Cover

ခင်အောင်အေး
အက်ပီဖနီ

အက်ပီဖနီဆိုသော ဝေါဟာရအတွက်

“ဂျိမ်းဂျွိုက်စ်” ၊ “မြတ်သစ်” နှင့် “မြင့်သန်း” တို့ကို

အထူးတလည် ကျေးဇူးတင်ရှိပါကြောင်း ..






ခင်အောင်အေး၏ ကဗျာများ နှင့် ပတ်သက်၍ ….

(၁)

ယဉ်ကျေးမှု နဲ့ အနုပညာဟာ ဘယ်တုန်းကမှ တစ်နေရာတည်းမှာ ရပ်တန့်မနေခဲ့ပါဘူး။ ကဗျာဆိုတဲ့ အနုပညာလုပ်ငန်းဟာလည်း ထိုနည်းအတူ ရွေ့လျားခဲ့၊ ပြောင်းလဲခဲ့ပါတယ်။ သူ့ရဲ့ ရှည်လျားတဲ့ ကဗျာရေး သက်အတွင်းမှာ ခင်အောင်းအေးဟာ သူ့ရဲ့ ကဗျာကို အကြိမ်ကြိမ် ပြန်လည်တပ်ဆင်ခဲ့တယ်။ သူ့ရဲ့ ကဗျာအပေါ် အချိန်ယူပြီး သုံးသပ်ခဲ့၊ ကဗျာလမ်းကြောင်းအသစ်တွေ နဲ့ ပွတ်သပ်ပြီး ဆင့်ကဲပြောင်းလဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ် ခု၊ သုံးခုမှာ အစဉ်သဖြင့် တစိုက်မတ်မတ်ရေး ခဲ့တဲ့ ကဗျာဆရာကြီးတွေ ၊ ကဗျာဆရာမ ကြီးတွေ ကို ဒီကနေ့ ကြည့်တဲ့အခါ သူတို့ထဲက တော် တော် များများ ဟာ ဖန်တီးမှု အကျပ်အတည်းထဲမှာ ကျရောက်နေတာ တွေ့ ရပါတယ်။ တချို့တွေ ဆို ကဗျာတစ်ပုဒ်တည်းကို၊ ဒါမှမဟုတ် ကဗျာစာအုပ် တစ်အုပ်တည်းကိုပဲ ၁၄ နှစ် ၊ ၁၅ နှစ် ကာလအတွင်း အကြိမ်ကြိမ် ပြန်ရေး ၊ အကြိမ်ကြိမ် ပြန်ထုတ်နေတာမျိုးနဲ့ တူနေပါတယ်။ ဒီနေရာမှာ မတူညီတဲ့အမြင်တွေ ရှိနိုင်ပါတယ်။ ကျွန်တော် တို့ရဲ့ လူ့အဖွဲ့အစည်းဟာ အပြောင်းအလဲကို လိုလည်း လိုချင်၊ တစ်ချိန်တည်းမှာ ပဲ အပြောင်းအလဲကို ကြောက်လည်း ကြောက်ကြပါတယ်။ တချို့အခြေအနေတွေ မှာ အပြောင်းအလဲကို ဟန့်တားသူဟာ ကိုယ်ကိုယ်တိုင်ဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။ ပြီးတော့ စမ်းသပ်လုပ်ဆောင် ရေး သားခြင်းဆိုတဲ့ ကိစ္စကို နားလည်မှု လွဲခြင်း၊ ခပ်တိမ်တိမ် ခပ်ပါးပါးသော နားလည်ခြင်းဆိုတဲ့ ပြဿနာကလည်း ရှိတယ်။ တော် တော် များများ ဟာ ရေး ဟန်တစ်ခုတည်ဆောက်နိုင်ရေး ဆီကိုသာ သွားနေကြပြီး အင်မတန် ကျယ်ပြောတဲ့၊ အင်မတန် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဖန်တီးမှု ဆိုရာ ဖြစ်နိုင်ချေတွေ ကို မျက်ကွယ်ပြုထားကြပါတယ်။ စမ်းသပ်ရေး သားသူတွေ ဟာလည်း ရသင့်သလောက်သော အသိအမှတ်ပြုမှု ကို မရကြပါဘူး။ လက်ရှိမှာ ချဲ့ထွင် စမ်းသပ်ရေး သားသူတချို့ ရှိနေခြင်းဟာ မြန်မာကဗျာလောကအတွက် ကောင်းတဲ့ကိစ္စ ဖြစ်ပြီး အဲသလို ကဗျာရေး သူမျိုး နည်းပါးခြင်း ကတော့ မြန်မာကဗျာလောကအတွက် သိပ်မကောင်းတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

