
ဆရာဇော်ဂျီ၏ အမှာ
ဤ၀တ္ထုတွင် မစောလင်းသည် ဇာတ်လိုက် ဖြစ်သည်။ မစောလင်းသည် ခေတ်ပညာတတ်၊ အမ်၊ ဘီ၊ ဘီ၊ အက်(စ်) အောင်ပြီး ဆရာဝန် ဖြစ်သည်။ကြည့်ချင်မြင်ချင်သော မျက်စိရှိသည်။ ကြား ချင် နာချင်သော နားရှိသည်။ တွေးကြံတတ်သော အလေ့ရှိသည်။ သဘာဝကို စုံစမ်းလေ့ရှိသည်။ ဘိုင်အိုလိုဂျီပညာရပ် ၀ါသနာပါသည်။ ခေတ်မီဘိုင်အိုလိုဂျီပါရဂူများ ဖြစ်သည်ဟုဆိုကြသော ရုရှား လူမျိုး မစ်ချူရင်နှင့် လိုင်စင်ကိုတို့၏ နောက်ဆုံးပေါ် သဘာဝလေ့လာချက်များ ကိုသိသည်။ သို့ ရာ တွင် ထိုအခါ ကလေးမ ဆရာဝန် မစောလင်းသည် အလုပ်အတူတွဲ ဖက်လုပ်ကိုင်သူ ဆရာဝန်ဖေဦး ကို လူကဲမခတ်တတ်။ ထို့ကြောင့် မတော် သော လမ်းကိုသွားမိသဖြင့် မတော် သော ဒုက္ခနှင့် တွေ့ ခဲ့ရ သူ ဖြစ်သည်။ ယောက်ျားယုတ်၏ ကျူးကျော်စော်ကားခြင်းကို ခံလိုက်ရသည်။
ဝတ္ထှုဆုံးခါနီး တွင် ဒေါက်တာမစောလင်းသည် “ကျွန်မတို့ မိန်းမများ ဟာ စိတ်ယုတ်ညံ့တဲ့ ယောက်ျားများ ရဲ့ နိုင်ထက်စီးနင်းမှု ခံရတတ်တဲ့သဘောကို တင်ပြချင်လို့ပါ။ ကျွန်မဟာ ကလေး အမေပါလို့ အမှန်ကိုပြောရပါတယ်။ ဘယ်လိုပဲသူကယုတ်ညံ့စိတ်ရှိစေကာမူ ကျွန်မစိတ်က မယုတ် ညံ့ပါဟု ပရိသတ်ဗိုလ်ပုံအလယ်တွင် ထုတ်ဖော်လိုက်လေသည်။ မစောလင်း၏ စကားသည် ရုံခန်း ထဲ၌ သာမက လူ့လောက၌ ပင် ပဲ့တင်ထပ်မည် ထင်ရလေသည်။ ထိုစကားကိုမဆိုရခင် ဒေါက်တာ မစောလင်းသည် အောင့်အည်းလာရသည်မှာ ထင်ရှားသည်။ ဒုက္ခနှင့်ရင်း၍ အမှန်ကိုသိလာရသော ကြောင့် ထိုအသံကို ရဲရင့်ပြင်းထန်စွာ ဆိုလိုက်ရသော ဒေါက်တာသည် ရင်လင်းသွားပေတော့မည် ။
ဤ၀တ္ထုတွင် ဂျာနယ်ကျော်မမလေးသည် မစောလင်းဘက်၌ သာအမှန်ကိုပြသည်။ ချို့ချို့ ဘက်၌ ကား အလင်းကိုပြထားသည်။ ထိုအလင်းကား အခြားမဟုတ်၊ ချိုချိုလူကဲခတ်တတ်ခြင်းပင် ဖြစ်လေသည်။
ဤ၀တ္ထုတွင် ဒေါက်တာမစောလင်းသည် ခေတ်ပညာကို ကောင်းစွာ တတ်သည်။ အမှန်ကို ရှာချင်သည်။ တွေ့ သိစေချင်သော အမှန်ကို သူ့အရှက်ကိုပင်မငဲ့ဘဲ တင်ပြလိုက်သည်။ စာအုပ်ထဲ့က ဆွဲထုတ်ထားသော အရုပ်၊ သဘောတရာက ဖန်တီထားသော အရုပ်၊ ချိုချိုသည် လူကဲခတ်တတ် သည်။ သူငယ်ချင်းကို ချစ်တတ်သည်။ လောကထဲတွင် ဆွဲထုတ်ထားသော လူ၊ ကိုယ်တွေ့ က ဖန်းတီထာရသော လူ။
ဇော်ဂျီ
[၁]
သည်းထန်စွာ ငိုကြွေးခြင်းလည်း မပြု၊ ရှိုက်လည်းမရှိုက်၊ မျက်စိအောက်တွင် ကျွမ်း၍ ကျွမ်း ၍ လောင်သွားသော အ ဖြစ်ကိုသာ စိုက်၍ ကြည့်နေမိသည်။
ဘေးနားကပ်၍ လက်ကိုင်ပ၀ါကို နှားခေါင်းတွင် ပိတ်ကာ နီရဲသော မျက်လုံးများ ဖြင့် တောင်း ပန်လျက်
“ပြန်ပါတော့ မစောလင်းရယ်၊ ချိုချိုတောင်းပန်ပါရစေ ပြန်ပါတော့၊ ဘာ ဖြစ်လို့ ဒါကိုကြည့် နေရတာ လဲကွယ်”
ဟု တတွတ်တွတ် တောင်းပန်ကာ လက်ကိုဆွဲခေါ်နေသည်ကို ပြန်၍ ပင်မပြော၊ မတုန် မလှုပ်၊
ယောက်ျားပျိုးတစ်ဦးကား အပါးမှရပ်လျက် လောင်ကျွမ်းလျက်ရှိသော မီးပုံကြီးကိုငေး၍ လက်တစ်ဖက်မှ ပ၀ါဖြူနှင့် နှာခေါင်းကိုပိတ်လျက်က…
ချိုချိုရအောင်ခေါ်ပါ၊ လူတွေ တောင်စဲကုန်ပြီ”
ဟု ဆိုနေသည်ကို လှည့်၍ ပင်မကြည့်။
နွေနှောင်းလေသည် ပြင်းထန်စွာ ပင်တိုက်လျက်ရှိသည်။
`မစောလင်းရယ်… ပြောလို့မရဘူးလားကွယ်၊ ပြန်ရအောင်လာပါ`
လေကကောင်းလေ၊ မီးတောက်မီးလျှံတို့က တဟုန်းဟုန်းတောက်ကာလောင်နေလေ၊ တဖျစ်ဖျစ်မြည် သံသည် မီးလျှံတက်သော တဟုန်းဟုန်းအသံကြားထဲမှ ထွက်ပေါ်လာသည်။
မျက်စိရှေ့တွင် ပင် ခြေထောက်တစ်ပိုင်းမှာ လောင်ကျွမ်းလျက်ရှိလေပြီ။ အင်္ကျီမပါသော အသားမဲမဲနှင့် စဏ္ဍာလတစ်ဦးက သူ့ရှေ့တွင် လောင်သွားသော ရခိုင်လုံချည်ကိုကြည့်ကာ သနပ်ခါး တုံးများ ကို ပစ်ထည့်နေသော အခြားလုံခြည်တိုတိုနှင့် စဏ္ဍာလအား…..
