စာရေး သူ၏ အမှာ စာ
လေးစားအပ်သော စာဖတ်သူသို့…..
ယခု ``ချစ်သော ပါဒဧကရီ´ မှာ ကျွန်တော် ၏ တတိယမြောက်လုံးချင်း ဖြစ်ပါသည်။ လုံးချင်းဝတ္ထုသက်တမ်း၌ ကျွန်တော် သည် အုပ်ရေအားဖြင့် (၃)အုပ်၊ နှစ် ကာလအားဖြင့် (၂) နှစ် ကာလကိုသာ ဖြတ်ကျော်ပြီးစီးထားသည့် ၀တ္ထုရေး သမား တစ်ယောက် ဖြစ်ပါသည်။
ရာဇ၀င်နောက်ခံဝတ္ထုများ ကို ရေး သားခြင်း၌ ကျွန်တော် သည် `လိုအပ်စွာ ပင်´ ၀င်စားညွတ်နူးမိသည်။ ဤနေရာတွင် လည်း ရာဇ၀င် ဖြစ်ရပ် (Hostorical Event) ထက် ရာဇ၀င်ထဲက အတိတ်ကာလထဲက `လူတွေ ´၏ ရုပ်ပုံလွှာ၌ ပို၍ စူးစိုက်ထက်သန်နေမိသည်။ ဘုရင်များ ၊ စစ်သူရဲကောင်းများ ၊ မှူးမတ်များ ၊ တိုင်းသူပြည်သားများ နှင့် နန်းတော် ၊ ရာဇပလ္လင်၊ မြို့ရိုးမုခ်၊ လေးမြား စသည်တို့ဖြင့် ဖွဲ့စည်းထားသော ၀တ္ထုကို ရေး ရာ၌ ကျွန်တော် သည် သို့ရေး ခြင်းအတွက် `အတိတ်ကို လွမ်းဆွေးပွေ့ဖက်နေသည်´ ဟု လုံးဝ မခံစားမိပါ၊ လုံးဝ မယုံကြည်ပါ။
ရာဇ၀င် (သမိုင်း) ခေတ်၏ အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်မှု သဘောတရားကိုတော့ ကျွန်တော် ယုံပါသည်။ ပဒေသရာဇ်အာဏာနှင့် သက်ဦးဆံပိုင်စနစ် တည်ထောင်မှု သည် မလိုလားအပ်ဟုလည်း အများ နားလည်သလောက်တော့ အနည်းဆုံး အတိုင်းအတာဖြင့် ကျွန်တော် နားလည်ထားပါသည်။ ဆိုရှယ်လစ် သရုပ်မှန်စာပေ၊ တော် လှန်ရေး သရုပ်မှန်စာပေ စသည့် သီဝရီများ သည် တစ်စုံတစ်ခုသော အနုပညာဖန်တီးမှု အား တင်းကျပ်စွာ ချုပ်ချယ်ခြင်း မပြုကြပါ။ `စပါတာကပ်စ်၊ နော်တာဒမ် ခါးကုန်းကြီး၊ ဆွမ်းလိတ်ဘဲလေး၊ ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ၊ စစ်နှင့် ငြိမ်းချမ်းရေး ´ စသည့် အနုပညာရပ်များ ကို လူတွေ ဘယ်လိုခံစားတွေ့ ရှိကြသည် ဆိုခြင်းမှာ ထင်ရှားသော အဖြေများ ဖြစ်နိုင်ပါသည်။
ရာဇ၀င်ဝတ္ထုများ တွင် ဖြစ်ရပ်လွဲချော်မှု ၊ ခုနှစ် သက္ကရာဇ် ဆိုးဆိုးဝါးဝါး လွဲချောမှု များ ပါရှိလာလျှင်တော့ စာရေး သူသည် တာဝန်မဲ့လွန်းသူ ဖြစ်သွားပေမည် ။ သို့သော်လည်း ဖြစ်ရပ်မှန်နှင့် သက္ကရာဇ်ကို တိတိကျက် လိုက်နာစောင့်ထိန်းလို့ရော စာရေး သူသည် တာဝန်ကျေပြီလားဟု မေးစရာရှိနေပါသည်။ ဖြစ်ရပ်မှန်၊ ခုနှစ် သက္ကရာဇ်မှန်တို့နှင့် ပတ်သက်သည့် အထောက်အထားများ ၏ ခိုင်လုံမှု ကရော ဘယ်လောက်ထိ အခြေခံအားကိုး ရှိကြသနည်းဟု မေးစရာရှိပြန်ပါသည်။ အယူအဆေဟောင်းတစ်ခုကို ပို၍ ပြည့်စုံသော အယူအဆသစ်တစ်ခုက ပယ်ဖျက်ဖြတ်သန်းခြင်းအားဖြင့် သိပ္ပံနည်းကျ အသိပညာ ဖြစ်စဉ်သည် ပို၍ တိကျပြည့်စုံလာရသော နိယာမသဘော ရှိပေသည်။ သို့သော် ဤရွေ့ဤမျှထိ လေးနက်ကြီးမားသော ပညာရပ်ဆိုင်ရာ လေ့လာမှု မျိုးကို ပြုလုပ်နိုင်ရန် ကျွန်တော် တို့ကဲ့သို့ သော ၀တ္ထုရေး သူများ အဖို့ အခြေအနေလည်း မရှိသေးပါ။ အချိန်နှင့် လုပ်နိုင်စွမ်းလည်း မရှိသေးပါ။ ပညာရှင်တို့၏ လေ့လာဖော်ထုတ်မှု ၊ ၀ိဝါဒ ကွဲပြားမှု ၊ ငြင်းခုံဆွေးနွေးမှု တို့ကို လေးစားစွာ စောင့်ကြည့်နေရုံသာ တတ်နိုင်ပါသည်။ ယင်းသို့ လေးစားစွာ စောင့်ကြည့်နေရင်းဖြင့် ပင် ကျွန်တော် တို့သည် ၀တ္ထုများ ကို ရေး နေကြပေသည်။
ရာဇ၀င် ဖြစ်ရပ်တစ်ခုကို ရေး ထိုးမော်ကွန်းတင်ခြင်းကိစ္စ၌ ရေး ထိုးမော်ကွန်းတင်ခိုင်းသူ၊ ရေး ထိုးမော်ကွန်းတင်သူ၊ ရေး ထိုးမော်ကွန်းတင်သည့် ကာလဒေသ အခြေအနေတို့သည် များ စွာ အရေး ပါပေသည်။
ရာဇ၀င်နောက်ခံ (သမိုင်းနောက်ခံ) ၀တ္ထုဟူရာ၌ …..
(၁) ရာဇ၀င်ဇတ်ကြောင်းကို အခြေခံပြီး ကိုယ့်စိတ်ကူးနှင့် ရသပေါ်အောင် မွမ်းမံသော ၀တ္ထု၊
(၂) ရာဇ၀င်နှင့် သက်ဆိုင်ရာ လူအမည် ၊ ဒေသအမည် များ ကို ၀တ္ထုတွင် ထည့်သုံးပြီး ဇာတ်လမ်းကို မိမိစိတ်ကြိုက် ဖန်တီးသော ၀တ္ထု၊
(၃) ရာဇ၀င်ခေတ်ကိုသာ ယူပြီး ဇာတ်ကောင်း ဇာတ်လမ်း အစစအရာရာ ကိုယ်ကြိုက်သလို ဖန်တီးသော ၀တ္ထုဟူ၍ သုံးမျိုးရှိကြောင်း ပညာရပ်များ က ယူဆထားကြပါသည်။
`ချစ်သော ပါဒဧကရီ´သည် အထက်ဖော်ပြပါ အမျိုးအစားသုံးမျိုးအနက် မည် သည့်အမျိုးစားအတွင် ၀င်မည် ဆိုခြင်းမှာ မူ လေးစားအပ်သော စာဖတ်သူ၏ အလိုဆန္ဒအတိုင်းသာ ဖြစ်ပါသည်။
ယခု `ချစ်သော ပါဒဧကရီ´ အတွက် ကျွန်တော် သည် အထောက်အထား `ကျမ်း´ကိုးများ ရှာခဲ့သော်လည်း မတွေ့ နိုင်ခဲ့ပါ။ သန်လျင်နှင့်ပတ်သက်ပြီး ပါဒကြီး၊ ပါဒလေး ဘုရားများ ကို လူသိများ ကြသည်။ မွေ့နန်းနန္ဒာဇတ်၊ မောင်ဒီ၊ မြသန်လျင် မင်းသမီးဇာတ်၊ ငစင်ကာ၊ နတ်ရှင်နောင်ဇာတ်တို့သည်လည်း လူသိများ ကြပါသည်။ သို့သော် ၀တ္ထုရေး ရန် ကျွန်တော် လိုချင်သည့် ပါဒနိုင်ငံတော် ၏ အဦးခေတ်ကာလအတွက် ခိုင်ခိုင်လုံလုံဖော်ပြသော စာအုပ်များ ကို မတွေ့ ရပါ။ လက်လှမ်းမမီပါ။
`ချစ်သော ပါဒဧကရီ´ ၌ ကျွန်တော် လက်ရင်းထားရသော ကျမ်းကိုကား မြန်မာသက္ကရာဇ် ၁၃၀၃ ခု၊ ၀ါဆိုလထုတ်၊ စာမျက်နှာ ၁၁၄ မျက်နှာရှိ `ပါဒနိုင်ငံတော် ရာဇ၀င်နှင့် ရုပ်ပွားစေတီတော် များ သမိုင်း´ စာအုပ် ဖြစ်သည်။ ရေး သားပြုစုသူမှာ `ပြည်တော် သာ ဦးထွန်းရီ´ ဖြစ်သည်။ ထိုစာအုပ်ငယ်၌ ရုပ်ပွားစေတီဓာတ်ပုံများ ၊ စာရေး သူရေး ဆွဲထားသော မြေပုံများ ပါရှိသည်။ စာအုပ်အဖွင့်မျက်နှာ၌ `ဤရာဇ၀င် ကျမ်းကို ရေး သားပြုစုသူ ပါဒမြို့ဇာတိ ပြည်တော် သာ ဦးထွန်းရီ၏ ပုံ´ ဟူသော စာဖြင့် စာရေး သူ၏ ဓာတ်ပုံလည်း ပါရှိသည်။
မမြင်ဖူး မတွေ့ ဖူးသူ၏ ကျေးဇူးတရားများ ကို ဤနေရာတွင် ကျွန်တော် မှတ်တမ်းတင်အပ်ပါသည်။
လေးစားအပ်သော စာဖတ်သူ၏ ဝေဖန်ဆွေးနွေးမှု များ ကိုလည်း ဆက်လက်ခံယူ သွားပါမည် ။
လေးစားစွာ ဖြင့်
ချစ်ဦးညို
ပထမပိုင်း
ချစ်သူ….
လွင့်ပျံနေသော တိမ်တို့၏ အရောင် စုံကိုလည်းကောင်း၊ လှုပ်ခါသော ပန်းပွင့်တို့၏ အသွေးစုံကိုလည်းကောင်း၊ ယိမ်းနွဲ့နေသော သစ်ရွက်တို့၏ အဆင်းစုံကိုလည်းကောင်း ငါသည် ငါ၏ ပန်းချီကားချပ်ပေါ်သို့ တိကျပြတ်သားစွာ ပို့ဆောင်ခြယ်သနိုင်စွမ်း ရှိပါ၏ ။
ကျောက်အင်တုံးအတွင်းဝယ် ငါသည် ကမ္ဘာလောက၏ အရောင် အားလုံးကို ရောစပ်ဖန်တီးနိုင်၏ ။ ပန်းချီကားချပ်ပေါ်၌ ငါသည် ကမ္ဘာလောက၏ အဖြောင့်အတန်း၊ အလင်းအမှော င်၊ အနီးအဝေး၊ အထုအထည်၊ အချို့အကွေ့၊ အတွန့်အကောက်အားလုံးကို တစ်မုဟုတ်ချင်း ကူးယူဖန်ဆင်းနိုင်၏ ။
ဆေးတို့ထားသော စုတ်တံကို ဖွဖွရွရွကိုင်ထားသော ငါ၏ လက်ချောင်းတို့သည် ကြုံလှီဖျော့တော့နေကြသော်လည်း ထိုလက်ချောင်းများ ဖြင့် ပင် လောကတစ်ခုလုံးအား ငါ ဆုပ်တွယ်နိုင်ပါ၏ ။
လောက၏ အလှအပ အလုံးအစုံသည် ငါ့စုတ်တံ၊ ငါ့ဆေးစပ်အင်တုံ၊ ငါ့ပန်းချီကားချပ်၌ ဦးညွတ်ပျပ်ဝပ်နေကြရ၏ ။
သင်၏ နှုတ်ခမ်းတစ်လွှာမှ၊ သင်၏ မျက်တောင်တစ်ကော့မှ၊ သင်၏ ဆံတစ်ပင်မှ၊ သင်၏ ရင်ဝတ်တန်ဆာတစ်ချည်မျှင်မှ၊ သင်၏ လက်ချောင်းတစ်ချောင်းမှ၊ သင်၏ နဖူးပြင်တစ်စမှ၊ သေးငယ်သော အလှအပတစ်ခုခုကိုသော်မှ ငါ့ပန်ချီကားချပ်ပေါ်၌ ရေး ခြယ်ရန် ငါ မတတ်နိုင်ပါတကား။
ချစ်သူ…..
သျှောင်ငါးခုရှိသော မဟာဂန္ဓဗ္ဗ အမျိုးအနွယ်လည်း ဖြစ်ပေသော ၊ လောက၏ ဂီတမှူးလည်း ဖြစ်ပေသော ၊ ပဉ္စသီခနတ်သားသော်မှပင် သုံးဂါဝုတ်ပမာဏရှိသော ဥသျှစ်မှည့် အဆင်းကိုဆောင်သော `ဗေဠုဝပဏ္ဏု´ နတ်စောင်းဖြင့် ချစ်သူ သူရိယ၀စ္ဆသာဒေ၀ီ၏ အလှကို ဖွဲ့ဆိုတီးခတ်ခဲ့ပေ၏ ။
တစ်ဆယ့်ငါးပုဒ်သော ဂါထာတို့ဖြင့် သူ၏ ချစ်မေတ္တာကို သီကျူးဖွင့်ဟနိုင်ခဲ့ပေ၏ ။ သြော်…. ငါမူကား ပဉ္စသီခနတ်သားကဲ့သို့ မဟုတ်နိုင်ပါတကား။
သင့်အလှ၌ နစ်မျောစီးဝင်ခဲ့ရသော ငါသည်းပွတ်နှလုံးတို့သည် မဟာ သမုဒ္ဒရာမှ လှိုင်းတံပိုးကဲ့သို့ ဆူဝေမြင့်မောက်ခဲ့ရသည် ဖြစ်၍ ငါ၏ ချစ်မေတ္တာတို့ကို ပဉ္စသီခကဲ့သို့ပင် နှုတ်မှ ထုတ်ဖော်မသီကျူးနိုင်တော့ပါ။
ပဉ္စသီခ၏ `ဗေဠုဝပဏ္ဏု´ မှ စောင်းသံသည် လေးလတိုင် အသံမစဲဟု အဆိုရှိ၏ ။ ငါသာ စောင်းသမား ဖြစ်ခဲ့မူ သင့်အလှကို ဖွဲ့ဆိုတီးခတ်နိုင်စွမ်းရခဲ့မူ ငါ့စောင်းသံသည် လေးလ လေးနှစ် လေးအသင်္ချေ အနန္တ အသံမစဲသည် ဖြစ်ကောင်း၏ ။
ချစ်သ….
သင့်အား စတင်မြင်တွေ့ ရသော အချိန်မှစ၍ ….
ငါ့မျက်လုံးအစုံသည် သင့်ရုပ်သွင်မှတစ်ပါး အခြားသော အရာတို့၌ ကန်းကွယ်ခဲ့ပြီ….
ငါ့နားတို့သည် သင့်အသံမှတစ်ပါး အခြားသော အရာတို့၌ ဆွံ့အခဲ့ပြီ….
ကမ္ဘာလောကအား ဖန်ဆင်းနိုင်သော ငါ့လက်ချောင်းများ အတွင်းမှ ပုံရေး စုတ်တံသည် သင့်မျက်နှာမှတစ်ပါး အခြားသော အရာတို့၌ ရေး ဆွဲခြယ်သရန် ငြင်းဆန်ခဲ့ကြပြီ။
သို့သော် သင့်အလှ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုခုကိုသော်မှ ငါ ရေး ဆွဲခြယ်သခြင်းငှာ မတတ်နိုင်ပါတကား….။
ပါဒနေပြည်တော် ၊ နန်းမြို့ရိုး၏ အနောက်မုခ်တံခါးသည် ဘယ်တုန်းကမှ ထိုနေ့လော်က စည်ကားခြင်းမရှိခဲ့။
နေပြည်တော် တစ်ခုလုံးရှိ လူအားလုံးသည် ထိုနေရာတွင် စုရုံးရောက်ရှိနေကြသည်။ ကျုံးနဖူးမြို့ရိုး၊ သူရဲခို၊ အနောက်မုခ်လမ်းမ၊ နေရာအားလုံးတွင် ရောက်ရှိနေကြသော ပါဒနိုင်ငံသားတို့သည် မိမိရောက်ရှိနေရာမှ အခြား မည် သည့်နေရာသို့မှ ရွေ့လျား၍ မရအောင် လူအုပ်ကြီးမားလှသည်။
ဆန်းကြယ်သော အ ဖြစ်သနစ်တစ်ခုလည်း ပေါ်ပေါက်နေသည်။
ဤမျှများ ပြားသော လူအုပ်ကြီး၊ လူစုလူဝေးကြီး ဖြစ်သည့်အလျောက် အုတ်အုတ်ကျက်ကျက် အသံများ လည်း ဆူညံနေဖို့ကောင်းသည်။ သို့သော် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဆူညံအော်သံများ ဆတ်သုဉ်းနေသည်။ အဆမတန် များ ပြားသော လူစုလူဝေးကြီးနှင့် ဆန့်ကျင်စွာ အသံများ က တိတ်ဆိတ်ငြိမ်သက်နေသည်။
ပါဒနိုင်ငံသားတိုင်း၏ မျက်နှာပြင်အားလုံး၌ တစ်ခုတည်းသော တစ်မျိုးတည်းသော မျက်လုံးများ ရှိနေကြသည်။ သူတို့အားလုံး၏ အကြည့်များ သည် အနောက်မုခ်တံခါးဝဆီသို့ ကျရောက်နေသည်။ သို့သော် ထိုမျက်လုံးများ ကား တက်ကြွသော ၊ ရွှင်လန်းသော အသွင်ကို လုံးဝမဆောင်ကြ။ ထိုမျက်လုံးများ ကို အနီးကပ်ကြည့်လျှင် ရွှန်လဲ့နေသော မျက်ဝန်းများ ကို တွေ့ ရမည် ။ အချို့မျက်လုံးများ သည် နီရဲနေကြမည် ။ အချို့မျက်လုံးများ က ကျလုအံ့ ဖြစ်သော မျက်ရည်တို့ကို ထိန်းသိမ်းဟန်ဖြင့် မျက်တောင်ကို ကြိမ်ဖန်များ စွာ ပုတ်ခတ်နေကြမည် ။ အချို့ အရွယ်နုပျိုသော မိန်းမသူများ နှင့် အိုမင်းသော မိန်းမများ ၏ ပါးပြင်များ ပေါ်တွင် မူ အလိုအလျောက် လိမ့်ဆင်းလာသော မျက်ရည်စီးကြောင်းတို့ကို တွေ့ ရမည် ။
မျက်ရည်တို့ ယှက်ဝန်းသော ထိုမျက်လုံးအစုံပေါင်းများ စွာ တို့၏ မြင်ကွင်းဝယ် အနောက်မုခ်တံခါးသည် ရီဝေမှု န်မှိုင်းနေလေသည်။ သို့သော် အနောက်မုခ်တံခါးဝမှအကြည့်ကို လွှဲဖယ်ပစ်ရန်ကား သူတို့ မစွမ်းသာကြ။ မည် သူမှလည်း မကြည့်ဘဲ မနေနိုင်ကြ။
ကြေးစည်သံတစ်ချက် ပေါ်လာသည်။
ထို့နောက် တံပိုးခရာများ နန်းမြို့ရိုးအတွင်းမှ လျှံထွက်လာသည်။
ထို့နောက် ခရုသင်းမှု တ်သံများ ။
ထို့နောက်… ထိုးစည်သံများ ….။
ဤအသံတို့သည် ပါဒနိုင်ငံသားတို့၏ နားမှတစ်ဆင့် ရင်ထဲသို့ ထိုးဖောက် ၀င်ရောက်သွားကြပြီးသော အခါ ကျလုဆဲဆဲ ဖြစ်သော မျက်ဝန်းထဲမှ မျက်ရည်တို့ကို တွန်းထိုးပေးလိုက်သည်။ ခရုသင်းမှု တ်သံနှင့် ထိုးစည်သံသည် ချုပ်တည်းထိန်းသိမ်းထားမှု အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ပါဒနိုင်ငံသားတို့၏ ပါးပြင်ပေါ်တွင် မျက်ရည်စတို့ အထင်အရှား လိမ့်ဆင်းလာကြပြီး အားတင်းကိုက်ခဲထားသော သွားတို့သည်လည်း နှုတ်ခမ်းများ ကို လွှတ်ပေးလိုက်ကြပြီ။ နီရဲနေကြသော မျက်လုံးအစုံများ အတွင်းမှ ပူနွေးသော မျက်ရည်တို့သည် တာတမံပေါက်သလို ရေကာတကျိုးသလို လက်ဆည်ကန်ပျက်သလို လိမ့်ဆင်းယိုစီးလာကြပြီ။
သူတို့ တကယ်ပင် ငိုကြွေးကြရပေပြီ။
ပါဒနိုင်ငံသားတို့ တကယ်ပင် ငိုကြွေးကြလေပြီ။
``ကျေးဇူးရှင်ကြီးဘုရား… ကျေးဇူးရှင်ကြီးဘုရား´´
``ကျေးဇူးတော် ရှင်… သခင်ကြီးဘုရား...´´
``သခင်ကြီးဘုရား´´
မိအို၊ ဖအို၊ ဖခင်များ က ဆည်မတန့်အောင် ငိုကြွေးသော အခါ ကလေးသူငယ်များ က လိုက်သိုကြသည်။ အားပေးနှစ် သိမ့်မည့် သူ မရှိ၊ ချော့မော့ဖျောင်းဖျမည့် သူ မရှိ၊ တစ်ဦးငိုသည်ကို တစ်ဦးကကြည့်ပြီး ပို၍ ငိုသည်။ တစ်ယောက် ၏ ရှိုက်သံက တခြား တစ်ယောက် ၏ ရှိုက်သံကို ပို၍ အားပေးသည်။
ကျုံးထိပ်၊ မြို့ရိုးအောက်ခြေ၊ အနောက်မုခ်ထိပ်၊ နေပြည်တော် လမ်းမ နေရာအားလုံးတွင် ငိုရှိုင်သံများ တစ်ခဲနက် ဖုံးလွှမ်းသွားသည်။ ကမ္ဘာလောက တစ်ခုလုံး ငိုကြွးသံဖြင့် အတိပြီးသွားသည်ဟု ထင်ရသည်။
``သခင်ကြီးဘုရားဟာ တကယ့်ကျေးဇူးရှင်ကြီး အစစ်ပါ´´
``ဒါဟာ တကယ်ပဲလား… တကယ်ပဲလား… ပြောကြပါဦး´´
``သခင်ကြီးဘုရား မရှိတော့ဘူးဆိုတာ တကယ်ပဲလား´´
ပါဒမြို့ ကျုံးရေပြင်ထဲ ပါဒနိုင်ငံသားတို့၏ မျက်ရည်များ စီးဝင်သွားကြသည်။ ညို့မှိုင်းနေသော ကောင်းကင်ပြင်သော်မှပင် ပါဒနိုင်ငံသားတို့၏ မျက်နှာပြင်လောက် အုံပြုခြင်းမရှိဟု ထင်ရသည်။ စုလစ်မွန်းချွန်နှင့် ပြသာဒ်ထိပ်မှ ကနုတ်တို့သည်ပင် တွဲ ခိုငိုက်ကျနေပြီ ထင်ရသည်။
ခရာသံ၊ ခရုသင်းသံ၊ ထိုးစည်သံများ ရပ်သွားပြီးနောက် ကြေးစည်သံ လွင့်ဝဲလာပြန်သည်။
နန်းမုခ်တံခါးမှ လှံကိုင်စစ်သည်တော် တစ်စု ထွက်လာသည်။ သူတို့ချပ်ဝတ်များ တောက်ပနေသော်လည်း သူတို့မျက်နှာများ ကား ဆန့်ကျင်ဘက် ဖြစ်နေသည်။ လှံကိုင်စစ်သည်တော် စုနောက်မှ မြင်းစီးရဲမက်တစ်စု။ မြင်းစီးရဲမက်တို့၏ ညဘက်တွင် မြင်းဇောင်းကို ဖွဖွဆုပ်ကိုင်ထားကြသည်။ ဘယ်လက်တွင် မူ ငွေရိုးတပ် အလံတစ်ခွန်များ ။
ခရမ်းရောင် ပိုးစတွင် ရွှေချည်များ အနားဖောက်ထားသည့် အလံတံခွန်များ သည် လေတွင် လွှင့်ဝဲ၍ မနေကြ။ မြင်းလည်ဆံမွှေးများ ကဲ့သို့ အိကျနေသည်။ မြင်းခွာသံများ သည်ပင် သဲ့သဲ့မျှသာ ထွက်ပေါ်နေသည်။ မြင်းစီးရက်မက်တစ်ု အနောက်မုခ်တံခါးကို ဖြတ်ကျော်ပြီးချိန်တွင် ၀င်းဝါသော သင်္ကန်းဝတ်စုံများ ဖြင့် ရဟန်းတော် များ မုခ်ဝတွင်းမှ ထွက်လာကြသည်။ မျက်လွှာချထားသော ရဟန်းတော် များ ၏ သဏ္ဌာသည် ပကတိငြိမ်သက်နေစေကာမူ ထိုပုဂ္ဂိုလ်တို့၏ ရင်တွင်း၌ လည်း သော ကပရိဒေ၀သည် ဖြစ်တည်နေလိမ့်မည် ဟု ပါဒနိုင်ငံသားတို့ မှန်းဆနိုင်ကြသည်။
``ဟိုမှာ အရှင်မြတ်နှစ် ပါး ကြွလာပြီလေ´´
သာသနာပိုင်ချုပ် ရဟန်းမြတ်နှစ် ပါးကို တွေ့ လိုက်ရသော အခါ အားလုံး၏ သော ကမီးသည် အမြင့်ဆုံးသို့ ရောက်သွားလေသည်။
ရှင်ဓမ္မဉာဏသည် အုတ်အုတ်ကျက်ကျက် ငိုကြွးသံများ ကို ကြားလိုက်ရသော အခါ ချထားသော မျက်လွှာကို ပင့်ကြည့်လိုက်လေသည်။ မိမိဘေးမှ ရှင်ဗုဒ္ဓဉာဏကိုလည်း လှမ်းကြည့်လိုက်သည်။ ရှင်ဗုဒ္ဓဉာဏကား မျက်လွှာအစုံကို တည်ငြိမ်စွာ ချထားသည်။ မရဏနုဿတိကမ္မဋ္ဌာန်း စီးဖြန်းနေခြင်းပင် ဖြစ်မည် ။ မိမိထက် အသက်ကြီးသော ဗုဒ္ဓဉာဏ၏ တည်ငြိမ်မှု ကိုကြည့်ပြီး ရှင်ဓမ္မဉာဏသည် စိတ်ထဲမှ သာဓုခေါ်လိုက်ပေသည်။
အရှင်မြတ်နှစ် ပါးနောက်တွင် မူ….
