
ဧရာဝတီတိုင်း၊ ဗျာပုံခရိုင် ဘိုကလေးမြို့ ကမာကလူကျေးရွာ၌ အဖ ဒေါ်ဆင်ဘဏ် မန်နေဂျာ ဦးပျားချို၊ အမိ ဒေါ်ကွီတို့က ၁၉၁၇ခု ဧပြီလ ၁၃ ရက် သော ကြာနေ့တွင် မွေးဖွားသည်။ မွေးချင်း ငါးဦးအနက် စတုတ္ထမြောက် ဖြစ်သည်။ အမည် ရင်း မတင်လှိုင် ဖြစ်သည်။
၁၉၂၂ ခုတွင် ဖျာပုံအေဘီစီအမ်ကျောင်း၌ ကျောင်းစနေခဲ့သည်။ ဘိုကလေးမြို့ အစိုးရကျောင်းမှ ၁၉၂၇ ခုတွင် သတ္တမတန်းအောင်သည်။ ထို့နောက် ရန်ကုန်မြို့ မြို့မ အမျိုးသမီးကျောင်း၌ န၀မတန်း (၁၉၃၂) အထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၈ ခုတွင် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ်ဦးချစ်မောင်နှင့် လက်ထပ်သည်။ ၁၉၄၆ ခု ဧပြီလ ၃ ရက်တွင် ခင်ပွန်း၊ ဂျာနယ်ကျော် ဦးချစ်မောင်ကွယ်လွန်၍ သားနှစ် ဦးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။ ၁၉၅၉ ခု မေလ ၁၄ ရက်တွင် ဦးအောင်ဇေယျနှင့် အိမ်ထောင်ပြုသည်။
ဘိုကလေးမြို့ တို့ဗမာအစည်းအရုံးတွင် အဖွဲ့ဝင်နှင့် တက်ခေတ် အမျိုးသမီးအဖွဲ့ ဥက္ကဌ (၁၉၃၆-၃၇)၊ ဂျာနယ်ကျော် ထုတ်ဝေသူ၊ ဂျာနယ်ကျော်နှင့် ပြည်သူဟစ်တိုင် သတင်းစာ အယ်ဒီတာ (၁၉၃၉)၊ အမျိုးသမီး ကလောင်ရှင်အသင်း ဒုတိယဥက္ကဌနှင့် ကလောင်ရှင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ (၁၉၄၇)၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ (၁၉၄၈-၄၉)၊ မြန်မာနိုင်ငံ စာရေး ဆရာ စာပေကလပ် အတွင်းရေး မှူး (၁၉၆၁-၆၂) တာဝန်များ ကို ထမ်းဆောင်ခဲ့သည်။ တရုတ်နှင့် ဆိုဗီယက်သို့ ယဉ်ကျေးမှု ကော်မတီ အဖွဲ့ဝင် (၁၉၅၂)၊ အာရှတိုက် စာရေး ဆရာများ ကွန်ဖရင့် (နယူးဒေလီ) (၁၉၅၅)၊ အဏုမြူဆန့်ကျင်ရေး ကွန်ဖရင့် (ဂျပန်)(၁၉၅၈)၊ ဂျပန်ဘာသာပြန် “သွေး” ၀တ္ထုအတွက် ဂုဏ်ပြုဖိတ်ကြားခြင်း (ဂျပန်) (၁၉၈၀) စသည်ဖြင့် နိုင်ငံရပ်ခြားသို့ သွားခဲ့သည်။ ပုဂ္ဂိုလ်ရေး ‘ပစ်စာ’ တစ်စောင်ကို တုံ့ပြန်ဆောင်းပါးရေး ရာမှ သတင်းစာတိုက်နှင့် ဆက်သွယ်မိပြီး စာပေနယ်ထဲ ရောက်ခဲ့သည်ဆို၏ ။ “အမျိုးသမီးများ ဏကြီးသက် ဉာဏ်ရှိကြရန်” (မြန်မာ့အလင်း၊ ၁၉၃၆-၃၇) သည် ပထမ ပုံနှိပ်ဆောင်းပါး ဖြစ်သည်။ ပထမ ပုံနှိပ်ဝတ္ထုမှာ “မသိရလေခြင်း” (ဂျာနယ်ကျော်၊ ၃၁-၅-၁၉၄၁) ဖြစ်သည်။ ထင်ရှားသော စာအုပ်များ မှာ သူမ (၁၉၄၅)၊ သူလိုလူ (၁၉၄၇)၊ သူလိုမိန်းမ (၁၉၄၈)၊ ရှုမငြီး (၁၉၄၈)၊ စိတ် (၁၉၅၁)၊ ကမ္ဘာမြေ၀ယ် (၁၉၅၂)၊ မုန်း၍ မဟူ (၁၉၅၅)၊ တွေးတစိမ့်စိမ့် (၁၉၃၆)၊ လှတစ်မျက်နှာ (၁၉၆၅)၊ ရင်နင့်အောင်မွှေး (၁၉၆၇)၊ ရင်မှတရှိုက် (၁၉၇၀)၊ သွေး (၁၉၇၃) တို့ ဖြစ်ကြ၏ ။ မုန်း၍ မဟူဖြင့် ၁၉၅၅ ခုစာပေဗိမာန်ဆု တွေးတစိမ့်စိမ့်ဖြင့် ၁၉၃၆ ခု အနုပညာစာပေဆု (၀တ္ထုတိုပေါင်းချုပ် တတိယဆု) ရရှိခဲ့သည်။ နိုင်ငံခြားဘာသာသို့ ပြန်ဆိုခဲ့သည်များ မှာ မြက်ကလေးတစ်ပင် (ဂျာမန်-၁၉၆၈)၊ တွေးတစိမ့်စိမ့် (ရုရှ-၁၉၈၄)၊ သွေး (ဂျပန်-၁၉၇၇)၊ မုဆိုးမ (အင်္ဂလိပ်)၊ မုန်း၍ မဟူ (ရူရှ၊ ဥဇဘက်၊ ပြင်သစ်၊ တရုတ်၊ အင်္ဂလိပ်) တို့ ဖြစ်ကြသည်။ ဂျာနယ်ကျော်မမလေး၏ ကလောင်ခွဲများ မှာ ရဝေလှိုင်၊ လှတခိုင်၊ ဘိုကလေး မတင်လှိုင်တို့ ဖြစ်ကြသည်။ စာရေး ဆရာ၊ သတင်းစာဆရာ အ ဖြစ်သာမက တိုင်းရင်းဆေးပညာရှင်အ ဖြစ်လည်း ထင်ရှား၏ ။ ဆေးပညာဆောင်းပါးများ (၁၉၆၂)၊ မြန်မာ့ဆေးပညာ (၁၉၆၇)ကို ပြုစုခဲ့သည်။ ၁၉၈၂ ခု ဧပြီ ၆ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
စိန်ကောင်းကျောက်ကောင်း ရောင်းရာ၌ ဆေးရိုးသည်က ကန့်ကန့်လန့်လန့် လုပ်သလို ဤ၀တ္ထု၌ ကျွန်တော် က အမှာ စာမရေး ချင်ပါ။
သို့သော် ရှုမ၀မဂ္ဂဇင်း၌ ၀တ္ထုရှည်အ ဖြစ် ထည့်သွင်းခဲ့ရာ၌ တစ်လနှင့် အပြီးမသတ်၊ နှစ် လနှင့် လည်း မပြီးမသတ်ဘဲ စာအုပ်လုံးချင်းကျမှ ‘မုန်း၍ မဟူ’ ကို အပြီးဖတ်ပါတော့ဟူ၍ လေပြေထိုးခဲ့ရသဖြင့် ရှုမ၀ ပရိသတ်ကြီးက မကျေနပ် ဖြစ်ကြရသော အချက်ကလေးကိုကား တင်ပြရှင်းလင်းလိုပေသည်။
စင်စစ်အားဖြင့် ‘မုန်း၍ မဟူ’ ကို မမလးသည် သူ့ကိုယ်ပိုင်ထုတ်ဝေသည့်ဌာနမှ လုံးချင်းအ ဖြစ် မူလကတည်းက ထုတ်ဝေလိုခဲ့သည်။ တစ်ပါးသူ၏ မဂ္ဂဇင်းသို့ ရေး သားပေးခြင်းကား မပိုင်ဝက်မွေးနှင့် တူလှ၏ ။ မိမိထင်သလို ရေး သားနိုင်သော နေရာ ရချင်မှ ရပေမည် ။ မိမိ ကိုယ်ပိုင်တိုက်၌ ကား စာမျက်နှာ များ ချင်သမျှများ ၊ အချိန် ယူချင်သမျှယူ၊ ရိုက်နေတုန်း တန်းလန်း၌ ပင် ပြင်ချင်ပြင်၊ ဖြတ်ချင်ဖြတ်၊ ဖြည့်ချင်ဖြည့်၊ စိတ်ရှိလက်ရှိ ထင်တိုင်းကြဲနိုင်ပေသည်။
တစ်ပါးသူ တိုက်မှာ ကား စာမူကို စ၍ ပေးလိုက်မိသည်နှင့် တစ်ပြိုင်နက် ကျားလိုက်သလို အပြေးအလွှားရေး နိုင်မှ နံနက်တစ်သွယ်၊ နေ့လယ် တစ်ချည်၊ နေရီရီ တစ်ဝ၊ ညဘက်လည်း မရှောင်၊ သန်းခေါင်အရောက် အခေါက်ခေါက် အခါခါ စာမူကို အလီလီအလာလာ တောင်းတတ်သည့်ဘေးမှ ကင်းဝေးနိုင်မည် ဖြစ်လေသည်။
ဤနေရာ၌ ကျွန်တော် တို့ မြန်မာစာရေး ဆရာများ ၏ အလေ့အကျင့်ကလေးများ ကို နည်းနည်း ပါးပါး ပြောပြချင်ပါသည်။
စာရေး ဆရာ ဖြစ်ချင်၍ စာရေး ၏ ၊ စာရေး ၍ စာရေး ဆရာ ဖြစ်သည်ဟု အများ က အသိအမှတ်ပြုကာ ထောမနာသြဘာပေးလာကြသော အခါမှာ ကား စာရေး ဆရာဆိုသူ ခမျာများ မှာ စာမရေး နိုင်သော ရောဂါ နှင့် တိုးတတ်ကြလေသည်။
ရေး မည် ကြံလျက် စိတ်ကူးမထွက်။
စိတ်ကူးရလျက် လက်က မသွက်။
စိတ်ရောလက်ပါ သွက်လက်လာပြန်သော အခါ၌ လည်း အနှောင့်အယှက်များ က ပေါ်လာတတ်ပြန်သည်။
ဧည့်သည်က မနည်း၊ အစည်းအဝေးက မျိုးစုံ၊ လမ်းကြုံရင်း ၀င်၍ လေကန်သူက ကန်၊ စာရှု ချစ်ဆွေများ ထံက ပေးစာများ ပြန်ကြားရသည်က တစ်ပုံတစ်ခေါင်။ အမှတ်တရသိမ်းထားဖို့ တစ်ကြောင်း နှစ် ကြောင်းလောက် ရေး ပြီး လက်မှတ်ကလေး ပေးစမ်းပါဦးဟု ဆိုလာသူက ဆို။ ကလောင်ကို လက်ကချပြီး အလဟဿ အချိန်ဖြုန်းကြရသည်မှာ နာမည် ကျော် စာရေး ဆရာ အားလုံးလိုလို ဖြစ်၏ ။
သို့မို့ကြောင့် စာမူတစ်ခုကို အစအဆုံး နိဂုံးကမ္ပတ် အပြီးသတ်နိုင်ကြသည်က ခပ်ရှားရှား။ ဖူးစကတ်စက္ကူ ၄၊ ၅ ရွက်လောက် စာမူကို တစ်ကြိမ်တည်းရလျှင် ထုတ်ဝေသူများ မှာ ထကရမလောက် ၀မ်းမြောက်ဝမ်းသာ ရှိကြရပေတော့သည်။
ဒီကနေ့ သုံးရွက်၊ နက်ဖြန်ခါ နှစ် ရွက်၊ သန်ဘက်ခါဆက်သွားဦးမှ၊ ဖိန်းနွဲခါကျလျှင် အဆုံးသတ် ရတန် ကောင်းပါရဲ့ ဟူသော ဆုတောင်းခန်းပျို့ကို ရွတ်လို့ မကုန်နိုင်ပါ။
ချွင်းချက်ကား ရှိ၏ ။ အစအဆုံး ပေးတတ်သော စာရေး ဆရာလည်း ရှိ၏ ။ သို့သော် အလွန့်အလွန် လူနည်းစုမျှသာ။
ဤနည်းအားဖြင့် မဂ္ဂဇင်းတစ်စောင်သည် တစ်လအတွင်း ရက်ကန်း ရှယ်သလို စာရေး ဆရာနှင့် ပုံနှိပ်စက်၊ ပုံနှိပ်စက်နှင့် စာရေး ဆရာ သံသရာလည်၍ နေကြရပေသည်။
ဤနည်းအားဖြင့် မမလေး၏ ‘မုန်း၍ မဟူ’ သည် ရှုမ၀မဂ္ဂဇင်းတွင် ၀တ္ထုအ ဖြစ် ရောက်လာခဲ့ရလေသည်။ ရေး သူကရေး ၊ အပြေးအလွှား ယူသူက ယူ၊ စီသူက စီ၊ ရိုက်သူက ရိုက်နှင့် မဂ္ဂဇင်း နောက်ဆုံးဖောင်သို့သာ ဆိုက်လာတော့၏ ။ ၀တ္ထုကား တစ်ဝက်ပင် မကျိုးသေး။
သို့ကြောင့် ပင်လျှင် နောက်လ ဆက်ဖတ်ပါဟု ညွှန်းရလေတော့သည်။
နောက်လကျတော့လည်း ထိုနည်းလည်းကောင်း၊ ဇာတ်ကား မပေါင်းနိုင်သေးချေ။
စာရေး ဆရာနှင့် ထုတ်ဝေသမား၊ တကတဲ စကားများ ကြလေတော့၏ ။
စာရေး ဆရာက နောက်ထပ် စာမျက်နှာ တောင်း၏ ။ ကိုရွှေထုတ်ဝေသူက ခေါင်းသာ တွင် တွင် ခါလေသည်။ အချိန်က မရ၊ လစဉ်လို စာမျက်နှာ ထူလပျစ်ကြောင့် ထုတ်ဝေသူတွေ ‘ဘူ’ ဖြစ်ရမည့် ကိန်း ကြုံနေရကြောင်းဖြင့် တောင်းပန်လေသည်။
ယင်းသို့ ဖြစ်လျှင် စာရေး ဆရာက စာမျက်နှာ ငဲ့ရသော မဂ္ဂဇင်း၌ နောက်တစ်လ မဆက်ချင်၊ လုံးချင်းစာအုပ်သာထုတ်ဖို့ ပြင်ပါတော့ဟုဆိုကာ ဆန္ဒပြ ကလောင်မှော က်သဖြင့် တစ်ပိုင်းတစ်စနှင့် ဖြတ်တောက်ကာ ရပ်ထားခဲ့ရပါသည်။
ဤသည်လျှင် မဂ္ဂဇင်း နှစ် ကြိမ်ဆက် ၀တ္ထုမှ ထွက်ပေါ်လာရသော “မုန်း၍ မဟူ” လုံးချင်းဝတ္ထု၏ ပင်မအကြောင်းခံ အစစ်အမှန် ပါပေတည်း။
မေးသူများ ကို အပြစ်မထားလိုပါ။ ကျွန်တော် တို့၏ ယိုယွင်းချက်များ သာ ဖြစ်သည်ဟု ၀န်တာခံလျက်။ ဤ ‘မုန်း၍ မဟူ’ ၀တ္ထုကြီးကို စာမျက်နှာ များများ နှင့် အရှုံးဘက်ချိန်ခွင်လျှာသွားနေသည်ကို ၂ ကျပ်တည်းထားကာ ဆက်သလိုက်ပါပြီ။
စာရှုသူအများ ကျေနပ်အားရ နှစ် သိမ့်ဆုပါစေသော်။
မောင်ကျော် (၂၉-၉-၅၅)
‘မုန်း၍ မဟူ’ ၀တ္ထုကား ရှုမ၀စာတည်းအဖွဲ့သမိုင်းတွင် မှတ်တမ်းတင်အပ်သော ၀တ္ထုတစ်ပုဒ် ဖြစ်လေသည်။
ဂျာနယ်ကျော် မမလေးသည် ‘မုန်း၍ မဟူ’ ၀တ္ထုကို မူလရေး စက ၁၉၅၅ ခုနှစ် ၊ မေလထုတ် ရှုမ၀မဂ္ဂဇင်းတွင် မဂ္ဂဇင်းဝတ္ထုရှည်ကြီး စ ဆုံး အ ဖြစ် ရေး ခဲ့၏ ။ ရေး ရင်းရေး ရင်း လက်တွေ့ လှသဖြင့် မေလထုတ်နှင့် မဆုံးနိုင်သေးဘဲ ဇွန်လထုတ်တွင် ဆက်လက်၍ ‘မုန်း၍ မဟူ’ ဇာတ်သိမ်းအ ဖြစ် ဆက်လက်ဖော်ပြခဲ့ရ၏ ။ သို့သော် ဇွန်၌ လည်း ‘မုန်း၍ မဟူ’ ဇာတ်မသိမ်းနိုင်ခဲ့။
ရှုမ၀ စာတည်းအဖွဲ့ဝင်တို့မှာ ထိုစဉ်အခါက မဂ္ဂဇင်းအားလုံး အညီအညွတ် ဆုံးဖြတ်ထားသော စာမျက်နှာ ၂၆၀ ထက် ကျော်လွန်၍ လည်း မ ဖြစ်နိုင်ခဲ့။ လဆန်းတစ်ရက် အမီ ထွက်နိုင်အောင် စီစဉ်ရသည်က တစ်ကြောင်းကြောင့် ၀တ္ထုကို အချိန်မီ အဆုံးသတ်ရန် ဂျာနယ်ကျော်မမလေးထံ နှိုးဆော်ခဲ့ရ၏ ။
စာရေး ဆရာမှာ လက်တွေ့ က စာမျက်နှာ ရေး ချင်သလောက် အကန့်အသတ်မရှိ ရေး တတ်၏ ။ အချိန်ကိုလည်း စိတ်မှာ ပါသော အခါမှသာ ရေး သဖြင့် မေလ၌ စသော ၀တ္ထုကို ဇွန်လ၌ ဆုံးမည် ဟု အတိအကျ မပြောနိုင်ခဲ့။ ရေး ချင်သော အချိန်တွင် ရေး ၍ အဆုံးသတ်ချင်သော အချိန်တွင် မှ အဆုံးသတ်တတ်၏ ။ ထို့ကြောင့် ကျွန်ုပ်တို့မှာ စာရေး ဆရာအား သဘောရှိရေး ချင်သလို မရေး နိုင်အောင် ချုပ်ချယ်ထားသကဲ့သို့ ဖြစ်ရသည်ကိုလည်း စိတ်ပျက်ကြရ၏ ။ ဂျာနယ်ကျော်မမလေး အနေဖြင့် မဂ္ဂဇင်းဝတ္ထုရှည်အ ဖြစ် နှစ် ပတ်ဆက်၍ ထည့်ရသည့်တိုင် ၀တ္ထုမှာ တစ်ဝက်ခန့်သာ ရှိနေသည်ဆို၏ ။ ထိုမှ စာရေး သူနှင့် တည်းဖြတ်ထုတ်ဝေသူတို့ အကြိမ်ကြိမ် ဆွေးနွေး ငြင်းခုံ ပြီးသည့်အဆုံး၌ ‘မုန်း၍ မဟူ’ ကို မဂ္ဂဇင်းဝတ္ထုရှည်အနေဖြင့် နှစ် လမျှသာထည့်၍ ရပ်ထားပြီးနောက်၊ ကျန်ဝတ္ထုတစ်ဝက်ကို စာရေး သူ၏ စိတ်တိုင်းကျ ဆက်လက်ရေး သားကာ လုံးချင်းဝတ္ထုအ ဖြစ် ထုတ်ဝေရန် ဆုံးဖြတ်ခဲ့ရလေသည်။ ထိုလုံးချင်းစာအုပ်တွင် မှ မဂ္ဂဇင်းဝတ္ထုရှည်အ ဖြစ် ရေး ခဲ့သော ကြောင့် ရှေ့ပိုင်း၌ ချုံ့ခဲ့ရသမျှတို့ကိုလည်း ပြန်လည်ဖြည့်စွက်၍ ရေး ရလေတော့သည်။
ကျွန်ုပ်တို့ စာတည်းအဖွဲ့ အနေဖြင့် ကား စာရေး ဆရာနှင့် ပူးပေါင်း၍ စားပေါက်ထွင်သည်ဟု စာဖတ်သူတို့၏ အပြစ်တင်ခြင်းကို ခံခဲ့ရလေသည်။ သို့သော် . . . စာဖတ်သူတို့ မကျေနပ်မှု ကို စာရေး သူအား စိတ်ရှိလက်ရှိ ရေး ခွင့် ပေးခြင်းအားဖြင့် ဖြေသိမ့်ခဲ့ရ၏ ။ နောက်ဆုံး ၀တ္ထုထွက်လာသော အခါတွင် မှ စာဖတ်သူတို့၏ မကျေနပ်မှု ကို ကျေနပ်လာစေရမည် ဟု သဘောထားခဲ့ရ၏ ။
သို့နှင့် “မုန်း၍ မဟူ” သည် လုံးချင်းဝတ္ထုအ ဖြစ်သို့ ရောက်ခဲ့ရ၏ ။ ဂျာနယ်ကျော်မမလေး စိတ်တိုင်းကျ ရေး ရသော ၀တ္ထုပီပီ ပရိသတ် အသည်းစွဲ ဖြစ်ခဲ့ရ၏ ။ ၀တ္ထုစာအုပ် ထွက်ပြီး တစ်လအတွင်းမှာ ပင် ဒုတိယအကြိမ် ထပ်မံ ရိုက်နှိက်ခဲ့ရ၏ ။
ထိုမျှမကသေး . . . မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်းကြီးမှလည်း ၁၉၅၅ ခုနှစ် ထုတ် ၀တ္ထုများ အနက် အကောင်းဆုံးဝတ္ထုအ ဖြစ် ဆုံးဖြတ်ကာ စာပေဗိမာန်ဆုကို ပေး၍ ဆုရွေးချယ်ရေး ကော်မတီမှလည်း အောက်ပါအတိုင်း မှတ်ချက်ချလေသည်။
‘မုန်း၍ မဟူ’ ၀တ္ထုတွင် ဇာတ်လမ်းမှာ ရိုးရိုးပင် ဖြစ်ပေသည်။ သို့သော် စေတနာအပြည့် ရှိလင့်ကစား အမြင်တူမှု ၊ လိုက်လျောနိုင်မှု တို့ မများ သော ကြောင့် အဆင်မပြေ ဖြစ်ရသော အိမ်ထောင်ရေး ဘ၀တစ်ခုကို တင်ပြထားလေသည်။ ထိုဝတ္ထုတွင် ဘ၀လေ့လာမှု ၊ ဘ၀အမြင် ရှိမှု တို့လည်း ပါဝင်၍ ရသပေါ်အောင် သရုပ်ဖော်နိုင်သော အစွမ်းလည်း ပါရှိလေသည်။
‘မုန်း၍ မဟူ’ ၀တ္ထုကို စာပေဗိမာန် ဆုရပြီးသည့် နောက်ပိုင်း၌ ဖတ်ရှုလိုသော စာဖတ်ပရိသတ်များ ၀ယ်မရ ဖြစ်နေကြသည်။ ဤ၀တ္ထုမှာ ပထမ အခန်းဆက် ၀တ္ထုအနေဖြင့် ရှုမ၀မဂ္ဂဇင်းတတွင် ထည့်သွင်းဖော်ပြခဲ့ပြီးနောက်၊ လုံးချင်းဝတ္ထုအ ဖြစ် ဖြည့်စွက် ရေး သားကာ ရှုမ၀တိုက်မှပင် ထုတ်ဝေဖြန့်ချိခဲ့ပေသည်။ လုံးချင်းဝတ္ထုအ ဖြစ် ထုတ်ဝေဖြန့်ချိခဲ့စဉ်က တစ်လအတွင်းမှာ ပင် နှစ် ကြိမ် ပြန်လည် ရိုက်နှိပ်ခဲ့ရသည်။ နောင် စာပေဗိမာန်မှ ဆုရသည့်အခါတွင် ထပ်မံရိုက်နှိပ်ရပြန်သဖြင့် တတိယအကြိမ်အထိ ရိုက်နှိပ်ခဲ့သည်။
ရှုမ၀တိုက်မှ ဤစာအုပ်ကို စတုတ္ထအကြိမ် ထပ်မံရိုက်နှိပ်ရန် ဆန္ဒရှိသော်လည်း၊ အကြောင်းမညီညွတ်၍ နှောင့်နှေး ကြန့်ကြာနေပေသည်။ ဤစာအုပ်ကို မဖတ်ရသေးသော ပရိသတ်များ က စာရေး သူအား ထပ်မံရိုက်နှိပ်ရန် တိုက်တွန်း တောင်းဆိုကြသဖြင့် ၊ ရှုမ၀တိုက်၏ သဘောတူညီချက်ဖြင့် စာရေး သူကိုယ်တိုင် ထုတ်ဝေဖြန့်ချိ လိုက်ရပေသည်။ ယင်းသို့ ပြန်လည် စက်တင်ပုံနှိပ်ရန် ကြိုးပမ်းရာ၌ ရှားပါးနေသော စာအုပ်ကိုပင် လိုက်လံ ရှာဖွေပြီးမှ ထုတ်ဝေ ဖြစ်နိုင်ခြင်း ဖြစ်ပေသည်။
ယခုအကြိမ် ‘မုန်း၍ မဟူ’ ကို ထုတ်ဝေ ဖြန့်ချိလိုက်ရတွင် တောင့်တနေကြသော စာဖတ် ပရိသတ်များ အတွက် ဆန္ဒပြည့်ဝသွားစေနိုင်လိမ့်မည် ဟု မျှော်လင့်ရပေသည်။
ဂျာနယ်ကျော်မမလေး
ဆရာမ ကြီး ဂျာနယ်ကျော်မမလေး၏ မူရင်း ‘မုန်း၍ မဟူ’ မြန်မာဝတ္ထုကို ၁၉၅၅ ခု၊ မေလ ရှုမ၀မဂ္ဂဇင်း အတွဲ (၈)၊ အမှတ် (၉၆) တွင် ဖော်ပြခြင်း ခံရပြီးနောက်ရှုမ၀တိုက်ကပင် ပထမအကြိမ် လုံးချင်း ထုတ်ဝေခဲ့ပါသည်။
နောက်ခံအကြောင်းမှာ ဗြိတိသျှ အုပ်စိုးစဉ်ကာလက ဘိလပ်ယဉ်ကျေးမှု ကို အလွန်အထင်ကြီးပြီး ဘိလပ်သားလိုတွေးခေါ်နေထိုင်သူခင်ပွန်းယောက်ျားနှင့် မြန်မာ့ယဉ်ကျေးမှု ကို စံထားလိုက်နာသော မိသားစုမှပေါက်ဖွားသည့်ဇနီးသည် အမျိုးသမီးတို့၏ ယဉ်ကျေးမှု ၀ိရောဓိကို စူးရှစွာ ဖော်ပြထားပေသည်။ ဤသို့ စရိုက်မတူသော အိမ်ထောင်ရေး တည်ဆောက်မှု နှင့် ‘မေတ္တာ လွန်ချော်မှု ’ ကြောင့် မွန်းကျပ်သည့် ဘ၀သို့ ရောက်သွားရရှာသည့် ဇာတ်ကောင်တစ်ဦး၏ ရင်နင့်ဖွယ်ရာ အ ဖြစ်ကို၊ စာအုပ်မျက်နှာဖုံးတွင် ဖော်ပြထားသည့် ပေါင်းချောင်ကလပ်အတွင်းမှ နှင်းဆီပွင့်တစ်ပွင့်နှင့် အလွန် လိုက်ဖက်စွာ ဖော်ကျူးရေး သားထားပေသည်။ ယဉ်ကျေးမှု ပဋိပက္ခ (Cultural contict) နှင့် Ultra love ဟု ခေါ်နိုင်မည့်  မေတ္တာလွန်ကဲမှု တို့၏ ဆိုးကျူးသက်ရောက်မှု (negative reaction) သဘောတို့ကို ရသ မြောက်စွာ မြင်သိခံစားစေပါသည်။ တစ်ခါတွင် အင်္ဂလိပ် အနုပညာစာပေနှင့် မြန်မာ့အနုပညာစာပေ ဘာသာတို့ကို သင်ယူနေသော ကျိုက်လတ်မြို့သူ တက္ကသိုလ်ကျောင်းသူတစ်ဦးက ဆရာမ ကြီးအား ပြောလိုက်သည်မှာ ‘ကျွန်မ’ ‘မုန်း၍ မဟူ’ ၀တ္ထုကို အကြိမ်လေးဆယ် ဖတ်ပြီးပါပြီ။ နောင်လည်း ဖတ်နေဦးမှာ ပါ’ ဟူသည်အထိပင် ဖြစ်သည်။ အမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု နှင့် စိတ်စရိုက်တို့ကို လေးနက်စွာ အခြေခံထားသော ‘မုန်း၍ မဟူ’ ၀တ္ထုသည် စာဖတ်သူ၏ ဦးနှောက်နှင့် နှလုံးသားတို့တွင် ပီပြင် ကြည်လင်သော အမြင်နှင့် စူးရှစွဲသဘော ဝေဒနာကို ခံစားစေမည် မှာ မလွဲပါ။ ‘မုန်း၍ မဟူ’ ကို မြန်မာစာပေတိုက် အသီးသီးမှ ၁၉၅၅ ခုနှစ် မှ စ၍ ယနေ့တိုင် ရိုက်နှိပ် ထုတ်ဝေပြီးသော အကြိမ်မှာ (၉)ကြိမ် ရှိခဲ့ပါပြီ။ ယင်း ‘မုန်း၍ မဟူ’ ၀တ္ထုကို နိုင်ငံခြားဘာသာစကားတို့ဖြင့် ထပ်ဆင့် ပြန်ဆိုခဲ့သည်များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
တရုတ်ဘာသာပြန်
