မျက်နှာပေါ်မှာ အချယ်အသ လုံးဝမရှိသော်လည်း ဖြူနုသော အသားအရည်၊ ထူထဲသော မျက်ခုံးတန်း နှစ် ခုသည် နှုတ်ခမ်းပါးပါးနှင့် ပါးမို့များ ရှိသော မိန်းမငယ်အား မည် သည့်နည်းနှင့်မျှ အရုပ်မဆိုးစေပေ။ ဆံပင်ရှည်များ ကို နောက်ပြန် သိမ်းရလွယ်သော ဘီးကုတ် အညိုဖြင့် ပင့်သိမ်းထား၏ ။ သို့ သော် စိတ်နှလုံး ကြေကွဲနေသော မျက်လုံးအစုံက ရင်ထဲမှ ပူတွေးမှု ကို ဖုံးကွယ်မထားနိုင်ချေ။
ပို၍ စိတ်ဝင်စားစရာကောင်းသည်က သူ့ ကိုယ်ပေါ်မှ ၀တ်စားဆင်ယင်ပုံ၊ အနက်ရောင် ပိတ်ဖောက်ဇာ လက်ရှည်ကို အနီပေါ်မှာ အနက်ဖောက် ပန်းပွင့်များများ ပါသော ပါတိတ်အရောင် ရင့်ရင့်ရဲရဲနှင့် တွဲ ဖက် ၀တ်ဆင်ကာ မဟူရာ လက်စွပ်နှင့် လက်ကောက်ကို ၀တ်ဆင်ထား၏ ။ သို့ တိုင် လက်ဝတ်ရတနာ လက်ကို မြင်မှာ စိုး၍ လက်ကိုင်ပ၀ါဖြင့် မသိမသာ အုပ်ဆိုင်းထားရှာ၏ ။ ကြွားလို သော သဘောမဟုတ်သလို အနည်းငယ် စိုးကြောက်ပုံဖြင့် ပြုမူနေကြောင်း သိသာလှပါသည်။
“ညီမ ပြောချင်တာ ဒါပဲလား”
သူ အနေခက်နေသလို မျက်ရည်ကလည်း တစ်ပေါက်ချင်း ကျမဆုံး ဖြစ်နေရင်း ကျွန်မရှေ့ တွင် အကျဉ်းခံနေရသည့်သဖွယ် မလှုပ်မယှက်ရှိနေ၍ လည်း ကျွန်မ အားနာလာလေသည်။ ထို့ကြောင့် သူ့ကို အလျော့ပါးဆုံး လေသံဖြင့် ထွက်ပေါက်ပေးလိုက် ရပါတော့၏ ။
“ကျန်ပါသေးတယ် ... သူ ဘယ်လိုပြောရမှန်း မသိလို့”
ဘေးမှဝင် ဧည့်ထောက်ခံလိုက်သော အမျိုးသမီးကြီးဘက်သို့ လှည့်ကြည့်ရန် လိုအပ်သွား လေ။ ကျွန်မ မျက်နှာသည် အေးစက် တင်းမာနေမှာ သေချာ၏ ။
ထို့အတူ ကျွန်မ အပြုအမူမှာ လည်း ရင့်ရော် မှု န်မှိုင်းနေမည် သာ။ ဤအတွက် မည် သည့် ဆင်ခြေမှ ပေးစရာမလိုပါ။ ဤနေနည်းသည် ကျွန်မ ထမ်းဆောင်ရမည့်  အဓိက တာဝန်များ သာ ဖြစ်၏ ။
“ဒါဖြင့် ဆက်ပြောလေ၊ ငိုနေရုံနဲ့တော့ ကျွန်မ ဘာမှမလုပ်တတ်ဘူး၊ ဒီအထိ လာပြီးမှ နောက်ထပ် တစ်ခုခုပြောစရာ ပါလာဦးမှပဲ ... ပြောပါ”
“ဟုတ်တယ် ... ဟုတ်တယ်၊ ပြောလိုက်လေ ခင်ခင်ခန့်”
ထိုနာမည် ကို ကြားရသော အခါ နှုတ်ခမ်းမဲ့ သွားပါသည်။ ယောင်ယောင်လေး မဲ့မိတာမို့ ခေါင်းငုံ့ပြီး ငိုနေသော ခင်ခင်ခန့်နှင့် စကားတွေ ပြောရန်အားပေးတိုက်တွန်းနေသော သူ့ အဒေါ်တို့ မမြင်လိုက်ပါ။ မြင်လည်း ကိစ္စမရှိပါဘူး။ နှုတ်ခမ်း တစ်မဲ့လောက်က ခင်ခင်ခန့်ကို ဘယ်လိုမှ ထိခိုက်နစ်နာစေမှာ မဟုတ်ပါဘူး။
ယခုမှပင် မော့လာသော ခင်ခင်ခန့် မျက်နှာကို ပို၍ မြင်ရလေသည်။
ချောသည်။ ချောသည်ဆိုတာထက်တော့ ပို၍ မပြောတတ်။ ပြုပြင်၍ လှသော အလှလည်း မဟုတ်။ မျက်နှာပေါ်မှာ လုံးဝ လိုက်လျောညီစွာ လိမ်းခြယ်မထားသော ရုပ်ရည်ပိုင်ရှင်သည် အသည်းနှလုံးတွေ မောပန်းအောင် ခံစားနေရခြင်းအတွက် ကျွန်မ မည် သို့ ကူညီဆောင်ရွက်ပေး ရဦးမှာ ပါလိမ့်။
“ခန့်ဆီမှာ မမမျိုးနဲ့ ပတ်သက်တဲ့ စာချုပ်တစ်ခုရှိနေပါတယ်”
နူးညံ့သိမ်မွေ့သော အသံသည် ကြောက်ကြောက်ရွံ့ရွံ့ကြောင့် ပို၍ တိုးတိုးနေ၏ ။ ဘာတွေ ကိုများ ကြောက်ရပြန်ပြီလဲ ခင်ခင်ခန့်။ မင်းရဲ့ ကြောက်ရွံ့မှု တွေ ကို ကျွန်မကလည်း တစ်ဖန်ပြန် ကြောက်မိပါရဲ့ ။ ကျွန်မ ကြောက်တဲ့ထဲမှာ ခန့်ရဲ့ ခိုင်ခန့်တဲ့ အောင်မြင်ခြင်းပါဝင်သည်။ ဟုတ်တယ်။ ခန့်ရဲ့ ခိုင်ခန့်တဲ့ အောင်မြင်ခြင်းတွေ ကို ကျွန်မ အဝေးက ကြည့်နေရုံနဲ့ရပါ့မလား။ ပြီးဆုံးသွားပြီ ထင်ရတဲ့ ဘ၀ တစ်ဝက်ကို ကျွန်မ ပြန်လှည့်မကြည့်ရင် မရဘူးလား ခန့်ရယ်။
“ဘာစာချုပ်ပါလိမ့် ... ကျွန်မ မသိဘူး”
သူက ကျွန်မကို မမမျိုးဟု ခေါ်သည်။
ကျွန်မက သူ့ကို ညီမဟုခေါ်လိုက် ... ခန့်ဟု ခေါ်လိုက်။ အလျဉ်းသင့် သလိုပင်။ သူ့ခေါ်သံမှာ လေးစားခြင်းပါသည်။
ကျွန်မ ခေါ်သံမှာ မူ စိတ်ပြတ်ခြင်းနှင့် သံသယသံပါသည်။
“အသက် အာမခံ စာချုပ်ပါ”
သူ ကြိုးစားပြောပါသည်။ ထိုစကားကြားလိုက်ရတာ နှင့် မျက်လုံးထဲမှာ ရယ်မော ပျော်ရွှင် နေသော လူ တစ်ယောက် ကို ဗြုန်းခနဲ တွေ့ ရှိလိုက်လေ၏ ။ အစိမ်းနုရောင် စာချုပ် တစ်စောင်နှင့် ကျွန်မ၏ စိတ်ကောက်ခြင်းကို ချော့မြူခဲ့သော လူ တစ်ယောက် ။
ထိုစာချုပ်သည် ထိုစဉ်က ကျွန်မနှင့် ထိုလူ၏ ရှည်လျားခံ့ညားလှသော ချစ်ခြင်းမေတ္တာ သာဓကကြီးပေါ့။ ဘုရားရေ ... ထိုစာချုပ်ကို ကျွန်မ မေ့နေပါလား။
တုန်လှုပ်ချောက်ချားစွာ ကျွန်မ လက်ချောင်းများ ကို တဖျောက်ဖျောက်ချိုးမိသွား၏ ။ အသက်အာမခံစာချုပ်တဲ့။ စာချုပ်ဆိုတာနှင့် ကျွန်မက တစ်ကြိမ်တစ်ခါက လှပသော လက်ထပ် စာချုပ်နှင့် တစ်ကြိမ်တစ်ခါက မလှပသော ကွာရှင်းပြတ်စဲစာချုပ်တို့ကိုသာ မြင်ယောင်မိခဲ့သည်။
ကွာရှင်းစာချုပ်ဆိုမှ ... ထိုစာချုပ်တွင် ကျွန်မ လက်မှတ်တစ်ခုသာ ထိုးခဲ့ရသေးကြောင်း သတိရသွားလေ၏ ။ ထို့အတွက် တစ်ဝက်တစ်ခြမ်း ကျန်နေသော လက်မှတ်ကို ကျွန်မ ရှေ့မှာ ထိုင်နေသော ခင်ခင်ခန့်၏ ခင်ပွန်းသည်က ထိုးရောထိုးပါရဲ့ လား။ ဒါတွေ ကျွန်မ မသိတော့ပေ။
ယခုတော့ ကျွန်မ တင်းထားသော စိတ်သည် အသက်အာမခံစာချုပ်ဆိုသည့် စကား ကြောင့် ယိုင်လဲလုမတတ် ဖြစ်လာပြီး မျက်ရည်များ ရစ်ဝဲလာမိလေသည်။ သို့ သော် ခပ်တည်တည် ဖြစ်အောင် ကျွန်မ နေပေးထား၏ ။
“အဲဒါ ကျွန်မ ဘာလုပ်ရမှာ လဲ ...၊ စာချုပ်က ဘယ်က တွေ့ တာလဲ”
“မောင့် ... မောင့် အလုပ်စားပွဲ အံဆွဲထဲကပါ ...၊ အဲဒီ စာချုပ်မှာ မမမျိုးကို ရပိုင်ခွင့် ... လွှဲ ... လွှဲထားလို့”
မောင်ဟု ခေါ်ခေါ်ချင်း ကျွန်မဆီ တစ်ချက် လှမ်းကြည့်၏ ။ ကျွန်မ ဘက်မှ ယောင်ယောင်မျှ ပင် မထူးခြား၍ သူဆက်ပြောသည်။ သူ ဘာကို ဆိုလိုချင်ကြောင်း ကျွန်မ အလွန်အမင်း သဘောပေါက် သွားပါပြီ။ လက်စသတ်တော့ သူ ကျွန်မ အိမ်ရိပ်အထိလာဝံ့တာ သူ့မှာ တောင်းဆို စရာတွေ ၊ ရပိုင်ခွင့်ရှိနေတဲ့ တွန်းအားတွေ က သည်အထိ မျက်နှာပြောင်တိုက်ဝံ့တာကိုး။ ကိစ္စမရှိပါ ဘူး ... မင်းက ခင်ခင်ခန့်လေ။
ကျွန်မ မင်းရဲ့ အစွမ်းအစ အရည်အချင်းတွေ ကို ယုံကြည်ထားပါတယ်။ ငဲ့ညှာခြင်းဆိုတာ မင်းမှာ မရှိဘူး၊ ဒါကို ကျွန်မ အစွမ်းကုန် စွပ်စွဲလိုက်မယ် ဟုတ်ပြီလား။ ဒီတော့ မင်းကိုလည်း ကျွန်မ မညှာချင်ဘူးကွယ်။
“ဟုတ်တယ်၊ သူ ကျွန်မကို အာမခံလွှဲထားတာ ကျွန်မ သိတယ်၊ ဒါပေမယ့် ဒီစာချုပ် ညီမ နာမည် ပြန်လွှဲမပေးဘူးလား၊ ဟင် ...”
