Cover

အခန်း(၁)

“တားမြစ်ထားတဲ့
သစ်သီးဟာ
ပိုပြီး ချိုမြိန်တတ်သလား၊
အဲဒါဆိုရင်
တားမြစ်ထားတဲ့
အချစ်ကရော
ပိုပြီး ဖျားယောင်းတတ်သလား”

လူ တစ်ယောက် ကို အမှတ်တမဲ့ တစ်ကြိမ်တစ်ခါ ဆုံစည်းမိခြင်းသည် ဘာမှ မထူးဆန်းပါ။ ဘယ်လိုပုံစံမျိုးနဲ့ပဲ ဆုံတွေ့ ဆုံတွေ့  ခဏအကြာမှာ အာရုံမှတ်ဉာဏ်ထဲကနေ အလိုအလျောက် ပျောက်ကွယ်မေ့လျော့သွားမြဲ။ ထိုသူနှင့် ပတ်သက်ပြီး ဘာမှ ကျန်ရစ်ခဲ့စရာ အကြောင်းမရှိ …။ အဲ … ဒါပေမယ့် ဒီလူ တစ်ယောက် ကိုပဲ တစ်လအတွင်းမှာ သုံးကြိမ်တိတိ ထူးခြားသော ၊ ပြောစမှတ်ပြု စရာ… အ ဖြစ်အပျက်တွေ နှင့် ချည်း ဆုံတွေ့ မိလာသော အခါ ဒါကို တိုက်ဆိုင်မှု …ဟု အမည် တပ်ရ ပါတော့မည် ။ ပြီးတော့ ထိုသူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာတော့ ကျန်ရစ်ခဲ့ရမည် ။ မှတ်ဉာဏ်ထဲမှာ … အလွယ်တကူ … မမေ့တော့ဘဲ စွဲထင်ကျန်ရစ်ခဲ့ခြင်းသည် ထူးဆန်းမှု တစ်ခု ဖြစ်ပါလိမ့်မည် ။

ပထမဆုံစည်းမှု

မိုးရွာထားပြီးစ ဖြစ်သော ကြောင့် ချိုင့်ခွက်တွေ များ သော လမ်းမပေါ်မှာ ဖြူဆွတ်ဖွေးလျနေ အောင် ကိုယ်တိုင် တိုက်ချွတ်ဆေးကြောထားခဲ့သော ကားကလေးကို ရွှံ့မစင်အောင် မောင်းဖို့ဆို တာ တကယ်မလွယ်ပါ။ မယ်ရှား တစ်ယောက် သတိကြီးစွာ ကားမောင်းနေသည့်ကြားမှ ဧရာမ ချိုင့်ခွက်တစ်ခုကို ရှောင်ရင်းကနေ တခြားတစ်ဖက်ရှိ ရွှံ့ဗွက်အိုင်ထဲ ဖြတ်နင်းမိကာ ရွှံ့ဗွက်တွေ ဖွား ကနဲ မြောက်တက်သွားသည်။

“အား … သွားပါပြီကွာ”

ဟု ရှုံ့မဲ့စွာ အော်ရင်း … ကားလမ်းဘေးမှာ ခုန်လည်းမရှောင်ဘဲ ကျောက်ရုပ်ကြီးတစ်ရုပ်လို ရွှံ့ဗွက်စင်တာကို ဒီအတိုင်း ငြိမ်ခံပြီး ရပ်ကျန်ခဲ့သော လူ တစ်ယောက် ကို နောက်ကြည့်မှန်ကနေ တစ်ဆင့် … မယ်ရှား မြင်လိုက်ရပါ၏ ။ ကားက တော် တော် လေး ကျော်လာခဲ့ပြီ။ မ ဖြစ်ပါဘူးလေ …။ မယဉ်ကျေးသူ တစ်ယောက် မယ်ရှား မ ဖြစ်ချင်ပါ။ ထို့ကြောင့် ကားကို နောက်ပြန်ဆုတ်လာခဲ့သည်။ အဲဒီ တော့ ခုနက နင်းခဲ့မိပြီးသား ရွှံ့ဗွက်အိုင်ကိုပဲ နောက်တစ်ကြိမ် ဖြတ်နင်းမိပြန်ကာ ပထမနေရာ ကနေ ရှောင်ဖယ်မသွားသေးဘဲ ဒီအတိုင်း ထုံပေပေကြီး ရပ်နေခဲ့သော ထိုလူကိုပဲ ဒုတိယအကြိမ် ဗွက်စင်ပြန်လေသည်။ အဲဒါကိုလည်း ပထမအကြိမ်တုန်းကလိုပဲ သူက ခုန်ရှောင်တိမ်းယိမ်းခြင်းမရှိ ဘဲ … ဒီအတိုင်းကြီးပဲ ခံယူပြန်ပါသည်။ သြော် … ဒီလူနဲ့တော့ ခက်နေပါပြီ။

သူ့ရှေ့ရှေ့တည့်မှာ ကားကို ရပ်လိုက်ပြီး သူ့ကို တောင်းပန်ဖို့ ကားမှန်ကို ချလိုက်သည်။ မယ်ရှားမျှော်လင့်ထားသည်က အဲဒီ လူ ဒေါသတကြီး ရန်လိုစောင်းမြောင်းမည် ဟု တကယ်တမ်း ရင်ဆိုင်ရသည်က လက်ဝှေ့ယမ်းပြမှု နှင့် အတူ မထုံတက်သေး အပြုံးတစ်ခု …။ အိုး … ဘယ့်နှာပါ လိမ့်။ ခေါင်းပေါ်မှာ ရော … မျက်နှာထိပါ … တက်စင်ထားသော ရွှံ့နီနီရည်တွေ ကိုလည်း လက်နှင့် သိမ်းသပ် ဖယ်ရှားခြင်းလည်းမရှိ။ လူပုံစံက တကယ့်ကို တုံဏှိဘာဝေ။

“ဟိုဒင်း …၊ ဆောရီးပဲနော်၊ ကျွန်မကားမောင်းတာ နည်းနည်း ကြမ်းသွားတယ်၊ ရှင့်ကို ရွှံ့ ဗွက်တွေ စင်ကုန်တာလေ”

“ရပါတယ်၊ ဒါမျိုးက ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်၊ ခုလို တကူးတက ကားနောက်ပြန်ဆုတ်ပြီး တောင်းပန်ဖော်ရတာ ကျေးဇူးပါဗျ”

မသိလျှင် အရွဲ့တိုက်ပြီး ပြောသလား ထင်ရလောက်အောင် သူ့စကားက ကိုးလို့ကန့်လန့်ပါ မယ်ရှား ကတော့ ဒါရိုက်တာ တစ်ယောက် ပီပီ လူတွေ ရဲ့ စရိုက်တွေ လည်း စိတ်ဝင်တစား လေ့လာနှံ့ စပ်သူမို့ … သူ့ကို စိတ်ဝင်တစားပင် ဖြစ်သွားခဲ့ပါ၏ ။

“ရှင် … တကယ်ပြောတာလား၊ ရွဲ့ပြောတာလားဟင်”

“တကယ်ပြောတာပါ၊ ကျွန်တော် မရွဲ့တတ်ဘူးဗျ၊ ဒီအတိုင်း ခင်ဗျားဆက်မောင်းသွားလည်း ရတာ ပဲ၊ ကျွန်တော် ကလည်း ဗွေမယူပါဘူး၊ ကားပေါ်ကလူနဲ့ လမ်းဘေးကလူ ဖြစ်တတ်တဲ့ သဘာဝပဲလေ၊ ခုလို တကူးတက ကားပြန်ဆုတ်ပြီး လာတောင်းပန်တာ ကျေးဇူးတင်စရာပေါ့”

သူ ပြောနေဟန်က ရိုးရိုးသားသားပါ။

“အိုကေ …၊ ရှင် ကျေနပ်ရင် ပြီးရောလေ၊ ရှင့်ကို အကြံပေးပါရစေ၊ အဲဒီ နေရာမှာ ဆက်ရပ် နေရင် နောက်ကားတွေ လက်ချက်နဲ့ ရှင့်ကို ရွှံ့ထပ်စင်ဦးမှာ ပဲ၊ ရှင် … နေရာ ရွှေ့လိုက်ပါလား”

အဲဒီ တော့မှ သူက ပြုံးပြီးပြောလိုက်သော စကားတစ်ခွန်းကြောင့် မယ်ရှား ပြုံးမိတာထက် ပင် ပိုသွားရပါသည်။

“ဟုတ်သားပဲ၊ ကျွန်တော် မေ့နေတာ”

တဲ့ …။ ဖြစ်မှ ဖြစ်ရလေ။ အလိုအလျောက် တုံ့ပြန်ရမည့်  ဒီကိစ္စကို မေ့နေတာဆိုတော့ တမင်ပဲ ခွကျနေတာလား … ထုံအ လွန်းတာလား … ဦးနှောက်မှာ တစ်ခုခု ချွတ်ယွင်းနေတာလား … မယ်ရှား မတွေးတတ်တော့ပါ။ ခေါင်းတစ်ချက် ခါယမ်းပြီး မယ်ရှားထွက်လာခဲ့ပါ၏ ။ ရိုက်ကွင်း ရောက်တဲ့အထိ ထိုအူတူတူတ အတတ ကာရိုက်တာတစ်ခုကို ပြန်တွေးမိတိုင်း ပြုံးမိရဲ့ ။ အဲဒီ လို အူ ကြောင်ကြောင် ဇာတ်ကောင်တစ်ကောင် အကြောင်း ကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်းခွဲပြီး တစ် ကားလောက်တော့ ရိုက်ဖို့ တေးထားမိသည်အထိ။

ဒုတိယဆုံစည်းမှု

ကန်တော် ကြီးပန်းခြံထဲမှာ ရိုက်ကွင်းတည်ထားသော ကြောင့် … မင်းသား … မင်းသမီးနှင့် ဇာတ်ပို့ဇာတ်ရံတွေ ကို ကိုယ်လိုချင်တဲ့ ပုံစံဝင်အောင် စီစဉ်ညွှန်ကြားနေချိန်မှာ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခုနှင့် မမျှော်လင့်ဘဲ ရင်ဆိုင်လိုက်ရပါ၏ ။ အရှေ့ကနေ လူ တစ်ယောက် ဒရော သော ပါး ပြေးလာနေပြီး သူ့နောက်ကနေ လူသုံးယောက် အပြေးလိုက်လာနေခြင်း ဖြစ်သည်။ ဟိုး နောက်မှာ မိန်းမ တစ်ယောက် ။

“အဲဒီ ကောင် … အလစ်သမား … အလစ်သမား ဖမ်းထားလိုက် … ဖမ်းထားလိုက်”

ဟု လူသုံးယောက် က အော်ဟစ်၏ ။ ရှုတင်အဖွဲ့ထဲမှ လူကြမ်းတွေ နှင့် မီးထိုးမှန်ထိုးသမား တွေ ပါ ၀ိုင်းဖမ်းချုပ်ထားလိုက်သဖြင့် ထိုသူကို မိပါသည်။ တစ်ယောက် တစ်ချက် ၀ိုင်းသမနေတာမို့ လက်လွန်ခြေလွန်တွေ ဖြစ်ကုန်မှာ စိုးသဖြင့် န မယ်ရှား လူအုပ်ကို ဖြိုခွဲပြီး ၀င်ရောက်သွားခဲ့ပါသည်။

“တော် ကြပါတော့ … လက်လွန်သွားမယ်နော် ရဲလက်သာ အပ်လိုက်ပါ”

ဟု အော်ရင်း… ကတ္တရာလမ်းမပေါ်မှာ လဲပြိုကျနေသူဆီ အမှတ်တမဲ့ လှမ်းကြည့်မိပါသည်။ သူ့ကို ချက်ချင်း မမှတ်မိပါ။ ၀ိုင်းထိုးထားသဖြင့် နှာခေါင်းနှင့် နှုတ်ခမ်းထောင့်စွန်းမှာ သွေးယိုစီး လျက်ရှိသည်။

“ကျွန်တော် အလစ်သမား မဟုတ်ပါဘူးဗျာ၊ ကျွန်တော့် ဘာသာ ဟိုးဘက်ကန်စပ်ကလေး မှာ ထိုင်နေတာပါ၊ လူ တစ်ယောက် ပြေးလာပြီး ကျွန်တော့် လက်ထဲ ဒီအိတ်ထိုးပေးပြီး … ပြေးပြေး … ဆိုလို့ ကျွန်တော် လည်း ရောယောင်ပြီး ထွက်ပြေးလာခဲ့တာပါ။ ခင်ဗျားတို့က နောက်ကနေ တအား ပြေးလိုက်လာတော့ ကျွန်တော် ဘာမှ ရှင်းပြလို့ မရဘဲ ဆက်ပြေးနေရတာ ပေါ့။ ဒီအိတ် ကလေးပိုင်ရှင်ကို တကယ်ပြန်ပေးမှာ ပါဗျာ၊ ကျွန်တော် မယူပါဘူး … သူများ ပစ္စည်း ဘာလို့ယူရမှာ လဲ”

“ဟေ့ကောင် … မင်း မညာနဲ့နော် … ဒါဆို ဟိုကောင် ဘယ်ရောက်သွားလဲ”

“သူ ကျွန်တော် ထိုင်နေတဲ့ သစ်မြစ်ဆုံကလေးပေါ်မှာ ထိုင်နေခဲ့တယ် ထင်တာပဲ”

“ခုလောက်ဆို လစ်သွားရောပေါ့၊ ဟုတ်တယ် ငါတို့ သူ့ကို စ, လိုက်တော့ ဒီကောင် သစ်ပင် အကွယ်ကလေးကနေ ထွက်ပြေးလာတာ၊ သစ်ပင်အကွယ်မှာ တစ်ယောက် ကျန်ခဲ့မှန်း ငါတို့ သတိ မထားမိဘူး။”

