Cover

မာလာရီ

ဂျာနယ်ကျော်မမလေး

အမှာ

၁၉၅၄ ခု တပို့တွဲ လ -

ဓာတ်မီးရောင် အောက်မှာ ရပ်ကာ ကျွန်မစီးရမည့် ရထားကို ပလက်ဖောင်းတစ်ဖက်က မျှော် ကြည့်လိုက်သည်။ ပြည်မြို့သို့ ထွက်ရမည့် ရထားသည် ခရီးသည်များ ကို အပြည့်တင်လျက် ထွက်ရ မည့်  အချိန်က ငံ့လင့်လျက်ရှိသည်။

ရထားပလက်ဖောင်းကို ကျော်ဖြတ်လျက် လှေခါးပေါ်မှ ဆင်းခဲ့သည်။ ပထမတွဲ များ ချိတ် သော နောက်တွဲ များ ရှိရာသို့ ခပ်သုတ်သုတ်လျှောက်သွားသည်။ ပထမတန်းတွဲ ၌ ချိတ်ထားသော နာမည် စာကတ်များ ကို လျှောက်ဖတ်ကာ ကျွန်မနာမည် ကပ်ထားမည့် တွဲ ကို လိုက်ရှာရသည်။

ခရီးသွားရင်း လမ်းတွင် စာရေး ရန် ကျွန်မ၌ အလုပ်ပါလာခဲ့သည်။ ကျွန်မစီးမည့် တွဲ ၌ ခရီး သည်များ မပါလျှင် စာရေး နိုင်မှာ ပဲ အောက်မေ့ခဲ့သည်။ တစ်နေ့လုံးစီးရမည့် အတွက် ၀တ္တုတိုတစ်ပုဒ် ရေး ရန် အားခဲလာခဲ့သည်။

ပထမတန်းတွဲ ၌ ချိတ်ထားသော နာမည် စာကတ်ကို မကြည့်သေးခင် တွဲ ထဲသို့ လှမ်းကြည့် လိုက်သည်။ ခရီးသည်များ ရောက်နှင့် နေကြသည်။ ဒီတွဲ များ ဖြစ်လေမလား … စိတ်အားလျော့လျော့ နှင့် ပင် နာမည် စာကတ်ကို ဖတ်ကြည့်လိုက်သည်။

"ကြည်ကြည်ဌေး"

"ဂျာနယ်ကျော် မမလေး"

ကြည်ကြည်ဌေးဆိုသော နာမည် ကို မြင်မြင်ချင်း ရုပ်ရှင်မင်းသမီးကြည်ကြည်ဌေးပဲ တွက် သည်။ ကျွန်မနှင့် အတူ သွားရမည့် ခရီးသည်မှာ အနုပညာရှင်တစ်ဦး ဖြစ်၍ စိတ်ဝင်စားရမည့် ခရီး ဖြစ် သည်။

အသက် ၆၀ ကျော် အမယ်အို၊ ဆေးပြင်းလိပ်ခဲထားသော ၀၀မဲမဲသဲသဲ ယောက်ျားတစ် ယောက် ၊ သူတို့နှစ် ဦးက ကျွန်မကို လှမ်းကြည့်လျက် အကဲခတ်နေကြဟန်တူသည်။

ခပ်ငယ်ငယ်မိန်းမတစ်ဦးနှင့် ကြည့်ကြည်ဌေးမှာ အိပ်ပျက်လာကြပုံ၊ ထိုင်ခုံများ ကို အိပ်စင် အ ဖြစ် ဖြန့်ခင်းလျက် ရထားမထွက်ခင်ပင် လှဲအိပ်နေကြသည်။

ရထားပေါ်တက်သွားပြီး အိပ်နေသော ကြည်ကြည်ဌေးကို လှမ်းကြည့်လိုက်သည်။ တစ် ဘက်ရှိ ထိုင်ခုံများ ၌ အိပ်စင်အ ဖြစ် ဖြန့်ခင်းလျက် ကျွန်မအတွက် နေရာယူလိုက်သည်။

ကောင်းကင်ပြင်ကြီး၌ အဖြူရောင်းသမ်းစပြုလာချိန်တွင် ဘူတာရုံမှရထားထွက်လာခဲ့သည်။ မလင်းတလင်း ရိပ်ငြိမ်မှု ပြည့်လျှမ်းသော နံနက်ဦး၌ မြမြလေးရှိသော လေအေးနှင့် ပေါင်းဆုံ၍ နေရ ခြင်းကြောင့် လန်းဆန်းကြည်နူးလျက် ငေးမောမိနေစဉ် တစ်ဘက်မှ လှုပ်ရှားသွားသော သဏ္ဌာန် ကြောင့် အသာလှည့်ကြည့်လိုက်သည်။

"ဗိုက်ထဲက … အောင့်လိုက်တာ …"

ကြည်ကြည်ဌေးသည် နှုတ်ကပြောရင်း အပေါ်ထပ်အိပ်စင်ပေါ်တွင် တက်လှဲအိပ်ရန် လှေခါး ကလေးကို ကိုင်တွယ်တက်နေသည်။

ကျွန်မက လှည့်အကြည့် မျက်လုံးချင်း ဆုံကြသည်။

ပြည့်ဝိုင်းသော မျက်နှာလေး၌ သူ့မျက်လုံးသည် ထူးထူးခြားခြား ကြည်လင်တောက်ပနေ သည်။ ထိုကြည်လင်တောက်ပသော မျက်လုံးအစုံတွင် ပြုံးစနဲ့ ပြုံးကြည်ချိုမြ၍ ရယ်နေသာမျက်လုံး ကို တွေ့ လိုက်ရသည်။ ရုပ်ရှင်ပြဇာတ်ထဲတွင် အကြိမ်ကြိမ် တွေ့ ခဲ့ဖူးသော ပြုံးစစ ပြုံးကြည်ကြည်ရှိ သော မျက်လုံးနှင့် မျက်နှာဟန်ပန်သည် ကျွန်မမျက်စိထဲတွင် စွဲနေသည်။

ကျွန်မ ကြည့်ခဲ့သမျှ ပြဇာတ်ရုပ်ရှင်၊ သူပါဝင်သော သူ့အခန်း၊ သူ့ဇာတ်ကွက်ကို နိုင်နင်းစွာ သယ်ယူတတ်သော သူ၏ အနုပညာစွမ်းရည်သည် စူးစိုက်လေ့လာချင်စရာကောင်းအောင် ဆွဲ ဆောင်မှု ရှိသည်။

ရုပ်ရှင်ပြဇာတ်မှနေ၍ သူ့ကိုကြည့်ပြီး ပွင့်သစ်စပညာသည် ကလေး တစ်ယောက် ဟုထင်မှတ် ယူဆ၍ မရသော သူ့ပညာစွမ်းရည်ကြောင့် အနုပညာဘက်၌ ၀ါရင့်ပြီးသား ပညာရှင် တစ်ယောက် ဖြစ် လိမ့်မည် ဟု တွက်ထားပြီးသား ဖြစ်သည်။

'လင်းလုလုရောင် နီ' ပြဇာတ်ထဲ၌ ကြည်ကြည်ဌေးကို စတွေ့ ရသည်။ ရုပ်ရှင်ပြဇာတ်များ ကို သွားရောက်ကြည့်သည့်အခါတိုင်း ဇာတ်လမ်းဇာတ်ကွက်ကိုလည်း မျက်ခြည်မပြတ် ကျွန်မအာရုံ စိုက်တတ်သည်။ ပညာသည်များ ၏ ပင်ကိုယ်အရည်အသွေးကိုလည်း တစ်စမကျန်အာရုံစိုက်လျက် အကဲခတ်၍ ကြည့်နည်းမျိုး ကျွန်မမှာ အကျင့်ပါနေသည်။ ပေါ်လာရာ၊ ပြသရာ၊ မြင်မြင်သမျှ အရာ အားလုံးကို စူးစိုက်စိစစ်ပြီး ကြည့်လေ့ကြည့်ထရှိသည့်အပင် တစ်ပြိုင်တည်း ဝေဖန်မှု ပါပြီးသား ဖြစ် သည်။

တချို့သော ရုပ်ရှင်ပြဇာတ်မင်းသမီးများ ၏ အမူအရာ သရုပ်သဏ္ဌာန်တို့သည် ဇာတ်ကွက်၊ ဇာတ်ခန်းနှင့် တိမ်းယိမ်းလွတ်ချော်သွားတတ်သော အမှတ်မထင်ကလေးတို့ကိုပင် ဂရုပြုလွန်း၍ လားမသိ ဖမ်းမိသည်။

ကြည်ကြည်ဌေး၏ လုပ်ကွက်၊ လစ်ကွက်တို့ကို တွေ့ မြင်ခဲ့ရသော ကြောင့် သည်မျှလောက် ကိုယ်ရောစိတ်ပါ စွမ်းဆောင်သွားနိုင်သော အရည်အချင်း။ သည်မျှလောက် တစ်သားတည်းကျညီ နိုင်သော အသားသေပုံမျိုးသည် ပွင့်သစ်စပညာရှင် မဟုတ်တန်ရာ၊ အနုပညာအခြေခံ ရင့်သန်ပြီး သား ဖြစ်ရမည် ။ ကျွန်မ ဤသို့ ဝေဖန်ထားသည်။

ကြည်ကြည်ဌေးကို မြင်သည်နှင့် ကျွန်မဝေဖန်ထားချက်ကို ပြန်၍ သတိရသည့်အတိုင်း ကြည်ကြည်ဌေး၏ ဘ၀အကြောင်းနှင့် ပညာအခြေခံကို သိလိုသော စိတ်ဆန္ဒမှာ နေရင်းထိုင်ရင်း ပြင်းပြလာသည်။

အိပ်မောကျလျက်ရှိသော အမယ်အိုကိုကြည့်လျက် ကြည်ကြည်ဌေးအမေပဲထင်သည်။ အမယ်အို၏ မျက်နှာသည် ဖြစ်မိလျှင် ရှေ့သာတိုးမည် ၊ နောက်ပြန်လှည့်မကြည့်၊ ပိုင်းဖြတ်နိုင်သော မျက်နှာမျိုး၊ ထက်မြက်သော အသွင်ဆောင်သည်။ အသားဖြူဆွတ်၍ အသားအရေနူးညံ့ညက်ညော သည်။ နီရဲသော လက်ဖ၀ါးတွင် စိပ်ပုတီးကိုဆုပ်လျက် အိပ်ပျော်နေသည်။

ပက်လက်အိပ်ပျော်နေသာ လူ၀၀ ထောင်ထောင်မောင်းမောင်း အသားမည်းမည်း အရောင် အဆင်းရှိသည့်ထိုလူကား ကြမ်းတမ်းခက်ထန်သယောင်ယောင်၊ နူးညံ့ပျော့ပြောင်းမယောင်ယောင်၊ တွက်ရခက်သော ၊ အကဲခတ်ရခက်သော ကြန်အင်လက္ခဏာမျိုး ဆောင်သည်။ 'ကြည်ကြည်ဌေးရဲ့ ခင်ပွန်းများ လား…' ခင်ပွန်းဆိုလျှင် ခင်ပွန်းလို့မထင်စရာ။ မင်းသမီးကို ထပ်ကြပ်မကွာ အုပ်ထိန်းနေ ရသော ဇာတ်အုပ်ဇာတ်ခေါင်းများ လား … ။

အမယ်အိုသည် နိုးလာကာ ထ၍ ထိုင်သည်။ ရထားပြင်ဘက်လယ်ကွင်းများ ကို ငေးမော ကြည့်နေရာမှ ကျွန်မနှင့် မျက်နှာချင်းဆိုင်ကာ စကားလှမ်းပြောသည်။

"ဒီနေရာတွေ က အမေတို့နေခဲ့တဲ့ နေရာတွေ ပေါ့။ ပြည်ဒိစတြိတ်၊ လက်ပံတန်းနယ်၊ မိုးအိုင် ရွာမှာ အမေတို့လယ်လုပ်ခဲ့ကြတယ်။ ကြည်ကြည်ဌေးကငယ်ငယ်လေးရှိသေးတယ်။ သမီးကြီးတွေ ကတော့ သူ့အရီးဇာတ်ထဲ ပါကုန်ကြပြီ။ ဇာတ်မင်းသမီးကြီး ဒေါ်စိန်ယုံဆိုတာ အမေ့ယောင်းမ၊ ဆ ရာအောင်ဗလတပည့်၊ အဆိုကောင်း အကကောင်း အင်မတန်နာမည် ကြီင်္းတယ်"

အမယ်အို၏ အသံမှာ လွန်စွာ ညင်သာလျက် သူ၏ ပျော့ပျော့ပျောင်းပျောင်း အမူအရာနှင့် လိုက်ဖက်လှသည်။ ကျွန်မသိလိုချက်တွေ အမယ်အိုထံမှ စတင်ကြားရသည်နှင့် တစ်ပြိုင်နက် နား စိုက်ထားသည်။

ထိုအချိန်တွင် ကြည်ကြည်ဌေးသည် လှေကားလေးမှ ပြန်တွယ်ဆင်းလာသည်။

"မမက … ဂျာနယ်ကျော် မမလေးနော် …"

ကြည်ကြည်ဌေးသည် ရှေ့မဆက်ဘဲ ပြုံးချိုထားသည်။

"ဟုတ်ပါတယ်… ဂျာနယ်ကျော်မမလေးဟာ မမပါပဲ"

"ရထားမှာ ကပ်ထားတဲ့စာရွက်ကလေး မြင်ရတော့ မမနဲ့ခရီးသွားရပြီလို့ဝမ်းသာသွားတယ်"

အသံသာသာထဲ၌ ရယ်မောသံလေးပါ စွက်ဖက်လျက် မျက်နှာချိုချို ပြန်ပြောသည်။

''ကြည်ကြည်ဌေးနဲ့ တွဲ တစ်တွဲ တည်း လာကြုံရတာ မမ၀မ်းသာမိတယ်။ ညီမကို ပြဇာတ်ထဲ မှာ စတွေ့ ဖူးတာပဲ။ နောက်ရုပ်ရှင်မှာ ပါဆိုတော့ … ညီမကို စတွေ့ တွေ့ ချင်း မမစိတ်ဝင်စားလွန်းလို့ ဝေဖန်ထားတယ်"

"ဘယ်လိုဝေဖန်ထားသလဲ မမရယ် … သိပါရစေ … "

ကျွန်မအဖြေကို စောင့်နေသော သူ့မျက်နှာလေးမှာ စိတ်အားထက်သန်စွာ ဖြင့် မျက်လုံးများ တောက်ပြောင်ပြုံးလဲ့နေသည်။

"ပြဇာတ်မှာ ညီမကို စတွေ့ တွေ့ ချင်း ပွင့်သစ်စမင်းသမီးတော့ မဟုတ်ဘူး၊ အနုပညာအခြေခံရှိရမယ်၊ ၀ါရင့်ပြီးသား ဖြစ်ရမယ်လို့ မမဝေဖန်ထားမိတာ မှန်ရဲ့ လား …"

ကြည်ကြည်ဌေးက ရယ်မောလိုက်သည်။

"မမဝေဖန်တာ မမှားပါဘူး… အနုပညာအခြေခံ ကတော့ ကျွန်မ ငါးနှစ် သမီးကစခဲ့တာကပါ"

"ဟုတ်ပြီ … မမလည်း ထင်တယ် … မမထင်တာ မမှားတော့ဘူး၊ ငါးနှစ် သမီးကစခဲ့တာဆို တော့ စပုံစနည်း အနုပညာဘက် ရောက်ပုံရောက်နည်း မမသိပ်သိချင်တာပဲ"

ရထားသည် အရှိန်ပြင်းစွာ ခုတ်မောင်းနေသည်။ အပတ်ပေါင်းမရေမတွက်နိုင်အောင် ရထား ဘီးများ လည်နေသကဲ့သို့ ကျွန်မအာရုံမှာ လည်း ရပ်နားခြင်းမရှိဘဲ ချာချာလည်လျက်ရှိသည်။

ကျွန်မအနီးတွင် ရှိနေသော သူတို့မိသားစုသည် ကျွန်မအနီး၌ တစ်နေရာစီ၊ တစ်သီးတစ်ခြား စီ ဖြစ်ချင် ဖြစ်လျက်၊ ပျောက်သော သူကလည်း ပျောက်ကွယ်လျက်၊ ကျွန်မအနီးအနား၌ မရှိသော အ ရာဝတ္ထုများ ၊ ပုံသဏ္ဌာန်များ ၊ အသွင်အပြင်များ အမျိုးမျိုးအဖုံဖုံ ပြောင်းလိုက်ပေါ်လိုက် ဖြစ်လျက် ထို အမျိုးမျိုးသော ပုံသဏ္ဌာန်တို့မှ အသံဗလံများ ကလည်း အသံအမျိုးမျိုးထွက်ပေါ်လျက် …။

ကြည်ကြည်ဌေးသည် ငါးနှစ် သမီးအရွယ်မှစ၍ ဇာတ်သဘင်၊ ပြဇာတ်၊ ရုပ်ရှင်၊ ကဏ္ဍသုံးခုခွဲ ကာ သူပါဝင်လှုပ်ရှားခဲ့ပုံများ ကို ပြန်ပြောင်းပြောပြနေသည်။

ဇာတ်သဘင်အကြောင်း ပြောပြနေသည့်အခါ၌ ကပြခဲ့သော ဇာတ်လမ်း၊ ဇာတ်ကွက်၊ ထို ဇာတ်၌ ဆိုခဲ့သော သီချင်း၊ ပြောခဲ့သော စကား၊ ပါးစပ်ဆိုင်းပါတီးလျက် လက်မြှော က်မပြရုံတမည် …။

ပြဇာတ်ဆိုပါက … သူကပြခဲ့သော ပြဇာတ်များ အနက် 'ရွှေရည်လူး' ပြဇာတ်ကို ပြန်ပြော သော အခါတွင် သူ့အခန်း၊ ကိုချစ်မောင်အခန်း၊ ကိုမျိုးချစ်အခန်း အကုန်လုံး၊ စကားလုံးရော သီချင်း ပါမကျန်ရစ်ခဲ့ရအောင် ပြောဆိုပြသည်။ ပြောပြနေစဉ် အသံအမျိုးမျိုး ပြောင်းသွား သည်။

ကိုချစ်မောင်စကားလုံးအတိုင်း အသံကိုလည်း ကိုချစ်မောင်နှင့် တူအောင်ဟု ပြောသော အ ခါ ကိုချစ်မောင်၏ အသံအတိုင်း၊ မျက်နှာအမူအရာအက်တင်တို့မှာ ကိုချစ်မောင်၏ အက်တင်…။

ဇာတ်သဘင် ဖြစ်စေ၊ ပြဇာတ် ဖြစ်စေ၊ ဇာတ်ခုံပေါ်၌ သုံးယောက် ဆုံထွက်နေသည့်အခန်းကို ပြောပြသည့်အခါ၌ သုံးယောက် ၏ အသံ၊ သုံးယောက် ၏ ဟန်၊ သုံးယောက် ၏ သီချင်း၊ သုံးယောက် ပြောသော စကားလုံးတွေ ကို ကျွန်မတစ်ထိုင်တည်း၊ တစ်ပြိုင်တည်း မြင်ရကြားရသည်။

စာဟောဆရာ၊ ကွက်စိပ်ဟောဆရာကို ပြေးသတိရလိုက်သည်။ ရှင်ဘုရင်လည်းသူ၊ မင်း သမီးလည်းသူ၊ ကျွန်မနားထောင်ခဲ့ဖူးသော ကွက်စိပ်မှာ ဆိုင်းက အကွက်ကျရာဘေးမှ တီးပေးရ ခြင်း ဖြစ်သည်။

ကြည်ကြည်ဌေးသည် သုံးယောက် ၏ အက်တင်နှင့် အဆိုအပြောတို့ကို တစ်ယောက် တည်း ကွက်စေ့အောင်ကြံနေစဉ် ဆိုင်းကို သူ့ပါးစပ်ထဲထည့်ထားသဖြင့် ကွက်စိပ်ထက် သူက သာပေ သည်။

သီချင်းဆိုပြခါနီး တွင် တီးလုံးစမ်းလိုက်သည့် ဆိုင်းသံ၊ ပတ်သံ၊ တူရိယာသံတို့ကို ပါးစပ်က

တီးစမ်းရင်း ဆိုပြသွားသည်။

ထိုအချိန်တွင် အက်တင်အမျိုးမျိုးပြောင်းနေသော သူ့ရုပ်သွင်ကို ပုံဖမ်း၍ မရတော့ပေ။ မျက် နှာလေးမှာ လုံးသလိုလို၊ ပြားသလိုလို၊ သွယ်သလိုလို၊ ၀ိုင်းသလိုလို၊ ဘယ်လိုမှ ပုံဖမ်း၍ မရနိုင်သော မျက်နှာမျိုး ဖြစ်နေသည်။

အသက်ဝင်အောင် ဖန်တီးနိုင်သော အရည်အချင်းမှာ သူ့မျက်လုံးထဲ၌ တွေ့ ရသည်။

လူရွှင်တော် အကွက်ဝင်၍ လူရွှင်တော် ကြည့်လိုက်သော အကြည့်ဖြင့် ပြောင်း၍ အသက်သွင်း လိုက်သော သူ့မျက်လုံးသည် သူ့မျက်လုံးမဟုတ်တော့ဘဲ လူရွှင်တော် ၏ မျက်လုံး ဖြစ်လာသည်။

ဖျတ်ခနဲ ဖျတ်ခနဲ ပြောင်းသွား သော သူ့အသံ၊ သူ့အက်တင်၊ ဖျက်ခနဲဖျတ်ခနဲ ပြောင်းသွား သော မင်းသားအသံ၊ မင်းသားအက်တင်၊ အသံအမျိုးမျိုး၊ အက်တင်အမျိုးမျိုး၊ အကြည့်အမျိုးမျိုး ပြောင်းသွား ပုံတို့ကြောင့် မှတ်သားလေ့လာစူးစိုက်နေသော ကျွန်မအာရုံ၊ ကျွန်မမျက်လုံးတို့သည် အလွန်ပင်ပန်းနေသလောက် ကြည်ကြည်ဌေးမှာ ပင်ပန်းခြင်းအရိပ်အယောင် လုံးဝမရှိ။

တတ်လည်းတတ်နိုင်သည်။ ဒေါက်ဒေါက်… ဒေါက်ဒေါက်နေအောင် ပြောလည်းပြောသွား နိုင်သည်။ ပြောနေရင်းမှ သီချင်းဝင်လာသည်။ သာယာချိုအေးသော တေးသံကလေးသည် ကျွန်မ ၏ နှလုံးသားတွင် ကြည်အေးချိုမြသွားသည်။

ကြည်ကြည်ဌေးသည် အသံကောင်းရုံသာမဟုတ်၊ တစ်မူတစ်ဟန်နှင့် ဆိုခြင်း ဖြစ်၍ ထူးခြား သည်။ မှင်ရှိသည်။

ကျွန်မအာရုံ၊ ကျွန်မမျက်စိ၊ ကျွန်မနား၊ ကျွန်မနှလုံးသားကို ချယ်လှယ်စိုးမိုးလျက်ရှိသော အ သံရှင်၏ ခေါ်ဆောင်ရာနောက်သို့ ထပ်ကြပ်အတူလိုက်ပါနေသော ကျွန်မမှာ မျက်လုံးထဲမြင်လာပုံ အတိုင်း နားထဲ၌ ကြားရပုံအတိုင်း၊ အာရုံ၌ ထင်လာပုံအတိုင်းစိတ်ဝင်စားဖွယ်ကောင်းလှသော ကြည် ကြည်ဌေး၏ အနုပညာကို မှတ်တမ်းတင်လိုခြင်းပြင်းပြစိတ်ကြောင့် ၁၉၅၅ ခုနှစ် ၌ ထုတ်ဝေသော ‘ရှု မ၀”အမှတ်တစ်ရာပြည့်အထိမ်းအမှတ်တွင် သူ့ဘ၀၊ သူ့အကြောင်း ‘ရတနာပုံ’ ဇာတ်ကားရိုက်သည် အထိ အကျဉ်းချုပ်ရေး သားဖော်ပြခဲ့ဖူးသည်။

ပြဇာတ်ထဲတွင် ကြည့်ဖူးစက သူ့ကိုအနုပညာအခြေခံရှိရမည် ဟု ဝေဖန်ချက်မှတစ်ဆင့်တက် လျက် သူ့ကို ကိုယ့်အမျိုးသားအခြေအမြစ်ကို အားကိုးသော ပညာသည် တစ်ယောက် ဖြစ်မှန်းသိ လာသော အခါ၌ ကျွန်မ၏ စာပေခရီးတွင် တစ်နေ့နေ့ သူ့အကြောင်း၊ သူ့ဘ၀၊ သူ့အတ္ထုပတ္တိကို စာ အုပ် တစ်အုပ် မ ဖြစ် ဖြစ်အောင် ရေး မည် ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။

ဘယ်နေ့၊ ဘယ်ရက်၌ သူ့အတ္ထုပတ္တိရေး မည် ကို ထိုစဉ်က ကျွန်မမခန့်မှန်းနိုင်ခဲ့ချေ။

ရှုမ၀တွင် ဆောင်းပါးရေး စဉ်က ကျွန်မစ၍ ရောက်ရှိသွားသော ကြည်ကြည်ဌေး၏ အိမ်မှာ စလင်းကွင်း ရေတိုင်ကီကြီးအနားရှိ တဲအိမ် ဖြစ်သည်။ ထိုအိမ်၌ အမေ့ကိုလည်း တွေ့ ရသည်။ ပထ မဇနီးနှင့် သားကလေး အပါကိုပါ တွေ့ ရသည်။

မကြာခဏ ရောက်သွားခြင်းကြောင့် အမေနှင့် လည်း ရင်းနှီးလာသည်။ ပထမဇနီးနှင့် လည်း မျက်မှန်းတန်မိ၊ ခင်မင်လာမိသည်။

သူ့အကြောင်းမသိခင်က မယားကြီး၊ မယားငယ် တစ်အိမ်တည်းအတူနေရသော သူ့ဘ၀ကို အောက်ကျလှချည့်ဟု ကြည်ကြည်ဌေးကို သနားမိသည်။

