
ရင့်နင့်အောင်မွှေး
ကျွန်မ၏ ဘ၀တစ်လျှောက်လုံး ဘယ်အခါမှ အားလပ်ခွင့်မရှိခဲ့ဘဲ နေ့ရှိသရွေ့ အလုပ်ကိစ္စ အ မျိုးမျိုးနှင့် လူနာများ ဖြင့် သာအလုပ်ရှုပ်လျက် အချိန်ကုန်ခဲ့ရသည်။ စာရေး ရန် ၀တ္ထုရှည်မဆိုထားနှင့် ။ ၀တ္ထုတို၊ ဆောင်းပါးများ ကိုပင်မရေး နိုင်အောင် အားလပ်ခွင့်အချိန်မျိုး မရှိသလောက် ဖြစ်နေသည်။ နိုင်ငံတော် အစိုးရက ကျွန်မကို ထိန်းသိမ်းထားသည့်အခါနေ့ရှိသရွေ့ ၊ အချိန်ရှိသရွေ့  ပင်ပန်းကြီးစွာ လုပ်ငန်းအမျိုးမျိုးနှင့် အလုပ်များ ခဲ့ရသော ကျွန်မမှာ အနားရခွင့်၊ အားလပ်ခွင့်ရသကဲ့သို့ ဖြစ်ရသည်။ ခြံနှင့် ၀င်းနှင့် ၊ အိမ်တစ်လုံးနှင့် သီးသီးသန့်သန့်ကျွန်မ တစ်ကိုယ်တည်းအေးအေးဆေးဆေး နေထိုင် ရသည့်အချိန်ကာလ၌ စာရေး ချင်စိတ် ဖြစ်ပေါ်လာသည်။ စာရေး ချင်စိတ် ဖြစ်ပေါ်လာ၍ စာရေး ရန်အ ချိန်ရှာကြည့်သည်။
ကျွန်မကိုထိန်းသိမ်းထားခိုက် ကျွန်မပြုလုပ်ထားသော ကျွန်မ၏ အဓိဋ္ဌာန်ချက်များ နှင့် နေ့စဉ် အချိန်ဇယားကို ဖော်ပြလိုပါသည်။
အဓိဋ္ဌာန်ချက်။ ။ လွတ်သည့်နေ့အထိ သက်သက်လွတ် စားရန်။ ၈-ရက်၊ ဥပုသ်နေ့တိုင်း ဥပုသ်မပျက် စောင့်ရန်။ ရံဖန်ရံခါ ဥပုသ်ရက်ရှည် ၁လ၊ ၂လ၊ ၃လ၊ ၅လအထိ စောင့်ရန်။ ဂုဏ်တော် ပုတီး နေ့စဉ်ပုတီးပတ် ၁၀၈၀ စိပ်ရန်။ နေ့စဉ်အရုဏ်တက်ထွက်ပြုစ နေမင်းနှင့် ၀င်မည့်ဆဲဆဲနေမင်း ကို တစ်နေ့မပျက်သစ္စာပြု၍ မောရသုတ်ရွတ်ဆိုရန်။
အချိန်ဇယားကွက်။ ။ နံနက် ၄ နာရီမှ ၈ နာရီ။ ရေချိုး၊ ဘုရားရှိခိုး၊ ခြံဝင်းထဲ၌ ပုတီးစိပ် လမ်း လျှောက်၊ ခြံဝင်းလှည်းရှင်း၊ ကော်ဖီသောက်။
နံနက် ၈ နာရီမှ ၁၂ နာရီ၊ ပုတီးစိပ်၊ ဘုရားရှိခိုး၊ ပဋ္ဌာန်းတက်၊ အိမ်သန့်ရှင်းရေး လုပ်၊ အ၀တ် လျှော်၊ ရေစိမ်၊ ရေချိုး၊ ဘုရားရှိခိုး၊ ဆွမ်းတော် ကပ်၊ နံနက် ထမင်းစား။
နေ့ ၁၂ နာရီမှ ၂ နာရီ၊ ၁ နာရီ အိပ်ချိန်၊ ၁ နာရီ စာဖတ်ချိန် သို့ မဟုတ် တရားထိုင်။
၂ နာရီမှ ၆ နာရီ၊ ရေချိုး၊ ကော်ဖီသောက်၊ ပုတီးစိပ်၊ ရေစိမ်၊ ပုတီးစိပ်၊ ညစာ ထမင်းစား။
၆ နာရီမှ ည ၉နာရီ၊ ဘုရားရှိခိုး၊ ခြံဝင်းထဲ၌ ၂ နာရီ လမ်းလျှောက်ရင်း ပုတီးစိပ်၊ ရေချိုး၊ ကျွဲနို့ သောက်၊ စာဖတ် (သို့ မဟုတ်) အိမ်သို့ စာရေး ၊ အိပ်။
ဤ အဓိဋ္ဌာန်ချက်၊ ဤအချိန်ဇယားအတိုင်း မပျက်မကွက်ပြုလုပ်ခြင်းကြောင့် ကျွန်မမှာ လူ နှင့် မတူဘဲ စက်နှင့် အလားတူကာ တစ်ရက်မပျက်အဓိဋ္ဌာန်ချက်နှင့် အချိန်ဇယားအတိုင်း သုံးနှစ် သုံး မိုးပြုလုပ်ခဲ့သည်။
ဘုရား ငါးချိန်ရှိခိုး၍ ရေငါးချိန် ချိုးရန်၊ ဂုဏ်တော် ပုတီး ၁၀၈၀ စိပ်ရန် နေ့စဉ်နေ့တိုင်း ပြုလုပ် ရမည့်  ကျွန်မ၏ အချိန်ဇယားကြောင့် ထိန်းသိမ်းထားသည့် သုံးနှစ် နှင့် နှစ် လနေခဲ့ရသော အချိန်ကာ လသည် အချိန်ကို ကျွန်မက အစိုးမရဘဲ၊ ကျွန်မကို အချိန်ကသာ အစိုးရထားသည်။
စာရေး ချင်စိတ် ဖြစ်ပေါ်လာ၍ နာရီနှင့် ကိုက်ထားသော အချိန်ဇယား၌ စာရေး ရန်အချိန်ရှာ ကြည့်သော အခါတွင် နေ့ ၁၂နာရီနှင့် နေ့ ၂ချက်။ အိပ်ရန်၊ စာဖတ်ရန်၊ ဇယားချထားသော အချိန် ၂ နာရီရှိ၍ ထိုအချိန်သည်သာလျှင် ကျွန်မ၏ အားလပ်ခွင့် ကိုယ်ပိုင်အချိန်ကိုရှာတွေ့ သည်။ ၁နာရီအိပ် ၍ ၁နာရီဝတ္ထုရေး ရန် သို့ မဟုတ် မအိပ်ဘဲ ၂နာရီစလုံးရေး ရန် ပြင်ဆင်သတ်မှတ်လိုက်သည်။
ဝတ္ထုဇာတ်လမ်းနှင့် ရည်ရွယ်ချက်ကို ကျွန်မ ပထမစဉ်းစားရသည်။ ကျွန်မ၏ အာရုံထဲ၌ အမျိုး သမီးများ အတွက် အကျိုးပြုစေမည့် ဇတ်ာလမ်းတစ်ပုဒ်ရေး ရန် အကြမ်းအားဖြင့် အတွေးပေါ်လာ သည်။မြန်မာအမျိုးသမီးလေးတစ်ဦး၏ ကောင်းမြတ်သော အရည်အသွေး ဖြစ်သည့် မိန်းမပီသမှု ကို မြန်မာ့ယဉ်ကျေးမှု ၊ မျိုးရိုးစဉ်လာ၊ ဓလေ့ထုံးစံ၊ စည်းကမ်းစသည်များ ဖြင့် စပ်ဖျော်၍ ပုံစံလောင်းကာ ရုပ်လုံးဖော်ပြရန်စိတ်ကူးရရှိသည်။ မြန်မာအမျိုးသမီးကလေးတစ်ဦး ဖြစ်လာလျှင်လောကီရေး ရာနှင့် ကြည့်လျှင်သော်လည်းကောင်း၊ လောကုတ္တရာရေး ရာနှင့် ကြည့်လျှင်သော်လည်းကောင်း၊ ယဉ်ကျေး မှု နှင့် ကြည့်လျှင်သော်လည်ေးကာင်း လိုက်နာကျင့်သုံးမှတ်ယူပြုမူရမည့်  အချက်အလက်တို့မှာ များ မြောင်လှရကားယင်းအချက်အလက်များ ထဲမှ အခြေခံ ဖြစ်သော ရတနာသုံးပါးကြည်ညိုသူ၊ အနန္တော အနန္တဂိုဏ်းဝင် မိဘ၏ ဂုဏ်ကျေးဇူးကိုသိတတ်၍ မိဘကိုရိုသေလေးစားသူ၊ ကုသိုလ်ကောင်းမှု တို့၌ အလွန်မွေ့လျော်တတ်သူ ရောင့် ရဲတတ်သော စိတ်ရှိသူ၊ မကောင်းမှု မှရှက်တတ်ကြောက်တတ်သူ၊ ဖြောင့်မတ်တည်ကြည်သော စိတ်နှလုံးရှိသူ၊ လုံ့လ၀ီရိယဇွဲရှိသူ၊ နူးညံ့သိမ်မွေ့သူ၊ ပညာရှိသူ၊ ယဉ် ကျေးလိမ္မာသူ၊ မိန်းမပီသသူစသည် စသည်အချက်များ ဖြင့် ပုံလောင်း၍ ရုပ်လုံးထုရာ၌ ၀တ္ထုထဲ၌ သာ ရှိသော စိတ်ကူးယဉ်ဇာတ်ကောင်မျိုး မ ဖြစ်စေဘဲ၊ တကယ့် လူ့လောကထဲ၌ ရှိသော သဘာဝကျနေ သည့်ဇာတ်ကောင်ကလေး ဖြစ်စေရန် အားထုတ်ဖို့ကြိုးစားရမည် ဖြစ်နေသည်။
မြန်မာအမျိုးသမီးတို့၏ မျိုးရိုးစဉ်လာ၊ ထုံးတမ်း၊ ကျင့်ဝတ်စရိုက်၊ယဉ်ကျေးမှု တို့ဖြင့် ဖီလာဆန့် ကျင်ဘက်နိုင်သော အနောက်တိုင်းစရိုက် တုကာလျှပ်ပေါ်လော်လီ၍ ပုံပျက်ပန်းပျက်သရုပ်ပျက်ပုံစံ များ ကို ဟုတ်လှပြီ၊ ကောင်းလှပြီဟု မျက်စိမှော က်နေကြသော အမျိုးသမီးတို့နှင့် နှိုင်းယှဉ်၍ ချိန်ထိုးပြ ရန်ပါ ရည်ရွယ်ချက် အကြမ်းအားဖြင့် ချမှတ်လိုက်သည်။
ကျွန်မစာရေး တိုင်း အချိန်ကို ကျွန်မက အစိုးရမှရေး ၍ ဖြစ်သည်။ လွတ်လွတ်လပ်လပ် ည ဘက်လူခြေတတ်ချိန်မှ နံနက်လင်းအထိ ဖြစ်စေရေး လေ့ရှိသည်။ စာမူအရေး ကြီး၍ အခြေအနေအရ နေ့ဘက်၌ ရေး ရမည် ဆိုလျှင်လည်း အခန်းတံခါးပိတ်ကာ ထမင်းမှန်းမသိ၊ ဟင်းမှန်းမသိ မပြီးမချင်း မထတမ်းရေး တတ်သည်။ ဒီအချိန်က ဒီအချိန်ဟု အချိန်ကန့်သတ်၍ တစ်ခါမျှစာမရေး ခဲ့ဖူးပေ။
ရင်နင့်အောင်မွှေး ၀တ္ထုကို ကျွန်မရေး ခဲ့ပုံမှာ ကျွန်မ ရေး ဆွဲထားသော အချိန်ဇယားထဲမှာ ကျွန်မကိုယ်ပိုင်အချိန် ဖြစ်သော နေ့ ၁၂ နာရီမှနေ့ ၂နာရီအတွင်း ၁နာရီ၊ ၂နာရီသာလျှင် တနေ့စာ ရေး နိုင်သော အချိန်ရ၍ စိတ်အနှောင့်အယှက်ကြုံခဲ့ရသည်။ စိတ်သန်လှစွာ သွန်၍ ရေး နေချက် ၂ချက် ထိုးသည်နှင့် ရှေ့ ဆက်၍ မရေး နိုင်တော့ဘဲ ဖောင်တိန်ကိုပစ်ချလိုက်ရကာ စိပ်ပုတီးကောက်ကိုင်ရ သည်။ ရေး ရင်းပင် အပြေးအလွှားပေါ်နေသော စကားလုံးများ ၊ အကြောင်းအရာများ တစ်ဆက်တည်း ရှိပါလျက်နှင့် တစ်ပိုင်းတစ်စဖြတ်ချလိုက်ရသော အခါ၌ ရေငတ်လွန်း၍ ရေသောက်နေခိုက် မ၀မီ ရေ ခွက်ကိုပုတ်ချခံလိုက်သကဲ့သို့ အာသာမပြေဆတ်တငံ့ငံ့ကြီး ခံစားရသော ခံစားချက်မျိုးကို ၂နာရီထိုး တိုင်း နေ့စဉ်ခံစားလျက်ရှိရသည်။ ရေး ရင်း တစ်ဆက်တည်းပေါ်နေသော စကားလုံးများ နှင့် အတွေး များ ကိုနှမြောလွှန်း၍ ဘယ့်နှယ်ရှိရှိပြီးအောင်ဆက်၍ ရေး မည် ဟုကြံစည်၍ လည်း မ ဖြစ်နိုင်။ ၁၀၈၀ အဓိဋ္ဌာန်ပြုထားသော ပုတီးက ကျွန်မကိုချလိုက်တော့ဟု တစ်ချက်လွှတ်အမိန့်ပေးနေသကဲ့သို့ ဖြစ် သည်။
တစ်ခံတစ်ရံ ည ၉နာရီမှ ၁ချက်၊ ၂ချက်အထိ အချိန်ပြောင်း၍ ရေး ချင်လှသည်။ အဓိဋ္ဌာန်အ တိုင်း နံနက် ၄နာရီထိုး၌ ထရသည် ဖြစ်၍ တစ်ညလုံးထိုင်ရေး လျှင် ကျန်းမာရေး မုချထိခိုက်မည် ဖြစ် ခြင်းကြောင့် ည ၉နာရီ၌ စာရေး ချင်လှသည့် စိတ်ကို ပြန်၍ ချုပ်ထားရသည်။
စောစောက အဓိဋ္ဌာန်မလုပ်မိလိုက်လျှင် ကောင်းမှာ ဟု ဆတ်တငံ့ငံ့ခံစားရသော အ ဖြစ်မျိုးကို ခံစားရတိုင်း ကိုယ့်ဟာကိုယ်ပင်အပြစ်တင်မိပြန်သည်။
ယင်းသို့ ဖြင့် တစ်နေ့တွင် ရေး နိုင်သော အချိန် ၁နာရီ၊ ၂နာရီနှင့် သာ ဤ၀တ္ထုကိုရေး ခဲ့သည်။ ရေး နေရင်းမှအကြောင်းအားလျော်စွာ ဆက်မရေး ဖြစ်ဘဲ ၈လခန့်ပစ်ထားခဲ့သည်လည်းရှိ၏ ။ ၃လခန့် ဝေးနေသည်မျိုးလည်းရှိ၏ ။ တစ်နေ့အတွက်ကောက်သင်းကောက်သလိုစာကြောင်းရေ ၁၀ကြောင်း ၊ ၁၅ကြောင်း စုရသည်လည်းရှိသည်။ စာမျက်နှာ ၁၀မျက်နှာ၊ ၁၅မျက်နှာစုရသည်လည်း ရှိသည်။ အစပြန်ကောက်ရန်အတွေးမပေါ်၍ စိတ်အနှောင့်အယှက် ဖြစ်လျက်စာတစ်လုံးမှမ ဖြစ်သည့်နေ့လည်း ရှိသည်။ အချိန်ကိုလု၍ စာရေး ရမှု ၊ အချိန်ကိုကန့်သတ်၍ စာရေး ရမှု ၊ ဦးနှောက်ပင်ပန်းမှု ၊ စိတ်ပင်ပန်း မှု မျိုးကိုမလွှဲမရှောင်သာနေ့စဉ်နှင့် အမျှ ရင်ဆိုင်ရကာနောက်ကကျားလိုက်သလိုပင်ရေး ခဲ့ရသည်။