“ပိုက်ဆံအိတ် ပိုင်ရှင် ကတော့ လူကိုမြင်ရင် မှတ်မိမှာ ပဲ၊ ဟိုမှာ လာပြီ … သူ့ကိုမေး”

မယ်ရှား ကတော့ ဒီအ ဖြစ်အပျက်ကို ပွဲကြည့်ပရိသတ်ပမာပဲ ဘေးကနေ ခါးထောက်ရပ် ကြည့်နေခဲ့ပါ၏ ။ ပိုက်ဆံအိတ်ပိုင်ရှင် ကောင်မလေး အနားရောက်လာမှပဲ ပြဿနာက ရှင်းလင်း သွားခဲ့ပါသည်။

“ဟုတ်တယ်ရှင့် … ကျွန်မပိုက်ဆံအိတ်ကို လုပြေးတာ သူမဟုတ်ဘူး၊ ဟိုတစ်ကောင်က တီရှပ်အမည်းနဲ့ ဆံပင်လည်း ကောင်းတယ်”

“ကဲ … ဒါဆို ပြီးပြီပေါ့ရှင်၊ သူ့ခမျာ လူမှားပြီး အထိုးခံရတာ မစားသာပါလား၊ ကိုမိုးရေ … သူ့ကို ဆေးလေးဘာလေး ထည့်ပေးလိုက် ပါ၊ ရှင်ကလည်းလေ သူများ က ပိုက်ဆံအိတ် ထိုးထည့် ပြီး ပြေးပြေးဆိုတာနဲ့ ပြေးစရာလား”

“ဟိုဒင်း … ကျွန်တော့်မှာ ယောင်တတ်တဲ့ အကျင့်ဆိုးရှိလို့ပါ။ ခုလိုကူညီတာ ကျေးဇူးပါဗျ”

အဲဒီ တော့မှ မယ်ရှား သူ့ကို မှတ်မိသွားခြင်း ဖြစ်သည်။ ကျေးဇူးပါဗျ ဆိုသော အသံကို မှတ် မိသွားတာပါ။

“အဲ … ရှင့်ကို ကျွန်မ တစ်နေရာမှာ မြင်ဖူးပါတယ် မှတ်တာ၊ ဟိုတစ်ခါက ရွှံ့ဗွက်အစင်ခံရ တဲ့သူ မှလား”

သူက မယ်ရှားကို တစ်ချက်မော့ကြည့်ပြီး ပြုံးပြပါ၏ ။ မှတ်မိလိုက်ပြန်ပါပြီ … မထုံတက်သေး အပြုံး။

“အဲ … ဟုတ်တယ်ဗျ၊ ကားဖြူလေးနဲ့ ခင်ဗျားပဲ”

“အင်း … မအံ့သြတော့ပါဘူး … ရှင့်ကို၊ ကဲ ကဲ ရှုတင်ပြန်စမယ်၊ လူတွေ အားလုံး ကိုယ့်နေ ရာကိုယ်ပြန်နေပါ၊ ကျွန်မအချိန်တွေ တော် တော် ကုန်သွားပြီ … စမယ်”

မယ်ရှား သူ့ရှေ့ကနေ ခွါပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ် ပါသည်။ သူ့ကို ရှုတင်မန်နေဂျာ က မယ်ရှားကားနားထိ ခေါ်သွားခဲ့ပြီး … ဒဏ်ရာကို ဆေးထည့်ပေးနေတာကို တစ်ချက်လှမ်းကြည့် မိသည်။ ရလိုက်ပြန်ပြီ … ကာရိုက်တာတစ်ခု။ သူ့မှာ ယောင်တတ်တဲ့ အကျင့်ဆိုးတစ်ခု ရှိတယ်ဆို ပါလား။ မယ်ရှားက မှတ်စုစာအုပ်ကလေးထဲမှာ မေ့မသွားအောင် တေးမှတ်ထားခဲ့မိသေး၏ ။ ဆေး ထည့်ပြီးသွားလျှင် သူ ပြန်ထွက်သွားခဲ့လိမ့်မည် ဟု ထင်ခဲ့သည်။ ပန်းခြံထဲမှာ ရိုက်စရာကဒ်တွေ ကို တစ်ကဒ်ပြီးတစ်ကဒ် ဆက်တိုက်ရိုက်သွားသည်မို့ သူ့ကို မေ့သွားခဲ့၏ ။ မယ်ရှား၏ အကျင့်စရိုက်ကို က အလုပ်လုပ်ပြီဆိုလျှင် သည်းကြီးမည်းကြီး အာရုံစူးစိုက် ဈာန်ဝင်စားစွာ လုပ်တတ်လွန်းသူမို့ အရာအားလုံးကိုရော ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ မေ့ထားနိုင်ပါ၏ ။

“ကဲ … ဒီတစ်ကဒ်ပြီးရင် … ကန်တော် ကြီး ဆဲင်းန်တွေ ကုန်ပြီနော် … ထမင်းစားကြစို့”

ပန်းခြံထဲမှာ ပဲ ပျော်ပွဲစားတစ်ခုလို ရှုတင်ထမင်း ဟင်းစားဖို့ ခင်းကျင်းပြင်ဆင်ကြသည်။ မယ် ရှားက ကားဘေးမှာ မယ်ရှားအတွက် ချခင်းပေးထားသော … ခေါက်ထိုင်ခုံကလေးမှာ စိတ်ဖြေ လျော့စွာ ထိုင်ချလိုက်မိသည်။ အဲဒီ တော့မှ အနားကပ်လာသော သူ့ကို သတိထားမိပါ၏ ။

“ခင်ဗျားက နာမည် ကြီးဒါရိုက်တာ မယ်ခေတ်ရှားကိုး၊ တွေ့ ရတာ အရမ်းလေးစားတယ်ဗျ၊ မိန်းကလေး တစ်ယောက် … အသက်ငယ်ငယ်လေးနဲ့ အောင်မြင်ထင်ရှားတဲ့ ဒါရိုက်တာအ ဖြစ် ရပ် တည်နေနိုင်တာကိုလေ”

“သြော်၊ ရှင် မပြန်သေးဘူးလား”

“ကျွန်တော် စိတ်ဝင်စားလို့ လိုက်ကြည့်နေတာပါ၊ ကျွန်တော့်ကို အမှတ်တရ လက်မှတ် ကလေးထိုးပေးနိုင်မလားဟင်”

“အင်း … ရပါတယ်၊ ပေး … ဘယ်မှာ ထိုးပေးရမလဲ”

သူ့လက်ထဲမှာ ဘာမှ မပါ။ ဘောင်းဘီအိတ်ထဲ ဟိုရှာဒီရှာနှင့် ဘာမှလည်း ထွက်မလာ။ ၀တ်ထားတာက အဖြူညစ်ညစ် ကပ်(ပ်) ဦးထုပ်တစ်လုံးရယ် … ဖလန်နယ် ရှပ်အကွက် ပွယောင်း ယောင်း ဖရိုဖရဲရယ် … စုတ်ပြတ်နေသော ဂျင်းန်ဘောင်းဘီရယ်။ သူက ရုတ်တရက် သတိရသွား သလို မျက်နှာဝင်းခနဲ တစ်ချက်လက်ပြီး ဦးထုပ်ကလေးကို ခေါင်းကနေ ချွတ်လိုက်ကာ …

“ကျွန်တော့်  ဦးထုပ်ကလေးမှာ ထိုးပေးပါဗျ၊ ကျွန်တော့်  ကိုယ်နဲ့မကွာ အမြဲဆောင်းတာ ဒီ ဦးထုပ်ပဲ ရှိတယ်”

အနံ့အသက်ကလေးတွေ ထွက်နေသော ချွေးနံ့ဖုန်နံ့ တသင်းသင်း ဦးထုပ်ကလေးမှာ မယ်ရှားလက်မှတ် မည်းမည်းထင်းထင်းကလေး ထိုးပေးလိုက် ပါ၏ ။ သူ့မျက်နှာ ပြုံးရွှင်သွားပုံက … ကလေး တစ်ယောက် မုန့်ဖိုးရသွားလို့ ပျော်ရွှင်ဝမ်းမြောက်သွားဟန်မျိုး။

“ကျေးဇူးပါဗျ၊ ဒီဦးထုပ်ကလေးက ကျွန်တော့် အတွက် တော် တော် တန်ဖိုးရှိသွားပြီ၊ သွားဦး မယ်ဗျ”

သူ နှုတ်ဆက်ပြီး ထွက်သွားချိန်မှာ မယ်ရှား၏ assistant ကလေးက ထမင်းစားပွဲ လာပို့ ပေးတာမို့ ထမင်းစားရင်း နောက်ရိုက်မယ့် အခန်းတွေ အတွက် ကြိုတင်ပြင်ဆင်နေခဲ့လိုက်ပါ၏ ။

တတိယဆုံဆည်းမှု

စိမ်းလန်းစိုပြေထဲရှိ Zephyr ဆိုင်ကလေး၏ ရေကန်စပ်ရှိ ခုံတစ်ခုံမှာ အေးအေးဆေးဆေး နေရာယူ … ကော်ဖီတစ်ခွက်နှင့် ဇာတ်ညွှန်းထိုင်ရေး ရခြင်းသည် မယ်ရှားအတွက်တော့ စိတ်ချမ်း သာစရာအကောင်းဆုံး အနုပညာ ဖန်တီးမှု တစ်ခု ဖြစ်သည်။ အင်းလျားကန် ရေပြင်ကျယ်ကြီးကို ငေးရင်း သဘာဝလေအေးအေးကလေးကို ခံယူရင်း နှလုံးသားကို ဖွင့်ထားကာ စိတ်ကူးဉာဏ်ကွန့် မြူးရခြင်းကို မယ်ရှားနှစ်သက် ပါ၏ ။ စာရေး လို့ကောင်းဆဲ … မယ်ရှား၏ နောက်ကျောဘက်စားပွဲမှာ စုံတွဲ တစ်တွဲ လာထိုင်သည်ကို လှုပ်ရှားသံများ နှင့် စကားသံများ အရ သိလိုက်သည်။

“လုံ့လတို့ ခြံနဲ့အိမ်ကို ရောင်းလိုက်ရပြီဆို၊ ခု ဘယ်မှာ နေကြလဲ”

“တိုက်ခန်းတစ်ခန်း ပြောင်းနေတယ် မေ၊ မေမေလည်း ဆုံးပြီးတာနဲ့ … ပေးစရာအကြွေး တွေ အကုန်ဆပ်လိုက်ရတယ်၊ လက်ထဲမှာ ဘာမှ မကျန်တော့ဘူး”

“အဲဒီ တော့ လုံ့လ ဘာလုပ်မယ် စိတ်ကူးထားလဲ၊ ဒီအတိုင်း ဆက်နေလို့တော့ မရဘူးလေ၊ အလုပ်တစ်ခုခုတော့ ရှာမှပေါ့၊ ဘွဲ့တစ်ခုလည်း ရထားပြီးသား ဥစ္စာ”

“ကိုယ် ရှာနေပါတယ် မေရယ်”

“လုံ့လကို ကြည့်ရတာ မေ လုံးဝ အားမရဘူး သိလား၊ အေးတိအေးစက်နဲ့ … တက်တက် ကြွကြွလည်း မရှိဘူး၊ ရည်မှန်းချက်လည်း မရှိဘူး၊ ဘ၀ကို ဒီအတိုင်း ရေစုန်မျှောနေလို့ ကတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးနော်၊ ရှင်းရှင်းပဲ ပြောတော့မယ်ကွာ၊ မေ လုံ့လကို စိတ်ပျက်လာပြီ … သိလား၊ မေလိုချင်ခဲ့တဲ့ ချစ်သူ တစ်ယောက် ရဲ့ အရည်အချင်း လုံ့လမှာ ဘာမှမရှိဘူး၊ နာမည် က သာ လုံ့လတဲ့၊ ဘာလုံ့လမှလည်း မရှိဘူး”

အသံတွေ ကို အတိုင်းသား ကြားနေရပြီး မိန်းကလေးအသံက စိတ်ပျက်ပြီးငွေ့သံ စွက်လွန်း နေတာမို့ မယ်ရှား ရေး လက်စဇာတ်ညွှန်းကို ခဏရပ်ကာ စိတ်ဝင်တစားနားထောင်မိသည်။ သူတို့ ဘာဆက် ဖြစ်ကြမှာ လဲ …။ ကောင်မလေးက ကောင်လေးကို အပြစ်တွေ ရှာပြီး အဆက်ဖြတ်တော့ မှာ လား။ ကောင်လေးက ဘယ်လို တောင်းပန်မှာ လဲ …။

“အဲဒီ တော့ မေ ဘာ ဖြစ်စေချင်တာလဲ မေရယ်၊ မေကြိုက်သလိုသာ ဆုံးဖြတ်ပါ”

“ဘာ ဖြစ်ချင်ရမှာ လဲ … လမ်းခွဲကြရုံပဲ ရှိတော့တာပေါ့၊ ကိုယ်ဘာ ဖြစ်ချင်မှန်း … ဘာလိုချင် မှန်းလည်းမသိ၊ မထုံတက်သေးနဲ့၊ တုံးလွန်း အ,လွန်းတဲ့ လူ တစ်ယောက် နဲ့ ဆက်ပြီးပေါင်းနေရင် … မေလည်း ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူး၊ အတုံးဓာတ်တွေ ပဲ ကူးစက်လာမှာ ပဲ၊ လုံ့လနဲ့ ရှေ့ ဆက်လက်တွဲ ဖို့ ဘယ်လိုမှကို မ ဖြစ်နိုင်တော့လို့ပါ၊ မေ့ကို နားလည်ပေးစရာလည်း မလိုဘူး၊ မကျေ နပ်လည်း ဂရုမစိုက်ဘူး၊ မေ့ဘ၀မှာ ခဏဆုံခဲ့ရတဲ့ ခလုတ်ကန်သင်းတစ်ခုလိုပဲ သဘောထားတယ်၊ မေ့ကို ဘယ်မှာ မှ လာမရှာပါနဲ့ … ချစ်သူ ဖြစ်ခဲ့ဖူးတယ်လို့လည်း လျှောက်မပြောပါနဲ့၊ လုံ့လလည်း ကိုယ့်ဘ၀နဲ့ကိုယ့်လမ်းကိုယ် ဆက်လျှောက်ပါ၊ မေလည်း ကိုယ့်တက်လမ်းအတွက် ကိုယ့်ဘာသာ ကိုယ် ကြိုးစားတော့မယ် သူစိမ်းတွေ လိုပဲ နေရအောင်”

