Cover

အချစ်ကို အချစ်လို့ပဲ နားလည်တယ်

ဤစာအုပ်ဖြင့် …

အနန္တောအနန္တငါးပါးနှင့် သင် ဆရာ၊ မြင် ဆရာ၊ ကြား ဆရာတို့အား ရိုသေစွာ ကန်တော့ပါသည်။

ရေခဲသေတ္တာလုပ်ငန်းအကြောင်းနှင့် ဤ၀တ္ထုရေး သားရန် တိုက်တွန်းကူညီပံ့ပိုးပေးသော ကိုမျိုးအောင်အား ကျေးဇူးများ စွာ တင်ရှိပါကြောင်းနှင့် …

ကျွန်မ၏ စေတနာအမှားကြောင့် အားနည်းချွတ်ယွင်းချက်များ ရှိပါက ခွင့်လွှတ်ပါရန် ရိုးသားစွာ ၀န်ခံပါသည်။

နှင်းဝေငြိမ်း





ဆယ်အုပ်မြောက်စာအုပ်မှာ အမှတ်တရအနေနဲ့ ကျွန်မရဲ့ ခံစားချက်တချို့ကို ရေး ချင်လာပါသည်။ ကိုယ်တိုင် ခံစားခဲ့ရတာ တွေ က ငွေနဲ့ပေးဝယ်လို့မရဘဲ အမြတ်ရလိုက်တဲ့ စာရေး ဖို့ အရင်းအနှီးတွေ လို့ ကျွန်မ မှတ်ထင်နေပါတယ်။

* * * * ** * * * *


စာရေး ဆရာ ဖြစ်ဖို့ သိပ်လွယ်တာပဲလို့ ပြောလာသူများ ကြား သွားလာလှုပ်ရှားရင်း ကျွန်မ ၀မ်းနည်းကြေကွဲတတ်လာပါတယ်။ ကျွန်မ ဖြတ်သန်းနေသော စာရေး သက်တမ်းငယ်လေးမှာ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတွေ တပုံတပင်ကြီးပါပဲ။

ရေတွက်လို့ ရသလောက်ဆိုရင်တော့…

ကျွန်မရဲ့ ကျန်းမာရေး

ကျွန်မရဲ့ လူမှု ရေး

ကျွန်မရဲ့ ပျော်ရွှင်ခြင်း

ကျွန်မရဲ့ အဖော်ခင်စိတ်

ကျွန်မရဲ့ မာန

ဒါတွေ ကို ပေးဆပ်ရင်း `အောင်မြင်ခြင်း´ မျှော်လင့်ချက်ကို ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားနေရဆဲပါ။

ဝါသနာပါလို့ စာရေး ရင်း ရေး နေတဲ့စာတွေ ထဲ အာရုံဝင်စားရင်း သန်းခေါင်ကျော် ညပေါင်းများ စွာ ကို ဖြန်သန်းရတဲ့အတွက် နေမကောင်း ခဏခဏ ဖြစ်ရခြင်းကို ကျွန်မ ဂုဏ်ယနေတတ်ပေမယ့် ကျွန်မရဲ့ ဖြူဖပ်ဖြူရော် မျက်နှာကို ကြည့်ရင်း…

`ဟယ်… လောဘကြီးလိုက်တာ၊ ဘုန်းကြီးစားသွားမယ်´

ဆိုတာမျိုး

`ဒီလ ၀တ္ထုတိုလေးပုဒ် ပါတယ်ဆို၊ ဒါဆို အလုပ်ထွက်လို့ ရပြီပေါ့´

`၀တ္ထုတိုတစ်ပုဒ် သုံးရွက်နဲ့ နှစ် ရာရရင် ခြောက်ရွက်ဆို လေးရာပေါ့နော်၊ လုံးချင်းဝတ္ထုဆိုရင် အမလေး အများ ကြီးပေါ့၊ ပိုင်တာပဲ´ ဆိုသည့် စကားလုံးများ က ကျွန်မ ဘယ်နည်းနဲ့မှ သည်းမခံနိုင်တဲ့ စော်ကားမှု မျိုး ဖြစ်ပါတယ်။ အဲသည်အခါမျိုးမှာ မျက်ရည်မ၀ဲဘဲ ရင်ထဲ စူးစူးအောင့်အောင့် နာကျင်ရတဲ့အထိ ဖြစ်ဖူးပါတယ်။

ပြောလိုက်သူတွေ က အနုပညာကို `သိပ်ကောင်းတာပဲ၊ သိပ်ညံ့တာပဲ´ ဝေဖန်တတ်ရုံမျှပဲရှိလို့ ရှင်းပြလို့ မရနိုင်သူများ ကို ရှင်းမပြဘဲ နေလိုက်တာက အကောင်းဆုံး တုံ့ပြန်ချက်ပဲဆိုပြီး ဖြေသိမ့်နေရပြန်ပါတယ်။

သည်လိုနဲ့ ညဥ့်နက်ညတွေ မှာ စာရေး လို့ ပိုကောင်းလာတာ အမှန်ပဲ။

* * * * ** * * * *


အခုတော့ အကောင်းဆုံး စံမမီအောင် အညံ့ဆုံးမ ဖြစ်အောင် ကြိုးစားရင်း (၁၀)အုပ်တိတိ ရှိခဲ့ပါပြီ။

ကျွန်မရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံး

သမ္ဘာကြီးရင့်သော စာရေး ဆရာကြီးများ ၊ စာရေး ဆရာမ ကြီးများ အားလုံး

ချစ်သော စာဖတ်ပရိသတ်အားလုံးကို ဦးညွှတ်လေးစားရင်း

ငွေကြေး ချမ်းသာနေလို့ ဖြစ် ဖြစ်၊ ဆင်းရဲချို့တဲ့နေလို့ ဖြစ် ဖြစ် ထာဝရ စာရေး ဆရာ ဖြစ်လိုပါတယ်။

နှင်းဝေငြိမ်း

အမှတ်(၃) ဗိုလ်မိုးလမ်း

မြေနီကုန်း၊ စမ်းချောင်း

ရန်ကုန်မြို့





မောင့်အရည်အချင်းတွေ ကို ကံကြမ္မာမြစ်ထဲ သွန်ချမလို့လား။ ဒါဆို မောင်ဟာ လူမိုက် တစ်ယောက် ပဲ။

(ငယ်ငယ်)

ရိုးသားခြင်းဟာ အကြီးမားဆုံး အရည်အချင်းပါ ကိုဇေယျာ။

(သီဒါ)

အချစ်ကို တွေ့ ဖို့ သွားတဲ့လမ်းမှာ အကြီးမားဆုံး အနှောင့်အယှက်က ကောင်မလေးတွေ ပဲဗျ။

(ညီညီ)

မာနဆိုတာ လူ တစ်ယောက် အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ခံတပ်တစ်ခုပဲ။

(ကျော်ဇင်)

စေတနာအမှားကလွဲရင် ဘယ်အမှားကိုမှ ကျူးလွန်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ကတိပေးတယ်။

(ဇေယျာ)

* * * * ** * * * *




အပိုင်း(၁)

`တကယ်ပဲမြန်မာပြည်မှာ ငါနှံ့ လှပြီထင်ထားတာ၊ ၀ါဖန့်ဖန့်မီးရောင် အောင်မှာ ဒီတစ်ခါပဲ လမ်းလျှောက်ဖူးတယ်၊ သိပ်လျှောက်ကောင်းပဲကွာ`

`ကိုယ်ပြောသားပဲ ဒီကို ပြောင်းခဲ့ပါလို့၊ ဒီမှာ အဆင့်ရှိတယ်ဇေယျာ`

ကျော်ဇင် ဆိုလိုသည့် အဆင့်ကို သဘောပေါက်သည်။ တစ်ဦးကိုတစ်ဦး နားလည် ခွင့်လွှတ်တတ်ခြင်းဟု အဆင့်ကို အနက်ဖွင့်နိုင်သည်။

`အခြေအနေအရပေါ့ ကျော်ဇင်ရာ`

သူတို့အဆောင်သည် အေးချမ်းစွာ နေလိုသူများ အတွက် ပျော်စရာ ကမ္ဘာငယ်ပင်။ ကျောက်ခင်းလမ်းကို အလင်းပြန်ထားသည့် အ၀ါဖျော့မီးရောင် သည် တမင်ဖန်တီးထားသလို ဖြစ်နေ၏ ထိန်ထိန်တောက်နေသည့် အလင်းမျိုးလည်းမဟုတ်၊တစ်မျိုးလေးဟုသာ ပြောနိုင်သည့် အလင်းတစ်မျိုး။

`ဧည့်သည်ပါလာပါလား အစ်ကို`

ဆိုင်မှ အလုပ်သမားကောင်လေး၏ ဖော်ရွေအကင်းပါးမှု ကို ဇေယျာ အသိအမှတ်ပြုသည့် အနေနှင့် ပြန်ပြုံးပြလိုက်သည်။

မျက်နှာစိမ်းမှန်း သူ့ကိုသိနေ၏ ။

သံစဉ်ငြိမ့်ညောင်းသည့် သီချင်းတစ်ပုဒ်ကို ဆိုင်အ၀င်မှပင် ကြား၍ ဆိုင်ထဲ ၀င်မထိုင် သေးဘဲ ရပ်နားထောင်နေမိသေးသည်။ သီချင်းများ ရှိသည့်အရပ်ကို ဇေယျာ နှစ်သက် ၏ ။

`သီချင်းမရှိတဲ့ လက်ဖက်ရည်ဆိုင်ဟာ အချစ်မရှိတဲ့ဒေသနဲ့တူတယ်၊ဒီဆိုင်က အချစ်တွေ ဆုံတဲ့ဒေသ`

သူ့အကြောင်းကို ကျော်ဇင်သိနေ၍ ပုခုံးပုတ်ကာ ပြောလေ၏ ။ သီချင်းကြိုက်တိုင်း အချစ်ကြိုက်လိမ့်မယ်လို့ မင်းမထင်နဲ့ကျော်ဇင်ရေဟု သူပြန်ပြောချင်ပေမယ့် ဧည့်သည် တစ်ယောက် ၀ိုင်းထဲသို့ ၀င်လာ၍ ဇေယျာ ရေနွေးကြမ်းငှဲ့လိုက်၏ ။

`ကိုငြိမ်းချမ်းကဗျာ ကတော့ဗျာ ကိုယ့်လမ်းကိုယ်လျှောက်ကြစို့ဆိုတဲ့ အဖော်ညှိလေးနဲ့ ငြိမ်းချမ်းနေပါလား`

ကျော်ဇင့်ပခုံးကို နောက်မှ သိုင်းဖက်ရင်း ဧည့်သည်အဝေဖန်ရေး ဆရာအ ဖြစ် ၀ိုင်းထဲဝင်လာ သည်။

`ညီညီထိုင်၊ လက်ဖက်ရည်တစ်ခွက်သောက်ရမယ်

ကျော်ဇင်က သူ့ဟန်နှင့်သူ။ ညီညီနှင့်ဇေယျာကိုအင်ထရိုလုပ်ပေးပြီး ပန်းချီဆရာလူချော လေး ကွာဟု ထပ်ကွန့်၏ ။

`ကိုငြိမ်းချမ်းကဗျာထဲမှာ တစ်ယောက် ကြိုးစားလို့ အထက်ရောက်သွားတယ်၊ တစ်ယောက် က ကြိုးစားပေမယ့်ကံမလိုက်တော့ ကျန်ခဲ့တယ်၊ ဒါပေမယ့် မစ္ဆရိယနဲ့မဟုတ်ဘူး၊ မုဒိတာနဲ့ကျန်ခဲ့တယ်၊ သူ့ချစ်သူနဲ့ လွဲရပေမယ့် ကျေနပ်နေတယ်၊ ကဗျာဆရာအတိုင်း ငြိမ်းချမ်း တယ်နော်`

ဆံပင်ကိုပင့်ခါလိုက်ပြီး ခေတ်လူငယ်စတိုင်နှင့် သွက်လက်နေသည့် ညီညီ။ ကျော်ဇင့် ကဗျာကို ဆက်ဝေဖန်နေ၏ ။

`ဝေဖန်ရမလား လေကန်ရမလား၊ ပန်းချီဆွဲရမလား၊ ဒီလိုပိုင်တဲ့ညီညီပါ ကိုငြိမ်းချမ်း`

တစ်ယောက် တည်းမို့ ညီအစ်ကိုထက် ပိုရင်းနှီးနေကြသည်။

`လွဲချော်တာတွေ ပြောဦးမှာ ပေါ့ညီညီ`

`ဟာဗျာ ခင်ဗျား ကျုပ်ကို ဒေါက်ဖြုတ်ပြီ`

ပေါ့ပေါ့လေးနေတတ်သည့် ညီညီ၊ သူ့ရင်ဘတ်သူ ဖိထားလိုက်၏ ။ ညကို သူတို့အပိုင်စီး ထားကြ၏ ။

`နေပါဦးကွ ဇေယျာ၊ မင်းကောင်မလေး ငယ်ငယ်က စာရေး နေလား`

ရင်ကို ဒိန်းခနဲခုန်သွား၏ ။ ကျော်ဇင့်စကား အပ်ဖျားလောက်သာရှိပေမယ့်ပုဆိန်လောက် သူရင်ခုန်သည်။ ကောင်မလး မဟုတ်ပါဘူးကွာဟုသာ ရင်ထဲကပြောရင်း

`စာတော့ရေး နေတာပဲ၊ ၀တ္ထုတိုလိုင်း ထင်တယ်၊ ငါလဲငါဖတ်တဲ့လိုင်းမျိုးမဟုတ်တော့ စိတ်မ၀င်းစားမိဘူး`

`သူက အချစ်ကိုပဲရေး တာ မဟုတ်လား`

ကျော်ဇင် အတင်းဝင်အတင်းထွက် ဗျူဟာဖြင့် ငယ်ငယ့် အကြောင်း အစ်အောက်သည်။ ဘ၀ ၀ထ္ထုတွေ ရေး တဲ့ ငြိမ်းချမ်းရှေ့မှာ ငယ်ငယ်ဟာ မှု န်မှု န်သေးသေးလေး ဖြစ်နေမလားဟု ဇေယျာ အားနာနေမိသည်။

`ကောင်းမလေးနဲ့ ကောင်လေးဆိုတာတော့ တွေ့ တာပဲ` ဇေယျာ၏ ချစ်စရာခြေထိုးလေးကို ကျော်ဇင် ရယ်ပစ်လိုက်သည်။

`ဘယ်ရယ်တာလဲကွ၊နင်မေးလို့လဲ ငါဖြေရသေးတယ်`

ကဗျာဆရာရယ်တော့ ပိုရှက်သည်။ အမှားဆိုလျှင် သူတို့က အရင်မြင်တတ်သည်။

`မဟုတ်ဘူး၊ အချစ်ဆိုတာနဲ့ မင်းက ကောင်မလေးနဲ့ ကောင်လေးပါတယ်လို့ ပြောလို့ပါ၊ ၀တ္ထုတိုနဲ့ဝတ္ထုရှည်ကွာတာ အဲဒါပဲ၊ ၀တ္ထုတိုက လွတ်လပ်မှု တစ်မျိုးကွ၊ ကောင်လေးတွေ ကောင်မ လေးတွေ မပါလဲ ၀တ္ထု ဖြစ်နိုင်တယ်၊ လိုင်း ကတော့ ပုံစံအမျိုးမျိုးပေါ့ကွာ`

