လက်ထပ်ခြင်း
စကားပြောသံလိုလို၊ ကားစက်သတ်သံလိုလို ကြားရရင်း ရေဆာနေသည်။ ရေသောက်ချင် စိတ်က တားမရ။ ရင်ဘတ်တွေ ပူနေတာ ဘာ ဖြစ်တာလဲ။ စကားသံတွေ ကလည်း ဆူလိုက်တာ။ သူ့ကို လှုပ်နှိုးသလိုလည်း ကိုယ်ကြီးက ခါယမ်းနေ၏ ။ သူဖြုန်းခနဲ ရေလှမ်းခပ်လိုက်၏ ။ ရေခပ်လို့မ ရ။ ရေခွက်ထဲမှာ ရေပါမလား။ သူစိတ်ဆိုးပြီး ခွက်ကို လွှင့်ပစ်လိုက်ရင်း ကိုယ်ကို တစ်ပတ်လှဲချပစ် လိုက်တော့သည်။
လိမ့်ခနဲ ဖြစ်သွားသော ကိုယ်ခန္ဓာနှင့်အတူ သူ့မျက်လုံးတွေ ပွင့်လာ၏ ။ သူ့အိပ်မက် မက်နေ တာပါလား။ နေ့ခင်းကြီး အိပ်မက်မက်ရတယ်လို့။ သူ့ခုတင်ပေါ်မှာ တစောင်း ဖြစ်နေပြီး မျက်လုံးအ ပွင့်သား စဉ်းစားနေ၏ ။ ကြာကြာမစဉ်းစားလိုက်ရ။ ခုတင်ဘေးမှ ရေဘူးကို လှမ်းငှဲ့သောက်ရင်း အခုအချိန်ကို ပြန်ရိပ်စားမိသွား၏ ။ နေ့ခင်းမှ မဟုတ်တော့ဘဲ။ သူစောစောအိပ်ပျော်သွားတာကိုး။ ဘယ်လောက်ထိ အိပ်ပျော်သွားမှန်းကိုမသိ။ မျက်လုံးပွင့်တော့ အခန်းထဲမှာ မီးတွေ ပွင့်လို့။ သူ့ကိုယ်ပေါ်မှာ စောင်တစ်ထည် တပ်ထားသေး၏ ။ သူခွာချလိုက်၏ ။ သည်စောင်ကို မေမေလာ တင်သွားပုံရသည်။ သူခုတင်ပေါ်မှာ ပြန်လှဲအိပ်လိုက်ရင်း အိပ်မက်ထဲမှ စကားသံတွေ ကို စီကြည့် နေသေး၏ ။ စကားသံတွေ က သဲသဲကွဲကွဲမရှိလှ။ ဒါပေမယ့် ဆက်ကြားနေရ၏ ။ သူဆက်နားထောင် နေမိသည်။ သည်အသံတွေ က အိပ်မက်ထဲကလား။ အပြင်ကလား။ ဟော..ရယ်သံလိုလိုလည်း ကြားရသည်။ ဟင်..ပန်းကန်သံ၊ ဇွန်းသံတွေ ။ ညကြီးမင်းကြီး ဒါ့အပြင်က အသံတွေ ပဲ။
အသိတစ်ခု ချက်ချင်း ဝင်လာပြီး သူ့ခုတင်ပေါ်မှ ခုန်ဆင်းလိုက်၏ ။ ခြေလှမ်းနည်းနည်း ထိုင် ချင်ပေမယ့်လည်း ထိန်းရင်းလိုက်ရင်း ပြတင်းပေါက်မှ အမှော င်ကို ချိန်ဆလိုက်မိ၏ ။ သည်အချိန် ဟာ သန်းခေါင်ကျော်နေချိန်။ အမှော င်ရဲ့ နက်ရှိုင်းမှု ကို သူခံစားသိသည်။ သူမူးယစ်ဝေမှု သည် ချက်ချင်း ပြေပျောက်သွားလေ၏ ။ သူမမူးတော့။ သူအခန်းထဲမှ ထွက်လာခဲ့ပြီး အသံကြားရာသို့ လျှောက်လာခဲ့ရာ ဇွန်းသံ၊ ပန်းကန်သံများ က ပိုကျယ်လောင်လာ၏ ။ သေချာပြီပေါ့ သူပြန်လာတာ။ သည်အချိန်ကျမှ သူက ပြန်လာရသလားကွာ။
ထမင်းစားခန်းဝသို့ သူရောက်သွားတော့ ရယ်သံတစ်ဝက်လျော့သွား၏ ။ သူ့ကိုမြင်မြင်ချင်း ယောင်တိယောင်ချာ ဖြစ်သွားသော မိန်းကလေး တစ်ယောက် က တစ်ချက်ပဲ မျက်လွှာလှန်ကြည့် ရင်း ခပ်လက်စဟင်းကို ပြီးဆုံးအောင် ခပ်လေသည်။ ခပ်ရင်းနှင့်ကုလားထိုင်မှ တစ်ယောက် ဆီသ တင်းပို့ပြီး သွားလေပြီ။ သူလည်း အမူအဝေတွေ လုံးဝမရှိတော့။ သူ့စားပွဲနားသို့ ထပ်ဘိုးလျှောက် လာမှန်းသိသဖြင့် ကျောခိုင်းနေသော တစ်ယောက် က လှည့်ကြည့်၏ ။ ခြေသံများ ကို အစောပိုင်းက ကြားသော်လည်း မကြားဟန်ပြုနေသူက သူ့မျက်နှာကိုလှည့်ကြည့်ရင်း သူ့ကိုစကားပြောလာ၏ ။ ထမင်းထည့်ပေးနေသော မိန်းကလေးက အခန်းထဲမှ အလိုက်တသိ ထွက်ခွာသွားလေသည်။
“တရေး နိုးလား…”
“ဟုတ်တယ်၊ မင်းရော အခုမှ ထမင်းစားရသလား”
အိပ်မက်ထဲက ဒေါသများ က လက်ကျန်အငုတ် ပြန်ပေါ်လာ၏ ။ သူ့ကို တရေး နိုးလားဟု မေးရင်း ထမင်းနှင့်ဟင်းကို ဇွန်း၊ ခက်ရင်းဖြင့် ဟန်ကျပန်ကျ စားနေသော သူ့ဇနီးသည် သူမ၏ ထမင်းစားချိန်ကို ညနေထမင်းဝိုင်းဟုပင် ထင်ဟန်ရှိနေ၏ ။ သူ့ဇနီး အပြုအမူရာ သူ့ကိုကုလားထိုင် ပေးရန် ဝေးစွ၊ သူမဘေးမှာ လာထိုင်ပါလို့ပင် ခေါ်လိုဟန်မရှိချေ။ သူကလည်း ရိုးအီနေသော အ ဖြစ် အပျက်ပီပီ သူမဘေးခုံမှာ ၀င်ထိုင်လိုက်ရာ မူလက ပြုံးရယ်နေသော မျက်နှာသည် ချက်ချင်း လိုလို တည်တင်းသွားလေ၏ ။
“ဘယ်အချိန်ရှိပြီလဲ ရွှေစင်၊ …မင်း နောက်ကျလှချည်လား”
“နောက်မကျပါဘူး။ ဒါတောင် ကိုယ်စောပြန်လာလျှင် ရတာ ”
“ဟင်..ဒါဖြင့် မင်းအလုပ်မှာ ကျန်တဲ့သူတွေ က ခုထိမပြန်ရသေးဘူးပေါ့…ဟုတ်လား”
“ဟုတ်တယ်၊ မယုံရင် မောင်ဖုန်းဆက်ကြည့်ပါလား၊ ကိုယ်တို့လူကြီးတွေ ဒီညထိ အလုပ် လုပ်ကြရတယ်”
“ကိုယ်က ဘာလို့ဖုန်းဆက်ကြည့်ရမှာ လဲ။ မေးနေတာ မင်းကိုပဲဥစ္စာ”
“ဒါတော့ မသိဘူးလေ။ ကိုယ်ပြောတာ မယုံနိုင်ဘူးဆိုတာ မောင့်အသံထဲမှာ ကြားရလို့ ပြောလိုက်တာ”
“တော် စမ်း…ရွှေစင်၊ မင်းလုပ်ချင်ရာလုပ်ပြီးတိုင်း သူများ ကို လျှောက်ပြောမနေနဲ့၊ ကိုယ် ဘယ်တော့မှ မင်းအလုပ်ခွင်ကို အရေး မစိုက်ဘူး သိလား”
သူ့စကားကြောင့် ရွှေစင်ဦး နှုတ်ခမ်းမဲ့ခနဲ့ ဖြစ်သွားသော်လည်း လူကပုံမပျက်၊ ထမင်းစား မပျက်။ သူမကို သူကဒီလိုပဲ ပြောလာတာ ကြာပြီပဲကွယ်….ပြောပါစေ။ သူရဲ့ နိုင်လိုမင်းထက် ပြော ဆိုချက်တွေ ဟာ ရွှေစင်ဦးအတွက် တရားမ၀င်ဘူးလေ။ သူ ကတော့ ဒေါသနဲ့အရက်ကို မွှေသောက် ထားပြီး အခုလို လူခြေတိတ်ချိန်မှာ အသံကျယ်ခြင်းကို အင်အားတစ်ရပ်၊ စွမ်းအားတစ်ရပ်လို ထုတ် သုံးပြီး ရွှေစင်ဦးနှင့်ပတ်သက်သမျှ အရာအားလုံးအပေါ် သံသရာကြိုးရှည်ရှည် ထားဦးတော့မှာ မ ဆန်းပါ။
“အရေး မစိုက်ရင် ဘာလို့ဒီအကြောင်းတွေ ပြောနေတာလဲမောင်၊ ကိုယ့်အလုပ်အကြောင်း မောင်နားလည်ဖို့ကောင်းနေပြီ၊ ဒီကိစ္စရှင်းရတာ တနေ့လည်းမဟုတ် နှစ် နေ့လည်းမဟုတ်”
ထမင်းလက်ကျန်ကို ဒီတိုင်းမထားချင်၍ အပြီးသတ်စားနေစဉ် နာရီက ည၁၀နာရီထိုးနေပြီ။ ည၁၀နာရီကျမှ ညစာစားရတဲ့ မိန်းမ တစ်ယောက် ကို ဘာကြောင့်များ ရန်လုပ်နေတာလဲမောင်။ ထမင်းလုပ်တွေ လည်ချောင်းမှာ နင်ကုန်မှဖြင့်ကွယ်။ ရွှေစင်ဦးက သူမစားပြီးပန်းကန်ပြားကို အသာတွန်း၍ စကားသံကို တိုးနိုင်သမျှ တိုးပြောလိုက်၏ ။ မတိုးလို့ရော ဖြစ်မှာ တဲ့လား။ ဒီအိမ်မှာ သူ နဲ့ရွှေစင်ဦးနှစ် ယောက် တည်းနေနေတာမှ မဟုတ်တာ။ အခုနေလောက်ဆိုလျှင် အိပ်ရာထဲရောက် နေပြီ။ အိပ်မပျော်သူ တစ်ယောက် နှစ် ယောက် က ရွှေစင်ဦးတို့ စကားတွေ ကို သေသေချာချာမှတ် သားပြီး တနေ့နေ့ တနေရာရာမှာ သေသေချာချာ အသုံးချလိမ့်မည် ကို သူက မသိပြန်ဘူးဆိုသော် လည်း
