Cover

နိဒါန်း

ပန်းသေနတ်များ လက်ဆောင်ပေးကြပါစို့

‘လင်းလွန်းခင်’ စာပေမှ ဦးသိန်းလွင်က ဦးဘုန်း (ဓာတု) ရဲ့ ‘ပန်းသေနတ်’ စာအုပ်အတွက် အမှာ စာရေး ပေးဖို့ စာမူတစ်ထပ်ကြီး ပေး သွားပါတယ်။ Best seller စာရေး ဆရာရဲ့ စာအုပ်အတွက် ဆိုတော့ တာဝန်ကြီးသွားပြီလို့ ခံစားလိုက်ရပါတယ်။ ဦးဘုန်းရဲ့ စာအုပ်တွေ က ဘယ်အခါပဲ ပြန် ဖတ်ရပါစေ ရိုးမသွားဘဲ တွေးပြီးရင်း တွေးစရာကောင်းလှပါတယ။် သူ့စာအုပ်ကို ဖတ်ရင် အပေါ် ယံပဲရှပ်ပြီး ဖတ်လို့မရပါ။ တစ်ပုဒ်ဖတ်ပြီးရင် စာအုပ်ကိုပိတ်ပြီး များများ တွေးမှ အရသာရှိပါတယ်။ လူကြီးဖတ်ဖတ်၊ လူငယ်ဖတ်ဖတ် တစ်ခုခုတော့ ကျန်ရစ်တတ်ပါတယ်။

‘ပန်းသေနတ်’ စာမူကို ကျွန်မ ဖတ်လိုက်၊ တွေးလိုက်နဲပ သုံးခေါက်မြောက် ဖြစ် သွားပါ တယ်။ အမှာ စာရေး ဖို့လည်း နှစ် ပတ်ကြာ သွားပါတယ်။ ဆောင်းပါးတွေ က ငြိမ်းချမ်းရေး ရနံ့၊ မျိုးချစ် စိတ်ရနံ့တွေ သင်းပျံ့လှိုင်နေပါတော့တယ်။ ‘ပန်းသေနတ်’ ကို ဖတ်ကြည့်တော့ ‘အတွေးသစ်ပါ လား’ လို့ ချီးကျူးမိသလို ရင်ထဲမှာ လည်း နင့်နေအောင် ခံစားရပါတယ်။

မိုင်းထိထားလို့ ခြေတစ်ဖက်မရှိတဲ့ လူငယ်လေး စိုင်းလှဦးက စစ်ပွဲတွေ ကို မလိုလားဘဲ ငြိမ်း ချမ်းရေး ကိုပဲ လုပ်ချင်သူပါ။ သူက သေနတ်လုပ်ရောင်းချင်သူ၊ သူ့သေနတ်က PEACE ပိ(စ်) လို့ အသံထွက်တဲ့သေနတ်၊ ကျည်ဆန်တွေ က ပန်းပွင့်တွေ ၊ ရေမွှေးရနံ့တွေ လည်း ထွက်အောင် လုပ် ချင်ပါတယ်တဲ့။ စစ်တိုက်နေတဲ့ စစ်သည်တော် တွေ ၊ လက်နက်ကိုင်တိုင်းရင်းသားတွေ ၊ လွှတ်တော် ကိုယ်စားလှယတွေ ၊ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပန်းသေနတ်တွေ လက်ဆောင် ပေးမယ်တဲ့၊ ကောင်းလိုက်တဲ့ အတွေးအခေါ့်ပါပဲ။

မန္တလေးမြို့ကြီးကို လွှမ်းမိုးထားတဲ့ တရုတ်လူမျိုးတွေ ကို မခံချိမခံသာ ဖြစ်ပေမယ့်လည်း သူတို့ရဲ့ လုံ့လ၀ီရိယကြိုးစားအားထုတ်ပုံတွေ ကို လျစ်လျူမရှုဘဲ မြင်အောင်ကြည့်ထားပါတယ်။ ‘၁း၉၉’ ဆောင်းပါးမှာ ဦးဘုန်းရဲ့ စာဖတ်ပရိသတ် တရုတ်သူဌေးမ တရုတ်နှစ် သစ်ကူးဖိတ်တာ မလာလို့ အိမ်အထိလိုက်လာပြီး သူ့အ ဖြစ်ကို ရင်ဖွင့်တဲ့အကြောင်းပါပဲ။

သူတို့ မန္တလေးရောက်စက ဆင်းရဲကြတယ်။ ကြိုးစားကြလို့ အဆင်ပြေလာပြီး ကျောက်စိမ်း လုပ်ငန်းနဲပ ချမ်းသာလာကြတယ်။ သူ့ခင်ပွန်းက မိန်းမ တစ်ယောက် ယူလာတယ်။ သားနဲ့သမီးက စင်ကာပူမှာ ပညာသင်ရင်း အိမ်ထောင်ကျသွားတယ်။ သူ ကတော့ အိမ်ကြီး၊ ခြံကြီးနဲ့ နေရပေမယ့် အထီးကျန်နေရတယ်။ သူ့ကို ကံမကောင်းဘူးလို့ ပြောတာ လက်မခံဘဲ အဆိုးအကောင်း တာဝန် ရှိသူက လူတွေ ရဲ့ စိတ်ဓာတ်တွေ ၊ စည်းကမ်းတွေ ၊ ကိုယ်ကျင့်တရားတွေ မဟုတ်လား၊ ကံကို ပုံမချ ဘူးလို့ ဆိုပါတယ်။

ဦးဘုန်းက အမြင်တွေ မတူတာ၊ ဘ၀တွေ မတူတာကို စဉ်းစားစရာကောင်းကြောင်း ရေး ပြ သွားခဲ့ပါတယ်။ တရုတ်မကြီးက ကံကို (၁) ကျပ်သားပဲ တာဝန်ယူခိုင်း (၉၉) ကျပ်သားကို ဉာဏ် နဲ့ဝီရိယက တာဝန်ယူဖို့ ပြောသွားတာ တွေးစရာပါပဲ။

‘ရှဲရှဲနီ နံနက်ခင်း’ မှာ တော့ ဦးဘုန်းက သူ့သူငယ်ချင်းကို ကန်စွန်းခင်းတစ်ခင်းပေးရင် ဘာ လုပ်မလဲ မေးကြည့်တော့ ခူးပြီး အစည်းလေးတွေ လုပ်ပြီး တစ်ဆယ်နဲ့ရောင်းမယ်လို့ ပြောတယ်။ မန္တလေးမြို့ကြီးစကို ပေးရင်တော့ မြေတစ်ကွက်ပြီးတစ်ကွက် ရောင်းစားမယ်ဆိုတော့ ဦးဘုန်းက သူ့ကိုပေးမယ်ဆိုရင်တော့ မင်းနေပြည်ခေတ်ကအတိုင်း ပြုပြင်မယ်။ ဥယျာဉ်ကြီးလုပ်မယ်။ ဟို တုန်းကလူတွေ ၀တ်စားသလို၊ နေထိုင်သလို ဖန်တီးပြီး ဂီတဖြေဖျော်ပွဲတွေ ၊ ပြဇာတ်တွေ ကမယ်။ ပြတိုက်ကြီး ဖွင့်မယ်။ ပြီးတော့ နိုင်ငံခြားသားတွေ ကို ၀င်ခွင့်ကောက်ပြီး ကြည့်ခွင့်ပေးမယ်လို့ စိတ် ကူးနဲ့ ပြောတော့ သူ့သူငယ်ချင်းက တရုတ်ပစ္စည်းတွေ နှစသက် စွာ သုံးစွဲသူ ဖြစ်တော့ စိတ်မပါဘဲ နားထောင်သွားပြီး ‘ရှဲရှဲနီ’ လို့ နှုတ်ဆက် သွားပါတော့တယ်။

ကျွန်မတို့ ထိုင်းကိုသွားတော့ ဘန်ကောက်နဲ့ တော် တော် ဝေးတဲ့နေရာမှာ Ancient City ဆိုပြီး ရှေးက ယိုးဒယားနိုင်ငံပုံစံ ဆောက်ပြထားပါတယ်။ ၀င်ခွင့်ပေးပြီး ကားနဲ့သွားလို့ရပါတယ်။ စက်ဘီးတွေ လည်း ငှားပေးတယ်။ ရှေးက ရွာပုံစံလေးထဲမှာ ရှေးကအိမ်မျိုး၊ ဈေးတန်းလေးနဲ့ တူ ရိယာတွေ လည်း တီးမှု တ်ပြပါတယ်။ အမှတ်တရပစ္စည်းတွေ ရောင်းပါတယ်။ ထိုင်းကချေသည်လေး တွေ က ကပြပြီး သူတို့နဲ့ ဓာတ်ပုံတွဲ ရိုက်လို့ရပါတယ်။ ငွေတော့ ပေးရပါတယ်။

