Cover

“ငါတို့ပြန်ရင် ကောင်းမယ် ညီမင်း”

မိုးသက်တန့်က အပြင်မှာ ရွာနေသော မိုးကို လှမ်းကြည့်ရင်းပြန်ဖို့ ညီမင်းဘက်ကိုပါ တိုင်ပင်လိုက်သည်။

ဒီ့ထက် မိုးသည်းလာလျှင် ကားမောင်းဖို့ သိပ်မလွယ်။ မိုးစဲအောင် စောင့်လျှင်လည်း အိမ်ပြန်နောက်ကျတော့မည် ။ အခုတောင် ဆယ်နာရီ ထိုးခါနီး ပြီ။ ဒီထက် မိုးချုပ်လျှင်ညီမင်းအမေက စိတ်ပူပြီး ဖုန်းဆက်နေဦးမည် ။

“အင်း. . .ပြန်ကြမယ်လေ၊ အောင်ပိုင်တို့ကို သွားနှုတ်ဆက်လိုက်မယ်”

သူငယ်ချင်း အောင်ပိုင်က သူ့ရဲ့ မင်္ဂလာညစာစားပွဲကိုသူငယ်ချင်းတချို့နှင့် ခြံထဲမှာ ကျင်းပတာ ဖြစ်သည်။

ရုတ်တရတ် အချိန်အခါမဟုတ် ရွာလာသော မိုးကြောင့် အိမ်ထဲကို ရွှေ့လာကြရတာ ပါ။

ပွဲက ညနေ ခြောက်နာရီလောက်ကတည်းက စ,တာဆိုတော့. . .လူလည်းနည်းနေပါပြီ။

အရမ်ခင်တဲ့ သူငယ်ချင်းအချို့သာ ဘီယာတွေ သောက်ကြရင်း. . . အသားတွေ ကင်စားရင်းနှင့် တော် တော် နှင့် မပြန်ကြသေးတာ။

သူတို့နှစ် ယောက် ကတော့ ဘီယာလည်း မသောက်တတ်တာကြောင့် ညသန်းခေါင်ထိနေဖို့ စိတ်မကူးတော့ဘဲ ပြန်ဖို့နှုတ်ဆက်ကာ ထွက်လာခဲ့ကြသည်။

တံခါးဖွင့်ပြီး အပြင်ရောက်တယ်ဆို မိုးစက်မိုးမှု န်တွေ ပါသော လေက လာရောက်ထိခတ်သည်။

ကားက ခြံပြင်မှာ ရပ်ထားတာဆိုတော့. . .ကားဆီရောက်အောင် ပြေးမှ ဖြစ်မည် ။

မိုးကအရမ်းကြီးတော့. . .သည်းမနေတော့ပါ။

နှစ် ယောက် သား သိပ်မစဉ်းစားနေတော့ဘဲ ခြံပြင်ကကားရှိရာ ရောက်အောင် ပြေးလာခဲ့ကြသည်။

“မင်း မောင်းမှာ လား ညီမင်း”

“မမောင်းဘူး၊ မင်းပဲ မောင်းပါ”

ညီမင်းက မမောင်ဘူး ဆိုတာကြောင့် . . .သက်တန့်ပဲကားမောင်သူဘက်မှာ ဝင်ထိုင်ပြီး မောင်းထွက်လာခဲ့သည်။

မိုးရွာထဲမှာ ကားမောင်းရတာ သူတော့ကြိုက်ပါသည်။ လမ်းမှာ ရေတွေ ဖွားခနဲဖွားခနဲနှင့် တစ်မျိုးပျော်ဖို့ကောင်းသလိုထင်မိသည်။

ညီမင်း ကတော့ ကက်ဆက်ကို ဖွင့်ထားကာ မှီအိပ်ရင်းသီချင်းနားထောင်ကာ လိုက်ပါလာသည်။

လမ်းကရှင်းပြီး တိတ်ဆိတ်နေကာ ကားအသွားအလာတောင် သိပ်မရှိတော့. . .။

ညီမင်းဆက်က မျက်လုံးမှိတ်ထားပြီး ငြိမ်သက်နေတာကြောင့် သက်တန့်လည်း ဘာစကားမှ မပြော ဖြစ်တော့ဘဲ တိတ်တဆိတ်မောင်းလာခဲ့သည်။

ညီမင်းဆက်နှင့် သူက တစ်အိမ်တည်း အတူနေလာတာလည်း ကြာပြီဆိုတော့ ညီအစ်ကိုလို ဖြစ်နေပါပြီ။

သူကလည်း သူ့ထက် ခြောက်လလောက် ငယ်သော ညီမင်းကို ညီလေး တစ်ယောက် လိုရော. . .သူငယ်ချင်း တစ်ယောက် လိုပါ ခင်သည်။ ချစ်သည်။

တက္ကသိုလ် ပထမနှစ် လောက်ကတည်းက သူ ညီမင်းနှင့် အတူတူ လာနေ ဖြစ်ခဲ့တာပါ။ ညီမင်းအဖေနဲ့ အမေကလည်းသူ့ကို သား တစ်ယောက် လိုသဘောထားပြီး ချစ်ကြပါသည်။

သူ့မှာ မိဘတွေ မရြှိ ကတော့ပေမယ့် ဦးလေး တစ်ယောက် တော့ ရှိသည်။ အစ ကတော့ ထိုဦးလေးနှင့် အတူတူနေသည်။

နောက်ဦးလေးက နိုင်ငံခြားထွက် အလုပ်သွားလုပ်တော့သူလည်း အိမ်မှာ တစ်ယောက် တည်းမနေချင်။ ဦးလေး ကတော့သူနှင့် အတူတူ တစ်ခါတည်း လိုက်ခဲ့ဖို့ ခေါ်ပါသည်။

ဒါပေမဲ့ သူက ညီမင်းဆက်တို့ မိသားစုနှင့် ပဲ နေခဲ့သည်။

ငယ်ငယ်ကတည်းက အိမ်ကို ဝင်ထွက်နေကျ ဖြစ်သော သူ့ကိုလည်း သားအရင်လို သဘောထားသည်။

ညီမင်းဆက်တို့နှင့် နေရတာ သူ့အတွက် အစစအရာရာအဆင်ပြေပါသည်။

အရင်က ဦးလေးနှင့် အတူနေခဲ့သည့် အိမ်ကိုတော့. . .ဒီအတိုင်းပဲ ပိတ်ထားပြီး တစ်ခါတစ်ရံမှပဲ သွား ဖြစ်ပါသည်။

“ဟင်”

ကားရှေ့က ယိုင်တိယိုင်နဲ့သွားနေသော အရိပ်တစ်ခုကြောင့် မိုးသက်တန့် ကားကို ဘရိတ်အုပ်လိုက်ရသည်။

“တီ. . .တီ”

သူ ဟွန်းတီးတော့. . .အရိပ်တစ်ခု ကားဘက်ကိုလှည့်ကြည့်သည်။

“ဟာ. . .ဘယ်လိုလဲကွာ”

သူ စိတ်ပျက် လက်ပျက် ညဉ်းညူမိသည်။

ဂျူလီးယက်ဆံပင်ပုံစံလေးနှင့် ဖြူဖြူဝင်းဝင်း မျက်နှာလေးတစ်ခုက ကားကိုရပ်ကြည့်နေဆဲပဲ ဖြစ်သည်။ ညီမင်းက မျက်လုံးဖွင့်ကြည့်ပြီး. . .

“ဟေ့ကောင်. . .သက်တန့် ချောလိုက်တာ”

ညီမင်းက ရှေ့က ကောင်မလေးကိုကြည့်ပြီး ပြောလိုက်သည်။

“မင်းကလဲ. . .”

“တကယ်ပြောတာ. . .အရမ်းချစ်ဖို့ကောင်းတယ်”

“တီ. . .တီ”

မိုးသက်တန့်က သူပြောတာ စိတ်မဝင်စားဘဲ ဟွန်းဆက်တီးနေသည်။

“ဟင်. . .”

“ဟာ. . .”

ကောင်မလေးက သူ့ကိုကြည့်နေတုန်းမှာ ပဲ ကားရှေ့မှာ ရုတ်တရက် ပြိုလဲကျသွားတာကြောင့် နှစ် ယောက် စလုံးမျက်လုံးပြူးသွားသည်။

“ငါ မတိုက်မိပါဘူး နော်”

သက်တန့်က အလန့်တကြားပြော၏ ။

“မတိုက်မိပါဘူးကွာ၊ သူ့ဘာသာသူလဲသွားတာ၊ လာလေဆင်းကြည့်ရအောင်”

ညီမင်းက အရင် ကားပေါ်က ဆင်းသွားသည်။

မိုးသည်ထဲမှာ ညီမင်း ထီးတောင်မပါဘဲ ဒီအတိုင်း ဆင်းသွားသည်။

သက်တန့်လည်း လိုက်ဆင်းလာသည်။

“သက်တန့်. . .ကောင်မလေးက သတိလစ်နေပြီ”

မိုးတွေ က သဲသဲမဲမဲရွာနေသည်။

ညီမင်းအသံကိုတောင် မနည်း နားထောင်နေရသည်။

ကောင်မလေးကို ကြည့်ရတာ လည်း တော် တော် အေးနေပုံရသည်။

နှုတ်ခမ်းလေးတွေ တောင် ပြာနှမ်း ဖျော့တော့နေသည်။

ဒီကောင်မလေးကို ဒီနေရာမှာ တော့ မထားခဲ့နိုင်ပါ။

“အိမ်ပြန်ပို့ပေးရအောင်ကွာ”

“ပို့ပေးရမှာ ပေါ့”

ညီမင်းက ကောင်မလေးကိုပွေ့ချီပြီး ကားနောက်ခန်းထဲပို့လိုက်သည်။

သူတို့နှစ် ယောက် လုံးလည်း မိုးရေတွေ စိုရွဲနေပြီ ဖြစ်သည်။

“မောင်းလေကွာ”

ညီမင်းက သူ့ကို လှမ်းပြောလိုက်လျှင် သူက ညီမင်းဘက်လှည့်ပြီး. . .

“ဘယ်ကို မောင်းရမှာ လဲ” ဟု ပြန်မေးလိုက်သည်။

“ဪ. . .ဟုတ်သားပဲ”

ညီမင်းက ခဏစဉ်းစားပြီးတော့မှ. . .

“သူ့မှာ ကျောပိုးအိတ်ပါတယ်လေ၊ အဲဒီ ထဲမှာ တစ်ခုခုတော့ ရှိမှာ ပေါ့၊ လိပ်စာ ဖြစ် ဖြစ်၊ ဖုန်းနံပါတ် ဖြစ် ဖြစ်”

“ဟုတ်တယ်. . .ရှိနိုင်တယ်”

မိုးသက်တန့်က ကောင်းမလေး၏ ကျောပိုးအိတ် အနက်ရောင် လေးကို လှမ်းယူလိုက်ပြီး ရှာဖွေလိုက်သည်။

“တွေ့ြ့ပီ”

ကျောင်းသားကတ်လေးတစ်ခုကို တွေ့ သွားသည်။

“လိပ်စာက ဒီဗဟန်းတွင် ဆိုတော့ သိပ်မဝေးတော့ဘူး”

မိုးသက်တန့်က ထိုလိပ်စာလေးအတိုင်း မောင်းလာခဲ့သည်။

“Third Year ပဲရှိသေးတာပဲ”

ညီမင်းက ကျောင်းသားကတ်လေးကို ယူကြည့်နေသည်။

“ဟေ့ကောင်. . .နာမည် က ဘယ်သူလဲ”

မိုးသက်တန့်က လှမ်းမေးလိုက်သည်။ သူအခုနက လိပ်စာကိုပဲ ကမန်းကတန်း ရှာနေတာမို့ ဘာမှတောင်မကြည့်လိုက်ရပါ။

“နာမည် လေးကအစ ချစ်ဖို့ကောင်းတယ်၊ ရွှေယွန်းအသွင်တဲ့. . .”

“သနားပါတယ်ကွာ. . . ရောဂါ တွေ ဘာတွေ များ ရှိလားမသိဘူး”

မိုးသက်တန့်ပြောမှာ အနောက်မှာ ပါလာသော ကောင်မလေးကို လှည့်ကြည့်ပြီး. . . ကရုဏာသက်သွားမိသည်။

မျက်နှာလေးက ညှိုးနွမ်းပျော့ဖတ်နေသည်။

လက်ချောင်းလေးတွေ က ရှည်ရှည်သွယ်သွယ်လေးနှင့် ကိုယ်ခန္ဓာကလည်း ပိန်ပိန်လေး ဖြစ်သည်။

မျက်နှာလေးက ဘဲဥပုံလေးနှင့် သူမရဲ့ မျက်နှာ ချစ်စရာအကောင်းဆုံး ကတော့. . .အသည်းပုံနှုတ်ခမ်းလေးပဲ ဖြစ်သည်။

ညီမင်း၏ ရင်ထဲတွင် ထူးခြားသော စိတ်ခံစားမှု မျိုး ဖြစ်လာသော ကြောင့် အရှေ့ကိုသာ ပြန်ကြည့်နေလိုက်သည်။

အကြာကြီး ငြိမ်သက်အေးခဲနေပြီ ဖြစ်သော သူ့နှလုံးသားက. . .လှုပ်ရှားချင်လာပြီ။

သူ ဘယ်သူ့ကိုမှ နှစ် နှစ် ကာကာ မချစ်ချင်တော့ပါ။

အချစ်ဆိုတာက သူ့ကို သင်ခန်းစာတွေ အများ ကြီး ပေးခဲပြီးပြီ ဖြစ်သည်။

သိပ်လှသော မိန်းမတွေ ရဲ့ အချစ်ဆိုတာကိုလည်း သူကြောက်တတ်ခဲ့တာ ကြာပါပြီ။

ဒီ ငါးနှစ် အတွင်းမှာ သူ့ရဲ့ ငြိမ်သက်နေတဲ့ နှလုံးသားကိုလှုပ်ခတ်စေတာ ဒီကောင်မလေး တစ်ယောက် ပဲ ရှိသေးသည်။

သူ့မှာ ဘာလိုလို ညာလိုလို ကောင်းမလေးတွေ အများ ကြီးရှိခဲ့ပါသည်။

တစ်ယောက် ကိုမှာ သူ အလေးအနက် မထားခဲ့ပါ။ သူတကယ်မချစ်တဲ့ ဘယ်ကောင်းမလေးကိုမှလည်း ချစ်တယ်လို့မပြောခဲ့ဖူးပါ။

သူ့ရင်ထဲမှာ . . .အချစ်ဆိုတာကို သိပ်ကြောက်နေမိပြီ ဖြစ်သည်။

“လိပ်စာထဲကအတိုင်းဆို ဒီအိမ်ပဲ”

မိုးသက်တန့်က ပြောလိုက်တော့ ညီမင်းက ခြံတံခါးအဖြူလေးနှင့် နှစ် ထပ်အိမ်လေးကို ကြည့်လိုက်သည်။

မိုးသက်တန့် ဟွန်းတီးလိုက်တော့ ခြံစောင့် တစ်ယောက် ထွက်လာသည်။

“ဘယ်သူနဲ့တွေ့ ချင်လဲ”

“ဟို. . .သူက ဒီအိမ်ကများ လာမသိဘူး”

မိုးသက်တန့်က အနောက်ဘက်ကို ညွှန်ပြပြီး မေးလိုက်သည်။

“ဟင်. . .သမီးလေးပဲ. . .ဟုတ်ပါတယ်ကွယ်၊ အဲဒါဒီအိမ်ကပါ. . .ဝင်ပါ. . .အထဲဝင်ပါ”

ဦးလေးကြီးက ကောင်မလေးကို မြင်သွားတာနှင့် အလန့်တကြား စိုးရိမ်ပြီး တံခါးသွားဖွင့်ပေးသည်။

“ဘယ်သူတွေ လဲကွယ်”

အိမ်ထဲမှထွက်လာသော အန်တီကြီး တစ်ယောက် က. . .သူ့အင်္ကျီမှာ ချိတ်ထားသော မျက်မှန်ကိုတပ်ပြီး သူတို့ကိုမေးသည်။

“ဟို. . .ကျွန်တော် တို့ ဒီကောင်မလေး လမ်းမှာ လဲကျနေတာတွေ့ လို့ အိမ်ကိုပို့ပေးတာပါ”

“ဟင်. . .ဘုရား ဘုရား အသွင်လေးရယ်. . .ဘယ်လို ဖြစ်ရတာ လဲ. . .ဒုက္ခပါပဲ။ မိညိုရေ မိညို. . .ဆရာဝန်ဆီဖုန်းဆက်စမ်း. . .သားတို့လာပါ၊ အထဲဝင်ပါ၊ ဒီမှာ ပဲခဏချထားပါ”

ညီမင်းက ထိုအန်တီကြီးပြသော ဆိုဖာမှာ ကောင်မလေးကိုချထားလိုက်သည်။

“သားတို့လဲထိုင်ပါ၊ မိညိုရေ ကော်ဖီနှစ် ခွက်ယူလာပါ”

“ရပါတယ် အန်တီ”

“သားတို့လဲ မိုးရေထဲကလာတာ အေးနေမှာ ပဲ၊ ကော်ဖီပူပူလေး သောက် သွားပါ”

“ကျေးဇူးတင်ပါတယ်ကွယ်. . .သမီးလေးကို ခေါ်လာပေးတာ၊ သမီးလေးက မနေ့ကတည်းက ဖျားနေတာ”

“မနက်ကလဲ ပြောတယ်၊ နေလို့သိပ်မကောင်းဘူးတဲ့၊ ခေါင်းမူးနေတယ်တဲ့၊ အဲဒါ ကျူရှင်မသွားနဲ့တော့လို့ပြောတာ၊ သွားနိုင်ပါတယ် ဆိုပြီး ထွက်သွားတယ်၊ သူ့အမေသိရင် စိတ်ဆိုးဦးမယ်”

“ကျွန်တော် တို့ကလဲ ကားရှေ့မှာ လဲကျနေတာတွေ့ တော့အိတ်ထဲမှာ လိပ်စာပါမှာ ပဲ ဆိုပြီးတော့. . .ရှာပြီး လာပို့ပေးတာ”

မိုးသက်တန့်က ရှင်းပြနေသည်။

“တော် သေးတာပေါ့၊ သားတို့လို လူကောင်းသူကောင်းနဲ့တွေ့ လို့. . .နို့မို့ဆို မိုးရေကြီးထဲမှာ ဒုက္ခရောက်နေမှာ ”

“အဲဒါဆို ကျွန်တော် တို့ ပြန်လိုက်ဦးမယ်”

“ကော်ဖီသောက်သွားဦးလေ”

ကော်ဖီပူပူလေးနှစ် ခွက်လည်းရောက်လာပြီမို့. . .သူတို့သောက်ပြီး ထွက်လာခဲ့ကြသည်။

XXXXX

“ကိုယ်က နေမကောင်းသေးဘူးဆိုရင်လဲ မသွားနဲ့ပေါ့၊ ကျန်းမာရေး က ပိုအရေး ကြီးတာကို. . .”

