Cover

ပါဆယ်ဂိမ်း
နှင့်
အခြားဝတ္တုများ

* * * * ** * * * *






မောင်ကောင်းလေး
နှင့်
ငါးလေးနှစ် ကောင့်

* * * * ** * * * *


မောင်ကောင်းလေးလို့ခေါ်သော ကျွန်မသားကို တစ်မိသားစုလုံးက ကဲကဲစိန် ဝိုင်းချစ်ကြသော်လည်း ထိန်းပေးထားပါဟု ဆိုလျှင်တော့ ကဲကဲဆတ်ငြင်းဆန်တတ်ကြပါသည်။ သူတို့အားလုံး၏ အကြောင်းပြချက်က “သိပ်ကဲတာပဲ. . . မနိုင်ဘူး” ဟူ၍ ပင်။ ထိုအခါမျိုး၌ ကျွန်မက ကျွန်မသားဘက်က ရှေ့နေလိုက်တတ်၏ ။

“ဟဲ့. . . ကလေးပဲ ဆော့မှ ကျန်းမာတာဥစ္စာ တစ်ပတ်လုံး မူကြိုတတ်နေတာ ဒီပိတ်ရက်တော့ ဝိုင်းထိန်းပေး သင့်တာပေါ့ ဘာခက်တာလိုက်လို့ဟယ်”

“အဲဒါဆိုလည်း. . . ကိုယ့်ဘာသာကိုယ်ထိန်းကြည့်ပါလား မမကြီးရဲ့ . . . မမကြီးသားကို. . . ညီမလေးတို့ တစ်ယောက် တည်း မထိန်းနိုင်ဘူး”

ကျွန်မက ရုံးဝန်ထမ်းမို့ ရုံးပိတ်ရက်၊ အပြင်သွားတာ အလှူအတန်းသွားတာမျိုးမှာ ကလေးတန်းလန်းခေါ်မသွားချင်တာတော့ အမှန်ပင်။ ကလေးက လေးနှစ် အရွယ်ဆိုတာ ဘာမှသိတာ မဟုတ်။ ပြီးတော့ ယောင်္ကျားလေး ငြိမ်ငြိမ်မနေတဲ့ဘဲ ဆော့လွန်း၍ မနည်း ချော့ထိန်းရလေသည်။ တစ်ခါများ ကျွန်မ ယောင်းမလေး၏ မောင် မင်္ဂလာဆောင်သို့ ခေါ်သွားစဉ်က မောင်ကောင်းလေးမှာ သုံးနှစ် ပဲရှိသေး၏ ။ ဘုန်းကြီးကျောင်း မင်္ဂလာဆွမ်းကျွေးလည်း ဖြစ်၊ ကိုယ့်ဆွေမျိုးပွဲမို့လည်း မိသားစုတွေ စုပြီးသွားကြ၏ ။ ဘုန်းကြီးကျောင်းမို့ ကလေးတွေ စုံပြီး ပျော်နေကြသည်။ တစ်ဦးတည်းသားမို့ အဖော်ကလည်းမင်သည်။ ဆော့နေတာ လက်လက်ကို စင်လို့။ ထမင်းဝိုင်းတွင် ပတ်ပြေးနေ၍ လိုက်ဆွဲကာမှ မိနစ်ပိုင်းရှိသေး လှစ်ခနဲပျောက်သွားရာ သံဃာစင်ပေါ်ရောက်နေတော့၏ ။ သံဃာစင်ပေါ်က မိုက်ခရိုဖုန်းရှေ့မှာ မောင်ကောင်းလေးရယ် သူ့ညီမဝမ်းကွဲလေးရယ် တဝူးဝူး….တအားအားနှင့် ။ ဘာတွေ အော်နေမှန်း မသိ။

“အမလေး…ယောက်ျား မြန်မြန်ဆွဲလေ” ဆိုပြီး ထမင်းငုံ့စားနေသော သားအဖကို သတိပေးရသည်။ သံဃာစင်ပေါ်က မိုက်ကလည်း မပိတ်ကသေး၍ မိုက်ထဲကနေ “နင်က ဘာလဲ” “ငါက ဘာလဲ” နှင့် ကလေးချင်းအော်နေလိုက်တာ ဘယ်သူများ မှတ်သလဲ ကျွန်မသားပေါ့။

“အဲဒါပေါ့….ငါးပါးတင်မကဘူး….သံဃာစင်ပါ မှော က်တဲ့ကလေးတွေ ”

ဆွေမျိုးတွေ ဤကဲ့သို့ ထောပနာပြုထားတဲ့ ကလေးတွေ ထဲမှာ မောင်ကောင်းလေးတို့ ထိပ်ဆုံးကပါသည်မို့ ထိုကလေးမျိုးကို သူ့အမေ ကျွန်မကလွဲ၍ ဘယ်သူမှ စိတ်ရှည်လက်ရှည် ထိန်းချင်မည် မဟုတ်ဆိုတာ သေချာသိထားသင့်သော်အခါ……

* * * * ** * * * *


ဒီတနင်္ဂနွေတော့ အိမ်မှာ ငါနဲ့ သားလေးနဲ့ အေးအေးဆေးဆေးနေမည် ဟုတွေးပြီး ကလေးကို လမ်းထိပ်က အမေ့အိမ်ဘက် သွားမပို့တော့ပါ။ အပြင်သွားစရာရှိသည်ဆိုပြီး သားအဖေကလည်း ထမင်းစောစောစားပြီး လစ်သွားသည်။ အပြင်မသွားခင် သူကမှာ သေး၏ ။

“မင်း…..မနိုင်ရင်…..လမ်းထိပ်က အဖွားအိမ်ပို့နော်။ ဟိုမှာ လူအုပ်တောင့်တယ်။ ဝိုင်းထိန်းမှာ သူက ဟိုက ဘကြီးတွေ ကိုမှ အသက်ရှိတယ်ထင်တာ….”

ဒါမျိုးကျ ကျွန်မ မခံချင် ဖြစ်သွား၏ ။

“ဒီလောက်လည်းမဟုတ်ပါဘူး…ကိုယ့်သားကိုယ်နိုင်အောင်ထိန်းရမှာ ပေါ့…..ဘာလဲ…တဆိတ်ရှိ..လမ်းထိပ်အဘွားပဲနှိပ်စက်ရမှာ လား….ရတယ်…သွားစရာရှိတာသာ သွားပါ..နိုင်အောင်ထိန်းပြမယ်ကြည့်ထား”

ကိုယ့်စကားနဲ့ ကိုယ်နော်ဟု ပြော ဖြစ်အောင်ပြောပြီး ထွက်သွားတော့ ယောက်ျားနောက်ကျောကို ခပ်မဲ့မဲ့ပြုံးမိ၏ ။ ထိုအချိန်မှာ သားက ဝမ်းလျားလေးမှော က်ပြီး တီဗီကြည့်ကောင်းနေဆဲ။

သားအိမ်ရှေ့မှာ ငြိမ်နေတုံး မီးဖိုခန်းမှာ လုပ်စရာရှိတာ အကုန်ကြုံးလုပ်နေသော ကျွန်မနားသို့ မောင်ကောင်းလေး ဘယ်အချိန်ရောက်နေမှန်းမသိပါ။ ကျွန်မနောက်နားက ရေသံကြား၍ လှည့်ကြည့်လိုက်ရာ မောင်ကောင်းလေး ရေချိုးခန်းထဲမှာ ရေတစ်ခွက်နှင့် သွားတိုက်တံနှင့် ဖြစ်နေ၏ ။

“ဘာလုပ်တာလဲ သားသား သွားတိုက်ပြီးပြီးလေ”

“မုန့်စားပြီးရင် သွားတိုက်ရမယ်လို့ တီချာကမှာ ထားတယ် မေမေ”

“အို. . . အဲဒါ ညအိပ်ခါနီး မှ သားရဲ့ အခုရသေးတယ် လာ . . . လာ. . . ရေတွေ ရွှဲကုန်မယ် လာ. . . ”

