ဖေမြင့်၏ အမှာ
ဦးဘုန်း ( ဓာတု ) မန္တလေး၏ စာအုပ်များ ကို စာအုပ်ဆိုင်များ မှာ မြင်ဖူး တွေ့ ဖူး လှန်လှောဖူးသည်။ သို့သော် သေသေချာချာ မဖတ်ဖူးခဲ့။ အတွေ့ ရသစာတွေ စူးစူးစိုက်စိုက် ရေး နေသူတစ်ဦးပဲဟူ၍ သာ သူ့ကို မှတ်သားမိခဲ့သည်။
တစ်လော ကတော့ မန္တလေးမှ ကိုဇော်ခိုင်ဦးရောက်လာကာ ဆရာဦးဘုန်းက သူ့စာအုပ်အတွက် အမှာ စာ ရေး ပေးဖို့ မေတ္တာရပ်ခံကြောင်း ပြောဆိုကာ ယခင် ထွက်ပြီး စာအုပ်များ နှင့် ယခု ` အဖေ့အိမ် ´ စာမူ မိတ္တူကို ပေးပါသည်။
ဖတ်ကြည့်သည့်အခါမှာ တော့ . . . .
`အတွေးလက်ဆောင် ´ စာတန်းထိုးထားသည့်အတိုင်း သူ့အတွေးစများ ကို ပုံပြင် ဇာတ်လမ်းတိုများ ၊ ကိုယ်တွေ ဘ၀ပုံရိပ်များ နှင့် သပ်ရပ်စွာ ထုပ်ပိုး တင်ဆက်ပေးထားတာ တွေ့ ရသည်။
ဦးဘုန်းက ဘ၀ပတ်ဝန်းကျင်ကို စူးရှသော အမြင်နှင့် ကြည့်ကာ အသက်အရွှယ်ရော ၊အတွေ့ အကြုံပါ ပြည့်ဝသူတစ်ဦး၏ နှိုင်းချိန် စဉ်းစားစိတ်၊ အသင့် အတင့် နှလုံးသွင်းစိတ်၊ သတိသံဝေဂယူစိတ်များ နှင့် သုံးသပ်ပြီး သင်ခန်းစာတွေ ထုတ်ယူပြသည်။
စာအုပ်အဖွင့်မှာ ပါသည့် ` စောင်ကလေးတစ်ထည် ´ နှင့် နောက်ဆုံးက ဖော်ပြထားသည့် ` အဖေ့အိမ် ´တို့ကို ဖတ်ရှုလျှင် ဘ၀နှင့် စပ်လျဉ်းသည့် ဦးဘုန်း၏ ခံစားမှု နှင့် ယှဉ်သော အမြင်ကို ရိပ်စားမိနိုင်သည်။ ` အကျီ င်္ဖြူဖြူ ´ မှာ တော့ ဦးဘုန်း၏ ရေး သားချက်ည် အခြားစာပုပဒ်အချိုမှာ ဖြူစင်သော အတွေးအမြင် အမူအကျင့်များ နှင့် ကွဲလွဲသလို မြင်မိသည်။
ခြုံပြောလျှင်မူ သူ၏ အတွေးရသ စာများ ထဲမှာ အဓိက လွှမ်းခြုံနေသည်က ` စောင်ကလေး ´ရသစာထဲမှာ သူပြောခဲ့သည့် ကြင်နာခြင်း၊ နွေးထွေးခြင်း၊ စာနာခြင်း ၊ ညှာတာခြင်း၊ နားလည်ခြင်းနှင့် မေတ္တာစိတ်များ ဖြစ်သည်။ အဲ့ဒါ တွေ ဖြင့် သာ သူ့ဘ၀သည် ကျေနပ်စရာ ဖြစ်ရသည်ဟု သူခံယူကြောင်း ကျွန်တော် ကောက်ချက်ချမိသည်။
ဦးဘုန်း ( ဓာတု ) မန္တလေး ပေးသည့် အတွေးလက်ဆောင်များ ထဲမှာ စာဖတ်သူအတွက် ကြိုက်ညီစရာ၊ အသိအမြင်လင်းကာ နှစ်သက် ကျေနပ် မိစရာတွေ ပါသည်။ သည့်အပြင် စာဖတ်သူ့တို့ ဆက်လက်စဉ်းစား၊ အတွေး ပွားစရာတွေ ပါသည်။ သည့်အပြင် စာဖတ်သူတို့ ဆတ်လက်စဉ်းစား၊ အတွေး ပွားစရာတွေ လည်း ပါပါသည်။
ဦးဘုန်းထံမှ ပို၍ ပို၍ ရသမြောက်သော အတွေးအမြင် စူးရှသည် စာများ ဆက်လက် ထွက်ပေါ်လာလိမ့်ဦးမယ်ဟု မျှော်လင့်မိပါသည်။
ဖေမြင့်
၁၉-၇-၂၀၁၀
စာရေး သူ၏ အမှာ စကား
ဒီစာအုပ်သည် ( ၅) အုပ်မြောက် ဖြစ်ပါသည်။
ဒီနေ့ လူတော် တော် များများ သည် စာဖတ်ဖိုက အချိန် မရှိကြပါ။
စာဖတ်ဖို့လည်း အချိန် မပေးနိုင်ကြပါ။
အချိန်ကို ငွေဖြင့် ညီမျှခြင်းချပြီး လောဘနှင့် ရှင်သန်နေကြရသော သူများ ဖြစ်သော ကြောင့် စာဖတ်မလား၊ ငွေယူမလားဆို လျှင် ငွေကိုသာ ယူကြမည့် သူက များ ပါသည်။ လူ၏ အသိဉာဏ်သည် လူ၏ ဘ၀ ဖြစ်သည်။ သို့သော် ငွေသည်သာလူ၏ ဘ၀ ဖြစ်သည်ဟုခံယူသော ယနေ့ခတ် အခြေအနေတွင် စာအုပ်တစ်အုပ် ဖြစ်ရန် ကြိုးစားရသည်မှာ မလွယ်ပါ။
စိတ်ကောင်းရှိဖို့ စာဖတ်ရပါသည်။
လောကဓံကို ခံနိုင်ရည်ရှိဖို့ စာဖတ်ရပါသည်။
စိတ်ဖိစီးမှု သက်သာဖို့ စာဖတ်ရပါသည်။
ကိုယ်ချင်းစာစိတ် ဖြစ်လာဖို့ စာဖတ်ရပါသည်။
စာမဖတ်သူသည် စိတ်အာဟာရ ချို့တဲ့သူ ဖြစ်စေနိုင်ပါသည်။
စာမဖတ်သူသည် မျက်လုံးများ ရှိလျက် ကန်းနေသူသာ ဖြစ်ပါသည်။
စာမဖတ်သူသည် ဦးနှောက်များ ရှိလျက် အသိဉာဏ်မဲ့နေသူသာ ဖြစ်ပါသည်။
စာမဖတ်သူသည် နှလုံးသားများ ရှိလျက် ခံစားချက်မဲ့နေသူသာ ဖြစ်ပါသည်။
ဒါကြောင့် . . .
စာဖတ်စေချင်ပါသည်။ စာဖတ်စေချင်သော ကြောင့် ဖတ်နိုင်လောက်သည့် စလုံးအရေအတွက် ၊ ပေးနိုင်လောက်သည့် အချိန်အကန့်အသတ်၊ စိတ်ရှည် နိုင်လောက်သည့် စာမျက်နှာ အနေအထားမျှကိုသာရေး ဖို့ ကျွန်တော် ဆုံးဖြတ်ပါသည်။
ယုခုစာများ သည် မန္တလေးမြို့ထုတ် ဂျာနယ်များ ၊ သတင်းစာများ တွင် ဖော်ပြပြီးသော စာများ သာ ဖြစ်ပါသည်။
ကျွန်တော့စာများ ကို ဖတ်ပြီး လူငယ်များ က ဒီလိုပြောကြသည်။
“ဆရာ့ရဲ့ စာတွေ က မတိုမရှည်နဲ့ ဆိုတော့ ဖတ်ရတာ မငြီးငွေ့ဘူးဆရာ။ ဖတ်ရတာ အဆင်ပြေတယ်။ ဖတ်ပြီးရင် ရင်ထဲမှာ တစ်ခုခု ခံစားရတယ် ဆရာ”
ငယ်သူငယ်ချင်း အိမ်ထောင်ရှင်း အမျိုးသမီးများ က ပြောသည်။
“နင့်စာတွေ က ထမင်းချက်ရင်းနဲ့ လည်း ဖတ်လို့ရတယ်။ အိမ်မှု ကိစ္စလုပ်ရင်းနဲ့ လည်း ဖတ်လို့ရတယ်။ ဒီပုံစံသာ ရေး ဟာ။ စာအုပ်ကို ဒိ့ထက်လည်း မထူစေနဲ့ ။ စာအုပ်အထူကြီးဆိုရင် ဖတ်ချင်စိတ်က နည်းသွားတယ်ဟ။ နင့် စာအုပ်ကို ငါလည်းဖတ်တယ်။ ငါ့ အမျိုးသားလည်းဖတ် ဖြစ်တယ်။ အိမ်က ကလေးတွေ လည်း ဖတ် ဖြစ်တယ်။ ဒီတော့ နင် စာဆက်ရေး ပါဟာ။”
လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာအချို့က ပြောကြသည်။
“မောင်ဘုန်း။ စာအုပ်ထဲက စာတွေ ကို စာပြန်လုပ်ထားတဲ့ စာတွေ က တော့ ရင်ထဲ မရောကဘူးကွ။ မင်းစာတွေ က လူတွေ ထဲက ထွက်လာတဲ့ စာတွေ မို့လို့ ဖတ်ရတာ အရသာရှိတယ်။ ဖတ်ပြီး တွေးရတာ ပျော်စရာကောင်းတယ်။ ပြီးတော့ စာသင်ခန်းထဲမှာ ကျောင်းသားတွေ ကိုလည်း ဆုံးမလို့ရတယ်။ ပြောပြလို့ရတယ်။ လူတွေ အတွက် အသုံးကျတယ်ကွ”
ရဟန်းသံဃာတော် များ က ဒီလို ဆိုကြပြန်သည်။
“ ဒကာကြီးရဲ့ စာတွေ က ဘုန်းကြီး တရားပွဲမှာ ထည့်ပြီး ဟောလို့ပြောလို့ရတယ်။ ကြိုက်တယ်။ ကောင်းတယ်။ တရားသဘောတွေ ပြည့်နှက်နေတယ်။ မလေးပင်ဘူး။ အကိုးအကား မပါတာကိုက သဘောကျစရာကောင်းတယ်”
ဘာပဲ ဖြစ် ဖြစ် စာဖတ်သူများ က ကြိုက်နှစ်သက် တယ်လို့ ပြောကြတာကြောင့် ရေး ရကျိုးနပ်သည်ဟု ခံစားမိပါသည်။
စာရေး ဖော်ရေး ဖတ်များ ကလည်း ကျွန်တော့်၏ စာများ ကို ဝေဖန်ကြပါသည်။
