Cover

(အမှာ စာ)

ဤဝတ္ထုသည် အုပ် (၃၀) မြောက် ပုလဲရတုဟု ဆိုပါသော်ငြား အုပ် (၃၀) မြောက် ရေသားခြင်း မဟုတ်ဘဲ စာမှု ဘဝဖြင့် ကြာမြင့်ခဲ့သော ဝတ္ထုတစ်ပုဒ် ဖြစ်ပါသည်။ ဤဝတ္ထုရေး စဉ်က ရိုးစင်းသော အချစ်မေတ္တာဖွဲ့ ဇတ်လမ်းတစ်ပုဒ်ကို ရေး သားထားခြင်းသာ ဖြစ်၍ တစ်ကြောင်း၊ တခြားဇာတ်လမ်း များ ကို အရင်ထုတ် ဖြစ်သွားသည်က တစ်ကြောင်းနှင့် အိမ်မကြာခဏ ပြောင်းရွှေ့သော အခါတိုင်း စိုးရိမ်တကြီး သိမ်းဆည်းတတ်မှု ကြောင့် အသိမ်းလွန်ပြီး စာမူကို ရှာမတွေ့ ဘဲ နေခဲ့ရသည့် နှစ် တွေ ကြောင့် တစ်ကြောင်း ဤစာမူလေးမှာ ပုံနှိပ်စာလုံးဘဝ မရောက်ဘဲ လက်ရေး မူကနေ မတက်ရရှာသည့် အခြေအနေရောက်နေခဲ့ရလေ၏ ။

ယခုအချိန် ပြန်တွေ့ သော အခါ …..

စာမူရေး သားစဉ်က ခုနှစ် မှာ (၁၉၉၁) ခုနှစ် ဖြစ်ပြီး ဝတ္ထုအ ဖြစ် ပုံနှိပ်ထုတ်ဝေသည့် ခုနှစ် မှာ (၂၀၀၄) မို့ ခေတ်၊ ကာလ၊ အခြေအနေတွေ ကွာခြားနေမည် ဖြစ်ပါသည်။

သို့ ပါသော်လည်း ဤဝတ္ထုလေးအပေါ် အကြွေးတင်နေသော ကျွန်မသည် ဘယ်လိုပဲ ဖြစ် ဖြစ် ရိုးသားရိုးစင်းသော အချစ်ဝတ္ထုတစ်ပုဒ်ကို ပုလဲရတုအ ဖြစ် အမှတ်တရထုတ်ဝေရန် ဆန္ဒဖြင့် ကြွေးဆပ်လိုက်ပါသည်။ အချစ်ဆိုတာ ကမ္ဘာတည်သရွေ့ ရှိနေမည် ဖြစ်သော ကြောင့် အချစ်ဝတ္ထု သည်လည်း ထာဝရှိနေမည် မို့ ထိုဝတ္ထုကို ကျွန်မ၏ ပရိသတ်နှစ်သက် လိမ့်မည် ဟု ယုံကြည်ပါသည်။

ထို့အပြင် ဤဝတ္ထုသည် ကျွန်မ၏ မိတ်ဆွေ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် ၏ အ ဖြစ် အပျက်အမှန်လည်း ဖြစ်ခဲ့သော ကြောင့် ရေး ပြီး ထုတ်ဝေမည် ဟု ကတိပေးထားသဖြင့် ထိုကတိကို လည်း ထုတ်ဝေခြင်း ဖြစ်ပါသည်။

လေးစားစွာ ဖြင့်

နှင်းဝေငြိမ်း

* * * * *


အခန်း (၁)

ဆယ့်ရှစ်နှစ် ဆိုသည့် အသက်ကြောင့် တစ်ခါပြန်ပြီးမိကျော်၏ မျက်နှာဝင်းလေးကို ပြန်ကြည့်မိ၏ ။

“အင့်”

ရှိုက်သံသည် ရဲစခန်းမှူး၏ မျက်ခုံးကို ပင့်သွားစေ ရုံသာမက မိကျော်ဖေဖေ၏ နှုတ်ခမ်းကို ပို၍ တင်းတင်းစေ့ခိုင်း တော့၏ ။