ချင်းမိုင်ကို ရောက်တုန်းကလည်း ဆင်စခန်းတွေ ၊ ရေတံခွန်တွေ ၊ ပန်းခြံတွေ ကို လာချင် စဖွယ် ဖန်တီးပြီး ငွေတွေ သဲ့ပြီး ယူနေပါတယ်။ ကျွန်မတို့မြန်မာပြည်မှာ ဒီ့ထက်လှပသာယာတဲ့နေ ရာတွေ အများ ကြီးရှိတယ်။ ဖန်တီးတတ်ရင် နိုင်ငံခြားငွေတွေ အများ ကြီးဝင်နိုင်တာပဲလို့ ပြော ဖြစ် ကြပါသေးတယ်။ ကမ္ဘောဒီးယားမှာ ဆိုရင် အန်ကောဝပ်တစ်ခုတည်းနဲ့ပဲ ၀င်ငွေတွေ အများ ကြီး ရနေတာပါ။ ဦးဘုန်းရဲ့ စိတ်ကူးတွေ တစ်နေ့ကျရင် အကောင်အထည်ပေါ်လာပါလိမ့်မယ်။ အခု ဆိုရင် ဇွဲကပင်တောင်ကို Cable ကားနဲ့ တက်နိုင်အောင် ပီနန်ဆရာတော် ကြီးက စီစဉ်နေပါပြီ။

‘ခေတ်သစ်ဘကြီးအောင်’ က လွန်ခဲ့တဲ့ နှစ် (၈၀) လောက်က ကျော်ကြားခဲ့တဲ့ ဆရာ မင်းသုဝဏ်ရဲ့ ‘ဘကြီးအောင်ညာတယ်’ ၀တ္ထုကို ဆန်းသစ်တဲ့ အမြင်တစ်မျိုးနဲ့ အခြေခံပြီး ရေး ထား တာ ဖြစ်ပါတယ်။ ဖိုးချစ်ဆိုတဲ့ ကလေးကို ဘကြီးအောင်က ပန်းပုရုပ်လေးကို ရောင်းမယ်လို့ ကတိ ပေးပြီးမှ အရာရှိ တစ်ယောက် ကို ပေးလိုက်တဲ့အတွက် ဖိုးချစ်လေး စိတ်ထိခိုက်ပြီး သေသွားရတဲ့ အကြောင်းပါပဲ။

ကျွန်မက ဒီဝတ္ထုကို ရသအ ဖြစ် ခံစားပြီး ရင်နင့်ခဲ့ရပါတယ်။ ကျွန်မတို့နဲ့ သက်ဆိုင်နေလို့ လည်း ပိုပြီး ခံစားခဲ့ရတယ် ထင်ပါတယ်။ ဦးဘုန်းက အမြင်တစ်မျိုးနဲ့ ရေး လိုက်တော့ နိမိတ်ပုံ ပေါ် သွားပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ လူငယ်တွေ အလိမ်ခံနေရရင် တိုင်းပြည်ပျက်တတ်ပါတယ်။

လူငယ်တွေ စိတ်ဓာတ်ကျရင် တိုင်းပြည် အောက်တန်းကျတတ်ပါတယ်။

လူငယ်တွေ မျှော်လင့်ချက်မဲ့ရင် တိုင်းပြည်ရဲ့ အနာဂတ်လည်း ပျောက်တတ်ပါတယ်။

ဒီစကားစုတွေ က ခေတ်ကို ထင်ဟပ်ပြလိုက်တာပါပဲ။ ဒါကြောင့် ဦးဘုန်းရဲ့ ‘ပန်းသေနတ်’ ကို ဖတ်ပြီးရင် ကျွန်မတို့ ငြိမ်းချမ်းရေး ဆီကို ဦးတည်ပြီး ပန်းသေနတ်တွေ လက်ဆောင်ပေးကြပါစို့ လားရှင်။

အားလုံးကို လေးစားလျက်

ခင်စောတင့်

၁၈-၉-၂၀၁၃

*


ပန်းသေနတ်

(၁၁) အုပ်မြောက် စာအုပ် ဖြစ်ပါသည်။

စာဖတ်သူများ ထံသို့ လင်းလွန်းခင်စာပေမှတစ်ဆင့် ကျွန်တော် ၏ အတွေးရသစာစုများ ကို အပ်နှံလိုက်ပြန်ပါပြီ။

ဖတ်ရှုခံစားတွေးတောပြီး ဘ၀အတွက် ငြိမ်းချမ်းမှု များ ရရှိမည် ဟု မျှော်လင့်မိပါသည်။

အိမ်ရှင်မတွေ အတွက် ရေး ထားသည်များ ပါသလို အိမ်ထောင်ရှင်များ အတွက် ရည်ရွယ် ရေး သားထားချက်များ လည်း ပါရှိပါသည်။ ထို့အတူ ကျွန်တော် သည် စာသင်ဆရာ တစ်ယောက် ဖြစ်ခဲ့ဖူး၍ ကျောင်းဆရာ၊ ဆရာမ များ နှင့် လူငယ် ကျောင်းသားများ အတွက် ရည်ရွယ်ရေး သားထား သည့် အကြောင်းအရာများ လည်း ပါရှိနေပါသည်။

ထို့အပြင် မြန်မာနိုင်၏ နေရာအသီးသီးသို့ စာပေဟောပြောပွဲများ သွားရောက်ခွင့်ရရှိခဲ့ သဖြင့် ‘ငြိမ်းချမ်းရေး ’ ၏ အသံများ ကိုလည်း အကြိမ်ကြိမ်ကြားနာခဲ့ရပါသည်။ ထို့ကြောင့် ငြိမ်းချမ်း ရေး အတွက်လည်း ရည်ရွယ်ပြီး ဤစာအုပ်ကို ရေး ဖွဲ့ပါ၏ ။

ယခု ကျွန်တော် တတ်စွမ်းသလောက် ကြိုးစားပြီး ရေး ဖွဲ့ထားသော စာစုများ ကို ‘ပန်းသေ နတ်’ ဟု အမည် ပေးပြီး စာဖတ်သူများ ထံသို့ မှတ်ကျောက်အတင်ခံနိုင်ရန်အတွက် ပေးပို့လိုက်ပါပြီ။

နည်းနည်း ဖတ်ပြီး များများ တွေးတောကြပါစို့။

နည်းနည်း ဖတ်ပြီး များများ ပြုံးရွှင်ကြပါစို့။

နည်းနည်း ဖတ်ပြီး များများ ကြည်နူးကြပါစို့။

နည်းနည်း ဖတ်ပြီး များများ ငြိမ်းအေးကြပါစို့။

ဤစာအုပ်ပါ အတွေးရသစာစုများ ဖြင့် . . .

ငြိမ်းချမ်းရေး ကို ခံစားနားလည် တည်ဆောက်ကြပါစို့. . .

မေတ္တာအင်အားဖြင့်

ဦးဘုန်း၊ ဓာတု၊ မန္တလေး

၁၉-ဇူလိုင်၊ ၂၀၁၃

တယ်ရီယာ

Cover

ဒီမယ်၊ လူ ဖြစ်ရင် လူဒုက္ခ၊ နတ် ဖြစ်ရင် နတ်ဒုက္ခ၊

ခွေး ဖြစ်ရင် ခွေးဒုက္ခ။

ဒီတော့ ခွေးမှာ လည်း ခွေးဒုက္ခနဲ့ ခွေး ရှိသင့်တာပေါ့။

ခွေး ဖြစ်ပြီး ခွေးဒုက္ခမရှိဘူးဆိုရင် ခွေးမဟုတ်လို့ပဲ။

*


ခွေးနှစ် ကောင် စကားပြောနေကြသည်။

တစ်ကောင်က ‘လမ်းဘေးခွေး’ ။

ကျန်တစ်ကောင်က ခြံနဲ့ဝင်းနဲ့ နေရတဲ့ ‘ဗွီအိုင်ပီ တယ်ရီယာ ခွေး’။

လမ်းဘေးခွေးက စကားစသည်။

‘ဟိတ်ကောင်၊ မင်း အပြင်ထွက်ခဲ့ပါလား၊ အပြင်မှာ ပျော်စရာကြီးကွ၊ ငါတို့အရပ်ထဲမှာ ငါတို့လို အကောင်တွေ အများ ကြီးပဲ။ ဟိုလမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ တော် တော် ‘လန်း’ တဲ့ ခွေးမလေးတစ်ကောင်ရှိတယ်။ ငါ အဲဒီ ခွေးမလေးကို သွားပြီး ‘၀ိုက်’ နေတာ တစ်လလောက်ရှိပြီ၊ အဆင်ပြေခါနီး ပြီ၊ လိုက်ခဲ့ပါလား’

