရတော့သည်။ အသိပညာ၏ အခြေခံကို သိပံ္ပ ပညာမှာ ရှာဖွေနေခြင်းသည် အချည်းအနှီးပင် ဖြစ်၏ ။ အသိပညာ၏ အခြေခံကို စကားလုံးများ နှင့် ဖွဲ့ တည်ထားသည့် ဘာသာဗေဒအဆောက် အအုံတွင် ရှာဖွေရမည် ဟု လမ်းညွန်ခဲ့ပေးသည်။ ၀စ်ဂင်း စတိုင်းက
`ဒဿနပညာအနေနဲ့ ကမ္ဘာကြီးကို အဓိပ္ပာယ်ဖွင့်ဖို့ မကြိုးစားပါနဲ့။ သူ့အတိုင်း သူသာ ထားလိုက်ပါ။ သိမြင်နားလည်မှု ဆိုတာ တစ်ယောက် နဲ့ တစ်ယောက် မတူနိုင်သလို တစ်ချိန်နဲ့တစ်ချိန် တူမှာ မဟုတ်ဘူး။ ဒါကြောင့် အပြောင်းအလဲတွေ ရှိနေမှာ ပဲ။ တကယ်က ဒဿနပညာရဲ့ ကမ္ဘာကြီးအပေါ် သိမြင်နားလည်မှု တွေ သာ ပြောင်းလဲနေတာပါ။ ကမ္ဘာကြီး ကို ဒဿနပညာက မပြောင်းလဲနိုင်ဘူး။ အလားတူ စကားလုံးတွေ ၊ ဘာသာစကားတွေ ကို လည်း မပြောင်းလဲနိုင်ဘူး။ ဒီမပြောင်းလဲနိုင်တဲ့ ဘာသာစကားအဆောက်အအုံထဲမှာ သာ ဒဿနများ ကို ရှာဖွေပါ´
ဟု ရှင်းပြခဲ့ပေသည်။ ဤသို့ ဖြစ် ဒဿနပညာ၏ အမှန်တရားရှာဖွေရေး နှင့် ကမ္ဘာကြီးကို အဓိပ္ပာယ် ဖွင့်ဆိုရေး ဦးတည်ချက်များ ကို ၀စ်ဂင်းစတိုင်းက ဘာသာဗေဒအဆောက်အအုံဆီသို့ လမ်းလွှဲ ပေး လိုက်လေတော့သည်။
သို့ တိုင် ၀စ်ဂင်စတိုင်း ပြုစုပျိုးထောင်ခဲ့သည့် `ဘာသာဗေဒ-ဒဿန´ သစ်ပင်သည် အင်္ဂ လန်ကျွန်းမြေပေါ်တွင် မဝေဆာခဲ့။ အတ္တလန္တိတ်တစ်ဖက်ကမ်းရှိ ပြင်သစ်ပြည်တွင် `Structutalis m´ (ဘာသာဗေဒအဆောက်အအုံဝါဒ) အမည် ဖြင့် ပွင့်ဖူးဝေဆာခဲ့ပေသည်။ ပြင်သစ်ဘာသာဗေဒ ဒဿနဆရာ ဆောဆား (Ferdinan De Saussere)နှင့် စထရပ်စ် (Claude Levi Strauss)က Str ucturalism တွင် တစ်ခုတည်းသော အခြေခံမူဟူ၍ မရှိသကဲ့သို့ လွှမ်းမိုးခြယ်လှယ်မည့်  အာဏာ ပိုင်မရှိစေရ။ လူတစ်ဦးချင်း၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အခြေခံသည့် အတ္တဗဟိုပြုဒဿနများ (Existantialsm အပါအ၀င်)ကို ဆန့်ကျင်ဝေဖန်ခဲ့ကြပေသည်။ ၁၉၆၀ ခုနှစ် များ သို့ ရောက်သည့် အခါ Structuralism ကို ပြင်သစ်ဒဿနမျိုးဆက်သစ်တို့က Post Structuralism အ ဖြစ် တိုးချဲ့ တည်ဆောက်ခဲ့ကြ၏ ။ အဆိုပါဒဿနမျိုးဆက်တို့က ရှေ့တန်းရောက်ပုဂ္ဂိုလ်များ အ ဖြစ် ဒီလုဇ် (Gilles Deluze) ဒါရီးဒါး(J.Derrida)၊ ဖူးကိုး(M.Focault)၊ လီယိုတာ(Jean F.Leotard)တို့ ပါဝင်ခဲ့ ကြ၏ ။ ၎င်းတို့က ခေတ်သစ်အနောက်တိုင်း ဥာဏ်လင်းပွင့်မှု အသီးအပွင့်များ ဖြစ်သော မာ့က်စ်ဝါဒ၊ ဖြစ်တည်မှု ပဓာန၀ါဒ၊ Phenomenology ဒဿနတို့ကို ဝေဖန် မှော က်လှန်ပစ်ခဲ့ကြ၏ ။ ဆင်ခြင်တုံ တရားနှင့် ယုတ္တိဗေဒကို အခြေပြုပေါင်းစပ်ထားသည့် Logical Positivism ဒဿနကိုလည်း မြေ လှန်ပစ်ခဲ့ကြပေသည်။ ကမ္ဘာကြီး၏ အစစ်အမှန်သရုပ်ကို ပုံဖော်နိုင်သည့် စကားလုံးမရှိဟူ၍ လည်း ကြွေးကြော်ခဲ့ကြပေသည်။ နောက်ဆုံးအစစ်အမှန်တရား (Truth)ဆိုသည်ကို အပြည့်အစုံ ပုံဖော်စ ရာ စကားလုံးမရှိသော ဒဿနနယ်ပယ်တွင် အမှန်တရားကို ပုံဖော်ရှာဖွေနေရန် မလိုတော့ဟူ၍ ယူဆခဲ့ကြပေသည်။ ယခုအခါ ဘာသာဗေဒ ဒဿနမှ မြစ်ဖျားခံစီးဆင်းခဲ့သည့် Struturalism, Post-Structuralism ဒဿနရေး စီးကြောင်းတို့သည် ပို့စ် မော်ဒန်ဝါဒ Post-Modernism မြစ်ထဲ သို့ စီးဝင်ပူးပေါင်းကာ သမုဒ္ဒရာအနှံ့ ဖြန့်ကျက်လျက် ရှိနေတော့သည်။
၂၀ ရာစုနှောင်းပိုင်းနှင့် ၂၁ ရာစုခေတ်ဦးကို နည်းပညာတော် လှန်ရေး များ ၏ ခေတ်ကာလ ဟုဆိုကြသည်။ ဤခေတ်၏ ထူးခြားပေါ်လွင်သည့် လက္ခဏာနှစ် ရပ်မှာ အပြောင်းအလဲများ ပြားခြင်း နှင့် အရှိန်အဟုန်မြန်ဆန်ခြင်း ဖြစ်သည်ဟုလည်း ဆိုကြ၏ ။ လယ်ယာမှစက်မှု စက်မှု မှနည်းပညာ မြင့်သို့ ပြောင်းလဲနေသကဲ့သို့ ကျေးလက်ခေတ်မှ မြို့ပြခေတ်၊ ယခုအခါ မဟာမြို့ပြခေတ်ကြီး (Megacity)သို့လည်း ပြောင်းလဲလျက်ရှိသည်။ ဤသည်တို့နှင့် တစ်ချိန်တည်းတွင် လူသား၏ နှုန်းစံ တန်ဖိုးများ ၊ လူသား၏ ယုံကြည်မှု များ လူမှု ဖွဲ့စည်းပုံနှင့် လူ့အဖွဲ့အစည်း၏ သဏ္ဌန်များ အလုံးစုံတို့ သည် ပြောင်းလဲနေကြလေပြီ။ အလားတူ ဒဿနရေစီးကြောင်းသည်လည်း ပြောင်းလဲလျက်ရှိ သည်။ သိုသော် ဒဿနသဘောအရ အပြောင်အလဲတိုင်းသည် တိုးတက်မှု ချည်းမဟုတ်သကဲ့သို့ ဆုတ်ယုတ်မှု လည်း ရှိနိုင်၏ ။ အကောင်းချည်းမ ဖြစ်နိုင် သကဲ့သို့ အဆိုးဘက်လည်း ဖြစ်နိုင်၏ ။ အပြု သဘောနှင့် အဖျက်သဘောတို့ကို ခွဲခြား၍ အပြုသဘောကြီးထွားပြီး အဖျက်သဘောပါးလျား အောင် ပြုလုပ်ကြရပေမည် ။
သို့ သော် ယခုအခါ အဟောင်းမှန်သမျှ ပစ်ပယ်၍ အသစ်မှန်သမျှကို အကောင်းအဆိုးခွဲ ခြားခြင်းမရှိဘဲ ဖက်တွယ်နေကြချိန် ဖြစ်ပေသည်။ ယခုအခါ လူသား၏ ဘ၀တည်ရှိမှု နှင့် ဘ၀အဓိပ္ပါ ယ်တို့သည် ဘာမျှအရေး မပါတော့ပေ။ ကျင့်ဝတ်၊ နှုန်း၊ စံ၊ တန်ဖိုး ဆိုသည်များ မှာ လည် ဘုရားရှိခိုး ကျောင်းနှင့် ဓမ္မဆရာ၏ နှုတ်ဖျားတွင် သာ ရှိပေတော့သည်။ ကမ္ဘာကြီးကိုအရှိန်အဟုန်နှင့် ပြောင်း လဲပစ်နေသော သိပံ္ပနည်းပညာအောက်တွင် လူ့လောကကြီးထဲ၌ သေချာရေရာမှု (Certainity) သည်လည်းပျောက်ဆုံးနေလေသည်။ ယင်းသို့ သေချာရေရာမှု ပျောက်ဆုံးနေသော ကမ္ဘာကြီးတွင် ဆင်ခြင်တုံတရားနှင့် ယုတ္တိဗေဒဆိုသည်မှာ လည်း ဒဿနပညာရှင်တို့၏ စစ်တုရင်းခုံပေါ်မှ နယ်ရုပ် များ အ ဖြစ်သာ ရှိနေပေတော့သည်။ ဒဿနပညာသည် သူ၏ အခြေခံဦးတည်ချက် ဖြစ်သော အမှန် တရားရှာဖွေရေး ပန်းတိုင် ပျောက်ဆုံးသွားခဲ့ရသကဲ့သို့ ဒဿန ပညာရှင်သန်စိးဆင်းရေး ၏ အသက် သွေးကြော ဖြစ်သော ကမ္ဘာလောကကြီးကို အဓိပ္ပါယ်ဖွင့်ဆိုရေး လုပ်ငန်းကိုလည်း လုပ်ကိုင်နိုင်စွမ်း မရှိတော့ချေ။ ယင်းသို့ အခြေခံဦးတည်ချက်နှင့် မြင့်မြတ်သော လုပ်ငန်းတာဝန်တို့ကို စွန့်ခွာရချိန်မှ စ၍ မျက်မှော က်ခေတ်ဒဿနသစ်ပင်၏ စိမ်းလန်းသော အိမ်မက်များ ပျောက်ဆုံး ကာ အသက်ငင် လျက် ရှိပေသည်။ ထို့ကြောင့် ပင်-
ဒဿနပညာသည် လူ့အဖွဲ့အစည်းတွင် တန်ဖိုးမဲ့ကာ အသုံးမတည့်တော့ပြီလော။
ကဗျာက ကျွန်တော် တို့ မျက်စိလျှမ်းသွားသဖြင့် မမြင်လိုက်သော လောကအလှတရားကို ပုံဖော်ရေး ဖွဲ့ပြခြင်း ဖြစ်သည်ဆိုပါလျှင် ဒဿနပညာက ရုပ်ဘ၀ ချမ်းသာကြွယ်ဝမှု ကြောင့် ဖိတ်လျှံလျော့ ကျနေသည့် ကမ္ဘာကြီး၏ စိတ်ပိုင်းဘ၀ကို ဆင်ခြင်တုံတရားနှင့် ယုတ္တိဗေဒတို့ဖြင့် ဥာဏ်ပညာ(Wis dom)ကို ထူထောင်တည်ဆောက်ပါလိမ့်မည် ။ သုတပညာသည် စွမ်းအား ဖြစ်၍ ဥာဏ်ပညာက လွတ်မြောက်မှု ဖြစ်ပါသည်။
ဝီလ်ဒူးရင့်(W.Durant)
ယနေ့ခေတ်သစ် လူ့အဖွဲ့အစည်းယဉ်ကျေးမှု ကြီးသည် အယူအဆလှိုင်းများ ဘောင်ဘင် ခတ်နေသော်လည်း ပင်မရေစီး ပျောက်ဆုံးနေချိန် ဖြစ်ပါသည်။ မျက်မှော က်ခေတ် သုတပညာသည် လည်း အချက်အလက်အုတ်ကျိုး အုပ်ပဲ့များ ၏ အစုအပုံမျှသာ ဖြစ်နေပြီး ပီပြင်သည့်အဆောက်အအုံ အ ဖြစ် ပုံပေါ်မလာခဲ့ပေ။ အကြောင်းရင်းမှာ ရုပ်ဝတ္ထုဖွံ့ဖြိုးမှု ခမ်းနားကြီးကျယ်လာသည်နှင့် အမျှ လူသား၏ ဦးတည်ချက် ပန်းတိုင်မှာ မှု န်ဝါးမှေးမှိန်လာသော ကြောင့် ပင် ဖြစ်ပါသည်။ ယနေ့ကမ္ဘာကြီး သည်မြင့်မာသော အရှိန်အဟုန်ဖြင့် လည်ပတ် လှုပ်ရှားနေသည်တိုင် ဘယ်သော င်တင်၍ ဘယ် ကမ်းဆိုက်မည် ကို မသိနိုင်သည့်အခြေအနေပင် ဖြစ်ပါသည်။ အာဏာ၊ အသပြာ၊ သေရည်သောက် သုံးထားသဖြင့် မူးယစ်ရီဝေနေသော သုတပညာသည် အစဉ်တစိုက် ထိန်းသိမ်းလာသည့် ယဉ်ကျေးမှု ဆိုင်ရာ နှုန်း၊ စံ၊ တန်ဖိုးများ အား`ဖျော်ဖြေရေး ´ခြများ စားနေသည်ကို သတိမထားမိ အောင် ဖြစ်နေတော့သည်။ ဤအနေအထားကို ဥာဏ်ပညာဖြင့် သာ ကယ်တင်ကုစားနိုင်ခြေ ရှိပေ လိမ့်မည် ။ ထို့ကြောင့် ဥာဏ်ပညာကို တည်ဆောက်ပေးခဲ့သည့် ဒဿနအစဉ်အလာကောင်းများ ကို ပြန်လည် ထိန်းသိမ်းမွေးမြူကြရပေလိမ့်မည် ။ အမှန်တရားရှာဖွေရေး ၊ ကမ္ဘာလောကကြီးကို အဓိပ္ပါ ယ်ဖွင့်ဆိုပေးနိုင်ရေး ၊ လူသား၏ ကောင်းမွန်မြင့်မြတ်သည့် အနာဂတ်ကို ညွှန်ပြရေး စသည့် ဒဿန ပညာအစဉ်အလာကောင်းများ ပြန်လည် တည်ထောင်နိုင်ရေး အတွက် ဒဿနပညာသည် စကား လုံး မဟေဠိဖွက်နေသည့် ဘာသာဗေဒ ၀ဲဂယက်မှ လွတ်မြောက်အောင် ရုန်းထွက်ကြရပေတော့ မည် ။
သန်းစိုးနိုင်
အခန်း(၂)
အောက်စဖို့ဒ်တက္ကသိုလ်၏ ပျော်ရွှင်ကြည်နူးဖွယ်ရာ နှစ် ကာလ များ ကို ကျွန်တော် ဖြတ်သန်းခဲ့ဖူးပါ သည်။ ထိုနှစ် ကာလအတွင်းက အင်္ဂလန်နိုင်ငံရှိ ပညာတတ်များ ၏ အခြေအနေကို နားလည်နိုင်ရန် အ တွက် အင်္ဂလိပ်သတင်းစာများ ကို ဖတ်ရလေ့ရှိပါသည်။ ကျွန်တော် ၏ အိမ်တွင် Guardian သတင်းစားများ ကိုသာ ပုံမှန်ဖတ်လေ့ရှိသည်။
