Cover

(မင်္ဂလာအမှာ စကား)

စာရေး သက် အနှစ် နှစ် ဆယ်ကို ပြန်ဆန်းစစ်ကြည့်သော အခါ…

ကျွန်မသည် အလွမ်းဝတ္ထုကိုလည်း ရေး ခဲ့ဖူး၏ ။ အချစ်ဝတ္ထုကိုလည်း ရေး ခဲ့ဖူး၏ ။ ဘ၀၀တ္ထုကိုလည်း ရေး ခဲ့ဖူး၏ ။ အလှဝတ္ထုကိုလည်း ရေး ခဲ့ဖူး၏ ။ အလုပသဘောအရ စိတ်ထဲ သိပ်မနှစ် ဘဲ ၀တ္ထု ဖြစ်အောင်လည်း ရေး ခဲ့ဖူး၏ ။ ထိုကာလများ ကို ဖြတ်သန်းပြီး အခုအချိန်မှာ ရေး ဖြစ်သော ၀တ္ထုများ ကို ပြန် သတိထားမိသော အခါ၌ ကျွန်မသည် အပျော်နှင့် အပြုံး… ရယ်မောစရာတို့ကို ရေး နေပြီ ဖြစ်၏ ။

ထိုကဲ့သို့ ရေး နိုင်ဖို့၊ ရေး တတ်ဖို့ ကြိုးစားခဲ့ရတာ အနှစ် နှစ် ဆယ်တောင်မှပါလား ဆိုတာကို သိတာနှင့် ကျွန်မစိတ်ထဲ အပြုံးအပျော် ရယ်စရာဝတ္ထုများ ကို ကျွမ်းကျင်ပိုင်နိုင်စွာ ရေး တတ်သော စာရေး ဆရာတို့ကို အလွန်လေးစားသွားလေ၏ ။

ရယ်စရာရေး တတ်ဖို့ ကျွန်မ တော် တော် အားထုတ်ရပါသည်။ ဘ၀ကပေးသော အသိတွေ ကို ပြန်သုံးသပ်ရယ်မောပစ်ရတာ ပင်ပန်းပါသည်။ ရေး ရတာ သွက်ဖို့ အတွေးတွေ ကို ရင်းထားရပါသည်။

ကျွန်မ၏ နှစ် ဆယ့်တစ်ရာစုကာလ ၀တ္ထုများ သည် ဘာကြောင့် ဟာသတွေ ရယ်စရာ ဖြစ်ရသည်ကို ကျွန်မဘာသာ သုံးသပ်သော အခါ ရုပ်ရှင်ကားတွေ လည်း ရယ်စရာ များ နေ၏ ။ ၀တ္ထုတွေ လည်း ရယ်စရာများ နေ၏ ။ လူတွေ လည်း ရယ်စရာ ကောင်းနေ၏ ။ ထို့ကြောင့် ဘ၀တွေ လည်း ရယ်စရာ ကောင်းနေမှ နေပျော်မည့် ဘ၀တွေ ဖြစ်မည် မဟုတ်ပါလား။

ထို့အတွက် ကျွန်မ စာရေး ဆရာမ ဖြစ်လာသည့်တစ်လျှောက်လုံး အားကျခဲ့ရသည့် ဘ၀နှင့် အနုပညာကို ရယ်မောစရာ အသော အထေ့များ ဖြင့် ရေး တတ်ကြသော ဆရာမ မစန္ဒာနှင့် ဆရာမင်းလူတို့ကို ဤစာအုပ်ဖြင့် လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။

နှင်းဝေငြိမ်း

* * * * *


အခန်း (၁)