မငိုပါနဲ့ ကလေးရယ် …

မင်းငိုရင် ကိုကိုလည်း ငိုချင်တယ်…

မင်းမျက်ရည်တွေ က အဖိုးတန်လှပါတယ်။ ကိုကို့ရဲ့ မိကျော်ဟာ ရဲစခန်းမှူးရဲ့ ရှေ့မှာ ရှိုက်ကြီးတငင် ငိုနေရမယ့် အရွယ်လား။ အပြစ်ကင်းမျက်ဝန်းလေးတွေ နဲ့ သွေးရောင် ယှက် ပါးပြင် လေးတွေ ဟာ နုနယ်ပျိုမြစ်တဲ့ သမီးရှင် တစ်ယောက် ရဲ့ လျှို့ဝှက် ရတနာတွေ ဖြစ်သင့်ပါတယ်။

ကိုကို မိကျော်ကို အတင်းညာခေါ်လာတာပါလို့ ဖြေရင်တောင် ကျေနပ်ရမယ့် အခြေအနေ မှာ မိကျော်ဘာလို့ အရမ်းငို နေတာလဲ။ မငိုပါနဲ့ ကလေး… မငိုပါနဲ့။

“သမီးကြောက်ပါတယ် ဖေဖေရယ်။ သမီးရဲ့ ကိုကိုမှာ ဘာအပြစ်မှ မရှိပါဘူး နော်… ဖေဖေ။ သူ့ကို မဖမ်းပါနဲ့နော်… ဖေဖေ။ သူ့ကို မဖမ်းပါနဲ့။ မဖမ်းပါနဲ့ နော် … ဖေဖေ။”

“မိကျော်”

တိတ်ဆိတ်စွာ ရပ်နေရာမှ ယဉ်ဦး လွှတ်ခနဲအော်မိသွား၏ ။ ယဉ်ဦးနဖူး၌ ချွေးသီးတို့ ပေါက်ပေါက်ကျနေ၏ ။

“မိကျော် ဘာမှ မပြောပါနဲ့။ ဦးတို့ ကြိုက်သလို စီစဉ်ပါ”

အက်အက်ကွဲကွဲ ရယ်သံတစ်သံ ပေါ်လာ၏ ။

ဖြည်းညင်းစွာ ခါယမ်းလိုက်သော ခေါင်းခါခြင်းမှာ စိတ်ပျက်ခြင်း၊ ရှက်ခြင်းတို့လည်း ပါနေပါလိမ့်မည် ။

“သမီး… ငြိမ်ငြိမ်လေးနေ။ ဖေဖေ သူ့ကို ဘာမှမလုပ်ဘူး”

တစ်ခွန်းဆို တစ်ခွန်း ထိရောက် သွားပါသည်။

အပ်ကျသံပင် မကြားတော့လောက်အောင် ဘယ်သူ့ဆီကမှ အသံမကြားတော့။ တဖျောက် ဖျောက် ရိုက်နေသော လက်နှိပ်စက်အသံကသာ စခန်းထဲ လွှမ်းမိုးနေသည်။ ထိုအသံက မိမိရင်ကို ကျွမ်းပူစေ၏ ။

* * * * *


ပင့်သက်သည် မျက်လုံးအိမ်သို့ ရှက် ရွံ့မှု အ ဖြစ် ခိုဝင်ရောက်ရှိလာ၏ ။

မိကျော်ဖေဖေ့မျက်နှာကို ကြောက်လန့်တကြား ကြည့်နေ ရုံသာ တတ်နိုင်တော့သည်။

“ဒီနောမှာ လက်မှတ်ထိုးပါ ဦးကျော်သိန်း”

“ဟုတ်ကဲ့”

“ဒါ အမှု ရုပ်သိမ်းကြောင်း လက်မှတ်ထိုးတာပါ မောင်ယဉ်ဦး။ ဦးတို့သမီးက သိပ်ငယ်သေးတော့ သူ့မှာ ပင်ကို စဉ်းစားဆင်ခြင်တတ်တဲ့ အတွေးအခေါ် ရှိနိုင်မှာ မဟုတ်ဘူး။ သမီး သက်ထားကျော်ရဲ့ ပညာရေး ၊ လူမှု ရေး ၊ စီးပွားရေး ကို မောင်ယဉ်ဦး တာဝန်ယူဖို့ စောပါသေးတယ်။ အခုလို သိမ်သိမ်မွေ့မွေ့ ပြန်ခေါ်ခွင့်ပေးတာ ဦးတို့က ကျေးဇူးတင်ပါတယ်ကွာ”

ဦးကျော်သိန်း စကားတွေ က လှပညင်သာပေမဲ့….