မျိုးဆက်သစ် ကဗျာရေး သူတွေ မှာ ဒီအခြေအနေကို ပြောင်းလဲဖို့ အခွင့်အလမ်းရှိနေပါတယ်။ ဒါပေမယ့် ဒီလိုအပြောင်းအလဲ ဖြစ်ပေါ်ဖို့ဆိုရာမှာ အလုပ်များများ လုပ်ဖို့ လိုလာတယ်။ ကဗျာရေး သူ များ လာတာက တစ်ကိစ္စ၊ ဆင့်ကဲ ဖြစ်ပေါ်ခြင်း၊ ရွေ့လျားပြောင်းလဲခြင်းက တစ်ကိစ္စ ဖြစ်ပါတယ်။ ထို့အတူ facebook ရှိလာလို့ ကဗျာကို တစ်ဦးချင်းအလျောက် လွတ်လပ်စွာ ရေး သားခွင့် ပိုများ လာတာက တစ်ကိစ္စ၊ ဘာတွေ ရေး ကြသလဲ၊ ဘာတွေ ရေး ကြမလဲဆိုတာက တစ်ကိစ္စ ဖြစ်ပါတယ်။

(၂)

ခင်အောင်အေးရဲ့ ကဗျာဟာ ဆင့်ကဲ့ပြောင်းလဲခဲ့တယ်။ အဲဒီ လို ဆင့်ကဲ ပြောင်းလဲခြင်းဟာ သူ့ရဲ့ “စာကြောင်းရေ ၅၄” စာအုပ်နဲ့အတူ ထွက်ပေါ်လာခဲ့တယ်။ ဒီစာအုပ်ဟာ နွေးထွေးတဲ့ကြိုဆိုမှု ကို မရခဲ့ပါဘူး။ ဒါပေမယ့် ဒီစာအုပ်ဟာ ခင်အောင်အေးရဲ့ ကဗျာလုပ်ငန်းအတွက်တော့ အရေး ကြီးခဲ့ပါတယ်။ ခင်အောင်အေးဟာ အဆုံးသတ်ရလဒ်ထက် ဖန်တီးလုပ်ဆောင်ခြင်း လုပ်ငန်းစဉ်အပေါ် ပိုပြီးပျော်မွေ့လာတယ်။ ကဗျာတည်ဆောက်မှု ရဲ့ အသေးစိတ် ကိစ္စလေးတွေ အပေါ် အာရုံအထူးထားပြီး ရှေ့နှစ် ပေါင်းများ စွာ မှာ သူ စုဆောင်းခဲ့တဲ့ ကဗျာဉာဏ် အမြော်အမြင်နဲ့ ရသအခြေံ အယူအဆတွေ ကိုလည်း အသစ်ပြောင်းလဲခြင်းထဲမှာ ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ စာသားကို ကော်လာ့ဂ်ျ (Collage) ပြုလုပ်ခြင်းနဲ့ စကားလုံးတို့ကို အလွတ်သဘော ချိတ်တွယ်ယူခြင်း (Free Association) တို့ကို အားသန်လာတယ်။ စကားလုံးတွေ နဲ့ အညွှန်းတွေ ကို ချိတ်ယူရာမှာ ခင်အောင်အေးဟာ သိသိနဲ့ကော၊ မသိတသိနဲ့ပါ လှမ်းခုန် ချိတ်ဆက်ယူပါတယ်။ ဆိုလိုတာက ခင်ခြင်တွေးတောခြင်းကိုရော၊ ရုတ်ခြည်း ပေါ်ပေါက်လာတဲ့ အရုပ်၊ အရောင် နဲ့ ခံဏားမှု တွေ ကိုရော သူ နေရာပေးပါတယ်။ သူဟာ ကဗျာရဲ့ စာသားနဲ့ အသံ ဒီဇိုင်း တည်ဆောက်မှု တို့အပေါ် သေသေချာချာ စနစ်တကျ တည်ဆောက်လို တစ်ချိန်တည်းမှာ ပဲ အလိုအလျောက်သိစိတ်၊ တိုက်ဆိုင်မှု ၊ ကြုံကြိုက်မှု စတဲ့ တဒင်္ဂကိစ္စတွေ ကိုလည်း ထည့်သွင်း ရေး သားဖို့ အသင့်ရှိနေပြန်တယ်။ သူ့အတွက်က ပြင်ပကလာတဲ့ အားတွေ ၊ လူမှု နိုင်ငံရေး အခြေခံအကြောင်းအရာတွေ ၊ ထိခတ်မှု တွေ က အရေး ပါသလို အတွင်းထဲမှာ လိမ်ကျစ်နေတဲ့ ပုဂ္ဂိုလ်ရေး အခြေခံ ကိစ္စတွေ (ဥပမာ အာသာရမ္မက်၊ နောင်တ၊ အထီးကျန်မှု ၊ လွမ်းဆွတ်မှု စသဖြင့် ) ကလည်း အရေး ကြီးပါတယ်။ ခင်အောင်အေးရဲ့ ကဗျာတွေ ဟာ မောင်ချောနွယ် ကြိုဆိုမယ့် ကဗျာမျိုးတွေ ဖြစ်သလို မာယာကော့ဗ်စကီး (Vladimir Mayakovsky) နှစ်သက် မယ့် ကဗျာမျိုးတွေ လည်း ဖြစ်တယ်။ ယောန်းယနေး (Jean Genet ) နှစ်သက် မယ့် ကဗျာတွေ ဖြစ်သလို ဆပ်ဖို (Sappho) ကြိုဆိုမယ့် ကဗျာတွေ လည်း ဖြစ်တယ်။

