Cover

ပဏာမစကားဦး

ပဲခူးရိုးမတစ်ခိုတွင် . . .

တစ်ခဏဆီက ကောင်းစွာ လင်းလျက်ရှိရာမှ . . .

ရုတ်တရက် ချက်ချင်း ကြည့်ရင်း ကြည့်ရင်းပင် မိုးတိမ်များ အလိပ်လိုက် အလိပ်လိုက် တက်လာပြီးလျှင် အထပ်လိုက် အထပ်လိုက် ရံဝန်းဆိုင်းဆို့လိုက်သော ကြောင့် ထောင်တလွှားတွင် သာမဟုတ် မိမိတို့ရွာကလေးများ ဆီသို့ပင် မှိုင်းမှိုင်းညို့ညို့ ဖြစ်နေသည်ကို တွေ့ ရလေ၏ ။

စောစောက ခြစ်ခြစ်တောက်ပူလောင်လျက် အိုက်စပ်စပ်ကြီး ဖြစ်နေရာ မိမိအဖို့ ဤမျှ အိုက်စပ်ပူလောင်ခြင်းဒဏ်ကို အတန်ငယ် ကျင့်သားရ၍ ခံယူနိုင်သလောက် ခံယူနိုင်ပြီ ဖြစ်သော်လည်း ယခု မိုးသားကလေးများ ၏ အစွမ်းဖြင့် အပူရှိန် ယုတ်လျော့သွားသည့်အခါတွင် အအိုက်အစပ်ကလေးမှာ သိသိသာသာကြီး ပျောက်ကွယ်လွင့်စဉ်သွားသော ကြောင့် မိုးသားကလေးများ ကိုပင် ကျေးဇူးတင်မိလေ၏ ။

မိမိတွင် လောဟူငြားအံ့၊ မိမိသာလျှင် ဤမိုးသားတိမ်လိပ်များ ကို ကျေးဇူးတင်စွာ ဖြင့် ခရီးကြိုဆိုကာ နှစ် ခြိုက်ရွှင်မြူးနေမိသည်မဟုတ်ဘဲ ရွာထဲရှိ ကလေးများ သည်လည်း သူတို့၏ ကိုင်တွယ်နေကျ ကစားစရာကလေးများ ကို စွန့်ပစ်ကာ ‘မိုးတွေ တက်လာပြီဟေ့ . . . မိုးရွာတော့မယ်’ ဟု တိမ်လိပ်များ ကို လက်ညှိုးထိုးညွှန်ရင်း ခုန်သူခုန် ပေါက်သူပေါက်နှင့် ယောက် ယက်ခတ် ၀မ်းသာမြူးထူးနေသည်ကို တွေ့ ရသည်အတွက် ထိုသို့ သူတို့ဝမ်းသာမြူးထူးခြင်းကို မြင်ရသည့်သူမှာ အပျော်ဓာတ် ကူးစက်ကာ မြူးထူးခုန်ပေါက်ချင်အောင်ပင် ဖြစ်လာခဲ့လေ၏ ။

ကွင်းပြင်များ ကို ဖြတ်ကျော်၍ ကြည့်လိုက်လျှင် စောစောက ပူလောင်လွန်းလှသော ကြောင့် အလွန်ပျင်းရိလေးလံ ထိုင်းမှိုင်းစွာ နှင့် လှုပ်ရှားသွားလာနေသော ကျွဲနွားများ နှင့် မြင်းများ မှာ မိုးပေါ်သို့မော့၍ နှုတ်သီးဖြင့် အနံ့ခံသူနှင့် အမြီးနှံူ့သူနှင့် အမြီးနှံ့သူနှံ့၊ မြူးပျော်လျက်ရှိသည်ကို တွေ့ မြင်နိုင်၏ ။