`ရခိုင်လုံချည်ကကွာ အဆင်သိပ်ကောင်းတာပဲ၊ အ၀ါရောင် ခံမှာ အနက်နဲ့ကွပ်ထားတာ၊ မရ လိုက်တာ နာတာပဲ`
ဟု နှမြေားသတနေသည်။
အင်္ကျီမပါသော အသားမည်းမည်းစဏ္ဍာလက…
`အံမာကွာ၊ အင်္ကျီနဲ့လုံချည်ကို အလောင်းနဲ့အတူ ထည့်ရှိဖို့ တို့ကို တစ်ရာတောင်ပေးထား တာပဲကွ၊ တော် ရောပေါ့၊ မင်းက လောဘမကြီးပါနဲ့၊ မသာရှင်ကအတော် မြတ်နိုးတယ်နဲ့တူတယ်၊ အ၀တ်အစားပါတစ်ပါတည်းထည့်ရှို့တာ ကြည့်ချင်တယ်၊ အလောင်းကြီး အ၀တ်မရှိဘဲနဲ့ကိုးရိုးကား ယား ဖြစ်နေတာ မကြည့်ရက်ဘူး ထင်ပါတယ်ကွာ`
ဟု ပြန်၍ ပြောနေသည်။
လေသည် ပင့်၍ ပင့်၍ တိုက်နေလေသည်။ အလောင်းကြီးသည် မီးလျှံပြင်းလာသော အခါ ကုန်း၍ ထလာသည်။ စဏ္ဍာလနှစ် ယောက် က တူရွှင်းနှင့် ရိုက်ချရသည်။
မန်ကျည်းပင်အိုကြီးများ ကားပျဉ်းတွဲ ရှုံ့တွနေသော အကိုင်းအခက်အလက်များ ယိမ်းထိုးနေကြသည် ရော်ဝါသော ရွက်များ သည် လွင့်ကာလွင့်ကာ ကြွေ၍ နေကြသည်။သင်္ချိုင်းတစ်ဖက်တွင် ကွင်းပြင်ကြီး ရှိလေရာ လွတ်လပ်စွာ ပြေးလွှားဝင်ရောက်လာသော လေသည် မြင့်မားထူထပ်သော မန်ကျည်းပင် အုပ်ကြီးများ နှင့် တိုးဝှေ့သော အခါ အရှိုန်ပြင်းစွာ ဖြင့် တိုက်မိပြီးအကိုင်းအခက်များ ကြားသို့ ဖြတ်သန်း သွားကြလေသည်။ ထိုအခါ တဝေါဝေါမြည် သော အသံကို ဖြစ်စေလေတော့သည်။
သစ်ပင်ထိပ်ဖျားတို့သည် ယိမ်းထိုး၍ နေကြသေသည်။
မြက်ပင်, ပေါင်းပင်များ ဖြင့် ဖုံးလွှမ်းလျက်ရှိသော ဂူတို့မှာ ရှည်လျား၍ လာသော အရိပ်များ အောက်ဝယ် ခပ်မှိုင်မှိုင်အမူအရာဖြင့် တိတ်ဆိတ်လျက်ရှိသည်။ ဂူတို့မှာ အစားစားရှိသည်။တချို့မှာ မြင့်မောက်နေလျက်၊ တချို့မှာ ခပ်ပြားပြား၊ ခပ်ပုပု ပုံပန်းအမျိုးမျိုး။
ခပ်ချွန်ချွန် အတွန့်အတက် အနားကွပ်ထားသော အုတ်ဂူတစ်ခုမှာ သံဝင်းထရံကလေး ခတ် ထားသော ဘေးပတ်လည်၌ သနပ်ခါးပင်စိုက်ထားသည်။ သနပ်ခါးရွက် စိပ်စိပ်ဝိုင်းဝိုင်းကလေး များ မှာ ဖုန်ထလေသဖြင့် စိမ်းခြောက်ခြောက် ဖြစ်နေသည်။ အ၀ါအသီးများ ဖြင့် ပြွတ်နေသော သနပ်ခါးအဖူးတို့မှာ အဖျားတွင် သာရှိပြီး သိပ်မဖွင့်ဖြိုးလှ၊ ဂူပေါ်တွင် သစ်ရွက်ခြောက်၊ ပန်းခြောက် များ ဖြင့် ဖရိုဖရဲ ဖွာရရာကြဲလျက်။
ထိုဂူနှင့် ယှဉ်လျက်ကား မြက်ပင်များ ဖုံးလွှမ်းလျက် တစ်ဝက်ပေါ်နေသော ဂူပြားပြား တစ်ခုပင်။ ထိုဂူမှာ ဘယ်လောက်များ ကြာပြီလဲ မပြောတက်၊ မြက်ပင်တို့မှာ ဂူတစ်ပိုင်းကို တွယ်တက်ကာ ဟိုဘက်မှ သည်ဘက်သို့ ဖြတ်သန်းမိလေပြီ။ ရေညှိမှော်များ တစ်ပိုင်းတက်နေ သဖြင့် အုတ်ရောင် တောင်မပေါ်တော့ပဲ မည်းညိုညို ဖြစ်နေသည်။
ဂူများ မှာ စီရရီတန်းနေကြသည်။ ဂူတွေ ခေါင်းရင်း၌ အမည်းစာတန်းတိုင်များ ၊ အချို့ လည်း စာတန်းတိုင်မရှိ၊ ဂူထိပ်ရှို အုတ်ပြားပေါ်တွင် ထွင်းထားကာ အမည် စာတန်းထိုးထားကြ သည်။
မန်းကျည်းရွက်တို့သည်ကား လက်လက် လက်လက်နှင့် အပင်ပေါ်မှာ အမြဲတန်းကြွေကျ နေကြသည်ဟု မှတ်ရသည်။လေက တဝေါဝေါ တိုက်ခတ်လျက်ရှိရာ အ၀ါရော်ရောင် အစိမ်း ခြောက်ခြောက်အရွက်တို့သည် အကိုင်ထိပ်ထက်မှ ကြွေလွင့်လာကြသည်မှာ အဝေးကကြည့်လိုက် လျှင် ဝေ့ကာ ဝေ့ကာ ကျလာသော လက်လက် လက်လက်နှင့် လှုပ်နေသည့် သဏ္ဍာန်သာ မြင်ရလေသည်။
လေသည် သင်္ချိုင်းတစ်ပြင်လုံးကို ဖြတ်သန်းကာ တိုးဝှေ့ဝင်လေသည်။
မီးသင်္ဂြိလ်နေသော မီးပုံထဲမှမီးခိုးတို့သည် လိပ်တက်ကာ လေသင့်ရာသို့ ပါနေကြသည်။ အသားတွေ ကိုလောင်းကျွမ်းသဖြင့် တဖျစ်ဖျစ်အသံတွေ အဆက်မပြတ် မြည် နေကြသည်။ ကိုယ်ခန္ဓာမှအဆီတွေ စီးကျနေ၍ မီးကတမြိုက်မြိုက်နေလေရာ စူးရှရှညှီနံကြီးတထောင်းထောင်း ထွက်နေသည်။ ညိုမည်းဖောင်းကားနေသော လက်ချောင်းကြီးများ ၏ လက်သည်းခွံတွေ ကား ရင့်မှည့်နေသည့် ပြည်ရောင် အဆင်းနှင့် မီးလျှံထဲ၌ ထင်းထင်းကြီးပေါ်နေသည်။ ထင်းများ ပေါ်တွင် တင်ထားသော အလောင်းကြီးမှာ မီးတောက်ကြီးများ ထဲတွင် တဖြည်းဖြည်း ပုံပန်းပျက်ကာ ယိုယွင်းလေပြီ။
ချိုချိုမှာ အနားမှ တတွက်တွက်နှင့် …
`ပြန်ရအောင်ပါ မစောလင်းရယ်။ အနံ့အသက်တွေ ကလည်း မကောင်းလိုက်တာ၊ နောက်ပြီး ဘယ်သူမှသုသာန်မှာ မရြှိ ကတော့ဘူး၊ တော် ကြာမှော င်လာတော့မယ်`
ဟုပြော လျက်ရှိသည်။
သူက မူကား ကြားမှကြားပါလေစ။
လဲနေသော သစ်ငုတ်တိုပေါ်တွင် တင်ပင်လွှဲချိတ်ထိုင်ရင်း တဖျစ်ဖျစ် အသံမြည် ကာ တဟုန်းဟုန်းလောင်ကျွမ်းတောက်ရှိ၍ နေသော အလောင်ြးံကီးကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေသည်။ လေကတိုက်သဖြင့် ဆံယဉ် ဆံညွန်းတို့သည် ၀ဲကျကာ မျက်နှာပေါ်သို့ ကျဆင်းလျက် လွင့်နေသည်။ လက်နှင့် လည်း သပ်ပစ်ခြင်းမပြု။ တစ်ခါတစ်ရံ ဆံပင်တို့သည် မျက်လုံးပေါ်သို့ လာအုပ်သည်။
စဏ္ဍာလများ က တူးရွင်း၊ တံစူး၊ ၀ါးတို့ဖြင့် မီးစွဲနေသော အလောင်းကြီးအား ဟိုကထိုး သည်ကဆွကာ မီးညီအောင် ညှိပြင်နေကြသည်။ မီးလျှံတို့သည် ဟပ်ကာ ဟပ်ကာ လူသေကောင် ကြီးကို ၀ါးမျိုလျက်ရှိသည်။
