Cover

ပန်းသီးလေး နှင့် ဓါး နှစ် လက်

မနက်ဖြန် သမီး စာမေးပွဲ ဖြေဆိုပြီးပြီ ဆိုသည့် အသိကြောင့် တစ်နေ့လုံး ဆောက်တည်ရာ မရ ဖြစ်နေသည်။ သမီး စာမေးပွဲဖြေတာ မြန်လိုက်တာ၊ စာမေးပွဲ အကြာကြီး ဖြေပါတော့လား သမီးရယ် ဟု သူ တရားမဲ့စွာ သမီးလေးအပေါ် ကိုယ်ချင်းမစာစွာ ရေရွတ်နေမိ၏ ။ မနက်ဖြန် အတွက် သမီး ကတော့ ကြိုတင်ပျော်ရွှင်နေမှာ ပဲ။ သူကလည်း မနက်ဖြန်ကို ကြိုတင် မျှော်လင့်နေ သူ မဟုတ်ဘူးလား။ သမီး နဲ့ သူ့ရဲ့ မနက်ဖြန်အတွက် သူ အိမ်မက်တွေ မက်ခဲ့သည်လေ။ သူ့ အိမ်မက်များ ထဲတွင် သမီးလေး လူ့လောကသို့ ၀င်လာကာစ နေ့ရက်များ က သူဘယ်လို ရင်ခုန် နေခဲ့တာတွေ နီတာရဲသမီး၏ ရှုးရှုးများ ကို နမ်းကြည့်ရင်း ‘‘မွှေးတယ်နော် ဖြူ” ဟု သမီး မေမေကို ပြောပြတော့ ဖြူက “ပေါပါ့မောင်ရယ်”ဟု သူ့ကို ထောပနာ ပြုရင်း ရယ်လိုက်တာမှ မဆုံးနိုင် အောင်ပင်။

သူသည် သူ့ကိုယ်သူ အချစ်ဆုံးဟု ထင်ခဲ့သော်လည်း သမီးလေး မွေးဖွားပြီးနောက်ပိုင်း သမီးလေးကို ထားစရာ မရှိအောင် ချစ်မြတ်နိုးနေမိ၏ ။ သူ အ ဖြစ်သည်းမှု များ ကြောင့် ဖြူ ပင် စိတ်ဆိုး ခဲ့ရသည်တို့ ရှိပါသည်။ သူ စေတနာပိုမှု ကြောင့် သမီးလေး ထမင်းစားတက်ခါစ သမီးကို ကျွေးမည့်  ထမင်းပျော့ပျော့လေးတွေ ထဲသို့ ပို အရသာရှိစေရန် နို့မှု န့် နှင့် သကြားတွေ ရောနယ် ကျွေးမိ၍ သမီးခမျာ ချောင်းတွေ ဆိုးပြီး ကလေး နှင့် မလိုက်အောင် ညည်းသော အခါ ဖြူရော သူပါ ထိန့်လန့် တုန်လှုပ်ပြီး မျက်ရည်ကျသည်လေ။ ဖြူက တရှိုက်ရှိုက်ငိုရင်း အဲ့ဒါ မောင့်ကြောင့် … မောင့်ကြောင့် နှင့် စွဲချက် တင်သော အခါ … သူ ၀န်ခံခဲ့ရလေသည်။ ထိုစဉ်ကများ သမီးလေး တခုခု (မဦးမချွတ်) ဖြစ်ခဲ့လျှင် သူ ရင်ကွဲနာကျသွားနိုင်သည်လေ။ ထို အကြောင်းအရာ များ သည် ယနေ့ထိ သူ၏ မက်မကုန်သော အိပ်မက်များ နှယ်။ ထို အိပ်မက်များ အား သမီးလေးက မက်ခိုင်းခဲ့သည် မဟုတ်ခဲ့။ သို့သော် ထိုအိမ်မက်များ ကို သူ ဆက်မက်ရပေဦးမည် ။ အိပ်မက် ဆိုတာ အိပ်မပျော်သူတွေ ကို လှည့်စားတဲ့ “ည၏ ပြဇာတ်တိုများ ” ဖြစ်လေရော့သလား မသိပါ။

မည် သို့ပင် ဖြစ်စေ၊ သူသည် သမီး နှင့် မနက်ဖြန်တွင် အိပ်မက်တစ်ခု ပျော်ရွှင်စွာ မက်ရန် အဆင်သင့်ပြင် ရပါဦးမည် ။

* * *



ကျောင်းရှေ့ တမာရိပ်အောက်တွင် ရပ်နေသော သူထံသို့ သမီး တန်းတန်းမတ်မတ် ပြေးလာ၏ ။ သူ ဤ နေရာမှာ ရှိလိမ့်မည် ကို သမီး သိနေပါသည်။ သမီး ပြေးလာစဉ် အစိမ်းရင့်ရောင် စကပ်ရှည်ကြီးတွင် လေထု ခိုဝင်ပြီး ၀ဲခါ နေလေ၏ ။ သည်နှစ် မှာ သမီး အရပ် သိသိသာသာ ရှည်လာ၏ ။ ဆံပင် နက်နက် ဖားဖားကလည်း နားရွက်များ အုပ်ရုံ တိတိရိရိ။ သမီး မျက်ဝန်းအစုံက ဖြူ နှင့် တူလွန်းအောင်ပဲ မျက်သားမပါ အနက်ပြည့် မျက်ဆံများ နှင့် ရွှန်းလက်လို့ပါလား။ သမီး အပြုံးလေးကို သူသိပ် နှစ်သက် သည်။ သမီးသည် လှပသော အပြုံးများ ကို သူ့အမေနှယ် ချွေပြတက်၏ ။ ဒီအပြုံး၊ ဒီမျက်လုံးတို့ သူ့ အသည်းနှလုံးမှာ နေထိုင်မြဲ ရှိကြလေ၏ ။

“ဖေ့ … သမီး ဖြေနိုင်တယ်”

သူ့ ခါးကို သိုင်းဖက်ရင်း သမီး ပြောသည်။ သူ့ မျှော်လင့် ရိပ်လေး ရယ်မောပျော်ရွှင်စွာ သူ့ ရှေ့ရောက်လာပြီလေ။ သူ့လက်ထဲသို့ မေးခွန်းစာအုပ် ထိုးပေးရင် ကျောလွယ်အိပ် ဖောင်းဖောင်းကို သိုင်းလျှိုထားရာ ဖြုတ်ချသည်။ ခေတ် နှင့် လျော်ညီအောင် သူကိုယ်တိုင် ၀ယ်ပေးထားသော ကျောပိုးလွယ်အိပ်ကို သမီးက ကြိုက်နှစ်သက် သတဲ့။ သည် အရွယ်မှာ ဖြင့် လွယ်၍ ကြည့်ကောင်း ပါသည်။ ဒီ ထက် အတန်းကြီးပြီး အပျိုကြီးဖားဖား ဆိုလျှင်တော့ ဒီကျောလွယ်အိပ်မျိုး မလွယ်ခိုင်းတော့ပါ။ လက်နှစ် ဖက် လျှိုပြီး ကျောမှ ထမ်းထားရသည့် ၀န်က တမျိုး၊ သားသည် အမေ ကလေး ကျောပိုးထားတက်သည့် တိုင်းရင်းသား အမျိုးသမီးများ နှင့် တူသည်က တမျိုး၊ ရင်ဖွင့်၍ ပခုံးသိုင်းကြိုးများ ဖြင့် စည်းကြပ်ထားသလို ဖြစ်နေက အ၀တ်အစားများ တင်းတင်းကြီး နှင့် မိန်းမပျို လေးများ အလှ ရိုင်းရိုင်းကို ထုတ်ဖော်ပြသလို ဖြစ်နေသည်က တမျိုးဆိုတာကို သမီးကို သေချာ ရှင်းပြ၍ မြန်မာ လွယ်အိတ် လှလှလေး ၀ယ်ပေးရပါမည် ။

“ဖေ့ … ဒီနေ့ ရုပ်ရှင် ကြည့်မှာ နော်၊ ပြီးတော့ ဟမ်ဘာဂါ စားမယ် …. ဟာ မဟုတ်ဘူး၊ ဒိုမီနို သောက်ဦးမယ်၊ ပြီးတော့ ကော်ဖီလည်း သောက်မယ်၊ ပြီးတော့ တီဗွီဂိမ်းလည်း ကစားရဦးမယ်နော် ဖေ့ … ပြီးတော့ ….”

သမီး၏ ပြီးတော့များ က မဆုံးနိုင်၊ ပြီးတော့ … ပြီးတော့ ဆိုသည့် သမီး၏ လက်ချောင်း လေးများ ကို စိုက်ကြည့်ရင်း ရယ်မိရင်း သမီး လွယ်အိတ်ကို သူကောက်လွယ်ပေးလိုက်၏ ။ သမီး၏ ပျော်ရွှင်မှု က် တက်ကြွ အားရစရာပင်။

သမီး လက်ကို ဆွဲ၍ သူ တက္ကစီ ငှားသည်။ သမီးက အတင်း လက်ပြန်ဆွဲပြီး ကားမစီးဘူး အတင်း လမ်းလျှောက်မယ် ဖေ့ … လမ်းလျှောက်မယ် ဟု ပူဆာ၏ ။ ဟုတ်သားပဲ၊ သမီးလေးက မြို့ထဲကို နှံ့နှံ့စပ်စပ်မှ မလျှောက်ဖူးဘဲ၊ လျှောက်ချင်လျှောက် ညောင်းရင် မပြောရဘူးနော် ဟု ကတိတောင်းတော့ သမီးက ခုန်ခုန်ပေါက်ပေါက် သဘောတူသည်။ သမီးစီးထားသည့် ကြိုးသိုင်း ဖိနပ် ပါးပါးက ဖိနပ် မပေါက်တန် ကောင်းပါရဲ့ ။

“ဖေ့ … သမီး ဂုဏ်ထူး သုံးခုလောက် ရမှာ သိလား သမီး အတန်းထဲက သူဇာကျော့ကလျာ တို့၊ မိုးမိုး စံပယ်ဖြူတို့လောက်တော့ အသာလေး ကျောနိုင်တယ်။ သူတို့က ဘယ်လောက်များ တော် လို့လဲ လက်ရေး လည်း မလှဘဲ နဲ့ သိပ်ကြွားတာ ဖေ့ သိလား၊ သမီးဖြေတဲ့ သချာင်္ တစ်ပုဒ်မှ မှားဘူးလို့ ပြောတာ မယုံဘူးတဲ့ဖေ၊ နေပေါ့ အောင်စာရင်း ထွက်မှ သိမယ်”