ထိန်းသိမ်းထားသည့်သုံးနှစ် ပတ်လုံး ထိုအဓိဋ္ဌာန်ချက်၊ ထိုဇယားအတိုင်း မပျက်မကွက်နေ့ စဉ်နေ့တိုင်း သံသရာစက်လည်ပတ်လျက်ရှိခဲ့ရာ၊ ကျွန်မကို လွှတ်သည့်နေ့၌ ဤ၀တ္ထုမှာ ၃၄ခန်းသာ ပြီး၍ အဆုံးသတ်ရန်အခန်း ၁ခန်းကျန်နေသေးသည်။ ကျွန်မ လွတ်မြောက်လာပြီး ရှုမ၀က ရှုမ၀ မဂ္ဂဇင်းကို ဤ၀တ္ထုဖြင့်ကူညီရန်ပြောလာသည့်အခါ၌ လွတ်လွတ်ချင်းစာအုပ်ထုတ်ရန် ရည်ရွယ်ထား သည့်ရည်ရွယ်ချက်ကိုဖျက်လျက် ရှုမ၀အခန်းဆက် ၀တ္ထုရှည်ထည့်ရန် စေတနာရှိရှိစာမူကြီးကို ထိုး အပ်ကူညီလိုက်သည်။
ရှုမ၀၌ ကျွန်မ ၀တ္ထုမပါမီ ကြော်ငြာလေသည်။ ဂျာနယ်ကျော် မမလေး ၃နှစ် အတွင်း အချိန်ယူ ၍ ရေး သားခဲ့သော … ဟူသည့် ရှုမ၀ကြော်ငြာ်ကို ဖတ်ရသော အခါ၌ ၊ အချိန်မယူနိုင်ဘဲ မရရအောင် အချိန်ရှာ၍ လုံးလည်ချာလည်လိုက်အောင် ရေး ခဲ့ရသည့် ဖြစ်အင်ကိုပြန်၍ မြင်ယောင်မိကာ ကျွန်မ ပြုံးနေမိသည်။
ဂျာနယ်ကျော် မမလေး
(၁)
အရုဏ်တက် အိမ်မြောက်ဘက်ဘုန်းကြီးကျောင်းဆီမှပေါ်ထွက်လာသော ကလတက်တုံး ခေါက်သံဖြင့် မော်နိုးလာရသည်။ ကြေးစည်သံပါ တစ်ဆက်တည်းထွက်ပေါ်လာ၏ ။ ကြည်နူးဖွယ် ကောင်းသော ကြေးစည်သံများ နှင့် အတူ ခွေးတွေ ၀ိုင်းအူနေကြသော အသံများ သည် မော်၏ နားထဲ တွင် သာယာနာပျော်ဖွယ်မဆုံး ရှိမိသည်။
မော်သည် အိပ်ရာမှအသံမကြားအောင် ဖြည်းညင်းစွာ ထလာ၏ ။ ခေါင်းရင်းပြတင်းပေါက်ကို အသံမမြည် အောင်ဖွင့်လိုက်သည်။ မော်သည် ပြတင်းပေါက်၌ လက်ထောက်ကာကောင်းကင်ကြီး ကို မော့ကြည့်နေသည်။ ကောင်းကင်၌ အလင်းရောင် များ မလာသေးချေ။ မှိုင်းနေသည့်ကောင်းကင် ကြီး၌ ဟိုနေရာ သည်နေရာတို့မှ တောက်လက်နေကြသော စိတ်ကြယ်ပွင့်ကလေးများ သည်နက်ပြာ ရောင် ကောင်းကင်ကြီး၏ တင့်တယ်ခြင်း အသရေကိုတိုးစေတော့သည်။
သုတ်ဖြူးလာသော ဆောင်းလေအေးသည် မော်၏ မျက်နှာပေါ်တွင် သာသာညင်းညင်း တိုး ဝှေ့နေသည်။ မော်သည်အတိုင်းအဆမရှိသော ကောင်းကင်ပြာမှိုင်းမှိုင်းကြီးကို မော့ငေးကြည့်လျက် သန့်စင်လတ်ဆတ်လှသော ဆောင်းလေအေးကို အားပါးတရရှူရှိုက်လိုက်လေသည်။ မော်သည် အားပြည့်လန်းဆန်းသွားသည်။ စိတ်နှလုံးချမ်းမြေ့အေးမြလျက် ရှိနေသည့်အခိုက်လှည့်ပတ်လာပြန် သော ဆောင်းလေပြည်သည်ဘုန်းကြီးကျောင်းဝင်းကြီးထဲရှိ မြေစိုက်စေတီတော် ကြီးမှတချွင်ချွင် မြည် သော ဆည်းလည်းသံများ ကိုပါ သယ်လာပြန်လေသည်။ မော်သည် ဆည်းလည်းသံများ ကို နား စွင့်လိုက်လျက်ကြည်ညိုလှသော စိတ်ပီတိအဟုန်တွင် မျောပါသွားသည်။
မော်သည် ဘုန်းကြီးကျောင်းရှိရာဘက်သို့ မျှော်ရော်ရမ်းလျက်လက်အုပ်ကလေး ချီကာ ဦး ခိုက်လိုက်လေသည်။
“မမ… ဆွမ်းအိုး ကျပြီ”
မော်သည် ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ အိမ်ဖော်ကလေးထွေးရင်သည် မော်၏ ကျော နောက်၌ ရပ်လျက် ကြားလောက်အောင်အသံကလေးနှင့် တိုးတိုးကပ်ပြောလိုက်သည်။
“အေး … အေး”
မော်သည် ထွေးရင်နောက်သို့ ခြေဖျားထောက်ကာလျှောက်သွားသည်။ အိပ်ခန်းထဲမှအ ထွက်ခေါင်းရင်းခန်း၌ အိပ်မောကျနေသော ဒေါ်စောမိ၏ သွားကြိတ်သံတစ်ချက်ကြားရသည်။ မော် ၏ ရှေ့ မှခြေဖျားထောက်၍ လျှောက်သွားနေသော ထွေးရင်၏ ခြေထောက်သည် ကြမ်းပြင်နှင့် ကြိတ်မိ ၍ ကျွိခနဲ ခြေသံတစ်ချက်ထွက်သွားသည်။
မော်သည် ထွေးရင်၏ ပခုံးကိုလှမ်းဆွဲလိုက်ကာ ဖြည်းဖြည်း၊ မေမေ နိုးသွားမယ်ဟု စိုးရိမ်တ ကြီး လေသံကလေးဖြင့် ကပ်ပြောလိုက်သည်။
မော်နှင့် ထွေးရင်သည် ခြေဖျားထောက်လျက်အိမ်မအခန်းကိုဖြတ်ကာ နောက်ဖေးမီးဖို ဆောင်ထဲသို့ ရောက်လာကြ၏ ။ မော်သည် ကပျာကယာ မျက်နှာသစ်လိုက်သည်။ မျက်နှာသစ်ပြီး အသံမမြည် အောင်ပင် အိမ်ရှေ့ မှဘုရားခန်းထဲသို့ ပြန်ရောက်သွားပြန်သည်။
ဒေါ်စောမိအိပ်နေသော အခန်း၏ ခေါင်းရင်းဘက်ရှိဘုရားဆောင်ခန်းကလေးသည် ဓာတ်မီး ရောင် များ ဖြင့် လင်းထိန်သွားသည်။ ဘုရားဆောင်ခန်းမှာ ကျဉ်းမြောင်းသော်လည်း သန့်ရှင်းသပ်ရပ် လှသည်။ စားပွဲခုံရှည်ကြီးတစ်ခုနှင့် တင်ထားသော မှန်ကျောင်းဆောင်အတွင်းရှိဆင်းတုတော် များ သည် မီးရောင် ထဲဝယ်ရွှေရောင် များ ဖိတ်ဖိတ်တောက်နေကာ သပ္ပာယ်လှချေသည်။
ကျောင်းဆောင်အတွင်း၌ ဒေါ်စောမိမွမ်းမံပြင်ဆင်ထားသော လက်ရာများ မှာ မြင်သူတိုင်း ကြည်ညိုချင်စရာ ဖြစ်ရသည်။ မှန်ကျောင်းဆောင်၏ မျက်နှာကြက်ပြုလုပ်ထားသော အမိုးနှင့် အခင်း ပေါ်၌ စံပယ်ပန်းများ ဖြန့်ကျဲခင်းထားဘိသကဲ့သို့ ဖဲစအဖြူ၊ ဂွမ်းစဖြူဖြူကို စံပယ် အဖူး အပွင့် အငုံပုံစံ ရွရွကလေး ပန်းပုံဖော်လျက် ကပ်ဖိချုပ်ထားသည်။
မှန်ကျောင်းဆောင်ထဲ၌ တစ်ထွာလောက်မြင့်သော ငွေပန်းစိုက်အိုးကလေးသုံးလုံးရှိ၏ ။ ငွေ ပန်းအိုးကလေးများ ထဲ၌ ပိုးဖဲကတ္တီပါစကို ရွှေချည်၊ ငွေချည်တို့ဖြင့် ပန်းပုံစံပြုလုပ်ထိုးစိုက်ထားသဖြင့် ပိုးပန်းခိုင်၊ ပိုးပန်းခက်များ မှာ တလက်လက်တောက်လှသော ငွေပန်းအိုးထဲတွင် ဘုရားနှင့် သာထိုက် တန်သည်ဟုပြောရမလောက် လှပလွန်းလှသည်။ ပန်းလုပ်ပုံလက်ရာကိုသေသေချချာအသေးစိတ် ကြည့်မည် ဆိုလျှင် မည် မျှစိတ်ကူးကောင်း၍ မည် မျှလောက်စိတ်ရှည်သပ်ရပ် သေချာပုံကိုတွေ့ ရှိနိုင် ပေသည်။
မော်သည် ကျောင်းဆောင်တွင်းရှိသပ္ပယ်တော် မူသော ဆင်းတုတော် များ ကိုဖူးမြင်သည့်အခါ တိုင်း မိခင်ကို ရိုသေစိတ်ကြီးမားရသည်။ စနစ်ကြီးသော ၊ သေချာသော ၊ သန့်ရှင်းသော ၊ စေတနာ ကောင်းသော ၊ သဒ္ဓါတရားရှိသော မိခင်ကို ဘုရားဆောင်နှင့် အတူ မိခင်ပေါ်၌ ကြည်ညိုလေးစားသူ ဖြစ်သည်။
ဘုရားခုံပေါ်မှ ဘုရားသောက်တော် ရေချမ်း ဖန်ခွက်ကလေးများ ကိုလင်ပန်းပေါ်သို့ ယူတင် လိုက်သည်။ ရေချမ်းဖန်ခွက်များ မှာ မျက်နှာသစ် ရေချမ်းခွက်၊ သောက်တော် ရေချမ်းခွက် စသည်တို့ ဖြစ်သဖြင့် မော်သည် ဗန်းနှင့် နှစ် ခေါက်သယ်ယူရလေသည်။
မီးဖိုထဲရှိရေဘုံပိုင်ကိုဖွင့်ကာ ဖန်ခွက်များ ကိုစင်ကြယ်စွာ ဆေးကြောလေသည်။ မော်သည် စိတ်တိုင်းကျဆေးရာ၌ အထပ်ထပ်အခါခါ ဆပ်ပြာနှင့်ရေနှင့် တစ်ကျော့စီဆေးနေသည်။ ဆေးပြီး သွားသော ဖန်ခွက်ကလေးများ ကိုလက်မလက် ကြည်မကြည် မီးရောင် တွင် မြှော က်ကာ မြှော က်ကာ ကြည့်ရသည်မှအမော ဖြစ်လေ၏ ။ ဆေးပြီးသော ဖန်ခွက်များ ကိုစင်ပြီဟု စိတ်ကျေနပ်သွားမှ အရုဏ် ဆွမ်းကပ်ရန် ဆွမ်းပန်းကန်များ ကိုဆေးပြန်လေသည်။
ဆွမ်းအိုးကျသွား၍ ဖိုပေါ်သို့ ရေနွေးအိုးတင်ပြီးမီးမှု တ်နေသော ထွေးရင်သည် မော်ဆေးကြော လုပ်ကိုင်နေပုံများ ကိုမီးမှု တ်ရင်း တစေ့တစောင်းကြည့်လျက်လွန့်ကို လွန်လွန်းတယ်ဟုထင်မိသည်။
“မမ မပြီးသေးဘူးလား၊ ရောင် နီလာတော့မယ်”
မော်သည် ဆွမ်းတော် ပန်းကန်များ ကို အထပ်ထပ် အခါခါ စင်ကြယ်အောင် ဆေးကြော၏ ။ စိတ်တိုင်းကျသလောက်ရှိမှ ပန်းကန်တွေ ကိုထမင်းစားခန်းရှိ ထမင်းစားပွဲခုံပေါ်သို့ သွားတင်ကာ အ ၀တ်နှင့်သုတ်ပြီး ဆွမ်းတော် ပွဲများ ပြင်လေသည်။ ဆွမ်းပွဲများ က သတ်သတ်၊ သကြားသီး၊ ဘီစကစ်၊ မုန့်ကုလားမ၊ ငှက်ပျောသီးများ ထည့်သော အချိုပွဲများ သတ်သတ်၊ အစုံအလင်ပြင်ဆင်ပြီးနောက် ဗန်းကို လက်နှင့် မ၍ မယူခင် လက်အုပ်ကလေးချီလျက် ကန်တော့ပြီးမှ မ ယူလိုက်သည်။
ထွေးရင်သည် မော် လုပ်ပုံကိုင်ပုံကိုကြည့်လျက် မမက ဘုရားသာရှိခိုးတာမကဘူး၊ ဆွမ်း တော် ပွဲတွေ လည်း ရှိခိုးတာပဲဟု စိတ်ထဲကဆိုမိသည်။
ထွေးရင်သည် ရေချမ်းဖန်ခွက်များ နှင့် ဆွမ်းတော် ပွဲများ ကို ခြေသံမကြားအောင် အခေါက် ခေါက်သယ်ယူ ပို့ပေးရလေ၏ ။
မော်သည် ဘုရားခန်းထဲရှိရေချမ်းအိုးထဲမှ ရေချမ်းရေခပ်ယူကာ ဘုရားကျောင်းဆောင်ရှေ့  တွင် ဖန်ခွက်များ ကို စီတန်းချလေသည်။ ဆွမ်းတော် ပွဲများ လည်း အစီအရီ တန်းစီတင်လိုက်သည်။ အားလုံးပြင်ဆင်ပြီးသွားသည့်နောက် မော်သည် ဆွမ်းတော် ပွဲများ မွမ်းမံပြင်ဆင်ထားသော ဘုရား ဆောင်ကြီးကို ကြည့်လျက် ကြည်နူးသွားလေ၏ ။