“ရပါတယ် မေ၊ သဘောပါ၊ မေ စိတ်ချမ်းသာရင် ရပြီ၊ ကိုယ် ကတော့ ဒီပုံစံပဲ နေတတ်တယ် ကိုယ်တို့ရေစက်ပါသလောက် လက်တွဲ ခဲ့ကြတယ်၊ ရေစက်ကုန်လို့ လမ်းခွဲကြတယ် … ဒါမဆန်းပါ ဘူး၊ မေ့ကို ကျေးဇူးပါ”

“ဘာအတွက်လဲ …၊ မေ့ကို ရွဲ့တာလား၊ ဘာကျေးဇူးတင်စရာမှ မရှိတာကို လာပြီးကျေးဇူး ပါ ပြောနေရတာ လဲ”

မယ်ရှား ကတော့ ဒီဘက်ကနေ ပြုံးမိသည်။ ဟုတ်ပါရဲ့ ။ ကိုယ့်ကို အဆက်ဖြတ်နေတဲ့ ချစ် သူကို ကျေးဇူးပါ ပြောတာ ကတော့ ဒီကောင်လေး အကောင်းမြင်လွန်းတာတော့ မ ဖြစ်နိုင်။ အရွဲ့ တိုက်နေတာပေါ့။

“သြော် … အရင်တုန်းက … ချစ်သူတွေ ဖြစ်ခဲ့တုန်းက မေ ကိုယ့်အပေါ် ကောင်းခဲ့တာတွေ ရှိခဲ့တယ်လေ၊ ကိုယ်တို့ အတူတူပျော်ခဲ့ဖူးတယ်၊ ချစ်သူဆိုတဲ့ အဓိပ္ပါယ်တစ်ခုကို မေ့ကြောင့် ကိုယ် သိခွင့်ရခဲ့တာပါ၊ အဲဒါကို ကျေးဇူးတင်တာပါ”

“မလိုပါဘူး …၊ မေ့ကို ကျေးဇူးမတင်နဲ့၊ ကိုယ့်ဘ၀ကိုယ်ပဲ တိုးတက်ရှင်သန်အောင်လုပ် … ဒါပဲ မေ သွားတော့မယ်”

“ကောင်းပြီ မေ၊ တာ့တာ …”

မိန်းကလေးက ခပ်ဆောင့်ဆောင့်ကလေး ထွက်ခွါသွားခဲ့ပြီ…။ ကျန်ရစ်ခဲ့သော ကောင်လေး ထံမှ သက်ပြင်းရှိုက်သံ တစ်ခုသာကြားရပြီး ဘာသံမှ ထပ်ထွက်မလာတော့အောင် တိတ်ဆိတ် လွန်းနေသည်။ မယ်ရှား နည်းနည်း တော့ ပိုစပ်စုချင်လာခဲ့မိသည်။ ရည်းစားနဲ့ လမ်းခွဲပြတ်စဲရာမှာ မထိခိုက် မခံစားရသူရယ်လို့တော့ ဘယ်သူမှရှိမှာ မဟုတ်ပါ။ အနည်းဆုံး စပြီးတော့ လမ်းခွဲခဲ့သော ကောင်မလေးပင် နာကျင်ကြေကွဲရရှာမှာ ပါ။ တွယ်တာမှု သံယောဇဉ်ရှိခဲ့လို့ပဲ ချစ်သူတွေ ဖြစ်ခဲ့ကြ တာမဟုတ်လား။ မ ဖြစ်နိုင်လွန်းလို့သာ လမ်းခွဲလိုက်ရတာ ဖြစ်မှာ ပါ၊ ဒီကောင်လေးဟာ ဘယ်လို ကောင်လေးလဲ … လူငယ် တစ်ယောက် ဖြစ်ပြီး … ရည်မှန်းချက် … တိုးတက်လိုစိတ်မရှိသူဆိုတာ ရှိကိုမရှိပါဘူး။ သူ့ရင်ထဲမှာ လည်း အပြင်းပြအထက်သန်ဆုံး အိပ်မက်တစ်ခုတော့ ရှိနေမှာ ပါ။ ဒါကို ထုတ်ဖော်ပြောပြဖို့ …သူ ဘာကြောင့် လျှို့ဝှက်တိတ်ဆိတ်ရတာ လဲ။ ချစ်သူရဲ့ လမ်းခွဲထားရစ်ခဲ့ခြင်း ခံရတဲ့ ယောက်ျား တစ်ယောက် အနေနဲ့ သူ့ရဲ့ မာန ဂုဏ်သိက္ခာကိုတော့ အနည်းဆုံး ထိပါးမိမှာ ပဲ။ အဲဒီ အတွက် သူ့ရဲ့ တုံ့ပြန်မှု က အေးစက်ပျော့ညံ့လွန်းလိုက်တာ။ မယ်ရှားက အတွေးမဆုံးခင်မှာ ပဲ ထိုင်နေသူ ကောင်လေးဆီ သမင်လည်ပြန်ကလေး လှည့်ကြည့်မိပါ၏ ။ သူက မယ်ရှားနှင့် ကျော ချင်းကပ်မဟုတ်သော ကြောင့် လှည့်ကြည့်လိုက်တာနှင့် သူ့မျက်နှာကို တွေ့ ရပါသည်။ ဒီတစ်ခါ တော့ မြင်မြင်ချင်းပဲ သူ့ကို မှတ်မိသွားကာ မယ်ရှားမျက်ခုံးတွေ ပင့်တက် သွားပါ၏ ။ သြော် … သူဆို ရင်တော့ အံ့သြစရာမရှိပါဘူး … ဆိုသော အတွေးသည် မယ်ရှားခေါင်းထဲ ဖျတ်ခနဲ ရောက်လို့လာ သည်။ သူကလည်း မယ်ရှားလှည့်ကြည့်တာကို မြင်တော့ မျက်လုံးပြန်လှန်ကြည့်ရင်း မယ်ရှားကို မြင် သွားပါသည်။ သူ့ခေါင်းမှာ မယ်ရှားလက်မှတ်ကလေးနှင့် ဦးထုပ်အဖြူမွဲကလေး ရှိနေဆဲ။ မယ်ရှားကိုမြင်တော့ သူ့မျက်လုံး လက်ခနဲ အရောင် တောက်သွားတာ မှတ်မိနေပြီ ဖြစ်သော မထုံ ထက်သေအပြုံးဖြင့် လက်ဖ၀ါးတစ်ချက် ဝှေ့ယမ်းကာ နှုတ်ဆက်၏ ။ မယ်ရှား သူ့ကို အားမလိုအားမ ရ အပြုံးတစ်ချက် ပြုံးပြကာ ခေါင်းတစ်ချက် ဆတ်ပြလိုက်ပါ၏ ။

“ဆောရီးဗျ … ကျွန်တော် မယ်ခေတ်ရှားကို မမြင်လိုက်မိဘူး၊ အခုမှပဲ တွေ့ တယ်၊ ဒီမှာ ဗီဒီ ယိုလာရိုက်မလို့လားဟင် … ကျွန်တော် ကြည့်ရတော့မယ်”

“ရုပ်ရှင်လာရိုက်တာ မဟုတ်ပါဘူး၊ နောက်တစ်ကား အတွက် ဇာတ်ညွှန်းလာရေး တာပါ၊ နောက်တစ်ပတ်ဆို စ, ရိုက်တော့မှာ ၊ လူငယ်ဇာတ်လေးပဲဆိုတော့ ဒီနေရာတ၀ိုက်ပဲ လာရိုက် ဖြစ် မှာ … ရှင်ကြည့်ချင်ရင် လာခဲ့ပေါ့၊ နေပါဦး … ရှင်က ဗီဒီယိုရိုက်တာကို စိတ်ဝင်စားတယ်လား”

“ဟုတ်တယ်ဗျ …”

“ရှင့်ကို တစ်ခုမေးမလို့၊ ဒီမေးခွန်းက ကျွန်မကိုယ်ကျွန်မလည်း မေးခဲ့ဖူးတယ်၊ ပြီးတော့ ရွယ်တူပဲ ဖြစ် ဖြစ် … ကိုယ့်ထက်ငယ်တဲ့လူငယ်လေးတွေ ပဲ ဖြစ် ဖြစ် ကျွန်မ အမြဲမေးနေကျပါ”

“မေးပါဗျ … ဘာမေးမလို့လဲ”

“ရှင့်ဘ၀မှာ အ ဖြစ်ချင်ဆုံး … အကြီးကျယ်ဆုံး အိပ်မက်က ဘာလဲ”

သူ့မျက်နှာက ပို၍ လေးနက်သွားသလို မယ်ရှားကို သေသေချာချာ ပြန်ကြည့်ပါ၏ ။

“ဘာ ဖြစ်လို့ မေးတာလဲဗျ”

“ဘာ ဖြစ်လို့လဲဆိုတော့ … လူငယ်လေးတွေ ကို ကျွန်မစိတ်ဝင်စားလို့ပေါ၊ ကျွန်မကိုယ်တိုင် လည်း ကိုယ် ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုကို ဖြစ်အောင်လုပ်ခဲ့တယ်။ အဲဒီ အတွက်တော့ ထိုက်သင့်တဲ့ ပေးဆပ်ရင်းနှီးမှု နဲ့ ကြိုးစားရုန်းကန်ရမှု တွေ တော့ ရှိပါတယ်၊ ဒါပေမယ့် ထိုက်တန်ပါတယ်၊ ကျွန်မနဲ့ အနီးအနားက ကျွန်မရဲ့ ပရိသတ်ပဲ ဖြစ် ဖြစ် ကျွန်မနဲ့ ရင်းနှီးတဲ့ လူငယ်တွေ ကို သူတို့ဘ၀မှာ သူတို့ ဘာ ဖြစ်ချင်တာလဲဆိုတာ သေသေချာချာသိပြီး အဲဒါကို ဖြစ်အောင် ကြိုးစားခွင့် ရစေချင်တယ်လေ ဘာ ဖြစ်လို့လဲဆိုတော့ ကိုယ်အ ဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကို ကိုယ့်ရဲ့ “professional career တစ်ခု အ ဖြစ် အောင်မြင်အောင် လုပ်နိုင်ခွင့်ရတဲ့ … ကျေနပ်မှု ပီတိက ဘာနဲ့မှ နှိုင်းလို့မရအောင် ကြီး ကျယ် ခမ်းနားတယ်ဆိုတာ သူတို့ကိုလည်း ခံစားစေချင်လို့ပါ”

“ကျေးဇူးပါဗျာ၊ ကျွန်တော့် ဘ၀မှာ ကိုယ်အထင်ကြီး လေးစားရတဲ့ အောင်မြင်နေသူတစ် ယောက် ဆီက ဒီလိုတန်ဖိုးရှိတဲ့ စကားမျိုးကြားခွင့်ရအောင် … ခုလို စိတ်ဓာတ်ကျနေချိန်မျိုးမှာ သိပ် အဖိုးတန်ပါတယ်”

“ရှင်က ဘာတွေ စိတ်ဓာတ်ကျနေတာလဲ”

“ကျွန်တော် က ကံဆိုးလွန်းလို့ပါ … အဆင်မပြေတာတွေ ဆုံးရှုံးမှု တွေ သိပ်များ လွန်းတော့ လည်း ကျွန်တော် ဘာမှ မလုပ်ချင်တော့ဘူး၊ စိတ်ဓာတ်ကျလာတယ်”

“ကံဆိုးလွန်းတယ်ဆိုပြီး ကံကို ပုံချပစ်လိုက်ပြီး ဖြစ်သလို နေပစ်လိုက်တာကို ကျွန်မက တော့ ဘယ်တော့မှ အားမပေးဘူးရှင့်၊ ကံဆိုတာ အလုပ်ပါ၊ ရှင် ကောင်းကောင်းမွန်မွန် လုပ်ထား တဲ့ အလုပ်အတိုင်း ကောင်းတဲ့ Result ပဲ ထွက်ရမှာ ပေါ့၊ အခု ရှင့်ကိုယ်ရှင် ကံဆိုးသေးတယ်လို့ ယူဆရင် ရှင်းရှင်းလေးပဲ အဖြေပဲ…၊ ရှင် အလုပ်ကောင်းကောင်း မလုပ်သေးလို့ပေါ့၊ ရှင် ကံကောင်း ချင်ရင် အလုပ်ကောင်းကောင်း လုပ်ကြည့်ပေါ့၊ ကျွန်မလောင်းရဲတယ်၊ ရှင် ကံကောင်းလာလိမ့် မယ်”

“ကျွန်တော် ကိုက … ညံ့ဖျင်းလွန်းတာလား၊ တုံးလွန်းတာလား မသိပါဘူးဗျာ၊ ကျွန်တော် ဘာလုပ်လုပ် အဆင်မှ မပြေတာ”

သူ့မျက်နှာက တကယ်ပဲ စိတ်ပျက်လက်ပျက် စိတ်ဓာတ်ကျနေသလိုမျိုး …။ သူ့ကြည့်ရ တာ မယ်ရှားဆီမှာ ဖွင့်ဟ၀န်ခံဖို့လည်း သိပ်ဝန်လေးပုံမရ။ သူ့ရင်ထဲရှိတာကို ရင်ဖွင့်တိုင်ပင်ဖို့ အတွက် သူ အထင်ကြီးလေးစားသူ တစ်ယောက် လည်း ဖြစ်ဦးမှလေ။