“ဟင့်အင်း ...၊ ခန့် ဒါတွေ မသိဘူး”
“မသိဘူး ဟုတ်လား၊ အံ့သြစရာပဲ။ သူကပြောသင့်တာပေါ့၊ ကဲပါ ... ထားပါတော့။ သူမှ မရှိတော့တာ၊ သူ့ကို ထိခိုက်နစ်နာသွားဦးမယ်၊ အဲဒီ တော့ ခန့်က ဘာ ဖြစ်ချင်သလဲ၊ ကျွန်မ ဘာလုပ် ပေးရမလဲ၊ ဒါပဲ ပြောကြတာ ကောင်းမယ်ထင်တယ်”
“ဟယ် ... သိပ်ကောင်းတာပေါ့”
ခန့်အဒေါ်သည် ဣနြေ္ဒမထိန်းနိုင်စွာ ဘဲ ၀မ်းမြောက်ဝမ်းသာရှိသွား၏ ။ ကျွန်မ သူတို့ကို အေးစက်စက် လှမ်းကြည့်ရင်း ဧည့်ခံထားသော ကော်ဖီခွက်များ ဆီ တစ်ချက်ဝေ့ကြည့်လိုက်ရာ ကော်ဖီတွေ က မျက်နှာပြင် တင်းမာနေ၏ ။
အိမ်မှာ အဖော်ခေါ်ထားသော ကောင်မလေးကို လှမ်းခေါ်ပြီး အပူပြန်ဖျော်ခိုင်းလိုက်စဉ် ခန့်က တားသည်။
“ရတယ်၊ ခန့်တို့ မသောက်တော့ပါဘူး”
ကျွန်မ တိုက်သည့်ကော်ဖီမှာ အဆိပ်ခတ်ထား လေမည် လားဟုများ စိုးရိမ်နေရော့ထင့်၊ ဒီလိုတော့ မတွေးတန်ရာ။ ခန့် မျက်နှာမှာ မာန်မရှိ၊ မာန မရှိ၊ သို့ သော် ခန့်မှာ တစ်ခုခု လိုအပ်နေ သည်။ ထိုလိုအပ်ချက်ကို ကျွန်မ ရှာမတွေ့ ။
ကျွန်မ မျက်နှာများ ကို ဖတ်စာ လုပ်ဖတ်နည်းအား ကာလ အနည်းငယ်ကမှ နားလည် သိရှိ ခံစားတတ်သူ ဖြစ်ခဲ့သည်။ ထိုကဲ့သို့ သိရှိခံစားနိုင်အောင် သင်ကြားပေးသူသည် ခင်ခင်ခန့် ခင်ပွန်းပဲ ဖြစ်၏ ။
“ကော်ဖီလေးလို့ လဲပေးမှာ ပါ၊ ခရီးဝေးက လာရတာ ကော်ဖီလောက်တော့ သောက် သွားပါ ဦး၊ အန္တရာယ် မရှိစေရပါဘူး၊ ကျွန်မ တာဝန်ယူပါတယ်”
ထိုစကားသည် အနက်အရှိုင်း ရှိလှကြောင်း ခန့် ရိပ်မိသွား၏ ။ ဖျတ်ခနဲ မော့ကြည့်ပြီး မျက်နှာကွက်ဆို ပျက်သွားလေ၏ ။
“အိုး ... ဒီသဘော မဟုတ်ရပါဘူး မမမျိုးရယ်၊ မဖျော်ပါနဲ့တော့၊ ဒါပဲ သောက်ပါ့မယ်”
ထိုသို့ ပြောရင်းနှင့် ပင် ပြန်ယူသွားမည့်  ကော်ဖီပန်းကန် အတင်းဆွဲပြီး တစ်ကျိုက်တည်း မော့သောက်ချလိုက်သည်။ ကျွန်မ တားချိန်ပင် မရလိုက်။ ကျွန်မ စကားကို သူ နားလည်သွားပုံက ပါးနပ်လျင်မြန်သူတို့ အလေ့အထကို ဖော်ပြတာပဲ ဖြစ်သည်။
ခန့်သောက်တော့ သူ့ အဒေါ်လည်း ပျိုးပျိုးပျာပျာသောက်သည်။ ကျွန်မ နည်းနည်း တော့ ကျေနပ်သွား၏ ခန့်၏ ရိုးကျိုးမှု မှာ ကျွန်မ ဂုဏ်သိက္ခာအတွက် အရေး ပါနေသည်။
ကော်ဖီပန်းကန်လွတ်များ ကို ရပ်နေသော ကောင်မလေးဆီ ကမ်းပေးပြီးတာနှင့် ကျွန်မ ဘက်သို့ လှမ်းကြည့်ကာ သူ၏ တုံ့ဆိုင်းသွားသော စကားကို ဆက်ချင်လာ၏ ။
အလိုက်သိစွာ ပဲ ကျွန်မ အရင်ဦးအောင် ပြောလိုက်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်မက ခင်ခင်ခန့်တောင်းဆိုသမျှ လိုက်လျောပေးလိုသူ မဟုတ်ဘဲ၊ ကျွန်မ ပေးသမျှသာ ခင်ခင်ခန့် ရစေချင်သည့် အတ္တကို လုံးဝ အထိမခံလိုသော ကြောင့် ဖြစ်သည်။ ယခုအချိန်မှာ ကျွန်မ လုပ်သင့်တာ အကုန်လုပ်မည် ။
“အဲဒီ စာချုပ်ထဲက ငွေတွေ ကျွန်မ မယူချင်ပါဘူး ခန့်ပဲ တောင်းယူလိုက်ပါ၊ ဒီငွေက ခန့်နဲ့ ဆိုင်သင့်တယ်”
ထိုစကားအတွက် ခန့် ကြိုတင်မျှော်လင့်ထားပုံမရ အံ့အားတသင့် ဖြစ်သွားလေသည်။ ထို့နောက် ခန့် ဣနြေ္ဒပျက်စွာ တဟိုဟို တအင်အင် ဖြစ်လာ၏ ။ သည်လို ဖြစ်စေချင်လို့ သည်လို ပြောတာပဲ။ ကဲ ... မင်းဘာတတ်နိုင်သေးလဲ ခန့်။ လောကကြီးမှာ မုန်းတီးစရာ အကောင်းဆုံး မိန်းမ တစ်ယောက် အပေါ် တင်မမျိုး သဘောကောင်းပြလိုက်တော့ အဲဒီ မိန်းမ ဘာ ဖြစ်သွားမယ် ထင်သလဲ၊ မင်း မင်းခန့် အားနာရှက်ကြောက်ပြီး ကျွန်မကို အထင်ကြီ အံ့သြသွားရပြန်ပြီ မဟုတ်လား။
တကယ်ဆို ခန့်ဟာ တင်မေမျိုးကို ဒီလောက် အရည်အချင်းနဲ့ လာမတွေ့ သင့်ဘူး ကွယ်၊ တင်မေမျိုးမှာ ကြီးမားတဲ့ အငြိုးတွေ သွေးအေးမှု တွေ နဲ့ မင်းကို အနိုင်ယူဖို့ အဆင်သင့် ဖြစ်နေမယ် ဆိုတာ မင်းသိထား သင့်ပါရဲ့ ။ ဒါပေမယ့် ခန့် မြင်ကွင်းထဲမှာ တော့ မမမျိုး ဆိုတာ အလျော့ပေးနေ ကျ ရေမြွေလေးပေါ့ကွယ်။
ဒီနေရာမှာ တင်မေမျိုး တစ်ကိုယ်တာ ခန့်ရှေ့မှာ ထိုင်ပြီး ယဲ့ယဲ့လေး ပြုံးနေမယ်ဆိုရင် တင်မေမျိုး နောက်တစ်ကိုယ်က မင်း နှလုံးသားကို ဆုပ်ခြေဖို့ အသင့်ရှိနေတယ်။ သိရဲ့ လား။
“ခန့် ခန့် တောင်းလို့ မရဘူးထင်တယ်”
ထစ်ငေါ့ ထစ်ငေါ့ ပြောရင်း မျက်ရည်တွေ ထပ်ဝဲလာသော ကြောင့် ခန့်သည် ထိုကိစ္စ အတွက် သူမဘက်မှ အလားအလာ မကောင်းကြောင်း ကြိုတင် သိရှိထားဟန် တူ၏ ကျွန်မ အိမ်ပေါ်သို့ စတက်လာစဉ်က ကျွန်မ ဘာလုပ်လုပ်ခံမည့်  ရုပ်လက္ခဏာဖြင့် သူမ ပြောသော စကား မှာ အခု အဓိပ္ပာယ် လေးနက်သွားလေ၏ ။
“ခန့် မမမျိုးကို တွေ့ ချင်လို့ပါနော်၊ ခန့်ကို လက်ခံစကားပြောပါ မမမျိုးရယ်၊ ခန့် မိုက်ခဲ့သမျှ ၀န်ချပါတယ်၊ အခု မောင်လဲ မရှိတော့ပါဘူး၊ မောင့်ကိုယ်စား ခန့် လာတောင်းပန်တာပါ”
ပြောပြီးတာနှင့် ခန့် တအိအိငိုရှိုက်လေသည်။ ရုတ်တရက်မို့ ကျွန်မ ကြောင်ကြည့်နေမိ သေး၏ ။ နောက်မှ အသိဝင်လာပြီး ခန့်ကို ချော့မိမလိုပင် ဖြစ်ခဲ့ရ၏ ။