သူသည် သမီး၏ နှုတ်သီး ချွန်ချွန်လေး နဲ့ ရန်တွေ့ သံကို စာကလေးများ အစာရှာရင်း သီချင်းဆိုသံနှယ် မှတ်နေ၏ ။ သမီးသည် သူမမြင် မတွေ့ ဘူးသော သမီးသူငယ်ချင်းများ ၏ နာမည် တွေ ခဏခဏ ထည့်ပြောကာ မကျေနပ်မှု များ ကို ရင်ဖွင့်နေလေ၏ ။ သူ့ သမီးလေး ရန်တွေ့ ကောင်းလာတာ ဒီ နှစ် ပိုင်းမှ များ လား မသိပါ။ အလျင်က သမီးက ငြိမ်ငြိမ်အေးအေး လေးပါ။

အရွယ်က အရမ်းပျော်ရွှင် တက်ကြွသည့် အရွယ် ဖြစ်လာတာကိုး။ ဖြစ်နိုင်တာပေါ့။

“ဖေ့ … သမီး တီချယ် ရိုစ့် က ပြောသေးတယ်။ ဂုဏ်ထူး ခြောက်ခု ရမယ့် သူထဲမှာ သမီး နာမည် မပါဘူး တဲ့”

“ဟင်း …. ခု မှ စာမေးပွဲ ပြီးရုံပဲ ရှိသေးတယ်။ သမီး တီချယ်က ဒီလိုပဲ ပြောသလား”

“တီချယ် ရိုစ့် တို့ တီချယ်ချိုချိုတို့ က ဂုဏ်ထူး ရတဲ့သူတွေ အမှတ်ခြစ်ရင်း သိတယ်တဲ့ ဖေ”

“ဟ … တစ်မျိုးကြီးပါလား၊ အေးကွာ … ဒါဖြင့် ငါးဘာသာ ရမှာ ပေါ့”

“လေးဘာသာရော ဖေ … လေးဘာသာဆိုရင် သမီး ရနိုင်တယ်”

“အင်း … မဆိုးပါဘူး”

သမီးက သူ့ကို မော့မော့ပြီး စကားပြောလာ၏ ။ မီးပွိုင့်ကူးလျှင်တော့ သူ့လက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အပြေးတစ်ပိုင်း ကူးရှာ၏ ။ သူ့သမီးလေးသည် လူအုပ်တွေ ကြား လမ်းမလျှောက်ဖူးတာ သေချာလှ၏ ။ ဟိုလူ့ ၀င်တိုး၊ ဒီလူ့ ၀င်တိုက် နှင့် တခိခိ တဟိဟိ ရယ်နေတော့၏ ။ သူ မနည်း ကာဆီးထား၍ သမီး နှင့် ကောင်လေး တစ်ယောက် နဖူးခြင့် မဆောင့်လေတာ။

“ဖေ့ … မြန်မြန်လာ၊ ရုပ်ရှင် မမီဘဲ နေမယ်။”

ကြိုတင်ဝယ်ထားသော လက်မှတ် နှစ် စောင်အား သမီးဆီ ကမ်းပေးလိုက်ပြီး… အစောကြီး ရှိသေးတယ်လေ သမီးရ… ဗိုက်အရင် ဖြည့်ရအောင် ဟု ပြောလိုက်ရသည်။ တစ်ဖက် ပလက်ဖောင်းအရောက် သူ့ကို မော့ကြည့်ရင်း ယိုင်သွားသော သမီးကို ဖမ်းထိန်းထားရ၏ ။

“ရုပ်ရှင်မှီတယ်နော်… ဖေ”

“မီတယ် … မီတယ်၊ ရုပ်ရှင်ရုံတွေ က သမီးလာမှ ပြမယ်တဲ့”

“ဟာ … ဖေ ကလည်း”

သူ့ရင်ထဲ ကြည်နူးခြင်းတို့ အထပ်ထပ်။ မျက်စောင်းဝင့်သော သမီး၏ မျက်တောင်များ အား လေတစ်ဝှေ့က ဖြတ်ခိုးသွားသေးသည်လေ။ သမီး၏ အသံစာစာလေးသည် ချိုမြမြ ရှိလှ၏ ။ သမီး၏ ပျော့ပျောင်းသော နက်မှော င်ဆံနွယ်များ က ဒန်းစီနေသော အပျိုမ၏ ဖဲကြိုးလေးများ ထက် ပိုနူးညံ့ လှပနေပါလိမ့်မည် ။

သည်နေ့ အစီအစဉ်မှာ သမီး နှင့် သူ ရုပ်ရှင်ကြည့်မည် ။ မုန့်စားမည် ။ သမီး လက်ညှိုး ညွှန်ပြသော အကျီ င်္၊ ဖိနပ် ၀ယ်ပေးမည် ။ ဒါပေမဲ့ အလှကုန် ပစ္စည်း အရောင်း ကောင်တာဘက်သို့ သမီး လုံးဝ မကြည့်မိအောင် ခပ်သွက်သွက် လျှောက်စေရမည် ။ သမီး မတော် တဆ လက်ညှိုး ထိုးပြသော ပစ္စည်းသည် နားဆွဲ၊ နားကွင်း၊ နှုတ်ခမ်းနီ အနီရဲရဲ၊ မိတ်ကပ်ဘူးတို့ ဖြစ်နေလျှင် မခက် ပါလား။ ခုနေမှာ သူ့ သမီးလေးသည် ခဲတံ ရောင် စုံ ဖြင့် ပန်းပွင့် လှလှလေးတွေ ဆွဲနေတာမျိုး၊ တီဗွီဂိမ်း ကစားတာမျိုး၊ ရွှေသွေးကာတွန်းမှာ ပါသော ပုံပြင်များ ဖတ်တာမျိုးသာ စိတ်ဝင်စားဖို့ သင့်တော် သည်လေ။

သူ့အတွေးများ ကို မသိသော သမီးသည် ရင်ခွင်ထဲရောက်လာသော အရုပ်များ ၊ အ၀တ် လှလှများ ကို တခုတ်တရ ပွေ့ပိုက်၍ ဒိုမီနိုဆိုင်မှ ပြန်အထွက် ရုပ်ရှင်ရုံဆီသို့သာ အာရုံရောက် နေပါ တော့သည်။ မွန်းတည့်နေက ဦးထုတ်မပါသော သမီး၏ ဦးခေါင်းကို ပူလောင်စေတော့မည် ။ ထို့ကြောင့် နီးရာဆိုင်မှ အ၀တ်ဦးထုတ် အနီရဲရဲလေး ၀ယ်ဆောင်းပေးလိုက်သော အခါ သမီးသည် ပိုချစ်စရာ ကောင်း သွားပါလေ၏ ။ သို့ပေမဲ့ မွန်းတည့်နေကြောင့် သမီး ခြေဖ၀ါးလေး နီရဲ လာသည် ကဖြင့် သူ့မျက်ဝန်းထဲတွင် ချစ်စရာ မကောင်းပါချေ။

သြော် … သမီးက လမ်းလျှောက်ချင်သည်ကိုး …။

မည် သူ့ကိုမှ နှုတ်မဆက်ပဲ တိတ်တိတ်ကလေး ထွက်ခွာသွားသူ ထံတွင် ရပ်တန့် မနေသာ နာရီလက်တံလည်း ပါပေလိမ့်မည် ။ သူ့အတွက် နံနက်ဦးသည် လှပခဲ့သလောက် မွန်းတိမ်း ညနေသည် အရုပ်ဆိုးစ ပြုလာသည်။ လက်မှာ ပတ်ထားသော နာရီသည် အမှော င်ကဲသော ရုပ်ရှင်ရုံ ထဲတွင် ဘာကြောင့် လင်းခနဲ လက်ခနဲ ဖြစ် ဖြစ်နေပါလိမ့်။ လက်ကောက်ဝတ်အထိ ပင့်တင် ထားသော အကျီ င်္ကို ကြယ်သီး ဖြုတ်၍ နာရီပေါ် ဖုံးအုပ်လိုက်၏ ။ ထိုစဉ် ၀ါးခနဲ ရယ်သံများ ရုပ်ရှင် ရုံထဲတွင် ကျယ်လောင်သွား၏ ။

ရုပ်ရှင် ပြကွက် ပြောင်းလိုက်တိုင်း ရယ်သံများ လှိုင်နေသည်။ သူ့ဘေးခုံမှ ကောင်မလေး နှစ် ယောက် မှာ ခွက်ထိုး ခွက်လန် ရယ်နေလိုက်တာ တော် တော် ကြာ၏ ။ သူပိတ်ကားပေါ် ပြန်ကြည့် ရာ ရွှပ်ခနဲ ဖြတ်လှီးလိုက်သော ဓါးချက်ကြောင့် အလယ်မှ တိတိရိရိ ပိုင်းပြတ်သွားသော ပန်းသီးသည် ပါးစပ်ဟလိုက်သော သိုင်းသမားဆီ ပြေးဝင်သွား၏ ။

“ဟား … ဟား … ဟား ဖေ ရယ်ရတယ်နော်”

သမီးလည်း လက်ခုပ်လက်ဝါး တီးပြီးတော့ကို ရယ်သည်။ အားမရ၍ သူ့လက်မောင်းကို ထုကာ ထုကာ ရယ်သည်။ သူ့မှာ ဖြင့် ဟာသ တရုတ်သိုင်းကား ကြည့်နေပါလျှက် ရယ်မရ။ ဓါးပါး ပါးဖြင့် အခွဲခံရသော ပန်းသီးတစ်လုံး အနက် တစ်ခြမ်းမှာ သူ ဖြစ်၍ နောက် တစ်ခြမ်း မှာ သမီးလေး ဆိုတာကိုရော ရယ်နေတဲ့ သမီးလေးက မသိလေရော့သလား။

“ဖေ့ .. ဟိုမှာ … ဟိုမှာ … ကတုံးလေး … သူ့အဖေ ချီပြီး ထွက်ပြေးပြီး …. ပြေးပြေး … အဟား .ဟား”

