Cover

(၁)

ချစ်သူကို အကြာကြီးစိတ်မကောက်နဲ့

မောင့်အတွက် မျက်ရည်တွေ ကုန်ခဲ့ပြီလို့ ထင်ခဲ့တဲ့ကျွန်မတစ်ကိုယ်လုံး ဆွဲဆုတ်ထားသလို နာကျင်နေခဲ့တယ်'

(၁)

အကြင်နာမဲ့တဲ့ အထင်လွဲမှု တစ်ခုက ပျော်ရွှင်ခြင်းဆီ လှမ်း နေတဲ့ကျွန်မတို့ရဲ့ ခြေလှမ်းကို ပျက်စေခဲ့တယ်။ ကံကြမ္မာရဲ့ အထုံး တစ်ခုကိုဖြည်လိုက်နိုင်ချိန်မှာ တော့ အရာအားလုံးဟာ နှောင်းသွားခဲ့ပါပြီ။ လက်ထပ်ပြီးနှစ် နှစ် အကြာ ရွာက မောင့်မေမေကို ကျွန်မတို့နဲ့ အတူလာနေစေခြင်းကပူဆွေးသော ကရဲ့ အစပေပဲလား။

ငယ်ငယ်ကတည်းက အဖေမရှိတော့တဲ့ မောင့်ကို အမေ တစ်ယောက် တည်းပဲ ပင်ပင်ပန်းပန်းရုန်းကန်ပြီး ဘွဲ့ရကြီးပြင်းတဲ့အထိ ပြုစုပျိုးထောင်ခဲ့တာပါ။ ယောက္ခမကိုခေါ် ဖို့ကိစ္စ ကျွန်မ သဘောတူခဲ့ပြီး မောင့်မေမေအတွက် နေပူစာလည်း လှုံနိုင်အောင်၊ ပန်းတွေ လည်း စိုက်နိုင်အောင် အိမ်တောင်ဘက်က ဝရံတာပါတဲ့အခန်းကို ကျွန်မ ရှင်းလင်းနေခဲ့တယ်။ နေရောင် ခြည်နွေးထွေးနေတဲ့အခန်းထဲ မောင်ဝင်လာပြီး အခန်းရှင်းနေတဲ့ ကျွန်မကို ကိုင်မြှောက်ပြီး ပတ်ချာလှည့်ကစားလိုက်တယ်။အောက်ချပေးဖို့ ကျွန်မတောင်းပန်မှ မောင်က ဝမ်းသာစွာ နဲ့ . . .

'ကဲ . . . မေမေ့ကို သွားကြိုရအောင်'တဲ့။ မောင့်မေမေရောက်လာဖို့အတွက် ကျွန်မတို့ ပျော်ရွှင်နေခဲ့ကြတယ်။

အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားတဲ့ မောင့်ရင်ခွင်မှာ ခိုဝင်ရတာ ကိုကျွန်မ ကြိုက်ခဲ့တယ်။ အဲဒီ့ ခန္ဓာကိုယ်မျိုးက သေးငယ်တဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို အချိန်မရွေး မောင့်အိတ်ကပ်ထဲထည့်ထားနိုင်တဲ့ ခံစားမှု မျိုးနဲ့ ကျွန်မကို လုံခြုံမှု တွေ ဖြစ်စေခဲ့တယ်။ မောင်နဲ့ငြင်းခုံတိုင်း အလျော့မပေးတတ်တဲ့ ကျွန်မကို မောင်က ကိုင်မြှောက်ပြီး ကျွန်မ ထိတ်လန့်တဲ့အထိ ခါရမ်းတတ်တယ်။ အဲဒီ့ ထိတ်လန့်တဲ့ ပျော်ရွှင်မှု မျိုးကလည်း မောင့်အပေါ်ထားတဲ့ ကျွန်မရဲ့ သံယောဇဉ်ပေပဲလား။

မြို့ရောက်လာခဲ့ပေမယ့် ရွာကဓလေ့တွေ ကို မောင့်မေမေ ချက်ချင်း ဖျောက်နိုင်ခဲ့ပုံ မရဘူး။ ပန်းတွေ အမြဲဝယ်ပြီး ဧည့်ခန်းမှာ အလှပန်းအိုးထိုးတတ်တဲ့ ကျွန်မကို ယောက္ခမက ကြည့်မရတဲ့အဆုံး မအောင့်နိုင်ဘဲ . . .

'ဘဝကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ နင်တို့ မသိကြဘူးလား။ စားလို့ရတာ လည်း မဟုတ်ဘဲနဲ့ ဘာလို့ ပန်းတွေ ဝယ်ခဲ့ရသလဲ'

'မဟုတ်ဘူးလေ မေမေ၊ ပွင့်နေတဲ့ပန်းကိုကြည့်ပြီး လူတွေ ရဲ့ စိတ်ဟာလည်း လန်းဆန်းနိုင်တယ်လေ'

ကျွန်မ ရယ်ပြီးပြောတော့ မောင့်မေမေက ခေါင်းငုံ့စူပုပ်နေခဲ့တယ်။

'အမေ ဒါဟာ မြို့သားတွေ ရဲ့ အကျင့်၊ နောက်တော့ တဖြည်းဖြည်းနဲ့ အမေ ကျင့်သားရလာလိမ့်မယ်'

မောင်က ရယ်ကျဲကျဲနဲ့ ဝင်ထောက်တယ်။

ပန်းဝယ်တဲ့ကိစ္စကို ထပ်မပြောတော့ပေမယ့် ကျွန်မ ပန်းဝယ်ပြန်လာတိုင်း ဘယ်လောက်ပေးဝယ်ခဲ့ရသလဲလို့ မေးတတ်ပြန်တယ်။ပန်းဖိုးငွေကို ကျွန်မ ပြောပြလိုက်ရင် တကျွတ်ကျွတ်နဲ့ စုတ်ထိုးနေတတ်တယ်။ တစ်ခါတလေ အထုပ်ကြီးငယ်တွေ နဲ့ ကျွန်မ ဈေးကပြန်လာရင်ဟိုဟာ ဘယ်လောက်လဲ၊ ဒီဟာဘယ်လောက်လဲနဲ့ မေးတတ်ပြန်တယ်။ဈေးနှုန်းအမှန်တွေ ကို ကျွန်မ ပြောပြလိုက်ရင် သူ့စုတ်ထိုးသံက ပိုကျယ်လို့နေခဲ့တယ်။

'ဈေးနှုန်းအမှန်တွေ သွားမပြောနဲ့လေ လူအမလေးရဲ့ ' ကျွန်မနှာခေါင်းကို ဖိညှစ်ပြီး မောင်က ဆိုလာတယ်။ ပျော်ရွှင်စရာနေ့ရက်တွေ ကတဖြည်းဖြည်း သံစဉ်ပြောင်းလာခဲ့ပါပြီ။

မရဆုံးပါပဲ။ ဘယ့်နှယ့် လင်ယောက်ျားက မိန်းမအတွက် နံနက်စာထလုပ်ရတယ်လို့။ ဒါဟာ မ ဖြစ်သင့်တဲ့ကိစ္စလို့ သူမြင်ခဲ့တယ်။

နံနက်စာစားတိုင်း ပုပ်သိုးနေတဲ့သူ့မျက်နှာကို ကျွန်မ မမြင်ချင်ဟန်ဆောင်ခဲ့တယ်။ ဒါကို သူက ဇွန်းခက်ရင်းတွေ တတောက်တောက်ခေါက်ပြီး အသံတိတ်ဆန္ဒပြခဲ့တယ်။ ကျွန်မဟာ အကနည်းပြဆရာမ တစ်ဦးပါ။ တစ်နေကုန် ကခုန်ခဲ့ရလို့ ပင်ပန်းနေတဲ့ ကျွန်မအဖို့ နံနက်စောစော နွေးထွေးတဲ့အိပ်ရာကို မခွာရက်ဘဲ ဇိမ်ခံပြီး နှပ်နေချင်ခဲ့တယ်။ဒါကြောင့် မို့လည်း မောင့်မေမေ အသံတိတ်ဆန္ဒပြတာကို မျက်စိမှိတ်၊နားပိတ်ပြီး မသိချင်ဟန်ဆောင်ခဲ့ပါတယ်။

မောင့်မေမေဟာ ကျွန်မကို အိမ်မှု ကိစ္စတွေ ကူလုပ်ပေးပါတယ်။ဒါပေမဲ့ သူကူရင် ကျွန်မ ပိုပြီးအလုပ်ရှုပ်ရပါတော့တယ်။ ဥပမာ ပလက်စတစ်အိတ်တွေ ကို ပြန်ရောင်းဖို့ဆိုပြီး အကုန်လိုက်စုထားတတ်တယ်။နောက်တော့ အိမ်တစ်ခုလုံး အိတ်တွေ နဲ့ ပြည့်နေရော။ ပန်းကန်ဆေးရည်ကို နှမြောလို့ဆိုပြီး မသုံးဘဲနေခဲ့တယ်။ နောက်တော့ မစင်တဲ့ပန်းကန်တွေ ကို သူမသိအောင် တိတ်တိတ်လေး ကျွန်မ ပြန်ဆေးခဲ့ရပါတယ်။

(၂)

ညတစ်ညမှာ ပန်းကန်တွေ ကို ပြန်ခိုးဆေးနေတဲ့ ကျွန်မကိုမောင့်မေမေ မြင်သွားခဲ့တယ်။ အိပ်ခန်းတံခါးကို 'ဒုန်း' ခနဲဆောင့်ပိတ်ပြီးအိပ်ရာထဲမှာ သူ အော်ငိုပါတော့တယ်။ အမေနဲ့မိန်းမကြား မောင် ဗျာများ ရပါတော့တယ်။ အဲဒီ့ ညက မောင် ကျွန်မကို စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပါဘူး။ သူ့ကို ကျွန်မ ဘယ်လိုပဲစစ ဂရုမစိုက်ခဲ့ဘူး။

'ကျွန်မ ဘာအမှားများ လုပ်ခဲ့မိလို့လဲ'

လို့ ပြန်မေးတော့ မောင်က ကျွန်မကို ခပ်စူးစူးကြည့်ရင်း . . .