ဘယ်လောက်တော် တဲ့ မိန်းကမလေးလဲ။ သူဟာ ကျွန်မထက်များ စွာ ငယ်သည်။ ထိုထက် မက သူ့ အလှတွေ က ကျွန်မထက် အစစအရာရာသာသည်။
ထို့အတူ သူ့ပညာ အရည်အချင်းမှာ မဟာသိပ္ပံ အပိုင်း(ခ)အဆင့်ထိ တက်ခဲ့ကြောင်း သိထား၏ ။ ထိုသူမက မမျှော်လင့်ဘဲ ကျွန်မရှေ့ ၀ပ်တွားလာတော့ ကျွန်မက ဟန်ဆောင်ပန် ဆောင်သဘောထားကြီးဖြင့် ပြလိုက်တော့၏ ။
သူ ဘယ်တော့မှ ကျွန်မ ရှုံးနိမ့်နေမိတာ မသိစေရဘူး ဆိုတဲ့ စိတ်က ကျွန်မမှာ ၀န်ထုပ် ၀န်ပိုး ဖြစ်နေသည့်တိုင်အောင် ထိဝန်ကို မညည်းမညူ ထမ်းလိုက်ဦးမည် ။ မပင့်ဖိတ်ဘဲ သူက ရောက်လာတာပဲ၊ ဘယ်တတ်နိုင်ပါတော့မလဲ။
ခင်ခင်ခန့်ရေ မင်းတော့ တင်မေမျိုးရဲ့ အငြိုးကို ပုတ်နှိုးလိုက်သလို ဖြစ်သွားတာ ကံဆိုးတာ ပါပဲလား။
“ခန့် တောင်းလို့မရဘူးဆိုတော့”
ကျွန်မက လုံးဝနားမလည်ဟန်ဖြင့် မေးသည်။ ခန့်က အဖြေရခက်နေ၏ ။ သည်မှာ တင် ခန့် အဒေါ်က ၀င်ပြော၏ ။
“ဒီလိုပါ မျိုးရယ် ... အဒေါ့်တူမက မောင်ရဲနီ ဆုံးပြီးတစ်လလောက်မှာ သူ့အတွက် ရနိုင်တဲ့ ယာဉ်တိုက်သေဆုံးတဲ့လျော်ကြေး လျှောက်လိုက်တယ်”
“ဟုတ်လား ... တောင်းလို့ရလား”
“ရပါတယ် ... တစ်သော င်းရတယ်”
“ကောင်းတာပေါ့၊ ခန့်အတွက် အသုံးဝင်တာပေါ့”
ကျွန်မ မကျွမ်းကျင်သော အရည်အချင်းကို ခန့် ကျွမ်းကျင်တာ မဆန်းပါ၊ သူက ရုံးဌာနများ နှင့် ကျွမ်းဝင်ရင်းနှီးသူ၊ ပင်ကိုယ် သွက်လက်ချက်ချာသူ၊ ကျွန်မလို တသီးတခြားနေခဲ့သူ မဟုတ်၍ လည်း သူမ၏ ရပိုင်ခွင့်မှန်သမျှ မနစ်နာရအောင် ကြိုးစား ဖန်တီးနိုင်စွမ်းရှိချေ၏ ။
ဒါကိုတော့ ကျွန်မက မကန့်ကွက်လိုဘဲ ချီးကျူးလိုပါသည်။ ခင်ပွန်းသည် တစ်ယောက် ၏ ရပိုင်ခွင့်မှန်သမျှကို သူ့ဇနီးက ဆက်ခံပိုင်ခွင့်ရှိတာ ဘာဆန်းလို့လဲ။
ဒါပေမယ့် ဆန်းသည်။ သူ့ အဒေါ်စကားက ဆန်းသည်။
“ဒါပေမယ့် အဒေါ်တူမက တစ်သော င်းပဲရပြီး”
သည်တော့မှ ဇာတ်ရည်ကောင်းကောင်း လည်တော့၏ ။ ဖြုန်းခနဲတော့ ကျွန်မ ဘာပြန်ပြော ရမှန်းမသိ။ ချက်ချင်း ဆိုသလို ခန့်၏ မျက်နှာကို လှမ်းကြည့်တော့ ခန့်က သူ့ အဒေါ်ပြောသမျှ အတွက် သူပြောသလို ငြိမ်သက်ပေးနေ၏ ။ ဒါဆို ခန့်သဘောတူသည့် သဘောပင်။
မျက်နှာဖတ်စက်သည် ခန့်ဆီမှ ကမန်းကတန်း ကျွန်မ ဖတ်ဖူးသော အစိမ်းနုရောင် အာမခံ စာချုပ်ထဲမှ အကျိုးခံစားခွင့်ငွေဟူသော အကွက်ဆီ ရွေ့သွား၏ ။ ငွေဆယ်သိန်း။ ဆယ်သိန်း။
ကျွန်မ စိတ်ပိုင်းဖြတ်လိုက်ပါသည်။ ကျွန်မ စွန့်ခွာလာခဲ့သော အတိတ်အတွက် ကျွန်မ ပြန်လှည့်ကြည့်စရာ မလိုပေ။ ကျွန်မ ပိုင်ဆိုင်သမျှသည် ကျွန်မ စွန့်ခွာခဲ့သော အိမ်၊ ခြံ၊ မြေနှင့် လူ တစ်ယောက် ဆီမှာ အဆုံးသတ်သွားခဲ့ပြီးသားမို့ ဘာကိုများ ထပ်မံ လိုချင်မက်မောရဦးမည် နည်း။
“ကောင်းပြီလေ ... ကျွန်မ လွှဲစာ ရေး ပေးလိုက် ပါ့မယ်။ ခန့်လာတာ ဒါလိုချင်လို့ပဲကွယ်၊ ရစေရမယ် ... ကျွန်မ ထက်စာရင် ခန့်မှာ ငွေရှိမှ ဖြစ်မယ်၊ ခန့် နစ်နာသမျှအတွက် လိုအပ်တယ်”
တမင်ပဲ ဤသို့ ပြောပေးလိုက် ၏ ။ ခန့် နစ်နာသမျှ။
ထိုစကားကို ခန့်ကြားတော့ မျက်နှာပျက်သွားသည်။ တစ်ချိန်က ခန့်စကားကို ပြန်ချေပ တူးဆွခြင်းမှန်း သိသွားပုံရသည်။
ကျွန်မမှာ ခန့်လိုချင်သည့်ငွေ ပေးလိုက် ရုံအပြင် တခြားဘာမှမတွေး။ ငွေတွေ ပေးလိုက် ရ တာ အနှမြောမရှိလေခြင်းဟု ခန့်တွေးလျှင်တောင် ကျွန်မ မတွေးပါ။
ထိုကဲ့သို့ မတွေးခြင်းက ကျွန်မဒီအချိန်မှာ ခင်ခင်ခန့်ကို တမြည့် မြည့်  ဖြစ်စေလိုသည်။
ခန့် ဒေါသတကြီးနှင့် ကျွန်မကို ရန်လိုခံရမှာ ကြောက်၍ လည်းမဟုတ်။ ခန့် ချစ်ခင်အောင် ကျွန်မ နေလို၍ လည်းမဟုတ်။ အမှန်တကယ်မှာ ခန့် နှလုံးထပ်ကြေကွဲအောင် လှပ်တောင်ခြင်းပဲ ဖြစ်သည်။
ထို့ကြောင့် ခန့်ကို ရှေ့ထားပြီး ကျွန်မ စာတစ်စောင်ကောက်ရေး ပေးလိုက် ၏ ။ ထိုစာသည် ခန့်အလိုလားဆုံး သက်သေစာ ဖြစ်သည်။ ကျွန်မ၏ ကြီးကျယ် မြင့်မြတ်မှု အောင်ပွဲလည်း ဖြစ်၏ ။
သက်ဆိုင်ရာသို့
ကျွန်မသည် ဦးရဲနီ(အမျိုးသားမှတ်ပုံတင်အမှတ်……………)ထားရှိသော အသက် အာမခံ စာချုပ်ပါ အကျိုးခံစားခွင့်ရှိသူ တစ်ဦး ဖြစ်သော်လည်း ကျွန်မနှင့် ဦးရဲနီသည် လွန်ခဲ့သော (၂)လခန့်ကပင် တရားဝင် ကွာရှင်းပြီး ဖြစ်ပါ၍ ထိုအကျိုးခံစားခွင့် ငွေကျပ် ဆယ်သိန်း(၁၀၀၀၀၀၀၀ိ)တိတိအား သူ၏ တရားဝင် လက်ရှိဇနီး မခင်ခင်ခန့်သို့ ကျေနပ်စွာ သဘောတူ လွှဲပြောင်းပေးပါသည်။ ကန့်ကွက်ရန် မည် သည့်အကြောင်းမှ မရှိပါ။
တင်မေမျိုး
စာသည် ကြိုတင်ကျက်မှတ်ထားသမျှ ချရေး လိုက်သလို လွယ်ကူနေ၏ ။ သည်လိုနေရာမှာ ကျွန်မ လက်တွေ က သွက်ချည်လား။ သို့ သော် မောင့်နာမည် ရေး တော့ လက်တုန်ချင်သည်။ နီဆိုသော စာလုံးကို ဆံခတ် မနည်းသတ်ရ၏ ။ နီဆိုသော စာလုံးက ကျွန်မကို ခြိမ်းခြောက်လေ၏ ။ မောင်က ကျွန်မနှင့် စကားပြောလျှင် ...