ယောကေ်ျားပျိုကား သူ့အဖော်အား ဘာမျှမပြောတော့ဘဲ လက်ပိုက်၍ သာ မတုန်မလှုပ် ရပ်ကြည်နေသည်။ တစ်ချက်တစ်ချက် လေဝှေ့၍ မီးခိုးများ ၊ အနံ့များ သူ့ဘက်ရောက်လာမှ လက်ကိုင်ပ၀ါဖြူနှင့် နှာခေါင်းကို ပိတ်သည်။
ချိုချိုမှာ ခေါ်၍ မရမှန်းသိတော့မှ သူ့ဘေးတွင် ရပ်ကာ မျက်နှာကို လက်ကိုင်ပ၀ါနှင့် အုပ်ပြီး ရှိုက်နေလေသည်။
သုသာန်စောင့် ကျေးငှက်တစ်အုပ်သည် လန့်ကာ လယ်ကွင်းဘက်သို့ ပျံသန်းသွားကြလေ ပြီ။ မန်ကျည်းရွက်တို့ကား ကြွေမြဲကြွေကျလျက် လေသည် တစ်ခါတစ်ခါမှသာ ညင်သာကာနောက် ဆက်မြဲဆက်၍ တိုက်နေလေသည်။
အနံ့များ မှာ လေသင့်သဖြင့် လှည့်လာပြန်လေရာ ချိုချိုလည်မနေနိုင်တော့ဘဲ တစ်ဖက်သို့ ပြေးသွားရသည်။ တော် တော် လှန်းလှမ်းအကိုင်းများ ကွေးကျနေသော မန်ကျည်းပင်အိုကြီးတစ်ပင် အောင်၌ ရပ်ကာ-
`ပြန်ကြပါစို့ကွယ်…. ပြန်ကြပါစို့ကွယ်`
အော်ခေါ်နေသည်။
လေတဝေါဝေါတိုက်သံ၊ မီးလျှံတို့၏ တဟုန်းဟုန်းအသံ၊ တဖျစ်ဖျစ်မြည် သံများ အကြားမှ ချိုချို၏ အော်ခေါ်သံမှာ သဲ့သဲ့သာ ထွက်လာသည်။ အတန်ကြာလျှင် ယောင်္ကျားပျိုလည်း အနံ့မခံ နိုင်သဖြင့် ချိုချိုရှိရာသို့ပင် ပြေးသွားကာ နေရပြန်သည်။
တဖျစ်ဖျစ်မြည် သံများ ထန်ပြင်းလာပြန်ကာ ကုန်းကြွလာ၍ တူရွင်းနှင့် ရိုက်ကြရသည်။ မီးလျှံများ ကြားထဲမှ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ရှုံ့တွတွန့်လိမ်ကာ ရုပ်ပျက်လေပြီ။ခြေထောက် တစ်ဖက်မှာ ကုန်သလောက်ပင်လောင်ကျွမ်းသွားလေပြီ။
ချိုချိုက လေကြောင်း ပြောင်းသွား မှ တဖန် ပြန်လာပြန်ကာ အနားသို့ ကပ်လျက်…
`မစောလင်းရယ် ပြန်ရအောင်ပါကွယ်၊ ဒီလောက်တောင်လည်း သံယောဇဉ် ငြိတွယ်မနေပါ နဲ့၊ နောက်ပြီး ဒါမျိုးကို အစအဆုံး ကြည့်ကောင်းတာလည်း မဟုတ်ပါဘူး၊ လာပါကွယ်`
ဟု လက်တစ်ဖက်ကို အသာကိုင်ကာ ပြောနေလေသည်။
လက်ကိုပင် ပြန်၍ မဆုပ်။ မျက်စိပေါ်သို့ ၀ဲကျလာသော ဆံပင်များ ကို မသပ်ပစ်။ ကိုယ်ဟန် အနေအထားကို မပြင်။ ယခင်ကထိုင်နေရာကအတိုင်း ပေါင်နှစ် လုံးထပ်ကာ တင်ပါးလွှဲချိတ် လျက်ပင်။
`ဒီမယ် ဆရာကြီး သနပ်ခါးတုံး ထပ်ထည့်ပါဦး`
ဟုပင် စဏ္ဍာလများ ကို နှိုးဆော်ကာ အပါးမှ သနပ်ခါးတုံးတစ်တုံးကို မီးလျှံထဲသို့ ပစ်ထည့်လိုက်သေးသည်။
ချိုချိုကမူကား ရုပ်ပျက်ဆင်းပျက်သည့် သဏ္ဍာန်များ ကို မကြည့်ရဲသည့်အတွက် တစ်ဖက် သို့ မျက်နှာလွှဲနေသည်။
အရိပ်များ သည် ရှေ့သို့ တိုး၍ ရှည်လျားလာလေပြီ။ မို့မောက်ကာ အချွန်အတက်များ သော ဂူတို့မှ အရိပ်တိုးထွက်လာကြသည်။ထူထပ်သော မန်ကျည်းပင်များ ရှိသည့် နေရာတွင် ကား အမှော င်သည် ရောက်လာလေသည်။ မီးခိုးတွေ လည်း အလိပ်လိပ်တက်ကာ အမှော င်နှင့် ရောနှေားသွားကြသည်။
လေသည် စောစောကလောက် မထန်ပြင်တော့။ ညနေစောင်း၍ ညင်ညင်ညံ့ညံ့ တိုက်ဟန်ရှိသည်။ အလောင်းကို မြိုက်နေသော မီးလည်း စောစောကလောက် တဟုန်းဟုန်း မတောက်တော့ပဲ အရှိုန်လျော့ကာ ဖျစ်ဖျစ်သံကို တိုးစေသည်။
`ပြန်ကြရအောင်ကွယ်၊ ကိုသက်ရင်လည်း ချိုချိုတို့ကို စောင့်နေတယ်` ဟု ချိုချိုက ထပ်ခေါ်ပြန်သည်။
`ပြီးပါတော့မယ် ချိုချိုရယ်၊ အဆုံးသတ်ရပုံကို ကိုယ် သေသေချာချာ တတ်အပ် တွေ့ ချင်လွန်းလို့ပါ`
ဒါပဲပြောသည်။ ပြောသံတွင် ငိုသံမပါ၊ ရှိုက်သံလည်းမပါ၊ တုန်ယင်ခြင်းမပါ။ ပကတိအသံ တွင် နည်းနည်း ပျော့ပြောင်းခြင်းနှင့် ငြိမ်သက်တည်ကြည်စွာ ပြောလိုက်သည်။
မီးလျှံသည်ပါးလာတော့သည်။ တောက်စရာ လောင်မြှိုက်စရာမရှိတော့၍ တဖျစ်ဖျစ် အသံမမြည် တော့။ ယခင်စောစောက မြင်ရသေးသော လူရုပ်သဏ္ဍာန်သည် ယခုရှာမရတော့ပြီ၊ မည်းမည်းကျန် သေတော့သည်။ အရိုးတို့မှာ ပြာထဲတွင် မြုပ်ကာ နေပေမည် ။
မီးအတောက်နည်း၍ မီးခိုးများ ၊ သေသလောက်ရှိသွားသော အခါ အင်္ကျီမပါသော အသား မည်းမည်းစဏ္ဍာလက တူရွှင်းကို ကိုင်ကာ အပါးသို့ ရောက်လာပြီး…
`အရိုးဘယ်တော့ကောက်မလဲ၊ ကျုပ်တို့ကောက်ထားရမလား`
ဟုမေးသည်။
` မနက်စောစောလာယူမယ်၊ အဲဒီ အိုးသစ်ထဲက အုန်းရည်ထဲမှာ စိမ်ပါ`
စဏ္ဍာလနှစ် ယောက် သည် ပြာပုံဘေးတွင် ရပ်ကာ တီးတိုးတိုင်ပင်နေကြရာမှ…
`ဟုတ်ကဲ့ ရပါ့မယ် လာယူပါ`
ဟု ဖြေသည်။
လေက ဝှေ့လာပြန်ရာ၊ ပြာတို့သည် အထက်သို့ လွင့်တက်ကြသည်။ ပြာပုံထဲမှ အရိုးများ ပေါ်လာသည်။
သစ်ငုတ်တိုမှ ထသည်။ မီးလျှံများ ကုန်သည်အထိ ရပ်စိုက်ကြည့်နေပြဲီးမှ…
`ပြန်မယ်`
ဟု တစ်ခွန်းဆိုကာ သုသာန်အ၀ဘက်သို့ မျက်နှာမူကာ လျှောက်လာလေသည်။လမ်းတွင် စကားမပြောကြ၊ အတုံးအရုံး လဲလျောင်းနေသော ဂူများ ကို ဖြတ်သန်းလာကြသည်။ခွေး တစ်ကောင်သည် လူသံကြား၍ ဂူပြားပြားတစ်ခုမှ ပြေးထွက်ကာ မို့မောက်သည့် ဂူကြီးတစ်ခုသို့ ကပ်လျက် ကွယ်လိုက်သည်။
သုသာန်ဇရပ် တံစက်မြိန်အစွန်းသို့ ရောက်သော အခါ မစောလင်းက..