ထိုအတွင်း ရှောင်တခင် မိုးသက်ကလေး ဝှေ့ယမ်းတိုက်ခတ်လာသော ကြောင့် နေပူရှိန်အောက်မှာ လေးငါးခြောက်လခန့် ၀ပ်၍ နေခဲ့ရသော သစ်ပင်ကြီး သစ်ပင်ငယ်တို့မှာ ယခုပင် ရန်သူ၏ ချုပ်နှောင်ရာလက်တွင်းမှ လွတ်မြောက်လာကြသည့်အလား အားရ၀မ်းသာ ဘယ်ညာလူးလွန့် အညောင်းဆန့်နေကြသည်။ ယခင်က မိမိတို့အား ကယ်တင်မည့် သူပေါ်မလာ၊ ယခုမှ ပေါ်လာသဖြင့် ၀မ်းသာအားရ လှုပ်ရှားပြလျက် နှုတ်ဆက်ကြ ဆီးကြိုကြသည်။

လွန်ခဲ့သည့် နှစ် မိနစ်ခန့်က ပူလွန်းအိုက်လွန်းသဖြင့် မလှုပ်ချင် မရှားချင် မလှုပ်နိုင် မရှားနိုင် ဖြစ်နေရာမှ ယခုသော် . . . လတ်တလော ချက်ချင်း ရွာကလေးတစ်ရွာလုံး ကလေးရော လူကြီးပါမကျန် သစ်ပင်ကျွဲနွားများ ပါ မလွတ် မသက်ဓာတ်အား ပြန်လည်ဝင်ရောက်ကာ ရွှင်လန်းလာကြသည်ကို တွေ့ ရသည့်အခါမှပင် စောစောက အဘယ်မျှလောက် အရှင်လတ်လတ် သေသကဲ့သို့ ဖြစ်နေကြသည်ကို သတိပြုမိနိုင်တော့၏ ။

စင်စစ်သော်ကား ဤသဘောတရားကို ကျွန်တော့်အဖို့ရာတွင် ယခုမှ သတိပြုမိသည်မဟုတ်။

လွန်ခဲ့သည့် လေးငါးဆယ်နှစ် ကပင် သတိပြု ဆင်ခြင်မိခဲ့သည်ဟု ကောင်းစွာ ပြောနိုင်လေသည်။

ဤသဘောတရားကိုသာမဟုတ်၊ ဤသဘောတရားတမျှ အလားတူသော သဘောတရား များ ကိုသော်လည်းကောင်း၊ ဤသဘောတရားထက် ပိုမို လေးနက်သော သဘောတရားများ ကိုသော်လည်းကောင်း၊ ကောင်းစွာ သတိပြု ဆင်ခြင်မိသည့်အတွက်ပင် ကျွန်တော် သည် ယခုနေရာသို့လာကာ ယခုအ ဖြစ်မျိုးတွင် ရောက်ရှိနေခြင်း ဖြစ်ပေ၏ ။ ဤစကား၏ ဟုတ်မှန်ခြင်းကို ကျွန်တော့်ထက် ပိုမို သက်သေခံနိုင်သော သူမှာ အယုတ်အားဖြင့် တစ်ကျိပ်ထက်မလျော့နိုင်ကြောင်းကို ပြန်လည်ရေတွက် စဉ်းစားလိုက်မိသော အခါ . . .

နောက်ကြောင်းတို့သည် တစ်ခုပြီးတစ်ခု စီကာစဉ်ကာ ပေါ်ထွက်လာလေ၏ ။

တဖြည်းဖြည်း တိုးတက် ပိုမိုပြင်းထန်လာသော မိုးသက်လေကလေးသည် ဦးနှောက်ထဲတွင် အတင်း အုပ်ဆိုင်းဖိနှိပ်၍ ချုပ်နှောင်ထားအပ်သော နောက်ကြောင်းအ ဖြစ်အပျက်စာအုပ်ကလေး၏ စာရွက်များ ကို အတင်းဝင်ရောက် မွှေယူပြီးလျှင် တစ်ရွက်ပြီးတစ်ရွက် အချက်ကျ လှန်၍ ပြပေးနေဘိသကဲ့သို့ မှတ်ထင်ရလေ၏ ။

* * * * *


အခန်း (၁)