“မျိုး ... မောင်ကလေ”ဟု တစ်ခါတစ်ခါ ပြောတတ်သလို၊ တစ်ခါ တစ်ခါမှာ “နီကလေကွာ မျိုးကလဲ နီပြောတာက ဒီလို”ဟု ထည့်ပြောတတ်သူလည်း ဖြစ်၏ ။
စာကို အသေအချာဖတ်ပြီး ကျေနပ်လောက်မှ ခန့်လက်ထဲသို့ စာထည့်ပေးလိုက် ပါသည်။ ခန့်နှင့် သူ့အဒေါ် စာကို ခေါင်းချင်းဆိုင်ဖတ်အပြီး စောင့်လိုက်၏ ။ သူတို့ အံ့အားတသင့် ကျွန်မဆီ ကြည့်လာသော အခါ ကျွန် ထရပ်လိုက်၏ ။ သူတို့ ပြန်ဖို့ကောင်းပြီ။
“ ဖြစ်တယ်မဟုတ်လား ... ဘာလိုသေးလဲ၊ သူ့ မှတ်ပုံတင်နံပါတ်တော့ ညီမပဲ ထည့်လိုက် ပေါ့၊ ကျွန်မ မေ့သွားပြီ”
“ဟိုလေ ... ဟို မမမျိုး ... ငွေတွေ အားလုံး ခန့်မလိုချင်ပါဘူး၊ မမမျိုးလဲယူပါ၊ ခန့်က စာချုပ်လာပို့ပေးတာပါ”
အရှက်ပြေဟု ကျွန်မ ပြောလျှင် ခန့် ထပ် မျက်ရည်ကျဦးတော့မည် ။
ကျွန်မ၏ ကြမ်းခင်း ကော်ဇောများ သည် ခင်ခင်ခန့် မျက်ရည်တွေ ကို သိမ်းဆည်းရန် နေရာမရှိ။ ကျွန်မ မျက်ရည်များ ဖြင့် နေရာပြည့်ပြီးသား ဖြစ်သည်။
“မယူတော့ပါဘူး။ ကျွန်မဆီကို ခန့်လာတာ ဒီတစ်ခါနောက်ဆုံး ဖြစ်ပါစေ။ ကျွန်မ သူနဲ့ပတ်သက်ရင် ဘယ်သူ့ကိုမှ မတွေ့ ချင်လို့ ဒီအထိ ပြောင်းနေတာပါ။ ခန့်လဲ သူ့ကို ချစ်တယ်ဆို ရင် သူ့နဲ့ကျွန်မ တစ်ချိန်က သက်ဆိုင်ခဲ့တာ မေ့ပစ်လိုက်ပါတော့။ ခန့်ဘ၀ထဲမှာ ပဲ သူနေသွားတယ် လို့ အောက်မေ့ပြီး ကျွန်မတို့နှစ် ယောက် အပြုံးနဲ့ လမ်းခွဲကြရအောင်”
ကြည့်စမ်း။ ဘယ်လောက် သဘောထားပြည့်ဝတဲ့ ကျွန်မလဲ၊ ပြုံးနေသော တင်မေမျိုးရဲ့ အနိုင်ပိုင်းမှု ကို ခင်ခင်ခန့် အလူးအလဲ ခံလိုက်လေသည်။
“ဒီ စာချုပ်ကို ခန့် တွေ့ တွေ့ ချင်း ... ကိုခင်မောင်ဦးဆီ သွားပြသေးတယ်”
“ဒီတော့ သူက ဘာပြောလဲ”
“သူက ... ဒါ မမမျိုးနဲ့ပဲ ဆိုင်တယ်တဲ့”
“အခုဆို မဆိုင်တော့ဘူးလေကွယ်၊ သူ့ဆီပြန်ပို့ပြီး စိတ်ရှင်းရှင်းနဲ့ ခန့် တောင်းယူပေါ့”
“ခန့် ... ခန့်ကို ခွင့်လွှတ်ပါ မမမျိုးရယ်၊ ခန့်မှာ ငွေထက်”
“တော် ပြီကွယ် ... ရပ်လိုက်တော့၊ ကျွန်မ ဘာမှ နားမထောင်ချင်ဘူး၊ ခန့်ပြန်နိုင်ပါပြီ”
ကျွန်မ၏ ပြတ်သားစွာ ငြင်းဆိုမှု ကြောင့် ခန့် ထပ်မကွန့်ဝံ့တော့ပါ။ သူမ အိတ်ထဲမှ ထုတ်ယူ ထားသော စာချုပ်ပြန်သိမ်း၍ ကျွန်မ ရေး ပေးလိုက် သည့် လွှဲစာနှင့် အတူ ကျွန်မ ခြံဝင်းထဲမှ လျှိုးငုတ်စွာ ပြန်သွား ပါလေသည်။ မပြန်ခင် စာချုပ် ကျန်ခဲ့မည် စိုး၍ ကျွန်မ သတိပေးလိုက် သေး၏ ။
ခန့်တို့ တူအရီး ပြန်သွားသော အခါမှ ကျွန်မ နှလုံးတွေ ပင်ပန်းစွာ အလုပ် အလုပ်နေရပြီကို သတိထားမိ သွား၏ ။ ချက်ချင်း ဆိုသလို အိပ်ရာထဲသို့ ကမန်းကတန်း ပြေးခွေလိုက်ရင်း အိပ်စင် ဘေးမှ ဆေးပုလင်းကိုဖွင့်၍ ဆေးတစ်ပြား လျှာအောက်သို့ ထိုးသွင်းကာ စိတ်ငြိမ်သက်အောင် မျက်လုံးစုံမှိတ်ထားလိုက်ရပါသည်။
ငါးမိနစ်မှ ဆယ်မိနစ်အထိ ကျွန်မ အနားယူနေရင်ခန့်ကို ပုံဖော်နေမိသည်။ ခန့်ဟာ မောင် ထားခဲ့တဲ့ ပစ္စည်းတွေ နဲ့တင် အားမရလို့ မျက်နှာပြောင်တိုက်ပြီး ကျွန်မဆီ ငွေလိုက်တောင်းဝံ့တာ ကျွန်မ မအံ့သြပါ။
ခင်ခင်ခန့်သည် သူ့ အလုပ်ကို သူ ပီပီပြင်ပြင် လုပ်ခြင်းပဲ ဖြစ်၏ ။ ထို့အတွက် ကျွန်မကလည်း ကျွန်မ၏ စိတ်ရင်းအတိုင်း ပြုလုပ်ခြင်းပဲ ဖြစ်သည်။ ကျွန်မ တရားသလား မတရားသလား မစဉ်းစား ချင်။ ဒီအချိန်မှာ ကျွန်မလုပ်သမျှ အမှန်တရားသာ ဖြစ်ရမည် လေ။ သို့ သော် စိတ်မောနွမ်းမှု ကဖြင့် ခန့် ပေးသလား၊ မောင် ပေးသလား၊ ကျွန်မကပဲ ပြုလုပ်မိသလားဆိုတာ ရောထွေးနေလေ၏ ။
ကျွန်မ အိပ်ရာထဲမှာ အင်အား ပြန်စုစည်းနေစဉ် ခန့်လည်း သူ့ အိမ်ရောက်လျှင် ထိုစာ ကြောင့် အိပ်ရာထဲ ခွေလှဲနိုင်ကြောင်း ကျွန်မ ကြိုတင်တွေးမိ၏ ။ ထိုစာသည် ခင်ခင်ခန့်ကို အိပ်ရာထဲ ခွေလှဲငိုကြွေး ရလောက်အောင် ကျွန်မ၏ သဘောထားကြီးမြင့်မှု ကို ပြပေဦးတော့မည် ။ ခန့်ရေ ... ငိုပါ၊ အားရအောင် ငိုပါကွယ်။
သူ့ကို အခုကျမှ ကျွန်မ အပြစ်မတင်တော့ပါ။ သို့ တိုင် ခန့်ကို အရင်ကပင် အပြစ်မြင်ပြီးသား ဖြစ်နေ၏ ။
ကျွန်မဘ၀ ဖရိုဖရဲ ဖြစ်ခဲ့ရခြင်း၏ နံပါတ်တစ် တရားခံသည် မောင် ဖြစ်မည် ဆိုလျှင် နံပါတ် နှစ် တရားခံသည် ခင်ခင်ခန့်သာ ဖြစ်မည် ။ ဒါကို ခန့် ငြင်းမည် လား။ မငြင်းနဲ့ခန့်။ မင်းဟာ တင်မေမျိုး ဆိုတဲ့ မိန်းမကို မီးလောင်တိုက်သွင်းသတ်ခဲ့တာ။ ဒါပေမယ့် အသိဥာဏ် ဆင်ခြင်တရားနဲ့ တင်မေမျိုး မသေအောင်ကြိုးစားခဲ့ပါတယ်။ ဘယ်သေလို့ ဖြစ်ပါ့မလဲ ခန့်ရယ်၊ အခုလို အခြေအနေ မျိုး ကြုံလာခဲ့လျှင်လို့ကြိုတင် အကွက်မချထားပေမယ့် ထင်းခွေမကြုံ၊ ရေခပ်ကြုံလာတဲ့အခါဆိုပြီး ကျွန်မ အသက်ရှင်နေတာ။
ကျွန်မဘ၀ ဖရိုဖရဲ ဖြစ်ရခြင်းအတွက် ငွေကြေးဥစ္စာမပါဝင်ပါ။ လင်ယောက်ျား၏ ငွေကြေးကို တပ်မက်လိုချင်ပြီး မိမိ စားဝတ်နေရေး ကို ဖြေရှင်းရသော မိန်းမထဲတွင် ကျွန်မ မပါဝင်ပါ။ ကျွန်မ၏ ငွေကြေးဓနသည် မောင့် စီးပွားရေး ကို ဦးညွှတ်စရာ အကြောင်းမရှိ။
ကျွန်မ၏ စိန်ပန်းခိုင်ဆံထိုး မောင့်ရင်ဘတ်မှာ ပေးထိုးရင်း လှပသော ဘ၀ကို တည်ဆောက်ခဲ့တာတွေ သွေးအေးရယ်မော ပြောပြလိုက်ချင်၏ ။