“မောင်ရေဒေါက်..ဒေါက် မင်းနဲ့ရွှေစင် ဘာသာဗေဒ ညှိချင်လှပါတယ်။”
“မင်းပြောလိုက်လျှင် ဒါပဲရွှေစင် မင်းအလုပ်ကိုနားလည်ပေးရတာ ခနခန ဖြစ်နေတော့ အဲဒီ ခနခနတွေ အတွက်လည်း ကိုယ့်ကို နားလည်ပေးအုန်းမှပေါ့”
“ဘာကိုနားလည်ပေးရမှာ လဲ။ မောင်သွားနေရာ တကောက်ကောက်လိုက်ပေးဖို့နဲ့၊ မောင့် ကို ထမင်းအချိန်မှန် ခူးကျွေးဖို့လား၊ ပြီးတော့ ဟင်း..ဟင်…၊ ဒါတော့ဆောရီးပဲမောင် ကိုယ်အချိန် မပေးနိုင်သေးဘူးကွ”
လက်သုတ်ပ၀ါကို ပစ်ချလိုက်ပြီး ရေခဲသေတ္တာထဲမှ အအေးရည်ကို ထုတ်သောက်လိုက် တာ ဧည့်ခန်းသို့ ထွက်ခဲ့သည်။ သူထောင်းခနဲ့ ဒေါသထွက်သွားသည်။ သူ့မိန်းမရွှေစင်ဦးကို သူဘယ်လိုမှ စည်းရုံးသိမ်းသွင်းလို့ မရတော့ပါလား။ ဒီမိန်းမတစ်ကိုယ်လုံး သူ့ကိုနားလည်ပေးမယ့် အမူအရာ တစ်စက်မှ မရှိတော့ပါလား။
ဒါထွန်းနေရောင် ရဲ့ ရွှေစင်ဦးတဲ့လား။
ဒါ သူချစ်မြတ်နိုးလွန်းလို့ သည်းခံနေတဲ့ သူ့ဇနီးတဲ့လား။
အိုကွာ ဒေါက်ဒေါက် ဒါတွေ ထွန်းနေရောင် အတွက် အခုချိန်မှာ ဘာမှ အသုံးမ၀င်တော့ပါ လား။
ဒါတွေ အားလုံးက သူနဲ့သူ့ဇနီးကို ဝေးကွာစေတော့မှာ လား။ ဒီလိုနဲ့ သူတို့နှစ် ယောက် ဟာ အမှော င်ထဲမှာ လမ်းလျှောက်ဖို့ပြင်ဆင်ရတော့မှာ လား။
မလိုချင်ဘူး။ သူရွှေစင်ဦးကို ပုံပြန်သွားကမယ်။
ထမင်းစားခန်းမှာ ငိုကြီး ကျန်ရစ်ခဲ့ပြီး ပြန်လည်မချေပလိုက်ရသော ထွန်းနေရောင် သည်သူ့ ကို အရေး အရာမထားသော သူ့မိန်းမနောက်သို့ ကမူးရှူးထိုးလိုက်ပါသွားသည့်အခါ သူ့ဇနီးကဧည့် ခန်းဘေးမှ သူမအလုပ်စားပွဲရှိ ဖိုင်များ ကို ဖွင့်ကြည့်ရင်း လက်တဖက်က အချိုရည်ဗူးကိုင်သောက်၍ ကျန်လက်တစ်ဖက်က ဆိုင်းတွေ ထိုးနေတော့သည်။
“ဒီအလုပ်တွေ က သန်းခေါင်တလွဲတောင် မပြီးနိုင်သေးဘူးလားကွ”
သူစောင့်အော်ပြီး ရွှေစင်ဦးလက်မောင်းကို ပိတ်ထိုးလိုက်မိ၏ ။ သူ့လုပ်ရပ်သည် မထင်မှတ် ပဲ အရိုင်းဆန်သွားခဲ့လေပြီ။
“ဟင်…ဒါဘာလုပ်တာလဲမောင်”
ရွှေစင်ဦးလက်ထဲမှ အအေးဘူးလေး လွတ်ထွက် သွားလောက်အောင်ပင် လက်သီးအားက ပြင်းထန်၏ ။ ထွန်းနေရောင် ဒေါသသည် ရက်လပေါင်းများ စွာ ကတည်းက စုဆောင်းပြီးသားမို့ သူ့လက်သီး၌ သူ့ဒေါသအားလုံး စုသွားခဲ့ချေပြီ။ သူ့လက်အစကို သူမခန့်မှန်းမိ။ သူ့ဒေါသအစကို ခန့်မှန်းမိသည်။ သူစိတ်ရှိလက်ရှိသာ စိတ်ကိုလွှတ်ပေးလိုက် လျှင် ရွှေစင်ဦးကို ချေမွှပစ်လိုက်မိမည် ထင်ပါသည်။
ရွှေစင်ဦးအံ့အားသင့်သွား၏ ။ သူမကို ဘယ်တုန်းကမှ ကိုယ်ထိလက်ရောက်မစော်ကားခဲ့ဖူး သော ခင်ပွန်းသည်၏ ရိုင်းစိုင်းမှု သူမအသားစိုင်တွေ နာကျင်စေဖို့မဆိုထားနှင့်။ စကားလုံးနှင့်ပင် သူမကို အနိုင်မရခဲ့သူ၏ စော်ကားမှု ကို။ လက်ထဲမှ လွတ်ကျသွားသော အအေးဘူးဆီ အချိုရည် များ ကြမ်းပြင်ပေါ်တွင် ချွဲပျစ်ပျစ်စီးသွားသလို ရွှေစင်ဦး၏ မာန်မာနတွေ လည်း သူမနှုတ်ခမ်းနှင့် သူမလက်ဝါးမှာ စီးဆင်းသွားခဲ့ချေပြီ။
“ယူ…မိုက်ရိုင်းလှချည်လား၊ ဒါမိကောင်းဖခင်သားသမီးရဲ့ လုပ်ရက်လားဟင်”
တစ်ကိုယ်လုံးတုန်ခိုက်လာသော ရွှေစင်ဦးသည် သူမဖိုင်တွဲ များ ပေါ်သို့ တစ်စက်နှစ် စက်စင် သွားသော အချိုရည်စများ အား သည်းသည်းသန်သန်သုတ်ရင်း စာရွက်စာတမ်းများ ဖိုင်တွဲ များ ကို အံဆွဲထဲထည့် သော့ ခတ်လိုက်လေ၏ ။
ဒါတွေ က ရွှေစင်ဦးရဲ့ ဘ၀တွေ ။ သည်ဘဝတွေ နဲ့ ထွန်းနေရောင် ကို လဲလို့မ ဖြစ်ဘူး။
သူမမျက်လုံးထဲမှာ အရက်မူးပြီး သတိကင်းလွတ်နေသော အသိဉာဏ်မဲ့ ယောက်ျားတစ် ယောက် သည် သူမခင်ပွန်း ထွန်းနေရောင် မှန်း သိနေသော အခါ သူမလက်ဝါးသည် သူ့ရင်ဘတ်ကို ဆောင့်တွန်းပသ်လိုက်သည့် တစ်ဆင့်လျော့ အခြေအနေသို့ လျော့ကျသွားရလေ၏ ။
မျက်ရည်များ ၀ဲတက်လာသော်လည်း ငိုချလိုက်ဖို့ ရွှေစင်ဦး မစဉ်းစားပါ။ သူမကို လက်သီး နှင့်ထိုးမိလိုက်သော ထွန်းနေရောင် သည် သူ့ဇနီး၏ ဒေါသ မည် မျှကြီးကြောင်း သိထားသည့်နည်း တူ သူ့ကိုပြန်လည်တိုက်ခိုက်သာမှု အား ငြိမ်သက်စွာ ခံလိုက်ရန် စဉ်းစားထားလေ၏ ။ ထို့ကြောင့် လည်း ရွှေစင်ဦး ရှေ့မှာ သူပေရပ်နေလေ၏ ။ သူ့အင်္ကျီရင်ဘတ်ကို ဆောင့်ဆွဲရင်း ပြောသော စကား ကဖြင့် ကြေမွပြဲစုတ်သွားမည့် အင်္ကျီထက် အဆပေါင်းများ စွာ နာကျင်စေလေ၏ ။
“မိန်းမ တစ်ယောက် ကို ငါပိုင်ထားတယ်ဆိုပြီး ကိုယ်ထိလက်ရောက်စော်ကားဖို့ ယူ့ရဲ့ ဆွေ ကြီးမျိုးကြီး မိသားစုက သင်ပေးလိုက် ပြီကိုး”
ထိုစကားကြောင့် သူဆတ်ခနဲ တုန်သွားပြီး အလန့်တကြား အော်မိ၏ ။
“မဟုတ်ဘူး။ ကိုယ့်မေမေက…”
“ဒီမှာ ယူ့အမေနာမည် ထည့်မပြောနဲ့။ မေမေနဲ့ရွှေစင်ဦး ရန် ဖြစ်နေဦးမယ်။ ယူသွားအိပ် တော့၊ မဟုတ်ရင် ကိုယ်ယူ့ကို ကုတ်ဆွဲမိလိမ့်မယ်”
“လုပ်လေ…လုပ်၊ မင်းလုပ်ချင်နေတယ် မဟုတ်လား၊ ဒါမှ ကျေသွားမှာ ”
တောင့်တောင့်ကြီးရပ်ရင်း ခေါင်းစိုက်နေသော ထွန်းနေရောင် သည် ရွှေစင်က လက်မောင်း ကို ဖိနှစ် ရင်း စကားအားယူပြောနေရသည်ကို မြင်ရပြန်သော အခါ စိတ်မကောင်းခြင်းများ စွာ ဖြစ်သွားရလေ၏ ။ သူ့လက်တွေ ကလည်း မြန်ဆန် လာလိုက်တာ။ ရွှေစင်ဦးသူ့ကို စိတ်နာသွားမှ ဖြင့်။ သူနည်းနည်း လန့်သွား၏ ။ သူလွန်သွားတာမို့ သူ့ကို ကုတ်ဆွဲလိုက်လျှင် သူရုန်းကန်မနေဟု ဆုံးဖြတ်ထား၏ ။ သို့ သော် မေမေကိုဖြင့် ရွှေစင်ဦးဒေါသ မလှည့်စေချင်ပါ။ မေမေနှင့် ရွှေစင်ဦးတို့ ထိပ်တိုက်တွေ့ ခဲ့လျှင် သူသာနားငြီး စိတ်ညစ်ရပေလိမ့်မည် ။ သူ့ကိုစကားတတ်တိုင်း ရွှေစင်ဦးပြော နေသည်ဟူ အောက်မေ့ထားသော်လည်း သူမမျက်လုံးများ စူးရဲတောက်ပလာတာကိုဖြင့် သူ မကြိုက်ပါ။ သည်မျက်လုံးမျိုးက သူ့ကို အန္တရာယ် ဖြစ်စေမည့် မျက်လုံး။