(၃)

ခင်အောင်အေးမှာ ပြဿနာတွေ တော် တော် များများ ရှိပုံရပါတယ်။ အဲဒီ ပြဿနာတွေ ကို အော်ဂလီဆန်ပြီး ပျစ်ပျစ်ခဲခဲရှိတဲ့ စကားစုတွေ ၊ ပြီးတော့ အဆန်းတကြယ်လည်း ဖြစ်၊ တုန်လှုပ်စရာလည်းကောင်းတဲ့ အရုပ်တွေ နဲ့ ပြတတ်တယ်။ ယောက်ျားလိင်အင်္ဂါကို ဝက်အူချောင်းနဲ့ နှိုင်းတယ်။ ရုပ်ရှင်ထဲက လိင်ပြကွက်တွေ ကို ကဗျာရေး ရင်း စဉ်းစားတယ်။ အချစ်ကိစ္စအပေါ် စိတ်ပျက်တာကို အကြမ်းဖက်မှု တွေ နဲ့ ချိတ်ပြတယ်။ “ထူကဗျစ် ဝက်ခြံလို ချည်ခင်အစအနများ ” ဆိုတာမျိုး ခိုင်းနှိုင်းချက် အကြောင်းကြီးတွေ ၊ အချော်ကြီးတွေ ကို သုံးတယ်။ ပြီးရင် ကဗျာရဲ့ အဆုံးတွေ မှာ လစ်ထွက်ပြေးဖို့ သူကြိုးစားတတ်ပါတယ်။ နမူနာအ ဖြစ် ဖတ်ရှုဖို့ ဟောဒီမှာ “ခွာနာလျှာနာ” ကဗျာထဲက လိုင်းတွေ ။

တကယ်တမ်း ပြောရတော့မယ်ဆိုရင် ဘယ်က စပြောရမှန်း

မသိ ဖြစ်ရမြဲ ထူလဗျစ် ဝက်ခြံလို ချည်ခင်အစအနများ

အယုဒ္ဓယမြို့ဟောင်းရဲ့ အချို့နေရာမှာ ခမ်းနားခြင်းတွေ

ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကဗျာကို စာလုံးပေါင်းရန်

နေ့အပူချိန်များ အထူမြင့်မားလာခိုက်မှာ ကွန်မြူနစ် ပြောက်

ကျားများ က ဖိလစ်ပိုင်မြို့တော် ဝန် တစ်ဦးကို ပစ်သတ်ခဲ့တယ်

ဘယ်မှာ မဆို အချစ်ဟာ သေးသိမ်လွန်းတယ် တိုင်းဒေသကြီးမှာ

ပဲ ဖြစ် ဖြစ် ဘာလီကမ်းခြေ တစ်နေရာရာမှာ ပဲ ဖြစ် ဖြစ် ဒါမှမဟုတ်

ထုတ်လုပ်ရာမှ လွင့်လာသည့် အမှု န်အမွှားများ သတ္တုရိုင်းများ အား

သူ့ဝက်အူချောင်းက နည်းနည်း နောနောကြီး မဟုတ်ပါဘူး

နာကြည်းချက်မြို့တော် နဲ့ ကီလီယိုပက်ထရာ တေးစီးရီး

အီနာဂါကီသည် မိခင်ကို ရေနွေးအိုးဖြင့် ထုသတ်ပြီးနောက် …

ခင်အောင်အေးရဲ့ တချို့ကဗျာတွေ ကျပြန်တော့ “မြွေနဲ့ လှေကား” (အင်္ဂလိပ်လိုတော့ Snakes And Ladders လို့ ခေါ်တာပဲ။ မြန်မာလို အခြားအခေါ်အဝေါ် ရှိနိုင်မလားတော့ မသိဘူး) ကစားနည်းနဲ့ တူပါတယ်။ အပေါ် စာကြောင်းကနေ အောက်စာကြောင်းဆီ ဆင်းတဲ့အခါ ကံကောင်းရင် လှေကားရှိနိုင်ပေမယ့် အဲဒီ လှေကားဟာ စာဖတ်သူကို ထိတ်လန့်စရာကောင်းတဲ့ နောက်ထပ်စာကြောင်း (နောက်ထပ် မြွေတစ်ကောင်)ရဲ့ ရင်ခေါင်းထဲကို ခေါ်သွားမှာ သာ ဖြစ်တယ်။ အန္တရာယ်များ တဲ့ ကဗျာတွေ ဖြစ်ပါတယ်။ ဥပမာ “အကန့်အသတ်” ကဗျာ ဆိုပါတော့။

