(ထက်ခေါင်၏ အမှာ )
ငယ်စဉ်က ဖတ်မှတ်သင်ကြားဖူးသော INVINCTUS (အနိုင်မခံ) ဆိုသည့် အင်္ဂလာကဗျာမှ စာပိုဒ်အချို့က ဖတ်မှတ်ဖူးချိန်ကတည်းကစ၍ ကျွန်တော့် ရင်ဝယ် အတော် ပင် ကြီးစိုးနေရာယူခဲ့သည်။ ဤသည်တို့အနက် ဆရာညိုမြ ဘာသာပြန်ထားသည့် `လောကဓ့၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ချင်းချင်းနီ၏ ။ သို့သော် ညွှတ်ကားမညွှတ်´´ ဆိုသော စာသားများ ကိုမူ ဘ၀၏ အားမာန်များ အ ဖြစ် ပြောင်းလဲခံယူ ကျင့်သုံးနိုင်ခဲ့သည်။ ကျွန်တော် သာ မဟုတ်ပါ။ ထိုစကားကို ဗိုလ်ချုပ်အောင်ဆန်းကလည်း အလွန်ပင် နှစ် ချိုက်သဘောကျခဲ့သည်ဟု သိရသဖြင့် ကြံဖန်ဂုဏ်ယူရပါသေးသည်။
အသက်အရွယ်နှင့် အတွေ့ အကြုံ အထိုက်အလျောက် ရင့်ကျက်လာသည့်အချိန်တွင် မူ ထိုကဗျာကို ပြန်ဖတ်မိသည်အခါ ထိုစာသား၏ အဓိပ္ပါယ်မှာ အနည်းငယ် ပေါ့သွားသယောင် ခံစားရသည် ထင်မိသည်။ စာမကောင်း၍ မဟုတ်ပါ။ ကျွန်တော် ၏ ဇီဇာကြောင့် လှစွာ သော အတွေးက ဘ၀င်မကျခြင်းသာ ဖြစ်လေသည်။ လောကဓံ၏ ရိုက်ပုတ်မှု ဒဏ်ကို ခေါင်းမငုံ့ ဦးမညွှတ်ဘဲ တောင့်ခံထားနိုင်ရုံမျှဖြင့် ဂုဏ်ယူဖွယ် မဟုတ်သေး။ အားကျ အတုယူဖွယ်လည်း မ ဖြစ်သေး။ ကိုယ့်အပေါ် တိုက်ခိုက်လာသည့် အနှီလောကဓံကို စိစိညက်ညက် ဖြစ်သွားအောင် တွန်းထုတ်တိုက်ဖျက်လျက် ပြုံးပြုံးကြီး ပြန်လည်အနိုင်ယူနိုင်အောင် စွမ်းဆောင်နိုင်စွမ်းရှိမှ အတုယူ လေးစားဖွယ်၊ အားကျဂုဏ်ယူဖွယ် ဖြစ်မည် ဟု ကျွန်တော် ပြောင်းလဲခံစားမိပြီး ဆောင်းပါးတစ်ပုဒ် ရေး ဖြစ်မိပါ၏ ။
တိုက်ဆိုင်လှစွာ ပင် ဆောင်းပါးရေး ပြီး နောက်တစ်နေ့၌ FXB မှ Country Director ဒေါကေသီရှိန်နှင့် တွေ့ ဆုံရသည်။ တွေ့ သည်နှင့် ဒေါ်ကေသီရှိန်က ကျွန်တော့်အား ဆရာမ နှင်းဝေငြိမ်း ရေး သားသည့် ဖီးနစ်ဆိုသော စာအုပ်တစ်အုပ်ကို ပေးရင်း သူတို့အဖွဲ့က ဧရာဝတီ ဘက်တွင် ဆောင်ရွက်နေသည့် စီမံကိန်းများ အကြောင်း၊ တွေ့ ကြုံရသော အခက်အခဲများ အပေါ် ဖြတ်သန်းကျော်လွှားရပုံများ ၊ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေနှင့် အောင်မြင်မှု ရလာဒ်များ အကြောင်း အားရပါးရ ပြောကြားပါ၏ ။ အကယ်ပင် ထိုဖီးနစ်ကဲ့သို့ သော ပြာပုံမှ လူးလွန့်ထွက်လာ သည့် လေးစားအားကျဖွယ် လူသားများ သည် မျက်မှော က်ခေတ် မိမိတို့ ရေမြေ၌ ရှိနေပါသလား။
ဖီးနစ်ဆိုသော ငှက်ကား ရှေးအီဂျစ်တို့၏ ရှေးဟောင်းဂန္တ၀င် ဒဏ္ဍာရီပုံပြင်လာ မီးငှက်တစ်မျိုး ဖြစ်လေသည်။ ဒဏ္ဍာရီအရ ထိုငှက်သည် လင်းယုန်ငှက်အရွယ်မျှ ကြီးမားပြီး တောက်ပသော ကြက်သွေးရောင် နှင့် ရွှေရောင် အမွှေးအတောင်များ ရှိ၍ အာရေဗျသဲကန္တာရထဲတွင် နှစ် ပေါင်းရာချီ ရှင်သန်နေထိုင်သည်။ ထို့နောက် မီးလောင်၍ ခန္ဓာချုပ်ငြိမ်းပြီးနောက် ကြွင်းကျန်သည်ပြာပုံထဲမှ အသစ်တဖန် ခန္ဓာအသစ် အသက်အသစ်ဖြင့် ပြန်လည် ရှင်သန် ပေါက်ဖွားသည်ဟု ဆိုပါ၏ ။ မရဏကို ကျော်လွှားနိုင်စွမ်းရှိသော အံ့ချီးဖွယ် ထိုငှက်ငယ်ကဲ့သို့ပင် ဧရာဝတီသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို သေကြေထိခိုက် ပျက်စီးမှု ပေါင်း များ စွာ ဖြစ်ပေါ်စေခဲ့သည့် နာဂစ်မုန်တိုင်းကြီးအကြားမှ အလံမလဲဘဲ စိတ်သစ်လူသစ်ဘ၀သစ်ဖြင့် လူးလဲထလာကြသည့် လူသားတစ်စုအကြောင်းက ကျွန်တော့် ရင်ကို လှိုင်းခတ် ထိခိုက်ပြီး စူးစူးနစ်နစ် ခံစားရမှု ဖြစ်ပေါ်စေသည်။