ဂျာနယ်ကျော် ဦးချစ်မောင်ရေး သော ‘သူ’ကို ဒါရိုက်တာဦးသုခရုပ်ရှင်ရိုက်သော အခါ ကြည် ကြည်ဌေးမှာ မင်းသမီး ဖြစ်သည်။ ထိုအချိန်က စလင်းကွင်းတဲအိမ်မှ တိုက်ဆောက်ပြီး ဖြစ်၍ တိုက် ပေါ်တွင် နေထိုင်ကြသည်။ ဒါရိုက်တာဦးသုခက လာကြည့်ရန်ခေါ်သဖြင့် ရုပ်ရှင်ရိုက်သော ခြံထဲသို့ သွားကာ တစ်နေကုန်ထိုင်ကြည့်သည်။

ကြည်ကြည်ဌေးနေသော တိုက်အိမ်သစ်သို့ လည်း အရောက်အပေါက် ပိုများ သွားပြန်သည်။

ကြည်ကြည်ဌေးမှစ၍ တစ်အိမ်သားလုံး၏ သဘာဝစရိုက်တို့မှာ စိတ်ဝင်စားစရာ ဖြစ်ပေ သည်။ ကြည်ကြည်ဌေး၏ အနုပညာနှင့် ထပ်တူ ကြည်ကြည်ဌေး၏ ဘ၀မှာ လည်း တစ်နေ့တခြား ပိုမိုပီပြင်လာကာ ရှေးကထက် သူ့ဘ၀ကို ကျွန်မ စိတ်ဝင်စားလာတော့သည်။

“အမေ … ကိုယ့်သမီးကို ဒီလောက်တောင် နိုင်ချင်တိုင်းနိုင်နေတာ အမေဒီလိုပဲ ကြည့်နေ နိုင်တယ်နော်”

ကျွန်မက ပြုံးစေ့စေ့ဖြင့် အမေ့စိတ်ကို သိလို၍ စမ်းကြည့်သည်။

“သမီးရယ် … ဒါ ကံလေ၊ သူ့ကံက သူ့ကို ခြယ်လှယ်နေတာ။ သူ့ကံပေါ့၊ သူ့ဝဋ်ကြွေးပေါ့၊ မ ဟုတ်ဘူးလား။ သမီးညီမရဲ့ ၀ဋ်ကိုကြည့်စမ်း။ ၀ဋ်ဆိုတာ ဘယ်လောက်ကြောက်စရာကောင်းသလဲ။ အမေက မခံနိုင်ဘဲ ငုံ့ခံနေခြင်းမဟုတ်ပါဘူး။ ၀ဋ်ကြွေးရှိသမျှ ဒီဘ၀ဒီမျှနဲ့ ကြေပါစေလို့”

အမေ့၏ နူးညံ့ညက်ညောသော အသံလေးသည် ပြောရင်းပြောရင်း ပျောက်ဝင်သွားသည်။

ကြည်ကြည်ဌေး၏ ခင်ပွန်း ဗိုလ်အောင်သိန်းသည် ကြည်ကြည်ဌေးက ကျွန်မကို အစ်မရင်း တမျှ ချစ်ခင်စိတ်ရှိမှန်း သိလာသည်။ ကျွန်မရောက်သွားလျှင် သူက ဖော်ဖော်ရွေရွေ ဧည့်ခံသည်။

တစ်နေ့ ကြည်ကြည်ဌေးတို့အိမ်သို့ ကျွန်မရောက်သွားသည်။ ဖဲဝိုင်းနှင့် ခပ်လှမ်းလှမ်းရှိ ကု လားထိုင်တွင် ထိုင်စောင့်ရသည်။

ကြည်ကြည်ဌေးက အခန်းထဲမှ ထွက်လာကာ “မမရေ … မမ”ဟု ခေါ်ပြောပြေးလာလျက် ကျွန်မလက်ကို လှမ်းဆွဲသည်။ ကျွန်မလက်မှ လက်စွပ်ကို ဆွဲချွတ်သည်။ ဖဲဝိုင်းမှ ဗိုလ်အောင်သိန်း က လှမ်း၍ ကြည့်နေသည်။

“ကိုရွှေသိန်း … မမလက်စွပ် ကျွန်မကြိုက်လိုက်တာရှင်၊ ကျွန်မတို့ညီအစ်မ ဆင်တူဝတ်ချင် လို့ ဒီပုံစံအတိုင်း လုပ်ချင်တယ်၊ လုပ်ပေးစမ်းပါ”

ဖဲဝိုင်းမှ လူများ ကပါ လှမ်းကြည့်ကြသည်။ ကျွန်မအား သူ့အစ်မ တစ်ယောက် အမှတ်ထား စိတ်ဖြင့် ပြောနေခြင်း ဖြစ်သည်။

ကြည်ကြည်ဌေး ကျွန်မအိမ်သို့ အလည်ရောက်လာပြီဆိုလျှင်လည်း ကျွန်မတို့အိမ်မှာ အထူး စိုပြည်လှသည်။ ဇာတ်ကခဲ့စဉ်က ကျိုက်ထီးရိုးသမိုင်းဇာတ်ထုပ်ကို တစ်နေကုန်အောင် ခင်းကျင်းပြ သသည်။ သူ တစ်ယောက် တည်းနန်းစောလုပ်လိုက်၊ ဖထီးလုပ်လိုက်၊ လုံထော်လုပ်လိုက် တစ်ဇာတ်

ထုပ်လုံး သူ့ပါးစပ်ဆိုင်းနှင့် သူ။ တစ်ဇာတ်လုံး ခင်းကျင်းသီဆိုသွားကာ နေကုန်မှ သားအမိနှစ် ယောက် ပြန်သွားတတ်သည်။

သူနှင့် တွေ့ ဆုံတိုင်းပင် သူ့ဘ၀ အတ္ထုပတ္တိကို စာတစ်အုပ် ဖြစ်အောင် ရေး ချင်စိတ်တွေ ပြင်း ပြမိသည်ချည်း ဖြစ်သည်။

ဇာတ်သဘင်လောက၊ ရုပ်ရှင်လောက၌ မှဲ့တစ်ပေါက်မစွန်းစေအောင် ကြံ့ခိုင်သော အကျင့် စာရိတ္တနှင့် နိုင်ငံကျော်ရုပ်ရှင်မင်းသမီးဟူ၍ မပမလွှား စံထားလောက်သော နှိမ့်ချရိုးသားမှု ၊ အနေ အထိုင်၊ အပြောအဆိုကို နှစ်သက် ခြင်း ကျွန်မ ဖြစ်မိသည်။

သူ့အတ္ထုပတ္တိကို ရေး သားရန် စိတ်အားထက်သန်လာသော အချက်များ စွာ ရှိခဲ့သည်။ မိခင် ကို လေးစားချစ်ခင် ရိုသေခြင်း၊ အားကျနည်းယူစရာကောင်းအောင် မိခင်စကား မြေ၀ယ်မကျနား ထောင်နိုင်ခြင်း၊ အိမ်ထောင်ရှင်ဘ၀၌ လူရာမ၀င်၊ အသုံးမကျအောင် အနိမ့်ဆုံးဘ၀နှင့် တွေ့ ဆုံရင် ဆိုင်ခဲ့ရသော ဒုက္ခ၊ သုခအပေါင်းကို တရားလက်ကိုင်ထားလျက် လင်သားအပေါ်၌ သည်းခံချုပ် တည်း၍ ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားနိုင်သော သူ၏ စံတင်လောက်ပေသည့် ဇွဲ …။

ရုပ်ရှင်လောကတွင် ရပ်တည်ချက်မှန်မှန်နှင့် ပန်းတိုင်အရောက် တက်လှမ်းခဲ့သော လုံလ ကြီးခြင်း၊ ရုပ်ရှင်ဒါရိုက်တာတွေ ခိုင်းသမျှ ငြင်းဆန်ခြင်းမပြုဘဲ စိတ်ပါဝင်စားစွာ လုပ်ကိုင်ခဲ့ခြင်း၊ သူ့ ကို သင်ကြားပြသသော ဒါရိုက်တာဆရာသမားများ အပေါ်၌ သူ့လောက် လေးစားရိုသေမှု ရှိသော မင်းသမီးမျိုး ရှာမှရှား ဖြစ်ခြင်း…

ဤအချက်တွေ ကြောင့် ရေး သားရန် စိတ်အားထက်သန်မှု ရှိခဲ့ခြင်းလည်း ပါဝင်ပေသည်။

သူ့အတ္ထုပတ္တိ၊ သူ့ဘ၀အကြောင်းပြည့်စုံအောင်စုံစုံလင်လင်ရေး ရလျှင် သူ့ခင်ပွန်းအကြောင်း ကို ချန်လှပ်ထား၍ မ ဖြစ်တော့ပေ။

အတ္ထုပတ္တိစာအုပ်တစ်အုပ်ရေး လျှင် အမှန်အကန်အတိုင်း ရေး သားရန် စာရေး သူတိုင်း၌ တာဝန်ရှိသည်။ ထိုတာဝန်ရှိသည့်အတွက် မလွှဲမရှောင်သာ၍ သာ ထိုတာဝန်ကိုယူပြီး သူ့ခင်ပွန်းအ ကြောင်းကိုရေး သားဖော်ပြရခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်ရေး အရ မုန်းတီးမှု စိုးစဉ်းမျှမရှိဘဲ ဓမ္မဓိဌာန်ကျကျ ရေး သားခြင်း ဖြစ်ကြောင်းကိုမူ ထည့်သွင်းဖော်ပြလိုပေသည်။

အမှန်စင်စစ် မိမိအတ္ထုပတ္တိမဟုတ်ဘဲ တခြားပုဂ္ဂိုလ်၏ အတ္ထုပတ္တိကို ရေး သားရန်မှာ စာရေး သူ စာပေလုပ်သားများ အဖို့ တာဝန်ကြီးလေးခြင်းကား အမှန် ဖြစ်သည်။ အထူးသဖြင့် ကြည်ကြည် ဌေး ကိုယ်ရေး အတ္ထုပတ္တိကို စုံလင်စွာ ရေး ရန်ကား ၀န်လေးစရာ …

ဝန်လေးစရာ … ဆိုခြင်းမှာ … ၀န်ဆောင်အပြည့်အမောက် တင်ဆောင်ထားသော လှေက

လေးကို လေမုန်တိုင်းထဲ၌ အားသွန်ကြိုးစား၍ လှော်ခတ်ရတော့မည့် ပမာ ဖြစ်နေသည်။

သို့ သော် … သို့ သော် … ထိုဝန်ကို ကျွန်မထမ်းသည်။

ထူးချွန်ပြောင်မြောက်လှသော အနုပညာရှင် အမျိုးသမီးတစ်ဦး၏ မှတ်လောက်သားလောက် ဖွယ်ရှီသော အတ္ထုပတ္တိစာအုပ်တစ်အုပ်သည် အနုပညာလောကတွင် ရှိစေသင့်သည်ဆိုသော ကျွန် မ စေတနာက ထိုဝန်ကို အမျိုးသမီး စာပေလုပ်သားတစ်ဦးအနေဖြင့် ကျွန်မထမ်းရန် တိုက်တွန်းစေ့ ဆော်လှခြင်းကြောင့် ရေး ဖြစ်ရခြင်း ဖြစ်ပေသည်။

ဗိုလ်အောင်သိန်းမရှိတော့သော်လည်း ဗိုလ်အောင်သိန်း၏ သား မောင်ပါနှင့် အဆက်အနွယ် များ ရှိကြပေသည်။ ကာယကံရှင် ကိုယ်တိုင် ကြည်ကြည်ဌေးလည်း အသက်ထင်ရှား ရှိနေသေး သည်။

ကျွန်မမှာ ဤစာမူရေး နေစဉ် အမှားအယွင်း၊ အပို၊ အလို မ ဖြစ်စေရန် ကြည်ကြည်ဌေးနှင့် အကြိမ်ပေါင်းများ စွာ မျက်နှာချင်းဆိုင်တွေ့ ဆုံရကာ ဆွေးနွေးမေးမြန်းလျက် ဤစာမူအတွက် အ ချက်အလက်များ ကို ရယူရသည်။

ကြည်ကြည်ဌေး၏ သားလေး မောင်ပါကိုလည်း ဤအတ္ထုပတ္တိစာအုပ်အတွက် သူသိရှိမှတ် မိသမျှ ရေး သားပေးရန် တိုက်တွန်းရသည်။

ရုပ်ရှင်ဒါရိုက်တာ ဦးတင်မောင်၊ ဒါရိုက်တာဦးသုခ၊ ဒါရိုက်တာ ဗိုလ်ကလေးတင့်အောင်၊ ဒါ ရိုက်တာအောင်မြင့်မြတ်တို့ထံသို့ လည်း ကြည်ကြည်ဌေး၏ အတ္ထုပတ္တိစာအုပ် ရေး သားပြုစုနေခြင်း ကြောင့် ကြည်ကြည်ဌေးနှင့် ပတ်သက်၍ မှတ်တမ်းတင်ချက်ကလေးများ ရေး သားပေးပါရန် မေတ္တာ ရပ်ကာ တောင်းခံခဲ့ရသည်။

ဤအတ္ထုပတ္တိစာမူ ရေး သားပြီးဆုံးသွားသည့်အခါ၌ ကျွန်မ၏ စာမူကြီးကိုဖတ်ရှုပြီး ဖြုတ်လို၊ ပြင်လိုက ပြောပါရန် ကြည်ကြည်ဌေးထံသို့ ပေးပို့လိုက်သည်။

ကြည်ကြည်ဌေးနှင့် မောင်ပါတို့သားအမိနှစ် ယောက် ညဥ့်ယံမှ ညဥ့်နှစ် ချက်တီးအထိ ပြီးဆုံး အောင် ထိုင်ဖတ်ရှုကြပြီးလျှင် ဖြုတ်စရာ ပြင်စရာ မရှိပါဟု ကျွန်မထံသို့ စာမူကြီးပြန်ပို့တော့မှပင် စိတ်ပေါ့ပါးသွားရပါတော့သည်။

ဂျာနယ်ကျော်မမလေး

* * * * *

(၁)

ကင်းစင်မီးများ ထွန်းလင်းလျက် ငွေခြည်ထိုးဒေါင်းရုပ်ပုံခြယ်ထားသော ကန့်လန့်ကာကြီး နောက်၌ ငါးနှစ် သမီးအရွယ် မင်းသမီးပေါက်စလေးသည် ဇာတ်ခုံအောက်မှ ဗေထိဗေထိ တီးလျက် ရှိသော ပွဲဦးထွက်ဆိုင်းသံကြောင့် စိတ်မာန်တက်ကြွကာ ကားလိပ်အဖွင့်ကို စောင့်ဆိုင်းနေသည်။

မင်းသမီးပေါက်စသည် သူနှင့် ယှဉ်၍ အတူရပ်နေသော အပျိုတော် ကြီးလက်ထဲမှ ကန်တော့ ပွဲကို ခေါင်းလန်အောင် မော့ကြည့်သည်။ ရင်ထဲ၌ ကား အောင့်သက်သက်။

ခါင်းတောင်အင်္ကျီ၊ ဗလာထမီ စသည့် ဇာတ်မင်းသမီးတို့၏ ၀တ်စားတန်ဆာချင်း တစ်ပုံစံ တည်းဆင်တူ ဖြစ်ကြပါလျက် အပျိုတော် ကြီးက တစ်ပန်းသာကာ ကန်တော့ပွဲကြီး ကိုင်မထားသည်။

သူ့မှာ တော့ ကန်တော့ပွဲမရှိ။ နေပေစေအုံးလေ၊ ငယ်သေးတာကိုး။ မနိုင်မှမနိုင်တာဘဲ၊ နည်းနည်း ကြီးရင် ကိုင်ရမှာ ပေါ့။

ရင်ထဲက အောင့်သက်သက်စိတ်ကလေးကို ပြန်၍ ဖြေသိမ့်လိုက်သည်။

ဝီစီမှု တ် ကလိုင်ခေါက်လိုက်လျှင် ကန့်လန့်ကာကြီး ပင့်တက်သွားလေသည်။

သူ့အရပ်အမောင်းကလေးကို ကန့်လန့်ကာစ ကျော်တက်သွားသည်နှင့် တစ်ပြိုင်နက် လက် ကလေးကို ကွေးလျက် ချီလိုက်ကာ လည်ချီရာသို့ ဦးခေါင်းလည်စောင်းညွှတ်၍ ပွဲကြည့်ပရိသတ် များ ,မများ ဇာတ်ခုံပေါ်က အလျင် အကဲခတ်ကြည့်လိုက်သည်။

ဇာတ်ရုံထဲ၌ ပွဲကြည့်ပရိသတ်များ ပြည့်ကျပ်နေသည်။

အပျိုတော် ပေါက်စလေးသည် ပွဲကြည့်ပရိတ်သတ်များ မှ ကလို့ပိုအားရတတ်သည်။ ခုနစ်သံ ချီလျက် အပျိုတော် ကြီး က,နည်း က,ကြိုးအတိုင်း တစ်ထပ်တည်းတူအောင် လိုက်က,သည်။

ပြည်မြို့ ပန်းတောင်းဘက် ငါးမျက်နှာဘုရားပွဲတော် ၌ အပျိုတော် လေးလုပ်၍ ကခဲ့သော ငါး နှစ် သမီး မင်းသမီးပေါက်စ ‘ကြည်ကြည်ဌေး’၏ ဘ၀သည် ဇာတ်ထဲက စခဲ့သည်။

မင်းသမီးပေါက်စလေး၏ မိဘများ မှာ သဘင်သည်များ မဟုတ်ကြပေ။ ကိုယ့်လယ်ကိုယ်လုပ် ကြသော လယ်သမားမျိုးရိုး ဖြစ်သည်။

မင်းသမီးပေါက်စအဖေ၏ နှမမှာ လက်ပံတန်းနယ်ဘက်၌ အကျော်ဇေယျ ဇာတ်ပိုင်ရှင်ဇာတ် မင်းသမီးကြီး ဒေါ်စိန်ယုံ ဖြစ်သည်။

မင်းသမီးပေါက်စ၏ မိခင် ဒေါ်အုန်းကြွေမှာ ခင်ပွန်းသည်ကွယ်လွန်သွားပြီးနောက် သားသ မီး ငါးယောက် ကျန်ရစ်ခဲ့သည်။ ဇာတ်ပိုင်ရှင်မင်းသမီးကြီး ဒေါ်စိန်ယုံ၏ လက်ထဲ၌ ငွေစတွေ ဖွေးခနဲ မြင်ရသော အ ဖြစ်မှ စတင်၍ အားကျသွားသည်။

အဖေမရှိသော ငါ့သမီးကလေးများ မှာ တောနေ၊ တောကြက်၊ တောငှက် ဖြစ်တော့မည် ။ ကောက်စိုက်ရမည် ၊ ပျိုးနုတ်ရမည် ။ ၀မ်းစာကို သူတို့ ပင်ပန်းစွာ ရှာစားကြရတော့မည် ။

ဤအတွေးပေါက်၍ သမီးကြီးမသိန်းရှင်ကို တစ်လ ၈၀ိ နှင့် ယောင်းမဇာတ်ထဲ ပညာသင် ထည့်လိုက်သည်။

မသိန်းရှင်သည် ဇာတ်ထဲ၌ မင်းသမီးအောင်သိန်းရှင် ဖြစ်လာသည်။ ကြည်ကြည်ဌေး၏ အစ် မ ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်သိန်းရှင်၏ ဘ၀သည် ဇာတ်မင်းသမီး အောင်သိန်းရှင်ဘ၀ က စခဲ့သည်။

ဒုတိယသမီး မခင်ညိုကို ဇာတ်ထဲဝင်ရန် နားချခဲ့သည်။

မခင်ညိုသည် ဇာတ်သဘင်ကို ၀ါသနာမထုံ၊ စိတ်မပါ၊ ဇာတ်ထဲဝင်ရန် ပြောလိုက်လျှင် မျက် ရည်ဖြာဖြာကျလျက် ငြင်းဆန်သည်။ အမေနားချခြင်းကို နားပူလွန်း၍ မတတ်သာသည့်အဆုံးမှ ဇာတ်ထဲရောက်သွားသည်။

လေးနှစ် သမီးအရွယ် ကြည်ကြည်ဌေးကို ကျောင်းအပ်လိုက်သည်။ ကြည်ကြည်ဌေးအား မြန်မာစာသင်ပုန်းကြီးစ,သင်ပေးသော လက်ဦးဆရာမှာ ‘သုပဏ္ဏက ဂဠုနရာဇာ ဂဠုန်ဆရာစံ’ ဖြစ် လေသည်။ ဆရာစံသည် အင်းရွာ၍ လာစည်းရုံးရင်း ရွာရှိကလေးများ ကို စာသင်ပေးနေလေသည်။

ကြည်ကြည်ဌေးသည် နံနက်စောစော ကျောင်းတက်သည်။ နေ့လယ်ကျောင်းဆင်းလျှင် အစ်မများ ကို အားကျမခံ မင်းသမီးကြီး ဒေါ်စိန်ယုံထံ၌ အကသင်သည်။ အသက်ငါးနှစ် အရွယ်၌ အ ရွယ်နှင့် လိုက်အောင် က,တတ်လွန်း၍ ဒေါ်စိန်ယုံဇာတ်ထဲတွင် ပွဲဦးထွက် အပျိုတော် မင်းသမီးလေး ထွက်ကခိုင်းကြည့်သည်။

မင်းသမီးကြီး ဒေါ်စိန်ယုံသည် ကလေးနှင့် မလိုက်အောင် အရွယ်နှင့် မမျှ ပညာလိုလားစုံမက် သော ကြည်ကြည်ဌေး၏ အသည်းနှလုံးထဲက ပါသည့်ဗီဇကို မြင်ရခြင်းကြောင့် မတတ်,တတ်အောင် သင်ပေးသည်။

ပြောတိုင်း သင်တိုင်းရကာ၊ သွက်လက်လွန်း၍ သူ့ဇာတ်ထဲ၌ သားတော် သမီးတော် ကလေး များ အခန်းပါလျှင် မင်းသမီးပေါက်စကလေးအတွက် နေရာထားလိုက်သည်။

ဖိုးဦးတောင်သမိုင်း၌ မင်းသမီးပေါက်စလေးကို သားတော် လေးအသွင် တစ်ခန်းထွက်က, ခိုင်းသည်။

သားတော် လေးအခန်း မထွက်ခင် ဒေါ်စိန်ယုံသည် ကားလိပ်ကြား၌ သားတော် လေးကို တဖွဖွသင် ပေးသည်။

“အပြင်ကျရင် … ငိုပြနော် ကြားရဲ့ လား။ ဇာတ်ထမြှာ ပြောငို၊ ဆိုငို နှစ် မျိုးရှိတယ်လို့ ပြောထားတယ် မဟုတ်လား။ ကဲ … အရီး သင်ပေးသလို ပြောငိုကို ထပ်ငိုပြစမ်း”

သားတော် လေးသည် ချက်ချင်း ပင် ငိုတော့မလို မျက်နှာပြောင်းလိုက်သည်။ ငိုမဲ့မဲ့မျက်နှာ ထားအသစ်ကလေးနှင့် ရင်တွင် စည်းချည်ပေးထားသော ပုဝါစကို ဟန်ပါပါ ဆုပ်ကိုင်လိုက်ကာ ရင်ဘတ်ကလေးထုလျက် …

“ခုနစ်စင်း နေရောင် … ကမ္ဘာမီးသားကြီးလောင်ပေါ့၊ မေမေရယ် … နောင်ထူမည့် အသစ်၊ အမယ် မင်း … ကျုပ် လူပြန် ဖြစ်နိုင်ပါ့မလား …”

ပြောငိုအဆုံးတွင် မျက်နှာလေးကို ပ၀ါနှင့် အုပ်လိုက်ကာ တကယ်ငိုချလိုက်သည်။ အရီး လေးသည် ၀မ်းသာလွန်း၍ သားတော် လေးကို ကုန်းပွေ့လိုက်သည်။

“အမလေးတော် … တတ်လိုက်တာ၊ လိမ္မာလိုက်တာ။ ငါသင်ပေးတဲ့အတိုင်း ရသဟဲ့။ မျက် ရည်တွေ သုတ်လိုက်၊ အပြင်ကျရင် ဒီအတိုင်းလုပ်နော်”

သားတော် လေးအခန်း ထွက်သော အခါ အရီးလေးသည် ကြည်ကြည်ဌေး၏ ပြောငို ဆိုဟန် ကလေးများ ကို ကားလိပ်ကြားမှ ချောင်းကြည့်နေသည်။ သူ့အခန်းပြီး၍ ပြေးဝင်လာသော သား တော် လေးကို ဆီးပွေလျက် အားရကျေနပ်လွန်းသဖြင့် ပွေ့မြှော က် နမ်းရှုပ်လေသည်။

ဇာတ်စင်အောက်မှ ပွဲကြည့်ပရိသတ်တို့သည် သားတော် လေး အလွမ်းကောင်းလှခြင်း ကြောင့် သူ ငါ အသီးသီး မျက်ရည်ဝဲ၍ ကျန်ရစ်ကြသည်။

ကြည်ကြည်ဌေး ခြောက်နှစ် သမီးအရွယ်၌ ပရိသတ်နှုတ်ဖျားတွင် ပြောမပြီးနိုင်လောက် အောင် တသသ စွဲမက်ကြသော အခန်းမှာ လူဘိုင်စကုတ် မုဆိုးလင်မယားအခန်း ဖြစ်သည်။

ခြောက်နှစ် သမီး ကြည်ကြည်ဌေးနှင့် အသက် ၄၀ ကျော် လူပြက် ပိန်ပိန်ရှည်ရှည် ဦး နတ်ပန်းတို့ စုံ တွဲ ထွက်ကကြသော အခန်း ဖြစ်သည်။

မင်းသမီးပေါက်စသည် ဆံပင်တိုလေးကို ကြက်တောင်စည်းလျက် မျက်နှာလေးတွင် မျက် နှာချေများ ဖွေးဖွေးလှုပ်နေကာ ပါး၌ ပါးကွက်ဝိုင်းထားသည်။

သူ့ဗိုက်တွင် အ၀တ်များ ကိုခု၍ ကိုယ်ဝန်ဆောင်လုပ်ထားသည်။ ကလေးကော်ပတ်ရုပ်က လေးကို ပိုက်လျက် မီးရဲနေသော ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ မုဆိုးလင်မယားလုပ် ထွက် လာသည်။