သူ ချက်ချင်း ဆိုသလို ရွှေစင်ဦးလက်နှစ် ဖက်စလုံး ဆွဲယူ၍ သူ့မျက်နှာကို ကုတ်ခြစ်စေလိုက် ၏ ။ သို့ သော် ရွှေစင်ဦးပြန်ရုန်း၏ ။ ထိုအချိန်မှာ သူမနှုတ်ခမ်းတွင် မဲ့ပြုံးတွေ အထပ်ထပ်။
“ကျေသွားအောင် ဆိုရင်တော့ ဘာမှမလုပ်ချင်ဘူးမောင်၊ ကိုယ်ကကျေသွားမှာ စိုးတယ်”
“ဆောရီး…ရွှေစင်၊ မောင်လွန်သွားတယ်”
“မတောင်းပန်နဲ့”
သူတောင်းပန်ပေမယ့် ရွှေစင်ဦးခေါင်းမညိတ်၊ သူမ မာန်တင်းထန်နေ၍ ထွန်းနေရောင် ဒေါသပြန် ဖြစ်လာကာ အခန်းထဲသို့ ၀င်သွားပြီး ဒေါသတကြီး တံခါးချက် ပိတ်လိုက်သည်။
ကြမ်းပြင်ပေါ်မှာ ဖိတ်နေသော အချိုရည်များ အား အဖော်မိန်းကလေးသုတ်နေသည်လို တစ်ချက်စောင်းကြည့်၍ သူမအလုပ်စားပွဲမှာ ငြိမ်သက်စွာ ထိုင်နေမိ၏ ။ သူမမျက်လုံးအိမ်မှာ အရည်ကြည်တချို့ တွဲ ခိုရင်း အံတင်းတင်းစေ့၍ အလုပ်တွေ ကို နှစ် လုပ်နေပေမယ့် သူမစိတ်ထဲမှာ တော့…
မနက်ဖြန်ဆိုလျှင် အကြားသတင်းတစ်ရပ်နှင့် သူမကို လင်မယားရန် ဖြစ်ခန်းအား အိမ်ရှိလူ ကုန်သိသွားကြပြီး တီးတိုးတီးတိုး သဖန်းပိုးထိုးကြပေတော့မည် ။ ထိုအခါ သူတို့၏ မှတ်ချက်တွင် ထွန်းနေရောင် သည် သနားစဖွယ် ဖြစ်နေပြီး ရွှေစင်ဦး လွန်တာဟု တညီတညွတ်တည်း ပြောကြပေ ဦးတော့မည် ပေါ့။
ပြောကြပါစေကွယ်။ ဒါသည်အိမ်ရဲ့ ဧရာမအလုပ်ပဲဥစ္စာဟု တွေးရင်းနှင့်ပင် စာရင်းဇယား များ ကို သူမရေး ဆွဲရင်း ဂဏန်းပေါင်းစက်ကလေးနှင့် သူမအလုပ်များ လျက်။
သည်လို ဖြစ်လာလေ ရွှေစင်ဦး ဆုံးဖြတ်ချက်တစ်ခု ပိုမြဲမြံလာလေပေါ့။
မနက်အိပ်ရာမှ နိုးလာသည့်အခါ၌ သူသည် သမီးကိုဖက်၍ အိပ်ပျော်ခဲ့မှန်း သတိထားလိုက် မိသည်။ သမီးလေးက သူ့ဘေးမှာ နှစ် နှစ် ခြိုက်ခြိုက် အိပ်မောကျနေဆဲ။ သမီးလေး၏ နွဲ့ပျောာင်း သော ခန္ဓာကိုယ်လေးမှာ အရွယ်နှင့်လိုက်ဖက်စွာ ရှိနေသော်လည်း အရပ်ကဖြင့် ရှည်ရှည်မျော မျောလေးရှိနေပါသည်။ သမီး၏ ဆံပင် မာတောင့်တောင့်များ က သူ့မျက်နှာကို စူးရှစေ၏ ။ သူက သမီးလေးမနိုးစေရန် အသာလေးအိပ်ယာမှထသည်။ အိပ်ရာမှထရင်း သူ့ခေါင်းတွေ အုံကျင်နေသ လို ဖြစ်နေသဖြင့် ခေါင်းကို ဖိကိုင်ထားရင်း ထိန်းထလိုက်ရ၏ ။ သူ ကုတင်ပေါ်မှ ခြေဖျားထောက် ဆင်းလာကာ မတ်တပ်ရပ်ရင်း တစ်စုံတစ်ရာကို သတိရသွားတော့၏ ။
ဟုတ်ပြီ။ညက သူရွှေစင်နဲ့ ရန် ဖြစ်သေးတယ်။ ဘယ်နှစ် နာရီမှာ ပါလိမ့်။ ညတော့ တော် တော် နက်နေပါပြီ။ သူဘာတွေ ပြောမိပြန်ထဲ မသိ။ သူ့ကိုခွန်းတုံ့ပြန်နေသော ရွှေစင်အသံတွေ က တော့ နားထဲမှာ ရုပ်လုံးကြွမလာတော့။ ပြောတော့ ပြောနေသည်။ မကျေနပ်ခြင်းတွေ ကိုမှန်း သိသာစေ၏ ။ ညစကားတော် တော် များများ ပြောမိသွားပြီထင်ရဲ့ ။ သူ့ကိုရွှေစင်ဦး ရန်ပြန်တွေ့  သည်။ ဘာတွေ လဲမသိ။ ရွှေစင်ဦး ပြောတာတွေ …ရွှေစင်ဦးပြောတာတွေ သူပုံဖော်သည်။ သူသိပ် မမှတ်မိ အဲ…မှတ်မိတာ တစ်ခုပဲရှိသည်။ ရွှေစင်ဦးအိမ်ပြန်နောက်ကျ။ ဟာ..သူ ရွှေစင်ဦးကို လက်သီးနဲ့ထိုးလိုက်သေးတာ လက်မောင်းကို။ ဟုတ်ပြီ။ သူ့ကို ရွှေစင်က ရန်တွေ့ တယ်။ သူတို့ စကားများ တယ်။ ရွှေစင်ဦးမကျေနပ်ဘူး။ ပြီးတော့ သူ တစ်ယောက် တည်း ပြန်အိပ်လိုက်ရတယ်။ သမီးအိပ်ယာပေါ့။ ညက လုပ်စားပွဲမှာ ရွှေစင်ကျန်နေခဲ့သည် သူ့ကို စိတ်ဆိုးလို့ဆိုတဲ့ အကြောင်းပြ ပြီး ညလုံးပေါင် အလုပ်လုပ်နေခဲ ဖြစ်သည်လေ။
အခုမနက်ရော…။ သည်မိန်းမ ဧည့်ခန်းဆက်တီမှာ ပဲ အိပ်နေမှာ လား။ ဒါမှမဟုတ် အခုမှ အိပ်မလို့ပြင်မှာ လား။ အခန်းထဲမှာ တော့ ရွှေစင်မရှိပါ။ သူသိသည် ကတော့ သူကော်ဖီခန်းကိုသွား မှ ဖြစ်တော့မည် ။ ဒါမှ မေမေနှင့်သူစကားပြောချိန်ရမည် ဖြစ်သည်။ အခုချိန်လောက်ဆိုလျှင် မေမေ က ကော်ဖီအိုးနှပ်ထားရင်း မနက်စာတမျိုးမျိုးနှင့် ကော်ဖီခန်းသို့ သူ့အလာ ကြိုစောင့်မျှော်နေ တော့မည် ။
မေမေနှင့် ကော်ဖီအတူတူသောက်ရမှ နေ့တစ်နေ့သည် အဓိပ္ပာယ်ရှိကြောင်း မိခင်၏ ဆုံးမ မှု များ အတွက် မြန်မာမိသားစုဝင်များ သည် ဂုဏ်ယူသင့်ကြောင်း၊ လောကကြီးမှာ မိခင်ဖခင်ရဲ့ ချစ် ခြင်းမေတ္တာလောက် ဘယ်မေတ္တာမှ မအေးမြနိုင်ကြောင်း၊ စိုးရိမ်ကြောင့်ကြမှု ဟူသည် မိဘ၏ စိတ် သဏ္ဍာန်၌ သာ တည်မှီကြောင်းစသဖြင့် ဆိုဆုံးမလေ့ရှိသော မေမေသည် သည်မနက်မှာ ဖြင့် သည် သို့ စကားဦးသန်းလိမ့်မည် ကို သူကြိုတင်မတွေးထားချင်ပါ။ တွေးရမှာ ခေါင်းနောက်လိုက်တာ။
မျက်နှာသစ်ပြီး ဆံပင်ဖြီးသင်နေစဉ် ပျော့တီးပျော့ဖတ်လျှောက်လာသော သမီးလေးကို မှန် ထဲမှာ မြင်လိုက်ရ၏ ။ ဆံပင်မာတောင့်တောင့်လေးတွေ ထိုးထိုးထောင်ထောင်နှင့် အိပ်မှု န်စုန်ဖွား ဖြစ် နေသော သမီးလေးသည် သူရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လာ၏ ။ သူကနောက်သို့ လှည့် ကြည့်ပြီး သမီးကိုချီပွေ့လိုက်လေသည်။ သမီးက သူ့ကိုယ်ပေါ်အလိုက်သင့်မှေးတင်လိုက်ရင်း…
‘မာမီကော’ဟုမေး၏ ။
သူမျက်နှာကွက်ခနဲ ပျက်သွားသေး၏ ။ သမီးမသိအောင် မျက်နှာထားပြင်၍ ဖြေလိုက်ရ၏ ။
‘အိမ်ရှေ့မှာ လေ သမီး’
သမီးလေးဖို့ အိပ်ရာသပ်လပ်ထားပေး၍ သမီးအိပ်ရာဘေး၌ အရုပ်စင်လေးပါရှိနေသည်။ သမီး အိပ်ရာလေးမနှာ သူတို့ နှစ် ယောက် အခန်းတွင် မဟုတ်တော့ဘဲ လွန်ခဲ့သည့်ခြောက်လ လောက်ကမှ မေမေကိုယ်တိုင် သူ့အခန်း၌ သမီးအတွက် ဆင်ပေးထားသော အလှခန်းလေး ဖြစ် သည်။
ထိုအခန်းလေးသည် မှန်ကဲလားများ နှင့် အလုံပိတ်အခန်းတော့မဟုတ်ပေ။ သမီးဘွားဘွား က သူ့မြေးလေးကို မိန်းကလေးမို့ အစွမ်းကုန် ဂရုစိုက်လွန်းလေ၏ ။ သမီးကလေးကလည်း ဘွား အေကို ချစ်လှသည်။
