Cover

I

ကျောပြင်ဆီမှ ပူနွေးသော အရသာကို ခံစားရသည်။ အေးစက်စက်အရာတွေ မှာ ခြေထောက်ပိုင်းဆီမှ အထက်ဘက်သို့ တရွေ့ရွေ့တိုးလာနေ၏ ။ လည်ပင်းကိုလွန်တော့ . . .

''အဟွတ် . . . အဟွတ် . . . အဟွတ် . . . ''

ပါးစပ်တွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာသော ဆားငန်ရေတွေ ကြောင့် လည်ချောင်းကွဲ မတတ် အက်ရှ သွားပါသည်။ မှော က်လျက်လဲနေရာမှ လက်ထောက်ကာ အန်ချတော့ ပါးစပ်တွင်းမှ ရေတွေ ပြန်ထွက်ကျသွားသည်။ သို့ တိုင်အောင် ချောင်းတဟွတ်ဟွတ် ဆိုးနေတုန်း . . .

''အဟွတ် . . . အဟွတ် . . . ''

မျက်လုံးပွင့်ပွင့်ချင်း ပထမဆုံးမြင်ရသည်ကား 'ကျဲနောက်နောက်' ရေတွေ ။ ကြည့်နေတုန်းပဲ ရေတွေ မှာ အောက်ဖက်ဆီ ပြန်လျောဆင်းသွားသည်။ ရေကုန်တော့ သဲသော င်ပြင်ပေါ်လာ၏ ။ စိတ်နဲ့ လူ ကပ်မိသွားချိန်မှာ နားတွင်းဝင်လာသည်ကား . . .

လေတိုက်သံ၊ သစ်ပင်တို့ ယိမ်းထိုးသံ၊ ရေလှိုင်းသံ . . .

ပြီးတော့ . . .

သူ့ရှေ့တည့်တည့်မှာ အုန်းပင်တန်းတွေ . . .

အစီအရီပေါက်နေခြင်းမဟုတ်ဘဲ အလေ့ကျ ရှင်သန်နေသည့် သဘောမျိုး။ အုန်းပင်တန်းတို့ နောက်မှာ ကား တောအုပ်ကြီးတစ်ခု။

ကိုယ့်မျက်စိ ကိုယ်ပင်မယုံနိုင်အောင် ဖြစ်သွားရပါသည်။

ငါ ဘယ်ရောက်နေတာလဲ။

ထိုမေးခွန်းက သူ့ခန္ဓာတွင်းမှာ အော်မြည် လှိုင်းခတ်သွားသည်။

တောနက်ကြီးတစ်ခုရှေ့ကိုပဲ ရောက်နေသလို။ ထိုစဉ်မှာ ပဲ နောက်ဖက်ဆီမှ ရေလှိုင်းကြီး အော်မြည် သံတစ်ခုကို ကြား၍ လှည့်ကြည့်စဉ် . . .

''ဟာ . . . ဘုရားရေ''

'ဝုန်း' ခနဲ ရိုက်ခတ်လိုက်သော ရေရှိန်ကြောင့် လူက ပက်လက်လန်ကျသွားသည်။ သူ့ကိုယ်ပေါ်မှ ရေတွေ ဖြတ်စီးသွား၏ ။ ရေတွေ ကြားမှာ ပင် ကုန်းထတော့ စပ်ဖျဉ်းသော အရသာကို မျက်လုံးဆီမှ ခံစား လိုက်ရသည်။ မျက်နှာပေါ်မှ ရေတွေ ကို ပွတ်ချလိုက်ပြီးသည့်နောက်မှာ . . .

''အို့ . . . ''

အပြောကျယ်သော ရေပင်လယ်ကြီးကို တခမ်းတနား တွေ့ လိုက်ရတော့၏ ။ မျက်စိတစ်ဆုံး ရေပြင်ကြီးက ရင့်ကျက်တည်ငြိမ်နေသည်။ ကမ်းစပ်မှာ လှိုင်းတွေ တဝုန်းဝုန်း ရိုက်ခတ်နေ၏ ။ ဟိုးမိုးကုပ်စက်ဝိုင်းအဆုံးမှာ ကောင်းကင်နဲ့ ရေပြင် ထိစပ်နေသည်ကို မြင်ရသည်။ ကောင်းကင်ကြီး ပြာနေသလို ရေပြင်ကျယ်ကြီးမှာ လည်း ကောင်းကင်ရောင် တောက်နေ၏ ။

ထိုအပေါ်မှ နေခြည်တွေ လက်ဖြာနေသည်။ နေမင်းနဲ့ ပင်လယ်ထိစပ်မှု မှာ လည်း မျက်စိကျိန်း မတတ်၊ သူ့ကို တွန်းတိုက်သွားသည့်ရေလှိုင်းကြီးမှာ တော့ အောက်ခြေကမ်းစပ်ဆီ ပြန်လည်နိမ့်ဆင်း သွားပါပြီ။

ရှေ့တည့်တည့်မှာ က ပင်လယ်ပြာ၊ နောက်ဖက်မှာ က အုန်းပင်တန်းနဲ့ တောအုပ်၊ ခေါင်းတွင်းသို့ အမေးတစ်ခု ဝင်လာသည်။

''ငါရောက်နေတာ ကျွန်းတစ်ကျွန်းများ လား''

ကျွန်းမဟုတ်ပါက ကမ်းခြေတစ်ခုသာ ဖြစ်လိမ့်မည် ။ ထိုစဉ်မှာ ပဲ ရင်ဘတ်တစ်နေရာမှာ လေးလံနေ သည်ကို သတိထားမိ၏ ။ တစ်ကိုယ်လုံး ရေတွေ ရွှဲနေ၍ အဝတ်တွေ မှာ လေးလံနေသည်။ သို့ ပေမဲ့ ရင်ဘတ်ပိုင်းဆီမှာ က ထို့ထက်ပိုကာနေ၏ ။ ထုတ်ကြည့်လိုက်တော့ . . .

စာအုပ်လေးတစ်အုပ်က နူးအိပျော့ဖတ်ကာ လက်တွင်းပါလာသည်။ ရင်ဘတ်က ခုနထက် အစပေါင်းများ စွာ လေးလံသွားရပါပြီ။ ထို့နောက်မှာ တော့ . . .

ကမ်းခြေသဲပြင်ပေါ် ဒယိမ်းဒယိုင် ပြေးတက်လိုက်တော့၏ ။ ဆယ့်လေးငါးလှမ်းရောက်သွားချိန်မှာ ဒူးထောက်ထိုင်ချလိုက်သည်။ ဤနေရာလောက်ဆိုလျှင်ဖြင့် ရေလှိုင်းတို့ ရောက်လာနိုင်မည် မထင်တော့။ သဲပြင်ပေါ်သို့ စာအုပ်လေးကို ဖြန့်ချလိုက်သည်။

ထိုခဏမှာ ပဲ မျက်လုံးတွေ ပြာဝေလာသည်။ တဟူးဟူးတိုက်ခတ်နေသည့် လေမှာ လည်း သူ့ကို အားတက်သရော တွန်းချနေသယောင် . . .

ခဏလောက် သတိထားထိန်းကြည့်သေး၏ ။ မရ။

တရိပ်ရိပ် မူးဝေလာသည်။

ခေါင်းမထူနိုင်တော့လောက်အောင် ရီဝေအုံ့မှိုင်းလာပြီးသည့်နောက်မှာ တော့ . . .

ကျယ်ပြန့်လှသော သဲသော င်ပြင် ဖွေးဖွေးပေါ်မှာ လူငယ် တစ်ယောက် လဲကျသွားချေတော့၏ ။

သူ . . . သတိမရတော့။



II

''ငါ ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ''

ဒုတိယအကြိမ် မျက်လုံးပွင့်ပွင့်ချင်း ခေါင်းထဲရောက်လာသည်။ ထိုအတွေး၊ ယခုအချိန်မှာ နေရောင် က သူ့ခန္ဓာကိုယ်ပေါ် တည့်တည့်စူးစူး ကျရောက်နေပေပြီ။ နေမွန်းတည့်ပြီပေါ့။ သို့ပေမဲ့ လေတိုက်နေသည်ကြောင့် အပူချိန်ကို တိုက်ရိုက်မခံစားရ။

ခွေခွေလေး လဲကျနေရာမှ ထထိုင်လိုက်တော့ အနည်းငယ်ပေါ့ပါးသလို ခံစားရသည်။ ခုနလို ခန္ဓာ ကိုယ်က မလှုပ်ချင် မသယ်ချင် မဟုတ်တော့။ အိပ်ပျော်သွားသည့်အတွက် အားပြည့်လာခြင်း ဖြစ်နိုင်သည်။

မျက်လုံးကိုမှိတ်ကာ စဉ်းစားလိုက်တော့ လွန်လေပြီးသော အတိတ်က အကြောင်းတွေ ခေါင်းထဲ မှာ တရေး ရေး ပေါ်လာသည်။ ယူနီဖောင်းဝတ် ပုဂ္ဂိုလ်တွေ သူ့ကိုလက်ထိပ်ခတ်ပြီး သင်္ဘောတစ်စီးနှင့် ခေါ်ဆောင်လာ၏ ။ သူတို့ထွက်လာတုန်းက မနက်ခင်းရောင် နီပျိုးစ ဖြစ်သည်။

သူ့ကို သင်္ဘောဝမ်း၌ ရှိသော အခန်းတစ်ခန်းထဲတွင် ထည့်ကာ အပြင်မှ သော့ ပိတ်ထားသည်။ သင်္ဘောခုတ်မောင်းနေသည်ဆိုတာကလွဲ၍ သူ ဘာမှမသိ။ အချိန်မနည်းကြီး ကြာသွားပြီးတော့ လူတစ် ယောက် အခန်းကို သော့ ဖွင့်ကာ သူ့ကို အပြင်ခေါ်ထုတ်သည်။

ကုန်းပတ်ပေါ်တက်လိုက်တော့ ညမှော င်နေပြီ ဖြစ်၏ ။ ပင်လယ်ရေပြင်ကလည်း မည်းမည်းလှုပ်နေသည်။ လေတွေ က တဟူးဟူး။ ထိုစဉ်မှာ ပဲ ဦးခေါင်းနောက်ပိုင်းဆီမှ ပူခနဲ အရသာကို ခံစားလိုက်ရသည်။

ဒါပဲ ဖြစ်၏ ။ သတိရတော့ ယခု ဤနေရာကို ရောက်နေသည်။ ဒါပါပဲ။ ဤနေရာ ဤအရပ်သို့ ဘယ်လိုဘယ်ပုံ ရောက်လာခဲ့သည်ဆိုတာ အထက်ပါ အကြောင်းအရာတွေ မှလွဲ၍ သူ ဘာမှပိုမသိ။

ထပ်စဉ်းစားကြည့်ပေမဲ့ ခေါင်းတွေ ပူလာတာသာ အဖတ်တင်သည်။ ဒီတော့ မျက်လုံးကို ပြန်ဖွင့် ကာ ပင်လယ်လေကို ရှူရှိုက်လိုက်၏ ။ ဆားနံ့သင်းပေမဲ့ အသက်ရှူရတာ စီးစီးပိုးပိုး ရှိသည်။

နံဘေးမှာ က သူလဲကျမသွားခင် နေလှန်းထားသော စာအုပ်လေးမှာ နဂိုအတိုင်း ရှိနေသည်။ ကောက်ယူကြည့်လိုက်တော့ အခြေအနေ မဆိုးပါ။ လုံးဝ ခြောက်သွားခြင်း မဟုတ်ပေမဲ့ ရေစစ်ကာ ဖန့်သွားပြီ။ ရေစို၍ စုတ်ပြဲသွာမှာ ကို စိတ်ပူစရာမလိုတော့။

စာရွက်များ ကို တစ်ရွက်ချင်း လှန်ကြည့်တော့ အဆင်ပြေပါသည်။ ရေစိုထား၍ မင်ပေါက်နေသည်မှလွဲပြီး အားလုံး အခြေအနေကောင်းသည်။ နောက်တစ်ရက်လောက် နေထပ်ပြလျှင် လုံးဝစိတ်ချရပေပြီ။ ရင်ထဲမှာ အေးသွား၏ ။ အဖုံးပိတ်လိုက်တော့ ကတ်ထူစက္ကူ၏ အပေါ်ဆုံး စာမျက်နှာမှာ စာလုံးကြီးနဲ့ ရေး ထားသော စာသားအချို့ရှိသည်။

စာအုပ်နာမည် ဖြစ်မည် ထင်၏ ။

" စိတ်၏ အရည်အသွေး"

စာအုပ်လေးကို တယုတယ ကိုင်တွယ်ရင်း အင်္ကျီအတွင်းထဲသို့ ထိုးထည့်ကာ မတ်တတ်ရပ် လိုက်သည်။ သူ့ အာခေါင်တွေ ခြောက်ကပ် နေပါပြီ။ ရေတစ်ခွက်လောက်ကို ဝမ်းတွင်းက တောင့်တောင့် တတ ဆာလောင်နေသည်။ သို့ပေမဲ့ အခြေအနေ မပေးသေး။ ဘယ်နားမှာ ရေရှိမှန်း သူမသိသေး။

လောလောဆယ် အာခေါင်ခြောက်ခြင်းကို ဖြေရှင်းဖို့အတွက်က တစ်နည်းသာရှိသည်။ သော င်ပြင် ရေစပ်ကို သွက်သွက်လျှောက်လှမ်း သွားလိုက်၏ ။ ရေစပ်ကို ရောက်တော့ ကိုယ်ကို ငုံ့ကိုင်းကာ လက်ခုပ် ဖြင့် ရေကိုခပ်ပြီး ပါးစပ်တွင်း ပက်သွင်းလိုက်သည်။

ပင်လယ်ရေကိုတော့ သောက်ရန် မ ဖြစ်မ ဖြစ်နိုင်ပါ။ ခေတ်ဟောင်း တေးတစ်ပုဒ်ထဲမှာ 'သောက်လေသောက်လေ ငတ်မပြေ' ဟု ပင်လယ်ရေကို ညွှန်းဆိုထားတာ ကြားဖူးသည်။ ထို့ကြောင့် သောက်လို့မ ဖြစ်၊ နှစ် ခါ သုံးခါ ပက်သွင်းလိုက်၊ ထွေးထုတ်လိုက် လုပ်ပြီးသွားတော့ ဘာမျှမဆိုင်ပေမဲ့ အနည်းငယ်နေသာထိုင်သာ ရှိသွားသလို ခံစားရသည်။

ထို့နောက်မှာ တော့ လုပ်စရာတစ်ခုပဲ ရှိတော့သည်။

ရောက်ရှိရာ ပတ်ဝန်းကျင်ကို စုံစမ်းရပေမည် ။ ဒါ ဘယ်နေရာလဲ။ သူ ဒီကို ဘာကြောင့် ရောက်လာတာလဲ။ ပြီးတော့ ဘယ်သူတွေ ရှိသလဲ။ ငါ တစ်ယောက် တည်းလား။ ငါနဲ့အတူ အဖော် ရှိသေးလား။

မေးခွန်းပေါင်းများ စွာ နှင့် အုန်းပင်တန်းများ ရှိရာသို့ တရွေ့ချင်း တိုးကပ်သွားလိုက်သည်။ သဲပြင် ပေါ်မှာ ရှုပ်ပွေလျက်ရှိနေ၏ ။ အုန်းသီးတွေ ဟိုတစ်လုံး ဒီတစ်လုံး ကြွေကာနေသည်။ အုန်းလက်ခြောက်တွေ လည်း သဲပြင်ပေါ်မှာ တွေ့ ရ၏ ။

ရှင်းလင်းသူမရှိ၊ ယူငင်သူမရှိလို့ အမှိုက် ဖြစ်ကာ ရှုပ်ပွလို့နေပါသည်။ ထိုအုန်းသီးကြွေများ ဆီမှ ထွက်သော ချဉ်စုတ်နံ့မှာ လည်း အုန်းတောတွင်းမှာ လွင့်ပျံ့နေ၏ ။ နှာခေါင်းတစ်ချက် ရှုံ့ကာ ခြေငါးလှမ်း ချပြီးသွားချိန်……

" မင်း ဘာအမှု နဲ့ အဖမ်းခံရတာ လဲ "

" ဟင်…….."

ရုတ်တရက် ကြားလိုက်ရသော အသံကြီးကြောင့် လှမ်းလက်စ ခြေလှမ်းတွေ တိခနဲ ရပ်သွား၏ ။ ထင်မှတ်မထားသည်မို့ ကြက်သီးတို့ပင် ထမိ သွားပါသည်။ အသံပိုင်ရှင်ကို စူးစမ်းတော့ မတွေ့ ရ။ အုန်းပင် အုန်းတန်းလေးအတွင်းမှာ သူ တစ်ယောက် မှလွဲ၍ မည် သူမျှ ရှိမနေပါ။

ကြောင်တောင်တောင် ဖြစ်နေမိစဉ်မှာ ပဲ……

" ငါ့ကို မတွေ့ ဘူးလား။ မင်းရှေ့တည့်တည့်မှာ လေကွာ"

ရှေ့တည့်တည့်မှာ က အုန်းပင်မှလွဲ၍ တခြား ဘာမျှရှိမနေပါ။

" အပေါ်ကို မော့ကြည့်လိုက်"

ကြားရသော အသံအတိုင်း အပေါ်ကို မော့ကြည့်လိုက်တော့မှ တွေ့ ရပေပြီ။ အသံထွက်ပေါ်ရာ နေရာသည် လူမဟုတ်၊ အုန်းပင်နှင့် ကပ်တွဲထားသော speaker တစ်လုံး၊ ထို speaker ထဲမှ ထွက်ပေါ်နေခြင်း ဖြစ်ပါသည်။ အကြောင်သား သူ ငေးသားမိစဉ်မှာ ပဲ…….

" ကောင်လေး….ငါမေးတာကို မင်း မဖြေရသေးဘူးနော်"

ဒီတော့မှ လူက သတိဝင်သွားကာ….

" နည်းပညာခိုးမှု "

ယောင်တိယောင်ကန်း ပြန်ဖြေလိုက်တော့ တစ်ဖက်မှ အသံထပ်ထွက်လာပါသည်။

" နည်းပညာ ခိုးမှု ဟုတ်လား "

" ဟုတ်တယ်၊ ကျွန်တော် နည်းပညာခိုးမှု နဲ့ အဖမ်းခံရတာ "

" အဆန်းပါလားကွ။ ဘယ်လို နည်းပညာ ခိုးမှု လဲ"

" လူတွေ ရဲ့ စိတ်ကို ပြောင်းလဲစေတဲ့ နည်းပညာ "

" ဟေ . . . "

ထိုမျှနှင့် အပြန်အလှန် စကားပြောဆိုမှု ခဏရပ်သွားသည်။

သူ့စကားက ကြားရသူအတွက် အဆန်းတကြယ် ဖြစ်သွားသည် ထင်၏ ။

" လုပ်စမ်းပါဦးကွ။ လူတွေ ရဲ့ စိတ်ကို ဘယ်လိုပြောင်းလဲသွားစေတဲ့ နည်းပညာလဲ "

မျက်မှော င်ကြုတ်သွားမိသည်။ အရေး ကြီး တစ်စုံတစ်ရာကိုလည်း အခုမှ သတိရသည်။ ပြန်သာ ဖြေနေသည်။ Speaker ထဲမှ အသံပိုင်ရှင်ကို သူမသိ။

ထို့ကြောင့် . . .

" ခင်ဗျား ဘယ်သူလဲ "

မာဆတ်ဆတ် သူ့အမေးနှင့် လျော်ညီစွာ ပင် တစ်ဖက်မှ တုံ့ပြန်လာသည်။

" ငါ့ကိုဘယ်သူလဲ . . . ဟုတ်လား။ ဒီမှာ ကောင်လေး မင်းသိထားရမှာ က မင်းဟာ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ရာဇဝတ်သားနော်။ မင်းကိုယ်မင်း ငါဘာလဲဆိုတာ သေချာသိထား၊ ငါ့ကို မေးခွန်းတွေ ပြန်မမေးနဲ့ ။ ငါမေးတာကိုပဲ ဖြေ "

မာထန်လွန်းသော ထိုစကားတွေ ကြောင့် လူက အလိုလို ကျုံ့သေးသွားသည် ထင်မိသည်။ ထပ်ကြားရပြန်သည်။

" နောက်တစ်ခု ထပ်သိထားလိုက်။ ဒီကျွန်းပေါ်မှာ မင်း အချိန်မရွေး သေသွားနိုင်တယ်"

ထိုစကားသည် ခြိမ်းခြောက်မှု ဆိုလျှင်တော့ သူ အေးအေးဆေးဆေးသာ တုန့်ပြန်နိုင်သည်။ သေရမှာ ကိုတော့ သူမကြောက်ပါ။ ဒါပေမဲ့ " ပြောစမ်းပါဦး . . . လူတွေ ရဲ့ စိတ်ကို ပြောင်းလဲပေးတဲ့ နည်းပညာဆိုတာ ဘာလဲ "

နောက်ထပ် မေးခွန်းသံ ထပ်ထွက်လာတော့ သက်ပြင်းကို အသာချလိုက်သည်။ မတတ်နိုင်တော့၊ ရောမရောက်လျှင် ရောမလို ကျင့်ရမည် ။ ပြီးတော့ အခက်အခဲကြားထဲမှာ လိုက်လျောညီထွေနေတတ် ရမည် ။ ထိုအထဲမှ ကိုယ်လိုချင်တာ နှိုက်ထုတ်ယူတတ်ရမည် ။ အနည်းဆုံး အမှားထဲက သင်ခန်းစာတစ်ခု လောက် ရအောင်ယူနိုင်လျှင် မနည်း။

ကျင့်သားရနေသော စိတ်အစဉ်အတိုင်း သိချင်မှု တွေ လျှော့ပြီး အဖြေပေးဖို့ ကြိုးစားလိုက်သည်။

" ဆယ့်ကိုးရာစုနောက်ပိုင်းကစပြီး လူသားတွေ ရဲ့ စိတ်ဟာ တဖြည်းဖြည်း ပုံစံတွေ ပြောင်းလာ ခဲ့တယ်။ အခုဆို ကမ္ဘာကြီးမှာ လူသားတော် တော် များများ ရဲ့ စိတ်တွေ ယိုယွင်းပျက်စီးမှု နောက်ဆုံးအချိန်ကို ရောက်နေပြီ။ အငြိုးတွေ ၊ အာဃာတတွေ ၊ ကောက်ကျစ်ယုတ်မာမှု ၊ အတ္တကြီးမှု တွေ ၊ တစ်ကိုယ်ကောင်းဆန်မှု တွေ ၊ အလိုလောဘကြီးမှု တွေ ကြောင့် လူတွေ ဟာ မငြိမ်သက်တော့ဘူး။

နည်းပညာရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ကမ္ဘကြီး ပူလောင်နေပြီ။ ပူလောင်နေတဲ့ ကမ္ဘာကြီး အတိုင်းပဲ လူသားတွေ ဟာလည်း ပူလောင်မှု ကူးစက်ခံနေရပြီ "

စကားကို ခဏနားတော့ . . .