မိုး၏ ကျေးဇူး

လွန်ခဲ့သော လေးငါးနှစ် က ဓာတ်ပုံဟုဆိုလျှင် ယခုအချိန်တွင် တစ်မျိုးမဟုတ် တစ်မျိုး မှေးမှိန်ဝိုးဝါး၍ ဖြစ်စေ၊ ပိုးစာခြတက်၍ ဖြစ်စေ ပျက်ပြားနေလိမ့်မည် ဖြစ်သော်လည်း မှတ်ဉာဏ်ထဲ၌ အမြဲကိန်းအောင်းနေခဲ့သော ဓာတ်ပုံမှာ ကား ယခုလောလောဆယ် မျက်စိအောက်တွင် ပင်ရိုက်ယူ ဆေးကူးလိုက်သကဲ့သို့ လွန်စွာ ပင် ရှင်းလင်းပြတ်သားလှပေ၏ ။

အတင့်ကလေး၏ ထိုနေ့က မျက်နှာကလေးကို ယခုတိုင် ပြတ်ပြတ်သားသားကြီး အမှတ်ရနေသေး၏ ။၏

ကျောင်းအဆင်း အိမ်သို့အပြန် လမ်းမတ်တတ်ကြီး၌ မိုးမိခဲ့ရာတွင် ထိန်ပင်ကြီးအောက်သို့ ၀င်ရောက်မခိုနိုင်မီ ပက်ဖျန်းလိုက်သော မိုးရေမိုးပေါက်ကလေးများ သည် အတင့်၏ မျက်နှာကလေး ပေါ်၌ အစုလိုက်အစုလိုက် ၀ပ်၍ နေကြတုန်းပင်။

ဆံစကလေးများ ပေါ်တွင် တွဲ လွဲခိုလျက်ရှိသော မိုးပေါက်ကလေးတို့သည် အသည်းယားစရာကောင်းသော အစွန်အဖျားနေရာမှ ပိုမို၍ ညီညွတ်သော နဖူးပြင်ဆီသို့ ဆင်းရကောင်း နိုးနိုး မဆင်းရကောင်းနိုးနိုးနှင့် ရပ်နားတွေ ဝေပြီး စဉ်းစားနေကြတုန်းပင် ရှိလေ၏ ။

တစ်ခဏမျှ ကြာသော အခါ လေပြင်းတစ်ချက်ဝှေ့၍ သဲမဲစွာ ပက်ဖျန်းလိုက်သော မိုးရေမိုးပေါက်များ သည် ပေါင်ဒါမှု န့် အလိုက်သင့် ရေး ခြယ်ထားသဖြင့် ဖြူဖွေးညီညွတ်နေသော မျက်နှာပြင်ကလေးမှ ပေါင်ဒါမှု န့်များ ကို အတင်းတိုက်ဖျက် ဖယ်ရှားပြီးနောက် နဂိုအသား၏ ဖြူဖွေးသော အပြင်တွင် စိမ်းလဲ့လဲ့တစ်မျိုး၊ နီမြန်းမြန်း တစ်သွယ်၊ ခက်မြွာစီခြယ်လျက်ရှိသော ကြောသေး၊ ကြောငယ်တို့ကို လှလှ၀၀ကြီး ကြည့်ရှုလေတော့ဟု လှပ်၍ ပြပေး၏ ။

ပေါင်ဒါလိမ်းခြယ်ထားသည်ကို အမြဲမြင်ခဲ့ရာမှ ယခုလို မိုးပေါက်များ ၏ အကူအညီဖြင့် ပကတိအသား အရည်အသွေးအရောင် ကို မြင်သော အခါ ‘တင့်ကလေး၏ ’ သဘောကို နားမလည်နိုင်အောင်ပင် ရုတ်တရက် ဖြစ်မိသည်။

အဘယ်ကြောင့် ထိုထက်လှသော အလှကို ထိုထက်မလှသော ပေါက်ဒါဖြင့် ဖုံးဖိ၍ ထားချင်ရပါလိမ့်မည် နည်း။

ပေါင်ဒါလိမ်းလိုက်သော အခါ မျက်နှာပြင် တစ်ပြေးတည်း ညီညာစွာ ဖြူဖွေးလျက် ရှိရုံသာရှိလျက်၊ ယခုကဲ့သို့ ပေါင်ဒါမရှိသည့် အခါတွင် ကား ဖြူဖွေးသည့် အသားပြင်ပေါ်၌ အလွန့်အလွန် နုနယ်သေးငယ်သော အကြောစိမ်းကလေးများ ၊ အကြောနီကလေးများ ယှက်သန်းနေကြသည့်အတွက် ပိုမို၍ ကြည့်ကောင်းသည် မဟုတ်ပါလော။