ဘုရားမှန်း တရားမှန်းစသိတတ်သော ၉နှစ် ၊ ၁၀ နှစ် သမီးအရွယ်ကပင် မော်သည် နံနက် ည ဘုရားရှိခိုးဝတ်မပျက်ခဲ့ပေ။ နေ့ကြီး ရက်ကြီးဝါတွင်းများ ၌ ဤအရွယ်ကစတင်၍ မိခင်နှင့် အတူ ဥပုသ်စောင့်ခဲ့သည်။ဒေါ်စောမိသည် မော်လူမှန်းသိစ မတ်တတ်ပြေးအရွယ်ကပင်စတင်၍ သူဘုရား ရှိခိုးတိုင်း မော့်ကိုပါ အနားတွင် ထိုင်ခိုင်းကာ အတူတကွရှိခိုးရန်အကျင့် လုပ်ပေးခဲ့သည်။
မော်သည် ငယ်စဉ်ကစ၍ ပြုကျင့်လာသော အလေ့အကျင့်ဖြင့် လူလားမြောက်လာသော အခါ ၌ မျက်စိနှစ် လုံးဖွင့်လျှင် ရှေးဦးစွာ ဘုရားကို အလျင်ရှိခိုးဦးချရမှ။ အိပ်ခါနီး ၌ လည်းဘုရားရှိခိုးဦးချပြီးမှ အိပ်စက်တတ်သော အလေ့အထသည် ယခု မော့်အသက် ၂၃နှစ် အရွယ်အထိ ဖြစ်လေ၏ ။ ဥပုသ်နေ့ တိုင်း အရုဏ်ဆွမ်းထကပ်သော အလုပ်ကိုလည်း သီတင်းပတ်မပျက်လုပ်ခဲ့သည်မှာ ကြာမြင့်ချေပြီ။
မော်သည် ရတနာသုံးပါးကြည်ညို ကိုင်းရှိုင်းလှသည်။ အရိပ်တကြည့်ကြည့်နှင့် တရိုတသေ ထားရှိသော သဘောင်္ဆေး အစိမ်းရောင် သုတ်ထားသည့်ကျွန်းသေတ္တာကြီးတစ်လုံးပင် ပြည့်မောက် အောင် ဘုရားစာ၊ ကျမ်းစာအုပ်များ စုဆောင်းထည့်ထား၏ ။ ဗုဒ္ဓကျမ်းစာများ ကိုအချိန်အားရတိုင်း ဆည်းပူးဖတ်ရှုသည်။ လောကကြောင်း၊ သံသရာကြောင်းအတွက် ဘုရားက သည်နေရာမှာ သည် လိုဆုံးမသည်၊ သည်နေရာမှာ သည်လိုတားမြစ်သည်။ သည်နေရာမှာ သည်လို လမ်းပြဟောကြား သည် စသည်ဖြင့် ကိစ္စခပ်သိမ်း ဗုဒ္ဓအဆုံးအမကို ဆင်ခြင်သတိထားတတ်လေ၏ ။ သူ့၌ ကိစ္စတစ်ခုခု ရှိလျှင် ဘုရားကိုသာ အလျင်တမ်းတတတ်သူလည်း ဖြစ်၏ ။
မော့်ဘ၀၌ အရာခပ်သိမ်းပင် ဘုရားသာလျှင်အလျင်၊ ဘုရားသာလျှင်ရှေးဦးစွာ ၊ ဘုရားပြီးမှ သူ့အမေ ဖြစ်လေ၏ ။ ဘုရားရှိခိုးချိန်မှမဟုတ်ဘဲသွားလေရာ နေလေရာ ဘုရားကိုမမေ့ချေ။ သဒ္ဓါစိတ် အထူးပေါက်လျက် ဘုရား တရား ကြည်ညိုလေးစားအားထုတ်ပြုကျင့်သည့်နေရာတွင် ဒေါ်စောမိ ထက်ပင် ပိုသည်ဟုပြောစမှတ် ပြုကြ၏ ။
မော်သည် ဘုရားခုံပေါ်ရှိပန်းအိုးများ ကို စိုက်ကြည့်လိုက်သည်။ ဘုရားခုံပေါ်၌ ဖန်ပန်းအိုးများ နှင့် တစ်မျိုး၊ ဆေးသောက်သော ဖန်ခွက်အရွယ်ရှိ ဖန်ခွက်အသေးစားကလေးများ ဖြင့် တစ်မျိုး၊ ပန်း မျိုးလိုက်ခွဲခြားကပ်လှူထားသော ပန်းများ နှင့် တကွ မိခင်၏ အနုလက်ရာမြောက်ပုံကိုပါ မြင်ရလေ၏ ။
သဇင်ဥနှင့်တွဲ နေသော သဇင်ပန်းခက်၊ ပန်းခိုင်ကလေးတွေ ကို ဆေးသောက်အရွယ်ဖန်ခွက် ကလေးများ ထဲတွင် ဥနှင့် အတူ ထိုးစိုက်ထည့်လျက်သီးခြား ကပ်လှူထားသည်။
သစ္စာပန်း၊ နှင်းဆီပန်းများ ထိုးစိုက်ထားသော ပန်းအိုးတို့၌ ပန်းခက်များ ကို တစ်ပေါင်းတည်း စုပြီး စိုက်ထားပုံမျိုးမဟုတ်ဘဲ ပန်းခက်များ ကိုအရှည်အတို စိတ်ကြိုက်ဖြတ်ကာ အနိမ့်အမြင့်ဆင့် လျက် အရွယ်အနေအထားနှင့် တကွ အရောင် အသွေးခွဲခြားပြီး စိုက်ကြည့်ချင်စရာကောင်းအောင်၊ ရှင်းရှင်းနှင့် ယဉ်ယဉ်ကလေး ဖြစ်အောင် ထိုးထားပုံမျိုး ဖြစ်သည်။
ဒေါ်စောမိသည် လှပရန်ပြုပြင်သော အတတ်ပညာတစ်ရပ်ကို သူမတူအောင်စိတ်ကူးဆန်း ကြယ်တတ်မြောက်သည်။ ဘုရားကပ်စရာပန်းတစ်ပွင့်တည်းရှိပါစေ၊ ဤပန်းတစ်ပွင့်ကို ရွက်လှပင်မှ ရွက်လှရွက်များ ဖြင့် ဖြစ်စေ၊ နွယ်တက်သော အပင်မှားမှ နုနုစိတ်စိတ် အရွက်အနွယ်ကလေးများ ဖြင့် ဖြစ်စေ၊ ပန်းစည်း ပန်းခက် ပန်းခိုင်မ ဖြစ် ဖြစ်အောင် ပုံစံအမျိုးမျိုး ရှုချင့်စဖွယ် လှလှပပပြုလုပ် ကပ် လှူတတ်သူ ဖြစ်၏ ။
ဘုရားခန်းထဲ၌ ကြိုင်၍ နေသော သဇင်နံ့၊ ဖိတ်ဖိတ်တောက်နေသော ရွှေရောင် ခြည်၊ ထိန် လင်းနေသော ဓာတ်မီးရောင် ၊ ၀ါဝါ ဖြူဖြူ နီနီတို့ဖြင့် လန်းဆန်းဝေစည်နေသော သစ္စာပန်းနှင့် နှင်းဆီ၊ ကြည်လင်အေးမြလျက် တလက်လက် လက်နေသော ရေကြည်တော် ခွက်တို့သည် မော်၏ သဒ္ဓါ ကြည်ညိုစိတ်အဟုန်ကို ဆထက်တိုးပွားအောင် ၀ိုင်းဝန်းထောက်ကူ ပို့ဆောင်လျက်ရှိကြသည်။
မော်သည် တိုင်၌ ချိတ်ထားသော ပိတ်စအရှည်တဘက်ကို ဆွဲယူကာပခုံးပေါ်၌ ပတ်သိုင်း လျက် ကြမ်းပြင်ပေါ်၌ ကျုံ့ ကျု့ ပိပိကလေး ထိုင်ချလိုက်သည်။ ဘုရားရှိခိုးရန် ဦးချတော့မည် ပြုစဉ် အခန်းဝ၌ လာရပ်သော ထွေးရင်၏ အရိပ်ကိုမြင်လိုက်၏ ။ မော်သည်ဦးမချသေးဘဲ ထွေးရင်ကိုအနား သို့ လာရန် လာပြခေါ်လိုက်သည်။ ထွေးရင်သည် ဒူးထောက်ကာကုန်းလျက် မော့အနားသို့ တိုးကပ် သွားလေ၏ ။
အိမ်ရှေ့ ခန်းကိုဖုန်သုတ်ပြီး တံမြက်စည်းလှည်းတော့၊ တံခါးတွေ ကို မဖွင့်နဲ့ဦး၊ မီးခလုတ် လည်း ဖြည်းဖြည်းဖွင့်၊ ဖုန်ကို စင်အောင်သုတ်၊ စင်အောင်လှည်းနော်
မော်သည် လေသံနှင့် ပြောပြီး ဘုရားဦးချကာ တိတ်ဆိတ်စွာ ဘုရားရှိခိုးလေ၏ ။
အမှော င်ထုသည် ကွဲပြိုလွင့်ပြယ်သွားကာ မှု န်ရီမှု န်မွှားအလင်းရောင် ကလေးများ ပြိုးပြက်ပျ ပြုထွက်လာလေသည်။ မော်သည် ဘုရားရှိခိုးပြီး ပုတီးထိုင်စိပ်နေလိုက်သည်မှာ ဆီးနှင်းများ ကွဲ၍ အလင်းရောင် ထင်ရှားပေါ်ပေါက်လာသည့် အချိန်အထိပုတီးစိပ်နေတုန်းပင်။အပြင်ဘက်၌ ကျေးငှက် တို့သည်ချိုအေးသော တေးသံကို သီကြွေးလာကြချေပြီ။ နံနက်ဦး၏ ဆောင်းလေအေးသည် ထုံကြိုင် သင်းပျံ့ သော ပန်းတို့၏ ရနံ့များ နှင့် ဝှေ့မြူးလျက်ရှိလေသည်။
မော်သည် ပုတီးစိပ်ပြီးဘုရားခန်းက အထွက်၊ အိမ်ရှေ့ ဧည့်ခန်းကလေးကို မျက်လုံးကလေး ၀ိုင်းလည်နေအောင်ပင် အနှံ့အစပ်ကြည့်ရှု၏ ။ အိမ်ရှေ့ ဧည့်ခန်းတွင် စားပွဲဝိုင်းနိမ့်ကလေးတစ်ခုံ၊ ကု လားထိုင်လေးလုံး၊ အခန်းထောင့်၌ ပန်းအိုးတင်သော ခုံမြင့်တစ်ခု၊ အခန်းနံရံနှင့် ကပ်လျက် ဆေးဖြူ သုတ် ဆေးဗီရိုကလေး တစ်လုံး၊ အိမ်ထောင်ပရိဘောဂဆို၍ ဧည့်ခန်းထဲ၌ ဤပစ္စည်းသာရှိ၏ ။ ကုလားထိုင်၊ စားပွဲ၊ ကြမ်းခင်းပေါ်၌ လည်း ပြောင် မပြောင်၊ မျက်လုံးကလေးများ ၀ိုင်းလည်နေအောင် ပင် နှံ့နှံ့စပ်စပ် ကြည့်ရှုလိုက်လေ၏ ။
ဒေါ်စောမိ၏ မျက်စိမှာ အလွန်လျင်၊ အလွန်စူးရှသော မျက်စိမျိုး ဖြစ်လေ၏ ။ ကြိုကြိုကြားကြား ဘယ်ထောင့်ဘယ်ကြား ဘယ်နေရာ၌ မဆို ဖုန်ကလေးတင်နေလျှင် သေသေချာချာမြင်တတ်လေ သည်။ တစ်နေရာတွင် ဖုန်မစင်လျှင် ပြန်၍ သုတ်ခိုင်းရုံနှင့်မပြီးဘဲ မီးခိုးကြွက်လျှောက်ဆိုမပြီး ပြောမ ပြီး မြည် မပြီးရှိတတ်လွန်းသဖြင့် ဒေါ်စောမိ စိတ်ကြိုက် ဖြစ်စေရန် မော်မှာ အထူးကြပ်မတ် အထူးဂရု စိုက်ရသည်။ စားပွဲဝိုင်းကလေး၌ ၀ိုင်းခင်းထားသော ကုလားထိုင်များ ကိုအနေအထား ကျ မကျလှမ်း ကြည့်လိုက်ပြီးနောက် နည်းနည်း စွေနေသော ကုလားထိုင်တစ်လုံးကိုသွားမလျက် ပြန်ပြင်ထည့်ပေး လိုက်သည်။
အိမ်ရှေ့ ခန်းမှမီးဖိုဘက်သို့ လျှောက်လာသော မော်သည် သူဖြတ်လာရာအခန်း၏ နံရံအဆင့် များ ၌ ဖုန် ရှိ မရှိ၊ ဖုန် စင် မစင် စစ်ဆေးသော အကြည့်နှင့် နေရာအနှံ့ကြည်ရှုလာသည်။
မီးဖိုဆောင်နှင့်ထမင်းစားခန်းကလေးမှာ တွဲ နေသည်။ ဒေါ်စောမိနိုးလာက မျက်နှာသစ်ရန် ရေခွက်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆားပုလင်း အဆင်သင့် ဖြစ်အောင် အလျင်ပြင်ဆင်လေ၏ ။ ထို့ နောက်ဒေါ်စောမိသောက်ရန် ကော်ဖီကိုကိုယ်တိုင်ဖျော်ကာ စားပွဲပေါ်၌ ခင်းကျင်းပြင်ဆင်နေခိုက် အိပ်ရာမှထလာသော ဒေါ်စောမိ၏ အသံကို ကြားလိုက်ရသည်။
နံနက်ဘက်ဒေါ်စောမိ နိုးသံကြားလိုက်ကြပြီဆိုလျှင် မော်သာမဟုတ်၊ ထွေးရင်ပါ မျက်လုံး ကိုပင့်၍ နားကိုစွင့်ရလေသည်။ စစ်တပ်ထဲ၌ စစ်သားများ သတိအနေအထား လုပ်ဘိသကဲ့သို့ ကိုယ် နေကိုယ်ဟန်များ ပါ တစ်ပါတည်း ယို့ယို့ကျို့ ကျို့  သတိအနေအထားပြင်လိုက်ကြပြီး ဖြစ်သည်။
“ထွေးရင်”
ဒေါ်စောမိ၏ အသံမှာ အလွန်သာလျက်၊ စီလည်း စီလျက်၊ ကြည်လည်း ကြည်လျက်၊ စူး လည်း စူး၏ ။
“သွား… သွား … ထဘီ ပြင်ဝတ်သွားဦး၊ ထဘီကလည်း တိုလိုက်တာနော်”
မော်သည် ပြောပြောဆိုဆို ထွေးရင်ကို မီးဖိုထဲမှမောင်းထုတ်လိုက်သည်။ မော်၏ လက်ထဲ၌ ကိုင်ထားသော မုန့်ပန်းကန်မှာ စားပွဲခုံပေါ်သို့ မချနိုင်သေးဘဲ၊ ဒေါ်စောမိ၏ အသံကိုသာ နားစွင့်လျက် ရပ်ကိုင်ထားသည်။