သွားတိုက်ဆေးအပြည့်နှင့် သွားတိုက်ဆေးကို ပြန်ဆွဲယူပြီး တစ်ကိုယ်လုံးရေစိုနေသော မောင်ကောင်းကို အင်္ကျီအမြန်လဲပေးရသည်။ ခုနကပဲ ရေမိုးချိုးပြီးတာ မကြာသေး မထူးဘူး. . . ထမင်းကျွေးတော့မယ်ဆိုပြီး တီဗီပြပြိး ထမင်းခွံရသည်။ ထမင်းကျွေးနေတုန်း အိုကေနေသော ကျွန်မသားကို

“မေမေ ထမင်းစားမယ်နော်သား” ကာတွန်းကား ကြည့်ဆိုပြီး ကာတွန်းခွေနှင့် အိမ်ရှေ့ခန်းမှာ ထားခဲ့ရ သည်။ ကျွန်မ ထမင်းစားပြီးတဲ့အထိ မောင်ကောင်းလေးအသံ မကြားရသော ကြောင့် အိမ်ရှေ့ထွက် အကြည့် . . . ။

“အမလေး. . . မီးလောင်တော့မှာ ပဲ သားရယ်”

ဘုရားစင်မမီတမီကို ခြေဖျားထောက်ပြီး ဖယောင်းတိုင်တွေ စီထွန်းနေသော မောင်ကောင်းလေး ကျွမကို အရေး တောင်မလုပ်။ ဂတ်(စ)မီးခြစ်ကို ဘယ်လိုခြစ်လိုက်လဲမသိ။ ဖယောင်းတိုင်လေးတိုင် စီပြီးသားနဲ့ မီးထွန်းပြီးသား။ ဒါတောင် ငါးမိနစ်ဆယ်မိနစ်ပဲရှိသေးလို့. . . ။ ကျွန်မဖြန်းခနဲ့ တစ်ချက်ရိုက်ပြီး အော်မိ၏ ။

“ဘာလုပ်တာလဲ၊ မေမေဘာပြောထားလဲ။ မီးခြစ်မဆော့ရဘူး။ မီးလောင်တတ်တယ် သိလား။ သားထံမှ အားခနဲအသံတစ်ချက်သာထွက်ပြီး ငိုသံထွက်မလာပါ။ ပြီးမှ ကျွန်မကို မကျေမနပ်သလိုကြည့်ပြီး

“သီတင်းကျွတ်မီးထွန်းတာပဲ ဥစ္စာ”

လေးနှစ် သားက စကားပီတာမှ ပီပီတောင်မြည် သေး၏ ။ သီတင်းကျွတ် မီးထွန်တာ သူသိထားတာ မကြာသေး။ မကျေနပ်ပုံကိုကြည့်ပြီးအသာလေး ကျွန်မစိတ်ပြန်ထိန်းပြီး ရယ်ပြလိုက်ရ၏ ။ ပြန်ချော့ရပါသည်။

“သား ဒါနဲ့မဆော့ရဘူးနော် ကြားလား”

“လာ သားနဲ့မေမေ အရုပ်တွေ နဲ့ ဆော့မယ်။ ခဏလေး မေမေလက်သွားဆေးလိုက်ဦးမယ်”

ထမင်းစားလက်စ ဖြတ်ချလိုက်ပြီး အိမ်ရှေ့ခန်းမှာ သားနှင့် ထိုင်ဆော့ပေးထိုက်ရ၏ ။ အရုပ်တွေ နှင့် ဆော့တော့ သားကစစ်တိုက်တမ်းဆော့သည်။ ကျွန်မဘက်ကို အရှုံးချည်းပေးပြီး သူအနိုင်ချည်းယူ၏ ။ ကျွန်မက ဆော့သာဆော့နေရသည်။ အာရုံကသိပ်မလာ မဂ္ဂဇင်း ဖတ်ချင်နေ၏ ။ မသိဟန်ဆောင်ပြီး ပါးစပ်ကသာ အေး. . . အေး. . .လိုက်လုပ်ရင်း ကျွန်မဘာသာ မဂ္ဂဇင်းဖတ်နေရာ သားကစိတ်တိုပြီး ပုံဆွဲနေတော့၏ ။ ဒီတစ်ခါတော့ ငြိမ်ပြီဆိုရမည် ။ ကျွန်မအသာလေး လစ်ထွက်လာပြီး လျှော်စရာရှိသည့် အဝတ်တွေ လျှော်နေလိုက်၏ ။

ဘယ်လောက်ကြာသွားမှန်းပင်မသိလိုက်။ အိမ်အောက်က ခေါင်းလောင်းဆွဲသံကြား၍ ပြေးထွက်လာရာ သားမောင်ကောင်းဆွဲနေတာ ဖြစ်နေ၏ ။ ဘာလဲသား ဆိုပြီး အောက်ငုံကြည့်လိုက်တော့ ဟင်. . . ရွှေရင်အေး သည်ရယ်၊ ဝါးလုံးသည်ရယ်၊ စပါးတွဲ သည်ရယ်ပါလား။

“ရှင်. . . ဘာလဲ. . . ဟေ့အေး. . . မဝယ်သေးဘူး”

“ကလေးဆွဲတာ. . . အလကား. . . အလကား မဝယ်ဘူးနော်”

ကျွန်မသူ့ကို သတိမေ့သွားချိန်မှာ ခေါင်းလောင်းဆွဲပြီးအောက်က အော်သွားသမျှ အသည်တွေ ခေါ်ထား တာကိုး။ ကျွန်မသူနှင့် ခပ်ဝေးဝေးနေ၍ မ ဖြစ်တော့ပါ။

သားက အသည်တွေ ပြန်နှင်လွှတ်၍ အော်ငိုတော့သည်။ ကျွန်မအတင်းချော့ရပြန်၏ ။ မုန့်ပြေးယူပါးစပ်ထဲ ထည့်တော့ ထွေးထုတ်၏ ။ ငိုနေတုန်း။

“ရွှေရင်အေးက ချောင်းဆိုးတယ်သားလေးရဲ့ အိမ်က မုန့်တွေးစားလေ။ ဝါးလုံးသည်က ဘာလုပ်ဖို့တုန်း ကျွန်မဘယ်လို ခြောက်ခြောက် ကြောက်ဟန်မတူသော သားပုံစံကြောင့် ကျွန်မတစ်မျိုးစဉ်းစားရလေသည်။

မောင်ကောင်းငြိမ်အောင် ဘယ်လိုလုပ်ရပါ့. . . ။ ထိုစဉ် ကျွန်မမျက်လုံးက ငါးကန်လေးကို ဖြတ်ခနဲ့ သတိထားမိသွား၏ ။

* * * * ** * * * *


“မေမေတို့ ငါးကန်လှယ်မယ်သား”ဆိုတာနှင့် မောင်ကောင်းအငိုတိတ်သွား၏ ။

“ဟေး. . . တကယ်လှယ်မယ်နော် မေမေ”

ကျွန်မ ထမိန်တိုတိုပြင်ဝတ်လိုက်သည်။ ငါးကန်က အိမ်ရှေ့မှာ ထားသည်။ အတော် ပါပဲ။ ရေတွေ နှောက်နေတာနဲ့ ငါးကန်လှယ်ရင်း မောင်ကောင်းကို ထိန်းပြီးသား ဖြစ်ရောပေါ့ဟု တွေးမှစတ်သက်သာရာ ရသွား၏ ။။ မဟုတ်ရင် ငိုကြောရှည်နေမှာ စိုးရ၏ ။

ငါးကန်လှယ်မည့် အစီအစဉ် ကောင်းကြောင်း ကျွန်မနောက်မှ မောင်ကောင်းလေး တကောက်ကောက်လိုက် နေ၏ ။

“ရော့သားက ဇကာလေးနဲ့ ရေခွက်ကိုင်ထား မေမေက ဇလုံယူမယ်”

