Cover

နေလောင်ပန်းတစ်ပွင့်၏ သမိုင်း

ဖြူနှင့် အခြားသော ဖြူများ စွာ သို့

ချစ်ခြင်းမေတ္တာကိုအယုံအကြည်မဲ့သူများ နှင့်
ချစ်ခြင်းမေတ္တာကို ယုံကြည်သက်ဝင်သူများ အတွက်
ရေး ဖွဲ့ပါသည်။

စိတ်ဝင်စားမည် ဆိုလျှင်တော့ဖြူနှင့် မိတ်ဆက်ပေးချင်ပါသည်။

ဖြူသည် နာမည် နှင့် လိုက်အောင်ပင် အသားဖြူလွန်းသော ပါးလှပ်လှပ်ကောင်မလေးတစ် ယောက် ဖြစ်သည်။

ဖြူ၏ ဆံပင်များ ကသိပ်အရှည်ကြီးမဟုတ်သလို၊ သိပ်အတိုကြီးလည်းမဟုတ်သော ကျော လယ်လောက်ဝဲကျနေသည့် ဆံပင်များ သာ ဖြစ်သည်။ သို့သော် တစ်ခုထူးခြားသည်ကသာမန် အမျိုးသမီးများ ၏ ဆံပင်များ လိုမဟုတ်ဘဲအလွန်ပါးကာအလွန်ကိုနူးညံပျော့ပျောင်းနေခြင်း ဖြစ် သည်။

ထိုသို့ ဆံပင်ပါးပါးပျော့ပျော့ကလေးများ ကိုပိုင်ဆိုင်သော ပါးလှပ်လှပ်ကိုယ်လုံးကလေးနှင့် ဖြူသည် အရပ် ကတော့ သမာန်ထက်နိမ့်ရှာလေသည်။

ကျောင်းတုန်းလက်ရွေးစင်ဘောလီဘောသမား ဖြစ်ခဲ့ဖူးသော အရပ်ငါးပေဆယ်လက်ခန့်ရှိသည့် ကျွန်တော် နှင့် တွဲ သွားတိုင်း ဖြူမှာ ကလေးလေး တစ်ယောက် နှယ် ဖြစ်၍ နေလေသည်။ သို့သော် ထိုသို့ အရပ်ကွာခြားသည့်တိုင် ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်တော် ရော ဖြူပါ စိတ်အနှောင့် အယှက်မ ဖြစ်ကြ။

ဖြူသည် အရပ်ပု၍ သေးသွယ်ပါးလျရုံမျှမကမျက်နှာလေးကလည်း နုဖတ်လွန်းသည်။

ဖြူ့မျက်နှာဖောင်းဖောင်းလေးမှာ ဘယ်တော့ကြည့်လိုက်ကြည့်လိုက် အမြဲတမ်းချောမွတ် ၀င်းဝါနေတတ်သည်။ သို့သော် အလှပြင်ပစ္စည်းတစ်မျိုးမျိုးကိုလိမ်းခြယ်ရန်ကိုတော့ ဖြူအလွန် ပျင်းလေသည်။

"ကမ္ဘာပေါ်မှာ ကိုယ်အမုန်းဆုံးအလုပ် ကတော့ သနပ်ခါးလိမ်းရတဲ့အလုပ်" ဟု ဖြူ တစ်ခါကပြောဖူးသည်။

ထိုစကားကို ကြည့်ရုံနှင့် ပင် ဖြူသည် မိန်းမမဆန်လွန်းသော မိန်းမ တစ်ယောက် ဖြစ် ကြောင်း အလွယ်တကူကောက်ချက်ချနိုင်ကြမည် ဖြစ်သည်။

ဖြူ၏ မိန်းမပီသသော အခြားအမူအကျင့်တစ်ခု ကတော့ အ၀တ်အစား ရွေးချယ်ဝတ်ဆင် တတ်ခြင်းပင် ဖြစ်သည်။ ဖြူသည် ယောက်ျားဝတ်အင်္ကျီများ ကိုသာ နှစ် ခြိုက်ခုံမင်စွာ အမြဲတမ်းဝတ် ဆင်တတ်သူ ဖြစ်သည်။ ဖြူအ၀တ်ဆုံးနှင့် ဖြူနှင့် လည်း အလိုက်ဖက်ဆုံးအင်္ကျီမှာ ပြည်ပ ဖြစ် ရှပ် အင်္ကျီကို "ခဏ" ဟုငှားလျက် ပြန်မပေးတော့သည်အထိ နှစ်သက် သူ ဖြစ်သည်။

မည် သို့ဆိုစေ…

ရှပ်အင်္ကျီပွပွကြီးများ ကို တံတောင်ဆစ်အထိ လက်ခေါက်၍ ၀တ်တတ်သော အသားဖြူဖြူ ပါးလှပ်လှပ် အရပ်ပုပုနှင့် ဖြူသည် ကျွန်တော့် အတွက်တော့ မြန်မာပြည်တွင် ချစ်စရာအကောင်းဆုံး မိန်းကလေးပင် ဖြစ်သည်။

သို့သော် ကျောင်းတုန်းက ကျွန်တော် နှင့် သူငယ်ချင်း ဖြစ်ခဲ့ဖူးသော ကောင်မလေးတစ် ယေက်က ဖြူ့ရောင် စုံဓာတ်ပုံကို ကြည့်ပြီး ....

"လှလဲ ..မလှဘူး" ဟု ဝေဖန်ခဲ့ဖူးလေသည်။

သည်တုန်းကထိုသူငယ်ချင်းမအား "နင်မျက်မှန်တပ်ဖို့ လိုပြီ" ဟုကျွန်တော် ပြန်ဟောက် ပစ်လိုက်သည်။

အမှန်တော့ ထိုသူငယ်ချင်းမ၏ စကားမှာ မမှား။

ဖြူသည် ချစ်စရာကောင်းသော်လည်း ရုပ် သိမ်မလှသည့် မိန်းကလေး ဖြစ်သည်။

ဖြူ့မျက်နှာတစ်ခုလုံးလှသည်ဟုပြောနိုင်သော အရာမှာ နှစ် ခုသာရှိလေသည်။ ယင်းမှာ သွေးသွယ်သော်လည်းနက်မှော င်သန်စွမ်းလွန်းသော မျက်ခုံးတန်းတစ်စုံနှင့် အမြဲတမ်းရဲတွတ်နီစွေးနေတတ်သည့် ခပ်ဟဟနှုတ်ခမ်းထူထူတစ်စုံသာ ဖြစ်သည်။

သို့သော် ထိုသို့ လှလှပပအရာသိပ်မရှိလှသော၊

ထိုသို့ ရှပ်အင်္ကျီကို စွဲလမ်းခုံမင်စွာ ၀တ်ဆင်တတ်သော ၊

ထိုသို့ အရပ်ပုကာဖွံ့ဖြိုးမှု ဆင်းရဲသော ၊

ထိုသို့ အလှပြင် လိမ်းကျံခြယ်သခြင်းကင်းသော ၊

ထိုသို့ မိန်းကလေးချင်းပင် လှလဲမလှဘူးဟု ဝေဖန်ခံရသော

ပါးလှပ်လှပ် ဖြူသည် ကျွန်တော့် အားအရူးအမူးပင် စွဲစေသည် ကတော့ အတော့်ကိုနားလည်ရခက်စွာ သော ကိစ္စတစ်ခုပင် ဖြစ်သည်။

ထိုသို့ နားလည်ရခက်စွာ သော ကိစ္စတစ်ခု၏ အစသည်ဆောင်းဦးပေါက်ကာလ၏ တစ်ခု သော နေ့လေးတစ်နေ့မျာစတင်ခဲ့ခြင်း ဖြစ်သည်။

ပထမကဏ္ဍ

ထိုနေ့မှစ၍
သူမ၏ အလှတွင်
ငါ၏ ဘ၀နှင့် မရဏသည်
ကိန်းဝပ်တည်၏ ။

(မောရစ်စကိဗ်)

(၁)

ဆောင်းဦးပေါက်ကာလ၏ တစ်ခုသော စနေနေ့လေးတစ်နေ့မှာ တော့ ကျွန်တော် ဗိုလ်ချုပ် ဈေးသို့ သွားခဲ့သည်။

ဗိုလ်ချုပ်ဈေးသို့ သွားရသည့်အကြောင်းမှာ ပစ္စည်းတစ်စုံတစ်ရာဝယ်ရန်အတွက် မဟုတ် သလို၊ အလှပြဗီရိုများ ထဲမှ အထူးအဆန်းမှန်သမျှကို လိုက်လံကြည့်ရှုန်အတွက်လည် မဟုတ်။ ဈေးထဲမှ သူငယ်ချင်းကျော်ကြီးကို ခေါ်၍ ကေကေ သို့မဟုတ် ကမ်းထရီလို အချက်အချာကျသော လက်လက်ရည်ဆိုင်တစ်ဆိုင်တွင် ဖြတ်သွားဖြတ်လာ ကောင်မလေးများ ကို ငေးမောရန်အတွက် ဖြစ်သည်။

တစ်နည်းအားဖြင့် ကျောင်းပြီးကတည်းက ဖောဖောသီသီရရှိလိုက်သည့် အချိန်ပိုများ နှင့် ပျင်းရိငြီးငွေ့နေသော ကျွန်တော် ၏ အချိန်ဖြုန်းနည်းတစ်မျိုးပင် ဖြစ်သည်။

စနေနေ့တို့၏ ထုံးစံအတိုင်း ဈေးအတွင်း ကားရပ်ရန် နေရာလွတ်မရှိနိုင်ကြောင်း သိပြီး ဖြစ် သဖြင့် ကျွန်တော့်ကားကို ဗိုလ်ရာညွှန့်လမ်းထဲတွင် ရပ်ကာ ရထားလမ်းကျော် ခုံးတံတားမှတစ်ဆင့် ဈေးထဲသို့ ကျွန်တော် ၀င်ခဲ့သည်။ တံတားပေါ်တွင် ခင်းထားသည့် ပျဉ်ချပ်တို့မှာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း (စိတ်ပျက်ဖွယ်ကောင်းလောက်အောင်) တကျွိကျွိနှင့် အော်မြည် ညည်းတွားကြ သည်။

အိုးမင်းမစွမ်း ဖြစ်နေသော တံတားပေါ်တွင် အသက်အောင့်၍ လျှောက်ရင်း နာမည် ကြီးလှ သော ဗိုလ်ချုပ်ဈေးစအား အထက်စီးမှအရသာခံ၍ ကျွန်တော် ကြည့်လာခဲ့မိသည်။