ကြောက်စရာကောင်းမှု ကြီးတစ်ခုထဲ နစ်ဝင်သွားတယ်။

ငါ့ခြေထောက် နှစ် ချောင်းစလုံးဟာ လောက်တဖွားဖွားနဲ့

ထောင်ထလာတဲ့ ခေါင်းမွေးတွေ က မိုးသားတွေ နဲ့ လှမ်းချိတ်ခိုက်

အသည်းတအေးအေးနဲ့ လွင့်ကျနေမှု မှာ သံမှိုတွေ နှက်လို့

“ဘာမှမပြောချင်တော့ဘူး ဟုတ်လား ..” ဘာမှ မကြားချင်သူ

အတွက် အကွက်ဆိုတာပဲ မပြင်နိုင်တော့တဲ့ သောက်ကျင့်တွေ

နံရံပေါ် မှု တ်ဆေးနဲ့ အနုပညာတွေ ကို ပေကျံလိုက်စေလိုမျိုး

ဟေ့… ဒီမှာ တိုင်းပြည်ကို ဘယ်လောက်ချစ်ကြောင်း နည်းနည်း

ကော့ပန်းသွားလိုက်ဦး ညဟာ ရူးတူးတူး ပေါတောတောဟန်နဲ့

ဘားကောင်တာရှေ့ လာရပ်တယ် စခရူဒရိုက်ဗာ ဒဗ်ဘယ်လ်ရှော့ထ်

စီးကရက်မီးခိုးများ ဟာ အိမ်ရိပ်ကိုနင်းလာတဲ့ ကုလားအုတ်တွေ ပဲ

အမှော က်အမှားတွေ နဲ့ ကုန်သေတ္တာများ ပင်လယ်သမုဒ္ဒရာထဲ ..

(၄)