“ဟို… ဦးလေး… ကျွန်တော် …”

စကားတို့ ထစ်ငေါ့ တုန်ခါကုန်၏ ။

ယဉ်ဦး၏ အသိစတ်သည် ပျံ့လွင့်ကြွေကျမတတ်။

လူယဉ်ကျေးဆိုသူ၏ လှပသော စကားအပေးအယူတို့အား ချေပရန် အခွင့်အရေး မရှိတော့ပါ။

သူက ရဲစခန်းသို့ အချုပ်အနှောင်နှင့် ရောက်လာသော တရားခံ မဟုတ်ပေမဲ့ …

သမီးပျောက် တိုင်ချက်ဖွင့်ထားသော သက်ထားကျော် ဖေဖေ၏ စကားဥပဒေဖြင့် ပြစ်ဒဏ်ချ ခံလိုက်ရသော သူ ဖြစ်ခဲ့လေပြီ။

“ကျွန်တော် စိတ်မကောင်းပါဘူး ကိုယာဉ်ဦး”

သူက မသိပေမဲ့ သူ့ကိုသိနေသော စခန်းမှူးက ဝမ်းနည်းစွာ လက်ဆွဲနှုတ်ဆက်၏ ။ ယဉ်ဦး ခေါင်းအသာယမ်းပြရင်း သက်မချကာ။

“ကိစ္စမရှိပါဘူး။ ကျွန်တော် ဘက်က ဘာမှ ပြောပိုင်ခွင့် မရှိပါဘူး။ ဒီအမှု မှာ ပြောရေး ဆိုခွင့် ရှိသူဟာ သက်ထားကျော်ရဲ့ အုပ်ထိန်းသူတွေ ပါ”

ယာဉ်ဦး ဘေးထိုင်ခုံတွင် မျက်ရည်ပေါက်ပေါက်ကျအောင် ငိုနေသော သက်ထားကျော်က ဝုန်းခနဲ မတ်တပ်ရပ်၍

“ကိုကို”

ရှိုက်ကြီးတငင်ငိုကာ ယဉ်ဦးလက်မောင်းကို ဆွဲပြီး ကလေးလေးလိုတနင့်တပိုး ရှိုက်ငိုပြန်၏ ။ မိကျော်ရဲ့ ရင်ဖွင့်ငိုသံသည် သူ့ရင်ကို တမြည့် မြည့် ဆွေးစေ၏ ။

“ကိုကို မိကျော်အပြစ်ပါ။ မိကျော်ကြောင့် ကိုကို စိတ်ညစ်ရပြီ။ မိကျော် တောင်းပန်ပါတယ်”

“မဟုတ်ဘူး… မဟုတ်ဘူး။ မိကျော်မှာ ဘာအပြစ်မှ မရှိဘူး။ ကိုကိုကသာ လူကြီး ဖြစ်ပြီး မဆင်မခြင်ခဲ့တာ။ အမှားရှိရင် ကိုကိုမှာ ပဲ ရှိတယ်”

သံယောဇဉ်၏ တစ်နွယ်ငင်သော အခြေအနေတို့ ထပ်မံ မ ဖြစ်စေလိုတော့ပါ။ လွယ်အိတ်ကို သူ့ထံ ကျော် ကမ်းပေးနေ၏ ။ သူ့အတွက် အမှတ်ရစေရန်လား ကျော် ရယ်။ စခန်းအတွင်းမှ လူကြီးများ မျက်နှာကို ကြည့်ရန် အားနာသည်။ ယဉ်ဦး အံတင်းတင်းစေ့၍ သူစုကိုင်ထားသော လွယ်အိတ်ကို သည်အတိုင်း ထိန်းကိုင်ရင်း မျက်နှာလွှဲလိုက်ရ၏ ။

“မောင်ယဉ်ဦးကို ဘူတာရုံ လိုက်ပို့လိုက်ပါ”

“နေပါစေ ဦး”

“ဦးတို့အိမ်ကို ဝင်ထွက်နိုင်ပါတယ်။ လိပ်စာနဲ့ ဖုန်းနံပါတ်တော့ မောင်ယဉ်ဦး သိမှာ ပါ။ သမီး မောင်ယဉ်ဦးလက်ကို လွှတ်ပေးလိုက် လေ”