“ဟင် ကြီးကြီးကလဲ သွားတုန်းက ကောင်းတယ်လေ. . .ပြန်လာတော့မှ မိုးမိသွားလို့ပါဆိုမှ”

“အဲဒါ ထီးယူသွားလို့အတန်တန်မှာ တာကို မေ့ ဖြစ်အောင်မေ့တယ်၊ တော် သေးတာပေါ့. . .သူတော် ကောင်းနဲ့တွေ့ လို့”

ကြီးကြီးက သူမ စားဖို့ ပေါင်းမုန့်မီးကင်ကို ထောပတ်သုတ်ပေးရင်း ဗျစ်တောက်ဗျစ်တောက်နှင့် ဆူနေသည်။

သူမကြီးကြီးက တစ်ဦးတည်းသာရှိတော့ ဒီတူမလေးကိုအရမ်းချစ်ပါသည်။

အသွင်လေးက ကြီးကြီးပေးသော ပေါင်မုန့်လေးကို ယူစားလိုက်သည်။

“ကြီးကြီး. . .သမီးကိုလာပို့ပေးတဲ့ လူနှစ် ယောက် ကဘယ်လိုပုံစံတွေ လဲ ဟင်”

ကြီးကြီးပြောတဲ့ သူမကိုလာပို့ပေးသွားတဲ့ နှစ် ယောက် ကိုသူမ သိပ်သိချင်နေပါသည်။

အခုဆို အဲဒီ လူနှစ် ယောက် က သူမရဲ့ ကျေးဇူးရှင်တွေ ဖြစ်နေပြီ။

သူတို့သာ ဒီအတိုင်း ပစ်ပြီးထားသွားရင် သူမ အခုချိန်လောက်ဆို ဘာ ဖြစ်နေပြီးလဲ. . . မတွေးရဲစရာပင်။

သူတို့ကို သိလည်းသိချင်သည်။ ကျေးဇူးလည်း ဆပ်ချင်ပါသည်။ ကြီးကြီးကလည်း နာမည် လေးတောင် မမေးထားပါ။

“အသားဖြူဖြူ အရပ်ရှည်ရှည်လေးတွေ ပဲ၊ ကြီးကြီးလဲသေချာတောင်မကြည့်လိုက်ပါဘူး။ အေး. . .ညဉ်းကိုပဲစိတ်ပူနေရတာ ”

“ဟင်း. . .ကြီးကြီးကလဲ သိချင်ပါတယ်ဆိုမှ”

“တီ တီ. . .တီ တီ. . . တီတီ”

“ဖုန်းလာနေတယ်. . .သမီး သွားကိုင်လိုက်မယ်”

အသွင်က ဖုန်း ပြေးကိုင်သည်။

“ဟဲလို. . .”

သူမအသံကြားတာနှင့် မေမေက ဆူတော့သည်။ မနေ့ကကြီးကြီး ဖုန်းဆက်ပြီး မေမေ့ကို ပြောလိုက်သည်။

သူမ ကတော့ မနေ့က အိပ်ရာပေါ်မှာ ပဲနေရသည်။

“အင်းပါ မေမေရဲ့ . . . နောက် အဲလိုမလုပ်တော့ပါဘူး”

ခရီးဝေးရောက်နေသော မေမေ့ကို အလကားသက်သက်စိတ်မပူစေလိုပါ။

“ဟုတ်ကဲ့. . .ဟုတ်ကဲ့၊ ကြီးကြီးနဲ့ပြောဦးမလား”

“ကြီးကြီးရေ. . .မေမေက ပြောမယ်တဲ့”

သူမက ကြီးကြီးကို ခေါ်ပေးလိုက် သည်။

ဖုန်းခွက်လေးကို ကြီးကြီးကို ပေးလိုက် သည်။

မေမေက သူမကို အိမ်မှာ ပဲ နားနားနေနေ နေလို့ သတိပေးခဲ့တာမို့ အသွင်လေးက အပေါ်ထပ်သို့ တတ်လာခဲ့သည်။

အခန်းထဲရောက်လျှင် သူမသူငယ်ချင်းဆီဖုန်းဆက်ဖို့သတိရတာ နှင့် ဟန်းဖုန်းကို ရှာဖွေလိုက်သည်။

ဟင်. . .ဖုန်းရော. . .

သူမရဲ့ ဂျာကင်အင်္ကျီထဲမှာ ထည့်ထားသော ဟန်းဖုန်းလေးမရှိတော့ပါ။ သူမကျောပိုးအိတ်ထဲတွေ မှာ ရော လိုက်ရှာသည်။ မတွေ့ တော့ပါ။

“ကြီးကြီး. . .သမီးဖုန်း တွေ့ သေးလားဟင်”

“မတွေ ပါဘူး၊ ပျောက်နေပြီလား”

“ဟုတ်တယ်. . .မတွေ့ တော့ဘူး၊ မနေ့က ကျူရှင်မှာ ထိရှိသေးတယ်၊ ကျူရှင်ကပြန်လာတော့. . .ဟာ ဟိုလူတွေ ကားပေါ်မှာ များ ကျကျန်ခဲ့လားမသိဘူး”

သူမ သေချာပြန်စဉ်းစားရင်းမှ ရုတ်တရတ် သတိရသွားသည်။

“ဖုန်းသွားခေါ်ကြည့်မယ်”

သူမရဲ့ ဟန်းဖုန်းလေးကို ခေါ်ကြည့်လိုက်တော့ ဖုန်းကကိုင်မယ့်လူမရှိ ဖြစ်နေသည်။

“စိတ်မပူပါနဲ့သမီးရယ်. . .ဖုန်းခေါ်လို့မရရင် သူတို့လာပေးမှာ ပေါ့. . .အိမ်သိနေတာပဲ”

ကြီးကြီးက ယောက် ယက်ခတ်နေသော သူမကို ဖျောင်းဖျသည်။

“သူတို့ လာပြန်ပေးမှာ ပါနော်. . .သူတို့ဆီမှာ ရောဟုတ်ပါ့မလား၊ တခြားတစ်နေရာမှကျခဲ့ရင် ပြန်ရမှာ မဟုတ်တော့ဘူးကြီးကြီးရဲ့ . . .သမီး ဖုန်းလေး နှမြောပါတယ်၊ ဝယ်ထားတာမှ မကြာသေးဘူး”

“ပြန်ရမှာ ပါ သမီးရယ်၊ တခြားနေရာမှာ ရော ရှာပြီးပြီလား၊ ဟိုပေါ်တင် ဒီပေါ်တင်နဲ့ မေ့နေတာ ဖြစ်ဦးမယ်၊ အိမ်မှာ အရင်ရှာ၊ ခြံထဲရော ဆင်းသေးလား. . .”

“မဆင်းဘူးလေ”

“အိမ်ထဲမှာ မရှိရင်တော့ ဟိုကောင်လေးတွေ ကားထဲမှာ ကျကျန်ခဲ့တာပဲ ဖြစ်မယ်၊ ကျခဲ့ရင်တော့ ပြန်လာပေးမှာ ပဲ၊ စိတ်မပူနဲ့တော့. . .သွား ရေသွားချိုးတော့၊ ညနေစောင်းတော့မယ်”

ဘာမှလဲ လုပ်လို့မရတာ မို့ ကြီးကြီးစကားကိုပဲ နားထောင်လိုက်ရသည်။

တကယ်လို့ ဖုန်းက အဲဒီ ကားပေါ်မှာ ကျန်ခဲ့တာဆိုရင်တော့သူမရဲ့ ကျေးဇူးရှင်နှစ် ယောက် ကို တွေ့ ခွင့်ရတော့မည် ။

ဒီလိုဆိုရင်တော့ ဖုန်းပျောက်တာက ပိုကောင်းပါသည်။ သူမနှုတ်ခမ်းတွေ အလိုလိုပြုံးလာသည်။

XXXXX

အသွင်က ရေကို အားရပါးရ ချိုးလိုက်သည်။ ရေချိုးပြီးတော့ အေးမြလန်းဆန်းသွားသည်။

ရေမိုးချိုး၊ သနပ်ခါး အေးအေးလေးလိမ်းပြီး အိမ်ရှေ့ထွကလာတော့ ဖုန်းမြည် လာသည်။

“ဟဲလို”

“အသွင်လား”

“အင်း. . .ပြော”

သူမရဲ့ အချစ်ဆုံးသူငယ်ချင်း လဝန်း၏ အသံမို့ အလွတ်မှတ်မိနေသည်။

“ညစာ ဘာစားပြီးပြီလဲ”

“မစားရသေးဘူး”

“အတော် ပဲ. . .ကြေးအိုးသွားသောက်မယ်၊ လိုက်ခဲ့”

“ဟာ. . .ငါမလိုက်တော့ပါဘူးဟာ”

“ဘာ ဖြစ်လို့လဲ. . .ငါလာခေါ်မယ်ဟာ စောင့်နေ”

“ဟဲ့. . .နင့်ဘာသာပဲ သွားလိုက်တော့၊ ငါအလုပ်တွေ ရှိသေးတယ်”

“မရဘူးဟာ. . .ဘာအလုပ်တွေ လဲ၊ အပိုတွေ မလုပ်နဲ့နော်. . .”

“အေးဟာ အဲဒါဆိုလဲ ပြီးရော”

လဝန်းက ဖုန်းချသွားသည်။ သူ စိတ်ကောက်သွားပြီထင်ပါတယ်။

နောက်တော့မှပဲ သူ့ကို သွားချော့ရမည် ။ လဝန်းက ခဏခဏ စိတ်ကောက်တတ်သည်။ ငယ်သူချင်းတွေ ဆိုတော့လဲစိတ်ဆိုးလဲ ခဏပဲ ဖြစ်သည်။

တကယ်လဲ သူမရဲ့ ဒီအချိန်လေးကို သူမ အရမ်းတန်ဖိုးထားသည်။

သူမရဲ့ ကွန်ပျူတာစားပွဲရှိရာ လာထိုင်ပြီး ကွန်ပျူတာခလုတ်ဖွင့်လိုက်သည်။

ဒီအချိန်က ပုံမှန်သူမ Chat နေကျအချိန် ဖြစ်သည်။

ဒီအချိန်ဆို သူလဲ ရှိနေမှာ သေချာပါသည်။

သူမနှင့် Second year ကတည်းက ပြောနေသော ကောင်လေး တစ်ယောက် ရှိသည်။

သူနဲ့စ,သိကတည်းက အခုချိန်ထိ သူမကို ပြောနေကျဒီအချိန်လေးမှာ သူရော သူမရော တစ်ရက်မှမပျက်ဘဲ ရှိနေခဲ့ကြပါသည်။

ဒါက သူမတို့ကြးက တစ်ဦးပေါ်တစ်ဦး အလေးအနက်ထားမှု ပဲ ဖြစ်သည်။

ပထမတော့ အပျင်းပြေသဘောမျိုးပဲ ဖြစ်သည်။

တဖြည်းဖြည်းမှ သံယောဇဉ်တွေ တွယ်လာခဲ့သည်။

နှစ် နှစ် ဆိုသော အချိန်က သူမတို့ကို တစ်ယောက် နှင့် တစ်ယောက် စွဲလမ်းမှု တွေ ဖြစ်စေသည်။

သူရဲ့ Star rain ဆိုတဲ့ nick name လေးက လွဲပြီး ဘာမှမသိပါ။

သူကလဲ သူမရဲ့ nick name ဖြစ်သော Thu young mal (သူယောင်မယ်) ဆိုသော နာမည် လေးသာ သိထားပါသည်။

“Star rain” သူယောင်မယ်လေး နေကောင်းတယ်နော်. . .

ကိုယ် ကတော့ မင်းကို အမြဲတမ်း သတိရနေတယ်။

မင်းရော ကိုယ့်လိုပဲလား?

ကိုယ့်တို့နှစ် ယောက် အပြင်မှာ သိလို့ရမယ့် အချိန်က ဘယ်တော့လဲ?

“သူယောင်မယ်”. . .ကျွန်မအကြောင်းတွေ မသိချင်ပါနဲ့ဦး၊

Star rain ရယ်. . .ဒီလိုလေးပဲကောင်းပါတယ်။

ကျွန်မက. . .ဘာမှမထူးခြားတဲ့ သာမန်မိန်းကလေး တစ်ယောက် ပါလို့ ပြောထားပြီးပြီပဲ။

ကျွန်မလည်း ရှင် ဘယ်သူဘယ်ဝါဆိုတာကို မသိချင်သေးဘူးလေ. . .

“Star rain” ကိုယ် ကတော့ သိချင်တယ်။

မင်းမျက်နှာလေးကိုကြည့်ပြီး စကားပြောချင်တယ်။

သေချာတာ ကတော့ ကိုယ့်ရင်ထဲမှာ မင်းရှိနေတယ်။

“ဘယ်လိုယုံရမှာ လဲ”

“မျက်စီမှိတ်ပြီး ယုံလိုက်ပါကွာ၊ မင်းရဲ့ ဓာတ်ပုံပဲ ဖြစ် ဖြစ်ကြည့်ချင်တယ်၊ တင်လိုက်ပါလား”

“အင်း. . .ခဏစောင့်နော်”

သူမက ဓာတ်ပုံနေရာမှာ အင်တာနက်ထဲကယူထားသော အွန်စောရဲ့ ပုံလေးကို တင်လိုက်သည်။

“ဘယ်လိုလဲ. . .လှတယ်မှလား”

“ဟာ. . .မင်း လူလည်ကျပြီ. . .မင်းဓာတ်ပုံကိုကြည့်ချင်တာလေ”

“အဲဒါ. . .ကျွန်မပုံလေ”

“ဟုတ်လား. . .အွန်စောနဲ့ဆင်တယ်”

“အင်း . . .အဲလိုပဲ ပြောကြတယ်”

“ကိုယ်ကလည်း rain နဲ့ ခပ်ဆင်ဆင်ပဲ”

“ကျွန်မက rain ကို မကြိုက်ဘူး”

“အဲဒါဆို ဒါရိုက်တာရင်ရော. . .ကိုယ်က သူလို့ပဲ”

“ရှင် ဘယ်လိုပုံ ဖြစ် ဖြစ်. . .ကျွန်မက ခင်ပါတယ်”

“ကိုယ်လဲ မင်းလိုပါပဲ. . .အပြင်မှာ တွေ့ ဖို့ကို စဉ်းစားတော့ကွာ”

“ဘာလဲ. . .မစောင့်ချင်တော့ဘူးလား”

“မဟုတ်ပါဘူး. . .မင်းရော ကိုယ်နဲ့ မတွေ့ ချင်ဘူးလား”

“တစ်ချိန်ချိန်တော့ တွေ့ ကြမှာ ပေါ့”

“တစ်ချိန်ချိန်ဆိုတာ ဘယ်တော့လောက် ဖြစ်မလဲ။ နောက်တစ်လ နှစ် လလား၊ ဒါမှမဟုတ် ၁နှစ် ၂ နှစ် လား”

“ကံကြမ္မာက ဆုံစည်းခွင့်ပေးလာတဲ့နေ့ပေါ့”

“ကိုယ် အဲဒီ နေ့လေးကို စောင့်နေမယ်နော်. . .မင်းရောကိုယ့်လိုပဲလား”

“ကျွန်မလဲ ရှင့်လိုပဲ”

“မင်း. . .တကယ်ပဲ သူယောင်မယ်လေးလို မနေနဲ့တော့လေကွာ၊ ကိုယ့်တို့ခင်လာတောပဲ ၁ နှစ် ကျော်နေပြီပဲ. . .”

“ကိုယ်. . .တကယ် သံယောဇဉ် ဖြစ်မိနေပြီ”

“ကျွန်မလဲ ရှင့်လိုပဲ သံယောဇဉ် ဖြစ်မိပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီလိုအခြေအနေလေးကို ပိုနှစ်သက် တယ်၊ ကျွန်မမှာ တခြားသူငယ်ချင်းတွေ အများ ကြီးရှိတယ်၊ အပြင်မှာ ပေါ့၊ သူတို့အကြောင်းတွေ လဲ ကျွန်မသိတယ်၊ ကျွန်မအကြောင်းလဲ သူတို့ အကုန်သိတယ်”

“on line ပေါ်က ဘာမှမသိရဘဲ သံယောဇဉ် ဖြစ်သွားတဲ့သူငယ်ချင်း ကတော့ ရှင် တစ်ယောက် တည်းပဲ”

“ကျွန်မပြောတာ သိရဲ့ လား. . .တကယ်လို့ ကံကြမ္မာကကျွန်မတို့နှစ် ယောက် ကို တွေ့ ဆုံခွင့် ပေးလာခဲ့ရင်တော့အပြင်မှာ တွေ့ ရမှာ ပေါ့. . .အဲဒီ အချိန်ကို ရှင်စောင့်နိုင်ပါ့မလား”

“စောင့်နိုင်တာပေါ့ကွာ. . .”