သမီးတို့ မြေးအဘွား၏ အချစ်အား သူပီတိ ဖြစ်ရတာ အကြိမ်ကြိမ်။ သမီးသည် တစ်ခါတစ် ခါ ဘွားအေနှင့် အိပ်တတ်၏ ။ တစ်ခါတစ်ခါ သူတို့နှင့်အိပ်တတ်၏ ။ မနေ့ည ကတော့ သူကသမီးနှင့် သွားအိပ်ခဲ့သည်။
‘ဒယ်ဒီ…မာမီပြန်လာရဲ့ လား’
သူ့ပွေ့ချီထားသော သမီးသည် မျက်နှာသစ်စင် နားအရောက်၌ ကိုယ်ကို လှိမ့်လျော့ဆင်းချ လိုက်၏ ။ ရေချိုးခန်း မ၀င်သေးဘဲ သူ့ကိုထပ်၍ မေး၏ ။ ညကလည်း မာမီကောဟု သမီးမေးသည်။ သူမဖြေနိုင်။ သမီးပါးပြင်ကိုသာ မြတ်မြတ်နိုးနိုးနမ်း၍ သမီးကိုဖက်ကာ ချက်ချင်း ဆိုသလို အိပ်ပျော် သွားခဲ့၏ ။ အိပ်ပျော်သွားသော်လည်း အိပ်မက်ထဲ၌ သူနှင့် ရွှေစင်ဦးတို့ ရန်ပွဲက ဆက်လက် ဖြစ်ပွား နေဆဲရှိသေး၏ ။ မိုးလင်း၍ နိုးလာတော့မှပင် ခေတ္တရပ်ဆိုင်းသွားဟန်တူ၏ ။
‘ပြန်လာတယ် သမီးရာ…တော် ပြီ။ မမေးရတော့ဘူး၊ သမီးအခု ဘာလုပ်ရမလဲ၊ မျက်နှာသစ် သွားတိုက်၊ ပြီးရင် မုန့်စား ကော်ဖီသောက်၊ ပြီးမှ စကားဆက်ပြောကြမယ်’
သူ့မျက်နှာ တမင်တည်ပစ်လိုက်ရ၏ ။ ထိုအခါ သမီးအသံလေးတိတ်သွားပြီး သူ့သွားပွတ် တံ အ၀ါလေးကို ဆွဲယူ၍ သွားတိုက်ဆေးထည့်ကာ ရေချိုးခန်းသို့ ခပ်ရို့ရို့လေးဝင်သွား၏ ။ မျက်နှာ လေး ငုံ့လို့ပေါ့။ သည်တော့လည်း သူကပြန်ချော့ချင်လာ၏ ။ သမီးများ စိတ်မကောင်း ဖြစ်သွားလေ သလားလို့။
‘သမီး မြန်မြန် မျက်နှာသစ်နေ၃ာ်။ ဒယ်ဒီစောင့်နေမယ်။ သမီးနဲ့မှ ကော်ဖီတူတူသောက် မယ်၊ ဘွားဘွားလဲ စောင့်နေမှာ ’
သူ့လေသံကို သမီးကလည်း ပါးနပ်စွာ တုံ့ပြန်သည်။ စိတ်ကောက်ရန် မကြိုးစားတော့ဘဲ သူ့ကိုပြန်၍ ပြုံးပြလိုက်သော သမီးကြောင့် ညကမူးယစ်ထုံဝေခဲ့သမျှတို့ လန်းဆန်းကြည်လင်သွား ခဲ့လေပြီ။
သူ့အတွက် သမီးက အားဆေးပါပဲ။ သူ့ဒေါသများ အားလုံးသမီး၏ မျက်နှာသစ်ရေထဲသို့ ပါ သွားခဲ့ပြီဟု အောက်မေ့ကာ အိမ်ရှေ့ခန်းရှိ ကော်ဖီခန်းသို့ သူခေါင်းရှင်းရှင်းဝင်လာခဲ့သည်။
ညက သူ့ဒေါသကို ရွှေစင်ဦးနှင့် မျက်နှာချင်းဆိုင်မိသည့်တိုင် ထုတ်မသုံးတော့ဟု သူတွေး ထား၏ ။ သူကော်ဖီခန်းရောက်လျှင် သူ့မေမေက ထိပ်ဆုံးစားပွဲမှာ ကော်ဖီနှင့်သတင်းစာကို တွဲ သောက်နေရင်း သမီးကိုစောင့်နေသည်။ မေမေ့နှစ် ခုံကျော်တွင် သူ့ဒေါ်ဒေါ်ထိုငမည် ။ ပြီးလျှင် ရွှေစင်ဦးထိုင်၍ စာဖတ်ရင်းနှင့် သောက်နှင့်နေလိမ့်မည် ထင်ရ၏ ။ ဤသို့ သာ တွေ့ ရလျှင် သူသည် သမီးကို မျက်နှာသစ်ပေးရန်ပင် စိတ်မ၀င်စားတော့သော သမီးမေမေအား မထိတရိပြုံး၍ သမီးကို သူ့ပေါင်ပေါ်တင်ကာ ကော်ဖီတိုက်လိုက်ဦးမည် လေ။
‘သားသား….နိုးပြီလား၊ မြေးလေးကော’
ကော်ဖီခန်းသို့ သူရောက်သော အခါ၌ …သူတွေးထင်သလို ဖြစ်မလာပါ။ ကော်ဖီခန်း၌ မေမေ တစ်ယောက် သာ ဘီးကြော့ပတ်တစ်ခွေကြီးနှင့် ကော်ဖီမတ်ခွက်နှင့် မျက်နှာသုန်မှု န်စွာ နှုတ် ဆက်လေ၏ ။ ဒါဟာနံနက်ခင်းအတွက် အလားအလာမကောင်းတော့သော သဘောပါပဲ။ မေမေ့ လေသံက ဒေါသထွက်နေ၏ ။ သူမနိုးခင် ဘာတွေ များ ဖြစ်သွားပြန်ပြီလဲ။ သူ မေမေ၏ ဒေါသက ဘယ်အချိန်ကတည်းက စတင်နေတာပါလိမ့်၊ သူမသိဟန်ဆောင်ပြီး မေမေ့ဘေးတွင် ၀င်ထိုင်လိုက် သည်။
မေမေက သူ့ကို မွေးကတည်းက သည်နေ့ထိ သားသားဟုသာ ခေါ်သည်။ ထိုအခေါ်က တစ်အိမ်သားလုံးနှင့် မဆိုင်။ မေမေတစ်ဦးတည်းနှင့်သာ ဆိုင်၏ ။ မေမေ၏ သားသားအခေါ်ကြောင့် သူရှက်ရပေါင်းများ ပြီး သူငယ်ချင်းများ ၏ အဟားခံရပေါင်းများ ခဲ့သော်လည်း မေမေက သူ့နှုတ်ခမ်း ပေါ်မှာ သားသားကို မခေါ်အပြု မရပ်စေခဲ့။ ကြာသော အခါ၌ သူသည် အသက်သုံးဆယ်ကျော် လူ ကြီးပိုင်း ကလေးအဖေ ဖြစ်နေသော်လည်း မေမေရဲ့ ‘သားသား’တ၀မှာ ပဲရှိနေလေ၏ ။ ထို့အတွက် လည်း ရွှေစင်ဦးက ပြောဖူးသည်လေ။
‘မောင့်မေမေက မောင့်ကို သားသားလို့ တစ်သက်လုံးခေါ်နိုင်ပေမယ့် ကိုယ့်ကို သမီးလို့ ဘယ်တော့မှ ခေါ်မှာ မဟုတ်ဘူး… သူ့ဘ၀မှာ သမီးမှ မရှိဖူးတာ မောင်ရယ်…ဒါတွေ ကိုယ်နားလည် ထားတယ် မောင်…’
မေမေက ဘာကြောင့်များ ရွှေစင်ဦးကို သမီးလို့မခေါ်ချင်ရတာ လဲ။ မေမေနှုတ်မှ မည် သူ့ကို မှ သမီးဟု ခေါ်သံမကြားဖူးခဲ့။ သူ့သမီးလေးကိုတော့ မြေးလေး…ဖွားမြေးလေးဟုခေါ်သည်။ ရွှေစင် ဦးကိုသာ မေမေ့သမီးဟုခေါ်ခဲ့လျှင် သူအနေခက်မည် မဟုတ်။ ရွှေစင်ဦးစွတ်စွဲသလို ထင်မိယောင် မှား ဖြစ်မည် မဟုတ်။
သို့ သော် ယနေ့ထိတော့ မေမေက သူ့ကိုသားသားခေါ်ဆဲ။ တခြားယောက်ျားလေးကိုတော့ သားတို့ လူလေူးတို့ ခေါ်ဖူးသည်။ အဲ…ရွှေစင်ဦးအပါအ၀င် ဘယ်မိန်းခလေးကိုမှတော့ ‘သမီး’ဟု မခေါ်ဖူးချေ။ သူ့နားနဲ့မကြားဖူးချေ။
ယခုလည်း မေမေသည် သူ့ကို မွေးကင်းစလေး အိပ်ရာမှ နိုးလာသည်ကဲ့သို့ တရေး တယူ နှုတ်ဆက်၏ ။ သမီးငယ်ကို မေး၏ ။
‘သမီးငယ် မျက်နှာသစ်နေတယ် မေမေ…’
‘ကော်ဖီသောက်ရင်း စောင့်နေတာ… ဒီနေ့အိပ်ရာထနောက်ကျတယ် သားသားရယ်။ ။ ည က မြေးလေးနဲ့ သွားအိပ်တယ်မဟုတ်လား…မြေးလေးပါ အိပ်ရေး ပျက်ပြီပေါ့…’
‘မပျက်ပါဘူး မေမေ….သမီးငယ်အိမ်မှ သားဝင်အိပ်တာပါ…မေမေ ညက အစောကြီးအိပ် နေပြီမှတ်တာ…’
‘သားသားရယ်…သားသားက မေမေ့သားပါကွယ်…ညက သားတို့လင်မယား ရန် ဖြစ်တာ အားလုံး မေမေသိပြီးပြီ…ဘာတွေ ပြောကြာ ဘာတွေ ဖြစ်ကြတယ်ဆိုတာကအစ အားလုံးသိပြီးပြီ သားသားဘာပြောချင်လဲ…’
မေမေမျက်လုံးများ မှ ဒီထက်မက ပြောချင်နေသော်လည်း သား ဖြစ်သူ သူ့ကို ဦးစားပေးလေ ၏ ။ သူက ဘာပြောရမှာ လဲ။ ညက မူးသွားလို့ပါလို့ ပြောရမှာ လား။ ဒီလိုတော့ မပြောချင်ဘူး။ သူ သိပ်မှမူးတာ…။ သူရဲ့ ရွှေစင်ဦး ဒီအထိ ဖြစ်ကြတာလည်း မူးလို့မဟုတ်ဘူး။ သူသတိထားတဲ့ကြား က ဒေါသကြောင့် ဖြစ်ကြတာ….။]
‘ဘာမှမ ဖြစ်ပါဘူး။ မေမေရာ…ထုံးစံအတိုင်း စကားနိုင်လုတာပါ…’
‘မလိမ်စမ်းနဲ့ သားသား…မင်းဘယ်တုန်းက မေမေကို လိမ်နိုင်လို့လဲ….’
