ချစ်ဦးညို၏ ဘဝ ဖြစ်စဉ်မှတ်တမ်း
အဖဦးရွှေဒေါင်းညို၊အမိ ဒေါ်စိန်ရင်တို့မှ ၁၉၄၇ ခု ဒီဇင်ဘာ(၃ဝ)ရက်တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့ပြီး မွေးချင်း(၇)ယောက် အနက် အကြီးဆုံး ဖြစ်ကာအမည် ရင်းမှာ ကျော်စွာ ဖြစ်သည်။
၁၉၅၂ခု တွင် မန္တလေးမြို့ နန်းတော် ရှေ့၊ မတ္တရာတိုက်၊ မူလတန်းကျောင်း၌ ပညာ ဆည်းပူး၍ ၁၉၅၆ ဝက်စလီကျောင်းနှင့် ဘီဘီအိုအေ ကျောင်းတို့တွင် အလယ်တန်းပညာ သင်ကြားကာ ၁၉၅၇-၆၁တွင် မန္တလေး အ.ထ.က(၁)တွင် တက်ရောက်ခဲ့ပြီး ၁၉၆၂တွင် မန္တလေးတက္ကသိုလ်တွင် ဥပစာဝိဇ္ဇာ(က)၊ ၁၉၆၃တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပံ္ပတက္ကသိုလ်တွင် ဒဿနိကဗေဒအဓိကယူခဲ့ပြီး၊ ၁၉၆၈၌ ဂုဏ်ထူး(၃)ဘာသာဖြင့် ဝိဇ္ဇာဘွဲ့ရရှိပြီး မဟာဝိဇ္ဇာတန်းတက်ရောက်ခဲ့သည်။
၁၉၆၉ မှ ၁၉၇၂ အထိ ရန်ကုန်သားကောလိပ်၊ စစ်တွေ ကောလိပ်၊ ဒဿနိကဗေဒ ဌာနတို့တွင် နည်းပြဆရာအ ဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၇၂ မှ ၁၉၇၄ တွင် ရန်ကုန်ဗဟိုသမဝါယမသင်တန်းကျောင်း နည်းပြဆရာအ ဖြစ် ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။
၁၉၇၅ တွင် အမှု ထမ်းဘဝကိုစွန့်လွှတ်ခဲ့၍ စန္ဒာဦး ယဉ်ကျေးမှု ဇာတ်အဖွဲ့တွင် ဇာတ်ညွှန်းနှင့် ဒါရိုက်တာအ ဖြစ် ၁၉၇၆ ၌ လုပ်ကိုင်ပြီး၊ ၁၉၇၇ မှစ၍ စာပေရေး သားခြင်းဖြင့် ရပ်တည်ခဲ့သည်။
၁၉၈၃ မှ ၁၉၈၈ အထိ ဘသင်မဂ္ဂဇင်းတွင် တာဝန်ခံစာတည်း၊ စာတည်းချုပ်အ ဖြစ်လုပ်ကိုင်ခဲ့သည်။
၁၉၉၉ မှ ၂၀၀၀ အထိ ရွှေပြည်တန်ဂျာနယ်တွင် အယ်ဒီတာချုပ်အ ဖြစ်တာဝန်ယူခဲ့သည်။
၁၉၉၉ မှ ယခုအထိ ရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ်၌ ပညာရေး အဖွဲ့ဝင် ပြင်ပစာစစ်မှူးနှင့် ဇာတ်သဘင်ပညာဌာန၊ အကြံပေးပညာရှင်အ ဖြစ် ဆောင်ရွက်လျက်ရှိပါသည်။
စတုတ္တအကြိမ်မှ မျက်နှာဖုံးပန်းချီကို ပြန်လည်အသုံးပြုခွင့်ပေးသည့်ပန်းချီဝန်သုန်၏ မိသားစုကို ကျေးဇူးမှတ်တမ်းတင်ရှိအပ်ပါသည်။
ဒေါ်မြင့်မြင့်အေး (မေ)
`လင်္ကာဒီပချစ်သူ’နှင့် ပတ်သက်၍ ဝေဖန်ဆွေးနွေးချက်များ စွာ တို့ကိုကျွန်တော် ပြန်လည်ရရှိခဲ့ပါသည်။ လေးစားအပ်သော စာဖတ်သူ၏ အနေအထားကို ထပ်မံ၍ အလေးအနက် နှလုံးသွင်းမိပါသည်။
စာဖတ်သူအချို့နှင့် စာပေမိတ်ဆွေများ တို့ထံမှ တူညီသော မေးခွန်းတစ်ခုကိုလည်း ရင်ဆိုင်ရပါသည်။
`ရာဇဝင်နောက်ခံ ဝတ္တုတွေ ချည်း ရေး မလို့ ဆုံးဖြတ်ထားသလား’ တစ်ခါတစ်ရံ မဖြေမိပါ။ တစ်ခါတစ်ရံ “ဟုတ်ကဲ့”ဟု ဖြေမိသွားသည်။ တစ်ခါတစ်ရံ “ဆုံးဖြတ်မထားပါ”ဟု ဖြေမိသွားသည်။ ဘာကြောင့် ဒီလိုအမျိုးမျိုးတွေ အဖြေပေးနေရသလဲဟု ကိုယ့်ကိုယ်ကိုယ် မေးကြည့်သော အခါ မေးသူများ ကိုလိုက်၍ ထိုနောက် ကျွန်တော် ၏ စိတ်အားထက်သန်မှု အတက်အကျအပြောင်းအလဲကိုလိုက်၍ ထိုသို့ အဖြေသုံးခု ဖြစ်နေကြောင်း တွေ့ ရပါသည်။
သို့ သော် ယခု `သုဝဏ္ဏဘုမ္မိ’ကို ရေး နေဆဲနှင့် ရေး ပြီးသော အခါတွင် ကား မည် သူ့ကိုမဆို တစ်ခုတည်းသော အဖြေကိုသာ ပေးနိုင်ပြီ ဖြစ်ကြောင်းမိမိကိုယ်ကိုမိမိ တွေ့ ရှိသွားသည်။
`ရာဇဝင်နောက်ခံ၊ ခေတ်ပေါ်နောက်ခံ၊ မည် သည့်နောက်ခံကို ဟူသော ကန့်သတ် ချတ်မထား၊ စာရေး သူတို့ သဘောအရ သူရေး လိုသော အကြောင်းအရာတစ်ခုကို လိုက်၍ အဆင်ပြေလိုက်လျောညီထွေမည့်  ပုံစံဖြင့်ရေး မည် ။ လိုင်းဟူသည်မှာ ဝတ္ထုပုံစံမဟုတ်၊ စာရေး သူ၏ အတွေးအခေါ်နှင့်သူဘာကိုပြောချင်သနည်းဟူသည့် အချက်က ပိုအရေး ကြီးပါသည်။ ထို့ကြောင့်ကျွန်တော့်အတွက် ရာဇဝင်နောက်ခံလား၊ ခေတ်ပေါ်နောက်ခံလားဟူသော ပြဿနာမရှိ’
`သုဝဏ္ဏဘုမ္မိ’အတွက် ကျွန်တော် ရာဇဝင်စာအုပ်များ ကို ဖတ်ရှုခဲ့ပါသည်။ (ဒေါက်တာထင်အောင်၊ ဗိုလ်မှူးဘရင်၊ ဒေါက်တာသန်းထွန်း၊ ဦးဘသန်း၊ တွင်းသင်းမင်းကြီးဦးထွန်းညို၊ အခြေပြမြန်မာ့နိုင်ငံရေး သမိုင်း၊ ရှေးဟောင်းသုတေသနဌာနမှ ထုတ်ဝေသည့် စာအုပ်အချို့အပြင် ဦးစိန်လွင်လေး၏ မြန်မာ့စစ်မှတ်တမ်းများ နှင့် သေနင်္ဂဗျူဟာများ ၊ လှသမိန်၏ ပုဂံခေတ်မြင်ကွင်းကျယ်၊ မောင်အံ့၏ ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး၊ မောင်သော်၏ အတွေးအမြင်များ ၊ မြင်းကပါ မနူဟာကျောင်းမှ အကျိုးတော် ဆောင် ဆရာတော် ဦးမနောပီယ ပေးလိုက် သည့် (မနူဟာ မြတ်စွာ ဘုရားကြီးအား ထီးတော် အသစ်ဆက်ကပ်ပူဇော်ပွဲ အလှူခံစာရွတ်) အထိ။
ထိုစာအုပ်များ ကို ဖတ်ရာ၌ ကျွန်တော် သည် ဘွဲ့ယူစာတမ်းတစ်ခုပြုစုနေသည် မဟုတ်သည့်အတွက် အချက်အလက် သက္ကရာဇ်စသည်တို့ကိုလွန်လွန်ကဲကဲ ရှာဖွေကိုးကားခြင်း မပြုပါ။ ထိုစာအုပ် (ကျမ်း)များ ၏ စာမျက်နှာများ ပေါ်မှ ရရှိလာသည့် ပုဂံအငွေ့အသက်၊ သုဝဏ္ဏဘုမ္မိ အငွေ့အသက်တို့ကိုသာ လိုက်လံခံစားယူပါသည်။ ဝတ္ထုထဲ၌ ဇာတ်ကောင်များ ဖြစ်လာကြမည့်  သူတို့၏ လူ့စရိုက် ပြီးတော့ လူတန်းစားစရိုက်တို့ကို ဖမ်းမိနိုင်အောင်ကြိုးစားအားထုတ်ပါသည်။ ရာဇဝင်စာအုပ်မှပြသော အချက်အလက်များ ကိုမူကား ဆိုးဆိုးရွားရွားကြီး မှားယွင်းချွတ်ချော် မသွားစေရုံလောက်သာ လိုက်နာပါသည်။ ရာဇဝင် (သမိုင်း) အမှန်အ ဖြစ် (Historical Truth) ကို ကျွန်တော် သိပ်မယုံပါ။ ရာဇဝင်ထဲမှ ဘာတွေ ရနိုင်သလဲ ဆိုခြင်းကိုသာ စိတ်ဝင်စားပါသည်။ ဝတ္ထုရေး သမား တစ်ယောက် အဖို့ ရာဇာဝင်အပေါ်၌ ဤရွေ့ဤမျှလောက် သဘောထားလျှင် မဆိုးလှဟု ထင်ပါသည်။
ရာဇဝင်ပညာရှုထောင့် နည်းစနစ်အမှန် သီဝရီ (Theory of Coherence)၊ အချက်အလက်မှန် သီဝရီ (Theory of Correspondence) တို့အရကြည့်လျှင် သုဝဏ္ဏဘုမ္မိသည် အားနည်းကောင်း နည်းပေမည် ။ အမှားတွေ နှင့်ပြည့်ကောင်းပြည့်နေမည် ။
ပုဂံမြို့မှ ရှေးဟောင်းသုတေသနအရာရှိ ဦးဗိုကေ၊ မြင်းကပါ မနူဟာကျောင်းမှ ဆရာတော် ဦးမနော်ပီယ၊ ပုဂံခရီးစဉ်ကို တာဝန်ယူခဲ့သော ဦးထွန်းဝင်း၊ စာအုပ်စာတမ်းများ ငှားရမ်းသည့် ယဉ်ကျေးမှု ဌာနကဇာတ်ဌာနခွဲစာကြည့်တိုက်မှူး ဦးတင်ဝင်းနှင့် ဤသုဝဏ္ဏဘုမ္မိအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကူညီခဲ့ကြသည့် စာပေ၊ ပန်းချီလောကမှ မိတ်တွေ များ ၊ သူငယ်ချင်းများ ၏ ကျေးဇူးတရားကို ဤနေရာတွင် မှတ်တမ်းပြုအပ်ပါသည်။
လေးစားစွာ ဖြင့်
ချစ်ဦးညို
(၁)
သုဝဏ္ဏဘုမ္မိဘုရင် မနူဟာ ကြားသိစေလိုက်သည်မှာ . . .
သင်ကား ငါ၏ ဘုန်းတန်ခိုးးကို မခံ့ညားသူ ဖြစ်သည်။ သင်ကား မိစ္ဆာဒိဋ္ဌိ ဖြစ်သော တမ္ပဒီပဘုရင်အနော်ရထာကို အထင်ကြီးယုံစားနေသူ ဖြစ်သည်။ သင်၏ ရာမညတိုင်း အလုံးကို မှု န့်မှု န့်ညက်စေ၍ သင်၏ ထေရဝါဒဂိုဏ်းကို အစိတ်စိတ်ခွဲခြေ၍ သုဝဏ္ဏဘုမ္မိဥသျှောင်မကိုဋ်နှင့်တကွ သင်၏ ဦးခေါင်းကို မြေသို့ ကျစေအံ့။
နေအဆင်းကဲ့သို့ ဝင်းထိန်သော
သံကိုယ်ကျပ်ဆင်မြန်းသူ
လိဂေါရဘုရင်မင်းမြတ်
သူရီယဝမ္မ
သံတော် ဆင့်၏ ဖတ်သံအဆုံးတွင် နန်းဆောင်တစ်ခုလုံး ပကတိငြိမ်သက်သွားသည်။ လှုပ်ရှားမှု နှင့်တကွသော အသံများ အားလုံး ဆိတ်သုဉ်းနေသည်။
သံတော် ဆင့်သည် ထို`ထိုရာဇသံသဝဏ်’ကို ကျွန်ုပ်လက်တွင်းသို့ လှမ်းပေးလိုက် ပြီး နောက်ဆုတ်၍ လက်အုပ်ချီနေသည်။
`ရာဇသံသဝဏ်’ကို ကျွန်ုပ်ဘယ်လက်ကွင်း၌ စုခြေ၍ ဆုပ်ကိုင်ထားလိုက်သည်။
ညာဘက်ကိုမူကား ရွှေရေး ချ စိန်စီသန်လျက်အရိုးပေါ်တွင် တင်လိုက်သည်။
နန်းရင်ပြင်ကို ကျွန်ုပ်ဖြန့်ကြည့်လိုက်သည်။
ထုံးစံအတိုင်း အမှူးအမတ်၊ ဝန်တို့၏ ပြားပြားဝပ်သော ကျောပြင်များ ကို တွေ့ လိုက်ရသည်။ နန်းရင်ပြင် အလယ်ဗဟို အကျွန်ုပ်၏ ပလ္လင်ရှေ့တည့်တည့်တွင် ကား. . .
နီရဲသော သံကိုယ်ကျပ်များ ဝတ်ဆင်ထားသည့် `လိဂေါရသံအဖွဲ့’၊ လိဂေါရအဖွဲ့၏ ခေါင်းဆောင် ဖြစ်ဟန်တူသူသည် နန်းရင်ပြင်တွင် ဒူးမထောက်ထဲ ကျွန်ုပ်ကို မတ်တပ်ရပ်၍ စေ့စေ့ကြည့်နေလေသည်။ စက်ဆုပ်ရွံရှာဖွယ်အကြည့်။
ဒင်းထံမှ အကြည့်ကို ဖယ်ခွာလျက် လက်တွင်းမှ ရာဇသံသဝဏ်ကိုကျွန်ုပ်ဖတ်ကြည့်လိုက်သည်။ ကြေနေသော သဝဏ်လိပ်အတွင်းမှ စာလုံးများ သည် ကျွန်ုပ်ကို မလေးမစား စီခင်းပြသနေသည်။
`သင်ကား မဇ္စျိမဒေသမှ လွဲမှားသော ထေရဝါဒအယူကို ကိုးကွယ်သူ ဖြစ်သည်’
အပေါ်ဆုံးမှ စာကြောင်းသည်ပင်လျှင် ကျွန်ုပ်မနူဟာ၏ သိမ့်မွေ့နူးညံ့မှု ကို ဖျက်ဆီးလိုက်ပေပြီ။
“လွဲမှားသော ထေရဝါဒအယူတဲ့…ဟား…ဟား…ဟား…”
ကျွန်ုပ်၏ ရယ်သံ၊ ထို့ပြင် ရာဇသံဝဏ်လိပ်ကို ဆုပ်လုံး၍ ပစ်ပေါက်လိုက်သည့် ကျွန်ုပ်၏ လှုပ်ရှားမှု ကြောင့် နန်းရင်ပြင်မှ ခစားနေကြသူ အားလုံးလှုပ်လှုပ်ရွရွ ဖြစ်သွားသည်။
“ယုတ်ညံ့သိမ်ဖျင်းတဲ့ဒီရာဇသံကိုယူဆောင်လာတဲ့အဖွဲ့အကြီးအကဲကဘယ်သူလဲ”
လိဂေါရသံအဖွဲ့၏ ရှေ့ဆုံးကလူသည် ရှေ့သို့ တိုးလာသည်။
“ဒီအသံဖွဲ့ အကြီးအကဲဟာ ကျွန်ုပ်ပဲ”
“အဲဒီ ကျွန်ုပ်ဆိုသူဟာ ဘယ်လောက်အရေး ပါတဲ့သူလဲ”
“ကျွန်ုပ်ဟာ ဘုန်းကြီးတဲ့ လိဂေါရဘုရင် သူရိယဝမ္မရဲ့ ညီတော် ဥဒယဒိဿယဝမ္မပဲ၊ လိဂေါရ လက်နက်နိုင်ငံတော် ကြီးရဲ့ ဥပရာဇာလဲ ဖြစ်တယ်”
ဥဒယဒိဿယဝမ္မသည် စကားပြောရင်း ကျွန်ုပ်၏ ပလ္လင်အနီးသို့ တိုးရွှေ့လာသည်။
“သင်ဟာ လိဂေါရဘုရင်ရဲ့ ညီ၊ လိဂေါရနိုင်ငံရဲ့ ဥပရာဇာဆိုရင် မင်းဧကရာဇ်တို့ ရှေ့မှော က်မှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာ သိမှာ ပေါ့။ ဒီမှာ ဥဒယဒိဿယဝမ္မ သင်ရှေ့ကို တိုးမလာနဲ့၊ ပလ္လင်နားကို တိုးမလာနဲ့။ နောက်ဆုတ်ပြီး သံအမတ်တွေ အတွက် ထားတဲ့နေရာမှာ ဒူးထောက်ခစားလိုက်စမ်း”
လိဂေါရဥပရာဇာသည် အံတစ်ချက်ကြိတ်လိုက်ပြီး နောက်သို့ နောက်ဆုတ်သွားလေသည်။ ကျွန်ုပ်အား စိန်းစိန်းကြည့်ရင်း ဒူးထောက်နေရာယူလိုက်သည်။
“ကောင်းပြီ သင်ဟာ လိဂေါရအဖွဲ့အကြီးအကဲ တစ်ယောက် အ ဖြစ်နန်းတော် ထဲမှာ မှန်ကန်တဲ့ သတ်မှတ်နေရာမှာ ခစားမိနေပြီ။ ကျုပ်စကားဆက်ပြောလို့ ဖြစ်ပြီ”
ညာလက်ကို ကျွန်ုပ်မြှောက်လိုက်သည်။ စောစောကတည်းက သန်လျက်ရိုးကို ဆုပ်ကိုင်ထားသည် ဖြစ်သော ကြောင့် ကျွန်ုပ်လက်တွင် သန်လျက်ပါလာခဲ့ပေသည်။
`လိဂေါရသံအကြီးအကဲ ဥဒယဒိဿယဝမ္မ၊ သင်ရဲ့ ဘုရင်သူရိယဝမ္မကို အကြောင်းပြန်လိုက်၊ သင်ယူဆောင်လာတဲ့ သူ့ရဲ့ ရာဇသံသဝဏ်ဟာယုတ်ညံ့တဲ့ စွပ်စွဲပုတ်ခတ်ချက်တွေ သာ ဖြစ်တယ်။ ဒီသဝဏ်ထဲပါတဲ့ အချက်တွေ အားလုံးကို ကျွန်ုပ်မနူဟာဘုရင်က ငြင်းပယ်ဖျက်ဆီးလိုက်တယ်။ ပထမကျွန်ုပ်ကိုးကွယ်တဲ့ ထေရဝါဒဟာ အလွန်မွန်မြတ်တဲ့ အယူ ဖြစ်တယ်။ ဒုတိယသင်တို့ရဲ့ ဂိုဏ်းကို လိဂေါရဘုရင်ရဲ့ ဘုန်းတန်ခိုးကို ကျွန်ုပ်ဘာမှ ခံ့ညားစရာမလိုဘူး။ တတိယ ကျွန်ုပ်မနူဟာဘုရင်က မြောက်ဘက်ဒေသ တမ္ပဒီပကအရိုင်းအစိုင်း ဘုရင်နော်ရထာကို ဘယ်တုန်းကမှ အထင်ကြီးသူမဟုတ်ဘူး..စတုတ္ထအချက်က”
ကျွန်ုပ်သည် လက်တွင်းမှ သန်လျက်သွားဖြင့် လိဂေါရသံအဖွဲ့ရှိရာသို့ ဦးတည်ညွှန်းပြရင်း “ပြောလိုက် လိဂေါရဘုရင် သူရိယဝမ္မကို ပြောလိုက် မွန်မြတ်တဲ့ ထေရဝါဒကို ထိန်းသိမ်းစောင့်ရှောက်သူ သုဝဏ္ဏဘုမ္မိဘုရင်ရှိရာသို့ မိစ္ဆာဒိဋ္ဌိလိဂေါရတွေ လာဝံ့ရင်လာခဲ့ကြ။ ရာမညမြေပေါ်ကို နှမ်းတစ်စေ့လောက် ခြေတင်ရဲရင် လာခဲ့ကြ။ ထေရဝါဒသာသနာ့တံခွန်ကို လွှင့်ရင်းသင်တို့ရဲ့ စစ်ဦးဘီလူးကို စောင့်နေမယ်။ ဒါဟာ ကျွန်ုပ်မနူဟာရဲ့ တုံ့ပြန်ချက်ပဲ။ ဒါဟာ သုဝဏ္ဏဘုမ္မိရဲ့ တုံ့ပြန်ချက်ပဲ”
စောစောက ငြိမ်သက်နေသော နန်းရင်ပြင်တစ်ခုလုံး အသံများ တဝေါဝေါ ဆူညံသွားသည်။
လိဂေါရဥပဇာရာဆိုသူကား မီးထွက်မတတ် မျက်လုံးများ ဖြင့် ကျွန်ုပ်ကိုစိုက်ကြည့်နေလေသည်။ နန်းရင်ပြင်လက်ယာဘက်ရှိ ရွှေပိန်းချထိုင်ခုံရှေ့မှအသံတစ်သံ ထွက်လာသည်။
“အခွင့်ပြုတော် မူပါ ဘုရင်မင်းမြတ်”
“ဘာပြောချင်သလဲ”
“နောက်သုံးရက်ကြာမှ အကြောင်းပြန်လို့လဲ ဖြစ်ပါတယ် ဘုရင်မင်းမြတ်၊ လိဂေါဂအဖွဲ့ဟာ သုဝဏ္ဏဘုမ္မိမှာ သုံးရက်နေကြဦးမှာ ပါ၊ အခု ချက်ချင်း ”
အားလုံးသည် နန်းရင်းဝန်ကြီးကို ဝိုင်းကြည့်ကြမည် ထင်သည်။ နန်းရင်းဝန်ကြီး၏ လက်အုပ်ချီထားသော လက်ဖမိုးတို့မှ ပြိုင်းပြိုင်းထသော အကြောများ ကို ကျွန်ုပ်ပလ္လင်ပေါ်မှ လှမ်းမြင်နေရသည်။
သူ၏ အိုမင်းကြီးရင့်ခြင်းကို ခါတိုင်းက လေးစားနှစသက် သော်လည်းယခုမူကား အရုပ်ဆိုးနေသည်ဟု ကျွန်ုပ်ထင်မိပေသည်။ ဇရာကြောင့် တုန်ယင်နေသော သူ၏ အသံကိုလည်း လိဂေါရသံအဖွဲ့က တစ်မျိုးတစ်မည် ထင်သွားမည် ကို ကျွန်ုပ်စိုးရိမ်မိသည်။
ထို့ကြောင့် နန်းရင်းဝန်ကြီးကို လက်ကာပြရင်း ပြန်ထိုင်စေလိုက်သည်။
“သက်သော င့်သက်သာနေပါ နန်းရင်းဝန်ကြီး”
“နန်းရင်းဝန်ကြီးပြောတာ ဟုတ်ပါတယ် ဘုရင်မင်းမြတ်၊ ဘုရင်မင်းမြတ်နဲ့တကွ နန်းတွင်းမှူးကြီး၊ ဝန်ကြီးအစုံအညီ ဆွေးနွေးတိုင်ပင်ဖို့ အချိန်ရပါသေးတယ်”
လက်ဝဲဘက်ဆီမှ အသံတစ်သံ ထွက်လာပြန်သည်။
ဗိုလ်ချုပ် နေမျိုးသူရသီဟခေါင်။
“မှန်ပါတယ်၊ ယနေ့ည တောင်စမုခ်က မိလာသနခန်းမှာ အထူးညီလာခံ ခေါ်ယူဆင့်ပါတယ် ဘုရင်မင်းမြတ်”
လက်ဝဲဘက် နောက်နားဆီမှ အသံတစ်သံ ထွက်လာပြန်သည်။ မိလာသနခန်းမကား သဖန်းသားပလ္လင်ထားရှိရာ တိုင်ပင်ရာခန်းမ ဖြစ်သည်။ ဤအသံရှင်ကား လွှတ်ဝန်ချုပ်မဟာသီရ။
“ဗိုလ်ချုပ်မင်းနဲ့ လွှတ်ဝန်ချုပ်တို့ကို ထောက်ခံပါတယ် ဘုရင်မင်းမြတ်”
လက်ယာဘက် ရှေ့နားမှသူကား နားခံတော် မှူးကြီး သတိုးဓမ္မ။
“အားလုံ တိတ်ကြစမ်း”
သူတို့အားလုံး ကျွန်ုပ်ကို အံ့သြခြင်းကြီးစွာ ဖြင့် ငေးကြည့်နေရင်း နေရာတွင် ပြန်ထိုင်လိုက်ကြသည်။ ကျွန်ုပ်သည် သန်လျက်ကို အပေါ်သို့ မြှောက်လိုက်လေသည်။
“အဆုံးသော စကားကို ကျွန်ုပ်မနူဟာမင်း ပြန်ကြားလိုက်တယ်၊ လိဂေါရဥပရာဇာ. .သင်ရဲ့ ဘုရင်ကို တိတိကျကျ ပြန်ပြောလိုက် သုဝဏ္ဏဘုမ္မိဘုရင်ကသင်တို့ရဲ့ စစ်ကို စစ်နဲ့ကြိုဆိုလိုက်တယ်. .ဒါပဲ. .သင်တို့သံအဖွဲ့ သွားနိုင်ပြီ”
ဥဒယဒိဿယဝမ္မသည် ကျွန်ုပ်ကို ဦးညွတ်ခြင်းပင် မပြုဘဲ သံအဖွဲ့နှင့်အတူ နန်းဆောင်ထဲမှ ထွက်သွားလေသည်။ အနီရင့်ရောင် ဖြစ်သော သူတို့၏ တံခွန်များ သည် လှုပ်ခတ်လွင့်ဝဲမနေဘဲ တံခွန်အရိုးတွင် တွဲ ခိုလျက် အိကျနေကြသည်။ သို့ သော် သူတို့၏ ခြေသံကား ပြင်းထန်နေပေသည်။
နန်းဆောင်မုခ်မှ သူတို့ထွက်ခွာပျောက်ကွယ်သွားပြီးနောက်တွင် နန်းရင်ပြင်ရှိ အမှူးမတ်၊ ဝန်အားလုံး၏ အကြည့်များ သည် ကျွန်ုပ်ရှိရာသို့ တစုတဝေးတည်း ကျရောက်လာကြသည်။ အံ့သြမှု များ သည် သူတို့၏ မျက်နှာတွင် အတိုင်း ပေါ်လွင်နေကြသည်။
သူတို့၏ မနူဟာဘုရင်ထံ၌ ထာဝရသိမ့်မွေ့နူးညံ့မှု ကို သူတို့တွေ့ ခဲ့ကြရသည်။ မွန်မြတ်သော ထေရဝါဒ သာသနာပြုမင်းတစ်ပါးအ ဖြစ် သူတို့ ကျွန်ုပ်ကို နားလည်ခဲ့ကြသည်။ ကျွန်ုပ်၏ နှုတ်မှ သူတို့ အမြဲကြားရသော စကားတို့မှာ တရားဓမ္မစကားလုံးများ သာ ဖြစ်သည်။ ယခုမူကား. . .
“နန်းရင်ဝန်ကြီးနှင့်တကွ မှူးမတ်၊ ဝန်တို့ ရိုင်းစိုင်းယုတ်ညံ့တဲ့သူတွေ ရဲ့ စော်ကားမော်ကားနိုင်မှု ကို ဒီလိုပဲ တုံ့ပြန်ရလိမ့်မယ်။ သင်တို့ရဲ့ သာသနာ့ဒါယကာ မနူဟာဘုရင်ကို ဒီလိုအနေမျိုးနဲ့ တွေ့ လိုက်ရလို့ အံ့အားသင့်နေကြသလား။ ဘာမှ အံ့အားသင့်စရာမလိုဘူး၊ ကျွန်ုပ်ဟာထေရဝါဒအယူတော် မှာ မွေ့လျော်တဲ့ သာသနာဒါယကာတစ်ပါးပေမယ့် သုဝဏ္ဏဘုမ္မိနိုင်ငံတော် ရဲ့ ဘုရင်လည်း ဖြစ်တယ်။ပိုးဖဲကတ္တီပါဟာလိုအပ်လာရင် ကျားလျှာလိုပဲ ကြမ်းတမ်းကြစတမ်းဆိုရင် နဂိုက ကြမ်းတမ်းပြီးသား အရာတွေ ရဲ့ ခက်ထန်မှု ထက်ပိုပြီး ခက်ထန်တတ်တယ်။ အမှန်တော့ ဒါဟာလဲ…”
ပို၍ လေးနက်သော စကားစုတို့ကို ပြောရမည် ဖြစ်သဖြင့် ကျွန်ုပ်အသက်ပြင်းပြင်း ရှိုက်လိုက်၏ ။
“ဒါကလဲ ထေရဝါဒ သာသနာတော် အတွက် ဖြစ်တယ်”
ထေရဝါဒသာသနာတော် အတွက် ကျွန်ုပ်၏ အသည်းနှလုံးကို အသုံးချခဲ့သည်။
ဤစကား အမှန်ပင် ဖြစ်လေသည်။
ရာမညဒေသတစ်ဝန်းရှိ မြစ်ချောင်း၊ အင်းအိုင်တို့သည် သုဝဏ္ဏဘုမ္မိနေပြည်တော် ရှိရာ ကေလာသတောင်တော် အောက်ခြေရှိ ပင်လယ်တွင် တစုတဝေးတည်း ပေါင်းဆုံသကဲ့သို့. . .
အရပ်လေးမျက်နှာမှ ကုန်စည်လှေကြီးငယ်များ သည် သုဝဏ္ဏဘုမ္မိ၏ `အဝေရာ’ ဆိပ်ကမ်းတွင် တစုတဝေးတည်း ပေါင်းဆုံသကဲ့သို့. . .
ဗုဒ္ဓမြတ်စွာ ၏ သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာတို့သည် ကေလာသတောင်တော် ထက်က `သော ဏုတ္ထနန်းတော် တောင်ရှိ’ ပိဋကတ်တိုက်တွင် တစုတဝေးတည်း ပေါင်းဆုံနေကြသည်။
ထို့အတူ. . .