‘ငါက အပြင်ထွက်လို့ မရဘူးကွ၊ ငါ့သခင်က ငါ့ကို ခြံထဲမှာ ပဲ အမြဲထားတာ’

‘မင်းဘ၀ကြီးက ပျင်းစရာကြီးပါကွာ၊ ခွေး ဖြစ်ရတာ မတန်ပါဘူး၊ မင်းဟာ ခွေး ဖြစ်ပြီး ခွေးလို နေခွင့်မရတဲ့ ခွေးတစ်ကောင်ပဲ’

‘နေပါဦး မင်းကကော လမ်းပေါ်မှာ နေပြီး စားစရာရှိလို့လား၊ အမှိုက်ပုံနဲ့ အိမ်ကြိုအိမ်ကြားမှာ ရှာဖွေစားသောက်နေရတာ ၊ မင်းတို့ကမှ ခွေး ဖြစ်ရကျိုး မနပ်တဲ့ခွေးတွေ ’

‘ဒီမယ်. . . ခွေးဆိုတာ ခွေးအလုပ်ရှိတယ်ကွ၊ အိမ်စောင့်ပေးရတယ်။ ငါတို့ ကတော့ ဘယ်သူမှ မွေးစားခြင်းမရှိတဲ့ခွေး။ ဒီတော့ လမ်းပေါ်မှာ အိပ်တယ်၊ လမ်းပေါ်မှာ စားတယ်၊ အိမ်တိုင်း က ငါတို့ရဲ့ ကျေးဇူးရှင်၊ လမ်းတိုင်းဟာ ငါတို့ရဲ့ အရှင်သခင်. . .

ဒါကြောင့် ဟောဒီလမ်းထဲက အိမ်တွေ အတွက် ညတိုင်း ငါတို့က စောင့်ရှောက်ပေးတယ်၊ လူစိမ်းဝင်လာရင် ငါတို့က ဟောင်တယ်၊ အသံပေးတယ်၊ ငါတို့အသံနဲ့ လူဆိုးတွေ ၊ သူခိုးတွေ ကို မောင်းထုတ်ပေးတယ်၊ ငါတို့ကမှ ခွေးစစ်စစ်ကွ၊ ခွေးအတု မဟုတ်ဘူး’

‘မင်း ဒီလိုမပြောနဲ့ ငါလည်း လူလာရင် ဟောင်တာပါပဲ’

‘မင်းက မင်းအိမ်တစ်အိမ်တည်းကိုပဲ စောင့်ရှောက်တာပါ၊ မင်းနေတဲ့ မိသားစုအတွက်ပဲ အသုံးဝင်တဲ့ခွေးပါ၊ ငါက ဟောဒီတစ်ရပ်ကွက်လုံးအတွက် အသုံးဝင်တဲ့ခွေး၊ တန်ဖိုးရှိတဲ့ခွေး’

‘ဒီမယ် မင်းက ငါ့လိုလည်း ကြည့်မကောင်းဘူး၊ အင်းပေါ့လေ မင်းမှာ က အချိန်မှန် မစားရ၊ အချိန်မှန် မအိပ်အရ၊ စားစရာ နေစရာမရှိတဲ့ ဘ၀ကိုး၊ သနားစရာကောင်းလိုက်တာ၊ ကျွတ်. . . ကျွတ်. . . ကျွတ်’

‘ဟိတ်ကောင်. . . တယ်ရီယာ မင်းကမှ တကယ့်သနားစရာခွေး၊ မင်းဆိုတဲ့ကောင်ဟာ သခင်ကျွေးတဲ့ အစားအစာကို ခွေးစာလို့ ထင်နေတဲ့အကောင် ခွေးညံ့၊ ခွေးပျင်း’

‘ဘာပဲပြောပြော မင်း ငါ့လို့ ကောင်းကောင်း မနေရပါဘူးကွာ၊ ကောင်းကောင်းမစားရပါဘူး’

‘မင်း ထင်နေတာကိုး၊ မင်းစားတဲ့ အစားအစာဆိုတာ ပေးစာ၊ ကမ်းစာ၊ သနားစာပါကွာ၊ ငါ စားတဲ့အစားအစာဆိုတာ ငါကိုယ်တိုင် ရှာပြီး စားတာ၊ မင်းထက်ပိုပြီး တန်ဖိုးရှိတယ်ကွ’

‘ဒီမယ် လမ်းဘေးခွေး၊ မင်း ကြားဖူးရဲ့ လား၊ ငါတို့လို အဆင့်မြင့် ခွေးတွေ အတွက် အသင့် လုပ်ထားတဲ့ ‘ခွေးစာ’ ဆိုတာ ရှိတယ်၊ ခွေးအိပ်တဲ့ ‘ခွေးအိပ်ရာ’ ဆိုတာရှိတယ်၊ ခွေးဖြီးတဲ့ ‘ခွေးဘီး’ ရှိတယ်၊ ‘ခွေးရေမွှေး’ တောင် ရှိလိုက်သေးတယ်’

‘အဲဒါကြောင့် ပြောတာပေါ့၊ မင်းဟာ ခွေးစစ်စစ်မဟုတ်ပါဘူးလို့၊ ဒေါင်းယောင်ဆောင်တဲ့ ကျီးဆိုတဲ့ စကားပုံပဲ ကြားဖူးပါတယ်၊ စကားပုံအသစ် ပေါ်လာပြီဟေ့၊ မင်းက ခွေးယောင်ဆောင် ထားတဲ့ ကြောင်’

‘ငါဆိုရင် နေ့တိုင်း ရေချိုးရတယ်၊ ခွေး ခွန်အားတိုးဆေးသောက်တယ်။ တစ်ပတ်ကို တစ်ခါ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ ပြရတယ်’

‘မင်း တော် တော် အကြွားသန်တဲ့ကောင်၊ ငါက မင်းကို ကြည့်ပြီး ခွေးဘ၀ကို ခံစားခွင့်မရတဲ့ ခွေးတစ်ကောင်လို့ ဆိုပြီး ငါတို့က မင်းကို သနားနေတာ’

‘ငါကလည်း မင်းတို့လို လမ်းပေါ်က ခွေးတွေ ကိုကြည့်ပြီး သနားနေတာပါ၊ ခွေး ဖြစ်တဲ့ဘ၀ မှာ တောင် ဒုက္ခအပေါ် ဒုက္ခဆင့်လို့’

‘ဒီမယ်၊ လူ ဖြစ်ရင် လူဒုက္ခ၊ နတ် ဖြစ်ရင် နတ်ဒုက္ခ၊ ခွေး ဖြစ်ရင်လည်း ခွေးဒုက္ခ၊ ဒီတော့ ခွေးမှာ လည်း ခွေးဒုက္ခနဲ့ ခွေး ရှိသင့်တာပေါ့၊ ခွေး ဖြစ်ပြီး ခွေးဒုက္ခ မရှိဘူးဆိုရင် ခွေးမဟုတ်လို့ပဲ’

‘ငါ ကတော့ ခွေး ဖြစ်ရတာ ပျော်တယ်၊ အချိန်တန်ရင် စားရတယ်၊ အိမ်ကောင်းကောင်းကြီး နဲ့ နေရတယ်၊ ငါ့သခင် အပြင်ထွက်ရင် သူပမော်တော် ကားပေါ်မှာ ငါက ရှိုးနဲ့ စမိုးနဲ့ လိုက်ရုံပဲ၊ မင်း ငါ့လို ကားစီးဖူးလို့လား’

‘ဟိတ်ကောင်. . . တယ်ရီယာ၊ ခွေးဆိုတာ ခွေးစကားပြောရတယ်ကွ၊ မင်းက ခွေး ဖြစ်ပြီး ခွေးဘ၀ကို နားမလည်တဲ့ ခွေးတစ်ကောင်’

‘မင်း ဘာသိလို့လဲ၊ ငါ့ကို နောက်လဆိုရင် ‘ခွေးအမ’ လန်းလန်းလေးနဲ့ ပေးစားမယ်တဲ့၊ ငါနဲ့ အမျိုးတူတဲ့ ‘ခွေးအမ’ တစ်ကောင် ရှာနေတယ်တဲ့၊ ငါက မင်းတို့လို လမ်းပေါ်က ကလေက၀ခွေး မဟုတ်ဘူး’