"ဆက်ပြောပါ"

" အဓိက အကြောင်း ကတော့ ငွေကြေးစီးဆင်းမှု ပေါ့။ ငွေကြေးစီးဆင်းမှု နောက်ကို လိုက်ရင်းနဲ့ လူသားရဲ့ စိတ်ဓာတ်တွေ ပုံ ပြောင်းသွား တာ။ အရင်လို အေးချမ်းမှု မရှိတော့ဘူး။ အတ္တတွေ ဖုံးပြီး လောဘကြီးတတ်လာတယ်။ ရက်စက်တတ်လာတယ်။ ယုတ်မာတတ်လာတယ်။ နောက်ဆုံးသတ်ဖြတ်တတ်လာတယ်။

အခု ကမ္ဘာကြီးရဲ့ လူသားတော် တော် များများ မှာ ကိုယ့်ဒုက္ခနဲ့ကိုယ် သွေးသံရဲရဲ ဖြစ်နေကြပြီ။ အဲဒါကို ကယ်တင်ဖို့ ပညာရှင် တစ်ယောက် က နည်းပညာတစ်ခုကို တီထွင်လိုက်တယ်။ အဲ့ဒီနည်းပညာက ယုတ်ညံ့တဲ့ စိတ်ကနေ ကောင်းမွန်တဲ့စိတ်ကို ပြောင်းလဲသွားစေတဲ့ နည်းပညာ"

" ဟာ . . . ဒါ ကောင်းတဲ့ တီထွင်မှု ပဲ"

" မဟုတ်ဘူး၊ ပညာရှင်က အဲ့ဒီ နည်းပညာကို တီထွင်ပြီး ရောင်းစားတာ "

" ဟေ . . . "

" တန်ဖိုး အရမ်းကြီးတယ်။ သာမန်လူတွေ မဝယ်နိုင်ဘူး။ စိတ်ယုတ်၊ စိတ်ညံ့တွေ မရှိရင် လူက အလိုလို အေးချမ်းလာမှာ ပဲလေ။ ဒါပေမဲ့ အဲ့ဒီအကျိုးကို လူသားတိုင်း မခံစားရဘူး။ ပိုက်ဆံချမ်းသာတဲ့ အသိုင်းအဝိုင်းကလူတွေ ၊ အထက်တန်းလွှာတွေ ပဲ ခံစားရတာ ။

အခုဆို သူတို့တွေ က စိတ်ပြောင်းပေးတဲ့ နည်းပညာကြောင့် ဟိုအရင်ရာစုတွေ က လူတွေ လို အေးအေးချမ်းချမ်း ဖြစ်နေကြပြီ။ ပူလောင်မှု တွေ လျော့ပါးကုန်ကြပြီ။ ပြီးတော့ တစ်ဖက်ကလည်း အရင်ကအတိုင်း ငွေတွေ ဒလဟောစီးဝင်နေကြပြီး အောက်ခြေလူတန်းစားနဲ့ လူလတ်တန်းစားတွေ ကတော့ ငွေကြေးရဲ့ ဒုက္ခပေးမှု အောက်မှာ အရင်လို သွေးသံရဲရဲပဲ။ ဒါကြောင့် ကျွန်တော် အဲ့ဒီနည်းပညာ ကို ခိုးဖို့ ကြိုးစားတာ "

" ဘာအတွက်လဲ "

" လူသားအားလုံးအတွက်ပေါ့ ။ လူတွေ ရဲ့ စိတ်ကို ပုံစံပြောင်းရမယ်လေ။ ဒါမှ လူသားအားလုံး တစ်ပြေးညီ အေးချမ်းရမှာ "

" ခိုးလို့ရခဲ့လား "

" မရခဲ့ဘူး။ မြင်တဲ့အတိုင်းပဲ ကျွန်တော် အဖမ်းခံရတယ်"

" ဟား . . . ဟား . . . ဟား . . ."

Speaker ထဲမှ ရယ်သံ အကျယ်ကြီးကို ကြားရ၏ ။



III

" မင်းနာမည် ဘယ်လိုခေါ်လဲ "

" လက်ယာ . . . "

" ဟာ . . . နာမည် က အမိုက်စားပါလား "

" အဖေကိုယ်တိုင် ပေးထားတဲ့နာမည် "

" အဲလိုဆို မင်းက နည်းပညာခိုးမှု နဲ့ အဖမ်းခံရတာ ပေါ့ "

" ဟုတ်တယ် "

" ရှားတော့ ရှားသားကွ။ ဒီကျွန်းပေါ်ကို မင်းလိုလူမျိုး တစ်ယောက် မှ ရောက်မလာဖူးဘူး။ သာမန်ရာဇဝတ်မှု ကျူးလွန်သူတွေ ပဲ အတွေ့ များ တယ်။ အများ စု ကတော့ လူသတ်မှု ပေါ့။ ထားပါ။ ဘယ်လိုပဲ ဖြစ် ဖြစ် ရာဇဝတ်သား တစ်ယောက် အနေနဲ့ ရောက်လာတာဆိုတော့ ဒီကျွန်းနဲ့ ပတ်သက်ပြီး မင်းသိထားသင့်တာတွေ ပြောပြရမှာ ပေါ့။ ဒါနဲ့ မင်းကိုခေါ် လာတဲ့လူတွေ ဒီကျွန်းအကြောင်း ဘာတွေ ပြောပြထားသေးလဲ "

" ဟင့်အင့် . . . ဘာမှ မပြောပြပါဘူး "

" ကျွတ် . . . အဲဒါခက်တာပဲ "

စုတ်သပ်သံတစ်ခုနဲ့အတူ စိတ်မရှည်သလို စကားတို့ ထွက်လာ၏ ။

" အမှန်က သူတို့ပြောပြထားရမှာ ။ သူတို့ ဘာမှမပြောပြတော့ ရောက်လာသမျှလူတွေ ကို ငါကချည်းပဲ ပြောပြနေရတယ် "

စကားသံ နားထောင်ရသလောက် ဘဝင်သိပ်ကျဟန်မရှိသည်ကို တွေ့ ရသည်။

" ဒါနဲ့ မင်းကို အမိန့်ချတော့ တရားသူကြီးက ဘာပြောလဲ "

လက်ယာ အနည်းငယ်စဉ်းစားလိုက်သည်။ မှတ်မှတ်ရရရှိနေသော စကားမို့ ခဏချင်းပဲ ခေါင်းထဲမှာ ပေါ်လာ၏ ။

" ကျွန်တော့် ကို ကျွန်းပေါ်ပို့မယ်လို့ ပြောတယ်"

" အေး . . . သူတို့ပို့မယ်ဆိုတဲ့ ကျွန်းက ဒီကျွန်းပဲ။ ပြန်လမ်းမရှိတဲ့ကျွန်းတော့ မဟုတ်ဘူးပေါ့ကွာ။ မင်းရဲ့ ကြိုးစားအားထုတ်မှု ၊ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကံကြမ္မာကိုလိုက်ပြီး အပြောင်းအလဲရှိတယ်။ ဒီကျွန်းက လွတ်အောင်ထွက်နိုင်ရင် ကမ္ဘာလောကကြီးနဲ့ ပြန်ဆုံတွေ့ ရလိမ့်မယ် "

ကြားရသော စကားတွေ ကို သိပ်နားမလည်။ ထို့ကြောင့် . . .

" ကျွန်တော် သိပ်နားမလည်ဘူး"

" ရှင်းရှင်းလေးပါ။ ဒီကျွန်းက လွတ်မြောက်တဲ့လူဟာ သာမန်လူ ပြန် ဖြစ်သွားလိမ့်မယ် "

နားထဲမှာ မိုးကြိုးပစ်သလို ' ဒိန်း ' ခနဲ ဆူလောင်သွားသည်။ ရင်ခုန်မှု တစ်ခု၏ နောက်ကို လိုက်ရင်း. . .

" သာမန် လူဆိုတာ ဘာကိုပြောတာလဲ "

အလျင်စလို ထွက်သွားသော သူ့အမေးကို . . .

" အပြစ်တွေ အားလုံး ကင်းလွတ်တဲ့လူပေါ့ "

" ဗျာ . . . "

" အရိုးရှင်းဆုံးပြောမယ်ကွာ။ မင်း ပြုလုပ်ခဲ့တဲ့ အပြစ်တွေ ကို ဆေးကြောဖို့ ဒီကျွန်းကိုပို့လိုက်တာ။ ဒီကျွန်းမှာ မင်းကို ချုပ်နှောင်မထားဘူး။ သာမန်လူတွေ အတိုင်းပဲ လွတ်လွတ်လပ်လပ်ထားမှာ ။ ဒါပေမဲ့ ထွက်ပြေးဖို့ မကြိုးစာနဲ့။ ဒီကျွန်းက ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်း။ လူသူအရောက်အပေါက် လုံးဝမရှိဘူး။

ကျွန်းရဲ့ မိုင်တစ်ရာပတ်လည်ကတောင် ဘယ်သင်္ဘောမှ ဖြတ်မမောင်းကြဘူး။ အဲ့တော့ ထွက်ပြေးဖို့ ကြိုးစားရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်လိမ့်မယ် "

" ဒါဆို ကျွန်တော် က ကျွန်းပေါ်မှာ ဘာလုပ်ရမှာ လဲ "

" အသက်ရှင်ဖို့ ကြိုးစားရမယ်။ လောကကြီးထဲကို ပြန်သွားချင်သေးတယ်ဆိုရင်ပေါ့ "

" ဘာအဓိပ္ပါယ်လဲ "

နားမလည်စွာ မေးလိုက်တော့ . . .

" တို့ကျွန်းမှာ ပြစ်ဒဏ်ရယ်၊ ဆုလာဘ်ရယ်ဆိုပြီးတော့ နှစ် ခုရှိတယ်။ ပြစ်ဒဏ်ဆိုတာက မင်းကိုယ် မင်း ရပ်တည်နိုင်အောင် ကြိုးစားဖို့ပဲ။ နေ့စဉ်နေ့တိုင်း မင်း စားသောက်ဖို့ ငါတို့ စီစဉ်ပေးမထားဘူး။ မင်းရဲ့ လက်၊ ခြေ၊ ဦးနှောက်ကို အသုံးပြုပြီး အသက်ရှင်ရပ်တည်နိုင်အောင် ကြိုးစားရမှာ ။ မင်း ဝမ်းရေး အတွက် မင်းကိုယ်တိုင် ဖြေရှင်းရမှာ ။ မင်းရဲ့ အသက်အန္တရာယ်ကို မင်းကိုယ်တိုင် ကာကွယ်ရမှာ "

" ဆုလာဘ်ကရော . . . "

" ကျွန်းပေါ်မှာ ပြန်လမ်းမရှိ၊ တစ်သက်လုံး မနေချင်သူတွေ အတွက် အခွင့်အရေး တစ်ခုရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ကျွန်းက လွတ်မြောက်အောင် ကြိုးစားဖို့ပဲ "

လက်ယာ ရင်ခုန်သံတွေ မြန်သွား၏ ။ ဒီလူကြီးရဲ့ စကားအဓိပ္ပာယ်က ဘာလဲ။ စိတ်ဝင်စား သွားသည်။ သူရင်ခုန်နေစဉ်မှာ ပဲ . . .

" ကျွန်းပေါ်မှာ တစ်ခုတည်းသော ထွက်ပေါက်ရှိတယ်။ အဲဒါကိုရှာတွေ့ ပြီး ထွက်ပေါက်က ထွက်နိုင်ရင် မင်း လွတ်မြောက်ပြီပေါ့။ ဒါက ကျွန်းပေါ်ရောက်လာတဲ့ အပြစ်ကျူးလွန်သူတွေ အားလုံး အတွက် ဆုလာဘ်ပဲ "

ကျောက်ရုပ်တစ်ခုလို လူက ထောင်မတ်သွားသည်။ တစ်ကိုယ်လုံးလည်း ရေခဲရိုက်ခံရသလို အေးခဲသွားသည် ထင်မိ၏ ။ မင်သက်မှု လွန်ကဲကာ စကားပင် ချက်ချင်း လက်ငင်း မဖြေနိုင်။

" ထွက်ပေါက်က ထွက်နိုင်တဲ့ လူဟာ လောကကြီးဆီ ပြန်သွားခွင့်ရှိမယ်။ အဲလိုမှမဟုတ်ရင်တော့ မင်းတို့ကို ကျွန်းပေါ်ပို့လိုက်တဲ့ ရည်ရွယ်ချက်ဟာ အစာငတ်၊ ရေပြတ်၊ ဒါမှမဟုတ် အန္တရာယ်တစ်စုံ တစ်ရာ ကျရောက်ပြီး သေဆုံးဖို့ပဲ။ လာပြန်ခေါ်မှာ မဟုတ်တဲ့အတွက် နှစ် တွေ အများ ကြီး အသက်ရှင်ကျန်ရစ်လည်း ထွက်ပေါက်မတွေ့ ရင် နောက်ဆုံး အသက်ကြီးပြီး သေမှာ ပဲ။ အဲတော့ မင်းတို့ လုပ်စရာတစ်ခုပဲ ရှိတယ် "

ကြားရသော စကားက နားတွင်းမှတစ်ဆင့် နှလုံးသားသို့ တအိအိ စီးဝင်သည်။ ပြီး ဦးနှောက်သို့ ဝင်ရောက်ကာ အချက်ပေးခေါင်းလောင်းတွေ မြည် ကုန်၏ ။ တကယ်အမှန်တွေ လား၊ သူတို့လို ပြစ်ဒဏ်ကျခံသူတွေ အတွက် တကယ်ပင် ထိုအခွင့်အရေး မျိုး ရှိတာလား။

" ခင်ဗျား တကယ်ပြောနေတာလား "

" မယုံရင်တော့ ကျွန်းပေါ်မှာ တစ်သက်လုံး နေသွားလိုက်ပေါ့"

စကားဆက်စရာမလိုအောင်ပင် အဖြေက ပြီးပြည့်စုံသွားသည်။

" မင်း စဉ်းစားတတ်ရင် သဘောပေါက်မှာ ပါ။ မင်းကို ငါတို့ ကျွေးထားမှာ မဟုတ်ဘူး။ မင်းဝမ်း မင်းကျောင်းပြီး မင်းအသက်ကို မင်းကိုယ်တိုင် စောင့်ရှောက်ရမှာ ။ ဒီတော့ မင်းသဘောပဲ။ ကျွန်းပေါ်မှာ တစ်သက်လုံး နေသွားချင်လည်း ရတယ် "

အတည်ပြောနေခြင်း ဖြစ်မှန်း တဖြည်းဖြည်း သဘောပေါက်လာသည်။ အသံပိုင်ရှင်မှာ မည် သူ ဖြစ်မှန်း မသိပေမဲ့ ပြောစကားတွေ ကတော့ လုံးဝစိတ်ဝင်စားဖို့ ကောင်းနေတာ သေချာ၏ ။ တကယ်အမှန် သာဆိုရင်တော့ သူ့ အတွက် နောက်တစ်ခါ မရနိုင်သော အခွင့်အရေး ပါပဲ။

" မင်း ဘာလုပ်ဖို့ စဉ်းစားထားလဲ "

မေးခွန်းဆုံးတော့ သူ သေချာစဉ်းစားလိုက်သည်။ ပြီး ရင်ထဲမှ တကယ်တောင့်တနေသော အဖြေတစ်ခုကို ပေးလိုက်၏ ။

" အခု လောလောဆယ်ဆယ် ကျွန်တော် ရေသောက်ချင်တယ် "

" ဟား … ဟား …ဟာ … အဲ့ဒီမှာ စတာပဲ။ မင်းကို ငါ တစ်ခုပြောဖို့ မေ့နေတယ်။ ဒီကျွန်းပေါ်မှာ ရေချိုကန်တစ်ကန်ပဲရှိတယ် "

" ဘယ်နားမှာ လဲ၊ ကျွန်တော် ဘယ်ကိုသွားရမလဲ "

အလျင်စလို သူမေးလိုက်တော့ . . .

" မင်းကို ငါ အဲ့ဒီလောက် ပြောပြခွင့် မရှိဘူးလေ "

" ဒါဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ပင်လယ်ရေတွေ သွားသောက်ရမှာ လား "

ဂျစ်ကန်ကန် ပြောလိုက်တော့ . . .

" အကောင်းဆုံး ကတော့ ရှေ့ကို နည်းနည်း ဆက်လျှောက်လာလိုက်ပါ။ မင်းအတွက် တစ်ခုခု အဆင်ပြေနိုင်ပါတယ် "

ပြီးတော့ speaker မှ အသံ တိတ်သွား၏ ။ နောက်ထပ် စကားသံ ထပ်မထွက်လာတော့။ တစ်ယောက် တည်းသာ ယောင်တောင်တောင် ကျန်ခဲ့သည်။ အခုမှ ရေကလည်း ပိုဆာလာသလို ရှိ၏ ။ နောက်ဆုံးတော့ ပြောသလိုလုပ်ရန် ဆုံးဖြတ်လိုက်ပါသည်။

ဆက်လျှောက်လာခဲ့လိုက်သည်။ အုန်းပင်တန်းလွန်သွားတော့ ပြန့်ပြန့်ပြူးပြူးသဲပြင်တစ်ခုကို တွေ့ ရ၏ ။ အလယ်မှာ ကျောက်ခုတင် တစ်လုံးရှိလေသည်။ ထိုစဉ်မှာ ပဲ . . .

" ကျောက်ခုတင်ပေါ်မှာ လက်ဝါးပုံစံပန်းချီပုံ သုံးခုရှိတယ်။ အဲဒီ ထဲက မင်းနှစ်သက် ရာတစ်ပုံ ရွေးလိုက် "

အသံ ဘယ်က ထွက်လာတာလဲ ဟိုဟိုဒီဒီ ကြည့်တော့ ခပ်လှမ်းလှမ်းသစ်ပင်ထက်ဆီမှ speaker တစ်လုံးကို တွေ့ ရပါသည်။ ဘာပင်မှန်းတော့ သူမသိ။ ဘာပဲ ဖြစ် ဖြစ် လုပ်စရာတစ်ခုသာရှိသည်မို့ ကျောက်ခုတင်ရှိရာကို လျှောက်သွားလိုက်သည်။ အနည်းငယ် လှမ်းသေးသည်ကြောင့် အပေါ်မှာ ဘာပန်းချီပုံတွေ ဆွဲထားလဲ သူ မမြင်ရသေး၊ အနီးကပ်ရောက်သွားစဉ် . . .

ကျောက်ခုတင် မျက်နှာပြင်ပေါ်မှာ တွေ့ ရသည်က . . .



IV

လက်ယာ မျက်မှော င်ကြုတ်သွားမိ၏ ။ ကျောက်သားမျက်နှာပြင်ပေါ်မှာ ဆွဲထားခြင်း ဖြစ်ပေမဲ့ လက်ရာက တော် တော် ကောင်းသည်။ ပြီးတော့ ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီလက်ဝါးပုံစံတွေ ဆွဲထားတာနည်း။ သိချင်သွားရကာ မေးမည် ပြင်တော့ . . .

" မင်း ဒီ ပန်းချီပုံကို မြင်ဖူးလား "

" မမြင်ဖူးဘူး "

" ဒါ ဗင်းဆင့်ဗန်ရိုးရဲ့ ' Three Hands ' ဆိုတဲ့ ပန်းချီကားလေ။ ငါတို့ဆီက အတော် ဆုံး ပန်းချီ ဆရာတွေ ပုံတူကူးဆွဲထားတာ။ ကဲ . . . ဒီလက်ပုံစံသုံးခုထဲက မင်းကြိုက်ရာတစ်ပုံကိုရွေး "

ပန်းချီသုံးပုံကိုကြည့်ပြီး ခဏငြိမ်သွားသည်။ ဒါပေမဲ့ သိပ်မကြာပါ။ သူ့စိတ်နှင့် ကိုက်ညီသော ပန်းချီ တစ်ပုံအား သေချာမြင်တွေ့  ခံစားပြီးသွားသည့်နောက် . . .

" ကျွန်တော် လက်သီးဆုပ်ထားတဲ့ပုံကို ယူမယ် "

" လက်သီးဆုပ်ထားတာ နှစ် ပုံလေ။ ဘယ်ပုံကိုပြောတာလဲ "

" လက်ကိုဖြန့်ပြီး ဆုပ်ထားပုံ ၊ အောက်ဆုံးပုံ "

သူ့ စကားဆုံးဆုံးချင်းပင် . . .

" ဟုတ်ပြီ . . . ။ အဲဒီ ပုံအောက်ကို လက်နှိုက်ကြည့်လိုက် "

" ဗျာ . . . "

" ကျောက်ခုတင်အောက်ကို နှိုက်ခိုင်းတာ "

ထပ်မံကြားရလေမှ ကျောက်ခုတင်အောက်ကို ငုံ့ကြည့်မိသည်။ မြေပြင်နှင့် ကျောက်သားကြားမှာ လက်တစ်ဝါးစာ အနည်းငယ်ဟနေ၏ ။ သို့ပေမဲ့ လက်တစ်ချောင်းဝင်ဆံ့နိုင်သော အနေအထားရှိသည်မို့… " ဘယ်နေရာလဲ "

" မင်း ရွေးထားတဲ့ လက်ဝါးပန်းချီပုံအောက်တည့်တည့် "

ဘာဘာညာညာ စဉ်းစားမနေတော့ ဖင်ထိုင်ချပြီး ကျောက်သားအောက်ကို လက်ထိုးနှိုက် လိုက်စဉ် အရာတစ်ခုနှင့် သွားစမ်းမိသည်။ ဆွဲထုတ်လိုက်တော့ သံချေးတွေ အလိမ့်လိမ့်တက်နေသော ဓားရှည်တစ်ချောင်း။ တအံ့တသြ ဖြစ်မိသွားစဉ်မှာ ပဲ . . .

" ဒီကျွန်းပေါ်မှာ မင်း အသက်အန္တရာယ်ကို ကာကွယ်ဖို့ ငါတို့ ပေးနိုင်တာတော့ ဒီလောက်ပဲ "

ဓားကို ကြည့်ပြီး စိတ်ဓာတ်ကျသွားရသည်။ သံအရည်အသွေးကောင်း၍ ကိုင်ရတာ လေးလေး ပင်ပင်ရှိပေမဲ့ သုံးလို့ရမဲ့ပုံမပေါ်ပါ။ မည် မျှကြာနေပြီမသိ။ သံချေးတွေ က တစ်ချောင်းလုံးနီးပါး ဖုံးအုပ်နေသည်။

" ဒီဓားနဲ့သာ ရေငတ်ပြေအောင် ကြိုးစားကြည့်ပေါ့ "

ထပ်ထွက်လာပြန်သော စကားကြောင့် လက်ယာ စဉ်းစား သွားပါသည်။ ဘာကိုဆိုလိုတာလဲ။ ခဏချင်းပင် အဖြေတစ်ခု ခေါင်းထဲ ရောက်လာတော့ . . .

