ဝိဇိတာဝီ
သက္ကရာဇ်တရာ့လေးဆယ်ရှစ်ခု၊ ကဆုန်လပြည့်ကျော် ခုနှစ် ရက်။
ကုဿိန္နာရုံနှင့် ပါဝါပြည်အကြားခုလတ်တစ်နေရာတောလမ်းခရီးမှ သစ်ပင်ကြီးတစ်ပင် အောက်သို့ အရှင်မဟာကဿပ မထေရ်မြတ်ကြီး ၀င်ရောက်တော် မူလာသည်။ တပည့်ရဟန်း ငါးရာတို့လည်းသစ်ပင်ကြီး၏ ကျယ်ပြန့်လှသော အရိပ်ဝန်းအောက်တွင် အစုအဖွဲ့လိုက် နေရာယူ လိုက်ကြလေသည်။
အကျင့်သီလပြည့်ခြင်းအရာ၍ စံပြုပုဂ္ဂိုလ်အ ဖြစ် ဘုရားရှင် ကိုယ်တော် တိုင် စံပြထားတော် မူသော မထေရ်မြတ်ကြီးသည် အေးမြသော သစ်ရိပ်ကိုခံယူရင်း မြတ်စွာ ဘုရား၏ ဓမ္မအာဝါသဂုဏ် ကိုဆင်ခြင်တော် မူသည်။
“နွေလတို့၏ အဦးအစတန်းခူးလတွင် ကောင်းစွာ ပင့်သည့် ခက်လက်ဝေဖြာ စုံညီစွာ သော တောအုပ်ကြီးသည် အသရေသိန်အပေါင်းတို့ဖြင့် တင့်တယ်ဘိသကဲ့သို့ အနက်သဒ္ဒါ ဝေဆာစုံပေါ ထိုတောအုပ်ကြီးပမာ ဖြစ်ပေသော နိဗ္ဗာန်ရောက်ကြောင်းတရားတော် မြတ် ပိဋကတ် ကိုနိဗ္ဗာနစာရ၏ အမြတ်ဆုံးအကျိုးစီးပွားအလို့ငှာရှင်တော် ဘုရားဟောကြားတော် မူခဲ့ပြီးဘုရားရှင်၏ ရတနာသိကြောင်း ဖြစ်သော ဤဂုဏ်တော် ကားထူးမြတ်လှပါပေစွ။ ဤစကားသည် အမှန်သစ္စာ ဖြစ် ၏ ။ ဤသစ္စာစကားကြောင့် သတ္တ၀ါတွေ ချမ်းသာကြပါစေ’’
ကုဿိန္နာရုံပြည်သို့ ရောက်ရန် ခရီးအတန် လှမ်းကွာသေးသည်။ တပည့်ရဟန်းငါးရာတို့ အနက် ရာဂမကင်းသော ရဟန်းများ လည်းပါရှိနေသည်။ ခရီးပန်းခြင်း၏ ဒဏ်ကိုရင့်ကျက်ပြီးသော ရဟန်းများ က သည်းခံနိုင်စွမ်းရှိကြသော်လည်း နုနယ်သေးသော ရဟန်းများ မှာ မူ မသိမသာ ညဉ်းတွား စပြုလာကြပေသည်။ ထို့ကြောင့် ဤတောလမ်းခရီး၏ ဤတောအုပ်တစ်နေရာ ဤသစ်ပင်ကြီးတွင် ခေတ္တခိုနားရန် မထေရ်မြတ်ကြီးဆုံးဖြတ်တော် မူခြင်း ဖြစ်၏ ။
ထိုအချိန်တွင် ကုဿိန္နာရုံပြည်ဘက်မှ ပါဝါပြည်ဘက်သို့ လာနေသော တက္ကတွန် တစ် ယောက် ကို မထေရ်မြတ်ကြီးမြင်လိုက်သည်။ တက္တတွန်းကာ အ၀တ်မ၀တ်သော အာဇီဝက တစ်ယောက် ဖြစ်သည်။ လုံးတီးနီးပါးရှိသော ခန္ဓာကိုယ်တွင် ဖုန်အလိမ်းလိမ်း ကပ်နေသည်။ မုတ်ဆိတ် ကျင်စွယ်တို့လည်းရှည်လျားရှုပ်ထွေးလှသည်။
တက္ကတွန်းသည် မထေရ်မြတ်ကြီးရှိနေသော သစ်ပင်ကြီးဆီသို့ ရောက်လာ၏ ။ သူ့လက်ထဲ တွင် မန္ဒရ၀ အမည်ရှိနတ်ပန်းကိုထီးသဖွယ် ကိုင်ဆောင် ဆောင်းမိုးလာသည်။
တက္ကတွန်းသည် တစ်ယောက် က မန္ဒရ၀ နတ်ပန်းကိုထီးသဖွယ်ဆောင်းမိုး၍ ကုဿိန္ဒာရုံ ဘက်သို့ ရောက်ရှိလာခြင်းသည် သာမန်ထက် ထူးခြားသော အခြေအနေ ဖြစ်နေလေသည်။
နူးညံ့သိမ်မွေ့လှသော အရှင်မဟာကသာပမထေရ်မြတ်ကြီးကတက္ကတွန်းကိုပြေပြစ်စွာ စကားမိန့်ဆို နှုတ်ဆက်တော် မူသည်။
“ငါ့ရှင့့်  သင် ကုဿန္ဒာရုံဘက်ကလာခဲ့သလား’’
“ဟုတ်ပါတယ့့်  ကျွန်ုပ် ကုဿိန္ဒာရုံဘက်ကလာခဲ့သလား’’
“ငါရှင့့်  ငါတို့ဆရာ မြတ်စွာ ဘုရားကိုသင်သိပါသလား’’
ကတ္တတွန်းကမျက်ခုံးများ ပင့်လိုက်ပြီး ထီးသဖွယ်ဆောင်လာသော မန္ဒရ၀နတ်ပန်းကိုလှည့် လိုက်သည်။
“သင်တို့ ဆရာကို ကျွန်ုပ် သိပါတယ်၊ သိသမှ သင်တို့ဆရာရဟန်းဂေါတမပရိနိဗ္ဗာန်ပြု သွားပြီး ၊ဒီကနေ့ဆိုခုနှစ်ရက်ရှိသွားပြီ၊ ကုဿိန္နာရုံ ကမလ္လာမင်းတွေ ရဲ့ အင်ကြင်းတောထဲမှာ ပရိနိဗ္ဗာန်ပြုသွားပြီး ၊ ဟောဒီ မန္ဒရ၀ပန်းဟာ အဲဒီ ကနေ ကျွန်ုပ် ယူလာခဲ့တာပဲ’’
သစ်ပင်ကြီး၏ အုပ်ဆိုင်းအေးမြအရိပ်ဝန်းကြီး ရုတ်တရက်ပျောက်ကွယ်သွားသကဲ့သို့ပင် တက္ကတွန်း၏ စကားကို ကြားလိုက်ရသော ရဟန်းအချို့သည် မြေပြင်သို့ လူးလှိမ့်ငိုကြွေးကုန်ကြ ပေပြီ။
“မြတ်စွာ ဘုရားပရိနိဗ္ဗာန်ပြုသွားပြီတဲ့ ငါ့အရှင်တို့’’
မသဲမကွဲညဉ်းတွားရေရွက်သံများ ၊ မြည် တမ်းသံများ ဖြင့် တောအုပ်၏ တိတ်ဆိတ် အေးချမ်း မှု သည် ပျက်စီးသွားလေသည်။
“ဘုန်းတော် ကြီးသော အဘဘုရား နိဗ္ဗာန်စံဝင်သွားပြီ့း့  တဲ့’’
“လောကသုံးပါရဲ့ အရှင်သခင်ကြီးဆောက်တည်ရာမဲ့ ငိုကြွေးနေသော ရဟန်းတပည့်တော် များ ကိုလည်းကောင်း၊ ဓမ္မသံဝေဂဖြင့် စိတ်ကိုဖြေနေကြသော ရဟန်းတပည့်များ ကို လည်းကောင်း ကြည်ရှု ဆင်ခြင်တော် မူသည်။’’
တက္ကတွန်းကား မန္ဒရ၀ပန်းကို ထီးဆောင်းလျက် ပါဝါပြည်ဘက်သို့ ဆက်လက်ထွက်ခွာ သွားပေပြီ၊ သူသည်လည်း အာဇီဝကတက္ကတွန်း တစ်ယောက် ဖြစ်စေကာမူ ဘုရားရှင်ပရိနိဗ္ဗာန်ပြုရာ အရပ်မှာ ရသော ပန်းကို အမြတ်တနိုးအထိမ်းအမှတ်အ ဖြစ် သိမ်းဆည်းသယ်ဆောင်သွားဟန်တူ ပေသည်။
“ဪ့  သင်္ခါရတရားတို့သည် အမြဲမရှိကုန်၊ ဤသင်္ခါရ တရားမှာ မြဲခြင်းသဘော ကိုဘယ်မှာ ရနိုင်မည် နည်း’’ မထေရ်မြတ်ကြီးဆင်ခြင် နှလုံးသွင်းတော် မူသည်။
ထိုအချိန်တွင် လူးလှိမ့်ငိုကြွေးနေကြသော ရဟန်းများ ဆီမှ ထူးခြားသော အသံတစ်သံ ထွက်ပေါ်လာလေသည်။
“ငါ့ရှင်တို့ မငိုကြစမ်းပါနဲ့ ၊ တိတ်ကြစမ်းပါ၊ ငါပြောတာနားထောင် လိုက်ပါ”
ပူဆွေးကြေကွဲနေကြသော ရဟန်းတို့အကြားတွင် ဤအသံသည် အခြားသူများ နှင့် ပီတိ ဆန့်ကျင်စွာ ပင် အားတက်သရော၊ ဖြစ်နေသည်။ ဤအသံ၌ သော ကပရိဒေ၀အငွေ့ အလျင်းမရှိ။ သို့သော် တည်ငြိမ်နက်ရှိုင်းစွာ တရားဓမ္မ၌ ဆင်ခြင်သက်ဝင်ထားသည့် အသံမျိုးလည်းမဟုတ်။
“ငါ့ရှင်တို့  ငါ့ရှင်တို့ ၊ ဒီမှာ နားထောင်ကြစမ်းပါဦး’’
ရဟန်းတို့သည် မျက်ရည်အလူးလူးအလိမ်းလိမ်းဖြင့် ပင် ထိုအသံလာရာဆီသို့ တအံ့တသြ လှမ်းကြည့်လိုက်ကြသည်။
တောထွက်ရဟန်းကြီးသုဘဒ္ဒ့ 
ပြေလျော့ခြင်းမရှိသော သင်္ကန်းကိုတမင်ပင် ဖြည်ခွာလျက် ဟန်ပါပါဖြန့်ရမ်းကာထပ်မံ၍ စုစည်းဝတ်ရုံလိုက်သော ရဟန်းကြီးသုဘဒ္ဒသည် ၀င့်ကြွားအသွင်ဖြင့် မတ်တပ်ရပ်လိုက်သည်။
“ဒီမလေ့  မငိုကြစမ်းပါနဲ့၊ ငါ့ရှင်တို့ရဲ့ ရဟန်းကြီးဂေါတမပရိနိဗ္ဗာန်ပြု သွားပြီဆိုတာ ကိုငါပြောသလိုအဓိပ္ပာယ်ကောက်ယူလိုက်ကြစမ်းပါ။ ဒီမှာ့  အခုဆိုရင် ငါတို့ဟာ ရဟန်းကြီးဂေါ တမလက်အောက်ကနေကောင်းစွာ လွတ်မြောက်ကြပြီမဟုတ်လား၊ ငါတို့မှာ ဗုဒ္ဓဟာငါတို့ကို ၀ိနည်း သိက္ခာပုဒ်ကောင်းစွာ လွတ်မြောက်ကြပြီမဟုတ်လား၊ ဗုဒ္ဓရဲ့ အဆုံးအမတွေ အောက်မှာ နေရာ တကာအချုပ်အချယ် မိခဲ့ကြတာမဟုတ်လား၊ အခုငါတို့ပြုချင်တာပြုလို့ရပြီ၊ ပြလိုရာပြ ကတော့မယ်၊ မပြုလိုရာကိုမပြုဘဲနေကြမယ်၊ ဘယ့်နှယ်လဲ’’
ဆူးကြိမ် ကြာပွတ်တစ်ချောင်းကို ဝှေ့ရမ်းရိုက်ခတ်လိုက်သည်နှယ် ရဟန်းများ သည် ငိုရှိုက် ရန်ကိုပင် မေ့လျော့သွားကြကာ အံသြသော မျက်နှာများ ဖြင့် တောထွက်ရဟန်းကြီးသုဘဒ္ဒကို ၀ိုင်း အုံကြည့်နေမိကြ၏ ။
သုဘဒ္ဒကမူလက်အစုံကိုအထက်သို့ မြှောက်လိုက်ပြန်သည်။
“ဖိနှိပ်ချုပ်ချယ်မယ့်သူမရှိတော့ဘူး၊ ကြိုက်သလိုနေလို့ရပြီ၊လွတ်လပ်ပြီလေ့  မဟုတ် ဘူးလား ငါ့ရှင်တို့’’
သုဘဒ္ဒ တစ်ခဲနေသော အားပေးသြဘာသံကိုမျှော်လင့်ထားသော်လည်းရဟန်းများ ကမူတိတ်ဆိတ်ခြင်းဖြင့် သာတုံ့ပြန်လိုက်ကြသော အရှင်မဟာကဿပမထေရ်မြတ်ကြီးထံသို့ တစ်စုတစ်ရုံတည်းလှမ်းကြည့် ကြလေသည်။
သုဘဒ္ဒ၏ ၀မ်းသာအားရ ကြွေကြော်သံကိုမထေရ်မြတ်ကြီးလည်း ဆတ်ဆတ်ကြားတော် မူရပေပြီ။ မိမိထံ ၀ိုင်းအုံစုပြုံ ကြည့်နေကြသော တပည့်ရဟန်းများ ၏ မျက်လုံးအကြည့်တို့ကို လည်းမထေရ်မြတ်ကြီးကောင်းစွာ သိရှိတော် မူပြီ။
သုဘဒ္ဒ၊ တောထွက်ရဟန်ကြီ့း့ 
သားနှစ်ယောက် လူပျိုပေါက်အရွယ်ရောက်တော့မှ မယားသေ၍ သားနှစ်ယောက် ကိုလည်း ရှင်သာမဏေပြုစေကာ သူကိုယ်တိုင်လည်း ရဟန်းဘ၀ ၀င်ရောက်ခဲ့သူ၊ လူဝတ်ကြောင်ဘ၀က ဆံသမုတ်ဆိတ်ရိတ်သင်သည့် ဆေတ္တာသည် အာတုမာတိုင်းသားတောထွက်ကြီး။
သုဘဒ္ဒကားဘုရားရှင်အပေါ်၌ တစ်ချိန်လုံးလုံး မပြေနိုင်သည့် အာဃာတကိုထားခဲ့သူပါ တကား။
အရှင်မဟာကဿပ မထေရ်မြတ်ကြီးသည် သုဘဒ္ဒ၏ မဝေးလှသော ကာလမှ ရုပ်သွင်ကို ပြန်လည်ဆင်ခြင်မိလေသည်။
ထိုစဉ်ကရဟန်းကြီးသုဘဒ္ဒသည် မြတ်စွာ ဘုရားရှေ့မှော က်၌ ဒူးတစ်ဖက် မြေထောက် ဒူးတစ်ဖက်ထောင်လျက် ဗြဟ္မာမင်းကြီး၏ တင့်တယ် စံပယ်ဟန်မျိုးကို အတုခိုးကာအကျအန ထိုင်နေခဲ့သည်။ သူ့သင်္ကန်းစမှာ အိုးမည်းတွေ ပြာမှု န် ပြာစတွေ ဖြင့် မည်းညစ်ပေကျံနေသည်။ ညဉ့်ဦးက ၀တ်ဆင်ခဲ့သော ကြောင့် လည်း အနွမ်းနွမ်းအကြေကြေ ဖြစ်နေသည်။
သုဘဒ္ဒသည် လက်ထဲမှကိုင်လာသည့် ယောက် မနှင့် ဇွန်းတို့ကိုဘေးသို့ ချကာ မြတ်စွာ ဘုရား အားလက်အုပ်ချီ၍ ဆိုခဲ့သည်။
“တပည့်တော် ရဲ့ ဆွမ်းကိုခံယူတော် မူပါဘုရား”
သုဘဒ္ဒ၏ အသွင်အပြင်မှာ မတင့်မတယ် ဖြစ်နေသည်။ မျက်နှာမှာ လည်းအဆီတွေ ပြန်ကာ မျက်လုံးများ ကမူတောက်ပြောင်စူးရှလျက်။
မြတ်စွာ ဘုရားအတွက် ဟုသုဘဒ္ဒ ရည်စူးချက်လုပ် စီမံထားသော ဆွမ်းအိုးကြီးများ ဆီမှ ထောပတ်နံ့များ ကလည်း ကြိုင်လျက် စူးရဲပျံ့လွင့်လျက့့် 
“သုဘဒ္ဒ့  သင့်ရဲ့ ဆွမ်းဘယ်သို့ ဖြစ်ပေါ်လာသလဲ”
ဘုရားရှင် အမေးတော် ရှိလေပြီ။
သုဘဒ္ဒသည် အားပါးတရတင်လျှောက်တော့သည့့် 
“အရှင်ဘုရားနဲ့ နောက်ပါသံဃာတစ်ထောင့်နှစ် ရာငါးဆယ်တို့ တပည့်တော် ရဲ့ အာတုမာ တိုင်းကိုဒေသစာရီလှည့်လည်တော် မူမယ်ဆိုတာ ကြားသိရပြီးကတည်းကတပည့်တော် နဲ့ တပည့် တော် သားရှင်သာမဏေနှစ် ပါးတို့ မနေမနား ကြီးကြပ်စီမံအပ်တဲ့ သီးစုံထောပတ်ဆွမ်းပါ ဘုရာ့း့  ဘယ်လိုစီမံထားသလဲဆိုတော့ က့ ”