“အင်း … အင်း”

“ဖေ့ ကြည့် … သူ့ အမေ ပြန်လုသွားပြီ၊ ကောင်းတယ် .. . ကောင်းတယ်”

သူ ဆက်ခနဲ သမီးကို ငုံ့ကြည့်သည်။ သမီးနှယ် …. ကလေးလေးကို နှစ် ဖက်လုနေတာ အားလုံး ကောင်းနေတော့တာပါပဲလား။ ရုပ်ရှင်ကို ကြည့်ရင်း ရယ်ဖို့ နေနေသာသာ ဒေါသပင် ဖြစ်လာ၏ ။ သူ ပင့်သက် ပြင်းပြင်း ရှိုက်၍ ထိုင်ခုံနောက်သို့ ကိုယ်လျှောချကာ မျက်လုံး မှိတ်ထားတာ မည် မျှကြာသွာသည် မသိ၊ ရယ်သံများ ဝေါခနဲ အဆုံး မီးအားလုံး လင်းသွား တော့မှ ရုပ်ရှင် ပြီးသွားမှန်းသိ၏ ။

“ဖေ့ ပြန်မယ် … ရုပ်ရှင်ပြီးပြီ “

မီးအလင်းရောင် အောက်မှာ သမီးက ပြန်စကားဆိုလေပြီ။

“လူသိပ်များ တယ်။ နောက်ဆုံးမှ ထွက်မယ်။”

သမီးကို သူပေါင်ပေါ်တင်၍ ပြန်ထိုင်းခိုင်ကာ တရွေ့ရွေ့ ထွက်ခွာနေသော လူတန်းရှည် ကြီးအား စိတ်ပျက်စွာ ငေးကြည့်နေမိ၏ ။ လူရှင်းတော့မှ သမီးလက်ကို တင်းတင်းဆွဲကာ ရုံရှေ့မှ ထွက်ခဲ့ပါ၏ ။ ရုံထဲမှာ တုန်းက သမီးလေးကို ငုံ့နမ်းကာ သူပွေ့ဖက်ထားပြီး စကား တစ်ခွန်းမှ မဆိုသည်ကို နားလည်နေသော သမီးဘက်မှ ငြိမ်ငြိမ်လေး ရှိနေခဲ့၏ ။ သမီးလေးက တစ်ခါတစ်ခါ မလိုအပ်ဘဲ ကြီးရင့်သွားရပါလား။ သမီးအိတ်ကပ်ထဲသို့ မုန့်ဖိုး ထည့်ပေးစဉ် ကျေးဇူးပဲ ဖေ့ဟု သမီးပြော၏ ။ သင်ထားသော စကားကို ပြောလိုက် သလိုပင်။ သူ့ရင်ထဲ နင့်ကနဲ ဖြစ်သွားပေမဲ့ မသိချင်ဟန် ဆောင်လိုက်ရ၏ ။

အပြန် … တက္ကစီ ငှားမည် ပြင်တော့လည်း သမီးက တားပြန်၏ ။ သည်တစ်ခါ အတား မှာ တော့ သမီးက သူထင်တာထက် ပို၍ …

“ဖေ့ ဘတ် (စ်) ကား အကြီးကြီးတွေ စီးမယ်၊ ဒါမှ အကြာကြီး စီးရမှာ ” တဲ့လေ။ “လူကျပ် တယ်နော် သမီး” ဟု သူ သတိပေးတော့ “လူချောင်တဲ့ကား စောင့်စီးပေါ့ ဖေရ” ဟု ပြောသည်။ သူကလဲ သမီး ဆန္ဒကို လိုလို လားလား။ အချိန်ဆွဲနေပြန်တော့ သူ နှင့် သမီးသည် တစ်ယောက် ကို တစ်ယောက် မကြည့်ြ ကတော့ဘဲ ရယ်စရာများ သာ ရှာကြံပြောနေကြပြန်၏ ။ သမီးရယ် … ဘာလို့များ ဖေဖေ့ကို လိုလိုလားလား လိုက်လျောနေရတာ လဲ။ သူ့သမီးလေးသည် ဆယ်နှစ် သမီးကနေ တစ်ခဏအတွင်း ကြီးရင့်သွားရပါပေါ့လား။ ဖေဖေ စိတ်မကောင်းလိုက်တာ သမီးရယ်

* * *



“လမ်းထိပ်ရောက်ပြီ ဖေ’’

ဗြုန်းခနဲ သူ့ အိပ်မက်လေး လန့်နိုးခဲ့လေပြီ။ သူတို့ သားအဖ နေမြဲအတိုင်း ပြန် ဖြစ်တော့မည် လေ။ သူတင်းတင်း ဆုပ်ကိုင်ထားသော သမီး လက်ချောင်းများ အား လွှတ်ပေးလိုက်ရ၏ ။ ထိုသတိပေးသံသည် သူ နှင့် သမီးတို့၏ တစ်နေ့တာ ပျော်ရွှင်မှု မှန်သမျှအား ပြန်လည် သိမ်းယူသွားပြီ ဖြစ်လေသည်။

ကျောပိုးအိတ်ကို သမီး ရင်ခွင်ထဲ ပြန်ထည့်ပေးလိုက် ရသည်။ သူ နှင့် သမီးတို့ စနစ်တကျ ပြန်လည် ခွဲခွာရတော့မှာ သေချာသွားပြန်ပြီပဲ။ ထိုစဉ် သမီး အနီးသို့ နက်ပြာရောင် ဆလွန်းကား တစ်စီး ထိုးရပ်ပေး၏ ။ ကားပေါ်မှာ သမီး မေမေ။

စာချုပ်ပေါ်က ကတိများ ကို လိုက်နာမြဲ ဖြစ်သော မာနလူသား သူ နှင့် သမီး မေမေ ဖြူသည် သမီးကို ထည့်မတွက်မိသော အနာဂတ် အတွက် မိမိ ဘက်မှ တာဝန်ကျေရုံ မှ တစ်ပါး … မာန ဓါးတို့ ချွန်မြ ထက်မြက်နေဆဲ။

“ဘယ်တော့ ပြန်မလဲ ကိုကျော် …”

“ဒီည မန္တလေး ရထား နဲ့ …”

တစ်နှစ် တစ်ခါ ထို စကား နှင့် လမ်းခွဲ နှုတ်ဆက်နေကြတိုင်း နှုတ်ဆက်လိုက်သည်။ ထိုအခါ တမြေ့မြေ့ ကြေကွဲခံစားရခြင်း ရင်သည် နာကျင် ထိခိုက်ခြင်းတို့ဖြင့် ထုံးစံမပျက်။ သည်လို နှင့် တစ်နှစ် ပတ်လို့ သမီး၏ လက်ရေး ရှည်ရှည် သွယ်သွယ်လေးများ အား တရှိုက်မက်မက် ဖတ်ရင်း သူ၏ အထီးကျန် အချိန်များ ကို လှည့်ဖျားရုံမှ တပါး ။

(လုံမလေး အမျိုးသမီး မဂ္ဂဇင်း၊ ၁၉၉၇၊ ဇန်န၀ါရီလ)

* * * * *

လူနာစောင့်

ဆေးရုံ ရနံ့ကို မခံစားချင်သော ကျွန်မသည် အိမ်သားအားလုံး ကျန်းမာရေး ကောင်းစေရန် အစဉ်အမြဲ ဆုတောင်းတက်သူ ဖြစ်လေသည်။ ကျွန်မ ဘာကြောင့် ဆုတောင်း ရသလဲ ဆိုတော့ ကျွန်မတို့ အိမ်တွင် မိန်းမသားဆို၍ အမေရယ်၊ ကျွန်မရယ်၊ ကျွန်မ အစ်မရယ်ပဲ ရှိပြီး အမေဆေးရုံ တက်တိုင်း လူနာစောင့် တာဝန်ကို ကျွန်မသာ ယူခဲ့ရလေ့ရှိ၏ ။ ကျွန်မ ခြောက်တန်းနှစ် မှာ အမေ ခြေထောက် ဆိုင်ကယ်တိုက်မိ၍ ဆေးရုံကြီး ၅/၆ ဆောင်မှ တက်ရတုန်းက ဖြစ် ဖြစ်ချင်းည ညစောင့် အနေဖြင့် မိသားစုထဲက ဂါဝန်လေး နှင့် ကျွန်မကို အမေ့နားနေခိုင်းကာ ကျွန်မ အဖေ နှင့် အစ်ကိုများ က ဆေးရုံအောက်မှာ တစ်ညလုံး စောင့်ကာ ၀ရန်တာမှ ကျွန်မ ထွက်ကြည့်တိုင်း အဖေ က လက်ကလေးပြကာ အဖေ ရှိနေတယ်နော် သမီးဟု အားပေးခဲ့ရှာလေသည်။ ထိုစဉ်က ရှစ်တန်း ကျောင်းသူ ကျွန်မ အမ မှာ အပျိုအရွယ် ဖြစ်နေပေမဲ့ အလွန်ကြောက်တက်ကာ ဆေးရုံအသံကြားကတည်းက ငိုမဲ့မဲ့လေး ဖြစ်နေရှာလေပြီ။ အခြေအနေကို ရိပ်မိပုံရနေသည့် အဖေက ဒါကြောင့် လည်း ကျွန်မကို အားပေးပြီး အမေ့နား နေခိုင်းခဲ့တာ ဖြစ်မှာ ပေါ့။ တစ်ကြိမ်မှာ လည်း ကျွန်မပဲ လူနာစောင့် ရပြန်၏ ။ အမေ့မှာ အသည်းကြီး ကျောက်ကပ်ရောင် ရောဂါ ဖြစ်ကာ ရန်ကုန် အနောက်ပိုင်း ဆေးရုံသို့ အားချင်း တင်ရပြီး ခွဲမည် စိတ်မည် အထိ ဖြစ်လာ၏ ။ ထိုစဉ်က အမေ ဆေးရုံ ရှစ်ရက် တိတိ တက်ရပြီး ကျွန်မက ဆေးရုံ ငါးရက် တိတိ စောင့်ရပါသည်။ အလွန် ကြောက်တက်သော ကျွန်မ အစ်မက ကလေး အမေ ဖြစ်နေချိန်တွင် ပင် အိမ်နီးချင်း အဖော် နှင့် မှ ဆေးရုံမှာ တစ်ရက်သာ လူနာစောင့် ခဲ့လေ၏ ။ သည်လိုပါပဲ …။ အမေ မတော် တဆ ခိုက်မိ၍ ခေါင်းကွဲစဉ်ကလည်း ပတ်တီး အဖြူကြီး စီးထားပြီး တစ်ခေါင်းလုံးဖြူဖွေးကာ အနာတရ ခံစား နေရသည့် အမေ့နားမှာ မျက်ရည် အရွှဲသားဖြင့် ညလုံးပေါက်ခဲ့ရပြန်၏ ။ သည့်အတွက်ကြောင့် လည်း ကြောက်တက်သော ကျွန်မ အမကို တစ်ရံ တစ်ဆစ်မျှ စိတ်မကွက်ဖူးပါ။ ဆေးရုံမှာ လူနာစောင့် လုပ်ရတိုင်း ပတ်ဝန်းကျင်ကို စိတ်ဝင်စားတက်သော ကျွန်မအတွက် အိပ်ပျော်ရန် ဝေးလို့ ဘေးကုတင်မှ လူနာများ ၊ လူနာစောင့်များ နှင့် အသိမိတ်ဆွေ ဖြစ်သွားတက်သလို ဘေးဘီ မှ ဝေဒနာသည်များ ၏ ဝေဒနာများ ကို မျှဝေ ခံစားရလေ၏ ။ ထို့အတွက် ကျွန်မ ခံစားလာရ သည်မှာ ဆေးရုံမှာ လူနာစောင့်ရသည်ကို မစိုးရိမ်၊ မကြောက်လန့်ပေမယ့် ဝေဒနာ ခံစား နေသည် များ ကို ဖြင့် မမြင်ချင် မတွေ့ ချင်တော့ပေ။ ဝေဒနာဆိုတာ ကူးစက်လွယ်တက်သည် မဟုတ်ပါလား။