“မင်းက ကိုယ့်အပေါ် သိပ်လွှမ်းမိုးနိုင်တဲ့ မိန်းကလေးပဲ”

“သေချာရဲ့ လားရှင်”

“သိပ်သေချာတာပေါ့. . .ကိုယ် ဘယ်မိန်းကလေးကိုမှအဲလောက်အထိ စိတ်ထဲမှာ မရှိခဲ့ဖူးဘူး. . .မင်းကပထမဆုံးပဲ။ အဲဒါကြောင့် မင်းဘယ်သူလဲဆိုတာ ကိုယ်သိပ်သိချင်တယ်။ အပြင်မှာ လဲ ရင်းနှီးခင်မင်ချင်တယ်။ မင်း ပြောတဲ့ ကံကြမ္မာ ဆုံစည်းပေးမယ့်နေ့ကို ကိုယ်စောင့်နေမယ်။ ဒါပေမဲ့ အဲလိုနေ့မျိုး ရောက်မလာခဲ့ရင်ကိုယ်တို့ ဒီအတိုင်းလေးပဲ on line ပေါ်မှာ ပဲ စကားပြောရမှာ ပေါ့”

“အဲလို ဖြစ်လာခဲ့ရင်လဲ ကျေနပ်ရမှာ ပေါ့”

“ဒါဆို ဒါပဲလေ. . .ကျွန်မသူငယ်ချင်း လာတော့မယ်၊ တာ့တာ”

“O K တာ့တာ”

သူမ G-talk ထဲက ပြန်ထွက်ပြီး Computer ပိတ်ဖို့ ပြင်လိုက်သည်။

သူမရင်ထဲမှာ ကြည်နူးနေမိသည်။ ကျေနပ်ပျော်ရွှင်နေမိသည်။

သူနဲ့ စကားပြောပြီးတိုင်း သူမရင်ထဲမှာ လှုပ်ရှားပြီးချိုမြိန်သော ခံစားမှု တွေ ဖြစ်မြဲ ဖြစ်သည်။

“ကျွန်မရင်ထဲမှာ လဲ ရှင်ရှိနေပါတယ် Star rain ရယ်”

“ဒေါက်. . .ဒေါက်”

“လာပြီ. . .လာပြီ”

တံခါးခေါက်သံကြားတော့ မိုးသက်တန့်က ကွန်ပျူတာစားပွဲမှ ထပြီး တံခါးသွားဖွင့်လိုက်သည်။

“ဘာလို့ လော့ခ်ချထားတာလဲ”

ညီမင်းက ဝင်လာတာနှင့် ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူးကွာ”

မိုးသက်တန့်က မရေမရာနှင့် ဖြေလိုက်သည်။ တကယ်တော့ သူ chatting ထဲက သူယောင်မယ်လေးနှင့် ခင်မင်လာတာ ဘယ်သူ့ကိုမှ မသိစေချင်လို့ပါ။ Chatting ထိုင်နေရင် လော့ခ်ချထားတတ်သည်။

ညီမင်းသာသိရင်လည်း သူ့ကိုအပြစ်တင်မှာ သေချာသည်။ အပြင်မှာ တွေ့ ပြီး. . .တကယ်လက်တွေ့ ခင်မှသာ ညီမင်းကိုပြောပြဖို့ စိတ်ကူးထားပါသည်။

“ဘယ်သူ့ဖုန်းလဲ”

မိုးသက်တန့်က ညီမင်းလက်ထဲတွင် ကိုင်ထားသော ဖုန်းအနီလေးက. . .ညီမင်းဟာလည်းမဟုတ်သော ကြောင့် မေးလိုက်သည်။

“မသိဘူးကွ. . .ကားရေဆေးတော့ ကားနောက်ခန်းမှာ တွေ့ တာ၊ ဟိုတစ်နေ့က ကောင်မလေးရဲ့ ဖုန်းလားမသိဘူး”

“ဟုတ်လို့လား. . .”

“မသိဘူးလေကွာ၊ Key change ကလဲ အရုပ်ပုံလေးနဲ့ဆိုတော့. . .သူ့ဟာပဲနေမှာ ပါ။ ကားကလဲ ဘယ်မှမှမသွားသေးတာ”

“အဲဒါဆို ဘယ်လိုပြန်ပေးမလဲ”

“သူ့အိမ်သွားပေးလိုက် ရင် ကောင်းမလားလို့. . .ဒါပေမဲ့သူမရှိရင် ဘယ်လိုလုပ်မလဲ၊ ငါ အဲဒီ ကောင်မလေးနဲ့ပြန်တွေ့ ချင်သေးတယ်။ ဒီဖုန်းလေး ကျကျန်ခဲ့တာငါ့အတွက်အခွင့်အရေး ပဲ။ အဲဒီ နေ့ ပြန်လာကတည်းကငါသူနဲ့ထပ်တွေ့ ချင်နေတာ. . .ငါဘယ်လို ဖြစ်နေမှန်းမသိတော့ဘူးကွာ”

“မင်းက. . .တကယ်အတည်လား”

မိုးသက်တန့်က ဖုန်းအနီလေးကို တယုတယနဲ့ကိုင်ကြည့်ပြီးပြောနေသော ညီမင်းကို အံ့ဩနေမိသည်။

မိုးသက်တန့်က. . .ကိုယ့်သူငယ်ချင်းအကြောင်း ကိုယ်ကောင်းကောင်းသိပါသည်။ မိန်းကလေးတွေ ကို အလေးအနက်မရှိတတ်တော့ပါ။

မိန်းကလေးတွေ နဲ့ တွဲ သွားတွဲ လာလုပ်လွန်းလို့ သူများ တွေ ရှုပ်တယ် ပွေတယ်လို့ ပြောကြပေမယ့်လည်း ညီမင်းကို သူနားလည်နိုင်သည်။

တကယ်တော့ ညီမင်းရဲ့ ဘဝက သနားစရာကောင်းပါသည်။ သူ သိပ်ချစ်ခဲ့ဖူးသော မိန်းမ တစ်ယောက် က သူ့ကိုရက်ရက်စက်စက် အသည်းခွဲခဲ့သည်။

ညီမင်းက သူ့ရဲ့ မမကို အသက်လောက်မြတ်နိုးခဲ့တာတွေ သူအသိဆုံးပါ။

ညီမင်း ကတော့ ပထမဆုံး အချစ်ဦးမို့ ရူးရူးမူးမူးကိုချစ်ခဲ့သည်။

သူ့ရဲ့ မမ ကတော့ အစကတည်းက သူ့ကို အလေးအနက်မချစ်ခဲ့ပါ။ အဲဒါတွေ သူ နောက်မှ သိခဲ့ရသည်။

နောက်တော့ သူ့ရှေ့မှာ ပဲ တခြားကောင်လေး တစ်ယောက် နှင့် တွဲ သည်။ သူ့ရဲ့ သူငယ်ချင်းတွေ က ပြောပြတော့ သူကမကြားခဲ့သလိုပဲ သဘောထားလိုက်သည်။

သူ မမကို အသက်လောက်ချစ်မြတ်နိုးခဲ့ပါလျက်နဲ့ မမကသူ့အပေါ် ရက်ရက်စက်စက်တုံ့ပြန်ခဲ့သည်။

ထိုအချိန်ကတည်းက မိန်းကလေးချောချောလှလှတွေ ကိုသူ သိပ်ကြောက်သွားခဲ့သည်။

မိန်းကလေးတွေ ကို နားကြည်းမုန်းတီးတဲ့စိတ်က သူ့ရင်ထဲမှာ ခိုအောင်းနေခဲ့သည်။

သူက မမကြောင့် မိန်းကလေးအားလုံးကို ရောထွေးပြီးစိတ်နာပစ်ခဲ့သည်။

နောက်တော့. . . ဘယ်မိန်းကလေးကိုမှ သူ့စိတ်ထဲမှာ အတည် ရည်ရွယ်ပြီး မချစ်တော့ပါ။

မိန်းမတွေ ကို အကောင်းမမြင်တတ်သော ညီမင်းက အခုမှဒီကောင်မလေး တစ်ယောက် ကို စိတ်ဝင်စား ဖြစ်နေသည်ဆိုတော့. . .မိုးသက်တန့်အတွက် ထူးဆန်းနေသည်။

ညီမင်းက ပြုံးစိစိနှင့် သူထံ စိုက်ကြည့်ကာ. . .

“တကယ်အတည်ပြောနေတာ. . .ဒီကောင်မလေးကိုစ,တွေ့ ကတည်းက ငါ့ရင်ထဲမှတစ်မျိုးပဲကွာ၊ မိုးရေထဲကသူ့ပုံစံလေးကို အခုထိမမေ့သေးဘူး။ သူ့ပုံစံလေးကထူးခြားလို့ စိတ်ဝင်စားတာလားမသိဘူး။ အိမ်ပြန်လာတော့လဲ သူ့ကိုပဲ သတိရနေတယ်။ ငါ့ကိုယ်ငါတောင်မယုံဘူး။”

“ကြိုးစားပေါ့ကွာ. . .မင်းရဲ့ အချစ်က တကယ်စစ်မှန်ရင်သူ မင်းကို ချစ်လာမှာ ပေါ့။ မင်းတို့နှစ် ယောက် ရေစက်ရှိရင် ပတ်သက်ခွင့်လဲ ရှိလာမှာ ပေါ့ကွာ”

အချစ်ရေး မှာ ကံမကောင်းခဲ့သော ညီမင်းကို သူချစ်တဲ့သူနဲ့အမြန်ဆုံး တွေ့ ခွင့်ရပါစေလို့ စိတ်ထဲက အလေးအနက်ဆုတောင်းပေးလိုက် မိသည်။

တကယ်ပဲ အချစ်စစ်မှန်ရင် ဆုံနိုင်ခွင့်ရှိပါတယ် နော်၊ သူယောင်မယ်။

ငါ့ရဲ့ အချစ်ကို. . .ငါဘယ်တော့လောက်မှ ကြိုးစားခွင့်ရမှာ လဲ။

ငါ သိပ်ချစ်တဲ့ ကောင်မလေး တစ်ယောက် ရဲ့ မျက်နှာလေးကိုတော့ မြင်ဖူးသင့်ပါတယ်ကွာ. . .။

နားလည်မှု တွေ ၊ သံယောဇဉ်တွေ ရှိနေကြပြီပဲ သူယောင်မယ်ရယ်. . .။

တို့နှစ် ယောက် ဆုံတွေ့ သင့်ပါပြီ။

XXXXX

မိုးသက်တန့်က Dagon Center အပေါ်ထပ်ရှိ Ko Ko beauty salon ထဲမှ တစ်ယောက် တည်း ထွက်လာခဲ့သည်။

ညီမင်းကိုစောင့်ရတာ စိတ်မရှည်တော့တာကြောင့် Dagon Center ထဲ လျှောက်ပတ်ကြည့်နေလိုက်သည်။

ညီမင်း ဆံပင်လာညှပ်တိုင်း သူက အဖော်လိုက်ပေးနေကျ ဖြစ်ပြီး သူကိုယ်တိုင်တော့ ဆံပင်ရှည်လာမှပဲ ဝင်ညှပ် ဖြစ်သည်။

ညီမင်း ကတော့ တစ်လတစ်ခါလောက် ဆံပင်ပုံ ပြောင်းတတ်တော့ ဒီကို ခဏခဏရောက် ဖြစ်သည်။

ဒီနေ့တော့ ဒဂုန်စင်တာမှာ ရှိုးပွဲလည်း ရှိတာကြောင့် ခါတိုင်းထက် ပိုမိုစည်းကားနေသည်။

ဂျေဒိုးနတ်ထဲမှာ အအေးဝင်သောက်ရန် စိတ်ကူးမိပြီးဝင်လာခဲ့သည်။

ဂျေဒိုးနတ်ထဲမှာ လည်း လူတွေ ပြည့်နေတာကြောင့် တစ်နေရာစာ မနည်းရှာထိုင်ရသည်။

မှန်ထောင့်က အပြင်ကို လှမ်းမြင်ရသည့် စားပွဲမှာ ဝင်ထိုင်ရင်း အပြင်ကို လျှောက်ငေးနေမိသည်။

“ဟာ”

စက်လှေပေါ်က ဆင်းလာနေသော ကောင်မလေးကိုတွေ့ လိုက်တော့ ဘာရယ်မဟုတ် ဝမ်းသာသွားမိသည်။

ရွှေယွန်းအသွင်. . .သူမရဲ့ ဖုန်းလေး သူတို့ဆီမှာ ရှိနေတာသုံးရက်လောက်ရှိနေပြီ။ ဒီညနေတောင်သွားပြန်ပေးဖို့ ညီမင်းနှင့် တိုင်ပင်ထားသည်။

သူမက အနက်ရောင် ဂါဝန်ဒူးဖုန်းလေးကို ခါးပတ်အဖြူအပြားကြီးနှင့် ဝတ်ထားတာကြောင့် အားလုံးထဲမှာ ပေါ်လွင်လှပနေသည်။

ဆံပင်အညိုရောင် ဖျော့ဖျော့ အခွေလေးတွေ ပန်းပေါ်ဝဲကျနေပုံကလည်း စတိုင်လ်ကျလွန်းသည်။

သူမကိုကြည့်နေမိရင်း သူယောင်မယ်ကိုတောင် သတိရသွားမိသည်။ သူယောင်မယ်ကရော ဘယ်လိုမိန်းကလေး ဖြစ်နေမလဲဆိုတာ စိတ်ကူးနဲ့ ခဏခဏပုံဖော်ကြည့်ဖူးသည်။

Chatting ထဲမှာ သိခဲ့ရသော မိန်းကလေး တစ်ယောက် ကို ခဏခဏသတိရပြီး အလေးအနက်ထားနေမိသော သူ့ကိုယ်သူလည်း အံ့ဩမိပါသည်။

ရွှေယွန်းအသွင်က စက်လှေကားနှင့် ဆင်းလာရင်း ကိုယ့်ကို တစ်ယောက် ယောက် နှင့် ကြည့်နေသလို ခံစားမိတာကြောင့် ဝေ့ဝဲရှာဖွေကြည့်လိုက်မိသည်။

ဂျေဒိုးနတ်ထဲထိုင်ကာ သူမဆီ သေချာစိုက်ကြည့်နေသူကိုတွေ့ လိုက်တော့ စိတ်ထဲမှာ ရင်းနှီးပြီး သိနေသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ ရွှေယွန်း သူ့ကိုမသိပါ။

သူနှင့် ခဏလောက် မျက်လုံးချင်းဆုံမိခိုက်မှာ ရင်ထဲလှုပ်ခတ်သွားတာ ထူးဆန်းသည်။

သူက တစ်ယောက် တည်းထိုင်ရင်း ရွှေယွန်းရှိရာ သေချာကြည့်နေသည်။ သူ့ပုံစံက မိတ်ဆွေ တစ်ယောက် ကိုရုတ်တရက်တွေ့ လိုက်လို့ ဝမ်းသာသွားပုံမျိုး ဖြစ်သည်။

ရွှေယွန်း ဂျေဒိုးနတ်ရှေ့က ဖြတ်လျှောက်လာတော့လည်းသူရွှေယွန်းကို လိုက်ကြည့်နေတယ်ဆိုတာ သိသည်။ ဒါပေမဲ့. . .ရွှေယွန်း သူ့ဆီ ပြန်မကြည့်တော့ပါ။

သူနှင့် ရွှေယွန်းက သိမှမသိတာဘဲနော်. . .