` ဩော်… ဆုံးရပြီးနော် ဆုံးရပြီ`
ဟု ရေရွတ်လိုက်သည်။
ချိုချိုက မစောလင်း၏ လက်တစ်ဖက်ကို ဆုပ်ကိုင်ထားသည်။ ငိုရရှိုက်ရလွန်းသဖြင့် ချိုချို၏ မျက်နှာမှာ နီနေကာ မျက်လုံးတို့မှာ လည်း မို့လျှက်ရှိလေသည်။ မစောလင်း၏ မျက်နှာမူကာ ချိုချိုကဲ့သို့ နီရဲခြင်းမ ဖြစ်၊ မျက်လုံးမှာ မို့မနေ၊ သို့ သော် ဆံပင်တို့မှာ သာ လက်နှင့်သပ်မတင်သဖြင် ဖွာကြဲကာ မျက်နှာပေါ်သို့ ၀ဲလွင့်ကျနေလေသည်။
ယောက်ျားပျိုကား ရှေ့နှစ် လံလောက်ခွာကာ လျှောက်သွားသည်။၏
သုသာန်ဇရပ်ကြီးမှ ထွက်ခဲ့၍ ယိုင်နဲနေသော ဇရပ်ဟောင်း အပျက်တစ်ခုသို့ ရောက်သော အခါ မစောလင်းက ဟိုဟိုသည်သည်ကြည့်ကာ…
`ဒေါ်လေးတို့ကော`
ဟု မေးသည်။
ချိုချိုက ပြန်၍ လှည့်ကြည့်လျက်…
` `ပြန်ထွက်သွားကြပါပကော၊ မီးရှို့ကတည်းက လေစွတ်တိုက်နေတာနဲ့ အနံ့က မခံနိုင် အောင်ဆိုးရွားလွန်းလို့ ပြန်သွားကြတယ်လေ၊ မစောလင်းကိုလည်း အော်အော်ခေါ်လိုက်ကြတာ`
`မကြားမိဘူး`
ဟု မစောလင်းက ဖြေသည်။
သူတို့ စောင့်နေကြသေးတယ်၊ အနံ့က ဇရပ်ထဲကို စွတ်ဝင်နေတာ၊ မစောလင်းလည်း ခေါ်လို့မရ၊ အနံ့ကသိပ်ဆိုးတာနဲ့ ပြန်သွားကြတယ်၊ ချိုချိုကသာ မနေနိုင်တာနဲ့`
သုသာန်တစ်ပြင်လုံးမှာ အမှော င်ရိပ်များ ဖြင့် ယှက်သန်းလျက်ရှိလေသည်။ မိုးသည် ရုတ်ခြည်အုံလာရာက လေသည် ဝှေ့သုတ်လာပြီး၊ မိုးဖွဲများ ပင် ကျလာလေပြီး။
ဂူတို့မှာ အ၀င်ဝရောက်သော အခါ ပို၍ ထူထပ်လာသည်ဟုမှတ်ရသည်။ ဂူပြားပြားကလေးမှာ နေရာချင်းမလပ်အောင်ပင်ကပ်နေကြသည်။ကွင်းဖက်ကြသော မြေကွက်တွင် ကားမြင့်သော ဂူများ ရှိ ကြသည်။ အားလုံးမှာ ပြုစုပြင်ဆင်ခြင်းကင်းမဲ့သဖြင့် ရေညှိမှော်၊ မြက်ပင်၊ ပေါင်းပင်တို့ဖြင့် တွယ် ကပ်ကာ မည်းနေကြလေသည်။
မိုးသည် ဖွဲရာမှ ဖြုန်းခနဲ့ စိမ့်လာလေပြီ၊ နေလည်း ရုပ်သိမ်းသွားခြင်းမရှိဘဲ သူ၏ ရွှေရောင် ကို ထိုးရိုက်ထင်လျက်ရှိရာ ၊ မိုးရေတို့၏ သဏ္ဍာန်မှာ တလက်လက်နှင့် ၀င်းတောက်လျက်ရှိသည်။
ယောင်္ကျားပျိုက သုတ်သုတ်၊ သုတ်သုတ်နှင့် သုသာန်တံခါးပေါက်ကို ရောက်အောင်သွား သည်။ ချိုချိုက လက်ကိုင်ပ၀ါကို ခေါင်းပေါ်ဖြန့်တင်ထားသည်။ မိုးသည် မထင်ရဘဲ ရွာကိုချလာ သည်။ သို့သော် နေရောင် ကလည်း ထိုးရိုက်လျက်။
မစောလင်းက ဘာမှမ ဖြစ်သလို လျှောက်လာသည်။ မိုးရေစိုမှာ စိုးသဖြင့် ခြေကို သုတ်သုတ် လည်းမလျှောက်။ ခေါင်းပေါ်၌ လည်း ဘာမျှမတင်၊ ချိုချိုသည်….
`မိုးရွာလာပြီ`
ဟု နှုတ်မှဆိုကာ လမ်းမပေါ်သို့ရောက်အောင် ပြေးသွားသည်။
လမ်းမပေါ်တွင် ကား ထူထပ်သော မန်ကျည်းပင်အုပ်ကြီးမှာ အပေါ်တွင် မိုးထားသဖြင့် တော် တော် တန်တန်မိုးဆိုလျှင် မစို၊ ယောက်ျားပျိုကား လမ်းမမှရပ်စောင့်ရင်း ရေတင်နေသော အပေါ်အင်္ကျီကို လက်နှင့် တောက်ပစ်လျက်ရှိသည်။
မစောလင်းသည် ဣနြေ္ဒရစွာ ပင် မိုးရေထဲ၌ လမ်းလျှောက်လာသည်။
`မစောလင်းတော့ မိုးရေမိပြီး အအေးမိတော့မှာ ပဲ`
ဟု သူ့ဘေးရှိ ယောက်ျားပျိုအား ပြောနေလေသည်။
မစောလင်းအနားကပ်လာသော အခါ…
`ကြည့်စမ်း၊ မိုးရေတွေ ရွှဲကုန်ပါပကော၊ ခေါင်းမှာ လည်းစိုလို့၊ အအေးမိလိမ့်မယ်၊ အင်္ကျီတွေ တွေ လည်း ရွှဲနေတာပါပဲလား`
ဟုဆိုကာ လက်ကိုင်ပ၀ါနှင့် ခေါင်းကိုသုတ်ပေးနေသည်။
တို့သုတ်ပေးရင်းက နှုတ်က…
`မစောလင်း သိပ်ခက်တာပဲကိုး၊ သိပ်ပေတာပဲ`
ဟုပြောနေသည်။
`ကဲ ..ပြန်ကြရအောင်ကွယ် `
မစောလင်းက ဘာမှပြန်မပြောဘဲ လမ်းဘေးသစ်ပင်အောက်တွင် ဆိုက်ထားသော ကားအပြာကြီးပေါ်သို့ တက်သည်။ယောက်ျားပျိုက ရှေ့က၀င်ထိုင်သည်။
မိုးမှသည်းမလာဘဲ တန့်နေပြန်လေသည်။
ကားသည် ဖုထစ်များ ပြွမ်းနေသော သုသာန်လမ်းမှကွေ့ကာ ပြည်လမ်းပေါ်သို့ တက်လေပြီ။ တောင်ဘက်သို့ ကားကိုချိုးလိုက်ရာ မစောလင်းက-
`ဟေ့… အိမ်မပြန်နဲ့ ချိုချိုတို့ကို လိုက်ပို့ရမယ်`
ဟု ကားမောင်းသူအားဆိုမှ ကားမှာ အရှိန်သတ်သွားသည်။
`ဟင့်အင်း…ချိုချို အိမ်မပြန်သေးဘူး၊ မစောလင်းနဲ့ အတူလိုက်မယ်လေ၊ ညကျမှပဲပြန်မယ်၊ ကိုသက်ရင်သာ လိုက်ပို့ပေးပါ`
ဟု ချိုချိုက ပြောလေသည်။
`ကိုသက်ရင် ပြန်မယ်မဟုတ်လား`
ဟု နောက်သို့ စွေကာ လှည့်ကြည့်လိုက်သော ကိုသက်ရင်အား လှမ်းမေးလိုက်သည်။
`ချိုချို နေရစ်မလား၊ ကိုယ်ကိုတော့ ဆေးရုံးကြီးထိပ်မှာ ချထားခဲ့ပါ`
ဆေးရုံးကြီးထိပ်သို့ ရောက်သော အခါ ကားရပ်ပေးသဖြင့် ကိုသက်ရင် ကားတံခါးဖွင့်ပြီး ` သွားပါဦးမယ်`ဟု မစောလင်းတို့အား နှုတ်ဆက်သည်။