သူက လေပြေသွေးကာမှ မေမေက မတ်ခွက်ကို စောင့်ချ၏ ။ ထို့နောက် သူကိုစေ့စေ့ကြည့် ကာ နှုတ်ခမ်းမဲ့၍ ပြုံး၏ ။
‘မလိမ်ပါဘူး။ မေမေ…ညက သားတို့ဘာမှမ ဖြစ်…’
သူ ထပ်ပြီးလိမ်ဖို့ကြိုးစားရင်း…ညက သူ့ကို ရွှေစင်ဦးပြောသော စကားတွေ မေမေကြားမှာ စိုးရိမ်လာ၏ ။ ရွှေစင်ဦးကို မေမေပိုဒေါသ ဖြစ်သွားမှာ စိုးနေ၏ ။ သည်လိုမျိုးတော့ သူအ ဖြစ်မခံချင်ပါ။ သူ့စကားအဆုံးမခံပဲ မေမေက ခပ်သွက်သွက်ပြော၏ ။ မေမေ့မျက်လုံးများ က ဒေါသကြောင့် ပို၍ ၀ိုင်းစက်လာ၏ ။
‘ဘာ…ဘာမှမ ဖြစ်ရမှာ လဲ…ရွှေစင်ဦးက မေမေတို့ဖက်ကို ဂိုဏ်းရိုက်ပြောတယ် မဟုတ် လား။ သားသား သူ့လက်မောင်းကို ဖွဖွထိုးတာလေးကို အသည်းပိုပြီး ကဲကဲဆတ်ပြန်ပြော်တယ် မဟုတ်လား…’
‘မေမေ….သား သူ့ကို….’
သူပြောလိုက်သည်က…သူ့စိတ်နဲ့မာန်နဲ့ ဖွဖွထိုးသော်လည်း မိန်းမ တစ်ယောက် ၏ လက်မောင်းက အကျီင်္စားမခံနိုင်ကြောင်း မေမေသိစေချင်၏ ။ ပြီးတော့လည်း ရွှေစင်ဦး ပြောစကား တွေ အပေါ် မေမေခံစားနေရာမှာ လည်း စိုးရိမ်သည်။ တစ်ယောက် ယောက် က ဖြစ်စဉ်ကို အပိုအ သာလေးထည့်ပြီး သွက်သွက်လက်လက် ပြန်ပြောခဲ့ပြီးတာပဲကို…..။ စိတ်ချရလှချည်လား….။
‘မေမေ့ကပိုလဲ မလေးစားတဲ့ချွေးမ၊ ကိုယ့်သမီးလေးကို ဂရုမစိုက်တဲ့ မအေမျိုး၊ အို…မေမေ လက်ထပ်ပေးခဲ့တာ မှားပြီသားရယ်’
သူ့မေမေ၏ ကြေကွဲကွဲအသံကို နားထောင်လိုက်ရသော အခါ သူ့ရင်ထဲ ဆို့နင်သွားတော့၏ ။ မေမေ့မျက်နှာ တစ်ပြင်လုံး ရဲရဲနီကာ နှုတ်ခမ်းတင်းတင်း စေ့ထား၏ ။ သူ့သားအပေါ် ယူကြုံးမရ ဖြစ်နေသော မေမေ၊ မဟုတ်သေးဘူး။ မေမေ့ကို သူစောဒက မတတ်ဝံ။ ထိုအခိုက်မှာ ပဲ သမီးက ကော်ဖီခန်းကို ၀င်လာပါပြီ။
သူတို့နှစ် ယောက် နှုတ်ဆိတ်သွားကြလေပြီ။
‘ဘွားဘွား’
‘မြေးမလေးရေ’
မြေးအဘွားနှစ် ယောက် အပြန်အလှန်နှုတ်ဆက်သည် မြေးက သူ့အဖွားပေါင်ပေါ် ပြေး တတ်သည်။ သူ့မေမေစကားစပြတ်သွား၏ ။ သူလည်း သမီးပန်းကန်ထဲ ပေါင်မုန့်ဖဲ့ပေး၍ သူ့ကို မေမေပြန်စကား မဆက်ခင် ကော်ဖီခန်းမှ ထွက်ခဲ့၏ ။ သူစိတ်ညစ်သွားပြီလေ။ သူစိတ်ညစ်ခြင်းတွေ ရွှေစင်ဦးဆီ ပျံ့နှံ့ရန် မ ဖြစ်သင့်လွှန်း၍ အခန်းထဲသို့ ပြန်ဝင်ကာ အိပ်ရာပေါ် ပြန်လှဲချလိုက်၏ ။ ယခု အချိန်လောက်ဆိုလျှင် ရွှေစင်ဦးသည် ရုံးခန်း၌ စကားတွေ ရယ်မောပြောဆိုရင်း အလုပ်ကိုစဉ် ဆက်မပြတ် လုပ်နေလေရော့မည် ။
သူရယ် သမီးရယ် ကတော့ မေမေ့အုပ်ချုပ်မှု အောက်မှာ ရွှေစင်ဦးကြောင့် ကြေကွဲနေဆဲ။
ကြေကွဲနေသော ရွှေစင်ဦးသည် အမှော င်ထဲ၌ လမ်းလျှောက်လျက်ရှိ၏ ။ သူမအလုပ်ပြန် ချိန်သည် ကောင်းကင်တွင် အပြာရောင် ကင်းမဲ့နေပြီ ဖြစ်သည်။ ရွှေစင်ဦးအတွက် ညသည်အရေး တကြီး မရှိလှပါ။ ရာသီဥတုမှာ လည်း ဆောင်းမို့နေ၀င်စောလှသည်။ အလင်းမှိန် နေရောင် တန်း သည် ပုန်းလျှိုးကွယ်လျှိုး နောက်ဆုတ်စပြုနေလေပြီ။
အမှော င်သန်း ကောင်းကင်အောင်မှာ ရွှေစင်ဦးလမ်းလျှောက်ရတာ ရိုးအီနေပြီ ဖြစ်သော် လည်း အင်အားပြင်းထန်သော ကားဟွန်းသံများ ကြောင့်တော့ ကသိကအောက် ဖြစ်လှသည်။ ဟွန်းသံများ ကို တွန်းလှန်ရန်လည်း မစွမ်းသာ၊ ဟွန်းသံများ ကလည်း ရွှေစင်ဦးကို ဂရုမစိုက်ဘဲ မဟာဗန္ဓုလပန်းခြံလမ်း တစ်လျှောက် အရှေ့အရပ်ဆီ စီတန်းညီညာစွာ ပြေးသွားကြလေ၏ ။ ပန်း ဆိုးတန်း မီးပွိုင့်နှင့် မျဉ်းကြားသည် ဟွန်းသံများ ကို စုဝေးထားသလို ဖြစ်နေ၏ ။
‘မရွှေစင်ဦး မှော င်လှချည်လား’
သူမ စီးသွားရမည့်ကြား ကားဂိတ်သို့ သုတ်သုတ်သွားနေရာ ပန်းခြံဖက်မှ လျှောက်လာ သော လူ တစ်ယောက် ၏ တအံ့တသြ လှမ်းခေါ်သံကြောင့် သူနှင့်မျက်နှာချင်းဆိုင် ရပ်မိသွား၏ ။ သူမကို နှုတ်ဆက်ပြီး ရှေ့တည့်တည့်မှာ ရပ်နေ သူသည် သူမလိုပဲ အမှော င်ထဲမှာ ရှိနေပါသည်။
‘မရွှေစင် ဘယ်လဲ’
‘ကျွန်မ ပြန်မလို့ပါ’
သူ့ကို ရွှေစင်ဦး ကောင်းကောင်းသိသည်။ သူသည် ရွှေစင်ဦးတို့လုပ်ငန်းနှင့် စီးပွားရေး ဆက်စပ်နေသူ လုပ်ငန်းခွင် တစ်ဦး၏ ကိုယ်ရေး အရာရှိ ဖြစ်၏ ။ ရုံးသို့ မကြာခဏလာရသူလည်း ဖြစ်သည်။ သူတို့ဌာနအတွက် လိုအပ်သော အသုံးချသူစာရင်းတွင် သူမလည်းပါဝင်မှန်းထိုလူက သိထားပြန်ရာ၊ အခုလို တကူးတက စကားပြောဖို့အတွက် သူ့ဘက်မှ သေချာစွာ ရပ်လိုက်ပေ မပေါ့။
‘မှော င်မှ ပြန်တယ်နော်၊ အလုပ်ပိနေပြီ ထင်တယ်’
မှော င်လှချည်လား၊ မှော င်နေပြီဟု ပြောသူကြောင့် ရွှေစင်ဦး မျက်လုံးက ဗဟိုတရားရုံးရှေ့ အဝေးမြင် နာရီစင်ကြီးဆီကြည့်မိသွား၏ ။ နာရီလက်တံများ က ခြောက်နာရီမိနစ်လေးဆယ်သို့ ပဲ ညွှန့်ပြဆဲရှိ၏ ။ ခြောက်နာရီကျော်ကျော်ဆိုတဲ့ အချိန်ဟာ မိန်းမ တစ်ယောက် အတွက် အမှော င်တဲ့ လား။ မ ဖြစ်နိုင်တာတဲ့။
‘ကျွန်မတော့ သတိမထား ဖြစ်ပါဘူး’
‘ခါတိုင်း ဒီအချိန်ထိ နေဖူးလို့လား၊ အိမ်ကကားနဲ့ ပြန်တာ မဟုတ်လား။ အခုလိုမိုးချုပ်ရင် ရုံးကကားနဲ့ ပြန်ပေါ့’