“ငါ့အိပ်ရာဘေးက ထွေးခံကို သွားယူချေ၊ ထွေးခံကိုစင်အောင် မဆေးပြန်ဘူး။ ညက အနံ့ရ တယ်။ ဘာပဲဆေးဆေး စင်အောင်ဆေးပါဆိုတာ ဘယ်နှခါပြောရမလဲမသိဘူး၊ ကျွဲပါးစောင်းတီးပဲ အမှတ်ကို မရှိဘူး။ သွားယူ … သွားဆေး၊ စင်အောင် ဆေး”
ဒေါ်စောမိသည် အိပ်ခန်းဝကအထွက် သူ့ရှေ့ ၌ ရိုရိုသေသေ ခပ်ကုပ်ကုပ်ကလေးရပ်နေ သော ထွေးရင်၏ တစ်ကိုယ်လုံးကို သိမ်းကျုံးကြည့်ရင်း ပြောလိုက်သည်။
မော်သည် လူသာငြိမ်ရပ်နေသော်လည်း စိတ်ထဲ၌ လှုပ်ရှားနေသည်။ ထွေးခံကိစ္စပြီးလျှင် ဘာကိစ္စပေါ်လာဦးမည် နည်းဟု ပူပင်ထိတ်လန့်နေစဉ်၊ ဒေါ်စောမိ၏ အသံသည် ရပ်မသွားဘဲတစ် ဆက်တည်းထွက်ပေါ်လာပြန်သည်။
“ ဒီလုံချည်က ချုပ်ရိုးကပြဲပုံမျိုးမဟုတ်ဘဲ ဘာကိစ္စ အသားကောင်းကပေါက်ပြဲနေရသလဲ ဟင်”
“ညက သံနဲ့ငြိသွားလို့ပါ အမေ၊ ဒီနေ့ ချုပ်မလို့ပါ”
ထွေးရင်ပြန်ပြောသံမှာ နဂိုသံမဟုတ်ချေဘဲ အလွန်သတိထားပြီးထိန်း၍ ပြောရသော အသံ တစ်မျိုး ဖြစ်နေ၏ ။ မော်သည် မုန့်ပန်းကန်ကိုခုံပေါ်သို့ ချရမှန်းသတိမရသေးဘဲ နားသာလျှင်စွန့်နေ ချေ၏ ။
“ချုပ်မလို့ဆိုပြီး မချုပ်ဘဲတော့မနေပါနဲ့၊ ပြဲစရှိရင် ပိုပြဲမယ်၊ နေတာ ထိုင်တာ လုပ်တာ ကိုင် တာ သတိမှမမူဘဲ၊ အစုတ်တောင် နည်းသေးတယ်”
ဒေါ်စောမိပြောပြီး အခန်းဝမှ တစ်လှမ်းနှစ် လှမ်းလျှောက်လာရင်းမှ ရပ်ပြောပြန်သည်။
“ဟိုကြက်မွှေးက ဘာကိစ္စ ဟိုထောင့်မှထောင်ထားသလဲ ဟင်”
မော်သည် မိမိမမြင်ခဲ့သော ကြက်မွှေးကို မိခင်မြင်သွားခြင်းအတွက် ရင်ထဲ၌ ဖိုခနဲ ဖြစ်သွား သည်။ ဖိုခနဲ ဖြစ်သွားမှလက်ထဲကမုန့်ပန်းကန်ကို ခုံပေါ်ချရန်သတိရလျက် ခုံပေါ်သို့ ချလိုက်ပြီးနောက် ရင်တဖိုဖိုဖြင့် နားစွင့်ပြန်သည်။ မော်သည် အိပ်ရာထ မိခင်စိတ်ဆိုးမှာ ကို အလွန်စိုးမိသည်။
“လှည်းပြီးရင် သူ့နေရာနဲ့သူ နေရာတကျသွားထားရမယ် မဟုတ်လား”
ဒေါ်စောမိ၏ အသံသာသာထဲ၌ စိတ်ထွက်သော ၊ တင်းမာသော အသံများ ရောထွေးပါလာချေ သဖြင့် မော်သည် ပူပန်သွားသည်။
“ဟုတ်ကဲ့ … အမေ ဟုတ်ပါရဲ့ ၊ ကျွန်မ မေ့သွားလို့ပါ”
ထွေးရင်၏ ကမူးရှူးထိုး ဗလုံးဗထွေးပြန်ပြောသံကို ကြားလိုက်ရသည်။
“တစ်ခါတလေမှ လုပ်တဲ့အလုပ်လည်းမဟုတ်ဘူး၊ နေ့စဉ်နေ့တိုင်း လှည်းတဲ့အလုပ်မေ့တယ် ဆိုတာ ဘာစကားလဲ။ စိတ်က ကိုယ်လုပ်တဲ့အထဲမှာ မရှိဘဲ တခြားရောက်နေလို့ မေ့ရတာ ပေါ့။ မိန်း ကလေး ဖြစ်ပြီး ပေါ့ဆဆနေတာ ထိုင်တာများ ဟာ ဘယ်တော့မှအသုံးမကျဘူး မှတ်ပါ။ င့ါလောက် ပြောနိုင်တာမရှိပါဘူး၊ ငါပြောနေတာတွေ ဟာ နင်တို့ မိန်းကလေးတွေ အတွက် ဆိုတာများ နားလည် ရဲ့ လားဟင်”
“ဟုတ်ကဲ့ အမေ၊ နားလည်ပါတယ်”
အသံကိုနှိမ့်၍ ပြန်ပြောလိုက်သော ထွေးရင်၏ အသံကလေးကို နားစိုက်လျက် မော်သည် သက်ပြင်းကလေးမျှဉ်း၍ ချလိုက်သည်။ ဒေါ်စောမိသည်ပြောပြီး ထမင်းစားခန်းသို့ တန်းလျှောက် လာသည်။
အသက် ၆၀ တွင်းရှိသော်လည်း ဒေါ်စောမိ၏ ရုပ်မှာ အလွန်တင်လေ၏ ။ အသားအရေမတွန့် သေး။ မျက်နှာတစ်ပြင်လုံး အသားပြည့်တင်းလျှက် စိုဝင်းဖြူဖွေးနေသည်။ မျက်ခုံးလည်း အလွန် လှ၏ ။ မဝိုင်းတစ်ဝိုင်းမျက်နှာပေါ်၌ နှာတံမှာ ဖြောင့်ပေါ်နေ၏ ။ အစဉ်သဖြင့် ပြုံးယောင်ယောင် နှုတ် ခမ်းပါးလေးမှာ မျက်နှာပေါ်တွင် အပေါ်ထင်ဆုံး ဖြစ်သည်။
လူတစ်ကိုယ်လုံး၌ အထူးခြားဆုံးကားအလွန်စူးရဲ၍ ထက်မြက်တောက်ပလှသော မျက်လုံး နှစ် လုံး ဖြစ်သည်။ သူ့မျက်လုံးများ နှင့် သူ့နှုတ်ခမ်းသည် အသက်ကြီးသော်လည်း စိတ်မာန်မကျ သေးသော ရုပ်ဆောင်ခြင်းကို တစ်နေရာက ဖော်ပြနေကြ၏ ။ အရပ် မနိမ့်မမြင့်၊ မပိန် မဝ၊ အိပ်ရာ ထပြေကျလာသော ဆံပင်များ မှ ခြေသလုံးတစ်ဝက်လောက်၌ ဝဲနေသည်။ ဒေါ်စောမိလမ်းလျှောက် ပုံမှာ ခြေသံမထွက်ဘဲ အလွန်သွက်သည်။ ခေါင်းကဘီးကိုကိုင်သော လက်၌ ဆင်စွယ်ပုတီးကလေး ပတ်ထားသည်။
မော်သည် ကျက်သရေရှိလှသော မိခင်၏ မျက်နှာကို ကွက်ခနဲကြည့်လိုက်၏ ။ ပြုံးလိုက်၏ ။ ဆီး ပြောလိုက်၏ ။
“မေမေ အိပ်ရာထတာ စောလှချေလား မေမေရယ်”
မော်၏ အသံမှာ ပျော့လျက် အသံထဲတွင် ကရုဏာသံကလေးပါ စွက်နွဲ့နေကာ ဆွဲငင် ချိုအေးလှသော အသံကလေး ဖြစ်သည်။
“ညည်းတို့ ဆွမ်းတော် ကပ်တော့ နိုးနေပါပြီ။ အိပ်ရာထဲမှာ ပုတီးစိပ်နေတာ”
ဒေါ်စောမိ၏ မျက်လုံးများ သည် ထမင်းစားခန်းထဲရှိ တံခါးပေါက်မှ မီးဖိုထဲသို့ လှမ်းဝင်ကြည့် ရင်း မော်ကို ပြန်ပြောနေသည်။
“ဟိုကြမ်းပေါ်က ရေကွက်က ဘာ ဖြစ်လို့စိုနေတာလဲ”
မော်သည် စားပွဲမှခွာ၍ မီးဖိုပေါက်ဝသို့ ခေါင်းစောင်းကြည့်လိုက်သည်။
“မော်ကြောင့် ပါ မေမေ၊ ဆွမ်းတော် ပွဲတွေ ဆေးတုန်းက ရေစစ်လိုက်မိလို့ ကျသွားတာပါ မေမေ”
ဒေါ်စောမိသည် မျက်ခွံများ ကိုပင့်၍ မော့်ကို မျက်လုံးကြီးဝင့်ပြူးပြီး ကြည့်လိုက်သည်။ သူ့ မျက်လုံးထဲ၌ သဘောမကျနိုင်သော အဓိပ္ပာယ်ကို အလျင်ပြလိုက်ပြီးမှ အသံထွက်လာသည်။
“ဟင်… ရေကွက်အောင်များ လုပ်ရသတဲ့၊ ကြည့်စမ်းပါဦး”
မော်သည် ဇက်ကလေး ပုသွားကာ ပြုံး၍ နေသည်။ ပြုံး၍ နေသည်ဆိုရပေမည့်  တွေ့ မိရ အောင် တွေ့ သွားသော သူ၏ ပြစ်ချက်ကလေးအတွက် ရင်ထဲ၌ လေးလံလျက်ရှိသည်။
မီးဖိုဆောင်ကြမ်းပြင်ပေါ်၌ ကွက်စိုသွားသော ရေကွက်မှာ လက်ဖက်ရည်ပန်းကန်ပြား တစ် ချပ်စာပင် ရှိသည်။ မီးဖိုကြမ်းခင်းမှာ တစ်နေ့လုံး အကြိမ်ကြိမ်ပွတ်သုတ်ရခြင်းဖြင့် ကြမ်းသားများ ၏ အရောင် သည် ဖြူနေသည်သာမက ခြောက်သွေ့ချောမွတ်လျက်ရှိခြင်းကြောင့် ရေကွက်ကလေး များ ထင်းပေါ်နေပေသည်။ ဒေါ်စောမိ မျက်စိထဲတွင် ဤရေကွက်သည် သူ၏ မီးဖိုချောင်ထဲ၌ ကြည့်ရှု့ ၍ မကောင်းလောက်အောင် ဧရာမ ချွတ်ယွင်းချက်ကြီးတစ်ခုသဖွယ် ဖြစ်နေပေသည်။
မီးဖိုဆောင်မှာ ထမင်းချက်သော နေရာ ဖြစ်၍ မိဖိုဆောင်သာခေါ်ရသည်။ အမှန်စင်စစ် ဖျာမခင်းဘဲ လှဲအိပ်ချင်စဖွယ်ရှိသော ကြမ်းပြင်တို့သည် ချက်ချိန် ပြုတ်ချိန်များ အပါအဝင် အချိန်မ ရွေး ဤအတိုင်း ချောမွတ်ဖြူစင်သန့်ပြောင်နေသည်။ မီးဖိုဆောင် ကြမ်းခင်းသာမက အမိုးကိုကြည့် ကြည့်၊ နံရံကိုကြည့်ကြည့် ကျပ်ခိုးတစ်မျှင် ၊ ပင့်ကူအိမ် တစ်မျှင် ၊ ဖုန်တစ်မှု န့် တင်ခြင်းမရှိဘဲ ဘယ် အချိန်၌ ပင် ဘယ်ကိုကြည့်ကြည့် ယခုဆေးပြီးစကကဲ့သို့ ပင် ဝဲယာ၊ ရှေ့နောက်၊ ထက်အောက်မ ကျန် မီးဖိုတစ်ဆောင်လုံး၏ နေရာတိုင်း၌ ပြောင်သန့်နေပေသည်။
မီးဖိုကလေးမှာ အိုးသုံးလုံးတစ်ပြိုင်တည်းတည်နိုင်အောင် အလျားရှည်လျက်၊ အနံမှာ ပေါင် လယ်လောက် မနိမ့်မမြင့် ဖြစ်၏ ။ ဖိုကို သစ်သားဖြင့် ပြုလုပ်၍ အခင်းကိုရွံ့မြေ မံထားကာ ၊ ဖိုပေါ် တွင် မီးတောက်သည်မှတစ်ပါး ဖိုဘေးဖိုပေါ်တို့၌ ပြာမှု န့် ၊မီးသွေးခဲ မမြင့်ရချေ။
ဒေါ်စောမိသည် ရေစိုသွားခြင်းကို မကြိုက်သော မျက်နှာထားနှင့် မာန်မဲပြီးမှ မီးဖိုပေါက်၌ သွားရပ်လျက် ပြစ်ချက်ရှိသော မျက်လုံးများ ဖြင့် ပတ်ချာလည် ကြည့်နေသည်။
မီးဖိုဆောင်ထဲတွင် သံဆန်ကာကြောင်အိမ်ကလေးတစ်လုံး ၊ စားပွဲခုံနိမ့်တစ်ခု ၊ ဖင်ထိုင်ခုံ လေးခု။
ဒေါ်စောမိ၏ မျက်လုံးထဲဝယ် ဤပစ္စည်းတွေ တင် အပြစ်ဆိုစရာ မရှိအောင် သန့်ပြောင်နေ သဖြင့် ၊ နံရံတွင် စင်များ ရိုက်ကာ အိုးခွက်များ တင်ထားသော စင်ကို လှမ်းမော့ကြည့်၏ ။
အကြီး အလတ် အငယ် အရွယ်အစားရှိသော ဒန်အိုးများ ၌ ဖိတ်ဖိတ်လက်နေသော အ ရောင် ကြောင့် ဘာမှပြောစရာ မတွေ့ ရ။ အိုးတွေ မှော က်ဆင့်တင်ထားပုံ တင်ထားဟန်ကလည်း စိတ်ကြိုက်အတိုင်းပင်။
စင်အောင်ရှိ ဆန်အိုး ၊ ဆီးအိုး ၊ ငါးပိအိုးတွေ ကလည်း ပြခန်းထဲတွင် ပြသထားသေား ပစ္စည်း တွေ ကဲ့သို့ သူ့နေရာနှင့် သူ သပ်သပ်ရပ်ရပ် ရှိသည့်ပြင် “ဘာများ ပြောင်ချင်ဆိုချင် ပါသေးသလဲ” ဟု ဒေါ်စောမိကို အစွမ်းကုန် ပြောင်ပြောင်ကြီး ပြောင်လက်ပြနေကြသည်။
ငရုတ်သီးကို အစေ့ထုတ်ကာ အသားချည်း အမှု န့်ထောင်းထည့်ထားသော ငရုတ်သီးမှု န့် ၊ နနွင်းမှု န့် စသော မီးဖိုအသုံးအဆောင် ပုလင်းကြီး ၊ ပုလင်းငယ် ၊ ပုလင်းဝိုင်း ၊ ပုလင်းရှည်တို့မှာ လည်း လေးထောင့် ခံမြင့်ကလေးပေါ်၌ နေ့စဉ် အသုံးပြုတာများ မဟုတ်ဘဲ တမင်အလှတင်ထား သော ပစ္စည်းများ ကဲ့သို့ ပင် မျက်စိပသာဒ ကျစရာ ဖိတ်လက် ဟိတ်ထုတ်လျက်ရှိနေကြ၏ ။