`ဟုတ်ကဲ့ရှင့် ကျေးဇူးအများ ကြီးတင်ပါတယ်`
ဟု မစောလင်းက ပြန်နှုတ်ဆက်လေသည်။
ချိုချိုက ကားမှန်တံခါးမှ ခေါင်းပြူကာ…
`ကိုသက်ရင် မနက်လာဦးမလား`
`အင်း.. မနက်တော့ အားမှာ မဟုတ်ဘူး၊ ညနေဘက်`
ဟု ပြုံးကာ ပြောသည်။
ကားလည်း ထွက်ခဲ့လေသည်။
မစောလင်းက စကားမပြော၊ ချိုချိုမှာ မစောလင်း၏ လက်ကိုဆုပ်ကိုင်ထားသည်။ မိုးလဲစဲသွားပြီ။ တရုတ်တန်းဘက်တွင် ကားလမ်းမှာ ရေပင်မစို။ မိုးရေတစ်စက်မှမကျသလို ခြောက်သွေ့လျက်ပင် ရှိသည်။မိုးက နည်းနည်း အုံ့နေသည်။
သိမ်းကြီးဈေးသို့ ရောက်သော အခါ မစောလင်းက…
`ကားခဏရပ်ဦး၊သစ်သီးတန်းဝင်ဦးမယ်`
ဟု ဒရိုင်ဘာအားပြောလိုက်သည်။
ပန်းသီးနှင့် ငှက်ပျောသီးများ ၊ ရပ်ကာဝယ်ကြပြီးမှ ပြန်ထွက်လာသည်။
ပန်းသီးပဲ စားချင်တယ်၊ ထမင်းတယ်မစားချင်ဘူး`
`ဘာစားချင်မလဲ၊ အနံ့တွေ ရှုထားတာ နည်းမှမနည်းဘဲကိုး`
ဟု ချိုချိုက ပြောသည်။
`ဟုတ်ပါရဲ့ ဇက်တွေ တောင် လေးလာတယ်`
ကားသည် ကုန်သည်လမ်းဘက်သို့ ချိုးကာ သော်မဆင်လမ်းဆီသို့ အပြေးမောင်းသွား လေသည်။ ကားမြန်မြန်မောင်းမှ မစောလင်းကြိုက်သည်ကို ဒရိုင်ဘာကနားလည်သည်။
စိန်ပန်းပင်မှ နီရဲသော အပွင့်များ သည် ဖူး၍ နေကြလေပြီ။ ကားသည် သော်မဆင်ရိပ်သာရှိ တိုက်ဝါတစ်တိုက်ရှေ့၌ ထိုးရပ်လိုက်သည်။ တိုက်အောက်ထပ်တွင် ရွှေစာလုံးနှင့် လှပခံညားသော ဆိုင်းဘုတ်ကို ထင်းခနဲမြင်ရသည်။
`လင်းဆေးတိုက်`
မစောလင်းသည် မော်တော် ကားပေါ်မှဆင်း၍ တိုက်တံခါးဝအုတ်နံရံ၌ အထက်အောက် ကပ်ထားသော ဆိုင်းဘုတ်ပြားနှစ် ခုအနက် အပေါ်ဆင့်မှ ရောင် တင်ဆီသုတ်ထားသော ဆိုင်းဘုတ် ကလေးကို အသာဖြုတ်ကာ လက်ထဲ၌ ကိုင်၍ ဘေးရှိလှေကားမှ အပေါ်သို့ တက်သည်။ ချိုချိုက ဘာမှမပြောဘဲ သူ့နောက်မှကပ်၍ တက်လိုက်သွားသည်။
မစောလင်းသည် ဆိုင်းဘုတ်ကို ရင်ဝယ်ပိုက်ကာ ကိုင်လာရာ `ဒေါက်တာ ဦးလင်း` ဟူသေား စာလုံးတွေ ကို ဖတ်နိုင်လေသည်။
ဆေးတိုက်ရှေ့မှဖြတ်လျှောက်သွားသော လူကြီးတစ်ဦးကား ခေတ္တရပ်ကာ တွေ ဝေနေပြီး ဆိုင်းဘုတ်ကိုကြည့်လျှက်…
`ဩော် ဖအေကြီးဆုံးရှာတော့ သမီး တစ်ယောက် တည် ကျန်ရစ်ပါကလား`
ဟု တိုးတိုးကလေးပြောလေသည်။
သူကြည့်နေသော ဆိုင်းဘုတ်ကား အညိုရောင် တင်ဆီပေါ်၌ စာလုံးအဖြူများ ဖြင့် ရေး ထာ သဖြင့် ပေါ်လွင်ဝင်းပလျက် ရှိပေသည်။
[၂]
`လာကွယ်… ချိုချို အခန်းထဲသွားရအောင်`
ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ပစ်လှဲကာထိုင်နေရာမှ ချိုချိုလည်း အခန်းထဲသို့ ၀င်လိုက်သွား သည်။
မစောလင်းသည် အခန်းတစ်ဖက်သို့သွားကာ ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ မှန်ပြတင်း ပွင့်သွားသော်လည်း အလင်းမှိန်စပြုပြီ ဖြစ်၍ သိပ်လင်းမလာ၊ အစိမ်းနုပေါ်တွင် အပွင့်အပွင့်များ ၊ အခက်အခက်များ ၊ ခပ်ရိုင်းရိုင်းပြောက်ထားသော ခန်းဆီကို ဖောက်ထွင်း၍ ကောင်းကင်ပြာလဲ့လဲ့ နှင့် ပြတင်းကို မိုးကာပေါက်နေသော သရက်ပင်အကိုင်းများ ကို ရေး ရေး မြင်ရသည်။
မစောလင်းသည မှန်တင်ခုံဘေးရှိ မီးပွင့်ကို ဖွင့်လိုက်သည်။
ချိုချိုသည် မထိုင်သေးဘဲ မှန်တင်ခုံပေါ်ရှိ အလှပြင်ပစ္စည်းများ ကို ကိုင်တွယ်ကြည့်ရှု့နေ လေသည်။ ၄၇၇ အော်စကာအိုဒီကိုလုံးမှ ရေမွှေး၊ ပေါင်ဒါ၊ နှုတ်ခမ်းဆိုးဆေး၊ တို့ဖတ် အစ်ခွက် စသော ပစ္စည်းများ ကို တစ်ခုစီကိုင်ကာ ငေးမောနေသည်။ မှန်တင်ခုံအနားက စာကြည့်စားပွဲပေါ် တွင် မီးအုပ်ဆောင်းနှင့် မီးတိုင်ရှိသည်။
စာကြည့်စားပွဲနှင့် ယှဉ်လျက် ထောင့်ချိုးတွင် ကား စာအုပ်ဗီရိုလေးလုံး ရှိသည်။ စာအုပ်ဗီရို တွင် အင်္ဂလိပ်ဆေးကျမ်၊ လောကဓာတ်ပညာ စာအုပ်များ အပြင် စာပေနှင့် ပတ်သက်သော စာအုပ် များ လည်းရှိသည်။ စာအုပ်ဗီရိုတစ်လုံးမှာ ထောင့်ချိုးတွင် ကပ်လျက် ကျန်နှစ် လုံးကာ အချိုးဘက်သို့ ကွေ့သွားသည်။ မှန်တင်ခုံမှ မီးရောင် နှင့် စာအုပ်များ ၏ ရွှေစားလုံးရောင် မှန်ရောင် တို့မှာ ၀ိုးတ၀ါးလက်နေကြသည်။
မစောလင်းသည် ထဘီကိုခေါက်ကာ ခုတင်ခြေရင်းရှိ သစ်သားတန်းပေါ်သို့ လှမ်းတင်ရင်း..
`ချိုချို လုံချည်လဲဦး၊ ညနေစားသောက်ပြီးမှ ပြန်ရမှာ `
ဟု လှမ်းမေးနေသည်။
ချိုချိုက….
`ဟင့်အင်း……နေပါစေ`
ဟုပြောပြီး မှန်ခုံပေါ်က ဖိတ်စာစာရွက်ကို ဆွဲကြည့်ရင်းက
`မစောလင်းရေ ဒီဥစ္စာ ဒီနေ့တက်ရမယ့် အစည်းအဝေးဖိတ်စာပါလား`
မစောလင်းက ငေးကြည့်ကာ….
