
အခန်း(၁)
ဦးချစ်ဆွေသည် ဒရိုင်ဘာအား ကားကို အမြန်ရပ်စေ၏ ။
ဦးအုန်းခိုင်လမ်းထိပ်ရှိ ဓာတ်မီးတိုင်အောက်တွင် လူနှစ် ဦး ထွေးလုံးရစ်ပတ် ဖြစ်နေကြသည့်အတွက် ကူညီရန် ပြေး၍ သွား၏ ။
ဦးချစ်ဆွေ အနီးသို့ ကပ်မလာခင် ထွေးလုံးသတ်ပုတ်နေကြသော လူတို့မှာ ဦးချစ်ဆွေ ပြေးလာလျှင် လာချင်း နှစ် ဦးစလုံးပင် ထိုနေရာမှ ဘူတာရုံကြီးဘက်ဆီသို့ ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ပြေးကြလေ၏ ။
ဦးချစ်ဆွေသည် မီးတိုင်အောက်၌ ထွေးလုံးနေကြသည်ကို မြင်ရသည့်အတွက် လူဆိုးလက်ထဲ လူကောင်း ရောက်နေသည်အထင်ရှိ၍ ကူညီရန် ပြေးလာခဲ့ရာ တက်တက်စင်လွဲ၍ နေ၏ ။
ဓာတ်မီးတိုင်အောက်သို့ ရောက်လျှင် ရောက်ချင်း ခံ့ခံ့ညားညား ရှိလှသည့် သားရေသေတ္တာကြီး တစ်လုံးသာလျှင် မြေကြီးပေါ်တွင် ငြိမ်ငြိမ်သက်သက်လေးနှင့် အမိခံလျက်ရှိနေ၏ ။ တအားကျုံး၍ အစွမ်းကုန်ပြေးသွားကြသော လူနှစ် ယောက် ကို ဓာတ်မီးရောင် ဖြင့် လှမ်းမျှော်ကြည့်ရင်း လက်စသတ်တော့ သူခိုးနှင့် သူဝှက်ကိုးဟု ခေါင်းရှင်း၍ သွားလေ၏ ။
ခရီးသွားရင်း သားရေသေတ္တာကြီးကို ကောက်ရတော့မည် ။ ယနေ့ည သည်အိမ်ကကားနှင့် လာခဲ့သည်မှာ ရန်ကုန်ထဲသို့သွားမည့် ခရီးမဟုတ်ဘဲ ဗိုလ်တစ်ထောင်ဆိပ်တွင် နံနက်ထွက်မည့်  သင်္ဘောကြီးပေါ်သို့ ဆင်း၍ အိပ်ရမည့်  ခရီးရှည်ကြီး ဖြစ်လေ၏ ။
ခရီးသွားတန်းလန်း ခရီးသွားမတ်တတ်တွင် သားရေသေတ္တာကြီးကို ဂျပိုးနှစ် ကောင် အပ်၍ သွားကြလေသဖြင့် မိမိမှာ ကောက်ရတော့မည် ။ မကောက်ဘဲ ထားခဲ့ ရှောင်ခဲ့၍ လည်းမ ဖြစ်၊ ဥစ္စာရှင်ကို ကြော်ငြာစုံစမ်း၍ မိမိသာလျှင် ပြန်ပေးနိုင်သူတစ်ဦး ဖြစ်ခြင်းကြောင့် ကောက်ရန်တာဝန်ရှိသည့်အတိုင်း ကောက်လိုက်ရလေ၏ ။