မြင်းဖြူလေးကောင်ကသော ရွှေပိန်းချ ရထားသည် ဖြည်းဖြည်းချင်း နန်းတွင် မုခ်တံခါးထဲမှ ထွက်လာသည်။ ရထားလှည်း၏ ပြသာဒ်အမိုးတွင် ပါဒနိုင်ငံတော် ဘုရင်မင်းမြတ်တို့၏ အထိမ်းအမှတ် ဖြစ်သော အ၀ါရောင် စက်ဝိုင်းကို တပ်ဆင်ထားသည်။ အ၀ါရောင် စက်ဝိုင်း၏ အလယ်တွင် ခရုသင်းပုံကို ရွှေချစီခြယ်ထားသည်။
ရထားလှည်းသည် အနောက်မုခ်တံတားထိပ်သို့ ရောက်လာသည်။
ပါဒနိုင်ငံသားတို့၏ ငိုကြွေးမှု သည် အတိုင်းအတာကို လွန်မြောက်သွားလေသည်။ မြေပေါ်သို့ လူးလှိမ့်လှဲချသူများ ကို စစ်သည်များ က ဖယ်ရှားနေသည်။ ရွှေရထားလှည်းဘီးကို ဖက်တွယ်ရန် ကြိုးစားသူများ ကို ဆွဲထုတ်ကြရသည်။ အချို့ကား မေ့မြော၍ သွားကြလေသည်။
အော်ဟစ်ငိုသံများ သည် တစ်ခုနှစ် တစ်ခု ပူးပေါင်းရောယှက်သွားကြသဖြင့် အသံသည် ပီသသဲကွဲခြင်း မရှိတော့။
ရွှေရထားလှည်းနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကြသူများ အား ဘုရင်မင်းမြတ်၏ မိဖုရားနှင့် နန်းတွင် အမှု တော် ထမ်းများ ဖြစ်သည်။ မကျန်းမမာ ဖြစ်နေသော မိဖုရားကြီးကိုမူ ဝေါယာဉ်ဖြင့် ထမ်းပိုးလာခဲ့ကြရသည်။ သူတို့အားလုံး၏ မျက်လုံးများ သည် ရွှေရထားလှည်း၏ နောက်မြီးပိုင်းပေါ်၌ ကျရောက်နေကြသည်။ ပြာလဲ့သော မှန်သားအတွင်းမှ ရွှေဟင်္သာခြေနင်းအစုံကို မြင်နေကြရသည်။
ဤရွှေဟင်္သာခြေနင်းအစုံကို ယခုနောက်ဆုံးအချိန်တွင် ဆင်မြန်းထားသူကား သူတို့၏ အရှင်သခင်ပေသော ပါဒနိုင်ငံဘုရင်မင်းမြတ် `ရာဇာစောနောင် မင်းကြီး´။
ပြောင်လက်နေသော ကကြိုးတန်ဆာများ ဖြင့် မြင်းတစ်စီးသည် ရွှေရထားလှည်း နောက်မြီးသို့ ဒုန်းစိုင်းရောက်ရှိလာသည်။ ပူဆွေးသော ကဖြင့် ငြိမ်သက်နေသော ဘုရင့်ဆွေမျိုးအစုသည် ထိုလှုပ်ရှားနေသော ဆန့်ကျင်ဘက်အသွင်ကြောင့် လှည့်ကြည့်လိုက်ကြလေသည်။
``ပါဒဘုရင်ရဲ့ သွေးသားတွေ ဟာ ဒီလောက်ပျော့ညံ့ကြသတဲ့လား၊ ဘုရင်တွေ ဟာ စစ်ပွဲမှာ ကျရင်ကျ၊ ဒါမှမဟုတ် နန်းတော် ထဲမှာ နတ်ရွာစံချင်စံ၊ ဒါ အဆန်းလား၊ ဘာ ဖြစ်နေကြတာလဲ၊ ဟောဟိုနေရာတွေ မှာ ငိုကြွေးနေကြတဲ့လူတွေ နဲ့ ဘာခြားသေးလဲ၊ သိပ်ရှက်စရာကောင်းတယ်´´
မြင်းပေါ်မှ အသက်ငယ်လွန်းသော မင်းသားငယ်၏ အသံသည် ရွှေရထားလှည်းကို လွန်မြောက်လျက် ရှေ့ဘက်ဆီမှ ရှင်ဓမ္မဉာဏဆီသို့ ရောက်သွားသည်။ ရှင်ဓမ္မဉာဏသည် မင်းသားငယ်၏ စူးစူးရှရှအသံကို ကြားလိုက်သော်လည်း မျက်လွှာချမြဲ ချထားလိုက်လေသည်။
``ဒီမှာ မယ်တော် … မီးစာကုန် ဆီခန်း ဖြစ်သွားတဲ့ မီးအိမ်တစ်ခုရဲ့ နောက်ဆုံးအ ဖြစ်ကို မယ်တော် သိပ်ကြေကွဲထိခိုက်နေသလား၊ ခမည်းတော် ဘုရင်မင်းမြတ်ဟာ နန်းစံ သုံးဆယ့်နှစ် နှစ် အတွင်းမှာ ပါဒနေပြည်တော် အတွက် အမြင့်မားဆုံး ဂုဏ်ကျက်သရေတွေ ကို ဆောင်သွားခဲ့တယ်၊ ဟို မဇ္ဈိမဒေသက ဂေါတမဘုရားရဲ့ အယူဝါဒကို တစ်နိုင်ငံလုံး ထွန်းကားသွားအောင် လုပ်နိုင်ခဲ့တယ်။ ကျိုက်ပါဒဘုရားကို တည်ခဲ့တယ်၊ ရှင်ဓမ္မဉာဏနဲ့ ရှင်ဗုဒ္ဓဉာဏနှစ် ပါးကို ပင့်ဆောင်နိုင်ခဲ့တယ်၊ ခမည်းတော် ဟာ သူလုပ်နိုင်သမျှ အကုန်လုပ်သွားနိုင်ခဲ့တဲ့ ပါဒဘုရင်တစ်ပါး မဟုတ်လား၊ ဒါကို ဘာကြောင့် ဒီလောက်ထိကြေကွဲ ထိခိုက်နေကြရတာ လဲ၊ ဒါဟာ ဘုရင်တစ်ပါးရဲ့ ဈာပနတော် အတွက် ဂုဏ်ယူရမယ့်အချိန် မဟုတ်လား´´
နတ်ရွာစံ ရာဇာစောနောင်၏ သားတော် ငယ်သည် မြင်းပေါ်မှဆင်း၍ ရွှေရထားလှည်းအစွန်းပေါ်သို့ လက်တင်လိုက်သည်။
``ဟောဒီလှည်းထဲက ခမည်းတော် အသက်ရှင်စဉ်က ဘာပြောသွားခဲ့သလဲ၊ ငါ မရှိတော့ရင် ငါ့ထီးနန်းကို ဆက်ခံသူဟာ ငါလုပ်တဲ့ အလုပ်တွေ ကို ဆက်လုပ် ရစ် ခဲ့ကြတဲ့၊ အဲဒီ စကားကို ဟောဒီရွှေရထားလှည်းကြီးနဲ့ ဟောဒီအခမ်းအနားကြီးနဲ့ ဟောဒီလိုငိုကြွေးသံတွေ နဲ့ပဲ ကျေးဇူးဆပ်လို့ ဖြစ်မတဲ့လား၊ ကျုပ် သိပ်ရှက်တယ်၊ ပါဒတစ်နိုင်ငံလုံးဟာ ငိုကြွေးဖို့နဲ့ နတ်ရွာစံဘုရင်ကို အခမ်းအနားကြီးနဲ့ ပို့ဆောင်ဖို့ပဲ သိကြသလား´´
``နန်းစောရှု… သုခမုခနန်းစောရှင်… သားတော် ´´
မိဖုရားကြီးသည် ရှိုက်သံများ ပြွမ်းတီးနေသော အသံဖြင့် အဆက်မပြတ် ရေရွတ်လိုက်လေသည်။
``သားတော် ငယ်… မင်းအသက်မှ အခုမှ ဆယ့်ခြောက်နှစ် ပဲ ရှိပါသေးတယ်ကွယ်၊ အသက်ဆယ့်ခြောက်နှစ် လူငယ် တစ်ယောက် ဟာ နတ်ရွာစံဘုရင်ကြီးရဲ့ ဂုဏ်ကျေးဇူးကို အလွန်သိလှရင် ငါးနှစ် ကာလ အတိုင်းအတာလောက်ထိသာ သိတော့မပေါ့၊ ဟောဟိုမှာ ငိုကြွေးနေတဲ့ အဘိုးအို အဘွားအိုတွေ အပါအ၀င် ပါဒနိုင်ငံသားတွေ ကတော့ မင့်ခမည်းတော် ရဲ့ ဂုဏ်ကျေးဇူးကို အနှစ် နှစ် ဆယ်၊ သုံးဆယ်၊ လေးဆယ်ကာလကတည်းက သိခဲ့ကြတာ၊ ခံစားခဲ့ကြတာ၊ သည်တော့ သူတို့တစ်တွေ ရဲ့ ချစ်မြတ်နိုးမှု ဟာလည်း ခမည်းတော် အပေါ်မှာ အတိုင်းအဆ ကြီးမားကြပေမယ်၊ ပြီးတော့ သူတို့ကြေကွဲဝမ်းနည်းမှု ဟာလည်း အတိုင်းအဆ ကြီးမားကြပေမယ်၊ သူတို့ ငိုကြွေးကြပါစေ၊ သူတို့ ကြေကွဲဝမ်းနည်းကြပါစေ၊ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး သားတော် ရယ်´´
``အို… ဘာပဲ ဖြစ် ဖြစ် တစ်ခုခု ချုပ်ငြိမ်းပျက်စီးသွားလို့ ကြေကွဲဝမ်းနည်းရတယ် ဆိုတာ ကတော့ ပါဒသူရဲကောင်းတွေ ရဲ့ သွေး မဟုတ်ဘူး´´
နန်းစောရှင် မင်းသားသည် မြင်းပေါ်သို့ ပြန်၍ တက်လိုက်သည်။
မိဖုရားကြီးသည် မောက်မာခက်ထန်နေသော သားတော် အား မျက်ရည်အတိပြီးသော မျက်လုံးတို့ဖြင့် စူးစူးဝါးဝါး ကြည့်လိုက်လေသည်။
``အေး… သားတော် … မင်း ကတော့ ပြောနိုင်ပေမပေါ့၊ ပါဒဘုရင်မင်းမြတ် အနိစ္စရောက်တယ်ဆိုရင် သားတော် ဖြစ်သူက ထီးနန်းဆက်ခံရမှာ ကိုး၊ မင်းက ဘုရင် ဖြစ်တော့မယ်သူကိုး´´
``မယ်တော် … ဘာပြောတယ်´´
``သြော်… သြော်… မယ်တော် ကို ဒီလိုလေသံနဲ့ အော်လိုက်တယ်ပေါ့၊ ဟုတ်လား… သားတော် ၊ ရွှေရထားလှည်းထဲက ဘုရင်မင်းမြတ်ကြီးရယ်… ပါဒတစ်နိုင်ငံလုံးကို လိမ္မာယဉ်ကျေးအောင် လုပ်သွားနိုင်တဲ့သူကြီးရယ်… သားတော် ငယ်ကိုတော့ ဒီလို မောက်မောက်မာမာနဲ့ ချန်ထားရစ်ခဲ့သလားဟင်´´
``တော် စမ်း… မယ်တော် ၊ သိပ်ရှက်စရာ ကောင်းတယ်´´
သုခမုခ နန်းစောရှင် မင်းသားငယ်သည် ရွှေရထားလှည်းဘေးမှ ဖြတ်၍ ရှေ့ဘက်ဆီသို့ မြင်းကိုနှင်သွားလေသည်။
သူတို့ လေးစားမြတ်နိုးသေ ပါဒဘုရင်မင်းမြတ် ရာဇာစောနောင်၏ ဈာပနသဘင်တွင် နိုင်ငံသားအားလုံး၏ အသည်းနှလုံးသည် တစ်ခုတည်ေးသာ ခံစားမှု ၌ တူညီစွာ ဖြစ်တည်နေကြသည်။ ဤအချိန်ဝယ် ၀မ်းနည်းကြေကွဲခြင်းမှအပ အခြားဘာကိုမှ သတိမထားနိုင်ကြ၊ သတိမရနိုင်ကြ။
ကံတော် ကုန် ရာဇာစောနောင်မင်းကြီး၏ ရုပ်ကလာပ်ကို တင်ဆောင်လာသော ရွှေရထားလှည်းဘေးတွင် မိဖုရားကြီးနှင့် သားတော် ငယ် သုခမုခနန်းစောရှင်မင်းသားတို့ အချင်းများ ခဲ့ကြသည့် အ ဖြစ်ကိုလည်း မည် သူမျှ မသိလိုက်ကြ။
သို့သော် သုခမုခနန်းစောရှင်၏ အရိပ်အခြေကို အကဲခတ်နေသူ တစ်ယောက် ကမူ တစ်ခုခု ဖြစ်ခဲ့ပြီဟု သိလိုက်လေသည်။ ထိုသူသည် မင်းသားငယ်အနီးသို့ တိုးကပ်သွားသည်။ ထို့နောက် အချိုသာဆုံးအသံနှင့် အနူးညံ့ဆုံးအမူအရာနှင့် နှုတ်ဆက်အားပေးစကား ဆိုလိုက်သည်။
``အရှင့်သားငယ်… ဘုရင်မင်းမြတ်ဟာ ဘုရင်ကောင်း ဘုရင်မြတ်တစ်ပါးအ ဖြစ်နဲ့ နတ်ရွာလားခဲ့တာပါ၊ အရှင့်သားငယ်ရဲ့ ၀မ်းနည်းကြေကွဲမှု ကို အဲဒီ အသိနဲ့ ဖုံးဖိထားလိုက်ပါလား၊ ပြီးတော့လည်း ပါဒဘုရင်သွေးဟာ ဒီအချိန်မှာ ဒီလိုဝမ်းနည်းအားငယ်တဲ့ မျက်နှာမျိုး မရှိသင့်ဘူး မဟုတ်လား´´
``ဗညားမွန်ထော် အမတ်ကြီးပါလား၊ နေစမ်းပါဦး… ကျုပ်မျက်နှာမှာ ၀မ်းနည်းအားငယ်တဲ့ အသွင် ပေါ်နေသတဲ့လား၊ ရာဇသွေးတို့ရဲ့ မျက်နှာရိပ် မျက်နှာကဲကို အမတ်ကြီး မခတ်တတ်ဘူးနဲ့တူတယ်´´
ဗညားမွန်ထော် အမတ်ကြီး၏ မျက်ခုံးဖြူများ သည် အလယ်သို့ ကြုံ့ဝင်သွားကြသည်။ ထိုမျက်ခုံးအောက်တွင် ကား အဓိပ္ပါယ်ဖွင့်ရခက်သော မျက်ဆန်တို့သည် မျက်လုံးအိမ်အတွင်း၌ နက်နက်ရှိုင်းရှိုင်း ၀င်နေကြသည်။
``မျက်နှာရိပ်မျက်နှာကဲ ဟုတ်လား၊ ရာဇသွေးတို့ရဲ့ မျက်နှာကဲကို ခတ်ဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ကိစ္စပေပဲ အရှင်သားငယ်၊ ပြီးတော့လည်း ကျွန်ုပ်ဟာ မောင့်ခမည်းတော် ရဲ့ နန်းရင်းဝန် ဖြစ်ပေမယ့် ရာဇာတို့ရဲ့ မျက်နှာကဲကို ခတ်ဖို့လောက်ထိတော့…´´
``ဘာ ဖြစ်လဲ နန်းရင်းဝန်ကြီး´´
``အဲဒီ လောက်ထိတော့ ကျွန်ုပ် မ၀ံ့စားတာအမှန်ပဲ အရှင့်သားငယ်၊ ပြီးတော့ ကျွန်ုပ်ကိုယ်တိုင်လည်း ခုချိန်မှာ နတ်ရွာစံအရှင်သခင်အတွက် စိတ်နှလုံးထိခိုက် နေရချိန်မို့ ဉာဏ်ပညာတွေ ငုပ်လျှိုးကုန်ကြပြီ ထင်ပါတယ်´´
``လာပြန်ပြီ တစ်ယောက် ၊ စိတ်နှလုံး ထိခိုက်နေချိန်တဲ့´´
သုခမုခနန်းစောရှင် အနောက်မုခ်တံခါးမှ ယခုအထိ ထွက်လာဆဲ ဖြစ်သော ဈာပနတော် အခမ်းအနား လူအုပ်ကြီးကို ငေးကြည့်နေလိုက်လေသည်။ အစိမ်းရောင် ပပါ ခြုံသိုင်းထားသည့် နန်းတွင်းသူအစုများ ၊ နီညိုရောင် ကိုယ်ကျပ်သင်တိုင်းကို ၀တ်ဆင်ထားသော ခြေလျင်ရဲမက်များ သည် ယခုမှ အနောက်မုခ်တံတားကို ဖြတ်ကျော်နေကြဆဲ ဖြစ်သည်။ သူတို့နောက်တွင် ကျောက်ဆစ်ပညာရှင်အစုများ ၊ ပါဒကြီးဘုရား အမှေု တော် ထမ်းအစုများ ကျန်ရှိနေသေးသည်ကိုလည်း နန်းစောရှင် သိနေသည်။ ကျုံးထိပ်မှ၊ နေပြည်တော် လမ်းမများ မှ၊ ပါဒနိုင်ငံသားတို့ကား ငိုသံမစဲ ရှိနေကြသေးသည်။ ဘုရင်မင်းမြတ်၏ ရုပ်ကလာပ်တင်ဆောင်ရာ ရွှေရထားလှည်း ဖြတ်သွားသည့်နေရာများ တွင် အော်ဟစ်ငိုသံများ သည် အဆူညံဆုံး ဖြစ်နေသည်။
နန်းရင်းဝန်ကြီး ဗညားမွန်ထော်သည် ဘေးတိုက်တွေ့ နေရသော မြင်းပေါ်မှ သုခမုခနန်းစောရှင် မင်းသားငယ်၏ မျက်နှာကို မော့ကြည့်ရင်း မင်းသားငယ်၏ စေ့စပ်တိကျသော မျက်နှာအရေး အကြောင်းများ ကို သတိထားနေမိလေသည်။
``ပြောစမ်းပါ နန်းရင်းဝန်ကြီး၊ ကျုပ်မျက်နှာမှာ အဲဒီ လူတွေ နဲ့မခြား ၀မ်းနည်းကြေကွဲမှု တွေ ပေါ်ပေါက်နေသတဲ့လား´´
မင်းသားငယ် ရုတ်တရက် လှည့်ကြည့်လိုက်သဖြင့် ဗညားမွန်ထော်သည် ငေးကြည့်နေမိသော သူ့မျက်လုံးများ ကို ကပျာကယာ ပြန်ခွာလိုက်ရလေသည်။
``ခွင့်လွှတ်ပါ အရှင့်သား၊ ကျွန်ုပ် အသက်အရွယ် အိုမင်းပါပြီ၊ အမြင် မစူးရှတော့ပါဘူး´´
``နားထောင်စမ်းပါ နန်းရင်းဝန်ကြီး၊ ကျုပ် ဘယ်တော့မှ ၀မ်းနည်းကြေကွဲလိမ့်မယ် မဟုတ်ဘူး၊ ဘာအကြောင်းကြောင့် နဲ့မှ ဘယ်သူ့အတွက်နဲ့မှ ကျုပ် ၀မ်းနည်းကြေကွဲလိမ့်မယ် မဟုတ်ဘူ၊ ဒါပေမယ့် ကျုပ်မျက်နှာပြင်ဟာ ခုချိန်မှာ နန်းရင်းဝန်ကြီးရဲ့ အမြင်မှာ အုံ့မှိုင်းညို့မှိုင်းနေမယ်ဆိုတာတော့ ကျုပ်သိတယ်´´
``ဘာကြောင့် ပါလဲ အရှင့်သား၊ ကျွန်ုပ် ကူညီနိုင်ပါသလား´´
``ကျုပ်ဟာ သူတစ်ပါးရဲ့ အကူအညီကို ယူတဲ့သူလို့ ထင်သလား၊ ကဲ… ဒါတွေ ထားပါတော့လေ၊ ဒီမှာ နန်းရင်းဝန်ကြီး… မယ်တော် က စောစောက ကျုပ်ကို ပြောလိုက်တယ်၊ ကျုပ်ဟာ မောက်မောက်မာမာနိုင်သတဲ့၊ ပြီးတော့ လူတွေ ပျော့ညံ့စွာ နဲ့ ၀မ်းနည်းကြေကွဲနေတာကို ကျုပ်က အပြစ်တင်တော့ မယ်တော် က ဆိုတယ်၊ ကျုပ်ဟာ ဘုရင့်ထီးနန်းရတော့မယ့်သူမို့ ခမည်းတော် အတွက်တောင်မှ ၀မ်းနည်းဖို့ သတိမရတော့ဘူးတဲ့၊ ဒါ ဟုတ်သလား´´
ပါဒဘုရင်တို့၏ စိတ်ဓာတ်နှင့် နတ်ရွာစံ ရာဇာစောနောင်မင်းကြီး၏ စိတ်ဓာတ်ကို နားလည်ခဲ့သော ဗညားမွန်ထော်သည် အသက်တစ်ဆယ့်ခြောက်နှစ် ရွယ် မင်းသားငယ်၏ မေးခွန်းကို မည် ကဲ့သို့ ဖြေရမှန်း မသိ ဖြစ်သွားသည်။
``ပြောစမ်းပါ၊ ကျုပ်ဟာ မောက်မောက်မာမာ နိုင်သတဲ့လား´´
``ဒါ… ဒါ ကတော့ ခြင်္သေ့မင်းလို ရဲဝံ့တဲ့ ပါဒရာဇသွေးရဲ့ ပကတိအသွင်အပြင်သာ ဖြစ်ပါလိမ့်မယ် အရှင့်သား´´
သုခမုခနန်းစောရှင်၏ တင်းမာနေသော မျက်နှာသည် အနည်းငယ်မျှ ပြေလျော့သွားလေသည်။
``အင်း… ပြီးတော့ ပြောစမ်းပါဦး၊ ပါဒထီနန်းကို ဆက်ခံရတော့မှာ မို့ ကျုပ်ဟာ ခမည်းတော် အတွက် ၀မ်းနည်းဖို့ သတိမရတော့ဘူးတဲ့လား´´
ဗညားမွန်ထော်သည် အနည်းငယ်မျှ စဉ်းစားပြီးမှ အဖြေပေးလိုက်သည်။ သူ့အသံမှာ လေးနက်တည်ကြည်မှု ကို ဆောင်နေလေသည်။
``၀မ်းနည်းတာတွေ ကြေကွဲတာတွေ ဟာ ပါဒဘုရင် ဖြစ်မယ့် အရှင့်သားနဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်´´
နန်းစောရှင်၏ မျက်လုံးများ ၀ယ် အပြုံးရိပ်တစ်ခု သိသိသာသာ ဖြတ်သန်းသွားသည်။
ရွှေရထားလှည်း အတော် ဝေးသော နေရာသို့ ရောက်သွားပေပြီ။
နန်းမုခ်ဝထဲမှ နန်းတွင်းအစုသည်များ ကား မကုန်သေးပေ။ ပါဒကြီးဘုရား အမှု တော် ထမ်းတစ်စုကို ထွက်လာသည့်အလှည့် ရောက်လာလေသည်။ ပါဒဘုရား အမှု တော် ထမ်း အကြီးအကဲ ဖြစ်သူ ဘိုးသင်းခေါင်သည် ရှေ့ဆုံးမှ ဦးဆောင်လာသည်။ ဘိုးသင်းခေါင်၏ အိုမင်းသော မျက်နှာပြင်ပေါ်၌ မျက်ရည်တို့ ရွှဲစိုနေသည်။
``ဟိုမှာ တွေ့ လား နန်းရင်းဝန်ကြီး၊ ဘုရားအမှု လုပ်တွေ ´´
ဘိုးသင်းခေါင်သည် မမြင်သော ကြည့်ခြင်းမျိုးဖြင့် ရှေ့တူရူသို့ ငေးမောရင်း မျက်လုံးအစုံမှ မျက်ရည်တို့ ယိုစီးနေရင်းဖြင့် နှုတ်မှတတွတ်တွတ် ရေရွတ်လာလေသည်။
``ကျေးဇူးတော် ရှင် သခင်ကြီးဘုရား မရှိတော့ဘူး၊ ကျိုက်ပါဒစေတီတော် ကြီးရဲ့ သာသနာ့ဒါယကာ ဘုရင်မင်းမြတ် မရှိတော့ဘူး၊ ပါဒနိုင်ငံအလုံးမှာ မြင့်မြတ်တဲ့ ဗုဒ္ဓသာသနာထွန်းကားစေတဲ့ သာသနာ့ရက္ခိတ မင်းကောင်းမင်းမြတ် မရှိတော့ဘူး၊ သာသနာတော် ကို ဘယ်သူဆက်ပြီး ထိန်းသိမ်းပါ့မလဲ၊ နတ်ဒေ၀ါတို့… ဘုရားပုထိုး စေတီတော် ကို ဘယ်သူဆက်ပြီး တည်ပါ့မလဲ၊ နတ်ကောင်းနတ်မြတ်တို့… ဘုရားအမှု တော် ထမ်း ကျွန်တွေ ရဲ့ ဆုံးနေတဲ့ဘ၀ကို ဘယ်သူလာပြီး ကယ်မစောင့်ရှောက်ပါ့မလဲ၊ အို… ပါဒကျေးတော် မျိုး ကျွန်တော် မျိုးတို့ ဘ၀တွေ တော့ ဒုက္ခပင်လယ်ဝေပါပြီ ဘုရား´´
``ထွီ´´
သုခမုခနန်းစောရှင်သည် ဘိုးသင်းခေါင် မိမိရှေ့မှ ဖြတ်သွားချိန်၌ မြေပေါ်သို့ တံတွေးထွေးချလိုက်လေသည်။
``ဘုရားအမှု တော် ထမ်း ကျွန်တွေ ကို ကျုပ်နည်းနည်း မှ ကြည့်မရဘူး၊ နေရာတကာမှာ သူတို့ချည်း၊ ပျော့ညံ့စရာရှိပြီဆိုရင်လည်း သူတို့ရှေ့ဆုံးက၊ ကြောက်ရမယ်ဆိုရင်လည်း သူတို့ရှေ့ဆုံးက၊ ယုန်တစ်ကောင်လောက်တောင် သတ္တိမရှိတဲ့ သတ္တ၀ါတွေ ၊ ဒီဘုရားကျွန်တွေ ထဲမှာ ဟောဟို ပါဒကြီးဘုရား ကျွန်အကြီးအကဲ ဆိုတဲ့ လူကြီးကို ကျုပ် အမုန်းဆုံးပဲ´´
ဗညားမွန်ထော်သည် နန်းစောရှင်ပြောနေသော စကားများ ကို ဘိုးသင်းခေါင် ကြားသွားမည် လားဟု လှမ်းကြည့်လိုက်သည်။ သို့သော် ဘိုးသင်းခေါင် ဦးဆောင်သော ဘုရားအမှု ထမ်းတစ်စုကား ခပ်လှမ်းလှမ်းသို့ ရောက်သွားနေပြီ ဖြစ်သည်။
``ကြားလိုက်တယ်မဟုတ်လား နန်းရင်းဝန်ကြီး၊ နတ်ရွာစံ ခမည်းတော် ကြီးကို တမ်းတပြီး ယောက်ျားတန်မဲ့ သူငိုယိုသွားတာကို၊ အို… ပါဒဘုရင် တစ်ပါးရဲ့ ဈာပနသဘင်တော် ဟာ အဲဒီ လို ငိုသံတွေ နဲ့ချည်း ဖုံးလွှမ်းနေတာပါပဲ၊ မဇ္ဈိမဒေသက တိုင်းတစ်ပါးသားတွေ သိရင် ဘယ်လောက် အထင်သေးကြမလဲ၊ ကျုပ် လက်ထက်မှာ တော့ ဒါမျိုးတွေ ကို…´´
နန်းတော် မုခ်အတွင်းမှ ထိုးစည်သံများ ကျယ်လောင်စွာ ပေါ်ထွက်လာသဖြင့် နန်းစောရှင်၏ စကားကို ဗညားမွန်ထော် မကြားလိုက်ပေ။ ထိုးစည်သံများ ကား ဈာပနသဘင်တွင် နောက်ဆုံးမှ လိုက်ပါလာသော ကျေးကျွန်အစုများ ထံမှ ဖြစ်လေသည်။
ဗညားမွန်ထော်သည် နန်းစောရှင်အား ဦးညွှတ်လိုက်သည်။
``အရှင့်သား… ကျွန်ုပ်ကို သွားခွင့်ပြုပါ၊ ခုချိန်ဆို ရွှေရထားလှည်းဟာ ပါဒကြီးဆံတော် ရှင်စေတီနား ရောက်လှရော့မယ်၊ စေတီတော် ရဲ့ တောင်ဘက်မှာ ကံတော် ကုန် ဘုရင်မင်းမြတ်အတွက် အုတ်ဂူကြီးတည်ဖို့၊ ပြီးတော့ အုတ်ဂူပေါ်မှာ စေတီတည်ဖို့အတွက် ကျွန်ုပ်ကြီးကြပ်စရာများ ရှိပါတယ်´´
``အင်း… ကောင်းပြီလေ နန်းရင်းဝန်ကြီး´´
ငိုသံများ သည် ပါဒကြီး ဆံတော် ရှင်စေတီဘက်သို့ ရွေ့လျားသွားကြသည်။ သုခမုခနန်းစောရှင်သည် ရွှေရထားလှည်း မောင်းနှင်သွားသော နေပြည်တော် လမ်းမကို ရှောင်လျက် အခြာလမ်းတစ်ခုဖြင့် မြင်းကိုနှင်သွားလေသည်။
အနောက်မုခ်တံခါးသည် အစောင့်ရဲမက်နှစ် ဦးဖြင့် ခြောက်သွေ့တိတ်ဆိတ်လျက် ကျန်ရစ်ခဲ့သည်။
ပြိုးပျက်သော အရောင် တွေ …
ဝမ်းနည်းကြေကွဲနေသော မျက်နှာတွေ …
တစ်ခဲနက် ဆူညံနေသော တံပိုးခရာသံတွေ ၊ ကြေးစည်သံတွေ ၊ ထိုးစည်သံတွေ ၊ ပြီးတော့ နေရောင် အောက်တွင် တောက်ပနေသော ရွှေရထားလှည်းဘီး။ လှည်းဘီးဒေါက်များ တွင် အစိမ်းရောင် ပန်းပွားများ တပ်ဆင်ထားသည်။ နက်မှော င်နေသော ကတ္တီပါစကို ရထားလှည်း၏ ခါးပန်းတွင် ပတ်ချည်ထားသည်။ ကတ္တီပါစ၏ အနက်ခံတွင် ရွှေရော်စက်ဝိုင်းများ သည် အပြင်သို့ ရုန်းထွက်တော့မည့် အလား ကြွရွနေသည်။
မြင်းဖြူများ ၏ ကကြိုးများ တွင် အနီရောင် သည် အထင်ရှားဆုံး ဖြစ်သည်။
ငွေရောင် ရှိသော မြည်းလည်ဆံမွေးများ ကြားတွင် တွန့်လိမ်နေသော အနီရောင် ကကြိုးများ သည် ပို၍ နီရဲတောက်ပနြေ ကတော့သည်။