ခင်အောင်အေးဟာ စိုက်ပျိုးမြေတစ်ခု ဖြစ်ပြီး အဲဒီ မြေပေါ်မှာ ခါးသက်တာတွေ ၊ အဆိပ်ရှိတာတွေ ပေါက်ရောက်ပါတယ်။ နောင်တ တရားတွေ ပေါက်ရောက်ပါတယ်။ နောင်တဟာ ခင်အောင်အေးရဲ့ ကဗျာ တော် တော် များများ မှာ ထပ်ကြော့ပါဝင်တဲ့ အကြောင်းအရာတစ်ခုလည်း ဖြစ်တယ်။ သူ့ကိုယ်သူ မချင့်မရဲ ဖြစ်နေတဲ့ အသံဟာ တချို့ကဗျာတွေ မှာ တော် တော် ပဲ ကျယ်လောင်ပါတယ်။ “ရွရွလှုပ်နှုတ်ခမ်းမှ လိမ့်ပြိုလာခဲ့ နေမညိုမီ/ကပင် အမှော င်ရိပ်ဟာ စိုးမိုးခဲ့ပြီးနောက် နောင်တ အသေများ ” လို့ သူက ပွင့်ပွင့်လင်းလင်း ရေး ခဲ့ပါတယ်။ ဒါက မြင်သာတဲ့ ရေး သားချက် ဖြစ်ပြီး အခြားနေရာတွေ မှာ လည်း နောင်တအကြောင်း ရေး ထားတာတွေ ကို တွေ့ နိုင်ပါတယ်။ စာဖတ်သူသာ သတိရှင်ရှင်ထားမယ်ဆိုရင် သူ့ကိုယ်သူ ပြန်ပြီးလှောင်ပြောင်တာ၊ သူ့ကိုယ်သူ ဆဲရေး ထားတာတွေ ကိုလည်း တွေ့ ရမှာ ဖြစ်တယ်။ ခင်အောင်အေးဟာ ဖွင့်အန်ကဗျာ (Confessional Poetry) ဘက်ကို အထိုက်အလျောက် တိမ်းညွှတ်သူလို့ တစ်ခါတစ်ရံမှာ ကျွန်တော် တွေး ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဖွင့်အန်ကဗျာကို အဗွန်ဂါ့တ်နဲ့ ထိမ်းမြားပေးခဲ့တယ်။ သူဟာ ခေတ်ပေါ်ကဗျာကို ခေတ်ပြိုင်နဲ့ပေးစားဖို့ ကြိုးစားနေတယ်လို့ သူ ပြောလေ့ရှိတယ်။ ဒါကိုတော့ ကျွန်တော် သိပ်ပြီး မဆွေးနွေးချင်ပါဘူး။ ခေတ်ပေါ်၊ ခေတ်ပြိုင် ငြင်းခုံပွဲကြီးကလည်း ကျွန်တော့် အတွက် ငြီးငွေ့စရာကောင်းလှပါတယ်။ စောစာက ဖွင့်အန်ကဗျာအကြောင်း ပြန်သွားရရင် ခင်အောင်အေးဟာ သူ့ရဲ့ ဖွင့်အန်မှု ကို စလယ်ဆုံး စုစည်းထိန်းချုပ်ထားတဲ့ ပုံသဏ္ဍာန်တစ်ခုထဲမှာ ထည့်ချင်ပုံမရပါဘူး။ အလွှာတွေ လည်း ပိုများ ၊ ပိုပြီးလည်း ရှုပ်ထွေးတဲ့ တည်ဆောက်မှု ကို ရှာဖွေချင်ပုံရပါတယ်။ အလွှာတွေ လည်း ပိုများ ၊ ပိုပြီးလည်း ရှုပ်ထွေးတဲံ တည်ဆောက်မှု ကို ရှာဖွေချင်ပုံရပါတယ်။ ဒါကြောင့် သူ့ရဲ့ ကဗျာတွေ ကို ဖွင့်အန်ကဗျာလို့ ပြောတာထက် ဖွင့်အန်မှု ဟာ သူ့ရဲ့ ကဗျာတွေ ထဲမှာ နေရာတစ်စွန်းတစ်စကို ရခဲ့တယ်လို့ပြောမှ ပိုသင့်တော် နိုင်ပါမယ်။ ကျွန်တော် တစ်ခါတလေ စိတ်အနှောင့်အယှက် ဖြစ်ရတာ လည်း ရှိတယ်။ ခင်အောင်အေးဟာ ကော်လာ့ဂ်ျလုပ်ရာမှာ အညွှန်းတွေ ကို တစ်ခါတစ်ခါ လိုတာထက်ပိုပြီး သုံးတတ်ပါတယ်။ အထူးသဖြင့် ကောက်ရစာသားတွေ နဲ့ ဖြတ်ထုတ်စာသားတွေ ကို သုံးရာမှာ မူရင်းစာသားထဲက လူနာမည် တွေ ၊ နေရာ နာမည် တွေ အများ ကြီးပါလာတဲ့ အခါမျိုးပေါ့။ ဘော့ဘ်ပရဲလ်မန်း (Bob Perelman) ကော်လာ့ဂ်ျလုပ်တာကို ကျွန်တော် လေ့လာဖူးပါတယ်။ သူလည်း အဲသလို လူနာမည် တွေ ၊ နေရာနာမည် တွေ သုံးတတ်တယ်။ ဒါပေမယ့် သူသုံးတဲ့အခါ ကဗျာအတွင်းမှာေးအော့စ်ကို ဖန်တီးဖို့သက်သက်ဆိုတာထက် ၊ ပြီးတော့ အမှတ်ရမှု တစ်ခုနဲ့ ချိတ်ဆက်ဖို့သက်သက် ဆိုတာထက် ပိုပါတယ်။ ဆက်စပ်အခြေအနေ (ဝါ) ရေခံမြေခံဝန်းကျင်တစ်ရပ်ကို ဖန်တီးရာမှာ အရေး ပါလို့ သုံးတာမျိုးပါ။ ခင်အောင်အေးရဲ့ ကိစ္စမှာ ကျတော့ ဒါဒါ (Dadaists) တွေ သုံးခဲ့သလိုမျိုး ပုန်ကန်ချက်တစ်ရပ်အ ဖြစ်သုံးတာမျိုးနဲ့ ပိုနီးစပ်ကောင်း နီးစပ်နိုင်သလို ဆူရီယယ်လ် အာနိသင်ကို ဖို့ ကြိုးစားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အာရုံဦးတည်ချက်ကို လွှဲယူဖို့ သုံးတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့် အတွက် အဆင်မပြေတာက တစ်ခါတလေ အဲသလိုနာမည် တွေ ဟာ ကဗျာတစ်ပုဒ်တည်းမှာ တင် အများ ကြီး ပါတာကြောင့် ပါ။ ဒါပေမယ့် ခင်အောင်အေးဟာ ကော်လာ့ဂ်ျကို သေသေချာချာ အားထုတ်လုပ်ဆောင်သူဆိုတာ သေချာပြီး တချို့လုပ်ချက်တွေ ဟာ တော် တော် ကို သပ်သပ်ရပ်ရပ်နဲ့ ထိထိရောက်ရောက် ရှိပါတယ်။ ပြီးတော့ သူ့ရဲ့ ဘာသာစကားကျွမ်းကျင်မှု နဲ့ အားကောင်းတဲံ စကားလုံးတွေ ကို ရှာဖွေသုံးစွဲနိုင်မှု ကတော့ အင်မတန် လေးစားစရာ ကောင်းပါတယ်။