`လိုင်းမတူဘူးဆိုတာ အဲဒါ ပြောတာ၊ မင်းတို့လောက်ငါကမတော် တော့ ဒီ့ထက်ပို မပြောတတ်ဘူး ကျော်ဇင်`

လမ်းဘေးမီးတိုင်မှဖြာကျနေသော ၀ါဖျော့ဖျော့အလင်းရောင် သည် ဆိုင်တွင်းမှ မီးချောင်း အဖြူနုနှင့် စားပွဲခုံပေါ်တွင် အားပြိုင်နေကြသည်။ ကားသံသော်မှ မကြားရပေ။

ညီညီက လက်ဖက်ရည်သောက်ရင်း ကျော်ဇင်နှင့်ဇေယျာကို အကဲခတ်နေသည်။ စကားပရိယာယ် ဆင်တတ်သူချင်း စီးချင်းထိုးလျှင် အလယ်က စကားတတ်မှာ က ညီညီ။

`မင်းငယ်ငယ့်စာတော့ ငါတစ်ခါမှ မဖတ်ရသေးဘူး`

`ငါက စာမူအဆင့် တစ်ခါလောက် ဖတ်ဖူးတယ်၊ မနေ့က ငယ်ငယ်နဲ့တွေ့ တော့ သူရေး ထားတဲ့ ၀တ္ထုတစ်ပုဒ်င့ါကိုပြတယ်၊ မဂ္ဂဇင်းဝတ္ထုရှည်နဲ့တူတယ်၊ ခေါင်းစဉ်က ဆယ်စုနှစ် ကို ဖြတ်သန်းခြင်းတဲ့`

`အချစ်ပဲလား`

ကျော်ဇင့်အသံပေါ့သည်။ ရေနွေးကို တစ်ငုံခဲသည်။ ဆေးလိပ်ကို နှစ် ဖွာရှိုက်သည်။ မီးခိုးကွင်းကို သုံးခုမှု တ်ထုတ်သည်။

ဇေယျာက ဆက်ပြော ဖြစ်၏ ။ ပုစဉ်းရင်ကွဲလေးတွေ ပင် အသံပေး၍ အိပ်တန်းပြန်ကြလေပြီ။

`ချစ်မှာ ပေါ့၊ အဲဒီ အချစ်ကလင်းမယားချစ်၊ သမီးရည်းစားချစ်တော့ မဟုတ်ဘူးကွ၊ ဥပမာ အမျိုးသမီးနှစ် နဲ့ စဖွင့်ရင် အဲဒီ နှစ် မှာ မိသားစုတစ်စုက အမျိုးသမီးတွေ ရဲ့ ဆင်ခြင်တုံတရား၊ ခံနိုင်ရည်၊ ဦးဆောင်နိုင်မှု တွေ ရေး ထားတယ်၊ ကလေးများ နှစ် ရောက်ရင် ကလေးတွေ ရဲ့ အတွေး၊ ကလေးတွေ ရဲ့ အပြစ်ကင်းတဲ့အချစ်၊ ဖျတ်လတ်သွက်လက်မှု ၊ အတုယူတတ်မှု တွေ ရေး ထားပြန် ရော၊ အဲအိုးမဲ့အိမ်မဲ့ များ နှစ် ဆိုရင် အိမ်ကြီး တစ်အိမ်ဟာ ဘ၀မုန်တိုင်းကြောင့် ပြိုကျပျက်စီးနေ ပေမယ့် အဲဒီ အိမ်ကို ကိုယ်ထူကိုယ်ထစနစ်နဲ့ စိတ်ဓာတ်နဲ့ အမိုးအကာတွေ ပြန်တင် ပြန်ဆောက်တာ မျိုးတွေ ရေး ထားတယ်`

ညီညီ နားထောင်ရင်း ပိုစိတ်ဝင်စားလာ၏ ။ ဆရာငြိမ်းချမ်း ဧည့်သည်ရဲ့ ငယ်ငယ်ဆိုတာကို ချစ်ချင်လာ၏ ။ ညီညီတို့က ကောင်မလေးချောရင် ချစ်သည်။ နာမည် လေးလှရင် ချစ်သည်။ လမ်းရိုးကခွဲထွက်တဲ့ ကောင်မလေးမျိုး ဆိုရင်လည်း ချစ်သည်။

ကိုဇေယျာသိရင် င့ါလက်သီးနဲ့ထိုးနေဦးမယ်ဟု ညီညီ သူ့အတွေးကို ချက်ချင်း ၀ှက်လိုက် ရ၏ ။

`တစ်မျိုးပဲလားကွ`

`သူပဲ မြင့်နေလို့လား၊ ငါပဲနိမ့်လို့လားတော့မသိဘူး၊ ဖတ်ကောင်းတယ်၊ရည်ရွယ်ချက်ကို နားလည်တယ်၊ အကျိုးပြုစာပေ ဖြစ်တယ် ငါမကြိုက်ဘူး

ကျော်ဇင့်ထက် ဦးအောင် ဇေယျာက ပြောလိုက်၏

`မင်းငယ်ငယ်ကို ငါတို့ဆီ အလည်ခေါ်ခဲ့ပါလား`

`အလုပ်နဲ့ကလွဲရင် ငယ်ငယ်က အလည်မသွားတတ်ဘူးကွ`

`ဇေယျာရာ မင်းကလဲ ချစ်လိုက်တာ`

`မှားနေပြီ ကိုငြိမ်းချမ်း၊ချစ်တာမဟုတ်ဘူး၊ ဖြစ်နေလိုက်တာ မဟုတ်လား`

ညီညီ တစ်ခွန်းဝင်ပြော၏ ။ တမင်ပြောဟု ကျော်ဇင် ပြန်ပြော၏ ။ဇေယျာ သူ့ဆံပင်တွေ နောက်ပြန်သပ်တင်ရင်း

`တံတိုင်းတွေ ကို အုတ်တွေ နဲ့ အ ဖြစ်ကာ ကာတာ၊ အချစ်`

ဇေယျာ့ပြောချက်ကို ညီညီသဘောကျပြီး

`ခင်ဗျားတို့ဝိုင်းမှာ ကျွန်တော် ပွဲကြည့်ပရိသတ်နော်`ဟု ရယ်ရယ်မောမော ပြောလေသည်။

တခြားဝိုင်းတစ်ခုမှ ငြိမ်းချမ်းပွနေပြီမို့လားဟု လှမ်းအော်၏ ။

`ဟေ့ကောင်သားကြီး မနက်အစောကြီး မြို့ပြန်မလို့ကွ၊ လေးငါးရက်လောက်ကြာမယ်`

သားကြီးဆိုသော သဲလဲစင် ပုံစံလေးနှင့်လူက ဆံဖျားများ ကို လက်ဖျားဖြင့်ခါသပ်ရင်း လျှောက်လာ၏ ။

`ဘာတဲ့….ကြွားစရာရှားလို့ မိဘဆီ ပြန်ကြွားမလို့လား`

`မဟုတ်ပါဘူးကွာ၊ မိဘရင်ခွင်မှာ အင်အားဖြည့်မလို့ပါ၊ အဲဒီ အင်အားတွေ နဲ့ ပြန်ချီတက် ရဦးမယ် မဟုတ်လား`

`တော် ပါ၊ အမေကလဲဗျာ၊ အဖေလဲဗျာဆိုပြီး ကဗျာ ကဗျာ အချွဲနဲ့ ငွေပြန်ဆွဲခဲ့မယ်မို့လား၊ အကြောင်း မသိတာမှတ်လို့`သားကြီးဆိုသူကလည်း အလာကြီးပါလား။ ဤရပ်ကွက်၊ဤအဆောင် နေသူတိုင်း စကားတတ်ကြပါသည်ဟု စာရေး ထားပါလားဟု ဇေယျာ နောက်မိသည်။

လက်ဖက်ရည်ဝိုင်းမှာ ရေနွေးကြမ်းစကား ပြော ဖြစ်ကြပေမယ့် ကျော်ဇင့်အကြောင်း ဇေယျာ သိသည်။ အောင်မြင်သည့် စာရေး ဆရာမ ဖြစ်မချင်း မိဘအထောက်အပံ့မယူဘဲ ရုန်းကန်ပြနေ၏ ။

ဆိုင်မှအထွက် သီချင်းသံကြောင့် ဇေယျာပြုံးမိသည်။

* * * * ** * * * *


(၂)

ကဲသည်ပဲဆိုဆို နောက်ကျောဘက် ၀ါးတစ်ရိုက် အကွာမှာ ရှိနေသော ည မျက်နှာ ရှင်းရှင်းလေးကို ရပ်စောင့်နေမိသည်။ ဘုရားအတူဖူး ဖြစ်ချင်သည်။ တကယ်လည်း ဇေယျာ ဆုတောင်းပြည့်သည်။

မီးသတ်ဘက်သို့ မချိုး။ ဇေယျာ့နားလာရပ်သည်။

ဆူးလေ မီးပွိုင့်က ပလက်ဖောင်းပေါ်မှ ကျစ်ဆံမြီးနှစ် ချောင်းနှင့် မျက်နှာရှင်းရှင်းလေး ပေါ်သော သူမနှင့် ဇေယျာကို ဘိသိတ်ဆရာလုပ်ပေးနေ၏ ။ လူကူးတံတားပေါ် မတက်ဘဲ မျဉ်းကျားမှ ဖြတ်ခဲ့သည်က သူမနှင့် ဆုံစေသည်လား။

ကိုယ့်ဘက်ကိုယ်ယက်တွေးမိသည်။ သည်တော့ ဇေယျာ တစ်ယောက် တည်း ပြုံးပေါ့။

`ဖြတ်လေ….ငေးလှချည်လားကိုကို`

မြတ်စွာ ဘုရား။

ဆူးလေဘုရားကိုကြည့်ပြီး ဦးတင်ကန်တော့လိုက်သံမဟုတ်။ ဘုရားတမိခြင်းသာ။

ဖြတ်လေဆိုတာက ကားရှင်းသွားသည့်တိုင် ရှေ့က ပန်းတစ်ပွင့်စာကိုယ်ကွက်၍ ငေးလှချည်လားကို ခြေတစ်လှမ်းစာ နောက်ချန်ပြော၍ ကိုကိုဟု ရင်တစ်ခုန်စာ တိုးတိုးလေး ရေရွတ်သွားခြင်းကြောင့် ဇေယျာ့ခမျာ သူမ အရိပ်နောက်မှ ဖ၀ါးထပ်မျှ လိုက်ပါသွားမိ၏ ။

ဖိနပ်အပ်တာ့ ဇေယျာ လူလည်မရဲတရဲကျလိုက်သည်။

မုခ်အ၀င်တွင် ဒေါက်မြင့် ကြိုးသိုင်းဖိနပ်ကို ချွတ်လိုက်စဉ် ပခုံးနှစ် ဖက်ကို ကျော်ကျလာ သော ကျစ်ဆံမြီး တုတ်တုတ်ကြားမှ ကြည်လင်ရွှန်းလဲ့နေသော မျက်ဝန်းအစုံကို ဇေယျာကြည့်မိ သည်။

ပြဿနာမရှာသည့်အကြည့်မှန်း ရိပ်မိ၍ ဆက်လက်ပြုံးပြလိုက်၏ ။ဖိနပ်အပ်သည့်နေရာ တွင် ဖိနပ်ထည့်ရန် သစ်သားခုံလေးထဲသို့ ဖိနပ်ကိုထည့်ပြီး မျက်စောင်းလှလှလေးက သူ့ဘက်သို့ တာဝန်ချလိုက်သည်။

ခပ်တည်တည်နှင့်ဖိနပ်ကို ကြိုးသိုင်းဒေါက်မြင့်ဖိနပ်လေး ပေါ်သို့ တင်လိုက်၏ ။ တာဝန်ခံ မိန်းကလေးက အတွဲညီပြီး ကြည့်ကောင်းသည့် စုံတွဲဟုထင်ကာ သံပြားဝိုင်းလေးကို ဇေယျာ့ လက်ထဲထည့်၏ ။

နံပါတ် ၄၃။

သူမကိုကြည့်တော့ မျက်လုံးလေး ပြူးပြသည်။ ဇေယျာရှေ့မှ အလျင်သွားနှင့်လိုက်သည်။

တဖျတ်ဖျတ်ပြေးလိုက်ရင်း

`ဒီလိုပဲလုပ်နေကျလား၊ ဘယ်ရမှာ လဲနော်`

မူနွဲ့နွဲ့ရန်တွေ့ ဟန်လေးကို မတုံ့ပြန်ဘဲ ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိ၏ ။ လှေကား ထစ်ကို အထစ် ကျော်တက်မိသည်။

`တွေ့ လား ကျွန်တော့်နံပါတ်`

ကျစ်ဆံမြီးတစ်ဖက်ကို လည်မှာ ပတ်လိုက်ပြီး ကျွန်တော် နာမ်စားသုံး၍ သံပြားဝိုင်းလေး နောက်တစ်ခုကို လက်ထဲဆုပ်ထားရာမှ ထုတ်ပြ၏ ။ ဇေယျာ့ကို သူမပြန်ကျောသည်။ တိုက်ဆိုင်စွာ ပဲ သူမနံပါတ်က ၃၄။

ဇေယျာ့နံပါတ်က မျက်နှာချင်းဆိုင်။ သူမနံပါတ်က ကျောခင်းခိုင်း။ မေတ္တာစစ်တို့မည် သည် ဖြောင့်ဖြူးရာလည်း မရှိစမြဲမဟုတ်လား။ မေတ္တာစစ်ထင်ပါရဲ့ ။

ကျွန်တော် လေးက ဇေယျာ့ကို မရှိလေဟန်နှင့် တက်တက်ချင်းမြင်ရသည့် တန်ဆောင်းထဲ သို့ ၀င်ပြီး ဘုရားဝတ်ပြုသည် ဇေယျာလည်း အသာဝင်ထိုင်ပြီး ဘုရားဝတ်ပြုသည်။

တစ်ကြိမ်တည်း ဦးချပြီး သရော်ပြုံးလေးနှင့် ထသွားတော့ ဇေယျာ ဒူးတုပ်ပြီး ကျန်ရစ်ခဲ့သည်။

ကျွန်တော် လေးပုံစံက ထီမထင်လေး။ တစ်ထောင့်ပြီး တစ်ထောင့် ၀င်ရှိခိုးနေသည်။ တစ်ထောင့်ရောက်တော့ ရေပါလှူသည်။ ကျွန်တော် လေး ရေသပ္ပာယ်နေသဖြင့် အကြိမ်ပေါင်း များ စွာ ရောက်ဖူးနေသော ဆူးလေစေတီတော် ကြီးကို နိုင်ငံခြားဧည့်သည် တစ်ယောက် သဖွယ် စေ့စေ့ငုငု ကြည့်နေရသည်။