ညတွင်းချင်းပင် ဥစ္စာရှင်နှင့် တွေ့ ချင်ကာ ဥစ္စာရှင်နေရာကိုသိလျှင် ယခုပင်လိုက်၍ ပေးလိုက်မည် သာ ဖြစ်၏ ။ ယခုသော် ဥစ္စာရှင်နေရာကိုသိလျှင် ယခုပင်လိုက်၍ ပေးလိုက်မည် သာ ဖြစ်၏ ။ ယခုသော် ဥစ္စရှင်ကို ညတွင်းချင်းလည်း လိုက်မရှာနိုင်ဘဲ ကောက်သာကောက်ခဲ့ရသော်လည်း မနက်ထွက်မည့်  ခရီးလမ်းတွင် ၀န်ထုပ်ဝန်ပိုး ပိုလာခြင်းကို သဘောမကျနိုင်တိုင်း ဂျပိုးနှစ် ကောင်ကိုရေရွတ်ရင်း သားရေသေတ္တာကို ကားပေါ်သို့ တရွတ်ဆွဲတင်လိုက်လေ၏ ။
မန္တလေးအဆန် သင်္ဘောကြီးကား တရွေ့ရွေ့ ခုတ်မောင်း၍ နေ၏ ။ ကိုယ်လုံးကိုယ်ထည်ကြီးမား၍ ၀န်ကလည်း များ သဖြင့် တရွေ့ရွေ့သာ သွားနိုင်ရာ ခရီးသည်များ အတွက် ပျင်းရိဖွယ်ရာကြီး ဖြစ်ပေ၏ ။
အခန်းထဲတွင် အဖော်မပါ တစ်ကိုယ်တည်း ဦးခန်းထဲမှ စီးနင်းလိုက်ပါခဲ့လေရာ အပြင်ဘက်မှ ခရီးသည်များ ကဲ့သို့ ဆူညံစွာ စားသောက်ပျော်ပါး၍ ခရီးရှည်ကြီးကို မေ့ဖျောက်ရန် မရနိုင်သည့်အထဲမှ သင်္ဘောအောက်က ရေတိမ်ရေနက်ကြိုးပစ်၍ တိုင်းရသော အသံပေးနေသည့် အတွက်ကြောင့် ပို၍ ပင် ပျင်းရိလျက် လာလေ၏ ။
သင်္ဘောလက်တန်းသို့မှီလျက် မျက်စိအောက်မှ တော် တော် နှင့် မပျောက်ကွယ်နိုင်သော ရှုမျှော်ခင်းများ ကို ရပ်လျက်ကြည့်နေရာမှာ မျက်စိညောင်းဘာခြင်းကြောင့် မိမိအိပ်ခန်းထဲသို့ ၀င်လာခဲ့လေ၏ ။
အပေါက်ဝသို့ ၀င်လျှင်ဝင်ချင်း မိမိ ညက ယူခဲ့သော သေတ္တာကြီးကို သွား၍ မြင်လိုက်၏ ။ သေတ္တာ၏ အဖုံးအစွန်မှာ ပိန်ချိုင့်လျက်ချက်များ ပင် ကန်ပွင့်လျက် ရှိနေသည်ကိုတွေ့ ရလေ၏ ။ ဤတွင် စောစောက ထိုင်းမှိုင်းနေသည့်စိတ်များ လုံးလုံးပပျောက်သွားလျက် ခုတင်အောက်က သေတ္တာကို ဆွဲထုတ်လိုက်လေ၏ ။
သေတ္တာကို စိတ်ဝင်စားစွာ ကြည့်နေ၏ ။ ပတ်ပတ်လည်လိုက်၍ ကြည့်လေ၏ ။ အဖုံးပေါ်တွင် ဆေးဖြူနှင့် အင်္ဂလိပ်လို အတိုကောက်ရေး ထားသည့် MNL စာလုံးများ ကို တစ်လုံးစီ ဖတ်၏ ။
လူမျိုးခြားရဲ့ ပစ္စည်းလား၊ မြန်မာ့ပစ္စည်းလား၊ မြန်မာဆိုလျှင် မောင်မောင်လွန်းလား၊ ဘယ်သူများ ပါလိမ့်၊ ဘယ်လောက် နှမြောရှာမလဲဟု အောက်မေ့လျက် ပွင့်နေသည့်ချက်များ ကို အားနှင့် ဖိ၍ ပိတ်လေ၏ ။