ရွှေပေါ်တိုက်စားပြီး သစ်သားဟောင်းတစ်ခုကို ဆေးအထပ်ထပ်တင်၍ တိုက်သုတ်ထားခြင်းဖြင့် တစ်ပြေးတည်း ညီညာမှု ကိုသာ ရှေးရှုခြင်းထက် သူ့နဂိုအကွက်များ ၊ အကြောများ ကို အလိုက်သင့် ဖော်ပြပေးထားခြင်းက စင်စစ် ပိုမို၍ ကြည့်ရှုကောင်းသကဲ့သို့ အတင့်ကလေးမှာ ယခုလိုအတိုင်းသာ ကြည့်ကောင်းချင်တိုင်း ကြည့်ကောင်းနေတော့သည့်အတွက် စူးစူးစိုက်စိုက်ပင် ကြည့်နေမိ၏ ။

သို့သော် အတင့်ကား သူ့အား စိုက်ကြည့်နေသည်ကို ဂရုမစိုက်နိုင်ဘဲ ပိုမိုသဲသည်ထက် သဲမဲလာသော မိုးကို ကြည့်ရင်း နှုတ်ခမ်းကလေးများ စူကာ . . .

“သိပ်ဆိုးတာပဲ ကိုဝေ၊ အတင့်တော့ ဒီမိုးကို ဘယ်လိုမုန်းမှန်းမသိဘူး၊ သိပ်မုန်းတာပဲ၊ ကြည့်ပါလား၊ မဆင်ဘဲနဲ့ ဗြုန်းခနဲ ရွာချတာကို ဟိုသစ်ပင်ကြီးအောက်က လူတွေ လဲ အတင့်လိုပဲ မိုးရွာမယ် မထင်လို့ ထီးကလေး ဘာကလေး ယူမလာတာနဲ့ ရွှဲကုန်ပြီ ကြည့်ပါဦး၊ ဟိုမှာ လဲ ဈေးသည်တွေ ဒုက္ခရောက်လိုက်ကြတာ၊ ဈေးပန်းတွေ ဒီတိုင်း ပစ်ခဲ့တဲ့ လူတွေ တော့ ပက်လက်လန်ရော၊ သူတို့ အမြတ်ကလေးတွေ ကုန်ရောပေါ့၊ မိုး . . . မိုး . . . သိပ်ကိုဆိုးတဲ့မိုး”

ပထမတော့ ကျွန်တော် အား လှမ်း၍ ပြောနေပြီး စကားအဆုံးသတ်တွင် သူ့ဘာသာသူ ပြောနေသကဲ့သို့ တစ်လုံးချင်း လေးလေးပင်ပင်ပြောလေ၏ ။

ထို့နောက်မှ သတိရသွားသကဲ့သို့ . . .

“ဟင်. . . ကိုဝေလဲ ရွှဲလို့ပါပဲလား၊ ဒီလိုဆိုရင် ကိုဝေ့မိုးကာကို ကိုဝေပဲ ပြန်ယူလေ၊ အတင့်ဘက်က ဒီသစ်ကိုင်းကြီးကွယ်နေလို့ နည်းနည်း သက်သာတယ်၊ ရော့ . . . ရော့”

ဟု ပြောပြောဆိုဆိုနှင့် ချွတ်ပေးမည် လုပ်သော ကြောင့် ကျွန်တော် က ပျာယီးပျာယာပင် . .

“အို . . . နေပါစေ၊ ကိုဝေ့ကို စိုလို့ မထူးပါဘူး၊ အတင့်သာ မစိုစေချင်လို့ တမင်ပေးတာ၊ ၀တ် . . . ၀တ်ထား”

ဟု ကသော ကမျော တားရလေ၏ ။

သို့ရာတွင် တား၍ မရဘဲ အတင်းချွတ်ပေးနေမည် စိုးသော ကြောင့် စကားကို လှီးလွှဲကာ . .