လူဝတ်ကြောင်ဘ၀က ဆေတ္တာသည်လုက်ခဲ့သော သုဘဒ္ဒသည် သားရှင်သာမဏေနှစ် ပါး တို့အားသင်ဓုန်းဓားစင် အပ်လိုက်ကာအိမ်ပေါက်စေ့ မုတ်ဆိတ်ဆံသအလုပ် လုပ်စေခဲ့၏ ။ ရရှိသော အသပြာဖြင့် ဘုရားအမှူးရှိသော သံဃာတို့အား ဆွမ်းကပ်မည် ဖြစ်ကြောင်းကိုလည်း အားပါတရ ဟောပြော၍ အလှူခံ၏ ။
ထိုအခါ ဆံသခအသပြာအပြင် ထောပတ်၊ တင်လဲ၊ ဆန်၊ ဆီ၊ ဟင်ခတ်အမွှေးအကြိုင် များ ကိုပါ ရရှိခဲ့လေရာအသပြာတစ်သိန်းဖိုးခန့်အထိရှိခဲ့သည်။ ထိုမျှမကသေး။ သုဘဒ္ဒ သည် ချက်တတ်ပြုတ်တတ် သော အိုးသူကြီးများ ကိုပါ လက်စားမယူ၊ လုပ်အားလှူအ ဖြစ် ခေါ်ယူခဲ့ပြန် သည်။ သုဘဓ္ဒ၏ ကျောင်းသင်္ခမ်းထဲ၌ အိုးကြီးအိုးငယ် အသွယ်သွယ် ခင်းကျင်းကာ သစ်သီးမျိုးစုံ၊ ငါးအမဲမျိုးစုံရောပြွမ်းသော နမသလေးဆန်းမွှေးတို့ကိုချက်ပြုတ်ကြော်လှော်ခဲ့သည်။
“တစ်သိန်းတန်တဲ့ သားပြွမ်းထမင်းအလှူရှင်ကငါသုဘဒ္ဒပေါ့၊ ဟဲဟဲ.. အာတုမာတိုင်မှာ တော့ အကြီးအကျယ်ဆုံးဆွမ်းအလှူရှင် ဖြစ်ပြီးပေါ့”
သုဘဒ္ဒ ကြုံးဝါးခဲ့လေသည်။
ရဟန်းကြီးသုဘဒ္ဒ၏ ဆွမ်း ဖြစ်ပေါ်လာပုံကိုစစ်မေးတော် မူပြီးနောက်ဘုရားရှင်က တရားနှင့် မညီသော ဆွမ်းခံကြွသွားသည်။
“ရဟန်းဂေါတမဟာ နှလုံးအိ်မ်အတွင်း၌ အငြိုးအတေးသည် ထိုအချိန်ကတည်းကစတင်စွဲ လောင်ခဲ့လေရာယခုဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူပြီဟု သိလျှင်သိချင်းမှာ ပင် အာဃာတမီး တောက်မီးလျှံကြီးသည် အရှိန်တညီညီဖြင့် ၍ တောက်လောင်ခြင်း ဖြစ်ချေသည်။”
သုဘဒ္ဒ၏ ၀မ်းသာအားရ ကြွေးကြော်သံနှင့် ရန်ငြိုးကိုဖွင့်ဟ ထုတ်ဖော်သံတို့သည် အရှင်မဟာ ကဿပမထေရ်မြတ်ကြီး၏ နှလုံးသည်ပွတ်ကိုလှံသွားတို့ဖြင့် ထိုဆွဘီသကဲ့သို့ ရှိလေသည်။
နွေလယ်မွန်တည့်၌ မိုးတိမ်မမြင် ၊ မြူခြေစင်နေသော ကောင်ကင်မှမထစ်မချုန်း တ၀ုန်းဝုန်း မိုးကြိုးပစ်ချလိုက်ခြင်းပင်။
မထေရ်မြတ်ကြီးဆင်ခြင်သုံးသပ်တော် မူပြန်သည်။
“မြတ်စွာ ဘုရားပရိနိဗ္ဗာန်စံသည်မှာ ခုနစ်ရက်ပင် ရှိသေးတယ်၊ ရုပ်ကလာပ်လောင်ကြီး ရွှေအဆင်းလို ၀ါဝင်းလျက် ထင်ရှားရှိနေသေးတယ်။ လေးဆယ်ငါးဝါတို့ ကာလပတ်လုံးဘုရားရှင် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ထားတဲ့ သာသနာတော် ကြီး ဖြစ်ပါလျက် သာသနာ့ရန်စွယ် ဆူးငြောင့်တွေ ပေါ်လာကြပါကုန်ပကော… မြန်ဆန်လှပါကလား၊ အသေအမွှားအညစ်အမှိုက် တွေ ကူးပျံ့အားကောင်းကြီးထွားလာမည့်  အန္တရယ်ဟာမသေးလှပါကကား”
သင်္ကန်ကြီးတဖားဖားဖြင့် ရဟန်းတို့အလယ်မှာ ၀င့်ကြွားစွာ လမ်းသလားရင်း အားပါတရ ပြောနေသော ရဟန်ကြီးသုဘဒ္ဒကိုကြည့်ရင် မထေရ်မြတ်ကြိးသည် ကြောင်းကျိုဆက်စပ် တွေးမြင် သုံးသပ်ပေပြီး။
“ရဟန်းယုတ် သုဘဒ္ဒမှာ တစ်စတစ်စနဲ့ သဘောတူရာအဖော်အပေါင်းတွေ စုဆောင်း မိလာရင် သာသနာတော် ရဲ့ ဆုတ်ယုတ်ကြောင်းတွေ ဖြစ်ပေါ်လာတော့မယ်။ အင်း….. သုဘဒ္ဒကို သင်္ကန်းချွတ်၊ ပိတ်ဖြူဝတ်၊ လူလဲဝတ်စေပြီး သာသနာ့ဘောင်ကနေ နှင်ထုတ်မယ်ဆိုရင်လည်း ဂေါတမဘုရားရဲ့ အလောင်းတော် မှ မီးသဂြိင်္ုဟ်ရသေးဘူး၊ တပည့်ရဟန်းတွေ မှာ ငြင်းခုန်ရန်ပွား အချင်းများ ကုန်ကြပြီလို့ လူများ ကဲ့ရဲ့ စရာ ဖြစ်လေမယ်”
မထေရ်မြတ်ကြီးစံနေတော် မူရာသစ်ပင်ကြီးထက်မှ ရွက်ကြွေတို့ တဖြည်းဖြည်းလွင့်ဝဲ လာ ကြသည်။
“အင်း….. ဘုရားရှင်းဟောကြတော် မူခဲ့တဲ့ တရားဒေသနာတွေ ဟာ မသီကုံးရသေတဲ့ ပန်းပွင့်တွေ လိုအစုအပုံကြီးအ ဖြစ် တည်ရှိနေပေတယ်။ အရပ်လေးမျက်နှာကတိုက်ခတ်နေတဲ့ လေကြောင့် ပန်းပွင့်တွေ ဖရိုဖရဲ ပြန့်ကျဲလွင့်ပါ ပျောက်ပျက်ကုန်သလိုအချိန်ကာလ ကြာညောင်း လာရင်း ၀ိနည်းသိက္ခာပုဒ်တွေ ဟာ တစ်ခုချင်းနှစ် ခုချင်းကအစ ပျောက်ပျက်ကုန်နိုင်တယ်၊ သုတ္တန် တရားအဘိဓမ္မာတရားတွေ လည်းတစ်စတစ်စကွယ်ပျောက်သွားနိုင်တယ်။ သာသနာမကွယ်ဖို့အတွက် ဓမ္မနဲ့ ၀ိနယကို သင်္ဂါယနာတင်မှ ဖြစ်လိမ့်မယ်၊ ပန်းပွင့်တွေ ကို ခိုင်ခံတဲ့ ကြိုးနဲ့ သီကုံးမှ ဖြစ်တော့မယ်၊ သို့သော် ဤမျှ ကြီးလေးတဲ့တာဝန်ကို ဘယ်သူဦးစီးဦးရွက် ခံသူပြုမူ နိုင်မလဲ”
အရှင်မဟာကဿပ မထေရ်မြတ်ကြီး၏ စိတ်အစဉ်၌ ဘုရားရဂှင်နှင့် မိမိအကြား ဆက် သွယ်မှု ကို ပြန်၍ ဆင်ခြင်မိပြန်လေသည်။
“ငါ ရဟန်ပြုပြီးဘုရားရှင်ထံထွက်ခွာခဲ့စဉ်က မြတ်စွာ ဘုရားဟာ သုံးဂါဝုတ်ခရီးကို ခြေလျင်ကြွတော် မူပြီး ငါ့ကို ကြိုဆိုခဲ့တယ်။ သြ၀ါဒသုံးပါးနဲ့ ကိုယ်တော် တိုင် ငါ့ကိုရဟတ် ပြုပြီး ပေးခဲ့တယ်၊ ဘုရားရှင်သာသနာတော် မှာ သြ၀ါဒပဋိဂ္ဂဟဏ ဥမ္ပဒါနဲ့ ရဟန်အ ဖြစ် ချီးမြှော က်ခံရ သူဆိုလို့ ငါတစ်ပါးတည်းတာလျှင် ရှိလေတယ်၊ သည်မျှမကသေး၊ ငါ့ရဲ့ ပုဆိုးဟောင်းဒုကုဋ် သင်္ကန်းကြီးနဲ့ ဘုရားရှင်ရဲ့ ပံသုကူ နှစ် ထပ်သင်္ကန်းကြီးကိုလည်းလဲလှယ်ဝတ်ရုံခွင့် ရခဲ့တယ်။ ဓုတ ၀ါဒါန ဧတဒဂ် အရာမှာ လည်းထားတော် မူခဲ့တယ်။ အကျင့်သိက္ခာဖြူစင် သန့်ရှင်းမှု အရာမှာ လည်း ငါ့ကိုသာစံပြအ ဖြစ် ဘုရားရှင်ထားရှိဟောကြားတော် မူခဲ့လေတယ်”
မထေမြတ်ကြီးသည် ဘုရားရှင် လဲလှယ်ဝတ်ရုံခွင့် ပေးခဲ့သော နှစ် ထပ်သင်္ကန်းကြီးကို ထုတ်ယူကြည့်ရှုတော် မူလေသည်။
“ဒီ နှစ် ထပ်သင်္ကန်းကြီးဟာကမ္ဘာလောကမှာ ရှိနေတဲ့ အဓမ္မ၀ါဒ အဓ္ဓမ၀ါဒီတွေ ကို ချွတ်ခြွေ ချေမှု န်းရန်မှာ ဘုရားရှင်ကိုယ်တော် တိုင် ၀တ်ဆင်တော် မူခဲ့တဲ့ ဓမ္မချပ်ဝတ်တန်ဆာပင် ဖြစ်ပေတယ်။ ယခုဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော် မူပြီးနောက်မှာ ငါကို်ယ်တိုင်ပဲဒီဓ္ဓမသချပ်ဝတ် တန်ဆာကို ၀တ်ဆင်ပြီးအဓ္ဓမကို ချွတ်ခြွေချေမှု န်းရလိမ့်မယ်၊ ငါသို့ သော သူထင်ရှားရှိပါလျက်နဲ့ သုဘဒ္ဒလို ရဟန်းယုတ်နဲ့ မကြီးထွားစေရဘူး”
မထေရ်မြတ်ကြီးသည် သုဘဒ္ဒကိုမည် သို့ မျှ အရေတယူမထားတော့ ဘဲပူဆွေးသော က ရောက်နေကြသော တပည့်ရဟန်းများ ကိုသာတရားအမြိုက်ဖြင့် အပူငြိမ်းစေတော် မူလိုက်သည်။
အရှင်မဟာကဿပမထေရ်မြတ်ကြီးသည် နံ့သာထင်းပုံကြီးကိုလက်အုပ်ချီလျက် လက်ယာ ရစ် သုံးပတ်လှည့်လည်ကာဘုရားရှင်၏ ခြေတော် အစုံကို ဦးတိုက် ရိုကျိုးရှိခိုးကန်တော့ လေသည်။ မထေရ်မြတ်ကြီး၏ တပည့်ရဟန်းငါးရာတိုကလည်း သင့်တင့်သော နေ့ရာမှအတူ လိုက်ပါလျက် ရှိခိုးကြ၏ ။
ဤတွင် ပရိနိဗ္ဗာန် စံလွန်တော် မူပြီးခုနစ်ရက်မြောက်သော နေ့ကတည်းက အလောင်းတော် ကိုမီးသဂြုင်္ီလ်ရန် အနည်းနည်း အဖုံဖုံ ကြိုးစားခဲ့ကြသော်လည်းအထမမြောက်ခဲ့၊ မီးအစွဲလောင်ခဲ့ သော မလ္လာမင်တို့ လက်မှိုင်ချခဲ့ရသော နံ့သာထင်ပုံကြီးသည် ရဲရဲညီးညီးမီးတောက်လေတော့သည်။
အရှင်အနုရုဒ္ဓါ မိန့်တော် မူသည့်အတိုင်း အရှင်ကဿပမထေရ်မြတ် အနေဖြင့် မြတ်စွာ ဘုရား၏ ခြေတော် ကို ဦးတိုက်ရှိခိုးခြင်း မပြုလုပ်ရသေးသမျှ ဤနံ့သာတ၏ နံသာထင်းပုံကြီးသည် ရဲရဲညီးညီး မီးတောက်ကြီးများ ဖြင့် လောင်မြိုက်လေပြီ။
ခုနှစ် ရက်ပတ်လုံး မီးလောင်ကျွမ်းခဲ့ပြီးနောက်မြတ်စွာ ဘုရား၏ ရုပ်ကလာပ်အလောင်းတော် သည် မီးသွေးမ ဖြစ်၊ ပြာမ ဖြစ်ဘဲ ဓာတ်တော် များ အ ဖြစ်သာ တည်ရှိကြွင်းကျန်ခဲ့လေသည်။ အလောင်းတော် ကို ရစ်ပတ်ထာသော ပုဆိုးအသစ် ငါးရားတို့တွင် လည်း အလယ်၌ ရှိသော ပုဆိုး လေးရာကိုးဆယ့်ရှစ် ထည်သာမီးလောင်ကျွမ်း၍ အပြင်ဆုံးထပ်နှင့် အတွင်းဆုံးအထပ် ဖြစ် သော ပုဆိုးနှစ် ထည်တို့မှာ မီးလောင်ဖို့ဝေးစွ အခိုးအငွေ့ သင့်ကာ ညိုမည် ညစ်မှော င်ခြင်းသော်မျှ အလျှင်း မရှိ။ ပကတိအတိုင်း ကြွင်းကျန်ရစ်ခဲ့သည်။
မလ္လာမင်းတို့သည် တာဝန်အရှိဆုံး ကာယကံရှင်များ အ ဖြစ် အပိုင်အနိုင် စီမြံ ကတော့၏ ။ ဘုရားရှင်သည်မိမိတို့၏ ပိုင်နက်ကုဿိန္နာရုံတွင် ပရိတ်နိဗ္ဗာန်စံလွန်တော် မူသည် ဖြစ်ရာ မီးသင်္ဂြိုဟ်ခြင်းအမှု ပြီးသည့်အနက် သာဓုကီဠနသဘင် ပူဇော်ပွဲကြီးမှာ လည်း မိမိတို့လုပ်ပိုင်ခွင့်သာ ဟု ယုံကြည်၏ ။
ထို့ကြောင့် နံ့သာထင်းပုံကြီး၏ ငြိမ်းသေသွားသော မီးကြွင်းပြာစများ ကို နံ့သာရည်ဖြင့် ငြိမ်း သက်ကာ ဓာတ်တော် နှစ် တင်းကို ရတနာကြုတ်ထဲသို့ ထည့်သွင်းလိုက်ကြသည်။ ဓာတ်တော် ကြုတ် ကိုလည်း လက်နက်စုံလင် ကိုင်ဆောင်သော စစ်သူရဲတို့ဖြင့် အထပ်ထပ် ၀န်းရံစောင့်ကြပ်စေလိုက် ကြသည်။ သာဓုကီဠနသဘင်ပြီးလျှင် ဓာတ်တော် အားလုံးကို မိမိတို့အပိုင်အ ဖြစ် သိမ်းယူကိုးကွယ်ြ ကတော့မည် ဖြစ်၏ ။
သို့ သော် သာဓုကီဠနသဘင် ကာလအတွင်းမှာ ပင် သ၀ဏ်လွှာများ စာချွန်များ က တစ်ခုပြီး တစ်ခု မလ္လာမင်းတို့ထံ ရောက်ရှိလာကြသည်။
မဂဓပြည့်ရှင် အဇာတသက်မင်း၊ ဝေသာလီလိစ္ဆ၀ီမင်းများ ။ ကပိလ၀တ်သာကီဝင်မင်းများ ၊ အလ္လကပ္ပတိုင်း ဗုလီမင်းများ ၊ ရွာမရွာစိုးကြီး၊ ဗြာဟ္မဏပုဏ္ဏား၊ ဝေဋ္ဌဒီပကတိုင်းကြီး ရှင်ပုဏ္ဏား ပါဝါ ပြည်မှ မလ္လာမင်းများ ထံမှ ဆင့်ကဲ ဆင့်ကဲ ရောက်ရှိလာသော စာချွန်များ ၌ ဓာတ်တော် မွေတော် များ ကို ခွဲဝေပူဇော်ခွင့်ပေးရန် တောင်းဆိုကြ၏ ။ တိုင်းကြီးပြည်ကြီးသခင်များ ၏ သ၀ဏ်လွှာများ ၌ ဘုရားရှင်၏ ဓာတ်တော် တို့ကို အဘယ်ကြောင့် မိမိတို့လည်း ပူဇော်ပိုင်ဆိုင်ခွင့်ရှိကြောင်း၊ အ ထောက်အထားများ ပြဆိုထားကြသည်။ အားလုံးပင်လျှင် မငြင်းနိုင်သော ခိုင်လှုံမှု များ ဖြစ်နေကြ သည်။
