
ဇော်ဂျီ၏ နိဒါန်း
ရသစာပေ၏ ရည်ရွယ်ချက်သည် ပရိသတ်အား နှစ်သက် သာယာခြင်းရသကိုပေးရန် ဖြစ်လေသည်။ တစ်ဖန် ရသကိုပေးရန် အားထုတ်ကြရာတွင် စာရေး ဆရာအချို့သည် ရသသက် သက် ကိုသာပေးနိုင်ကြသည်။ ပေးလိုကြသည်။ အချို့လည်း ဘဝအမြင် အသိသတိအာနိသင်ကိုပါ အာရုံပြုစေနိုင်သော အာနိသင်ရသကို ပေးနိုင်ကြသည်။ ပေးလိုကြသည်။ ထို့ကြောင့် ရသစာပေကို နှစ် မျိုးခွဲ၍ ရသည်ဟု ထင်ပါသည်။ တစ်မျိုးသည် ရသသက်သက် စာမျိုး (ဝါ )အပျင်းပြေစာငယ် ဖြစ်နိုင်သည်။ ကျန်တစ်မျိုးသည် အာနိသင်ရသတစ်မျိုး (ဝါ ) ဘဝမြင်စာကြီး ဖြစ်နိုင်သည်။ သို့ရာတွင် စာပေဟူသည် ကိုင်၍ တွယ်၍ ရသော ဝတ္တုပစ္စည်း မဟုတ်သဖြင့် တိတိကျကျ ခွဲ၍ ဘောင်ခတ်နိုင်သည် မဟုတ်ချေ။ အပျင်းပြေဖတ်ဖို့ အားသန်လျှင် စာငယ်ဟူ၍ လည်းကောင်း၊ ဘဝအမြင်ဘက်သို့ အားသန်လျှင် စာကြီးဟူ၍ လည်းကောင်း ထိုသို့ သာလျှင် ခွဲကြည့်ရခြင်း ဖြစ်သည် ကို သတိပြုအပ်ပါသည်။
မြန်မာစာပေလောကတွင် ကာလပေါ်ဝတ္တုကို အရေး အသား ပေါ်ခဲ့သည်မှာ အနှစ် ငါးဆယ်ခန့်လောက်သာ ရှိသေးပေသည်။ သို့ရာတွင် ထိုအနှစ် ငါးဆယ်ခန့်လောက်အတွင်း၌ စာကြီးပိုင်းသို့ ဝင်နိုင်သည်ဟု ဆိုအပ်သော ကာလပေါ် မြန်မာဝတ္တုကို အရေအတွက်သည် များ သည်ဟု မဆိုသာသော်လည်း မြန်မာစာပေလောက၌ အမြစ်တွယ်နိုင်လောက်အောင်ကား အားရှိလာပြီဟု ဆိုချင်ပါသည်။ စင်စစ်မှာ အမြစ်တွယ်နေကြပါပြီ။
ဤစာစောင်တွင် ဝတ္တုတိုဆရာ ဂျာနယ်ကျော်မမလေး ရွေးသော ဝတ္တုတို ကိုးပုဒ် ပါရှိပါသည်။ ဝတ္တုတိုတို့သည် မဂ္ဂဇင်းကြီးများ ၌ ပါပြီးသား ဖြစ်ရာ ယခုအခါ တစ်စုတစ်ပေါင်းပြု၍ ပြန်လည်ပုံနှိပ်ခြင်း ဖြစ်သည်။
ထိုဝတ္တုတို ကိုးပုဒ်တိုတို့သည် သူ့အလှနှင့် သူ တည်ရှိနေသည်ဟု ယူဆသဖြင့် အကျယ်မချဲ့လိုပြီ။ ကြောင်းချင်းရာလောက်ကိုသာလျှင် ပရိသတ်အား မိတ်ဆက်ပေးလိုပါသည်။ ထိုဝတ္တုတိုတို့ကို ဖတ်ကြည့်လျှင် လူငယ်လူရွယ်တို့ ချစ်ကိစ္စကို မတွေ့ ရ။ လူကြီး၊ လူလတ်၊ ယောက်ျား၊ မိန်းမ တို့၏ ဘဝအထွေထွေကိစ္စကိုသာ တွေ့ ကြရပေလိမ့်မည် ။ တစ်ဖန် ဝတ္တုတိုဆရာသည် မြန်မာအမျိုးသမီး ဖြစ်ရာ မြန်မာအမျိုးသမီးတစ်ဦး ကြည့်တက်၊ မြင်တက်သော မြန်မာအမျိုးသမီးတို့၏ အိမ်မှု အိမ်ရေး ၊ လင်ရေး သားရေး အမူအရာတို့ကို အသားပေးထားသည်ကိုလည်း တွေ့ ကြရပေလိမ့်မည် ။ တစ်ဖန် ထိုအမူအရာတို့တွင် ဘဝအဆွေးကွက်တို့ကိုသာ (ဝါ) ဆွေးစရာကောင်းသော ဘဝအကွက်တို့ကိုသာ ဖော်ထားသည်ကိုလည်း တွေ့ ကြရပေလိမ့်မည် ။ ဝတ္တုတိုဆရာသည် မြန်မာ့လောကတွင် တရားပျက်နေသော အစိတ်အပိုင်းကို သူမြင်သလောက် တင်ပြ၍ စာဖတ်ပရိသတ်အား သတိပြုစေလိုသော သူ့ဆန္ဒကြောင့် ဖြစ်နိုင်သည်ဟု ယူဆမိသည်။ ဝတ္တုတိုတို့ကို တစ်ပုဒ်စီ စိစစ်ကြည့်လျှင် ဤသို့ တွေ့ နိုင်ပါသည်။
“ မြက်ကလေးတစ်ပင် ” တွင် ကိုယ်ချင်းစာတရား ခေါင်းပါးလှသော အိမ်ရှင်မကြောင့် ကံမကောင်း အကြောင်းမလှ ဒုက္ခတွေ့ ရရှာသော အိမ်စေကလေးမ၏ ကြေကွဲဖွယ်ရာအ ဖြစ်ကို ဖွဲ့ခဲ့သည်။ “လှတစ်မျက်နှာ ” တွင် မျက်နှာလှဖို့၊ ပေါ်ကြော့နေဖို့သာ အားထုတ်နေသော မယား၏ အညံ့အဖျင်းကို လည်းကောင်း၊ ကိုယ်ကျိုးရှာလင်၏ အညံ့အဖျင်းကို လည်းကောင်း သရော်ခဲ့သည်။ “ သံသရာဘေး ” တွင် ဒုလ္လဘရဟန်းဘဝမှ ဘယာကြောင့် မထွက်ချင် ဖြစ်နေရာမှ မယားနှစ် ယောက် နေခဲ့သော ပစ္စည်းလေးပါးဒါယကာကြောင့် ရဟန်းဘဝ၌ ပင် မြဲအောင် အားထုတ်သော ရုံးစာရေး ၏ အ ဖြစ်ကို ပြောပြခဲ့သည်။
“ ခေမာရီ ” တွင် ဘဝလှိုင်းလုံး၏ အပုတ်ကို မခံလိုသဖြင့် လွတ်ရာကျွတ်ရာ၌ နေချင်ပါသော်လည်း ဘဝလှိုင်းလုံးဒဏ်ကို ရှောင်၍ မရခဲ့သော သီလရှင်၏ ဒုက္ခကို ဖွဲ့ခဲ့သည်။ “ တွေးတစိမ့်စိမ့် ” တွင် အငယ်အနှောင်းယူသော လင်ကြောင့် လည်းကောင်း၊ အငယ်အနှောင်းယူသော သမက်ကြောင့် လည်းကောင်း သမီးဒုက္ခ၊ မြေးဒုက္ခတို့ကို ကုန်း၍ ခံနေသော အမျိုးသမီးကြီး၏ အ ဖြစ်ကို ဖွဲ့ခဲ့သည်။ “ အဝယ်နှင့် အလျော် ” တွင် အဂတိ လိုက်စားသော ပြည်သူ့ဝန်ထမ်းအချို့၏ အမူအရာတို့ကို တင်ပြခဲ့သည်။ “ သည်အပူ ” တွင် အိမ်စေမကို မယားလုပ်သော မုဆိုးဖို ဖခင်ကြောင့် သော က ဒေါမနဿ ဖြစ်ရသော