ထို့ကြောင့် လည်း ကျွန်မ ဘ၀ ဖရိုဖရဲ ဖြစ်ရတာ တွေ ငွေကြေးမဟုတ်ပါဘူးဟု ရဲရဲတင်းတင်း ပြောဝံ့တာပေါ့။ သို့ တိုင် ချစ်ခြင်းမေတ္တာနှင့် ဂုဏ်သိက္ခာတော့ ပါဝင်သည်။
ထိုကဲ့သို့ ဖြစ်ပျက်သွားအောင် ပြုမူသွားသော ကျွန်မခင်ပွန်းဟောင်းသည် ကမ္ဘာမြေမှ ကြောက်လန့်တကြား ပြေးထွက်သွားပြီး ကျွန်မနှင့် ခန့်ကို ရန်တိုက်ပေးသွားခဲ့လေပြီ။
သူ ကတော့ ငြိမ်းချမ်းသွားပြီပေါ့။
မငြိမ်းချမ်းနေတာက တင်မေမျိုးနဲ့ ခင်ခင်ခန့်။
အထူးသဖြင့် ပိုပြီး သော ကဗျာပါဒတွေ ၊ အလိုလောဘတွေ နှင့် လုံးထွေးရစ်ပတ်နေသော ခင်ခင်ခန့်။
အလှည့်ကျတော့ မနွဲ့စတမ်းပေါ ခန့်ရယ်။
ကျွန်မဟာ လွန်ခဲ့တဲ့ (၂)နှစ် လောက် ကတည်းက ဆုံးရှုံးခြင်းဝေဒနာကို ခံစားခဲ့ရသူပါ။ မောင့်ကို ဆုံးရှုံးခဲ့ရတာ ကြာပါပြီ။ ဆုံးရှူံးခြင်းရဲ့ အရသာက အခုလိုပဲ ခါးသီးနာကျင်စရာ ဖြစ် ကြောင်း မောင်နှင့် ခွဲရတော့မည် ဟု သိလာစဉ်ကပင် ကျွန်မ နားလည်ခဲ့ရသည်လေ။
ထိုကာလ မတိုင်ခင်များ မှာ တော့ တင်မေမျိုး၏ ရွှေရောင် ကာလများ ပေါ့ကွယ်။
ရွှေကို မြကွပ် လှချင်တိုင်းလှတဲ့ ကမ္ဘာမှာ ကျွန်မဟာ မောင့်မဟေသီအ ဖြစ် ထည်ဝါတင့် တယ် ခဲ့တာတွေ ကို ပြန်ပြောင်း မတမ်းတလိုတော့ပါ။
သို့ သော် ထိုစဉ်က တင်မေမျိုးသည် မောင် ချစ်မြတ်နိုးမှု ကို အစွမ်းကုန် ယူခဲ့တာအမှန်ပင်။ ထိုစဉ်က ရဲနီသည် တင်မေမျိုးအား လက်ဖ၀ါးပေါ်တင်၍ ယုယကြင်နာမှု တွေ နှင့် မျက်စိအောက်က အပျောက်မခံတာလည်း အိပ်မက်တွေ တော့ မဟုတ်တန်ရာ။
ထိုအခါ ကျွန်မ၏ ရင်နှလုံးသည် နွေးထွေးစွာ အခုန်မြန်လာပြီး အလွမ်းမပါသော အချစ်ကာလများ ဆီ ရွေ့လျားလိုက်ပါသွားမိပြန်၏ ။ ထိုကာလများ လွန်မြောက်သော အခါ၌ မောင့် ရက်စက်ခြင်းများ ကိုပါ တပါတည်း ခံစားခဲ့ရတာ လည်း ကျွန်မ မမေ့လိုက်ချင်ပြန်။
ဒါတွေ က မေ့ကောင်းစရာတဲ့လားကွယ်။
ကိုယ်ပိုင်စီးပွားရေး ကုမ္ပဏီတစ်ခု၏ မန်နေဂျင်း ဒါရိုက်တာအ ဖြစ် မောင် ရပ်တည်နေသည့် အချိန်သည် ကြီးကျယ်ခမ်းနားသော ကုမ္ပဏီ လုပ်ငန်းများ အကြား ဈေးကွက်စီးပွားရေး စနစ်ကို မျက်ခြည်ပြတ် မခံသူအ ဖြစ် ကြိုးစားရသည့် ကာလများ ကြား သူ့ပတ်ဝန်းကျင် ကျွန်မ ပတ်ဝန်းကျင် က မောင့်ကို ကြည့်နေကြပြီ ဖြစ်သည့်အချိန်နှင့် တစ်ထပ်တည်း ကျလေ၏ ။
ထိုသို့ စောင့်ကြည့် နေသူများ ထဲတွင် ကျွန်မ မပါဝင်ဘူးဆိုပါက မည် သူ ယုံမည် တဲ့လဲ။ ယုံခြင်း မယုံခြင်းအတွက် မည် သူ့ကိုမျှ ကျွန်မ လိုက်လံ ဖြေရှင်းနေမည် မဟုတ်ပါ။ မောင့်ကို တောင်မှ မောင့်ဝင်ငွေ ဘယ်လောက်ရှိလဲဟု မမေးဘူးပါ။ ထို့အတွက်လည်း မောင်က ကျွန်မ၏ ငြိမ်သက်မှု ကို မချင့်မရဲ ဖြစ်ခဲ့သေးသည်လေ။
“မျိုး ... ဟိုနေ့က မောင် ပေးခဲ့တဲ့ ငွေထုပ်ထဲက ငွေငါးသော င်းလောက် ခဏပေးကွာ”
“ယူလေမောင် ... ဗီရိုထဲမှာ ”
ကုမ္ပဏီသို့ မသွားခင် မောင် ရေချိုး၊ အ၀တ်အစားလဲတိုင်း ကျွန်မက နှမ်းဖြူးတတ်ပါသည်။ မောင့်အတွက် မျက်နှာသုတ်ပ၀ါအစ ခေါင်းလိမ်းဆီအဆုံး မရေရာသော ဗာဟီရလေးများ လုပ်ပေးနေတာကိုပင် မောင်က မျိုးပင်ပန်းမယ်ဟု ပြောတတ်၏ ။
ထိုနေ့က ကျွန်မထံမှ မောင် ငွေတောင်းသည်။ မောင် ငွေတောင်းတာ အဆန်းအပြား မဟုတ်ပါ။ ကျွန်မ အသုံးစရိတ်ငွေထဲမှ မောင့် အသုံးစရိတ် ပူးတွဲ သုံးစွဲရတာ မျိုး မရှိတော့တာ ကြာပြီ ဖြစ်သည့်အပြင် မောင် ပေးလာသော ငွေများ ကိုပင် ကျွန်မ ရင်ခွင်ထဲ ထိုးအပ်သည့် အဆင့် သို့ ရောက်နေပြီ ဖြစ်သည်။ ကျွန်မက ငွေထုပ်များ ကို ရေတွက်သိမ်းဆည်းတတ်သူမဟုတ်။ မောင်က သူ့ အတက်ချီကေ့စ်ထဲမှ ငွေထုတ်ပေးလျှင် ကျွန်မက ဗီရိုထဲ ထည့်လိုက်သည်။
မောင့်ငွေများ က အရွက်ကြီးလား၊ အရွက်သေးလားပင် ကျွန်မ ကြည့်ရန် သတိတရမရှိ။ ငွေ သုံးခါနီး ကျမှ စာရင်းစာရွက်လေးနှင့် ဘာဝယ်မည် ဘာသုံးသည်ကို ကျွန်မ ဆွဲထုတ် သုံးလိုက် သည်။ ငွေထုပ်ထဲသို့ စာရင်းပြောင်းထည့်ကာ သုံးတတ်သည်လေ။
ထိုစာရင်းစာရွက်ကို မောင် မေးခဲ့လျှင် ဖြေနိုင်အောင်ပဲ ဖြစ်သည်။ သို့ သော် မောင်က ငွေ အသုံးအစွဲအတွက် ကျွန်မကကို အမေးအမြန်းမရှိ။ သူ ငွေလိုလျှင် ငွေအပြေမဟုတ်တာတွေ ကျွန်မ ယူပေးလိုက် ရုံနှင့် ကိစ္စပြတ်သည်။
ကျွန်မတို့နှစ် ဦးကြားမှာ စိတ်ကောက် ရန် ဖြစ်ရလောက်အောင်ပင် ငွေကြေး အငြိအစွန်း မရှိပါ။
အခုလို မောင် ငွေတောင်းတော့ ကျွန်မက ဗီရိုဘက် အလွယ်အကူ လက်ညှိုးထိုးပြလိုက် ၏ ။ မောင် ရောက်နေတာ ဗီရိုနားမှာ ။ ထိုအချိန်မှာ ကျွန်မက ခေါင်းလျှော်ဖို့ ကျစ်ဆံမြီးဖြေနေချိန်။
“အပေါ်ထပ်မှာ နော် မောင် ... အပေါ်ဆုံးထပ်မှာ ”
မောင် ဗီရိုဖွင့်ပြီး ငွေဘယ်မှာ ထားလဲ ရှာနေ၍ အဆင်ပြေအောင် ကျွန်မ နေရာ လှမ်းပြောရ သေး၏ ။ ကျွန်မ မှန်တင်ခုံပေါ်မှာ ထိုင်ရင်း ဆံပင်ဖြေချကာ ဘီးဖြီးနေစဉ် မောင်က ကျွန်မ နောက် တည့်တည့် ဗီရိုကို ဖွင့်၍ ငွေထုပ်တွေ ဆွဲထုတ်ယူနေ၏ ။
“ဟ ... ဒါ ဘာရွက်တွေ လဲ မျိုး”
ကျွန်မ လှမ်းကြည့်လိုက်တော့ မောင့်လက်ထဲမှာ ငွေထုပ်နှင့် အတူ သားရေပင်နှင့် ပတ်ထား သော စာရင်းစာရွက်တွေ ကိုင်ထား၏ ။
“စာရင်းစာရွက်တွေ လေ မောင်”
“ဘာစာရင်းလဲ ... မောင် စာရင်းနဲ့ ပေးလို့လား မျိုး”