'မပြောင်တဲ့ပန်းကန်နဲ့စားလည်း သေမသွားတတ်ပါဘူး။ မင်းဘာလို့ မသိတတ်ရတာ လဲကွာ'တဲ့။

အဲဒီ့ နောက်ပိုင်းမှာ ကျွန်မကို မောင့်မေမေ စကားမပြောတော့ပါဘူး။ နွေးထွေးတဲ့အိမ်က တဖြည်းဖြည်း အေးစက်လာခဲ့တယ်။

နံနက်စာထလုပ်တတ်တဲ့ မောင့်ကို မကြည့်ရက်လို့ မောင့်မေမေက နံနက်စာချက်ပြုတ်ခြင်းတာဝန်ကို ယူလိုက်တယ်။ သား ဖြစ်သူစားနေတာကိုကြည့်ပြီး မောင့်မေမေ ပီတိဖြာပါတယ်။ ကျွန်မကိုကြည့်တဲ့အကြည့် ကတော့ အိမ်ထောင့်တာဝန် မကျေဘူးဆြိုပီး အပြစ်တင်တဲ့အကြည့်မျိုးနဲ့ပါ။ အဲဒီ့ အကြည့်ကိုရှောင်ချင်လို့ ကျွန်မရဲ့ နံနက်စာကို လမ်းမှာ ဝယ်ပြီးဖြေရှင်းလိုက်ရတာ များ လာခဲ့တယ်။

ညအိပ်ချိန်မှာ မောင်က စိတ်ဆိုးတဲ့လေသံနဲ့ . . .

'လူဒီ အမေလုပ်တဲ့အစာတွေ ကို ညစ်ပတ်တယ်ထင်ပြီး အိမ်မှာ မစားတာလား'

လို့ပြောပြီး တစ်ဖက်ကို မောင် လှည့်လိုက်တယ်။ မောင့်ရဲ့ အေးစက်တဲ့ကျောပြင်ကိုကြည့်ပြီး ကျွန်မ မျက်ရည်ကျခဲ့မိတယ်။

'လူဒီ မောင့်မျက်နှာကိုထောက်ပြီး အိမ်မှာ နံနက်စာစားပါလား'

သက်ပြင်းတစ်ချက်ချရင်း မောင်ကဆိုလာတယ်။ မောင့်ကြောင့် ကျွန်မ ရှေ့မျက်နှာ နောက်ထားပြီး နံနက်စာစားပွဲခုံမှာ ပြန်ထိုင်ခဲ့တယ်။

အဲဒီ့ နံနက်က မောင့်မေမေပြုတ်ထားတဲ့ ဆန်ပြုတ်ကို ကျွန်မသောက်နေတုန်း ဘာ ဖြစ်တယ်မသိပါဘူး။ ဗိုက်ထဲကအစာအိမ်ကို တစ်ခုခုနဲ့ဖိထားသလို ခံစားရတယ်။ အစာတွေ ပါးစပ်ကထွက်မလာအောင် ကျွန်မဗိုက်ကို အတင်းဖိထားမိတယ်။ ဒါပေမဲ့ မရခဲ့ဘူး။ ပန်းကန်ကို စားပွဲပေါ်လွှတ်ချပြီး သန့်စင်ခန်းဘက် ကျွန်မပြေးပြီး ထိုးအန်မိတယ်။ အန်ပြီးပုံမှန်အနေအထားပြန်ရောက်အောင် လေကို ရှူသွင်းရှူထုတ် လုပ်နေချိန်မှာ ငိုသံနဲ့ အပြစ်တင်နေတဲ့ မောင့်မေမေအသံကို ကျွန်မ ကြားလိုက်ရတယ်။ အဲဒီ့ နောက်မှာ တော့ သန့်စင်ခန်းတံခါးဝမှာ ခါးထောက်ပြီးကြည့်နေတဲ့ မောင့်ဒေါသမျက်နှာကို ကျွန်မ မြင်လိုက်တယ်။ ဖြေရှင်းဖို့ပါးစပ်ဟလိုက်ပေမယ့် ကျွန်မနှုတ်က စကားတစ်ခွန်းမှ ထွက်မလာခဲ့ဘူး။ကျွန်မ တမင်လုပ်တာ မဟုတ်ရပါဘူး မောင်ရယ်။

မောင်နဲ့ကျွန်မ ပထမဆုံးအကြိမ် အကြီးအကျယ် ရန် ဖြစ်ကြတယ်။ ရန် ဖြစ်နေတဲ့ ကျွန်မတို့ကို မောင့်မေမေ စိုက်ကြည့်ပြီး အိမ်ကနေထွက်သွားခဲ့တယ်။ မောင်က ကျွန်မကို ခပ်စူးစူးတစ်ချက်ကြည့်ပြီး အမေ့နောက်ကို ဆင်းလိုက်သွားခဲ့တယ်။ မျိုးဆက်သစ်လေး ကျွန်မတို့ဘဝထဲရောက်လာခါနီး မှ မထင်မှတ်တဲ့ မတော် တဆမှု က မောင့်မေမေရဲ့ အသက်ဝိညာဉ်ကို ခြွေယူသွားခဲ့တယ်။

သုံးရက်လုံးလုံး မောင် အိမ်ပြန်မလာခဲ့ဘူး။ ဖုန်းလည်း မဆက်ခဲ့ဘူး။ မောင့်မေမေ ရောက်လာပြီးနောက် ပျော်ရွှင်စရာကောင်းတဲ့ကျွန်မတို့ရဲ့ အိမ်ဟာ အရာရာ ဆိတ်သုဉ်းသွားခဲ့ရတယ်။ကျွန်မ ဘာများ ထပ်လုပ်ပေးရဦးမလဲ။ ထူးထူးဆန်းဆန်းပဲကျွန်မလည်း တစ်ချိန်လုံး အန်ချင်နေမိတယ်။ ဘာပဲစားစား အရသာမဲ့နေတယ်။ ဒီပြဿနာတွေ နဲ့ ကျွန်မလည်း လူပန်းစိတ်နွမ်းလှပါပြီ။

လုပ်ဖော်ကိုင်ဖက်တချို့က 'လူဒီ . . . နင့်မျက်နှာကြည့်ရတာ တော် တော် မလန်းဘူး။ ဆေးရုံသွားပြီး စစ်ဆေးသင့်ပြီ'လို့ အသိပေးလာမှ ကျွန်မ ဆေးရုံဘက်ရောက်ခဲ့တယ်။

ကျွန်မ ကိုယ်ဝန်ရှိနေပြီတဲ့။

အဲဒီ့ နံနက်မှာ ထမင်းဝိုင်းမှာ ကျွန်မ အန်မိတဲ့အကြောင်းရင်းကိုကျွန်မ သိလာရတယ်။ ကျွန်မရဲ့ ပျော်ရွှင်မှု ထဲမှာ ဝမ်းနည်းမှု တွေ ရောပါနေတယ်။

မောင်ရော . . .

အတွေ့ အကြုံရှိတဲ့ မောင့်မေမေရော . . .

ဘာ ဖြစ်လို့ ဒီလိုအန်ခြင်းရဲ့ အကြောင်းရင်းကို နည်းနည်း လေးတာင် မရိပ်စားမိခဲ့တာလဲ။

(၃)

ဆေးရုံဝမှာ မောင့်ကို ကျွန်မ တွေ့ လိုက်မိတယ်။ သုံးရက်လောက်မတွေ့ တဲ့ မောင်က ရုပ်တော် တော် ကျသွားခဲ့တယ်။ ကျွန်မမမြင်ချင်ဟန်ဆောင်ပြီး လှည့်ထွက်မလို့ဘဲ။ ဒါပေမယ့် မောင့်ပုံကို ကြည့်ပြီးသနားစိတ်ကို မအောင့်နိုင်ဘဲ မောင့်ကို ခေါ်လိုက်မိတယ်။ ကျွန်မခေါ်သံကြောင့် မောင် လှည့်ကြည့်လာပေမယ့် ကျွန်မကို ကြည့်တဲ့အကြည့်ကသူစိမ်း တစ်ယောက် လိုပါပဲ။ မျက်လုံးထဲမှာ တော့ မုန်းတီးခြင်းအငွေ့တွေ က ကျွန်မကို ပြာကျစေခဲ့တယ်။ မောင့်ကိုမကြည့်မိအောင် ကျွန်မ ထိန်းရင်း အငှားကားတစ်စီးကို လက်ပြတားလိုက်တယ်။ ကားပေါ်အတက်မောင့်ကို 'မောင် . . . မောင့်အတွက် သားလေး တစ်ယောက် ကျွန်မမွေးပေးတော့မယ်'လို့ ကျွန်မ အော်ပြီး ပြောပြချင်လိုက်တာ။