လူတွေ ရဲ့ မျက်လုံး ကတော့…
လူတွေ့ ရဲ့ မျက်နှာအားလုံး အနီရောင် ဖြစ်နေသည်။
လူတစ်ဦး တစ်ယောက် ၏ မျက်နှာတစ်ခု နီရဲနေသည်ကို တွေ့ မြင်ရန် မခဲယဉ်းသော်လည်း ယခုလို လူစုလူဝေးကြီးတစ်ခုလုံး၏ မျက်နှာတွေ အားလုံး နီရဲနေသည်ကိုတော့ မြင်ရခဲသည်။
လူသားရဲ့ အနီရောင် မျက်နှာ… အနီရောင် မျက်နှာ…
အနီရောင် မျက်နှာသည် ပူလောင်သော ပရိဒေ၀၊ လောင်မြိုက်သော သော ကအငွေ့အလျှံများ ကို လွှတ်ထုတ်နေသည်။ အနီရောင် မျက်နှာဝန်းကျင်တွင် တငွေ့ငွေ့လွင့်ပျံနေသော သော ကအခိုးအလျှံများ သည် အနက်ရောင် ဖြစ်နိုင်မည် ။
အနက်…
အတိုင်းအဆမဲ့သော ထုထည်သိပ်သည်းမှု ၊ အပြောကျယ်စွာ သော စူးနစ်ထိုးဖောက်မှု ၊ သော ကပရိဒေ၀၏ ကိုယ်စားပြုအရောင် ၊ ကြေကွဲလှိုက်လှဲမှု ကို ထင်ဟပ်သော အရောင် …။
ဘုရင်မင်းမြတ်၏ ရုပ်ကလာပ်ကို တင်လာသည့် ရွှေရထားလှည့်း။
ရွှေရောင် ကို လိုလားတပ်မက်ဖွယ် ရတနာအရောင် ဟု မည် သူက တစိုက်မတ်မတ် ပြောမည် နည်း။ ယခု တွေ့ နေရသော နေပူအောက်က ရွှေရထားလှည်း၏ ရွှေရောင် ကား လူတွေ ၏ အနီရောင် မျက်နှာနှင့် အနက်ရောင် ပရိဒေ၀ အခိုးအလျှံတို့ကို အားပေးဖြည့်တင်းပေးသော မီးတောက်တစ်ခုနှယ်သာ။
အနီ၊ အနက်နှင့် ရွှေတို့သည် လူသားတို့၏ ခံစားမှု တစ်ခု၌ လာရောက် ပေါင်းဆုံစီးဝင်နေကြခြင်း။
မျက်လုံးမှတစ်ဆင့် ရရှိသော စက္ခုအာရုံသိကို`ဒီပါ´သည် နှလုံးအိမ်တွင်းသို့ ရောက်အောင် ၀င်စားသုံးသပ်နေသေည်။ အသည်းနှလုံးသည် စမ်းရေတွင် နှစ် မြုပ်လိုက်ရသလို သို့မဟုတ် မီးတောက်တစ်ခုအတွင်း ဖြတ်သန်းလိုက်ရသလို အေးမြခြင်း ပူလောင်ခြင်းတို့ကို တစ်လှည့်စီ တရိပ်ရိပ် ခံစားလာရသည်။ အဆုံး၌ ပူနွေးသော အသိကို ရလာသည်။ သူ့လက်ချောင်းဖျားများ ဆီသို့ တစ်ကိုယ်လုံး လှည့်နေသမျှ သွေးတို့သည် တိုးဝင်လာကြသည်ဟုလည်း ခံစားလာရသည်။
ကြုံလှီသော လက်တို့သည် အလိုအလျောက်ပင် ဆေးစပ်ကျောက်အင်တုံများ ဆီသို့ ရွေ့လျားသွားကြသည်။
အနီ… အနက်… ရွှေ… အနီ… အနက်… ရွှေ…
သူ့မျက်လုံးများ ကို တင်းကျပ်စွာ ပိတ်လိုက်ပြန်သည်။
စောစောက ရရှိခဲ့သော အာရုံခံစားမှု ကို လွတ်ထွတ်မသွားရအောင် စက္ခုအာရုံကို အခြားမဲ့၌ မပျံ့လွင့်ရအောင် ချုပ်တည်းထိန်းသိမ်းမှု ။
သော ကပရိဒေ၀၏ နိမိတ်ပြအရောင် တွေ ။
``ဒီပါ… မင်းဟာ သော ကမီးလောင်မြိုက်နေတဲ့ လူသားပုံကို ရေး တော့မယ်၊ ဒါပေမယ့် မင်းကိုယ်တိုင် သော ကမီးရဲ့ လောင်မြိုက်မှု ကို မခံရဘူး၊ ဘုရင်မင်းမြတ် အနိစ္စရောက်တာကို မင်း ၀မ်းမနည်းရဘူး၊ မင်းဟာ ၀မ်းနည်းကြေကွဲမှု ရဲ့ ပြင်ပမှာ ရောက်နေရမယ်၊ ၀မ်းနည်းကြေကွဲမှု ထဲမှာ မင်း မနေရဘူး၊ မင်းဟာ ၀မ်းနည်းကြေကွဲမှု ကို ဆေးရောင် တွေ နဲ့ ရေး ခြယ်ရမယ့်သူ၊ ဒါပေမယ့် ဒါကို ရေး ခြယ်ရမှာ မို့ ပျော်ရွှင်နေရမှာ လား၊ ဟင့်အင်း… မဟုတ်ဘူး ဒီပါ၊ ဒီလိုလည်း မဟုတ်ပါဘူး၊ မင်းဟာ လူသားရဲ့ ၀မ်းနည်းကြေကွဲမှု ဆိုတဲ့ ခံစားမှု နယ်နိမိတ်ပေါ်မှာ မျှမျှတတ ရပ်နေရမယ်၊ သူတို့တွေ ရဲ့ ၀မ်းနည်းကြေကွဲမှု ကို မင်း နားလည်နေရမယ်၊ ဒါပေမယ့် မင်း မခံစားရဘူးနော်၊ မင်း ခံစားရဘူး၊ မင်းက ခံစာလိုက်ရင် မင်း သူတို့ထဲရောက်သွားမယ်၊ ဒီအခါမှာ မင်းလက်ချောင်းတွေ ဟာ ဆေးစုတ်တံကို ကိုင်ဖို့ မ ဖြစ်နိုင်တော့ဘူး၊ မင်း အခု ဒါကို ရပြီမဟတ်ုလား၊ ရပြီမဟုတ်လား၊ အနက်ရယ်… အနီရယ်… ရွှေရယ်… အတိုင်းအဆမဲ့ သိပ်သည်းတဲ့အနက်၊ ပူပြင်မှု မှတစ်ပါး တခြား ဘာကိုမှ မပြောတဲ့ အနီ၊ ပြီးတော့ ကျိန်းစပ်မှု မှတစ်ပါး တခြားဘကိုမှ မ ဖြစ်ပေါ်စေတဲ့ ရွှေ၊ အနက်… အနီ… ရွှေ… ရေး တော့၊ မင်း ပုံရေး တော့´´
တစ်စုံတစ်ခုသော အင်အားတစ်ရပ်သည် တိုးတိတ်ညင်သာစွာ ။ သို့သော်လည်း အားကောင်းသော သူ့နားထဲသို့ တတွတ်တွတ် ရေရွတ်အမိန့်ပေးနေသည်ဟု ဒီပါ ခံစားနေရသည်။ ထိုအသံသည် သူကိုယ်တိုင်၏ အသံပေလား၊ တန်ခိုးရှင် တစ်ယောက် ၏ အသံပေလား ဆိုသည်ကိုလည်း ဒီပါ ခွဲခြားမသိနိုင်တော့ပေ။
ဇေယျာဒီပ ကုန်းတော် ပေါ်၌ တိုက်ခတ်နေသော လေသည်လည်း သူနှင့် မသက်ဆိုင်တော့။ ကျိုက်ပါဒဆံတော် ရှင်စေတီ ဆည်းသည်းသံများ လည်း သူ့နားတွင်းသို့ မ၀င်လြာ ကတော့၊ တောင်ကုန်းအောက်ဘက်တွင် တွေ့ နေရသော `ဈာပန သဘင်တော် ´ မြင်ကွင်းသည်လည်း သူ့မျက်လုံးအိမ်အတွင်း ၀င်မလာတော့။
စဥ့်အင်တုံအတွင်းသို့ စုတ်ကိုနှစ် လိုက်သည်။
မဇ္ဈိမဒေသမှလာသော ဖျင်စပေါ်သို့ စုတ်ကို တစ် ချက်ချင်း ဆွဲသုတ်လိုက်သည်။ တစ်လွှာပြီးတစ်လွှာ… အဖြူရောင် …။
အဖြူရောင် သည် ဖျင်စပေါ်၌ တစ်စထက်တစ်စ ပြန့်ပြူးလာသည်။ ဇေယျာဒီပကုန်းတော် ပေါ်၌ တိုက်ခတ်သော လေသည် ပင်လယ်ဝကို ဖြတ်သန်းလာသည့် လေ ဖြစ်သည်။ အေးမြမှု ထဲတွင် နွေးထွေးသည့်အငွေ့ ရောစွက်နေသည်။ သင့်တင့်လျောက်ပတ်သော အပူငွေ့ပါလာသည်။ ထိုအခါ ဖျင်စပေါ်မှ အဖြရောင် သည် နောက်ဆုံး စုတ်ချက်အပြီးတွင် ခြောက်သွေ့သွားခဲ့သည်။
``အဖြူရောင် ခံပြီးပြီ´´
ဒီပါသည် သူ့ကိုယ်သူ အခြား တစ်ယောက် လို သဘောထားပြီး စကားပြောနေမိသည်။
``အနက်သုတ်ကြစို့လား´´
ကျောက်အင်တုံအတွင်းသို့ စုတ်ကို နှစ် မြှုပ်လိုက်ပြန်သည်။
ကျွမ်းကျင်သော လက်ချောင်းများ ထဲမှ စုတ်သည် ဖျင်စပေါ်၌ လိမ္မာလှပစွာ ပြေးလွှားနေပြန်သည်။ အဖြူရောင် သည် အနက်အောက်၌ တဖြည်းဖြည်း နစ်မြုပ်ပျောက်ကွယ်သွားသည်။ ဖျင်စသည် တဖြည်းဖြည်း မှော င်မိုက်လာသည်။ အနက်သည် ထုထည်ကြီးမားလာသည်။ နက်ရှိုင်းသော အမှော င်တိုက်သည် ဖျင်စ၏ မျက်နှာပြင်ကို ကျော်လွန်သွားသည်။
သူ့ရှေ့မှ ဖျင်စကြောင့် တစ်လောကလုံး နက်မှော င်ပြီဟု ဒီပါ ခံစားလိုက်ရသည်။
``နက်ပေ့စေ… နက်ပေ့စေ… အမှော င်တိုက်ထက် နက်သွားပေ့စေ´´
ဖျင်စသည် အပြင်ညီသော မျက်နှာပြင်မဟုတ်တော့၊ အတိုင်းအဆမဲ့သော ထုထည်ကို ဆောင်လာသည်။ အနက်သည် အတွင်းထဲသို့ တိုးဝင်သွားခဲ့ပေပြီ။
``အနီ… ဟင့်အင်း… မဟုတ်သေးဘူး၊ ရွှေ…ရွှေရောင် … ရွှေရောင် ကို အကြောင်းပြုပြီး အနီက ဖြစ်ပေါ်ရမယ့်မဟုတ်လား´´
ရွှေရထားလှည်းနှင့် ဈာပနသဘင်တော် သည် ယခုအခါ ဇေယျာဒီပကုန်းတော် ၏ တစ်ဖက်စွန်းရှိ ပါဒဆံတော် ရှင်စေတီဘက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဒီပါ မြင်နေရသော တောင်ကုန်းအောက်ဘက်မြင်ကွင်းသည် ပျောက်ကွယ်သွားပြီ။ စေတီတော် တောင်ဘက်ပိုင်းသို့ လူအားလုံး ရောက်ရှိသွားကြပြီ။
အနက်ရောင် ဖျင်စ၏ လက်ဝဲဘက်ထောင့်အပေါ်သို့ ရွှေရောင် ဆေးထဲသို့ နှစ် ထားသော စုတ်ကို တင်လိုက်သည်။ ပျံသန်းခြင်းအမှု တွင် တကူးတကန့် လှုပ်ရှားမနေသော ငှက်၏ အတောင်ပံကဲ့သို့ ဒီပါ၏ လက်ချောင်းများ အလိုအလျောက် လှုပ်ရှားသွားကြသည်။
ရွှေရထားလှည်းအပေါ်ပိုင်းမှ ကနုတ်များ ၊ ရထားလှည်းခါးပန်းပေါ်မှ အ၀ိုင်းပုံများ ။
အမှတ်တမဲ့ တို့လိုက်သည်ဟုထင်ရသော စုတ်ချက်သည် အံ့သြစရာ ကောင်းလောက်အောင် ရုပ်ပုံအစိတ်အပိုင်းငယ်များ ကို ဖြစ်ပေါ်လာစေသည်။ စုတ်ချက်သည် ထက်အောက်ဝဲယာ အရပ်ရှစ်မျက်နှာတွင် လှည့်ပတ်ပြေးလွှားနေသည်။
အနက်ပေါ်သို့ ရွှေရောင် ကို ထပ်မိုးလျက် ရွှေရောင် အကြားထဲမှ အနက်ကို ချန်လှပ်လျက်…။
ပါဒဘုရင်မင်းမြတ်၏ ရွှေရထားလှည်းသည် သေးငယ်သော သဏ္ဌာန်အားဖြင့် ဖျင်စပေါ်သို့ ရောက်ရှိလာသည်။ ကနုတ်များ သည် ကော့ပျံနေကြသော်လည်း လှည်းဘီးများ သည် ခန့်ထည်နေကြသော်လည်း ၀င့်ကြွားမောက်မာမှု အသွင်ကို မဆောင်၊ ရှင်သန်မှု ၏ နိဂုံးသရုပ်ကို ဖော်ပြနေသြည်။ ဘ၀၏ ချုပ်ငြိမ်းမှု ကို ဖော်ပြနေကြသည်။ ရွှေရောင် သည် ၀င်းဝါသော်လည်း ကြည်နူးပျော်ရွှင်ဖွယ် ကျက်သရေမျိုးမဟုတ်၊ ကျိန်းစပ်တောက်ပြောင်နေသော ရွှေရောင် ။
ဒီပါသည် ဖျင်စမှ အနည်းငယ်ခွာ၍ ခပ်လှမ်းလှမ်းသို့ နောက်ဆုတ်လျက် မမှတ်မသုန် ပြန်ကြည့်လိုက်သည်။
``လှည်းဘီးကရွှေဟာ ပိုပြီးတောက်ပြောင်နေရမယ်၊ သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို သုသာန်ရှိရာသို့ ပို့ဆောင်ပေးတဲ့ ဒီရထားလှည်းမှာ လှည်းဘီးဟာ အဓိကပဲ၊ လှည်းဘီဟာ ရွေ့လျားမှု ရဲ့ နိမိတ်ပြပဲ´´
လှည်းဘီးဒေါက်များ ပေါ်သို့ ရွှေရောင် ထပ်၍ သုတ်ခြယ်လိုက်ပြန်သည်။ ဒေါက်များ သည် ပို၍ တောက်ပြောင်သွားကြလေသည်။ လှည်းဘီး၏ ထုထည်အင်အားသည် ပို၍ ကြီးမားလာသည်။ ရွေ့လျားခြင်း… မရဏသို့ ရွေ့လျားခြင်းသည် ပို၍ အဓိပ္ပါယ်ပီသပြီဟု ဒီပါ စိတ်ချသွားသည်။
``အင်း… အရေး အကြီးဆုံးအပိုင်းကို ရောက်ပြီ၊ အဲဒီ ရွှေရထားလှည်းပေါ်မှာ ပါဒဘုရင်မင်းမြတ်ရဲ့ ရုပ်အလောင်း၊ အဲဒီ ကို အကြောင်းပြုပြီး ပူဆွေးသော က ရောက်ကြရတဲ့ ပါဒနိုင်ငံသားတွေ ၊ သူတို့ရဲ့ သော ပရိဒေ၀၊ အဲဒီ သော ကပရိဒေ၀ရဲ့ အသွေးအရောင် တွေ ၊ လူတွေ ရဲ့မျက်နှာတွေ … အနီ…´´
ဟင်္သပြဒါး ရောစပ်ထားသော စဥ့်အင်တုံအတွင်းသို့ နှစ် မြှုပ်ရန်အတွက်မူ စုတ်အသစ်တစ်ချောင်းကို အသုံးပြုရပေမည် ။ ဒီပါသည် သူကိုယ်တိုင် နောက်ဆုံးလုပ်ခဲ့သော စုတ်တစ်ချောင်းကို ဖျင်ကြမ်းအိတ်ထဲမှ ထုတ်ယူလိုက်သည်။ စုတ်အဖျားကို လက်ချောင်းများ ဖြင့် ပွတ်သပ်လိုက်သည်။
``ရဲရင့်တက်ကြွတဲ့ အနီမဟုတ်ဘူးနော်၊ ပူပြင်လောင်မြိုက်တဲ့ အနီ၊ အနီရဲ့ တက်ကြွမှု အဓိပ္ပါယ်ကို ပယ်ဖျက်ထားရမယ်၊ တခြားတစ်ဖက်က အဓိပ္ပါယ်ကို ဖြစ်ပေါ်စေရမယ်´´
အနီရောင် တို့ထားသော စုတ်ကို ဖျင်စပေါ်သို့ တင်လိုက်သည်။
``အနီရောင် ရဲ့ ရဲရင့်တက်ကြွမှု ကို ပယ်ဖျက်လို့ရမယ်လို့ ဘယ်သူက ပြောသလဲ´´
ဒီပါ၏ နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
မိန်းမ တစ်ယောက် ၏ အသံ။
ကြည်လင်စူးရှသော်လည်း ပြတ်သားတိကျသော အသံ။
အနီရောင် စုတ်သည် အစိတ်အပိုင်းငယ် တစ်ခုကိုသော်မှ ရေး ခြစ်ခြင်းမပြုရသေးဘဲ ဖျင်စရှေ့မှော က်မှ ဆုတ်ခွာသွားရလေသည်။
ငွေချည်ပ၀ါကို ပခုံးစလွယ်သိုင်းခြုံထားသော သဏ္ဌာန်သည် ကညင်ပင်ကြီး တစ်ပင်အောက်မှ ထွက်လာသည်။ ကညင်ပင်၏ အစိမ်းရောင် နောက်ခံတွင် ၀င်းလက်သော ငွေရောင် ကို ဒီပါ ပထမဆုံး သတိပြုလိုက်မိသည်။ ငွေရောင် သဏ္ဌာန်သည် အနက်ရောင် နှင့် အနီရောင် ဖျင်စပုံကားချပ်ရှေ့မှော က်သို့ တိုးဝင်လာသည်။
``အနက်ရောင် နဲ့ ရွှေရောင် ပါလား၊ ရွှေရောင် ကတော့ ဘုရင်မင်းမြတ်ကို တင်ဆောင်လာတဲ့ ရွှေရထားလှည်းရဲ့ ပုံပဲ၊ လှည်းဘီးတွေ က တောက်ပလိုက်တာ၊ ဒါပေမယ့် အနက်ရောင် က ပိန်းပိတ်အောင် မှော င်နေတယ်၊ မိတနော် စိတ်ကျဉ်းကျပ်လိုက်တာ´´
ဒီပါသည် အနီရောင် စုတ်ကို ကိုင်ထားရင်း မိန်းမပျိုကို ငေးကြည့်နေမိလေသည်။ နုပျိုငယ်ရွယ်နေသော အလှ။
မိန်းမပျိုသည် ဖျင်စကားချပ်မှ မျက်နှာခွာလျက် ဒီပါကို လှည့်ကြည့်လိုက်လေသည်။ စူးရှသော မျက်လုံးနက်များ ကို ဒီပါ ရင်ဆိုင်လိုက်ရသည်။
``ရှင်က ပန်းချီဆရာကိုး´´
ဒီပါ၏ မျက်လုံးများ ပြန်လည်အသက်ဝင်လာကြသည်။ သို့ သော် စိတ်အတွေး ရှုပ်ထွေးနောက်ကျသွားသော မျက်လုံးများ ။
``နေပါဦး၊ စောစောက ရှင် ဘယ်သူ့ကို အနက်ရောင် အကြောင်း၊ အနီရောင် အကြောင်းတွေ ပြောနေတာလဲ၊ ရှင်က ပန်းချီရေး ရင် တစ်စုံ တစ်ယောက် ကို တိုင်ပင်ပြီးမှ ရေး လေ့ရှိသလား´´
ဒီပါ ဘာမှ ပြန်မပြောမိချေ။
``ဒီဇေယျာဒီပတောင်ကုန်းပေါ်မှာ ရှင် လာပြီး ပန်းချီရေး တယ်နော်၊ ဒီကနေ ကြည့်လိုက်ရင် ဟောဟိုဘက်မှာ စိမ်းစိုနေတဲ့ ရသေ့ဂူရှိတယ်၊ ဟောဟိုအနောက်ဘက်မှာ က နေပြည်တော် ရေကျုံးနဲ့ နန်းမြို့ပြသာဒ်၊ ဟောဟိုမြောက်ဘက်မှာ နေပြည်တော် မြေကျုံး၊ အရှေ့ဘက်မှာ ပါဒချောင်း၊ ဟိုး…. တောင်ဘက်အဝေးဆီရဲ့ မိုးကုပ်စက်ဝိုင်းနေရာမှာ မှော်ဝန်းမြစ်၊ ပြီးတော့ ကင်းမြို့သုံးဆယ့်ရှစ်ထပ်က စုလစ်မွန်းချွန်တွေ စေတီတွေ ၊ ပုထိုးတွေ ၊ ဒါတွေ ကို ရှင် မရေး ဘူးလားဟင်၊ ပန်းချီဆရာ… ရှင့်ဖျင်စပေါ်က အနက်ရောင် နဲ့ ရွှေရောင် လှည်းဘီးကိုတော့ မိတနော် ဒီကနေ မတွေ့ ရပါလား၊ ရှင်ဘယ်က… ရ…´´
``တော် ပါတော့ လုံမငယ်´´
ဒီပါ၏ ပထမဆုံး စကားလုံး ထွက်ကျလာသည်။ ထိုစကားလုံးသည်လည်း မလိုလား မနှစ် ခြိုက်သော ၊ ဆန့်ကျင်ခြင်းကိုဆောင်သော အဓိပ္ပါယ်နှင့် လေသံကို ပြနေသည်။ မိန်းမပျို၏ နုပျိုနေသော မျက်နှာပေါ်၌ အံ့အားသင့်သော သဏ္ဌာန်တစ်ခု ဖြတ်သန်းသွားသည်။
သို့သော် ဇေယျာဒီပတောင်ကုန်းထက်ရှိ လေပြည်ထဲတွင် ၀င့်နေသော သူ့ပခုံးစလွယ်သိုင်း ငွေခြည်ပ၀ါမြိတ်ဖျား၏ အလှကိုကား ဒီပါ သတိမပြုဘဲ မနေနိုင်ပေ။
``အနီရောင် က ရဲရင့်တက်ကြွခြင်းပဲ ဖြစ်ရမယ့်ဆိုတဲ့စကားကို မင်း စောစောတုန်း ပြောလိုက်တာ ကျုပ်ကြားလိုက်ရပါတယ် လုံမငယ်´´
အနီရောင် တို့ထားသော စုတ်ဖျားကို နေရောင် တွင် လှည့်ပတ်၍ ကြည့်ရင်း ဒီပါသည် မိန်းမပျိုအနီးသို့ တိုးကပ်သွားလိုက်သည်။ သူ့အသွင်မှာ စစ်မြေပြင်တွင် ရန်သူရှိရာသို့ ဓားလွတ်ကိုကိုင်ရင်း တိုးကပ်သွားသော စစ်သူကြီးဟန် ပေါက်နေလေသည်။
``အနီရောင် ဟာ ပူပြင်းလောင်မြိုက်ခြင်း မဟုတ်ဘူးလို့ကော မင်းပြောနိုင်သလား၊ ပန်းချီရေး သူ တစ်ယောက် ဟာ ဆေးရောင် ကို သူခံစားချင်သလို ခံစားမှာ ပေါ့၊ မင်းနဲ့ ဘာဆိုင်သလဲ၊ မင်း ဘာကြောင့် ဒီနေရာကို လာသလဲ၊ မင်း ဘယ်ကလဲ၊ ဘယ်သူလဲ´´
သွက်လက်ဖျတ်လတ်နေခဲ့သော မိန်းမပျို၏ အမူအရာတို့သည် ဒီပါ၏ တင်းမာသော လေသံကြောင့် ပျောက်ကွယ်သွားလေသည်။
``ပြောလေ… မင်း ဘယ်သူလဲ၊ ဘာကြောင့် ဒီနေရာကို လာရတာ လဲ´´
``ကျွန်… ကျွန်မ မိတနော်ပါ၊ ပါဒနန်းတော် ထဲကပါ၊ ဘုရင်မင်းမြတ်ရဲ့ ဈာပနတော် ကို ပို့ဆောင်ရင်းနဲ့ ဒီဇေယျာဒီပတောင်ကုန်းဘက် ထွက်လာခဲ့တာပါ၊ အမောင့်မှာ မိတနော်ကြောင့် အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်၊ ဟို အနီရောင် ကိုလည်း မိတနော် ကောင်းကောင်းမသိပါဘူး´´
ထိတ်ထိတ်ပျာပျာ ဖြစ်သွားသော နုပျိုသည့်အလှကို ဒီပါ ကရုဏာသက်သွားမိသည်။ သူ့အပြုအမူနှင့် သူ့လေသံမှာ အကြောင်းမဲ့ တင်းမာသွားသည်ဟု သူ နားလည်လိုက်မိသည်။
``မင်းနာမည် က မိတနော် တဲ့လား… လုံမငယ်´´
``ဟုတ်ကဲ့ရှင့်´´
``ပြီးတော့ မင်းက ပါဒနန်းတော် ထဲက လာခဲ့တာ´´
``ဟုတ်ကဲ့ရှင့်´´
နုနယ်လှပသော ဤမိန်းမရွယ်ပေါ်၌ ဘာကြောင့် သည်လို အထက်စီးလေသံဖြင့် ဆက်ဆံပြောဆိုနေမိသည်ကို ဒီပါ သူ့ကိုယ်သူ နားမလည်နိုင်တော့ပေ။ မိန်းမပျိုကလည်း သူ့ကို ဘာကြောင့် ရိုကျိုးထိတ်လန့်နေသည်ကို နားမလည်နိုင်ချေ။ သို့သော် သူ့လေသံ၏ တင်းမာမှု ကို လျှော့လိုက်လေသည်။
``ကောင်းပြီ… မိတနော်၊ ကျုပ်နာမည် က ဒီပါတဲ့၊ အလုပ် ကတော့ မင်း မြင်တဲ့အတိုင်း ပန်းချီရေး တာပဲ၊ ကဲ… ဟိုကညင်ပင်အမြစ်ဆုံမှာ သွားထိုင်နေ၊ အဲ… ကျုပ်ပုံရေး ခိုက်မှာ စကားဝင်မပြောဘဲ နေနိုင်ရင်ပေါ့လေ´´
မိန်းမပျိုသည် အမိန့်တစ်ခုကို ရရှိသည့်အလား ကညင်ပင်ဆီသို့သွား၍ ထိုင်လိုက်သည်။ ဒီပါသည် မိန်းမပျိုကိုကျောခိုင်း၍ ဖျင်စကားချပ်ကို မျက်နှာမူလိုက်သည်။ အနီရောင် စုတ်ကို ဖျင်စမျက်နှာပြင်ရှေ့သို့ တင်လိုက်သည်။
အနီရောင် မျက်နှာတွေ ၊ လူတွေ ရဲ့ အနီရောင် မျက်နှာတွေ …။
ထိုအခိုက်ဝယ် ဒီပါသည် မိတနော်ကိုလည်းကောင်း၊ မိတနော်နှင့်ပြောခဲ့သော စကားများ ကိုလည်းကောင်း မေ့ပျောက်သွားခဲ့လေသည်။
စောစောက ဇေယျာဒီပတောင်ကုန်းထက်မှနေ၍ တွေ့ ခဲ့ော ဈာပနသဘင်တော် မြင်ကွင်းထဲမှ ပါဒနိုင်ငံသားတို့၏ သော ကမျက်နှာများ ကို သူ့အာရုံတွင် ပြန်၍ ခံစားလိုက်မိသည်။
အနီရောင် စုတ်သည် အနက်ဖျင်စပေါ်တွင် ရွှေလှည်းဘီများ ၏ ၀န်းကျင်ဝဲယာတွင် ပြေးလွှားလှုပ်ရှားသွားနေသည်။ စုတ်ချက်တိုင်းသည် တိကျသော အရေး အကြောင်းများ ကို ဖြစ်ပေါ်သွားစေသည်။ သော ကပရိဒေ၀ မျက်နှာများ စွာ သည် နေရာမလပ် ပေါ်ပေါက်လာကြသည်။ အနက်ဖျင်စတစ်ခုလုံး အပြည့်။
ပါဒနိုင်ငံသားတို့၏ မျက်နှာပုံပန်းသည် ဒီပါ၏ စုတ်ဖျားတွင် အတိအကျ စွဲထင်နေသည်။ ဤအနီရောင် မျက်နှာများ သည် ပါဒနိုင်ငံသားတို့၏ မျက်နှာမှအပ အခြားမည် သည့်နိုင်ငံသား၏ မျက်နှာမှမဟုတ်ဟူသော အသိကို ထူးခြားစွာ ထင်ဟပ်ဖော်ပြနေသည်။ ထိုမျက်နှာများ သည် တစ်ခုစီအနေနှင့်မူ သီးခြားဝိသေသနအားဖြင့် ပြည်သားတို့၏ မျက်နှာ၊ ဘုရားအမှု တော် ထမ်းတို့၏ မျက်နှာ။ သို့သော် ထိုကွဲပြားခြားနားကြသော မျက်နှာများ ၏ တူညီသော လက္ခဏာရပ်ကား သော ပရိဒေ၀ အရိပ်အယောင်။
အနီမျက်နှာတစ်ခုနှင့် တစ်ခုအကြားတွင် ပေါ်ပေါက်နေသော အနက်ရောင် အစွန်းအစများ သည် ပို၍ နက်မှော င်သွားကြသည်။ ရွှေရထားလှည်းဘီးမှ ပြိုးပြက်သော ရွှေရောင် သည်လည်း ပို၍ တောက်ပသွားသည်။ အနီ၊ အနက်နှင့် ရွှေတို့သည် တစ်ခုကိုတစ်ခု ပိုမိုအားကောင်းနက်ရှိုင်းစေရန် အားပြုဆက်သွယ်နေကြလေသည်။