သေတ္တာမှာ မသူတော် တို့ ပစ်ချလိုက်ကတည်းက သော့ ပွင့်ထွက်သွားရာ မိမိက အားစိုက်၍ ပိတ်ပါသော်လည်း သေတ္တာကား ဂျက်ပြုတ်၍ သွားသဖြင့် ပိတ်၍ မရပေ။
မိမိအခန်းထဲသို့ ဘွိုင် ကုလားများ ၀င်၍ အိပ်ရာခင်းအိပ်ရာပြင် လုပ်ကြခြင်းအတွက် သော့ ပိတ်မရှိလျှက် အထဲမှ တစ်စုံတစ်ရာ ပျောက်ရှသွားမည် စသည့် စိုးရိမ်ကြောင့်ကြ မှု များ ဖြစ်ပေါ်လာလေ၏ ။ သို့ ဖြစ်၍ ကြိုးစား၍ ပြန်ပိတ်၏ ။ မည် သို့ပင် ပိတ်ပိတ် သေတ္တာကား မဖြုန်၊ ကန်ကန်ပြီး ပွင့်၍ သွားလေ၏ ။
စိတ်ပျက်ပျက်နှင့် အိပ်စင်ပေါ်သို့ခြေတွဲ လွဲထိုင်လိုက်ကာ မရှုမလှ ဖြစ်နေသော သေတ္တာကို မသက်မသာ မျက်နှာထားနှင့် ကြည့်နေ၏ ။
“ဒုက္ခပါပဲ”
ဟုလည်း ညည်းညူကာ လုံခြုံနိုင်မည့်  နည်းလမ်းကို ကြံဆလေ၏ ။
စိတ်ကူးထုတ်၍ ရသည်မှာ ဤသေတ္တာထဲမှ ပစ္စည်းများ ကို မိမိသေတ္တာနှင့် ပြောင်း၍ ထည့်ရန် ဖြစ်၏ ။
မိမိပစ္စည်းများ မှာ အရေအတွက်နှင့် သိပြီး ဖြစ်၍ ပျောက်သွားသည့် တိုက်အောင်လည်း၊ အရေး မကြီးလှရကား မိမိကောက်ခဲ့ရသည့် သေတ္တာထဲမှာ ပစ္စည်းတစ်စုံတစ်ရာ ပျောက်ရှသွားမည် သာ ပူပန်မိလေ၏ ။
ဤတွင် အိပ်စင်ပေါ်မှ ကိုယ်ကိုလွဲ၍ ခုန်ချလိုက်ပြီးနောက် အိပ်စင်အောက်က မိမိသေတ္တာကို ဆွဲယူထုတ်လိုက်၏ ။ မကြာမီအတွင်း သေတ္တာကို ဆွဲယူထုတ်လိုက်၏ ။ မကြာမီအတွင်းသေတ္တာထဲတွင် ပါလာသော ရှိရှိသမျှ မိမိအ၀တ်အထည်များ ကို အိပ်ရာပေါ်သို့ ဖြန့်ပုံလေ၏ ။
နောက်သေတ္တာမှ ထုတ်ပုံစရာရှိသေး၍ နေရာကို တစ်ဝက်သာလျှင် ယူ၍ ပုံ၏ ။ အလုပ်တစ်ခုခု လုပ်နေရသည့်အတွက် ပျော်သလိုလို ရှိလာကာ လုပ်ရင်း ကိုင်ရင်း လေချွန်နေလေ၏ ။
တစ်သေတ္တာအတွက် တစ်ကိစ္စပြီးလေပြီ။ မိမိသေတ္တာဟောင်းလောင်းကို ဘေးသို့ တွန်းဖယ်လိုက်ပြီးလျှင် ရလာခဲ့သော သေတ္တာကို မိမိရှေ့သို့ ဆွဲ၍ ယူလိုက်၏ ။