" ဒီဓားနဲ့ အုန်းသီးခွဲလို့ ရနိုင်ပါ့မလား"

" ဒါ ကတော့ မင်းဘာသာ ကြိုးစားကြည့်ပေါ့ "

အသံပျောက်သွားသည်။ ဓားကို ကိုင်ကာ ပင့်သက်ရှိုက်မိသူက လက်ယာ။ ဒီပုံစံနဲ့တော့ အုန်းသီး မပြောနဲ့ ဌက်ပျောသီးပင် ပြတ်အောင် ခုတ်နိုင်မည် မထင်ပါ။ စိတ်ပျက်လက်ပျက်နဲ့ပင် ဓားကို ကျောက်ခုတင် ပေါ်တင်ကာ ပွတ်တိုက်လိုက်သည်။

သံချေးတွေ ကျောက်သားမျက်နှာပြင်ပေါ် စွန်းထင်းကုန်၏ ။ အနီးအနားမှာ လည်း ဓားသွေးရန် ကျောက်တုံးမရှိသော ကြောင့် ဤနေရာမှာ ပင် သွေးရပေမည် ။ ရေမရှိသည့် အတွက် သိပ်တော့ ခရီးမတွင် ပင်လယ်ရေနှင့် ဓားသွေးရန်လည်း မ ဖြစ်နိုင်။ ဆားဓာတ်ပါသည်မို့ ခဏချင်းပင် သံချေးပြန်တက်နိုင်သည်။

အချိန်တစ်ခု ကြာသွားပြီးတော့ သူ့ခန္ဓာကိုယ်မှာ ချွေးတွေ စိမ့်ထွက်လာသည်။ ထို့အတူ ဓားမှာ လည်း အုန်းသီးတစ်လုံး ကွဲလောက်အောင်တော့ အစွမ်းထက်လာ၏ ။ ဒီတော့ ဓားသွေးခြင်း အလုပ်ကို နားပြီး အုန်းပင်တန်းတို့ရှိရာဆီ မျက်နှာမူလိုက်တော့၏ ။

သူ ရေတော် တော် ဆာနေပြီ မဟုတ်ပါလား။



V

" ချလိ . . . ချလိ . . . ကျွီ . . . ကျွီ . . . "

ပတ်ဝန်းကျင်တစ်ခုလုံးမှာ သံနှင့် ကျောက်သားပွတ်တိုက်သံတွေ သာ မင်းမူနေ၏ ။ သဲပြင်ပေါ်မှာ အုန်းသီးခွံတွေ ၊ အုန်းသီးခြမ်းတွေ ပလူပျံနေသည်။ အချို့အုန်းသီးခြမ်းတွေ မှာ အသားတွေ မရှိတော့။ ပုံစံကိုကြည့်ရုံဖြင့် အသားတွေ ကော်စားထားကြောင်း သိသာသည်။

ကျောက်ခုတင်ပေါ် တင်ပျဉ်ခွေထိုင်နေသူ တစ်ယောက် ။ ထိုသူ ကတော့ ဤကျွန်းပေါ် မကြာခင်က လောလောလတ်လတ် ရောက်လာခဲ့သူ လက်ယာ။ ဓားကို လက်ဖြင့် ဖိရင်း ကျောက်သားပြင်နှင့် ပွတ်ဆွဲနေသည်။ နံဘေးမှာ ထိပ်ဖောက်ထားသော အုန်းသီးတစ်လုံး။

ဓားသွေးတာကိုရပ်ပြီး အုန်းသီးကို မှော က်ချလိုက်၏ ။ ထိပ်ပေါက်ထဲမှ အုန်းရည်တွေ ကျောက်သားပေါ်ကျလာသည်။ ထိုရေတွေ ဖြင့် ဓားကို ဆက်သွေးသည်။ ပင်လယ်ရေနှင့် စာလျှင်တော့ အုန်းရည်က သံချေးတက် သက်သာပေလိမ့်မည် ။

ပြီးတော့ သူ့ခန္ဓာကိုယ်မှာ အရင်လိုမဟုတ်တော့။ အုန်းရည်ကို တဝကြီး သောက်ထားသည့်အပြင် အုန်းသီးနုတွေ လည်း ဗိုက်ပြည့်အောင် စားထားသည့်အတွက် အားဖြည့်ကာ သွက်လက်နေသည်။ အချိန်အတော် ကြာ ပွတ်တိုက်ထားသည်ကြောင့် ဓားမှာ သံချေးတွေ ကွာကျပြီး အရောင် လက်စ ပြုနေပြီ ဖြစ်သည်။

ဒါပေမဲ့ မရပ်နားနိုင်သေးပါ။ ဤတောထဲမှာ ဘာတွေ ရှိသည်မသိ။ ပြီးတော့ အချိန်မည် မျှ ကြာအောင် သူ ဒီကျွန်းမှာ နေရမည် မသိ။ ထို့အတွက်ကြောင့် ကိုယ့်ရဲ့ အသက်ကယ်လက်နက်ကိုတော့ အကောင်းဆုံးအရည်အသွေးရအောင် ပြုပြင်ရပေမည် ။

တောရဲ့ လှည့်ကွက်၊ တောင်ရဲ့ လှည့်ကွက်ကို အန်တုစရာ သူ့မှာ ဒီဓားတစ်လက်ပင်ရှိသည် မဟုတ်ပါလား။ သူ့ဘဝ မည် မျှခက်ခဲ ကြမ်းထမ်းဦးမည် ဆိုတာ မတွေးရဲ။ လူမရှိ၊ သူမရှိ အပေါင်းအသင်း မိတ်ဆွေမရှိသော ဤနေရာမျိုးမှာ သူ ဘယ်လောက်ထိ အသက်ရှင်နေနိုင်မှာ လဲ။

ကိုယ့်ကိုယ်ကိုယ် မည် မျှလောက်ထိ ကာကွယ်နိုင်မှာ လဲ။ တည်ဆောက်ထားနိုင်မှာ လဲံ။ အရာ အားလုံးက သူ့ကို စိန်ခေါ်နေသည်။ ဓားကို နေရောင် မှာ ထောင်ကြည့်တော့ ဝင်းခနဲလက်သွားသော အလင်းတစ်စကို မျက်လုံးမှာ မြင်နေရ၏ ။ ဓား ကတော့ သူ့စိတ်ကြိုက် ဖြစ်သွားချေပြီ။ ထို့ကြောင့် . . .

" ဦးလေး . . . ဦးလေး . . . ဦးလေးကြီး . . . "

လူကို တစ်ပတ်လှည့်ရင်း အော်ခေါ်လိုက်သည်။ speaker ထဲမှ အသံပိုင်ရှင်ကို ရည်ရွယ်တာပါ။ ဦးလေးအရွယ်ဟုတ်မဟုတ် မသိပေမဲ့ အလွယ်တကူပင် ဦးလေးတပ်ခေါ်လိုက်သည်။

" ဦးလေးကြီးရေ . . . ကျွန်တော့် ကို ပြန်ထူးဦး . . . ဦးလေးကြီး . . . "

ကျယ်ကျယ်လောင်လောင် ခေါ်ငင်လိုက်တော့ တုံ့ပြန်မှု တစ်ခု ထွက်လာသည်။

" အေး . . . ကောင်လေး . . . "

အသံထွက်ပေါ်လာရာ speaker ကို ကြည့်ရင်း . . .

" ကျွန်တော် ဓားသွေးလို့ပြီးပြီ အုန်းရေလည်း အဝသောက်ပြီး သွားပြီ။ အုန်းသားလည်း စားပြီးပြီ။ ဘာဆက်လုပ် ရမှာ လဲ "

" မင်း ကျွန်းထဲကိုဝင်ဖို့ အဆင်သင့် ဖြစ်ပြီလား "

" ဖြစ်ပြီ "

" ဒါဆိုရင် ရှေ့မှာ ရှိတဲ့ လမ်းလေးထဲကိုဝင်ခဲ့ "

ရှေ့တည့်တည့်မှာ က လမ်းလေးတစ်ခု ရှိနေသည်။ စကားအတိုင်း တောလမ်းကျဉ်းကျဉ်းလေးကို လျှောက်ဝင်လာခဲ့၏ ။ သတ်သတ်မှတ်မှတ် မဟုတ်ပေမဲ့ မြက်ပင်တွေ က လမ်းလေးတစ်ခုသဖွယ် လဲနေသည်ကြောင့် လမ်းအ ဖြစ်သတ်အှတ်ကာ ဝင်ခဲ့ခြင်း ဖြစ်သည်။ တောလမ်းမှာ အရှည်ကြီး မဟုတ်။ လွန်စွာ ကြီးမားသော သစ်ပင်ကြီးတစ်ပင်ရှေ့မှာ လမ်းဆုံး သွားပါသည်။ ဆက်သွားလို့မရတော့။

ထိုစဉ်မှာ ပဲ . . .

" သေသေချာချာ မှတ်ထားတော့ "

အရှေ့ဆီမှ အသံပေါ်လာပြန်ပါသည်။ သစ်ပင်ကြီးပေါ်မှ ဖြစ်၏ ။ ဤကျွန်းပေါ်မှာ စကားပြောအသံလွှင့်စက်တွေ ဘယ်လောက်များများ တပ်ဆင်ထားသည်မသိ။ အသံလွှင့်စက်တွေ နေရာစုံတပ်ဆင်ကာ ရောက်လာသူတိုင်းကို ထိန်းချုပ်နေသည့် သဘော ဖြစ်သည်။

ထိန်းချုပ်နေသူကရော တစ်ယောက် တည်း၊ အများ ကြီးလား။ ကြားရတာ တစ်သံတည်းဆိုပေမဲ့ ပြောလို့တော့မရ။ တစ်ယောက် တည်း ဖြစ်နိုင်သလို အများ ကြီးလည်း ဖြစ်နိုင်သည်။ ကျွန်းရဲ့ နေရာစုံ မှာ တော့ အသံလွှင့်စက်တွေ အသံဖမ်းစက်တွေ တပ်ဆင်ထားတာ သေချာ၏ ။

ဒီလူကြီးပြောသည့် ထွက်ပေါက်ဆိုတာ ဘယ်နေရာလဲ။ ထွက်ပေါက်ကိုရောက်ရင်ရော ပြောသလို ကင်းလွတ်ခွင့်ရမှာ လား။ ဒါမှမဟုတ် ထွက်ပေါက်ကို မရောင် ခင်ဘဲ သူ သေဆုံးသွားမှာ လား။ ထိုအခိုက် မှတ်သားဖွယ်ကောင်းသော စကားတစ်ခု။

" ဒီ ကျွန်းပေါ်မှာ ရေချိုကန် တစ်ကန်ပဲရှိတယ်။ အဲဒီ ကန်ကိုပဲ ကျွန်းပေါ်က သတ္တဝါတွေ အားလုံး မှီခိုနေရတာ မင်းအတွက် သောက်ရေဆိုရင်လည်း အဲ့ဒီကန်ကပဲ ရလိမ့်မယ်။ နောက်တစ်ခုက မင်းအသက်ရှင် ရပ်တည်မှု အတွက် ကျွန်းပေါ်က အရာအားလုံးကို စတေးပစ်နိုင်တယ်။ ငါပြောတာ သဘောပေါက်လား "

" ပေါက်တယ် "

ခပ်တည်တည်ပြောလိုက်ပေမဲ့ ကျောထဲမှာ ချမ်းစိမ့်စိမ့် ဖြစ်သွား၏ ။ အရာအားလုံး စတေးပစ် နိုင်တယ်ဆိုပါလား။ သူ အသက်ရှင်ဖို့ ဘာတွေ ကို စတေးရမှာ လဲ။ သူ့ကိုရော မည် သူတွေ စတေးကြမလဲ။

" ဒီနေရာက ထွက်ပြေးမယ်ဆိုတဲ့ စိတ်ကူးရှိနေတယ်ဆိုရင်လည်း တစ်ခါတည်းမေ့ပစ်လိုက်။ ကျွန်းပေါ်ကနေ မင်း ဘယ်ကိုထွက်ပြေးလို့မှ မရဘူး။ ဘာကြောင့် ထွက်ပြေးလို့ မရဘူးဆိုတာလည်း တဖြည်းဖြည်း သဘောပေါက်လာလိမ့်မယ်။ ငါပြောတဲ့စကားတွေ ကို ယုံမယုံဆိုတာတော့ မင်း အပိုင်းပေါ့" အသံတိတ်သွား၏ ။ ခဏအကြာမှာ ပြန်ထွက်လာသည်။

" မေးခွန်းတစ်ခုကိုတော့ မင်းကိုယ်မင်း သေချာမေးထား။ ဒီကျွန်းပေါ်မှာ ငါ တစ်သက်လုံး နေသွားမလား။ ဒါမှမဟုတ် မျှော်လင့်ချက်ရှိတဲ့ ထွက်ပေါက်ကို လိုက်ရှာမလား "

ဒီမေခွန်း ကတော့ မေးဖို့လိုမည် မထင်ပါ။ တကယ်သာ သေချာလျှင် ထွက်ပေါက်ကို မတွေ့ တွေ့ အောင် ရှာရပေလိမ့်မည် ။ ကောက်ရိုးတစ်မျှင်သည်ပင် ရေနစ်သူအတွက် အားကိုးရာမဟုတ်ပါလား။ မျှော်လင့်ချက်ကင်းမဲ့ခဲ့သူအတွက် ဒါသည်ပင် မျှော်လင့်ခြငိးရောင် နီ ဖြစ်သည်။ ရွေးစရာမရှိပါ။

" ကျွန်းရဲ့ နေရာတော် တော် များများ မှာ အခုလိုမျိုး အသံလွှင့် အသံဖမ်းစက်တွေ တပ်ထားတယ်။ မင်း တစ်ယောက် တည်း ပျင်းလို့ပဲ ဖြစ် ဖြစ်၊ စကားပြောဖော်မရှိလို့ဘဲ ဖြစ် ဖြစ်၊ ဒါမှမဟုတ် သေလုမျောပါး ဒုက္ခခံနေရလို့ပဲ ဖြစ် ဖြစ်၊ ဒီလိုစက်တွေ လိုက်ရှာပြီး ဒါနဲ့ စကားပြောလို့ရတယ်"

" . . . . . . . "

" ကဲ . . . မင်း ဘာပြောစရာရှိသေးလဲ "

သူ အရမ်းသိချင်နေသော မေးခွန်းတစ်ခုကို မေးလိုက်၏ ။

" ဒီကျွန်းပေါ်မှာ ခင်ဗျားနဲ့ ကျွန်တော် နှစ် ယောက် တည်းလား"

" ဒီမေးခွန်းအတွက် အဖြေမရှိဘူး"

" ကျွန်တော့် ကိုရော ခင်ဗျားမြင်ရလား"

" ဒါလည်း မဖြေနိုင်ဘူး "

လက်ယာ အံသွားချင်း ဖိကိုက်လိုက်မိသည်။ တကယ့် စိန်ခေါ်ပွဲပါပဲ။

" ဟုတ်ပြီ။ အဲဒါဆို ကျွန်တော် ထွက်ပေါက်ကို ဘယ်ကစပြီး ရှာရမှာ လဲ "

" ဒါ ကတော့ သိတပ်မခက်ဘူး။ ငါ့ကို တွေ့ အောင်ရှာနိုင်ရင် ထွက်ပေါက်ကို တွေ့ တာနဲ့ အတူတူပဲ။ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်းရဲ့ တစ်ခုတည်းသော ထွက်ပေါက်နေရာမှာ ငါရှိနေတယ်။ ငါ့ကိုတွေ့ ရင် မင်း လွတ်မြောက်ပြီပေါ့ "

ကြက်သီးတွေ ထမိသွားသည်။ ဘာမှန်းမသိသော ဤကျွန်းကြီးက သူ့ကိုပဲ စိန်းစိန်းကြီး စိုက်ကြည့်နေသလို တွေ့ ကြပြီပေါ့။

" ခဏလေး . . . ကျွန်တော် ပြောစရာရှိသေးတယ် "

" လက်ယာ စကားကိုရပ်ပြီး ပတ်ဝန်းကျင်နှင့် ကောင်းကင်ကို မော့ကြည့်လိုက်ကာ . . .

မကြာခင် နေဝင်တော့မယ်။ ညမှော င်ရင် ကျွန်တော် တော် ဘယ်လို ခရီးဆက်ရမှာ လဲ "

" ဒါလည်း သိပ်မခက်ပါဘူး။ ဒီကျွန်းမှာ ရှိတဲ့ ကျောက်တုံးကျောက်ခဲတော် တော် များများ က တစ်ခုနဲ့တစ်ခု ပြင်းပြင်းထိမိရင် မီးပွင့်တတ်တဲ့ သဘာဝ ရှိတယ်။ ဟုတ်၊ မဟုတ် အခုစမ်းကြည့်လိုက် "

ပြောစကားကြောင့် နီးစပ်ရာခဲနှစ် လုံးကို ကောက်ယူပြီး ခတ်ကြည့်လိုက်တယ်။ ပထမတစ်ချက်မှာ မထူးခြားပေမဲ့ ဒုတိယတစ်ချက်မှာ မီးပွင့်ကြီးတစ်ခု ပွင့်သွားသည်ကို တွေ့ ရ၏ ။ စိတ်ထဲမှာ ပြုံးလိုက်ပြီး … " ဒီလောက်ဆိုရင် မဆိုးပါဘူး။ ကျွန်တော့် အသက်ကို ကာကွယ်ဖို့ ဓားတစ်လက်ရှိတယ်။ ညအချိန်အတွက် မီးခတ်ကျောက်နှစ် လုံးရှိတယ်။ ဒါဆိုရင် ခင်ဗျားတို့ဘက်က ပြည့်စုံပါတယ်။ ဒီပွဲကိုတော့ ကျွန်တော် လုံးဝကြိုက်သွားပြီ "

သူ့ စကားဆုံးသွားချိန်မှာ တော့ . . .

" ဒါဆို စတော့မှာ လား "

" အသင့်ပဲ "

အုန်းသီးကြွေသံ၊ အုန်းလက်ခတ်သံတွေ ကို ကြားရ၏ ။ ပြီးတော့ ပင်လယ်အော်သံလိုလိုကိုလည်း ကြားရသည်။

" ဒီသစ်ပင်ကြီးရဲ့ နောက်ဖက်မှာ ကျွန်းရဲ့ ဝင်ပေါက်လေးပေါက်က မင်းကို စောင့်နေတယ်။ ဝင်ပေါက်တစ်ခုကို မင်းဝင်လိုက်တာနဲ့ ကစားပွဲစပြီး ကြေးတော့ကြီးတယ်နော်။ အချိန်မရွေး မင်း သေသွားနိုင်တယ် "

သူ ' ဟက် ' ခနဲ တစ်ချက်ရယ်လိုက်၏ ။ မခံချင်စိတ်ရဲ့ အားမာန်တွေ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေကျံနေသည်။ ရင်တွေ တဒိုင်းဒိုင်း ခုန်နေ၏ ။

စိတ်ဝင်စားလို့။ ပြီးတော့ . . .

အနိုင်ရချင်လို့။

" ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ "

" လွယ်လွယ်ကူကူ ကျွန်းစောင့်ကြီးလို့ပဲ ခေါ်ပေါ့ "

" အိုကေ . . . ကျွန်းစောင့်ကြီး။ ကျွန်တော့် ဘက်က စပြီ "

"သစ်ပင်ကြီးအား ကွေ့ပတ်ကာ နောက်ဖက်ကို ရောက်ဖို့ ကြိုးစားတော့"

" တစ်ခါတည်း မှာ ထားလိုက်မယ် ကောင်လေး။ ဝင်ပေါက်လေးခုရဲ့ တစ်ခုသော ဝင်ပေါက်ရဲ့ အဆုံးမှာ အရမ်းအဆိပ်ပြင်းတဲ့မြွေတွေ နေထိုင်တယ် "

သူ တုံ့ခနဲရပ်သွားမိတော့ . . .

" သေဆုံးခြင်းဟာ ဒီကျွန်းရဲ့ အဖြေပဲ "



VI

သစ်ပင်ကြီးနောက်ကိုရောက်တော့ ပြောသလိုပင် လမ်းလေးသွယ်အား ' ဘွား ' ခနဲ တွေ့ လိုက် ရသည်။ ပင့်သက်ဖြိုင်ဖြိုင် ရှိုက်မိသွားရ၏ ။ လမ်းလေးသွယ်(သို့) ဝင်ပေါက်လေးခု။

အထူးခြားဆုံးက ပန်းနွယ်မုခ်ဦး၊ ဝင်ပေါက်လေးခုနဲ့ ပုံသဏ္ဍာန်က လုံးဝထူးခြားဆန်းပြား လွန်းလှသည်။ အုတ်မုခ်ဦးမဟုတ်။ သစ်ဝါးဖြင့် ဆောက်လုပ်ထားသော မုခ်ဦးလေးပေါက်မဟုတ်။ ပန်းခက်၊ ပန်းနွယ်များ ဖြင့် ဝင်ပေါက်မုခ်ဦးသဏ္ဍာန်ဖော်ထားသော လမ်းလေးသွယ် ဖြစ်ပါ၏ ။

ပို၍ ထူးခြားသည်က ဝင်ပေါက်တစ်ခုချင်းစီရဲ့ ထိပ်ပိုင်းမှာ နံပါတ်တစ်ခုစီ ရေး ထိုးထားခြင်း ဖြစ်သည်။

၊ 3 ၊ ၊ 6 ၊ ၊ 9 ၊ ၊ 12 ၊

ဘာအဓိပ္ပာယ်လဲ။ လမ်းနာမည် တပ်ထားတာလား၊ လမ်းတစ်ခုချင်းဆီရဲ့ အပေါ်တည့်တည့်မှာ ရေး ထိုးထားသည်မို့ လမ်းနာမည် တပ်ထားသလို ဖြစ်နေသည်။ နံပါတ်(၃) လမ်း၊ နံပါတ်(၆) လမ်း၊ နံပါတ်(၉)လမ်း၊ နံပါတ်(၁၂)လမ်း။

ထူးထူးခြားခြားပါပဲ။ ဒါ သာမန်အကြောင်းအရာတစ်ခုတော့ မဟုတ်နိုင်ပါ ။ အဓိပ္ပာယ်တစ်စုံ တစ်ရာတော့ ရှိလိမ့်မည် ။ လောလောဆယ်တော့ မစဉ်းစားတတ်သေး။ သေချာသည် ကတော့ ဤကျွန်းကို ပေါ့သေးသေး သဘောထား၍ မရ။ အပြင်ပန်းကြည့်လျှင် သာမန် ကျွန်းတစ်ကျွန်းဟု ထင်ရပေမဲ့ အတွင်းပိုင်းမှာ စနစ်တကျ တည်ဆောက်ထားသော ကျွန်း ဖြစ်သည်။

ထိုစဉ်မှာ ပဲ အသံလွှင့်စက်ထဲမှ အသံတစ်ခုကို ပြန်ကြားယောင်မိ၏ ။

" ဝင်ပေါက်လေးခုရဲ့ တစ်ခုသော ဝင်ပေါက်ရဲ့ အဆုံးမှာ အရမ်းအဆိပ် ပြင်းတဲ့ မြွေတွေ နေထိုင်တယ် "

ဘယ်ဝင်ပေါက်လဲ၊ နံပါတ် (၃) လား၊ နံပါတ် (၆) လား၊ နံပါတ် (၉) နှင့် ( ၁၂ ) လားတစ်ခုခု မှာ တော့ ထိုလူကြီးပြောသလို ရှိနေလိမ့်မည် ။ အဓိကက သူ လမ်းရွေးမမှားဖို့ ဘယ်လမ်းက ဝင်ရမလဲ။

စိတ်ကူးနဲ့ တွေးနေမိစဉ် . . .