‘မင်းနဲ့ စကားပြောရတာ မောတယ်ကွာ၊ ငါက တို့လမ်းထဲမှာ ပျော်စရာတွေ ရှိတဲ့ အကြောင်း လာပြောတာ၊ အတူပျော်စေချင်လို့ လာပြီးမိတ်ဖွဲ့တာ၊ မင်းဟာ ခွေးဘ၀ကို မေ့နေတဲ့ ခွေး၊ အကြွားသန်တဲ့ ခွေး၊ ဘ၀င်မြင့်တဲ့ ခွေး၊ ခွေးမပီသတဲ့ ခွေး၊ ခွေး ဖြစ်ပြီး ခွေးတစ်ကောင်လို နေ ခွင့်မရတဲ့ ခွေး’

‘စကားကြောရှည်မနေနဲ့၊ ခဏနေရင် ငါ့သခင်က ငါ့ကို နေ့လယ်စာ လာပြီးကျွေးတော့မှာ ၊ ငါ မအားဘူး၊ မင်း သွားတော့’

‘ဟုတ်ပါပြီကွာ၊ မင်းက သခင်ကျွေးသလောက်ကို ဘ၀လို့ထင်နေတဲ့ကောင်၊ သခင်ကျွေး တာကို စားပြီး သခင်ခိုင်းတာတွေ ကို လုပ်ရတဲ့ခွေး၊ သခင့်မျက်နှာကို ကြည့်နေရတဲ့ခွေး၊ သခင့် အလိုကျ အမြီးနန့်ရတဲ့ ခွေး၊ ခွေးဘ၀ရဲ့ အဓိပ္ပာယ်ကို စဉ်းစားခွင့်မရတဲ့ ခွေး၊ အဆောင်အယောင် တွေ အောက်မှာ ဘ၀ပျက်နေရတဲ့ ခွေး’

အဲဒီ အချိန်မှာ ခြံထဲက လူ တစ်ယောက် ထွက်လာသည်။

‘ဟဲ့. . . ဂျူမုံ. . . ခြံဝမှာ ဘာလုပ်နေတာလဲ၊ လာခဲ့စမ်း. . .’

လည်ပင်းမှာ ပတ်ထားတဲ့ သံကြိုးကို ဆောင့်ဆွဲပြီး ဂျူမုံလို့ခေါ်တဲ့ တယ်ရီယာခွေးကို သူ့ရဲ့ သခင်က တိုက်အိမ်လှလှကြီးထဲသို့ ခေါ် သွားပါ၏ ။

လမ်းဘေးကခွေး ပြုံးပြီး တယ်ရီယာကို အော်၍ ပြောလိုက်သည်။

‘ငါ ပြောဖို့မေ့နေလို့၊ ငါ့လည်ပင်းမှာ မင်းလို သံကြိုးကြီး မရှိဘူးကွ’

မန္တလေးတိုင်းမ်ဂျာနယ်

ကြာရနံ့

Cover

ညအိပ်ရာဝင်တိုင်း

အခက်အခဲကို ခေါင်းအုံးပြီး အိပ်ခွင့်ပေးပါ ဘုရား။

ဒါမှသာ အောင်မြင်ခြင်း အိပ်မက်တွေ ကို မက်ခွင့်ရမှာ ပါ ဘုရား။

တကယ်တော့ ဒုက္ခဆိုတဲ့ ဆူးတောင်တွေ ရဲ့ အပေါ်မှာ

အောင်မြင်ခြင်းဆိုတဲ့ နှစ် ဆီပန်း ပွင့်တတ်ကြောင်း

တပည့်တော် သိပါပြီ ဘုရား၊ ကိုယ်တွေ့ ပါ ဘုရား။

ဒါကြောင့် တပည့်တော် ကို ဒုက္ခများ ပေးသနားတော် မူပါ။

တစ်ညလုံး မိုးတွေ ရွာသည်။ သည်းလိုက်တဲ့ ဖြစ်ခြင်း။

မိုးလင်းတဲ့အထိ အဆက်မပြတ်ရွာနေတုန်းပါပဲ။ ဒါကြောင့် ဒီနေ့မနက် စာသင်ခန်းတွေ မှာ ကောင်းသားတွေ မစုံကြဘူး။ ကျောင်းအပျက်များ နေသည်။ စာသင်ခန်းတိုင်းမှာ ဒီနှစ် ကျောင်းသား သိပ်မရရှာကြ။ ကိုယ်ပိုင်ကျောင်းတွေ က အလုပ် ဖြစ်ကြသည်။ ရိုးရိုးစာသင်ခန်းတွေ က အလုပ်မ ဖြစ် ကြ။ လူက မစုံ၊ လူကလည်း နည်း၊ မိုးအေးအေးနဲ့ ဆိုတော့ စာသင်လို့ မရ။

ဒီလိုနဲ့ ‘ကြာရနံ့’ ဆိုတဲ့ အကြောင်းလေးကို ပြော ဖြစ်ခဲ့သည်။

‘ဒီမယ် ငါ့တပည့်တို့၊ လူတော် တော် များများ ဟာ အခက်အခဲနဲ့ ရင်ဆိုင်ရရင် အရှုံးပေးတတ် ကြတယ်၊ အခက်အခဲဆိုတာ အရှုံးပေးဖို့ မဟုတ်ဘူး၊ အခက်အခဲဆိုတာ ကျော်လွှားဖို့၊ ဒီလို မိုးအေး တဲ့အချိန်မှာ အခက်အခဲတွေ ကို ကျော်လွှားအောင်မြင်ခဲ့တဲ့ လူ တစ်ယောက် အကြောင်း ပြောပြ မယ်၊ အဲဒီ လူရဲ့ ဘ၀မှာ ‘ကြာပန်းတစ်ပွင့်’ ရဲ့ ‘ရနံ့’ ကြောင့် အောင်မြင်မှု တွေ ပိုင်ဆိုင်ခဲ့ရတယ်’

ကလေးတွေ က စာသင်ရင်သာ စိတ်မ၀င်စားတာ၊ ပုံပြောမယ်ဆိုတော့ ပျော်သွာြး ကတော့ သည်။

‘တစ်ခါတုန်းက မင်းတို့လို အရွယ် လူငယ်လေး တစ်ယောက် ရှိတယ်၊ ယောက်ျားလေးပေါ့ ကွာ၊ သူက တစ်ဦးတည်းသော သား၊ သူ့ရဲ့ အဖေနဲ့အမေက ကုန်သည်တွေ ၊ တောင်ပေါ်က ကုန် တွေ မြေပြန့်ကို ယူပြီးရောင်းတယ်၊ မြေပြန့်က ကုန်တွေ တောင်ပေါ်ကိုယူပြီး ရောင်းတယ်၊ ပိုက်ဆံ ကိုတော့ ကုန်ရောင်းပြီးမှ ရှင်းရတာ ပေါ့’

တစ်တန်းလုံး ငြိမ်ပြီး နားထောင်နေကြသည်။ တချို့များ လက်ကလေးတွေ မေးစေ့ ထောက်လို့၊

‘အဲဒီ ကောင်လေးက ကျောင်းသွားတိုင်း ရေအိုင်ကြီးတစ်အိုင်ဘေးက ဖြတ်သွားရတယ်၊ အဲဒီ ရေအိုင်ကြီးက ရေပုပ်တွေ ၊ နံစော်နေတာပဲ၊ အဲဒီ အနားရောက်တိုင်း နှာခေါင်းကိုပိတ်ပြီး လမ်း လျှောက်ရတယ်၊ အနံ့ဆိုးကြီးကို မခံနိုင်လို့ပေါ့’

ကျောင်းသား တစ်ယောက် က ၀င်ပြီး ပြောသည်။

‘အဲဒီ ကောင်လေးက ပြေးမသွားဘူးလား ဆရာ’