“မဟုတ်ဘူး ... အဲဒါ မျိုးသုံးတဲ့ အသုံးစရိတ်စာရင်းတွေ ”
“ဘယ်လို ... ဘယ်လို ... မျိုးရဲ့ အသုံးစရိတ် စာရင်းဟုတ်လား”
မောင် အံ့အားသင့်နေ၏ ။ ကျွန်မကိုလည်း အထူးအဆန်းသဖွယ်ကြည့်ပြီး ကျွန်မနားသို့ တိုးလျှောက်လာကာ ခုတင်ပေါ်မှာ မောင်ထိုင်လိုက်သည်။ ကျွန်မက မှန်တင်ခုံမှ လှည့်၍ မောင့်ကို အားနာပြုံးပြုံးပြရင်း ရှင်းပြရန် ကြိုးစားလိုက်စဉ် မောင်က စာရင်းစာရွက်များ ကို တစ်ရွက်ချင်း ဖြန့်ကြည့်ရင်း စိတ်တိုလာသည့် ပုံစံပေါ်လာ၏ ။
“ဘီဘဲလ် ခြောက်ထည်ခ လေးထောင့်ရှစ်ရာ၊ ဖိနပ်နှစ် ရံခ ခြောက်ရာကိုးဆယ်၊ ဘာတွေ လဲ ကွ ... ဒီအသေးအမွှားတွေ မျိုး ဘာလို့ စာရင်းလုပ်တာလဲ၊ မောင် ဘယ်နှစ် ခါများ မျိုးကို စာရင်း စစ်ဖူးလို့လဲ၊ အဲဒါ မျိုး ပိုက်ဆံတွေ ... မျိုး အကုန်သုံးပစ်လို့ရတဲ့ မောင်ရှာထားတဲ့ ပိုက်ဆံတွေ ... ဒီပိုက်ဆံတွေ က ဒီအိမ်ရောက်သွားရင် မောင် မပိုင်တော့ဘူး၊ မျိုးပဲပိုင်တယ်ဆိုတာ နားမလည် ဘူးလား ... ဟင်”
“ဟိုလေ ... မောင်ကလဲ ကွယ်၊ မျိုးက မောင့်လို မှတ်ဥာဏ်မှ မကောင်းတာ၊ ဘာပဲ ဖြစ် ဖြစ် စာရင်းလေးနဲ့ထားတော့ ပိုကောင်းတာပေါ့၊ မောင်နဲ့မျိုးကြားမှာ ဘာအစွန်းအထင်းမှ မရှိအောင်ပါ”
ကျွန်မ ပြေရာပြေကြောင်း ပြောပေမယ့် မောင် လက်မခံပါ။
“အဲဒါ မောင့် မေတ္တာကို အထင်သေးတာပဲ မျိုး၊ မောင် ကစေးကုတ်တတ်တဲ့ကောင် မဟုတ်ဘူး၊ မျိုး လှလှ ပပနေ၊ မျိုး ပေးချင် ကမ်းချင်တာမှန်သမျှ ပေးနိုင်တယ်၊ မျိုး ၀ယ်ချင်တဲ့ အ၀တ်အစားတွေ ၀ယ်၊ လက်ဝတ်ရတနာတွေ ၀ယ်၊ လှူချင်တာလှူ၊ မျိုးစိတ်ချမ်းသာဖို့ ဒီငွေတွေ ကို အသုံးချ၊ ဒါပဲ။ အခု မျိုး လုပ်ထားပုံက ကွာ၊ မောင့် ငွေကို ကြောက်ရွံ့ကြောက်ရွံ့နဲ့ သုံးနေရသလိုပဲ၊ မောင် ကမကျေနပ်လို့ တားထားတဲ့ပုံကြီး”
မောင့် မျက်နှာ ညိုသွားသော အခါ ကျွန်မလည်း စိတ်မကောင်းနိုင်ပါ။
“အို ... အဲဒီ လို မထင်ကောင်းပါဘူး။ မောင်ကလဲကွယ်၊ မျိုးက ဘာသုံးစရာလိုလို့လဲ၊ အနည်း အကျဉ်းပဲလိုတဲ့ဥစ္စာ”
“သိတယ် ... သိတယ် ... ဒီငွေတွေ မလျော့မပြုကတည်းက ခင်ဗျားလေး ကိုယ့်ငွေပဲ ကိုယ်သုံးတယ်ဆိုတာ ကျုပ်သိတယ် ခင်ဗျာ”
မောင် ဘာကိုဆိုလိုမှန်း ကျွန်မ နားလည် သွားပါသည်။ ကျွန်မသည် မိဘ အမွေအနှစ် ကို စိတ်တိုင်းကျ သုံးခွင့်ရှိသူ တစ်ဦးတွင် အပါအ၀င် ဖြစ်၏ ။ ကျွန်မတို့မှာ ညီအစ်ကို နှစ် ယောက် တည်း ရှိပြီး မေမေက အမွေတွေ ကြိုတင်ခွဲပေးခဲ့၏ ။
“ကိုယ့်ငွေလို့ မပြောနဲ့၊ မျိုးငွေလဲ မောင့်ငွေပဲ”
“ဒါပေမယ့် လက်ဝတ်ရတနာတွေ လုပ်တာ မျိုးငွေပဲ မဟုတ်လား၊ မောင့်ငွေထဲက မပါဘူး မဟုတ်လား မျိုး”
ထိုအချက်ကို ကျွန်မ မငြင်းနိုင်ပါ။ မှန်နေသည်လေ မောင်က သူ့ ငွေထုပ်တွေ ကို အကုန်ဆွဲ ထုတ်ပြီး ကျွန်မ ရှေ့မှာ ရေယူ၏ ။ ထိုငွေတွေ အားလုံး ရေလိုက်သော အခါ ငါးသိန်း ခုနှစ် သော င်း ကျော်နေ၏ ။ သည်တော့မှ ကျွန်မ ထည့်ထားသော ဗီရိုထဲတွင် ငွေငါးသိန်းကျော်ရှိမှန်း သိသွား ပါသည်။ မောင် ပြောလည်း ပြောချင်စရာပါလားကွယ်”
“ကြည့်စမ်း မျိုးသုံးထားတာ ငွေနှစ် သော င်းတောင် မပြည့်ဘူး။ ပေးကွာ၊ ဒါလောက်တောင် မသုံးချင်ရင် သူများ တွေ ပေးပစ်မယ်”
“ဘာဆိုင်လဲ မောင်ရဲ့ ပေး ပေး မျိုးသုံးမယ်”
“ဘယ်တော့သုံးမှာ လဲ၊ ဘာသုံးမှာ လဲ၊ အခုပြော၊ စဉ်းစားချိန်မပေးဘူး၊ အခု မောင် ငွေငါးသော င်း ယူသွားမယ်၊ နောင်နှစ် ရက်နေရင် ပြန်ရမယ်၊ ဒီတော့ မျိုး ဘာသုံးမလဲ၊ ပြော၊ မပြော နိုင်ရင် မောင်တစ်ခုခု လုပ်ရလိမ့်မယ်”
ကျွန်မ အလောသုံးဆယ် ဘာသုံးရမပါမလဲဟု စဉ်းစားပေမယ့် မပေါ်။ ဘာသုံးရမှန်းမသိ။ အိမ်ထဲက အိမ်ပြင်သိပ်ထွက်သည့် မိန်းမ မဟုတ်၍ အလှအပကို မမတိုးလာပြသည် ပစ္စည်းတွေ လောက်သာ သုံးသည်။ မမတိုးခေါ်၍ ဈေးရောက်သည့် ရက်များ ၌ သာ ငွေသုံးစရာရှိသည်။
မောင် ငွေတွေ ပြန်ယူသွားမည် မဟုတ်မှန်း သိပေမယ့် မောင် ကျေနပ်အောင် ကျွန်မ တစ်ခုခု ပြောရလိမ့်မည် ။
“မျိုးအတွက် ဆလွန်းတစ်စီးလောက် ၀ယ်ပေးလေ၊ မောင့်ကား မအားတဲ့အခါ သုံးရ အောင်”
“ဟင် ... မျိုး ကားမောင်းနိုင်လို့လား”
“ဘာလို့ မမောင်းနိုင်ရမှာ လဲ၊ မောင်ကလဲ မ ဖြစ်စလောက် ရောဂါ လေးများ ရေး ကြီးခွင် ကျယ်လုပ်လို့၊ မျိုးတစ်သက်လုံး ကားမောင်းလာတာပဲ၊ အခု တလောမှ မောင်မမောင်းစေချင်လို့ မမောင်းရတာ မဟုတ်လား”
“အိုကေ ... ဆီးယူ ... ဆီးယူ”
ဤနည်းဖြင့် မောင် သုံးစေချင်သော ငွေသုံးရန် ကိစ္စမှာ လွယ်ကူ ပြေလည်စွာ ဖြေရှင်းပြီး ဖြစ်သွားခဲ့လေ၏ ။
“ဒါပေမယ့် ... ကားမောင်း မကြမ်းရဘူးနော်မျိုး၊ ဘုရားသွား ဈေးဝယ်အပြင် မြို့ပြင်အထိ ကားမမောင်းရဘူး ... အဲဒါ ကတိပေး၊ မျိုးက နေကောင်းတာ မဟုတ်ဘူး”
“ဟုတ်ကဲ့မောင်”
ကျွန်မကို အနုစိတ် ဂရုတစိုက်ရှိသော မောင်သည် ကျွန်မဘ၀အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အလွန်အမင်းအရေး ကြီး တန်ဖိုးထားရသော လူ တစ်ယောက် ဖြစ်ရလေ၏ ။
မောင်မရှိရင် ကျွန်မ အသက်နဲ့ခန္ဓာ တည်မြဲနိုင်မည် ဟုပင် မထင်ပါ။ အဘယ်ကြောင့် ဆို သော် ကျွန်မက မောင့်ကို ချစ်မြတ်နိုးလှသလို မောင့် ဦးဆောင်မှု ကိုလည်း ကျွန်မ လိုလားနှစ် သက်လှ၏ ။