မောင်ကြားရင် ကျွန်မကိုကိုင်မြှောက်ပြီး တစ်ပတ်ရမ်းလိုက်ဦးမလား။

ကျွန်မမျှော်လင့်တာတွေ ဖြစ်မလာခဲ့တော့ပါဘူး။ ကားထဲမှာ ထိုင်ပြီး ကျွန်မ ငိုမိတယ်။ ဘာကြောင့် ရန်ပွဲလေးတစ်ပွဲက အချစ်ကိုဒီလောက်အထိ ဆိုးဝါးစေခဲ့သလဲ။

အိမ်ပြန်ရောက်တော့ အိပ်ရာပေါ်လှဲရင်း မောင့်မျက်လုံးထဲကအမုန်းတွေ ကို ကျွန်မ ပြန်မြင်ယောင်မိတယ်။ စောင်ကို တင်းတင်းဆုပ်ကိုင်ပြီး ကျွန်မ ငိုမိပြန်တယ်။ အဲဒီ့ ညက အံဆွဲဖွင့်သံတွေ ကို ကျွန်မကြားလိုက်မိတယ်။ မီးဖွင့်ကြည့်လိုက်တော့ မျက်ရည်အရွှဲသားနဲ့ မောင့်ကိုကျွန်မ တွေ့ လိုက်မိတယ်။ ကျွန်မကို အေးစက်စက် တစ်ချက်ကြည့်ပြီးပိုက်ဆံတွေ ကို မောင်ယူနေတယ်။ ကျွန်မကို မမြင်သလိုနဲ့ ဘဏ်စာအုပ်ကိုယူပြီး သူ ပြန်ထွက်သွားတယ်။ ကျွန်မကို တကယ်ပဲ ခွဲသွားတော့မှာ လား။ မောင်က တော် တော် ထက်တာပဲ။ အချစ်နဲ့ငွေကို သပ်သပ်စီခွဲတော့မယ်ထင်တယ်။ ကျွန်မ အေးစက်စက်ရယ်လိုက်မိတယ်။ မျက်ရည်တွေ ကတော့ ပါးပြင်ပေါ် တောက်လျှောက်စီးကျလို့လာတယ်။

နောက်တစ်ရက်မှာ ကျွန်မ အလုပ်မသွားခဲ့ဘူး။ စိတ်ကိုငြိမ်ငြိမ်ထားပြီး မောင်နဲ့ကျွန်မ ဆွေးနွေးချင်သေးတယ်။ မောင့်ကုမ္ပဏီ မှာ မောင့်ကိုသွားရှာတော့ အတွင်းရေး မှူးမလေးက . . .

'သူ့အမေ ကားအက်ဆီးဒင့် ဖြစ်ပြီးဆုံးလို့ ဆေးရုံလိုက်သွားတယ်'

အဲဒီ့ စကားကြားတော့ ကျွန်မ ဆွံ့အသွားခဲ့ရတယ်။ ဆေးရုံကိုကျွန်မ အပြေးလိုက်သွားခဲ့တယ်။ မောင် ကတော့ အေးစက်မာကျောတဲ့မျက်နှာနဲ့ ကျွန်မကို မကြည့်ခဲ့ပါဘူး။ မောင့်မေမေရဲ့ ဖြူရော်နေတဲ့မျက်နှာကိုကြည့်ပြီး ကျွန်မ မယုံနိုင်အောင် ဖြစ်ခဲ့တယ်။ ဘုရားရေ . . .ဘာလို့ ဒီလို ဖြစ်ရတာ လဲ။

မောင့်မေမေ သဂြိုဟ်ပြီးတဲ့အထိ ကျွန်မကို မောင် စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်မကိုကြည့်တဲ့ အကြည့်တိုင်းမှာ မုန်းတီးမှု တွေ အပြည့်နဲ့ပါ။ မောင့်မေမေ ကားတိုက်မှု နဲ့ပတ်သက်ပြီး ကျွန်မသိရတာ ကအဲဒီ့ နေ့ မောင့်မေမေ အိမ်ကထွက်ပြီး ရွာကိုပြန်မလို့ ကားဂိတ်ကိုသွားခဲ့တယ်။ မောင်လည်း အမေ့နောက် အပြေးလိုက်ခဲ့ပေမယ့် လူကူးမျဉ်းကျားကူးချိန်မှာ တစ်ဖက်ကလာတဲ့ ကားနဲ့ တိုက်မိသွားခဲ့ကြောင်းတခြားလူတွေ ကတစ်ဆင့် ကျွန်မ သိလိုက်ရတယ်။ မောင့်ရဲ့ မုန်းတီးမှု တွေ ကို ကျွန်မ သဘောပေါက်သလိုရှိလာတယ်။ အဲဒီ့ နေ့ကသာ ကျွန်မမအန်ခဲ့ရင်၊ အဲဒီ့ နေ့ကသာ ကျွန်မတို့ ရန်မ ဖြစ်ခဲ့ရင် အခုတော့ မောင့်ရဲ့ စိတ်ထဲမှာ ကျွန်မဟာ မောင့်မေမေကိုသတ်တဲ့ တရားခံ ဖြစ်နေခဲ့ပြီလား။

အိမ်ကိုပြန်လာပြီးတဲ့နောက် မောင့်မေမေခန်းမှာ ပဲ မောင် နေခဲ့တယ်။ ည အိမ်ပြန်တိုင်း မောင့်ကိုယ်ပေါ်မှာ အရက်နံ့တွေ မွှန်လို့နေတယ်။အားနာခြင်းနဲ့ သနားခြင်းတွေ က ကျွန်မရင်ဝကို မွန်းကြပ်အောင် ဖိထားခဲ့တယ်။ ကျွန်မတို့အတွက် မျိုးဆက်သစ်လေး ရှိနေပြီဆိုတဲ့အကြောင်းမောင့်ကို ကျွန်မ ပြောပြချင်လိုက်တာ၊ ရှင်းပြချင်လိုက်တာ။ ဒါပေမဲ့

အေးစက်တဲ့မောင့်မျက်လုံးတွေ ကို ကြည့်ပြီး အဲဒီ့ စကားတွေ ကို ကျွန်မပြန်မျိုချခဲ့ရတယ်။ ကျွန်မကို နာနာလေး တစ်ခါလောက်ရိုက်လိုက်၊ရက်ရက်စက်စက် တစ်ခါလောက်ဆဲလိုက်၊ ကျွန်မ ခံနိုင်ပါတယ်။ အရာအားလုံးဟာ ကျွန်မ တမင်လုပ်ခဲ့တာ မဟုတ်ရပါဘူး မောင်ရယ်။

အဲဒီ့ လိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် အပ်ကြောင်းထပ်ခဲ့တယ်။ မောင်အိမ်ပြန်ချိန်က ညပိုနက်လို့လာခဲ့တယ်။ တစ်ခါက စားသောက်ဆိုင်တစ်ဆိုင်ရှေ့ ကျွန်မဖြတ်တော့ ကြည်လင်တဲ့ပြတင်းမှန်ထဲမှာ မောင်နဲ့မိန်းကလေး တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေတာကို တွေ့ လိုက်မိတယ်။ မိန်းကလေးရဲ့ ဆံပင်ကို မောင်က ပွတ်သပ်လို့နေတယ်။ ကျွန်မသဘောပေါက်လိုက်မိတယ်။ ဆိုင်ထဲကို ကမူးရှူးထိုး ပြေးဝင်ပြီး စားပွဲရှေ့မှာ ကျွန်မ ရပ်လိုက်တယ်။ မောင့်ကို ခပ်စူးစူးစိုက်ကြည့်လိုက်ပေမယ့်ကျွန်မမျက်ဝန်းအိမ်မှာ မျက်ရည် မရှိခဲ့ပါဘူး။ ကျွန်မ စကားတစ်ခွန်းမှမပြောဘဲ ရပ်နေလိုက်မိတယ်။

ကျွန်မကိုကြည့်လိုက် မောင့်ကိုကြည့်လိုက်နဲ့ ထရပ်ပြီး ထွက်သွားဖို့ပြင်နေတဲ့ မိန်းကလေးကို မောင်က လက်လှမ်းဆွဲလိုက်တယ်။ပြီးတော့ အေးစက်ခက်ထန်တဲ့အကြည့်နဲ့ ကျွန်မကို ကြည့်နေတယ်။ကျွန်မနှလုံးခုန်သံကို ကျွန်မ ပြန်ကြားနေမိတယ်။ သေမင်းရဲ့ နှုတ်ခမ်းဝမှာ ခုန်နေသလိုမျိုး။ ကျွန်မက ရှုံးနိမ့်သူပါ။ ဆက်ရပ်နေရင် ကျွန်မရော၊ဗိုက်ထဲကကလေးပါ အဲဒီ့ နေရာမှာ လဲကျသွားနိုင်တယ်။

အဲဒီ့ ညက မောင် ပြန်မလာခဲ့ဘူး။ အဲဒီ့ လိုနည်းနဲ့ သူနဲ့ကျွန်မကြားက သံယောဇဉ်ကို သဘောပေါက်စေပုံရတယ်။ ယောက္ခမရဲ့ သေဆုံးမှု နောက်မှာ ကျွန်မတို့ရဲ့ အချစ်လည်း လိုက်ပြီး သေဆုံးသွားခဲ့ရတယ်။ မောင် လုံးဝပြန်မလာခဲ့တော့ပါဘူး။ တစ်ခါတလေ ကျွန်မအလုပ်ဆင်းပြန်လာရင် အိမ်ကဗီရိုတွေ မွှေနှောက်ထားသလို ရှုပ်ပွနေတတ်တယ်။ ကျွန်မမရှိတုန်း မောင် သူ့ပစ္စည်းတွေ ပြန်လာယူတယ်ထင်ပါတယ်။ မောင့်ကို ကျွန်မ ဖုန်းလည်း မဆက်ခဲ့ဘူး။ အစက မောင့်ကိုကျွန်မရှင်းပြဖို့ ရည်ရွယ်ထားတဲ့စိတ်တွေ လုံးဝပျောက်ဆုံးသွားခဲ့ရပါပြီ။