နှစ် ဆယ်နဲ့ လေးဆယ်

သည်နှစ် ဒီဇင်ဘာ အားကစားလ လှုပ်ရှားမှု အ ဖြစ် ဌာနတွင်း အားကစားပွဲတွေ စီစဉ်တော့ ထုပ်ဆီးတိုးပွဲက မပါမ ဖြစ် ပါလာလေသည်။ ကြိုတင်ပြင်ဆင်ချိန်မပေးဘဲ ဗြုန်းခနဲ ဒိုင်းခနဲ နှစ် ရက်လား အချိန်ပေးပြီး လူရွေးကြ ပြုကြ လုပ်သော အခါ မနှစ် က ကိုယ့်ဌာနရဲ့ ရှုံးကြေးကို ပရိသတ်နေရာက မချင့်မရဲ ဖြစ်ခဲ့သည့် မနှင်းဆီ တစ်ယောက် လိုလိုလားလား စာရင်းပေးလိုက်လေ၏ ။

``ဟဲ့…နှင်းဆီ ဒီအရွယ်ကြီးကျမှ ထုပ်ဆီးတိုးဦးမလို့လား´´

စာရင်းပေးတာနှင့် ဌာနတာဝန်ခံ ဗိုလ်ကြီးက ၀မ်းသာအားရ အသင်းခေါင်းဆောင်အုပ်စုထဲ ပစ်သွင်းလိုက်တော့သည်။ ဒါကို တအံ့တသြနှင့် ၀ိုင်းတားသည်က မနှင်းဆီ၏ အစ်မကြီးများ ၊ သူငယ်ချင်းများ ။

သူတို့ ပြောမည် ဆိုလည်း ပြောချင်စရာ။ မနှင်းဆီအသက်က လေးဆယ်တန်း၊ သူငယ်ချင်းတွေ က တုတ်တုတ်မျှတောင် မလှုပ်နိုင်သည့် ပွဲ။ ဒါပေမယ့် တစ်ချို့ သူငယ်ချင်းတွေ က လွန်ဆွဲတို့၊ အပြေးပြိုင်ပွဲတို့ ဖယောင်းတိုင်မီးထွန်းတို့ ပါဦးမည် ။ တားသော သူများ ကို အပြုံးမပျက် ချေပလိုက်သော မနှင်းဆီစကားကြောင့် ဌာနတစ်ခုလုံး ၀ုန်းခနဲ အုံးခနဲ ရယ်မဆုံးကြ။

``ထုတ်ဆီးတိုးစားလာတာ အနှစ် နှစ် ဆယ်ကျော်ပြီနော်၊ စမ်းကြည့်ပါလား၊ နှင်းဆီတို့ အပီထိုးမယ့်ပွဲမှာ ကလေးတွေ ထိုင်ငိုသွားစေရမယ်´´

ပြောနေသည့် နှင်းဆီရဲ့ ပုံစံကိုလည်း မြင်ကြည့်ကြပါဦးလေ၊ ပိန်ပိန်ပါးပါးနှင့် လေတိုက်ရင် လဲတော့မည့် အတိုင်း။ ဘယ်မှာ မှ အသားမရှိသည့် ခန္ဓာကိုယ်အပြင် ပါဝါထူထူမျက်မှန်နှင့် အသက်လေးဆယ်အရွယ် ကလေးအမေ။ အားကစားပွဲတွေ နှင့် ကင်းကွာနေတာ အနှစ် နှစ် ဆယ်မ ကတော့။ ဌာနရဲ့ ဘယ်အားကစားပွဲမှာ မ မပါခဲ့ဘဲ အခုမှဆိုတော့ ပြောကြတာ ဘယ်ဆန်းပါ့မလဲ။

``ထိုင်နေရင် အကောင်းသားဟယ်၊ ထသွားမှ ကျိုးမှန်းသိ ဖြစ်နေပါဦးမယ် နှင်းဆီရယ်။ ကလေးတွေ က ကိုယ့်သမီးလေးတွေ အရွယ်´´

``ဟာ… မမခင်ကလည်း လူက အသက်ကြီးပေမယ့် ပညာက နုပျိုပါသေးတယ်။ လောလောဆယ် အားကစားဝတ်စုံ အလကားရမှာ က အတန်ဆုံးပဲ´´

နှင်းဆီတို့ အကွက်မြင်ပုံက ကွင်းကွင်းရှင်းရှင်း။ သူမ သူငယ်ချင်းတွေ ဆီမှ….