သူတို့၏ အားမာန်များ ၊ သူတို့၏ တောက်ပသည့် အနာဂတ် မျှော်လင့်ချက်များ ၊ သူတို့၏ အောင်လံမလဲစိတ်ဓာတ် ခွန်အားများ ၊ မဆုတ်မနစ် သန္နိဋ္ဌာန်စိတ်ဖြင့် ကြိုးပမ်းအားထုတ် မှု များ ကြောင့် ၎င်းတို့ဘ၀အား ရုန့်ရင်းကြမ်းတမ်းရက်စက်စွာ ချေဖျက်ခဲ့သည့် နာဂစ်အတိတ် တစ္ဆေအား လှိုင်းကြီးလှေအောက် အဆိုအတိုင်း အောင်ပွဲဖြင့် ကျော်လွှားနိုင်ခဲ့ကြောင်း သက်သေထူခဲ့ကြပါ၏ ။ ပိုမို၍ ထူးခြားသည်မှာ ဤသို့ ကြမ်းပေ့ရမ်းေ့ လောကဓံတရားကို အပြုံးဖြင့် တုန့်ပြန်၍ အောင်ပွဲဆင်ကာ ရယ်ပွဲဖွဲ့နိုင်စွမ်းသော အနှီလူသားများ မှာ အားနွဲ့သည်ဟု ကျွန်တော် တို့ ထင်ထားခဲ့ကြသည့် မိန်းမသားများ ဖြစ်နေခြင်းပေးတည်း။
ဒေါ်ကေသီရှိန်တို့ FXB က ဆောင်ရွက်ခဲ့သည့် စီမံကိန်းတွင် ရေရှည်မျှော်မှန်းချက်အ ဖြစ် ဒုက္ခသည်များ အား ၎င်းတို့ကို အကူအညီ ပေးမည့် သူများ ၏ ပေးစာကမ်းစာအား အားကိုးမှီခိုလိုစိတ်ဖြင့် မျှော်တလင့်လင့် စောင့်စားနေကြသည့် သူတောင်းစားစိတ်ဓာတ်မျိုး မ ဖြစ် စေရန်နှင့် ၎င်းတို့ကို အထောက်အပံ့အ ဖြစ် ပေးသည့်ငွေကို စနစ်တကျ မှန်မှန်ကန်ကန် တန်ဖိုး ရှိစွာ အသုံးချ၍ မည် သည့်အာမခံချက်မျှ ပေးမထားရသော်လည်း အချိန်ကန့်သတ်ချက် တွင်း သစ္စာရှိရှိ ကတိတည်တည် ပြန်လည်ပေးဆပ်လျက် ကိုယ့်ဘ၀ကိုယ်ထူမတ်အောင် ကိုယ့်အား ကိုယ်ကိုး ဆောင်ရွက်လိုစိတ်၊ ချေးငွေကို ပြန်ဆပ်ပြီး ကျန်ဘ၀တူများ ကိုပါ ၀ိုင်းဝန်း ကယ်တင် သွားမည် ဆိုသည့် ကျဉ်းမြောင်းသော အတ္တနယ်မှ ရုန်းထွက် ဖြစ်ပေါ်လာသော ပရဟိတစိတ်၊ အရာအားလုံးကို ရဲရဲရင့်ရင့် ရင်ဆိုင်ပြီး ကိုယ့်ဘ၀ကိုယ် ပဲ့ပြင်နိုင်သည့် စိတ်စသည့် သခင်စိတ်မျိုး ရိုက်သွင်းပေးခြင်းမှာ အလွန်ထိရောက်သော စိတ်ပိုင်းဆိုင်ရာ ပျိုးထောင် ပေးမှု ဖြစ်ကြောင်း တွေ့ ရပေသည်။ လောကဓံကို ကြံ့ကြံ့ခိုင်ခိုင် မိခင်စိတ်ဟူသော ကြီးမားသည့် သတ္တိစွမ်းအားသည် အားနွဲ့သူမိန်းမသားတို့၏ ရင်တွင်း၌ ကျောက်စိုင်ကျောက်တောင်တမျှ ထုထည်ကြီးမားခိုင်မာစွာ တည်ရှိနေခြင်းကို သာမန်လူတို့ သတိမပြုမိနိုင်ခဲ့။ ဤစိတ်ဓာတ်ကား ရေမြုပ်နေသော ရေခဲတောင်ကြီးနှင့် ပမာတူသည်။ လူတို့က ရေပေါ်၌ ပေါ်နေသည့် အစိတ်အပိုင်းသာကြည့်လျက် မိန်းမသားတို့ကို အားနွဲ့သူဟု သတ်မှတ်နေကြခြင်း ဖြစ်သည်။ အမှန်တော့ မိခင်စိတ်ဆိုသည်မှာ အကြင်နာတရား၊ မေတ္တာတရား၊ ကိုယ်ချင်းစာတရားများ နှင့် လောကပါလတရားတို့ကိုသာ မွေးဖွားပေးသည်မဟုတ်။ လောကကို ရင်ဆိုင်ရဲသော သတ္တိ၊ အခက်အခဲကို ကျော်လွှားနိုင်သော စွမ်းအား၊ လောကဓံကို ထီမထင်သော စိတ်ဓာတ်ခွန်အားများ ကိုပါ ပေးနိုင်စွမ်းပါ၏ ။ ဤသို့လျှင် နစ်မြုနေသော ရေခဲတုံး အစိတ်အပိုင်း သဖွယ် မိန်းမသားတို့ ပိုင်ဆိုင်ထားသည့် မိခင်စိတ်ကို ဒေါ်ကေသီရှိန်တို့ FXB အဖွဲ့က မိန်းမချင်းအသိစိတ်ဖြင့် အမိအရ ဆွဲကိုင်ထုတ်ယူ အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် နာဂစ်ချေမှု