‘ဘူရှီဟဲန်’ (Bushihen) အမည် ဖြင့် တရုတ်ဘာသာပြန်ကို ဘေဂျင်းတက္ကသိုလ် အရှေ့တိုင်းဘာသာဌာနက ၁၉၈၅ ခု စက်တင်ဘာလတွင် ထုတ်ဝေပါသည်။ စာရေး ဆရာများ မှာ ကျီလျှံဖန် (မြန်မာအမည် ဒေါ်သန်းသန်း) နှင့် ယောင်ပင်ယံ (မြန်မာအမည် ဦးမောင်ရှိန်) တို့ ဖြစ်ကြပါသည်။ အုပ်ရေ ၉၁၀၀ (ကိုးထောင့်တစ်ရာ) ဖြစ်၍ စာအုပ်တန်ဖိုးမှာ တရုတ်ယမ်ငွေ ၁.၃ ဖြစ်ပါသည်။ အမှာ စာတွင် ထူးခြားစွာ ဖော်ပြထားသော အချက်မှာ ‘. . .အနောက်တိုင်း ယဉ်ကျေးမှု ရဲ့ ဓားစာခံ ဖြစ်၍ နောင်တရပုံ’ နှင့် ‘အနောက်တိုင်းကို အထင်ကြီးချင်တာတွေ ၊ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတယ်လို့ ထင်တဲ့ လူငယ်တွေ အတွက် သတိပေးတဲ့ ခေါင်းလောင်းသံ’ ဟု သုံးသပ်ဖော်ပြထားပါသည်။
အင်္ဂလိပ်ဘာသာပြန်
“NOT OUT OF HATE” အမည် ဖြင့် အင်္ဂလိပ် ဘာသာပြန်ကို အမေရိကန်နိုင်ငံ အိုဟိုင်အိုတက္ကသိုလ် (Ohio University) ၏ နိုင်ငံတကာ လေ့လာရေး စင်တာ (Centre for International Studies) က ၁၉၉၁ ခုနှစ် တွင် ထုတ်ဝေပါသည်။
ဘာသာပြန်ဆိုသူမှာ Matgaret Aung Thwin ဖြစ်ပြီး၊ အိုင်ဟိုအိုတက္ကသိုလ် သမိုင်းဌာန တွဲ ဖက် ပါမောက္ခ ဖြစ်သူ Willam H. Ferederik က တည်းဖြတ်ကာ၊ အင်္ဂလန်နိုင်ငံရှိ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေး ကျောင်း မြန်မာစာ ဆရာမ Anna A lot က အမှာ စာ ရေး ပါသည်။ ၀ါရှင်တန်တက္ကသိုလ်တွင် ပါရဂူဘွဲ့ယူရန် တက်ရောက်နေသော Robert E. Vore က ‘Afferword’ ကို ရေး သားထားပါသည်။ ဘာသာပြန်စာအုပ်တွင် မြေပုံနှင့် တကွ ရှင်းလင်းချက်၊ ဖြည့်စွက်ချက်၊ မှတ်စုများ ပါဝင်ပါသည်။ မြန်မာပြည် ပြင်ပတွင် ပထမဦးဆုံး အကြိမ်အ ဖြစ် မြန်မာဝတ္ထုတစ်ပုဒ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုခံရခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။ မြန်မာစာပေသမိုင်းတွင် ဆရာမ ကြီး ဂျာနယ်ကျော်မမလေး၏ ကဏ္ဍနှင့် မြန်မာစာပေလေ့လာသူများ အတွက်အနောက်နိုင်ငံနှင့် မြန်မာ့ယဉ်ကျေးမှု တို့၏ ပဋိပက္ခ အသွင်ကို ထင်ရှားထူးခြား မှတ်သားစွာ ဖော်ပြနိုင်သော ၀တ္ထုဟု သုံးသပ်ထားပါ၏ ။ ထုတ်ဝေသော အုပ်ရေ မသိရပါ။ တန်ဖိုးမှာ US 20 ဖြစ်ပါသည်။
ပြင်သစ်ဘာသာပြန်
‘မုန်း၍ မဟူ’ ပြင်သစ်ဘာသာပြန်ကို ပါမောက္ခ ရွှန်ကလိုဒ်အိုဂျေ (Jean Claude Auge) နှင့် ဒေါက်တာခင်လေးမြင့်တို့က ပြန်ဆိုကာ အာရှစာပေဌာန (မြန်မာစာ) ၏ လာမာတန် (L’Hatmattan) တိုက်မှ ၁၉၉၄ ခုတွင် ထုတ်ဝေပါသည်။ မြန်မာဘာသာမှ ပြင်သစ်ဘာသာသို့ ပထမဆုံး ပြန်ဆိုသော ၀တ္ထု ဖြစ်ကြောင်း၊ ကဗျာဆရာ Rudyard Kipling ၏ The Mandalay (1887) ကဗျာမှ ‘သစ်ရွက်တွေ ကြား ဖြတ်တိုက်လာသော လေထဲမှာ ခေါင်းလောင်းသံသည် ဗြိတိသျှစစ်သည်အား မန္တလေးကို ပြန်လာခဲ့ပါဟု ဖိတ်ခေါ်နေသည်’ ဟူသော အပိုဒ်နှင့် မြန်မာ့စိန်ခေါ်သံ (၁၉၄၀) စာအုပ်မှ ‘ကျွန်ုပ်တို့သည် ဗြိတိသျှအုပ်ချုပ်မှု ယန္တရားကြီးအား တော် လှန်ချိုးဖျက်ရန်စီမံကိန်းရှိသည်’ ဟူသော စကားပိုဒ်ကိုပါ ဖော်ပြထားပါသည်။
ဝတ္ထုဇာတ်လမ်း၏ ကျောရိုး ဖြစ်သော ယဉ်ကျေးမှု ပဋိပက္ခကြောင့် အိမ်ထောင်ရေး သဟဇာတ မ ဖြစ်ပုံကို ဖော်ပြကာ၊ ကိုလိုနီ သိမ်းသွင်းမှု သည် မြန်မာနိုင်ငံ၏ လူနေမှု စနစ်ကို လောင်ကျွမ်းစေလျက် အမျိုးသား ယဉ်ကျေးမှု အား ထိခိုက်စေကြောင်း၊ ဆရာမ ကြီးက လူတွေ ၏ အမျိုးသားစိတ်ဓာတ်ကို နှီုးဆော်၍ တိုင်းတစ်ပါးယဉ်ကျေးမှု ၏ လွှမ်းမိုးခြင်း ခံရမှု ကို ကာကွယ်ရန် သတိချပ်ဖို့ လိုကြောင်းများ ရေး သားထားပါသည်။ ဆရာမ ကြီး၏ အောင်မြင်ကျော်ကြားသော ဘ၀နှင့် စာပေမှတ်တိုင်တို့ကိုပါ အကျဉ်းချုပ် ဖော်ပြထားပါသည်။
ပါမောက္ခ ရွှန်ကလိုအိုဂျေမှာ နိုင်ငံခြားဘာသာ သိပ္ပံတွင် ပြင်သစ်စာ ဌာန၏ အကြီးအမှူး ဖြစ်ပြီး၊ ဗာဆေးလ် သမိုင်းဘာသာပြန်ဌာနတွင် လည်း တာဝန်ယူလုပ်ကိုင်နေပါသည်။ ဒေါ်ခင်လေးမြင့်သည် ဆရာမ ကြီး ဂျာနယ်ကျော်မမလေး၏ သမီး ဖြစ်ပြီး၊ ပြင်သစ်နိုင်ငံဆိုးဘွန်းတက္ကသိုလ်မှ ပြင်သစ်စာပေ ဒေါက်တာဘွဲ့ ရ၍ ရန်ကုန်ရှိ ပြင်သစ်သံရုံးတွင် ဖွင့်သော A L Alliance Fancaise (ယဉ်ကျေးမှု ကျောင်း) တွင် ပါမောက္ခအ ဖြစ် စာပြလျက် Chevalier des palmes academiques သင်ကြားမှု ဆိုင်ရာ အထူးဘွဲ့ကိုပါ ရရှိသူ ဖြစ်ပါသည်။
ရုရှာဘာသာပြန်
ရုရှာဘာသာပြန်ကို ၁၉၇၂ ခု သိပ္ပံအကယ်ဒမီ (Science Academy) ၊ သိပံ္ပပညာ တံခွန်အသင်းမှ ထုတ်ဝေသည်။ ဘာသာပြန်ဆိုသူမှာ V.D Mazo ဖြစ်ပြီး၊ တာဝန်ယူတည်းဖြတ်သူမှာ G.P Popov ဖြစ်ပါသည်။ အုပ်ရေ ၃၀၀၀၀ ထုတ်ဝေပြီး တန်ဖိုးမှာ ၃၅ ကိုဖက် ဖြစ်သည်။
အမှာ စာတွင် ‘မုန်း၍ မဟူ’ ဇာတ်လမ်း အကျဉ်းချုပ်ကို ဖော်ပြပြီး၊ အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးခြင်းနှင့် တိုင်းရင်းသား ယဉ်ကျေးမှု တို့၏ ပဋိပက္ခ ဖြစ်မှု ကို ဆန်းစစ် ဖော်ပြပါသည်။ အသွင်မတူသူတို့၏ အိမ်ထောင်ရေး ကြောင့် ပေါ်ပေါက်လာသော ပြဿနာများ ကိုသုံးသပ်ထားပြီး၊ နယ်ချဲ့စနစ်နှင့် အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှု တို့ အကြောင်းပါ ဖော်ပြထားပါသည်။
ဥဇဘက် ဘာသာပြန်
ယင်းဘာသာပြန်စာအုပ်ကို မရရှိပါ။ သို့သော် ဆရာမ ကြီး၏ ၂၈-၉-၈၁ ရက်စွဲပါ စာပေဗိမာန်အုပ်ချုပ်ရေး ရုံး ညွှန်ကြားရေး မှူုးသို့ ပေးစာတွင် ဥဇဘက်နိုင်ငံက ၎င်းတို့ဘာသာဖြင့် ဘာသာပြန်အုပ်ရေ ၈၀၀၀၀ (ရှစ်သော င်း) ထုတ်ဝေခဲ့ကြောင်း ဖော်ပြထားပါသည်။
မိုးဟိန်း(သားဂျာနယ်)
ဝေေ၀သည် စူးစိုက်၍ ကြည့်နေလေ၏ ။
အိမ်အပေါ်ထပ်မှ စီးမြင်းနိုင်သော တစ်ဘက်အိမ်အောက်ထပ်ဧည့်ခန်းသည် ဝေေ၀၏ မျက်စိထဲ၌ ထူးခြားနေလေသည်။ လူသစ်များ ပြောင်းလာမှ အပြင်အဆင်သစ်များ နှင့် ပြောင်းလဲနေသည်။
ဧည့်ခန်းထဲ၌ မီးခိုးရောင် ကော်ဇောကြီးခင်းကာ ဆိုဖာကုလားထိုင်ပြာမှိုင်းမှိုင်းများ ၀ိုင်းချထားသည်။ ဆိုဖာကုလားထိုင်များ ဘေး၌ သပြေမှည့်ရောင် ဆေးလိပ်ပြာခွက်တင် ခုံနိမ့်ကလေးများ ရှိသည် ဖုန်မတက်စေအောင် ပွတ်သုတ်ပေး၍ အရောင် ပြေးနေလေသည်။
ကော်ဇောအလယ်၌ ရှိသော စားပွဲနိမ့်ကလေးမှာ လေးထောင့်ရှည်မျောမျော ဖြစ်သည်။ စားပွဲအောက်၌ ခြေထောက်မတပ်ဘဲ ပျဉ်ပြားတစ်ချပ်ကို အလျားလိုက် ထောင်လှဲလျက်၊ အပေါ်၌ ပျဉ်ပြားတစ်ချပ် အပြားလိုက်ခင်းတင်ထားသော ပုံသဏ္ဍာန်အတိုင်း ဖြစ်သည်။ စားပွဲ၏ အဆင်းကား အနက်ရောင် ဖြစ်သည်။ လက်ပြောင်သော အရောင် များ သည် အနက်ထဲမှ ဖိတ်လက်နေ၏ ။
စားပွဲပေါ်၌ သပိတ်လုံးသဏ္ဍာန် ပုပုလုံးလုံး ကြွေပန်းအိုးနီကလေးတင်ထားသည်။ ပန်းအိုးထဲတွင် ဖြူဆွတ်နေသော ကရမက်ပန်းခိုင်များ ထိုးစိုက်ထားသည်။ ပန်းခက်များ မှာ ဝေနေကာ အောက်သို့ ငိုက်ထောက်လျက် ကျနေကြ၏ ။
ဝေေ၀သည် မှန်သားကဲ့သို့ မှော င်နက်ပြောင်နေသည့်စားပွဲနက်ပေါ်မှ ကျီးအာသီးမှည့်ကဲ့သို့ ရဲရဲနီနေသော ကြွေပန်းအိုးနှင့် ပန်းခက်အဖြူများ အား တော် တော် နှင့် မျက်လုံးမခွာနိုင်။ အဖြူနှင့် အနီသည် မျက်စိထဲ၌ ကွက်၍ အနက်ပေါ်တွင် ထင်းထင်းကြီးပေါ်နေလေသည်။
အရောင် ကျလိုက်တာဟု ကြည့်၍ မငြီး ကြည့်နေရာမှ ဧည့်ခန်းထိပ်သို့ လွှဲပြောင်းကြည့်လိုက်သည်။ နံရံနှင့် ကပ်ထားသော ဧည့်ခန်းခြေရင်းဘက်က ထိုင်ခုံကို ခုတင်နှင့် တူသည်ဟု ထင်သည်။
ထိုင်ခုံမှာ ညောင်စောင်းလိုလို နိမ့်နိမ့်ကလေး ဖြစ်သည်။ တစ်ယောက် အိမ် ခုတင်အရွယ် အနံ၊ အလျား ရှိ၏ ။ ခုံအောက်၌ ခြေထောက် ခြောက်ချောင်းရှိကာ ကြိမ်းထိုးထားသည်။ ထိုင်ခုံ၏ ခေါင်းရင်းကို ခေါင်းမှီတင်နိုင်အောင် အနည်းငယ် မြှင့်ထားသည်။ မန္တလေး ရွှေတောင်ပိုးသား အပြာရင့်ရင့်ဖြင့် ထိုင်ဖုံမှီအုံးများ ချုပ်လျက် အလှတင်ထားလေသည်။ ရွှေတောင်ပိုးသားရောင် သည် အသစ်ကျပ်ချွတ်အတိုင်း တောက်ပလျက် ရှိနေ၏ ။
အိမ်ထဲတွင် လူသံသူသံလည်း မကြားရ၊ ဆိတ်ငြိမ်ခြင်း၊ ထည်ဝါခြင်းဖြင့် ကိန်းကြီးခန်းကြီးနိုင်သော အသွင်မျိုး ဆောင်ယူနေသည်။
ဧည့်ခန်းတွင် ခြေရင်းနံရံ၌ အသွားချင်းယှက်ကာ အလှချိတ်ထားသော ဓားနှစ် လက်ကို တွေ့ ရသည်။ ဓားမှ ကြိုးနီပန်းပွားများ ကျနေ၏ ။ ဓားအောက်၌ ကြွေစေ့တပ် ရှမ်းလွယ်အိတ် အသေးစားလေးတစ်လုံး ချိတ်ပြထားလေသည်။
ဝေေ၀သည် အိမ်ပေါ်မှ စီးမြင်နိုင်သော တစ်ဖက်အိမ်၏ ဧည့်ခန်းတစ်ဆောင်လုံး ကြည့်ကောင်းကောင်းဖြင့် သိမ်းကျုံးကြည့်လျက် နှစ်သက် ကြည်နူးနေလေသည်။
ဧည့်ခန်းအလယ်တွင် ရှိသော ဓာတ်မီးလုံးမှ မီးအုပ်ဆောင်းကို လှမ်းကြည့်သည်။ ကလေးဆောင်းအရွယ် ပုသိမ်ထီးကလေးကို ဖွင့်လျက် မီးအုပ်ဆောင်း လုပ်ထားပုံကို တွေ့ သဖြင့် လှလိုက်တာဟု သဘောကျနေသည်။
အပြင်အဆင်သစ်များ ဖြင့် ခမ်းနားစွာ တွေ့ နေရသော တစ်ဖက်အိမ်၏ ဧည့်ခန်းနှင့် မိမိတို့၏ အိမ်အောက်ထပ်က ဧည့်ခန်းကို ယှဉ်နှိုင်းကြည့်မိလေသည်။
ဝေေ၀တို့အိမ်မှာ တိုက်ခံအိမ်အိုကြီး ဖြစ်လေသည်။ ဝေေ၀၏ အဘိုးလက်ထက်ကတည်းက ဆောက်ထားခဲ့သော အိမ်ကြီး ဖြစ်သည်။ သည်အိမ်ဆောက်ပြီးမှ စီးပွားတက်ကာ မော်လမြိုင်ကျွန်းတစ်ဖက်ကမ်းတွင် ဆန်စက်တည်ရလေသည်။ ဧရာဝတီမီးသင်္ဘောနှင့် အပြိုင် လူစီးနှစ် ထပ်သင်္ဘောတစ်စင်းတည်လျက်၊ မော်လမြိုင်ကျွန်းနှင့် ရန်ကုန်သို့ ခုတ်မောင်းကာ ‘မေခလာ သင်္ဘော’ ဟူ၍ အတော် နာမည် ကြီးခဲ့ဖူးသည်။ အဘိုး ကွယ်လွန်သွားပြီးနောက် စီးပွားလျှောကာ ဆန်စက်ကြီးနှင့် သင်္ဘောပါ ပြုတ်ကုန်သော်လည်း လယ်ဧက ငါးရာလောက် ကျန်ရှိခဲ့သေးသည်။ ဝေေ၀၏ ဖခင်ကြီး ဦးဘိုးသိန်းမှာ နိုင်ငံခြား မျက်နှာဖြူ ဆန်စပါးကုမ္ပဏီကြီးများ နှင့် ဆက်ဆံလျက်၊ မော်လမြိုင်ကျွန်းမြို့ပေါ်၌ စပါးပွဲစားကြီးလုပ်နေလေသည်။ တိုက်ခံအိမ်ကြီးမှာ ဝေေ၀့ဖခင် ဦးဘိုးသိန်းတစ်သက်ပင် ရှိနေပေပြီ။
ဧည့်ခန်းချင်း ယှဉ်ကြည့်မှ အပြင်အဆင်များ မှာ တခြားစီ ဖြစ်နေမှန်း တွေ့ ရှိရလေသည်။
ကျောက်ဖြူစားပွဲဝိုင်းကြီးကို ကုလားထိုင်များ ၀ိုင်းခင်းထားသည်။ ကုလားထိုင်များ တွင် ပိတ်ဖြူအစွပ်များ စွပ်လျက် အစတွဲ လောင်းချထားသည်။ ပိတ်ပေါ်၌ ကြက်တူရွေးရုပ်၊ ဒေါင်းရုပ်များ ကို ရောင် စုံချည်ဖြင့် ဝေေ၀ကိုယ်တိုင် စက်ပန်းထိုးတပ်ထးသည်။ ပန်းထိုးကုလားထိုင်စွပ်များ ကိုလှ လှပြီဟု အောက်မေ့မှတ်ထင်ခဲ့သည်။ အရိပ်တကြည့်ကြည့်ဖြင့် ဟန်ကျပန်ကျ ပြင်ဆင်ထားသော ဧည့်ခန်းကို တစ်ဖက်အိမ်နှင့် ယှည်ကြည့်မိ၍ တောကျနေပြီဟု ထင်မြင်လာသည်။
ကျောက်စားပွဲပေါ်၌ ငွေဖလားစုံ နှီးကွမ်းအစ်ကြီးမှာ ကြည့်ရ ရိုင်းသလိုလို ရှိမိသည်။ ခုံပေါ်တွင် အမြဲတမ်းတင်ထားသော ထမင်းစားပန်းကန်ပြားလောက် နီးနီးရှိမည့်  ဆေးလိပ်ပြာထည့် ပန်းရေး မြေခွက်ကြီးလည်း အကျည်းတန်နေပြီ။ ကွမ်းတံတွေးဖြင့် ထာဝစဉ် ပေကျံနီနေသော စားပွဲအောက်က ဒန်ထွေးခံလုံးများ ကိုလည်း ရွံတွံတွံ ဖြစ်လာသည်။ ဧည့်ခန်းကျောက်စားပွဲကြီးနှင့် မနီးမဝေး သစ်သားလက်ရန်း တန်လျားရှည်ကြီးမှာ ဟောင်းညစ်လျက် အရုပ်အဆိုးဆုံး ဖြစ်နေမှန်း ခုမှပဲ ယှဉ်တွေးကြည့်နေမိလေ၏ ။
မိုးလင်းက မိုးချုပ်ဆိုသလိုပင် စပါးကုန်သည် တရုတ်၊ ကုလားဧည့်မျိုးစုံ တစ်ယောက် ဆင်း တစ်ယောက် တက်ဖြင့် အိမ်ရှေ့တစ်ခန်းလုံးခြေရာချင်း ထပ်ကွက်လျက် ညစ်ပတ်နေပုံများ ကိုပါ မျက်စိထဲတွင် သိမ်းရုံးစုပေါင်း မြင်နေလေသည်။
ဝေေ၀သည် တစ်ဖက်အိမ်က ဧည့်ခန်း၏ ခမ်းနားလှပုံကို သွားရည်ကျကာ စတိုင်ကျကျ ဘိုဆန်ဆန် နေချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လျက် နေပေ၏ ။
လူသစ်များ ပြောင်းရွှေ့မလာခင်ကပင် ဝေေ၀မှာ နေ့စဉ်နှင့် အမျှ သည်အိမ်ကို စိတ်ဝင်စားနေခဲ့၏ ။
ဤအိမ်တွင် ဝေေ၀၏ ဖခင်နှင့် အလုပ်ချင်း ဆက်သွက်လျက် ရှိသည့် ရန်ကုန် ဘလုပ်ဘရားသား မျက်နှာဖြူ ကုမ္ပဏီမှ စပါးအ၀ယ်တော် ဘိုလာနေမည် ဖြစ်ခြင်းကြောင့် ၊ ဝေေ၀မှာ ဘို တစ်ယောက် နေမည့် အိမ်ကို လူမရောက်ခင်က စိတ်ဝင်စားနေခြင်း ဖြစ်၏ ။ တောမြို့ကလေးတွင် မျက်နှာဖြူ တစ်ယောက် လာနေမည့် သတင်းကား အထူးအဆန်း မြို့ထဲ ပျံ့နှံ့နေသည်။
မော်လမြိုင်ကျွန်း မြို့ကလေးတွင် စပါးဒိုင်တစ်ခုဖွင့်ကာ စပါးအ၀ယ်တော် ဘိုထားရန်အတွက် အိမ်ကောင်းကောင်းတစ်လုံး ရှာပေးရန် ဘလုပ်ဘရားသား ကုမ္ပဏီမှ ပွဲစားကြီး ဦးဘိုးသိန်းထံသို့ အကူအညီတောင်းစာရောက်လာသည်။
ဦးဘိုးသိန်းမှာ အ၀ယ်တော် ဘို နေရန်အတွက် မြို့ပေါ်တွင် အိမ်ကောင်းကောင်းတစ်လုံး လည်ရှာကြည့်သည်။ ဘိုနေမည့်  အိမ်နှင့် သင့်လျော်မည့်  အိမ်ကို နောက်ဆုံး ရှာမရသဖြင့် ဝေ့ဝေ့အစ်ကိုကြီး ကိုနေဦး နေသော ဘေးက အိမ်ကိုရွေးလျက်၊ ကိုနေဦးအား မြို့ထဲက အိမ်တစ်အိမ်သို့ ရွှေ့နေခိုင်းရသည်။
အိမ်ကို ဆေးကြောကာ သင်္ဘောဆေးများ သုတ်ပေးရသည်။ လက်သမားများ ခေါ်၍ အခန်းအဆောင်တွေ အသစ်ချဲ့လုပ်ပေးရ၏ ။ တောမြို့က မြန်မာအိမ်သာမျိုးမှာ ဘိုနှင့် မ ဖြစ်၍ ရေချိုးခန်းတွင် အိမ်သာအိုးခုံကို တပေါင်းတည်း တွဲ ထားရန် ရေချိုးခန်း အသစ်ချဲ့ ဆောက်ရသည်။
ဘိုနေမည့် အတွက် ပြင်ဆင်မွမ်းမံလျက် အလုပ်များ နေသော ဖခင်အား ‘ဖေဖေ ဘိုက ဘယ်တော့လာမှန်းလည်း မသိဘဲနဲ့’ ဟု ပြောမိသည်။
‘ဆိုနိုင်ပါဘူး သမီးရယ်၊ အိမ်အတွက် အဆင်သင့်ရှိပြီလို့ စာပြန်လိုက်မှပဲဟာ ရောက်လာမှာ ပေါ့’ ဟု ပြန်ပြော၍ ရောက်လာမည့် မျက်နှာဖြူ၏ ပုံပန်းကို စိတ်ကူးဖြင့် တွေးကြည့်ခဲ့သည်။
ဝေေ၀သည် မျက်နှာဖြူများ ကို နီးနီးကပ်ကပ် တစ်ခါမှ မတွေ့ ဖူးသေးပေ။ ရန်ကုန်သို့ သွားရသည့်အခါမျိုးမှ လမ်းသွားရင်းလာရင်း ဘိုနှင့် ဘိုမများ ကို အဝေးကလှမ်းမြင်လိုက်ဖူးလေသည်။ မျက်လုံးပြာပြာ၊ နှာခေါင်းချွန်ချွန်၊ အသားနီနီရှိသော မျက်နှာဖြူလူမျိုးကိုမျက်စိထဲတွင် မြင်ယောင်နေကာ မျက်နှာဖြူ တစ်ယောက် နှင့် အိမ်ချင်းကပ်နေရမည့် အတွက် အလိုလို ရင်ဖိုနေလေသည်။
အ၀ယ်တော် ဘို မရောက်ခင် ရန်ကုန်တိုက်ကြီးမှ သံကြိုးအရင်ပေါက်လာလေ၏ ။
ပွဲစားကြီး ဦးဘိုးသိန်းမှာ အင်္ဂလိပ်စာမတတ်၍ ဝေေ၀က ဖတ်ပြရသည်။ ဝေေ၀သည် မော်လမြိုင်ကျွန်းမြို့ အစိုးရအလယ်တန်းကျောင်း၌ ခုနစ်တန်းအောင်ပြီး ကျောင်းထွက်ခဲ့ရသည်။ ဝေ့ဝေ့အစ်ကိုကြီးကိုနေဦးနှင့် ဝေ့ဝေ့အစ်မ ထားထားတို့သာ ဆယ်တန်းအောင်ကြလေသည်။ ကိုနေဦးမှာ ဆယ်တန်းအောင်ပြီး ကောလိပ်ကျောင်းဆက်နေလျက် အိုင်-အေ အောက်တန်း၌ မိန်းမရ၍ ကျောင်းထွက်လိုက်ရသည်။ ထားထားသည် ဆယ်တန်းအောင်ပြီး ဆရာဝန် တစ်ယောက် နှင့် လက်ထပ်ကာ အစိုးရ အလုပ်ဖြင့် အမြို့မြို့ ရွှေ့ပြောင်းနေလေသည်။
ဝေေ၀၏ မိခင်မှာ ဝေေ၀အရွယ်မရောက်မီကပင် စစ်ကိုင်းချောင်တွင် ဥပုသ်ရက်ရှည် သွားစောင့်ရင်း အိမ်သို့ ပြန်မလာတော့ဘဲ၊ ဦးဘိုးသိန်းအား ခွင့်ပန်ကာ မယ်သီလရှင် လုပ်သွားလေ၏ ။ ဝေေ၀မှာ ဦးဘိုးသိန်းအား ခွင့်ပန်ကာ မယ်သီလရှင် လုပ်သွားလေ၏ ။ ဝေေ၀မှာ ဦးဘိုးသိန်းအစ်မကြီးတော် နှင့် သာ ကြီးပြင်းခဲ့ရလေသည်။
ဝေေ၀သည် ခုနစ်တန်းအောင်ပြီး မြောင်းမြအစိုးရကျောင်းသို့ သွားဆက်နေချင်သော်လည်း အစ်ကိုနှင့် အစ်မများ အိမ်ထောင်ခွဲနေကြ၍ ဖခင်ကိုငဲ့ကာ ကျောင်းထွက်လိုက်ရသည်။ ဖခင် စီးပွားရေး လုပ်ငန်း အရပ်ရပ် စာရင်းကိုင်၊ ငွေကိုင်၊ ငွေသိမ်း ကူညီလုပ်ပေးရသည်။
ကျောင်းထွက်ပြီး အင်္ဂလိပ်စာနှင့် ငါးနှစ် လောက် ဝေးနေခဲ့သဖြင့် ရန်ကုန်မှ ပို့လိုက်သော သံကြိုးစာကို အဓိပ္ပာယ်ထွက်အောင် တွေးဖတ်ကြည့်ရလေသည်။
‘ရန်ကုန်က ဘလုပ်ဘရားသားက ရိုက်လိုက်တာ ဖေဖေ၊ အိမ်ထောင်ပစ္စည်းတွေ နဲ့ အစေခံတွေ နက်ဖြန်နံနက်ရောက်လိမ့်မယ်၊ သင်္ဘောဆင်းကြိုပါတဲ့’
ဦးဘိုးသိန်းသည် ဝေေ၀့လက်ထဲမှ သံကြိုးစာရွက်ကို ဆွဲယူလိုက်ကာ ရမ်းသန်းကြည့်နေပြီး စဉ်းစားရခက်သလို မျက်မှော က်ကြုတ်ထားလေ၏ ။
‘မဟုတ်သေးပါဘူး သမီးရဲ့၊ နင့်အစ်ကိုကြီး သွားပြစမ်းပါဦး၊ ဘိုက မလိုက်လာသေးဘူးလို့ ပါသလား၊ ဘယ်လိုဟာလဲ’
ဝေေ၀သည် ဦးဘိုးသိန်းလက်ထဲမှ သံကြိုးစာကို ပြန်ယူကာ တစ်ဖန်ပြန်ကြည့်လျက် ‘ဟုတ်ပါတယ် ဖေဖေရဲ့၊ သူ့အဓိပ္ပာယ်က ဘိုမလာသေးဘူး၊ ပစ္စည်းတွေ နဲ့ အစေခံတွေ ကို ဆီးကြိုဖို့ ရိုက်လိုက်တာပါ . . .’