‘အေး ပြေးသွားတာပေါ့၊ နေ့တိုင်း သွားနေကျလမ်းဆိုတော့ ရေအိုင်ကြီးကို သူက တစ်ခု သတိပြုမိတယ်၊ ဒီလောက်ပုပ်သိုးနေတဲ့ ရေထဲမှာ ကန်စွန်းပင်တွေ ပေါက်နေတယ်၊ ကန်စွန်းရွက် တွေ ဆိုတာ စိမ်းလို့၊ စိုလို့၊ ကန်စွန်းရိုးကလည်း ကြီးကြီး၊ အရွက်ကလည်း ဖားဖား၊ အဲဒီ ရေပုပ်တွေ ထဲမှာ ကြာပင်လေးတွေ ပေါက်နေတာ တွေ့ ရပြန်တယ်၊ ကြာပင်ကလေးက နေပြီးတော့ ကြာဖူး၊ ကြာပန်းလေးကလေးတွေ ပွင့်လာတယ်၊ ကြာပန်းလေးတွေ က သင်းပျံ့ပျံ့ရနံ့လေးတွေ ထုတ်ပေး တယ်၊ နေ့ခင်းမှာ တော့ ကြာပန်းရဲ့ ရနံ့က မသိသာဘူး၊ ညအချိန်များ ဆို ကြာရနံ့ကို သိသာစေ တယ်။ သူ့နှာခေါင်းကလည်း ဒီရနံ့ကို ယဉ်နေပြီ၊ ဒီတော့ ပုပ်သိုးတဲ့ရနံ့နဲ့အတူ မွှေးပျံ့တဲ့ရနံ့ကို လည်း ရောထွေးခံစားတတ်လာတယ်’

‘ဆရာ၊ သမီးက ကြာပန်း မြင်ဖူးတယ် ဆရာ’

‘အေး ဟုတ်လား၊ အဲ့ဒီကြာရနဲ့လေးကို ရှူရှိုက်မိတော့ ကောင်လေးက ဒီလိုတွေးသတဲ့၊ ဒီလောက်ပုပ်သိုးတဲ့နေထဲမှာ ဒီလောက် မွှေးပျံ့တဲ့ပန်းရနံ့ ဖြစ်နိုင်ပါ့မလားပေါ့’

တစ်တန်းလုံးက ကျွန်တော့် ကို စိတ်ဝင်စားနေကြသည်။

‘ဒီလိုနဲ့ တစ်နေ့မှာ တော့ သတင်းဆိုးကြီးတစ်ခု ကြားရတယ်၊ အဲဒီ ကောင်လေးရဲ့ အဖေနဲ့ အမေက ကုန်ကူးသွားရင်း လမ်းမှာ ကားမှော က်ပြီး နှစ် ယောက် စလုံး သေဆုံးကုန်သတဲ့၊ ကောင် လေးက ငိုတာပေါ့၊ လောကကြီးမှာ သူ တစ်ယောက် တည်း ကျန်တော့တယ်လေ၊ သူ့မိဘနှစ် ပါးရဲ့ အလောင်းနဲ့အတူ ဘာတွေ တွေ့ ရသလဲ သိလား’

ဘယ်သူမှ ပြန်မဖြေကြ။

‘အကြွေးစာရင်းတွေ ပါလာတယ်ကွ၊ သိလား’

‘ဟာ ကောင်လေးတော့ ဒုက္ခပါပဲ’

နားထောင်နေတဲ့ တပည့်တွေ ဆီက အဲဒီ လိုအသံထွက်လာသည်။

‘ကဲ နားထောင်ကြ၊ ဟုတ်တယ် ကောင်လေးတော့ ဒုက္ခပဲ၊ အသက်က ငယ်ငယ်ရွယ်ရွယ်၊ အဖေ၊ အမေကလည်း မရှိတော့ဘူး၊ အကြွေးတွေ လည်း ဆပ်ရဦးမယ်၊ ဒီလိုနဲ့ စိတ်ဓာတ်တွေ ကျ သွားတာပေါ့၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆုံးဖြတ်လိုက်တော့တယ်၊ သူ မြင်တွေ့ နေကျ ရေပုပ် အိုင်ကြီးထဲကို ခုန်ဆင်းပြီး သေမယ်လို့ ဆုံးဖြတ်လိုက်တယ်. . .

ရေပုပ်အိုင်ကြီးနားရောက်တော့ ဖိနပ်ကို ချွတ်လိုက်တယ်။ ရေထဲကို ခုန်မယ်လည်း လုပ်ရော. . . သူ့နှာခေါင်းအ၀မှာ ‘ကြာရနံ့’ လေးကို ရှူရှိုက်မိသတဲ့၊ ‘ကြာရနံ့’ ကလေးလည်း ရရော သူ့စိတ်တွေ ပြောင်းသွား တော့တယ်၊ ဒီလောက် ပုပ်သိုးနေတဲ့ ရေထဲမှာ တောင် ကြာရနံ့ ဖြစ်နိုင် သေးတာပဲ၊ ငါ့ဘ၀ဟာ ဒီပုပ်သိုးနေတဲ့ ရေအိုင်ကြီးနဲ့ တူတယ်၊ ငါ့အစွမ်းအစဟာ ‘ကြာရနံ့’ ဖြစ်စေ ရမယ်လို့ ဆုံးဖြတ်လိုက်သတဲ့၊ ဒီလိုနဲ့ သတ်မသေ ဖြစ်တော့ဘူး၊ အခုတော့ သူက ကြိုးစားလိုက် တာ. . .’

ကျောင်းသူ တစ်ယောက် က ထိုင်ရာက မထဘဲ ကျွန်တော့်ကို မေးသည်။

‘အဲဒီ ကောင်လေး ဘာ ဖြစ်သွားသလဲ ဆရာ’

‘ပြောမှာ ပေါ့၊ သူက တအားကြိုးစားတယ်၊ နောက်ဆုံးမှာ တော့ သူဌေးကြီး ဖြစ်သွားတယ်၊ သူက မနက်အိပ်ရာထတိုင်း ဘုရားမှာ ဆုတောင်းသတဲ့၊ ‘အောင်မြင်ခြင်းဆိုတဲ့ ရောင် စုံပန်းလှလှ တွေ ဟာ အခက်အခဲဆိုတဲ့ ဥယျာဉ်ထဲမှာ ပဲ ပွင့်ဖူးတတ်ကြပါတယ် ဘုရား၊ ကျော်ကြားခြင်းဆိုတဲ့ ‘ရနံ့’ တွေ ဟာ ပြဿနာဆိုတဲ့ ဥယျာဉ်ထဲမှာ ပဲ ရှူရှိုက်ခွင့် ရကြပါတယ် ဘုရား၊ ဒါကြောင့် တပည့် တော် ကို အခက်အခဲ ပြဿနာများ ပေးသနားတော် မူပါ’ လို့ အမြဲ ဆုတောင်းသတဲ့’

ကျွန်တော့် တပည့်တွေ က ကျွန်တော့် ကို ပြုံးပြီး ကြည့်နေကြသည်။ ကျောင်းသားတစ် ယောက် က ၀င်ပြီးပြောသည်။

‘ဆုတောင်းတာ ကတော့ မိုက်တယ်ကွာ’

‘ဒီလိုပဲ၊ ညအိပ်ရာဝင်တိုင်း ဘုရားမှာ ဒီလို ဆုတောင်းပြန်သတဲ့၊ ‘အခက်အခဲဆိုတာ ငရုတ် သီးနဲ့တူပါတယ် ဘုရား၊ စပ်တော့စပ်တယ်၊ ဒါပေမဲ့ အဲဒီ အရသာကို ကြိုက်တယ် ဘုရား၊ ညအိပ် ရာဝင်တိုင်း အခက်အခဲတွေ ကို ခေါင်းအုံးပြီး အိပ်ခွင့်ပေးပါ ဘုရား၊ ဒါမှသာ အောင်မြင်ခြင်း အိပ်မက်တွေ ကို မက်ခွင့်ရမှာ ပါ ဘုရား၊ တကယ်တော့ ဒုက္ခဆိုတဲ့ ဆူးတောင်တွေ ရဲ့ အပေါ်မှာ အောင်မြင်ခြင်းဆိုတဲ့ နှင်းဆီပန်းပွင့်တတ်ကြောင်း တပည့်တော် သိပါပြီဘုရား၊ ကိုယ်တွေ့ ပါ ဘုရား၊ ဒါကြောင့် တပည့်တော် ကို ဒုက္ခများ ပေးသနားတော် မူပါ’ လို့ အမြဲဆုတောင်းသတဲ့’

ကျောင်းသူတချို့က ကျွန်တော် ပြောတဲ့ စကားတချို့ကို လိုက်ပြီးရေး မှတ်နေကြသည်။ ကျောင်းသူ တစ်ယောက် က ၀င်ပြီး ပြောပြန်သည်။

‘ဆုတောင်း ကတော့ လန်းတယ်ကွာ၊ ငါတို့နဲ့တော့ ကွာပါ့’