`ခင်ဗျားက ဘာလို့ နောက်က လျှောက်လိုက်နေရတာ လဲ၊ကျွန်တော် က တစ်နေရာ တစ်ကြိမ်နဲ့ ကိုးနေရာတိတိ ဦးချတာ၊ ခင်ဗျားရော ဒီလိုလုပ်မလို့လား`

ဇေယျာနောက်လှည့်ပြီး ဘယ်သူ့ကို ပြောနေလဲဟင်ဟု ကျွန်တော် လေးက မေးလိုက်၏ ။ ခင်ဗျားကိုပေါ့ဟု လက်ညှိုးထိုးပြတော့

`ကိုကို့ ကိုပြောတာလား၊ အင်းလေ…ဘုရားပေါ်မှာ ဆိုတော့ ကိုကိုလို့မခေါ်တာဘဲ ကောင်းပါတယ်`

`အမှတ်ကလဲ အမှတ်ပြည့် ယူနေပါလား၊ အဟင်း…`

လှောင်ရယ် ရယ်သည်။ ဇေယျာလည်း ရောတော ယောင်တောင် လိုက်ရယ်လိုက်၏ ။ ကျွန်တော် လေး ဆက်လျှောက်သွား၏ ။ သူလည်းလိုက်လျှောက်၏ ။

`ကိုကိုလဲ ဒီထောင့်မှာ ရေလှူမယ်နော်`

`အဲဒါ ကျွန်တော့်ဖေဖေအတွက်ဗျ`

`ဟုတ်ပါတယ်၊ ကျေးဇူးရှင်မိဘဆိုတာ အမှု ကြီးငယ် ကိစ္စကိုယ်က ဆောင်ရွက်ပေးရတာ မင်္ဂလာမည် ပါတယ်၊ ကိုကိုလဲ အဒေါ်တွေ အတွက် လှူပေးတာပါ`

ကိုကိုဆိုတာကို စီးစီးပိုးပိုးကို ရွတ်နေတော့၏ ။ ဒေးကာနက်ဂျီ၏ မိတ္ထဗလဋီကာကို အပြေးအလွှား စဉ်းစားရသည်။ ဦးပုည၏ အခါပေးဗေဒင်ကို အပြင်းအထန်း တွေးထားသည်။

ကျွန်တော် လေး သူ့ကို စေ့စေ့ကြည့်ပြီးနှုတ်ခမ်းလေးမဲ့ပြ၏ ။

`ကျွန်တော့် မွေးနေ့နာမ်ထောင့်က ဗုဒ္ဓဟူး`

`စနေ၊ ဗုဒ္ဓဟူး ရူးတောင် ထမင်းမငတ်ဘူးဆိုသော အဆိုကိုလက်တွေ့ သုံးပြလိုက်သည်။ သူလေးကသာ အဲသည်ထောင့်မဟုတ်ဘူးဟုဆက်ပြောပြီး ကျွန်တော့်မေမေ မွေးနေ့ထောင့် မဟုတ်ဘူးဟု ဆက်ပြောပြီး ကျွန်တော် မေမေ မွေးနေ့ထောင့်အတွက် ရေလှူတာဆိုလျှင် သူကလည်း ကိုကို့ ဖေဖေအတွက်ဟုကွန့်လိုက်ရုံပင်။

ကျွန်တော် လေး ပျော်လောက်ပြီ သူပြောသည့် နေ့နှင့် ဇေယျာပြောသည့်နေ့တွေ က ဖူးစာဖက် ရွေးချယ်ရာတွင် သုံးမှု န်းနှစ် ဦးလုံးသိကြသည်။

`ကိုကို့နာမည် ဇေယျာပါ`

`ကျွန်တော့် နာမည် ကိုတော့ သိပြီးသားမို့လား၊ အထူးမိတ်ဆက်မနေတော့ပါဘူးနော်`

ဇေယျာ ဟက်ဟက်ပက်ပက်ကြီး အော်ရယ်လိုက်မိ၏ ။

မင်းလေး သိပ်လည်တာပဲကွာဟု မချင်မရဲ ပြောမိ၏ ။ ဟုတ်လားဟု ကျွန်တော် လေး ရယ်နေ၏ ။ အရယ်ထဲ၌ အပျော်တွေ လျှံနေ၏ ။

ဇေယျာအတွက် လာခြင်းကောင်းသော မိန်းကလေးရယ်။

* * * * ** * * * *


`ပန်းသွားဝယ်ဦးမယ်`

ဇေယျာ့ကိုထားခဲ့ပြီး လှေကားထစ်တွေ ပြေးဆင်းသွား၏ ။ ဆံပင်တွေ က ရှည်လျား နက်မှော င်နေ၏ ကျစ်ဆံမြီးထိပ်မှာ အထုံးကြီးနှစ် ဆင့် ထုံးထား၍ တင်ပါးစွန်းထိ ဆံပင်ရှည် ဟန်တူသည်။

မူလတန်း ကလေးလေးလို မြူးကြွနေသည်။ မျက်နှာရှင်းသန့်နေသည်။ အမြဲတမ်း အနိုင်ယူ ဗိုလ်ကျနေရမည် ထင်ရသည့် မထီဟန်လေးနှင့် အပြုံးလှလှလေးသည် တွဲလျက်ရှိနေ၏ ။

`ကိုကိုလဲလိုက်ခဲ့မယ်`

`လိုက်ခဲ့ ခြေညောင်းအောင်ရပ်နေ၊ ကျွန်တော် ပန်းရွေးရင်သုံးနာရီကြာတယ်`

ပန်းဆိုင်တွေ ရှေ့တွင် အတူယှဉ်ရပ်မိသည်။ အလားတုန်းက ၀ယ်မလာခဲ့တာသူ့ကြောင့်ဟု ဇေယျာသိသည်။ ပန်းတစ်စည်းဝယ်ပြီး လွယ်အိတ်ထကြ ပိုက်ဆံအိတ်ပြားလေးကို ဆွဲဖွင့်သည်။ အဆစ်အဆေးမရှိပါလားဟု ဇေယျာနောက်တော့ တခြားပစ္စည်းဝယ်ရင် ဆစ်တယ်။ ဒါကုသိုလ်ယူတာ မဆစ်ကောင်းဘူးဟု ပြန်ပြောပြီး မျက်စောင်းထိုး၏ ။

ပန်းသည်မလေးက တစ်ဆိုင်လုံး ပေးလိုက် ချင်နေသလား။ ရောင်းလိုက်ချင်နေသလား မသိနိုင်သော အကြည့်မျိုးနှင့် ဇေယျာတို့ကို ကြည့်နေ၏ ။ ဇေယျာ ကတော့ အကြည့်မျိုးနှင့် ဇေယျာတို့ကို ကြည့်နေ၏ ။ ဇေယျာ ကတော့ စင်းစင်းနွဲ့နွဲ့ရှိသော မျက်လုံးများ ကို သံယောဇဉ်ဖွဲ့ နေမိသည်။

အောင်သွယ်တော် မလိုသည့် နေရာမှာ ဇေယျာ သူ့လမ်းသူထွင်လိုက်သည်။ အမည် မသိသော ကျွန်တော် လေးနောက်မှ တကောက်ကောက် လျှောက်လိုက်နေမိသည်။

ဘုရားပေါ်ပြန်တက်ပြီးတံမြက်စည်းလှည်းအသငက်းတည်သည့် တန်ဆောင်းထဲဝင်သည်။ သည်တစ်ခါတော့ ရဲရဲကြီး သူမဘေးတွင် ၀င်ထိုင်ရှိခိုးလိုက်သည်။

ဦးချအပြီး ငဲ့အကြည့်တွင် မာနတစ်ဝက် အပြုံးတစ်ဝက်နှင့် အလှတွေ စက်စက်ယိုနေသော ကျွန်တော် လေးကို ပါရမီ ဖြည့်ဘက်ဟန်နှင့် ထိုင်နေသည်ကိုတွေ့ ရ၏ ။ ၀ါရည်သွေးအသားပေါ်၌ ချပ်ချပ်ကပ်ကပ်မရှိသည့် လည်ပင်းပိတ်အင်္ကျီပွပွလေးကို လက်ရှည်ချုပ်ဝတ်ထား၏ ။ ပန်းတွေးရောင် အဆင်သည် ခါးတင်ချုပ်ထားသော်လည်း တစ်ကိုယ်လုံးသို့ အလှခြယ်နေသည်။ လုံချည်ကို ပြောင်ရှင်းရှင်းလေး ပန်းသွေးရောင် ၀တ်ထား၏ ။

လက်ကိုအဆန်ပတွင် ကျွန်တော် လေးလက်ထဲမှ ပန်းစည်းက ဇေယျာ့လက်ထဲရောက် လာသည်။ ပန်းအိုးထဲသို့ ပန်းကိုလှပအောင် နေရာချပူဇော်လိုက်ပြီးမှ နေရာပြန်ဝင်လိုက်၏ ။

`ဘာ…ဘာသာယူသလဲ`

`ဗုဒ္ဓဘာသာပေါ့၊ မမြင်ဘူးလား`

ပြန်ဖြေဟန်က မာန်အပြည့်။ ဇေယျာပြုံးရင်း

`ဘာမေဂျာ ယူသလဲလို့မေးတာပါ`ဟုပြန်ပြောရသည်။

`သိဘူးလေ`ဟု ခေါင်းငုံ့ပြောရင်း လွယ်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ပြ၍ လက်ညှိုးနှင့်ထောက်ပြသည်။

တိုးတိုး။

စိတ်ပညာ တတိယနှစ် ။

ဒါကြောင့်မို့ စကားအထွက်အ၀င် အသိမ်းအနုတ် နားလည်တာပဲ ဟု ရင်ထဲကတွေးသည်။

သည်အတိုင်းဆို င့ါကို ဘယ်နားမှာ ဖြုတ်ချထားခဲ့မလဲဆိုတာ ကြိုတွေးပြီး ၀မ်းနည်းမှု ကို ချော့မော့ဖို့ အချိန်ရသွားတာပေါ့ဟုပါ တစ်ဆက်တည်း ကျေကျေနပ်နပ် တွေးလိုက်သည်။

`နာမည် က သိုသိပ်တဲ့သဘောပေါ့`

`ဒါက သူငယ်ချင်း အရင်းကြီးရဲ့ စာအုပ်၊ အော်တို ရေး ပေးရမှာ `

ကဲ…မှတ်ထားလိုက်ဦးဇေယျာဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမလိုက်ရသည်။ သည်ကျွန်တော်

လေးက မလွယ်ပါလားနော်။

သူ့နာမည် ပြောပြီး မိတ်ဆက်တော့လည်း သိပြီးသားမို့လားနှင့် ရှောင်သည်။ ရေလှူတော့ ဖေဖေ့ အတွက်ဟု ကာသည်။ ဖိနပ်အပ်စဉ်ကလည်း သူမထွက်သွားခင်အထိ ငြိမ်နေပြီးနောက်မှ ကျွန်တော် က သတ်သတ်ပါဟုငြင်းသည်။ ဘုရားရှိခိုးတော့ တစ်ကြိမ်ပဲဦးချပြီး ပြေးသည်။ ဘုရားပန်း လှူတော့ ခိုင်းသည်။

အခုလည်း သူငယ်ချင်းစာအုပ်ကို အရင်ပြပြီးမှ ကျွန်တော့် ဟာ မဟုတ်ဘူးဟုဆိုသည်။

ရတယ်။ ဇေယျာတို့က သင်တန်းတက်လာတာ။ မြို့မှာ နေထိုင်တတ်မှု အိတတ်ပညာညသင်တန်းလေဟု ဘာသာကြုံးဝါးလိုက်သည်။ သို့ သော် ရင်ထဲမှ ကြိုလွမ်းနေသည် ထင်ရ၏ ။

ကျွန်တော် လေးစာအုပ်ဖြန့်၏ ။ ဘောလ်ပင် ခရမ်းရောင် လေး ထုတ်ကိုင်၏ ။ စာအုပ်ထဲတွင် စာကြောင်းတွေ သော့ ရေး ချတော့၏ ထွေထွေထူးထူး စဉ်းစားလိုက်ပုံမပေါ်။

တိုးတိုး….

လူတွေ ဟာ ပင်ကိုအားဖြင့် အားလုံးကောင်းတဲ့သူတွေ ချည်းပဲ။ကမ္ဘာတည်တုန်းက အမှု န် အစအနလေးတစ်ခုကြောင့် သည်နေ့စစ်ပွဲတွေ ၊အပူအပင်တွေ ဖြစ်လာတယ်လို့ င့ါယုံကြည်တယ်။

အဲသည်အစအနလေးက မျှော်လင့်ခြင်းတဲ့။

သီဒါ။

သြော်….ကျွန်တော် လေးနာမည် က သီဒါကိုး။ ဒါတောင်သီဒါဆိုတာ တခြားသင်္ကေတတစ်ခု ဖြစ်ချင် ဖြစ်နေဦးမယ်။ အရေး အသားကလည်း ထက်မြက်နေ၏ ။

ဇေယျာစာကြောင်းတွေ လိုက်ဖတ်နေသည်ကို ဆန်းစစ်ပုံမရ။ ခေါင်းကလေးစောင်းပြီး ပြောလိုက်သေးသည်။ သည်စကားတစ်လုံးက ဇေယျာ့ရင်ကို ဆွပေးနေပြန်၏ ။

သီဒါလို့ ခေါ်ပါတယ်ရှင်တဲ့။

`ကိုဇေယျာ ပုတီးစိပ်မှာ လား`

သူ ငြိမ်ငြိမ်သက်သက် ထိုင်နေသော ကြောင့် သီဒါ အတည်အတန့်ပြောသည်။

`ဒီနေ့တော့ မစိပ် ဖြစ်တော့ပါဘူး`

သီဒါ မျက်နက်စောင်းလေးထိုး၏ ဇေယျာ ကြံဖန်အမှတ်ယူသည်ကို သိသည်ဆိုသည့် သဘော။

`ကိုဇေယျာ ဆူးလေဘုရားပေါ်မှာ ရှိတဲ့ သုတ္တန်လိုဏ်ဂူ၊ ဂန္ဓမာဓနလိုဏ်ဂူတွေ ကို ဘယ်လို ရည်ရွယ်ချက်တွေ နဲ့ ဆောက်လုပ်ထားတာကို ရှင်းပြနိုင်မလားဟင်`

`သီဒါရယ်….စိတ်ပညာရဲ့ တိုက်ကွက်လား၊ ဒီလောက်တော့ ကိုယ်ကျွမ်းပါတယ်ဟု မပြောတော့ဘဲ

`ရာမယနဇာတ်က ဆယ်ရက်ကြာတယ်၊ ပသီပုံပြင်က တစ်ထောင့်တစ်ညကြာတယ်၊ အနားမှာ တစ်သက်လုံးနေမယ်ဆိုရင်တော့ ရှင်းပြမယ်လေ`