* * *



သို့သော် ကျွန်မ လူနာစောင့် ဖြစ်ရပြန်လေ၏ ။ အလွန်ကြောက်တက်သော ကျွန်မ အစ်မသည် ဆေးရုံကို ပိုကြောက်ပေမယ့် သား နှစ် ယောက် စလုံးကို ဆေးရုံတက် မွေးခဲ့ရလေ၏ ။ မီးဖွားသူများ ကို ညစောင့်မထားရဘဲ ဆရာမ များ က တာဝန်ယူသဖြင့် ထိုတာဝန်များ ကျွန်မတို့အပေါ် မပိလာသည်ကို အတော် ကြီး ၀မ်းပန်းတသာ ဖြစ်ခဲ့ရပါသည်။

အိမ်ကနေ လိုတာလုပ်ပေး၊ ဆေးရုံသွားအားပေးရတာ လောက်က နေ့တိုင်း လုပ်ပေးနိုင် သည်လေ။ ကျွန်မမှာ လည်း ကိုယ်ပိုင်လုပ်ငန်း တာဝန်တွေ နှင့် ငယ်စဉ်ကလို လူနာစောင့်ပြီး အိမ် ပြန်အိပ်လို့ မရနိုင်တော့ ချေ။ မ ဖြစ်မနေ စောင့်ရမည် ဆိုလျှင် ကျန်တာဝန်တွေ ပစ်ထားရမည် ။ သည်လိုမျိုး ဖြစ်လျှင် အလုပ်ကြွေးတွေ တင်ပြီး ကျွန်မသာ ပိုပင်ပန်းမည် ဖြစ်၏ ။ သည်လိုမျိုး ကြောင့် လည်း မိန်းမဖော် နည်းပါးလှသော ကျွန်မတို့ မိသားစုတွင် လူနာစောင့် ဖြစ်ရလွန်းသော ကျွန်မသည် မိသားစု ကျန်းမာ ပါစေသာ အတွင် ဆုတောင်းရ၏ ။

သို့သော် တကယ်တမ်း ကျွန်မ အစ်မ ဆေးရုံတက်ပြန်ပြီ ဆိုတော့လည်း သူ့ဝေဒနာမှာ ကျွန်မဆီ ချက်ချင်း ကူးစက်မလာခင် ကျွန်မ အမေဆီ ကူးစက်ပြီးလေပြီ။ အစ်မက ဆေးထိုးရင်း တင်ပါးမှာ အကြိတ် ဖြစ်ကာ ဆရာဝန်က ခွဲရမည် ဆိုပြီး ဆေးခန်းတွင် ခွဲမပေးဘဲ ဆေးရုံမှာ ခွဲခိုင်း၏ ။ မနက်ပိုင်း သွားခွဲ၊ ညနေပိုင်း ပြန်ရမည် ဆိုကာ အစ်မ နှင့် သူ့ယောကျာ်း ဆေးရုံသွားကြရာ အမေ နှင့် ကျွန်မက အိမ်မှာ သူတို့ သား နှစ် ယောက် ကို ထွေးလုံး ရစ်ပတ်စွာ ထိန်းနေရင်း စောင့်နေ ကြပါသည်။ ညနေစောင့်တော့ အမေ လမ်းမပေါ် ထွက်မျှော်ပြီ။ နောက်တော့ ခဲအိုက ဖုန်းဆက် သည်။ မေ့ဆေး အခုမှ ပြယ်လို့ မူးနေသေးတယ်။ ဆေးရုံကို လိုက်ခဲ့ပါလည်း ဆိုရော ကျွန်မ ဖုန်းမချခင်ပင် ငါတော့ လူနာစောင့် ရပြန်ပြီဟု တခါတည်း တွေးပြီးသား ဖြစ်နေသလို ကျွန်မ ဖုန်းနားထောင်အပြီး ပြန်လာချိန်တွင် အမေက သိပ်ကို စိတ်ပူတဲ့ မျက်နှာလေး နှင့် ဖြစ်နေနှင့် ရာ ကျွန်မမှာ ရယ်ချလိုက်ပြီး ဘာမှ မ ဖြစ်ဘူး၊ ခွဲပြီးပြီ၊ ခုနကမှ သတိရတယ်တဲ့။ ဆေးရုံ ခဏ လိုက်ခဲ့ပါလို့ မှာ တယ်ဟု ရွှင်ရွှင်ပျပျ ပြောယူရသည်။ အစ်မ၏ ကြောက်လန့်ခြင်းက အမေဆီ ကူးစက်ပြီး အမေ အကြောက်လွန်သွားမှာ တော့ ကျွန်မ စိုးရိမ်သည်။ ထို့ကြောင့် လည်း အမေ စိတ်ချမ်းသာစေရန်သာ ဦးတည်ပြီး ကျွန်မ လုပ်လက်စ အလုပ် အားလုံး ဖြတ်ကာ ချက်ချင်း ပဲ ဆေးရုံမှာ တစ်ညတာ လိုအပ်မည့်  ပစ္စည်းများ ခြင်းထဲ ထည့်ရတော့သည်။

ဖတ်စရာ စာအုပ်ထည့်။ အနွေးထည်ဝတ်၊ ထမင်းစားပြီး ကျွန်မ တစ်ဦးတည်း ဆေးရုံကြီး သို့ ထွက်ခဲ့ရ လေသည်။ မှော င်ရီပျိုးပျ ဆေးရုံကြီးနား ရောက်ခါနီး မှ ကားပျက်နေ၍ လမ်းမ လျှောက်ရဲဘဲ ဆိုက်ကားစီးကာ သွားရလေ၏ ။ ကျွန်မတောင် အမေ နှင့် အစ်မ ဆီက အကြောက် လွန် ရောဂါ ကူးစက်နေပြီလား မသိပါ။ ဆေးရုံပေါ် ရောက်သွားတော့ ၉/၁၀ ခွဲစိတ်ဆောင် သွားရ မှာ ကို ယောင်ယမ်းပြီး ၁၉/၂၀ ပြောမိ၍ မေးမိသည် လူတွေ က ဒါဆို နှလုံး ရောဂါ အဆောင်လည်း ပြောရော ဒိုင်းခနဲ အစ်မကို စိတ်ပူသွားတော့၏ ။ ဟယ် … ငါ့ အစ်မ သွေးတွေ များ တိုးကုန်ပြီလား။ အကြောက်လွန်ပြီး သွေးတို့လို့ နှလုံးခုန် မမှန်ဘဲ အဲ့ဒီ အဆောင်ရောက်သွားသလား နဲ့ … လူတစ်ကိုယ်လုံး ပူထူကုန်၏ ။ အပေါ်ဆုံး ထပ်ကနေ ကမန်းကတန်း လှေကားထစ်တွေ ပြေးအဆင်း အောက်ဆုံးထပ်မှာ ခဲအိုက စောင့်နေ၏ ။ သူကလည်း ကျွန်မလာတာ နောက်ကျလို့ စိတ်ပူနေလေရဲ့ ။ အမှန်က ခွဲစိတ်ဆောင် ၉/၁၀ မှာ ပါပဲ။ ကျွန်မ နားကြားလွဲတာလေ။ ကူးစက်မှု များ မြန်လိုက်တာနော် … ။ ကိုယ့်သွေးဆိုတဲ့ အသိနဲ့ တင် စိုးရိမ် ပူပန်တက်ခြင်း ဝေဒနာ ကျွန်မကို ကူးစက်သွားလေပြီ။ အစ်မကို ခုတင်ပေါ်မှာ မျက်လုံးလေး မှိန်းပြီး မြင်ရမှ ကျွန်မ ရင်အေး၏ ။ တင်ပါးခွဲတာ အမူးမပြေလို့ဟု အိမ်မှာ ရယ်ပြီး ပြောပေမဲ့ တကယ့် တကယ် ခုတင်ပေါ်မှာ မူးပြီး ခွေလဲနေတော့လည်း မရယ်နိုင်တော့ပါ။ ဟန်ကိုယ့်ဖို့သာ အားတင်ထားရ၏ ။ ကျွန်မရောက်လာကြောင်း အသံပေးမှသာ အစ်မ အားတက်သွားပုံရပြီး မျက်လုံးဖွင့်ကြည့်၏ ။ သူ့ကို ရှုဆေးကပ်ပေးပြီး အနွေးထည် ၀တ်ပေးထားလိုက်ရ၏ ။ အစ်မ က အမူးပြေရင် အိမ်ပြန် မယ်ချည်း ပြောသည်။ သူ့ သားအငယ်လေးက တစ်နှစ် သာသာလေးမို့ ကလေး နို့ဆာမှာ ပူနေ ပြန်၏ ။ အမေကိုး …။ အမူးပြေရင် ပြန်ရမယ်ဟု သူ့ယောက်ျားက ပြောပြီး အိမ်နားက ခဏခေါ်လာတဲ့ ကလေးလေးကို မနက်ဖြန် စာမေးပွဲ ရှိ၍ ပြန်ပို့ပေးရလေသည်။ ပြန်ပို့ပြီး ပြန်လာတော့လည်း အစ်မက အမူးမပြေသေးပါ။ ထုံဆေးမဟုတ်ဘဲ မေ့ဆေး နှင့် ခွဲထား၍ မူးနေမှန်း သိထားရာ ကျွန်မ သိပ်စိတ်မပူတော့ပေ။ ဒီည ဘယ်လိုမှ မပြန်သင့်ဟု တွေးထားသလို ညအိပ်ရလေ၏ ။