န်းမှု အောက် ဘ၀ပျက်လမ်းပျောက်၊ ဒုက္ခရောက်နေရသော အမျိုးသမီးတို့သည် စားစရာမရှိ၊ နေစရာမရှိ၊ မှီခိုရာနတ္ထိ၊ အားကိုးဖွယ် ဘယ်မသိဘ၀မှ ကိုယ့်ဘ၀ကိုယ်ကျောင်း၍ ရှေ့ခရီးကို ရင်ကော့လျှောက်ရန် အင်အားများ ဖြင့် ရုန်းကန်တက်ကြွလျက် အိုးပိုင်အိမ်ပိုင် လုပ်ငန်းရှင်ငယ်များ ဘ၀သို့ နိုးထရှင်သန်လာခဲ့ကြခြင်း ဖြစ်ပါ၏ ။ ဤသည်ပင်လျှင် မြန်မာ့ခေတ်သစ် ဖီးနစ်ငှက်ငယ်တို့၏ ဘ၀ ဖြစ်လေသည်။
ယခုတော့ ဆိုးဝါးကြမ်းတမ်းလှပါသည်ဆိုသော နာဂစ်မုန်တိုင်းကြီးသည်ပင်လျှင် ဧရာဝတီ၏ သမီးပျိုများ အဖို့ ၎င်းတို့၏ ဘ၀သစ် ဖြစ်ပေါ်လာရန် ဖီးနစ်ငှက်အတွက် သဘာဝက ဖန်ဆင်းပေးခဲ့သည့် မီးလျှံ ဖြစ်ခဲ့ပေပြီ။ နာဂစ်က ပြင်းထန်သော လှိုင်းလုံးကြီးများ နှင့် အတူ သူတို့အတွက် ဘ၀အားမာန်များ ကို ရင်ခွင်ထဲ အရောက်ပို့ဆောင်ပေးသွားခြင်း ဖြစ်သည်ဟု ရှုမြင်တတ်ခဲ့လေပြီ။ အာဂအမျိုးသမီးများ ပေတကား။
သူတို့တတွေ ကြီးမားသော စိတ်ဓာတ်ခွန်အားများ ကို အဘယ်သို့ ရယူပိုင်ဆိုင်ခဲ့ကြသည်၊ တစ်ပြည်လုံးသာမက တစ်ကမ္ဘာလုံးရှိ လူကြီးလူငယ် ကျားမ မရွေး တထိတ်တလန့် တုန်လှုပ်ခြောက်ခြားခဲ့ကြရသည့် ပြန်တွေးရုံဖြင့် ပင် နှလုံးနောက်ကျိ ထိတ်လန့်နေရဆဲ ဖြစ်သည့် ဤနာဂစ်ဆိုသော ဧရာမနတ်ဆိုးကို ယနေ့တော့ သူတို့တတွေ အဘယ်သို့ ရယ်ပွဲဖွဲ့နိုင်ခဲ့ကြသည် ဆိုခြင်းကိုမူ ဆရာမ နှင်းဝေငြိမ်းက လှသော ကလောင်ချက်ဖြင့် သွက်သွက်မြူးမြူး တင်ပြထားပါ၏ ။
မည် သို့ဆိုစေ ဤစာကား အနိုင်မခံ ကဗျာကဲ့သို့ပင် ကျွန်တော့် ရင်ကို စွဲငြိမ်စေသော ခွန်းအားရှိသည့် စာ ဖြစ်လေသည်။ ထို့ထက်ဆိုရပါမူ ကျွန်တော် ဘ၀င်မကျဘဲ ကွက်လပ် ဖြစ်နေသည်ဟု ခံစားနေရသည့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ချင်းချင်းနီ၏ ။ သို့သော် ညွှတ်ကားမညွှတ်ဆိုသော စာသား၌ လောကဓံကို ရယ်ပွဲဖွဲ့ အနိုင်ယူခဲ့ကြသည့် အံ့ဖွယ်မိခင်စိတ်ပိုင်ရှင် အားနွဲ့သော အမျိုးသမီးများ ၏ ပုံရိပ်က အားရကျေနပ်ဖွယ် ကွက်လပ်ဖြည့်ပေးခဲ့သည်ဟု ကျွန်တော် ၀န်ခံရပါမည် ။
သင့်ဘ၀အတွက် အားမာန်များ ၊ သတ္တိများ ၊ အနန္တတန်ခိုးစွမ်းအင်များ ကို ရရှိစေရန် ဤဖီးနစ်စာအုပ်၌ ပြီးပြည့်စုံအောင် ဖော်ပြထားသည်ဟု ဆိုငြားအံ့၊ မှန် မမှန် ဝေဖန်ဆန်းစစ်ရင်း သင်ဖတ်ကြည့်ပါဘိ။ ပြည့်စုံစွာ ကျေနပ်နှစ် သိမ့်လက်ခံလိမ့်မည် ဟု ကျွန်တော် ရဲရဲကြိး ဆိုဝံ့ပါသည်။ ဤအတွက် ဆရာမ နှင်းဝေငြိမ်းကိုလည်း ကျေးဇူးတင်ပါသည်။
မြန်မာမိခင် ဖီးနစ်ငှက်များ နှစ် ပေါင်းရာချီ၍ မြင့်မြင့်ဝေးဝေး ပျံသန်းနိုင်ကြပါစေကြောင်း ဆန္ဒပြုပါ၏ ။
အခန်း (၁)
ဤ `ဖီးနစ်´ အမည် ရှိသော စာစုကို ထုတ်ဝေရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လူ့လောကတွင် ရုတ်တရက် ကြုံတွေ့ ရသော သဘာဝဘေးဒဏ်ကြောင့် အရှုံးဖြင့် ရင်ဆိုင်နေသော အမျိုးသမီးများ နှင့် ၎င်းတို့၏ မိသားစုဝင်တို့မှ တဖန်ပြန်၍ နိုးထလာသည့် ဖြစ်ရပ်မှန်များ ကို မှတ်တမ်းပြုစုထားခြင်း ဖြစ်ပြီး ထိုအောင်မြင်မှု ရလဒ်များ ကို ၀မ်းသာကြည်နူးစွာ ဖြင့် မျှဝေလိုခြင်း ဖြစ်ပါသည်။ အရှုံးထဲမှ အမြတ်ရအောင် ကြိုးစားသူတို့၏ ဖြစ်ရပ်မှန်၊ လုပ်ရပ်မျန်များ သည် စာဖတ်သူအတွက် အားမာန်တစ်ခု ဖြစ်စေလျှင် ကျွန်မတို့ စုပေါင်းကြိုးပမ်းမှု အောင်မြင်သည်ဟု ယူဆပါသည်။ ထို့အတွက် ဤစာစု၏ ဖန်တီးရှင် ဖြစ်သော ဆရာမ (ဒေါ်) နှင်းဝေငြိမ်းကို အထူးကျေးဇူးတင်ပါသည်။