ရာမညနွယ်ဖွားတည်းဟူသော ကျွန်ုပ်၏ မွန်လူမျိုးနွယ်အ ဖြစ်သည်လည်းကောင်း…
မနူဟာတည်းဟူသော ကျွန်ုပ်၏ ဘုရင်အ ဖြစ်သည်လည်းကောင်း…
ထေရဝါဒသာသနာတော် ကို စောင့်ရှောက်သော သာသနာ့ရက္ခိတဝန်ထမ်းအ ဖြစ်၌ စုစည်းပေါင်းဆုံပေသည်။ကျွန်ုပ်၏ အသည်းနှလုံးသည်ဗုဒ္ဓမြတ်စွာ ၏ ခြေဖဝါးတော် အောက် ၌ ရှိသည်။ ကျွန်ုပ်အသည်းနှလုံးသည် ထေရဝါဒသာသနာတော် ၏ ကျေးကျွန် ဖြစ်သည်။
သုဝဏ္ဏဘုမ္မိတွင် ကျွန်ုပ်သည် အရှင်သခင် ဖြစ်သည်။ အားလုံးသည်ကျွန်ုပ်၏ ကျေးကျွန် ဖြစ်သည်။ သို့ သော် ကျေးကျွန်အပေါင်းတို့၏ အရှင်သခင် ဖြစ်သော ကျွန်ုပ်တွင် မြင့်မြတ်သော အရှင်သခင်ရှိပေသည်။
ထိုမြင့်မြတ်သော အရှင်သခင်ကား ထေရဝါဒသာသနာတော် ပင်တည်း။
“ယုတ်ညံ့သော ထေရဝါဒအယူတဲ့”
လိဂေါရဘုရင် သူရိယဝမ္မ၏ ရာဇသံသည် ကျွန်ုပ်၏ အသည်းနှလုံးကိုသာမက ဤအသည်းနှလုံး၏ အရှင်သခင်ကိုပင် ပုတ်ခတ်ထိပါးဝံ့သည်ပါတကား။
ဒင်းတို့၏ “ရာဇသံဝဏ်”မှ စာလုံးများ ကို ကျွန်ုပ်မြင်ယောင်နေသည်။
သင်ကား ငါ၏ ဘုန်းတန်ခိုးကို မခံ့ညားသူ…
ကျွန်ုပ်ပြုံးမိသည်။ ဤအပြုံးသည် ရွှင်လန်းကြည်နူးမှု မှ ပေါက်ဖွားသော အပြုံးမျိုးမဟုတ်ဟုလည်း မိမိကိုယ်မိမိ သတိထားမိနေသည်။
ငါ၏ ဘုန်းတန်ခိုးတဲ့…
ပုရပိုက်များ ထဲမှ မဟာယာနနတ်ဒေဝတာ ရုပ်ထုများ ကို ကျွန်ုပ်မြင်ယောင်မိသည်။ ထို့နောက် ထိုရုပ်ထုများ ကို အကြောင်းပြပြီး ကျင်းပလေ့ရှိကြသည့် ယစ်ပူဇော်ပွဲများ ၊ သတ်ဖြတ်မှု များ ၊ စတေးမှု များ ၊ ရွတ်ဖတ်သရဇ္ဈာယ်မှု များ ။
တကယ်တော့ လိဂေါရဘုရင် သူရိယဝမ္မသည် စစ်ကိုလိုသည့် စစ်ဘုရင်သမား တစ်ယောက် ထက် ဘာမှပို၍ အဓိပ္ပာယ်မရှိဟု ကျွန်ုပ်နားလည်လိုက်သည်။ သူ၏ လက်နက်နိုင်ငံကို တိုးချဲ့ပြီး၊ ထိုနယ်နိမိတ်အားလုံးတွင် `ဧကရာဇ်’ဟူသော မင်းစည်းစိမ်ကို ပျံ့နှံ့တည်ရှိနေစေရန်ကိုသာ အလိုရှိသူ ဖြစ်သည်။ `ယစ်ပူဇော်မှု ’ဟူသော အနည်နာမကို အရုပ်ဆိုးအောင် ပြုလုပ်နေသူသာ ဖြစ်သည်။ မဟာယာနနတ်ဒေဝတာ ရုပ်ထုတို့၏ အစစ်အမှန်တရားပေါ်တွင် အကြောင်းမဲ့သွေးဖြင့် သုတ်လိမ်းနေသူသာ ဖြစ်သည်။ သီဝနတ်မင်းကြီးရုပ်ထုကို အကျည်းတန်အောင် လုပ်နေသူသာ ဖြစ်သည်။ သွေးစွန်းသော လက်တို့ဖြင့် ကျွန်ုပ်၏ ထေရဝါဒနှလုံးသားကို ဆုပ်ကိုင်ရန် ကြိုးစားသည်။
သူရိယဝမ္မ၏ တတိယပုတ်ခတ်စော်ကားမှု ။
ဤစော်ကားမှု တွင် မူ မှန်သော အချက်တစ်ရပ် ရှိနေပေသည်။ သို့သော်ထိုမှန်သော အချက်ကြောင့်ပင်လျှင် ကျွန်ုပ်၏ ဒေါသတို့ ဆူဝေခဲ့ရခြင်း ဖြစ်သည်။
“မိစ္ဆာဒိဋ္ဌိ ဖြစ်သော တမ္ပဒီပဘုရင် အနော်ရထာ”
မြောက်ဘက်ဒေသ တမ္ပဒီပတိုင်းတွင် မြန်မာတို့နေထိုင်ကြသည်။ တမ္ပဒီပဘုရင်ကား အနော်ရထာ။ ထိုဘုရင်သည်လည်း မိစ္ဆာဒိဋ္ဌိပင် ဖြစ်ပေသည်။ တမ္ပဒီပသားတို့ကား မိစ္ဆာဒိဋ္ဌိများ ဖြစ်ကြသည်။ ဂါထာမန္တန်ရွတ်ရုံမျှနှင့် မကောင်းမှု အပြစ်မှန်သမျှတို့ ပျောက်ကင်းသွားနိုင်သည်ဟု သူတို့ယုံကြည်ကြသည်။ နိမ့်ကျစွေ၊ သူ၏ အယူကား တန္တရဝါဒ ဖြစ်သည်။
တမ္ပဒီပဘုရင်ကိုယ်တိုင်လည်း ထီးမွေနန်းမွေကို အစဉ်အလာအရ တရားမျှတစွာ ဆက်ခံခဲ့သူမဟုတ်။ ထိုဘုရင်သည် သူ့အစ်ကိုကို စီးချင်းတိုက်ပွဲ၌ သတ်ဖြတ်ပြီးမှ ဘုရင် ဖြစ်လာသူ. . .။
အစ်ကိုဘုရင်၏ အသက်ကိုသတ်၍ ဘုရင် ဖြစ်ခဲ့သူ အနော်ရထာ။
“အင်း. . .သူ့အစ်ကိုကို သတ်ခဲ့တဲ့ အပြစ်ကိုလည်း ဒီမိစ္ဆာဒိဋ္ဌိ အနော်ရထာက ဂါထာမန္တန်ရွတ်ပြီး အပြစ်ကင်းသွားပြီးလို့ ယုံကြည်နေဦးမှာ ပါပဲ”
တန္တရဝါဒ၊ ဂါထာမန္တန်ကိုးကွယ်သည့်ဝါဒ၊ ရုပ်ထုတွေ ကို ကိုးကွယ်သည့်ဝါဒ ထွန်းကားရာ တမ္ပဒီပမှ မိစ္ဆာဒိဋ္ဌိဘုရင် အနော်ရထာကို ကျွန်ုပ်က အထင်ကြီးယုံစားနေရန် ဘာအကြောင်းမှ မရှိပေ။ သို့ သော် လိဂေါရဘုရင်က ကျွန်ုပ်ကို ထိုကဲ့သို့ပင် စွပ်စွဲပုတ်ခတ်ခဲ့ပြန်သည်။
“မောင်တော် …ဘုရင်မင်းမြတ်”
“ဟင်…သီရိမာ…ပါလား”
ကျွန်ုပ်၏ မိဖုရား ဘယ်အချိန်က ရောက်နေသည်မသိပေ။ သီရိမာသည်ထုံးစံအတိုင်း ယောဂီကမ္ဗလာကို လက် ကတော့ထိုး သိုင်းခြုံထားပေသည်။ သီရိမာကား အမြဲထာဝရ ရင့်ကျက်တည်ငြိမ်သူပေတည်း။ သီရိမာသည်ကျွန်ုပ်၏ လက်မောင်းကို ညင်သာစွာ ဆုပ်ကိုင်လိုက်လေသည်။
“မောင်တော် ဘုရင်မင်းမြတ် ဟောဟိုမှာ …”
သီရိမာ ညွှန်ပြရာသို့ ကျွန်ုပ်ကြည့်လိုက်သည်။ ရေအိုင်လယ်တွင် ကူးခတ်နေသည့် ဟင်္သာငှက်ငယ်များ . . .။
“ဟင်္သာတွေ ပဲ သီရိမာ”
“ဟုတ်ပါတယ်၊ သီရိမာ အဲဒါပဲပြောတာပါ၊ မောင်တော် ဘုရင်မင်းမြတ်သူတို့ သိပ်အေးချမ်းကြတာပဲ။ သူတို့ကူးခတ်လို့ ဖြစ်လာတဲ့ ရေဂယက်လေးတွေ တောင်မှ အေးချမ်းညင်သာလိုက်ကြတာ”
“အင်း…”
“ဟိုမှာ ကြည့်စမ်းပါဦး မောင်တော် ဘုရင်မင်းမြတ်”
ဥဒေါင်းဖိုတစ်ကောင်သည် လှပစွာ ကရင်း ဇီဇဝါပန်းရုံကို လှည့်ပတ်နေသည်။
“ဥဒေါင်းရဲ့ ခြေကြွဟာ သိပ်ညင်သာတာပဲ၊ အဲဒါလဲ အေးချမ်းမှု တစ်ခုပဲမောင်တော် ”
“ဟုတ်တယ်လေ…သီရိမာ”
“ဟောဟိုမှာ …မောင်တော် ၊ ဥယျာဉ်တော် မုခ်ရှေ့ ခိုင်ရွှေဝါရုံထက်ကပန်းပွင့်လေးတွေ ဟာ မြက်ခင်းပေါ်မှာ ကြွေကျနေတယ်။ အစိမ်းပေါ်မှာ အဝါမှု န်လေးတွေ ကြဲလို့ ဘယ်လောက်ငြိမ်သက်တဲ့ လှပမှု လဲ”
“သီရိမာ ဘာပြောချင်သလဲ”
“မောင်တော် ဘုရင်မင်းမြတ်စံပယ်နေတဲ့ ဟောဒီဥယျာဉ်တော် ထဲမှာ ဘယ်ဟာကိုပဲကြည့်ကြည့် ငြိမ်သက်အေးချမ်းလှပနေကြတယ်။ ရေအိုင်တော် ၊ ဟင်္သာ၊ ဥဒေါင်း၊ ခိုင်ရွှေဝါပန်းရုံ အားလုံးပါပဲလေ၊ ဒါပေမဲ့ အဲဒီ အေးချမ်းမှု တွေ ရဲ့ အလယ်က မောင်တော် မှာ တော့…”
သီရိမာသည် ကျွန်ုပ်၏ မျက်လုံးထဲသို့ စိုက်ကြည့်ရင်း ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလျက် နေလေသည်။
“မောင်တော် ဘုရင်မင်းမြတ်ဟာ အဲဒီ အေးချမ်းတဲ့ အလှအပတွေ ကိုမေ့ပျောက်ပြီး တစ်ခုခုကို ဝင်စားနေတယ်။ ပြီးတော့ မောင်တော် ရဲ့ မျက်နှာမှာ ဒေါသနဲ့သော က အရိပ်အရောင် တွေ ယှက်သန်းနေတာကို သီရိမာ တွေ့ နေရတယ်”
မိဖုရားသီရိမာသည် ဥပုသ်ဆောင်ဝင်နေသော ကြောင့် လိဂေါဂရာဇသံအရေး ကို မိဖုရားအား ကျွန်ုပ်မပြောရသေးပေ။ သီရိမာအား ကျွန်ုပ်၏ ဘေးကျောက်ခုံတွင် နေရာပေးလိုက်သည်။
သီရိမာသည် ကျောက်ခုံတစ်ဖက်စွန်းသို့ ဝင်ထိုင်လေသည်။ ဘေးတိုက်တွေ့ နေရသော မိဖုရားသည် အနည်းငယ်ကိုယ်ရေစစ်သွားသည်ဟု ကျွန်ုပ်ထင်သည်။ သီရိမာကား သီလဆောက်တည်မှု ၌ ကျွန်ုပ်ထက်ပို၍ လွန်ကဲသူ ဖြစ်သည်။ ယခုလည်း ဥပုသ်ဆောင်ဝင်နေသည်မှာ ရက်အတန်ကြာခဲ့ပြီ ဖြစ်သည်။ သစ်သီများ ကိုသာ သုံးဆောင်ပြီး တရားအားထုတ်နေသည်မှလည်း လပေါင်း အတော် ကြာခဲ့ပြီ ဖြစ်သည်။
မိဖုရားကြီးကား ပင်ကိုအားဖြင့်ပင် သေးသွယ်ပါးလျားသော ကိုယ်ရှိသည်။ သမားတော် များ ၏ ကုသမှု ကို ခံယူနေရသူလည်း ဖြစ်သည်။ ပထဝီဓာတ်ချို့တဲ့သည်ဟု သမားတော် များ က ပြောဆိုတားမြစ်ကြသော်လည်းသီရိမာသည် ဥပုသ်ဆောင်တော် ကို ရက်ရှည်ဝင်ခဲ့ပေသည်။ သူ၏ လည်တိုင်သည် ပိုးမျှင်လေးလို ဖျော့တော့လှသည်ဟု ကျွန်ုပ်ထင်နေမိသည်။ ထိုလည်တိုင်တွင် သုဝဏ္ဏဘုမ္မိမိဖုရာကြီးအ ဖြစ်ကို ပြသည့် မည် သည့်လည်ဆွဲရတနာမှမရှိ။ မည်းနက်သော ပုတီးတစ်ကုံးသာ ချိတ်ဆွဲထားလေသည်။
“ဥတုသပ္ပာယမျှရဲ့ လား သီရိမာ၊ သီရိမာ မျက်နှာမှာ သွေးရောင် သိပ်မရှိလှဘူး၊ ဟောဒီ…ကျောက်ခုံလိုပဲ ဖြူဖွေးနေတယ်လို့ မောင်တော် ထင်တယ်”
“ဥပုသ်ဆောင်ဝင်တာ ဒီတစ်ခါ ရက်နည်းနည်း ကြာသွားလို့ပါ မောင်တော် ၊ ပြီိးတော့ ကေလာသတောင်ထိပ်က သော ဏုတ္တရခန်းဆောင်မှာ က လေသိပ်တိုက်တယ်မဟုတ်လား၊ အင်း…သီရိမာမျက်နှာ သွေးရောင် သိပ်မရှိတာထားပါတော့၊ စောစောက မောင်တော့် မျက်နှာမှာ တော့ သွေးရောင် တွေ လွှမ်းလို့ပါလားဟင်၊ သုဝဏ္ဏမ္မိဘုရင်မင်းမြတ်ရဲ့ မျက်နှာဟာ အရင်က ဒီလောက်ထိ သွေးရောင် မလွှမ်းခဲ့ပါဘူး”
“သာသနာတော် အတွက်ပါ သီရိမာရယ်”
ကျွန်ုပ်၏ လေသံမှာ သက်ပြင်းချသံပါသွားသည်ဟု ထင်မိသည်။
“သာသနာတော် အတွက် ဟုတ်လား၊ မောင်တော် ဘုရင်မင်းမြတ် သာသနာတော် အတွက်ဆိုရင် ဘာကြောင့် မောင်တော့်မျက်နှာဟာ နီရဲနေရမှာ လဲ၊ သာသနာ့ရက္ခိတဘုရင်တစ်ပါးဟာ ဒီလို သော ကနဲ့ ဒေါသလွှမ်းတဲ့ မျက်နှာမျိုးမရှိရဘူး မောင်တော် ”
သီရိမာကို ကျွန်ုပ်ပြောပြရပေတော့မည် ။
“မနက်၊ ညီလာခံတုန်းက လိဂေါဂသံအဖွဲ့ ရောက်လာတယ် သီရိမာ”
“လိဂေါရ သံအဖွဲ့၊ ဟုတ်လား မောင်တော် ဘုရင်မင်းမြတ်”
“ဟုတ်တယ် သီရိမာ၊ လိဂေါရဘုရင် သူရိယဝမ္မဆီက”
ဖြစ်ခဲ့သမျှအားလုံးကို ကျွန်ုပ်ပြောပြလိုက်သည်။ နန်းရင်းဝန်ကြီး၊ ဗိုလ်ချုပ်မင်း၊ နားခံတော် ကြီးတို့၏ တားဆီးသတိပေးမှု များ ၊ နောက်ဆုံး ကျွန်ုပ်၏ စစ်ကြေညာလိုက်သည်အထိ။
သီရိမာသည် မမှိတ်မသုန် နားစိုက်ထောင်ရင်း ကျွန်ုပ်စကားဆုံးသွားသော အခါ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“သီရိမာ ပင်တိုင်စံဘဝ ပုရပိုက်တွေ လေ့လာခဲ့စဉ်က လိဂေါရတွေ အကြောင်း ဖတ်ခဲ့ဖူးတယ် မောင်တော် ဘုရင်မင်းမြတ်၊ သီရိမာတို့ သုဝဏ္ဏဘုမ္မိကို အရှင်သော ဏနဲ့ အရှင်ဥတ္တရမထေရ်တို့ ရောက်လာချိန် ထေရဝါဒသာသနာတော် ဖြန့်ဖြူးချိန်တုန်းက လိဂေါဂရနိုင်ငံမှာ လည်း ဗုဒ္ဓသာသနာထွန်းကားခဲ့တာပါပဲ၊ အခု သူတို့ဆီမှာ ဗုဒ္ဓသာသနာတော် မှေးမှိန်ခဲ့ပြီနဲ့တူတယ် မောင်တော် ၊ အင်း…သီဝဂိုဏ်ဒဆိုတာဟာ အရင်းအမြစ်အားဖြင့် ရက်စက်တဲ့ယစ်ပူဇော်မှု ကို အဓိကထားတဲ့ဂိုဏ်း မဟုတ်ခဲ့ပါဘူး၊ အခုဟာ ကတော့ သီဝဂိုဏ်းသားလို့ အမည် ခံသူ အချို့ဂိုဏ်းဝင်တွေ ရဲ့ စစ်သွေးဆာတဲ့ ကိစ္စ ဖြစ်မှာ ပါပဲ”
ညီလာခံခန်းမတွင် လိဂေါရရာဇသံကို ကြားရစဉ်က ကျွန်ုပ်မှာ ဆောက်တည်ရာမဲ့လောက်အောင် ဒေါသထွက်ခဲ့သော်လည်း ယခု ထိုအကြောင်းကိုသိရသော သီရိမာသည် တုန်လှုပ်ခြင်း ကင်းလှပေသည်။ ပကတိငြိမ်သက်လှပေသည်။
“မောင်တော် ဘုရင်မင်းမြတ်…ဘာလုပ်မလဲ”
“လိဂေါရစစ်ဘုရင်ရဲ့ အန္တရာယ်ကနေ မောင်တော် တို့ရဲ့ ရာမညလွတ်ကင်းလုံခြုံအောင် လုပ်ရမှာ ပေါ့ သီရိမာ၊ စစ်လာရင် စစ်နဲ့ပဲ ရင်ဆိုင်ရမှာ ပေါ့”
“မောင်တော် ဘုရင်မင်းမြတ်..တစ်ခုတော့ သတိရှိစေချင်ပါတယ်”
သီရိမာသည် ဖြူလွသော ကျောက်ခုံလက်တန်းရှိ ခြင်္သေ့ရုပ်ကို လက်ဖြင့်ပွတ်သပ်ရင်း လေးနက်သော စကားကို ဆိုပြန်သည်။ မိဖုရားကလည်း ကျွန်ုပ်ကို တားဆီးသတိပေးလိမ့်ဦးမည် လား…။
“သုဝဏ္ဏဘုမ္မိသားတွေ ရဲ့ လက်ဟာ ကြေးစည်၊ စိပ်ပုတီးနဲ့ လှူဖွယ်ပစ္စည်းတွေ ကိုချည်း ကိုင်စွဲလာခဲ့တာ နှစ် အတော် ကြာပြီမောင်တော် ၊ တကယ်လို့သူတို့လက်တွေ ဟာ လက်နက်ကိရိယာ ကိုင်စွဲတယ်ဆိုရင်တောင်မှ ဗုဒ္ဓရုပ်ပွားတော် ရုပ်ထုလုပ်ဖို့ စူးဆောက်တွေ လောက်သာ ကိုင်စွဲခဲ့ကြတယ်။ သူတို့ ဓား, လှံ, လေးမြားမကိုင်ကြတာ အတော် ကြာခဲ့ပြီ မဟုတ်လား”
သီရိမာသည် ကျောက်ခုံမှ ထ,လိုက်လေသည်။
“ဒီတော့ နှစ် အတော် ကြာ ပြတ်နေတဲ့ လက်နက်တွေ ကို ပြန်ပြီးရင်းနှီးကျွမ်းကျင်လာအောင် အချိန်ပေးလေ့ကျင့်ရမယ် မောင်တော် ဘုရင်မင်းမြတ်ဒါမှသာ သူတို့ဟာ သာသနာတော် ကို တောင့်တင်းခိုင်မာစွာ ကာကွယ်နိုင်ကြလိမ့်မယ်”
“အိုး…သီရိမာ မိဖုရားရယ်”
သီရိမာ၏ သဘောတရားကို သိလိုက်ရသော အခါ တစ်နေ့လုံး ကျွန်ုပ်မကျေမချမ်း ဖြစ်နေခဲ့ရသော ခံစားမှု များ သည် ပြေလျော့သွားပေသည်။
“ဒါဆိုရင် လိဂေါရတွေ ကို တုံ့ပြန်လိုက်တဲ့ မောင်တော့် ရာဇသံဟာမှန်တယ်ဆိုတာကို သီရိမာ နားလည်တယ်ပေါ့ ဟုတ်လား”
သီရိမာက ရင့်ကျက်စွာ ပြုံးလိုက်သည်။
“ဒါဟာ မနူဟာဘုရင် လုပ်ရမယ့်အလုပ်ပဲ မောင်တော် ဘုရင်မင်းမြတ်”
“သီရိမာရယ်”
မိဖုရား၏ သွယ်လျဖြူဖွေးသော လက်ကို ကျွန်ုပ်ဖျစ်ညှစ်မိသည်။
“သီရိမာ…အဗြဟ္မစရိယာ သိက္ခာပုဒ်ကို စောင့်ထိန်းထားတယ်မောင်တော် ”
“အို…ဟုတ်ပေသားပဲကွယ်”
ကေလာသနန်းဆောင်၏ ဤမှန်ပြင်တင်းမှနေ၍ ကြည့်လိုက်လျှင် ကျယ်ပြန့်သော သုဝဏ္ဏဘုမ္မိမိုးကောင်းကင်ကို မျက်စိတစ်ဆုံး မြင်ရပေသည်။ ကောင်းကင်နှင့် ပင်လယ်ထိစပ်ရာ မိုးကုတ်စက်ဝိုင်း၏ အရေး အကြောင်းကိုမူပီသစွာ မတွေ့ ရ။
ပိတုန်းရုပ်ခံ၍ ကရေဝေးသားဖြင့် ထုလုပ်ထားသော အမရာသနပလ္လင်ပေါ်မှ ကျွန်ုပ်ဆင်းသက်ခဲ့သည်။ ကေလာသနန်းတော် တွင် ဤဘမရာသနပလ္လင်ရှိရာ မှန်နန်းသည် သုဝဏ္ဏဘုမ္မိဘုရင်တို့ စက်တော် ရာအဆောင်အ ဖြစ်အစဉ်အဆက် အသုံးပြုလာခဲ့သော နန်းဆောင်လည်း ဖြစ်သည်။ သို့ သော်စက်တော် ရာ အဆောင်အတွင်းဘက် ဘမရာသနပလ္လင်ပေါ်၌ ကျွန်ုပ်ဘယ်တော့မှ အချိန်ကုန်နေလေ့မရှိပေ။
အထူးသဖြင့် လရောင် ရွှန်းမြသော ယခုလိုညမျိုးဆိုလျှင် မှန်ပြတင်းဝ၌ ထိုင်ပြီး၊ အောက်ခြေတွင် တွေ့ ရသော `အဝေရာ’ ဆိပ်ကမ်းကို ကျွန်ုပ်ငေးမောနေမိသည်။ မှန်ပြတင်းရှိ ဂဝံကျောက် ကနုတ်လက်ရာများ ပေါ်တွင် လရောင် များ ဖိတ်စဉ်နေသည်။ နို့နှစ် ကဲ့သို့ ဖြူဖွေးသော ကျောက်ပန်းကနုတ်များ ၏ အမြင်အာရုံမှာ လည်း အေးမြလှပေသည်။
`အဝေရာ’ ဆိပ်ကမ်းကို အပေါ်စီးမှ မြင်ရသည်ကား ဆွတ်ပျံ့ဖွယ်မြင်ကွင်း ဖြစ်သည်။ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ကုန်စည်လှေကြီးများ ၏ ရွက်တိုင်များ သည် မှိုင်းညို့သော အသွေးကို ဆောင်နေကြသည်။ တစ်ချက်တစ်ချက်တွင် ညင်သာစွာ ရိုက်ပုတ်လာသော လှိုင်းများ ကြောင့် လှေတို့သည်ခါယမ်းလျက်ရှိကြသည်။ ယိမ်းထိုးနေသော ရွက်တိုင်ထိပ်ဖျားရှိ သုဝဏ္ဏဘုမ္မိတံခွန်အလံများ သည် တဖျပ်ဖျပ် လှုပ်ခါနေကြသည်။
ပြည့်လုဆဲလနှင့် ကြယ်နက္ခတ်များ ကို ပိုင်ဆိုင်သော သုဝဏ္ဏဘုမ္မိကောင်းကင်။ ဩော်. . .ငွေလှိုင်းကြက်ခွပ်များ နှင့် လှုပ်ခါနေသော လှေများ ၊ ရွက်တိုင်အလံများ ကို ပိုင်ဆိုင်ထားသော သုဝဏ္ဏဘုမ္မိပင်လယ်. . .။
ဤကောင်းကင်၊ ဤပင်လယ်တို့၏ လှပတင့်တယ်မှု သည် လိုက်ဖက်ညီလွန်းပေသည်။ ရင့်ကျက်ချမ်းမြေ့ပေသော သုဝဏ္ဏဘုမ္မိ။
“ရန်မရှိကုန်သည် ဖြစ်ကြပါစေသတည်း။ စိုးရိမ်ကြောင့်ကြခြင်းကင်းသည် ဖြစ်ကြပါစေကုန်သတည်း။ မိမိတို့ကိုယ်အား ကောင်းစွာ ဆောက်တည်နိုင်ကြသည် ဖြစ်ကြပါစေသတည်း. . .”
ဗုဒ္ဓမြတ်စွာ ၏ မေတ္တာဘာဝနာသည် ကျွန်ုပ်ရင်တွင်း၌ အလိုလို ဖြစ်တည်လာသည်။ ရင့်ကျင့်ချမ်းမြေ့သော သုဝဏ္ဏဘုမ္မိ၏ `အဝေရာ’ဆိပ်ကမ်းမြင်ကွင်းကြောင့် ကျွန်ုပ်၏ နှလုံးသားသည် ပီတိသော မနဿ အလျဉ်၌ နစ်မြုပ်သွားသည်။
“ဒီလှေတွေ ဟာ ရွှေဆင်စွယ် အမွှေးနံ့သာ ကျောက်သလင်းနဲ့ ပရဆေးကုန်တွေ ကို ရောင်းဝယ်ဖောက်ကားကြတဲ့ လှေတွေ ပဲ၊ အဝေရာ ဆိပ်ကမ်းမှာ သူတို့ဟာ အကြိမ်ပေါင်းများ စွာ နှစ် ပေါင်းများ စွာ ဝင်ကြထွက်ကြနဲ့ ကူးသန်းရောင်းဝယ်ကြတယ်။ သုဝဏ္ဏဘုမ္မိရဲ့ ချမ်းသာကြွယ်ဝမှု ကို သူတို့ ဖန်တီးကြပေတယ်။ ထမင်းလုတ်အတွက် ပူပန်ကြောင့်ကြစရာ မလိုတော့တဲ့ ရာမညတိုင်းသူပြည်သားတွေ ဟာ ထေရဝါဒသာသနာတော် ကို စိတ်ရှိသလောက် ဆည်းကပ်ကိုးကွယ်နိုင်ခဲ့ကြတယ်။ သဒ္ဒါ၊ သီလ၊ ဘာဝနာ ပွားများ နိုင်ခဲ့ကြပေတယ်။ အင်း…ဒါဟာလဲ ဒီလှေတွေ ရဲ့ ကောင်းမှု ပါလား”
ယိမ်းထိုးလှုပ်ခါနေသော ရွက်တိုင်များ ကိုကြည့်ရင်း ကျွန်ုပ်အတွေးစများ ကျယ်ပြန့်သွားလေသည်။
“အင်း…ပဲ့နင်းမှူးတို့ လှေထိုးသားတို့လည်း ကျန်းမာချမ်းသာကြပါစေ၊ ဘေးရန်ကင်းရှင်းကြပါစေ၊ ငါတို့ရဲ့ မေတ္တာစေတနာကို ခံယူနိုင်ကြပါစေ၊ မနူဟာရဲ့ ကုသိုလ်ကောင်းမှု တွေ ကိုလည်း အမျှပေးဝေလိုက်ပါရဲ့ ကွယ်”
လရောင် အောက်မှ အဝေရာဆိပ်ကမ်း၏ တင့်တယ်မှု ကို ခံစား ရင်းကျွန်ုပ်ရင်တွင်းဝယ် ကျွန်ုပ်၏ သုဝဏ္ဏဘုမ္မိကို မြတ်နိုးတွယ်တာမှု များ ပွားစည်းလာသည်။ ဤနေပြည်တော် ၏ အာဏာစက်အဝန်းတွင် ထေရဝါဒသာသနာတော် ကို ပြုစုစောင့်ရှောက်ရသည့် မင်းအ ဖြစ်ကို ရရှိခဲ့ခြင်းအတွက်လည်းကျွန်ုပ်ကိုယ်ကျွန်ုပ် အားရမိပေသည်။
သုဝဏ္ဏဘုမ္မိသည် ထေရဝါဒသာသနာတော် နှင့် ခွဲခွာ၍ မရစကောင်း။
အဝေရာဆိပ်ကမ်းသည် ကုန်စည်လှေများ နှင့် ကင်းကွာမရစကောင်း။
လှေအမှု အလုပ်သမားများ သည် ယခုလိုညအခါတွင် နှစ် ခြိုက်စွာ အိပ်မောကျနေကြရှာပေမည် ။ နေ့ခင်းပိုင်းဆိုလျှင် ဤအဝေရာဆိပ်ကမ်းသည်သူတို့တစ်တွေ ၏ အော်သံ၊ ခေါ်သံများ ဖြင့် ဆူညံလှုပ်ရှားနေခဲ့ပေမည် ။ နေ့ခင်းက အမောတို့ကို ယခုအခါ သူတို့ဖြေဖျောက်ပန်းဖြေ နားနေကြပေပြီ။ သူတို့၏ ဘုရင် ကျွန်ုပ်မနူဟာသည် ကေလာသတောင်ပေါ်ရှိ မှန်နန်းဆောင်ပြတင်းမှာ ထိုင်ပြီး သူတို့အကြောင်းတွေးရင်း သူတို့၏ လှေရွက်တိုင်များ ကိုငေးမောနေသည်ကို သူတို့မသိရှာကြ။
အင်း…သူတို့ သေရည်ဖြင့် နားနေပန်းဖြေခြင်းတော့ မပြုကြတန်ရာ။ ပင်လယ်သွား လှေအမှု ထမ်းများ ဟာ ပင်ပန်းကြတယ်။ သူတို့ အနည်းနဲ့အများ သေရည်နဲ့ ကင်းနိုင်ကြမှာ မဟုတ်ဘူး။ အင်း. . . ဖြစ်နိုင်လျှင် ရာမညတိုင်းသားအားလုံး သုဝဏ္ဏဘုမ္မိတိုင်းသားအားလုံး ငါးပါးသီလကိုတော့ လုံအောင်ထိန်းကြစေချင်သည်။ သူတို့၏ သဒ္ဓါပီတိကို နှိုးဆော်မည့် ဗုဒ္ဓမြတ်စွာ ရုပ်ထုတော် အများ အပြားကိုလည်း ကျွန်ုပ် နေပြည်အနှံ့အပြားမှာ တည်ထားကိုးကွယ်စေခဲ့သည်။
“အင်း. . .အဝေရာဆိပ်ကမ်းမှာ ဆိုက်ကပ်နားနေတဲ့ ညတွေ မှာ တော့သူတို့ သေရည်ကို ရှောင်ကြဉ်နိုင်အောင် တစ်ခုခုလုပ်မှပဲ၊ ပဉ္စသီလကို နှိုးဆော်ပေးတဲ့ အရာတစ်ခုခုကို အဝေရာဆိပ်ကမ်းမှာ ရှိနေရင်ကောင်းမယ်”
“အဝေရာ”သည် လှေကြီးလှေငယ်တို့ဖြင့် နေ့စဉ်နှင့်အမျှ စည်ကားနေသည်။
သုဝဏ္ဏဘုမ္မိ၏ ခံတွင်းဝလည်း ဖြစ်သည်။
အရပ်လေးမျက်နှာမှ ကုန်သည်လယ်လုပ်တို့ စုံညီစုဝေးရာ အရပ်လည်း ဖြစ်သည်။
ကေလာသတောင်၏ မုခ်ဝသဖွယ်လည်း ဖြစ်သည်။
ဤဒေသ၊ ဤဆိပ်ကမ်းဝယ် သုဝဏ္ဏဘုမ္မိ၏ နှလုံးသည်းပွတ်ကို တည်ဆောက်ပြထားမည် ဆိုပါက. . .
“အို…ဟုတ်ပြီ..ဟုတ်ပြီ..ဒါကို ရှေးအစဉ်အဆက်ဘုရင်များ မစဉ်းစားမိခဲ့ကြဘူး။ ဒါဟာ ငါ့လက်ထက် မနူဟာလက်ထက်မှာ ဖြစ်စေရမယ်။ ငါဟာ သာသနာ့ရက္ခိတဘုရင်တစ်ပါး ဖြစ်တယ်ဆိုတာကို ရာမညတိုင်းအားလုံးမှာ အခုသိနေကြတာထက် ပိုပြီးသိကြစေရမယ်”
တစ်ကိုယ်တည်း ခံစားနေရင်း ရရှိလာသော စိတ်ကူးကြောင့် ကျွန်ုပ်ကျေနပ်ဝမ်းမြောက်မိတော့သည်။ ကျောက်ခုံညောင်စောင်းရှိရာသို့ ကျွန်ုပ်လှမ်းခဲ့သည်။
ကျောက်ခုံပေါ်တွင် ဆင်စွယ်ငွေမောင်းတစ်ခု ရှိနေပေသည်။ ငွေရိုးတပ်မောင်းထုတံကို ကျွန်ုပ်ဆွဲယူလိုက်သည်။ ကြည်လင်သော မောင်းသံသည်ဘမရာသနဆောင်၏ ခန်းဆီးများ ကို ဖြတ်သန်း၍ အပြင်ဘက်မှ အဆောင်တော် ဝန်ရှိရာသို့ ရောက်သွားနိုင်ပေမည် ။
မောင်းသံသုံးချက်အဆုံးတွင် အဆောင်တော် ဝန် ရောက်ရှိလာလေသည်။
“ဘုရင်မင်းမြတ် ဘာအလိုရှိပါသလဲ”
“ဘိုးပန်းရည်ကို သွားခေါ်စမ်း အဆောင်တော် ဝန်”
“ခုညပဲ တွေ့ လိုပါသလား…ဘုရင်မင်းမြတ်”
“ဟုတ်တယ်…အဆောင်ဝန်..အရေး ကြီးတိုင်ပင်စရာရှိတယ်။ အခု ချက်ချင်း ခေါ်ခဲ့ပါ။ ကျွန်ုပ်ဒီဘမရာသနအဆောင်မှာ ပဲ စောင့်နေမယ်”
အဆောင်တော် ဝန်သည် ဒူးထောက်ဦးညွတ်ပြီး ကျွန်ုပ်ရှေ့မှ ထွက်ခွာသွားလေသည်။ ဘိုးပန်ရည်၊ သူကား ကျွန်ု၏ ဗိသုကာတော် ဖြစ်သည်။ ဂဝံကျောက်ကို ကိုင်တွယ်ရာ၌ သုဝဏ္ဏဘုမ္မိတွင် နှစ် ယောက် မရှိသူ မဟာကျောက်ဆစ်ပညာရှိကြီးပေးတည်း။
အသက်ကိုးဆယ်ကျော်ပြီ ဖြစ်သော ဘိုးပန်ရည်သည် မင်းအဆက်ဆက်နန်းသုံးတော် ဝင် ဗိသုကာရှင် ဖြစ်သည်။ သူ့ကို ကျွန်ုပ် “နေမျိုး” ဘွဲ့ပေးသော်လည်း ဘိုးပန်းရည်က လက်မခံပေ။ “ဘုရင်မင်းမြတ်ရဲ့ ခိုင်းစေချက်အတိုင်းဗုဒ္ဓမြတ်စွာ ရုပ်ထုတွေ ထုလုပ်ပေးနေရခြင်းကိုက ကျွန်တော် မျိုးကြီးအတွက်ကြီးစွာ သော ကုသိုလ်ကံ ဖြစ်ပါတယ်။ ဘယ်လိုဘွဲ့ကိုမှ မလိုချင်ပါ” တုန်ယင်သော အသံဖြင့် ပြန်ပြောလေ့ရှိပေသည်။
ကေလာသတောင်ထိပ်ရှိ သော ဏုတ္တရခန်းမအတွင်းက `အရှင်သော ဏနှင့် အရှင်ဥတ္တရမထေရ်မြတ်နှစ် ပါး၏ ရုပ်ထုကိုလည်း ဘိုးပန်းရည်ပင် ထုလုပ်ပေးခဲ့သည်။ ဗုဒ္ဓမြတ်စွာ ရုပ်ထုတော် များ ကိုလည်း လျောင်းတော် မူပုံ၊ ဓမ္မစကြာတရားဦးဟောကြားနေပုံ၊ ဒက္ခိဏသာခါ ရုပ်ပွားတော် ပုံ၊ ရပ်တော် မူပုံ၊ ထက်ဝယ်ဖွဲ့ခွေနေတော် မူပုံ စသည်ဖြင့် ကျွန်ုပ်လိုလားတောင့်တမှု ကို ဘိုးပန်းရည်သည် ပြောင်မြောက်ကျွမ်းကျင်စွာ ထုလုပ်ပေးခဲ့ပေသည်။
“ဘုရင့်ဗိသုကာဘွဲ့”ကို လက်ခံရန် ငြင်းပယ်ခဲ့သော ဤအဘိုးကြီး၏ ချည့်နဲ့သေးသွယ်သော လက်ချောင်းများ ကား အံ့မခန်းလက်ချောင်းများ ပင်တည်း။ ဤလက်ချောင်းများ ဖြင့် ထုလုပ်လိုက်သော ရုပ်ပွားတော် မြတ်များ သည်ကျွန်ုပ်၏ ထေရဝါဒနှလုံးသားနှင့်သဒ္ဓါတရားတို့ကို တိကျစွာ ဖော်ထုတ်နိုင်ကြသည်။ သုဝဏ္ဏဘုမ္မိသားတို့၏ ကုသိုလ်ကောင်းမှု စိတ်ကို လှုံ့ဆော်နိုင်ခဲ့ပေသည်။
ယခုအခါ…
ကျွန်ုပ်သည် ထိုမဟာဗိသုကာရှင် အဘိုးကြီးကို သုဝဏ္ဏဘုမ္မိ၏ အကြီးအကျယ်ဆုံးသော ကျောက်ဆစ်လက်ရာတစ်ခု ထုလုပ်ရန် တာဝန်ပေးရပေမည် ။ သုဝဏ္ဏဘုမ္မိ၏ တကယ့်အသည်းနှလုံးကို ဖော်လှစ်မည့်  စွမ်းဆောင်ချက်တစ်ခုကို ကျွန်ုပ်နှင့် ဘိုးပန်းရည်တို့ ဆောင်ရွက်ကြရမည် ။
“ဘိုးပန်ရည် ရောက်လာပါပြီ ဘုရင်မင်းမြတ်”
“ဩော်…ဒီမှန်ပြတင်းပေါက်ရှိရာကို ခေါ်ခဲ့ပါ အဆောင်တော် ဝန်”
“ဘုရင်မင်းမြတ်…ကျွန်တော် မျိုးကြီး ရောက်ရှိပါပြီ”
ဘိုးပန်းရည်ကို ကျွန်ုပ်လေသာပြတင်းဆောင်ရှိရာသို့ တွဲ ခေါ်ခဲ့သည်။ အပေါ်စီးမှ မြင်နေရသော အဝေရာဆိပ်ကမ်းသည် လရောင် ကြောင့်စောစောထက်ပို၍ ရွှန်းမြစိုပြည်နေပေသည်။
“ဘိုးပန်ရည် ဒီအဆောင်တော် ရဲ့ ဒီမှန်ပြတင်းပေါက်ကနေပြီးဟိုးအဝေးအောက်ဘက် အဝေရာဆိပ်ကမ်းမြင်ကွင်းကို ကြည့်လိုက်စမ်း”
“ကြည့်စရာမလိုပါဘူး ဘုရင်မင်းမြတ်”
“ဘာကြောင့်လဲ ဘိုးပန်းရည်”
“ဘုရင်မင်းမြတ် မေ့နေပြီထင်ပါတယ်၊ အနှစ် ခုနစ်ဆယ်ကာလပတ်လုံးကျောက်ဆစ်ထုလာခဲ့တဲ့အတွက် ကျောက်ဆစ်မှု န့်တွေ ဟာ ကျွန်တော် မျိုးကြီးရဲ့ မျက်လုံးထဲမှာ ပြည့်နေ့ပါပြီ။ ညအခါမှာ ဘယ်လောက်ပဲ လသာသာမွဲသီတဲ့မျက်လုံးများ ဟာ အဝေးကို မမြင်နိုင်တော့ပါဘူး ဘုရင်မင်းမြတ်”
“အို…ဟုတ်သားပဲ”
ထိုအခါမှပင် ခိုပြာရောင် သန်းနေသော ဘိုးပန်ရည်၏ မျက်ဆန်များ ကိုကျွန်ုပ်သတိရမိပေတော့သည်။
“ကဲ. .ဒါဖြင့် ကျွန်ုပ်ပြောပြတာကို စိတ်နဲ့ပဲမြင်ကြည့်စမ်းပါ ဘိုပန်းရည်၊ အဆုံးမရှိတဲ့ ပင်လယ်ပြင်ပေါ်မှာ လရောင် တွေ အပြည့် ဖိတ်စဉ်နေတယ်၊ ကောင်းကင်က ကြယ်နက္ခတ်တွေ ဟာ ပင်လယ်က လှိုင်းကြက်ခွပ်တွေ နဲ့ အရေအတွက်ချင်း ပြိုင်နေတယ်။ အဲဒီ နှစ် ခုအကြားမှာ တော့ ကုန်စည်လှေရွက်တိုင်တွေ ၊ တံခွန်တွေ ၊ အလံတွေ ဟာ လှုပ်ခါနေကြတယ်၊ ဒါတွေ အားလုံးရဲ့ ဦးညွတ်ရာဟာ အဝေရာဆိပ်ကမ်း ဖြစ်တယ်။ အဝေရာဆိပ်ကမ်းဟာ သုဝဏ္ဏဘုမ္မိရဲ့ မုခ်ဝ ဖြစ်တယ်။ အဝေရာဆိပ်ကမ်းဟာ ကောလာသတောင်တော် ရဲ့ ခံတွင်းဝလည်း ဖြစ်တယ်။ အဝေရာဟာ ကျွန်ုပ်တို့ သုဝဏ္ဏဘုမ္မိရဲ့ ကြီးကျယ်ခန်းနားမှု ကို ဖော်ပြနေတယ်။ အဲဒီ အဝေရာဆိပ်ကမ်းဟာ ကုန်သင်္ဘောတွေ ၊ ရောင်းဝယ်ဖောက်ကားသူတွေ နဲ့ ဖွေးဖွေးလှုပ် စည်းကားလှပနေပေမယ့်…တစ်ခုခုလိုနေတယ်၊ သိလား ဘိုးပန်းရည်၊ တစ်ခုခုလိုနေတယ်။ ပင်လယ်ထဲကနေပြီးအဝေရာကို ဦးတိုက်လာတဲ့ သင်္ဘောမှန်သမျှ အဝေရာရဲ့ ရှည်လျားတဲ့ကမ်းခြေမှာ သွားလာလှုပ်ရှားတဲ့ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လူမှန်သမျှဟာ သုဝဏ္ဏဘုမ္မိရဲ့ နှလုံးသားကို တင်းခနဲထိတွေ့ ခံစားနေရမယ်…။
“ပင်လယ်ရဲ့ ဟိုး..မိုးကုတ်စက်ဝိုင်းအရပ်မှာ ရှိတဲ့ သင်္ဘောဆီကနေပြီးကျွန်ုပ်တို့ရဲ့ အဝေရာကို ကြည့်လိုက်ရင် ဩော်. . .ဒါဟာ သုဝဏ္ဏဘုမ္မိပါလားလို့ ကြက်သီးမွေးညင်းထသွားအောင် သိစေရမယ်၊ ဒါကြောင့်…”
“အဝေရာဆိပ်ကမ်းမှာ ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ရမှာ ပေါ့ ဘုရင်မင်းမြတ်”
“ဟုတ်တယ်…ဘိုးပန်းရည်၊ အင်မတန်ကြီးမားသပ္ပာယ်တဲ့ ရုပ်ပွားတော် ကြီးတစ်ဆူ ထုလုပ်ရလိမ့်မယ်၊ သုဝဏ္ဏဘုမ္မိမှာ ဘိုးပန်းရည်ထုလုပ်ပြီးခဲ့သမျှ ရုပ်ပွားတော် မြတ်အားလုံးထက် ကြီးမားသပ္ပာယ်တဲ့ ရုပ်ပွားတော် ကြီးတစ်ဆူ”
“ဂဝံကျောက်နဲ့ပဲလား ဘုရင်မင်းမြတ်”
“အကောင်းဆုံး ဂဝံကျောက်နဲ့ ထုလုပ်ရမယ် ဘိုးပန်းရည်၊ နက်ဖြန်နံနက်မိုးသောက်ကစပြီး အလုပ်လုပ်ပေတော့ နက်ဖြန်နံနက် ညီလာခံကိုဘိုးပန်းရည်ဝင်ရမယ်၊ ရုပ်ပွားတော် မြတ် တည်ထားရမယ့်နေရာကို ကျွန်ုပ်ကိုယ်တိုင် ရွေးချယ်မယ်၊ အမြန်ဆုံး ကျွန်ုပ်တို့ အလုပ်လုပ်ကြရလိမ့်မယ်၊ အချိန်မရှိဘူး၊ ဘာကြောင့်လဲဆိုတော့. . .”