သည်လူက သူမကို ဂရုတစိုက် ရှိနေပါလား။ ဘယ်တုန်းကများ သူမရုံးပြန်ချိန် မြင် သွားပါ လိမ့်။ အေးလေရန်ကုန်ဝန်းကျင်တစ်ဝိုက်မှာ သူရှိနေသရွေ့ လူအများ ၏ ရုံးဆင်းချိန်တွေ ကို သူမြင် နိုင်တာပဲလေ။ အဆန်းတော့ မဟုတ်ပါ။ သို့ သော်သူက အိမ်ကကား၊ ရုံးကကားကိုပင်လျှင် လှမ်းသိ နေပြန်၍ စိတ်အထာ မကျချင်တော့။ သူ့ဘဏ်ဘက်သို့ ရွှေစင်ဦး၏ ခြေတစ်လှမ်း စရွေ့လိုက်၏ ။
‘ကျွန်မ ၀င်စရာရှိသေးလို့လာတာ၊ သွားမယ်နော်’
နှုတ်ဆက်ရင်း လမ်းဆက်လျှောက်မည် ပြင်ပေမယ့် ထိုလူက စကားစကို အဖြတ်မခံ။
‘ကျွန်တော့်မှာ ကားပါ ပါတယ်။ လိုက်ပို့ပါရစေ’
ရွှေစင်ဦး ခေါင်းခါပစ်လိုက်၏ ။ ရင်ခွင်ထဲမှ ဖိုင်များ အား ဘယ်လက်ဖြင့် ပြောင်းကိုင်လိုက်၏ ။
‘နေပါစေ…ကျွန်မ သွားတတ်ပါတယ်’
‘ဟာ….အိမ်ပြန် ပိုမှော င်သွားမှာ ပေါ့ အားမနာပါနဲ့ မရွှေစင်ဦး၊ ကျွန်တော် လိုက်ပို့ပေးနိုင်ပါ တယ်’
လာပြန်ပြီ သည်မှော င်တာချည်းပဲ။ မှော င်တော့ ဘာ ဖြစ်လဲ။အမှော င်ကိုကြောက်ပြီး ဘယ်မှ မသွားရ မလာရဘူးလို့ ဘာကြောင့်များ မိန်းကလေးတွေ ကို သတ်မှတ်ချင်ရတာ လဲရှင်၊ မဟုတ် သေးပါဘူး။ လူ တစ်ယောက် ရဲ လွတ်လပ်ပိုင်ခွင့်ဟာ ညအမှော င်မှာ ပျောက်ဆုံးရမှာ လား။ ဒါဆိုည ဆိုတဲ့အရာကို ဖယ်ပစ်လိုက်ပေါ့။ ညဘက်မှာ အလုပ်မလုပ်ရဆိုတဲ့ မူရှိရင်တော့ အမှော င်မှာ ဘယ်သူမှ လမ်းမထွက်ြ ကတော့ဘူးပေါ့။
အခုဟာက အမှော င်ထဲမှာ ကိုယ့်အရေး နဲ့ ကိုယ် သွားလာနေသမျှ အမျိုးသမီးကို ထိခိုက် စော်ကားသလိုပဲ။
ဟိုး…အဝေးက သူတို့ကို ကြည့်လိုက်စမ်း။ အမှော င်ထဲမှာ ကားတန်းစီစောင့်နေတဲ့ မိန်းက လေးတွေ ။ အကြော်ကြော်နေတဲ့ မိန်းမကြီးတွေ ၊ စတိုးဆိုင်က ကောင်မလေးတွေ သူတို့ အိမ်မ ရောက်ကြသေးပါဘူး။ သူတို့အလုပ်လုပ်နေကြတယ်လေကွယ်။ လူသားတွေ ချင်းအတူတူကို ဘာ အပြစ်မှ မကျူးလွန်ပါဘဲနဲ့ ဘာကြောင့် အမှော င်ကို ကြောက်ရွံ့ရမှာ လဲ။
သည်လူနယ် မှော င်ာတချည်း ထည့်ပြောနေတာ။ အမှော င်ဆိုတာကို သရဲခြောက်တဲ့လေ သံနဲ့ ပြောနေတယ်။ တော် စမ်းပါကွာ။ မောနွမ်းနေရတဲ့ထဲ။ ရှင်တို့ယောက်ျားတွေ ဟာ သိပ်သူရဲ ကောင်းဆန်ချင်တာပဲနော်။ ကျွန်မ ယောက်ျားလည်း ရှင့်လိုပဲဟု ပြောလိုစိတ်တွေ ရင်ထဲတလိပ် လိပ်။
‘ရတယ်….ရတယ်’
ရှေ့ဆက်စကားပြောလိုစိတ် မရှိတော့၍ လက်မြန်မြန်ပြကာ နှုတ်ဆက်ကျော်ခိုင်းလိုက်ရပါ သည်။ မနည်းစဉ်းစားစရာ မလိုပါသော်လည်း ထိုလူနာမည် ကိုခေါ်ဖို့ မေ့နေသေး၏ ။ သူ၏ အားတုံ့ အားနာ မျက်နှာကို မြင်သော်လည်း မသိဟန်ပြုကာ ရှေ့သို့ သာ သွက်သွက် လျှောက်ခဲ့၏ ။
အမှန်တကယ်၌ ရွှေစင်ဦး၏ ရုံးပြန်ချိန်သည် ယနေ့အဖို့ နေမ၀င်သင့်ပါ။ သို့ သော်လည်း သူမအလုပ်တွေ ကိုသာ သဲသဲမဲမဲ လုပ်ချင်စိတ်ပေါ်လာသော အဓိကအကြောင်းရှိနေပါသည်။ ထိုအ ချက်က သူမပိုက်ဆံအိတ်ထဲမှာ ။
ကြားကားများ ရပ်ထားရာသို့ ရောက်သော အခါ၊ လူခေါ်တင်နေသည့်ကားပေါ် ပြေးတက် ထိုင်လိုက်၏ ။ စပယ်ရာအသံက ဆူညံ့ပွက်လောရိုက်နေ၏ ။
သည်လိုနေရာမှာ တောင် လူကများ ချင်သေးသည်။ တစ်ယောက် ငါးကျပ်နှုန်း တန်းစီရသော နေရာမှာ ဆိုလျှင်ဖြင့် မတွေးဝံ့စရာ။
မြွေလိမ်မြွေကောက် လူတန်းများ က အရောင် စုံလေ ပိုလှပစွာ ကွေ့ကောက်လေ၊ တိုးဝှေ့ ပြေးလွှားရခြင်း မရှိတာတစ်ခုတည်းနှင့် မြွေတန်းရှည်လူတွေ ကိနု စည်းခံကျော်ဖြတ်တတ်ခဲ့၏ ။
တကယ်ဆိုလျှင် ယခုလို ညမှော င်ရီသန်းမှာ သူမလည်း တစ်ယောက် တည်း ထိုသို့ သုတ် သုတ် ဘယ်သွားလိုပါ့မလဲ။ မသကာ သူမဘေးမှာ အားကိုးလောက်ဖွယ် ယောက်ျား တစ်ယောက် လောက် ပါလာသင့်သည်ပေါ့။
ထိုယောက်ျားမှာ လည်း သူမထက် အစစအရာရာ ဉာဏ်ရည်သာပြီး သူမကို ဦးဆောင်နိုင် သူမျိုး။
ဥပမာ ကားလမ်းကူးလျှင်တောင် သူမလက်ောင်းကို ဆွဲကိုင်၍ ကူးပို့ပေးတတ်သူမျိုးကိုသာ အလိုရှိချင်သည်။ ထိုစိတ်ကူးတိုပျက်ပြယ်ခဲ့သည်မှာ ကြာပြီလေ။
မောင်က သူမကို အပို့အကြိုမလုပ်တော့။ သူမကလည်း ယောင်ယမ်း၍ မျှပင် လာကြိုပါ လားမောင်ရယ်ဟု မချွဲနွှဲတော့။
ပြီးခဲ့တာတွေ ပြီးပါစေဟု မည် သို့ ပင်ဆိုဆို ရွှေစင်ဦးသည် သူမအနာဂတ်အတွက် သူမဘာ သာ ရွေးချယ်ခဲ့ပြီးပြီလေ။ ထိုရွေးချယ်မှု က သူမလက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သော နယ်ပြောင်း ရွှေ့မိန့်။
လွန်ခဲ့သော သုံးရက်ကမှ ရရှိထားသည့် လက်ထောက်မန်နေဂျာ ရာထူးနေရာအတွက် သူမအထူးတလည် ပျော်ရွှင်ခွင့်မရခဲ့ပါ။
စိတ်ပင်ပန်းခြင်းတို့ဖြင့် သူမကို အစွမ်းကုန်တိုက်ခိုက်အနိုင်ယူခဲ့သော တင်နွယ်လေးကြောင့် သူမမျက်ရည်များ ကြား၌ ပျော်ရွှင်ခြင်းတို့ ပျောက်ဆုံးခဲ့ရသည်လေ။
‘မောင်ရေ….ကိုယ် လက်ထောက်မန်နေဂျာ ဖြစ်ပြီ သိလားမောင်’ဟုပင် ခုန်ခုန်ပေါက်ပေါက် ပြောခွင့်မကြုံလိုက်ရ။
သည်တော့လည်း သူမရာထူးမြင့်တက်သွားကြောင်း ရုံးအမိန့်စာနှင့်တွဲ လျက်သာ ပြသခွင့်ရ တော့မည် လေ။
ထို့အတွက်…မောင့်ဘက်မှ ပြင်းထန်စွာ နာကျင်ထိခိုက်ပြီး ဒေါသတကြီး အော်ဟစ်တော့ မည် မှာ သေချာလှ၏ ။
‘ဒါ…ဒါ…ဘာလုပ်တာလဲရွှေစင်’ဟုပြောကာ၊ သူ့လက်ထဲမှာ ရုံးအမိန့်စာအား မယုံနိုင်စွာ ပြန် ဖတ်ရင်း အံ့သြစွာ ရေရွတ်နေမည် ဖြစ်သလို သူမကလည်း….