(၅)

ခင်အောင်အေးရဲ့ “အက်ပီဖနီ” စာအုပ်အတွက် ကဗျာတွေ ကို ရွေးချယ်တဲ့အခါကျတော့ သူ့ရဲ့ ထုတ်ပြီးစာအုပ်တွေ မှာ မပါထားသေးတဲ့ ကဗျာတွေ ကို ဖတ်ပါတယ်။ ကျွန်တော် က သူရေး တာ တော် တော် များများ ကို ကြိုက်တာဆိုတော့ ရွေးရခက်တာတော့ အမှန်ပဲ။ အကြိမ်ကြိမ် စဉ်းစားပြီးတဲ့အခါ ၄၅ ပုဒ် ရပါတယ်။ အဲဒီ ၄၅ ပုဒ်ကို နေရာချရာမှာ အပိုင်းသုံးပိုင်း ခွဲ ဖြစ်တယ်။ တစ်ပိုင်းစီမှာ ဒရာမာကိုထည့်ဖို့ ကြိုးစားကြည့်ပါတယ်။ ခင်အောင်အေးရဲ့ ဖန်တီးမှု အကျယ်အပြောကိုလည်း ရောင် ပြန်ဟပ်နိုင်အောင် ကြိုးစားခဲ့ပြီး စိတ်လှုပ်ရှားမှု နဲ့ တင်းအားကို အရှိန်မြှင့်ကြည့်ပါတယ်။ တစ်ခုချင်းစီ သီးခြားရပ်တည်လို့ရနိုင်တဲ့ ကဗျာစာအုပ်ငယ်လေးသုံးအုပ်ကို ကဗျာစာအုပ် တစ်အုပ်တည်းမှာ ထည့်သွင်းထားတယ်လို့လည်း ယူဆချင် ယူဆလို့ရပါတယ်။

(၆)

ခင်အောင်အေးဟာ မိုးရာသီ ဖြစ်ပြီး၊ သူကိုယ်တိုင်ဟာ ဘဝကို ခုံမင် မက်မောခြင်းနဲ့ စိုရွှဲနေပါတယ်။ အတိတ်ကို လွမ်းဆွတ်တတ်ပြီး အတိတ်ကို ရွံမုန်းသူလည်း ဖြစ်တယ်။ လူ့အဖွဲ့အစည်းအပေါ် မကျေနပ်စိတ်များ သူ ဖြစ်တယ်။ အချစ်ဆိုတာကို မရှက်မကြောက် ဖက်တွယ်သူ၊ ဖော်ထုတ်သူ ဖြစ်တယ်။ လေးနက်ပြင်းထန်သူ ဖြစ်ပြီး၊ ကဗျာရဲ့ အကန့်အသတ်တွေ ၊ ဘောင်တွေ ကို ချဲ့ယူဖို့ အားထုတ်ကြိုးပမ်းသူ ဖြစ်တယ်။ “မစ္စတာဖပ်ခ်ယူးသို့ ငါ့မြစ်တဇာ..” ကဗျာကို ရေး သားခဲ့သူ ဖြစ်တယ်။ ခင်အောင်အေးလို ကဗျာရေး သူမျိုး ရှိတာဟာ မြန်မာကဗျာလောကအတွက် ကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။