UNFPA မှ ရန်ပုံငွေ ပံ့ပိုးပေးသည့် စီမံချက်တစ်ခု ဖြစ်သော မျိုးဆက်ပွားပညာများ ပိုမိုနားလည် သိရှိနားလည်ခြင်းဖြင့် အမျိုးသမီးများ ဘ၀လုံခြုံရေး ၊ ၀င်ငွေရလမ်း တိုးတက်ရေး တို့ကို ရစေရန်ဟု ရည်ရွယ်၍ နာဂစ်မုန်တိုင်းဒဏ်ကို ခံခဲ့ရသော လပွတ္တာမြို့နှင့် ၎င်း၏ ညောင်လိန်ကျေးရွာအုပ်စုတို့တွင် ၂၀၀၈ ခုနှစ် ၊ အောက်တိုဘာလတွင် ဤစီမံချက်ကို စတင်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ် ၊ ဧပြီတွင် ပထမစီမံချက်ကာလ ပြီးဆုံး၍ ၂၀၁၀ ခုနှစ် ၊ စက်တင်ဘာလတွင် ဒုတိယအကြိမ် စီမံချက် ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာလတွင် စီမံချက်သက်တမ်း ပြီးဆုံးမည် ဖြစ်ပါသည်။ စီမံချက်ကာလအတွင်း လုပ်ငန်းစဉ်များ ကို အဆင့် (၁၀)ဆင့်ဖြင့် လုပ်ကိုင်ခဲ့ပါသည်။
လုပ်ငန်းစဉ်များ မှာ -
(၁) နှစ် သိမ့်ပညာပေး ဆွေးနွေးခြင်းဖြင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခြင်း။
(၂) မိသားစုအလိုက် ဆွေးနွေးစေခြင်းဖြင့် အိမ်ထောင်စုတစ်ခု၏ လိုအပ်ချက်၊ အားသာချက်၊ အားနည်းချက်တို့ကို စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှု ရေး ကဏ္ဍများ ခွဲခြားဆန်းစစ်၍ အဖြေရှာစေခြင်း။
(၃) အရင်းအနှီးလိုအပ်ပြီး လုပ်ငန်းအတွေ့ အကြုံ ရှိသူများ အား အတိုးမပါသည့်ရေတို ချေးငွေး ထုတ်ပေးခြင်း၊ လုပ်ငန်းဝင်ငွေပေါ် မူတည်၍ ၎င်းတို့၏ ဆုံးဖြတ်ချက်ဖြင့် အရစ်ကျ ပြန်လည်ဆပ်စေခြင်း။
(၄) အရင်းအနှီး၊ လုပ်ငန်းအတွေ့ အကြုံ မရှိသူများ ကို ဈေးကွက်အခြေခံသည့် အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ပေးခြင်း၊ သင်ကြားတတ်မြောက်ပါက လုပ်ငန်းစတင်နိုင်ရန် အတိုးမဲ့ ချေးငွေ ထုတ်ပေးခြင်း၊ ပြန်လည်ဆပ်စေခြင်း။
(၅) မျိုးဆက်ပွားပညာရပ်များ ကို အသေးစိတ် သိရှိနားလည်စေရန်၊ အသိပညာ ဖြန့်ဝေခြင်း။ ကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း။
(၆) အမျိုးသမီးများ အတွက် လုံခြုံစိတ်ချရသည့် ဆုံဆည်းရာ အနေရာများ ကို အများ ပိုင် မြေပေါ်တွင် တည်ဆောက်ပေးပြီး စာကြည့်တိုက်များ ထူထောင်ခြင်းအပြင် စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ လူမှု ရေး ၊ အသိပညာတိုးပွားရေး ၊ ဆွေးနွေးအကြံပြုခြင်းတို့ကို လုပ်ဆောင်နိုင်ရန် စီစဉ်ပေးခြင်း။
(၇) တက်ကြွသည့် ကျေးရွာသူများ ကို ရွေးချယ်ပြီး ရပ်မိရပ်ဖများ နှင့် ပူးပေါင်း၍ `ကျေးရွာရန်ပုံငွေကော်မတီ´ ဖွဲ့စည်းပေးပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို အခြေခံ၍ ချေးငွေလုပ်ငန်းများ ကို ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်နိုင်ရန်အတွက် ရန်ပုံငွေများ ကို လွှဲပြောင်း၍ လေ့ကျင့်လုပ်ဆောင်စေခြင်း။