သို့ သော် ကုဿိန္နာရုံ မလ္လာမင်းများ က တင်းမာစွာ တုံ့ပြန်ကြောင်းကြားလိုက်ကြ၏
``လေးဆယ့်ငါးနှစ် ကာလပတ်လုံး ဗုဒ္ဓမြတ်စွာ ဟာ မဇ္စျိမတစ်ခွင် လှည့်လည်ကြွရောက် တော် မူခဲ့တာလည်း မှန်တယ်။ ကပိလ၀တ် သာကီမင်းတွေ ကစပြီး အတိုင်းတိုင်းအပြည်ပြည် ဒေသနိဂုံးအနှံ့ ဘုရားရှင် ဒေသစာရီလှည့်လည်တော် မူခဲ့ပြီး ဘုရားရှင်ရဲ့ တပည့်သားသမီးတွေ ဖြစ်ခဲ့ကြတာလည်း မှန်တယ်။ ဒါပေမဲ့ တိုင်းကြီးတစ်ဆယ့်ခြောက်တိုင်းမှာ ဘုရားရှင်က ကိုယ်တော် မြတ်ရဲ့ နောက်ဆုံးကာလများ ကို ငါတို့ ကုဿိန္နာရုံပဲ ကုန်လွန်တော် မူစေခဲ့တယ်လေ။ ပရိနိဗ္ဗာန် စံဝင်တာကလည်း ငါတို့ရဲ့ ကုဿိန္နာရုံပဲ ဖြစ်တယ်။ ငါတို့နဲ့ထိုက်လို့သာ ငါတို့ ရခဲ့တာ . . . ဓာတ် တော် တွေ ကို ဘယ်နည်းနဲ့မှ၊ ဘာအကြောင်းကြောင့် မှ ခွဲဝေမပေးနိုင်ဘူး´´
စာချွန်သ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည့် ခုနှစ် ပြည်မင်းတို့သည် ဤတုံ့ပြန်ချက်ကိုရသော အခါ နောက်ထပ် အကျိုးသင့်အကြောင်းသင့် ပြ၍ တောင်းခံမနေရတော့ဘဲ စစ်အင်အားကိုသာ ပြင်ဆင်ချီတက်လြာ ကတော့၏
``အသာတကြည် သဘောမျှပြီး ခွဲဝေမပေးရင်လည်း တိုက်ယူရတော့မှာ ပေါ့´´ ဟု အားလုံးက ကြွေးကြော်လိုက်ကြသည်။
သာဓုကီဠန ပူဇော်ပွဲကြီးအပြီးတွင် ကုသိန္နာရုံသည် ကြီးစွာ သော စစ်မြေပြင်ကြီးအ ဖြစ် ပြောင်းလဲရောက်ရှိရမလို ဖြစ်သွား၏ ။ ခုနှစ် ပြည်ထောင် မင်းတို့သည် ဓာတ်တော် လုပွဲစစ်ပွဲကြီး၌ ကုဿိန္နာရုံ မလ္လာမင်းများ ကို ဦးစွာ ဘုံရန်သူအ ဖြစ် ဦးတည်တိုက်ခိုက်ကြသည်။ ထို့နောက် ခုနှစ် ပြည်အချင်းချင်းလည်း ဆက်လက်တိုက်ခိုက်ကြဦးမည် ။ ဓာတ်တော် မျာကို ရယူရေး တွင် မိမိမှအပ အခြားသူသည် ရန်သူ ဖြစ်နေသည်။ သွေးချောင်းစီးစစ်ပွဲကြီးကို ရှေ့ရှုနေကြသည်။
သို့ သော် ထိုမင်းများ ၊ ခေါင်းဆောင်များ ကို ငယ်စဉ်က ပညာသင်ပေးခဲ့သော ငယ်ဆရာ ဖြစ် သူ ဒေါဏပုဏ္ဏားကြီးက အပြန်အလှန် ချိန်ရွယ်ထားသော လက်နက်သွားများ အလယ်သို့ ၀င်ရောက်လိုက်သည်။
`လောကရဲ့ ငြိမ်းချမှ်းု၊ သတ္တ၀ါရဲ့ ငြိမ်းချမ်းမှု ကို လေးဆယ့်ငါးနှစ် ကာလပတ်လုံး နေ့နေ့ည ည အားထုတ်ကြိုးပမ်းပြီး တရားဓမ္မ တိုက်ကျွေးခဲ့တဲ့ ဘုရားရှင်ရဲ့ ဓာတ်တော် တွေ ကို ပိုင်ဆိုင်ဖို့ အရေး စစ်မက်နဲ့ ဖြေရှင်းကြမလို့တဲ့လား၊ မဖွယ်ရာလိုက်လေ . . . သင်တို့အားလုံး မြတ်စွာ ဘုရား ရှင်ကို မြတ်နိုးကိုးကွယ်ကြတယ်ဆိုရင်၊ မြတ်စွာ ဘုရားရဲ့ ဓမ္မအမြိုက်ကို ဆည်းကပ်သက်ဝင်ကြ တယ်ဆိုရင် နောက်ပြီးတော့ ငယ်ဆရာ ဖြစ်တဲ့ အကျွန်ုပ်ကို ခုထိ ဆရာအ ဖြစ်သိမှတ်ကြသေးတယ် ဆိုရင် အဲဒီ လက်နက်တွေ ကို အားလုံးပြန်သိမ်းလိုက်ကြပါ´´
ဒေါဏပုဏ္ဏားကြီး၏ စကားကို မည် သူမျှ မပယ်ရှားနိုင်ြ ကတော့။
``သင်တို့ အခု ရှစ်ပြည်ထောင် ရှစ်မင်းရှိနေတယ်မဟုတ်လား . . . ဓာတ်တော် ရှစ်စိတ်၊ နှစ် တင်းကို အညီအမျှ ကျွန်ုပ်ကိုယ်တိုင် ခွဲဝေပေးမယ်ဆိုရင် အလိုမကျနိုင်စရာ ဘာမှမရှိဘူး´´
ဤသို့ ဖြင့် ဆရာအရှင်ပုဏ္ဏားကြီးကိုယ်တိုင် ရှစ်ပြည်ထောင်မင်းတို့အား ဓာတ်တော် တစ် စိတ်စီ ခွဲခြမ်းဝေငှပေးလိုက်၏ ။
ဓာတ်တော် ကို ခြင်တွယ်သော ရတနာခြင်ခွက်ကို ဒေါဏပုဏ္ဏားကြီးက မိမိကိုးကွယ်ရန် ရယူလိုက်၏ ။ ဓာတ်တော် များ ကို ဝေငှပေးပြီး နောက်ကျမှလာသော ၀ိပ္ပလိဝနမောရိယမင်းတို့ကား အလောင်းတော် ကို မီးသင်္ဂြီုလ်ရာဌာနမှ စန္ဒကူးမီးသေါးကိုသာ ရရှိသွားခဲ့သည်။
ဓာတ်တော် များ ကို ဝေငှခွဲခြမ်းသော နေ့ကား သရီရရုပ်အလောင်းတော် ကို ပူဇော်သည့် ခုနှစ် ရက်၊ နံ့သာထင်းပုံကို မီးလောင်ကျွမ်းသည့် ခုနှစ် ရက်၊ ဓာတ်တော် ပူဇော်ပွဲ သာဓုကီဠနသဘင် ခုနစ်ရက် စုစုပေါင်း နှစ် ဆယ့်တစ်ရက် ဖြစ်ရာ မြတ်စွာ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူသော ကဆုန်လပြည့်နေ့၊ နံနက်အရုဏ်တက်ချိန်မှစလျှင် နယုန်လဆန်းငါးရက်နေ့မှ ဓာတ်တော် ဝေနိုင်ခဲ့ လေသည်။
ဤအချိန်တွင် အရပ်လေးမျက်နှာမှနေ၍ ကြွရောက်စုရုံးလာကြသော ရဟန်းသံဃာတို့မှာ လည်း ကုသိန္နာရုံ၌ မရေမတွက်နိုင်အောင် များ ပြားခဲ့ပြီ ဖြစ်လေသည်။
များ ပြားလှစွာ သော သံဃာထုကိုကြည့်ရင်း အရှင်မဟာကဿပမထေရ်ကြီးသည် ဆုံးဖြတ် ချက်တစ်ခု ချတော် မူလိုက်သည်။ အစုခေါင်းဆောင်များ ဖြစ်သော သံဃာခုနစ်သိန်းအား စည်းဝေး စေကာ ရဟန်းကြီးသုဘဒ္ဒ၏ ရိုင်းပျစော်ကားသော စကားများ ကို ပြန်လည်မိန့်ကြားလျက် သာသနာ တော် အဓွန့်ရှည်စေဖို့ အစဉ်တစိုက် သန့်စင်မွန်မြတ်နေဖို့ သင်္ဂါယနာတင်ခြင်းအမှု ကို မုချပြုလုပ် ကြောင်း မိန့်မြွက်လိုက်၏ ။
ဤသို့ဖြင့် သံဃာ့အစည်းအဝေးကြီး ဆုံးဖြတ်ချက်အရ အရှင်မဟာကဿပ မထေရ်မြတ် ကြီးသည် ပိဋကသုံးပုံဆောင် ပုထုဇဉ်ရဟန်းများ ၊ သော တာပန်၊ သကဒါဂါမ်၊ အနာဂါမ်နှင့် ရိုးရိုးသု က္ခ၀ိပဿက ရဟန္တာပုဂ္ဂိုလ်များ ကို ရွေးကောက်ခြင်းမပြုဘဲ ပိဋကသုံးပုံဆောင်၊ ဆဠ၀ိပဿက ရဟန္တာပုဂ္ဂိုလ်များ ကို ရွေးကောက်ခြင်းမပြုဘဲ ပိဋကသုံးပုံဆောင်၊ ဆဠသိည၊ ပဋိသမ္ဘိဒါပတ္တရဟန္တာ ပုဂ္ဂိုလ် လေးရာကိုးဆယ့်ကိုးပါးတို့ကို သင်္ဂါယနာပွဲ၌ ပါဝင်ရန် ရွေးကောက်တော် မူလိုက်၏ ။ ဤတစ် ခုယုတ် ငါးရာကုန်သော အစုအဝေးတွင် ဘုရားရှင်ကိုယ်တော် တိုင် ဧတဒဂ်ထားတော် မူခဲ့သော ရဟန္တာမထေရ်ကြီးပါဝင်ကြလေသည်။
ငါးရာကပြည့်ရန တစ်ပါးအလိုထားခြင်းကား ဤအချိန်ဝယ် ပိဋကသုံးပုံကို အာဂုံဆောင်နိုင် သော်လည်း သော တာပန်အဆင့်သာရှိသေးသော အရှင်အာနန္ဒာအတွက် ဖြစ်သည်။ စင်စစ်မူ သင်္ဂါ ယနာပွဲ၌ အရှင်အာနန္ဒာ မပါဘဲလည်း မ ဖြစ်နိုင်။ အရှင်အာနန္ဒာက ဘုရားရှင် သက်တော် ထင်ရှားရှိ စဉ်က မြတ်စွာ ဘုရားနောက်ပါးမှ အရိပ်ပမာ ထက်ကြပ်မကွာ လိုက်ပါလျက် ဓမ္မခန္ဓပေါင်း ရှစ်သော င်းလေးထောင်တို့ကို ကိုယ်တိုင်ကိုယ်ကျ ကြားနားသင်ယူ သိမ်းဆည်းမှတ်သားခဲ့သော တရားဘဏ္ဍာဂါရိက ဖြစ်တော် မူလေသည်။
အရှင်အာနန္ဒာ၏ မရှိမ ဖြစ်သော လိုအပ်ခြင်းတရားကို ကြွင်းသော ရဟန်းတော် တို့က တညီ တညွတ်တည်း ရွေးကောက်တော် မူကြခြင်းဖြင့် သင်္ဂါယနာတင်ပွဲကြီးသည် မထေရ်ငါးရာပြည့်ခဲ့၏ ။
သင်္ဂါယနာတင်ပွဲအတွက် လိုအပ်သော မထေရ်အင်အား ပြည့်စုံပေပြီ။ မည် သည့်နေရာဌာန တွင် သင်္ဂါယနာပွဲ ကျင်းပကြမည် နည်း။ ထိုနေရာဒေသည် ရဟန်းတော် သို့ သီတင်းသုံးရန်အတွက် လည်းကောင်း၊ အခင်းအကျင်း အစီအမံ အစစ အဆင်ပြေရန်အတွက်လည်းကောင်း၊ မလိုလား သော ရဟန်းတို့ သံဃာ့အလယ် ၀င်ထွက် နှောင့်ယှက်ဆန့်ကျင်ခြင်းဘေးမှ ကင်းဝေးရန်အတွက် လည်းကောင်း၊ သင်္ဂါယနာတင် ရဟန်းတော် ကြီးများ ၏ ဆွမ်း၊ ဆေး၊ ကျောင်း၊ ၀ိဟာရ . . . စသည် တို့ အဆင်ပြေချောမွေ့ရန်အတွက်လည်းကောင်း အဘက်ဘက်မှ ပြည့်စုံသော နေရာဌာန ဖြစ်ဖို့ အရေး ကြီးလှချေသည်။ ရက်ပေါင်း လပေါင်းချီ၍ ကြာမည့်  အရေး ကြီးလှသော ဤသင်္ဂါယနာပွဲကြီး ကိုသာမန် အထောက်အပံ့ အကြောင်းခံများ ဖြင့် ထောက်ကန်၍ မရနိုင်။
မည် သည့်နေရာ၊ မည် သူတို့၏ အထောက်အခံ၊ အကူအပံ့ကို ရယူလေမည် နည်း။
ဘုရင့်နန်းတွင်းမှ အရေး အပါဆုံး ၀န်ကြီးမှူးကြီးများ သည် အမှု တော် ထမ်းတို့ စီရင်ထား သော ရွှေတင်း၊ ရွှေခေါင်းသုံးလုံးကို စစ်ဆေးကြည့်ရှုနေကြ၏ ။ ကြီးမားသော ဇလားကြီးများ သဏ္ဍာန် ရှိသည့် ဤရွှေတင်းကြီးများ မှာ လတစ်ကိုယ်စာ ၀င်ရောက်လဲလျောင်းနိုင်လောက်အောင် ချောင်ချိ ကျယ်ပြန့်ကြသည်။
ရွှေတင်းများ ကို စစ်ဆေးကြည့်ရှုနေကြသော အမတ်ကြီးများ ၏ မျက်နှာအားလုံး မသာမ ယာ ဖြစ်နေကြသည်။ တစ်ခုထက်မကသော သော ကများ ကို ပွေ့ပိုက်ထမ်းပိုးထားရသည့် အသွင် များ ရှိကြသည်။
``လောင်းထည့်တော့ . . . ´´
အမတ်ကြီးများ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြိုင်တူလိုလို ခေါင်းညိတ်လိုက်ကြသည်တွင် အကြီးအကဲတစ်ဦးက အမိန့်ပေးလိုက်၏ ။ ထိုအမိန့်အဆုံးဝယ် အနီးရှိ အမှု ထမ်းများ က ထပ်းပိုးနှစ် ခုဖြင့် မချီထားသော ကန်ဇယားကိုမြှောက်ကာ ရွှေတင်းထဲသို့ စောင်းငဲ့ သွန်ချလိုက်ကြသည်။
ရွှေတင်းထဲ၌ နီညိုဝါဖန့်အရည်ပျစ်များ ကျရောက်သွားကြ၏ ။
ထိုအရည်များ ကား ထောပတ်၊ တင်လဲ၊ သကာ၊ ပျားရည်တို့ဖြင့် ဖော်စပ်ထားသော စတုမဓု ရည်များ ဖြစ်လေသည်။
``အားလုံးပြည့်ရင် ဘုရင်မင်းမြတ်ကို ပင့်ဆောင်ခဲ့ပါ´´
ဝန် တစ်ယောက် သည် ရွှေရောင် တံခါးချပ်ကို ဖွင့်လျက် အတွင်းသို့ ၀င်သွား၏ ။ မကြာမီ ထိုတံခါးမှ ပြန်ထွက်လာသော ၀န်၏ လက်အုပ်ချီထားသော ရိုးကျိုးပျပ်ဝပ်သဏ္ဍာန်နောက်မှ ဘုရင် မင်းမြတ် ထွက်ကြွလိုက်ပါလာ၏ ။
ဘုရင်မင်းမြတ်မှာ ဘွဲ့ဖြူနှစ် ထပ်ဝတ်စုံနှင့် ဖြစ်သည်။
``မှူးကြီးမတ်ကြီးများ အားလုံး အစုံအညီ ရှိနေကြပါလား၊ ဒီကိစ္စကဒီလောက်တောင် အရေး ကြီးသတဲ့လား´´
ဝန်ရံခစားနေကြသော မှူးမတ်များ ကို တစ်ချက်ဝေ့ကြည့်ရင်း ဘုရင်မင်းမြတ်ကမိန့်သည်။ နန်းရင်းဝန်ကြီးက ကိုယ်ကို စန့်မတ်လျက် -