လေးနှစ် သားလေးကို လူကြီးအရာထားပြီး ကျွန်မတို၏ ငါးကန်လှယ်ပွဲ စပါတော့သည်။ ငါးကန်ကို ခါတိုင်း သားအဖေပဲ လှယ်သည်။ သည်နေ့မှ ကျွန်မဦးဆောင်လှယ်ရာ ကျွန်မက သားနှင့် ရောပျော်နေပါသည်။ ရေခွက် ကလေး တစ်ခွက်ခပ်လိုက် သားကို ပြေးသွန်ခိုင်းလိုက်၊ ငါးလေးက အကြီးနှစ် ကောင်ပဲရှိပြီး အသေးငါးကောင် လောက်ရှိ၏ ။ ငါးလေးတွေ ကို ဇကာနှင့် ဖမ်းကာ ရေဇလုံးထဲထည့်ရ၏ ။ ကျောက်ခဲလေးတွေ ရေမှော်လေးတွေ လည်း ဖယ်ရသည်။ ရေကန်က မှန်ကန်မိုပ ရေအပြည့်နှင့် မမနိုင်ပါ။ ကျွန်မသားကို အလုပ်ပေးထား၏ ။ ရေမှော်ဖတ်လေးကို ပွတ်နေရန်ပေးထားရာ သားက အားရပါးရနေ၏ ။

ပြန်လာတော့ ငါးပန်ထဲက ကျောက်စရစ်ခဲသေးသေးလေးတွေ ပါကေးပေါ်မှာ ပြန့်ကျဲလို့ “ဟာ သားကလည်း ဘာလို့ကျဲပစ်တာလဲ ချော်လဲတော့မှာ ပဲ”ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြန်ကျုံးရသည်။ သည်အချိန်မှာ မောင်ကောင်းလေးက ရေချိုးခန်းဘက်ပြေးဝင်သွား၏ ။ သူ့နောက်က ကျွန်မပြေးလိုက်ပေမယ့် သူက ဦးအောင် ဆပ်ပြာကိုပြီးသား။

ဘာလုပ်မလို့လဲသားဆိုတော့ ရေမှော်တွေ ဆပ်ပြာနဲ့ တိုက်တော့၏ ။ ကျွန်မဆပ်ပြာခဲအတင်းပြန်ဆွဲသိမ်းပြီး သူ့ကို လက်ဆေးပေးရသည်။ အိမ်ရှေ့ပြန်ခေါ်လာပြီး

“ဒီမှာ ငြိမ်ငြိမ်ထိုင်ကြည့်. . .ဟောငါးလေးတွေ ကြည့်နေသားသား”ဟုဆိုပြီး ကျောက်ခဲလေးတွေ တစ်ခု မကျန် လိုက်ကောက်ရင်း ကြမ်းသုတ်ရလေ၏ ။ ပြီးမှ ငါးမှန်ကန်ကို ဆေးဖို့ မမည် ဟုတွေးပြီး လှည့်အမ. . .

“အမလေး. . .သား. . . ပြန်ချ. . .ပြန်ချ”

ငါးမှန်ကန်ကို ကျွန်မထက်အရင် မနေတာမောင်ကောင်းလေး မြတ်စွာ ဘုရား ငါတေ့ ငါးကန်လှယ်တာ မှားပြီးဟု တွေးမိချိန်မှာ ဘာမှ နောက်ဆုတ်၍ မရတော့။ ကမန်းကတန်း ငါးစာထုတ်လှမ်းယူပြီး “ရော့. . .ရော့. . .သား ငါးစာကျွေး”ဟု ပြောကာ ငါးကန်ကိုအမြန် သွားဆေးရ၏ ။ ကျွန်မတစ်ကိုယ်လုံးလည်းရေတွေ ရွှဲနေ၏ ။ ကြမ်းမှာ ကလေးချော်လဲမှာ စိုး . . .ကိုယ်တိုင်ချော်လဲပြီး မှန်ကန်ကျကွဲမှာ စိုးနဲ့ ဖြစ်နေသော ကျွန်ကမှာ တော် တော် မောလာ၏ ။ မှန်ကန်နေရာတကျ ပြန်ချချိန်မှာ . . .

“အမလေး ငါးစာတွေ ဒီလောက်ထည့်ကျွေးနေရင်၊ ငါးတွေ ဗိုက်ပေါက်ပြီး သေပြီပေါ့ သားလေးရဲ့ ”

“သူတို့ ဆာနေကြတယ် မေမေ”

“ဆာတယ်လို့ သူတို့ကပြောလို့လား သားရဲ့ ”

“သား. . . ငါးစကားတတ်တယ် မေမေ”

ကောင်းရော. . .သားပြောမှ ကျွန်မပါးစပ်ပိတ်သွား၏ ။

ကိုယ့်စကားနဲ့ကိုယ်နော်ဆိုတာ ဒါမျိုးပေါ့။ ကျွန်မ တစ်ယောက် တည်း ရယ်မိပြီး ငါးကန်ထဲရောက်ခင် ငါးလေးတွေ ဗိုက်ပေါက်မသွားအောင် ငါးစာတွေ ပြန်ဆယ်ရပြန်၏ ။ ပြီးမှ ငါးကန်ကို ရေပြန်ထည့်စဉ် သားက ကျွန်မနောက်ကနေ မေမေသားလုပ်မယ်. . . သားလုပ်မယ်နှင့် လျှောက်လိုက်နေရာ. . .ဟဲ့. . . ဟဲ့. . . အမလေးနှင့် ကျွန်မမှာ “ဟိုပြေး သည်ပြေး ဖြစ်တော့နေ၏ ။ တစ်ခေါက်ရေပြည့်ရင်း တစ်ခါလှည့်ကြည့်လိုက်ရင်း သားက အောက်စီဂျင်ပေးထားတဲ့ ပိုက်တွေ ပြန်တပ်လိုတပ်။ ကျွန်မ မီးပလပ်ထိတ်ထားလို့ပေါ့။ မဟုတ်လို့ ကတော့ မလွယ်။

ရေမြန်မြန်ဖြည့်ပြီး ငါးကန်နေသားတကျ ဖြစ်မှ ကျွန်မဝမ်းသာသွား၏ ။ ကျောက်ခဲတုံးတွေ ရေမှော်ဖက်လေးတွေ ကို ကမန်းကတန်းဆေးပြီး ပြန်အထွက် ရေဇလုံထဲမှ ရွှေငါးအကြီး နှစ် ကောင်မရှိတော့ပါ။ ဟင် ဘယ်ရောက်သွားလဲ ဆိုပြီးလန့်သွား၏ ။

“မောင်ကောင်းလေး ”

ကျွန်မသားရော။ သားရောငါးပါမတွေ့ ၍ ကျွန်မပိုလန့်သွားပြီး သားကို အော်ခေါ်လိုက်ရာ သားက ဝါးခနဲ့ပြန် အော်ပြီး ကျွန်မနောက်ကထွက်လာ၏ ။

“အမလေး . . . ဘုရား. . . ဘုရား”

သားလက်ထဲမှာ ရွှေငါးနှစ် ကောင် ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေ၏ ။ ကျွန်မမျက်လုံးတွေ ပြာသွား၏ ။ ငါးတွေ သေရင် ဒုက္ခပဲ။ ငါးကန်ထဲ ကျောက်ခဲတွေ စုံပစ်ထည့်လိုက်ပြီး သားလက်ထဲမှာ ငါးလေးနှင့် ကောင်ကို အတင်းချော့ယူရလေ၏ ။

“ပေးနော်သား ငါးလေးတွေ မွန်းနေပြီ ပေးနော်သား”နှင့် အော်လည်း မအော်ရဲဟောက်လည်း မဟောက်ရဲပဲ အတင်းချော့ယူပြီး ကန်ထဲ ပြန်ထည့်လိုက်ရလေ၏ ။

ဒါတောင်သားက “ငါးလေးတွေ ဆပ်ပြာတိုက်ပေးမလို့ မေမေ”ဟု ပြောနေသေး၏ ။ တော် ပါသေးရဲ့ ။ ကျွန်မအချိန်မီသွားလို့။ ငါးလေးနှစ် ကောင်ခမျာ. . . သူတို့အတွက် ရေကောင်းရေသန့်လဲပြီး အသက်ရှည်အောင် လုပ်ပေးမယ်ဆိုကာမှ ဖျစ်သတ်သလို ဖြစ်တော့မလို့။

ငါးလေးတွေ ကတော့ ထင်လိမ့်မည် ။ ငါတို့ကို ကယ်မလိုလိုနဲ့ သတ်မယ့်ဟာတွေ ဟု အတော် ကြီးစိတ်နာရှာ လိမ့်မည် ။