သေတ္တာဖုံးကို ဖွင့်ဖို့ရန် ကိုယ်ကို ကုန်းလိုက်ပြီးနောက် ကုန်းလျက်ကြီးနှင့် ပင် အဖုံးကို မလှန်သေးဘဲ တွေ လျက်နေ၏ ။
သူတစ်ပါးသေတ္တာကို အခွင့်မရဘဲနှင့် ဖွင့်ရန် ၀န်လေး၍ နေလေ၏ ။ ဤအကျင့်မျိုးကို ဘယ်သော အခါကမှ စိတ်ဆန္ဒမပေါ်ပေါက်ခဲ့ဖူး၍ လက်မြန်ခြေမြန်မရှိ ဖြစ်နေ၏ ။ စောစောက သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ်ရှိသလောက် ယခု ချီတုံချတုံ ဖြစ်နေသည့်အတွက် ဖွင့်ဖို့ရန် ဖင့်နှေးလေးကွေးနေ၏ ။
ဦးချစ်ဆွေကား ကြောက်၍ နေ၏ ။ ပစ္စည်းရှင်ကို ကြောက်၍ မဟုတ်၊ သေတ္တာကို ကြောက်၍ မဟုတ်၊ သေတ္တာထဲမှ ပစ္စည်းကို ကြောက်၍ လည်း မဟုတ်၊ သူ၏ ကိုယ်ကျင့်တရားကို သူဖောက်ဖျက်ရမည် ကို ကြောက်ရွံ့၍ နောက်တွန့်နေခြင်း ဖြစ်၏ ။
ကောင်းရာကောင်းကြောင်း ဖြစ်ဖို့လုပ်ရန် သိလျက်နှင့် လည်း တွန့်၍ နေ၏ ။ ထိုစိတ်ကြောင့် သေတ္တာမှာ ပွင့်ရိုးပွင့်စဉ်မျိုးမပွင့်ရဘဲမျက်လှည့်ဆရာဖွင့်သကဲ့သို့ တဖြည်းဖြည်း ဟဟလာပြီးမှ ပွင့်သွားရလေ၏ ။
ဖွေးဖွေးဖြူနေသော အ၀တ်စကြီးကို အပေါ်က ဖုံးအုပ်၍ ထား၏ ။ အစများ ကို လေးဘက် လေးထောင့် ချပ်ချပ်ရပ်ရပ် ဖိညှပ်၍ ထားသဖြင့် ထိုအ၀တ်ကို လှန်ဖို့ရန် ခဲရင်းနေပြန်လေ၏ ။
ဤအ၀တ်အစနှင့် အဘယ်ကြောင့် ဖုံးဖိထားသည်ကို တွေးဆ၍ မရပေ။ ဆောင့်ကြောင့် ထိုင်လျက် တစ်ခဏမျှ ငိုင်ကြည့်နေ၏ ။ ချီတုံချတုံ ဖြစ်၍ နေပြီးမှ လက်ဖက်ကို တဖြည်းဖြည်း ဆန့်၍ လက်ဝဲဘက်မှ ထောင့်နှစ် စကို သာသာညင်းညင်း ဆွဲယူ၍ သေတ္တာတစ်ဝက်အထိပိတ်စကို လှစ်လာရာတွင် စက္ကူအိတ်တစ်အိတ်ဖြင့် ထည့်၍ ဆင့်ပုံထပ်ထားသည့် အပုံတစ်ပုံ ပေါ်ထားခြင်းကြောင့် . . . “အထည်သည်” ပဲဟု အတတ်စွဲလိုက်လေ၏ ။
တစ်ဖန် ကျန်တစ်ဖက်သို့ ပိတ်စအဆုံး ဆွဲဖော်လာသည့်အခါ၌ ကား အသက်ရှုများ ပင် မှားကာ ကြမ်းပေါ်သို့ ဖင်ထိုင်ကျလျက် ကျသွားလေ၏ ။