ဒေါ်စောမိ၏ မီးဖိုချောင်သည် အိမ်ရှေ့ဧည့်ခန်းဆောင်နှင့် တန်းတူသန့်ရှင့်သပ်ရပ် လှပရ သည့် အဆောင်တစ်ခု ဖြစ်၏ ။ မိန်းမပီသသည့် လက္ခဏာကို မီးဖိုဆောင်မြင်တာနဲ့ သိရမည် ဟု အယူအဆရှိသူ ဖြစ်သည်။ သူ့အိမ်သို့ လာသူတိုင်း ဘယ်သူမဆို မီးဖိုပေါက်ဝရောက်လျှင်မီးဖိုဆောင် ထဲသို့ တအံ့တသြငေးမောရပ်ကြည့်ပြီး ချီးကျူးသွားမှ ကျေနပ်သူ ဖြစ်လေသည်။
“အိမ်တစ်အိမ်ရဲ့ စနစ်ဟာ လယ်လိုစနစ်မျိုးလဲဆိုတာ မီးဖိုဆောင်မှာ မှ တွေ့ ရတယ်၊ ပန်း ကန်ဆေးကြောတဲ့ရေစင်ဟာ အကျယ်ကြီးလုပ်ထားတယ်၊ ဒါနဲ့ များ တောင် ကြမ်းပေါ်ရေဖိတ်ရတယ် လို့ ၊ မိန်းမ မပီတာ ပြတာပဲ”
မော်သည် ဒေါ်စောမိ ထိုးလိုက်သော မျက်စောင်းဒဏ်ကြောင့် ဒေါ်စောမိနှင့် မျက်လုံးချင်း မ ဆိုင်ရဲတော့ဘဲ ၊ မျက်လုံးကလေး အောက်စိုက်လိုက်ကာ အချိုသာဆုံး ပြုံး၍ ပင့်သက်ကလေး ရှိုက် ချလိုက်သည်။
ဒေါ်စောမိသည် မာန်မဲပြီး ထမင်းစားခန်းနောက်ဘက်ရှိ ရေချိုးခန်းဘက်သို့ တန်းထွက်သွား သည်။
နံနက်ဘက် မျက်နှာမသစ်ခင် ရေချိုးခန်းအဝရှိ အခန်းငယ်တစ်ခန်း၏ မှန်တင်ခံရှေ့ ၌ ခေါင်း ကို ကျကျနန သွားဖြီးသည်။ ဆံပင်တစ်ပင်မှ ထောင်မနေအောင် ဆီသွားပွတ်တံကြီးဖြင့် ခေါင်းကို ရှေ့နောက်သပ်တင်ပြီးမှ ဘီးဆံပတ်ပုံ့ပုံ့ကလေး ထိပ်လယ်၌ ပတ်ထုံးလိုက်သည်။ ခေါင်းဖြီးမှကျက် သရေရှိသော မဟာနဖူးမှာ ပိုပေါ်လာလေသည်။ ဒေါ်စောမိအိပ်ရာထ ထုံးလိုက် သော ဘီးဆံထုံး ကလေးမှာ အိပ်ရာဝင်ခါနီး အထိ တစ်ခါမှမပြေချေ။ အလွန်ခိုင်ပေသည်။ ဘီးဆံထုံး ထုံးပြီးမျက်နှာ သစ်သည်။ မျက်နှာသစ်ပြီး မှန်တင်ခုံရှေ့၌ သနပ်ခါးရည်ကျဲကျဲကလေး သွားလိမ်းသည်။
‘ ဒီနေ့ ဥပုတ်နေ့ပါ မေမေ ၊ ကျောင်းကဆွမ်းဟင်းအတွက် ဈေးဘာမှာ ရပါမလဲ’
‘ဆရာတော် ဘုရားကြိုက်တဲ့ ငါးမြင်းရင်း မှာ ပေါ့၊ နံနံပင်ကလေးလည်း အုပ်ချက်ပါ။ မနေ့က ဆရာတော် ဘုရားက သံပုရာသီးအလိုရှိတယ် ပြောတယ်၊ ကျောင်းက အသီးတွေ ကလည်း မကြီး သေးဘူး၊ သံပုရာသီးပါ မှာ လိုက်’
ဒေါ်စောမိသည် သနပ်ခါးလိမ်းရင်းမှ မော့်ကို ဈေးမှာ ရန် လှမ်းပြောနေသည်။ ဖြီးပုံလိမ်းပုံတို့ မှာ အသက်အရွယ်နှင့် မလိုက်အောင် အလွန်မြန်ဆန်လျက် တစ်ခဏဖြင့် ဖြီးကာ ဘုရားရှိခိုးရန် ဘုရားခန်းသို့ သွားလေသည်။
မော်သည် ထွေးရင်ကို ဈေးကိုလွှတ်လိုက်သည်။ နံနက်ပိုင်းမော်ရုံးသို့ မသွားမီ ရရှိသော အချိန်ပိုင်းကလေးအတွင်း အိမ်မှု ကိစ္စ၊ အိပ်ရာသိမ်း၊ အခန်းရှင်းစသော အိမ်အလုပ်များ ကို ထွေးရင် ဈေးမှမပြန်ခင် ပြီးနှင့် အောင် တစ်ခုပြီးတစ်ခုတရစပ် စေ့နေအောင် အပြေးအလွှား လုပ်ရလေသည်။
ဒေါ်စောမိသည် ဘုရားရှိခိုးပြီး အရုဏ်ဆွမ်းတော် ပွဲများ ကို မီးဖိုထဲသို့ ပို့ပေးပြီးနောက် ထမင်း စားပွဲတွင် ထိုင်ကာ ကော်ဖီသောက်နေသည်။ ဒေါ်စောမိကော်ဖီသောက်နေစဉ် မိခင်အတွက် ပန်းခူး ပေးရန် မော်သည် အိမ်အောက်ခြံဝန်းကလေးထဲသို့ ဆင်းလာသည်။
မော်တို့အိမ်မှာ တစ်ထပ်လွှာချင်း အိမ်နိမ့်ကလေး ဖြစ်၏ ။ ခြံဝန်းကလေးမှာ အသင့်အတင့် ကျယ်လေသည်။ခြံထဲ၌ နေရာမလပ် ဒေါ်စောမိ စိုက်ပျိုးထားသော ပန်းပင်များ နှင့် စားပင်သောက် ပင်တို့မှာ ခြံတစ်ခုလုံး ဝေဝေဆာဆာနေပေသည်။
မနေ့ညက ဖူးရုံသာ ဖူးသေးသော စံပယ်ခင်းမှာ ပွင့်လာကြသည်။နှင်းဆီ ပန်းအိုးတန်းကြီး မှာ လည်း နေပြောက်မထိုးအောင် အပေါ်၌ အမိုးမိုးပေးထားကာ ပန်းအိုးတိုင်း၌ အပွင့်နှင့် ချည်း ဖြစ် သည်။
အိမ်၏ အရှေ့ဘက်စူးစူးရှိ ပိန္နဲပင်ကြီးအောက်၌ မဒမတိုင်လုံးများ ထူစိုက်ကာ တိုင်များ တွင် အုန်းဆံများ ပတ်လျက် သဇင်ဥတွေ သီကပ်ထားသည်။ ထိုတိုင်လုံးများ ပတ်လည်တွင် တအားပွင့် လျက်ရှိသော သဇင်ခက်တို့သည် တိုင်လုံးကို ငိုက်ညွတ် ဖုံးဝေနေလေသည်။
သစ်ခွပန်း အမျိုးစုံကို စိုက်ပျိုးထားသော သစ်ခွပန်းအိုးများ တွင် လည်းခရမ်းရောင် ၊အဖြူ ရောင် သစ်ခွပန်းခိုင်တို့သည်ဘယ်နှရက်ကြည့်ကြည့် မညှိုးသေးဘဲလန်းပွင့်နေဆဲပင်။
လက်ဖက်ရည်ပန်းကန်ပြား တစ်ချက်စာလောက်ရှိမည် ဖြစ်သော ဒေလီယာပန်းပွင့် ရောင် စုံ များ မှာ ရိုးတံများ ကွေးညွန်နေအောင် ပင်လုံးကျွတ် ပွင့်ကြကုန်သည်။
မော်သည် ပန်းပွင့်ကလေးတွေ နှင့်ချစ်စဖွယ်စကားဆိုလေသည်။
“ခရမ်းရောင် ကလေးက လှလိုက်တာ၊ဒီအဖြူကလေးကလည်း ချစ်စရာကလေးပါကလား”
မော်သည် ပန်းခူးရင်း၊ ပန်းပွင့်များ ကို တစ်ပွင့်စီ၊တစ်ခိုင်စီ တယုတယကိုင်တွယ် ကြည့်ရှု ပြောပြီးမှခူးယူသည်။မော်သည် ခြံဝင်းကလေးထဲရှိ ရွှန်းတင့်ရောင် စိုနေသော ပန်းပွင့်တို့၏ သင်းထုံနေသော မွှေးရနံ့တို့ကို ရွှင်းလန်းအားရရှူရှိုက်ကာ ချစ်ခြင်းမေတ္တာအဟန်ဖြင့် ချစ်ဖွယ် စကားဆို ခူးနေခိုက်-
‘မော်ရေ. . .’
မော်သည် ခေါင်းထောင်ကာ ခြံဝင်းပေါက်သို့လှမ်းကြည့်လိုက်သည်။
‘ကြီးကြီးမေ ပါလား၊စောလှချည်လား၊မေမေရေ…ကြီးကြီးမေ လာပါတယ်’
မော်သည် အိမ်ပေါ်သို့လှမ်းပြောပြီး ခြံတံခါးဆီသို့ခပ်သုတ်သုတ်သွားဖွင့် ပေးလိုက် သည်။
ကြီးကြီးမေသည်ဆွယ်တာအကျီ်င်္အညိုဝတ်လျက်ခေါင်းပေါ်တွင် သိုးမွေးစောင်အဖြူအုပ်ထားသည်။အသက်၆၀လောက်ရှိကာ ဝဝဖိုင့်ဖိုင့်ပုပု ဖြစ်၏ ။
ကြီးကြီးမေနှင့်မော်သည် အိမ်သည် အိမ်ပေါ်တက်ရန် လှေကားရင်းသို့ လျှောက်လာ ကြသော အခါ၌ ဒေါ်စောမိသည် ပျားယီပျာယာ အပေါက်မှ စောင့်ကြိုခေါ်လေသည်။
'မမကြီးပါလား…ကြွပါကြွပါ၊ စောစောစီးစီး မအေးပါဘူးလား၊လာပါလာပါ'
ဒေါ်စောမိသည် အိမ်သို့ဧည်သည်လာလျှင်ခြေမကိုင်မိ လက်မကိုင်မိပျူပျူငှာငှာ ဆီးကြိုတတ်သည်။ဒေါ်စောမိ၏ အားရဝမ်းသာဖိတ်ခေါ်ပြောဆိုသော အသံတို့သည်အနီးအနား တစ် ဝိုက်စီ၍ ပျံ့၍ သွားလေသည်။အသံမှာ သာလွန်းသဖြင့် တစ်ခါကြားရရုံဖြင့် သည်အသံကိုနားထဲ၌ စွဲသွားနိုင်စေသည်။မော်သည်ကြီးကြီးမေကို လှေကားတစ်ဝက်အထိလိုက်ပို့လိုက်ကာ ပန်းခူးရန်ရှိသေး၍ ပြန်လှည့်ဆင်းသွားသည်။
ဧည့်ခန်းထိပ် လှေကားပေါက်ဝသို့ ရောက်လျှင် ကြီးကြီမေသည် ဟိုဟိုဒီဒီကြည့်ရင်း နောက်ဖေးထမင်းစားပွဲခုံပေါ်၌ ရောက်နေသည့်ဘုရားပန်းအိုးကို မြင်လိုက်ရသဖြင့် “ပန်းတင်မလို့ မှတ်တယ်၊မမကြီးဧည့်ခန်းမှာ မထိုင်ပါဘူး၊ထမင်းစားခန်းထဲသွားကြမယ်”ဟုပြောလိုက်သည်။
“ဟုတ်ပါတယ်၊ အခုပဲပန်းအိုးတွေ ပန်းလဲမလို့ယူသွားတာပါ။ ထမင်းစားခန်းမှာ မကောင်းပါ ဘူး၊ မမကြီးရယ်၊ ဒီမှာ ပဲထိုင်ပါ၊ ကိစ္စမရှိပါဘူး”
ဒေါ်စောမိသည် ဧည့်ခန်း ကုလားထိုင်ကို အသာဆွဲလျက် ပြုံးရွှင်စွာ ပြောလိုက်ကာ နေရာပေးလေသည်။
“အို…ကထိုင်ပါဘူးဆိုမှ၊လာပါ…ထမင်းစားပွဲသွားမယ် အလုပ်ရှိတာအလုပ်မဖျက်ပါနဲ့၊ ဒီက လမ်းလျှောက်ရင်း ကြုံလို့ မလကား လာတာပါ”
ကြီးကြီးမေသည် ပြောပြောဆိုဆို ထမင်းစားခန်းဆီသို့အလျင် လျှောက်သွားသည်။
“သြော်…မမကြီးကလဲ”
ဒေါ်စောမိသည် ဒါပဲပြောနိုင်ပြီး ရွှင်ပျသော အသံဖြင့် ရယ်မောလိုက်လျက် ကြီးကြီးမေ နောက်မှ လိုက်သွားသည်။
“မော်ရေ…”
အိမ်ပေါ်ကခေါ်သံကြားရုံနှင့် မော်သိလိုက်သည်။ ဒေါ်စောမိသည်အိမ်သို့ ဧည့်သည်လာလျှင် ဧည့်သည်မှမထိုင်ရသေးမီဧည့်သည်အတွက်ကော်ဖီပွဲ တစ်ပြိုင်နက်တည်း ဧည့်သည်ရှေ့ မှော က်သို့ ရောက်လာကြိုက်သည်။ မော်သည်ပန်းများ ကို ကပျာကယာဆွတ်ခူးကာ နောက်ဖေးလှေကားမှအ ပြေးအလွှာတက်သွားသည်။
“သာဓုတော် …သာဓု…သာဓု၊ဒီအိမ်များ လာမှဖြင့် ဘုရားဝေယျာဝစ္စပန်းနေကြသော မြင်ရ
တာများ စိတ်ထဲကို ကြည်အေးသွားတာပဲ၊ပန်းတွေ ကလည်း ပွင့်လိုက်တာ လှပါဘိ၊စုံပါဘိ”