" အာ့ . . . အာ့ . . . အာ့ "

ကျီးအာသံကြား၍ မော့ကြည့်လိုက်မိတော့ ကျီးဌက်တစ်ကောင်က သူ့ခေါင်းပေါ်တည့်တည့် သစ်ကိုင်းတွင် နားကာ ' အာ ' နေသည်။

" အာ့ . . . အာ့ . . . အာ့ "

ထိုကျီးက ဆက်တိုက်အာရင်း ဆတ်ခနဲ ထပျံသွား၏ ။ ခဏချင်းမှာ ပင် လက်ယာ ပြုံးလိုက်မိသည်။ ပြီးတော့ ဝင်ပေါက်တစ်ခုကို ဦးတည်လိုက်ပါသည်။

ထိုဝင်ပေါက်က . . .

လမ်းနံပါတ် (၁၂ )

သူ ရွေးသော လမ်း မှန်ကန်ပါ့မလား။

မတော် တဆ မှားယွင်းသွားလျှင်တော့ ညကြီးမိုးချုပ် မြွေတော တိုးရတော့မည် ။

ကြောက်စိတ်မ ဖြစ်ပေမဲ့ အံကိုတော့ တင်းတင်းကြိတ်လိုက်မိ၏ ။ ပြီးတော့ စကားတစ်ခွန်းကို ခပ်တိုးတိုးဆိုသည်။ သို့ပေမဲ့ တစ်တောလုံး ကြားမည် ထင်၏ ။



ငါ ဝင်လာခဲ့ပြီ၊

ဌက်ဆိုးတွေ ထိုးတဲ့တော

တစ်တောလုံး ကြွေစေရမယ်။

လက်ယာ



VII

အပြင်မှာ အလင်းရောင် ရှိလိမ့်ဦးမည် ထင်ရပေမဲ့ အတွင်းပိုင်းမှာ တော့ အမှော င်သို့ ဦးဆောင် နေပြီ၊ လမးမှာ တော် တော် ရှည်၏ ။ ဝင်ဝင်ချင်းတုန်းက လမ်းမှာ ကျယ်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ ယခု လူ တစ်ယောက် လျှောက်ရရုံလောက်သာ ရှိတော့၏ ။

သစ်ပင်ကြီးငယ်တွေ ၊ ဆူးချုံတွေ နွယ်တက်နေသော အသိုက်အမြုံတွေ နဲ့မို့ တောက အနည်းငယ်နက်လာကြောင်း သတိထားမိသည်။ သစ်ပင်ကြီးများ ထက်ဆီမှ အိပ်တန်းဝင် ကျေးဌက် သာရကာတို့၏ ကျီကျီအာအာအော်သံများ ကိုလည်း ကြားရသည်။

ယခုအချိန်ထိတော့ အရာအားလုံးက အေးဆေးပဲပင်ရှိသေးသည်။ အခက်အခဲတစ်စုံတစ်ရာ မတွေ့ ရသေး။ ထိုစဉ်မှာ ပဲ သူလျှောက်နေရာလမ်းလေးဆီသို့ ဘယ်ဘက်မှ လမ်းသွယ်လေးတစ်ခုက လာဆုံသည်။ လမ်းနှစ် ခုဆုံရာမှာ ရပ်ပြီး လာပေါင်းသော လမ်းလေးဆီ မျှော်ကြည့်မိတော့ . . .

မှော င်နေပြီ ဖြစ်၍ သိပ်အဝေးကြီးကို မမြင်ရ။ လမ်းလေးသွယ်အနက်တွင်းမှ နှစ် သွယ်ပေါင်းစည်းသည့် သဘောလား၊ လာပေါင်းသော လမ်းလေးအတိုင်း အထက်သို့ ဆန်တက်ကြည့်လျှင်တော့ ထိုအဖြေကို သိနိုင်သော်လည်း ဘယ်လိုပဲ ဖြစ် ဖြစ် ပြဿနာမရှိနိုင်ပါ။ လမ်းအဆုံးမှာ မြွေသိုက်နဲ့မတိုးဖို့ဘဲ အရေး ကြီးသည်လေ။ ယခုအချိန်ထိတော့ ကြွက်တစ်ကောင် ကြောင်တစ်မြီးမျှ မမြင်ရသေး။

မကြာခင် အမှော င်ဖုံးတော့မည် ။ မှော င်လာလျှင် ညအိပ်ဖို့ တစ်နေရာရှာရမည် ။ ကမ်းမမြင်၊ လမ်းမမြင်တောကြီးတစ်ခုထဲမှာ ညကြီးအချိန်မတော် ခရီးဆက်ရလောက်အောင်တော့ သူမမိုက်မဲသေး။ ပြီးတော့ လမ်းရှိလို့သာ သွားနေရသည် ဘယ်ရောက်မည် မသိ။

ဓားကိုတော့ လက်ထဲမှာ သေချာဆုပ်ထား၏ ။ အန္တရာယ်ဟူသည် အချိန်မရွေးရောက်လာ နိုင်သည် မဟုတ်ပါလား။ အတော် သွားပြီးတော့ သစ်ပင်ကြီးတစ်ပင်ကို တွေ့ ရသည်။ အင်ကြင်းပင်ကြီး ဖြစ်၏ ။ ပင်စည်မှာ လူတစ်ဖက်နီးနီးလောက် ရှိပြီး အကိုင်းအခက်တွေ က လက်တံရှည်ကာ ဘေးသို့ ဖြန့်ကားကျနေသည်။

ပတ်ဝန်းကျင်မှာ လည်း မဆိုး။ အခင်းသာသည့်အနေအထားရှိသည့်မို့ စိတ်အေးလက်ျေအးပင် နားနေရန် အဆင်ပြေနိုင်၏ ။ မကြာခင် မှော င်လာတော့မည် ။ ထို့အတွက် ဤနေရာမှာ ပင် ရပ်နားရန် ဆုံးဖြတ်လိုက်ပါသည်။

တစ်အောင့်ကြာတော့ အနီးနားမှ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်တို့ကို လိုက်စုကာ မီးမွှေးလိုက်၏ ။ တစ်နေကုန် ပူလောင်ထားသည်မို့ မီးက ခဏချင်းပင် တောက်သွားသည်။

မီးရှိန်ကြောင့် ပတ်ဝန်းကျင်မှာ အနည်းငယ် လင်းချင်းသွား၏ ။ ထိုခဏမှာ ပဲ တစ်တောလုံး အလင်းရောင် ပျောက်သွားချေပြီ။

အင်ကြင်းပင်ကြီးအောက်မှာ မီးတစ်ပုံနှင့် လူ တစ်ယောက် ။

မီးရှိန်ကျမသွားရန် ထင်းခြောက်တုံးတွေ မီးဖိုထဲ ထပ်ထည့်ရင်း လက်ယာ စဉ်းစားနေမိသည်။ အခြားအကြောင်းတော့ မဟုတ်ပါ။ သူ့ဘဝ၊ သူ့အကြောင်းပါပဲ။

နည်းပညာခိုးမှု ဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ ထိုအခါမှာ သူ့ဘဝအဆုံးသတ်သွားပြီး ထင်ခဲ့၏ ။ သို့ပေမဲ့ အဆိုးဝါးဆုံး အခြေအနေသို့ မရောက်သေးပါ။ ပြစ်ဒဏ်ကျခံရန် စေလွှတ်လိုက်သော နေရာတွင် မှ ကံကောင်းမှု တစ်ခုက အသင့်စောင့်ကြိုနေပါသည်။

ကျွန်းက လွတ်မြောက်လျှင် လောကကြီးဆီ ပြန်သွားခွင့်ရမယ်တဲ့။ အပြစ်တွေ အားလုံးက ကင်းလွတ်မယ်တဲ့။ လွတ်မြောက်ဖို့ကရော လွယ်ကူပါ့မလား။ လုံးဝမလွယ်ကူနိုင်ပါ။ သေဒဏ်နဲ့ညီမျှသော ပြစ်မှု ကျူးလွန်ထားသူတွေ အတွက် အသက်တစ်ချောင်း ပြန်လည်လွတ်မြောက်ဖို့က ဘယ်လိုမှ မလွယ်။

သူရောက်နေရာက သေချာတည်ဆောက်ထားသော အကျဉ်းထောင်တစ်ခုဆိုလျှင် မလွဲ။

အင်းကြင်ပင်ကြီးရဲ့ အမြစ်ဆုံတစ်ခုကို မှီရင်း မျက်လုံးမှိတ်လိုက်ပါသည်။ မျက်လုံးတွင်းမှာ သူ့ရဲ့ အတိတ်နှင့် အနာဂတ်တွေ တရစ်ဝဲဝဲ ပေါ်လို့နေ၏ ။ သူ တစ်ယောက် တည်းဟူသော အသိက စိတ်ကို အနည်းငယ်တော့ ချောက်ချားစေသည်။ မနက်ဖြန်မှာ ဘာတွေ ရင်ဆိုင်ရမှာ လဲ။

ရင်ဘတ်ကို လက်ရောက်တော့ ခိုးလုခုလု အရာတစ်ခုကို စမ်းမိ၏ ။ ရေစို၍ နေလှန်းထားရသော စာအုပ်လေး။ စာအုပ်လေးကို အပေါ်မှ ဆုပ်ကိုင်ရင်း စိတ်ကို လျှော့ချလိုက်သည်။ ဒီစာအုပ်လေး ပျက်စီး ပျောက်ပျက်၍ မရပါ။

တစ်ယောက် တည်း အထီးကျန်တော့မည့်  နေ့ရက်များ အတွက် ဒီစာအုပ်လေးက အဖော်ပင် မဟုတ်ပါလား။ သူ့ကို လမ်းမှားမရောက်အောင်လည်း လမ်းပြပေးလိမ့်မည် ။ ရင်ထဲမှာ ကြီးမားသော ရည်ရွယ်ချက်အောင်မြင်ရန်လည်း ကူညီပေးလိမ့်မည် ။ ဒုက္ခတွင်းမှ ကယ်တင်ပေးလိမ့်မည် ။

စာအုပ်လေးကို ထိတွေ့ စဉ်ခဏမှာ ပဲ စိတ်က အလိုလို ကြည်လင်လာသည်။ အတိတ်တွေ ၊ အနာဂတ်တွေ ပျောက်သွားသည်။ ဗလာ ဟင်းလင်းနေရာတစ်ခုကို စိတ်ကူးနှင့် ရောက်ရှိသွားသလို လည်း ခံစားလိုက်ရသည်။

ထိုနောက်မှာ တော့ မျက်ခွံတွေ လေးလံလာ၏ ။ အိပ်ချင်လာပြီ။ မျက်လုံးပြန်ဖွင့်ပြီး မတ်တတ်ရပ်ကာ သစ်ပင်ကြီးပေါ်တက်ရန် ပြင်သည်။ အောက်မှာ တော့ သူ မအိပ်ရဲ။ ထင်းမီးဖိုထားပေမဲ့ စိတ်မချရ။

နောက်ဆုံးတော့ အင်ကြင်းပင်၏ ကိုင်းခွကောင်းကောင်းတစ်ခုမှာ စိတ်ချလက်ချ အိပ်စက်ခဲ့တော့၏ ။



မိုးစင်စင်လင်းမှ နိုးလာချေသည်။ နိုးနိုးချင်း အောက်ကိုငုံ့ကြည့်တော့ ထင်းမီးပုံက ပြာဖုံးနေပြီ ဖြစ်၏ ။ ဗိုက်က တချုတ်ချုတ်ဆာလောင်နေပြီ၊ သစ်ပင်ပေါ်မှာ အိပ်ခဲ့ရသည့်အတွက် တစ်ကိုယ်လုံး ညောင်းညာလို့နေပါသည်။

ရေချိုးလိုက်လျှင်ဖြင့် လန်းသွားမည် ထင်၏ ။ ထို့ကြောင့် အင်ကြင်ပင်းကြီးပေါ်မှ မဆင်းသေးဘဲ အသံကို နားစွင့်လိုက်သည်။ ဘယ်ခြမ်းဆီမှ ရေလှိုင်းပုတ်သံသဲ့သဲ့ကို ကြားရ၏ ။ ရေပတ်လည် ဝန်းရံနေသော ကျွန်း ဖြစ်သည်ကြောင့် အနီးဆုံးကမ်ျးေခြဆီမှ ရေလှိုင်းသံများ ဖြစ်ဟန်တူပါသည်။

သစ်ပင်ပေါ်မှဆင်းကာ ထိုနေရာသို့သွားရန် ဆုံးဖြတ်လိုက်သည်။ အောက်ကိုရောက်တော့ အသံကိုနားစွင့်ကာ ကမ်းခြေရှိရာဘက်သို့ တောတိုး လျှောက်သွားလိုက်၏ ။ မကြာမီမှာ ပင် ဝါးသုဉ်းတော တစ်ခု တွေ့ ရသည်။ ဝါးသုဉ်းတောကျိုလွန်တော့ မြောင်းပေါက်လေးတစ်ခုရှိရာသို့ ရောက်လာ၏ ။

ထိုမြောင်းလေးအတိုင်း ဝင်သွားတော့ တဖြည်းဖြည်း ရေသံလေသံတို့နှင့် နီးနီးကပ်ကပ် ရှေိလာသည်။ သူဝင်လာရာ မြောင်းလေးမှာ မိုးတွင်း မိုးအခါ ရေကြီးချိန်တွင် ပင်လယ်ရေများ ဝင်ရောက်ရာ မြောင်းလေး ဖြစ်ဟန်တူ၏ ။

သိပ်အကျယ်ကြီး မဟုတ်ပေမဲ့ လူတစ်ရပ်လောက်တော့ နက်ပေလိမ့်မည် ။ ငါးမီနစ်လောက် လျှောက်ဝင်ပြီးတော့ ရေစပ်စပ်ရှိရာသို့ ရောက်လာလေသည်။ ရေရှိသည်ကြောင့် ဆက်မသွားတော့ဘဲ ကမ်းပါးယံပေါ် ကုတ်တွယ်တက်လိုက်၏ ။ တောင်ကျောလေးပေါ်ရောက်စဉ်မှာ တော့ . . .

ပင်လယ်ပြာကြီးက အောက်ဖက်မှာ သူ့ကို ဆီးကြိုနေချေပြီ။ စိတ်ထဲမှာ ပျော်သွား၏ ။ ပို၍ ပျော်စရာကောင်းသည်က သူတက်လာခဲ့သော မြောင်းတွင်းသို့ ငုံ့ကြည့်လိုက်ချိန်မှာ ဖြစ်သည်။

" အားပါး . . . ငါးတွေ ပါလား "

ခုနတုန်းက မတွေ့ ။ အပေါ်မှ ကြည့်မှ မြင်ရခြင်း ဖြစ်သည်။ ချက်ချင်း ပင် မြောင်းတွင်းသို့ ပြန်တွယ် ဆင်းလိုက်တော့၏ ။ ရေစပ်ကိုရောက်တော့ ကူးခတ်နေသော ငါးတို့ကို သေချာရပ်ကြည့်မိသည်။ အရေအတွက်မှာ ခုနှစ် ကောင်ထက် မနည်း။ လူကြီးလက်ကောက်ဝတ်ထက် မသေးနိုင်။

ဒီတော့ . . .

ဓားနဲ့ပဲ ခုတ်ဖမ်းရမလား။ ဒီလိုဆိုလျှင်တော့ အလွယ်တကူ ရနိုင်၏ ။ သို့ပေမဲ့ ထိုအတိုင်း မလုပ်ချင်။ ကိုယ်တိုင်ဆင်းဖမ်းချင်သည်။ ဤကျွန်းပေါ်တွင် ဘယ်လောက်ကြာကြာ နေရဦးမည် မသိ။ ဓားနှင့် ဖမ်း၍ အဆင်မပြေသည့် နေရာမျိုးမှာ လက်ကိုပင် အားကိုးရမည် မဟုတ်ပါလား။

ဒီတော့ အလေ့အကျင့် ရှိထားဖို့လိုသည်။

ဓားကို မြေပျော့တွင် စိုက်ကာ အိုင်အတွင်းသို့ ဆင်းလိုက်၏ ။ ရေမှာ ဒူးဆစ်မြုပ်အောင်ရှိသည်။ ခြေကိုဖွကာ ရေသံမကြားအောင် တရွေ့ရွေ့ချင်း တိုးသွားလိုက်ပါသည်။ ငါးတို့မှာ အရိုင်းဆန်နေသည် ထင်၏ ။ နီးလာသည့်တိုင်အောင် သူ့ကို သတိမထားမိဘဲ တွန်းထိုးကူးခတ်လျက် ရှိ၏ ။

လက်ယာ လက်နှစ် ဖက်ကို ရေမှာ ချလိုက်၏ ။ ပြီးတော့ နီးစပ်ရာ ငါးတစ်ကောင် ဝမ်းဗိုက်အား အောက်မှပင့်ကာ ကမ်းပေါ်ပက်တင်လိုက်ပါသည်။ အငိုက်မိသွားပုံရသည်။

" ဖလပ် . . . ဖလပ် . . . "

မြေပေါ်တွင် ခုန်ပေါက်သွားတော့ အားတက်ကာ နောက်တစ်ကောင်ကို ပက်တင်လိုက်သည်။ ဒီတစ်ခါတော့ မလွယ်ကူတော့ပါ။ ငါးတွေ ယောက် ယက်ခတ်သွားချေပြီ။ ထို့အတူ သူ့မှာ လည်း . . .

နောက်ဆုံးတော့ ပင်လယ်ငါးသုံးကောင်ကို လက်ရဖမ်းဆီး နိုင်ခဲ့သည်။ သူ့တစ်ကိုယ်လုံးလည်း ရွှံ့တွေ ၊ ဗွက်တွေ လူးကာသွားသည်။ ဒါပေမဲ့ သူမမောပါ။ ပျော်လို့ပင် နေသေး၏ ။

ရရှိသော ငါးသုံးကောင်ကို ဆွဲရင်း ကမ်းပါးပေါ် ပြန်တက်ခဲ့ပါသည်။ အပေါ်ကိုရောက်တော့ အနီးအနားမှ ထင်းခြောက်များ ကို အလျင်အမြန်လိုက်ရှာသည်။ ထင်းရှာရင်းနဲ့ ကံကောင်းထောက်မစွာ အလေ့ကျပေါက်နေသော ငရုတ်တောငသ့်ရှည်ပင်အချို့ကို တွေ့ လိုက်ရ၏ ။

လေး၊ ငါး၊ ခြောက်တောင့် ခူးယူခဲ့ကာ ထင်းရတော့ မြေပြောင်ပြောင်တွင် မီးဖိုလိုက်သည်။ ငါးသုံးကောင်ကို ဗိုက်ခွဲ အူနှုတ်၍ ငရုတ်တောင့်တို့ကို ဗိုက်အတွင်း ချိုးဖဲ့ထည့်သည်။ ပြီး အပေါ်မှာ ဝါးရွက်တို့နှင့် ချည်ကာ တံစို့ထိုးပြီး မီးကင်လိုက်၏ ။

အားလုံးပြီးသွားချိန်မှာ တောင်ကြောလေးပေါ်ကဆင်းပြီး ကမ်းစပ်ဆီ လျှောက်သွားလိုက်ပါသည်။ အင်္ကျီကိုချွတ်ကာ သဲပြင်ပေါ်ပုံလိုက်၏ ။ ပြီး ထိုအပေါ်မှာ ' စိတ်၏ အရည်အသွေး ' စာအုပ်လေးကို ထပ်တင်လိုက်သည်။ ပြီးတော့ ပင်လယ်တွင်းဆင်းကာ ရေကို တစ်ဝကြီးချိုးလိုက်၏ ။ အချိန်အတော် ကြာသည့်တိုင် ပြန်မတက်ဘဲ ရေမှာ စိမ်နေလိုက်ပါသည်။

အကြောခဉ်များ ပြေလျော့ သွားလောက်တော့မှ ကမ်းပေါ် ပြန်တက်ခဲ့၏ ။ တောင်ကြောလေး ပေါ်ရောက်တော့ ငါးမီးကင်းမှာ ကျက်လို့နေပါပြီ။ မီးဖိုဘေးထိုင်ကာ တံစို့တစ်ချောင်းကို ဆွဲနှုတ်လိုက်သည်။ အတွင်းကိုလှန်လိုက်တော့ ငရုတ်သီးကင်းနံ့လေးမှာ နှာသီးဝမှာ သင်းခနဲ ရောက်လာ၏ ။ တစ်ဖဲ့ ယူမြည်းကြည့်လိုက်တော့ ကျက်လို့နေပါပြီ။

ငါးကင်မှာ လတ်ဆတ်လို့လားမသိ အရသာရှိလှသည်။ ငါးကင်ကို ထပ်ဖဲ့ကိုက်လိုက်၊ ငရုတ်သီးနွေးလေး တစ်ဖဲ့ကိုက်လိုက်နှင့် စည်းစိမ်ရှိနေတော့၏ ။ စားကောင်းကောင်းနှင့် စားလိုက်တာ ငါးကြီးနှစ် ကောင် ကုန်သွားသည်။ ဗိုက်မှာ လည်း တင်းပြည့်သွားသည်။ ဒီတော့မှ ရေဆာလာ၏ ။

ရေရှာမှ ဖြစ်တော့မည် ဟူသော အသိနှင့် မတ်တတ်ရပ်လိုက်ပါသည်။ ပြီးတော့ ကျန်နေ သေးသော ငါးကင်တစ်ကောင်ကို နှုတ်ယူကာ ထိုနေရာမှ ထွက်ခဲ့လိုက်၏ ။ ကျွန်းစောင့်ကြီးပြောသည့် ရေချိုးကန်ကို ရှာရပေတော့မည် ။

ရေကန်မှာ ဘယ်နေရာ၊ ဘယ်အရပ်တွင် လည်း သူမသိ၊ ကံစွပ်လို စွပ်ငြား ခြေဦးတည့်ရာ လျှောက်လာတော့ တောမှာ အောက်ပေါင်းရှုပ်လာ၏ ။ ချုံနွယ်ပင်တွေ နှင့် မို့ ခရီးက သိပ်မတွင် ၊ ဆိုးဆိုး ဝါးဝါးကြီးလည်း မဟုတ်သည်မို့ လက်ထဲမှဓားနှင့် လမ်းထွင်၍ သာ လျှောက်လာလိုက်သည်။

တောင်ကုန်းနှစ် ခုကိုလွန်တော့ ဝါးပျက်တော၊ တစ်တောကို တွေ့ ရ၏ ။ တိရစ္ဆာန်တို့သွားရာလမ်းလေးလည်းရှိသည်မို့ ထိုလမ်းလေး အတိုင်း ဝင်လာခဲ့သည်။ တစ်နေရာအရောက်မှာ . . .

