အသစ်ထုတ်ဝေခြင်းအချီး
ဤစာအုပ် ပထမအကြိမ်ထုတ်သည် ၁၉၄၆ ခုနှစ်တွင် ထွက်ခဲ့သည်။ဘာသာစကား ရှစ်မျိုးဖြင့် ဘာသာပြန်ဆိုခဲ့ကြသည်အပြင် အဖုံးပျော့နှင့် ထုတ်ဝေမှု တို့လည်း ရှိခဲ့သည်။ ၁၉၆၁ ခုနှစ် အဖုံးပျော့ထုတ်ဝေခြင်းတွင် ငှားရမ်းခ ကြီးကြပ်ကွက်ကဲမှု နှင့် ပတ်သက်သော အခန်းတစ်ခုကို ဖြည့်စွက်ခဲ့သည်။ ပထမအကြိမ် ထုတ်ဝေခြင်းတွင် ဤအကြောင်းကို သီးသန့် မစဉ်းစားခဲ့ပေ။ အစိုးရသည် အထွေထွေ ကုန်ဈေးနှုန်းကန့်သတ်မှု တို့အကြောင်းလောက်ကိုသာ ကိုင်တွယ်ခဲ့သည်။ ယခုစာအုပ်တွင် စာရင်းအင်းနှင့် ဥပမာ ပြအချို့  ကို ခေတ်မီအောင် ပြု ပြင်ထားသည်။
သို့ မဟုတ်လျှင် ယနေ့အထိ ဘာကိုမျှ ပြင်ဆင်ပြောင်းလဲမိမည် မဟုတ်ပေ။ အဓိကအကြောင်းမှာ ၎င်းတို့ကို ပြင်ဆင်ရန် မလိုဟု ယူဆခဲ့သောကြောင့် ဖြစ်သည်။ ကျွန်ုပ် စာအုပ်သည် အထွေထွေစီးပွားရေးမှု ကြီးတို့ကို လည်းကောင်း၊ ဤမှု ကြီးတို့ကို လျစ်လျု ရှုလျှင် တွေ့ကြုံ ရမည့် ပြစ်ဒဏ်တို့ကိုလည်းကောင်း၊ (ဥပမာ တစ်ရပ်ရပ်က ပြု လုပ်သည် အန္တရာယ်ကိုမဆိုလိုပါ။) အလေးအနက် ပြု ၍ ရေးသားထားသည်။ ကျွန်ုပ်ဖော်ပြသော ဥပဒါဟရုဏ်တို့သည် အမေရိကန်အတွေ့အကြုံ တို့အပေါ် အခြေတည်ထားပါသည်။ သို့ ရာတွင် အစိုးရ ၀င်ရောက်စွက်ဖက်မှု မျိုး ကဲ့သို့ သော ကိစ္စမျိုး တို့သည် အပြည်ပြည်ဆိုင်ရာ လက္ခဏာမျိုး ဆောင်လာခဲ့သည်။ မည်သို့ ပင်ဆိုစေကာမှု သုံးဆယ်နှစ်နှစ်ကြာပြီးသောအခါတွင် စာအုပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြည်လည်း မွမ်းမံပြင်ဆင်ရန် လိုအပ်လာပြီဟု တွေးထင်မိသည်။ ဥပမာများ နှင့် စာရင်းဇယားတို့ ခေတ်နှင့်လျော်ညီအောင် ပြန်လည်မွမ်းမံရသည့်လုပ်ငန်းအဖြစ် ကျွန်ုပ်သည် ငှားရမ်းခကြီးကြပ်ကွပ်ကဲရေး ပြဿနာအပေါ် အခန်းတစ်ခုကို ဖြည့်စွက် ရေးသားလိုက်ပါသည်။ ၁၉၆၁ ခုနှစ်က ဆွေးနွေးချက်တို့သည် ယခုဆိုမလုံလောက်တောပေ။ ထို့ပြင် ကျွန်ုပ်သည် နောက်ဆုံးအခန်းကိုလည်း နှစ်ပေါင်းသုံးဆယ်အပြီးသင်ခန်းစာဟူ၍ အသစ်ရေးလိုက်သည်။ ထိုအခန်းတွင် သင်ခန်းစာကို ယနေ့ခေတ်တွင် အဘယ်ကြောင့် အသည်းအသန် လိုအပ်သနည်းဆိုခြင်းကို ရှင်းပြထားသည်။
အိပ်ခ်ျအိပ်ခ်ျ
ဝီလတန်၊ ကွန်နက်တီကပ်ပြည်နယ်
ဇွန်၊ ၁၉၇၈ ခုနှစ်။
ပထမအကြိမ် ထုတ်ဝေခြင်းအချီး
ရှေးရိုးစွဲအယူဝါဒသစ်ကဲ့သို့ ဖြစ်လာသည်အထိ အလွန်ကျယ်ပြန့်လာသော စီးပွားရေးယုတ္တိမတန်မှု တို့ကို ဤစာအုပ်က စိစစ်ဝေဖန်ဖော်ပြထားသည်။ ထို့သို့ မဖြစ်ရန် ဟန့်တားထားသည် အချက်တစ်ချက်မှာ ဤယုတ္တိမတန်မှု တို့ကို အတွင်းဝိရောဓိတို့ပင် ဖြစ်သည်။ အလားတူသော အနုမာန မှန်းဆချက်တို့ကို လက်ခံကြသော်လည်း ဤအတွင်း ၀ိရောဓိတို့က ထိုသူတို့အား အမျိုး မျိုး ဂိုဏ်းကွဲသွားစေခဲ့သည်။ ဤသို့ ဂိုဏ်းကွဲကြရသည်မှာ လည်း ရိုးစင်းသော အကြောင်းတစ်ကြောင်းကြောင့် ဖြစ်သည်။ ယင်းမှာ လက်တွေ့ဘ၀နှင့် ထိတွေ့နေသော ကိစ္စအရပ်ရပ်တို့တွင် အားလုံးတစ်သမတ်တည်း မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဂိုဏ်းသစ်တစ်ခုနှင့် အခြားဂိုဏ်းတစ်ခုကြား ခြားနားချက်နှင့် ကမောက်ကမ နိုင်မှု တို့ကို စောစောစီးစီး သိခြင်းနှင့် နောက်ကျမှ သိခြင်းနှင့် နောက်ကျမှ သိခြင်းတို့သာ ဖြစ်သည်။ သူတို့ကမှားယွင်းသော အနုမာန မှန်းဆချက်တို့က ကမောက်ကမနိုင်မှု တို့ကို မွေးထုတ်ခြင်းသာ ဖြစ်သည်။ သို့ သော် ဂိုဏ်းနှစ်ဂိုဏ်းကြား ခြားနားမှု သည် တစ်သမတ်တည်း မဖြစ်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် မှားယွင်းသော အနုမာန မှန်းဆချက်တို့ကို မသိလိုက် မသိဘာသာ စွန့်လွှတ်လိုက်သောကြောင့်လည်း ဖြစ်သည်။ သို့ တည်း မဟုတ် ယုတ္တိတရားက တောင်းဆိုသည့် ကောက်ချက်ထက်စိတ်အနှောက်အယှက်နည်းသော ၊ အိပ်မက်ဆန်မှု နည်းသော ကောက်ချက်တို့ကို လက်ခံလိုက်သောကြောင့်လည်း ဖြစ်သည်။