ကြီးကြီးမေသည် စ ကားပြောလျှင် ဟောင်ဖွာ ဟောင်ဖွာနှင့်ဟောဟောဒိုင်းဒိုင်း အသံကျယ်ကျယ်ပြောတတ်သည်။ ကြီးကြီးမေ၏ ခင်ပွန်းဦးအောင်ဘသည် ပင်စင်အငြိမ်းစား ငွေတိုက်ဝန် ထောက် ဖြစ်သည်။ပင်စင်ယူပြီးနောက်ဒေါ်စောမိတို့အိမ်နှင့် နှစ် လမ်းခြားရှိ ခြံမြေအိမ်ကလေးကို ဝယ်ကာ မကြာသေးမီကပင်ပြောင်းရွှေ့ လာသူ ဖြစ်သည်။ သားနှင့်ချွေးမ၊ကလေးနှစ် ယောက် နှင့် တစ် အိမ်တည်း အတူနေကြသဖြင့် အိမ်တွင် မျက်စိနောက်နောက်ရှိလျှင်နားအေးပါးအေးရှိသော ဒေါ်စော မိအိမ်သို့ ရောက်လာတတ်မြဲ ဖြစ်သည်။ ဒေါ်စောမိနှင့်ဘုန်းကြီးကျောင်းတွင် ဆုံမိတာ၊ မြင်မြင်ချင်းပင် အသိမိတ်ဆွေ ဖြစ်ကြသည်။ဒေါ်စောမိ၌ မိန်းမတစ်ဦးအနေနှင့်စိတ်တိုင်းကျစရာ မိန်းမပီသသော အ ချက်တွေ အများ ကြီးရှိသဖြင့် ကြိုက်နှစ်သက်ကာတစ်နေ့တခြားခင်မင်ရင်းနှီးလာသည်။
“အမိတို့က ရွာခံဆိုတော့မမကြီးတို့ ဒီအရပ်ထဲပြောင်းလာတာ အမိတို့ သားအမိပဲ ခင်မင်စ ရာ ရှိပါတယ်၊ ပြောလို့ပြောတာမဟုတ်ပါဘူး၊ ဒီသားအမိကိုမြင်မြင်ချင်း ခင်လိုက်ရတာ ၊ချစ်လိုက်ရ တာအိမ်မှာ လည်း မော်တို့အကြောင်းပြောရလွန်းလို့ အိမ်ကချွေးမက မော်တို့သားအမိ အကြောင်းမ ပါရင် မေမေ စကားမပြောတတ်ဘူးတောင် ပြောနေကြပြီ”
ရယ်သံတို့သည် ထမင်းစားခန်းကလေးထဲတွင် အနှံ့ပြည့်လျှမ်းသွားသည်။ မော်သည် မီးဖို ထဲသို့ ဝင်းသွားကာ ကော်ဖီတစ်ခွက် ဖျော်လျက် မုန့်ပါထည့်၍ ဗန်းနှင့်ပြင်ကာ ကြီးကြီးမေရှေ့ ၌ ချ လိုက်သည်။
“သောက်ပြီးခဲ့ပါပြီး၊သောက်ပြီးမှထွက်လာတာပါ၊နေရာရှာလို့”
“သောက်ပါဦး ကြီးကြီးမေရယ်”
“သောက်ပါမမရယ်”
ဒေါ်စောမိသည် ထုံးစံအတိုင်းပင် ရှေ့၌ ချထားသော ကော်ဖီပန်းကန်ကိုယူပြီး ကမ်းပေးနေ သော ၊အူလိုက်သည်းလိုက်သံဖြင့် ပြောလိုက်ပြန်သည်။
“ကော်ဖီကအရည်ပါပဲမမကြီးရယ်၊လမ်းလျှောက်လာတာ အမောပြေသောက်လိုက်ပါဦး၊ မုန့် လည်းစားပါ။ ဒီမုန့်ကမုန့်ကုလားမလေ၊ဒီနေ့ဥပုတ်နေ့မို့အရုဏ်ဆွမ်းအတွက်အိမ်မှာ မော်လုပ်တာပါ၊ ထောပတ်နိုင်းချင်း၊အုန်းနို့လည်းနိုင်တော့အရသာရှိပါတယ်၊သုံးဆောင်ပါ မမကြီးရယ်”
ဒေါ်စောမိသည် ဧည့်သည်လာလျှင်အစားတစ်ခုခုကျွေးရမှ။ ပါးစပ်ထဲသို့ ခွံ့ တော့မတတ်ပင်
အတင်းတိုက်တွန်း၏ ၊ကျွေးချင်းမွေးချင်စိတ် ရှိလှသော ဒေါ်စောမိ၏ စေတနာသဒ္ဒါတရားကို အောချ ထားသော ကြီးကြီးမေသည်။ခေါင်းကိုတဆက်ဆက်ညိတ်လျက် ကော်ဖီပန်းကန်ကိုလှမ်းယူလိုက်ရ သည်။
` “သောက်ခဲ့ပြီးပါပြီးဆိုမှ သဒ္ဒါတရားကလည်း ကောင်းလိုက်ပါဘိ၊ ဒီအိမ်လာရင်မစားဘဲနဲ့ တော့မပြီးဘူးဆိုတာ အသိသား။ မုန့်ကုလားမတော့အကြိုက်ပေါ့၊ မမကြီးတို့ကခရစ္စမတ်မုန့်လို့ လည်းခေါ်တယ်”
ကြီးကြီးမေသည် မုန့်ကုလားမ တစ်တုံးကို ယူစားလိုက်သည်။ သားအမိနှစ်ယောက် သည် ဧည့်သည်စားသောက်နေပုံကိုကြည့်လျက်အားရ ကျေနပ်သွားကြသည်။ ကြီးကြီးမေသည် ပြုံးရွှင် ကြည် လန်းနေကြသည့် သားအမိနှစ်ဦး၏ မျက်နှာများ ကို စားသောက်ရင်း တစေ့စေ့ယှဉ်ကြည့်ရာမှ ပြုံးပြောလေသည်။
“အမေနဲ့ သမီးကလည်း ညီအစ်မကျနေတာပဲ၊အမေချောပုံက ညီအစ်မကျနေတာပဲ၊အမေ ချောပုံကတစ်မျိုး၊ သမီးလှတာက တစ်မျိုး၊ ရုပ်ချင်းလည်း နည်းနည်း မှ မတူကြပါပဲကလား ဟင်”
“လယ်တူမလဲ ၊ သူက သူ့အဖေ အသားအရောင် ၊ သူ့အဖေ မျက်နှာနဲ့ဆင်တယ်၊ ဝက်မျိုး… ဒါကြောင့် အသားမည်းတာ”
ဒေါ်စောမိသည် ပြုံးစိစိနှင့် ပြောလိုက်သည်။ မော့်အဖေနှင့် ပတ်သက်လာလျှင် အပြင်ပန်း က ပြုံးချိုပြီး ပြောသည် ဖြစ်စေ၊ ဒေါ်စောမိ၏ ရင်တွင်း၌ ဘယ်အခါမဆို ခါးသွားသည်သာ။ အသည်း ထဲ ကျွဲဝင်ခတ်သကဲ့သို့ နာကျင်ခံခက်လှကာ အောင့်စူးနေခဲ့သော ဒဏ်ရာဟောင်းကြီးသည် နာ ကျင်သယောင်ယောင် ထလာတတ်သည်။
“မော့် အသားလား မည်းတာ၊ မဟုတ်တာရှင်၊ အမိလိုတော့ ဆွတ်ဆွတ်မဖြူဘူးပေါ့၊ ဒါ ပေမယ့် မော့အသားက အသားဝါ အသားဝင်းပါ၊ မမကြီးဖြင့် မော့်မျက်နှာကလေး ကြည့်လိုက်ရ တိုင်း လပြည့်ဝန်းကို ကြည့်လိုက်ရသလိုပါပဲ”
မော်သည် ရှက်သွေးရောင် ဖြန်းနီသွားသော မျက်နှာကလေးဖြင့် “အို….မမကြီးကလဲ၊ မော် မေမေ့လိုမလှပါဘူး” ဟု ကနွဲ့ကရ ပြောဆိုကာ မျက်နှာမထားတတ်သလောက် ဖြစ်သွားသည်။
ကြီးကြီးမေသည် ကော်ဖီခွက်ကို ကောက်ယူကာ မော်၏ မျက်နှာကလေးကို တစိမ့်စိမ့်စိုက် ၍ ကြည့်လိုက်ပြီးနောက် ၊ တစ်ငုံ ငုံသောက်ပြီးမှ ဆက်ပြောပြန်သည်။
“ကြီးကြီးမေက မော့်မျက်နှာဟာ လပြည့်ဝန်းနှင့် တူတယ်ဆိုတာ အပိုပြောတာ မဟုတ်ဘူး ကွယ့်၊ အဓိပ္ပာယ်ရှိတယ်။ ကြီးကြီးမေလည်း အစိုးရအလုပ်နဲ့ နယ်တကာ အရပ်တကာ အရပ်လေး မျက်နှာအနှံ့ ရောက်ဖူးတဲ့သူပဲ၊ ဒီလိုမျက်နှာပိုင်ရှင်မျိုးကို တွေ့ ခဲ့ပါဘိရှင်။ လပြည့်ဝန်းဆိုတာက လ မင်းကြီးကို ကြည့်သူမြင်သူတိုင်းရဲ့ မနောမှာ အကြည်ဓာတ်ကလေး ဆိုက်သွားတတ်တယ် မဟုတ် လား၊ စိတ်ကို ချမ်းသာအေးမြသွားတယ် မဟုတ်လား”
မော်သည် ကြီးကြီးမေကိုမကြည့်ရဲတော့ဘဲ ခေါင်းစိုက်သွားကာမျက်နှာကလေးကို လုံနိုးနိုး ဖြင့် ငုံ့လျှိုးဝှက်ထားလိုက်သည်။
“မော့်ကိုမြင်လိုက်ရရင်ဘယ်သူမဆို အေးချမ်းသွားမှာ ပဲ။ မော့်ရဲ့ အလှက မော့်ရဲ့ မျက်နှာအမူ အရာအလှကို ကြီးကြီးမေဆိုလိုတာပါ။ အင်မတန်ရိုးတဲ့စိတ်၊ အင်မတန်ချစ်တတ် ခင်တတ်တဲ့သ ဘောသက္ကာယ၊ နောက်ပြီးတော့ အင်မတန်ကိုပဲဖြူစင်သန့်ရှင်းတဲ့ စိတ်စေတနာလေးနဲ့အစဉ်သဖြင့် တည်ငြိမ်အေးဆေးပြီးနေတဲ့မနောကြောင့် မော့်ရဲ့ အတွင်းအဇ္ဈတ္တသန္တာန်တစ်ခုလုံး မော့်မျက်နှာ လေးမှာ ထင်ရှားပေါ်လွင်နေတဲ့အတွက် လပြည့်ဝန်းကြီးနဲ့နှိုင်းပြောတာပါ၊ ဒိပြင်လှတာတွေ လည်း တစ်ပုံကြီးပါပဲရှင်”
မော်သည် ငုံ့နေသော မျက်နှာကလေးကို မော့လိုက်ကာ၊ ပါးချိုင့်ကလေးပေါ်ပြုံးနေသော သူ့ ပါးကလေး သာမက ပူရှိန်းသွားသော တစ်မျက်နှာလုံးကို လက်ဖြင့် ပွတ်သပ်ရင်း ပိုမို၍ မျက်နှာမထား တတ်အောင် ဖြစ်လာသည်။
“ဒိပြင်လှတာတွေ လည်း တစ်ပုံကြီးပါပဲလို့မပြောပါနဲ့ မမကြီးရဲ့ ၊ဒိပြင်အတာ နုံတာတွေ လည်း တစ်ပုံကြီးပါပဲလို့ ပြောစမ်းပါဦး”
ဒေါ်စောမိသည် ပြုံးရယ်လျက် နှင်းဆီပန်းခက်များ ကိုအရွက်သင်ရန် ထလှမ်းယူလိုက်ကာ၊ ကြီးကြီးမေနှင့် မျက်နှာချင်းဆိုင် ထိုင်ချပြီးပြောလိုက်သည်။
“မေမေကလည်း မော် မ အ ပါဘူး”
မော်သည် ပြုံးလျက်ပြန်ပြောကာ မီးဖိုထဲသို့ ၀င်သွားလေသည်။
“ဘာ မအရမှာ လဲ၊ အ အ မ … ၀က်မ”
ဒေါ်စောမိသည်ပြုံးလျက် မော်ကြားအောင် ပြန်လှမ်းဆိုလိုက်သည်။။ ဒေါ်စောမိသည် မော့် ကိုသူ့စိတ်နှင့် မတွေ့ သည့်အခါမျိုးကျလျှင် “၀က်မ” ဟု ခေါ်လေ့ ခေါ်ထ၊ ပြောလေ့ ပြောထ ရှိသည်။
ဝက်မ ဟုမိခင်ကခေါ်လျှင် မော်သည်ပြုံးလေ၏ ။ ချစ်စနိုးခေါ်ခံရဘိသကဲ့သို့ သဘောကျကာ ပြုံးခြင်းမဟုတ်ချေ။ မော့် ဖခင်ကိုရည်မှန်းလျက် မော့် ဖခင်ကိုယ်စား မော့်ဖခင်ကိုစိတ်ပေါက်ပေါက် ဖြင့် စိတ်နာစွာ ခေါ်မှန်း ဤအသိဖြင့် ပြုံးရမြဲ ဖြစ်သည်။
“ရိုးတာပါ အမိရယ်၊ နုံတာ အ တာ မဟုတ်ပါဘူး၊ ဒီသမီးလေးမျိုးမွေးရတာ ကုသိုလ်ကိုထူးပါ တယ်ရှင်၊ လိမ္မာလိုက်တာ ယဉ်ကျေးလိုက်တာ လွန်ရောပဲ။ မိဘကိုရိုသေကိုင်းရှိုင်းလုပ်ကျွေးပြုစုတဲ့ ဒီလိုသားသမီးမျိုး မတွေ့ ဖူးပါဘူး။ အမိကိုပြုစုပုံများ တော့ စံပါပဲ။ ခုခေတ်မှာ ဒီလိုသားသမီးမျိုးတွေ ဟာ မရှိတော့သလောက်ပဲ။ အင်မတန်ရှားတယ်၊ နည်းနည်း ကလေးကြီးလာရင် ခြေရာချင်းခွာရာ ချင်း တိုင်းလာကြတာပဲ။ မော့်လို သမီးလိမ္မာလေးမျိုး ဘယ်မှာ သွားရှာမလဲ၊ အမိ အားကြီးကုသိုလ် ထူးပါတယ်၊ ခမျာ နုံတာလည်း မဟုတ်ပါဘူး၊ အေးတာပါ အမိရဲ့ ၊ အေးတာပါ”
ကြီးကြီးမေသည် စားရင်းသောက်ရင်း လက်တခါခါနှင့် ပြန်ပြောသည်။
“မမကြီးက မသိလို့၊ အခုမှအပုံကြီး တော် လာတာ။ ငယ်ငယ်ကများ ဆိုရင်ဘာမှ သူ မပြော တတ်ဘူး၊ လူကြောက်တာလည်း တရားလွန်ပါပဲ၊ စကားလည်း လေးလုံးကွဲအောင်တောင်မပြောချင် ဘူး၊ အေးတိအေးစက်နဲ့။ လိုချင်တဲ့စိတ်၊ လှချင်ပချင်တဲ့စိတ်လည်း သူ့မှာ ဘာတစ်ခုမှမရှိဘူး။ ရ တတ်သမျှနဲ့ပြီးတယ်၊ ရတတ်သမျှနဲ့ကျေနပ်နေတာပဲ၊ မရှိ ရှိရှိ အေးအေးပဲ၊ ကြာတော့ ဒီစိတ်မျိုးဟာ နုံလာတတ်တယ်။ ကျွန်မအင်မတန် သွေးထိုးနိုင်လွန်းလို့ပဲ၊ သူ့စိတ်ကိုဆွဲဆွဲတင်ပြီး ပင့်ပေးနိုင်လို့ တွန်းပေးနိုင်လို့ပါပဲ။ သူ့ အလိုသာများ ဆိုရင် အောက်တန်းရုံးစာရေး မ ဘ၀နဲ့ပဲအရိုးထုတ်မယ်။ အောက် တန်းစာရေး ကနေ အထက်တန်းစာရေး ဖြစ်အောင်ကြိုးစားဖို့လည်း ကျွန်မတိုက်တွန်းရတာ ပဲ။ အထက်တန်းစာရေး ကနေ ရုံးဝန်ထောက် ဖြစ်သွားဖို့ သူ့မှာ အဲသလို ကြီးပွားတိုးတက်ချင်တဲ့စိတ် တွေ ရှိကို မရှိဘူး”