ထိုသို့ အရသာခံ၍ ကြည့်တတ်သော အကျင့်မှာ ဤဈေးသို့ ဤတံတားပေါ်မှ ဖြတ်၍ ၀င် တိုင်း ကျွန်တော့်၌ ပေါ်ပေါက်လာတတ်သည့် အကျင့်အဆန်းတစ်ခု ဖြစ်သလို၊ ဖြူနှင့် ကျွန်တော့်  အား စတင်ဆုံစည်းစေရန် ဖန်တီးပေးလိုက်သည့် အကျင့်လည်း ဖြစ်လေသည်။

ပထမဆုံး ကျွန်တော် ညာဘက်ခြမ်းပင်မရုံကြီးရှိရာဘက်သို့ ဆိုင်ကိုကြည့်သည်။ ထိုမှတစ် ဆင့် ဘယ်ဘက်သို့ နည်းနည်း ထပ် ရွှေ့လိုက်သည်။

ကျွန်တော် နှင့် မျက်စိတစ်တန်းတည်းနေရာ လမ်းကြားလေးကို မြင်ရသည်။ ထိုလမ်းကြား လေးထဲသို့ အာရုံစူးစိုက်၍ အကြည့်မှာ ပင် လွမ်းမောတသဖွယ်၊ ရင်ခုန်လှိုက်မောဖွယ်အ ဖြစ်အပျက် တို့၏ နိဒါန်းက စတင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုနိဒါန်းသည် အတော့် ကို ဆွဲဆောင်မှု ရှိသော နိဒါန်းတစ်ခု ဖြစ်သည်။

ရှပ်အင်္ကျီပွပွကြီးနှင့် အသားဖြူဖြူပါးပါးလှပ်လှပ် ကောင်မလေး တစ်ယောက် ကို ကျွန်တော် သွားတွေ့ သည်။ အရောင် ဖျော့ဖျော့အင်္ကျီနှင့် အရောင် မှိုင်းမှိုင်းလုံချည်ကို ၀တ်ထားသည့်တိုင် များ စွာ သော လူတို့အတွင်း သူ့ပုံက စူးရှ ထင်ပေါ်စွာ ကျွန်တော့်အမြင်အာရုံထဲသို့ တိုးဝင်လာလေသည်။ (တကယ်တော့ လူအများ ကြီးထဲမှ တစ်စုံ တစ်ယောက် တည်းကို ကွက်၍ သတိပြုမိသော ကိစ္စမျိုး သည် ထူးထွေဆန်းကြယ်လှသည့် ကိစ္စမျိုးမဟုတ်၊ မည် သူမဆို မကြာခဏကြုံကြိုက်နိုင်သည့် ကိစ္စ မျိုးပဲ ဖြစ်သည်။)

သို့သော် ထိတစ်စုံ တစ်ယောက် ကြောင့် နှလုံး ရောဂါ သည် တစ်ယောက် ပမာ ရင်တွေ တဒိန် ဒိန်းခုံသွားရသည့်ကိစ္စမျိုး ကတော့ မကြာခဏ ကြုံကြိုက်နိုင်သည့် ကိစ္စမျိုးမဟုတ်။

တံတာ၏ တစ်ဖက်ထိပ်သို့ ရောက်လာသည့်တိုင် ကျွန်တော် အောက်သို့ ဆက်မဆင်းသေး ဘဲ သူ့ကို ရင်ခုန်စွာ ငေးကြည့်နေမိသည်။

သူ လမ်းလျှောက်လာဟန်က လေထဲမှာ လွင့်မျောလာသလို တစ်လှမ်းချင်း ရွရွကလေ လှမ်းလာခြင်းမျိုး ဖြစ်သည်။ တစ်ချက်တစ်ချက် နဖူးပေါ်ဝေ့၀ဲကျလာသည့် ဆံပင်လေးများ ကို ညာ လက်နှင့် ဆတ်ခနဲ သပ်တင်လိုက်တိုင်း ကျွန်တော့် ရင်ထဲမှာ ကတုန်ကယင် ဖြစ်သွားမိသည်။

တံတားထိပ်တွင် ရပ်လျက် သူ့ကို ငေးမောရင်း မှင်တက်နေမိစဉ်မှာ ပင် သူ၏ ညာဘက်ရှိ (ယခု အသစ်ပြန်ဆောက်လိုက်ပြီ ဖြစ်သော ) စားသောက်ရုံထဲသို့ လှစ်ခနဲ ၀င်ရောက်ပျောက်ကွယ် သွားတော့သည်။

ကျွန်တော် ခဏမျှ ငေးကြည့်နေမိသေးသည်။ နောက်မှ ဖျတ်ခနဲ အသိဝင်လျက် တံတား ပေါ်မှ အမြန်ဆင်းလိုက်မိသည်။ ထို့နောက်တော့ အားကစားသမား တစ်ယောက် ၏ ခြေလှမ်းမျိုး သူ ၀င်သွားရာ စားသောက်ရုံဆီသို့ ကျွန်တော် အမြန်လျှောက်သွားခဲ့မိသည်။

ကျွန်တော် စားသောက်ရုံဆီသို့ ရောက်ခါနီး အချိန်မှာ ပင် ထိုရုံထဲမှ သူပြန်ထွက်လာသည်။ ထို့နောက် ဒီရုံလား၊ စီရုံလား ကျွန်တော် အသေအချာမသိသော ရုံထဲသို့ သူဝင်သွားသည်။

ကျွန်တော် သူ့နောက်သို့ ကင်ဖောလက်၏ ၀တ္ထုထဲမှ စပိုင် တစ်ယောက် ပမာ နောက်ယောင် ခံလိုက်လာခဲ့မိသည်။

သူ ကတော့ ကျွန်တော် ကပ်ပါလာသည်ကို သပုံမရ။

ဘယ်ချိုးညာကွေ့ဖြင့် ဆိုင်တစ်ဆိုင်ရှေ့တွင် သူရပ်သည်။ သူရပ်သော ဆိုင်မှာ အမျိုးသမီး ၀တ်ပိတ်စများ ရောင်းသော ဆိုင် ဖြစ်၍ ပိတ်စ၀င်ဝယ်တာဟု ကျွန်တော် ထင်လိုက်မိသည်။

သို့သော် ဆိုင်ရှေ့ရှိ ခွေးခြေတွင် သူခပ်တည်တည်ဝင်ထိုင်လိုက်ခြင်းဖြင့် ကျွန်တော် ၏ အထင်အမြင်တို့ကို လွဲမှားသွားစေခဲ့သည်။ ဆိုင်ပေါ်မှ ရွှေကိုင်းမျက်မှန်နှင့် မိန်းမ၀၀ကြီးကို တစ်ခုခု လှမ်းပြောရင်း ပိတ်စပုံဘေးမှ ယပ်တောင်တံချောင်းကို ဆွဲယူကာ ယပ်များ ပင် အေးအေးဆေးဆေး ခပ်နေသေးတော့သည်။

ကျွန်တော် ခပ်လှမ်းလှမ်းတွင် ရပ်လျက်အကဲခတ်မိနေသည်။ တအောင့်ကြာတော့ လက် ဖက်ရည်ဆိုင်မှ လုပ်သား တစ်ယောက် သူတိုင်နေသော ဆိုင်သို့ လက်ဖက်ရည်နှစ် ခွက်လာပို့သည်။ သည်တော့မှ စောစောက သူ စားသောက်ရုံသို့ သွားတာ လက်ဖက်ရည် သွားမှာ တာ ဖြစ်မည် ဟု ကျွန်တော် စဉ်းစားလိုက်မိသည်။ ဒါဆို သူ သည်ဆိုင်ကပဲ ဖြစ်မည် ။

နဖူးစည်းတွင် ချိတ်ထားသည့် ဆိုင်အမည် နှင့် ဆိုင်နံပါတ်ကို ကျွန်တော် မှတ်မိလိုက်သည်။ ထို့နောက် ကျွန်တော့်အား တစ်ချက်မှ လှမ်းမကြည့်ခဲ့သော သူ့မျက်နှာကို သေသေချာချာစိုက် ကြည့်ရင်း ကျော်ကြီးတို့ဆိုင်ရောက်တော့ ကျော်ကြီးကမရှိ။

ကျော်ကြီး၏ အစ်မကိုသာ တွေ့ ရသည်။

“မင်းလာရင် (ကေကေ) ကို လိုက်ခဲ့ပါလို့ မှားသွားတယ် မောင်မောင်သော်”

ကျွန်တော့် ကို တွေ့ တွေ့ ချင်း ကျော်ကြီးအစ်မက ဆီးပြောပြောသည်။ ဆိုင်မှာ ဖင်ပူအောင် မထိုင်တတ်သည့် သည်ကောင့်အကျင့်ကို သိပြီး ဖြစ်၍ အထူးတလည် ၀မ်းနည်းမနေတော့ဘဲ (ကေကေ)ကို ချက်ချင်း လိုက်ရသည်။

သူရှိမည့် နေရာကို မှာ သွားဖော်ရသည်ကိုပင် ကျေးဇူးတင်ရဦးမည် ။

တစ်ခါတစ်ရံ တဇွတ်ဇွတ် သူ့ဆိုင်ကို လာရှာသည့်တိုင် ကျော်ကြီးကို မမိချင်။ ဆယ့်နှစ် ရာ သီ လမ်းသွားနေရမှ စားဝင်အိပ်ပျော်သူ ဖြစ်သည်။ လမ်းကိုဖြတ်ကူးလျက် ကေကေသို့ လှမ်းအ၀င် မှာ ပင် ရင်မောသွားရ၏ ။ ကျော်ကြီးမရှိ။

ဆိုင်မှာ ချာတိတ်ကို ကျော်ကြီးရှိလားဟု မေး ဖြစ်သည်။

“လာတယ်အစ်ကို သူ့သူငယ်ချင်းတွေ လာရင် ကမ်းထရီးကို လွှတ်လိုက်ပါလို့ မှာ သွာ တယ်။”

ဖြစ်ရမယ်ဟုတွေးရင် ကန်းထရီးဟောက်စ်ကို လိုက်ရပြန်သည်။ သည်မှာ တော့ ကျော်ကြီး တကယ်ရှိနေပါသည်။ ကျော်ကြီးတင်မက သူရအောင်နှင့် တင်ငွေကိုပါတွေ့ ရသည်။

“ငါက မင်းမလာတော့ဘူးလား အောက်မေ့လို့ အတော် ဘဲ လက်ဖက်ရည်ဆိုင်ဖိုးရှင်းမယ့် ဒကာစောင့်နေတာနဲ့”

“အလှူအတန်း ၀ါသနမပါတာ ကြာပြီ”

ဆိုင်လုပ်သား တစ်ယောက် ကို လှမ်းခေါ်ရင်းလက်ဖက်ရည်တစ်ခွက် မှာ လိုက်သည်။

ပြီးတော့ ကျော်ကြီးဘက်လှည့်ရင်း….