“ရှင့်ကိုယ်ရှင် ညံ့ဖျင်းတယ် … တုံးတယ်လို့ ဝေဖန်နေမှတော့ ရှင်ကိုယ်တိုင်တောင် ပြန်မ လေးစားနိုင်တဲ့ ရှင့်ကို တခြားဘယ်သူတွေ က လေးစားတော့မှာ လဲ၊ လူဆိုတာ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှ လေးစားမှ သူတစ်ပါးကလည်း လေးစားရိုသေမှာ ပေါ့၊ ကျွန်မ ရှင့်ကို ဆရာမ ကြီးလုပ် နေတာ မဟုတ်ဘူးနော်၊ ကိုယ့်ကိုယ်ကို မနှိမ့်ချမိဖို့ ပြောနေတာပါ၊ လူတိုင်းမှာ … သူ့တန်ဖိုးနဲ့သူ ရှိ ပြီးသား၊ ဘယ်လောက်ပဲ ညံ့တဲ့သူ ဖြစ်ပါစေ၊ တစ်နေရာရာမှာ တော့ သူရဲ့ အကောင်းဆုံး … အား အသာဆုံး တန်ဖိုးဆိုတာ ရှိတယ်၊ အဲဒါကို ကျွန်မ ကတော့ ယုံကြည်တယ်၊ ရှင် … ကျွန်မမေးတာ ကို ခုထို မဖြေသေးဘူး၊ ရှင့်ဘ၀မှာ အကြီးကျယ်ဆုံး အိပ်မက်က ဘာလဲဆိုတာ ကျွန်မသိချင် တယ်”

“ကျွန်တော် ပြောပြချင်ပါတယ်၊ ဒါပေမယ့် မပြောရဲဘူး၊ ပြောရမှာ ရှက်နေသလိုပဲ၊ ပါးစပ်က မထွက်ဘူး၊ ခင်ဗျား ရယ်လိုက်မှာ စိုးတယ်”

လူ တစ်ယောက် ၏ စိတ်ကို အမြဲ စိတ်ဝင်တစား လေ့လာတတ်ခဲ့သူ ပီပီ … မယ်ရှားက သူ့ စိတ်အတွင်းပိုင်းရှိ သိမ်ငယ်ရှက်ရွံ့မှု တချို့ကို ရှာဖွေခံစားမိပါ၏ ။ ပထမစ ပြောနေချိန်တုန်း ကတော့ အမှတ်တမဲ့ သာမန်ပါပဲ။ ဒါပေမယ့် ပြောနေရင်းကနေ မယ်ရှား၏ အကျင့်အတိုင်း လူ တစ်ယောက် ကို စိတ်ဝင်စားမိပြီဆိုလျှင် အသေးစိတ် နှိုက်နှိုက်ချွတ်ချွတ် ဖြစ်လာတတ်သည်။

“အို … ကျွန်မက ရှင် ဖြစ်ချင်တဲ့အိပ်မက်ကို ဘာ ဖြစ်လို့ ရယ်ရမှာ လဲ၊ အဲဒါ ရှင့်ကို စော်ကား တာနဲ့ အတူတူပဲပေါ့၊ ရှင့်ကို မလေးစားရာ … အထင်သေးရာ ရောက်တာပေါ့၊ ကျွန်မကို အဲဒီ လို မထင်ပါနဲ့၊ ကျွန်မ လူတိုင်းကို လေးစားပြီးသား၊ ရှင့်ကို တစ်ခုပြောမယ်၊ ကမ္ဘာပေါ်မှာ တကယ့်ထင် ရှား ကျော်ကြားတဲ့ အောင်မြင်သူတိုင်းရဲ့ ဘ၀အတ္ထုပ္ပတ္တိတွေ ကို ကျွန်မလိုက်ပြီး ရှာဖတ်ကြည့်တယ် အဲဒီ မှာ ဘာတွေ့ ရသလဲ သိလား၊ တော် တော် များများ က အစုတ်ပြတ်ဆုံး … အနိမ့်ကျဆုံး … မျှော် လင့်ချက်အမဲ့ဆုံး … စိတ်ဓာတ်ကျမယ်ဆိုရင် ကျစရာအကောင်းဆုံး … အခြေအနေဆိုးတွေ ကနေ သူတို့ အားကြိုးမာန်တက် ရုန်းကန်ကြိုးစားခဲ့ရတာ တွေ ချည်းပဲ၊ ရှင့်ဘ၀ကမှ သူတို့ထက်စာရင် အ ဆင့်မြင့်သေးတယ် ပြောရမှာ ၊ သူတို့က စိတ်ဓာတ်ကျရမယ့်နေရာမှာ စိတ်ဓာတ်ကို စွမ်းအင်အ ဖြစ် ပြောင်းလဲပြီး ကြိုးစားရင်း အတော် ဆုံး အထူးချွန်ဆုံး လူတွေ အ ဖြစ် သူတို့နယ်ပယ်တွေ မှာ ထင်ရှား လာတာလေ၊ ကဲ ပြော ရှင်ဘာ ဖြစ်ချင်တာလဲ”

မယ်ရှားကို သူ စိုက်ကြည့်နေသည်။ သူ့အကြည့်တွေ က ပို၍ စူးရှလေးနက်လာတယ်ဟု မယ်ရှား ခံစားမိပါ၏ ။

“မယ်ခေတ်ရှားက စိတ်ဓာတ်မြှင့်တင်ပေးရာမှာ တကယ် တော် တယ်ဗျာ၊ ကျေးဇူးပါ … ကျွန်တော် စောစောက စိတ်ဓာတ်ကျချင်နေတာတွေ တောင် ဘယ်ရောက်သွားမှန်း မသိဘူး၊ ဒါ ကြောင့် မယ်ခေတ်ရှား မိန်းကလေးငယ်တန်မဲ့ ယောက်ျားတွေ နဲ့ ရင်ဘောင်တန်းပြီး အရမ်းအောင် မြင်နေတာ … မဆန်းပါဘူး၊ ကျွန်တော် ဘယ်သူ့ကိုမှ ပြောမပြရဲခဲ့တဲ့ ကျွန်တော့်ရင်ထဲမှာ အနက် ရှိုင်းဆုံးတစ်နေရာမှာ လျှို့ဝှက်စွာ မြှုပ်နှံထားခဲ့တဲ့၊ အပြင်းပြဆုံး ဆန္ဒတစ်ခု … ကျွန်တော့် ရဲ့ အခမ်း နားဆုံး အိပ်မက်ကို မယ်ခေတ်ရှား တစ်ယောက် တည်းကိုပဲ ပထမဆုံး ကျွန်တော် ပြောပြမှာ ၊ ကျွန် တော် ဒါရိုက်တာ တစ်ယောက် အရမ်း ဖြစ်ချင်ခဲ့တာပါ၊ ဘယ်လိုမှ မ ဖြစ်နိုင်ဘူးဆိုတာလည်း ကျွန် တော် သိပြီးသားပါ”

“ဘယ်သူပြောလဲ … မ ဖြစ်နိုင်ဘူးလို့၊ မ ဖြစ်သေးတာပဲ ရှိတာပါ၊ ဖြစ်ချင်တဲ့စိတ်ရှိရင် ဖြစ် အောင်လုပ်ကြည့်၊ ဖြစ်ကို ဖြစ်ရမယ် … ရှင်နဲ့ကျွန်မ လောင်းတောင်လောင်းလိုက်ချင်သေးတယ်၊ တကယ်ပြောတာ၊ နေပါဦး၊ ရှင် ဘာနဲ့ ကျောင်းပြီးတာလဲ”

“ကျွန်တော် မြန်မာစာနဲ့ ပြီးတယ် … ပြီးတော့ ဒါရိုက်တာသင်တန်းတက်တယ်၊ သင်တန်း ဆင်းပြီးသားပါ”

“ရှင် အခု ဘာလုပ်နေလဲ”

“ဘာမှ မလုပ်ဘူး၊ ကျွန်တော့် ရဲ့ Sony video camera ကလေးနဲ့ စိတ်ဝင်စားတဲ့ အ ဖြစ် အပျက်ကလေးတွေ ကို documentary သဘောမျိုး လျှောက်ရိုက်တာတွေ ပဲ ရှိတယ်”

“သြော် … ရှင် မဆိုးဘူးပဲ၊ ရှင့်ရဲ့ အနုပညာ လက်ရာကလေးတွေ ကျွန်မ ကြည့်ချင်တယ်၊ ရှင့်မှာ ဘယ်လောက် talent ရှိသလဲဆိုတာ ကျွန်မ ဆုံးဖြတ်ဖို့ မဟုတ်ဘူးနော်၊ ရှင်ကိုယ်တိုင်ပဲ ဆုံး ဖြတ်ရမှာ ၊ ရှင် ကျွန်မဆီက သိချင်တာတွေ … လိုအပ်တဲ့အကူအညီ ရှိရင် မေးလို့ တောင်းလို့ရ အောင် ကျွန်မရဲ့ လိပ်စာကဒ်ကလေး ပေးထားမယ်၊ ရှင့်စိတ်ကို ကျွန်မ အခု ဖတ်ကြည့်မိတယ်၊ ရှင့် စိတ်ထဲမှာ သိပ် ဖြစ်ချင်နေခဲ့တဲ့ ဆန္ဒတစ်ခုနဲ့ ဖြစ်နိုင်ပါ့မလား … ငါ ဖြစ်အောင် လုပ်နိုင်ပါ့မလားဆိုတဲ့ အငုံစိတ်က လွန်ဆွဲ အားပြိုင်နေကြတယ်၊ ရှင် သိထားရမှာ က စွန့်စားရဲတဲ့သူနဲ့ ကြောက်တတ်တဲ့ သူမှာ စွန့်စားရဲတဲ့သူက အောင်မြင်ဖို့ အခွင့်အလမ်း ပိုသာတယ် … သိလား”

မယ်ရှားက သူ့ဆီ လိပ်စာကဒ်ကလေး လှမ်းပေးလိုက် ပြီး ဇာတ်ညွှန်းပြန်ဆက်ရေး နေလိုက် ၏ ။ သူ အတော် လေးကြာအောင် ငြိမ်သက်စွာ ဆက်ထိုင်နေပြီးမှ ထိုနေရာကနေ ထ,ထွက်သွား သည်ကို လှည့်မကြည့်သော်လည်း လှုပ်ရှားမှု အရ သိလိုက်ပါသည်။

အခန်း(၂)

“ပါရမီရှင်ဆိုတာ မွေးရာပါ
အရည်အချင်းတစ်ခု မဟုတ်ပါဘူး၊
လူတိုင်း ပါရမီရှင် ဖြစ်ဖို့ …
အခွင့်အရေး ရှိပြီးသားပါ၊
စိတ်ဓာတ်ပြင်းပြထက်သန်မှု နဲ့
မလျှော့တဲ့ ဇွဲ လုံ့လ ၀ီရိယနဲ့
ကြိုးစားမှု သာ လိုတာပါ”

ဗီဒီယို ရိုက်ကူးရေး စတင်နေပြီမို့ မယ်ရှား အာရုံတစ်ခုလုံး ကားရိုက်ထဲမှာ သာ ပုံအောထား ခဲ့သည်။ စိမ်းလန်းနှင့် အင်းလျားတ၀ိုက်မှာ သာ လှည့်ပတ်ရိုက်ရသော လူငယ်ဖန်စီ အပျော်ဇာတ် ကလေးပဲမို့ ရိုက်ကွင်းရှိ လူအားလုံး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်၊ ဗီဒီယိုရိုက်တာကို လာပြီး ၀ိုင်း ကြည့်ကြသော ပရိသတ်တွေ ကြားမှာ မယ်ရှား၏ လက်မှတ်မည်းမည်းကလေး ထင်းနေသော ဦး ထုပ်ဆောင်းထားသူ တစ်ယောက် ကို အမြဲလိုလို တွေ့ ရတတ်ပါ၏ ။ သူက တကူးတကလာပြီး နှုတ် ဆက်စကား မဆိုသဖြင့် မယ်ရှားလည်း သူ့ကို မနှုတ်ဆက် ဖြစ်ပါ။

ကားရိုက် နောက်ဆုံးရက် ရှုတင်ပြီးဆုံးချိန်မှာ မယ်ရှားလက်ထဲသို့ စက္ကူအိတ်အညိုတစ် အိတ် လာထည့်ပေးသူကို မော့ကြည့်လိုက်တော့ … သူ …။

“ဒါ ကျွန်တော် ရိုက်ထားသမျှ documentary အခွေလေးတွေ ပါ၊ မယ်ခေတ်ရှားအတွက် DVD ပြန်ကူးထားပေးပါတယ်၊ ကြိုက်သလို အသုံးပြုနိုင်ပါတယ်ဗျ”

“အိုကေ …၊ ကျွန်မ ဒီနေ့ည ကြည့်လိုက်မယ်လေ ကြည့်ပြီးရင် ကျွန်မ ရှင်နဲ့ စကားပြောချင် သေးတယ်၊ ရှင့်ကို ဘယ်လို ဆက်သွယ်ရမလဲ၊ ဖုန်းနံပါတ်ကလေး ဖြစ် ဖြစ် ပေးထားခဲ့လေ”

“အခွေတွေ ရဲ့ နောက်ဆုံးမှာ ကျွန်တော့် လိပ်စာရော၊ ဖုန်းနံပါတ်ပါ ထည့်ပေးထားပါတယ်၊ ဒါပေမယ့် ကျွန်တော် မယ်ခေတ်ရှားဆီက ထင်မြင်ချက်တစ်ခုခုကို ကြားချင်ပါတယ်၊ ကျွန်တော် ဖုန်းဆက်လိုက်ရမလား … ဟင်”

“ဆက်လိုက်ပါ … ရပါတယ် … ကျွန်မတို့ တစ်နေရာမှာ ဆုံလို့ရသားပဲ၊ နောက်တစ်ကား တော့ ကျွန်မ ပြင်ဦးလွင်တက်ပြီး ရိုက်မယ်၊ မသွားခင်တော့ Zephyr မှာ ဇာတ်ညွှန်းလာထိုင်ရေး ဖြစ်ဦးမှာ ပါ၊ ရှင် တစ်ခုခု လိုအပ်ရင် လာခဲ့လေ”