‘ဆောရီးပဲ မောင်ရယ်….မောင်…ရွှေစင်ကို နားလည်ပေးပါဟု ပြောရုံမှတပါး….။’
သူမလို မိန်းမ တစ်ယောက် ဟာ တကယ်တော့ မောင့်လိုလူမျိုးကို လက်မထပ်သင့်ဘူးတဲ့။ ဟုတ်ပါရဲ့ ။ ရွှေစင်ဦးဟာ မောင့်ကို ရည်ရွယ်ချက်ကြီးကြီးနဲ့ လက်ထပ်ခဲ့တာမှမဟုတ်ဘဲ….။
ဒီအတါက် နောင်တရနေပြီလား ရွှေစင်…။ ဟင့်အင်း….ရွှေစင်ဦးဘ၀ကို ရွှေစင်ဦး ဘယ်လို များ ပုံဖော်ခဲ့တယ်ဆိုတာ အိမ်အပြန်လမ်းတစ်လျှောက် ပြန်တွေးရုံပဲ တွေးပရစေတော့ မောင်ရယ်..။ ကိုယ်တို့ဘဝတွေ ကို ဘယ်သူတွေ ဖန်တီးလိုက်တာလဲဆိုတာ ကိုယ် ပြန်တွေးပါရစေ။
အပိုင်း(၁)
မိန်းမ တစ်ယောက် နှင့် လက်ထပ်ခြင်း ဖြစ်ရပ်မှာ ဤမျှလောက် အကျဉ်းချုံး မြန်ဆန်သွား လိမ့်မည် ဟု သူယောင်ယမ်း၍ မျှပင် မတွေးမိခဲ့။
သူလိုလူသည် အင်မတန် စိတ်ကူးယဉ်ကောင်းသော ယောက်ျား တစ်ယောက် ဖြစ်ပြီး သူ၏ လက်ထပ်မင်္ဂလာပွဲအား အလွန်အမင်း စိတ်ကူးယဉ်တတ်ပြီး အဘယ်ကဲ့သို့ ကြီးကျယ်ခမ်းနားစွာ ကျင်းပမည် ဟူသော ဆုံးဖြတ်ချက်များ ခိုင်မာခဲ့ဖူးသူလည်း ဖြစ်သည်။
သူ့မင်္ဂလာပွဲ၌ သူ့ သတိုးသမီးသည် ရှက်ရွံ့လှပစွာ ပန်းနုရောင် ထိုင်မသိမ်း သတို့သမီးဝတ် စုံဖြင့် ဆံမြိတ်နွယ်ချ ဘီင်္းဆံထုံးမြင့်မြင့်မှာ သဇင်ခိုင်တွေ ဝေညွတ်ရင်း သူ့လက်များ အား သူမ၏ အေးစက်နူးညံ့သော လက်ချောင်းသွယ်များ က အားကိုးတကြီး ဆုပ်ကိုင်ကာ မင်္ဂလာ လက်ထပ်ပွဲ လာ ဂုဏ်သရေရှိ ဧည့်ပရိသတ်များ သို့ သူ့ပခုံးတွင် မေးဖျားမှီနွဲ့နှုတ်ခက်နေပေလိမ့်မည် ။
ထိုအချိန်တွင် သူသည်လည်း ပိုးချိန်အ၀ါနု ပုဆိုးနှင့် ပုလဲနုရောင် ပိုးတိုက်ပုံ၌ သစ်ခွဖြူ ရင် ကပ်မင်္ဂလာပန်း ချိတ်လျက် ရွှေကြယ်သီးတပ် လည်ကတုံးအဖြူကို ၀တ်ဆင်ကာ ကြက်သွေးရောင် ကတ္တီပါဖိနပ်စီး၍ ချစ်သူသတို့သမီးကလေးအား မကြာခဏ အားပေးပြုံးပြရင်း အသာတကြည်ရွှေ လက်တွဲ ကာ သူတို့နှစ် ဦး၏ ဘ၀ခရီးစတင်ခြင်း အထိမ်းအမှတ်အား ကြည်နူးချမ်းမြေ့စွာ ဦးဆောင် ကျင်းပသွားနိုင်ပေလိမ့်မည် ။
ယခုတော့ ထိုစိတ်ကူးယဉ်မှု တို့ တစ်စစီ….တစ်စစီ။
ယခုတော့….
သူ့လက်ထပ်ပွဲသည် မထင်မှတ်သော တိုက်စစ်များ ကြားမှ အလဲလဲ အပြိုပြို။
သူရှုံးနိမ့်သွားပြီဟု သိလိုက်သော ဖြစ်ရပ်မှာ အင်မတန်မြန်ဆန်သလောက် အလွန်အမင်း ဖရိုဖရဲ နိုင်လွန်းလှချေ၏ ။
သူ့ဘက်မှ ဘာတစ်ခုမှ ပြင်ဆင်ချိန်မရဘဲ အားလုံးပြီးဆုံးသွားသော ဖြစ်ရပ်တစ်ခု။
ထို ဖြစ်ရပ်ကို မည် သူဖန်တီးသနည်း။
သူသိပ်ကို စိတ်လှုပ်ရှားနေသည်လေ။
သူသိပ်ကို အံ့သြနေသည်လေ။
သူဘာတွေ ဖြစ်ခဲ့ပြီလဲ။ သူ့ဆုံးဖြတ်ချက်တွေ သည်လောက် မြန်ဆန်သွားတာ သူကိုယ်တိုင် အံ့သြစရာ။
သူ…သူ…ရွှေစင်ဦးကို လက်ထပ်နိုင်ခဲ့ပြီတဲ့။
မယုံနိုင်စရာပါလား ရွှေစင်ရယ်။ မင်းလိုမိန်းမက မောင့်ကို ရွေးချယ် လက်ထပ်လိုက်တာက ကော အမှန်တရားတဲ့လား။
မင်းတကယ်ကို သတ္တိရှိသွားခဲ့ပြီပဲ။
မောင်အံ့သြတယ်။ မောင့်ကို မင်းပြောတဲ့ စကားတွေ ရှိတယ်လေ အဲသည်စကားတွေ ကို မင်းမေ့လိုက်ပြီပေါ့နော်။
လက်ထပ်တယ်ဆိုတာ အင်မတန် ကြောက်စရာကောင်းတာ မောင်ရဲ့ ။ မိန်းမပဲ ဖြစ် ဖြစ် ယောက်ျားပဲ ဖြစ် ဖြစ် သူ့ဘဝထဲကို တခြားသူ တစ်ယောက် ခေါ်လိုက်ရတာ ။ တာဝန်ယူလိုက်ရတာ ကိုယ့်ရဲ့ အောင်မြင်မှု ပျော်ရွှင်မှု စိတ်အေးချမ်းမှု တွေ ဒါမှမဟုတ် ကိုယ့်ရဲ့ ဆုံးရှုံးမှု ကြေကွဲမှု ၊ စိတ် ဆင်းရဲမှု တွေ ကို သူ့ကိုပါ ခံစားခွင့်ပြုလိုက်ရတာ ဘယ်လောက် အခွင့်ထူးခံသလဲလို့။ ရွှေစင်ဦးလို မိန်းမ ကတော့ ကိုယ်လက်ထပ်မယ့် ယောက်ျားမှာ အောင်မြင်မှု ကျော်ကြားမှု ရှိစေချင်တယ်။
ပြီးတော့ မိန်းမကို ငဲ့ညှာတတ်ရမယ်၊ နားလည်မှု ရှိရမယ်။ သူဟာ တခြားသာမန်ယောက်ျား တွေ လောက် အတွေးအခေါ်မျိုး မရှိစေချင်ဘူး။
ပြီးတော့ သူ့မှာ မိသားစုကို ဦးဆောင်နိုင်ပြီး မိန်းမ တစ်ယောက် ကို အိမ်ပါအစေအပါးလို သဘောမထားရဘူး၊ မဟာဖိုဝါဒကို မကျင့်သုံးဘူး။ ဒါအဓိကအချက်ပဲ။
အဲ…ပြီးတော့ မိန်းမ တစ်ယောက် ကို တင်တောင်းလောက်ဖို့ မင်္ဂလာစရိတ်လောက်တော့ ကိုယ်ပိုင်ဝင်ငွေနဲ့ ရှာထားနိုင်ရမယ်။ မှတ်ထားနော်မောင်။ ယူ့မှာ ဘာဝင်ငွေမှ သတ်သတ်မှတ်မှတ် မရှိသေးဘဲ ရွှေစင်ဦးကို လက်ထပ်ချင်လို့မရဘူး။ ယူ့မိဘတွေ နဲ့ ကျွန်မကို လာမတောင်းလေနဲ့ မောင်။ ကျွန်မက ကိုယ့်ယောက်ျားကို အထင်ကြီးချင်တဲ့ မိန်းမမျိုး။
‘သားသား’
‘ဗျာ…မေမေ’
သတိကင်းလွတ်နေသူ တစ်ယောက် အ ဖြစ်မှ ဖြုန်းခနဲသတိဝင်လာသော ထွန်းနေရောင် သည် သူ့လက်ထပ်ပွဲ အခမ်းအနားတွင် သူ့ဆွေမျိုးသားချင် တစ်ဦးတစ်လေမှ မပါရှိသည့်အပြင် မေမေမသိရှိလိုက်ခြင်းအတွက် တုန်လှုပ်ချောက်ချားစွာ မေမေ့ကို မည် သို့ ရင်ဆိုင်ရမည် မှန်း စဉ်း စားမရ ရှိနေစဉ်မှာ ပင် မေမေက ပခုံးကို ကိုင်လှုပ်လိုက်လေ၏ ။
မေမေ့ကို ဘွားခနဲ့တွေ့ လိုက်ရ၍ လိပ်ပြာလွင့်မတတ် ခံစားလိုက်ရသည်။
မေမေ သူ့ရှေ့မှာ ထိတ်ထိတ်ပျာပျာရှိနေ၏ ။ သူ့ကို မေမေအကဲခတ်နေလေပြီ။ သူဘယ့် နှယ်ပြင်ဆင်ရပါ့မလဲ။
‘သားသား…ဘာ ဖြစ်လာသလဲ’
‘ခင်ဗျား…ကျွန်တော် ဘာ ဖြစ်လို့လဲ’
‘ဘာ ဖြစ်ရမှာ လဲ၊ သားသားအိမ်ပေါက်ဝမှာ အကြကြီးရပ်နေလို့ပေါ့။ ပြောစမ်း’
ကြောင်အမ်းနေသော ထွန်းနေရောင် သည် သူဘယ်ပုံဘယ်နည်း အိမ်ပြန်ရောက်လာမှန်း ပင် သတိမထားနိုင်လောက်အောင် စိတ်တွေ ထွေပြားေ၀၀ါးခဲ့ပြီမှန်း သတိထားမိချိန်၌ သူသည် မေမေ့ရှေ့မှာ မှော က်ငိုမိမတတ် ဖြစ်သွားလေပြီ။
မေမေသူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း မေမေ့မျက်လုံးတွေ စူးရှတောက်ပလာ၏ ။
သည်တော့မှ သူသတိထားကာ ကမန်းကတန်း ခန္ဓာကိုယ်ကို မတ်နေအောင်ရပ်ပြီး သူ့ကိုယ်သူ ခြေဆုံးခေါင်းဆုံးပြန်ကြည့်မိ၏ ။