ကျွန်မ တစ်ယောက် တည်း ဆေးရုံသွားပြီး စမ်းသပ်မှု တွေ လုပ်ခဲ့တယ်။ တခြားကိုယ်ဝန်ဆောင်မိခင်လောင်းတွေ က လင်ယောက်ျားနဲ့အတူဆေးရုံလာတာမြင်ရင် ကျွန်မရဲ့ နှလုံးသားတွေ မွကြေသွားသလို ခံစားမိတယ်။ လုပ်ဖော်ကိုင်ဖက်တွေ က ကိုယ်ဝန်ဖျက်ချဖို့ အကြံပေးတယ်။ကျွန်မ မလုပ်ရက်ဘူး။ ဘယ်လိုနည်းနဲ့ ဖြစ် ဖြစ် ကျွန်မ မွေးကိုမွေးမယ်။မောင့်မေမေအတွက် အလျော်ပဲ ဖြစ် ဖြစ်ပေါ့။

တစ်ရက် ကျွန်မ အလုပ်ဆင်းပြန်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့မောင့်ကို တွေ့ လိုက်မိတယ်။ အခန်းတစ်ခုလုံးလည်း ဆေးလိပ်မီးခိုးတွေ နဲ့မွန်းကြပ်လို့နေတယ်။ စားပွဲခုံပေါ်မှာ စာရွက်တစ်ရွက် တင်ထားတယ်။အဲဒီ့ စာရွက်ကို ကျွန်မ မကြည့်လည်း ဘာအတွက်ကြောင့် ဆိုတာကို ကျွန်မသိလိုက်ပါတယ်။

မောင်မရှိတဲ့ နှစ် လအတွင်း စိတ်ရဲ့ တည်ငြိမ်ခြင်းကို ကျွန်မကျင့်သားရခဲ့တယ်။ 'ခဏလေး . . . ကျွန်မ လက်မှတ်ထိုးပေးမယ်'ဦးထုပ်ကိုချွတ်ရင်း မောင့်ကို ကြည့်ပြီး ကျွန်မ ပြောလိုက်တယ်။ ကျွန်မလိုပဲမောင့်မျက်လုံးထဲမှာ လည်း တွေ ဝေခြင်းတွေ ပြည့်နှက်လို့နေတယ်။ အပေါ်အင်္ကျီကိုချွတ်ရင်း မငိုမိစေဖို့ ကျွန်မ အားတင်းလိုက်တယ်။ အင်္ကျီကိုချိတ်ပြီး မောင့်ဘက်လှည့်လိုက်တော့ မောင်က ပြည့်ဖောင်းလာတဲ့ ကျွန်မရဲ့ ဗိုက်ကို မျက်တောင်မခတ် စိုက်ကြည့်နေတာကို တွေ့ လိုက်ရတယ်။ ကျွန်မပြုံးပြုံးလေးနဲ့ စာရွက်ပေါ် လက်မှတ်ထိုးလိုက်ပြီး မောင့်ဆီ စာရွက်ကိုတွန်းပို့လိုက်တယ်။

'လူဒီ . . . မင်း ကိုယ်ဝန်ရှိနေပြီ'

အမေ သေဆုံးသွားပြီးတဲ့နောက် ဒါဟာ ပထမဆုံးအကြိမ်ကျွန်မကို မောင် စကားပြောခြင်းပါ။ ကျွန်မမျက်လုံးကို ကျွန်မ မထိန်းနိုင်ခဲ့ဘူး။ ပါးပြင်ပေါ်ကို မျက်ရည်တွေ တရဟောစီးကျလာခဲ့ တယ်။

'ဟုတ်တယ်၊ ဒါပေမဲ့ ကိစ္စမရှိဘူး။ ရှင် သွားလို့ရပြီ'

မောင် ထွက်မသွားခဲ့ဘူး။ အမှော င်ထဲမှာ ကျွန်မတို့ တစ်ယောက် ကို တစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ်။ မျက်ရည်တွေ မောင့်ပါးပြင်ထက် စီးကျလို့လာခဲ့တယ်။ အရာအားလုံးဟာ အဝေးမှာ ကျန်ရစ်ခဲ့ပါပြီ။ဝေးလွန်းလို့ ကျွန်မ အပြေးလိုက်ခဲ့လည်း ဖမ်းဆုပ်လို့ မရခဲ့တော့ပါဘူး။

'မောင် မှားသွားတယ်'လို့ တောင်းပန်စကားကို ဘယ်နှစ် ကြိမ်မြောက်မှန်းမသိ မောင့်ဆီက ကျွန်မကြားခဲ့ရတယ်။ အစတော့ ကျွန်မဟာခွင့်လွှတ်နားလည်တတ်သူ တစ်ယောက် ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့မိတယ်။ အခုတော့ မဟုတ်ခဲ့ပါလား။ စားသောက်ဆိုင်မှာ တွေ့ ခဲ့တဲ့အေးစက်မာကျောတဲ့ မောင့်အကြည့်တွေ ဒီတစ်သက် ကျွန်မ ဘယ်လိုမေ့လို့ရနိုင်မလဲ။

(၄)

ဒီအ ဖြစ်အပျက်မှာ ကျွန်မရဲ့ မတော် တဆ အပြုအမူလေးတစ်ခုကို မောင်က တမင်သက်သက် ကြီးထွားအောင်ပြုလုပ်ခဲ့တယ်။အေးစက်တဲ့ ဒီအကြည့်တွေ အရည်ပျော်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကျွန်မတို့ရဲ့ နှလုံးသားကိုယ်စီမှာ ဒဏ်ရာတွေ က အထပ်ထပ် ထင်ကျန်ရစ်ခဲ့ပြီလေ။

ဗိုက်ထဲကကလေးကို စဉ်းစားမိတိုင်း ရင်ကို နွေးထွေးစေခဲ့ပေမယ့် မောင့်ကို ကျွန်မ အေးတိအေးစက်ပဲ ဆက်ဆံခဲ့တယ်။ မောင်ကျွေးတာတွေ မစားဘူး။ မောင်ဝယ်တာတွေ မယူဘူး၊ မောင်နဲ့လည်း ကျွန်မစကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ဟိုစာရွက်ပေါ် ကျွန်မ လက်မှတ်ထိုးပြီးကတည်းက လက်ထပ်ခြင်းနဲ့ ချစ်ခြင်းဆိုတာ ကျွန်မဘဝမှာ လုံးဝပျောက်ဆုံးသွားခဲ့ရတယ်။ အိပ်ခန်းထဲ မောင်ဝင်လာရင် ကျွန်မ ဧည့်ခန်းဘက်ကို ရှောင်တယ်။ နောက်တော့ မောင် အမေ့အခန်းမှာ ပဲ အိပ်တော့တယ်။

ည မောင့်အခန်းက ညည်းသံတိုးတိုးလေးကို ကျွန်မ ကြားလိုက်မိတယ်။ ဒါဟာ မောင့်အကျင့်ပေါ့။ အရင်က ကျွန်မ စိတ်ကောက်ရင်မောင်က ဖျားချင်ဟန်ဆောင်ပြီး ညည်းပြတတ်တယ်။ မောင် တကယ်ဖျားနေတယ်အထင်နဲ့ စိုးရိမ်တကြီး ပျာယာခတ်နေတတ်တဲ့ ကျွန်မကိုမောင်က ပွေ့ဖက်ရင်း တဟားဟား အော်ရယ်တတ်တယ်။ အဲဒီ့ တုန်းကမောင့်ကို စိုးရိမ်တာဟာ အချစ်စိတ်ကြောင့် ဆိုတာ မောင် မေ့နေခဲ့ပြီလား။အခုတော့ ကျွန်မမှာ အဲဒီ့ အချစ်တွေ မရှိတော့ပါဘူး။

မောင့်ညည်းသံက ကျွန်မမွေးဖွားရက်အထိ ရှည်ကြာခဲ့တယ်။ကလေးအသုံးအဆောင်ပစ္စည်းတွေ ၊ မောင် နေ့တိုင်းဝယ်ခဲ့တယ်။ ကလေးစာအုပ်တွေ ၊ စားစရာတွေ ၊ တစ်ထုပ်ပြီးတစ်ထုပ် အိမ်ထဲမှာ တောင်ပုံရာပုံပါပဲ။ မမြင်ရသေးတဲ့ ရင်သွေးအတွက် အဲဒီ့ လိုပုံစံနဲ့ ကျွန်မစိတ်ပြန်လည်လာအောင် မောင် ကိုင်လှုပ်ခဲ့တယ်။ ကျွန်မရဲ့ စိတ်တွေ မာကျောသွားပြီမောင်။