ကျွန်နောင်တကြီးစွာ ရသွား၏ ။ နောင်ဘယ်တော့မှ မောင်ကောင်းလေးနှင့် ငါးနှစ် ကောင်ကို မျက်နှာလွှဲ ခဲပစ်မထားခဲ့တော့ပါ။ ကံကောင်းလို့ သားက ငါးသတ်တဲ့ ဘဝမရောက်တာ။

နောက်လည်း ကျွန်မသဘောနှင့် ကျွန်မ မောင်ကောင်းလေးငြိမ်အောင် ငါးကန်လဲလိမ်မည် မဟုတ်တော့ပါ။

အသိမကြွယ်သည့် သားလေး မောင်ကောင်းထက် ပိုမိုက်မဲသော ကျွန်မအ ဖြစ်ကို သားအဖေပြန်လာမှ ရင်သပ်ရှုမောပြော ဖြစ်လိမ့်မည် ထင်ပါသည်။

( ၂၀၀၆ ခနှစ် ၊ ဇန်နဝါရီလ၊ လုံမလေးမဂ္ဂဇင်း)

* * * * ** * * * *


သူ့အိမ်ရိပ်

* * * * ** * * * *


“အိမ်ငှားတယ်ဆိုတာ ကင်ဆာ ရောဂါ ကို ဖိတ်ခေါ်သလိုပဲ၊ ကင်ဆာ ရောဂါ ကလည်း ဖြစ်ပြီးဆို မပျောက်တော့ဘူး။ အိမ်ငှားကလည်း အိမ်ပေါ်ရောက်ပြီးရင် မဆင်းတော့ဘူး”

အိမ်ငှားဘဝကို ပထမဆုံးစရောက်စဉ်မှာ ပထမဆုံးစကြားရတဲ့ စကားအဆိုအမိန့်ကြောင့် တော် တော် လေး အံ့ဩခဲ့ရဖူးတာအမှန်ပါ။ ထိုစကားပြောတဲ့သူက နှယ်နှယ်ရရ ပုဂ္ဂိုလ်မဟုတ်ပါဘူး။ ကျွန်မတို့ အိမ်ရှင်ရဲ့ အစ်ကို ဆရာဝန်ကြီးပါ။ ဩော်. . . ဆရာဝန်ဆိုတော့လည်း ဆရာဝန်အတွေးနဲ့ နက်နက်ရှိုင်းရှိုင်းတွေးပစ်လိုက်တာကိုး လို့ပဲဟု အောက်မေ့ပြီး ထိုစကားကို ပြောပြသော အိမ်ရှင်ဒေါ်လေးကို အားနာစွာ နှင့် ပင် ခွန်းတုံ့ပြန်ခဲ့မိပါသည်။

“ကျွန်တို့ကို မထားချင်တဲ့အရိပ်အငွေ့ မြင်တာနဲ့တင် မနှင်ရဘဲ ဆင်းပေးမယ့် အိမ်ငှားမျိုးပါ။ ဒေါ်လေးတို့ စိတ်မညစ်စေရပါဘူး”

ပထမဆုံး ငှားနေနိုင်တာ လုံးချင်းတိုက်ခန်းမဟုတ်ပေ။ ကိုယ်တတ်နိုင်သလောက်နှင့် မျှတသော အိမ်ခန်း တစ်ခန်းစာကို ဈေးမလိုက်သော အခါ အသိမိတ်ဆွေဒေါ်လေး၏ လုံးချင်းတစ်ထပ်အိမ်လေးရှိ ဆယ်ပေပတ်လည် အခန်းလေးတစ်ခန်းအား အိမ်ထောင်ဦးစီး ဇနီးမောင်နှံက လိုလိုလားလားငှားရမ်း နေထိုင်ရလေ တော့၏ ။ တစ်ကြိမ် တစ်ခါမှ အိမ်ငှားမထားဖူးသော အိမ်ရှင်နှင့် တစ်ကြိမ်တစ်ခါမှ အိမ်ငှားမနေဖူးသော ဇနီးမောင်နှံမှာ အချင်းချင်း ပုလဲနံပကို သင့်လို့ပေါ့။ ထိုအိမ်ငှားနေပြီးလို့ သိပ်မကြာခင်ကာလမှာ ထိုစကားကို စကြားလေမှ မမှု မဲ့အမှန်မဲ့ ပျော်နေသော စိတ်လေးတောင် လွင့်လွင့်စဉ်စဉ် ဖြစ်သွားခဲ့ရလေ၏ ။

ဟုတ်ပေသားပဲ။ ကျွန်မတို့စရောက်ခါစ နှစ် လလောက်မှာ အိမ်ငှားဆိုတဲ့အသိကို မေ့ထားပြီး အဲဒီ အိမ်မှာ ခြေသည်။ လက်သည်း ဖြစ်နေသည်ကိုး။ အိမ်ရှင်ကလည်း ကျွန်မတို့မှမဆူညံရင် အသံကိုမကြားရသလောက်။ သည်တော့ အိမ်လှည်းကျင်းလိုက်၊ ချက်ပြုတ်လိုက်၊ ရုံးသွားကြ၊ အပြင်သွားကြ၊ ကတ်ဆက်ဖွင့်လိုက်၊ ရန် ဖြစ်လိုက်၊ ပြန်ချစ်လိုက်၊ ညှော်ကြ၊ လှော်ကြ၊ ငြင်းကြ၊ ခုံကြ၊ တီဗီကြည့်လိုက်၊ ဘုရားရှိခိုးလိုက်နှင့် သိပ်ကို ဟန်ကျပန်ကျ ဖြစ်နေသော ကျွန်မတို့လင်မယားအား မြင် ကြား သိသွားသော ဒေါ်လေး၏ အစ်ကိုကြီးအတွက် ထိုအနေအထိုင်မျိုးဟာ ကင်ဆာ ရောဂါ နှင့် တူသော အိမ်ငှားဟု ကောက်ချက်ချလိုက်တာကိုက အံ့ဩစရာကောင်း အောင် ပြောင်မြောက်လှသေ တင်စားချက်ဟု ကျွန်မတို့ သူ့ကွယ်ရာတွင် ချီးကျူးမိပါသည်။

ဆရာဝန်ကြီး၏ အမြင်က ခန္ဓာကိုယ်ကို ကင်ဆာဆဲလ်တွေ တိုက်ခိုက်မွှေနှောက်တအိအိ စိမ့်ဝင်သွားသလို အိမ်ငှားဟာလည်း အိမ်ရှင်ရဲ့ ပိုင်ဆိုင်မှု တွေ ကို တတိတိဖြုန်းတီး မောင်ပိုင်စီးသွား လိမ့်မည် ဟု မုချယုံကြည်ထားပုံရပါသည်။ ထိုအမြင်သည် အိမ်ငှား တစ်ခါမှ မထားဖူးသော ၊ ဤအိမ်ရှိမိသားစု၏ စီးပွားရေး ကို လုံးဝသိရှိနားလည်ခြင်း မရှိသော ၊ သူစိမ်းဆန်လှသော တဝေးတလံမှာ နေထိုင်လျက်ရှိသော ဆရာဝန်ကြီး၏ အမြင်သာ ဖြစ်သည်မို့ ကျွန်မတို့ဘာများ စောဒကတတ် ဖို့လိုပါမည် နည်း။

* * * * ** * * * *


ပထမဆုံး နေရသော အိမ်တွင် အိမ်လခ ကျပ်လေးထောင် ဖြစ်ပြီး စပေါ်မပေးရပါ။ ထိုအချက် အလက်ကလည်း အိမ်ရှင်ဒေါ်လေး၏ သဘောကောင်းမှု ပဲ ဖြစ်သည်။ စတင်နေထိုင်စဉ်က သူတို့တစ်သက်နေနိုင်သည်ဟုပင် ဆိုလေ၏ ။ ဘယ်လောက်များ ဝမ်းသာစရာကောင်းပါလိမ့်နော်။ သို့ သော် ထိုဆရာဝန်ကြီး၏ ကောက်နောက်မတော့ ကျွန်မတို့လင်မယားအတွေးထဲü“တို့မကြာခင် အိမ်ရှာရတော့မယ်ထင် တယ်” ဟူ၍ ပဲ ဖြစ်၏ ။ ထိုမကြာခင်သည် ကံကောင်းထောက်မစွာ တစ်နှစ် နှင့် နှစ် လတိတိကြာမြင့်ခဲ့လေ၏ ။