`ဘာအစည်းအဝေးလဲ`
ဟုမေးလိုက်သည်။
`ဆေးပညာသုတေသန အသင်းကလေ၊ ဥများ ပေါက်လာပုံကို ဒေါက်တာနန္ဒက ဆွေးနွေး မယ်ဆိုပါကလား၊ မစောလင်းက ဒီအသင်းမှာ အမှု့ ဆောင်လား ဟုတ်လား`
`ဒုတိယ ဥက္ကဋ္ဌလေ`
`အေးပေါ့ မသာကိစ္စရှိတော့ ဘယ်တတ်နိုင်မလဲ`
ဟုချိုချိုက သူ့ပါသာသူပင် အဖြေရသွားကာ ပြောလေသည်။
`နောက်လဆွေးနွေးပွဲမှပဲ တက်နိုင်တော့မှာ ပဲ၊ ဆွေးနွေးပွဲတက်တယ်ဆိုရင် ဆွေးနွေးမယ့် အကြောင်းအရာတွေ ကို ကြိုတင်ပြီး လေ့လာထားရတာ ၊ ဘယ်လိုပြဿနာတွေ ထွက်နေတယ်၊ ဘယ်အချက်အလက်က မရှင်းလင်းသေးဘူးဆိုတာတွေ ကို သိထားမှ ဆွေးနွေးမယ် အစည်းအဝေးြ ကတော့ အသက်ဝင်တာ`
ချိုချိုသည် မစောလင်းခုတင်ပေါ်သို့ လာ၍ ထိုင်သည်။
`မစောလင်းက သိပ်ပင်ပန်းခံနိုင်တာပဲ။ ချိုချိုဖြင့် သိပ်အံ့တာပဲ၊ အစည်းအဝေးတွေ လည်း တက်လိုက်သေ။ ဆေးတိုက်လည်းလုပ်ရသေ။ ဆေးတိုက်ဘယ်တော့ဖွင့်မလဲ`
မစောလင်းက ခေါင်းအုံးကို ပွတ်နေရင်း…
`မနက်ဖြန်က စပြီး ဖွင့်မှာ ပဲ`
`နေပါဦးလား မစောလင်းရယ်၊ ရက်လည်ပြီးမှ ဖွင့်ပါလား`
`မ ဖြစ်ဘူးထင်တယ် ချိုချို၊ လူနာတွေ ကလာ၊ ဆေးတိုက်က ပိတ်ထားတော့ ပြန်ပြန်သွား ကြမှာ သိပ်အားနာစရာကောင်းတယ်`
`ဒါ ကတော့ ကိုယ်ရေး ကိုယ်တာ ကိစ္စကြောင့် ခေတ္တပိတ်ထားရတာ မျိုးကိုး။ နောက်ပြီး မစောလင်းအတွက်လည်း အားရက်နားရက်သဘောမျိုးရတာ ပေါ၊ ဦးလေးလင်း မမာနေတုန်းက ဆိုရင်လည်း မစောလင်း တစ်ယောက် တည်း ဆေးတိုက်မှာ နေ့မရှောင် ညမရှောင် လုပ်နေရတယ် မဟုတ်လား၊ ဒါတောင် အိမ်က အပေါ်ထပ်မှာ မို့ တော် ပါသေးတယ်`
`ဒီလိုရှိတယ် ချိုချိုရဲ့ ၊ ဆေးတိုက်ဆိုတာက ဈေးဆိုင်လို အရောင်းအ၀ယ် လုပ်ငန်းမျိုးနဲ့ မတူဘူး၊ ဈေးဆိုင်ဆိုရင် ပိတ်ထားရင် အရေး မကြီးဘူး၊ ကိုယ်ဝယ်ချင်တဲ့ပစ္စည်း ဒီ့ပြင်ဆိုင်မှာ သွားဝယ်ရင်ရတယ်၊ အခုဆေးတိုက်က ကိုယ့်လူနာတွေ ကိုယ့်ကိုအပ်ထားတဲ့ မကျန်းမာတဲ့ သူတွေ ဆိုတာ ကိုယ့်ကိုမှ ယုံကြည်တာ၊ ကိုယ်ပြုစုကုသတာမှ ခံချင်တာ၊ အဲဒီ လို သဘောမျိုးရှိကြ တာ၊ ဟိုဘက်လမ်းက အင်ဂျင်နီယာလင်မယားဆိုရင် ဒီ့ပြင်ဆရာဝန်ဆီ သွားတာမဟုတ်ဘူး။ ဗိုက်နာတာကအစ ကိုယ်တို့ဆေးတိုက်လာတာ`
`ဒါ ကတော့ ဟုတ်မှာ ပ။ဲ အိမ်ကဖေဖေဆိုရင်လည်း မစောလင်းတို့ဖေဖေ့ဆေးမှ သူနဲ့တည့် သတဲ့`
ဟု ချိုချို ပြတင်းပေါက်သို့ ငေးရင်း ပြောသည်။
`ဖေဖေဆရာဝန်လုပ်လာတာ နှစ် ပေါင်းကကြာပြီမဟုတ်လား၊ ဖေဖေ့မိတ်တွေ ကအများ ကြီး ပဲ၊ ဖေဖေ့ကို ယုံကြည်တယ်၊ အားကိုးကြတယ်၊ အခု ဖေဖေမရှိတော့ပေမယ့် ဖေဖေ့ဆေးတိုက်ကို ဖေဖေရှိတုန်းကလို မကျန်းမာတဲ့သူတွေ ရဲ့ အားကိုးရာ၊ မှီခိုရာ ဖြစ်အောင် ကြိုးစားရမယ်`
ချိုချိုကဘာမျှ ပြန်မပြောချေ၊ အတန်ကြာငေးနေရာမှ…
`မစောလင်းက တစ်ယောက် တည်းရယ်၊ သိပ်ပင်ပန်းမခံစမ်းပါနဲ့၊ ကိုယ့်မှာ ရှားရှားပါးပါးထဲ မှမဟုတ်ဘဲ၊ အိမ်နဲ့ရာနဲ့ ဘဏ်မှာ လည်း ဦးလေးလင်းစုထားတဲ့ငွေတွေ ကျန်ရစ်ခဲ့တယ် မဟုတ်လား`
`ကျန်ရစ်ခဲ့တာက ကျန်ရစ်ခဲ့တာပဲကွယ်… ကျန်ရစ်ခဲ့တယ်ဆိုတာကလည်း များများ စားစား မဟုတ်ပါဘူး၊ အပြင်ကမသိကြလို့သာ အထင်ကြီးနေတာ၊ ဖေဖေကလည်း ငွေစုတဲ့လူထဲက မဟုတ်ပါဘူး။ အင်မတန်သနားတတ်တာ၊ ရက်ရောတာပဲ၊ ဒေါ်လေးသိတယ်မဟုတ်လား`
`အင်း `
`အဲ…ဒေါ်လေးသမီးနဲ့သားကို ဖေဖေက ကျောင်းထားပေးရတယ်၊ ဒေါ်လေးဆိုတာက ဦးလေးဆုံးကတည်းက အားကိုးရာမဲ့ ကျန်ရစ်ခဲ့တယ်မဟုတ်လား၊ သမီး တစ်ယောက် ၊ သားနှစ် ယောက် ၊ သားအကြီးက ငယ်ငယ်ကတည်းကမမာတာနဲ့ အလိုလိုက်ပြီး ကျောင်းမထားလို့ ပေါ့၊ သမီးအလတ်နဲ့ သားအငယ်ကို ကျောင်းစရိတ် ဖေဖေကပေးနေရနတာ၊ ကျောင်းစရိတ်တင် မဟုတ်ပါဘူး၊ ဒေါ်လေးတို့ တစ်အိမ်လုံးစရိတ်ဆိုပါတော့ကွယ်၊ သူ့လိုအစ်ကို တစ်ယောက် သာ ဒေါ်လေးမှာ အားကိုးရာရှိတယ်ဆိုတော့ ပိုပြီးဂရုစိုက်တယ်။ ဒေါ်လေးကရိုးရိုး၊ ဘာမှလုပ်တတ်ကိုင် တတ်တာလည်းမဟုတ်တော့၊ ဟေား…ပြောရင်းဆိုရင်း အိမ်ရှေ့ကလား၊ဒေါ်လေးအသံနှင့်တူ တယ်`
ခန်းဆီးကြားမှ ဒေါ်လေးပေါ်လာသည်။
`မကြားမိဘူး ဒေါ်လေးရယ်`
ဟု မစောလင်းက ငြိမ်သက်စွာ ပြောသည်။
ချိုချိုဝင် ၍
`ကျွန်မတို့လည်း သူ့နားမနေနိုင်ပါဘူး၊ လေကြောင်းလွဲတုန်း သူ့လက်ကိုဆွဲပြီး ခေါ်တာပါပဲ၊ ဒေါ်လေးတူမက သစ်ငုတ်တိုကြီးပေါ်မှာ ကျကျနနထိုင်ပြီး မီးသင်္ဂြိုလ်တာကို အစကအဆုံး ကြည့်နေတော့တာပါပဲ`
`မိန်းကလေးဆိုတာ ဒါမျိုးကြည့်ရတာ မဟုတ်ဘူး၊ ဒေါ်လေးပြန်ရောက်တာကြာလှပြီ၊ ညနေစာအတွက်ချက်ပြုတ်နေရင်းက စိတ်မချတာနဲ့ လာကြည့်တာ၊ စကားပြောသံကြားတာနဲ့`
`ချိုချို ဒီမှာ စားမယ် ဒေါ်လေး`
ဟု မစောလင်းက သတိပေးလေသည်။
`အေးအေး ချိုချိုရယ် စား သွားပါ၊ ဒေါ်လေး ထမင်းဟင်းချက်တာ သွားကြည့်ပေးလိုက်ဦး မယ်၊ စကားပြောရစ်ကျ`
ဒေါ်လေးသည် အခန်းဆီးကို ဖယ်ကာ အပြင်ရောက်မျ…