ကြီးကြီးမေသည် ဒေါ်စောမိပြောသမျှစိုက်၍ နားထောင်လျက်စကားဆုံးမှ သူက ပြန်ပြော သည်။
“ရုံးအလုပ်တစ်ဖက်နဲ့ စာမေးပွဲဖြေရတာ လည်း တကယ်တော့ မလွယ်ပါဘူးအမိရယ်”
“မမကြီးရေဒီလိုဖြေခဲ့လို့ အိုင်အေ အောက်တန်းအောင်ခဲ့တာပဲ၊ ဒီနှစ် အိုင်အေ အထက်တန်း ၀င်ဖြေရမယ်။ ဒီလိုအလုပ်တစ်ဖက်နဲ့အပြင်က စာကြည့်ပြီး၊ စာမေးပွဲဝင်ဖြေပြီး ဒီဂရီယူကြတဲ့သူတွေ အနတက္ကမပဲ။ တစ်ခုတော့သူ့အတွက် အခက်အခဲရှိသပေါ့လေ၊ ၁၀ တန်းအောင်ခဲ့တာက သူ့ အ သက်၁၆ နှစ် သမီးကဆိုတော့ ကျောင်းစာနဲ့အကြာကြီး အဆက်ပြတ်သွားပြီး မနှစ် ကမှအိုင်အေ ၀င် ဖြေရတော့ အောင်ဖို့ အတော် ကြိုးစားရပါတယ်။ ဒီလိုပေါ့၊ ကြိုးစားရမှာ ပေါ့”
“ဘာ ဖြစ်လို့ ကောလိပ်ကျောင်းကို ဆက်မနေခဲ့တာလဲ”
ကြီးကြီးမေသည် စကားစပ်လာသဖြင့် သူ့ရင်ထဲ၌ မျိုသိပ်ထားရသော သိချင်စိတ်ကိုမအောင့် နိုင်သည့်အတိုင်း မေးလိုက်သည်။
ကြီးကြီးမေမှာ မော့်တွင် ဖခင်ရှိသည်၊ ဒေါ်စောမိနှင့် လင်မယားချင်းကွဲနေကြသည်ဟု ဒေါ်စောမိနှင့် သိကျွမ်းစက ဤမျှသာအရိပ်အငွ့လောက်သိခဲ့သည်။ ထိုစဉ်က‘မော့်အဖေ ဘယ်သူလဲ၊ အခု ဘယ်မှာ ရှိသလဲ’ဟု မေးမိခဲ့ဖူးသည်။ ‘ကျွန်မကိုခင်ရင် သူ့အဖေအကြောင်းကို ဘယ်တော့မှမမ ကြီး မမေးပါနဲ့နော်၊ ဘယ်သူဘယ်ဝါ ဘယ်မှာ ဆိုတာ သူ့အဖေနာမည် ကို ကျွန်မပါးစပ်နဲ့မခေါ်တာ၊ ပါးစပ်ထဲ မထည့်တာဆိုပါတော့။ စ၍ ကွဲသည့်နေ့ကစပြီး ယနေ့ထက်ထိပဲ၊ ဒါကြောင့် သူ့အဖေအ ကြောင်းကို ဘာမှမမေးပါနဲ့၊ ကျွန်မ ဘာမှမပြောချင်လို့ပါ’
ဒေါ်စောမိ၏ သီးသီးခါးခါး တောင်းပန်ပိတ်ပင်ချက်ကြောင့် လူချင်းသိစ၊ လူချင်းလည်း သိပ်မ ရင်းနှီးကြသဖြင့် ကြီးကြီးမေမှာ အားနာကာ ဆက်မမေးတော့ဘဲအသာအောင့်နေလိုက်ရသည်။ ဒီ လောက်တောင် သဘောထားတင်းမာပြင်းထန်လွန်းလှတာ၊ ဘယ်အ ဖြစ်မျိုးနဲ့များ ကွဲခဲ့ကြသလဲဟု မတွေးတတ်ကာသိချင်စိတ်ကို မျိုသိပ်လိုက်ရသည်။ ဒေါ်စောမိမှာ လူကြည့်တော့အလွန်ပျော့၊ အ လွန်နုလျက် စိတ်ကျတော့အလွန်ကြီး၊ အလွန်ထက်၊ အလွန်ထန်မည့်ပုံကို အကဲခတ်ခဲ့မိသည်။
ယခု မော် ကောလိပ်ကျောင်းဆက်မနေခြင်းအတွက် မော့်အဖေနှင့် ပတ်သက်လို့များ လားဟု သိချင်စိတ်ထပ်ရှိလာပြန်ခြင်းကြောင့် မေးစမ်းကြည့်လိုက်ခြင်း ဖြစ်သည်။
“ကောလပ်ဆက်မနေတာ ကတော့ သူ့ကိုယ်က ကျောင်းဆက်မနေချင်တာလည်းတစ် ကြောင်း၊ ကျွန်မမှာ ကျောင်းဆက်ထားဖို့ အခက်အခဲရှိတာလည်းတစ်ကြောင်းပါပဲ။ ကျွန်မရဲ့ အစ်မ သူ့အဒေါ်ကြီးက ကောလိပ်ဆက်နေဖို့သူ့ကို တိုက်တွန်းပါတယ်၊ ကျွန်မ အစ်မကလည်း မုဆိုးမ၊သား သမီး မရှိပါဘူး၊ အခြေအနေကလေးတော့ ရှိသလောက်ရှိသေးတယ်။ သူ့ကို အစ်မကကျောင်းဆက် ထားတာ သူက သူ့အဒေါ်ကြီးကိုအားနာပြီး ကျောင်းဆက်မနေဘဲ လက်နှိပ်စက်သင်တယ်၊ အလုပ် ရှာပါတယ်။ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီရုံးကြီးမှာ အဆောက်အအုံဌာနဘက်က စာရေး တစ်ယောက် လိုတယ်လို့ ကျွန်မမိတ်ဆွေကလာပြောတော့ ကျွန်မပဲ ဒီအလုပ်ကိုသူရအောင် ဦးဆောင်ကြိုးပမ်းပေးရတာ ပါပဲ။ အခုအလုပ်ရတော့ သူ့ဒေါ်ကြီးက ကျောင်းပညာသင်ပေးတဲ့စရိတ် အစားပဲဆိုပါတော့လေ။ ဒီအိမ်ကလေးနဲ့ဒီခြံကလေးကို သူ့အတွက်ဝယ်ပေးပါတယ်၊ ကျွန်မတို့အစ က ရန်ကုန်ထဲမှာ အခန်းငှားနေပါသေးတယ်”
ဒေါ်စောမိသည် စားပွဲပေါ်၌ ဆေးကြောပြီး လာတင်ပေးသွားသော ပန်းအိုးများ ကို စကားတ ပြောပြောနှင့် ပင် တစ်အိုးပြီးတစ်အိုး ပန်းစိုက်ထိုးနေလေသည်။ ကြီးကြီးမေမှာ ဒေါ်စောမိ ပြောသည့် စကားထဲတွင် မော်၏ အဖေအကြောင်း အရိပ်အငွေ့မျှမပါချေသဖြင့် သိချင်စိတ်ကိုမအောင့်နိုင်သည့် အတိုင်း ဖွင့်မေးပြန်သည်။
“စိတ်တော့မရှိပါနဲ့ အမိရယ်။ မော့်အဖေ ဘယ်သူဘယ်ဝါနာမည် တောင် မမေးပါနဲ့ပြောထား ဖူးလို့ မမကြီး မမေးချင်ပါဘူးရှင်၊ ဒါပေမဲ့ မော့်အဖေကကော မော့်ကိုကျောင်းဆက်ထား မပေးဘူး လားလို့ မေးချင်တယ်”
ကြီးကြီးမေသည် အားတောင့်အားနာအမူအရာဟန်ဖြင့် မေးပြီးပြုံးနေသည်။ ဒေါ်စောမိသည် ဩော် ဟု ဆိုလိုက်သည်။ ကြီးကြီးမေကို တစ်ချက်စိုက်ကြည့်လိုက်၏ ။ ဘာမျှဆက်မပြောဘဲ ခပ်မဲ့မဲ့ ပြန်ပြုံးနေလေ၏ ။ ထို့နောက်မျက်နှာတင်းတင်းဖြင့် တစ်ခဏငြိမ်သက်၍ နေသည်။ တစ်အောင့်ကြာ တော့မှ ကြီးကြီးမေကို အားနာရွေ့ သာမပြောလျှင် မကောင်းရွေ့ သာ မကောင်းတတ်သော သဘော မျိုးဖြင့် ကြီးကြီးမေနှင့် ဆိုင်ထားသော မျက်နှာကိုလွှဲပစ်ပြီးမှ ပြောသည်။
“မော့်အဖေနဲ့ကျွန်မ ကွဲတော့ မော် သုံးလသမီးပဲရှိပါသေးတယ်။ စကွဲတဲ့နေ့ကစပြီး သူ့အဖေ ဆီက အထောက်အပံ့ပိုက်ဆံဆိုလို့ ကြေးနီပြားတစ်ပြားမှ ကျွန်မလက်မခံခဲ့ဘူး။ ဘာအဆက်အ သွယ်မှ မလုပ်ဘူး၊ အပြတ်ဆိုအပြတ် ဖြတ်တယ်။ ဖျာပုံမှာ ကျွန်မ အစ်မနဲ့ကျွန်မအထည်ဆိုင်ဖွင့်ပြီး မော့်ကိုကျောင်းထားခဲ့တယ်။ သူ ၁၀တန်းမအောင်ခင်နှစ် ပဲ အိမ်မီးလောင်၊ အထည်ဆိုင်လည်းပြုတ်၊ ပစ္စည်းပျက်နဲ့အတော် ပဲ ဒုက္ခရောက်ကြပါတယ်။ ဒုက္ခရောက်နေတဲ့ကြားထဲမှာ ပဲ မော့်ဘကြီး၊ ကျွန်မ ခဲအိုကလည်းလေဖြတ်သွားတော့ ငွေနဲ့ဆက်ကုပေမဲ့ မရပါဘူး၊ ဆုံးတာပါပဲ”
“ဩော် … ဒီလိုလား”
ကြီးကြီးမေက မျက်တောင်စိုက်လျက် ခပ်လေးလေး ပြောလိုက်သည်။ ကြီးကြီးမေသည် ဒေါ် စောမိအရိပ်အကဲကြည့်ကာ မကြိုက်မှန်းသိသဖြင့် သူသိချင်သော မော့်အဖေအကြောင်းသည်တွင် ရပ်ဆိုင်းထားလိုက်ပြီးနောက် ပါးနပ်စွာ ပင် စကားပြောင်းလိုက်သည်။
“အမိအစ်မက၊ ဘာ ဖြစ်လို့ ဒီမှာ အမိတို့နဲ့အတူတူ လာမနေသလဲ၊ တစ်ကိုယ်တည်းဆိုရင် တူမလေးရှိရာ အတူတူလာနေရောပေါ့၊ ဒီမှာ ”
ကြီးကြီးမေ စကားမဆုံးမီ ဒေါ်စောမိက ပြောလိုက်သည်။
“ဟိုမှာ က ကျွန်မတို့ အမေရှိသေးတယ် မမကြီးရဲ့ ၊ ကျွန်မတို့ အမေက အသက် ၈၀ကျော်နေ ပြီ၊ အစ်မက အမေနဲ့အတူတူနေပါတယ၊ ဖျာပုံတစ်ဖက်ကမ်းက ခြံကလေးနဲ့စပါးစည့် ဂိုဒေါင်တစ်လုံး ရှိတော့ ခြံကိုအငှားချပြီး စပါးစည့်ကိုငှားစားပါတယ်။ မော့်အဘွားက ရန်ကုန်မြို့ ကိုမျက်စိနောက် လွန်းလို့ ဘုရားဖူးလာရင်တောင် ခဏပဲနေပါတယ်။ ကြာကြာဆွဲလို့မရပါဘူး၊ ဖျာပုံက သူ့အိမ်ကသူ ဘယ်မှမခွာချင်ဘူး။ သူ့အိမ်မှာ ပဲ သူ ခေါင်းချမယ် ပြောပါတယ်”
မော်သည် မီးဖိုထဲ၌ ဈေးကလာလျှင် အဆင်သင့် ဖြစ်အောင် ငရုတ်သီးထောင်းနေစဉ် ထမင်း စားခန်းမှစကားပြောသံများ ကိုလည်း နားစွင့်ထားသည်။ ကြီးကြီးမေလာလျှင် မေမေ့ကို မော့် ဖေဖေ အကြောင်းမမေးပါနှင့်ဟု တိုးတိုးမှာ ထားရန်သတိရသော်လည်း မပြော ဖြစ်ခဲ့ချေ။ ကြီးကြီးမေကို ခင် လွန်း၍ သာမပြောချင်ဘဲနှင့် ပြောနေမှန်းကိုသိလေသည်။ သည်ထက်ရှေ့ ဆက်မေးလျှင် ဒေါ်စောမိ ကြိုက်မည် မဟုတ်သဖြင့် ၊ မော့်မှာ ငရုတ်သီးထောင်းရင်းစိတ်မဖြေင့် ဘဲ ဖခင်အကြောင်း ဤမျှနှင့် ရပ် ပါတော့ဟုကျိတ်၍ ဆုတောင်းနေမိသည်။
ထွေးရင် ဈေးကပြန်ရောက်လာသဖြင့် ကြီးကြီးမေနှင့် ဒေါ်စောမိတို့ ပြောလတ်စ စကားပြတ် သွားကြသည်။ ဆွမ်းဟင်းကစ၍ ဆွမ်းအကြောင်း၊ ကျောင်းအကြောင်း၊ ကျောင်းက ဆရာတော် အ ကြောင်း စကား ပြောင်းသွား ကြသည်။
မော်သည် လက်မလည်အောင်မီးဖိုထဲ၌ အလုပ်များ နေချေသည်။ ရုံးမသွားခင်ကျောင်းက ဆွမ်းအတွက်၊ အိမ်အတွက် အပြေးအလွှားတစ်အိုးပြီးတစ်အိုး စီမံချက်ပြုတ်လျက်နေပုံမှာ နောက်က ကျားလိုက်ဘိသကဲ့သို့ ပင် ဖတ်ဖတ်မောနေရှာသည်။ ဟင်းအိုးများ အားလုံး ဖိုပေါ်ရောက်ကုန်ပြီးမှ မီး ဖိုထဲမှ စိတ်ချလက်ချ မော် ထွက်လာခဲ့သည်။
‘မော်ရေ ရုံးချိန်နီးပြီလား’ ဟု ကြီးကြီးမေက ဆီးမေးလိုက်သည်။
‘နီးတော့ နီးပါပြီ၊ အချိန်ရပါသေးတယ် ကြီးကြီးမေ’