အသိတားလက်မလွှတ်ခင် မိကျော် လက်လွှတ်ပေးလိုက် သည်။ သူမရင်ထဲမတော့ ပြင်းထန်တုန်လှုပ်သော ခံစားချက်တို့ဖြင့် ဆောက်တည်ရာမဲ့နေ၏ ။ ကိုကိုနဲ့ မိကျော်ဝေးရပြီလား။ ဖြစ်နိုင်လျှင် ဘယ်သူ့ကိုမှ မရှက်နိုင်ဘဲ ကိုကို့ရင်ခွင်ထဲ တိုးဝင်၍ သည်းသည်းထန်ထန် ငိုလိုက်ချင် သည်။

ဒါပေမဲ့လည်းကွယ် …..

ဖေဖေ့ အကြည့်စိမ်းအောက်၌ ကျော် လန့်ကြောက်နေပါပြီ။

* * * * *


အကြည့်စိမ်းတွေ ကို ရှောင်ကွင်းနိုင်သရွှေ့ ရှောင်ကွင်းပြီး ကားပေါ်တက်မိခဲ့သည် ထင်သည်။ ကားတံခါးဖွင့်သံ ကားစက်သတ်သံတို့ကြောင့် ဆင်းရမည် ကို သတိပြုမိ၏ ။

နေပူပူ တံလျှပ်ထသွပ်မိုးတို့ကို အမှတ်တမဲ့ မြင်တွေ့ ရသည်ကိုပင် ချက်ချင်း မျက်နှာ လွှဲမိသည်။ အပူဆိုလျှင် ရင်အပူ၏ အပူလောက် မမီသော်လည်း အလျှံမစဲ တောက်လောင်သော မီးညွှန့်ထက်တော့ မလျော့နိုင်ပါလေ။

“ဒီကနေ ဆက်သွားရင် ဘူတာရုံပါ”

“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်”

ကားမောင်းသူက စိတ်မသက်သာသယောင် မျက်နှာလေးနှင့် ယဉ်ဦးကို မချိပြုံး လိုလို ပြုံးပြသည်။ ယဉ်ဦး မပြုံး ပြနိုင်ခဲ့။

ဟန်ဆောင်ရခြင်းကို ငြီးငွေ့သလို စိတ်ပျက်ခဲ့သူ တစ်ယောက် အနေဖြင့် သူ့အပေါ် ယုံကြည်ဟန်မပြဘဲ ဟန်ဆောင် သရုပ်ဆောင်နေသူနှယ် အကြည့်ခံရသော အကြည့်စိမ်း တို့ကြောင့် ပိုပြီး စိတ်ပျက်နေမိ၏ ။

ကားပေါ်မှ ဆင်းဆင်းချင်း လေပူတို့ ဝှေ့ခနဲ ကြိုလေ၏ ။ ဝေါခနဲ မောင်းထွက်သွားသော မှန်အလုံပိတ် ကားတစ်စီး၏ ကားဘီးခြေရာတွေ ကို လှည့်မကြည့်ချင်တော့။

ထနောင်းပင်ရိပ်မှ ငှက်ကလေးတွေ ရုတ်ခနဲ ထပျံပြေး၏ ။ အဝေးမလှမ်းမကမ်းမှ အဆောက်အဦးသည် သူ ရထားပေါ်မှ ဆင်းခဲ့စဉ် သတိမထားမိသော ဘူတာရုံ အဆောက် အဦး။

ရေနံချေးဝနေသော သစ်သားတိုင်များ နှင့် သွပ်မိုးထားသော အမိုးတို့က ဘူတာရုံ၏ အမြင့်မားဆုံး အပြင်အဆင်များ သာ ဖြစ်လိမ့်မည် ။

မျက်ဝန်းက မကြည်လင်နေပြီမို့ အရာရာကို အပြစ်မြင်ချင်သည်။ ငိုရှိုက်သံတချို့ ပျံ့လွင့်သလို ကြားရ၍ ချတ်ခနဲ ဟိုဟို ဒီဒီ ကြည့်မိပြန်၏ ။ မိကျော်ငိုသံများ လား။ နောက်ဆံ ငင်အောင်ပင် မိကျော် ငိုနေပြီဆိုသည့် အသိက လှမ်းမည့်  ခြေလှမ်းကို တုံ့ဆိုင်းစေ၏ ။