‘ရိုက်တဲ့သူက ဘယ်သူတဲ့လဲ’
ဝေေ၀သည် သံကြိုးစာရွက်ကို ငုံ့ကြည့်ရင်း ‘လူနာမည် မပါဘူးဖေဖေရဲ့၊ တိုက်က အကြောင်းကြားတာ၊ တိုက်အမည် ပဲပါတယ်’ ဟု ထပ်ရှင်းပြောရသည်။
ဦးဘိုးသိန်းသည် မနက် မိုးမလင်းခင်ကပင် ထလျက် သင်္ဘောဆိပ်၌ အစောကြီး သွားစောင့်နေလေသည်။
ရန်ကုန် အမြန်သင်္ဘောမှာ မော်လမြိုင်ကျွန်းသို့ နံနက်ခြောက်နာရီလောက် ၀င်ကပ်လေသည်။
ဝေေ၀သည် သင်္ဘောဆိပ်မှ တက်လာကြမည့်  လမ်းဘက်သို့ တစ်မျှော်တည်း မျှော်ကြည့်နေသည်။ ရန်ကုန်သင်္ဘောမှု တ်သံကြားလိုက်၍ ရင်ထဲ၌ လှုပ်ရှားသွားလေသည်။ ရပ်ဝေးမှဆွေမျိုးသားချင်းများ ရောက်လာခဲ့ပုံမျိုးနှင့် မတူ။ လှုပ်ရှားလျက် ဂနာမငြိမ်နိုင်အောင် ဖြစ်ကာ လမ်းဘက်သို့ လည်ဆန့် မျှော်ကြည့်နေ၏ ။
ဘို၏ ပစ္စည်းများ နှင့် အစေခံများ ကို ကြည့်ချင် မြင်ချင်ဇောထက်သန်ကာ တစ်မနက်စာလုံး အိမ်ဝ၌ ရပ်၍ နေသည်။
သင်္ဘောဆိုက်သံကြားရပြီး နှစ် နာရီလောက်ကြမှ တစ်ဖက်အိမ်ရှေ့သို့ ပစ္စည်းများ ဆိုက်ရောက်လာကြသည်။ ပစ္စည်းတွေ ကား များ ပြားလှပေသည်။ လက်တွန်းလှည်းဖြင့် တစ်မျိုး၊ ကူလီကုလားတွေ ကလည်း ထမ်းလို့ပိုးလို့ဖြင့် တာလမ်းမကြီးတစ်လျှောက်လုံး တသီတတန်းကြီး သယ်ယူလာနေကြသည်။
အိမ်ထဲသို့ ထင်းရှူးသေတ္တာ သေတ္တာကြီး သေတ္တာငယ်များ သယ်တင်နေကြသော ကူလီတွေ ကို လှမ်းမျှော်ကြည့်ရင်း ‘ဘာပစ္စည်းတွေ များ ပါလိမ့်။ များ လိုက်တာ’ ဟု အံ့ငေးနေလေသည်။ အိမ်ထောင်ပစ္စည်း၊ ဗီရို၊ ကုလားထိုင်များ မှာ ဂုန်နီအိတ်ဖြင့် သေသေသပ်သပ် ချုပ်ထားသည်။
ဝေေ၀သည် တစ်ခါမှ မမြင်ဖူးသေးသော ရေခဲသေတ္တာကို မျက်ခြည်မပြတ် ကြည့်နေရင်း ‘ကြီးတော် သက်ရေ . . . ဘာကြီးလဲ မသိဘူး၊ ဖြူဖြူကြီး၊ ထွက်ကြည့်ပါဦး’ ဟု အိမ်ရှေ့မှ လှမ်းခေါ်ပြောလိုက်သည်။
ကြီးတော် ကြီးသည် အိမ်ဝသို့ ပြေးထွက်လာသည်။
‘ဟုတ်ပါရဲ့ဟယ် . . . ဘာသေတ္တာကြီးများ ပါလိမ့်။ ဖြူဖြူကြီးဟဲ့’
ဝေေ၀့ကြီးတော် ဒေါ်သက်သည် အင်္ဂလိပ်မျက်နှာဖြူကို ကိုးကွယ်ထားမတတ် အထင်ကြီးလေသည်။ အင်္ဂလိပ်မင်းအုပ်စိုးနေခိုက်အင်္ဂလိပ်များ လက်အောက်၌ နေရသော ကျွန် လူမျိုးပီပီ အင်္ဂလိပ်ဆိုလျှင်အရှင်သခင်ဟူ၍ မှတ်လေ၏ ။
‘မနေ့ကပဲ ဈေးထဲက ဟာတွေ က အိမ်နေမယ့်ဘိုက ခုထက်ထိမလာသေးဘူးလားနဲ့ မေးလိုက်ကြတာ’
ဒေါ်သက်မှာ မိမိတို့ အသိုက်အ၀န်းထဲ မျက်နှာဖြူ တစ်ယောက် လာရောက်နေမှာ မို့ မျက်နှာရှိသည်ဟု ထင်သည်။ ဒေါ်သက် စကားကို မကြားတစ်ချက် ကြားတစ်ချက်ဖြင့် အိမ်ထဲ သယ်သွင်းသမျှ ပစ္စည်းများ ကို သဲသဲမဲမဲ ကြည့်ရှုနေလေသည်။
အိမ်ထောင်ပစ္စည်းများ သာ မဟုတ်၊ ဘို့ပစ္စည်းနှင့် တကွ ပါလာသော ဘို့အစေခံနှစ် ဦးကို အထူးအဆန်း လုပ်ကြည့်နေသည်။
လူနှစ် ဦးအနက် တစ်ဦးမှာ အသက်သုံးဆယ်အရွယ် အသားညိုညို အရပ်ပုပု မြန်မာ တစ်ယောက် ဖြစ်ကာ၊ တစ်ဦးမှာ အသက်ငါးဆယ်အရွယ် ရွှေကိုင်းမျက်မှန်တပ်ကာ ဒိုဘီဝတ်ထားသော ကုလားအဘိုးကြီး ဖြစ်လေသည်။
‘ဘိုအိမ်နေမယ့် အစေခံတွေ က ကုလားကော မြန်မာကောပဲ၊ အစေခံသာဆိုရတယ် ဂိုက်နဲ့ ဆိုက်နဲ့တော့ . . .’ ဟု ဒေါ်သက်က ဝေေ၀၏ လက်မောင်းကို ပုတ်ပြောနေလေသည်။
ပစ္စည်းများ အိမ်ထဲသို့ သွင်းပြီး အတန်ကြာမှ ဦးဘိုးသိန်းမှာ အိမ်ဘက်သို့ ကူးလာလေသည်။
အိမ်ထဲအ၀င် ပြုံးလျက် ခေါင်းကို ယမ်းခါပြလိုက်ကာ ‘သမီးရေ . . . လာမယ့်ဘိုက အင်္ဂလိပ်မဟုတ်ဘူး၊ မြန်မာဟေ့’ ဟုလှမ်းပြောလိုက်သည်။
‘ဟေ . . .’
ဒေါ်သက်၏ နှုတ်မှ အသံကျယ်ကျယ် မြည် ထွက်သွားလေသည်။ ဝေေ၀မှာ အသံမထွက်နိုင်ဘဲ ပါးစပ်ဟောင်းလောင်းလေး ဖြစ်နေ၏ ။
‘သင်္ဘောဆိုက်တော့ ဟိုသူငယ် မောင်မြက သခင်တော့ နက်ဖြန်ညနေမှ မော်တော် အမြန် ပဲ့ချိတ်ကလေးနဲ့ ရောက်လာပါလိမ့် ခင်ဗျလို့ ပြောတော့ ဘိုပဲ အောက်မေ့တာပဲ။ နောက်မှ သယ်ရမယ့် ပစ္စည်းတွေ က များ လွန်းလို့ သူ့ဘိုမပါ လိုက်လာမှာ လားလို့ မေးကြည့်တော့မှ သူ့သခင်ဟာဘို မဟုတ်ဘူး၊ မြန်မာတဲ့ ခင်ဗျ’
ဦးဘိုးသိန်းသာ ဟက်ဟက်ပက်ပက် ရယ်မောနေလေသည်။
ဒေါ်သက်မှာ မျှော်လင့်ချက်နှင့် တလွဲစီ ဖြစ်နေကော အံ့အားသင့်သော ဟန်ပန်တို့ကို မရုပ်သိမ်းနိုင်ဘဲ မျက်နှာအိုအိုဖြင့် ‘ဘယ်သူတဲ့လဲ’ ဟု ခပ်ဆတ်ဆတ် မေးလိုက်သည်။
ဘို မဟုတ်ဘူး၊ မြန်မာဆို၍ ဝေေ၀့နားထဲ၌ ထောင့်သွားသော်လည်း အိမ်ထောင်ပစ္စည်း အသုံးအဆောင် အစုစုကို အကဲခတ်ကြည့်ခြင်းအားဖြင့် ဘယ်လို မြန်မာများ ပါလိမ့်ဟု အံ့နေလေ၏ ။
‘ဦးစောဟန်တဲ့ အစ်မရဲ့၊ အသက် ၃၇ နှစ် လောက်ရှိပြီလို့ ပြောတာပဲ၊ နက်ဖြန်ညနေမှ တွေ့ ကြရတော့မှာ ပဲ’
ဝေေ၀သည် ဘယ်လိုလူစားလဲဟု တစ်နေ့လုံး အတွေးရကျပ်နေလေသည်။ မင်းအိမ်စိုးအိမ်များ ၌ ဘုရားထူးတတ်သော အစေခံများ ကိုသာ တွေ့ ကြုံဖူးသည်။ မြန်မာအချင်းချင်းသခင်ခေါ်သံသည် မကြားစဖူးနားထဲ၌ ထူးဆန်းနေသည်။
ညက ညဥ့်နက်မှ မော်တော် အမြန် ပဲ့ချိတ်နှင့် ရောက်လာသော ဦးစောဟန်ကိုအိပ်ပျော်နေသဖြင့် မမြင်လိုက်ရပေ။ မော်တော် စက်ပျက်နေ၍ ညဥ့်နက်မှ ရောက်လာမှန်း ဒေါ်သက်ပြောပြမှ ဝေေ၀သိရတော့သည်။
သခင်မ မရောက်ခင် အိမ်ကို တစ်နေ့လုံး ခင်းကျင်းပြင်ဆင်ထားကြခြင်းကို မိုးလင်းမှပင် သေသေချာချာ ကြည့်ရလေသည်။ ဝေေ၀သည်ဧည့်ခန်းဆောင်ကြီးကို စူးစိုက်လျက် စိမ်ပြေနပြေ ငေးကြည့်နေစဉ်၊ အိမ်၏ အနောက်ဘက်ခန်းမှ မောင်းထုသံလိုလို ကြားမိ၍ အနောက်လက်ခန်းကို စီးမြင်နိုင်လောက်အောင်နေရာကို စဉ်းစားလိုက်ကာကြီးတော် အိပ်ခန်းထဲသို့ ကဗျာကယာ ပြေးဝင်သွားသည်။
ပ၀ါအနီစကို ဘိုဆံတောက်တွင် ပတ်ပေါင်းလျက်၊ ခေါင်းပေါင်းစလက်မလောက်ကို အပေါ်သို့ မတ်ထောင်ထားသော မောင်မြသည် စားပွဲခုံနား၌ ရပ်နေလေသည်။ သူဝတ်ထားသော ရှပ်အကျီင်္ ကော်လာအမာနှင့် အပေါ်ပဒုမ္မာပိတ်အကျီင်္အဖြူမှာ ကော်တောင့်လျက် ဖွေးဖြူနေပေသည်။ ခါး၌ မဲပြာတစ်ပတ်ရစ် ပုဆိုးခပ်တိုတို ၀တ်ထားကာ ပခုံးပေါ်၌ လက်သုတ်ပ၀ါအဖြူတစ်ထည်ကို ဖြန့်တင်ထားလေသည်။
အပေါ်အကျီင်္မှာ ဟ မနေအောင် ပိတ်ကြယ်စေ့များ တပ်ဝတ်ထားသည်။ ခြေစုံမတ်မတ်ရပ်လျက် လက်နှစ် ဖက်ကို နောက်ပစ်ကာ ရင်ကိုကော့ထားသဖြင့် တောင့်တောင့်ကြီးကြီး ဖြစ်နေသည်။
ဝေေ၀သည် ပြတင်းတံခါးပေါက်နားတွင် လူမပေါ်အောင် ကိုယ်ကိုဝှက်ကာ ခေါင်းလောက်သာ ထုတ်ကဲ ကြည့်လိုက်သည်။
စားပွဲပေါ်၌ ဖြူဖွေးနေသော စားပွဲခင်းနှင့် ကြာပွင့်သဏ္ဍာန် ချိုးထည့်ထားသည့် ဖန်ခွက်ထဲမှ လက်သုတ်ပ၀ါများ မှာ မောင်မြအကျီင်္လိုပင် ကော်တင်ထား၍ တောင့်နေကြသည်။
လက်ဖက်ရည် ကြွေဖြူကရားအိုးနှင့် ငွေရောင် တောက်ပသော သကြားခွက်၊ နို့ခွက်များ အပြင် မုန့်သေတ္တာဘူး၊ ယိုပုလင်း၊ ထောပတ်ခွက်၊ ငှက်ပျောသီး၊ ကြက်ဥ၊ ပေါင်မုန့် စသော စားဖွယ်သောက်ဖွယ်များ မြိုင်မြိုင်ဆိုင်ဆိုင် ပြင်ထားပုံကို ဝေေ၀သည် တစ်ခုစီ လျှောက်ကြည့်လေသည်။
ဝေေ၀မှာ အိပ်ရာကထပြီး အောက်ဆင်း၊ ရေချိုးခဲ့ကာ မီးဖိုထဲ၌ ဒေါ်သက်နှင့် ဦးစောဟန်အကြောင်း သွားစကား လက်ဆုံကျနေလျက် မနက်စာကို မစားမိဘဲ မေ့နေသည်။
စားချင်စဖွယ် တခမ်းတနား ပြင်ထားသော လက်ဖက်ရည်စားပွဲကြီးကို တစ်မည် စီ လိုက်ကြည့်ရှုရင်း ရင်ထဲ၌ ဆာလာလေသည်။
လက်ဖက်ရည်စားပွဲကို အဆန်းတကြယ် ကြည့်နေရာက ဘုန်းကြီး အချိုပွဲ ကျနေတာပဲ၊ စုံလိုက်တာဟု တွေးလိုက်မိသည်။ စားပွဲ ပြင်နည်းဆင်နည်းလည်း ကြည့်လိုလှသည်။ ဝေေ၀တို့အိမ်တွင် စားပွဲခုံ၊ ကုလားထိုင်နှင့် ထမင်းမစားကြဘဲ ကြမ်းပြင်ပေါ်၌ ခုံနိမ့်စားပွဲဝိုင်းခင်းလျက် သင်းဖြူဖျာခင်းစားကြသည်။
ကျကျနန ပြင်ထားသော စားပွဲနှင့် စားပွဲနား၌ တောင့်တောင့်ရပ်နေသော မောင်မြ၏ ပုံပန်းသည် ဝေေ၀၏ မျက်စိထဲ၌ ပနံရနေပေသည်။ မောင်မြ၏ အသွင်သဏ္ဍာန်ကြောင့် ဟိတ်ထုတ်ပြင်ထားသော စားပွဲကြီးမှာ မောက်မော်ဝင့်ကြွားနေသယောင် မှတ်ထင်ရသည်။ စားပွဲခုံကြီးနှင့် မလှမ်းမကမ်းတွင် ခုံတစ်ခုံဖြင့် တင်ထားသော ဆင်စွယ်ဝန်းယှက်ငွေမောင်းကလေးကို မြင်ရ၍ စောစောကမောင်းသံမှာ စားပွဲပြင်ပြီးကြောင်း အချက်ပေးသံပဲဟု တွေးယူရသည်။
အိမ်၏ အပေါ်ထပ်မှ ဘွတ်ဖိနပ်သံ ထွက်ပေါ်လာသည်။ ဝေေ၀သည် လန့်ဖျပ်သွားကာ ခေါင်းကို မြန်မြန်ရုပ်လျက် နံရံနှင့် ကျောနှင့် ကပ်ထားလိုက်သည်။ တစ်ဖက်အိမ်ပေါ်မှ ဘွတ်ဖိနပ်သံသည် အခန်းထဲတွင် ပျောက်လိုက်ပေါ်လိုက် ရှိနေပြီးနောက်၊ လှေကားမှ ခပ်ပြင်းပြင်း နင်းဆင်းလာသံများ ကို ဆက်ကြားရလေသည်။
ဝေေ၀သည် ဖိနပ်သံကို နားစိုက်ကာ ရင်တလှပ်လှပ် ဖိုနေသည်။ ပြတင်းတံခါးပေါက်နားသို့ ခေါင်းမကပ်ရဲဘဲ ဖိနပ်သံသာ ၀ီရိယစိုက်နားထောင်နေရ၏ ။ ထမင်းစားခန်းထဲဝင်လာသော ဘွတ်ဖိနပ်သံနှင့် ကုလားထိုင် ရွှေ့လိုက်သော အသံများ တိတ်သွားမှ ခေါင်းကိုအသာဆန့်ထုတ်လျက် မရဲတရဲ ပြန်စီးကြည့်လိုက်သည်။
အသားမည်းမည်း ထောင်ထောင်မောင်းမောင်းရှိသော ဦးစောဟန်ကို နောက်ပိုင်းမှ စီးမြင်ရသည်။ ရှပ်အဖြူလက်ရှည်၊ ကာကီရောင် ဘောင်းဘီအတို ၀တ်လျက် ဘိုဆံတောက်တိုတို ညှပ်ထားသည်။ ကုလားထိုင်၌ မတ်မတ်ထိုင်ကာ နံနက်ခင်း လက်ဖက်ရည်ကို ကိုယ်တိုင် ဖျော်နေလေ၏ ။
ဝေေ၀့ဘက်သို့ ကျောပေးလျက် လက်ဖက်ရည် ဖျော်နေပုံကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ မျက်နှာချင်းဆိုင်ကျမနေခြင်းကြောင့် အားရပါးရ ချောင်းကြည့်နိုင်၍ ၀မ်းသာနေသည်။ သောက်ပုံစားပုံတို့မှာ ငြိမ်ဆိတ်လျက် တိတ်ဆိတ်နေ၏ ။ စားပွဲနား၌ ရပ်နေသော မောင်မြသည် ထွက်သက်ဝင်သက်ကိုမှ မှတ်ရှုနေလေဟန် မလှုပ်မယှက် စောင့်ရပ်ကြည့်နေလေသည်။
စားပွဲ၌ သောက်စားနေသည့် တစ်ချိန်လုံး အနား၌ ရပ်နေသော မောင်မြကို အသက်ရှိလေသည်မမှတ်ဘဲ၊ တစ်ခွန်းမှ လှမ်းစကားပြောတာမတွေ့ ရပေ။
လက်ဖက်ရည်တစ်ခွက်ကုန်၍ နောက်တစ်ခွက် ထပ်ငှဲ့ပြန်သည်။ အရသာခံလျက် စိမ်ပြေနပြေ သောက်စားနေသော ဦးစောဟန်၏ ဘိုဆန်ပုံများ ကို လေ့လာသုံးသပ်ကြည့်နေရ၍ ဝေေ၀့မှာ အဆာပြေကာ ပြည့်နေလေသည်။
မောင်မြ၏ ဘတ်တလာအသွင်ကို မြင်မြင်ချင်းပင် ဦးစောဟန်ကို တော် တော် ဘိုဆန်တဲ့လူဟု တွက်လိုက်ပြီးလေသည်။
ဘိုဆံတောက်ဖော်လျက် ပ၀ါအနီ ပတ်ပေါင်းထားသော ရန်ကုန်က မော်တော် ကားဒရိုင်ဘာတွေ မြင်ခဲ့တုန်းက ‘ဘိုကားမောင်းတဲ့ ဒရိုင်ဘာတွေ ’ ဟု ဖခင်ပြောပြဖူးသဖြင့် ၊ ပ၀ါအနီ ပတ်ပေါင်းထားသော မောင်မြ၏ သခင်ကို မြန်မာ တစ်ယောက် အသွင်နှင့် မမြင်တော့ဘဲ ဘို တစ်ယောက် အမြင်ဖြင့် ပြောင်းမြင်သွားသည်။
ဦးစောဟန်သည် စားသောက်ပြီး စားပွဲ၌ ရပ်လျက် မောင်မြကို လှမ်းစကား ပြောနေသည်။
မောင်မြမှာ ကျောက်ရုပ်လို တောင့်နေရာမှ ဆတ်ခနဲ ခါးညွတ်သွားကာ၊ ရိုသေကျိုးနွံသော အမူအရာနှင့် သခင့်အမိန့်ကိုခေါင်းညိတ်နာယူနေလေ၏ ။
အခန်းထဲတွင် ဦးစောဟန်၏ သဏ္ဍာန် ပျောက်ကွယ်သွားလျှင်ဝေေ၀သည် ကြီးတော် အခန်းမှ သူ၏ အိပ်ခန်းထဲသို့ ပြန်ရောက်လာလေသည်။
ယနေ့မနက် တွေ့ လိုက်ရ မြင်လိုက်ရသော မြင်ကွင်းတစ်ရပ်လုံးသည် မြင်နေကျများ နှင့် ပေါင်းစပ်ရောနှော၍ မရဘဲ တစ်ဘာသာစီခြားနေကြပေသည်။
ဝေေ၀သည် အိပ်ခန်းထဲ၌ ဟိုကြည့်သည်ကြည့် ကြည့်လျက် အရာဝတ္ထုအားလုံး အဟောင်းအမြင်းတွေ ချည်း မြင်နေရသည်။ မျက်လုံးထဲ အဟောင်းအမြင်းတွေ ချည်း ဖြစ်ကုန်သည့် ပစ္စည်းတွေ နှင့် ကမ္ဘာခြားလျက် ဟိုဘက်အိမ်ကလို တစ်ဘာသာမျိုး နေရလျှင် ကောင်းမလိုလို ဘာလိုလို ဖြစ်၍ ကိုယ့်စိတ် ကိုယ်မလုံဘဲ ကိုယ့်ကိုယ်ကိုယ် သရော်နေမိပြန်သည်။