ကျွန်ုပ်တို့ တစ်ချိန်လုံးမေ့လျော့နေခဲ့သော အကြောင်းအခြင်းအရာတစ်ရပ်သည် ကျွန်ုပ်၏ နှုတ်ဖျားသို့ အလိုအလျောက် တစ်မဟုတ်ချင်း ရောက်ရှိလာလေသည်။ ကဆုန်စိုင်းလာသော မြင်းဇက်ကို တုံ့ဆွဲလိုက်သကဲ့သို့ကျွန်ုပ်၏ စိတ်ကူးအလျဉ်များ သည် ဤနေရာတွင် တစ်စုံတစ်ခုနှင့် ထိခိုက်သွားသည်။
အို…ဤကိစ္စသည် ကျွန်ုပ်၏ သွေးကြောများ အတွင်း ပုန်းလျှိုးတွယ်ကပ်နေပြီထင်သည်။ ဤအရေး ကြီးသော ပြဿနာကို ကျွန်ုပ်အဘယ်ကြောင့်ဤညချမ်းတွင် မတွေးမိခဲ့ရပါသနည်း။ ယခု “အဝေရာ”တွင် ကြီးစွာ သော ဆင်းတုတော် မြတ်တစ်ဆူ ထုလုပ်ထားမည့် အကြောင်းကို လှိုက်လှဲသည်းထန်စွာ ကြံစည်လိုက်တော့မှပင် ထိုပြဿနာသည် ဘွားခနဲပူးကပ်ထွက်ပေါ်လာသည်တကား။
“ဘာကြောင့် အချိန်မရှိတာလဲ ဘုရင်မင်းမြတ်”
ဘိုးပန်းရည်၏ အသံကား မပြောင်းမလဲ၊ မတုန်မလှုပ်ပင်။
“ဘာကြောင့်လဲဆိုတော့ ယုတ်နိမ့်တဲ့ လိဂေါရစစ်ဘုရင်က ကျွန်ုပ်တို့ကိုစစ်ကြေညာလိုက်ပြီ၊ ဒင်းတို့ နေ့ညမဆို ဝင်လာနိုင်တယ်၊ ဒါကြောင့် အဝေရာဆိပ်ကမ်းက ရုပ်ပွားတော် မြတ်ကို အမြန်ဆုံး ထုလုပ်ကြရလိမ့်မယ်”
ထေရဝါဒသာသနာတော် ကို ပုတ်ခတ်စော်ကားသည့် စကားလုံးများ ကိုကျွန်ုပ်မြင်ယောင်လာပြန်သည်။ သူရိယဝမ္မဟူသော လိဂေါရဘုရင်။
“ကျွန်တော် မျိုးကြီး သွားနိုင်ပြီလား ဘုရင်မင်းမြတ်”
“ဩော်..ဩော်..အင်း..သွားနိုင်ပြီ..သွားနိုင်ပြီ နံနက်ညီလာခံမှာ ဘိုးပန်းရည်ဝင်ခဲ့ဖို့ မမေ့ပါနဲ့”
အဘိုးကြီးသည် တုန်ယင်ချည့်နဲ့သော ခါးကို အနည်းငယ်မျှညွှတ်၍ ကျွန်ုပ်ကို နှုတ်ဆက်ရင်း နန်းဆောင်တွင်းမှ ထွက်ခွာသွားသည်။ နန်းဆောင်မုခ်ဝအရောက်တွင် ကျွန်ုပ်ဘက်သို့ လှည့်လိုက်ပြန်သည်။ တုန်ယင်သော အသံပေါ်လာသည်။
"ဘုရင်မင်းမြတ်၊ ကျွန်တော် မျိုးကြီးဟာ ကျောက်ဆစ်ဗိသုကာ ပန်းတမော့ကလွဲရင် အခြားဘာကိုမှ သိနားလည်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဘုရင်မင်းမြတ် ခွင့်ပြုမယ်ဆိုရင် စကားတစ်ခု ဆိုပါရစေ”
ကျွန်ုပ်က ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီ လိဂေါရတွေ စစ်ပြုလာမယ်ဆိုရင်တော့ အဝေရာမှာ လောလောဆယ် ဗုဒ္ဓရုပ်ပွားတော် မြတ်အစား ခံတပ်တစ်ခု တည်ဆောက်တာက ပိုပြီးလိုအပ်မလားလို့ ကျွန်တော် မျိုးကြီး ထင်ပါတယ် ဘုရင်မင်းမြတ်”
အမရာနန်းဆောင်တွင်းသို့ လရောင် သည် ထိုးဖောက်စီးဆင်းနေပြီ ဖြစ်သည်။ တိတ်ဆိတ်သော လရောင် အလယ်တွင် ကျွန်ုပ်မနူဟာတစ်ဦးတည်းကျန်ရစ်ခဲ့သည်။ ကရဝေးသာဖြင့် ထုထားသော ဘမရာသနပလ္လင်တော် ၏ အခံရုပ်ကား ပိတုန်းရုပ်၊ ပိတုန်းရုပ်ပေါ်သို့ လရောင် ကျရောက်နေသည်။ လက်ရာမြောက်သော ပိတုန်းရုပ်မှ အတောင်ပံများ သည် ယခု ချက်ချင်း ထပျံတော့မည် ကဲ့သို့ ထင်ရသည်။
စူးနစ်ပြင်းထန်သော ပိတုန်းတောင်ပံခတ်သံများ ကြားယောင်မိသလိုရှိဖြင့် ကျွန်ုပ်နားနှစ် ဖက်ကို ယောင်ယမ်း၍ ပိတ်လိုက်မိလေသည်။
မိဖုရားသီရိမာ၊ သားတော် သုဓမ္မရာဇာ။
နန်းရင်းဝန်ကြီး၊ ဗိုလ်ချုပ်မင်း၊ လွှတ်ဝန်ချုပ်၊ နားခံတော် မှူးကြီးနှင့်. . .ကေလာသနန်းတော် စောင့် တပ်ဗိုလ်မှူး။
နန်းရင်ပြင် ထောင့်တစ်နေရာတွင် မူ ဗိသုကာတော် ဘိုးပန်းရည်သည်အေးဆေးတည်ငြိမ်စွာ ဒူးတုပ်ထိုင်နေလေသည်။
ကျွန်ုပ်တို့အားလုံး နံနက်ဝတ်စဉ်ပြုအပြီး ဘုရားကျောင်းဆောင်တော် မှထွက်ခွာခဲ့ကြပြီ ဖြစ်သည်။ ကျွန်ုပ်က ပလ္လင်ထက်၌ ၊ သီရိမာက သလွန်ထက်၌ ၊ သားတော် သုဓမ္မရာဇာနှင့် အခြားအမှူးအမတ်ဝန်တို့ကလည်း သတ်မှတ်သော နေရာများ ၌ အသီးသီးနေရာယူပြီးကြပြီ ဖြစ်သည်။သို့သော် ယနေ့နံနက်ညီလာခံသည် တိတ်ဆိတ်နေသည်။
ညီလာခံဆိုသော်လည်း အခါတိုင်းကဲ့သို့ မှူးမတ်ဗိုလ်ခြေနှင့် ဗိုလ်ပါအစုံအလင် စုဝေးသော ညီလာခံမဟုတ်ပေ။ ယနေ့အဖို့ တရားစီရင်ရေး သဘင်လည်း မရှိသဖြင့် ရှေ့လွှတ်တော် ဆောင်သို့ သွားရန်လည်းမလိုပေ။ ယနေ့နံနက် ညီလာခံကား ကျွန်ုပ်၊ မိဖုရား၊ သားတော် နှင့် အခြားနန်းတွင်းအခေါင်ဝန်မင်းငါးဦး၊ အိုမင်းသော ဗိသုကာတော် အဘိုးကြီးတစ်ဦးသာ ပါဝင်သည့် ညီလာခံ ဖြစ်သည်။
နွေဥတုချုပ်ငြိမ်းစ ရာသီ ဖြစ်သည့်အလျောက် မိုးရနံ့ပါသော လေတို့သည် ကေလာသတောင်ခါးပန်းကို ဖြတ်သန်းတိုက်ခတ်နေသည့် လှိုင်းတံပိုးအနည်းငယ်ရှိသည့် ပင်လယ်ပြင်ကို အဝေးဆီတွင် ကျွန်ုပ်မြင်နေရသည်။
တစ်ချက်တစ်ခုတွင် ပင်လယ်ဘက်မှ ဝေ့ဝိုက်လာသည့် မိုးသက်လေရှိန်ကြောင့် နန်းရင်ပြင်မှ အဝါရောင် ဖဲစ ကန့်လန့်ကာများ သည် တဖျပ်ဖျပ်လှုပ်ယမ်းလျက်ရှိသည်။ မိဖုရားသီရိမာ၏ ယောဂီရောင် ပဝါစသည် လေတွင် လွင့်ဝဲလျက်ရှိသည်။
လေတိုက်သံမှတစ်ပါး ငြိမ်သက်မှု ။
ထိုငြိမ်သက်မှု ကို စတင်အဆုံးသတ်လိုက်သူမှာ ကေလာနန်းတော် စောင့် တပ်မှူး ဖြစ်သည်။
“အဘယာ ဆိပ်ကမ်းစောင့်တပ်မမှူး ဗိုလ်မင်းဗြတ်ဇက တွေ့ ဆုံပါရစေလို့ ခွင့်တောင်းနေပါတယ် ဘုရင်မင်းမြတ်”
“ဘာအတွက်လဲ ဗိုလ်မှူး”
နန်းတော် စောင့် တပ်ဗိုလ်မှူးသည် ကျွန်ုပ်ကို မော့်ကြည့်လိုက်သည်။ သူ့မျက်လုံးများ တွင် အံ့သြမှု အရိပ်အငွေ့များ ရှိနေသည်ဟု ကျွန်ုပ်ထင်မိသည်။
“စစ်သည်ရဲမက်နဲ့ လက်နက်ရိက္ခာတပ်မ ဖြည့်တင်းဖို့အရေး ကိစ္စလို့ပြောပါတယ်”
စက်ဆုပ်ဖွယ်ကောင်းသော စစ်၏ အငွေ့အသက်များ ကို ကျွန်ုပ်ထိတွေ့ ခံစားလိုက်မိသည်။ လိဂေါရတို့၏ စစ်ရေး ကိစ္စ တိုင်ပင်ဆွေးနွေးရန် နန်းရင်းဝန်ကြီးက အကြံပေးသဖြင့် ယခုနံနက် ဤနေရာတွင် ကျွန်ုပ်တို့ စုဝေးနေကြခြင်းလည်း ဖြစ်သည်။ သို့ သော် သုဝဏ္ဏဘုမ္မိ၏ ထိပ်တန်းနန်းတွင်းပုဂ္ဂိုလ်များ သာ ရှိအပ်သည့် ဤစုဝေးပွဲသို့ ကျွန်ုပ်တို့သည် ဗိသုကာတော် ဘိုးပန်းရည်ကို တက်ရောက်စေခဲ့သည်။
နန်းရင်းဝန်၊ လွှတ်ဝန်ချုပ်၊ နားခံတော် မှူးတို့၏ မျက်နှာတစ်ခုစီကိုကျွန်ုပ် တစ်လှည့်စီကြည့်လိုက်သည်။ သူတို့သည် ကျွန်ုပ်ကို တစ်ခုခုပြောချင်သည့် မျက်နှာများ ဖြင့် စူးစိုက်ကြည့်နေကြလေသည်။
“နန်းရင်းဝန်ကြီး ပြောစရာရှိတာပြောပါ”
နန်းရင်ဝန်သည် အကြောပြိုင်းပြိုင်းထသော သူ၏ လက်ချောင်းများ ကိုသိုရင်းလက်အတွင်းမှ ထုတ်လိုက်သည်။
“လိဂေါရဘုရင် သူရိယဝမ္မဟာ စစ်လက်နက်နိုင်ငံတိုးချဲ့မှု ကို အပြင်းအထန် အားထုတ်နေပါတယ်။ အနောက်တောင်ဒေသ ပင်လယ်ရဲ့ ဟိုဘက်က သိန်းယိုဠ်ပြည်ကိုလည်း သူတိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်။ ကျွန်ုပ်တို့သုဝဏ္ဏဘုမ္မိနဲ့ တောင်တန်းချင်းဆက်စပ်နေတဲ့ အယုဒ္ဓယနယ်နိမိတ်ကိုလည်းသိမ်းပိုက်ပြီးပြီလို့သိရပါတယ် ဘုရင်မင်းမြတ်၊ အခုဆိုရင် လိဂေါရဘုရင်ရဲ့ စစ်တပ်မှာ ကျွမ်းစစ်သည်ပေါင်း ထောင်ပေါင်းများ စွာ ကို စုရုံးထားပြီလို့လည်းသိရပါတယ်”
“အင်း…ဒီအတိုင်းသာမှန်ရင်တော့ လိဂေါရဘုရင်ဟာ စစ်လက်နက်ဧကရာဇ်နိုင်ငံတစ်ခု ထူထောင်ဖို့ ကြိုးစားနေတာ အမှန်ပဲပေါ့”
နန်းရင်းဝန်ကြီး၏ စကားအဆုံးတွင် နားခံတော် မှူးက ဝင်ပြောလေသည်။
“ကျွမ်းစစ်သည် ထောင်ပေါင်းများ စွာ ကို စုရုံးထားပြီးရုံတင် ဘယ်ဟုတ်မလဲ နန်းရင်းဝန်ကြီး၊ လိဂေါရဘုရင်နဲ့ သူရဲ့ တပ်မတွေ ဟာ သူတို့ရဲ လိဂေါရနေပြည်တော် ထဲမှာ အခြေတကျ တပ်စွဲနေကြတာ မဟုတ်ဘူး၊ အချိန်နဲ့အမျှတိုင်းတစ်ပါး နယ်နိမိတ်ဒေသတွေ ကို တိုက်ခိုက်သိမ်းပိုက်နေကြတာကလား”
ဤတစ်ကြိမ်တွင် ဝင်ရောက်ပြောဆိုသူမှာ လွှတ်ဝန်ချုပ် ဖြစ်သည်။
မိဖုရားသီရိမာသည် ယောဂီပဝါကို ပြင်ပတ်ရင်း သလွန်ထက်မှထလိုက်သည်။
“ကျွမ်းစစ်သည်တွေ ကို စုရုံးပြီး တိုင်းတစ်ပါးနယ်နိမိတ်ဒေသတွေ ကိုတိုက်ခိုက်သိမ်းပိုက်နေကြတယ်ဆိုတာ အမှန်ပဲလား လွှတ်ဝန်ချုပ်”
“ဟုတ်ပါတယ် ခေါင်ဖုရား၊ ကေလာသတောင်တော် ရဲ့ နယ်ခြားတပ်မတိုင်း၊ ပင်လယ်ကမ်းစောင့် သုဝဏ္ဏဘုမ္မိလှေတိုင်းက ဒီသတင်းကို ပေးကြပါတယ်”
“အင်း…ဒါဟာ ခုမှလတ်တလော ဖြစ်ပျက်လာတဲ့ ကိစ္စမဟုတ်ပေဘူး။ လွန်ခဲ့တဲ့ နှစ် ပေါင်းများ စွာ ကတည်းက အမြစ်တွယ်ခဲ့တဲ့ အကြောင်းတွေ ရှိနေတယ်”
ကျွန်ုပ်၏ မိဖုရားသီရိမာသည် ရာဇဝံသဗေဒ၌ ကျင်လည်လိမ္မာသူ ဖြစ်ပေသည်။ သုဝဏ္ဏဘုမ္မိ၏ ကြီးမားသော ကိစ္စရပ်များ ပေါ်ပေါက်လာတိုင်းသီရိမာသည် အကျိုးဆက်အကြောင်းဆက်တိုက် ရှင်းလင်းပြသနိုင်သူ ဖြစ်သည်။
“မောင်တော် ဘုရင်မင်းမြတ်နဲ့တကွ အားလုံးအမတ်ဝန်များ လဲ သိပြီး ဖြစ်တယ်၊ လွန်ခဲ့တဲ့ နှစ် ရာပေါင်းများ စွာ က သီရိမာတို့ရဲ့ ဟောဒီကေလာသဒေသတစ်ဝိုက်မှာ ဒီလိုအလားတူ ပြဿနာမျိုးပေါ်ခဲ့ဖူးတယ်။ အဲဒီ တုန်းကလည်း ဘုရင်မင်းမြတ်နဲ့ သူ့ရဲ့ မှူးမတ်တွေ ဟာ သီရိမာတို့လိုပဲ ဟောဒီိလိုမိုးသက်လေတွေ တိုက်ခတ်နေတဲ့ နေ့တစ်နေ့မှာ စုရုံးတိုင်ပင်ကောင်း တိုင်ပင်ခဲ့ကြမယ်။ ဒါပေမဲ့ သူတို့တုန်းက နောက်ကျသွားခဲ့တယ်နဲ့ တူပါတယ်”
သီရိမာသည် ကျွန်ုပ်ကိုမကြည့်ဘဲ လေသာခန်းပြတင်းဝမှနေ၍ ပင်လယ်ဘက်သို့ ကြည့်နေသည်။ မိဖုရား၏ အသံမှာ ရှည်လျားသော ရာဇဝင်လင်္ကာကြီးတစ်ပုဒ်ကို ရွတ်ဖတ်နေသကဲ့သို့ အေးစက်နက်နဲနေပေသည်။
“အားလုံးမှတ်မိကြမှာ ပါ၊ ဟရိပုဉ္စယရဲ့ အတိတ်ရာဇဝင်လေ၊ ဝေးလံတဲ့မြောက်ဘက်ဒေသက နန်ကျောင်လူမျိုးတွေ ဟာ အလုံးအရင်နဲ့ တောင်ပိုင်းကို ဆင်းလာခဲ့တယ်။ နူးညံ့သိမ်မွေ့တဲ့ ဟရိပုဉ္စယတိုင်းသားတွေ ဟာ နန်ကျောင်လူမျိုးရဲ့ မြင်းခွာနဲ့ လှံသွားအောက်မှာ အသက်ဆုံးရှုံးခဲ့ရတယ်။ ကေလာသရဲ့ ဆိပ်ကမ်းတစ်လျှောက်မှာ သွေးခြင်းခြင်းနီခဲ့တယ်၊ အဲဒီ တုန်းကအမည် နာမ တစ်မျိုးနဲ့ ရှိခဲ့မယ့် အဝေရာဆိပ်ကမ်းတွေ မှာ အလောင်းတွေ ဖွေးဖွေးလှုပ် နေခဲ့မှာ ပဲ၊ အဲဒီ ဟရိပုဉ္စယရဲ့ နာကြည်းဖွယ်အတိတ်ကို. . .”
သီရိမာသည် ကျွန်ုပ်ဘက်သို့ ပြန်လည့်လိုက်လေသည်။
“သုဝဏ္ဏဘုမ္မိမှာ ထပ်ပြီး ဖြစ်ပေါ်မလာအောင် လုပ်ကြရမှာ ပေါ့”
“ဟရိပုဉ္စယ”။ အတိတ်၏ အနိဋ္ဌာရုံရာဇဝင်သည် ကျွန်ုပ်ရင်ကို ရိုက်ခတ်ခဲ့သည်။ ဟရိပုဉ္စယသည် နန်ကျောက်လူမျိုးတို့၏ ကျူးကျော်တိုက်ခိုက်မှု ကြောင့် မီးရှို့ခံရသော ယာခင်းပမာ ဖြစ်ခဲ့ရကြောင်း ကျွန်ုပ်တို့အားလုံး သိရှိထားကြပေသည်။
သို့ သော် ထိုစဉ်က ဟရိပုဉ္စယကား ဘာသာအယူဝါဒအရလည်းကောင်းဓနဥစ္စာအရလည်းကောင်း၊ စစ်အင်အားအရလည်းကောင်း ခိုင်မာတောင့်တင်းခြင်း မရှိခဲ့သော နိုင်ငံ ဖြစ်သည်။
ထိုစဉ်က ဟရိပ္စုကား ရာမညတိုင်းကို ဦးစီးနိုင်ခဲ့သည့် နေပြည်တော် မဟုတ်၊ ယခု ကျွန်ုပ်၏ သုဝဏ္ဏဘုမ္မိမူကား. . .။
“သီရိမာပြောတာ မှန်ပေတယ်၊ ဒါပေမဲ့ ဒီနေရာမှာ ဟရိပုဉ္စယနဲ့သုဝဏ္ဏဘုမ္မိတို့ဟာ မတူကြဘူးဆိုတာ အားလုံးနားလည်ကြရမယ်လေ”
ကျွန်ုပ်၏ စကားများ ကို အထူးစိတ်ပါဝင်စားကြဟန်ဖြင့် အားလုံး ရှေ့သို့တိုးလာကြသည်။ ဘိုးပန်းရည်ကမူကားသူ၏ မူလနေရာမှာ ပင် ထိုင်နေခဲ့သည်။
“သုဝဏ္ဏဘုမ္မိကြည့်လိုက်စမ်း၊ ဓနဥစ္စာကြွယ်ဝတယ်၊ ရာမညတိုင်းရဲ့ ဦးစီးဦးဆောင်လဲ ဖြစ်တယ်။ အဝေရာဆိပ်ကမ်း၊ အဘယာဆိပ်ကမ်းနဲ့တကွသော ပင်လယ်ဆိပ်ကမ်းတွေ ဟာ အပြောကျယ်တဲ့ ပင်လယ်ပြင်ကို ကုန်းမြင့်ပေါ်ကနေ အုပ်စိုးထားနိုင်တယ်၊ အဲဒါတွေ အားလုံးရဲ့ ပိုပြီးမြင့်မြတ်တဲ့အချက် ကတော့ သုဝဏ္ဏဘုမ္မိမှာ ထေရဝါဒသာသနာတော် ရှိနေတယ်။ ဒီဇမ္ဗူဒီပါမှာ ဘယ်တိုင်းဒေသမှာ မှ သုဝဏ္ဏဘုမ္မိလောက် ထေရဝါဒ သာသနာတော် မထွန်းကားဘူး၊ ဟုတ်တယ်မဟုတ်လား၊ နန်းရင်းဝန်ကြီး”
“ဟုတ်ပါတယ်…ဘုရင်မင်းမြတ်”
နန်းရင်းဝန်ကြီးသည် ခေါင်းကို ခပ်သွက်သွက်ညိတ်လိုက်ရပေသည်။
“တစ်ခုတော့ရှိတယ်…မောင်တော် ဘုရင်မင်းမြတ်”
သီရိမာက ကျွနု်ပ်၏ လက်ကိုဆုပ်ကိုင်ရင်း စိတ်အားထက်သန်သော မျက်လုံးများ ဖြင့် စူးစိုက်ကြည့်နေလေသည်။
“ဇမ္ဗူဒီပါအလုံးမှာ သုဝဏ္ဏဘုမ္မိဟာ ထေရဝါဒသာသနာတော် ရဲ့ အောင်တံခွန် ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ ဒါပေမဲ့ အဲဒီ အချက်ကပဲလိဂေါရဘုရင် သူရိယဝမ္မရဲ့ စစ်ကို ဖိတ်ခေါ်သလို ဖြစ်နေတယ်”
“ဘယ်လို…ထေရဝါဒ သာသနာတော် ရဲ့ ကြီးကျယ်စည်ကားမှု ဟာစစ်ကိုဖိတ်ခေါ်နေတယ် ဟုတ်လား သီရိမာ၊ သာသနာတော် က စစ်ကိုဖိတ်ခေါ်သတဲ့လား”
တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော နားခံတော် မှူးသည် ဒူးထောက်နေရာမှပြင်ထိုင်လိုက်သည်။
“ဒီသဘောကို သက်ရောက်နေပါ ဘုရင်မင်းမြတ်၊ လိဂေါရဘုရင်ဟာ သီဝဂိုဏ်းသားဆိုတဲ့ အမည် ကို ခံယူထားပါတယ်၊ အကြောင်းတစ်ခုခုကြောင့် သီဝဂိုဏ်ဒသားတချို့နဲ့ ဗိဿနိုးဂိုဏ်းသားအချို့ဟာ ရန်ဘက် ဖြစ်ခဲ့ကြပါတယ်၊ ကျွန်ုပ်တို့ရဲ့ သုဝဏ္ဏဘုမ္မိကိုလဲ ဗိဿနိုးဂိုဏ်းအဆက်အနွယ်တစ်ခုလို့ လိဂေါရဘုရင်က စွပ်စွဲထားပါတယ်၊ ဗိဿနိုးဂိုဏ်း အဆက်အနွယ်မှန်သမျှကို ရန်သူလို သဘောထားပြီး တိုက်ခိုက်နေတဲ့ လိဂေါရဘုရင်အဖို့ ကျွန်ုပ်တို့ရဲ့ ထေရဝါဒသာသနာတော် ဖွံ့ဖြိုးမှု ကိုပဲ အကောင်းဆုံးယိုးမယ်ဖွဲ့ ရမယ်ရှာစရာအ ဖြစ် တွေ့ သွားဟန်တူပါတယ်”
“ဒါဟာ… တမင်သက်သက် အကြောင်းရှာတာပဲ”
ငယ်ရွယ်နုပျိုသော အသံ ဖြစ်သည်။ မိဖုရားသီရိမာဘေးမှ ကျွန်ုပ်၏ သားတော် အသက်ဆယ့်လေးနှစ် အရွယ် သုဓမ္မရာဇာ မင်းသားငယ်၏ အသံ။
“ရာဇာငယ်တော့ ခမည်းတော် တို့လောက် နားမလည်ပါဘူး၊ ဒါပေမဲ့ဂိုဏ်းတို့ ဘာသာအယူတို့ အမည် တပ်ပြီး စစ်တိုက်တယ်ဆိုတာ ကတော့ သက်သက်အကြောင်းရှာ ယိုးမယ်ဖွဲ့တာပဲ၊ လိဂေါရဘုရင်ဟာ သူ့နိုင်ငံသူ အားမရသေးလို့ တခြားနိုင်ငံတွေ လိုက်တိုက်နေတာ နေမှာ ပေါ့၊ ရာဇာငယ်တို့လိုပေါ့၊ ဆင်ရုပ်တစ်ခုတည်းနဲ့ အားမရဘူး၊ သူများ အရုပ်လိုချင်တယ်၊ ရာဇာငယ်တို့ကလူကြီးမဟုတ်လို့ ထားပါတော့…အဲဒီ လိဂေါရဘုရင်က လူကြီးလုပ်ပြီးဘာကြောင့် သူ့ရှိပြီးသားနဲ့ မဝရတာ လဲ…ဒါသက်သက် လူပါးဝတာ”
“ဟား…ဟား…ဟား..”