ဘူတာရုံရှေ့ ရောက်ကာနီးလေ လူရှင်းသော ဘူတာရုံထဲရှိ လူ တစ်ယောက် နှစ် ယောက် လှုပ်ရှားမှု ကို မြင်ရလေလေ…

“ရထား ဆိုက်များ သွားပြီလား”

တစ်ခါမျှ မရောက်ဖူးသော အရပ်ဒေသမို့ ရထားဝင်ချိန်ထွက်ချိန် မသိပါ။ မမျှောင်လင့်သော ဖြစ်ရပ်ကြောင့် သည်မြို့သို့ ရောက်ခဲ့ရ၏ ။

သူ့ကို ကွက်တိကွက်ကျား ကြည့်သွားသူ တချို့ဆီမှ …

“ဟိုဟာ မင်းသားယဉ်ဦး မဟုတ်လား”

“ဟင့်အင်း မသိဘူး”

“ဟုတ်ပါတယ် ယဉ်ဦးပါ” ဆိုသည့် ထင်မြင်ယူဆချက်တို့ကို အပြုံးတုနှင့် ပင် အသိအမှတ် မပြုနိုင်ခဲ့။

သူကြားနေသည်က မိကျော် ငိုသံ။

သူမြင်နေသည်က သူ့လက်မောင်းကို တင်းတင်းဆွဲ၍ အားကိုးတကြီး မော့ကြည့် နေသော မြင်ကွင်းတစ်ခုမှ မိကျော် မျက်နှာ။

သူ့ထက် အသက်ငယ်သော ကလေး တစ်ယောက် ၏ ပြတ်သားစွန့်ဝံ့သော အချစ်ကို မြင်တွေ့ ရသော အခါ၌ သူ့ရင်ထဲ မမျှော်လင့်သော ရင်ခုန်မှု တိုးဝင်လာခဲ့လေသည်။

မိကျော်ရဲ့ အချစ်ကို သူလေးစားရလေပြီ။

ဒါပေမဲ့လည်း ကလေးရယ် …

“အစ်ကို ဘာစောင့်နေတာလဲ ရထားလား”

ဘူတာရုံငယ်ထဲ၌ ရပ်နေမိသည်မှာ မည် မျှ ကြာသွားသည်မသိပါ။ အနားမှ လာရပ် မေးသော ချာတိတ် တစ်ယောက် ကြောင့် ယဉ်ဦးခေါင်းညိတ်ပြရင်း …..

“ဒီကနေ ရန်ကုန်သွားမယ့် ရထား ရှိသေးလားလို့ စောင့်နေရတာ ပါ”

“ဘယ်ရှိတော့မလဲ အစ်ကိုရ။ ခုနကတင် မန္တလေး လော်ကယ် ထွက်သွားတယ်။ ဒီနေ့အဖို့ ရထားမဝင်တော့ဘူး”

“သြော် …”

ဘာဆက်မေးရမှန်း မသိပြန်။

ရထားဘူတာရုံ၌ သည်လိုရပ်နေလို့ မ ဖြစ်နိုင်တော့။ လိုက်ပို့သော ကားလည်း မရှိတော့။

ချာတိတ်လေးက သူ့ကို အရမ်း ကူညီချင်နေပုံပင်။

“အစ်ကိုက ရုပ်ရှင်မင်းသား ယဉ်ဦး မဟုတ်လား။ ကျွန်တော် မြို့မှာ တလောက ပြသွားတဲ့ ရုပ်ရှင်မှာ ကြည့်လိုက်ရတယ်”

“အေး”

“ကျွန်တော် ထင်သားပဲ။ အစ်ကို ရုပ်ရှင်လာရိုက်တာလား”

ချာတိတ်ကို တစ်ချက်ငဲ့ကြည့်ပြီး တိုတိုတောင်းတောင်း ဖြေမိ၏ ။

“မဟုတ်ဘူးကွ”

စိတ်တိုင်းကျမေးနေသော ဆယ့်ငါးနှစ် လောက်ရှိသည့် ချာတိတ်ကို သူ စိတ် တိုချင်ပေမဲ့ ပရိသတ် တစ်ယောက် ၏ ပျော်ရွှင်နေခြင်းကို အနှောက်အယှက် မပေး လိုတော့ပါ။

“ရန်ကုန်ကို ဒီနေ့ပြန်ချင်တာ။ မင်း… ကူညီပါလား”