" ဟာ . . . "

ရှေ့ဆီမှ ဖြတ်ပြေးသွားသော ဒရယ်ပေါက်တစ်ကောင်။

' ဗြုန်း' ဆို သူပြေးလိုက်တော့ ဒရယ်က လှစ်ခနဲ ခုန်ပျံကာ တောတွင်း ဝင်ပြေးသည်။ ဆယ်လှမ်းပင် မပြည့်လိုက်။ ဒရယ်ကောင်မှာ ကွင်းမှ ပျောက်သွား၏ ။ ထိုအခါမှ ကိုယ့်ကိုယ်ကိုယ် သတိရ သည်။ ဒီအတိုင်း ပြေးလိုက်လို့ ဒရယ်ကောင်ကို ဘယ်လိုလုပ် မှီမည် နည်း။

လက်မှာ ကိုင်ထားတာက သေနတ်မဟုတ်၊ ဒူးလေးမဟုတ်၊ ပြီးတော့ သူတို့တော့ သူတို့ထောင်ထဲ မှာ . . .

" သြော် . . . လူ . . . လူ . . . လူဆိုသည့် သတ္တဝါတွေ မှာ အစားတစ်လုတ်အတွက် အမှားအမှန် ပင် မခွဲခြားနိုင်တော့ပါလား "

ကိုယ့်ကိုယ်ကိုယ်ပင် ရှက်မိသွားရသည်။ ထိုစဉ်မှာ ပဲ ခြေဖဝါးဆီမှ အေးစက်စက် အထိတွေ့ တစ်ခု ကို ခံစားရ၏ ။ ငုံ့ကြည့်လိုက်တော့ မြေပြင်က စိုစိုစွတ်စွတ် ဖြစ်နေသည်။ ရှေ့နားဆီမှ ရေစီးကြောင်းလေး တစ်ခုကိုလည်း တွေ့ ရ၏ ။

ရင်ထဲမှာ လှပ်ခနဲ ဖြစ်သွားပြီး ရေစီးကြောင်းစတင်ရာဆီကြည့်လိုက်တော့ . . .

ချုံပုတ်တစ်ခုအတွင်းမှ အပြင်သို့ စီးထွက်နေခြင်း ဖြစ်ပါသည်။ ကပျာကယာပင် ပြေးသွားကာ ဓားဖြင့် ရမ်းကြည့်တော့ ချုံအတွင်းမှ ထွက်လာခြင်းမဟုတ်။

ချုံအား ပန်းတက်လိုက်စဉ် . . .

" ဟင် . . . "

ခေါင်းနပန်းကြီးခြင်းမဟုတ်ပါက အပျော်လွန်သွားခြင်းသာ ဖြစ်တော့၏ ။ ရေအိုင်လေးတစ်အိုင်၊ တစ်ပေပတ်လည်လောက်သာ ရှိမည် ထင်ရသော ရေအိုင်လေး။ သူမြင်ရသော ရေစီးကြောင်းမှာ ထိုရေအိုင်လေးဆီမှ လျှံကျနေသော ရေစီးကြောင်း ဖြစ်သည်။

အနီးအနားမှာ လည်း ဒရယ်ခြေရာများ ကို တွေ့ ရ၏ ။ ခုန ဒရယ်ကောင် ခြေရာများ ဖြစ်ဟန် တူပါသည်။ ရေလာသောက်ခြင်း ဖြစ်နိုင်၏ ။ စဉ်းစားမနေတော့။ ချက်ချင်း ပင် ဒူးထောက်ချကာ ရေကိုလက်ခုပ်ဖြင့် ခပ်ယူမြည်းစမ်းတော့ . . .

" အို . . . ဘုရားရေ . . . ရေချိုတွေ ပါလား "

လူက အတိုင်းမသိ ပျော်ရွှင်မြူးတူးသွားတော့၏ ။ အငမ်းမရပင် တဗွမ်းဗွမ်း ခပ်သောက် လိုက်ပါသည်။ လက်ခုပ်ဖြင့် ခပ်သောက်လိုက်ရသည်မို့ အားရပါးရတော့မရှိ။ သို့ပေမဲ့ ဗိုက်ပြည့် အောင်တော့ အထပ်ထပ် ခပ်သောက်လိုက်သည်။

ပြီးသွားချိန်မှာ ပင်လယ်ရေဖြင့် ဆေးထားသော မျက်နှာကို ပြန်ဆေးသည်။ ဆားငန်ရေဖြင့် တင်းကြပ်နေသော မျက်နှာအရေပြားမှာ ယခုမှ နေသာထိုင်သာရှိသွား၏ ။ အားလုံးပြီးတော့ ရေအိုင်လေး မှာ တစ်ဝက်မရှိတရှိလောက် ကုန် သွားပါသည်။

ဒါသည် ကျွန်းစောင့်ကြီးပြောသော ရေချိုကန်တော့ မ ဖြစ်နိုင်ပါ။ ကျွန်းပေါ်ရှိသမျှ သတ္တဝါတွေ အားလုံး မှီခိုနေရသော ရေကန်သည် ဤမျှလောက်တော့ သေးငယ်မည် မဟုတ်။

အိုင်လေးမှာ ရှိလှမှ တစ်ပေပတ်လည်လောက်သာ အဝကျယ်ပြီး အနက်မှာ လည်း ခြောက်လက်မ ခုနှစ် လက်မထက် မပိုနိုင်။ ရေမှာ ကြည်လဲ့နေသည်မို့ အောက်ခြေထိမြင်နေသည်။ ဒါဆို ရေတွေ ဘယ်က ရောက်လာတာလဲ။ ခေါင်းတွင်းသို့ အတွေးတစ်ချက်ဝင်လာသည်။

အလိုလိုနေရင်းနဲ့တော့ အိုင်ပြည့်ပြီး လျှံကျမလာနိုင်ပါ။ မြေကြီးထဲက စိမ့်ထွက်လာတာလား၊ သေချာသိရအောင် လက်ယာ ကြိုးစားမှု တစ်ခုကို ပြုလုပ်လိုက်သည်။ လက်ထဲမှ ဓားဖြင့် အိုင်လေးနံဘေး မြေပြင်ကို ဆယ်လက်မလောက်ထိ နက်အောင် တူးယူကြည့်၏ ။

ရေမထွက်ပါချေ။ ဒါဆို ရေမှာ မြေကြီးမှ စိမ့်ထွက်လာခြင်း မဟုတ်။ အထက်ဘက်မှာ လည်း တောင်ကုန်းအမြင့်လေး ရှိနေရာ လက်ယာတစ်ခု စဉ်းစားမိသည်။ ထိုတောင်ကုန်းလေးရဲ့ ဟိုဘက်များ မှာ ကျွန်းစောင့်ကြီးပြောတဲ့ ရေချိုကန်ရှိနေမလား။ ဒီရေတွေ သည် ထိုကန်က စိမ့်စီးလာတာလား။

အတွေးရလျှင်ရချင်း တောင်ကုန်းလေးပေါ် ပြေးတက်ကြည့်တော့ ထင်ထားသလို ရေကန်ရှိ မနေပါ။ ဒါပေမဲ့ ဆိုင်းဘုတ်နှစ် ခုကိုတော့ သစ်ပင်ကြီးတစ်ပင်ရဲ့ ပင်စည်မှာ ထင်ထင်ရှားရှားတွေ့ ရသည်။

သစ်ပင်ကြီးကို အလယ်တွင် ထားတာ လမ်းနှစ် သွယ်က ဆန့်ကျင်ဘက်အရပ်ကို ဦးတည်ဖြာထွက်နေသည်။ ပင်စည်မှာ လမ်းနှင့် သက်ဆိုင်သော ဆိုင်းဘုတ်များ ကို ချိတ်ဆွဲထားသည်။

ဘယ်ဘက်သို့ ဦးတည်သော လမ်းကို ' cave ' ဟု မြားပြထားပြီး ညာဘက်သို့ ဦးတည်သော လမ်းကို ' Lake ' ဟု ညွှန်းထားသည်။ ရေကန်ကို မတွေ့ ။ ဒါပေမဲ့ ရေကန်ကို သွားသော လမ်းကိုတော့ တွေ့ လိုက်ရပေပြီ။ ဆက်သွားရမလား။

လောလောဆယ် စိတ်ကူးမရှိသေး။ အကြောင်းကား ဤနေရာလေးမှာ လည်း သူ့ တစ်ယောက် စာ သောက်ရေအလုံအလောက်ရနေသည်။

ဒါသည်ပင် ရတာ နှင့် ရောင့် ရဲတတ်သော ပြည့်စုံမှု ပင် မဟုတ်ပါလား။ တောင်ကုန်းထိပ်မှ အောက်ဖက်ကို ပြန်ငုံ့ကြည့်တော့ . . .

" ဟာ . . . "

ဘယ်ကမှန်းမသိသော ခွေးလေခွေးလွင့်တစ်ကောင်က သူထားခဲ့သော ငါးကင်ကို ချီပြေးလေ၏ ။

" ဟာ . . . ဟိုခွေး . . . "

လှမ်းအော်ရင်း ပြေးလိုက်တော့ ခွေးမှာ အဝေးကြီးမပြေးနိုင်ပါ။ သူ အော်ငေါက်လိုက်မှု ကြောင့် ကြောက်လန့်တကြားထွက်ပြေးရင်း ရေအိုင်ထဲ ပြုတ်ကျသည်။

" သွားပြီ "

မျက်လုံတို့ပင် ပြာသွားမိသလား မသိတော့ပါ။ ရှားရှားပါးပါး ရေအိုင်လေးမှာ ကား၊ အနီးရောက် တော့ သူကောင့်သား ခွေးကို ပိတ်ကန်ပစ်လိုက်သည်။

" အိုင် . . . "

ဟု တစ်ခါန်းအော်ရင်း ခွေးမှာ သုံးပတ်လောက် လိမ့်ဆင်းသွား၏ ။ ပြီး ကြောက်လန့်တကြား ထပြေး သွားပါသည်။ မူလကြည်လင်နေသော ရေအိုင်လေးမှာ နောက်ကျိလို့၊ ပြီးတော့ ခွေးလေခွေးလွင့် ကိုယ်ပေါ်မှ ချေးနှင့် အမှိုက်တွေ ရေပေါ်မှာ ဝဲလည်နေသည်။ သူရဲ့ ညနေစာ ငါကင်းလေးမှာ လည်း အိုင်ထဲမှာ ကူးခတ်လို့။

" တောက် . . . "

' တောက် ' တစ်ချက်ခေါက်ရင်း ခွေးကိုရှာကြည့်တော့ မတွေ့ တော့ပါ။ နောက်ကျိသွားသော ရေတွေ ကိုသာ နှမြောတသကြည့်မိတော့သည်။ ကြည့်ရင်းနှင့် ထူးခြားမှု တစ်ခုကို သတိပြုမိ၏ ။

ရေတွေ ပြန်ပြည့်နေသည်။

ခုန တစ်ဝက်မရှိတရှိလောက် လျော့နည်းသွားသော ရေတွေ အပြည့်ပြန် ဖြစ်လို့နေသည်။ လက်ယာ မျက်လုံးပြူးသွားမိသည်။ သေချာပါသည်။ ဒါဆိုလျှင်တော့ အောက်ခြေက မဟုတ်တောင် တစ်နေရာရာက ရေတွေ စိမ့်စီးနေတာပါ။ အဖြေသိရအောင် အိုင်တွင်းမှ ရေတွေ ပက်ထုတ်လိုက်၏ ။

ရေကုန်တော့ အဖြေပေါ်လာသည်။ အောက်ခြေက ထွက်လာခြင်းမဟုတ်။ နံဘေးနံရံသားတစ်နေရာမှ စိမ့်စီးကျလာခြင်း။

ဒီလိုဆိုတော့လည်း ခွေးလေးကို သနားသွားရသည်။ ရှားရှားပါးပါး ရေလေးကုန်ပြီဟူသော အသိဖြင့် ဒေါသထွက်ကာ လုပ်လိုက်မိခြင်း ဖြစ်ပါသည်။ သတိရသွားလို့လားမသိ။ နားထဲမှာ 'အိုင်…အိုင်' ဟူသော ခွေးညည်းသံလိုလိုကို ကြားရသည်။

သေချာ နားစွင့်ကြည့်တော့ ခပ်လှမ်းလှမ်း ချုံပုတ်လေးနောက်ကွယ်မှ ထွက်လာခြင်း ဖြစ်ရာ စိတ်မကောင်းစွာ နှင့် ပင် သွားကြည့်လိုက်သည်။ သူ့ကိုတွေ့ တော့ ခွေးလေးက ထော့နဲ့ထော့နဲ့ ထပြေးသွား၏ ။ သက်ပြင်းကိုချကာ ငါးကင်ကို တံစို့နုတ်ပြီး ခွေးလေးရှိရာဆီ ပစ်ပေးလိုက်၏ ။

ခွေးလေးက အပြေးရပ်ပြီး ငါးကင်ကိုတစ်လှည့်၊ သူ့ကိုတစ်လှည့် မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသည်။ သူရှိနေသည်ကြောင့် မစားရဲ။ လက်ယာ သဘောပေါက်စွာ ဖြင့် ကျောခိုင်းလိုက်သည်။ အိုင်လေးဆီရောက်တော့ ရေမှာ သုံးပုံတစ်ပုံလောက် ပြန်ဝင်နေပါပြီ။

ဤနေရာလေးမှာ အမြင်မဆိုး။ ပြီးတော့လည်း ကမ်းနှင့် နီးပုံလည်း ရသည်။ သူ ထင်မြင်မိသလောက် ဤတောမှာ စားသောက်ဖို့ သိပ်ခက်ခဲမည့့်ပုံ မပေါ်ပါ။ ယခု သူ့ တစ်ယောက် စာ ရေအိုင်လေးကလည်း ရှိနေသည်။ ဒီလိုဆိုလျှင်ဖြင့် ဤနေရာ၌ ပုံသေစခန်းချရန် အဆင်ပြေနိုင်သည်။

အားလုံး တွက်ဆပြီးချိန်မှာ သူ့အတွက် ဗိမာန်လေးတစ်ခု ဆောက်လုပ်ရန် စတင်လိုက်တော့၏ ။ တဲထိုးရန် အနီးအနားမှ ဝါးတွေ ခုတ်သည်။ ခိုင်ခံ့သော သစ်လုံးများ ကို ရွေးချယ်သည်။ နှစ် နာရီလောက် ကြာပြီးသွားချိန်မှာ . . .

သစ်ပင်တစ်ပင်ကို မှီဆောက်ထားသော တစ်ဖက်ရပ်တဲလေးတစ်ခု ဖြစ်ထွန်းလာချေသည်။ တဲအနီး မြေပြင်တစ်ဝိုက်ကို ရှင်းလင်းပြီးသွားချိန်မှာ တော့ နေချင်စဖွယ် စခန်းသာလေးတစ်ခု ဖြစ်လာချေတော့၏ ။

မြေကြီးခဲနှင့် ပင် သစ်ပင်ကိုယ်ထည်မှာ နာမည် ထိုးလိုက်သေးသည်။

" ပျော်အောင်နေ စခန်း "

ပြီးတော့ ကိုယ့်နေရာ ကိုယ်ပြန်ကြည့်ပြီး ပီတိ ဖြစ်မိသည်။

ဒီလိုပါပဲ . . .

လူဆိုတာ ရောက်ရာနေရာမှာ ပျော်အောင်နေတတ်ဖို့ပင် အရေး ကြီးသည် မဟုတ်ပါလား။

ဒါသည်ပင် လူ တစ်ယောက် မှာ ရှိသင့်တဲ့ အရည်အချင်းတစ်ခုပေပဲ။



VIII

နေ့လယ်ရောက်တော့ တဲပေါ်တက်ကာ တရေး တမော အိပ်လိုက်သည်။ အိပ်ရာနိုးတော့ နေအတော် စောင်းနေပြီ ဖြစ်၏ ။ ထို့အတူ ဗိုက်မှာ လည်း တချုတ်ချုတ် ဆာလောင်လာသည်။

တဲပေါ်ကဆင်းတော့ ရှေ့တည့်တည့်ကရေအိုင်လေးမှာ ပြန်လည်ပြည့်ဖြိုးနေပေပြီ။ ငုတ်တုတ်ထိုင်ကာ အဆာပြေ အာစွတ်လိုက်၏ ။ ပြီးတော့ ဓားကိုကိုင်ကာ ညနေစာအတွက် စဉ်းစားခန်းဝင်မိသည်။ တောလည်ပြီးတော့ပဲ အစာရှာရမလား။

ဒါမှမဟုတ် သေချာသော အလုပ်ကိုပဲ လုပ်ရမလား၊ နေမှာ အတော် စောင်းနေပြီ ဖြစ်သည့်အတွက် တောလည်ပြီး ရှာဖို့က မသေချာပါ။ သေချာတာ တစ်ခုတော့ရှိသည်။ အဲဒါက ငါးရခဲ့သော မြောင်းလေးဆီ ပြန်သွားရန်၊ ထိုဟာမှာ သေချာသည်ကြောင့် မြောင်းလေးရှိ၇ာကိုပဲ ပြန်လျှောက်လာခဲ့လိုက်ပါသည်။

သူ့ကံကြမ္မာ အဆိုးဘက်မှာ မရှိသေးပါ။ ငါးတချို့ မြောင်းထဲမှာ ပြန်ဝင်နေသည်။ ဒီတစ်ခါတော့ မနက်ကလို မဆင်မခြင်မလုပ်တော့။ ဥာဏ်ကို လွှာသုံးလိုက်သည်။ အနီးအနားရှိ ကျောက်တုံး၊ ကျောက်ခဲ၊ မြေကြီးနှင့် ရွှံ့နွံတို့ကို အသုံးပြုကာ မြောင်းဝတွင် တမံပိတ်လိုက်ပါသည်။

ပြီးတော့ နီးစပ်ရာ အုန်းပင်ပေါ်တက်ပြီး အုန်းသီးတစ်လုံးကို ခြွေချလိုက်သည်။ ခွဲပြီးတော့ အုန်းသီးခြမ်းဖြင့် ပင် မြောင်းတွင်းမှ ရေကို ပက်ထုတ်လိုက်ပါသည်။ မှော င်လုမှော င်ခင်ရောက်တော့ ရေတို့ ကုန်သလောက် ဖြစ်သွားသည်။

ထို့နောက်မှာ သိပ်ခက်ခဲမှု မရှိတော့ပါ။ အနေတော် ငါးနှစ် ကောင်ကို ဖမ်းယူလိုက်သည်။ မြောင်းတွင်းမှာ လည်း တချို့ ကျန်ခဲ့သေး၏ ။ မလုပ်ချင်ပေမဲ့လည်း မတတ်နိုင်တော့။ လောလောဆယ် အသက်ရှင်နိုင်ဖို့က အရေး ကြီးနေသည် မဟုတ်ပါလား။

ကျွန်းစောင့်ကြီးပြောသော စကားကိုလည်း နားထဲမှာ ကြားယောင်မိသည်။

" မင်း အသက်ရှင်ရပ်တည်မှု အတွက် ကျွန်းပေါ်က အရာအားလုံးကို စတေးပစ်နိုင်တယ် "

ပြီးတော့ အခုလို သတ္တဝါတွေ ကို စတေးကာ စားသောက်နေမှု အတွက်လည်း လိပ်ပြာလုံစေသော စကားတစ်ခွန်းရှိသေးသည်။

" ကမ္ဘာမီးလောင် သားကာင်ချနင်းတဲ့ "

မတတ်နိုင်တော့။ သူ အသက်ရှင်ရန် လိုအပ်နေပါသေးသည်။

ဒါသည် သူ့အတွက် . . .

လောကကြီးအတွက် . . .



မီးဖိုလေးတစ်ဖိုဘေးတွင် သက်ရှိနှစ် ယောက် ထိုင်နေကြသည်။ ငါးကင်နံ့မှာ သွားရည်ကျချင်စရာ ကောင်းလောက်အောင် မွှေးပျံ့နေ၏ ။ တံစို့တစ်ချောင်းကို ဆွဲနှုတ်ကာ ငါးကင်ကျက်မကျက် တစ်ဖဲ့မြည်း ကြည့်လိုက်သည်။

ဆူဖြိုးသော ငါးအသားက ကျက်နေပြီမို့ လျှာပေါ်မှာ စိမ့်သွား၏ ။ လက်ယာ စိမ်ပြေနပြေပင် သစ်ပင်ကြီးကို မှီထိုင်ကာ ငါးကင်ကို တစ်ဖဲ့ချင်း စားနေလိုက်ပါသည်။ ဒီလိုဆိုတော့လည်း လူ့ဘဝက ပျော်စရာ အကောင်းသား။

ဘာအာမခံချက်မှ မရှိပေမဲ့ စိတ်အေးချမ်းနေသည်။ ဘာမျှမပိုင်ဆိုင်ပေမဲ့ ပြည့်စုံနေသလို ခံစားရသည်။ တစ်ကောင်လုံး ကုန်သွားတော့ ခေါင်းနှင့် အရိုးတို့ကို နံဘေးမှာ လည်တမော့မော့ စောင့်နေသော ခွေးလေးအား ချကျွေးလိုက်ပါသည်။

ယခုတော့ သူနှင့် ထိုခွေး အပေးအယူ တည့်နေပြီဟု ပြော၍ ရပါသည်။ နားလည်သွားပြီထင်၏ ။ မနက်ပိုင်းကလို ငါးငို ချီမပြေးတော့။ စားပြီးတော့ အိုင်တွင်းမှ ရေကို လက်ခုပ်ဖြင့် ခပ်သောက်လိုက်သည်။ ဗိုက်မှာ တင်းပြည့်သွား၏ ။ ဓားကိုကိုင်ကာ တစ်နေရာဆီသို့ လျှောက်သွားလိုက်သည်။ မီးဖိုမှ အလင်းရောင် လေးရှိနေသည်မို့ သွားရလာရတာ အဆင်ပြေ၏ ။

အရွက်ဖားဖား ကျွန်းပင်ကြီး တစ်ပင်ရှေ့ရောက်တော့ နီးစပ်ရာ ခဲတစ်လုံးကို ကောက်ကာ ပစ်ပေါက်လိုက်သည်။

" ဒေါက် . . . "

တည့်တည့်မတ်မတ်ပင် ထိသွား၏ ။ မကြာလိုက် . . .