“မင်းကို စုံစမ်းခိုင်းစရာ တစ်ခုရှိလို့” ဟု အစချီကာ စောစောကတွေ့ ခဲ့တဲ့ ကောင်မလေး၏ ဆိုင်နာမည် ကို ပြောလိုက်မိသည်။

ကျွန်တော့်စကားကိုကြားတော့ ကျော်ကြီးရော တင်ငွေတို့ကပါ ၀ိုင်းရယ်သည်။

“ဘာ ဖြစ်ကြတာလဲ”

ကြောင်တောင်တောင်နှင့် ပြန်မေးလိုက်မိသည်။

ကျော်ကြီးက အရယ်ရပ်ရင်း…

“ငါ စုံစမ်းမပေးနိုင်ဘူး”

“လုပ်ပါကွာ..လက်ဖက်ရည်ဖိုးရှင်းပ့ါမယ်”

“စုံစမ်းမပေးနိုင်ဘူးဆိုတာ စုံးစမ်းပေးစရာ မလိုလောက်အောင် သူ့အကြောင်း ငါတို့သိနေ လို့ကွ။ သွားမလုပ်နဲ့ောမင်သော် နာသွားမယ်”

ကျော်ကြီးစကားကြောင့် စိတ်ထဲမှာ တစ်မျိုးတော့ ဖြစ်သွားမိသည်။

“သူ့နာမည် က ဖြူတဲ့။ ဆိုင်ရှင့်သမီး မဟုတ်ဘူး။ အရောင်းစာရေး မ၊ ဈေးထဲရောက်တာ သုံးလေးလပဲ ရှိသေးတယ်။ နာမည် ကတော့ ကြီးသလား မမေးနဲ့”

“ဘယ်လို နာမည် ကြီးတာလဲ”

ကျွန်တော် ဖြတ်မေးလိုက်မသည်။

“ရှုပ်တယ်လို့ နာမည် ကြီးတာ။ ဒါပေမဲ့ ဒီဈေးရောက်တော့ ရှုပ်တာပြုတာ သိပ်မတွေ့ မိ သေးဘူး။ တချို့သွားစကားပြောတယ် အဆင်မပြေဘူး။ တချို့သွားစကားပြောတယ် အဆင်ပြေ တယ်လို့ ပြောတယ်။ ဘယ်ဟာ အမှန်လဲတော့ မသိဘူး။”

ကျော်ကြီး၏ စကားများ ကြောင့် ….

ကျွန်တော် ဖြူ့အတွက် နှမြောသလို ဖြစ်သွားမိသည်။

“မင်း စိတ်ဝင်စားလို့လား”

သူရအောင်က ကျွန်တော့်ကို လှမ်းမေးသည်။

ကျွန်တော် တစ်စုံတစ်ရာ အဖြေပြန်မပေးမိ။။

“စိတ်ဝင်စားရင်တော့ ငိုင်မနေနဲ့ မောင်သော်၊ လိုက်သာလိုက်၊ ဒါမျိုးဆိုတာက သိပ်တွေ ဝေစဉ်းစားနေလို့ မ ဖြစ်ဘူး။ လောကမှာ ကိုယ့်ထက် လျင်မြန်ဖျတ်လတ်တဲ့လူတွေ တစ်ပုံကြီး၊ တော် ကြာ …သူများ နောက်ပါသွားလိမ့်မယ်။”

တင်ငွေက အားပါးတရ ၀င်တိုက်တွန်းသည်။

တင်ငွေ့စကားကြောင့် ကျွန်တော် ရယ်လိုက်မိသည်။

“မင်းပြောပုံက ငါလိုက်ရင် ငါ့နောက် အသေအချာပါလာ့မယ့်အတိုင်းပဲ”

“ဒါပေါ့ …ပါရမှာ ပေါ့။ ဘာ ဖြစ်လို့ မပါရမှာ လဲ။ ဒီမှာ မောင်သော်၊ လောကမှာ သေချာမှု ဆို တာ ကိုယ့်ဖာသာကိုယ် လုပ်ယူလို့ရတယ်။”

တော် ရုံတန်ရုံ အခြေအနေဆိုလျှင်တော့ တင်ငွေ့စကား အလွန်အမင်း စိတ်ဓာတ်တက်ကြွ ဖွယ်ရာ စကားပင် ဖြစ်သည်။

သို့သော် အခြေအနေက တော် ရုံတန်ရုံ အခြေအနေမျိုးမဟုတ်။

ဖြူက ရှုပ်သတဲ့။

ဖြူပြန်လျှင် ရထားလမ်းကျော်တံတားကို ဖြတ်လျက် ယောမင်းကြီးလမ်းထိပ်မှာ ကားသွား စီးတတ်သည်ဟု ကျော်ကြီးက လက်ထောက်ချသည်။

ရင်ထဲမှာ တော့ ကိုယ့်ကိုယ်ကိုယ် မပြတ်သား။

ကြားရသည့်တသင်းတွေ က တစ်ခုမှ အားရစရာမရှိ။

ဖြူ့ကို စိတ်ဝင်စားသလို ဖြစ်မိသော်လည်း တကယ့်တကယ်ချဉ်းကပ်ရန် ကျွန်တော် လက် တွန့်နေမိသည်။

ဖြူသည်….

စကတည်းက ဆိုသလိုပင် ကျွန်တော့်အား တွေ ဝေစေသူ ဖြစ်သည်။ သည်လိုနှင့် တစ်ရက် တန်သည် နှစ် ရက်တန်သည် ကျွန်တော် မပြတ်မသား ဖြစ်နေမိသည်။

“ယောက်ျားလေးပဲကွာ။ အပျော်ပေါ့… စကြည့်ပါလား”ဟု ကျော်ကြီးတို့က အတင်း တိုက်တွန်းလာ သည့်အခါ ကျွန်တော် နားယောင်ချင်ချင် ဖြစ်လာမိသည်။

သည်လိုဖြင့် အပျော်သဘောပေါ့ဟု ကိုယ့်ကိုယ်ကိုယ် အားပေးလျက် ဖြူု့ကို ချဉ်းကပ်ရန် ကျွန်တော် ဆုံးဖြတ်လိုက်မိသည်။

လာမည့် စနေနေ့ကို စစ်ဆင်ရေး နေ့ (ဒီးဒေး) ဟု ကျွန်တော် တို့ သတ်မှတ်လိုက်ကြသည်။

ဗျူဟာမှူး ဖြစ်သူ ကျော်ကြီးက တံတားရင်းကစောင့်၊ ဖြူလာတာနဲ့ လိုက်ပြောဟူ၍ သေနင်္ဂ ဗျူဟာ ဆွဲပေးပါသည်။

တကယ့်တကယ် အပျော်ဟု ရည်ရွယ်ပြီးပါလျက် ရရင်အမြတ်၊ မရရင် အရင်းဟု စိတ်ပိုင်းဖြတ်လ ပြီးပါလျက် စနေနေ့ညနေ မတိုင်မီ တစ်နေ့လုံး ကျွန်တော် ရင်တွေ ခုန်နေမိသည်။ ဖြူသည် အံ့သြ ဖွယ်ရာ ခံစားမှု များ စွာ ကို ပေးစွမ်းနိုင်သူ ဖြစ်၏ ။

********

(၂)

မိန်းမကိုင် ပိုက်ဆံအိတ် သေးသေးရှည်ရှည်လေး တစ်ခုမှလွဲ၍ မည် သည့်ဝန်စည်းစလယ်မျှ မပါ သော ဖြူသည် နွဲ့နွဲ့လေးလှမ်းလျက် ဖြည်းညှင်းစွာ လျှောက်လာ၏ ။

“တံတားရင်းက စပြော” ဟု ကျော်ကြီး အမိန့်ပေးထားသည့်တိုင် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေ ကြသော ယောက်ျာလေးများ စွာ ၏ မျက်လုံးများ ရှေ့တွင် ပြောရဲလောက်အောင် ကျွန်တော် သတ္တိ မကောင်းပါ။

တံတားပေါ်မှ တက်လျက် စောင့်နေမိ၏ ။

ယိုင်တိယိုင်တိုင် လှေကားထစ်များ ကို တစ်ထစ်ချင်းနင်းလျက်တက်လာသည့် ဖြူ့ဟန်က အားရ စရာမရှိ။ လေတိုက်လျှင် လွင့်ထွက်သွားလေမဟားဟု စိုးရိမ်လောက်အောင် နွဲ့နှောင်းကာ ယဲ့ယဲ့ ကလေး ဖြစ်သည်။

အပေါ်ဆုံး လှေကားထစ်ပေါ်သို့ သူ စလှမ်းချိန်မှာ ပင် သူ့အနားသို့ တိုးကပ်သွားမိသည်။

“ဖြူ..နေကောင်းတယ်နော်”

ကျွန်တော့်စကားကြောင့် ဖြူ ဇဝေဇ၀ါ ဖြစ်စွာ မော့်ကြည့်သည်။

“မင်းနဲ့ ကိုယ်နဲ့ သိကြလို့လား”

“အသေအချာကို သိတာပေါ့။ ဖြူနဲ့ကိုယ် တစ်ခါဆုံဖူးတယ်လေ မမှတ်မိဘူးလား”

“ဘယ်နေရာမှာ ပါလိမ့်”

“ကိုယ့်အိပ်မက်ထဲမှာ ”

ဖြူ ပြုံးယောင်ယောင်ပြုသည်။

အခြေအနေ အရပ်ရပ်ကိုလည်း သုံးသပ်မိသွားဟန်တူ၏ ။

“အဲဒီ ညကတည်းက လိုက်မနှောင့်ယှက်ပါနဲ့လို့ မင်းကို ကိုယ်ပြောခဲ့တယ် မဟုတ်လား”

“ကိုယ် ဖြူ့ကို စကားတွေ အများ ကြီး ပြောစရာရှိနေတယ်ဖြူ….”