အားရပါးရ ရယ်မောသံတစ်ခု နန်းတော် တိုင်နောက်ဆီမှ ပေါ်လာသည်။ ဗိသုကာတော် ဘိုးပန်းရည် ဖြစ်သည် လက်ထဲမှကွမ်းညှပ်ဖြင့် ကွမ်းသီးစိတ်ကိုညှပ်ရင်း အူလိုက်အသည်းလှိုက် ရယ်နေလေသည်။
“ဘိုးပန်းရည်… ဘာရယ်တာလဲ”
“ရာဇာငယ်ပြောတာ သဘောကျလို့ပါ နားခံတော် မှူးကြီးရယ်၊ တကယ်စကားလုံးပြောင်တာပဲ၊ ကျုပ်လဲ ရာဇာငယ်ပြောတဲ့အတိုင်းပဲ နားလည်တာပဲဟား…ဟား”
“ဘိုးပန်းရည်က ဘာကြောင့် ဒီနေရာရောက်နေတာလဲ”
လွှတ်ဝန်ချုပ်က ဝင်မေးသည်။
“ကျွန်ုပ်ခေါ်ထားတယ်…လွှတ်ဝန်၊ ကျွန်ုပ်ကိုယ်တိုင် ခေါ်ထားသော ဗိသုကာအလုပ်နဲ့ ပတ်သက်ပြီး တိုင်ပင်စရာရှိလို့ပဲ”
လွှတ်ဝန်ချုပ်သည် နောက်ဆုတ်၍ ဒူးထောက်ဦးညွှတ်လိုက်လေသည်။
“ကဲ…စောစာကစကား ပြန်ဆက်ကြရအောင်၊ ဘာသာအယူဝါဒစစ်ပဲ ဖြစ် ဖြစ်၊ အခြားအကြောင်းကြောင့် ဖြစ်ရတဲ့ စစ်ပဲ ဖြစ် ဖြစ်၊ စစ် ဖြစ်ကြပြီဆိုရင်တော့ လက်နက်ရိက္ခာလိုလာမှာ ပဲ မဟုတ်လား၊ ဒီတော့ ဒီကိစ္စအတွက်ကျွန်ုပ်တို့ ဆွေးနွေးဖို့ လိုအပ်ပြီထင်ပါတယ်…ဘုရင်မင်းမြတ်”
နန်းရင်းဝန်ကြီး၏ အသံမှာ ခါတိုင်းထက်ပို၍ တုန်ယင်နေပြန်သည်။
(စစ်မြေပြင်၏ အနိဋ္ဌာရုံများ ကို ကျွန်ုပ်ရုတ်ချည်းမြင်ယောင်လိုက်မိသည်။ သားနှင့်အမိ၊ သမီးနှင့်အဖ၊ ဇနီးနှင့်ခင်ပွန်း၊ အမောင်နှင့်နှမ၊ အစ်ကိုနှင့်ညီငယ်တို့ ကစဉ်ကလျား ကွဲပြားဆုံးရှုံးကြရသော စစ်၊ လူ့အသက်အိုးအိမ်စည်းစိမ်တို့ ဆုံးရှုံးရသော စစ်…)
(ဟရိပုဉ္စယ၏ အရုပ်ဆိုးသော အတိတ်ကိုလည်း သတိရမိလိုက်သည်။ တိုင်းရင်းသားတို့ သေကွဲရှင်ကွဲ ကွဲပြားဆုံးရှုံးခဲ့ရပြီးသည်၏ အခြားမဲ့၌ ကာလဝမ်းတည်းဟူသော ရောဂန္တရကပ်ကြီးသည် ဟရိပုဉ္စယကို ဝါးမျိုခဲ့ပြန်သည်။ ဟရိပုဉ္စယ၏ အနိဋ္ဌာရုံကို သုဝဏ္ဏဘုမ္မိ၌ တစ်ဖန်ပြန်လည် ဖြစ်ထွန်းစေအံ့လော) ကျွန်ုပ်မနူဟာ၏ လက်ထက်၌ ရာမညဒေသသည် စစ်မြေပြင် ဖြစ်ရအံ့လော၊ အို…ကေလာသတောင်တော် ၏ ဖြူလွသော ကျောက်တုံးများ ကိုလူတို့၏ သွေးဖြင့် သုတ်လိမ်းရမည် တဲ့လား…။
အဝေရာဆိပ်ကမ်း…အဘယာဆိပ်ကမ်း…။
“နားခံတော် မှူးကြီး”
“အမိန့်ရှိပါ ဘုရင်မင်းမြတ်”
“သုဝဏ္ဏဘုမ္မိရဲ့ ပုံလွှာချပ်ကို သွားယူစမ်းပါ”
နားခံတော် မှူးကြီးသည် ရွှေပိန်းချဗီရိုထဲမှ ပုံလွှာချပ်တစ်ခုကို ဆွဲယူလိုက်လေသည်။
“ဟောဟိုနေရာမှာ ချိတ်ပါ”
အားလုံးမြင်သာသည့် နံရံထက်တွင် သုဝဏ္ဏဘုမ္မိနိုင်ငံတော် ၏ ပုံလွှာချပ်ကို ချိတ်ဆွဲလိုက်သည်။ မိုးသက်လေသည် စောစေကထက်ပို၍ ပြင်းထန်လာပေပြီ။ ပုံလွှာချပ်သည် တောင်ခါးပန်းဆီသို့ ဝေ့လာသော မိုးသက်လေကြောင့်တရွှမ်းရွှမ်း ယိမ်းထိုးနေပေသည်။ အို…ဤအခြင်းအရာသည် သုဝဏ္ဏဘုမ္မိ၏ ရှေ့ပြေးနိမိတ် မ ဖြစ်ပါစေနှင့်…။
ပုံလွှာချပ်ပေါ်တွင် ကေလာသတောင်တော် နှင့် အထူးထူးသော တောင်စွယ်များ ၊ ပင်လယ်ဆိပ်ကမ်းများ ၊ သံလွင်နှင့် စစ်တောင်းမြစ်နှစ် စင်းအကြားကလွင်ပြင်ဒေသများ အပြည့်အစုံကို ရေး ဆွဲထားပေသည်။ ကေလာသတောင်ထိပ်ရှိ `သော ဏုတ္တရ’ ခန်းမဆောင်တော် နေရာကိုမူ ရွှေစကပ်ထားပေသည်။ ဤနေရာကား သုဝဏ္ဏ သုဝဏ္ဏဘုမ္မိ၏ နှလုံး သို့ မဟုတ် `ပိဋကတ်သုံးပုံ’ကို တည်ထားသိုမှီးသည့် နေရာတော် မြတ်…။
တောင်တန်း၊ ပင်လယ်တို့ဖြင့် ဝန်းရံအပ်ပေသော ကျွန်ုပ်၏ သုဝဏ္ဏဘုမ္မိ။
နောက်ကျိနေသော ကျွန်ုပ်၏ အာရုံအစဉ်သည် ပုံလွှာချပ်ကိုကြည့်ရင်းအားတက်ရွှင်လန်းသွားသည်။ မိုးသက်လေကြောင့် မှော က်လန်သွားလုဆဲ ပုံလွှာချပ်ကို ကျွန်ုပ်လက်ဖြင့် ဖိထားလိုက်သည်။
“ဒီမှာ …မိဖုရားသီရိမာ၊ နန်းရင်ဝန်၊ နားခံတော် မှူးအားလုံး အားလုံးကြည့်လိုက်ကြစမ်း၊ ပုံလွှာချပ်ကို ကြည့်လိုက်ကြစမ်း၊ သုဝဏ္ဏဘုမ္မိကို ဝန်းရံနေတဲ့အရာတွေ တစ်ခုစီကို ကြည့်လိုက်ကြစမ်း”
အားလုံးသည် ပုံလွှာချပ်အနီးသို့ စုရုံးလာကြပြန်သည်။ ဘိုးပန်းရည်မူကား သူ့နေရာတွင် ပင် အစွဲအမြဲထိုင်လျက် ကျန်ခဲ့သည်။
“ဟောဒီမှာ …ပင်လယ်ရေပြင်၊ ဟောဒီမှာ တောင်တန်းတွေ ၊ ဟောဒီ…အနောက်ဘက်မှာ လဲ မဇ္စျိမတောင်တန်းတွေ ၊ မြောက်ဘက်မှာ တော့ တမ္ပဒီပ၊ ကမ္ဗောဇတိုင်းတွေ တွေ့ ကြရဲ့ လား၊ သုဝဏ္ဏဘုမ္မိကို ဝန်းရံနေတဲ့အရာတွေ ကို တွေ့ ရဲ့ လား”
“မောင်တော် ဘုရင်မင်းမြတ်ဆိုလိုချင်တာက သုဝဏ္ဏဘုမ္မိမှာ သဘာဝ အရ အရပ်လေးမျက်နှာမှာ အရံအတားတွေ ရှိနေတယ်၊ ဒါလားဟင်”
“ဟုတ်တာပေါ့…သီရိမာ၊ သီရိမာဟာ အမြဲတမ်း မောင်တော် လိုချင်တဲ့အဓိပ္ပာယ်ကို ချက်ချင်း နားလည်နိုင်သူပေပဲ၊ဟုတ်တာပေါ့..သုဝဏ္ဏဘုမ္မိရဲ့ တည်နေရာကိုကြည့်လေ၊ ရန်သူဟာ ဘယ်ကလာမလဲ၊ မဇ္စျိမတောင်တန်းတွေ ကို သူတို့မကျော်နိုင်ဘူး၊ ဟောဒီ..အရှေ့မြောက်ဘက်က တောင်တန်းတွေ ကိုလဲ မကျော်နိုင်ဘူး၊ မြောက်စူးစူးမှာ ဆိုရင်လဲ တမ္ပဒီပ အရိုင်းအစိုင်းတွေ ရှိနေသေးတယ်၊ တမ္ပဒီပသားတွေ ရဲ့ စစ်အရည်အသွေးကိုလဲ အားလုံးသိကြတဲ့အတိုင်းပဲ၊ အရိုင်းအစိုင်းတွေ ပီပီ အင်မတန် စစ်တိုက်ကောင်းသူတွေ ၊ သူတို့ကိုကျော်ပြီး လိဂေါရတွေ ဟာ ကျွန်ုပ်တို့ရဲ့ သုဝဏ္ဏဘုမ္မိကို မလာနိုင်ဘူးဒီတော့ တစ်ဖက်ပဲရှိတော့တယ်၊ အဲဒီ တစ်ဖက်ကလဲ ဟောဒီမှာ တွေ့ လား”
ကျယ်ပြန့်သော အဆုံးမဲ့ ပင်လယ်ပြင်ကို ကျွန်ုပ်ထောက်ပြလိုက်သည်။
“ဒီပင်လယ်ပြင်ကြီးကို ကူးဖြတ်ပြီး လိဂေါရဘုရင် မလာနိုင်ဘူး၊ အကယ်၍ အသိဉာဏ်ကင်းမဲ့တဲ့ စစ်ဘုရင်မို့ ကူးလာ ဖြစ်သည်ပဲ ဆိုဦးတော့လေပြင်းမုန်တိုင်းတွေ နဲ့ လှိုင်းတွေ ကြားထဲမှာ ဒင်းရဲ့ စစ်လှေတွေ နစ်မြုပ်သွားကြမှာ ပဲ၊ ကေလာသရဲ့ အဝေရာဆိပ်ကမ်းကို ပျပျရေး ရေး မှ မမြင်နိုင်ခင်မှာ ဒင်းတို့ ပင်လယ်အောက် စုပ်စုပ်နစ်မြုပ်သွားကြမှာ ပဲ၊ ဘာကြောင့်လဲ သိရဲ့ လား”
လွှတ်ဝန်ချုပ်က ခေါင်းတဆတ်ဆတ် ညိတ်လေသည်။
“သဘောပေါက်ပါတယ် ဘုရင်မင်းမြတ်၊ အခု မိုးသက်လေတိုက်ခတ်စပြုနေပြီ၊ ပင်လယ်ပြင်မှာ လှိုင်းတံပိုးတွေ ထန်စပြုလာပြီ၊ ရှေ့ငါးလလုံးလုံးပင်လယ်မှာ မိုးသက်မုန်တိုင်းတွေ ကျရောက်နေမှာ ပဲ၊ မိုးသက်လေပြင်းကျတဲ့ရာသီကို ရောက်လာပြီ၊ အခုတောင်မှ အဘယာဆိပ်ကမ်းနဲ့ ပင်လယ်တွေ့ တွေ ထဲမှာ လှေတော် တော် များများ ကျောက်ချခိုအောင်းနေကြပါပြီ”
“သိပ်မှန်တာပေါ့…ဝန်မင်း၊ လိဂေါရစစ်အန္တရာယ်ဟာ ရှေ့ငါးလုံးလုံး ကျွန်ုပ်တို့ဆီကို မလာနိုင်သေးဘူး၊ သူတို့လာနိုင်တဲ့ တစ်ဖက်တည်းသော စစ်မျက်နှာ ဖြစ်တဲ့ ပင်လယ်ပြင်ကလဲ သူတို့ကို သဘာဝ အလျောက်အခွင့်မပေးဘူးလေ၊ ဒီတော့ သုဝဏ္ဏဘုမ္မိဟာ လိဂေါရစစ်အန္တရာယ်ကို နေ့ချင်းညချင်း တွေးတောပူပန်စရာ မလိုဘူး၊ လက်နက်ရိက္ခာတွေ ကိုလဲ အလောတကြီး ပြင်ဆင်စရာမလိုသေဘူး၊ စစ်ဟာ ဖြစ်ကောင်း ဖြစ်မယ်၊ ဒါပေမဲ့ နေ့ချင်းညချင်း မဟုတ်ဘူး၊ ဒါဟာ ထေရဝါဒသာသနာတော် ရဲ့ ဓမ္မဘုန်းတန်ခိုးပဲသိရဲ့ လား ဝန်မင်းတို့”
စောစောကမူ အဘယာဆိပ်ကမ်းစောင့်မှူး ဗိုလ်မင်းဗြတ်ဇကလက်နက်ရိက္ခာ ဖြည့်တင်းရေး အတွက် စီမံထိုက်သည်ဟု ဆိုခဲ့သည်။ နန်းရင်းဝန်ကြီးတကွသော ဤနေရာရှိ ဝန်ထမ်းများ ကလည်း လိဂေါရစစ်ဘုရင်၏ အန္တရာယ်ကို စိုးရိမ်ပူပန်စွာ ဆွေးနွေးခဲ့ကြသည်။
အို…ကျွန်ုပ်ကိုယ်တိုင်ပင်လျှင် စစ်၏ အငွေ့အသက်ကို နီးကပ်စွာ မှန်းဆတွေးမိခဲ့သည်။ ယခုမူကား သုဝဏ္ဏဘုမ္မိ၏ သဘာဝ အလျောက် ဖြစ်ပေါ်နေသော အခြေအနေကြောင့် စိုးရိမ်ကြောင့်ကြ ပူပန်သော ကများ သည် လျော့ပါးလွင့်စင်သွားကြပေသည်။
“အဲဒီ ငါးလကျော်ရင်တော့ကော ခမည်းတော် ဘုရင်မင်းမြတ်”
သားတော် သုဓမ္မရာဇာငယ်က စဉ်းစားဆင်ခြင်မှု ပါသည့် လေသံနှင့်မေးလေသည်။ ရာဇာငယ်သည် တစ်ခါတစ်ရံ ဤသို့ ပင် လူကြီး တစ်ယောက် လို အဝေးကာလသို့ မျှော်ခေါ်တွေးတတ်ပေသည်။ သူ၏ မေးခွန်းများ ကိုသီရိမာသည် ခက်ခက်ခဲခဲ ဖြေကြားရလေသည်။
ရာဇာငယ်သည် တစ်ခါတစ်ရံ နိဗ္ဗာန်၏ သဘောကိုလည်းကောင်း၊ တစ်ခါတစ်ရံ မြောက်ဘက်ဒေသကတမ္ပဒီပဘုရင်အနော်ရထာအကြောင်းကိုလည်းကောင်းစူးစူးစမ်းစမ်း မေးတတ်သည်။ ယခုလည်း ငါးလလွန်မြောက်မည့် ကာလကို ကြိုတင်မေးနေပြန်ချေသည်။
“အဲဒီ ကျတော့ ခမည်းတော် တို့က မိစ္ဆာဘုရင်သူရိယဝမ္မကို မောင်းထုတ်မှာ ပေါ့ ရာဇာငယ်၊ ဟား…ဟား…ကဲ…ကဲ…သီရိမာရေ ရာဇာငယ်ကို ခေါ်သွားတော့၊ သီရိမာလဲ ဘုရားဆောင်ဝင်ရဦးမှာ မဟုတ်လား”
သီရိမာသည် ယောဂီပဝါကို ပြင်ဆင်ရင်း သားတော် သုဓမ္မရာဇာကိုခေါ်သွားသည်။ နန်းတော် ထောင့်တွင် ထိုင်နေသည့် ဘိုးပန်းရည်ရှေ့သို့ရောက်သော အခါ ရာဇာငယ်သည် ရုတ်တရက် ရပ်လိုက်လေသည်။
“ဟင်…ဒါဟာ ဗိသုကာတော် ဘိုးဘိုးမဟုတ်လား မယ်မယ်”
“ဟုတ်ပါတယ်…မင်းသား၊ ဘိုးပန်းရည်ပါ”
ဘိုးပန်းရည်သည် ရာဇာငယ်ကို ပြုံးကြည့်ရင်း ဖြေလေသည်။
“ဗိသုကာတော် ဘိုးဘိုး၊ အကျွန့်ကို ဂဝံကျောက်နဲ့ စစ်လှေရုပ်တစ်ရုပ်ထုပေးပါ၊ ဟောဒီလောက်အရွယ်”
ရာဇာငယ်က လက်နှစ် ဖက်ကို ဘေးသို့ ဆန့်တန်းပြသည်။
“အို..ထုပေးပါ့မယ် မင်းသားငယ်ရယ်၊ ဒါနဲ့ မင်းသားငယ် ဘာလုပ်မလို့လဲဟင်”
“စစ်တိုက်တမ်း ကစားဖို့ပေါ့ ဘိုးဘိုး”
သီရိမာနှင့် ရာဇာငယ်တို့ ခန်းမထဲမှ ထွက်ခွာသွားကြလေသည်။
မိုးသက်လေသည် သိသိသာသာ ပြင်းထန်လာပေပြီ၊ ဆိပ်ကမ်းမှလေများ ယမ်းခါနေသည်ကိုပင် ကျွန်ုပ်လှမ်းတွေ့ နေရသည်။ နန်းတော် အတွင်း အနည်းငယ် အေးလာသည်။
ကျွန်ုပ်ရင်ထဲမှာ လည်း လိဂေါရဘုရင်၏ စစ်ဘေးအတွက် စောစောကလို၊ မနေ့တစ်နေ့ကလို ပူပန်ခြင်း မရှိတော့၊ အေးမြသော မိုးသက်လေနှင့်အတူပင် ခံစားရမိသည်။
“ဘိုးပန်းရည်…အဲဒီ နေရာက လေသိပ်တိုက်တယ်၊ ဒီနားကိုလာပါ”
အဘိုးကြီးသည် တုန်တုန်ချည့်ချည့်ဖြင့် ရှေ့သို့ တိုးလာလေသည်။ နန်းရင်းဝန်ကြီးက နေရာပေးလိုက် သဖြင့် အစိမ်းရောင် ကမ္ဗလာဖုံတစ်ခုထက်သို့ ဝင်ထိုင်လိုက်သည်။
“ဘုရင်မင်းမြတ် ဗိသုကာတော် ဘိုးပန်းရည်ကို ခေါ်ထားတာ အထူးကိစ္စတိုင်ပင်စရာရှိနေလို့လား”
နန်းရင်းဝန်က ဘိုးပန်းရည်ကိုကြည့်ရင်း မေးနေလေသည်။
“ဟုတ်တယ် နန်းရင်းဝန်ကြီး၊ အင်မတန်ကြီးမြတ်တဲ့ လုပ်ငန်းတစ်ခုအတွက် ကျွန်ုပ်ခေါ်ထားတာပဲ၊ လိဂေါရစစ်ဘုရင်အန္တရာယ်ကို ကျွန်ုပ်တို့အစိုးရိမ်လွန်ပြီး ဆွေးနွေးနေခဲ့ကြလို့ အခုထိ အဲဒီ ကိစ္စ မပြောရသေးဘူး”
ဘိုးပန်းရည်က ကျွန်ုပ်ကို ရီဝေသော မျက်လုံးများ ဖြင့် မော့်ကြည့်လိုက်သည်။
“အချိန်မရှိပါ ဘုရင်မင်းမြတ်၊ လေသိပ်တိုက်ပြီး မိုးရွာလာရင် ကမ်းခြေက ကျောက်ဆောင်ကျောက်တုံးတွေ ဟာချောနေတတ်ပါတယ်”
“ဟုတ်တယ် ဘိုးပန်းရည်၊ ကဲ…နန်းရင်းဝန်နဲ့ ဗိုလ်မင်းတို့လဲ လိုက်ခဲ့ကြ၊ ကျွန်ုပ်တို့ အဝေရာဆိပ်ကမ်းဆီ သွားကြရအောင်၊ အခုပဲ အခုသွားမယ်၊ သင်တို့ကို ရှင်းလင်းပြောပြနေဖို့ အချိန်မရဘူး၊ သွားရင်းပြောကြတာပေါ့၊ မိုးသက်လေ သိပ်ကျလာရင် ဆိပ်ကမ်းမှာ ဘာမှမြင်တော့မှာ မဟုတ်ဘူး၊ နားခံတော် မှူး အဝေရာဆိပ်ကမ်းကိုသွားမယ် ထုံးစံအတိုင်း စီစဉ်ပါ။ ဘိုးပန်းရည်အတွက် သားမွေးအနွေးသိုရင်းတစ်ထည် ပေးလိုက် ပါ၊ ကဲ…လာကြ..လာကြ”
နန်းဆောင်အပြင်ဘက်သို့ ကျွန်ုပ်ခြေချလိုက်ချိန်မှာ ပင် ရင်ပြင်ကျောက်ပြားပေါ်သို့ မိုးပေါက်များ တဖြောက်ဖြောက် ကျဆင်းစပြုနေပြီ ဖြစ်သည်။ အဆောင်တော် ဝန်သည် ဝေါယာဉ်တော် ၏ ပေါင်းမိုးများ ကို တပ်ဆင်နေလေသည်။
လှိုင်းလုံးများ သည် အဝေရာဆိပ်ကမ်းမှ ကျောက်ဆောင်တို့ကို တဝုန်းဝုန်းရိုက်ခတ်နေသည်။ ရွက်သင်္ဘောနှင့် လှေကြီးများ ယိမ်းထိုးလှုပ်ခါနေသည်။ ကောင်းကင်သည် မှု န်ရီ၍ ပင်လယ်သည် ဝိုးဝါးနေသည်။ မိုးရွာနေပေပြီ။
“ဘယ်နှယ့်လဲ နန်းရင်ဝန်၊ ဒီနေရာဟာ အမြင့်နေရာလဲ ဖြစ်တယ်၊ တောင်ဘက်မှာ လဲ ကျောက်တောင်ကြီးတစ်ခု ရှိနေတယ်။ ဟိုဘက်ကအဘယာဆိပ်ကမ်းနဲ့ တောင်စွန်းအငူကိုလဲ လှမ်းမြင်နိုင်တယ်၊ ဒီနေရာဟာမသင့်လျော်ဘူးလား”
သုဝဏ္ဏဘုမ္မိနေပြည်တော် တစ်ဝန်းတွင် ယခုရှိနေပြီးသော ဗုဒ္ဓရုပ်ပွားတော် မြတ်တို့ထက် ဉာဏ်တော် ပိုမိုမြင့်မားကြီးကျယ်သည့် ဆင်းထုတော် ကြီးတစ်ဆူ တည်ထားရန်နေရာကို ကျွန်ုပ်ညွှန်ပြလိုက်သည်။
“ကြာဖက်ဆောင်း၊ တင်ပျဉ်ခွေ၊ ဒက္ခိဏသာခါပုံတော် မြတ် ထုလုပ်ရမယ်၊ ကေလာသဆိပ်ကမ်းတိုင်း၊ တောင်စွန်းအငူတိုင်းနဲ့ ဟောဟို ပင်လယ်ပြင်ဘက်ကနေကြည့်ရင် အထင်အရှား ဖူးတွေ့ နိုင်ရမယ်၊ ဘယ့်နှယ်လဲ ဘိုးပန်းရည်၊ ဒီနေရာဟာ ကျွန်ုပ်လိုချင်တဲ့ ဆင်းထုတော် ကြီးတည်ဖို့အတွက်ကောင်းရဲ့ လား”
ဘိုးပန်းရည်သည် ကျောက်ဆောင်များ ကို စမ်းသပ်၍ မျက်နှာကပ်ရင်းကြည့်နေသည်။ မြေပြင်ကိုလည်း ဖိနင်းကြည့်သည်။
“သင့်မြတ်ပါတယ် ဘုရင်မင်းမြတ်၊ ဒါပေမဲ့ တခြားကျောက်သားနဲ့တော့မ ဖြစ်ဘူး၊ ဂဝံကျောက်နဲ့ပဲ ဖြစ်နိုင်မယ်၊ ရှေ့ဘက်အောက်ခြေမှာ လဲ အတောင်တစ်ရာလောက်တော့ ဖိနပ်တော် အုတ်မြစ်သဘောမျိုး တည်ရလိမ့်မယ်၊ ဆားငန်ရေကို နှစ် ရှည်ခုခံကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်”
“ကောင်းပြီလေ၊ အဲဒါအတွက်တော့ ဘိုးပန်ရည်လိုသမျှ လူ၊ ပစ္စည်းအင်အားကို ရွှေတိုက်တော် က တောင်းယူပေတော့၊ ကျွန်ုပ်လိုချင်တာ ကတော့အဝေရာဆိပ်ကမ်းမှာ ထေရဝါဒသာသနာတော် ရဲ့ ပြယုဂ်ကို ကြီးကျယ်ခန်းနားစွာ ပြသလိုခြင်းပဲ၊ အမှန်တော့…”
အောက်ဘက် သင်္ဘောဆိပ်ဆီမှ ရုတ်တရက် ဆူညံသော အသံများ ပေါ်လာသဖြင့် ကျွန်ုပ်၏ စကားကို အဆုံးမသတ်လိုက်ရပေ။
အတန်ငယ်ကြီးမားသော ကျောက်စွန်းတစ်ခု ကွယ်နေသဖြင့် ထိုအသံများ ထွက်ပေါ်လာရာ ကမ်းစပ်သင်္ဘောဆိပ်ဆီသို့ မမြင်ရပေ။ မိုးစက်များ ကြောင့် ပင်လယ်ပြင်မှ အငွေ့များ ထောင်းထောင်းထနေသဖြင့်လည်း မြူများ ပိတ်ဆီးထားသလို ဖြစ်နေသည်။ ဗိုလ်မင်းဗြတ်ဇ၏ ကိုယ်ရံတော် တပ်သားများ သည် ဆူဆူညံညံအသံများ ကို ကြားရသည်နှင့် တပြိုင်နက် ကျွန်ုပ်ဘေးတွင် ဝန်းရံကာကွယ်ထားလိုက်ကြသည်။ ရွှေထီးအဆောင်ကိုင်သည်ပင် ဓားရိုးပေါ်သို့ လက်တင်လိုက်သည်ကို ကျွန်ုပ်သတိပြုလိုက်မိသည်။
“ဘာသံတွေ လဲ အသံ ကတော့ အဝေရာဆိပ်ကမ်းဆီကပဲ”
လှိုင်းလုံးများ ကျောက်ဆောင်ကို ရိုက်ပုတ်သံကြောင့် နန်းရင်းဝန်ကြီး၏ စိုးရိမ်သံသည်လည်း တိုးမြုပ်မှေးမှိန်နေသည်။ မိုးသက်လေက ပို၍ ကျယ်လောင်လာသည်။
“ဘုရင်မင်းမြတ်…မိုးလဲသည်းလာပြီ၊ ဒီနေရာဟာ သဘာဝ အလျောက် အခုချိန်မျိုးမှာ အန္တရာယ်မကင်းပါဘူး၊ ဆိပ်ကမ်းဘက်က အသံတွေ ကလဲ ဆူညံနေတယ်၊ ဟောဟိုကျောက်ဆောင်ဟာ အပေါ်ကို ငိုက်ပြီးနေတယ်၊ အဲဒီ မှာ မိုးခိုရင်း တိမ်းရှောင်နေသင့်ပါတယ်”
လွှတ်ဝန်ချုပ်က စိုးရိမ်မကင်းသော အသံဖြင့် သတိပေးသည်။
တစ်စထက်တစ်စ အသံတွေ ပို၍ ကျယ်လာသည်။ လူများ ၏ အော်ဟစ်သံများ ဖြစ်သည်။ ဘာတွေ အော်နေသည်ကိုတော့ မသိရပေ။ မိုးသံနှင့် လူသံတို့သည် ရောထွေးနေလေသည်။
“ကိစ္စမရှိပါဘူး၊ သာသနာ့ရက္ခိတဘုရင်မှာ ဘေးအန္တရာယ် မရှိနိုင်ပါဘူး၊ ရတနာသုံးပါးဂုဏ်ကျေးဇူးက ကျွန်ုပ်ကို ကာကွယ်ပေးထားပါတယ်။ ကဲ…တပ်သားများ င့ါကို စိုးရိမ်တကြီး ဝန်းရံထားဖို့ မလိုပါဘူးကွယ်၊ ဒီလို ဝိုင်းထားမယ့်အစား လူသံတွေ ကြားနေရတဲ့ အဲဒီ ကမ်းခြေစပ်ကိုသွားပြီး ထောက်လှမ်းကြစမ်း”
ဗိုလ်မင်းဗြတ်ဇသည် အနည်းငယ်ဦးညွှတ်၍ အောက်ဘက်ကျောက်ဆောင်ဆီသို့ ခုန်ဆင်းသွားလေသည်။ ဘိုးပန်းရည်ကား သားမွေးသိုရင်းပေါ်မှမိုးစက်များ ကို သပ်ချရင်း အောက်သို့ နားစွင့်နေသည်။
“အကူအညီတောင်းခံတဲ့ အသံတွေ ပဲ ဘုရင်မင်းမြတ်၊ ရန်သူတော့မ ဖြစ်နိုင်ပါဘူး”
အသံများ ပို၍ ကျယ်လောင်လာသည်။
“လှေများ နစ်နေသလား မသိဘူး၊ လှိုင်းကလဲ အတော် ထန်နေတယ်”
ဘိုးပန်းရည်၏ တွေးထင်ချက်မှန်ကန်ပေသည်။ အော်သံများ သည် လှိုင်းပုတ်သံများ ကို ကျော်လွန်လျက် ကျွန်ုပ်တို့ထံသို့ သဲကွဲစွာ ရောက်ရှိလာသည်။
“ကြိုး…ကြိုးပေးလိုက် ကြ”
“ဟိုဘက်ကို မရောက်စေနဲ့၊ အဲဘက်မှာ ကျောက်ဆောင်တွေ ပေါတယ်”
“အို…လုပ်ကြပါဦး၊ သူတို့လှေမှော က်တော့မယ်”
“ဟယ်…ကလေးတွေ လဲ ပါတယ်ဟေ့၊ ဒုက္ခပါပဲ၊ မြန်မြန်လုပ်ကြပါ”
“ဟော..ဟော..၊ ဝဲမြုပ်တော့မယ် ဝဲမြုပ်တော့မယ်”
လှိုင်းထန်သော ပင်လယ်ပြင်တွင် လှေတစ်စင်းစင်း လူးနေဟန်ရှိသည်။ ကလေးသူငယ်များ လည်း ပါဟန်တူသည်။ အို…ချမ်းသာကြပါစေ။
“နန်းရင်ဝန်ကြီး ကမ်းခြေအစောင့် တပ်သားတွေ ကိုဆင့်၊ အသက်ကယ်အမှု ထမ်းအစုကို အကြောင်းကြား၊ မြန်မြန်။ ကိုင်း တပ်သားတို့ ငါ့ကို ဝန်းရံမထားနဲ့ ကမ်းစပ်ကိုသာသွားကြ၊ အားလုံးလိုက်ခဲ့ကြ၊ ငါတို့သွားစို့”
ဝန်းရံထားသော ကိုယ်ရံတော် တပ်သားတို့ကြားမှ တိုးဝှေ့ထွင်းဖောက်လျက် ကျွန်ုပ်ကမ်းစပ်သို့ ဆင်းခဲ့သည်။ ကျောက်တုံးကျောက်တောင်များ ချောမွေ့နေသဖြင့် သတိကြီးစွာ ဆင်းရသည်။ ဘိုးပန်းရည်သည်လည်း သူ့ကိုယ်ပေါ်မှ သားမွေးသိုရင်းကို ချွတ်ချလျက် ကျောက်ဆောင်တစ်ခုမှ တစ်ခုသို့ ခုန်ကူးသွားသည်ကို တွေ့ လိုက်ရသည်။ အသက်နှင့်မမျှအောင် ဖျက်လတ်လွန်းလှပေသည်။
အောက်ဆုံးမှ ကျောက်ဆောင်ဘက်သို့ ရောက်ရှိပေပြီ။ ကျွန်ုပ်တို့ တွေးထင်သည့်အတိုင်း မှန်ပေသည်။ အဝေးပင်လယ်ပြင်ဆီတွင် လှေတစ်စင်းရှိနေသည်။ အတောင်ငါးဆယ်လောက်ရှိမည့် လှိုင်းလုံးကြီးများ အလယ်တွင် လှေငယ်သည် လူးနေသည်။ လှေပေါ်မှ အော်ဟစ်ငိုယိုသံများ ကြားနေရသည်။ ကမ်းစပ်တွင် လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ ကျွန်ုပ်တို့ရောက်ရှိလာကြောင်းကို မည် သူမျှမသိကြ။ သူတို့အားလုံး ပင်လယ်ထဲမှလှေငယ်ကိုသာ စိုးရိမ်တကြီး ကြည့်နေကြသည်။ မိုးကပို၍ သည်းလာပေပြီ။
“သမိန်၊ ဟဲ့ သမိန်…အရမ်းမသွားနဲ့၊ ဝဲတွေ ရှိတယ်”
ဘိုးပန်းရည်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ ထိုအော်သံနှင့်မရှေးမနှောင်းမှာ ပင် လူ တစ်ယောက် သည် လှိုင်းခတ်ထန်သော ပင်လယ်ပြင်ထဲသို့ ဝုန်းခနဲ ခုန်ဆင်းသွားသည်ကို တွေ့ လိုက်ရသည်။
ပင်လယ်၏ ဒေါသနှင့် လူသား၏ အစွမ်းတို့ ပြိုင်ဆိုင်ကြသော ထိုမြင်ကွင်းကို ကျွန်ုပ်မေ့နိုင်တော့မည် မဟုတ်ချေ။
ပင်လယ်ထဲသို့ ခုန်ဆင်းသွားသူမှာ လူရွယ် တစ်ယောက် ဖြစ်သည်။ ဘိုးပန်းရည်၏ အော်ဟစ်သံအရဆိုလျှင် ထိုလူရွယ်၏ အမည် မှာ `သမိန်’ ဖြစ်ပေသည်။ ထီးနန်းဆန်သော အမည် ဖြစ်သဖြင့် ကျွန်ုပ်ကောင်းစွာ မှတ်မိလိုက်သည်။
လူရွယ်၏ ခါးတွင် သုံးလွန်းတင်အုန်းဆံကြိုးတစ်ချောင်းကို ချည်နှောင်သွားသည်။ ကြိုး၏ အလေးချိန်သည်ပင် အတော် လေးလံမည် ဖြစ်သည်။ ကြိုး၏ တစ်ဖက်စကို ကမ်းပေါ်ရှိလူများ ကိ ထိန်းကိုင်ထားကြသည်။ လူရွယ်သည် သစ်ရွက်တစ်ရွတ်ပမာ ကျွမ်းထိုးမှော က်ခုံ ဖြစ်နသည့် လှေငယ်ဆီသို့ ကူးခတ်သွားသည်။ လှိုင်းလုံးများ သည် လူငယ်ကို ဝါးမျိုးသွားကြသည်။ တစ်ခါတစ်ရံ မြင်ကွင်းမှ အတန်ကြာ ပျောက်ကွယ်သွားသည်။ နောက်လှိုင်းတစ်ခုပေါ်လာသော အခါမှ လှိုင်းလုံးထိပ်တွင် လူရွယ်ကို မှု န်ဝါးဝါး တွေ့ လိုက်ရသည်။ ကမ်းစပ်မှ လူအုပ်ကား လှေပေါ်မှ လူများ အတွက်လည်းကောင်း၊ ရဲဝံ့စွာ ကူးခတ်သွားသော လူရွယ်အတွက်လည်းကောင်း စိုးရိမ်တကြီး အော်ဟစ်နြေ ကတော့သည်။ တစ်ခါတစ်ရံ ပြင်းထန်သော လှိုင်းပုတ်ချက်ကြောင့်ကျောက်ဆောင်ထူထပ်သည့်ဘက်သို့ လူရွယ်သည် လွင့်တက်သွားတတ်သည်။
“ဝဲ…ဝဲ…မြုပ်ရင်တော့ သွားပြီ…သွားပြီ”
“သမိန်ရေ…သမိန်၊ အဲဒီ ဘက် အရောက်မခံနဲ့ အောက်မျာကျောက်ဆောင်တွေ ”
“ဟော…ဟော၊ သူ လှေနားရောက်သွားပြီ”
“ဟုတ်ပြီ…ဟုတ်ပြီ၊ လှေကို သူမိတော့မယ်”
လှိုင်းနှစ် ခုအကြားတွင် `သမိန်’ ဆိုသော လူရွယ်နှင့် လှေငယ်တို့ နီးကပ်သွားကြပြီ။ လူရွယ်သည် လှေနံကို ဆွဲကိုင်ရန် လက်မြှောက်လိုက်ပြီ။
သို့ သော်…
“ဟယ်..သွားပြီ”
ရုတ်တရက် လူရွယ်နှင့် လှေငယ်အကြားသို့ လှိုင်းလုံးတစ်ခု ဝေါခနဲထိုးဆင်းသွားသည်။ လှေငယ်ပေါ်မှ အော်သံများ ကို ပီသစွာ ကြားလိုက်ရပေသည်။
လူရွယ်သည်လည်း လှေငယ်နှင့် ခပ်လှမ်းလှမ်းသို့ ရောက်သွားပြန်လေသည်။
ဘိုးပန်းရည်၏ အော်သံ ထွက်လာသည်။
“ကြိုးစကို လျှော့ပေးလိုက် လျှော့ပေးလိုက် ၊ ဆွဲမထားနဲ့ သမိန်မကူးနိုင်ဘဲ ဖြစ်နေမယ်၊ ဟိုလှိုင်းလုံးကြီး ရောက်မလာခင်မှာ သူလှေဆီကို ကူးနိုင်အောင်လျှော့ပေး လျှော့ပေး မြန်မြန်”
လူရွယ်သည် လှေငယ်ဆီသို့ ကူးခတ်ပြန်သည်။
အဝေးမှ လှိုင်းလုံးကြီး လိမ့်ဆင်းလာသည့် အရှိန်မှာ မြန်လှသည်။
လူရွယ်၏ ကူးခတ်မှု ကား လှိုင်းကြောင့် နှေးကွေးနေရသည်။ လှေငယ်ရှိရာသို့ လှိုင်းလုံးနှင့် လူငယ်တို့သည် ဦးစွာ ရောက်ရှိနိုင်ကြရန် အပြေးပြိုင်နေကြသကဲ့သို့ ဖြစ်သည်။
ဝါးမျိုဖျက်ဆီးမည့် လှိုင်းနှင့် ကယ်တင်ကူညီမည့် လူ တစ်ယောက် တို့ကိုလှေငယ်သည် သနားစဖွယ် ငံ့လင့်နေသည်။
“ရောက်တော့မယ်…ရောက်တော့မယ်”
“သမိန်ရေ ကြိုးစားပြီး ကူးလိုက်ပါဟေ့၊ ရောက်တော့မယ်”
လှိုင်းလုံးကြီး၏ တဝေါဝေါမြည် သံကို အတိုင်းသားကြားရပေပြီ။
“သမိန်ရေ…သမိန်ရေ”
လက်မတင်ကလေးပင် ဖြစ်တော့သည်။ လှေငယ်လှေနံကို သမိန်ကိုင်ဆွဲလိုက်နိုင်ပြီး လှေဦးမှ ပန်းတောင်တွင် သူ့ခါးမှ အုန်းဆံကြိုးကွင်းကို စွပ်ချည်လိုက်ပြီးသည်နှင့် မရှေးမနှောင်းမှာ ပင် လှိုင်းလုံးကြီးက ဖြတ်သန်းနင်းဝင်လာသည်။
သို့ သော် လူရွယ်က အဦးရသွားပေပြီ။ ခက်ထန်သော လှိုင်းသည် ကျခဲ့ပေပြီ။
“ဆွဲ…ဆွဲတော့ အားကုန်ဆွဲကြ အားလုံးဝင်ဆွဲကြ”
ဘိုးပန်းရည်၏ အော်သံနှင့်အတူ လူအုပ်ကြီးသည် အုန်းဆံကြိုးကိုတညီတညာတည်း ဆွဲငင်ကြလေသည်။ ကျွန်ုပ်လည်း ထိုနေရာသို့ ခုန်ဆင်းသွားလိုက်သည်။
“ဆွဲ…ဆွဲ…ရောက်တော့မယ်”
လှေငယ်သည် ကမ်းခြေဘက်သို့ တစ်စထက်တစ်စ နီးကပ်လာသည်။ လှေဦးတွင် မြော့နေသော `သမိန်’ ကိုလည်း တွေ့ ရသည်။
လူရွယ်၏ လက်ကို လှေပေါ်မှလူများ က ဆွဲကိုင်ဖေးမထားကြသည်။ လှိုင်းများ သည် အစာလွတ်သွားသော ခြင်္သေ့၏ ဒေါသမျိုးဖြင့် ကျောက်ဆောင်မျာကို ပြင်းစွာ ရိုက်ပုတ်နေကြသည်။
လှေငယ်သည်ကမ်းခြေသို့ ရောက်ပေပြီ။သော င်ပြင်စပ်အထိဆွဲတင်လိုက်ကြသည်။
အလုံးစုံသော အမှု တို့ အောင်မြင်ထမြောက်ပေပြီ။
“ဟာ…ဘုရင်မင်းမြတ်ပါလား”
အုန်းဆံကြိုးကို ဝိုင်းဆွဲနေကြသည့် လူအုပ်ကြီးသည် ကျွန်ုပ်ကို တွေ့ ရသော အခါ အံ့သြတုန်လှုပ်စွာ ဘေးသို့ ရှဲသွားကြသည်။
ထိုအခါမှပင် ကျွန်ုပ်ကိုယ်ကျွန်ုပ် သတိထားမိတော့သည်။ ကျွန်ုပ်သည်လူအုပ်ထဲတွင် ရောနှောပါဝင်လျက် အုန်းဆံကြိုးကို ဝင်ရောက်ဆွဲငင်နေမိသည်တကား။
“ဟာ…ဘုရင်မင်းမြတ်၊ ဒီကိုရောက်နေ”
ဘိုးပန်းရည်သည် ကျောက်ဆောင်ပေါ်မှ ခုန်ဆင်းလိုက်လေသည်။
“ဟုတ်တယ်၊ ကျွန်ုပ်လဲ ဘိုးပန်းရည်အမိန့်ပေးကောင်းတာမို့ ကြိုးကိုဝင်ဆွဲမိတော့တာပဲ၊ ကဲ…ဒါတွေ ထားလိုက်ကြ၊ အားလုံး လုပ်စရာရှိတာလုပ်ကြပါ။ လှေပေါ်က ဒုက္ခသည်တွေ ကို အောက်ချပေးကြဦး၊ ဟိုသူငယ်လေးကိုလည်း ကြည့်ကြပါဦး”
ကျွန်ုပ်သတိပေးလိုက် တော့မှပင် လူအုပ်သည် လှေငယ်နှင့် လူရွယ်ဆီသို့ ဝိုင်းအုံသွားကြလေသည်။ လူရွယ်ကား အဆမတန် မောပန်းခြင်းဖြင့်သတိမေ့လျက်ရှိသည်။
လှေငယ်ပေါ်မှ လူများ ကား ယခုတိုင်ကြောက်ရွံ့ထိန့်လန့်မှု ပြေပျောက်ပုံမရသေးပေ။ မိန်းမသားများ နှင့် ကလေးငယ်များ သည် စူးစူးဝါးဝါး ငိုနေကြဆဲ ဖြစ်သည်။ အသက်အရွယ်ကြီးသော လူအိုများ နှင့် လူလတ်ပိုင်းများ ၊ ယောက်ျားများ လည်း ပါဝင်သည်။
သူတို့သည် ရာမညတိုင်းသားများ ကပင် ဖြစ်ဟန်တူသည်။ ကျွန်ုပ်တို့ကဲ့သို့ ပင် နက်မှော င်သော မျက်ခုံးနှင့် ညိုဝါသော အသားအရေများ ရှိကြပေသည်။
“ကဲ…သူတို့အားလုံးကို ဟောဟိုက အဝေရာဆိပ်ကမ်းခန်းမထဲ ခေါ်ခဲ့ကြ၊ သမိန်ကို မှော က်ခုံထားပြီး ပွေ့ခေါ်ခဲ့ကြ၊ မြန်မြန်လုပ်ဟေ့…လှိုင်းတွေ ဟာ ဒီနေရာထိ ရောက်လာတော့မယ်”
ဘိုးပန်းရည်၏ အမိန့်ပေးသံ ထွက်ပေါ်လာပြန်သည်။
ကျွန်ုပ်လည်း နန်းရင်းဝန်ကြီးနှင့် ဗိုလ်မင်းဗြတ်ဇကိုခေါ်လျက် အဝေရာဆိပ်ကမ်းခန်းမဆီသို့ လျှောက်လာခဲ့သည်။
နန်းရင်းဝန်ကြီး၏ မှတ်ချက်ချသံတိုးတိုးကိုနောက်ဘက်တွင် ကြားလိုက်ရလေသည်။
“ဗိုလ်မင်း…ကြည့်စမ်း၊ မိုးသက်မုန်းတိုင်းထန်နေတဲ့ အဝေရာဆိပ်ကမ်းသော င်ပြင်မှာ မိုးရေတွေ ရွှဲနစ်နေတဲ့ ကျုပ်တို့ဘုရင် မနူဟာကို”
အားလုံးကို နွေးနွေးထွေးထွေး ဖြစ်ရန် စီမံပေးကြသည်။ လူရွယ်ကား သတိမရသေးပေ။ အဝေရာဆိပ်ကမ်း ခန်းမသည် ပူနွေးခြောက်သွေ့သော နေရာ ဖြစ်သည်။
ဗိုလ်မင်းဗြတ်ဇကိုယ်တိုင် လှေငယ်ပေါ်မှ လူများ ကို ပြုစုပေးနေသည်။
နန်းရင်းဝန်ကြီးနှင့် ဘိုးပန်းရည်တို့သည် လူရွယ်ကို သတိရစေရန် ကုသနေကြလေသည်။ လူအုပ်ကြီးကား ကျွန်ုပ်ရှိနေသော ကြောင့် ထင်သည်။ လေသံမျှလောက်သာ တီးတိုးဝေဖန် ပြောဆိုနေကြသည်။ လူရွယ်၏ စွန့်စားမှု ကို ချီးကျူးနေကြဟန်တူသည်။
အဘိုးအို တစ်ယောက် ကို ဗိုလ်မင်းဗြတ်ဇက ဆွဲခေါ်လာသည်။ အဘိုးအိုသည် ကျွန်ုပ်ရှေ့မှော က်တွင် ဒူးထောက်ဦးညွှတ်လိုက်လေသည်။
“သုဝဏ္ဏဘုမ္မိဘုရင်မင်းမြတ်နဲ့တကွ သုဝဏ္ဏဘုမ္မိသား ကျေးဇူးရှင်သူတော် ကောင်းကြီးများ ကို ကျွန်တော် မျိုးတို့ ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင်မသိတော့ပါဘူး”
အဘိုးအို၏ ဆံပင်များ သည် ဆွတ်ဆွတ်ဖြူနေလေသည်။
“အို..အို သက်သာအောင်နေပါ အဘိုးအို၊ ဒီနေရာမှာ ထိုင်ပါ၊ ဒီမှာ မီးဖိုနဲ့နီးတယ်၊ အဘိုးအို အနွေးဓာတ်ကိုရနေဖို့ လိုပါတယ်၊ လာပါ”
အဘိုးအို၏ လက်မောင်းကို ကျွန်ုပ်တွဲ ၍ ခေါ်ယူလိုက်သည်။
အဘိုးအိုသည် မီးလင်းဖိုအနီးတွင် ထိုင်လိုက်မိပြီးနောက် အက်ကွဲသော အသံဖြင့် စကားပြောလေသည်။
“သုဝဏ္ဏဘုမ္မိ သူတော် ကောင်း သူတော် မြတ်တွေ ရောက်လာလို့ ကျွန်တော် မျိုးတို့ အသက်ချမ်းသာကြတာပါ၊ ဩော်..ဒါကြောင့်လဲ မနူဟာဘုရင်နဲ့သူ့တိုင်းပြည်သားတွေ ဟာ အင်မတန်ကြင်နာတတ်ကြတယ်လို့ နာမည် ကြီးပေတာပဲ၊ ဒါကြောင့်လဲ သုဝဏ္ဏဘုမ္မိဟာ မြောက်ဘက်ဒေသအထိ သတင်းမွှေးပေတာပဲ”
အရေး အကြောင်းများ ယှက်ဖြာနေသည့် ပါးပြင်ပေါ်သို့ မျက်ရည်ပေါက်ကြီးများ လိမ့်ဆင်းလာကြလေသည်။ အဘိုးအိုသည် ကြည်နူးကြေကွဲစွာ ဖြင့်ငိုကြွေးနေပြီထင်သည်။ သို့ သော် သူ၏ စကားသည် အနည်းငယ်ဆန်းနေပေသည်။
“ဘယ်လို…အဘိုးအို၊ မြောက်ဘက်ဒေသအထိ ဟုတ်လား၊ အဘိုးအိုတို့ကဒီဒေသက မဟုတ်ဘူးလား၊ ကေလာသနယ်သားတွေ မဟုတ်ဘူးလား”
“မဟုတ်ပါဘူး ဘုရင်မင်းမြတ်၊ ကျွန်တော် မျိုးတို့က မြောက်ဘက်ကပါ”
“မြောက်ဘက်…ဟုတ်လား၊ တမ္ပဒီပလား”
“တမ္ပဒီပက မဟုတ်ပါ ဘုရင်မင်းမြတ်၊ ဥဿကပါ”
“ဥဿ…ဟုတ်လား”
“ဥဿပဲခူးပါ ဘုရင်မင်းမြတ်”
ဥဿပဲခူးသည်ကား မဝေးကွာလှသော မြောက်ဘက်ဒေသ ဖြစ်သည်။ တမ္ပဒီပဒေသလောက် မဝေးကွာသော ဒေသ ဖြစ်သည်။ ထို့ပြင် `ဥဿ’သည် ရာမညဒေသတစ်ခု ဖြစ်သည်။
“ခုလိုရာသီမျိုးမှာ သင်တို့ သုဝဏ္ဏဘုမ္မိကို ကုန်းကြောင်းကမလာဘဲပင်လယ်ကနေ လာကြသလား၊ ဥဿက ကုန်သည်အချို့လဲ ဒီကိုလာဖူးကြပါတယ်။ ဒါပေမဲ့ ရိုးမအကြောအတိုင်းဆင်းပြီး ကေလာသတောင်တန်းလမ်းအတိုင်း လာကြတာချည်းပါပဲ”
နန်းရင်းဝန်ကြီးက ဝင်မေးသည်။
“ရိုးမကြော ကုန်းလမ်းခရီးအတိုင်း လာလို့မရပါဘူး ဘုရင့်အမတ်ကြီး၊ ရိုးမကြော ဝင်ထွက်ပေါက်တွေ အားလုံးကို သူတို့ ပိတ်ဆို့လိုက်ပါပြီ”
“ဘယ်သူတွေ က ပိတ်ဆို့တာလဲ၊ တမ္ပဒီပက အနော်ရထာနဲ့ စစ်သည်တွေ ကလား”
“မဟုတ်ပါ ဘုရင်မင်းမြတ်၊ သူတို့ဆိုတာက….”