“ခင်ဗျားရဲ့ စာတွေ က ဘယ်အမျိုးအစားထဲကို ထည့်ရမှန်း မသိဘူး။ ရသလည်း ပါတယ်။ အတွေးလည်း ပါတယ်။ အက်ဆေးလိုလို၊ ၀တ္တုလိုလိုနဲ့ ဆိုတော့ ပြောရခတ်တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ အတွေးတွေ ဟာ ရိုးသားတယ်။ ရဲ့ ရင့်တယ်၊ ထိရှတယ်။ ဒါကြောင့် ခင်းဗျားစာကို လူတွေ က ကြိုက်ကြတာပဲ ဖြစ်မယ်။ ကျူပ်တို့လည်း ကြိုက်တယ်”
လူညံ့မ ဖြစ်ဖို့ စာဖတ်စေချင်ပါသည်။
လူတော် လူကောင်း ဖြစ်ဖို့ စာဖတ်စေချင်ပါသည်။
လောကတိုက်ပွဲ မကျရှုံးဖို့ စာဖတ်စေချင်ပါသည်။
ယခု ` အဖေအိမ် ´ ဟု ဆိုအပ်သော ဤစာအုပ်ကို စာဖတ်သူတို့၏ လက်ဝယ် သို့ ပို့လွှတ်လိုက်ပါပြီ။
ကောင်းကျိုးလိုရဆန္ဒများ ပြည့်ဝကြပါစေ။
ဦးဘုန်း၊ ဓာတု၊
မန္တလေး
ဒီနှစ် ဆောင်တွင်းက တော် တော် အေးတယ်။ မနက် မနက်ဆိုရင် ဆိုင်ကယ်စီးရတာ အရမ်းအေးတာပဲ။ ည ( ၈ ) နာရီလောက်ဆိုရင် အအေးဓာတ်က ၀င်လာပြီ။ ညအိပ်ရင်လည်း ထူထူထဲထဲလေးဝတ်ပြီး ` စောင် ´ သေချာခြုံအိပ်ရတယ်။ အပြင်မှာ လည်း နှင်းတွေ ကျနေတယ်။ တရုတ်အနွေးထည်ထူထူနဲ့ ဘောင်းဘီပွပွကို ၀တ်ပြီး အိပ်ရာ ၀င်ရတယ်။
ဒီလိုနဲ့ ဆောင်းတစ်ည တစ်ရေး နိုးမှာ ကျွန်တော့်ရဲ့ နံဘေး အိပ်မောကျနေတဲ့ ` ချစ်ဇနီး ´ကို ကြည့်မိတယ်။ သူက တရုတ်စောင်ကြီးကို ခြုံ၊ ခေါင်းစွပ်တွေ ၊ ခြေအိပ်တွေ နဲ့ ။ အိမ်မောကျနေလိုက်တာ။ နှစ် နှစ် ခြိုက်ခြိုက်ကြီး အိပ်ပျော်နေလိုက်တာ။ ၀တ်ထားတဲ့ အ၀တ်အစားတွေ ကလည်း ထူထူထဲထဲ လုံလုံခြုံခြုံနဲ့ ။ ကျွန်တော့် ကို ကျောပေးပြီး ဒူးကလေးကိုကွေးလို့ အိပ်နေလိုက်တာများ ။ ဒီနေရာမှာ ကျွန်တော့်  စိတ်တွေ ဟာ ဟိုး . . . လွန်ခဲ့တဲ့ နှစ် ပေါင်း ( ၂၀ )ကျော်ဆီကို ရောက်သွားမိတယ်။
သူနဲ့ ကျွန်တော် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ( ၂၆ ) ရက်နေ့မှာ မင်္ဂလာဆောင်ကြတယ်။ နိုဝင်ဘာပြီးတော့ ဒီဇင်ဘာ . . .။
ဆောင်းညများ ကို ဖြတ်သန်းခဲ့ရတဲ့ မင်္ဂလာဦး အချိန်ပေါ့။ အဲ့ဒီတုန်းက ကျွန်တော့် ဘ၀မှာ ဘာကိုမှ မပိုင်ဆိုင်သေးတဲ့ ကာလပါ။ ကျွန်တော် ပိုင်ဆိုင်တဲ့ မင်္ဂလာဦးပစ္စည်းများများ စားစား မရှိပါ။ ကျွန်တော့် ခုတင်လေး တစ်လုံးရယ်။ ခေါင်းအုံးလေး တစ်ခုရယ်၊ ဘုတလင် စောင်ကလေး တစ်ထည်ရယ်၊ သင်ဖြူးအစုတ်ကလေး တစ်ချပ်ရယ်၊ ပိတ်ခြင်ထောင်ကလေး တစ်လုံးရယ်နဲ့ မင်္ဂလာဦး ကာလတွေ ကို ရင်ခုန်လှိုက်မော့ခဲ့ရတယ်။ သေတ္တာအစုတ်ကလေး တစ်လုံးရယ် ချိန်းခဏခဏ ကျတတ်တဲ့ စက်ဘီးကလေး တစ်စီးရယ်၊ အကျီ င်္အဖြူကလေးနှစ် ထည်၊ ခပ်နွမ်းနွမ်းကချင်ပုဆိုးလေး နှစ် ထည်ရယ်၊ နောက်ပြီးတော့ ကျွန်တော့်ချစ်တဲ့၊ ကျွန်တော် ကိုယ်တိုင် ရယူထားတဲ့ မိန်းမ တစ်ယောက် ရယ် . . . ဒါတွေ ဟာ ကျွန်တော့်ဘ၀နဲ့ ပထမဆုံး မင်္ဂလာဦး ပစ္စည်းတွေ ပါ။
ဒီဇင်ဘာ ဆောင်းကလည်း ချမ်းလိုက်တာ ။ ညညအိပ်ရင် ခေါင်းအုံးကလေး တစ်ခုကို အတူတူအုံးပြီး ` ဘုတလင်စောင် ´ကို နှစ် ယောက် အတူ ခြုံခဲ့ကြတယ်။ သိပ်အေးလို့ ကျွန်တော် က ကွေးလိုက်ရင် သူများ စောင်လွတ်သွားလေမလားဆိုတ့ ညှာတာစိတ်နဲ့ ဘယ်လောက်ချမ်းချမ်း ကွေးပြီး မအိပ်ခဲ့ဘူး။ သူကလည်း . . . ဒီလိုါပဲ။ ဒီ ` စောင်ကလေး ´ တစ်ထည်ကို လုပြီး မခြုံရက်ဘူး။ သူ့ရဲ့ ကိုယ်ငွေ့နွေးနွေးလေးရယ်၊ ကျွန်တော့ရဲ့ ကိုယ်ငွေ့နွေးနွေးလေးရယ် အသားချင်းထိလို့ ဆောင်းညတွေ ကို ကျော်ဖြတ်ခဲ့ရတယ်။ သူရဲ့ နွေးနွေးအိအိကိုယ်လေးကို ဖက်ပြီး အိပ်စက်ခဲ့ရတယ်။ ဘယ်လောက်ပဲအေးအေး စောင်တစ်ထည်ရဲ့ အောက်မှာ ပုဆိုးအစုက်ကလေးကို ၀တ်ထားတဲ့ ကျွန်တော် နဲ့ ထဘီခပ်နွမ်းနွမ်းကို ၀တ်ထားတဲ့ သူနဲ့ နွေးထွေးမှု ကို နှလုံးသားနဲ့ မြင်အောင်ကြည့်ပြီး ရှာခဲ့ကြတယ်။ ရခဲ့ကြတယ်။ ကျေးဇူးတင်စရာကောင်းတဲ့ ဆောင်းညများ ကို ရင်ထဲမှာ မှတ်မှတ်ထင်ထင် ရှိနေမိတယ်။ ` စောင်ကလေး တစ်ထည် ´ ရဲ့အောက်မှာ ညှာတာမှုတွေ ၊ မေတ္တာတရားတွေ ၊ ကိုယ်ချင်းစာစိတ်တွေ ၊ စာနာစိတ်တွေ ဖြစ်ပေါ်နေခဲ့တယ်။ ညတစ်ရေး နိုးရင်လည်း သူများ ` စောင်´ လွှတ်နေမလားလို့ ချစ်တဲ့စိတ်နဲ့ သတိတရ ကြည့်မိတယ်။ သူလည်း ကျွန်တော့် လိုပဲ နေမှာ ပါ။
အေးမြတဲ့ ဆောင်းညတွေ မှာ ဒီ ` စောင်ကလေးတစ်ထည်´ ကြောင့် သူနဲ့ ကျွန်တော့်ကြား မှာ နားလည်မှု တွေ ရခဲ့ကြတယ်။ မပြည့်စုံသေးတဲ့ ကာလိမို့လို့ အခက်အခဲတွေ့ တိုင်း စိတ်ဝမ်းမကွဲဘဲ ပျော်ရွင်စွာ ဖြေရှင်းခဲ့ကြတယ်။ စောင်ကလေးတစ်ထည်အောက်မှာ ရင်ခုန်ခြင်းတွေ ၊ ကြည်နူးချင်းတွေ ၊ ကြင်နာခြင်းတွေ နဲ့ မျှော်လင့်ချက်တွေ ကို အတူတူ အိပ်မက်မက် ခဲ့ကြတယ်။ သူရဲ့ အိပ်မက်ဟာ ကျွန်တော့်ရဲ့ အိမ်မက်ပါပဲ။ ဒီလိုပါပဲ။ ကျွန်တော့်ရဲ့ အိပ်မက်ဟာလည်း သူရဲ့ အိပ်မက် ဖြစ်ခဲ့ပါတယ်။ ခေါင်းအုံးတစ်ခုပေါ်မှာ အတူတူ ခေါင်းချပြီး အိပ်စက်ခဲ့ကြရတာ ဆိုတော့ မျှော်လင်းချက်တွေ လည်း တူခဲ့ကြတယ်။
ထမင်းစားရင်လည်း စားပွဲခုံ အ၀ိုင်းသေးသေးလေးနဲအတူ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လို့ စားခဲ့ကြတယ်။ ဘဲဥတစ်လုံးကို ခရမ်းချဉ်သီးနဲ့ ချက်ပြီး တစ်ယောက် တစ်ခြမ်း အတူတူ စားခဲ့ကြတုန်းက ပျော်စရာကောင်းလိုက်တာ။ ခရမ်းချဉ်သီးအနှစ် ကို သူ့ပန်ကန်း၊ ကိုယ့်ပန်းကန် အပြန်အလှန်ပေါ်ထည့်ပေးလို့ ကြည်နူးခဲ့ရတယ်။ စက်ဘီးအစုတ်ကလေးရဲ့ ကယ်ရီယာပေါ်မှာ သူက ထိုင်၊ ကျွန်တော့ ခါးကိုဖက်၊ ရင်ခုန်စရာ ကောင်းလိုက်တာ။ မပြည့်စုံခြင်းမှာ လည်း ကြည်နူးစရာတွေ ၊ ပျော်ရွင်စရာတွေ ရှိမှန်း အခုမှ တွေးမိတယ်။ မန္တလေးသူ။ မန္တလေးသားပီပီ ညနေစာကို လက်ဖက်သုပ်နဲ့ အတူစားခဲ့ကြတာ တွေးကြည့်ရင် လွမ်းမောစရာပါ။
အခုတော့ . . .