ဝေေ၀မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသော မျက်နှာနှင့် မှန်ခုံရှေ့သို့ ရောက်သွားလေသည်။
အောက်ဆင်းရေချိုးပြီး အိမ်ပေါ်သို့ တက်လာခဲ့ရာ ခုထက်ထိ ဘာမှမလုပ်ရသေးသဖြင့် ၊ ကြာနေရင် ကြီးတော် ဆူမှာ စိတ်ပူသွားသည်။
ကျောက်ပြင်ပေါ်၌ ပျစ်ပျစ်သွေးထားသော သနပ်ခါးများ ကို ရေပက်လျက် ကျဲအောင်လုပ်လိုက်ကာ၊ သနပ်ခါး ယူမလူးခင်နဖူးပေါ်ကျနေသော ဆံယဉ်ကို ပင့်၍ မှန်ထဲက မျက်နှာကို စိုက်ကြည့်လိုက်သည်။
ဝေေ၀၏ ဖြူဖွေးသော မျက်နှာလေးနှင့် စိုဝင်းလျက် နုညက်နေပေသည်။ မျက်နှာပေါ်၌ ပေါ်လွင်သော နှာတံမှာ ဘေးစောင်းကြည့်ကပုံကျကျလေး တင်ထားသလို ရှိလေသည်။ တောက်ကြည်သော မျက်လုံး၊ ပြုံးရယ်သော နှုတ်ခမ်းဖြင့် ကျက်သရေရှိနေသော မျက်နှာလှလှကလေးကို ကြည့်ရတော့မှ စိတ်နှင့် ကိုယ်နှင့် ပြန်တွေ့ သွားလေသည်။
မျက်နှာကို သနပ်ခါးရည်ကျဲ ပါးပါးကလေး ပွတ်လူးလိုက်ပြီးနောက်တို့ဖတ်ပ၀ါနှင့် သိပ်လိုက်ကာ၊ ပွန်ပီယာပေါင်ဒါပန်းရောင် ကို ပါလေဟန်လောက်ပင် တို့ယူရိုက်လိုက်သည်။
ဝေေ၀၏ အလှပြင်ခြင်းကိစ္စ ခဏဖြင့် ပင် ပြီးသွားသည်။ အလှကို မှု န်နေအောင် သနေ ပြင်နေစရာ မလိုဘဲ ပေါင်ဒါကလေး တို့ရုံလောက်ဖြင့် လှပြီးသားမှန်း ကိုယ့်ဟာကိုယ် စိတ်ချထားသည်။
မျက်ခုံးမွေးကို သွားပွတ်တံဖြင့် ဆွဲခြစ်လိုက်သည်။ မျက်ခုံးမွေးမှာ အရင်းတုတ်လျက် အဖျားသွယ်တန်းနေကာ မျက်နှာတွင် ထင်းနေအောင် ပေါ်နေပေသည်။
ဖြီးလိမ်းပြီး ဆံပင်ကို ဖြန့်လျက် ဖဲကြိုးနက်နှင့် စုစည်းချည်လိုက်သည်။ အုပ်လုံးသွင်းစပြု၍ ဆံတောက်ဆံပင်များ အကုန်ဝင်အောင်ဆင်စွယ်ဘီးလေးဖြင့် နောက်ပြန်ပတ်လေသည်။
အကျီင်္ကို ရှံသားအပွင့်ရိုက်ထဲက လှလှရွေးဝတ်သည်။ ခုတလော အကျီင်္လက်ဝကားကား၊ ကိုယ်ထည်တိုတို၊ အထက်ဆင်ပေါ်ပေါ် ၀တ်နေကြ၍ ကိုယ်ထည်တိုမည့်  ရှံသားပန်းရောင် အပွင့်သေးသေးအကျီင်္ကို ရွေးပြီးဝတ်သည်။ တရုတ်ဖဲလုံချည်မှာ အနံရှည်နေ၍ အထက်ဆင်ပေါ်အောင် အင်းလေးလုံချည်အနီ ယူဝတ်လိုက်သည်။
ကိုယ်လုံးပေါ် မှန်ဗီရို၌ ကိုယ်ဟန်ကို နောက်ပြန် ဘေးစောင်း လှည့်ပြုကြည့်ပြီးနောက် မှန်ခုံအံဆွဲမှ ပန်းစက္ကူအနီလိပ်ကို ဆွဲထုတ်လိုက်သည်။
စက္ကူအစ ဆုတ်လျက် လျှာနှင့် တို့ကာ နှုတ်ခမ်းကို သုတ်ပွတ်လိုက်သည်။
ဝေေ၀သည် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ဦးဘိုးသိန်းသည် ကြိမ်ပက်လက် ကုလားထိုင်ကြီးပေါ်၌ တင်ပျဉ်ခွေထိုင်လျက် ကွမ်းအစ်ကို ပေါင်ပေါ်ချကာ ကွမ်းယာရင်း လက်သမားများ နှင့် စကားပြောနေသည်။
ကျောက်စားပွဲဝိုင်းနားရှိ တန်းလျားပေါ်တွင် လက်ထဲက ဝေလယျကုလား ဂေါနောနှင့် ဂေါနောလယ်နှင့် တစ်ဆက်တည်းလုပ်သော ဦးသာကြူးကြီး ထိုင်နေသည်။
ဦးသာကြူးမှာ ခရုသင်းရှိ၍ မျက်နှာနှင့် လက်များ ဆွတ်ဆွတ်ဖြူနေသည်။ မြို့လာလျှင် အမြဲဝတ်လာသော သက္ကလတ်အကျီင်္အနက်၊ ပ၀ါပန်းရောင် နှင့် ပင် တွေ့ ရသည်။
ဝေေ၀သည် ဦးသာကြူးကိုတွေ့ ၍ ပြုံး၍ နှုတ်ဆက်လိုက်ကာ ‘ဘကြီး၊ မုန့်ဆန်းပါလား’ ဟု လှမ်းမေးလိုက်သည်။
‘ယူလာတယ်၊ ဝေေ၀့အဒေါ်က ငါးရံ့လုံး ငါးပိပါ လုပ်ပေးလိုက်တယ်’
ဝေေ၀သည် မုန့်ဆန်းယူလာသည်ဆို၍ ၀မ်းသာသွားသည်။ တစ်နှစ် တစ်ခါ လယ်ထဲက မုန့်ဆန်းကို အုန်းသီး၊ သကြားနိုင်းချင်းနယ်လျက် အိမ်နီးနားချင်းများ ကို လိုက်ဝေနေကျ ဖြစ်သည်။
သက္ကလတ်အစိမ်း ခင်းထားသော စာရေး စားပွဲတွင် ၀င်ထိုင်ကာ ခုံပေါ်က စာရင်းစာအုပ်များ ကို ဖွင့်လေသည်။
ဂေါနာသည် ကောက်ရိတ်ခနှင့် မိုးတွင်းက ယူသုံးသော လယ်စရိတ်များ ကို စာရင်းပေါင်းပေးရန် ဝေေ၀့ စားပွဲခုံနား ထလာပြောလေသည်။
ဝေေ၀သည် သားရေဖုံးစာအုပ်ထဲတွင် ဂေါနာစာရင်းကို ရှာကာ၊ ဂဏန်းများ ပေါင်း၍ တွက်ချက်နေ၏ ။
‘ဒီနှစ် လည်း စပါးဈေး အရိပ်အခြည်ကြည့်ရတာ ဟန်မယ်မဟုတ်ဘူး။ စတီးတို့၊ အာရကန်တို့က သိပ်ဈေးနှိပ်တာ’
ဦးဘိုးသိန်းမှာ ကွမ်းကို ပလုတ်ပလောင်း ၀ါးလျက် ဦးသာကြူးကို လှမ်းပြောလိုက်သည်။
‘ချိုတာရီ ဆန်စက်က ဘာဘူကုလား ကတော့ ပေါက်ဈေး တစ်ပိဿ ရှစ်ဆယ်လောက် ရှိမယ်လို့ ပြောတာပဲ၊ ကိုရင့် သီးထောက်ခနဲ့စပါးပေး နှိမ်ချပြီးရင် ၀မ်းစာချန်ပြီး ပေါက်ဈေးနဲ့ ရောင်းမယ်စိတ်ကူးတာပဲ။ တပေါင်းလမှာ ငတောက်တို့ကို ကျွန်တော် ရှင်ပြုမလားလို့ . . .’
‘လယ်ထွက် ဘယ့်နှယ်နေမလဲ’
‘သင့်တင့်ပါပဲ ကိုရင်ရယ်’
ဦးသာကြူးမှာ ဦးဘိုးသိန်း လယ်လုပ်သားများ ထဲအနက် နှစ်သက် အကြာဆုံး သီးစားလယ်သမား ဖြစ်သည်။ ပထမကမ္ဘာစစ် ဖြစ်ချိန်က ဧက ၁၀၀၊ ၁၀ တုန်း ထွန်နိုင်လျက် ၀မ်းစာအတောင့်၊ ကျွဲနွားအတောင့်ရှိ၏ ။ နောက်ပိုင်း၌ အကြွေးတင်ကာ ကျွဲနွားများ ပြုတ်ကုတ်၍ ဧက ၅၀ သာလျှင် လုပ်နိုင်သည့်အခြေ ရှိသည်။
‘ဂေါနာကို တမံဖို့တဲ့စရိတ် တစ်ဝက်နှိမ်လိုက် သမီး’
ဝေေ၀သည် လယ်စာရင်း၊ စပါးစာရင်း၊ ငွေတိုးစာရင်း စာအုပ်များ ကို တစ်အုပ်စီ ခွဲခြားထားသည်။ ကောက်စိုက်ချိန်၊ စပါးပေါ်ချိန်တို့၌ ဝေေ၀့မှာ ငွေထုတ်ငွေရှင်းဖြင့် ထမင်းကို အချိန်နှင့် မစားနိုင်အောင် အလုပ်များ နေတတ်သည်။ ဒီကြားထဲ တစ်မတ်သား၊ တစ်မူးသားကအစ ရွှေပေါင်လည်း ခံသေးသဖြင့် အားရသည့်အချိန်ပင် မရှိချေ။ ငွေချေး၊ စပါးပေး၊ ရွှေပေါင်ခံစသော မြေပိုင်ရှင်ကြီးများ ၏ လုပ်ငန်းအသွယ်သွယ်ကို ကောင်းကောင်း ကျွမ်းကျင်လေသည်။
လယ်ပိုင်ရှင် သားသမီး ဖြစ်၍ လယ်အကြောင်းလည်း နားလည်သည်။ ငွေတိုး ယူပုံယူနည်းတွေ လည်း မြင်နေသည်။ စပါးပွဲစားကြီးသမီး ဖြစ်၍ စပါးအမျိုးမျိုး၊ တင်းတွက်၊ ပေါင်ကိုက်၊ ကတ္တားချိန် နားလည်အောင် သင်ယူ ဆည်းပူးထားသည်။
စပါးကုန်သည်ကြီး ဦးကြာငန်း ၀င်လာလေသည်။ ဦးဘိုးသိန်းသည် ကြိမ်ကုလားထိုင်ကြီးမှ ထလာကာ ကျောက်စားပွဲတွင် တရုတ်ကြီးနှင့် ၀င်ထိုင်ကြလျက် ဘလုပ်ဘရာသားမှ ဒိုင်လာဖွင့်သည် အကြောင်းနှင့် ဆန်ဈေး အတက်အကျ ပြောဆို ဆွေးနွေးကြလေသည်။
ဝေေ၀သည် ဦးသာကြူးနှင့် ဂေါနောတို့အား စာရင်းရှင်း၊ ငွေထုတ်ပေးနေခိုက် စားပွဲတွင် ရပ်ကွယ်နေကြ၍ အိမ်ထဲသို့ နောက်ဝင်လာသော ဧည့်သည်ကို မမြင်လိုက်ရပေ။
ဦးဘိုးသိန်းသည် နေရာက ထလိုက်သော ‘ကြွပါ၊ ကြွပါ . . .ညကအိပ်ရပါရဲ့လား’ ဟု ပျာပျာသလဲဆီးကြိုနေသံကြားရမှ ဝေေ၀သည် စာရင်းငုံ့ရေး နေသော ခေါင်းကို ထောင်ကြည့်လိုက်လေသည်။
ဦးစောဟန်သည် နောက်ပါ အခြွေအရံများ ဖြင့် အိမ်ထဲသို့ ၀င်လာလေသည်။ ဦးစောဟန်နောက်မှ လိုက်လာကြသည့် ပိတ်ဖြူ ဗောင်းထုတ်ခေါင်းပေါင်းကြီးများ ပေါင်းလျက် ခေါင်းပေါင်းစကို ကျောနောက်၌ ပေါင်လယ်အထိ ချထားသော ဒရမ်ဝမ်ကုလားများ ကို အိမ်ဝ၌ နေရစ်ခဲ့ကြသည်။
အသားဖြူဖြူ ရွှေသွားနှင့် လူရွယ် တစ်ယောက် သည် ဦးစောဟန်နှင့် အတူပါလာသည်။
ဦးစောဟန်သည် လက်နှစ် ဖက်ကို ကာကီဘောင်းဘီအိတ်ထဲ ထည့်လျက် လျှောက်လာကာ၊ အိမ်ထဲရောက်မှ ဘောင်းဘီအိတ်ထဲ လက်ကိုထုတ်၍ ကာကီဦးထုပ်ကို လှမ်းချွတ်လိုက်ကာ၊ ဦးဘိုးသိန်းကို ပြန်နှုတ်မဆက်ခင် ဝေေ၀ကို လှမ်းကြည့်လိုက်သည်။
ဦးစောဟန်၏ တည်ငြိမ်သော အပြုံးကို ဝေေ၀ သတိပြုမိသည်။ ဝေေ၀သည် ပူထူသွားကာ မလုံသလို ဖြစ်သွားလေသည်။
‘ညက အိပ်ရပါတယ် ဦး၊ သူ ကတော့ ကျွန်တော့် စာရေး ကြီးပဲ။ ဈေးနားမှာ ကျွန်တော် တို့ ‘အော့ဖစ်’ အတွက် အိမ်ရပြီ’ ဦးဘိုးသိန်းက ထိုင်ရန် ကုလားထိုင် ရှေ့ဆွဲပေးသော်လည်း ဦးစောဟန်သည် မထိုင်ဘဲ ကာကီဦးထုပ်ကို ရင်တွင် ပိုက်လျက် မတ်တတ်ပင် ရပ်စကားပြောနေသည်။ ဦးဘိုးသိန်း၏ မျက်နှာမှာ ချိုမြနေသည်။ ဦးစောဟန်၏ စာရေး ကြီးကိုကြည့်လျက် ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
‘ဒီက စပါးကုန်သည်ကြီး ဦးကြာငန်းပါပဲ’
တရုတ်ကြီးသည် တုတ်ကောက်ကြီးကို လက်နှင့် ထောက်လျက်ဦးစောဟန်တို့အား ပြူးတူးပြဲတဲ ထိုင်ကြည့်နေရာ၊ မိတ်ဖွဲ့ပေးသဖြင့် ၀မ်းသာအားရ ထရပ်လိုက်သည်။
‘တွေ့ ရတာ ၀မ်းသာပါတယ် ဘိုကြီး၊ အလိုရှိတာ အားလုံးပြောပါ၊ ကူညီပါ့မယ်’
ဦးစောဟန်သည် တရုတ်ကြီး၏ ရယ်ပြုံးပြုံး မျက်နှာကိုကြည့်လျက်ခပ်တည်တည်ပင် ‘ကျေးဇူးတင်ပါတယ်’ ဟု ပြန်ပြောလိုက်သည်။
ဝေေ၀မှာ ဦးစောဟန်အား စားမတတ် ၀ါးမတတ် ကြည့်နေသော ဂေါနာနှင့် ဦးသာကြူးတို့ကို သိပ်ရိုင်းတာပဲဟု စိတ်ထဲက အပြစ်တင်နေလေသည်။
ဝေေ၀သည် ရှက်ကိုးရှက်ကန်း ဖြစ်နေလေသည်။ ဧည့်ခန်းအဆောင်အယောင်များ ကို ဘယ်လိုများ ထင်မလဲဟု တွေးကြည့်သည်။ ခုံပေါ်က သံလင်ပန်းဖြူနှင့် ထည့်ထားသော နှုတ်သီးအပဲ့ လက်ဖက်ရည်အကြမ်းအိုး၊ ပန်းကန်လုံးများ ကို လှမ်းကြည့်လျက် မြင်မှာ စိုးကာ ရင်ထဲတွင် ဟိုက်သွားလေသည်။
‘ဦးတို့ကိုလည်း ဘာမှ အားမနာပါနဲ့၊ ဦးအိမ်က သိပ်မကောင်းတော့ အားနာပါတယ်၊ ခြံတံခါးလည်း လက်သမားတွေ ခေါ်ပြီး ပြင်ပေးပါဦးမယ်၊ အလိုရှိတာ ပြောပါ’
ဦးစောဟန်သည် ဂိုက်ကို တင်းတင်းထားလျက် နှုတ်က ယဉ်ယဉ်ကျေးကျေးပင် ပြောသည်။
‘ကျေးဇူးတင်ပါတယ် . . . ဦး၊ အိမ့်အတွက် ဒုက္ခပေးရတာ လည်း အားနာပါတယ်၊ အလုပ်ကိစ္စအတွက် ကျွန်တော့်  အလုပ်တိုက်ကို လာနိုင်ပါတယ်။ အလုပ်ချိန် ကတော့ မနက် ၈ နာရီက ၁၂ နာရီ၊ ညနေဘက် ၃ နာရီက ၅ နာရီပါပဲ’
ဝေေ၀သည် မြန်မာစကားကို ပြတ်တောင်းပြတ်တောင်းဖြင့် နားပြီး ပြောပုံကို တစ်လုံးချင်း စိုက်နားထောင်ရင်း အိမ်ချင်းကပ်နေပြီး သူ့အလုပ်တိုက်ကို လာရမတဲ့၊ စည်းကမ်းကြီးလိုက်တာဟု အောက်မေ့နေ၏ ။
ပွဲစားကြီး ဦးဘိုးသိန်းမှာ နေရာပေးလျက်နှင့် မထိုင်ကတည်းက ရောရောနှောနှော မလုပ်ချင်ပုံကို အကဲခတ်မိသည်။ မြန်မာ တစ်ယောက် ဖြစ်၍ မြန်မာအချင်းချင်း ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဖြစ်ရန် အဆင်သင့်ရှိလျက် ဦးစောဟန်အကဲကို ကြည့်ကာ ဖက်လဲတကင်း ဆက်ဆံရန် ရွံ့သွားလေသည်။
ဦးစောဟန်သည် ဝေေ၀တို့ဘက်သို့ လှည့်လျက် ခရုသင်းများ ဖြင့် ဖွေးနေသော ဦးသာကြူး၏ အဂါင်္ရုပ်ကို မမြင်အောင် မျက်စိလွှဲကာ၊ ဝေေ၀့အား ခပ်စောင်းစောင်း ကြည့်လိုက်ပြီးနောက် ဦးဘိုးသိန်းကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
‘ကဲ . . . ဦး၊ သွားပါဦးမယ်’
ဝေေ၀သည် ခေါင်းငုံ့လျက် နေသည်။ ဖိနပ်သံများ ဝေးသွားသည့်တိုင်အောင် ခေါင်းကို မထောင်နိုင်ဘဲ ရင်ထဲတွင် လှုပ်ရှားလျက်ရှိသည်။ ပြုံးနေသည့်အတွင်းမှ တင်းနေသော ဦးစောဟန်၏ မျက်နှာကို မြင်ယောင်လိုက်သည်။ မျက်နှာမှာ နဖူးကျယ်ကျယ်၊ နှာတံချွန်ချွန်ဖြင့် ဥပဓိရုပ်ကောင်းလေသည်။
‘လူ ကတော့ ခပ်အေးအေးပဲ ဦးကြာငန်း၊ ဒါပေမယ့် ဘိုဘိုဆန်ပဲ။ ဘီအေအောင်ပြီး ကုမ္ပဏီဘက် ၀င်လုပ်တာ မကြာသေးဘူး’
ဦးကြာငန်းသည် လက်ဖက်ရည်ကြမ်း ပန်းကန်ကို ငှဲ့သောက်လိုက်ကာ ‘သဘောကောင်းပုံရပါတယ်’ ဟု ထင်မြင်ချက်ပေးသည်။
ဒေါ်သက် နောက်ဖေးမှ ကော်ဖီ ဖျော်ထွက်လာသည်။ ‘ဘယ့်နှယ်ပြန်သွားပြီလား၊ ခုနထွက်လာတော့ တွေ့ လို့ ငါကော်ဖီဖျော်ခိုင်းနေတာ ဆွဲမထားလိုက်ဘဲကိုး’ ဟု ပြောရင်းဆိုရင်း နောက်မှ ထက်ကြပ် လက်ဖက်ရည်ဗန်း ယူထုတ်လိုက်သော မယ်အေးဘက်သို့ လှည့်လျက် . . .