(၈) စိတ်သဘောနှင့် လုပ်ငန်းတူသည့် အမျိုးသမီးများ ကို အစုဖွဲ့စေ၍ စုပေါင်းစိုက်ပျိုးမှု ကို လုပ်စေခြင်းဖြင့် ၀င်ငွေတိုးတက်၍ လူမှု ဆက်သွယ်မှု ကို အချင်းချင်းပိုမိုခိုင်မာစေခြင်း။
(၉) အမျိုးသားများ နှင့် ကလေးများ ၏ အခန်းကဏ္ဍကိုလည်း မိခင်၏ အခန်းကဏ္ဍနှင့် ချိတ်ဆက်၍ မိသားစုအတွင်း ညီမနားလည်သော အုပ်ချုပ်စီမံမှု ၊ တာဝန်ယူမှု ရှိစေခြင်း။
(၁၀) ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ရပ်ရွာအတွင်း ကြိုတင်ပြင်ဆင်ခြင်း၊ သဘာဝဘေးအတွက် ရန်ပုံငွေကို မ,တည်ပေးခြင်းနှင့် တိုးပွားစေခြင်းတို့ ဖြစ်ပါသည်။
ဤလုပ်ငန်းစဉ်များ လုပ်ဆောင်ပေးခြင်းဖြင့် စီမံချက်မှ အကျိုးသက်ရောက်သူများ နှင့် သူတို့ မိသားစုဝင်များ ၏ ဘ၀အမြင် ပြောင်းလဲလာခြင်း၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာခြင်း၊ အသိပညာ တိုးပွားခြင်း၊ လူနေမှု စနစ် ပိုမိုကောင်းမွန်လာခြင်းနှင့် ရပ်ရွာနေ ပြည်သူအချင်းချင်း ပိုမိုစည်းလုံးလာခြင်းတို့ကို အခြေခံ၍ စီမံချက်မှ လွှဲအပ်သည့် ကျေးရွာရန်ပုံငွေကို ၎င်းတို့ကိုယ်တိုင် အလှည့်ကျစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းထားသော ကျေးရွာရန်ပုံငွေ ကော်မတီမှ စီစဉ်ဆောင်ရွက်နိုင်ကြောင်း ကျွန်မတို့၏ အတွေ့ အကြုံများ ကို မျှဝေခြင်း ဖြစ်ပါသည်။
လောကီအကြွေးကင်း၍
လောကုတ္တရာ အကျိုး ဆောင်ရွက်နိုင်စေရန်
ဆုတောင်းမေတ္တာပြုလျက်
ကေသီရှိန် (Country Director) နှင့် FXB အဖွဲ့သားများ
ဒီနှစ် နွေက မနှစ် ကလောက် အပူမပြင်းထန်ပါလားလို့ ၀မ်းသာမယ်ကြံတုန်း မိုးသံလေသံက ညာသံမပေးဘဲ အချိန်ကိုက် ရွာလိုက်သည်းလိုက်တာ မတ်လလယ်ကြီး။ လာပြန်ပြီလား… မုန်တိုင်းဆိုပြီး ကျောထဲရင်ထဲ ဖြန်းခနဲ ဖြန်းခနဲ လန့်လာတာ ကောင်းကင်က တိမ်မည်းတွေ ညို့လာလေ… မိုးတစ်ချိမ်းချိမ်း ရွာလေ လျှပ်စီးတွေ လက်လေ… ``ဘုရား… ဘုရား´´ တွင် တွင် တပြီး ``မုန်တိုင်း လာပြန်ပြီထင်တယ်´ လို့ ကျွန်မတင်မက လူတိုင်း နှုတ်ဖျားမှာ ကြားနေရတာ ထိတ်လန့်တကြားပါပဲ။ မထိတ်လန့်ပဲနေပါ့မလား…။ လွန်ခဲ့တဲ့ သုံးနှစ် က နာဂစ်ရဲ့ ရက်စက်ခြိမ်းခြောက်မှု နဲ့ လက်တွေ့ မွှေနှောက် ဖျက်ဆီးသွားတဲ့ မုန်တိုင်းရဲ့ ဆိုးကျိုးကို ကျွန်မတို့ ရန်ကုန်တစ်မြို့လုံး လှလှပပကြီး… နာနာကျင်ကျင်ကြီးကို ခံစားခဲ့ရတာ မနေ့က တစ်နေ့က အတိုင်းပဲ မဟုတ်လား…။ ကြောက်စရာ အိပ်မက်ဆိုးက ကျွန်မတို့ လန့်နိုးခဲ့တာ ဘာများ ကြာသေးလို့လဲ… ဒီကတည်းက လေတစ်ချက် ဝေ့တာနဲ့ ရောက်ရာအရပ်ကနေ ကိုယ့်အိမ်… ကိုယ့်အခန်းမှာ ကိုယ့်မိသားစုနဲ့ မြန်မြန်ဆုံဖို့ ပြေးနေတဲ့ ခြေလှမ်းတွေ က ခုထိ မရပ်မနားကြရသေးဘူးလေ….။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ခဲ့ကြပေမယ့် ကြောက်ဆဲ ကြောက်မြဲ ဒီအကြောက်တရားဟာ ဘ၀ပေါင်းများ စွာ ကို မှော က်မှော က်မှားမှား ခြေမွခဲ့တာမို့ မုန်တိုင်းကြောက်တဲ့မြို့ဟာ ကျွန်မတို့ တစ်မြို့တည်း မဟုတ်တော့ဘဲ… တစ်နိုင်ငံလုံးနီးပါး ဖြစ်နေပါပြီ။ မုန်တိုင်းဆိုတာ ပင်လယ်နဲ့နီးမှ မဟုတ်တော့ဘဲ.. မူးမူးရိုင်းရိုင်း ထင်တိုင်းကြဲတဲ့ အမူးသမားလို…အထက်အညာ မြေလတ်မကျန်… တောင်တန်းတွေ ဆီလည်း ပြေး… ပင်လယ်ဘေးလည်း မချိန်… မြို့ပြအိမ်ရာတွေ ကိုလည်း လှုပ်ခတ်၊ ဒုက္ခအထပ်ထပ် ပေးတာမို့ မုန်တိုင်းလက်ကျန် ရှင်းတမ်းဟာ မပြီးစီးနိုင်သေးပါဘူး။