``အရှင်မင်းကြီး ကျွန်ုပ်တို့အားလုံး အိပ်မက်များ အားလုံး မကောင်းကြပါဘူး၊ အိပ်မက်ဆိုး တွေ ဟာ မကောင်းကျိုးကို ပေါ်တတ်ပါတယ်။ ကျွန်ုပ်တို့မှူးကြီးမတ်ကြီးတွေ မှာ တူညိကြုံကြိုက်စွာ မကောင်းမြင်မက်ကြခြင်းဟာ အရှင်မင်းကြီးအတွက် တစ်စုံတစ်ခု ထိခိုက်စေမယ့်နိမိတ် ဖြစ်တယ် လို့ ပုရောဟိတ်ကြီးများ က ကောက်ယူကြပါတယ်။ ဒါကြောင့် အိပ်မက်ဆိုးများ ရဲ့ မကောင်းရလဒ် ကိုဖယ်ရှားဖို့ ခုလို စီမံရခြင်း ဖြစ်ပါတယ်။ စတုမဓု ရွှေတင်းအတွင်း သက်ဆင်းလျောင်းတော် မူစေ လိုပါတယ်´´
ဟု လျှောက်လိုက်၏ ။ နန်းရင်းဝန်ကြီး၏ အမြဲတစေ တည်ငြိမ်ခိုင်ခံ့နေသော မသိမသာယွင်း ပျက်သလို ဖြစ်နေလေသည်။
ဘုရင်မင်းမြတ်က မစီအရီချ ခင်းထားသော ရွှေတင်းသုံးခုကို ကြည့်လိုက်ပြီးနောက် ပြုံးယောင်မျက်နှာဖြင့် ဆိုပြန်သည်။
``စတုမဓုတွေ အပြည့် ဖြည့်လောင်ထားတဲ့ ရွှေတင်းသုံးလုံး အင်း . . . ဒီရွှေတင်းတွေ ထဲကို ဘွဲ့ဖြူနှစ် ထပ် ၀တ်ထားရတဲ့ ကျွန်ုပ်ကဆင်းရမယ်၊ မကြားဖူး မကြုံဖူးတဲ့ အစီအရင်ပေပဲ။ ဒါပေမဲ့ သင်တို့ မှူးကြီးမတ်ကြီးများ က အိပ်မက်ဆိုးတွေ တစ်ပြိုင်တည်းမက်၊ ကျွန်ုပ်အတွက် စိုးရိမ်ကြ တယ်ဆိုရင်လည်း ကျွန်ုပ်မငြင်းသာတော့ဘူးပေါ့´´
``အသက်ရှုသာရုံ နှာခေါင်းပေါ်ရုံမျှ ထားပြီး စတုမခုရွှေတင်းထဲမှာ တစ်ကိုယ်လုံး မြှုပ်နှစ် လဲလျောင်းတော် မူပါဘုရင်မင်းမြတ်´´
``ကောင်းပြီလေ . . .´´
ရွှေတင်းထဲသို့ ဘုရင်မင်းမြတ် ဆင်းရာတွင် နန်းရင်းဝန်ကြီး ကိုယ်တိုင် အခြားမှူးကြီးမတ် ကြီးများ နှင့် အတူ ကိုင်တွယ်ဖေးမ ကူညီလေသည်။
နှာခေါင်းဖော်ထားရုံမျှသော အနေအထားဖြင့် ဘုရင်မင်းမြတ်သည် ရွှေတင်းထဲရှိ စတုမဓု ရည်များ ၌ နှစ် စိမ်ထားလေပြီ။
နန်းရင်းဝန်ကြီးက အခြားနံရံဘက်ရှိ တံခါးပေါက်သို့ လှမ်းကြည့်တာ ခေါင်းညိတ်ပြလိုက်၏ ။ အားလုံးပင် ထိုတံခါးဆီကို လှမ်းကြည့်ကြသည်။ တံခါးချပ်ပွင့်လာသည်။ အထဲမှ ထွက်လာသူကား ဆံပင်ဖားလျားချကာ အဆင်တန်ဆာ အဆောင်အယောင် ချွတ်ထားသော အမတ်ငယ်တစ်ဦး။
အမတ်ငယ်သည် ဘုရင်မင်းမြတ်ရှိရာ ရွှေတင်းဆီသို့ လျှောက်လာကာ လက်အုပ်ချီမြှောက် လိုက်၏ ။ ထို့နောက် ပကတိပြတ်သားကြည်လင်သော အသံတွင် ယူကြုံးမရသော အသွင်ဆောင် လျက်-
``အရှင်မင်းမြတ် . . . သေခြင်းမှကင်းသော သတ္တ၀ါမည် သည် မရှိပါကုန်။ ကျွန်ုပ်တို့၏ အသက်ရှည်ဆေး၊ အသက်ရှင်ဆေးကြီးသဖွယ် ဖြစ်တော် မူသော ဦးခိုက်ပူဇော်သမှု နှင့် အရိုအသေ ပြုရာ စေတီတော် ကြီးလည်း ဖြစ်တော် မူသော ကောင်းမှု မျိုး စိုက်ပျိုးကြဲချရာ လယ်မြေကောင်းသ ဖွယ်လည်း ဖြစ်တော် မူသော လူနတ်သတ္တ၀ါ ခပ်သိမ်းတို့၏ ဆရာ မြတ်စွာ ဘုရားသခင်သည် ယခု အခါ ကုသိနာရုံ မလ္လာမင်းတို့၏ အင်ကြင်းတောရဂုံ၌ ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့ပါပြီ အရှင်မင်းကြီး´
အမတ်ငယ်၏ ရေရွတ်မြည် တမ်းသံ အဆုံးဝယ် တိတ်ဆိတ်ခြင်းသည် ကြောက်မက်ဖွယ် ဖုံးအုပ်သွား၏ ။ နန်းရင်းဝန်ကြီးနှင့် တကွသော အနီးအနားရှိမှူးကြီးမတ်ကြီး ၀န်းကြီးအမှု တော် ထမ်း အားလုံးတို့၏ မျက်လုံးအစုံများ ကရွှေတင်းဆီသို့ စုပြုံရောက်ရှိသွားကြသည်။
ရွှေတင်းစတုမဓုရည်ထဲ၌ စိမ်ထားသော ဘုရင်မင်းမြတ်။
ဘုရင်မင်းမြတ်၏ မျက်နှာပြင်သည် ရုတ်ခြည်း သွေးဆုတ်သွားသလိုဖြူလျော်ဖျော့တော့ သွား၏ ။ ထို့နောက် ရုတ်ခြည်းပင် ပြန်လည်နီမြန်းလာ၏ ။ မျက်လုံးအစုံတို့ တင်းကြပ်စွာ ပိတ်သွား ကာ၊ နဖူးနားထင်စပ်မှ အကြောတို့ဖျက်ဖျက်လှုပ်ခက်သွားကြ၏ ။ ညည်းတွားသံ၊ ငိုကြွေးသံ၊ အော် ဟစ်သံ၊ မည် သည့်အသံမျှ ဘုရင်မင်းမြတ်ထံမှ ထွက်ပေါ်မလာ။
သို့ သော် မှူးကြီးမတ်ကြီးများ ကြိုတင်တွက်ဆထားသော လွန်စွာ ထူးခြားသော အခြင်းအ ရာတစ်ရပ်ကိုကား မျက်ဝါးထင်ထင် တွေ့ လိုက်ကြရလေသည်။ ထိုအရာကား အခြားမဟုတ်။
ရွှေတင်းထဲရှိ စတုမဓုရည် မျက်နှာပြင်အထက်ဝယ် အငွေ့တခြောင်းခြောင်း ထောင်း ထောင်း လှုပ်ခါလာခြင်းပင် ဖြစ်၏ ။
ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ကြောင်းကို ကြားသိလိုက်ရသည့် ပထမတစ်ဒင်္ဂများ ၌ ပင်လျှင် ရွှေတင်းထဲမှ ဘုရင်မင်းမြတ်၏ သော ကပရိဒေ၀သည် အဟုန်ပြင်းစွာ လှုပ်ခတ်ရုန်းကြွခဲ့လေပြီ။ စတုမဓုရည်တို့သည် ဘုရင်မင်းမြတ်၏ ရင်ထဲမှ အပူမီး၏ အရှိန်ကြောင့် အငွေ့ခြောင်းခြောင်း ထကြွ ခဲ့လေပြီ။
မှူးကြီးမတ်ကြီးဝန်ကြီးတို့အနေဖြင့် ပရိနိဗ္ဗာန်စံဝင်တော် မူပြီ´ဟု သိလျှင်သိချင်း ခဏ၌ မှာ ပင် နှလုံးကွဲ၍ ချက်ချင်း သေဆုံးသွားမည် ဧကန်ပင်။
အကြောင်းမူ မဂဓပြည့်ရှင် အဇာတသတ် မင်းကြီးသည် ဘုရားရှင်အာ ကြည်ညိုမြတ်နိုး ခြင်းအရာ၌ ပုထုဇဉ်တို့၏ သဒ္ဒါတရားအရာ၌ အတုမရှိထက်သန် ပြင်းထန်လွန်းလှသူ ဖြစ်ခြင်း ကြောင့် ပင်တည်း။
ရွှေတင်းထဲရှိ စတုမဓုရည် မျက်နှာပြင်ထက်၌ အငွေ့ဖြူဖြူကို လူးလွန့်တက်ပျံနေဆဲ၌ ပင် မှူးမတ်တို့သည် အဇာတသတ်မင်းကြီးကို ပွေ့ချီဆယ်မလျက် အသင့်ရှိသော ဒုတိယရွှေတင်းထဲ သို့ ရွှေ့ပြောင်းပေးလိုက်ကြသည်။
ခဏအကြာတွင် မင်းကြီး သတိပြန်လည်လာ၏ ။ ဖြည်းညင်းစွာ ပွင့်လာသော မျက်လုံးသူ ငယ်အိမ်များ မှာ လည်ပတ်နေမည် ဟု ထင်ရ၏ ။ မျက်နှာအသွင်မှာ လည်း အိပ်မက်ဆိုးတစ်ခုမှ နိုးထ လာကာ၊ ဘာကိုမှန်းမသိဘဲ ချောက်ချားနေသယောင် သွေးဆုတ်ဖျော့တော့နေ၏ ။
မျက်တောင်တစ်ချက်နှစ် ချက် ပုတ်ခတ်ပြီးနောက် မင်းကြီးသည် မိမိအနီးတွင် ၀ိုင်းအုံနေ သော မှူးမတ်ဝန်တို့ကိုလည်းကောင်း၊ မိမိကိုယ်တိုင် စတုမဓုရွှေတင်းထဲ ရှိနေသည်ကို လည်း ကောင်း သတိထားမိသွားသည်။ ဘုရင်မင်းမြတ်သည် ရွှေတင်း၏ နှုတ်ခမ်းသားများ ကို ဆုပ်ကိုင်၍ မေးလိုက်လေသည်။
``သင်တို့ စောစောက ဘာပြောလိုက်ကြသလဲ´´
နန်းရင်းဝန်ကြီးက ခြောက်သွေ့နေသော နှုတ်ခမ်းများ ကို ပွတ်သပ်လိုက်ကာ တုန်ယင်စွာ လျှောက်ထားရပြန်သည်။
``မြတ်စွာ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့ပါပြီ အရှင်မင်းကြီး´´
``မြတ်စွာ ဘုရားရှင် . . . ပရိ . . . နိဗ္ဗာန် . . . စံ . . . ၀င်တော် . . . မူ . . . ´´
စကားလုံးများ ကို ထပ်မံလိုက်လံရေရွတ်ရင်း မင်းကြီး၏ မျက်လုံးများ သည် အထက်သို့ လန်တက်သွားကြပြန်သည်။ ရွှေတင်းထဲရှိ စတုမဓုရည်များ လည်း အငွေ့ခြောင်းခြောင်း တထောင်း ထောင်း လွှတ်ပြန်သည်။
ဖြူလွလွအငွေ့များ အနည်းငယ်လျော့ပါးသွားတော့မှ မင်းကြီးအား ဒုတိယရွှေတင်းမှ ဆယ်ယူလျက် တတိယရွှေတင်းထဲသို့ ရွှေ့ပြောင်းကြရသည်။ တတိယရွှေတင်းထဲသို့ ရောက်သွား ပြီး မကြာမီပင် သတိပြန်လည်လာသော မင်းကြီးက မေးပြန်သည်။
``သင်တို့ ဘာပြောလိုက်ကြတာလဲ´´
``မြတ်စွာ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော် မူခဲ့ပါပြီ အရှင်´´
``မ ဖြစ်နိုင်ဘူး . . . ဒီသတင်းကို ငါ . . . မယုံ´´
တတိယအကြိမ် နစ်မျောသွားပြန်၏ ။ မျက်လုံးများ ကမူ ပွင့်လျက်သားပင် ရှိတော့သည်။ ဤအခြင်းအရာသည် မင်းကြီး၏ ရင်ထဲမှ အပူမီးများ အတန်အသင့် လျော့ပါးသွားပြီကို ပြသော လက္ခဏာ ဖြစ်၏ ။
ဤတွင် မှူးကြီးဝန်ကြီးများ သည် အဇာတသတ်မင်းကြီးကို ရွှေတင်းထဲမှ ထုတ်ဆယ်ပွေ့ချီ ၍ နံ့သာရေများ ဖြင့် ရေမိုးသန့်စင်ပေးလိုက်ကြသည်။ အသင့်ဆောင်ထားသော ရေစင်ရေချမ်းများ ဖြင့် ဦးထိပ်ဆံပင်မှလည်း သွန်းဖျန်းပေးကြသည်။ အေးမြသော ရေစင်တို့ကြောင့် မင်းကြီး သတိရ လာသည်။
``တော်ြ ကတော့ ငါ သတိရပြီ´´
ရေအရွဲရွဲစိုသော ကိုယ်ခန္ဓာထက်တွင် ဖြူဖွေးသော ၀တ်လွှာရုံသည် ဖရိုဖရဲရှိနေ၏ ။ နံ့သာ ရေတို့ဖြင့် စိုစွတ်ဆဲ ဆံပင်များ က မင်းကြီး၏ ကျောပြင်ထက်ဝယ် ဖားလျားကျလျက်ရှိ၏ ။
``ငါ့ကို ဖယ်ပေးကြစမ်း . . . ဘာ ဖြစ်လို့ ၀ိုင်းအုံကြည့်နေကြတာလဲ´´
ဆို့နင့်သော ငေါက်ဖမ်းသံကြောင့် မှူးကြီး၊ ၀န်ကြီးများ သည် မင်းကြီးအနီး ၀ိုင်းအုံနေရာမှ ရှဲ သွားကြသည်။ မင်းကြီးသည် နန်းဆောင်စင်္ကြံလမ်းအတိုင်းလျှောက်သွားသည်။ ၀တ်ရုံဖြူ၏ အနား များ က ကြမ်းပြင်တွင် ဒရွတ်တိုက်ပါသွားကြသည်။ မင်းလမ်းစင်္ကြံတစ်လျှောက်တွင် ရှိနေကြသော နန်းတွင်းအမှု ထမ်းများ သည် မင်းကြီးဖြတ်သွားရာ ၀ဲယာနှစ် ဘက်တို့၌ အလျင်အမြန် ဒူးထောက်ခ စားလိုက်ကြရ၏ ။
အဇာတသတ်မင်းကြီးနှုတ်မှ တတွတ်တွတ် ရေရွတ်မြည် တမ်းသွားသော စကားတို့သည် နန်းတော် တိုင်လုံးများ အကြားမှ တိုးဝှေ့ကာ မျက်နှာကြက်နံရံများ သို့ ထိခတ်လွင့်ပါသွားကြသည်။
``ဘုရားရှင် ပရိနိဗ္ဗာန်စံပြီ . . . တဲ့၊ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီတဲ့၊ မင်းတို့သိကြရဲ့ လား . . . ငါတို့ဘုရားရှင် မရှိတော့ဘူး . . . ´´
ဒယီးဒယိုင် ခြေလှမ်းများ ဖြင့် မင်းလမ်းစင်္ကြံလမ်းများ အတိုင်း ဆောက်တည်ရာမဲ့ လျှောက် သွားရင်း မင်းကြီးသည် လေသာဆောင် ၀ရံတာဆီ ရောက်သွားလေသည်။ ထိုအခါမှပင် ငေး ကြောင်၍ ကြည့်ရင်း ကျန်ရစ်ခဲ့ကြသော မှူးမတ်ဗိုလ်ပါများ သည် တစ်ပြိုင်တည်းလိုလိုပင် မင်းကြီး ရပ်နေသော ၀ရံတာဆီသို့ ပြေးလာကြလေသည်။ လေသာဆောင်၏ ၀ရံတာကာ အတန်ငယ်မြင့် သော နေရာ။ မင်းကြီးသည် ပရိဒေ၀၏ ရှို့မြိုက်မှု ဖြင့် သတိကင်းလွတ် ဖြစ်ကာ ထိုအမြင့်နေရာမှ လိမ့်ကျသွားခဲ့ပါက . . .