‘ကဲ . . . ကဲ၊ ထောင်ကဲကြီးကို ပေးပါအေ’ ဟု ဆိုလိုက်သည်။
ဝေေ၀သည် ယွန်းဗန်းအနက်ပေါ်မှ ဖိတ်လျှံကျနေသော ကော်ဖီပန်းကန်များ နှင့် နှစ် ထပ်ရေခဲမုန့် ပန်းကန်တို့ကို လှမ်းကြည့်လိုက်ကာ ပြန်သွားမှ ထုတ်လာတာ တော် ပါသေးရဲ့ဟု အောက်မေ့လိုက်သည်။
နတ်တော် လဆုတ် ၈ ရက်
ချစ်သမီးထံ စာပြန်လိုက်သည်။
မယ်တော် ထံမှ စာကို ရရှိပြီး မယ်တော် ၏ သြ၀ါဒကို လိုက်နာကျင့်သုံးပါမည် ဟူသော ရေး သား ပြန်ကြားစာအရ မယ်တော် ၀မ်းမြောက်နေသည်။
သစ္စာလေးပါး မြတ်တရားကို ဆင်ခြင်နှလုံးသွင်းစိမ့်သော ငှာ မယ်တော် ညွှန်ပြ ပို့ချလိုပေသည်။
သစ္စာလေးပါး မြတ်တရားကို ဆင်ခြင်နှလုံးသွင်းစိမ့်သော ငှာ မယ်တော် ညွှန်ပြ ပို့ချလိုပေသည်။
ဒုက္ခသစ္စာ၊ သမုယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟူ၍ လေးပါးသော သစ္စာတရားတွင် ဒုက္ခသစ္စာသည် လောကီသစ္စာ ဖြစ်သည်။ နိရောဓသစ္စာနှင့် မဂ္ဂသစ္စာတို့သည် လောကုတ္တရာသစ္စာမည် သည်။
ပဋိသန္ဓေနေခြင်း ဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ မချစ်မနှစ်သက် သော သူနှင့် အတူတကွ နေခြင်းဆင်းရဲ၊ ချစ်သော သူနှင့် သေကွဲရှင်ကွဲ ကွဲကွာနေရခြင်းဆင်းရဲစသော ဒုက္ခတရားတို့သည် သတ္တ၀ါတို့အား နှိပ်စက်ကုန်သည်။ နှိပ်စက်တတ်ခြင်း ခံရသော ပုဂ္ဂိုလ်တို့မှာ သက်သာသော သဘောမရှိကြပေ။ ကိုယ်တွေ့ ကြုံဖူးသူမှန်သမျှ ဒုက္ခသစ္စာကို သိကြလေသည်။ မချိမဆန့်ပူပန်ဒုက္ခရောက်အောင် ညှင်းဆဲတတ်သည်။ သော က ပရိဒေ၀မီး တောက်လောင်စေတတ်သည်။ ဒုက္ခတရား၏ အရင်းအမြစ်ကို စစ်လျှင် တဏှာ၏ အဆွေ၊ အ၀ိဇ္ဇာ၏ လှည့်ဖြားမှု ပင် ဖြစ်သည်။
တပ်မက်သော တဏှာသည် ဘ၀သစ်သို့ ဖြစ်စေတတ်သည်။ ထိုထို ဘုံဘ၀တို့၌ အလွန်နှစ်သက် လျက် တပ်မက်မောမှု ၊ လိုချင်မှု တို့သည် ဒုက္ခသစ္စာကို ဖြစ်စေတတ်သော သမုဒယသစ္စာ ဖြစ်သည်။
တဏှာ၊ ရာဂ၊ လောဘတရားယုတ်သည် ဆင်းရဲခြင်းအစစ်အမှန် ဖြစ်သည်။ ဒုက္ခသစ္စာကို အမြဲပင် ဖြစ်စေတတ်သည်။ အာရုံကောင်းတို့ကို တပ်မက်လိုချင်လျက် ခံစားချင်တတ်ခြင်းမှာ သတ္တ၀ါပုဂ္ဂိုလ်တိုင်း ကိုယ်တွေ့  ဖြစ်ကြ၍ သိကြသည်။ ဆင်းရဲခြင်းသဘော၊ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော သဘောဟူ၍ မသိမမြင်မဆင်ခြင်နိုင်ကြဘူး။
ဒုက္ခတရားအပေါင်း၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာ ဖြစ်သော နိဗ္ဗာန်တရားသည် လောဘတဏှာမှ ကင်းသည်။ ကိလေသာမှ လွတ်သည်။ ငြိမ်သက်ခြင်း၊ မသေမပျောက်မရွေ့မရှားခြင်း၊ လူနတ်ဟူသော ခန္ဓာကင်းဆိတ်ခြင်း ဖြစ်သည်။ နိဗ္ဗာန်တရားတော် မြတ်သည် မဂ်ဉာဏ်ဖိုဉာဏ်၊ ပစ္စ၀က္ခဉာဏ်။ ပစ္စ၀က္ခဉာဏ် ရအပ်သော အရိယာပုဂ္ဂိုလ်များ ၏ အရာ ဖြစ်ကာ၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း သို့မဟုတ် ကမ္ဘာ အရာ အထောင် ကျင့်မှ သိနိုင်သော တရား ဖြစ်သည်။
ထိုနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်း ဖြစ်သော ရှစ်ပါးသော မဂ္ဂင်တရားသည် မဂ္ဂင်သစ္စာ ဖြစ်သည်။ မဂ္ဂင်ရှစ်ပါးသည် ၀ဋ်ဒုက္ခမှ လွတ်မြောက်နိုင်သည်။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာတို့ကို ပယ်နိုင်သည်။ ထို မဂ္ဂင်ရှစ်ပါးတရားမှာ -
ကောင်းစွာ မြင်ခြင်း၊
ကောင်းစွာ ကြံခြင်း၊
ကောင်းစွာ ပြောဆိုခြင်း၊
ကောင်းစွာ အမှု လုပ်ခြင်း၊
ကောင်းစွာ အသက်မွေးဝမ်းခြင်း၊
ကောင်းစွာ လုံ့လထုတ်ခြင်း၊
ကောင်းစွာ အောက်မေ့ခြင်း၊
ကောင်းစွာ တည်တံ့ခြင်း။
ဤ မဂ္ဂင်ရှစ်ပါးတရားသည် လောကီ လောကုတ္တရာနှစ် မျိုးရနိုင်ပေသည်။ မဟာကုသိုလ် ညာဏသမ္ပယုတ် လေးပါးနှင့် ယှဉ်သော မဂ္ဂင်ရှစ်ပါးမှာ လောကီမဂ္ဂင် ဖြစ်သည်။ မဂ်စိတ်နှင့် ယှဉ်သော မဂ္ဂင်ရှစ်ပါးသည် လောကုတ္တရာမဂ္ဂင် ဖြစ်သည်။
အကျဉ်းရုံး၍ ငါ့သမီးအား အချုပ်ကို မယ်တော် ဟောပြောရမည် ဆိုလျှင် မဂ္ဂင်ရှစ်ပါး၌ အစ ဖြစ်သော ကောင်းစွာ မြင်ခြင်းသမာဒိဌိတရားသည် အရေး ကြီးဆုံး ဆိုရမည် ။ ပိုင်ပိုင်နိုင်နိုင်သိဖို့ အရေး ကြီးပါသည် သမီး။ သမာဒိဌိ ကောင်းစွာ မြင်မှ သူတော် ကောင်း အစစ်အမှန် ဖြစ်ပေလိမ့်မည် ။
ငါ့သမီး၌ မှန်သော အမြင် သမာဒိဌိ မဂ္ဂင်တရားတစ်ပါးရှိနေလျှင်ကောင်းစွာ အမှန်ကြံ တော့သည်။ ကောင်းစွာ အမှန်စကားဆိုတော့မည် ။ ကောင်းစွာ အမှု အလုပ် ပြုတော့မည် ။ ကောင်းစွာ အမှန် အသက်မွေးတော့မည် ။ ကောင်းစွာ အမှန်လုံ့လရှိတော့မည် ။ ကောင်းစွာ အမှန် အောက်မေ့ခြင်း ရှိတော့မည် ။ ကောင်းစွာ အမှန် တည်တည်တံ့တံ့ ရှိတော့မည် ။
အမြင်မှန် သမ္မာဒိဌိ မရှိက မိစ္ဆာဒိဌိ ဖြစ်လိမ့်မည် ။
အမှားမြင်လျှင် အမှားကို ကြည့်တတ်သည်။ အမှားကို ပြောတတ်သည်။ အမှားကို ပြုလုပ်တတ်သည်။ အမှားကိုပြုလုပ်အသက်မွေးတတ်သည်။ အမှားကို အားထုတ်တော့သည်။ အမှားအတိုင်း တည်တံ့တတ်လေသည်။
လောကီမဂ္ဂင် သမာဒိဌိ လူတိုင်း လူတိုင်း မမြဲကြဘူး။ ရံဖန်ရံခါ သမ္မာဒိဌိ ရှိလျက်၊ ရံဖန်ရံခါ မိစ္ဆာဒိဌိ ဖြစ်နေကြသည်။ သမ္မာဒိဌိ မြဲဖို့ အရေး ကြီးပေသည်။
လောကုတ္တရာ မဂ်စိတ်နှင့် ယှဉ်သည့် သမ္မာဒိဌိမှာ မူ မည် သူဖျက်ဆီး ဖျက်ဆီး မပျက်စီးတော့ပေ။ ခိုင်ခိုင်မြဲမြဲ ဖြစ်ပေသည်။
ချစ်သမီးသည် လောကီမဂ္ဂင် ဖြစ်သော တရားရှစ်ပါးကို နှလုံးသွင်းစေနိုင်သော်ဝ်ဟု မယ်တော် သြဒိမေတ္တာဖြင့် သွန်သင် သတိပေး ရေး သားလိုက်ရသည်။
သီတင်းကျွတ် လပြည့်ကျော်က မယ်တော် ရေး ပို့လိုက်သော စာအတိုင်း သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပတရားများ ကို သတိရှိပါလေ။
မမေ့လျော့သော သတိရှိသော သူသည် သတိကင်းသူတို့ထက် သီလကုသိုလ် အားထုတ်နိုင်သည်။ ကိုယ်ကျင့်သီလ တည်နိုင်သည်။ ထို့ပြင် ရှက်တတ်ကြောက်တတ်သော သဘောရှိတတ်သော ကိုယ်ကျင့်သီလသည် ဖြစ်လည်း ဖြစ်၏ ။ တည်လည်း တည်၏ ။ ရှက်တတ် ကြောက်တတ်သော သဘောမရှိသော ကိုယ်ကျင့်သီလသည် ဖြစ်လည်းမ ဖြစ်၊ တည်လည်းမတည်။ ထို့ကြောင့် အကျင့်သီလကောင်းစေရန် သူတော် ကောင်းတရားခုနစ်ပါးစွဲမြဲဖို့၊ သတိပြုဖို့ ဆုံးမလိုက်ခြင်း ဖြစ်သည်။
မယ်တော် အတွက် ပူပန် ကြောင့်ကြ မရှိကြလေနှင့် ။ သုံးဆယ့်တစ်ဘုံက လွတ်အောင် ပါရမီကုသိုလ် ဆည်းပူးလျက် တရားအားထုတ်နေသည်။
သီလစာရီ
ဂူနီချောင်
စစ်ကိုင်းတောင်ရိုး။
စာဆုံးခါနီး ဝေေ၀၏ အသံမှာ တုန်နေလေသည်။
ဦးဘိုးသိန်းသည် ကြိမ်ပက်လက်ကုလားထိုင်ကြီးပေါ်၌ ပက်လက်လှဲ့ကာ သစ်သားလက်ရမ်းနှစ် ဖက် ဆွဲထုတ်လျက် ခြေဆန့်ထားပြီး ဝေေ၀ဖတ်ပြနေသော စာကို စိုက် နားထောင်နေလေသည်။
‘သူတော် ကောင်းမကြီး . . . သူ့မှာ တော့ သံယောဇဉ်တွေ ဖြတ်ပြီး ချမ်းသာနေတော့တာပဲပေါ့’
ဒေါ်သက်သည် ဝေေ၀ဖတ်ပြသော စာ ဆုံးဆုံးခြင်း နှုတ်က ဖွင့်ညည်းလိုက်တာ၊ တစ်စုံတစ်ခုတွေးတောစဉ်းစားနေဟန်ဖြင့် ဆေးလိပ်ခေါင်းက ပြာကို လက်မနှင့် သိပ်ဖိရင်း ဝေးရာသို့ ငေးနေလေသည်။
ဝေေ၀မှာ လက်ထဲက စာရွက်ကို စိုက်လျက်သာပင် ၀ဲလာသော မျက်ရည်များ စီးမကျအောင် ထိန်းထားရလေသည်။
ဦးဘိုးသိန်းသည် ချောင်းဟပ်လျက် လည်ချောင်းရှင်းလိုက်ပြီးနောက် တံတွေး ထ ထွေးလိုက်သည်။ ဝေေ၀က လှမ်းကြည့်လိုက်သည်။
ကုလားထိုင်ပေါ်က ထွေးလိုက်၍ တံထွေးထဲမှ အစအနပါလာသော သွေးရောင် ကို ထွေးခံထဲ ကျသွားသည်အထိ ကောင်းကောင်း မြင်လိုက်ရသည်။
ဝေေ၀သည် မျက်နှာပျက်သွားကာ စာရွက်ပေါ်သို့ခေါင်းငိုက်ချလိုက်ရာ မျက်ရည်အစက်များ စဉ်ကျသွားသဖြင့် စာလုံးများ ပြန့်ကွက်သွားလေသည်။
‘သမီး စာပြန်ရင် ဖေဖေ နေမကောင်းတဲ့အကြောင်း ထည့်မရေး လိုက်နဲ့နော်၊ စိတ်ချမ်းချမ်းသာသာနဲ့ တရားအားထုတ် နေပါစေကွယ်’
ဝေေ၀သည် ငြိမ်သက်ကာ ငုံ့မြဲ ငုံ့နေလေသည်။
သီလရှင် မ၀တ်ခင်က မိခင်၏ မျက်နှာကို မြင်ယောင်လိုက်မိသည်။ မိခင်မှာ လှပသော မိန်းမချော တစ်ယောက် ဖြစ်သည်။ ရုပ်ချောသလို စိတ်နေစိတ်ထားလည်း နူးညံ့သိမ်မွေ့သည်။ ဝေေ၀ ၁၂ နှစ် သမီးအရွယ်အထိ မိခင်နှင့် အတူတကွ နေခဲ့ရသဖြင့် ဖြီးပုံ လိမ်းပုံ၊ ၀တ်ပုံ စားပုံ၊ ပြောပုံ ဆိုပုံ၊ နေပုံ ထိုင်ပုံပါ မကျန် အစခပ်သိမ်း တရေး ရေး ပြန်ပေါ်လာလေသည်။ လေးငါးခြောက်နှစ် မှတ်မိသလောက်အရွယ်ကလေးကပင် မိခင်သည် ၀ါတွင်းအခါ၌ စစ်ကိုင်းချောင်သို့ သွားတတ်ကာ တစ်လကိုးသီတင်း ဥပုသ်ရှည်ရှည် စောင့်လေ့စောင့်ထ ရှိခဲ့သည်။
စစ်ကိုင်းချောင်သို့ သွားလျှင် တစ်ယောက် တည်း မသွားပေ။ ဖခင်က အမြဲလိုက်ပို့ရသည်။ အဓိဌာန် ရက်မစေ့ခင်ဥပုသ်မထွက်မီ ပြန်မည့် ရက်ကို စာ ကြိုတင်ပေးသည်။ ဖခင်ပင် သွားကြိုရသည်။
အကြောင်းကိစ္စ မညီညွတ်၍ စစ်ကိုင်း မသွားနိုင်သည့်နှစ် မျိုးဆိုလျှင် မိခင်မှာ မရွှင်ပျ။ မကြည်မသာနှင့် ပျက်ကွက်ရခြင်းကို တဖျစ်ဖျစ်တောက်တောက် ပြောနေတတ်ပုံကို ကောင်းကောင်းမှတ်မိလေသည်။
သီလရှင် မ၀တ်မီ နှစ် နှစ် လောက်က စ၍ သိသိသာသာ ပြောင်းလဲနေသော မိခင်ကို တစ်အိမ်သားလုံး သိကြသည်။
ခါတိုင်းထက် စကားနည်းလာသည်။ တစ်နေ့တစ်နေ့ ဘုရားဝေယျာဝစ္စဖြင့် ပင် အချိန်ကုန်နေလေသည်။
စိပ်ပုတီးကို လက်ကမချဘဲ စိပ်သည်။ ဘုရားရှိခိုးလျှင် မေ့နေအောင် ကြာသည်။ ညဥ့်နက်သန်းခေါင်အထိ ကျမ်းစာ ဖတ်နေသည်။ စကားပြောတိုင်း တရားနှင့် ယှဉ်လျက် တရားစကား ပြောလွန်လွန်းသဖြင့် ၊ ဝေေ၀့မှာ ငယ်ငယ်ရွယ်ရွယ်ကပင် လောကုတ္တရာအကြောင်း တရား နားယဉ်နေလေသည်။
အစားကိုလည်း မခုံမင်လှ၊ အ၀တ်လည်း မခုံမင်၊ လက်ဝတ်လက်စားများ ချွတ်ထားသည်။ နားက နားကပ်ကို ချွတ်ပြီး ‘အစ်မပဲ ပန်ပါ’ ဟု ဒေါ်သက်ကို ပေးလိုက်သည်။ စီးပွားရေး လုပ်ငန်းဆောင်တာများ ကို စိတ်ပါလက်ပါ မရှိတော့ဘဲ ပစ်ပယ်မှန်းမသိ ပစ်ပယ်လာကာ၊ သားသမီး သံယောဇဉ် တွေ ကို ဖြတ်မှန်းမသိ ဖြတ်နေလေသည်။
‘မင်းကွယ် . . . လူ့ဘောင်ကြီး မနေပါနဲ့တော့၊ စစ်ကိုင်းမှာ မယ်သီလရှင်ပဲ လုပ်နေပါတော့’ ဟု ဦးဘိုးသိန်းက ခနဲ့သည့်အခါမျိုး၌ ‘ခွင့်သာပေးပါရှင်၊ ကျွန်မ အဆင်သင့်ပါ’ဟု ဆိုလေသည်။
‘လောကကြီးကို စက်ဆုပ်လိုက်တာ’ ဟု မကြာခဏ ညည်းနေသည်။ ‘စက်ဆုပ်ရင်လည်း တောင်ရိုးသွာားနေအေ’ ဟု ဒေါ်သက်က ငေါ့လျှင် ပြုံးနေလေသည်။
ဝေေ၀ ခုနစ်တန်းရောက်သည့်နှစ် ၌ စစ်ကိုင်းသို့ ဥပုသ်စောင့်သွားရာ တစ်ခါတည်း ပြန်မလာတော့ပေ။ ဦးဘိုးသိန်းထံသို့ မယ်သီလရှင် လုပ်လိုက်ပြီ ဖြစ်၍ ခွင့်ပြုပါရန်နှင့် နောက်ထပ်အိမ်ထောင်ရက်သားပြုလိုကလည်း ခွင့်ပြုပါကြောင်း စာပေးလိုက်သည်။
မယ်သီလရှင် ၀တ်ပြီဟု သိသိချင်း ဝေေ၀မှာ တရှုပ်ရှုပ် ငိုခဲ့ရသည်။ ဦးဘိုးသိန်းမှာ မယားကို ချစ်လွန်း၊ အလိုလိုက်လွန်းသဖြင့် ‘မင်းကြောင့် ဒီလို ဖြစ်ရတာ ’ ဟု ဒေါ်သက်သည် ဦးဘိုးသိန်းကို ဖိပြီး အပြစ်ဆိုနေ၏ ။
ဦးဘိုးသိန်းမှာ စိတ်ထိခိုက်သွားကာ တော် တော် နှင့် မဖြေနိုင်။ ဝေေ၀တို့ ရှေ့၌ . . . ‘သူ့အတွက် သည်ဘ၀မျိုးပဲ ကောင်းပါတယ်’ ဟု ဖြေပြောပြောရလျက် တစ်ယောက် တည်း နေလျှင် မှိုင်ငိုင်နေတတ်လေသည်။ ဒေါ်သက်မှာ မောင်နှင့် တူမလေးကို သနားရတော့ကာ လုပ်ရက်လေတယ်ဟု ယောက် မကို စိတ်နာနေသည်။
ဝေေ၀သည် ခုနစ်တန်းစာမေးပွဲဖြေပြီး နွေကျောင်းပိတ်တွင် မိခင်ကို တွေ့ ပါရစေဟု ငိုယိုပူဆာနေရာ၊ ဦးဘိုးသိန်းမှာ သူ မတွေ့ ချင်ဘူးဆိုကာ ဒေါ်သက်နှင့် လွှတ်လိုက်လေသည်။
တစ်နှစ် တစ်ခေါက် မိခင်ထံသို့ ရောက်သည်။ သီလရှင် ၀တ်သွားသည်မှာ ငါးနှစ် ခန့် ရှိပြီ။ ဝေေ၀့အစ်ကို ကိုနေဦးနှင့် အဝေးရောက်နေသော ထားထားတို့မှာ မိခင်အတွက် ပထမ စိတ်မကောင်း ဖြစ်လိုက်ကြသည်။ နောက်မှ ကောင်းတာလုပ်တာပဲဟု စိတ်ဖြေကြရလေသည်။
ဦးဘိုးသိန်းသည် သီလရှင်ဝတ်သွားပြီးကတည်းက ယခုအထိ မတွေ့ ဘဲ နေ၏ ။ စာတစ်စောင်မှ မရေး ပေ။ လစဉ် စရိတ်သာ ထောက်ပံ့နေကာ စိတ်ကို ဖြေဖျောက်နေထိုင်သည်။ အမှန်စင်စစ် မိခင်ကသာပြတ်သွားသော်လည်း ဖခင်မှာ မိခင်ကို စိတ်မပြတ်မှန်း သိ၍ တွေးမိတိုင်း စိတ်မချမ်းသာ ဖြစ်ရလေသည်။
မိခင်ထံမှ စာလာတိုင်း ကိုယ်တိုင်မဖတ်သော်လည်း ဖတ်ခိုင်း၍ ဖတ်ပြရသည်။ ငါးနှစ် ခန့် အတောအတွင်း မိခင်၏ စာများ ထဲတွင် ဖခင်နှင့် ပတ်သက်၍ အကျိုးအကြောင်းအရေး နည်းသဖြင့် နေနိုင်လိုက်တာဟု အံ့သြမိသည်။ သီလရှင် ၀တ်စက ဖခင် စိတ်မချမ်းမသာ ဖြစ်ကာ လွမ်းဆွတ်အောက်မေ့လျက် ရှိနေကြောင်း သိအောင် တမင်ရေး ထည့်လိုက်သည့်တိုင်၊ ဖခင်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဘာမျှ ထူးထူးထွေထွေ ပြန်မရေး ဘဲ နေလေသည်။
လူဝတ်ကြောင်မှ သီလရှင်အ ဖြစ်သို့ ကူး ပြောင်းသွား ကာ မိခင်၏ ဘ၀ကို ဇာတ်ခင်းလျက် မြင်နေလေကာ အသစ် ပြန် ဖြစ်လာသည်။
‘သူ့ဘ၀ အထုံက ပါလာတာကို၊ ဒါကြောင့် လည်း သံယောဇဉ်တွေ ကို ပြတ်ပြတ်တောက်တောက်ကြီး ဖြတ်နိုင်တာပေါ့။ မောင်နေဦးတို့၊ ထားထားတို့ လက်ထပ်သွားကြပြီး ကတည်းက သီလရှင် ၀တ်ချင်ပုံ ရပါတယ်။ ဝေေ၀ ငယ်သေးလို့ စောင့်နေတာနဲ့ တူပါရဲ့’
ဒေါ်သက်သည် ဦးဘိုးသိန်းနှင့် ဝေေ၀တို့ကို မကြည့်ဘဲ၊ နောက်ကြောင်းကို ပြန်တွေးမိသလို တစ်လုံးချင်း ခပ်ဖြည်းဖြည်းပြောနေလေသည်။ ပြောမိလက်စဖြင့် နောက်က အတိတ်ကို ပြန်အသစ်ကို ပြောချင်လျက်၊ ဦးဘိုးသိန်း နောက်ထပ် ချောင်းဟန့်လိုက်သဖြင့် ရပ်သွားသည်။ ဝေေ၀သည် အတွေးကို ရပ်ကာ မော့ကြည့်လိုက်သည်။
မျက်နှာမကောင်း ဖြစ်နေသော ဖခင်ကို ကြည့်လိုက်ကာ ရင်ထဲတွင် ဆို့လာလေသည်။
‘မင်း ဆေးသောက်ပြီးပြီလား၊ ငါတော့ကွယ် မင်းတို့ ဆေးထိုးတာတွေ မကြိုက်ပါဘူး၊ မြန်မာဆေး ကောင်းပါလိမ့်မယ် ထင်ပါတယ် . . .’
ဒေါ်သက်မှာ မောင်အတွက် စိတ်မကောင်း ဖြစ်မိသည်။ နံနက်စောစော စပါးဂိုဒေါင်ကပြန်လာပြီး ချောင်းဆိုးရင်း ချွဲဟပ်လိုက်ရာ သွေးပါလာသည်။ တစ်အိမ်လုံး ထိတ်လန့်လျက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြရသည်။
ဦးဘိုးသိန်းမှာ သည် ရောဂါ မျိုး မ ဖြစ်ဖူးသဖြင့် သွေးမြင်တာနှင့် ထိတ်လန့်ကာ၊ မျက်နှာတွေ သွေးတစ်စက်မှ မရှိဘဲ ခြေဖျားလက်ဖျားအေးစက်သွားလေသည်။ ဆရာဝန် ချက်ချင်း ပြေးခေါ်ရသည်။ ဆရာဝန်က ချောင်းဆိုးသွေးပါ ရောဂါ မဟုတ်ပါဘူး၊ သွေးလျှံတာပါ ပြော၍ စိတ်သက်သာအောင် ပြောတာပဲဟု ထင်မှတ်ကြကာ ချောင်းဆိုးသွေးပါ ရောဂါ ပါပဲဟု ထင်နေကြသည်။
ဝေေ၀သည် ဖခင်အတွက် စိုးရိမ် ပူပန်နေသည်။
ယခုနေ မိခင်အနားမှာ ရှိရင် ကောင်းမှာ ပဲဟု အထူး သတိရမိတော့သည်။
‘သမီးရယ် . . . ဆေးချိန်ကျပြီလား . .’
ဝေေ၀သည် လက်ပတ်နာရီကို ငုံ့ကြည့်ကာ ‘တစ်နာရီထိုးပြီဖေဖေ၊ သောက်မှ’ ဟု ပြောပြောဆိုဆို ဆေး ထ ယူ တိုက်လိုက်သည်။
ဦးဘိုးသိန်းသည် ဆေးသောက်ပြီး အိမ်ပေါ်ထပ်သို့ ဖြည်းညင်းစွာ တက်သွားလေသည်။
‘ညည်း အဖေအတွက် စိတ်မကောင်းဘူးအေ’ ဟု ညည်းလျက် ဒေါ်သက် ထသွား၍ ၊ ဝေေ၀သည် မိခင်ထံသို့ စာပြန်ရေး ရန် စာရေး စားပွဲခုံတွင် ၀င်ထိုင်လိုက်သည်။
မိခင်၏ စာကို ထပ်ဖတ်ကြည့်ပြန်သည်။ တရားစာများ ဖတ်ရပေါင်းများ ပြီ ဖြစ်၍ ငြီးငွေ့နေသည်။ စာဖတ်ပြီး အနက်အဓိပ္ပာယ် ထင်သည့်အခါမှလည်း ထင်သည်။ စွဲယူမှတ်သားလျက် အနက်အဓိပ္ပာယ်ပေါက်သည့်အထိ လေးလေးနက်နက် ဆင်ခြင်အောက်မေ့ကြည့်ဖူးသည်မရှိ၊ တရားနှင့် မတွေ့ မထိပေ။ စာဖတ်ပြီး စာထဲ၌ ဖတ်ရသော သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ သူတော် ကောင်းတရား ခုနစ်ပါး၏ အမျိုးအစား၊ အမည် နာမကို မှတ်မိသလောက်တော့ မှတ်မိလေသည်။
မိခင်ထံသို့ စာပြန်ရေး သည်။
ချစ်သမီး စာပြန်လိုက်ပါသည် မယ်တော် ။
မယ်တော့် စာကို ရရှိ၍ ၀မ်းသာပါသည်။ အစ်ကိုကြီး ရန်ကုန်သွားသဖြင့် မယ်တော် ထံသို့ တင်ပို့ရန် ဖေဖေက ဆန်အိတ်နှင့် ဆီပုံး ပေးလိုက်ပါသည်။ အစ်ကိုကြီး မျက်စိအောင့်၍ ရန်ကုန်က ဘလီမိုးရီးယား ဆေးတိုက်မှာ မျက်စိ သွားပြပါသည်။ ဆယ်ရက်လောက် ကြာပါလိမ့်မည် ။
မမထားဆီက မအူပင်သို့ ပြောင်းရမည့်  စာ ရောက်သဖြင့် သမီးတို့နှင့် နီးပြီဟု ၀မ်းသာနေကြပါသည်။ ကြီးတော် သက်လည်း နေကောင်းပါသည်။ ဘကြီးထိုက်ဆီက ဆေးနည်းရ၍ ဆေးဖော်စားနေပါသည်။
ရွာကလေး ဆရာတော် ဘုရားဆီက ဓာတ်တော် နှစ် ဆူကိုးကွယ်ဖို့ ပေးလိုက်ပါသည်။ မယ်တော့်  ကတ္တပါစောင်ကို နေရာထိုင် ချုပ်ပြီး ဆရာတော် ဘုရားထံသို့ သမီး ပို့လှူလိုက်ပါသည်။
ဖေဖေတော့ ဒီနေ့မနက်ပဲ . . .
ဝေေ၀သည် ဆက်မရေး ဘဲ ခေတ္တ ရပ်နားနေလေသည်။ ဖခင်က မရေး ရန် တားမြစ်သဖြင့် ရေး သင့် မရေး သင့် ချိန်ဆ စဉ်းစားနေသည်။ စိတ်ထဲက ရေး ချင်သည်။ အသိပေးချင်သည်။ ဖခင်အတွက် စိတ်ပူစေချင်သည်။ ဘယ်လိုပင် သံယောဇဉ်ပြတ်ပြတ် နာရေး တော့လျစ်လျူမရှုထိုက်ဘူးဟု တွက်လိုက်သည်။ ဖခင်ဝေဒနာ သက်သာရာ ရသွားမှာ ပဲဟု အောက်မေ့ကာ . . .
ဖေဖေတော့ ဒီနေ့မနက်ပဲ ချောင်းဆိုးရင်း သွေးစပါလာလို့ သမီးတို့ ဖေဖေ့အတွက် စိုးရိမ်ပူပန် နေကြရပါတယ်။ ဆရာဝန်ခေါ်ပြီး ဆေးထိုးပါတယ်။ ညနေပိုင်းတော့ သွေးပါ နည်းနည်း သက်သာပါတယ်။ ဖေဖေက မရေး ပါနဲ့၊ စိတ်ချမ်းချမ်းသာသာတရားအားထုတ်ပါစေလို့ ပြောပါတယ်။ ဒါပေမယ့်မယ်တော် သိစေဖို့ ရေး လိုက်ပါတယ်။
မယ်တော် သွန်သင်ပို့ချတဲ့ တရားတော် ကို အားထုတ်လေ့လာပါ့မယ် မယ်တော် ရှင့် . . .။
ဝေေ၀သည် မိခင်ထံ စာရေး ပြီး ပြန်ဖတ်ကြည့်နေစဉ် အိမ်ရှေ့၌ လူသံကြား၍ မော်ကြည့်လိုက်သည်။
စီးကရက်သံဘူးကို လက်တစ်ဖက်က ကိုင်ကာ ဦးထုပ်ကို ပိုက်လျက် အိမ်ထဲ စိုက်စိုက်ဝင်လာသော ဦးစောဟန်ကို မြင်၍ ရုတ်တရက် ငေးနေမိသည်။
‘ဦး ရှိသလား . . .’