ထို့အတူ မောင်ကလည်း ကျွန်မအပေါ် ချစ်မြတ်နိုးလှသည်ဟု အစွမ်းကုန် ယုံကြည်ထားပါ သည်။
မိမိခင်ပွန်းသည်က မိမိကို ချစ်မြတ်နိုးကြောင်း မှန်ထဲမှာ ပင် ကျွန်မ မကြွးဝါပါ။ သို့ သော် ကျွန်မ၏ ကိုယ်ပွားသည် မောင် ဖြစ်နေပြီး မောင့်ကိုယ်ပွားသည် ကျွန်မ ဖြစ်ချင်လှအောင် ရူးနှမ်းခဲ့ရ တာကိုဖြင့် ကျွန်မသာ သိ၏ ။
ထို့ကြောင့် လည်း မောင့်မျက်နှာညှိုးမှာ စိုးလှ၊ မောင် ၀မ်းနည်းကြေကွဲမှာ စိုးလှသော ကျွန်မ သည် မောင်မကြိုက်သော နေရာမှန်သမျှ မည် သူက တိုက်တွန်းပါစေ၊ မသွားရောက်ခဲ့ပေ။
ထိုကဲ့သို့ တားမြစ်နေရာမျိုးတွင် မောင့် ကုမ္ပဏီရုံးခန်းလည်း ပါဝင်ခဲ့လေ၏ ။
တစ်ခါက မထင်မှတ်ဘဲ ကျွန်မ မောင့်ကုမ္ပဏီသို့ ရောက်သွားဖူး၏ ။
အကြောင်းကိစ္စ ထွေထွေထူးထူး မရှိသော်လည်း မောင် ဘယ်လောက် အလုပ်များ နေမလဲ။ ကျွန်မ တစ်ခါမျှ မလာရောက်ဖူးဘဲ မောင့်ဆီ အကြောင်းမကြား ဘာမကြားနှင့် ရောက်ခဲ့လျှင် မောင် ၀မ်းသာသွားမည် လား စသည်ဖြင့် ထင်မိရာရာ တွေး၍ ကျွန်မကိုယ် ကျွန်မ ယုံကြည်မှု အပြည့်အ၀ နှင့် ဈေးဝယ်ရင်း မောင့်ထံ ရောက် သွားပါသည်။
ထိုအချိန် မောင့်က သူ့ရုံးခန်းမှာ နိုင်ငံခြားကုမ္ပဏီအဖွဲ့သားများ နှင့် ဆွေးနွေး ရယ်မောနေ သည်လေ။
မောင့်ဇနီး ကျွန်မကို မြင်ဖူးဟန်မတူသော ကုမ္ပဏီဝန်ထမ်းများ က ကျွန်မ ဤနေရာသို့ လာခြင်းမှာ အလုပ်ကိစ္စကြောင့် သာဟု ထင်မှတ်ခဲ့ကြ၏ ။ ကျွန်မက ကုမ္ပဏီစည်းကမ်းကို လိုက်နာ ကာ ဦးရဲနီ ရှိပါသလားဟု မေးမြန်းဝင်ခွင့်တောင်းမိ၏ ။
“ဘယ်သူလို့ ပြောလိုက်ရမလဲ”
“သူ့ဇနီးလို့ပြောပါ”
ဝင်ပြောတော့မည့်  ကုမ္ပဏီစာရေး လေးက ကျွန်မစကားအဆုံး မျက်ခုံးတန်း ပင့်တက်သွား ၏ ။ သူ့ အကြည့်က မယုံသလို။ ဟုတ်မှာ ပေါ့။ ဒီက ဘယ်သူမှ ကျွန်မကို မမြင်ဖူးကြဘူးလေ။ ကျွန်မတို့ လက်ထပ်တာ ရန်ကုန်မှာ ပဲ။ လက်ထပ်ပြီး နှစ် နှစ် ကြာ ရန်ကုန်ကနေ ဒီမြို့ပြောင်းတာ ဘာကြာသေးလို့လဲ။ ကုမ္ပဏီရုံးခန်း လာဖွင့်စဉ်ကလည်း ကျွန်မ မလိုက်ခဲ့။
ကုမ္ပဏီ အခြေအနေကောင်းမှ မောင်က မန္တလေးသို့ ကျွန်မကို ခေါ်သည်။
ကျွန်မကလည်း ကိုယ်မကျွမ်းကျင်တဲ့ဒေသမှာ မောင်မပါဘဲ ဘယ်မှမသွား ဖြစ်။ မမတိုးရှိ သည့် မြို့လယ် ဈေးချိုဘကပ်ပင် မရောက်ပါ။ ညီအစ်မ နှစ် ယောက် တစ်မြို့တည်း နေတာတောင် ကျွန်မဆီ မမတိုးပဲ လာတွေ့ ရသည်။
ကျွန်မကို မောင့်ဇနီးဟု သံသယရှိနေပုံရသော စာရေး လေး မောင့်ရုံးခန်းမှ ပြန်ထွက်လာ သော အခါ ရိုကျိုးနိမ့်ဝပ်စွာ ဖြစ်သွား၏ ။
ကျွန်မ သည်တော့မှ ရင်ကော့စွာ မောင့်အခန်းသို့ တန်းလျှောက်ဝင်ခွင့်ရသွား၏ ။ မ၀င်ခင် အခြေအနေအထိ ဧည့်ခန်းမှာ စောင့်ရတာ ရင်မောနေ၏ ။
ကျယ်ပြန့်ခမ်းနားသော အဆောက်အအုံကို စိတ်ဝင်စားရန်ပင် မေ့လျော့သွား၏ ။
အမှတ်တမဲ့ကြည့်မိတာပင် မောင့် ကုမ္ပဏီသည် ဓာတ်ပုံမှာ မြင်ရတာ ထက် အဆပေါင်းများ စွာ ထည်ဝါနေလေကြောင်း တွေ့ ရလေ၏ ။
ကုမ္ပဏီဝန်ထမ်းများ မှာ လည်း တူညီဝတ်စုံများ နှင့် စာရင်းဇယားကွန်ပျူတာများ ကြား ခေါင်းမဖော်အားဘဲ ရှိနေကြ၏ ။ ဒါဆို မောင်က ပို၍ အလုပ်များ နေရော့မည် ။ ဤသို့ ဆိုလျှင် အားနာစရာ ဖြစ်မည် မို့ မောင်နှင့် တွေ့ ပြီး ငါးမိနစ်လောက်နှင့် ကျွန်မ ပြန်မည် လည်း တွေးထား၏ ။
“မျိုး ... လာထိုင်”
အနည်းငယ်မာသော လေသံနှင့် လှမ်းခေါ်သော မောင့်ကြောင့် ကျွန်မ ခြေလှမ်းတုံ့သွား၏ ။
မောင့် အလုပ်စားပွဲမှာ ကြီးကြီးမားမား ဖြေရှင်းဆောင်ရွက်နေပုံမမြင်၊ ဧည့်သည် သုံးယောက် စလုံး ရယ်မောနေပြီး သူတို့ ဖိုင်များ ကို ပိတ်ထားပြီး ဖြစ်သည်။
ပြန်ရန် အဆင်သင့် ဖြစ်နေသော်လည်း ကျွန်မ၀င်လာမည် ကိုသိ၍ စောင့်နေဟန်ဖြင့် လှည့်ကြည့်ပြုံးပြကြ၏ ။
ရောယောင်၍ ကျွန်မလည်း ပြန်ပြုံးပြမိသည်။
“ဒါ ... ကျွန်တော့်  မစ္စစ်”
ကျွန်မ မျက်နှာက မောင့်ကို ကြည့်ရမှာ မ၀ံ့တော့။
မောင့်ခုံတန်းနှစ် ခု မဆိုသလောက် ကြုံ့နေပြီး ကျွန်မထံ နွေးထွေးစွာ ပြုံးမပြနိုင်ကတည်းက ဤနေရာသို့ ကျွန်မ မလာသင့်ကြောင်း ရိပ်စားမိ၏ ။
သို့ သော် ဘာမှ မတတ်သာတော့။
“တွေ့ တာ ၀မ်းသာပါတယ် ... မစ္စစ်ရဲနီ”
တစ်ယောက် က လက်ကမ်းပေးသည်။ ကျန်နှစ် ယောက် က လေးစားသမှု ဖြင့် ထိုင်ရာမှ အနည်းငယ် ကိုယ်ကြွပေးကြသည်။
ကျွန်မ ဘာပြန်လုပ်ရမှန်းမသိ။ မောင့်ဆီ ဖျတ်ခနဲလှမ်းကြည့်တော့ မောင်က သူနှင့် မဆိုင်သလို အေးစက်စက်ကြည့်နေ၏ ။ သည်အတိုင်း ကတော့ ရိုင်းလှချည်ရဲ့ ဖြစ်တော့မည် ။
နောက်ဆုံး ကြံရာမရ ဖြစ်ကာ အားတင်း၍ ပြုံးသည် ဆိုရုံပြုံးကာ ကမ်းလာသော လက်အား အရှက်ပြေသွားစေရန် ထိသည်ဆိုရုံမျှ လက်ကမ်းပေးလိုက် သည်။
သို့ သော် ကျွန်မ လက်ချောင်းကိုသာ ထိမိသော ဧည့်သည်သည် အလျင်စလို ပြန်လွှတ်မ ပေးဘဲ ဂရုတစိုက်နှင့် သူ့လက်မအားဖြင့် ဖိကပ်ကာ ကျွန်မကိုသေချာကြည့်၍ ချီးကျူးစကားပြော လာလေ၏ ။
“ဒီလောက် ကျက်သရေရှိတဲ့ ဇနီးရှိတာ ဦးရဲနီက တစ်ခါမှ ကျွန်တော် တို့ကို မပြောခဲ့ဘူး ခင်ဗျ၊ အံ့သြရောဗျာ၊ ကွန်ကရက်ကျူလေးရှင်းပါ ... ဒေါ် ...”