မုဆိုးကတော ဇာတ်သေတ္တာပေါ် တက်ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ပွဲကြည့်ပရိသတ် တို့သည် အုန်းခနဲ ရယ်မြော ကတော့သည်။ အုန်းအုန်းကြွက်ကြွက်ရယ်သံတို့သည် တော် တော် နှင့် မစဲနိုင်သော ကြောင့် ပတ်မတုတ်ပေးရသည်။

ကြည်ကြည်ဌေး ခြောက်နှစ် သမီးအရွယ်လောက်ပင် မှင်သေနေပြီ။ လင်မုဆိုးကို မျက် စောင်းထိုးကာ နှုတ်ခမ်းစူပြလိုက်တိုင်း တစ်ရုံလုံး တဝေါဝေါ ညံဆူနေသည်။

အသက်အရွယ်နှင့် မလိုက်အောင် သဘာဝကျကျ အမူအရာလုပ်ပြနိုင်သဖြင့် လူတွေ ပွဲကျ တာကို တွေ့ မြင်ရခြင်းကြောင့် “ဒါမှ ပညာ” ဆိုကာ ခြောက်နှစ် သမီးအရွယ်ကတည်းကစ၍ ကြည် ကြည်ဌေး၏ ခေါင်းထဲသို့ ၀င်သွားသည်။

သူလုပ်ပြသမျှ တအုန်းအုန်းရယ်သံတွေ ထွက်လာတိုင်း ထိုရယ်သံတို့သည် သူ့အား ဆုချ လိုက်သကဲ့သို့ အားတက် အားရှိသွားသည်။

မုဆိုးကြီးသည် လေးကိုထမ်းလျက် မယားရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေရာက ဇာတ် သေတ္တာနားတွင် ရပ်၍ သံကုန်ကြုံးအောင်ပြောလိုက်သည်။

“လင်တော် မောင်သားငါးရှာထွက်ခါနီး ဘာများ အလိုမကျလို့ မျက်နှာကြီး စူထားရတာ တုန်း ရှင်မရဲ့ ”

မုဆိုးကတော် သည် ဆေးပေါ့လိပ်ကို ကိုက်လိုက်ကာ ဗိုက်က ကိုယ်ဝန်ကို လူမြင်အောင် ကိုင်ပြကာ နေရာပြင်ထိုင်သည်။ မီးခိုး တထောင်းထောင်းထအောင် ဆေးလိပ်ကို ဖွာပြီးမှ မုဆိုးကြီး ၏ မျက်နှာကို မျက်စောင်းထိုးကြည့်သည်။

တစ်ရုံလုံး ရယ်မစဲနိုင်၍ ပတ်မတုတ်ရပြန်သည်။

မုဆိုးကတော် သည် လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ငေါက်ပြောလိုက်သည်။

“သမင်သား၊ ဒရယ်သား ကျုပ်မစားချင်ဘူးနော်၊ ကျုပ်က ဆတ်မှ ကြိုက်တာ။ ကျုပ် အကြောင်း သိတယ်မဟုတ်လား။ တော် အိမ်အပြန်မှာ ဆတ်သားပါမလာရင် ဒီည ဘောင်း ဘီဝတ်မယ်”

မုဆိုးကတော် လုပ်၍ ထွက်ကသော မင်းသမီးကလေးသည် ဘယ်စကားပြောလို့ ဘယ်အ ဓိပ္ပါယ် ရောက်မှန်းမသိ။ ကန့်လန့်ကာ အပြင်ဘက်ထွက်ခါနီး ၌ ခပ်ရှုပ်ရှုပ် ခပ်နောက်နောက် ယော က်ျားကြီးတွေ မိန်းမကြီးတွေ တစ်ယောက် တစ်ပေါက် ၀ိုင်း၍ သင်ပေးလိုက် ကြသည့်အတိုင်း သင် ပေးသလို ပြောချသည်။

ဇာတ်ထဲတွင် ခြောက်နှစ် အရွယ်ကလေးကဲ့သို့ မနေ၊ ဘယ်သူက ဘာလုပ်ခိုင်းခိုင်း လုပ်ပြ သည်။ စိတ်က သေသေ၀ပ်ဝပ်မရှိ။ ဆောင့်ကြွားကြွားနှင့် ဆတ်ဆတ်ကြဲမလေး ဖြစ်သည်။

ဇာတ်သူဇာတ်သားတွေ ထွက်က,နေလျှင် ကားလိပ်ကြား၌ ထိုင်လျက် ချောင်းကြည့်ပြီး အတုခိုးသည်။ တစ်ညလုံးလည်း မအိပ်၊ ပွဲပြီး၍ မိုးစင်စင်လင်းမှ မုန့်၀၀စားပြီး တစ်နေ့လုံး ထိုးအိပ် သော အကျင့် ဖြစ် နေသည်။

ဇာတ်ထဲက လူကြီးတွေ အရာ အကုန်လျှောက်ပါသည်။ အကုန်လျှောက် သြဇာပေးသည်။ ကားလိပ် ကြားမှထိုင်၍ ပွဲကြည့်နေရာမှ ဆိုင်းကြားထဲ ရောက်ချင်ရောက်သွားပြန်သည်။ ၀ါးရိုက်၊ ကြေးနောင်တီးသူတို့ ကို သွားကြိမ်းမောင်းသည်။

“ရှင်ကြီးက ဘာ ဖြစ်လို့ အိပ်ငိုက်နေရတာ လဲ။ မမြင်ဘူး မထင်နဲ့။ ကားလိပ်ကြားက မြင် တယ်။ မိုးလင်းတော့ အိပ်ပေါ့။ အလုပ်နဲ့တူအောင် လုပ်ပါ”

ဇာတ်ဆရာအရီးလေးသည် မင်းသမီးပေါက်စလေး ထွက်ခါနီး သူသင်တာ အကုန်ပါသဖြင့် အရေး ပေးလျက် ဇာတ်ထဲ၌ အထူးမြှော က်စားထားသည်။ ဘယ်မြို့ဘယ်ရွာသွား၌ ကကြ ကကြ မြို့ထဲအရပ်ထဲ၌ မင်းသမီးပေါက်စအကြောင်းသာ ပွဲကြည့်သူတိုင်း၏ နှုတ်ဖျားတွင် စန်းပွင့်လျက် ရှိသည်။ ပွဲတစ်ချီပေးပြီးတိုင်း မုဆိုးကတော် ဟိုးဟိုးကျော်သွားတော့သည်။

ရာဇ၀င်၊ နိပါတ်၊ သမိုင်း၊ ဇာတ်ထုပ်များ ပြရာတွင် ဇာတ်သူဇာတ်သားများ ရွတ်ဖတ်ပြော ဆိုကြသော သီချင်း။ စာသား၊ ပတ်ပျိုး၊ သဖြန် စသည့် သဘင်ပညာကို တစ်နေ့တခြား နားရည်ဝ လာသည်။ ဘယ်သူတွေ ထွက်၍ ကနေ၊ ဆိုနေ၊ ဆိုပြော၊ ငိုပြော စကားလုံးများ မေ့နေကြလျှင် ကန့်လန့်ကာကြားက ပွဲထိုင်ကြည့်နေသော ပေါက်စမင်းသမီးက ထောက်ပေးလိုက် သည်။

ဇာတ်ဆရာ အရီးလေးကို ၀န်ကြီးလုပ်ထွက်ပါရစေ ပူဆာသည်။ ပူဆာလွန်း၍ သူ့အရွယ်နှင့် လိုက်အောင် ၀န်ကြီးအ၀တ် တိုင်းချုပ်ပေးရသည်။ ၀န်တွေ ထွက်လျှင် သူကလေးကို နောက်တိုးဝန် ပေါက်စအ ဖြစ် ပွဲထုတ်လိုက်သည်။ ၀န်ကြီးများ နောက်မှ ၀န်တစ်ပတ်လှည့်ကလေး၊ ၀န်က,ကို ကျ ကျနန ကပြသွားသည်။

ဇာတ်ထဲ၌ ကလေးသဘာဝ ဆော့ပြုကစားနေခြင်း လုံးဝမရှိသည့် အပြင် ဇာတ်သူဇာတ် သားတို့ကို သြဇာပေးလျှင် ပေးရ၊ မပေးရလျှင် အလကား အငြိမ်မနေ။ သူ့ပါးစပ်က အမြဲသီချင်း ဆိုနေကာ သူ့ပါးစပ် ဆိုင်းနှင့် သူ ကွေးနေအောင် က,နေလေ့ရှိသည်။

သူ့ကို အပျိုတော် မင်းသမီးလေးက တစ်ဆင့်တက်၍ ဇာတ်ဆရာအရီးလေးက တစ်ပင်တိုင် မင်းသမီးလေးအ ဖြစ် ပွဲထုတ်လိုက်ပြန်သည်။ သုခုမ အနုပညာ၏ အဆိုအက၊ နှစ် ရပ်စလုံး က, တတ် ဆိုတတ်ရန် မြေတောင်မြှောက်ပေးခြင်း ဖြစ်သည်။

တစ်ပင်တိုင်မင်းသမီးလေး ဖြစ်လာသော အခါ ပတ်စာပိုးဆိုကလျက် ပွဲကြည့်ပရိသတ်များ သနားအောင် တွတ်တီးတွတ်တာ ပြောက,တတ်သည်။

သူ့အရွယ်ကလေးနှင့် အမေမုဆိုးမကို သဘင်ပညာဖြင့် လုပ်ကျွေးနေရသည့်အကြောင်း တီတီတာတာ ဖွဲ့ကာနွဲ့ကာပြောတတ်လွန်း၍ ပွဲကြည့်သူများ က ကရုဏာရှိလာကာ သူ့ကို ဆုချ ကြသည်။

ကန့်လန့်ကာရှေ့တွင် တွတ်တီးတွတ်တာ ပြောဆိုနေစဉ် ကန့်လန့်ကာနောက်၌ အမေ မုဆိုးမသည် တရှုပ်ရှုပ် ငိုနေတတ်သည်။

ဇာတ်ထဲဝင်တာနှင့် ညချင်းမွေး နေ့ချင်းကြီးလာသော ခြောက်နှစ် သမီးအရွယ် မင်းသမီး ပေါက်စ ကြည်ကြည်ဌေးသည် တစ်ပင်တိုင်မင်းသမီးလေး ‘အောင်မြကျင်’နာမည် နှင့် တရှိန်ထိုး ကျော်ကြားသည့်ဘ၀သို့ ရောက်ရှိလာသည်။

အောင်မြကျင် ရှစ်နှစ် သမီးအရွယ်၌ ဇာတ်မင်းသမီးကြီးဒေါ်စိန်ယုံ ကွယ်လွန်သွားသည်။ ဇာတ်မက, နိုင်တော့ဘဲ ဇာတ်ခေါင်းကွဲသွားသည်။

ထိုအချိန်တွင် ကြည်ကြည်ဌေး၏ အစ်မများ မှာ အိမ်ထောင်ကျကုန်ကြသည်။ ဇာတ်မင်းသမီး မလုပ်ချင်သော မခင်ညိုသည် ဇာတ်ထဲမှ ကိုယ်လွတ်ရုန်းထွက်လျက် အိမ်ထောင်ပြုသွားသည်။

အောင်မြကျင်တို့ သားအမိသည် ဦးဘခင်၊ မင်းသမီးကြီး မရေသွယ်တို့ ထူထောင် သော ဇာတ်တွင် လိုက်ပါသွားကြသည်။ ထိုမှတစ်ဖန် အမယ်ကြီးအိုအောင်စိန် ဇာတ်ထဲ၌ ပါရင်း စာ

ရေး ဆရာ နယားပြန်ဆရာခနှင့် သွားတွေ့ ကြသည်။

ဆရာခသည် ရှစ်နှစ် သမီးအောင်မြကျင်ကိုမြင်မြင်ချင်း အပွေးမြင် အပင်သိသည်။ တောက် မည့်မီးခဲ၊ အရှိန်နှင့် ရဲရဲ၊ အသက်နှင့် မလိုက်အောင် ဇာတ်ရည်ဝနေခြင်းကို အံ့သြချီးကျူး၍ မကုန်နိုင် အောင် ဖြစ်နေသည်။ အောင်မြကျင်နှင့် ရွယ်တူတန်းတူအရွယ် သူငယ်လေး တစ်ယောက် ကို အပူ တပြင်းလိုက်ရှာသည်။

ညောင်ဦးအထက် လက်ပံချီပေါရွာမှ ‘ကြီးရွေ’ခေါ် သူငယ်လေး တစ်ယောက် ကို ရှာတွေ့  လာသည်။

ကြီးရွှေကို အဆိုအက ရအောင် ဆရာခက ကြပ်မတ်၍ ပညာသင်ပေးသည်။ ကြီးရွှေ အဆို အက တတ်လာသည့်အခါ အောက်ချင်းဖိုငှက် အမည် စွဲ၍ ‘ကြီးရွှေ’ကို အောက်ချင်းဖို၊ အောင်မြ ကျင်ကို အောက်ချင်းမ အမည် ပြောင်း၍ သူ့ဇာတ်ထဲတွင် နှစ် ပါးသွား က,ခိုင်းသည်။

အောက်ချင်းမနှင့် အောက်ချင်းဖိုတို့ ကလေးစုံတွဲ ကို မင်းသား မင်းသမီး နှစ် ပါးသွားခန်းကြီး မထွက်ခင် နှစ် ပါးသွားကလေး အရင်ထွက်က,ခိုင်းခြင်း ဖြစ်သည်။

‘အပျိုစစ်ပါ၊

အစ်ကိုချစ်စရာ၊

မြကျင် ပျိုကညာ

စနစ်ကျကျနန၊ အထအကြွနှင့် ဂနသေချာ

ပြေပြေရွာရွာ … ကြေကြေညာညာ …

သြဘာနာမည် လင်းသော ကြောင့် …

မင်းအပေါင်းတို့ ဂုဏ်အင်္ဂါ …

သတင်းကောင်းစုံလင်စွာ …

အဖေ ခ က စီမံရှာ”

အောက်ချင်းဖိုနှင့် နှစ် ပါးသွားပွဲက,စဉ်က ရှစ်နှစ် သမီး ကြည်ကြည်ဌေးသည် ဤသီချင်းကို ပတ်စာ ပိုး အဆိုအသွားမျိုး ဆို၍ က,သည်။

“သြော် … တတ်သည့်ပညာ မနေသာဆိုသလို ကျွန်မ၀ါသနာပါသည့်အတွက်ကယ်ကြောင့် အဲဒီ လို ၀ါသနာဘာဂီကို မဖျက်နိုင်လို့ မရှက်မကြောက်နဲ့ ကရပေတာ။

ဘယ့်ကလောက်မှ မလှတာကြောင့် အကြောင်းကံက နည်းလေတော့ ကောင်းလှပါ တယ်လို့တော့ မဟုတ်ပါဘူး ရှင်တို့ရဲ့ … အစ်ကို အစ်မတို့ အပျင်းဖြေစရာ ကျွန်မဆိုပြမယ့် သီချင်း တွေ ဟာ နမူပိုင်ပိုင်နဲ့လည်း ကခဲ့ပါသရှင့်၊

ဇူလိုင်လကမှ ရေး စပ်လို့ ပေးအပ်သေချာ

အမှေးအကပ်နဲ့ နားဝင်သာစရာ

ယခုနှစ် တော့ ပညာကလည်း နုသေးတော့

အစဉ်ညှာတာလို့ ရှုကြပါတော့

တဆိတ်ကြီးပွားလို့ မြန်မကြာ

နိသျှည်းရလောက်ပါ အမှန်ပါ

အလုံးအထည်ကလည်း မထွားသေးသမို့

အများ တို့ ကြိုက်စရာ အားစိုက်မှာ

တိုးပွားဖို့ ရှေ့လျှောက် ကြိုးစား သင်ဦးမှာ ”

နောက်ထွက်ကမည့်  နှစ် ပါးသွား မင်းသားမင်းသမီးကြီးများ ကကွက် ဆိုကွက်များ မကျန်အောင် ရှေ့ကနေ၍ အစွမ်းကုန်ကြဲသွားတတ်ခြင်းကြောင့် ရှေ့တော် ပြေး နှစ် ပါးသွားကလေး စုံတွဲ ထွက်ခါနီး ပြီဆို လျှင် မင်းသား မင်းသမီးကြီးများ က ၀ိုင်းဟောက်ကြသည်။

“တို့ သေမင်းကလေးတွေ ထွက်ြ ကတော့မယ်ဟေ့ … တို့ဆိုဖို့ တို့ကဖို့များ ချန်ခဲ့ကြပါဦး … သေနာ လေးတွေ ”

ပွဲကြည့်ပရိသတ်မှာ ကလေးနှစ် ပါးသွားကို ပို၍ ကြိုက်ကြသည်။ စွဲကြသည်။ တကယ့်မင်းသား၊ မင်း သမီးကြီးတွေ လက်ဖျားခါရမည့်  နှစ် ပါးသွားဟု ချီးကျူး၍ မဆုံးအောင် ပြောစမှတ်ပြုကြသည်။

အောက်ချင်းမကို ငှက်မလေးသဏ္ဌာန် စက်ကြိုးဖြင့် တစ်ခန်း ထွက်က,ခိုင်းသည်။

အောက်ချင်းမ အဆိုအက ပိုင်လွန်း၍ ပရိသတ်အကြိုက်တွေ့ သည်။ ပွဲကြည့်ပရိသတ်က အောက် ချင်းမကို ပီပီသသပင် မခေါ်ြ ကတော့ဘဲ ‘အောင်ချင်းမ’ဟု ခေါ်ကြသည်။

ကြည်ကြည်ဌေးသည် ရှစ်နှစ် အရွယ် တစ်ပင်တိုင်မင်းသမီး ‘အောင်မြကျင်’ အ ဖြစ်မှ ‘အောင်ချင်းမ’ အမည် ပြောင်း၍ ထင်ပေါ်ကျော်ကြားလာသည်။

အောက်ချင်းမသည် ပုဂံ၊ ညောင်ဦး၊ မကွေး၊ ချောက်၊ စလင်း၊ စကု စသည့် အထက်ဘက်ရှိ မြို့တကာသို့ လှည့်ကပြခဲ့ပြီးနောက် ပြည်မြို့သို့ ရောက်သော အခါ မိုးက၍ ဇာတ်ခေါင်းခွဲလိုက် ကြရသည်။

ကြည်ကြည်ဌေး၏ မိခင်သည် သမီးလေး က,လေရာနောက်သို့ အတူတကွ လိုက်ပါ စောင့်ရှောက်သည်။ သူများ ဇာတ်ထဲ လိုက်က,ရခြင်းကို အောက်ကျသည်ဟု ထင်လာသည်။

ဇာတ်ဆရာထံတွင် ပိုက်ဆံတောင်းလျှင် ‘အိပ်နေသေးတယ်၊ နေပါဦး’ ဆိုလျှင် ထိုင်စောင့် နေရသည်။ သမီးကလေးလုပ်စာကို ဇာတ်ဆရာထံ၌ လက်ဝါးဖြန့်ခံ တောင်းရခြင်းအတွက် တစ် နေ့တခြား စိတ်ပျက်လာသည်။

ထို့ကြောင့် ဇာတ်မင်းသမီးကြီး ဒေါ်စိန်ယုံ၏ ကျန်ရစ်ခဲ့သော ဇာတ်ပစ္စည်းများ ကို ပြန်ယူကာ သမီး လေးပညာကို အားကိုးအားထားပြုလျက် အမေကိုယ်တိုင် ဇာတ်ထောင်လိုက်သည်။

ကိုယ်ပိုင်ဇာတ် ထောင်လိုက်ပြီးနောက် အောင်ချင်းမနှင့် ရွယ်တူ ကလေးမင်းသား လိုက်ရှာ ရပြန်သည်။ မြန်မာ့ဝန်ထမ်း မောင်ဟန်စိန် မင်းသားကလေး ရှာတွေ့ ၍ ကလေးဇာတ်ထောင်လိုက် သည်။

ဤ ကလေးဇာတ်ကို အောင်ချင်းမက ဇာတ်စီးလေသည်။ ကလေးဇာတ်ထဲတွင် ၀န်ကြီးနှင့် လူကြမ်း များ သာ လူကြီးများ ဖြစ်လျက် တစ်ဇာတ်လုံး ကလေးများ ဖြစ်ကြသည်။

အောင်ချင်းမသည် ဇာတ်ထဲဝင်လာသော ကလေးပေါက်စ ဘ၀ကတည်းက သဏ္ဌာန်လုပ် သရုပ်တူ ရမည် ဆိုသည့်စကားကို သူ့နားထဲ ဖန်တစ်ရာတေအောင် ကြားထားသည့်အတိုင်း သူ့ခေါင်း၌ သံမှိုစွဲထား သည်။

ရှစ်နှစ် ကိုးနှစ် ဖြစ်လင့်ကစား လူကြီးတွေ ဟန်အမူအရာအတိုင်း တူအောင် လုပ်တတ် သည်။ လွမ်းခန်းများ တွင် လူကြမ်းက သူ့ကို ပါးရိုက်သည့်အခန်း ပါခဲ့လျှင် တကယ်ရိုက်ရန် မှာ ကြား ထားသည်။

လူကြမ်း ပါးရိုက်မည့် အခန်း၌ မရိုက်သေးဘဲ လက်ကရွယ်၍ “ပါးပြင် ၀ါးတင် သွားစင် ကရော” လူကြမ်းသည် သူ့နှုတ်မှ ဒါချည်းပဲ ထပ်တလဲလဲဆိုနေသည်။

“ရိုက်မှာ မရိုက်ဘူး … ဘယ်လို ငိုရမှာ တုန်း”

ပွဲကြည့်ပရိသတ် မသိအောင် ငေါက်လိုက်သည်။ ထိုအခါမှ လူကြမ်းက ပါးကလေးကို ရဲ သွားအောင် ဖြန်းခနဲ ချလိုက်သည်။

အောင်ချင်းမသည် သူ့ပါးကလေးကို ပွတ်ကာ လှိုက်လှဲစွာ ငိုချင်းချသည်။

“သနားလိုက်ပါရှင် …

ပါးရိုက်တာ မတော် လှသော်ကြောင့်

မျှော်ဆကာ အကြောင်းကံနှင့်

တောင်းပန်သည့် စကား”

သူ့ကိုယ်သူ ဇာတ်ကနေသည်ဟု သိစိတ်မထားပေ။ သူ့ကိုယ်သူ တကယ် ဖြစ်ပျက်နေ သည့်အတိုင်း ခံစားချက်ဖြင့် တကယ်ငိုနေခြင်း၊ လွမ်းနေခြင်း ဖြစ်သည်။

အောင်ချင်းမလွမ်းခန်းသယ်နေလျှင် ပွဲကြည့်ပရိသတ်တို့သည် မျက်ရည်ရွှဲလျက် ရင်ဆို့ နေကြသည်။

အောင်ချင်းမတို့ ကလေးဇာတ်တွင် ဇာတ်ပွဲကြီးများ နည်းတူ နိပါတ်၊ ရာဇ၀င်၊ သမိုင်း၊ ဇာတ်များ က, ပြသည်။

ပဋာစာရီ၊ စောင်းမြိုင်၊ ချင်းမသားလု၊ ရေနံချောင်းသမိုင်း၊ ကျိုက်ထီးရိုးသမိုင်း၊ သိင်္ခ၀ိလီယဇာတ်များ ကို အောင်ချင်းမကိုယ်တိုင် ဦးစီးက,သည်။

မင်းသမီး အကန်းလုပ်၊ အရူးလုပ်၊ တန်ဆာချွတ်သည့် အကမျိုးကို သူမတူအောင် ထူးချွန်

စွာ က,ပြသည်။ အောင်ချင်းမတို့ ကလေးဇာတ်ဆိုလျှင် ဘယ်မြို့၊ ဘယ်အရပ်ရောက်ရောက် ရုံ ပြည့်အောင် ကြည့်ကြသည်။

ဇာတ်ထဲ၌ အောင်ချင်းမက ၀န်ကြီးများ ကို အငိုခိုင်းသည်။ ငိုရမည့် စကားလုံးကို သူက သင် ပေးသည်။

“ရှင်တို့ဟာက ဆိုင်းက တိန်-တိန်-တိန် … ဆိုတော့ ရှင်တို့လက်က အင်္ကျီဖားဖားနဲ့ မျက် နှာကာလိုက်ရုံနဲ့ ပြီးရောလားရှင့်။ ဒါ ငိုတာလား။ အရုပ်လို မငိုကြစမ်းပါနဲ့။ နှာလေးများ ဟန်နဲ့ပန်နဲ့ ဟောဒီလိုများ ညှစ်ပြစမ်းပါဦး”

တစ်ဇာတ်လုံး စိတ်တိုင်းမကျသမျှ သူကချည်း သင်ပြနေသည်။ မင်းသားလေး မောင်ဟန် စိန်သည် အောင်ချင်းမက သူ့ကို သြဇာပေးလွန်းသည်။ မကနိုင်ဘူးဆိုကာ ဇာတ်ထဲမှ ထွက်သွား သည်။

ကလေးဇာတ်ကို အောင်ချင်းမကိုယ်တိုင် ဦးစီးပြီး သြဇာပေးလွန်းသည်ဟု နာမည် ထွက်မှု ကြောင့် မင်းသား အခေါ်မရဘဲ ဇာတ်နားထားရပြန်သည်။

အောင်ချင်းမ (၁၃)နှစ် အရွယ်၌ နယားပြန် ဆရာခတို့ဇာတ် ပြည်မြို့သို့ ရောက်လာ၍ ဆုံမိ ကြပြန်သည်။

ဆရာခမှာ အောင်ချင်းမ ဇာတ်ခွဲထောင်သွား၍ သူ့မင်းသားလေး အောင်ချင်းဖိုနှင့် တွဲ က, ရန် ဇီးကွက်စိန်၊ ဒီးဒုတ်စိန်၊ မင်းသမီးနှစ် လက် ရှာထည့်ထားရသည်။

ဆရာခက သူ့ဇာတ်ထဲ ပြန်လိုက်က,ရန် ခေါ်သည်။ အောင်ချင်းမလို အသက်နှင့် မလိုက် အောင် ပညာရည် ပြည့်ဝနေသည့် မင်းသမီးလေးမျိုးကို ဘယ်မြို့၊ ဘယ်အရပ်မှာ မှ ရှာမတွေ့ နိုင် မှန်းသိ၍ ချော့၍ ပြန်ခေါ်သည်။ ငွေပိုပေး၍ ပြန်ခေါ်သည်။