နောက်ဆုံးမျက်နှာကို ရေး ခြယ်ပြီးချိန်တွင် ဒီပါသည် စုတ်ကို ဖျင်စမှ ဖယ်ရှားလိုက်သည်။ ထိုအခါတွင် သူ့ဘေးနောက်နားဆီမှ နွေးထွေးသော လေငွေ့ကို သိသိသာသာ ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။
``သိပ်အံ့သြစရာပါလား အမောင်ရယ်´´
မိတနော် ပန်းချီကားချပ်ကို ငေးစိုက်ကြည့်ရင်း လှိုက်လှဲသော အသံဖြင့် တိုးတိတ်စွာ ရေရွတ်နေသည်။
``သိပ်အံ့သြစရာ ကောင်းတာပါလား၊ မျက်မှော က်မှာ ထင်ထင်ရှားရှား မရှိတော့တဲ့ မြင်ကွင်းကို အမောင့်စိတ်အာရုံနဲ့ဖမ်းပြီး ပုံရေး တယ်ပေါ့၊ အို… သိပ်အံ့သြစရာ ကောင်းတာပဲ၊ ဟောဒီဟာက နတ်ရွာစံ ဘုရင်မင်းမြတ်ရဲ့ ရုပ်ကလာပ်ကို တင်ဆောင်သွားတဲ့ ရွှေရထားလှည်း၊ ဟောဒီမျက်နှာနီနီတွေ က ငိုကြွေးနေကြတဲ့ ပါဒနိုင်ငံသားတွေ ၊ ဟင်… ဟောဒီမျက်နှာဆိုရင် သခင်မကြီးမျက်နှာနဲ့ တူလိုက်တာ´´
``ဘာ… အံ့သြစရာကောင်းတယ်… ဟုတ်လား´´
``ဟုတ်တာပေါ့ အမောင်၊ မျက်စိရှေ့မြင်နေရတဲ့ မြင်ကွင်းမဟုတ်ဘဲနဲ့ အမောင် ရေး နိုင်တယ်၊ အမောင့်လက်ထဲကစုတ်ဟာ တန်ခိုးတော် ရှင်တစ်ပါးရဲ့ လက်နက်လိုပါပဲလား´´
``ဒါပဲလား လုံမငယ်၊ အဲ… မင်းနာမည် …´´
``မိတနော်´´
``အဲ… မိတနော်၊ မင်း ဒီပုံကိုကြည့်ပြီး အံ့သြသွားသတဲ့လား၊ ဒါပဲလား´´
``ဒါပေါ့ အမောင်၊ အံ့သြစရာကောင်းလောက်တယ်´´
``အလကားပဲ… ကျုပ် အသုံးမကျတာပဲ ဖြစ်ရမယ်၊ မင်း ကတော့ ရိုးရိုးသားသား ပြောလိုက်တာပဲ၊ ကျုပ် အသုံးမကျဘူးဆိုတာ သိပ်ထင်ရှားတယ်´´
``အို… အို… မလုပ်နဲ့လေ အမောင်´´
အနီ၊ အနက်နှင့် ရွှေတို့ ရောစပ်နေသော ဖျင်စပန်းချီကားသည် ဒီပါ၏ လက်တွင် အပိုင်းပိုင်း စုတ်ပြဲသွားသည်။ ဒီပါသည် ပန်းချီကားချပ်ကို ရန်သူတစ်ဦးသဖွယ် အငြိုးကြီးစွာ ဆုတ်ဖြဲနေသည်။ အခြားအရာသည် မြန်ဆန်လွန်းလှသည့်အတွက် မိတနော် အထိတ်ထိတ်အလန့်လန့် ဖြစ်သွားသည်။
ဒီပါသည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်နေသော ဖျင်စကို ဇေယျာဒီပတောင်ကုန်းထိပ်တွင် ဖြတ်သန်းတိုက်ခတ်နေသော လေထဲသို့ ကညင်ရွက်များ နှင့်အတူ လွှင့်မျှောလိုက်လေသည်။
``အလကားပဲ… အလကားပဲ၊ ပန်းချီကားကို ကြည့်ရသူ တစ်ယောက် က ပန်းချီကားကို အံ့သြနေရင် ပန်းချီကားထဲက လက်ရာကို အံ့သြနေရင် အလကားပဲ၊ ငါ့ပုံဟာ ငယ်ရွယ်တဲ့မိန်းမပျိုလေး တစ်ယောက် ကိုတောင်မှ ခံစားမှု မပေးနိုင်လောက်အောင် ညံ့ဖျင်းတဲ့ပုံ၊ အလကား… အသုံးမကျတဲ့ပုံ´´
ဒီပါ၏ မျက်နှာတွင် တင်းမာမှု များ ပြန်၍ ပေါ်ပေါက်လာပြန်သဖြင့် မိတနော်သည် ကြောက်ရွံ့စွာ နောက်သို့ ဆုတ်လိုက်မိလေသည်။ ဖျင်စကားချပ်ကို အစိတ်အစိတ်အမွှာမွှာ ဖြစ်အောင် အားလုံးဆုတ်ဖြဲပစ်လိုက်ပြီးနောက် ဒီပါသည် မိတနော်ကို မျက်နှာချင်းဆိုင်လိုက်သည်။
``ကဲ… ဒါတွေ ကို မေ့လိုက်ကြစို့၊ ကျုပ် ညံ့ဖျင်းနေသေးတယ်ဆိုတာ ထင်ရှားသွားပြီ၊ မင်းရဲ့ ကျေးဇူးပဲ မိတနော်၊ ကဲ… ဆိုစမ်း…´´
``ရှင်´´
``သြော်… မင်းနာမည် မိတနော်ဆိုတာတော့ ကျုပ်သိရပြီ၊ မင်း ဘယ်ကလာတယ်၊ ဒီကို ဘာကိစ္စရောက်လာတယ်ဆိုတာတွေ ပေါ့´´
``မိတနော် ပြောပြီးပြီလေ၊ မိတနော်က ပါဒနန်းတော် ထဲက ကိုယ်လုပ်တော် ၊ နတ်ရွာစံဘုရင်ကြီးရဲ့ ဈာပနသဘင်တော် ကို ပို့ဆောင်ပူဇော်ရင်းနဲ့ ဒီဘက်ကို လာခဲ့တာ´´
``သြော်… အေး… အေး… ဟုတ်သားပဲ၊ အခု သူတို့ရော´´
``ရှင်´´
``ရွှေရထားလှည်းနဲ့ ဈာပနသဘင်တော် ပူဇော်ကြတဲ့လူတွေ ရော´´
``ပါဒဆံတော် ရှင်ရဲ့ တောင်ဘက်မှာ ပြာသာဒ်ကျောက်ဂူ တည်နေကြတယ်၊ ပြီးတော့ စေတီတစ်ဆူလည်း ချက်ချင်း တည်ကြမယ်လေ´´
ဆက်၍ ပြောရန် စကားမရှိတော့သည့်အလား တိတ်ဆိတ်သွားကြသည်။ ကညင်ရွက်ဖားဖားများ အကြားသို့ လေတိုးဝင်သံနှင့် စေတီမှ ဆည်းလည်းသံများ သာ ၀န်းကျင်တွင် ပျံ့နှံ့နေသည်။ တိတ်ဆိတ်ခြင်းကို မိတနော်က စတင်ဖျက်သိမ်းလိုက်သည်။
``မိတနော်ဟာ ပါဒနန်းတော် ထဲက ကိုယ်လုပ်တောဆိုတာ ယုံသလားဟင်၊ မိတနော် အ၀တ်တန်ဆာတွေ က သိပ်ပြောင်လက်မနေဘူးလား´´
မိတနော်၏ ပခုံးပေါ်မှ စလွယ်သိုင်း ပတ်ခြုံထားသော ငွေချည်ပ၀ါကို ဒီပါ ပြန်ကြည့်လိုက်သည်။ မိန်းမပျို၏ စောစောထိတ်လန့်နေသော အမူအရာများ သည် မရှိတော့။ ငယ်ရွယ်နုပျိုခြင်း၏ ဖျတ်လတ်သော အလှက ပြန်၍ ပေါ်ပေါက်လာနေသည်။
``အေးလေ… ပါဒနန်းတော် သူတွေ ဟာ ဒီလိုဝတ်စားဆင်ယင်ကြတာပါပဲ၊ မင်းပခုံးပေါ်က ငွေချည်ပ၀ါရဲ့ အရောင် က အတော် လှတာပဲ၊ ကိုယ်လုပ်တော် တွေ လည်း ဒီလိုဝတ်ဆင်ကြတာပဲ မဟုတ်လား´´
မိတနော်သည် လှပစွာ ပြုံးနေလေသည်။ အဓိပ္ပါယ်တစ်ခုကို ဆောင်နေသော အပြုံး ဖြစ်သည်။
``အင်းလေ… ကိုယ်လုပ်တော် ပဲ ထားလိုက်ကြပါစို့၊ အမောင်ရော ဈာပနသဘင်တော် ကို မပူဇော်ဘူးလားဟင်၊ ရာဇာစောနောင် ဘုရင်မင်းမြတ်ဟာ ပါဒနိုင်ငံသားတွေ ရဲ့ ကျေးဇူးရှင်ကြီး မဟုတ်လား´´
``ဘုရင်မင်းမြတ်ပဲ ဖြစ် ဖြစ်၊ ဘုရားအမှု တော် လုပ် ကျွန်ပဲ ဖြစ် ဖြစ်၊ မွေးဖွားလာတာတွေ သေဆုံးသွားတာတွေ ဟာ ကျုပ်အတွက် အရေး မကြီးဘူး မိတနော်၊ ကျုပ်ကိုတိုင်ရဲ့ သေဆုံးခြင်းတောင်မှ ကျုပ်အတွက် အရေး မကြီးဘူး၊ ဘုရင်မင်းမြတ်ဟာ ပါဒနိုင်ငံသားတွေ ရဲ့ ကျေးဇူးရှင်ဆိုတာတော့ ကျုပ် ကြားသိနေရတာ ပဲ၊ ကောင်းပါတယ်´´
``ရှင်´´
ပါဒနိုင်ငံသား တစ်ယောက် ထံမှ ဘုရင်မင်းမြတ်နှင့် ပတ်သက်၍ ထိုစကားကို ကြားလိုက်ရသည့်အတွက် မိတနော် အံ့သြသွားသည်။ နတ်ရွာစံ ရာဇာစောနောင် ဘုရင်ကြီး၏ ဂုဏ်ကျေးဇူးကို ပါဒနိုင်ငံသားအားလုံး၏ နှုတ်ဖျားတွင် အမြဲမပြတ် ကြားနေရသည်။ နတ်ရွာစံသည်အထိ ဘုရင်မင်းမြတ်၏ ဂုဏ်ကျေးဇူးကို လူတိုင်းက တဖွဖွရေရွတ်နေကြသည်။ လူတိုင်းက ၀မ်းနည်းကြေကွဲနေကြသည်။
ရာဇာစောနောင်ဘုရင်ကြီးဟာ မဇ္ဈိမဒေသမှ ဂေါတမဗုဒ္ဓ၏ ဓမ္မခံတော် နှင့် ခါးပန်းတော် ဓာတ်မြတ်ရှင်နှစ် ဆူကို ပါဒနေပြည်တော် သို့ ပင့်ဆောင်ပူဇော်ခဲ့သူ၊ ကျိုက်ပါဒ ဆံတော် ရှင်စေတီတွင် ဌာပနာတည်းထားခဲ့သူ၊ ထို့အပြင် ပါဒနိုင်ငံတော် ၏ မထေရ်သူမြတ်များ ဖြစ်ကြသော ရှင်ဓမ္မဉာဏတို့၏ အဆုံးအမကို ခံယူကာ ထေရ၀ါဒသာသနာတော် ကို စည်ပင်ထွန်းကားစေခဲ့သူ၊ ကျိုက်ကဆော့ ဆံလွန်စေတီတော် ၊ ကျိုက်မှာ ထယ် ရဟန္တာစေတီတော် စသည့် ဘုရားစေတီများ ကို တည်ထားခဲ့သူ၊ ထို့နောက် ရာဇမာန်အလုံးစုံကို စွန့်ပယ်ကာ နတ်ရွာစံသည်အထိ ရိုးသားအေးချမ်းစွာ စံနေခဲ့သူ၊ ဤသို့သော ဘုရင်မင်းမြတ်တစ်ပါး၏ အနိစ္စရောက်ခြင်းကို ပါဒတစ်နိုင်ငံလုံးက နှမြောတသ ကြေကွဲဝမ်းနည်းနေချိန်ဝယ် ဘုရင်မင်းမြတ်၏ သေဆုံးခြင်းသည် သူ့အတွက် အရေး မကြီးဟု ပြောနိုင်သူအား မိတနော် အံ့သြမိသည်။
ထို့ပြင် သူကိုယ်တိုင်၏ သေဆုံးခြင်းသော်မှပင် သူ့အတွက် အရေး မကြီးဟု ဆိုရဲသသူ၊ သူ့ရှေ့မှ ပန်းချီဆရာသည် ဘယ်လိုလူစားမျိုးပေနည်း။
ဘုရင်မင်းမြတ်၏ ကျေးဇူးတော် သည် ပန်းချီဆရာအပေါ်တွင် လည်း တစ်နည်းနည်း နှင့် ရှိနေသည်ဟု မိတနော် ပြောချင်သည်။ သို့သော် ဘယ်လိုကျေးဇူးရှိသည်ကို မိတနော် မပြောတတ်။
``နေပါဦး အမောင်၊ ဘုရင်မင်းမြတ် ကံတော် ကုန်သွားတာကို ပါဒနိုင်ငံသားတွေ အားလုံး ကြေကွဲထိခိုက်နေကြတယ် ဆိုတာရော အမောင် မသိဘူးလားဟင်´´
`အမောင်´ ဟူသေ အခေါ်အဝေါ်မှာ ပါဒမိန်းမပျိုများ က သူတို့ရင်းနှီးချစ်ခင်သူများ ကို သုံးစွဲခေါ်ဝေါ်သည့် စကားလုံး ဖြစ်ကြောင်းနှင့် ထိုအသုံးအနှုန်းသည် မိတနော်၏ နှုတ်တွင် တဖွဖွပါလာတတ်သည်ကို ဒီပါ ပထမဆုံး သတိထားလိုက်မိသည်။
``သိတာပေါ့ မိတနော်၊ ဒါကြောင့် လည်း ကျုပ် စောစောကပုံကို ရေး ခဲ့တာပေါ့၊ ဒါပေမယ့် ကျုပ်ကိုယ်က ညံ့ပါတယ်လေ၊ ပုံလည်း ဖျက်ဆီးလိုက်ပြီမဟုတ်လား၊ ဒါ ထားပါတော့လေ၊ ဘုရင်မင်းမြတ်က ဘာကြောင့် ကွယ်လွန်သွားရတာ လဲ၊ မင်း ကတော့ နန်းတွင်းသူမို့ သေသေချာချာ သိမှာ ပေါ့´´
မိတနော် ဒီပါကို အံ့သြရာမှ ကြောက်ရွံ့လာလေသည်။
နေပြည်တော် တွင် ဤမျှအရေး ကြီးသော အ ဖြစ်သနစ်ကို ဒီပါ မေးနေရသည်မှာ မသိသားဆိုးဝါးလှသည်။
``ဘုရင်မင်းမြတ်ဟာ နတ်ရွာမစံမီ နှစ် လလုံးလုံး ပွဲတော် မတည်ခဲ့ဘူးလေ၊ ပြင်းထန်တဲ့ သမထကိုလည်း ကျင့်နေခဲ့တယ်၊ နေပါဦး အမောင်၊ ဒါတွေ မသိဘူးလား´´
``ကျုပ်လား… မသိပါဘူး၊ အခုလည်း စိတ်သက်သာရာ ရအောင်၊ မင်းနဲ့ စကားစမြည် ပြောစရာရှိလာအောင် ကျုပ် ဒါတွေ မေးနေတာပဲ၊ ကျုပ်သိချင်လှလို့ မဟုတ်ပါဘူး၊ ဘာ ဖြစ်သေးသလဲ မိတနော်၊ မင်းစဉ်းစားကြည့်လေ၊ ဘုရင်တစ်ပါးဟာ မွေးဖွားလာတယ်၊ ထီးနန်းဆက်ခံတယ်၊ စစ်ပွဲတွေ တိုက်မယ်၊ ဘုရားစေတီတွေ တည်မယ်၊ ပြီးတော့ တစ်ခုခုကြောင့် နတ်ရွာစံသွားမယ်၊ ဒါ အဆန်းလား´´
မိတနော် ငွေချည်ပ၀ါကို ကိုယ်တွင် တင်းတင်းကျပ်ကျပ် ဖြစ်အောင် ရစ်ပတ်လိုက်သည်။ ဒီပါရှေ့မှော က်တွင် နေရခြင်းကို မလုံမခြုံ ဖြစ်လာသည်ဟု ခံစားမိလာသည်။
``ကြည့်လေ… မိတနော်၊ ဟိုးလွန်ခဲ့တဲ့ အနှစ် တရာလောက်တုန်းက နရသေနဘုရင်က ကျုပ်တို့ရဲ့ ပါဒနိုင်ငံကို ထူထောင်တယ်၊ နောက် သားတော် မြတ်စောနောင်က ထီးနန်းဆက်ခံတယ်၊ သူ့လက်ထက်မှာ ညီတော် နရသီဟက ပုန်စားလို့ ကွပ်မျက်ပစ်လိုက်တယ်၊ ဒါပေမယ့် မြစောနောင်မင်းသားရဲ့ သားတော် ဟံသာသေနက သူ့ခမည်းတော် ကို ပုန်ကန်ကွပ်မျက်ပြီး ထီးနန်းကို သိမ်းပိုက်တယ်၊ နောက်တခါကျတော့ မြစောနောင်မင်းကြီးရဲ့ သားတော် ရာဇာစောနောင်က နောင်တော် ဟံသာသေနဘုရင်ကို ပုန်ကန်ပြီး ပါဒထီးနန်းကို သိမ်းလိုက်တယ်၊ အင်း… အခု နတ်ရွာစံဘုရင်ကြီး ရာဇာစောနောင် နန်းတက်တဲ့နှစ် ဟာ မဇ္ဈိမဒေသမှာ ဗုဒ္ဓဆိုတဲ့ ပညာရှင်ကြီး ပရိနိဗ္ဗာန်ပြုတဲ့နှစ် ပဲ မဟုတ်လား´´
``ဟင်… အမောင် ဒါတွေ ကိုတော့ သိတယ်´´
ဒီပါသည် ဆေးရောင် ထည့်စပ်သည့် ကျောက်အင်တုံနှင့် စဥ့်အင်တုံများ ကို ရွက်ဖျင်အိတ်တစ်ခုထဲသို့ ထည့်ရင်း ပြုံးလိုက်မိသည်။
``အနုပညာရှင်ဆိုတာ ကမ္ဘာလောကရဲ့ ကျယ်ပြန့်တဲ့ ဖြစ်စဉ်ကို သိတာချည်းပဲ၊ ကမ္ဘာလောကထဲက လူ တစ်ယောက် ရဲ့ မွေးဖွားခြင်း သေဆုံးခြင်းကိုတော့ စိတ်ဝင်စားမှု ရှိချင်မှ ရှိမယ်၊ ဘုရားတစ်ပါးပဲ ဖြစ် ဖြစ် ကျွန် တစ်ယောက် ပဲ ဖြစ် ဖြစ် သူတို့ကတစ်ဦးချင်းရဲ့ အကောင်းအဆိုးက ကျုပ်အတွက် အရေး မကြီးပါဘူး၊ အဲ… အရေး ကြီးသည်ပဲ ထားဦးတော့၊ အခု နတ်ရွာစံ ရာဇာစောနောင်ဘုရင်ကြီးလို ပုဂ္ဂိုလ်မျိုးဆိုပါတော့၊ ကျုပ် အနုပညာနဲ့နှိုင်းစာရင် အင်မတန်သေးငယ်သွားတယ်၊ ကျုပ် ကိုယ်တိုင်သော်မှ ကျုပ်အနုပညာနဲ့နှိုင်းစာရင် ဘာမှအရေး မကြီးဘူး´´
`အို… မိတနော် နားမလည်တော့ဘူး´´
``ဘယ်သူမှ နားလည်စရာ မလိုဘူး၊ အနုပညာဆိုတာ နားလည်စရာမှ မဟုတ်ဘဲ၊ အံ့သြစရာမှ မဟုတ်ဘဲ၊ ခံစားစရာပဲ၊ ခံစားစရာသက်သက်ပဲ၊ ကျုပ်သွားမယ် မိတနော်၊ နောက် ဒီ ဇေယျာဒီပတောင်ကုန်းကိုလာရင်း ကျုပ်ပုံရေး နေတာကို တွေ့ ရင် ကျုပ်ရဲ့ ဆေးရောင် တွေ နဲ့ ပတ်သက်ပြီး ဘာမှမပြောဖို့တော့ တောင်းပန်ပါရစေ´´
ဒီပါသည် ဖျင်အိတ်ကို ပခုံးပေါ်သို့ ထမ်းတင်လိုက်သည်။
``အမောင့်မှာ မြင်းမပါဘူးနော်´´
``မြင်း… ဘာလုပ်ဖို့လဲ၊ မြင်းဆိုတာ ဘုရင်တွေ စစ်တိုက်ဖို့နဲ့ ကုန်သည်တွေ ကုန်ကူးသန်းဖို့ သုံးတဲ့အရာပဲ၊ ခြေကျင်လျှောက်သွားရင် အရောင် တွေ အများ ကြီးကို တွေ့ နိုင်မယ် မဟုတ်လား´´
``အမောင် နေပါဦး၊ ခဏနေပါဦး´´
ဒီပါသည် နောက်ကလိုက်လာသော မိတနော်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
``မိတနော် တစ်ခုမေးပါရစေနော်´´
``မေးလေ… နတ်ရွာစံ ရာဇာစောနောင်ဘုရင်ကြီးအကြောင်းက လွဲရင်ပေါ့´´
``အို… အဲဒါ မဟုတ်ပါဘူး၊ အမောင့်ပန်းချီအကြောင်းပါ၊ ဟိုလေ… အမောင်က ပုံလွှာတူကိုရော ရေး တယ်မဟုတ်လားဟင်´´
``အင်း… ရေး တယ်´´
``မိတနော်ကို ပုံလွှာတူ ရေး ပေးပါလား အမောင်´´
ငွေချည်ပ၀ါ၏ အမြိတ်ဖျားသည် လေထဲတွင် တဖျပ်ဖျပ် လှုပ်ခါနေသည်။ နဖူးဆံစမှ ဆံပင်တို့သည်ပင် ပ၀ါအမြိတ်ဖျားနှင့် ယှဉ်ပြုငိ၍ လွင့်ပျံနေသည်။ ပျိုသော အလှထဲမှ အပြစ်ကင်းသည့် မျက်လုံးအစုံတို့သည် ဒီပါကို တောင်းပန်ခယသော အကြည့်ဖြင့် စူးစိုက်နေလေသည်။
``အင်း… ကောင်းပြီလေ´´
``မိတနော် အမောင့်ဆီကို လာရမလား၊ အမောင် ဘယ်မှာ နေလဲ´´
`ဘာလုပ်ဖို့လဲ´´
``အမောင် ပုံလွှာတူ ရေး မယ်ဆို၊ မိတနော်က ရှေ့မှာ ရပ်ပြ…´´
``ပုံလွှာတူရေး မယ့် အရာဝတ္ထုတစ်ခုကို ကျုပ် ဘယ်တော့မှ ရှေ့မှော က်မှာ မထားဘူး၊ အခု ကျုပ် မင်းရဲ့ ပုံကို ရေး လို့ရပြီ၊ ကျုပ်ရေး မယ့်အရာတွေ မှန်သမျှ စိတ်အာရုံနဲ့ပဲ ခံစားပြီး မှတ်သားထားတယ်၊ နောက် သုံးရက်နေရင် ကျုပ်ဆီလာခဲ့ပေါ့၊ ဒါမှမဟုတ် ဒီ ဇေယျာတောင်ကုန်းကိုပဲ လာခဲ့ပေါ့´´
အံ့အားသင့်နေသော မိတနော် တောင်ကုန်းပေါ်တွင် ရပ်ကျန်ရစ်ဆဲမှာ ပင် ဒီပါသည် ကညင်ပင်ဘေးမှပတ်၍ တောင်ကုန်းအောင်သုသိ့ ဆင်းလိုက်လေသည်။
``အမောင်… အမောင်… ဘယ်မှာ နေသလဲဆိုတာ ပြောခဲ့ဦးလေ´´
လေပြည်နှင့်အတူ သဲ့သဲ့လွင့်ဝဲလာသော အမေးကို ဒီပါသည် လှည့်မကြည့်ဘဲ ဖြေခဲ့လေသည်။
``မှော်ဝန်းမြစ်ကမ်းနဖူးပေါ်က ရှင်ဓမ္မဉာဏရဲ့ ၀ိဟာရမှာ ´´
``တတ္ထ- ထိုဥဒ္ဒေသပါဠိ၌ ၊ အ၀ိဇ္ဇာ - အ၀ိဇ္ဇာဆိုသည်ကား၊ ကတမာ - အဘယ်နည်း၊ ဒုက္ခေ - ဒုက္ခသစ္စာတရား၌ ၊ အဉာဏံ - မသိခြင်းအမှု လည်းတစ်ပါး၊ ဒုက္ခသုမဒယေ - ဒုက္ခပွားများ ကြောင်း ဖြစ်သော အမြစ်မူလတရား၌ ၊ အဉာဏံ - မသိခြင်းအမှု လည်းတစ်ပါး…´´
မှော်ဝန်းမြစ်ရေပြင်ပေါ်၌ သွန်းဖြာနေသော လရောင် သည် လှိုင်းကြက်ခွပ်တို့ လှုပ်ခတ်မှု ကြောင့် စိန်စများ ပြန့်ကြဲသွားသလို ပြိုးပြက်နေသည်။
မြစ်ကမ်းမှ ကညင်ပင်ဖျား၏ ဖားလျားဝေသော အရွက်တို့သည် မှော်ဝန်းမျက်နှာပြင်ပေါ်က ငွေစီးကြောင်းကို တပ်မက်စွာ ငုံ့ကြည့်နေကြသည်။ အချို့ ရွက်ဖားဖားများ ကမူ ရေပြင်၏ ရင်ခွင်ထဲသို့ နှစ် ခြိုက်စွာ ခုန်ဆင်းသွားနေကြသည်။ နေ့အခါတွင် ခရမ်းပြာအဆင်းကို ဆောင်ခဲ့ကြမည် ဖြစ်သော ပျဉ်းမပွင့်တို့သည် လရောင် အောက်တွင် မှိုင်းညို့နေကြသည်။ မှော်ဝန်း၏ လှိုင်းကြက်ခွပ်များ ကား ကညင်ရွက်နှင့် ပျဉ်းမပွင့်တို့ကို သယ်ဆောင်လျက် အစဉ်တစိုက် ပြေးလွှားနေကြလေသည်။
ကညင်ရွက်များ နှင့် ပျဉ်းမပွင့်တို့သည် မြစ်ရေပြင်ထဲသို့ တိုးဝင်ဖက်တွယ်နေကြသည့် သဖန်းပင်ကြီး၏ အမြစ်ခြေရင်းနေရာတွင် ရပ်တန့်စုဝေးနေကြသည်။ သဖန်းပင်ကြီး၏ အမြစ်လွှာများ သည် သားငယ်ကို ပွေ့ဖက်သော ဖခင်၏ လက်မောင်းများ သဖွယ်။
ကညင်ရွက်နှင့် ပျဉ်းမပွင့်တို့သည် ထိုနေရာမှနေ၍ အောက်သို့ ဆက်လက်စီးမျောလိုဟန် မရှိကြ။ ထိုသဖန်းပင်ကြီး၏ အနောက်ဘက်ကိုင်း သက်ညွှတ်သည့်နေရာတွင် `၀ိဟာရ´ ရှိနေခြင်းကြောင့် ဖြစ်သည်။
ဝိဟာရ၏ ခေါင်းရင်းဘက်တွင် ရှိသော စေတီငယ်သည်လည်း လရောင် အောက်တွင် ဖွေးဖွေးဖြူနေသည်။ စေတီငယ်မှ ဆည်းလည်းသံသည် ငြိမ်သက်စွာ ဖြင့် သဖန်းရွက်များ အကြားသို့ လူးလှိမ့်ထိုးဖောက်လာသည်။ မှော်ဝန်းမြစ်၏ ရနံ့သင်းသော လေပြည်ထဲတွင် သစ်ရွက်လှုပ်သံနှင့် ဆည်းလည်းသံတို့သည် ည၏ ဓမ္မတေး ဖြစ်နေလေသည်။
စိတ်နှလုံး ညွှတ်ပျောင်းဖွယ်သော ထိုအသံတို့ကို လွှမ်းမိုးအုပ်စိုးနေသည့် အခြားအသံတစ်သံသည် ၀ိဟာရ၏ ဘုရားကျောင်းဆောင်မှ ထွက်ပေါ်နေသည်။
``ဒုက္ခနိရောဓ - ဒုက္ခ၏ ကုန်ဆုံးချုပ်ငြိမ်းရာတရား၌ ၊ အဉာဏံ - မသိခြင်းအမှု လည်းတစ်ပါး၊ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါယ - ဒုက္ခကုန်ဆုံးချုပ်ငြိမ်းရာသို့ ရောက်ကြောင်း ဖြစ်သော အကျင့်တရား၌ ၊ အဉာဏံ - မသိခြင်းအမှု သည်တစ်ပါး၊ အယံ - ဤမသိခြင်းလေးပါးကို၊ အ၀ိဇ္ဇ - အ၀ိဇ္ဇာဟူ၍ ၊ ၀ုစ္စတိ - ဆိုအပ်ကုန်၏ ´´
ဝိဟာရကျောင်းဆောင်တွင် တစ်တိုင်တည်းသော ဆီမီးသာ ထွန်းညှိထားသည်။ ဆီမီးရောင် များများ မလိုအပ်ပေ။ ပြတင်းမှ စီးဝင်လာသော လရောင် သည် ရုပ်ပွားတော် မြတ်အား လွှမ်းခြုံပူဇော်ထားပေသည်။
ရှင်ဗုဒ္ဓဉာဏမထေရ်မြတ်၏ ပဋိစ္စသမုပ္ပါဒ်နိဒ္ဒေသကို ရွတ်ဖတ်သံသည် လဆန်းည၏ အသံအားလုံးကို စိုးမိုးထားသော အသံ ဖြစ်သည်။ ရှင်ဓမ္မဉာဏသည် ၀ိဟာရ၏ အောက်ထပ်လှေကားရင်းမှ ကွပ်ပျစ်ဘေးတွင် စင်္ကြံလျှောက်ရင်း ရှင်ဗုဒ္ဓဉာဏ၏ အသံကို နားထောင်နေမိသည်။
ရဟန်းဘ၀တွင် မိမိနှင့် ၀ါချင်းအတူတူပင် ဖြစ်သော်လည်း အသက်တော် အားဖြင့် မိမိထက် ရှစ်နှစ် မျှကြီးသော ရှင်ဗုဒ္ဓဉာဏမထေရ်ကို အစဉ်လေးစား ညွှတ်တွားခဲ့သည်။ အသက်အရွယ်ကြီးရင့်သော မထေရ်မြတ်အား တရားတော် ရွတ်ဖတ်နိုင်ရန်၊ ညဥ့်လယ်ယံအချိန်ကို မိမိကပင် ပေးအပ်ခဲ့သည်။ ညဥ့်နက်ပိုင်းမှသာ မိမိအလှည့် ကျရောက်မည် ။
ရှင်ဓမ္မဉာဏသည် ရှင်ဗုဒ္ဓဉာဏ၏ တရားရွတ်ဖတ်သံကို နားထောင်နေရင်းမှ လွန်ခဲ့သော အနှစ် သုံးဆယ်ခန့်က ဖြစ်ရပ်များ ကို တွေးနေမိလေသည်။ သို့သော် ထိုအတွေးကား အတိတ်ကို တမ်းတသော ဆွတ်ပျံ့သော ပုထုဇဉ်အတွေးမျိုးမဟုတ်၊ ဒုက္ခသမုဒယမဟုတ်၊ ဒုက္ခပွားများ ကြောင်း ဖြစ်သော အ ဖြစ်မူလတရား၌ မသိခြင်း အတွေးမျိုးမဟုတ်၊ ဘာဝနာနှင့်ယှဉ်သော အတွေး၊ ကောင်းမှု ကုသိုလ်ကို ထပ်မံနှလုံးသွင်းပွားများ စီးဖြန်းအပ်သော အတွေးမျိုး…။