ဦးစောဟန် တံခါးဝ၌ ရပ်လျက် လှမ်းမေးကြည့်သည်။
မျက်လုံးများ သည် ကြည့်သာကြည့်ရသည်။ ရဲရဲတင်းတင်း မကြည့်ရဲပေ။ နေရာမှ ထကာ ‘ရှိပါတယ်၊ ၀င်ပါ’ ဟု ဖိတ်ခေါ်လိုက်သည်။
ဦးစောဟန်သည် စားပွဲနားသို့ ဖိနပ်သံမမြည် ရန် ခပ်ဖော့ဖော့နင်းလျှောက်လာသည်။
‘အိပ်နေသလား၊ အိပ်နေရင်လည်း မနှိုးပါနဲ့’
ဝေေ၀မှာ ဘယ်လိုပြန်ပြောရမှန်း မပြောတတ် ဖြစ်ကာ နောက်မှကြည့်ပြောရသည်။
‘ဖေဖေက စောစောကပဲ အိမ်ပေါ်တက် သွားပါတယ်။ အိပ်ပျော်နေသလား မသိပါဘူး၊ နေမကောင်းလို့ပါ’
ဦးစောဟန်သည် ဝေေ၀့ကို စိုက်ကြည့်နေသည်။ အကြည့်မှာ စူးလွန်း၍ ဖြောင့်အောင် သတိထား ပြောရလေသည်။
‘နေမကောင်းဘူးလား၊ ဘာ ဖြစ်လို့လဲ၊ နေမကောင်းရင် မနှိုးပါနဲ့၊ အိပ်ပါစေ’
ဦးစောဟန်သည် ဝေေ၀့ အဖြေကို စောင့်လျက် စိုက်ကြည့်ရင်း မျက်နှာပြောင်းကာ ပြုံးသလိုလို မျက်နှာချိုထားလေသည်။
‘မနက်က စောစောပဲ ဂိုဒေါင်ကို သွားပါတယ်၊ ပြန်လာပြီး ချောင်းဆိုးတော့ သွေးစ ပါလာတယ်’
ဝေေ၀့ စကားမဆုံးခင် ဦးစောဟန်သည် ကြောက်တွန့်သွားသလို ပခုံးနှစ် ဖက် လှုပ်ကာ မျက်မှော င်ကုတ်လျက် -
‘သိပ်လည်း စိတ်မပူပါနဲ့လေ၊ ပေါ့လည်း မပေါ့နဲ့ပေါ့၊ လာတဲ့ကိစ္စ ကတော့ . . .’
စကားကို ဆက်မပြောဘဲ ဝေေ၀့ စားပွဲရှေ့က ကုလားထိုင်ကို လှမ်းကြည့်လိုက်ကာ . . . ‘ထိုင်မယ်နော်’ ဟု ပြောလိုက်သည်။
‘ဟုတ်ကဲ့ . . . ထိုင်ပါ၊ ထိုင်ပါ’
ဦးစောဟန်နှင့် အတူပင် ကုလားထိုင်ပေါ်၌ ပြန်ထိုင်ချလိုက်ရာ မျက်နှာချင်းဆိုင် ထိုင်နေရသဖြင့် က္ကနြေ္ဒလေးဆည်လျက် ခပ်ယို့ယို့ကလေးငြိမ်နေသည်။
‘ဦး အိပ်ရာကနိုးတော့ ပြောပါ၊ တိုက်က သံကြိုးလာတယ်၊ ဦးတောင်းတဲ့ဈေး အရောင်းအ၀ယ် ဖြစ်မယ်။ ဒါပေမဲ့ ချက်ချင်း တော့ခြင်နိုင်မယ် မထင်ဘူး ထင်တယ်။ တုန်ကင်တွေ ကတစ်ပတ်လောက်ကြာမှရောက်လိမ့်မယ်’
‘ ချက်ချင်း မခြင်နိုင်ရင်တော့ မ ဖြစ်ဘူး ထင်ပါတယ်၊ နောက်ထပ်ရောက်လာမယ့် စပါးတွေ က ရေစိုလာလို့ ဂိုဒေါင်ထဲ ရောထားဖို့ ခက်ပါတယ်၊ ဂိုဒေါင်ထဲက စပါးတွေ အလျင်ခြင်ထုတ်ပြီးမှ သွင်းလို့ ဖြစ်ပါမယ်’
ဦးစောဟန် သဘောကျသော အပြုံးဖြင့် ပြုံးနားထောင်နေကာ -
‘စပါးတွေ က များ သလား၊ ဘယ်တော့ရောက်မလဲ’ ဟု စိုက်ကြည့်ရင်း မေးသည်။
ဝေေ၀သည် အံဆွဲထဲမှ စာရင်းစာအုပ်အထူကြီးကို ထုတ်ယူကာ ဖွင့်ကြည့်လိုက်သည်။
‘များ ပါတယ်၊ ဝေေ၀တို့ လယ်ထဲကပဲ သုံးထောင်လောက် ရောက်ပါမယ်၊ တခြားလယ်က စပါးလည်း လာပါလိမ့်ဦးမယ်’
ဦးစောဟန်သည် စာရင်းစာအုပ်နှင့် ဝေေ၀အား တစ်လှည့်စီကြည့်ရှုနေလျက် . . .
‘သြော် . . . နာမည် က ဝေေ၀တဲ့လား’ ဟု ဆို၍ ဝေေ၀သည် ပြုံးရယ်လျက် ခေါင်းညိတ်လိုက်သည်။
ဦးစောဟန်မှာ ဝေေ၀၏ ကလေးဆန်သော အမူအရာလေးနှင့် ခေါင်းညိတ်ကာ ပြုံးရယ်ပြလိုက်သည့် မျက်နှာကို စိုက်ကြည့်လျက် မျက်နှာသိပ်ချိုတာပဲဟု အောက်မေ့နေသည်။
‘ဝေေ၀ ကျောင်းမနေဘူးလား’
ဦးစောဟန်သည် ဘောင်းဘီအိတ်ထဲက လက်ကိုင်ပ၀ါကို ဆွဲထုတ်လျက် မျက်နှာသုတ်လိုက်သည်။
‘ဖေဖေ တစ်ယောက် တည်း ဖြစ်နေလို့ ကျောင်းဆက်မနေပါဘူး၊ ခုနစ်တန်းအောင်ပြီး ထွက်လိုက်ပါတယ်’
‘သြော် . . . အဒေါ်ကြီး တစ်ယောက် ဟာ ဝေေ၀့မေမေ မဟုတ်ဘူးလား’
‘ကြီးတော် ပါ’
ဦးစောဟန်သည် လက်ကိုင်ပ၀ါကို ဘောင်းဘီအိတ်ထဲသို့ သွင်းလျက် ‘ဝေေ၀့ မေမေပဲလို့ ထင်မိတယ်၊ စပ်စုတယ် မအောက်မေ့နဲ့နော်’ ဟု ပြောကာ မီးခြစ်ကို နှိုက်ယူပြီး စီးကရက်ကို ညှိလိုက်သည်။
‘မအောက်မေ့ပါဘူး’
စီးကရက်ကို ဖွာရှိုက်လျက် မျက်တောင်တဖျပ်ဖျပ် ခတ်ကာ က္ကနြေ္ဒကြီးနှင့် ဆက်ပြောလေသည်။
‘အမေက ဆုံးသွားသလား’
ဝေေ၀သည် မျက်တောင်ကလေးစင်းလျက် အဖြေပေးရန်ဆုတ်ဆိုင်းနေပြီးနောက် ဦးစောဟန်အား ဖျတ်ခနဲ လှမ်းကြည့်ကာ ပြုံးလိုက်လေသည်။ မချိပြုံး ပြုံးမိ၍ ၀မ်းနည်းရိပ်သမ်းထားသော မျက်နှာမှာ ပေါ်နေလေသည်။
‘ဝေေ၀့မှာ အမေက ရှိပါတယ်၊ စစ်ကိုင်းမှာ မယ်သီလရှင် ၀တ်နေပါတယ်၊ ငါးနှစ် ရှိပြီ. . ။ ဒါကြောင့် ဝေေ၀ ကျောင်းဆက်မနေရပါဘူး။ ဖေဖေ့အလုပ်တွေ ဝေေ၀ပဲ ကူညီလုပ်ပေးပါတယ်’
ဝေေ၀သည် ပြောပြီး မျက်နှာလွှဲလိုက်သည်။ ဦးစောဟန် ဝေေ၀့အား တစိမ့်စိမ့်ကြည့်လျက် ငြိမ်သက်နေလေသည်။
ငြိမ်သက်နေသော်လည်း ရင်ထဲမူ လှုပ်ရှားနေ၏ ။ ခြောက်သွေ့နေရှာသော ဝေေ၀၏ ဘ၀ကို မေတ္တာရေတစ်စက် သွန်းလောင်းချကြည့်နေသည်။ ဝေေ၀၏ ရင်ထဲမှ အသည်းနှလုံးသည် လန်းစိုကာ ရွှင်ပျကြည်မြူးနေသည့် သဏ္ဍာန်မှာ မှု န်မှု န်ရေး ရေး လှုပ်ရှားနေလျက် ချစ်ဖွယ်ကောင်းလှပေသည်။
‘သြော် . . . ဘယ်တုန်းက ရောက်နေပါသလဲ’
ဒေါ်သက် အိမ်ရှေ့သို့ ထွက်လာသည်။ ဦးစောဟန်တို့ အနားသို့မလာဘဲ ခပ်လှမ်းလှမ်းကပင် ရပ်နှုတ်ဆက်နေသည်။
ဦးစောဟန်သည် ကုလားထိုင်မှ ထရပ်လိုက်သည်။
‘ခုနကပဲ ရောက်ပါတယ် ဒေါ်ဒေါ်၊ ဦး သတင်း ကြားရတာ စိတ်မကောင်းပါဘူး’
ဦးစောဟန်သည် ပြောပြီး ပြန်ထိုင်လိုက်သည်။
‘ကောက်ရသလိုပဲ . . . မနက်ကမှ ဖြစ်တာ၊ ဆရာဝန်က စိတ်မပူရပါဘူးတဲ့’
‘ဟုတ်ကဲ့’
ဒေါ်သက်သည် ဆက်ပြီး စကားပြောချင်သေးသည်။
ဦးစောဟန်က ဝေေ၀ဘက်သို့ လှည့်သွား၍ ‘မပြန်ပါနဲ့ဦး၊ ကော်ဖီသောက် သွားပါ’ ဟု ပြော ဖြစ်အောင် ပြောလိုက်သည်။
‘မလုပ်ပါနဲ့ ဒေါ်ဒေါ်၊ ကျွန်တော် ညနေမှ သောက်ပါတယ်၊ နေပါစေ . . .’
ဝေေ၀သည် ဦးစောဟန်အား အကျွေးအမွေးနှင့် ဧည့်ခံဖို့ရာ သတိရလျက် ၀န်လေးနေသည်။ ဝေေ၀တို့မှာ ဘယ်ဧည့်သည်လာလာ အချိန်မရွေး ကော်ဖီတိုက်သည်။ သည်ဧည့်သည် တစ်ယောက် ပင် ကော်ဖီမတိုက်ရမှန်း အမှတ်ထားရသည်။
‘တုန်ကင် အမြန်ရဖို့ စီစဉ်ပေးမယ်၊ ဝေေ၀ အလုပ်လုပ်နေတာ အနှောင့်အယှက် ပေးမိတယ်၊ ဝေေ၀က ငယ်ပေမယ့် မိဘကိုကူညီနိုင်တယ်၊ လိမ္မာပါတယ်ကွယ် ပြန်ဦးမယ်နော်’
ဦးစောဟန်သည် ဒေါ်သက်ကို နှုတ်ဆက်လျက် ထွက်သွားသည်။
ကြားလိုဇောဖြင့် ပျာလောင်ခတ် အနားသို့ ရောက်လာသော ဒေါ်သက်ကို ပြုံးကြည့်လျက် ‘ကြီးတော် လိုက်ကာနောက်မှာ ရပ်နေတာ ဝေေ၀ သိပါတယ်’ ဟု ပြောလိုက်ကာ၊ ဝေေ၀သည် အသံအုပ်၍ လှိုက်လှိုက်လှဲလှဲ ရယ်မောနေလေသည်။
နံနက် နေခြည် ဖြစ်၍ ၀င်းပ နေပေသည်။
ဝေေ၀သည် ပြတင်းတံခါးများ ကို လျှောက်ဖွင့်ကာ အပြင်ဘက်သို့ မျှော်ကြည့်သည်။ အိမ်ခေါင်းရင်း သရက်ပင်ခွ၌ ဆွဲချိတ်ထားသော အောက်သို့ တွဲ လောင်းကျနေသည့် ဖယောင်းပန်း လက်တံရှည်တို့သည် လေတွင် ညွတ်လျက် ယိမ်းနေပေသည်။
လှပသော နံနက် ဖြစ်သည်။ သရက်ပေါ်၌ ခိုတွေ နားနေကြကာ အချင်းချင်း တွက်တွက်ထိုးလျက် တစ်ကောင့်ခေါင်းတစ်ကောင်ဆိတ်နေကြသည်။ ပြွတ်နေအောင်သီးသော သရက်သီးများ မှာ အလုံးတော် တော် ကြီး နေလေပြီ။
ပြတင်းမှ ၀င်လာသော နေရောင် ခြည်ကို ပြန်လှည့်ကြည့်လိုက်သည်။ ငွေရောင် ရွှန်းသော နေခြည်ကို လည်းကောင်း၊ ပေါလစ်ရောင် ပြေးလျက် သစ်လွင်တောက်ပသော စားပွဲ ကုလားထိုင်များ ကိုလည်းကောင်း နှစ်သက် ကျေနပ်ဟန်ဖြင့် ရွှင်လန်းသွားလေသည်။
အစ်ကိုကြီး ရန်ကုန်သွားခါနီး လိုချင်တာ မှာ လိုက်ဟု လာပြောသည်။ ဝေေ၀သည် မြို့ပိုင်အိမ်တွင် မြင်ခဲ့ရသော ဧည့်ခန်း ကုလားထိုင် ပုပုကလေးတွေ ကို မျက်စိကျခဲ့၍ ကုလားထိုင်တစ်စုံ ၀ယ်ခဲ့ရန် ပူဆာလိုက်သည်။
ညက မယ်အေးနှင့် နှစ် ယောက် အိမ်ရှေ့ခန်းကို ညဥ့်နက်သည်အထိကြမ်းတိုက်ကြသည်။ ကြမ်းကို လက်ပြောင်နေအောင် ရေနံဆီ၊ ဖယောင်းထည့်လျက် လက်မောင်းပြုတ်မတတ် တိုက်ရလေသည်။ မနက်စောစော အစ်ကိုကြီးရောက်လျှင် စားပွဲ ကုလားထိုင်များ ပါလာမည် မို့ အဆင်သင့်ခင်းနိုင်လေအောင် ကြိုးစားပမ်းစား တိုက်ထားသည်။
ကျောက်စားပွဲနှင့် ကုလားထိုင်များ ကို လိုက်ကာကွယ်ထားသော အလယ်ခန်းသို့ပို့လျက် ထမင်းစားပွဲ လုပ်လိုက်သည်။ စားပွဲကုလားထိုင်နှင့် ထမင်းစားတော့မည် ။ တစ်ဖက်အိမ်ပေါ်က စီးကြည့်လျှင် စားပွဲဝိုင်းတွင် သင်းဖြူးခင်း စားနေကြတာ အတိုင်းသား မြင်နိုင်၍ ဦးစောဟန်ပြောင်းလာပြီးမှ ထမင်းစားရတာ မလုံသလို ဖြစ်ခဲ့သည်။ ခုမှပဲ ရဲရဲစားရတော့မည် ။
ဒေါ်သက်မှာ နှစ် ရက်လုံးလုံး ဆက်၍ စက်ပေါ်၌ ထိုင်ကာ ပေါ်ပလင်ခန်းဆီးများ အပြီးချုပ်ပေးရသည်။ ဦးစောဟန်အိမ်၌ တပ်ထားသော ပြတင်းခန်းဆီးပုံအတိုင်း ပြတင်းပေါက်တစ်ဝက် ခန်းဆီးအတို ချုပ်ကြသည်။
ဝေေ၀သည် ကြမ်းတိုက်ပြီး ခန်းဆီးများ ကို အောက်ထပ် ပြတင်းပေါက်စေ့ တပ်ဆင်ထားလိုက်သည်။ နံနက် ကုလားထိုင်များ ရောက်လျှင် အရန်သင့် ဖြစ်နေအောင် အပြီးလုပ်ထားပြီးနောက်၊ နံနက် စောစောကြီးထရန် နှိုးစက်ပေး အိပ်လေသည်။
နှိုးစက်မမြည် မီ အိပ်ရာက ထခဲ့သည်။ အိမ်အောက်သို့ မယ်အေးနှင့် နှစ် ယောက် ဆင်းခဲ့ကြသည်။ ကြမ်းကို ပြောင်မှ ပြောင်ရဲ့လားဟု မီးဖွင့်ကြည့်လိုက်လေသည်။
ဦးဘိုးသိန်း ထိုင်သော ကြိမ်ပက်လက်ကုလားထိုင်ကြီးကိုနှစ် ယောက် မလျက် ခေါင်းရင်းဘက်၌ ချကြည့်လိုက်သည်။ အနေအထားသဘောမကျပြန်၍ ခေါင်းရင်းထောင့်သို့ ပို့လိုက်ပြန်သည်။ စိတ်တိုင်းမကျပြန်၍ အလျင်နေရာအတိုင်း အလယ်ခန်းကို ကာခြားထားသော ခန်းဆီးရှေ့သို့ ပြန်မ၊ ရွှေ့ချထားရလေသည်။ စာရေး စားပွဲခုံမှာ ကုလားထိုင်ကြီးကဲ့သို့ပင်ချာလည်လည်နေပြီးမှ ခြေရင်းဘက်ထောင့်နားသို့ ရောက်သွားလေသည်။ ခုံတန်းလျားကြီးကို ကြည့်မရပေ။ မိုးလင်းတံခါးဖွင့်လျှင် အပြင်ဘက် ထုတ်ထားလိုက်မည် ဟု ပိုင်းဖြတ်လိုက်သည်။
အိမ်ရှေ့ခန်းမှ အလယ်ခန်းသို့ ရောက်သွားပြန်သည်။ ကျောက်စားပွဲကို ခုံခင်းအသစ်အဖြူ ခင်းသည်။ မနက် လက်ဖက်ရည်ခုံပေါ်၌ သောက်ကြရန် ပန်းကန်လုံးများ မှော က်လျက် ၀ိုင်းချကြည့်လိုက်သည်။
မိုးလင်း၍ သင်္ဘောမှု တ်သံကြားမှ မျက်နှာ ပြေးသစ်ရသည်။ ဝေေ၀့မှာ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်ဖြင့် သင်္ဘော မဆိုက်မချင်းအလုပ်ရှုပ်နေလေသည်။
ကုလားထိုင်များ သယ်လာတာ မြင်လိုက်ရမှပင် ရင်ထဲ၌ အလုံးကြီးကျသွားလေသည်။ အစ်ကိုကြီးမှာ သူ့အိမ်တွင် ၀င်နေရစ်ကာ၊ ကူလီကုလားများ ဖြင့် အပို့လွှတ်လိုက်သည်။
ဝေေ၀သည် ပတ်ချည်ထားသော စက္ကူများ ကို ကဗျာကယာ ဖြေလျက်၊ ညက မျက်စိထဲတွင် စီစဉ် ခင်းကျင်းထားသည့် ပုံစံအတိုင်း ၀ိုင်းချခင်းလိုက်သည်။
နေရောင် ခြည်ဖြင့် အိမ်ရှေ့ခန်းသည် သစ်လွင်ခံ့ညားလျက် ကျက်သရေရှိနေ၏ ။ ခုလို ဆိုတော့လည်း ဘိုဆန် သွားပါပြီဟု စိတ်ထဲက အောက်မေ့လိုက်သည်။ ကုလားထိုင်တွေ အောက်က ကော်ဇော ခင်းလိုက်ရရင် သိပ်စတိုင်ကျမှာ ပဲဟု တွေးမိသည်။
ဝေေ၀သည် စားပွဲနိမ့်ကလေးပေါ်တွင် ပန်းအိုးထားရန် မယ်အေးကို ဖယောင်းပန်းခက်များ ချိုးခိုင်းလိုက်သည်။
အပြင်အဆင်သစ်များ ဖြင့် ပြောင်းလဲသွား အိမ်ရှေ့ခန်းများ ကို အရိပ်တကြည့်ကြည့် ကြည့်ရင်း၊ ဦးစောဟန်ကို သတိရလိုက်သည်။ ဦးစောဟန်နောက်တစ်ခေါက် လာလျှင် ခေတ်မီကုလားထိုင် အသစ်များ နှင့် ကျကျနန ဧည့်ခံနိုင်ပြီမို့ ကျေနပ်သွားသည်။
ဦးဘိုးသိန်းသည် အိမ်ပေါ်၌ ဆင်းလာလျက် ဝေေ၀ ပြင်ဆင်ထားသော အိမ်ရှေ့ခန်းကိုကြည့်၍ ခေတ်သားသမီးတွေ ဟာ တယ်ခေတ်ဆန်ချင်တာပဲဟု တွေးနေလေသည်။
မျက်စိထဲ၌ တစ်မျိုးပြောင်းနေသော အိမ်ရှေ့ခန်းကို လှည့်ပတ်ကြည့်ကာ၊ သန့်သန့်ရှင်းရှင်းနဲ့ ကြည့်ကောင်းသားပဲဟု ထင်သည်။
‘ဖေဖေ . . . အစ်ကိုကြီးက သူတော် တော် ကြာမှလာခဲ့မယ်တဲ့၊ ဖေဖေ့ဖို့ သမီး ကော်ဖီ ပြင်ပြီးပြီ၊ ကျောက်စားပွဲကို ထမင်းစားစားပွဲလုပ်လိုက်တယ် ဖေဖေ . . .’