အောင်ချင်းမ၏ မိခင်မှာ ဇာတ်တစ်စင်ထောင်ပြီးသား ဖြစ်နေ၍ ဇာတ်ဖြုတ်ကာ ဆရာခ နောက်သို့ မလိုက်နိုင်။ အောင်ချင်းမနှင့် တွဲ က,မည့်  မင်းသားလေးရှာဖို့ရန်သာ အရေး ကြီးနေသည်။

ဆရာခသည် အောင်ချင်းမကို ချော့မရ၊ ပြောမရသည့်အဆုံး မင်းသားလေး ရအောင် ရှာ ပေးမည် ။ သူနှင့် လိုက်ခဲ့” ဟု ခေါ်သွားသည်။

သားအမိနှစ် ယောက် သည် ဇာတ်ပစ္စည်း၊ ဇာတ်သူဇာတ်သားများ စုစည်းလျက် လှေကြီး တစ်စင်းဖြင့် မင်းသားရှာရန် ဆရာခနောက်သို့ လိုက်သွားကြသည်။

ဆရာခတို့ ဇာတ်လှေကြီးနှင့် အောင်ချင်းမတို့ ဇာတ်လှေကြီး နှစ် စင်းယှဉ်ကာ ပြည်မြို့မှ ထွက်လာကြသည်။

ခရီးလမ်းတွင် ထုံးဘို၊ သလဲတန်း စသည့်အရပ်များ တွင် မြစ်ဆိပ်၌ လှေဆိုက်၌ ဆရာခတို့ ဇာတ် တက်က,ကြသော အခါ သူတို့လှေကိုလည်း မြစ်ဆိပ်၌ ဆိုက်ကပ်ထားရသည်။

တစ်နေ့တွင် ဆရာခက သူ့ဇာတ်ထဲ ၀င်ကူရန် တောင်းပန်သော ကြောင့် ဆရာခတို့ဇာတ်ထဲ

ဝင်ကူပေးရသည်။ ရုတ်တရက်ကြီး ဖြစ်၍ ဇာတ်လည်းမတိုက်ရ။ သီချင်းစာသားလည်း မရ ဖြစ်နေ သည်။

“ကမှာ သာ ၀င်ကပါ။ သမီးက ရှေ့ကပြော။ အဖေက ကန့်လန့်ကာကြားက ၀င်ထောက် ပေးပါ့မယ်”

ဆရာခသည် အောင်ချင်းမ၏ ပညာအရည်အသွေးကို အစင်းသိ ဖြစ်သည်။ စိတ်ချပြီးသား ဖြစ်သည်။ စိတ်ချပြီးသား ဖြစ်သည်။ အောင်ချင်းမကို ဇာတ်တိုက်ရန် မလို။ သီချင်းကျက်ခိုင်းစရာ မလို၊ ကန့်လန့်ကာနောက်က ထောက်ပေးရုံနှင့် ကိစ္စပြီးမှန်း စိတ်ချယုံကြည်ပြီးသား ဖြစ်သည်။

အောင်ချင်းမသည် ဆရာခကို ကူရန် မြစ်ဆိပ်မှ တက်က,ရပြန်သည်။

“အမေ … စူဠသုဘဒ္ဒါ လုပ်ရမတဲ့။ အဲဒီ ဇာတ်ထုပ်ကို တစ်ဆိတ် ပြန်ပြောပြပါ အမေ”

အောင်ချင်းမ၏ အမေသည် သမီးလေး ညဇာတ်ဝင်က,ရန် မြစ်ဆိပ်လှေထဲ၌ ဆဒ္ဒန် ဆင်မင်းဇာတ် ထုပ်ကို ပြောပြသည်။

အမေ ပြောပြနေသော ဆဒ္ဒန်ဆင်မင်းဇာတ်ထုပ်တွင် သူ့ကိုယ်သူ စူဠသုဘဒ္ဒါ နေရာ၌ ထား ၍ နားထောင်နေသည်။

“မယားငယ် လုပ်ရမှာ သမီး၊ မယားငယ်နဲ့ တူအောင် လုပ်ရမှာ ”

အောင်ချင်းမသည် ဇာတ်တိုက်ချိန် မရသော်လည်း စူဠသုဘဒ္ဒါ အခန်းကို ပရိသတ် အကြိုက်တွေ့ အောင် ကပြသည်။

ဘယ်အခန်းကပဲ လုပ်ရလုပ်ရ၊ လုပ်နိုင်မည် ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိသည်။ သူ့ကိုယ်သူ အာမခံ ချက်ရှိသည်။

ထိုညက မင်းသားကြီး ဆရာခက မုဆိုးလုပ်သည်။ စူဠသုဘဒ္ဒါကို ‘ဆရာခ’ပင် ကန့်လန့် ကာနောက်မှ သီချင်းထောက်ပေးသည်။ ဆရာခနှင့် အတူပြိုင်၍ ထွက်ကြရလျှင် အောင်ချင်းမ သည် ပတ်ပျိုးရှိ၊ သဖြန်ရှိတာပဲဟု လက်တန်း ဆိုက,သည်။

ခြောက်နှစ် သမီးမှ ၁၃နှစ် သမီးအထိ သဘင်ဂီတဘက်၌ ခုနစ်နှစ် ပတ်လုံး အခြေခံထားရှိ သော ကြောင့် ကျွမ်းကျင်နှံ့စပ် လည်ပတ်လာသည်။

သီချင်းကြီးများ အတွက် မဟာဂီတ စာအုပ်ကြီးသည် သူသွားလေရာ အမြဲပါသည်။ ဇာတ် စာအုပ်ကလေးများ တွေ့ လျှင် ယူဝယ်ကာ မျက်နှာမခွာ ဖတ်နေတတ်သည်။

ပတ်ပျိုး၊ တေးထပ်၊ သဖြန်၊ လေးချိုး၊ ငိုချင်းများ ကို စာအုပ်ထဲ၌ တွေ့ ၍ စာသားကြိုက်ပြီ ဆိုလျှင် အရ ကျက်ထားသည်။

၁၃နှစ် သမီးအရွယ်၌ ကြည်ကြည်ဌေးသည် ရတုကို ငါးပေါက် ဆိုချင်မှ ဆိုသည်။ နားကတ် သလို လေးပေါက်ကပ် သို့ မဟုတ် နှစ် ပေါက်ကပ် အသံသွင်း၍ ဆိုချင်သလို ဆိုလိုက်သည်။

ခန်းတွင်းရိပ်သာ ပတ်ပျိုးကို ခြောက်နှစ် သမီးအရွယ် တစ်ပင်တိုင် မင်းသမီးကလေးဘ၀က

ဆိုလာခဲ့သည်။

ဤပတ်ပျိုးကိုပင် လွမ်းခန်းများ တွင် စည်းမပါဘဲ ငိုချင်းဆိုချင်လည်း ဆိုချလိုက်သည်။ အမျှော ဆို ချင်လည်း ဆိုလိုက်သည်။

ဆိုင်းဝိုင်းက မင်းသမီးကို အထူးဂရုစိုက်ရသည်။ တေးထပ်ကို ငိုချင်းလုပ်၍ ဆိုနေပါက ဆိုင်းက စည်းလွှတ်ပေးလိုက် ရသည်။

ပရိသတ် စွဲလောက်အောင် ဖွဲ့ကာနွဲ့ကာ ပြောငို ဆိုငို၍ သုဘဒ္ဒါလွမ်းလေတော့သည်။ ငို ချင်းဆိုရာမှ ကန့်လန့်ကာနောက်မှ ထောက်သံဝေးလျှင် ငိုချင်းအဆိုကို ရပ်လျက် ဖွဲ့နွဲ့ဖြည့်စွက် ပြောဆိုနေသည့် စကားများ ကို ကြေးသံပတ်သံ စွဲအောင် ပြောသွားသည်။

လွမ်းခန်းများ တွင် သူက,ပြနေသော ဇာတ်ထုပ်ကို ရုပ်လုံးပေါ်အောင် အဓိပ္ပါယ်ကလေး ရှင်းဖော် ပြောဆို၍ ငိုပြရမှ အားရကျေနပ်တတ်သည်။

နံနက်လင်းလေလျှင် “စူဠသုဘဒ္ဒါမင်းသမီးကလေး သိပ်ကောင်းတာပဲ” ဟု ဈေးထဲ၌ ဟိုး လေးတကျော် ဖြစ်နေမှု ကြောင့် ဆရာခက အောင်ချင်းမကို မင်းသားမရှာဘဲ သူ့ဇာတ်ထဲ လိုက်က, ရန် အတင်းဆွဲသည်။

“ဇာတ်အဖွဲ့ကြီးနဲ့ လိုက်လာခဲ့ရတာ မင်းသမီးဝင်လုပ်နေလို့ ဘယ် ဖြစ်မလဲဆရာ”

အောင်ချင်းမ အမေက ငြင်းဆန်သည်။ ဆရာခပြောသည့်အတိုင်း ဇာတ်မင်းသား ရှာပေး ရန် နားပူလေသည်။

ထုံးဘို၊ သလဲတန်း၊ ဇာတ်ရုံတွေ မှာ ရေကြည်၊ အသုတ်၊ အိမ်မဲမြို့သို့ ရောက်ကြသည့်အချိန် အထိ မင်းသားရှာမတွေ့ ကြသေးချေ။

အိမ်မဲမြို့ သူဌေးဦးဘမောင်၏ ပန်းခြံထဲ၌ ဆရာခဇာတ်ထဲတွင် ၀င်ကူက,ရပြန်သည်။ ဦးဘ အောင်သည် သူ့မိဘနှစ် ပါး၏ အလောင်းကို ပန်းခြံထဲတွင် မြှုပ်၍ ရွှေဂူလုပ်ကာ နှစ် တိုင်း ပွဲခံမြဲ ဖြစ် သည်။

ဆရာခနှင့် သာ လိုက်က,နေကြလျှင် မင်းသားကို ရှာမရ ဖြစ်တော့မည် ။ လှေကြီးပေါ်၌ တင် လာသော ဇာတ်စရိတ်ကလည်း ကြီးလှသည်။ ဆရာခတို့ဇာတ်ကို အိမ်မဲမြို့၌ ထားခဲ့ကာ ခွဲထွက် လာခြဲ့ ကတော့မှ ကျုံပျော်သို့ ရောက်ကြသည်။

ကျုံပျော်မြို့သို့ ရောက်သော အခါ ဇာတ်သူဇာတ်သားများ နှင့် ဇာတ်ပစ္စည်းများ ကို ရုံထဲ၌ ထားခဲ့ကာ မင်းသားရှာကြပြန်သည်။

ရေကြည်မြို့က ဆိုင်းဆရာ၏ သားကလေး က,တတ်ဆိုတတ်သည့် သတင်းကြား၍ လိုက် ခေါ်ကြသည်။ ဆိုင်းဆရာ၏ သားကလေးကို ‘ရွှေဒေါင်းဘို’ အမည် ပေးလျက် အောင်ချင်းမမင်းသမီး လေးက အဆိုအက သင်ပြပေးသည်။

အောင်ချင်းမနှင့် ရွှေဒေါင်းဘိုတို့ ဇာတ်ထွက်ကြသည်။

နှစ် ပါးသွားသည့်အခန်း၌ လူရွှင်တော် လူပြက်ကြီးများ ကို အားမရ၊ စိတ်တိုင်းမကျသည့်အခါ အောင်ချင်းမသည် သူကိုယ်တိုင် ပြက်လုံးပေးပြီး ကပြသွားသည်။

မင်းသားတစ်ဘက် မင်းသမီး သုံးလက်နှင့် တွဲ က,ကြသည်။

အောင်ချင်းမအပြင် အခြားမင်းသမီးလေးနှစ် လက်က မယားကြီး၊ မယားငယ်လုကာ အောင် ချင်းမကို ထေ့စောင်း၍ ဆိုကြ က,ကြသည်။

အောင်ချင်းမသည် မခံချင်စိတ်ကလေး ထလာသည်။ ဇာတ်ခုံပေါ်မှာ တင် တေးတစ်ပုဒ်ကို လက်တန်းစပ်၍ ဆိုလိုက်သည်။

အပိုတွေ ထပ်ကာကြွားလို့

ဒီမှာ ၊ ရှင် … မုသားဆောင်ပါသရှင်

ဒါမျိုးကျတော့ ဒီက ပြိုင်စမ်းချင်

ကိုယ်ပိုင် မော်တော် ကား ရှိလျက်သားနဲ့

လန်ချားအစုတ်အပြတ်အသတ်

အရပ်ကတို့ရေ … ကြည့်ကြပါဦး

လန်ချား အစုတ်အပြတ် အသတ်

ဂျုံးဂျုံးကျတွေ ကိုမှ မက်တတ်ပါတဲ့ ကျွန်မလင်

ဆိုင်းဝိုင်းက ဇာတ်ခုံပေါ်မှာ အောင်ချင်းမ လက်တန်းထွင်၍ ဆိုလိုက်သော သီချင်းကို သ ဘောကျလွန်း၍ အားရပါးရ တီးပေးလိုက် ကြသည်။

ဇာတ်သဘင်လောက၌ စွမ်းရည်ထက်မြက်လာသော ကြောင့် ကြည်ကြည်ဌေး၏ မွှေးရနံ့သ တင်းသည် ဇာတ်က,လေရာ အရပ်တကာတိုင်းတွင် ပျံ့နှံ့ကျော်ကြားလျက်ရှိသည်။

ရွှေဒေါင်းဘိုနှင့် တွဲ ၍ တစ်မြို့ပြီးတစ်မြို့ လှည့်က,ကြသည်။

ဟင်္သာတမြို့၌ မိုးကျလာသဖြင့် ခမောက်စု ဇာတ်ရုံထဲတွင် မိုးခိုရင်း သော င်တင်နေကြ သည်။ မိုးကျ၍ ဇာတ်သမားများ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကုန်ကြသည်။ ဇာတ်ပစ္စည်းများ နှင့် သားအမိ နှစ် ယောက် ရုံထဲတွင် ကျန်နေရစ်ခဲ့ကြသည်။

ရုံပိုင်ရှင်က မိုးတွင်းဘက် ဇာတ်ရုံပိတ်ထားရမည့် အတူတူ ဖြစ်သလိုပဲ မင်းသားရှာက,ရန် တိုက်တွန်းခြင်းကြောင့် မင်းသားရှာကြည့်သည်။ သက်တူရွယ်တူ မင်းသားရှာမတွေ့ ဘဲ ဇာတ်မင်း သား ရွှေမန်းထွန်းကြိုင်ကို ရှာတွေ့ သဖြင့် မင်းသားကို တစ်ည ၆ကျပ်နှင့် ငှားလိုက်ကြသည်။

ရွှေမန်းထွန်းကြိုင်သည် ၁၃ နှစ် အရွယ် မလောက်လေး မလောက်စား အောင်ချင်းမ မင်း သမီးလေ နှင့် တွဲ ၍ ကပြရမည့် အတွက် စိတ်ထဲ၌ သိပ်မကြည်၊ အားမလိုအားမရ ဖြစ်နေသည်။

“ဟဲ့ … ကောင်မလေး၊ ဒီည ကပြမယ့်ဇာတ်ကို ငါစီးမယ်နော် … နားလည်လား”

“ဦးလေးက ဘာဇာတ်ကမှာ တုန်း”

“ပဋာစာရီ မှော က်ခုံက,မယ်၊ ပဋာစာရီ မှော က်ခုံဆိုတာ နင်သိရလားဟင် … ငါပြောမယ် နားထောင်။ ပဋာ စာရီ ဇာတ်အစစ်က မင်းသမီးက ရူးရတယ်မဟုတ်ဘား။ မှော က်ခုံဇာတ်က,တော့ မင်းသားက ရူးရမယ်။ အဲဒီ တော့ ငါ ရူးမယ်။ ကောင်မလေး … နင်က စောစော သေ”

အောင်ချင်းမသည် မင်းသားထွန်းကြိုင်ထံမှ ဇာတ်ဝင်ငိုချင်း တောင်းထားလိုက်သည်။ သူ့ကို ဒါလောက်တောင် မင်းသားကြီးက နှိပ်ရ၊ ဖိရမလားဟု တစ်နေ့လုံး စိတ်ထဲ၌ တနုံ့နုံ့ဖြင့် အခဲ မကြေနိုင်လောက်အောင် ဖြစ်လေသည်။

“ရွှေမန်းထွန်းကြိုင်ကြီးနှင့် အောင်ချင်းမလေးတို့ တွဲ က,ကြမယ်တဲ့ … ဘယ်သူက သာမယ်မသိဘူး ဟေ့ …”

ဤသတင်းဖြင့် အရပ်က အကဲဖြတ်ချင်ကြ၍ တမင်များ ပင် လာကြည့်ကြသည်။

ပဋာစာရီဇာတ်ကို ပြောင်းပြန်မှော က်ခုံ ကပြကြမည် ဖြစ်သည့်အတွက် ပဋာစာရီသည် မြွေ ကိုက်ပြီး သေရ ပေမည် ။ မင်းသား ကိုဒါသက အလွမ်းသည်ကာ အရူးလုပ်ရတော့မည် ။

ကြည်ကြည်ဌေးသည် ပဋာစာရီဇာတ်ကို ပြောင်းပြန်လုပ်ပစ်သော မင်းသားကြီးကို မကျေ နပ်နိုင်ဘဲ စိတ်ထဲ၌ တနုံ့နုံ့ရှိ၍ အခဲမကျေနိုင်သည့် စိတ်ကြောင့် ပညာမာန ထူပြသည်။

ပဋာစာရီ မြွေကိုက်ပြီးသေရမည့် အခန်း၌ တော် တော် နှင့် မသေဘဲ သားလေးကိုခေါ်လိုက်၊ သမီးလေးကို ခေါ်လိုက်၊ မှာ လိုက်၊ ကြားလိုက်၊ ငိုလိုက်လွမ်းလိုက် လုပ်နေသည်မှာ ရောင် နီလာ သည့်အချိန်အထိ လွမ်းကောင်းနေတုန်းပင်။

ပွဲကြည့်ပရိသတ်မှာ မျက်ရည်နှင့် မျက်ခွက်၊ မင်းသမီးလေးက အစွမ်းကုန် ပညာပြနေခြင်း ကြောင့် ဘယ်အချိန်ရောက်သည်ကိုမသိကြ။ ပဋာစာရီ သေသွားမှ မင်းသားကိုဒါသ ရူးခန်းထွက်ရ မည့် အချိန်တွင် မိုးလင်းနေပြီ။

ရွှေမန်းထွန်းကြိုင်သည် တစ်ညသာလျှင် အောင်ချင်းမနှင့် တွဲ က,လျက် နောက်ညက,ရန် ခေါ်မရတော့ပေ။

မင်းသားရှာမရ၍ ခမောက်စုရုံထဲတွင် သော င်တင်လျက် သားအမိနှစ် ယောက် ဒုက္ခရောက် ရပြန်သည်။

အောင်ချင်းမ အမေက မင်းသား ထပ်ရှာပြန်သည်။

အောင်ချင်းမသည် ခမောက်စုဈေးထဲမှ ငှက်ပျောသီးသည် လင်မယား ကိုစိန်ထွားနှင့် မစိန်ပုကို သဘင် ပညာ သင်ပေးမည် ဟု ဇာတ်ထဲသွင်းကာ လူပြက်နှင့် မိန်းမကြမ်း လုပ်စေသည်။

၎င်းတို့၏ သမီးလေး မလှခင်ကို ၀ိဇ္ဇာခင်အမည် ပေးကာ လက်ထောက်မင်းသမီးကလေး အ ဖြစ် အောင်ချင်းမက အဆိုအက သင်ပြပေးလေသည်။

‘ကျော်မြင့်’ ဆိုသော သူငယ်လေး တစ်ယောက် ရှာရလာသည်။

ကျော်မြင့်ကို မင်းသားလုပ်စေကာ ခမောက်စု သီတင်းကျွတ်ပွဲတော် တွင် က,ကြသည်။

မင်းသားမစွံ၊ မင်း သမီးလေးကသာလျှင် တစ်ဇာတ်လုံး သယ်ရလျက် မင်းသားက ညံ့နေသည်။

မင်းသား ကျော်မြင့်နှင့် တစ်နွေလုံး က,သည်။

မင်းသားညံ့၍ အမြို့မြို့သို့ ရောက်တိုင်း မင်းသားအသစ် ရလိုမငြား စုံစမ်းသွားကြသည်။

လေးမျက်နှာမြို့၌ မင်းသား ဦးစိန်အောင်မင်းနှင့် တစ်ရွာတည်းနေထိုင်သော အောင်ဝိဇ္ဇာ မင်းသားက လေး၏ သတင်းကြား၍ အမေက လိုက်ခေါ်သည်။

အောင်ချင်းမသည် ရုပ်ချောလှသော မင်းသားသစ် အောင်ဝိဇ္ဇာနှင့် တွဲ က,သည်။ မင်းသား လေးမှာ အကအလွန်ကောင်း၍ အဆိုမရ။

အောင်ဝိဇ္ဇာ အဆိုမရသော ကြောင့် အောင်ချင်းမသည် ဇာတ်ကို သူပင် စီးကာ အဆို၊ အငို၊ အပြောတို့၌ သူပင်လျှင် သူ့ရှိသမျှ အစွမ်းအစ ထုတ်သုံးလျက် မင်းသားအဆိုညံ့ခြင်းကို သူက ထိန်းပေးရသည်။

ကပြသော ဇာတ်ထုပ်များ ကို တစ်ညလျှင် တစ်ထုပ်ပြောင်း၍ ကပြရခြင်းကြောင့် ဇာတ်ထဲ၌ ပါသော စာ သားတွေ ကို အရကျက်မနေနိုင်။ ကျက်လျှင်လည်း မမှတ်မိအောင် ထပ်နေသည်။

ဇာတ်သဘင်များ တွင် ကန့်လန့်ကာနောက်၌ ဖယောင်းတိုင်ထွန်း၍ စာပို့သော တစ်ယောက် အမြဲရှိကြ သည်။ ကန့်လန့်ကာနောက်မှ သီချင်းထောက်ပေးနေစဉ် ဖယောင်းတိုင်မီး ငြိမ်း သွားပါက ကန့်လန့်ကာရှေ့၌ ဆို နေသော မင်းသမီးသည် သူ့အဆိုကို ရပ်နေ၍ မ ဖြစ်။

ဤ အခက်အခဲမျိုး ကြုံလျှင် အောင်ချင်းမသည် ပါးရေနပ်ရေရှိသည့်အတိုင်း ပင်ကိုယ် စွမ်းရည်ဖြင့် ဖြေ ရှင်းပစ်နိုင်သည်။

“သိုက်ဆရာ ရှင်ရယ် …”

စာပို့သော သူက ကန့်လန့်ကာစနောက်မှ တိုးတိုးထောက်ပေးနေသည်။

အောင်ချင်းမသည် ကန့်လန့်ကာရှေ့မှ “သိုက်ဆရာရှင် …”

သံကုန်ဟစ်၍ ဆိုလျက် အင်မတန်လျင်သော နားဖြင့် ကန့်လန့်ကာနောက်သို့ နားစွင့်ထား သည်။

“ရိုက်ကာပင် မတရား မညှာတာ မပြုလိုက်ပါနဲ့ …”

ဤအသံကို ဆွဲငင်၍ ဆိုနေရင်းမှ “ဖြည်းဖြည်း ပြောပါဟဲ့” ကန့်လန့်ကာရှေ့၌ ထားသော မျက်နှာနှင့် ပင် ပွဲကြည့်ပရိသတ်မိသအောင် ပါးစပ်သိပ်မလှုပ်ဘဲ နောက်ကစာပို့ကြားအောင် ပြော လိုက်သည်။

“ရတနာတစ်ခု ရွှေစင်ကိုသာ ယူလိုက်ပါတော့ …”

အောင်ချင်းမက ကန့်လန့်ကာရှေ့မှ “ရတနာတစ်ခု ရွှေစင်ကိုသာ ယူလိုက်ပါတော့ …” ဆို ပြီးကား နောက်မှ စာပို့၏ ဆက်သံကို မကြားရတော့ပေ။

အောင်ချင်းမသည် စာပို့ဆက်သံမကြား၍ ပုဝါလေးကိုကိုင်ကာ မျက်ရည်တို့သလိုနှင့် မျက်နှာကိုဖုံးကွယ်ကာ သေပြေးရှင်ပြေး နောက်မှ စာပို့ကြားအောင် ပြောလိုက်သည်။

“ဟဲ့ … မြန်မြန် ဆက်ပါဟဲ့ …”

“မီးငြိမ်းသွားပြီ၊ စောင့်ဦး …”

အောင်ချင်းမသည် ရပ်စောင့်နေ၍ မ ဖြစ်၊ ရှေ့လည်း မဆက်နိုင်။ ထို့ကြောင့် …

“ချမ်းသာပေးပါ သိုက်ဆရာရယ်၊ ရွှေစင်ရွှေတိုက်ထဲက ရတနာတွေ ကို သိုက်ဆရာ ယူချင် သလောက် ယူ သွားပါရှင်၊ ယူပြီးတော့ ငွေခင့်ကိုတော့ ချမ်းသာပေးခဲ့ပါ သိုက်ဆရာရဲ့ …”

“သိုက်ဆရာရှင် … ရိုက်ကာပင် မတရား မညှာတာ မပြုလိုက်ပါနဲ့၊ ရတနာတစ်ခုကို …”

အောင်ချင်းမသည် ထိုသို့ ပြော၍ ထိုသို့ ပြန်ကြော့ကောက်၍ ငိုဆိုရင်းက ကန့်လန့်ကာ နောက်မှ စာပို့ကို ငေါက်လိုက်သည်။

“ဟဲ့ … ကောင်လေးရဲ့ ဆက်ပါတော့ဟဲ့ …”

ကန့်လန့်ကာနောက်မှ ဖယောင်းတိုင်မီး ငြိမ်းသွား၍ ကန့်လန့်ကာနောက်ကို ငေါက်ခါ အ ကြပ်ရိုက်နေသော ပွဲကြည့်ပရိသတ် မမြင်နိုင်သည့် အောင်ချင်းမ၏ အမူအရာကို ဆိုင်းဝိုင်းကပင် မသိကြသော ကြောင့် ထပ်ပြန်ကြော့ဆိုနေမှန်းကို မရိပ်မိကြ။