“အတင့် . . . မိုးကို သိပ်ပြီး မုန်းသကိုး၊ မိုးဟာ . . .”

“အို . . . ကိုဝေ ဘယ်လိုပဲ မိုးဘက်က ရှေ့နေလိုက်လိုက်၊ မိုးဆိုရင် လူတိုင်းမုန်းတာပဲ၊ ကြည့်ပါလား၊ ဟိုမှာ . . . လူတွေ လူတွေ ကြွက်စုတ် ဖြစ်နေကြတာ၊ ဒါနဲ့တောင် မိုးကို ကျေးဇူးတင်ရဦးမှာ လား”

ဟု စကားကို ကုန်အောင် မပြောရမီ ကြားဝင်ဖြတ်ပြောသော ကြောင့် . . .

“ဒါက ဒီလိုရှိတယ် အတင့်၊ ကိုဝေ ဘယ်သူ့ဘက်ကမှ ရှေ့နေလိုက်တာမဟုတ်ပါဘူး၊ မိုးနဲ့ ပတ်သက်ပြီး ဒီလူစုလောက်သာ ကြည့်ပြောလို့ ဘယ် ဖြစ်မလဲ”

“သြော် . . . ကိုဝေနှယ် အတင့် ဒီလူစုလောက်သာ ကြည့်ပြောတာ မဟုတ်ပါဘူး၊ တစ်မြို့လုံး၊ အို . . . ကုန်ကုန်ပြောမယ်၊ တစ်ပြည်လုံးကို ကြည့်ပြီးပြောတာ သိလား၊ ကိုဝေ မယုံရင် လျှောက်မေးလေ မိုးကိုမုန်းတဲ့လူနဲ့ မမုန်းတဲ့လူ ဘယ်သူက ပိုသလဲလို့”

* * * * *


ကျွန်တော့်ထံမှ နောက်ထပ် စကားလာစရာ မကျန်တော့သည်ကို အားရသည့်အပြုံးများ ပင် ပြုံး၍ ပြောလေ၏ ။

ထိုအတွင်း ကျွန်တော် တို့ရှိရာ သစ်ပင်ကြီးဆီသို့ အပြေးလာလျက်ရှိသော လှမောင်ကို မြင်ရလေ၏ ။

လှမောင်လည်း သစ်ပင်ကြီးအောက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် . . .

“ရွာလိုက်တဲ့မိုးကွာ လွန်ရော၊ ငါ မင်းတို့အမီ လိုက်လာတာတောင် မရဘူး၊ ရွှဲကုန်တာပဲ”

ဟု ပြောရင်း ပုဆိုးအဖျားကိုစု၍ ရေညှစ်ချနေ၏ ။

“ကိုလှမောင်၊ ရှင်မိုးကို ချစ်သလား မုန်းသလား”

လှမောင်မှာ အတင့်ကို အံ့သြသကဲ့သို့ ကြည့်ရင်း . . .

“ဘာဟ . . .”

ဟု မေးပြီးလျှင် လက်ကိုင်ပ၀ါကို ထုတ်ကာ မျက်နှာပေါ်သို့ စီးကျနေသာ မိုးရေများ ကို သုတ်နေလေသည်။

“မဟုတ်ပါဘူး၊ ရှင် အခုလို မိုးရွာတာ ကြိုက်သလား၊ မကြိုက်ဘူးလားလို့”

“သြော် . . . ဒီလိုလား၊ ဒါတော့ အရူးမဟုတ်ဘဲ ကြိုက်ရအောင်”

အတင့်သည် လှမောင်၏ ရှုံ့တွဖြေဆိုသော မျက်နှာကို မကြည့်ဘဲ ဖျတ်ခနဲ ကျွန်တော် ၏ မျက်လုံးဆီသို့ လှမ်း၍ ကြည့်ပြီး ပြုံးလေ၏ ။

နှုတ်ကမဟုတ်သော်လည်း . . .