အနှစ် သုံးဆယ်ခန့်က … အနှစ် သုံးဆယ်ခန့်က…
တစ်ယောက် ကား နဲမွန်ခ၊ အခြား တစ်ယောက် က နဲမွန်ပု။ နှစ် ယောက် စလုံး ကုန်သည်များ ချည်း ဖြစ်သည်။အမြတ်အစွန်းအလို့ငှာ တစ်ဒေသမှ တစ်ဒေသသို့ လှည့်လည်ကူးသန်းသော ကုန်သည်။ မိမိအဖို့မှအပ အခြားတစ်ပါးသော သူအဖို့မှန်လျှင် လုံးဝနားမလည်တတ်သော ကုန်သည်။ အခြားတစ်ပါးသူ၏ အကျိုးစီးပွားတကာကို နင်းချေဖျက်ဆီးတတ်သည့် ကုန်သည်။
သို့သော် ပါဒမြို့သား နဲမွန်ခနှင့် နဲမွန်ပုတို့ကား နှစ် ယောက် ပေါင်းမှ တစ်ယောက် တည်း ဖြစ်နေကြသည်။ ညီရင်းအကိုသော်မှ သူတို့လောက် မကြင်နာ မရိုင်းပင်ကြပါဟု ပါဒနေပြည်တော် တွင် ဆိုရိုးရှိခဲ့ဖူးသည်။
နဲမွန်ခနှင့် နဲမွန်ပုတို့ မဇ္ဈိမဒေသသို့ ရောက်ခဲ့သည်။ တောအထပ်ထပ်သို့ ဖြတ်ကျော်လိုက်၊ တောင်အသွယ်သွယ်ကို လွန်မြောက်လျက်၊ မြစ်အတန်တန်ကို ကူးဖြတ်လျက် သူတို့၏ ကုန်စည်လှေတွင် ၀န်တင်မြင်းကျောကုန်းတွင် ၊ ဖျင်စအိတ်ကြီးငယ်များ တွင် ပါဒနိုင်ငံတော် ၏ ကုန်ပစ္စည်းများ ပါလာခဲ့သည်။ မဇ္ဈိမဒေသသားများ သည် ပါဒနိုင်ငံမှ စဥ့်အိုးခွက်များ နှင့် ကျောက်ဆေးတံများ ကို အထူးနှစ်သက် ကြသည်ကို နဲမွန်ခနှင့် နဲမွန်ပုတို့ သိထားသည်။ ကြီးမားသော အမြတ်အစွန်းကို ရကြမည် ။ အပြန်ခရီးတွင် မဇ္ဈိမဒေသမှ အသွေးအရောင် စုံသော အ၀တ်တန်ဆာများ နှင့် ရနံ့ထူးကဲသော သစ်မြစ်များ ကို စုဆောင်းသယ်ယူလာမည် ။
သို့သော် နဲမွန်ခနှင့် နဲမွန်ပုတို့သည် အသွေးအရောင် စုံသော အ၀တ်တန်ဆာများ ကို လည်းကောင်း၊ ရနဲ့ထူးကဲသော သစ်မြစ်များ ကိုလည်းကောင်း စုဆောင်းသယ်ယူလာနိုင်ခဲ့ခြင်း မရှိတော့။ ၀ါကြန်သော ရေအလျဉ်တို့ရှိသည့် ဂင်္ဂါဟုခေါ်သော မြစ်ကြီးတစ်မြစ်၏ နဖူးတစ်နေရာတွင် တစ်စုံ တစ်ယောက် နှင့် တွေ့ ခဲ့ကြသည်။
ထူးခြားသော ကိုယ်ဝတ်ရုံနှင့် အဆင်းသဏ္ဌာန်ကို တွေ့ ရသဖြင့် ထိုသူအား မေးမြန်းစုံစမ်းကြသည်။ မဇ္ဈိမသား ဖြစ်ကြောင်းနှင့် တကွ အခြားအကြောင်းများ ကိုပါ သိခဲ့ကြရသည်။ အမျိုးဇာတ်မြင့်သော အနွယ်ဝင်တစ်ဦး ဖြစ်ခဲ့ကြောင်း၊ ကမ္ဘာလောက၏ အစစ်အမှန်တရားကို ရှာဖွေတွေ့ ရှိခဲ့သည့်အကြောင်း၊ အမှန်တရားကို ရှာဖွေရန် နန်းတော် ကို စွန့်ခွာခဲ့ကြောင်း၊ နန်းတော် တွင် နေခဲ့စဉ်က အမည် မှာ `သိဒ္ဓတ္ထ´ ဖြစ်၍ ယခုအမည် နာမမှာ `ဗုဒ္ဓ´ ဖြစ်ကြောင်း။
အမြတ်အစွန်းကို အသပြာဖြင့်၊ ကုန်ပစ္စည်းဖြင့် တစိုက်မတ်မတ် ရှာဖွေနေခဲ့ကြသော မိမိတို့အ ဖြစ်ကို နဲမွန်ခနှင့် နဲမွန်ပုတို့ ပြင်းစွာ တုန်လှုပ်ရှက်ကြောက်သွားခဲ့ကြသည်။ မဇ္ဈိမသား ပုဂ္ဂိုလ်မြတ်၏ အဆုံးအမအောက်သို့ အလိုအလျောက် ရောက်ရှိသွားခဲ့ကြသည်။ အမြတ်အစွန်းကို ကုန်ပစ္စည်းဖြင့် ၊ အသပြာဖြင့် မရှာဖွေတော့။ ပုဂ္ဂိုလ်မြတ်၏ အဆုံးအမဖြင့် မိမိအတွင်း၌ လှည့်၍ ရှာဖွေခဲ့ကြသည်။ ထက်မြတ်ပြင်းထန်သော စိတ်နှလုံးတည်ဆောက်မှု ကျင့်စဉ်များ ကို ဆင်ခြင်သုံးသပ်မှု များ ကို လေ့ကျင့်ဝင်စားခဲ့ကြသည်။
အင်ကြင်းပင်များ အတိပြီးသော တောအုပ်အလယ်၌ `ဗုဒ္ဓ´ ပရိနိဗ္ဗာန် ပြုသွားပြီးနောက် နဲမွန်ခနှင့် နဲမွန်ပုတို့သည် ဗုဒ္ဓ၏ ဆံတော် ရှင်နှင့် ဓမ္မကရိုဏ်း၊ ခါးပန်းတော် တို့ကို ပင့်ဆောင်ပြီး ပါဒနိုင်ငံတော် သို့ ပြန်ခဲ့ကြသည်။ အပြန်ခရီးကား အသွားခရီးနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့လေသည်။
နဲမွန်ခနှင့် နဲမွန်ပုတို့သည် ကုန်သည်လည်းမဟုတ်တော့။ ပြိုးပြက်သော ၀တ်စားတန်ဆာကိုလည်း မ၀တ်ဆင်တော့။ မဇ္ဈိမဒေသ၏ ရနံ့ထူးကဲ့သော သစ်မြစ်တို့ကိုလည်း သယ်ယူမလာတော့။ သူတို့သယ်ယူလာသည်ကား ဗုဒ္ဓ၏ ဓမ္မ၊ ဗုဒ္ဓ၏ အထိမ်းအမှတ်၊ သူတို့ ၀တ်ဆင်လာသည်ကား ၀ါရွှေသော သင်္ကန်း၊ သူတို့၏ အမည် သည်ပင်လျှင် နဲမွန်ခမှသည် ရှင်ဓမ္မဉာဏ၊ နဲမွန်ပုမှသည် ရှင်ဓမ္မဉာဏတို့ ပြောင်းလဲသွားခဲ့သည်။
``… ၀ဋ်သံသရာ၊ ရှည်မင်းစွာ ၌ ၊ သူငါကစ၊ မြင်သမျှကား၊ သတ္တမဟုတ်၊ ဓာတ်မှန်ထုတ်သော်၊ နာမ်ရုပ်နှစ် သင်း၊ အမြင်လင်းလော့၊ အရင်းအ၀ိဇ္ဇာ၊ ထိုမှဖြာ၍ …´´
ရှင်ဗုဒ္ဓဉာဏ၏ ရွတ်ဖတ်သရဇ္ဈာယ်သံသည် ၀ိဟာရ၏ ဘုရားကျောင်းဆောင်ထဲမှ နက်ရှိုင်းစွာ ပျံ့လွင့်လာသည်။
ဆည်းသည်းသံသည် ရှင်ဗုဒ္ဓဉာဏ၏ ဓမ္မတေးကို ၀န်းရံလိုက်ပါနေသည်။ ညဥ့်လယ်ယံကာလသည် ကုန်ဆုံးတော့မည် ။ ရှင်ဗုဒ္ဓဉာဏ၏ ၀တ်စဉ်လည်း ပြီးဆုံးတော့မည် ။
``… ဇရာမရဏ၊ အဆုံးကျသည်၊ ဓမ္မအပြား၊ ဆယ့်နှစ် ပါးကို၊ ဤကားသူပင်၊ ဤလျှင်ငါပဲ၊ အထင်လွဲလျက်၊ တ၀ဲလည်လည်၊ ၀ဋ်နွယ်စည်၏ ၊ ရှည်လေသမျှ၊ အနန္တကား၊ သုခဟူသည်၊ မြူမျှမကွက်၊ အဆက်ဆက်လျှင်၊ သက်သက်ဒုက္ခ၊ ဓာတ်မှန်ရသည်၊ ဘ၀ဤကိုယ် ဖြစ်ဆုံးတည်း…´´
``ဤကားသူပင်၊ ဤလျှင်ငါပဲ၊ အထင်လွဲလျက်၊ တ၀ဲလည်လည်၊ ၀ဋ်နွယ်မည် ၏ ´´
ရှင်ဓမ္မဉာဏသည် ပဋိစ္စသမုပ္ပါဒ်၏ စာပိုဒ်တစ်ပိုဒ်ကိုလိုက်၍ ရေရွှတ်နေမိလေသည်။ ထိုခဏ၌ လွန်ခဲ့သော သုံးရက်ကတည်းက စိတ်နှလုံးထိခိုက်ခဲ့ရသော အကြောင်းတစ်ရပ်သည် ရှင်ဓမ္မဉာဏ၏ စိတ်ထဲတွင် အတန်ငယ် သက်သာသွားခဲ့လေသည်။
``ပါဒမင်းကြီး အနိစ္စရောက်သွားခြင်းအတွက် ငါ စိတ်နှလုံး ထိခိုက်ခဲ့ရသည်၊ ရာဇာစောနောင်မင်းကြီးဟာ ပါဒနိုင်ငံတော် မှာ ဗုဒ္ဓရဲ့ တရားဒေသနာ စည်ပင်အောင် စွမ်းဆောင်ခဲ့တဲ့ သာသနရက္ခိတ အာဇာနည်တစ်ဦး ဖြစ်တဲ့အတွက် သူ့ကို ငါ နှမြောတသခဲ့ရသည်၊ ဒါပေမယ့် ၀ဋ်သံသရာ၊ ရှင်မင်းစွာ ၌ ၊ သူငါကစ၊ ဖြစ်သမျှကို၊ သတ္တမဟုတ်၊ ဓာတ်မှန်ထုတ်သော်၊ နာမ်ရုပ်နှစ် သင်း၊ အမြင်လင်းတော့…´´
ဆောက်တည်မှု သည် အလိုအလျောက်ပင် ၀င်ရောက်လာသည်။
``ရှင်ဓမ္မဉာဏလား´´
လှေကားထိပ်မှ ရှင်ဗုဒ္ဓဉာဏ၏ အသံ ထွက်ပေါ်လာသည်။
``ဟုတ်ပါတယ် ဘုရား၊ အရှင်ဘုရားကို စောင့်ရင်း တပည့်တော် စင်္ကြံလျှောက်နေတာပါ ဘုရား´´
``တပည့်တော် ၀တ်စဉ်ပြီးပြီဘုရား၊ အရှင်ဘုရား ၀င်နိုင်ပါပြီ´´
ရှင်ဗုဒ္ဓဉာဏသည် လှေကားအောက်သို့ ရောက်လာသည်။ လရောင် တွင် တွေ့ ရသော ရှင်ဗုဒ္ဓဉာဏ၏ မျက်နှာသည် ပကတိငြိမ်သက် ချမ်းမြေ့နေသည်။
``ဟောဒီစင်ပေါ်မှာ တံပူနဲ့ ရေတကောင်းပါ ဘုရား၊ ဟိုဘက်မှာ ကျောက်စားပွဲပေါ်မှာ ခြေဆေးဖို့ စဥ့်ခွက်ပါ ဘုရား´´
ရှင်ဓမ္မဉာဏသည် ရှင်ဗုဒ္ဓဉာဏအား ညစဉ် ၀တ်ပြုပြီး ၀တ်ကြီးဝတ်ငယ် ဆောင်ရွက်ပေးမြဲ ဖြစ်လေသည်။
``ကောင်းပါပြီ ဘုရား၊ ဒါနဲ့ မနက်ဖြန်မှာ ပါဒနန်းတော် ကို တပည့်တော် တို့ သွားဖို့ရှိသေးသလား ဘုရား၊ နတ်ရွာစံဘုရင်ကြီးရဲ့ မိဖုရားကြီး နာမကျန်း ဖြစ်နေတဲ့ ကိစ္စအတွက် ဆေးဝါးကုသဖို့ ရှိသေးသလား ဘုရား´´
``တပည့်တော် ဒီမနက်ပဲ ဆေးဝါးများ ပေးခဲ့ပြီးပြီ ဘုရား၊ မနက်ဖြန်သွားဖို့ မလိုတော့ပါဘူး။ ဒကာမကြီးက သားတော် နဲ့ သမီးတော် အတွက်လည်း စိတ်နှလုံးပူပန်နေလို့ ပိုပြီး မအီမသာ ဖြစ်နေတာပဲ ဘုရား´´
``သြော်… သြော်…´´
မထေရ်နှစ် ပါးစလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ သဖန်းပင် အမြစ်ဆုံသို့ မှော်ဝန်းမြစ်၏ လှိုင်းကြက်ခွပ်များ က ထိခိုက်ရိုက်ပုတ်သည့်အသံကို သဲ့သဲ့မျှ ကြားနေရလေသည်။
``သုခမုခနန်းစောရှင် မင်းသားရောဘုရား´´
ရှင်ဗုဒ္ဓဉာဏသည် အသက်အရွယ်ကြီးရင့်သော မထေရ် ဖြစ်သည့်အလျောက် ပါဒနန်းတော် မှ ဖြစ်ရပ်များ နှင့် ပတ်သက်၍ ရှင်ဓမ္မဉာဏလောက် ကျွမ်းဝင်နီးစပ်ခြင်း မရှိခဲ့ပေ။
``နန်းတော် မှာ မရှိဘူး ဘုရား၊ သီလ၀ါကျွန်းကို ခရီးထွက်သွားတယ်လို့သာ သိရတယ်၊ သူ့အစ်မတော် လည်း လိုက်သွားတယ်၊ ဒါကြောင့် ဒကာမကြီးဟာ သားနဲ့သမီး ရတက်ပါရောပြီး ကိုယ်လက်မအီမသာ ဖြစ်နေတာပါပဲ ဘုရား´´
``အင်း… ဟုတ်ပေမယ်၊ ဒကာမကြီးဟာ နတ်ရွာစံဘုရင်ကြီး မရှိတဲ့နောက် ဆောက်တည်ရာမဲ့ခဲ့ရှာပေတယ်၊ အင်း… ကျန်းမာချမ်းသာပါစေ´´
ရှင်ဗုဒ္ဓဉာဏက တည်ငြိမ်စွာ မေတ္တာပို့နေချိန်၌ ပို၍ ငယ်ရွယ်သော ရှင်ဓမ္မဉာဏမူကား သုခမုခနန်းစောရှင်မင်းသားကို သတိရမိနေလေသည်။ ပါဒဘုရင်ကြီး၏ ဈာပနသဘင်နေ့က သုခမုခနန်းစောရှင် ပြောခဲ့သော စကားများ ကို ကြားယောင်နေမိသည်။ သုခမုခနန်းစောရှင်အကြောင်းကို ရှင်ဗုဒ္ဓဉာဏနှင့် ပြောဆိုဆွေးနွေးလိုသည်။ သာသနာတော် စည်ပင်ထွန်းကားရေး မှာ ပါဒဘုရင်သစ် ဖြစ်လာမည့်  သုခမုခနန်းစောရှင် မင်းသားအပေါ်တွင် များ စွာ မူတည်ကြောင်း၊ မင်းသားငယ်မှာ ငယ်ရွယ်သူပီပီ ခက်ထန်မောက်မာဟန်ရှိကြောင်း။ မင်းသားကို ကြပ်မတ်ထိန်းကျောင်းရန်မှာ နန်းတွင်းအမှူး၊ အမတ်ကြီးများ အနေဖြင့် စွမ်းဆောင်နိုင်မည် မထင်ကြောင်း၊ ပါဒဘုရင်သုံးဆက်၏ နန်းရင်းဝန်ကြီး ဖြစ်သော ဗညားမွန်ထော်ကိုယ်တိုင်ပင် မင်းသားငယ်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် ဟု မထင်ကြောင်း စသည်ဖြင့် …
သို့သော် ရှင်ဗုဒ္ဓဉာဏကား ပါဒနန်းတော် ကိစ္စကို စိတ်ဝင်စားသူ မဟုတ်ပေ။ လာရောင် ရွှန်းသော ည၏ ၀ိဟာရလှေကားရင်းဝယ် ပဋိစ္စသမုပ္ပါဒ်ကို ရွတ်ဖတ်လာခဲ့သော ရှင်ဗုဒ္ဓဉာဏကို လောကီရေး ရာကိစ္စများ ပြောဆိုဆွေးနွေးရမည် ကိုလည်း ရှင်ဓမ္မဉာဏစိတ်၌ ရွံ့နေမိသည်။ အသက်ငါးဆယ်ကျော် ခြောက်ဆယ်အတွင်းသို့ ချဉ်းနင်းနေပြီ ဖြစ်သော ဤမထေရ်မြတ်ကြီးအားလည်း ပါဒနိုင်ငံတော် ၏ ပရိယတ္တိလုပ်ငန်း၌ သာ အေးချမ်းစွာ မွေ့ပျော်နေစေလိုသည်။ သာသနာတော် အရေး ကို ဆောင်ရွက်ရာ၌ မလွှဲမရှောင်သာ ဆက်သွယ်ရမည် ဖြစ်သော ပါဒနန်းတော် မှ ဒကာ၊ ဒကာမများ ကို မိမိတစ်ပါးတည်းသာ တာဝန်ယူတော့မည် ဟုလည်း ရှင်ဓမ္မဉာဏ စိတ်ကူးနေမိလေသည်။
``ညဥ့်လယ်ယံကုန်သွားပြီ၊ အရှင်ဘုရား အချိန်လင့်နေမယ်´´
ရှင်ဗုဒ္ဓဉာဏ၏ သတိပေးသံကြားမှ ရှင်ဓမ္မဉာဏ၏ အတွေးများ ရပ်တန့်သွားလေသည်။ ဆန်းစလသည် မှော်ဝန်းမြစ်၏ ဟိုမှာ ဘက်ကောင်းကင်ဆီသို့ပင် ယွန်းနေပြီလေ။
``ကောင်းပါပြီ ဘုရား´´
ရှင်ဓမ္မဉာဏသည် လှေကားထစ်များ အတိုင်း ၀ိဟာရပေါ်သို့ တက်ခဲ့လေသည်။ အောက်ဘက်မှ ရှင်ဗုဒ္ဓဉာဏ၏ ရေတကောင်းငှဲ့သံကို ကြားလိုက်ရသည်။ လှေကားအပေါ်ဆုံးသို့ ရောက်သော အခါ ၀ိဟာရ၏ ခြေရင်းစွန်းဘက်မှ မီးရောင် ကို ရှင်ဓမ္မဉာဏ မြင်လိုက်ရသည်။
ထိုအခန်းထဲမှ အသံမကြားရသော်လည်း ညင်သာသော လှုပ်ရှားမှု တစ်ခုခု ရှိနေသည်ကိုကား ရှင်ဓမ္မဉာဏ သိနေသည်။ ရှင်ဓမ္မဉာဏသည် အနည်းငယ်မျှ ပြုံးလိုက်ပြီးနောက် ခေါင်းတဆတ်ဆတ် ညိတ်လေသည်။ ထို့နောက် မီးရောင် လင်းနေသော ထိုအခန်းကို ကျောခိုင်းလိုက်ပြီး ၀ိဟာရ၏ ဦးကင်း ဘုံဆောင်နန်းဘက်ကို လျှောက်လာခဲ့သည်။
ဗုဒ္ဓရုပ်ပွားတော် မြတ်၏ ၀န်းကျင်ပြတင်းမှ လရောင် သည် ကောင်းစွာ ကျရောက်ဖြန့်ကျက်နေပြီ ဖြစ်ည်။ ဆီမီးမှ တည်ငြိမ်ဖြောင့်တန်းသော မီးတောက်ငယ်သည်လည်း ဗုဒ္ဓရုပ်ပွားတော် ၏ ထက်ဝယ်ဖွဲ့ခွေ ခြေတော် ရင်းဆီမှ လွန့်တက် ယှက်ဖြာနေသည်။
သဒ္ဓါပီတိ မျက်လုံးများ ဖြင့် ရုပ်ပွားတော် ကို မမှိတ်မသုန် စူးစိုက်ကြည့်ရင်း ရှင်ဓမ္မဉာဏသည် ရှေ့မှော က်ရှိ ကတ္တီပါခင်းပေါ်သို့ ဒူးတုပ်လိုက်သည်။ လက်အုပ်သည် အလိုလိုချီပြီးသား ဖြစ်သွားသည်။ ရုပ်ပွားတော် မြတ်သည် ရှင်ဓမ္မဉာဏ၏ အာရုံ၌ သက်ဝင်လှုပ်ရှားလာသည်။ လွန်ခဲ့သော အနှစ် သုံးဆယ်က မဇ္ဈိမဒေသ၏ မိဂဒါတောအုပ်၌ တွေ့ ဆုံခဲ့ရသော ဗုဒ္ဓ၏ လှုပ်ရှားမှု ၊ ဗုဒ္ဓ၏ အသံတို့ကို ပကတိ မြင်ယောင်ကြားယောင်လာသည်။
ထိုစဉ်က ဗုဒ္ဓသည် ၀ါရွှေသော ကိုယ်ရုံအ၀တ်ကြားမှ ကြီးမားပြည့်ဖြိုးသော ညာလက်ကိုထုတ်၍ ခပ်သိမ်းသော အသံတကာတို့၏ ကရုဏာရသကို လွန်မြောက်သော မဟာကရုဏာသံဖြင့် မြွှက်ဆိုခဲ့ဖူးလေသည်။
``ဆင်းရဲပင်ပန်းခြင်းဆိုတာ အမှန်တကယ်ရှိတယ်၊ အဲဒီ ဆင်းရဲပင်ပန်းခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းဆိုတာ အမှန်တကယ် ရှိတယ်၊ အဲဒီ ဆင်းရဲပင်ပန်းခြင်းက လွတ်မြောက်ရာဟာလည်း အမှန်တကယ်ရှိတယ် ပါဒနိုင်ငံသား…´´
ဗုဒ္ဓ၏ အသံကို ကြားယောင်ပြီးသည်၏ အဆုံး၌ ရှင်ဓမ္မဉာဏသည် မျက်စိအစုံကို တင်းကျပ်စွာ မှတ်လိုက်လေသည်။ စိတ်အာရုံ၏ ဆောက်တည်မှု ကိုလည်း ခဏမှာ ပင် လုံးဝဥဿုံ ရရှိသွားလေသည်။ အကယ်၍ သာ ရှင်ဓမ္မဉာဏသည် မျက်စိအစုံကို တင်းကျပ်စွာ မှိတ်ခဲ့ခြင်း မပြုခဲ့သေးပါက၊ အကယ်၍ သာ ရှင်ဓမ္မဉာဏသည် စိတ်အာရုံ၏ ဆောက်တည်မှု ကို လုံးဝဥဿုံ ရရှိသွားခြင်း မရှိသေးပါက မီးရောင် လင်းနေသော အခန်းဆီမှ တီးတိုးရေရွတ်သံကို ကြားနိုင်ပေမည် ။
``ကညင်ရွက်တစ်ရွက် လွင့်ဝဲလာတာကို ထည့်ဆွဲဖို့ မလိုတော့ပါဘူးလေ၊ မိတနော်ရဲ့ ဆံစအချို့နဲ့ သူ့ပခုံးပေါ်က ငွေချည်ပ၀ါအမြိတ်စတွေ လွင့်ဝဲလာနေတာကို ရေး လိုက်ရုံနဲ့တင် ဒီပုံထဲက မိန်းမပျိုဟာ လေတိုက်နေတဲ့ နေရာတစ်ခုမှာ ရပ်နေတယ်ဆိုတာကို ထင်ရှားသွားမှာ ပဲ၊ အင်း… သူ့မျက်လုံးတွေ ထဲမှာ ရှက်ရွံ့ခြင်း၊ မျှော်လင့်ခြင်း၊ တောင်းပန်ခယခြင်းဆိုတဲ့ အဓိပ္ပါယ်တွေ ရေပြွမ်းပါဝင်နေဖို့ အရေး ကြီးတယ်၊ ဒါဟာ ဒီပုံရဲ့ အနှစ် သာရပဲ…´´
နောက်တစ်နေ့နံနက်တွင် ပါဒနန်းတော် သို့ သွားရန်မရှိဟု ရှင်ဗုဒ္ဓဉာဏကို ပြောခဲ့သော်လည်း နောက်နေ့ အရုဏ်တက်စအချိန်မှာ ပင် ပါဒနန်းတော် မှ နန်းရင်းဝန်ကြီး ဗညားမွန်ထော် ၀ိဟာရသို့ ရောက်လာသည်။
ဗညားမွန်ထော်နှင့်အတူ နန်းတွင်း ဝေါထမ်းအစုများ သည် လိုက်ပါလာသည်။ ၀ိဟာရအပေါ်ထပ် ပြတင်းကို ဖွင့်လိုက်သော အခါ ပရ၀ဏ်အတွင်း၌ ငြိမ်သက်စွာ ရပ်နေသော ဗညားမွန်ထော်နှင့် နန်းတွင်းသားအစုတို့ကို အရုဏ်ဦး၏ ၀ိုးတ၀ါးအလင်းရောင် ၌ ရှင်ဓမ္မဉာဏ မထင်မရှား တွေ့ လိုက်ရသည်။ ဝေါယာဉ်တော် ထမ်းများ လိုက်ပါလာသည့်အတွက် ပါဒနန်းတော် သို့ ပင့်ဆောင်ရန် လာကြခြင်း ဖြစ်ကြောင်းကိုလည်း သိလိုက်သည်။ မကျန်းမမာ ဖြစ်နေသော မိဖုရားကြီး တစ်စုံတစ်ခုများ ဖြစ်လေပြီလားဟုလည်း စိုးရိမ်သွားမိသည်။
ရေ၊ တံပူတို့ကို သုံးပြီးသည်အထိ နန်းရင်းဝန်ကြီး ဗညားမွန်ထော်နှင့် သူ့လူများ သည် ပရ၀ဏ်မြေကွက်လပ်တွင် ငြိမ်သက်စွာ ရပ်စောင့်နေကြသည်။
``နန်းရင်းဝန်ကြီး ၀ိဟာရပေါ် တက်ခဲ့လေ´´
``မှန်ပါဘုရား´´
ဝိဟာရဦးခန်းတွင် ထိုင်မိသော အခါ ဗညားမွန်ထော်သည် ဗုဒ္ဓရုပ်ပွားတော် မြတ်ကို လက်အုပ်ချီ ကန်တော့လိုက်သည်။ ထို့နောက် ရှင်ဓမ္မဉာဏကို လက်အုပ်ချီ ကန်တော့လိုက်သည်။
``အရှင်ဗုဒ္ဓဉာဏ ကိုယ်တော် ရော ဘုရား´´
``အင်း… ခုချိန်ဆို ပရ၀ဏ်တောင်ထောင့် စေတီမှာ ရေသပ္ပါယ်နေမှာ ပေါ့၊ ဆိုစမ်းပါဦး… နန်းရင်းဝန်ကြီး၊ နန်းတော် မှာ ဘာအကြောင်းထူး ရှိနေလို့လဲ၊ ဒကာမကြီး နေကောင်းထိုင်သာ ရှိရဲ့ လား´´
``အရှင်မကြီး ရောဂါ သက်သာလာပါပြီ ဘုရား၊ အခုကိစ္စက သီလ၀ါကျွန်းကိုသွားတဲ့ သုခမုခနန်းစောရှင်မင်းသားနဲ့ ပင်တိုင်စံအစ်မတော် တို့ နေပြည်တော် ကို ပြန်ရောက်လာကြတဲ့ အတွက်ပါ´´
``သူတို့မောင်နှမနှစ် ယောက် သီလ၀ါကျွန်းက ပြန်ရောက်လာတာ ကျွန်ုပ်နဲ့ ဘယ်လိုပတ်သက်နေသလဲ နန်းရင်းဝန်ကြီး´´
``သီလ၀ါကျွန်းစစ်ပွဲကို တိုက်ခိုက်အောင်မြင်လာတဲ့ သုခမုခနန်းစောရှင်တို့ မောင်နှမနှစ် ယောက် အောင်ပွဲဘိသေက ဆင်မြန်းပေးဖို့ အရှင်ဘုရားကို ပင့်ဆောင်စေခိုင်းလိုက်ကြောင်းပါ ဘုရား´´
``ဘယ်လို… သီလ၀ါကျွန်းစစ်ပွဲ၊ ဟုတ်လား´´
ရှင်ဓမ္မဉာဏသည် ကမ်းယူအံ့ဆဲဆဲ ကွမ်းအစ်ကို မယူသေးဘဲ အံ့သားသင့်သွားမိလေသည်။ သုခမုခနန်းစောရှင်မင်းသား သီလ၀ါကျွန်းကို ခရီးထွက်သွားကြောင်းကိုသာ ကြးသိခဲ့ရသည်။ စစ်မက်အရေး ဟူ၍ မသိခဲ့။
``မှန်ပါတယ် ဘုရား၊ မဇ္ဈိမဒေသက အသားမည်းနက်တဲ့ ရန်သူတွေ အလုံးအရင်းနဲ့ ၀င်လာတာမို့ နတ်ရွာစံဘုရင်ကြီး ဈာပနသဘင်တော် နေ့ကပဲ မင်းသားငယ်ဟာ သီလ၀ါကျွန်းကို ထွက်ခွာသွားခဲ့ပါတယ်၊ အခုတော့ ရန်သူတွေ ကို နှိမ်နင်းအောင်မြင်ပြီးပြီမို့ အောင်ပွဲခံအပြန်ခရီးနဲ့ ယမန်နေ့ည သန်းခေါင်ကျော်အချိန်က ပါဒနန်းတော် ကို ပြန်ရောက်လာကြပါတယ်´´
သုခမုခနန်းစောရှင် မင်းသားငယ်သည် ပါဒဘုရင်ကြီး ကံတော် ကုန်၍ မှ ရက်မကူးသေးခင် စစ်ပွဲတစ်ပွဲတွင် တိုက်ခိုက်အောင်မြင်ခဲ့ပြီဟု တွေးလိုက်မိပြီး ရှင်ဓမ္မဉာဏသည် အမျိုးအမည် မသိသော စိုးရိမ်မှု တစ်ခုကို ခံစားလိုက်ရသည်။ ကံတော် ကုန် ပါဒဘုရင်ကြီးသည် သူ၏ နန်းစံသုံးဆယ့်နှစ် နှစ် ကာလပတ်လုံး စစ်ပွဲတစ်ပွဲမျှ မတိုက်ခဲ့။ ပါဒနိုင်ငံတော် တွင်း စစ်ပွဲတစ်ပွဲလည်း မပေါ်ပေါက်ခဲ့။ စစ်ပွဲ၊ အောင်ပွဲခံ ဘိသေကသဘင်ဟူ၍ လည်း ရှင်ဓမ္မဉာဏသည် တစ်ခါမှ ဆင်မြန်းပေးခဲ့ဖူးခြင်း မရှိ။
ယခုမူကား…
``နေပါဦး နန်းရင်းဝန်ကြီး… သီလ၀ါကျွန်းစစ်ပွဲဟာ သုခမုခနန်းစောရှင် အနေနဲ့ တကယ်ပဲ ကိုယ်တိုင်ကိုယ်ကျသွားပြီး တိုက်ခိုက်ရမယ့် စစ်မက်ရေး ရာ ဖြစ်နေလို့လား´´