သို့ ရာတွင် ယခုအချိန်တွင် ဤယုတ္တိမတန်မှု အချို့  ကို လက်ခံမှု မရှိသည့်တိုင်အောင် စီးပွားရေးမှု ၀ါဒတို့တွင် ဤယုတ္တိမတန်မှု တို့ ဩဇာလွှမ်းခံရသော အစိုးရဟူ၍ မရှိတော့ပေ။ ထို့ကြောင့် ဘောဂဗေဒပညာရပ်ကို နားလည်ရန် အတိုလမ်းနှင့် စိတ်အချရဆုံးလမ်းမှာ ဤအမှားတို မြစ်ဖျားခံရာကို ခွဲစိတ်ကြည့် ရှုခြင်းသာ ဖြစ်သည်။
ဤစာအုပ်တွင် အကြောင်းအရာများ ကို အသေးစိတ်ရှင်းလင်းတင်ပြထားပါသည်။ အယူအဆတို့သည် မူလဘူတ အယူအဆများ ဖြစ်ပါသည်ဟူ၍ ကား မပြောလိုပါ။ အယူအဆများ စွာ တို့သည် တကယ်စင်စစ်တွင် ရှေးဟောင်းအမှားတို့ကို ပြန်လည်အသက်သွင်းထားခြင်းမျှသာ ဖြစ်ကြောင်းကြိုး စား၍ ရှင်းပြထားသည်။ အတိတ်အကြောင်းကို မသိသူတို့သည် ထိုအတိတ်ဆီသို့ ပင် တစ်ကျော့ပြန်သွားရန် စေစားခံရသည်ဆိုသော အဆိုအမိန့်အတိုင်းပင် ဖြစ်တော့သည်။
မရှက်မကြောက်ပြောရလျှင် ယခုအက်ဆေးသည်ပင် "ဂ န္တ၀င်"၊ "ရှေးရိုးအစဉ်အလာ" နှင့် "ရှေးရိုးစွဲ" ဖြစ်သည်ဟု ယူဆသည်။ ယုတ်စွအဆုံး ဤစကားတို့သည် နာမ၀ိသေသနများ ဖြစ်၍ ဤနေရာတွင် သူတို့ကို စောဒက တတ်ချက်တို့ကို ဝေဖန်ဆန်းစစ်သူတို့က လက်ခံရန်ငြင်းဆိုကြပါလိမ့်မည်။ အမှန်တရားကို တတ်နိုင်သမျှ များများ ရလိုသော ကျောင်းသားအဖို့မှု ဤနာမ၀ိသေသနတို့ကြောင့် ကြောက်လန့်သွားမည်ပုံ မရှိပါ။ သူသည် စီးပွားရေးအတွေးအခေါ်ဆိုင်ရာ တော်လှန်ရေးတစ်ရပ်ကိုသော်လည်းကောင်း၊ "လမ်းသစ်" ကိုသော်လည်းကောင်း ရှာလိမ့်မည် မဟုတ်။ သူ စိတ်သည် စိတ်ကူးအသစ်တို့ကို လက်ခံနိုင်စွမ်းရှိပါသည်။ သို့ ရာတွင် သူသည် အတွေးအခေါ်သစ်တို့ကို အတွေးအခေါ်ဟောင်းများ နည်းတူ လက်ခံနိုင်စွမ်းရှိပါသည်။ သူသည် သစ်သည်၊ ဆန်းသည် ဆိုသော အချက်အတွက်ဖြစ်စေ၊ မူလပင်ရင်းကျသည်ဆိုသည် အချက်အလက်ဖြစ်စေ ဟန်ရေးပြလိုသော လုပ်ဆောင်မှု များ ကို ပယ်ချရန်လည်း ၀န်မလေးပါ မောရစ်အာရ်ကိုဟင် မှတ်ချက်ချသလို ချရလျှင် "ပြီးခဲ့သော အတိတ်ကာလက တွေးခေါ်ရှင်းအားလုံးတို့က အမြင်တို့ကို ပယ်ပစ်နိုင်သည်ဆိုသော ကျွန်ုပ်တို့ဧ။် ကိုယ်ပိုင်အမြင် အယူအဆသည် အခြားသူတို့အတွက် တန်ဖိုးရှိစေလိမ့်မည်ဟူသော မျှော်လင့်ချက်ကိုလည်း မဖြစ်စေနိုင်တော့ချေ"
အဘယ်ကြောင့်ဆိုသော ဤစာအုပ်သည် (အောက်ခြေမှတ်စုနှင့် ကိုးကားစကားများ အနည်းငယ်ပါရုံမှလွဲ၍ ) အခြားသူတို့အား ကျေးဇူးတင်ကြောင်း ၀န်ခံစကားများ မပြောဆိုဘဲ မိမိဘာသာ လွတ်လွတ်လပ်လပ် ပြု စုထားသောကြောင့် ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ ဉာဏ် အထက်မြက်ဆုံး ပုဂို လ်တွေကြားထဲ ပါဝင်ရေးသားရသူ တစ်ဦးအဖို့ ဤသဘောသည် မလွဲမသွေ ဖြစ်ရပါသည်။ သို့ ရာတွင် အနည်းဆုံး စာရေးဆရာသုံးဦးကိုတော့ မေ့ထားလို့ မဖြစ်နိုင်ပါ။ ကျွန်ုပ်ဧ။်အကြီးမားဆုံး ကျေးဇူးကြွေးသည် ဖရက်ဒရစ် ဘတ်စ်ရှီယက် အက်ဆေး Ce qu'on voit et ce qu'on ne voit pas ဖြစ်ပါသည်။ ဤအက်ဆေးသည် ရာစုနှစ်တစ်ခု အိုပြီ။ ဤ အက်ဆေးကို ယခုလက်ရှိ ရှင်းပြချက်တို့အတွက် အခြေခံဘောင်အဖြစ် အသုံးပြု ထားပါသည်။ ထို့ကြောင့် လက်ရှိကျမ်းသည် အမှန်စင်စစ်တွင် ဘစ်စ်ရှီယက် စာလွှာတွင် တွေ့ရှိထားသည် ချဉ်းကပ်မှု ကို ခေတ်မီအောင် ပြု ပြင်ထားခြင်း၊ တိုးချဲ့ ထားခြင်းနှင့် အနှစ်ချု ပ်ထားခြင်းသာ ဖြစ်သည်ဟု ယူဆနိုင်သည်။ ကျွန်ုပ်က ဒုတိယကျေးဇူးကြွေးပြီးသည် ဖီးလစ်ဝစ်စတိဒ်ပေါ်တင်နေသည်။ နောက်ဆုံး အကျဉ်းချု ပ် အခန်းအတွက် ဖြစ်သည်။ အထူးသဖြင့် လုပ်ခအကြောင်းအခန်းသည် သူဧ၊၊် Commonsense of Political Economy စာအုပ်ကို ကျေးဇူးတင်ပါမည်။ ကျွန်ုပ်က တတိယကျေးဇူးကြွေးက လဒ်ဝစ်ပွန့်မိုက်စ် အပေါ်တွင် ဖြစ်ပါသည်။ အထူးသဖြင့် သူဧ။် ငွေကြေးဖောင်းပွမှု ပျံ့နှံ့ပုံ ဖြစ်စဉ် ရှင်းလင်းချက်ကို ကိုးကားရ၍ ဖြစ်သည်။