ဖြူဖွေးသော ဆံပင်များ ကို ဆုပ်ညှစ်ရင်း အဘိုးအိုက အေးစက်စွာ ပြောလိုက်သည်။
“ကျွမ်း…စစ်သည်တွေ ပါ”
“ဘာ”
ဗိုလ်ဗြတ်ဇ၏ အော်သံ အနည်းငယ်ကျယ်သွားသဖြင့် ခန်းမတွင်းမှလူအားလုံး၊ ကျွန်ုပ်တို့ရှိရာသို့ ဝိုင်းကြည့်လိုက်ကြခြင်းကို တွေ့ လို်က်ရသည်။
“ကျွမ်း…စစ်သည်တွေ ပါ ဗိုလ်မင်းကြီး၊ အင်မတန် ရက်စက်ကြမ်းတမ်းတဲ့ စစ်သည်တွေ ပါ။ သူတို့ရဲ့ စစ်သည်အလုံးအရင်းနဲ့ ဥဿာကို စီးနင်းတိုက်ဖျက်လိုက်ကြပါပြီ။ ဘတို့ဟာ ဥဿာစစ်ဘေးက ထွက်ပြေးခဲ့ရတာ ပါ။ ကုန်းလမ်းခရီးမှန်သမျှကို သူတို့ပိတ်ဆို့လိုက်လို့ လှိုင်းလှေထန်မယ်သိလျက်နဲ့ပင်လယ်ကမ်းကနေပြီး ဒီကို ထွက်ပြေးခဲ့ရတာ ပါ။ အစတုန်း ကတော့ လှေငယ်အစင်းသုံးဆယ်လောက် ရှိပါတယ်၊ ဘတို့ ဇနပုဒ်သားအားလုံး လှေငယ်တွေ နဲ့ ထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမဲ့…ဒါပေမဲ့ကွယ် ဘတို့လှေတစ်စင်းပဲဒီကိုရောက်လာနိုင်တော့တယ်၊ ကျန်တဲ့လှေတွေ အားလုံးဟာ ဥဿာကအတွက် မြစ်ဝမှာ ပဲ ကျွမ်းတွေ တိုက်ခိုက်လို့ နစ်မြုပ်ပျက်စီးခဲ့ရပါပြီကွယ် ဘတို့ ဇနပုဒ်သားတွေ လဲ သေကုန်ခဲ့ပါပြီ၊ ဘတို့သာ…ဘတို့သာ”
အဘိုးအိုသည် သည်းထန်စွာ ငိုကြွေးလေပြီ ဖြစ်သည်။
ကျောက်ခုံစင်မြင့်ပေါ်တွင် ရှိကြသော လှေငယ်မှလူများ လည်း ငိုကြွေြး ကတော့သည်။ အထူးသဖြင့် ကလေးများ ၏ ငိုကြွေးသံသည် ကျွန်ုပ်၏ နှလုံးကိုပြင်းစွာ ဆုပ်ညှစ်နင်းခြေသည်တကား။
“ကျွမ်းစစ်သည်”။ ဤအမည် ကို ကျွန်ုပ် ချက်ချင်း သတိရလိုက်သည်။
မိဖုရားသီရိမာက သုံးနှုန်းဖူးသည်ထင်သည်။ `ကျွမ်းစစ်သည်…ကျွမ်းစစ်သည်၊ အယုဒ္ဓယမှ ကျွမ်းစစ်သည်များ ’ သို့ ဆိုလျှင်…။
ပင်လယ်ပြင် လှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ပုတ်လိုက်သလို ခံစားရသည်။
“ကျွမ်းစစ်သည် ဟုတ်လား၊ ဒါ…ဆိုရင်…ပြောစမ်း အဘိုးအို၊ သူတို့ကို ခေါင်းဆောင်လာတာက ဟို..အနောက်ဘက်က လိဂေါဂဘုရင်”
“ဟုတ်ပါတယ် ဘုရင်မင်းမြတ်…ဟုတ်ပါတယ်၊ သူရိယဝမ္မဆိုတဲ့လိဂေါရဘုရင်ပါ၊ စစ်အင်အားကြီးမားစွာ နဲ့ တိုင်းပြည်နိုင်ငံတွေ ကို လိုက်လံတိုက်ခိုက်နေတဲ့ လိဂေါရဘုရင်ပါ”
အဝေရာခန်းမတစ်ခုလုံး ရုတ်ချည်းတိတ်ဆိတ်သွားသည်။
ကျွန်ုပ်ရှေ့ရှိ မီးလင်းဖိုမှ မီးတောက်များ ထိုးထွက်နေကြသည်။ ထိုမီးတောက်ထဲတွင် နေအဆင်းကဲ့သို့ ဝင်းထိန်သော သံကိုယ်ကျပ်ကို ဝတ်ဆင်သူလိဂေါရဘုရင် သူရိယဝမ္မ၏ ပုံသဏ္ဌာန်များ ကို မြင်ယောင်လိုက်မိသည်။
သူရိယဝမ္မသည် ကျွမ်းစစ်သည်များ ဖြင့် ဥဿာပဲခူးကို စီးနင်းတိုက်ခိုက်ချေပြီတကား။
သုဝဏ္ဏဘုမ္မိနှင့် မဝေးလှသော မြောက်ဘက်ဒေသ ရာမညနွယ်ဖွားတို့နေထိုင်သည့် ဥဿာသို့ ဒင်းတို့ ဝင်ရောက်ချေပြီတကား။
ဗိုလ်မင်းဗြတ်ဖသည် အဘိုးအို၏ ပခုံးကို ဆွဲကိုင်လှုပ်ယမ်းလိုက်လေသည်။
“အဘိုးအို…သူတို့ အင်အား ဘယ်လောက်ရှိသလဲ ပြောစမ်းပါ”
“အဘဟာ ဥဿာနေပြည်တော် မြောက်အရပ် ဇနပုဒ်အကြီးအမှူးမို့ဒင်းတို့စစ်သည် အရေအတွက်ကို ကောင်းကောင်းသိခဲ့ပါတယ်။ ဒင်းတို့…လေးသော င်း..ရှိတယ်”
“လေးသော င်း”
နန်းရင်းဝန်ကြီး၏ အသံသည် ယောင်ယမ်း၍ ထွက်လာသော အသံ ဖြစ်သည်။
သုဝဏ္ဏဘုမ္မိကမ်း၏ ကေလာသကမ်းခြေစောင့်တပ်တွင် တိုက်လှေလေးရာရှိသည်။ အဝေရာဆိပ်ကမ်းတပ်မငါးခု၊ စုစုပေါင်းလျှင် အင်အားငါးထောင်၊ ကေလာသတောင်တော် ရှိ မြို့စောင့်တပ်ကား အင်အားနှစ် ထောင်၊ ကျွန်ုပ်၏ ကိုယ်ရံတော် တပ်မ ဗိုလ်မင်းဗြတ်ဇလက်အောက်တွင် အင်အားသုံးရာ၊ တိုက်ဆင်ပေါင်းကား နှစ် ရာ။
နန်းရင်းဝန်နှင့် ဗိုလ်မင်းဗြတ်ဇတို့သည် ကျွန်ုပ်ကဲ့သို့ ပင် သုဝဏ္ဏဘုမ္မိ၏ စစ်အင်အားကို တွက်ချက်နေပုံရသည်။ လိဂေါရဘုရင်၏ လေးသော င်းနှင့်ကျွန်ုပ်၏ စစ်သည် စုစုပေါင်းအင်အား…။
“သမိန်…သမိန်..သတိရလာပြီ”
ဘိုးပန်းရည်၏ အသံကိုကြားလိုက်ရသည်။
ကျောက်ခုံဘေးတွင် လဲကျနေသည့် လူရွယ်လူးလွန့်လာသည်။
အသက်နှစ် ဆယ်ကျော်မျှသာ ရှိပေဦးမည် ။ ကျစ်လျစ်သော ခန္ဓာကိုယ်ရှိသည်။ မျက်ခုံးများ သည် သုဝဏ္ဏဘုမ္မိသား ပီသစွာ မည်းမှော င်ကြသည်။ လူရွယ်ကို ဘိုးပန်းရည်က တွဲ ထူပေးနေသည်။
“အို…ကျေးဇူးရှင်ကလေး၊ သတိရလာပြီလား”
ဥဿာမှ အဘိုးအိုသည် ကျွန်ုပ်ရှေ့မှခွာလျက် လူရွယ်ဆီသို့ ပြေးသွားလေသည်။
လှေငယ်ပေါ်မှ မိန်းမမျာသည် လူရွယ်အား ဒူးတုပ်ရှိခိုးနေကြသည်။ ယောက်ျားများ ကမူ လူရွယ်၏ လက်ကို ဆွဲယူနမ်းရှုပ်နေကြသည်။ ဤမှာ ဘက်တွင် ကျွန်ုပ်နှင့် နန်းရင်းဝန်ကြီး၊ ဗိုလ်မင်းဗြတ်ဇတို့သာ ကျန်ရစ်ခဲ့တော့သည်။
အဘိုးအိုသည် လူငယ်ကို ပွေ့ဖက်လျက် တတွက်တွက်နှင့်ပြောဆိုနေသည်။ သူတို့စကားသံများ ရောထွေးနေသဖြင့် သဲသဲကွဲကွဲ မကြားရချေ။ ဘိုးပန်းရည်က လူရွယ်ကို ကျွန်ုပ်ရှိရာသို့ တွဲ ခေါ်လာလေသည်။
“ကဲ…သား၊ မင်းရဲ့ ဘုရင်မင်းမြတ်အနေနဲ့ရော မင်းခါးမှာ ချည်ထားတဲ့ အုန်းဆံကြိုးကို ဝင်ဆွဲပေးတဲ့ ကျေးဇူးရှင်တစ်ပါးအနေနဲ့ရော ဘုရင်မင်းမြတ်ကို အရိုအသေပေးလိုက်”
ဘိုးပန်းရည်စကားအဆုံးတွင် လူရွယ်သည် ကျွန်ုပ်ရှေ့သို့ ဒူးထောက်ဦးညွှတ်လိုက်ပြီး လက်အုပ်ချီလိုက်လေသည်။ သူ့လက်ချောင်းမျာသည် ထူးထူးခြားခြား ရှည်လျားသွယ်ပျောင်းလှသည်။ သူသည် လှေသင်္ဘောဖြင့် အသက်မွေးသူမ ဖြစ်နိုင်ဟု ကျွန်ုပ်နားလည်လိုက်သည်။
“အို…ထပါ…ထပါ..။ မောင်မင်း သိပ်ပင်ပန်းခဲ့ပါတယ်။ သက်သက်သာသာနေပါ”
လူရွယ်သည် ဒူးထောက်နေရာမှထ၍ ခြေစုံရပ်လိုက်သော်လည်း လက်အုပ်ချီထားမြဲ၊ ဦးခေါင်းညွှတ်ထားမြဲ ရှိနေလေသည်။ ရှည်လျားသွယ်ပျောင်းသော လက်ချောင်းများ ကို ကျွန်ုပ်မကြည့်ဘဲ မနေနိုင်ပေ။
“ဘိုးပန်းရည်…ဒါ ဘိုးပန်ရည်ရဲ့ သားပေါ့ ဟုတ်လား”
“သားလို့ပဲ ကျွန်တော် မျိုးကြီး ခေါ်ပါတယ် ဘုရင်မင်းမြတ်၊ ဒါပေမဲ့သမိန်မှာ မိဘအရင်း မရှိတော့ပါဘူး။ အမှန်တော့ ကျွန်တော် မျိုးကြီးရဲ့ မွေးစားသား ဖြစ်ပါတယ်။ သူဟာ သုဝဏ္ဏဘုမ္မိမှာ ကျွန်တော် မျိုးကြီးမရှိတော့ရင်ဘုရင်မင်းမြတ်အတွက် လက်ရာအမြောက်ဆုံး ပန်းတမော့အရုပ်တွေ ထုလုပ်ပေးနိုင်မည့် ပညာရှင်ပါ”
“ဩော်…သမိန်ဟာ ပန်းတမော့ပညာရှင်ကိုး”
“ပါရမီထူးကဲတဲ့ ပညာရှင်ပါ ဘုရင်မင်းမြတ်”
ရှည်လျားသွယ်ပျောင်း၍ ထူးခြားသော သူ့လက်ချောင်းများ ကို သတိပြုမိခြင်းအတွက် ကျွန်ုပ်ကျေနပ်မိပေသည်။
မိုးသက်လေတို့ ငြိမ်စပြုလာပြီ ဖြစ်သည်။ လှိုင်းပုတ်သံများ လည်းအသံကျဲသွားသည်။ အထက်မှ မိုးကောင်းကင်၏ ခဲပုပ်ရောင် ဖျော့တော့လာသည်။
သို့ သော် သုဝဏ္ဏဘုမ္မိသည် ဆိုးရွားခါးသီးသော မုန်တိုင်းတစ်ခို ယခုမှစတင်ရင်ဆိုင်ရပြီဟု ကျွန်ုပ်ခံစားနေရသည်။ ဥဿာကို ဝင်တိုက်သည့် ကျွမ်းစစ်သည်တို့နှင့် လိဂေါရဘုရင်သူရိယဝမ္မ။
“ကဲ…နောက်မှ အေးအေးဆေးဆေး တွေ့ ကြစို့။ ဒါထက် သမိန်ငယ်မောင်မင်း ကျွနုပ်ရဲ့ နန်းတော် စောင့်တပ်မှာ အမှု ထမ်းနိုင်မလား၊ ဒါမှမဟုတ်ပင်လယ်ရဲ့ လှိုင်းလုံးကို မကြောက်တဲ့ မောင်မင်းအတွက်ဆိုရင် အဝေရာဆိပ်ကမ်းစောင့်တပ်နဲ့ ပိုလိုက်ဖက်လိမ့်မယ်နဲ့ တူတယ်၊ ဘယ့်နှယ်လဲ ဘိုးပန်းရည်”
လူရွယ်သည် တစ်စုံတစ်ရာ မပြောဘဲ ဘိုးပန်းရည်၏ မျက်နှာကိုသာစိုက်ကြည့်နေသည်။
ဘိုးပန်းရည်သည် အဓိပ္ပာယ်တစ်ခုခုကိုဆောင်သည့် အပြုံးဖြင့် ပြုံးလိုက်သည်။
“ဘုရင်မင်းမြတ် ခွင့်ပြုတော် မူမယ်ဆိုရင် သမိန်ကို ကျွန်တော် မျိုးကြီးလက်အောက်မှာ ပဲ ပန်းတမော့ပညာရှင်အ ဖြစ် ထားစေချင်ပါတယ်။ သူ့ကိုစစ်သည်အ ဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် အင်မတန်နုနယ်တဲ့ စစ်သည် ဖြစ် သွားပါလိမ့်မယ်။ သူဟာ စစ်သေနင်္ဂဗျူဟာအတွက် သူစိမ်းတစ်ရံဆံ ဖြစ်နေပါတယ်။ ပန်းတမော့အတွက်တော့ သူဟာ အရွယ်နှင့်မမျှအောင် ရင့်ကျက်ပြီးသူ ဖြစ်တာမို့…”
ဗိသုကာတော် အဘိုးကြီး၏ လိမ္မာသော စကားအသုံးကို ကျွန်ုပ်သဘောကျမိသည်။
“ကဲ…ကဲ..ရှိပါစေတာ့လေ။ ပန်းတမော့ပညာရှင်အနေနဲ့ပဲ အမှု တော် ကို ထမ်းပါစေတော့၊ သို့ သော် တစ်ခုတော့ရှိတယ်၊ ဟောဒီ အဝေရာဆိပ်ကမ်းမှာ ခံတပ်ဆောက်တဲ့အခါကျရင်တော့ သမိန်ငယ် တာဝန်ထမ်းရလိမ့်မယ်၊ ပန်းတမော့ ကျောက်ဆစ်ပညာရှင် တစ်ယောက် တော့ ခိုက်ခံ့တဲ့ခံတပ်တော့ ဆောက်ရပေမယ်”
ကျွန်ုပ်သည် မီးဖိုဘေး ကျောက်ခုံပေါ်မှ အောက်သို့ ဆင်းလိုက်သည်။ ဗိုလ်မင်းဗြတ်ဇက ကျွန်ုပ်သွားရန် လမ်းရှင်းပေးသည်။
“ဟင်…အဝေရာဆိပ်ကမ်းမှာ ဟိုနေရာက ကြာဖက်ဆောင်းတင်ပျဉ်ခွေ ဒက္ခိဏသာခါဆင်းထုတော် ကြီး ထုလုပ်ရာမှာ မဟုတ်လား ဘုရင်မင်းမြတ်”
ဘိုးပန်းရည်၏ အမေးကို နန်းရင်းဝန်ကြီးက ဝင်ဖြေလေသည်။
“မဝေးလှတဲ့ မြောက်ဘက်ဒေသက ဥဿာမှာ လိဂေါရဘုရင်ရဲ့ စစ်ရောက်နေပြီ ဘိုးပန်းရည်၊ ဘုရင်မင်းမြတ်ဟာ ခံတပ်ကို အရင်ဆောက်လိမ့်မယ်”
အံ့အားသင့်လျက်ရှိသော ဘိုးပန်းရည်၊ လက်အုပ်ချီ၍ ရပ်မြဲရပ်နေသော လုလင်ငယ် သမိန်၊ ဒူးထောက်ပြီး ဦးညွှတ်နေကြသော ဥဿာမှ ဒုက္ခသည်များ နှင့် မျက်မှော က်ကြုတ်နေသည့် သုဝဏ္ဏဘုမ္မိသားများ ကို ဖြတ်သန်းလျက်ကျွန်ုပ်တို့သည် အဝေရာဆိပ်ကမ်းခန်းမထဲမှ ထွက်ခဲ့ကြသည်။
မိုးသက်လေ ချုပ်ငြိမ်းသွားပေပြီ။ ပင်လယ်သည်လည်း ပြန့်ပြူးငြိမ်သက်နေပြီ။ နေရောင် ခြည်သည် ဖျော့တော့စွာ ဆင်းနေပေပြီ။ မိုးသက်မုန်တိုင်း၏ နိဂုံးမှ မွေးဖွားခါစ ပင်လယ်၏ လှပတင့်တယ်မှု သည် `အဝေရာ’ ကို လွှမ်းခြုံလိုက်ပေပြီ။
သို့ သော်အပြင်းထန်ဆုံးမုန်တိုင်းနှင့် အကြီးမားဆုံး လှိုင်းတံပိုးတို့သည်စတင်မွေးဖွားနေပြီ ဖြစ်သည်။ ယင်းတို့သည် ပင်လယ်ပြင်၌ ကားမဟုတ်။
သုဝဏ္ဏဘုမ္မိဥသျှောင်မကိုဋ် ကျွန်ုပ် မနူဟာ၏ ရင်တွင်း၌ …
နန်းဦးဘုံဆောင်မြင့်ထဲတွင် ကျွနုပ်ရောက်ရှိနေသည်မှာ ကြာပေပြီ။
နန်းဦးဘုံဆောင်ထဲသို့ ကျွန်ုပ်ဝင်ခဲ့ချိန်က လသည် ကေလာသတောင်စွန်းမှာ ပင်ရှိသေးသည်။ ယခုအခါ ပြည့်လုဆဲလသည် ကေလာသတောင်ထိပ်ပေါ်သို့ ရောက်ရှိနေလေပြီ။ နန်းဦးဆောင်သည် ထုံးစံအတိုင်း အမွှေးနံ့သာများ ၊ ပန်းပေါင်းဆီရနံ့များ ဖြင့် ထုံမွှမ်း၍ နေသည်။ ဖြူဖွေးသော စံပယ်ပွင့်တို့သည်ရွှေပလ္လင်အောက်တွင် ကြဲပြန့်နေသည်။
ဘုံဆောင်မြင့်ထိပ်ထက်ရှိ ရွှေပလ္လင်ပေါ်မှ ဗုဒ္ဓရုပ်ပွားတော် မြတ်ကားဆီမီးရောင် တို့အလယ်တွင် တင့်တယ်သပ္ပာယ်စွာ ကိန်းဝပ်စံနေတော် မူသည်။ အပြင်ပလေ မဝင်နိုင်အောင်စီမံထားသည့် ဤဘုရားကျောင်းခန်းဝယ် ဆီမီးမှ မီးတောက်ငယ်တို့သည် ယိမ်းယိုင်လွန့်လူးခြင်းမရှိကြ။ အမွှေးနံ့သာတိုင်မှတလူလူပျံနေသော မီးခိုးတန်းတို့သည် ပင်လျှင်ဝေ့ဝိုက်လှုပ်ခတ်ခြင်းမရှိကြ။
ရုပ်ပွားတော် မြတ် မျက်နှာတော် မှာ လည်း ပကတိကြည်လင် သန့်စင်လှဘိခြင်း။
ပီတိသဒ္ဓါတို့၏ နွေးထွေးမူသည် ကျွန်ုပ်၏ လက်ချောင်းများ ဆီသို့ စီးဆင်းဖြန့်ကြက်သွားသည်။ အလိုအလျောက်ပင် ရုပ်ပွားတော် မြတ် ရှေ့မှော က်၌ ကျွန်ုပ်ဒူးထောက်မိသွားသည်။ လက်အစုံသည်လည်း ပူးကပ်၍ နဖူးထိပ်ထက်၌ တည်သွားကြလေသည်။
“ကျေးဇူးတော် အစုံ ဂုဏ်တော် အနန္တတို့ဖြင့် ပြည့်စုံတော် မူသော လောကသခင် အရှင်မြတ်ဘုရား…”
နန်းဦးဘုံဆောင်မြင့်၏ ကျောင်းဆောင်တော် အတွင်းသို့ ရောက်လေတိုင်း ဤစကားစုတို့ကို ကျွန်ုပ်၏ နှုတ်မှလှိုက်လှဲစွာ ရွတ်ဆိုမိသည်ချည်းပင် ဖြစ်သည်။ မျက်နှာတော် ကို တစိမ့်စိမ့်ဖူးမြော်ရင်း ပွားစီးသော သဒ္ဓါတရားများ ဖြင့် အတန်ကြာအောင်ထိ ကျွန်ုပ်နေလ့ရှိသည်။ အထပ်ထပ်အခါခါဖန်အပ်လဲဝါကဲ့သို့ ညံ့သက်သိမ်မွေ့လာသော အာရုံစုတို့ဖြင့်သာ တရားတော် ကို ကျွန်ုပ်ရွတ်ဖတ်လေ့ရှိသည်။
ယနေ့ည ဆီမီးရောင် တို့ပို၍ ထွန်းလင်းသည်ဟု ကျွန်ုပ်ထင်မိသည်။ ရုပ်ပွားတော် မြတ်၏ မျက်နှာတော် မှ နက်ရှိုင်းသော သပ္ပာယ်မှု သည်ပို၍ ထင်ရှားနေသည်ဟု ထင်သည်။
နဖူးသင်းကျစ်တော် အလယ်၌ ပတ္တမြားသည်လည်း အရည်ဖိတ်လည်ကျတော့မည် ထင်ရသည်။ ငြိမ်သက်သော ဆီမီးအောက်မှာ ပင် နန်းစဉ်ပတ္တမြား၏ အရောင် သည် ပြိုးပြက်နေသည်။ ပတ္တမြား၏ နီမောင်းသော အရောင် သည် ပလ္လင်တော် ၏ ဝဲယာဘက်ရှိ ကျောက်သလင်းခုံပေါ်သို့ ဖိတ်စဉ်နေသည်။
ပတ္တမြားရောင် ဖိတ်စဉ်ကျနေသော ကျောက်သလင်းပေါ်တွင် ရွှေကျင်ခတ်ပဝါဖြင့် စည်းနှောင်းထားသည့် ရတနာတကာတို့၏ ရတနာမြတ်ရှိနေပေသည်။
ယင်းကား ပိဋကတ်တော် များ တည်း။
ထေရဝါဒ သာသနာတော် ၏ အဆီအနှစ် များ စုဝေးရာ ပိဋကတ်တော် ။
သုဝဏ္ဏဘုမ္မိ၏ နှလုံးသည်းပွတ်၊ ကျွန်ုပ်မနူဟာ၏ နှလုံးသည်းပွတ် ဖြစ်တော် မူသော သုံးပုံပိဋကတ်တော် ။
ပီတိသော မနဿယစ်မူးကြည်နူးမှု သည် အဆုံးစွန်းသို့ ရောက်သွားပြီထင်သည်။ ထိုအခါအခြားတစ်ဖက်ရှိ တစ်စုံတစ်ရာကို ရုတ်ချည်းခံစားလိုက်ရတော့သည်။
`ကျွမ်းစစ်သည်…ဥဿာ…လိဂေါရဘုရင်…စစ်’
လွန်ခဲ့သော သုံးရက် အဝေရာဆိပ်ကမ်းတွင် မိုးသက်မုန်တိုင်း ပြင်းထန်သည့်နေ့က အ ဖြစ်သနစ်များ ကို မြင်ယောင်လာမိသည်။ ကြီးစွာ သော လှိုင်းတံပိုးအောက်မှ လှေငယ်ကို မြင်နေရသည်။ ထိုလှေငယ်ထဲတွင် ကျွန်ုပ်မနူဟာရောက်ရှိနေသလား။
`အဝေရာ’ တွင် ဘိုးပန်းရည်အမှူးပြု၍ ခံတပ်ဆောက်လုပ်နေပေပြီ။ ဗိုလ်မင်းမြတ်ဇသည်လည်း ကေလာသ၏ အခြားတောင်စွန်းတစ်ဖက်သို့ ခရီးထွက်၍ ဆိပ်ကမ်းစောင့်တိုက်လှေများ ကို ပြင်ဆင်နေပေပြီ။
ကေလာသတောင်မှ ပန်းပဲဖိုမျာတါင်လည်း ဓား၊ လှံ၊ လက်နက်ထုလုပ်သံတို့သည် တောင်တော် မြတ်ထက်မှ ကျွန်ုပ်၏ နန်းတော် ဆီသို့ လွင့်လာတတ်သည်။
ပင်လယ်ပြင်ကို ဖြတ်သန်းလာသည့် လေထဲတွင် ယခင်ကလို ကြေးစည်သံများ ၊ ခေါင်းလောင်းထိုးသံများ မပါလာတော့ပြီ။ ဆီမီးရောင် တို့ဖြင့် လှပတင့်မောဖွယ် ဖြစ်ပေသော ကေလာသာတောင်စောင်း၏ ညအချိန်များ တွင် ယခုအခါ ပန်းပဲဖိုလွင့်စဉ်သည့် မီးပွားစများ ကိုသာ တွေ့ မြင်နေရပြီ။
မောဟအဝိဇ္ဇာ အကုသိုလ်မီးတို့သည်လည်း ကျွန်ုပ်ကို လောင်မြိုက်ခဲ့ပေပြီ။ ကျွန်ုပ်သည် နန်းဦးဘုံဆောင်မြင့်သို့ ဝင်တိုင်း အမြဲတမ်းကြည်လင်သန့်စင်သော စိတ်နှလုံးတို့ဖြင့် ဝင်ခဲ့သည်ချည်း ဖြစ်သည်။
အကယ်၍ အဝိဇ္ဇာတို့ ကပ်ငြိခဲ့လျှင်လည်း ဘုံဆောင်မြင့်၏ အခန်းဝ၌ ထိုအရာတို့ကို ပယ်ခွာစွန့်ပစ်ထားခဲ့သည်ချည်းသာ ဖြစ်သည်။
ယခုမူကား…။
ကိလေသာတို့၏ ကုန်ရာ၊ ကင်းရာ၊ ချုပ်ရာ၊ ငြိမ်းရာ ဖြစ်တော် မူသော ဗုဒ္ဓရှင်တော် မြတ်၏ ရုပ်ပွားတော် ရှေ့မှော က်တွင် ကျွန်ုပ်မနူဟာသည် ပူပန်သော စိတ်တို့ကို ပယ်ခွာ၍ မရနိုင်တကား။
“လွဲမှားသော ထေရဝါဒအယူ”
“နေအဆင်းကဲ့သို့ ဝင်းထိန်သော သံကိုယ်ကျပ်ကို ဆင်မြန်းသူ သူရိယဝမ္မ”
“ကျွမ်းစစ်သည် ဥဿာ”
“အင်အား လေးသော င်း”
ကျွန်ုပ်သတိပြုလိုက်မိသော အချိန်၌ ကျွန်ုပ်၏ လက်အစုံတို့သည် လက်အုပ်ချီလျက် ရှိမနြေ ကတော့။ လက်သီးဆုပ်လျက်သား ဖြစ်နေသည်။
လိဂေါရဘုရင်၏ ညီဟုဆိုသော ရာဇသံအဖွဲ့အကြီးအကဲ ဥဒယဒိဿယဝမ္မဆိုသူ၏ ရိုင်းပျသော အမူအရာကို မြင်ယောင်လာပြန်သည်။
“သာသနာတော် ကို ကာကွယ်စောင့်ရှောက်ရန် အလို့ငှာရာမညသားတို့လက်နက်စွဲကိုင်ကြ” ဟူသော အမိန့်ကို ကျွန်ုပ်ထုတ်ပြန်ရမည် ။
`အဝေရာ’ တွင် ကြီးစွာ သော ခံတပ်ဆောက်ရမည် ။ ကေလာသဆိပ်ကမ်းတလျှောက်၌ တိုက်လှေယာဉ်တို့ကို အသင့် ဖြစ်စေရမည် ။ စစ်တောင်းနှင့်သံလွင်မြစ်ဝှမ်းအကြား လွင်ပြင်အနှံ့၌ ရာမညခြေလျင်တပ်ကို အင်အားတိုးမြင့်ဖြည့်တင်းရမည် ။
သွေးအလိမ်းလိမ်းကပ်သော ဓား၊ လှံ၊ လေးမြားလက်နက်မျာ၊ တံပိုးခရာသံများ ၊ `မိစ္ဆာကောင်တွေ ကိုသတ်ကြ’၊ `ကျူးကျော်စော်ကားသူတွေ ရဲ့ သွေးကိုသောက်ကြ’ စစ်ဦးတံခွန်၏ ကြွေးကြော်သံများ ၊ ထို့နောက် အလောင်းကောင်တို့ဖြင့် ပြည့်နှက်နေသော စစ်မြေပြင်။
ဤစစ်မြေပြင်ဝယ် ကျူးကျော်သူ အရိုင်းအစိုင်း မိစ္ဆာဒိဋ္ဌိများ နှင့်အတူထေရဝါဒ၏ သားတော် များ ဖြစ်ပေသော သုဝဏ္ဏဘုမ္မိသားတို့၏ အလောင်းများ လည်း ပြည့်နှက်နေကြမည် ။
သုဝဏ္ဏဘုမ္မိသားတို့၏ မိခင်၊ အမေအို၊ သမီးနှင့် ဇနီးမိန်းမပျိုတို့သည်လည်း စစ်မီးတောက်အတွင်း၌ လောင်မြိုက်ဝါးမျိုခြင်း ခံကြရပေဦးမည် ။
သတ္တန္တရကပ်၊ ထို့နောက် ရောဂန္တရကပ်၊ ထို့နောက်၊ ဒုဗ္ဗိကန္တရကပ်။
နှစ် ပေါင်းများ စွာ က ဟရိပုဉ္စယ၏ အတိတ်ရာဇဝင်ကို မြင်လာမိသည်။ နန်ကျောင်လူမျိုးနွယ်တို့၏ ကျူးကျော်မှု ကို ခံခဲ့ရသည့် ဟရိပုဉ္စယတိုင်းသည် ကြောက်မက်ဖွယ် စစ်တလင်း ဖြစ်ခဲ့ရသည်။ အသက်အိုးအိမ်ပေါင်းများ စွာ ဆုံးရှုံးခဲ့ရသည်။
တိုင်းသူပြည်သားတို့ သေကွဲရှင်ကွဲ၊ ကွဲခဲ့ရပြီးသည်၏ အခြားမဲ့၌ ရောဂန္တရကပ်ကြီး ဆိုက်ခဲ့သည်။ ဟိရိပုဉ္စယ၏ အနိဋ္ဌာရုံအတိတ်သည် သုဝဏ္ဏဘုမ္မိတွင် တစ်ဖန်ပြန်လည် ဖြစ်ပေါ်လာဦးမည် လော။
ကျွန်ုပ်၏ လက်ထက်တော် တွင် သုဝဏ္ဏဘုမ္မိသည် စစ်မြေပြင် ဖြစ်ရအံ့လော။ အို…မနူဟာသည် ကေလာသတောင်တော် မြတ်၏ တစ်ဝိုက်ကိုသွေးခြင်းခြင်း နီရဲစေရအံ့လော။
တောင်စွန်း ကျောက်ကမ်းပါးတစ်ခုလျှင် တစ်ဆူစီလောက်ရှိနေသော ဗုဒ္ဓရုပ်ပွားဆင်းတုတော် များ အကြားသို့ တိုက်ဆင်တို့ သိမ့်သိမ့်သဲသဲတိုးဝှေ့ဝင်ရောက်ြ ကတော့မည် ။ စေတီပုထိုးများ ၏ ရင်ပြင်တော် အထက်တွင် စစ်မြင်းခွာသံများ က ဗြောင်းဗြောင်းဗြင်းဗြင်း နင်းခုန်ြ ကတော့မည် ။ `အဝေရာ’ နှင့် `အဘရာ’ တို့တွင် ရွှေနှင့် ကျောက်သလင်း၊ အမွှေးနံ့သာ ကုန်စည်လှေများ ဆိတ်သုဉ်း၍ စစ်မောင်းသံဝေစည်သည့် တိုက်လှေများ ဝင်ရောက်တော့မည် ။ ပြာလဲ့သော ပင်လယ်သည် လူသွေးတို့ဖြင့် နီမောင်းညိုမည်းတော့မည် ။
စစ်၊ သတ်ဖြတ် တိုက်ခိုက်သည့် စစ်။ အသက် အိုးအိမ် စည်းစိမ်တို့ပျက်စီးဆုံးရှုံးရသည့်စစ်။ လူ့အသက်တို့ သေပွဲဝင်ရမည့် စစ်။
“ဘုရား…ဘုရား”
“အို…ပူလောင်ပြင်းပြမူသည် လွန်လွန်ကဲကဲ ဖိစီးနှိပ်စက်သည်တကား။
“မြတ်သော အမတနိဗ္ဗာန်ချမ်းသာကို ညွှန်ပြခေါ်ဆောင်တော် မူသော သုံးလောကသခင် အရှင်မြတ်ဘုရား။ တပည့်တော် သည် သာသနာကို ကာကွယ်စောင့်ရှောက်ရန် အလို့ငှာ မိစ္ဆာများ အား ရင်ဆိုင်ရပါတော့မည် ဘုရား။ ထိုသို့ ရင်ဆိုင်ရာတွင် တိုင်းပြည်၏ ဘုရင်မင်းမြတ် ဖြစ်သော ဘုရားတပည့်တော် သည် လက်နက်လေးမြားကို လည်းကောင်း၊ သေနင်္ဂဗျူဟာကိုလည်းကောင်း၊ စစ်မိန့်ကို လည်းကောင်း၊ အသုံးပြုကိုင်စွဲရပါတော့မည် ဘုရား။ သူ့အသက်သတ်ခြင်း တည်းဟူသော ကံကိုလဲ မလွဲမသွေကျူးလွန်ရပါတော့မည် ဘုရား။ စစ်ကို ဓမ္မတာအရ နည်းဗျူဟာဖြင့် လှည့်ဖြားခြင်း၊ ဥပါယ်တံမျဉ်အသုံးပြုခြင်းစသော ဓမ္မနှင့် မယှဉ်သည့် အမှု များ ကိုလဲ ကံသုံးပါးစလုံးဖြင့်အထမြောက်အောင် ကျူးလွန်ရပါတော့မည် ဘုရား”
နှလုံးကြေကွဲဝမ်းနည်းမှု တို့က အတိုင်းမသိ အုပ်မိုးလာသည်။
“မနူဟာ ဘုရင်မင်းမြတ်” ဟူသော အ ဖြစ်သည် ကျွန်ုပ်အား “ထေရဝါဒသာသနာ့ဒါယကာကြီး” ဘဝကို ခံယူနိုင်စေအောင် အကျိုးပြုခဲ့သည်။ ဘုရင်မင်းမြတ်တစ်ပါး၏ အာဏာစက်ကို အသုံးပြု၍ ရာမညတိုင်းတွင် ထေရဝါဒသာသနာပြန့်ပွားစည်ပင်အောင် ကျွန်ုပ်ဆောင်ရွက်ခဲ့သည်။ သာသနာ့ဒါယကာအ ဖြစ်သို့ ပို့ဆောင်ပေးခဲ့သော ဤ`မနူဟာ ဘုရင်မင်းမြတ်’ အ ဖြစ်သည်ပင်လျှင် ကျွန်ုပ်အား တရားဓမ္မနှင့် ဆန့်ကျင်ဘက်များ ကို ပြုလုပ်ရန်တာဝန်ပေးခဲ့ပြန်ပြီ။
ဤကမ္ဘာလောက၌ ဘုရားတပည့်တော် သည် ဝိပါကဝဋ်ကြွေး အကြီးမားဆုံး ဖြစ်ပါတော့သည် ဘုရား။ ဘုရားတပည့်တော် မနူဟာ၏ ဝိပါကဝဋ်တို့သည်ဤဘဝနှင့်သာ အပြီးတိုင်တည်ပါစေတော့ဘုရား။