ဝရံတာ၏ ကျောက်သလင်းလက်ရမ်းတိုင်ကို ဆုပ်ကိုင်ရင်း မင်းကြီးသည် အဝေးတစ်နေရာ ဆီသို့ ကြည့်နေသည်။
``ရာဇင်္ဂြီုလ်ဟာ သုည ဖြစ်သွားပြီ . . . မဂဓနိုင်ငံတော် ဟာ အမှော င်တိုက် ဖြစ်သွားပြီ၊ အို . . . တစ်လောကလုံး အမှော င်တိုက် ဖြစ်သွားပြီ´´
မင်းကြီးအမူအရာလှုပ်ရှားမှု တစ်ခုခုပျက်သွားလျှင် အချိန်မီ တားဆီးနိုင်အောင် မှူးမတ်များ ကအသင့်စောင့်နေကြသည်။
``ဟောဟိုက ကောင်းကင်ကြီး၊ ဟောဟိုက ကမ္ဘာလောက . . . ဟိုအဝေးဆီမှာ မိုးကုပ် စက်ဝိုင်း . . . အားလုံးသေဆုံးသွားကြပြီ၊ ဘုရားရှင်မရှိတော့တဲ့နောက်မှာ အားလုံး သေဆုံးသွား ကြပြီပေါ့၊ အို . . . ဟိုးမှာ . . . ဟိုးတစ်နေရာမှာ ´´
မင်းကြီးသည် အပြင်သို့ ကြည့်နေရာမှ ပြန်လှည့်လိုက်၏ ။
``ဇီဝကရဲ့ သရက်ဥယျာဉ်ကျောင်းရှိရာကို ငါ အခုသွားမယ်´´
သရက်ဥယျာဉ်ကျောင်း၊ ကမ္ဗ၀န်ဝိဟာရ၏ ဦးခန်းရှိ ပလ္လင်ရှေ့တွင် အဇာတသတ်မင်းကြီး သည်ဒူးတုပ်ပျပ်ဝပ်နေ၏ ။ လက်အုပ်အစုံတို့ကို နဖူးထိပ်ဘက်မှ ရွှေ့ပြောင်းကာ ရင်ညွှန့်ဆီတွင် ထိကပ်လိုက်၏ ။
ထို့နောက် စံပယ်ကိန်းဝပ်မှု မရှိသော ပာလာဟင်းလင်း တရားဟောပလ္လင်ကို စိန်းစိန်းပါ အောင်ကြည့်ရင်း မြည် တမ်းပြန်လေသည်။
``အရှင်မြတ်ဘုရား . . . လွန်ခဲ့တဲ့နှစ် များ ရဲ့ တစ်ခုသော တန်ဆောင်မုန်းလပြည့်ညမှာ ဟောဒီ ကမ္ဗ၀န်ဝိဟာရ ဟောဒီပလ္လင်ထက်ကနေပြီး တပည့်တော် ကို အရှင်ဘုရား တရားဟောခဲ့ပါ တယ်ဘုရား၊ တပည့်တော် ရဲ့ သော ကငြောင့်ဆူးကို ဒေသနာတော် ဆူးနဲ့ အရှင်ဘုရား ဖယ်ရှား သုတ်သင်ခဲ့တယ် မဟုတ်လား ဘုရား . . . ´´
``အခုတော့ တရားပလ္လင်ဟာ ထိုင်စံပယ်သူ ကင်းမဲ့လို့ ပလာဟင်းလင်း ဖြစ်ခဲ့ပါပြီကော ဘုရား . . . တရားဒေသနာစကားတို့ တစ်ခွန်းမျှမြွက်ကြားမည့် သူမရှိ ဖြစ်ပါပြီကောဘုရား´´
``အရှင်ဘုရား . . . အခါတိုင်းဆိုရင် တပည့်တော် ဟာ ရာဇဂြိုဟ် နန်းတော် ထဲကနေပြီး နားစွင့်လိုက်တိုင်း မြတ်စွာ ဗုဒ္ဓာဟာ တပည့်ရဟန်းအပေါင်းခြံရံပြီး ဘယ်နေရာ ဘယ်ဒေသ ဒေသ စာရီခရီး ကြွမြန်းတော် မူပြီဆိုတဲ့သတင်းကိုသာ ကြားခဲ့ရပါတယ်ဘုရား´´
``အခုတော့ သူတို့တစ်တွေ က အရှင်ဘုရား ပရိနိဗ္ဗာန်စံဝင်တော် မူပြီဆိုတဲ့ သတင်းဆိုးကြီး ကိုသာ တပည့်တော် ဆီ ယူဆောင်လာခဲ့ကြပါတယ်ဘုရား´´
``အခု အရှင်ဘုရားကို ဖူးမြော်ဖို့ တရားဒေသနာများ ကို ခံယူဖို့ တပည့်တော် ဘယ်အရပ် ကိုသွားရပါမလဲဘုရား . . . ရဟန်းသာမဏေတို့ရဲ့ ချမ်းသာသုခကို ဟောဒီပလ္လင်ထက်ကပဲ အရှင် ဘုရား ဟောကြားတော် မူခဲ့ပါသေးသကောဘုရား . . . အရှင်ဘုရား တပည့်တော် အဇာတသတ် အရှင်ဘုရားကိုလည်း ပုဂ္ဂိုလ်ထင်ရှားမတွေ့ မြင် ကြားနာနိုင်ခွင့် မရှိတော့ပါလားဘုရား´´
``တပည့်တော် ရဲ့ လောကမှာ နေအစင်းစင်း၊ လအစင်းစင်း အလင်းရောင် ဟူသမျှ ကွယ်ပျောက်ပါပကောဘုရား . . . အမှော င်ထု အမိုက်မိုက်ကြီးသာ ကျန်ရှိခဲ့ပါပကောဘုရား´´
မင်းကြီး သော ကမီးလျှံတို့သည် အတူခစားလိုက်ပါလာကြသော မှူးမတ်ရဲမက် အခြံအရံ များ ဆီသို့ ကူးစက်သွား၏ ။ ငိုညည်းသံများ မြည် တမ်းသံများ ဖြင့် သရက်ဥယျာဉ်ကျောင်းသည် ပွက် ညံသွား၏ ။
အဇာတသတ်မင်းကြီးလည်း ရူးသွပ်သွားသူပမာ တတွတ်တွတ်ရေရွတ်မြည် တမ်းရင်းဖြင့် မြတ်စွာ ဘုရား ထိုင်တော် မူခဲ့သော ပလ္လင်ရှေ့တွင် ဦးခေါင်းငိုက်စိုက်ကျသွား၏ ။ ရှေ့နားရှိမှူးမတ် များ က စိုးရိမ်တကြီး ဖြိုင်ဖြိုင်ထက်ဝိုင်းအုံသွားကြ၏ ။
``ငါ ဘာမှမ ဖြစ်ဘူး . . . နေရာမှာ ပဲ ရှိကြ၊ ဘုရားရှင်ရဲ့ ပလ္လင်တော် ကို ဦးခေါင်းနဲ့ ပွတ် တိုက်ပြီး ဗုဒ္ဓဂုဏ်တော် အပေါင်းကို ငါ ဆင်ခြင်ပူဇော်မယ်´´
ပလ္လင်တော် သည် အဇာတသတ်မင်း၏ မျက်ရည်များ ၊ ပူဇော်ဦးခိုက်စကားလုံးများ ဖြင့် အလိမ်းလိမ်း ဖြစ်သွားပြန်သည်။
အတန်ကြာသော အခါ မင်းကြီးသည် ပလ္လင်တော် ရှေ့မှ ပြန်၍ လူးလဲထလာ၏ ။
``ငိုကြွေးပူလောင်နေရုံမျှနှင့် အရေး အရာ မပြီးကြသေးဘူး၊ မြတ်စွာ ဘုရားရဲ့ ကိုယ်ပွား ကိုယ်စားအ ဖြစ် ဓာတ်တော် တွေ ကို ဆောင်ယူကိုးကွယ်ဖို့အရေး ရှိသေးတယ်၊ ကုသိနာရုံကိုသွားဖို့ အစီအစဉ်တွေ လုပ်ရမယ်´
အရူး တစ်ယောက် ၏ ဆောက်တည်ရာမဲ့အသွင်နေရာတွင် မဂဓပြည့်ရှင် လက်နက်နိုင်ငံ သခင်၏ ရာဇမာန်များ ပြန်လည်ပေါ်ပေါက်လာခဲ့၏ ။
``မြတ်စွာ ဘုရားဟာ အသမ္ဘိန္နခတ္တိယမင်းမျိုးနွယ် ဖြစ်တယ်၊ ငါဟာလည်း အသမ္ဘိန္နခတ္တိယ အနွယ်ပဲ မဟုတ်လား . . . ငါဟာလည်း သရီရဓာတ်တော် တွေ ကို တစ်စုတစ်ပုံ ရထိုက်တယ်၊ ဓာတ်တော် တွေ ကို စေတီပုထိုးတည်ထားကိုးကွယ်ရမယ့်အရေး ကို ဆောင်ရွက်ကြရမယ်၊ မလ္လာ မင်းတွေ ဆီကို သ၀ဏ်လွှာပို့ဖို့ ပြင်ဆင်ကြ၊ အင်း . . . သူတို့ အသာတကြည် မရှိခဲ့ရင်ကော´´
မင်းကြီးသည် တည်ငြိမ်စွာ ပြန်လည်စဉ်းစားနိုင်လာ၏ ။
``ရတဲ့နည်းနဲ့ ငါ ယူရလိမ့်မယ်၊ စစ်အင်္ဂါလေးပါး အသင့်ပြင်ကြ´´
ရာဇဂြိုလ်၏ အရှေ့တောင်ထောင့်အရပ်တွင် တည်ရှိသော သရီရဓာတ်တော် များ ကိန်းဝပ် ရာ၊ စေတီတော် ကြီး၏ ရင်ပြင်ဘက်သို့ အဇာတသတ်မင်းကြီးသည် တစ်ကိုယ်တည်း တက်ရောက် ခဲ့လေသည်။
မဂဓ ကောင်းကင် အဇဋာဝယ် လပြည့်ဝန်းကြီးသည် ရွှန်းမြလျက်ရှိ၏ ။ တိမ်စတိမ်မျှင်ကင်း သော ကတ္တီပါညတွင် ကြယ်စုံတို့သည်လည်း တောက်ပနေကြ၏ ။ ညင်းညံ့သော လေပြည်တစ်ချက် အသုတ်တွင် စေတီတော် ကြီး၏ ထီးတော် ဆီမှ ဆည်းလည်းသံများ က လွင်လွင်စာစာ အသံတို့ကို ရင်ပြင်တော် ဆီသို့ ခြွေချပေးနေကြ၏ ။ မင်းကြီးသည် လ၀န်းကိုနောက်ခံပြုလျက် စေတီတော် ကြီး အား ထင်ထင်လင်းလင်း ဖူးမြော်လာသော တံတိုင်းပရ၀ုဏ်ထောင့်တစ်နေရာတွင် ဒူးတုပ်ထိုင်ချ လိုက်သည်။
ဆည်းလည်းသံတို့က မဝေးလှသော အတိတ်ကာလများ ဆီသို့ မင်းကြီးအား ဆောင်ကြဉ်း သွားနေကြ၏ ။ မင်းကြီးသည် အသက်အရွယ်ကြီးရင့်ခဲ့ပြီ ဖြစ်သည့်အလျောက် ရင့်ကျက်တည်ငြိမ်
ခိုင်ခံ့မှု ကိုလည်း တည်ဆောက်နိုင်ခဲ့ပေပြီ။
“တကာတော် မင်းကြီ့း့ လျှို့ဝှက်သော ဓာတ်တော် ဌာပနာတိုက်တစ်ခု တည်ဆောက် ကြမှ သင့်မြတ်လိမ့်”
ဆည်းလည်းသံ၏ လေပြည်ထဲဝင် ဤစကားကို မင်းကြီး ကြားယောင်သည်။ တစ်ဆက် တည်းမှာ ပင် ဤစကားတို့ကို မိန့်ကြားသော အရှင်မဟာ ကဿပ မထေရ်မြတ်ကြီး၏ ရုပ်သွင်ကို မြင်ယောင်မိသည်။
ကုသိနာရုံမှ သရီရဓာတ်တော် ဝေစုကို ရယူပြီးနောက် နှစ် ဆယ့်ငါးယူဇနာ ဝေးကွာသော ကုသိနာရုံနှင့် ရာဇဂြိုဟ်အကြား ခရီးတစ်လျှောက်အတိုင်း မင်းကြီးသည် ဓာတ်တော် များ ကို ပင့်ဆောင်ပူဇော်ခဲ့သည်။ မိမိ၏ အမိန့်အတိုင်း ကြီးကျယ်ခမ်းနားလှစွာ ထိုပင့်ဆောင်ပူဇော်ရေး အစီအစဉ်ကို အဇာတသတ်မင်းကြီး ပူနွေးလတ်ဆတ်စွာ မှတ်မိနေဆဲပင်။
နှစ် ဆယ့်ငါးယူဇနာ လမ်းခရီးတစ်လျှောက်၌ အကြားအလပ် မရှိစေရအောင် မဏ္ဍာပ်များ ၊ တဲကန္နားများ တည်ခဲ့ပုံ၊ ရွှေတလား၊ ရွှေတလင်းတို့၌ ထည့်သွင်းအပ်သော ဝေစုရဓာတ်တော် များ ကို လှံရှည်ကိုင် တပ်မကြီးများ ခြံရံစောင့်ကြက်စေလျက် ပင့်ဆောင်ခဲ့ပုံ၊ ရှေ့ရထား၏ ဦးစွန်းတည် ရာ အရပ်၌ နောက်ရထား နောက်စွန်း ရောက်ရှိရာ အရပ်တိုင်း၌ နောက်ရထား နောက်စွန်း ရောက်ရှိရာ အရပ်တိုင်း၌ သာဓုကီဠန သဘင်များ ကို ခုနှစ် ရက်အကြာ ဆင်ယင်ကျင့်ပခဲ့ကြပုံ။
ဤသို့ ဖြင့် နှစ် ဆယ့်ငါးယူဇနာ ခရီးအတိုင်း ဓာတ်တော် များ ကို ပူဇော်ပင့်ဆောင် လာခဲ့ရာ၌ ခုနှစ်နှစ် ၊ ခုနှစ် လတိုင် ကြာမြင့်ခဲ့ပုံ၊ နောက်မှ ရဟန္တာ မထေရ်မြတ်တို့က မိမိအား ခေါ်ယူ၍ ဓာတ် တော် ပင့်ဆောင်မှု အချိန်ကာလကြာမြင့်လွန်းလှသည်။ နတ်များ အမျက်ထွက်ကြပြီး အမြန်ပင့် ဆောင် ပါဟု မိန့်တော် မူသော ကြောင့် နောက်ခုနှစ် ရက်ဖြင့် ရာဇဂြိုဟ်သို့ အရောက်ပင့် ဆောင် ခဲ့ပုံ့  စသည်မျာ့း့ ။
အရှင်မဟာကဿပ မထေရ်မြတ်ကြီး ကိုယ်တော် ကိုတိုင် အဓိဋ္ဌာန်ပြုလျက် ရွေးချယ်သတ် မှတ်ပေးခဲ့သော နေရာတွင် အတောင်ရှစ်ဆယ်အနက်တူးကာ တည်ထားခဲ့သော လျှို့ဝှက်ဌာပနာ တိုက်။
အောက်အပြင်၌ ကြေးအခင်းကြီးကိုခင်း၍ ထိုကြေးအခင်းပေါ်၌ တူပါရာမစေတီတော် ပမာဏရှိသော ကြေးနီတိုက်အိမ်ကြီး ဆောက်ခဲ့သည်။ ထို့နောက် အဆင့်ဆင့်ငုံလောက်သော စန္ဒ ကပူး ရွှေကြုတ်ရှစ်လုံး၊ စန္ဒကူးရွှေစေတီ ရှစ်ဆူတို့ကို အသင့်စီမံပြုလုပ်ခဲ့သည်။ သရီရဓာတ်တော် များ ကိုဦးစွာ စန္ဒကူးရွှေကြုတ်၌ ထည့်ပြီး ထိုရွှေကြုတ်တို့၌ ထည့်သွင်းသော ရွှေကြုတ်အ၀ါရောင် ကြုတ်ရှစ်လုံးကို ရွှေအနီရောင် ကြုတ်ရှစ်လုံးတွင် ထပ်မံထည့်သွင်းပြီး စန္ဒကူးနီ ရွှေစေတီရှစ်ဆူ ဖြစ်ခဲ့သည်။ ထိုမှတစ်ဆင့် ဆင်စွယ်ကြုတ်ရှစ်လုံး၊ စေတီရှစ်လုံး၊ ဆင်စွယ်စေတီ ရှစ်ဆူ၊ ထိုမှတစ် ဆင့် ဆင်စွယ်ကြုတ်ရှစ်လုံး၊ ဆင်စွယ်စေတီ ရှစ်ဆူ၊ ထိုမှတစ်ဆင့် ပတ္တမြားကြုတ် ရှစ်လုံး ပတ္တမြား စေတီရှစ်ဆူ၊ ထိုမှတစ်ဆင့် ဖန်ကြုတ်ရှစ်လုံး ဖန်စေတီရှစ်ဆူ၊ ထိုဖန်စေတီ၏ အထက်၌ ရတနာခု နှစ် ပါးစီခြယ်သော စေတီအိမ်၊ ထို၏ အထက်၌ ရွှေတိပြီးသော ရွှေစေတီအိမ်၊ ထို၏ အထက်၌ ကြေးနီစေတီအိမ်တို့ဖြင့် အဆင့်ဆင့် တည်ထားခဲ့သည်။
ကြေးနီစေတီတော် ၌ လည်း ရတနာခုနှစ် ပါးတို့ကို သဲအ ဖြစ် ကြဲဖြန့်၍ ရေပန်း၊ ကြည်းပန်း တို့ကို ထပ်မံဖြန့်ကြဲကာ၊ ငါ့ရာ့ငါးဆယ်ဇာတ်တော် များ ၊ အသီတိ မဟာသာဝကကြီးများ ခမ ည်း တော် သုဒ္ဓေါဒနမင်းကြီး မယ်တော် မာယာဒေ၀ီ ဖွားဖက်တော် ခုနှစ်ဦး စသည်တို့ကို ရွှေစင်ရုပ်သွင်း လုပ်ထည့်သွင်းခဲ့ပြန်သည်။
ထိုမျှမက ရေပြည့်သော ရွှေမြူတာအိုးငါးရာ၊ ငွေမြူတာအိုး ငါးရာ၊ ရွှေတံခွန်အလံ ငါးရာ၊ ရွှေဆီမီးခွင်ငါးရာတို့ဖြင့် ပူဇော်ခဲ့လေသည်။
အလုံးစုံပြုပြီးအချိန်၌ အရှင်မဟာကဿပ မထေရ်မြတ်ကြီး ကိုယ်တော် တိုင် အဓိဋ္ဌာန်ပြု တော် မူခဲ့သည်ကိုလည်း မင်းကြီး သတိရနေဆဲ။
“ပန်းများ မညှိုးကြပါစေကုန်သတည်း။ နံ့သာများ မပြယ်ပျောက်ပါစေကုန်သတည်း၊ ဆီမီး ခွက်များ မငြိမ်းပါစေကုန်သတည်း”