ကျွန်မနာမည် ကို လိမ္မာပါးနပ်စွာ မေးလိုက်ပုံက သင်းပါဘိ။
“တင်မေမျိုး ပါ”
မောင်က မနေသာတော့၍ ရယ်မောသံဖြင့် ကျွန်မကိုယ်စား နာမည် ၀င်ပြော၏ ။
ထိုသူက လက်ပြန်ရုပ်၍ လက်နှစ် ဖက် နောက်ပစ်ကာ ရယ်မော၍ ခေါင်းညိတ်၏ ။
“ကွန်ကရက်ကျူလေးရှင်းပါ ဒေါ်တင်မေမျိုး ... အားပါး ... နာမည် ကလဲ တယ် ခန့်ညား ပါလားဗျာ ... ခင်ဗျား တယ်ကံကောင်းတဲ့လူပါလား ဦးရဲနီ”
“ကျေးဇူးတင်ပါတယ် ... ဦးစိုင်းမင်းဝေ”
မောင်သည် ကျွန်မနှင့် ပတ်သက်လျှင် သ၀န်တိုတတ်ကြောင်း လက်တွေ့  မသိမမြင်ဘူးပါ။
လူမှု ရေး ပါးနပ်ကျွမ်းကျင်သော လုပ်ငန်းရှင် တစ်ယောက် သည် သူ့ဇနီးအား လူမှု ရေး အရ လူအများ နှင့် ခင်မင်တတ်အောင်ပင် သင်ကြားပေးရမည် ဖြစ်၏ ။
သို့ သော် မောင်က ထိုနေ့မြင်ကွင်းကို စိတ်မချမ်းသာကြီးစွာ မြင်တွေ့ ခဲ့ရသူနှယ် အိမ်သို့ ပြန်ရောက်ရောက်ချင်း ကျွန်မအပေါ် စိတ်မဆိုးစဖူး ဆိုးပါလေသည်။
ထိုနေ့လယ်က ကျွန်မလည်း ဧည့်သည်တွေ ပြန်သွားပြီး ထပြန်ခဲ့ပါသည်။ နောက်ထပ် ဧည့်သည်များ စောင့်နေ၍ လည်း ထိုဧည့်သည်များ ပြန်တာနှင့် ကျွန်မက မောင့်မျက်နှာညိုညိုဆီ အားတင်းပြုံးပြကာ ထရပ်လိုက်၏ ။
“မျိုး ပြန်မယ်မောင် ... ဈေးချိုဘက် သွားရင်း မောင့် ကုမ္ပဏီမရောက်ဖူးလို့ ၀င်လည်တာ ပါ၊ မောင့် အခန်းထဲမှာ ဧည့်သည်တွေ ရှိမှန်းမသိလို့၊ ပြီးတော့ မောင်ကလဲ ၀င်ခဲ့ဆိုတော့ ...”
“ကဲပါ မျိုးရာ ... ဒါတွေ အိမ်မှာ ပြောလဲ ဖြစ်တယ်မဟုတ်လား၊ အခု ပြန်မယ်ဆို ... ပြန်တော့ ... မောင် အလုပ်ရှိသေးတယ်”
ထို လေယူလေသိမ်းတွင် မကျေနပ်ခြင်းတွေ ပါဝင်နေကြောင်း ကျွန်မ သိရှိခံစားရလေ၏ ။
ထို့အတွက် မထင်မှတ်ဘဲ မောင့်ဆီ ၀င်လာမိသော ခြေထောက်များ ကို အပြစ်တင်မိ၏ ။
အပြစ်တင်သာ တင်သော်လည်း မောင့်ရုံးခန်းအပေါက်အထိ လိုက်မပို့သော အခါ ကျွန်မ ၀မ်းနည်းသွားလေ၏ ။
ဒါပေမယ့် မောင့်မှာ အလုပ်တွေ များ ပြားနေတာအမှန်တကယ်မို့ နားလည်စွာ ပဲ ကျွန်မ အိမ်ပြန်ခဲ့ပါသည်။
အိမ်ရောက်ပြီး မကြာခင် မောင်လည်း အိမ်ပြန်လာပါသည်။ ထိုနေ့က မောင်အလုပ်မှ အစောဆုံး ပြန်လာသည်ဟုမှတ်ရ၏ ။ နေရောင် မြင်နေရဆဲ မောင် ပြန်လာသည်။
လာခြင်းကောင်းသော အပြန်တော့မဟုတ်ပါလေ။ ကျွန်မ ဟင်းချက်နေသည့် မီးဖိုဆောင် ထိ လိုက်လာပြီးအပြင်ခေါ်ထုတ်တာကိုက ထူးခြားသည်။
“မျိုး ... မီးခလုတ် ခဏပိတ်ပြီး ဧည့်ခန်း လာခဲ့ကွာ ... ပြောစရာရှိတယ်”
မောင် ပြန်ရောက်လာပြီလားဟုပင် မမေးလိုက်နိုင်ပါ။ ကမန်းကတန်း ဧည့်ခန်းဘက်ထွက် လိုက်ခဲ့ရ၏ ။
ဧည့်ခန်းမှာ ဘီယာဘူးကို နှုတ်ခမ်းမှာ တေ့နေပြီ ဖြစ်သော မောင်က အသင့်အနေအထား နေရာယူထား၏ ။
ကျွန်မ မောင်နှင့် အနီးဆုံးနေရာမှာ ၀င်ထိုင်ရင်း ဘာလဲမောင်ဟု မေးလိုက်မိသည်။
နေ့လယ်က ကျွန်မ၏ ၀မ်းနည်းမှု ကို မောင် သိအောင်ပြောပြမည် ဟူသော စိတ်ကူးလေး ပင် လွင့်လွင့်ပျောက်ပျောက် ဖြစ်သွားလေပြီ။ တင်းမာနေသော မောင့် နှုတ်ခမ်းများ ကိုကျွန်မ လန့်လာ၏ ။
“နောက် ... ဘယ်တော့မှ ကုမ္ပဏီကို လိုက်မလာနဲ့ ... လာချင်ရင် ကြိုဖုန်းဆက်၊ ဒါမှ မဟုတ်လဲ မောင်ခေါ်မှလာ”
ကျွန်မဘက်မှ မည် သည့် အပြစ်မှ ကျူးလွန်ခြင်း မရှိဟုယုံကြည်ထားပါသည်။ ထို့ကြောင့် မောင့်လေသံ မာမာကျောကျောကို မနှစ် မြို့စွာ ကျွန်မ မျက်နှာ ကွက်ခနဲ ပျက်သွား၏ ။
ထို့ထက်မက ကျွန်မနှုတ်ခမ်းလည်း မဲ့ခနဲ ဖြစ်သွား၏ ။ ဒါကို မောင် မြင်သွား၏ ။
“အပြစ်ပြောနေတာ မဟုတ်ဘူး၊ ကုမ္ပဏီဆိုတာ လူစုံတယ်၊ နိုင်ငံခြားသားရော၊ စီးပွားရေး သမားရော၊ လူမှု ရေး ကိစ္စရော ရှုပ်ထွေးနေတာ၊ မျိုးအနေကျပ်မှာ စိုးလို့ နေ့လယ်ကတောင် ဟိုလူတွေ မျိုးကိုရောတော့ မျိုးမနေတတ်ဘူး မဟုတ်လား”
ဒါလည်း အမှန်ပင် ဖြစ်သည်။ ကျွန်မ အားနာစွာ ခေါင်းညိတ်မိသွား၏ ။ ကျွန်မ မျက်နှာပျက် သွားမှန်း သိ၍ လည်း မောင့်လေသံ လျော့ သွားပါသည်။
“အဲဒါပဲ၊ မျိုးက အေးအေးဆေးဆေး နေတတ်တာ မောင့်မိတ်ဆွေတွေ က အာသွက်ခရာ တွေ ပြီးတော့ လက်သွက် ခြေသွက်တွေ ၊ ဒါကြောင့် မျိုး မလာစေချင်ဘူး”
“မျိုးကလဲ မဏ္ဍပ်တိုင် တက်ပြချင်လို့ လာခဲ့တာမဟုတ်ဘူးနော် မောင်၊ မျိုး ကားမောင်းရင်း ဈေးဝယ်ရင်း ၀င်မိတာ နောက်ဆို မလာစေရပါဘူး”
“မလာရင် အကောင်းဆုံးပဲ မျိုး၊ မျိုးကို နှမြောလို့ ဒါပဲ”
ထိုစကားတစ်ခွန်းက ကျွန်မထံမှ အားနာဝမ်းနည်းမှု များ ကို သယ်ဆောင် သွားပါ၏ ။ ကျွန်မ ဖျတ်ခနဲ မောင့်ကို ပြုံးပြမိသွားသည်။ မောင် ကတော့ ဘီယာလက်ကျန်မော့၍ ကျွန်မကို မျက်လုံး များ ဖြင့် သာ ချော့မော့နေတော့၏ ။
ထိုအချိန်မှစ၍ မောင် မကြိုက်သော နေရာ မှန်သမျှသို့ ကျွန်မ မသွားတော့ပေ။ မောင် ချစ်တာကို ချစ်တတ်ပြီး မောင့်ကို အလိုလိုက်လေ့ရှိသော တင်မေမျိုးသည် မောင့် ကုမ္ပဏီသို့ ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် သွားခြင်းဟု ထိုနေ့ကို စွဲမှတ်ထားလိုက်၏ ။ သို့ သော် နောက်တစ်ကြိမ် မောင့် ကုမ္ပဏီရုံးခန်းသို့ မ ဖြစ်မနေ ကျွန်မ သွားရလိမ့်မည် ဟု ထိုစဉ်က တင်မ ထားမိ ဤတစ်ကြိမ် အပြီးအပြတ်ဟုသာ တွက်ဆထားမိခဲ့၏ ။
![]() သူဟာမြန်မာမလေးပါ ဝတ္ထုတိုများ | ![]() မိုးပန်းပွင့်ရဲ့ သင်္ကေတ | ![]() အသံများ၏လျှို့ဝှက်ချက်နှင့် အခြားဝတ္တုတိုများ |