မောင့်ကို စကားလည်းမပြော၊ ဂရုလည်းမစိုက်ခဲ့တဲ့အတွက်မောင်ဟာ သူ့အခန်းထဲမှာ ပဲ ပိတ်လှောင်ပြီး ကွန်ပျူတာနဲ့ စာတွေ တချောက်ချောက်ရိုက်နေခဲ့တယ်။ မောင် ဘာလုပ်နေမလဲ။ ကျွန်မနည်းနည်း မှ စိတ်မဝင်စားခဲ့တော့ပါဘူး။

ဒီလိုနဲ့ လတွေ ကြာခဲ့တယ်။ ညတစ်ညမှာ ဗိုက်ထဲထိုးပြီး နာလာလို့ ကျွန်မ အော်လိုက်တဲ့အသံကိုကြားတော့ မောင်ဟာ မြားတစ်စင်းရဲ့ အလျင်လိုပဲ ကျွန်မအခန်းထဲ ပြေးဝင်လာခဲ့တယ်။ ဒီလိုနေ့မျိုးကိုပဲ မောင်စောင့်နေခဲ့တယ်ထင်တယ်။ ကျွန်မကိုဖေးမပြီး အိမ်ထဲကနေ အပြေးထွက်ခဲ့တယ်။ ကားတစ်စီးငှားပြီး တစ်လမ်းလုံး ကျွန်မရဲ့ လက်ကိုတင်းတင်းဆုပ်ကိုင်လို့ နဖူးပေါ်ကျလာတဲ့ ချွေးတွေ ကို မောင် သုတ်ပေးနေခဲ့တယ်။ ဆေးရုံရောက်တော့ သားဖွားမီးယပ်ဆောင်ဘက် ကျွန်မကိုဖေးမပြီး မောင် အပြေးသွားနေခဲ့တယ်။ မောင့်ရဲ့ ပိန်လှီတဲ့နောက်ကျောကိုမှီရင်း ကျွန်မ ခေါင်းထဲ အတွေးတချို့ဝင်လာခဲ့တယ်။ မောင့်လောက်ကျွန်မအပေါ် ဘယ်သူကချစ်နိုင်ဦးမလဲ။ မီးဖွားခန်းထဲ တွန်းဝင်သွားတဲ့ကျွန်မကို တံခါးဝမှာ ရပ်ပြီး မောင်ကြည့်နေခဲ့တယ်။ နာတာကိုအောင့်အီးပြီး မောင့်ကို ကျွန်မ ပြုံးပြလိုက်မိတယ်။

ကျွန်မရဲ့ သားလေးကိုကြည့်ပြီး မောင့်မှာ ကြည်နူးမဆုံး တပြုံးပြုံး ဖြစ်နေတော့တယ်။ မောင့်လက်ကို ကျွန်မ ဆုပ်ကိုင်လိုက်တယ်။ ကျွန်မကိုမောင် တစ်ချက်ပြုံးပြရင်း ရုတ်တရက် မောင် ပျော့ခွေပြီးလဲကျသွားတယ်။

မောင် . . .

နွမ်းနယ်တဲ့ မောင့်မျက်လုံးတွေ က ပြန်ဖွင့်မလာသေးဘူး။မောင့်အတွက် မျက်ရည်တွေ ကုန်ခဲ့ပြီလို့ ထင်ခဲ့တဲ့ကျွန်မ တစ်ကိုယ်လုံးဆွဲဆုတ်ထားသလို နာကျင်နေခဲ့တယ်။ တာဝန်ကျဆရာဝန်က မောင့်ရဲ့ အသည်းကင်ဆာဟာ နှောင်းပိုင်းကို ရောက်နေပြီ ဖြစ်တဲ့ အကြောင်း၊မောင် အခုထိ တောင့်ခံနိုင်ခဲ့တာ ထူးဆန်းမှု တစ်ရပ် ဖြစ်ကြောင်း ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ငါးလလောက်ကတည်းက မောင့်မှာ အသည်းကင်ဆာရှိကြောင်း သိခဲ့ရတယ်တဲ့။ အားလုံးကို ပြင်ဆင်ထားတော့လို့ ဆရာဝန်ကကျွန်မကို နှစ် သိမ့်ခဲ့တယ်။

နပ်စ်တားတာကို ကျွန်မ ဂရုမစိုက်တော့ဘူး။ ဆေးရုံက ဆင်းပြီးအိမ်ကို ကျွန်မပြန်ခဲ့တယ်။ မောင့်အခန်းထဲဝင်ပြီး ကွန်ပျူတာကို ကျွန်မဖွင့်လိုက်တယ်။ မောင့် ရောဂါ ကို စသိတာ လွန်ခဲ့တဲ့ငါးလကတဲ့။ မောင့်ညည်းသံတွေ က တကယ်ပေါ့။

ကွန်ပျူတာထဲမှာ သားအတွက် မောင်ရေး ထားခဲ့တဲ့စာတွေ . . .

'သား . . . သားကြောင့် ဖေဖေ အခုအချိန်ထိ တောင့်ခံခဲ့တယ်။ သားမျက်နှာကိုမြင်ပြီးမှ ဖေဖေ လဲကျ သွားပါစေ။ ဖေဖေ ကျေနပ်တယ်။ သားဘဝမှာ ပျော်ရွှင်တာတွေ ၊စိတ်ညစ်တာတွေ ကြုံရဦးမယ်ဆိုတာဖေဖေသိတယ်။ သားရဲ့ ကြီးပြင်းလာမယ့် လမ်းတလျှောက်မှာ ဖေဖေသာရှိခဲ့မယ်ဆိုရင် ဘယ်လောက်ပျော်စရာ ကောင်းလိမ့်မလဲ။ ဖေဖေ့မှာ ဒီလိုအခွင့်အရေး တွေ မရှိတော့ဘူးသားရယ်။ သားဘဝမှာ ကြုံတွေ့ ရမယ့် မေးခွန်းတွေ အတွက် ဖေဖေ စာတွေ ရေး ခဲ့တယ်။ဖေဖေ့အကြံပြုချက်ကို သား မှီငြမ်းနိုင်ပါစေ။ ဖေဖေ့ရဲ့ ဒီစာတွေ နဲ့ သား ကြီးပြင်းလမယ့်လမ်းတလျှောက်မှာ အဖော်လုပ်နိုင်လိမ့်မယ်လို့ ဖေဖေ ယုံကြည်တယ်။ ဖေဖေ သိပ်ပျော်တယ်သား။ သားမေမေကိုလည်း သိပ်ချစ်တယ်။ သူ အရမ်းပင်ပန်းနေပြီ။ သူဟာ သားကို သိပ်ချစ်တဲ့မိခင် တစ်ယောက် ၊ ဖေဖေသိပ်ချစ်တဲ့ မိန်းမ တစ်ယောက် ပေါ့ကွယ်'

သား မူကြိုကျောင်းတက်တာကအစ ဘွဲ့ရပြီး အလုပ်ဝင်တဲ့ အထိနောက်ချစ်သူ ရည်းစားထားတဲ့အထိ သားအတွက် မမြင်ရသေးတဲ့အနာဂတ်ကို စိတ်ရှည်လက်ရှည်နဲ့ တသီတကုံး မောင် ရေး ထားခဲ့တယ်။

ကျွန်မအတွက် စာမှာ တော့ . . .

'လူဒီ . . . ဒီတစ်သက် မောင့်အတွက် အပျော်ရွှင်ဆုံးဟာ လူဒီ့ကို လက်ထပ်ခဲ့ခြင်းပါပဲ။လူဒီ့ကို ဒဏ်ရာတွေ ရစေခဲ့တဲ့ မောင့်ကို ခွင့်လွှတ်ပေးပါ။ ရောဂါ ကို ကွယ်ဝှက်ထားခဲ့တဲ့အတွက်လည်းခွင့်လွှတ်ပေးပါ။ သားလေးမမွေးခင် လူဒီ့ကို စိတ်မထိခိုက်စေချင်လို့ပါ။ ဒီစာကိုဖတ်ရင်းမျက်ရည်ကျခဲ့မယ်ဆိုရင် မောင့်ကို ခွင့်လွှတ်ပြီပေါ့နော်။ မောင့်ကို ချစ်နေသေးတဲ့အတွက် ကျေးဇူးပါလူဒီ။ ဒီလက်ဆောင်တွေ က မောင်ကိုယ်တိုင် သားလေးကို မပေးနိုင်တော့ပါဘူး။ လူဒီကပဲ နှစ် တိုင်းမောင့်ကိုယ်စား သားကို ပေးပေးပါနော်။ ဘူးပေါ်မှာ လက်ဆောင်ပေးတဲ့ နှစ် ၊ လ၊ ရက်တွေ ကိုရေး ဖို့မမေ့ပါနဲ့ လူဒီ'

မောင်က မေ့မြောနေဆဲပါ။ သားကို ကျွန်မ ပွေ့ပြီး မောင့် ရင်ခွင်ထဲထည့်ပေး လိုက်တယ်။

'မောင် . . . မျက်လုံးလေးဖွင့်ပြီး တစ်ချက်လောက်ပြုံး လိုက်ပါလားမောင်။ မောင့်ရင်ငွေ့ကို သားတစ်သက် မှတ်မိသွားစေချင်လို့ပါ' ကျွန်မအသံကြောင့် ထင်တယ်၊ မျက်လုံးကို မောင် အားယူဖွင့်လိုက်တယ်။ယဲ့ယဲ့လေးပြုံးနေတဲ့ မောင့်ရင်ခွင်ထက်မှာ သားရဲ့ လက်ကလေးက ဟိုရမ်းဒီရမ်းနဲ့'