‘ကြည့်ပါဦးမော်ရယ်၊ မော့်မေမေ ကြီးကြီးမေနဲ့စကားပြောရင်း ဘုရားပန်းအိုးတွေ ထဲပန်းစိုက် ထားပုံများ လှလိုက်ပါဘိတော့ မော်ရယ်၊ ကြီးကြီးမေလည်း ကြည့်ကောင်းကောင်းရှိတာနဲ့ စကား ပြောရင်းထိုင်ကြည့်နေလိုက်တာ အချိန်တောင်ကြာသွားပြီး၊ ဘုရားပန်းတင်ဖို့တောင် နောက်ကျနေ ပြီထင်ပါရဲ့ ၊ လာနှောင့်ယှက်သလို ဖြစ်နေပြီ’
‘မ ဖြစ်ပါဘူး မမကြီးရယ်… လာတဲ့အခါ ဖြည်းဖြည်းပေါ့၊ အေးအေးဆေးဆေးနေပါ၊ မနက်စာ ထမင်းစားပြီးမှပြန်ပါ၊ ဒီနေ့ မနက်စာ ဒီမှာ ပဲ ထမင်းစားပါ။ ငါးမြင်းရင်း ဟင်းနဲ့ရှောက်သီးသုတ်နဲ့စား သွားပါ မမကြီး’
ကြီးကြီးမေသည် ကိုယ်ကိုမတ်လျက် ခေါင်းကို ဆတ်ဆတ်ယမ်းခါပြီး ပြန်ပြောလိုက်သည်။
‘အမယ်လေး… အမယ်မလေး စားလို့မ ဖြစ်သေးဘူး အိမ်ကိုလည်းပြောခဲ့တာ မဟုတ်ဘူး၊ အိမ်ကအဘိုးကြီး ထမင်းစားစောင့်နေမှာ ၊ တော် ပါပြီ ညီမရယ်… တော် ပါပြီ’
‘အိမ်ကို ထွေးရင်နဲ့လွှတ်ပြောခိုင်းလိုက်ပါမယ် ကြီးကြီးမေ၊ မော် ချက်တဲ့ဟင်းကိုမြိန်မြိန် စား သွားပါဦး၊ မော် ကျွေးချင်လို့ပါ ကြီးကြီးမေရယ်၊ ထွေးရင်ကို အပြောခိုင်းလိုက်မယ်နော်’
မော့်အသံ မဆုံးမီ ဒေါ်စောမိက ၀င်ပြောသည်။
‘ဟုတ်ပါတယ် မမကြီးရယ်၊ စား သွားပါ၊ ထွေးရင် လွှတ်လိုက် မော်’
‘ထွေးရင်… ထွေးရင်’
‘ကြီးကြီးမေ ရေလည်းမချိုးရသေးဘူး၊ မလွှတ်ပါနဲ့၊ နောက်တစ်ခါလာတော့မှ စားပါ့မယ်၊ နေ ပါစေ ထွေးရင်၊ နေတော့ နေတော့’
‘ရေချိုးတာ ဒီမှာ ပဲချိုးပါ၊ ထွေးရင်နဲ့ အင်္ကျီမှာ လိုက်ပါမယ် မမကြီးရယ်၊ စားသွားစမ်းပါ၊ အ ပြောင်းအလဲစားတာ ထမင်းဝင်ပါတယ်’
တစ်ယောက် တစ်ခွန်း လု၍ စားပါ၊ မစားပါဘူးဟု ပြောဆိုကြသော စကားသံများ မှာ ထမင်း စားခန်းထဲ၌ ညံ၍ နေလေသည်။ ထွေးရင်လည်း မီးဖိုပေါက်ဝ၌ ရပ်လျက် ပြုံးစိစိမျက်နှာဖြင့် သွားရမ လား၊ မသွားရဘူးလား မဝေခွဲတတ်သေးပေ။
‘ သွားပါဆိုမှ ဒီကောင်မလေးက ဘာကြည့်နေတာလဲ’
ဒေါ်စောမိ တစ်ချက်လှည့်ငေါက်ပြောလိုက်မှပင် ထွေးရင်သည် မီးဖိုတံခါးပေါက်မှ အိမ် အောက်သို့ ကဆုန်ပေါက်ချဆင်းသွားသည်။
‘ဒုက္ခရှာလို့တော် … နေပါစေ ဆိုမှပဲ’
‘ဒုက္ခမဟုတ်ပါဘူး မမကြီးရယ်’ဟုဒေါ်စောမိကပြောနေစဉ် မော်သည် ‘အင်္ကျီလုံချည်ပါ ယူခဲ့ နော်’ဟု ထွေးရင်ကို အမီ လှမ်းပြောလိုက်သည်။
အိမ်ပေါ်မှအပြန်အလှန် ပြောဆိုညံနေကြသော အသံများ သည် ထွေးရင်၏ နားထဲ၌ မစဲဘဲ ခြံ ပြင်သို့ ပြေးထွက်သွားသည်အထိ ကြားသွားရလေသည်။
“ဟုတ်ပေ့ရှင်… အိမ်က အဘိုးကြီး ကတော့ စူဠလိပ်မကြီးရေထဲ လွှတ်လိုက်သလိုပဲလို့ပြော ပြီး ရယ်တော့မှာ ပဲ”
ကြီးကြီးမေသည်ပြောပြီး အားရပါးရ ရယ်လေသည်။
မော်သည် ရေချိုးခန်းသို့ ပြေးဝင်ကာ ကမန်းကတန်းရေချိုးပြီး အလုပ်သွားရန်ပြင်ဆင်ရလေ ၏ ။ ဒေါ်စောမိသည် ဘုရားပန်းအိုများ ကို ဘုရားဆောင်သို့ ပို့လေသည်။ ကြီးကြီးမေပါ ပန်းအိုများ ၀ိုင်း ကူပို့ပြီး အပြင်ဘက်ဧည့်ခန်းသို့ နေရာပြောင်းရောက်သွားကြသည်။
မော်သည်ပြင်ဆင်ပြီး ပန်းကန်ပြားနှင့် ထမင်းခူးခပ်၍ ပုံစားလိုက်သည်။ မော်ထမင်းစားနေစဉ် ထွေးရင် အ၀တ်ထုပ်ပိုက်လျက် ပြန်ရောက်လာသည်။ မော်သည် စားသောက်ပြီးထွေးရင်ကို အ၀တ် လျှော်ရန်၊ကြမ်းတိုက်ရန်လုပ်စရာ အလုပ်ကလေးတွေ ကို တစ်ခုပြီးတစ်ခုမှာ ကြားပြီးမှ ရုံးလွယ်အိတ် ကလေးကိုလွယ်လျက် ထီးကလေးကိုဆွဲကာ ဧည့်ခန်းသို့ ထွက်လာသည်။
“ဟော… မော်ရုံးသွားတော့မလား ပြင်တာဆင်တာကလည်း မိတ်ကပ်မလိမ်း ပေါင်ဒါမလိမ်း နဲ့ မော်ရယ်၊ ဒီလိုပဲ သွားတော့မလား”
ကြီးကြီးမေသည် မော့်တစ်ကိုယ်လုံးကို သိမ်းကျုံးကြည့်ပြီး ပြောလိုက်သည်။
မော်သည် ခေါင်းကိုသာလျှင် သပ်သပ်ရပ်ရပ်ဖြီးထားသည်။ မျက်နှာ၌ ဘာမျှ မလူးမခြယ်ဘဲ တို့ပတ်နှင့် ပွတ်ရုံသာ ပွတ်ထွက်လာသည်။ ဆံပင်ကိုထိပ်လယ်တွင် နှစ် ပတ်လျှိုဆံထုံးကလေး ထုံး လျက်ဆံမြိတ်ကို ဆံထုံးကလေးတွင် ၀န်းဝိုင်းရစ်ခွေကာ မပြေအောင်ဆံညှပ်ကလေးဖြင့် ညှပ်ထိုး ထားသည်။ ထိပ်လယ်၌ တစ်ပင်တိုင် ဆံထုံးကလေးမှာ ပုံ့ပုံ့ကလေးနေလျက် မြန်မာဆန်ဆန် ကျက် သရေရှိလှသည်။ ရှေ့ တွင် ခပ်တွန့်တွန့်ဆံစ၊ ဆံနုကလေးများ သည် မမို့တမို့လေးမို့လျက်ညာဘက် ဆံစ၊နားသယ်ဘက်ဆီသို့ မခို့တရို့ သိမ်းလဲနေသည်။ နိုင်လွန်အင်္ကျီအထူ အဖြူလက်စကနှင့် အညို နှင့် အ၀ါရောဖက်ချိတ်ထားသော မာစရိုက်လုံချည်အဆင် ရင့်ရင့်ကြီးဝတ်ထားသည်။ လက်၌ လက် ပတ်နာရီကိုကြိုးနက်နှင့် ပတ်ထားသည်မှတစ်ပါး လက်ဝတ်လက်စားဘာမျှမရှိဘဲ မော့်ကိုယ်တွင် ရှင်း နေသည်။ ပေါင်ဒါမလိမ်း၊ မိတ်ကပ်မခြယ်၊ နှုတ်ခမ်းမဆိုးဘဲ ထင်းပြောင်နေသော ချစ်စရာကောင်း သည့်မျက်နှာကလေး၌ ရိုးသားသော အသွင်ကလေးမှာ အထင်းသားပေါ်နေသည်။
မော်၏ မျက်နှာကလေးမှာ သွယ်လျနုဖပ်စိုပြည်လှသည်။ မျက်တောင်ကော့ကော့ မျက်ရစ် ထင်ထင်ရှိသော မျက်လုံးများ သည် အထူးသဖြင့် ကြည်ရွဲနေလေသည်။ ကြည်ရွဲနေသည့်မျက်လုံး များ သည် နုဖပ်စိုဝင်းနေသော မျက်နှာကလေးကို ကျက်သရေဆောင်လျက်ရှိသည်။ ထိုမျက်နှာပေါ် ၌ နှာတံကလေးကတန်း၍ ပေါ်နေ၏ ။ နှာတံကလေးပေါ်နေသလိုပင် လည်တိုင်ကလေးရှင်းနေပုံ သည်လည်း ရှေ့ ကကြည့်ကြည့် နောက်ကကြည့်ကြည့် ရှင်းနေသည်။
မော်၏ မထူမပါးနှုတ်ခမ်းလွှာအစုံမှာ ခပ်တင်းတင်းကလေးစေ့ထားလိုက်သည့်အခါ၌ ကြီးကြီး မေပြောသည့်အတိုင်းပါပင် အလွန်တည်သော ၊ ငြိမ်သက်သော ၊အေးသော ဘက်သို့ အဓိပ္ပာယ်သက် သွားသည်။ မော်ပြုံးလိုက်ပါလျှင်မူကား ပင်ကိုစိတ်ရင်းသဘော မနောဖြူသမျှ ချိုပွင့်လာလေသည်။
အရပ် မနိမ့်မမြင့်၊ ကိုယ်လုံးကိုယ်ထည် အချိုးကျလျက် ကျစ်လျစ်သိပ်သည်းကာ သိမ်မွေ့ ယဉ်ကျေးသည်။
ကြီးကြီးမေသည်ထိုင်ရာမှ မော့်ကိုငေး၍ ကြည့်လိုက်ကာ မပြင်မဆင်ဘဲနှင့်ဒီလောက်လှတာ ယဉ်တာ၊ ပြင်လိုက်လျှင်ဘယ်လောက်များ ချောလေမလဲဟု စိတ်ကူးနှင့်မှန်းဆကြည့်မိသည်။
“သူက အသက် ၆၀အဘွားကြီးလေ၊ ဘယ်တော့မှ ပေါင်ဒါမလိမ်းဘူး၊ မြင်တဲ့အတိုင်းပဲ မမ ကြီး… ရုံးသွားရင် မျက်နှာပြောင်ကြီးနဲ့သွားတာပဲ။ ပေါင်ဒါလိမ်းရမှာ ရှက်သတဲ့လေ”
ဒေါ်စောမိသည် မော့်ကို မျက်စောင်းတစ်ချက်ထိုးလျက် ပြုံးပြောနေသည်။ မော်သည် ငြိမ် သက်စွာ ခေါင်းကလေး ငုံ့လျက်ရပ်ကာပြုံးနေပြီးမှ မော့၍ ပြောလေသည်။
“မေမေ ဒီနေ့ကျောင်းအတွက် မြို့ ထဲမှာ ဆွမ်းစရိတ် အလှူခံသွားမယ်မဟုတ်လား၊ မေမေ သွားရင်ဝတ်ဖို့ မေမေ့အ၀တ်အစားတွေ မော် ထုတ်ပြင်ထားခဲ့ပါပြီ”
“ဆွမ်းစရိတ် အလှူခံသွားမလို့လား ဟုတ်လား၊ ဒီလိုဆို မမကြီးလည်း အတူလိုက်ပါမယ်ရှင်၊ မမကြီး အသိမိတ်ဆွေအိမ်တွေ မှာ အလှူခံပေးချင်ပါတယ်။ ကုသိုလ်အမျှ ပါဝင်ပါရစေ၊ အလကား နေ အလကားပဲ”
ဒေါ်စောမိသည် ကြီးကြီးမေကို မျက်လုံးများ ပြူး၍ ကြည့်လျက် ၀မ်းသာအယ်လဲ ပြန်ပြော လိုက်သည်။
“၀မ်းသာလိုက်တာ မမကြီးရယ်၊ ကျောင်းက ကျောင်းသားလေးရွာပြန်သွားရင် ကျွန်မကိုယ် တိုင်ကျောင်းအတွက် ဆွမ်းစရိတ်လိုက်ကောက်ပေး၊ လိုက်အလှူခံပေးတာပါပဲ။ အခု ကျောင်းမှာ သံဃာက အပါး ၅၀ဆိုတော့ အလျူမခံရင် မလောက်ငှပါဘူး။ မမကြီးလိုက်မှာ ၀မ်းသာလိုက်တာ”
မော်သည် နှစ် ခြိုက်စွာ ပြုံးလျက် အားရ၀မ်းသာစွာ ဖြင့် ပြောလေသည်။
“ဟန်ကျလိုက်တာမေမေရယ်၊ ကြီးကြီးမေပါ ၀ိုင်းကူအလှူခံပေးမယ်ဆိုရင် ကျောင်းအတွက် နေရာကျတာပဲ၊ မော် ၀မ်းသာလိုက်တာ ကြီးကြီးမေရယ်၊ တတ်နိုင်သလောက် အလှူခံပေးပါနော်”
“ကြီးကြီးမေ အလှူခံပေးပါမယ်၊ ကြွ … ကြွ… ကျောင်းအစ်မလေး ရုံးချိန်နောက်ကျနေလိမ့် မယ်”
“မေမေ ထမင်းစားပြီးရင် ဆေးသောက်ဖို့ မမေ့ပါနဲ့နော်”
“မမေ့ပါဘူးတဲ့ရှင်၊ သွားတော့ … သွားတော့”
ဒေါ်စောမိက မပြောဘဲ ကြီးကြီးမေက ပြန်ပြောလိုက်သည်။ မော်သည် ပြုံးလျက်နှုတ်ဆက် ပြီး အိမ်ပေါ်မှ ဆင်းလာခဲ့သည်။ အိမ်ရှေ့ လမ်းနီကလေး အတိုင်းလျှောက်ခဲ့ကာ လမ်းမကြီးပေါ်သို့ အ ထွက် ဘတ်စ်ကားကြီးသည်အဆင်သင့်ပင် ဓာတ်တိုင်နားရှိရပ်တိုင်၌ ထိုးရပ်လိုက်သည်။ မော်သည် ကားနောက်ပိုင်းမှ တက်လိုက်သွားလေသည်။
![]() ရွှေလင်းယုန် | ![]() သူလိုလူ | ![]() ယဉ်ကျေးမှုခရီးသည် |