‘ဒါကြောင့် ငါ့တပည့်တွေ လည်း အခက်အခဲကို မကြောက်ကြနဲ့၊ ပြဿနာကို ရှောင်မပြေး ကြနဲ့၊ အခက်အခဲနဲ့ ဒုက္ခကို ဖိနပ်လုပ်ပြီး စီးပစ်လိုက်၊ လူဆိုတာ အရာရာကို ဖန်တီးနိုင်တယ်၊ အရာ ရာကို ဖန်ဆင်းနိုင်စွမ်းရှိတဲ့ မှော်ဆရာ၊ ကြီးစားရင် ဘာမဆို ဖြစ်တယ်၊ မိုးလေးနည်းနည်း ရွာလိုက် တာနဲ့ အပျင်းထူတဲ့ကောင်တွေ လောကကြီးမှာ ဘယ်တော့မှ မအောင်မြင်ဘူး၊ မှတ်ထား (၁၀) တန်းမှာ ဂုဏ်ထူးနဲ့အောင်မှ ဂုဏ်ရှိတာ မဟုတ်ပါဘူး၊ အထူးချွန်ဆုံးသူ မ ဖြစ်ခဲ့ရင်တောင် အကြိုး စားဆုံးသူတော့ ဖြစ်ပါစေ ငါ့တပည့်တို့၊ ကြိုးစားသူတို့ရဲ့ ပန်းတိုင်ဟာ အောင်ပွဲပဲ’

အဲဒီ အချိန်မှာ ကျောင်းသား တစ်ယောက် က မတ်တပ်ထရပ်ပြီး ကျွန်တော့် ကို မေးသည်။

‘အခက်အခဲ မရှိတဲ့ ဘ၀တစ်ခုလောက် နမူနာပေးပါ ဆရာ’

‘အခက်အခဲမရှိတဲ့ ဘ၀ဆိုတာ မရှိနိုင်ဘူး၊ အသက်မရှိတော့တဲ့ လူသေတွေ မှာ သာ အခက် အခဲမရှိတာ၊ အသက်ရှင်နေသမျှ ကာလပတ်လုံး အခက်အခဲနဲ့ ဒုက္ခဆိုတာ ရှိကြတာပဲ၊ တွေ့ ရမှာ ပဲ၊ ဒါကြောင့် သာ သင်္ဘောပျက်ခြင်းဆိုတဲ့ အခက်အခဲကို ကံကောင်းထောက်မစွာ ကြုံဆုံခွင့်ရလိုက် တဲ့ ဇနကဟာ သမိုင်းတွင် တဲ့ ပုဂ္ဂိုလ် ဖြစ်ခဲ့ရတာ ၊ ဗြိတိသျှဆိုတဲ့ ကိုလိုနီဘီလူးကြီးနဲ့ ကြုံဆုံခွင့်ရ လိုက်တဲ့ ကိုအောင်ဆန်း၊ သမိုင်းမှာ သူရဲကောင်း ဖြစ်သွားတော့တယ်။ အခက်အခဲဆိုတဲ့ ကြိုးတစ် ချောင်းမှာ သာ အောင်မြင်ခြင်းဆိုတဲ့ ပန်းပွင့်တွေ ကို ရွေးသီလို့ ရတယ်ကွ’

‘ဆရာ အဲဒီ ကောင်လေးက အခု ဘယ်မှာ လဲ ဆရာ’

‘အဲဒီ ကောင်လေးက အခု အိန္ဒိယနိုင်ငံ၊ ဘုံဘေမှာ ရှိတယ်၊ သူတို့နိုင်ငံရဲ့ သူဌေးကြီး (၁၀) ယောက် ထဲမှာ တစ်ယောက် အပါအ၀င်ပေါ့’

တစ်တန်းလုံးက မိုးအေးအေးနဲ့ဆိုတော့ ကျွန်တော့် စကားကို နားထောင်ပြီး ပျော်နေကြ သည်။

‘ဒီတော့ မှတ်ထား၊ အခက်အခဲ ဘာလဲ’

ကျွန်တော် က ပါးစပ်က ဤမေးခွန်းကို မေးပြီး ကျောက်သင်ပုန်းပေါ်တါင် အောက်ပါ စာသားကို ရေး ပြလိုက်သည်။

အခက်ဆိုရင် ချိုးပစ်လိုက်။

အခဲဆိုရင် ၀ါးစားပစ်လိုက်။

အခက်အခဲဆိုတာ. . .

ချိုးဖို့၊

ဝါးဖို့၊

စားဖို့၊

ရင်ဆိုင်ဖို့. . .

ရတနာပုံ နေ့စဉ်သတင်းစာ

ခွေးတစ်ကောင်၊ လူ တစ်ယောက်

Cover

အစကတည်းက စဉ်းစားသင့်တယ်။

ရှင့်ကိုယ်ရှင် ကယ်တင်ရှင်ကြီးလိုလို။

ကရုဏာရှင်ကြီးလိုလိုနဲ့ သူရဲကောင်းလုပ်တာကိုး။

တစ်နေ့သ၌ . . .

အိမ်ရှေ့က ပက်လက်ကုလားထိုင်ပေါ်မှာ ကျွန်တော် စာဖတ်နေ၏ ။ ဖတ်နေသည့်စာအုပ်က မိုးကုတ်ဆရာတော် ဘုရားကြီး၏ တရားစာအုပ်ငယ်ပါ။ စာအုပ်က ပါးပါးသေးသေး၊ သို့သော် စိတ် ၀င်စားစရာကောင်းသည်။ မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း အဟောကောင်းသည်။ ထိထိမိမိပြောတတ်သည်။ စကားလုံးက နည်းနည်း ၊ အဓိပ္ပာယ်က များများ ၊ နားလည်ရလွယ်သည်။ ခေါင်းစဉ်ကိုလည်း ကြည့်ဦး. . .

‘သင်္ချိင်း (၃၁) ခု၊ သင်ကြိုက်ရာရွေး တဲ့’

စာဖတ်နေရင်း. . .

ကျွန်တော့် အိမ်ရှေ့ကို လူ တစ်ယောက် ဖြတ်လျှောက်သွားသည်။ သူက ကျွန်တော် ၏ သူငယ်ချင်းဟောင်း။ ကျွန်တော် တို့ အရပ်ထဲမှာ မနေပါ။ အောင်ပင်လယ်တွင် နေသည်။ သူ့ကိုမြင် တော့ ရင်ထဲတွင် ဒေါသတွေ ထွက်လာရတော့သည်။ ဒေါသထွက်ရသည့်အကြောင်းရင်းရှိသည်။ ဟိုးလွန်ခဲ့သော (၅) နှစ် ခန့်က. . . သူသည် ကျွန်တော့် ထံမှ ပိုက်ဆံချေးဖူးသည်။ ငွေချေးဖူးသည်။

လိုရင်း ပြောရလျှင် သူက ချဲဒိုင်။ ပေါက်ဂဏန်းတစ်ခုအတွက် ပေးလျော်မှု အကြီးကြီးကြုံ လေသည်။ သူ တော် တော် ဒုက္ခရောက်ရှာ၏ ။ ထိုကိစ္စအတွက် သူ့၌ ရှိသော ပစ္စည်းအားလုံး ဆုံးရှုံး ခဲ့ရသည်။ ထိုမျှနှင့် ပင်ပေးလျော်မှု က မပြီးသေး။ အကြွေးပတ်လည် ၀ိုင်းလေ၏ ။

ထို့ကြောင့် ကိုယ့်သူငယ်ချင်း၏ ဒုက္ခကို မကြည့်ရက်သဖြင့် သူ ချေးငှားသော ပိုက်ဆံကို ထုတ်ပြိး ပေးလိုက်မိသည်။

ဒီတော့ သူ့ဒုက္ခပြေလည်သွားရသည်။ သူကလည်း ဤအလုပ်ကို မလုပ်တော့ပါ။ (၂) နှစ် ၊ (၃) နှစ် လောက်ကြာတေ့ ကျွန်တော့် ပိုက်ဆံကို ပြန်ပေးဖို့ ကျွန်တော် က ပြောသည်။ နေ့ရွှေ့ ရက် ရွှေ့နှင့် သူမပေးနိုင်။ ကြာတော့ တောင်းရတဲ့ ကျွန်တော် က ရှက်လာသည်။ သူက မရှက်။

ဒီလိုနှင့် သူနှင့် ကျွန်တော် ဝေးခဲ့ကြရသည်။ လူချင်းဝေးပေမယ့် အကြွေးဆိုတဲ့ ရချင်တဲ့ စိတ်ကြောင့် နေ့တိုင်းလိုလို သူ့ကို သတိရမိသည်။ သတိရတိုင်း ဒေါသထွက်ရသည်။ မေတ္တာပို့ တိုင်း သူ့ကို မမေ့။ မေတ္တာပို့တဲ့အထဲ သူ မပါသော်လည်း သူ့ကို အစဉ် သတိရနေသည်။