သမီးအပျိုကြီး၏ ဒုက္ခကို ဖွဲ့ခဲ့သည်။ “ အားမကျပေါင် ရှင် ” တွင် မိန်းမပျင်း၊ မိန်းမဖျင်း၏ အမူအရာတို့ကို တင်ပြခဲ့သည်။ “ ကာဖီ ” တွင် ကြိတ်၍ ခံလိုက်ရသော သူဆင်းရဲမ အဘွားအို၏ အ ဖြစ်ကို ဖွဲ့ခဲ့သည်။ ဝတ္တုတိုများ တွင် ဒုက္ခသည်ဇာတ်လိုက်တို့ကို အဖွဲ့ကောင်းသလောက်၊ ကုန်းရုတ်ဇတ်လိုက်တို့ကိုလည်း အဖွဲ့ကောင်းပေသည်။ ဝတ္တုတိုဆရာ၌ ကြားတက် မြင်တက်သော နားမျက်စိရှိသော ကြောင့် သာမက သနားတက်သော ကရုဏာ စေတနာကြောင့် လည်းကောင်း ဖြစ်သည်ဟု ယူပါသည်။
ဂျာနယ်ကျော်မမလေးသည် မြန်မာအမျိုးသမီးလောက ခံစားနေရသော လူမှု ဝေဒနာတို့၏ သဘောကို တင်ပြခဲ့ပြီ။ ထိုဝေဒနာတို့နှင့် သင့်သော ဆေးသည် အဘယ်မှာ နည်း။ မည် သူတို့သည် ကုစားနိုင်ကြမည် နည်း။ တစ်မိနစ်လောက်မျှ ကိုယ်ရှိန်သတ်၍ ဆင်ခြင်ကြည့်နိုင်ကြလျှင် အဖြေတွေ့  မည် လားမသိ။ ဆင်ခြင်ကြည့်ကြပါကုန်။
ဒဂုန်တာရာ
ဒဂုံတာရာ၏ "ရှုမငြီး" ဝေဖန်ချက်
“ သူလိုလူ ”ဝတ္တုကြီးဖြင့် ထင်ရှားသော ဂျာနယ်ကျော်မမလေးသည် သူမ၏ ဝတ္တုတိုများ ကို စုပေါင်း၍ “ ရှုမငြီး ” ဟု ထုတ်ဝေလိုက်ပေပြီ။
နိုင်ငံခြားများ ၌ ကား ဝတ္တုတိုကလေး စုပေါင်း၍ ထုတ်ဝေခြင်းမှာ အဆန်းမဟုတ်တော့ပြီ။ မြန်မာပြည်၌ ကား ဤကဲ့သို့ ဝတ္တုတိုပေါင်းချုပ်ကို ထုတ်ခဲလှပေသည်။
အပြင်းပြေသက်သက်ဖတ်သော လူများ စု စာဖတ်သူတို့သည် ဝတ္တုတိုများ ကို နှစ်သက် လေ့မရှိကြ။ ပုံနှိပ်ပြီးသားဆိုလျှင်လည်း “ အဟောင်းကြီးပါ ” ဟုဆိုကာ အသစ်လောက် ဝယ်လေ့မရှိကြသည့် ခေတ်ဝယ် ဤ “ ရှုမငြီး ” ကို ထုတ်ဝေလိုက်ခြင်းသည် ရဲရင့်လှ၍ ချီးကျူးဖွယ်ပင်။
စာတိုသဖြင့် အပျင်းပြေချင်မှ ပြေပေမည် ။ ဖတ်ပြီးသား အဟောင်းဟု တွက်ကာ အသစ်စက်စက်ကိုမှလည်း မက်ချင် မက်ပေမည် ။ သို့ သော် ဝတ္တုတို၏ အရသာ စာအုပ်အဟောင်းသော်လည်း ဘယ်တော့မှ မဟောင်းမရိုးဘဲ သစ်ဆန်းတည်နေသော စာပေ၏ ဂုဏ်သတ္တိတို့မှာ ကား သီခြားရှိပေသည်။