ထိုနေ့ကလည်း အမျိုးသမီးဆောင်မှာ ည ကိုးနာရီ ကျော်သည်အထိ လူနာ နှစ် ဦးတည်း အစ်မ နှင့် အဒေါ်ကြီး တစ်ယောက် … ခုတင်တွေ က ဖြူဖွေး သပ်ရပ်လို့။ အခန်းတွေ လည်း သန့်ရှင်းနေသည်။ အိမ်သာက အစ ရေအပြည့်။ တယ် ဟုတ်ပါလား….။ ဟိုးအရင်က ဆေးရုံကြီး နှင့် ဘာမှ မဆိုင်တော့ပါလားဟု အံ့သြမိ၏ ။ ဆေးရုံဆိုတာ သည်လိုပဲ ဖြစ်ရမည် လေ။ ရောဂါ မျိုးစုံ နှင့် ရောက်လာသူတွေ ဖြစ်ပြီး မသန့်ပြန့်ခြင်းကြောင့် ရောဂါ ထပ်တိုးလျှင် ဆေးရုံဆိုတာ လူနာတွေ အတွက် အားကိုးရာ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ။ ကူးစက် ရောဂါ တွေ အကြား လူနာတွေ ထပ်တိုးရုံမှ လွဲ၍ အကျိုးမရှိနိုင်ပေ။ အခုလို သန့်ရှင်း သပ်ရပ်ပြီး ဆရာမ ကိုလည်း လှမ်းမြင်နိုင်၍ အစ်မ သိပ်ကြောက်ပုံ မရတောပါ။ အထူးသဖြင့် ကျွန်မ ရောက်လာလို့လည်း ဖြစ်မှာ ပါလေဟု ထင်သည့်အတိုင်း ပြောသည်။ ကျွန်မ အစ်မက စကားလည်း တက်ရာ ကျွန်မကို မြှော က်မှန်း သိသိ နှင့် သဘောကျစွာ လူနာစောင့် လုပ်လေတော့၏ ။

အစ်မကို ရေတိုက်လိုက်၊ ဆန်ပြုတ်တိုက်လိုက် ရယ်စရာ ပြောလိုက် နှင့် လွတ်နေသည့် ကုတင်မှာ အားလျား မှော က်ပြီး စာဖက်နေရာ အစ်မက စောင်ခြုံကြားမှာ မျက်လုံးလေး ဖော်ကာ “မကြောက်ဘူးလား” ဟု တိုးတိုးလေး မေး၏ ။ သြော် . အစ်မ သိပ်ကြောက်နေလို့ မကြောက်ပြတာဟု မပြောတော့ဘဲ ရယ်နေခဲ့ရ သည်။

ထိုညက ကျွန်မ အထင် အစ်မ နှင့် ထိပ်ဆုံး ခုတင်က အဒေါ်ကြီးသာ ရှိပြေီး ငြိမ်သက် နေမည် ဟုသာ။ သို့သော် ကျွန်မ အထင် လွဲချော်သွား၏ ။ ညကိုးနာရီ ခွဲပြီးချိန်မှ စပြီး တွန်းလှည်းသံ တဂျုံးဂျုံးက နာရီဝက်ခြား တစ်နာရီခြား နှင့် အစ်မနေသည့် အဆောင်ထဲ ဗိုက်အောင့်သည့် လူနာ၊ အစာအိမ် ဖြစ်သည့် လူနာတွေ ၊ ဒရစ်ပ် ပုလင်းတွေ နှင့် ရောက်လာကြ၏ ။ လူနာစောင့်တွေ လဲ မျက်နှာငယ်လေးတွေ နှင့် ပါလာကုန်၏ ။ စကားသံတွေ တဖြည်းဖြည်း ဆူလာပြီး လူနာတွေ နှင့် လူနာရှင်တွေ အချင်းချင်း ဖြစ်သည့် ရောဂါ တွေ ပြောကြမေးကြ နှင့် သူ့တုန်းက ဘယ်လို၊ ငါ့တုန်းက ဘယ်ညာ နှင့် ရောဂါ တွေ ကူးစက်သွားကြပြန်၏ ။ တစ်ညလုံး နီးပါး ဆရာမ လည်း မအိပ်ရရှာ။ နားပင် မနားလိုက်ရ။ ဟိုခုတင်ကို ပြေးလိုက်၊ ဒီခုတင် လာကြည့်လိုက်နှင့်။

ကျွန်မကလည်း ပါလာသည့် သတင်းစာ စက္ကူကအစ ပေးကမ်းမိသည်။ တစ်ယောက် လုပ်သလို လိုက်လုပ်ကြသည်။ ဆေးရုံတက် အတွေ့ အကြုံ ရှိသူတွေ က အစုံအလင် ယူလာကြသလို ဗြုန်းကနဲ လာသူတွေ ကျတော့ ဘာမှ မပါ။ သည်တော့ ကျွန်မတို့ ကူညီကြ၊ တစ်ညလုံး အပြန်အလှန် ကူညီခြင်းတွေ က ကူးစက်သွားကြ၏ ။ ခင်မင်ခြင်းတွေ လည်း ထို့အတူ။ ညလယ်လောက်မှာ အစ်မ အမူးပြေလာ၏ ။ ဘေးခုတင်သို့ လှမ်းစကား ပြောနိုင်လာသည်။ မကြာခဏ ခွဲစိတ်ရသော လူနာ အမျိုးသမီးက ရဲရဲရင့်ရင့် ရှိလှ၏ ။ သူခွဲစိတ်ရတာ ဟာ သုံးလေးခါတဲ့။ ကလေးတွေ ဒီလိုပဲ ထားခဲ့ရပြီး ဆေးရုံတော့ မကြောက်ဟု ဆိုရာ အစ်မလည်း ရဲရင့်သွားဟန် တူလာ၏ ။

ထို့ရဲရင့်ခြင်းဖြင့် ကောင်းမွန်စွာ အိပ်ပျော်သွားခဲ့သော အစ်မသည် မနက်မိုးအလင်း၌ ဆေးရုံးမှ ဆင်းရန် အသင့် အနေအထား ဖြစ်သွားလေ၏ ။ အစ်မ လမ်းလျှောက်နိုင်ပါပြီ။ ထို့အတွက် အစ်မ၏ ခင်ပွန်းလာအခေါ်ကို စောင့်နေရင်း ကျွန်မတို့ လူနာစောင့်များ ၊ လူနာများ နှင့် စကားပြောကြပြန်၏ ။

ထိုစကားများ ထဲ၌ ပုပ္ပလိက ဆေးရုံ၊ ဆေးခန်းကိုသာ ပြေးကုဖို့ စိတ်မ ဖြစ်နိုင်ဘဲ ဆေးရုံကြီးကိုသာ အားကိုးနေရကြောင်း၊ ငွေကြောင့် ပို၍ ဖြစ်သွားသည့် ဝေဒနာတွေ မကူးစက်ဖို့ သတိထားရမှာ တွေ လည်း ပါဝင် ခဲ့လေသည်။

ထိုအခါ အကြောက်လွန်၍ သာမန်အနာလေးကို အပ် နှင့် ချဲ့ရမှာ ပေါက်ဆိန်ဖြင့် ချဲ့ရသော အ ဖြစ်အား သတိထားပြီး အကြာက်လွန်ခြင်း မကူးစက်အောင်နေပါဟု အစ်မကို တိုးတိုးလေး ကပ်ပြောရင်း တစ်ညတာ လူနာစောင့်ခြင်းအား နောက်တစ်နေ့ မကူးစက်ရအောင် ဆေးရုံမှ အလျင်အမြန် ပြန်ဆင်းခြဲ့ ကတော့၏ ။

(ကျန်းမာရေး မဂ္ဂဇင်း၊ ၁၉၉၇ ခုနှစ်)

* * * * *

မလင်းသော ကြယ်များ

လယ်ကွင်းတွေ ကို ဖြတ်တိုက်လာသည့် လေမွှေးမွှေးလေးတွေ မှာ စပါးနံ့တို့ သင်းနေပြီး တဆုံးတမျှော် စိမ်းဖန့်ဖန့် လယ်ကွင်းများ က မျက်စိ ပဒေသာ ဖြစ်လှလေ၏ ။ ကျွန်မ ခရီးသွားရသည့် အခါတိုင်း ငိုက်မြည်းရမှာ ကို အလွန်ကြောက်သည်။ ပတ်ဝန်းကျင် လေ့လာမှု ကို အားသန်သူမို့ စားပင် သီးပင် တွေ့ လျှင် ဒီအပင်မျိုး တို့ကျောင်းမှာ စိုက်ရလျှင် ကောင်းမည် ။ အရိပ်ရပင် တွေ့ လျှင် ဒီအပင်မျိုးတို့ ကျောင်းမှာ စိုက်ရလျှင် ကောင်းမည် နှင့် သစ်ပင်၊ စိုက်ခင်း တောတောင် ရေမြေ ကို ခံစားတက်သော ကျွန်မသည် ဟိုအဝေးဆီမှ တလှုပ်လှုပ် နှင့် သွားနေသော နေရောင် ထဲမှ ကပိုကရို ဖိုးရိုးဖားရား တောင်းတွေ ၊ ပလုံးတွေ နှင့် မိသား တစ်စုကို မြင်သည် နှင့် ဒါ သားထွေးတို့ များ လားဟု အမြဲ မျှော်လင့်နေမိပါသည်။ မ ဖြစ်နိုင်ဘူး ဆိုတာ ကျွန်မ သိသည်။ ငါးရှာ၊ ဖားရှာနေသူ တချို့ကို လယ်ကွင်းစပ် ချောင်းစပ်မှာ ရိပ်ခနဲ သီခနဲ မြင်လျှင် ဒါ အေးအေးချိုတို့ ဖြစ်ရမည် ဟု ယုံယုံမှားမှား ထင်သော်လည်း ဒီအရပ် ဒီနေရာမှာ ထိုကလေးတွေ နေထိုင်ခြင်း မဟုတ်တာ ကျွန်မ အသိဆုံး စြဖ်သည်။