“ကျေးဇူးပါ မယ်ခေတ်ရှား … ကျွန်တော် ဒီရိုက်ကွင်းတစ်ခုလုံးကို အစအဆုံး ကြည့် ဖြစ်ခဲ့ပါ တယ်၊ မယ်ခေတ်ရှား အရမ်းတော် ပါတယ်၊ အစစအရာရာ အသေးစိတ် စနစ်တကျ ရှိလွန်းတယ်ဗျ၊ မင်းသားမင်းသမီးတွေ ကို လိုချင်တဲ့ပုံစံရအောင် သင်ပေးတာလည်း ပညာသား တော် တော် ပါတယ် … မိုက်တယ်ဗျ”

သူပြောနေဟန်က အပေါ်ယံ ဟန်ဆောင်ပန်ဆောင် ပြောနေခြင်းမျိုးမဟုတ်ဘဲ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ရိုးသားစစ်မှန်သော ချီးကျူးသံကို မနှစ်သက် သူရယ်လို့ မရှိပါ။

“ကျေးဇူးပါရှင်”

“ကျွန်တော် သွားတော့မယ်”

“ဟုတ်ပြီ … တာ့တာ”

သူ ခေါင်းငိုက်စိုက်ချပြီး ထွက်သွားဟန်ကို တစ်ချက် လှမ်းကြည့်ပြီး မယ်ရှား သွက်သွက် ပြု ပြင်ပေးလိုက် ချင်စိတ်ကို မသင့်တော် ပါဘူးလေ…ဟု ချုပ်တည်းထားလိုက်ရသည်။ မယ်ရှားအကျင့် ကိုက မျက်စိထဲမှာ အမြငမတော် လျှင် မနေနိုင်မထိုင်နိုင် … ပြုပြင်ချင်စိတ်က အမြဲ ရုန်းကြွနိုးကြား တတ်မြဲ။ မယ်ရှား၏ အယူအဆ ကတော့ ယောက်ျားဆိုတာ ကိုယ်ဟန်မတ်မတ် ပုခုံးမတ်မတ် ဦးခေါင်းမတ်မတ်ထားပြီး လမ်းလျှောက်တတ်မှ သဘောကျသည်။ ပုခုံးကိုင်းတာ … ခေါင်းငိုက်စိုက် ချထားတာမျိုးဟာ … စိတ်ဓာတ်ကျသူ … ပျင်းရိလေးတွဲ့ သူတွေ မှာ သာ တွေ့ ရတာ မျိုး။ လူတစ် ယောက် ရဲ့ ကိုယ်နေဟန်မူရာကလည်း သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး Personality ကို ဖော်ညွှန်း သည် မဟုတ်လား။ အင်း ဒီလူတော့ မယ်ရှားနံဘေးမှာ သာ အမြဲလိုလိုရှိလာရင် ပြုပြင်ပြင်ဆင်စရာ တွေ အများ ကြီးပါ။

ရေနွေးနွေးကလေး စိမ်ချိုးပြီး ညစာ စားပြီးချိန်မှာ မယ်ရှား ရုပ်ရှင်တစ်ကားတော့ ညစဉ် ကြည့်နေကျ။ Home cinema ကလေး ဖန်တီးထားခဲ့သည်မှာ … ညတိုင်း ရုပ်ရှင်ကြည့်ချင်သော ကြောင့် ဖြစ်သည်။ များ သော အားဖြင့် ခုနောက်ပိုင်းမှာ blue ray disc တွေ ပေါ်လာသည်မို့ ကြည့် ရသည့် quality က မယ်ရှားတို့ရိုက်သော DVD အရည်အသွေးနဲ့ဆို တခြားစီ။ ဒါပေမယ့်လည်း အကောင်းဆုံး ဖြစ်အောင်တော့ မယ်ရှားတို့ ကြိုးစားနေရဆဲ။ Black Swan ကားကြည့်ဖို့ ပြင်ပြီးကာ မှ ဟိုကောင်လေး၏ documentary အခွေတွေ ကို သတိရသွားကာ သူ့အခွေကို အရင်ဦးစားပေး လိုက်သည်။ အမှန်အတိုင်း ၀န်ခံရလျှင် သူ့ဆီက အများ ကြီး မျှော်လင့်မထားခဲ့မိပါ။ သာမန်အပျော် တမ်းလိုက်ရိုက်ထားတာ … ဟုပဲ ထင်ခဲ့သည်။ တကယ်တော့ သူ သေသေချာချာ စနစ်တကျ ရိုက် ကူးထားခြင်းပါလား …။ အသက်ရှစ်ဆယ်အရွယ် အဘွားအို တစ်ယောက် နှင့် အသက်ရှစ်နှစ် အရွယ် ကလေးမလေး တစ်ယောက် ၏ နေ့စဉ်လှုပ်ရှားမှု ဘ၀ကလေးတွေ ကို ရိုက်ထားတာမျိုး … မတူညီ သော ဆန့်ကျင်ဘက်အရာများ ကို ပေါင်းစပ်ပေးထားတာမျိုး … အသိမ်မွေ့ဆုံးနဲ့ … အကြမ်းတမ်း ဆုံး အရာနှစ် ခုကို ယှဉ်ပြထားတာမျိုး … စသည်ဖြင့် အတွေးအခေါ် idea ကလေးတွေ ဆန်းသစ် စွာ ကွန့်မြူးထာသည်မှာ သူ ရိုက်ထားတာမှ ဟုတ်ပါလေစ … ဟုပင် သံသယ၀င်ချင်စရာ။ အလင်း အမှော င်နှင့် ကဲင်မရာ angles တွေ ကိုလည်း သူသေသပ်စွာ နားလည်သည်။ ညဘက်ရိုက်ကူးထား သော ရိုက်ချက်တွေ … အမှော င်ထဲမှာ ဖယောင်းတိုင်မီးကလေးကိုပဲ ရိုက်ပြတာမျိုး စသည်ဖြင့် သူ ပေးချင်သော message ကို သရုပ်ဖော် နိမိတ်ပုံလေးတွေ ပါ ထည့်ထားသည်က စိတ်ဝင်စားစရာ။ ပြီးတော့ နောက်ခံတီးလုံးလေးတွေ ကအစ သူ ရိုက်ကူးနေသော subject နှင့် လိုက်ဖက်ညီအောင် တွဲ သုံးထားမှန်း မယ်ရှားက အတွေ့ အကြုံအရ သိနေခဲ့ပါ၏ ။ အိုး … သူဟာ အရည်အသွေးတွေ မှန် သမျှကို ကိုယ့်ကိုယ်ကိုယ် အထင်မကြီးစိတ် စိုးရိမ်မှု သံသယတွေ နှင့် မြှုပ်နှံထားခဲ့တာပါလား။

ဒါရိုက်တာ တစ်ယောက် အနေနှင့် ရိုက်ထားသော ရိုက်ချက်တွေ နှင့် သူတင်ပြသော အကြောင်းအရာတင်ပြပုံ သေသပ်တာတွေ ကို ကြည့်လိုက်ရုံနှင့် သူ့အဆင့်အတန်းကို ခန့်မှန်းလို့ရ ပါသည်။ သူဟာ သာမန် ခပ်တုံးတုံး ထုံအအ မထုံတက်သေး လူညံ့ဖျင်းကလေးမဟုတ်၊ သူ့မှာ အနု ပညာအတွေးအခေါ် ဖန်တီးနိုင်မှု စွမ်းရည် အရည်အချင်းတွေ ရှိသည်။ အဲဒါကို သူကိုယ်တိုင် သတိ မထားမိခြင်းနှင့် သူ့ပညာကို သူ မလေးစားမိခြင်းသာ ဖြစ်သည်။

မယ်ရှားသည် စိတ်မြန်လက်မြန်သူပီပီ မနက်ထိပင် မစောင့်ဘဲ သူ့အိမ်ဖုန်းဆီ လှမ်းဆက် လိုက်မိသည်။

“မနက်ဖြန် … ရှင်နဲ့ကျွန်မ Zephyr မှာ ဆုံရအောင် ဆယ်နာရီအတိနော်”

သူ့ကို စတွေ့ တွေ့ ချင်း မယ်ရှား ပထမဆုံး လုပ်မိသော အလုပ်မှာ လက်ဆွဲနှုတ်ဆက်လိုက် မိခြင်း ဖြစ်သည်။

“ကွန်ဂရက်စ်ကျူလေးရှင်းစ် လုံ့လ၊ ရှင့်ဆီမှာ ကျွန်မမျှော်လင့်ထားတာထက် ပိုတဲ့ အနု ပညာတွေ ရှိတယ်၊ ကျွန်မကြိုပြီး ဟောကိန်းထုတ်လိုက်မယ်၊ ရှင် တစ်နေ့မှာ အောင်မြင်တဲ့ ဒါရိုက် တာ တစ်ယောက် ဖြစ်ကို ဖြစ်မှာ ၊ ကျွန်မထင်ရင် လွဲခဲတယ်နော် … သိလား၊ ကဲ … ရှင် ဘာလုပ်မှာ လဲ ပြော … အချိန်တွေ တော့ ဖြုန်းမနေနဲ့၊ ရှင့်ဆီမှာ … ပြင်စရာအချက်ကလေးတွေ တော့ နည်း နည်းရှိတယ်၊ အဲဒါကို ကျွန်မ မြင်နေရတယ်၊ ကျွန်မကလည်း အမြင်မတော် ရင် … ကိုယ်နဲ့ မဆိုင် သလိုကို မနေတတ်တာ … ကျွန်မဗီဇ ကဲပြော … ကျွန်မ ဘာကူညီပေးရမလဲ”

သူ့မျက်လုံးများ က အံ့သြစရာကောင်းလောက်အောင်ပင် တောက်ပထက်သန်လာခဲ့ပါ သည်။

“ကျွန်တော် … မယ်ခေတ်ရှားဆီမှာ … အလုပ်သင်သဘောမျိုး ဖြစ် ဖြစ် ကူညီလို့ ရနိုင်မလား ဟင်၊ ကျွန်တော် ဒါရိုက်တာ ဖြစ်ချင်တယ် ဆိုရင် အနည်းဆုံးတော့ ကျွန်တော့် ကို တွဲ ခေါ်ပေးနိုင်မယ့် အောင်မြင်နေပြီးသား ဒါရိုက်တာ တစ်ယောက် အနားမှာ နေပြီး ပညာသင်ယူရမယ်လို့ ကျွန်တော် ထင်တယ်”

သူ့စကားကြောင့် မယ်ရှား ပြုံးမိသည်။ သူ့ဆီက ဒီလိုစကားမျိုးလိုချင်လို့ပဲ မယ်ရှား လမ်းဖွင့် ပေးခဲ့တာပါ။ သူ့ဆီမှာ နီရဲတောက်ပသော အသွေးအရောင် အစစ်အမှန်တချို့ကို မယ်ရှား တွေ့ ခဲ့ရ ပြီးသား … မလိုလားအပ်သော အရာတွေ ကို သွေးထုတ်ဖယ်ရှားပစ်နိုင်လျှင် အထဲက တန်ဖိုးရှိလှ တဲ့ အမြူတေရတနာက ထင်းပပေါ်လွင်လာတော့မှာ ။

“ရှင် မပြောလည်း … ကျွန်မက ကျွန်မနဲ့အတူတူ အလုပ်လုပ်ကြည့်ဖို့ ဖိတ်ခေါ်မလို့ပါ၊ ဒါပေ မယ့် under one condition နော်၊ အဲဒီ အချက် ကတော့ ခုကတည်းက ပွင့်ပွင့်လင်းလင်း ပြတ်ပြတ် သားသား ချမှတ်ထားတဲ့ စည်းကမ်းပါ၊ ကျွန်မထုတ်ပြန်ထားတဲ့ ကျွန်မရဲ့ ဥပဒေဆိုပါတော့၊ နည်း နည်းတော့ ကြောင်ချင်ကြောင်နေလိမ့်မယ် … ဒါပေမယ့် ရှင် ကျွန်မအနားကို လာတော့မယ်လို့ ဆုံးဖြတ်ရင် … အဲဒီ ဥပဒေကိုတော့ လိုက်နာရလိမ့်မယ်”

“ပြောပါ မယ်ခေတ်ရှား၊ ဘာဥပဒေပဲ ဖြစ် ဖြစ် ကျွန်တော် လိုက်နာမှာ ပါ၊ ကျွန်တော် မယ်ခေတ်ရှားနဲ့အတူတူ အလုပ်လုပ်ခွင့်ရဖို့ဆိုတာ … ကျွန်တော် ဘယ်လိုမှ မမျှော်မှန်းရဲတဲ့ ဘ၀တ တစ်ခုပါ … ပြောပါဗျ”

မယ်ရှားက အပြုံးကို အပြီးသတ် သိမ်းလိုက်ကာ မျက်နှာကို အလေးအနက် တည်လိုက်ပါ သည်။ သူက မယ်ရှား ပြောမည့် စကားကို စိတ်ဝင်တစား နားစွင့်ထားဟန်ဖြင့် မယ်ရှားကို စိုက် ကြည့်နေသည်။ မယ်ရှားလည်း သူ့မျက်ဝန်းတွေ ထဲ တည့်တည့်စိုက်ကြည့်ကာ …