ဝတ္တုတိုဆိုသည်မှာ စာမျက်နှာ၏ တိုခြင်းသက်သက်ကိုသာ ခေါ်သည်မဟုတ်ဘဲ အ ဖြစ်အပျက်တစ်ခု၊ အတွေးအခေါ်တစ်ရပ်ကို သေသေသပ်သပ် လှလှပပနှင့် စေ့စေ့ဖော်ပြခြင်း ဖြစ်ပေသည်။
ဂျာနယ်ကျော်မမလေး၏ ဝတ္တုများ သည် အားလုံးလိုလိုပင် ဝတ္တုတို အတက်ပညာနှင့် ပြည့်ဝလှပေသည်။ “ အေးအေး ” မှာ စာရေး သူ၏ ပြုပြင်ရေး ဝါဒကို ပြောပြထားသည်။ “ ဗာဟီရ ” မှာ အိမ်ထောင်၏ ပိုက်ဆံအိတ်သဘောကို ဖွင့်ပြထားသည်။ “ သည်ဆောင်း ” နှင့် “ သည်မိုး ” မှာ ပစ္စည်းမဲ့ ဆင်းရဲသားတောသားဘဝ၏ ပန်းချီကားချပ် ဖြစ်လေသည်။ သရုပ်သဏ္ဍာန်လည်း ပေါ်လှပေ၏ ။ လွမ်းစရာလည်း ကောင်းလှ၏
“ တရားပုလိပ်စောင့် ” မှာ ပုလိပ်အဖွဲ့သားတိုင်း ဖတ်ထိုက်သော ပြုပြင်ရေး ဆန်ဆန် ဝတ္တုတို ဖြစ်၏ ။ “ မိန်းမပီပီ” ကား မင်းပိုင်စိုးပင် ကတော် များ ၏ နေထိုင်မှု မှ အိမ်ထောင်သိမ်းဆည်းရေး အအက်အနာများ ကို ကြည့်ရှုတွေ့ မြင်ချက် ဖြစ်ပေ၏
ဂျာနယ်ကျော် မမလေးကား ဝတ္တရေး ဆရာတို့၏ အရည်တစ်ရပ် ဖြစ်သော စေ့ငုံသေချာစွာ သိမြင် ကြည့်ရှုတက်ခြင်းဖြင့် ပြည့်ဝလှသည်။ သူမ၏ ဝတ္တုတိုများ တွင် အသေးစိတ် မှု န်မှု န်သေးသေးများ ပင် ပါ၍ အားကောင်းသော မှန်ဘီလူးနှင့် ကြည့်သကဲ့သို့ ပီသခြင်း အသေးစိတ်များ ပါ အကုန်လာ၍ ထင်ပေသည်။
၎င်းအပြင် မမလေး၏ အတွေးအခေါ်များ မှာ မိန်းမ ပီသပြီးလျှင် ဖတ်ချင့်စဖွယ်ကောင်းလှသည်။ စာပေမွှေ့သူတို့သည် စေ့စပ်၍ သေသပ်လှသော “ ရှုမငြီး ” ကို ဖတ်၍ ဝတ္တုတို၏ အရသာကို ခံစားနိုင်လိမ့်မည် ဟု မျှော်လင့်မိပေသည်။
ဒဂုန်တာရာ
စာရေး သူ၏ အမှာ
စစ်မီးခေတ် ၁၉၄၈ ခုနှစ် တွင် ကျွန်မရေး သားခဲ့သော ဝတ္တုတိုများ ကို ရွေးချယ်စုပေါင်းလျက် ရှုမငြီး အမည် ဖြင့် ဝတ္တုတိုပေါင်းချုပ် ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ရှုမငြီး တွင် ပါဝင်သော ဝတ္တု များ မှာ အေးအေး၊ မိခွေး၊ ဗာဟီရ၊ အခု အမျိုးသားနေ့၊ တရား ပုလိပ်စောင့်၊ မိန်းမပီပီ၊ သည်ဆောင်း၊ မာမရှိန်း၊ သည်မိုး တို့ ဖြစ်ကြသည်။