“ယောက်ျားတွေ ပြောချင်တဲ့ စကားတိုင်းကို လိုက်ပြီးနားထောင်နိုင်ဖို့ ကိုယ့်မှာ အချိန်တွေ မချမ်း သာသေးတဲ့အတွက် ကိုယ်ဝမ်းနည်းပါတယ်။ ကဲ…ကိုယ်သွားမယ်”

ပြောပြောဆိုဆို ဖြူ လှည့်ထွက်သွား၏ ။

အာဂဖြူပါပဲ…

ကျွန်တော် နည်းနည်း တော့ ဖြုံသွားမိသည်။ သို့သော် ချက်ချင်း ပင် ဖြူ့နောက်သို့ အပြေးလိုက်မိ သည်။ တံတားတွင် ခင်းထားသည့် ပျဉ်ချပ်တို့၏ တကျွိကျွိမြည် သံကြောင့် ဖြူလှည့်ကြည့်သည။်

“မင်း မပြန်သေးဘူးလား”

“ကိုယ်ပြန်ပြီလေဖြူ၊ ကိုယ့်အတွက် ကံကောင်းတာတစ်ခုက ကိုယ်ပြန်မယ့်လမ်းနဲ့ ဖြူပြန် မယ့်လမ်းဟာ တစ်ထပ်တည်း ဖြစ်နေတာပဲ”

ကျွန်တော့်စကားကြောင့် ဖြူ နှာခေါင်းရှုံ့သည်။

(ဖြူ၏ ချစ်စရာကောင်းလှသော အမူအရာများ ထဲတွင် နှာခေါင်းရှုံ့တာ တစ်ခုလည်းပါ သည်။)

“ကိုယ့်နာမည် မောင်မောင်သော်တဲ့…ဖြူ”

“ကိုယ် မမေးမိပါလား”

“ဒါပေမယ့် ကိုယ်က သိပ်ပြောချင်နေတာလေ”

ဖြူဘာမှ ပြန်မပြောပါ။

“ကဲ.. ခုဆို ဖြူနဲ့ကိုယ် သူငယ်ချင်းတွေ ဖြစ်သွားကြပြီ။ ကြည့်စမ်း ဘယ်လောက်အံ့သြစရာ ကောင်းသလဲ။ အိမ်ပြန်လမ်းတစ်ခုမှာ သူငယ်ချင်းနှစ် ယောက် အတူတူလမ်းလျှောက်ပြီးပြန်နေကြ ပြီလေ…

ပြောရဦးမယ် ဖြူ၊ သူငယ်ချင်းတွေ ဆိုတာက တစ်ယောက် အပေါ် တစ်ယောက် ဧည့်ဝတ် ကျေရတယ်လေး။ ဒီတော့ ကိုယ်ဖြူ့ကို လက်ဖက်ရည်တစ်ခွက်လောက် တိုက်ပါရစေလား။”

“ဆောရီးကွယ်၊ အလှူအတန်း လိုက်ချီးမြှင့်တဲ့ကိစ္စ ကိုယ်ဝါသနာမပါဘူး။”

ဗိုလ်ရာညွှန့်လမ်းမှ ညာဘက်သို့ ချိုးလျက် ယောမင်းကြီးလမ်းအတိုင်း လျှောက်လာကြ သည်။

“မင်း…ဘယ်အထိတောင် ဆက်လိုက်နေမှာ လဲ…ဟင်”

“ကိုယ်လား…. ဖြူ ကိုယ့်ကို သူငယ်ချင်း တစ်ယောက် လို အသိအမှတ်ပြုတဲ့အထိပေါ့”

ဖြူ ယဲ့ယဲ့ပြုံး၏ ။

“ဒီလိုလား.. ဒါဆို မင်းလှည့်ပြန်တော့ မောင်မောင်သော်၊ ကိုယ် မင်းကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုလိုက်ပြီ ဟုတ်ပြီလား”

“ဒါပေမယ့် ဖြူ့ကို ကိုယ်ပြောစရာတွေ အများ ကြီးရှိသေးတယ်”

“ကိုယ် ဒီနေ့တစ်နေ့လုံး ပင်ပန်းနေတယ်ကွာ၊ ခေါင်းထဲမှာ လဲ ငြီးစီစြီံကီး ဖြစ်နေတယ်။ နောက်မှ ဆွေးနွေးကြရအောင်လား။”

မျက်နှာကို မဲ့ရင်းပြောလိုက်သည့် ဖြူ့စကားကြောင့် …

ကျွန်တော် နည်းနည်း တော့ သနားသွားမိသည်။

“ကောင်းပြီလေး ဖြူ ကိုယ်ပြန်ပါ့မယ်။ ဒါပေမဲ့ နည်းနည်း တော့ ပြောခဲ့ပါရစေ”

“မင်းကို ကိုယ် ဆယ်ခွန်းပြောခွင့်ပြုမယ်။ ပြီးရင် မင်းပြန်ရမယ်..ဘယ်လိုလဲ”

“စမ်းကြည့်တာပေါ့”

“ကဲ….ပြော”

“ကိုယ် မင်းကို စွဲလမ်းနေမိပြီဖြူ၊ စတွေ့ တဲ့နေ့ကတည်းက စွဲလမ်းနေမိတာ။ ညအိပ်ရင်လဲ မင်းအကြောင်းပဲ တွေးနေမိတယ်။ ပြီးတော့လေ ….”

“မင်း သိပ်ညံ့သေးတာပဲ မောင်မောင်သော်”

“ဘယ်လို……”

“ဟုတ်တယ်၊ မင်း…တော် တော် ကို ညံ့နေသေးတယ်။ ကိုယ်သာ မြန်မာစာဆရာမ ဆို မင်းခေါင်းကို ခေါက်ပစ်လိုက်တာကြာပြီ မလိုအပ်ဘဲနဲ့ ဘာ ဖြစ်လို့ စကားလုံးတွေ အများ ကြီးသုံး နေရတာ လဲ။ မင်းဆိုလိုချင်တာက မင်း…ကိုယ့်ကို ချစ်နေတယ် ဒါ မဟုတ်လား”

ကျွန်တော် ဖျားသွားသည်။

“ကဲ…ခု ကိုယ်သိပြီပဲ၊ မင်း ပြန်တော့ ဟုတ်လား”

ဖြူ့စကားကြောင့် ရင်ထဲမှာ တော့ နည်းနည်း အောင့်သွားမိသည်။

“ကောင်းပြီလေ၊ ကိုယ်ပြန်မယ်ဖြူ”

“အိုကေ”

ဖြူ ဆက်လျှောက် သွားပါသည်။

ကျွန်တော် မပြန်သေးပါ။ ဖြူ့ကို ငေးကြည့်နေမိသည်။

တစ်မျိုးလေးပဲ

တစ်မျိုးလေးမှ တစ်ကယ့်ကို တစ်မျိုးလေးပဲ

ထိုညက ကျွန်တော် ကောင်းစွာ အိပ်၍ မပျော်ပါ။ ပါးလှပ်လှပ်ကိုယ်လုံးကလေးနှင့် ဖြူ၏ ပုံရိပ်ကိုသာမြင်ယောင်နေမိသည်။

နောက်နေ့ကျတော့လည်း ဈေးပိတ်ရက် ဖြစ်နေသော ကြောင့် လူလည် နေမထိထိုင်မသာ ဖြစ်နေသည်။

ထိုသို့ နေမရထိုင်မရ ဖြစ်လာတိုင်း ငါ ဖြူ့ကို တကယ်များ စွဲလမ်းနေမိပြီလားဟူသည့် အတွေးက ခေါင်းထဲသို့ ရောက်ရောက်လာတတ်မြဲ ဖြစ်သည်။

မ ဖြစ်နိုင်ပါဘူးလေ။ သူ့မှာ ဘာများ စွဲမက်စရာ ရှိလို့လဲ။

ဒါဟာ အပျော်ပဲ။ အပျော်သဘောနဲ့ စတဲ့ကိစ္စပဲ။

ပေါ့ပေါ့တန်တန် သဘောထားလျက်….

ကိုယ့်စိတ်ကိုယ် ဖြေမိ၏ ။

******

(၃)

တနင်္လာနေ့မှာ တော့ မနက်အစောကြီးထလျက် ယောက် လမ်းကားဂိတ်မှာ ဖြူ့ကို သွား စောင့်နေမိသည်။

ကျော်ကြီးစကားအရ ဖြူသည် မြောက်ဥက္ကလာပမှာ နေသည် ဟု သိရသည်။

ဗိုလ်ချုပ်ဈေးသို့ ရှစ်နာရီအရောက် ရောက်ရန်အတွက် ဖြူဘယ်အချိန်ကတည်းက အိပ်ရာ ထကာ အိမ်မှထွက် အိမ်မှထွက်လာရမလဲဟု တွေးရင်း ဖြူ့ဘ၀အတွက် သနားနေမိသည်။ ပုလဲ ရှေ့မှာ ကားကို ရပ်လျက် ကားဂိတ်ကို လျှောက်လာမိသည်။

တစ်ခါမှ သည်လောက်အစောကြီး အိပ်ရာမှ မထဖူးသည့် ကျွန်တော့်ကို တစ်အိမ်သားလုံး က အံ့အားသင့်လျက် ဘယ်သွားမလို့လဲဟု ၀ိုင်းမေးနေကြသေးသည်။

မေးလည်း မေးစရာပါပဲ။ ကျွန်တော့်ရဲ့ ပုံမှန်အိပ်ရာထချိန်က အမြဲတမ်း (၁၀) နာရီခွဲ ဖြစ်၏ ။ ဘောင်းဘီအိတ်ထဲသို့ လက်နှိုက်လျက် ကားဂိတ်မှာ ကျွန်တော် ရပ်၍ စောင့်နေမိသည်။

နာရီကြည့်တော့ (၇) နာရီခွဲသာသာရှိသေး၍ လက်ဖက်ရည်တစ်ခွက်လောက် သွား သောက်ရင် ကောင်းမလားဟု စိတ်ကူးလိုက်မိသေးသည်။

သို့သော် သည်လောက်တော့ ကျွန်တော် မစွန့်စားရဲပါ။

တော် ကြာ ကျွန်တော် ကအထွက်၊ ဖြူက အဆင်းနှင့် ကပ်လွဲ သွားပါက စောစောစီးစီး အိပ် ရာထခဲ့သမျှ အလကား ဖြစ်သွားနိုင်သည်။

တအောင့်ြ ကတော့ (၄၃) ကားပေါ်မှ ဖြူဆင်းလာသည်ကို တွေ့ ရသည်။ ယိုးဒယား ဖြစ် မိကျောင်းစပို့ရှပ်အနက်ရောင် ကလေးကို ၀တ်ထားပြီး အပေါ်မှ ဂျင်းကတ်တစ်ထည်ကို ၀တ်ထား သည်။

ထဘီ ကတော့ ဖြူ့ထုံးစံအတိုင်း အရောင် မှိုင်းမှိုင်း ဂန့်ဂေါလုံချည် ဖြစ်သည်။ မျက်နှာကို အချိုသာဆုံးပြုံးလျက် ဖြူ့နားသို့ လျှောက်သွားမိသည်။

ကျွန်တော့် ကိုတွေ့ တော့ ဖြူ အံ့သြသလို ဖြစ်သွားသည်။

“မင်္ဂလာ မနက်ခင်းပါ ဖြူ”

ကျွန်တော့်နှုတ်ဆက်စကားကြောင့် ဖြူ ပြုံးသည်။

“အဲဒါ ဂွတ်ဒ်မောနင်းကို ပြောတာလား”

“ဒါပေါ့”

ဖြူက မရပ်ဘဲ ဆက်လျှောက်သဖြင့် ကျွန်တော့် သူနားသို့ ကပ်လိုက်လာမိသည်။

“စောစောစီးစီး အချမ်းပြေ ကော်ဖီခါးခါးလေး တစ်ခွက်လောက် သောက်ချင်စိတ်များ မပေါ် မိဘူးလား ဖြူ”

“အိမ်က ပဲပြုတ်နဲ့ထမင်းကြမ်း တ၀တီးလာလို့ ရင်တွေ ပြည့်နေတယ်”

“ဒါဆိုလဲ ရင်ချောင်သွားအောင် စပါကလင်လေး ဖြစ် ဖြစ်သောက်ပါလား ဖြူ”

ဖြူက ပြုံးရင်း ကျွန်တော့် ကို တစ်ချက်လှည့်ကြည့်၏ ။

“အဲ့လိုပဲ …မိန်းကလေးတိုင်းကို လိုက်ပြီးကျွေးမွေးနေတာပဲလား….”