ဝေေ၀့မှာ ရွှင်ပျ သွက်လက်နေသည်။ ဖခင်မျက်နှာ လန်းနေသဖြင့် အပြောင်းအလဲကြောင့် စိတ်ကြည်သွားတယ်ဟု အားရကျေနပ်နေလေသည်။
ဦးဘိုးသိန်းသည် ကျောက်စားပွဲတွင် ထိုင်လိုက်ကာ ဧည့်သည်လာလျှင် တည်ရန် သိမ်းဆည်းထားသော လက်ဖက်ရည်ပန်းကန် အသစ်တွေ ချသုံးနေပါကလားဟု အံ့သြနေသည်။
စားပွဲခင်းမှာ ကော်တောင့်လျက် ဖွေးဖြူနေသည်။ စားပွဲပေါ်၌ ခင်းကျင်းထားသော ပန်းကန်အသစ်တွေ နှင့် ဧည့်သည် ဧည့်ခံမည့် ပုံအတိုင်း ထည်ဝါနေကြသည်။ ပေါင်မုန့်ထောပတ်သုတ်၊ သင်္ဘောသီးမှည့်၊ ငှက်ပျောသီးကို တွေ့ ရှိ၍ ဘယ့်နှယ် ဒါတွေ စောစောစီးစီး ချပြင်ထားပါလိမ့်ဟု ဆန်းနေပေသည်။
ဦးဘိုးသိန်းမှာ နံနက်တိုင်း ကြိမ်ပက်လက် ကုလားထိုင်ကြီးပေါ်၌ တင်ပျဉ်ခွေ ထိုင်လျက်၊ သစ်သားလက်ရန်းပေါ်တွင် လာတင်သော ကော်ဖီခွက်၊ မုန့်ပန်းကန်ကို ယူသောက်စားမြဲ ဖြစ်သည်။ ဟန်ကျပန်ကျ စားပွဲနှင့် ထိုင်သောက်ခဲ့ခြင်းမရှိ၍ သောက်ရစားရမှာ ပင် စားပွဲခုံမင်းနှင့် ပန်းကန်သစ်တွေ ကို အားနာနေလေသည်။
ငှက်ပျောသီး၊ သင်္ဘောသီးများ ကို ထမင်းစားပြီးမှသာ စားတတ်သဖြင့် မကြုံစဖူး ကြုံနေရသည်။ ငါ့သမီး တစ်မျိုး ဖြစ်နေပါတယ်ဟုတွေးနေလေသည်။
‘သမီးရယ် . . . ပန်းကန်သစ်တွေ နေ့တိုင်းသုံးတော့ ဟောင်းမကုန်ဘူးလား’
ဝေေ၀သည် ကော်ဖီကို ထည့်ပေးကာ ‘နောက်ဖေးက ပန်းကန်တွေ နဲ့ ဒီစားပွဲနဲ့ လူမြင်လို့ ဘယ်ကောင်းပါ့မလဲ’ ဟူသော စကား၏ ထူးခြားချက်ကို အကဲခတ်တွေးရင်း သောက်စားနေသည်။
ဝေေ၀သည် ဦးဘိုးသိန်းနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ ကော်ဖီပန်းကန်လှန်လျက် ကော်ဖီ ငှဲ့ထည့်နေစဉ် ဦးဘိုးသိန်းကို မော့ကြည့်ကာ ‘ဖေဖေ ညက အိပ်ရရဲ့လား’ ဟု မေးကြည့်သည်။ မိမိကို စူးစူးစိုက်စိုက်ကြည့်နေသဖြင့် စတိုင်ထုတ်သောက်ရတာ ရှက်ကိုးရှက်ကန်း ဖြစ်နေလေသည်။
‘ညက တော် တော် အိပ်ပျော်တယ်၊ ချောင်းလည်း တစ်ခါမှ မဆိုးဘူး၊ အိမ်ရာက နိုးမှ တစ်ခါ နှစ် ခါ ဆိုးတယ်၊ သွေးမတွေ့ဘူး’
‘ဒါဖြင့် သက်သာတာပေါ့ ဖေဖေ’ ဟု ၀မ်းသာအားရ ရှိုက်ပြောလေသည်။
‘ကြီးတော် ကို ဈေးက သခွားသီး မှာ လိုက်တယ် ဖေဖေ၊ သခွားသီးနဲ့ သကြားစားရင် ပျောက်တယ်ဆိုလို့ . . . ဖေဖေစားနော်’
ဦးဘိုးသိန်းသည် ပြုံးလျက်ခေါင်းညိတ်လိုက်ကာ ‘ချောင်းဆိုးသွေးပါ မဟုတ်ဘူး ထင်ပါရဲ့’ ဆိုလျက် ခေါင်းညိတ်နေသည်။
‘ဥပါဒါန်ကြောင့် ဥပဒ် ရောက်တာပါ ဖေဖေရာ၊ မဟုတ်ပါဘူး၊ အထက် တက်လှန်တာပါပဲ။ ဦးလေးဘိုးမြိုင်ကြီးကလည်း ဒီလိုပဲ တစ်ခါတုန်းက ဖြစ်ဖူးသတဲ့၊ ပျောက်သွားပြီ ခုထက်ထိ တစ်ခါမှ မ ဖြစ်ဘူးလို့ ပြောပါတယ်။ ဖေဖေ့စိတ်က မစွဲပါနဲ့’
ဝေေ၀သည် ဖခင်ရှေ့၌ အိုးတိုးအမ်းတမ်းနှင့် သောက်ရစားရ မလုံသည့်အတွက် မလုံသည့်စိတ်ကို စကားများများ ပြောဖာနေပေသည်။
အိမ်ရှေ့က ‘ဝေေ၀ရေ’ ဟု လှမ်းခေါ်လိုက်သော အသံနှင့် အိမ်ထဲသို့ တန်းဝင်လာသော ခြေသံကိုကြားရ၍ ဝေေ၀မှာ မျက်နှာကလေး မဲ့သွားသည်။
‘အောင်မယ် . . . စတိုင်ပဲပါလား’
ကိုနေဦးသည် ခါးထောက်လျက် လက်ဖက်ရည်စားပွဲကို မျက်လုံးပြူးကြည့်ကာ ခပ်ကျယ်ကျယ် ပြောလိုက်ပြီးနောက် ‘ဘိုအိမ်ကျနေပြီးဟေ့’ ဆိုလျက် ရယ်မောလိုက်သည်။
ကိုနေဦး၏ ရယ်သံမှာ ခပ်အစ်အစ် လှောင်ရယ်သော အသံမျိုးနှင့် တူ၍ ၊ ဝေေ၀သည် မျက်နှာကလေး အိုရာက မျက်စောင်းလှမ်းထိုးလျက် ‘အစ်ကိုကြီးကလည်း ပြောတော့မယ်’ ဟု နှုတ်ခမ်းကလေး စူပြောလိုက်သည်။
ကိုနေဦးမှာ ခပ်၀၀၊ ပုပု၊ အသားဖြူဖြူ ဖြစ်သည်။ ပြူးနေသော မျက်လုံးသည် အစဉ်သဖြင့် ရယ်နေကာ မျက်နှာ အမြဲတမ်း ချိုနေသည်။ ကွမ်းကြိုက်သဖြင့် သွားတွေ နီနေလျက်ကွမ်းငုံထားသော ပါးစောင်တစ်ဖက်မှာ ဖောင်းနေလေသည်။
ခေါင်းတုံးဆံတောက်၊ ရှပ်လက်တိုအဖြူနှင့် ပလေကတ်လုံချည်အကွက်ကြီး ၀တ်လျက် ခါးပတ်ကြီး ပတ်ထားလေသည်။
‘မင်းကွယ် . . . ၁၀ ရက်ဆိုပြီး ကြာလိုက်တာ’ ဟု ဦးဘိုးသိန်းက တည့်နေသော ကိုယ်ကို ဘေးရွှေ့လှည့်ပြောလိုက်သည်။
‘အစ်ကိုကြီး ကော်ဖီသောက်ဦး’ ဟု ဆိုကာ ကြီးတော် ဈေးပြန်လျှင် သောက်ရန် ချထားသော ပန်းကန်ကို လှန်ငှဲ့ထည့်လိုက်သည်။
‘ကြာဆို ဖေဖေရယ်၊ မျက်လုံးကို ဆေးထိုးရတယ်၊ မျက်မှန်တပ်ရမယ်ပြောလို့ ကျွန်တော် လည်း မျက်မှန် မတပ်ချင်ဘူး ဆေးပဲယူခဲ့တယ်၊ ဖေဖေ နေမကောင်းဆို’
‘ဘယ်သူပြောလဲ’ ဟု ဝေေ၀က လှမ်းမေးလိုက်သည်။
‘ကြီးတော် ပေါ့၊ မနက်က ဈေးသွားရင်း အိမ်ဝင်ပြောတယ်၊ အခုဘယ့်နှယ်နေသလဲ၊ ကျွန်တော် ဖြင့် စိတ်ပူသွားတယ်’
ကိုနေဦးသည် ကုလားထိုင်တွင် ၀င်ထိုင်လိုက်၍ ဦးဘိုးသိန်းမှာ သူ၏ ကိုယ်တိုင်စားပွဲနှင့် ပြန်တည့်ကာ ‘ခုပဲ ပြောနေရသေးတယ်၊ သက်သာ သွားပါပြီ၊ သွေးမပါတော့ဘူး။ ရင်ခုန်လည်း ခါတိုင်းလိုပဲ မမြန်ဘူး၊ သွေးအထက် တက်လှန်တာနဲ့ တူပါရဲ့ကွယ်’
‘ဒီလိုဆို ကောင်းပါရဲ့ ဖေဖေရယ်၊ ဒီ ရောဂါ မျိုး မဟုတ်ရင် ၀မ်းသာရတာ ပဲ၊ သိပ်ဆိုးတဲ့ ရောဂါ ။ အိမ်က ယောက္ခမကြီးကတောင် ရန်ကုန်သွားကုဖို့တောင် ပြောလိုက်သေးတယ်’
‘သောက်လေ အစ်ကိုကြီး’
ဝေေ၀သည် ပန်းကန်ထဲ ငှဲ့ပြီး ရှေ့တိုးပေးလိုက်သည်။ ကိုနေဦးသည် စားပွဲအောက်သို့ ဟိုငုံ့ဒီငုံ့ကြည့်ကာ ‘ထွေးခံ ဘယ်မတုန်းဟ’ ဟု ကွမ်းတံတွေး ထွေးရန် ရှာနေလေသည်။
ဝေေ၀သည် ထွေးခံက မျက်စိရှုပ်လွန်း၍ နောက်ဖေးသို့ ပို့ထားရာထပြေး ယူပေးရသည်။
‘မင်းအမေဆီ ဆန်အိတ်ပို့တော့ စာရေး ထည့်လိုက်ကဲ့လား’
‘ရထားတန်ဆာနဲ့ အတူတူ စာရေး ပြီး ရေစစ္စရီ လုပ်ပို့လိုက်တယ်၊ ရောက်ကရောပေါ့’
ဦးဘိုးသိန်း ဘွားသီလရှင်အတွက် သံယောဇဉ် အတော် ကြီးမှန်း သားသမီးများ ရိပ်စားမိကုန်မှာ ကို ရှက်တက်တက် ဖြစ်နေတုန်းပင်။ သီလရှင် အကြောင်းပြောတိုင်း က္ကနြေ္ဒ တစ်မျိုးပြောသော အလေ့အထမှာ အကျင့် ဖြစ်နေလေပြီ။
‘အစ်ကိုကြီး ရန်ကုန်က ဘာတွေ ၀ယ်လာသေးသလဲ၊ ကုလားထိုင်တွေ က သိပ်လှတာပဲ’
ကိုနေဦးသည် ကော်ဖီပန်းကန်ပြားထဲမှ ကော်ဖီ ငှဲ့လောင်းချနေသဖြင့် ပန်းကန်လုံးတွေ ခုံပေါ်ချရင် ပေကွက်သွားမှာ စိုး၍ ပန်းကန်ပြားတစ်ချပ် ချပေးလိုက်ရသည်။
‘ငါက အေးအေးသောက်ချင်တာ’ ဟု ရယ်ပြောလျက် တစ်ရှိန်တည်း ကျိုက်ချလေသည်။
‘ကုလားထိုင်က ယူဟာဂျီ အာမက်က ဈေးများ တာနဲ့ဘုံဘေဘားမားက ၀ယ်လာတယ်၊ အရောင် ကော ကြိုက်ရဲ့လား၊ ငါတော့အ၀ါတွေ မကြိုက်တာနဲ့ သပြေမှည့်ရောင် ၀ယ်လာတယ်။ ဒီပြင် ဘာမှ မ၀ယ်ဘူး။ စာကြည့်တိုက် ဖွင့်ဖို့အတွက် စာအုပ်ဟောင်းတွေ လည်ဝယ်ရတာ တော် တော် အချိန်ကုန်တယ်’
ကိုနေဦးမှာ မြို့ပေါ်၌ စာကြည့်တိုက်ဖွင့်ရန် စိုင်းပြင်း ကြိုးစားနေလေသည်။ ကျောင်းနေကတည်းက စာမဖတ်ဘဲ မနေနိုင်၊ မျက်နှာနှင့် မခွာစာဖတ်ဝါသနာ ပါသည်။ သတင်းစာ၊ မဂ္ဂဇင်း၊ ၀တ္ထု ထွက်သမျှ မှန်မှန်ကြီး ၀ယ်ဖတ်လေသည်။ မိန်းမရပြီး ယောက္ခမဆန်စက်ကို ဦးစီးလုပ်ကိုင်နေလျက် ဆန်စက်အလုပ်ထဲ စိတ်မ၀င်စားချေ။ ရန်ကုန်သွားပြီး ၀တ္ထု မဂ္ဂဇင်းတိုက် ထောင်ချင်စိတ်သာ ရှိနေသည်။
ဝေေ၀သည် ဦးစောဟန်၏ ဘွတ်ဖိနပ်သံ ကြားလိုက်၍ ရင်ထဲ၌ ဖိုလှိုက်သွားလေသည်။ အိမ်ရှေ့၌ ဆင်ပြင်ထားသော စားပွဲ၊ ကုလားထိုင်များ သည် ဦးစောဟန်ကို ဆီးကြိုကြပေမည် ။ ဝေေ၀သည် တောမြို့၌ နေသော်လည်း မခေမှန်းကို ပြချင်တာနဲ့ ရောက်လာတာ အတော် ကျသွားသည်။ ဦးစောဟန်အိမ်ကဲ့သို့ ဆိုဖာကုလားထိုင်ကြီးများ နှင့် သားမွေးကော်ဇောများ မဟုတ်ကြသည့်တိုင် တောတွင် ဒါလောက်ဖြင့် ဂုဏ်မငယ်မှန်း စိတ်အေးသွားသည်။
‘ဦးစောဟန် မှတ်တယ်’
ဦးဘိုးသိန်းသည် စားပွဲမှ ထလိုက်ကာ လည်ပင်းတွင် ပတ်ထားသော တဘက်ကို ကုလားထိုင်ပေါ်၌ တင်ခဲ့လျက် အိမ်ရှေ့သို့ ထွက်သွားသည်။
ကိုနေဦးသည် ဖင်ကိုကြွလျက် ခေါင်းကို ရှေ့သို့ ဆန့်ထုတ်ကာ ဝေေ၀ ကြားနိုင်လောက်သည့် လေသံဖြင့် နောက်ပြောသည်။
‘ဘိုကြက်ချေး . . . ဘိုကြက်ချေး’
ဝေေ၀သည် အပြင်ဘက်က ကြားသွားမှာ စိုး၍ မျက်မှော င်ကလေးကုတ်လျက် မနောက်ရန် ပခုံး လှမ်းပုတ်လိုက်သည်။
ကိုနေဦးသည် သွားတွေ ဖော်လျက် အသံမထွက် ကျိတ်ရယ်နေလေသည်။
‘ဦးနေမကောင်း ဆို၊ အခု ဘယ့်နှယ်နေပါသေးလဲ’
‘အပုံကြီး သက်သာ သွားပါပြီ၊ ဦးက သွေးပါတော့ လန့်သွားတယ်၊ သွေးလျှံတယ်လို့ ဆရာဝန်ပြောတာ ဟုတ်ပါလိမ့်မယ်၊ မောင်နေဦးရေ’
ဝေေ၀သည် ကိုနေဦးအား ပုတ်လျက် ‘သွားလေ သွား၊ ခေါ်နေတယ် . . .’ ဟု ပြောသည်။
ကိုနေဦးသည် မျက်နှာပိုးသတ်လျက် အိမ်ရှေ့သို့ ထွက်သွားသည်။ ဝေေ၀လည်း ကိုနေဦးနောက်မှ လိုက်ထွက်လာသည်။
‘ဒါ ဦးသား အကြီးပဲ၊ သုခဓနဆန်စက် မန်နေဂျာ လုပ်နေတယ်’
ဦးစောဟန်သည် ရှပ်ဖြူလက်ရှည်၊ ဘောင်းဘီအရှည် အဖြူဝတ်လျက်။ လက်တစ်ဖက်တွင် ကိုင်ထားသော ဦးထုတ်အဖြူကို စီးကရက်သံဘူးကိုင်သည့် လက်မောင်းအောက်သို့ ထိုးသွင်းကာ ကိုနေဦးအား လက်လှမ်းပေးလိုက်သည်။
ကိုနေဦးသည် လက်ကို ညင်ညင်သာသာပင် လှမ်းဆွဲလှုပ်ကာ ‘တွေ့ ရတာ ၀မ်းသာပါတယ်ဗျာ’ ဟု ဆိုလျက် ထိုင်ရန် ကုလားထိုင်များ ကို ညွှန်ပြလေသည်။
‘ထိုင်ပါဗျာ . . .’
ဦးစောဟန်သည် ပြုံးရွှင်စွာ ဖြင့် ခေါင်းညိတ်လျက်၊ မည် သူမျှ မထိုင်ရသေးသော အသစ်ကျပ်ချွတ် ကုလားထိုင်တွင် ထိုင်လိုက်သည်။
‘သူက ကျွန်တော့် နှမ အငယ်ဆုံးပါပဲ . . .’
ဦးစောဟန်သည် ထိုင်ရာမှ ထပြန်လျက် ‘ကျွန်တော် မနေ့က တွေ့ ပြီးပါပြီ၊ လာလေ ဝေေ၀ထိုင်ပါ’ ဟု ပြုံးခေါ်လိုက်ကာ ပြန်ထိုင်သည်။
ဝေေ၀သည် ပြုံးလျက် ကိုနေဦး ကုလားထိုင်ဘေးတွင် ၀င်ထိုင်ကာ၊ ဦးဘိုးသိန်းက ဝေေ၀့ ကုလားထိုင်ဘေးတွင် ထိုင်လိုက်သည်။
‘ဝေေ၀က တယ်အဖော်ရပါကလား ဦး . . မနေ့က ကျွန်တော့် ကိုတုန်ကင် မြန်မြန်လိုချင်တယ်ပြောလို့ ရန်ကုန် သံကြိုး ထပ်ပို့လိုက်ရတယ်’
ဦးဘိုးသိန်းသည် ပြုံးလျက် . . . ‘ဦးမှာ သူရှိလို့ပဲ သက်သာပါတယ် အားလုံး မျက်နှာလွှဲရတယ်’ ဟု ပြောနေလေသည်။
ဝေေ၀သည် မျက်နှာမထားတတ်သလို ပန်းအိုးကိုသာ မဲကြည့်နေလျက် နှုတ်ခမ်းလေး ကော့တင်ထားသည်။
‘ခင်ဗျား ကောလိပ်နေတဲ့နှစ် က ဘယ်နှစ် လဲ’
ကိုနေဦးသည် ကိုယ်ကို အနည်းငယ်လျှောလျက် ခြေချင်းလိမ်လိုက်ကာ ‘၁၉၃၅’ ဟု ဖြေလိုက်သည်။
‘ကျွန်တော် လည်း သာတီသရီးမှာ ဘီအေအောင်ပြီး ထွက်လိုက်တာပဲ၊ ဘယ်ကျောင်းဆောင်လဲ’
‘တကာကျောင်းဆောင်မှာ ပါ၊ သပိတ်မှော က်တာ မမီလိုက်ဘူးပေါ့၊ ကျွန်တော် သပိတ်မှော က်ပြီး ကျောင်းပြန်မရောက်တော့ပါဘူး၊ မိန်းမရလို့ ကျောင်းက ထွက်လိုက်တယ်’ ဟု ကိုနေဦးက ဆက်ပြောပြနေသည်။
ဦးစောဟန်သည် ဝေေ၀့ကို လှမ်းကြည့်ကာ ‘ဝေေ၀ ကောလိပ်မသွားချင်ဘူးလားကွယ့်’ ဟု မေးလိုက်သည်။
ဦးစောဟန် ဆက်ဆံပုံမှာ မိမိကို ကလေး ကလေး တစ်ယောက် ကဲ့သို့ ဆက်ဆံနေသဖြင့် ကလေး တစ်ယောက် ကဲ့သို့ပင် ခေါင်းယမ်းပြကာ ‘မသွားချင်တော့ဘူး’ ဟု ပြောလိုက်ပြီးနောက် ပြုံးချင်တိုင်း ပြုံးနေလေ၏ ။
ဦးစောဟန်သည် လက်ပတ်နာရီကို ငုံ့ကြည့်ကာ . . .
‘ကျွန်တော် အော့ဖ် သွားဦးမယ်၊ ပွဲစားတွေ ရှစ်နာရီ ချိန်းထားတာ စောင့်နေရော့မယ် . . .’ ပြောပြီး ထ ရပ်လိုက်သည်။
‘ကောင်းပါပြီ . . .’
ဦးစောဟန်မှာ ကိုနေဦးအား ပြန်ရန် နှုတ်မဆက်ခင် တစ်စုံတစ်ခုကို စဉ်းစားရဟန်ဖြင့် ကိုနေဦးကို ကြည့်လျက် ‘ဒီနေ့ည ကျွန်တော့် အိမ်မှာ ထမင်းစားပါ၊ ဦးရော ဝေေ၀ရော အတူတူ ဖိတ်ပါတယ်’ ဟု ပြောလိုက်သည်။
‘နေပါစေဗျာ၊ ကျွန်တော် တို့ အိမ်ရှင်က မကျွေးရခင် ဧည့်သည် ဖိတ်တာ မစားပါရစေနဲ့၊ နေပါစေ’
ကိုနေဦးသည် ပြုံးပြုံးရယ်ရယ်ဖြင့် ပြန်ပြောလိုက်သည်။
‘ဧည့်သည် အိမ်သည် မဟုတ်ပါဘူး၊ ကျွန်တော် က အလျင်ဖိတ်ပါရစေ၊ ည တခြားကိစ္စမရှိဘူး မဟုတ်လား’
ဦးဘိုသိန်းမှာ ထမင်းစားဖိတ်တာ စားရမှာ အားနာနေပုံ ရှိသည်။ ငြင်းရမှာ လည်း ခက်နေဟန် ပေါ်သည်။ ဝေေ၀သည် မျက်တောင်ကလေးစင်းလျက် အားနာစွာ ‘နေပါစေ’ ဟု ၀င်ပြောလေသည်။
‘အားနာစရာ မရှိပါဘူး။ ဆက်ဆက်လာကြပါ။ ကျွန်တော် စီစဉ်ထားပါ့မယ်’
ဦးစောဟန်မှာ သုံးယောက် စလုံး၏ မျက်နှာကို စေ့အောင်ကြည့်ရင်း ပြောကာ ‘ကိုင်း . . . သွားပါဦးမယ်’ ဟု ဦးဘိုးသိန်းကို နှုတ်ဆက်ပြီး၊ ကိုနေဦးနှင့် ဝေေ၀့ဘက်သို့ လှည့်၍ ‘ချယ်ရီယို’ ဟု ဆိုထွက်သွားလေသည်။ ယောက်ျားအိမ်သို့ မိန်းမပျိုသွားလျှင် မြို့ကကဲ့ရဲ့မည် ကို လန့်လျက်ဝေေ၀့မှာ ထမင်းစားသွားရန် ၀န်လေးနေမိသည်။
‘ဘာ ဖြစ်သလဲတော် ၊ ကိုယ့်အဖေနဲ့ အစ်ကို ပါသားပဲ၊ လူကြီးလူကောင်း တစ်ယောက် ဖိတ်တာကို လိုက်သွားမှပေါ့၊ မသွားရင်ရိုင်းမှာ ပေါ့’
ဒေါ်သက်က တိုက်တွန်းနေသည့်တိုင် ရွံ့တွံတွံနှင့် တစ်နေ့လုံး ချီတုံချတုံ ဖြစ်နေသည်။
ညနေစောင်းလျှင် ဝေေ၀့မှာ ရင်တခုန်ခုန် ဖြစ်နေသည်။ အပေါ်ထပ်က ချောင်းကြည့်၍ မြင်ရသော ထမင်းစားပွဲခုံကြီးကို ကြောက်လန့်နေသည်။ မမြင်စဖူးတာတွေ မြင်နေရသည်။ လူ တစ်ယောက် အတွက် မှော က်ထားသော ပန်းကန်ပြားတစ်ဖက်စီတွင် ခက်ရင်းနှင့် ဓားလေးစုံ ချထား၍ ဘယ်လို စားနည်းပါလိမ့်ဟု တထိတ်ထိတ် ဖြစ်နေလေသည်။
ရန်ကုန် ရောက်သည့်အခါ ဒံပေါက်ဆိုင်များ တွင် ဇွန်းခက်ရင်းနှင့် တစ်ခါတစ်ရံ ထမင်း ၀င်စားသည်။ ခက်ရင်းတွေ ၊ ဓားတွေ ဒါလောက်များများ ဖြင့် မစားဖူး၍ ထမင်းစားပွဲခုံကြီး ရဲရဲပင် မကြည့်ဝံ့သလောက် ရွံနေလေသည်။
ထမင်းစားပွဲရှေ့၌ ယှက်ချထားသော ဇွန်းနှစ် ချောင်းကို ဒါက ဘာအတွက်ပါလိမ့် ဟု မစဉ်းစားတတ်ပေ။ စားပွဲပေါ်မှ သစ္စာပန်းများ ကား လန်းဆန်းလျက် ရှိကြသည်။
ဝေေ၀သည် နေ၀င်မှပင် ရေချိုးကာ မီးရောင် ဖြင့် အလှပြင်နေသည်။
ပဒုမ္မာပုံတော် အကျီနှင့် စကားဝါရောင် မန္တလေး ချိတ်ထဘီကို ၀တ်လေသည်။ ကြီးတော် က၀တ်သွားစမ်းဟု အတင်းနားချနေသဖြင့် လည်တွင် ဆွဲထားသော သမှည့်သီးရွှေကြိုးကို ဖြုတ်ကာ စိန်ကြိုးပြောင်းဆွဲလိုက်သည်။ စိန်တစ်လုံးတည်းနားကပ်လဲ ပန်ခိုင်းနေသဖြင့် မျက်နှာရင့်တယ်၊ မပန်ချင်ဘူးဟု ဇွတ်ငြင်းလိုက်သည်။ စိန်လက်ကောက် တစ်တန်းသွားကို ညာဘက်တွင် ၀တ်လျက် ဘယ်ဘက်၌ လက်ပတ်နာရီ ပတ်လိုက်သည်။
ဝေေ၀သည် ဖြီးလိမ်းဝတ်စားထားသော ရုပ်ကို ကိုယ်လုံးပေါ် မှန်ဗီရိုရှေ့၌ ရပ်ကြည့်ကာ၊ နောက်ပြန် ပတ်ထားသော ဆံပင်တွင် စံပယ်ကုံးကို ရစ်ခွေနေသည်။
ဒေါ်သက်သည် ဝေေ၀၏ မင်းထိုက်ဖိုးတန် ရုပ်ရည်ကလေးကိုအရိပ်တကြည့်ကြည့်နှင့် ဘေးက ရပ်ကြည့်ရင်း လိုတာတွေ စောင့်ကြည့် ပြောဆိုနေသည်။
‘နားထင်နောက်က သနပ်ခါးတွေ ဖျက်ပါဦးအေ၊ ကုပ်မှာ လည်း ပေါင်ဒါ မရှိဘူး’
ကြီးတော် သက် ပြောသမျှ ပြင်နေရ၍ အလှပြင်ခြင်းကိစ္စ တော် တော် နှင့် မပြီးနိုင်အောင် ဖြစ်နေလေသည်။
ဦးဘိုးသိန်းမှာ ပန်းရောင် ခေါင်းပေါင်းစကို ပခုံးပေါ်သို့ ကျအောင်ချလျက်၊ မန္တလေး ပိုးအကျီင်္ရင်ဖုံး၊ ကြေးနီရောင် ဗန်ကောက်လုံချည်အသစ်ဝတ်ထားသည်။
ကိုနေဦး အလာကို ထိုင်စောင့်ရင်း ‘ဝေေ၀ မပြီးသေးဘူးလား’ ဟု အောက်က လှမ်းပြောနေသည်။
ဝေေ၀သည် လက်ကိုင်ပ၀ါကို ရေမွှေးဆွတ်ကာ ဆုပ်ကိုင်လျက် မှန်ကို နောက်ဆုံးကြည့်ခြင်းဖြင့် ကြည့်လိုက်ပြီးနောက် ‘ဟုတ်ကဲ့ လာပါပြီ . . . ဖေဖေ’ ဟု ပြန်ပြောကာ ပြေးဆင်းသွားလေသည်။
နံနက်က အစ်ကိုကြီးကို ကောင်းကောင်းမွန်မွန် ၀တ်ခဲ့ရန် မှာ လိုက်သော်လည်း ကောင်းကောင်းမွန်မွန်မှ ၀တ်ခဲ့ပါ့မလားဟု စိတ်ပူနေသည်။
ခုနစ်နာရီ ထိုးမှ ကိုနေဦး ရောက်လာလေသည်။ ပင်နီအကျီင်္၊ ဗန်ကောက်အနက် ၀တ်လျက်၊ သားရေညှပ်ဖိနပ် စီးလာ၍ ဘာ ဖြစ်လို့များ ရှုးဖိနပ် မစီးပါလိမ့်ဟု စိတ်ထဲက အပြစ်တင်လိုက်မိသည်။
‘ကိုင်း . . . သွားကြစို့’
ဦးဘိုးသိန်းက ရှေ့က ထွက်သွားရာ၊ ဝေေ၀နှင့် ကိုနေဦးမှာ ယှဉ်လျက် နောက်က လိုက်သွားကြသည်။
ဝေေ၀သည် အိမ်ရှေ့သို့ လှမ်းကြည့်လိုက်သည်။