အတွင်းခံ ဇာဘော်လီများ ကို ပရှုးခေါက်ခေါက်၍ က တစ်ပုံ၊ မိန်းမ၀တ် အပေါ်အကျီ င်္များ ကို လေးထောင့်ကျကျ ခေါက်ထားသည့် ဒိုဘီချများ က တစ်ပုံ၊ အတွင်းခံ ပိတ်ထဘီများ က တစ်ပုံ၊ တို့ဘရက်ကိုး၊ လင်နင်၊ ပြောင်၊ ဘလာ၊ အပွင့်ရိုက် စသည့် ချည်လုံချည်များ က တစ်ပုံ၊ အပုံပုံတို့တွင် ချောင်ရာချောင်ရာ ကြားကွက်တိုင်း ကြားကွက်တိုင်း၌ ငွေပေါင်ဒါဘူး၊ မျက်နှာလိမ်း ပေါင်ဒါဘူး၊ ကိုယ်လိမ်းပေါင်းဒါဘူး၊ ဘီးအစ်၊ ကြယ်သီးအပ် စသည့် တိုလီမိုလီဖြီးစရာ၊ လိမ်းစရာများ အပြင် လေးထောင့်သဏ္ဍာန် စက္ကူဘူး၊ ရှည်လျားလျား၊ စက္ကူဘူး စသည်တို့ပါ မြင်ရလေ၏ ။
အကုန်ကျုံး၍ ပါနိုင်ရန်နေရာ ခိုး၍ စနစ်တကျ သပ်သပ်ရပ်ရပ် ထည့်ထားသည့်လက်ရာကို ပေါ်ထွက်၍ ပြနေလေ၏ ။
မိမိတွင် အသက် ၃၆ နှစ် ၊ ၃၇ နှစ် တိုင်အောင် မည် သည့်မိန်းမနှင့် မှလည်း နီးနီးစပ်စပ် မနေခဲ့ရချေ။
အမေလည်း မရှိ၊ နှမလည်းမရှိ၊ လူပျိုကြီးဘ၀နှင့် တစ်ကိုယ်တည်းနေသူ ဖြစ်၍ အစိုးရအလုပ်နှင့် ပြောင်းလေရာ မြို့တိုင်းတွင် ဘုန်းကြီးလူထွက် နယ်ပိုင်ဝန်ထောက်ဟုသာ လူသိများ ကြလေ၏ ။
ဘိလပ်မှ ပြန်လာကတည်းက အစ်ကိုလုပ်သူက မိန်းမယူရန် တိုက်တွန်းနေလေရာ သားဒုက္ခ၊ မယားဒုက္ခကို နေပါဦး၊ ကိုကြီးရာ အေးအေးဆေးဆေးပဲ ကျွန်တော် နေပါရစေဦးဟု အခါခါ တောင်းပန်ခဲ့လေ၏ ။
မိဘများ ငယ်စဉ်ကပင် ပစ်သွား၍ မိမိကိုပင် ငယ်စဉ်ကလေးဘ၀က ကျွေးမွေးသုတ်သင်လာကာ ၎င်းတွင် သားသမီးလည်း မ ဖြစ်ထွန်း၍ ညီလိုတစ်မျိုး သားလိုတစ်သွယ် သံယောဇဉ်တွယ်တာလျက် မိန်းမယူ၍ စိတ်မအေးနိုင်အောင် ဖြစ်နေသည့် အစ်ကို့အတွက် အားနာစိတ်များ ပင် ဖြစ်မိတော့၏ ။
မိန်းမ တစ်ယောက် ကို အိမ်ပေါ်တက်၍ ကိုးကွယ်ရမည် ကဲ့သို့ ၀န်လေးနေလေ၏ ။
မိမိအလိုကို မိမိဘာသာ သဘောကျရှာကြံ၍ ယူရန် ပြောတိုင်းလည်း မိမိတွင် မိန်းမယူရန် အရေး ကြီးသည်ဟု တစ်ခါမှ မအောက်မေ့ဖူးခဲ့သဖြင့် . . .