ကျွန်မ ရောက်နေသည်က တစ်မြို့ တစ်ရွာမှာ ။ ကျွန်မ သတိရနေသည်က ကျွန်မ မြို့ကလေး ၏ အစွန်ဆုံး ရပ်ကွက်မှာ ရှိသည့် မူလာတန်း ကျောင်းကလေးက ကျောင်းသား ဟောင်း လေးတွေ ကို ကျွန်မ အမှတ်ရနေသည်လေ။

ထို ရက်ကွက် ကျောင်းကလေးသို့ မူလတန်းပြ ဆရာမ အ ဖြစ် ကျွန်မ ပြောင်းရွေ့လာစဉ် ရပ်ကွက် အနေအထားသည် အင်မတန် ချို့တဲ့ပုံရသော မိသားစုများ စွာ တို့၏ ဗဟိုချက် မ ဖြစ်မှန်း သတိထားမိခဲ့သည်။ ရထားသည့် ဥပဒေဘွဲ့ကိုမှ အားမနာစွာ အလယ်တန်းပြ ဆရာမ အ ဖြစ်သို့ တိုးမြှင့် လျှောက်ထားခြင်း မပြုပဲ ကိုယ်မွေးထားသည့် သမီးလေး နှစ် ယောက် ၏ ပညာရေး ကို အလေးထားကာ အိမ်ကနေ စက်ဘီးကလေး စီ၍ တစ်မိုင်ခန့် နင်းလျှင် ရောက်နိုင်သော ရက်ကွက် မူလတန်း ကျောင်းသို့ မိမိ သဘော နှင့် တောင်းပြောင်းခဲ့သည်။ ထို့သို့ ပြောင်းရွေ့ ခြင်းအတွက် သူငယ်ချင်း တချို့က ရှုပ်ချခဲ့ကြသည်။

“မင်းကွာ ရပေါက်ရလမ်းကို မမြင်တဲ့ နေရာနော်၊ ထီးဖြူ၊ ဖိနပ်ပါးရုံသာမက အသံပါ ပြာမယ့် ကျောင်းကွ၊ တခြားကျောင်း ပြောင်းပါလား”

ထိုစကားမျိုးကြားရတော့ ကျွန်မ ကဲကဲဆက်ပြန်ပြောမိသည်။

“အိုကွာ၊ ဆရာမ လုပ်ကတည်းက ၀ါသနာ နဲ့ လုပ်ခဲ့တာ။ စေတနာ၊ အနစ်နာခံမှ ဆရာ ပီသ မှာ ပေါ့ကွ။ ကိုယ် ကတော့ ရဖို့ထက် ပေးဖို့ပဲ စိတ်ကူးတယ်။”

ကျွန်မက အမြဲတစေ ကိုယ့်ကိုယ်ကို သူရဲကောင်း ဆန်ချင်သည်။ ဒါကြောင့် လည်း သူများ မလုပ်တာ၊ သူများ မပြောတာ ကျွန်မလုပ်သည်၊ ပြောသည်။ တစ်ကျောင်းလုံး နှင့် တစ်ယောက် ပင် ဖြစ်ပါစေ။ စောဒကတက်ဖို့ ကျွန်မဘက်က အသင့် ရှိတက်၏ ။

မကြိုက် ရှင်းရှင်း၊ ကြိုက် ဘွင်းဘွင်းသမားမို့ တချို့က ကျွန်မကို လက်ရှောင်ကြသည်။ မတရားမှု ကို ခေါင်းငုံ့ မခံသူ အ ဖြစ် နာမည် ကြီးသလို ငပွကြီး အ ဖြစ်လည်း နာမည် ပေးကြသည်။ တစ်ခါတစ်ရံမှာ ဖြင့် ကျွန်မ၏ မူလ နံမယ် ဒေါ်ခင်စံပယ်ကို “ကယ်တင်ရှင်” ဟု ရွဲ့ ခေါ်ဝေါ်ကြလေ သည်။ ဘယ်သူတွေ က ဘယ်လိုပဲ ဝေဖန် ဝေဖန်၊ ဘယ်လိုပဲ ကင်ပွန်း တပ်တပ် ကျွန်မ ဂရု မစိုက်ပါ။ ကျွန်မ အလုပ် ရှိတာကို ပြတ်ပြတ်သားသား ကျွန်မ လုပ်မည် သာ ဖြစ်၏ ။ ထို့ကြောင့် လည်း ယခု မူလတန်းကျောင်းလေး၏ ကျောင်းအုပ်ကို ကျွန်မ မေးခွန်းတစ်ခုမေးရာ ဆရာမ ကြီးက နားမရှင်း။

“မစပယ်ခင် ပြောတာ ကျွန်မ နားမရှင်းဘူး။ ပြန်ပြောပါဦး”

“ဆရာမ ကြီးတို့ ကျောင်းမှာ ဒီရပ်ကွက်က ကလေးတွေ က အကုန် ကျောင်းမနေကြဘူးလားလို့ ကျွန်မ ပေးတာပါ”

ကျွန်မ မေးခွန်းက လွယ်လွယ်လေးပါ။ သို့သော် ဆရာမ ကြီး ဖြေရသည်မှာ နည်းနည်း မက ခက်လိမ့်မည် ကိုလည်း ကျွန်မ သိနေသည်။ ယနေ့ခေတ် ပညာရေး စနစ်က “ကျောင်းနေ အရွယ် စာသင်ပေး၊ မနှေးကူကြ ဆရာမ တွေ က” မဟုတ်ဘူးလား။ အသက်ငါးနှစ် ဆိုသည်နှင့် မူလတန်း ကျောင်းကို ကျောင်းဝတ်စုံလေး နှင့် လွယ်အိပ်လေး နှင့် ဖတ်စာအုပ်လေး နှင့် ရောက် လာရမည် မဟုတ်ပါလား။

အခု ကျောင်းအပ်ချိန်မှာ မနက်တိုင်း ကျွန်မကျောင်းလာစဉ် တစ်လျှောက် အော်ဟစ် ဆော့ကစားနေသော ကလေးတွေ က ကျောင်းသားအရွယ် လူမမည် လေးတွေ ။ ကျွန်မကို ၀င်တိုက် တိုးဆော့နေကြသော်လည်း ထိုကလေးတွေ ကို လက်ဆွဲပြီး ဘယ်မိဘကမှ ကျောင်းလာအပ်ပုံ မတွေ့ ရပေ။ တစ်ရက် အပ်လာနိုး၊ နှစ် ရက် အပ်လာနိုး နှင့် ကျောင်းအပ်ရမည့်  ရက်သတ္တပတ်သာ ကုန်တော့မည် ။ ကျောင်းသားက ပြောက်ကျား ပြောက်ကျား၊ ကျွန်မ အထင် ဤရပ်ကွက်လောက် ကလေးများ သည်ကို မတွေ့ ဘူးသော်လည်း ကျောင်းလာအပ်တော့ အရင်က ကျောင်းသားဟောင်း တွေ ထဲကပင် နည်းနည်း ပါးပါး လျော့ချင်တာ တွေ့ ရလေသည်။

“ဆရာမ ဒီနွေမှာ ကလေးတစ်အုပ်ကြီးကို တွေ့ တာကိုး။ ဒါသူတို့ ဆော့ချိန်ပဲ။ ကျောင်း ကတော့ လာအပ်ရင် လက်ခံလိုက်တာပေါ့ ဆရာမ ရယ်။ လာမအပ်ကြရင်တော့ ဘယ်တက်နိုင်ပါ့မလဲ။ ဒီရပ်ကွက်က ဆင်းရဲသား ရပ်ကွက်ဆိုတော့ သိပ်လဲ ဖိအား မပေးရဲဘူး”

ထိုအဖြေကို ကျွန်မလုံးဝ လက်မခံနိုင်ပါ။ ကျောင်းအုပ် ဆရာမ ကြီး တစ်ယောက် ကပြောသည့် စကားမို့ ပိုလက်မခံနိုင်ပါ။ ကျွန်မ ထုံးစံ အတိုင်း စောဒကတက်ပြီလေ။

“ဟာ .. . ဆင်းရဲတိုင်း စာမသင်ကြရတော့ဘူးလား။ ဒီခေတ်က အခမဲ့ ပညာရေး စနစ်လေ။ ကျောင်းတက်ချင်တဲ့ ကလေးဆို ကျောင်းကို တက်စေရမယ် မဟုတ်လား”

“အင်း … ဒါ ကတော့ …”

ဆရာမ ကြီးက နဂိုက မလှုပ်ချောက်ချက်။ ကျွန်မ၏ တက်ကြွ ဖျတ်လတ်မှု ကို ငေးကြည့် မိ၏ ။ ဟိုလိုလို ဒီလိုလို လုပ်ပစ်ပြီး စကားစဖြတ်သည်။ ဒါကို ဘေးမှ ဆရာမ စောက ထောက်ခံ ပြန်၏ ။

“မမ စံပယ်ရယ် သူ့ အရပ် နဲ့ သူ့ဇာတ်ပါ။ ဒီ ရပ်ကွက်က ကလေးတွေ ကို သွားစဉ်းစားရင် မမခင် တစ်ရပ်ကွက်လုံးတောင် ကျောင်းထားပေးနေရဦးမှာ ။ ဒီက မိဘတွေ က နားဝေတိမ်တောင်တွေ ။ အရေး ဟဲ့ အကြောင်းဟဲ့ မိဘခေါ်ခဲ့ဆိုရင် ဘယ်တော့မှ ပါလာကြတဲ့ ရပ်ကွက် မဟုတ်ဘူး။”