သူ့ပုံစံက ချောမောကြည့်ကောင်းတာတော့ အမှန်ပါ။ ဒါပေမဲ့ ရွှေယွန်း ဘယ်ယောက်ျားလေးကိုမှ ရင်မခုန်ချင်တော့။

ရွှေယွန်းနှလုံးသားထဲမှာ အလေးအနက်ထားရမယ့်သူရှိနေပြီပဲ။

သူငယ်ချင်းတွေ ကတော့ ရွှေယွန်းကို ရှာနေပြီလို့ပြောကြသည်။ ဘယ်ကမှန်းမသိ၊ ဘယ်သူမှန်းမသိနှင့် chatting ထဲကလူ တစ်ယောက် ကို အလေးအနက်ထားနေတာ ရူးနေလို့ပဲလို့သတ်မှတ်ကြသည်။

ရွှေယွန်း ကတော့ ဘယ်သူတွေ ဘာပြောပြော Star rain ဆိုတဲ့ chatting ထဲက သူငယ်ချင်း တစ်ယောက် ကို တကယ်ခင်ပြီးယုံကြည်နေမိသည်။

ကိုယ့်ကိုကိုယ်လည်း အံ့ဩမိပါသည်။

“ဟေ့. . .ခဏ”

လှမ်းခေါ်သံနှင့် အတူ အနောက်ကနေ တဖျပ်ဖျပ်ပြေးလိုက်လာသော ခြေသံကြောင့် ရွှေယွန်း နောက်ကို ချာခနဲပြန်လှည့် ကြည့်လိုက်သည်။

“ဟင်”

ခုနက လူ. . .သူက ဘာလို့ရွှေယွန်းကိုလှမ်းခေါ်ရတာ ပါလိမ့်။ ရွှေယွန်း နားမလည်နိုင်စွာ နှင့် သူ့ဆီကြည့်နေမိသည်။

“ဟိတ်. . .ခင်ဗျား ရွှေယွန်းအသွင် မဟုတ်လား”

“အင်း. . .ဟုတ်ပါတယ်”

သူက ရွှေယွန်းနာမည် အပြည့်အစုံတောင် သိနေသေးတာကြောင့် ပိုပြီးအံ့ဩသွားမိသည်။ သူ့ကိုတော့. . .ရွှေယွန်းတကယ်မသိတာသေချာသည်။

“ဪ. . .ဟုတ်သားပဲ၊ ခင်ဗျားမှ ကျွန်တော် တို့ကို မသိလိုက်တာ။ ဟိုတစ်ညက မိုးတွေ ရွာတုန်းကလေ. . .အိမ်ပြန်ပို့ခဲ့တာ”

“ဪ”

ရွှေယွန်းအသွင်က သူရှင်းပြလိုက်တော့မှပဲ သဘောပေါက်သွားတော့သည်။ သူမ ပြန်တွေ့ ချင်နေတဲ့ ကျေးဇူးရှင်ပဲ။

“တကယ်ပါရှင်. . .ကြီးမေပြောပြကတည်းက ကျွန်မရှင်တို့ကို တွေ့ ချင်နေတာ။ အဲဒီ နေ့က ကျွန်မကို ကူညီခဲ့တာ အရမ်းပဲ ကျေးဇူးတင်ပါတယ်။”

“ရပါတယ်ဗျာ. . .၊ ကျွန်တော် တို့ကလည်း မျက်စိရှေ့မှာ ဒုက္ခရောက်နေတာတွေ့ လို့ ကူညီလိုက်တာပါ. . .၊ နေရော ကောင်းသွားပြီလား”

ဟိုတစ်ရက် ကတော့. . .တော် တော် လေး နေမကောင်း ဖြစ်နေပုံရတာ ကြောင့် မိုးသက်တန့်က စိတ်ပူစွာ မေးလိုက်မိသည်။

“ဟုတ်ကဲ့၊ သက်သာ သွားပါပြီ၊ အဲဒီ နေ့က နေမကောင်း ဖြစ်နေတာ. . .မိုးပါထပ်မိသွားလို့ ဖြစ်တာပါ။ အခုကောင်း သွားပါပြီ”

“ဟာ. . .အဲဒီ နေ့က ကားပေါ်မှာ ခင်ဗျားဖုန်းကျန်ခဲ့တာလား. . .ကျွန်တော် တို့ ဖုန်းတစ်လုံး ကောက်ရထားတယ်။”

“အင်း ဟုတ်တယ်၊ ဟုတ်တယ်. . .အဲဒါ အသွင့်ဖုန်းဆက်ကြည့်တာလဲ စိတ်ပိတ်ထားတယ် ဆိုတာနဲ့. . .ပြန်လာပေးတာပဲ စောင့်နေမိတာ”

“ဟုတ်မယ်. . .ဖုန်းကို ကျွန်တော် တို့လဲ မနေ့ကမှတွေ့ တာ။ အခုတော့ အားသွင်းထားတယ်။ ဒီနေ့ညနေတောင် လာပေးမလို့. . . ”

“ရပါတယ် ကိစ္စမရှိပါဘူး၊ ဟို လာပေးရမှာ တကူးတက ဖြစ်နေတယ်ဆိုရင် အသွင်လာယူပါ့မယ်. . .အိမ်လိပ်စာပြောလေ”

သူမက အားနာစွာ ပြောမိသည်။

“ဪ. . .တကူးတက မ ဖြစ်ပါဘူး။ နီးပါတယ်။ ကျွန်တော် တို့ လာပေးလိုက် ပါ့မယ်။ ခင်ဗျား အိမ်မှာ ရှိမယ့်အချိန် ပြောလေ”

“ဒီနေ့ညနေဆို အသွင်အိမ်မှာ ရှိမယ်. . .ဒါမှမဟုတ်မနက်ဖြန်ညနေဆိုလဲရပါတယ်။ ရှင်တို့ အဆင်ပြေတဲ့အချိန်လာခဲ့ပေါ့. . .အသွင်မရှိလဲ ကြီးကြီးကိုပေးထားခဲ့ရင် ရတယ်။ ကြီးကြီး ကတော့ ရှင်တို့ကိုသိတယ်လေ”

“အိုကေ. . .ဒါဆို လာခဲ့မယ်လေ”

မိုးသက်တန့်က သူမကို နှုတ်ဆက်ပြီး. . .ညီမင်းရှိရာဆံပင်ညှပ်ဆိုင်ဘက်ကို ပြန်လျှောက်လာခဲ့သည်။

ညီမင်း ကကောင်တာမှာ ရပ်ပြီး ပိုက်ဆံရှင်းနေသည်။

“ပြီးပြီလား. . .ညီမင်း”

ညီမင်းဘေးကိုလျှောက်သွားပြီး မေးလိုက်သည်။

“ပြီးပြီလေ. . .ဘယ်လိုလဲ ငါ ဒီဆံပင်နဲ့ လိုက်လား။ ညီမင်းက သူ့ဘက်လှည့်ပြပြီးမေးသည်။ အခုခေတ်စားနေသော အီမိုကေက. . .ညီမင်းနဲ့တော့ တော် တော် လိုက်ဖက် အဆင်ပြေပါသည်။ ကိုရီးယားမင်းသားလိုလိုဘာလိုလိုနှင့် ညီမင်းပုံစံက ပိုပြီး စတိုင်ကျသွားသည်။”

“အေးပါ. . .မင်းနဲ့ လိုက်ပါတယ်။ ငါ ဘယ်သူနဲ့တွေ့ လာခဲ့လဲသိလား”

“ဘာလဲ၊ ဘယ်သူနဲ့ တွေ့ လာလို့လဲ”

“ရွှေယွန်းအသွင်လေ. . .သူနဲ့ပေါ့၊ ညနေဖုန်းလာပေးမယ်လို့ပြောလိုက်တယ်”

သက်တန့်က ညီမင်းကို သေချာပြန်ပြောပြမိသည်။

“ဟာ မင်းကလဲ ငါ့ကိုတော့ လာမခေါ်ဘူး. . .ငါကတွေ့ ချင်နေတာ”

“သိပ်အ ဖြစ်သည်းမနေနဲ့ဟေ့ကောင်. . .ညနေတွေ့ ရမှာ ပဲဟာ. . .ငါ ချိန်းပေးခဲ့တယ်လေ. . .သူနဲ့လဲသိပ်မသိသေးဘဲနဲ့. . .ငါက သူ့ကိုခဏစောင့်ခိုင်းထားပြီး မင်းကို လာပြေးခေါ်ရမှာ လား. . . မင်းပဲဒီမှာ ကြာနေပြီးတော့. . .”

“ဟုတ်ပါပြီကွာ၊ ထားပါတော့. . .သူ နေကောင်းသွားပြီလား”

“ကောင်းသွားပြီတဲ့. . . ငါတို့ကို ကျေးဇူးတင်ပါတယ်တဲ့သိလား”

“မင်းကိုပဲ ပြောသွားတာပေါ့လေ. . .မနာလိုဘူးကွာ၊ ငါက တွေ့ ချင်နေတာ၊ အတူတူလာတဲ့ဟာကို မင်းနဲ့မှဆုံရတယ်လို့”

“ဟဲ ဟဲ မတတ်နိုင်ဘူးလေ. . .မင်းက တွေ့ ချင်နေပေမယ့်လည်း ငါနဲ့မှ ရေစက်လာဆုံတယ်လို့ ပြောရမှာ ပေါ့ ဟား ဟား ဟား”

“ပွစိ ပွစိရေရွှတ်နေသော ညီမင်းကို သက်တန့်တမင်လျှောက်နောက်နေမိသည်။”

တကယ်တော့ ညီမင်း စိတ်ဝင်စားတယ်လို့ ပြောထားတဲ့ထိုကောင်မလေးကို သူကလည်း ရင်မခုန်ပါ။ သူနဲ့မဆိုင်တော့ဘူးလို့ပဲ သတ်မှတ်ထားလိုက်ပါသည်။

ဒီတစ်ခါကျမှ. . .အတည် အလေးအနက် ဖြစ်နေသော ညီမင်းကို တမင်တကာ နောက်နေတာပဲ ရှိပါသည်။

“သူက တစ်ယောက် တည်းလာတာလား. . .အဖော်မပါဘူးလား”

ဆိုင်ထဲက ထွက်လာတော့ ညီမင်းက သူသိချင်တာတွေ ဆက်မေးနေသေးသည်။

“ဟုတ်တယ်. . . တစ်ယောက် တည်း လာတာ ဖြစ်မယ်ဘယ်သူမှ မပါဘူးကွ”

“ဒီနားမှာ ပဲ ရှိဦးမလား မသိဘူး နော်. . .မင်း သူ့ကိုတွေ့ တာ သိပ်မကြာသေးဘူး မှတ်လား”

ညီမင်းက ကားရပ်ထားရာဆီရောက်တော့. . .ဟိုကြည့်ဒီကြည့်နှင့် ရှာနေသေးသည်။

“မင်းကလဲ တော် ပါတော့ကွာ. . .ညနေတွေ့ ရမှာ ကို. . .”

သူတို့နှစ် ယောက် အပြန်လမ်းလျှောက်မှာ လည်း ထိုကောင်မလေးအကြောင်းကိုပဲ ပြောလာခဲ့ကြသည်။

အလေးအနက်ကြီး ဖြစ်နေသော ညီမင်း ပုံစံကြောင့် သူတောင် ပေါ့ပေါ့ဆဆသဘောထားလို့ မရတော့လောက်အောင် ဖြစ်နေသည်။

သူ မမနဲ့ကွဲ့သွားပြီးနောက်ပိုင်းမှာ . . .ညီမင်းဟာမိန်းကလေးတွေ ကိုဆိုလျှင် အပျင်းပြေလောက်သာ သဘောထားတတ်ခဲ့တာပါ။

ဒီတစ်ခါတော့ ညီမင်း ကံကောင်းပါစေလို့ သူ ဆုတောင်းပေးမိပါသည်။

ညီမင်းကြွေနေတဲ့ ရွှေယွန်းအသွင်ဆိုတဲ့ ကောင်မလေးဟာ အချစ်ကို တန်ဖိုးထားတတ်သူလေး ဖြစ်မှာ ပါ။

ညီမင်းကို မမဇံလို မာယာများ နဲ့ မိန်းမမျိုးနဲ့ ထပ်မဆုံစေချင်ပါ။

ညီမင်း သူ့မမကြောင့် ရူးမတတ် ခံစားခဲ့ရတာ တွေ ကို သူအသိဆုံး ဖြစ်သည်။ ညီမင်းကို သနားလည်း သနားခဲ့ရသည်။ အဲဒါကြောင့် အခုတစ်ခါတော့ ညီမင်းကို သစ္စာရှိသော မိန်းမကောင်းလေး တွေ့ စေချင်သည်။

“ရွှေယွန်းအသွင်” ဆိုတဲ့ ကောင်မလေး ကတော့ ကြည့်ရတာ ဖြူဖြူစင်စင်လေးပါပဲ။

မာယာတွေ နှင့် လှည့်စားတတ်မည့်  ဆရာမ ကြီးပုံစံမျိုးတော့မဟုတ်ပါဘူး။

သူ့ရဲ့ သူယောင်မယ်လေးရော. . .ဘယ်လိုမျိုးလေး ဖြစ်မလဲလို့ ဆက်တွေ့ ကြည့်မိသည်။ သူ့ခေါင်းထဲ အလိုလိုရောက်ရောက်လာတာ။ သူ ကတော့ သူယောက် မယ်လေးကိုအပြင်မှာ မြင်တွေ့ ချင်လှပါပြီ။ တမ်းတမိပြီ။

ဘယ်လိုရုပ်မျိုးလဲဆိုတာ သိချင်တာထက် အပြင်မှာ တွေ့ ပြီး ခင်ရတာ ပိုပြီးရင်းရင်းနှီးနှီး ရှိမယ်ထင်လို့ပါ။

သူမရဲ့ ဖြူစင်တဲ့ စိတ်ထားလေးကို သဘောကျတာပါ။

ဘယ်လိုရုပ်ရည်မျိုးပဲ ရှိနေနေ. . .သူ့သဘောထားကပြောင်းလဲမှာ မဟုတ်ပါ။ အဲဒါကို သူမ သိစေချင်သည်။

XXXXX

“သားတို့ လာ လာ. . .အသွင်လေးရှိတယ်”

သူတို့နှစ် ယောက် ရောက်သွားတော့. . .ဟိုနေ့ကတွေ့ ခဲ့တဲ့ ကြီးမေက ထွက်ကြိုပါသည်။

“ခဏ ထိုင်ကြဦးနော် . . .၊ သမီးက ရေချိုးနေတယ်ထင်တယ်၊ ကြီးကြီးသွားခေါ်လိုက်ဦးမယ်”

ရွှေယွန်းရဲ့ ကြီးကြီးက ဖော်ဖော်ရွေရွေပင် ပြောကာ အထဲပြန်ဝင် သွားပါသည်။

ခဏနေတော့ ကောင်မလေး တစ်ယောက် ကော်ဖီဗန်းလေးနှင့် ထွက်လာပြီး သူတို့ကို လာချပေးသည်။

“ဒီအချိန်ကြီး ရေချိုးတယ်တဲ့၊ အဲဒါကြောင့် နေမကောင်း ဖြစ်တာ ဟုတ်မယ်”

သက်တန့်က ညီမင်းဘက်လှည့်ကာ. . .တိုးတိုးလေးကပ်ပြောသည်။

“အေးလေကွာ၊ နောက်မှပြောထားရမယ်. . .ဟား ဟား”

ညီမင်းက အပိုင်တွက်ပြီး နောက်နေသည်။

“အေးပါ အေးပါ စိတ်ကူနဲ့ရူးပါ၊ ဟိုကဖြင့် မင်းကိုမြင်တောင် မြင်ဖူးသေးပုံမရဘူး”

ထိုစဉ် ကြီးမေနှင့် ရွှေယွန်းတို့ ဧည့်ခန်းထဲ ရောက်လာတာကြောင့် သူတို့ စကားပြောတာ ရပ်ထားလိုက်ကြသည်။

ညီမင်း ကတော့ ကြီးမေနောက်မှပါလာသော ရွှေယွန်းကိုရွှန်းလတ်သော မျက်လုံးနှင့် ငေးနေပါသည်။

ညီမင်းက ငေးမယ်ဆိုလဲ ငေးချင်စရာကောင်းအောင် သူမက လှနေပါသည်။ ဒူးဖုံးရုံလောက် ဂါဝန်လတ်ပြတ်လေးကကာတွန်းရုပ်လေးတွေ နဲ့ဆိုတော့ ကလေးလေးလို ချစ်ဖို့ကောင်းနေပါသည်။ ရေမစင်သေးသော ဆံပင်တွေ က အချောင်းလိုက်လေးတွေ ဖြစ်နေပြီး ခေါင်းလျှော်ရည်ရင့် သင်းသင်းလေးကိုလည်း ရှူရှိုက်မိသည်။

“သားတို့ ကော်ဖီသောက်ကြဦးလေ၊ အေးကုန်တော့မယ်”

ကြီးမေက သူတို့ရှေ့က ထိုင်ခုံမှာ ဝင်ထိုင်ရင်း ပြောသည်။ သူမကလည်း ကြီးမေးဘေးမှာ ဝင်ထိုင်လိုက်သည်။

“အသွင်က ရှင်တို့ မလာတော့ဘူးထင်တာနဲ့ ရေချိုးနေတာ၊ မနက်ဖြန်မှပဲ လာတော့မယ်ထင်လို့. . .”

“ကျွန်တော် တို့လဲ ဖုန်းကို လာမပေး ဖြစ်မှာ စိုးတာနဲ့ ဒီနေ့ပဲလာခဲ့လိုက်တာပါ၊ တော် ကြာ. . .အရေး ကြီးတဲ့ဖုန်းတွေ ဝင်လာရင် လွဲနေမှာ စိုးလို့လေ. . .”

ညီမင်းက သူမရဲ့ ဖုန်းလေးကို ပြန်ပေးရင်း ပြောလိုက်သည်။

“ကျေးဇူးပဲရှင်. . .ခုလိုတကူးတက လာပေးတာရော၊ အဲဒီ နေ့က အိမ်ပြန်ပို့ပေးခဲ့တာကိုရော. . .”

“ဟုတ်ပါတယ်ကွယ်၊ သားတို့နှစ် ယောက် ကို အရမ်းကျေးဇူးတင်ပါတယ်. . .အဲဒီ နေ့က သားတို့နဲ့ကမတွေ့ ရင် သမီးလေးတော့ မိုးရေထဲမှာ အကြာကြီးဒုက္ခရောက်နေရမှာ ၊ ဒါနဲ့ သားတို့အမည် တွေ ကရော ဘယ်လိုခေါ်ကြလဲ၊ ဟိုတစ်နေ့က သမီးကိုပဲ စိတ်ပူနေတာနဲပ ဘာမှကောင်း သေချာမမေးလိုက်မိဘူး”

“ကျွန်တော် က ညီမင်းဆက်ပါ. . .သူက မိုးသက်တန့်”

“ဪ. . .သားတို့က ညီအစ်ကိုတွေ လား”

“မဟုတ်ဘူးကြီးကြီး. . .ကျွန်တော် တို့က သူငယ်ချင်းတွေ ပါ၊ ငယ်ငယ်ကတည်းက ပေါင်းလာတာ”

“သားတို့ကိုတွေ့ ရတော့လေ ကြီးကြီးရဲ့ သားကိုတောင်သတိရမိတယ်၊ ကြီးကြီးမှာ လဲ သား တစ်ယောက် ရှိခဲ့တာ၊ အခုတော့ ဆုံး သွားပါပြီကွယ်၊ သူသာရှိဦးမယ်ဆို. . .အခု သားတို့အရွယ်လောက်ရောက်ပြီပေါ့ကြီးကြီးသားက အသွင့်ထက် နှစ် နှစ် ပဲကြီးတာလေ. . .”

ရွှေယွန်းရဲ့ ကြီးကြီးက ပြောရင်း မျက်ရည်တွေ တောင်ဝဲလာတာကြောင့် သူတို့ ကရုဏာသက်စွာ ငြိမ်သက်သွားမိ၏ ။

“ကဲပါ ကြီးမေရယ်၊ စိတ်မကောင်းစရာတွေ ပြောမနေပါနဲ့တော့. . .”