ပြည့်စုံတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နေပြီ။ သူကလည်း သူ့စောင် သူခြုံလို့ ကျွန်တော် ကလည်း ကျွန်တော့်စောင် ကျွန်တော် ခြုံလို့။ သူကလည်း သူ့ခေါင်းအုံးနဲ့ သူ၊ ကျွန်တော် ကလည်း ကျွန်တော့် ခေါင်းအုံးနဲ့ ကျွန်တော် ။ သူကလည်းတရုတ်ဘောင်းဘီ အထူကြီးနဲ့ ။ ကျွန်တော် ကလည်း သူ့လိုပါပဲ။ ` ခြောက်ပေ ´ ပတ်လည် ခုတင်တစ်ခုပေါ်မှာ အတူအိပ်ပြီး အနေဝေးနေကြတယ်။ သူနဲ့ ကျွန်တော့ကြားမှာ ကိုယ်ရနံ့ သင်းသင်းတွေ ၊ ရင်ငွေ့ နွေးနွေးတွေ ၊ တိုးတိုးညင်းညင်း ရင်ခုန်သံတွေ မကြားရတာ အတော် ကြာခဲ့ပေါ့။ အိပ်မောကျနေတဲ့ သူ့ရဲ့ မျက်နှာပေါ်မှာ ကျွန်တော့်ကို ညှာတာစရာ၊ စာနာစရာ မလိုတော့ဘူးဆိုတဲ့ အသိကြောင့် ခက်ခက်ထန်ထန် အိပ်နေသလားလို့တောင် ထင်နေမိတယ်။ ဟုတ်ပါတယ်။ နားလည်မှု ပေးစရာ မလိုတော့ဘူးကိုး။
ကျွန်တော် ကလည်း အလုပ်ရှုပ် ၊ သူကလည်း အလုပ်ရှုပ်၊ ထမင်းလက်ဆုံမစားရတာ ကြာပြီ။
တကယ်လို့ ထမင်းဝိုင်းမှာ ဆုံ ဖြစ်ကြရင်လည်း အလုပ်အကြောင်း ၊ ငွေအကြောင်း။ အောင်မြင်မှု အကြောင်း။ ကိုယ့်ထက်သာသူတွေ ကို သူ့ထက်သာအောင် ဘာလုပ်ရမလဲ ဆိုတဲ့အကြောင်း၊ ဘယ်စတိုးဆိုင်က ပစ္စည်းက ပိုပြီးကောင်းတယ် ဆိုတဲ့အကြောင်း၊ ရွှေဈေးက ဘယ်လို . . .၊ မြေဈေးအိမ်ဈေးက ဘယ်လို ဒါတွေ ပဲ ပြော ဖြစ်ကြတယ်။
အောင်မြင်မှု နောက်ကို လိုက်ရင်း၊ ငွေနောက်ကို လိုက်ရင်း၊ သူနဲ့ ကျွန်တော့်  အကြားမှာ အိမ်ထောင်ရေး ရဲ့ အနှစ် သာရတွေ အဓိပ္ပာယ်မဲ့သွားသလို ခံစားလာရတယ်။ ပိုင်ဆိုင်မှု ရဲ့ နောက်မှာ သူ့ရဲ့ အိပ်မက်နဲ့ ကျွန်တော့်ရဲ့ အိပ်မက် မတူကွဲပြားနေတာကို သတိမပြုမိခဲ့ကြဘူး။ ခုတင်တစ်လုံးပေါ်မှာ အတူတူအိပ်ပြီး ယုံကြည်ချက်တွေ အတူတူ မ ဖြစ်ြ ကတော့ဘူး။ ခုတင်တစ်ခုံးပေါ်မှာ အတူတူအိပ်ပြီး အိပ်မက်တွေ မတူတော့တဲ့ဘ၀ကို ရောက်မှန်းမသိ ရောက်လာခဲ့ကြရတယ်။
မပြည့်စုံတဲ့ အချိန်တုန်းက အ၀တ်တွေ ကို သူကလျှော် ။ ကျွန်တော် က မီးပူတိုက်တယ်။ ထမင်းစားပြီးရင်သူက ပန်းကန်ဆေးတယ်။ ကျွန်တော် က စားပွဲခုံသိမ်းတယ်။ သူက တံမြတ်စည်းလှဲတယ်။ ကျွန်တော် က မှိုက်သိမ်းတယ်။ ပျော်စရာကောင်းလိုက်တာ။ အခုတော့ ဒီအလုပ်တွေ ကို အိမ်ဖော်တွေ က လုပ်ကြတယ်။
မပြည့်စုံသေးတဲ့ အချိန်တုန်းက စက်ဘီးတစ်စီးပေါ်မှာ ကျွန်တော် က နင်းတယ်။ သူက တွန်းတယ်။ ကုန်းအတတ်တွေ တွေ့ ရင် ကျွန်တော် ကို အမောပြေအောင် သူက သီချင်းဆိုပြတယ်။ ကျွန်တော် ကလည်း သူနဲ့ အတူလိုက်ပြီး သီချင်းတွေ အတူဆိုခဲ့တယ်။ ကုန်အဆင်းကို ရောက်ရင်လည်း ကျွန်တော့် ခါးကို သူက ကျစ်ကျစ်ပါအောင် ဖက်ထားတယ်။ အခုတော့ သူကလည်း သူ့ဆိုင်ကယ်နဲ့ သူ၊ ကျွန်တော် ကလည်း ကျွန်တော့် ဆိုင်ကယ်နဲ့ ကျွန်တော် . . . ။အိမ်ထောင်ရေး ရဲ့ အဓိပ္ပာယ်ဆိုတာ ဘာများ လဲလို့ မတွေးမိနိုင်လောက်အောင်ကို ငွေနောက်၊ စိးပွားရေး နောက်၊ အောင်မြင်မှု နောက်ကို ကျွန်တောတို့ လိုက်နေကြတယ်။
သူ ကတော့ အိပ်နေလိုက်တာ . . .။ အပြင်မှာ က နှင်းတွေ ကျနေတယ်။ ရင်ခုန်စရာ ဆောင်းညတွေ ဟာ အခုတော့ အထီးကျန်တဲ့ ဆောင်းညတွေ ဖြစ်နေခဲ့ပြီလေ။
ငွေကြေးတွေ ၊ အောင်မြင်မှု တွေ ၊ ပိုင်ဆိုင်မှု တွေ ဟာ အတိုင်းအတာ တစ်ခုထိတော့ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် ဘ၀တစ်ခုရဲ့ ပြည့်စုံမှု အစစ် မဟုတ်ပါဘူး။ မိသားစုဘ၀ဆိုတာ ငွေတွေ ပုံပေးရုံနဲ့ မပြည့်စုံပါဘူး။ တိုက်ကြီးတွေ ၊ ကားကြီးတွေ ၊ ခြံဝင်းကြီးတွေ နဲ့ အိမ်ထောင်ရေး ဘ၀ကို တည်ဆောက်လို့ မရပါဘူး။ နွေးထွေးမှု တွေ ၊ စာနာမှု တွေ ၊ မေတ္တာတရားတွေ ၊ ညှာတာစိတ်နဲ့ တည်ဆောက်ရတယ်ဆိုတာ အခုမှ တွေးမိတယ်။
ကျွန်တော့် စာသင်ခန်းနဲ့ ကပ်လျက် လေးထပ်တိုက်ပိုင်ရှင် တရုတ်မကြီး ပြောတဲ့ စကားကို ဖောက်သည်ချပါရစေ။
“ဦးဘုန်း . . . ငေါ မပျော်ဘူး။ ဟိုးတုန်းက ပျော်တယ်။ အခု မပျော်ဘူး။ ဟိုးတုန်းက မှော်ထဲမှာ ဆင်းဆင်းရဲရဲနေရတာ ပျော်စရာကောင်းတယ်။ ဆင်းရဲတုန်းက ယောကျာ်းတွေ ဟာ အိမ်ထောင်ရေး အပေါ်သစ္စာရှိတယ်။ ငွေကြေးလည်း ချမ်းသာရော သစ္စာမရှိတော့ဘူး။ ငေါ သားသမီးတွေ လည်း အတူတူပဲ။ ငေါ ဆင်းရဲတုန်းက သူတို့ အရမ်းလိမ္မာကြတယ်။ ငေါတို့လည်း ချမ်းသာရော သူတို့လည်း မိုက်မဲကုန်ကြတယ်။ ငေါယောကျာ်းဆိုငွေနောက်လိုက်နေတာ။ ခရီးသွားနေတာ။ အခု ငေါ တိုက်တွေ တာတွေ ၊ ငွေတွေ နဲ့ အထီးကျန်သလို ခံစားရတယ်။ ငွေရှိရင် ပြည့်စုံပြီလို့ ငေါ ထင်ခဲ့တာ။ ငွေရှိတိုင်း မပြည့်စုံဘူး။ အောင်မြင်မှု ရတိုင်း မပြည့်စုံဘူး။ ` စိုင်းထီးဆိုင်´ သီချင်းကြားဖူးလား.။ ` ရေဆန်မှာ ချော၊ ရေစုန်မှာ မော ´ အဲ့ဒီသီချင်း ငေါ အရမ်းကြိုက်တယ်။ ရေဆန်တုန်းက အတူတူလှော်ခဲ့ကြတယ်။ မော်တယ်။ ဒါပေမဲ့ ပျော်တယ်။ ရေစုန်ကိုလည်းကြုံရော သူကလည်း လှော်ချင်ရာလှော်။ ငါကလည်း လှော်ချင်ရာလှော်နဲ့ ။ ဘ၀ကြီးက အဓိပ္ပာယ်မရှိပါဘူး။ ငေါကို တိုက်ကြီးတွေ ၊ ကားကြီးတွေ နဲ နေလို့ ပျော်တယ် များ ထင်နေသလား။ ငေါ မပျော်ဘူး။ အရင်တုန်းက ဘ၀ဟာ ငွေ မပြည့်စုံပေမဲ့ ငေါ ပျော်တယ်”
အခုတော့ . . . တစ်ယောက် ကို စောင်တစ်ထည်စီနဲ့ ဒီဇင်ဘာရဲ့ ဆောင်းညများ မှာ သူနဲ့ ကျွန်တော် ` စိတ်ချင်းဝေး ´ နေကြတယ်။
တကယ်တော့ . . . .
ပြည့်စုံမှု မှာ လည်း အထီးကျန်မှု တွေ ရှိနေပါလား။ အောင်မြင်မှု မှာ လည်း ကျရှုံးမှု တွေ နဲ့ ပါလား။ ပိုင်ဆိုင်မှု မှာ လည်း လိုအပ်ချက်တွေ နဲ့ ပါလား။
မပြည့်စုံမှု မှာ ရှိတဲ့ ကြင်နာခြင်း၊ နွေးထွေးခြင်း၊ စာနာခြင်း ၊ ညှာတာခြင်း၊ နာလည်ခြင်း၊ မေတ္တာစိတ်တွေ ကို မြင်အောင်ကြည့်ပြီး ကိုယ့်ဘ၀ကိုယ် ကျေနပ်ကြရအောင်ဗျာ။
ဒါကြောင့် စောင်ကလေးတစ်ထည်အောက်မှာ တူညီတဲ့ အိပ်မက်တစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ဆောင်းညတွေ ကို ကျွန်တော် လွမ်းနေရင်းနဲ့ အဲ့ဒီနေ့ညက အိပ်မပျော်ခဲ့ပါဘူးဗျာ။
ဘ၀မေ့ပြီး ဘ၀င်မြင့်နေတဲ့ လူ တစ်ယောက် ဟာသူနဲ့ တွေ့ ခဲ့ရင် . . .
ငါမှန်တယ် ငါမှန်တယ်ဆိုပြီး မောဟ အလံထူလို့ အတ္တနဲ့ ဖွဲစည်းထားတဲ့ လူ တစ်ယောက် ဟာ သူနဲ့ တွေ့ ခဲ့ရင် . . .
ငါကသာ အချောဆုံး ၊ ငါကသာ အလှဆုံးဆိုပြီး အလှမာန်တတ်နေတဲ့လူ တစ်ယောက် ဟာ သူနဲ့ တွေ့ ခဲ့ရင် . . .
ငါသာ အချမ်းသာဆုံး ၊ ငါသာ အခမ်းနားဆုံးဆိုပြီး ဘ၀မာန်တက်နေတဲ့ လူ တစ်ယောက် သာ သူနဲ့ တွေ့ ခဲ့ရင် . . .
ငါ့လောက် ကြီးကျယ်မြင့်မြတ်တဲ့သူ မရှိဘူးဆိုပြီး ဥစ္စာမာန်တတ်နေတဲ့ လူ တစ်ယောက် သာ သူနဲ့ တွေ့ ခဲ့ရင် .. . .