ဇာတ်ခုံအောက်မှ ဆိုင်းသည် ယနေ့ည အောင်ချင်းမ ဘယ်သီချင်းဆိုမည် ကို အတိအကျ မှတ်သားထား၍ မ ဖြစ်ပေ။

အောင်ချင်းမ ပါးစပ်ဟမှာ ကိုပဲ တစ်ချိန်လုံး ဆိုင်းက စောင့်ကြည့်နေရသည်။ အောင်ချင်းမ သည် အကွက်ဆိုက်ရာ ဥာဏ်လျင် ဥာဏ်ထွင်ပြီး တော် သလို သင့်သလို ကောက်ဆိုသွားသည်။

ဖြူပြာမူရာ ပတ်ပျိုးကို မထေ့တထေ့ ကလေးဖြင့် လွမ်းချင်းလုပ်ကာ ညည်းဆိုချင်ဆိုချလိုက် သည်။

တစ်ခါတစ်ရံ အောင်ချင်းမသည် “ရှင်တို့အမေ ဆိုလို့ဆဲ အိမ်ခွဲပါလို့ ဆောက်ရအောင်” ဟု ခြောက်ပေါက်သံ ပျိုးလိုက်သော အခါ ဆိုင်းဝိုင်းကြီးက ခြောက်ပေါက်နှင့် တီးနေစဉ်၊ ဤတစ်ပိုဒ်ကို ပင် ထပ်ပြန်၍ ‘အမှန်’ ကောက်ဆိုလိုက်ခြင်းကြောင့် နှဲဆရာကြီးသည် ကပျာကယာ နှဲကြီးကို ကောက် မှု တ်ရသည်။

ဇာတ်ပညာတွင် အကအဆို ပိုင်ရုံနှင့် မပြီးချေ။ ပညာကို ကိုယ့်အသက်လိုအောက်မေ့၍ ကိုယ့်အစွမ်း ကိုယ့်အစ ထုတ်သုံးတတ်ရသည်။

ဇာတ်ခုံပေါ်၌ အကျဉ်းအကျပ် ဖြစ်နေလျှင် ကယ်မည့် သူမရှိ။ ထိုအကျဉ်းအကျပ်များ ကို ဖြေ ရှင်းရန် ဥာဏ်ထက်သလို ရှာဖွေ၍ ဥာဏ်ထုတ်ရသည့်အခါ၌ အောင်ချင်းမသည် သူမတူအောင် ထက်မြက်သူ တစ်ယောက် ဖြစ်သည်။

* * * * *

(၂)

အောင်ချင်းမသည် အပျိုဖြန်းကလေးအရွယ် ၁၅နှစ် သို့ ၀င်ခဲ့ပြီ။ အပျိုပေါက် မင်းသမီးက လေးသည် လူပျိုပေါက် မင်းသားချောကလေး အောင်ဝိဇ္ဇာနှင့် တွဲ က,ကြရင်း ယခင်နှစ် တွေ က မ ဖြစ် ပေါ်ခဲ့သော စိတ်တစ်မျိုး ဖြစ်ပေါ်နိုးကြားလာသည်။

အောင်ဝိဇ္ဇာ မင်းသားလေး၏ ကဟန်၊ ဆိုဟန်၊ ငိုဟန်၊ ရယ်ဟန်တို့က အောင်ချင်းမလေး၏ နှလုံးသားကို ရိုက်ခတ်လာသည်။

နှစ် ပါးသွား က,ကြရင်းမှ တစ်ဦးနှင့် တစ်ဦး ချစ်ကြိုးသွယ်မိသွားကြသည်။ အောင်ဝိဇ္ဇာ၏ တေးသံကွန်ယက်တွင် ရစ်ဖွဲ့ထားခြင်းကို ခံ၍ နေရသည့်အတွက် စွဲငြိလှိုက်ဖိုလျက်ရှိသည်။

မင်းသား အဖေနှင့် အမေသည် အောင်ဝိဇ္ဇာ ဇာတ်က,ရာနောက်သို့ လိုက်ပါလာကြသည်။ အောင်ဝိဇ္ဇာ သည် မင်းသမီးကလေးနျင့် ချစ်ကြိုက်နေမှန်း မင်းသားအမေက ရိပ်မိသွားသည်။

သူ့သားကို ဇာတ်မင်းသမီးနှင့် သဘောမတူနိုင်။ သားကို ဇာတ်မင်းသမီးနှင့် မပေးစားနိုင်။ အရပ်သူနှင့် သာ ပေးစားမည် ။ အောင်ဝိဇ္ဇာသည် အမေကို အသေအလဲ ကြောက်ရသည်။ အမေ က သေဆိုသေ ရှင်ဆိုရှင်။

ဇာတ်ခုံရှေ့၌ သာလျှင် နှစ် ယောက် အတူ က,ကြရသည်။

အောင်ဝိဇ္ဇာသည် ဇာတ်ခုံရှေ့၌ အောင်ချင်းမနှင့် မေတ္တာပြိုင်သည်။ သစ္စာတိုင်သည်။ နှစ် ပါးသွားသီချင်းကို အဟဲ-အဟောလေးနှင့် ချစ်သူမင်းသမီးလေးကို ခွန်းသနှုတ်ချိုလျက်ရှိသည်။ ဇာတ်ခုံနောက်၌ မူကား အမေကို ကြောက်လှ၍ အောင်ချင်းမနှင့် အလျင်း စကားမပြောရဲပေ။

ငါးသိုင်းချောင်းမြို့နှင့် ခြောက်မိုင်ဝေးသော ကညင်ငူသို့ ဇာတ်အဖွဲ့ ရောက်လာသည့်အခါ မိုးကျလာ သည်။

မိုးတွင်းဘက် ဇာတ်နားရသည်။ အောင်ဝိဇ္ဇာ မင်းသားလေးသည် အဖေအမေများ နှင့် အတူ ဇာတိရပ်မြေ လေးမျက်နှာမြို့သို့ ပြန်သွားရသည်။

မင်းသားလေးက ပြန်တော့မည် ဆို၍ မင်းသားလေးနှင့် မခွဲနိုင်သော ကြောင့် အောင်ချင်းမ က သူ့ကိုပါ တစ်ပါတည်း ခိုးသွားရန် ပူဆာသည်။

အောင်ဝိဇ္ဇာက “အမေ့ကို ကြောက်တယ်… မခိုးဝံ့ဘူး” ခေါင်းခါလေသည်။ လေးမျက်နှာ မြို့သို့ မိဘများ နှင့် အတူ မင်းသားလေး ပြန်လိုက်သွားသည်။

မိုးတွင်းဘက် ဇာတ်နားလိုက်သည်။ ရောက်ရာ အရပ်တကာတို့၌ မိုးကုန်အောင် စောင့်ရ မြဲ ဖြစ်ခြင်း ကြောင့် အောင်ချင်းမတို့သားအမိသည် ကညင်ငူတွင် သော င်တင်ကြသည်။

အောင်ဝိဇ္ဇာကို လွမ်းလှသည်။ အောင်ဝိဇ္ဇာ ပြန်သွားကတည်းက အောင်ချင်းမမှာ မျက်ရည် နှင့် မျက်ခွက်။ မအိပ်နိုင်၊ မစားနိုင်၊ တွေးမိလေတိုင်း အသည်းဆိုင်ကလေးမှာ သိမ့်သိမ့်ခါအောင်

လွမ်းဆွေးနေတော့သည်။

မြင့်မိုရ်တောင်အစွန်းက ဓူဝံကြယ်တွေ ကြွေကျလို့ မြေခစေပြီး မမုန်းဘူးဆို … ရွှေမေတ္တာ ဘယ်ခါမှ မသွေဖီပါဘူးဆို။

ဇာတ်ခုံပေါ်၌ နှစ် ပါးသွားက,ကြတိုင်း တစ်ယောက် နှင့် တစ်ယောက် အချီအချ သီဆိုခဲ့ကြ သော တေးသံများ သည် နားမှမထွက် ဖြစ်လေသည်။ အောင်ဝိဇ္ဇာဆိုသမျှ သီချင်းများ ကို သီဆို နေရင်းမှ မနေနိုင် မထိုင်နိုင် သေချင်လောက်အောင် လွမ်းလာလေတော့သည်။

“မကျင်သန်းရယ် … ငါသေရတော့မယ်။ ငါ ခွဲမနေနိုင်ဘူး။ သူကမလာတော့ သူ့ဆီကိုပဲ ငါလိုက်သွားရ တော့မယ်”

မကျင်သန်းမှာ အောင်ချင်းမထံတွင် အဆိုအက လာသင်နေသော မိန်းကလေး ဖြစ်သည်။

ဂျပန်ကုပ်ဝဲ ဆံတောက်ကလေး ဖြစ်ထားလျက် နားသံသီးလေးဆွဲထားသော အောင်ချင်းမ သည် မကျင်သန်းကို အဖော်ခေါ်ကာ အမေမသိအောင် အောင်ဝိဇ္ဇာဆီသို့ ထွက်ပြေးကြသည်။

ကညင်ငူနှင့် ခြောက်မိုင်ဝေးသော ရေကြည်သို့ ပြေးကြသည်။

ရေကြည်တွင် ဇာတ်ထဲကမင်းသားကြီး၊ မင်းသမီးကြီးအိမ်ကို လိုက်ရှာကြသည်။ မင်းသား ကြီးလင်မယားက အောင်ချင်းမကို ကျုံပျော်ဘက်သို့ လိုက်ပို့ပေးသည်။ ကျုံပျော်မှနေ၍ အောင်ဝိဇ္ဇာ မင်းသားလေးရှိသော လေးမျက်နှာမြို့သို့ အောင်ချင်းမလိုက်လာကြောင်း သံကြိုးရိုက်ပေးကြသည်။

မင်းသားလေးအိမ်သို့ သံကြိုးရောက်လျှင် မင်းသားလေးက ချုံးပွဲချ၍ ငိုပါလေသည်။

“အမေရယ် လိုက် သွားပါရစေ”

“သွားဝံ့ သွားစမ်း … သေရအောင် ပြင်”

အမေလုပ်သူက ဓားပြ၍ တားသည်။

အောင်ဝိဇ္ဇာသည် အမေ့ကိုလည်း ကြောက်ရ၊ သူ့နောက်သို့ လိုက်လာသော အောင်ချင်း မထံသို့ ပြေးသွားချင်ဖြင့် မျောက်မီးခဲကိုင် ဖြစ်နေရှာသည်။

ကျုံပျော်လယ်ကွင်းထဲရှိ တဲလေးထဲ၌ ပုန်းနေသော အောင်ချင်းမဆီသို့ အောင်ဝိဇ္ဇာကမလာ နိုင်။ အောင်ဝိဇ္ဇာ အမေသာလျှင် ထဘီစွန်တောင်ဆွဲလျက် လိုက်လာသည်။

“ညည်း မရှက်ဘူးလား ဟင် … ညည်း အသက်အရွယ်က လင်ယူရမယ့်အရွယ်လားအေ့။ ၁၅ နှစ် ရှိသေးတာ … ကျုပ် သားလေး အရွယ်မရောက်မှု နဲ့ ဒုက္ခရောက်အောင် ညည်းလုပ်မ လို့လား။ ကျုပ်သားက ငယ်သေးတယ် … မပေးစားနိုင်ဘူး။ ညည်းပြန်ပါ”

အောင်ချင်းမသည် ယောက္ခမလောင်းရှေ့မှော က်၌ နားသံသီးလေး တစ်ခါခါဖြင့် ရှိုက်ကာ ရှိုက်ကာ ငိုကြွေးလျက်ရှိသည်။

အောင်ချင်းမမှာ အမေရှိရာ ကညင်ငူဇာတ်ရုံသို့ လည်း မပြန်ရဲချေ။ ယောက္ခမလောင်းက လည်း သူ့သားနှင့် မပေးစားနိုင်ဘူးဆိုကာ ခါးခါးသီးသီး ငြင်းဆန်နေသည်။

“ ဖြစ်လာမှတော့ဗျာ … မိန်းကလေး တစ်ရှက်က နှစ် ရှက် ဖြစ်နေပြီ။ ခင်ဗျားကြီး သမီးချင်း စာပြီး ခင်ဗျားသားဆီ ခေါ်သာ သွားပါတော့”

အောင်ချင်းမကို ရွာက ၀ိုင်း၍ သနားကြသည်။ ယောက္ခမလောင်းကြီးကို မခေါ်ခေါ်အောင် တွန်းထည့် ကြသည်။ ယောက္ခမလောင်းကြီးက ခေါင်းခါခါ လည်ခါခါဖြင့် ခါးသီးစွာ ငြင်းသည်။

“ကျုပ် မခေါ်သွားနိုင်ဘူး။ ဘယ့်နှယ်တော် … ကျုပ်က ကျုပ်သားနဲ့မှ သဘောမတူတဲ့ဥစ္စာ။ သူ့အရွယ်က လင်ယူရမယ့် အရွယ်လား အရပ်ကတို့ရယ် … ကျုပ်သားကလည်း ၁၆ နှစ် ၊ မယား ယူရမယ့်အရွယ်လားရှင်… ကျုပ်ခေါ်မသွားနိုင်ဘူး။ ရှင်တို့ သနားရင် သူ့အမေဆီ ပြန်ပို့ကြ”

အောင်ချင်းမသည် အမေဆီ မပြန်ဝံ့၍ လှိမ့်လူးငိုနေသည်။ အမေ့ဆီတော့ မပြန်၊ အရှက် ကွဲလည်းမခံ။ ကိုယ့်အသက် အဆုံးကြံမည် ဆိုသည်။

ရွာလူကြီးများ က ၀ိုင်းလာကြသည်။

“ခင်ဗျားသားဆီ ခေါ်မသွားလို့ မ ဖြစ်ဘူး။ မိန်းကလေး တစ်စုံတစ်ခု ဖြစ်ရင် ခင်ဗျားတာဝန် မကင်းဘူး။ ခင် ဗျား ငြင်းမနေပါနဲ့တော့၊ ခေါ်သာ သွားပါ”

အောင်ဝိဇ္ဇာ၏ အမေသည် အရပ်ကိုမလှန်နိုင်၍ နောက်ဆုံး မကျေမချမ်းနှင့် ခေါ်သွားရ သည်။ ကျုံပျော်လယ်ကွင်းထဲမှ ကားဆိပ်သို့ ယောက်ျားကလေးလိုဝတ်ပြီးခေါ်သွားရသည်။ ဟင်္သာ တမြို့၌ တစ်ည၀င်အိပ်ကြသည်။

ကြည်ကြည်ဌေးသည် ငါးနှစ် သမီးအရွယ် အောင်မြကျင်ဘ၀က မင်းသမီးကြီး ဒေါ်စိန်ယုံ တွင် ဆည်းပူးသင်ကြားခဲ့သော သဘင်ပညာအတတ်နှင့် အတူ ရေနွေးကြမ်းနှင့် ဆေးလိပ်သောက် တတ်သော အတတ်ပါ တစ်ပါတည်း တတ်လာခဲ့သည်။

ဟင်္သာတ၌ ယောက္ခမနှင့် အတူ တစ်အိပ်ရာတည်းအိပ်ကြရစဉ် ယောက္ခမသာလျှင် မောမော နှင့် အိပ်ပျော်သွားသည်။ အောင်ချင်းမသည် အိပ်၍ မပျော်။ ခြင်ထောင်အပြင်ဘက်ခေါင်းထုတ် လျက် ဆေးလိပ်ခိုးသောက်နေကာ တွေး၍ မဆုံး၊ မောင်နှင့် တွေ့ ရတော့မည့် အရေး ကို တွေး၍ မဆုံး …။

အောင်ချင်းမ တွေးကောင်းနေတုန်း ခေါင်းအုံးပေါ်၌ ဆေးလိပ်မီးပွား ဘယ်အချိန်က ကျ မှန်းမသိ။ မီးထ လောင်လေသည်။

ယောက္ခမလောင်းက လူးလဲထသည်။

“အမလေး … လုပ်ကြပါဦး … မီး … မီး”

ထိုသို့ဟစ်အော်ရင်း အောင်ချင်းမ၏ ဆေးလိပ်မီးကိုမြင်လျှင် ဂျပန်ကုပ်ဝဲ ဆံတောက်ခေါင်း ကလေးကို ပူထူသွားအောင် ခေါက်တော့သည်။ လောင်သော မီးကို စောင်တွေ နှင့် အုပ်ရိုက်လျက် ငြိမ်းပစ်လိုက်ကြရသည်။

“မကောင်းလိုက်တဲ့ နိမိတ်” ဟု အောင်ချင်းမ၏ စိတ်ထဲ၌ ထင့်သွားသည်။ ယောက္ခမ၏

ဆိုခဲခံရပြီး အခေါက်ခံထားရသော ခေါင်းမှာ လည်း ကျိန်းနာနေသည်။

နံနက်လင်းလျှင် ဟင်္သာတမှ အိုင်သပြုသို့ ကားနှင့် သွားကြသည်။ အိုင်သပြုမှ လှေကလေး နှင့် ဆုံကုန်း သို့ သွားကာ ဆုံကုန်းကမှ လေးမျက်နှာသို့ ရောက်ကြသည်။

ယောက္ခမသည် သူ့သားရှိရာ သူ့အိမ်သို့ ခေါ်မသွားဘဲ အောင်ချင်းမကို တစ်အိမ်တွင် ထား ပစ်ခဲ့သည်။

အောင်ဝိဇ္ဇာကလည်း မလာ။ တွေ့ ချင်လှပြီ။ နေ၀င်၍ မိုးပဲချုပ်ပေါ့။ အောင်ဝိဇ္ဇာ၏ မျက် နှာကို မမြင်ရသေး။ ရင်ခုန်လှသည်။ မှော င်ကြီးထဲ၌ ငုတ်တုတ်ကလေးထိုင်ကာ အောင်ဝိဇ္ဇာကို မျှော်ရင်း သန်းခေါင်ကြက်တွေ တွန်လာကြသည်။

ဝေးဝေးမှ ခွေးအူသံတွေ ကြားလိုက်ရသည်။

ခွေးအူသံကြောင့် ကြက်သီးတဖြန်းဖြန်း ဖြစ်နေစဉ် အောင်ဝိဇ္ဇာတို့သားအဖ ရောက်လာကြ သည်။ ယောက္ခမထီးကြီးက သားကို သနားသဖြင့် လိုက်ပို့ပေးသည်။

“ရော့ … ပိုက်ဆံ ငါးမူး”

အောင်ချင်းမသည် ယောက္ခမထီး ပေးသော ပိုက်ဆံငါးမူးကို လှမ်းယူလိုက်သည်။ ယောက္ခ မထီးကြီးပြန်သွားတော့မှ အမြိတ်များ ဖွာထနေသော ဂျပ်စောင်အထူကြီးကို နှစ် ယောက် သား ခေါင်း မြီးခြုံကြလျက် စိတ်ချလက်ချ အိပ်စက်ြ ကတော့သည်။

ကညင်ငူမှ အောင်ချင်းမအမေ လိုက်လာသည်။

“ဇာတ်ရုံထဲမှာ ဇာတ်ပစ္စည်းတွေ နဲ့ အမေ့ကို ပစ်ပြီး ပြေးရက်လေတယ် သမီးရယ် …”

အမေက သမီးကိုဖက်လျက် အသည်းနာနာနှင့် ရှိုက်ငိုပြောသည်။ အောင်ချင်းအမေသည် အားရအောင် ငိုကြွေးပြီးမှ နောက်ဆုံး ဖြစ်မိမှတော့ ထုံးစံအတိုင်း မင်္ဂလာဆောင်ပေးရန် ပြောသည်။

“ပိုက်ဆံ မရှိဘူး … မင်္ဂလာ ဆောင်မပေးနိုင်ဘူး”

အောင်ဝိဇ္ဇာအမေက တင်းတင်းမာမာ ပြန်ပြောသည်။ အောင်ချင်းမအမေသည် သူ့အား တင်းမာစွာ ပြော သူအား သမီးအတွက်ကြောင့် မျက်နှာအောက်ချကာ တောင်းပန်ရသည်။

“ပိုက်ဆံ အကုန်ခံပြီး လုပ်ဖို့မဟုတ်ပါဘူး။ ထုံးစံရှိတဲ့အတိုင်း လူကြီးမိဘ အသိအမှတ်ပြုရုံ လုပ်ပေးကြပါ၊ သူတို့ မင်္ဂလာဆောင်ပြီးမှ ကျွန်မ ပြန်နိုင်မှ”

အောင်ဝိဇ္ဇာ၏ အမေက မလိုက်လျောဘဲ တင်းမာနေသည်။ အရပ်ကို တိုင်ရသည်။ အရပ်က ကူ၍ ၀ိုင်းပြောပေြး ကတော့မှ အောင်ဝိဇ္ဇာတို့နေသော အိမ်ကလေးကို ၃၅၀ိ နှင့် ပေါင်၍ မင်္ဂလာ ဆောင် ပေးသည်။

အောင်ချင်းမ မင်္ဂလာဆောင်ပြီး၍ အမေသည် ကညင်ငူသို့ ပြန်ရန် လှေဆိပ်သို့ ဆင်းခဲ့သည်။

ကမ်းထိပ်၌ မြစ်ရေသည် ကမ်းပါးနှင့် ထိလုထိခင် ပြည့်လျက် လှိုင်းဂယက်ကလေးများ ထနေ သည်။

မိုးသက်လေမှာ ခပ်ကြမ်းကြမ်းတိုက်ခတ်လျက်ရှိသည်။ ကောင်းကင်တစ်ခွင်လုံး ညိုမှု န်မှိုင်း လျက် …။ မြစ်ပြင်တစ်ပြင်လုံးရှိ မြစ်ရေမှာ လည်း ညစ်ထေးလျက်။

ဝမ်းပြား ဘောက်တူကလေးအပေါ်သို့ အမေတက်ထိုင်လိုက်သည်။ လှေမထွက်မီ အောင် ချင်းမသည် ရင်ဆို့ကာမျက်ရည်မဆည်နိုင်ပေ။ လှေထဲ၌ မျက်ရည်ကျနေသော မိခင်ကိုမြင်၍ မထိန်း နိုင်တော့ဘဲ ရှိုက်ငိုလိုက်သည်။

“နေရစ်ခဲ့ပေတော့ သမီး၊ အမေ့အတွက် ဆွေးမနေနဲ့တော့။ သမီးကံကို သမီးဖန်တီးတာပဲ။ ရတနာသုံးပါး ကို မမေ့ဘဲ ယောက္ခမနဲ့ သင့်အောင်သာ နေပေတော့”

အမေသည် လှေမထွက်မီ ရေထဲမှအော်ပြောသွားသည်။ အောင်ချင်းမသည် “အမေ … အမေ” တလျက် ဟစ်လျက် ကြုံး၍ သာ ငိုကြွေးသည်။

အောင်ချင်းမ၏ ငိုကြွေးသံတို့သည် မြစ်ပြင်၌ ဆူညံလျက်ရှိသည်။ သဲသဲကွဲကွဲ မမြင်ရ သေးသော လှေက လေးသည် မသဲမကွဲ မဲမဲညို့ညို့ မြင်ရသေးသည်အထိ အောင်ချင်းမ အငို မစဲသေးပေ။

ရွှံ့နှစ် ရောင် ဖြစ်နေသော ရေတို့သည် လှိုင်းတစ်ချက်တစ်ချက် ၀င်၍ အပုတ်တွင် ရေစပ်၌ ရပ်ငိုနေသော အောင်ချင်းမ၏ ထဘီနားကို ထိပါးရိုက်ပုတ်လျက် ရှိကြသည်။

“အမေရေ … သမီး ပြန်လိုက်ပါ့မယ်၊ ပြန်လှည့်ခဲ့ပါ”

အောင်ချင်းမအမေသည် ထိုအသံကို သဲ့သဲ့မျှကြားသော်လည်း မကြားယောင်ပြုသွားသည်။

ကညင်ငူသို့ ပြန်ရောက်သော အခါ ရုံထဲ၌ ရှိသည့် သူပိုင်ဇာတ်ပစ္စည်းများ ကို မကြည့်ချင် အောင် ဖြစ်မိသည်။ မင်းသမီးကြီး ဒေါ်စိန်ယုံလက်ထက်က အောင်ချင်းမသည် ကင်စင်မီးကိုထွန်း က,ခဲ့ရသည်။ အောင်ချင်းမ၏ မိခင်လက်ထက်၌ အင်ဂျင်စက်နှင့် ဓာတ်မီးထွန်း က,ရသည်။

“လုပ်ရက်လေခြင်း သမီး၊ လုပ်ရက်လေခြင်း … အမေ ဒီပစ္စည်းတွေ ဘာလုပ်ရတော့မှာ တုန်း”

အောင်ချင်းမ၏ မိခင်သည် ဇာတ်ပစ္စည်းတွေ ကြည့်လျက် မျက်ရည်တွေ တွေ ကျလာသည်။ စိတ်ကို ဖြေဆည်၍ မရခြင်းကြောင့် မကြည့်ချင်တော့သော ဇာတ်သေတ္တာ၊ ဇာတ်ပစ္စည်း၊ အင်ဂျင် စက်၊ ကားမီးအစုံကို ရုံပိုင်အား အလကားပေးခဲ့ကာ လက်ပံတန်းမြို့သို့ ပြန်သွားသည်။

အောင်ချင်းမ၏ ယောက္ခမများ သည် ချွေးမ မင်းသမီးလေး လက်ဆုပ်လက်ကိုင် ရှိထား၍ ဇာတ်ထောင်လိုက်ကြသည်။ အောင်ဝိဇ္ဇာဇာတ်ဟုအမည် တပ်ကာ နယ်လေးရပ်လှည့်က,ခိုင်းသည်။

အောင်ဝိဇ္ဇာ အမေက မင်းသားကို လူပျိုလုပ်ထားသည်။ မင်းသား လူပျိုဆိုမှ ပွဲကြည့်လာ အပျိုချောတို့ စွဲမက်မောမည် ။

ဇာတ်ထဲ၌ လင်မယား အတူမနေစေရ။ ခွဲစားရ၊ ခွဲအိပ်ရသည်။ ဇာတ်ထဲတွင် လင်မယား အနေမျိုး မနေရန် တင်းကြပ်စွာ တားမြစ်ထားသည်။