ကင်မရာရှပ်တာကို ကျွန်မ အမြန်ဆုံးနှိပ်ချလိုက်တယ်။မျက်ရည်တွေ က ကျွန်မပါးပြင်ပေါ်ကို အတားအဆီးမဲ့ စီးကျလို့ လာခဲ့ပြန်ပါတော့တယ်။

ပြီးပါပြီ

ပြောစရာရှိတဲ့စကားကို ရင်ထဲ အကြာကြီးထည့်မထားမိဖို့၊ကိုယ်ချစ်တဲ့သူကို အကြာကြီးစိတ်ကောက်မိရင် သေးငယ်တဲ့ ပြဿနာဟာ ပိုကြီးလာတတ်တဲ့အကြောင်း၊ ဒါမှမဟုတ် နှစ် ဦးနှစ် ဖက် ယူကျုံးမရနိုင်တဲ့ အထင်လွဲမှု တွေ ဖြစ်လာတတ်တဲ့အကြောင်း ဒီဇာတ်လမ်းကပြောပြသွားခဲ့ပါတယ်။

* * *

ယောက္ခမနှင့် ချွေးမကြားတွင် ဖြစ်တတ်သော ပြဿနာကြောင့် ပျက်စီးသွားသော ဖြစ်ရပ်မှန်အိမ်ထောင်ရေး ဇာတ်လမ်းတစ်ပုဒ်။ 'လူဒီ'ပြောပြီး 'လျှင်စုရှမ်'ရေး သားကာ 'နိုင်းနိုင်းစနေ' ဘာသာပြန်သည်။

(၂)

ချယ်ရီသစ္စာ

'ဒါဆို ဟိုကောင်လေး ဘယ်ရောက်သွားလဲ'ထိုပုံပြင်ကို နားထောင်ဖူးသူတိုင်း ပုံပြင်အဆုံးတွင် မေးတတ်သော မေးခွန်း ဖြစ်သည် ...

တစ်ခါက မြို့တစ်မြို့တွင် တစ်ဦးကိုတစ်ဦးအလွန်ချစ်သော ချစ်သူနှစ် ဦးရှိသည်။ ကောင်လေးမှာ မကြာခင် စစ်မြေပြင်သို့ ရှေ့တန်းထွက်ရမည် ။ ရှေ့တန်းမထွက်ခင် ချယ်ရီပျိုးပင်တစ်ပင်ကိုယူပြီး ချစ်သူနှစ် ဦး သစ္စာဆိုကြသည်။ သစ္စာဆိုထားသော ချယ်ရီပင်ကိုလည်းမြို့ပြင်ရေကန်ကြီးတစ်ကန်ဘေးတွင် စိုက်ခဲ့ကြသည်။ ကောင်လေးစစ်မြေပြင်သို့ ထွက်သွားပြီးနောက် ကောင်မလေးမှာ ချယ်ရီပင်ကိုပြုစုစောင့်ရှောက်ရင်း ကောင်လေးအပြန်ကို စောင့်မျှော်နေခဲ့သည်။ချယ်ရီပင် ကြီးထွားရှင်သန်လာသည်နှင့် အမျှ ကောင်လေးအပေါ် ပြုခဲ့သော သူမ၏ သစ္စာသည်လည်း ပိုမိုခိုင်မြဲလာခဲ့သည်။ ကောင်လေးဘေးမသီရန်မခ ပြန်လာနိုင်စေရန် နေ့တိုင်း သူမ ဆုတောင်းသစ္စာဆိုခဲ့သည်။

စစ်ပြီးဆုံးသွားသော်လည်း ကောင်လေး ပြန်မလာခဲ့။ သို့ သော်ပြုခဲ့သော ကတိသစ္စာစကားအတိုင်း ကောင်မလေးမှာ ချယ်ရီပင်ကိုပြုစုရင်း ကောင်လေးပြန်အလာကို စောင့်မျှော်နေခဲ့သည်။ ငါးနှစ် ဆိုသော အချိန်ကို သူမ တစ်ယောက် တည်း အထီးကျန်စွာ ဖြတ်သန်းခဲ့ရသည်။လက်လျှော့လိုက်ရန် လူအများ က သူမကို ဖျောင်းဖျကြသည်။

တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကောင်လေးပြန်လာမည် ဟု သူမ ယုံကြည်မိနေသည်။ အရွယ်ရောက်နေပြီ ဖြစ်သော သူမကို အိမ်ထောင်ချပေးရန်မိဘများ က အတင်းအကျပ်စီစဉ်ကြသည်။ မင်္ဂလာမဆောင်ခင် တစ်ညနေတွင် သူမ အိမ်ကထွက်ပြေးခဲ့သည်။ 'မိဘများ မျက်နှာကို အိုးမည်းသုတ်တဲ့ သမီး'ဟုဆိုကာ အိမ်က သူမကို လုံးဝပြန်မခေါ်တော့။ စိတ်၏ ငြိမ်းချမ်းခြင်းကို ရသွားဟန်တူသော သူမသည် ရေကန်နားရှိ ချယ်ရီပင်ဘေးတွင် တဲငယ်လေးထိုးပြီး နေခဲ့သည်။

ဆယ်နှစ် ၊ အနှစ် နှစ် ဆယ် အချိန်များ တရွေ့ရွေ့ကုန်ဆုံးခဲ့သည်။လူအများ က ထိုအ ဖြစ်ကို မေ့လျော့ကုန်ကြပြီ။ သို့ သော် ကောင်လေးပြန်အလာကို ချယ်ရီပင်အောက်တွင် သူမ စောင့်မျှော်နေဆဲ သွက်လက်သော သူမခြေလှမ်းများ လေးသွဲ့ခဲ့သည်။ မည်းနက်သော ဆံပင်များ ဖြူဖွေးခဲ့သည်။ ဇရာ၏ အရိပ်လက္ခဏာများ က သူမ၏ မျက်နှာကို အရစ်အစင်းအ ဖြစ် ကန့်လန့်ဖြတ်ခဲ့သည်။ သို့ သော် ကောင်လေးနှင့် အတူပြုခဲ့သော သူမ၏ သစ္စာမှာ ပြောင်းလဲမသွားခဲ့။ နေထွက်မှနေဝင်သည့်တိုင် ချယ်ရီပင်အောက်တွင် သူမ နေ့တိုင်း စောင့်နေခဲ့မိသည်။

သစ္စာတရားကို ပွေ့ဖက်ပြီး ကောင်လေးပြန်အလာကိုစောင့်မျှော်ရင်း အထီးကျန်စွာ သူမ ကွယ်လွန်သွားခဲ့သည်။ သူမ အ ဖြစ်ကိုသိသူအချို့က ချယ်ရီပင်အောက်တွင် သူမကို မြှုပ်နှံသဂြိုဟ်ပေးလိုက်ကြသည်။ ထူးဆန်းစွာ ပင် ထိုနေ့မှစ၍ နွေမိုးဆောင်း ပြောင်းလဲသည့်တိုင် ထိုချယ်ရီပင်ရှိ အရွက်များ သည် ခြောက်သွေ့ညှိုးနွမ်း ကြွေကျခြင်းမရှိတော့။ သူမကို ထိုအပင်အောက်တွင် မြှုပ်နှံလိုက်သည့် အချိန်မှစ၍ ထိုပတ်ဝန်းကျင်ရှိ အချိန်သည် လုံးဝ ရပ်တန့်သွားဟန်တူသည်။

ထိုနေ့မှစ၍ ရေကန်ဘေးတွင် ရာဇဝင်တစ်ခုတွင် ခဲ့သည်။ထိုချယ်ရီပင်တွင် လာရောက်သစ္စာဆို ဆုတောင်းသော ချစ်သူမောင်နှံတိုင်း ဆန္ဒပြည့်ဝပြီး သစ္စာမြဲခဲ့ကြသည်။ ဘဝတွင် ပျော်ရွှင်စွာ ပေါင်းဖက်ကြရသည်။

အရိပ်ကောင်းသော သစ်ပင်ရိပ်တွင် ကျွန်တော် တို့ လူငယ်တစ်သိုက် အဘသွင်ကို ဝိုင်းဖွဲ့ပြီး ထိုင်နေကြသည်။ အဘသွင်မှာ ပုံပြောအပြီး မောသွားဟန်တူသည်။ ရေနွေးကြမ်းကို ကောက်ယူသောက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ ပုံပြင်အဆုံးတွင် မိဆိုးလက်ကို ကျွန်တော် တင်းတင်းလေးဆုပ်ကိုင်ထားမိသည်။ မိဆိုးလည်းကျွန်တော့် စိတ်ကို နားလည်သည့်အလား ကျွန်တော့် လက်ကို တင်းတင်းပြန်ဆုပ်ကိုင်ထားသည်။

တကယ်တော့ အဘသွင်ပြောသော ပုံပြင်ကို ပထမဆုံးအကြိမ်ကျွန်တော် တို့ နားထောင်ဖူးကြသည် မဟုတ်ပါ။ ဤပတ်ဝန်းကျင်ရှိကျွန်တော် တို့အရွယ် လူငယ်များ က အဘသွင်၏ ပုံပြင်ကို နားထောင်ပြီးကြီးပြင်းလာသူများ ဖြစ်သည်။ ယနေ့ ထပ်နားထောင်သော ပုံပြင်သည်ကျွန်တော် တို့အတွက် ပိုအဓိပ္ပာယ်ရှိနေသည်။ မကြာမီ ကျွန်တော် ရှေ့တန်းထွက်ရတော့မည် ဖြစ်သော ကြောင့် ဖြစ်သည်။ ကျွန်တော် ဘယ်အချိန်ပြန်ရောက်မည် ကို မသိ။ မိဆိုးကလည်း လိုက်မပို့ဟု ဆိုသည်။