အရူးအမှုးချစ်ပြီး အရှုးအမူး ဖြစ်နေတဲ့ အချစ်ရူး လူငယ်လေး တစ်ယောက် သာ သူနဲ့ တွေ့ ခဲ့ရင် . . .
ဒီပုံပြင်လေးကြောင့် ဘ၀တွေ ပြောင်းလဲသွားမှာ သေချာပါတယ်။
ဒီပုံပြင်ကလေးဟာ အချစ်ကို အရူးအမူး ဖြစ်တတ်ကြတဲ့ လူငယ်တွေ ကို ရည်ရွယ်ပါတယ်။
ဆယ်ကျော်သက်ဘ၀မှာ အချစ်ကို စူးစမ်းကြတယ်။ အချစ်ကြောင့် ကြည်နူးကြတယ်။ အချစ်ကြောင့် ကြေကွဲရတယ်။ အချစ်ကြောင့် ခွန်အား ဖြစ်တယ်။ အချစ်ကြောင့် အောင်မြင်တယ်။ အချစ်ကြောင့် ကျရှုံးတယ်။ အချစ်ဆိုတာဟာ လူငယ်ဘ၀မှာ သဘာဝကြောင့် ဖြစ်ပေါ်လာတဲ့ အရွယ်ဆိုင်ရာ စိတ်ခံစားချက်တစ်ခု ဖြစ်တယ်။
ဒါပေမယ့် ဒီအချစ်ဆိုတာကို အခု ပြောမယ့် ပုံပြင်ကလေးက မှန်မှန်ကန်ကန် တွေးခေါ်တတ်ဖို့၊ ရှုမြင်တတ်ဖို့ ဆုံးဖြတ်ပေးပါလိမ့်မယ်။
တစ်ခါတုန်းက . . .
`လောကဓံ´ လို့အမည် ရတဲ့ ပင်လယ်ပြင်ထဲမှာ ` ဘ၀´ လို့ခေါ်တဲ့ ကျွန်းလေးတစ်ကျွန်း ရှိတယ်။ အဲ့ဒီကျွန်းကလေးကို ` လောကဓံ´ ဆိုတဲ့ ပင်လယ်က လှိုင်းတွေ ပုတ်လိုက်၊ လေတွေ တိုက်လိုက်၊ မုန်တိုင်းတွေ ထန်လိုက်နဲ့ . . . အမြဲတမ်းပဲ ဖျက်ဆီးနေသတဲ့။
အဲ့ဒီကျွန်းလေးပေါ်မှာ ရှိတဲ့ လူနာမည် တွေ က စိတ်ဝင်စားဖို့ကောင်းတယ်။
`မသံယောဇဉ် ´၊ ` ကိကရုဏာ ´၊ ` မမုဒိတာ ´၊ ကိုမေတ္တာ´၊ ` မအချစ် ´၊ မအမုန်း ´၊ `မအလွမ်း ´၊ `မအဆွေး ´၊ `မ မနာလို ´၊ `ကိုဝန်တို ´၊ `မစပ်စု´၊ `ကိုဒေါသ´၊ `မလောဘ´၊ `ဒေါ်မာန´၊` ဦးမောဟ´ ၊` ဦးအတ္တ´ ၊` ဒေါ်အနတ္တ´၊` ကိုစွဲလမ်း´၊` မစေတနာ´၊` မဝေဒနာ´၊ `ကိုတဏှာ´၊ `ဒေါ်အ၀ိဇ္ဇာ´၊` ဦးသင်္ခါရ´၊` ကိုအနစ္စ ´၊` မဒုက္ခ´၊` ကိုသုခ´၊` ကို မျှော်လင်´့၊ `ကိုတွေ ဝေ´၊ `ကိုချင့်ချိန်´၊` ကိုအချိန်´ . . .စတဲ့ နာမည် တွေ ပေါ့။
အဲ့ဒီရွာလူကြီးရဲ့ နာမည် က ` ဦးမောဟ ´ ဖြစ်တယ်။
ဒီရွာကလေးဟာ မနက်မိုးလင်းတာနဲ့ အလုပ်ခွင်ဝင်ကြတယ်။ ကျေးငှက်သံတွေ ၊ တေးသီချင်းသံတွေ ၊ အုန်းမောင်းသံတွေ ၊ ဘုရားဝတ်တက်သံတွေ ၊ မေတ္တာပို့သံတွေ အလွန်းပဲ သာယာတယ်။ ဘုန်းကြီးတွေ က ဆွမ်းခံကြွတယ်။ တကယ့်ကို ပျော်စရာကောင်းတဲ့ ရွာလေးတစ်ရွာပေါ့။
ဒီရွာကလေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၂၀) ပေလောက်မှာ သာ ရှိတဲ့ ကျွန်းကလေး ဖြစ်တယ်။ ဒီရေတွေ တတ်ရင်လည်း ကုန်းမြင်ပေါ်ကို ရောက်အောင် ပြေးတတ်ရတယ်။ မုန်းတိုင်းတွေ လာပြီဆိုရင်လည်း ရင်တထိတ်ထိတ်နဲ့ နေကြရတယ်တဲ့။
ဒီလိုနဲ့ . . . တစ်နေ့မှာ မိုးလေ၀သ သတင်းတစ်ပုဒ် ကြေညာတယ်။
“မိုးလေ၀သ အထူးသတင်း ကြေညာချက်”
“နံနက် ( ၉ ) နာရီအချိန် မိုးလေ၀သ တိုင်းထွာချက်များ အရ ယခုအချိန်မှ ( ၄၈ ) နာရီအတွင်း `လောကဓံ ´ ပင်လယ်ပြင်ကို ဗဟိုပြု၍ အပူပိုင်းမုန်တိုင်း တိုက်ခက်ပါလိမ့်မည် ။ မုန်းတိုင်းတိုက်ခက်ချိန်တွင် ရေပြင်လေသည် တစ်နာရိလျှင် မိုင် (၆၀) အထိ ရှိနိုင်ပါသည်။ မုန်းတိုင်းတိုက်ခက်စဉ်တွင် ဒီရေများ ပေ(၂၀) အထိ မြင့်တတ်နိုင်ပါသည်။ `လောကဓံ ´ ပင်လယ်ပြင်အတွင်းရှိ ကျွန်းပေါ်နေသူများ အနေဖြင့် မုန်တိုင်းလွတ်ရာသို့ အချိန်မီရွေ့ပြောင်းနေထိုင်ရန် လိုအပ်ပါသည်။”
ဒီအကြောင်းကို ရွာသူကြီး `ဦးမောဟ´က တစ်ရွာလုံးမောင်းခတ်ပြီး ကြေညှာလိုက်တယ်။
`ဦး အတ္တ´ကပြောတယ်။
“ဒါမျိုးတွေ ရိုးနေပြီ ၊ နှစ် တိုင်း၊နှစ် တိုင်း၊ မုန်တိုင်းနဲ့ နှပန်းလုံးလာတာ ဒီရွာက ရွှေ့စရာမလိုဘူး”
`ကိုချင့်ချိန် ´ ကပြောတယ်။
“ဒီနေ့က လပြည့်ဆိုတော့ ဒီရေတတ်မှာ တတ်မှာ သေချာတယ်။ ဒီရေအတတ်မှာ မုန်တိုင်းကျရင် တို့ တစ်ရွာလုံး ပင်လယ်အောက်ကို ရောက်သွားနိုင်တယ်။ ဒါ့ကြောင့် အမြန်ဆုံးရွေမှ ဖြစ်မယ်”
`မသံယောဇဉ်´ ကပြောတယ်။
“ကျွန်မ ကတော့ ဒီရွာမှာ မွေးခဲ့တာ။ ဒီရွာကနေ ဘယ်ကိုမှ မရွှေပြောင်းနိုင်ဘူး။ ဒီမှာ ပဲ ဆက်နေမယ်”
`ဒေါ်မာန´ကပြောတယ်။
“သတင်းပဲအေ၊ ဘာမှ ကြောက်စရာ မလိုဘူး။ ဖြစ်ကာမှ ဖြစ်ရေ တို့ ကတော့ ဒီရွှာမှာ ပဲနေမယ်”
အဲ့ဒီအချိန်မှာ `မအချစ်´ ကတွေးနေသတဲ့။
“အင်း . . . တကယ်လို့များ မုန်တိုင်းကျခဲ့ရင် သူနဲ့ တော့ ဝေးရတော့မယ်။ မုန်းတိုင်းရယ် မကျပါနဲ့”
`မ အမုန်း´က ဒီလိုစဉ်းစားသတဲ့။
“ဟိုကောင်မတော့ မုန်းတိုင်းကျရင် သူ့ချစ်သူနဲ့ ဝေးရပြီ ပျော်လိုက်တာ”
`မဒုက္ခ´ ကတော့ ဒီလို ညည်းညူသတဲ့။
“ငါ့ ဘ၀နှယ်ကံ ဆိုးလိုက်တာ”
ဒီလိုနဲ့ ညမှာ ကြီး မဲမဲမှာ မုန်းတိုင်းကျလာပါတော့တယ်။ မုန်းတိုင်းက ထင်တာထက် ပြင်းထန်တယ်။ တစ်ရွာလုံး ကမ္ဘာပျက်သွားတယ်။ “ငိုသံတွေ ၊ ပူဆွေးသံတွေ ၊ ကယ်ကြပါ” ဆိုတဲ့ အသံတွေ ၀က်ဝက်ကွဲအောင် ဆူညံသွားတော့တယ်။ ပင်လယ်ပြင်ထဲမှာ တချို့ကလည်း လှေကိုရအောင်လှော်လို့။ တချို့ကလည်း ရရာပျဉ်ချပ်တွေ ပေါ်မှာ မှီလို့။ တချို့ကလည်း ရရာဘောကွင်းတွေ ကို ခိုစီးလို့ ပင်လယ်ထဲမှာ မျောနေကြတယ်။
“ကယ်ကြပါ၊ ကယ်တော် မူကြပါ”
ဆိုတဲ့ အသံတွေ ပင်လယ်ထဲမှာ လေသံ၊ လှိုင်းသံတွေ နဲ့ အတူ ဆူညံနေပါတော့တယ်။
`လေကဓံ´ ဆိုတဲ့ ပင်လယ်ပြင်ကြီးထဲမှာ `ဘ၀´ ဆိုတဲ့ ကျွန်းကလေးဟာ ပျက်စီး သွားပါတော့တယ်။ မျှော်လင့်ချက်မဲ့နေတဲ့ လူတွေ အားလုံးရဲ့ ရင်ထဲမှာ ဒုကခ္ဒကိုယ်စီနဲ့ ပေါ့။ သူတို့ကို ဘယ်သူများ လာပြီး ကူညီမလဲ၊ ကယ်ဆယ်မလဲဆိုတာကို ရင်ထဲက အရမ်းတောင့်တနေကြပါတော့တယ်။
အဲ့ဒီအချိန်မှာ သူတို့ အားလုံးကိုလိုက်ပြီး ကယ်တင်နေတဲ့ သူ တစ်ယောက် ရှိတယ် ။ သူဟာ အားလုံးရဲ့ ကယ်တင်ရှင်ပါပဲ။
အဲဒီ ကယ်တင်ရှင်ကို ဘယ်သူလို့ ထင်ပါသလဲ. . . ။
ကျွန်တော် တို့ရဲ့ ဘ၀တွေ ဟာ ဒီ ဖြစ်ရပ်နဲ့ အတူတူပါပဲ။ ကျွန်တော် တို့ရဲ့ ဘ၀ဆိုတာ ` လောကဓံ ´ ပင်လယ်ထဲက ကျွန်းကလေး တစ်ကျွန်းမျှသာ ဖြစ်တယ်။ ကျွန်တော် တို့ရဲ့ ရင်ထဲမှာ တော့ အချစ်တွေ ရှိတယ်။ အမုန်းတွေ ရှိတယ်။ အလွမ်းအဆွေးတွေ ရှိတယ်။ အကြင်နာတွေ ရှတယ်။ သံယောဇဉ် တွေ ရှိတယ်။ လောဘ၊ ဒေါသ၊ မောဟ ရှိသလိုကရုဏာစိတ်တွေ ၊ မုဒိတာစိတ်တွေ ၊ မေတ္တာစိတ်တွေ လည်း ရှိတယ်။ စေတနာတွေ ရှိသလို ၊ အတ္တတွေ လည်း ရှိတယ်။ မာနတွေ လည်း ရှိတယ်။