သူမက ကြီးမေရဲ့ လက်ကို ဆုပ်ကိုင်ရင်း အားပေးနှစ် သိမ့်သလို ပြော၏ ။

“ကြီးမေ ကတော့ သားတို့အရွယ် ကောင်လေးတွေ ကိုမြင်တိုင် သားလေးကိုပဲ သတိရနေမိတယ် သားရယ်။ သားတို့လဲ အိမ်ကို မကြာမကြာလာလည်ကြနော်. . .”

ကြီးကြီးရဲ့ စကားကြောင့် ညီမင်းက ကျေနပ်သွားပြီး. . .

“ဟုတ်ကဲ့ပါ. . .လာခဲ့ပါ့မယ် ကြီးကြီး”

“အခုလဲ သားတို့ ထမင်းစားပြီးမှ ပြန်ကြနော်၊ ထမင်းစားချိန် ရောက်နေပြီ. . .မစားရသေးဘူး မှတ်လား”

“မစားတော့ မစားရသေးဘူး ခင်ဗျာ။ ဒါပေမဲ့ နေပါစေကြီးမေ. . .ကျွန်တော် တို့ ပြန်တော့မှာ ”

သူတို့နှစ် ယောက် အားနာ ပါးနာနှင့် ငြင်းနေမိသည်။

“အားနာမနေပါနဲပ သားတို့ရယ်၊ သမီးလေးရဲ့ ကျေးဇူးရှင်တွေ ကို သေချာဧည့်ခံချင်နေတာ. . .နောက်တစ်ခါမှပဲသေသေချာချာ ချက်ပြုတ်ပြီး ဖိတ်ကျွေးရမယ်။ အခုတော့ဟင်းတွေ သိပ်မစုံဘူး၊ စားသွားကြနော်. . .”

ကြီးမေက အတင်းကိုခေါ်နေတော့. . .သူတို့ငြင်းရမှာ အားနာမိသည်။

“ဟုတ်ပါတယ်. . . တစ်ခါတည်း ဝင်စား သွားပါ၊ အားနာစရာမရှိပါဘူး”

အသွင်ကပါ ဝင်ပြောတော့. . .သူတို့ အားနာနာနှင့် ပဲထမင်းစားပွဲဆီ ရောက်လာရသည်။

ထမင်းစားရင်း. . .ကြီးမေက အိမ်ကအကြောင်းတွေ ကိုရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောပြနေပါသည်။

ရွှေယွန်း ကတော့ ဘာမှဝင်မပြောပေမယ့်. . .သူတို့နှစ် ယောက် ကို လိုလားခင်မင်ပုံတော့ရပါသည်။

ညီမင်း ကတော့ ထမင်းစားရင်း အသွင့်ဆီပဲ ခဏခဏလှမ်းလှမ်းကြည့်နေသည်။

သူတို့ပြန်ခါနီး တော့ ရွှေယွန်းနှင့် ကြီးကြီးကို နှုတ်ဆက်ရင်းညီမင်းက. . .ရွှေယွန်းဆီဖုန်းဆက်မည် ဟု ပြောသွားခဲ့သည်။

ရွှေယွန်းက သူတို့ကိုကြည့်ကာ ဖော်ရွေပုံရတာ ကြောင့် ရောရွှေယွန်းကိုကူညီထားတာကြောင့် ခေါင်းညိတ်ပြမိသည်။

XXXXX

ညီမင်းက အိမ်ပြန်ရောက်တာနှင့် ရွှေယွန်းအသွင်ဆီကိုဖုန်းဆက်လိုက်သည်။

“ဟဲလို ရွှေယွန်းလား. . .ကျွန်တော် ညီမင်းပါ”

“ဟုတ်. . .ပြောပါ ညီမင်း”

ရွှေယွန်းက သူ့ဖုန်းဆက်မယ်လို့ ပြောသွာပေမယ့်. . . ချက်ချင်း ကြီး လှမ်းဆက်လိမ့်မည် ဟု မထင်ထားတာကြောင့် အံ့ဩနေမိသည်။

“ဘာ ဖြစ်လို့လဲ ကိုညီမင်း”

“ကိုယ်တို့နဲ့ ကန်တော် ကြီးမှာ ရှိုးပွဲကြည့်ဖို့ ဖိတ်ချင်လို့ပါ၊”

“အိုကေ ရွှေယွန်းလာခဲ့မယ်၊ ကိုညီမင်းနဲ့ ကိုမိုးသက်တန့်တို့နဲ့ ကန်တော် ကြီးထဲက FUN စားသောက်ဆိုင်မှာ ဆုံကြမယ်”

“ဒါဆို အိုကေနော်၊ ကိုယ်တို့စောင့်နေမယ်၊ ရွှေယွန်းသာလာ ဖြစ်အောင် လာခဲ့လိုက်”

“အင်းပါ. . .ရွှေယွန်း လာခဲ့ပါ့မယ်”

“အဲဒါဆို ဒါပဲနော် ရွှေယွန်း၊ ဘိုင့်ဘိုင်. . .ဂွတ်နိုက်”

“ဂွတ်နိုက်. . .ကိုညီမင်း”

ရွှေယွန်းက ဖုန်းလေးကို ပိတ်လိုက်ပြီး ဝရန်တာမှ အိမ်ထဲသို့ ဝင်လာခဲ့သည်။

ဧည့်ခန်းမှာ ကြီးကြီးက ရွှေယွန်းကို ကြည့်နေတာနှင့် ဆုံသည်။

“ဘယ်သူ့ဆီကလဲ သမီး”

“ကိုညီမင်းပါ ကြီးကြီး”

“ဪ မောင်ညီမင်းကလား၊ ဒီသူငယ်လေးတွေ ကြည့်ရတာ တော့ မဆိုးပါဘူး၊ လူရည်သန့်လေးတွေ ဖြစ်ပုံရတယ်၊ သမီးယွန်းနဲ့ ခင်ခင်မင်မင်ရှိတာ ကောင်းပါတယ်ကွယ်၊ ကဲ ကြီးကြီး သွားနားတော့မယ်၊ သမီးလဲ အိပ်တော့လေ၊ သိပ်ညဥ့်နက်တဲ့အထိ မနေနဲ့နော်”

“ဟုတ်ကဲ့ပါ ကြီးကြီးရဲ့ . . .သမီးလဲ အိပ်တော့မှာ ပါ”

ကြီးကြီးက ရွှေယွန်းကိုပြောပြီး အိမ်ထဲဝင်သွားသည်။

ရွှေယွန်းလည်း သူမအခန်းရှိရာ အပေါ်ထပ်သို့ မဂ္ဂဇင်းစာအုပ်လေးယူပြီး တတ်လာခဲ့သည်။

ရွှေယွန်းက ညဆို Online ပေါ်မှာ Chatting ဝင်ပြီး Star Rain နဲ့ စကားပြောရတာ အလုပ်တစ်ခု။ ပြီးတော့ မဂ္ဂဇင်း ခဏဖတ်ပြီးရင် ဘုရားရှိခိုးပြီးမှ အိပ်ရာဝင်တတ်သည်။

ဒါကြောင့် လည်း ကြီးကြီးက ရွှေယွန်းကို သိပ်ညဥ့်နက်အောင် မနေဖို့ မှာ နေတာပါ။

ရွှေယွန်းက အခန်းထဲဝင်ပြီး အရင်ဆုံး ဗီရိုထဲက ပေါ့ပေါ့ပါးပါး ချည်သားဂါဝန်လက်ပြတ်လေးကို လဲဝတ်လိုက်သည်။

ပြီးမှ ကော်ဖီတစ်ခွက်ဖော်ကာ ဖန်ခွက်လေးကို ကိုင်ပြီးကွန်ပျူတာရှေ့လျှောက်သွားလိုက်သည်။

ကွန်ပျူတာကို ဖွင့်ကြည့်လိုက်တော့. . .

Star Rain ပို့ထားတဲ့ message လေးကို တွေ့ ရသည်။ သူပို့ထားတာက ထူးထူးဆန်းဆန်း ပန်းခင်းလှလှလေးတွေ ပင်။

ဟယ် လှလိုက်တာဟု နှုတ်ကပင် ရေရွတ်မိသည်။

Star Rain. . . ဟိုင်း ရောက်နေတာ ကြာပြီလား။

သူယောင်မယ်. . . ဟင့်အင်း သိပ်မကြာသေးပါဘူး။

Star Rain. . . ငါပို့ထားတဲ့ ပုံလေးတွေ တွေ့ လား။

သူယောင်မယ်. . .အင်းတွေ့ တယ်၊ အရမ်းလှတာပဲ။

Star Rain. . .နင်သီချင်းနားထောင်ချင်လား။

သူယောင်မယ်. . .ဘာသီချင်းလဲ။

Star Rain. . .ငါ ပို့လိုက်မယ်လေ၊ နင်နားထောင်ကြည့်လိုက်။

သူယောင်မယ်. . .အင်း. . .အင်း။

ရွှေယွန်းက အီးယားဖုန်းလေးတပ်ပြီး နားထောင်ကြည့်လိုက်တော့ အာဇာနည်ရဲ့ ရွှေရုပ်ကလေးသီချင်း ဖြစ်နေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ရွှေယွန်းလည်း R ဇာနည်ရဲ့ အဲဒီ သီချင်းလေးကို အရမ်းကြိုက်တာ. . .

သိပ်ပျော်လိုက်တာ ရင်တောင်ခုန်တယ်

ပြန်စာပြန်စာ သူလေးကပေးလာ

ဝမ်းလည်းသာ ပျော်တယ်ချစ်ရယ်

ရွှေရုပ်ကလေးကောက်ရသလို

မာနကြီးလေး မောင့်ရဲ့ ချစ်သူ

ပေးလိုက် တဲ့ စာလေးကြောင့် အသည်းလေးရွှင်

ကိုကို ခေါ်သံ သိန်းဆုထက်ခင်

မိုးလေးမြင့်ပေါ်ခုန်ကာတတ်ချင်

မေတ္တာမြို့ဝယ် အတူတူနေမယ်

ရွှေရောင် အကြင်နာ လက်ကလေးကမ်းလှမ်းကာ

မီးပင်လယ် ကျော်ကာဖြတ်မယ်

ချစ်သူရှိတယ် ဆိုနိုင်ပြီကွယ်

လူလူသူသူ အချစ်လေးကိုယ်နံဘေးမှာ

ထမင်းလည်းမဆာ၊ ရင်မှာ ပြည့်လာ

စိန်စီသော လမ်း လျှောက်လှန်းရသလို

ဘယ်နတ်သမီးကကူ အိမ်မက်လေးထဲ

စွဲလမ်းရသူ လှပတဲ့ အချစ်လေးတစ်ချက်ရှိတယ်

ငွေလမင်းလေး မောင့်အချစ်နဲ့တူ နှလုံးသားလေးပေါ်

ပီတိလေးကူ

ရှား လားလား လာ လာ လာ လာ. . .

ဂုဏ်ရည်လေးများ တူရင်တော့. . .

အပြေးလေးလက်ထပ်ထားမယ် အဟုတ်တကယ်

သူယောင်မယ်. . . အင်းသီချင်းလေးက အရမ်းကောင်းတယ်. . .သူယောင်မင် ကြိုက်တဲ့သီချင်းလေးပဲ. . .

Star Rain. . .ဟာဒါဆို ကိုယ်နဲ့အကြိုက်ချင်းတူတာပေါ့၊ ကိုယ်လဲ အဲဒီ သီချင်းလေးကြိုက်တယ်၊ ကိုယ်တို့နှစ် ယောက် အကြိုက်ချင်းလဲ တူတယ်ဆိုတော့ ကိုယ်နဲ့ တို့ မမြင်ရခင် အပြင်မှာ ခင်ကြရင် မကောင်းဘူးလား။

သူယောင်မယ်… ဟင့်အင်း မကောင်းပါဘူး။

Star Rain … ဘာမကောင်းတာလဲ သူယောင်မယ်ငါ့တော့ နင့်ကိုအရမ်းမြင်ဖူးချင်တယ်

သူယောင်မယ် … ငါလဲ နင့်ကိုမြင်ဖူးချင်ပါတယ်၊ ငါ့စိတ်ထဲက နင့်ပုံစံနဲ့ အပြင်က ပုံစံထပ်တူကျ၊ မကျဈ သိချင်ပါတယ်၊ ဒါပေမယ့်ငါ အချိန်တစ်ခု သတ်မှတ်ထားတယ်ဟ. . .အဲ့ဒီအချိန်ရောက်မှငါတို့ တွေ့ ကြရအောင်နော်။

Star Rain … အေး ဒါဆိုလဲပြီးရော၊ ငါလဲနင့်ရုပ်ကိုမြင်ဖူးမှာ မဟုတ်ပါဘူး၊ နင့်ရဲ့ ပုံရိပ်တွေ က ငါ့ရင်ထဲမှာ ရှိနေပြီးသားပဲဟာ၊ နင့်ရဲ့ အပြင်က ပုံစံက ငါ ထင်ထားတာထက် ပိုပြီးလှနေမှာ လား၊ ဒါမှမဟုတ် ဘယ်လိုပုံစံလေးလဲ၊ ငါ နင့်ရဲ့ ပုံစံမှန်းပြီး ရင်ခုန်နေမိတယ်ဟာ။

သူယောင်မယ် … နင် ရင်မခုန်ပါနဲ့ဟာ၊ ငါက ရုပ်ဆိုးမလေး ဆို. . .နင်တွေ့ ရင် လန့်သွားလိမ့်မယ်။

Star Rain … မလန့်ပါဘူးဟာ၊ နင် ဘယ်လိုပုံစံ ဖြစ် ဖြစ် ငါ ကတော့နင့်ကိုခင်မှာ ပဲ၊ ငါက နင့်ကိုတကယ် သံယောဇဉ်တွယ်နေမိပြီထင်တယ်၊ နင့်ဆီ စာမရေး ရင်. . .တစ်နေ့တာ အ ဖြစ်အပျက်လေးတွေ နင့်ကိုရေး မပြရလျှင်ငါ စားလို့မဝင်ဘူး၊ အိပ်လို့လဲမပျော်ဘူးဟ. . .

သူယောင်မယ် … အိပ်မပျော်ရင် ဝတ္တုဖတ်ပါလား

Star Rain … ဘာဝတ္တုလဲ

သူယောင်မယ် … တစ္ဆေဝတ္တုတို့၊ စုံထောက်ဝတ္တုတို့၊ အချစ်ဝတ္တုတို့ပေါ့ဟာ. . .

Star Rain … နင်ရောဝတ္တုဖတ်လား၊

သူယောင်မယ် … အင်းဖတ်တာပေါ့၊ ငါက စာအုပ်ဆိုအကုန်ဖတ်တယ်၊ ဒီနေ့တောင် မြို့ထဲက စာပေလောက-၂ မှာ ဆရာဖေမြင့်ရဲ့ ဘေဘီလုံမှာ အချမ်းသာဆုံးဆိုတဲ့စာအုပ်လေး ဝယ်လာသေးတယ်။ နောက်ပြီး ငါက အချစ်ဝတ္တုတွေ လဲ ဖတ်တယ်ဟ၊ စာရေး ဆရာမ ဂျူးရဲ့ “ချစ်သူလား၊ စံကားတစ်ပွင့်ပွင့်ခဲ့တယ်” ဆိုတဲ့ စာအုပ်ကို ငါအရမ်းကြိုက်တယ်၊ ဖတ်လို့အရမ်းကောင်းတာပဲ၊ နင်လဲ ဖတ်ကြည့်ပါလား။

Star Rain … ငါက ဝတ္တုဖတ်ရမှာ တော့ ပျင်းတယ်ဟ. . .ဒါပေမဲ့ နင်ပြောလို့ ဆရာမ ဂျူးဝတ္တုကို ငါဖတ်ကြည့်ပါ့မယ်။

သူယောင်မယ် … အေးကောင်းပြီး။ သိပ်ညဥ့်နက်နေပြီဆိုတော့ ငါအိပ်တော့မယ်နော်၊ ကောင်းသော ညချမ်းပါ Star Rain

Star Rain … Ok, See you tomorrow, Bye, Good Luck.