သို့ သော် Times သတင်းစာ၏ ပေးစာကဏ္ဍကိုလည်း ကျွန်တော် အမြဲစောင့်ဖတ်လေ့ရှိသည်။ တိုင်းမ် သတင်းစာပါ ပေးစာကဏ္ဍ၏ ထူးခြားချက်မှာ စာရေး ဆရာများ ကိုယ်တိုင် ၎င်းတို့၏ စာဖတ် ပရိတ်သတ်ထံ တိုက်ရိုက်ရေး သား ခွင့်ပြုထားခြင်း ဖြစ်ပါသည်။ ဤပေးစာကဏ္ဍကို စောင့်ဖတ်ရခြင်းအားဖြင့် အင်္ဂလန်နိုင်ငံ၏ စာရေး ဆရာများ အချင်းချင်း လက်ဆွဲနှုတ်ဆက်နေကြပုံ၊ အပြန်အလှန် တံတွေးဖြင့် ထွေးနေကြပုံ၊ အကြီးအကျယ် လေပြင်းတိုက်ပွဲ ဆင်နေကြပုံများ ကို မြင်တွေ့ ရတတ်ပါ သည်။
၆၀ ခုနှစ် များ ၏ ဆောင်းဦးကာလနေ့တစ်နေ့။ တိုင်းမ် သတင်းစာ၏ ပေးစာအခန်းတွင် ဒဿနပညာရှင်ကြီး ဘာထရန်ရပ်ဆယ် (Bertrand Russell)၏ ပေးစာတစ်ဆောင် ပါလာခဲ့သည်။ ထိုပေးစာကို ``ဝေဖန်သုံးသပ်ရန် ငြင်းပယ်ခံရခြင်း´´ဟု ခေါင်းစီးတပ်ထား၏ ။ အဆိုပါခေါင်းစီး၏ အောက်တွင် ဆရာကြီးရပ်ဆယ်က ဤသို့ ရေး သားခဲ့၏ ။ ``မကြာခင်က အားနက်စ် ဂျယ်လ်နာ (E- rnest Gellner) ဟာ Words and Things ဆိုတဲ့ စာအုပ်တစ်အုပ် ရေး သားထုတ်ဝေခဲ့တယ်။ ဒီစာ အုပ်ကို ဒဿန အယူအဆတစ်ရပ်ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားတဲ့ စာတမ်းတစ်စောင်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။ ကျွန်တော့်  အမြင်ကိုလည်း ဒီစာအုပ်ရဲ့ အမှာ စာမှာ အတိအလင်း ဖော်ပြထားပါတယ်။
အခု ကျွန်တော် ထပ်ပြီးသိလာရတဲ့ အချက် ကတော့ မိုင်းဒ်(Mind) မဂ္ဂဇင်းကြီးရဲ့ အယ်ဒီ တာ ပါမောက္ခရိုင်းလ် (Prof: Ryle)က ဒီစာအုပ်အပေါ် ဝေဖန်သုံးသပ်ချက်ကို သူ့မဂ္ဂဇင်းထဲမှာ ဖော် ပြခွင့်ပြုရန် ငြင်းပယ်ဖို့ ဆုံးဖြတ်ထားကြောင်းပါပဲ။ အကြောင်း ကတော့ ဒီစာအုပ်ဟာ ဒဿနအယူ အဆ ဂိုဏ်းတစ်ဂိုဏ်းအပေါ် အလွန်လွဲမှားတဲ့သဘောထားနဲ့ အလွန်ရိုင်းစိုင်းစွာ ထိုးနှက်တိုက်ခိုက် ထားခြင်းကြောင့် လို့ ဆိုပါတယ်။ ဒါ့အပြင် ဂျယ်လ်နာရဲ့ စာအုပ်ဟာ ဒဿနဖွံ့ဖြိုးရေး အတွက် အ ထောက်အကူပြုမယ့် ပညာရှင်တန်းဝင် စာတမ်းတစ်စောင်မ ဖြစ်နိုင်ဟူ၍ ယူဆကြောင်း ဖော်ပြထား ပါတယ်။
တကယ်တော့ ဒဿနစာတမ်းတစ်စောင်ရဲ့ အကောင်းအဆိုးဆိုတဲ့ ကိစ္စဟာ အစဉ်သဖြင့် လို အမြင်သဘောထားသက်သက်ချည်းပါပဲ။ ပါမောက္ခရိုင်းလ်နဲ့ ကျွန်တော် တို့ အမြင်မတူကြတာ တော့ အံ့သြစရာသိပ်မရှိလှပါဘူး။ ဒါပေမယ့် မိုင်းဒ်မဂ္ဂဇင်းကြီးဟာ စတင်တည်ထောင်ခဲ့ချိန်ကစပြီး အရေး ပါတဲ့ စံမှီတဲ့ ဒဿနကျမ်းတွေ နဲ့ပတ်သက်လို့ မတူတဲ့အမြင်တွေ အားလုံးဝိုင်းဝန်း ဆွေးနွေး ခွင့်ရှိတဲ့ စာပေစင်မြင့်ကြီးတစ်ခု ဖြစ်ပါတယ်။
မစ္စတာဂျယ်လ်နာရဲ့ စာအုပ်ထဲမှာ ဆွေးနွေးတင်ပြထားတဲ့ အမြင်အပေါ် ကျွန်တော် သ ဘောမတူနိုင်တာတွေ ရှိပေမယ့် သဘောထားမမှန်တာ၊ ရိုင်းစိုင်းတာမျိုးတွေ တော့ မတွေ့ ရပါဘူး။ ပြဿနာက တကယ်လို့သာ အယ်ဒီတာကြီး ပါမောက္ခရိုင်းလ်ရဲ့ အမြင်နဲ့မတူတဲ့ စာအုပ်တိုင်းကို အ ခုလို မိုင်းဒ်မဂ္ဂဇင်းကြီးမှ ဝေဖန်ဆွေးနွေးခွင့်မပြုဘူးဆိုရင်တော့ ဒီနေ့အချိန်အထိ အစဉ်အလာဂုဏ် သိက္ခာကြီးမားတဲ့ မဂ္ဂဇင်းကြီးတစ်စောင်ဟာ ဘုတ်ကကျီးမြှော က်၊ ကျီးကဘုတ်မြှော က် လုပ်နေကြတဲ့ အုပ်စုတစ်ခုရဲ့ လက်သုံးတော် စာစောင်တစ်ခုအဆင့်ကို လျော့ကျနစ်မွန်းသွားဖို့ပဲ ရှိပါတော့တယ်။ ဗြိတိသျှ ဒဿနပညာကို လေးစားတန်းဖိုးထားကြသူတိုင်းအတွက်တော့ ဒါဟာ ကြေကွဲ ၀မ်းနည်းစရာပါပဲ´´ဟူ၍ ရေး သားထားခဲ့သည်။
ကျွန်တော် မှတ်မိသလောက်ပြောရလျှင် ဂျယ်လ်နာသည် လန်ဒန်စီးပွားရေး ကျောင်းတော် ကြီးမှ လူမှု ရေး ဗေဒပညာရှင်ကြီးတစ်ဦး ဖြစ်၏ ။ အဆိုပါ လန်ဒန်စီးပွားရေး ပညာကျောင်း ဆိုသည်က လည်း စိတ်ဓာတ်တက်ကြွပြင်းထန်သော အင်္ဂလိပ်ပညာတတ်များ စုဝေးရာနေရာတစ်ခု ဖြစ်၏ ။ အခြားတစ်ဖက်တွင် ဂီးလ်ဘတ်ရိုင်းလ်မှာ အောက်စဖို့ဒ်တက္ကသိုလ်ကြီး၏ တက္ကိကဒဿန (Meta- physical Philosophy) ပညာရပ်ဆိုင်ရာ ပါမောက္ခကြီး ဖြစ်သည်။ အဆိုပါ ပါမောက္ခရာထူးကို ယူ ထားရင်းမှ မိုင်းဒ် မဂ္ဂဇင်းကြီး၏ အယ်ဒီတာတာဝန်ကိုလည်း ပူးတွဲ ရယူထားခြင်း ဖြစ်၏ ။ ထို့ကြောင့် လော့ဒ်ရပ်ဆယ်လ်၏ စိန်ခေါ်လိုက်သော ပေးစာကို ပါမောက္ခ ရိုင်းလ်အနေဖြင့် မုချပင် တုန့်ပြန်ချေ ပလိမ့်မည် ဟူသော ယုံကြည်မှု ဖြင့် တိုင်းမ် သတင်းကြီးကို နေ့စဉ်ပင် စောင့်မျှော်ဖတ်ရှုနေခဲ့ရသည်။
များ စွာ မစောင့်လိုက်ရပါ။ စိန်ခေါ်ပေးစာပါလာပြီး လေးရက်အကြာတွင် ပါမောက္ခရိုင်းလ်၏ တုန့်ပြန်ချေပချက်ကို တိုင်းမ်သတင်းစာပေါ်တွင် တွေ့ လိုက်ရတော့သည်။ ပါမောက္ခရိုင်းလ်၏ တုန့် ပြန်ချက်တွင် အဓိက ဆိုလိုရင်းများ ကို ခြုံငုံ၍ သာ ဖော်ပြထားသည်။ သို့ သော် အကိုးအကား အ ထောက်အထားများ မှမူ သာမန်စာဖတ်ပရိတ်သတ်တစ်ဦးအတွက် မျက်စိနောက် ဦးနှောက်ခြောက် စရာကောင်းလှအောင်ပင် များ ပြားရှုပ်ထွေးလှသည်။ ပါမောက္ခရိုင်းလ်က -
``ဆရာကြီးရပ်ဆယ်လ်ညွှန်းခဲ့တဲ့ စာအုပ်ထဲမှာ ဒဿန ပညာရပ် နတ်နေကိုင်းမှာ ထားရ မယ့် ဆရာကြီးများ ကို မရိုးမသား လုပ်ကြံစွပ်စွဲပုတ်ခတ်ထားတဲ့ အချက်အလတ်ပေါင်း တစ် ရာကျောက်ခန့် ပါနေတယ်။ စာမျက်နှာ ၁၅၉ က ၁၉၂ အထိ၊ နောက်ပြီး ၂၃၇-၂၆၅ အထိ စာအုပ်တစ်အုပ်လုံးရဲ့ တစ်ဝက်နီးပါးလောက်မှာ ပါနေတယ်´´
လို့ စွတ်စွဲထားသည်။
စင်စစ်တွင် တိုက်ပွဲမှာ ယခုမှစရုံသာ ရှိသေးသည်။ ပါမောက္ခရိုင်းလ်၏ တုံ့ပြန်ချက်ပါလာပြီး နောက်တစ်ရက်ခြားလောက်တွင် တိုင်းမ်သတင်းစာကြီး၏ အထူးသတင်းထောက် ကွန်းရပ်ဒင်း (Conrad Dinh)၏ ``ဝေဖန်သုံးသပ်ရန် ငြင်းပယ်ခံရခြင်းနှင့် ပတ်သတ်၍ ´´ ဟူသော ခေါင်းစဉ် အောက်တွင် ပေးစာတစ်စောင်ပါလာခဲ့သည်။ ဒင်းက ….
``တကယ်လို့ မတော် မတရား ပုတ်ခတ်တိုက်ခိုက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို အသေအ ချာဆန်းစစ်ကြည့်လိုက်ရင် ပါမောက္ခရိုင်းလ်ရဲ့ ငြင်းပယ်မှု မှာ အခြေအမြစ် ခိုင်ခိုင်မာမာ ရှိပုံ မရပါ။ တကယ်တော့ မိုင်းဒ် မဂ္ဂဇင်းကြီးမှာ ဖော်ပြခွင့် ပေးလိုက် ရင် ဂျယ်လ်နာရဲ့ စာအုပ်ကို ဝေဖန်ထောက်ပြမယ့် တောက်ပြောင်တဲ့ ကြိုဆိုထိုက်တဲ့ အမြင်သဘောထားများ စွာ လေ့ လာဖို့ အခွင့်အရေး တွေ ပိုရနိုင်တယ်´´
ဟု ရေး သားလိုက်၏ ။
ထို့အတူ ဂျီအာမိုး (G.R.More) ၏ စာစောင်လည်း တိုင်းမ်သတင်းစာတွင် ဆက်တိုက်ဆို သလိုပါလာပြန်၏ ။ မစ္စတာမိုးမှာ အောက်စဖို့ဒ်တက္ကသိုလ်ကြီး၏ မာတွန်ကောလိပ်မှ ကြီးကြပ်ရေး မှုး ဖြစ်ပြီး နောက်ဆုံး ကျန်ရှိနေသော ဗြိတိသျှဟေဂယ်လ်ဝါဒီကြီး တစ်ဦးလည်း ဖြစ်၏ ။ သူကလည်း ဘာထရန်ရပ်ဆယ်လ်ဘက်မှပင် ရပ်တည်ခဲ့၏ ။ တကယ်တမ်းတွင် မစ္စတာမိုးနှင့် ရပ်ဆယ်လ်တို့၏ ဒဿနအမြင်ချင်းမှာ မတူညီကြရုံမျှမက ဆန့်ကျင်ဘက်များ ပင် ဖြစ်ခဲ့ကြ၏ ။ ဤရာစု၏ အစပိုင်းကာ လများ အတွင်း မစ္စတာမိုးကြိုက်နှစ်သက် ခဲ့သော ဟေဂယ်လ်၏ ဒဿနစနစ်ကြီးတစ်ခုလုံးကို ဖြိုခွဲ ဖျက်စီးခဲ့သူမှာ ဘာထရန်ရပ်ဆယ်လ်ပင် ဖြစ်သည်။
ဤကာလနောက်ပိုင်းတွင် အောက်စဖို့ဒ် ဒဿနအ၀န်းအ၀ိုင်းအတွင်း၌ မစ္စတာမိုးမှလွဲ၍ ဟေဂယ်ကို အမွှမ်းတင်ရဲသူဟူ၍ မရှိသလောက်ပင် ရှားပါးလှသည်။ ဤသို့ သော အနေအထား အောက်မှာ ပင် မစ္စတာမိုးက ဘာထရန်ရပ်ဆယ်လ်ဘက်မှာ ထောက်ခံပြောဆိုခဲ့သည်။
နောက်ပိုင်းရက်များ တွင် စာရေး ဆရာ ဂျယ်လ်နာကိုယ်တိုင် ရေး သားပေးစာ တိုင်းမ်သတင်း စာကြီးတွင် ပါလာခဲ့သည်။ ထိုစာထဲတွင် ဂျယ်လ်နာက ပါမောက္ခရိုင်းလ်ကို ဤသို့ တုန့်ပြန်သည်။
``ကျွန်တော် စာအုပ်ထဲမှာ ဘာသာဗေဒ ဒဿနဆရာများ ကို မရိုးမသားကောက်ကျစ်တယ် လို့ စွပ်စွဲမထားခဲ့ပါဘူး။ ဒီသဘောထားမျိုး အကြိမ်တစ်ရာထားလို့ တစ်ကြိမ်တောင် ကျွန် တော် မရးခဲ့ဘူး။ ဒီစာအုပ်ထဲမှာ ဘာသာဗေဒ ဒဿနအယူအဆနှင့် ၎င်းရဲ့ နည်းနာတွေ ကို သာ တိုက်ခိုက်ထားပါတယ်။ ဒီလို အယူအဆရေး ရာတိုက်ပွဲများ မှာ သဘောထား သိမ်ဖျင်းတဲ့ ကောက်ကျစ်မှု မျိုး ရှိစရာမလိုအပ်ပါဘူး။ ဒါပေမဲ့ စိတ်မကောင်းမိတာတစ်ခုပါပဲ။ အဲဒါ ကတော့ ပါမောက္ခရိုင်းလ်အနေနဲ့ ပြန်လည်တုန့်ပြန်တိုက်ခိုက်မှု မလုပ်ဘဲ ဝေဖန်ဖို့တန်းမ၀င် ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဝေဖန်ခွင့်ကို ငြင်းပယ်တဲ့နည်းမျိုး ကျင့်သုံးလိုက်ခြင်းကို ပါပဲ။´´
ဤအတောအတွင်းမှာ ပင် အရေး ပါသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးက တိုင်းမ် သတင်းစာပေါ်မှ ငြင်းခုံပွဲထဲသို့ ၀င်ရောက်လာခဲ့ပြန်သည်။ ထိုပုဂ္ဂိုလ်မှာ ဘုရင်မ၏ ပုဂ္ဂိုလ်ရေး အကြံပေးဆရာကြီး ဆာလက်ဆလီဖာရာ (Sir Leslie Farer) ပင် ဖြစ်သည်။ ဆာလက်ဆလီကလည်း ထက်မြက် တောက်ပြောင်လှသော စကားလုံးများ ဖြင့် စာရေး ဆရာ ဂျယ်လ်နာဘက်မှ ရပ်ခံကာကွယ်သွားခဲ့၏ ။ ဆာလက်ဆလီက …..