ဘ၀်တစ်ခုမှာ အချစ်နဲ့ လည်း ကြုံရတယ်။ အမုန်းနဲ့ လည်း ကြုံရတယ်။ မလွမ်းချင်ဘဲလည်း လွမ်းပြနေတာ ရှိသလို၊ မဆွေးချင်ဘဲလည်း ဆွေးနေရတာ ရှိတယ်။ သံယောဇဉ်ကြောင့် ဖြစ်လာရတဲ့ ဒုက္ခတွေ ရှိသလို၊ သံယောဇဉ်ကြောင့် ဖြစ်လာရတဲ့ မရေရာတဲ့ မျှော်လင့်ချက်တွေ လည်း ရှိနေပြန်တယ်။ လောဘနဲ့ အော်ဟစ်နေပေမဲ့ ရင်ထဲမှာ တော့ မေတ္တာစိတ်တွေ က ကိန်းအောင်းနေပြန်တယ်။ ငိုကြွေးခြင်းနဲ့ ဘ၀ကို စခဲ့ရသလို ငိုကြွေးခြင်းကိုပဲ တစ်ခါတစ်လေ ကျေနပ်နေမိပြန်တယ်။ အချစ်ကြောင့် ပျော်ခဲ့ရသလို ၊ အချစ်ကြောင့် ပျော်ရွှင်ခြင်းတွေ ဆိတ်သုဉ်းခဲ့ရဖူးတယ်။
ဘာပဲ ဖြစ် ဖြစ်လေ ဘ၀ဆိုတာ လောကဓံပင်လယ်ထဲက ကျွန်းကလေး တစ်ကျွန်းပါပဲ။ တစ်ချိန်ချိန်မှာ မုန်တိုင်းကျမယ်။ တစ်ချိန်ချိန်မှာ ဒီရေတတ်မယ်။ တစ်ချိန်ချိန်မှာ လှိုင်းထန်းမယ်။ တစ်ချိန်ချိန်မှာ အဲ့ဒီလှိုင်းကလေးတွေ ကိုပဲ လှတယ်ဆိုပြီး မြတ်နိုးနေမိပြန်တယ်။ ဘ၀ဆိုတာ ဒီလိုပါပဲလေ။
ဒါပေမဲ့ ကျွန်တော် တို့ရဲ့ ဘ၀တွေ မှာ ကျွန်တော် တို့ရဲ့ စိတ်ကိုဖြည့်ပြီး တွေးနိုင်အောင်၊ ဖြေပြီးတွေးနိုင်အောင် လေ့ကျင့်ပေးတဲ့ ကယ်တင်ရှင် တစ်ယောက် အမြဲတမ်း ရှိနေတယ်။
သူ့ကြောင့် မာနတွေ ပျောက်ကွယ်သွားနိုင်တယ်။ သူ့ကြောင့် အချစ်တွေ ဟာ အမုန်းတွေ ဖြစ်သွားနိုင်တယ်။ သူ့ကြောင့် ပဲ အမုန်းတွေ ဟာလည်း အချစ်တွေ ဖြစ်သွားနိုင်တယ်။ သူ့ကြောင့် လောဘတွေ ၊ အတ္တတွေ ၊ မာနတွေ အားလုံးဟာ မေတ္တာတရားတွေ ၊ ကရုဏာတရားတွေ ၊ မုဒိတာတရားတွေ ဖြစ်ပွားနိုင်သလို၊ သူ့ကြောင့် အရာရာအားလုံးဟာ မေတ္တာတရားတွေ ၊ ကရုဏာတရားတွေ ၊ မုဒိတာတရားတွေ ဖြစ်ပွားနိုင်သလို သူ့ကြောင့် အရာရာအားလုံးဟာ ပြောင်းလဲသွားနိုင်ပါတယ်။
တကယ်တော့ . . .
`သူ´ ဟာ ကျွန်တော် တို့ အားလုံးရဲ့ ခံယူချက်တွေ ၊ ခံစားချက်တွေ ၊ အမြင်တွေ ကို ပြောင်းလဲသွားအောင် ဖန်တီးနိုင်တဲ့ ` နတ်တစ်ပါး ´ ဖြစ်တယ်။
`သူ´ ဟာ လူတွေ ရဲ့ ဘ၀ကို မေ့အောင်လည်း ဖန်တီးနိုင်တယ်။ လူတွေ ရဲ့ ဘ၀ကို အမျိုးမျိုး ဖြစ်အောင်လည်း ဖန်တီးနိုင်တယ်။
သူ့ရဲ့ အဆုံးအဖြတ်ကို ကျွန်တော် တို့အားလုံးရဲ့ ဘ၀တွေ လိုက်နာကြရတယ်။ သူ့ကို တရားသူကြီးနဲ့ တောင် နှိုင်းယှဉ်ကြတယ်။
`သူ´ ဆိုတဲ့ကယ်တင်ရှင်က ဘယ်သူလဲ . . .။
ဘ၀မေ့ပြီး ဘ၀င်မြင့်နေတဲ့ လူ တစ်ယောက် ဟာသူနဲ့ တွေ့ ခဲ့ရင် . . .
ငါမှန်တယ် ငါမှန်တယ်ဆိုပြီး မောဟ အလံထူလို့ အတ္တနဲ့ ဖွဲစည်းထားတဲ့ လူ တစ်ယောက် ဟာ သူနဲ့ တွေ့ ခဲ့ရင် . . .
ငါကသာ အချောဆုံး ၊ ငါကသာ အလှဆုံးဆိုပြီး အလှမာန်တတ်နေတဲ့လူ တစ်ယောက် ဟာ သူနဲ့ တွေ့ ခဲ့ရင် . . .
ငါသာ အချမ်းသာဆုံး ၊ ငါသာ အခမ်းနားဆုံးဆိုပြီး ဘ၀မာန်တက်နေတဲ့ လူ တစ်ယောက် သာ သူနဲ့ တွေ့ ခဲ့ရင် . . .
ငါ့လောက် ကြီးကျယ်မြင့်မြတ်တဲ့သူ မရှိဘူးဆိုပြီး ဥစ္စာမာန်တတ်နေတဲ့ လူ တစ်ယောက် သာ သူနဲ့ တွေ့ ခဲ့ရင် .. . .
အရူးအမှုးချစ်ပြီး အရှုးအမူး ဖြစ်နေတဲ့ အချစ်ရူး လူငယ်လေး တစ်ယောက် သာ သူနဲ့ တွေ့ ခဲ့ရင် . . .
ပြီးခဲ့တဲ့ ` မတ်လ´တုန်းက ကျွန်တော် ရန်ကုန်ကို သွားခဲ့တယ်။ ကျွဲဆည်ကန် ကားကြီးဝင်းမှ ` စည်းစိမ်ရှင် ´ အဝေးပြေးကားနဲ့ ခရီးထွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ကားက ညနေ (၄)နာရီမှာ ထွက်တယ်။ ကားပေါ်မှာ ခရီးသည်တွေ အပြည့်ပါတယ်။ ခရီးကို တစ်ယောက် တည်းသွားတိုင်း ကိုယ့်ဘေးခုံမှာ ဘယ်သူရှိမလဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ အရွယ်တူယောကျာ်းခြင်းဆို စကားပြောဖော်ရတာ ပေါ့။ ကိုယ့်ဘေးခုံမှာ မိန်းကလေး ခပ်ငယ်ငယ် ခပ်ချောချော ဆိုရင် ခရီးသွားရတာ မလွတ်လပ်တော့ဘူး။ တစ်မျိုးတော့ စိတ်ဝင်စားစရာ ကောင်းတာပေါ့လေ။
ဒီတစ်ခေါက် ခရီးသွားတဲ့အခါ ကျွန်တော့် ရဲ့ ဘေးခုံမှာ အသက် ( ၆၀) ကျော်ရဟန်းတစ်ပါး ဖြစ်နေတာ တွေ့ ရတယ်။ ကျွန်တော် အနေအထိုင် ခက်သွားတယ်။ ကျွန်တော့် ဘေးခုံက ရဟန်းတော် ဟာ မျက်လွှာကို ချထားတယ်။ သပိတ်တစ်လုံးပါတယ်။ ယပ်တောင်တသ်ချောင်း ပါတယ်။ နှစ် ထပ်သင်္ကန်းကို ပခုံးပေါ်မှာ တင်ထားတယ်။ ` ၀ိနည်းမိုရ် ´ တဲ့ ရဟန်းတော် ဖြစ်မယ်လို့ တွေးမိတယ်။
ကျွန်တော် တို့ရဲ့ ကားဟာ မိတ္တီတလာမှာ တစ်ခါနားတယ်။ ညနေစာ စားကြတယ်။ တောင်ငူအလွန်မှာ တစ်ခါ နားတယ်။ ညလယ်စာ စားကြတယ်။ တောင်ငူက ` မိုးလင်းဆိုင် ´ တွေ က သားနားပါတယ်။ မီးရောင် တွေ က ထိန်လို့။ ကျွန်တော် ဘေးက ရဟန်းတော် က တိတ်ဆိတ်ငြိမ်သက်စွာ တရားအမှတ်နဲ့ ကားစီးနေပုံရပါတယ်။ ဘယ်သူနဲ့ မှ စကားမပြောဘူး။ အလွန်တည်ငြိမ်တယ်။
ဖြစ်ချင်တော့ ကျွန်တော် တို့ စီးလာတဲ့ ´ စည်းစိမ်ရှင် ´ ကားဟာ ` မနက်လင်းအားကြီး´ မှာ ကားစက်ပျက်တယ်။ ပဲခူးမြို့အနား ရောက်ခါနီး ပါပြီ။ ကားပေါ်မှာ ပါလာတဲ့ စပါယ်ယာ ( ၂) ယောက် ချွေးတလုံးလုံးနဲ့ စက်ကို နှိုက်ကြတယ်။ ဒီလိုနဲ့ မနက် ( ၇) နာရီထိုးအထိ မော်တော် ကားက ပြင်လိုမရပါဘူး။ ခရီးသည်တချို့က ` ဗျစ်တောက်ဗျစ်တောက် ´ ဖြစ်နေကြပြီ။ တချို့ခရီးသည်တွေ ကတော့ ကြုံတဲ့ ကားနဲ့ ရန်ကုန်ကို ခရီးဆက်ဖို့ ပြင်ကြတယ်။ ကျွန်တော် ကတော့ သူတို့ လုပ်နေတာတွေ ကို ကြည့်ပြီး ဘာဆုံးဖြတ်ရမလဲဆိုတာ စဉ်းစားနေတယ်။
မနက် ( ၇ ) နာရီဆိုတော့ ဗိုက်က ဆာလာတာနဲ့ အဆင့်သင့်ပါလာတဲ့ `ပဲလမုန့်´ အထုတ်ကို ဖြေပြီး စားမယ်လို့ ပြင်တဲ့အချိန်မှာ ကျွှန်တော် ဘေးက ရဟန်းတော် ကို သတိရမိတယ်။ ရဟန်းတော် က လမ်းဘေးက သစ်ပင်ရိပ်မှာ တည်ငြိမ်စွာ သီတင်းသုံးနေတယ်။ `ပဲလမုန်´ ကပ်မယ်ဆိုပြီး ရဟန်းတော် ရဲ့ အနားကို ကျွန်တော် သွားလိုက်တယ်။