ရတနာခုနှစ်ပါးဖြင့် ပြီးသော စေတီအိမ်တံခါးမှ အစပြုကာ တံခါးများ ကို ပိတ်လျက်ထွက်ခဲ့ပြီး နောက် မင်းကြီးသည် ကြေးနီစေတီအိမ်တံခါးကို ပိတ်ပြီးလျှင် တံခါးလှည့်ကြိုး၌ မင်းတံဆိပ် ခတ်နှိပ်သော သံကောက်သော့ ကို ကိုယ်တိုင်ဖွဲ့ချည်ခဲ့သည်။ ထိုသော့ ၌ ကြီးစွားသော ပတ္တမြား တုံးကြီးကို ထားခဲ့ပြီး ကမ္ဗည်းအက္ခရာအချို့ကိုလည်း ထွင်းထုရေး နှိပ်စေခဲ့သည်။
မိမိကိုယ်တိုင် စီကုံးပေးခဲ့သော ကမ္ဗည်းကျောက်စာများ -
“နောင်သော အခါ ဆင်းရဲချို့တဲ့သော မင်းသည် ဤပတ္တမြားရတနာကို ထုခွဲရောင်းချပြီး သော် ဓာတ်တော် များ အား ပူဇော်မှု ပြုရစ်စေသတည်း”
လရောင် ၊ လေပြည်နှင့် ဆည်းလည်းသံတို့သည် အဇာတသတ်မင်းကြီးထံသို့ နောက်ထပ် အတိတ်ရုပ်လွှာတစ်ခုကို ဆောင်ကြဉ်းလာကြပြန်၏ ။
မိမိ၏ နန်းတော် ဆောင်သို့ အရှင်မဟာကဿပ မထေရ်မြတ်ကြီး အမှူးပြုသော ရဟန်း တော် မြတ်များ ကြွရောက်တော် မူလာကာ မိန့်မြွတ်ခဲ့ကြသော စကား -
“ဒကာတော် မင်းမြတ်နဲ့ ရာဇဂြိုဟလ်မှာ သင်္ဂါယနာတင်ပွဲကြီး ကျင်းပကြမယ်၊ ဒကာတော်
မင်းမြတ် အမှူးပြုသော မထေရ်မင်းမြတ် လက်ခံပါရဲ့ လား၊ လက်ခံတယ်ဆိုရင် ဘယ်လိုများ အကူ အပံ့ ပြုနိုင်ပါသလဲ”
ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူပြီးနောက် ပြုဖွယ်ကိစ္စများ ကို ပြုနေရသော်လည်း အချိန် နှင့် အမျှ ပရိဒေ၀ လောင်မြိုက်နေသော နှလုံးသားထဲမှ ရဲရဲတောက်စကားလုံးများ ကို မိမိလျှောက် ထားခဲ့၏ ။
“သင်္ဂါယနာတင်ပွဲကို ရဲရဲကြီးသော ပြုတော် မူပါဘုရား၊ အရှင်ဘုရားတို့ဘက်မှ ဓမ္မစက် တည်အောင် ကြိုးပမ်းတော် မူကြချိန်မှာ တပည့်တော် ဘက်က အာဏာစက်နဲ့ ကူညီပါ့မယ် ဘုရား၊ သင်္ဂါယနာတင်ပွဲကြီးအတွက် တပည့်တော် ကို အလိုရှိရာ ခိုင်းစေတော် မူကြပါဘုရား’’
ရာဇဂြိုဟ်တွင် ကျောင်းတိုက်အများ အပြား ရှိသည်မှာ လည်းမှန်၏ ။ ပစ္စည်းလေးပါး ထောက်ပံ့နိုင်သည့် ပုဂ္ဂိုလ်များ လည်း ရှိသည်မှာ မှန်၏ ။ သို့သော်မြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံဝင်တော်
မူပြီဟု ကြားရသော အခါ ဇမ္ဗူဒီပါတစ်ကျွန်းလုံးရှိ ရဟန်းတော် အားလုံးသည် ဘုရားရှင် ပရိနိဗ္ဗာန်စံ ၀င်တော် မူ၍ ကုသိနာရုံသို့ တစ်ပါးမကျန် သွားရောက်ကြာသည် ဖြစ်လေရာ ရာဇဂြိုဟ် မှာ ရှိသော ကျောင်းတိုက်ကြီးဆယ့်ရှစ်တိုက်တို့မှာ ပြုပြင်ထိန်းသိမ်းမည့် သူ မရှိဘဲ ဖုန်အလိမ်းလိမ်း ဖြင့် အမှိုက် သရိုက်များ ဖုံးလွှမ်းနေခဲ့လေသည်။
ထို့ကြောင့် သင်္ဂါယနာတင် ထေရ်အရှင်ပေါင်းငါးရာတို့ စုံညီရောက်ရှိလာကြပြီးနောက် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့ ၀ါဆိုပွဲ သံဃာအစည်းအဝေး၌ ပထမတစ်လကို ကျောင်းပျက်များ ပြုပြင်မွမ်းမံရန် ဆုံးဖြတ်တော် မူကြရသည်။ သင်္ဂါယနာတင်ရန်ကိုမူ ဒုတိယလမှသာ စတင်နိုင်ပေ မည် ။
အရှင်မဟာကဿပမထေဂရ် ဦးဆောင်သည့် နှစ် ရာ့ငါးဆယ်သော ရဟန္တာတို့သည်လည်း ကောင်း၊ အရှင်နုရုဒ္ဓါထေရ် ဦးဆောင်သည့် ကျန်တစ်ဝက်သော ရဟန္တာတို့သည်လည်းကောင်း၊ အရှင်အာနန္ဒာထေရ်သည်တစ်ပါးတည်း ကြွချီတော် မူလာရသော အရှင်ပုဏ္ဏားထေရ်သည် လည်းကောင်း၊ နှစ် ဆယ့်ငါးယူဇနာ ဝေးကွာသော ကုသိနာရုံမှ ကြွရောက်တော် မူခဲ့ကြခြင်း ဖြစ် သည်။
သင်္ဂါယနာတင်ပွဲ ကျင့်ပမည့်  ရာဇဂြိုဟ်၌ သင်္ဂါယနာတင်မထေရ်အရှင် ငါးပါးမှ တစ်ပါး အခြားရဟန်းများ ၀ါဆိုကပ်မပြုရဟုလည်း အရှင်မဟာကဿပထေရ်က ဥတိကမ္မ၀ါစာဖြင့် ကြေညာတားမြစ်ခဲ့ပြီးလေပြီ။
သို့သော် ပျက်စီယိုယွင်းနေသော ထိန်းသိမ်းမွမ်းမံမှု ကင်းမဲ့နေသော ကျောင်းတိုက်ကြီးများ အရေး က ရှိသေးသည်။
“ဒကာတော် မင်းကြီး ရာဇဂြိုဟ်ရှိ ကျောင်းတိုက်ကြီး ဆယ့်ရှစ်ရပ်ကို ပြင်ဆင်မွမ်းမံဖို့ လိုအပ်နေပါတယ်”
“တပည့်တော် အရာ ရှိပါစေဘုရား” မဆိုင်းမတွပင် တာဝန်ယူလျှောက်ထားခဲ့၏ ။
သို့ဖြင့် ပင် ဝေဘာရတောင်၏ မြောက်ဘက်၌ ရှိသော ဝေဠုဝန်ကျောင်းတော် ၊ ဝေဘာရ တောင် အရှေ့ဘက် ဆင်ခြေလျှော၌ ရှိကြသော သပ္ပသော ဏ္ဏီ ကကျောင်း၊ ပဗ္ဘာဇရသကျောင်း၊ ဂေါတမ်ကန္နာရကျောင်း၊ တိန္ဒုကဂုဟာကျောင်း၊ ၀ိပ္ပလိဂုဟာကျောင်းများ ၊ ဣသိဂိလိတောင် နံရံ၌ ရှိသော ကာဠပိလကျောင်း၊ ၀ိဇ္ဈကုဋ်တောင်ထိပ်ကျောင်း၊ တာလ၀ နုယျာန ကျောင်း၊ မဒ္ဒကုစ္ဆိမိဂ ဒါယကျောင်း ၊ ဇီဝကမ္မ၀နကျောင်း၊ မောရနိဝါပကျောင်း၊ လဋ္ဌိဝနုမဒ္ဒကုစ္ဆိမိဂဒါယ ကျောင်းနှင့် ၀ိဇ္ဈာကုဋ်တောင်၏ အရှေ့မြောက်ဘက်၌ ရှိ၍ သိပ္ပိနီခေါ် ချောင်းငယ်တစ်ခုခြားသည့် အန္ဒက၀ိန္ဒက တောကျောင်း စုစုပေါင်း ကျောင်းတိုက် ဆယ့်ရှစ်ခုကို နေ့ညမဆိုင်း အလျင်အမြန် ပြင်ဆင်မွမ်းမံ ပေးခဲ့လေသည်။
“တပည့်တော် အနေဖြင့် အာဏာက်နဲ့ ကူညီပါမည် ဘုရား၊ အလိုရှိရာကို ခိုင်းစေတော် မူကြ ပါဘုရား၊ ကြောင့်ကြ မဲ့နေတော် မူကြပါဘုရား” ဟု လျှောက်တင်ပြီး နောက်တွင် မထေရ်ကြီး၏ မိန့် ကြားချက်အရ သံဃာစည်းဝေးရာဌာနကြီးကိုလည်း တာဝန်ယူခဲ့ပြန်သည်။
ဝမ်းမြောက်ရွှင်လန်းစွာ ၀န်ခံကတိပြုခဲ့ပြီးနောက် သင်္ဂါယနာတင် ထိုမဏ္ဍာပ်ကြီးကို တည်ဆောက်ခဲ့ပြန်သည်။
ဝေဘာရတောင်နံရံ၊ စရည်းပင် ပေါက်ရောက်ရာ သတ္တာမဏ္ဏိဂူအနီး၌ ထိုမဏ္ဍာပ်ကြီးကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဤတွင် လည်း မိမိယတိပြတ် အမိန့်တော် ထုတ်ခဲ့သော စကားကို အဇာတသတ်မင်းကြီး ကြားယောင်မိပြန်သည်။
“သံဃာ့စည်းဝေးပွဲကြီးကျင့်ပမည့်  သင်္ဂါယနာတင် မဏ္ဍာပ်ကြီးဟာ ဘုရင့်နန်းတော် ထက် သာလွန်စေရမယ်၊ နတ်တို့ရဲ့ ဘုံဗိမာန်ကိုပင် ပြက်ရယ်ပြုနေသယောင် ထင်စေရမယ်၊ နတ်တို့ရဲ့ ဘုံဗိမာန်ကိုပင် ပြက်ရယ်ပြုနေသယောင် ထင်စေရမယ်၊ ကြည်နူးသာယာဖွယ်၊ နှစ်သက် ရှု မောဖွယ်” ဒကာတို့ရဲ့ အမြတ်ဆုံး အလွန်ဆုံး ဖြစ်အောင် ဆောက်လုပ်ကြရမယ်”
ဤသို့ဖြင့် အထူးထူးသော ခြူးပန်းခြူးနွယ် ဆေးရေး ပန်းချီများ ရုပ်ကြွရုပ်လုံးများ ၊ ပန်း ကနုတ်များ ကို မဏ္ဍာပ်ကြီး၏ အတွင်းအပြင် နေရာတိုင်၌ ခြယ်မှု န်းတန်ဆာဆင်ခဲ့သည်။
ဖိတ်လက်ထောက်ပ မျက်နှာကြက်မှ ပန်းခိုင်ပန်းကုံး ပန်းဆိုင်းတို့သည် တွဲရဲရွဲ စီရရီ ကျနေ ကြ၏ ။ မဏ္ဍပ်အတွင်းရှိ အခင်းပြင်တလင်းမှာ လည်း မှန်သားဖန်ပြင်ပမာ တစ်လက်လက်ထောက် ချောမွတ်နေ၏ ။ ရတနာတို့ စီခြယ်သော ကြမ်းခင်ကွက်များ ဖြင့် အကွက်ဖော်ထား၏ ။ ရဟန္တာမထေ ရ် ငါးရာတို့အတွက် အဖိုးထိုက်အဖိုးတန် ကမ္ဗာလာဖုံအခင်းများ ကိုလည်း ခင်းပေးထား၏ ။
သံဃာအားလုံးနေရာ၏ ရှေ့၌ အရှေ့ဘက်သို့ မျက်နှာမူလျက် ဓမ္မာသနပလ္လင်ကို ခင်းထား ၏ ။ ထေရာသနပလ္လင်ကား မေးမည့် ပုဂ္ဂိုလ် ဖြစ်သော အရှင်မဟာကဿပ မထေရ်ကြီး ထိုင်မည့်  နေရာ ဖြစ်လေသည်။
ယခုအခါ သင်္ဂါယနာတင်ပွဲကြီး ပြီးဆုံးခဲ့ပေပြီ။
ဝါခေါင်လပြည့်ကျော် ငါးရက်နေ့မှစ၍ စတင်ခဲ့ကာ ခုနစ်လတိုင်ကြာမြင့်ခဲ့သော သင်္ဂါယနာ တင်ပွဲကြီး အောင်မြင်ထမြောက်ခဲ့လေပြီ။
တန်ခူးအကြိုလေရူးသည် စေတီတော် ကြီး၏ ရင်ပြင်တစ်ဝိုက်တွင် ဝေံ၀ိုက်ပြေးလွှားနေ သည်။ သရီရဓာတ်တော် များ ကိန်းဝပ်ရာ စေတီတော် ကြီးကို မင်းကြီးဖူးမြော်ရန် မ၀နိုင်ရှိနေသည်။ ရင်ပြင်ထက်တွင် အစေ့အစပ် ခင်းထားသော သလင်းကျောက်ပြားများ ၏ အေးမြသော အထိ အတွေ့  က မင်းကြီး ခြေလက်မဲ့ဖ၀ါးများ ကို ထိတွေ့ တုံ့ပြန်နေသည်။ အတော် ကြီး ညဥ့်နက်မှ ထွက် ပြူလာသည့် တန်ခူးလဆန်းလ၀န်းသည် ၀ိုင်းစက်ပြည့်ဝခြင်း မရှိလှသေး။
ဆည်းလည်းသံတို့ကမူ မင်းကြီးထံသို့ အဆက်မပြတိုးဝှေ့ ခုန်ဆင်းနေကြ၏ ။ ဤဆည်း လည်းသံကလေးများ သည်ကား ဤညဥ့်အဖို့ အဇာတသတ်မင်းကြီး၏ အဖော်သဟဲ ဖြစ်၏ ။ မဂဓ တစ်နိုင်ငံလုံးသည် နှစ် ခြိုက်စွာ အိပ်မောကျနေကြသည်။ မအိပ်စက်နိုင်သေးသူမှာ မိမိတစ်ကိုယ် တည်းသာ ရှိပေမည် ဟု မင်းကြီးတွေးမိသည်။ အိပ်စက်ခြင်းမဲ့ညများ . . .
အိပ်စက်ခြင်းမဲ့ညများ . . .
မိမိသည် အိပ်စက်ခြင်းမဲ့ညပေါင်းများ စွာ ကို ဖြတ်သန်းခဲ့ဖူးကြောင်းမင်းကြီး အမှတ်ရနေ သည်။ သို့ သော်ယနေ့ကား မိမိဘ၀တွင် ကြုံတွေ့ ဖြတ်သန်းခဲ့ရသော ညများ နှင့် မတူချေ။ ယခင့် ယခင် ကြုံခဲ့ရဖူးသည့် ညများ ကမူ ခြောက်အိပ်မက်များ နှင့် အတိ ပြီးခဲ့ချေသည်။ ညဆိုသည်မှာ ကြောက်မက်ဖွယ်ခံတွင်းနက်ကြီးကို ဖြဲတကာ မိမိအား ၀ါးမျိုစားသောက်သည့် ဧရာမ အမှော င်ထု ကြီး ဖြစ်ခဲ့သည်။
ယခုတော့ အရာခပ်သိမ်းတို့သည် ပြောင်းလဲခဲ့ကြပေပြီ။ ကာလအလျဉ်၏ တိုက်စားမှု အောက်ဝယ် အရာအားလုံးတို့သည် ရွေ့လျားပြောာင်းလဲကုန်ကြပေပြီ။ မိမိ၏ အသက်အရွယ်သည် လည်း ကြီးရင့်ခဲ့ပြီ။ အသက်အရွယ်နှင့် အမျှ အသိတရားတို့လည်း ရင့်ကျက်ခဲ့ပြီ။ အကြွင်းမဲ့ခိုလှုံရာ ဖြစ်လေသော ဗုဒ္ဓဘုရားရှင်သည်ပင် ပရိနိဗ္ဗာန်စံဝင်ခဲ့ပြီ ဖြစ်လေသည်။
ဆည်းလည်းသံလွင်လွင်စာစာတို့က မိမိအား အမည် နမများ ကို တစ်ခုချင်း ရေရွတ်ပြောဆို နေကြသည်ဟု ထင်လာသည်။
``မဂဓပြည့်ရှင်မင်းကြီး . . . သင်မှတ်မိပါတယ်နော် . . . သင်ဖြတ်သန်းခဲ့တဲ့ . . . ဘ၀ ဖြစ် စဉ်တွေ ၊ ပြီးတော့ . . . သင်နဲ့အတူ လှုပ်ရှားထိတွေ့ ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ ကို သင် မှတ်မိကောင်းပါရဲ့ ´
ကျွန်ုပ်ဘယ်မှာ မေ့လို့ရနိုင်မလဲဟု . . . အဇာတသတ်မင်းကြီးသည် စိတ်ထဲမှ အဖြေ ပေးလိုက်သည်။
ဆည်းလည်းသံနှင့် လေရူးတို့က ထပ်ပြောကြပြန်သည်။
``မင်းကြီး . . . ညဥ့်ကာလဟာ သင်နဲ့ အကျွမ်းတ၀င်အရှိဆုံးကာလတွေ ပဲ၊ သင်ဟာ မမေ့ စကောင်းတဲ့ ညဥ့်များ စွာ ကို သင့်ဘ၀မှာ ဖြတ်သန်းခဲ့တာ မဟုတ်လား၊ အဲဒီ လိုညဥ့်တွေ မှာ ပဲ သင် ဟာသင့်ဘ၀အတွက် အရေး ပါတဲ့ ပုဂ္ဂိုလ်များ နဲ့ တွေ့ ရတာ မဟုတ်လား´´
ဟုတ်ပါတယ်၊ ကျွန်ုပ် မှတ်မိပါတယ်ဟု ၀န်ခံလိုက်ပြန်သည်။
``ခမည်းတော် ဗိမ္ဗိသာရမင်းကြီး၊ မယ်တော် ကြီး၊ ဝေဒဟီ၊ ပြီးတော့ သမားတော် ဇီဝက၊ ဦး ရီးတော် ကောသလမင်းကြီး၊ နောက်ပြီး သင့်ဘ၀မှာ အကြီးကျယ်ဆုံးအရေး ပါခဲ့တဲ့ အရှင်ဒေ၀ ဒတ်´´
အရှင်ဒေ၀ဒတ်ဟူသော အမည် ကို ကြားယောင်လိုက်သည်တွင် အဇာတသတ်မင်းကြီးသည် တစ်ကိုယ်လုံး တုန်ခါသွားသည်ဟု ထင်လိုက်၏ ။ အခုတော့ သူ မရှိတော့ပြီ၊ ဇေတ၀န်ကျောင်း တော် မုခ်ဝအနီးက ရေကန်တစ်ကန်ရဲ့ အုတ်ခုံဘောင်တစ်ခုအနီးမှာ . . . သူ . . . အရှင်ဒေ၀ဒတ် . .