ကျွန်တော် သွားလျှင် ချယ်ရီပင်အောက်တွင် သူမ သွားရောက်ဆုတောင်းမည် ဟု ဆိုသည်။ သို့ သော် ပုံပြင်ထဲက ကောင်မလေးလို သူမ တုံးအလိမ့်မည် မဟုတ်မှန်း ကျွန်တော် သိသည်။ ဘဝတစ်ခုလုံးနှင့် ရင်းပြီး လူ တစ်ယောက် ကို မည် မျှချစ်ကြောင်း သက်သေပြစရာမလိုပေ။ ထိုအပြုအမူကို ကိုယ်ချစ်သော သူ သိပါက စိတ်မကောင်းရုံပင် ဖြစ်မည် ။

အမူကို ကိုယ်ချစ်သော သူ သိပါက စိတ်မကောင်းရုံပင် ဖြစ်မည် ။'ဒါဆို ဟိုကောင်လေး ဘယ်ရောက်သွားလဲ'

ထိုပုံပြင်ကို နားထောင်ဖူးသူတိုင်း ပုံပြင်အဆုံးတွင် မေးတတ်သော မေးခွန်း ဖြစ်သည်။ ပထမဆုံးအကြိမ် နားထောင်ဖူးသည့် အချိန်မှစပြီးယနေ့ထက်ထိ ထိုမေးခွန်းကို ကျွန်တော် တို့ မေးနေကြဆဲ ထိုမေးခွန်းကိုမေးတိုင်း အဘသွင်မှာ ပြုံးလျက်ခေါင်းခါမြဲ။ ထို့နောက် တုတ်ကောက်ကိုအားပြုပြီး နေရာမှ ထထွက်သွားတတ်သည်။

စစ်ပွဲမှာ ကောင်လေး ကျဆုံးသွားလို့လား။

တခြားကောင်မလေးနဲ့ အိမ်ထောင်ကျသွားလို့လား။

ဒဏ်ရာရပြီး ပြန်မလာနိုင်တာလား။

စသည်ဖြင့် ကျွန်တော် တို့ ခန့်မှန်းကြမြဲ။ ပုံပြင်ဆုံးတိုင်း ထိုမေးခွန်းကို ကျွန်တော် တို့ မေးနေမြဲ။ တစ်ချိန်ချိန်တွင် အဘသွင် ပြန်ဖြေမည် ဟုလည်း ကျွန်တော် တို့ မျှော်လင့်နေမြဲ။ ထိုအဖြေမှာ ကျွန်တော် တို့ ခန့်မှန်းသည်ထက် ပိုစိတ်ဝင်စားဖွယ်ကောင်းမည် ဟု ကျွန်တော် တို့ ထင်ခဲ့ကြသည်။

'ဒီမေးခွန်းကို ကျွန်တော် ဖြေပါရစေ'

အသံလာရာဆီသို့ ကျွန်တော် တို့အားလုံး လှည့်ကြည့်မိကြသည်။ ကျွန်တော် တို့အရွယ် မျက်နှာစိမ်းလူငယ်တစ်ဦး၊ အဘသွင်ပုံစပြောကတည်းက မလှမ်းမကမ်းတွင် ရှိနေခဲ့သည်။ ခရီးသွားဟန်လွဲသစ်ပင်အောက်တွင် ခဏအနားယူသူအ ဖြစ် သူ့ကို ကျွန်တော် တို့ သတိမထားမိခဲ့ခြင်း ဖြစ်သည်။

လူတွေ အားလုံး သူ့ကို စိတ်ဝင်တစား ကြည့်နေမိသည်။

'ကျွန်တော် ကို ကြည့်နေမလား။ ကျွန်တော့် အဖြေကို နားထောင်မလား'

'နားထောင်မှာ ပေါ့'

ခပ်ဟဟလှမ်းပြောလိုက်သော သူ့စကားကြားမှ ကျွန်တော် တို့အားလုံး အသိဝင်လာကြသည်။ အဖြေခက်သော ပုစ္ဆာတစ်ပုဒ်၏ အဖြေကိုကျွန်တော် တို့ စောင့်နေခဲ့သည်မှာ နှစ် ပေါင်းမနည်းတော့။ ထိုအဖြေကိုရင်တထိတ်ထိတ်ဖြင့် ကျွန်တော် တို့ နားထောင်ချင်ခဲ့ကြသည်။

'အင်း . . . အချိန်တန်ပြီထင်တယ်။ အဘနောက် လိုက်ခဲ့ပါသူငယ်။ ဒီအဖြေ သူ့ကို အရင်ပြောပြမှ ဖြစ်မယ်'

တုတ်ကောက်ကိုအားပြုပြီး အဘသွင် ထရပ်လိုက်သည်။ လူငယ်ကိုခေါ်ပြီး ချယ်ရီပင်ရှိရာဘက် ဦးဆောင်လိုက်သည်။ လူငယ်မှာ အရာရာကိုကြိုသိထားသည့်အလား ဘာမေးခွန်းမျှထုတ်မနေဘဲ အဘသွင်ခေါ်ရာနောက် လိုက်ခဲ့သည်။ ကျွန်တော် နှင့် မိဆိုးလည်း အချင်းချင်းလက်ကုတ်ပြီးသူတို့နောက် တိတ်တဆိတ်လိုက်ခဲ့ကြ သည်။

မြို့ပြင်ရေကန်ဘေးရှိ ချယ်ရီပင်အောက်တွင် သူတို့ ရပ်လိုက်ကြသည်။ ချယ်ရီပင်မှာ စိမ်းလန်းစိုပြေနေပြီး အပင်အောက်တွင် ရွက်ကြွေများ လုံးဝရှိမနေပေ။

'ဒီအပင်လား၊ သူတို့ သစ္စာဆို စိုက်ပျိုးခဲ့ကြတာ'

'ဟုတ်တယ်။ ဒီချယ်ရီပင်ပဲ'

'ဒီလိုဆိုရင် ကျွန်တော် ဘယ်သူလဲဆိုတာ အရင်ဆုံး မိတ်ဆက်ပါရစေ'

အရိပ်ကောင်းသော နေရာတစ်ခုတွင် အဘသွင်ကိုထိုင်ခိုင်းပြီးလူငယ်က ပြောသည်။

'မိတ်ဆက်စရာမလိုပါဘူး။ ပုံပြင်ရဲ့ အဆုံးကိုပဲ အရင်ပြောပါ'ကျွန်တော် တို့ထက် အဘသွင်က ပိုစိတ်စောနေသည်။ လူငယ်မှာ လေပူတစ်ချက်ကို မှု တ်ထုတ်ရင်း စကားစသည်။

ကောင်လေးမှာ ရှေ့တန်းတွင် ကျဆုံးသွားသည်မဟုတ်။ စစ်ပြီးချိန်ထိ ဘေးမသီ ရန်မခ အသက်ရှင်နေခဲ့သည်။ စစ်ပြီးလျှင် ချစ်သူနှင့်အတူသစ္စာဆိုခဲ့သော နေရာသို့ ပြန်ပြီး ချစ်သူနှင့် တွေ့ ရတော့မည် ။ သို့ သော် သူလုံးဝမပျော်ခဲ့ပါ။ အကြောင်းမှာ စစ်အတွင်း သူတို့စခန်းချသော ရွာကိုရန်သူများ အလစ်ဝင်ရောက်တိုက်ခိုက်ကြသည်။ ရန်သူကို ခုခံကာကွယ်ရင်း ရွာသူတစ်ဦးကို သူ့ကျည်ဆန် မတော် တဆထိမှန်ခဲ့သည်။ ထိုရွာသူမှာ အသက်မသေသော်လည်း ဒုက္ခိတဘဝသို့ ရောက်ခဲ့ရသည်။ ကောင်လေးမှာ သူ့ကြောင့် ဖြစ်သည်ဟုဆိုကာ ထိုရွာသူကို တစ်သက်လုံးလည်း ပြုစုစောင့်ရှောက်ဖို့ တာဝန်ယူခဲ့သည်။

ရဲဘော်ရဲဘက်များ က သူမ၏ ကံတရားကြောင့် ဟု ဖျောင်းဖျခဲ့သော်လည်း အမှားတစ်ခုမှ နောက်ထပ်အမှားမထပ်ရအောင် သူမ ဘဝကိုတာဝန်ယူရန် သူ ဆုံးဖြတ်လိုက်သည်။ ထိုရွာသူကို သူ လက်ထပ်ယူခဲ့ပြီးတိုက်ပွဲတွင် သူ ကျဆုံးသွားပြီဟု ထင်စေချင်သော ကြောင့် ချယ်ရီပင်အောက်တွင် သူ့အပြန်ကို စောင့်နေမည့်  သူမကို အကြောင်းမကြားခဲ့မိခြင်း ဖြစ်သည်။