“အရှင် ဘုရား အာရုဏ်ဆွမ့်းအတွက် ဒီမုန့်ကို ဘုဉ်းပေးတော် မူပါဘုရား။ တပည့်တော် အရှင်ဘုရားကို ကပ်လှူပါတယ်”
အဲဒီ အချိန်မှာ ရဟန်းတော် က သူမှတ်နေတဲ့ တရားကို ခဏနားပြီး ကျွန်တော့် ကို မေးခွန်းတွေ မေးပါတယ်။
“ဒကာကြီး ၊ အာရုဏ်ဆွမ်းအတွက်ရည်မှန်းပြီး ဒီမုန့်ကို ကပ်လှူတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဘုန်းကြီးမေးတာကို ဒကာကြီး ဖြေပြီးမှ ဒီမုန့်ကို ဘုန်းကြီးက ဘုဉ်းပေမယ့်”
“မေးတော် မှု ပါ ၊ဘုရား”
“ဒကာကြီး ကပ်တဲ့ ဒီမုန့်ဟာ ` မီးလွတ်´ ရဲ့ လား၊ ဘုန်းကြီးဟာ ` မီးလွတ်စာ´ ကိုပဲ ဘုဉ်းပေးတယ်”
ကျွန်တော် တွေ ဝေသွားတယ်။ ` မီးလွတ်စာ ´ ဆိုတာ ဒီမုန့်ဟာ မီးနဲ့ ဖုတ်ထား တာ ဖြစ်လို့ မီးမလွတ်ဘူး။ ဒါဆိုရင် အသီးအနှံပဲဘုဉ်းပေးတဲ့သဘော ဖြစ်မယ်လို့ တွေးမိတယ်။ ဒီလိုနဲ့ မနီးမဝေးမှာ ရှိတဲ့ မနီးမဝေးမှာ ရှိတ့ လမ်းဘေးဆိုင်က ငှက်ပျောသီးတစ်ဖီးအပြေး ၀ယ်လိုက်ပါတယ်။
“အရှင်ဘုရား၊ ဒီငှက်ပျောသီးကို အရုဏ်ဆွမ်းအ ဖြစ် ဘုဉ်းပေးတော် မူပါ ဘုရား”
“ဒကာကြီး ဘုန်းကြီးက ` မီးလွတ်စာ´ ကိုပဲ ဘုဉ်းပေတယ်၊ ဒီငှက်ပျောသီးကရော မီးလွတ်ရဲ့ လား”
“မီးလွတ်ပါတယ် ဘုရား”
“ဘာကြောင့် ` မီးလွတ်´ တယ်လို့ ပြောတာတုံး”
“ငှက်ပျောသီးဆိုတာ အသီးအနှံ ဖြစ်တော့ မီးနဲ့ ချက်ပြုတ်ထားတာ မဟုတ်တာကြောင့် မီးလွတ်တာပါဘုရား”
“ဒကာကြီး ဘုန်းကြီးပြောတာကိုနားမှ မလည်ဘဲကိုး ` မီးလွတ်စာ ` ဆိုတာ မီးနဲ့ ချက်ပြုတ်ထားတာကို ပြောတာမဟုတ်ဘူး။ ဒကာကြီး ဒီငှက်ပျောသီးကို ဘာနဲ့ ၀ယ်ခဲ့လဲ”
“ပိုက်ဆံနဲ့ ၀ယ်ခဲ့ပါတယ်ဘုရား”
“အဲ့ဒီပိုက်ဆံတွေ ငွေတွေ ဟာ ` မီးလွတ်´ရဲ့လား”
“တပည့်တော့်  နားမလည်ပါဘူးဘုရား ၊ ရှင်းပြတော် မှု ပါ”
“ဒကာကြီး ရှာလို့ရတဲ့ ငွေကြေးဥစ္စာတွေ ဟာ ၀ိသမလောဘမီး၊ ၀ိသမဒေါသမီး၊ ၀ိသမမောဟမီးနဲ့ ရှာခဲ့တာဆိုရင် ဒကာကြီး အခုဝယ်လာတဲ့ ငှက်ပျောသီးဟာ ` မီးမလွတ်´ ဘူး”
“အရှင်ဘုရား၊ တပည့်တော် ဟာ သာမန် ပုထုဇဉ် ဖြစ်တာကြောင့် လောဘရှိပါတယ် ဘုရား၊။ ဒေါသ၊ မောဟလည်း ရှိပါတယ်ဘုရား။ ဒါဆိုရင် ဒီငှက်ပျောသီးဟာ ` မီးလွတ်စာ ´ မဟုတ်တော့ဘူးပေါ့ ဘုရား”
“ဒီလိုရှိတယ် ဒကာကြီး၊ ဒကာကြီးတို့ လောကီနယ်မှာ လူ တစ်ယောက် ကြီးပွားချမ်းသာဖို့ သမ္မာအာဇီဝကျတဲ့ လောလ၊ ဒေါသ ၊ မောဟ ရှိသင့်တယ် ဆိုတာ ဘုန်းကြီး လက်ခံပါတယ်။ ဒါပေမဲ့ မတရားရှာဖွေလို့ရတဲ့ငွေ၊ သူများ မျက်ရည်ပေါက်ကြီးငယ်ကျအောင် လုပ်ပြီးမှရတဲ့ငွေ၊ သူများ ရဲ့ ဒုက္ခတွေ ကို၊ သူများ ရဲ့ ချွေးတွေ ကို၊ သူများ ရဲ့ လုပ်အားတွေ ကို မတရားရယူပြီး ကိုယ့်ရဲ့ စည်းစိမ် ဖြစ်အောင် ဖန်တီးထားတဲ့ ဥစ္စာပစ္စည်းတွေ ဟာ မသန့်ရှင်းဘူး။ နားလည်အောင်ပြောရရင် ` မျှတတဲ့လောဘ´နဲ့ ` မမျှတတဲ့လောဘ´ ဆိုပြီး ( ၂) မျိုးရှိတယ်။ ` မမျှတတဲ့ လောဘ´ ဆိုတာ ` ၀ိသမလောဘ´ပဲ ။ ၀ိသမလောဘနဲ့ ရှာလို့ရတဲ့ ပစ္စည်းတိုင်းဟာ `မီးမလွတ်´ ဘူး။ အခုဒကာကြီး ဘာနဲ့ အသက်မွေးတယ်။ ဘယ်လိုအသက်မွေး တယ်ဆိုတာ ဘုန်းကြီးမသိဘူး။ ဒါပေမဲ့ ဒကာကြီး အသက်မွေးမှု ဟာ ` ၀ိသမလောဘ´ နဲ့ အသက်မွေးတယ်ဆိုရင် ဒကာကြီး အခုကပ်တဲ့ ငှက်ပျောသီးဟာ ` မီးလွတ်စာ´ မဟုတ်တော့ဘူး။ ၀ိသမလောဘမီးတွေ လောင်မြိုက်နေတဲ့ အတွက် ` မီးမလွတ် ´တဲ့ အစားစာပဲ ဖြစ်တယ်။ တကယ်လို့ ဒကာကြီးဟာ ဓမ္မနည်းကျတဲ့၊ တရားမျှတတဲ့နည်းနဲ့ ကိုယ့်ဘ၀ကို အသက်မွေးတယ်ဆိုရင် ဒကာကြီးပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ဟာ ` မီးလွတ် ´ တယ်။ ဖြစ်သင့် ဖြစ်ထိုက်တဲ့ လောဘ၊ တရားမျှတတဲ့ လောဘနဲ့ ရှာတဲ့ ပစ္စည်းဥစ္စာဟာ ` မီးလွတ် ´ တယ်လို့ ယူရမယ်။ ဒါကြောင့် ဒကာကြီးရဲ့ ငှက်ပျောသီးဟာ ` မီးလွတ်စာ´ ဖြစ်ရဲ့ လား ဒကာကြီးရဲ့ နှုတ်က ` မီးလွတ်စာ´ ဖြစ်တယ်လို့ပြောမှ ဘုန်ကြီး ဒီငှက်ပျောသီးကို အရုဏ်ဆွမ်းအ ဖြစ် ရည်မှန်းပြီး ဘုဉ်းပေးမယ်”
ကျွန်တော် တော် တော် ကြီးကိုတုန်လှုပ်သွားတယ်။ ကျွန်တော့် ရဲ့ အသက်မွေးမှု ဟာ ` မီးလွတ်´ ရဲ့ လား။ ကျွန်တော် ဟာ စာသင်တဲ့ ဆရာ တစ်ယောက် ဖြစ်ပါတယ်။ ကိုယ့်တပည့်တွေ အပေါ် တာဝန်မကျေဘဲ ရယူထားတဲ့ ငွေကြေးဆိုရင် ` မီးမလွတ်´ တောဘူး။ ရသင့်ရထိုက်တဲ့ ဉာဏ်ပူဇော်ခထက် ပိုယူထားတယ်ဆိုရင်လည်း ` မီးမလွတ် ´ဘူး။ မတရားရယူထားတဲ့ ငွေဆိုရင် ` မီးမလွတ်´ တော့ဘူး။
ကျွန်တော် ငှက်ပျောဖီးကိုကိုင်ရင်း ရဟန်းတော် ကို ကြည်ညိုစိတ်နဲ့ ဖူးနေမိပါတော့တယ်။
“ဒီမယ် ဒကာကြီး။ ဒီခေတ် ဒီအခါမှာ လူတွေ ဟာ အတ္တတွေ အလွန် များ နေကြတယ်။ အတ္တပေါ် အခြေခံတဲ့စိတ်ကြောင့် အမှန်အမှားမဆုံးဖြတ်ြ ကတော့ဘူး။ လူတချို့ဟာဆိုရင် လူတွေ ရဲ့ မျက်ရည်တွေ ကို လမ်းခင်းပြီးမှ သူတို့ရဲ့ အောင်မြင်မှု ဆီကို သွားနေကြတယ်။ လူတချို့ဟာ လူတွေ ရဲ့ ဘ၀ကို စတေးပြီးမှ ကိုယ့်ရဲ့ အိုးအိမ်တွေ ၊ နန်းတော် တွေ ကို တည်ဆောက်နေကြတယ်။ လူတချို့ဟာဆိုရင်လည်း ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ ဖြစ်လာဖို့၊ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု တွေ ရရှိဖို့အတွက် ရခဲလှတဲ့ လူတွေ ရဲ့ ဘ၀ကို ၊ အသက်ကို ဖျက်ဆီးနေကြတယ်”
ရဟန်းတော် က သူရဲ့ စကားကို ခဏရပ်လိုက်တယ်။ ကျွန်တော့် ကို အကဲခတ်လိုက်တယ်။ ပြီးမှ ဆက်ပြောတယ်။
“လူ့ဘ၀ဆိုတာ ရခဲ့တယ်လို ကျုပ်တို့ဘာသာဝင်တွေ လက်ခံထားကြတယ်။ ကိုယ့်ဘ၀ကျတော့ ရခဲ့တယ်လို့မြင်ပြီး ကိုယ့်ဘ၀ မပျက်ဖို့၊ ကျုယ့်ဘ၀ကောင်းစားဖို့၊ ကိုယ့်ဘ၀အောင်မြင်မှု ရဖို့ သူတစ်ပါးဘ၀တွေ ကို ဖျက်ဆီးတာဟာ သဘာဝမကျဘူး။ တွေးကြည့်စမ်းပါ ဒကာကြီးရယ်။ ကိုယ့်ဘ၀ ရခဲ့သလို သူ့ဘ၀လည်း ရခဲ့တယ်လေ။ ကိုယ့်ဘ၀ တည်မြဲဖို့ လူတွေ ရဲ့ ဘ၀ကို ဖျက်ဆီးတယ်ဆိုတာ ရခဲ့တယ်ဆိုတဲ့ လူဘ၀သဘောကို နားမလည်လို့ပဲ။ ဒကာကြီးလည်း ဒကာကြီးဘ၀ တည်မြဲဖို့ လူတွေ ရဲ့ ဘ၀ကို ဖျက်ဆီးနေသူလား။ ကိုယ့်ဘ၀တည်မြဲမှု ဟာ သူ့ဘ၀ ရှင်သန်နဲ့ ဆက်သွယ်နေတယ်ဆိုတဲ့ အသိတရားနဲ့ ရှင်သန်နေသူလား။ စဉ်းစားကြည့်ပါ။မတရားတဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတာ ရခဲလှတဲ့ လူတွေ ရဲ့ ဘ၀ကို မီးလောင်တိုက်သွင်းနေခြင်းပဲ။ အဲ့ဒီမီးတွေ နဲ့ ရှာထားတဲ့ ဥစ္စာငွေကြေးဟာ မီးမလွတ်ဘူး။ အောင်မြင်မှု ဟာ မီးမလွတ်ဘူး။ ဘုန်းကြီး ပြောတဲ့ ` မီးလွတ်စာ ´ ဆိုတာ ဒကာကြီး သဘောပေါက်မှာ ပါနော် ”