“ကဲ . . .ဘယ်နှယ့်ရှိစ”

ဟု မေးမြန်းပြောင်လှောင်နေသကဲ့သို့ ထင်ရလေ၏ ။

ကျွန်တော့် မှာ ပြန်၍ မဖြေလို။

အတင့်၏ လှပ၀င်းထိန်နေသော မျက်နှာကလေးနှင့် စူးရှပြောင်လက်နေသော မျက်လုံး ကလေးသာ ကြည့်ကောင်းတိုင်း ကြည့်နေမိလေ၏ ။

အတင့်၏ အလှကို ကျောင်းခန်းထဲတွင် နေ့စဉ်နှင့် အမျှ မြင်နေသော်လည်း ယခုမှပင် ကျွန်တော် ထင်မြင်သည်ထက် ပိုလှနေသည်ကို တွေ့ ရသော ကြောင့် ကြည့်လေလေ ကြည့်မ၀နိုင်လေလေ ဖြစ်ကာ စကားပင် ပြန်၍ မပြောလိုဘဲ ဖြစ်နေမိ၏ ။

အတင့်မှာ ဤတွင် မလုံသကဲ့သို့ ဖြစ်ကာ . . .

“ကဲ . . . ပြောဦးလေ ကိုဝေ၊ မိုးဟာ ကြိုက်စရာလား”

ဟု စကားဖြင့် ဖုံးရန် ကြိုးစား၏ ။

အတင့်သည် လှမောင်အား တစ်ချက်ပြုံးပြပြီးနောက် . . .

“ပရော်ဖက်ဆာကြီး စကားပြောတော့မယ် နားထောင် . . . နားထောင်”

ဟု ပြောပြီးလျှင် ကျွန်တော့် ဘက်သို့ လှည့်၍ ပြုံးစစနှင့် ကြည့်နေသည်ကို တွေ့ ရသည့်အတွက် . . .

“အတင့် ကတော့ နောက်ဖို့ပဲ၊ ကိုဝေပြောတာကို စိတ်ရှည်ရှည်ထားပြီး နားထောင်စမ်း၊ မိုးကို ဒီအချိန်မှာ လူတိုင်းမျှော်တယ်၊ လူ မဆိုထားနဲ့ အတင့်ရာ၊ တိရစ္ဆာန်များ တောင် မျှော်ကြတယ်၊ သစ်ပင်တွေ လည်း မျှော်ကြတာပဲ၊ မိုးကို ကြိုက်တယ်၊ မကြိုက်ဘူး မဟုတ်ဘူး၊ မိုးရဲ့ ပြုအပ်တဲ့ ကျေးဇူးကို အလိုရှိလာရတဲ့အတွက် မျှော်ကြရတာ ပဲ၊ ပူလွန်းလောင်လွန်းလို့ အအိုက်ဒဏ်ကလွတ်အောင် မိုးကိုမျှော်တဲ့လူလည်း ရှိတယ်၊ စိုက်ခင်း ပျိုးခင်းအတွက် မျှော်တဲ့လူလဲရှိတယ်၊ အဲသလို အမျိုးမျိုးရှိကြတာပေါ့”

“ဒီအထဲမှာ ကြည့်ဖို့က မိုးဟာ အကျိုး ဖြစ်ထွန်းစေတာများ သလား၊ အကျိုးပျက်စီးစေတာများ သလား၊ ဒါကိုကြည့်ရမယ်၊ အဲဒါမှလည်းပဲ လူအများ အပေါ်မှာ အကျိုး ဖြစ်ထွန်းစေသလား၊ တစ်နည်းက လူအများ ရဲ့ အကျိုးကို ပျက်စေသလား၊ လူအနည်းရဲ့ အကျိုးကို ပျက်စေသလား၊ အဲဒါတွေ ကို ကြည့်ရမယ် အတင့်ရဲ့”

“အတင့် ခုနကပြောတယ်၊ အခု သစ်ပင်အောက်ဝင်ပြီး မိုးခိုနေရတဲ့ လူတွေ ဈေးသည်တွေ ဘာတွေ ဟာ မိုးကို မုန်းတယ်လို့ အဲဒါ မမှားဘူး၊ နို့ပေမယ့် အမှန်ချည်းလဲ မဟုတ်သေးဘူး’

“အင့်ဟင် . . . မင်းဟာက ဘယ့်နှယ်ဟာလဲ”