စင်စစ် ထိုဆယ့်လေးလအတွင်း ကျွန်မတို့ဘယ်လိုများ နေထိုင်ခဲ့ရပါသနည်း။ သဘာဝ ကျစွာ အိမ်ရှင်နှင့် အိမ်ငှားပီသခဲ့ရလေ၏ ။ ဒါကိုကကျွန်မတို့လင်မယားအတွက် စိတ်ပင်ပန်းနုံးချိစေခဲ့လေ၏ ။ အိမ်ရှင်နှင့် တွဲနေရသည့် အိမ်ငှားဘဝမှာ ဟောသလိုဟောသလိုဆိုပြီး တစ် နှစ် သုံးလေးတပ်ပြီး လက်ချိုးပြစရာ အကြောင်းပြချက်တွေ တစ်ပုံတစ်ပင်က ပတ္တလားလို အစီအရီကို ဖြစ်လို့ပေါ့။ အိမ်ရှင်ဖက်ကရော၊ အိမငှားနှင့် တွဲ နေရတဲ့ အတွက်ဆိုတဲ့ အပြန်အလှန်ခံစားချက်ကိုယ်စီရှိနေမည် ပဲပေါ့။ သူတို့ဖက်က ခံစားရတာ တွေ ကို ဂဃနဏ မပြောနိုင်သော်လည်း ကျွန်မတို့ဖက်မှ ခံစားရတာ တွေ ကဖြင့် ပြောမဆုံးပေါင်၊ တော့သုံးထောင်လောက်ကို ရှိနေပါလိမ့်မည် ထင်ပါ၏ ။

ထိုထိုအိမ်သို့ ပြောင်းတာနှင့် ကျွန်မအကြောက်ဆုံးအရာကို စတင်ရင်ဆိုင်ရလေတော့၏ ။ ထိုအရာမှာ ကြောင်ကြောက်တတ်သော ကျွန်မနှင့် ကြောင်ချစ်တတ်သော အိမ်ရှင်ကို့၏ သဘောထား ကွဲလွဲမှု ပင် ဖြစ်လေ၏ ။ ကြောင်ဆိုတာနှင့် စာအုပ်တွေ ထဲမှာ ဖတ်ဖူးထားသည့် ကြောင်မွေးများ က ပန်းနာရင်ကျပ် ဖြစ်စေသည်ဆိုတာမျိုး၊ ကိုယ်ဝန်သည်များ အတွက် ကြောင်မွေးများ က ပန်းနာရင်ကျပ် ဖြစ်စေသည်ဆိုမျိုး၊ ကိုယ်ဝန်သည်များ အတွက် ကြောင်မွေးများ က မွေးလာသည့် ကလေးကို ကျန်းမာရေး ထိခိုက်နိုင်တာမျိုးတွေ က ကျွန်ကို ရင်တုန်ပန်းတုန် ဖြစ်စေသည်။ ပြီးတော့ ထိုအိမ်ရှိ ကြောင်များ က နေရာမရွေး ချေးပါတတ်ရာ ကြောင်ချေးဆို ရံွံလွန်းသော ကျွန်မမှာ နေစရာကိုနေရာ မရှိသလောက်။ ပိုဆိုးတာက ကြောင်တွေ အချင်းချင်း ကိုက်ဖဲ့ မာန်ဖီသံတွေ ကလည်း အချိန် နာရီမရွေး ချွေးပြန်လောက်အောင်ကို ကြောက်စရာ ကောင်းလှ၏ ။ တဝုန်းဝုန်းနှင့် ခေါင်မိုးပေါ်တက်လိုတက်၊ အိမ်ပေါ်မှခုန်ချလိုက်၊ ပြေးလွှားလိုက်ကတစ်မျိုး မရိုးနိုင်သည့် လှုပ်ရှားမှု များ အပြင် တစ်ကောင်မွေးငါးကောင် ဖြစ်သည့် တန်ခိုးထွားမျိုးပွားနိုင်လွန်းသည့် ထိုကြောင်သားအမိတစ်သိုက် အတွက် ရင်ဝယ်သားလို လူမွေး မွေးထားသည့် အိမ်ရှင် ဒေါ်လေးကြောင့် ကျွန်မရင်ထဲ ကလိကလိ မြည် နေတော့၏ ။

“သားလေးလား၊ ဘာလဲ ထမင်းစားမကောင်းဘူး၊ ဟုတ်၊ ဘာ ဖြစ်လို့လဲ၊ ငါးမခွံ့ပေးလို့လား၊ ကဲ. . . ကဲ. . .ခွံ့ပေးပြီနော်”

“ညောင်”

“အသေးလေးကလည်း ပုစွန်ခြောက်လိုချင်လို့လား၊ ရပြီ၊ ရပြီ၊ ထမင်းစားပြီးရင် ကျွေးပါ့မယ်၊ ဟဲ့ အဖြူနော်၊ အရိုက်ခံရမယ်သိလား၊ သူများ ကို သွားကုတ်တာဓာတ်ပုံရိုက်ထား ပြီးတော့ ပိုစတာထုတ်ရောင်းမှပဲထင်တယ်”

“ပေါက်စလေးလား၊ ဘာလို့အိပ်ရရဲ့ သားနဲ့ သမ်းနေတာလဲ၊ တညောင်ညောင်နဲ့ နားငြီးတယ်၊ နားပတ်ထား ပြီးဟေ့၊ ဩော်. . .လိမ္မာပြီလား၊ လိမ္မာရင် ခြင်ထောင်နဲ့ အိမ်ရမယ် သိလား”

“ညောင်”

နားထောင်လို့ ကောင်းပါရဲ့ လားရှင်၊ လူစကားလား ကြောင်စကားလားကို မသိနိုင်တော့သည့် အခြေအနေ။ ကြောင်ကို အကျအနထားမွေးသည့်ပုံစံထဲမှာ ပုံစံမကျဆုံးက ကြောင်သားအမိတွေ ကို အိပ်ရာနှင့် ခြင်ထောင်နှင့် သိပ်ခြင်းပင်။ ကြောင်တွေ စားဖို့ ငါးတွေ ချက်၊ ဟင်းတွေ ချက်၊ သူတို့ကျတော့ ဖြစ်သလို့နဲ့ပြီး၊ နည်းမကျလိုက်တာမှ အရမ်း၊ အဖြူတို့၊ ငရစ်တို့၊ ဘိုမတို့ ဖြူဖြူတို့ စသည့်ကြောင်သားအမိ တစ်အုပ်ကို အပေးအယူစကားတွေ ပြောနေ လိုက်တာများ မကြားချင်လို့ကို မရခဲပေ။ တစ်လိမ်လုံး ပြောင်းဆန်အောင် လုပ်ထားသည်။ ကြောင်သားအမိတွေ ကို တုန်တစ်ချက်မရွယ်ဘဲ ထင်တိုင်းကြဲခွင့်ပြုထားတာကိုက ကျွန်မတို့အနေခက်လှပြီ လေ။

ကြောင်တွေ ဖက်က `ညောင်`လိုက်၊ ဒေါ်လေးက ဘာသာပြန်လိုက်၊ ငရစ်တို့ဖက်က `ညောင်`လိုက်၊ ဒေါ်လေး မောင်က ဘာသာပြန်လိုက်နှင့် အဟုတ်ကြီး ဟုတ်နေရာ စိတ်အထာမကျလွန်းသည့် ကျွန်မခင်ပွန်းသည် က တစ်ရက်တော့ စိတ်ချဉ်ပေါက်ပြီး `အော်နေပြန်ပြီ ဒေါ်လေးရေ၊ ရေချိုးချင်လိုနဲ့တူတယ်`ဟု သူကပါရော ဘာသာပြန်ပြန်ပေးလိက်၏ ။ သည်မှာ တင် ဘာမပြော ညာမပြောနှင့် စဥ့်အိုးထဲမှ ရေတစ်ဖလားပြီး၊ တစ်ဖလား ခပ်ပြီး ကြောင်တွေ ရေချိုးပေးသော အလုပ်ကို ထိုဒေါ်လေး လုပ်လေတော့၏ ။ ကြောင်တွေ ခမျာ အတင်းရုန်းကန်ပြီး တညောင်ညောင်နှင့် အော်ဟစ်၊ အိပ်ခန်းထဲမှ ချောင်းကြည့်နေမိသော ကျွန်မကြောင်တွေ ရေမွန်းပြီးသေမှာ စိုးပြီး ကျွန်မယောက်ျားနှင့် ကျိတ်စကားများ ။