ယုတ္တိမတန်မှု တို့ကို စိစစ်သုံးသပ်ကြည့်သောအခါ ဝေဖန်သုံးသပ်ခံရသူတို့က နာမည်နာမတို့ကို ထုတ်ဖော်ပြောဆိုခြင်းမျိုး သည် မလုပ်ထိုက်ဟု တွေးထင်ခဲ့သည်။ ဤသို့ ထုတ်ဖော်ပြောဆိုလျှင် ဝေဖန်ခံရသူ တစ်ဦးစီအား မနစ်နာရအောင် အထူးတလည် ဂရုစိုက်ရန် လိုအပ်လိမ့်မည်ဟု ယူဆသည်။ ကိုးကားချက်တို့တွင် သူဧ။် အလေးပေးမှု ၊ အကျယ်ဋီကာ ရှင်းလင်းပုံ၊ သူ၏ ပုဂ္ဂို လ်ဆိုင်ရာ မသဲကွဲမှု ၊ တစ်သမတ်တည်း မဖြစ်မှု စသည်တို့ကို အလေးထားရပါမည်။ ထို့ကြောင့် ကားလ်မာ့က်စ်၊ သော်စတိန်းဗက်ဘလင်၊ မေဂျာဒေါက်ကလပ်၊ လော့ဒ်ကိန်းစ်၊ ပါမောက္ခ အယ်လ်ဗင်ဟင်ဆန်နှင့် အခြားသူများ ၏ နာမည်များ မပါသည်ကို မည်သူမျှ စိတ်မပျက်သင့်ကြပေ။ ဤစာအုပ်၏ ရည်ရွယ်ချက်သည် တစ်စုံတစ်ရာသော စာရေးဆရာတို့၏ အမှားတို့ကို ဖွင့်ချရန် မဟုတ်ပါ။ မကြာခဏ ကျယ်ကျယ်ပြန့်ပြန့် ဩဇာ အရှိန်ကြီးသော ပုံသဏ္ဍာန်ဖြင့် ပေါ်ထွန်းသော စီးပွားရေးအမှားတို့ကို ဖော်ထုတ်ရန်သာ ဖြစ်သည်။ ယုတ္တိမတန်မှု တို့အတွက် တာဝန်ရှိသော ကျမ်းပြု သူတို့လည်း မှေးမှိန်ပျောက်ကွယ်ကုန်ရသည်။ ဤတွင် သီအိုရီမူဝါဒ တစ်ရပ်ကို လွယ်ကူအောင် ပြု လုပ်ကြပြီး ဋီကာချဲ့သည်။ ဤဋီကာချဲ့မှု ထဲတွင် ငါ့စကားနွားရ စောဒတတ်မှု တို့ ကွယ်ပျောက်သွားကြသည်။ မသဲမကွဲ ဖြစ်သူနှင့် သချာင်္ညီမျှခြင်းတို့သည် ကြည်လင်သလို ဖြစ်လာသည်။ လော့ဒ်ကိန်းစ်က ဖော်ထုတ်ခဲ့သလို မဟုတ်ဘဲ သို့ တည်းမဟုတ် အခြား ကျမ်းပြု သူတို့က ဖော်ထုတ်ခဲ့သလို မဟုတ်ဘဲ ကျွန်ုပ်က ဖက်ရှင်ကျကျ ဖော်ပြသည် ဟူသောအချက်ဖြင့် မစွပ်စွဲသင့်ပါ။ ကျွန်ုပ်သည် နိုင်ငံရေးအရ ဩဇာညောင်းသော အစုက လက်ကိုင်ထားသည့် ယုံကြည်မှု ၊ ဤ ယုံကြည်မှု အပေါ် အစိုးရက ဆောင်ရွက်ပုံတို့တွင်သာ စိတ်ဝင်စားပါသည်။ ဤ ယုံကြည်မှု တို့၏ သမိုင်းဇာစ်မြစ်တို့ကို စိတ်မ၀င်စားပါ။
နောက်ဆုံးတွင် လာမည့် စာမျက်နှာတို့တွင် စာရင်းဇာယားတို့ကို ရှားရှားပါးပါး ရည်ညွန်းမိသည့်အတွက် ကျွန်ုပ်အား ခွင့်လွှတ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ စာရင်းဇယားတို့ဖြင့် အခိုင်အမာ ဖြစ်စေရန် ကြိုး စားခဲ့ရာတွင် အခွန်အတုတ် ဈေးနှုန်းကန့်သတ်ခြင်း၊ ငွေဖောင်းပွခြင်းနှင့် ကျောက်မီးသွေး၊ ကြက်ပေါင်စေး၊ ၀ါကဲ့သို့ သော ကုန်စည်တို့ပေါ် ထိန်းချု ပ်ခြင်းတို့မှ ဖြစ်ပေါ်သော အကျိုး ဆက်တို့ကို ရည်ညွန်းခဲ့ရပါသည်။ ဤသို့ ပြု နေသောကြောင့် စာအုပ်သည် ထင်တာထက် ပိုထူသွားခဲ့ပါသည်။ အလုပ်လုပ်နေသော သတင်းစာသမားတစ်ဦးအနေဖြင့် ကျွန်ုပ်သည် စာရင်းဇယားများ မြန်မြန်ဆန်ဆန် ခေတ်နောက်ကျသွားပုံများ ၊ စာရင်းဟောင်းတွေ နေရာတွင် စာရင်းသစ်တို့က အစားထိုးဝင်ရောက်လာပုံများ ကို ကိုယ်တိုင်လက်တွေ့ နှံလုံးမူမိပါသည်။ သီးသန့် စီးပွားရေး ပြဿနာတို့ကို ယထာဘူတကျစွာ ဆွေးနွေးနေကြသော သူများ အနေဖြင့် စာရင်းဇယားအပြည့်အစုံဖြင့် ဖတ်ရူကြရန် အကြံပေးလိုသည်။ သူတို့လေ့လာခဲ့သော အခြေခံမှု ကြီးတို့ဖြင့် စာရင်းအင်း တို့ကို မှန်ကန်စွာ အနက်အဓိပ္ပာယ်ဖော်နိုင်လျှင် အခက်အခဲတွေ့စရာ သိပ်မရှိဟု ယူဆမိသည်။
ကျွန်ုပ်သည် ဤစာအုပ်ကို တတ်နိုင်သမျှ လွယ်ကူအောင်၊ တတ်နိုင်သမျှ ပညာရပ်နည်းနာပိုင်တို့ကင်းအောင်၊ တတ်နိုင်သမျှ တိကျအောင်၊ သို့ အားဖြင့် ဘောဂဗေဒနှင့် ပတ်သက်၍ အကျွမ်းတ၀င် မရှိသော စာဖတ်သူတစ်ဦးပင် နားလည်သဘောပေါက်နိုင်အောင် ကြိုး စားရေးသားထားပါသည်။
ဤစာအုပ်ကို ပြု စုနေစဉ် အခန်းသုံးခန်းသည် သီးခြားဆောင်းပါးများ အဖြစ် ဖော်ပြခဲ့ပြီး ဖြစ်သည်။ နယူးယောက်တိုင်းမ် သတင်းစာ၊ အမေရိကန်စကောလားနှင့် နယူးလီဒါတို့တွင် ပါရှိပြီး ဆောင်းပါးများ အား ပြန်လည် ပုံနှိပ်ခွင့် ပြု သောကြောင့် ကျေးဇူးတင်လိုသည်။ စာမူကိုဖတ်ပြီး အကြံဉာဏ်ကောင်းများ ပေးသည့်အတွက် ပါမောက္ခ ဗွန် မိုက်ခါ အားလည်းအထူးတလည်း ကျေးဇူးတင်လိုသည်။ ရေးသားချက် သဘောထား အမြင်တို့ အတွက်မူ ကျွန်ုပ်တွင် သာ တာဝန်လုံးဝရှိပါသည်။