" ဘာလဲ ကောင်လေး "

Speaker ထဲမှ ထွက်လာသော ကျွန်းစောင့်ကြီးအသံ။

" ကျွန်တော် ပျင်းနေလို့ဗျ "

ညနေကတည်းက ဤနေရာတွင် speaker တစ်လုံး တွေ့ ထားခြင်း ဖြစ်၏ ။

" ဘယ်လိုလဲ . . . နေရ ထိုင်ရတာ အဆင်ပြေရဲ့ လား "

" အခုချိန်ထိတော့ အေးဆေးပဲဗျ "

" ဟုတ်ရဲ့ လား"

" ခင်ဗျားကို ဘာလို့လိမ်ရမှာ လဲ "

ခဏငြိမ်သွား၏ ။ ပြီးတော့ . . .

" ငါ့အထင်တော့ မင်းရေအိုင်ကို မတွေ့ သေးပါဘူး "

" ဘာလို့ အဲလိုထင်တာလဲ "

" မင်း အခုရောက်နေတဲ့ နေရာကို ငါသိနေတဆယ်လေ "

ဒီတစ်ခါ စဉ်းစားသွားသူက လက်ယာ။ သူရောက်နေတဲ့ နေရာကို ဒီလူကြီး သိနေတယ် ဆိုပါလား။ ဘေးပတ်ဝန်းကျင်မှာ ကင်မရာတွေ များ တပ်ဆင်ထားသလား။ မှော င်ကြီးမည်းကြီးထဲ လိုက်ကြည့်မိသည်။ သူကျွန်းပေါ်စရောက်ကတည်းက လေ့လာမိသလောက်တော့ speaker မှလွဲ၍ ကင်မရာတွေ ရှိမနေပါ။ ထို့ကြောင့် . . .

" ခင်ဗျား ဘယ်လိုလုပ်သိတာလဲ "

" စဉ်းစားကြည့်လေ "

အတော် ကြာအောင် စဉ်စားပေမဲ့ အဖြေမထွက်။

" စဉ်းစားလို့ မရဘူးလား။ ထားလိုက်ပါကွာ။ အဲဒါက အရေး မကြီးပါဘူး။ ငါသိတာကို မင်းမသိသလို၊ မင်းသိတာကိုလည်း ငါမသိပါဘူး "

" ခင်ဗျားက ဘာကိုမသိတာလဲ "

" မင်း ဘယ်ကရေကို သောက်နေသလဲဆိုတာကို "

လက်ယာ ခြောက်ကပ်ကပ် ရယ်လိုက်မိ၏ ။

" ခင်ဗျားပြောတဲ့ ရေကန်ကြီးကို ရှာစရာမလိုဘူးဗျ။ ကျွန်တော် တစ်ယောက် စာ ကောင်းကောင်း လုံလောက်တဲ့ ရေအိုင်လေးတစ်အိုင်ကို တွေ့ ထားတယ်။ အခု ကျွန်တော် နေနေတာလည်း အဲဒီ ရေအိုင် လေးနားမှာ ပဲ "

" ဘယ်လို . . . မငါ်း တစ်ယောက် စာ ရေအိုင်လေးတစ်အိုင် တွေ့ ထားတယ် ဟုတ်လား "

" ဟုတ်တယ် "

သူ့ စကားဆုံးတော့ . . .

" ဟုတ်ရဲ့ လားကွာ။ မင်းအခုရောက်နေတဲ့ နေရာမှာ ရေအိုင်ရှိတယ်လို့ ငါ မကြားမိပါဘူး "

" အကြီးကြီးတော့ မဟုတ်ဘူးဗျ။ တစ်ပေပတ်လည်လောက်ပဲရှိတဲ့ ရေအိုင်လေး၊ အနက်ကလည်း ခုနှစ် လက်မ၊ ရှစ်လက်မထက် မပိုဘူး "

ကျွန်းစောင့်ကြီးက ဖြတ်ပြောသည်။

" သေးသေးလေးပဲ . . . ။ အဲလောက်ရေအိုင်လေးက မင်း တစ်ယောက် တည်း သောက်ရင်တောင် ခဏလေးနဲ့ ကုန်သွားမှာ ပဲ "

" မကုန်ဘူး၊ မြေကြီးထဲက အလိုလို စီးကျနေတာ။ ဒါကြောင့် မို့လို့လည်း ကျွန်တော် အခုလို နေနိုင်တာပေါ့ "

" ဟုတ်ရဲ့ လားကွ "

မယုံနိုင်သလို အီလည်လည်အသံကြီး ထွက်လာတော့ သူ ရယ်မိ၏ ။ အရယ်ဆုံးတော့ . . .

" ခင်ဗျား မယုံတာတော့ မတတ်နိုင်ဘူး "

တုံ့ပြန်သူမဲ့စွာ အသံတိတ်သွား၏ ။ တစ်အောင့်ကြာတော့ . . .

" ကဲပါ . . . မင်းပြောသလိုပဲ မြေကြီးထဲက စိမ့်ထွက်နေတယ်ပဲ ထားပါတော့ "

" စိမ့်ထွက်တာ မဟုတ်ဘူး။ စီးကျနေတာ။ ကျွန်တော် နောက်တစ်ကျင်း တူးကြည့်ပြီးသွားပြီ။ မြေကြီးထဲက စိမ့်ထွက်တာမဟုတ်ဘူး။ တစ်နေရာကနေ စီးကျလာတာ "

" ဒါဆိုရင် ဘယ်နေရာက စီးကျလာတာလို့ မင်းထင်လဲ "

" ကျွန်တော့် အထင်တော့ ခင်ဗျားပြောတဲ့ ရေကန်ကြီးက စီးကျလာတာလို့ ထင်တာပဲ "

" ဟာ . . . မ ဖြစ်နိုင်တာ၊ ဒီလောက်အဝေးကြီးကို မြေကြီးအောက်ကနေ စီးကျဖို့ ဘယ်လို ဖြစ်နိုင်မှာ လဲ "

ကျွန်းစောင့်ကြီးက အကြောက်အကန်ငြင်းသည်။

" ဖြစ်နိုင်တာ မ ဖြစ်နိုင်တာတော့ ကျွန်တော် မသိဘူး။ ကျွန်တော် ကြားဖူးနားဝ သိထားတာ တစ်ခုတော့ရှိတယ်။ ကုန်းမြေပေါ်က ရေတွင်းတစ်တွင်းဟာ မိုင်နှစ် ဆယ်လောက်ဝေးတဲ့ ပင်လယ်နဲ့ မြေအောက်မှာ အချင်းချင်း ဆက်သွယ်နေကြတယ်တဲ့ "

" ဘယ်လို . . . ဘယ်လို . . . မင်းပြောတာ ငါ မရှင်းဘူး "

" 'ဒီလိုဗျာ . . . ။ ရေတွင်းထဲကို အုန်းသီးတစ်လုံး ပစ်ချလိုက်ရင် အဲဒီ အုန်းသီးက မိုင်နှစ် ဆယ် လောက်ဝေးတဲ့ ပင်လယ်မှာ နောက်တစ်ရက်ကြာရင် သွားပေါ်တယ်တဲ့။ အခုလည်း အဲဒီ လိုပဲ ဖြစ်မှာ ပေါ့ "

ပြန်ဖြေသံ မကြားရ။

" မြေကြီးအောက်မှာ သူတို့အချင်းချင်း ဆက်သွယ်မှု ရှိ၊ မရှိ ဘယ်သူသိမှာ လဲ"

ဒီတစ်ခါတော့ လက်ခံသွားသည် ထင်၏ ။

" ဟုတ်ပါပြီ၊ ငါ မငြင်းတော့ပါဘူး။ အဓိကက မင်းကိုယ်မင်း ရပ်တည်နိုင်ရင် ပြီးတာပဲ။ ဒီလိုဆိုတော့ မင်း ငါပြောတဲ့ ရေကန်ကို လိုက်မရှာတော့ဘူးပေါ့ "

" အခု လောလောဆယ်တော့ မလိုအပ်သေးဘူး ထင်တာပါပဲ "

ကျွန်းစောင့်ကြီးရဲ့ ခြောက်ကပ်ကပ် ရယ်သံကို ကြားရသည်။ ပြီးတော့ . . .

" မင်းလည်း ဘာမှမထူးပါဘူး။ အရင်လူတွေ အတိုင်းပါပဲ "

" ဘာ ဖြစ်လို့လဲ "

" လူတော် တော် များများ ရဲ့ အကျင့်ပေါ့ကွာ။ သူတို့ဟာ မငတ်ရုံတမည် နေရတဲ့ဘဝ။ အလွန်ဆိုး။ သူလို ငါလို အနေအထားမျိုးကို ဆုံးရှုံးမှာ ကြောက်တဲ့အတွက် ကိုယ်မကြိုက်မနှစ်သက် တဲ့ အလုပ်တွေ ကို ဖက်တွယ်ရင်း ကြီးပွားချမ်းသာနိုင်တဲ့ အခွင့်အရေး ၊ အောင်မြင်နိုင်တဲ့ အခွင့်အရေး တွေ ကို လက်လွှတ် ဆုံးရှုံးခံတတ်ကြတယ်။

အခုမင်းလည်း သူတို့လိုပဲ မငတ်ရုံတမည် သောက်ရတဲ့ ရေကို လက်လွတ်ဆုံးရှုံးမှာ ကြောက်လို့ ဒီကျွန်းက လွတ်မြောက်နိုင်မဲ့ အခွင့်အရေး ၊ အခွင့်အလမ်းတွေ ကို ဆုံးရှုံးခံပစ်လိုက်တော့မယ်ပေါ့ "

" လုံးဝ မှားသွားပြီ။ အခု ကျွန်တော ဘာတွေးနေလဲ ခင်ဗျား သိလား "

" ဘာလဲ . . . မင်းကိုယ်မင်း ငါပြောသလိုမဟုတ်ဘူးလို့ တွေးနေတာလား "

" မဟုတ်ဘူး။ ခင်ဗျားပြောတဲ့ စကားတွေ ကို ထောက်ပြီးတော့ ရေကန်ဟာ ကျွန်တော် ရောက်နေတဲ့နေရာနဲ့ ဝေးနေလိမ့်ဦးမည် ။ ပြီးတော့ ကျွန်းရဲ့ ထွက်ပေါက်ကို တွေ့ နိုင်မဲ့ သဲလွန်စတွေ ရေကန်မှာ ရှိလိမ့်မယ်။ နောက်တစ်ခု . . . ခင်ဗျား ကျွန်တော့်ကို မမြင်ရဘူး။ စကားပြောတဲ့ speaker ပေါ်မူတည်ပြီး ကျွန်တော် ရောက်တဲ့နေရာကို သိနေတာ။ ကျွန်တော် ပြောတာ ဟုတ်လား "

အကြာကြီး တိတ်သွား၏ ။ ပြီးတော့မှ တစ်ခွန်းတည်း တုံးတိတိ ထွက်လာသည်။

" အဟင့် . . . မင်း မဆိုးပါဘူး "



IX

ဆူဆူညံညံ အသံများ ကြောင့် ညတစ်ဝက်မှာ ဖျတ်ခနဲနိုးလာသည်။ နိုးနိုးချင်း ခေါင်းထောင်ကြည့် လိုက်တော့ အရှေ့ဘက်တောင်ကုန်းလေးပေါ်မှ မီးရောင် လက်လက်ကို မြင်ရ၏ ။

မီးဖိုမှအရောင် တွေ အထက်သို့ ဆန်တက်နေသည့် ပုံစံမျိုး။ ပြီးတော့ ထိုနေရာဆီမှ ခိုညည်းသံ လိုလို၊ စကားပြောသံလိုလိုတွေ လည်း ကြားရသည်ကြောင့် မျက်လုံးတို့ ပြူးကျယ်ကာ ခေါင်းမွေးတို့ ထထောင်သွားသည်။

ချက်ချင်း ကုန်းရုန်းထလိုက်တော့ သူ့ရဲ့ တစ်ဖက်ရပ်တဲလေးမှာ ယိမ်းထိုးသွား၏ ။ သူ အိမ်ပျော်သွားတာ မကြာသေး။ တဲရှေ့မှ မီးဖိုပင် မီးတွေ ရဲနေတုန်းရှိသေးသည်။ သေချာနားစွင့် ကြည့်တော့ လူစကားပြောသံဆိုတာ တဖြည်းဖြည်း သဘောပေါက်လာ၏ ။ မျက်မှော င်ကြုတ်ကာ စဉ်းစားလိုက်သည်။ ဘယ်ကလူတွေ ရောက်နေတာလဲ။

သူ မအိပ်ခင်တုန်းကပင် ကျွန်းစောင့်ကြီးနှင့် စကားပြောနေသေး၏ ။ ဤကျွန်းပေါ်ကို လူသစ်တွေ ရောက်လာသည်ဟု ပြောဆိုသံ မကြားပါ။ လူသစ်တွေ ထပ်ရောက်လာတာ မှန်လျှင်တော့ ဧကန်မုချ ကျွန်းစောင့်ကြီး သိရပေမည် ။ ပြီး သူ့ကိုလည်း အသိပေးသည့်သဘောမျိုးလောက်တော့ ပြောပြလိမ့်မည် ။ ကျွန်းစောင့်ကြီး ဘာမျှပြောမသွား။ ဒါဆို ယခု စကားပြောနေကြတာသည် သူ့ အရင်ရောက်နှင့် နေသော လူဟောင်းတွေ လား။

ရှေ့တောင်ကုန်းလေး ဟိုဘက်မှာ မို့ သိပ်အဝေးကြီးမဟုတ်။ ထိုစဉ်မှာ ပဲ စိမိးဖန့်ဖန့်လေတွေ သူ့ကိုလာတိုက်သည်။ ဘာရယ်၊ ညာရယ်မဟုတ် ကျောချမ်း သွားပါသည်။ သံသယတော့ နည်းနည်း ဖြစ်မိ၏ ။ ညကြီးအချိန်မတော် ၊ သံသယဟူသည် မွေးထားကောင်းသော အရာမဟုတ်သည်မို့ လက်ယာ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

တဲပေါ်မှ ဆင်းကာ မီးရောင် ထွက်ပေါ်လာရာ တောင်ကုန်းလေးဆီသို့ တရွေ့ချင်း လျှောက်သွားလိုက်ပါသည်။ အနားနီးလာချိန်မှာ လူတွေ စကားပြောနေခြင်း ဖြစ်ကြောင်း ပိုသေချာသွားသည်။ တောင်ကုန်းလေးအခြေကို ရောက်တော့ ကြက်သီးတို့ တဖျင်းဖျင်းထလာမိသည်။ ဘယ်သူတွေ လဲ ဘာတွေ ပြောနေကြတာလဲ။

သေချာနားစိုက်ပေမဲ့လည်း လူ စကားသံဆိုတာက လွဲ၍ ရှင်းရှင်းလင်းလင်း မကြား။ လက်တွင်းမှ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း စိတ်ကို တင်းလိုက်သည်။ ပြီးတော့ ကိုယ်ကိုကိုင်းကာ ခြေသံကို လုံအောင် ထိန်းရင်း တက်သွားသည်။

တောင်ကုန်းတစ်ဝက်ကျိုးတော့ ရယ်သံကျယ်ကြီးကို အမှတ်မထင် ကြားလိုက်ရပါသည်။ လက်ယာခြေတို့ ရပ်သွား၏ ။ ပြီး အခြေအနေကို စောင့်ကြည့်နေလိုက်သည်။ ထူးခြားမှု မရှိတော့မှ သက်ပြင်းချမိပါသည်။

နီးကပ်လွန်းနေပြီမို့ ခြေလှမ်းဖြင့် တက်ရန်မ ဖြစ်နိုင်တော့။ ထို့ကြောင့် ဝမ်းလျားထိုးကာ တွားတက် သွားလိုက်ပါသည်။ စိတ်ကိုတော့ တင်းထား၏ ။ စကားသံတွေ တဖြည်းဖြည်း ကျယ်လောင်လာသည်။ ထင်းမီးတောက်သံ တဖျစ်ဖျစ်ကိုပင် ကြားရသည့်အကွာအဝေးကို ရောက်လာသည်။ ရင်တွေ တဒိတ်ဒိတ် ခုန်လာ၏ ။

ရှေ့တစ်ချက်တက်သွားလျှင် တွေ့ ရပေပြီ။ ကံကောင်းစွာ ချုံပုတ်ပင်တွေ က ရှေ့မှ ကာဆီးထား သည်။ တော် ရုံတန်ရုံ သူ့ကို မမြင်ရနိုင်။

ထိုအသိနှင့် အသက်ကိုအောင့်ရင်း တစ်ချက်တွားတက်လိုက်စဉ်မှာ တော့ . . .

သစ်ခက်၊ သစ်ရွက်တွောကားမှာ မြင်လိုက်ရသည်ကား . . .

" ဟာ . . . "

လူသုံးယောက် ဝိုင်းဖွဲ့ကာထိုင်နေသည်။ သူတို့ အလယ်တည့်တည့်မှာ မီးဖိုလေးတစ်ဖိုရှိ၏ ။ နှစ် ယောက် ကို မြင်ရ၍ တစ်ယောက် က ကျောပေးထိုင်နေသည်မို့ မမြင်ရ။ ပြီး ထိုကျောပေးထိုင်နေသူမှာ အဝတ်ဖြင့် ခေါင်းကိုအုပ်ထား၏ ။ ထို့ကြောင့် မြင်ရသော လူနှစ် ယောက် ကိုပဲ သေသေချာချာ ကြည့်လိုက်သည်။

ပထမ တစ်ယောက် က ရစ်ခွေကောက်ထွေးနေသော ဆံပင်များ ကို ဖားလျားချပြီး မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေ နှင့် ဖြစ်သည်။ ဖားလျားချထားသည်မို့ ဆံပင်က မျက်နှာတစ်ပြင်လုံးဖုံးအုပ်ကာ ကြည့်ရတော် တော် ဆိုးသည်။ မျက်နှာမှာ လည်း ရင့်ရော်ဟောင်းညစ်ကာ အဆီတဝင်းဝင်းနှင့် ။

အဝတ်အစားမှာ လည်း ချေးအထပ်ထပ် ပေကျံနေသည်။ နောက် တစ်ယောက် က အပေါ်ပိုင်းကို ဗလာကျင်းထားသည်။ ဆံပင်ကို နောက်မှာ စုသိုင်းချီနှောင်ပြီး ရှေ့မှ မီးတောက်ကို မျက်တောင်မခတ် စတမ်း ကြည့်နေ၏ ။ ခန္ဓာကိုယ် အချိုးအဆစ်တောင့်တင်းပြီး မျက်လုံမှာ ကျားသစ်တစ်ကောင်လို စူးရှနေသည်။ မျက်နှာထားက ကျောက်ရုပ်လို။

ထူးခြားသည်က ခန္ဓာကိုယ်နေရာအနှံ့မှာ ဒစ်ရာဒဏ်ချက်တွေ ပေါများ ခြင်း ဖြစ်သည်။

လက်မောင်း၊ ရင်ညွန့်နှင့် ပါးတစ်ဖက်မှာ အမာရွတ်ကြီးကြီးမားမားကို တွေ့ ရသည်။ ဘောင်းဘီ အရှည်ကို ဒူးအထိ ခေါက်တင်ထားပြီး ချေးအထပ်ထပ်စွဲနေသည်။ မြင်ရသော နှစ် ယောက် စလုံးမှာ ညစ်ပတ်ပေကျံကာ နေပါ၏ ။

ထိုစဉ်မှာ ပင် ဆံပင်ဖားလျားချထားသော ပုဂ္ဂိုလ်က အဝေးကို မျှော်ကြည့်ပြီး စကားပြောသည်။

" ငါတို့လည်း ရောက်နေတာ ကြာလှပြီ။ အခုချိန်ထိ ကျွန်းက လွတ်အောင် မထွက်နိုင်ကြ သေးဘူး။ တစ်ခါတလေတော့လည်း မြူးနစ်လိုပုဂ္ဂိုလ်ကို အားကျတယ်ကွာ။ ကျွန်းပေါ်ရောက်လာသမျှ တွေ ထဲမှာ သုံးရက်နဲ့ လွတ်မြောက်တာဆိုလို့ သူ တစ်ယောက် ပဲ ရှိတယ် "

" လွတ်မြောက်ရုံတင်မကဘူး။ နောက်လူတွေ အတွက်လည်း ကျွန်းက လွတ်မြောက်နိုင်မယ့် လမ်းကြောင်းနဲ့ အမှတ်အသားတွေ ရှာပေးသွားတယ်ဆို "

" ဟုတ်တယ်လေ "

အပေါ်ပိုင်းဗလာကျင်း လူရဲ့ စကားကို ပထမလူက ထောက်ခံသည်။

" ဒါနဲ့များ တောင် ခင်ဗျားက ဘာလို့မထွက်နိုင်ရတာ လဲ "

" မြူးနစ်ရှာပေးခဲ့တဲ့ လမ်းကြောင်းတွေ အမှတ်အသားတွေ ကို ငါမှ ရှာလို့မတွေ့ တာ "

" သြော် . . . သူထားခဲ့တဲ့ အမှတ်အသားတွေ က နောက်လူတွေ အတွက် ရှာဖို့ခက်တယ်နဲ့ တူတယ်နော် "

ဆံပင်ဖြန့်ချထားသော လူကြီးက ခေါင်းညိတ်သည်။

" သေချာတာပေါ့ မြူးနစ်ဟာ သာမန်ပုဂ္ဂိုလ်မှ မဟုတ်တာ။ ကျွန်းပေါ်ရောက်ပြီး သုံးရက်နဲ့ ထွက်ပေါက်တွေ့ တာ ကြည့်လေ။ ဘယ်လောက်တော် တဲ့ လူလဲဆိုတာ ခန့်မှန်းလို့ရတယ်။ အဲတော့ သူထားခဲ့တဲ့ အမှတ်အသားတွေ ကို ငါတို့ရှာမတွေ့ ဘူးဆိုတာ မဆန်းပါဘူး "

" ဒါဆို ခင်ဗျားဘာရှာတွေ့ လဲ "

" ကျွန်းပေါ်မှာ နေလာခဲ့တဲ့ ဆယ်နှစ် တာပတ်လုံး ငါရှာတွေ့ ခဲ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက 'water' ဆိုတာပဲ "

" water ဟုတ်လား "

" ဟုတ်တယ် . . . ငါ ရှာတွေ့ ခဲ့တာ အဲဒီ စကားတစ်ခွန်းတည်းပဲ "

ထိုစကားက လက်ယာနှလုံးသားကို လှုပိခတ်သွားစေသည်။ water ဆိုပါလား။ ထိုလူကြီး ဆယ်နှစ် လုံးလုံး ရှာဖွေခဲ့ရတဲ့ ' water ' ဆိုတာ ဘာကိုပြောတာလဲ။ သူ တွေးနေမိစဉ်မှာ ပဲ . . .