ဒီနေ့ သူက ကျွန်တော့် အိမ်ရှေ့မှ ဖြတ်လျှောက်သွားသည်။ စိတ်ထဲက ဒေါသတွေ မီးဟုန်း ဟုန်းတောက်လေတော့၏ ။

အကြွေးမပေးနိုင်ရင်တော့ နေပေါ့ဗျာ၊ ကျွန်တော့် အိမ်ရှေ့က ဖြတ်သွားတာပဲ။ ကျွန်တော့်  ကိုလည်း သူက မြင်တယ်။ ဒီတော့ နည်းနည်း ပါးပါးလောက်တော့ ပြုံးပြသင့်တာပေါ့။ နေကောင်း လား၊ ကျန်းမာလေား။ တစ်ခုခုတော့ မေးသင့်တာပေါ့။ အခုတော့ဗျာ။ ကျွန်တော့် ကို သူစိမ်းတစ် ယောက် လို ပြုမူသွားတာ ကျွန်တော် တော် တော် ခံစားရသည်။

မကြာပါဘူး။ သူ ကျွန်တော့် အိမ်ရှေ့မှနေပြီး နောက်တစ်ခေါက်ထပ်ပြီး ဖြတ်လျှောက်သွား ပြန်သည်။ ကျွန်တော် တရားစာအုပ်ကိုသာ ဖတ်နေတာ စိတ်က စာအုပ်ထဲတွင် မရှိ။ ကျွန်တော့်  ကိုများ နှုတ်ဆက်လေမလားဟု အထင်ဖြင့် လှမ်းကြည့်လိုက်သည်။ သူက ခပ်တည်တည်ကြီး ခင်ဗျ။ မမြင်ချင်ယောင် ဆောင်လိုက်သေး။

တော် တော် ညစ်ပတ်တဲ့ကောင်ပဲ၊ ငါ့စေတနာကိုမှ နားမလည်၊ ငါ့မေတ္တာကိုမှ တန်ဖိုးမထား၊ ငါကဖြင့် သူ့အပေါ် ဒီလောက်အထိ စဉ်းစားပေးခဲ့တာကို နည်းနည်း လေးမှ အားမနာတတ်ဘူး၊ မပေးနိုင်ရင်လည်း မပေးနိုင်တဲ့အကြောင်း ပြောသင့်တာပေါ့၊ လူရင်းတွေ ပဲ ပွင့်ပွင့်လင်းလင်းပေါ့၊ ကိုယ့်အိမ်ရှေ့က ဖြတ်ပြီးလျှောက်သွားရင်တောင် ပြုံးပြဖော်မရ၊ နှုတ်ဆက်ဖော်မရ. . . ဒီကောင် ကွာ. . .

ရင်ထဲတွင် ဒေါသများ တလိပ်လိပ် ထွက်လာရသည်။ တက်လာရသည်။

ဟော. . . နောက်တစ်ခေါက် ထပ်ပြီး ဖြတ်လျှောက်ပြန်ပြီ။ ဒီကောင် ဘာကိစ္စနဲ့ ဒီလမ်းထဲ ကို ဒီလောက်လာနေရတာ လဲ။ သူနဲ့ ငါ မတွေ့ ကြရတာ (၃) နှစ် ။ ငါ့အိမ်ဘက်ကို လှည့်ကြည့်ဖော် တောင်မရဘူး။ ဆိုင်ကယ်နဲ့သွားတယ်ဆိုရင် ထားတော့။ စက်ဘီးစီးပြီး သွားတယ်ဆိုရင်လည်း ထားပါဦး။ အခုဟာက ခြေကျင်ကြီးဖြတ်ပြီး လျှောက်နေတာ။ ဘာပဲ ဖြစ် ဖြစ် ငါ့ကိုတော့ ပြုံးပြသင့် တာပေါ့။ သူ ဒုက္ခရောက်တုန်းက ငါ့အိမ်ကို ရေထွက်မတတ်လာတယ်။ ပြောလိုက်တဲ့ စကား။ ညည်းလိုက်တဲ့ ပါးစပ်၊ သူ့ဒုက္ခလည်း အဆင်ပြေသွားရော ငါ့ကို မေ့သွားတယ်။ ဘယ်လိုကောင် လဲကွ။

စိတ်ထဲတွင် တစ်ခုခုဖြင့် ထပြီး ရိုက်ချင်စိတ်ပေါက်လာတော့သည်။ တုတ်ကို ထပြီးဆွဲရရင် ကောင်းမလားဟု တွေးမိသည်။ မ ဖြစ်သေးပါဘူးဟုလည်း စိတ်ထဲတွင် စဉ်းစားမိပြန်သည်။

နောက်တစ်ခေါက် ဖြတ်လျှောက်ရင်တော့ ထွက်ပြီး အကြွေးတောင်းလိုက်မည် ဟု စိတ်ထဲ တွင် ကြုံးဝါးလိုက်သည်။

ကျွန်တော် သည် ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ထိုသို့ စဉ်းစားနေခိုက်. . .

ကျွန်တော် ထိုင်နေသော ထိုင်ခုံ၏ အောက်တွင် ခွေးတစ်ကောင် အိပ်နေသည်။ ထိုခွေး သည် ကျွန်တော် ကျွေးမွေးထားသော ခွေး ဖြစ်၏ ။ ကျွန်တော် က ခွေးတွေ ကို အလွန်ချစ်တတ် သည်။ ထို့ကြောင့် ခွေးများ ကလည်း ကျွန်တော့ကို ချစ်လေ၏ ။ ထိုခွေးက ကျွန်တော် ဒေါသထွက် နေသည့်အချိန်တွင် ‘တဂီးဂီး’ ဖြင့် မာန်ဖီနေသည်။ ဒီကောင် ဘာကြောင့် မာန်ဖီနေပါလိမ့်ဟု ကျွန် တော် တွေးလိုက်မိ၏ ။

သြော်. . . ဒါကြောင့် ကိုး. . .

ကျွန်တော့် အိမ်နှင့် မျက်စောင်းထိုးတွင် ပြီးခဲ့သော (၂) ရက်က လူအသစ်များ ပြောင်းလာ ကြသည်။ သူတို့နှင့် အတူ ခွေးတစ်ကောင် ပါလာ၏ ။ ထိုလူအသစ်များ သည် ကြွယ်ဝချမ်းသာပုံရ သည်။ ကားက (၂) စီး၊ ရေခဲသေတ္တာ (၂) လုံး၊ အဲယားကွန်းတွေ ကလည်း ပါလိုက်သေး၊ သူတို့နှင့် အတူ ပါလာသော ခွေးသည် အမွေးဖွားဖွား၊ ခပ်ပုပု အမျိုးအစားထဲက ဖြစ်သည်။ သိန်းချီတန်သော ခွေး ဖြစ်ပုံရသည်။ ထိုခွေးက အငြိမ်မနေ၊ သူ့ခြံထဲတွင် ဟိုပြေးလိုက် ဒီပြေးလိုက်ဖြင့် ဆော့ကစား နေသည်။ အသံကလည်း ‘တ၀ုတ်ဝုတ်’ ဖြင့် စွာ ၍ ညံ၍ နေတော့သည်။ သူ၏ အိမ်ရှင်များ ရှေ့တွင် အကဲပို၍ နေသည်။

ထိုခွေးကိုကြည့်ပြီး ကျွန်တော့ပက်လက်ကုလားထိုင်အောက်က ခွေး ဒေါသထွက်နေရ ခြင်း ဖြစ်သည်။ ထိုအမွေးဖွားဖွားဖြင့် ခွေး လမ်းပေါ်သို့ ထွက်လာလျှင် နှစ် ကောင်သား ကိုက်မည့်  သဘောရှိသည်။

ကျွန်တော် က ငြိမ်ငြိမ်နေရ ငေါက်လိုက်သည်။ ဒီကောင် ငြိမ်သွားသည်။ မကြာခင် ထပ်ပြီး မာန်ဖီပြန်သည်။ ကျွန်တော် ‘တောက်’ တစ်ချက်ခေါက်ပြီး ဟန့်ရပြန်သည်။

ထိုအချိန်တွင် ကျွန်တော့်အကြွေးမပေးသည့် ကျွန်တော့် သူငယ်ချင်းက အိမ်ရှေ့မှ နောက် တစ်ကြိမ် ထပ်ပြီး ဖြတ်လျှောက်ပြန်လေ၏ ။