အိပ်ခ်ျအိပ်ခ်ျ
နယူးယောက်
မတ် ၂၅၊ ၁၉၄၆
သင်ခန်းစာ
လူတို့သိရှိသည် အခြားမည်သည့် လေ့လာမှု တို့ထက်မဆို ဘောဂဗေဒသည် ယုတ္တိမဲ့မှု တို့ဖြင့် ပိုပြီး ခြောက်လှန့်ခံရသည်။ ဤသည်မှာ မတော်တဆ ဖြစ်ခြင်း မဟုတ်ပေ။ ဘာသာရပ်၏ ပင်ရင်းဇာစ်မြစ်ကိုယ်တွင်က ခက်ခဲ့လွန်းသဖြင့် ဤသို့ ဖြစ်ရသည်ဟုပြောသော် ပြောနိုင်ကောင်းသည်။ သို့ ရာတွင် အချင်းအရာတစ်ရပ်ကြောင့် ဤခက်ခဲ့မှု တို့သည် အဆပေါင်းများ စွာ တိုးပွားသွားရသည်ကို သတိချပ်ရာသည်။ ဤအချင်းအရာသည် အတ္တကိုယ်ကျိုး ဘက်မှ အထူး လျှောက်လဲပေးရသော အချက် ဖြစ်သည်။ အတ္တကိုယ်ကျိုး အကြောင်းသည် ရူပဗေဒ၊ သချာင်္ သို့ မဟုတ် ဆေးပညာတို့တွင် ဘာမျှ အရေးပါးခြင်း မရှိပါပေ။ အစုအဝေးတစ်ခုတိုင်းသည် အခြားတစ်စုအဝေးအားလုံးနှင့် စီးပွားရေးအကျိုး စီးပွားချင်း ဆင်တူတာ ရှိသလို အစုအဝေးတိုင်းသည် အခြားအစုအဝေးအားလုံးတို့နှင့် ဆန့်ကျင်သော အကျိုး စီးပွားများ လည်း ရှိကြကုန်သည်။ တစ်စုံတစ်ရာသော အများ ပြည်သူဆိုင်ရာ (အစိုးရ) မူဝါဒတို့က ရေရှည်တွင် လူတိုင်းကို အကျိုး ဖြစ်စေနိုင်သလို အခြားမူဝါဒတို့က လူတစ်စုကိုသာ အကျိုး ဖြစ်ထွန်းစေပြီး အခြားအစုတို့ကို ထိခိုင်နစ်နာစေသည်လည်း ရှိသည်။ မူဝါဒကြောင့် အကျိုး ကျေးဇူးခံစားရသူ အစုက ဤမူဝါဒတို့တွင် တိုက်ရိုက် အကျိုး စီးပွားပါဝင် ပတ်သက်လာရကား ဤ မူဝါဒတို့ ကောင်းကြောင်းကို ကျိုး ကြောင်းဆီလျော်စွာ နှင့် အစဉ်တစိုက် ဆင်ခြေပေးကြမည်သာ ဖြစ်သည်။ ဤအစုသည် သူတို့အတွက် ဆင်ခြေ ကောင်းကောင်းပေးနိုင်သော ထူးချွန်ထက်မြက်သူတို့ကို ငှားရမ်းအသုံးပြု ပါလိမ့်မည်။ ထို့ပြင် ဤလူစုက နောက်ဆုံးတွင် မိမိတို့၏ ရပ်တည်ချက်သည် ခိုင်လုံပါကြောင်း အများ ပြည်သူတို့အား သဘောပေါက်အောင် ဟောပြော ပါလိမ့်မည်။ သို့တည်း မဟုတ် အကြောင်းအရာအပေါ် ရှင်းရှင်းလင်းလင်း စဉ်းစားတွေးခေါ်ရန်မဖြစ်နိုင်တော့သည်အထိ ပြည်သူများ အား ရူပ်ထွေးသွားအောင် ပြု လုပ်ပါလိမ့်မည်။
မိမိကိုယ်ကျိုး အကြောင်းကို မဆုံးအောင် ဆင်ခြေများ ပေးသည်အပြင် ဒုတိယ အဓိက စီးပွားရေး အချင်းအရာ တစ်ရပ်ကလည်း ရှိလာပြန်သေးသည်။ ဤအချင်းအရာက စီးပွားရေး ယုတ္တိမတန်မှု တို့ကို နိစ္စဓူဝ ပေါက်ဖွားစေသည်။ ဤအချင်းအရာကား တခြားမဟုတ်။ လူုတို့ကိုယ်တိုင်က မူဝါဒတစ်ရပ်၏ လက်ငင်းချက်ချင်း အကျိုး သက်ရောက်မှု တို့ကိုသာကြည့်လိုသော လက္ခဏာဖြစ်သည်။ သို့ တည်းမဟုတ် အထူးသီးသန့် အစုအပေါ်တွင်သာ မူဝါဒ အကျိုး သက်ရောက်ခြင်းကို ကြည့်လိုသော လက္ခဏာဖြစ်သည်။ ဤလက္ခဏာသည် ထိုမူဝါဒ၏ ရေရှည်အကျိုး သက်ရောက်မှု တို့ကို လေ့လာစုံးစမ်းရန် ပျက်ကွက်စေသည်။ အထူးသီသန့် အစုအပေါ် သာမကအစုအားလုံးအပေါ်သက်ရောက်မှု တို့ကို လေ့လာစုံစမ်းရန်ကိုလည်း လျစ်လျူ ရူစေသည်။ ဤအချက်သည် ဒုတိယအကျိုး သက်ရောက်မှု တို့ကို မျက်စိလျှံစေသော ယုတ္တိမတန်မှု ပင် ဖြစ်သည်။
ဤတွင် ယုတ္တိမတန်မှု ထဲတွင် ဘောဂဗေဒအကောင်းနှင့် ဘောဂဗေဒအညံ့တို့ကြား ခြားနားချက် တစ်ခုလုံးသည် ကိန်းဝပ်လာသည်။ ဘောဂဗေဒအညံ့စားက မျက်စိထဲ ပထမဆုံးဝင်လာသည်အရာကိုသာ ကြည့်သည်။ ဘောဂဗေဒ ပညာရှင်ကောင်းကမူ ပထမရိုက်ခတ်လိုက်သော အရာကို ကျော်၍ ကြည့်သည်။ ဘောဂဗေဒအညံ့စားသည် အဆိုပြု သောလမ်းစဉ်တစ်ရပ်၏ တိုက်ရိုက်အကျိုး သက်ရောက်မှု ကိုသာ ကြည့်သည်။ ဘောဂဗေဒပညာရှင်ကောင်းက သွယ်ဝိုက် အကျိုး သက်ရောက်မှု တို့ကိုလည်းကြည့်သည်။ ဘောဂဗေဒပညာရှင် အညံ့စားက မူဝါဒတစ်ရပ်သည် အဘယ်ကဲ့သို့ အကျိုး သက်ရောက်မှု ဖြစ်ခဲ့သနည်း၊ အစုတစ်စုအပေါ် မည်သို့ အကျိုး သက်ရောက်မှု ဖြစ်လိမ့်မလဲဟူ၍ သာ ကြည့်သည်။ ဘောဂဗေဒပညာရှင်ကောင်းကမူ မူဝါဒသည်အစု အားလုံးအပေါ် မည်သို့ အကျိုးသက်ရောက်မှု ရှိမလဲဟူ၍ ကြည့်သည်။