“ဒါပေါ့ …ကိုယ်က ကုသိုလ်ယူချင်တဲ့လူပဲ ဥစ္စာ”

“ဒါပေမယ့် ..မိန်းကလေးတိုင်း ကတော့ လိုက်မစားဘူး မဟုတ်လား”

“စေတနာကို နားမလည်တဲ့ တချို့မိန်းကလေးတွေ ဆိုရင် ပေါ့”

ကျွန်တော့်စကားကြောင့် ဖြူ ရယ်သည်။ ဖြူ၏ ရယ်သံမှာ နားထောင်၍ အလွန်ကောင်း သော ရယ်သံလွင်လွင်လေး ဖြစ်သည်။

“အဲဒီ အုပ်စုထဲမှာ ကိုယ်ပါပါသွားတဲ့ အတွက် ဂုဏ်ယူတယ်”

“ကိုယ့်အတွက်တော့ ၀မ်းနည်းစရာပဲ”

ပုလဲကို ကျော်လာသည်။ ကျွန်တော့်ကားကိုလည် သည်အတိုင်းပဲ ထားခဲ့တော့မယ်ဟု စိတ်ကူးလျက် လိုက်လာမိသည်။

“မင်း ကိုယ့်ဆိုင်အထိတော့ မလိုက်ခဲ့ဘူး မဟုတ်လား”

“အသေအချာကို လိုက်ခဲ့မှာ ပေါ့”

ကျွန်တော့် စကားကြောင့် ဖြူက ကျွန်တော့် မျက်နှာကို တစ်ချက်လှမ်းကြည့်ရင်း…

“အဲဒါတော့ နားလည်မှု ရှိကွာ၊ ကိုယ့်ဆိုင်ရှင် အမြင်ကြည်လင်တာ မဟုတ်ဘူး။”

“ ဖြစ်နိုင်တာပေါ့ သူက မျက်မှန်ကြီးနဲ့ဥစ္စာ”

ဖြူက ပြုံးရင်း…

“ဆိုင်အထိတော့ မလိုက်ခဲ့နဲ့နော် ” ဟု ထပ်ပြောသည်။

“လိုက်မှာ ပဲ ဖြူက ကိုက်ကျွေးတာမှ မစားတာ”

“နေစမ်းပါဦး ဘာ ဖြစ်လို့ ဒီလောက် ကိုယ့်ကို ကျွေးချင်းမွေးချင် ဖြစ်နေရတာ တုံး”

“ဖြူက သိပ်ပိန်တယ်လေ၊ ဒါကြောင့် …..”

ဗိုလ်ရာညွှန့်လမ်းထိပ်ကိုရောက်တော့ ဖြူက စိုးရိမ်ဟန်နှင့် “ပြန်တော့နော်” ဟု ထပ်ပြော သည်။

“ဟင့်အင်း”

“ကိုယ်တစ်နေ့ကို ထမင်းနှစ် နပ်စားနေသားနဲ့ မင်းကဘာ ဖြစ်လို့ ကိုယ့်ကို စိတ်ပူနေရတာ လဲ မောင်မောင်သော်”

“ကိုယ်က မင်းသူငယ်ချင်းလေ ဖြူ၊ ပြီးတော့ မင်းကိုလဲ ချစ်နေတယ်လေ”

လမ်းထိပ်အရောက် ဖြူ တုံ့ခနဲရပ်လိုက်သည်။

“ကိုယ် ဒီအလုပ်ကို ခက်ခက်ခဲရထားတာ မောင်မောင်သော်၊ ကိုယ် အလုပ်မပြုတ်ချင်ဘူး”

“အိုကေလလေ၊ ဒါဆို ညနေကျရင်တော့ ဖြူ ကိုယ်ကျွေးတာကို လိုက်စားပါ့မယ်လို့ ကတိပေး..ကိုယ်ပြန်မယ်”

“ကိုယ်က အစားပုပ်တယ် မောင်မောင်သော်”

“ပုပ်ပစေပေါ့။ ကိုယ်ကလဲ အဲလိုလူမျိုးကိုမှ ကျွေးချင်မွေးချင်နေတာ”

ဖြူက တွေးဆဆနှင့် စဉ်းစားဟန်ပြု၏ ။

“ကိုယ် ကတိပေးရင် မင်းတကယ်ပြန်မလား”

“အသေအချာပေါ့”

“ကောင်းပြီလေ ဒါဆို ညနေကျရင် မင်းကျွေးတာ ကိုယ်လိုက်စားပါ့မယ်။ ဒါပေမဲ့ မင်းရည် ရွယ်ချက်တွေ အောင်မြင်မယ် မအောင်မြင်ဘူးတော့ ကိုယ် အာမ မခံဘူးနော်”

ဖြူ့စကားကြောင့် ဘာကိုဆိုလိုတာလဲဟု မေးလိုက်မိသည်။ ဖြူက ကျွန်တော့်မျက်လုံးကို တည့်တည့်စိုက်ကြည့်ရင်း…

“မင်းက ကိုယ့်ကို တစ်ခုခုလိုက်ကျွေးပြီး ကိုယ်နဲ့ရင်းနှီးအောင်လုပ်မယ်၊ ပြီးတော့ ကိုယ်နဲ့ ချစ်သူ ဖြစ်ဖို့ ကြိုးစားမယ်။ ဒီလို မဟုတ်လား”

ဖြူ့စကားကြောင့် ကျွန်တော် နည်းနည်း တော့ ကျွတ်သွားသည်။

“ သိလှချေလားဖြူ”

“ဒီတော့ မင်းစဉ်းစားနော်၊ ကိုယ့်ကို ကျွေးမွေးပြီးမှ မင်းကိစ္စ မအောင်မြင်ရင်တော့ ကိုယ့် ကို အပြစ်မတင်နဲ့”

“ကိုယ် ကြိုးစားတာပေါ့”

“ဒါဆို ကိုယ်သွားမယ်”

ဖြူ ချာခနဲလှည့်ထွက် သွားပါသည်။ ထုံးစံအတိုင်း ဖြူ့ကို ခဏတော့ ငေးကြည့်နေမိသေး သည်။ နောက်မှ သက်ပျင်းချရင်း ကားဆီသို့ ပြန်လျှောက်လာခဲ့မိသည်။ ထို့နေ့တစ်နေ့လုံး ကျွန် တော် ပျော်သလိုလို၊ ၀မ်းနည်းသလိုလိုနှင့် တစ်မျိုးကြီး ဖြစ်နေသည်။

ညနေကျတော့ ကျော်ကြီးတို့ကို အသိမပေးတော့ဘဲ (ကမ်းထရီး)မှာ ထိုင်ရင်း ဖြူ့ကို စောင့်နေမိသည်။ ပုံမှန် ဖြူ ပြန်ချိန်ရောက်သည့်တိုင် ဖြူထွက်မလာပါ။ ကျွန်တော် စိတ်ပူသွားမိ သည်။ ဖြူ ညာသွားပြီလားဟု တွေးရင်း တနုံ့နုံ့ ဖြစ်နေမိသည်။

ဈေးကွဲချိန်ကျော်သည့်တိုင် ဖြူ မလာသေး။

တဖြည်းဖြည်း ဒေါသ ဖြစ်စပြုလာသည်။

လက်ဖက်ရည်ဖိုးရှင်းလျက် ထပြန်တော့မည် ဟု ဆုံးဖြတ်လိုက်သည့်အချိန်တွင် မ လမ်း ကြားလေးထဲမှ ထွက်လာသော ဖြူကို တွေ့ လိုက်ရသည်။

“မင်း ဇွဲကောင်းသားပဲ”

ဖြူက ကျွန်တော့်ကို ကြည့်ရင်း ပြောသည်။

“ထင်လို့ပါ၊ စောစောကပဲ ကိုယ်ထပြန်တော့မလို့”

“ဘာ ဖြစ်လို့ မပြန်သလဲ”

“ကိုယ်သူငယ်ချင်း တစ်ယောက် နဲ့ ချိန်းထားတာ သတိရမိလို့”

“ သူ မလာဘူးလား”

“လာပြီလေ. ခု…ကိုယ့်ဘေးနားမှာ ”

ကျွန်တော့်စကားကြောင့် ဖြူ ပေါ့ပါးစွာ ရယ်သည်။

“ကိုယ့်လို့ အစားပုပ်တဲ့ကောင်မလေးကို ကျွေးဖို့ ပိုက်ဆံရော လုံလုံလောက်လောက် ထည့်ခဲ့ရဲ့ လား မောင်မောင်သော်”

“ဖြူ့ကို တစ်သက်လုံးကျွေးထားလို့ ရလောက်အောင် ပါတယ်”

“အလဲ့ သူဌေးဆိုပါတော့၊ ဒါပေမဲ့ တစ်သက်လုံး ကိုယ်မစားနိုင်တာတော့ ၀မ်းနည်းစရာပဲ”

တံတားအောက်သို့အရောက် ဘောင်းဘီအိတ်ထဲမှ ကားသော့ ကို ထုတ်ရင်း…

“ကိုယ့်မှာ ကားပါ တယ် ဖြူ” ဟု ပြော ဖြစ်သည်။

ဖြူက ကားတံခါးဖွင့်နေသည့် ကျွန်တော့်ကိုကြည့်ရင်း ..