နိဗ္ဗာန်ရွာ၌ ဇာတ်ရုံသွင်း၍ က,နေချိန်တွင် အောင်ချင်းမသည် ကိုယ်ဝန်လေးလ ရှိနေလေ သည်။ မင်းသမီးကိုယ်ဝန်ရှိကြောင်း လူတွေ မရိပ်မိအောင် ဗလာထဘီကို ခါးပတ်တင်းတင်း ပတ် က,ရသည်။

အောင်ဝိဇ္ဇာ အမေထောင်သော ဇာတ်မှာ ကား မီး၊ ကိရိယာ၊ ဇာတ်ပစ္စည်း အစောင်းအမြင်း များ စုဝယ်တည်ထောင်သော ဇာတ် ဖြစ်သည်။ သားသားနားနားမရှိ။ ထိုအချိန်က တစ်မူးတန် ဖြစ် သည်။ တစ်ညလုံးကမှ စရိတ်နှုတ် ၁၀ ကျပ်၊ ၁၅ ကျပ်သာ ကျန်သည်။

အောင်ချင်းမမိခင် ဇာတ်တွင် မူ မိုးလင်း၍ ပွဲသိမ်းလျှင် သမီးလေးအတွက် အမေကိုယ်တိုင် ပြင်ဆင်ပေးသော ကော်ဖီလင်ပန်းသည် သမီးလေးရှေ့မှော က်သို့ အမြဲရောက်လာသည်ချည်း ဖြစ် သည်။

ကော်ဖီ၊ ဂိုးလ်ဒင်းပတ်၊ ထောပတ်၊ မြန်မာမုန့်များ ဖြင့် ဖွယ်ဖွယ်ရာရာ ဖြစ်လာသော ဗန်းကို သမီးလေးရှေ့၌ လာချပေးကာ “၀၀စားလိုက်စမ်း သမီး၊ စားပြီးမှ အိပ် …” အမြဲပြောတတ်သည်။

ယောက္ခမဇာတ်၌ မူ မိုးလင်း၍ ပွဲသိမ်းပြီဆိုလျှင် မအိပ်ခင် ယောက္ခမကြီးက ထမင်းကြမ်းနှင့် ဘူးသီးကြော် ကျွေးသည်။

အောင်ချင်းမသည် ထမင်းကြမ်းခဲကို ၀ါးရင်း နောက်ကြောင်းကို တွေးမိကာ မျက်ရည်ဝဲ၀ဲ ဖြင့် မှိတ်မျိုရသည်။

အိပ်ရာမှနိုး၍ စားကြသော ထမင်းတွင် ဟင်းမရှိ၊ အဖျော်မရှိသော ငါးပိရည်နှင့် ဇာတ်ရုံအ နီးရှိ ဂွေးပင်ကြီးမှ ဂွေးရွက်တွေ ခူးတို့စားကြရသည်။

မိခင်လက်တွင် ဧရာမ ဇာတ်မင်းသမီးကြီးအသွင် ကိန်းကြီးခန်းကြီးလုပ်ခဲ့သော အောင်ချင်း မသည် ယောက္ခမဇာတ်ထဲတွင် မင်းမမူဝံ့ဘဲ ကုပ်ကုပ်ကလေး နေရသည်။

ယောက္ခမကြီးက အမြဲတမ်းဆူသည်။ ပွက်သည်။ ယောက္ခမကြီးက ဘယ်လိုဆူဆူ ပွက် ပွက် လူပျိုဟန်ဆောင်နေသော လင့်မျက်နှာကလေးကို လှမ်းကြည့်လိုက်ရလျှင် အောင်ချင်းမခံစား နေရသော ဒုက္ခအပေါင်းတို့သည် ပြေပျောက်သွားသည်။

အောင်ချင်းမ ဇာတ်ထွက်က,ပြီဆိုလျှင်လည်း ကိုယ်ရေး ကိုယ်တာ စိတ်ဆင်းရဲမှု အပေါင်း သည် ဘယ်ရောက်ကုန်မှန်းမသိအောင် စိတ်က လန်းဆန်းသွားမြဲ ဖြစ်သည်။

က,လိုက်ရတာ ကလေးက အရသာ၊ သီချင်းကလေး ဟစ်ဆိုလိုက်ရတာ ကိုက အရသာ၊ ဆိုင်းက ပတ်လုံးအသံ ပြသွားလျှင် အသံပြသည့်နောက်သို့ ရောက်အောင် အော်ဆိုသွားရတာ က လေးကလည်း အရသာ။

အနုပညာကို လွန်စွာ မြတ်နိုးသော စိတ်ရှိလာ၍ အနုပညာမှ ရရှိခဲ့သော ပီတိအရသာ ကြောင့် ဘယ်လောက် စိတ်ဒုက္ခ ကိုယ်ဒုက္ခရောက်ရောက်၊ ညှိုးနွမ်းနေနေ၊ ဇာတ်ခုံပေါ်သို့ ရောက် သွားသည်နှင့် ပျော်ရွှင်လန်းဆန်းသွားမြဲ ဖြစ်သည်။

ပွဲက,သော အခါ၌ ကိုယ်ဝန်မပေါ်အောင် ခါးပတ်ကို တင်းတင်းကျပ်ကျပ်ကြီး ပတ်ထားရ သည်။ ရှားခဲရုံတွင် က,ခုန်နေခိုက် ပုံလဲသွားသည်။ ၀မ်းထဲရှိကလေးမှာ ခါးပတ်ဒဏ်ချက်ဖြင့် ပျက် ကျသွားသည်။ ၀မ်းဆွဲတော် ၍ သာ အသက်ချမ်းသာခဲ့သည်။

ကလေးပျက်ပြီး ၁၄ ရက် ရသော နေ့၌ ဇာတ်ထွက်က,ရသည်။

မင်းဂရုရွာ၌ က,ရမည့် ညတွင် ကိုယ့်လက်ကိုယ့်ခြေမသယ်မမြှော က်နိုင်သော ကြောင့် ထွက် ၍ မကနိုင်။ အောင်ချင်းမမထွက်၍ ရုံကို ခဲ၊ ပုလင်းများ ဖြင့် ၀ိုင်းပေါက်ကြသည်။ ပွဲကြည့်ပရိသတ် ကျေနပ်အောင် မင်းသမီးလူမမာကို ပွေ့ထုတ်ပြတော့မှ ခဲ၊ ပုလင်းများ စဲသွားတော့သည်။

မိုးတွင်းဘက် ဇာတ်ဖြုတ်နားနေခိုက် ပဲခူးမှ မင်းသား၊ မင်းသမီး လာငှားသည်။ ယောက္ခမ ကြီးက ငွေလက်ခံလိုက်သည်။ ပဲခူးသို့ မင်းသား၊ မင်းသမီးနှင့် ယောက္ခမများ ပါ လိုက်လာကြသည်။

အောင်ချင်းမသည် စလင်းနားဋောင်းပန်လျက် ရှပ်ဖျင်အကွက်အင်္ကျီ၊ သရက်ထည်ထဘီ တစ်ပတ်နွမ်းလေး ၀တ်လိုက်လာသည်။ လက်ပံတန်းရောက်သော အခါ အစ်မများ က အမြင်မတော် လွန်း၍ အင်္ကျီ၊ လုံချည်များ ကို ဈေးထဲ၌ သွားဝယ်ပေးလိုက် ကြသည်။

ပဲခူးရောက်မှ ဇာတ်တိုက်ကြသည်။ ဇာတ်ဆရာသာလျှင် အောင်ဝိဇ္ဇာနှင့် အောင်ချင်းမ လင် မယားအ ဖြစ် အသိပေးသည်။

ဇာတ်ဆရာ၏ ဇာတ်ထဲရှိ ဇာတ်သူဇာတ်သားများ လင်မယားမသိအောင် နေကြရသည်။ အောင်ချင်းမသည် ယောက္ခမကြီးနှင့် အတူအိပ်၊ အတူစားရသည်။ မင်းသားကိုလူပျိုက သူ့အဖေ နှင့် အတူအိပ်၊ အတူစားသည်။

ဇာတ်ခုံနောက်၌ အောင်ချင်းမသည် မျက်ရည်နှင့် မျက်ခွက်၊ မျက်ရည်မကျရသော နေ့မရှိ။ ကျိတ်မှတ်လျက် အောင့်အည်း သည်းခံနေရသည်။ ဇာတ်သူဇာတ်သားများ ရှေ့၌ ရောင် ရမ်းကာ လင်လုပ်သူနှင့် အရောတ၀င် ခေါ်ပြောရယ်မောလုပ်မိလျှင် ယောက္ခမက ကျိတ်၍ ပွက်သေးကြမ်း အောင် ဆဲသည်။

အောင်ချင်းမအမေသည် သမီးကိုလွမ်းသဖြင့် သမီးနှင့် တွေ့ ရအောင် ပဲခူးသို့ လိုက်လာ သည်။ ဂလိုင်ခေါက်လျှင် ကိုယ့်ချိုင့်ကလေး ကိုယ်ဆွဲကာ ထမင်းပေးမည့် နေရာသို့ သွားယူစားရ သော အမေ့အား ဇာတ်ခုံထောင့်မှ ကြည့်နေသော အောင်ချင်းမ၏ ရင်ထဲ၌ မခံမရပ်နိုင်အောင် ဆို့ နင့်လာသည်။

ယောက္ခမက မကြည်ဖြူ၍ ရက်ကြာကြာ မနေနိုင်ဘဲ အမေပြန်သွားသည်။

ပဲခူး၌ ဇာတ်က,ပြီး၍ လေးမျက်နှာသို့ ပြန်ကြသော အခါ လက်ပံတန်းတွင် ရထားဆိုက် ဆိုက်ချင်း အောင်ချင်းမသည် ဆက်မလိုက်နိုင်တော့ဟု ဇွတ်ငြင်းကာ အမေရှိရာ လက်ပံတန်း၌ ဆင်းနေရစ်ခဲ့သည်။ မင်းသားမှာ အမေ့ကြောက်ရ၍ ပါသွားသည်။

လက်ပံတန်းတွင် အမေနှင့် အတူနေစဉ် မင်းသားလိုက်မလာဘဲ ယောက္ခမကြီးက လိုက်လာသည်။ မင်္ဂလာဆောင်စဉ်က အကြွေးများ ပူလွန်း၍ ဇာတ်က,ပေးရန် လာခေါ်သည်။

အောင်ချင်းမ၏ မိခင်က သူတို့အကြွေးဆပ်ရန် လိုက်သွားဟု အတင်းပြန်လွှတ်မှပင် လေး မျက်နှာသို့ ပြန်လိုက်သွားရသည်။

ရန်ကုန်မှဇာတ်ဆရာတစ်ဦးရောက်လာကာ မင်းသား၊ မင်းသမီး လာငှား၍ ရန်ကုန်သို့ လိုက် က,ရသည်။ ရန်ကုန်အိမ်တော် ရာဘုရားအတွင်း၌ စက,ရသည်။

မင်းသမီးမှာ အရူးလုပ်က,ရသည်။ ‘ရွှေလမသာ’ အရူးသီချင်းကိုဆိုလျက် အရူးကောင်းလှ ခြင်းကြောင့် ကြည်ကြည်ဌေးသည် ‘ရွှေလမသာ မင်းသမီးလေး’ ဟု ရန်ကုန်၌ တွင် ပြန်လေသည်။

ရန်ကုန်၌ က,နေရင်း စစ်ရိပ်စစ်ငွေ့များ သမ်းနေသည်။ ရန်ကုန်၌ မီးမှော င်ချသော ကြောင့် သုံးခွမြို့၌ သွားက,ရသည်။ သုံးခွမြို့၌ ဇာတ်ကနေစဉ် နေ၀င်မီးငြိမ်း မောင်းထုပြန်၍ ရန်ကုန်သို့ ပြန် လာရသည်။

ရန်ကုန်မြို့ကို ဗုံးမချမီ ဇာတ်ဆရာခေါ်ရာ ဓနုဖြူသို့ သွားက,ရသည်။

* * * * *

(၃)

ဂျပန်ခေတ်အတွင်း ယောက္ခမနှင့် မသင့်မြတ်၍ ယောက္ခမအိမ်ပေါ်မှဆင်းကာ အသုတ် သ ဇင်လှရွာရှိ သူကြီးအိမ်တွင် သွားနေသည်။

သူကြီးက ကြည်ကြည်ဌေးကို သမီးအ ဖြစ် မွေးစားထားသည်။ သဇင်လှရွာတွင် ရွာက ထောင်ထားသော အပျော်တမ်းတီးဝိုင်းရှိသည်။ သဇင်လှရွာသူကြီးသည် ဂီတပညာ၌ ၀ါသနာကြီး သည်။ တီးဝိုင်းတွင် မွေးစားသမီးကို ဆိုခိုင်းသည်။

အင်းဘက်မှ အင်းသူကြီးများ လာကြသော အခါ အတီးအဆိုနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဆီး ၍ ဧည့်ခံသော ကြောင့် ဂျပန်ငွေစက္ကူပေါသော အင်းသူကြီးများ က မင်းသမီးကို ငွေအထပ်လိုက်ကြီး ပုံ၍ ဆုချသွားကြသည်။

သူကြီးသည် ဆုလာဘ်ရွှင်နေသော သမီးအတွက် စိန်ရွှေဝယ်ကာ လက်ဝတ်လက်စားလေး များ ၀တ်ဆင်ပေးထားသည်။

အောင်ဝိဇ္ဇာသည် အိမ်မှ စိတ်ဆိုးဆင်းသွားသော အောင်ချင်းမ ပြန်လာနိုးနှင့် စောင့်မျှော် နေသည်။ အောင်ချင်းမ ပြန်မလာမှပင် သတင်းမေးရှာရင်း သူကြီးအိမ်သို့ လိုက်လာသည်။

သူကြီးအိမ်တွင် လင်မယားနှစ် ယောက် နေကြသည်။ ဂျပန်တစ်ခေတ်လုံး ရွာနီးချောင်းစပ်၊ လယ်ကန်သင်းရိုးတစ်လျှောက် ရွာက အပျော်တမ်းဆိုင်းနှင့် ဇာတ်လည်က,နေကြရသည်။

ဂျပန်ခေတ်၌ အလုပ်မရှိလည်း မ ဖြစ်၍ ဖြစ်သလို ဇာတ်ထောင်က,ကြရသည်။ ဇာတ်ကို ဆိုင်းသမား၊ မင်းသား၊ မင်းသမီး စုပေါင်းထောင်ကြသည်။ မင်းသမီးကြီး မစိန်နက်၊ ဘီတီအေ၊ မ တင်ရွှေတို့နှင့် အတူတူ ကားကလေးတစ်ချပ် နှစ် ချပ်နှင့် ဇာတ်မြီးကောင်ပေါက်ကလေး ထောင်ကာ လှည့်ပတ်က,ပြနေကြရသည်။

လေယာဉ်ပျံလာလျှင် ဇာတ်ခုံပေါ်မှဆင်း၍ ကန်သင်းဘေးတွင် ၀ပ်နေကြလျက် လေယာဉ် ပျံ ဝေးသွားမှ ဖုတ်ခါပြီး ထက,ကြပြန်သည်။

အောင်ချင်းမသည် ဂျပန်ခေတ်အတွင်း သမီးလှလှဝင်းကို မွေးဖွားသည်။ မြန်အောင်မြို့မှ ဇာတ်ဆရာ လာခေါ်၍ မြန်အောင်တွင် သွားက,နေကြသည်။ မြန်အောင်မှတစ်ဆင့် ပေါင်းတည်မြို့ သို့ ရောက်လာလျက် က,နေကြစဉ် ဂျပန်အပြေး၊ အင်္ဂလိပ်ဝင်ချိန်၌ ဇာတ်ပျက်သွားသည်။

ပေါင်းတည်မြို့၌ ဆရာဝန်ကြီး ဦးသော င်းရှိန်၊ ဒေါ်ခင်ချစ်၏ အိမ်တွင် အောင်ချင်းမတို့လင်မ ယား သော င်တင်နေကြသည်။

ဆရာဝန်ကြီး လင်မယားက အောင်ချင်းမတို့ ဇနီးမောင်နှံနှင့် ကလေးကို အိမ်ပေါ်တင်၍ ကျွေးထားသည်။ ဒေါ်ခင်ချစ်ကို အများ က ‘မာမီ’ဟုခေါ်ကြသည်။ ထိုအချိန်က အောင်ချင်းမသည် ဒေါ်ခင်ချစ်ကို အများ ခေါ်သလို မာမီဟုလိုက်ခေါ်နေသော်လည်း မာမီဆိုတာ ဘာအဓိပ္ပါယ်မှန်း မ

သိချေ။

ပေါင်းတည်ဆရာဝန်ကြီးအိမ်မှ လက်ပံတန်းမိခင်ရှိရာသို့ ပြန်ခဲ့ကြသည်။

အောင်ချင်းမ မိခင်၏ အိမ်မှာ မီးလောင်စဉ်က မီးထဲပါသွား၍ တဲကလေးထိုးကာ ဆင်းရဲစွာ နေထိုင်ကြသည်ကို တွေ့ ရသဖြင့် အောင်ချင်းမသည် စိတ်မချမ်းမသာ ဖြစ်ကာ မိခင်နှင့် အတူပြန်နေ သည်။ မင်းသားမှာ သူ့အရပ်သို့ သူပြန်သွားသည်။

မိခင်နှင့် နေစဉ် ဆရာဝန်ကတော ဒေါ်ခင်ချစ်ထံမှ စာရောက်လာသည်။ ပေါင်းတည်ရုံတွင် က,နေသော မင်းသား ကျော်အုန်းလှိုင် ခေတ်သစ်ရာဇ၀င်ပြဇာတ်တွင် မင်းသမီးလုပ်ရန် အမြန်လာ ခဲ့ဟု ခေါ်လိုက်သည်။

ဂျပန်ခေတ်တွင် ခေတ်သစ်ရာဇ၀င်ပြဇာတ်သည် ဇာတ်ဆရာအဆိုတော် ‘ဒေါ်ကြည်အောင်’ တည်ထောင်က,ကြသော ဇာတ် ဖြစ်သည်။ ကျော်အုန်းလှိုင်မင်းသားမှာ ပြဇာတ်အဖွဲ့တွင် ဦးစီးခေါင်း ဆောင် ဖြစ်သည်။

စာရရချင်း အောင်ချင်းမ ပေါင်းတည်သို့ လိုက်ခဲ့သည်။ ကျော်အုန်းလှိုင်ဇာတ်တွင် ခုနစ်ထွေ ထွန်းရီ၏ ဇနီးကွယ်လွန်သွားခြင်းကြောင့် ဇာတ်မင်းသမီးမရှိ၍ ဒေါ်ခင်ချစ်က မှာ လိုက်ခြင်း ဖြစ်သည်။

ကြည်ကြည်ဌေးသည် ပေါင်းတည်သို့ ရောက်သည့်နေ့ ညဘက် ပြဇာတ်ထဲ ၀င်က,ရသည်။ မှန်နန်းရွှေဂူဇာတ် ခင်းသည်။ ကြာဖူးကြီးထဲက သန္ဓေသူလေးလုပ်ထွက်က,ရသည်။ ဇာတ်တိုက်ချိန် မရှိ၍ ဆိုရမည့် သီချင်းကို ကြာဖူးထဲတွင် သီချင်းစာသား ကပ်ပေးထားကြသည်။

ကျော်အုန်းလှိုင် ခေတ်သစ်ပြဇာတ်ထဲ၌ အောင်ချင်းမကို ‘မာလာရီ’ အမည် ပေးလိုက် သည်။ ရောက်သည့်နေ့တွင် ၀င်က,ပြီး ညတွင်းချင်း နာမည် ကြီးသွားသည်။

ကျားသစ်ရေကလေးကို မလုံ့တလုံ ၀တ်ထားကာ တောတွင်းသူ လူရိုင်းမလေး မာလာရီအ သွင်၊ မင်းသားကို အိုက်တင်နှင့် ကြိုက်ပြသော အခန်းကာ ပရိသတ်အစွဲဆုံးအခန်း ဖြစ်သည်။

စကားမပြောတတ်သော လူရိုင်းမကလေး၏ လက်ဟန်၊ ခြေဟန်၊ မူရာဟန်ပန်များ မှာ အ သက်ဝင်လှသည်။ စိတ်ကူးရှိသလို အမူအရာ အမျိုးမျိုးထွင်၍ သရုပ်ဆောင်နိုင်ခြင်းကြောင့် ကျော် အုန်းလှိုင်ပြဇာတ်သည် မာလာရီကြောင့် ၀င်ငွေကောင်းကောင်း ဖြောင့်နေသည်။

မာလာရီသည် ပြဇာတ်အရသာ တွေ့ သွားသည်။ ည ၇ နာရီခွဲ ပွဲထွက်လျှင် ၁၂ နာရီတွင် ပွဲ သိမ်းခြင်းကြောင့် သက်သာလိုက်လေခြင်းဟု အောက်မေ့မိသည်။

၅ နှစ် သမီးအရွယ်ကစ၍ ကြည်ကြည်ဌေး ဇာတ်က,လာခဲ့ရာတွင် ကွင်းပြင်ကြီး ဖြစ်စေ၊ ရုံ ဖြစ် စေ ပရိသတ်ပေါက်အောင် သံကုန်ဟစ်၍ အော်ငိုလွမ်းကာ တစ်ညလုံး က,ပြခဲ့ရသည်။

ယခု က,ရသော ပြဇာတ်ခုံပေါ်၌ ဓာတ်ခွက် မက်ကလေးဆွဲထား၍ အာပေါက်အောင် အော် စရာမလို။ သက်သက်သာသာ ဆိုရခြင်းကြောင့် တိုးတက်လာသော သဘင်ပညာအဆင့်အတန်းကို ကျေနပ်အားရမိသည်။

မာလာရီသည် အောင်ဝိဇ္ဇာကို မှာ လိုက်ကာ ပြဇာတ်ထဲ၌ သွင်းပေးသည်။ ပြဇာတ်ထဲ၌ မင်း သားတွေ များ နေသည်။ မာလာရီသည် မင်းသားပါမှ က,နိုင်မည့် အခြေအနေကြောင့် မင်းသားကိုပါ ငှားရတော့သည်။

အစ်မအကြီးဆုံး မသိန်းတင်ကိုလည်း ပြဇာတ်ထဲပါအောင် ဆွဲသွင်းသည်။ ကျော်အုန်းလှိုင် ပြဇာတ်ထဲ၌ မာလာရီတို့မိသားစုတစ်စုတဝေးတည်း စုပေါင်းရောက်နေကြသည်။ အမေသည် သမီး များ က,ရာနောက်သို့ လိုက်ပါလာပြန်သည်။

ပြဇာတ်ထဲ၌ မာလာရီတို့ လင်မယားနှစ် ယောက် လခကောင်းကောင်းရကြသည်။ မာလာရီ သည် သူ့ယောက်ျား မင်းသားချောကလေးကို သ,ထားသည်။

ပြဇာတ်ထဲ၌ မင်းသားပေါ၍ ညတိုင်း အောင်ဝိဇ္ဇာ ၀င်မကရဘဲ အလှည့်နှင့် မှ က,ရသည်။ အောင်ဝိဇ္ဇာသည် ယောင်တစောင်းထုံးလျက် တိုက်ချောရှပ်စင်းအင်္ကျီနှင့် အရောင် ဆင်တူ၊ ဗန် ကောက်လုံချည် အသစ်ချပ်ချွတ် ထည်လဲဝတ်သည်။ စီးကရက်သံဘူးကို ခါးနောက်တွင် ထိုး၍ ဖဲ ၀ိုင်းထိုင်ကာ ဖဲချနေတတ်သည်။

မင်းသားသည် ယခင်နှင့် မတူ အသုံးအစွဲကြီးလွန်း၍ တစ်ဦးတစ်ဦး စိတ်ချင်းကွဲလာကြ သည်။ တစ်မြို့ရောက်လျှင် တစ်ခါ စကားများ ကြသည်။ တစ်ဦးနှင့် တစ်ဦး မသင့်မတင့် ဖြစ်လာကြ သည်။

ငယ်လင်ငယ်မယား ဖြစ်ကြ၍ သည်းခံပါလျက် မင်းသားက မာလာရီအပေါ်တွင် တစ်နေ့တ ခြား ဆိုးလာသည်။ ပုဂံမြို့၌ ပြဇာတ်က,နေကြစဉ် လူကြီးစုံရာရှေ့တွင် နှစ် ဦးသဘောတူ ကွာရှင်း ကြသည်။

လင်မယားကွဲနေကြရင်းပင် တစ်ဇာတ်တည်း အတူတူ က,မြဲ က,နေကြရသည်။

သုံးနှစ် လုံးလုံး ကျော်အုန်းလှိုင်ပြဇာတ်နှင့် တစ်ပြည်လုံး က,ပြခဲ့ကြသည်။ ပြဇာတ်အဖွဲ့ကြီး ၌ လူ ၈၀ ခန့်ရှိသည်။ မာလာရီသည် လင်နှင့် ကွဲမှ လွတ်လပ်ပျော်ရွှင်စွာ က,ဆိုနေသည်။

“ခင်ဗျား မယားက ခင်ဗျားနဲ့ကွဲပြီးမှ ပိုတောင် လှလာတယ်။ တစ်ဇာတ်တည်း အတူက,နေ တာပဲဗျာ။ ပြန်ပေါင်းပေါ့”

ပြဇာတ်အဖွဲ့ထဲမှ လူတစ်စုက မင်းသားကို မြှော က်ပေးကြသည်။ မင်းသားသည် မင်းသမီး ကို ပြန်ပေါင်းချင်လာသည်။ ပြန်ပေါင်းရန် ပြောသော်လည်း မာလာရီက လက်မခံ။

မင်းသားသည် မာလာရီ၏ အစ်ကို နေထိုင်သော လက်ပံတန်းမြို့သို့ ပြဇာတ်အဖွဲ့မှ ခွင့်ရက် ယူ၍ လိုက်သွားသည်။ အစ်ကိုလုပ်သူ ကိုမောင်တင်အား ညီမနှင့် ပြန်ပေါင်းနိုင်အောင် လုပ်ပေးရန် သွားပြောသည်။

အစ်ကိုက ယောက် ဖနှင့် အတူ လိုက်လာကာ အတင်းပြန်ပေးစားသည်။

“ဇာတ်မှာ လင်မရှိဘဲ တစ်ခုလပ်ဘ၀ဟာ မကောင်းဘူး။ ဇာတ်မင်းသမီးလုပ်ပြီး တစ်လင်က

နှစ် လင်နေလည်း မကောင်းဘူး။ ပြန်ပေါင်း။ မပေါင်းရင်တော့ အသတ်ဘဲ”