ခြားနားချက်သည် မြင်သာထင်ရှားဟန်ရှိသည်။ မူဝါဒတစ်ရပ်၏ လူတိုင်းအပေါ် အကျိုး သက်ရောက်မှု အားလုံးကို ကြည့်ရူရန် သတိထားရခြင်းသည်လည်း အခြေခံကျလွန်းလှဟန် ရှိသည်။ လူတိုင်းသည် သူ၏ ကိုယ်ရေးဘ၀တွင် ကာလတစ်ခုတွင် ပျော်ရွှင်စရာ ကောင်းသော လိုက်လျောအလိုလိုက်မှု မျိုး စုံတို့ရှိခဲ့ပြီး နောက်ဆုံးတွင် ပျက်စီးဆုံးရူံးမှု ၀မ်းနည်းစရာတို့နှင့် တွေ့ကြုံ ရသည်ကို မသိရှိဘဲ နေမည်လော။ ကလေးတိုင်းသည် သကြားလုံးစားလွန်လျှင် ဖျားတတ်ကြောင်းကို မသိဘဲနေမည်လော။ အရက်အလွန်အကျွံ သောက်၍ မူးသူသည် မနက်အိပ်ရာမှ ထလျှင် ခေါင်းတွေ ကိုက်ပြီး အစာအိမ်ဒုက္ခပေးလိမ့်မည်ကို မသိဘဲ နေမည်လော။ အရက်သမားသည် သူအသည်းကို ဖျက်ဆီးပြီး အသက်တိုအောင် လုပ်နေသည်ဟု သူမသိဘဲ နေမည်လော။ နောက်ဆုံးတွင် အချိန်ဖြု န်းလေလွင့်နေသူနှင့် ကပ်စေးနှဲ ကော်တရာတို့သည် သူတို့အကြွေးထူပြီး ဆင်းရဲမွဲတေသည့် အဖြစ်ဆီသို့ ရှေ့ရူဦးစိုက်နေကြောင်းကို မသိဘဲနေကြမည်လော။
မည်သို့ ပင်ဖြစ်စေ ကျွန်ုပ်တို့က အများ ပြည်သူဆိုင်ရာဘောဂဗေဒ ကဏ္ဍထဲ ၀င်သောအခါတွင်မူ ဤအခြေခံကျသော အမှန်တရားတို့ကို လျစ်လျူ ရူပစ်လိုက်ကြသည်။ ပစ္စက္ခကာလတွင် အလွန်ထက်မြက်သည်ဟု ယူဆရသော ဘောဂဗေဒပညာရှင်များ ရှိကြပါသည်။ သူတို့က စုဆောင်းခြင်းကို သိပ်တန်ဖိုးမထားဘဲ တစ်မျိုး သားလုံးနှင့်ချီပြီး သုံးစွဲပစ်ရန်ကိုအမျိုားးကယ်တင်ရေးလုပ်ငန်း အဖြစ် ထောက်ခံကြသည်။ ဤမူဝါဒတို့၏ အကျိုး သက်ရောက်မှု တို့သည် ရေရှည်တွင် မည့်သို့ သက်ရောက်သည်အကြောင်းကို ဝေဖန်ဆွေးနွေးကြသောအခါ သူတို့က အဖေက အသုံးအစွဲရမ်းကားသည်သားအား ဆုံးမသည်အခါ သားက ပြန်ဖြေသည့်ပုံစံမျိုး ဖြင့် "ရေရှည်မှာ ကျွန်တော်တို့အားလုံး သေကုန်မှာ ပဲ" ဟုပေါ့ပြက်ပြက် ပြန်ဖြေကြသည်။ ဤသို့ သော ခပ်တိမ်တိမ် ပေါ့ပြက်ပြက် အပြောတို့သည် အန္တရာယ်များ သော စကားများ ၊ ခပ်ပေါ့ပေါ့ အသိများ သာ ဖြစ်သည်။
သို့ ရာတွင် ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းခြင်းမှာ ကျွန်ုပ်တို့သည် ရှေးရိုးအတိတ် သို့ မဟုတ် မကြာသေးမီကာလက မူဝါဒတို့၏ ရေရှည်အကျိုး သက်ရောက်မှု တို့ကို ယခုတိုင်း ခံစားနေရသော အချက်ဖြစ်တော့သည်။ ယနေ့သည် ယခုပင် နက်ဖြန်ဖြစ်နေပါပြီ။ အညံ့စားဘောဂဗေဒပညာရှင်က ဤအချက်ကို လျစ်လျူ ရူပစ်ရန် မနေ့က တိုက်တွန်းသွားသောနက်ဖြန်သည် ယနေ့ရောက်နေပြီ။ စီးပွားရေး မူဝါဒအချို့  ၏ ရေရှည်အကျိုး သက်ရောက်မှု တို့သည် လအနည်းငယ်အတွင်း ထင်ရှားလာဖွယ် ရှိပါသည်။ အခြားသက်ရောက်မှု တိုသည်မူ လပေါင်းများ စွားတိုင်အောင် မထင်ရှားဘဲ ဖြစ်ကောင်းဖြစ်နေပါဦးမည်။ အချို့  သော သက်ရောက်မှု တို့သည်ကား ဆယ်စုနှစ်များ စွာ တိုင်အောင် ပေါ်လွင်ထင်ရှားမည် မဟုတ်ပေ။ သို့ ရာတွင် ဤရေရှည် အကျိုး သက်ရောက်မှု တို့သည် မူဝါဒထဲတွင် သေချာပေါက်ပါဝင်နေပါသည်။ ကြက်ဥထဲ ကြက်မရှိသကဲ့သို့ အစေ့ထဲ ပန်းမရှိသကဲ့သို့ ဖြစ်သည်။
သို့ ဖြစ်ရာ င်္ကြန်အင်လက္ခဏာဘက်မှကြည့်လျှင် ဘောဂဗေဒ တစ်ခုလုံးကို တစ်ခုတည်းသော သင်ခန်းစာအဖြစ် ဆွဲကောက်ယူနိုင်လေပြီ။ ဤသင်ခန်းစာကိုလည်း တစ်ခုတည်းသော ၀ါကျအဖြစ် ဆွဲကောက်ယူနိုင်လေပြီ။
ဘောဂဗေဒ အတတ်ပညာသည် လက်ငင်းချက်ချင်း အကျိုး သက်ရောက်မှု သက်သက်ကိုသာ ကြည့်ရူသည်မဟုတ်။ ဆောင်ရွက်မှု သို့ မဟုတ်မူဝါဒတစ်ရပ်ရပ်၏ ပို၍ ရေရှည်ကျသော အကျိုး သက်ရောက်မှု တို့ကိုလည်း ကြည့်ရူရာသည်။ ဤပညာသ် ထိုမူဝါဒ၏ အစုတစ်စု အပေါ် အကျိုး သက်ရောက်မှု သက်သက်ကို ခြေရာခံသည် မဟုတ်။ အစုအားလုံးအတွက် အကျိုး သက်ရောက်မှု တို့ကိုလည်း ခြေရာခံသည်။
(၂)