ကျွန်ုပ်၏ ပါးပြင်တစ်လျှောက်တွင် ပူနွေးသွားသည်။
“အို…”
ရာမညတိုင်း၏ အကြီးကျယ်ဆုံးသော သုဝဏ္ဏဘုမ္မိနေပြည်တော် ရှိအခန်းနားဆုံး၊ အမြင့်မြတ်ဆုံး နန်းဦးဘုံဆောင်မြင့်မှ ဘုရားကျောင်းဆောင်တော် အတွင်း ဗုဒ္ဓရုပ်ပွားတော် ရှေ့မှော က်တွင် သုဝဏ္ဏဘုမ္မိမင်းမြတ်သည်ဆို့နစ်သော နှလုံးများ ဖြင့် ငိုကြွေးနေမည် ဟု မည် သည့်သုဝဏ္ဏဘုမ္မိသားမှထင်ကြမည် မဟုတ်။
သို့ သော် `သုဝဏ္ဏဘုမ္မိဘုရင်မင်းမြတ်’ နှင့် `ထေရဝါဒသာသနာ့ဒါယကာမင်းတြား’ တည်းဟူသော ဘဝနှစ် ခုကို ကြိတ်ခြေဆုပ်နယ်မှု ကြောင့် ကျွန်ုပ်၏ သည်းပွတ်တို့ ကွဲကြေရသည်ကား အမှန်တည်း။
အဖြူရောင် ကော်ဇောပေါ်သို့ မျက်ရည်များ တပေါက်ပေါက်ကျနေသည်။ ကျွန်ုပ်သည် ကျွန်ုပ်ကို ပြန်လည်ဆန့်ကျင်နေရပြီ။ ရုပ်ပွားတော် ရှေ့မှအမွှေးနံ့သာတို့သည် ရင်တွင်း၌ ချိုအီမွန်းကျပ်လာသည်။ ဆီမီးတို့သည်ရင်တွင်းသို့ ဝင်ရောက်လောင်မြိုက်ကြပြီထင်သည်။
“အို…ဘုရား…ဘုရား”
ကျွန်ုပ်သည် ဗုဒ္ဓရှင်တော် အား ဆီမီးတို့ဖြင့် မဟုတ်မူဘဲ ကိလေသာမီးတို့ဖြင့် ပူဇော်မိပေပြီ။
“ယနေ့အဖို့ စိတ်နှလုံးတည်ငြိမ်မှု နှင့် သမ္မာသမာဓိကင်းပျေက်နေပြီ ဖြစ်သည့် ဘုရားတပည့်တော် သည် အရှင်မြတ်ဘုရား၏ ကျောင်းဆောင်တော် အတွင်း ဝင်ရောက်ရန် မသင့်လျော် မထိုက်တန်ပါဘုရား…”
“ကိလေသာ၏ သားကောင် မနူဟာကို ခွင့်လွှတ်တော် မူပါ ဘုရား…”
လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ခဲ့မိပေသော လက်အစုံတို့ဖြင့် ရုပ်ပွားတော် မြတ်ကို လက်အုပ်မချီလိုတော့ပေ။ ထို့ကြောင့် ဦးနှိမ်ကန်တော့ခြင်းမျှပင်မပြုတော့ဘဲ ဆင်းတုတော် ၏ မျက်နှာတော် ကိုပင် မော့်မဖူးတော့ဘဲ ဘုရားကျောင်းဆောင်အတွင်းမှ ထွက်ခဲ့ရပေသည်။
“ဟင်…သီရိမာပါလား”
မိဖုရားသည် ဘုရားကျောင်းဆောင် အပြင်မုခ်ဝတွင် ရှိနေလေသည်။
“သီရိမာ ဒီညဘုရားဝတ်မပြုရသေးဘူးလား”
“သီရိမာ ဝတ်ပြုပြီးပါပြီ မောင်တော် ဘုရင်မင်းမြတ်၊ အခုမောင်တော် ကိုလာစောင့်နေတာပါ”
“အကြောင်းအထူးအထွေ ရှိသလား သီရိမာ”
“ဓမ္မဒဿီဆရာတော် ရောက်နေတယ် မောင်တော် ဘုရင်မင်းမြတ်၊ သော ဏုတ္တရ ခန်းဆောင်တော် ထဲမှာ သီတင်းသုံးစောင့်နေပါတယ်”
“အို…အရှင်အရဟံ ဆရာတော် ဒီကိုကြွလာတယ်လား”
နန်းဦးဘုံဆောင်ရှိရာ တောင်ခါးပန်းနှင့် သော ဏုတ္တရခန်းဆောင်တော် ရှိရာ တောင်ခါးပန်းတို့သည် မဝေးလှ၊ ကေလာသတောင်တော် မြတ်၏ တောင်စောင်း၊ တောင်ခါးပန်းများ တွင် ကျွန်ုပ်၏ သုဝဏ္ဏဘုမ္မိမြို့တော် ကိုအဆောင်ဆောင် အခန်းခန်း ခွဲခြားတည်ထားပေသည်။
ဓမ္မဒဿီဆရာတော် ရှင်အရဟံသည် ဟိုမှာ ဘက် တောင်ခါးပန်းရှိသော ဏုတ္တရခန်းမဆောင်တွင် ကျွန်ုပ်ကို စောင့်နေသည်ဟုဆိုသည်။
ထူးဆန်းသော အချက် ဖြစ်သည်။
ဆရာတော် ကို နောက်ဆုံးဖူးတွေ့ ခဲ့ရသော ကာလမှာ လွန်ခဲ့သည့် သုံးနှစ် သီတင်းကျွတ်လပြည့်နေ့က ဖြစ်သည်။
ထိုစဉ်က ကျွန်ုပ်တို့သည် ဆရာတော် အား သော ဏုတ္တရခန်းမဆောင်တော် သို့ ကြွပါရန် မနည်းတိုက်တွန်းပင့်ဖိတ်ခဲ့ရသည်။ ဆရာတော် ကားသုဝဏ္ဏဘုမ္မိ၏ ပရိယတ် ပဋိပတ်အခေါင်အချုပ် မထေရ်မြတ် ဖြစ်သည်။
သို့ သော် ဆရာတော် သည် ကေလာသတောင်တော် မြတ်၌ သီတင်းသုံးစံနေသူမဟုတ်၊ လောကီရေး ၊ နန်းတွင်းရေး တို့နှင့် မပါဝင်မပတ်သက်လိုဟုဆိုကာ ကေလာသတောင်၏ မြောက်ဘက်ရှိ တောင်ကုန်းငယ်တစ်ခုတွင် သီးသန့်သီတင်းသုံးနေသူ ဖြစ်သည်။ ဓမ္မအခါတော် နေ့ထူးနေ့မြတ်များ မှပင်ကေလာသသို့ မကြွလာပေ။
ရာမညတိုင်းအလုံး၏ သာသနာရေး ကိစ္စကြီးများ ပေါ်ပေါက်လာသည့်အခါမှာ ပင်။ ထို့ပြင် ကျွန်ုပ်တို့ မရမက ပင့်ဖိတ်သည့်အခါမှသာလျှင် ကေလာသတောင်သို့ ကြွခဲ့ဖူးပေသည်။
ယခုလို မိုးရာသီတွင် သာသနာရေး ဆိုင်ရာ သဘင်မျိုး ကျင်းပလေ့မရှိ။
ထို့ပြင် အချိန်မှာ လည်း ညအချိန် ဖြစ်သည်။
အခါမဲ့ ကာလမျိုးတွင် ဆရာတော် သည် မပင့်ဖိတ်ပါဘဲလျက် အဘယ့်ကြောင့် သော ဏုတ္တရခန်းမဆောင်တော် တွင် ရောက်ရှိနေရသနည်း။
ကျောက်သလင်း လှေကားထစ်များ မှတစ်ဆင့် တောင်ခါးပန်းသို့ တက်ရင်း ဆရာတော် အကြောင်းစဉ်းစားနေမိသည်။
နေက်မှလိုက်လာသည့် သီရိမာကိုပင် စကားမပြောမိပေ။ ဓမ္မရံမုခ်ကိုဝင်ရောက်ကျော်လွန်မိပြီဆိုလျှင်ပင် သော ဏုတ္တရခန်းမဆောင်သို့ ရောက်နေပြီ ဖြစ်သည်။
ဓမ္မဒဿီဆရာတော် သည် ကမ္ဗလာဖုံခင်းထားသည့် ကျောက်ခုံပေါ်တွင် ထိုင်နေသည်။ မျက်လွှာကို ချထားသည်။ သက်တော် လေးဆယ်မျှ ရှိသော်လည်း ဆရာတော် အရွယ်မှာ နုပျိုရှင်းသန့်လှသည်။
ကျွန်ုပ်နှင့် သီရိမာတို့ ဆရာတော် ရှေ့သို့ ဝပ်တွားပြီး ဦးချလိုက်ကြသည်။
“ချမ်းသာစွာ ဆောက်တည်နိုင်ကြပါစေ”
ဆရာတော် သည် မျက်လွှာကို မဖွင့်ဘဲ အေးဆေးညင်သာသော အသံဖြင့် ဆုပေးလိုက် သည်။
ခန်းမဆောင်တော် အတွင်း၌ ဆီမီးအနည်းငယ်သာ ထွန်းညှိထားသည်။ မီးတောက်များ သည် လေကြောင့် တဖျပ်ဖျပ်လှုပ်ယမ်းနေကြသည်။ သော ဏုတ္တရ ခန်းဆောင်တော် ရှိရာ တောင်ခါးပန်းကား လေကြောင်းသင့်သော နေရာလည်း ဖြစ်သည်။
“သီရိမာရေ…ဆီမီးတွေ ထွန်းလိုက်ပါကွယ်”
“ကောင်းပါပြီ၊ မောင်တော် ဘုရင်မင်းမြတ်”
ဆီမီးအားလုံးကို သီရိမာထွန်းညှိပြီးသည်အထိ ဆရာတော် သည်စကားတစ်စုံတစ်ရာမပြောသေးပေ။ ခန်းမဆောင်တော် တွင် လုံလောက်သော အလင်းရောင် ကို ရရှိပေပြီ။
“အကြောင်းကိစ္စ အထူးရှိပါသလား ဘုရား”
ယခုမှပင် ဆရာတော် သည် မျက်လွှာကို ဖွင့်ကြည့်လိုက်လေသည်။
“လွန်ခဲ့သော ရက်အနည်းငယ်က လိဂေါရဘုရင်ရာဇသံရောက်လာတယ်လို့ သိရတယ်တကာတော် ၊ ပြီးတော့ တစ်နေ့ဆီကလဲ လိဂေါရဘုရင် ခေါင်းဆောင်တဲ့ ကျွမ်းစစ်သည်တွေ ရဲ့ ရန်ကြောင့် မြောက်ဘက်ဥဿာက လူတချို့အဝေရာကို ရောက်လာတယ်လို့ ကြားရတယ်၊ ဒါတွေ ဟာ အမှန်ပဲလားတကာတော် ဘုရင်မင်းမြတ်”
အေးစက်သော လက်အစုံဖြင့် ကျွန်ုပ်တို့၏ နှလုံးသည်းပွတ်ကို ဆွဲကိုင်ဖျစ်ညှစ်လိုက်သလို ခံစားလိုက်ရသည်။ အဘယ်နည်း။
ဓမ္မဒဿီဆရာတော် သည် ဤအကြောင်းကို မေးရန်အတွက် မိမိသတင်းသုံးသော တောင်ကုန်းငယ် မေးရန်အတွက် မိမိသတင်းသုံးသော တောင်ကုန်းငယ်မှနေ၍ ညအချိန်မတော် တွင် ဤကေလာသ၏ သော ဏုတ္တရခန်းမဆောင်တော် သို့ လာခြင်း ဖြစ်လေသလော။
“အဲဒီ အတိုင်း အမှန် ဖြစ်ပါတယ် ဘုရား”
“တကာတော် ဘုရင်မင်းမြတ်…စစ်ပြုမလို့လား”
ဤမေးခွန်းနောက်ကွယ်၌ အဓိပ္ပာယ်များ စွာ ကို ဆောင်ကြဉ်းလာကြောင်းကျွန်ုပ်သိလိုက်ပေသည်။ ဆရာတော် ၏ အမေးကို ပြည့်စုံအောင် ဖြေရန်စကားလုံးများကို ရှာဖွေနေချိန်၌ နောက်ထပ် အမေးစကားများ ကို ကြားရပြန်လေသည်။
“အခုအဝေရာမှာ ဆောက်နေတဲ့ ခံတပ်ဟာ လိဂေါရတွေ နဲ့ တိုက်ခိုက်ဖို့အတွက်ပဲ မဟုတ်လားတကာတော် ၊ စစ်သည်တွေ လဲ ဆင့်ခေါ်စုစည်းတော့မယ်မဟုတ်လား၊ သုဝဏ္ဏဘုမ္မိကနေပြီး စစ်ကို ကြိုဆိုဖိတ်ခေါ်နေပြီလားတကာတော် ”
မိဖုရားသီရိမာက ကျွန်ုပ်ကိုယ်စား ဝင်ဖြေလေသည်။
“မှန်ပါဘုရား…တပည့်တော် မတို့က စစ်ကို ကြိုဆိုခြင်းမဟုတ်၊ စစ်ကတပည့်တော် မတို့ဆီကို အရောက်လာခြင်းသာ ဖြစ်ပါတယ်ဘုရား”
ဆရာတော် သည် သီရိမာဘက်သို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်ကျောက်ခုံမှ ထလိုက်သည်။
ထို့နောက် သော ဏုတ္တရခန်းဆောင်၏ အတွင်းဘက် အမြင့်နေရာသို့ လျှောက်လှမ်းသွားသည်။ ပိုးသင်္ကန်းဆီးကားထားသော နေရာအရောက်တွင် ကျွန်ုပ်တို့ဘက်သို့ ပြန်လှည့်ကြည့်ပြန်သည်။
“ဒီပိုးသင်္ကန်းစကို ဖယ်လိုက်စမ်းပါ တကာတော် ဘုရင်မင်းမြတ်”
ရှင်အရဟံဆရာတော် ၏ ရည်ရွယ်ချက်ကို သိသလိုလိုရှိသော်လည်းနိုင်ငံတော် ၏ ဓမ္မဒဿီအခေါင်အချုပ် ဆရာတော် ဖြစ်၍ အမိန့်ကို မလွန်ဆန်ဝံ့ပေ။
ကျွနု်ပ်ပိုးသင်္ကန်းစကို ဆွဲဖယ်လိုက်သည်။ ဆီမီးရောင် တိုးဝင်လာသည်။
မဟူရာကျောက်ဖြင့် ပြုလုပ်ထားသော ပလ္လင်ပေါ်မှ ရုပ်တုနှစ် ခုသည်ဆီမီးရောင် အောက်တွင် ထိန်ထိန်ဝါနေသည်။ လူ့တစ်ရပ်အရွယ်ရှိ ရုပ်တုနှစ် ခု။
`အရှင်သော ဏနှင့် အရှင်ဥတ္တရမထေရ်မြတ်နှစ် ပါး’
အရှင်အရဟံသည် ရုပ်တုနှစ် ရုပ်ကို လက်အုပ်ချီလိုက်သည်။
ရာမည ကျောက်ဆစ်လက်ရာ၏ ပြောင်မြောက်သော အနုပညာကြောင့်မထေရ်မြတ်နှစ် ပါး၏ ရုပ်တုတို့သည် ပကိလှုပ်ခါနေသည်ဟု ထင်ရတော့သည်။
`အရှင်သော ဏနှင့် အရှင်ဥတ္တရမထေရ်မြတ်’ နှစ် ပါး၏ ရုပ်တုထားရှိပူဇော်ရာ အဆောင် ဖြစ်သဖြင့် `သော ဏုတ္တရအဆောင်တော် ’ ဟူ၍ ကျွန်ုပ်တို့တညီတညွတ်တည်း ခေါ်ကြခြင်း ဖြစ်သည်။ ထိုအရှင်မြတ်နှစ် ပါးကား ကျွန်ုပ်တို့၏ ရာမညဒေသသို့ ၊ သုဝဏ္ဏဘုမ္မိသို့ ၊ မြင့်မြတ်သော ထေရဝါဒ သာသနာတော် ကို သယ်ယူဆောင်ကြဉ်းခဲ့သည့် ပြန့်ပွားစည်ပင်စေခဲ့သည့် လက်မွန်မဆွေသာသနာ့ဖခင်ကြီးများ ပင်တည်း။
ရှင်အရဟံဆရာတော် သည် ရုပ်တုနှစ် ခုရှေ့၌ ရပ်နေလေရာ ဆီမီးရောင် အောက်ဝယ် မထေရ်မြတ်သုံးပါး ဖြစ်နေလေသည်။
တစ်ပါးသော မထေရ်မြတ်၏ အသံထွက်ပေါ်လာသည်။
“ဟောဒီ ရုပ်တုရှင် မထေရ်မြတ်နှစ် ပါးသာ ခုအချိန်မှာ သက်တော် ထင်ရှားရှိနေသေးရင် တကာတော် ရဲ့ လိဂေါရစစ်ရေး ကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို မှန်းဆကြည့်စမ်းတကာတော် ”
ဆရာတော် အား ပြန်လည်လျှောက်ထားရန် စကားကို ကျွန်ုပ်ရှာမတွေ့  ဖြစ်နေသည်။
“ကျုပ် ကတော့ မထေရ်မြတ်နှစ် ပါးသာ သက်တော် ထင်ရှားရှိနေသေးရင်ဘယ်လိုဖြေရှင်းမယ်ဆိုတာ သိထားတယ် တကာတော် ၊ ကျုပ်လိုပဲ တကာတော် ကို လာရောက်မေတ္တာရပ်ခံမှာ ပဲ”
“မေတ္တာရပ်ခံမှာ ပဲ” ဤစကားသည် ကျွန်ုပ်၏ စိတ်ကို ရှုပ်ထွေးသွားစေသည်။
ဓမ္မဒဿီဆရာတော် သည် အဘယ်အရာကို အဘယ်သို့ မေတ္တာရပ်ခံမည် နည်း။
“တကာတော် ဘုရင်မင်းမြတ်၊ ကျုပ် ပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့ဝန်ထမ်းတစ်ဦး အနေနဲ့တောင်မှ ပဋိပတ္တိဆိုတဲ့ကျင့်သုံးဆောင်တည်ခြင်း ဓမ္မဘက်ကို အခုအခါပိုပြီးအလေးပေးခဲ့တယ်။ ပိဋကတ်သင်ကြားပို့ချမှု တည်းဟူသော ပရိယတ္တိတာဝန်ကို ကျုပ်အနှစ် နှစ် ဆယ်လုံးလုံးထမ်းဆောင်ခဲ့ပြီးပြီ။ အခုအခါ သုဝဏ္ဏဘုမ္မိမှာ တရားဓမ္မသံတွေ စည်နေပြီ၊ တကာတော် ရဲ့ ကြိုးပမ်းအားထုတ်မှု ကြောင့်လဲ သာသနာ့ဝန်ထမ်းရဟန်းတို့ဟာ နှလုံးချမ်းမြေ့စွာ ပိဋကတ်အကျိုးကို ရွက်ဆောင်နေကြပြီ…ကျုပ်ကိုယ်တိုင် ကတော့ ဟောဟိုဘက်က တောင်ကုန်းငယ်မှာ ပဲ တစ်ပါးတည်းသီတင်းသုံးနေခဲ့တာကို အားလုံးသိပြီး ဖြစ်တယ်။ လူပရိသတ်မဆိုထားနဲ့ ရဟန်းပရိသတ်နဲ့ သံဃာကိုတောင်မှကျုပ်ဝေးဝေးနေခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျုပ်ဟာ ဓမ္မရက္ခိတသံဃာတစ်ပါးအ ဖြစ်တောင်မှ နေလို့မ ဖြစ်တော့ဘူးလို့ သဘောရလာတယ်။ လပေါင်းများ စွာ မရောက်တာကြာတဲ့ ဟောဒီသော ဏုတ္တရခန်းဆောင်ကို မပင့်မဖိတ်ဘဲကျုပ်လာခဲ့တယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ စစ်ကို တားဆီးဖို့”
ကျွန်ုပ်ဘေးမှ သီရိမာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပေသည်။
“တကာမကြီး စောစောက ပြောတာကို ကျုပ်နားလည်ပါတယ်။ စစ်ဟာမခေါ်မပင့်ဘဲ သူ့အလိုလို ရောက်လာတယ်ဆိုတာ”
ဆရာတော် သည် ကျောက်ခုံထက်သို့ ပြန်၍ ထိုင်လိုက်ပြန်လေသည်။ အရှင်သော ဏနှင့်အရှင်ဥတ္တရမထေရ်မြတ်နှစ် ပါးမူကား တည်ငြိမ်ခိုင်ခံ့စွာ ရပ်မြဲရပ်လျက်ရှိသည်။
“သို့ သော် ဘယ်လိုပုံမျိုးနဲ့ပဲ ဖြစ် ဖြစ်စစ်ဟာ သတ္တဝါတွေ အတွက် ပျက်စီးရာပျက်စီးကြောင်းပဲ တကာတော် ဘုရင်မင်းမြတ်၊ ကြောက်မကဖွယ်ဘေးအန္တရာယ်ကြီးတွေ ဟာ စစ်ကို အကြောင်းပြုပြီး သတ္တဝါတွေ အပေါ်ရောက်ရှိမှာ ပဲ”
“တပည့်တော် …တပည့်တော် ဒါတွေ ကို နားလည်ပါတယ် ဘုရား”
ဓမ္မဒဿီဆရာတော် ၏ နှုတ်မှစကားသည် ယခင်ကမူ ကျွန်ုပ်ရင်ကိုငြိမ်းအေးချမ်းမြေ့စေခဲ့သည်ချည်း ဖြစ်သည်။ ယခုမူ ဆရာတော် ၏ စကားတို့သည် ကျွန်ုပ်အား ပူလောင်ပြင်းပြစေခဲ့သည် တကား။
“ဒါဖြင့်ရင် တကာတော် ဘုရင်မင်းမြတ် ဘယ်လိုလုပ်မလဲ၊ အခုဆိုရင်လိဂေါရဘုရင်ကိုလဲ ပြင်းထန်တဲ့ ရာဇသံနဲ့တုံ့ပြန်လိုက်ပြီးပြီ မဟုတ်လား။ ခံတပ်တွေ လဲ ဆောက်နေပြီ မဟုတ်လား”
ဆရာတော် သိအောင် ကျွန်ုပ်လျှောက်ထားရတော့မည် ။
“မှန်ပါဘုရား၊ တပည့်တော် ကိုယ်တိုင်လဲ စစ်ကိုဘာကြောင့်မှ မလိုလားပါဘုရား၊ စစ်ရဲ့ အနိဋ္ဌာရုံတွေ ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တပည့်တော် စစ်ပြုရပါလိမ့်မယ်ဘုရား”
ယခင်က တစ်ခါမှ မတွေ့ ဖူးသော သော ကအငွေ့အသက်ကို ဆရာတော် ၏ သန့်စင်သော မျက်နှာတော် ၌ ကျွန်ုပ်တွေ့ လိုက်ရပေသည်။
“သာသနာတော် ကြီးကို စောင့်ရှောက်ဖို့ ဟုတ်လား တကာတော် ၊ အင်း…သာသနာတော် တည်တံ့ရေး အတွက် လူတွေ ရဲ့ အရိုးနဲ့ အုတ်မြစ်ချစရာမလိုဘူး၊ သာသနာတော် သန့်စင်ရေး ကို လူတွေ ရဲ့ အသက်ဇီဝနဲ့ပေးဆက်စရာမလိုဘူး။ စစ်ဆိုတာ သာသနာတော် နဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်တယ်။ မြတ်စွာ ဘုရားရှင်ကိုယ်တော် မြတ် ကိုယ်တော် တိုင်သော်မှ ကောလိယနဲ့ကပ္ပိလမင်းသားတွေ ရဲ့ စစ်ကိုကောင်းယင်ယံအလယ်ကနေထက်ဝယ်ဖွဲ့ခွေပြီး စစ်ကိုတားဆီးခဲ့တယ် မဟုတ်လား”
“မှန်လှပါဘုရား…လိဂေါရဘုရင်ရဲ့ ရာဇသံဟာ စစ်ကလွဲပြီး တခြားဘာကိုမှ တောင်းဆိုခြင်းမပြုပါဘုရား…တပည့်တော် မှာ လဲ သူတို့ရဲ့ စစ်ကိုစစ်နဲ့ တုံ့ပြန်ဖို့ကလွဲပြီး တခြားဘာမှ မရှိတော့ပါဘုရား”
ရှင်အရဟံသည် ကျွန်ုပ်ကို မှု န်ရီသော အကြည့်ဖြင့် စူးစိုက်ကြည့်ရင်းခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်လေသည်။
“မဟုတ်သေးပါဘူး တကာတော် မနူဟာ…မဟုတ်သေးဘူး၊ လွန်ခဲ့တဲ့နှစ် ပေါင်းများ စွာ က မဇ္စျိမဒေသက အသော ကဆိုတဲ့ ဘုရင်တစ်ပါးလဲ ဒီလိုပဲ၊ ဘာသာအယူဝါဒနဲ့ စစ်ပွဲတို့ကြားမှာ စိတ်နှစ် ခွ ဖြစ်ပြီး စစ်ပြုလိုက်အယူဝါဒတိုးချဲ့လိုက် လုပ်ခဲ့ဖူးတယ်၊ အဲဒီ တုန်းက မဇ္စျိမဒေသရဲ့ ကာသိ၊ ကောသလ၊ မဂစ စတဲ့ တိုင်းတွေ မှာ ပြင်းထန်တဲ့ စစ်ပွဲတွေ ပေါ်ခဲ့ဖူးတယ်။ ပြည်သူလူထုထောင်ပေါင်းများ စွာ သေကျေပျက်စီးခဲ့ရတယ်။ သာသနာ့အလံတော် ရဲ့ အောက်မှာ အလောင်းကောင်တွေ ပုံနေခဲ့တယ်။ အင်း…အသော ကဆိုတဲ့အမည် ကတော့ ဥဒါန်းတွင် ကျန်ရစ်တာပေါ့လေ”
ဘုရား…ဘုရား…။
`မနူဟာ’ ဆိုတဲ့အမည် ဥဒါန်းတွင် ရစ်အောင် တပည့်တော် ပြုမူနေသော မဟုတ်ပါဘုရား ဟု အားရပါးရဖွင့်၍ လျှောက်ထားလိုက်ချင်သည်။ သို့ သော်ကျွန်ုပ်နားလည်လိုက်မိပြီ။ ခပ်စောစောက နန်းဦးဘုံဆောင်မြင့်တွင် ကျွန်ုပ်ဆောက်တည်ရာမဲ့ခဲ့သည့်အ ဖြစ်နှင့် ဆက်စပ်၍ ဓမ္မဒဿီဆရာတော် အားကျွန်ုပ်ကိုယ်ချင်းစာမိပေသည်။ သုဝဏ္ဏဘုမ္မိ၏ မထေရ်ခေါင်ချုပ် ဖြစ်တော် မူသော ဆရာတော် သည် စစ်ကို ကျွန်ုပ်မနူဟာထက်ပို၍ မုန်းတီးစက်ဆုပ်ပေလိမ့်မည် ။
“စစ်ကို စစ်နဲ့ တုံ့ပြန်ခြင်း ကတော့ နိယာမပါဘုရား”
မိဖုရားသီရိမာ၏ ကြည်လင်ပြတ်သားသော အသံကိုကြားလိုက်ရသည်။ သေးသွယ်နွဲ့လျသော ကျွန်ုပ်၏ သီရိမာသည် ထူးထူးခြားခြား ခိုင်မာနေလေသည်။
“မှန်ပါဘုရား…တပည့်တော် ဟာ သာသနာ့ရက္ခိတ လူတစ်ဦး ဖြစ်သလိုသုဝဏ္ဏဘုမ္မိရဲ့ ဘုရင်လဲ ဖြစ်နေပါတယ်ဘုရား၊ ဒီတစ်ခါမှာ သာသနာတော် အတွက် မိစ္ဆာဒိဋ္ဌိတွေ ကို တွန်းလှန်တိုက်ခိုက်ဖို့က လွဲပြီး တခြားဘယ်လိုနည်းလမ်းမှ မရှိတော့ပါဘူးဘုရား”
“နည်းလမ်းရှိနေပါတယ် တကာတော် ဘုရင်မင်းမြတ်”
ပဋိပတ် ရဟန်းတစ်ပါးတွင် တိုင်းရေး ၊ ပြည်ရေး ၊ စစ်ရေး အရာအတွက်မည် သို့ သော နည်းလမ်းရှိနေလေသနည်း၊ ဓမ္မဒဿီဆရာတော် အား ကျွန်ုပ်အံ့သြသွားမိသည်။
“တကယ်တမ်း စစ်ကို ရှောင်ဖယ်နိုင်တယ်ဆိုရင် တကာတော် နည်းလမ်းတစ်ခုခုကို လက်ခံရလိမ့်မယ်”
“စစ်ကို ရှောင်ဖယ်နိုင်ရင်ပြီးတော့၊ သာသနာတော် မထိခိုက်ရင်တော့တပည့်တော် ဘယ်လိုနည်းလမ်းကိုမဆို လက်ခံဖို့ အသင့်ရှိပါတယ် ဘုရား”
ရှင်အရဟံသည် ဧကသီသင်္ကန်းစအတွင်းမှ လက်ကိုထုတ်လျက် အရှေ့မြောက်အရပ်ဆီသို့ ညွှန်ပြလိုက်လေသည်။
“ဟို အရှေ့မြောက်ကျတဲ့ ဝေးကွာနေရာမှာ လွင်ပြင်ဒေသကြီး တစ်ခုရှိတယ်၊ အဲဒီ ဒေသမှာ မင်းနေပြည်တော် တစ်ခုရှိနေတယ်၊ တမ္ပဒီပလို့ခေါ်တယ်၊ အင်အားတောင့်တင်းပြီး စည်းလုံးတဲ့ အဲဒီ တမ္ပဒီပကို အုပ်စိုးသူ ကတော့ အနုရုဒ္ဓါမင်းတဲ့၊ သူ့ကိုအနော်ရထာလို့လဲ ခေါ်ကြတယ်”
အနော်ရထာ…တမ္ပဒီပ…။
ထိုအမည် နာမများ ကို ကျွန်ုပ်ရော မိဖုရားသီရိမာပါ သိကြလေသည်။ တန္တရဝါဒနှင့် မန္တန်ရွတ်ဖတ်မှု အယူဘာသာထွန်းကားနေသည့် မိစ္ဆာဒိဋ္ဌိတို့၏ တိုင်းပြည်၊ အစ်ကိုဘုရင်ကို စီးချင်းတိုက်ပွဲတွင် လုပ်ကြံ၍ မင်းအ ဖြစ်ကိုရရှိလာသူ အနော်ရထာ…
“တကာတော် ဘုရင်မင်းမြတ် သေသေချာချာနားထောင်ပါ၊ ယနေ့နံနက်ကပဲ ဥဿာက ဘုရားဖူးတချို့ ကျုပ်သီတင်းသုံးတဲ့ တောင်ကုန်းငယ်ကိုရောက်လာကြတယ်၊ ထေရဝါဒဘာသာကို သက်ဝင်လာတဲ့သူတွေ ပဲ၊ အင်းသူတို့ဆီိကတစ်ဆင့် သိရတာ ကတော့ ဥဿာမှာ လိဂေါရဘုရင်နဲ့ ကျွမ်းစစ်သည်တွေ မရှိတော့ဘူး၊ တမ္ပဒီပဘုရင်ထံကို ဥဿာမင်းက အကူအညီတောင်းတဲ့အတွက် အနုရုဒ္ဓါမင်းက စစ်ကူခဲ့တယ်၊ ကျွမ်းစစ်သည်တွေ ဟာဥဿာကနေပြန်ပြီး ထွက်ပြေးသွားကြရပြီလို့ဆိုတယ်၊ ဒီတော့ အင်အားကြီးတဲ့ကျွမ်းစစ်သည်တွေ ကို အနိုင်ရထားတဲ့ တမ္ပဒီဘုရင်နဲ့ မဟာမိတ်ပြုလိုက်ရင်လိဂေါရဘုရင်ဟာ ကျုပ်တို့ သုဝဏ္ဏဘုမ္မိကို ထိပါးရဲမှာ မဟုတ်တော့ဘူး၊ တမ္ပဒီပနဲ့ သုဝဏ္ဏဘုမ္မိ အင်အားနှစ် ရပ်ကို ကြောက်ရွံ့စွာ နဲ့ လိဂေါရတွေ ဟာသူ့ရာဇသံကို သူပြန်ပြီး ရုပ်သိမ်းသွားလိမ့်မယ်၊ စစ်ဆိုတာလဲ မပေါ်ပေါက်နိုင်တော့ဘူး”
တိုင်းပြည်ရေး ၊ သေနင်္ဂဗျူဟာကို သေနာပတိချုပ်ကြီးသဖွယ် ရှင်းလင်းပြသနေသည့် ဆရာတော် ကို ကျွန်ုပ်တို့ပို၍ အံ့သြမိတော့သည်။ ဆရာတော် ၏ စိတ်ကူးများ သည် ဖြစ်နိုင်သော အစီအစဉ်များ ဖြစ်ပေသည်။ သို့ သော်…
“မှန်ပါဘုရား၊ တမ္ပဒီပဘုရင်ရဲ့ နိုင်ငံတော် ဟာ တန္တရဝါဒကို ကိုးကွယ်တယ်လို့ တပည့်တော် ကြားဖူးပါတယ်၊ မှန်ပါသလားဘုရား” “မှန်ပါဘုရား၊ တမ္ပဒီပမှာ နတ်ရုပ်၊ နဂါးရုပ်များ ကို ယစ်ပူဇော်ပြီး မန္တန်ရွတ်ဖတ်ရင် အပြစ်ဟူသမျှကင်းပျောက်တယ်လို့လဲ ယုံကြည်ကြတယ်လို့ တပည့်တော် မ သိရပါတယ်”
ကျွန်ုပ်နှင့်သီရိမာတို့၏ စကားသည် ရှေ့နောက်ထွက်ပေါ်သွားလေသည်။
ဆရာတော် သည် မသိမသာ မျက်မှော င်ကြုတ်လိုက်သည်။
“အင်း…ဆိုးရွားတဲ့စစ်ကို လွှဲဖယ်နိုင်ဖို့ အရေး မှာ အဲဒါတွေ ဟာသိပ်ပြောပလောက်တဲ့ အချက်တွေ မဟုတ်ဘူး၊ တကာတော် ဘုရင်မင်းမြတ်”
တန္တရဝါဒီများ ၏ အကူအညီကိုယူ၍ သီဝဂိုဏ်းသားများ ရှောင်ဖယ်သွားစေရန် ကျွန်ုပ်တို့ကဲ့သို့ သော ထေရဝါဒသားတော် များ က ပြုလုပ်ရမည် လော၊ လိဂေါရဘုရင်သူရိယဝမ္မနှင့် တမ္ပဒီပဘုရင် အနုရုဒ္ဓါတို့သည် ဘာများ ခြားနားသနည်း။ လိဂေါရတို့ရန်မှ ကင်းဝေးသွားသည်ဆိုဦး အနော်ရထာခေါ်အနုရုဒ္ဓါရန်က ဆက်လက်ပေါ်ပေါက်မလာနိုင်ဟု ယုံစား၍ ရနိုင်မည် လား။
“မှန်ပါဘုရား၊ နဂါးရုပ်ကိုးကွယ်တဲ့ တမ္ပဒီပသားတွေ နဲ့ မဟာမိတ်ဖွဲ့ဖို့ဆိုတာ ကတော့ မ ဖြစ်နိုင်တဲ့ ကိစ္စပါဘုရား”
ရှင်အရဟံသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်ဟု သိလိုက်ရပေသည်။
“ဟင်…ဒါဖြင့် တကာတော် ဟာ စစ်ပြုတော့မယ်ပေါ့၊ ဟုတ်လား”
ကျွန်ုပ်ငြိမ်နေလိုက်သည်။ သီရိမာကလည်း ဘာမှဝင်မပြောတော့ပေ။