ကုန်တွဲ ရထားပေါ်၌ တိုးတိုးခွေ့ခွေ့ ကြပ်ကြပ် တည်းတည်း ထိုင်လာရရုံ မက စိတ်မောလူမော ဖြစ်လာတာတို့ ပို၍ မပြေနိုင်အောင် အမှတ်တရ ဖြစ်စေမည့်  လက်ဆောင်သည် သူ့လွယ်အိတ်အပြဲ၌ ထိုးထွက်နေလေ၏ ။

“ရန်ကုန် ကားဂိတ်တော့ ရှိတယ်။ ကျွန်တော် နဲ့ လိုက်ခဲ့”

ကျော်ပိုးအိတ်နှင့် တွဲ လျက် လွယ်အိတ်ဘေးချုပ်ရိုး အကွဲထဲမှ အပြင်သို့ ထိုးထွက်နေသော ခွာမြင့်ကြိုးသိုင်း ဒေါက်ဖိနပ် အဖြူလေးတစ်ဖက်ကို ချာတိတ်လေးက အဓိပ္ပာယ်ပါပါ ကြည့်သွား၏ ။

သူ့အတွက် မိကျော်ထားခဲ့သော အမှတ်တရလေးပါလေ။

နွေနေ၏ အပူကို အံတုသူ တစ်ယောက် အ ဖြစ် ဘူတာရုံ လမ်းတစ်လျှောက် ကျဲကျဲတောက် နေရောင် ကို တစ်တန်းတည်း ထား၍ ချာတိတ်လေးခေါ်လာသော ကားဂိတ်သို့ ရောက်လာခဲ့သည်။ ကားဂိတ်ဟုသာ ဆိုရသည်။ စိုစိုပြည်ပြည် မရှိ။

ကားပေါ်သို့ ပစ္စည်းအိတ်တွေ လုံးဝတင်ပြီးနေသော ဟိုင်းလပ်ကားနီကြီးက စပယ်ရာနှင့် ဒရိုက်ဘာ၏ အော်သံ ဟစ်သံကြောင့် ငြိမ်ချက်သား ကောင်းနေ၏ ။

“ခဏလေး အစ်ကို။ ကျွန်တော် ဂိတ်မှူးမေးပေးမယ်”

“ရအောင်လုပ်ပေးကွာ ညီလေး။ အစ်ကို အရေး ကြီးလို့”

လူကြီးက လူငယ်ကို အားကိုးလိုက်သော စကားမှန်း ချာတိတ်လေး မသိရှာ။ သူ့စေတနာအတိုင်း ဂိတ်မှူးကို သွား ဂျီတိုက်ပုံ ရပါသည်။ ကားမောင်းသူက ယဉ်ဦးရှိရာ လျှောက်လာ၏ ။

“အေးဗျာ နေရာ ကတော့ လုံးဝမရတော့ဘူး။ မြင်တဲ့အတိုင်း ကျွန်တော် တို့ကား ကျွန်တော် မောင်းနေပေမဲ့ စပယ်ယာပါတ်(စ)တွေ မဆောင်နိုင်သေးလို့ ကားခုထိ မထွက်နိုင်သေးဘူး။ လိုက်လို့ ဖြစ်မယ်ဆိုရင် ဟောဟိုက လူတွေ လို တွဲ လောင်း ခိုလိုက်ရင် ရမယ်”

“ဟောဟိုက လူတွေ ရှိရာသို့ လှမ်းကြည့်ရာ ပြည့်သိပ်နေပြီ ဖြစ်သော ဟိုင်းလပ်ကားကြီး၏ နောက်မြီး၌ ကားမထွက်ခင်ကပင် တိုးတက်ရပ်နေကြသည်။ ပူပူ လောင်လောင် နေရှိန်အောက်မှ ခရီးသည်တို့က မလှုပ်မယှက် တည်တည်ငြိမ်ငြိမ်ပင် ရပ်လျက်။

ချာတိတ်လေးက ယဉ်ဦးကို မေးဆတ်ပြ၏ ။ ဘယ်လိုလဲ လိုက်ဝံ့လားဟု မေးလိုက်သည့်နှယ်။

“လိုက်မယ်ဗျာ”