နေ့ရှိသရွေ့ ဓားကြိမ်း ကြိမ်းနေသော အစ်ကိုကြောင့် ရှက်ရှက်ဖြင့် ရွှေဘိုဇာတ်ရုံထဲ၌ ပြန် ပေါင်းရသည်။ ပြန်ပေါင်းမှပင် အစ်ကိုက စိတ်ချလက်ချ လက်ပံတန်းသို့ ပြန်သွားတော့သည်။

ရွှေဘိုဘက်တွင် တစ်လကြာ က,ပြပြီးနောက် မုံရွာမြို့သို့ ရောက်ကြသည်။

ပြဇာတ်နားသည့် လပြည့်နေ့တစ်နေ့၌ အမေနှင့် အတူ မုံရွာဘုရားတန်ဆောင်းကြီးထဲတွင် ဥ ပုသ်စောင့်ကြသည်။

မာလာရီ၏ မိခင်မှာ ရတနာသုံးပါး အလွန်ကြည်ညိုသူ ဖြစ်သည်။ သမီး ဇာတ်ကသွားရာ ဘယ်အရပ် ဘယ်မြို့သို့ ရောက်ရောက် ရောက်သည့်မြို့က ဘုရားကို သွားဖူးရမှ ဖြစ်သည်။ လပြည့် လကွယ် ဥပုသ် မစောင့်ရလျှင်လည်း မ ဖြစ်။ သူဥပုသ်စောင့်သလို သမီးတွေ ကိုလည်း ဥပုသ်စောင့် ခိုင်းတတ်သည်။

တန်ဆောင်းထဲ၌ ဥပုသ်စောင့်နေခိုက် ပြဇာတ်အဖွဲ့ထဲမှ ကားလိပ်ဆွဲသော သူငယ်လေး သည် တန်ဆောင်းထဲသို့ လိုက်လာကာ ရန်ကုန်ပြန်တော့မည့် အကြောင်း လာနှုတ်ဆက်သည်။

ကားလိပ်ဆွဲသော သူငယ်နှင့် မာလာရီတို့စကားပြောနေစဉ် တန်ဆောင်းထဲသို့ အောင်ဝိဇ္ဇာ ပေါက်လာသည်။ ကားလိပ်ဆွဲသော သူငယ်လေး နှုတ်ဆက်ပြီး ထွက်သွားသွားချင်း ကားဆွဲနှင့် စ ကားပြောရပါ့မလားဟု မာလာရီကို တန်ဆောင်းထဲ၌ ပိတ်ရိုက်သည်။ လှိမ့်ချသည်။

တန်ဆောင်းအနီးအနားရှိ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးများ ပြေးဆင်းလာကြသည်။

“ဟဲ့ … တကာ … တော် … တော် … လွန်လှချည့်လား၊ ဥပုသ်သည်ကို ဒီလောက် ရိုက်ရသ လား”

ဘုန်းကြီးများ က အောင်ဝိဇ္ဇာကို အတင်းဝင်ဖက်သည်။ ရှေ့ဆက်မရိုက်နိုင်အောင် အတင်း ချုပ်ထားကြသည်။

မာလာရီသည် တန်ဆောင်းထဲ၌ ပုံလျက်ကလေး လဲကာ နှာခေါင်းနှင့် ပါးစပ်ထဲမှ သွေးများ စီးကျလာသည်။

မာလာရီ၏ အမေသည် မျက်ရည်ဝဲ၀ဲဖြင့် ပုတီးစိပ်မပျက်ချေ။ အစ်မများ က မာလာရီကိုပွေ့ ထူကြသည်။ ဘုန်းတော် ကြီးများ သည် မာလာရီကို မုံရွာမြို့ အမျိုးသမီးကယ်ဆယ်ရေး အဖွဲ့ဥက္ကဋ္ဌ ထံသို့ လိုက်ပို့ပေးကြသည်။ ရိုက်နှက်ထားသော ဒဏ်ရာက ပြင်းထန်လှခြင်းကြောင့် အဖမ်းခံမလား၊ ကွာပေးမလားဟု အမျိုးသမီးဥက္ကဋ္ဌက မင်းသားကို မေးလိုက်သည်။

မင်းသားသည် ဂတ်မရောက်ချင်၍ ကွာပေးပါမည် ဟု အလျှော့ပေးရသည်။

ဒဏ်ရာများ ကုသပျောက်ကင်းသော အခါ ဇာတ်ရုံထဲ၌ လူကြီးများ ရှေ့တွင် စာချုပ်ခေါင်း ကပ်လျက် လက်မှတ်ထိုး ကွာရှင်းလိုက်ကြသည်။

ပြဇာတ်အဖွဲ့သည် မုံရွာမှ ဆင်းလာကာ မန္တလေးသို့ ရောက်ကြသည်။ မန္တလေးမြို့ ကြယ်

တာရာရုံထဲ၌ က,ပြနေစဉ် မင်းသားသည် ဇာတ်ရုံဘေးတွင် ရှိသော စက်ချုပ်အိမ်မှ စက်ချုပ်သူက လေးနှင့် အကြောင်းပါသွားကြသည်။

မင်းသားက မိန်းမယူပြီး သမီးလေးကို သူ့ပေးရန် တောင်းသည်။ မင်းသားရန်ကိုကြောက်၍ သမီးလေး ‘လှလှဝင်း’ကို မာလာရီက ပေးလိုက် ရသည်။

မာလာရီတို့ပြဇာတ်သည် မန္တလေးမှ စစ်ကိုင်းဘက်သို့ ကူးက,ကြသည်။

ဇာတ်ရုံထဲ၌ အတူတူနေကြရသူတွေ ဖြစ်၌ မိထွေးလက်ထဲရှိသော သမီးလေးကို မခေါ်ဘဲ လည်း မနေနိုင်။ မကျွေးဘဲလည်း မနေနိုင်။ သမီးလေးကို သံယောဇဉ်တွယ်လျက် စိတ်ဆင်းရဲနေ သည်။

တစ်နေ့တွင် သမီးလေး အိပ်စင်ပေါ်မှ လိမ့်ကျသွားသည်။ မာလာရီသည် သမီးလေးကို ပြေး၍ ပွေ့ချီကာ ရှိုက်ငိုလျက် ဇာတ်ထဲရှိလူကြီးများ နှင့် စကားဆိုရသည်။

“အဖေနဲ့သမီးမ ဖြစ်ပါဘူးရှင်။ သမီးဆိုတာ အမေအုပ်ထိန်းမှု ရှိသင့်ပါတယ်။ သားယောက်ျား လေးဆိုရင် ကျွန်မ ပြန်မတောင်းပါဘူး။ အရှည်သဖြင့် မွေးဖို့ရာ အဖေထက် အမေက ပိုအရေး ကြီး တဲ့အတွက် ကျွန်မသမီးလေးကို ကျွန်မပဲ မွေးပါရစေ။ ပြောပေးကြပါ”

ဇာတ်ထဲရှိလူကြီးများ က မင်းသားကို နားချပေးကြ၍ မာလာရီလက်ထဲသို့ သမီးလေး ပြန် ရောက်လာသည်။

* * * * *

(၄)

စစ်ကိုင်းဘက်တွင် မာလာရီတို့ ပြဇာတ်က,နေစဉ် အတွင်းဝန်ရုံး၌ ဗိုလ်ချုပ်တို့ စက်သေ နတ် အပစ်ခံရသည်။ တိုင်းရေး ပြည်ရေး မသာယာ၍ စစ်ကိုင်းမှ ဆင်းခဲ့သည်။ ရထားလမ်းတစ် လျှောက် တစ်မြို့ပြီးတစ်မြို့ ၀င်က,ခဲ့ကြပြီးနောက် ရန်ကုန်သို့ ရောက်လာခဲ့ကြသည်။

ရန်ကုန်တွင် မြင်းပြိုင်ကွင်း၊ တာမွေ၊ ဇော်ရုံတို့၌ လျည့်က,နေကြပြီးနောက် ကြည့်မြင့်တိုင် ဘက် စလင်းကွင်းရုံသို့ ရောက်သွားကြသည်။ စလင်းကွင်းရုံထဲ၌ က,နေစဉ် အင်းစိန်ဘက်၌ သူပုန် များ ၀င်စီးသည်။

ရေလမ်း၊ ကုန်းလမ်း ပိတ်ဆို့ကုန်သည်။ ပြဇာတ်အဖွဲ့ကြီးမှာ ဇာတ်ခေါင်းကွဲကုန်သည်။ ကိုယ့်ရပ်ကိုယ့်ရွာသို့ အလျှိုအလျှို ပြန်ကုန်ကြသည်။

မာလာရီတို့ သားအမိတစ်အုပ်မှာ ရထားလမ်းပိတ်ထား၍ မပြန်နိုင်သေးဘဲ စလင်းကွင်းရုံထဲ တွင် သော င်တင်နေကြသည်။ ရန်ကုန်မြို့၌ အသိမိတ်ဆွေလည်း မရှိ၊ မသွားတတ်မလာတတ်ဖြင့် ရုံထဲတွင် စုပြုံနေကြရသည်။

အင်းစိန်တိုက်ပွဲမှ အမြောက်သံတဒိန်းဒိန်း ကြားနေရသည်။ မာလာရီတို့မိသားစု ထိတ်လန့် တကြားနှင့် နေစရာမရှိအောင် အားငယ်ကြောက်လန့်နေကြသည်။

စလင်းကွင်းရုံပိုင်ရှင် ရဲဘော်ဗိုလ်အောင်သိန်းသည် ရုံထဲ၌ ဒုက္ခရောက်ကာ မျက်စိသူငယ် ဖြစ်နေသော မိသားတစ်အုပ်ကို တတ်အားသမျှ ကူညီထောက်ပံ့ထားသည်။

ရဲဘော်ဗိုလ်အောင်သိန်း ဇာတ်ရုံထဲသို့ ၀င်လာလျှင် နောက်ပါအခြွေအရံ ရဲဘော်များ ပါလာ စမြဲ ဖြစ်သည်။

ကာကီရောင် ရှပ်လက်တို၊ ကာကီရောင် ဘောင်းဘီရှည်ဝတ်ကာ သူ့ခါး၌ လက်ပစ်ဗုံးနှင့် တစ်ချက်ပစ်လျှင် ကိုးချက်ထွက်သော ဂျာမန်လူကာသေနတ် ချိတ်ထားသည်။ လက်တစ်ဘက်၌ စ တင်းဂန်းသေနတ် ဆွဲကိုင်ထားသည်။ ရွှေဒင်္ဂါးများ ကို လက်ပတ်ကြိုးလုပ်ဝတ်လျက် စစ်ဖိနပ်ကြီး စီး ထားသည်။

ရုံထဲလာလျှင် မာလာရီ၏ မိခင်ကို ဦးစွာ အလေးပြုနှုတ်ဆက်သည်။ သူ တစ်ယောက် လုံးရှိ၍ မကြောက်ကြရန်၊ အားမငယ်ကြရန်၊ တစ်မိုးခိုရန် အားပေးစကား အမြဲလာပြောသည်။

ညဘက်၌ ဓာတ်မီးတစ်လုံးထွန်း၍ ရဲဘော်များ ကို ပို့ခိုင်းလိုက်သည်။ ရဲဘော်များ အလှူခံ လို့ရသော ဆန်အိတ်၊ ဆီပုံးများ ကို ခွဲဝေပို့ပေးသည်။ စားစရာဟင်းကိုလည်း နေ့တိုင်း အမြဲရှာပို့ပေး သည်။

ရဲဘော် ဗိုလ်အောင်သိန်းသည် မာလာရီကို မြင်မြင်ချင်း မျက်စိကျသည်။ ဇာတ်သဘင်၌ သူမတူအောင် ထူးချွန်သော မင်းသမီးလေးကို အတောမသတ် ချီးကျူးကာ သဘောကျနေသည်။

သူ၏ ရဲဘော်များ ကို သူ့၌ မယားရှိကြောင်း၊ သားရှိကြောင်း၊ မင်းသမီးလေးမိသားစု မသိစေ ရန် တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားလိုက်သည်။

ကာလပျက်ချိန် အားကိုးရာမဲ့လျက် ဒုက္ခကြီး ရောက်နေကြခိုက် ကူညီစောင့်ရှောက်သော ရဲ ဘော်ကို မာလာရီမိခင်ကစ၍ အားလုံးကပါ ကျေးဇူးရှင်အ ဖြစ် အသိအမှတ်ထားကြသည်။

ထိုအချိန်တွင် ရဲဘော်ဖြူနှင့် ရဲဘော်ဝါ ကွဲကြပြန်သည်။ တိုက်ပွဲများ ဖြစ်ကြသည်။ ရဲဘော်ဖြူ များ က ရဲဘော် ဗိုလ်အောင်သိန်းကို ခေါ်သွားရန် လိုက်ရှာကြသည်။ တစ်ဘက်နှင့် တစ်ဘက် ပစ်ကြ ခတ်ကြ၍ ရဲဘော် ဗိုလ်အောင်သိန်းလက်၌ ဒဏ်ရာရကာ မာလာရီတို့နေသော စလင်းကွင်းရုံထဲ၌ လာပုန်းနေရသည်။

ရက်ကြာလာ၍ မာလာရီမိခင်က ဗိုလ်အောင်သိန်းကို သားမယားရှိမရှိ မေးမြန်းကြည့်သည်။

“အမေ … ကျွန်တော် ဟာ လူပျိုတော့ မဟုတ်ပါဘူး။ မုဆိုးဖိုထင်ရင်လည်း ရပါတယ်။ တစ်ခု လပ်ထင်ရင်လည်း ရပါတယ်။ ကျွန်တော့်ကို ပိုင်ဆိုင်သူမရှိပါဘူး”

ရဲဘော်ဗိုလ်အောင်သိန်း၏ ဇနီးသည် တစ်ခါတစ်ရံ ရုံထဲသို့ သူကိုယ်တိုင် ယောက်ျားအတွက် ဟင်းလာပို့သည်။ ဗိုလ်အောင်သိန်းနှင့် “ဘာတော် လဲ” မေးလျှင် မောင်နှမပြောသည်။ ဗိုလ်အောင် သိန်းနှင့် ဇနီးမှာ ရုပ်ချင်းဆင်ကြ၍ မောင်နှမပဲဟု ထင်မှတ်နေကြသည်။

ဗိုလ်အောင်သိန်း၏ ဇနီးသည် ယောက်ျားကိုအသေအလဲကြောက်ရသည်။ ဗိုလ်အောင်သိန်း ပြောခိုင်းသည့်အတိုင်း နှမတော် သည် ပြောရသည်။ သူ့ခင်ပွန်းသည် မင်းသမီးလေးကို မျက်စိကျ နေမှန်း ရိပ်မိသည်။

သူ့အပြင် ဒုတိယဇနီးလည်း ရှိသေးသဖြင့် ဗိုလ်အောင်သိန်း နောက်ထပ် မိန်းမဘယ်နှ ယောက် ယူယူ ကန့်ကွက်တားမြစ်နိုင်ခွင့် မရှိဘဲ ကြည့်နေရုံသာ ရှိသည်။

မာလာရီတို့ ရုံထဲ၌ ပြဇာတ်က,နေစဉ်က တစ်နေ့မပျက် သူကိုယ်တိုင် ပွဲလာကြည့်သည်။ ဗိုလ်အောင်သိန်း၏ ဇနီးသည် မာလာရီဇာတ်ကို မကြည့်ဘဲမနေနိုင်။ မင်းသားလေး ကောင်းလွန်း၍ စွဲနေသူ ဖြစ်သည်။ သူနှင့် ပွဲကြည့်အတူပါလာသော သူ့သားလေး ‘အပါ’ ကပင် မာလာရီကို ချစ်နေ မှန်း သိလေသည်။

ဗိုလ်အောင်သိန်းက မာလာရီတို့စားရန် သားကလေး အပါကို မုန့်များ ပို့ခိုင်းတတ်သည်။

“ဟယ်…သားလေးက သွက်လိုက်တာ… ချစ်စရာလေး၊ ကုလားလေးနဲ့ တူလိုက်တာဟယ်”

မာလာရီသည် ရုံထဲသို့ ကလေးလေးလာတိုင်း ပွေ့ချီ၍ ပေါင်ပေါ်တင်ကာ ချစ်စနိုးစကား ပြောသည်။ ဗိုလ်အောင်သိန်း၏ သားမှန်း မသိ။ ဗိုလ်အောင်သိန်းနှမ၏ သားဟု သိနေသည်။

တစ်နေ့တွင် ရဲဘော်ဗိုလ်အောင်သိန်းသည် လူရှင်းအခွင့်သာခိုက် မာလာရီကို သူစောင့် ရှောက်မည့် အကြောင်း၊ တာဝန်ယူမည့် အကြောင်း၊ လက်ထပ်ယူမည့် အကြောင်း ပြောသည်။

မာလာရီသည် ရဲဘော်၏ ခါးမှ ဗျောက်ကြီးကိုလည်း ကြောက်လှသည်။ ရဲဘော်၏ အရှိန်အ၀ါ

ကြီးမားခြင်းကိုလည်း ရွံ့သည်။ တစ်မိသားစုလုံးကို စောင့်ရှောက်ထားသော ကျေးဇူးကလည်း ကြီး မားလှသည်။ လွတ်လပ်သူ ဟုတ်,မဟုတ် အသေအချာမသိ၍ ဗိုလ်အောင်သိန်းကို အဖြေပေးရန် ခက်ခဲနေသည်။

မကြာမိပင် ဗိုလ်အောင်သိန်းနှင့် ရင်းနှီးသော မိတ်ဆွေ တစ်ယောက် နှင့် အသိ ဖြစ်ကြသည်။ ထိုမိတ်ဆွေကို ဗိုလ်အောင်သိန်း၌ မိန်းမရှိ,မရှိ မေးကြည့်သည်။

မိတ်ဆွေ ကိုကျော်မြင့်က ပြန်ပြောသည်။

“မရှိဘဲ နေပါ့မလား၊ ဒီလာနေတဲ့ မိန်းမက သူ့မိန်းမ၊ ဟိုကလေးလေးက သူ့သားလေး၊ သူ က မိန်းမများ သား … ဘာပြုလို့ ပေးတာလဲ”

ကိုကျော်မြင့်ပြန်သွားသော အခါ မာလာရီသည် အမေ မသိအောင် အစ်မ မခင်ညိုနှင့် ကျိတ် ၍ တိုင်ပင်ကြသည်။ “အစ်မရေ … ကျွန်မကို လူပျိုစကားပြောတဲ့အဲဒီ ဗိုလ်ကြီးမှာ မိန်းမရှိသတဲ့”

ကြည်ကြည်ဌေး၏ အစ်မသည် မျက်တောင်များ တဖျပ်ဖျပ် ခတ်ကာ စဉ်းစားလျက် သက် ပြင်းရှည်ကြီး ချလိုက်သည်။ မျက်နှာကို တစ်ဘက်သို့ လွှဲထားလိုက်ကာ ကြည်ကြည်ဌေးနှင့် မျက် နှာလွှဲပြီးမှ ပြောသည်။

“သူ့ကိုယ်သူ မိန်းမ မရှိဘူးဆိုပြီး လူပျိုစကားပြောတာတော့ မမှန်ကန်ဘူး ညီမလေး … လှ တာမက်ရင် ညစာခက်မယ်ဆိုတဲ့အတိုင်း တစ်ယောက် တုန်းကလည်း လှတာချောတာ မက်ခဲလို့ ဒုက္ခများ ခဲ့ပြီ။ အခု ဒီလူကြီး ကတော့ ရုပ်ကလည်းမရှိ၊ ညီမလေးထက်လည်း အသက်ကြီးတာမို့ ညီ မလေးအပေါ်မှာ အနွံအတာခံမလားလို့ အောက်မေ့ပြီး သူ့ကျေးဇူးပါထည့်ပြီး စဉ်းစားနေကြတာ။ မိန်းမရှိတယ်ဆိုရင်တော့ မ ဖြစ်ဘူး ညီမ … မ ဖြစ်ဘူး”

ကြည်ကြည်ဌေးသည် ထိတ်လန့်ကြောက်ရွံ့စွာ ပြန်ပြောလိုက်သည်။

“ဘယ် ဖြစ်ပါ့မလဲ အစ်မရယ် … ဒီတော့ ဒီလူကြီးနဲ့ဝေးအောင် ဘယ်လိုလုပ်ကြမတုန်း။ သူ့ ကို လက်မခံဘဲနဲ့ သူ့အရိပ်လည်း ခိုမနေချင်ဘူး။ သူကျွေးထားတာလည်း မစားချင်ဘူး။ သူ့ကို ကြောက်တယ်… ဘယ်လိုလုပ်ရမလဲ”

ကြည်ကြည်ဌေးသည် ဗိုလ်အောင်သိန်းခါးမှ သေနတ်ကြီးကို မြင်ယောင်လိုက်ကာ မျက်နှာ ပျက်နေသည်။

“ဒီအကြောင်း အမေ့ကို ဖွင့်ပြောလို့တော့ မ ဖြစ်ဘူး။ အမေ စိတ်မချမ်းမသာ ဖြစ်လိမ့်မယ်။ တို့တစ်ပြုံလုံး သူ့လက်ကလွတ်အောင်တော့ နည်းလမ်းရှာမှ ဖြစ်တော့မယ်”

“သူ့မယားက တခြားမဟုတ်ဘူးအစ်မရဲ့ ။ ရုံထဲလာတဲ့ ကလေးလေးအမေက သူ့မိန်းမတဲ့။ ကလေးလေးက သူ့သားလေးတဲ့”

“ဒါနဲ့များ သူက သူ့နှမဆို”

ကြည်ကြည်ဌေး၏ အစ်မသည် အသံတိမ်တိမ်ဖြင့် ပြောလိုက်ကာ မျက်နှာတစ်ပြင်လုံး ညို

မည်းသွားသည်။

မလွတ်လပ်သော ယောက်ျားနှင့် အိမ်ထောင်ပြုရန် မ ဖြစ်နိုင်ခြင်းကြောင့် သူ့လက်ကလွတ် မြောက်သွားရန် ညီအစ်မနျစ်ယောက် နည်းလမ်းရှာကြသည်။ အကြံထုတ်ကြသည်။ လွတ်မြောက် ရန် အကြံထုတ်နေကြခိုက် အဆင်သင့်ပင် စပယ်တင်ဇာတ်က မာလာရီကို လာခေါ်သည်။

“အမေ…ဒီလိုနေလို့မ ဖြစ်ဘူး။ စပယ်တင်လာခေါ်တုန်း လိုက်သွားကြမှကောင်းမယ်။ ကိုယ့် ၀မ်းရေး က ရှိသေးတယ်မဟုတ်လား”

အမေကို ပြောပြီး ဗိုလ်အောင်သိန်းကိုလည်း ပြောပြသည်။

“စပယ်တင် လာခေါ်တာ ငြင်းလို့မကောင်းဘူး။ ပုသိမ်လိုက်ပြီး ခဏ လိုက်က,ပေးရမယ်။ က,ပြီးရင် ကျွန်မတို့ ဒီပဲ ပြန်လာခဲ့မယ်”

ဗိုလ်အောင်သိန်းလက်မှလွတ်အောင်ရုန်းလျက် စပယ်တင်ဇာတ်နှင့် ပုသိမ်သို့ မိသားစုအား လုံး လိုက်သွားကြသည်။ ပုသိမ်၌ ဇာတ်က,ကြသည်။ ဇာတ်ထဲတွင် ကျော်အုန်းလှိုင်တို့လည်း ပါ သည်။

ပုသိမ်မြို့တွင် ရဲဘော်များ မြို့ဝင်စီး၍ မငြိမ်မသက် ဖြစ်လာသည်။ မင်းသား ကျော်အုန်းလှိုင် နှင့် စပယ်တင်တို့ ပြန်သွားကြသည်။ မာလာရီတို့သည် စိတ်လက်သန်း ဆိုင်းအဖွဲ့နှင့် ပုသိမ်၌ ကျန် ရစ်ခဲ့သည်။

စပယ်တင်တို့နှင့် ပြန်လိုက်ရန် စီစဉ်နေစဉ် မာလာရီ၏ မိခင်ကြီး တိုက်ဖွိုက် ရောဂါ ဖြစ်၍ ဆေးတိုက်တင်ကုသထားရခြင်းကြောင့် မလိုက်နိုင်ဘဲ စိန်လက်သန်းနှင့် ကျန်ရစ်ခဲ့ကြခြင်း ဖြစ်သည်။

ပုသိမ်မြို့ တရုတ်ဘုံကျောင်း၌ ပြုလုပ်သော တရုတ်နတ်ပွဲတွင် စိန်လက်သန်းဆိုင်းနှင့် မာ လာရီက,ရန် လာငှားကြသည်။ အမေ မမာနေခိုက် ငွေလိုနေ၍ တရုတ်ဘုံကျောင်းတွင် စိန်လက် သန်းဆိုင်း နောက်ထနှစ် ယောက် နှင့် သွားက,ရသည်။

ပွဲက,နေခိုက် ဗျောက်အိုးတွေ ဆူညံစွာ ဖောက်ကြသည်။ မာလရီသည် ပွဲက,နေရင်း ရဲ ဘော်တွေ ၀င်လာပြီလားဟု ကြောက်လန့်တုန်လှုပ်သွားသည်။

“တရုတ်နတ်က သဘောကျလို့ နတ်ကျတာ။ ဒါကြောင့် ဗျောက်အိုးဖောက်တာ မကြောက် ပါနဲ့”

တရုတ်ဘုံကျောင်းသူဌေးများ က ပွဲငှားခအပြင် မာလာရီကို ငွေသုံးရာ ဆုချကြသည်။ စိန် လက်သန်းလည်း အပြန်စရိတ်ရ၍ ပုသိမ်မှ ပြန်သွားသည်။

မြောင်းမြမြို့မှ ဇာတ်ကလေးတစ်ခုက မာလာရီကို ခြေကောက်သဘော လာငှားသည်။ အ မေ မကျန်းမာသေး၍ ဆေးတိုက်၍ အစ်မကြီး ဒေါ်သိန်းတင်နှင့် ထားခဲ့ကာ အစ်မဒေါ်ခင်ညီ၊ မာ လာရီ၏ အစ်ကို ဂီတဆရာ ကိုလေးမောင်နှင့် မြောင်းမြသို့ က,ရန် လိုက်သွားကြသည်။