“ဘာလို့ မြှော က်ပေးတာလဲ မောင်ရယ်၊ ကြောင်တွေ ရေ ရေမွန်းသေတော့မယ် သိလား”

“မသေပါဘူး မိန်းမရာ၊ မယ်တော် တွေ ကဲနေလို့ အမြင်ကတ်လို့ကွာ”

ဟုတ်ကဲ့၊ မယ်တော် တွေ ကဲတာတော့ မပြောပါနှင့် ။ လူကြီးတွေ စားဖို့ ဦးဖယ်ထားသည့် ကြာဆံကြော်ပူပူနွေး နွေးကို သွားပေးပြီး ပန်းကန်သွားယူရင်း စားကောင်းလားဦးလေးရေလို့ လောကွတ်ပြုမိတော့. . .။

“ကျွန်တော် မစားပါဘူး၊ ကြောင်တွေ ချကျွေးလိုက်။ သူတို့က ကြာဆံကြော် ကြိုက်တယ်”တဲ့လေ။ ကျွန်က`ဟင်`ခနဲကို ဖြစ်ရပါရောလား။

မိဦး ဖဦး ဆရာ့ဦး ဖယ်ပြီး ယဉ်ကျေးမှု ဂါရဝတွေ နှင့် အလေးအနက်ထားပေမယ့် ကျွန်မတပင်တပန်း ကြော်ထားရသော ကြာဆံကြော်ပူပူလေးမှာ အိမ်ရှင်အတွက် ဟင်းတစ်ခွက် ဖြစ်ဘဲ ကြောင်စာခွက်ထဲမှာ မိန့်မိန့်ကြီး အဆီတဝေ့ဝေ့နှင့် ။ နောက်တော့ ဟင်းဦးပေးခါနီး တိုင်း ဒါက ကြောင်တွေ ဖို့နော်၊ ဒါက ဒေါ်လေးတို့ဖို့ဆိုပြီး ခွဲခြမ်းပေး ခဲ့ရပါသည်။

ထိုအိမ်ရှင်က သူ့အိမ်ရိပ်ကို ကိုယ့်အိမ်ရိပ်လို သဘောထားပါဟု ဘယ်လောက်ပဲ ခွင့်ပေးခဲ့ ခွင့်ပေးခဲ့၊ သတိလက်လွတ် မနေခဲ့သော ကျွန်မတို့မှာ ဘာပဲလုပ်လုပ် ခွင့်တောင်းပြီးမှ လုပ်လေ၏ ။ ဒါတောင်မှ သဘောထား ကွဲရသေးသည်လေ။ သူ့စည်းကမ်းကိုပဲ ကိုယ်ကမလိုက်နာမိလို့လေလား မဆိုနိုင်။ အိမ်ထောင်ဦးစီးလည်း ဖြစ် အိမ်ခန်းကန့်ပြီးနေရတာ လည်း မဟုတ်ဘဲ ဆယ်ပေသာရှိသည့် အိပ်ခန်းတစ်ခန်းကို အပိုင်စားပေးပြီး ကျန်တာ တစ်ရောတည်းသုံးရသည့် အခါ အိပ်ရုံအပြင် ချက်ပြုတ်၊ ရေချိုး၊ အဝတ်လျှော်၊ ဘုရားရှိခိုးတာကအစ ဧည့်ခန်းရှင်း တာအဆုံး သူ့အလည့်ကိုယ့်အလှည့် သတိရှိခဲ့သည်။ အမှားအယွင်း မ ဖြစ်စေအောင် နေခဲ့ရပေမယ့်လည်း ငယ်သူ ကျွန်မတို့ အတွက် ထိုဒဏ်က စိန်အနာတရ ဖြစ်စေသည်မှာ အမှန်ပင်။

ဘုရားခန်း သတ်သတ်မို့ ဘုရားရှိခိုးရတာ ကောင်းလှပေမယ့် ဆွမ်းတော် ကပ်ရသည့်အခါမတော့ ဒေါ်လးထံမှ စည်းကမ်းတစ်ခုကြားရပြန်၏ ။

“ဆွမ်းတော် တင်ပြီးရင် ရုံးသွားခါနီး ပြန်စွန့် သွားပါ၊ မဟုတ်ရင် ဆွမ်းတော့မတင်တာ အကောင်းဆုံးပဲနော်၊ ဘာလို့လဲဆိုတော့ မင်းတို့က ဆွမ်းတော် ကပ်ပြီး ရုံးသွားရော၊ အိမ်မှာ ကြောင်ရှိတော့ ဆွမ်းတော် ပွဲသွားနှိုက်ရင်း သောက်တော် ရေခွက်တွေ ကွဲနိုင်တယ်၊ နောက်ပြီး ကြွက်ရန်ကလည်း ရှိတယ်လေ၊ ပြီးတော့ တစ်နေကုန်ဆွန်းတော် ကပ်ပြီး ညနေမှ ပြန်လာတဲ့အခါ ဆွမ်းတွေ က ခြောက်ကလောက်လို့ ဘုရားကညစာပါ ဘုဉ်းပေးရရောလေ၊ ဒါမျိုးမ ဖြစ်သင့်ဘူးလို့ ဒေါ်လေးထင်တယ်။ ဒီတော့ ဆွမ်းတော် ကပ်နိုင်ရင်ကပ်၊ မကပ်နိုင်ရင် မကပ်တာအကောင်းဆုံးပဲ”

ဟုတ်ကဲ့အပြင် ကျွန်မတို့စေဒကမတက်ဝံ့ခဲ့။ သူပြောတဲ့ စည်းကမ်းချက်အရ သူမှန်နေရာ ကျွန်မခမျာ ဆွမ်းတော် ကပ်ချင်လို့ ကတော့ ထမင်းကျက်တာနှင့် ပြေးကပ်၊ ရုံးသွားတော့မယ်ဆိုတာနှင့် ဆွမ်းတော် စွန့်၊ ကြည့်ပါဦး၊ မနက်ကိုးနာရီဆိုတာ နေ့ဆွမ်းတောင် မကပ်ရသေးသည့်အချိန်မှာ ကိုယ်ကဆွမ်းကို ဖျက်ခနဲစွန့်နှင့် သဒ္ဓါတရားနည်းလွန်းရာကျ နေပါတော့၏ ။ ထိုအတွက်လည်း ကျွန်မမှာ မတတ်သာသည့် အဆုံး ဆွမ်းတော် ကပ်မည့် ရက်ကို ရုံးပိတ်ရက်များ သာ ရွေးချယ်ခဲ့ရလေတော့၏ ။ ဒါမှလည်း အချိန်ယူကပ်ပြီး နေ့မွန်းလွဲမှစွန့်ရတော့ စိတ်ထဲဆွမ်းကပ်ရ သစ်သီးကပ်ရသည့် စိတ်ကြည်နူးမှု မျိုး စို့စို့ပို့ပို့ရှိလှသည်ဟု အောက်မေ့မိ၏ ။

မဟုတ်လို့ ကတော့ မြတ်စွာ ဘုရားသခင်အား “အရှင်ဘုရား ဆွမ်းမြန်မြန် ဘုဉ်းပေးတော် မူပါနော်၊ တပည့်တော် ရုံးသွားရမှာ မို့ပါ၊ ခွင့်လွှတ်တော် မူပါဘုရား၊ နားလည်ပေးတော် မူပါဘုရား”နှင့် ဘုရားကို ခဏခဏတောင်းပန်ရ တာ ဘယ်လာ ကုသိုလ်ရပါတော့မလဲ။