ဆုံးဖြတ်ချက် သည်တစ်ခုမှ လွဲ၍ တခြားချစရာ မရှိ။

ကြေကွဲဖွယ်ရာတို့ကို သယ်ဆောင်ရင်း သွားရမည့်  ခရီး မည် မျှ ရှည်ကြာလိမ့်မည် မသိပါ။

ငိုက်ဆောင်းရန် သတိမေ့နေသော သက္ကလပ် ဦးထုပ်ကို ဆုပ်ချေထားရာမှ ခေါင်းပေါ် ပစ်တင်လိုက်၏ ။

ကားစက်နှိုးမှ ချာတိတ်လေး လက်ပြနှုတ်ဆက်၏ ။ သူ့အတွက် အလွမ်းတနင့်တပိုး ကျန်ခဲ့ရာ နေရာသည် အိပ်ဇောပိုက်မှ မှု တ်လွှတ်လိုက်သော မီးခိုးမည်းများ သဖွယ် ရှုပ်ထွေး မွန်းကြပ်စေခဲ့သည်။

* * * * *


မိကျော်ရယ် ကိုကိုတို့နှစ် ယောက် ရဲ့ ဆုံစည်းမှု ဟာ အလွမ်းတစ်ခု ဖြစ်ဖို့ ကြိုးစားခဲ့ကြ တာများ လားလို့ ကိုကို မေးချင်တယ်။ မဆုံခင်က မလွမ်းတတ်တဲ့ ကိုကို့ကို လွမ်းဖို့ သ်ကသက် ချစ်ခဲ့သလား သက်ထားကျော်ရယ်ဟု ရင့်ရင့်မာမာလည်း မမေးလိုပါ။

မိကျော်ရဲ့ မေတ္တာတရားမှာ ဆန်းစစ်ဝေဖန်ခြင်း မပါဘူးဆိုခဲ့လျှင်တောင် ကိုကို့ရဲ့ မေတ္တာအားမှာ ကြင်နာသနားခြင်းတို့ ပါပါသည်။ အလွှာအဆင့် ဘယ်ရွှေ့ဘယ်မျှ မြင့်မားသည်မှန်း မသိပါဘဲ နှစ် နှစ်သက် သက် စွဲလမ်းခဲ့တာ သံယောဇဉ်ရဲ့ အခြေခံတရားတွေ ပဲ ဖြစ်ပါလိမ့်မည် ။

မိကျော်ကို ကိုကို ညာမချစ်ခဲ့ပါဘူးနော်။

ကိုကို လျှောက်နေတဲ့လမ်းပေါ်မှာ ရပ်တန့်ပြီး လက်တွဲ လိုက်ခွင့် တောင်းဆိုတာ မိကျော်ပဲ မဟုတ်လား။ အေးချမ်းပျော်ရွှင်နေတဲ့ ဘဝတစ်ခုကို ဖျက်ဆီးဖို့အတွက်လည်း မိကျော်ကို လိမ်ညာလှည့်ဖြားခြင်း မပြုခဲ့ပါ။

ကိုကိုရဲ့ မျှောင်လင့်ချက်ခရီးမှာ ထပ်မံ မျှော်လင့်စရာ အ ဖြစ် မိကျော် ရှိနေပြီဆိုတော့ ကျန်ရစ်ခဲ့တဲ့ မြို့မှာ ငိုရှိုက်နေတဲ့ မိကျော်သိပါ့မလားကွယ်။

ကိုကိုက အပူရုပ်ကို ဟန်လုပ်ဖို့ ကြိုးစားနိုင်တဲ့ သရုပ်ဆောင် တစ်ယောက် မို့ ရင်တွင်း ဝေဒနာကို ထိန်းချုပ်နိုင်ပေမဲ့ မိကျော်က ထိန်းချုပ်နိုင်ပါ့မလား။ ကိုကိုနဲ့ စတင် ဆုံစည်းကတည်းက မိကျော်ဟာ ကလေးလေးလို နေခဲ့သူသာ ဖြစ်လေ၏ ။ အရာလားလုံးသည် သတိရစာချည်းသာ ဖြစ်နေ၏

* * * * *




ဝန်ဇင်းချစ်သူများ နှင်းဝေငြိမ်း ၏ “ ပြဋ္ဌာန်းမထားသောအချစ်နှင့် ပဋိညာဉ်မလိုသောမျက်ရည် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သင်ချစ်ရာကိုချစ်၍ သင်မုန်းရာကိုမုန်းသည်

အသံများ၏လျှို့ဝှက်ချက်နှင့် အခြားဝတ္တုတိုများ

သူဟာမြန်မာမလေးပါ ဝတ္ထုတိုများ