မြောင်းမြ၌ ဇာတ်က,နေစဉ် ရဲဘော်ဖြူများ ၀င်စီးကြသည်။ ပွဲပျက်ကာ ရုံထဲတွင် လူတွေ ပြေးကြလွှားကြ ဆူဆူညံညံ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ ထိုအခိုက် ရုံထဲသို့ ရဲဘော်ဖြူများ ၀င် ရောက်လာကြသည်။

မာလာရီ၊ မာလာရီအစ်မ မခင်ညို၊ မာလာရီ၏ အစ်ကို ဂီတဆရာ ကိုလေးမောင်နှင့် ဇာတ်ကံ ထရိုက်တို့ကို ရဲဘော်ဖြူများ က ဖမ်းသွားကြသည်။

မြောင်းမြဆိပ်ကမ်းမှ လှေတစ်စင်းနှင့် သူတို့ခေါ်ရာသို့ လိုက်ကြရသည်။ ညမှော င်မှော င် တွင် ဘယ်ရောက်၍ ရောက်မှန်းမသိ။ တော် တော် ဝေးဝေးကြီး လှော်သွားပြီးမှ ကမ်းစပ်၌ လှေဦးထိုး ရပ်လိုက်သည်။ မာလာရီတို့ ညီအစ်မနှစ် ယောက် မှာ ရင်တဆတ်ဆတ်တုန်ကာ ကြောက်ရွံ့ထိတ် လန့်နေကြသည်။

လယ်ကွင်းများ ဖြတ်၍ အတော် ဝေးဝေး လျှောက်ကြရသည်။ တစ်နေရာတွင် နှစ် ထပ်အိမ် ကလေးတစ်အိမ်ရှေ့သို့ ရောက်သော အခါ သူတို့ကို အိမ်ပေါ်၌ တင်ထားသည်။ အိမ်အောက်၌ လက်နက်များ အပြည့်ရှိသည်။

မာလာရီတို့ညီအစ်မသည် ကြောက်လွန်း၍ နတ်ကျသလို တုန်နေကြသည်။ ဘာလို့ခေါ်လာ တာလဲ … သတ်မှာ လား၊ ပြန်ပေးဆွဲတာလား၊ ဘာမှန်းမသိ ကြောက်ဒူးတုန်နေကြသည်။ မည် သူ့ကို မျှ အားကိုးစရာမမြင်၊ အားကိုးစရာမရှိ။ မျက်ရည်သွယ်သွယ်ကျရခြင်းဖြင့် အချိန်ကုန်ကြရသည်။

အချိန်ကျလျှင် ရဲဘော် တစ်ယောက် ၊ နှစ် ယောက် အိမ်ပေါ်တက်ပြီး ထမင်းလာပို့သည်။

“ဘာ ဖြစ်လို့ ကျွန်မတို့ကို ဖမ်းလာတာလဲ ရဲဘော် … ဘယ်တော့ပြန်လွှတ်မှာ လဲ”

ရဲဘော်က ဖြေသည်။

“ကျွန်တော် တို့ မသိဘူး … ဗိုလ်ကြီး လာလိမ့်မယ်”

ရဲဘော်တို့သည် ဗိုလ်ကြီးဆိုသူ မလာမီ ဘင်ဂျိုတစ်လက်ရှာလာသည်။ မာလာရီ၏ အစ်ကို ဂီတဆရာ ကိုလေးမောင်ကို ဘင်ဂျိုတီးခိုင်းပြီး မာလာရီကို သီချင်းဆိုခိုင်းသည်။ သူတို့လာခိုင်းတိုင်း သီချင်းဆိုပေးနေရသဖြင့် မာလာရီ၏ လည်ချောင်းမှာ ပူထနေသည်။

မာလာရီသည် ရဲဘော်ဗိုလ်အောင်သိန်းလက်မှ လွတ်အောင် စလင်းရုံမှ ထွက်ပြေးလာခဲ့ကြ ရာမှ ဒုက္ခရောက်ကာ အဖမ်းခံနေရသည်။ ဘယ်နေ့လွတ်ရမည် လည်း မသိ။ ရှေ့ ဘာ ဖြစ်မည် ကို လည်း မတွေးရဲ။ အိမ်အောက်သို့ ရေချိုးဆင်းလျှင် သေနတ်ကိုင်ရဲဘော်အစောင့်နှင့် ၊ အိမ်သာဆင်း လျှင် ရဲဘော်အစောင့်နှင့် ။ အိမ်အောက်၌ လက်နက်တွေ စုပုံထားခြင်းကြောင့် ထွက်ပြေးကြရန် စိတ်ကူးထဲ၌ မထည့်ရဲချေ။

ပုသိမ်ဆေးတိုက်တွင် တင်ထားခဲ့သော မိခင်အတွက် စိတ်ပူလာသည်။ မာလာရီတို့ကို ရဲ ဘော်ဖြူများ ဖမ်းသွားသည့်သတင်းကို အမေသိလောက်ပြီ။ အမေ ဘယ်လောက် စိတ်ပူနေမည် မှန်း တွေးမိတိုင်း မာလာရီတို့ညီအစ်မ မျက်ရည်နှင့် မျက်ခွက် တရှုံ့ရှုံ့ငိုကြသည်။ ရဲဘော်ဖြူများ ဖမ်း ထားပြီး ဘာမှတော့မလုပ်ကြ။ ထမင်းစားချိန် ထမင်းလာပို့သည်။ သူတို့ဆိုခိုင်းသည့်သီချင်းကို နေ့နေ့ညည လာခိုင်းတိုင်း ထိုင်ဆိုနေရသည်။

“ရဲဘော်တို့ ဘယ်တော့ လွှတ်ပေးမှာ လဲရှင်”

“မသိဘူးခင်ဗျ … ဗိုလ်ကြီးလာလိမ့်မယ်”

မာလာရီတို့ နေ့စဉ်မေးသော ထိုမေးခွန်းကို သူတို့ဘက်မှ ဤအဖြေကလွဲ၍ ပြောင်းလဲမှု မရှိ။ မာလာရီသည် သူတို့ကိုခေါ်လာပြီး နှိပ်စက်ညှဉ်းပန်းခြင်းလည်း မပြုဘဲ သက်သက် သီချင်းနား ထောင်ချင်၍ ဖမ်းလာတာများ လားဟု တွေးကြည့်မိသည်။

တစ်နေ့တွင် ရဲဘော်နှင့် ဗိုလ်ကြီးဆိုသူတို့ အပေါ်ထပ်သို့ တက်လာကြသည်။ မာလာရီကို မြင်မြင်ချင်း ဗိုလ်ကြီးက ပြုံးလိုက်သည်။

“ဆရာကတော် ကျွန်တော့် ကို မသိဘူးလား”

မာလာရီသည် ဗိုလ်ကြီးတက်လာ၍ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခေါင်းငုံ့ထားသည်။ ဒီအသံ ကြားဖူး၍ မာလာရီသည် ဗိုလ်ကြီးမျက်နှာကို ဖျတ်ခနဲ မော့ကြည့်လိုက်သည်။

“ဆရာ ဟင်းပို့်ခိုင်းလို့ ဆရာကတော် တို့နေတဲ့ ရုံထဲကို ဟင်းလာပို့တဲ့ ရဲဘော်လေ … မမှတ် မိတော့ဘူးလား”

ဗိုလ်ကြီးဆိုသူက ဖွင့်ပြောမှ မာလာရီက အံ့သြသွားသည်။ အားတက်သွားသည်။ အသံတုန် တုန်းဖြင့် ပြန်ပြောသည်။

“မှတ်မိပါပြီ ရဲဘော်ရယ် … ဘာပြုလို့ ခုလို ဖမ်းလာတာလဲ၊ ဘယ်တော့လွှတ်ပေးကြမှာ လဲ”

ဗိုလ်ကြီးဆိုသော ရဲဘော်သည် ဗိုလ်အောင်သိန်းနှင့် မာလာရီတို့ စလင်းရုံထဲတွင် ညားနေ ကြသည် ယူဆခြင်းကြောင့် မာလာရီကို တွေ့ တွေ့ ချင်း ‘ဆရာကတော် ’ခေါ်လိုက်ခြင်း ဖြစ်သည်။

ဗိုလ်အောင်သိန်းရဲဘော်မှန်သမျှသည် မာလာရီနှင့် သူတို့ဆရာ ညားနေကြပြီဟု အသိအ မှတ်ပြုကြသည်။ ရဲဘော်အဖြူ၊ အ၀ါ အကွဲတွင် ရဲဘော်ဗိုလ်အောင်သိန်းက အ၀ါဘက်ပါ၍ ဗိုလ်ကြီး ဆိုသူက အဖြူဘက်ရောက်သွားသော ရဲဘော် ဖြစ်သည်။

“မြန်မြန် လွှတ်ပေးစမ်းပါ ရဲဘော်ရယ်၊ ခုလောက်ဆို ရဲဘော်တို့ဆရာ ဘယ်လောက်စိတ်ပူ နေမလဲ၊ ဒေါင်းတောက်အောင် ရှာနေရော့မယ်”

မာလာရီသည် သူတို့လွတ်မြောက်ရေး အတွက် သူ့ကိုယ်သူ ဗိုလ်အောင်သိန်း၏ ဇနီးအ ဖြစ် ပုံမှားရိုက်၍ ပြောသည်။

ဗိုလ်အောင်သိန်း၏ ဇနီး မ ဖြစ်ချင်၍ ဗိုလ်အောင်သိန်း၏ စက်ကွင်းမှ လွတ်ကင်းအောင် ရုန်း ထွက်လာခဲ့သော သူတို့အ ဖြစ်အပျက်ကို ဗိုလ်ကြီးဆိုသော ထိုရဲဘော်အား အသိမပေးဝံ့ပေ။

ရဲဘော်သည် အတန်ကြာ တွေ ၍ နေသည်။ ပြီးမှ အသံခပ်အုပ်အုပ်ဖြင့် ပြန်ပြောသည်။

“ည ၁၁ နာရီမှာ လာခေါ်မယ်။ အားလုံး အဆင်သင့်လုပ်ထားပေါ့”

ရဲဘော်သည် ပြောပြောဆိုဆို အောက်ထပ်သို့ ပြန်ဆင်းသွားသည်။

ထိုည၌ မာလာရီတို့သည် ရဲဘော်လာခေါ်မည့် အချိန်ကို စောင့်နေကြသည်။ ည ၁၁ နာရီ၌ ဗိုလ်ကြီးဆိုသော ရဲဘော်ဖြူသည် တစ်ယောက် တည်း အပေါ်ထပ်သို့ တက်လာကာ လက်ရိပ်ပြ လိုက်သည်။

မာလာရီတို့လည်း အသံမထွက်အောင် ခြေနင်းလျက် ရဲဘော်နောက်သို့ လိုက်သွားကြ သည်။ နှစ် ထပ်အိမ်ကလေးမှ ကမ်းပါးသို့ နှစ် မိုင်ခန့် လျှောက်ကြရသည်။ ကမ်းစပ်၌ ဆိုက်ထား သော မော်တော် ဘုတ်ကလေးပေါ်သို့ တက်ခိုင်းသည်။

မော်တော် ကို စက်ကုန်မောင်း၍ မြောင်းမြသို့ လိုက်ပို့သည်။ မြောင်းမြရောက်လျှင် ကမ်း၌ ကပ်ပေးကာ ချက်ချင်း ပြန်မောင်းထွက်သွားသည်။

“ဆရာကတော် ရေ … ဆရာ့ကို ပြန်ပြောလိုက်ပါ။ ကျွန်တော် ဆရာကတော် ကို ကောင်းမွန် စွာ ပြန်ပို့တယ်လို့ ပြောလိုက်ပါ”

မော်တော် မထွက်ခွာမီ ရဲဘော်က ပြောသွားသည်။

မြောင်းမြ၌ သူတို့နှင့် အတူတူ အဖမ်းခံရသော ဇာတ်ကံထရိုက်အသိအိမ်တွင် တစ်ည၀င် အိပ်ကြရသည်။

မြောင်းမြမှ ပုသိမ်သို့ နောက်တစ်နေ့ လိုက်သွားကြသည်။ ပုသိမ်တွင် အမေဆေးကုသော ဆေးတိုက်သို့ ရောက်သွားကြသည်။ အမေ့ကို တွေ့ ချင်ဇောနှင့် လာခဲ့ကြရာ ဆေးတိုက်၌ အမေတို့ မရြှိ ကတော့ချေ။

ဗိုလ်အောင်သိန်းသည် သူ့တပည့်ရဲဘော်များ ကို စရိတ်ပေးကာ မာလာရီတို့ကိုရှာရန် ပုသိမ် သို့ လွှတ်လိုက်သည်။ “မရ,ရအောင် ပြန်ခေါ်ခဲ့၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် မတွေ့  တွေ့ အောင် ရှာခေါ်ခဲ့၊ သူတို့ပြန်မလာရင် မင်းတို့ ပြန်မလာခဲ့ကြနဲ့တော့” ဗိုလ်အောင်သိန်းက တစ် ချက်လွှတ် အမိန့်ပေးကာ ရှာဖွေခိုင်းလိုက်သည်။

ရဲဘော်တို့သည် ပုသိမ်ရောက်၍ သတင်းထောက်လှမ်း ရှာဖွေကြသည်။ ဆေးတိုက်တွင် မာ လာရီ၏ မိခင်ရှိကြောင်း၊ မာလာရီတို့ မောင်နှမသုံးယောက် မှာ မြောင်းမြဘက်တွင် ရဲဘော်ဖြူများ ဖမ်းထားကြောင်း၊ ဤသတင်းအရ ဆေးတိုက်ရှိ မာလာရီ၏ မိခင်ထံသို့ လိုက်သွားကြသည်။ ဗိုလ် အောင်သိန်းက အခေါ်လွှတ်လိုက်ကြောင်း၊ သူတို့နှင့် ရန်ကုန်သို့ ပြန်လိုက်ရန် ခေါ်သည်။

“သားတို့ရယ် … အမေ့သမီးလေးလည်း ရဲဘော်ဖြူတေါ ဖမ်းထားသတဲ့။ ဘာသတင်းမှ မ ကြားရဘူး။ သမီးလေးနဲ့ ပြန်တွေ့ မှ လာခဲ့ပါ့မယ်”

အမေက မလိုက်နိုင်သေးကြောင်း ရှင်းလင်းပြောပြသည်။

“ကျွန်တော် တို့ အမေ့သမီးကိုရှာပေးပါ့မယ်။ အမေမပါဘဲ ကျွန်တော် တို့ ရန်ကုန်ပြန်လို့မ ဖြစ် ဘူး။ အမေ့သားအကြောင်းလည်း အမေသိပါတယ်။ အမေတို့ကို တွေ့ ရက်သားနဲ့ ပါအောင်ခေါ်မ လာဘူးဆိုရင် ကျွန်တော် တို့ ကိစ္စများ လိမ့်မယ်။ ကျွန်တော် တို့ကို သနားရင် ပြန်လိုက်ခဲ့ပါအမေ”

မာလာရီ၏ မိခင်သည် ပြန်လိုက်ရန် တောင်းပန်နေကြသော ရဲဘော်များ ကို ကရုဏာသက် သွားသည်။ ရဲဘော်တို့ ပြောသည့်အတိုင်း လိုက်မသွားလျှင် ရဲဘော်တို့ ခံကြရမည့်  အပြစ်ဒဏ်ကို မတွေးရဲပေ။

စလင်းကွင်းရုံထဲ၌ နေကြစဉ်က ဗိုလ်အောင်သိန်းသည် သူ့တပည့်ရဲဘော်များ ကို အပြစ်တွေ့  လျှင် ချမ်းသာမပေးဘဲ ပြင်းပြင်းထန်ထန် ရိုက်နှက်အပြစ်ပေးပုံကို တွေ့ ဖူးမြင်ဖူးခဲ့ကြသည်။

အမေသည် မိမိတို့မိသားစုအတွက်ကြောင့် ရဲဘော်များ ကိစ္စများ မည် ကိုမလိုလားပေ။ သမီး သတင်းလည်း ဘာမှ မသိရ။ ပုသိမ်ဆေးတိုက်၌ ကြာရှည်စောင့်နေရန်လည်း စားစရိတ်မတတ်နိုင်။ ရောဂါ ကုသပေးသော ဆေးဝါးစရိတ်ကိုပင် မရှင်းရသေးပေ။ သမီးများ ပြန်လာမှပေးရန် ကြွေးတင် နေသည်။ ပုသိမ်ဆေးတိုက်တွင် သမီးကြီး မသိန်းတင်တို့ လင်မယားနှင့် မာလာရီ၏ သမီးလေး လှ လှဝင်းပါ အမေနှင့် အတူရှိကြသည်။

ရဲဘော်များ သည် အမေ့ကို မလိုက်,လိုက်အောင် နားပူနားဆာ လုပ်ကြသည်။ ဆေးဖိုးဝါးခ ရှင်းပေးသည် စရိတ်ပါသည်။ မလိုက်ဘဲ မနေရန် တောင်းပန်ကြသည်။

အိမ်ထောင်ရှိ၍ မလွတ်လပ်သော ဗိုလ်အောင်သိန်းလက်မှ လွတ်ကင်းရန် ပုသိမ်သို့ ရှောင် ထွက်လာသော သမီးအကြောင်းကို လုံးဝမသိရှာသော အမေက ဗိုလ်အောင်သိန်း၏ ကျေးဇူးများ ကို ထောက်ထား၍ ပြန်လိုက်ရန် သဘောတူဆုံးဖြတ်သည်။ မိသားစုသည် ရဲဘော်များ နှင့် ရန်ကုန်သိုပ ပြန်လိုက်သွားကြသည်။

မာလာရီတို့ ဆေးတိုက်သို့ ရောက်သော အခါ ဆေးတိုက်ဆရာမ ကြီးက အ ဖြစ်အပျက်အကျိုး အကြောင်းများ ကို ဆီးပြောပြသည်၊။

မာလာရီသည် ဗိုလ်အောင်သိန်းဆီသို့ အမေပြန်သွားသည်ဟု ကြားကြားချင်း ဤဘ၀တွင် ဗိုလ်အောင်သိန်းစက်ကွင်းမှ လွတ်ကင်းတော့မည် မဟုတ်ကြောင်း သိလိုက်သည်။

အမေ့ကို ဖွင့်မပြောမိသည့်အတွက် နောင်တရကြသည်။ ဤဇာတ်ကြောင်းသိလျှင် အမေ လိုက်ချင်မှလိုက်မည် ။ ယခုတော့ အမေကပြန်ရောက်သွားနှင့် ပြီ ဖြစ်၍ အမေ့နောက်သို့ သူတို့မောင် နှမ သုံးယောက် လိုက်ရတော့မည် ။

ရန်ကုန်သို့ မောင်နှမသုံးယောက် လေယာဉ်ပျံဖြင့် ပြန်ခဲ့ကြသည်။ မင်္ဂလာဒုံလေဆိပ် ရောက် ၍ တက္ကစီကားပေါ်သို့ တက်ကြသော အခါ “ဘယ်ကိုလဲ … ဘယ်သွားမလဲ” ကားဆရာကမေးသည်။

မာလာရီသည် ရင်ထဲ၌ ဆို့လျက် မျက်ရည်ဝဲကာ ကားဆရာကို ပြန်မပြောနိုင်။ မာလာရီ၏ အစ်မ မခင်ညိုသာလျှင် “စလင်းကွင်း ဇာတ်ရုံ ကြည့်မြင်တိုင်” ဟုပြောလိုက်သည်။

ဗိုလ်အောင်သိန်းသည် မာလာရီ၏ မိခင်နှင့် မိသားစုကို စလင်းကွင်းထဲ၌ အိမ်တစ်အိမ်ငှား၍ တင်ထားသည်။ စားစရိတ်ကိုပါ ထောက်ပံ့ထားသည်။ ရဲဘော်များ ကို မြောင်းမြသို့ လွှတ်ကာ သ တင်းစုံစမ်းခိုင်းသည်။

အမေ့ကို တွေ့ လိုက်သော အခါ မာလာရီသည် မိခင်ကိုဖက်၍ ချုံးပွဲချငိုသည်။ တွေ့ ကြုံရ သော အ ဖြစ်အပျက်များ ကို ပြောပြသည်။ အမေကလည်း မာလာရီတို့မရောက်ခင် အ ဖြစ်အပျက် အကျိုးအကြောင်းများ ကို မျက်ရည်စမ်းစမ်းဖြင့် ပြန်ပြောပြသည်။

“အမေတို့ကို ဒီအိမ်မှာ ထားပြီးတစ်နေ့တော့ သူ့မယား အမေ့ဆီကိုလာတယ်။ သူ့ယောက်ျား အကြောင်းတွေ စုံလို့ပဲ လာပြောပြတယ်။ သူ အင်မတန် လိုလားနှစ်သက် တဲ့ အမေ့သမီးနဲ့ ပေးစား ပါ။ ကျွန်မရှိတယ်၊သားရှိတယ်လို့ အမေ ထည့်မစဉ်းစားပါနဲ့။ အမေ့သမီးနဲ့ နေရာကျသွားရင် ကျွန်မ တို့ သားအမိလည်း နားချမ်းသာရပါ့မယ်… စိတ်ချမ်းသာရပါ့မယ် … ဒါကြောင့် အမေ့သမီးများ ပြန် လာရင် အမေ့သမီးနဲ့ ပေးစားလိုက်ပါလို့ လာတောင်းပန်တယ်။ သမီးဘယ်လို သဘောရလဲ”

မာလာရီသည် ရုတ်တရက် အဖြေမပေးနိုင်ဘဲ ရင်ထဲ၌ တင်းကျပ်လျက် မျက်ရည်များ စီးကျ ကာ ငိုရှိုက်နေသည်။ သူနှင့် လွှတ်အောင် ထွက်ပြေးကြောင်း အမေသိအောင် ပြောပြသည်။

“ဒီအတိုင်းဆိုရင် အမေတို့ သမီးတို့ ကျားရှေ့တော့ မှော က်ရက်လဲကြပြီ။ အမေတို့ကို စီမံ ဖန်တီးတဲ့ကံကလဲတာ။ ခုပုံက လွတ်အောင်ရှောင်ဖို့တော့မလွယ်တော့ဘူး။ သမီးဘ၀လမ်းကြောင်း က ဒီလမ်းလျှောက်ဖို့ ဒီလို ဖန်တီးပေးထားပြီ။ တခြားလမ်းကြောင်းတော့ အမေ မမြင်တော့ဘူး။ သူ နဲ့လွတ်အောင် သမီး ဘယ်လိုရုန်းပြေးပေမဲ့ သူ့လက်ထဲ ပြန်ရောက်အောင် ကံကြမ္မာက ဖန်တီးပြီး ပြန်ပို့လိုက်ပြီ သမီး”

မာလာရီသည် သူ့လက်ထဲပြန်ရောက်မှ လက်မခံ၍ မရ၊ ငြင်း၍ မရ။ သူ့ရဲဘော်အပေါင်းက လည်း မာလာရီကို သူတို့ဆရာကတော် ၊ သူတို့ဆရာနှင့် ညားပြီးသား ယူဆထားကြသည်။ သူကျွေး မွေးထောက်ပံ့ထားသော လက်ရှိအခြေအနေ အကြောင်းကြောင်းတို့ကြောင့် ဖြစ်ချင်ရာ ဖြစ်တော့ သဘောပိုက်ကာ နောက်ဆုံး၌ မျက်စိမှိတ်လက်ခံလိုက်ရသည်။

ဘုန်းကြီးများ ပင့်၍ မင်္ဂလာဆွမ်းကပ်ပြီး ထိုအိမ်ကလေး၌ ဗိုလ်အောင်သိန်းနှင့် မာလာရီတို့ မင်္ဂလာဆောင်ကြသည်။ မင်္ဂလာမဆောင်မီ ဗိုလ်အောင်သိန်းကို မာလာရီက ရဲဘော်ဘ၀မှ နုတ် ထွက်မှ မင်္ဂလာဆောင်မည် ပြော၍ ဗိုလ်အောင်သိန်းသည် ရဲဘော်အ ဖြစ်မှ နုတ်ထွက်လိုက်သည်။

မင်္ဂလာဆောင်ပြီး လများ မကြာမီ ဗိုလ်အောင်သိန်း၏ ဇာတိ ပေါ်လာသည်။ အိမ်သို့ ပြန်အိပ် ရုံမှတစ်ပါး ပြန်ချင်သည့်အချိန်မှ ပြန်အိပ်၊ စားချင်မှစား၊ မာလာရီသည် တစ်နေ့မှ စိတ်မချမ်းသာ။ နေ့စဉ်နေ့တိုင်း စိတ်ဆင်းရဲနေသည်။

မာလာရီ စိတ်ဆင်းရဲနေမှန်းသိ၍ ဗိုလ်အောင်သိန်းက ချော့သည်။ ချော့၍ ပျော့သွားသော အခါ မာလာရီက ချော့သူကို ဖဲလျှောက်မရိုက်ရန်၊ လင်းအားကြီးမှ ပြန်မလာရန် ပြောသည်။ ထိုသို့ ပြောလျှင် အချခံရသည်။

မာလာရီကို ဗိုလ်အောင်သိန်းက ဘယ်လိုရိုက်နှက်နေနေ အိမ်ဦးခန်းထဲမှ အမေသည် တုပ် တုပ်မျှ မလှုပ်။ “သားရေ … သား”ဟု ခေါ်ပြောမပျက်။ ဘယ်ယောက္ခမအပေါ်မှ မယဉ်ကျေးခဲ့သော ဗိုလ်အောင်သိန်းသည် မာလာရီ၏ မိခင်ကိုတော့ ရိုသေသည်။ ဦးချသည်။ သူ့ပါးစပ်ဖျားမှာ အမေ ချင်း ထပ်နေသည်။

မာလာရီ၏ အစ်မ ဒေါ်သိန်းတင်တို့ လင်မယားနှင့် မခင်ညိုသည် မာလာရီတို့ မင်္ဂလာ ဆောင် ပြီး သမီးလှလှဝင်းကို ခေါ်ကာ လက်ပံတန်းသို့ ပြောင်းသွား ကြသည်။

* * * * *


ဝန်ဇင်းချစ်သူများ ဂျာနယ်ကျော်မမလေး ၏ “ မာလာရီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စိတ်

တွေးတစိမ့်စိမ့်

မုန်း၍မဟူ