`ကြေး များ တယ်နော်၊ ဒါဆို အအေးဆိုင်မှာ သွားတိုင်ပင်ကြသေးတာပေါ့`

ဆတ်ခနဲ ထရပ်ပြီး သီဒါရှေ့မှ ထွက်သွားသည်။ နှုတ်ခမ်းမဲ့မဲ့လေးနဲ့ မာနကိုရံလိုက်သည်။

* * * * ** * * * *


`မိတ်ဆွေ ဖြစ်မြန်ပေမယ့် သံယောဇဉ်က အတိုင်းအဆမရှိပါဘူး သီဒါ`

အအေးဆိုင်ကို သီဒါ ဦးဆောင်သည်။ ဇေယျာ နောက်မှ လိုက်သည်။ အအေးဖိုး ကျသင့်ငွေကို သီဒါရှင်း၏

`ခေတ်ကိုက ရေး စ်တို့ နျူကလီးယားတို့ခေတ်လေ၊ပြောမနေပါနဲ့ သီဒါသိပါတယ်`

`ကိုကိုတို့လဲတရုတ်သိုင်းဝတ္ထုထဲက ဇာတ်ကောင်တွေ ဖြစ်မှန်းမသိ ဖြစ်နေပြီနော်`

`ကိုကိုလို့ မခေါ်တော့ပါဘူး၊ နာမည် သိပြီပဲ ကိုဇေယျာ`

`ဘုရားပေါ်မှာ မှ မဟုတ်ဘဲ`

`တွေ့ တွေ့ ချင်းခေါ်တာနာမ်စားသုံးတာ၊ လောကွတ်ပြုတာ၊ ခုမခေါ်တော့ဘူး ကိုဇေယျာပဲ၊ မကျေနပ်ရင် တိုင်နိုင်တယ်`

မာရေကျောရေနဲ့သီဒါ။ သီဒါ့ဟန်လေးက တကယ့်ကို ဂျစ်တစ်တစ်လေး။ ရယ်ချင်ပက်ကျိ ဖြစ်နေပေမယ့် လျှာကိုက်ထား၏ ။

`ရှောင်လင်ပရင့်ဆက် ပါလား`

ရှောင်လင်မင်းသမီးဟု ဇေယျာနောက်ပြီး ရယ်သည်။

`ဘာရယ်တာလဲ ဟင်း`

သီဒါ စိတ်တိုဟန်ပြုသည်။

`ဘယ်မှာ နေတယ်၊ ဘာအလုပ်လုပ်တယ်ဆိုတာ ခုထိမသိရသေးဘူးမို့လား`

ဇေယျာ တော် တော် လေးကို အပြောကောင်းနေသည်။ သီဒါ့အရယ်လေး ပျောက်သွား၏ ။ သီဒါ့လက်ထဲမှ ဘာလီရည်ခွက် စားပွဲပေါ် ပြန်ကျသွားသလို သီဒါ့ မျက်လွှာလေးအောက်စိုက် သွားသည်။

`ကိုဇေယျာ`

သီဒါ တိုးတိုးညင်းညင်းခေါ်သည်။ ဘုရားပေါ်မှာ တွေ့ ရသော အပြုံးတို့ သူမထံမှ ဖယ်ခွာသွားချေပြီလော။ အသံကို ထိန်းခေါ်၏ ။ ဇေယျာက နားထောင်ပါသည်ဟု ဟန်ဖြင့် ပြသည်။

`အလွမ်းပြေစားသောက်ဆိုင်မှာ ကောင်တာ အချိန်ပိုင်းထိုင်ပေးရတယ်၊ တစ်လငါးရာနဲ့`

သီဒါစကားပြောရင်း အသံတိမ်သွားသည်။ မျက်နှာအောက်ကြို့သွားသည်။ ဆံပင်ကို ဖွဖွလေးသပ်သည်။ သီဒါ့ကို အားနာသလိုကြည့်မိတော့ သူမထံမှ အားငယ်နွမ်းလျော့ဟန်ကို ပြန်တွေ့ ရ၏ ။

`မိဘတွေ က မိုးကုတ်မှာ လေ၊ ဓနိမိုးကုပ်ကုပ်နဲ့ မိုးကုတ်က ရွာလေးတစ်ရွာနော်၊ အမိုးကုပ်ကုပ်နဲ့မိုးကုတ်ပေါ့`

ရယ်သလိုမဲ့သလို ပြောပေမယ့် သီဒါ့ နှုတ်ခမ်းလေး ကွေးကွေးညွတ်ညွတ်နှင့် အပြုံး ပျောက်နေ၏ ။ မျက်ဝန်းရီဝေနေ၏ ။

သီဒါ ပင့်သက်တစ်ချက်ရှိုက်ရင်း အတိုးဆုံးအသံနှင့်

`ဆင်းရဲတယ် ကိုဇေယျာ`

ဟုပြောကာ လက်ချောင်းလေးအချင်းချင်း ပွတ်တိုက်၍ လက်သည်း ထိပ်လေးတွေ ကို ခြစ်နေ၏ ။

တည်တည်တံ့တံ့နှင့် သီဒါ့ကို ဇေယျာ လေးစားမိသည်။ သီဒါလို အလှမျိုးရှိသူအတွက် ဥပဓိရုပ်ရှိသူအတွက် အလုပ်သန့်သန့်လေးတွေ ရနိုင်သည်ကို နားလည်ပါဟု ပြောလိုက်သလိုပင်။ ဇေယျာနားလည်ပါသည်။

ဇေယျာ့ဘက်ကရော ဘာပြန်ပြောမလဲ။ ဇေယျာမှာ အဖြေအရှောင်အတိမ်းမရှိ။ ဇေယျာ့မှာ လက်ရှိလက်ညှိုးထိုးပြစရာအလုပ်မရှိ။ အလုပ်လက်မဲ့။ ထမင်းစားရရုံဖြင့် ပြုံပြရင်လည်း မြန်မာပြည်က ထမင်းမငတ်နိုင်ပေ။

`ကိုယ်က အလုပ်ရှာဆဲပါ သီဒါ၊ မိဘတွေ က ပဲခူးမှာ နေပါတယ်၊ နေတာ ကတော့ အဆောင်ပေါ့`

သံယောဇဉ် စာရင်းသွင်းချင်ပေမယ့် သူ့ဘက်က ချွတ်ယွင်းချက်များ ကို သိထားပါဟု ရည်ရွယ်သည်။ သီဒါမျက်နှာလေး ရွှင်ရွှင်လန်းလန်း ပြန် ဖြစ်လာပြီး သူ့ကို လိပ်စာကတ် ထုတ်ပေးသည်။ ဆိုင်တည်ရာလိပ်စာ။

`ရိုးသားခြင်းဟာ အကြီးမားဆုံး အရည်အချင်းပါ ကိုဇေယျာ၊ သီဒါ့ဆီအလည်ဖိတ်ပါတယ်၊ သွားမယ်နော်`

သီဒါနှုတ်ဆက်သည်။ စကြ၀ဠာအဆုံးထိ သီဒါမသွားနိုင်မှန်း ဇေယျာသိသည်။ သို့ သော် အလွမ်းပြေ စားသောက်ဆိုင်သို့ ၀င်ထိုင်ရန် သူ့တွင် ခွန်အားမဲ့နေ၏ ။ မျက်လုံးများ ကဖြင့် သီဒါ့နောက်သို့ တစိုက်မတ်မတ် လိုက်သွားလေသည်။

သူ့ဘ၀ကန္တာရ လွင်ပြင်မှာ သီဒါက ရေကြည် တစ်ပေါက်ပေးလား။

* * * * ** * * * *


(၃)

`ကိုဇေယျာ ဧည့်သည်`

အခန်း အောက်ထပ်မှ တစ်ယောက် ယောက် အော်သံကြောင့် ကီးဘက်အိတ်ကို ဖြုတ်ချပြီး အမောဖြေ နေသော ဇေယျာ ၀ရန်တာ ထွက်လိုက်သည်။

အောက်မှ ဧည့်သည် ဧည့်သည်ဟု လှမ်းအော်သော ကိုသန်းနိုင်ကို တွေ့ ရသည်။ အိုကေ ဟု ပြောပြောဆိုဆို ပြေးဆင်းလာခဲ့သည်။ ခေါင်းမှ ဦးထုပ်ကို မချွတ်မီ လက်စွပ်အိတ်ငယ်တွေ ကိုသာ ဆွဲချွတ်ရင်းလှေကားကွေ့မှဧည့်သည်ကိုလှမ်းကြည့်သည်။

`ဟာ….ကိုထွန်းနောင်`

မြို့ထဲမှာ သွားရင်းလာရင်း ခင်ခဲ့သည့် ထွန်းနောင်။

`မှတ်မိတယ်မို့လား ကိုဇေယျာ`

`သိပ်မှတ်မိတာပေါ့ဗျာ၊ ခင်ဗျားရဲ့ ဖော်ရွေမှု တွေ ဟာ ကျွန်တော့် သွေးကြောထဲမှာ ရှိနေဆဲပါ`

လမ်းပေါ်၌ စကားပြောဖော်အ ဖြစ် ခင်မင်ခွင့် ရခဲ့ရုံသာမက သူ့တစ်ဝမ်းတစ်ခါးစာ ကူညီဖြည့်ဆည်း ပေးလိုက် သဖြင့် ထွန်းနောင်ကို ခင်မင်မှု ပိုသွားရသည်။

ထွန်းနောင်နှင့် ဇေယျာ ခင်ခဲ့ကြသည်။ ထွန်းနောင်က သူဖြတ်သန်းခဲ့သော ဘ၀များ ကို စကားလက်ဆောင် အ ဖြစ် ပေးဝေခဲ့သလို ဇေယျာက အလုပ်လိုချင်ကြောင်း အ ဖြစ်ပေးဝေခဲ့သလို ဇေယျာက အလုပ်လိုချင်ကြောင်း ပြောခဲ့သည်။ လိပ်စာကို ရေး ပေးခဲ့သည်။

ကိုထွန်းနောင်လာသော အခါ ဇေယျာ လုံးဝ ပျော်သွား၏ ။

`မြို့ထဲလိုက်ခဲ့ဗျာ`

လှေကားရင်းမှပင် ထွန်းနောင် သူ့ကို မြို့ထဲခေါ်သည်။ သူကလည်း ခဏနေ မြို့ထဲ ထွက်ဖို့ ပြင်မလို့။ အတော် ပဲဟု ဇေယျာပြောရင်း ချွေးသုတ်သည်။

အခန်းထဲသို့ ထွန်းနောင် လိုက်လာတော့ သူ ကျော်ဇင့်ဆီ မသွားတာပင် တစ်ပတ်ရှိ နေပြီကို သတိရသည်။ ထို့အတူ ငယ်ငယ်သူ့ကိုမနေ့က ဆူခဲ့သည်ကိုပါအင်္ကျီလဲရင်း သတိရမိ ပြန်သည်။

`မောင်ဘာတွေ တွေ ဝေနေရတာ လဲ၊ ငယ်မကျေနပ်လိုက်တာ၊ မောင့်အရည်အချင်းတွေ ကို ကံကြမ္မာ မြစ်ထဲ သွန်ချမလို့လား၊ ဒါဆို မောင်ဟာ လူမိုက် တစ်ယောက် ပဲ၊ ငယ်လို မိန်းမ တစ်ယောက် ကတောင် ရည်မှန်းချက်တွေ အားမာန်တွေ နဲ့ ဘ၀ခရီးကို ချီတက်ရဲရင် မောင်ပိုချီတက်ရဲရမှာ ပေါ့`

`ငယ်ရယ်….မောင့်မှာ ငွေမှမရှိတာ`

`ငွေမလိုပါဘူး၊လူဆိုတာ ငွေကိုလုပ်တဲ့အရာ၊ ဒါမောင်သိသားနဲ့၊ ငွေမပါဘဲ မောင့်အရည်အချင်းနဲ့ မောင် ရပ်နိုင်မယ်၊ ငယ်ထောက်ပြတဲ့ အချက်တွေ ကို မောင် အသုံးချစမ်းပါ၊ ငယ်လဲ မောင့်ဘေးက လိုက်မှာ ပေါ့`

ဇေယျာ လုံးဝခွန်းတုံ့မပြန်နိုင်အောင် ဖြစ်ခဲ့ရသည်။ ငယ်ငယ်၏ တိတိပပ ထောက်ပြမှု များ ကို ဇေယျာ ခေါင်းညိတ်ခဲ့ရသည်။

ကိုထွန်းနောင်နဲ့ ဇေယျာခင်ခဲ့သည်ကို ငယ့်ကို မပြောပြ ဖြစ်ခဲ့။ ငယ်မသိအောင်ချန်ခဲ့သည်။ ယခု ထွန်းနောင် ရောက်လာသည်။ သူ့အတွက် အထောက်အပံ့တစ်ခုခု ပေးစွမ်းနိုင်မည် ဟု ဇေယျာမျှော်လင့်လိုက်သည်။ ငယ်ငယ်ရယ်…မောင်ကြိုးစားနေပါတယ်နော်ဟု တိုးတိတ်စွာ ပြောရင်း လွယ်အိတ်ကောက်လွယ်လိုက်၏ ။

`သွားလို့ရပြီ ကိုထွန်းနောင်`

`ဆံပင်ဖြီး မှန်ကြည့်ပါဦးလား`

ပွယောင်းယောင်း ဆံပင်ကို လက်နှစ် ဖက်ဖြင့် နောက်သို့ ပင့်သပ်လိုက်ပြီးအခန်းထဲမှ ထွက်ခဲ့၍ ကိုးထွန်းနောင်က စေတနာ စကားပြောသည်။ မှန်ကြိုက်သော ယောက်ျားထဲတွင် ဇေယျာပါပေမယ့် သည်နေ့အဖို့မှန်ကြည့်ရန်မလို။ သူ မျက်နှာရွှင်နေပြီး သူ့အပြုံး လန်းမေမည် ကို ကြိုသိ၍ တစ်ပေပတ်လည်မှန်ကို ကျောခိုင်းထားခဲ့သည်။

`မင်းသားနဲ့ တွဲလျှောက်တဲ့ ဇာတ်ရံ သူငယ်ချင်းလောက်တော့ ချောနေမှာ ပါ ကိုထွန်းနောင်`

ကိုထွန်းနောင် တရင်းတနှီးနှင့် သူ့ပခုံးကိုသိုင်းဖက်၏ ။

`“မမြှောက်နဲ့ဗျ၊ ခင်ဗျားတို့ခေါင်ကမိုးယိုမယ်`

သူ့ကို ချေပရင်း နှစ် ယောက် စာ ဆေးပေါ့လိပ် နှစ် လိပ်အိတ်ကပ်ထဲမှ ထုတ်ပေး၏ ။ အောက်ထပ် ရောက်သော အခါ အဆောင်ရှေ့မြက်ခင်း၌ ကောင်းကင်သုတေသန လုပ်နေသော ကိုသန်းနိုင်ကို မြက်ခင်းပေါ် နားနားနေနေလုပ်ရင်း လှန်းထားသည့်ပုဆိုးလေးကြည့်ပေးပါ၊ တစ်ထည်တည်းသော ပုဆိုးမို့ပါဟုမှာ ခဲ့သည်။