`စားပွဲပေါ်က ပန်းသီးတွေ က ဘယ်သူဝယ်လာတာလဲ`
ဟုပြောကာ တစ်ဖန်အော်၍ …
`ဟုတ်တယ် ဒေါ်လေးရေ ကျွန်မ၀ယ်လာတာ၊ ပန်းသီးစိတ်ပြီး မြတင်ကို အပို့ခိုင်းလိုက်စမ်း ပါနော်`
အမှော င်သည် အပြင်ဘက်တွင် ထူထပ်၍ လာလေပြီ၊ မှန်ပြတင်းရှိ ခန်းဆီးရိပ်တွင် ကား ဘာမှ သဲသဲကွဲကွဲမမြင်ရတော့၊ ပြာမှော င်မှော င်သာထင်နေတော့သည်။
`ဒေါ်လေးတာဝန်ကို ကိုယ်ပဲယူရမှာ ပဲ ချိုချို၊ ဖေဖေရှိတုန်း ကတော့ ဖေဖေပေါ့၊ အခုတော့ ဖေဖေမရှိတော့ ကိုယ့်တာဝန် ဖြစ်လာလေပြီ၊ တကယ်ဆိုတော့ ချိုချိုရယ် ဖေဖေလုပ်ခဲ့တာတွေ ကို ကိုယ်က ဆက်ခံရမှာ ပဲ`
ချိုချိုက အိပ်ယာပေါ်တွင် လက်နောက်ပြန်ထောက်ကာ…
`ဆေးတိုက်ကို မစောလင်း တစ်ယောက် တည်း နိုင်ပါ့မလား၊ ဦးလေးလင်းရှိတုန်း ကတော့ ဟုတ်တာပေါ့၊ ဆေးခန်းကကိုတင်စိန်ကလည်း ဦးလေးလင်းနဲ့ သိပ်ဖက်မိတာ၊ ဦးလေးလင်း တပည့်အရင်းဆိုတော့ စိတ်ချရတယ်နော်`
`ဟုတ်တယ် ကိုတင်စိန်က ဆေးတိုက်ဖွင့်ကတည်းက ဖေဖေနဲ့လုပ်လာတာဆိုတော့ လုပ်သက်နဲ့ကို အတော် နားလည်နေပြီ`
`ဆေးစပ်တဲ့ဘက် ကတော့ စိတ်ချရပါတယ်၊ ဖေဖေရှိတုန်း ကတော့ ဖေဖေသွားတိုင်းလည်း လိုက်သွားတတ်တယ်၊ တော် တော် တန်တန်လူနာအကဲကို သူလည်းနားလည်နေတာပဲ၊ အတွေ့  အကြုံကများ တော့လည်း သဘောပေါက်လာတာပေါ့`
`မနက်ဖြန်ပဲဆေးတိုက်ဖွင့်တော့မယ်ဆိုတာတော့ နေပါဦးလေ၊ မစောလင်း သိပ်ပင်ပန်းမှာ ကိုပြောတာ၊ နေလိုက်ဦးနော်`
ဟု ချိုချိုကတောင်းပန်သည်။
`ဆေးတိုက်အလုပ်ဆိုတာက ပင်ပန်းတာ မပင်ပန်းတာကို ကြည့်လို့ဘယ် ဖြစ်ပါ့မလဲ ချိုချိုရဲ့ လူနာတွေ ရဲ့ ကျန်းမာမှု ၊ အများ ရဲ့ ကိုယ့်ကိုအားကိုး ယုံကြည်မှု ကိုကြည့်ရတဲ့ အလုပ်မျိုး၊ နောက်ပြီး ဖေဖေရဲ့ ဆေးလုပ်ငန်းကြီးကိုလည်း ကိုယ်ကဆက်လက်ပြီး လုပ်ချင်တယ်၊ ဖေဖေက ဆေးပညာ ကို သိပ်စိတ်ဝင်စားတယ်၊ ဆေးကျမ်တွေ ဖတ် လက်တွေ့ လည်းလုပ်၊ အဲသလိုလုပ်တာ၊ အဲဒီ တော့ ဖေဖေနဲ့ ကုတဲ့လူဆိုရင် ပျောက်တာများ တာပဲ၊ ဒါကြောင့်မို့လည်း ဖေဖေနာမည် ကောင်းတာ`
`ချိုချို ကတော့ မစောလင်းပင်ပန်းမှာ မကြည့်ချင်လို့ပါ၊ မစောလင်းရယ်`
`ပင်ပန်းပါစေ ကိစ္စမရှိပါဘူး ချိုချိုရာ၊ ကိုယ်ကုတဲ့လူနာ ရောဂါ ဝေဒနာ ပျောက်ကင်းသွားရင် ပင်ပန်းရမှန်းတောင် သတိမရပါဘူး၊ စိတ်က ပျောက်ပါစေ ပျောက်ပါစေလို့ စောနေတာကိုး၊ ဖေဖေ ဆိုရင် သာပြီးကြင်နာတဲ့စိတ်က များ သေးတယ်`
`ဦးလေးလင်းတုန်းက ကိုတင်စိန်နဲ့ အကူအညီလည်းရတယ်၊ နောက်ပြီး မစောလင်းက ရှိတယ်မဟုတ်လား`
ဟု ချိုချိုကပြောသည်။
`ဖေဖေ မမာနေတုန်းက ကိုယ် တစ်ယောက် တည်းပါပဲကွယ်၊ ဖေဖေ့ကိုကြည့်တဲ့ ဒေါက်တာ လှစိုးက ဂရုစိုက်ပေလို့ပေါ့၊ ဖေဖေကလည်း မမာလျက်က သမီး လူနာတွေ အပေါ် ၀တ္တရားမပျက် စေနဲ့နော်… အမြဲတဖွဖွ သတိပေးနေတာပဲ`
`ဦးလေးလင်းလို ဆရာဝန်မျိုး ကတော့ မရှိသလောက်ပါပဲရှင်၊ သူကလူတွေ ရဲ့ ကောင်းကျိုး ချမ်းသာကို တကယ်ကြည့်တာပဲ`
အတန်ကြာငြိမ်သက်သွားကြပြန်သည်။
`ကိုယ်လည်း နေတတ်တာမဟုတ်ဘူး၊ ကိုယ့်မျက်စိရှေ့မှာ အလူးအလဲခံနေတာတွေ့ ရရင် သက်သာာတဲ့အထိ စောင့်လုပ်ပေးရမှ`
ဟု မစောလင်း ပြောသည်။
ပန်းသီးများ စိတ်ပြီးသား ပန်းကန်နှင့် လာချ၍ ….
`ချိုချိုရေ လုပ်ဟေ့ ကိုယ်တော့ စားချင်တယ်`
ဟုဆိုကာ ပန်းကန်ကို ချိုချို့ဘက်သို့ ပေးရင်း မိမိလည်း တစ်စိတ်ယူစား လိုက်လေသည်။
ချိုချိုက အသာယူစားရင်း….
`အရေရွှန်းသားပဲ`
ဟု ပြောနေသည်။
`ရှေ့လျှောက် ချိုချိုရယ် တာဝန်တွေ များ လာပြီ ဒေါ်လေးတို့ သားသမီးတစ်စုကို ဖေဖေ တာဝန်ယူခဲ့သလို တာဝန်ယူရလိမ့်မယ်`
ဟု ပန်းသီးကိုကိုက်ပြီး ၀ါးစားရင်းနှင့် ပြောလိုက်သည်။
`ချိုချို ပြောတာက ဒီလိုပါ်၊ မစောလင်း သိပ်ပြီး နေ့ရောညရော တစ်ယောက် တည်း ဖိလုပ် နေမှာ ကိုသာ စိုးတာပါ၊ မစောလင်းက စမိရင် နောက်ပြန်လှည့်ကြည့်တော့မှာ မဟုတ်ဘူး၊တော် ကြာ သိပ်ပင်ပန်းပြီး…`
`ချိုချိုက ပူပန်တတ်ရန်ကော`
ဟုဆိုကာ မစောလင်းက ပြုံးရယ်နေသည်။
`အကူ တစ်ယောက် တော့ လိုမှာ ပဲ ထင်တယ်`
ဟု မစောလင်းက ညည်းသလို ပြောလိုက်သည်။
`ဟုတ်သားပဲဟုတ်တယ်၊ လက်ထောက်ဆရာဝန် တစ်ယောက် တော့ထားပါ မစောလင်း ရယ်၊ ဒါမှ မစောလင်းလည်း သက်သာမယ်၊ ဟုတ်ပါရဲ့ ချိုချိုပြောဖို့ မေ့နေတယ်`
`ဆေးတိုက်ကို စီမံအုပ်ချုပ်ပေးဖို့က ရှိသေးတာကိုး၊ ဖေဖေရှိတုန်းက ဆိုရင်လည်း စာရင်း အင်းအ၀င်အထွက် ဆေးတိုက်အုပ်ချုပ်ရေး မှု တွေ ကို ကိုယ်ပဲကိုင်ထားတာပဲ၊ ဖေဖေက ဒါတွေ ဘာမှ ပြန်မကြည့်ဘူး၊ ဆေးပေးဖို့ ဆေးကုဖို့သာ ဖေဖေကအာရုံပြုတာ၊ ဆေးတိုက်အုပ်ချုပ်မှု က ကိုယ့် လက်ထဲမှာ ပဲ`
`ဒီလိုဆိုရင်လည်း မစောလင်းဆေးတိုက်မှာ လက်ထောက်ဆရာဝန်တစ်ဦးအလိုရှိကြောင်း သတင်းစာထဲမှာ ကြော်ငြာထည့်လိုက်ပါလား… ဘယ်နှယ့်လဲ`
မစောလင်းက စဉ်းစားကြည့်မိဟန်ဖြင့် ….