ယနေကမ္ဘာအတွက် ကြောက်စရာ ကောင်းလောက်အောင် အန္တရာယ်ပေးနေသော စီးပွားရေး ယုတ္တိမတန်မှု များ အနက် ဆယ်ပုံ ပုံလျှင်ကိုးပုံသည် ဤသင်ခန်းစာကို လျစ်လျု ရူရာမှ ပေါ်ပေါက်ကြခြင်း ဖြစ်လေသည်။ ဤယုတ္တိမတန်မှု တို့သည် ဗဟိုကျသော ယုတ္တိမတန်မှု နှစ်ပါးမှ တစ်ပါးပါး သို့ တည်းမဟုတ် နှစ်ပါးစလုံးမှ ဆင်းသက်လာခြင်း ဖြစ်ကြသည်။ လုပ်ငန်းတစ်ရပ် သို့ မဟုတ် အဆိုပြု ချက်တစ်ရပ်၏ ချက်ချင်းလက်ငင်း အကျိုး သက်ရောက်မှု တို့ကိုသာ ကြည့်ရူခြင်းနှင့် အခြားအစုတို့ကို လျစ်လျု ရူပြီး တစ်စုံတစ်ခုသော အစုတစ်စုအတွက် အကျိုး သက်ရောက်မှု တို့ကိုသာ ကြည့်ရူခြင်းတို့ ဖြစ်ကြသည်။
ဆန့်ကျင်ဘက် အမြင်များ သည် ဖြစ်နိုင်ခြေရှိသည် ဆိုသော အချက်ကလည်း အမှန်ရှိပါသည်။ မူဝါဒတစ်ရပ်ကို စဉ်းစားကြည့်သောအခါတွင် ကျွန်ုပ်တို့သည် လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးအပေါ် ရေရှည်ဖြစ်ထွန်းမည့် ရလဒ်တို့အပေါ်တွင်သာ အာရုံစိုက်သင့်သည် မဟုတ်။ ဤအချက်သည် ရှေးဟောင်းဘောဂဗေဒ ပညာရှင်တို့ မကြာခဏ မှားတတ်သော အမှားဖြစ်ပါသည်။ ဤအမှား မူဝါဒတို့ကြောင့် ချက်ချင်းလက်ငင်း ထိခိုက်နစ်နာကြသည် အစုအဝေးတို့၏ ကံကြမ္မာအပေါ် ကြင်နာမှု ကင်းမဲ့ရာ ပြမိကြသည်။ ခြုံ ငုံကြည့်လျှင် ဖြစ်ထွန်းမှု သည် ရေရှည်တွင် မျှတသော အကျိုး ကျေးဇူး ဖြစ်ပေါ်သည့်အချက်ပေါ်တွင်လည်း ခက်ထန်မိကြသည်။
သို့ရာတွင် နှိုင်းယှဉ်ပြီး ပြောရလျှင် လူအနည်းငယ်လောက်က သာဤအမှားမျိုး မှားကြတော့သည်။ ဤလူအနည်းငယ်ထဲတွင် ဘောဂဗေဒပညာရှင်တို့က အဓိကပါဝင်သည်။ ယနေ့တွင် ကြိမ်ဖန်များ စွာ ဖြစ်ပေါ်သော ယုတ္တိမတန်မှု မှာ များ စွာ သော နိုင်ငံရေးမိန့်ခွန်းတို့မှ "ဘောဂဗေဒအသစ်" ဆိုပြီး ငါ့စကားနွားရ ပြောသောအမှားတို့ ဖြစ်ကြသည်။ ယင်းတို့က မူဝါဒတို့၏ အထူးသီးသန့်အစုအဝေးအပေါ် သက်ရောက်သော ရေတိုအကျိုး သက်ရောက်မှု တို့အပေါ် အာရုံစူးစိုက်ပြီး လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးအပေါ် ရေရှည်ဖြစ်ထွန်းသော အကျိုး သက်ရောက်မှု တို့ကို လျစ်လျု ရူသည့်အမှားကို ကျူး လွန်ကြသည်။ ဘောဂဗေဒ အမြင်သစ်ပညာရှင်တို့သည် "ဂန္တ၀င်" သို့ မဟုတ် "ရှေးရိုးစွဲ" ဘောဂဗေဒ ပညာရှင်တို့၏ နည်းတို့အပေါ်ကျော်၍ တော်လှနသော တိုးတတ်မှု တစ်ရပ်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် မြှော က်ပင့်ပြောဆိုကြသည်။ အကြောင်းမှု ဂန္တ၀င်နှင့် ရှေးရိုးစွဲနည်းများ သည် ရေတို အကျိုး သက်ရောက်မှု ကိုသာ ကြည့်၍ ရှေးရိုးစွဲဘောဂဗေဒသစ်ကရေတိုအကျိုး ကို လျစ်လျု ရူသောကြောင့် ဖြစ်သည်။
သို့ ရာတွင် သူတို့ထဲတွင်ပင် ရေရှည်အကျိုး သက်ရောက်မှု ကို လျစ်လျု ရြူုခင်းအားဖြင့်လည်းကောင်း၊ အရေးမကြီးသယောင် လုပ်ခြင်းဖြင့်လည်းကောင်း၊ သူတို့သည် ပိုပြီးလေးနက်သော အမှားကို ကျုး လွန်ကြပြန်သည်။ သူုတို့သည် သစ်ပင်တစ်ပင်စီကို အသေးစိတ်တိတိကျကျ လေ့လာခြင်းအားဖြင့် တောအုပ်ကို မျက်စိလျှံနေကြသည်။ သူတို့၏ နည်းနှင့် ကောက်ချက်တို့သည် လေးလေးနက်နက် ခေတ်နောက်ပြန်ဆွဲသည်။ သူုတို့ကို သူတို့ ၁၇ရာစုနှစ် မာကင်တိုင်လစ်ဝါဒ နှင့် သဘောချင်းကိုက်ညီနေသည်ကို အံ့အားသင့်စွာ တွေ့ရှိကြသည်။ သူုတို့သည် တကယ့် တကယ်တမ်းအားဖြင့် ရှေးဟောင်းအမှားတွေထဲ ကျဆင်းကုန်ခြင်းဖြစ်သည်။
(၃)
မကြာခဏ ၀မ်းနည်းစရာ ပြောဆိုသော မှတ်ချက်တစ်ခုမှာ ဘောဂဗေဒပညာ၇ှင်ကောင်းတို့က သူ၏ အမှန်တရားကို ပြည်သူများ ထံတင်ပြရှင်းလင်းရာတွင် အညံ့စားဘောဂဗေဒပညာရှင်တို့က သူတို့၏ အမှားတို့ကို ရှင်းလင်းတင်ပြတာလောက် ကောင်းမွန်ခြင်းမရှိဟူ၍ ဖြစ်သည်။ ဘာမှားနေသလဲဆိုသော အချက်ကို ရိုးသားစွာ တင်ပြသူတို့ထက် စီးပွားရေး အဓိပ္ပာယ်မဲ့မှု တို့ကို တင်ပြရှင်းလင်းရာတွင် လေကြီးမိုးကြီး ဟိတ်ဟန်ကြီးသူတို့က ပို၍ အကျိုး အကြောင်း ဆီလျော်နေဟန် ရှိသည် ဟူ၍ လည်းတိုင်တန်ကြသည်။ သို့ ရာတွင် ဤသို့ ဖြစ်ရသည့်အတွက် တာဝန်ရှိသောအခြေခံအကြောင်းအရင်းကိုမှု လျှို ၀ှက်မထားသင့်ပေ။ အကြောင်းမှာ လေကြီးမိုးကြီးပြောသူနှင့် အညံ့စားဘောဂဗေဒပညာရှင်တို့သည် တစ်ဝက်အမှန်တို့ကိုသာ တင်ပြနေသောကြောင့် ဖြစ်သည်။ သူတို့သည် အဆိုပြု သော မူဝါဒတစ်ရပ်၏ လက်ငင်းအကျိုး သက်ရောက်မှု တို့ကိုသာ ပြောဆိုနေကြသည်။ တစ်စုံတစ်ရာအထိ သူတို့သည် မှန်ကန်နိုင်သည်။ ဤလိုကိစ္စမျိုး တွင် အဆိုပြု သော မူဝါဒသည် ရေရှည်တွင် မလိုလားအပ်သော သက်ရောက်မှု များ ရှိပုံသို့ တည်းမဟုတ် ဤမူဝါဒသည် အစုတစ်စုကို နစ်နာအောင်လုပ်ပြီး အခြားတစ်စုကိုသာ ကောင်းကျိုး ပြု ခြင်းဖြစ်ကြောင်း အဖြေပေးရန် ဖြစ်ပါသည်။ ဤအဖြေသည် တစ်ဝက်အမှန်တစ်ခုကို အခြားတစ်ဝက်အမှန် တစ်ခုဖြင့် ဖြည့်စွက်ပြင်ဆင်ခြင်းပင် ဖြစ်သည်။ သို့ သော် လူုတိုင်းအပေါ်အကောင်းအဆိုး အကျိုး ဖြစ်ထွန်းသည် အဆိုပြု လမ်းကြောင်းတစ်ခုနှင့် ဤလမ်းကြောင်း၏ အဓိကအကျိုး သက်ရောက်မှု တို့ကို ဆွေးနွေးရသော အလုပ်သည် ရှည်းလျားထွေးပြားပျင်းရိဖွယ်ကောင်းလှသော အကျိုး အကြောင်းဆင်ခြင် စဉ်းစားရခြင်းမျိုး လိုအပ်ပေသည်။ ပရိသတ်သည် ဤလိုကျိုး ကြောင်းပြ ဆင်ခြင်တွေးခေါ်ခြင်းမျိုး ကို ခက်ခဲ၍ မလိုက်နိုင်ကြပေ။ မကြာမီး ငြီးငွေ့ကုန်ပြီး နားမထောင်ချင်ကြတော့ပေ။ အညံ့စားဘောဂဗေဒပညာရှင်တို့သည် ဤသို့ သော ဉာဏ်ရည်နည်းပါခြင်းနှင့် ပျင်းရိခြင်းတို့ကို အသုံးပြု ကြသည်။ ကျိုး ကြောင်းဆင်ခြင်ခြင်းကို သူတို့အသုံးမပြု ။ အရည်အသွေးအပေါ် အကဲဖြတ်ခြင်းကို သူတို့မပြု လုပ်။ "ရှေးဟောင်းဝါဒ" သို့မဟုတ် "လေဇယ်ဖဲ" သို့ မဟုတ် "အရင်းရှင်ဘက်တော်သား" စသည်ဖြင့် သူတို့အတွက် ထိရောက်မည်ဟု ယူဆသည် ပုတ်ခတ်စကားတို့ကို ဆိုကြသည်။
ကျွန်ုပ်တို့သည် သင်ခန်းစား၏ သဘာဝဖြင့် စတင်ခဲ့သည်။ လမ်းတွင် ယုတ္တိမတန်မှု တို့က အဟန့်အတားအဖြစ် ရှိနေသည်။ ဤသို့ စတင်ခဲ့ရာတွင် ဒြပ်မဲ့စကားတစ်ရပ်တို့ကို ဆို၍ စခဲ့သည်။ သို့ သော် ဥပမာ ဥပမေယျတို့ဖြင့် မပြဘဲ သင်ခန်းစာကို သဘောပေါက်အောင် ပြု လုပ်နိုင်မည် မဟုတ်။ ယုတ္တိမတန်မှု တို့ကို ဖွင့်ချနိုင်လိမ့်မည် မဟုတ်ချေ။ ဤဥပမာ ဥပမေယျတို့ဖြင့် ဘောဂဗေဒ၏ မူလအခြေခံအကျဆုံး ပြဿနာတို့မှနေ၍ အရူပ်ထွေးဆုံး၊ အခက်ခဲဆုံး ပြဿနာများ ဆီသို့ ကျွန်ုပ်တို့ ရွှေ့လျားသွား နိုင်မည်။ ဥပမာ ဥပမေယျ တို့မှ တစ်ဆင့် ကျွန်ုပ်တို့သည် ပထမဦးစွာ အကြမ်းထည်အကျဆုံး၊ အမြင်သာဆုံး ယုတ္တိမတန်မှု တို့ကို တွေ့ရှိနိုင်မည်။ ရှောင်ရှားနိုင်မည်။ နောက်ဆုံးတွင် ပညာသားပါပါ အနုစိတ်ဆုံး ရှာရခက်သည် ယုတ္တိမတန်မှု တို့ကို စူးစမ်းတွေ့ရှိနိုင်ပေမည်။ ဤတာဝန်ကို ဆောင်ရွက်ရန် ရှေ့ဆက်ကြစို့။
ကျိုး ပျက်သွားသော ပြတင်းပေါက်
တတ်နိုင်သမျှ အလွယ်ဆုံး ဥပမာဖြင့် စတင်သရုပ်ဖော်ကြည့်ကြရအောင်။ ပြတင်းပေါက်မှန်ကွဲကို ရွှေးချယ်သည့် ဘတ်စ်ရှီယက်ကို အတုခိုးကြည့်ရအောင်။
လူငယ်လမ်းသရဲတစ်ဦးက ပေါင်မုန့်ဆိုင်၏ တံခါးပြတင်းပေါက်ကို အုတ်ခဲနှင့် ပေါက်လိုက်သည်။ ဆိုင်ရှင်သည် စိတ်ဆိုးဆိုးဖြင့် အပြင်ထွက်လိုက်ရာ အုတ်ခဲနှင့် ပေါက်သောကလေး ထွက်ပြေးလေပြီ။ လူတွေ စုလာသည်။ ပြတင်းပေါက်ကွဲပြီး အပေါက်ကြီးဖြစ်နေသည်ကို မြင်၊ မှန်စတွေ ပေါင်မုန့်နှင့် ကိတ်မုန့်တို့အပေါ် ကျနေသည်ကိုမြင်သော လူတွေက ကျိတ်ပြီး ကျေနပ်နေကြသည်။ နောက်အတန်ကြာသောအခါ လူတွေက ဒဿနကျကျတွေးခေါ်စဉ်းစားရန် လိုအပ်ပါကလားလို့ စဉ်းစားမိကြပြန်သည်။ လူအများ သည် ဤသို့ စိတ်မကောင်းစရာ အဖြစ်အပျက်တွင်လည်း ကောင်းကျိုး ရှိကြောင်းတွေ့လာကြရပါလိမ့်မည်။ အဖြစ်အပျက်သည် မုန့်လုပ်ငန်းကို ပိုပြီး ကောင်းမွန်သွားသည်။ ဤအချက်ကို သူတို့စဉ်းစားမိသည်နှင့် ဤအကြောင်းကို အသေးစိတ် အကျိုး အကြောင်း ဆင်ခြင်ကြည့်ကြသည်။ မှန်အသစ် တပ်လျှင် ဘယ်လောက်ကုန်ကျမလဲ၊ ဒေါ်လာ ၂၅၀ ကျမလား။သည်လောက်ကုန်ကျစရိတ်ဟာ မနည်းဘူး၊ များ တယ်။ အကယ်၍ ပြတင်းပေါက်တွေ မှန်မကွဲကြလျှင် မှန်ရောင်းဆိုင်တွေရဲ့ လုပ်ငန်းဟာ ဘယ်လိုနေမလဲ စသည်ဖြင့် မဆုံးနိုင်အောင် စဉ်းစားကြည့်ရတော့မည်။ မှန်အရောင်းဆိုင်သည် နောက်ထပ် မှန်ရောင်းရငွေ ဒေါ်လာ ၂၅၀ ဖြသ့် အခြားကုန်သည်တို့ကို ပေးချေရဦးမည်။ ကုန်သည်တို့ကလည်း ထပ်မံ သုံးစွဲရဦးမည်ဖြစ်၍ ပိုမိုကျယ်ပြန့်လာသော လူအပေါင်းအား ငွေကြေးနှင့် အလုပ်အကိုင်တို့ကို ဖန်တီးပေးပေမည်။ ဤအရာအားလုံးမှ ယုတ္တိနည်းဖြင့် ကောက်ချက်ဆွဲရမည်ဟုဆိုလျှင် (အကယ်၍ ခဲမှန်သည်ပြတင်းပေါက်ကို ၀ိုင်းကြည့်သည် လူအုပ်က ကောက်ချက်ဆွဲကြမည်ဆိုလျှင်) အုတ်ခဲတစ်လုံးဖြင့် ပစ်လိုက်သော လမ်းသရဲ ကလေးတစ်ယောက်သည် အများ ပြည်သူအတွက် အန္တရာယ်မဖြစ်သည့်အပြင် အများ ပြည်သူတို့အား အကျိုး ရှိအောင် ပြု ပေးသူအဖြစ် နားလည်ရတော့ပေမည်။
အခြားရူထောင့်တစ်ခုမှ ကြည့်ကြဦးစို့။ လူအုပ်၏ ပထမကောက်ချက်သည် ယုတ်စွအဆုံးတွင် မှန်ကန်သည်။ ဤရမ်းကားမှု ကလေးသည် မှန်အရောင်းဆိုင်အချို့  ကိုအတွက် အလုပ် ရရှိလိုက်သည်။ မှန်ရောင်းသူသည် ဤပြတင်းပေါက်မှန် အုတ်ခဲနှင့် အပစ်ခံရသော ပြစ်မှု အတွက် သုဘရာဇာတစ်ယောက်က တစ်ဦးတစ်ယောက် သေဆုံးမှု အကြောင်း သိရ၍ ၀မ်းမနည်းသလို သူလည်းဝမ်းမနည်းမည် မဟုတ်ပေ။ သို့ ရာတွင် ပေါင်မုန့် ဆိုင်ရှင်သည် မူလက ၀တ်စုံတစ်စုံကို ဒေါ်လာ ၂၅၀ နှင့် ၀ယ်မည်ဟု စီစဉ်ထားသော စိတ်ကူးကို စွန့်လွှတ်ပစ်ရသည်။ဤငွေကို ပြတင်းပေါက်မှန်အသစ်ဝယ်ရန် အသုံးပြု ရတော့မည်။ မှန်သစ်ဝယ်ရသဖြင့် ၀တ်စုံအသစ်ဖြစ်စေ အခြားဇိမ်ခံပစ္စည်းတစ်ခုကိုဖြစ်စေ မ၀ယ်နိုင်တော့ပေ။ သူသည် မူလက ပြတင်းပေါက်တစ်ခုနှင့် ဒေါ်လာ ၂၅၀ ရှိရာမှ ဤုပြတင်းပေါက်တစ်ခုသာ ရှိလာတော့သည် သို့ တည်းမဟုတ် သူသည် ခဲပေါက်မခံရမီ ညနေပိုင်းတွင် ပြတင်းပေါက်လည်း ရှိ၊ ၀တ်စုံသစ်လည်းဝယ် စသည်ဖြင့် နှစ်ခုစလုံးကို ရရှိနိုင်ခဲ့သော်လည်း ယခုမူ နှစ်ခုစလုံး မရနိုင်တော့ပေ။ သူသည် ၀တ်စုံမရှိဘဲ ပြတင်းပေါက်တစ်ခုနှင့်သာ ကျေနပ်နှစ်သိမ့်လိုက်ရတော့ပေမည်။ သူ့အား လူ့အသိုင်းအ၀ိုင်း၏ တစ်စိတ်တစ်ဒေသအဖြစ် စဉ်းစားကြည့်လျှင် လူ့အသိုင်းအ၀ိုင်းအနေဖြင့် ရရှိသည် ၀တ်စုံတစ်စုံကို ဆုံးရူံးခံလိုက်ရခြင်းနှင့် တူသည်။ လူ့အသိုင်းအ၀ိုင်းသည် ဤအတိုင်းအတာအတိုင်း ပိုပြီး ဆင်းရဲသွားသည်။
မှန်ရောင်းသူ၏ လုပ်ငန်း အကျိုး အမြတ်သည် အတို့ချုံ့ပြောရလျှင် တစ်စုံချု ပ်သူ၏ လုပ်ငန်း ဆုံးရူံးမှု သာ ဖြစ်ချေသည်။ "အလုပ်အကိုင်" အသစ်ပေါ်မလာပေ။ လူအုပ်ထဲမှ လူအများ သည် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှု ကို နှစ်ပါတီတည်း ဆောင်ရွက်သည်လုပ်ငန်းအဖြစ်သာ မှတ်ယူထားသည်။ပေါင်မုန့်အရောင်းသမားနှင့် မှန်ရောင်းသူတို့သာ ဖြစ်သည်။ သူတို့သည် ပေါ်လာဖွယ်ရှိသည့် တတိယပါတီ (၀တ်စုံချု ပ်သူ)ကို မေ့ထားခဲ့ကြသည်။ဤသို့ မေ့ထားရသည် အကြောင်းကလည်း တတိယပါတီသည် ဇာတ်အိမ်ရူခင်းထဲ ၀င်လာလိမ့်မည်ဟု မဟုတ်ဟု ယူဆသောကြောင့် ဖြစ်သည်။ သူတို့သည် လာမည့် တစ်ရက်နှစ်ရက်တွင် ပြတင်းပေါက်အသစ် ပေါ်လာသည်ကို မြင်သည်။ သူတို့သည် ၀တ်စုံအပို အသစ်တစ်စုံကို ဘယ်တော့မှ မြင်ကြမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော်ဤ၀တ်စုံ အသစ်ကို ဘယ်တော့မှ ချု ပ်လုပ်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သူတို့ သည် သူတို့ မျက်စိတွင် တိုက်ရိုက်လက်ငင်းဖြစ်နေသည့် အရာတို့ကိုသာ မြင်တတ်ကြသည်။
![]() ကွပ်ကဲထိန်းချုပ်မှုဝန်းကျင်ဒိုင်းနမစ် နှင့် အကောင်းဆုံးပါဖောင်းမဲန့် | ![]() ပညာအခြေစိုက်စီးပွားရေး | ![]() ယောမင်းကြီး၏ စီးပွားရေး အတွေးအခေါ်နှင့် ဘောဂဗေဒ လက်ရွေးစင် |