`ရုပ်ချင်းရုပ် ကျွန်တော် ပဲရုပ်မျာ` ဟု ကိုသန်းနိုင်လှမ်းနောက်သေး၏ ။

`ကျွန်တော် က ပုံစံနဲ့ မနေတတ်ဘူးဗျ ကိုထွန်းနောင်ရ၊ ဆံပင်ကိုလဲ ဆိုင်ကညှပ်ပေးပြီး ပုံဖော်ပေးလဲ လမ်းရောက်ရင် ဖျက်ပစ်ရော၊ ပုံစံနဲ့နေရတာ ပင်ပန်းသလိုပဲ`

`ဒါတော့ ကိုယ့်အယူဆနဲ့ ကိုယ်ပေါ့ဗျာ၊ကဲ….တွေ့ တဲ့ကားကိုစီးပြီး မြို့ထဲ ခရီးနှင်ရင် ဇေယျာ့အတွက် အကောင်းဆုံးလက်ဆောင်ရလိမ့်မယ်၊ဒါကြောင့် လာခေါ်တာ`

မှန်တိုင်မှာ ရပ်တောင်မရပ်လိုက်ရ။ (၅၁) ကျပ်ကျပ်တည်းတည်းကို အမှီအတွယ်ဖြင့် ခုန်တက်လိုက်ကြသည်။

လာခြင်းကောင်းတဲ့ ကိုထွန်းနောင်ရယ်ဟု ဇေယျာ ကြည်ကြည်နူးနူး ဖြစ်နေ၏ ။ သည်တစ်ခါ ကားစီးရတာ ဒန်းစီးသလို ငြိမ့်ငြိမ့်ညောင်းညောင်းရှိနေသည်။

* * * * ** * * * *


`စောင့်နေရတာ ကြာသွားသလား အစ်ကိုကြီး`

`အချိန်ပုပ်ခံတဲ့ လူတွေ ထဲမှာ ကိုထွန်းနောင်မှ မပါတာ အဲသည်လောက်နှင့်ပင် ဇေယျာ တွက်ဆတတ်သည်။ရည်မွန် ခန့်ညားသည့်လူ တစ်ယောက် နှင့် သူ့ကို တွေ့ ဆုံပေးရန် ကိုထွန်းနောင် ဖန်တီးထားသည်။ သည်ပွဲသည် သူ့ပွဲ ဖြစ်လိမ့်မည် ထင်သည်။

`ဒါက ဦးဇော်ဇော်တဲ့၊ ရန်ကုန်မြို့မှာ ရေခဲသေတ္တာအဲယားကွန်း၊တီဗွီ၊ဗွီဒီယို စတဲ့ လျှပ်စစ်ပစ္စည်းတွေ ပြန်ဝယ်ရောင်း အေးဂျင့်ပေါ့၊ ကျွန်တော့် အစ်ကိုကြီးလေ`

`ဟုတ်ကဲ့ခင်ဗျာ`

ဇေယျာ လေးလေးစားစား ဂါရ၀ပြုသည်။ ကုလားထိုင်နှစ် လုံးကို ဆွဲထုတ်ပေး၍ ဦးဇော်ဇော်က ပြန်မိတ်ဆွေဖွဲ့သည်။ဇေယျာနှင့်ထွန်းနောင်ုဝင်ထိုင်လိုက်၏ ။

အေးအေးဆေးဆေး စကားပြောနိုင်သည့် နေရာကို ရွေးထားသည်။ သာယာစွာ စီးမျောလာသည့် သီချင်းသံသည် အလွမ်းကင်းနေ၏ ။ ကြိုတင်မှာ ထားသော အအေးပုလင်း သုံပုလင်းနှင့်မုန့်များ ကို ရှေ့တိုးပေး၏ ။ အားနာစရာမလိုဘူး နော်ဟု ကိုထွန်းနောင် ကပ်ပြော၏ ။

`အလုပ်လေးဘာလေးရှိရင် ပြောဗျာလို့ တစ်ခါက ပြောဖူးလို့ ခေါ်ခဲ့တာပဲကိုဇေယျာ၊ အစ်ကိုကြီးဆီမှာ ခင်ဗျားလုပ်နိုင်မလား`

သည်မိတ်ဆွေမျိုး တစ်ယောက် ရှိခဲ့လျှင် လောကဓံကို ကြံ့ကြံ့ခံနိုင်ပြီဟု ယူဆရ သော်ရ၏ ဟု ဇေယျာတွေး၏ ။

ရင်ထဲ၌ မဖော်ပြနိုင်သော ၀မ်းသာခြင်းတစ်ရပ် တိုးဝှေ့ဝင်လာ၏ ။

`စက်မှု ပိုင်းဆိုင်ရာ ကျွန်တော် မကျွမ်းကျင်ဘူး၊သင်ရရင်လဲ ကြာမယ်ထင်တယ်`

အမှန်ဆုံးသစ္စာစကားဖြင့် အကာအရံမဲ့ ပြောလိုက်သည်။ စကားအဆုံး အသွားအလာ တုံ့ပြန်မှု ကို စောင့်ကြည့်နေမိ၏ ။

`ဒီလိုပါ ကိုဇေယျာ`

ဦးဇော်ဇော်က သူ့ကို ကိုဇေယျာတဲ့။ ရည်ရည်မွန်မွန်ရှိသော ဦးဇော်ဇော်ကို အစ်ကိုကြီး တစ်ယောက် လို ခင်မင်သွားမိသည်။

`ကျွန်တော် တို့ဆိုင်က ၀ယ်ရောင်းအပြင် အာမခံနဲ့ ပြင်ပေးပါသေးတယ်၊ လုပ်ငန်း သိပ်ကောင်းတော့ အလုပ်ထဲ နစ်နေကြပြီး ဆက်ဆံရေး ပိုင်းမှာ အားလျော့သွားမှာ စိုးလို့ ပြောတတ်ဆိုတတ်တဲ့ လူ တစ်ယောက် လိုနေပါတယ်၊ အဲဒါနဲ့ ဆူပါ အက်ဗိုက်ဆာလုပ်ဖို့လို့ ကိုဇေယျာကို တွေ့ ချင်တာပါ`

`အစ်ကိုကြီးက ကူညီစေချင်တယ်လို့ပြောတော့ အကူအညီပေးနိုင်မယ့် ကိုဇေယျာကို မျက်လုံးထဲတန်းမြင်မိတာပဲ`

အလုပ်ပေးမယ့်သူ၊ ထမင်းကျွေးမယ့်သူ၊ ငွေပေးမယ့်သူဆီမှ အကူအညီတောင်းပါ တယ်ဆိုတော့ ဇေယျာ အထိတ်တလန့်ရှိသွားသည်။

ရှေးဟောင်းပစ္စည်း တူးကတာထက် ခက်သော မိတ်ဆွေကောင်း တစ်ယောက် ကို ဇေယျာရနေပေပြီ။

`ဘယ်လိုလဲ ကိုဇေယျာ`

`စေတနာအမှားကလွဲရင် ဘယ်အမှားကိုမှ ကျူးလွန်းမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ကတိပေးပါတယ် အစ်ကိုကြီး ဘယ်တော့အလုပ်ဆင်းရမယ်ဆိုတာသာ သိခွင့်ရှိရင် သိချင်ပါတယ်။ အသုံးမတည့်ရင် ကျွန်တော့် ကို ပြန်လွှတ်နိုင်ပါတယ်`

ဇေယျာ သူ့ဘက်မှ အကုန်ပြောလိုက်သည်။ ဦးဇော်ဇော်က ပြတ်ပြတ်သားသား ရှိတယ်ဆိုတာ နားလည်လိုက်ပါတယ်ဗျာဟု ပြော၍ လက်ဆွဲနှုတ်ဆက်သည်။

အလုပ်ရှင်နှင့် အလုပ်သမား တွေ့ ဆုံပွဲသည် အနာဂတ်အတွက် ကြိုတင်တွက်နိုင်သည့် ရင်းနှီးမှု မျိုးမို့ ဇေယျာ ပို၍ ကျေနပ်ရပြန်သည်။

`ခင်ဗျားအခန်းက သားနားတယ်နော်၊ တည်းခိုခန်းနဲ့ တူတယ်၊ အခန်းခဘယ်လောက် ပေးရလဲ`

သူ့အကြောင်း သူ့ဘ၀ကို ကိုထွန်းနောင်၊ တစေ့တစောင်းမေးသည်။ ဦးဇော်ဇော်က စီးကရက်သောက်ရင်း နားထောင်သည်။ သူ အအေးသောက်ရင်းပြောပြသည်။

`အဆောင်ခ ခုနစ်ဆယ့်ငါးကျပ်ပါ၊ စပေါ် ကတော့ သုံးလစာ ကြိုပေးရတာ ပေါ့`

`စားတော့ကော`

`ကြုံသလိုပေါ့၊ တစ်ခါတလေတော့လဲ ဘယ်သူ့ကို ကယ်တင်ရပါ့မလဲ ကြည့်နေတဲ့လူမျိုးနဲ့ တွေ့ တော့လဲ. . .

`ဟဲ ဟဲ`

ကိုထွန်းနောင် ရယ်သည်။ ဇေယျာနှင့်ထွန်းနောင်ခင်တာက ဤနည်းမျိုး။ စကားပြောရင်း ခင်သည်။ ထမင်းကျွေးပြီး မိတ်ဆွေဖွဲ့သည်။ ဇေယျာ့ကူညီမှု က ထွန်းနောင် မနိုင်မနင်းမ,လာသော အိတ်တစ်အိတ်ကို ဆွဲပေးခြင်းသာပင်။ ဆပ်သည့် ကျေးဇူးက များ နေသည်။

`မည် မည် ရရ အလုပ်မရှိတော့ အလုပ်လက်မဲ့ စာရင်းဝင်နေတာပေါ့၊ငွေရှာတာ ကတော့ ရိုးရိုးသားသား ရှာတာနဲ့တင် တစ်ဝမ်းဝပါတယ်`

`အလှုရေစက် လက်နဲ့မကွာတဲ့ နိုင်ငံမှာ နေရင် လှူနိုင်တန်းနိုင်အောင်တော့ အိတ်ဆောင်ထားရလိမ့်မယ် ကိုဇေယျာ`

ဦးဇော်ဇော်ကို ဇေယျာ ပြုံးပြ၍ မှန်ပါတယ် အစ်ကိုကြီး ဟု ပြန်ဖြေရသည်။

`လောလောဆယ် အုန်းနို့ခေါက်ဆွဲစားရရင်တော့ အစ်ကိုကြီး ပိုဒါနမြောက်မှာ `

`ဟာ…စားပါ စားပါ၊ ဘာစားချင်လဲ၊ ဟေ့ချာတိတ် ဒီလာပါဦးကွ`

ဇေယျာ ထမင်းမစားရသေးမှန်း နာရီကိုကြည့်ပြီး ထွန်းနောင်သိသည်။အုန်းနို့ခေါက်ဆွဲနှစ် ပွဲ မှာ သည်။ တစ်မနက်စာ ၀မ်းဖြည့်သည်။ အကင်းပါးပြီး မေတ္တာ အားကြီးသော ထွန်းနောင်။

`လောလောဆယ် ဘာလိုသလဲ ကိုဇေယျာ`

ငါးဖယ်ဖတ် သုံးဖတ်ကို ရွေး၍ လျှာဖျားတင်မိချိန်၌ ဦးဇော်ဇော် မေး၏ လျှာဖျား ချိုသွား၏ ။

သည်နေရာမှာ ဇေယျာ မိမိကိုယ်ကို တန်းဖိုးဖြတ်ရတော့မည် ။ အရည်အချင်းအတွက် ကိုထွန်းနောင်က ဇေယျာ့ကို နေရာပေးသလို ဦးဇော်ဇော်က ကျေနပ်စွာ လက်ခံနေကြောင်း ပြနေသည်။

သူ ကိုထွန်းနောင်ကို လှမ်းကြည့်တော့ ၀င်မပြော။ ပြောလေဟုသာ မေးငေါ့ပြ၏ ။

`ကျွန်တာ် ထမင်းတစ်လုတ်ကို သံသယကင်းကင်းနဲ့ စားချင်ပါတယ် အစ်ကိုကြီး၊ သံသယရှင်းမယ့် အနေအထားအတိုင်းရရင်တော် ပါပြီ`

`ကောင်းပြီလေ၊လောလောဆယ် ကိုဇေယျာ့မှာ အခက်အခဲရှိရင်သုံးဖို့ ငွေငါးရာပေးခဲ့မယ်၊ မနက်ဖြန် ဆိုင်ကိုလာပါ၊ ကျွန်တော် ကိုဇေယျာ့ကို မျော်နေမယ်`

ဦးဖိုးကျား၏ ဘုရားဖူးသွားခြင်း ၀တ္ထုတိုလေး ဇေယျာအတွေးထဲ ပြေးဝင်းလာ၏ ။ ဒုက္ခရောက်၍ မိန်းမောနေသည်ကို မောင်ထွန်းမောင်က ရေစက်လေးများ ချ၍ လဲလျောင်းနေရာမှ ထစေသည်အထိ ကူညီလိုက်သည်။သိကြားမင်းတော့ င့ါကယ်ပြီဟု ဒုက္ခသည်က ထင်သလို ဇေယျာ့ကိုလည်း ကိုထွန်းနောင်နှင့် ဦးဇော်ဇော်တည်းဟူသော သိကြားမင်း နှစ် မင်းတောင် ကယ်လိုက်လေပြီ။

ဝမ်းသာမှု ကို ရုတ်ရုတ်သဲသဲမ ဖြစ်အောင် ထိန်းနေရသဖြင့် ခပ်မဆိတ်ငြိမ်နေလိုက်မိသည်။

`မောင်အလုပ်ရပြီ ငယ်ငယ်`

အရင်ဆုံး တမ်းတခံရသူသည် ငယ်ငယ်။

`ကိုယ်အလုပ်ရပြီ သီဒါ`

အလွမ်းပြေသို့ လာခဲ့မယ် သီဒါရယ်ဟု တမ်းတလိုက်မိ၏ ။ ကိုယ်လာပြီ သီဒါ။

* * * * ** * * * *


(၄)

ရေခဲသေတ္တာလေးငါးလုံးကို လက်ညှိုးထိုးပြရင်း

`ဒါတွေ က ဒီမှာ ပဲလက်ခံပြင်ပြီး ဒီနေရာကပဲ ဖိုင်နယ်ချက်လုပ်၊ ငွေလက်ခံ၊ ဟက်ဗီး ဖြစ်တာတွေ ကတော့ လမ်း ၄၀ မှာ ကိုင်တယ်လေ`

ဦးဇော်ဇော် ရှင်းပြသည်။

`ဒါ ကိုဇေယျာထိုင်ရမယ့်စားပွဲပဲ၊ ကျန်တာ ကိုဇေယျာ့အပိုင်း၊ ကျွန်တော် နဲ့ မကြာခဏ တွေ့ မှာ ပါ၊ ဒီဖိုင်မှာ အိမ်ဖုန်းနံပါတ်ရှိတယ်`

ပေးထားသည့်လိပ်စာအတိုင်း ဦးဇော်ဇော်အလုပ်ခန်းသို့ သွားတွေ့ သည်။ ကြိုဆိုပုံက သင်းပျံ့သည်။ စက်သံအလုပ်လုပ်သံတွေ က ဘ၀င်အေးစရာ။

ဦးဇော်ဇော် သူ့ကိုထားခဲ့ပြီး ကားပေါ်သို့ တက်သွားသည်။ ကားထွက်သွားသည်အထိ ဇေယျာလိုက်မကြည့်။

လုပ်ငန်းကြီးတစ်ခုလုံးကို စကားလေးငါးခွန်းနှင့် င့ါကိုအပ်သွားပြီဟု နားလည်လိုက်သည်။ ဆိုင်ထဲတွင် ရှိသည့် အင်ဂျင်နီယာ၊ အလုပ်သမားတွေ နှင့်လည်း မိတ်ဆက်ပေးမသွား။ ရွယ်တူ လူငယ်သုံးယောက် ၊ အသက်ကြီးကြီးမျက်မှန်နှင့် လူ တစ်ယောက် တို့က ဇေယျာ့ကို စူးစမ်းသလို ကြည့်ပြီး ကိုယ့်အလုပ်ကိုယ်ဆက်လုပ် နေကြ၏ ။

ဇေယျာ တစ်ချက်ပြုံးလိုက်သည်။

ရေခဲသေတ္တာကြီးတစ်ခု အနားသို့ တိုးကပ်ကြည့်သည်။ နောက်ကျောဘက်မှ သံဆန်ကာ ကို လက်နှင့် ထိကြည့်တော့ ပူနွေးနေ၏ ။ သေတ္တာနောက်ဘက်မှ စက်ကို စမ်းသပ်နေသည့် လူငယ်ကပြုံး၍ မော့်ကြည့်၏ ။

`ဒါတွေ က ပူတယ်နော်`

ဇေယျာ ကိုယ့်ဘာသာကိုယ် မိတ်ဆက်လိုက်ရသည်။ စက်စမ်းနေသည့် လူငယ်က

`ဟုတ်တယ်၊ အဲဒါ ရေခဲသေတ္တာဆိုတဲ့ဝတ္တုရဲ့ မိန်းပွိုင့်ပေါ့`

ဇေယျာ ဆံပင်ဖုံးနေသော နားထင်ကို လက်နှင့်ထောက်မိသည်။ သူဘာဆိုလိုပါလိမ့်။ သည်ဆိုင်မှာ ပထမဆုံးခင်ရမည့် သူဟု ခံစားမိသည်ကလွဲ၍ နားမလည်သော စကားကို ရှင်းပြပါဟု ထပ်မကွန့်ရဲ။ ဇေယျာ ထိုလူငယ်နား ထိုင်ချလိုက်၏ ။

လွယ်အိတ်ကို စားပွဲပေါ် နေရာတကျတင်ထားသည်။

အဖုံးဖွင့်ထားသော စက်ကို ကျေနပ်လောက်မှ အဖုံးပြန်ပိတ်သည်။ အ၀တ်စတစ်ခုဖြင့် လက်သုတ်ရင်း စကားဆက်၏ ။

`ကျွန်တော် တို့ကျောင်းမှာ ဆရာက ၀တ္တုလေးတစ်ပုဒ် ပြောပြတယ်၊ ၀တ္တုခေါင်းစဉ်က ရေခဲသေတ္တာ၏ ဘ၀ဟောင်းတဲ့လေ`

ပြောရင်း ပြုံးသည်။ သူ့အပြုံးက ဟန်ဆောင်ခြင်းမရှိ ကြည်လင်ရှင်းသန့်နေသည်။ သူတစ်ခါမှ မဖတ်ဖူးပေ။ ၀တ္တုကို သိတတ်စကတည်းက ဖတ်လာပေမယ့် သည်ခေါင်းစဉ်နဲ့တော့ မဖတ်ခဲ့ဖူး။ သူစာဖတ်အားနည်းသေးလို့လား မသိပေ။

`နိုင်ငံခြားဝတ္တုတိုလေးပါ`

ဇေယျာ စိတ်ဝင်တစား ဖြစ်သွားသည်။ အဖေမှာ တာတော့ ဟုတ်နေပါပြီ။ င့ါသား လမ်းပေါ် တက်လိုက်တာနဲ့ ကိုယ့်ထက်သာတဲ့သူတွေ ချည်းပဲဆိုတာ မှတ်တဲ့ ။

`ဟုတ်ကဲ့`ဟု ဇေယျာ ခေါင်းညိတ်ပြလိုက်သည်။

`ဒီလိုဗျာ၊ချောင်ဖိန့်ရပ်ကွက်လေးဟာ ဆင်းရဲသားရပ်ကွက်လေးတစ်ခုပေါ့၊ တစ်ရပ်ကွက် လုံး ဘယ်မှာ စီးပွားရှာရှာ စားဖို့တောင် အနိုင်နိုင်ရှာရတယ်၊ ဒီရပ်ကွက်မှာ သူဌေးကြီးတိန်ဆိုတာရှိ တယ်၊တဲအိမ်လေးတွေ ပေါ်မှာ မိုးထားတဲ့ တိုက်ကြီးရဲ့ သခင်ပေါ့၊ တိန်က ငွေချေးတယ်၊ ဆင်းရဲသားတွေ က သူဌေးကြီးဆီမှာ အကူအညီတောင်းတယ်၊ တိန်ကလဲအင်မတန် လောဘကြီး ကောက်ကျစ်တတ်တော့ မသမာတဲ့နည်းနဲ့ ချမ်းသာပြီးရင်း ချမ်းသာလာတယ်၊ ဆင်းရဲသားတွေ က မွဲသထက်မွဲလာတယ်`

`အဲဒါနဲ့`

ဇေယျာ ၀င်ထောက်ပေးမိသည်။ ခုထိ ဇာတ်လမ်းမပေါ်သေး။

`ဒါကို ရပ်ကွက်ထဲမှာ နေတဲ့ စက်ရုံ အလုပ်သမား တစ်ယောက် က သူဌေးကြီးနဲ့ သူတို့ဘ၀ကို နောင် သားစဉ်မြေးဆက်သိအောင် အမှတ်တရပစ္စည်းတစ်ခု ထွင်ချင်လာတယ်၊ နေ့မအား ညမအား စဉ်းစားတယ်၊ အလုပ်သမားလေးရဲ့ ရင်ထဲက ဝေဒနာဟာ အုံကြွလာပြီး ဘ၀တူ အလုပ်သမားတွေ ပြောပြတော့ သူတို့ကလဲ ပစ္စည်းထွင်ဖို့ အားထုတ်ကြတယ်`

`ရေခဲသေတ္တာ ပေါ်လာရောလား`

ဇေယျာဝင်ပြောတော့ ကောင်းလေး တစ်ယောက် က ရယ်သည်။ သည်လူ့ဇာတ်လမ်းကို ကောင်လေးသိထားတယ်နဲ့တူရဲ့ ။

`ဒါပေါ့ ဆရာလေးရ၊ ပတ်ဝန်းကျင်က ဆင်းရဲလေလေ

သူဌေးကြီးက ချမ်းသာလေလေ၊ ဆင်းရဲခြင်းတွေ က သူဌေးကြီးအတွက် ချမ်းသာစေတယ် ဆိုတာ ခေါင်းထဲဝင်နေတော့ အပြင်ကအပူဒဏ်များ လေလေ အတွင်းက အေးလေလေ ဖြစ်တဲ့ ရေခဲသေတ္တာကို ထွင်ကြတာပေါ့၊ အဲဒါ ရေခဲသေတ္တာ စ ဖြစ်လာတဲ့သမိုင်းလမ်းကြောင်းပဲ`

ဟုတ်မဟုတ်ထက် သိပ်ကောင်းသည့် ဇာတ်လမ်းလေးဟု ဇေယျာ ထောက်ခံမိသည်။ ထိုလူ့ကိုလည်း ချက်ချင်း ခင်သွားသည်။

`မြင့်လွင် ဂက်စ်ဖြည့်ဖို့ လုပ်တော့`ဟု လှမ်းပြောသော အသက်ကြီးကြီး မျက်မှန်နှင့် လူ၏ အော်သံနှင့်အတူ ဇေယျာ့ ညာဘက်စားပွဲပေါ်မှ တယ်လီဖုန်းမြည် လာ၏ ။

သူ အရင်းဆုံးသိသူကို မြင့်လွင်ဟု နာမည် သိလိုက်၏ ။

ဇေယျာ တယ်လီဖုန်း ကောက်ကိုင်မိသည်။ ထိုသို့ ကိုင်မိပြီးမှ ဆိုင်တစ်ခုလုံးကို ဝေ့၀ဲကြည့်မိ၏ ။ ငါအလုပ်လုပ်နေတာပဲဟု သူ့ဘာသာ ယုံကြည်ပြီး ဟဲလိုဟု တစ်ဖက်ကို ပြန်ထူးလိုက်သည်။

ဖုန်းထဲမှ`မင်္ဂလာကလား`ဟုမေးသည်။

`ဟုတ်ကဲ့ မင်္ဂလာကပါ၊ ဘာအကူအညီလိုပါလဲ`

`…………………..`

`ဘာအမျိုးအစားလဲခင်ဗျာ`

`ဘိခ်ျ၊ ကောင်းပါပြီ၊ ဖုန်းနံပါတ်နဲ့လိပ်စာလေးကျေးဇူး ပြုပါခင်ဗျာ`

လက်က ဖိုင်တွဲပေါ်မှ စာရွက်လွတ်ကို ဆွဲယူပြီးနေ၏ ။ ဘောလ်ပင်ဖြင့် ဖုန်းနံပါတ် မှတ်သည်။ မှတ်ချက်၌ တေးသည်။ ရေမခဲဟု ထပ်ဖြည့်ရ၏ ။ တက်ဖက်မှ ဖုန်းပြန်ချသွား၏ ။

ဇေယျာ အလုပ် စလုပ်မိပြီ။

* * * * ** * * * *


`ဆရာလေး ဖုန်းနံပါတ်တောင်းလိုက်တာ သိပ်ကောင်း သွားတယ်၊ တချို့က သက်သက်နောက်နေတာ`

ကိုမြင့်လွင် ဆေးလိပ်သောက်ရင်း ဇေယျာ့နားကပ်လာ၏ ။ အလုပ်ခဏနားသည်။ချာတိတ် တစ်ယောက် က ဂက်စ်အိုးကြီး မ,နေသည်။ ဖော်မိုက်ကာပြာလေးတွေ သာ သည်ဆိုင် တစ်ဆိုင်လုံး နေရာတကျ ကပ်လိုက်ပြီး ပန်းပွင့်ခြယ် ပြက္ခဒိန်ပို စတာများ ဖြင့်အလှဆင်လိုက်လျှင် ဟူ၍ တွေးနေမိ၏ ။

ဒါတွေ လုပ်ဖို့သည်ကို ငါရောက်လာတာပဲလေဟု သူ့ကိုယ်သူ ဂုဏ်ယူလိုက်သည်။

`ဒါဆို ဖုန်းမရှိတဲ့အိမ် ဆိုရင်. …`

`အဲဒီ ကျတော့ ပစ္စည်းအမျိုးအစားနဲ့ ပျက်ပုံ ပျက်နည်း၊ နည်းပညာအရ လျှောက်မေးကြည့် တာပေါ့၊ ဒီအထိ အသေးစိတ်လေ့လာပြီးမှ နောက်တဲ့လူတွေ ကျတော့လဲ အညောင်းပြေ လမ်းလျှောက် ဖြစ်တာပဲလို့ ယူဆလိုက်တာပေါ့ ဆရာလေးရယ်`

အကောင်းမြင်ဝါဒသမား တစ်ယောက် ဟု ကိုမြင့်လွင်ကို သူ သိပ်သဘောကျသွားမိသည်။ လောကကြီး အေးချမ်းနေတာပဲဗျာဟု ဟစ်ကြွေးလိုသူထဲ၌ ကိုမြင့်လွင် ရှေ့ဆုံးမှ ပါမည် ကို ခန့်မှန်း မိသည်။ အသားဖြူ၍ စကားဝဲသံကို တစေ့တစောင်း လေ့လာပြီးမှ ရခိုင်အမျိုးသားဟု သူ တွေးမိသည်။

`ရှမ်းလေး`

`ဗျာ`

`မင်းရယ်၊ တင်မောင်ရယ်၊ အစ်ကိုကြီးရယ် လိပ်စာအတိုင်းလစ်တော့၊ ကျွန်တော် ဆိုင်မှာ နေခဲ့မယ်၊ ၀ယ်ရောင်းစာရင်းစာအုပ်လဲ ပြထားခဲ့`

ဆိုင်တစ်ဆိုင်လုံး အမျိုးသားတွေ ချည်းသား။

တယ်လီဗီးရှင်းအသစ်များ ကို ပါကင်လိုက်တင်ထားသလို ရေခဲသေတ္တာ အသစ်များ ကို အစီစဉ်မကျ ချထား၏ ။ကောင်းတာထိုင်သည့် ချာတိတ်လေးကို ရှမ်းလေးဟု ကိုမြင့်လွင် ခေါ်သည်။

အပြင်ကိစ္စများ အတွက် အဆင်သင့်လုပ်ထားသော ပစ္စည်းကိရိယာအစုံအလင်ပါသည့် အိတ်တွေ ကို စားပွဲပေါ် ချပေးသည်။ ရှမ်းလေးတို့ ဆွဲ၍ ဆိုင်ထဲမှထွက်သည်။

`ဆိုင်မှာ လူဘယ်နှစ် ယောက် လဲ ကိုမြင့်လွင်`

ခင်ရလွယ်သော ကိုမြင့်လွင်ကိုစတင်မေးမြန်းမိသည်။ကိုမြင့်လွင်က ပုဆိုးတိုတိုကို ပြင်ဝတ်သည်။ ဇေယျာ့ပုံစံ ကတော့ ကြည့်ကောင်းတယ်ဟု ကောင်မလေးတွေ ပြောတတ်သည့် ပုံပင်၊ အင်္ကျီအဖြူ လည်ကတုံးကို လက်ရှည် ကြယ်သီတပ်ဝတ်၍ ဘောင်းဘီရှည် ဘဲဥနှစ် ရောင် ကို ခြေဖမိုးအထိချပ်ချပ်ရပ်ရပ် ၀တ်ထားသည်။ ကတ္တီပါဖိနပ်ကိုစီး၍ လွယ်အိတ်နှင့် မျက်နှာကျ ပြေပြစ်သည့် ဇေယျာ။

`အရောင်းက ဆရာဦးဇော်ဇော်ကိုယ်တိုင် ကိုင်ပါတယ် ဆရာက လမ်း ၄၀ ဆိုင်ကို မလွှတ်နိုင်တော့ ဒီဆိုင်မှာ လူလိုနေတာပေါ့၊ ဆရာလေးကို ဒီနေ့ရောက်မယ်လို့ ပြောထားတယ်၊ ဆိုင်ကို မန်းနစ်ခ်ျမန့် လုပ်ဖို့တဲ့၊ ကျွန်တော် တို့ငါးယောက် က ပြင်တတ်တယ်၊ ကောင်းအောင်လုပ် တတ်တယ်၊ အပြောအဆိုမကျွမ်းကြဘူး`