``ကြည့်စမ်း… ကြည့်စမ်း… လည်လိုက်တာ´´

``ငါ အမ်ဒီ သွားပြောမယ်´´

ဆိုသော အသံတွေ ပြိုင်တူလိုလို ပေါ်လာ၏ ။ နှင်းဆီးတို့ ပြိုင်ပွဲတောင် မသွားရသေးဘူး၊ ထောမနာပြုသံတွေ က ညံညံစီလို့လေ။

* * * * *


အားကစားပွဲဆိုသည်က အားပေးသံ၊ ငြင်းခုံသံတွေ ညံညံစီလို့။ ပွဲမ၀င်ခင် အပြင်က ကျင်းပချိန်မရပါဘဲ မနှင်းဆီအပါအ၀င် လူကြီးပိုင်းတွေ က အသင်းခေါင်းဆောင်တွေ ဖြစ်ပြီး အလုပ်ဝင်ကာစ အသက်နှစ် ဆယ် နှစ် ဆယ့်တစ်နှစ် လောက် ကလေးတွေ က အသင်းဝင်တွေ ဖြစ်ကာ အသင်းလေးသင်း ခွဲလိုက်သဖြင့် ကိုယ့်အသင်းဝင်နာမည် တွေ နှင့် လူတွေ ကို မနည်းမှတ်သားနေရသေး၏ ။ ဌာနလူကြီးတွေ က အုပ်စုခွဲရတာ ကို ရှင်းပြ၏ ။

``ဌာနအလိုက်ဆိုရင် ပိုရန် ဖြစ်ကြ၊ ငြင်းကြနဲ့ ဌာနစွဲတွေ ရှိလွန်းလို့´´

``ဒီနှစ် အားလုံး ရောမွှေပြီး လူခွဲတာ၊ ပျော်စေချင်လို့နော်၊ ခင်ဗျားတို့ ရန်မ ဖြစ်ရဘူး´´

ဖြစ်နိုင်ပါသည်။ ထုပ်ဆီးတိုးပွဲပါတိုင်း ရန်ပွဲလေးက အမြဲ ပူးတွဲ ချန်ပီယံ။ ဌာနအလိုက်ဆိုတော့ ပိုငြင်းကြ ခုန်ကြ ငိုကြ ရယ်ကြ။ ဌာနတာဝန်ခံတွေ ပင် စကားအခြေအတင် ခနဲ့ကြ ရွဲ့ကြတဲ့အထိ ပုဂ္ဂိုလ်ခင် တရားမင်ကြသည်က အစဉ်အလာကို ဖြစ်နေ၏ ။ မနှစ် က ပိုဆိုးသည်မှာ တစ်သင်းနှင့် တစ်သင်း အရှုံးအနိုင် ငြင်းတာများ အကြီးအကဲတွေ ဆီ အဆင့်အထိ တိုင်ကြတောကြသည်လေ။ ဆရာသမားတွက ပျော်အောင်လုပ်ပေးကာမှ ရန် ဖြစ်ရပါ့မလားဆိုပြီး ဆူငေါက်လွှတ်ရသည်အထိ ဖြစ်ခဲ့သေး၏ ။ သည်နှစ် က အဲသလို အ ဖြစ်မခံနိုင်ကြ။ ၀န်ထမ်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားမှာ စိုးရိမ်သတဲ့လေ။