“ဟေ့အေးကွာ၊ ကားတော့ ကိုယ်မစီးချင်ဘူး”

“ဘာ ဖြစ်လို့လဲ ဖြူ၊ ကားနဲ့သွားမှ ကောင်းမှာ ပေါ့”

“ကားနဲ့ လိုက်တယ်ဆိုတာကြီးက မကောင်းဘူး မောင်မောင်သော်၊ မင်းစေတနာရှိရှင် ဒီထိပ်က လက်ဖက်ရည်ဆိုင်မှာ ပဲ ကိုယ့်ကို လက်ဖက်ရည်တိုက်၊ လက်ဖက်ရည်သောက်ပြီး ကိုယ် ပြန်မယ်”

“ကိုယ်မင်းကို ညနေစာ ကျွေးချင်တယ်ဖြူ ပြီးတော့ ဒီထိပ်ကဆိုင်မှာ ထိုင်ရင် ကိုယ့်သူငယ် ချင်း ငလောင်တွေ နဲ့ တွေ့ နေမှာ စိုးလို့….”

ဖြူ စဉ်းစားဟန်ပြုသည်။

“လာပါ ဖြူ စားသောက်ပြီးရင် ကိုယ် ကားဂိတ်ကို ပြန်ပို့ပေးမှာ ပါ”

“အိမ်အထိ လိုက်မပို့ရဘူးနော်”

“မပို့ပါဘူး ကိုယ်လဲ အဲလောက်ကြီး ဓာတ်ဆီအကုန်မခံနိုင်ပါဘူး”

သည်တော့မှာ ဖြူ ကားထဲဝင်ထိုင်သည်။

ကားကို မောင်းထွက်ရင်း ဘယ်မှာ စကားလဲဖြူဟု ကျွန်တော် က မေးလိုက်သည်။

“လမ်းဘေးဆိုင်မှာ စားမယ်”

“ ဟာ…မဟုတ်တာ”

“ဟုတ်တယ်၊ ကိုယ် လမ်းဘေးဆိုင်မှာ ပဲ စားချင်တယ်”

ဖြူ့စကားကြောင့် ကျွန်တော် စိတ်ဓာတ်ကျသွားသည်။

ကျွန်တော် စိတ်ကူးထားသည်က စားတော် ဆက်တစ်ခုခုမှာ ကျကျကနနကျွေးဖို့ ဖြစ်သည်။

“ကိုယ်က စားသောက်ဆိုင် တစ်ခုခုမှာ စားမလားလို့”

“ဟေ့အေး ကိုယ်က လမ်းဘေးဆိုင်ပဲကြိုက်တယ်။ ပြီးတော့ မြန်မာထမင်းပဲ စားချင်တယ်”

“ကျွတ်”

ကျွန်တော် စုတ်သပ်လိုက်မိသည်။

ဖြူက လှည့်ကြည့်ရင်း…

“ဘာ ဖြစ်တာလဲ”

“ကိုယ်က မြန်မာဟင်းမကြိုက်ဘူး၊ တရုတ်စာ စားမလားလို့ ”

“မင်းက တရုတ်လား”

“ဟင့်အင်း…”

“ဒါဆို မင်းအိမ်မှာ တော့ တရုတ်စာပဲ စားတာပေါ့နာ”

“ဟင့်အင်း…”

ကျွန်တော့်စကားကြောင့် ဖြူက ထူးဆန်းသလို လှည့်ကြည့်သည်။

“အပြင်မှာ ခုလို ထွက်စားရင်တော့ တရုတ်စာပဲ အစားများ တယ်”

“ဒါဆိုလဲ သဘောလေ၊ မင်းကြိုက်တာစားပါ”

“ဒါပေမဲ့ ကိုယ်စိတ်ပြောင်းလိုက်ပြီ”

ကျွန်တော် တို့ (၃၄) လမ်းထိပ်မှ ထမင်းဆိုင်တစ်ဆိုင်တွင် စား ဖြစ်ကြသည်။ ဖြူ့သဘောကျ လမ်းဘေးတွင် ရောင်းသော မြန်မာထမင်းဆိုင်တစ်ဆိုင် ဖြစ်သည်။

“ဘာနဲ့စားမလဲ ဖြူ” ဟု ကျွန်တော် က မေးသော အခါ ဘဲဥနှင့်စားမည် ဟု ဖြူ ဖြေသည်။

ဖြူ့စကားကြောင့် ကျွန်တော် စိတ်မကောင်း ဖြစ်သွားမိသည်။ တကယ်ဆို တခြားဟင်း တစ်မျိုးမျိုးမှာ ဖို့ကောင်းကောင်းသည်။

ကျွန်တော် ဆို အပြင်ဆိုင်မှာ စားတိုင်း ကိုယ့်အိမ်မှာ စားရခဲသည့် ဟင်းမျိုးမှာ စားတတ် သည်။ ဥပမာ--- ကလီစာလို၊ ငါးသလောက်ဥကြော်လို ဟင်းမျိုး။

“ဘာသား ရှောင်သလဲ ဖြူ”

“စားကောင်းတဲ့ ဟာမှန်သမျှ အကုန်စားတယ်”

ဖြူ့စကားကြောင့် ဘဲဥဟင်းအပြင် တခြားဟင်းသုံးလေးမျိုး ကျွန်တော် ထပ်မှာ လိုက်သည်။ ဖြူက တအံ့တသြဖြင့် ….

“အဲ့ဒါတွေ ဘာလုပ်ဖို့လဲ”

“စားဖို့ပေါ့။ ဖြူရယ် ကိုယ်ရယ် စားဖို့လေ”

“ဒါတွေ အကုန်လား”

“ဒါပေါ့”

ဖြူ့ပန်းကန်ထဲသို့ ကျွန်တော် ဟင်းတွေ ခတ်ထည့်ပေးမိသည်။ ဖြူက “ဟေ့အေး မထည့်နဲ့၊ ကုန်မှာ မဟုတ်ဘူး” ဟု ပြောပါ သည်။ ကတယ်လည်း ဖြူ ကုန်အောင်မစားနိုင်ပါ။ အစားပုပ်တယ် နော်ဟုပြောခဲ့သော်လည်း တကယ်စားသည့်အခါ နည်းနည်း လေးသာ ဖြစ်သည်။ ဖြူ စားတာကို ကြည့်ပြီး ကျွန်တော် အားမရ ဖြစ်နမိသည်။

ထမင်းဆိုင်က ထည့်ပေးသည့် ထမင်းတစ်ပန်းကန်ဆိုသည်မှာ ဘာမှမရှိ။ ထိုတစ်ပန်းကန် ကိုပင် ဖြူ ကုန်အောင်မစားနိုင်။

“တော် ပြီလား ဖြူ”

“အင်း…..”

“နည်းလှချေလား”

“ဒါတောင် ထမင်းဆိုင်က ဟင်းနဲ့မို့ ဒီလောက်စားတာ”

“ဒါကြောင့် ဖြူ ပိန်တာ”

စတုတ္ထမြောက် ပန်းကန်ကို အပြီးသတ်ရင်း…ကျွန်တော် ပိုက်ဆံရှင်းသည်။ ပြီးတော့ ဆိုင်ထဲမှ ထွက်လာရင်း အအေးသောက်ရအောင် ဖြူဟု အဖော်ညှိမိသည်။

ဖြူက ကျွန်တော့် ကို တအံ့တသြကြည့်ရင်း…..

“မင်းသောက်နိုင် သေးလို့လား”

“တစ်ခွက်နှစ် ခွက်လောက်တော့ ရပါသေးတယ်”

အအေးဆိုင်သို့ ၀င်ရင်း ကျွန်တော် တို့ အအေးသောက် ဖြစ်ကြသည်။ အအေးသောက်ပြီး တော့ “ပြန်တော့မယ်၊ တော် တော် နောက်ကျနေပြီ” ဟု ဖြူ ပြောသည်။

ကားပေါ်ရောက်တော့ “မီးသတ်ရှေ့က မှတ်တိုင်မှာ ပဲ ချပေး။ အဲဒီ က ကားပိုလွယ်တယ်” ဟု ဖြူကပြောသည်။ “အဲဒီ ဘက်က လမ်းမသင့်ဘူး ဖြူ” ဟု ပြောရင်း ကျွန်တော် ဆက်မောင်း လာမိသည်။

ယောမင်းကြီးလမ်း မှတ်တိုင်ရောက်သော်လည်း မရပ်။

“ဟေ့ ….မင်း ပေးထားတဲ့ကတိကို မှတ်မိသေးလား”

“ဘာလဲ”

“ဘတ်စ်ကားဂိတ်ကို ပို့မယ်ဆိုတာလေ”

“ကိုယ်ကကော ကတိဖျက်နေလို့လား”

“ဒါဆို ခု….ဘယ်ကို မောင်းနေတာလဲ”

“ဖြူတို့လမ်းထိပ်က ဘတ်စ်ကားဂိတ်ကို”

*******

(၄)

ထိုနေ့မှစ၍ ဘွဲ့တစ်ခု ရရှိထားပြီ ဖြစ်သော်လည်း မည် သည့်အလုပ်ကိုမျှ လုပ်ကိုင်ရန် စိတ် မကူးခဲ့သော ကျွန်တော့်အတွက် နေ့စဉ်လုပ်ကိုင်စရာ အလုပ်ပိုကလေးတစ်ခု ရရှိခဲ့လေသည်။

ညနေစောင်းတိုင်း ဗိုလ်ရာညွှန့်လမ်းထိပ်မှ ကားရပ်စောင့်လျက် ဖြူ့အား စောင့်ကြိုရသော အလွန်ပျော်ရွှင်စရာကောင်းသည့်အလုပ်ကလေး ဖြစ်သည်။

ကျွန်တော် နှင့် ဖြူ၏ ဆက်ဆံရေး တိုးတက်မှု ကို မပြတ်စောင့်ကြည့်နေခဲ့ကြသော ကျော်ကြီး တို့ ကတော့….

“မောင်မောင်သော်တို့ ကတော့ သွက်ပါ့ကွာ”

ဟူသော စကားဖြင့် ကောင်းချီးပေးကြလေသည်။

အမျိုးသမီးကိစ္စ၌ ကျွန်တော့်ထက် အပုံကြီးအတွေ့ အကြုံများ လှသော ကျော်ကြီးတို့၏ ကောင်းချီးကျူးစကားကြောင့် ကျေနပ်သလိုလို ဖြစ်မိသော်လည်း လက်မနှေးနဲ့နော် ဟူသည့် တိုက် တွန်းစကားကိုတော့ မသိကျွိုးကျွန်ပြုနေခဲ့မိလေသည်။

တစ်ရက် ဖြူ ကျွန်တော့်ကို မေးသည်။

“မင်းကိုယ့်အတွက် ဘာ ဖြစ်လို့ ဒီလောက်တောင် ဓာတ်ဆီတွေ အကုန်ခံနေရတာ လဲ”

ဖြူ့အား ကျွန်တော် ညနေတိုင်း ဈေးကြိုးပေးခြင်းကို ရည်ရွယ်၍ မေးခြင်း ဖြစ်လေသည်။

သည်တုန်းက ကျွန်တော် ခပ်ပေါ့ပေါ့ရယ်မောလျက်…..