သွားပြီ။ သူ မေမေ့မျက်နှာကို မကြည့်နဲ့တော့။
သူ့တစ်ကိုယ်လုံး သစ်လွင်တောက်ပလှချည်လားလို့ မေမေပြောမယ့်မျက်လုံးတွေ သူရင် မဆိုင်ဝံ့။
‘မေမေ ရင်တုန်လိုက်တာ သားသားရယ်။ ဒီအ၀တ်အစားတွေ ဘယ်သူဆင်လိုက်တာလဲ။ ဘာလို့ဝတ်လာတာလဲ’
ဟုတ်တယ်။ သည်အ၀တ်အစားတွေ ၀တ်ထားရတာ သားလည်းရင်တုန်နေပါတယ် မေမေ။ သည်အ၀တ်အစားတွေ သားပေါ်က ကူချွတ်ပေးပါလားမေမေ။ ကြည့်စမ်းပါဦး။ မေမေ့မျက်ဝန်းတွေ တလက်လက်မှာ ဒေါသနှင့် ရောနေသော မျက်ရည်တွေ ။
သူ ဖြုန်းခနဲ ထိုင်ချလိုက်၏ ။ သူမေမေ့ကို ကန်တော့မှ ဖြစ်မည် ။ သူ့လိပ်ပြာအတွက်။
‘အို…သားသား၊ မင်းဘာလုပ်တာလဲ’
သား တစ်ယောက် က အမေ တစ်ယောက် ကို ထိုင်ကန်တော့ရုံလောက်နဲပ သည်လောက် မထိတ်လန့်သင့်ပါဘူး မေမေရယ်။ သူ့နှုတ်မှ ဘာသံမှ ထွက်မလာသော်လည်း သူ့ရင်ထဲ၌ မူ စကား လုံးပေါင်းများ စွာ ပြောလျက်။
သား…သည်နေ့ပဲ ရွှေစင်နဲ့ လက်ထပ်ပြီးပြီမေမေ။ မေမေသားကို နားလည်ပေးပါတော့။
သူစိတ်ရှိလက်ရှိ ထိုင်ကန်တော့နေရာမှ ခေါင်းပြန်မော့လိုက်၏ ။ မေမေသူ့ကို တစူးရဲရဲ ကြည့်ပြီး တစ်ကိုယ်လုံးတုန်ယင်လာ၏ ။
သူဖြုန်းခနဲ ပြန်ရပ်လိုက်ပြီး မေမေ့ကို ကြုံးဖက်လိုက်ကာ တိုးတိမ်စွာ ဖွင့်ပြောလိုက်လေ တော့၏ ။
‘သား လက်ထပ်ခဲ့ပြီမေမေ’
သူ့အသံသည် တိုးတိတ်၍ နှုတ်ဖျားနှစ် လွှာကြား ပျောက်ဆုံးသွားသော်လည်း သူ့နှုတ်ခမ်း သည် မေမေ့လည်တိုင်နားရှိနေသော ကြောင့် မေမေ့လည်တိုင်အထက် နားစည်တို့တွင် ကျယ် လောင်စွာ မြည် ဟည်းသွားဟန်တူ၏ ။
အဘယ်ကြောင့်ဆိုသော မေမေ့ခန္ဓာကိုယ် တုန်ခိုက်သွားသော ကြောင့်ပင်။ ထို့ပြင် မေမေ နှုတ်ဖျားမှ စကားတချို့ ပြိုကျလာ၏ ။ တော် လဲ့ပြီဟု မေမေခံစားရလေပြီလားမသိပါ။
‘ဘုရားရေ…သားသားတကယ် လက်ထပ်လာပြီ…ဟုတ်လား’
စကားသံအဆုံးမေမေ လက်နှစ် ဖက်စလုံး သူ့ရင်ဝမှာ သွားဆုံပြီးနောက် မေမေမိုက်ခနဲ့ ဖြစ် သွားလေတော့၏ ။
သူဖက်ထားသော လက်များ အတော် ကြီးမြဲမြံ၍ သာ အိမ်ဝကြမ်းပြင် ကော်ဇောပေါ်သို့ မေ မေ မေ့လဲကျမသွားခဲ့ပေ။
‘မေမေ’
‘မေမေ’
သူ စိုးရိမ်ပူပန်လွန်းကြီးစွာ အော်တော့သည်။ သူ့ကိုယ်ပေါ်မှ အံ့သြတွေ ဝေမှု တွေ က မေမေ့ ကျန်းမာရေး ကြား၌ အရောင် ဖျော့ကျသွားလေပြီ။ သူမေမေ့ပခုံးကို အတင်းဆွဲခါနေမိ၏ ။
သူတရစပ် အော်ခေါ်သံကြောင့် အိမ်ထဲမှ အဖော်များ ပြေးထွက်လာ၏ ။ ထိုအခိုက်မှာ မေမေလွန့်ခနဲ ပြန် ဖြစ်လာ၏ ။
မေမေ့မျက်လုံးအစုံ ပြန်ပွင့်လာကာ သူ့ကို အံ့သြစွာ ကြည့်ရင်း မျက်ရည်များ လိမ့်ဆင်းမကျ ခင် မျက်လုံးပြန်ပိတ်သွားပြီး အသက်ရှူသည်။
မေမေ့အသက်ရှူသံ ပြင်းလွန်း၏ ။ ဒေါသနှင့် အရှက်တို့ ရောပြွမ်းနေသော အသက်ရှူသံ။
‘မေမေ’
သူထပ်ခေါ်ရင်း ပခုံးဆွဲခါမိပြန်၏ ။
မေမေ လက်ကာပြ၏ ။
ပြီးတော့ ပြုံးသည်။ မေမေ့အပြုံးက ဆုံးရှုံးမှု ကို အတင်းကာကွယ်သော အပြုံး ပြုံးပြီးမှ ပွင့် လာသော မျက်လုံးတို့မှာ မျက်ရည်မဲ့။ အရောင် မဲ့။
‘ဟင့်အင်း…မေမေ ဘာမှမ ဖြစ်ဘူး။ ရပြီ….ရပြီ’
ချက်ချင်း ဆိုသလို မေမေကိုယ်မတ်သွား၏ ။ မေမေ့အသံပုံမှန်ထက် ပိုနူးညံ့သွားတာကိုဖြင့် သူမကြိုက်။
မေမေဘာ ဖြစ်သွားပြီနည်း။
သည်တစ်ခါ သူမေးခွန်းပြန်မေး ဖြစ်တော့မည် ထင်သည်။
‘ဘာ ဖြစ်သွားလဲ မေမေ’ဟု။
သို့ သော် မမေးလိုက်ရ။
‘အိပ်ရာထဲလိုက်ပို့ သားသား၊ မေမေအိပ်ရာထဲမှာ အရင်လှဲမယ်’
သူ့မေမေသည် သူ့ကိုတွေ ဝေထိုင်းမှိုင်းသူမဟုတ်။ သူဘာ ဖြစ်လာပြီဆိုသည်ကို ချက်ချင်း နားလည်သွားပြီးစိတ်ထိန်းလေ၏ ။ သူကဘယ်နေရာမှာ ဖြစ် ဖြစ် မေမေ့သား မပီသချေ။
အရာရာသည် သူ့အတွက် ထိန်းချုပ်ခြင်းနှင့် ဝေးကွာလှ၏ ။ မေမေ သူမကိုယ် သူမသတိ ထားပြီး လမ်းလျှောက်သည့်ပြင် နောက်လှည့်ကြည့်ပြီး သူ့ကို ပြုံးပြသေး၏ ။
သည်တော့မှ သူရှက်သွားရလေ၏ ။
ထိုအရှက်မှာ မေမေ့ဆန္ဒကို ချိုးဖောက်လာမိသူ တစ်ယောက် သစ္စာဟွန်းသည့်အရှက် ဖြစ်တန်ရာ၏ ။
ထို့ကြောင့် သူခေါင်းငုံ့ကာ မေမေခုတင်ခြေရင်း၌ ၀မ်းနည်းစွာ ထိုင်ချလိုက်မိလေ၏ ။
ဖြစ်နိုင်လျှင် မေမေ့ရှေ့မှ သူထွက်သွားလိုလှ၏ ။ ဒါနဲ့အိမ်သို့ သူရောက်အောင်ပြန်ခဲ့သည် နော်။ မေမေနှင့် အားပြိုင်သူကြိုးစားမိတာကိုက သူ့အမှား။
‘ပြောလို့ရပြီ သားသား’
‘ခင်ဗျာ’
‘ပြောလို့ရပြီလေ။ သားသားနဲ့ရွှေစင်ဦး ဘယ်လိုကြောင့် လက်ထပ်လိုက်ရတယ်ဆိုတဲ့အ ကြောင်း’
အဖျားခတ်တုန်ခါသော စကားတို့နှင့် အပြိုင် မေမေ့မျက်လုံးအိမ်မှာ ဝဲနေသော မျက်ရည်စ များ က မျက်တောင်များ မှာ သီကရီ။
ငိုချလိုက်ပါလား မေမေရယ်….။ သားလက်ထပ်လာတဲ့သူ ဘယ်သူဆိုတာ သိနေပါရော လား။ သိတာတော့ မဆန်းပါဘူး။ ရွှေစင်ဦးက သူ့ချစ်သူဆိုတာ မေမေသိသည်လေ။
ဒါပေမယ့်လည်း ကံကြမ္မာရဲ့ အစီအမံတွေ ကြားမှာ ဖူးစာဆုံခြင်းဆိုတဲ့ ထင်မှတ်မှု များ ကြောင့် သူလက်ထပ်မယ့် မဟေသီဟာ ရွှေစင်ဦးမဟုတ်ဘူးထင်တယ်လို့များ မေမေလက်ခံလိုက် ပါတော့လား။
သို့ သော်မေမေက သူမကိုယ်သူမ စိတ်ချယုံကြည်သည်။
သူအသက်ပြင်းပြင်းရှူရှိုက်ရင်း မေမေ့ခြေဖ၀ါး အစုံကို ယောင်ယမ်းနှိပ်နယ်ပေးရင်း….
‘သားတို့….သားတို့’
သားတို့ဆိုသည့် နောက်ဆက်တွဲ ၀ါကျများ ကို စတင်ပုံဖော်လိုက်သော အခါ၌ သူ့ချစ်သူရွှေ စင်ဦးရုပ်သွင်သည် မာနဖြင့် တည်ဆောက်ထားပြီး ချစ်ခြင်းတရား ကင်းမဲ့နေသည့် မိန်းမတစ် ယောက် နှင့် တူနေလေ၏ ။
သူသည် ရွှေစင်ဦးကို ရွှေးချယ်ခွင့်မရဘဲ….
ရွှေစင်ဦးသည် သူ့ကိုရွေးချယ်သွားသည်ဟုသာ မေမေကိုယ်ချင်းစာ နားလည်ပေးခဲ့ပါလျှင် ဤမျှလောက် ရှည်ဝေးစွာ သူရှင်းပြမိမည် မဟုတ်ပါ။
![]() မုဒိတာပန်းဖူး မောင်မခူးပါနဲ့ | ![]() အချစ်ကို အချစ်လို့ပဲ နားလည်တယ် | ![]() အသံများ၏လျှို့ဝှက်ချက်နှင့် အခြားဝတ္တုတိုများ |