`ကောင်းသားပဲ`
ဟု ဖြည်းဖြည်းပြောသည်။ အတန်ကြာမှ…
`စိတ်ကူးပေါက်သားးပဲ`
ဟု ဆက်ပြောရင်း ပြုံးရယ်နေသည်။
`စိတ်ကူးကောင်းလို့ မဟုတ်ပါဘူး၊ သတင်းစာတွေ ထဲမှာ အလိုရှိကြောင်း ကြော်ငြာတွေ ထည့်တာ သတိရလို့ပြောရတာ ပါ၊ လက်ထောက်ဆရာဝန် အလိုရှိကြောင်း ထည့်ပေါ့`
`နေပါဦး ချိုချိုရဲ့ ၊ လက်ထောက်ဆရာဝန်ရယ်လို့ ခေါ်လို့ ဖြစ်ပါ့မလား၊ ကိုယ့်လက်အောက် ရယ်လို့ လုပ်လို့ကော ဘယ် ဖြစ်ပါ့မလဲ၊ ကိုယ်က အမ်ဘီဘီအက်စ် အောင်တာမှ သုံးနှစ် လောက် ရှိသေးတာ၊ ကိုယ့်ထက် လုပ်သက်ရင့်တဲ့ ဆရာဝန်ရရင်လည်း ကောင်းတာပေါ့`
ဟု မစောလင်းက စဉ်းစဉ်းစားစား မျက်နှာထားနှင့် ပြောလေသည်။
`ဒါလည်း ဟုတ်တာပဲနော်၊ ဆရာဝန် တစ်ယောက် ထားရတယ်ဆိုတာလည်း လွယ်တာ မဟုတ်ဘူး`
`ဟုတ်တယ် မလွယ်ဘူး၊ ဖေဖေရှိတုန်း ကတော့ ကောင်းတယ် ဖေဖေက ဦးဆောင်ဦးစီးပြီး လုပ်တာ၊ ကိုယ်က လိုတာမှ ၀င်ဖြည့်၊ နောက်ပြီး ကုထုံးကုနည်းတွေ လည်း ဖေဖေ့ဆီက အင်မတန် အဖိုးတန်တွေ ရတာ ၊ အမ်ဘီဘီအက်စ်အောင်ပြီး ဆေးရုံကြီးမှာ တစ်နှစ် လုပ်ပြီး ဖေဖေ့ဆေးတိုက် ရောက်တာပဲ`
`ဒါပေမယ့် အကူဆရာဝန် တစ်ယောက် မရှိရင်တော့ မ ဖြစ်ပါဘူး၊ မစောလင်း တစ်ယောက် တည်းနဲ့ မ ဖြစ်ပါဘူး၊ ချိုချိုတော့ မကြိုက်ဘူးလေ၊ ဆေးပေးတဲ့ဘက်မှာ ဆေးကုတဲ့ဘက်မှာ ဖြစ်တယ်ထားဦး နေ့ရောညရော ဆေးတိုက်မှာ ရော၊ အပြင်ထွက်ပြီး လိုက်တာရောပါဆိုရင် မစောလင်း သိပ်ပင်ပန်းနေမယ်၊ မိန်းမသားချည်းဆိုတာ နေရာတိုင်းလည်း တတ်နိုင်တာမဟုတ်ဘူး ဟုတ်လား၊ ဦးလေးလင်းရှိနေစဉ် ကတော့ အစစအရာရာ တင့်တယ်တာပေါ့`
`ကိုယ့် တစ်ယောက် တည်းလည်း ဖြစ်ပါတယ် ချိုချိုရယ်၊ ဘာလို့မ ဖြစ်ရမှာ လဲ ချိုချိုရဲ့ ၊ မိန်းမသားကော ဘာ ဖြစ်သလဲ`
ရေဒီယိုပင် လာလေပြီ၊ တစ်ဖက်မအိမ်မှ ဖွင့်လိုက်သော တေးသံသည် သဲ့သဲ့မျှ ပေါ်ထွက် လာလေသည်။
တစ်ကိုယ်ရေတွေး
ဆွေးနေမရွှင်
ရော်ကာရမ်း ခန်းစက်ရာတွင်
မျက်တောင်ကလေးယှက်
ဖူးလက်တင်
ပေါ်မယ့်သူပင်…
`ဒေါ်လေးတော့ ကိုယ်နဲ့လာနေမှာ ပဲ`
ချိုချိုက ကျန်နေသော ပန်းသီးစိတ်တစ်ခြမ်းကို စားလိုက်သည်။
`ကောင်းတာပေါ့၊ အဖော်တော့ရှိမှ ဖြစ်မှာ ပေါ့၊ အခုဦးလေးလင်းမရှိဘူးဆိုတော့ ဒေါ်လေးနဲ့ နေတာကောင်းတယ်`
`ဖေဖေနဲ့နေရတာ အင်မတန်လွတ်လပ်တာ၊ ဖေဖေနဲ့ကိုယ်နဲ့က တစ်ယောက် နဲ့ တစ်ယောက် သိပ်နားလည်ကြတာ၊ မေမေဆုံးပြီးတော့ ကိုယ့်ကို သက်ညှာပြီး မိန်းမတောင်ယူတာမဟုတ်ဘူး၊ ဖေဖေနဲ့နေရတာ ပျော်လည်းပျော်တယ် သမီးလေးကို သိပ်ချစ်ရှာတာ`
ချိုချိုက မစောလင်းကို သနားကြင်နာစွာ စိုက်ကြည့်ကာ နားထောင်နေသည်။
`တစ်ခုတော့ ရှိတာပေါ့လေ၊ ကိုယ်ကလည်း ပြန်ပြီးသက်ညှာရတာ လည်း ရှိတာပဲ၊ ဖေဖေ စိတ်မချမ်းသာအောင် ဘာမှမလုပ်ခဲ့ဘူး၊ ကုန်ကုန်ပြောမယ် ချိုချိုရယ် အိမ်ထောင်ရေး မှာ တောင် ဖေဖေနဲ့မခွဲဘဲ ဒီဆေးတိုက်လုပ်ငန်းကြီးမှာ အတူနေမယ့်လူမျိုးမှာ ယူမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့ တယ်`
မစောလင်း ခုတင်မှထလိုက်ကာ…
`ကဲ…. ကဲ ချိုချိုဆာလှရော့မယ်၊ ထမင်းစားရအောင်`
ချိုချိုကလည်း နေရာမှ ထလိုက်ကာ….
`ချိုချိုတော့ မစောလင်းအတွက် ပူကိုပူနေမိတယ်၊ မစောလင်းက ကိုယ့်ကိုယ်ကို ပူချင်ပူ မပူချင်နေ၊ တကယ်ပြောတာသိလား၊ မစောလင်း တစ်ယောက် တည်းနေတာလဲ မကြိုက်ပါဘူး`
` တစ်ယောက် တည်းနေတာ မကြိုက်လို့ ယောက်ျားယူရမှာ လား`
မစောလင်းက ခတ်ဆတ်ဆတ် မေးလိုက်သည်။
ချိုချိုက မစောလင်းလက်ကို ဆွဲကိုင်ကာ…
`ဒီလိုလဲ မဟုတ်ပါဘူးလေ၊ ချိုချိုက မစောလင်းဆေးတိုက်မှာ ချည်း နစ်မြုပ်ပြီး မနေစေချင် ဘူး၊ ယောက်ျားရတယ်ဆိုရင်လည်း ချိုချိုတို့နှင့် ခင်မင်ရတော့မှာ မဟုတ်ပါဘူး`
`ဘာဆိုင်လဲ ချိုချိုရဲ့ ၊ ချိုချိုက ကလေးလိုပါပဲ`
ဟုဆိုကာ လက်ကိုဆွဲ၍ ထမင်းစားခန်းသွားကြမယ် ပြောလျက်ခေါ်သွားသည်။
![]() မာလာရီ | ![]() သူလိုလူ | ![]() ရင်မှတစ်ရှိုက် |