“ကိုယ်က မင်းကို ချစ်နေလို့ပေါ့” ဟု ခပ်လွယ်လွယ်အဖြေပေးခဲ့နိုင်သည့်တိုင် ကိုယ့်ကိုယ် ကိုယ်တော့ ဘ၀င်မကျလှ။ ငါ ဖြူ့ကို တကယ်ချစ်မိနေပြီလား။ တကယ်ကော ချစ်လာနိုင်သလား။ ကိုယ့်ကိုယ်ကိုယ် ကြိမ်ဖန်များ စွာ ဆန်းစစ်ဝေဖန်ကြည့်မိသည်။

သို့သော် ရေရေရာရာ အဖြေရှာမရ။

သေချာတာတစ်ခုတော့ ကျွန်တော် ဖြူနှင့် တွဲ မိသည့်အချိန်မှစ၍ ကျွန်တော့်ကားကို မှန် အနက်ကပ် ဖြစ်ခဲ့ခြင်းပင် ဖြစ်လေးသည်။ ထောင်နှင့် ချီ၍ အကုန်အကျခံခဲ့ရသော ဤကိစ္စကို ဖြစ်ပွား စေသည့် အခြေခံအကြောင်း ကတော့ ရှင်းရှင်းလေးပင် ဖြစ်သည်။

ဖြူနှင့် တွဲ သွားလာပြုသည်ကို လူမြင်မှာ စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။ ဤအချက်ကြောင့် ကျွန်တော့် ဖြူ့ကို တကယ်ချစ်တာ မဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် ပြန်၍ ဝေဖန်မိသော်လည်း ခက်နေ သည်မှာ ကျွန်တော် ဖြူ့ကို မတွေ့ ဘဲ မနေနိုင်ခြင်းပင် ဖြစ်သည်။

တစ်ခါတစ်ရံ သည်နေ့တော့ ငါ ဖြူ့ကို ဈေးသွားမကြိုတော့ဘူးဟု တစ်ယောက် တည်း ဆုံး ဖြတ်မိသော်လည်း ကျွန်တော် ဖြူ့ဆီသို့ ရောက်သွားမိမြဲ ဖြစ်လေသည်။

ခက်တော့လည်း ခက်သည်။

ကျွန်တော် ဘာဆက်လုပ် ရမည် ဟု ဝေခွဲမရ။

ဤအခြေအနေရောက်မှ ဖြစ်ချင်တာ ဖြစ်ဟူလျက် ရှေ့ကိုတစ်ဆင့်တစ်ရလေမည် လား။ ဒါမှမဟုတ် ခပ်ရှုပ်ရှုပ်လေးဟု အများ က သတ်မှတ်ထားကြတဲ့ ဖြူ့ကို ရောဂါ မရင့်ခင် စွန့်ခွာသင့် လေသည်လား။ ကျွန်တော် မပြတ်မသား ဖြစ်နေမိသည်။

တကယ်တော့ မိန်းမကိစ္စ၌ ကျွန်တော် သည် အတွေ့ အကြုံမရှိသူ တစ်ယောက် တော့ မဟုတ်။ ထို့အတူ အတွေ့ အကြုံ အလွန်အမင်းများ ပြားခဲ့သူလည်းမဟုတ်။ ကျောင်းတုန်းက ရည်စားနှစ် ယောက် ထားခဲ့ဖူးပြီး ကျောင်းပြိးတော့လည်း ရည်စားလိုလို ဘာလိုလို မိန်းကလေးများ နှင့် တွဲ ခဲ့ဖူးပါသည်။

သည်တုန်းက ယခုလို ဇဝေဇ၀ါနှင့် ဒွိဟ ဖြစ်နေရတာ မျိုး မရှိခဲ့သလို၊ နေ့စဉ် မတွေ့ ရမနေ နိုင်တာမျိုးလည်း မရှိခဲ့။

ခုတော့ ဘာမဟုတ်သည့် ခပ်ရှုပ်ရှုပ်ဆိုသော ကောင်မလေးနှင့် ကျမှ သများ ဆိုင်မှာ လခစား လုပ်၍ မြောက်ဥက္ကလာမှာ နေသည်ဆိုသော ကောင်မလေးနှင့် ကျမှ ဆယ်တန်းအထိသာ ပညာသင် ဖူးပါသည်ဆိုသော ကောင်မလေးနှင့် ကျမှ ကျွန်တော် နောက်ကောက်ကျသွားခဲ့ရသည်။ ဖြူ့တွင် ကျွန်တော် ၏ နှလုံးသားအား အလဲထိုးနိုင်သည့် အင်အားများ စွာ ရှိနေပါကလား။

ဖြူ့တွင် ကျွန်တော့်လို ခပ်ပေါ့ပေါ့ကောင်လေး တစ်ယောက် အလေးအနက် ဖြစ်သွားအောင် လုပ်နိုင်သည့် စွမ်းအင်များ စွာ ရှိနေပါသလား။ ဖြူ့တွင် ကျွန်တော် ၏ အိပ်စက်ခြင်းများ စွာ ကို သက် ပျင်းချရင်း ကုန်လွန်စေနိုင်မည့် တန်ခိုးမျာစွာ အမှန်ပင် ဖြစ်လေသည်။ေ၀၀ါးစွာ တုန်လှုပ်မိသည် ကတော့ အမှန်ပင် ဖြစ်လေသည်။ သည်အတောအတွငး ကျွန်တော် နှင့် ဖြူ ဆက်ဆံရေး မှာ ထူး မခြားနား။

ညနေ့တိုင်ပြီဆိုသည်နှင့် ဗိုလ်ရာညွှန့်လမ်းထိပ်တွင် ကာရပ်လျက် (ကက်ဆက် နားထောင် ရင်း ဖြစ်စေ၊ မာလ်ဘိုရိုတိုကို မီးညှိရှိုက်ဖွာရင်း ဖြစ်စေ၊ ကားနာမှ ကပ်၍ ဖြတ်သွားကြသည့် ကောင် မလေးများ ကို ငေးမောရင် ဖြစ်စေ) တံတားပေါ်မှ ပါးလျယိမ်းနွဲ့စွာ ခပ်ဖြည်းဖြည်း ဆင်းလာမည့် ဖြူ ကို ကျွန်တော် စောင့်သည်။

ဖြူလာပြီဆိုလျှင်တော့ အလိုက်တသိပင် ဖြူထိုင်မည့် ဘက် တံခါးကို ကြိုဖွင့်ပေးထာလိုက် သည်။

“ရောက်နေတာ ကြာပြီလား”

“ကိုယ် ဒီနေ့ နည်နည်းနောက်ကျသွားတယ်”

စသည်ဖြင့် ပြောရိုပြောစဉ်သာမန်စကားတစ်ခုကို ရေရွတ်ရင်း ဖြူ ကားတွင်းသို့ ၀င်ထိုင် တတ်သည်။ သည့်နောက်တော့ (ဖြူ အကြောက်အကန် မငြင်းလျင်) ဆိုင်တစ်ဆိုင်ဝင်၍ တစ်ခုခု စား ဖြစ်ကြသည်။

အကယ်၍ များ ဖြူက မစားချင်ဘူးဟု အတင်းငြင်းလျှင်တော့ မြောက်ဥက္ကလာသို့ တန်း မောင်း၍ ဖြူ့ကို ပြန်ပို့ရသည်။

မှတ်မှတ်ရရ ဖြူနှင့် စတွေ့ ပြီ ပထမပိုင်း ရက်သတ္တနှစ် ပတ်လောက်အထိ ဖြူနှင့် ကျွန်တော် ၏ ဆက်ဆံရေး မှာ ထိုမျှာသာ ဖြစ်သည်။ ဘာတစ်ခုမျှ အဆန်းတကြယ် မ ဖြစ်ခဲ့သလို ဘာတစ်ခုမှ လည်း ထူးခြားစွာ တိုးတက်မှု မရှိခဲ့။

ဇာတ်ရှိန် အတက်အကျမပါသည့် အလျားလိုက် ၀တ္ထုတစ်ပုဒ်ပမာ ကျွန်တော် နှင့် ဖြူ၏ ဇာတ်လမ်းမှာ ပျင်းရိဖွယ် ငြိမ်သက်နေခဲ့လေသည်။ သို့သော် ကံကောင်းထောက်မစွာ ပင် ထို အခြေ အနေမှာ ကြာကြာမခံခဲ့။

ဖြနှင့်တွေ့ ပြီး (၁၈) ရက်မြောက်နေ့တစ်နေ့မှာ တော့ ပြဇာတ်ဆန်ဆန် အလှည့်အပြောင်း တစ်ခုက ဖြူနှင့် ကျွန်တော့် အကြား ကျရောက်လာခဲ့တော့သည်။

ထိုနေ့သည် ဖြူ့ဆိုင်ပိုင်ရှင် နေမကောင်းသဖြင့် နေ့တစ်ဝက်နှင့် ဆိုင်ပိတ်ပြီ ဖြူ့အား ပြန်လွှတ်လိုက်သည့်နေ့ ဖြစ်သလို၊ ကျွန်တော့်အိမ်ကို ပထမဆုံးအကြိမ်အ ဖြစ် ဖြူ ဖုန်းဆက်ပြီး (ဆိုင်ပိတ်သွား၍ သူအားနေပြီ ဖြစ်ကြောင်း…) အကြောင်းကြားသော နေ့လည်း ဖြစ်သည်။

ထို့အပြင် ဖြူနှင့် ကျွန်တော် ပထမဆုံးအကြိမ်အ ဖြစ် ရုပ်ရှင်ကြည့်ဖူးသော နေ့လည်း ဖြစ် လေသည်။

ထိုနေ့က ဖြစ်ပွားခဲ့သည် အလှည့်အပြောင်းကို စတင် ဖြစ်ပွာစေသူမှာ ဖြူလား၊ ကျွန်တော် ကိုယ်တိုင်လားဟု မရေရာသော်လည်း ထိုအလှည့်အပြောင်းကြောင့် ပင် ဖြူနှင့် ကျွန်တော် ၏ ဇာတ် လမ်းမှာ ဇာတ်ရှိန်မြင့်တက်သွားရသည် ကတော့ သေချာလေသည်။

******

(၅)