“အင်း…နောက်ဆုံးတော့ ဘုရင်ဟာ ဘုရင်ပါပဲလား၊ သာသနာ့ဒါယကာ အမည် ကို ခံယူထားပေမယ့် တကယ်တော့ သူရဲ့ နှလုံးသားအတွင်းမှာ ဗုဒ္ဓရဲ့ တရားဓမ္မက အနည်းအကျဉ်းလောက်ပဲရှိတာပါပဲလား၊သူ့နှစ် လုံးအိမ်မှာ ပြည့်နေတဲ့အရာ ကတော့ဘုရင်ဧကရာဇ်တို့ရဲ့ ဒေါသ၊ မာန၊ ဣသာမစ္ဆာရိယ တရားတွေ ပါပဲလား…ဘုရား…ဘုရာ…”
ရှင်အရဟံ၏ ရေရွတ်သံများ သည် ကျွန်ုပ်၏ ရင်ကို သံပူချွန်ဖြင့် ထုတ်ချင်းပေါက် ထိုးနှက်လိုက်သကဲ့သို့ ဖြစ်စေသည်။ ဘဝနှစ် ခုတို့၏ ဖိကပ်ကြိတ်ခြေမှု အကြားတွင် ကွဲကြေနေသော ကျွန်ုပ်၏ အသည်းနှလုံးကို ဆရာတော် မသိလေခြင်းဟူသော ဝမ်းနည်းကြေကွဲမှု များ လည်း ဖိစီးလာသည်။ ကျွန်ုပ်အားစဉ်သဖြင့် သွန်သင်ဆုံးမပေးခဲ့သော ဓမ္မဒဿီဆရာတော် သည် ကျွန်ုပ်နှင့်အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိသွားပြီဟုလည်း ခံစားရသည်။ ဘုရားဘုရား…အရှင်သော ဏနှင့် အရှင်ဥတ္တမထေရ်မြတ်များ လည်း ဤအ ဖြစ်ကိုမသိနိုင်တော့ပါတကား၊ အို…မနူဟာသည် ဘာကြောင့် သုဝဏ္ဏဘုမ္မိဘုရင် ဖြစ်ခဲ့လေသနည်း။
“မောင်တော် ဘုရင်မင်းမြတ်ဒီနေရာမှာ သိပ်လေတိုက်နေတယ်၊ သွားကြဖို့တော် ပြီ”
သီရိမာက ကျွန်ုပ်၏ ပခုံးထက်သို့ လက်တင်လိုက်တော့မှပင် သတိပြန်၍ ဝင်လာတော့သည်။ ထိုအခါမှပင် တင်းကျပ်စွာ မှိတ်ထားခဲ့သော မျက်စိတို့ကို ဖွင့်လိုက်မိသည်။
ဓမ္မဒဿီဆရာတော် ကို မတွေ့ ရတော့ပေ။
“ဆရာတော် ပြန်ကြွသွားပြီ မောင်တော် ”
အရှင်သော ဏနှင့် အရှင်ဥတ္တရမထေရ်မြတ်နှစ် ပါး၏ ရုပ်တုများ သည်ကျွန်ုပ်ကို တည်ငြိမ်နက်ရှိုင်းစွာ ကြည့်နေကြသည်။ `သဗ္ဗေသတ္တာ ကမ္မသကာ’ဟူသော ပါဠိတော် ကို အရှင်မြတ်နှစ် ပါးတို့က ရွတ်နေပြီထင်သည်။
“သွားကြစို့ မောင်တော် ဘုရင်မင်းမြတ်၊ မောင်တော့် အနားမှာ ဘယ်သူရှိရှိမရှိရှိ သီရိမာ ရှိနေပါတယ်၊ မောင်တော် နဲ့ သီရိမာဟာ လောကီလောကုတ္တရာအရာခပ်သိမ်းမှာ ဆတူညီမျှ ခံစားခံစားနေကြတဲ့ အကြင်မယား ဖြစ်ပါတယ်။ သီရိမာလက်ကို ကိုင်လိုက်စမ်းပါ မောင်တော် ၊ အဲဒီ လက်ဟာ မောင်တော့် လက်ထဲက ဘယ်တော့မှ ပြုထွက်မသွားမယ့်လက်ပါ၊ ရာဇပလ္လင်ပေါ်မှာ ၊ ဘုရားကျောင်းဆောင်ပေါ်မှာ ၊ စစ်မြေပြင်မှာ ၊ ဘယ်နေရာမှာ ပဲ ဖြစ် ဖြစ် မောင်တော့် လက်ထဲမှာ ဟောဒီ သီရိမာလက်ရှိနေမှာ ပါ”
“သီရိမာရယ် မင်းလက်ကလေးတွေ က ပူနွေးနေပါလား၊ မောင်တော့်လက်တွေ ကတော့ အေးစက်နေကြမှာ ပဲ၊ အဲဒီ အနွေးဓာတ်လေးတွေ ကို မောင်တော် လက်တွေ ဆီ ကူးစက်သွားအောင် မင်းတတ်နိုင်ပါ့မလား မိဖုရားကြီးရယ်”
မိုးရာသီပင် ကုန်ဆုံးတော့မည် ။
မိုးထဲလေထဲ၌ ဆောက်ခဲ့သော အဝေရာဆိပ်ကမ်းခံတပ်ကြီးလည်းပြီးတော့မည် ဖြစ်သည်။ သုဝဏ္ဏဘုမ္မိမှ ပန်းပဲဖိုများ တွင် လည်း တူသံနှင့်ဖားဖိုသံတို့ စဲသွားပေပြီ။ သို့ သော် ကောင်းသော ရပ်စဲခြင်းကာ မဟုတ်၊ လက်နက်သွန်းခတ်ပြုလုပ်ပြီးသွားခြင်သာ ဖြစ်သည်။
ဗိုလ်ချုပ်မင်း နေမျိုးသူရသီဟခေါင်သည် ကေလာသနန်းတော် စောင့်တပ်ကို အကောင်းဆုံးစစ်သည်တို့ဖြင့် ဖြည့်တင်းထားပြီ ဖြစ်သည်။ ဗိုလ်မင်းဗြတ်ဇသည်လည်း တိုက်ဆင်နှစ် ရာကို ဦးစီးလေ့ကျင့်ပေးနေသည်။ သုံးလလုံးလုံးပင် တောင်ခြေ`မဓုရ’ ကွင်းပြင်၌ တိုက်ဆင်တို့၏ အော်သံများ ဖြင့် ဆူညံနေခဲ့သည်။ နားခံတော် မှူး သတိုးဓမ္မသည်လည်း တောင်ခါးပန်းနှင့် တောင်စွယ်တပ်များ သို့ မပြတ်မလပ်သော စစ်ရေး အချက်ပြမှု များ ကို လေ့ကျင့်ပေးပြီးခဲ့ပြီ ဖြစ်သည်။ နန်းရင်းဝန်ကြီးကား အဝေရာဆိပ်ကမ်းခံတပ်ဆောက်လုပ်ရေး တွင် ကြီးမှူးကွပ်ကဲပေးခဲ့ရသည့် အလုပ်ဖြင့် ပင်ပန်းခဲ့ပေသည်။ အိုမင်းသော သူ၏ အရွယ်သည် ပင်ပန်းမှု ဒဏ်ကို မခံနိုင်တော့ဘဲ သမားတော် များ နှင့် ကုသမှု ကို ခံယူနေရသည်။
ကျွန်ုပ်ကား မိဖုရားသီရိမာနှင့်အတူ မဓုရကွင်းပြင်၊ အဝေရာဆိပ်ကမ်းခံတပ်၊ ဥပုသ်ဆောင်၊ နန်းဦးဘုံဆောင်မြင့်၊ သော ဏုတ္တရခန်းမဆောင်များ ဆီသို့ မရပ်မနားလှည့်လည်နေခဲ့ရသည်။ နေ့အခါတွင် စစ်ရေး ပြင်ဆင်မှု များ အတွက် ညွှန်ပြခဲ့သော လက်ချောင်းများ သည် ညအခါ၌ ဗုဒ္ဓဆင်းတုတော် ရှေ့၌ လက်အုပ်ချီနေကြသည်။
နေပြည်တော် တစ်ဝန်းမှ သံဃာတော် အပေါင်းတို့သည် သုဓမ္မအဆောက်အဦးများ တွင် တရားဒေသနာ သဘင်များ ကို ယခင်ကထက်ပို၍ ကျင်းပကြသည်။ သုဝဏ္ဏဘုမ္မိသားတို့ကား ဥပုသ်ဇရပ်နှင့် အဝေရာခံတပ်၊ မဓုရကွင်းပြင်နှင့်သုဓမ္မသဘင်တို့သို့ တစ်လှည့်စီ တက်ရောက်လှုပ်ရှားနေကြလေသည်။
နေ့ညမပြတ် များ ပြားလွန်းသော ဆန့်ကျင်ဘက် အာရုံများ ကြောင့်လည်းကောင်း၊ နေပြည်တော် ၏ ကာကွယ်မှု လုပ်ငန်းများ ကို စီမံနေရခြင်းကြောင့်လည်းကောင်း၊ ကျွန်ုပ်တွင် မိမိကိုယ်မိမိ အဘယ်ကဲ့သို့ ခံစားနေရသည်ကိုပင်ပြန်လည်သတိထားဖို့ အချိန်မရတော့ပေ။ တစ်ကိုယ်တည်း၊ တစ်ရောတည်းတွင် ကြာရှည်စွာ မနေမိရန်ကိုလည်း ကျွန်ုပ်ဆင်ခြင်သည်။ စစ်နှင့် ဘာသာရေး ၊ ထိုဆန့်ကျင်ဘက်နှစ် ရပ်ကြားတွင် ဆောက်တည်ရာမဲ့သော ခံစားမှု ဝေဒနာမပေါ်ပေါက်အောင် ကျွန်ုပ်သတိပြုနေသည်။ သို့ ဖြင့် လုပ်ငန်းကိစ္စများ ထဲသို့ ကျွန်ုပ်ကိုယ်ကျွန်ုပ်ကိုယ်ကျွန်ုပ် မြုပ်ထားလိုက်သည်။ မိဖုရားသီရိမာကား ကျွန်ုပ်အပါးတွင် အမြဲရှိနေပေသည်။
ဖြူသွယ်ပါးလျား၍ ပိုးမျှင်စလေးလို နွဲနှောင်းသော သီရိမာကို ကျွန်ုပ်ကအနားယူရန်ပြောသော်လည်း မိဖုရားက ကျွန်ုပ်အပါးတွင် သာ ရှိနေသည်။ သီရိမာ၏ မျက်လုံးများ က တောက်ပရွှန်းလဲ့ကြသော်လည်း သူ့အသားအရေမှာ ဖြူလွန်းသည်ဟု ကျွန်ုပ်ထင်မိသည်။ သို့ တစေ သေးငယ်ပျော့ပျောင်းသည့်သူ့လက်ကလေးများ မှာ မူ အမြဲတမ်း နွေးထွေးနေတတ်ပေသည်။
မိုးလေနှင့် ပင်လယ်လှိုင်းတို့ ရိုက်ခတ်သည့် ကျောက်ဆောင်များ အလယ်တွင် အဝေရာခံတပ်ကို ဆောက်လုပ်ရခြင်းမှာ ခက်ခဲလွန်းသော ကိစ္စ ဖြစ်သည်။ သို့ သော်…ကျောက်တုံးနှင့် စူးဆောက်တို့ကို ပုခက်အတွင်းမှာ ကတည်းက ထိတွေ့ လာခဲ့သော ကျွန်ုပ်၏ သုဝဏ္ဏဘုမ္မိသားတို့ကား ကျွမ်းကျင်လှသည်။ မိုးတဖြည်းဖြည်းပါးလာသည်နှင့်အမျှ ခံတပ်သည် အပေါ်သို့ တဖြည်းဖြည်းတက်လာသည်။
ဤလုပ်ငန်းတွင် အံသြဖွယ် အကောင်းဆုံးမှာ ဗိသုကာတော် ဘိုးပန်းရည်ပေတည်း။
သပ္ပာယ်ကြည်ညိုဖွယ်ကောင်းသော ဆင်းတုတော် များ ၊ တင့်တယ်ခံ့ညားသော စေတီများ နှင့် လျှို့ဝှက်ခမ်းနားသော ပုထိုးလိုဏ်ဂူများ သို့ ကျွမ်းကျင်စွာ တည်ဆောက်ခဲ့သော ဤအဘိုးအိုသည် အဝေရာခံတပ်ကိုလည်း စစ်ရုပ်လုံးပီသစွာ တည်ဆောက်နိုင်ပေသည်။
အဝေရာခံတပ်မျက်နှာစာကို ကြီးမားသော ကျောက်ဆောင်နှစ် ခုကြားတွင် မြုပ်နှံထားသည်။ ထိုနေရာသည် ဝဲယာပင်လယ်အော်နှင့် အငူလေးငါးခုကို လှမ်းမြင်နိုင်သည့်နေရာ ဖြစ်သည်။ ထို့ပြင် ပင်လယ်ပြင်မှလာမည့်  လှေသင်္ဘောအားလုံးကို အဝေးမှပင် မြင်နိုင်သည့် နေရာလည်း ဖြစ်သည်။ ပင်လယ်လေကြောင်းသည် ထိုနေရာတွင် တရှုးထိုးဖြတ်သန်းတိုးဝင် တိုက်ခိုက်နေလေ့ရှိသည်။
အကယ်၍ ခံတပ်အောက်ပင်လယ်ပြင်ရှိ ရန်သူ၏ လှေမှ လေးမြားတို့ဖြင့် ပစ်ခတ်စေဦးတော့၊ ထိုလေကြောင်းကို ဖြတ်သန်းပြီး ခံတပ်ထိပ်သို့ မရောက်ရှိနိုင်ပေ။ ခံတပ်ထိပ်မှမူကား တစ်ဖက်ကျောက်ဆောင်၏ အကွယ်အကာကို အကူအညီယူ၍ အောက်သို့ တည့်မက်စွာ ပစ်ခတ်နိုင်သည်။
ဘိုးပန်းရည်သည် နားနေ အပန်းဖြေခြင်းပင် အရှိတော့သလောက်အလုပ်လုပ်လေသည်။ ကျွန်ုပ်အ သူ့အား နားချိန်ယူရန် ပြောသော်လည်းအနားမယူချေ။ အဝေရာခံတပ်တွင် ဘိုးပန်းရည်ကဲ့သို့ ပင် နေရာတိုင်၌ သွားလာ လှုပ်ရှားလုပ်ကိုင်နေသူမှာ တစ်ခါက ဥဿာမှ ဒုက္ခသည်များ ၏ လှေငယ်ကို ဆယ်ယူခဲ့သော လုလင်ငယ် ဖြစ်သည်။
ဆရာတော် ရှင် အရံဟံလည်း ကေလာသသို့ နောက်ထပ်မ်ကြွလာတော့ပေ။ ကျွန်ုပ်နှင့် ဆရာတော် နောက်ဆုံးတွေ့ ခဲ့ရခြင်းသည် စိတ်နှလုံးထိခိုက်ဖွယ်အ ဖြစ်နှင့် ခွဲခွာခဲ့ရသည့်အတွက် ယနေ့တိုင်လည်း ကျွန်ုပ်ခံစားနေရပေသည်။ ဆရာတော် တားဆီးလိုသည့် စစ်၏ ပြင်ဆင်မှု အငွေ့အသက်များ က သုဝဏ္ဏဘုမ္မိကို လွှမ်းမိုးနေပေပြီ။
“ယနေ့ အဝေရာခံတပ် အပြီးသတ်မှာ ဖြစ်ပါတယ် ဘုရင်မင်းမြတ်”
လွှတ်ဝန်ချုပ် မဟာသီရသည် ကျွန်ုပ်ရှေ့မှော က်သို့ ရောက်လာသည်။
“ဩော်…ဩော်…ဟုတ်ပေသားပဲ၊ ကဲ…မဟာသီရ မဓုရကွင်းပြင်ဘက်ကနေ လှည့်ပြီးသွားကြစို့၊ တိုက်ဆင်တွေ ဘယ်လောက်တိုးတက်နေပြီးလဲဆိုတာ ကျွန်ုပ်ကြည့်ချင်သေးတယ် သီရိမာကော”
“သီရိမာ..ဒီမှာ ရှိပါတယ် မောင်တော် ဘုရင်မင်းမြတ်”
“အင်း…ဒီနေ့တော့ မလိုက်ပါနဲ့ကွယ်၊ သီရိမာမျက်နှာက ဖွေးနေတယ်၊ နှုတ်ခမ်းတွေ ကလဲ အရင်ကလို ပန်းနုရောင် မရှိကြဘူးလို့ မောင်တော် ထင်တယ်”
နက်မှော င်သော မျက်လုံးများ က ပြုံးသွားသည်။
“မောင်တော် ဘုရင်မင်းမြတ် နောက်ကျသွားပြီ၊ အခုပဲ သီရိမာ ဥတ္တရအဆောင်ဘက်က ပြန်လာတယ်၊ ဟိုမှာ တူတော် တွေ လှံရေး လေ့ကျင့်နေကြတယ်”
“အို..ဟုတ်လား…ကဲလေဒါဆိုရင်လဲ…လိုက်ခဲ့တော့ သီရိမာ”
မဓုရကွင်းပြင်ကို ကျွန်ုပ်တို့ဝင်ကြည့်ခဲ့သည်။ ဗိုလ်မင်းဗြတ်ဇသည်တိုက်ဆင်များ ကို ဦးစီးလေ့ကျင့်ပေးနေလေသည်။ ကွင်းပြင်တွင် ကျောက်တုံးများ မညီမညာ ဖြစ်အောင် ဆင့်ထားပြီး ကျဉ်းမြောင်းသော လမ်းများ ခင်းထားသည်။ တိုက်ဆင်များ သည် ဆင်ဦးစီး၏ အော် ဟစ်သံအတိုင်း ကျဉ်းမြောင်းသော လမ်းအတိုင်း ကျောက်တုံးများ ကို ရှောင်လျက် ရှေ့တတ်နောက်ဆင်းလေ့ကျင့်နေကြသည်။ ဆင်ကျောကုန်းပေါ်မှ ရဲမက်ကား အမျိုးစုံသော လက်နက်များ ကို တစ်ခုပြီးတစ်ခု ထုတ်ယူရင်း သတ်မှတ်သည့်နေရာသို့ ထိုးစိုက်ပစ်လွှတ်နေသည်။
အလွန်ဘေးအန္တရာယ်ကြီးသော လေ့ကျင့်မှု တစ်ခုကို ဗိုလ်မင်းဗြတ်ဇကပြသလေသည်။
တကယ့်တိုက်ပွဲအတိုင်း ဆင်ရိုင်းနှစ် ကောင်၊ ဆင်ဦးစီးနှစ် ယောက် ၊ ဆင်စီးရဲမက်နှစ် ယောက် တို့ ရင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်။ တစ်ကောင်သော ဆင်၏ နားရွက် နောက်ဘက်တွင် လှံများ စိုက်ဝင်နေပြီး ကျန်တစ်ကောင်မှာ မူအစွယ်ရင်းရှိ အစွယ်ထိုးမိသော ဒဏ်ရာမှ သွေးများ စီးကျနေသည်။
“ဘုရင်မင်းမြတ် ဆင်စီးချင်းပွဲကြည့်နေတယ် ငါ့လူများ ”
ရဲမက်တို့၏ အော်သံကြောင့် စီးချင်းထိုးကြသည့် ဆင်နှင့်လူများ ပို၍ ကြမ်းကြုတ်လာသည်။ လက်နက်အစုံဖြင့် ပစ်ခတ်ကြသည်။ ဆင်ဦးကင်းချင်း၊ အစွယ်ချင်း၊ အကြိမ်ကြိမ်အခါခါ ဆုံမိကြသည်။ ထိုသို့ ဆုံမိကြတိုင်း၊ ဆင်တစ်ကောင်ကောင်၏ အော်ဟစ်သံသည် ကျယ်လောင်စွာ မြည် ဟည်းလာ တတ်သည်။ မဓုရကွင်းပြင် ပတ်လည်တွင် စစ်သည်တို့ဝိုင်းရံကာ ညာသံပေးနေကြသည်။ ထိုအသံကြောင့် ဆင်ဦးစီးလည်း ချွန်းကို အလုံး စုံဖွင့်လွှတ်လေရာဆင်များ လည်းပို၍ တက်ကြွလာဟန်ဖြင့် အကြမ်းတမ်းဆုံး တိုက်ခိုက်ြ ကတော့သည်။ သူတို့သည် လေ့ကျင့်တိုက်ပွဲဟူသည်ကိုပင် သတိရြ ကတော့မည် မထင်ပေ။ စစ်သွေးတို့သည် ဆူဝေလောင်မြိုက်ကြကုန်ပြီ ထင်သည်။
“ဗြတ်ဇငယ်…ရပ်…ရပ်ခိုင်းတော့”
“အို….ဘုရား…ဘုရား”
ကျွန်ုပ်၏ အမိန့်ပေးသံသည် တဒင်္ဂမျှ နောက်ကျသွားခဲ့လေသည်။
သီရိမာ၏ ထိတ်လန့်တုန်လှုပ်သော အသံကို ကြားရသည့်အတွက်ကွင်းပြင်အလယ်သို့ ကြည့်လိုက်မိသော အခါ…။
တစ်ကောင်သော ဆင်သည် ချွန်းမှကင်းလွတ်ကာ ကွင်းပြင်ထဲတွင် ဦးတည်ရာသို့ ပြေးနေသည်။ ဦးကင်းထက်တွင် ဦးစီးကို မမြင်ရတော့။ ဆင်ဦးစီးကား ရင်ဝတွင် လှံစိုက်ဝင်လျက် မြေသို့ ကျသွားခဲ့ပြီ ဖြစ်သည်။ ဆင်စီးရဲမက်သည်လည်း ကျောကုန်းထက်မှာ ပင် လဲကျနေသည်။ သူ့မှာ လည်းဒဏ်ရာရထားဟန်တူသည်။ ဆင်က ဦးတည်ရာပြေးလွှားနေပေရာ ပုခက်အတွင်းမှ ဒဏ်ရာရထားသူ ထိုရဲမက်မှာ လည်း ယိမ်းထိုးလှုပ်ရှားနေတော့သည်။ ကျန်တစ်ကောင်သော ဆင်ထက်မှာ မူ ဆင်စီးရဲမက်မရှိတော့၊ ကွင်းပြင်အစပ်တွင် သွေးအိုင်ထဲ၌ လဲနေသည်ကို တွေ့ ရသည်။ ဆင်ဦးစီးမှာ မူကားသူ့ဆင်ချွန်းကို နိုင်ဟန်မတူတော့ပေ။
ဆင်နှစ် ကောင်၏ အော်သံနှင့် ရဲမက်တို့၏ အော်သံများ ရောထွေးနေသည်။
ကွင်းပြင်ထဲသို့ မည် သူမျှလည်း မဝင်ရဲကြ။ အခြေအနေကား အဆိုးဆုံးသို့ ရောက်နေပေပြီ။
ဆင်စီးရဲမက်မရှိတော့သည့် ဆင်၏ ဦးစီးလက်ထဲမှာ လည်း ချွန်းမရှိတော့ပေ။
ဆင်ဦးစီးမရှိသည့် ဆင်ထက်မှ ဒဏ်ရာရထားသူရဲမက်၏ အန္တရာယ်မှာ ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်သည်။
“ဟယ်”
“ဘုရား…ဘုရား”
မဓုရကွင်းပြင်တစ်ခုလုံး တုန်လှုပ်ဖွယ် အာမေဋိတ်အသံကြီး ထွက်လာသည်။ သီရိမာသည် ကျွန်ုပ်၏ ပခုံးထက်သို့ မျက်နှာအပ်လိုက်သည်။
အိုးတစ်လုံးကို နင်းခြေလိုက်သည့်အသံ၊ သို့ မဟုတ် ထင်းခြောက်များ ကိုနင်းခြေလိုက်သည့် အသံမျိုး ကြားလိုက်ရသည်ဟု ကျွန်ုပ်ထင်သည်။ နှလုံးသွေးပျက်ဖွယ် မြင်ကွင်းပါတကား။
ကွင်းပြင်၏ မြေတွင် သွေးကွက်များ အိုင်ထွန်းသွားသည်။ ဆင်ကြီး၏ အောက်တွင် ကား ရဲမက်ဝတ်ဆင်ထားသော အစိမ်းရောင် ကိုယ်ကျပ် အပိုင်းအစကိုသာတွေ့ နေရတော့သည်။ ကံဆိုးရှာသော ရဲမက်၏ မျက်နှာ၊ ကိုယ်လက်အင်္ဂါများ ကို သဲသဲကွဲကွဲ မတွေ့ ရတော့။
ကျွန်ုပ်အနီးမှ ဗိုလ်မင်းဗြတ်ဇသည် ကွင်းထဲသို့ ဝင်သွားသည်။ သူ့နောက်မှ ရဲမက်အများ အပြား လိုက်သွားကြပြီး ချွန်းလွတ်နေသော ဆင်ကြီးကို လှံရှည်များ ဖြင့် ပစ်ခတ်ကြရတော့သည်။
“သီရိမာ…သွားစို့…သွားကြစို့”
သီရိမာ၏ ပခုံးကို လှုပ်သော်လည်း မိဖုရားသည် မျက်နှာကို ကျွန်ုပ်ရင်မှ မခွာပေ။
“သီရိမာ…ဟင်”
မိဖုရားသည် ဆိုးရွားပြင်းထန်လွန်းသော မြင်ကွင်းကြောင့် သတိမေ့မြောနေပေပြီ။ ပန်းနုရောင် ဖျော့သော သူ့နှုတ်ခမ်းများ မှ ဖြူဆွတ်၍ နေသည်။
“ကဲ…မဟာသီရေ…မိဖုရားကို နန်းဆောင်ပြန်ပို့ဖို့ စီစဉ်ပေတော့”
ကိုယ်လုပ်တော် များ ရောက်လာကြပြီး သီရိမာကို ပွေ့ကြသည်။ ကြော့ရှင်းနက်မှော င်သော သူ့ကေသာများ ကို ကျွန်ုပ်ကိုယ်တိုင်ပင် ဖြေချပေးပြီးနံ့သာယပ်ဖြင့် ခတ်ပေးသည်။ ဆင်များ ကို ဗိုလ်မင်းဗြတ်ဇတို့ ချည်နှောင်ဖမ်းမိချိန်မှာ ပင် မိဖုရားကိုလည်း ဝေါယာဉ်ပေါ်သို့ တင်လိုက်ကြလေသည်။
“မကြာခင် သတိရလာမှာ ပါ၊ မစိုးရိမ်ပါနဲ့ ဘုရင်မင်းမြတ်”
သမားတော် သည် ဦးညွှတ်၍ ပြောရင်း ဝေါယာဉ်နောက်မှ လိုက်သွားလေသည်။ ကျွန်ုပ်အိမ်ရှေ့စံ ဥပရာဇာဘဝက ဆင်စီးတိုက်ပွဲကို ကိုယ်တိုင်ဝင်၍ လေ့ကျင့်ခဲ့ဖူးသည်။ ဦးစီးနေရာမှလည်း ချွန်းကို ကိုင်ခဲ့ဖူးသည်။ “ချွန်းသီးလက်နက်” ဖြင့်ပင်လျှင် ဦးကင်းမှနေ၍ စက်တိုင်ဗဟိုသို့ ပစ်လွှတ်ခဲ့ဖူးသည်။ ထို့ကြောင့် ဆင်စီးချင်းထိုးပွဲ၏ ကြမ်းကြုတ်မှု ကို ကျွန်ုပ်နားလည်ထားပြီး ဖြစ်ပေသည်။
သို့သော် ယခု မဓုရကွင်းပြင်မှ အ ဖြစ်သနစ်မျိုးကား…
“ဒါဟာ…လေ့ကျင့်တဲ့ကွင်းပြင်ထဲမှာ မတော် တဆ ဖြစ်တာပဲ ရှိသေးတယ်၊ တကယ့်စစ်မှာ ဆိုရင်တော့ စစ်ဆင်တွေ ၊ ရဲမက်တွေ ၊ ဦးစီးတွေ ရဲ့ အသက်ဟာ ဘုရား…ဘုရား…ချမ်းသာကြပါစေ” စစ်၏ အနိဋ္ဌာရုံတို့သည် လေလာသ၏ ညံ့သက်သော ကမ္ဘာလောကထဲ၌ တစ်စထက်တစ်စပိုမိုပြီး ထင်ရှားလာနေကြပြီ။
မဓုရကွင်းပြင်မှ ဖယ်ခွာပြီး အဝေရာခံတပ်ဆီသို့ ရောက်သည်အထိလမ်းတစ်လျှောက်လုံးတွင် မချမ်းမြေ့သော နှလုံးစိတ်ဝမ်းတို့ဖြင့် အတိပြီးခဲ့သည်။ ရှစ်ယောက် မျှသော ဝေါတော် ထမ်းတို့ ထမ်းပင့်လာကြသော ရွှေဝေါယာဉ်ပေါ်မှ ကျွန်ုပ်သည်လည်း လေးလံသော စိတ်နှလုံးကို ထမ်းပိုးလာခဲ့ရပေသည်။
အဝေရာခံတပ်၏ လှေကားထစ်ပေါ်သို့ ခြေတင်လိုက်မိချိန်တွင် ကျယ်လောင်စူးရှသော တံပိုးခရာသံတစ်ခုကို ကြားလိုက်ရလေသည်။
စူးနစ်သော တံပိုးခရာသံ။
လွှတ်ဝန်ချုပ် မဟာသီရသည် ဝေခွဲမရသော မျက်လုံးများ ဖြင့် ကျွန်ုပ်ကို လှမ်းကြည့်နေသည်။
ဤတံပိုးခရာသံသည် အဝေရာခံတပ်၏ အပြင်ဘက် မျက်နှာဝမှ ဖြစ်သည်။
လွန်ခဲ့သည့် ငါးလခန့်၊ လိဂေါရဘုရင်ထံမှ ရာဇသံသဝဏ် ရောက်လာစဉ်ကလည်း ဤသို့ သော တံပိုးခရာသံကို ကြားခဲ့ရပေသည်။
စူးရှ၍ အသံပြတ်များ ကို ဆင့်ကာဆင့်ကာ မှု တ်လိုက်သည့်အသံ။
“တခြားနိုင်ငံက သံတမန်တစ်ဖွဲ့ဖွဲ့ ရောက်လာကြောင်း ကြေညာတဲ့အသံပဲ”
မဟာသီရသည် နေရောင် ကို လက်ကာရင်း ခံတပ်ထိပ်သို့ မော့်ကြည့်နေသည်။
လိဂေါရတို့ ရောက်လာကြပြီလော။ သို့ တည်းမဟုတ်…
“မဟာမိတ် အသံအဖွဲ့တစ်ခုပါ ဘုရင်မင်းမြတ်”
မဟာရသီရညွှန်ပြရာသို့ ကျွန်ုပ်လှမ်းကြည့်လိုက်သည်။ တံပိုးမှု တ်သူရဲမက်ကို ကျွန်ုပ်ကောင်းစွာ မြင်ရသည်။ နေရောင် အောက်တွင် တံပိုး၏ ရွှေလက်ကိုင်သည် အရောင် တောက်နေသည်။ တံပိုးတွင် ချိတ်ဆွဲထားသော အလံမှာ အပြာရောင် ဖြစ်သည်။ အပြာရောင် တံပိုးခရာ။ မဟာသီရ၏ စကားမှန်ပေသည်။ အနီရောင် ချိတ်ထားသော တံပိုးကို အသံပြတ်မှု တ်လျှင် စစ်သံလှန့်ခြင်း ဖြစ်သည်။
သံရှည်မှု တ်လျှင် စစ်ရပ်နားခြင်း စသည်ဖြင့် အဓိပ္ပာယ်ရသည်။ ယခုကား အပြာရောင် အလံ ချိတ်ဆွဲထားသည့် တံပိုးခရာအသံမှာ ဆင့်ကာဆင့်ကာ မှု တ်လိုက်သော အသံပြတ်။
“နိုင်ငံတစ်ခုခု မဟာမိတ်သံအဖွဲ့သည် ကျွန်ုပ်ကို အဆောတလျင်တွေ့ ဆုံရန် ရောက်ရှိလာပါသည်” ဟူသော အဓိပ္ပာယ်ပင်တည်း။
“ကေလာသနန်းဆောင်မှာ စောင့်မနေကြဘဲ ကျွန်ုပ်သွားရာ ဒီအဝေရာခံတပ်ထိ လိုက်လာကြပုံထောက်တော့ အတော် အရေး ကြီးတယ်နဲ့ တူတယ်မဟာသီရ”
“ဥဿာဘုရင်ဆီကများ လား မသိဘူး ဘုရင်မင်းမြတ်”
နားခံတော် မှူးခေါင်းဆောင်၍ ခေါ်လာသည့် မြင်းစီးစစ်သည်အဖွဲ့တစ်ဖွဲ့သည် ခံတပ်တံခါးမှဖြတ်သန်း၍ ကျွန်ုပ်ရှိရာသို့ လာနေကြသည်။ သူတို့ကိုင်ဆောင်သော တံခွန်မှာ သင်္ကန်းရောင် ဖြစ်သည်။
နားခံတော် မှူးသည် ခပ်လှမ်းလှမ်းတွင် မြင်းကိုရပ်လိုက်ပြီးနောက် မြင်းပေါ်တက်ကာကျွန်ုပ်ရှိရာသို့ လျှောက်လာလေသည်။ သူ့မျက်နှာပေါ်တွင် အံ့သြခြင်း အရိပ်အငွေ့များ မှာ ထင်ရှားသိသာလှသည်။
“သံအဖွဲ့တစ်ဖွဲ့ စောစောက ရောက်လာပါတယ် ဘုရင်မင်းမြတ်၊ ကေလာသနန်းဆောင် အဆောင်တော် ဝန်က မဓုရကွင်းပြင်ဆီ ဘုရင်မင်းမြတ် သွားတယ်ဆိုလို့ ကွင်းပြင်ကို ရောက်ခဲ့ပါတယ်၊ သံအဖွဲ့လည်း တစ်ပါတည်း ပါခဲ့ပါတယ်။ ကွင်းပြင်ရောက်တော့လည်း ဗိုလ်မင်းဗြတ်ဇက ဘုရင်မင်းမြတ် အဝေရာဘက် ထွက်သွားပြီလို့ ပြောလိုက်တာနဲ့…”
နားခံတော် မှူးမှာ မောဟိုက်ပင်ပန်းနေပေသည်။
“ဘယ့်နှယ်လဲ၊ သုဝဏ္ဏဘုမ္မိကို မဟာမိတ်ဖွဲ့ချင်သူတွေ တယ်များ နေပါကလား၊ ကဲ ပြောစမ်း ဘယ်တိုင်းပြည်ကလဲ၊ ဥဿာကလား၊ ကမ္ဗောဇကလား”
သံအဖွဲ့မှ အကြီအမှူး ဖြစ်ဟန်တူသူသည် မြင်းပေါ်မှဆင်း၍ ခပ်လှမ်းလှမ်းနေရာမှာ ဒူးထောက်ဦးညွှတ်ပြီး ကျွန်ုပ်တို့ကို ပြုံးရွှင်စွာ ကြည့်နေသည်။
“သူတို့က…”
“အို…အို..နေပါစေ ဝန်မင်း၊ ဘုရင်မင်းမြတ်ကို ကျွန်ုပ်ကိုယ်တိုင်ပဲ ရှင်းပြပါ တော့မယ်”
ထိုသူသည် ကျွန်ုပ်ရှိရာသို့ ရိုကျိုးသော ကိုယ်ဖြင့် လျှောက်လာရင်း နားခံတော် မှူး၏ စကားကို ပိတ်ပင်လိုက်လေသည်။
သံအဖွဲ့အမှူး၏ ရုပ်သွင်မှာ ထွားကျိုင်းညိုမောင်းသော သဏ္ဌာန်ရှိသည်။ နှုတ်ခမ်းမွှေးစစရှိပြီး လေးထောင့်စပ်စပ် မျက်နှာပေါ်တွင် အပြုံတစ်ခုကို သိသိသာသာကြီး ဆင်ထားသည်။
“သင်တို့က ဘယ်ကလဲ”
“ကျွန်ုပ်တို့က တမ္ပဒီပဘုရင် အနော်ရထာရဲ့ သံအဖွဲ့ ဖြစ်ပါတယ် ဘုရင်မင်းမြတ်”
“ဟင်”
“အကျွန့်အမည် က ထိလိုင်ရှင်လို့ ခေါ်ပါတယ်၊ ဘုရင်အနော်ရထာရဲ့ အမတ်စစ်သည် တစ်ယောက် ဖြစ်ပါတယ်။ အကျွန့်ရဲ့ ဘုရင်က သဝဏ်ကိုအကျွန်ကိုယ်တိုင်ပဲ ဘုရင်မင်းမြတ်ကို ဖတ်ကြားလျှောက်ထားပြပါလို့ မှာ လိုက်ပါတယ်”