လမ်းမက မမြင်နိုင်အောင် အိမ်ပေါက်ကို ခန်းဆီးအထူကြီးဖြင့် အပြည့်တပ်ထားသော ရှေ့၌ ဒရ၀မ်ကုလား ရပ်စောင့်နေသည်။
ဖြူဖွေးနေသော ခေါင်းအုပ်ပေါင်းကြီးနှင့် ရင်ဘတ်၌ ကြေးကြယ်စေ့အလုံးကြီးတွေ တစ်တန်းကြီး တပ်ထားသော အကျီအဖြူ အရှည်ကြီးမှာ ဒူးဆစ်အထိ ဖုံးနေလေသည်။
ဦးဘိုးသိန်းတို့ ခြံထဲဝင်လာလျှင် စုံရပ်လျက် ကိုယ်ကို မတ်မတ်ထားကာ ဆလံအရင်ပေးပြီး ခန်းဆီးကို လက်နှင့် ဖွပေးလိုက်သည်။
အတွင်း၌ မီးစိမ်းရောင် သမ်းနေသဖြင့် တစ်ခန်းလုံး စိမ်းလဲ့လဲ့ ဖြစ်နေသည်။
ဦးစောဟန်သည် ရှပ်အဖြူလက်ရှည်၊ နက်ပြာရောင် သက္ကလတ်ဘောင်းဘီအရှည် ၀တ်ထားလျက်၊ ဆိုဖာကုလားထိုင်မှ မတ်တတ်ရပ်ကာ ဆီးကြိုလေသည်။
‘ဖိနပ်မချွတ်ပါနဲ့၊ စီးပါဦး . . . စီးခဲ့ပါ၊ မချွတ်ပါနဲ့ ဝေေ၀’
ဦးဘိုးသိန်းမှာ ပိန်းတန်းဖိနပ်ကို ချွတ်ပြီးမှ အတင်းစီးခိုင်း၍ အားနာနာနှင့် ပြန်စွပ်ပြီး စီးသွားရသည်။ ဝေေ၀တို့လည်း ဖိနပ်မချွတ်ဘဲ စီးဝင်ခဲ့ကြသည်။
ဝေေ၀သည် ကိုနေဦးနှင့် အတူ နှစ် ယောက် ထိုင် ဆိုဖာကုလားထိုင်ကြီး၌ ၀င်ထိုင်သည်။ ဆိုဖာ တစ်ယောက် ထိုင်နှစ် လုံးနှင့် နှစ် ယောက် ထိုင်တစ်လုံးမှာ ကော်ဇောကြီးပေါ်၌ ခပ်ကျဲကျဲ ခင်းထား၍ လူချင်းအနည်းငယ် လှမ်းနေကြသည်။
ဝေေ၀သည် စားပွဲနက်ပေါ်မှ ကြွေပန်းအိုးနီကလေးထဲက တိုက်ပန်းအဖြူပွင့်များ ကို စိုက်ငေးကြည့်နေသည်။
ကိုနေဦးမှာ ခပ်ပြုံးပြုံးပင် ထိုင်ကာ ‘ကျွန်တော့် အိမ် ကြိုက်ရဲ့လား’ ဟု စကားစ ပြောလိုက်သည်။
‘ကြိုက်ပါတယ်၊ အပေါ်က သွပ်မိုးလို့ ပူတယ်၊ နေ့ခင်း နေ့လယ် ကျွန်တော် မနေနိုင်ဘူး၊ အောက်မှာ ပဲ လှဲပြီး စာဖတ်ရတယ်’
ဝေေ၀သည် မန္တလေးရွှေတောာင် အပြာရင့်ရင့် ဖုံအုံးများ ခင်းတင်ထားသော ထိုင်ခုံကို လှမ်းကြည့်လျက်၊ သည်ပေါ်မှာ လှဲပြီး စာဖတ်မှာ ပဲဟု တွေးနေလေသည်။
အိမ်ပေါ်က စီးကြည့်ရသည်ထက် အိမ်ထဲရောက်မှ အိမ်၏ အလှကို စုံစုံစေ့စေ့ မြင်တွေ့ နေရသည်။
တိုင်တစ်တိုင်တွင် ကပ်ထားသော ခုံကလေးပေါ်က ပန်းပုရုပ်ကို ဂရုစိုက်ကြည့်သည်။ ခေါင်းပေါင်းစချလျက်၊ အကျီင်္မရှိ၊ ခါးတောင်းကျိုက်ထားသော ယောက်ျားရုပ် ဖြစ်သည်။ ‘ခြင်းလုံးခတ်နေဟန်’ ထုထားလေသည်။
ကိုနေဦးမှာ ထိုင်ကတည်းက ထိုအရုပ်ကို မျက်စိကျပြီး ကြည်နေမှန်း ဝေေ၀ သတိထားမိသည်။
ကိုနေဦးသည် ခြင်းလုံးခတ်နေသော ပန်းပုရုပ်ကို ငေးကြည့်နေရင်း မြန်မာ့ယဉ်ကျေးမှု အနုပညာအပေါ်တွင် အခြေတည်လျက် စိတ်ဓာတ်တစ်မျိုး ဖြစ်ပေါ်နေလေသည်။
ကမ္ဘာပေါ်ရှိ အခြားနိုင်ငံက အနုပညာရပ်များ နှင့် မြန်မာ့အနုပညာကို နှိုင်းယှဉ်ကြည့်လျှင် အောက်ကျနောက်ကျ မရှိပါဘဲလျက် လက်အောက်ခံ နိုင်ငံ ဖြစ်နေ၍ မြန်မာ့အနုပညာရပ်များ လောင်းရိပ်မိနေသည်ဟု၊ ဖိနှိပ်ထားခြင်းကို တွန်းလှန်လိုသော စိတ်ဓာတ်မျိုးပေါ်နေခြင်း ဖြစ်သည်။
ဦးဘိုးသိန်းသည် ဆိုဖာပေါ်တွင် နောက်မှီလျှောထိုင်ကာ ဧည့်ခန်း၏ အဆောင်အယောင် အပြင်အဆင်များ ကို အမှတ်မထင် ကြည့်ရှုသုံးသပ်နေလေသည်။
‘ကိုင်း . . . ဘာသောက်ကြမလဲ၊ ဦး ကတော့ ၀ီစကီ မသောက်ဘူးထင်တယ်၊ ဘာသောက်မလဲ၊ လိမ္မော်ရည်နော်။ ကိုနေဦးကော ၀ီစကီလား၊ ဘရန်ဒီလား’ ဟု မေးလိုက်ပြီးနောက်၊ ဝေေ၀့ကို လှမ်း၍ ‘ဝေေ၀ကော ဘာသောက်ချင်သလဲ’ ဟု တစ်ယောက် စီ လိုက်မေးလေသည်။
ဦးဘိုးသိန်းသည် မဖြေခင် ကိုနေဦးကို လှမ်းကြည့်လိုက်သည်။
‘အရက်နဲ့ ဧည့်ခံသလား’ ဟု နားထဲရိုင်းနေကာ နေရထိုင်ရ အတော် ကျပ်သွားလေသည်။
‘ကျွန်တော် အရက်မသောက်တတ်ပါဘူး၊ လိမ္မော်ရည် ကောင်းပါတယ်၊ အားလုံးပဲ လိမ္မော်ရည် သောက်ကြတာပေါ့’
ကိုနေဦး ကြည့်ပြောလိုက်၍ ဝေေ၀မှာ စိတ်သက်သာရာ ရသွားသည်။ အရက်စကား ကြားရသည်နှင့် ခေါင်းထဲက အုံလာသည်။
‘မောင်မြ’
ပ၀ါအနီ ပတ်ပေါင်းလျက် ပဒုမ္မာ အကျီင်္အဖြူ ကြယ်စေ့တပ် ၀တ်ထားကာ၊ မန္တလေးပိုးလုံချည် ကြက်သွေးရောင် ၀တ်ထားသော မောင်မြသည် လိုက်ကာအတွင်း၌ ပေါ်လာကာ လက်နှစ် ဖက်ကို နောက်ပစ်လျက် ကိုယ်ကို ကိုင်းထားသည်။
‘လိမ္မော်ရည် . . . ၀ီစကီ’
မောင်မြ ကွယ်သွားသည်အထိ ကိုနေဦးသည် မောင်မြကို စိန်းစိန်း စိုက်ကြည့်လိုက်သည်။
ဦစောဟန်သည် ငွေစီးကရက်ဘူးကို ဖွင့်လျက် ဦးဘိုးသိန်းရှေ့သို့ သွားကမ်းပေးသည်။ ဦးဘိုးသိန်းသည် ဆိုဖာအမှီနှင့် ခွာလျက် ဦးစောဟန်ကို မော့ကြည့်ပြီး ‘ဦး မသောက်ပါဘူး’ ဟု ပြောလိုက်သည်။
ဦးဘိုးသိန်း ငြင်းလိုက်၍ ကိုနေဦး ရှေ့သို့ ရောက်လာကာ စီးကရက်ဘူးကို ထိုးပေးနေသည်။ ကိုနေဦးသည် စီးကရက်တစ်လိပ် ယူလိုက်မှ သူ့အတွက်လည်း နှိုက်ယူကာ ပါးစပ်တွင် တပ်လျက် ဆေးလိပ်ဘူးကို ဘေးက ခုံနိမ့်ကလေးပေါ်သို့ ချလိုက်သည်။
ဘောင်းဘီအိတ်ထဲမှ ဓာတ်မီးခြစ်ကို ထုတ်၍ ခြစ်ကာ ကိုနေဦးထံသို့ ထိုးကမ်းလိုက်ရာ ကိုနေဦးသည် စီးကရက်ကို ငုံ့ညှိလိုက်သည်။ ကိုနေဦးညှိပြီးမှ ပါးစပ်တွင် တပ်ထားသော စီးကရက်ကို ညှိလျက် သူ့နေရာသူ သွားထိုင်သည်။
မီးညှိဖွာနေပုံ၊ ဓာတ်မီးခြစ် လက်ခါပြီး မီးသတ်လိုက်ပုံတို့နှင့် လျှောက်သွားသော ကိုယ်ဟန်ကို ကြည့်လျက် ကိုနေဦး မျက်စိထဲတွင် ဦးစောဟန်မှာ ပကတိ မျက်နှာဖြူဂိုက် ပေါက်နေလေသည်။
‘အမှန်တော့ ကျွန်တော့်  ဒီလာဖို့ မဟုတ်ဘူး၊ မစ္စတာဖရူး လာဖို့ ဦးရဲ့။ ကျွန်တော် က အထက်ကို သွားရမှာ ၊ အထက်က ပူတော့ ‘ဖရူး’ ကို ဟိုသွားနေဖို့ တိုက်တွန်းပြီး ကျွန်တော် က ဒီလာတာပဲ။ ဘိုးစောတော့ ဟိုမှာ ဘယ်လောက်ပူလိုက်မယ် မသိဘူး’
အားလုံးငြိမ်သက်လျက် ဦးစောဟန်စကားကို နားထောင်နေကြသည်။ ဦးစောဟန်နှင့် မိမိတို့မှာ အလွန် ပါးလွှာသော ပိုးကန့်လန့်ကာ တစ်ထပ်တည်းနှင့် တစ်ဖက်စီ ခြားနေသယောင် ကိုနေဦး စိတ်၌ တွေးထင်နေလေသည်။
မောင်မြသည် ဖန်ခွက်ဗန်း ထုတ်ယူလေသည်။ ဗန်းကို အ၀တ်ဖြူခင်းထားသော ပုတီးစေ့အနားတပ် ဇာဝတ်ကလေးများ ဖြင့် ဖန်ခွက်ပေါ်၌ ဖုံးထားသည်။
ဝေေ၀သည် သူရှေ့၌ ရှေးဦးစွာ လာချသဖြင့် ဗန်းထဲက ဖန်ခွက်ကို လှမ်းယူလိုက်သည်။
လိမ္မော်ရည်ဖန်ခွက်များ ပေးပြီး အထဲသို့ ပြန်ဝင်သွားကာ ချက်ချင်း ပြန်ထွက်လာသည်။ ဗန်းပေါ်၌ ၀ီစကီအရက်ပုလင်း၊ ဖန်ခွက်အလွတ်၊ ဆိုဒါပုလင်း တင်လာသည်။
ဦးစောဟန်သည် ဖန်ခွက်ထဲ၌ ၀ီစကီလက်တစ်လုံးလောက် ရှိနေစဉ်၊ မောင်မြက ဆိုဒါဖောက် လောင်းစပ် ထည့်ပေးလိုက်သည်။
ဝေေ၀သည် ဦးစောဟန်၏ လက်ထဲက ပယင်းရောင် ထနေသော ဖန်ခွက်ကို ငေးကြည့်လျက် ရင်ထဲ၌ လှိုင်းခွပ်နေလေသည်။
ဦးဘိုးသိန်းမှာ လိမ္မော်ရည်သောက်ရင်း က္ကနြေ္ဒမပျက် လှမ်းကြည့်လိုက်ကာ ‘ဘိုသောက် သောက်တာပဲ’ ဟု တွေးနေသည်။
‘ဦးစောဟန်မှာ အရက်ကလေးဝင်မှ စောစောကထက် စကားများ လာသလို ထင်မှတ်ရသည်။
တစ်နှစ် တစ်နှစ် အလုပ်တိုက်မှာ ဆန်စပါးအ၀ယ်တန်ချိန်၊ ဘိလပ်တင်ပုံ၊ ဆန်ခွဲသည့် အခြေအနေ၊ မြန်မာပြည် ဆန်စပါး ရောင်းဝယ်ရေး ၊ မျက်နှာဖြူ ကုမ္ပဏီကို အမွှမ်းတင်ကာ နိုင်ငံခြားတင်ရန် အနုတ်အသိမ်းအားကောင်း၍ သာ မြန်မာ့ဆန်စပါးဈေးရှိလျက် မြန်မာ့စီးပွားရေး ချောင်လည်နိုင်ကြောင်း ပြောဆိုနေသဖြင့် ကိုနေဦးမှာ စိတ်ပျက်စွာ နားထောင်နေလေသည်။
ကိုနေဦးမှာ ကျောင်းထွက်ပြီး ဆန်စက်ထဲ အလုပ်ဝင်လုပ်မှ ဆန်အရောင်းဝယ် အမြင်ကျယ်လာကာ ဦးစောဟန် မရောက်မီ ပဝေသဏီကပင် မျက်နှာဖြူ ကုမ္ပဏီများ ဆန်ဈေး၊ စပါးဈေး ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်နေကြပုံကို မကျေမနပ် ဖြစ်လျက် မျက်စိမွှေး စူးနေခဲ့သည်။
ကိုနေဦးသည် ၀မ်းထဲက မကျေမနပ် ဖြစ်ခြင်းကို အရိပ်အယောင်မပေါ်စေဘဲ တည်တည်ငြိမ်ငြိမ် က္ကနြေ္ဒနှင့် စိုက်နားထောင်နေလေသည်။
ဦးဘိုးသိန်းသာ ဦးစောဟန်နှင့် အပြန်အလှန် ဆန်အကြောင်း၊ စပါးအကြောင်း စကားလက်ဆုံကျနေလေသည်။ ဝေေ၀သည် ၀ီစကီဖန်ခွက်ကို ငေးရင်း စိတ်က တောင်မြောက် ကရွတ်ကင်းလျှောက် ဖြစ်နေစဉ်၊ အသံသာသာ ထုလိုက်သော မောင်းသံသည် ဝေေ၀့အာရုံသည် ဖမ်းစားလိုက်သည်။
မောင်းသံဖြင့် စကားပြော ရပ်သွားကြသည်။
ဦးစောဟန်သည် ဆိုဖာမှ ထကာ ဖော်ရွေပျူငှာသော အမူအရာကို အစွန်းကုန်ပြလျက် . . .
‘စားစရာ အဆင်သင့် ရှိပါပြီ ဦး၊ အထဲကြွပါ၊ ကဲ . . . ကိုနေဦးထဗျာ . . .ဝေေ၀’
ဝေေ၀သည် မိမိအား ထရန် အချက်ပေးသော မျက်လုံးကို ဖမ်းကြည့်လျက်၊ ထိုအကြည့်ကို မလွတ်နိုင်သလိုပင် အလျင် ထလိုက်သည်။
စားပွဲကို ဦးစောဟန် စီစဉ်ပေးသည့်အတိုင်း ကိုယ့်နေရာကိုယ် ၀င်ထိုင်ကြရသည်။
စားပွဲအလယ်၌ မီးထွန်းထားသည်။ ဝေေ၀နှင့် ဦးဘိုးသိန်းမှာ အိမ်ခေါင်းရင်းဘက်က ထိုင်ရသည်။ ဝေေ၀မှာ ဦးစောဟန်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေသည်။
ဦးဘိုးသိန်းမှာ အင်္ဂလိပ်စားပွဲ မစားဖူးပေ။ ကိုယ့်ထုံးစံ မဟုတ်သဖြင့် မစားခင် ပြင်ဆင်ထားတာတွေ မြင်တာနှင့် စိတ်အိုက်နေလေသည်။
ဝေေ၀သည် တဖိတ်ဖိတ်လက်နေသော ဓားနှင့် ခက်ရင်းများ ကို ကြည့်ကာ ဘယ်ဟာ ဘယ်လို ကိုင်စားရပါ့မလဲဟု အခက် ကြုံတွေ့ နေလေသည်။
အမှားမှား အယွင်းယွင်း ဖြစ်မှာ လည်း စိုးရိမ်နေသည်။ ရင်ထဲ၌ ထိတ်လန့်လျက် စိုးရိမ်နေပုံကို ဦးစောဟန် မရိပ်မိအောင် တတ်နိုင်သမျှ ဟန်လုပ်နေရသည်။
ကိုနေဦး တစ်ယောက် ပင် ဘာမှ မမှု သည့်အသွင် ရှိသည်။ နံရံ၌ ချိတ်ထားသော ‘အညာလှေ’ ပန်းချီကားကြီးကို ကြည့်ကာ ‘ဘယ်သူ့လက်ရာလဲဗျ’ ဟု မေးလိုက်သည်။
ဦးစောဟန်သည် လက်သုတ်ပ၀ါကို ပေါင်ပေါ်တွင် ဖြန့်တင်ရင်း ပန်းချီကားကို လှမ်းကြည့်လျက် ‘ဦးဘဉာဏ် ဆွဲတာ’ ဟု ပြောလိုက်သည်။
ဖခင်နှင့် အစ်ကိုကြီးတို့က ဖန်ခွက်ထဲက လက်သုတ်ပ၀ါကို လှမ်းမယူကြ၍ ဝေေ၀မှာ ဦးစောဟန် လုပ်သလိုလုပ်ရန် လှမ်းယူဖို့ရာ ကျပ်နေသည်။
မောင်မြသည် ဧည့်သည်များ ၏ အကဲသို့ ခတ်လျက် ဖန်ခွက်ထဲက လက်သုတ်ပ၀ါများ ကို ပေါင်ပေါ်အရောက် လိုက်ဖြန့်ပေးရသည်။
ဝေေ၀သည် စားပွဲပြင်နည်းကို မှတ်ထားရန် အတုခိုးသော မျက်လုံးဖြင့် ကြည့်ရှုနေသည်။ မောင်မြသည် ပန်းကန်များ လိုက်ချကာဝေေ၀့ရှေ့ကဇောက်ပန်းကန်ပြားကြီးထဲသို့ စွပ်ပြုတ်ဟင်းရည်ကြည်ကြည်အလျင်လောင်းထည့်လိုက်ပြီးမှ ကျန်သုံးယောက် ကို လိုက်ထည့်ပေးနေသည်။
ဝေေ၀နှင့် ဦးဘိုးသိန်းမှာ ဦးစောဟန်ကိုင်မည့်  ဇွန်းကို စောင့်ကြည့်နေစဉ်၊ ကိုနေဦးသည် စွပ်ပြုတ်သောက်မည့် ဇွန်းဝိုင်းဝိုင်းကို ကောက်မယူဘဲ ထမင်းစားဇွန်း ရိုးရိုးကို ကောက်ယူလိုက်သည်။
ဝေေ၀သည် ဦးစောဟန်ကဲ့သို့ ဇွန်းဝိုင်းဝိုင်းကို ကောက်ယူကာ ‘အစ်ကိုကြီး မှားနေပြီ’ ဟု မျက်နှာ အမ်းအမ်းနှင့် လှမ်းကြည့်လိုက်သည်။
ကိုနေဦးက သူ့အမှားကို သူ သတိပြု မပြုတော့ မသိ၊ မှားမှားမှန်မှန် အရေး မစိုက်ဟန်နှင့် ခပ်သောက်နေခြင်းကို တွေ့ မြင်ရလေသည်။
နောက်ဆုံးမှ ဦးဘိုးသိန်းသည် ဇွန်းဝိုင်းကို ကောင်ယူလိုက်ကာ ‘. . .ဦးတို့က အင်္ဂလိပ်လိုစားတတ်တာ မဟုတ်ဘူး၊ မြန်မာလို စားတော့ အင်္ဂလိပ်ထုံးစံ နားမလည်ဘူး’ ခပ်ရိုးရိုးပြောလျက် ရယ်နေလေသည်။
‘ကိစ္စမရှိပါဘူး ဦး၊ အားမနာပါနဲ့’
ဝေေ၀့ကို အရေး တယူကြည့်လျက် ‘ပေါင်မုန့်ထောပတ်သုတ်မလား ဝေေ၀’ ဟု လှမ်းမေးလိုက်သည်။
ပန်းအိုးဘေး၌ ငွေရောင် ကိုင်းထောက်ဖြင့် ပေါင်မုန့်တစ်ချပ်ကို ယူလျက် ထောပတ်သုတ်ပြီး ဝေေ၀့ပန်းကန်ဘေးက ပန်းကန်ပြားအသေးလေးပေါ်သို့ လှမ်းတင်ပေးကာ ‘စားပါ ဝေေ၀’ ဟု ဆိုသည်။
ဝေေ၀သည် စားပွဲထိုင်ကတည်းက မိမိကို အရေး တယူ ဂရုတစိုက်ကြည့် လုပ်ပေးနေသဖြင့် အဖေ့ရှေ့၊ အစ်ကိုရှေ့တွင် မျက်နှာ ပူအမ်းသွားသလိုလို၊ ကျောစိမ့် သွားသလိုလို ဖြစ်မိလေသည်။
မျက်နှာဖြူဓလေ့ မိန်းမကို ဦးထားကာ အရေး ပေး ဆက်ဆံသော ထုံးစံအတိုင်း လုပ်နေမှန်း ရိပ်မိသော ကိုနေဦးမှာ မျက်စိထဲအကြည့်ရမခက်ဘဲ၊ “ဘိလပ် မရောက်သေးလို့၊ ဘိလပ်များ ရောက်ရင် ခက်မယ်” ဟု ကျိတ် ဝေဖန်မိလေသည်။
မောင်မြသည် ပထမ ပန်းကန်ဇောက်များ ကို သိမ်းသွားပြီးနောက်၊ ဒုတိယ ပန်းကန်ပြားများ လာချ ပေးပြန်လေသည်။ ဝေေ၀သည် ပန်းကန်အားလုံး အစိမ်းရစ် ရွှေနားကွပ်ဖြင့် ဆင်တူ ဖြစ်ခြင်းကို ကြည့်ထားသည်။ ဘဲဥပုံ ပန်းကန်ကြီးထဲတွင် ငါးကြော်ထည့်ထားသည့် လေးထောင့်အတုံးများ နှင့် အာလူးကြော်များ တစ်ပိုင်းစီထည့်ကာ ဝေေ၀ဆီသို့ အရင်လာပေးပြန်သည်။
ဝေေ၀သည် ပန်းကန်ကြီးထဲ၌ ပါလာသော ခက်ရင်းနှင့် ဓားဖြင့် ငါးကြော်တုံးနှင့် အာလူးကြော်ကို ပါအောင်ယူရမှာ မလွယ်ကူဘဲ ခက်နေပုံရှိသဖြင့် ၊ ဦးစောဟန်သည် ကိုယ်တိုင် ထ ယူထည့်ပေးလိုက်သည်။
ဦးစောဟန် ယူပေးနည်းကို ကောင်းကောင်း မှတ်ထားလိုက်သဖြင့် ခက်ရင်းနှင့် ဓား ကိုယ်တတ်သွားကာ၊ နောက်တစ်ကြိမ် ထုတ်လာသော ကြက်ပေါင်နှင့် အာလူး၊ ပဲသီးတို့ကို ကိုယ်တိုင် ယူထည့်နိုင်သည်။
ထမင်းစားပွဲ၌ ဦးစောဟန်နှင့် ကိုနေဦးတို့ စကားလက်ဆုံ ကျနေကြသည်။ ကိုနေဦး ဇွန်း၊ ခက်ရင်းနှင့် စားရတာ မ၀င်ဘဲ လက်နှင့် စားရမှ အားရကြောင်း၊ ငါးပိပါမှ မြိန်ကြောင်း စသည်ဖြင့် ပြောင်ပြောင်ဖွင့်လှစ်ပြောကာ တဟဲဟဲ ရယ်နေသည်။
‘ကျောင်းမှာ နေကတည်းက ခင်ဗျား ပင်နီဝတ်တာလား’
‘မဟုတ်ဘူးဗျ၊ သပိတ်မှော က်ခါနီး မှ ၀တ်တာ။ ကျောင်းရောက်စက ပိုးလုံချည်နဲ့၊ ပေးတင့်ရှုးနဲ့ ဘိုဆံတောက်ကို ပြောင်နေအောင် ဖြီးတတ်တာပဲ။ နောက်ပိုင်းမှ ခေါင်းတုံးဆံတောက်ညှပ်၊ ပင်နီဝတ်၊ ခုံဖိနပ်စီးတတ်တာ’
ဦးစောဟန်သည် အလိုက်အထိုက် ခေါင်းညိတ် ရယ်ပြုံးနေသော်လည်း စိတ်ထဲ၌ ဝေေ၀တို့ သားအဖမှာ ရိုးသည်။ ကိုနေဦးမှာ ဘုကျသည့် တောသားဟု ယူဆလိုက်သည်။
မောင်မြသည် စားပွဲခုံကို အခေါက်ပေါင်းများ စွာ ပတ်လှည့်ကာ စားပွဲထိုးနေသည်။ ဇွန်းနှင့် ဓား မကုန်မချင်း တစ်ပွဲပြီး တစ်ပွဲ ထုတ်ယူလာသည်။ ဝေေ၀သည် စောစောကလောက် ကျဉ်းကျပ်ခြင်း မ ဖြစ်တော့ဘဲ လည်ပတ်လာကာ စားပြီးတိုင်း ဓားနှင့် ဇွန်းကို ပန်းကန်ပေါ်၌ အသာစုပူးလျက် တည်တည့် ယှဉ်ချထားလိုက်သည်။
ဦးစောဟန်သည် ဝေေ၀၏ အမူအရာကို တစ်ချက်မှ အလစ်မပေးပေ။ ဂရုတစိုက်ကြည့်လျက် ကြိုက် မကြိုက်၊ စားမစားအကဲခတ်နေရသဖြင့် မျက်စိမအား၊ စိတ်မအား ဖြစ်နေလေ၏ ။
ဦးဘိုးသိန်းမှာ အေးအေးသက်သာ စားနေလေသည်။ အင်္ဂလိပ်ဟင်းရံ အရသာကို စားရင်း စဉ်းစားကြည့်သည်။ ပေါ့ရွှတ်ရွှတ် ချိုတိုတိုနှင့် ဟင်းမမည် ဘဲ သရေစာ စားရသလိုပဲဟု တွေးသည်။
ကိုနေဦးနှင့် စကားပြောပြီးနောက် ဦးစောဟန်သည် ဝေေ၀့ဘက်သို့ လှည်လာပြန်သည်။
အရက်ရှိန်ုဖြင့် ခေါင်းထဲ၌ ရီတီတီ ဖြစ်သော်လည်း အရက်မူးသမားများ လို တစ်ချက်မျှ က္ကနြေ္ဒမပျက်သဖြင့် ဝေေ၀့မှာ အံ့သြနေသည်။
‘ဝေေ၀က သိပ်မစားဘူး၊ ဘာ ဖြစ်လို့လဲ၊ မျက်စိထဲ စာရင်းစာအုပ်ကြီးထဲက ဂဏန်းတွေ ပဲ မြင်နေလို့ မှတ်တယ်။ တုန်ကင်တွေ လာမှာ ပါ ဝေေ၀ရဲ့ . . . စိတ်အေးအေး စားပါ’
ဦးစောဟန်သည် မချိုမချဉ်ပြုံးလျက် စ နေလေသည်။ မီးနီရောင် သည် ဝေေ၀့မျက်နှာပေါ်၌ ကျဆင်းအရောင် ဟပ်နေလေရာ မီးရောင် ထဲက တွေ့ ရသော အလှကို နှစ်သက် မက်မောစွာ ရွှန်းရွှန်းစားစား ရှုစားရလျက်၊ အင်္ဂလိပ် ၀တ္ထုထဲတွင် မီးနီအောက်တွင် တွေ့ ရသော ဘိုမလေး၏ ပုံသဏ္ဍာန်ကို အမှတ်ရနေသည်။
ညစာအပြီးတွင် ကော်ဖီ လာချပေးသည်။ ဝေေ၀သည် တစ်ငုံစာရှိမည့်  ကော်ဖီပန်းကန်အသေးစားကလေးထဲသို့ နို့နှင့် သကြားထည့်မွှေရင်း၊ ကလေးကစားစရာ ပန်းကန်နှင့် တူလိုက်တာဟု အောက်မေ့မိသည်။
ထမင်းစားပွဲခန်းမှ အိမ်ရှေ့ခန်းသို့ ကူးပြောင်းထိုင်ကြကာ ခဏနေကြပြီးနောက် ထပြန်လာကြသည်။ အိမ်ဝက အထွက် ‘ဝေေ၀ တုန်ကင် လာပါလိမ့်မယ်၊ ပျော်အောင် အိပ်နော်” ဟု စလိုက်ကာ ‘ဂွတ်နိုက်’ ဟု နှုတ်ဆက်လိုက်သော အသံသည် နားထဲတွင် စွဲပါလာကာ၊ အညှို့ခံရသူပမာ မြေကြီးနှင့် ခြေနှင့် နင်းမှန်းမသိ နင်းပြန်လာခဲ့လေသည်။
![]() မေ့အိမ်မက် | ![]() သူမ | ![]() ရင်မှတစ်ရှိုက် |