ဆွမ်းတော် တင်သည့် ကိစ္စအပြင် ဘုရားပန်းကပ်သည့် အခါတိုင်းမှာ လည်း သမားရိုးကျ မဟုတ်ပြန်ပေ။ ကျွန်မ ကတော့ မိရိုးဖလာဗုဒ္ဓဘာသာဝင်သမီး တစ်ယောက် ပီပီ ဘုရားပန်း တင်နေကျအတိုင်း သည်အိမ်ရောက် တော့လည်း ဘုရားပန်းလှလှများ ရွေးဝယ်တင်ခဲ့ပါသည်။ မနက်ပိုင်း ဘုရားပန်းတင်ပြီး ညဖက်ဘုရားရှစ်ခိုးမယ်ပြင်တော့ ဘုရားပန်းတွေ က အနိမ့်အမြင့်ကွေ့အဝိုက်နှင့် ဧည့်ခန်စားပွဲတင် ပန်းအိုးနှင့် တူနေရာက လက်ရာပြောင်းနေသော ဘုရားပန်းအိုးကိုင်ကြည့်ပြီး အံ့အားသင့်ခဲ့ရ၏ ။ ထိုအံ့အားသင့်မှု က သိပ်မကြာလိုက်ပါ။

“အဲဒါ ဒေါ်လေးလက်ရာလေ၊ ဘုရားပန်းတင်တာ ဖြစ်သလို ထိုးကြိတ်တင်က ဘယ်ကောင်းမှာ လဲ၊ သေသေချာချာ ပြင်ဆင်ပြီး တင်မှ ကြည့်ကောင်တာ”

ဒါနဲ့ပဲ ကျွန်မဘုရားပန်းနွမ်းတာမြင် ဈေးသွား၊ ဘုရားပန်းဝယ်၊ ဘုရားတင်လက်၊ ညနေရုံးပြန်လာရင် ဘုရားပန်းဒီဇိုင်းက တစ်မျိုး ဖြစ်လိုက်နှင့် ကြာတော့ ကျွန်မပဲလက်လျှော့ပြီး ဝယ်လာသမျှ ဘုရားပန်းအရိုင်းစည်းကို ဒေါ်လေးလက်ဝကွက်အပ်ပြီး ဘုရားပန်းတင်ခြင်းအမှု အား နောက်ဆုတ်ပေးခဲ့ရလေတာ့၏ ။ အဲသလောက် စိတ် ပင်ပန်းတာမျိုးလည်း ဘယ်သူတွေ့ ကြုံဖူးပါသလဲ၊ သည်လောက်တင်ဆိုထားဦး၊ ရေချိုး၊ လျှော်ဖွပ်ဖို့ ရေနည်းလို့များ ဦးလေးရေ ဒေါ်လေးရေ ရေမရှိလို့ပါဟု သွားပြောကြည့်။

“လာလာ မင်းလာခဲ့၊ ဟုတ်ပြီ၊ ရှေ့တိုး၊ ဒီအုပ်ကန်ကနေ ငါးလှမ်းလှမ်းပြီရင် ဘယ်ဘက်ကိုကွေ့၊ နောက်သုံးလှမ်းရင် ရေခလုတ်ကိုတွေ့ မယ်၊ အေး ထိုင်ချလိုက်၊ ကိုယ့်ရဲ့ ညာဖက်ကို ခလုတ်ကိုဖိဆွဲ၊ သိပ်အား မစိုက်နဲ့နော်၊ ခလုတ်ပဲ့သွားမယ်”

“အေး. . . အေး. . .ဖွင့်ပေးမယ်”

“အေးကွယ်၊ မီးလာမှ ရေတင်ပေးမယ်”ဆိုတာလောက်နှင့် ပြီးသွားရမည့်  ရေတင်သည့်ကိစ္စမှာ ဤမျှ လောက် ခြေလှမ်းတွေ လက်လှမ်းတွေ နှင့် စနစ်ကြီးလွန်းသည့်အခါမတော့ ကျွန်မတို့ အိမ်ထောင်ဦးဇနီး မောင်နှံ၏ အိမ်ထောင်ရေး ခရီး ဖြတ်သန်းမှု ဖြစ်စဉ်တွင် ထိုအကြောင်းတရားများ က မလှမပပါဝင်လာခဲ့ရပါလေတော့ သည်။

ကိုယ့်အလုပ်အဆင်ပြေသည့်အခါမှာ သူတို့အလိုကျ ခြေလှမ်းတွေ ရေတွက်ပြီး ဘယ်ချိုးညာချိုးကွေ့နှင့် အုတ်ကန်ကို တစ်ပတ်မပတ်ရဘဲ ရောက်သည့် ခြံဝန်းထဲမှ ရေခလုတ်လေးဆီ အားကြိုးမာန်တက် ပျော်ပျော်ရွှင်ရွှင် သွားပေးခဲ့ပေမယ့် အိမ်ထောင်ဦးအစ စားဝတ်နေရေ၏ အရိယာယ်မာယာကို အကျွမ်းတဝင်မရှိခင် စိတ်ပန်းလူပန်းနှင့် ဝင်ငွေအလောက်မချိန်၊ နှစ် ယောက် သားကတောင် ငြင်းလိုက်ခုံလိုက်နှင့် ဈေးဖိုး၊ ကားခ၊ အိမ်လခ၊ လူမှု ရေး တွေ တွက်ဆနေချိန်မျိုးမှာ ရေတင်တာကိုပဲ ဇာချဲ့ပြီး နာရီလက်တံအတိုင်းလည့်ပါတို့၊ ဘယ်ကွေ့ ညာကွေ့တို့၊ ရှေ့သုံးလှမ်းတိုး နောက်နှစ် လှမ်းဆုတ်တို့ဆိုသည့် ဘိုလိုရော မြန်မာလိုပါ သင်ကြာချင်တိုင်း သင်ကြားခိုင်းမျိုးအတွက် ဘယ်လောက်ဒေါသတကြီး ဖြစ်ချင်လိုက်မလဲလို့။

ဒါပေမယ့် ကျွန်မသည်းခံရပါမည် ။ သူတို့က အိမ်ရှင်ဆိုတာကို သတိကြီးစွာ ထားပြီး ကျေးဇူးတင်နေရ ပါသည်။ ဒါတောင်မှ ကျွန်မတို့မှာ အပြစ်မလွတ်ခဲ့ပါ။

ထိုအိမ်ပြောင်းခါစမှာ ခြေနင်းလို့ပင်မရအောင် စေးထန်းပြီး ညစ်ပေနေသည့် ကြမ်းခင်းတွေ ကို အားရပါးရ ဆေးကြောရုံတင်မက ဆပ်ပြာနှင့် ဝင်တိုက်ချသော ကြောင့် အိမ်ရှင်ဒေါ်လေးတို့ ဆွေ့ဆွေ့ခုန်ခဲ့ဖူးလေ၏ ။

“ဒါ အနှစ် ခုနှစ် ဆယ်ကျော် ကြမ်းခင်းတွေ ၊ ရေဆေးချစရာမလိုဘူး၊ အုန်းဆံခြောက်နဲ့တိုက်ရုံတင် ပြောင်လက် သွားမှာ ကြမ်းတိုက်ချင်ရင် ပြောကြပါ”

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းမိတဲ့ ကျွန်မတို့ကို သူ့အိမ်ကြမ်းခင်းအဟောင်းတွေ ရေနဲ့လျှော်ရပါ့မလားဆိုပြီး စိတ်ဆိုးလုမတတ်နှင့် ထိုအကြောင်း သူ့ယောက် မကို ဖွင့်ပြောပြ ပြီးတားမြစ်ခဲ့လေ၏ ။ ဒေါ်လေးယောက် မက ကျွန်မတို့ကို ထိုသို့ မလုပ်ရန် တားခဲ့ရသည်။ မသိလို့ပါနော်ဟု ထပ်တလဲလဲတောင်းပန်ကာ မပြောင်မလက်ကြမ်းခင်း ကို ပြောင်လက်နေအောင် ညသန်းခေါင်လောက်ထပြီး သူတို့ အိပ်ချိန်မှ ကြမ်းတိုက်ရဲသော ကျွန်မ ရေကိုလည်း အခြောက်ထားပြီး တပင်တပန်းကို ကြမ်းတိုက်ခဲ့ရလေ၏ ။ ဒါကလည်း ကိုယ်ကဧည့်သည်လာမှာ ကိုး။ ဆွေမျိုးတွေ လာမှာ ကိုး။ မ ဖြစ်မနေ ကြမ်းတိုက်ရမည် လေ။ သည်ကြားထဲ ကြောင်တွေ ထပ်တိုးပွားလာပြီး ကြောင်နာမည် တွေ ကို “ရာဇာဝင်း” “ဒေဝါဝင်း”ဘာဝင်းညာဝင်းဆိုပြီး ထင်တိုင်းလျှောက်ပေးထားရာ ကျွန်မတို့ အထိတ်တလန့် ဖြစ်လို့ မဆုံးခင်မှာ ပင် ထိုကြောင်လေးတွေ တစ်ကောင်ပြီးတစ်ကောင် ပုံ သဏ္ဍန်အမျိုးမျိုးနှင့် သေကုန်တော့၏ ။ မအပ်မစပ်နဲ့ ကြောင်ပေးးတဲ့ နာမည် တွေ ကိုလည်း စဉ်းစားကြည့်ကြပါဦးဟုသာ ဆိုချင်တော့၏ ။