မလှုပ်မရှားနိုင်သော သူမကို ပြုစုစောင့်ရှောက်ရင်း အချိန်တွေ တစ်နှစ် ပြီးတစ်နှစ် ကုန်ဆုံးခဲ့သည်။ သူကွယ်လွန်ပြီး တစ်နှစ် ကြာမှာ သူ့ဒိုင်ယာရီကို အိမ်သားများ က အမှတ်မထင် တွေ့ မိခဲ့ကြသည်။ စာအုပ်ထဲတွင် ချယ်ရီပင်နှင့် သစ္စာဆိုခဲ့သော ကောင်မလေးကို တစ်နေ့မှ သူ မမေ့ကြောင်း၊အမှားတစ်ခုကြောင့် သူနှင့် သူမ ဝေးခဲ့ရကြောင်း၊ နောက်ဆုံးထွက်သက်ထိသူမကို အောက်မေ့သတိရကြောင်း ရေး ထားသည်။

မလှုပ်မရှားနိုင်သော သူမကို ပြုစုစောင့်ရှောက်ရင်း အချိန်တွေ တစ်နှစ် ပြီးတစ်နှစ် ကုန်ဆုံးခဲ့သည်။ သူကွယ်လွန်ပြီး တစ်နှစ် ကြာမှာ သူ့ဒိုင်ယာရီကို အိမ်သားများ က အမှတ်မထင် တွေ့ မိခဲ့ကြသည်။ စာအုပ်ထဲတွင် ချယ်ရီပင်နှင့် သစ္စာဆိုခဲ့သော ကောင်မလေးကို တစ်နေ့မှ သူ မမေ့ကြောင်း၊အမှားတစ်ခုကြောင့် သူနှင့် သူမ ဝေးခဲ့ရကြောင်း၊ နောက်ဆုံးထွက်သက်ထိသူမကို အောက်မေ့သတိရကြောင်း ရေး ထားသည်။

'စာအုပ်က ဒီမှာ ပါ' အိတ်ထဲမှ စာအုပ်တစ်အုပ်ကို လူငယ်ကထုတ်ပေးသည်။

'ကျွန်တော် ပြောစရာရှိသေးတယ်။ ကျွန်တော့် အဖေဆုံးတဲ့အထိ သူချစ်တဲ့ ကောင်မလေးကို သစ္စာမဖောက်ခဲ့ဘူး။ ကျွန်တော့် မေမေကို လက်ထပ်ယူခဲ့တယ်လို့သာ ပြောတယ်။ မောင်နှမလိုအချစ်မျိုး၊ အားပေးဖော်အ ဖြစ်နဲ့သာ သူတို့ နေခဲ့ကြတယ်။ ကျွန်တော် က သူတို့ရဲ့ မွေးစားသားပါ'

'အင်း . . . နင်လည်း စိတ်ချလက်ချသွားတော့။ သူ့စိတ်ကနင့်အနားမှာ ပဲ သစ္စာရှိရှိနေခဲ့တယ်'

ပါးစပ်က တတွတ်တွတ်ရွတ်ရင်း ချယ်ရီပင်ကို အဘသွင် ပွတ်သပ်နေသည်။

'ကျွန်တော် ပြောဖို့တစ်ခုကျန်သေးတယ်'

အိတ်ထဲက အိုးတစ်လုံးကိုထုတ်ရင်း လူငယ်က ပြောသည်။

'ဒါ ကျွန်တော့် မွေးစားအဖေရဲ့ ပြာအိုးပါ။ တစ်နေရာတည်းမှာ အတူမြှုပ်ဖို့ အမေက မှာ လိုက်တယ်'

'ဒီသစ်ပင်အောက်မှာ ပဲ မြှုပ်လိုက်ပါ။ ဒီနေရာမှာ ပဲ သူ့ကိုမြှုပ်ခဲ့တာပါ'

ဒိုင်ယာရီစာအုပ်နှင့် ပြာအိုးကို ချယ်ရီပင်အောက်တွင် သူတို့မြှုပ်နှံလိုက်ကြပြီး လူငယ်မှာ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ အဘသွင်မှာ သစ်ပင်ခြေရင်းတွင် မလှုပ်မယှက် ထိုင်နေခဲ့သည်။ မြူမှု န်လား၊ မီးခိုးလားမသိ မှု န်ဝါးဝါးအငွေ့တချို့က ရေကန်နှင့် သစ်ပင်တစ်ဝိုက်တွင် တစ်ခဏမျှအုံ့ဆိုင်းသွားခဲ့သည်။

မိဆိုးမှာ ကျွန်တော့် လက်ကိုဆွဲပြီး ပြန်ရအောင်ဟုဆို၏ ။ထိုနေရာမှ လှည့်အထွက် ချယ်ရီပင်၏ တစ်ဖက်ခြမ်းတွင် တစ်ယောက် လက်ကို တစ်ယောက် တွဲ ပြီး ဖြည်းဖြည်းချင်း လျှောက်သွားနေသော လူရိပ်နှစ် ရိပ် ကျွန်တော် မြင်လိုက်သည်။ ကျွန်တော် ကပဲ အကြည့်မှားတာလား၊ မိဆိုးကိုမေးတော့ . . .

'ဟုတ်သော်ရှိ မဟုတ်သော်ရှိ 'သူတို့' ကို သွားမနှောင့်ယှက်ရဘူးလေ'

မိဆိုးစကားကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။ သူတို့လည်း တစ်ယောက် ကို တစ်ယောက် အရမ်းလွမ်းနေမှာ ကို ကျွန်တော် ကိုယ်ချင်းစာမိသည်။

မကြာမီ ကျွန်တော် ရှေ့တန်းထွက်ရသည်။ မိဆိုးက သူပြောခဲ့သည့်အတိုင်း ကားတန်းရှိရာသို့ လိုက်မပို့ခဲ့သော်လည်း ချယ်ရီပင်အောက်တွင် သူမ သစ္စာဆိုဆုတောင်းနေမည် ကို ကျွန်တော် သိနေခဲ့သည်။

တစ်လအကြာတွင် မိဆိုးဆီက စာတစ်စောင်ကို ကျွန်တော် လက်ခံရရှိခဲ့သည်။ စာထဲတွင် အဘသွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊အိပ်ရက်နှင့် အေးချမ်းစွာ သေဆုံးသွားကြောင်း၊ သူ့မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးနှင့် သေဆုံးသွားကြောင်း ရေး ထားသည်။အဘသွင် မကွယ်လွန်ခင်က မိဆိုးကို စာတစ်စောင် ပေးခဲ့သည်ဟု ဆို၏ ။ သူ့ကို သဂြိုဟ်ပြီးမှ ဖွင့်ကြည့်ပါဟု မှာ ခဲ့သည်။ စာထဲတွင် အဘသွင်မှာ တစ်ချိန်က မင်္ဂလာဆောင်ရန် စီစဉ်ထားပြီးခါမှ ပွဲပျက်ခဲ့ရသော သတို့သားလောင်း ဖြစ်ကြောင်း၊ သစ္စာကြီးသော သူမကိုယူဖို့ ဆုံးဖြတ်ခဲ့မိသည့်အတွက် နောင်တရမိကြောင်း၊ သူမကို မတားနိုင်ခဲ့သည့်အတွက်လည်း လွန်စွာ နောင်တရမိကြောင်း၊ သူမကို မပိုင်ဆိုင်ရသော်လည်းစောင့်ရှောက်ရန် သူကြိုးစားခဲ့ကြောင်း၊ သူတို့အ ဖြစ်ကို ရာဇဝင်ပုံပြင်သဖွယ်တွေ့ သမျှလူတွေ ကို သူ ပြောပြခဲ့သည်မှာ လည်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် ထိုကောင်လေး နားသို့ ရောက်ပြီး ချယ်ရီပင်အောက်တွင် သူမ စောင့်နေသည်ကို သိရှိရန်အတွက် ဖြစ်ကြောင်း၊ ယခုအခါ သူတို့ချစ်သူနှစ် ဦးမှာ လည်း တမလွန်တွင် ပေါင်းဖက်နေရပြီ ဖြစ်သော ကြောင့် သူ ကျေနပ်စိတ်ချသွားပြီ ဖြစ်ကြောင်း ရေး ထားသည်ဟု ဆိုသည်။

နှစ် ပေါင်းများ စွာ စောင့်စားခဲ့သော ပုံပြင်တစ်ပုဒ်၏ အဆုံးသတ်ကိုအခုမှ ကျွန်တော် သိလိုက်ရသည်။ ကောင်လေး ဖြစ် ဖြစ်၊ ကောင်မလေး ဖြစ် ဖြစ်၊ အဘသွင်ပဲ ဖြစ် ဖြစ်၊ နောက်ပြီး ရွာသူကောင်မလေးပဲ ဖြစ် ဖြစ်၊သူတို့သည် အချစ်ကို နားလည်ကြသူများ ဖြစ်သည်။ အချစ်ကို အချစ်ဖြင့် ချစ်ခဲ့ကြသော အချစ်အပေါ် သစ္စာရှိသူများ ဖြစ်ကြသည်။ ပုံပြင်တစ်ပုဒ်လုံးကို သိပြီးချိန်တွင် အမည် မသိသော ဝေဒနာတစ်ခု ကျွန်တော့် ရင်ထဲတိုးဝင်လာခဲ့သည်။ မိဆိုး၏ စာအောက်တွင် စာကြွင်းအ ဖြစ် ဤသို့ ရေး ထားသေးသည်။

'မောင် ဘာအကြောင်းပဲ ဖြစ် ဖြစ် အရေး မကြုံခဲ့ရင် သေနတ်ကိုလျှောက်မပစ်ပါနဲ့နော်'



ဝန်ဇင်းချစ်သူများ နိုင်းနိုင်းစနေ ၏ “ ဥယျဉ်ထဲက ပန်းတစ်ပွင့် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး

နေရာ

အမေ့လက်ရေးစာစုများ