``တကယ်တော့ သရော်တယ်ဆိုတာ ဒဿနရေး ရာတိုက်ပွဲတွေ မှာ ရှေးအကျဆုံးနဲ့ အထိ ရောက်ဆုံး လက်နက်တစ်မျိုးပါပဲ။ ဒါပေမယ့် ပါမောက္ခရိုင်းလ် ကတော့ မွန်မြတ်သော ကောလိပ်တော် ကြီးက ဘာသာဗေဒ ဒဿနဆရာများ အပေါ် သရော်လှောင်ပြောင်လိုက် ခြင်းကို ပြင်မရတော့တဲ့ ဒုစရိုက်မှု ကြီးတစ်ခု ကျူးလွန်မှု အ ဖြစ် စွဲချက်တင်လိုက်ပါပြီ။ ဒီစာ အုပ်ကို ဖတ်မိသူတိုင်းက ဒါဟာ သရော်လိုက်တာပဲဆိုတဲ့ ကျွန်တော် ရဲ့ ကောက်ချက်ကို သဘောတူကြပါလိမ့်မယ့်´´
ဆာလက်ဆလီရဲ့ ပေးစာပါလာပြီး နောက်ပိုင်းရက်များ တွင် တိုင်းမ်သတင်းစာ၏ စာမျက် နှာများ မှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ သို့ သော် မကြာမီ ထိုငြိမ်သက်မှု ကို ဂျွန်ဝစ္စဒမ် (John-Wisdom)က ဖြိုခွဲပစ်ခဲ့သည်။ ဂျွန်သည် ကိန်းဘရစ် (Cambridge) တက္ကသိုလ်မှ ဒဿနပညာပါ မောက္ခတစ်ဦး ဖြစ်ပြီး ပါမောက္ခရိုင်းလ်အပေါ် ခရစ်ယာန်ဘုန်းတော် ကြီးတစ်ပါးက ပုပ်ရဟန်းမင်းကြီး ကြည်ညိုသကဲ့သို့ လေးစားကြည်ညိုနေသူတစ်ဦးလည်း ဖြစ်၏ ။ ပါမောက္ခဂျွန်က သူ၏ အမြင်နှင့် ရပ် တည်ချက်ကို ဤသို့ ရှင်းလင်းပြတ်သားစွာ ဖော်ပြလိုက်သည်။ …..
``မစ္စတာဂျယ်လ်နာရဲ့ စာအုပ်ကို ငြင်းပယ်သင့်၊ မပယ်သင့်ဆိုတာ ကျွန်တော် မသိပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ ဒီစာအုပ်ကို ကျွန်တော် လုံးဝမဖတ်ဖူးလို့ပါပဲ။ ဒါပေမဲ့ လော့ရပ်ဆယ် လ်ပြောတဲ့ ပါမောက္ခရိုင်းလ်ရဲ့ အမြင်နဲ့မတူတဲ့ စာအုပ်တစ်အုပ်ကို မငြင်းပယ်သင့်ဘူးဆိုတဲ့ ထင်မြင်ချက် ကတော့ လုံးဝမှားနေပြီလို့ ကျွန်တော် ယုံကြည်ပါတယ်´´
ဟူ၍ ပြတ်သားစွာ ထောက်ခံလိုက်၏ ။
ဤသို့ သော ပါမောက္ခဂျွန်၏ ထောက်ခံချက်မျိုးနှင့် ကား ပါမောက္ခရိုင်းလ်၏ အနေအထားကို မည် သို့ မျှ ကျားကန်ပေးနိုင်စရာ အကြောင်းမရှိပါ။ သို့ သော် နောက်တစ်ပတ်စနေနေ့ထုတ် တိုင်းမ် သတင်းစာတွင် ပါလာသော မစ္စတာမက်ဂီနက်စ် (B.F Mc Guiness)၏ ပေးစာကမူ ငြင်းခုံပွဲကို ပိုမို ဂယက်ထသွားစေခဲ့သည်။ မစ္စတာမက်ဂီနက်စ်မှာ အောက်စဖို့ဒ်တက္ကသိုလ် ဘုရင်မကောလိပ် တော် မှ အမြဲတမ်းအဖွဲ့ဝင်တစ်ဦး ဖြစ်၏ ။ မက်ဂီနက်စ်၏ ချဉ်းကပ်နည်းမှာ ထူးခြားဆန်းကြယ်ခြင်းမ ရှိသော်လည်း တစ်စုံတစ်ရာ ထိရောက်မှု ကား ရှိခဲ့သည်။ ၎င်းက ဤသို့ သဘောထားတင်ပြ၏ ။
``အမှန်တရားမှာ အကောင်းအဆိုးရယ်လို့ မရှိနိုင်ဘူးဆိုပြီး ဒေါက်တာနယူးမင်က သွင် သင်ခဲ့ဖူးတယ်။ ဒါကြောင့် တစ်ဖက်လူကို လူလိမ်လို့ ပြောခွင့်ရှိသလို၊ အရူးလို့လည်း စွပ်စွဲ နိုင်တယ်။ ဒီနေရာမှာ အစီအစဉ်ရှိရှိ ကောက်ကျစ်မှု ဟုတ်မဟုတ်ဆိုတဲ့ ပြဿနာမျိုးမရှိ။ ကိုယ်ယုံကြည်တဲ့နည်းကို သုံးပိုင်ခွင့်ရှိတယ်။ ပြဿနာ ဖြစ်နေရတဲ့ အဓိကအကြောင်းက ဂျယ်လ်နာကိုယ်တိုင် တစ်ကြိမ်တည်းမှာ အဓိပ္ပာယ်နှစ် ခွ ထွက်တဲ့ စကားလုံးတွေ ကို အခုလို ရွေးပြီး သုံးစွဲခဲ့လို့ ဖြစ်တယ်။´´
ဆို၍ ဂျယ်လ်နာ၏ စကားလုံးများ ကို စာမျက်နှာနံပါတ်နှင့် တကွ စာရင်းချပြလိုက်သည်။
သူ့စာကိုဖတ်ပြီးနောက် ကျွန်တော် ကိုယ်တိုင်ပင်လျှင် ပါမေက္ခ ရိုင်းလ် လူနည်းစုဘက်မှ ထောက်ခံ လို စိတ်ပေါ်လာခဲ့သည်။
တနင်္လာနေ့ထုတ် တိုင်းမ် သတင်းစာတွင် မူ ကေဗင်ဟိုလင် (Kevin Holland)ဆိုသူ အောက်စ ဖို့ဒ်တက္ကသိုလ် ဝေါ်စက်စတာ ကောလိပ်မှ ဘွဲ့ယူကျောင်းသား တစ်ဦး၏ ပေးစာပါလာပြန်သည်။ မစ္စတာ မက်ဂီနက်စ်က ပါမောက္ခရိုင်းလ်ကို တွန်းတင် ပေး နိုင်သကဲ့သို့ ကေဗင်ကလည်း ဂျယ်လ်နာကို ထမ်းတင်ပေးခဲ့နိုင်ပုံ ရသည် ။
ကေဗင်က ….
``Philosophy of Leibniz´´ ကျမ်းမှာ လော့ဒ်ရပ်ဆယ်လ်က လိုက်ဘနစ်ကို မရိုးသားတဲ့ ပညာရှင် တစ်ယောက် အ ဖြစ် စွပ်စွဲခဲ့ဖူးပါတယ်။ ဒီကျမ်းထွက်ပေါ်ပြီးလို့ နှစ် ပေါင်းလေးဆယ့် ခြောက်နှစ် အကြာမှာ ``A History of Western Philosophy´´ ကျမ်းကြီး ထုတ်ဝေတော့ လည်း ဒီစွပ်စွဲချက်ကိုပဲ လော့ဒ်ရပ်ဆယ်လ်က ထပ်မံအတည်ပြုပြန်ပါသည်။ ဒီလိုပါပဲ လွန်ခဲ့ တဲ့ဆယ်နှစ် လောက်က ပါမောက္ခရိုင်းကိုယ်တိုင် ဒဿနကျမ်း တစ်စောင်ထုတ်ဝေပြန်ပါ တော့လည်း လူ့ခန္ဓာကိုယ်ထဲမှာ ၀ိညာဉ် ဆိုတာရှိတယ်ဆိုတဲ့ လွဲမှားတဲ့သဘောထားအမြင် တစ်ရပ်ကို ပုံဖော်ရေး သားခဲ့ဖူးပါတယ်။ ဒီဆရာကြီးများ ပြုစုခဲ့ကြတဲ့ ဒဿနကျမ်း သုံးကျမ်း စလုံးမှာ အခုလို လွဲမှားတဲ့ အမြင်သဘောထားတွေ ပါရှိခဲ့သော်လည်း ဒီကျမ်းအားလုံးကို ဒဿနဂန္ထ၀င်များ အ ဖြစ်အများ ကစံတင်ထားကြရဆဲပဲရှိပါတယ်။
ဟူ၍ ထောက်ပြခဲ့သည်။
ရက်အချို့ကြာပြီးနောက် တိုင်းမ်သတင်းစာကြီးတွင် ဂျယ်လ်နာရိုင်းလ်ငြင်းခုံပွဲ၏ နောက် ဆက်တွဲ ပေးစာတစ်စောင် ထပ်မံပါလာခဲ့ပြန်သည်။ ယခုတစ်ကြိမ် ပါဝင်ဆွေးနွေးသူမှာ လည်း နှယ် နှယ်ရရပုဂ္ဂိုလ်မဟုတ်ပေ။ ဘုရင်မကြီးကောင်စီမှ အမြဲတမ်းဖွဲ့ဝင် ဆာသော မတ်စ်ကရိဒ်(Sir Thomas Creed)ပင် ဖြစ်သည်။ ဆာသော မတ်စ်က…..
“မှန်ကန်တဲ့ ဒဿနအယူအဆ တစ်ရပ်ဟာ ပစ္စလက်ခတ်ဝေဖန်စွပ်စွဲမှု တွေ ကြားထဲက ပေါက်ဖွားလာရတယ်ဆိုတာကို ဆိုကရေး တီစ် ကောင်စွာ သိပါတယ်။ (Thrasymachus) သရာဆီမာချုပ်က ဆိုကရေး တီးစ်ကို စွပ်စွဲချက်အမျိုးမျိုး မေးခွန်းအဖုံဖုံနဲ့ စိတ်အနှောက် အယှက်ပေးပြီး ဆွေးနွေးငြင်းခုံမှု ကို စိတ်ပျက် လက်လျှော့သွားအောင် နည်းမျိုးဆုံနဲ့ ပုတ် ခတ်တိုက်ခိုက်ခဲ့သည်။ ဒါပေမဲ့ ဆိုကရေး တီးစ်က မာချုစ်ရဲ့ ဝေဖန်ရေး ကိုပယ်မချတဲ့ အ ပြင် အမှန်တရားရရှိရေး အတွက် ထပ်မံလေ့လာပြီး ဆက်လက် ဆွေးနွေးသွားကြဖို့ အဆို ပြုခဲ့တယ်။”
“ခေတ်သစ် အောက်စ်ဖို့ဒ် တက္ကသိုလ်ကြီးက ဆိုကရေး တီးစ်ကို မေ့လိုက်ကြပြီးလား။ ပလေတိုရဲ့ သမ္မတနိုင်ငံ ကျမ်းကိုရော မလေ့လြာ ကတော့ဘူးလား။”
ဟူ၍ မေးခွန်းထုတ်ခဲ့သည်။
နောက်တစ်နေတွင် တိုင်းမ်သတင်းစာပေါ်မှ ငြင်းခုံမှု အတွင်းသို့ မစ္စတာဝပ်ကင်း (J.W.N.-Watkins)ပါဝင်လာခဲ့သည်။ ကျွန်တော် အနေနှင့် ပါဝင်ငြင်းခုံသူ များ ပြားလာသည်နှင့် အမျှ ဂျယ်လ် နာကို ထောက်ခံသူများ တိုးပွားလာနေသည့် အနေအထားကို စိတ်ပျက်မိသည်။ ယခုပါဝင်သူ မစ္စ တာဝပ်ကင်းကိုလည်း ဂျယ်နာဘက်မှ ထောက်ခံမည့် သူတစ်ဦး အ ဖြစ်သာ ထင်ထားခဲ့သည်။ သို့ သော် မစ္စတာဝပ်ကင်းက အလံဖြူဝှေ့ယမ်း၍ ၀င်လာခဲ့ခြင်း ဖြစ်လေသည်။ မစ္စတာဝပ်ကင်း၏ ပေး စာတွင် -
“ကျွန်တော် တို့ဘက် အသီးသီးက ပုဂ္ဂိုလ်များ အနေနဲ့ ဂျယ်လ်နာရဲ့ စာအုပ်ထဲက နေရာ အတော် များများ မှာ သုံးစွဲထားတဲ့ စကားလုံးတွေ ဟာ ယဉ်ကျေးသိမ်မွေ့ခြင်း မရှိလှဘူးဆို တာလောက်တော့ အားလုံး သဘောတူလိုက်ကြစို့။ ဒါပေမဲ့ အခြားတစ်ဖက်ကလည်း ကိုယ်နူတ်အမူအရာ ယဉ်ကျေးရေး ပြဿနာဆိုတာ ဒဿနပညာအတွက် အရေး ပါဆုံး ကိစ္စတစ်ရပ် မဟုတ်ဘူးဆိုတာကိုလည်း အသိအမှတ်ပြုကြဖို့လိုပါတယ်။ဘာသာဗေဒ ဒ ဿန ဆရာများ အနေနဲ့ မစ္စတာဂျယ်လ်နာရဲ့ တိုက်ခိုက်မှု ကို -တုံ့ပြန်ဖို့ အကောင်းဆုံး နည်းလမ်း ကတော့ ထွေးထုတ်ချင်တဲ့ တံတွေး ကို ပြန်မျို ချရင်း ဆွေးနွေး ငြင်းခုံမှု ရဲ့ အခြေခံ ပြဿနာတွေ ဆီကို ပြန် သွားကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ရေး ခဲ့သည်။
မစ္စတာဝပ်ကင်းက ဒိုင်လူ ကြီးလုပ်၍ အလံဖြူ ဝှေ့ယမ်းပြခဲ့ သော်လည်း ငြင်းခုံပွဲမှာ မှု ရပ်မသွား ခဲ့ပေ။ ထူးထူးခြားခြားပင် ပါမောက္ခ ရိုင်းလ်ဘက်မှ ခုခံကာကွယ်သည့်သူရဲကောင်းတစ်ဦး ပေါ်လာခဲ့ပြန်သည်။ ထိုပုဂ္ဂိုလ်မှာ (August Society)ဂျယ်နယ်မှာ အယ်ဒီတာကြီး အလက်ကက်စ်မန်း(Alec Kass Man)ပင် ဖြစ်၏ ။ ကက်စ်မန်းက ပေးစာသဘောထက် အယ်ဒီ တာ အာဘော်ဟန်ဖြင့် ရေး သားထားသည်။ သူ၏ သဘောထားမှာ -
“အယ်ဒီတာ တစ်ယောက် အနေနဲ့ ဝေဖန်ရန် မသင်လျော်ဘူးလို့ ၎င်းယူဆတဲ့စာအုပ်တစ်အုပ်ကို ဝေဖန်ရန် ငြင်းပယ်ဖို့အခွင့်အရေး အပြည့် အ၀ရှိပါတယ်။ပါမောက္ခရိုင်းလ်အနေနဲ့ ဂျယ်လ်နာရဲ့ စာအုပ်မှာ ဘယ်လိုလွဲမှားတဲ့ သဘောထားတွေ ပါတယ်ဆိုတာကို အချက်အလက် အထောက်အထား အပြည့်အစုံတင်ပြခဲ့ပြီးပါပြီး။ ခက်နေတာက ပြဿနာကို စတင်ဖောက်ခွဲခဲ့သူ ဘာထရန်ရပ်ဆယ်လ်က ပါမောက္ခရိုင်းလ်ရဲ့ တင်ပြချက်တွေ ကို ဘာမှတုန်ပြန်ချေပခြင်းပပြု။ ရေငုံနှုတ်ပိတ်လုပ်နေခဲ့ခြင်းပါပဲ။ ဒါကြောင့် လည်းငြင်းခံမှု ဟာလိုရာမရောက်ဘဲ ရှည်လျားထွေပြားနေရခြင်း ဖြစ်ပါတယ်။ တကယ်လို့မစ္စတာရပ်ဆယ်လ် အနေနဲ့ ဘာမှတုန့်ပြန်ဖြေရှင်းစရာ မရှိတော့ဘူးဆိုရင်တော့ ပါမောက္ခရိုင်းလ် မှန်တယ်လို့ပဲ ယူဆကြရလိမ့်မယ်။ အခုအခါမှာ မစ္စတာရပ်ဆယ်လ် တုန့်ပြန်အဖြေပေးချိန်တန်ပါပြီ။”