မောင်အေး

* * *



ငါ့ရဲ့ “အက်ပီဖနီ” သို့ …
(ကဗျာစာအုပ်ငယ် ၁)
အကန့်အသတ်

ကြောက်စရာကောင်းမှု ကြီးတစ်ခုထဲ နစ်ဝင်သွားတယ်

ငါ့ခြေထောက် နှစ် ချောင်းစလုံးဟာ လောက်တဖွားဖွားနဲ့

ထောင်ထလာတဲ့ ခေါင်းမွေးတွေ က မိုးသားတွေ နဲ့ လှမ်းချိတ်ခိုက်

အသည်းတအေးအေးနဲ့ လွင့်ကျနေမှု မှာ သံမှိုတွေ နှက်လို့

“ဘာမှ မပြောချင်တော့ဘူး ဟုတ်လား ..” ဘာမှ မကြားချင်သူ

အတွက် အကွက်ဆိုက်တာပဲ မပြင်နိုင်တော့တဲ့ သောက်ကျင့်တွေ

နံရံပေါ် မှု တ်ဆေးနဲ့ အနုပညာတွေ ကို ပေကျံလိုက်စေသလိုမျိုး

ဟေ့ .. ဒီမှာ တိုင်းပြည်ကို ဘယ်လောက်ချစ်ကြောင်း နည်းနည်း

ကော့ပန်းသွားလိုက်ဦး ညဟာ ရူးတူးတူး ပေါတောတောဟန်နဲ့

ဘားကောင်တာရှေ့ လာရပ်တယ် စခရူဒရိုက်ဗာ ဒဗ်ဘယ်လ်ရှော့ထ်

စီးကရက်မီးခိုးများ ဟာ အိမ်ရိပ်ကိုနင်းလာတဲ့ ကုလားအုတ်တွေ ပဲ

အမှော က်အမှားတွေ နဲ့ ကုန်သေတ္တာများ ပင်လယ်သမုဒ္ဒရာထဲ

ငှက်အုပ်တွေ အလုပ်လက်မဲ့ ဖြစ်ရ တေးသွားတွေ မှာ ဓားသွားတွေ

တပ်ပြီး မကောင်းမှု မှန်သမျှ အရောင်းမြှင့်တင်ရေး ခြေဆေးသွားဖို့

ဒက်တောလ် စွက်ထားပြီး အသင့်ရေအိုင်များ ပုပ်သိုးနေတဲ့ အသား

လို တီရှပ်အောက်က ရင်သားထွားထွား စုပ်ယူခြင်းခံထားရတဲ့ အဲဒီ

မျဉ်းသေ တုံးအောက်ကဖားလို ဖောင်းမလား ပြားမလား အရေး တကြီး

စဉ်းစားခန်းဖွင့်နေတုန်းမှာ ချစ်သူဟာ အပြုံးကလေးနဲ့ ဝင်လာတယ်

“ကဗျာရေး နေတာလား မောင်…” ငါ့ ခြေထောက်မှာ တွယ်နေတဲ့

လောက်တွေ ကို သူ မမြင်သေးခင်အချိန်ထိ အကောင်း။ ။

၂၇၊မေ၊၂ဝ၁၄၊ ဖရာ့ပရာဒင်န်၊ ဘန်ကောက်၊ ၁၉း၅၈ နာရီ။

* * *



ငါ့ Psycho ဟာ ငါ့ကို ကေအက်ဖ်စီဆိုင်မှာ တွေ့ မယ်လို့ ချိန်းလိုက်တယ်

ဖုန်းထပ်ဆက်တော့ နေသိပ်မကောင်းလို့ အဆောက်အအုံရဲ့ အရေခွံ၊ အရေပြား တံခါးပေါက် ပန်းဝတ်မှု န်တွေ ချည့် ချော်ရည်တွေ လို ဖိတ်စဉ်ကျလာ “စိတ်ပါ လက်ပါ ဆိုင်းငံ့” အချစ်ရေ.. ကိုယ့်ဆီ လာမလည်ပါနဲ့၊ သင့်မှာ တော့ သွားတုတစ်စုံသာ ကျိုးပဲ့ ဆိုတာရယ် အခြားတစ်ဖက်မှာ ပုံသေနည်းနဲ့ ရေး ထားတာကို ကြားသိ မြင်မိလိုက်ရတဲ့ သတင်းဘယ်မှာ မဆို မြင်နိုင်တဲ့ ဟချိမက (ခါးစည်းနံငယ်ပိုင်း)ကို ကြည့်ပါ၊ စစ်ဘက်ကို အရပ်သားဘက်က ထိန်းနိုင်ဖို့ လူ့သွေးဟာ သမုဒ္ဒရာမှာ ရှိတဲ့ သတ္တု-ဆားနဲ့ အချိုးတူ ဂျပန်နိုင်ငံက Nagoya မြို့နာမည် (နံမယ်ဟု အသံထွက်ဖတ်ရန်) နာကျင်မှု နဲ့သာယာမှု ရဲ့ တစ်ခုတည်းသော မြစ်ဖျားခံရာ ဂိတ်ဝမှာ တစ်နေ့တာ အရက်ချက်စက်ရုံမှာ တစ်နေ့တာ နတ်ကွန်းပွဲတော် မှာ တစ်နေ့တာ အဲဒါလုပ်ပြီးရင် ဘယ်သူဘယ်ဝါ နှစ် ဦးဟာ လင်မယား ဖြစ်ပြီ တချို့အငှားသုံး (မွေးစား စကားလုံး) ငါ့ Psycho ဟာ ဂဟေဆော်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းသူ တစ်ယောက် အရက်ဝယ်တဲ့အကြောင်း လမ်းဘေးမှာ ဖိနပ် ပေါလစ်တိုက်တဲ့အကြောင်း ကဗျာဟာ “အတွေ့ အကြုံရဲ့ အတွေ့ အကြုံ” စက်ချုပ်ထည် ရက်လုပ်ခြင်း ဖြစ်စဉ် Problem ဆိုတဲ့ ရင်းမြစ် မင်း အောင်မြင်မှာ ပါ ဒါဟာ စိတ်ရဲ့ ဆုံးဖြတ်ချက်ပဲကွ ကင်းပတ်စပေါ်တွင် မီးသွေး၊ ဆီဆေး၊ ဂုံနီအိမ်အစများ မသေပါ စာအုပ်တစ်အုပ်တောင် ရေး လိုက်သေး ယောက်ျားက ဘယ်သိနိုင်မလဲ ဘာပဲ ဖြစ် ဖြစ် ကျွန်တော့်  အစီအစဉ် ကတော့ ဒါပါပဲ အဲလက်ဇန်းဒါး ညစာစားပြီး အိပ်တဲ့ ရဲတိုက်မြို့ မိခင်နို့ရည် ကုန်ခန်း တွဲ စောင့်ဟာ တံခါးကို ဆောင့်ဆွဲဖွင့်လိုကတယ် ငါ့မြေးကို ဟားဗတ် အီကောနိုးမစ်စကူး ပို့ချောလို့ အမိန့်ချတယ် ဘာအရသာမှ မရှိဘူး ငှက်တွေ ဟာ မပျံဘဲ လမ်းပေါ်မှာ ဆင်းလျှောက်ကြ စာဖတ်သူ မိတ်ဆွေ သတိ ! ငါ့ Psycho ဟာ ငါ့ကို ကေအက်ဖ်စီဆိုင်မှာ တွေ့ မယ်ဆိုပြီး။ ။