မပူပါနဲ့ ဆရာတို့ရယ်။ တပည့်တွေ က အစဉ်အလာကို ဖျက်မည့် ဟန် မမြင်။ မူပြင်ပေမယ့် အသင်းစွဲလေးတော့ ရှိဦးလေမည် ။ ဒါကို မဆိုထားနှင့် ။ အားကစားဝတ်စုံ ၀ယ်တာပင် ကြည့်။ မင်္ဂလာဈေး ပိတ်ရက်မို့ ယုဇနပလာဇာကို ပိုက်စိပ်တိုက်ပြီး အားကစားဝတ်စုံ အရောင်းဆိုင် ရှာကြရ၏ ။ တွေ့ တော့လည်း ဆိုင်က ပိတ်လျက်။ အညွှန်းမြေပုံနှင့် ဈေးနီးနီးက ဆိုင်ရှင်အိမ်အထိ ချီတက်ပြီး လိုက်ခေါ်ခဲ့ကြ၏ ။ ခြောက်ထပ်တိုက်ပေါ်က ပိုင်ရှင်ကို အော်ဟစ်ခေါ်ရာ ရုတ်တရက်တော့ ဈေးရောင်းမည့် သူက ခပ်လန့်လန့်။ ယူနီဖောင်းတွေ နှင့် မိန်းမ (၇)ယောက် ကို ဈေးလိုက်ဝယ်တာလို့ ဘယ်သူထင်ပါ့မလဲ။ မသကာ စည်ပင်ရဲလား၊ အခွန်အကောက် အဖွဲ့လားပေါ့။ နှင်းဆီတို့ လုပ်လိုက်ရင် အဲသလိုပါဆို။

ဟော… အားကစားဝတ်စုံ ၀ယ်တော့ မတူတဲ့ အသင်းလေးသင်းအတွက် မတူတဲ့ ၀တ်စုံတွေ ရွေးတာ အချင်းချင်း အလုအယက်ကို ဖြစ်လို့။ နှင်းဆီ ကတော့ ခန့်မှန်းငွေထက် မကျော်ရေး သား ဦးတည်နေရာ ဘေးက အဖွဲ့ဝင်ကလေးမလေးက လက်တို့တို့ပြီး တိုးတိုးတိတ်တိတ် ပြောလေ၏ ။

``အန်တီ သူတို့အရောင် ထက် ကောင်းတာ ယူနော်၊ တီရှပ်ကို အပွကြီး မကြိုက်ဘူးနော် အန်တီ။ လှလှလေးရွေး´´

``အန်တီ… အန်တီ အဲဒီ အရောင် ယူလေ၊ ဒါ သမီးတို့နဲ့ လိုက်တယ်´´

``အန်တီ အဲဒီ ဘောင်းဘီက အသားမကောင်းဘူး ၊ ပြန်ချ… ပြန်ချ´´

ဘယ်လောက်ပဲ သဘောထားကြီးကြီး ကိုယ့်အသင်းအတွက် ကိုယ့်မှာ တာဝန်ရှိသည်။ အသင်းသားတွေ အတွက် ဆင်တူအပြာရောင် ဘောင်းဘီတွေ ချိုင်းမှာ ညှပ်ပြီး ကိုယ့်အဖွဲ့နှင့် ကိုယ် မျက်စိမှိတ်ပြ ခေါင်းခါပြကြနှင့် လိပ်မျိုးတွေ ဖြစ်ခဲ့သေး၏ ။ တစ်စုံဝယ်ပြီးတော့ နှင်းဆီတို့ အားကစားတာဝန်ခံ အစ်မကြီး မမဌေးကို ရှင်းပြရသည်။ မမဌေးရေ ဒီအထည်က ဘယ်လောက်၊ ဒီဘောင်းဘီက ဘယ်လောက်၊ ကင်းဘတ်ဖိနပ်နဲ့ ခြေအိတ်လည်း ၀ယ်ပေးပါဦးနော် ဘာညာနဲ့ အစ်မကြီးကို ချွဲသေးသည်။ အားကစားဝတ်စုံကို ခြေဆုံးခေါင်းဖျား စီစဉ်ပြီးမှ နှင်းဆီ သက်ပြင်းချနိုင်ခဲ့၏ ။