ဤသို့ ဖြင့် တိုင်းမ်သတင်းစာကြီးတွင် ဒဿနရေး ရာ ငြင်းခုံပွဲတစ်ရပ်ကို စတင်ဖွင့်လှစ်ခဲ့ သည့်ပေးစာ ပါဝင်လာပြီးနောက်(၁၉) ရက်တိတိအကြာတွင် ဘာထရန်ရပ်ဆယ်လ်၏ တုံ့ပြန်ချက် ကို ပြန်လည်ဖက်ရှုခွင့်ရလာခဲ့သည်။ စင်စစ်အားဖြင့် ရပ်ဆယ်လ်၏ တုံ့ပြန်ချက်မှာ ငြင်းခုံပွဲ၏ ပွဲ သိမ်းခရားကို မှု တ်လိုက်ခြင်းသာ ဖြစ်ပေသည်။ ဘာထရန်ရပ်ဆယ်လ်က-
“ဒီငြင်းခုံမှု မှာ ပြဿနာနှစ် ရပ်ရှိပါတယ်။ပထမတစ်ခု ကတော့ မစ္စတာဂျယ်လ်နာရဲ့ စာအုပ်မှာ လွဲမှားတဲ့ သဘောထားတွေ ပါလား ဆိုတာပါပဲ။ တကယ်တော့ လွဲမှားတဲ့ သဘောထားဆိုတဲ့ စကားလုံးကိုက သိပ်ပြီးတိကျသေချာမှု မရှိလှပါဘူး။ ပါမောက္ခရိုင်းလ် ကိုယ်တိုင် တာဝန်ယူရမယ့် ပြဿနာပါပဲ။”
ဒုတိယအချက် လွဲမှားတဲ့ သဘောထားပါတဲ့ စာအုပ် ဖြစ်နေဦးတော့ မိုင်းဒ် (Mind) မဂ္ဂဇင်းကြီးမှာ ဝေဖန်ခွင့်ကို ငြင်းပယ်သင့်ပါသလား။ ဝေဖန်ခြင်းကို ငြင်း ပယ်သင့်တယ်လို့ ကျွန်တော် တော့ လုံးဝမယူဆဘူး။ ဥပမာ-နစ်ရှေး (Neitzche) ရဲ့ `Beyond Good And Evil`ကျမ်းကိုပဲကြည့်ပါ။ ဒီကျမ်းထဲမှာ ဂျွန်မီးလ်စ်(John Mills)ကိုအလွန်မိုက်မဲတဲ့ သတ္တ၀ါကြီးလို့ ရေး ထားသလို၊ ရွှေစည်းမျဉ်း(Golden R ule)ကိုပြုစုခဲ့သူ အ ဖြစ်လည်း အကြီးအကျယ် ချီးမွမ်းခန်းဖွင့်ထားခဲ့တယ်။ ကျွန် တော် တို့အနေနဲ့ နစ်ရှေးရဲ့ အမြင်တွေ ကို လုံးဝလက်ခ့နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် ဒီလိုလွဲမှားတဲ့ သဘောထားရှိလို့ဆိုပြီး အယ်ဒီတာ တစ်ယောက် အနေနဲ့ ဒဿန ပစ္စည်းတစ်ရပ်အပေါ် ဝေဖန်ခွင့်ကိုငြင်းပယ်လိုက်မယ်ဆိုရင်တော့ အလွန်ပဲ မှား သွားပါလိမ့်မယ်။ ဘာကြောင့် လည်းဆိုတော့ နစ်ရှေးရဲ့ ဒီကျမ်းဟာဒဿနပစ္စည်း တစ်ရပ်အနေနဲ့ အလွန်တန်ဖိုးကြီးမားတယ်ဆိုတာ သံသယရှိစရာ မလိုအပ်လို့ပါဘဲ ပါမောက္ခရိုင်းလ်အနေနဲ့သော်လည်းကောင်း၊ အခြားတစ်ဦး တစ်ယောက် အနေနဲ့ သော်လည်းကောင်း၊ ဒီလိုဝေဖန်မှု ကို မငြင်းပယ်သင့်ကြောင်း ကျွန်တော် အလေး အနက်ထောက်ပြပါရစေ။ မစ္စတာ ဂျယ်လ်နာရဲ့ စာအုပ်ကိုလည်း ဒီအတိုင်းပဲ သဘောထားစေချင်ပါတယ်။
လေးစားစွာ ဖြင့် ဘာထရန်ရပ်ဆယ်လ်။
ဤသို့ ဖြင့် လော့ဒ်ဘာထရန်ရပ်ဆယ်လ်သည် ပညာရှင်တစ်ဦး၏ တည်ကြည်ခံ့ငြား လှသော ရုပ်ပုံလွှာကို သိမ်းမြစ်ကမ်းမှ ကြီးမားခံ့ထည်သော ဒဿနကျောက်ဆောင်ပေါ်တွင် ပုံဖော်ကမ္ဗည်းထိုးခဲ့ပြီးနောက် ငြင်းခုံပွဲ၏ အောင်မြင်မှု ဆုတံဆိပ်အားလုံးကို သိမ်းကျုံးသယ်ပိုးကာ ပြိုင်ပွဲမှထွက်ခွါသွားတော့သည်။
တိုင်းမ်သတင်းစာကြီး၏ စာမျက်နှာများ ပေါ်တွင် ဗြိတိသျှဒဿန ပညာရှင်များ ၏ မုန်တိုင်း ငယ်တစ်ရပ် တိုက်ခတ်လှုပ်ရှားနေခဲ့စဉ်က ကျွန်တော် အမေရိကန်နိုင်ငံတွင် ရောက်နေခဲ့သည်။ ထိုမုန်တိုင်းသတင်းကြောင့် လန်ဒန်သို့ကျွန်တော် အမြန်ပြန်လာခဲ့သည်။ ကျွန်တော် လေ့လာပြုစုနေ သော “ခေတ်ပြိုင်ဒဿနများ ”စာတမ်းအတွက် ငြင်းခုံပွဲတွင် ပါဝင်ခဲ့သူပညာရှင်များ နှင့် တွေ့ ဆုံမေး မြန်းရန် ဖြစ်၏ ။ သို့ သော်အစီအစဉ်ရေး ဆွဲရန်နှင့် ချိန်းဆိုရန် လိုနေသေးသည်။ ထိုသို့ အစီးအစဉ်ရေး ဆွဲနိုင်ရန်အတွက် ခေတ်ပြိုင်ဒဿနပညာ အ၀န်းအ၀ိုင်းများ ၏ အနေအထားကို အတွင်းကျကျသိ သူ ကျွန်တော် ၏ သူငယ်ချင်း `ဂျွန်´နှင့် တိုင်ပင်ညှိနှိုင်းမည် ဟု စဉ်းစားထားသည်။
ဂျွန်မှာ အောက်စ်ဖို့ဒ်တက္ကသိုလ်ကြီးတွင် ဒဿနပညာဆိုင်ရာ ပါရဂူဘွဲ့ယူရန် ကျမ်းပြုနေ သူ ဖြစ်၏ ။ သူသည် ဂန္ထ၀င်ဒဿန၊ သမိုင်းဘာသာဗေဒမှ ခေတ်ပြိုင်ဒဿနအယူအဆများ အထိ နှံ့ စပ်ကျွမ်းဝင်သူလည်း ဖြစ်၏ ။ ထို့ပြင် ဂရိနှင့် လက်တင်ဘာသာကို မိခင်အင်္ဂလိပ်ဘာသာထက်ပင် ကျွမ်းကျင်သူ ဖြစ်၏ ။ ခေတ်ပြိုင်ဒဿန အ၀န်းအ၀ိုင်းများ အပေါ် စိတ်ပျက်ညဉ်းငွေ့နေသည်နှင့် အမျှ ဂန္ထ၀င်ဒဿန၊ ဂီတ၊ ကဗျာတို့တွင် မွေ့လျော်နေသူတစ်ဦး ဖြစ်သည်။ ဂျွန်နှင့် ခေတ်ပြိုင်ဒဿ နဆရာများ ၏ တစ်ခုတည်းသော တူညီချက်မှာ ဗြိတိသျှပညာရှင်များ ၏ ဟန်ပန်အတိုင်း ဆေးတံကို နှစ် ခြိုက်စွဲလန်းစွာ ဖွာရှိုက်တတ်ခြင်းပင် ဖြစ်၏ ။ သူသည် ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်သည့် အလျောက် ပါရဂူဘွဲ့ရပြီးလျှင် အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပါမောက္ခတစ်ဦး ဖြစ်လာရန် ဦးတည် ကြိုးပမ်း နေသူတစ်ဦးလည်း ဖြစ်ပေသည်။
ထို့ကြောင့် လန်ဒန် ပြန်ရောက်သည်နှင့် အောက်စ်ဖို့ဒ် တက္ကသိုလ် ချဲလ်ဆီးလ်လမ်းရှိ သူ ငယ်ချင်း `ဂျွန်´နေထိုင်ရာ တစ်ထပ်တိုက်လေးဆီသို့ ဦးတည်သွားခဲ့သည်။ နေညိုချိန် ဖြစ်သည့် အလျောက် ကလာရက်(Claret)နှင့် ဖော်စပ်ထားသည့် ၀ိုင်နီတစ်ခွက်ဖြင့် အပန်းဖြေနေသူ`ဂျွန်´က လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ ဂျွန်ကမ်းပေးလိုက် သော ၀ိုင်နီတစ်ခွက်ကိုလှမ်းယူရင်း ကျွန်တော် က မိမိ လာရင်းကိစ္စကို ပြောပြလိုက်၏ ။ ရင်းနှီးသည့် သူငယ်ချင်း ဖြစ်သည့်အလျောက် ဂျွန်ကလည်း ခေတ် ပြိုင် ဥရောပဒဿနလောကအပေါ် သူ၏ အမြင်ကို ပွင့်လင်းရဲတင်းစွာ ပင် ဤသို့ ရှင်းပြလိုက်သည်။
အောက်စ်ဖို့ဒ် ဒဿနလောကမှာ တစ်ရောက်တည်းခြယ်ထားသည် မဟုတ်၊ အရောင် အမျိုး စုံ ဖြာထွက်နေသည့် သတ်တံပမာ ဖြစ်၏ ။ သို့ သော်ရံဖန်ရံခါ တစ်ရောင် တည်းဟု ထင်ရသော်လည်း စင်စစ်ထိုသို့မဟုတ်၊ မည် သို့ တူညီ၍ မည် သို့ ကွဲပြားခြားနားနေသည်ကို ထိုပညာရှင်များ ပြုစုထား သည့်ကျမ်းဂန်များ ကို လေ့လာကြည့်ရုံမျှ ဖြစ်မရ။ ပညာရှင်တစ်ဦးချင်းနှင့် တွေ့ ဆုံဆွေးနွေးကြည့်မှ သာလျှင် သိနိုင်သည်။ ထို့ကြောင့် သွားရောက်ဆွေးနွေးသင့်သည်ဟု အကြံပေးခဲ့၏ ။
ပထမဆုံး အားနက်စ်ဂျယ်လ်နာ (Ernest Gellner)နှင့် တွေ့ ဆုံဆွေးနွေးရန် ဂျွန်ကအဆိုပြု ၏ ။ အကြောင်းမူ ဂျယ်လ်နာသည် အေးစက်မာကျောနေခဲ့သော ဒဿနလောကကြီး၏ ငြိမ်သက် ခြင်းကို ကွဲကြေသွားအောင် ဖောက်ခွဲနိုင်ခဲ့သူ ဖြစ်သည်။ ဘာထရန်ရပ်ဆယ်ကိုလည်း တွေ့ သင့် သည် အကြောင်းမူ ရပ်ဆယ်သည် မွေးရာပါ အငြင်းသန်သူတစ်ဦး ဖြစ်၏ ။ သူရှိနေ၍ ပင် ဥရောပ ဒဿနလောကကြီး သက်ဝင်လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူသည် နှစ် ဆယ်ရာစု ဒဿန လောကတွင် သိပံ္ပပညာနှင့် ၀ိဇ္ဇာပညာတို့ကို ပထမဆုံး လက်ထပ်ထိမ်းမြားပေးနိုင်အောင် ရှားပါး ထူးချွန်သူလည်း ဖြစ်၏ ။ နောက်တစ်ဦးမှာ ရပ်ဆယ်နှင့် မျက်နှာချင်းဆိုင်၍ ရပ်တည်နိုင်စွမ်းရှိသူ စထရော်ဆင်(P.F.Strawson)ပင် ဖြစ်သည်။ သို့သော် ရပ်ဆယ်သည်လည်းကောင်း၊ စထရော်ဆင် သည်လည်းကောင်း၊ ကျော်လွှားချန်လှပ်ထား၍ မရခဲ့သူမှာ ပါမောက္ခအေယာ(A.J.Ayer) ဖြစ်၏ ။ ဥရောပ အလယ်ပိုင်းတွင် အေယာ၏ သြဇာမှာ ကြီးမားလှ၏ ။ ထို့အပြင် ဟမ့်ရှိုင်းယား (S.Hamps-hire)ကိုလည်းတွေ့ ဆုံဖို့လည်။ ဂန္ထ၀င်ဒဿန ပညာနယ်ပယ်၌ ခြေတစ်ဘက်ရပ်ထားသူ ဖြစ်သကဲ့ သို့ ခေတ်ပြိုင်ဒဿန နယ်ထဲတွင် လည်း ခြေတစ်ဘက်ချထားသူ ဖြစ်၏ ။ နောက်ထပ်တွေ့ ရန် လိုအပ်သူမှာ အောက်စ်စဖို့လ်တက္ကသိုလ်မှ ကိုယ်ကျင့်တရားပညာ(Ethics)ပါမောက္ခ ရစ်ချတ်ဟဲ ယား(Richard Hare)ပင် ဖြစ်မည် ။ ပါမောက္ခဟဲယားသည် စိတ်ရှည်နေရာမှာ ၊ စိတ်ပါလက်ပါသင် ကြားပို့ချခြင်းနေရာမှာ အလွန်နာမည် ကြီး၏ နောက်ဆုံးတွေ့ ရန်လိုအပ်သူမှာ အိုင်းရစ်မာဒို (Iric M-urdoch)ပင် ဖြစ်သည်။သူမက(၂၀)ရာစု ဒဿနလောက၏ ထူးခြား ချက် ဖြစ်သော အမျိုးသမီးဒဿ နပညာရှင်များ ကို ကိုယ်စားပြုနိုင်သူ ဖြစ်၏ ။ ခေတ်ပြိုင်ဥရောပ ဒဿနလောကအကြောင်းကို ခြုံငုံ ထားသည်ဆိုလျှင် အဆိုပါပညာရှင်များ နှင့် တွေ့ ဆုံဆွေးနွေးသင့်သည်ဟု ဂျွန်ကအကြံပြုခဲ့သည်။
ထို့နောက်
“တကယ်တော့ ကျွန်တော် တို့တစ်တွေ က တရုတ်စကားပုံတစ်ခုထဲကလို လှော်အိမ်ထဲက ရှဥ့်တွေ လိုပါပဲဗျာ။ထွက်ပေါက်မတွေ့ မချင်း လှည့်ပတ်ပြေးလွှားနေကြရဦးမှာ ပဲ။”
ဟူ၍ စကားကို အဆုံးသတ်လိုက်သည်။
ကျွန်တော် သည် ဂျွန် ကမ်းပေးလိုက် သော ၀ိုင်နီတစ်ခွက်ကို လှမ်းယူလိုက်ရင်း ခေါင်းထဲ တွင် ပေါ်လာသည့် အမြင်တစ်ရပ်ကို ထုတ်ပြောလိုက်မိသည်။
“အရင်က ဒဿနပညာရှင်ကြီးတွေ ရဲ့ အမြင်နှင့် ကြည့်ရင်ဒီနေ့အောက်စ်ဖို့ဒ် ဒဿနလောကမှာ တော် လှန်ပြောင်းလဲမှု တွေ ပေါ်ပေါက်နေပြီလို့ မဆိုနိုင်ဘူးလား။ တစ်ဆက်တည်းမှာ ပဲတကယ်လို့ ဒီလိုဒဿနတော် လှန်ရေး တစ် ရပ် ပေါ်ပေါက်နေပြီဆိုရင်လည်း ဒီတော် လှန်ရေး ရဲ့ ဖခင်တွေ က ဘယ်သူတွေ ဖြစ်မယ်လို့ ခင်ဗျားထင်သလဲ။”
ဟုမေးလိုက်မိသည်။