တော် တော် မျက်နှာပြောင်တဲ့ အကောင်ပဲ။ ဟော. . . ဖြတ်လျှောက်ပြန်ပြီ။ ‘ဘာလုပ်ရရင် ကောင်းမလဲ’ ဟု စဉ်းစားမိပြန်သည်။

ထိုအချိန်တွင် ဈေးမှ ပြန်လာသော ကျွန်တော့်အိမ်ရှင်မက ကျွန်တော့်အမူအရာကို ကြည့် ပြီး ‘ဘာလုပ်နေတာလဲ’ ဟု မေးသဖြင့် ကျွန်တော့် ခံစားချက်များ ကို ပြောပြလိုက်မိသည်။

ကျွန်တော် ပြောသည့် စကားများ ကို မိန်းမက ပြုံးစိစိဖြင့် နားထောင်ပေးသည်။ ပြီးနောက် စကားစပါလေတော့၏ ။

‘ဒီမယ် ယောက်ျားရဲ့ တော့်သူငယ်ချင်းက အကြွေးဘယ်ပေးနိုင်မှာ တုံး၊ လောင်းကစား ဒိုင် လုပ်တာကိုး၊ အခုလည်း သူက အဆင်မပြေရှာဘူး၊ သူ့သမက်လုပ်စာကို မှီခိုပြီး စားသောက်နေ ရတာ ’

‘ဒါဆိုရင်လည်း အကျိုးသင့် အကြောင်းသင့် ပြောသင့်တာပေါ့၊ ဒီကောင် အလကားကောင်’

‘သူ့ကို အလကားကောင်လို့ ပြောရင် ရှင်လည်း အလကားလူပဲ’

‘မင်း. . . ငါ့ကို ဒီလို မပြောနဲ့’

‘ရှင်ပဲ စဉ်းစားကြည့်လေ၊ မပေးနိုင်လို့ မပေးတာကို ရှင်က ဒေါသထွက်နေတယ်ပေါ့၊ အစကတည်းက စဉ်းစားသင့်တယ်၊ ရှင့်ကိုယ်ရှင် ကယ်တင်ရှင်ကြီးလိုလို၊ ကရုဏာရှင်ကြီးလိုလိုနဲ့ သူရဲကောင်းလုပ်တာကိုး’

‘ဘာပဲ ဖြစ် ဖြစ် နည်းနည်း ပါးပါးတော့ ပြန်ဆပ်သင့်တာပေါ့ကွ’

‘သြော်. . . ခက်ပြန်ပြီ၊ သူလည်း မပေးချင်ဘဲ ဘယ်နေပါ့မလဲ၊ ပေးချင်ရှာမှာ ပေါ့၊ အခု လည်း ဒီလမ်းထဲကို သူ လာချင်လို့ လာရရှာတာ မဟုတ်ဘူး၊ သူ့သမက်က ဟိုလမ်းထိပ်က အိမ်မှာ ကားမောင်းတယ်၊ ဒရိုင်ဘာလုပ်တယ်၊ ကားမောင်းရင်း ပြဿနာတစ်ခု ဖြစ်ခဲ့လို့ အလုပ်ရှင်ကို လာ ပြီးတွေ့ တာနဲ့ တူပါတယ်၊ သူ့မှာ လည်း သူ့ဒုက္ခနဲ့ သူပါရှင်၊ နားလည်ပေးလိုက်ပါ’

‘မင်းက ငါ့ကို နားလည်မှု မရှိဘူးလို့ ပြောတာပေါ့လေ’

‘ဟော. . . ကြည့်ကြည့်၊ ဒေါသက ကျွန်မဘက်ကို လှည့်လာပြီ၊ အဖြေမရှိတာကို အဖြေ မရှာစမ်းပါနဲ့ရှင်၊ အကောင်းဆုံးဖြေရှင်းနည်း ကတော့ မေ့ပစ်လိုက်တာပဲ၊ ဒီကိစ္စက မေ့ပစ်ရမယ့် ကိစ္စရှင့်’

‘မင်းက ရှာရတဲ့သူ မဟုတ်ဘူး၊ ငါက ရှာရတဲ့သူကွ’

‘ပြောရင်းနဲ့ ကိုယ့်ဂုဏ်ကိုယ်ဖော်လာပြန်ပြီ၊ ရှင်နဲ့ ကျွန်မ ရန် ဖြစ်ရတော့မယ် ထင်တယ်၊ ရှင် ဒေါသ ဖြစ်နေတာကို ဟိုလူ ရှင့်သူငယ်ချင်းက သိမယ် မထင်ဘူး။ အခု ရှင်ရော၊ ကျွန်မရော ဒေါသ တွေ ကြောင့် စကားတွေ ဘေးရောက်ကုန်ပြီ။ ရှန်နဲ့ ကျွန်မ ရန် ဖြစ်ရတော့မယ်နဲ့ တူတယ်၊ သတိထားဦး ယောက်ျားရေ’

ထိုအချိန်တွင် ကျွန်တော် ၏ ပက်လက်ကုလားထိုင်အောက်၌ အိပ်နေသော ခွေးက မျက်နှာ ချင်းဆိုင်ခြံထဲရှိ ခွေးထွက်လာသည်ကို မြင်သဖြင့် ထပြီးကိုက်ပါလေတော့သည်။ လုံးကြ၊ ထွေးကြ၊ အော်ကြ၊ ဟစ်ကြ၊ ဟောင်ကြ။

ဟိုခွေးက သိန်းချီတန်သော ခွေး၊ ကျွန်တော့်ခွေးက လမ်းဘေးခွေး၊ ဟိုခွေးက စနစ်တကျ ဆေးထိုးထားတဲ့ ခွေး၊ တယုတယနဲ့ ကျွေးမွေးထားတဲ့ ခွေး၊ ကျွန်တော့်ခွေးက မြန်မာခွေး၊ အကြမ်း ပတမ်းခံတဲ့ခွေး၊ လုံးထွေးပြီး ကိုက်လိုက်ကြတာ အရပ်ပျက်မတတ်ပါပဲ။

ခွေးကိုက်သံကြားသဖြင့် အသစ်ပြောင်းလာသော အိမ်ရှင်များ က သူတို့ခြံထဲမှ ထွက်လာကြ လေ၏ ။ ကျွန်တော် တို့ လင်မယားလည်း ခွေးကိစ္စကြောင့် စကားများ ခြင်းကို ဆိုင်းငံ့ထားလိုက်ကြ သည်။ ကိုက်နေသော ခွေးများ ဆီသို့ ပြေးလွှားကြရတော့သည်။ နောက်ဆုံးတွင် ကျွန်တော် တို့ လင်မယားက အသစ်ပြောင်းလာသော ထိုမိသားစုကို တောင်းပန်လိုက်ကြရတော့သည်။

တော် ပါသေးရဲ့ ၊ သဘောထားကြီးတဲ့ မိသားစုမို့လို့။

ဒီလိုနှင့် . . .

ညအိပ်ရာဝန်ချိန်တွင် ကျွန်တော် တို့ လင်မယား ဘုရားခန်းရှေ့တွင် အတူတကွ ဘုရား ကန်တော့ကြသည်။ ကျွန်တော် က မေတ္တာပို့ကို ရွတ်နေသော အချိန်၌ ကျွန်တော့် မိန်းမက ကျွန် တော့် မျက်နှာကို ဟန်ပါပါဖြင့် မျက်စောင်းထိုးပြီး လိုက်၍ ကြည့်သည်။ ရင်ထဲတွင် စူးခနဲ ကျဉ်ခနဲ ခံစားလိုက်ရ၏ ။ သူက ဘာမှမပြော။ ကျွန်တော် ကလည်း ဘာမှ မပြောချင်ပါ။

ဘုရားကန်တော့ပြီးနောက် လျှပ်စစ်မီးခလုတ်များ ကို ပိတ်နေချိန်တွင် ကျွန်တော့် မိန်းမက ကျွန်တော့ကို စကားတစ်ခွန်း ပြောပါတော့သည်။

‘နေ့ခင်းတုန်းက ပက်လက်ကုလားထိုင်အောက်မှာ အိပ်နေတဲ့ခွေးတစ်ကောင်နဲ့ ပက်လက် ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့လူတစ်ကောင်၊ ဒေါသစိတ်ကြောင့် အတူတူပါပဲလားရှင်’



ဝန်ဇင်းချစ်သူများ ဦးဘုန်း (ဓာတု) မန္တလေး ၏ “ ပန်းသေနတ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကြက်ရိုးဒဿန

သံစဉ်များနဲ့ ကမ္ဘာ

နီးနီးဝေးဝေး အတွေးလက်ဆောင်