You have a nice dream

နောက်တစ်နေ့မှာ လည်း online ပေါ်မှာ ပဲ နှစ် ယောက် သား စကားတွေ အပြန်အလှန်ရေး ပြော ဖြစ်သည်။

Star Rain … ဟေ့သူယောင်. . .မင်းနေကောင်းလား။

သူယောင်မယ် … အင်း ကောင်းပါတယ်။

Star Rain … ဒီနေ့ ဘာနေ့လဲ သိလား. . .သူယောင်မယ်

သူယောင်မယ် … အင်း သိတာပေါ့ December 25 ရက်နေ့လေ. . .အဲဒါ ဘာ ဖြစ်လို့လဲ။

Star Rain … December 25 ရက်နေ့ဟုတ်တယ်၊ အဲဒါ ခရစ်ခမက်နေ့လေ။

သူယောင်မယ် … အင်း သိသားပဲ၊ ဘာ ဖြစ်လို့လဲ

Star Rain … နင်ကလဲဟာ ဝေးလိုက်တာ. . .အဲဒါ ငါ့ Birthday မွေးနေ့ပေါ့ဟ။

သူယောင်မယ် … ဪ အေး ဟုတ်သားပဲ၊ ငါ မေ့နေတာသူငယ်ချင်း ဆောရီးဆောရီး . . .So Sorry ပါဟာ၊ နင်စိတ်မဆိုးပါနဲ့နော် ဘယ်လိုလဲ၊ မွေးနေ့မှာ ဘာတွေ လုပ် ဖြစ်လဲ၊ ပျော်စရာကောင်းရဲ့ လား။

Star Rain … အင်း ပျော်စရာကောင်းပါတယ်၊ မွေးနေ့မှာ မနက်စောစော သူငယ်ချင်းတွေ နဲ့ ဘုရားသွားတယ်၊ အပြန်မှာ သူငယ်ချင်းတွေ နဲ့ဆိုင်တစ်ဆိုင်မှာ Birthday မွေးနေ့ပွဲကျင်းပတယ်၊ အဲဒါပဲဟာ၊ ဒါပေမဲ့ ငါမကျေနပ်တာ တစ်ခုရှိတယ်။

သူယောင်မယ် … အဲဒါဘာလဲ

Star Rain … နင် ငါ့ကို မွေးနေ့လက်ဆောင် ဘာမှမပေးဘူးလား. . .အဲဒါ ငါမကျေနပ်ဘူး။

သူယောင်မယ် … ဟုတ်လား. . .ဒါဆို ငါအခုပဲ နင့်ဆီလက်ဆောင်ပို့လိုက်မယ်။

ရွှေယွန်းအသွင်က အင်း. . .သူ့ကို ဘာလက်ဆောင်လေးပို့လိုက်ရင်ကောင်းမလဲ ဆိုပြီး ခဏစဉ်းစားလိုက်သည်။ ပြီးမှအကြံရသွားပြီး ကြယ်နှင်တံလေးတစ်ခုဆွဲပြီး သူ့ဆီပို့ပေးလိုက် သည်။ ကြယ်နှင်တံလေးရဲ့ ဘေးမှာ Star Rain ဆိုပြီး သူ့ရဲ့ Nice Name လေးကို ရေး ပေးလိုက် သည်။

သူယောင်မယ် … ငါပေးတဲ့လက်ဆောင် သဘောကျရဲ့ လား

Star Rain … အင်း . . .သဘောကျပါတယ်။ နင်ရော ခရစ်စမတ်နေ့မှာ ဘယ်တွေ သွားခဲ့လဲ။

သူယောင်မယ် … သူငယ်ချင်းတွေ နဲ့ လျှောက်လည်တယ်၊ နောက်ပြီး Blazon မှာ ကျင်းပတဲ့ Singin Contest ပွဲကို သွားကြည့်တယ်။

Star Rain … သူငယ်ချင်းတွေ ဆိုတာ ဘယ်နှယောက် တောင်လဲ. . .။

သူယောင်မယ် … အများ ကြီးပဲပေါ့။

Star Rain … ယောက်ျားလေး သူငယ်ချင်းတွေ ရော. . .ရှိလား။

သူယောင်မယ် … အင်းရှိတာပေါ့။

Star Rain … သူတို့ထဲမှာ နင့်ကိုစိတ်ဝင်စားနေတဲ့ လူရောပါလား။

သူယောင်မယ် … အင်း ရှိချင်ရှိမှာ ပေါ့။ ဒါပေမဲ့ ငါက သူတို့အပေါ်မှာ Very Clean ပဲ၊ ဘာခံစားချက်မှမရှိဘူး (nothing feeling) ပါ။

Star Rain … တော် သေးတာပေါ့။

သူယောင်မယ် … ဟင်း ဟင်း … ဘာမှလဲမဆိုင်ဘူး။

Star Rain … ငါ့အတွက်တော့ဆိုင်တယ်ဟာ. . .ဒါတွေ နင်မသိပါဘူးလေ။

သူယောင်မယ် … ကဲပါ ထားလိုက်ပါတော့၊ ကြီးကြီးခေါ်နေလို့ငါသွားတော့မယ်။ See you too.

Star Rain … အေး ထပ်တွေ့ ကြတာပေါ့။

ရွှေယွန်းက ကွန်ပျူတာကို ပိတ်လိုက်ပြီးမှ. . .ရင်ဘတ်ကလေးကို အသာဖိသည်။

သူ တစ်ခုခုပြောလိုက်မှာ ကို စိုးရိမ်မိတာကြောင့် သူ့ကိုအမြန်နှုတ်ဆက်လိုက်ရတာ ပါ။

သူ ဘာပြောမလဲဆိုတာကိုလည်း ရွှေယွန်းသိနေသားပဲ၊ ရွှေယွန်းကလဲ သူ မခြွေခင်ကတည်းက သူ့ကိုကြွေနေခဲ့တာပါ။

အခုချိန်မှာ သူသာ တစ်ခုခုပြောခဲ့ရင်. . .သူနဲ့ရွှေယွန်းချစ်သူအဆင့်ကို ပြောင်းလဲသွားတော့မှာ မလွဲမသွေ။

ဘာပဲ ဖြစ် ဖြစ်. . .ရွှေယွန်း သူ့ကို တွေ့ ချင်သည်။

ဟုတ်တယ်. . .အဲဒါ ရွှေယွန်းရင်ထဲက လာတဲ့ဆန္ဒ။

ရွှေယွန်း သူနှင့် ခင်ချင်သည်။ သူ့ကို ရွှေယွန်း မသိစိတ်တစ်နေရာမှာ အားကိုးနေမိတာလည်းအမှန်ပါပဲ။ သူကလည်းရွှေယွန်းနှင့် အပြင်မှာ ခင်ကြဖို့ အမြဲပြောနေသားပဲ၊ ရွှေယွန်းကအချိန်ဆွဲနေလို့သာ. . .အခုလို အချိန်တွေ ကြာခဲ့ရတာ ။ မနက်ဖြန်တော့ သူနဲ့တွေ့ ဖို့ကို ရွှေယွန်း လက်ခံလိုက်တော့မည် ။

သူကလည်း ရွှေယွန်းကို နှစ်သက် ပုံရပါသည်။ ရွှေယွန်းကလည်း သူ့ကို သံယောဇဉ်တွယ်နေမိသည် မဟုတ်လား။

ကဲ. . .ဒါဆို ဘာလိုသေးလဲနော်. . .

ရွှေယွန်း သူနှင့် တွေ့ ဖို့ ကြိတ်ဆုံးဖြတ်လိုက်သည်။

မနက်ဖြန် Online ပေါ်မှာ တွေ့ မှ သူ့ကိုပြောပြရမည် ။ သူ အံ့ဩဝမ်းသာသွားမှာ မလွဲမသွေ။

ဒီထက် အံ့ဩစရာ Suripe တွေ လည်း ရွှေယွန်းဥာဏ်ဖြင့် ကွန့်မြူးချင်သေးသည်။

သူ့ကို ဝမ်းသာစေချင်လို့ပါ။

ရွှေယွန်းကိုမြင်လျှင် အံ့ဩသွားမည့် သူ့ပုံစံကို ရွှေယွန်းမြင်ချင်လိုက်တာ. . .တွေးရင်းနှင့် ပင် ရင်ခုန်ရသည်။

တကယ်သာဆို ရွှေယွန်း ဘယ်လောက် ပျော်နေလိုက်မလဲနော်. . .တွေးရတာ သိပ်ရင်ခုန်စရာကောင်းနေသည်။

သူရော. . .သူလဲ ရွှေယွန်းလိုပဲပေါ့နော်။

ရင်ခုန်နေမယ် မဟုတ်လား ဟင်. . .

XXXXX

Star Rain … သူယောင်မယ်လေး မနက်ဖြန်ဆို နှစ် သစ်ရောက်ပြီနော်. . .Happy New Year

သူယောင်မယ် … Happy New Year ပါ Friend

Star Rain … မင်းကို ကိုယ်နှစ် သစ်အတွက် လက်ဆောင်လေးတစ်ခု အရမ်းပေးချင်တယ်ကွာ၊ အဲဒါမင်းလက်ခံပေးပါလား။

တိုက်ဆိုင်စွာ သူနှင့် တွေ့ ရဖို့ အကြောင်းဖန်လာတော့ရွှေယွန်း ဝမ်းသာသွားရသည်။

ဒါပေမဲ့ မိန်းကလေးဆိုတော့ နည်းနည်း တော့ ဟန်ဆယ်ရတာ ပေါ့. . .

သူယောင်မယ် … ဟင် ဘယ်လိုပေးမှာ လဲ Rain

Star Rain … မင်းလိပ်စာကို ကိုယ့်ကိုပြောလေ. . .ကိုယ်ပို့ပေးလိုက် မယ်။

သူယောင်မယ် … ‘ဪ’ အပြင်မှာ တွေ့ ပြီး ပေးမယ်လို့ထင်ထားမိတာ။ သူက လူလည်ပါလားနော်ရွှေယွန်းကို သူ အရင်သိထားချင်တာ …

သူယောင်မယ် … အဲဒါဆို ရှင် ကျွန်မကို သိသွားမှာ ပေါ့။

Star Rain … မင်းမသိစေချင်ရင် . . .ကိုယ်မလာပါဘူး၊ မင်းအကြောင်းလည်းမစုံစမ်းပါဘူး၊ ကိုယ့်ကတိပေးတယ်။ ကိုယ်ကိုယုံပါကွာ၊ ကိုယ်မင်းပြောသလိုပဲ ကိုယ်နဲ့မင်းကို ကံကြမ္မာကဆုံပေးတဲ့ တစ်နေ့ကျမှ တွေ့ ကြမယ်။

သူယောင်မယ် … တကယ်လား Rain တို့ ပြောတဲ့ ကံကြမ္မာကို ယုံလို့လား။ ဒါမှမဟုတ် တို့နဲ့ မတွေ့ ချင်တော့လို့လား။

Star Rain … မဟုတ်ပါဘူး ကိုယ်မင်းကိုတွေ့ ချင်ပါတယ်၊ ဒါပေမဲ့ ကိုယ် စကားကို နားထောင်ရလိမ့်မယ်၊ တကယ်လို့ ကိုယ် မင်းပြောသလိုမလုပ်ခဲ့ရင် ကိုယ်နဲ့မင်း ဘယ်တွေ့ တော့မလဲ၊ မင်းမုန်းသွားမှာ ပေါ့. . .အဲဒါ ကိုယ်အရမ်းစိုးရိမ်တယ်၊ မင်းကိုယ့်ကို မခင်တော့မှာ လည်း ကြောက်မိတာကြောင့် ပါ. . .မင်းကိုယ့်ကိုမယုံဘူးလား။

အင်းပါ ယုံပါတယ်၊ တို့လိပ်စာ ရေး ပေးလိုက် မယ်။

ရွှေယွန်းက လျှင်မြန်စွာ ပင် နေရပ်လိပ်စာကို ရိုက်ပြီး Enter ခလုတ်ကို နှိပ်လိုက်သည်။ အဲဒီ လိုဆို လိပ်စာက သူဆီရောက် သွားပါပြီ။

OK ကောင်းပြီ၊ ကိုယ့်လိပ်စာလည်း ရိုက်ပြမယ်။

သူ့လိပ်စာကလည်း ရွှေယွန်းကွန်ပျူတာမှာ ပေါ်လာသည်။ လိပ်စာကို စားပွဲပေါ်ရှိ စာရွက်တစ်ရွက်မှာ အမြန် ရေး မှတ်လိုက်သည်။

သူမတို့နှစ် ယောက် လိပ်စာတွေ အပြန်အလှန် လဲလှယ်လိုက်ပြီး အပြုံး (SMILE) ပုံလေးတွေ ရိုက်မိကြသည်။

ဝမ်းသာတယ်ဆိုတဲ့ သင်္ကေတလေးတွေ ပေါ့။

ရွှေယွန်းရဲ့ စိတ်ထဲမှာ Star Rain သည် ရွှေယွန်းကိုလိမ်ညာလှည့်စားမည့် သူ တစ်ယောက် မဟုတ်ဘူးလို့ ယုံကြည်နေမိသည်။

“ဟာ … ဒါ … ဒါ” မိုးသက်တန့် အံ့ဩလွန်းစွာ အာမဍိတ်အသံပင် ထွက်လို့သွားသည်။

ဝမ်းသာလွန်းစွာ ပြုံးလိုက်မိသည်။ အဲဒီ အချိန်က ခဏလေးပါ. . .ခဏလေးပါပဲ။

ရင်ခုန်သံတို့ တိတ်ဆိတ်ငြိမ်သတ်သွားရသည်။

သူယောင်မယ်ပေးလိုက် တဲ့ လိပ်စာကိုကြည့်ပြီး မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ပြည့်လျှံလာရသည်။

သူယောင်မယ်လေးက ရွှေယွန်းတဲ့လား၊ သူ မယုံကြည်နိုင်လောက်အောင်ပဲ ကံကြမ္မာက ဆန်းကြယ်လှသည်။

သူ သိပ်ချစ်နေတဲ့ သူယောင်မယ်လေးဟာ ညီမင်းရဲ့ ရွှေယွန်း ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပါ။

အခုတော့လည်း သူ့ရဲ့ စိတ်ကူးယဉ် အိမ်မက်ကလေးရုတ်တရတ်ကြီးပျက်သွားသလို ရင်ထဲမှာ ဟာလာဟင်းလင်းကြီး ဖြစ်သွားရသည်။

သူယောင်မယ် … Rain ပို့ပေးလိုက် တဲ့ လက်ဆောင်လေးကိုစောင့်နေမယ်နော်. . .

ပို့ပေးထားတဲ့စာလေးကိုဖတ်ပြီး သူ တွေ ဝေနေမိသည်။ စားပွဲပေါ်က သူမအတွက် ရည်ရွယ်ပြီး hand mode ကြိုးလေးတွေ နဲ့ သူကိုယ်တိုင်လုပ်ထားတဲ့ ပိုက်ဆံအိတ်လေးကို လှမ်းကြည့်ပြီး. . .

Star Rain … ကိုယ်ပို့ပေးလိုက် မယ်လေဟု ရိုက်ပေးလိုက် သည်။ သူမအတွက် သူရဲ့ လက်ဆောင် ဒီပိုက်ဆံအိတ်ကလေးကိုနောက်ဆုံးအနေနဲ့ လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

မျှော်လင့်ချက်တွေ ထားခဲ့မိတဲ့ သူအတွက်တော့ ဒီနေ့မှာ သူ မျက်ရည်မကျဘဲ မနေနိုင်တော့ပါ။

သူယောင်မယ်ကို သူ့ဘဝရဲ့ မျှော်လင့်ချက်လေးတစ်ခုအ ဖြစ်နဲ့ သူ အမြဲပဲ တမ်းတနေခဲ့တာပါ။

အဲဒီ မျှော်လင့်ချက်လေးကို ဘယ်တော့မှ အဆုံးရှုံးမခံဘူးလို့ ဆုံးဖြတ်ထားခဲ့တာပါ။

အခုတော့ သူ့ရဲ့ ယုံကြည့်ချက်တွေ မျှော်လင့်ချက်တွေ ကို သူကိုယ်တိုင်ပဲ ဖျက်ဆီးပစ်ရတော့မည် ။

သူယောင်မယ်ရယ်၊ ကိုယ့်ကို ခွင့်လွှတ်ပေးပါ။

ကိုယ် မင်းကို ညာရတော့မယ်။

XXXXX

ခြံထဲက ဒန်းပေါ်မှာ ထိုင်ပြီး ဂစ်တာတီးနေသော ညီမင်းကို သူလှမ်းကြည့်မိသည်။

အချစ်အတွက်ဆို. . .ကံမကောင်းခဲ့သော ညီမင်းကိုအချစ်စစ်နဲ့ တွေ့ စေချင်မိသည်။ ညီမင်း တကယ်ချစ်မိတဲ့ရွှေယွန်းဟာ သူယောင်မယ်လေး ဖြစ်နေတာ သူ့အတွက် ကံဆိုးမှု တစ်ခု ဖြစ်သလို ညီမင်းအတွက် ကံကောင်းမှု ပဲ ဖြစ်သည်။

သူ ညီမင်းဆီ လျှောက်သွားလိုက်သည်။

ညီမင်းက သူ့ကိုတွေ့ တော့ တီးနေတဲ့ ဂစ်တာကို ဘေးမှာ ထောင်ထားလိုက်သည်။

“မင်းကို ပြောစရာရှိလို့ကွ”

သူက ဘာမှ မ ဖြစ်သလိုမျက်နှာထားနဲ့ ညီမင်းကို လှမ်းပြောလိုက်သည်။ တကယ်တော့ သူ့ရင်ထဲမှာ မီးတောက်နေတာပါ။

“ဟာ ထူးထူးဆန်းဆန်းပါလား. . .ဘာလဲ”

“ရွှေယွန်းကို တကယ်ချစ်လား” လို့ သူ မေးလိုက်တော့ ညီမင်းက ရယ်ပြီး. . .

“ဪ ဘာများ လဲလို့ကွာ. . .ချစ်တာပေါ့၊ တကယ်ကို ချစ်တာ”

“ချစ်ရင် မင်း ဖွင့်ပြောပါလား”

“သူ့ဘက်ကလဲ ရှိသေးတယ်လေကွာ၊ သူ ငါ့ကို ချစ်ပါ့မလား”

ညီမင်းရဲ့ အသံက စိတ်ပျက် အားလျော့သွားသည်။ ဟုတ်လည်းဟုတ်ပါသည်။ ရွှေယွန်းရဲ့ ပုံစံလေးက လုံးဝ ရိုးရိုးသားသား အေးတိအေးစက်ကလေး ဆိုတော့ ညီမင်းအတွက်စိုးရိမ်ရတာ လဲ မမှားပါ။

“အဲဒီ အတွက် မပူပါနဲပကွာ၊ မင်းကို ငါအကြံဥာဏ်ပေးမယ်”

ညီမင်းက သူ့ရဲ့ စကားကို အံ့ဩသွားကာ သူ့ဘက်လှည့်ကြည့်ပြီး. . .

“မင်း. . .တကယ်ပြောတာလား၊ ဘယ်လိုအကြံဥာဏ်ပေးမှာ လဲ”

သူကလည်း ညီမင်းရဲ့ ပခုံးကို လှမ်းဖက်ပြီး အားကိုတင်းလျက်. . .

“ဒီလိုကွာ. . .ငါလဲ ဒီနေ့မှသိတာပါ၊ ငါ ညဘက် အားရင် chatting ထိုင်တယ်လေကွာ၊ မင်းသိတယ်မှလား”

ညီမင်းက ခေါင်းညိတ်ပြသည်။

“အဲဒီ မှာ သူယောင်မယ်ဆိုတဲ့ တစ်ယောက် လဲ ငါ့ Account ထဲမှာ ရှိတယ်၊ သူနဲ့ငါ တစ်ခါတစ်လေအားရင်ပြော ဖြစ်တယ်၊ ဒါပေမဲ့ လူချင်းတော့လုံးဝမသိဘူး၊ ဒီနေ့မှသူ့လိပ်စာပြောပြတော့မှ သိသွားတာ၊ အဲဒါ ရွှေယွန်းရဲ့ လိပ်စာ ဖြစ်နေတယ်”

“နေပါဦး၊ မင်းနဲ့ သူနဲ့က အင်တာနက် (internet) ထဲမှာ တော် တော် ခင်နေကြပြီလား”

ညီမင်း ကပျာကယာ မေးခွန်းထုတ်သည်။

“အင်း ခင်တာတော့ ခင်ပါတယ်။ သိနေတာလဲ ကြာပါပြီ၊ ဒါပေမဲ့ကွာ chatting ဆိုတော့လဲ အပျော်သဘောပါပဲ၊ လေးလေးနက်နက်တော့ မဟုတ်ဘူးပေါ၊ မင်းသာ Star rain ဆိုရင် သူအံ့ဩသွားမှာ ပဲ။ ပြီးတော့. . .သိထားပြီးသားလူဆိုရင် မင်းအတွက် ပိုအဆင်ပြေမလားလို့ ချက်ချင်း မပြောသေးဘဲနဲ့ G Talk နဲ့ အရင်ပြောကြည့်လေ. . .ပြီးမှ သူအံ့ဩသွားအောင် ပြောပြလိုက်ပေါ့မကောင်းဘူးလား”

“ဟုတ်တယ်၊ အဲဒီ လိုပဲလုပ်မယ်၊ မင်းရဲ့ account ကိုငါ့ ဒီနေ့ကစပြီး သုံးတော့မယ်၊ Thank You မိုးသက်တန့်”

သူတို့နှစ် ယောက် လုံး ပြိုင်တူရယ်လိုက်မိကြသည်။

“ဒါပေမဲ့ မင်းဆီက ငါ ကတိတစ်ခုတော့ တောင်းမယ်”

မိုးသက်တန့်က ညီမင်းကို စိုက်ကြည့်ပြီးပြောလိုက်သည်။

“ဘာကတိလဲ”

“မင်းကို ငါက အချစ်ကိုတန်ဖိုးထားတဲလူ တစ်ယောက် ပဲ ဖြစ်စေချင်တယ်။ မင်း ရွှေယွန်းကို တကယ်ချစ်ပါ၊ သူစိတ်ချမ်းသာမှု ရအောင် ဖန်တီးပေးပါ”

“ဟာ ညီမင်းရာ. . .ဒါပြောစရာတောင် မလိုပါဘူးကွာ ငါတကယ်ချစ်တာပါ. . .ကတိပေးပါတယ်ကွာ၊ မင်းစိတ်ချပါ”

“စိတ်ချပါတယ်ကွာ. . .ကဲ ဒီအချိန်က သူရှိတတ်တယ်ထင်တယ်၊ မင်းသွားပြောတော့လေ. . .”

ဒီအချိန်က သူနဲ့သူယောင်မယ်ရဲ့ ပြောနေကျအချိန်ပါ။ နေ့တိုင်းလိုလိုပဲပေါ့. . .သူ သတိရသလိုလို ပြန်တမ်းတမိတော့မျက်ရည်များ တောင် ဝဲချင်လာသော ကြောင့် ထ,ထွက်သွားဖို့ပြင်လိုက်သည်။

“ခဏနေပါဦးကွာ. . .သူ့အကြောင်းတွေ နဲနဲပြောပြဦးလေ. . .” ညီမင်းက လှမ်းမေးတော့ သူက. . .

“သူက ပန်းရောင် ကြိုက်တယ်၊ ပီဇာမုန့်ကြိုက်တယ်၊ ရေခဲမုန့်လဲကြိုက်တယ်၊ ပြီးတော့ … တိရစ္ဆာန်တွေ လဲချစ်တတ်တယ်၊ ပိုးဟပ်နဲ့ အိမ်မြှောင်ကိုတော့ သူ အရမ်းကြောက်တယ်။ ပြီးတော့. . .ကတိမတည်တဲ့ လူတွေ ကိုလဲ မုန်းတယ်၊ မင်း သူနဲ့စကားပြောတဲ့အခါ သတိထားပေါ့ကွာ. . .ငါလဲ ဒီလောက်ပဲ သိတယ်”

“ကျေးဇူးပဲကွာ”

သူ ထွက်လာခဲ့မိသည်။ သူ့ရင်ထဲမှာ မွန်းကျပ်လွန်းလို့ပါ သူယောင်မယ်ရယ်။ မင်းအတွက်လည်း ညီမင်းက လူကောင်း တစ်ယောက် ဖြစ်မှာ ပါ။

“သက်တန့်”

ညီမင်းက လှမ်းခေါ်တော့. . .သူ ခြေလှမ်းတွေ ရပ်ပြီး လှည့်ကြည့်လိုက်သည်။

“မင်း သူ့ကို ချစ်မနေပါဘူးနော်”

ညီမင်းရဲ့ စကားကြောင့် သူပြုံးပြီး ခေါင်းယမ်းပြလိုက်ရသည်။

“မချစ်ပါဘူးကွာ”

သူ. . .စိတ်မကောင်း ဖြစ်နေတဲ့ပုံစံကို သိသာသွားလို့လား၊ အတတ်နိုင်ဆုံး မျက်နှာကို ပြင်ထားလိုက်ရသည်။

ညီမင်း ရိပ်မိသွားလို့ လုံးဝမ ဖြစ်ပါ။

သူယောင်မယ်ဟာ သူ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာ အမြဲတမ်းရှိနေမယ့်သူပါ. . .။

XXXXX

ရွှေယွန်းသည် အိပ်ရာကနိုးပြီး မျက်လုံးနှစ် လုံးပွင့်တာနှင့် အရင်ဆုံးသတိရမိတာက ညက Star Rain ကို လိပ်စာပေးပြီးနောက် သူပြောခဲ့သော … “အိပ်ရာထတာနဲ့ အိမ်ရှေ့ထွက်ပြီး ကြည့်လိုက်နော်” ဟူသော စကား ဖြစ်သည်။

သူမ ချက်ချင်း ပဲ အိမ်ရှေ့ပြေးထွက်လာခဲ့သည်။

အိမ်ရှေ့မှာ … ကြီးမေက သတင်းစာဖတ်ရင်း လှမ်းကြည့်ပြီး …

“သမီးနိုးပြီလား ဟိုမှာ ကြည့်ပါဦး သမီးရယ် … သမီးသူငယ်ချင်း ပေးခိုင်းတယ်လို့ ပြောပြီး ကောင်လေး တစ်ယောက် က လာပေးသွားတာ”

ကြီးမေက ဖဲပြားအပြာရောင် လေးနှင့် ပတ်ကသ်ထုပ်ထားသော လေးထောင့်ဘူးလေးတစ်ဘူးနှင့် ထင်းရှူးပင်ပေါက်လေးကို ညွှန်ပြပြီး ပြောသည်။

“ဟယ် သစ်ပင်ပေါက်လေး ကြီးမေရယ်၊ ချစ်စရာလေးနော် … လှလိုက်တာ”

“သမီးသူငယ်ချင်းက ဘာလို့ကိုယ်တိုင်မပေးတာလဲ၊ သူလက်ဆောင်ပေးမယ်ဆိုတာ သမီးကို ကြိုပြောပြီးသားလား…”

“ဟုတ် သမီးသိပြီးသားပါ … သူကိုယ်တိုင်မလာအားလို့ ဖြစ်ပါလိမ့်မယ်၊ သမီး ဒါကို ခြံထဲမှာ သွားစိုက်လိုက်ဦးမယ်နော် …”

“အေး. . .အေး”

ရွှေယွန်းက ကြီးမေ နောက်ထပ်မေးလာမည့်  မေးခွန်းတွေ ကို မဖြေတတ်တော့မှာ စိုးတာကြောင့် ကြီးမေ ရှေ့ကနေ လှစ်ခနဲထွက်လာခဲ့လိုက်သည်။

ကြီးမေက ဘာမဟုတ်တာလေးနှင့် မေမေ့ကို ပြောပြအသိပေးတတ်သည် မဟုတ်လား။

သူပေးသည့် ထင်ရှူးပင်လေးကို စိုက်နေရင်း သူ့အကြောင်းစဉ်းစားမိသည်။ သူဟာ ဘယ်လိုလူမျိုးပါလိမ့်။ ရွှေယွန်း သိချင်လိုက်တာ။ အင်္ဂလန်က Prince Wailliam လိုလား၊ ဒါမှမဟုတ်ရောဘတ်ပတ်တင်ဆန်လို ပုံစံလား။

သူမ, ထင်သလိုမဟုတ်ဘဲ ဝတုတ်ကြီးများ ဖြစ်နေမလား၊ ဒါမှမဟုတ် အခုခေတ်လူငယ်တွေ လို ခပ်ပိန်ပိန် ခပ်နွဲ့နွဲ့လား။ အဲဒီ လိုမျိုးတွေ တော့ ရွှေယွန်းသဘောမကျပါ။ အရပ်ရှည်ရှည်၊ အသားခပ်လတ်လတ်နဲ့၊ မေးရိုးလေးထောင့်ကျကျနှင့် Body Structure ခပ်ထောင့်ထောင့်ရှိမှသာ ယောက်ျားပီသသည်ဟုထင်မိသည်။

သူ ကတော့ ဘယ်လိုပုံစံရှိမယ်မှန်း မသိချင်ပါ။ ဘယ်လိုပဲ ဖြစ် ဖြစ် သူ့ကိုတော့ ရွှေယွန်းနှစ်သက် မှာ သေချာပါသည်။ သူပေးတဲ့ သစ်ပင်လေးကို သေချာစိုက်ထားခဲ့တဲ့ နောက်မှာ လက်ဆောင်ဘူးလေးကို ဖွင့်ကြည့်ဖို့ အခန်းထဲဝင်လာခဲ့သည်။ ပက်ကင်ဖွင့်လိုက်တော့ “ဟယ်တော့” ဟုနှုတ်မှ ရေရွတ်မိသည့်အထိ အံ့ဩသွားရသည်။

လက်ဆောင်ဆိုတော့ ရွှေယွန်းစိတ်ထဲမှာ ဆိုင်တစ်ဆိုင်မှဝယ်ထားသည့် တန်ဖိုးရှိပစ္စည်းတစ်ခုလို့သာ ထင်ထားမိတာ။ အခုတော့ Hand made ကြိုးလေးတွေ နဲ့ သူကိုယ်တိုင်လုပ်ထားတဲ့ ပိုက်ဆံအိတ်လေးလေ။ စိတ်ကူးက တော် တော် လှပနူးညံ့နေသည်။ သူမနှုတ်ခမ်းလေးတွေ ပြုံးသွားရသည်။ ရွှေယွန်းအတွက်တော့ သူပေးတဲ့ လက်ဆောင်လေးက တန်ဖိုးရှိလွန်းစွ …။ သူ့လက်နဲ့ထိတွေ့ ကိုင်တွယ်ပြီး သူကိုယ်တိုင် အချိန်ပေး ဖန်တီးထားတာမို့ လေးနက်မှု က ရှိပြီပေါ့။

“Star Rain ရယ်ရှင်ပေးတဲ့လက်ဆောင်ကို ရွှေယွန်းအရမ်းကြိုက်ပါတယ်။ ရှင့်ကိုကျေးဇူးတင်ပါတယ်။ သေချာသိမ်းထားပါ့မယ်။” ဟု Star Rain ဆီ ချက်ချင်း mail ပို့လိုက်သည်။

ရွှေယွန်းနှလုံးသားမှာ ပီတိလှိုင်းလေး လူးလွန့်လှုပ်ခတ်နေသည်။

တကယ်တော့ သူမရဲ့ Star Rain ဟာ သူမ,ထင်သလိုမဟုတ်ဘဲ သံယောဇဉ်တွေ အားလုံးကို တခြား တစ်ယောက် ဆီလက်လွှဲထားခဲ့ပြီးဆိုတာသိလျှင် သူမ ဘယ်လောက်ထိ ကြေကွဲခံစားရမည် ဆိုတာ မသိရှာ။

Star Rain ဘက်ကကျတော့လည်း သူမပို့ထားတဲ့ Mail လေးကို ဖွင့်ဖတ်ခွင့်ရတာ နောက်ဆုံးပဲလား မသေချာ။

သူ့ရဲ့ ဒီနာမည် ဟာ နောက်ဆို ညီမင်းအတွက် ဖြစ်သွားခဲ့ပြီမဟုတ်လား။

အမှန်တရားကို သူမ သိမြင်သွားလို့မ ဖြစ်။ မိုးသက်တန့်တစ်သက်လုံး နှုတ်လုံလုံနှင့် လျှိုဝှက်ထားရမှာ ။ ရှေ့ဆက်လာမယ့် ဇာတ်လမ်းလေးကိုသာ နံဘေးကနေ တိတ်တဆိတ်စောင့်ကြည့်နေရမှာ မိုးသက်တန့် သက်ပြင်းအခါခါ ချနေမိသည်။

XXXXX

“တီ … တီ … တီ”

ရွှေယွန်းက စားပွဲပေါ်တင်ထားသော သူမရဲ့ ဖုန်းလေးမြည် လာသော ကြောင့် ဖတ်လက်စ, စာအုပ်ကိုပိတ်ပြီး ဖုန်းနံပါတ်လေးကိုကြည့်လိုက်သည်။ ဒါ …. ညီမင်းရဲ့ ဖုန်းနံပါတ်ပဲ။

အခုတလော ညီမင်းက သူမ, ဆီ မကြာခဏ ဖုန်းဆက်နေတာ သူမ, သတိထားမိပါသည်။

“ဟယ်လို”

သူမ, ဖုန်းကို ဖွင့်ပြီးနားထောင်လိုက်သည်။

“ယွန်းလား၊ ညီမင်းပါ”

“ဟုတ်ကဲ့”

ညီမင်းက သူမ, ကိုသူများ တွေ ခေါ်သလို “ယွန်း” လို့လည်ခေါ်တတ်လာသည်။

“တနင်္ဂနွေနေ့ကျရင် မြရိပ်ညိုမှာ Show ပွဲရှိတယ်၊ ယွန်းကြည့်ချင်လား၊ အားလုံးက ယွန်းကြိုက်တဲ့ အဆိုတော် တွေ ချည်းပဲ”

“ဟုတ်လား၊ ဘယ်သူတွေ လဲ ဟင် . . . ရွှေယွန်းက ဘယ်အဆိုတော် တွေ ကြိုက်လဲ ရှင်သိလို့လား”

“သိတာပေါ့ . . . ရွှေယွန်းက R ဇာနည်၊ ရဲလေး၊ ဝိုင်းစု၊ ချမ်းချမ်း၊ ပြီးတော့အေသင်ချိုဆွေ ဟုတ်တယ်မှတ်လား”

ညီမင်းရဲ့ စကားသံကြောင့် သူမ, အံ့ဩပြီး မျက်လုံးလေးများ ဝိုင်းသွားရသည်။ အဲဒီ ညီမင်း တစ်ယောက် သူမ, ကြိုက်တာတွေ ဘယ်လိုများ သိနေလဲ မသိဘူး။

“ဟုတ်တယ်၊ အဲဒါ ရွှေယွန်းကြိုက်တဲ့ အဆိုတော် တွေ ချည်းပဲ၊ ကိုညီမင်း ဘယ်လိုသိနေတာလဲ ဟင်”

သူက Star Rain ဖြစ်နေမလားဟု ရွှေယွန်းထင်မိသည်။ ရွှေယွန်းအကြိုက်တွေ အားလုံးသိနေခဲ့သူက Star Rain တစ်ယောက် တည်းပဲ မဟုတ်လား။

“ဒီလိုပဲပေါ့ ယွန်းရဲ့ ၊ ဒါနဲ့ယွန်း အခုဘာတွေ စဉ်းစားနေလဲ”

“ရှင်ဘာလို့မေးတာလဲ”

“ယွန်း အသံတိတ်သွားလို့ပါ။ ယွန်းတစ်ခုခု သတိရမိလားလို့ မေးတာပါ”

“အင်း . . . ယွန်း တစ်စုံ တစ်ယောက် သတိရသွားမိလို့ပါ၊ အဲဒါ ကိုညီမင်းက ဘယ်လိုသိတာလဲ”

“ယွန်း သတိရမိတာ ဘယ်သူလဲ”

“ပြောချင်ပါဘူး”

“ကျွန်တော် ကိုခင်ရင် ပြောပြပါခင်ဗျာ”

“ဟင့်အင်း . . . ဘယ်သူမှ မဟုတ်ပါဘူး၊ ယွန်းနဲ့ Online မှာ သိတဲ့ သူငယ်ချင်း တစ်ယောက် ကိုပါ”

“ဘယ်သူလဲ၊ သူရဲ့ Nick Name က Star Rain တော့ မဟုတ်ပါဘူးနော်”

“ရှင် ဘယ်လို”

ရွှေယွန်း တအံ့တဩ ဖြစ်သွားရသည်။ ညီမင်းက ရွှေယွန်းထင်သလိုပဲ Star Rain ဖြစ်နေခဲ့သည်။ သူမတရားဘူး၊ ရွှေယွန်းကို ပြောပြသင့်တာပေါ့။

သူက သိနှင့် ပြီး ရွှေယွန်းက မသိရတဲ့အတွက် ရင်ထဲမချင့်မရဲ ဖြစ်ကာ ရှက်လည်းရှက် စိတ်လည်းဆိုးမိသည်။

“ဘာလဲ၊ သိလို့လား”