ဆိုင်မှာ ငါးယောက် ရှိသည်ဟု ကိုမြင့်လွင်ပြောသည်။ သူတိုပကို အုပ်ချုပ်ဖို့အတွက် ဦးဇော်ဇော် လွှဲအပ်ထားခဲ့လေပြီ။ သည်ဆိုင်၏ ကောင်းကျိုးဆိုးကျိုးသည် သူ့အပေါ်၌ တည်ပေ၏ ။

`ရှမ်းလေးရယ်၊ တင်မောင်ရယ်က အကူစက်ပြင်၊ ဦးအုန်းကျော်က ပညာသည် ကျွမ်းကျင်၊ ကျွန်တော် နဲ့ ကိုတင်မိုးက ကျွမ်းကျင်ပညာရှင်ပေါ့၊ကိုတင်မိုးက ဘီအီးဆင်း၊ ကျွန်တော် က ဂျီတီအိုင်ဆင်း`

ပြည့်စုံလောက်ပါသည်။ ဇေယျာ သူ့ကိုယ်သူ မိတ်ဆက်မှ ဖြစ်မည် ။

ကိုတင်မိုးဆိုသူကို ခုထိမတွေ့ ရသေး။ အလုပ်နှင့် အပြင်ထွက်နေသည်ထင့်။ ဇေယျာလည်း အလုပ်ဝင်ဝင်ချင်း အဆင်ချောနေသဖြင့် ရှေ့ဆက်ရမည့် အခြေအနေ ကောင်းမည် ကို တွက်ဆမိသည်။

* * * * ** * * * *


ဆေးမှု တ်ထားသည့် မီးခိုးနုရောင် ရေခဲသေတ္တာကို လက်ကိုင်လှည့်ကြည့်သည်။ အတွင်းဘက်၌ အေးနေ၏ ။ စတီးအကန့်လေးတွေ ကန့်ထားသည်။ အေးသော အငွေ့အသက်ကို ထိတွေ့ ရသည်။

ခေါင်းထဲသို့ အကြောင်းတစ်ချက် ဒိုင်းခနဲ ၀င်လာသည်။ ရေခဲသေတ္တာရှိရင် ရေပျော်သေတ္တာလည်း ရှိသင့်တာပေါ့ဟု။

`အပူနဲ့ပတ်သက်တာကော ဒီမှာ ကိုင်လား`

`အပူနဲ့ပတ်သက်တာ ဘယ်ဟာမျိုးလဲ`

`ဥပမာ မုန့်တွေ ဘာတွေ ပူပူနွေးနွေး ဖြစ်နေအောင်ပေါ့`

`ဟာ သိပ်ရတာ ပေါ့`

သိပ်ရတာ ပေါ့တဲ့။ သီဒါတို့ဆိုင်မှာ မုန့်တွေ ပူပူနွေးနွေး ဖြစ်အောင် စက်တစ်လုံးလောက်တော့ ရှိသင့်တယ်။ တိုက်တွန်းရအောင်သွားဦးမှဟု တွေးမိသည်။

`ဒါဆို အတော် ပဲ၊ ကျွန်တော့် ချာတိတ်က လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်မှာ လုပ်တယ်`

သီဒါ့ကို အတွေးထဲ၌ သူ့ဘ၀ထဲ ဆွဲသွင်းထားမိသည်။ သည်လောက်တော့ သီဒါ ခွင့်လွှတ်လိမ်မည် ထင်ပါသည်။

`ချာတိတ်က နှစ် မျိုးရှိတယ်`

ကိုမြင့်လွင် လက်နှစ် ချောင်းထောင်ပြသည်။

`ချာတိတ် အထီးရယ်၊ ဟဲ ဟဲ`

သြော်….ဒါကိုး။ လူငယ်ဆိုတာ အလုပ်ထဲ စိတ်နှစ် ရင်းလည်း မြူးကြွအောင်နေသည် ဆိုတာကို မြင်တွေ့ ရသည်။

`သိပ်ချောတဲ့ ချာတိတ်ဗျာ`

`ဒါဆို အပူကွိုင်မလိုဘူး`

`ဘာ ဖြစ်လို့လဲဗျ`

`ခင်ဗျားချာတိတ်ကို ငေးနေတာနဲ့ မုန့်တွေ ရေခဲတုံး ဖြစ်ပြီး မှိုတက်သွားတောင် သိမှာ မဟုတ်ဘူး`

ခင်ခင်မင်မင်ကို နောက်သည့် ကိုမြင့်လွင်ကို ဇေယျာမတရားခင်နေတော့သည်။ ကိုမြင့်လွင် အလုပ်ဆက်လုပ် တော့ သူပါ ၀င်ကူသည်။ ပစ္စည်းတွေ စီချထားသမျှ စာတန်းလေးတွေ အလိုက် ယူပေးမိသည်။ စက်ပစ္စည်းအကြောင်းလေ့လာရဦးမည် ။သည်နေ့အဖို့ ပထမဆုံး တာထွက်ခြင်းမို့ လောကြီးလို့မ ဖြစ်။

`ချောလဲချော၊ ချစ်လဲချစ်စရာကောင်းတယ်ဗျ`

`ညွန်းလှချည်လား ကိုဇေယျာ၊ ဘယ်ဆိုင်လဲ၊ ခင်ဗျားနဲ့လိုက်ဦးမှပါ`

`မရောက်ဖူးသေးဘူးဗျ၊ အဖော်မရှိလို့`

`လိုက်မယ်…လိုက်မယ်၊ ကိုတင်မိုး လမ်း ၄၀ ကပြန်လာရင်ဆရာလေးနဲ့ အဖွဲ့ကျသွားမှာ ၊ ကျွန်တော် တို့သုံးယောက် တစ်ဖွဲ့ သွားတာပေါ့`

အားတက်သရော ဖြစ်နေသည့် ကိုမြင့်လွင်ကြောင့် အခုပင် အလွမ်းပြေသို့ ပြေးသွားချင်စိတ် ပေါက်နေသည်။

`နေဦးနော်၊ ခင်ဗျား ချိန်ဆဖို့တော့လိုတယ်`

`ဘာလဲဗျ`

`စားရမှာ နဲ့ ငေးရမှာ နဲ့၊ ပြီးတော့ ပြန်….`

`ဘာလဲ ဆိုင်မှာ ရှိတဲ့ အပူကွိုင်ျေတွကို ပြန်ဆင်ပေးခဲ့ရမှာ နဲ့ စားရသောက်ရမှာ မကာမိဘူးလို့ ချိန်ရမှာ လား၊ ဖြစ်ပါတယ်၊ ခင်ဗျားနဲ့ တစ်ချိန်လုံး လိုက်နေမှာ ပေါ့၊ ဒါဆိုမြတ်တောင် မြတ်သေး`

သီဒါ မျက်ခုံးလှုပ်ပြီး ခလုတ်တွေ တိုက်နေတာ မြင်သည်။

သူ့ကို သီဒါမျှော်မမျှော် မသိသော်လည်း သူ ကတော့ သီးဒါရှိရာ မှန်းဆလွမ်းနေသည်။

`အရှုံးအမြတ်ထက် မမုန်းတတ်မယ့်သီဒါကိုသာ ပြချင်တာပါ ကိုမြင့်လွင်ရာ`

ဆိုင်ထဲရှိပစ္စည်းတွေ အမည် ကိုဖတ်၍ ဖြေရင်း

`မောင် အလုပ်ဆိုတာ ရိုသေရတယ်နော်၊ အလုပ်ကို ကိုယ်က လေးစားမှ အလုပ်က ကိုယ့်ကို ပြန်လေးစားမှာ ၊ မောင့်တစ်ဘ၀စာပုံအောပြီး လုပ်ပြစမ်းပါ မောင်ရယ်၊ ငယ်ငယ်လဲဆိုင်ကို လာလည်မှာ ပေါ့`

ဟူသည် မနေ့က ငယ်ငယ့်ကို အလုပ်ရကြောင်း ပြောတော့ ငယ်ငယ် ဤသို့ မှာ သည်ကို ပြန်သတိရလိုက်၏ ။

* * * * ** * * * *


(၅)

အလွမ်းပြေသို့ အ၀င်….

သီချင်းသံကို ရည်ညွှန်း၍ မြင့်လွင် စာသံပေသံနှင့် နောက်သည်။

ဆိုင်အ၀င် ကျောက်စိမ်းရောင် ကိုထားသဖြင့် ကားလမ်းပေါ်မှ လှုပ်ရှား သွားလာနေသူများ နှင့် သီးခြား ဖြစ်နေ၏ ။ ဆူဆူပူပူဆိုင်မဟုတ်၍ ကျေနပ်သည်လည်းပါသည်။

ကြိမ်ကုလားထိုင် အသေးစားလေးများ ကို စားပွဲနှင့်ကပ်ထား၏ ။ ဧည့်သည်ရောက်လာမှ စားပွဲထိုးလေးက ခုံများ ကို ပွဲထုတ်နေရာချပေးသည်။ ခုအချိန်ထိ ကောင်တာကိုမမြင်ရသေး။

ဆိုင်ခန်းက လူလေးငါးဆယ်မျှဆံ့အောင် လုံးလုံးလောက်လောက် ကျယ်ဝန်း၏ ။

အာဖရိကအုန်းပင်ငယ်များ ၊ ပိန်းကြီးများ ၊ တောင်ပေါ်နွယ်ဒန်းများ ကို သဘာဝအရွက်များ ဝေဖြာနေသော လှပအောင် နေရာချထား ခင်းကျင်းပြထားသဖြင့် လွတ်လပ်အေးချမ်းနေသည်။ ဒါကြောင့် လည်း အလွမ်းပြေလို့ နာမည် ပေးတာပဲလေဟု ဆိုင်အခင်းအကျင်းကို စိတ်ဝင်းစားမိ၏ ။ ဘယ်ဆီလွမ်းမိသည်မသိအောင်ပင် ခံစားမှု ကို လှုံ့ဆော်ပေးနိုင်သည်။

ဟော အီတာလျံ ကျောက်ရိုင်းတွေ ကို အကွက်ဖော်ထားသော ခုံတန်းပေါ်မှာ သီဒါ။

သီဒါ့မျက်နှာလေးက အေးချမ်းနေသည်။ လှလွန်းသော ပန်းပုမယ်ကို စားပွဲပေါ် အလှတင်ထားသည့်နှယ် ကိုယ်တစ်ပိုင်းလေးသာပေါ်၏ ။ ဇေယျာ ရင်ခုန်လာသည်။ သွားနှုတ်ဆက် ရင် ကောင်းပါ့မလား။ စားပွဲထိုးများ ကို စီမံခန့်ခွဲနေပုံရ၏ ။

`ကိုဇေယျာ ဟိုမှာ `

ကိုမြင့်လွင် လေသံဖြင့်ညွန်သည်။

`မြင်တယ် ကိုမြင့်လွင်`

စားပွဲလွတ်တွင် ၀င်ထိုင်ရင်း အလွမ်းပြေကို လှည့်ပတ်ကြည့်သည်။

ရန်ကုန်မြို့ထဲက တခြားစားသောက်ဆိုင်တွေ နှင့် မတူအောင် ခင်းကျင်းထားသည့် အလွမ်းပြေကြောင့် ဇေယျာ အားငယ်နေသည်။ မနေတတ်မထိုင်တတ် ဖြစ်နေသည်။

`တစ်ခုခုမှာ ကိုမြင့်လွင်`

မီနူးကတ်ပြားလေးကို ကောက်ယူပြီး ကြည့်သည်။ အရည်အဖတ် အကုန်ရ၏ ။ အချိန်အပိုင်း အကန့်နှင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အိန္ဒိယအစားအစာ၊ တရုတ်အစားအစား မလေးရှား အစားအစာ၊ ဂျပန်အစားအစာ စသည့်ပြင် အရှေ့တောင် အာရှအစားအစာ အားလုံးရနိုင်ကြောင်း ဆိုင်းဘုတ်ချိတ်ထား၏ ။

နာရီအလိုက် ရောင်းမည့်အစားအစာ ခွဲထား၏ ။ နာရီကို ကြည့်တော့ နေ့လယ်တစ်နာရီ။ သည်အချိန် အပူအစပ်မစားချင်။

`မှာ ချင်တာမှာ ဗျာ`

`ကျွန်တော် ကတော့ မလေးရှားခေါက်ဆွဲစားမယ်၊ ခင်ဗျားရော`

`အတူတူပဲမှာ ပေါ့`

`စားပွဲထိုးလေး သူတို့ဆီလျှောက်လာ၏ ။

* * * * ** * * * *


`လူကြီးမင်းတို့ ဘာများ သုံးဆောင်ချင်ပါသလဲရှင်`

ချိုနွဲ့နွဲ့အသံ။

ခါးကိုညွတ်၍ အနားကပ်မေးလာသဖြင့် သူ ဆတ်ခနဲလှည့်မိသည်။ ကိုမြင့်လွင်အသံတိတ် သွား၏ ။

`လူကြီးမင်းရှင့်`

`သြော်….သီဒါ`

ဇေယျာ ထရပ်မိသည်။

မထင်။ အနားလာရပ်လိမ့်မည် ဟု မထင်။ ထို့ကြောင့် ကောင်တာကို ကျောခိုင်းထိုင်မိသည်။ အလုပ်လုပ်နေဗသာ သိဒါ့ကို အနှောင့်အယှက် မပေးချင်၍ နေကာမှ သီဒါ မြင်သွားသည်။

`မှတ်မိတယ်နော်`

`သိပ်မှတ်မိတာပေါ့ ကိုဇေယျာရယ်၊ ကျွန်တော် မှတ်ဥာဏ်ပြိုင်ပွဲမှာ ပထမရဖူးတယ်`

`ကျေးဇူးတင်ပါတယ် သီဒါ၊ ဆိုင်ကိုအမောပြေလို့ ပြောင်းလိုက်ပါလားဟင်`

တစ်ခွန်းလောက်ကဖြင့် အချွဲလေးနှင့်စ ဖြစ်သည်။

သီဒါ ယဲ့ယဲ့လေးပြုံးပြ၏ ။ သူ့ဘေးမှ ကိုမြင့်လွင်ကို အားနာ၍ သာပြန်မချေပ။ သီဒါ စကားကြွယ် မှန်း သူသိသည်။

မိန်းကလေးဆို၍ တစ်ဆိုင်လုံး သီဒါ တစ်ယောက် သာ ဒါပေမယ့် သီဒါ့ဟန်တွင် ရှက်ရွံ့ စိုးရိမ်စိတ် မပေါ်လွင်။ ဖျတ်လတ်သွက်လက်စွာ ပင်။ ဣနြေ္ဒဖြင့် ကာထားသော ၀တ်စားဆင်ယင်မှု ကပင် သီးဒါ့အလှကို ပို၍ ရွှန်းစိုစေ၏ ။ လှရက်သည့် သီဒါလေးရယ်

`ကတ်ထဲမှာ စားချင်တာ ခြစ်လိုက်ပါလားဟင်`

`ဟုတ်သားပဲဗျ၊ ကျွန်တော် တို့က ဆိုင်ကောင်းကောင်းမထိုင်ဖူးလို့ပါ`

သူတံတောင်နှင့် တွက်မှ ကိုမြင့်လွင် သတိရသွား၏ ။ ကတ်ပြားပေါ်၌ စာချင်တာ ခြစ်ချလိုက်သည်။