ကျွန်ုပ်တစ်စုံတစ်ရာကို ပြန်မပြောနိုင်သေးမီမှာ ပင် ထိုသူသည် ရွှေရောင် စာပလွေထဲမှ သဝဏ်ကို ထုတ်ယူ၍ ဖြန့်လိုက်လေသည်။
လေးစားချစ်ကြည်ဖွယ်သော နောင်တော် သုဝဏ္ဏဘုမ္မိဘုရင် မနူဟာမင်းမြတ်ထံသို့ ညီတော် တမ္ပဒီပဘုရင် အနော်ရထာထံမှာ သဝဏ်လွှာ ရောက်လာပါသည်။ ဝပြောသာယာသော နောင်တော် ၏ သုဝဏ္ဏဘုမ္မိကို ယခုအခါမိစ္ဆာဒိဋ္ဌိလိဂေါရတို့က ထိပါးနှောင့်ယှက်ရန် ပြင်ဆင်နေသည်ဟု ကြားသိရပါသည်။ မြင့်မြတ်သော ထေရဝါဒသာသနာတော် ကိုလည်း ခြိမ်းခြောက်မောင်းမဲသည်ဟု ကြားသိရပါသည်။ ထိုစစ်ဘီလူး၏ အန္တရာယ်ကို ကာကွယ်ရန်လို့ငှာ နောင်တော် ၏ သုဝဏ္ဏဘုမ္မိကို ညီတော် ၏ တမ္ပဒီပနှင့် ပူးပေါင်းစည်းလုံးရန် လိုအပ်မည် ဟု တမ္ပဒီပသားတို့က ယုံကြည်ကြပါသည်။ သာသနာတော် ၏ ဒါယကာများ အ ဖြစ် နောင်တော် မနူဟာ ဘုရင်မင်းမြတ်နှင့် ညီတော် တို့သည်လည်း အတူတကွ သွေးစည်းကြလျက် သာသနာတော် ၏ ရန်သူကိုတွန်းလှန်အပ်ပေသည်။
အကယ်၍ စစ်မက်ရေး ရာ ပြုရန်ရှိပါကလည်း နောင်တော် နှင့်တကွသော သုဝဏ္ဏဘုမ္မိသားများ ကို အေးချမ်းစွာ စံနေကြစေလျက် ညီတော် နှင့်တမ္ပဒီပသားတို့ကသာ လက်နက်စွဲကိုင်ကြမည် ဖြစ်ပါသည်။
ထေရဝါဒ သာသနာတော် မြတ်၏ သာသနာ့ရက္ခိတဘုရင် ဖြစ်ပေသော နောင်တော် ဘုရင်မင်းမြတ်ထံ အသနားခံလိုသည်ကား သုံးပုံပိဋကတ်တော် ကိုညီတော် ၏ တမ္ပဒီပသို့ ခွဲဝေပို့လွှတ်စေခြင်းပင် ဖြစ်သည်။ အနော်ရထာနှင့်သူ၏ တမ္ပဒီပသားများ သည် ပိဋကတ်တော် ကို ဖူးတွေ့ လိုက်နာ ကိုးကွယ်ကြရန် များ စွာ စိတ်အားထက်သန်လျက် ရှိကြပါသည်။
အလုံးစုံသော ကိစ္စအဝဝအတွက် ညီတော် ၏ အမတ်စစ်သူကြီး ဖြစ်ပေသော ထိလိုင်ရှင်အား ရာဇအာဏာကို နှင်းအပ်သက်ရောက်စေပါသည်။
ဘေးအန္တရာယ်များ မှ ကင်းရှင်းလျက် သာသနာအကျိုးကို ကောင်းစွာ တည်ဆောက်သယ်ပိုးနိုင်ပါစေသတည်း။
တမ္ပဒီပဘုရင်…အနော်ရထာ
တမ္ပဒီပအမတ်စစ်သည်သည် သဝဏ်ကို ကြည်လင်ပြတ်သားစွာ ဖတ်ရှုပြီးနောက် ရွှေပလွေထဲသို့ ပြန်ထည့်၍ ကျွန်ုပ်ဆီသို့ ကမ်းလိုက်လေသည်။
စာချွန်ပလွေကို လှမ်းမယူဘဲ ကျွန်ုပ်နောက်သို့ ဆုတ်လိုက်သည်။
ထိုအမတ်စစ်သည်၏ အတင့်ရဲသော အပြုအမူကို ကျွန်ုပ်မနှစ် မြို့။ ထို့ပြင် သဝဏ်လွှာသည် ကျွန်ုပ်အား လှောင်ပြောင်နေသည်ဟု ထင်သည်။ တမ္ပဒီပဘုရင်၏ သဝဏ်သည် လိဂေါရဘုရင်၏ သဝဏ်လွှာကဲ့သို့ ရင့်သီးခက်ထန်သော အသုံးအနှုန်းများ မပါဝင်။ သို့ သော် ပြေပြစ်ချေငံသော စကားလုံးများ နောက်ကွယ်မှ ပြက်ရယ်လှောင်ပြောင်မှု ကို ကျွန်ုပ်နီးကပ်စွာ တွေ့ နေရသည်။
တကယ်လို့ စစ်မက်အရေး ပြုရန် ရှိလျှင်လည်း သုဝဏ္ဏဘုမ္မိသားများ ကအေးအေးဆေးဆေး နေပါတဲ့၊ တမ္ပဒီပသားတွေ က တာဝန်ယူပါမည် တဲ့။ ဤစကားသည် ကျွန်ုပ်မနူဟာနှင့်တကွသော သုဝဏ္ဏဘုမ္မိသားတို့၏ အစွမ်းသတ္တိကို သေးငယ်ပေါ့ပျက်စေသည့် စကား ဖြစ်သည်။ ရှိစေဦးတော့။
သုံးပုံပိဋကတ်တော် ကို သူတို့ထံသို့ ခွဲဝေပို့လွှတ်လိုက်ပါတဲ့၊ ပိဋတတ်တော် ကို သူတို့က ဖူးတွေ့ လိုက်နာကိုးကွယ်ရန် စိတ်ထက်သန်နေကြပါသည်တဲ့။
ရယ်ဖွယ်ကောင်းလေစွ တကား။
“နားခံတော် မှူး သတိုးဓမ္မ၊ လွှတ်ဝန်ချုပ် မဟာသီရ ဒီနားလာကြစမ်းပါ”
နားခံတော် မှူးနှင့် လွှတ်ဝန်ချုပ်တို့ ရှေ့တိုးလာကြသည်။
“ကြားကြရဲ့ လား နဂါးရုပ်ကိုရှိခိုးပြီး မန္တန်ရွတ်ဖတ်နေသူတွေ က ပိဋကတ်တော် ကို ဖူးတွေ့ ချင်သတဲ့၊ အင်း…ရှိပါစေတော့လေ၊ မြင့်မြတ်တဲ့သာသနာတော် ကို ကြည်ညိုရကောင်းမှန်း သိလာကြမှကိုး၊ ဒါပေမဲ့ သင်တို့ အရေး ကြီးတဲ့အချက်ကို စဉ်းစားကြမိရဲ့ လားဟင်”
လွှတ်ဝန်ချုပ်သည် တစ်စုံတစ်ရာကို နက်နဲစွာ စဉ်းစားနေဟန်ရှိသည်။
“ဒီမှာ ဟေ့…ကျွန်ုပ်ဟာ သုဝဏ္ဏဘုမ္မိရဲ့ ဘုရင်တစ်ပါးအနေနဲ့ ရာဇပရိယာယ်ဆိုတာကို ကောင်းကောင်းနားလည်ထားတယ် သိရဲ့ လား၊ ဘုရင်တို့ရဲ့ အတွင်းစိတ်မှာ မိမိရဲ့ ရာဇအာဏာစက်ကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် တိုးချဲ့လိုသည့်သဘော အမြဲတမ်းရှိနေတယ်၊ အဲဒါကို မှတ်ထားကြ၊ ချေချေငံငံ သီကုံးထားတဲ့ အဲဒီ တမ္ပဒီပဘုရင်ရဲ့ စကားလုံးတွေ နောက်ကအဓိပ္ပာယ်ကို ကျွန်ုပ်တွေ့ နေရတယ်၊ ထင်ထင်ရှားရှား တွေ့ နေတယ်။ အဲဒါ ကတော့ စစ်အန္တရာယ်ကို အကြောင်းပြ သာသနာတော် ကို အကြောင်းပြပြီးသူ့ရဲ့ အာဏာစက်ကို ဟောဒီကေလာသအထိ တိုးချဲ့ချင်တာပဲ၊ ဟား…ဟား…ဟား”
“မဟုတ်ဘူး…ဘုရင်မင်းမြတ်၊ မဟုတ်ပါဘူး”
တမ္ပဒီပအမတ်စစ်သည်သည် လက်ကိုဝှေ့ယမ်းရင်းအသံမြှင့်၍ ပြောနေသည်။
“ထိလိုင်ရှင်တဲ့လား၊ ဟုတ်လား…တမ္ပဒီပသား၊ သင်ဟာ သင့်ဘုရင်အနော်ရထာရဲ့ အတွင်းမနောကို နားမလည်နိုင်ပါဘူးလေ၊ ကဲ…ထားတော့၊ ဒီိအချက်ကို သင်တို့ မဆိုထားနဲ့ သင့်ရဲ့ ဘုရင်ကိုယ်တိုင်ကလဲ ခါးခါးသီး ငြင်းမှာ ပဲ၊ နောက်တစ်ချက်ကိုလဲ ကျွန်ုပ်ပြောပြမယ်”
အမတ်စစ်သည်၏ နှုတ်ခမ်းများ တင်းတင်းစေ့နေကြလေသည်။ လေးထောင့်ကျသော သူ၏ မျက်နှာနှင့် ထွားကျိုင်းသော သူ့ခန္ဓာကိုကြည့်ရင်းကျွန်ုပ်သည် မိမိ၏ အယူအဆ၌ ပို၍ ခိုင်မာလာသည်။
“ဒီမှာ …ထိလိုင်ရှင်၊ သုဝဏ္ဏဘုမ္မိသားတွေ ရဲ့ နှလုံးဟာ ထေရဝါဒသာသနာတော် အတွက် အင်မတန်နူးညံ့ကြသလို ပန်းတမော့ကျောက်ဆစ်အတက်အတွက် အင်မတန်မှ နက်ရှိုင်းကြသလိုပဲ၊ စစ်အတွက်ဆိုရင်လည်းသန်မာနီစွေးတဲ့ နှလုံးကိုပိုင်ဆိုင်ထားကြတယ်၊ ကျွန်ုပ်တို့က လိဂေါရတွေ ရဲ့ စစ်အန္တရာယ်ကို ကျွန်ုပ်တို့ရဲ့ လက်ရုံးနဲ့ ခုခံကာကွယ်နိုင်ကြတယ်၊ သင်တို့ရဲ့ အကူအညီကို ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး၊ အကူအညီယူစရာလည်းမလိုဘူး၊ လိဂေါရတွေ ကို အကြောင်းပြပြီး သင်တို့ သုဝဏ္ဏဘုမ္မိကို လာစရာမလိုဘူး”
“ခွင့်လွှတ်ပါ ဘုရင်မင်းမြတ်၊ အကျွန်ုပ်ရှင်းပြပါရစေ၊ ဘုရင်အနော်ရထာက မှာ လိုက်ပါတယ်၊ ထေရဝါဒသာသနာတော် မှာ သက်ဝင်ကိုးကွယ်တဲ့ဒါယကာများ အ ဖြစ် သာသနာတော် ရဲ့ ရန်စွယ်ကို အတူတကွ ပူးပေါင်းကာကွယ်ကြတဲ့သဘော”
“ဘာမှ ပူးပေါင်းကာကွယ်စရာ မလိုဘူး”
ကျွန်ုပ်၏ အသံ အနည်းငယ်မျှ ကျယ်လောင်သွားဟန်ရှိသည်။ အမတ်စစ်သည်၏ မျက်နှာမှာ မည်းခဲနဲ ဖြစ်သွားသည်ဟု ထင်သည်။
အဝေရာခံတပ်မှ ဗိုလ်မင်းများ ၊ စစ်သည်ရဲမက်များ နှင့် ဗိသုကာရှင်များ လည်း အနားတွင် ဝိုင်းအုံနေကြလေသည်။ တစ်နေရာတွင် ဘိုးပန်းရည်နှင့် သူ၏ တပည့် `သမိန်’ တို့ကိုလည်း တွေ့ ရသည်။
တိုင်းသူပြည်သားများ ရှေ့မှော က်တွင် ကျွန်ုပ်မနူဟာသည် မခေါ်မပင့်ပါဘဲ ရောက်လာချေသော တန္တရဝါဒီများ ၏ အကူအညီကို ရယူမည် လော၊ အခြားဘုရင်တစ်ပါးကို ကျွန်ုပ်က အားကိုးအားထား ပြုရမည် လော။
အခက်အခဲပေါင်းများ စွာ ထဲမှနေ၍ သုဝဏ္ဏဘုမ္မိတွင် ထေရဝါဒ သာသနာတော် ထွန်းကားစည်ပင်ရေး ၊ သုဝဏ္ဏဘုမ္မိ ဆိပ်ကမ်းများ ဖွံ့ဖြိုးကြွယ်ဝရေး တို့ကို ကျွန်ုပ်မနူဟာသည် အခြားတစ်ပါးသော မည် သည့်ဘုရင်ကိုမှ အားမကိုးဘဲ မိမိကိုယ်တိုင်၏ စွမ်းရည်ဖြင့် ဆောင်ရွက်ခဲ့သည်။ ပုထုဇဉ် တစ်ယောက် အနေဖြင့် ကျွန်ုပ်သည် နန်းဦးဘုံဆောင်မြင့်မှ ဗုဒ္ဓရုပ်ပွားတော် ရှေ့မှော က်တွင် ငိုကြွေးကောင်း ငိုကြွေးခဲ့မည် ။ သို့ သော် တိုင်းသူပြည်သားတို့၏ ရှေ့မှော က်တွင် ကား… ကျွန်ုပ်မနူဟာသည် သုဝဏ္ဏဘုမ္မိလောကီရေး ၊ လောကုတ္တရာရေး တို့၏ ဦးစီးဦးဆောင် ဥသျှောင်မကိဋ်ပေတည်း။
“ခွင့်ပြုပါ ဘုရင်မင်းမြတ်”
“ဘာပြောချင်သလဲ…မဟာသီရ”
“စစ်တို့ရဲ့ သဘောမှာ မဟာမိတ်ပြုခြင်းဟာလဲ အရေး ပါတဲ့ အချက် ဖြစ်ပါတယ်”
“တိတ်စမ်း”
မဟာသီရ၏ စကား အဘယ်သို့ ရှေးရှုနေကြောင်း ကျွန်ုပ်သိလိုက်သည်။ ရုတ်ချည်းပင် ဓမ္မဒဿီဆရာတော် နှင့် နောက်ဆုံးတွေ့ ခဲ့ရပုံကို သတိရမိသည်။ ဆရာတော် ရှင်အရဟံ၏ တိုက်တွန်းအကြံပေးမှု ကိုပင်လျှင် ကျွန်ုပ်လက်မခံခဲ့သည်မဟုတ်။ သုဝဏ္ဏဘုမ္မိတွင် ယနေ့တွေ့ ကြုံနေရသော အရေး အရာအားလုံး၏ အချိတ်အဆက်အနက်အဓိပ္ပာယ်အားလုံးကို ကျွန်ုပ်သာလျှင် အသိဆုံး ဖြစ်သည်။
“အားလုံး အမှူးအမတ်၊ ဝန်တွေ ၊ ဗိုလ်မင်းတွေ နားထောင်ကြစမ်း၊ တမ္ပဒီပနဲ့ မဟာမိတ်ပြုရေး ကို အရှင်အရဟံဆရာတော် ကိုယ်တိုင် တစ်ခါက ကျွန်ုပ်ကို အကြံပေးတိုက်တွန်းခဲ့ဖူးတယ်၊ အဲဒီ တုန်းကလဲ ကျွန်ုပ်လက်မခံခဲ့ဘူးသိရဲ့ လား”
တမ္ပဒီပမှ အမတ်စစ်သည်လည်း ကျွန်ုပ်၏ စကားအဆုံးတွင် ရှေ့သို့ တိုးလာပြန်ပြီး စာချွန်ဘူးတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။
“ဘုရင်မင်းမြတ်…အဲဒီ ဓမ္မဒဿီဆရာတော် ရဲ့ စာချွန်လဲ အခုပါလာပါတယ်”
“ဘယ်လို”
“ဆရာတော် ရှင်အရဟံကလဲ ဘုရင်မင်းမြတ်ထံကို စာချွန်ပါးလိုက်တယ်”
ဆရာတော် ၏ စာချွန်တော် ။ ဒါကို တမ္ပဒီပသားတို့က ယူဆောင်လာသတဲ့။ အဘယ်ကြောင့် တစ်ပြည်သားလက်ထဲမှာ ဆရာတော် ၏ စာချွန်ကရောက်နေသလဲ၊ ရှုပ်ထွေးနေသည်။
“အဲဒီ စာချွန် ပေးစမ်းပါ…ထိလိုင်ရှင်”
ဆရာတော် ၏ စာချွန်ကိုမူ ကျွန်ုပ်တရိုတသေ လှမ်းယူလိုက်ရပေသည်။
“တကာတော် ဘုရင်မင်းမြတ်......”
ကာလသုံးပါးစလုံးတွင် ဆက်စပ် ဖြစ်ပျက်တတ်သည့် သဘောတို့ကိုဆရာတော် ဆင်ခြင်ပြီးပြီ၊ ထိလိုင်ရှင် ယူဆောင်လာသော တမ္ပဒီပဘုရင်၏ သဝဏ်ပါအချက်များ ကို တကာတော် လက်ခံသင့်တယ်။ အကြိမ်ကြိမ် အထပ်ထပ် ဆင်ခြင်သုံးသပ်ပြီးနောက် ဆရာတော် တွင် တစ်ခုတည်းသော အဖြေကိုသာ ရရှိခဲ့၏ ။ သာသနာတော် ခိုင်မြဲထွန်းကားရေး သာလျှင် အန္တိမအနှစ် သာရ ဖြစ်၏ ။
မိမိကိုယ်အား ကောင်းစွာ ဆောက်တည်နိုင်ပါစေ။
ဓမ္မဒဿီဆရာတော်
တမ္ပဒီပနေပြည်
“ဟင်..ဘုရား..ဘုရား”
ကောင်းကင်ပြင်သည် မြေနှင့်ထိကပ်သွားပြီ ထင်ရသည်။
“ဆရာတော် …ဆရာတော် ဟာ အခု သင်တို့ရဲ့ တမ္ပဒီပမှာ …”
“ဟုတ်ပါတယ် ဘုရင်မင်းမြတ်၊ မြင့်မြတ်တဲ့ ဆရာတော် ရှင်အရဟံဟာလွန်ခဲ့တဲ့ သုံးလ၊ မိုးများ ရွာသွန်းနေတဲ့ လတွေ တုန်းကလဲ အကျွန်ုပ်တို့ရဲ့ တမ္ပဒီပကို ရောက်လာပါတယ်၊ အခု ဘုရင်အနော်ရထာနဲ့တကွ တမ္ပဒီပသားအားလုံးဟာ ဆရာတော် ကို နန်းဦးဆရာတော် အ ဖြစ် အမြတ်တနိုး ကိုးကွယ်ထားကြပါတယ်၊ ပြဿနာတွေ အားလုံး ရှင်းလင်းပြီးတာနဲ့ ဘုရင်မင်းမြတ်ထံကိုပြန်ကြွလာမယ်လို့လဲ မှာ လိုက်ပါတယ်”
လွန်ခဲ့သည့် သုံးလ၊ မိုးများ ရွာသွန်းနေစဉ်က ဆရာတော်သည် သော ဏုတ္တရခန်းဆောင်တော် တွင် ကျွန်ုပ်နှင့်တွေ့ ဆုံပြီးသည့်နောက် တမ္ပဒီပသို့ ကြွမြန်းသွားခဲ့ပေသည်တကား။
ထိလိုင်ရှင်၏ အဖြေကို ကြားလိုက်ကြသော သူတချို့သည် အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြလေသည်။ ဝိုင်းအုံနေသော လူအုပ်ကြီးသည် တိတ်ဆိတ်နေရာမှ အသံများ ဆူညံလာတော့သည်။
“ဆရာတော် တမ္ပဒီပမှာ တဲ့”
“ဆရာတော် တို့ကို ပစ်သွားပြီလား”
“ဘုရား..ဘုရား တို့ဆရာတော် ဒီမှာ မရှိတော့ဘူး ဆိုပါလား”
“ဓမ္မဒဿီဆရာတော် တမ္ပဒီပကို ရောက်သွားပြီ”
လက်ထဲမှ စာချွန်လိပ်ကိုသာ ကျွန်ုပ်တင်းကျပ်စွာ ဆုပ်ကိုင်ထားမိတော့သည်။ ဤအရာမှလွဲလျှင် ကျွန်ုပ်၏ လက်တွင် ဘာကိုမှ ဆုပ်ကိုင်ဖက်တွယ်စရာ မရှိတော့၊ ဆုံးရှုံးမှု ကြီးတစ်ခုသည် ကျွန်ုပ်တစ်ကိုယ်လုံးကို ရစ်ပတ်လွှမ်းခြုံလိုက်သည်။ အို…ဘုရား..ဘုရား အားထားရာဆရာတော် လည်း မရှိတော့ပါလား။
သံဃာ၏ အထွတ်အခေါင် ဆရာတော် သည် သုဝဏ္ဏဘုမ္မိ၌ မရှိတော့ပြီ။
ကျွန်ုပ်၏ ဆရာတော် သည် ကျွန်ုပ်ထံ၌ မရှိတော့ပြီ။ ထို့ထက် တမ္ပဒီပဘုရင်၏ သဝဏ်နှင့် အလားတူစွာ သော သဝဏ်ကို ပို့လွှတ်လိုက်ချေပြီ။
လွှတ်ဝန်ချုပ်နှင့် နားခံတော် မှူးတို့၏ မျက်နှာများ တင်းမာနေကြသည်ကို ကျွန်ုပ်တွေ့ နေရသည်။ မိန်းမသူအချို့၏ ငိုရှိုက်သံများ ကိုလည်း ကြားလိုက်ရသည်။
အချို့ အရွယ်ကြီးရင့်သူများ မြောက်ဘက်အရပ်သို့ လက်အုပ်ချီရှိခိုးနေကြသည်။
ဆရာတော် အား လက်လွှတ်ဆုံးရှုံးလိုက်ရသည့် ကျွန်ုပ်၏ သုဝဏ္ဏဘုမ္မိသားများ ။
ဆရာတော် ၏ သဝဏ်သည် အကယ်ပင် ဆရာတော် ၏ စိတ်သဘောဖြင့် ရေး သားလိုက်ခြင်း ဖြစ်ကြောင်း ကျွန်ုပ်သိသည်။ မဆွကပင် ဆရာတော် သည် သာသနာတော် ခိုင်မြဲထွန်းကားရေး ၊ စစ်၏ အနိဋ္ဌာရုံကို ရှောင်ဖယ်နိုင်ရေး အတွက် တမ္ပဒီပနှင့် ပူးပေါင်းသင့်ကြောင်း ယုံကြည်ခဲ့သည်။
ဓမ္မရက္ခိတဆရာတော် သည် ကျွန်ုပ်တို့အတွက် သာသနာအတွက်သုဝဏ္ဏဘုမ္မိအတွက် စိုးရိမ်ပူပန်စွာ ဖြင့် တမ္ပဒီပသို့ ထွက်ခွာကာ မိမိ၏ အကြံအစည်ကို ဆောင်ရွက်ချေပြီ။
ဆရာတော် မြတ်၏ အလိုအတိုင်း ကျွန်ုပ်လိုက်နာရတော့မည် လား။
သုဝဏ္ဏဘုမ္မိသားများ ၏ ငိုရှိုက်သံများ နှင့် တမ်းတပူဆွေးသံများ ကကျွန်ုပ်ဘေးပတ်လည်တွင် ဝန်းရံပွားစီးလာကြပေပြီ။
“ဘုရင်မင်းမြတ်ရဲ့ အမိန့်တော် ကို ကျွန်ုပ်တို့ စောင့်မျှော်နေကြပါတယ်”
တမ္ပဒီပစစ်သားသည် ကျွန်ုပ်ရှေ့တွင် ဒူးထောက်လိုက်သည်။
ကျွန်ုပ်ကို မော့်ကြည့်သည်။ သူ့ကိုယ်မှာ စစ်ဝတ်တန်ဆာ အပြည့်ဆင်ထားသည်။ သူ့လူများ ကို ကျွန်ုပ်ကြည့်လိုက်သည်။ သူတို့လည်း စစ်ဝတ်တန်ဆာအပြည့်ဖြင့်…။
တမ္ပဒီပစစ်သည်တို့၏ စစ်ဝတ်တန်ဆာအပြည့် ပုံသဏ္ဌာန်များ ကိုကြည့်ရင်း ကျွန်ုပ်ခိုင်မာစွာ ယုံကြည်ထားသော အတွေးသည် ပြန်၍ ပေါ်လာသည်။
“အားလုံး နားထောင်ကြစမ်း”
“ဓမ္ပဒဿီဆရာတော် ရဲ့ အမိန့်ကို ကျွန်ုပ်တို့အားလုံး ပြားပြားဝပ်ဝပ်လိုက်နာခဲ့ကြတာချည်း ဖြစ်သည်၊ ဘာကြောင့်လဲဆိုတော့ ဆရာတော် ထံမှာ ကျွန်ုပ်တို့အားလုံးရဲ့ ထေရဝါဒအသည်းနှလုံးတွေ စုစည်းပေါင်းဆုံနေကြလို့ပဲ”
အားလုံး၏ အကြည့်သည် ကျွန်ုပ်၏ မျက်နှာပေါ်သို့ ကျရောက်နေကြပေမည် ။ ကျွန်ုပ်မူကား ပြာလဲ့သော အဆုံးမဲ့ ကောင်းကင်ကိုသာ မော့်ကြည့်လိုက်မိသည်။
“အခု ဆရာတော် ဟာ ကျွန်ုပ်တို့အားလုံးရဲ့ သာသနာတော် အတွက်တမ္ပဒီပကို ရောက်ရှိနေပြီး ဒီသဝဏ်ကို စေလိုက်ခြင်း ဖြစ်တယ်၊ အားလုံးသိအောင် ကျွန်ုပ်ပြောပြမယ်၊ ဆရာတော် ရဲ့ သဝဏ်မှာ တမ္ပဒီပဘုရင် အနော်ရထာကို လက်ခံဖို့ တိုက်တွန်းထားတယ်၊ ဆရာတော် နဲ့ တမ္ပဒီပဘုရင်ဟာတစ်သဘောတည်း ရှိနေကြပြီ၊ အခြေအနေအားလုံးပေါ်မှာ သုံးသပ်ပြီး ကျွန်ုပ်ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်၊ ဒီဆုံးဖြတ်ချက်ဟာ သုဝဏ္ဏဘုမ္မိဘုရင်ရဲ့ အမိန့်လဲ ဖြစ်တယ်၊ ကျွန်ုပ်ဟာ…”
နားခံတော် မှူးက အမိန့်တော် ကို ထုတ်ပြန်ရန်အတွက် ထုံးစံအတိုင်းပြင်ဆင်လိုက်သည်။ မိမိ၏ အသံတုန်ယင်ခြင်း မရှိအောင် ကျွန်ုပ်ဆောက်တည်လိုက်ရသည်။
“….တမ္ပဒီပဘုရင်ရဲ့ သဝဏ်ကို အကြွင်းမဲ့ ငြင်းပယ်တယ်”
အတန်ကြာအောင် တိတ်ဆိတ်နေသည်။ ဦးစွာ လှုပ်ရှားသူကား တမ္ပဒီပအမတ်စစ်သည် ထိလိုင်ရှင် ဖြစ်သည်။
ထိလိုင်ရှင်သည် ဒူးထောက်နေရာမှ ထရပ်လိုကသည်။ သူ့ကိုယ်တွင် ဆင်ယင်ထားသော လက်နက်တို့ ထိခတ်သံများ ပေါ်လာသည်။
“သုဝဏ္ဏဘုမ္မိသားတို့…ကျွန်ုပ်ရဲ့ အမိန့်ကို လေးလေးနက်နက်ဆင်ခြင်ကြ၊ ဆရာတော် ရဲ့ အလိုဆန္ဒနဲ့ တမ္ပဒီပဘုရင်နဲ့ သဝဏ်တို့ဟာ တစ်သဘောတည်း ဖြစ်သော်လည်း တစ်ထပ်တည်း မတူကြဘူး၊ အင်မတန် သေးငယ်နက်ရှိုင်းတဲ့ တစ်ချက်မှာ ကွဲလွဲနေတယ်၊ ဆရာတော် အလိုရှိတာက တမ္ပဒီပနဲ့ သုဝဏ္ဏဘုမ္မိတို့ မဟာမိတ်ပြုထားရေး နဲ့ အဲဒါကို လိဂေါရဘုရင် သိစေရေး ဖြစ်တယ်၊ မကြာသေးမီကမှ ဥဿာကနေ လိဂေါရတွေ ကျွမ်းစစ်သည်တွေ ကို တမ္ပဒီပဘုရင်က မောင်းထုတ်နိုင်ခဲ့တယ်၊ သုဝဏ္ဏဘုမ္မိနဲ့ တမ္ပဒီပပူး ပေါင်းညီညွတ်နေတယ်ဆိုတဲ့ အင်အားထုကို လိဂေါရဘုရင် သိသွားရင်လိဂေါရဘုရင်ဟာ စစ်မပြုတော့ဘူးလို့ ဆရာတော် က ယူဆတယ်၊ ဒီတော့စစ်ဟာ မပေါ်ပေါက်နိုင်တော့ဘူး၊ စစ်ကြောင့် ဒုက္ခဆင်းရဲ မရောက်ြ ကတော့ဘူး၊ ဒါဟာ ဖြစ်ပွားမယ့်စစ်ကို လုံးဝမ ဖြစ်ပွားရအောင် ပယ်ဖျက်လိုက်တဲ့ဆရာတော် ရဲ့ အကြံအစည် ဖြစ်တယ်”
ကျွန်ုပ်သည် ပြုံးရယ်လျက် ထိလိုင်ရှင်ကို စေ့စေ့ကြည့်လိုက်သည်။ နက်နဲသော အပြုံးပင် ဖြစ်ကြောင်း ထိုတမ္ပဒီပသား သိစေလိုသည်။
“အနော်ရထာရဲ့ သဝဏ် ကတော့ ဒီလိုမဟုတ်ဘူး၊ သူ့ရဲ့ စစ်သည်အလုံးအရင်းနဲ့ သုဝဏ္ဏဘုမ္မိကိုလာပြီး ဒီကနေ လိဂေါရတွေ ကို တိုက်ခိုက်မယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်။ အမှန်တော့ သူဟာ ထေရဝါဒသာသနာတော် ကို ဖျက်ဆီးလိုသူ ဖြစ်ဖို့သာ များ တယ်၊ ဒါကြောင့် သူ့ရဲ့ သဝဏ်ထဲမှာ ပိဋကတ်တော် ကိုလည်း ခွဲဝေပို့လွှတ်ပါလို့ တောင်းခံထားခြင်း ဖြစ်တယ်။ အမှန်တော့ ပိဋကတ်တော် ကို သိမ်းယူဖျက်ဆီးလိုခြင်းသာ ဖြစ်လိမ့်မယ်၊ စစ်အလုံးအရင်းနဲ့ သုဝဏ္ဏဘုမ္မိကိုလည်းလာမယ်၊ ပိဋကတ်တော် ကိုလည်းတောင်းခံနေတယ်ဆိုတာ တကယ်တော့ ဒီနှစ် ချက်ကို ဆက်သွယ်လိုက်ရင် သူဟာ ပိဋကတ်တော် ကို ထေရဝါဒသာသနာကို စစ်နဲ့သိမ်းပိုက်ဖျက်ဆီးလိုခြင်းပဲလို့ အဓိပ္ပာယ်ထွက်တယ်၊ သူဟာ လိဂေါရတွေ ကိုလည်း တိုက်ခိုက်မယ်။ သုဝဏ္ဏဘုမ္မိကို တိုက်ခိုက်မယ်၊ ပြီးတော့ သူတို့ရဲ့ တန္တရဝါဒကို လွှမ်းမိုးအောင်ပြုလုပ်မယ့်သူ ဖြစ်တယ်၊ လိဂေါရအရေး ကို အကြောင်းပြပြီး ဆရာတော် ကိုအကာအကွယ်ယူခြင်းသာ ဖြစ်တယ်၊ အခုဆိုရင် သူတို့ဟာ ဥဿာကနေပြီးလိဂေါရတွေ ကို မောင်းထုတ်ပြီးနောက် သူတို့ကိုယ်တိုင် ဥဿာကို လွှမ်းမိုးဖို့ကြိုးစားလိုက်ပြီ မဟုတ်လား၊ ကျွန်ုပ်ဟာ ဥဿာဘုရင်မဟုတ်၊ သုဝဏ္ဏဘုမ္မိဘုရင်သာ ဖြစ်ကြောင်း သင့်ရဲ့ တမ္ပဒီပဘုရင်သိအောင် ပြောပြလိုက်ပါ”
“မဟုတ်ဘူး…၊ တစ်ခုမှ မဟုတ်ဘူး”
ထိလိုင်ရှင်သည် လက်နှစ် ဖက်ကို ပူးကပ်ဆုပ်နယ်ရင်း အော်ဟစ်လိုက်လေသည်။ ကျွန်ုပ် သူ့ကို ပို၍ နှစ် ခြိုက်စွာ ပြုံးပြလိုက်သည်။
“ထိလိုင်ရှင်…၊ သင့်အသက်ဟာ နှစ် ဆယ်ကျော်ရုံမျှပဲ ရှိဦးမယ်ထင်တယ်၊ သင်ဟာ ငယ်ရွယ်တဲ့ အရွယ်နှင့်မမျှအောင် သင့်ဘုရင်ရဲ့ ကြီးလေးတဲ့တာဝန်တွေ ကို ထမ်းဆောင်နိုင်တဲ့အတွက် ချီးကျူးစရာပေပဲ။ သို့ သော် ရာဇပရိယာယ်ကို သင်နားလည်ဖို့ ကတော့ အများ ကြီးလိုသေးတယ်။ ကျွန်ုပ်ရဲ့ စကားတွေ ကို သင်က ငြင်းပယ်နေတယ်၊ သင့်ရဲ့ ဘုရင်အနော်ရထာကိုသေသေချာချာ မေးကြည့်ရင်တော့ အံ့သြစွာ နဲ့ ဟုတ်တယ်လို့ ဝန်ခံလိမ့်မယ်။ ကိုင်း…မဟာသီရ၊ သတိုးဓမ္မ၊ လုပ်စရာရှိတာတွေ လုပ်ပြီးရင် တမ္ပဒီပဧည့်သည်တွေ ကို ကောင်းစွာ ပို့လိုက်ပါ။ ကဲ…သုဝဏ္ဏဘုမ္မိသားများ ကျွန်ုပ်တို့ရဲ့ အဝေရာခံတပ်ကို လှည့်လည်ကြည့်ရှုကြစို့၊ ဘိုးပန်းရည်နဲ့ သမိန်ကိုပါခေါ်ပြီး ကျွန်ုပ်ကိုလိုက်ပြစမ်းပါ..လာကြ…လာကြ”
မည် သူ့ကိုမျှ ကျွန်ုပ်လှည့်မကြည့်တော့ပေ၊ အဝေရာခံတပ် လှေကားထစ်များ ကို တစ်ထစ်ချင်း နင်းတက်ခဲ့သည်။ နောက်ဘက်တွင် ရှိနေကြမည့် လှုပ်ရှားဟန်များ ၊ အသံများ ကိုလည်း မကြည့်လို၊ သတိမပြုလိုတော့။ နင်းတက်နေသည့် လှေကားထစ်များ ကဲ့သို့ ပင် ကျွန်ုပ်မနူဟာသည် ရှေ့ကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်လုပ်ဆောင်တော့မည် ။ ကျောက်လှေကားထစ်များ သည် အပေါ်သို့ တစ်ထစ်ပြီးတစ်ထစ် မြင့်တက်သွားကြသည်။
လှေကားကို တက်သူသည် နောက်သို့ လည်းကောင်း၊ အောက်သို့ လည်းကောင်း ပြန်လှည့်ကြည့်ရိုး ထုံးစံမရှိပေ။
လှေကားထစ်များ အဆုံးတွင် `အဝေရာ’ ၏ ပထမဆုံး “သူရဲခို” ရှိနေပေမည် ။
အဝေရာမှနေ၍ သုဝဏ္ဏဘုမ္မိ၏ ရန်စွယ်မှန်သမျှကို ခုခံတိုက်ထုတ်ပစ်ရမည် ။ `အဝေရာ’ ဟူသော အမည် နာမနှင့် လိုက်ဖက်သည့် အခြေအနေကိုကျွန်ုပ်၏ သုဝဏ္ဏဘုမ္မိတွင် ဖန်တီးရမည် သာ ဖြစ်ပေသတည်း။
စစ်သူကြီးဒလဗန်း နှင့် ရာဇဝင်ဝတ္ထုရှည်များ | ၀ိဇိတာဝီ | ချစ်သော ပါဒဧကရီ |