ဗညားမွန်ထော်သည် အံ့အားသင့်သွားဟန်ဖြင့် အတန်မျှ တိတ်ဆိတ်နေပြီးမှ သက်ပြင်းရှိုက်သံဖြင့် ပြောလေသည်။
``ဒါဟာ တပည့်တော် မသိပါဘူး ဘုရား၊ အခုတော့ သုခမုခနန်းစောရှင်ဟာ သူအစ်မတော် နဲ့အတူ သီလ၀ါကျွန်းကို သွားရောက်တိုက်ခိုက် အောင်မြင်ခဲ့ပြီး ပြန်ရောက်နေပါပြီ ဘုရား´´
``အင်း… သူ့အစ်မတော် ပင်တိုင်စံလည်း ပါသွားတယ်.. ဟုတ်လား´´
``မှန်ပါဘုရား´´
ရှင်ဓမ္မဉာဏကိုယ်တိုင်လည်း မသိမသာ သက်ပြင်းချလိုက်မိသည်။ ပါဒဘုရင်ကြီးတွင် သားတော် တစ်ပါးနှင့် သမီးတော် တစ်ပါး ထွန်းကားခဲ့သည်။ ဘုရင်ကြီး မျက်ကွယ်ပြုသွားချိန်တွင် ဤသားနှင့် သမီးတို့သည် စစ်လိုလားသူများ အ ဖြစ် ပါဒနိုင်ငံတော် ကို အုပ်ချုပ်သွားကြမည့် သူများ ဖြစ်လာမည် လား။
``အင်းလေ… အခုပဲ သွားကြတာပေါ့၊ အရှင်ဗုဒ္ဓဉာဏကိုတော့ မလိုက်ပါစေနဲ့တော့ နန်းရင်းဝန်ကြီး၊ ဒီလိုကိစ္စမျိုးတွေ ကို အရှင်ဗုဒ္ဓဉာဏကလည်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး´´
``မှန်ပါဘုရား… သခင်မကြီးကလည်း အရှင်တစ်ပါးတည်းကိုသာ ပင့်ဆောင်ခဲ့ဖို့ မှာ လိုက်ပါတယ် ဘုရား´´
``ကောင်းပြီလေ… သွားကြစို့´´
ဗညားမွန်ထော်က ၀ိဟာရဦးခန်းမှ ဗုဒ္ဓရုပ်ပွားတော် နှင့် ရှင်ဓမ္မဉာဏကို လက်အုပ်ချီ ကန်တော့နေစဉ် ဝေါယာဉ်တော် အမှု ထမ်းများ သည် ပရ၀ဏ်မြေကွက်လပ်၌ နေရာယူလိုက်ကြသည်။
ရှင်ဓမ္မဉာဏသည် ၀ိဟာရဦးခန်းမှ လှေကားဆီသို့ လျှောက်သွားရင်း ခြေရင်းဘက်မှ မီးရောင် လင်းနေဆဲ အခန်းရှေ့သို့ ရောက်သော အခါ တစ်ခုခုကို သတိရလိုက်သလို ရပ်တန့်လိုက်သည်။ အခန်းထဲမှ ညင်သာတိုးတိတ်သော လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာနေသည်။
``ဒီပါ… မင်းဘယ်သွားမလို့လဲ´´
ရှင်ဓမ္မဉာဏ၏ အသံအဆုံး၌ အခန်း၏ အပြာရောင် ယင်းလိပ်သည် လှုပ်ရှားသွားလေသည်။ အနည်းငယ်ဟသွားသော နေရာမှနေ၍ အခန်းထဲသို့ လှမ်းမြင်လိုက်ရသည်။
ဒီပါသည် ဖျင်စကားချပ်ကို ကတ္တီပါအ၀တ်စဖြင့် ပတ်ချည်ရင်း ရှင်ဓမ္မဉာဏကို လှမ်းကြည့်နေသည်။ သူ့မျက်လုံးများ မှေးမှိန်ဖျော့တော့နေသည်ကို မီးရောင် တွင် မြင်သာနေသည်။
``ဒီပါ… မင်း ဘယ်သွားမလို့လဲ´´
``ဇေယျာဒီပါတောင်ကုန်းဘက်ကိုပါ ဘုရား´´
``အဲဒီ ကိုမသွားနဲ့ ဒီပါ၊ ငါနဲ့လိုက်ခဲ့စမ်း´´
``တပည့်တော် ဇေယျာဒီပတောင်ကုန်းမှာ ပုံရေး စရာရှိ…´´
``ဒီပါ´´
ရှင်ဓမ္မဉာဏ၏ လေသံသည် အမိန့်ပေးသံ ဖြစ်သွားသည်။ ငယ်စဉ်ကတည်းက ကျွေးမွေးစောင်ရှောက်ခဲ့သော ဒီပါကို ရှင်ဓမ္မဉာဏသည် သံယောဇဉ် ဖြစ်နေသည်။ ပန်းချီရေး ခြင်းမှအပ အခြားမည် သည့်အမှု ကိစ္စကိုမှ အရေး မထားသော ဒီပါ၏ စိတ်ဓာတ်ကိုလည်း ရှင်ဓမ္မဉာဏ သိထားသည်။ သို့သော် မိမိအပေါ်တွင် အတိုင်းမသိ ကြည်ညိုလေးစားသည်ကိုလည်း ရှင်ဓမ္မဉာဏ သိထားသည်။
ပါဒဘုရင် ရာဇာစောနောင် အနိစ္စမရောက်မီက ပါဒနန်းတော် မှ ပင့်ဖိတ်ချက်အရ ရှင်ဓမ္မဉာဏ နန်းတော် သို့ မကြာမကြာ သွားခဲ့ရသည်။ ထိုစဉ်က ရှင်ဓမ္မဉာဏသည် ဒီပါကို နန်းတော် သို့ တစ်ခါမှ မခေါ်ခဲ့ဖူးပေ။ အကယ်၍ ခေါ်သည် ဖြစ်စေဦး၊ ဒီပါသည် သူ၏ ဖျင်စပုံကားချပ်ရှေ့မှော က်မှခွာ၍ ပါဒနန်းတော် လို နေရာမျိုးကို လိုက်မည် မဟုတ်ဟုလည်း ရှင်ဓမ္မဉာဏ သိထားခဲ့သည်။ ယခုမူကား ရှင်ဓမ္မဉာဏသည် ဒီပါ၏ အလိုကို ဆန့်ကျင်လျက် ပါဒနန်းတော် သို့ ခေါ်သွားမည် ဟု ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်မိသည်။
``ဘယ်ကိုလိုက်ရမှာ ပါလဲ ဘုရား´´
ဒီပါ၏ အသံသည် ပျော့ပျောင်းရိုကျိုးသွားသည်။
``ပါဒနန်းတော် ကို´´
``တပည့်တော် …´´
``စကားမများ နဲ့ ဒီပါ၊ လိုက်မှာ သာလိုက်ခဲ့၊ အောက်ပရ၀ဏ်မှာ အားလုံးစောင့်နေကြပြီ´´
ရှင်ဓမ္မဉာဏသည် နောက်သို့လှည့်မကြည့်တော့ဘဲ လှေကားအတိုင်း ၀ိဟာရအောက်သို့ ဆင်းသွားလေသည်။ ဒီပါသည် အံ့သြခြင်း၊ တွေ ဝေခြင်း၊ စိတ်လှုပ်ရှားခြင်းများ ရောပြွမ်းနေသော မျက်လုံးများ ဖြင့် ရှင်ဓမ္မဉာဏကို လှမ်းကြည့်နေမိသည်။ ထို့နောက် ခေါင်းကို လေးပင်စွာ ခါယမ်းရင်း လက်ထဲမှ ဖျင်စကားချပ်ကို ခုံပေါ်သို့ ပြန်တင်လိုက်သည်။ `ဆံပင်စနှင့် ငွေချည်ပ၀ါမြိတ်စတို့ လွင့်ဝဲနေသော ရုပ်ပုံ´ သည် မီးရောင် အောက်တွင် ဒီပါကို ပြုံးကြည့်နေသည်။
အခန်းထဲမှ မီးတိုင်ကို ဒီပါ ငြိမ်းသတ်လိုက်သဖြင့် မှော င်မည်းသွားသည်။ လှေကားလက်ရမ်းကို ကိုင်ရင်း ပရ၀ဏ်အပြင်ဆီသို့ မျှော်ကြည့်လိုက်သော အခါ ရှင်ဓမ္မဉာဏသည် ဝေါယာဉ်တော် ပေါ်၌ လိုက်ပါသွားသည်ကို တွေ့ ရသည်။
ဝိဟာရ ပရ၀ဏ်၏ အလင်းတို့ ကွန့်မြူးနေပြီ။
ကညင်ဆီမီးတိုင်ဖျားမှ အလင်းရောင် သည် ပါဒနန်းခန်းမဆောင်အတွင်းသို့ ၀င်ရောက်စပြုနေသော နံနက်ခင်းနေရောင် ခြည်နှင့် ရောထွေးနေသည်။
ဖြောင့်တန်းသော နေခြည်မျှင်များ ကြောင့် နံ့သာမွှေးတိုင်မှ မီးခိုးတို့၏ ဖြူပြာသော အဆင်းသည် ပို၍ တောက်ပနေသည်။ ထိုထက်ပို၍ တောက်ပသော အရာမှာ နန်းတော် ခန်းမဆောင်၏ တိုင်လုံးများ ဖြစ်သည်။ သို့သော် ငြိမ်သက်သော တိုင်လုံးများ ၏ ရွှေရောင် ထက် လှုပ်ရှားနေသော နန်းတော် အမှု ထမ်းများ ၏ ၀တ်လွှာစမှ ရွှေချည်များ က ပို၍ တောက်ပနေကြသည်။
နန်းတော် အမှု ထမ်းများ ထဲမှ ငယ်ရွယ်နုပျိုသော သူများ သည် မကြုံဖူးသော ဘိသေကသဘင်ကို တွေ့ မြင်ရတော့မည် ဖြစ်သဖြင့် စိတ်အားထက်သန်နေကြသည်။ ဘိသေကပလ္လင်ပေါ်မှ သုခမုခနန်းစောရှင် မင်းသားငယ်ကို ငေးမောနေမိကြသည်။ သူတို့အချင်းချင်းလည်း တီးတိုးရေရွတ်နေကြသည်။ စစ်ဝတ်တန်ဆာများ ကို အပြည့်အစုံ ဆင်ယင်ထားသော ရဲမက်တို့၏ အသွင်သဏ္ဌာန်သည် သူတို့အတွက် အံ့သြစရာ ဖြစ်နေသည်။ ရဲမက်အားလုံး၏ ကိုယ်တွင် လက်နက်များ ချိတ်ဆွဲထားသည်။ ယခင်က ပါဒနန်းတော် တွင် လက်နက်ချိတ်ဆွဲရင်း နန်းရင်ပြင်တစ်လျှောက် လမ်းသလားနေသော ရဲမက်ဆို၍ တံခါးမုခ်ဝများ တွင် သာ သူတို့မြင်ဖူးခဲ့ကြသည်။ ပါဒနန်းတော် ခန်းမအတွင်းတွင် လက်နက်ချိတ်ဆွဲထားသော ရဲမက်ကို သူတို့ မမြင်ဖူးခဲ့ကြပေ။
ကြေးစည်သံနှင့် ၀တ်ရွတ်စဉ်အသံတို့ကိုသာ ကြားခဲ့ရသော နန်းတော် ခန်းမ၏ နံနက်ခင်းဝယ် ယခုအခါ လက်နက်ချင်းထိခတ်သံတို့ကို ကြားနေကြရသည်။ ဘိသေကပလ္လင်ပေါ်တွင် ထိုင်နေသည့်သူမှာ လည်း သျှားရောင် ပ၀ါစကို သိုင်းခြုံထားသည့် အိုမင်းသော ပါဒဘုရင်ကြီး မဟုတ်တော့။ ချပ်ဝတ်ကိုဆင်မြန်းပြီး ကြီးမားသော လေးကိုလွယ်ထားသည့် မြားတံတို့ဖြင့်ပြည့်သော ရတနာကျည်တောက်ကို သိုင်းခြုံထားသည့် ငယ်ရွယ်နုပျိုသော မင်းသားငယ် ဖြစ်နေသည်။
ဘိသေကသဘင်ကို ဆောင်ရွက်မည့်  အမှူးအမတ်များ ၏ ၀တ်ရုံစများ မှာ လည်း ယခင်ကလို ခရမ်းရောင် အနားကွပ်ထားသော အဖြူရောင် ၀တ်ရုံစများ မဟုတ်၊ ရွှေရောင် အနားကွပ်ထားသော အနီရောင် ၀တ်ရုံစများ ဖြစ်နေသည်။ လင်းစ နံနက်ခင်းနှင့် လိုက်ဖက်မညီလောက်အောင်ပင် အရာခပ်သိမ်းသည် စူးရှတောက်ပြောင်နေကြသည်။
မင်းသားငယ်တိုင်နေသည့် ဘိသေကပလ္လင်၏ လက်ယာဘက်ရှိ သလွန်ငယ်တွင် ကတ္တီပါအနီစကို ဖြန့်ခင်းထားသည်။ သလွန်ငယ်၏ ၀ဲယာဘက်တွင် အစိမ်းရောင် ပ၀ါကို ခြုံသိုင်းထားကြသည့် ပါဒမိန်းမရွယ်များ ဒူးတုပ်ထိုင်နေကြသည်။ သို့သော် သလွန်ပေါ်တွင် ကား လစ်လပ်လျက်ရှိသည်။ ထိုလစ်လပ်သော နေရာသို့ ဘိသေကပလ္လင်ပေါ်မှ သုခမုခနန်းစောရှင်သည် မကြာခဏ လှမ်းကြည့်ရင်း တစ်စုံတစ်ရာကို ရေရွှတ်နေလေသည်။
ဘိသေကပလ္လင်အနီးမှ ရဲမက်၊ အမှူးအမတ်တို့ကမူ မင်းသားငယ် တတွတ်တွတ် ရေရွတ်သံကို ပီပီသသ ကြားနေရလေသည်။
``အစ်မတော် က ဘာကြောင့် ခုထိမရောက်သေးတာလဲ၊ ဘိသေကသဘင်အတွက် အားလုံးအဆင်သင့် ဖြစ်နေပြီ၊ သူတို့မိန်းမတွေ ဟာ အခမ်းအနားသဘင်တစ်ခုခု ရှိပြီဆိုရင် အမြဲတမ်း နောက်ကျတယ်´´
သုခမုခုနန်းစောရှင်သည် ညာလက်မှ ပတ္တမြားလက်ဝတ်ကို ပွတ်သပ်ရင်း လစ်လပ်နေသည့် သလွန်ကို တင်းမာစွာ ကြည့်နေလေသည်။
``သမိန်ဓမ္မ´´
``အမိန့်ရှိပါ အရှင့်သား´´
``သွားစမ်း… အစ်မတော် ကို မြန်မြန်လာခဲ့လို့ သွားခေါ်စမ်း´´
``ကောင်းပါပြီ အရှင့်သား´´
ဘိသေကပလ္လင်ရှေ့မှ ထွားကြိုင်းသော တပ်မှူး တစ်ယောက် ခန်းမဆောင်၏ တစ်ဖက်သို့ ထွက်ခွာသွားလေသည်။ သမိန်ဓမ္မ၏ ရှည်လျားသော ဓားအိမ်ကို အနီးမှတပ်မှူးများ က ရှောင်တိမ်းလိုက်ကြရသည်။ ထိုစဉ်မှာ ပင် နန်းရင်းဝန်ဗညားမွန်ထော်သည် ဘိသေကပလ္လင်ရှေ့သို့ ရောက်လာလေသည်။
``အရှင်ဓမ္မဉာဏ ရောက်လာပါပြီ အရှင့်သား´´
``ဟုတ်လား၊ အင်း… ဆရာတော် ကို ဒီအထိပင်ခဲ့ပါ၊ ကဲ… ဆရာတော် တောင် ရောက်လာပြီ၊ ဟိုမှာ က ခုထိမလာသေးဘူး၊ တွေ့ ရဲ့လား နန်းရင်းဝန်ကြီး´´
ကတ္တီပါအနီစ ခင်းထားသည့် လစ်လပ်နေသော သလွန်ကို ညွှန်ပြရင်း ပြောလိုက်သော အသံကြောင့် ဗညားမွန်ထော်သည် အံ့သြသွားလေသည်။
``ဘာကြည့်နေတာလဲ၊ အစ်မတော် ကိုပြောတာ၊ အစ်မတော် ခုထိ မလာသေးဘူး၊ ဆရာတော် ရောက်လာလည်း ဘိသေကသဘင်ကို မခံနိုင်သေးဘူး၊ သီလ၀ါကျွန်းစစ်ပွဲရဲ့ အောင်ပွဲခံဟာ ကျုပ် တစ်ယောက် တည်း မဟုတ်ဘူး၊ အစ်မတော် နဲ့ကျုပ် နှစ် ယောက် ၊ ဒီနှစ် ယောက် လုံးစုံမှ ဘိသေကသဘင် စနိုင်မယ်၊ နန်းရင်းဝန်ကြီးကိုယ်တိုင် သွားခေါ်စမ်းပါ၊ အစ်မတော် မြန်မြန်လာပါလို့၊ သွားလေ´´
နန်းရင်းဝန်ကြီး၏ ရီဝေသော မျက်လုံးအိမ်များ သည် မသိမသာ ကျဉ်းမြောင်းသွားကြသည်။ ထိုမျက်လုံးအစုံဖြင့် ဘိသေကပလ္လင်ပေါ်မှ မင်းသားငယ်ကို စူးစိုက်ကြည့်နေသည်။ ပါဒဘုရင် သုံးဆက်လက်ထက်ကို မီခဲ့သော ဗညားမွန်ထော်၏ မျက်နှာပြင်ပေါ်၌ ရင့်ကျက်သော မာနတစ်ခု ပေါ်လွင်လာသည်။ ရောက်မလာသေးသော အစ်မတော် ကို သွား၍ ပင့်ရမည် အလုပ်မှာ နန်းရင်းဝန်၏ အမှု ကိစ္စမဟုတ်။ သံတော် ဆင့်တစ်ဦးဦး သို့မဟုတ် နာခံတော် တစ်ဦးဦး၏ အမှု ကိစ္စသာ ဖြစ်သည်။
ယခုမူကား…
``ဘာကြည့်နေတာလဲ နန်းရင်းဝန်ကြီးရဲ့ ၊ သွားစမ်းပါ မြန်မြန်´´
ဗညားမွန်ထော်သည် ရုတ်ချည်းနီမြန်းသွားသော မျက်နှာကို အောက်သို့ ငိုက်လျက် ဘိသေကပလ္လင်ရှေ့မှ ထွက်ခွာသွားသည်။ သုခမုခ နန်းစောရှင်သည် ဗညားမွန်ထော်၏ ကျောပြင်ကိုကြည့်ရင်းမှ ခန်းမဆီမှ ဆူညံသော အသံများ ကို ကြားလိုက်ရသည်။
အနက်ရောင် သားမွေးစ ခင်းထားသော နန်းတော် ခန်းမ ရင်ပြင်လမ်းတစ်လျှောက် ပရိသတ်သည် ထိုင်ရာမှ အသီးသီးလက်အုပ်ချီလိုက်ကြသည်။ အားလုံး၏ အနေအထားသည် လက်အုပ်ချီသော ပုံသဏ္ဌာန်တွင် တညီတညွတ်တည်း ဖြစ်သွားကြလေသည်။
``အရှင်မြတ် ဓမ္မဉာဏ ကြွလာပါပြီ´´
ခန်းမဆောင်တံခါးတွင် ရပ်နေသော သံတောင်ဆင့်၏ စူးရှသော အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ပြိုးပြက်တောက်ပသော နန်းတွင်းသားတို့၏ ၀တ်ရုံစများ အလယ်တွင် ၀ါရွှေသော သင်္ကန်းရောင် သည် ထင်ရှားပြတ်သားလာနေသေည်။ ရှင်ဓမ္မဉာဏသည် မျက်လွှာကိုချလျက် သားမွေးခင်းထားသည့်လမ်းအတိုင်း တည်ငြိမ်စွာ လျှောက်လာလေသည်။ သုခမုခနန်းစောရှင်သည် ရှင်ဓမ္မဉာဏကို လှမ်းကြည့်ရင်း လစ်လပ်နေဆဲ သလွန်ဘက်ကိုလည်း လှမ်းကြည့်လိုက်သည်။
``အရှင်မြတ်ကို ကြိုဆိုပူဇော်ဖို့ ဘိသေကပလ္လင်ပေါ်က ဆင်းသင့်ပါတယ် အရှင့်သား´´
ပါဒနန်းတော် တပ်မှူးများ တွင် အသက်အကြီးဆုံး ဖြစ်သော သမိန်ဗြက်ဇက မ၀ံ့မရဲလေသံဖြင့် အနီးသို့ကပ်၍ ပြောလိုက်လေသည်။
``အင်း… ဟုတ်ပေသားပဲ´´
သုခမုခနန်းစောရှင်သည် ဘိသေကပလ္လင်ပေါ်မှဆင်းပြီး ရှေ့ဘက်သို့ လျှောက်လာခဲ့သည်။ သို့သော် ရှင်ဓမ္မဉာဏသည် ခန်းမဆောင်၏ ထိပ်ဘက် ဗုဒ္ဓရုပ်ပွားတော် ရှိရာ ကျောင်းဆောင်ရှေ့ရှိ ပလ္လင်ပေါ်ဝယ် ထိုင်မိပြီ ဖြစ်သည်။ သုခမုခနန်းစောရှင်သည် ရှင်ဓမ္မဉာဏရှေ့မှော က် ဒူးတုပ်လျက် လက်အုပ်ချီလိုက်လေသည်။ ပါဒနိုင်ငံလုံး၏ ပရိသတ် ပဋိပတ်အခေါင်အချုပ် မထေရ်နှစ် ပါးအနက်မှ တစ်ပါး ဖြစ်သော အရှင်ဓမ္မဉာဏကို သုခမုခနန်းစောရှင် တစ်ခါမှ နီးနီးကပ်ကပ် မတွေ့ ဆုံဖူးပေ။ စကားလည်း မပြောဖူးပေ။
``သီလ၀ါကျွန်းစစ်ပွဲ စစ်မြေပြင်ကနေ အနာ ရောဂါ ကင်းရှင်းစွာ နဲ့ ပြန်ရောက်လာတယ် မဟုတ်လား ဒကာ´´
``မြားတစ်စင်းသော်မှ တပည့်တော် ရဲ့ ပခုံးသားကို ထိစွန်းခြင်း မရှိခဲ့ပါဘူး ဆရာတော် ၊ တပည့်တော် ရဲ့ မြားတံတွေ ကသာ ရန်သူတွေ ရဲ့ ရင်အုံ၊ လည်မျို၊ မျက်လုံးတွေ ကို တစ်စင်းပြီးတစ်စင်း ထိုးဖောက်သွားခဲ့ပါတယ်´´
မျက်လွှာချထားသော ရှင်ဓမ္မဉာဏသည် မင်းသားငယ်၏ မျက်နှာကို ကြည့်လိုက်မိလေသည်။ နုပျိုလွန်းသော မျက်နှာမှ မျက်လုံးများ သည် အရောင် တဖျပ်ဖျပ် ထွက်နေကြသည်။ ထိုမျက်နှာ၏ လက်ထဲဘက် နောက်ကျောနေရာမှ ထွက်ပေါ်လာသော လေးကိုင်းအစွန်းကား အရုပ်ဆိုးလှသည်ဟု ရှင်ဓမ္မဉာဏ ထင်မိလေသည်။ ထို့ပြင် မင်းသားငယ် ၀တ်ဆင်ထားသော ချပ်ဝတ်များ မှာ လည်း ကြက်သွေးရောင် ကဲလွန်းလှသည်ဟု ထင်မိသည်။
``ဒကာတော် ရဲ့ အောင်ပွဲကို ကျုပ် နန်းရင်းဝန်ကြီး ဗညားမွန်ထော်ဆီကတစ်ဆင့် ကြားသိခဲ့ရတယ်၊ အမှန် ကတော့ သီလ၀ါကျွန်းစစ်ပွဲအကြောင်းကို ကျွန်ုပ် စောစောက ဘာမှမသိခဲ့ဘူး၊ သို့ပေမယ့် အောင်ပွဲခံ ဘိသေကသဘင်နဲ့ ပတ်သက်တဲ့ ဓမ္မတစ်ခုခုကိုတော့ ဒကာတော် နာယူသင့်ပေတယ်´´
``အရှင်ဘုရား… အစဉ်အလာရှိတဲ့အတိုင်းသာ ချီးမြှင့်ပါ ဘုရား၊ ဒါပေမယ့် သိဘေကသဘင်ကိုတော့ အခုစလို့ မ ဖြစ်သေးပါဘူး ဘုရား၊ အစ်မတော် က ခုချိန်ထိ မရောက်လာသေးပါ ဘုရား´´
သုခမုခနန်းစောရှင်၏ လေသံကြောင့် အနီးမှ တပ်မှူးများ နှင့် အမှူးအမတ်များ သည် ရှင်ဓမ္မဉာဏကို ရှက်ရွံ့စွာ စိုက်ကြည့်နေကြသည်။ ရှင်ဓမ္မဉာဏကား ပကတိ ငြိမ်သက်တည်ကြည်နေလေသည်။
``အင်း… စောင့်ကြရမှာ ပေါ့ ဒကာတော် ၊ ဘိသေက သဘင်ရဲ့ အဓိကအစီအမံကို ဘယ်လိုပြင်ဆင်ထားကြသလဲ´´
ရှင်ဓမ္မဉာဏ၏ အမေးကို မင်းသားငယ် နားလည်ဟန်မရှိဟု သိလိုက်သော အခါ တပ်မှူးကြီး သမိန်ဗြက်ဇက လက်အုပ်ချီ၍ ၀င်ပြောလိုက်လေသည်။
``ဘိသေကသဘင်ရဲ့ အစီအမံ ကတော့ အရှင်သုခမုခနန်းစောရှင်နဲ့ ပင်တိုင်စံထိပ်ထားတို့ကို သမိန်စက္က၀တ်ဘွဲ ဆင်ယင်ဖို့ပါ ဘုရား´´
``သမိန်စက္က၀တ်ဘွဲတဲ့လား´´
``မှန်ပါဘုရား´´
``အင်း… အင်း သင့်မြတ်ပေသားပဲ၊ သမိန်ဆိုတာက စစ်သူရဲတို့ရဲ့ အရှင်၊ စက္က၀တ်ဆိုခြင်းက စက္က၀တ္တီ စကြ၀တေးမန္ဓတ်မင်းကဲ့သို့ ရဲရင့်၍ ဘုန်းသမ္ဘာနှင့် ပြည့်စုံသော စစ်သူရဲကောင်း ဘုရင်ချုပ်´´
``မှန်ပါတယ် ဘုရား၊ အဲဒီ ဘွဲနာမကို ခံယူဖို့ပါပဲ ဘုရား´´
ထိုအခိုက်ဝယ် သုခမုခနန်းစောရှင်၏ တင်းမာသော မျက်နှာသည် အနည်းငယ် ပြေလျော့သွားလေသည်။ သို့သော် ချက်ချင်း ပင် ပြန်၍ တင်းမာသွားပြန်သည်။
``ဒါပေမယ့် အစ်မတော် က ခုထိမရောက်လာသေးဘူး ဘုရား၊ တပည့်တော် တို့ ဘိသေကသဘင်ကို ဘယ်လိုမှစလို့ မ ဖြစ်သေးပါဘူး ဘုရား၊ သမိန်ဗြက်ဇ… နန်းရင်းဝန်ကြီး ပြန်မရောက်သေးဘူးလား´´
``မရောက်သေးပါဘူး အရှင့်သား´´
``တယ်ခက်တာပဲ´´
မင်းသားငယ်၏ အသံနှင့် လှုပ်ရှားမှု ကို ရှင်ဓမ္မဉာဏ၏ နောက်တွင် ရပ်နေသော ဒီပါလည်း အံ့အားသင့်စွာ ကြည့်နေမိသည်။ မင်းသားငယ်ကား ဒီပါကို သတိမထားမိပေ။ သို့သော် သုခမုခနန်းစောရှင်နှင့် ဒီပါတို့၏ မျက်နှာများ ကို တစ်လှည့်စီကြည့်နေသော သူ တစ်ယောက် ရှိသည်။ ထိုသူကား တပ်မှူးကြီး သမိန်ဗြက်ဇ ဖြစ်သည်။ ခက်ထန်မောက်မာသော သုခမုခနန်းစောရှင်သည် ယနေ့အဖို့ ပို၍ တက်ကြွပြင်းထန်နေသည်။ သူသည် ယနေ့ သမိန်စက္က၀တ်ဘွဲကို ခံယူပြီးနောက် များ မကြာမီမှာ ပင် ပါဒဘုရင်ဧကရာဇ်ဘွဲကိုလည်း ခံယူဦးမည့် သူ ဖြစ်သည်။ သုခမုခနန်းစောရှင်သည် ပါဒနိုင်ငံလုံး၏ အရှင်သခင် ဖြစ်လာမည့် သူ ဖြစ်သည်။ ထိုသူကိုမှ မမှိတ်မသုန် စူးရှစွာ ကြည့်နေရဲသူကား ပါဒနန်းတွင်း၌ တစ်ခါမှ မတွေ့ ဖူးသည့်သူ ဖြစ်နေသည်။
ထိုသူ၏ ၀တ်စားဆင်ယင်မှု သည်လည်း ပါဒနန်းတော် ၏ ဘိသေကသဘင်နေ့နှင့် မည် သို့မျှ လိုက်ဖက်ခြင်းမရှိပေ။ သမိန်ဗြက်ဇသည် ဒီပါ၏ စူးရှနေသော မျက်လုံးများ မှ အကြည့်ကိုမူကား နှစ် ခြိုက်နေမိပေသည်။ ထိုမျက်လုံးနှင့် ထိုအကြည့်တို့သည် မိမိနှင့် ရင်းနှီးကျွမ်းဝင်ရန် လွယ်ကူမည့် အရာများ ဖြစ်မည် ဟုလည်း ထင်နေမိလေသည်။
``ဒီပါ´´
``ဘုရား´´
ဒီပါသည် ရှင်ဓမ္မဉာဏ၏ ခြေရင်းသို့ ဒူးတုပ်ထိုင်လိုက်သည်။
``ဘိသေကသဘင်လည်း မစသေးဘူး၊ ဒီတော့…´´
``တပည့်တော် ၀ိဟာရကို ပြန်လို့ရမလား ဘုရား၊ ပုံလွှာတူကားချပ်တစ်ခုအတွက် တပည့်တော် ဇေယျာဒီပတောင်ကုန်းဆီ သွားစရာရှိနေလို့ပါ ဘုရား´´
ရှင်ဓမ္မဉာဏသည် မသိမသာ ပြုံးလိုက်မိလေသည်။