ကတ်ပြားလေးကို စားပွဲထိုး ကောင်လေးလက်ထဲ ထည့်ပေး၍ သီဒါ့ကို ဖိတ်ခေါ်မိသည်။ သူတို့နှင့်အတူ သီဒါ ရှိစေချင်သည်။

`ခဏလောက် ထိုင်ပါလား သီဒါ`

`ကျေးဇူးပဲ ကိုဇေယျာ၊ သီဒါ့ကိုနားလည်ပါ၊ အလုပ်ရှိနေလို့`

`ဧည့်သည်ကိုဧည့်ခံတာလဲ အလုပ်တစ်ခု ဖြစ်နိုင်ပါတယ်`

`အလွမ်းပြေမှာ သီဒါဟာ ကောင်တာမှာ ပဲ ထိုင်ပါတယ်၊ စာရင်းတွက်ပြီး ငွေသိမ်းတာပဲ လုပ်ပါတယ်`

ဇေယျာ အရမ်းအားနာသွားသည်။ သီဒါ့ စကားတွေ က ရင့်ကျက်ပြီး သူ့စကားက ကလေးဆန်သွားသည်။ သီဒါဟာ ခပ်ပေါပေါမိန်းမ မဟုတ်ဘူးလို့ ညီမျှခြင်းချ ပြာလိုက်သလို။

`ဧည့်သည်အ ဖြစ် သီဒါ ကိုဇေယျာ့ကိုပဲ စကားပြောဖူးပါသေးတယ်`

သီဒါ ဆက်ပြောသည်။

ဇေယျာ ၀မ်းသာ၍ ခေါင်းညိတ်ပြကာ အလုပ် ဆက်လုပ် ပါ သီဒါ၊ ကိုယ်တို့က အေးအေး ဆေးဆေး လာတာပါဟု ပြောမိသည်။ သီဒါ နေရာမှ ပြန်ထွက်သွား၏ ။ အစားအသောက်တွေ လာချပေးတော့ မမှာ ထားသည့် ချိုချဉ်ကြော်နှင့် ကုန်းဘောင်ကြီးကြော်ပါ ပါလာ၏ ။

ပြန်ပေးရလျှင်လည်းမကောင်း။ အိတ်ကပ်ထဲ စမ်းကြည့်သည်။ ငွေလေးဆယ်သာ ပါ၏ ။ လောက်ပ့ါမလားဟု တွေးပူမိတော့ ကိုမြင့်လွင်ကို

`ခင်ဗျားမှာ ဘယ်လောက်ပါလဲ၊ လာချပေးတာတွေ ကို မမှာ ဘူးလို့ ပြန်ပေးလို့လဲ မကောင်းဘူး`

`ကျွန်တာ့်မှာ ငွနှစ် ဆယ်ရှိတယ်၊ လောက်ပါလိမ့်မယ် မလောက်တော့ သီဒါ့ကို အကြွေးမှတ်ခိုင်း`

သည်ကိုမြင့်လွင်ကလည်း ဘာ ဖြစ် ဖြစ်ဖြေတွေးတော့တာပဲ။ အင်းအေ လောက်ပါလိမ့်မယ် ဟု တွေးလိုက်၏ ။

ခေါက်ဆွဲကြော်သုံးဇွန်းလား စားရသေးသည်။

`ကိုဇေယျာ`

အာ….သည်လူဘာ ဖြစ်နေတာလဲ။ ကောင်းကောင်း မစားဘဲ ခေါ်ပဲခေါ်နေသည်။ ဘာလဲဟု မေးဆတ်ပြတော့

`ခင်ဗျား ချာတိတ်ကို ရှေးဟောင်း အနုပညာ ဖော်ထုတ်ရေး မှာ မြင်ဖူးတယ်ဗျာ`

ဇေယျာစဉ်းစားသည်။ ရှေးဟောင်းအနုပညာ ဖော်ထုတ်ရေး ရုံး။ ဘယ်နားမှာ လဲ မသိ။ ဇေယျာသိတာ ရှေးဟောင်း ယဉ်ကျေးမှု သုတေသနပဲ ကြားဖူးသည်။

သီဒါ အဲသည်မှာ လုပ်ဖူးတယ်လား။ ဒါဆို သီဒါဘွဲ့ရပြီးလောက်ပြီနဲ့တူတယ်ဟု တွေးရင်း

`ဘယ်နားမှာ လဲဗျ၊ အဲဒီ ရုံး ကျွန်တော် မသိဘူး`

`ရှေးပညာရှိ ကဗျာ အကျော်အမော်တွေ ရဲ့ အလှဘွဲ့တွေ ဖတ်ရတုန်းက ဒီလို အမျိုးသမီးတွေ ရှိကောရှိရဲ့ လားလို့ ထင်ခဲ့တာဗျ၊ ခုတော့ ခင်ဗျားချာတိတ်က အဲဒီ အလှတွေ နဲ့ တစ်ထပ်တည်း ကျနေလို့ ရှေးဟောင်း အနုပညာ ဖော်ထုတ်ရေး ကလို့ ပြောတာ`

ပြောရင်း မြင့်လွင် ရယ်သည်။

`ကျွန်တော် က အပြင်က အလှထက် ရင်ထဲက အလှတရားကို ပိုချစ်သွားတာ ကိုမြင့်လွင်၊ ဘုရားပေါ်မှာ တွေ့ တုန်းက ရန်ုကန်သူပဲ၊ တဒင်္ဂပျော်ရွှင်မှု ကို တိတိကျကျယူသွားတတ်တာပဲလို့ မြင်ထားတာ၊ ခုတော့ ဒီအထိ သံယောဇဉ်နဲ့ ဣနြေ္ဒတို့ကို မျှမျှတတ သုံးပြသွားလို့ ပျော်သွားတယ်`

ဇေယျာ့ရင်ထဲ သီးဒါ့ကို ကျောခိုင်းထားပါလျက် မြင်နေသည်။ သီဒါယဉ်ကျေးခြင်းကို တသနေမိသည်။

`ရန်ကုန်သူတိုင်း မဟုတ်ပါဘူးဗျာ၊ မြို့တော် ရဲ့ အင်္ဂါရပ်နဲ့ ညီတဲ့ မြို့ကြီးသူ သိက္ခာရှင်မလေးတွေ အများ ကြီးပါ`

`အဲဗျ….ခင်ဗျားက ရန်ကုန်မွေးလာ်း၊ ဒါဆို ကျွန်တော် နေ့ပြောရှေ့ကြည့်ဖို့မေ့သွားတယ်`

သူ့ကို ကိုမြင့်လွင်က လက်ကာပြရင်း စိတ်ဆိုးရင် စိတ်ပြေအောင် ပြောတတ်တဲ့ပညာကို ဘယ်နိုင်ငံမှာ သင်လာသလဲ ကိုဇေယျာဟု ပြော၏ ။ သူစကား ကာတာကို ရည်ညွှန်းသည်။

ပိုက်ဆံရှင်းနေသော တခြားဝိုင်းများ ကို အကဲခတ်မိ၏ ။ ကျသင့်ငွေကို စားပွဲထိုးများ မှ တစ်ဆင့် ကောင်းတာသို့ သတင်းပို့သည်။ ကောင်တာမှ အလွမ်းပြေမှ ကျေးဇူးတင်ပါသည် ကတ်ပြားတွင် ကျသင့်ငွေကို ရေး ပေးလိုက် သည်။

ငွေရှင်းရန်ကောင်လေးကို အသံပြု၍ လှမ်းခေါ်သည်။ တစ်စားပွဲလျှင် တစ်ယောက် ကျ ဧည့်ခံသော ကောင်လေးတွေ ၏ ၀က်စုံသည် ပုဆိုးနှင့်တိုက်ပုံ။ နာမည် တံဆိပ်လေးတွေ ထိုးထားသည်။ ၀တ်စုံဆင်တူ ၀တ်ရသည်။ စားပွဲထိုးပေမယ့် ပစ်စလက်ခတ်ပုံမျိုး မတွေ့ စေရ။ ဆံပင်ကို သေသေသပ်သပ်ဖြီသလို အေးချမ်းသည့် ရုပ်ရည်ပေါ်လွင်သည့် သူကိုသာ ရွေးချယ်ခန့် ထား၏ ။ အလုပ်ကို အလုပ်နှင့်တူအောင် ဟာကွက်မရှိလုပ်ကြရသည်။ အဖိတ်အစဉ်မရှိစေရ။

သည်လိုဆိုင်မျိုးတွေ တစ်ပြည်လုံး အနှံ့ထားခဲ့လျှင် စည်းကမ်းရှိသော စားသောက်ဆိုင်များ အ ဖြစ် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်မည် ဟု တွေးရင်း ဖြစ်စေချင်သည်။

`ဘယ်လောက်ကျလဲ ညီလေး`

ကောင်လေး ကောင်တာဆီ လျှောက်သွားသည်။ ကောင်တာမှ ကတ်ပြားလေးယူလာ၏ ။ သည်မှာ အစ်ကိုဟု ကတ်ပြားလေးပေးပြီး အနားမှ ပြန်ထွက်သွားသည်။

`သီဒါအိမ်ရှင်လုပ်ပါရစေ`

ကတ်ပြားလေးရှိ လက်ရေး ၀ိုင်းဝိုင်းလေးတွင် အကြင်နာတွေ ပြည့်သိပ်နေသည်ဟု ခံစားလိုက်ရသည်။ ကျသင့်ငွေလုံးဝရေး မထား။ ခန့်မှန်းခြေ ငါးဆယ်ထက်မနည်း ကျမည် ။

`ဘာတဲ့လဲ ကိုဇေယျာ`

`သီဒါ ရှင်းမယ်တဲ့လေ၊ ဘယ် ဖြစ်မှာ လဲ ကျွန်တော် သွားပေးမယ်`

ကိုမြင့်လွင်လက်ထဲ ကတ်အပ်ခဲ့တာ ကောင်တာဆီ ဇေယျာထွက်လာခဲ့၏ ။

* * * * ** * * * *


`ဒီအရပ်မှာ ကျေးဇူးတင်တဲ့စကား ပြောခွင့်ရှိလားဟင်`

`မရှိပါဘူး၊ မေတ္တာပဲ ပို့တတ်ရင်ပို့ပါ၊ ဟိုမှာ လေ ဒီဆိုင်ရဲ့ မေတ္တာစာ`

စေတနာကို ဖော်ညွန်းသော သီဒါက ဆိုင်၏ ကောင်တာဘေးရှိ နံရံကပ်ပန်းချီကားတွင် စာလုံးထွင်းထားသော စာလုံးများ ကို ပြ၏ ။ ပန်းချီကားဟု ပြောရသည်မှာ တစ်ခြမ်းက ပန်းပွင့် လေးတွေ ။ တစ်ခြမ်းက စမ်းရေတွေ ။ အလယ်မှာ က ကဗျာရှည်ကြီးတစ်ပုဒ်။မေတ္တာစာတဲ့။

တွေ ဝေနေခဲ့တဲ့သူတွေ

အခြေအနေမဲ့တဲ့ သူတွေ

ကျိန်စာသင့်လျှောက်တဲ့ သူတွေ

အကြင်နာပွင့်ကောက်တဲ့သူတွေ

ဒေါသမီးပွက်တဲ့ သူတွေ

လောဘခရီးဆက်တဲ့ သူတွေ

ငွေ့ကြိုးနဲ့ ကျော့ကွင်းဆင်သူတွေ

အခြေအနေဆိုး အလျှော့အတင်း မြင်သူတွေ

သစ္စာစကား ဆိုသူတွေ

ဘ၀ ရသ ဖက်တဲ့ သူတွေ

အလှအပ မက်တဲ့ သူတွေ ….

အားလုံး…

အားလုံးသော သူတွေ

ကျန်းမာပကတိ

ချမ်းသာစွာ ရှိကြဖို့ မေတ္တပို့။

သစ္စာနဲ့ပျိုးတဲ့ မေတ္တာမိုးစက်တွေ

ဗြဟ္မာပြည်မတက်ထောင်

ကမ္ဘာမြေထက် ငြိမ်းစေသတည်း။ ။

ဇေယျာ့နှုတ်ဖျားမှ`ဟာ `ဆိုသော အာမေဍိတ် မထွက်အောင် နှုတ်ခမ်းစေ့ထားရ၏ ။ ကဗျာကို တခမ်းတနား ပြန်းချီဖြင့် ဘောင်ခတ်ထားသည်။ ရိုသေလေးစားစွာ တန်ဖိုးမြှင့်ထားသည်။

အဲသည်ကဗျာဟာ သူ့ရင်ထဲမှာ စွဲငြိခဲ့ဖူးသည့်ကဗျာ။

ငယ်ငယ့်ကဗျာ။ ကဗျာဆရာ ဘယ်သူလဲဟု မေးလာအောင် တမင်ဖန်တီးထားသည်ဟုသာ ထင်သည်။

`ဒါပေမယ့် သီဒါရယ် လစာထဲက အဖြတ်ခံပြီး ဒါနမပြုပါနဲ့၊ အိမ်လာလည်မှပဲ ကျွေးပါ၊ ခုတော့ ပေးပါရစေနော်၊ ဘယ်လောက်ကျလဲ၊ မပြောချင်လဲ ရတယ်`

ဇေယျာ ငွေငါးဆယ်ကို သီဒါ့ရှေ့ ချပေးလိုက်သည်။

သီဒါက ကောင်းပြီလေဟုပြောကာ အံဆွဲဖွင့်၏ ။ ခဏနော်ကိုဇေယျာဟု ထပ်ပြောပြီး ငွေထည့်အံဆွဲထဲ တစ်စုံတစ်ခုရှာသည်။

`အပြင်ရောက်မှ ဖတ်ပါ`

စာခေါက်အဖြူကို သူ့ဆီ လှမ်းပေးသည်။စာအိတ်ဟု သိသည်။ စာပါတာဟု သိစေသော သီဒါ့အသံဖျော့ကို နားလည်ကာ လျှို့ဝှက်တတ်သည့် ဇေယျာက ဆတ်ခနဲ ဆွဲယူပြီး ဘောင်းဘီအိတ်ထဲ ထည့်လိုက်၏ ။

သီဒ့ါမျက်ဝန်း၌ ပဟေဠိပုစ္ဆာတစ်ပုဒ်လို အရောင် ပြေးနေ၏ ။ ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ကိုမြင့်လွင် လက်တို့တော့မှ ဆိုင်ကွယ်သည့် တစ်နေရာတွင် ဖွင့်ဖတ် ဖြစ်၏ ။

`စေတနာမှာ အတိုင်းအတာ မရှိပါဘူး ကိုဇေယျာ`

ကြင်နာလိုက်ပြီလား သီဒါရယ်။

* * * * ** * * * *






ဝန်ဇင်းချစ်သူများ နှင်းဝေငြိမ်း ၏ “ အချစ်ကို အချစ်လို့ပဲ နားလည်တယ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လက်ထပ်ခြင်း

သင်ချစ်ရာကိုချစ်၍ သင်မုန်းရာကိုမုန်းသည်

မုဒိတာပန်းဖူး မောင်မခူးပါနဲ့