ယခု တွေးတစိမ့်စိမ့် ဝတ္တုတိုပေါင်းချုပ်တွင် ရှုမငြီး ထုတ်ဝေပြီးနောက်ပိုင်း၌ ရေး သားခဲ့သော ဝတ္တုတိုများ ကို ရွေးချယ်စိစစ်၍ ဒုတိယအကြိမ်မြောက် စုပေါင်းထုတ်ဝေခြင်း ဖြစ်ပေသည်။ ကျန် ဝတ္တုတိုများ ကိုလည်း တတိယအကြိမ်မြောက် စုပေါင်းထုတ်ဝေရန် အစီအစဉ်ရှိသည်
တွေးတစိမ့်စိမ့် တွင် ပါဝင်သော “ မျက်ကလေးတစ်ပင်၊ လှတစ်မျက်နှာ၊ သံသရာဘေး၊ ခေမာရီ၊ တွေးတစိမ့်စိမ့်၊ အဝယ်နှင့် အလျော်၊ သည်အပူ ၊ အားမကျပေါင်ရှင်၊ ကာဖီ ဝတ္တုတိုများ သည် များ သော အားဖြင့် အာရုံတစ်ခုခုကို မြင်ရ ကြားရ သိရသည့်အခါတွင် ခံစားမှု တစ်ခုခု ဖြစ်ပေါ်တက်သည့်အတိုင်း စိတ်လှုပ်ရှားမှု ၊ စိတ်၏ ခံစားမှု ဖြစ်ပေါ်လာသည့်အခါမျိုး၌ စိတ်ချမ်းသာသော ခံစားမှု ကြောင့် ဖြစ်စေ၊ စိတ်ဆင်းရဲသော ခံစားမှု ကြောင့် ဖြစ်စေ၊ ဝမ်းမြောက်ခြင်းကြောင့် ဝမ်းနည်းခြင်းကြောင့် နှစ်သက် ခြင်းကြောင့် ၊ မနှစ်သက် ခြင်းကြောင့် ၊ ကရုဏာ ဖြစ်ခြင်းကြောင့် ၊ စက်ဆုပ်ခြင်းကြောင့် စသည့် ခံစားမှု တစ်ခုခု လှုပ်ရှားသွားသည်နှင့် တစ်ပြိုင်နက် အာရုံကျက်စားမှု ဖြင့် ဘဝအသိအမြင် တစ်ခုခုကို ရသွားသလို ဖြစ်ရာမှ ပေါ်ပေါက်လာသော ဝတ္တုတိုများ ဖြစ်ကြသည်။
ဤဝတ္တုတိုများ ကို ရေး ခဲ့စဉ်အခါက ပုဂ္ဂလဓိဋ္ဌာန် ဖြစ်လာအောင် ကျွန်မ အတော် အားထုတ် ရေး သားခဲ့ရသည်။ ဘဝအသိအမြင်၊ လူ့သဘာဝ နှင့် ဘဝစိတ်ကို ပုံဖော်ရေး သားသည့် နေရာ၌ သတိတရား ရှေ့ဆောင်လျက် အထိန်းအချုပ်နှင့် ရှေးရှုပြီး ရေး ခဲ့လေသည်။
သူတစ်ပါး၏ အကျိုးအကြောင်း၊ သူတစ်ပါး၏ အ ဖြစ်အပျက်၊ သူတစ်ပါး၏ ကိစ္စအဝဝကို သတိထားတက်လာလျှင် ထိုသို့ သတိထားလာတက်သည့် အခါကျမှ မိမိ အကျိုးအကြောင်း၊ မိမိ အ ဖြစ်အပျက်၊ မိမိကိစ္စအဝဝကို သတိထားတက်မှု ရှိစေနိုင်သည့်အတွက် စာဖတ်သူများ သည် ဤ ဝတ္တုတိုများ ကို ဖတ်ရှုပြီး လူ့သဘာဝ ၊ လောကကြီး၏ သဘာဝ ကို ပင်ကိုဉာဏ်ဖြင့် တိုးထွင်း၍ ဆင်ခြင်သုံးသပ် သတိထားမိပါစေရန် စေတနာလှုံ့ဆော်ရာမှ မေတ္တာအခြေခံနှင့် ရေး ခဲ့ခြင်း ဖြစ်ပါသည်။
ဂျာနယ်ကျော်မမလေး (၂၇ - ၉ - ၆၃)
![]() သူလိုလူ | ![]() သွေး | ![]() သူမ |