အမလေးနော် ပြောချလိုက်တာ၊ ပညာမဲ့ ရပ်ကွက် ကြနေတာပဲ။ ကြည့်စမ်းပါဦး ကလေးတွေ မျက်နှာက ခြောက်ပစ်ကင်း၊ သဲလဲစင် ရုပ်ကလေးတွေ ၊ ပိုက်ဆံ မတက်နိုင်လို့၊ ဆင်းရဲလို့ ကျောင်း မတက်ရဘူးဆိုရင် ဘယ်မှာ လဲ အနာဂတ် မျိုးဆက်သစ် ပညာရေး ၊ ဘယ်မှာ လဲ သားကောင်းဇာနည်၊ ဘယ်မှာ လဲ ပညာတက်၊ ပညာရှင်။ ကမ္ဘာ့ခေါင်းဆောင် တွေ ဆိုတာ အခုလို ဆင်းရဲသား လူတန်းစားက ပေါ်ပေါက်လာတာ အများ သားပင်။

ကျွန်မ ခေါင်းတွင် တွင် ခါသည်။ ကျွန်မ ဆုံးဖြတ်ချက်ချသည်။ မနက်ဖြန်က စပြီး ဒီ ရပ်ကွက်က ကလေးတွေ ကို ကျွန်မ စည်းရုံးပြီး ကျောင်းထားပေးမည် ။

“သူတို့ ဘာလို့ ကျောင်း မနေနိုင်တာလဲ။ ကျောင်းအပ်ဖို့ ပိုက်ဆံနဲ့ ကျောင်းဝတ်စုံ၊ စာအုပ်ဖိုးလား၊ အိုခေ မမစပယ်ပေးမယ်၊ မနက်ဖြန်ကျရင် အစောရေ…. ရပ်ကွက်ထဲ သွားကြေညာစမ်းပါ။ ကျောင်းနေချင်တဲ့ ကလေးတွေ ကျောင်းထား ပေးမယ်လို့”

ကျွန်မ ဤသို့ ဤဟန် မာန်နှင့် အင်နှင့် အားနှင့် ပြောနေသည်ကို ကျောင်းအုပ်ဆရာမ ကြီး က မသိဟန်ဆောင်ပြီး သူ့ ရုံးခန်းဘက် ထွက်သွား၏ ။ ဘေးက ဆရာမ စော ကတော့ “သဘောလေ” ဟုသာ လေသံ ပျော့ပျော့ နှင့် ပြောလေ၏ ။

ကျောင်းတက်ချင်၍ ရောက်လာသော ကလေးက နှစ် ဆယ် အစိတ်လောက် ဖြစ်နေ၏ ။ သူတို့ လာသည်က အိမ်နေရင် အ၀တ်အစားလေးများ နှင့် နှပ်တွဲလောင်း၊ ပေသရူးလန်၊ ညစ်တီးညစ်ပတ်၊ အိုးမည်း ဗလပျစ်၊ ကြေးအလိမ်းလိမ်း၊ စွတ်ကျယ်ချိုင်းပြတ်၊ ဆံပင် နီကျင်ကျင်၊ သွားချေး အထပ်ထပ် လည်သည်း မည်းညစ်ညစ်များ များ စွာ ။

ကျွန်မ စိတ်ရှည်ရှည်ထားပြီး မေးသည်။ ကလေးက ဘယ်နှစ် နှစ် လဲ။ ကျောင်းမနေဘူးလား၊ မနေဖူးဘူးလား။ ဘာလို့ ကျောင်းထွက်လိုက်တာလဲ။ ဘာလဲ စာအုပ်ဖိုး မရှိလို့လား။ အဖေ နဲ့ အမေက ဘာလုပ်လဲ နှင့် စလိုက်သည်မှာ အဖေရှိပြီး အမေ မရှိသူ။ အမေရှိပြီး အဖေ မရှိသူ၊ အဖေကော အမေပါ မရှိသူ။ ဒါမျိုးကို အရင်ဆုံး ရွေးသည်။ အဖေရော အမေရော ရှိပြီး ကျောင်းမထားပေးနိုင် ဆိုတာကိုတော့ဖြင့် ကျွန်မ လက်မခံနိုင်ပါ။ မေတ္တာဖြင့် မွေးတာ မဟုတ်ပဲ တဏှာ သက်သက်ဖြင့် ဘာတာဝန်မှ မယူတာမျိုးကို ကျတော့ ကျွန်မက သူရဲကောင်း မဆန်နိုင်ပါ။

ကလေးတွေ ကို အရွယ်အလိုက် ခွဲပြီး ကျောင်းတစ်နှစ် တက်ဖူးပြီး ဆက်မတက်သူကို တစ်တန်း၊ လုံးဝ မတက်ရသေးသူများ ကို သူငယ်တန်း၊ နှစ် တန်းလောက်အထိ စာကျေပြီးသား ကလေးကို နှစ် တန်းမှာ ပြန်ထားနှင့် ။ ကျွန်မ၏ စေတနာ အင်အား နှင့် ကလေး ဆယ်ငါးယောက် ကို ကျွန်မ၏ ရိုးသားစွာ ရှာထားသော ချွေးနှဲစာတို့ အနက်မှ ကျောင်းအပ်ပေးနိုင်ခဲ့သည်။ ကျောင်းဝတ်စုံက လောလောဆယ် တစ်စုံစီ။ လွယ်အိတ် နှင့် ကျောင်း စာအုပ် နှင့် ခဲတံ၊ ပေတံ နှင့် ပေါ့။

ကလေးတွေ ရုံးစု ရုံးစု နှင့် ပျော်နေကြသလို ကျွန်မလဲ သဘောအကျကြီးကျကာ တပြုံးပြုံး တပျော်ပျော် နှင့် ။ ကျွန်မလုပ်ရပ်ကို ကြည့်ပြီး ဆရာမ စော က ခေါင်းတညိမ့်ညိမ့်။ တစ်စုံတစ်ခု ပြောချင်နေပုံရသည်။ သို့ပေမဲ့ ဆရာမ စောက ဘာမှ မပြောဝံ့သည့်ပုံ။ ကျွန်မ တစ်ယောက် ဟိုပြေး ဒီပြေး နှင့် ကျောင်းဆရာမ ဆိုသည့် ဂုဏ်ပုဒ် အပြင် ကျောင်းအပ်ပေးသော ကလေးတွေ ၏ အမေကြီးနှယ်။

“ဟဲ့ လာစမ်း၊ လက်သည်းညှပ်ပေးမယ်။ တန်းစီ”

ဟော လက်သည်း ညှပ်ပြီးတော့ ခြေဆေး၊ လက်ဆေးခိုင်း၊ ရွှေပြည်နန်း သနပ်ခါးဘူးလေး ပြေးဝယ်။ ကလေးတွေ ကို တန်းစီပြီး လိမ်းပေး။ ဒါတင်မကပဲ ခဲတံ ချွန်စက်ကြီးဖြင့် ခဲတံတွေ ချွန်ပေး၊ စာအုပ်မှာ နာမည် တွေ ထိုးပေး နှင့်။ သားထွေးတို့ အေးအေးချိုတို့ နာမည် က ထိပ်ဆုံးတန်းက ပါလာ၏ ။

“စာကြိုးစားကြနော်။ ဆရာမ ဆီကို လိုတာ လာတောင်းကြ၊ ဆရာမ ဒီအတန်းမှာ မုန့်စားဆင်းချိန်တိုင်း ရှိတယ် ကြားလား။”

ကလေးတွေ အခက်အခဲ မရှိအောင် ကျွန်မ စီစဉ်သည်။ ကလေးတွေ အသံညံစီပြီးတော့ “ဟုတ်ကဲ့ပါ ဆရာမ ” ဟု တပြိုင်နက်ထဲ ၀ိုင်းအော်ကြ၏ ။ ကျွန်မ အတော် ကြီး ကျေနပ်သွားရ၏ ။

“အေး မင်းတို့ မိဘတွေ ကိုလည်းပြော၊ အိမ်ကနေ သနပ်ခါးလေး လိမ်းပေး၊ မုန့်လေးကျွေးကြ ဦးလို့။ စာလည်း ကျက်ရမယ်နော်။ သားတို့ သမီးတို့က လိမ္မာတယ်ဟေ့။”

“ဟုတ်ကဲ့ပါ ဆရာမ ”

ကျွန်မ၏ ပြုမူဆောင်ရွက်ပုံ အားလုံးကို သည်မြို့စွန် ရပ်ကွက် မူလတန်းကျောင်းလေး အနေ နှင့် အံ့သြဘနန်း ရင်သပ်ရှုမောဖွယ်ပင် ဖြစ်နေလေ၏ ။ ဆရာမ ကြီး အပါအ၀င် ကျွန်သည့် ဆရာမ များ က သူတို့စာ သူတို့ သင်ပြီး အချိန်တန် ကိုယ့်အိမ်ကိုယ် ပြန်သွားကြသည်။ သူတို့ မျက်နှာတွေ က ပုံသေနည်း ချထားသော မျက်နှာတွေ နှင့် ။ ထိုမျက်နှာတွေ ကို ကျွန်မ သဘောမကျခဲ့။ သို့တိုင် ကျွန်မ လုပ်ချင်သော ကျွန်မ၏ မှန်ကန်သော ဆုံးဖြတ်ချက်ဖြင့် ကျွန်မ လုပ်ဆောင် နိုင်ခဲ့ပြီမို့ မိမိကိုယ် မိမိ ကျေနပ် ပီတိ ဖြစ်ရုံမှ တပါး တစ်ပါသူကို စိတ်ဝင်စားရန် မလိုအပ်ဟု ကျွန်မ မြင်ခဲ့သည်။ ကလေးတွေ နှင့် ကျွန်မကား ကျောင်းစတက်သည့် နေ့မှ စ၍ လုံးလား ထွေးလား ဖြစ်နေသည်မှာ မုန့်စားဆင်းချိန် ရော၊ ကျောင်းတက်ချိန် ကျောင်းပေါက်ဝမှာ ရော၊ ကျောင်းဆင်း ချိန် ကျွန်မ အခန်းရှေ့မှာ ပါ မူနွဲ့နွဲ့ ပြာတောက်တောက်၊ မည်းညစ်ညစ်လေးတွေ ကိုက ချစ်စရာ ကျောင်းဝတ်စုံလေးနှင့်။ အားလုံး ကျွန်မ ၀ယ်ပေးထားတာလေးတွေ နှင့် ပြည့်စုံနေကြ၏ ။