* * * * *


ပြိုင်ပွဲစမည့် နေ့မှာ ဖြစ်ပုံများ ပြောပါရဲ့ ။ အသင်းခေါင်းဆောင်ပီပီ ကိုယ်က ရှိုးနဲ့ စမိုးနဲ့ တစ်သက်နဲ့တစ်ကိုယ် အပြင်မှာ ဘောင်းဘီမ၀တ်ဖူးဘဲ ဘောင်းဘီရှည်နဲ့ တီရှပ်နဲ့ဆိုတော့ ကိုယ့်ယောက်ျားကတောင် မျက်စိနောက်ချင်ချင်။ ရုံးတောင် မမနက်ခြောက်နာရီအရောက်ဆိုလို့ လိုက်ပို့ပေးခဲ့ရသေးသည်။ ဟော… အားကစားပွဲလည်း စခါနီး ရော နှင်းဆီးအသင်းက ကလေးမလေးနှစ် ယောက် မျက်စိမျက်နှာပျက်လို့ လူစုတဲ့နေရာကို ရောက်လာလေ၏ ။

``အန်တီရေ လုပ်ပါဦး။ သမီးတို့ဝတ်စုံ ဗီရိုထဲ ပိတ်မိနေလို့ သော့ က ဟို တစ်ယောက် ဆီမှာ သူ ခုထိ မလာသေးဘူး အန်တီရဲ့ ။ အိမ်မှာ မေ့ကျန်မှာ စိုးလို့ ရုံးမှာ သိမ်းကာမှ…´´

မြတ်စွာ ဘုရား… စလာပါပြီ။ နှင်းဆီ မျက်လုံးပြူးပြီး သူတို့သိမ်းခဲ့တဲ့ အထပ်ကို ပြေးလိုက်။ ဟိုရောက်တော့ သော့ ခတ်ထားတဲ့ ဗီရိုရှေ့ရပ်ပြီး ဘယ်ပြေးရမှန်းမသိအောင် စိတ်ပူ သွားပါ လေရော။ နာရီကြည့်တော့ ပြိုင်ပွဲစတော့မည် ။ ပြိုင်ရမှာ က ကိုယ်က ရှေ့ဆုံး။ လုပ်လိုက်ဟ။

``သမီးတို့ကလည်းကွာ၊ အန်တီ့ကို စောစောက ပြောပါလား၊ အေဂျီအမ်အခန်းမှာ သိမ်းပေးမှာ ပေါ့။ အဲသလို ဖြစ်မှာ စိုးလို့ မချိုလေးက သူသိမ်းပေးမယ်တောင် ပြောတယ်မဟုတ်လား´´

ဆူသာ ဆူနေရ၏ ။ အားက သိပ်မရှိ။ သော့ ခတ်ထားသည့် ဗီရိုထဲ ဘယ်လို လက်နှိုက်ယူရမှာ လဲ။ သော့ ဖျက်ရတော့မည် ။ ဒါဆို လူကြီးတွေ ဆူတော့မည် ။ အဲဒီ အကွက်တွေ မြင်လို့ အေဂျီအမ်ရဲ့ တပည့် မချိုလေးက ပြောတာ။ အခု မချိုလေးပဲ ၀ိုင်းကြီးကြပ် ပေးနေသည်လေ။ တစ်ယောက် ကို ခြေထောက်ပေါက်မှာ စိုးလို့ ပိတ်တီး စည်းပေးရသည်။ တစ်ယောက် ကို အကြောပြေဆေး ကြိုလိမ်း၊ တစ်ယောက် ကို လိမ္မော်သီးဆိုလို့ လိမ္မော်သီးကို အအေးရောလို့ မနှင်းဆီကို လှမ်းမေး၏ ။ လက်ထဲမှာ သတ်မှတ်ငွေက ပြောင်သလင်းခါနေပြီ။

``ဟာ… မသိဘူးလေ၊ အစ်မကြီးတို့ စီစဉ်မယ်မှတ်လို့ နှင်းဆီ မ၀ယ်မိဘူး´´

``ဟဲ့… အသင်းခေါင်းဆောင် အခါ တော့် အလုပ်´´

``ဟုတ်လား၊ အသက်လေးဆယ်မှ အားကစားလုပ်တာ ဘာမှမသိလို့ပါ အစ်မတို့ရယ်။ အစ်မတို့ပဲ ၀ယ်ပေးပါနော်´´