“ဘယ်လိုအခြေအနေ အချိန်အခါမျိုးမှာ ပဲ ဖြစ်စေ … အရှင်းဆုံးပြောရရင် … ရှင်ကျွန်မကို ဘယ်တော့မှ မချစ်ရဘူး၊ ချစ်တယ်ဆိုတဲ့ စကားမျိုး ခပ်ဆင်ဆင်တောင် ပြောခွင့်မရှိဘူး၊ ရှင် … ကျွန်မအပေါ် စိတ်ပြောင်းလာတဲ့နေ့ … ရှင် ကျွန်မကို ချစ်တယ်လို့ ဖွင့်ပြောမိတဲ့နေ့ဟာ … ရှင် ကျွန်မကို ဆုံးရှုံးလိုက်ရတဲ့နေ့ပဲ … ကျွန်မနဲ့ အဝေးဆုံးကို ရှင်ထွက်သွားရမယ်ဆိုတာ … ခုကတည်း က ရှင့်ရင်ထဲမှာ စွဲနေအောင် မှတ်ထားလိုက်ပါ၊ ရှင်မထွက်သွားရင်လည်း ကျွန်မက ရှင့်ကို နှင် ထုတ်ရမှာ ပဲ၊ အဲဒါ ကျွန်မရဲ့ ဥပဒေလေ၊ ကဲ … ဘယ်လိုလဲ၊ ရှင် လိုက်နာနိုင်ပါ့မလား”

မယ်ရှားကို ကြည့်နေသော သူ့အကြည့်တွေ တစ်မျိုးပြောင်းလဲသွားသည်ဟု မယ်ရှား ခံစား မိပါ၏ ။

“ကျွန်တော် နားလည်ပါတယ်၊ ခုလို ကြိုပြီး သတိပေးထားတာကို အံ့သြမိပေမယ့် … ဒီလို တားမြစ်ထားတဲ့ သစ်သီးဆိုတာ ကြိုသိထားမှ … ကျွန်တော့် ဘက်က စည်းစောင့် ချုပ်ထိန်းရမှာ ပေါ့ နော်၊ ကျွန်တော် ဆင်ခြင်ပါ့မယ်ဗျာ၊ မယ်ခေတ်ရှားဆိုတဲ့ မြို့တော် ဆီကို ရောက်ခဲ့ပြီ ဆိုမှတော့ … ဒီမြို့တော် ရဲ့ ဥပဒေကိုလည်း ကျွန်တော် လိုက်နာရမှာ ပေါ့၊ အကယ်၍ ကျွန်တော် ဥပဒေကို ချိုး ဖောက်မိရင် မြို့တော် ကနေ နှင်ထုတ်ခံရမယ်ဆိုတာ နားလည်ရမှာ ပေါ့”

“အိုကေ …၊ ဒီလောက်ဆိုရပြီ …ကဲ ရှင့်ရဲ့ အနုပညာလက်ရာတွေ အကြောင်း ပြောရအောင်၊ ရှင်နဲ့ ကျွန်မ အနုပညာတစ်ခုကို ခံစားပုံမျိုး taste ချင်းတူတယ်လို့ ပြောရမယ်၊ ဘာ ဖြစ်လို့လဲဆို တော့ … ရှင်ပေးချင်တဲ့ message တိုင်းကို ကျွန်မ အနှစ် သာရရှိရှိ အပြည့်ရတယ်၊ လူတွေ ရဲ့ စရိုက် … ဓလေ့ … အကျင့်ကလေးတွေ ကို ရိုက်ပြတာမျိုး … ငှက်ကလေးတွေ ပန်းပွင့်ကလေးတွေ … သဘာဝတရားရဲ့ အသံတွေ အရုပ်တွေ ကို ရှင် တင်ပြပုံတွေ အရမ်းလေးနက် ဆန်းသစ်မှု ရှိတယ် ရှင့်မှာ အတွေးအခေါ် idea အသစ်တွေ ရှိနေတယ်၊ အဲဒါတွေ ကို ထုတ်နိုင်သမျှ ထုတ်ဖို့ ကြိုးစား စမ်းပါ၊ ဘယ်တော့မှ မတွေ ဝေနဲ့၊ အနုပညာနဲ့ ပတ်သက်လာလျှင် ရဲရင့်လေ … အနုပညာလက်ရာ မြောက်လေပဲ၊ ရှင့်ဆီက အကြံဉာဏ်တွေ ကျွန်မလိုချင်တယ်၊ နောက်တစ်ကားကို ပြင်ဦးလွင်မှာ သွားရိုက်မှာ ဆိုတော့ … ရှင် လိုက်နိုင်တယ်ဆိုရင် လိုက်ခဲ့ပေါ့ … တစ်ကားတည်းတော့ မဟုတ်ပါ ဘူး၊ ပြင်ဦးလွင်ထွက်ပြီဆိုရင် သုံးလေးကားတော့ ကြိုတင်ပြင်ဆင်ပြီးမှ ရိုက်လေ့ရှိတယ်၊ ခု လော လောဆယ်တော့ ရှင်က ကျွန်မဆီမှာ အလုပ်သင်သက်သက်ပဲ၊ ကျွန်မ ခိုင်းတာပဲ ရှင်လုပ်ပေးရ မယ်၊ ရှင့်ရဲ့ တိုးတက်မှု နဲ့ ကျွန်မ လက်လွှတ်စိတ်ချရပြီဆိုမှ … ကျွန်မရဲ့ တွဲ ဖက်ဒါရိုက်တာ ဖြစ်လာ မယ်၊ ရှင့်အတွက် မနစ်နာစေရအောင် လခတစ်ခု ပုံမှတ်သတ်မှတ်ထားပြီး ပေးနေမယ်၊ ဘယ်လိုလဲ … ရှင် ကျေနပ်ရဲ့ လား”

“အား … အရမ်း ကျေနပ်ပါတယ်ဗျာ၊ ကျွန်တော် လေးစားရတဲ့ အနုပညာသမားတစ် ယောက် နဲ့ တွဲ ပြီး အလုပ်လုပ်ခွင့်ရဖို့ဆိုတာ … ကျွန်တော် အိပ်မက်တောင် မက်မထားခဲ့မိတဲ့ အခွင့် အရေး ပါ၊ ကျေးဇူးပါဗျ”

“ရှင့်ကို ကျွန်မ ဘာ ဖြစ်လို့ ဒီအခွင့်အရေး ပေးခဲ့ရတာ လဲ ရှင်သိလား …”

“ဟင့်အင်း … မသိဘူးဗျ”

“ပတ္တမြားတစ်လုံးကို နွံထဲမှာ မြင်ရရက်နဲ့ … ပြောင်လက်သန့်စင်အောင် သွေးပြီး … စင်ပေါ် တင်မပေးနိုင်ခဲ့ရင် အဲဒီ နောင်တနဲ့ ကျွန်မတစ်သက်လုံး ပျော်နိုင်မှာ မဟုတ်တော့ဘူး၊ ရှင့်မှာ အစွမ်း အစတွေ ရှိပြီးသား၊ အဲဒါကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ထုတ်သုံးတတ်ဖို့ပဲ လိုတယ်၊ ကျွန်မကို တကယ် ကျေးဇူးတင်တယ်ဆိုရင် … ရှင် တကယ်အောင်မြင်အောင် လုပ် … ရှင့် အနု ပညာကို မချွင်းမချန် ထုတ်သုံးပေးပါ”

“ကျွန်တော် ကြိုးစားပါ့မယ်”

“ရှင့်ကို ကျွန်မ ဘာမှန်း သေချာတောင် မသိသေးဘဲ … ကျွန်မနဲ့ အလုပ်အတူတွဲ လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတာ … ရှင့်အနုပညာကို ယုံကြည်မှု တစ်ခုတည်းနဲ့နော်၊ ကျွန်မက တော် တဲ့ အနုပညာသမားတိုင်းကို လေးစားပြီးသား … အောင်မြင်နေတဲ့လူ စင်ပေါ်ရောက်နေသူကိုမှ ဆိုလို တာမဟုတ်ဘူးနော်၊ ဘ၀ဆိုတာ ရိုလာကိုစတာ စီးရသလိုပါပဲ … ဟိုး အမြင့်ကြီးထိ တက်သွားရတဲ့ အချိန်ဆိုတာလည်း ရှိသလို၊ အဲဒိအမြင့်ကြီးဆီကနေ မထင်မှတ်တဲ့ အချိန်မှာ တ၀ုန်းဝုန်းတဒိုင်းဒိုင်း နဲ့ အောက်ကို ၀ုန်းဒိုင်းကြဲ ပြုတ်ဆင်းကျရတဲ့ အချိန်ဆိုတာလည်း ရှိမှာ ပဲ … ကိုယ်အမြင့်ဆုံးမှာ ရှိ နေချိန်မှာ … သူ ဟိုးအောက်ဆုံးမှာ ရှိနေလို့ … ငုံ့ကြည့်ဖို့ အထင်သေးဖို့ ဘယ်တော့မှ မစဉ်းစား လိုက်နဲ့ … မာနကြီးဖို့ ဘ၀င်မြင့်ဖို့ မောက်မာဖို့လည်း စိတ်မကူးနဲ့၊ ဘာ ဖြစ်လို့လည်းဆိုတော့ တစ် ချိန်မှာ ကိုယ့်ကိုယ်ကို မြင့်လှပါပြီဆိုတဲ့သူက အောက်ပြန်ကျသွားပြီး အောက်ကလူက အမြင့်တစ် နေရာကို ရောက်လာဦးမှာ ပဲ၊ အဲဒါ ဘ၀ပဲဆိုတာကို နားလည်ထားမှ ခံစားရသက်သာမယ်၊ တရား မရှိရင် လူတွေ ဟာ သိပ်ခံစားကြရတာ ပဲ၊ မြင့်ခဲ့တဲ့ အချိန်ကြီးကိုပဲ တသသစွဲလန်းနေပြီး နိမ့်သွားတဲ့ အခြေအနေကို မယုံနိုင်လောက်အောင် မခံစားနိုင်အောင် ဖြစ်ကြတယ်၊ why why me ဆိုတဲ့ နား မလည်နိုင်တဲ့ မေးခွန်းတွေ နဲ့ပဲ … စိတ်ဓာတ်တွေ ပျက်ပြားကုန်ရော၊ ကျွန်မ ကတော့ ဘ၀ကို ရိုလာ ကိုစတာ စီးနေသလိုပဲ … ခံယူထားပါတယ်၊ ခုမြင့်နေပေမယ့် တစ်ချိန်မှာ ကျွန်မ အနိမ့်ဆီ ပြန်ဆင်း ရမှာ ပဲ၊ မဆင်းချင်လို့ကို မရဘူး၊ ရှင် အခုနိမ့်နေပေမယ့် တစ်ချိန်မှာ ရှင် အမြင့်ဆုံးကို ရောက်ရဦးမှာ ပဲ … ရှင့်ဘက်က ကြိုးစားအားထုတ်နေဖို့တော့ လိုတာပေါ့လေ”

မယ်ရှား ပြောသမျှကို သူ တလေးတနက် နားထောင်လျက်ရှိသည်။ သူ့မျက်နှာဆီမှာ တစ်ခု ခု ရရှိသွားသလို အဖြူထည်သက်သက် မဟုတ်တော့ဘဲ သွေးရောင် လွှမ်းလို့ လာပါ၏ ။

“လေးစားပါတယ် … မယ်ခေတ်ရှားရယ်၊ ကျွန်တော့် စိတ်တွေ အရမ်းတက်ကြွလာတယ်၊ မယ်ခေတ်ရှားက စိတ်ဓာတ်မြှင့်တင်တဲ့နေရာမှာ အရမ်းတော် တယ်ဗျ၊ ကျွန်တော် မယ်ခေတ်ရှားနဲ့ တွေ့ လိုက်ရင် ကြိုးစားချင်စိတ်တွေ အရမ်းပေါ်လာတယ်”

“အဲဒါဆိုရင် ကြိုးစားပေါ့ရှင်၊ ကဲ … ကျွန်မတို့ တွေ့ ဆုံပွဲကလေး အောင်မြင်ပြီနော်၊ မနက် ဖြန် ကျွန်မ ဇာတ်ညွှန်းစရေး မယ်၊ နာမည် ကြီး စာရေး ဆရာမ ရဲ့ ၀တ္ထုပဲ၊ ရှင့်ကို ဇာတ်ညွှန်းရေး နည်း ပါ ကျွန်မ သင်ပေးထားမယ်၊ မနက်ဖြန် ဒီကိုပဲလာခဲ့ … ဆယ်နာရီ အတိနော်”

“အိုကေ …”

သူ ထ, ထွက်သွားဟန်ကို မယ်ရှား လိုက်ကြည့်မိသည်။ အင်း … ထုံးစံအတိုင်း ခေါင်းငိုက် စိုက်ပါပဲလား။ ဒီတစ်ခါတော့ မယ်ရှား မနေနိုင်တော့ပါ။

“ရွှတ် … ရွှတ် … ဟိတ် … လုံ့လ”

သူ ပြန်လှည့်ကြည့်ပါသည်။ မယ်ရှား သူ့ကို လက်ယပ်လှမ်းခေါ်လိုက်၏ ။

“ယောက်ျား တစ်ယောက် ဆိုတာ … လမ်းလျှောက်ရင် ကိုယ်ခန္ဓာမတ်မတ် ခေါင်းကို မတ် မတ်ထားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ ပုံမျိုးမှ ကျွန်မ သဘောကျတယ်လို့ ပြောမလို့ … အိုကေ”

သူ ချက်ချင်း နားမလည်။ နောက်မှ သဘောပေါက်သွားဟန်ဖြင့် ကိုယ်ခန္ဓာနှင့် ပုခုံးကို ချက် ချင်းမတ်မတ်ပြင်ဆင်ယူလိုက်ပြီး မယ်ရှားကို တစ်ချက်အလေးပြုသလို လုပ်ပြီး … ပြန်လှည့်ထွက် သွားတော့၏ ။ ခပ်မတ်မတ်လျှောက်သွားဟန်ကို မယ်ရှားကျေနပ်စွာ တစ်ချက်ပြုံးလိုက်မိသည်။