“ဆရာမ စာအုပ်ကုန်ပြီ။”

“သြော် အေး အေး ပေးမယ်”

“ဆရာမ ခဲတံ”

“ရမယ်”

“ဆရာမ မီး အကျီ င်္ပြဲသွာလို့”

“ဟဲ့ ပြဲရင် ချုပ်လေ၊ နင့်အမေ ချုပ်ခိုင်းပေါ့”

တစ်ယောက် က စာအုပ်တောင်းစဉ် တစ်ယောက် က ခဲတံတောင်းသည်။ တစ်ယောက် က အကျီ င်္ပြဲကို လာပြသည်။ ထိုအခါမျိုးမှာ ကျွန်မ ဒေါသ အထွက်ဆုံးက ထိုကလေးတွေ ၏ မိဘများ ပင်။

“ဟင် ဒီမိဘတွေ က ရေသာခိုလွန်းတယ်။ မမက ကျောင်းပဲထား ပေးနေပြီလေ။ သူတို့က ခဲတံ စာအုပ်ဖိုးလေးတော့ ပေးမှပေါ့။ အကျီ င်္လေး ဘာလေးတောင် လျှော်မပေးကြဘူးဟယ်။ အကျီ င်္ပြဲထားတာ မမလာပြနေကြတယ်”

ကျွန်မ ဒေါ နှင့် မော နှင့် ပြောပြီး သော င်းကျန်းနေသည့် တစ်နေသော မုန့်စားဆင်းချိန်က မိုးကုန်သော မနက်ပဲ ဖြစ်လေ၏ ။ တစ်မိုးတွင်းလုံး ကိုယ်ရှာထားသမျှလေးတွေ ရော၊ တစ်ခြား ဆိုင်ရာ ပိုင်ရာ အသိုင်းအ၀ိုင်းတွေ ဆီက အလှူခံလို့ ရသမျှလေးတွေ နှင့် စုံနဖာစီ ၀ယ်ခြမ်း ပေးနိုင်သော်လည်း အကျီ င်္ပြဲချုပ်ပေးရမည့်  အ ဖြစ်ကိုတော့ ကျွန်မလုံးဝ သည်းမခံနိုင်ပါ။ ကျွန်မ၏ ဒေါသ ကို ကြည့်ပြီး ကြိတ်ရယ်နေတာ ဆရာမ စောပါ။ ဆရာမ စောက ကျွန်မကို ပြုံးကာရယ်ကာ နှင့် ထပ်ပြော၏ ။

“ဒီရပ်ကွက်အကြောင်း ကျွန်မ အသိဆုံးပါလို့ဆို မမစံပယ်ရယ် အပင်ဆိုတာ စိုက်တိုင်း ရှင်တာ မဟုတ်သလို၊ မှိတ်တုတ် မှိတ်တုန် ကြယ်လေးတွေ ကို အတင်း လင်းခိုင်းလို့ ရမလား”

ထိုစကားကို ကဗျာဆန်ဆန်ပြောသော ဆရာမ စောကို ကျွန်မ ပြန်မေးမည် ပြင်စဉ်မှာ ပင် ကျောင်းတက် ခေါင်းလောင်း ထိုးသွားခဲ့လေ၏ ။

နောက်တစ်ပတ်လောက်မှာ သီတင်းကျွတ် ကျောင်းပိတ်ရက် ဖြစ်၍ ကျွန်မက ကလေး တွေ ကို စာမေးပွဲရက် စာကောင်းကောင်း ကျက်နိုင်ရန်ပင် ပြင်ဆင်ပေးခဲ့သည်။ ကျွန်မ တပည့်လေး များ ကို ကျောင်းနေပျော်၍ စာတော် သော ကလေးတွေ ဖြစ်စေချင်သည်။ ဆရာမ တစ်ယောက် ၏ အလုပ်အပြင် တခြား ကုသိုလ်ရမည့်  အလုပ်တွေ ကို ကျွန်မ လုပ်နေရသည့်အတွက် ကျောင်းသွား ပျော်ပျော် ကျောင်းပြန် ပျော်ပျော်အ ဖြစ် သီတင်းကျွတ်ရက်တွေ ကို အလျင် အမြန် ကုန်ဆုံးစေခဲ့၏ ။

ကျောင်းပြန်ဖွင့်ပြီး ကျောင်းကိစ္စများ ၊ ပြင်ပ ပညာရေး ဌာန ကိစ္စများ နှင့် ဒု-ကျောင်းအုပ် ခွင့်သွားစဉ် ကျွန်မက ကျောင်း ဝေယျာဝစ္စများ နှင့် မအားလပ်အောင် ရှိနေပြီး သတိရသွားသည့် အချိန်မှာ ကျွန်မထံသို့ သားထွေး နှင့် အေးအေးချိုတို့ ခဲတံ၊ ပေတံ လာမတောင်းသည်မှာ တစ်ပတ် မ ကတော့ပြီ။ ဒီလိုဆိုတော့လည်း ကလေးတွေ က အလိုက်သိသားပါလား။

“အစောရေ … အခုရက်ပိုင်း မမတော့ သက်သာနေတယ်”

“ဘာသက်သာတာလဲ မမစံပယ်”

“မမတပည့်တွေ ပေါ့။ ခဲတံ၊ ပေတံ၊ စာအုပ် လာမယြူ ကတော့ဘူး။ အပေါ်ထပ်မှာ ငြိမ်နေ ကြပြီ ထင်တယ်။ ဒါမှမဟုတ် သူတို့ မိဘတွေ ၀ယ်ပေးလား မသိဘူး”

မုန့်စားဆင်းချိန်မှာ ဤသို့ သတိတရ ပြောမိရာ ဆရာမ စောက ထုံးစံအတိုင်း ခေါင်း တညိမ့်ညိမ့် နှင့် ပြုံး၏ ။

“အပေါ်လဲ တက်ကြည့်ပါဦး။ မမ တပည့်တွေ ရှိသေးလား ဆိုတာ”

“ဘာပြေတာလဲ ညီမ”

ကျွန်မသည် သည်လောက်ပဲ ပြောပြီး ကျောင်းအပေါ်ထပ်သို့ အပြေးအလွှားတက်ကြည့်မိ သည်။ မုန့်စားဆင်းတိုင်း တစုတဝေးနေဖို့ ကျွန်မ စီစဉ်ပေးထားသည့် အခန်းမှာ သားထွေးတို့ အုပ်စုကို တစ်ယောက် မှ မတွေ့ ရတော့ပေ။ ကျွန်မ အံ့အားသင့်သွား၏ ။ ဘာ ဖြစ်လို့လဲ ဆိုတာ ကျွန်မ မသိပါ။ ချက်ချင်း ဆိုသလို အောက်ထပ်ကို ပြန်ပြေးဆင်းလာပြီး ဆရာမ စောကို မေးမိ တော့သည်။

“မမ ကလေးတွေ ဘယ်ရောက်ကုန်ပြီလဲ အစော၊ သူတို့ ဘာလို့ ကျောင်းမတက် ကြတာလဲ။”

ကျွန်မ အမှန်တကယ် လန့်နေပြီကို ဆရာမ စောသိသည်။ ဆရာမ စောက ကျွန်မကို နေရာမှာ ထိုင်ခိုင်းစဉ် ကျွန်မ စိုးရိမ်ကြောင့်ကြ မှု များ က အတွေးများ နှင့် တရစပ် တိုးပွားနေလေပြီ။ ကလေးတွေ ဘာ ဖြစ်သလဲ၊ ဘာ ဖြစ်သလဲ။

“ဘာမှ မ ဖြစ်ဘူး မမ။ အခုအချိန်ဆို သူတို့အားလုံး အုတ်ဖုတ်တဲ့နေရာတွေ ၊ ငါးပတ်တဲ့ အင်းတွေ အိုင်တွေ ၊ အငှားလယ်စိုက်တဲ့နေရာတွေ အုပ်စုလိုက် ပါသွားကြပြီ။ သူတို့ မိဘတွေ က မိုးကုန်ရင် ကျပန်းလုပ်စားကြတာ။ ကလေးတွေ ကို အကုန် ခေါ်သွားကြပြီ။”

“ဘုရားရေ … ဘုရားရေ … စာသင်ဖို့ရော … ကလေးတွေ စာသင်ဖို့ရော”

ထိတ်လန့်တကြား ကျွန်မ အော်မေးမိ၏ ။

“သူတို့ မိဘတွေ အတွက်တော့ စာရဲ့ နောက်မှာ ၀စ္စနှစ် လုံးပေါက် ပါဖို့က ပိုအရေး ကြီးတာကိုး မမရဲ့ ။ ကျွန်မတို့ ဘာမှ မတက်နိုင်တဲ့ ကိစ္စ၊ ဒီအတိုင်းကြည့်နေရတာ ကြာပြီ”

“ဟင်” တစ်လုံးတောင် မပြောနိုင်တော့ဘဲ “နာ” ခြင်းများ စွာ ဖြင့် ကျွန်မ အသံ လုံးဝ တိတ် သွားလေ၏ ။ ကတုန်ကယင် ဖြစ်လာပြီး စာသင်ခုံပေါ် မျက်နှာမှော က်ချလိုက်မိ၏ ။ စာသင်ခုံ ပေါ်မှာ ကျွန်မ မျက်ရည်များ တအိအိ နှင့် ရှိုက်ငိုနေမိ၏ ။ ကျွန်မ အငိုတိတ်စေရန် အတွက် အချိန် တော် တော် ကြာလိမ့်မည် ထင်ပါ၏ ။

(ရွှေအမြူတေ မဂ္ဂဇင်း၊ ဇွန်လ ၂၀၁၂)

* * * * *


ဝန်ဇင်းချစ်သူများ နှင်းဝေငြိမ်း ၏ “ ဗိုလ်အောင်ဒင်တို့မြို့ နှင့် အခြားဝတ္ထုတိုများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လက်ထပ်ခြင်း

ဖီးနစ်

မိုးပန်းပွင့်ရဲ့ သင်္ကေတ