``မင်း ၀ိဟာရကို ပြန်မသွားရဘူး ဒီပါ၊ ဒီနေ့အဖို့ ဘယ်ပုံလွှာတူကားချပ်ကိုမှလည်း မရေး ရဘူး၊ ဇေယျာဒီပကိုလည်း မသွားရဘူး၊ ငါ ပြောချင်တာက ဘိသေကသဘင် မစခင်မှာ မင်း ဟောဒီနန်းတော် ခန်းမဆောင်ရဲ့ တည့်တည့် စင်္ကြံလမ်းအတိုင်းသွားရင် ဥယျာဉ်တော် ကို တွေ့ လိမ့်မယ်၊ ဥယျာဉ်တော် ကို ဖြတ်သွားပြီးရင် ဂ၀ံကျောက်နဲ့ထုထားတဲ့ မုခ်ပေါက်ကြီးတစ်ခု တွေ့ လိမ့်မယ်၊ အဲဒီ မုခ်အတိုင်း သွားရင် အထဲမှာ ပါဒနန်းတွင်း ပန်ချီကျော်တွေ ရေး ခဲ့တဲ့ ပုံလွှာတွေ ကို မင်းတွေ့ ရမယ်၊ ဘယ်နဲ့လဲ ဒီပါ´´
ဒီပါ၏ မျက်လုံးများ ၀င်းထိန်တောက်ပသွားကြသည်။
``မှန်ပါဘုရား… ဘိသေကသဘင် ကျင်းပနေလည်း တပည့်တော် ပြန်မလာတော့ပါဘူး ဘုရား၊ ဘိသေကသဘင် ပြီးချိန်လောက်မှ တပည့်တော် ပြန်လာခဲ့ပါမယ် ဘုရား´´
`ဘိသေကသဘင် ကျင်းပနေလည်း ပြန်မလာတော့ဘူး´ ဟု ပြောလိုက်သော စကားသံကို ကြားရသဖြင့် သုခမုခနန်းစောရှင် အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော် ဒီပါကို မတွေ့ ရတော့ပေ။ ပြိုးပြက်တောက်ပသော နန်းတွင်းသားတို့၏ အဆင်းရောင် စုံကြားဝယ် ဒီပါ၏ မှေးမှိန်သော အသွင်သည် လွယ်လွယ်ကူကူပင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့လေသည်။
ဒီပါသည် လူအုပ်ကြားထဲမှ တိုးဝှေ့သွားရင်းဖြင့် ခန်းမဆောင်အဆုံးရှိ စင်္ကြံလမ်းမသို့ ရောက်လာခဲ့သည်။ စင်္ကြံလမ်းမထဲသို့ ၀င်စမှာ ပင် သူ့အာရုံ၌ ကောင်းစွာ မှတ်မိနေသော မျက်နှာတစ်ခုကို လူအုပ်ကြား၌ တွေ့ လိုက်ရသည်။ လှပနုနယ်သော မျက်နှာ ဖြစ်သည်။ အပြုံးတစ်ခုကို ဆင်မြန်းလျက် ထိုမျက်နှာရှင်သည် သူရှိရာသို့ ရွေ့လျားလာလေသည်။
``အမောင်… ပါဒနန်းတော် ကို လာတယ်လား´´
``မိတနော်ပါလား´´
``မိတနော်ရဲ့ ပုံလွှာတူ ပြီးသွားပြီလား အမောင်´´
``ဆံစနဲ့ ငွေချည်ပ၀ါမြိတ် လွင့်ဝဲနေတာ မကျေနပ်သေးလို့၊ ဒီနေ့ ဇေယျာဒီပတောင်ကုန်းကို သွားမလို့ပဲ၊ ဒါပေမယ့် ဆရာတော် က အတင်းခေါ်လို့ ဒီကိုရောက်လာရတယ်၊ ကောင်းပါတယ်လေ၊ အခု ဟိုဘက်က ဂ၀ံကျောက်မုခ်ဝရှိတဲ့ ခန်းမဆီ သွားမလို့´´
``အမောင်… အဲဒီ အာကာရဋ္ဌခန်းမဆောင်နေရာကို သိလို့လား´´
``အာကာရဋ္ဌခန်းမဆောင်တဲ့လား၊ နာမည် ကတော့ လှပေသားပဲ၊ အထဲက ပုံလွှာတွေ တော့ ဘယ်နဲ့နေမလဲ မသိဘူး၊ နေရာသိပါတယ်၊ ဆရာတော် က ညွှန်လိုက်ပြီးပြီ´´
``မိတနော် လိုက်ပို့ပေးမယ်လေ´´
``နေပါစေ မိတနော်၊ ကျုပ် တစ်ယောက် တည်းပဲ သွားချင်ပါတယ်၊ မတွေ့ လို့ ရှနေရင်လည်း ကြည်နူးနှစ်သက် စရာကောင်းတဲ့ ရှာဖွေခြင်းပေါ့၊ ပြီးတော့လည်း မိတနော် ၀တ်စားတန်ဆာတွေ က တောက်ပလွန်းနေပါတယ်´´
မိတနော်၏ ပခုံးပေါ်ဝယ် ဇေယျာဒီပတောင်ကုန်းသို့ လာစဉ်က ခြုံလွှမ်းထားသော ငွေချည်ပ၀ါ မဟုတ်တော့။ စကားဝါရောင် ရွှေချည်ဖောက်ပ၀ါ ဖြစ်နေသည်။ နန်းတွင်းကိုယ်လုပ်တော် တစ်ယောက် အနေနှင့် အခြားနန်းတွင်း ကိုယ်လုပ်တော် များ ထက် ပို၍ တောက်ပနေသည်ဟုလည်း ဒီပါ တွေးမိသည်။
``ကဲ သွားမယ်နော် မိတနော်၊ ပုံလွှာတူကိုတော့ နောက်တစ်နေ့မှပဲ ယူပေတော့´´
``ဘယ်ကိုလာယူရမှာ လဲ အမောင်၊ ဇေယျာဒီပတောင်ကုန်းမှာ လား´´
``ဟုတ်တယ်´´
ပြုံးနေသော မျက်နှာလှကို ကျောခိုင်းလျက် ဒီပါသည် စင်္ကြံလမ်းထဲသို့ ၀င်ခဲ့လေသည်။ စင်္ကြံလမ်းကို ကျောက်ဖြူသားများ ခင်းထားသည်။ နံရံတွင် ဂ၀ံကျောက်ရုပ်တုများ ထွင်းဖော်ထားသည်။ နေ့၏ အလင်းရောင် နှင့် ကညင်ဆီမီးတိုင်များ ကြောင့် စင်္ကြံသည် မှော င်မည်း၍ မနေတော့ပေ။
စင်္ကြံလမ်းဆုံးသို့ မရောက်မီမှာ ပင် ပန်းရနံ့ကို ရရှိလာသည်။ အရှင်ဓမ္မဉာဏ ညွှန်လိုက်သည့်အတိုင်း ဥယျာဉ်တော် သို့ ရောက်ရှိလာပြီဟု ဒီပါ သိလိုက်သည်။ နှင်းဆီရောင် စုံများ ပွင့်နေသည့်ကုန်းကို ဥယျာဉ်တော် ၏ အ၀င်ဝအ ဖြစ် ပြုလုပ်ထားသည်။ နံနက်ခင်း လေညင်းသည် ပန်းရနံ့များ နှင့် ပြည့်နှက်နေသည်။ ကျောက်ဖြူသား ခင်းထားသည့် လမ်းဘေးရှိ ပန်းရနံ့များ ကြားတွင် ဥဒေါင်းငှက်များ သည် တိုးတိတ်ညင်သာစွာ ရွေ့လျားနေကြသည်။
ဥယျာဉ်တော် ဟု ဆိုစေကာမူ သစ်ကြီးဝါးကြီးများ ရှိသော ဥယျာဉ်တော် မဟုတ်ပေ။ ပန်းပေါင်းစုံကို ခင်းဖြန့်စိုက်ပျိုးထားသည့် ဥယျာဉ်တော် ဖြစ်လေသည်။ အကယ်၍ သာ ဥယျာဉ်တော် ၏ တစ်ဖက်ဝယ် ဂ၀ံကျောက်မုခ်ပေါက်ဖြင့် `အာကာရဋ္ဌခန်းမဆောင်´ ရှိမနေပါက ဒီပါသည် ဥယျာဉ်တော် မှ ပန်းရောင် စုံတို့၏ အသွေးကို ဖျင်စကားချပ်ပေါ်သို့ ကူးယူလိမ့်မည် ဖြစ်ပေသည်။ ယခုမူ `အာကာရဋ္ဌခန်းမဆောင်´ တွင် ရှိနေသည်ဆိုသော ပါဒနန်းတွင်းပန်ချီကျော်တို့ ရေး ဆွဲခဲ့သည့် ပုံလွှာများ က ဒီပါအား လှပသော ဥယျာဉ်တော် ကို လျစ်လျူရှုစေသည်။
``ပန်းချီကျော်တို့၏ အာကာရဋ္ဌခန်းမ´´
ဂ၀ံကျော်ကို ဖုထစ်စေလျက် ထွင်းဖောက်ထားသော စာလုံးသည် ဒီပါ၏ နှလုံးကို ချက်ချင်း ဖမ်းယူဆုပ်ကိုင်လိုက်လေသည်။
လှိုက်ခုန်သော ရင်ဖြင့် ဒီပါ အတွင်းသို့ ၀င်ခဲ့သည်။ အာကာရဋ္ဌသည် ပြင်ပအလင်းရောင် ကို ကာကွယ်တည်ဆောက်ထားသော်လည်း နံရံအတွင်းဘက်၌ တွင်းငယ်များ ထွင်းထားပြီး ကညင်ဆီမီးရောင် တို့ သေသပ်စွာ လင်းဖြာနေသည်။ ကညင်ဆီမီးတို့မှ မီးတောက်တို့သည် ပြင်ပလေမှ လွတ်ကင်းသော ကြောင့် တည်ငြိမ်နေကြသည်။ ထိုအခါ အလင်းရောင် သည်လည်း နံရံထက်ရှိ `ပုံလွှာ´များ ပေါ်၌ တိကျစွာ ဖြန့်လျက် စီး၉င်နေကြလေသည်။ ထိုအခါ `ပုံလွှာ´ များ မှ ဆေးရောင် တို့သည်လည်း ကြီးမားသော တန်ခိုးအင်အားကို ဆောင်နေကြလေသည်။
``ပါဒနိုင်ငံတော် သခင်ဘုရား တိဿဘောဂသေနမင်းကြီး ပုံလွှာတော် ´´
``ပန်းချီကျော် ဘိုးမွန်ခေါက်က ပူဇော်ရေး ဆွဲ၏ ´´
အာကာရဋ္ဌထဲသို့ ၀င်မိလျှင် ၀င်မိချင်းမှာ ပင် နံရံဝဲဘက်ရှိ ကြီးမားသော ပုံလွှာတစ်ခုကို ဒီပါ တွေ့ လိုက်ရသည်။ ပုံလွှာထဲမှ တိဿဘောဂသေနမင်းကြီးသည် ဒီပါကို နက်ရှိုင်းစွာ ကြည့်နေသည်။ ဦးခေါင်းထက်မှ ရတနာမကိုဋ်၏ ရတနာမျိုးစုံကို တိကျစွာ ရေး ခြယ်ထားသည်။ လက်ဝဲတွင် ကိုင်ထားသော သားမြီးယင် ပြေလျော့ကျဆင်းနေပုံမှာ ကြည်နေရင်းမှာ ပင် လူးလွန့်လှုပ်ရှားနေသည်ဟု ထင်ရသည်။
``ပါဒနိုင်ငံတော် သခင်ဘုရား တိဿနရသေနမင်းကြီး ပုံလွှာတော် ´´
``ပန်းချီကျော် အနုပီယက ပူဇော်ရေး ဆွဲ၏ ´´
ယာဘက်ရှိပုံလွှာကို ဒီပါ လှည့်ကြည့်လိုက်ပြန်သည်။
တိဿနရသေနမင်း၏ ပုံလွှာမှာ သလွန်ထက်တွင် ထိုင်လျက်ပုံ ဖြစ်သည်။ နောက်ခံမှာ ဒီပါဖြတ်လာခဲ့သော ဥယျာဉ်တော် ဖြစ်သည်။ တိဿနရသေနမင်း၏ မျက်နှာမှာ တိဿဘောဂသေနမင်းထက် ခက်ထန်မာကျောဟန် ရှိသည်။ ပန်းချီကျော်သည် လက်ဖမိုးရှိ အကြောအမျှင်များ ကို အသေးစိတ် ရေး ခြယ်ထားလေသည်။
``ဆေးရောင် တွေ နဲ့ ရေး ခြယ်ချက်တွေ ကတော့ အံ့မခန်းပဲ၊ ဒါပေမယ့် မျက်လုံးတွေ ဟာ ၀ိညာဉ်ကင်းမဲ့နေတယ်´´
ဒီပါသည် အနားတွင် တစ်ယောက် ယောက် ရှိနေသလို နှုတ်မှ စကားလုံးများ ထွက်ကျနေလေသည်။
``ပုန်စားခြားနားဝံ့သော နရသီဟမင်းအား ပါဒအရှင်သခင် မြစောနောင်မင်းကြီးက သုတ်သင်ဖယ်ရှားသည့် ပုံတော် ´´
``ပန်းချီကျော် နရိန္ဒက ပူဇော်ရေး ဆွဲ၏ ´´
ထိုပုံကား လှုပ်ရှားသက်ဝင်မှု ပုံလွှာ ဖြစ်သည်။ ကြီးမားသော သန်လျက်ကို ကိုင်စွဲထားသူကား ပါဒအရှင်သခင် မြစောနောင်မင်းကြီး ဖြစ်သည်။
``သန်လျက်ကိုင်ထားတဲ့ မင်းကြီးရဲ့ ဘယ်ဘက်လက်ဝဲက ခေါင်းပြတ် ကတော့ ပုန်ကန်ခြားနားဝံ့သော နရသီဟမင်းဆိုတာ ဖြစ်မှာ ပဲ၊ ခေါင်းပြတ်က သွေးစက်ကျနေပုံဟာ ဒီပုံလွှာရဲ့ အနှစ် သာရ ဖြစ်တယ်၊ သွေးစက်တွေ ကျနေပုံဟာ သဘာဝအတိုင်း လိုက်လျောညီထွေ ရှိလှတယ်၊ ဒါပေမယ့် ခေါင်းပြတ်ရဲ့ ဆံပင်တွေ ကို စုဆွဲထားတဲ့လက်ဟာ ခွန်အားကင်းမဲ့နေတယ်၊ ဒီလက်ဟာ သုတ်သင်ဖယ်ရှားသူရဲ့ အောင်နိုင်မှု ကို ဖော်ပြနိုင်ရမယ်´´
ပုံလွှာတစ်ခုရှေ့သို့ ရောက်တိုင်း ဒီပါသည် သုံးသပ်မှု တစ်ခုခုကို ရေရွတ်ပြောဆိုခဲ့သည်။ တဖြည်းဖြည်းဖြင့် အာကာရဋ္ဌခန်းမ၏ အတွင်းဘက်သို့ ရောက်လာသည်။ ပုံလွှာများ ကား နံရံ၏ ၀ဲယာတွင် သာမ ကတော့၊ ကနုတ်ဖော်ထားသော ကျွန်းသစ်ဘောင်များ ၊ ရွှေရည်သုတ်ထားသော သံကြိုးဖြင့် ချိတ်ဆွဲထားသည့် ပုံလွှာများ ကိုပါ တွေ့ လာရတော့သည်။
ဒီပါသည် ပုံလွှာ၏ အမည် များ ကို သတိပြု၍ မဖတ်တော့။ ပုံလွှာနှင့် ရေး ဆွဲသူ ပန်းချီကျော်များ ၏ အမည် ကိုသာ ၀င်စားသုံးသပ်တော့သည်။ ဓညဇလ၊ နုရာသဘ၊ ဘဒ္ဒ… စသော မိမိသိသည့် ပန်းချီကျော်များ ၏ ပုံလွှာများ ကို အထူးသဖြင့် စူးစိုက်မိသည်။ ဆေးရောင် နှင့် ရေး ခြယ်ချက်၏ စွမ်းရည်ကို အံ့သြရင်းဖြင့် ပင် အခြားတစ်ဖက်၌ ထင်မြင်ယူဆချက်များ ကို ထုတ်ဖော်နေမိသည်။
ပုံလွှာပေါင်းများ စွာ ကို ဖြတ်သန်းခဲ့သည်။ တန်ခိုးရှင်တို့၏ လောကတစ်ခုခုထဲသို့ ရောက်ရှိနေသလို ခံစားလာရသည်။ အာကာရဋ္ဌခန်းမ အလယ်ဗဟ်ုသို့ လှည့်လာမိပြန်သည်။ ခန်းမအလယ်ဗဟိုတွင် …
ကြီးမားသော ပုံလွှာတစ်ခု…
ရွှေပိန်းချထားသော ပန်းကနုတ်ဘောင်သည်ပင်လျှင် ပန်းပုကျော်၏ အားထုတ်မှု ကို ထုတ်ဖော်ပြသနေသည်။ သို့သော် ဆန်းကြယ်လှပသော ရွှေပိန်းချပန်းကနုတ်ဘောင်သည် ပုံလွှာကြောင့် ညှိုးမှိန်ပြယ်လွင့်သွားလေသည်။
နောက်ခံဆေးရောင် ကား ခရမ်းရောင် ဖြစ်သည်။ ခရမ်းရောင် ၏ မဟာဆန်ခြင်း၊ နက်ရှိုင်းခန့်ညားခြင်း၊ လေးနက်ကြွယ်ဝခြင်း အဓိပ္ပါယ်ကို ပန်းချီကျော်သည် လုံးဝဥဿုံ ဖမ်းယူဆုပ်ကိုင်ထားသည်။ ခရမ်းရောင် … မဟာရောင် ။
နက်ရှိုင်းလှပလွန်းသော ခရမ်းရောင် သည်လည်း အလယ်ဗဟို ပုံလွှာကြောင့် မှေးမှိန်ဖျော့တော့သွားပြန်သည်။
အနက်ရောင် သည် အမှော င်၏ ပြယုဂ် ဖြစ်သည်။
သို့သော် ပုံလွှာထဲမှ ကေသာတို့၏ အနက်ရောင် ကား အမှော င်မဟုတ်သော ပြိုးပြက်သော အနက်ရောင် ။
ပန်းနုရောင် သည် ညံ့သက်ခြင်း၏ ပြယုဂ် ဖြစ်သည်။
သို့သော် ပုံလွှာထဲမှ ၀ိုင်းစက်သော မျက်နှာ၊ ပြည့်ဖြိုးသော လက်၊ တင်းပြည့်သော ရင်ညွန့်တို့၏ ပန်းနုရောင် ကား ညံ့သက်ခြင်းမဟုတ်သော ၊ ၀ံ့စားသော ၊ ရဲရင့်သော ၊ တက်ကြွရှင်သန်သော ပန်းနုရောင် …။
``အို´´
ဤအသံသည် ဒီပါ၏ နှုတ်မှ အသံမဟုတ်၊ ဒီပါ၏ နှလုံးသည်းပွက်မှ အသံ ဖြစ်သည်။
ဝင့်ပျံနေသော မျက်ခုံးသွယ်၊ ထိုအောက်မှ လဲ့ရွှန်းနေသော မျက်တောင်ကော့၊ ထိုအောက်မှ မျက်လုံးအစုံကား ပြုံးယောင်သမ်းသည်။ သို့သော် အေးစက်သည့်မျက်လုံး၊ ထိုနည်းတူစွာ စင်းစင်းပြေလျော့သော နှာတံအောက်မှ ဖူးမြသော နှုတ်ခမ်းမြွှာသည်လည်း ပြုံးယောင်သမ်းသည်။ သို့သော် အေးစက်နေသည့် နှုတ်ခမ်းမြွှာ…။
လည်တိုင်သည် နွဲ့နှောင်းသည်။ သို့သော် ခိုင်မတ်သည်။
ပခုံးတို့သည် လုံးဝန်းပြေလျှောသည်။ သို့သော် ၀င့်ကြွားသည်။
ရင်ညွန့်သည် ထွေးအိသည်။ သို့သော် တင်းမာသည်။
ခါးသည် သေးသိမ်သည်။ သို့သော် ခန့်ထည်သည်။
ဆန့်ကျင်မှု အစုစုတို့ ပြွမ်းတီးပေါင်းဆုံနေသော အလှ။
``သိပ်… သိပ်.. ကြောက်စရာကောင်းတဲ့ အလှ´´
ဒီပါ၏ နှလုံးသည်းပွက်မှ နောက်ထံအသံတစ်ခု ပွင့်အံထွက်ကျလာပြန်သည်။
ပေါ့ပါးသော ငှက်မွေးတစ်ခု လေတွင် လွင့်ဝဲကျဆင်းလာသည်ကို မျဉ်းကြောင့် သဏ္ဌာန်ဖြင့် အမိအရ ဖမ်းယူရေး ဆွဲလိုက်သကဲ့သို့ ပခုံးအစွန်းမှ ကျဆင်းလာသည့် လက်မောင်းတို့သည်လည်း မိမိ၏ အလှဂုဏ်ကို ဖော်ထုတ်ပြနေသည်။ အဆစ်အချိုးတို့၏ နှောင့်ယှက်ခြင်းကင်းဝေးသော လက်ချောင်းတို့သည် ခပ်သိမ်းသော ကနုတ်ပန်းတို့ကို အောင်မြင်မှု ရထားသည်။ အလှတရားသည် လက်ချောင်းထိပ်ဖျားနှင့် သန္တာနှစ် ကဲ့သို့သော လက်သည်းများ အထိ စီးဝင်နေသည်။
``အို… ဘယ်လို ဖြစ်ရတာ လဲ အလှတရားရယ်´´
ထိတ်လန့်ချောက်ချားစွာ ဒီပါ ရေရွတ်မိပြန်သည်။
အလှတရားကို စီးဝင်နေသော လက်ချောင်းများ သည် တစ်စုံတစ်ရာကို ဆုပ်ကိုင်လျက်သား…..
ထိုအရာကား ရတနာခုနှစ် ပါး စီခြယ်ထားသည့် ဓားရိုး။
ဓားရိုးမှ ပွင့်ဖြာထွက်နေသော ဓားသွားသည် ပုံလွှာဖျင်စကိုခွဲ၍ ထွက်လာတော့မတတ်။
ထို့ထက် ဓားသွားတစ်လျှောက်လုံးတွင် ဓားဦး၏ ထက်မြက်သော ဦးချွန်နေရာတွင် နီရဲသော သွေးများ စွန်းပေနေသည်။ သွေးတို့သည် ပုံလွှာ၏ ရွှေပိန်းချကနုတ်ဘောင်ကိုကျော်၍ စီးကျလုမတတ်။
``ဘယ်လို ဖြစ်ရတာ လဲ အလှတရားရယ်´´
ပုံလွှာ၏ အမည် ကိုလည်းကောင်း၊ ပန်းချီကျော်၏ အမည် ကိုလည်းကောင်း ဒီပါ မဖတ်မိ။
ဒီပါ၏ မျက်လုံးအစုံ၊ ထို့နောက် အသက်ရှူသံ၊ ထို့နောက် လှုပ်ခုန်နေသော ရင်အုံအတွင်းမှ အသည်းနှလုံး၊ ထို့နောက် စိတ်ဖြာကြည့်ရှုတတ်သော အနုပညာသွေးတို့သည် ဆန့်ကျင်မှု အစုစုတို့ ပြွမ်းတီးပေါင်းစုံနေသော ပုံလွှာထဲမှ အလှတရားဆီသို့ စီးမျောသွားသည်။ စူးနစ်ဝင်ရောက်သွားသည်။ ပူးကပ်ကျော်ဝင်သွားသည်။
``သိပ်လှပါလား အလှတရားရယ်၊ ဒါပေမယ့် နောက်ခံက ခရမ်းရောင် ၊ မဟာရောင် ၊ ပြီးတော့ ဆံပင်တွေ ၊ မျက်ခုံးတွေ ၊ မျက်လုံးတွေ ၊ ပြီးတော့ ပခုံးစွန်း၊ လက်မောင်း၊ ရင်ညွန့်၊ အို… အစိတ်အပိုင်းမှာ ကြောက်စရာကောင်းတဲ့ အလှတရား ၀င်နေပါလား၊ ဘာ ဖြစ်လို့ အလှတရားရဲ့ အခြားတစ်ဖက်က ကြောက်စရာ အဓိပ္ပါယ်တွေ ကိုမှ အတူတကွ ဆောင်ယူထားရသလဲကွယ်´´
ပုံလွှာရှင်သည် အထဲမှ ရုန်းကြွလာတော့မည် ဟု ခံစားမိသဖြင့် ဒီပါ နောက်သို့ ဆုတ်မိပြန်သည်။ ထိုအခါ သွေးစများ လိမ်းကျံနေသော ဓားသွားကို ပို၍ ထင်ရှားစွာ တွေ့ လာရပြန်သည်။
``ဒီလို လက်ချောင်းလေးတွေ ဟာ ပန်းစည်းတစ်ခုခု ဒါမှမဟုတ် အမြိတ်စတွေ ကျနေတဲ့ ပ၀ါတစ်ခုခုကိုသာ ရစ်ပတ်ကိုင်ဆောင်သင့်ပါတယ်၊ အို… မဟုတ်ပါဘူးလေ၊ ဘာကိုမှ ကိုင်ဆောင်မထားဘဲ နေနိုင်လောက်အောင် ဒီလက်ချောင်းလေးတွေ ဟာ လှတာပါ၊ ကမ္ဘာလောကရဲ့ အလှဆုံးအရာဝတ္ထုမှန်သမျှဟာ ဒီလက်ချောင်းလေးတွေ အတွင်းမှာ အားနည်းညှိုးငယ်သွားကြမှာ ပါ၊ အခုတော့ကွယ်… အခုတော့…´´
သွေးစများ လိမ်းကျံနေသော ဓားသွားသည် မိမိ၏ ရင်ညွန့်ဆီသို့ ဦးတည် ချိန်ရွယ်လာတော့မည် လားဟု ဒီပါ ခံစားလာရပြန်သည်။
``ကြည့်ပါဦး… သွေးစတွေ ဟာ မြင်မကောင်းပါဘူးကွယ်… ဟင်…´´
ဓားသွား၏ အောက်ဘက် ပုံလွှာ၏ ထောင့်တစ်နေရာတွင် တစ်စုံတစ်ခုကို တွေ့ လိုက်သည်။ ထိုအရာကို ယခုမှပင် ဒီပါ မြင်တော့သည်။ ပုံလွှာ၏ အမည် ။
``ဧကရီ´´
``ဧကရီ… တဲ့´´
``ထိပ်ထားသခင်မ ကြွချီလာပြီ၊ ဟေ့… အာကာရဋ္ဌခန်းမလယ်မှ ရပ်နေတာ ဘယ်သူလဲဟေ့၊ ထိပ်ထားသခင်မ ကြွမြန်းလာတဲ့လမ်းက ဖယ်ပါတော့လား´´
ခန်းမဆောင်၏ အခြားမုခ်ပေါက်ဆီမှ အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာသည်။
ရွှေရောင် ချပ်ဝတ်များ ကို ၀တ်ဆင်ထားသည့် ရဲမက်များ ။
ရဲမက်များ ကို လှမ်းမြင်လိုက်ရသော်လည်း ဒီပါသည် `ဧကရီ´ ရှေ့မှ မခွာမိ။ ရဲမက်တို့အော်ပြောသော အမိန့်သံကိုလည်း သဲသဲကွဲကွဲ မကြားမိ။ သူ၏ အာရုံတို့သည်`ဧကရီ´ တွင် စူးနစ်မြုပ်ဝင်နေသည်။
ဒီပါ၏ ရေရွတ်နေသံသည် အာကာရဋ္ဌထဲရှိ ပုံလွှာများ ကို ကျော်ဖြတ်၍ စိမ်းညို့သော နံရံကို ရိုက်ခတ်နေလေသည်။
``ဧကရီရယ်.. မင်းဟာ မဟာအလှပါပဲ။ ဒါပေမယ့် မင်းရဲ့ အလှထဲမှာ စူးဝင်နေတဲ့ အေးစက်မာကျောခြင်းတွေ ကို မင်း ဖယ်ခွာပစ်လိုက်ပါလား၊ အို… ဒါဟာလည်း မ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲလေ၊ မင်းဟာ ပါဒနန်းတော် ရဲ့ နန်းရင်းဝန်ကြီး တစ်ဦးကတောင်မှ အရှင်မလို့ ခေါ်ခြင်းခံရသူ ဖြစ်နေတယ် မဟုတ်လား၊ ကြီးကျယ် ခမ်းနားလွန်းခြင်းဆိုတဲ့ အရာကို မင်းရဲ့ အလှထဲက ဘယ်တော့မှ ဖယ်ရှားပစ်လို့ရမှာ မဟုတ်တော့ပါဘူး´´
အာကာရဋ္ဌ၏ အတွင်းဘက်တွင် ပုံလွှာများ စွာ ရှိနေသေးသည်။ သို့သော် ဒီပါသည် အတွင်းဘက်သို့ ဆက်၍ မသွားတော့ပေ။ ဧကရီရှေ့မှခွာ၍ အခြားတစ်နေရာသို့ ဆက်လက်ထွက်ခွာသွားရန် သတိမရတော့ပေ။
``ဧကရီပုံလွှာဟာ တကယ့်ကို ဂုဏ်မြောက်တဲ့ အနုပညာလက်ရာပေပဲ၊ ဒါပေမယ့် တစ်ခုခု လိုနေသေးတယ်ဆိုတာ ကျုပ် အခု သိလိုက်ပြီ၊ ဟုတ်တယ်… တစ်ခုခု လိုနေသေးတယ်၊ အပြင်မှ သက်ရှိထင်ရှားရှိတဲ့ ဧကရီကို ကျုပ် တွေ့ လိုက်ရတော့မှ ဒါကို ကျုပ်နားလည်လာတော့တယ်၊ ဒီမှာ ဧကရီ… မင်းမှာ အလှတရားရဲ့ ရက်စက်မှု ဆိုတဲ့ အရာနှစ် ခု ပေါင်းဆုံပါဝင်နေတဲ့ အလှရှိနေတယ် မဟုတ်လား၊ ဒါပေမယ့် နောက်ထပ်တစ်ခု ရှိသေးတယ်။ နောက်ထပ်တစ်ခု တတိယမြောက် တစ်စုံတစ်ခု ရှိနေသေးတယ်၊ အဲဒီ တစ်စုံတစ်ခုကို မင်းရဲ့ မျက်လုံးတွေ ထဲမှာ စောစောက ငါ တွေ့ လိုက်ရပါတယ်၊ မင်းမှာ ရက်စက်တင်းမာခြင်းဆိုတာတွေ ရှိနေပေမယ့် တကယ်တော့ မင်းဟာ မိန်းမသားတစ်ဦးပဲ ဖြစ်တယ်မဟုတ်လား၊ မင်းဟာ ဘာပဲ ဖြစ် ဖြစ် မိန်းမသား၊ နုပျိုတဲ့ မိန်းမသား၊ မိန်းမသားရဲ့ အသည်းနှလုံးက ကျားခြင်္သေ့တို့ရဲ့ နှလုံးသားတော့ မ ဖြစ်နိုင်ဘူး၊ ဒါကို ကျုပ် သိပါတယ်´´
အကယ်၍ သာ… အာကာရဋ္ဌထဲသို့ ၀င်ခဲ့သည့် ဥယျာဉ်တော် ဘက်မုခ်ပေါက်သို့ ဒီပါ ပြန်လှည့်သွားလိုက်လျှင် နန်းတော် ခန်းမဆောင်ဆီမှ ဘိသေကသဘင်၏ ဆူညံသော အသံများ ကို ကြားနိုင်မည် ဖြစ်လေသည်။ သို့သော် ဒီပါကား `ဧကရီ´ ရှေ့မှော က်မှ မခွာသေးပေ။