`နာဂစ်´ ဆိုတဲ့ စကားလုံးသစ်ကို ကျွန်မတို့ လက်ခံနားထောင်ခဲ့ရတာ သုံးနှစ် လောက် ရှိသွားပေမယ့် တစ်နေ့တစ်ရက်မှ မေ့လို့မရကြဘူးလို့ ထင်တယ်။ နာဂစ်ညီမျှခြင်း မုန်တိုင်းလို့ မြန်မာပြည်သူတွေ က လက်ခံထားလိုက်ပုံပါပဲ။ ဒါဟာ မုန်တိုင်းတစ်ခုရဲ့ အမည် နာမတစ်ခုသာ ဖြစ်တယ်လို့တောင် မသတ်မှတ်တော့ဘဲ ရပ်ကွက်ထဲမှာ လေပြင်းလေး၊ မိုးပြင်းလေး ကျလိုက်တာနဲ့ `နာဂစ်လာပြီဟေ့´ လို့ အော်ကြဟစ်ြ ကတော့တာပါပဲ။ ဘယ်လောက်တောင် `နာဂစ်´ကို ထိတ်ကြလန့်ကြသလဲ ဆိုတာကို ပြောပြတာပါ။ အဲဒီ တုန်းက ကျွန်မတို့က ရန်ကုန်မှာ နေပြီး နာဂစ်ဒဏ်ကို လှလှပပကြီး ခံစားခဲ့ကြပေမယ့် ဧရာဝတီလောက်တော့ မကြေကွဲခဲ့ရပါဘူး။ ဒါတောင် နာဂစ်မုန်တိုင်းကြီး ဖြစ်ပြီး သုံးလေးငါးလအထိ ရန်ကုန်တိုင်းက နယ်မြို့တွေ ဖြစ်တဲ့ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မူး၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်း ဆိုတဲ့ နေရာဒေသတွေ အပြင် ဧရာဝတီက ဒေးဒရဲ၊ သံဖတ်၊ မအူပင်ဘက်တွေ ဆီ၊ ပင်လယ်ဘက်က သင်္ကန်းကုန်းတို့၊ ဟိုင်းကြီးကျွန်းဘက်၊ ပြင်စလူ၊ အုန်းကျွန်း၊ ၀ါးခယ်မ၊ လပွတ္တာဘက်တွေ ဆီ အနယ်နယ် အရပ်ရပ်က လူထုတွေ ရဲ့ စေတနာမေတ္တာတရားတွေ ကူညီဖေးမမှု တွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြတာ တစ်ကမ္ဘာလုံး အသိပါ။ ကြောက်ခမန်းလိလိ လူတစ်သိန်းကျော် သေကြေခဲ့ရတဲ့ ဒီနာဂစ်ရဲ့ ရက်စက်မှု အကြောင်း ဘယ်လိုမှတောင် စာလုံး မပေါင်းချင်လောက်အောင် ၀မ်းနည်းကြေကွဲခဲ့ကြရတဲ့ ဖြစ်ရပ်ဆိုးကြီး ဖြစ်ခဲ့တာ သုံးနှစ် မှ ကြာခဲ့ပြီဆိုပါတော့။
အဲဒီ တုန်းကစပြီး ပရဟိတဆိုတဲ့ စကားလုံးဟာ တော် တော် ကြီး မြိန်ရည်ယှက်ရည်နိုင်လောက်အောင် လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားလာပါတယ်။ စိတ်ချင်းစိတ်ချင်း၊ လူသားချင်း လူသားချင်း ရင်းနှီးကျွမ်းဝင် ဖေးမခဲ့ကြတဲ့ အရင်းအနှီးတွေ လည်း တော် တော် ကြီးမားခဲ့ပါတယ်။ ရေမျောကမ်းတင်… မိမဲ့ဘမဲ့… ပိုင်ရှင်မဲ့အလောင်းများ စွာ ကို စေတနာနဲ့ သက်စွန့်ကြိုးပမ်း ဆယ်ယူပေးခဲ့ကြဖူးတဲ့ လူငယ်တွေ ၊ ရွာတွေ ကို သွားပြီး ရက်ရှည်လများ ကိုယ့်ထမင်းကိုယ်စားပြီး လဲပြိုသွားတဲ့ဘ၀တွေ ကို စာနာခဲ့ကြတဲ့ ပြည်သူတွေ ၊ အဖွဲ့အစည်းအသီးသီးရဲ့ ပံ့ပိုးမှု တွေ ၊ နိုင်ငံတော် ရဲ့ စောင့်ကြည့်ဖြည့်ဆည်းပေးမှု တွေ ဟာ နာဂစ်ကြောင့် ဟက်တက်ကွဲခဲ့ကြတဲ့ ရင်ကွဲနာတေးတွေ ကို တိုးတိတ်သက်သာစေခဲ့မှာ အမှန်ပါ။ ဒါပေမယ့် ဘယ်အရာမှ အကောင်းပကတိ ပြန်မ ဖြစ်တော့တာတော့ သေချာပါတယ်။ အက်ကြောင်းထင်ရင်တောင် ဆက်ရာဖုံးလို့ ပကတိ ပြန်မ ဖြစ်မှာ တော့ မြင်ကွင်းဆိုးကြီးကြောင့် အသက်တွေ ပေးခဲ့ကြ… ဘ၀တွေ စတေးခဲ့ကြ… အလှတွေ ဝေးခဲ့ရ… ညာတွေ ဆွေးခဲ့ရတဲ့.. နေစရာမဲ့… စားစရာမဲ့.. မိမဲ့… ဖမဲ့… ဆွေမဲ့… မျိုးမဲ့.. ဓနမဲ့… မဲ့ပေါင်းများ စွာ တို့အတွက် နှမ်းတစ်လုံးနဲ့ ဆီမ ဖြစ်မှန်း သိပေမယ့် နှမ်းစေ့လေးပေါင်းများ စွာ စုဝေးပြီး ဆီတစ်စက်လောက် ဖြစ်ချင်ခဲ့တဲ့ စေတနာတရားဟာ လူတိုင်းရင်မှာ ခိုဝင်သွားတာ အမြတ်တရား ဖြစ် သွားပါတယ်။ ကျွန်မရင်ထဲမှာ သိမ်းထားတဲ့… မရှိဘူးလို့ ထင်ခဲ့တဲ့ မွေးရာပါဗီဇတွေ … မွေးရာပါ မျိုးချစ်စိတ်တွေ ဟာ ဘယ်အချိန်က စီးဆင်းနေမှန်းမသိဘဲ အခုလို အရေး ရယ်.. အကြောင်းရယ်ကျမှ မျိုးချစ်စိတ်တွေ ပေါ်လာကြတာလည်း တိုင်းပြည်အတွက် အမြတ်တရား တစ်ခုလို့ ကျွန်မတော့ မြင်ပါတယ်။ ပြီးတော့ လူငယ်တွေ ရဲ့ သတ္တိနဲ့ ဇွဲတွေ ၊ ဘယ်လိုမှ မထင်မှတ်ထားဘဲ ဇာတိပြ ကတော့လည်း အင်အားတစ်ရပ်လို့ ခံစားနိုင်ခဲ့ပါတယ်။ ဒါဆို ကျွန်မတို့ `နာဂစ်´ ဆိုတဲ့စကားလုံးကို အရမ်းကြီး မုန်းတီးနာကြည်းနေလို့ မ ဖြစ်ဘူးဆိုတာ လက်ခံမိမှာ ပါ။ နာဂစ်ကြောင့် မွေးဖွားလာတဲ့၊ ရှင်သန်နိုးကြားခြင်းတွေ ကိုလည်း ကျွန်မတို့ ယုံကြည်လက်ခံပေးကြလိမ့်မယ် ထင်ပါတယ်။
ကျွန်မတို့ ကတော့ မိုးလေ၀သ သတင်းတွေ အရ ပင်လယ်မှာ လှိုင်းထန်ရင် ရာသီဥတု ဆိုးရွားပြင်းထန်လာရင် ဖြစ် ဖြစ် မုန်တိုင်းလေလားလို့ စိတ်ပူနေတတ်တာ မလျော့ပေမယ့် မုန်တိုင်းကို တွန်းလှန်ဖို့ ဒီရေတောတွေ တိုးချဲ့စိုက်ဖို့၊ သစ်ပင်သစ်တောတွေ မပြုန်းတီးကြဖို့ စေ့ဆော်မှု တွေ ၊ ပြင်ဆင်မှု တွေ နဲ့ အငိုက်မမိတော့ဖို့ စီစဉ်ထားတတ်ပြီ ဆိုတာကလည်း အရေး အကြီးဆုံး တိုးတက်မှု တွေ မို့ ၀မ်းနည်းမှု တွေ ကို ဒီအတိုင်း လက်ပိုက်မကြည့်ဘဲ၊ ရရာနေရာ ရရာထောင့်ကနေ ကိုယ့်ဘ၀လေးတွေ ပြန်လည်ရှင်သန်ဖို့ ဘယ်လိုများ ကြိုးစားရုန်းကန်ခဲ့ကြတယ် ဆိုတာကို သိချင်စိတ် ပြင်းပြခဲ့ပါတယ်။
ခုလည်း မိုးနဲ့ မုန်တိုင်းကြား ဗျာများ ရတာ က ဂျပန်မှာ မဟာဆူနာမီ ဖြစ်တာကြောင့် လေ…။ ကြောက်မက်ဖွယ် မုန်တိုင်းရဲ့ ရက်စက်မှု ဟာ နာဂစ်ပြီး ဂီရိ၊ ဂီရိပြီးတော့ ဂျပန်မှာ မဟာဆူနာမီ…။ ကြားရမြင်ရ မသက်သာတဲ့ အနိဋ္ဌာရုံတွေ ကို ကြေကြေကွဲကွဲ မြင်ရပြန်ပြီဆိုပြီး အတော် ကြီး စိတ်မချမ်းမသာ ဖြစ်တာနဲ့ တစ်ပြိုင်နက်တည်း… ပြီးခဲ့တဲ့ တစ်ပတ်က မထင်မှတ်ဘဲ ဒေါ်ကေသီရှိန်နဲ့ ဆုံတော့ ဆရာမ က ကမ္ဘာ့အမျိုးသမီးများ နေ့ Internaltional Women Days (March 8, 2011) ပွဲအကြောင်းပြောရင်း နာဂစ်ရာဇ၀င်ကို ပြန်လှစ်ရစ် ဖြစ်ခဲ့သေးတာ သတိရလာပါတယ်။ အဲဒီ နေ့က သူပြောတဲ့စကားထဲမှာ မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ ရွာတွေ ဆီ သူတို့အဖွဲ့ ရောက်တဲ့အကြောင်း… အဲဒီ ရွာတွေ က အမျိုးသမီးတွေ ရဲ့ ပြန်လည်ထူထောင်ရေး လုပ်ပုံလုပ်နည်း တစ်စွန်းတစ်စကို ကျွန်မ ကြားခဲ့ရတာ မို့ပါ။ ရင်ထဲမှာ မုန်တိုင်းရဲ့ ပစ္စုပ္ပန်မှာ ကျွန်မတို့ လှူကြတန်းကြပြီး အရေး ပေါ် အကူအညီတွေ နှစ် လသုံးလလောက် လုပ်ပြီးတဲ့နောက်ပိုင်း ကျွန်မတို့ လူမျိုးထုံးစံ သွေးအေးရင် ဘေးကပွဲကြည့်ပရိသတ် ဖြစ် ဖြစ်သွားတတ်တဲ့ ဓလေ့အတိုင်း မုန်တိုင်းပြီးတဲ့နောက်ပိုင်းကာလ ဒီသုံးနှစ် အတွင်း အဲဒီ ဒေသကလူတွေ ရဲ့ ဘ၀အခြေအနေတွေ ကို ကျွန်မတို့ အလေးထားဖို့ မေ့သွားတာကို အားနာစိတ် ဖြစ်မိလာပါတယ်… အဲဒီ သုံးနှစ် အတွင်းမှာ သူတို့ဘ၀တွေ လှလှပပမှ ပြန် ဖြစ်ကြရဲ့ လား…။ ဘယ်လိုများ နိုင်ငံတော် က ပံ့ပိုးထောက်ပံ့နေသလဲ…။ ဘယ် NGO တွေ ကများ ကူညီစောင့်ရှောက်နေသလဲ…။ ဘယ်အစိုးရ မဟုတ်သော အဖွဲ့အစည်းတွေ ကရော ခုထိပံ့ပိုးကြသေးရဲ့ လားတွေ … လား… တွေ အများ ကြီး ကျွန်မမှာ မေးခွန်းတွေ အစီအရီ ဖြစ်လာပါတယ်။ ဒါကြောင့် လည်း ဆရာမ နဲ့ ကျွန်မဆုံမှ ဖြစ်မယ်လို့ တွေးမိ သွားပါတယ်။ ဆရာမ ဒေါ်ကေသီရှိန်ဆိုတာ လွန်ခဲ့တဲ့ဆယ်စုနှစ် ကတည်းက ခင်မင်ခဲ့ပေမယ့် အခုအချိန်မှာ တော့ ဆရာမ ဟာ အဖွဲ့အစည်းတစ်ခုရဲ့ လူမှု ရေး လုပ်ငန်းတွေ မှာ အများ ကြီး လှုပ်ရှားနေတာ ကျွန်မ သိထားပါတယ်။ ဒီဘ၀မှာ လက်လျော့အားပျက်နေမယ့်သူတွေ ကို ကိုယ့်လုပ်အားနဲ့ ကိုယ့်မိသားစုအတွက် အသက်ရှင် နေထိုင်ရင်း ဘ၀ကို အရှုံးမပေးဖို့အပြင် ကျန်းမာရေး စောင့်ရှောက်မှု တွေ ကိုပါ ပေးနေတဲ့အတွက် ချီးကျူးတာကလွဲလို့ ဆရာမ လုပ်ငန်းကို ထဲထဲဝင်ဝင် လေ့လာဖို့တောင် ကျွန်မဘက်ကလည်း အချိန်ရှားပါးခဲ့ပါတယ်။ အခုတစ်ခါတော့ဖြင့် ကျွန်မရဲ့ စိတ်ဝင်စားမှု က လှိုင်းတံပိုးတွေ အောက်က မိသားစုဘ၀တွေ ရဲ့ အနာဂတ်ကို သိချင်လာတာ အမှန်ပါပဲ…။ ဒီအတွက်လည်း ဆရာမ ဒေါ်ကေသီရှိန်က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပြီး သူတို့အဖွဲ့က အမျိုးသမီးများ အတွက် လပွတ္တာခရိုင် နာဂစ်ဒေသမှာ ပံ့ပိုးကူညီပေးတဲ့ အဖွဲ့ခေါင်းဆောင် မမခင်နဲ့ မိတ်ဆက်ပေးပါတယ်။
မမခင်က တစ်ချိန်က မြန်မာ့အသံရေဒီယို အစီအစဉ်ကနေ ထင်ရှားကျော်ကြားတဲ့ `ဖူးစာလမ်းဆုံ´ သီချင်းကို သီဆိုခဲ့တဲ့ အဆိုကောင်း တစ်ယောက် အ ဖြစ် ကျွန်မထပ်ပြီး သိခဲ့ရပြန်ပါတယ်။ သြော်… ဒါကြောင့် လည်း ဒီအရွယ်မှာ တောင် မမခင်အသံက ကရုဏာသံနဲ့ အသံသြဇာ ပြည့်ဝနေတာကိုးလို့ မှတ်ချက်ချမိပြန်ပါတယ်။ မမခင်ကို ကျွန်မ ဘာကစမေးရမလဲလို့ တွေးနေတုန်းမှာ ပဲ ကျွန်မဘေးကနေ အသံဝဲ၀ဲနဲ့ စကားပြောနေတဲ့ အမျိုးသမီး (၃)ဦးက ကျွန်မကို အားရပါးရ ပြုံးပြကြပါတယ်။ သူတို့ကရော ဘယ်သူတွေ လဲလို့ လှမ်းကြည့်လိုက်တဲ့အချိန်မှာ ပဲ ဆရာမ က `ဒါ… March-8 နေ့ကလုပ်တဲ့ ကမ္ဘာ့အမျိုးသမီးများ နေ့ (International Women Days) ပွဲကို တက်ခွင့်ရတဲ့ နာဂစ်ဒေသ အမျိုးသမီးတွေ ပါ´´ ဆိုလာတော့ ကျွန်မစိတ်ဝင်စားမှု က ပိုမြင့်သွားပြီး ``ဟာ… အတော် ပဲ… သူတို့ဆိကပါ ကျွန်မသိချင်တာတွေ ကြားချင်တယ်… အချိန်ပေးနိုင်မလား´´ လို့ ပြော ဖြစ် သွားပါတယ်။
``ဆရာမ မေးချင်တာမေးလေ…. သူတို့ ဒီညနေ ငါးနာရီခွဲ သင်္ဘောနဲ့ လပွတ္တာပြန်ကြမှာ … နှစ် နာရီ သုံးနာရီလောက်တော့ အချိန်ရပါတယ်… ကဲ… ညီမတို့ကရော ဘယ်လိုသဘောရလဲ´´ လို့ မေးခွန်းတွေ ပြန်ထုတ်ရော… သုံးဦးစလုံးရဲ့ မျက်ဝန်းတွေ ချက်ချင်း အရောင် တောက်သွားပြီး ``ဖြေချင်လွန်းလို့ပါ´´ ဆိုတဲ့ အပြုံးတွေ နဲ့ ခေါင်းကိုစီ ညိတ်ပြလိုက်တဲ့အတွက်… ဒီစကားဝိုင်းလေးတစ်ခု ကျွန်မတို့ ဖန်တီး ဖြစ် သွားပါတယ်….။
![]() အသံများ၏လျှို့ဝှက်ချက်နှင့် အခြားဝတ္တုတိုများ | ![]() မုဒိတာပန်းဖူး မောင်မခူးပါနဲ့ | ![]() အချစ်ကို အချစ်လို့ပဲ နားလည်တယ် |