ဤအကြိမ်တွင် ဂျွန်သည် ဖြေကြားရန် တုံ့ဆိုင်းနေဟန်ဖြင့် ဆေးတံကို အဆက်မပြတ်ဖွာ ရှိုက်နေ၏ ။ ခဏကြာမှသာ ဆေးတံကိုချွန်၍ ၀ိုင်တစ်ကျိုက်သောက်လိုက်ရင်း သူ၏ အမြင်ကို ဤသို့ ရှင်းပြခဲ့သည်။
စင်စစ်အားဖြင့် အောက်စ်ဖို့ဒ်ဒဿနလောကတွင် ပေါ်ပေါက်နေခဲ့သည့် တော် လှန်ပြောင်း လဲမှု များ မှာ အဖေရင်းမရှိသော သားတစ်ဦးမျှသာ ဖြစ်သည်။ ဖခင်ဟူ၍ တိတိကျကျ မည် သူ့ကိုမျှ လက်ညှိုးထိုးပြ၍ မရပေ။ အကယ်၍ မွေးစားအဖေများ ရှိသည်ဆိုလျှင် ရပ်ဆယ် (Bertrand Russe l)၊မိုး (G.EMoore)၊ ၀စ်ဂန်စတိုင်း (Ludwig Witt Genstein)တို့သာ ဖြစ်နိုင်ပေသည်။ ထိုပညာရှင် ကြီး(၃)ဦးလုံးမှာ လည်း အောက်စ်ဖို့ဒ်တက္ကသိုလ်ထွက်များ မဟုတ်ကြဘဲ ကိန်းဘရစ်တက္ကသိုလ်မှ ပညာရှင်များ သာ ဖြစ်ကြသည်။ ဘာထရန်ရပ်ဆယ်၏ ဒဿနအစဉ်အလာ တစ်လျှောက်လုံးတွင် ကမ္ဘာကြီးကသူ့ကို အစဉ်အမှတ်ရနေကြမည် မှာ ၁၉၁၈ ခုနှစ် က သူကိုယ်တိုင် ပို့ချတင်ပြခဲ့သော ယုတ္တိနည်းကျအနုမြူဝါဒ (Logical Atomisn)ပင် ဖြစ်လိမ့်မည် ရပ်ဆယ်၏ ဒဿနအယူအဆ ဂယက်ကြောင့် ဒဿနပညာရပ်သည် အစဉ်အလာ ဘာသာစကား ခြံစည်းရိုးကို ချိုး ဖျက် ကျော် နင်းထွက်လိုသော တိမ်းညွတ်မှု တစ်ရပ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ရပ်ဆယ်က ဒဿနပညာ ကို သာမန်အရပ်သုံး ဘာသာစကားဖြင့် ပုံဖော်ခြင်းမှာ တိကျခြင်းမရှိ၊ ယုတ္တိနည်းမကျဟူ၍ ယူဆခဲ့ ၏ ။ သို့ ဖြင့် ဒဿနကညာ၏ ဘာသာစကားအ ဖြစ် အရပ်သုံးစကားမသုံးတော့ဘဲ သင်္ချာပညာဖြင့် အစား ထိုးအသုံးချရန်ကြိုးပမ်းခဲ့သည်။ ဤကြိုးစားမှု ၏ အခြေခံအ ဖြစ် ၁၉၁၀ ခုနှစ် က Prinecipia Mathematica ကျမ်းကြီးကို ၀ှိုက်ဟက်(A.N.Whitehead)နှင့် ပူးပေါင်းပြီးရေး သားပြုစုခဲ့ခြင်း ဖြစ် သည်။ ရပ်ဆယ်၏ ယုတ္တိနည်းကျ အနုမြူဝါဒ လွှမ်းမိုးဂယက်ရိုက်မှု ကြောင့် ဒဿနလောကတွင် ဘာသာဗေဒဆိုင်ရာ အဓိကရုဏ်းများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ဂျွန်က ပြောလက်စစကားကို ရပ်လိုက်ရင်း ၀ိုင်နီတစ်ကျိုက်သောက်လိုက်သည်။ ထို့နောက် သူ၏ ဆေးတံကို တယုတယပွတ်သပ်ရင်း ဆေးတစ်ဆုံထည့်ရန်ပြင်လေ၏ ။ ကျွန်တော် ကိုယ်တိုင်မှာ မူ အသိတရားပညာကျောင်းတော် ကြီးထဲတွင် ရောက်ရှိနေပြီး ပါမောက္ခကြီးတစ်ဦး၏ ပို့ချချက်များ ကိုနာယူနေရသကဲ့သို့ပင် ခံစားနေရ၏ ။ ထို့ကြောင့် ဂျွန်၏ ဆေးတစ်ဆုံကုန်အောင်ပင် စောင့်မနေ နိုင်ဘဲ ဂျီ၊ အီး၊ မိုး အကြောင်းဆက်ပြောရန် တိုက်တွန်းလိုက်မိသည်။
ဂျွန်က ဆေးတံကို ငုံထားရာမှ ချွတ်လိုက်ပြီး စကားဆက်ပြောခဲ့သည်။ မိုးမှာ သာမန်လူ သားအမြင် (Commonsense) ဒဿနဆရာ တစ်ဦးပင် ဖြစ်သည်။ လူများ စုကြီး၏ ကိုယ်ကျင့်တရား အမြင်ကို အခြေခံသော အယူအဆမျိုးရှိ၏ ။ သူ့ကို ထင်ရှားကျော်ကြားစေခဲ့သည်မှာ လည်း “In Defence of Commonse”ဆိုသည့် ကိုယ်ကျင့်တရားပညာ ကျမ်းပင် ဖြစ်၏ ။ ဒဿနလောကအနေ နှင့် သာမန်လူသားအမြင်နှင့် အရပ်သုံးဘာသာစကားများ ၏ ဒဿနရေး ရာ တန်ဖိုးများ ကို မှန်ကန် စွာ သိမြင်နားလည်ရေး တွင် မိုးကိုကျေးဇူးတင်ရမည် ဖြစ်၏ ။ သို့ သော်ဒဿနပညာ၏ အမှန်တရား ရှာဖွေရေး ဦးတည်ချက်မှာ မှု များ စွာေ၀၀ါးတန်ဖိုးလျော့ပါးသွားစေခဲ့သည်။
`၀စ်ဂန်းစတိုင်း´၏ အကြောင်းကို ပြောရာတွင် မူ ဂျွန်ကိုယ်တိုင်ပင် ထက်သန်တက်ကြွစိတ် ကြောင့် ဆေးသည်းသွားသဖြင့် ဆေးတံကို ခေတ္တ နားထားလိုက်ရသည်။ ဂျွန်က၀ိုင်နီခွက်ကိုကိုင် ရင်း `၀စ်´၏ ကိုယ်ပိုင်ဘ၀ရှိခဲ့၏ ။ ပထမဘ၀မှာ Tractatus Logico-philosophicus ကျမ်းထုတ် ဝေခဲ့သည့် ၁၉၂၀ ၀န်းကျင်ကာလ ဖြစ်ပြီး၊ ဒုတိယဘ၀မှာ Philosophical Investigat ion ကျမ်း ကြီးကို ထုတ်ဝေခဲ့သော စစ်ပြီးကာလပင် ဖြစ်သည်။
ပထမ ၀စ်ဂန်စတိုင်း၏ အယူအဆအရ ကမ္ဘာကြီးကို ဖွဲ့စည်းထားသည့် အခြေခံအကြောင်း အချက်များ ကို ဘာသာစကားဖြင့် ရောင် ပြန်ဟပ်ပြထားခြင်း ဖြစ်သည်။ ဒဿနပညာရှင်၏ အဓိက လုပ်ငန်းမှာ အမှန်တရားရှာဖွေရေး ဖြစ်သည်။ ထိုကြောင့် ကမ္ဘာလောကကြီး၏ အခြေခံများ ကို ပုံ ဖော်ပေးသည့် ရှုပ်ထွေးလှသော ဘာသာစကားဖြင့် အဆောက်အအုံကြီးကို ဖြိုချဖျက်ဆီးပစ်ရမည် ။ ထိုအပျက်အစီးပုံကြီးကို ခွဲခြမ်းစိတ်ဖြာစစ်ဆေးရင်း အခြေခံအမှန်တရားကို ရှာဖွေရမည် ဟု ယူဆခဲ့ သည်။ `၀စ်´၏ အယူအဆများ မှာ ၁၉၂၀ ၀န်ကျင်က ဘာထရန်ရပ်ဆယ်၏ ဒဿနစာတမ်းများ ကို ပြန်လည်အမှတ်ရစေခဲ့သည်။
သို့ သော် ၁၉၄၆ တွင် ဒဿနရေး ရာ စူးစမ်းလေ့လာချက်ကျမ်းကို ထုပ်ဝေလိုက်သော အခါ ၀စ်ဂန်းစတိန်မှာ ပထမဘ၀မှ ဒုတိယဘ၀သို့ ပြောင်းလဲသွားတော့၏ ။ အဆိုပါကျမ်းကြီးတွင် Tra – ctatus ကျမ်းမှ အယူအဆအားလုံးကို စွန့်ပစ်လိုက်တော့သည်။ `စူးစမ်းလေ့လာချက်´ကျမ်းတွင် ၀စ်က”ဒဿနပညာဆိုသည်မှာ အသိတရားကို ဘာသာစကားဖြင့် နှောင်ကြိုးတဲထားမှု အားလုံးမှ ရုန်းထွက်ရေး တိုက်ပွဲပင် ဖြစ်သည်”ဟု ကြေညာခဲ့သည်။ဆက်လက်၍ -
“ဒဿနပညာရှင်ဆိုသည်မှာ လည်း ပုလင်းထဲမှ လွတ်မြောက်ရန် ထွက်ပေါက်ရှာနေသော ယင်ကောင်တစ်ကောင်မျှသာ ဖြစ်သည်။”
ဟူ၍ ဖွင့်ဆို လိုက်သည်။
ပထမကျမ်းကို ပြုစုစဉ်က ၀စ်ဂန်စတိုင်းကို ရပ်ဆယ်နှင့် အယူအဆတူသည်ဟု ယူဆလျှင် ဒုတိယကျမ်းကို ရေး သားထုတ်ဝေလိုက်သော အခါသူ့ကို မိုးနှင့် အယူအဆ တစ်သဘောတည်းဟု ကောက်ချက်ချကြရပေလိမ့်မည် ။ ၀မ်း၏ နောက်ပိုင်းအမြင်အရ အမှန်တရားဆိုသည်ကို ဘာသာ စကားဖြင့် ဖွင့်ဆိုရှင်းပြနေချိန်မျိုးတွင် အမှန်တရားရှာဖွေရန် ဘာသာစကားအဆောက်အအုံကြီးကို ဖြိုချဖျက်စီးပစ်ရန် မလိုတော့ပေ။ဘာသာစကား၏ ဖွဲ့စည်းပုံကို လေ့လာကြည့်ရှုရုံမျှ ဖြစ်ပင် အမှန် တရားကို နားလည်နိုင်စွမ်းရှိနိုင်ပေသည်။ ထို့ကြောင့် ဒဿနပညာရှင်၏ လုပ်ငန်းမှာ ဘာသာစ ကား၏ အခြေခံ ဥပဒေများ ကို ရှာဖွေဖော်ထုတ်ရန်ပင် ဖြစ်တော့သည်။
ဤမှ ဥရောပဒဿနလောကတွင် စဉ်းစားနည်း၊ ချဉ်းကပ်နည်းမတူသည့် ဒဿနဂိုဏ်များ ကွဲပြားနေခဲ့ကြသည့်တိုင် ဘာသာစကားကို မဏ္ဍိုင်ပြု၍ အမှန်တရားရှာဖွေရေး ဟူသော ဦးတည် ချက်တွင် မူ တူညီနေခဲ့ကြသည်။ ကမ္ဘာလောကကြီးနှင့် လူသားဘ၀၊ လူသားအတွေးအမြင် ဆင် ခြင်တုံတရားတို့ကို အခြေပြု၍ အမှန်တရားရှာဖွေရေး ဟူသော ဂန္ထ၀င် ဒဿနအစဉ်အလာနှင့် ဦး တည်ချက်များ မှ ဥရောပဒဿနလောကသည် လမ်းခွဲထွက်လိုက်၏ ။ သို့ ဖြင့် ဘာသာဗေဒကို ဗဟို ပြုလှုပ်ရှားနေသည့် ဒဿနရေး ရာတော် လှန်ရေး တစ်ရပ် ဥရောပတွင် ရှင်သန်အားကောင်းလာ တော့သည်။
ဂျွန်သည် စကားစကို ရုတ်တရက်ဖြတ်ချလိုက်ရင်း နောက်ဆုံး လက်ကျန်ဝိုင်နီတစ်ခွက်ကို မော့သောက်လိုက်သည်။ ထိုနောက် ထုံစံအတိုင်း ဆေးတံအိုးတွင် ဆေးသစ်ဖြည့်ပြီး အားရပါးရ ရှိုက်ဖွာနေတော့သည်။ တိုက်ခန်းတစ်ခန်းလုံးမှာ အင်္ဂလိပ်ထုံစံစရိုက်နှင့် မကိုက်ညီစွာ ပင် ဆေးလိပ် ခိုးများ မွှန်ထူဖုံးလွှမ်းနေတော့သည်။ အချိုးကျစပ်ထားသော ၀ိုင်နီခွက်တစ်ပုလင်းမှာ လည်း ပြောင် သလင်းခါ၍ ကြမ်းပြင်ပေါ်တွင် လဲနေခဲ့ပြီ။ ဒဿနတန်ဖိုးများ ၊ ဆေးတံခိုးများ ၊ ၀ိုင်နီတန်ခိုးများ တို့ ဖြင့် မူးယစ်ရီဝေနေပြီ ဖြစ်သော ကျွန်တော် သည်လည်း အင်္ဂလိပ်ထုံစံစရိုက် ဆိုသည်တို့ကို ဂရုစိုက် နိုင်စွမ်းမရှိတော့ဘဲ ဂျွန်၏ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်သို့ ထိုးလဲအိပ်မောကျသွားခဲ့သည်။
လန်ဒန်တိုင်းမ် သတင်းစာ
ကြီးပေါ်မှ Mind မဂ္ဂဇင်း အယ်ဒီ တာချုပ် ရိုင်း (Gilbert Ryle)နှင့် ဒဿနပညာရှင်အား နက်စ်ဂယ်လ် နာ (Ernest Gellner)တို့၏ အယူ အဆ ရေး ရာ တိုက်ပွဲစဉ်အတွင်းက ကျွန်တော် သည် မပြတ်မသားနှင့် တွေ ဝေနေခဲ့မိ၏ ။ ပထမပိုင်းတွင် ဂယ်လ်နာကို ထောက်ခံလိုစိတ် ပြင်းထန်ခဲ့ပြီး နောက်ပိုင်းတွင် ဂယ် လ်နာကို ဆန့်ကျင်လိုစိတ်များ ပေါက်ဖွားလာခဲ့၏ ။ သို့ သော် ဇာတ် သိမ်းခန်းသို့ ရောက်သော အခါ ဂယ်လ်နာ ထောက်ခံသူလုံးလုံး ဖြစ်သွားရသည်။ စင်စစ် အယူအဆ ရေး ရာတိုက်ပွဲတွင် ကျွန်တော် သည် နားလည် တတ်ကျွမ်းခြင်းမရှိဘဲ ဂယ်လ်နာ-ရိုင်းလ် ဟူသော ဆီးဆောကို တက်စီးမိသူ ဖြစ်နေခဲ့ပေသည်။
သို့ သော် ကျွန်တော့် သူငယ်ချင်း အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ဒဿနဆရာဂျွန်က အယူအဆ ရေး ရာ တိုက်ပွဲပြဿနာများ တွင် ထားရှိအပ်သော သဘောထားများ ကို ဆင်ခြင်တုံတရားကြီးစွာ ဖြင့် ရှင်းပြခဲ့သည်။ ၎င်းက-
“အယ်ဒီတာကောင်း တစ်ယောက် မည် သည် မိမိ၏ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ခံစားမှု ကို အဓိကဗဟိုပြု၍ ပြဿနာများ ကို စဉ်းစားဆုံးဖြတ်လေ့မရှိ။ အပျော်ဖတ်မဂ္ဂဇင်း မဟုတ်သော အယူအဆရေး ရာမဂ္ဂဇင်း အယ်ဒီတာများ အနေနှင့် ဤသဘောထားမျိုးကို ပိုမိုအလေးထား ဆုပ်ကိုင်ထားအပ်သည်”