``အဇာတသတ်မင်းကြီးသည် စေတီပရ၀ုဏ်တံတိုင်းတွင် နွမ်းနယ်စွာ လျောင်းမှီလိုက်ရ၏ ။ ဘုရား . . . ဘုရား . . . အရှင်ဒေ၀ဒတ်အကြောင်းကို ဘယ်တော့မှပြန်ပြောင်းမတွေးစတမ်းဟုစိတ် ကူးသော်လည်း မှတ်ဥာဏ်တွင် ပျောက်ပျက်မရအောင် အစွဲအမြဲ ထင်နေပါကလား´´
``သူတို့အားလုံး မရြှိ ကတော့ဘူး၊ သင် ကတော့ရှိနေသေးတယ်နော် မင်းကြီး . . . ကိုင်း . . သက်ရှိထင်ရှားရှိနေသေးတဲ့ အသင်မင်းကြီးဟာအခုဆိုရင် သင်္ဂါယနာတင်ပွဲကြီးကို မင်းအာဏာ စက်နဲ့ ကူပံ့ခဲ့တဲ့ သာသနာ့ဒါယကာ မင်းမြတ်အ ဖြစ်ကိုလည်း ခံယူနိုင်ခဲ့ပြီးမဟုတ်လား . . . မဇ္စျိမ ဒေသကြီးမှာ သာမက ကမ္ဘောလောကကြီးတစ်ခုလုံးရဲ့ ရာဇ၀ံသ စာမျက်နှာများ ပေါ်မှာ သာသနာ့ ဒါယကာ အဇာတသတ်မင်းကြီးရယ်လို့ သင် ကမ္ဗည်းထိုးနိုင်ခဲ့ပါပြီလေ . . . မဂဓနိုင်ငံတော် ကြီး ဟာလည်း သင့်လက်ထက်မှာ ယခင်ကနဲ့မတူ ကြီးထွားကျယ်ပြန့်နေပြီမဟုတ်လား၊ အသင်မင်းကြီး . . . ရှေ့ဆက်ပြီး ကြွင်းကျန်သော ကာလများ မှာ ဘယ်လိုဆက်လက်ရှင်သန်မလဲဆိုတာ အသင် တွေးထားပြီးပြီလား´´
ဆည်းလည်းတို့၏ အမေးစကားများ က ပို၍ စူးရှလာကြ၏ ။
အဇာတသတ်မင်းကြီးသည် ရင်ပြင်တော် ၏ သလင်းကျောက်ပြားအခင်းပေါ်တွင် ထိုင်၍ တံ တိုင်းကိုမှီလျက်စေတီတော် ကြီး၏ ထီးတော် ဆီသို့ မော့ကြည့်လိုက်။ ထီးတော် ကြီး၏ နောက်ခံကား အ ဖြစ် အတိုင်းမသိ ကျယ်ပြန့်သော အဇဋာတစ်ခွင်ကို မြင်ရသည်။
ထိုခဏ၀ယ် မင်းကြီး၏ အတွေးများ ၌ ပစ္စက္ခကာလ၏ အခင်းအကျင်းတို့သည် မှေးမှိန်လျက် ပျောက်ကွယ်သွားကြလေသည်။ တပြန့်တပြော မိုးကောင်းကင်ကြီးသည် ပန်းချီကားကြီးတစ်ချပ်၏ နောက်ခံဆေးရောက်ပြင်ကြီး ဖြစ်သွား၏ ။
နဂါးငွေ့တန်းတစ်ခုက ပွေ့ပိုက်ထားသည့်နှယ် ကောင်းကင်ပြင်ဝယ် ကွေးကောက်လူးလွန့် နေ၏ ။ မလင်းလက်နိုင်သေးသော ကြယ်ပွင့်ကလေးများ က မင်းကြီးကို ငုံ့ကြည့်ကာ တီးတိုး ရေ ရွတ်နေကြသယောင် ထင်ရ၏ ။ သူတို့ ဘာတွေ ပြောနေကြသနည်း။
တပြန့်တပြော ကမ္ပလာကောင်းကင်ပြင်ထက်ဝယ် အဇာတသတ်မင်းကြီးသည် အတိတ်ရုပ် ပုံလွှာများ ကို တစ်ခုချင်း ရေး ဆွဲရန် စိတ်ကူးလိုက်၏ ။ အတိတ်သို့ ပြန်ပြောင်းထွက်ခွာခြင်းခရီး ရှည်ကို မတင်တော့မည် ။ ဤခရီးရှည်ကြီးတစ်လျှောက်၌ ခရီးသည် ဖြစ်သော မိမိသည် ရုပ်ပုံလွှာများ ကိုအတိအကျပင် ရေး ဆွဲမှတ်တမ်းပြုရပေမည် ။ မိမိကိုယ်မိမိ ညှာတာခြင်း၊ ခွင့်လွှတ်ခြင်း၊ ဖေးမ ခြင်းစသော အကျအပေါက်များ မရှိစေရ။ တို့ထိလိုက်သော ဆေးရောင် များ သည် ဟိုတစ်ချိန်က ရှိ ခဲ့ ဖြစ်ခဲ့သည့် အတိုင်းပင် အတိအကျပင် ဖြစ်စေရမည် ။ မိမိသည် ဆောက်တည်ရာမဲ့ တုန်လှုပ်တတ် သော အရွယ်အသိမှလွန်မြောက်ခဲ့ပြီ။ ဘ၀ပုံကားချပ်များ ကို ပြန်ပြောင်းရေး ဆွဲရင်း အတိတ်ခရီး ရှည်ကို ထွက်ခွာရာ၌ ၀ံ့စားသော ခြေလှမ်းများ ကို အသုံးပြုနိုင်ရမည် ။
ထိုအတိတ်ခရီး၏ မှတ်တိုင်စခန်းများ သည် ဖျောက်ဖျက်၍ မရသော အရာဌာနများ ဖြစ်ကြ သည်။ ပျော်ရွှင်ကြည်နူးဖွယ်၊ ကြောက်ရွံ့ထိတ်လန့်ဖွယ်၊ နာကျင်ကြေကွဲဖွယ်၊ မုန်းတီးစက်ဆုပ်ဖွယ် ကြင်နာထောက်ထားဖွယ်များ ဖြင့် ပြည့်နှက်နေကြသည်။
အဇာတသတ်မင်းကြီးသည် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏ ။ ဤကား အတိတ်ခရီး ရှည်ကို ထွက်ခွာတော့မည့်  ခရီးသည်၏ ပထမဆုံးသော အားဖွဲ့စုစည်းမှု ပင် ဖြစ်လေသည်။ အတိတ် ပန်းချီကားချပ်ကြီးကို ရေး ဆွဲတော့မည့်  ပန်းချီပညာရှင်၏ ပထမဆုံး ကိုင်စွဲလိုက်သော စုတ်တံ ဖြစ် ပေမည် ။
မမေ့စကောင်းသော အတိတ်ရုပ်ပုံလွှာများ . . .
ဦးစွာ ထင်ရှားပေါ်လာသော ရုပ်ပုံလွှာမှာ မြင့်မားလှသော စံအိမ်တံတိုင်းကြီးတစ်ခု ဖြစ် သည်။ ထိုတံတိုင်း၏ မုခ်ဝအပြင်ဘက်၌ ပြည့်ရှင်မင်းတို့၏ ထွက်တောမူအခမ်းအနားသဘင် အခင်း အကျင်းကို တွေ့ ရ၏ ။ မြင်းဖြူလေးကောင်ကသော ရထားဘက်မှ ဆင်းလိုက်သော ပြည့်ရှင်မင်း တစ်ပါးကို တွေ့ လိုက်ရသည်။ မင်းကြီးသည် တစ်ကိုယ်တည်းမဟုတ်၊ သားတော် ငယ်လေးကို လက်ဆွဲ၍ ရထားပေါ်မှ ဆင်းလိုက်ခြင်း ဖြစ်သည်။
သားတော် လေးသည် မိမိ၏ လက်ကို ခမည်းတော် မင်းကြီး၏ ကြီးမားသော လက်ဖ၀ါးအ တွင်းထည့်ထားရင်း တံတိုင်းကြီး၏ မုခ်ဝဆီသို့ လျှောက်လာသည်။ ခမည်းတော် မင်းကြီး၏ နွေး ထွေးနေတတ်သော လက်ဖ၀ါးည် ယခုအခါ အေးစက်နေကြောင်းလည်း သတိထားမိနေသည်။ ရှိစေတော့၊ ယခုအချိန်မှာ စိတ်ဝင်စားစရာက ခမည်းတော် မင်းကြီးမဟုတ်၊ ရှေ့နောက်တွင် ထီးထီး မားမားကြီး ထိုးထွက်နေသော တံတိုင်းမုခ်ကြီး ဖြစ်သည်။ ခြူးနွယ်ကနုတ်များ ၊ ရုပ်လုံးရုပ်ကြွများ ဖြင့် ထုဆစ်ထားသော မုခ်ကြီးမှာ ရွှေရောင် ၀င်းနေသည်။
မုခ်ဝ၏ အပေါ်ဘက်သို့ မော့ကြည့်လိုက်စဉ်တွင် မိမိတစ်သက်၌ ဤမျှမြင့်မားသော် ဤမျှ ထည်ဝါလွန်းသော တံတိုင်းမုခ်မျိုးကို ဘယ်တုန်းကမှ မတွေ့ ဖူးကြောင်း မင်းသားငယ် တအံ့တသြ သတိထားလိုက်မိသည်။
ခမည်းတော် ဗိမ္ဗိသာရမင်းကြီး၏ နန်းတော် မုခ်ဝသည်ပင်လျှင် ဤမျှကြီကျယ်ခမ်းနားခြင်း မရှိ။ မင်းသားငယ်သည် မိမိလက်ကိုဆွဲထားရင် တုန့်ဆွဲရပ်နေသော ခမည်းတော် ၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ အို ခမည်းတော် ၏ မျက်နှာမှာ လည်း အံ့သြခြင်းများ ဖြင့် လှုပ်ရှားနေပါလား။
``ဒါဟာ ဇောတိကဆိုတဲ့ သူဌေးကြီးရဲ့ စံအိမ် . . . ဟုတ်လား ခမည်းတော် ´´
မင်းသားငယ်က မေးလိုက်သည်။ ခမည်းတော် မင်းကြီးက စကားတုံ့ပြန်မဖြေဘဲ ခေါင်းကို သာညိတ်ပြမိသည်။ ဆုပ်ကိုင်ထားသော အေးစက်သော လက်ဖ၀ါးများ မှ လက်ချောင်းများ က ပို၍ တင်းကြပ်သွားကြသည်။
``သိပ်ကို ကြီးကျယ်တာပါလား ခမည်းတော် . . .´´
``ဟုတ်တယ် သားတော် . . . ဒါဟာ ဇောတိကရဲ့ ဘုံနန်းပြာသာဒ်ကို ကာရံထားတဲ့ တံ တိုင်းခုနှစ် ထပ်ရဲ့ ပထမဆုံးအထပ်ပဲ ရှိသေးတယ်၊ လာ . . . ခမည်းတော် တို့ အထဲဝင်ကြစို့ . . . ´´
ပထမဆုံး တံခါးမုခ်ဝတွင် အမျိုးသမီး တစ်ယောက် စောင့်နေသည်။ အဖိုးထိုက်အဖိုးတန် အ၀တ်အစားများ ကို ၀တ်ဆင်ထားသည်။ ရုပ်ရည် ချောမောလှပတင့်တယ်သည်။ အမျိုးသမီးက လက်ကမ်းလိုက်သော အခါ ခမည်းတော် မင်းကြီးကပြန်လည် လက်ကမ်းလိုက်မည် လားဟုမင်းသား ငယ်က လှမ်းကြည့်လိုက်သေးသည်။ ခမည်းတော် ပြန်၍ လက်ကမ်းခြင်းမပြု။
သို့ ဖြင့် ပင် ပထမဆုံး တံတိုင်းငယ်မုခ်ဝအတွင်းဘက်သို့ ၀င်ခဲ့ကြသည်။
မင်းသားငယ်သည် ဘွားခနဲပေါ်လာသော ဒုတိယတံတိုင်းမုခ်ကို မော့ကြည့်ရင်း အံ့သြသွား ပြန်လေသည်။ ရုတ်ခြည်းပင် အတွေးတစ်ခု ၀င်လာပြန်သည်။
``ကြည့်စမ်းပါဦး . . . ငါ့ဖခမည်းတော် ရဲ့ နန်းတော် စံအိမ်က တံတိုင်းမုခ်ထက်တောင် ပိုပြီးခမ်းနားနေပါလား´´
မင်းသားငယ်၏ အံ့သြမှု သည် ဆက်၍ ဆက်၍ တိုးပွားလာတော့၏ ။
တတိယ . . . စတုတ္ထ . . . အဆင့်ဆင့်သော တံတိုင်းမုခ်များ . . . နောက်ဆုံးတံတိုင်း ခုနစ် ထပ်၊ မုခ်ခုနစ်ခု။ ထို့နောက် မုခ်ဝတစ်ခုတစ်ခု ရောက်တိုင်း အသင့်စောင့်ကြိုလက်ကမ်းကြလေ သော ၀တ်ကောင်းစားလှဖြင့် ချောမောလှပသည့် မိန်းမပျိုများ . . .
``ဒီမိန်းမတွေ ၀တ်ဆင်ထားလိုက်တာတည်း ငါတို့နန်းဆောင်ထဲက မောင်းမရံရွေတွေ ထက် အဆပေါင်းများ စွာ ပိုပြီးတောက်ပနေပါလား၊ ရတနာလည်ဆွဲတွေ လက်ကောက်တွေ လည်း ၀င်းနေတာပဲ´´
ထိုမိန်းမများ သည် ဇောတိကသူဌေးစံအိမ်မှ အမှု လုပ်ကျွန်မများ သာ ဖြစ်ကြောင်း သိလာရ သော အခါ မင်းသားငယ်မှာ ပို၍ သာ အံ့သြရတော့သည်။ နောက်ဆုံးတံတိုင်းခုနစ်ထပ်၊ မုခ်ခုနစ်ခု ကို ဖြတ်ကျော်ပြီးနောက် စံအိမ်ဘုံနန်းအတွင်းရောက်လာခဲ့ကြပေသည်။
မိမိစိတ်ထဲမှာ ဇောတိကသူဌေး၏ စည်းစိမ်ကို အံ့သြငေးမောရင်းဖြင့် တစ်ခုခုကို ဘ၀င်မကျ သလို ဖြစ်လာသည်။ သို့ သော် မည် သည့်အရာမှန်း မိမိကိုယ်တိုင် တိတိကျကျ မသိသေးချေ။
မြရတနာမြေကို နင်းလျက်ဘုံခုနစ်ဆင့် ပြာသာဒ်၏ မြေညီထပ်မှသည် တစ်ထပ်ပြီးတစ်ထပ် တက်ခဲ့ကြသည်။ ဘုံနန်းပြာသာဒ်ဆောင်များ ကို တစ်ခုပြီးတစ်ခု ၀င်ထွက်ကြည့်ရှုခဲ့ကြသည်။
မင်းသားငယ်သည် ခမည်းတော် မင်းကြီး ဆုပ်ကိုင်ထားသော မိမိလက်ကို ပြန်ရုပ်လိုက် သည်။ ခမည်းတော် ၏ ကျယ်ပြန့်နွေးထွေးသော လက်ဖ၀ါး ထဲတွင် မိမိလက်ကို ထည့်မထားချင် တာ့။ ခမည်းတော် ၏ လက်ဖ၀ါးပြင်ကျယ်ကြီးသည် ရွှေနန်းတော် ထဲမှာ ရှိစဉ် ကတော့ အားကိုး အားထားရာပင် ဖြစ်ခဲ့ပေသည်။ ယခုမူကား အစဉ်တစိုက် အားကိုးတကြီး အထင်တကြီး ဆုပ်ကိုင်ခဲ့ သော ထိုလက်ဖ၀ါး၊ လက်ချောင်းတို့သည် အားကိုးစရာမကောင်းတော့ပြီ၊ အထင်ကြီးစရာ မဟုတ် တော့ပြီ။
ဇောတိကဆိုသော ဤသူဌေးကြီးများ ၏ ဤဘုံနန်းပြာသာဒ်စံအိမ်ကြီးထဲ ရောက်ကတည်း က ခမည်းတော် ၏ လက်များ အပေါ်ယုံကြည်ကိုးစားမှု လျော့ပါးသွားခဲ့သည်။ ယခင်လို တင်းကြပ်ပူ နွေးသော အဆုပ်အကိုင်မရှိ။ စေးစေးပိုင်ပိုင်မရှိ၊ ခမည်းတော် ၏ လက်တွေ က ချွေးစေးပြန်နေကာ သွေးဆုတ်သလိုအေးစက်လာနေကြသည်။ လက်ချောင်းတို့၏ အထိအတွေ့ ကလည်း လျော့ရဲရဲ ရှိနေကြသည်။
မှတ်မှတ်ရရ မခည်းတော် မင်းကြီးအပေါ် ပထမဆုံးအကြိမ် အထင်အမြင်သေးသွားခဲ့ခြင်း ပင် ဖြစ်နိုင်မည် ။ မဂဓပြည့်ရှင်မင်းတဲ့ . . . ရာဇဂြိုလ် ထီးနန်းသခင်တဲ့ . . . ။ သူဌေး တစ်ယောက် ရဲ့ စံအိမ်အတွင်းမှာ အရောင် အ၀ါတွေ က ညှိုးမှိန်နေသယောင်။
အဆင့်ဆင့် အထပ်ထပ်တို့ကို တက်ခဲ့ကြရင်းဖြင့် နောက်ဆုံး၌ စားတော် ဆောင်ထဲသို့ ရောက်ခဲ့ကြသည်။ မိမိ မောပန်းဆာလောင်နေပြီ ဖြစ်ကြောင်း မင်းသားငယ်သိသည်။ သို့သော် ထမင်းအာဟာရ ပွဲတော် စာကို ဆာလောင်သည်ထက် တစ်စုံတစ်ခိုကို ပိုမိုမွတ်သိပ်နေကြောင်း သတိထားမိပြန်သည်။ ရင်ထဲမှာ ဟာနေသည်၊ နှလုံးထဲမှာ ကွက်လပ်ကြီးတစ်ခု ဖြစ်တည်နေသလို လို၊ ထမင်းဆာသလိုမျိုးတော့မဟုတ်။
``နံနက်ပွဲတော် စာ စားသုံးဖို့ အသင့်စီမံပြီးပါပြီ အရှင်မင်းကြီး´´
ဇောတိက သူဌေးကြီးက ပြောလာသည်။
``ဒီနေရာမှာ ထိုင်တော် မူပါ အရှင်မင်းကြီး´´
ခမည်းတော် နှင့် အတူ မိမိ နေရာယူလိုက်ရသည်။ ပွဲတော် စားသုံးရန် ထိုင်ခုံပလ္လင်ကပင်လျှင် ပြိုးပြိုးပြတ်ပြတ် ရှိလှချေသည်။
``ရေသုံးသပ်တော် မူပါ အရှင်´´
နံ့သာရေအိုး တစ်ဆယ့်ခြောက်လုံး ရောက်လာသည်။ ထို့နောက်နံ့သာရေတို့ဖြင့် သန့်စင်ပြီး သော လက်တို့ကို အေးမြကြည်လင်သော လက်ဆေးရေဖြင့် ထပ်မံဆေးကြော နှစ် စိမ်ရပြန်သည်။ ဇောတိက သူဌေးသည် ခမည်းတော် ကိုသာမက မိမိကိုပါ ထပ်တူထပ်မျှ ပြုစုစောင့်ရှောက် ဧည့်ခံ နေသည်။ သို့ သော် ဘာကြောင်းမှန်းမသိ။ ဤသူဌေးကြီးကို မိမိသဘောမကျ၊ မနှစ် မမြို့ခံစားရ သည်။ သူကရိုးကျိုးပျစ်ဝပ်စွာ လှုပ်ရှားနေသော်လည်း မိမိတို့သားအဖနှစ် ယောက် ကို လိမ္မာပါးနပ် စွာ ဖြင့် ကြွားဝါနေသည်ဟုလည်း ထင်မိပြန်သည်။
ရတနာ ရွှေခွက်တစ်လု ရောက်လာသည်။ သင်းပျံ့သော မွှေးရနံ့များ ကြိုင်လှောက်နေ သည်။ ရွှေခွက်ထဲမှာ နို့ဃနာထမင်းများ ရှိသည်။ ခမည်းတော် ကို လှမ်းကြည့်လိုက်သော အခါ ရွှေခွက်ထဲမှ နို့ဃနာထမင်းကို စားရင် လက်လှမ်းလိုက်သည်ကို တွေ့ ရ၏ ။ ထိုအချိန်တွင် ဇောတိ ကသူဌေး၏ အသံ ထွက်လာသည်။
``သည်းခံတော် မူပါ အရှင် . . . ဒါဟာ စားသုံးရန်ထမင်း မဟုတ်သေးပါဘူး၊ အငွေ့ ကောင်းကောင်းပေးဖို့ စီမံထားတဲ့ ပျော့ပျောင်းသော လက်ကော်ရ နို့ဃနာထမင်းသာ ဖြစ်ပါတယ်၊ ပွဲတော် တည်ဖို့ ထမင်းအာဟာရများ ယခုမကြာခင်ပဲ ရောက်လာပါလိမ့်မယ်´´
အငွေ့တလူလူထွက်နေသည့် ရွှေခွက်ကိုကြည့်ရင်း အမည်းတော် မှာ မနေတတ် မထိုင် တတ် ဖြစ်နေပုံရသည်။ မိမိ ကတော့ အရိပ်အခြည်အားလုံးကို စောင့်ကြည့်နေလိုက်ရုံပင်။ ခမည်းတော် မင်းကြီးသည် မဆိုစလောက် ပျက်ယွင်းသွားသော ရာဇကိုပြန်၍ ဆောက်တည်လိုက် သည်။
မကြာမီ အခြွေအရံများ က အခြားရတနာ ရွှေခွက်တစ်ခုကို ယူလာကြပြန်သည်။ ထို ဒုတိယ ရွှေခွက်မှ ထမင်းများ ကား တစ်ခါမှမမြင်ဖူးသော အရွယ်အဆင်း အနံ့ကိုဆောင်နြေ ကတော့သည်။ ဆန်လုံးက ရှည်လျားပြီး ကော့စင်းနေသည်။ ဆွတ်ဆွတ်ဖြူလျက်ရှိပြီး အနံ့ကလည်း ထူးထူးကဲကဲ မွှေးကြိုင်လွန်းသည်။
``မြောက်ကျွန်းဆန်နဲ့ ချက်ထားပါတယ် အရှင်´´
မြောက်ကျွန်းဆန် ထမင်းကို ခူး၍ ပထမရွေခွက်ပေါ်၌ တင်လိုက်ကြသည်။ ဘာလုပ်တာပါ လိမ့်ဟု တအံ့တသြ မြင်ရပြန်လေပြီ။
``ဒီစီမံမှု ကိုတော့ ကျွန်တော် မျိုးရဲ့ စားတော် ကဲချုပ်က သံတော် ဦးတင်ပါလိမ့်မယ် အရှင် မင်းကြီး´´
အသားလတ်လတ် ခပ်ဖိုင့်ဖိုင့် လူကြီး တစ်ယောက် က မိမိနှင့် ခမည်းတော် ရှေ့တွင် လက် အုပ်ချီလျက် . . .