၁၄၊မတ်၊၂ဝ၁၃၊ဖရာ့ပရာဒင်န်၊ ဘန်ကောက်၊ ၂၄းဝ၈ နာရီ။

* * *



အဝါရောင် တံ့ရပ်မှု

ပျော့အိနူးညံ့တဲ့ ပိုးသားကြိုးစလို လှပတဲ့ အဝါရောင် တံ့ရပ်မှု

ကြည့်ကောင်းအောင် စီမံထားတဲ့ စကားလုံးတွေ နဲ့ ပညာသားပါပါ ရက်ဖွဲ့လို့

နေ့များ ထဲ တလိမ့်ခေါက်ကွေး ဟပ်ထိုးလဲကျလုနီးပါး စောင့်စားခဲ့ရခြင်းတွေ

“ဒီလိုပါပဲ…” တဲ့၊ ဘာမှ မဟုတ်သလိုပေမယ့် အဓိပ္ပာယ် ထူထပ်သိပ်သည်းလှတယ်

မင်း လမ်းလျှောက်ထွက် လေ့ကျင့်ခန်းယူချိန်တွေ မှာ ငါ ဘယ်လို ခေါက်တွန့်နေခဲ့သလဲ

ညနေ ၅ နာရီတွေ ဟာ သူသတ်ကုန်းက ခေါင်းဖြတ်စက်ပေါ် လည်စင်းပေးရသလိုအချိန်တွေ ပေါ့

ချိန်စက်ကြည့်တဲ့အခါ အချစ်ဘက် အလေးမသာတော့တာကို မလိုတမာသိနေခဲ့တာကြာခဲ့ပြီ

အမှားလို့ စကတည်းက သိခဲ့ပြီး High Way လမ်းပေါ်မှာ ဂငယ်ကွေ့ ကွေ့လို့မရသလို ကိုယ်တို့ မလွှဲမရှောင်သာရော တမင်တကာကော မောင်းနှင်ခဲ့ကြတယ် မပြောချင်လို့ မျိုချခဲ့ရတဲ့ စကားတွေ ဟာ စိမ်းကားခြင်း မြက်ခင်းပြင်ကြီးထဲ ပန်းကလေးတွေ လို တိုးထွက်လာရဲ့ ညနေ ၅ နာရီတွေ ဟာ သူသတ်ကုန်းက ခေါင်းဖြတ်စက်ပေါ် လည်စင်းပေးရတဲ့အချိန်တွေ ပေါ့ ခုတော့..သံမျှင်သံနန်းတွေ နဲ့ ကျစ်ယူထားတဲ့ ကြိုးစလို နာကျင်ဖွယ်ရာ အဝါရောင် တံ့ရပ်မှု ။

၁၃၊ဧပြီ၊ ၂ဝ၁၄၊ ဗဟိုရ်လမ်း၊ ကျောက်မြောင်း၊ ၁၈း၅၁ နာရီ။

* * *





ဝန်ဇင်းချစ်သူများ ခင်အောင်အေး ၏ “ အက်ပီဖနီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အသက်တမျှ ဘီအာရ်

ဘီအာရ် ကဗျာများ

သင်၏ သစ္စာရှိသော