“နေဦး လှမောင်၊ ငါပြောတာ မင်းဆက်နားထောင်ဦး သူတို့ အသက်မွေးတာဟာ မိုးနဲ့ တိုက်ရိုက်မပတ်သက်ဘူး၊ မိုးကို တိုက်ရိုက်မှီမနေဘူး၊ ဒီတော့ မိုး ကပျက်ယပျက် လုပ်တယ်လို့ အမြဲပဲ ယူဆမှာ ပဲ၊ သူတို့ ဒီလိုယူဆတာနဲ့ ဒီသဘောတရားဟာ ဒီအတိုင်းချည်းပဲ ဖြစ်နေမှာ လား၊ မဟုတ်ဘူးကွ၊ သူတို့တစ်တွေ တို့တစ်တွေ ဟာ မိုးကို မုန်းနိုင်ခွင့်ရှိတယ်လို့ ထင်ရပေမယ့် သူတို့နဲ့တို့က ပကတိလူနည်းစုတွေ ပဲ၊ တို့မြို့ပေါ်မှာ နေတယ်ဆိုတဲ့လူဟာ တောရွာတွေ အပေါ်မှာ ခေါင်းပုံဖြတ်စားနေကြတာပဲ”

“ဟင် . . .”

“ဟုတ်တယ်လေ၊ အနည်းနဲ့အများ ပေါ့၊ မြန်မာပြည်က ထွက်သမျှ ပစ္စည်းတွေ ဟာ မိုးနဲ့မကင်းနိုင်ကြဘူး၊ ဆန်စပါးတွေ ၊ သစ်တွေ ၊ သတ္တုတွေ ဟာ မိုးနဲ့ကို မကင်းနိုင်ဘူး၊ အဖိုးတန်ပစ္စည်းတွေ ကို ပေါ်လာအောင်လုပ်ပေးရတဲ့ လူတွေ ဟာ မိုးကို အားကြီးအားကိုးရတာ ပေါ့။ အကြမ်းဆုံး ဥပမာကို ပြောရရင် လယ်သမားဟာ စပါးစိုက်ရမယ်၊ မိုးသာမရွာရင် တစ်နေရာကရေရှာပြီး လယ်ထဲသွင်းရတော့မယ်၊ ဒါဟာ အလုပ်ပိုတဲ့ အတွက် သူ့မှာ ပိုပြီးပင်ပန်းတာပဲ၊ လူ့ အလုပ်ပိုပြီး လုပ်ရတယ်လို့ စပါးဈေး၊ ဆန်ဈေးကျတော့ သူပိုရသလား၊ မရဘူး၊ ဒါထားဦးလေ၊ သူလုပ်ရတဲ့ လုပ်ငန်းမှာ မိုးဟာ အများ ကြီးအကူအညီရတယ်”

“သူကော စိုစိုစွတ်စွတ်ကို လူ တစ်ယောက် အနေနဲ့တော့ ဘယ်ကြိုက်မလဲ၊ ဒါပေမယ့် သူ့အလုပ်မှာ အကျိုး ဖြစ်တော့ မိုးကို မျှော်ရတာ ပဲ၊ မြို့ပေါ်ကလူဟာ မြေမာကြီးကို ထုခွဲပြီးတော့ ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်ပျိုး၊ ကိုယ်တိုင်ရိတ်၊ ကိုယ်တိုင်လုပ်ရတဲ့လူ မဟုတ်ဘူး၊ အဲသလို လုပ်ရတဲ့လူအပေါ်မှာ အညွှန့်ခူးပြီးနေတဲ့သူ၊ ဒီတော့ သူဟာ မိုးကို ရှုပ်တယ်ထင်တာပေါ့၊ တို့တစ်တွေ လယ်သမား ဖြစ်ရင် မိုးကိုမျှော်ရမှာ ပဲ၊ မိုးရွာရင် လက်ခံရမှာ ပဲ၊ မရွာရင် ‘ရွာပါစေ’ လို့ တောင့်တရမှာ ပဲ မဟုတ်လား၊ သေသေချာချာ စဉ်းစားကြည့်ကွ၊ မိုးဟာ တကယ့်အသက်ပဲ၊ လူတွေ တိရစ္ဆာန်တွေ ၊ သစ်ပင်တွေ ၊ ကုန်ကုန်ပြောလိုက်မယ်ကွာ . . . လောကကြီးရဲ့ အသက်ပဲ၊ ဒီစကား မှန်တယ် မမှန်တယ် မြေပုံထဲမှာ ဆိုတယ် မဟုတ်လား၊ ကမ္ဘာပေါ်မှာ အကြွယ်ဝဆုံး တိုင်းပြည်တွေ ဟာ ‘ထရောပစ်’ ဆိုတဲ့ မိုးသိပ်ရွာတဲ့ အ၀န်းအ၀ိုင်းထဲမှာ ပါတဲ့ တိုင်းပြည်တွေ မဟုတ်လား၊ အဲဒါသာကြည့်တော့ အတင့်၊ ဒါ စကားအချုပ်ပဲ”