ဖြူနှင့် ကျွန်တော် ကြည့်သော ရုံမှာ အလုံမှ သီတာရုံ ဖြစ်သည်။ မြို့ထဲမှ ရုံများ တွင် သွား ကြည့်ပါက အသိတွေ နှင့် တိုးမည် စိုးသဖြင့် ထိုရုံသို့ သွားကြည့်ရန် ကျွန်တော့်ဖာသာ ရွေးချယ်ခဲ့ ခြင်း ဖြစ်သည်။ ဖြူ ကတော့ ကားပေါ်ရောက်ကတည်းက ရုပ်ရှင်ကြည့်ရန်ကိစ္စနှင့် ပတ်သက်၍ မည် သည့်အကြံညဏ်ကိုမှ ၀င်မပေး။

ရုပ်ရှင်ရုံရောက်တော့ ရုပ်ရှင်ပြရန် အချိနအနည်းငယ်လိုသေးသဖြင့် ထိုရုပ်ရှင်ရုံဘေးမှ ဆိုင် ခန်းကျဉ်းကျဉ်းလေးနှင့် လက်ဖက်ရည်ဆိုင်တွင် ကျွန်တော် တို့ အချိန်ဖြုန်းရသေးသည်။

လက်မှတ်ပေးချိန်ရောက်တော့ ဖြူ့ကို ထိုဆိုင်ထဲတွင် ပင် ထားခဲ့ပြီး ကျွန်တော် လက်မှတ် သွားဝယ်သည်။ ဖြူ့ကိုဘာကြောင့် ထားခဲ့မိမှန်းကျွန်တော် မသိ။ သို့သော် လက်မှတ်ရောင်းသည့် လူက နောက်ဆုံးခုံယူမလားဟု မေးလာလျှင် ဘေးနားမှာ ဖြူပါလာပါက အဖြေရအလွန်ခက်မည် ဟူသည်ကိုတော့ ကျွန်တော် သိနေလေသည်။

လက်မှတ်ရောင်းရှေ့တွင် ပိုက်ဆံချပေးရင်း ကျွန်တော် လက်နှစ် ချောင်းထောင်ပြလိုက် သည်။

လက်မှတ်ရောင်းက ခေါင်းမော့ကြည့်ရင်း….

“အေ…၀မ်းတူ ယူမလား” ဟု မေးသည်။

ကျွန်တော် ခေါင်းညိတ်ပြလိုက်မိသည်။ လက်မှတ်ဝယ်ပြီးနောက် ဖြူ့ကို ပြန်ခေါ်၍ ကျွန်တော် တို့ ရုံထဲသို့ဝင်သည်။

ဖြူ ဘာစားဦးမလဲဟု ကျွန်တော် မေးတော့ ပီကေ၀ယ်ကွာဟု ဖြူပြောသည်။ ဖြူ့အတွက် ကြက်တူရွေးတံဆိပ် ပီကေနှင့် ကျွန်တော့်အတွက် ဆိတ်သားခြောက်ဝယ်ပြီး ရုံပေါ်သို့ တက်လာ ကြသည်။

ခုံနေရာရှာတော့ အေ၀မ်းတူးဆိုသည့်အတိုင်း အခြားရုံများ ကဲ့သို့ပင် ထောင့်စွန်းမှာ ဖြစ် သည်။ သို့သော် အခြားရုံများ နှင့် မတူတာ တစ်ခုတော့ရှိသည်။ ယင်းမှာ အေ၀မ်းနှင့် တူးအကြား လက်တန်းလုံးဝမရှိခြင်းဘဲ ဖြစ်သည်။ စည်းကမ်းမရှိသော တစ်စုံ တစ်ယောက် ၏ ဖျက်ဆီးဆှု ကြောင့် ပြုတ်ကျသွားရတာ ပဲ ဖြစ်မည် ။ ထိုတစ်စုံ တစ်ယောက် ၏ ဖျက်ဆီးစိတ်ဓာတ်အတွက် စိတ် မကောင်း ဖြစ်မိသော်လည်း ကျွန်တော် ကိုယ်တိုင်အတွက်တော့ ၀မ်းသာသွားမိသည်။

အကြောင်း ကတော့ ဖြူနှင့် နီးနီးထိုင်ခွင့်ရသော ကြောင့် ပဲ ဖြစ်သည်။ ဖြူက အေ၀မ်းတွင် ထိုင်ပြီး ကျွန်တော် က အေးဝမ်းနှင့် တူးအကြားတွင် ထိုင်လိုက်သည်။

“ဟေး…. မင်းခုံက ဟိုဘက်မှာ လေ”

ဖြူ ကျွန်တော့် ကို မော့်ကြည့်ရင်း ပြောသည်။

ကျွန်တော် မချိုမချဉ်ပြုံးရင်း….

“ဘယ်သူပြောလဲ”

“အိုး…ကိုယ်သိတာပေါ့၊ မင်းခုံနံပါတ်က နှစ် ပဲဥစ္စာ”

“ဒါပေမဲ့ ဒီနေရာက ပိုထိုင်လို့ကောင်းတယ်”

“ဒါပေမဲ့ ကိုယ်နဲ့သိပ်ကပ်လွန်းတယ်”

“ကပ်ပေ့စေပေါ့၊ ကြက်တူရွေးတံဆိပ် ပီကေကိုခွာ၍ တလှုပ်လှုပ်နှင့် ၀ါးနေတော့သည်။ ကျွန်တော် ဖြူ့ကို ငေးကြည့်ရင်း ရင်ခုန်နေမိသည်။ တအောင့်ကြာတော့ မီးမှတ်သွားသည်”

ခပ်မှိန်မှိန် ဖြစ်သွားသော အလင်းထုပါးလျလျအောက်တွင် ရှေ့ခုံများ ဆီသို့ ဝေ့၀ဲ၍ ကြည့် လိုက်မိသည်။

ရုံထဲမှာ ကြည့်သူတွေ က နည်းလွန်းလှသည်။

“ဖြူ…..”

“အင်းဟင်…..”

ပီကေ၀ါးလျက် ကျွန်တော့် ကိုမကြည့်ဘဲ ဖြူထူးသည်။

“ကိုယ် မင်းကို နမ်းလို့ရမလားဟင်”

“အို….မဟုတ်တာ”

ဖြူ ရှက်လန့်တကြာငြင်းဆန်သည်။

ကျွန်တော် ဆိတ်သားခြောက်ကို ၀ါးရင်း…

“သူများ တွေ လဲ နမ်းနေကြတာပဲ”

“ဘယ်မှာ လဲ”

“ဟိုမှာ လေ”

ကျွန်တော် မေးဆတ်ပြသော နေရာသို့ ဖြူကြည့်သည်။

ထို့နောက် ကျွန်တော့် ဘက်သို့ ပြန်လှည့်လျက် နှာခေါင်းရှုံ့ရင်း….

“ နမ်းမှာ ပေါ့။ သူတို့က အတွဲ တွေ ပဲဥစ္စာ”

“ကိုယ်တို့လဲ အတွဲ ပဲလေ”

“ဒါပေမဲ့ ကိုယ်က မင်းကိုချစ်တယ်လို့မှ မပြောသေးဘဲနဲ့”

“ခုပြောလေ….”

“ဟိုမှာ ကြည့်စမ်း မောင်မောင်သော်၊ ရုပ်ရှင်အရမ်းကောင်းတာပဲ”

မကြာမီ လာမည် ဟူသော …အစမ်းကားများ ပြနေရာ ပိတ်ကားဆီသို့ လက်ညှိုးညွှန်ရင်း ဖြူ ပြောသည်။

ပိတ်ကားဆီမှ…ရောင် ပြန်ဟပ်လာသော အလင်းရောင် အောက်တွင် ဖြူ၏ နှာသီးဖျားလေး နှင့် ရဲတွတ်နီစွေးနေသော နှုတ်ခမ်းထူထူလေးတို့က စိုလက်နေကြသည်။

ကျွန်တော် ရင်ခုန်လှိုက်မောစွာ ဖြူ့ကို ငေးမောကြည့်ရင်းမှ ဖြူဟု လှမ်းခေါ်လိုက်မိသည်။

“အင်းဟင်…”

ဖြူ မေးဆတ်ပြရင်း လှမ်းထူးသည်။

“စမ်းကြည့်စမ်း”

ဖြူ့လက်ကလေးကို မယူလျက် ကျွန်တော့်ရင်ဘတ်ပေါ်သို့ တင်ပေးလိုက်မိသည်။ ဖြူက ကျွန်တော့် မျက်နှာကို နားမည် သလိုကြည့်ရင်း….

“ဘာ ဖြစ်လို့လဲ ”

“ရင်တွေ ခုတ်နေတာလေ”

ကျွန်တော့်စကားကြောင့် ဖြူ ဟက်ခနဲ တစ်ချက်ရယ်သည်။

ထို့နောက် နှာခေါင်းရှုံ့ရင်း ပြန်ပြောသည်။

“ရင်ပဲ ခုန်မှာ ပေါ့ မောင်မောင်သော်ရဲ့ ။ ရင်မခုန်ရင် သေသွားမှာ ပေါ့”

ဘယ်လောက်များ ကတ်သီးကတ်သတ်နိုင်လှတဲ့ ဖြူပါလဲ။ တကယ်ဆို သည်လောက် လှပတဲ့ ရင်ဖိုစရာ အချိန်မျိုးမှာ သည်လို ဆေးပညာပေးဟောပြောပွဲက စကားမျိုးနဲ့ တုံ့ပြန်ဖို့မသင့် ဘူး။

ကျွန်တော် စိတ်ညစ်ညူးစွာ ဖြူ့မျက်နှာကို စိုက်ကြည့်နေမိသည်။ ဖြူကလည်း ကျွန်တော့် ဘက်သို့ လှည့်ရင်း ကျွန်တော့်မျက်လုံးတွေ ကို တည့်တည့်ပြန်ကြည့်သည်။

အချိန်တွေ ဘယ်လောက်ကြာသွားသည် မသိ။

ကျွန်တော့်တို့ တစ်ယေက်ကို တစ်ယောက် အကြာကြီးစိုက်ကြည့်နေမိကြသည်။ ကျွန်တော့် မျက်နှာ ရှေ့သို့ နည်းနည်း တိုးသွားသည်ထင်သည်။ သို့သော် မသေချာ။

မျက်နှာနှစ် ခု တဖြည်းဖြည်းနီးလာသည်ကိုတော့ သတိထားမိသည်။ ကျွန်တော့်လက်နှစ် ဖက် မြောက်တက်လာကြသည်။

ဖြူ့ပခုံးနှစ် ဖက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်မိသည်။

ထို့နောက်….

ကျွန်တော် ဖြူ့ကို နမ်းလိုက်သည်။

******



ဝန်ဇင်းချစ်သူများ နေနော် ၏ “ နေလောင်ခံပန်းတစ်ပွင့်၏သမိုင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သင်နှင့်တကွ အပေါင်းအပါများ သိသာရန်

အလင်းဖျော့ကောင်းကင် (ပထမပိုင်း)

အလင်းဖျော့ကောင်းကင်