ဟု သူငယ်ချင်းဂျွန်က ထိုသို့ ရှင်းပြလိုက်ပြီးနောက် ဒဿနပညာရှင် ဂျီ၊ အီ၊ မိုး (G.E.More)၏ အတ္ထု ပ္ပတ္တိထဲမှ စာပိုဒ်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ရှုလေ့လာကြည့်ရန် ပေးလိုက် သည်။
ဂျီ၊ အီ၊ မိုးက-
“၁၉၂၀ ခုနှစ် မှာ Mind မဂ္ဂဇင်းကြီး၏ အယ်ဒီတာချုပ် အ ဖြစ်နှစ် ပေါင်း ၂၀ တိတိဆောက်ရွက်ခဲ့သော မစ္စတာစတောက်တာဝန်မှ နုတ်ထွက်အနားယူသွားခဲ့တယ်။ ကျွန်တော့်ကိုသူနေရာမှာ ဆက်လက်တာဝန်ယူပေးဖို့ ကမ်းလှမ်းခဲ့တယ်။ အခု ကျွန်တော် ဒီမဂ္ဂဇင်းကြီး၏ တာဝန်ခံအယ်ဒီတာလုပ်လာတာ နှစ် ပေါင်း ၂၀ ကျော်ကြာခဲ့ပါပြီ။ ဒီနှစ် တွေ အတွင်းမတူတဲ့ အယူအဆရေး ရာတိုက်ပွဲများ ပေါ်ပေါက်လာတိုင်းကျွန်တော် ဘယ်ဘက်ကမှ မပါဝင်ခဲ့ဘဲ သမာသမတ်ကျစွာ ရပ်တည်ခဲ့တယ်။ အယ်ဒီတာ တစ်ယောက် အနေနဲ့ ကျွန်တော် ဒီလိုရပ်တည်ခဲ့ခြင်းသည် မစ္စတာစတောက်ရဲ့ မူကိုမှန်ကန်တယ်လို့ လက်ခံယူဆထားတဲ့ အတွက်ကြောင့် ပါ။ မစ္စတာစတောက်ရဲ့ မူ ကတော့ အယူအဆချင်းမတူတာ အရေး မကြီးပေမယ့် အရေအသွေးချင်း တူညီကောင်းမွန်ဖို့တော့ အရေး ကြီးတယ်။ အရည်အသွေးကောင်းမွန် မြင့်မားတဲ့စာဆိုရင် အယူအဆချင်း ကိုယ်နဲ့မတူလည်း မဂ္ဂဇင်းမှာ ထည့်သွင်း ဖော်ပြပေးမယ် ဆိုတဲ့ မူပါပဲ။ ကျွန်တော် ဒီမူကို ဆက်ခံ့ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် အယ်ဒီတာ တစ်ယောက် ရဲ့ တာဝန်ကျေတယ်လို့ယူဆမိ ပါတယ်။”
လို့ရေး ထားခဲ့ပါတယ်။
ဂျီ၊ အီး၊ မိုး၏ အထက်ပါစာပိုဒ်ကို ဖတ်ပြီးသည်နှင့် အားနက်စ်ဂယ်နာနှင့် သွားရောက်တွေ့  ဆုံ မေးမြန်းရန် ဆုံဖြတ်ခဲ့သည်။ ဤသို့ ဖြင့် အောက်စ်ဖို့ဒ် တက္ကသိုလ် ဒဿနပညာရပ်ရှာပုံတော် ခရီးစဉ်ကိုစတင်ရန် ဂယ်လ်နာထံသို့ ကျွန်တော် ရောက်ရှိသွားခဲ့သည်။
အားနက်စ်ဂယ်နာမှာ အသက် ၄၀ ၀န်းကျင်ခန့်ရှိပြီး အသားညိုညိုနှင့် အရပ်အမောင်း အနေတော် ပင် ဖြစ်၏ ။ သူ၏ ဆံပင်မှာ ဖြီးသင်းလေ့မရှိသဖြင့် ဒဿနဆန်စွာ ပင် ဝေ့၀ဲလွင့်ပျံနေ၏ ။ သူ၏ အသံမှာ မူ ပညာတတ်ဆန်စွာ ပင် တိုးညင်းရှင်းလင်းနေ၏ ။ သူ၏ ပြောပြချက်အရ ဂယ်လ်နာ ၏ မိဘများ မှာ ပြင်သစ်ပြည်၊ ပါရီမြို့တွင် နေထိုင်ကြသော ချက်လူမျိုးများ ဖြစ်ကြ၏ ။ သူငယ်စဉ်က ချက်နိုင်ငံ ပရာဟာမြို့တော် တွင် စာသင်ခဲ့ရပြီး စစ်မ ဖြစ်မီကပင် အင်္ဂလန်သို့ ရောက်ရှိနေသူ ဖြစ်၏ ဤသို့ ဖြင့် အောက်စ်ဖို့ဒ်တက္ကသိုလ် ဒဿနပညာသင်ကြားရင်း ဒဿနပညာရှင်တစ်ဦး ဖြစ်လာခဲ့ရ သည်။
ဂယ်လ်နာသည် အောက်စ်ဖို့ဒ်တက္ကသိုလ်ဒဿနပညာ အသိုင်းအ၀ိုင်းတွင် ကျင်လည်ကြီး ပြင်းခဲ့သူပီပီ အခြားပညာရှင်များ ကဲ့သို့ ပင် ဘာသာဗေဒ ဒဿနပညာ(Linguistic Philosophy)ရပ် တွင် သာ စိတ်ဝင်စားသူ ဖြစ်ပေသည်။ ထိုစဉ်ကအောက်စ်ဖို့လ် တက္ကသိုလ်တွင် မတူသည့်ဒဿန အယူအဆဂိုဏ်ဟူ၍ မရြှိ ကတော့ပေ။ ဘာသာဗေဒကို မည် သို့ ချဉ်းကပ်ခွဲခြမ်းစိတ်ဖြာပြီး မည် သို့ အဓိပ္ပါယ်ဖွင့်ဆိုကြမည် ဆိုသည့် အကြောင်းအချက်ပေါ်တွင် အမြင်မတူကြသော ဒဿနဂိုဏ်းများ သာ ရှိခဲ့ကြသည်။ စကြ၀ဠာကြီးနှစ် သဘာဝတရားအပေါ် စူးစမ်းလေ့လာမူအပိုင်းကို ဒဿနပညာ ရှင်များ က သဘာဝသိပံ္ပပညာရှင်များ လက်ထဲသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။ အောက်စ်ဖို့ဒ်ဒဿ နပညာရှင် အနည်းစုလေး၏ လုပ်ငန်းမှာ ဘာသာဗေဒ အဆောက်အအုံကို တူးဆွခွဲစိတ်လေ့လာ ခြင်းမျှသာ ဖြစ်တော့သည်။ ဤလုပ်ငန်းသည်ပင် ဒဿနပညာရှင်များ ၏ လူသားအသိပညာ စူးစမ်း လေ့လာရေး ဆိုင်ရာ မုဒ်ဦးတံခါးအ ဖြစ် ယူဆထားခဲ့ကြသည်။
ဂယ်လ်နာ၏ အဆိုအရ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ဒဿနပညာရှင်များ ၏ သမ္မာကျမ်းစာ သစ်မှာ အခြားမဟုတ်။ အောက်စ်ဖို့ဒ်အဘိဓာန် (Oxford English Dictionary)ပင် ဖြစ်သည်။ သို့ သော်ဂယ်လ်နာအနေနှင့် ဤသို့ သော အောက်စ်ဖို့လ် အဘိဓာန်ကို ပညာရှင်များ က ကိုးကွယ်အား ထားပြီး ဒဿနပညာရပ်ကို ဖွင့်ဆိုရှင်းလင်း နေခြင်း အပေါ်လုံးဝလက်ခံနိုင်စွမ်းမရှိပေ။ အကြောင်းမူ အဆိုပါ အဘိဓာန်တွင် ဖော်ပြ ထားသော စကားလုံးတိုင်းသည် အရာဝတ္ထု တိုင်း၊ အရာကိစ္စတိုင်းကို ပုံဖော်နိုင်စွမ်းရှိ သည့် အမည် နာမများ ချည်း မဟုတ်ကြပေ။ ထိုအမည် နာမများ ကို ရှင်းလင်းဖွင့်ဆိုလိုက် သည်နှင့် သက်ဆိုင်ရာ အရာဝတ္ထု(သို့ ) အရာ ကိစ္စတိုင်း၏ အဓိပ္ပာယ်များ ပြီးပြည့် စုံသွားကြသည်လည်း မဟုတ်ပေ။ တစ် နည်းအားဖြင့် စကားလုံးတိုင်းနှင့် အရာဝတ္ထု တိုင်းတို့သည် အခါခပ်သိမ်း အံဝင်ခွင်ကျ အဓိပ္ပာယ်ရှိနေကြသည် မဟုတ်ပေ။ စကားလုံးများ တွင် အရာဝတ္ထုများ ၊ အရာကိစ္စများ ကို ကိုယ်စားပြုနိုင်စွမ်း တစ်စုံတစ်ရာရှိနေကြသော်လည်း ၎င်းတို့တွင် ပြီးပြည့်စုံသော အဓိပ္ပာယ်များ မရှိကြပေ။ ထို့ကြောင့် အရာကိစ္စများ ၏ သဘောသဘာဝအပေါ် သိမြင်ခွဲခြမ်းစိတ်ဖြာ၍ အဓိပ္ပာယ်ဖွင့်ဆိုနေကြခြင်းကို ဒဿနပညာဟူ၍ ဂယ်လ်နာက လက်ခံယုံ ကြည်ခြင်းမရှိခဲ့ပေ။
အောက်စ်ဖို့ဒ်တက္ကသိုလ်၏ ဒဿနအ၀န်းအ၀ိုင်တွင် ၀စ်ဂင်းစတိုင်း(Wittgestein)သည် ဘာသာဗေး ဒဿနဆိုင်ရာ နတ်ဘုရားတစ်ပါး ဖြစ်၏ ။ ၀စ်ဂင်စတိုင်း၏ အယူအဆ၌ `ဘာမှားနေပါ တယ်´ဟုထောက်ပြရန် ခက်လှအောင်ပင်လှပ ပြည့်စုံစွာ တင်ပြတတ်သူ ဖြစ်၏ ။ သို့ သော် ၀စ်ဂင်စ တိုင်းကို ဒဿနပညာလေ့လာသူ၊ ပညာတတ်များ သဘောကြသည်မှာ ဤသို့ သူ၏ အယူအဆ လှပပြည့်စုံ၍ ကားမဟုတ်။ ဆင်ခြင်တုံတရားနှင့် ယုတ္တိဗေဒနယ်ပယ်တွင် သူရရှိထားသော အောင် မြင်မှု များ ကို အယူအဆသစ်များ နှင့် အစားထိုးတင်ပြရာတွင် အယူဟောင်းကို စွန့်ပစ်ရဲသော သတ္တိ ရှိ၍ ဖြစ်၏ ။ ၀စ်ဂင်စတိုင်းသည် သူ၏ ပဉ္စလက်ဆန်၍ သြဇာကြီးလှသော `သင်္ချာဒဿန´စနစ်ကြီး ကိုပင် သာမန်အရပ်သုံးစကားများ ကို လေ့လာ၍ ဒဿနအဖြေရှာနည်းဖြင့် လည်း အစားထိုးရဲသူ ဖြစ်၏ ။ သူမြတ်နိုးတန်ဖိုးထားသည်မှာ ကြီးကျယ်မြင့်မာသော အဆင့်နေရာမဟုတ်။ စဉ်းစားတွေး ခေါ်နည်းအသစ်၊ ချည်းကပ်နည်းအသစ်သာ ဖြစ်၏ ။
ဘာသာဗေဒ ဒဿနဆရာများ မှာ ဆင်ခြင်သိစိတ် (Conception)ကိုအလွန်အကျွံ အရှုး အမူးရှေ့တန်းတင်လွန်းသဖြင့် သဘာဝနှင့် လည်းကောင်း၊ ဘ၀နှင့် လည်းကောင်း၊ လက်တွေ့ နှင့် လည်းကောင်း၊ ကင်းကွာကာ အောက်ခြေလွတ်နေသူများ ဖြစ်ကြသည်ဟု ဂယ်လ်နာက ယူဆ၏ ။ ထိုကြောင့် ဘာသာဗေဒ ဒဿနပညာ၏ သဘောသဘာဝကို နားလည်လိုလျှင် ၎င်းရှင်သန်ပေါက် ဖွားရာအောက်စ်ဖို့ဒ်၏ လူမှု ၀န်းကျင် အခြေအနေများ နှင့် ပေါင်းစပ်သုံးသပ်ကြရမည် ဖြစ်သည်။
ဂယ်လ်နာ၏ အဆိုအရ စာရေး ဆရာကြီး စီ၊ ပီစနိုး (C.P.Snow)က “The Two Cultures- And the Scientific Revolution”ဟူသော စာအုပ်တစ်အုပ်ရေး ခဲ့သည်။ ထိုစာအုပ်တွင် စနိုးတင် ပြခဲ့သလိုပင် အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် လည်း ယဉ်ကျေးမှု ကြီးနှစ် ရပ်ရှိနေခဲ့၏ ။ တစ်ခုမှာ စာပေ ဖြစ်ပြီး၊ အခြားတစ်ခုမှာ သိပံ္ပယဉ်ကျေးမှု ဖြစ်၏ ။ စာပေအနုပညာနူန်းစံ တန်ဖိုးများ တွင် ကြီးကျယ် သော အစဉ်အလာနှင့် အရှိန်အ၀ါသြဇာများ အမှန်ပင်ရှိခဲ့၏ ။ သို့ သော် ယခုအခါ သိပံ္ပနှင့် နည်းပညာ များ က များ စွာ တိုးချဲ့နေရာယူထားသော အခါ စာပေ၏ အစဉ်အလာနှင့် ဘုံပျောက်သွားသကဲ့သို့ ဖြစ်နေရသည်။
ဤသို့ သိပံ္ပနှင့် နည်းပညာ၏ နယ်ပယ်ချဲထွင်လာမှု ကို အောက်စ်ဖို့ဒ်ဒဿနလောကမှ ခုခံ ကာကွယ်နေကြရ၏ ။ အကယ်၍ ဂန္ထ၀င်ဒဿန၏ တန်ဖိုးနှင့် ဂုဏ်သိက္ခာကို ကာကွယ်နိုင်စွမ်း မရှိခဲ့ လျှင် စာပေ၊ ယဉ်ကျေးမှု ၏ အခန်းလည်း ဆက်လက်တည်ရှိတော့မည် မဟုတ်တော့ပေ။ သို့ သော် ဂန္ထ၀င်ဒဿနကို ဆက်ခံထိန်းသိမ်းမည့်  ထူးချွန်ထက်မြက်သူများ ကို အောက်စ်ဖို့ဒ်က တလေး တစား ရွေးချယ်နေရာပေးမြဲ ဖြစ်၏ ။ ထိုကြောင့် ပင် အောက်စ်ဖို့ဒ်ပရ၀ုဏ်အတွင်းမှ ဂန္ထ၀င်ဒဿနနှင့် စာပေယဉ်ကျေးမှု ကို ဆုတ်ခွာပေးရသည့် အခြေအနေသို့ မဆိုက်ခဲ့ခြင်း ဖြစ်သည်။
အောက်စ်ဖို့ဒ်တက္ကသိုလ်၏ ဒဿနနှင့် စာပေယဉ်ကျေးမှု အ၀န်းအ၀ိုင်းကို သိပံ္ပနှင့် နည်းပညာယဉ်ကျေးမှု တို့က လွှမ်းမိုးအသာစီး ရယူနိုင်ခြင်းမရှိခဲ့ပေ။ ထိုအခါ ဂန္ထ၀င်ဒဿန အစဉ် အလာနှင့် ဂုဏ်သိက္ခာကို တိုက်ခိုက်ထိပါးမည့်  အင်အားတစ်ရပ်ရှိရန် မလွဲမသွေ လိုအပ်လာတော့ သည်။ ဤတာဝန်ကို ဘာသာဗေဒ ဒဿနဆရာများ က တက်ကြွစွာ လက်ခံရယူခဲ့ကြသည်။ စင်စစ် ဘာသာဗေဒ ဒဿနဆိုသည်မှာ ဂန္ထ၀င်ဒဿန လွှမ်းမိုးမှု အောက်တွင် လုပ်စရာအလုပ်မရှိ ဖြစ်နေသည့် အောက်စ်ဖို့ဒ်တက္ကသိုလ်မှ အလုပ်လက်မဲ့ ပညာရှင်တချို့၏ အယူအဆရေး ရာ စတန့်ထွင်မှု သာ ဖြစ်သည်ဟု ဂယ်လ်နာက ယူဆသည်။