ပွဲမ၀င်ခင် အပြင်က ကျင်းပတာများ အိုးနင်းခွက်နင်း။ ဒီအချိန်မှာ အဖွဲ့ဝင် တစ်ယောက် က နှင်းဆီနောက် ပြေးလိုက်လာ၏ ။

``အစ်မရေ လုပ်ပါဦး။ ကျွန်မ ၀တ်စုံထုပ်ကြီးလေ ကားပေါ်မှာ သူများ နောက် ပါသွားလို့ ၀တ်စရာ ဘာမှမရှိတော့ဘူး၊ ကင်းဘတ်ဖိနပ်ပဲ ကျန်တယ်´´

``ဟယ်… လုပ်ပြန်ပြီ´´

မျက်နှာငယ်လေးနဲ့ စိတ်ညစ်နေရင်း ရှင်းပြတဲ့ အဖွဲ့ဝင် သီတာကို ကြည့်ပြီး နှင်းဆီ အတော် ကြီး စိတ်ဓာတ်ကျ သွားပါသည်။ သည်တစ်ခါ ဘုရားမတနိုင်ဘဲ ခေါင်း ထူးပူသွားပြီး စိတ်ပေါက်ပေါက်နှင့် အပိုဝတ်လာသည့် ဒူးဆစ်လောက် ဘောင်းဘီကို ကိုယ်ကဆက်ဝတ်ပြီး ကိုယ့်အားကစားဝတ်စုံတစ်စုံလုံးကို သွားဝတ်ခိုင်းရတော့သည်။ အပေါ်တီရှပ်အဖြူကို အရန် တစ်ယောက် ဆီက ယူဝတ်ရ၏ ။ ဖြစ်ပျက်နေကြပုံများ မြင်ကြည့်ကြပါဦးတော့ကွယ်။ တူညီဝတ်စုံပါဆိုမှ အသင်းခေါင်းဆောင်မက ဒူးဆစ်လောက် ဘောင်းဘီအပြာနုနဲ့ စတိုင်တစ်မျိုး ထွင်လို့ဟု လူကြီးတွေ က ထင်ဦးရော့မည် ။

``အစ်မကြီးရေ လူကြီးတွေ ရှင်းပြထားပါဦးနော်၊ နှင်းဆီဝတ်ချင်လို့ ၀တ်တာ မဟုတ်ဘူးလို့´´

``အေးပါ… အေးပါ၊ အစ်မ ရှင်းပြပါ့မယ်၊ ညီမတို့သာ နိုင်အောင်ဆော့´´

``ဟာ.. အစ်မကြီး သူတို့အင်္ကျီထုပ်တွေ ဘယ်လိုလုပ်မလဲ၊ လုပ်ပါဦး´´

တစ်ချိန်လုံး ပြိုင်ပွဲမစခင်အထိ လုပ်ပါဦး။ လုပ်ပါဦးနဲ့။ ဟိုပြေးတက်လိုက် ဒီပြေးဆင်းလိုက် ဖြစ်ပြီး ကလေးတွေ နှင့် ထုပ်ဆီးတိုးပညာတွေ တောင် မနှီးနှောနိုင်တော့။ အမြင်မတော် သော လူကြီးတွေ ကပဲ သော့ ဖျက်ဖွင့်ပေးပြီး အင်္ကျီဘောင်းဘီတွေ ယူပေးမှ တစ်ကိစ္စ ရှင်းသည်။