ကျွန်တော် တော် တော် တုန်လှုပ်သွားတယ်။ ဘုရားသားတော် တွေ ဖြစ်တဲ့ ရဟန်းတော် တွေ ဟာ ကျွန်တော် တို့ကို လိမ္မာအောင် ဆုံးမပေးတယ်။ ကျွန်တော် တို့ သတိလက်လွတ် ဖြစ်နေတဲ့ စိတ်တွေ ကို ဉာဏ်ကြီးတဲ့ စိတ်တွေ ဖြစ်အောင် ပြောပြပေးတယ်။ ရင်ထဲမှာ အရမ်းကျေးဇူးတင်နေမိတယ်။ ပြီးတော့ . . . ကိုယ့်ရဲ့ ဖြတ်သန်းမှု ဘ၀တွေ ကိုလည်း တစ်ထိုင်တည်း စဉ်းစားနေမိတယ်။
“ဒကာကြီး၊ ဘုန်းကြီးကလည်း လာပြီးကပ်လှူတဲ့ စားသောက်ဖွယ်ရာများ ကို ` မီးလွတ် ´ အောင် ဘုဉ်းပေးတော် မှု ရတယ်”
“မီးလွတ်အောင် ဘုဉ်းပေးတယ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်ပါလဲဘုရား ”
“ဒီအစားအစာကို စားပြီး လောကအကျိုးကို သယ်ပိုးပြီးမှသာ ` မီးလွတ် ´အောင် ဘုဉ်းပေးတယ်လို့ အဓိပ္ပာယ်ရတယ်။ ဒကာကြီးတို့ ကပ်လှူတာကို ဘုန်းကြီးတို့ ဘုဉ်းပေးပြီး အတ္တတွေ ထူထောင်နေတယ်ဆိုရင် ဒါဟာ မီးလွတ်အောင် ဘုဉ်းပေးခြင်း မဟုတ်ဘူး။ လူတွေ အပေါ်မှာ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေ နဲ့ ဆက်ဆံရင် ဘုန်းကြီးစားတဲ့ အစားအစာဟာ ` မီးမလွတ် ´ ပြန်ဘူး။ ဒီအစားအစာကို စားပြီး ဝေနေယျသတ္တ၀ါတွေ အပေါ်မှာ မေတ္တာပွားနိုင်မှ၊ မေတ္တာထားနိုင်မှ အများ ဒုက္ခကို ကိုယ့်ဒုက္ခလို့ ခံစားပြီး အများ ဘ၀ကို ကယ်တင်မှ ` မီးလွတ် ´ တဲ့ ဘုဉ်းပေးနည်း လို့ခေါ်တယ်”
အဲဒီ အချိန်မှာ မော်တော် ကား ပြင်ပြိးသွားပြိ။ ကျွန်တော် လည်း ကျွန်တော့်ရဲ့ ရင်ထဲက အတ္တတွေ ကို ထင်ထင်ရှားရှား ဆုံးမပေးတဲ့ ရဟန်းတော် ကို ဦးချပြီးကားပေါ် ပြန်တတ်လာခဲ့တယ်။
ကျွန်တော့်လက်ထဲမှာ တော့ ငှက်ပျောဖီးကြီးနဲ့ ပေါ့။
“ဟူး . . . ဒီအပါတ်လည်း ထီမပေါက်ပါလား”
ထိုးထားတဲ့ ထီတွေ ရယ်၊ ထီပေါက်စဉ်ရယ်တိုက်ပြီး ကျွန်တော် ညည်းတွားမိတယ်။ လဆန်းတိုင်း ထီဖွင့်ရက်ဆိုရင် ထီပေါက်လိမ့်မလားလို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထီတိုက်ခဲ့တာ ဒီအသက် ဒီအရွယ်အထီပဲ။ ထီထိုးတိုင်း လိပ်စာပေးခဲ့တယ်။ ဖုန်းနံပါတ် ပေးခဲ့တယ်။ လစဉ် လဆန်း ( ၁)ရက် (၂)ရက်ဆိုင် ထီပေါက်ကြောင်း ဘယ်သူများ လာပြောမလဲလို့ အမြဲ ရင်ခုန်မိတယ်။ ထီပေါက်ကြောင်းဖုန်းများ ဆက်လေမလားလို့ ဖုန်းသံကြားတိုင်း စိတ်လှုပ်ရှားမိတယ်။
မြတံခွန်နဲ့ အောင်သန်းဆု ထီဆိုင်ကြီးတွေ က သိန်းထောင်ဆုပေါက်တဲ့သူကို အပိုဆုပေးတဲ့ အခမ်းအနား ပွဲတွေ တွေ တိုင်း အားကျမိတယ်။ တစ်နေ့ အဲ့ဒီနေရာမှာ ကိုယ် ဖြစ်ရမယ်ဆိုတဲ့ အသိစိတ် ရင်ထဲမှာ အမြဲရှိနေတယ်။ ရုပ်ရှင် သရုပ်ဆောင်တွေ နဲ့ တွဲ ပြီး ဓာတ်ပုံရိုက်လိုက်မယ်ဆိုတဲ့ စိတ်ကူးကလည်း ရိုနေသေးတယ်။
ကျွန်တော် တစ်ခါမှ ထီမပေါက်ဘူးပါ။ ဒါပေမဲ့ ထီပေါက်လိမ့်မယ်လို့ လုံးဝ ယုံကြည်ပါတယ်။ ဒီကနေ့ထိတော့ စိတ်ဓာတ်မကျဘဲ ထီကို ဇွဲရှိရှိနဲ့ ထိုးဆဲပါ။ အတိတ်က ဒါနမျိုးစေ့ ဘယ်လောက်ရှိသလဲ သိချင်လို့ လစဉ် ထီထိုးပါတယ်။ လစဉ်လည်း မျှော်လင့်ပါတယ်။
လက်ဖက်ရည်ဆိုင်တွေ မှာ ထီရောင်းတဲ့ကလေးတွေ ရှိပါတယ်။ သူတို့ကို တွေ့ ရင် ကျွန်တော် ထီအမြဲတမ်း ထိုးတယ်။ အလကားနေရင်းတောင် ဆေးလိပ်သောက်၊ ကွမ်းစား၊ ဘီယာဆိုင်ထိုင်ပြီး ပိုက်ဆံတွေ ကုန်သွားတတ်သေးတာ။ ထီထိုးတယ်ဆိုတာ ထီမဖွင့်မချင်း ငါ ထီပေါက်နိုင်တယ်ဆိုတဲ့။ အရသာရှိတဲ့ စိတ်ကလေးနဲ့ နေရထိုင်ရတာ အင်မတန်ကို ကြည်နူးစရာကောင်းတယ်။ ဒါပေမဲ့ ထီမပေါက်ခဲ့ဘူးဆိုရင်လည်း တစ်လအတွင်း ပြန်ပြီး ကံစမ်းခွင့်ရှိတယ်။ လစဉ်လတိုင်း ရင်ခုန်ရတဲ့ အရသာကို ထီထိုးဖူးသူတိုင်း သိကြပါတယ်။
ကျွန်တော် ညနေ ( ၃ ) နာရီဆိုရင် ` မင်းမဟာ ´ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကျပါ။ ` လက်ဖက်ရည်မိတ်ဆွေ ´ တွေ ကျွန်တော့် မှာ ရှိပါတယ်။ စကားပြောဖော် ပြောဖက်တွေ ပါ။ စာပေ ဆွေးနွေးဖော် တွေးနွေးဖက်တွေ ပါ။ ထီထိုးဖော် ထိုးဖက်တွေ ပါ။ လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတော့ ရောက်တတ်ရာရာတွေ ပြောတတ်ကြပါတယ်။
တစ်ခါတလေလည်း ဘောလုံးပွဲအကြောင်း၊ တစ်ခါတစ်လေလည်း ကမ္ဘာသတင်း၊ နိုင်ငံသတင်းအကြောင်း၊ တစ်ခါတလေကျတော့လည်း ရသီဥတုအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း ပြော ဖြစ်ကြတယ်။ တစ်ခါတလေ ကျတော့လည်း တရားဓမ္မအကြောင်း၊ တရားစခန်းအကြောင်း ၊ ပဋိစ္စသမုပ္ပာဒ်အကြောင်း ပြော ဖြစ်ပြန်တယ်။ တစ်ခါတလေကျတော့လည်း ဘီယာဆိုင်က ကောင်မလေးတွေ အကြောင်း ၊ မြေဈေးအကြောင်း ပြော ဖြစ်ပြန်တယ်။
လကုန်ခါနီး တိုင်း ပြော ဖြစ်တာ ကတော့ ထီဖွင့်ခါနီး ပြီ ဆိုတဲ့အကြောင်း၊ ထီပေါက်ရင် ဘယ်လို ကဲလိုက်မယ်၊ ဘာတွေ ၀ယ်လိုက်မယ်။ ဘယ်တွေ သွားလိုက်မယ်ဆိုတဲ့အကြောင်း ပြော ဖြစ်ကြတယ်။
ကျွန်တော် တို့စကားပြောတဲ့ လကုန်ခါနီး တစ်ရက်မှာ ကျွန်တော့် ရဲ့ မိတ်ဆွေ တစ်ယောက် က စကားပြောရင်း ` ခေါင်းမူးတယ် ´ လို့ပြောတယ်။ သူ အိမ်ပြန်သွားတယ်။ ကျွန်တော် လည်း ( ၄ )နာရီထိုးတော့ စာသင်ဖို့အတွက် အတန်းတွေ ရှိတဲ့ ဆီကို သွားခဲ့ရတယ်။ ပထမ အချိန် ပြီးခါနီး ညနေ ( ၅ ) နာရီလောက်မှာ ကျွန်တော့် ဆီကို တယ်လီဖုန်း မြည် လာတယ်။ ညနေက ခေါင်းမူးပြီး အိမ်ပြန်သွားတဲ့ ကျွန်တော့် မိတ်ဆွေ သွေးတိုး ဖြစ်ပြီး ဆုံးသွားတယ်တဲ့။