အားနက်စ်ဂယ်လ်နာသည် ဘာသာဗေဒ ဒဿနအပေါ် သူ၏ အမြင်ကို ဤသို့ အကျယ်တ ၀င်း ဆွေးနွေးရှင်းပြပြီးနောက်-
“ကျွန်တော် ရေး ခဲ့တဲ့ Words And Things စာအုပ်ရဲ့ အနှစ် သာရနှင့် အခြေခံသဘောကို ခြုံငုံနားလည်းချင်တယ်ဆိုရင်တော့ ခင်ဗျားကို ကျွန်တော့် ရဲ့ အသံဖမ်းစက်ဖွင့်ပြမှ ဖြစ်လိမ့် မယ်။ ခင်ဗျားနားထောင်ကြည့်စမ်းပါ။”
ဟုပြောဆိုအဆုံးသတ် လိုက်သည်။
အသံဖမ်းစက်မှ အားနက်စ်ဂယ်နာ၏ ပညာတတ်ဆန်စွာ တိုးညင်းသော်လည်း ရှင်းလင်းပီ သသည့် အသံထွက်ပေါ်လာခဲ့၏ ။
“အတိတ်က ဒဿနဆရာကြီးတွေ ဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ခြင်းအတွက် ဂုဏ်ယူခဲ့ ကြတယ်။ နိုင်ငံရေး ဘ၀ဆိုင်ရာ လမ်းညွန်တွေ လည်း ချမှတ်ပေးနိုင်ခဲ့ကြတယ်။”
“၁၉ ရာစုကနေ ၂၀ ရာစုအ၀င် ခေတ်ကာလတွေ အတွင်းက အောက်စ်ဖို့ဒ်တက္ကသိုလ်ဆို တာ အင်ပါယာကြီးတစ်ခုလုံးကို ထိန်းကျောင်း မောင်းနှင့် ပေးမည့်  သူတွေ မွေးထုတ်ပေးခဲ့ရာ ကလေးထိန်းကျောင်းကြီးတစ်ကျောင်းပါပဲ။ အခုချိန်မှာ တော့ အောက်စ်ဖို့ဒ်ဟာ ကမ္ဘာကြီးကို ဖြစ် ချင်ရာ ဖြစ်ပေတော့လို့ ကျောခိုင်းစွန့်ပစ်ထားတဲ့ ကျောင်းကြီးတစ်ကျောင်း ဖြစ်နေခဲ့ပါပြီ။ ဒါဟာ ဘာသာဗေဒ ဒဿနဆရာများ ကို သဘောပေါက် နားလည်နိုင်ရေး အတွက် လုံးဝမသိမ ဖြစ် သိဖို့ လိုအပ်တဲ့ လူမှု ရေး နောက်ခံကားကြီးပဲ ဖြစ်ပါတယ်”
နောက်တစ်နေ့တွင် ချဲလ်ဆီးအရပ်သို့ ကျွန်တော် လမ်းလျှောက် ထွက်ခဲ့သည်။ ဒဿနပညာရှင်ကြီး ဘာထရန်ရပ်ဆယ်လ်၏ အိမ်သို့ သွားရန် ဖြစ်၏ ။ ဆရာကြီး၏ အိမ် ရှေ့သို့ ရောက်သော အခါ ကျွန် တော် ကိုဆရာကြီးရပ်ဆယ်လ်ကိုယ် တိုင်တံခါးလာဖွင့်ပေးခဲ့သည်။ သူ၏ ပါးစောင်းတွင် ငုံထားသော ဆေးတံ ကို မြင်လိုက်သည်နှင့် ဆရာကြီး ရပ်ဆယ်လ်မှန်း ကျွန်တော် သိ လိုက်ပါပြီ။
“ကျမ်းခန့်သာလို့ မာပါစ”
ဟူ၍ နှုတ်ဆက်လိုက်သည့် ဆရာကြီး၏ အသံ နာပျော်ဖွယ်ရှိသကဲ့သို့ အမှု အရာကလည်း ဖျတ်လတ် သွက်လက်လှ၏ ။ ရှည်လျားစွာ ပခုံးပေါ်သို့ ၀ဲကျနေသည့် ဆံပင်ဖြူများ က ဆရာကြီး၏ ဥပဓိရုပ်ကို ထည်ဝါခန့်ညားစေ၏ ။ နေဒဏ် လေဒဏ်သင့်နေသည့် မျက်နှာပေါ်မှစူးရှသည့် မျက်ဝန်းတစ်စုံက ဆရာကြီး၏ ပြည့်ဝနက်ရှိုင်းသော ဥာဏ်ပညာကို ဖော်ပြနေပေသည်။
ဆရာကြီးက ကျွန်တော့် ကို သူ၏ မြေအောက်စာကြည့်ခန်းဆီသို့ ဦးတည်ခေါ်သွားခဲ့သည်။ ဆရာကြီး၏ စာကြည့်ခန်းမှာ ဘာသာရပ်မျိုးစုံပါဝင်သော စာအုပ်များ ဖြင့် ပြည့်နေ၏ ။ သင်္ချာ၊ ယုတ္တိ ဗေဒ၊ ဒဿန၊ သမိုင်း၊ သိပံ္ပ၊ နိုင်ငံရေး မျိုးစုံ ဖြစ်၏ ။ မတ်မတ်တန်းစီထားသည့် ကတ္ထူဖုံးကျမ်းတွဲ ကြီး များ ၏ ရွှေအိုရောင် အဆင်းအသွေးက ဆရာကြီး၏ ပြောင်းလဲလာခဲ့သော ဒဿနအမြင်များ ၏ သမိုင်းစဉ်ကို ကမ္ဗည်းထိုးပြနေ၏ ။ ၀ိတိုရိယခေတ်မှန် ဗီရိုကြီးထဲတွင် မှု စုံထောက်ဝတ္ထုများ ကို အတန်းလိုက် တွေ့ နေရ၏ ။
ဆရာကြီးက
“ဟ…၄ နာရီလောက် ရှိသေးတာပဲ၊ တို့လက်ဖက်ရည် သောက်ကြဦးစို့၊ အလွန် တော် တဲ့ ငါ့မိန်းမက တို့အတွက်လက်ဖက်ရည်လေးတော့ နှပ်ထားပါလိမ့်မယ်။”
ဟုပြောရင်း ၀ိတိုရိယခေတ် ရေး နွေးကရားလေးကို မီးဖိုပေါ်တင်လိုက်၏ ။ မကြာမီ လက်ဖက်ရည် အိုးဆီမှ ရေး နွေးပွက်သံများ ဓမ္မတေးသီးချင်းဝိုင်းသီဆိုကြသည့် ကဲ့သို့ ဆူညံစွာ ထွက်ပေါ်လာ၏ ။ ဆရာကြီး ရပ်ဆယ်လ်သည်ဆေးတံကို ရှိုက်ဖွာရင်း စကားပြောနေ၏ ။ စကားပြောရင်း ဆေးတံကို ဆေးဖြည့်၏ ။မီးထပ်ညှိ၏ ။ တစ်ဖန် ထပ်ဖွာ၏ ။ သို့ဖြင့် ဆေးတံတစ်လက်နှင့် ဆရာကြီး၏ လှုပ်ရှား မှု မှာ ဆင်ဖိုနီတီးဝိုင်းခေါင်း ဆောင်ကြီးတစ်ဦး၏ ဟန်ပန်အမှု အရာမျိုး ဖြစ်နေတော့သည်။
လက်ဖက်ရည်ခွက်ကိုယ်စီဖြင့် နေရာယူပြီးသော အခါ ကျွန်တော် ဆရာကြီးနှင့် အင်တာဗျူး ခန်း စပါတော့သည်။ ဆရာကြီးက သူ၏ ဒဿနပညာအပေါ် အမြင်သဘောထားကို ဤသို့ ကျယ် ပြန့်စွာ ရှင်းပြခဲ့ပါသည်။
“ကျွန်တော် တို့ဘ၀တွေ အန္တရယ်နှင့် ခြိမ်းခြောက်မှု တွေ အောက် ကျရောက်နေချိန်မျိုးမှာ ဒဿနပညာကို ကျွန်တော် ဘာကြောင့် အလေးထား စိတ်ဝင်စားနေရတာ လဲ”
“တကယ်လို့အမေရိကနှင့် ရုရှားတွေ ကျွန်တော် တို့ကို မီးလောင်တိုက် မသွင်းနိုင်အောင် ထိန်းချုပ်တားဆီးပေးနိုင်မည့်  အနုမြူလက်နက်မျိုးကိုသာ ဖန်တီးနိုင်ခဲ့ရင် ကျွန်တော် သိပ်ပျော်မိမှာ ပဲ၊ ကျေးကျွန်ဘ၀ထက် သေရတာ ပိုမြတ်တယ်ဆိုတာ လူတိုင်းနားလည်နိုင်ပါတယ်။ ဒါပေမဲ့ လူ့ အနွယ်ကြီးတစ်ရပ်လုံးကို အခြောက်တိုက် သေတွင်းပို့မည့်  စီမံကိန်းကိုစဉ်းစား စီစဉ်နေကြတာက တော့ ရူးနေကြလို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒီလို အရူးတွေ ရဲ့ အတွေးအခေါ်နှင့် စဉ်းစားနည်းကို ထိန်း ကျောင်းတည့်မတ်ပေးနိုင်ဖို့ ဒဿနပညာအကြောင်းကို အလေးအနက်ပြောဆိုနေရခြင်း ဖြစ်ပါ တယ်”
“အနုမြူလက်နက် ဖျက်သိမ်းရေး အတွက် ကျွန်တော် တတ်နိုင်သမျှ လှုံ့ဆော်ဆွေးနွေး စည်းရုံးခဲ့ပါတယ်။ ဒါပေမဲ့လက်တွေ့  ကတော့ အနုမြူလက်နက်တွေ အပြိုင်အဆိုင် တိုးချဲ့တည် ဆောက်နေကြတာပါပဲ။ ကျွန်တော် လည်း ဒီထက်ပိုပြီး ဘာမှမတတ်နိုင်ပါဘူး။ ဒါကြောင့် လော လောဆယ်တော့ စိတ်အပြောင်အလဲ လုပ်တဲ့အနေနှင့် ကျွန်တော် လည်း စုံထောက်ဝတ္ထုတွေ ချည်း လှိမ့်ဖတ်နေတယ်။ ကျွန်တော် အကြိုက်ဆုံး စုံထောက်ဝတ္ထုစာရေး ဆရာတွေ ကတော့ မိုက်ကယ် အင်း (Michaellnnes)နှင့် အာဂါသာခရစ္စတီ(Agatha Christie)တို့ပဲ။”
“ကျွန်တော် စုံထောက်ဝတ္ထုတွေ ကို ကြိုက်တယ်။ ဘာကြောင့် လဲဆိုတော့ ဘာတွေ ဖြစ်နေ တယ်ဆိုတာထက် ဘယ်လို ဖြစ်တာလဲဆိုတဲ့ အချက်က ပိုအရေး ကြီးလို့ပါ။ သရုပ်ဖော်ဝတ္ထုတွေ က ဘာတွေ ဖြစ်နေတယ်ဆိုတာပဲ ပြောတတ်ကြတယ်။ စုံထောက်ဝတ္ထုတွေ ကတော့ ဘယ်လို ဖြစ်ခဲ့ ကြတယ်ဆိုတဲ့အကြောင်းအရင်းတွေ ကို ရှင်းပြလေ့ရှိပါတယ်။ နောက်ပြီးစုံထောက်ဝတ္ထုတွေ ထဲက ဇာတ်ကောင်တွေ ကတော့ သူတို့ဘာတွေ တွေးမိစဉ်းစားမိတယ်ဆိုတာကို ဖော်ပြလေ့ရှိတယ်။ ပြောရရင် စုံထောက်ဝတ္ထုတွေ က ပိုပြီးဘ၀ဆန်တယ်။ ဘ၀နဲ့တူတယ်လို့ဆိုနိုင်တယ်။ တကယ့် လွဲ ချော်နေတဲ့ အမှန်တရား ကတော့ စုံထောက်စာရေး ဆရာတွေ က စိတ်ကူးယဉ်ဖို့ကြိုးစားရင်း ဘ၀ ဆန်နေပြီး ၀တ္ထုရေး ဆရာတွေ ကတော့ သရုပ်မှန်ဖို့ ကြိုးစားရင်း စိတ်ကူးယဉ်နေမိကြတာပါပဲ။ ဒီလိုပါပဲ ကျွန်တော် တို့ စိတ်ကူးယဉ်လို့ ထင်နေခဲ့တဲ့ အနုမြူစွမ်းအင်ဆိုတာက လက်တွေ့  ဖြစ်ရပြီး ဘ၀နှင့် နီးစပ်အောင် လက်တွေ့ ကျအောင်ကြိုးစားခဲ့ကြတဲ့ ဒဿနပညာ ကတော့ စိတ်ကူးယဉ် ဖြစ် နေပါပြီ”
ဤသို့ ပြာရင်းမှ ဘာထရန်ရပ်ဆယ်လ်သည် သူ၏ ဆေးတံကိုကိုက်ငုံထားရာမှ ခေတ္တမျှ ချွတ်လိုက်သည်။ ထိုနောက်ဒဿနပညာရှင်ကြီး၏ ရင်ကိုလှုပ်ခါစေသော သော ကလှိုင်းတံပိုးများ ခေတ္တမျှငြိမ်သက်သွားစေရန်လက်ဖက်ရည်ခွက်ကို ကိုင်သောက်လိုက်သည်။ အတန်အသင့်မျှ တည်ငြိမ်မှု ရသွားသော အခါ ကိန်းဘရစ်တက္ကသိုလ်ကြီးမှ အမှတ်ရအောက်မေ့စရာ အ ဖြစ်များ ကို ပြန်ပြောင်းပြောပြခဲ့သည်။ အထူးသဖြင့် သူထက်ငယ်ရွယ်သော်လည်း ထူးချွန်လှသည့် ကိန်းဘရစ် ဒဿနပညာရှင် ဂျီအီးမိုး (Moore)နှစ့်ဝင်ဂင်စတိုင်း (Wittgenstein)တို့အကြောင်း။
“အချိန်ကာလ တစ်ချို့အထိ ကျွန်တော့် ရဲ့ ဒဿနအယူအဆတွေ အခြေခံ ကတော့ သင်္ချာ ပါပဲ။ ခင်ဗျားသိခဲ့တဲ့အတိုင်းပဲ မှု လက ကျွန်တော် ဟာ ဟေဂယ်လ်ဝါဒီ (Hegelian)တစ်ဦးပါ။ ဟေ ဂယ်လ်ရဲ့ ဒဿနစနစ်ဟာ သူ့ရဲ့ သား သမီး ဖြစ်တဲ့ ကွန်မြူနစ်ဝါဒလိုပဲ ပြည့်စုံစနစ်ကျတယ်။လူ့အ ဖွဲ့အစည်းတစ်ရပ်လုံးနှင့် လူ့ဘ၀တစ်ခုလုံးရဲ့ ပြဿနာစနစ်ထဲမှာ ရှိနေတယ်။”
“၁၈၉၈ ခုနှစ် ဆိုတော့ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ အဲဒီ အချိန်က အားလုံးလိုလို ဟေ ဂယ်လ်ဝါဒီတွေ ချည်းပဲ။ ပထမဆုံးမိုက ဟေဂယ်လ်ဝါဒနှစ် စပြီး လမ်းခွဲခဲတယ်။ ရိုးရိုးပြောရရင် ကျွန်တော် သူ့နောက်က လိုက်ခဲ့ရတာ ပါ။ သင်္ချာပညာကြောင့် ယုတ္တိဗေဒ(Logic)နယ်ပယ်ထဲ ရောက်သွားခဲ့ရတယ်။ ယုတ္တိဗေဒကြောင့် ပဲ ကျွန်တော် ဟေဂယ်လ်နှင့် လမ်းခွဲနိုင်ခဲ့ခြင်း ဖြစ်ပါတယ် ယုတ္တိဗေဒနှင့် စံထိုးချိန်ကိုက်ကြည့်လိုက်ချိန်မှာ ဟေဂယ်လ်ဝါဒဟာလည်း အပိုင်းပိုင်း ပြိုကွဲကျိုး ကြေသွားခဲ့ရပါတယ်။”