* * * * ** * * * *


စဉ်းစားစရာများ စွာ ထဲမှာ အိမ်ရှင်ဒေါ်လေး၏ အစ်ကိုကြီးပြောသော အိမ်ငှားခြင်းအယူအဆမှာ လည်း တစ်ချက်အပါအဝင်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီနေကြသည့် ကျွန်မတို့နှင့် ဒေါ်လေးတို့အတွက် ထိုစကားကို အသည်းယားစရာ။

“ကိုယ့်စားဝတ်နေရ။အတွက် နည်းနည်း အထောက်အကူတောင် မပေးဘဲနဲ့များ ဟိုကန့်ကွက်၊ ဒီကန့်ကွက် နဲ့ အစ်ကိုကြီးတို့ သိပ်ခက်တာပဲကွယ်”

သည်အချိန်မှာ ကျွန်မတို့အရင်းအနှီး ကျွန်မတို့ နှစ် ပေါင်း များ စွာ စုဆောင်းလာသော စာအုပ်များ ဖြင့် ဒေါ်လေးတို့ အိမ်ရှေ့လေးမှာ စာအုပ်အငှားဆိုင်လေးဖွင့်ထား မိပြီးပြီလေ။ ကျွန်မတို့က အရင်းစိုက်၊ ဒေါ်လေးတို့ ထိုင်ပြီး ရှယ်ယာ တစ်ယောက် တစ်ဝက် ဖြစ် သန်မှန်လိုက်တာကိုက ကျွန်မတို့၏ မိုက်မဲစွာ ရေထွေးမှု ဖြစ်အင်။

တစ်ပေါင်းတစ်စည်းတည်းဆိုတာ ကိုယ့်ခန္ဓာနဲ့ကိုယ်စိတ် တောင်တည့်လို့လားလို့။ ဒါကို သတိမပြုမိတဲ့ အကြီးမားဆုံး အမှားကြောင့် စာအုပ်တွေ ငှားရင်း အဖိုးတန်သော စာအုပ်တွေ ပျောက်၊ ကျွန်မတို့က အတင်းအငှားဆိုင်ဝင်ထိုင်၊ စာအုပ်တွေ စစ်၊ ဒေါ်လေးတို့က စိတ်ဆိုး၊ သူ့မောင်လုပ်သူက ငှားထားတဲ့ စာအုပ်တွေ ပြန်မ တောင်းနိုင်၊ ကျွန်မက နှမြောလွန်းလို့ မျက်ရည်ကျစိတ်ဆိုး ဒေါသ ဖြစ်။

ကိုင်း ကျွန်မတို့ အိမ်ထောင်ဦးစီးရဲ့ အိမ်ငှားဘဝမှာ ရှိလိုက်တဲ့ အရသာတွေ ဆိုတာ။

ထိုအရသာက အိမ်ဆိုတာကို မက်မောတတ်ဖို့နဲ့ ရောထွေး ခြင်း၏ ခါးသီးမှု တို့ပဲ မဟုတ်ပါလား။

* * * * ** * * * *


ထိုကတည်း ကိုယ်တတ်နိုင်သလောက်နှင့် သီးသီးသန့်သန့် အိမ်ခန်းလေးရှာရတော့သည်။ ကံကောင်းထောက်မစွာ ပဲ အတော် ကြီးကျယ်သော တိုက်ခန်းတစ်ခန်းကို ရှာတွေ့ ခဲ့ပါ၏ ။ တိုက်တစ်တိုက်၏ အပေါ်ဆုံးထပ် မကလို့ အမြင့်ဆုံးပဲတက်ရတက်ရ ဘယ်သူ့မျက်နှာမှ မကြည့်ရမည့် ၊ ရယ်တောတောင် ကျယ်ကျယ်မရယ်ဝံ့၊ ငိုတာတောင် အသံထွက်မငိုဝံ့ရမည့်  အရေး တွေ မှ လွတ်ကင်းသည့် လင်ကိုယ်မယား ကိုယ်ဆွေကိုယ်မျိုး ဖိတ်ပြီး ကျကျနနဧည့်ခံနိုင်သည့် အိမ်ဆိုတာကို အိမ်ထောင်သည်တိုင်း အမှန်တကယ် လိုအပ်သည်ဟု ခံယူမိပြီမို့ နောက် မတွန့်တော့ပေ။

မိဘနှင့် တွဲ နေကြသည်ဆိုတာ မြန်မာ့ထုံးစံပါ။ ကျွန်မတို့ နေနေရတာ က မိဘအဟုတ်ဘူးလေး။ ဒါကို ကျွန်တို့ မေ့လျော့ခဲ့သည်ကိုး။

ထို့ကြောင့် လည်း “အိမ်ငှားဆိုတာ ကင်ဆာ ရောဂါ ပဲ”ဟု သူ့ထင်ရာ သူယူဆပြီး စွဲချက်တင်ခဲ့သော အိမ်ရှင်၏ အစ်ကိုကြီးကရော၊ အိမ်ရှင်ဒေါ်လေးကရော၊ ကျွန်မတို့ကို “ဒီအိမ်မှာ မထားတော့ပါ”ဟု တစ်စွန်းတစ်စ မပြောခင် အမုန်းကြီးမမုန်းကြခင်မှာ ထိုအိမ်မှ ကျွန်မတို့ ပြောင်းရွှေ့ခဲ့ပါတော့သည်။

“ဒီအိမ်မှာ နေရင် ဒီစည်းကမ်းကို လိုက်နာရမှာ ပဲ” ဟုခပ်တင်းတင်းပြောခဲ့သော ဒေါ်လေးတို့အား ဘာမှ ဆင်ခြေ မတက်တော့ပဲ အိမ်ပြောင်းနိုင်ဖို့သာ ငွေရှာခဲ့ကြပါ၏ ။

သို့ သော်လည်း အံ့ဩစရာကောင်းတာတစ်ခု ကတော့ ရှိပါသည်။ ကျွန်မတို့ပြောင်းရွှေ့ချိန်မှာ အိမ်ရှင်ဒေါ်လေး အိမ်မှာ မရှိပေ။ ဒေါ်လေးအစ်ကိုကြီး ရောဂါ ဖြင့် ဆုံးသွား၍ ပဲ ဖြစ်ပါသည်။ အစ်ကိုကြီး၏ ရောဂါ အမည် က “ကင်ဆာ”တဲ့။

ထိုအတွက် မနှင့် ရဘဲပြောင်းသော အိမ်ငှားတွေ အကြောင်း ဒေါ်လေးခမျာသူ့အစ်ကြီး သိအောင်ပြောပြဖို့ အခွင့်မသာလိုက်တော့ပေ။

(၂၀၀၂ ခုနှစ် ၊ ဒီဇင်ဘာလ Face (မုခ) မဂ္ဂဇင်း)

* * * * ** * * * *






ဝန်ဇင်းချစ်သူများ နှင်းဝေငြိမ်း ၏ “ ပါဆယ်ဂိမ်း နှင့် အခြားဝတ္ထုများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပြဋ္ဌာန်းမထားသောအချစ်နှင့် ပဋိညာဉ်မလိုသောမျက်ရည်

ဗိုလ်အောင်ဒင်တို့မြို့ နှင့် အခြားဝတ္ထုတိုများ

လက်ထပ်ခြင်း