" ညံ့ပါတယ်ကွာ . . . ဆယ်နှစ် လုံးကျွန်းမှာ နေပြီး ဒီတစ်ခုတည်းပဲ ငါသိခဲ့တာ "

ဆံပင်ရှည်လူကြီးက မချင့်မရဲ ဖြစ်သလို ပြော၏ ။ နားထောင်ကြည့်ရသလောက် စကားထဲမှာ ဝမ်းနည်းသံ အချို့လည်း ပါဝင်နေသည်။ ဒါပေမဲ့ အပေါ်ပိုင်း ဗလာကျင်းထားသူရဲ့ စကားသံ ထွက်လာစဉ်မှာ တော့ _

" ခင်ဗျားကမှ တော် ပါသေးတယ်ဗျာ။ ကျုပ်ဖြင့် ကျွန်းပေါ်က ရေချိုကန်ကိုတောင် ရှာမတွေ့ ခဲ့ဘူး"

ထိုစဉ်မှာ ပဲ တစ်ချိန်လုံးကျောပေးထားသူရဲ့ စကား ထွက်လာသည်။

" ရှင်တို့နှစ် ယောက် လုံး ကျွန်မထက် အများ ကြီးသာပါတယ်ရှင်။ ကျွန်မကမှ ဝင်ဝင်ချင်း လမ်းမှားပြီး မြွေတောတိုးခဲ့ရတာ "

လက်ယာ မျက်လုံးပြူးသွားချေပြီ။ ခေါင်းကို အဝတ်အုပ်ထားသူမှာ မိန်းကလေး တစ်ယောက် ပါလား။ ဘယ်လိုပါလိမ့်။ ကျွန်းပေါ်မှာ မိန်းကလေးလည်း ရှိနေပါလား။

သူတို့သုံးဦးကရော ဘာတွေ လဲ။ မိတ်ဆွေတွေ လား။ အတူနေထိုင်သူတွေ လား။ လက်ယာ တွေးကြည့်နေစဉ်မှာ ပဲ . . .

" အေးပေါ့လေ . . . မင်းအတွက် ငါတို့ စိတ်မကောင်းပါဘူး "

ဆံပင်ရှည်ရှည်လူကြီးက ပြော၏ ။ အင်္ကျီဗလာဖြင့် ပုဂ္ဂိုလ်ကလည်း စိတ်မကောင်းသလို ခေါင်း ညိတ်သည်။ ထိုစဉ်မှာ ပဲ လက်ယာတစ်ကိုယ်လုံး စပ်ဖျင်းပူလောင်သွားသည်။ ဆံပင်ရှည်လူကြီးက စူးရဲ သော မျက်လုံးဖြင့် သူရှိရာဘက်သို့ ကြည့်နေသည်။

ရင်ထိတ်ကာ ခေါင်းကို ဆတ်ခနဲ ငုံ့လိုက်၏ ။

" ဘုရား . . . ဘုရား . . . ငါ့ကိုများ တွေ့ သွားပြီလား "

ထိတ်လန့်ကာ အသက်ရှူတွေ မြန်လာသည်။ လိုရမည် ရ ဓားကိုလည်း အသင့်ပြင်ထား၏ ။ နားကိုတော့ စွင့်ထားပါသည်။ ထိုစဉ်မှာ ပဲ အမိန့်ဆန်သော ဆံပင်ရှည်လူကြီး၏ ခေါ်ငင်သံ . . .

" ဟေ့ကောင် . . . ဒီကိုလာလေကွာ။ သစ်ပင်အောက်မှာ ဘာထိုင်လုပ်နေတာလဲ "

လူက သေနတ်နဲ့ တေ့ပစ်ခံလိုက်ရသလို ' ဒိန်း' ခနဲ ခါထွက်သွားချေပြီ။ ငါ့ကိုတွေ့ သွားပြီ။

ငါဘာလုပ်ရမလဲ။

ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကာ ချွေးပျံသွားစဉ် . . .

" မဟုတ်ပါဘူးဗျ။ ဒီနေရာက အေးလို့ပါ "

" ဟင် . . . "

သူရဲ့ ညာဘက်ဘေးမှ ကပ်ထွက်လာသော အသံ။ ဆတ်ခနဲ ခေါင်းပြန်ထောင်ကာ ကြည့် လိုက်တော့ . . .

လိပ်ပြာလွင့်မတတ် ဖြစ်သွားရ၏ ။ သူ့ရဲ့ လက်နှစ် ကမ်းသာသာ သစ်ပင်အောက်မှာ လူ တစ်ယောက် ထိုင်ကာနေသညါ။ ခုနတုန်းက မမြင်။ မမြင်ရတဲ့ အကြောင်းက ထိုလူရဲ့ အသားအရေမှာ ညအရောင် အတိုင်း မည်းမှော င်နေသည်။ သေချာကြည့်မှသာ လူ တစ်ယောက် ထိုင်နေတာ ဖြစ်ကြောင်း တွေ့ ရခြင်း ဖြစ်သည်။

တော် ပါသေးရဲ့ ။ သူ့ကို တွေ့ တာမဟုတ်။ အနားမှ အသားမည်းပင် သူ့ကို မြင်ဟန်မတူသေး။ ရင်ဝမှ အလုံးကြီးကျကာ သစ်ရွက်ကြားမှ ပြန်ချောင်းကြည့်လိုက်တော့ . . .

" ကျွန်တော့် ခန္ဓာကိုယ်က အမြဲတမ်းပူနေတာလေ။ ခင်ဗျားတို့က မီးဖိုထားတော့ အပူထပ် မခံနိုင်လို့ ဒီမှာ တစ်ယောက် တည်း ထိုင်နေတာ "

ထိုလူ့စကားကြောင့် သုံးယောက် လုံးက လှည့်ကြည့်သည်။ ထိုအခိုက်တွင် ကျောပေးထားသော မိန်းကလေးရဲ့ မျက်နှာကု မြင်ရပါသည်။ စိတ်တွေ ချောက်ချားသွားရ၏ ။ လွန်စွာ ချောမောလှပသော မိန်းကလေးတစ်ဦး ဖြစ်ပေသည်။ ဒီလိုမိန်းကလေးမျိုးက ဘာလို့ ကျွန်းပေါ်ရောက် နေရတာ လဲ။

စဉ်းစားမရ။ မိန်းကလေး ကတော့ အေးအေးချမ်းချမ်းပဲ ဖြစ်သည်။ ဘာပူပင်သော ကမှ ရောက်နေပုံမရ။ ဆံပင်ရှည်လူကြီးက . . .

" ဒါဆိုလည်း မင်းလက်ထဲက ကျောက်မီးသွေး ငါတို့ကိုပေးဦး။ ဒီမှာ မီးထိုးဖို့ လိုနေပြီ။ ငါတို့မှာ ထင်းမရှိတော့ဘူး "

ထိုစကားကြောင့် ထိုင်နေသူ လူမည်းမှာ မတ်တတ်ရပ်သည်။ ပြီး မီးဖိုနားကို ခြေလှမ်းကျဲဖြင့် လျှောက်သွား၏ ။ ဒီတော့မှ သေချာတွေ့ ရသည်။ ထိုလူမှာ လည်း အပေါ်ပိုင်း ဗလာ ဖြစ်ပေ၏ ။ အရပ်လည်း တော် တော် ရှည်သည်။ လက်မှာ က ကျောက်မီးသွေးဟုထင်သည့် အချွန်အတက်တွေ ပါသော ကျောက်တုံးအချို့ကို ကိုင်ထားသည်။ ထိုအရာတို့အား ခပ်လှမ်းလှမ်းမှ တောင်းသူလူကြီးဆီသို့ ပစ်ပေး၏ ။

ကျောက်မီးသွေးပင် ဖြစ်ပါလိမ့်မည် ။ ပုံစံကြည့်ရသလောက် ထိုလူကြီးမှာ အားလုံးထဲတွင် အသက်ကြီးဆုံး ဖြစ်ပုံရလေသည်။ သူ့စကားကိုလည်း သုံးယောက် လုံး နာခံသလိုရှိ၏ ။

လူမည်း ကတော့ သူ့ကိစ္စပြီးသွားသလို မူလနေရာမှာ ပြန်ထိုင်သည်။ ဆံရှည်လူကြီးက ကျောက်မီးသွေးတုံးများ ကို မီးဖိုထဲသို့ ထည့်နေ၏ ။ တွေ့ ရသလောက် ယောက်ျားသုံးယောက် မှာ တူညီတာ တစ်ခုရှိနေသည်။ အဲဒါက ဝတ်ထားသော အဝတ်နှင့် ခန္ဓာကိုယ်တို့မှာ ချေးအထပ်ထပ် စွဲနေခြင်း ဖြစ်သည်။ ဘာကြောင့် ညစ်ပတ်စုတ်ပေနေသည်ကိုလည်း သူ တွေးမရ။

ကျွန်းပေါ်မှာ အနေကြာသည့်အတွက် အဝတ်အစားတွေ ဟောင်းနွမ်းစုတ်ပြဲတာ လက်ခံသည်။ အခုဟာက စုတ်ပြဲရုံမဟုတ် ချေးအလိပ်လိပ်တက်နေခြင်း ဖြစ်ရာ လက်ယာ စဉ်းစား၍ မရ။ ရေပတ်လည် ဝိုင်းနေသည့် ကျွန်းမှာ ဘာလို့ ဒီလိုပုံစံတွေ ဖြစ်နေရတာ လဲ။

မီးပွားတွေ တဖွားဖွား လွင့်စင်နေသည်။ ကျောက်မီးသွေးကို မီးတောက်တွေ ဝါးမျိုဖို့ ကြိုးစားနေ ပြီထင်၏ ။ သူ ကတော့ ယခုအချိန်တိုင် တုပ်တုပ်မျှ မလှုပ်ရဲသေး။

သတိရကာ အနောက်သို့ လှည့်ကြည့်တော့ ဟိုတော် တော် ဝေးဝေးမှာ သူ့တဲလေးမှ မီးတစ်စကို မြင်ရသည်။ ထိုစဉ်မှာ ပဲ လေစိမ်းတွေ တိုက်ခတ်လာ၏ ။ ဘာကြောင့် မှန်းမသိ ကျောထဲမှာ စိမ့်အေးသွားသည်။

နှာခေါင်းတွင်းမှာ ညှီစို့စို့အနံ့လိုလို၊ ငါးညှီနံ့လိုလိုကိုလည်း ခံစားရတော့ . . .

" ကတ်လူကလည်း ကြာလိုက်တာ။ အခုအချိန်ထိ ရောက်မလာသေးဘူး "

ဒဏ်ရာဗရပွ ပုဂ္ဂိုလ်ရဲ့ စကားနောက်မှာ လူမည်းက . . .

" ပြောရင်းဆိုရင်းပဲ . . . ဟိုမှာ ရောက်နေပြီ "

မီးဖိုဘေး ထိုင်နေသူ သုံးဦး၏ ခေါင်းတွေ လည်သွား၏ ။ ထို့အတူ သူကိုယ်တိုင်မှာ လည်း . . .

" ဟင် . . . "

သစ်ပင်ကြီးတစ်ပင်အောက်မှာ ကျောက်ရုပ်လို မတ်တတ်ရပ်နေသူ တစ်ယောက် ။ တစ်ကိုယ်လုံး ရေတွေ ရွှဲကာ အဝတ်တွေ အသားမှာ ကပ်နေ၏ ။ ခေါင်းတုံး(ကတုံး) နှင့် ဖြစ်ပြီး မျက်စိနှစ် လုံးက အကြင်ကို ကျွတ်ထွက်မတတ် ပြူးကျယ်နေသည်။

ပိုဆိုးသည်က ခန္ဓာကိုယ်မှာ မြင်မကောင်းအောင် ပိန်ကပ်နေခြင်း ဖြစ်၏ ။ ညကြီးအချိန်မတော် တွေ့ ရပါက သွေးပျက်လောက်သည့် ရုပ်ရည်မျိုး။ ထိုလူ့ကို တွေ့ တော့ အသက်ကြီးဆုံး ဆံပင်ရှည်လူကြီးက . . .

" မင်းကလည်း ကြာလိုက်တာ၊ ဘယ်တွေ လျှောက်သွားနေတာလဲ "

လူနဲ့လိုက်ဖက်စွာ နှုတ်ထွက်စကားမှာ လည်း အေးစက်စက်။

" အခုမှ ရေထဲက တက်လာတာ။ ကျွန်းရဲ့ အခြေအနေကို ဆင်းကြည့်တာ "

ထိုစကားကြောင့် အားလုံးခေါင်းထောင်သွားသည်။ မေးသူကပင် အလျင်စလိုဖြင့် . . .

" အခြေအနေ ဘယ်လိုရှိလဲ "

" အနောက်ဖက်မှာ အခြေအနေ မကောင်းဘူး။ သုံးပုံတစ်ပုံလောက် ရေအောက်မြုပ်သွားပြီ။ ကျွန်တော့်  စိတ်ထင် . . . "

စကားမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်သွား၏ ။ အားလုံး မရိုးမရွ ဖြစ်ကာ . . .

" ဘာ . . . ဘာ ဖြစ်လို့လဲ . . . ဒီကျွန်းကြီး ဘာ ဖြစ်နိုင်လို့လဲ "

" ကျွန်တော် တွက်ကြည့်ရသလောက် . . . "

စီးကျနေသော ရေတွေ ကို လက်ဖြင့် သပ်ချကာ . . .

" ဒီတစ်ခါ ခေါင်ရေမှာ တစ်ကျွန်းလုံးမြုပ်သွားနိုငိတယ် "

" ဘာ . . . "



X

မျက်လုံးနှစ် လုံးပွင့်တော့ မိုးစင်စင်လင်းနေပါပြီ။ ကမန်းကတန်း ထိုင်လိုက်တော့ ပတ်ဝန်းကျင်မှာ အမြင်စိမ်းနေ၏ ။ မြေပေါ်တွင် သူ ဒီအတိုင်း အိပ်ပျော်နေခြင်း ဖြစ်ပါသည်။

ဘယ်လို ဖြစ်သွားတာလဲ။ နားထင်ကို လက်ထောက်ကာ စဉ်းစားတော့ ညကအ ဖြစ်အပျက်တွေ တရေး ရေး ပြန်ပေါ်လာသည်။ သတိရလျှင်ရချင်း နောက်လှည့်ကြည့်တော့ မည် သူမျှ ရှိမနေတော့ပါ။ ညကလူတွေ ဘယ်ရောက်သွားကြပြီလဲ။ ပြီးတော့ သူကရော ဘယ်လိုအိပ်ပျော်သွားတာလဲ။

စဉ်းစား၍ မရခဲ့။ ထိုလူတွေ ရဲ့ ပြောစကားကို နားထောင်ရင်း အိပ်ပျော်သွားတာ ဖြစ်နိုင်ပါသည်။ သူ့အရင် ကျွန်းပေါ်ရောက်နေသည့် လူဟောင်းတွေ ဖြစ်ပေမည် ။ ပြီး အကုန်လုံးမှာ လည်း ထွက်ပေါက်ကို ရှာမတွေ့ သေးသူများ ဖြစ်၏ ။ ဘာပဲပြောပြော လက်ယာ အဖော်ရသွားပေပြီ။

ကျွန်းပေါ်မှာ သူ့ တစ်ယောက် တည်း မဟုတ်တော့။ ဘယ်ထွက်သွားကြပြီမသိပေမဲ့ တစ်နေရာရာမှာ တော့ ဆုံတွေ့ ကောင်းဆုံတွေ့ နိုင်ပါသည်။ အကုန်လုံးက မလွတ်မြောက်သေးသူများ ပင် မဟုတ်လား။

လက်ယာ တောင်ကုန်းအောက်ဖက် အတော် ဝေးဝေးမှာ ရှိသော သူ့တဲလေးကို လှမ်းကြည့်ရင်း မတ်တတ်ရပ်လိုက်သည်။ ပြီးတော့ လေးပင်စွာ ဖြင့် ဆင်းလာခဲ့လိုက်၏ ။

ဝေဝါးနေတာတစ်ခု ကတော့ လုံးဝကို ရှင်းသွားပေပြီ။

ကျွန်းစောင့်ကြီးကိုလည်း သံသယမရှိတော့။

ဤကျွန်း၌ တကယ်ပင် လွတ်မြောက်ရန် ထွက်ပေါက်ရှိနေသည် မဟုတ်ပါလား။

ပြီးတော့ စိတ်ဝင်စားဖွယ် လူ တစ်ယောက် ကိုလည်း ညက ကြားသိခဲ့ရ၏ ။

သုံးရက်နှင့် လွတ်မြောက်ခဲ့သည်ဆိုသော ပုဂ္ဂိုလ်။ သူတို့အခေါ် " မြူနစ် " အခြေအနေပေးလျှင်တော့ မေးကြည့်ချင်ပါသည်။

" မြူနစ် " ဆိုတာ ဘယ်လိုပုဂ္ဂိုလ်ပါလိမ့်။



ခေါင်းထဲမှာ နောက်ကျိသလို ဖြစ်သွားသည်မို့ တဲရှေ့ရောက်ရောက်ချင်း မျက်နှာသစ်လိုက် သည်။ ပြီး တဲပေါ်တက်ကာ ခေါင်းရင်းပိုင်းမှ စာအုပ်လေးကို ယူလိုက်ပါသည်။

နောက်ကျိသွားသော စိတ်ကို ကြည်လင်ရန်နှင့် တစ်နေ့တာအတွက် အေးချမ်းမှု ရစေရန် ကြိုးစားရပေဦးမည် ။ စာအုပ်လေးကို ဖွင့်တော့ မင်ပြာဖြင့် ရေး ခြစ်ထားသော လက်ရေး လက်သားတွေ ပေါ်လာသည်။

ပညာရှိပေါင်းများ စွာ ၏ ဦးနှောက်မှ ဆင်းသက်လာသော အသိဥာဏ်ပညာတွေ ၊ ထိုအသိဥာဏ် များ စွာ ထဲကမှ သူ့ဘဝနှင့် လိုက်လျောညီထွေ ဖြစ်တာတွေ ကို စုစည်းမှတ်သားထားခြင်း ဖြစ်ပါ၏ ။ ဒါတွေ နှင့် သူ့ဘဝကို သူကိုယ်တိုင် တည်ဆောက်ထားခြင်း ဖြစ်သည်။ အပြာရောင် ကို သဘောကျသည်မို့ တစ်အုပ်လုံးကို မင်ပြာဖြင့် သာ ရေး ထား၏ ။

တချို့တွေ က အပြာရောင် ကို သဘောမကျ၊ အရောင် ရဲ့ နာမည် အတိုင်း ပြာသွားသည်။ ပျာယာ ခတ်သည်ဟု မှတ်ယူကြသည်။ ထို စကားများ ကြားလျှင် သူ ရယ်မိ၏ ။ သက်မဲ့အရာတစ်ခုရဲ့ ခေါ်တွင် စရာ အမည် နာမက လူကို ပြောင်းလဲသွားစေတယ်တဲ့။

ဘာမဟုတ်သော အရောင် တစ်ခုရဲ့ အစွမ်းအစကို သူ မြင်တွေ့ လိုက်ရသလို ဘာမှ အသုံးမကျသော အရောင် တစ်ခုရဲ့ ပြောင်းလဲခြင်းကိုခံရသည့် လူပုဂ္ဂိုလ်တွေ ရဲ့ အရည်အချင်းကိုလည်း ဝမ်းနည်း နှမြောမိသည်။

သူ ကတော့ အပြာအရောင် ကို သဘောကျပါသည်။ ကောင်းကင်ရောင် ဖြစ်နေသည့်အတွက် လေးစားအထင်ကြီးသည်။ ဘာနှင့် မျှ တုနှိုင်းမရသော တည်ငြိမ်မှု တွေ ကောင်းကင်မှာ ရှိနေ၏ ။ တန်းခိုးစွမ်းအားတွေ လည်း ကောင်းကင်ရဲ့ အတွင်းနက်နက်ထဲမှာ သန္ဓေတည်နေသည်။

ကောင်းကင်ကြီးကို မော့ကြည့်လျှင် တည်ငြိမ်မှု ကို မြင်ရ၏ ။ တန်ခိုးစွမ်းအားကြီးကြောင်း ခံစားရသည်။ လူတွေ မွေးကြသည်။ သေကြသည်။ သက္ကရာဇ်တွေ တစ်ခုပြီးတစ်ခု ပြောင်းကြသည်။ သို့ပေမဲ့ ဘယ်ကာလမှာ ပဲ မော့ကြည့် မော့ကြည့် ကောင်းကင်ရဲ့ ပင်ကိုအရောင် သည် မပြောင်းလဲ။

ရာသီဥတုကိုလိုက်ပြီး အကာအကွယ်တွေ တော့ တစ်ခါတစ်ရံမှာ ရှိတတ်ပါသည်။ ဒါပေမဲ့ ထိုအရာ တွေ မှာ လည်း ကောင်းကင်ပြာပြာကြီးကို ထာဝရမပြောင်းလဲနိုင်ပါ။ ဒါသည်ပင် အပြာရောင် ရဲ့ စွမ်းအားပါပဲ။ စနစ်တကျတည်ဆောက်ထားတဲ့ တည်ငြိမ်မှု ပါပဲ။

ထို့ကြောင့် လည်း သူ့ဘဝရဲ့ ရှေ့ဆောင်လမ်းပြစာအုပ်လေးမှာ ကောင်းကင်ရဲ့ စွမ်းအားတွေ ကူးစက်အောင် အပြာရောင် ကိုသာ သုံးထားပါသည်။

စာအုပ်လေးထဲမှာ က သူ့ဘဝအတွက် အကောင်းဆုံးနေထိုင်နည်းတွေ ပါဝင်၏ ။ လူ တစ်ယောက် မှာ ရှိသင့်သော ကိုယ်ကျင့် အဘိဓမ္မာနှင့် မေတ္တာတရား စိတ်ဓာတ်ပိုင်း ဆိုင်ရာ တည်ဆောက်မှု များ ပါဝင်သည်။ ဒါတွေ သည် သူ့သက်တမ်းတစ်လျှောက် စုဆောင်းရရှိခဲ့သမျှ နေထိုင်နည်း သီအိုရီတွေ ပါ။

ထို့ကြောင့် လည်း ဤစာအုပ်လေးကို ကိုယ်နှင့် မကွာ အမြဲဆောင်ထားသည်။ ယခုလောလော ဆယ်အတွက်တော့ စိတ်ဓာတ်နှင့် ပတ်သက်သော တည်ဆောက်မှု စာမျက်နှာများ ကို လှန်လိုက်၏ ။ အလွတ်ရထားပြီးသမျှတွေ ဖြစ်ပေမဲ့ အိပ်ပျော်နေသော ဦးနှောက်နှင့် နှလုံးသားကို ပြန်လည်နိုးကြား လာစေရန် စာတစ်ကြောင်းချင်း တစ်လုံးချင်းကို စိတ်ဝင်တစား ဖတ်ရှုလိုက်သည်။

ပြီးတော့ စာအုပ်ကို ပိတ်ကာ အလွတ်ထိုင်နည်းဖြင့် ဆယ့်ငါးမိနစ်လောက်ကြာအောင် ထိုင်နေလိုက်၏ ။ မျက်လုံးပြန်ဖွင့်ချိန်မှာ ခန္ဒာကိုယ်က အရင်လို မဟုတ်တော့။ ယခင်ထက် ပိုမိုပေါ့ပါးကာ စိတ်ကြည်လင်လာသည်။ ဒီတော့မှ တဲပေါ်ကဆင်းကာ တစ်နေရာကို ထွက်သွားလိုက်၏ ။

ခန္ဓာကိုယ်အတွက် လိုအပ်မှု ကို ဖြည့်ဆည်းပေးရပေဦးမည် ။ မနေ့က တမံတုတ်ထားသော မြောင်းလေးဆီ ရောက်တော့ . . .