“မိုးနှင့် ပတ်သက်လို့ ကျွန်တော် အမှတ်တရအ ဖြစ်ဆုံး ကတော့ သူ့အပြုံးပဲ။ လူတိုင်းသူ့အ ပြုံးကို သဘောကျကြတယ်။ မြင်ချင်ကြတယ်။ သူ့အတွက်တော့ အရာခပ်သိမ်းဟာ ဟန်ပန်အမူ အရာတွေ ချည်းပဲ။ ဒါကြောင့် လည်း သူဟာလူကြီးလူကောင်းဆန်တာပေါ့။ လူကြီးလူကောင်းဆန် တယ်ဆိုတာရောသဘောပေါက်ရဲ့ လား။လူကြီးလူကောင်းဆန်တယ်တယ်ဆိုတာက လူငယ်နှင့် မတူတဲ့ အမူအရာပဲ။ ထိန်းထိန်းသိမ်းသိမ်းရှိတယ်။ လေးလေးစားစားရှိတယ်။ ပညာရှင်ဆန်တယ်။ ဒါပေမဲ့ နက်နက်ရှိုင်းရှိုင်း မရှိဘူး။ နိုင်ငံရေး အရပြောရရင် လက်ယာဆိုတာ လူကြီး လူကောင်းဆန်တယ်။ လက်ဝဲ ကတော့လူငယ်ဆန်တယ်။ ဒါကြောင့် လည်း အောက်စ်ဖို့ဒ် ဒဿန လောကကို လူကြီးလူကောင်းဆန်တယ်လို့ ကျွန်တော် အကဲဖြတ်ခဲ့တာပေါ့။ ဟန်ပန်ဂိုက်ဆိုက် တော့ ကောင်းတယ်။ ဒါပေမဲ့ အပေါ်ယံပဲ။ ပညာတတ်ဆန်ပေမယ့် ဘာကိုမှ လေးနက်မှု မရှိဘူး”
“တစ်ခါတုန်းက မိုးဟာ အတော် မှတ်သား လောက်အောင်ကောင်းတဲ့ မှတ်ချက်တစ်ခု ချခဲ့ဖူးတယ်။ ဒါလည်းကျွန်တော် မေးလို့ သူဖြေခဲ့တာပါ။ ကျွန်တော် က သူ့ကို ခင်ဗျားရဲ့ တပည့် တွေ ထဲမှာ ဘယ်သူအတော် ဆုံးလဲလို့ မေးခဲ့ဖူးတယ်”
“ဒီတော့မိုးက ချက်ချင်း ပဲ၊ ၀စ်ဂင်းစတိုင်းလိုဖြေခဲ့တယ်။ ကျွန်တော် ကဆက်ပြီး ဘာ ဖြစ်လို့ လဲလို့ မေးလိုက်ပြန်တယ်-
“ကျွန်တော့် တပည့်တွေ ထဲမှာ ၀စ်ဂင်းစတိုင်းဟာ အမြဲတမ်း စိတ်ရှုပ်ထွေးမှု တွေ နှင့် ပြည့် နေတဲ့ တစ်ဦးတည်းသော ကျောင်းသားပဲလို့ ဖြေခဲ့တယ်”
ဘာထရန်ရပ်ဆယ်က တစ်ချက်ပြုံးလိုက်ရင်း ဆက်ပြောပြန်၏ ။
“မိုးရဲ့ မှတ်ချက်ဟာ သိပ်ကောင်းသလို၊ သိပ်လည်းမှန်တယ်။ မိုးရဲ့ မှတ်ချက် ကိုကြား လိုက်ပြီးတာနှင့် မိုးကိုရောဝစ်ဂင်စတိုင်းကိုပါ ကျွန်တော် နားလည် သွားတယ်။ အမှန်ပဲ ၀စ်ဂင်စ တိုင်းဟာ သူ့ခေါင်းထဲမှာ မေးခွန်းမျိုးစုံနှင့် အမြဲရှုပ်ထွေးနေခဲ့တယ်။ ၀စ်ဂင်စတိုင်းဟာ ငါးနှစ် နီးပါး ကျွန်တော့် ရဲ့ တပည့်လည်း ဖြစ်ခဲ့ဖူးပါတယ်။ တစ်ခါက သူကျွန်တော့် ဆီကိုလာပြီး ထူးထူးခြားခြား မေးခွန်းထုတ်ခဲ့ဖူးတယ်”
ဝစ်ဂင်စတိန်းက-
“ဆရာကျွန်တော့် ကို တစ်ခုဖြေပေးစမ်းပါ။ ကျွန်တော် ဟာ အရူး တစ်ယောက် လား၊ ဒါမှမ ဟုတ် ပညာရှင် တစ်ယောက် လားဆရာ။”
လို့ မေးခဲ့တယ်။
“ကျွန်တော် ကလည်း `မင်း ဘာ ဖြစ်လို့သိချင်ရတာ လဲ။ ၀စ်ဂင်စတိုင်းရယ်” လို့ ပြန်မေးလိုက်တယ်။ သူက
“တကယ်လို့ ကျွန်တော် ဟာ အရူး တစ်ယောက် ဆိုရင် အလွန်ဆုံး ဖြစ်လှရင်လေယာဉ်မှူး တစ်ယောက် ပဲ ဖြစ်မယ်။ တကယ်လို့ပညာရှင် တစ်ယောက် ဆိုရင်တော့ ဒဿနဆရာ တစ်ယောက် ဖြစ်မှာ မို့ပါဆရာ”လို့ဖြေခဲ့တယ်။ ဒါနဲ့ ကျွန်တော် လည်း ၀စ်ဂင်းစတိန်းကို ကျောင်းပိတ်ရက်အတွင်း စာတမ်းတစ်စောင်ရေး ပြီး ကျွန်တော့် ဆီကို ပို့ပေးဖို့ ပြောလိုက်ပါတယ်။ မကြာခင်ဝစ်ဂင်စတိုင်းဟာ စာတမ်းတစ်စောင်ရေး ပြီး ကျွန်တော့် ကိုလာပြပါတယ်။ ကျွန်တော် သူ့စာတမ်းရဲ့ ပထမဆုံးစာကြောင်း စာကြောင်းကို ဖတ်ပြီးတာနှင့် “၀စ်ဂင်စတိုင်း မင်းဒဿနဆရာ တစ်ယောက် ဖြစ်လိမ့် မယ်”
လို့ မှတ်ချက်ပေးလိုက် ပါတယ်။
“၀စ်ဂင်စတိုင်းရဲ့ Tractatus ကျမ်းထွက်လာချိန်က ကျွန်တော် အတော့် ကိုစိတ်လှုပ် ရှားခဲ့ရတယ်။ သူ့အယူအဆကို တင်ပြရာမှာ တကယ့်ကမ္ဘာလောကြီးရဲ့ အခြေအနေနှင့် ဆက်ဆံ ရေး ကို အရင်အတိုင်း ပုံဖော်နိုင်စွမ်းရှိခဲ့တယ်။ တကယ်တော့ ၀စ်ဂင်းစတိန်းဆိုတာ တော် စတွိုင်း (Torstoy) နှင့် ပါစကယ် (Pascal)တို့ရဲ့ ၀ိညာဉ်နှစ် မျိုး ပူးဝင်နေတာပါပဲ။ခင်ဗျားသိတဲ့အတိုင်းပဲ တော် လ်စတွိုင်းဟာ သူနှင့် ခေတ်ပြိုင်စာရေး ဆရာတွေ ကို မုန်းတယ်။ သူ့ပြိုင်ဖက်လို ဖြစ်လာပြီဆိုရင်တော့ ရန်သူလို သဘောထားတော့တာပဲ။ စာရေး ဆရာ (Turgenev) တာဂီညက်ကို ဓားချင်းယှဉ်ခုတ်ဖို့ စိန်ခေါ်ခဲ့တာကြည့်ပါလား။ ဒါပေမဲ့ ငြိမ်းချမ်းရေး သမားကြီး ဖြစ် သွားပြန်တော့လည်း လက်နက်ဆိုတဲ့ အသံကိုတောင် မကြားချင်တော့ဘူး။ ပါစကယ်လ်လည်း ဒီ လိုပဲလေ။ သိပ္ပံပညာရှင် တစ်ယောက် က သိပ္ပံပညာကို မနှစ် မြို့နိုင်တော့တဲ့အခါ နောက်ဆုံး ဂမ္ဘီရ သမားကြီးလုံးလုံး ဖြစ်သွားတော့တာပဲ။ အခု ၀စ်ဂင်းစတိန်းလည်း သူတို့လို ဖြစ်မှာ ပါပဲ။ သူ ကတော့ သင်္ချာဂမ္ဘီရ ပညာရှင် (Mathematical Mystic) ဖြစ်လာလိမ့်မယ်”
“အောက်စဖို့ဒ်တက္ကသိုလ်က ဒဿနဆရာတွေ လိုပဲ။ Tractatus ကျမ်း ထွက်လာ ပြီးနောက်ပိုင်း သူနှင့် ကျွန်တော် လည်း တဖြည်းဖြည်းဝေသွားခဲ့တယ်။ အောက်စဖို့ဒ်ဒဿန ဟာ အရေး မပါတာတွေ နဲ့ပဲ အလုပ်ရှုပ်နေကြတယ်။ ဒါကြောင့် ကျွန်တော် မကြိုက်ဘူး။ သူ တို့ ဆရာတင်ထားတဲ့ ပါမောက္ခရိုင်းလ် (Gilbert Ryle) ကို မကြိုက်ဆုံးပဲ။ ဒဿနလောက မှာ လူလည်လုပ်ပြီး တွင် ကျယ်နေတယ်လို့ပဲထင်တယ်။ အခုအခါမှာ တော့ ဒဿနဆရာ ဖြစ်ချင်ရင် လူလည်ကျရမလို ဖြစ်နေပြီဗျ”
ထို့နောက် ဒဿနပညာရှင်ကြီးလော့ဒ်ရပ်ဆယ်က သူ၏ ရေး ဟန်ဆိုင်ရာအခြေခံပုံစံကို ဤသို့ ဆက်ရှင်းပြခဲ့သည်။
“ကျွန်တော့်ကိုယ်ပိုင်ဟန်ဆိုတာ တကယ်တော့ ပုံစံနှစ် မျိုးကနေ ရယူခဲ့တာပါပဲ။တစ်ခုက မီလ်တန်ရဲ့ စကားပြေဟန် (Miltion’s Prose) ဖြစ်ပြီး၊ နောက်တစ်ခုက ဘေး ဒက်ကာ (Baedeke)ရဲ့ လမ်းညွှန်ကျမ်းတွေ ပါပဲ။ သူတို့ဟာ တက်ကြွထက်သန်တဲ့ စိတ်ခံ စားမှု မပါဘဲ ဘယ်တော့မှစာမရေး ဘူး။ စိတ်ဓာတ် ထက်သန်မှု ဆိုတာ တကယ်တော့ ဆင်ခြင်တုံးတရားတို့၊ ကျစ်လစ်သိပ်သည်းမှု တို့ ရဲ့ ဖော်ပြချက်ပဲ။ ထက်မြက်တောက်ပြောင်မှု ရဲ့ အမှတ်လက္ခဏာလည်း ဖြစ်တယ်။ ငယ်စဉ်တုန်း ကတော့ သူတို့ဟန်တွေ ကိုလိုက်ပြီး အတုယူရတာ အတော် ခက်ခဲ့ပင် ပန်းတာပေါ့ဗျာ။ နောက်တော့မှ ဖလောဘတ် (Flanbert) လည်း ဒီလိုဒက္ခခံပြီး ကြိုးစားခဲ့တယ်ဆိုတာ သိရပြီး ဆက်ကြိုးစားရင်း အောင်မြင်လာခဲ့တာပါ”
ဘာထရန်ရပ်ဆယ်သည် စကားပြောနေရင်းမှ ဆေးတံကို ခေတ္တမျှဆေးထပ်ဖြည့်ရင်း မီး ညှိရှိုက်ဖွာနေပြန်သည်။ ထို့နောက် သူ၏ စကားကို တွေးတွေးဆဆနှင့် ဆက်ပြောခဲ့၏ ။
“ကျွန်တော် ဘွဲ့မရခင်တုန်းက ကျွန်တော့် ထက်တော် တဲ့ လူတွေ အများ ကြီးဗျ။ ဒါ ပေမယ့် နောက်ပိုင်းမှာ ကျွန်တော် သူတို့ကို ကျော်ဖြတ်တက်သွားနိုင်ခဲ့တယ်။ ဒီလို ဖြစ်ရတဲ့ အဓိကအကြောင်း ကတော့ သူတို့တတွေ က ဒဿနပညာကို တက္ကသိုလ်ကျောင်းတော် ကြီးထဲမှာ အေးဆေးတည်ငြိမ်စွာ ဆည်းပူးလေ့လာနေကြချိန်မှာ ကျွန်တော် ကတော့ ဆွေးနွေးငြင်းခုံဘက်တွေ ကို ထက်သန်တက်ကြွစွာ ရှာနေခဲ့မိလို့ပါပဲ။ အခုထိ ကျွန်တော် က တော့ အမြင်မတူတဲ့ ဆန့်ကျင်ဘက်အင်အားကို ရှာနေတုန်းပါ။ ဒါဟာ ကျွန်တော့် ရဲ့ ရှင်သန်သက်ဝင်နေမှု ပါပဲ”
“ကျွန်တော့်အဘွားက အစအနောက်သန်တယ်။ အငြင်းအခုံလည်းသန်တယ်။ ဒါပေမဲ့ အသက်ရှစ်ဆယ်ကျောက်လာချိန်မှာ တော့ အတော် လေး နူးညံ့သိမ်မွေ့သွားတယ်။ သူ့ကိုယ်သူပြောင်းလဲသွားတာကိုလည်း သူသတိထားမိပုံရပါတယ်။ တစ်နေ့တော့ သူကျွန် တော့် ကို လှမ်းခေါ်ပြီး ငါ့မြေးရယ် အဘွားဟာ အရင်နဲ့မတူတော့ဘူး။ အတော် ပြောင်းလဲ သွားပြီ။ အဘွားကြာကြာမနေရတော့ဘူးထင်တယ်လို့ ပြောခဲ့တယ်။ ဒီလိုပြောပြီးနောက် မကြာခင် အဘွားလည်း ဆုံးပါးသွားခဲ့ရှာတယ်။ ကျွန်တော် လည်း အဘွားလိုပဲ ဖြစ်လိမ့် မယ်ထင်တယ်”
ဟုပြောရင်း ဘာထရန်ရပ်ဆယ်က သူ၏ စကားကို အဆုံးသတ်လိုက်သည်။
နောက်ဆုံးလက်ကျန် လက်ဖက်ရည်ကို သောက်လိုက်ကြပြီးနောက် ဆရာကြီးကိုယ်တိုင် ကျွန်တော့်ကို တံခါးဝဆီသို့ လိုက်ပို့ပေးခဲ့ပါသည်။ ထိုတံခါးဝမှာ ပင် အောက်စဖို့ဒ်တက္ကသိုလ်တွင် တက်ကြွစွာ လေ့လာသုတေသနပြုလိုသော ရည်ရွယ်ချက်ကို ရှင်းပြခဲ့မိပါသည်။ ဤတွင် ဆရာကြီး က ကျွန်တော့် လက်ကိုဝှေ့ရမ်းနှုတ်ဆက်ရင်း ယခုကဲ့သို့ ရှင်းပြခဲ့သည်။
“အောက်စဖို့ဒ်က ဒဿနဆရာတွေ ဟာ သိပ္ပံပညာအကြောင်းကို ဘာမှသိကြတာ မဟုတ်ပါဘူးဗျာ။”
“အောက်စဖို့ဒ်နှင့် ကိန်းဘရစ်တက္ကသိုလ်ဆိုတာ တကယ်တော့ အလယ်ခေတ် ရဲ့ နောက်ဆုံးကျန်ရစ်တဲ့ ပညာကျွန်းကြီး နှစ် ကျွန်းပါ။ ဒီတက္ကသိုလ်ဟာ မင်းညီမင်းသား၊ အထက်တန်းလွှာတွေ အတွက်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ဒုတိယတန်းစား ပုဂ္ဂိုလ် တွေ အတွက်တော့ အကန့်အသတ် အတားအဆီးတွေ ကြီးမားပြီး အန္တရာယ်ထူပြောလှတဲ့ နယ်မြေတွေ ပါ။ ဒါကြောင့် ဗြိတိသျှပညာရှင်တွေ ပြောတာက ဒီကျောင်းတွေ ဟာ လူတချို့ အတွက် တီထွင်ဖန်တီးနိုင်စရာ အခွင့်အလန်းများ စွာ ရှိပေမဲ့ လူများ စုကြီးအတွက်တော့ အမြုံမကြီးပမာ ဖြစ်နေရတာ ပေါ့ဗျာ”
![]() နည်းပညာ တော်လှန်ရေးများ၏ အနာဂါတ် | ![]() ဒီမိုကရေစီနှင့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးများ | ![]() ပညာရှင်များနှင့်ငြင်းခုံခြင်း |