သူ့ကို ဇာတ်ညွှန်းရေး နည်း သင်ပေးပြီးနောက် မယ်ရှားက ဇာတ်အသစ်အတွက် ကိုယ်တိုင် ဇာတ်ညွှန်းထိုင်ရေး နေချိန်တွင် … သူ့အတွက် assignment သဘောမျိုး ၀တ္ထုတစ်အုပ်ပေးကာ ဇာတ်ညွှန်းထိုင်ရေး ခိုင်းထားလိုက်သည်။ ဇာတ်ညွှန်းရေး နေရင်း ဒူးကို တဆတ်ဆတ်နှန့်နေခြင်း ဖြစ်

၏ ။ ခဏစောင့်ကြည့်ပေမယ့် သူ ငြိမ်မသွား။ ရေး လိုက် … ဒူးကလေး နှန့်လိုက် … စဉ်းစားလိုက်နှင့် သူ့ဘာသာသူတော့ ဟုတ်နေသည်။ မယ်ရှားကသာ ဘယ်လိုမှ သည်းမခံနိုင်ခြင်း ဖြစ်သည်။

“လုံ့လ …”

“ဗျာ …”

“ကျွန်မ တစ်ခုပြောမလို့၊ ကျွန်မသည်းမခံနိုင်ဆုံး အပြုအမူက ဘာလဲ သိလား”

“ဘာလဲဟင် …”

“ဒူးနှံ့တာ …”

“သြော် …”

သူ့ကို တစ်ချက်ပြုံးပြပြီး … မယ်ရှား ဆက်ရေး နေလိုက်သည်။ အံ့သြစရာကောင်းလောက် အောင် သူ ဒူးနှန့်တာ ငြိမ်ကျသွားခဲ့ပါ၏ ။ သူ့ကို လှမ်းမကြည့်ဘဲ … မယ်ရှား တစ်ချက်ကြိတ်၍ ပြုံးမိ သည်။ ဇာတ်ညွှန်းရေး လို့ ပြီးသွားချိန်မှာ … မယ်ရှား သူ့ကို ကြည့်မိသည်။ သူ့ရဲ့ ဖလန်နယ်ကွက် ရှပ်အင်္ကျီပွယောင်းကြီးဆီက အနံ့တစ်မျိုး ထွက်နေခဲ့သည်။ ဆံပင်ဘုတ်သိုက် … လူပုံစံညှင်းသိုး သိုးကြီးထက်စာရင် … သူ့ရဲ့ personality ကို ပြောင်းပစ်လိုက်ရင် … ပိုမကောင်းဘူးလား၊ မယ်ရှား ကိုယ်တိုင်လည်း ဘယ်တော့မှ ဖြစ်ကတတ်ဆန်း မနေတတ်ဘဲ … အမြဲ သပ်သပ်ရပ်ရပ် … စမတ် ကျကျ ၀တ်စားဆင်ယင်တတ်သူမို့ သူ့ပုံစံကြီးကို ကြည့်လို့မရ …။ ပြင်ဆင်ပေးချင်လာပြန်သည်။

“လုံ့လ … ရှင် ပြီးတော့မလား”

“မပြီးသေးဘူးဗျ … ဘာ ဖြစ်လို့လဲ”

“လူ တစ်ယောက် မှာ ပထမဆုံး အရေး အကြီးဆုံးက ဘာလဲ သိလား”

“စိတ်ဓာတ် …”

“အင်း … အဲဒါလည်း ဟုတ်ပါတယ် … ဒါပေမယ့် လူတွေ နဲ့ ပေါင်းသင်းဆက်ဆံရေး အပိုင်း မှာ … ပထမဆုံးက … Personality ပဲ … ရှင့်ကို မြင်လိုက်တာနဲ့ ပထမဆုံး First Impression က ရှင်ဟာ ဘယ်လို ၀တ်စားဆင်ယင်ထားသလဲ၊ အထင်သေးစရာ ဖြစ်ကတတ်ဆန်း ဖိုသီဖတ်သီလား ရှင့်ဆီက ချွေးနံ့တွေ ထွက်နေသလား၊ ရှင့်ရဲ့ အပြုအမူ အပြောအဆိုကရော ဘယ်လိုလဲ … စမတ် ကျကျ ရှိရဲ့ လား၊ အဲဒါတွေ က ရှင့်ကို အရင်တန်ဖိုးဖြတ်ပေးသွားမှာ လေ၊ ဒုတိယအချက်ကမှ ရှင် ပြောတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာပေါ့ … သူက ပိုအရေး ကြီးတယ်ဆိုပေမယ့် ပထမဆုံး ကတော့ လူ တွေ က အမြင်နဲ့တင် ဒီလူရဲ့ အဆင့်အတန်း စိတ်အခြေအနေကို ခန့်မှန်းသုံးသပ်ရတာ ကိုး၊ ရုပ်လှဖို့ မလိုဘူး၊ စိတ်လှဖို့ပဲ လိုတယ် … ဒါပေမယ့် သပ်သပ်ရပ်ရပ်တော့ ၀တ်စားနေထိုင်တတ်ရမယ်၊ ကျွန်မပြောတာ ရှင်သဘောပေါက်ရဲ့ လား၊ ဘယ်အလုပ်မဆို စိတ်စေတနာ သန့်သန့် ဖြူဖြူစင်စင်နဲ့ … မျှော်လင့်ချက်ကင်းကင်းနဲ့ စိတ်ကောင်းရှိရဲ့ လား၊ ဟန်ဆောင်နေတာလား၊ တကယ် သဘော ကောင်းရဲ့ လား၊ သူတစ်ပါးကို ကူညီလိုစိတ်ရော တကယ်ရှိရဲ့ လား … ဆိုတာတွေ ကို ရှင်ကိုယ်တိုင် ပဲ အသိဆုံး ဖြစ်မယ်လေ၊ အဲဒါတွေ ကို ပြန်ဆန်းစစ်ပြီး ရှင့်ကိုယ်ရှင် သတိထားပြီး ဂရုတစိုက်နဲ့ အကောင်းဆုံး ဖြစ်အောင် နေကြည့် … ရှင် ကံကောင်းလာစေရမယ် … မယုံမရှိနဲ့ … အဲဒါ ကျွန်မ လက်တွေ့  ကျင့်သုံးနေတဲ့ ကံကောင်းခြင်းရဲ့ လျှို့ဝှက်ချက်ပဲ”

သူက သူ့ကိုယ်သူ ပြန်ငုံ့ကြည့်ကာ မထုံတက်သေး အပြုံးတစ်ချက် ပြုံးပြန်သည်။

“ကျွန်တော့်  Personality တော် တော် ညံ့နေသလား မယ်ခေတ်ရှား”

“အဲဒါ ကျွန်မကို မမေးနဲ့လေ၊ ရှင့်ကိုယ်ရှင် မှန်ထဲမှာ ပြန်ကြည့်ပေါ့၊ ယောက်ျား တစ်ယောက် က ကိုယ့်ကိုယ်ကို အရမ်းသနေဖို့လည်း မလိုပါဘူး၊ ရေမွှေးတွေ လည်း ဆွတ်နေဖို့ မလိုဘူး၊ သန့် သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ်ဆို ရပါပြီ၊ ကဲ … ကျွန်မ ထမင်းသွားစားတော့မယ်၊ ရှင်လည်း … ရှင့် ဇာတ်ညွှန်းကို ဒီည အပြီးရေး ခဲ့နော်၊ မနက်ဖြန် ဒီနေရာမှာ ပြန်ဆုံမယ် … အိုကေ”

သူ ပြန်ထွက်သွားတော့ ခေါင်း ငိုက်စိုက်ချမလို ဟန်ပြင်ပြီးမှ သတိထားပြီး မတ်မတ်ပြန် လျှောက်တာကို မယ်ရှား မျက်စိတဆုံး လိုက်ကြည့်မိပါသည်။

အခန်း(၃)

အမှိုက်ပုံထဲကနေ
ရတနာ ရှာသလို …
အဆိုးပုံတွေ ထဲကနေ
ကောင်းတာလေးတစ်ကွက်ကို
လိုက်ရှာဖွေရတာ
ပင်ပန်းတယ်ဆိုပေမယ့်
စိန်ခေါ်မှု ကလေးတော့
ရှိနေမှာ ပါ …

ခရီးထွက်တော့မယ်ဆိုလျှင် အရေး အကြီးဆုံးက အိမ်မှာ ကျန်ရစ်ခဲ့မည့်  ကြီးတော် အတွက် လိုလေသေးမရှိအောင် ပြင်ဆင်စီမံပေးသွားရခြင်း ဖြစ်သည်။ အသက်ခုနှစ် ဆယ်ရှိပြီ ဆိုပေမယ့် ဆယ်နှစ် စာလောက် နုပျိုလန်းဆန်းကာ အရွယ်တင်လွန်းသော ကြီးတော် သည် မယ်ရှား၏ Ideal … Role … Model… Angel တစ်ယောက် ဖြစ်သည်။ ထက်မြက်ရဲရင့်လွန်းသော မိန်းမ တစ်ယောက် … စာအလွန်ဖတ်ကာ အရာရာကို သိမြင်နားလည်တတ်ကျွမ်းသော ဗဟုသုတလည်း ကြွယ်လွန်း သော ကြီးတော် ၏ အုပ်ထိန်းပြုစုမှု အောက်မှာ မယ်ရှား အံဝင်ခွင်ကျ ကြီးပြင်းလာခဲ့ခြင်း ဖြစ်၏ ။ ဖေဖေနှင့် မေမေထက် ကြီးတော် နှင့် ပို၍ အနေနီးစပ်ရင်းနှီးလွန်းကာ ငယ်ငယ်လေးကတည်းက ကြီးတော် နှင့် ပဲ အနေများ ခဲ့ကာ ကြီးလာတော့လည်း ကြီးတော် နှင့် ပဲ အတူနေ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ကြီးတော် က ယောက်ျားဆိုသည်မှာ သူလေးစား ကိုးကွယ်ထိုက်သူကိုမှ သူ့ရဲ့ ခင်ပွန်းအ ဖြစ် တစ် သက်လုံး နံဘေးမှာ ကြည်ညိုချစ်ခင်စွာ လက်တွဲ သွားလိုသည်ဟု ကြွေးကြော်ခဲ့သူပီပီ အရွယ် ကောင်းစဉ်က လှပချောမောလွန်းကာ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလွန်းပြီး ချစ်သူခင်သူတွေ ၀ိုင်း ၀ိုင်းလည်ခဲ့သလောက် လေးစားကြည်ညိုဖွယ် လူ တစ်ယောက် ရှာမတွေ့ ခဲ့ဘဲ တစ်ကိုယ်တော် အပျိုကြီးဘ၀ကို နှစ်သက် ကျေနပ်စွာ ရွေးချယ်ခဲ့သူလည်း ဖြစ်ပါသေး၏ ။ ကြီးတော် က စကားပြော လည်းကောင်းကာ ဒဿနတွေ လည်း ရွတ်တတ်သူမို့ မယ်ရှား အချိန်ရတိုင်း ကြီးတော် နှင့် စကား ပြောရသည်။ ကြီးတော် ပြောသမျှ စကားလုံးတိုင်းကို မယ်ရှားက Angel တစ်ပါး၏ စကားလို လေး လေးနက်နက် ယုံယုံကြည်ကြည် လိုက်နာတတ်ခဲ့သည်မှာ အကျင့်တစ်ခုလိုပဲ ဖြစ်ခဲ့ရပါသည်။ မယ် ရှားကို ကံကောင်းစေသော အောင်မြင်စေသော လူချစ်လူခင်များ စေသော အောင်မြင်မှု ရဲ့ လျှို့ဝှက် ချက်တွေ ကို ကြီးတော် ဆီက အမွေရခဲ့ခြင်း ဖြစ်ပါ၏ ။ ကြီးတော် ၏ ဒဿနတိုင်းသည် မယ်ရှားအ တွက် တ၀ဝေမတိမ်း ယုံကြည်လိုက်နာဖို့ကောင်းသော ဘ၀၏ ပြဋ္ဌာန်းချက်တွေ လည်း ဖြစ်ခဲ့သည်။

“သမီးရဲ့ ချစ်ခြင်းမေတ္တာတွေ ကို လူတွေ အများ ကြီးအပေါ်မှာ ပဲ မျှမျှတတ ဖြန့်ဝေထားရမှာ မယ်ရှားလေးရဲ့ ၊ လူတစ်ဦး တစ်ယောက် တည်းကို စွဲပြီး ချစ်လို့မရဘူး၊ အဲဒီ လို တစ်ယောက် တည်း ကို စွဲစွဲလန်းလန်း ချစ်မိတဲ့အခါ အတ္တနဲ့ ငါစွဲတွေ … တစ်ကိုယ်ကောင်းဆန်မှု တွေ … စွဲလန်းတပ် မက်ခြင်းဆိုတဲ့ တဏှာတွေ ပါလာတတ်တယ်၊ အဲဒီ အခါကျရင် သမီးရဲ့ စိတ်ဟာ အရင်အတိုင်း ပက တိ ဖြူဖွေးသန့်စင် မကြည်လင်နိုင်တော့ဘူးလေ၊ သမီးရဲ့ ဘ၀မှာ အောင်မြင်ခြင်းရဲ့ အဓိက လျှို့ဝှက်နက်နဲ သိမ်မွေ့မှု က စိတ်ကိုအဖြူစင်ဆုံး၊ အကြည်လင်ဆုံးနဲ့ အသန့်ရှင်းဆုံးထားဖို့ပဲ၊ ဘာ အရောင် မှ အစွန်းအထင်မခံရလေ သမီးဘ၀ ပိုပြီး အရောင် တောက်ပ အောင်မြင်လေပဲ”

“ကြီးတော် က အရမ်းလည်းလှတယ် … ထက်လည်းထက်မြက်တယ် … အတွေးအခေါ် လည်း အရမ်းကောင်းတယ် … ကြီးတော် ရဲ့ အချစ်ကို ရယူဖို့ ကြီးတော် ရဲ့ နှလုံးသားကို သိမ်းပိုက် ဖို့ ချဉ်းကပ်လာခဲ့တဲ့ ယောက်ျားများ စွာ ကို ကြီးတော် ဘယ်လို လိမ္မာပါးနပ်မှု မျိုးနဲ့ ရှောင်ရှားခဲ့သလဲ ဟင်”