“ဘယ်တော့မှ “စွံ့” မယ့် အကောင်မဟုတ်ဘူး၊ မင်းလို ကောင်ကများ မိန်းမရှာရသေးသလား”
ဟု အစ်ကို၏ အပြစ်တင်ကို အစဉ်ပင် ခံခဲ့ရသေး၏ ။
ယခုလည်း ရေနံချောင်းမှနေ၍ မင်းအတွက် မိန်းမတွေ့ ထားပြီး မင်းနဲ့လဲ လိုက်တယ်၊ ရုပ်ရော၊ ဥစ္စာရော အလိမ္မာရော ပြောစရာမရှိပါဘူး။ မင်း လာကြည့်လှည့်ပါဟု ရုံးပိတ်ရက်တိုင်းလာရန် စာအတန်တန် ပို့သော်လည်း မိန်းမ တစ်ယောက် အတွက် အရေး တကြီးထား၍ လိုက်လိုစိတ် လုံးဝမရှိသဖြင့် မသွားဘဲ နေခဲ့၏ ။
“မင်းကို မှာ တာ မင်းမလာဘူး၊ ငါစေ့စပ်လိုက်ရမလား၊ ငါစေ့စပ်ရင် မင်းယူရလိမ့်မယ်၊ အိုကြီး အိုမနဲ့ မင်းအတွက် ဒါလောက် ပူရတာ များ ငါ့ကိုများ အားနာပါဦး ညီလေးရယ်၊ မင်း အိမ်ထောင်ကျပြီးမှပဲ ငါခေါင်းချချင်တယ်၊ ဒီလို တစ်ယောက် တည်းပဲ နေမယ်ဆိုတာ ငါနည်းနည်း မှ စိတ်မအေးနိုင်ဘူး၊ အိုရေး ၊ နာရေး ရှိသေးတယ်၊ မင်းမပူပေမယ့် ငါ့မှာ တော့ ပူနေရတာ ပဲ။ အသက်လဲ ငယ်တော့တာ မဟုတ်ဘူး၊ အချိန်ရှိတုန်း အခွင့်ပေါ်တုန်းအခါမျိုးမှာ လွဲရှောင်ဖို့ မဟုတ်ဘူး။ မင်းကို စောင့်မနေနိုင်ဘူး။ ငါစေ့စပ်ထားလိုက်မယ်”
မိမိအား တွင် တွင် သာ နားပူနေသဖြင့် အေးမှ အေးစေတော့ စိတ်မှချမ်းသာစေတော့ ဟူသော စိတ်တစ်ခုတည်း ရှေ့ရှုလျက် ကိုကြီးသဘောအတိုင်းပဲဟု မိန်းမယူရန် ကိစ္စကိုမျှ ပေါ့ပေါ့တန်တန် သဘောထားသူ ဖြစ်လေ၏ ။
မကြာမီ အမြန်လာခဲ့ရန် သံကြိုးတွေ နဲ့ ခေါ်နေသော်လည်း မိမိက အေးအေးလူလူ သင်္ဘောနှင့် လာခဲ့ပါရစေဟု စာပြန်လိုက်ပြီးနောက် သင်္ဘောနှင့် လိုက်ပါခဲ့ခြင်း ဖြစ်ပေ၏ ။
တစ်ခါဖူးမျှ အိမ်ထောင်ရေး ကို တွေးမကြည့်ဖူးပေ။ အိမ်ထောင်ပြုရန် စိတ်ကူးမထည့်သာ၍ အိမ်ထောင်ရေး ကို တွေး၍ မကြည့်ခြင်း ဖြစ်လေ၏ ။ အလုပ်အားချိန်တွင် ၀ါသနာပါရာ စာဖတ်၍ အချိန်ကို ကုန်လွန်စေ၏ ။
မိန်းမမှု မိန်းမရေး ရာကို အလျင်းဂရုမစိုက်သူ တစ်ယောက် ဖြစ်၏ ။ မိန်းမများ နှင့် ပတ်သက်ရန် အလိုမရှိရုံအပြင် မိန်းမများ အား စိတ်နုကိုယ်နုသည့် ဖယောင်းထည်တွေ ပဲဟု ဘယ်သော အခါကမျှ အထင်မကြီးခဲ့ပေ။