“ဟင်အင်း မသိပါဘူး၊ ဘယ်က Star Rain လဲ”

“တကယ်မသိဘူးလား၊ ဒါဆို သူယောင်မယ်ကိုတော့သိမှာ ပေါ့”

“တော် ပြီး . . .တော် ပြီ ရွှေယွန်း ဖုန်းချလိုက်ပြီ”

ဟု ဆိုကာ ဖုန်းပိတ်လိုက်သည်။

ဒါဆို သေချာပါသည်။ သူကရွှေယွန်း အရမ်းတွေ့ ချင်နေခဲ့မယ့် Star Rain လေးပဲပေါ့။ ကံကြမ္မာက ရွှေယွန်းတို့ကိုမထင်မှတ်ဘဲ ဆုံပေးလိုက် တာ . . .ရွှေယွန်းကို သူက နှစ် သစ်လက်ဆောင်ပေးမယ်ဆိုပြီး လိပ်စာချင်း ဖလှယ်လိုက်တော့မှသူသိသွားတာနေမှာ ။

အဲဒါကို သူ ရွှေယွန်းကို ပြောမပြခဲ့ဘူး။ တော် တော် ဆိုးတဲ့ညီမင်းပဲ။ ဖုန်းပြန်ခေါ်ရင် ကောင်းကောင်း ရန်တွေ့ ပစ်ရမည် ဟုတေးမှတ်ထားလိုက်သည်။

“တီ . . . တီ” ဟုဖုန်းလေးက ချက်ချင်း ဆိုသလို ပြန်မြည် လာခဲ့သည်။ ရွှေယွန်းထင်သလိုပဲ ညီမင်းက ဖုန်းပြန်ခေါ်လိုက်တာပဲ ဖြစ်သည်။

“ဟေ့ . . . ဘာလို့ဖုန်းချလိုက်တာလဲ”

“ဖုန်းချလိုက်တာသိရက်နဲ့ ဘာလို့ ပြန်ဆက်ရတာ လဲ”

“ကိုယ်ပြောမယ့်စကားကို ခဏလောက် အလေးအနက်နားထောင်ပေးပါ ယွန်းရယ်”

လို့ဆိုတဲ့ သူ့အသံချိုချိုကိုကြားမှ ရင်ထဲ အလိုလိုပျော့ပျောင်းနူးညံ့သွားရသည်။ သူ့ကိုပြောမည် ဟုစဉ်းစားထားတဲ့စကားတွေ ဘယ်ရောက်သွားမှန်း မသိတော့ပါ။

ကိုယ် တမင်သက်သက် လျှို့ဝှက်ထားတာ မဟုတ်ပါဘူးကွာ . . . တိုက်ဆိုင်လို့သိသွားခဲ့ပေမယ့်၊ မင်းကို ကိုယ်ဘယ်လိုပြောရမှန်း မသိခဲ့ဘူး၊ ကိုယ် အရင်သိသွားလို့ မင်းကို အားနာမိတာလဲ ပါတယ်၊ ကိုယ်ပြောနေတာတွေ ကို မင်းယုံရဲ့ လား”

မိုးသက်တန့် သင်ပေးတဲ့အတိုင်း သူ ယွန်းကို ပြောနေပေမယ့် စိတ်ထဲက မလုံသလို ခံစားရသည်။ ယွန်းကို ညာမိတာသူ စိတ်မကောင်းပါဘူး။ ညာမိတာလည်း ယွန်းကို သိပ်ချစ်မိသွားလို့ပါကွာ။

“အင်းပါ ယုံပါပြီ . . . သူယောင်မယ်နဲ့ Star Rain က ကံကြမ္မာကို ယုံခဲ့ကြတယ်လေ။ အဲဒါကြောင့် ယွန်းတို့ကို ကံကြမ္မာက သနားသွားပြီး ဆုံပေးလိုက် တာ ဖြစ်မယ်နော်”

“ဟာ. . .ယွန်း တကယ်နောက်တယ်”

“နောက်တာမဟုတ်ဘူး ကိုညီမင်းရဲ့ ၊ ရွှေယွန်း ကတော့ ကံကြမ္မာကို ယုံတယ် သိလား”

ကိုယ်ညာနေတာကိုသာ မင်းသိရင် မင်းရဲ့ ကံကြမ္မာကိုဆက်ယုံနေဦးမှာ လား ယွန်းရယ်. . . ။

“ကိုယ်လဲ ယုံပါတော့ကွာ”

“ရွှေယွန်း ဒီနေ့သိပ်ပျော်တာပဲသိလား”

“ဘာ ဖြစ်လို့လဲ”

“ရွှေယွန်း သိချင်နေတဲ့လူကို သိခွင့်ရလို့ပေါ့”

“ယွန်း တကယ်ပဲ Star Rain ဆိုတာကို အလေးအနက်ထားခဲ့လို့လား”

“အင်းပေါ့ . . . ရှင်ရော”

“ကိုယ်လဲ မင်းလိုပဲပေါ့ကွာ” တဲ့

ရွှေယွန်းရင်ထဲမှာ ကြည်နူးသွားရသည်။ ယွန်းတို့ကို ဆုံပေးခဲ့တဲ့ ကံကြမ္မာကိုလည်း သိပ်ကျေးဇူးတင်မိပါသည်။

ယွန်းရယ် မင်းက Online ပေါ်မှာ ခင်တဲ့ သူငယ်ချင်းကိုတောင် သိပ်အလေးအနက်ထားတာပဲလား။ ယွန်းရဲ့ စိတ်ဓာတ်လေးကို ညီမင်း သိပ်လေးစားသွားရသည်။

ညီမင်းတို့ ဖုန်းပြောနေတာကို မကြားချင်တာကြောင့် မိုးသက်တန့်က နံရံမှာ ချိတ်ထားသော ဂီတာကို လှမ်းယူလိုက်ပြီး . . . သီချင်းဆိုနေလိုက်သည်။ သီချင်းဆိုနေရင် သီချင်းလေးထဲမှာ ပျော်ဝင်ပြီး ခံစားနေရတာ တွေ ကို ခေတ္တခဏတော့မေ့သွားနိုင်တာပဲလေ။ ဒါပေမဲ့ သီချင်းဆိုနေရင်လည်း သူမကိုတော့ သတိရနေမိတာပါပဲ။

“ပြောပြချင်တယ် အချစ်စကားတွေ ထာဝရသိမ်းထားရမယ်လေ xxx တို့နှစ် ယောက် အကြောင်းတွေ ကံကြမ္မာကိုပဲ အပြစ်ဖွဲ့ရမလားလေ xxx နာကျင်တဲ့ မျက်ရည်မြင်နိုင်မလား အချစ်ရေ xxx ဘယ်အချိန်မှာ လဲ ဘယ်နေရာမှာ လဲ xxx အကြင်နာတွေ ဖွင့်ပြောခွင့်ရှိတယ် အဖြေမသိခဲ့တာတော့လဲ သံသရာရှည်မယ် ဒဏ်ရာတွေ နဲ့နာကျင်စွာ လျှောက်လှမ်းရတော့မယ် xxx ရင်မှာ သိုဝှက်ဆဲ လျှို့ဝှက်အချစ်ရယ် xxx မချစ်တတ်သူတွေ ရဲ့ ကြားမှာ အချိန်လွန်ပြီးတော့ ရောက်လာသလားအချစ်စစ်တရားရယ် ဘယ်လိုပြန်ပြီး မေ့ဖျောက်နိုင်မလဲလေ xxx ရင်မှာ မိုးစက်တွေ xxx သံသရာအဆုံးထိလေအချစ်စစ်တွေ့ မှ xxx တကယ်ခံစားတတ်ပြီလေ xxx ဒီလိုအချိန်မှာ အဝေးကြီး ဝေး xxxxxxx”

ညီမင်းက ဖုန်းပြောနေရင်းမှ မိုးသက်တန့်ကို လှမ်းကြည့်မိသည်။ အယ်လ်လွန်းဝါရဲ့ “လျှို့ဝှက်ချစ်” သီချင်းကို ဂစ်တာတီးပြီး ခံစားချက်ပါပါ သီဆိုနေလေသည်။

“ကိုညီမင်း သီချင်းသံကြားရတယ်နော် . . . သီချင်းဖွင့်ထားတာလားဟင်”

“မဟုတ်ဘူး ရွှေယွန်း၊ မိုးသက်တန့် ဂစ်တာတီးပြီး သီချင်းဆိုနေတာလေ”

“ဟင် ဟုတ်လား၊ အသံကောင်းတယ်နော်၊ ကိုညီမင်ရော ဂစ်တာတီးတတ်လားဟင်”

“ကိုယ်က သိပ်မရဘူး၊ မိုးသက်တန့်က ဝါသနာပိုပါတယ်လေ၊ ဒီကောင်က အမြဲတမ်းလဲ သီချင်းနားထောင်တယ်”

“ဪ”

“ဘယ် ဖြစ်လို့မေးတာလဲ ရွှေယွန်း”

“ဘာမှမ ဖြစ်ပါဘူး၊ ရွှေယွန်းလဲ ဂစ်တာတီးဝါသနာပါတယ်သိလား၊ ဂစ်တာအရမ်းတီးတတ်ချင်တာပဲ၊ ကိုညီမင်းသာဂစ်တာတီးတတ်ရင် ရွှေယွန်းကို သင်ပေးဖို့ပြောမလို့ပါ”

“ဟာ. . .ရပါတယ် ရွှေယွန်းရဲ့ ၊ ကိုယ် သင်ပေးမှာ ပေါ့၊ ကိုယ်က ဂစ်တာတီးတာကို အရမ်းကြီး ဝါသနာမပါပေမယ့်၊ မိုးသက်တန့်က သင်တန်းတတ်တော့ ကိုယ်ပါလိုက်တတ် ဖြစ်တယ်လေ၊ အဲဒါကြောင့် နည်းနည်း ပါးပါးလေ့ကျင့်ရင်း တီးတတ် သွားပါတယ်၊ ရွှေယွန်းအားတဲ့နေ့ပြောလေ၊ ကိုယ် ဂစ်တာယူလာခဲ့မယ်၊ ရွှေယွန်းအားတဲ့နေ့ပြောလေ၊ ကိုယ်ရယ်. . .ရွှေယွန်းရယ်. . .မိုးသက်တန့်ရယ် ဂစ်တာတီးပြီးသီချင်းဆိုကြမယ်လေ၊ ကိုယ်က ရွှေယွန်းကို ဂစ်တာတီးတတ်အောင်လဲ သင်ပေးပါ့မယ်”

“အင်းကောင်းသားပဲ၊ ဒါဆို ရွှေယွန်းသူငယ်ချင်း လဝန်းအိမ်ကိုလဲ ခေါ်ခဲ့မယ်နော်၊ ဒါမှ ရွှေယွန်းတို့လေးယောက် ဆို . . . ပိုပျော်ဖို့ကောင်းတာပေါ့ မဟုတ်ဖူးလား”

“သူငယ်ချင်းကိုပါ ခေါ်ခဲ့မယ်ဆိုတော့ ရွှေယွန်းတို့ကကိုယ်တို့အိမ်ကို လာမှာ လား”

“ဟင့်အင်း. . .အိမ်ကိုတော့ မလာချင်ပါဘူး”

ရွှေယွန်းဘက်က “ဒါဆိုရင်” ဟု စကားစ,ပြီး အသံ ခဏတိတ်သွားပြီးမှ . . .

“Ok သိပြီ . . . ကိုညီမင်း ကန်တော် ကြီးထဲမှာ ဂစ်တာသွားတီးကြမယ်လေ . . . မကောင်းဘူးလား”

“အင်း ကောင်းပါတယ်၊ ရွှေယွန်းသွားချင်တဲ့နေ့ ကိုယ့်ကိုပြောလေ . . . ဟုတ်ပြီးလား”

“ဟုတ်ကဲ့ ကိုညီမင်း . . .ဒါဆို ရွှေယွန်း ဖုန်းချလိုက်တော့မယ်နော်”

“Ok လေ”

ရွှေယွန်းက ခေါက်ဖုန်းလေးကို ပိတ်ပြီး အိမ်ထဲပြန်ဝင်လာခဲ့သည်။

“သမီး ရွှေယွန်း . . . ဒီမှာ တီဗွီလာကြည့်ပါဦး၊ သမီး ကြိုက်တဲ့ Champion Dance အစီအစဉ်လာနေပြီ”

“ဟင် ဟုတ်သားပဲ ရွှေယွန်းမေ့နေတာ ကြီးမေးရဲ့ ၊ အဲဒီ အစီအစဉ်ဆို ကြည့်မှာ ပေါ့” ဟုပြောရင်း ကြီးမေဘေးက ထိုင်ခုံမှာ ဝင်ထိုင် ဖြစ်သည်။

MRTV-4 မှာ လာသော The Champion of the Dance အစီအစဉ်ကို ရွှေယွန်း နှစ်သက် ပါသည်။ အဲဒီ အစီအစဉ်က ဖျော်ဖြေမှု သာမက Performance လဲ ပါတာကြောင့် ကြည့်လို့ကောင်းပါသည်။

“ကြီးမေ ဘယ်အဖွဲ့နိုင်မယ်လို့ ထင်လဲဟင်”

ပထမအဖွဲ့ရဲ့ တင်ဆက်မှု အပြီးမှာ ဒုတိယအဖွဲ့က ထပ်မံဖျော်ဖြေတင်ဆက်နေစဉ်မှာ ရွှေယွန်းက မေးတာ ဖြစ်သည်။

“မဆိုပါဘူး၊ နှစ် ဖွဲ့လုံး ကြည့်လို့ကောင်းသားပဲ”

“ဟုတ်တယ်နော် က, ကွက်တွေ ဆန်းတယ်”

ကြီးမေရဲ့ စကားကို ရွှေယွန်းကထောက်ခံပါသည်။ Double A Star အဖွဲ့နှင့် Blank Diamon အဖွဲ့နှစ် ဖွဲ့စလုံး မဆိုးပါဘူး။ အရမ်းတော် ကြပါသည်။ အဖွဲ့တစ်ဖွဲ့မှာ လူငါးယောက် ပါဝင်သည်။

ပထမ Double A Star အဖွဲ့ ထီးလေးတွေ နှင့် ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။

ဒုတိယ Black Diamon အဖွဲ့ ကတော့ Performance နှင့် အရင်တင်ဆက်ခဲ့သည်။

ငါးယောက် စလုံးက တစ်ယောက် တစ်မျိုးစီ အလုပ်ရှုပ်နေကြပုံနှင့် ပါ။

မိန်းကလေး တစ်ယောက် က စာအုပ်ထိုင်ဖတ်နေပုံနှင့် ကျန်တာက ယောက်ျားလေးယောက် ။

ပထမ တစ်ယောက် က Laptop နှင့် Internet ထဲဝင်ပြီး အီးယားဖုန်းနှင့် စကားပြောနေပုံ၊

ဒုတိယ တစ်ယောက် က ကက်ဆက်တစ်ခုကို ပြင်နေသည့်ပုံ၊

တတိယ တစ်ယောက် က သူတို့အားလုံးကို လိုက်ခေါ်နေသည်။ ဒါပေမဲ့ တစ်ယောက် မှ လိုက်ခေါ်နေသူကို ဂရုမပြုကြဘူး။

ဒါကြောင့် သူက ဆောင်းဘောက်စ်နှင့် မြူးဇစ် ခပ်ကျယ်ကျယ်ကိုသွားဖွင့်လိုက်ပုံရသည်။ ဆောင်းဘောက်စ်မှ သီချင်းရဲ့ တီးလုံးသံ ခပ်ကျယ်ကျယ်ထွက်ပေါ်လာမှပဲ သူတို့အားလုံးကလုပ်နေကြတဲ့ အလုပ်တွေ ကို ရပ်ပြီး အားလုံးထ,ကြ ကတော့သည်။

Black Diamon အဖွဲ့က လူငယ်စရိုက် အပြင်ကအဆင်လေးတွေ ကို ဖော်ပြသွားခဲ့တာ တော် တော့် ကိုပီပြင်ပါသည်။

ရွှေယွန်း ကတော့ သူတို့အဖွဲ့ကိုသာ အနိုင်ရစေချင်သည်။

“ဒုတိယအဖွဲ့ နိုင်မယ်ထင်တယ်နော် ကြီးမေ . . .”

“အင်း ဒုတိယအဖွဲ့က သရုပ်ဆောင်တော့ကောင်းသားပဲ”

ဒုတိယအဖွဲ့ရဲ့ ဖျော်ဖြေမှု အပြီးမှာ အမှတ်တွေ ကို ကြေညာပြီး Black Diamon အဖွဲ့က အနိုင်ရသွားခဲ့သည်။ ကြည့်နေရင်းဘာရယ်မဟုတ် ပျော်ရွှင်သဘောကျမိစွာ . . .

“တွေ့ လား၊ ရွှေယွန်းပြောသားပဲ”

“အေးပါ၊ ရွှေယွန်းလေးက တော် မှန်း ကြီးမေ သိပါတယ်တော် ”

ကြီးမေက ငေါ့တော့တော့နှင့် ချစ်စနိုး ချီးမွမ်းပါသည်။ ရွှေယွန်းအသွင်သည် တခြားနေရာတွေ့ မှာ တော့ ချင့်ချိန်မှန်းဆတွက်ချက်တာတွေ မှန်ကောင်းမှန်နိုင်ပေမယ့် မိမိကိုယ်တိုင်ရဲ့ နှလုံးသားရေး ရာမှာ တော့ ဘယ်လိုမှ ကြိုတင်မှန်းဆမရနိုင်တာသေချာပါသည်။



ဝန်ဇင်းချစ်သူများ ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်) ၏ “ ပြန်မပြောကြေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်ခြင်းဖြင့်တိမ်များဆီ

ဝိုင်နီမမ.... သို့ မဟုတ်

ညင်သာစွာမိုးတိမ်တိုက်ဆီ