``ပြိုင်ပွဲစတော့မယ်၊ တန်းစီကြ တန်းစီကြ။ ကွင်းထဲမှာ လူကြီးတွေ ရောက်နေပြီ´´

နှင်းဆီတို့အဖွဲ့ ကွင်းထဲကို အပြေးချီတက်ရင်း…

``သမီးရေ… နင် ဘယ်စည်းတားနော်။ ဟဲ့… ဟိုကလေး ညည်းက အရပ်ရှည်တယ်။ ဒုတိယစည်နော်၊ အေးအေးမြင့် တတိယစည်း။ ဟုတ်ပလား။ အေးအောင် အစ်မနဲ့အတူ ခေါင်ပိတ်မယ်နော်´´

ဆိုတာတွေ ကို တရစပ် ပြောသွားရပါတော့သည်။ စီမံခန့်ခွဲရေး ပညာသင်တန်းကိုသာ ပြန်ပြေးတက်ရမည့်  ကိန်းပါ။ အဲသလောက် ယောက် ယက်ခတ် နေရမှာ တော့ ပြိုင်ပွဲကို စိတ်တောင် ထင့်သည်။ ဒါတောင် တစ်ယောက် က တန်းစီနေရာမှ အပြေးတက်ရောက်လာ၏ ။ မောကြီးပန်းကြီး ဖြစ်နေသော တစ်ယောက် အစား တန်းစီဖို့ လူလဲထားသော တစ်ယောက် နှင့် ပြန်ချိန်းရပြန်၏ ။

လူချိန်းတာရော ဘယ်နေရာ ထင်ပါသလဲ။ အားကစားကွင်းထောင့်က မော်တော် ပီကယ် ရုံးခန်းလေးထဲ ခွင့်တောင်းဝင်ပြီး တစ်ယောက် အ၀တ်အစားကို တစ်ယောက် လဲကြရသည်။ မော်တော် ပီကယ်တွေကို အကူအညီတောင်းပြီး အပြင်ခဏထွက်ခိုင်းကာ အင်္ကျီလဲကြရ၏ ။

မပြိုင်ခင်ကတည်းက စိတ်မော လူမော ဖြစ်နေသော နှင်းဆီတို့အဖွဲ့ခမျာ စပြိုင်ပြီဆိုကတည်းက အတိုးအလှည့်ကျသည်။ အတိုးဆယ့်ငါးမိနစ်၊ အတား ဆယ့်ငါးမိနစ်မှာ တစ်မှတ်မှ မရလို့ ကတော့ ကွဲစမ်း အရှက်….။

ဝီစီမှု တ်ပြီဆိုကတည်းက ကျန်တာတွေ အားလုံး မေ့သွားပြီး ငယ်ငယ်လေးကတည်းက ရပ်ကွက်ထဲမှာ သဲအလိမ်းလိမ်း ဖုန်တပေပေနှင့် နေ၀င်မိုးချုပ်အထိ အကစားကြီး ကစားခဲ့ရသော ဖန်ခုန်၊ ထုပ်စည်းတိုးပညာစုံက နှင်းဆီသွေးထဲမှာ အပြည့်ရောက်လာ၏ ။ ငယ်ဘ၀က အားကစားနည်းထဲမှာ ထုပ်စည်းတိုးခြင်းကို နှင်းဆီ အကျွမ်းကျင်ဆုံးလေ။ ဘယ်နည်းနှင့်မှ အရှက်ကွဲခံလို့ မ ဖြစ်ဘူး။ ပညာကုန် ထုတ်သုံးမှ ဖြစ်မည် ။ နှင်းဆီ စိတ်ကို တင်းထားလိုက်၏ ။

လာပြီဟေ့… အသင်းခေါင်းဆောင်။

* * * * *




ဝန်ဇင်းချစ်သူများ နှင်းဝေငြိမ်း ၏ “ မင်္ဂလာဆောင်ရအောင်အချစ်ရယ် မြန်မာလိုပျော်ကြရအောင်ဝတ္ထုများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပြဋ္ဌာန်းမထားသောအချစ်နှင့် ပဋိညာဉ်မလိုသောမျက်ရည်

သူဟာမြန်မာမလေးပါ ဝတ္ထုတိုများ

လက်ထပ်ခြင်း