ဤမျှ မိန်းမနှင့် ကင်းကင်းရှင်းရှင်းနေခဲ့သူ တစ်ယောက် ဖြစ်၍ ယခုလို မိန်းမထဘီ၊ မိန်းအကျီ င်္ မိန်းမအသုံးအဆောင်များ ကိုင်တွယ်ရမည် ကို နှလုံးမချမ်းမသာ ဖြစ်နေ၏ ။
သေတ္တာမှ ထွက်နေသော အနံ့သည် နှာခေါင်းတွင် လာ၍ သင်းနေလေ၏ ။ ယခုလို သင်းပျံ့သော ရနံ့မျိုးကို တစ်ခါဖူးမျှ မရှူရှိုက်ဖူးရကား အနံ့ကို စုံစမ်းသည့် သဘောနှင့် ရှိုက်လိုက်တိုင်း နှလုံးတွင် ကြည်လင်ချိုအေးသွားသည်ကို တွေ့ ရလေ၏ ။
သေတ္တာလက်ဝဲဘက်မှ စက္ကူအိတ် တစ်အိတ်နှင့် ထည့်၍ ထပ်ထားသည့် အပုံမှ စက္ကူအိတ်တစ်အိတ်ကို ကောက်ယူပြီးနောက် အိပ်စင်ပေါ်သို့ လှမ်းတင်လိုက်လေ၏ ။ လေးငါးအိတ်ယူတင်ပြီးမှ အိပ်စင်ကို လှမ်း၍ ကြည့်ပြီး တစ်စုံတစ်ခုကို သတိရလေ၏ ။
မိမိအ၀တ်အစားများ မှာ မွေ့ရာခြေရင်းဘက်တွင် စုပုံထား၍ ယခုမိမိပုံတင်နေသော အထုပ်များ မှာ ခေါင်းအုံးနှင့် ကပ်လျက် ခေါင်းရင်းဘက်တွင် ပုံနေသဖြင့် သိလိုသည့်သဘောနှင့် လက်ထဲတွင် ကိုင်ထားသော အိတ်တစ်အိတ်ကို ဆွဲထုတ်လိုက်ရာ နူးညံ့လှပသည့် ပိုးဇာထဘီတစ်ထည် ထွက်၍ လာ၏ ။
ဤတွင် မှ ကပျာကယာထဘီကို သေတ္တာပေါ်သို့ ပစ်ချလိုက်၏ ။ စောစောက တင်ထားသော အထုပ်များ ကိုပါ လှမ်း၍ သေတ္တာထဲသို့ ပစ်ပုံလိုက်၏ ။ ပြီးမှ မိမိအ၀တ်အစားပုံကို ခေါင်းရင်းဘက်သို့ ရွှေ့ပုံရပြန်လေ၏ ။
အလုပ်လုပ်နေရင်းမှ အလုပ်တွင် ရှုပ်သွားပုံကို တစ်ကိုယ်တည်းကြိတ်၍ ပြုံးလေ၏ ။ ပိတ်ထားသော တံခါးကိုလည်း ချက်ကျမကျ လှမ်း၍ ကြည့်လေ၏ ။
ဆွဲထုတ်ထားသည့် ထဘီကို စက္ကူထုတ်ထဲသို့ ပြန်သွင်းရန် တာဝန်ရှိနေသဖြင့် တောက်ခေါက်လျက် အခေါက်တိုင်း ပြန်သွင်းလေ၏ ။
“အဖိုးထိုက်အဖိုးတန်လုံချည်တွေ မို့ ဒီလို စက္ကူတစ်အိတ်စီနဲ့ တရိုတသေ သိမ်းတာပဲ၊ အ၀တ်ဖုံးထားတာဟာ ပုံပန်းခရီးသွားရမှာ မို့ မီးရထားစီးရင်း သေတ္တာထဲကို မီးသွေးမှု န့်တွေ မလွင့်ရအောင် အုပ်လာတာပဲ ဖြစ်ရမယ်” ဟု သေတ္တာကို ဘူတာရုံကြီးနားမှ ရခဲ့သဖြင့် ဤကဲ့သို့ ဆက်စပ်၍ တွေးရင်း သေတ္တာထဲမှ အထုတ်များ ကို တွင် တွင် ကြီး မွေ့ရာပေါ်သို့ တင်ပုံနေလေ၏ ။