အတင့်သည် တဖြိုင်ဖြိုင် ရွာသွန်းနေသော မိုးရေပေါက်များ ကို ငေးလျက် ငြိမ်သက်စွာ နားထောင်နေပေ၏ ။

လှမောင်မှာ ကျွန်တော့် စကားဆုံးအောင် စောင့်ဆိုင်းနေရာမှ ပြောချင်ဇောတကြီး ပြီးပြီးချင်း ဆက်ပြောသည်။

“ဟေ့ကောင် . . . ဒါဖြင့် ငါ တစ်ခုမေးဦးမယ်၊ တို့တစ်တွေ ဟာ ‘ထရောပစ်’ စည်းဝိုင်းထဲမှာ ပါတဲ့ တိုင်းပြည် ဖြစ်လျက်နဲ့ တို့တော့ ဘာ ဖြစ်လို့ ဆင်းရဲနေရသလဲ၊ ဒီသဘောတရားကော မင်းပြောနိုင်သလား၊ ကဲ . . . ပြောစမ်းကွာ၊ မင်း တစ်ဆိတ်ရှိ သဘောတရား သဘောတရားနဲ့ အပြောများ တဲ့လူဆိုတော့”

“ပြောတော့ ပြောနိုင်ပါတယ်၊ ဒါပေမယ့်ကွာ ပြောဖို့ အချိန်မရသေးဘူး၊ အတင့် တော် တော့ကို ရွှဲနေပြီ၊ ဒီမှာ ရပ်နေတာ အအေးမိပြီး ၀မ်းရောင် မှာ စိုးရတယ်၊ လေသိပ်မပါတော့ဘူး၊ မိုးလဲ နည်းနည်း စဲပါပြီ၊ အခုလိုပဲ လျှောက်သွားကြရင် မကောင်းဘူးလား၊ နွေးလဲ နွေးသွားတာပေါ့”

အတင့်သည် သွားရန် ဟန်ပြင်လျက် ကျွန်တော့် လက်ထဲမှ သူ့စာအုပ်ကို လှမ်းယူမည် ပြု၍ . . .

“နေပါစေလေ . . . ကိုဝေပဲ ယူခဲ့မယ်၊ သွား . . . သွား . . . ရှေ့ကသွား”

ဟု ပြောလိုက်၏ ။

ကျွန်တော် က လမ်းဖယ်ပေးပြီး နောက်ကနေ၍ လိုက်သော ကြောင့် အတင့်ကလေးလည်း ရှေ့က ခပ်မှန်မှန်လျှောက်၍ သွားလေသည်။

အတင့်၏ မျက်နှာကလေးကို ရင်ဆိုင် မမြင်ရသည့်တိုင်အောင် ကိုယ်ကလေးကို နောက်ကသိမ်းခြုံ၍ မျက်စိရှေ့တွင် နီးနီးကပ်ကပ် မြင်တွေ့ နေရသော ကြောင့် ကျေနပ်နှစ် သိမ့်နိုင်ခဲ့လေသည်။

* * * * *




ဝန်ဇင်းချစ်သူများ ဂျာနယ်ကျော် မမလေး ၏ “ ရွှေလင်းယုန် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တွေးတစိမ့်စိမ့်

ယဉ်ကျေးမှုခရီးသည်

မာလာရီ