``မြောက်ကျွန်းဆန်ထမင်းကို ခူးပြီး ပထမလူလာတဲ့ နို့ဃနာထမင်း ရွှေခွက်ပေါ်တင်လိုက် ခြင်းရဲ့ အဓိပ္ပါယ်က အောက် နို့ဃနာရွေခွက်က အငွေ့ကိုမပြတ်ထပ်ယူစေခြင်းအားဖြင့် အထက် ရွှေခွက်ထဲက မြောက်ကျွန်းဆန်ထမင်းဟာ စာုးံးနေစဉ် တစ်လျှောက်လုံးမှာ အစဉ်တစိုက် ပူနွေးမှု နဲ့ ထူးကဲတဲ့ ဂန္ဓအာရုံအရသာ အတွေ့ အထူးကို ရရှိနေစေဖို့ ဖြစ်ပါတယ် အရှင်မင်းကြီး´´
ကြီးကျယ်လိုက်တာဟု စိတ်ထဲက ရေရွတ်ရင်းပင် တက်လည်းတက်နိုင်ကြပေ့ဟူသေ အံ့သြမှု ကို မဖုံးမကွယ်နိုင် ဖြစ်ရလေသည်။
``သုံးဆောင်တော် မူပါ အရှင်မင်းကြီး . . .သုံးဆောင်တော် မူပါအရှင့်သား´´
ဇောတိကသူဌေး၏ ပျူငှာယဉ်ကျေးမှု ကို တဖြည်းဖြည်း မျက်စိစပါးမွေး စူးလာပေပြီ။ ဒီသူဌေးကြီးဟာ လိမ္မာပါးနပ်စွာ နဲ့ ငါနဲ့ ငါ့ခမည်းတော် တို့ကို ကြွားဝါနေတာပဲဟုလည်း ပို၍ ယုံကြည် လာသည်။
သို့ ဖြင့် ထူးကဲလှသော ချိုမြမွှေးပျံ့ မြောက်ကျွန်းဆန်ထမင်းကို ပွဲတော် တည်ကြသည်။ စား တော် ကဲချုပ်ပြောသလိုပင် နိုဃနာရွှေခွက်၏ အငွေ့ဖြင့် တစ်ချိန်လုံး နွှေးပေးထားသော ကြောင့် မြောက်ကျွန်းဆန်းထမင်းသည် စားနေစဉ်တစ်လျှောက်မှာ ပူနွေးချိုမြ မွှေးပျံ့မှု တို့က တစ်သမတ် တည်းရှိနေသည်။ ထူးကဲသော အရသာကို ခံစားနေရင်းမှာ ပင် ရွှေနန်းတော် မှာ နေ့စဉ်စားခဲ့သော ပွဲ တော် စာကို သတိရမိပြီး နှိုင်းယှဉ်ကြည့်မိနေသည်။
အင်း နန်းတော် ထဲမှာ တော့ ထမင်းကလည်း စားနေတုန်းမှာ ပဲ ပူနွေးရာက အေးသွားတယ်။ စားခါစမှာ မွှေးကြိုင်ပေမယ့် အငွေ့ပြယ်သွားတော့ အနံ့မရှိတော့ဘူး။ ပြီးတော့ နူးညံ့မှု ကလည်း တစ်ခြားစီ။ မြောက်ကျွန်းဆန်ဆိုတာ လျှာပေါ်မှာ တင် အရည်ပျော်သွားသလား အောက်မေ့ရတယ်။ ကွာခြားလိုက်ပါဘိ။ ဒါနဲ့များ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်မင်းမြတ်တဲ့။ ဒီသူဌေးစားတဲ့ ထမင်းနဲ့ ဘုရင် စားတဲ့ထမင်း၊ အင်း . . . သိသာလိုက်တာ ကွာခြားလိုက်တာ ။
တွေးရင်းတောရင်း စားကောင်းကောင်းနဲ့ စားနေလိုက်သည်မှာ ဘယ်လောက်ကုန်သွား သည်မသိ။ ဇောတိကသူဌေး၏ စကားသံပေါ်လာမှပင် ခွံ့တဲ့ထမင်းလုတ်ကို ရပ်လိုက်ရ၏ ။
``သင့်မြတ်လောက်ပါပြီ အရှင်မင်းကြီး . . . အရှင့်သားတော် . . . ပွဲတော် စာကို သည်မျှ သာ ရောင့် ရဲစေလိုပါတယ်၊ သည့်ထက် ပမာဏပိုသွားရင် မြောက်ကျွန်းဆန်တို့ရဲ့ ထူးကဲလှတဲ့ အဆီသြဇာအာနိသင်ကြောင့် အစာကြေနိုင်မှာ မဟုတ်ပါ´´
ထမင်းပွဲကို လက်စသတ်ပြီး ရွှေကရားဖြင့် လောင်းချကနေသော နှင်းဆွတ်ရည်တို့ဖြင့် လက်ဆေးရင်း ခမည်းတော် မင်းကြီးကို အကဲခတ်လိုက်၏ ။ ကြွားဝါလွန်းသော ဤသူဌေးကြီး၏ စကာကို ခမည်းတော် မည် သို့ တုံ့ပြန်မည် နည်း။
``ဇောတိက . . .ဘယ်သို့ လဲ၊ သင့်ထမင်းကို ဂုဏ်တင်ချီးမြှောက်လှချည့်လား´´
``မိမိရဲ့ ထမင်းကို ဂုဏ်တင်ချီးမြှောက်စကား ဆိုရခြင်းမဟုတ်ပါ အရှင်မင်းကြီး . . . အရှင်မင်းကြီးနဲ့ ပါလာတဲ့ စစ်သည်ဗိုလ်ပါအားလုံးအတွက်လည်း ဒီမြောက်ကျွန်းဆန်ထမင်းနဲ့ပဲ ဧည့်ခံကျွေးမွေးထားပါတယ်။ ကျွန်ုပ်အတွက် ဂုဏ်သတင်းမကောင်းစကား ဖြစ်လာမှာ စိုးလို့ ဟန့် တားရခြင်းပါ´´
``ဘာကြောင့် သင့်ဂုဏ်သတင်း မကောင်းစကား ဖြစ်ရမှာ လဲ´´
``မြောက်ကျွန်းဆန်ထမင်းကို စားသုံးရာမှာ အရသာထူးကဲလှလို့ အတိုင်းအရှည်ပမာ ဏကို မခန့်မှန်းနိုင်ဘဲ အစာသြဇာ လိုသည်ထက်ပိုသွားရင် ခန္ဓာကိုယ်မှာ လေးလံပျင်းတွဲ မှု များ ပေါ်လာပါလိမ့်မယ်။ အဆီသြဇာဓာတ်ရဲ့ ဖမ်းစားမှု ကြောင့် အစာမကြေ ဖြစ်ပြီး သွေးသားထိုင်းမှိုင်း သွားနိုင်ပါတယ်။ ဒီအခါမှာ အများ က ငါတို့မင်းကြီးဟာ ဇောတိကအိမ်မှာ ထမင်းစားလာပြီးက တည်းက ကိုယ်လက်မအီမကျန်း ဖြစ်လာတယ်။ ဇောတိကဟာ ငါတို့ရဲ့ မင်းကြီးကို တစ်စုံတစ်ခု ပြုလုပ်လိုက်ပြီလို့ အထင်အမြင်မှား အပြစ်စကားပြောလာကြမှာ ကို စိုးရိမ်လှပါတယ် အရှင်း မင်းကြီး´´
``သြော် . . . သြော် . . ဒီလိုလား´´
ခမည်းတော် အပေါ် အားမလိုအားမရ ဖြစ်ခြင်းနှင့် ဇောတိကသူဌေးကြီးအပေါ် မကြေမလည် ဖြစ်ရခြင်းများ ကာား ရင်ထဲမှာ ဆူးစို့တစ်ချောင်းလိုထိုးထွက်လာတော့သည်။
အသက်ရှုနေရသည်ကပင် မွန်းကြပ်သိမ်ငယ်လာသဖြင့် ရွှေနန်းတော် သို့ ပြန်ချင်လှပေပြီ။ သို့ သော် ခမည်းတော် က အရေး ထဲမှာ ဇောတိကနှင့် စကားစမြည် ပြော၍ မပြီးသေး။
``ဇောတိက ဒီစံအိမ်မှာ သူဌေးကတော် မရှိဘူးလား´´
``ရှိပါတယ် အရှင်မင်းကြီး . . . ကျက်သရေတိုက်ခန်းထဲမှာ ရှိနေပါတယ်၊ အရှင်မင်းကြီး ကြွရောက်တော် မူကြောင်း မသိလို့သာ ဖြစ်ပါတယ်၊ ကျွန်ုပ်ကိုယ်တိုင် သွားရောက်ခေါ်ယူပါ့မယ်´´
ဇောတိကသူဌေးထွက်သွားပြီးနောက် ခမည်းတော် က လှမ်းစကားပြောသည်။
``သားတော် အဇာတသတ် . . . ဇောတိက သူဌေးကြီးရဲ့ အစိုင်အခဲများ က နှုတ်ဖျားမှ သည် ကစဥ့်အလျား လွတ်ထွက်သွားလေသည်။
``ဇောတိက သူဌေးရဲ့ စံအိမ်ကော၊ အဆောင်အယောင် ပြာသာဒ်တွေ ကော၊ မြောက် ကျွန်းဆန်ထမင်းပွဲကော အားလုံး အားလုံး ကြုံရတွေ့ ရသမျှတွေ ဟာ ရာဇဂြိုဟ် ရွှေနန်းတော် ထက် အစစအရာရာ ပိုပြီးသာတယ်´´
မိမိ၏ လေသံတင်းမာပြတ်တောက်စွာ ရှိသည်ကို ပြောပြီးမှသတိထားမိသည်။ ခမည်းတော် ကမူ အစဉ်အမြဲလိုလို ရှိနေတတ်သော အပြုံးဖြင့်
``ဟုတ်လား . . . သားတော် လေး ဒီအတိုင်းပဲ ထင်သလားကွယ့်´´
``ထင်တာမဟုတ်ဘူး ခမည်းတော် . . . တပ်အပ်မြင်တာ၊ သူဌေး တစ်ယောက် ဟာ ဘုရင် တစ်ပါးထက်ပိုပြီး ကြီးကျယ်နေတယ်လေ´´
ခမည်းတော် မင်းကြီး တစ်ခုခုပြောမည် အပြုတွင် ဇောတိကသူဌေးပြန်ရောက်လာ၏ ။ သူ့နောက်တွင် ချောမောလှပသော မိန်းမတစ်ဦးပါလာသည်။ အစ်မအရွယ်၊ ဒေါ်ကြီးအရယ်၊ အရီး အရွယ်၊ မိခင်အရွယ်၊ မိန်းမချောကြီးများ ကို ရွှေနန်းတော် မှာ မိမိမြင်နေကျ မဂဓနန်းတွင်းသူတို့၏ တင့်တယ်သိုက်မြိုက်သော ရုပ်သွင်အမူအရာမှာ မိမိအတွက် တွေ့ မြင်နေကျပင်၊ တို့ထက်မူ မယ်တော် ဝေဒေဟီမိဖုရားကြီး၊ မယ်တော် သည် မဂဓတစ်တိုင်းလုံးတွင် ဂုဏ်ကျက်သရေအပေါင်း တို့ဖြင့် တင့်တယ်သည့်အရာ၌ နှစ် ယောက် အတူမရှိသူ တုဘက်ကင်းသူ ဖြစ်ချေသည်။
သို့ သော် ယခုဇောတိကသူဌေးနောက်ပါးမှ ခပ်ရို့ရို့လိုက်ပါလာသော မိန်းမကား …
``ကျွန်ုပ်ရဲ့ ဇနီး သူဌေးကတော် သတုလကာရီ ဖြစ်ပါတယ်။ အရှင်မင်းကြီး . . . ရှင်မရေ . တို့များ ရဲက ဘုရင်မင်းမြတ်ကို သင့်မြတ်ရာကခစားပြီး ထန်းရွက်ယပ်ဝန်းနဲ့ ယပ်လေသွင်း ဧည့်ဝတ် ပြုပါကွယ်´´
သကုလကာရီ၊ သြော် . . . ဇောတိကရဲ့ မယား၊ မြောက်ကျွန်းသူဆိုတာ သူကိုး . . . အဆွေ အမှူး ရွှေငွေရတနာ ၀တ်စားတန်ဆာ ဆင်မြန်းမထားသော ဤမိန်းမကြီး၏ အသားအရည် အ ရောင် အ၀ါမှာ ထူးထူးကဲကဲစိုပြည် ၀င်းဝါလွန်းလှသည်ဟု ထင်မိ၏ ။
သူဌေးကတော် သည် သင့်မြတ်နေရာမှ ထိုင်ပြီး ခမည်းတော် အား ထန်းရွက်ယပ်ဝန်းဖြင့် ယပ်လေခတ်ပေးနေသည်။ ယပ်ဝန်း၏ ၀ဲယာရွေ့လျားဝဲပျံသွားပုံ၊ ယပ်ရိုးကို ကိုင်းထားသော လက် ချောင်းနှင့် ယပ်ခက်တိုင်း ယိမ်းနွဲ့သွားသော လက်မောင်းတို့၏ လှုပ်ရှားပုံမှာ ကနုတ်ပန်းတစ်ခု၏ အနားကြောင်း တစ်ခုနှယ် သိမ်မွေ့ခမ်းနားနေသည်။
သို့ သော် မမျှော်လင့်သော ထူးခြားမှု တစ်ခု ပေါ်လာ၏ ။
ထန်းရွက်ယပ်ဝန်းကို အသာအယာ လွှဲဖယ်နေရင်းမှ သူဌေးကတော် ၏ မျက်လုံးများ မှာ မျက်ရည်စများ ခိုတွဲ လာပြီး ပါးပြင်ထက်သို့ မျက်ရည်များ လိမ့်ဆင်းလာကြခြင်းပင်။
ခမည်းတော် လည်း ဤအခြင်းအရာကို သတိထားမိပြီး . . .
``ဇောတိက . . . သင့်ဇနီး တုန်လှုပ်ငိုကြွေးနေတယ်၊ သူ့ကို နှစ် သိမ့်လိုက်ပါ။ သင်တို့ရဲ့ က စည်းစိမ်ဥစ္စာကို မင်းဘဏ္ဍာအ ဖြစ် ကျွန်ုပ် မသိမ်းယူပါဘူး၊ ဒါကို စိုးရိမ်ထိတ်လန့်ပြီး သင့်ဇနီးဟာ ငို ကြွေးနေတယ်၊ အေးချမ်းစွာ နေလို့ပြောလိုက်ပါ´´
သုဝဏ္ဍဘုမ္မိဝေဒနာ | ချစ်သူမင်းနန္ဒာ | ကလေးရဟန္တာ |