ဟု မယ်ရှားမေးခဲ့စဉ် ကြီးတော် ပြုံးခဲ့သော အပြုံး … ဖြေခဲ့သော အဖြေကို … မယ်ရှား ဘယ် တော့မှ မမေ့နိုင်ပါ။

“ကြီးတော် ဆီ ချဉ်းကပ်လာသမျှ လူတိုင်းအတွက် ကြီးတော် ရဲ့ ကိုယ်ပိုင်ဥပဒေ ထုတ်ထား တာပေါ့ သမီးရဲ့ ၊ ဘယ်လိုအခြေအနေမျိုးမှာ ပဲ ဖြစ်စေ … ရှင် ကျွန်မအပေါ် စိတ်ပြောင်းလဲလာတဲ့ နေ့ ရှင် ကျွန်မကို ချစ်တယ်လို့ ဖွင့်ပြောမိတဲ့နေ့ဟာ … ရှင် ကျွန်မကို ဆုံးရှုံးလိုက်ရတဲ့နေ့ပဲလို့ ဥပ ဒေကို ကြိုပြီးပြောပြထားတယ်၊ လိုက်နာနိုင်မှ ဆက်ပြီး ခင်မင်ခွင့်ပေးတယ်၊ မလိုက်နာနိုင်တဲ့သူ … သွားပစေပေါ့”

ထိုဥပဒေကို မယ်ရှား အလွန်သဘောကျသွားခဲ့ကာ အဲဒီ ဥပဒေကို ကြီးတော် ဆီကနေ အမွေဆက်ခံကျင့်သုံးခဲ့သည်မှာ … ယခုအချိန်အထိ အောင်မြင်ဆဲ ဖြစ်ပါသည်။ ကြီးတော် ကို ချစ် ခင်မိသူတိုင်းက လေးလည်းလေးစားကြရပါ၏ ။ ကြီးတော် ဘ၀က ခုချိန်ထိ အေးချမ်းထည်ဝါကာ ခြွေရံသင်းပင်း အပြည့်အစုံနှင့် … ဘုရင်မ တစ်ယောက် လို … လိုလေသေးမရှိ ပြည့်စုံခမ်းနားနေခဲ့ပါ သည်။ ပူပန်ကြောင့်ကြ လည်း မရှိစေရ … သံယောဇဉ် အနှောင်အဖွဲ့ဆိုလို့လည်း မယ်ရှားတစ် ယောက် သာရှိကာ … မယ်ရှားကိုလည်း သူ လက်လွှတ် စိတ်ချရလောက်သည်အထိ စိတ်တိုင်းကျ ပုံသွင်းစီရင်ခဲ့ပြီးပြီ။ သူ့ခေတ်သူ့အခါက အကယ်ဒမီတွေ ငါးဆုရခဲ့သည်အထိ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့သော ဒါရိုက်တာ တစ်ယောက် ဖြစ်ခဲ့သူ ကြီးတော် သည် … အခုတော့ အနု ပညာနယ်ပယ်ထဲကနေ အေးအေးဆေးဆေး အနားယူကာ တစ်နေ့ကို စာအုပ်တစ်အုပ်ဖတ် … ရုပ် ရှင်တစ်ကားကြည့်ကာ … တရားထိုင်ခြင်းဖြင့် မွေ့လျော်လျက် ခုချိန်ထိ ခေတ်မီမီနေထိုင်ဆဲ ဖြစ် ကာ Internet သုံးဆဲ … Online မှာ သူငယ်ချင်းတွေ နှင့် ဆုံစည်းဆဲ … သူငယ်ချင်း အဟောင်းအ သစ်တွေ နှင့် facebook မှာ ပျော်ရွှင်ဆဲ … တစ်ခါတစ်ရံ ရွယ်တူသူငယ်ချင်းတွေ နှင့် စုချိန်းကာ ကော်ဖီဆိုင်ထိုင် စားသောက်ဆိုင်ထိုင်ကာ ခေတ်နောက်မှာ မကျန်ခဲ့သော ခေတ်ဆန်သူတစ် ယောက် ဖြစ်ပါသည်။ ကြီးတော် ထံမှ အတုယူလေ့လာသင်ယူစရာတွေ … ဘ၀နေနည်းတွေ … ဘယ်တော့မှ ကုန်နိုင်မည် မထင်ပါ။ ကြီးတော် ကိုကြည့်လိုက်လျှင် အမြဲရယ်ရယ်မောမော … ပျော် ပျော်ရွှင်ရွှင် … မယ်ရှားနှင့် ပင် သူငယ်ချင်း တစ်ယောက် သဖွယ် အမီလိုက်ပေါင်းနိုင်ပါ၏ ။

အပြင်ထွက်လျှင် လှလှပပ ပြင်ဆင်ပြီး နုပျိုနေအောင် ရှာကြံနေထိုင်တတ်သော ကြီးတော် မို့ မယ်ရှား ခရီးထွက်မယ်ဆိုလည်း စိတ်မချစရာတော့ မရှိပါချေ။

“ကြီးတော် … သမီး မနက်ဖြန် ခရီးထွက်မယ်နော်၊ အိမ်ကလူတွေ ကို လိုအပ်တာတွေ အား လုံးစီစဉ်ပေးခဲ့ပါပြီ၊ ကြီးတော် လိုတာရှိရင် ဖုန်းဆက်ရင်ဆက် … မက်ဆေ့ခ်ျပို့ရင်ပို့ … F. B ကနေ လှမ်းအော်ချင်အော်လိုက်နော်”

“စိတ်ချပါ သမီးရယ်၊ သမီးသာလျှင် စိတ်ဖြောင့်လက်ဖြောင့်နဲ့ လုပ်ရမယ့် အနုပညာကို အကောင်းဆုံးအလန်းဆုံး ဖန်တီးခဲ့ပါ … ကြီးတော် ရဲ့ သတင်းတွေ facebook ကနေ update လုပ် နေမှာ စိတ်သာချ၊ မနက်ဖြန်တောင် facebook က သူငယ်ချင်းတွေ စုချိန်းထားတယ်၊ ladies day out ပေါ့ … အဟေးဟေး၊ ခင်ပြီးသားလူတွေ ရော … အခုမှ စခင်မယ့် သူတွေ ရောပေါ့လေ”

ကြီးတော် စကားကို သဘောတွေ ကျကာ မယ်ရှား အားပါးတရ ပြုံးမိချေသေး၏ ။ မယ်ရှား ကိုယ်တိုင်လည်း အခင်မင်အရင်းနှီးဆုံးသော မိတ်ဆွေ သူငယ်ချင်းတွေ … ရင်ဘတ်ကာလာချင်း တူသော ဘော်ဘော်တွေ နှင့် တစ်လတစ်ခါလောက်တော့ ချိန်းပြီး day out ထွက်နေကျမို့ … ထိုအ ရသာကို အလွန်သဘောကျသူပါ။ စားချင်တာတွေ စုံအောင်မှာ စားပြီး ကမ္ဘာ့သတင်း ပြည်တွင်းသ တင်းတွေ စုံလင်အောင် တစ်ယောက် တစ်ပေါက် သတင်းဖလှယ်ကြသော အလုပ်မို့ မယ်ရှားတို့လို အနုပညာသမားတွေ အတွက် အလွန်အသုံးဝင်လှပါသည်။

“အလွန်ကောင်းသော အစီအစဉ်ပါ ကြီးတော် ရေ … သမီးသွားခါနီး ကြီးတော် ကို ကန်တော့ ပါရစေဦး”

မယ်ရှားက ထုံးစံအတိုင်း ခရီးထွက်ခါနီး တိုင်း ကြီးတော် ကို သေသေချာချာ လေးလေးနက် နက် ဦးခိုက်ကန်တော့ပါ၏ ။ ကြီးတော် ကလည်း ထုံးစံအတိုင်း ဆုတွေ အရှည်ကြီးပေးပြီးနောက်…

“ဘာတွေ ထူးသေးတုန်း သမီး၊ ကြီးတော် ဆီက အကြံဉာဏ်တွေ ဘာလိုဦးမတုံး”

ဟု ဆိုတာနှင့် လုံ့လနှင့် ပတ်သက်သော စိတ်ကူးတစ်ခုကို ကြီးတော် ကို ပြောမပြရသေးသ ဖြင့် အတိုချုံး၍ ပြောပြ ဖြစ်ပါသည်။ ကြီးတော် က သဘောတကျ ခေါင်းတညိတ်ညိတ်ရှိသည်။ ကြီး တော် ကိုယ်တိုင်လည်း တကယ်တော် ပြီး အရည်အချင်းရှိသော ဒါရိုက်တာအသစ်တွေ မင်းသားမင်း သမီးတွေ အများ ကြီးပဲ လက်တွဲ ဖေးမကာ မြေတောင်မြှောက်ပေးခဲ့ဖူးသည်မှလား…။

“သိပ်ကောင်းတယ် သမီး၊ တော် တဲ့လူတွေ ကို လက်တွဲ ခေါ်ယူပြီး နေရာပေးတာ … မင်္ဂလာ သိပ်ရှိတယ် သမီး၊ လက်ဆင့်ကမ်းခေါ်တဲ့နည်းပေါ့၊ လူတိုင်းမှာ အကောင်းဆုံးအရည်အသွေး တစ်ခုလောက်တော့ သူကိုယ်တိုင်တောင် သတိမထားမိဘဲ ရှိနေတတ်တာမျိုး၊ ကိုယ်ကမြင်ပြီး အရောင် တင်ပေးလိုက် နိုင်ရင် နှစ် ဦးနှစ် ဖက်အတွက်ရော၊ လောကအတွက်ပါ အင်မတန် အကျိုးရှိ တယ်၊ လူတွေ အများ ကြီးထဲက စစ်မှန်ပြီး အဖိုးတန်တဲ့လူ တစ်ယောက် ကို ရွေးထုတ်နိုင်ဖို့ဆိုတာ အမှိုက်ပုံထဲကနေ ရတနာရှာသလို အဆိုးပုံတွေ ထဲကနေ ကောင်းတာလေးတစ်ကွက်ကို လိုက်ရှာ ဖွေရတာ … ပင်ပန်းတယ်ဆိုပေမယ့် စိန်ခေါ်မှု ကလေးတော့ ရှိနေမှာ ပါ”

“ဟုတ်ပါတယ် … ကြီးတော် ၊ သမီးလည်း အဲဒီ လိုပဲ တွေးထားပါတယ်”

“ကောင်းတယ်သမီး … ဘာပဲလုပ်လုပ် စေတနာကိုသာ အကောင်းဆုံးထား … ပြင်းပြထက် သန်တဲ့ စိတ်နဲ့လုပ်၊ လေးလေးနက်နက်သာလုပ်၊ သမီး အောင်မြင်မှာ အသေအချာပဲ”

“ကျေးဇူးပါ ကြီးတော် ရယ် ကြီးတော် နဲ့ စကားပြောလိုက်ရရင် လူက အလိုလို အားဆေး သွင်းလိုက်သလို လန်းဆန်းတက်ကြွသွားတာပဲ”

“ဟား … ဟား … ဟား … ဟုတ်ရဲ့ လား သမီးရယ်၊ ကြီးတော် ကို မြှောက်နေတာလား၊ ကြီး တော် ကတော့ အသက်ကြီးလာလေလေ … စိတ်ဓာတ်ခွန်အားနဲ့ ပြင်းပြထက်သန်မှု တွေ … လန်း ဆန်းတက်ကြွမှု တွေ ကို သမီးတို့ လူငယ်လေးတွေ ဆီကနေ ပြန်ကူးစက် သင်ယူနေရတာ ပါအေ၊ အသက်ကြီးလာရင် … အထီးကျန်အားငယ်ချင်တဲ့စိတ်၊ ကိုယ် ရွှေထီးဆောင်းခဲ့တဲ့ လျှမ်းလျှမ်း တောက်အောင်မြင်ခဲ့တဲ့ အတိတ်ဆီကနေ ကိုယ့်ကိုယ်ကိုယ် ရုန်းမထွက်နိုင်တဲ့စိတ်တွေ က လူကို ဒုက္ခပေးမှာ လေ၊ ကြီးတော် ကတော့ ဘ၀ကို တစ်နေ့စာစီပဲ ဖြတ်သန်းနေထိုင်တော့တယ်၊ ဒီနေ့ကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်မယ်၊ ကုသိုလ်ရအောင် တရားရအောင်လည်း နေမယ်၊ ကိုယ် တိုင်လည်း ပျော်ရွှင်အောင် နေမယ်၊ သူတစ်ပါးတွေ ကိုလည်း ပျော်အောင်လုပ်ပေးမယ်၊ အတိတ်ထဲ မှာ လည်း ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်မထားချင်ဘူး၊ မလာသေးတဲ့ မနက်ဖြန်အတွက်လည်း ကြိုတင်ပြီး ရင်မခုန်တော့ဘူး … တစ်နေ့စာပဲ အသက်ရှင်တယ်”

ထုံးစံအတိုင်း ကြီးတော် ရဲ့ စကားလေးတွေ ထဲမှာ မှတ်သားလိုက်နာစရာ အဖိုးတန် ဒဿန ကလေးတွေ တော့ ပါလာတတ်မြဲ။ ကြီးတော် နှင့် စကားပြောပြီးတော့ မနက်ဖြန်အတွက် မယ်ရှား အဆင့်သင့် ဖြစ်နေပါပြီ …။



ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ ခမ်းနားစွာပြင်ဆင်ထားသော ၀ဲရင်ဘတ်ရဲ့ တစ်နေရာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အပြင်းစားဥယျာဉ်မှူး

ငါ့ရဲ့လမင်းကို ဘယ်သူဝှက်ထားသလဲ

ချစ်လွန်းတော့လည်း ရူးတယ်ထင်