ချည်လုံချည်များ ကို တင်ရခါနီး တွင် ရွံ့တွန့်တွန့်လုပ်နေလေ၏ ။ ယောက်ျားများ ထဘီကိုကိုင်ရမည် ကို ဘာကြောင့် ကြောက်သည်ကိုကား စဉ်းစား၍ မရပေ။ နိမ့်ကျသွားမည် ကဲ့သို့ မှတ်ထင်ပုံမှာ ကိုယ်တွေ့ ပင် ဖြစ်၍ နေ၏ ။
အ၀တ်အထည်ပဲ နူသွားတာမှတ်လို့ သန့်သန့်ရှင်းရှင်း သစ်သစ်လွင်လွင်တွေ ဟာဟု မနည်းကြီး စိတ်ကို နှစ် သိမ့်ရလေ၏ ။
ရဟန္တာများ ပင် သချိင်္ုင်းက ပံသကူအထည်တောင် ဆင်မြန်းသေးတာပဲဟုလည်း တရားသက်ဝင် ကြည့်ယူရလေ၏ ။ သို့မှပင် ကိုင်လို့တွယ်လို့ ရလေ၏ ။
ဖြီးစရာ လိမ်းစရာ၊ တိုလီမုတ်စများ ကို သွက်သွက်ကလေးယူ၍ တင်နေလေ၏ ။ မိန်းမလောက် ပစ္စည်းကျယ်ဝန်းတာ မရှိပါကလားဟု တင်ရင်း တွေးနေ၏ ။
ဆပ်ပြာခွက်၊ ယပ်တောင်၊ မဃဒေ၀ကျမ်းစာအုပ်၊ စိတ်ပုတီး၊ လက်ကိုင်အိတ်၊ လက်နှိပ်ဓာတ်မီး၊ မှန် စသည့်ပစ္စည်းတစ်ခု အ၀တ်တွေ အောက်မှ တစ်ခုစီ ထွက်၍ လာပြန်ရာ . . .
တော် လည်းတော် တဲ့ မိန်းမ၊ စုံအောင်လည်း ယူနိုင်တယ်၊ ၀င်အောင်လည်း ထည့်နိုင်တယ်၊ ရှုပ်ပွေလို့လည်း မနေဘူး၊ တစ်ကန့်စီ တစ်ခြားစီ တတ်နိုင်ရန်ကောဟု အံ့သြချီးမွမ်းပြီး ယူ၍ တင်လေ၏ ။
သေတ္တာထဲတွင် အားလုံးကုန်၍ အောက်ဆုံးက ခင်းထားသော စက္ကူကို မဖယ်လိုက်ရာ ပေါက်ပြဲနေသော စက္ကူအိတ်ကြီး တစ်အိတ်ကို တွေ့ ရ၍ ဆွဲယူလေ၏ ။
အိတ်သာလျှင် လက်ထဲ၌ ပါလာပြီးလျှင် အထဲမှ ပစ္စည်းများ မှာ သေတ္တာထဲသို့ တသော သော ကျွံကျရစ်ခဲ့လေ၏ ။
လက်ထဲမှ အိတ်ကို သေသေချာချာကြည့်၏ ။ ကျကုန်သည့် ပစ္စည်းများ ကိုလည်း တစ်ခုစီယူ၍ ကြည့်လေ၏ ။
ကြည့်ရင်း ကြည့်ရင်း မျက်တောင်မခတ်ဘဲ အသက်မရှူဘဲ ဈာန်ဝင်စားနေသော ရသေ့ရဟန်းများ ကဲ့သို့ ပစ္စည်းမျာကိုသာ မမှိတ်မသုန် စူးစိုက်၍ နေလေ၏ ။
![]() သွေး | ![]() လက်ရွေးစင်ဝတ္ထုတိုများ(၁၉၄၁-၁၉၈၁) | ![]() ရင်နင့်အောင်မွှေး |