" ဟာ . . . ရေတွေ ဘယ်ရောက်ကုန်ပါလိမ့် "

မနေ့က ခပ်ထုတ်ထားပေမဲ့ ခြေချင်းဝတ် မရှိတရှိတော့ ကျန်သေးသည်။ ယခုမြောင်းလေး အတွင်းမှာ ရေလုံးဝ မရှိတော့။ ထို့အတူ ငါးတွေ မှာ လည်း . . .

ရေစစ်ကာ ရွှံ့မြေက ပြောင်ရှင်းနေသည်။ တအံ့တသြဖြင့် ခပ်သွက်သွက်လျှောက်ကာ စူးစမ်း လိုက်တော့ . . .

တမံပေါက်သွားခြင်းမဟုတ်။ မြောင်းတွင်းတစ်နေရာမှာ လက်တစ်ဝါးစာ အဝိုင်းပေါက်လေး တစ်ပေါက် ပေါက်နေတာကို တွေ့ ရသည်။ ငါးတိုးပေါက် ဖြစ်နိုင်သည်။ ရေတွေ မှာ လည်း ထိုအပေါက် အတိုင်း စီးဆင်းသွားသည်ထင်၏ ။

အပေါက်လေးကို အနီးကပ်ငုံ့ကြည့်တော့ မှော င်မည်းနေသည်။ စဉ်းစားလို့ မရအောင်လည်း ဖြစ်သွားသည်။ ငါးတစ်ကောင်ရဲ့ တိုးအားက မြေကြီးပေါက်လောက်အောင် ဖြစ်နိုင်ပါ့မလား။ ပြီးတော့ ထိုအပေါက်က ဘယ်ကိုသွားတဲ့ အပေါက်လဲ။

တိုးလျှိုပေါက် ဖြစ်၍ သာ ဆိုင်တွင်းမှရေတွေ ကုန်စင်အောင် စီးကျသွားခြင်း ဖြစ်နိုင်ပါသည်။ အခြေအနေကိုသိရန် လက်တွင်းမှ ဓားရှည်ကို ထိုးထည့်ကြည့်လိုက်သည်။ ဓားတစ်ချောင်းဆုံးအောင် မဝင်။

" အပေါက်က တိုတိုလေးပါလား။ ဒါဆို ရေနဲ့ ငါးတွေ ဘယ်အပေါက်က ထွက်သွားတာလဲ "

တစ်ကိုယ်တော် ရေရွတ်ရင်း ဓားကိုပြန်ထုတ်ကာ လိုက်နှိုက်ကြည့်လိုက်၏ ။ တကယ်ပင် လက် တစ်ချောင်းမဆုံးခင် လမ်းဆုံး သွားပါသည်။ ဒါပေမဲ့ . . .

လက်ကောက်ဝတ်က လေတိုးမှု တစ်ခုကို ခံစားရသည်။ လက်ကိုပြန်ထုတ်ပြီး လေတိုးရာ နေရာကို စူးစမ်းတော့ . . .

အောက်ဖက်မှာ အပေါက်တစ်ပေါက်ရှိနေသည်။ ထိုအပေါက်ထဲမှ လေတွေ အပေါ်သို့ကန်နေခြင်း မထူးတော့ပြီမို့ လက်ထည့်ကာ စမ်းကြည့်သည်။ အတော် ရှည်ပုံရ၏ ။ ခန္ဓာကိုယ်ကို မြေမှာ ကပ်ရင်း လက်ကိုရောက်နိုင်သမျှရောက်အောင် စမ်းသပ်ကြည့်စဉ်မှာ ပဲ . . .

မြေကြီးမှာ ပက်ကြားတွေ အက်လာသည်။ သူမသိ။ အာရုံရောက်နေသည်က ဒီအပေါက် မည် မျှရှည်သနည်း။ အဆုံးမှာ ဘာရှိသနည်း။

" ဗျစ် . . . ဗျစ် . . . "

အနီးကပ်ကြားရပေမဲ့ သတိမမူမိပါ။ လက်ကိုသာ အတွင်းသို့ ရောက်သထက်ရောက်အောင် ထိုးသွင်း စမ်းကြည့်နေသည်။

" ဗလစ် . . . ဗျစ် . . . ဗျစ် . . . "

သူရှိနေရာ မြေကြီးပတ်လည်၌ အက်ကွဲကြောင်းတွေ ပေါ်လာသည်။ မြေပေါ် လှဲနေသည်မို့ သူ ကတော့ မမြင်။ ပက်ကြားအက်တွေ တမုဟုတ်ချင်း များ ပြားလာသည်။ အက်ကွဲကြောင်းတွေ ကြီးလာသည်။ အသံတွေ ပိုကျယ်လာသည်။

" ဖျစ် . . . ဗလစ် . . . ဗျစ် . . . ဗျစ် . . . "

ထိုခဏလေးမှာ ပဲ . . .

" ဝေါ . . . ဝရော . . . "

မြေစိုင်၊ မြေခဲတွေ နှင့် ရောကာ သူ့ခန္ဓာကိုယ်သည် အောက်ဖက်သို့ တစ်ရှိန်ထိုး ပြုတ်ကျ သွားတော့၏ ။

" ဝုန်း . . . "



XI

သတိထားမိတော့ သူ့ကိုယ်ပေါ်မှ ဖုန်တွေ သဲတွေ ပေကျံနေသည်။ အရှိန်နှင့် ပြုတ်ကျလာ မှု ကြောင့် တင်ပါးဆုံရိုးအောင့်ကာ ဘယ်ဘက်လက်ကောက်ဝတ် နာသွားသည်။ ဘေးပတ်လည်မှာ လည်း သူနှင့် အတူ ပြုတ်ကျလာသော မြေခဲတွေ ၊ ဖုန်တွေ ၊ သဲတွေ နှင့် ။

ကုန်းရုန်းထကာ နေရာဒေသကို စူးစမ်းတော့ ရှေ့တည့်တည့်မှာ လိုဏ်ခေါင်းသဖွယ် လမ်းတစ်ခု၊ ဟိုဘက်ခပ်ဝေးဝေးမှာ အလင်းရောင် ကို မြင်ရသည်။ အပေါ်ကို မော့ကြည့်တော့ သစ်ပင်ကိုင်းဖျားနှင့် ကောင်းကင်ကို မြင်ရ၏ ။

ပြုတ်ကျလာသည်က ခန့်မှန်းခြေ ဆယ်ပေလောက် အနက်ရှိပေမည် ။ အိုင်ထဲမှ ရေနှင့် ငါးတွေ ဒီထဲကျလာခြင်း ဖြစ်နိုင်သည်။ မြေကြီးအောက် ဆယ်ပေအနက်လောက်တွင် ရှိသော လှိုဏ်းခေါင်းလေး တစ်ခု ဖြစ်၏ ။ ဖန်တီးပြုလုပ်ထားတာလား၊ သဘာဝ အလျောက် ဖြစ်နေသည့် လိုဏခေါင်းလေးလား။

သေချာငုံ့ကြည့်တော့ အတော် အတန်ရှည်လျားကြောင်း တွေ့ ရသည်။ အပေါ်ပဲ ပြန်တက်ရမလား အတွင်းသို့ပဲ ဝင်ရမလား။ အတန်ငယ် စဉ်းစားလိုက်၏ ။ နောက်ဆုံးတော့ စူးစမ်းတတ်သော ဥာဉ်အတိုင်း အတွင်းဝင်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

လူတစ်ရပ် မလွတ်သည်မို့ ခေါင်းငုံ့၍ ဝင်သွားရသည်။ ခြေငါးလှမ်းလောက် ဝင်ပြီးသွားချိန်မှာ ပဲ လိုဏ်ခေါင်းလေးရဲ့ သဘာဝ ကို နားလည်လိုက်တော့၏ ။ လူတို့ ပြုလုပ်ထားခြင်းမဟုတ်ပါ။ သဘာဝ ဖြစ်ပေါ်နေသော လိုဏ်ခေါင်းလေး ဖြစ်သည်။

ခေါင်မိုးနှင့် နံရံတို့မှာ ကျောက်ခက်၊ ကျောက်စက်တွေ တွဲကျနေ၏ ။ မှိုလိုလို၊ ရေညှိလိုလိုအနံ့ ပေါင်းစုံလည်း လှိုင်ထွက်နေသည်။ အလင်းရောင် တိတိပပမ၇ှိသည်မို့ ထိုအနံ့တွေ ထွက်နေခြင်း ဖြစ်သည်။ သူ ပြုတ်ကျရာ ဝင်ပေါက်မှ အလင်းရောင် လေး ရှိလို့သာ တော် သေး၏ ။

မဟုတ်ပါက ကျောက်သားအချွန်အတက်တွေ နှင့် သွားလာရခက်ခဲပေမည် ။ လမ်းတစ်လျှောက်တွင် တော့ ဘာအန္တရာယ်မျှမရှိ။ မိုးတွင်း မိုးအခါ ရေစီးဝင်ရာ ကလိုင်ပေါက်လေး ဖြစ်နိုင်သည်။ ခြေလှမ်းငါးဆယ်လောက် လျှောက်ပြီးစဉ်မှာ တော့ အဝမှ လှမ်းမြင်ရသော အလင်းရှိရာသို့ ရောက်လာသည်။

ရောက်ရောက်ချင်းပင် လမ်းကြောင်းမှာ လည်း တစ်ဆစ်ချိုးကွေ့ သွား၏ ။ အလင်းဖောက် ဝင်လာရာ လမ်းကြောင်းကိုလည်း မြင်ရသည်။ အပေါ်ဘက်တွင် ဖြစ်၏ ။ ထိုနေရာရောက်အောင် သွားရမည့်  လမ်းမှာ လည်း ကုန်းတက်သဘောမျိုး မတ်စောက်စောက်လေး ဖြစ်နေသည်။ ပြီးတော့ ရေညှိ နှင့် ချောနေ၏ ။ ဘာပဲ ဖြစ် ဖြစ် ရောက်အောင်တော့ သွားရမည် ။ အပေါက်ရဲ့ ဟိုဘက်မှာ ဘာရှိသလဲ သိချင်လှပြီ။

ခြေရောလက်ရော အသုံးပြု၍ ခက်ခက်ခဲခဲ တက်သွားလိုက်ရာ အပေါက်ဝသို့ ရောက်စဉ်မှာ ပင် . . သူတွေ့ လိုက်ရသည်ကား . . .

' ဝုန်း ' ခနဲ လှိုင်းပုတ်သံ တစ်ချက်နှင့် အတူ မျက်စိတစ်ဆုံး မြင်လိုက်ရသည့် ပင်လယ်ပြင်ကြီး။ အပေါက်မှ ခေါင်းထွက်ကာ ကြည့်လိုက်တော့ ပင်လယ်လှိုင်းတွေ က အောက်ဖက်ကျောက်နံရံကို တဝုန်းဝုန်းရိုက်ခတ်နေသည်။ မြင်ရသော မြင်ကွင်းကိုကြည့်ကာ ရင်ထဲမှာ ဟာဆင်းသွားသည်။

မျှော်လင့်ချက် တသီကြီးဖြင့် ကြိုးစားလာခဲ့သမျှအားလုံး ပျောက်ကွယ်သွားပေပြီ။ လမ်းလည်း ဆုံးသွားခဲ့ပြီ။ ဆက်သွားလျှင်လည်း ပင်လယ်တွင်း ပြုတ်ကျရုံသာ ရှိတော့၏ ။ သူရောက်ရှိရာ နေရာဒေသ ကိုလည်း သဘောပေါက်လိုက်သည်။

ပင်လယ်ပြင်နှင့် ထိစပ်နေသော ကျောက်သားနံရံအမြင့်ကြီးပါ ကျွန်း၏ ဘယ်နေရာလောက်မှာ ရှိသော ကျောက်ဆောင်ကြီး ဖြစ်သည်ကိုတော့ သူ မပြောတတ်။ ကျောက်တောင်မဟုတ်။ လှိုင်းပုတ်မှု နှင့် ရေတိုက်စားမှု ကြောင့် ပင်လယ်ထဲသို့ အလွှာလိုက် ကွာကျထားပုံရသော ကျောက်ဆောင်အမြင့်ကြီး။

ခေါင်းထွက်ကြည့်ရာ ကလိုင်ဝမှာ လည်း ပင်လယ်ပြင်မှာ ပေနှစ် ဆယ်လောက် မြင့်မည် ထင်၏ ။ အောက်ဖက်မှာ လှိုင်းတွေ တဝုန်းဝုန်းပုတ်နေသည်။ အပေါ်ဘက်မှာ လည်း အမြင့်ကြီးရှိနေသေး၏ ။

" ဟူး . . . "

သက်ပြင်းမောကို ချလိုက်သည်။ လမ်းဆုံးပေပြီ။ ဘာမှဆက်လုပ် လို့ မရတော့။ အပေါ် ပြန်တက်ဖို့ သာရျိတော့သည်။ လေတွေ တဟူးဟူး ဝင်ရောက်နေသည်မို့ မျက်လုံးကို မှိတ်ကာ အသက်ကို တဝကြီး ရှူလိုက်သည်။ ပြီးတော့ ကလိုင်ဝ၌ ပင်လယ်ပြင်ကို ခေါင်းပေးကာ အမောဖြေသည့်သဘော လှဲချလိုက်သည်။

ပက်လက်အနေအထားမို့ သူ့မျက်လုံးတွေ က ခေါင်မိုးဆီမှာ ။ အပေါ်မှ အိတွဲကျနေသော ကျောက်သားအချွန်တွေ ၊ ရေညှါတွေ ၊ ကျောက်ကပ်ပင်တွေ ကို မြင်ရသည်။

အသက်ကို ပုံမှန်ရှူကာ အမောဖြေနေမိပါသည်။ ခေါင်မိုးကို ကြည့်နေရာမှ မျက်လုံးတွေ က တဖြည်းဖြည်း ကလိုင်အပေါ်ဘက်ကို ရောက်သွားသည်။ ဤကျောက်ဆောင်ကြီး ဘယ်လောက် မြင့်ကြောင်း သိလိုသည်ကြောင့် အပေါက်ဝမှ ပင်လယ်ဘက်သို့ ခေါင်းတစ်ဝက်ထုတ်ကာ မော့ကြည့်လိုက်တော့ . . .

" ဟင် . . . "

မျက်လုံးပြူးကာ ရင်တစ်ချက် ဆောင့်ခုန်သည်။ သူ မြင်တွေ့ လိုက်ရသည်ကား ဂဏန်းတွေ ၊ စိတ်ဝင်စားသွားပြီး ခန္ဓာကိုယ်ကို တတ်နိုင်သမျှ အပြင်ဆန့်ထုတ်လိုက်သည်။ ပခုံးအောက်ပိုင်းလောက်ထိ ပင်လယ်ဘက် လွတ်ထွက်သွား၏ ။

ထိုအခါမှပင် ရေး ထွင်းထားသော စာလုံးကြီးများ ကို ထင်ထင်ရှားရှား တွေ့ ရတော့သည်။ စာလုံးကြီးတွေ နှင့် မို့ ပင်လယ်ပြင် အတော် ဝေးဝေးမှ ကြည့်လျှင်ပင် ရှင်းလင်းစွာ မြင်တွေ့ နိုင်၏ ။

သူ ကတော့ ကပ်ကြည့်သည်မို့ အနည်းငယ် ခက်ခဲသည်။ စာလုံးကြီးတွေ ဖြစ်ရာ တစ်ခါတည်း ဆုံးအောင် မကြည့်နိုင်။ အောက်သို့ပြုတ်ကျ မသွားစေရန်လည်း ထိန်းထားရသေးသည်။ အချိန်တစ်ခုကြာပြီးသွားသည့်နောက်မှာ . . .

အားလုံးမှတ်ပြီးတော့ ကိုယ်ကို အတွင်းပြန်ဝင်လိုက်သည်။ ချက်ချင်း ပင် ကလိုင်အတွင်းမှ ထွက်ကာ ကုန်းပေါ်ပြန်တက်လိုက်၏ ။ ကုန်းမြေပေါ် ရောက်ရောက်ချင်း တဲစခန်းရှိရာသို့ အလျင်အမြန် ပြေးသွားလိုက်ပါသည်။

တဲစခန်းရှေ့ကိုရောက်တော့ နီးစပ်ရာတုတ်ချောင်းဖြင့် မြေပြင်မှာ တစ်ခုချင်း ရေး ခြစ်လိုက်သည်။ ခဏချင်းပင် တဲစခန်းရှေ့ မြေပြောင်ပြောင်မှာ ဂဏန်းတွေ ၊ အမှတ်အသားတွေ ပေါ်လာ၏ ။



1954

12 3× 7 ( ) +

ရေး ပြီးတော့ တစ်လုံးချင်းကို အသေအချာလေ့လာမိ၏ ။

" ဘာအဓိပ္ပာယ်လဲ "

နောက်ထပ် စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းတစ်ခုလည်း သူ့ရဲ့ တဲစခန်းလေးမှာ ဖြစ်ပွားထားပါသည်။ အဲဒါက . . .

သူအားကိုးအားထားပြုထားသော သောက်ရေအိုင်လေးမှာ တစ်ဝက်မျှသာ ရှိတော့သည်။



XII

တဲပေါ်တွင် ထိုင်ကာ မြေမှာ ရေး ထားသော ဂဏန်းနှင့် အက္ခရာ အမှတ်အသားများ ကို ကြည့်နေမိ ပါသည်။ ဘာအဓိပ္ပာယ်လဲ၊ ဘာကိုဆိုလိုတာလဲ၊ ပင်လယ်ဘက်မျက်နှာမူကာ ဘာလို့ စာလုံးကြီးများ ဖြင့် ရေး သားရတာ လဲ။

အဝေးမှကြည့်လျှင်ပင် ထင်ထင်ရှားရှားမြင်နိုင်သော အရွယ်အစား ဖြစ်၏ ။ ဘယ်နေရာက ကြည့်ကြည့် မြင်ရနိုင်သော အနေထားမျိုး။ ဖြတ်သွားဖြတ်လာသင်္ဘောများ ကို တွေ့ စေချင်တာလား။ ဒါမှမဟုတ် ကောင်းကင်က မောင်းနှင်သည့် လေယာဉ်၊ ရဟတ်တို့ကို မြင်တွေ့ စေချင်တာလား။

ဒါဟာ ဘာအမှတ်အသားလဲ။ ကျွန်းကို ပင်လယ်ပြင်၌ ထင်ရှားစေရန် ရေး ထိုးထားတာလား။ အဓိပ္ပာယ်တစ်စုံတစ်ရာတော့ ရှိနေမှာ သေချာပါသည်။ အကြောင်းမဲ့တော့ ကျောက်ဆောင်နံရံမှာ စာလုံး ကြီးများ ဖြင့် ရေး ထိုးထားမည် မဟုတ်။ ဘာကိုဆိုလိုသည်ဆိုတာလည်း သူတွေးလို့မရ။

ဒါပေမဲ့ ကိစ္စမရှိသေးပါ။

ယခုလောလောဆယ် ထိုအရာများ သည် သူ့အတွက် အရေး မကြီးသေး။ အရေး ကြီးသည်က တစ်ဝက်လောက်သာ ကျန်တော့သည့် သောက်ရေ။

မနက်က ရေသောက်၊ မျက်နှာသစ်ပြီးချိန်မှာ ရေအိုင်လေးက တစ်ဝက်မရှိတရှိလောက်သာ ကျန်ပါတော့သည်။ ယခု နာရီတော် တော် များများ ကြာပြီးသည့်တိုင် အရင်လို ပြန်ပြည့်မလာတော့။

ဘယ်လို ဖြစ်သွားတာလဲ။ အောက်က စမ်းဖြတ်သွားတာလား။ ဒါမှမဟုတ် တစ်ယောက် ယောက် ပဲ ဖြတ်တောက်လိုက်တာလား။ အချိန်အတော် ကြာအောင် သူစောင့်ကြည့်နေမိသေး၏ ။ သေချာပါသည်။ ရေတစ်စက်ကလေးတောင် တိုးမလာတော့ပါ။

ချက်ချင်း လက်ငင်းကြီး ဖြစ်ပျက်သွားသော အခြေအနေကို သူတော် တော် အံ့အားသင့်သွား၏ ။ လူ့ဘဝ၏ အစိုးမရသော ပိုင်ဆိုင်မှု များ ကိုလည်း လက်တွေ့ ကျကျ သဘောပေါက်နားလည်လိုက်သည်။ တကယ်တော့ လူ့ဘဝမှာ ငါတို့ပိုင်တာဆိုလို့ရေလေးတစ်စက်မျှပင် မရှိပါလား။

အချိန်ကြာလာသည်နှင့် အမျှ နေလုံးကြီးက အရှေ့မှအနောက်သို့ တရွေ့ရွေ့ ကူးပြောင်း သွားသည်။ အလင်းရဲ့ ဖွဲ့စည်းပုံမှာ လည်း တဖြည်းဖြည်းပါးလျလာ၏ ။ ထို့အတူ ဆာတိုင်းသောက်နေ ရသော ရှေ့မှ ရေချိုအိုင်လေးမှာ လည်း . . .

နောက်ဆုံးတစ်ခေါက် သောက်ပြီးသွားချိန်မှာ သူ့အတွက် သောက်ရေက စိုးရိမ်ရေအမှတ်ကို ရောက်လာသည်။

အိုင်လေးတွင်းမှာ က အနည်းအကျဉ်းမျှသာ ကျန်တော့သည်။ မနက်ဖြန်အတွက် ရေတစ်ခွက်ပင် မသေချာတော့ . . . ။





ဝန်ဇင်းချစ်သူများ သိုးဆောင်း ၏ “ ဟောဒါလက်ယာ တောင်ဘက်ပါ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နေကမ္ဘာရဲ့မီးအိမ်ရှင်

သုံးခါနမ်းမှ ပွင့်မယ့်ပန်း

သင်ပြန်လာရမှာပါ