ကျွန်တော် အရမ်း အံ့သြသွားတယ်။ ညနေကမှ ထီပေါက်ရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး၊ ကျွန်တော့် တို့ ပြောခဲ့ကြသေးးတာ။ အခု သူက မရှိတော့ဘူးတဲ့။ မြန်လိုက်တာ ။ ဒီလိုနဲ့ သူ့အသုဘကို ကျွန်တော် လိုက်ပို့ရတယ်။ အသုဘ လိုက်ပို့ရင်း ကျွန်တော် စဉ်းစားမိတာလေး ပြောပြပါရစေ။
မြန်မာနိုင်ငံမှာ လူသန်းပေါင်း ( ၅၀ )ကျော် ရှိတယ်။ တစ်လကို သိန်း ( ၁၀၀၀ ) ထီ တစ်ဆုပဲ ဖွင့်တယ်။ လူသန်းပေါင်း ( ၅၀ ) ထဲမှာ တစ်ယောက် သာလျှင် ပိုင်ဆိုင်ခွင့်ရှိတဲ့ သိန်း (၁၀၀၀) ဆုကို ကျွန်တော့် တို့မျှော်လင့်ကြတယ်။ ဒီလ မပေါက်ရင် နောက်လ ပေါက်လိမ့်မယ်လို့ ကျွန်တော် တို့အမြဲယုံကြည် တယ်။ ထီမပေါက်သေးဘူး . . . ပေါက်ခဲ့ရင် လှူမယ်၊ တန်းမယ်၊ ရွှေဝယ်မယ်၊ မြေ၀ယ်မယ်၊ ကဲမယ်၊ သုံးမယ်၊ ငွေဆောင် သွားမယ်၊ ချောင်းသာ သွားမယ်၊ မိသားစုနဲ့ ဘုရားဖူး ထွက်မယ်၊ ကားဝယ်မယ်၊ လုပ်ငန်းတစ်ခုခုမှာ ငွေအရင်း ထည့်ပြီး စီးပွားရေး လုပ်ပစ်လိုက်မယ်။ ဒီလိုတွေးပြီး စိတ်ကူးတွေ ယဉ်လိုက်ကြရတာ လစဉ်လတိုင်းပါပဲ။ ကျွန်တော် လည်း သိန်း (၁၀၀၀ ) ထီမပေါဖူးဘူး။ ကျွန်တော့်  သူငယ်ချင်းတွေ ထဲမှာ လည်း သိန်ူ ( ၁၀၀၀ ) ထီပေါက်တဲ့သူ မကြားဖူးဘူး။
အခု သေသွားတဲ့ ကျွန်တော့် မိတ်ဆွေဟာ သိန်း ( ၁၀၀၀ )ထီပေါက်ရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး အမြဲပြောတတ်တဲ့သူ။ ဒါပေမဲ့ သူမရှိတော့ဘူး။ မသေချာတဲ့ သိန်း ( ၁၀၀၀ ) ထီပေါက်ဖို့ ယုံကြည်မျှော်လင့်နေကြတဲ့ ကျွန်တော် တို့ မေ့နေတာ တစ်ခုရှိတယ်။ လူသန်းပေါင်း ( ၅၀ ) ထဲမှာ သိန်း ( ၁၀၀၀ ) ထီပေါက်ဖို့ မသေချာဘူး။ တစ်ယောက် တည်းသာ ဖြစ်နိုင်တယ်။ အဲ့ဒီ တစ်ယောက် ဟာ ကိုယ် ဖြစ်မယ်လို့ အမြဲ စိတ်ကူးယဉ်ခဲ့ကြတယ်။ လူသန်းပေါင်း ( ၅၀ ) ထဲမှာ နေစဉ်နေစဉ် သေဆုံးနေကြတဲ့ လူတွေ ကိုမြင်တိုင်း အဲ့ဒီ တစ်ယောက် ဟာ ငါ ဖြစ်နိုင်တယ်လို့ မတွေးခဲ့မိဘူး။ စိတ်မကူးခဲ့ဘူး။
သေဖို့ ကတော့ သေချာတယ်။ ထီပေါက်ဖို့က မသေချာဘူး။
ဒါပေမဲ့ ငါ သေမယ်လို့ တစ်ခါမှ မတွေးမိဘူး။ မန္တလေးမြို့မှာ ဆိုရင်နေစဉ် လူ( ၇၀ )လောက်သေနှုန်းရှိတယ်။ တစ်လကို လူ ( ၂၀၀၀ ) ကျော်လောက်သေတယ်။ အဲ့ဒီထဲမှာ ကိုယ်ပါနိုင်တယ်လို့ တစ်ခါမှ မတွေးမိဘူး။ ဒါပေမဲ့ လူသန်း ( ၅၀ ) မှ တစ်ယောက် သာ ဖြစ်နိုင်တဲ့ သိန်း ( ၁၀၀၀ ) ထီကိုတော့ ကိုယ်အလှည့် ရောက်နိုင်တယ်လို့ အမြဲတွေးမိတယ်။
ကျွန်တော် တို့ စိတ်တွေ ဟာ သိပ်ပြီး အံ့သြစရာကောင်းတယ်။ အကောင်းတွေ ကိုတော့ အမြဲမျှော်လင့်တယ်။ အဆိုးတွေ ကိုတော့ နားနဲ့တောင်မကြားချင်ဘူး။
ဗေဒင်ဆရာက ထီပေါက်နိုင်တယ်လို့ပြောရင် ကြိုက်တယ်။ ဘယ်ဆိုင်က ထိုး၊ ဘယ်ဂဏန်းကို ထိုး၊ ဘယ်နေ့သားနဲ့ တွဲ ထိုး၊ ဘယ်နေ့ထိုး၊ ဘယ်အချိန်ထိုး၊ ထီးထိုးရင် စိတ်ကူးလိုက်ရတာ ပျော်စရာပါ။ ဒါပေမဲ့ ဗေဒင်ဆရာက ဘယ်နေ့ သေနိုင်တယ်လို့ ပြောရင် မကြိုက်ချင်ဘူး။ ဘယ် ရောဂါ နဲ့ သေမယ်။ ဘယ်လို ပုံစံနဲ့ သေမယ်။ ဘယ်နေရာမှာ သေမယ်။ အဲ့ဒီလိုပြောရင် စိတ်ကူးဖို့ နေနေသာသာ အဲ့ဒီလို ပြောတဲ့ ဗေဒင်ဆရာကို လက်သီးနဲ့ ထ ထိုးမိမှာ ။
ထီမပေါက်သေးဘူး။ ထီပေါက်ရင် ဘာလုမ်မယ်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှု တွေ စိတ်ထဲမှာ အများ ကြီးပဲ။
`သေ ´ ဖို့ `သေချာ´ တဲ့ ကျွန်တော် တို့က မသေခင် ဘာလုပ်မယ်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှု ဘာမှ မရှိသေးဖူး။ သေပြီးရင်လည်း ငါ ဘာ ဖြစ်မယ်လို့ တစ်ခါမှ မစဉ်းစားမိကြဘူး။ သေပြီးတဲ့နောက် ဖြစ်လာမယ့် ဘ၀တစ်ခုအတွက် အခုကတည်းက ဘာတွေ လုပ်ထားသင့်တယ်ဆိုတာ မတွေးမိဘူး။ တွေးမိရင် လည်း လက်တွေ့ အကောင်အထည် မဖော် ဖြစ်ဘူး။
သေဖို့ ကတော့ လုံးဝသေချာတယ်။ အခုလား . . . နေလား . . . ညလား. . . မနက်ဖြန်လား . . .။ ဒါပေမဲ့ သေဖို့အတွက်ဘယ်တော့မှ မျှောင့်လင့်မထားဘူး။
ထီပေါက်ဖို့ ကတော့ လုံးဝ မသေချာဘူး။ ဒါပေမဲ့ လဆန်းတိုင်း ကိုယ်ထီပေါက်လိမ့်မယ်၊ ကိုယ်ထီပေါက်နိုင်တယ်လို့ အမြဲမျှော်လင့်ထားတတ်တယ်။
` မသေချာ´တဲ့ `ထီ´နဲ့ `သေချာ´ တဲ့ ` သေခြင်း ´ အတွက် ဘာမှ မပြင်ဆင်ရသေးတဲ့ ကျွန်တော် ဟာ တွေးမိနေခြင်းပါ။
`သေချာ´ တဲ့`သေခြင်း ´ အတွက် ဘာမှ မပြင်ဆင်ရသေးတဲ့ ကျွန်တော် ဟာ ` မသေချာ´ တဲ့ `ထီ´ အတွက် လတိုင်း လတိုင်း ပြင်ဆင်နေမိတယ်။ လူ တစ်ယောက် သေဆုံးသွားရင် သေးသွားတယ်လို့ပဲ တွေးမိတယ်။ ` ငါလည်း သေနိုင်တယ် ´ လို့ အထိ မတွေးမိဘူး။ လူ တစ်ယောက် ထီပေါကရင် ထီပေါက်တယ်လို့ ဆိုတဲ့ အတွေးမှာ ထင် ရပ်မနေဘဲ ` ငါလည်း ထီပေါက်နိုင်တယ် ´ လို့ အထိ တွေးမိတယ်။
သတင်းစားဖတ်တိုင်း နာရေး ကြော်ငြာတွေ မှာ ကျွန်တော် တို့ နာမည် တစ်နေ မဟုတ်တစ်နေ သေချာပေါက် ပါမယ်ဆိုတာ မတွေးမိကြပါဘူး။ ကိုယ်မိတ်ဆွေ နာရေး ကြော်ငြာပါရင် သူတော့ သေသွာပြီ။ ငါ အလှည့် ဘယ်တော့လဲဆိုတာ ဆက်မတွေးမိဘူး။
သတင်းစာထဲက သိန်း ( ၁၀၀၀ ) ထီထွက်တဲ့နေဆို ` ငါများ ဖြစ်လေမလား ´ လို့ တွေးမိသူတွေ ချည်းပါပဲ။ ကိုယ့်မိတ်ဆွေ တစ်ယောက် သာ ထီပေါက်ရင် နောက်တစ်ခါ ` ငါ အလှည့် ´ လို့ ကျွန်တော် တို့ အမြဲတွေးမိကြတယ် မဟုတ်လား။
` ထီပေါက် ´ ဖို့ မျှောင်လင့်သလို ` ငါသေနိုင်တယ် ´ လို့လည်း မျှော်လင့်သင့်တယ်။
` ထီပေါက်ဖို့က မသေချာ ´ ဘူးနော်။
` ငါသေဖို့က သေချာ´ တယ်။
`ထီပေါက်ရင် ဘာလုပ်မယ် ´ လို့ တွေးထားသလို၊
` ငါသေရင် ဘာ ဖြစ်မယ် လို့ တွေးကြည့်စေချင်ပါတယ်။
ကိုယ့်လက်ထဲမှာ တော့ ထိုးထားတဲ့ ထီလက်မှတ်တွေ ကိုင်ပြီး ရင်ခုန် မျှောင်လင့် နေကြတယ်။
ဒီလိုပါပဲ . . .
ကိုယ့် ဘ၀ထဲမှာ တော့ ကိုယ်ကိုယ်တိုင်ပြုမူထားတဲ့ အကောင်းအဆိုး အဖြူအမည်း၊ ကုသိုလ် အကုသိုလ်တွေ နဲ့ . . . ။
![]() ကြက်ရိုးဒဿန | ![]() သုည အတွေးရသစာစု | ![]() နီးနီးဝေးဝေး အတွေးလက်ဆောင် |