``အို… အလှတရားရယ်၊ ရက်စက်မာကျောမှု ရယ်၊ ပြီးတော့ နောက်ထပ် တစ်စုံတစ်ခု၊ အဲဒီ တစ်စုံတစ်ခုဟာ ဘာလဲဆိုတော့ ကျုပ် ထုတ်ဖော်ပြောဖို့ မစွမ်းသာဘူး ဧကရီ၊ တကယ်လို့ မင်းရဲ့ ပုံလွှာကို ကျုပ် ရေး ဆွဲရရင်တော့…´´
ထိုအခိုက်မှာ ပင် ဒီပါသည် သူ၏ အနုပညာကို သူပြန်၍ တွေ့ ရှိသွားသည်။ အခိုက်အတန့်မျှ ရပ်တန့်နေခဲ့သော အနုပညာ၏ စီးဆင်းလှည့်ပတ်နေမှု တို့သည် သူ့တစ်ကိုယ်လုံးတွင် ပြန်လည်လှုပ်ရှား လူးလွန့်လာသည်။
``အို… ကြည့်စမ်း၊ ကျုပ် ဘာကြောင့် ဒါကို စောစောက မတွေးမိတာလဲ ဟင်၊ မင်းကို မြင်လိုက်ရစဉ်က မင်းရဲပုံလွှာကို ကျုပ်ရေး မယ်လို့ ဘာကြောင့် ကျုပ် စိတ်မကူးခဲ့မိတာလဲ ဟင်၊ ရေး ရမှာ ပေါ့… ရေး ရမှာ ပေါ့… ကျုပ်ဟာ ပုံလွှာတူ ရေး တဲ့သူပဲ၊ မင်းပုံလွှာကိုလည်း ကျုပ်ရေး ရမှာ ပေါ့၊ ဒါပေမယ့် မင်းကို ကျုပ် တစ်ကြိမ်ထပ်ပြီး တွေ့ လိုသေးတယ်၊ ဧကရီပုံလွှာတူရေး မယ့် မျက်လုံးတွေ နဲ့ မင်းကို ကျုပ် ထပ်ပြီးကြည့်ချင်သေးတယ်၊ ကျုပ် ရေး ရရင်တော့ မင်းရဲ့ အလှမှာ ရှိနေတဲ့ နောက်ထပ် တစ်စုံတစ်ခုကို ကျုပ်တွေ့ ရှိနိုင်မှာ ပဲ´´
နန်းတော် ခန်းမဆောင်ဆီမှ ခရုသင်းသံများ အာကာရဋ္ဌခန်းမထဲသို့ ၀င်ရောက်လာသည်။ ကောင်းချီးသြဘာပေးသံများ ကို ဒီပါ ပီပီသသ ကြားလိုက်ရသည်။
``နောက်ထပ်တစ်ကြိမ် ထပ်ပြီးတွေ့ ဆုံကြသေးတာပေါ့ ဧကရီ၊ ဒီအာကာရထဲမှာ ပဲ ဖြစ် ဖြစ်၊ တစ်နေရာမှာ ပဲ ဖြစ် ဖြစ်၊ အဲဒီ တစ်ခါကျရင်တော့ မင်းရဲ့ အလှကို ကျုပ်ရဲ့ပုံလွှာရေး တဲ့လက်တွေ နဲ့ သေသေချာချာကြီး စိတ်ဖြာခွဲခြမ်းနိုင်လိမ့်မယ်၊ အင်း… တစ်ခုတော့ရှိတယ်လေ၊ အဲဒီ အခါမှာ မင်းသာ ခုနတုန်းကလို ရွှေဝါယာဉ်ပေါ်မှ ရှိမနေဖို့ လိုတယ်´´
ဝင်လာခဲ့သည့် မုခ်ဝသို့ ဒီပါ ပြန်ထွက်လာခဲ့သည်။ ခန်းမဆီမှ ကောင်းချီးသြဘာသံများ နှင့် ခရုသင်းမှု တ်သံများ ကို ပို၍ ကျယ်လောင်စွာ ကြားလိုက်ရသည်။
ဒီပါသည် `ဧကရီ´ ရှေ့မှ ထွက်ခွာလာသည့်အချိန်ထိ တစ်ခုခုကို မေ့လျော့နေခဲ့လေသည်။ သို့သော် သူမေ့လျော့သည့်အရာကို သူကိုယ်တိုင်ပင် သတိမထားခဲ့မိပေ။ `ဧကရီ´ ကို ရေး ဆွဲသော ပန်းချီကျော်၏ အမည် ကို သူ ဖတ်ရှုမသွားခဲ့။ အကယ်၍ သာ ထိုအရာကို သူ မေ့လျော့သွားခြင်းမရှိခဲ့ပါက `ဧကရီ´ ၏ ညာဘက်ထောင့် အောက်ဘက်တစ်နေရာမှ…
``ပန်းချီကျော် နိန္ဒ ရေး ဆွဲပူဇော်သည်´´ ဟူသော စာလုံးများ ကို သူ တွေ့ ရမည် ဖြစ်လေသည်။
``ဟေ့… ပြောတာမကြားဘူးလား၊ ထိပ်ထားသခင်မ ကြွာလာတဲ့လမ်းမှာ ဘယ်က ဇနပုဒ်အရိုင်းအစိုင်းသား ရောက်နေတာလဲ၊ သွားစမ်း… ဖယ်စမ်း´´
လေထဲသို့ ကြာပွတ်ဝှေ့ရမ်းသံကို ကြားလိုက်ရသည်။
ဒီပါ လှည့်ကြည့်လိုက်သည်။ ကြမ်းတမ်းခက်ထန်သော မျက်လုံးများ ကို တွေ့ လိုက်ရသည်။ သို့သော် နေရာမှမရွေ့လျားမိ၊ စကားပြန်လှန်မပြောဆိုမိ။
``တယ… ခေါင်းမာတဲ့ကောင်ပါလားဟေ့၊ ဒီအကောင် ကြောင်တောင်ကန်းလား၊ နားပင်းနေတဲ့ကောင်လား၊ ဆွံ့အနေတဲ့ကောင်လား၊ ပြောမရလို့ရှိရင် ကဲ… မဟိန္ဒကြာပွတ်အကြောင်း ပြလိုက်စမ်း´´
``သိပ်ကြိုက်ပေါ့ တပ်မှူး၊ ဒါမျိုးဆို သိပ်ကြိုက်ပေါ့… ကိုင်း…´´
``ရပ်လိုက်စမ်း´´
ကြာပွတ်သည် လေထဲတွင် ဝှေ့ရမ်းရင်း ရပ်တန့်သွားသည်။ အောင်မြင်လေးနက်သော အမိန့်ပေးသံတစ်ခု ပေါ်လာပြန်သည်။ ထိုအခါမှာ ပင် ဒီပါသည် ပုံလွှာတွင် စူးနစ်မြုပ်ဝင်နေသော သူ၏ အသိတရားတို့ကို ပြန်၍ ရရှိလာတော့သည်။
နန်းရင်းဝန်ကြီး ဗညားမွန်ထော်၏ မျက်နှာကို သူ ပထမဆုံး သတိပြုလိုက်မိသည်။ ဗညားမွန်ထော်သည် သူ့ကို အံ့အားသင့်စွာ ကြည့်နေလေသည်။
``မင်း ၀ိဟာရမှာ နေတဲ့ ဒီပါ မဟုတ်လား´´
``ဟုတ်ကဲ့´´
``မင်း ဒီအာကာရဋ္ဌထဲမှ ဘာလုပ်နေတာလဲ´´
``ကျွန်တော် …´´
``ဘာ ဖြစ်နေကြတာလဲ နန်းရင်းဝန်ကြီး´´
အပေါ်ဘက်ဆီမှ အသံတစ်သံ ပေါ်လာသည်။ ထိုအသံသည် ဂီတသံနှင့် မုန်တိုင်းသံ ရောစပ်နေသော အသံ ဖြစ်သည်။ ဒီပါ မော့ကြည့်လိုက်သည်။ ရွှေရောင် လက်သော ဝေါယာဉ်၊ ဝေါယာဉ်ပေါ်တွင် ကား…
``ဧကရီ´´
အရှိန်အဟုန်ပြင်းသော စကားလုံးသည် ဒီပါ၏ ရင်ထဲမှ လွင့်ထွက်သွားသည်။ သို့သော် အသံကား ပကတိ တိုးတိတ်ညင်သာနေသည်။
ပုံလွှာထဲမှ ဧကရီသည် ဒီပါကို စူးရှစွာ ငုံ့ကြည့်နေသည်။
``ဟုတ်ပါတယ်… ဧကရီပါ၊ ဆန့်ကျင်ဘက်တို့ ရောပြွမ်းနေတဲ့ အလှတရားပါ၊ ကျုပ် သိပါတယ်၊ ဒီဆံပင်၊ ဒီမျက်ခုံး၊ ဒီမျက်လုံး၊ ဒီလည်တိုင်၊ ဒီပခုံးစွန်း…´´
နှုတ်မှ အသံမထွက်တော့သော်လည်း ဒီပါ၏ ရင်ထဲတွင် မူကား စာလုံးများ သည် အရှိန်ပြင်းစွာ လှည့်ပတ်နေကြလေသည်။
``သူက ဘယ်သူလဲ နန်းရင်းဝန်ကြီး´´
``ဟို… အရှင်ဓမ္မဉာဏ သီတင်းသုံးတဲ့ မှော်ဝန်းမြစ်ကမ်းဘေးက ၀ိဟာရမှာ နေတဲ့ သူငယ်လေးပါ ထိပ်ထား၊ သူ အရှင်ဓမ္မဉာဏနဲ့အတူ လိုက်ပါလာတာ ဖြစ်ပါလိမ့်မယ်၊ ဟုတ်လားဟေ့… ဒီပါ´´
``ဟုတ်ကဲ့´´
``အံမာ… ဟုတ်ကဲ့တဲ့၊ တယ်လာတဲ့လူ၊ နန်းရင်းဝန်ကြီးကိုများ ဟုတ်ကဲ့တဲ့၊ ဇနပုဒ်က အရိုင်းအစိုင်းနဲ့ တူပါတယ်၊ ဟား… ဟား… ဟား…´´
``ကဲ… ကဲ… သွားကြပါစို့ နန်းရင်းဝန်ကြီး၊ သွားကြစို့´´
``မှန်ပါဘုရား´´
ဝေါယာဉ်သည် သူ့ရှေ့မှာ ပင် ဖြတ်သွားလေသည်။ ကြာပွတ်ကိုင်ရဲမက်က ရင်ဘတ်ကို တွန်းဖယ်လိုက်သဖြင့် ဒီပါ နောက်သို့ ဆုတ်လိုက်ရသည်။ သို့သော် ရဲမက်ကို သူ မကြည့်အား၊ ဝေါယာဉ်ပေါ်မှ `ဧကရီ´ ၏ နောက်ကျော်ပြင်ကိုသာ ငေးစိုက်ကြည့်နေမိသည်။ တဖြည်းဖြည်းဝေး၍ အာကာရဋ္ဌထဲမှ ထွက်ခွာပျောက်ကွယ်သွားသည်အထိ။
ပန်းချီကျော်တို့၏ ပုံလွှာများ ဖြင့် ခမ်းနားစည်ပင်နေခဲ့သော အာကာရဋ္ဌသည် ရုတ်ခြည်းမှေးမှိန် ဖျော့တော့သွားသည်ဟု ဒီပါ ထင်လိုက်သည်။ ပုံလွှာတို့၏ ဆေးရောင် နှင့် ကွေးကောက်လိမ်ယှက်နေသော မျဉ်းအရေး အကြောင်းတို့သည်လည်း ခန်းမဆောင်အတွင်း၌ ခြောက်သွေ့စွာ ကျန်ရစ်ခဲ့ကြပြီ။ ရှင်သန်ထကြွနေခဲ့သော အနုပညာ အငွေ့အသက်တို့သည်လည်း ခန်းမဆောင်၏ အခြားတစ်ဖက်သော မုခ်ပေါက်ဆီသို့ စုဝေးလိုက်ပါသွားကြကုန်ပြီ။
``ရွှန်းလဲ့လဲ့ မျက်လုံးတွေ ဟာ အပြင်မှာ လည်း တကယ့်ကို အေးစက်မာကျောနေကြပါလား၊ ပြုံးရောင် သမ်းတဲ့ နှုတ်ခမ်းမြွှာတွေ ကလည်း အပြင်မှာ တကယ့်ကို တင်းမာနေကြပါလား၊ `ဧကရီ´ထဲက ဧကရီရဲ့ ဆန့်ကျင်ဘက်တို့ ပေါင်းဆုံနေသော အလှကို ကျုပ် မအံ့သြတော့ဘူး၊ လောကမှာ အဲဒီ လိုအလှမျိုး တည်ရှိတယ်ဆိုတာကို ကျုပ် ယုံလိုက်ပြီ ဧကရီရေ´´
နန်းတော် ခန်းမဆောင်အတွင်းသို့ ဒီပါ ပြန်၍ မ၀င်နိုင်တော့ပေ။ နန်းတွင်းသူ နန်းတွင်းသားတို့ဖြင့် ပြည့်ကျပ်နေသော ခန်းမဆောင်သည် လှိုင်းလုံးတို့ဖြင့် အတိပြီးသော ပင်လယ်ရေပြင်လို ဖြစ်နေသည်။
ဘိသေကသဘင်သည် ပြီးစီးအောင်မြင်သွားပြီ ဖြစ်သည်။
သုခမုခနန်းစောရှင်၏ ဦးခေါင်းတွင် ရွှေရောင် မကိုဋ်တစ်ခု ဆင်မြန်းထားပြီး ဖြစ်သည်။ မင်းသားငယ်သည် ဟစ်အော်ကြွေးကြော်နေသည့် လူများ ကိုကြည့်ရင်း ပြုံးရယ်နေသည်။ အမြဲတစေ ခက်ထန်မောက်မာနေသော အမူအရာများ ပင် သူ့မျက်နှာပေါ်မှ ပျောက်ကွယ်နေသည်။ ဘိသေကသဘင်၏ နိဂုံးချုပ်တွင် သုခမိန်ချုပ် `ဓနဉ္စယ´ ပြောခဲ့သည့် နောက်ဆုံးစကားလုံးများ က သူ့နားထဲမှ မထွက်သေးပေ။
``သုခမုခနန်းစောရှင်သခင်သည် ယခု ဘိသေကသဘင်မှစ၍ သမိန်စက္က၀တ်ဟူသော နာမကို ခံယူအပ်ပေပြီ၊ သခင်သည် သမိန်စက္က၀တ် ဖြစ်ခဲ့ပေပြီ´´
သလွန်ပေါ်တွင် ထိုင်နေသည့် အစ်မတော် ကို လှမ်းကြည့်၍ မင်းသားငယ်သည် နှစ် ခြိုက်စွာ ပြုံးပြလိုက်သည်။ အစ်မတော် ကို အထူးတလည် ကျေးဇူးတင်နေမိသည်။ စင်စစ် သီလ၀ါကျွန်းစစ်ပွဲကို တိုက်ခိုက်အောင်မြင်ခဲ့သည်မှာ သုခမုခနန်းစောရှင်နှင့် အစ်မတော် တို့ နှစ် ဦး ဖြစ်သည်။ သမိန်စက္က၀တ်ဘွဲ့ကိုလည်း နှစ် ဦးပူးပေါင်းခွဲဝေ၍ ခံယူရမည် သာ ဖြစ်သည်။
သို့သော် ယခုမူ သုခမုခနန်းစောရှင် တစ်ဦးတည်းသာ သမိန်စက္က၀တ် ဘွဲ့ကို အပြည့်အ၀ခံယူသွားနိုင်ခဲ့သည်။
သုခမုခနန်းစောရှင်သည် ကျောတွင် စလွယ်သိုင်းထားသော လေးကိုင်းကို ပွတ်ရင်း သလွန်ဘက်သို့ လှမ်းပြောနေသည်။
``နေစမ်းပါဦး အစ်မတော် ရဲ့ ၊ ဘာကြောင့် သမိန်စက္က၀တ်ဘွဲ့ကို နန်းစောရှင်သာ ခံယူလို့ ပြောခဲ့တာတုန်း´´
``အစ်မတော် အတွက် စစ်သူရဲကောင်းဘွဲ့ဆိုတာ မလိုဘူး နန်းစောရှင်၊ ဒီဘွဲ့ဟာ ယောက်ျားတွေ နဲ့သာ ထိုက်တန်တယ်၊ မိန်းမတွေ ခံယူအပ်တဲ့ ဘွဲ့မဟုတ်ဘူး၊ တကယ်လို့ မိန်းမတွေ ခံယူအပ်တယ်ဆိုလည်း အစ်မတော် လက်မခံပါဘူး´´
``သြော်… သြော်.. ကျုပ်နားလည်ပြီ၊ အစ်မတော် မှာ ပါဒနန်းတော် တစ်ခုလုံး အလိုအလျောက် အပ်နှင်းထားတဲ့ ထိပ်ထားဧကရီဆိုတဲ့ဘွဲ့ ရထားပြီမဟုတ်လား… ဟား… ဟား… ဟား…´´
ဒီပါသည် နန်းတော် ခန်းမဆောင်သို့ဝင်သော စင်္ကြံလမ်းမှ ရှေ့သို့ဆက်၍ တိုးဝင်မရနိုင်တော့ပေ။ ပါဒနန်းတော် ရဲမက်အစုများ သည် တစ်စုပြီးတစ်စု စင်္ကြံလမ်းကို ဖြတ်သွားနေကြသည်။ ဆရာတော် အရှင်ဓမ္မဉာဏရှိရာသို့ ပြန်သွား၍ လည်း မရတော့။ လှိုင်းလုံးများ လို တစ်စုပြီးတစ်စု ဖြတ်သန်းနေသည့် လူအုပ်ကြီးကိုကြည့်ရင်း ဒီပါသည် ၀ိဟာရမှ သူ့အခန်းကိုသာ ပြန်သွားချင်နေသည်။ သို့သော် ၀ိဟာရသို့ ပြန်သွားရန်အတွက် တစ်ခုခုက သူ့ခြေလှမ်းများ ကို တုပ်နှောင်ထားပြန်သည်။
`ဧကရီ´ ကို တစ်ကြိမ်ထပ်၍ တွေ့ လိုသေးသည်။
ပုံလွှာရေး သော မျက်လုံးများ ဖြင့် ဧကရီကို ကြည့်လိုသေးသည်။
``အမောင်´´
စင်္ကြံလမ်း၏ ကျောက်ဖြူသားတိုင်တစ်တိုင် နောက်ကွယ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
ပြုံးရယ်နေသော မိတနော်၏ လှပသော မျက်နှာပေါ်လာသည်။
``အမောင့်ကို မိတနော် လိုက်ရှာနေတာ´´
``အာကာရဋ္ဌက အခုပဲ ပြန်ရောက်လာတယ်လေ´´
``ဟုတ်လား… အာကာရဋ္ဌထဲမှာ အမောင်ပုံလွှာတွေ အများ ကြီးတွေ့ ခဲ့တယ် မဟုတ်လား၊ အမောင် သဘောကျတယ် မဟုတ်လား´´
`ဧကရီ´ အကြောင်းကို ပြောပြမည် ဟု စိတ်ကူးလိုက်ပြီးမှ ချက်ချင်း ပင် ပြန်၍ မျိုသိပ်လိုက်သည်။
``အမောင် ဘာတွေ စဉ်းစားနေတာလဲ၊ မိတနော်ရဲ့ ပုံလွှာတူရော´´
``ဘယ်ဟာလဲ´´
``ဟင်… ဇေယျာဒီပတောင်ကုန်းမှာ တုန်းက အမောင် ပြောခဲ့တဲ့ ပုံလွှာလေ´´
``သြော်… ကျုပ် ရေး ပြီးပြီ မိတနော်၊ ဒါပေမယ့် စိတ်တိုင်းကျသေးဘူး၊ နည်းနည်း ထပ်ဖြည့်ချင်သေးတယ်´´
``ရေး ပြီးပြီ ဟုတ်လား၊ မိတနော် သိပ်ဝမ်းသာတာပဲ၊ အမောင် သိပ်တော် တာပဲနော်၊ အမောင် ပါဒနန်းတော် ကို လာနေပါလား… ဟင်၊ အမောင်လေ ပါဒနန်းတော် မှာ ဆိုရင် ပန်းချီကျော် ဖြစ်မှာ ပါ´´
ရဲမက်အစုတစ်စု သူ့တို့ရှေ့သို့ ရောက်လာသည်။ ရဲမက်အစု၏ ရှေ့ဆုံးမှ လိုက်လာသူကား ပါဒနန်းတော် တွင် အသက်အကြီးဆုံး တပ်မှူးကြီး သမိန်ဗြက်ဇ ဖြစ်လေသည်။ မိတနော်သည် ရုတ်တရက် ကျောက်ဖြူသားတိုင်လုံးနောက်သို့ ပုန်းကွယ်လိုက်သည်။ ရဲမက်တစ်ခု လွန်သွားပြီးမှ တိုင်လုံးနောက်ကွယ်မှ ပြန်၍ ထွက်လာသည်။
``မိတနော် ဘာ ဖြစ်သွားတာလဲ´´
``အို… ဟို… တပ်မှူးကြီးပါ၊ သူ့ကိုကြောက်လို့´´
``ဘယ်သူလဲ၊ ဘယ်က တပ်မှူးကြီးလဲ´´
``ဟိုမှာ …´´
မိတနော် သမိန်ဗြက်ဇကို ညွှန်ပြလိုက်သည်။ သို့သော် နောက်ထပ်ရဲမက်အစု တစ်စု ဖြတ်သွားသဖြင့် တပ်မှူးကြီး သမိန်ဗြက်ဇကို ဒီပါ မမြင်လိုက်တော့ပေ။ အကယ်၍ ရဲမက်တစ်စုစု ဖြတ်မသွားသည်ပင်ဆိုစေဦး၊ တပ်မှူးကြီး သမိန်ဗြက်ဇသည် ဒီပါ၏ ရှေ့မှော က်တွင် ရပ်နေသည်ပင်ဆိုစေဦး၊ တပ်မှူးကြီး သမိန်ဗြက်ဇ ကို ဒီပါ မြင်မည် မဟုတ်တော့။
ရွှေဝေါယာဉ်သည် ခန်းမဆောင်အတွင်းရှိ လူများ အပေါ်မှ ကဲမိုးနေသည်။ ရွှေဝေါယာဉ်ဖြတ်သွားရာ နေရာတိုင်းတွင် နန်းတော် သားတို့ ဒူးတုပ်နေကြသည်။ ဧကရီကို တွေ့ ရပြန်လေပြီ။
``အမောင်… ဘာတွေ များ .. သြော်…. နှင်းဟေမာ ထိပ်ထားပါလား´´
``ဘယ်သူ… ဘာ… မိတနော်´´
``နှင်းဟေမာလေ၊ နှင်းဟေမာထိပ်ထား၊ အရှင့်သားနန်းစောရှင်ရဲ့ အစ်မတော် ပေါ့´´
``နှင်းဟေမာ… တဲ့လား´´
``အင်းလေ… နတ်ရွာစံ ရာဇာစောနောင်ဘုရင်ကြီးရဲ့ သမီးတော် ´´
ရွှေဝေါယာဉ်သည် စင်္ကြံတစ်ခုအတွင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။ စင်္ကြံလမ်းအကွေ့သို့ ရွှေဝေါယာဉ် ချိုးကွေ့ဝင်သွားသည့် တဒင်္ဂမြင်ကွင်းသည် ရုတ်ခြည်းပင်း ဒီပါ၏ ရင်ထဲသို့ စူးနစ်ဝင်ရောက်သွားလေသည်။
စင်္ကြံလမ်းကွေ့နံရံတွင် ချိတ်ဆွဲထားသည့် ကညင်ဆီမီးတိုင်မှ မီးရောင် သည် ဝေါယာဉ်ပေါ်မှ `ဧကရီ´ ၏ မျက်နှာပေါ်သို့ လေတွင် လွင့်နေသော တိမ်ရိပ်တစ်ခုသဖွယ် ဖြတ်သန်းသွားသည်။ ဧကရီ၏ မျက်နှာပြင်မှ နုညက်ခြင်းအဆင်းကို အဝေးမှပင် ထင်ထင်ရှားရှား တွေ့ လိုက်ရသည်။ လည်တိုင်မှ ပုလဲသွယ်နှင့် ပခုံးတွင် ဖြန့်ကျက်ထားသော ရတနာကမ္ဗလာတို့သည် ရုတ်တရက် ပြိုးပြက်သွားကြသည်။ ထို့ထက် ဝေါယာဉ်၏ ရှေ့တူရူဆီသို့သာ မမှိတ်မသုန် ကြည့်နေသော ၀ဲယာထက်အောက်သို့ စောင်းငဲ့၍ ကြည့်မနေသော ဧကရီ၏ မျက်လုံးများ က ပို၍ ကွန့်မြူးတောက်ပ နေကြသည်။ အလှတရားသည် အချိန်တိုင်းတွင် မာန်မာနကို ဆင်ယင်ထားနေသည်။
``ဧကရီရဲ့ ပုံလွှာကို ငါ ရေး လို့ရပြီ´´
``ဘာလဲဟင်၊ အမောင်… ဘာကို ရေး လို့ရပြီလဲ´´
``ဧကရီရဲ့ ပုံလွှာ´´
``ဘယ်ဧကရီလဲ´´
မိတနော်ဘက်သို့ ပြန်လှည့်လိုက်သည်။ ဒီပါ၏ မျက်နှာမှာ ထူးထူးခြားခြား တည်ငြိမ်သွားသည်ဟု မိတနော် သတိထားလိုက်မိလေသည်။
``မင်း… မသိပါဘူး၊ ပန်းချီရေး ဆွဲတဲ့ လူ တစ်ယောက် ရဲ့ အာရုံကို မင်း မသိဘူး မိတနော်´´
ဒီပါ၏ အသံသည်လည်း ရုတ်တရက်ပင် စိမ်းကားသော အသံ ဖြစ်သွားသည်။ မိတနော်သည် စင်္ကြံလမ်း၏ ကျောက်ဖြူတိုင်းလုံးမှ ပန်းကနုတ်များ ကို အယောင်ယောင်အမှားမှား ဆုပ်ကိုင်သွားမိလေသည်။ ထို့နောက် မသိမသာ တုန်ယင်နေသော အသံဖြင့် ဒီပါကို စေ့စေ့ကြည့်ရင်း ပြောသည်။
``ပန်းချီရေး တဲ့ လူတစ်ယေက်ရဲ့ အာရုံကို မိတနော်လည်း မသိပါဘူး၊ သိလည်း မသိချင်ပါဘူး အမောင်၊ ဒါပေမယ့် ဒီပါဆိုတဲ့ လူ တစ်ယောက် ကိုတော့ မိတနော် သိချင်တယ်၊ အမောင့်ကိုတော့ မိတနော် သိလည်း သိပါတယ်´´
``ဘာတွေ ပြောတာလဲ မိတနော်၊ ကျုပ် နားမလည်ဘူး၊ အဲဒါတွေ ထားလိုက်စမ်းပါ၊ ခုနက ရွှေဝေါယာဉ်ပေါ်မျာ ပါသွားတဲ့သူဟာ ရာဇာစောနောင်ဘုရင်ကြီးရဲ့ သမီးတော် နှင်းဟေမာတဲ့လား… ဟုတ်လား´´
``ဟုတ်တယ်… အမောင်၊ နှင်းဟေမာတဲ့´´
`နှင်းဟေမာ မဟုတ်ပါဘူး၊ သူက ဧကရီပါ´ ဟု ဒီပါ စိတ်ထဲမှ ရေရွတ်နေမိသည်။
``အမောင်´´
``ဘာလဲ… မိတနော်´´
``မိတနော် ပုံလွှာတူ မနက်ဖြန် ရမလားဟင်၊ အမောင် ဒီနန်းတော် ကို မလာပါနဲ့၊ မိတနော် ဇေယျာဒီပတောင်ကုန်းကို လာခဲ့ရမလား´´
``ဇေယျာဒီပကို မလာနဲ့ မိတနော်၊ ၀ိဟာရကိုပဲ လာခဲ့၊ ၀ိဟာရမှာ ကျုပ် ရှိနေမယ်´´
မိတနော်၏ ဆံစများ နှင့် ငွေချည်ပ၀ါမြိတ်တို့ လေတွင် လွင့်ဝဲနေပုံကို မကျေနပ်နိုင်သေး၍ ဇေယျာဒီပတောင်ကုန်းဆီကို သွားမည် ဟု ကြံစည်ထားခဲ့သော စိတ်ကူးများ ပျက်ပြယ်သွားသည်ကို ဒီပါသည် မိမိကိုယ်ကို သတိမထားလိုက်မိပေ။
``ကောင်းပြီး အမောင်၊ မနက်ဖြန် မိတနော် ၀ိဟာရကို လာခဲ့မယ်´´
``ကောင်းပြီလေ၊ ဘိသေကလည်း ပြီးသွားပြီ၊ ကျုပ်ပြန်မယ်၊ ဆရာတော် ကိုလည်း မတွေ့ ရတော့ဘူး´´
ဒီပါ လှည့်ထွက်လာခဲ့သည်။ ကျောက်ဖြူတိုင်လုံးမှ ပန်းကနုတ်များ ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သော မိတနော်က ခပ်တိုးတိုးမှာ နေလေသည်။
``ပုံလွှာတူနော်… အမောင်၊ မိတနော်ရဲ့ ပုံလွှာတူ´´
``ပါဒနေပြည်တော် တစ်ဝန်းလုံးမှာ ဘုရားစေတီတွေ နဲ့ချည်း ပြည့်နေစေချင်သလား… ရပါတယ်၊ ပါဒနိုင်ငံတော် သားတွေ ကို နေ့စဉ်နဲ့အမျှ ဘုရားတည်တဲ့ အလုပ်နဲ့ပဲ အချိန်ကုန်စေချင်တာလား… ဖြစ်ပါတယ်၊ ဒါဟာ သိပ်ခဲယဉ်းတဲ့ကိစ္စ မဟုတ်ပါဘူး၊ ဒီမှာ … နန်းရင်းဝန်ကြီး၊ ကျုပ်ခမည်းတော် ကစပြီး အစဉ်အဆက်ကို ရေတွက်ကြည့်စမ်း၊ ဘကြီးတော် ဟံသာသေနမင်းကြီး၊ ဘိုးတော် မြတ်စောနောင်မင်းကြီး၊ ပြီးတော့ ဘိုးတော် ကြီး နရသေနမင်း…´´
သမိန်စက္က၀တ်ဘွဲ့ခံ နန်းစောရှင်၏ အသံသည် နန်းတော် ရင်ပြင်တွင် ဟိန်း၍ ထွက်နေသည်။ နန်းစောရှင်မှတစ်ပါး ကျန်အမှူးအမတ်အားလုံးသည် နားထောင်သူများ ချည်း ဖြစ်နေသည်။
``… သီလ၀ါကျွန်း သူပုန်သူကန်လို စစ်မက်အရေး ပေါ်လာတော့ ဘယ်သူ ဘာတတ်နိုင်ကြသေးလဲ၊ ဘုရားတည်နေတဲ့ လက်တွေ ဟာ သူပုန်ရဲ့ လည်မျိုကို ချိန်ရွယ်ပစ်လွှတ်ဖို့ လေးနဲ့မြားတံကို မကိုင်နိုင်ြ ကတော့ဘူး မဟုတ်လား၊ ကျုပ်နဲ့ အစ်မတော် တို့သာ ဒီအရေး ကို ဦးမဆောင်နိုင်ရင် ဒီ ပါဒနန်းတော် ထဲက ဘယ်ဘုရားဒါယကာ၊ ဘယ်စေတီဒါယကာ ထွက်လာမလဲ´´
သုခမုခနန်းစောရှင်၏ ပျိုရွယ်သော မျက်နှာပြင်သည် နီရဲနေသည်။ တပ်မှူးကြီး သမိန်ဗြက်ဇအား ခေါင်းငိုက်စိုက်ချလျက် ကျောက်ရုပ်တု၏ ငြိမ်သက်ခြင်းမျိုးဖြင့် ရပ်နေသည်။ နန်းရင်းဝန်ကြီး ဗညားမွန်ထော်သည်လည်း နန်းတော် ၏ ကျောက်သားရင်ပြင်မှ မျက်နှာမခွာတော့။ ကျန်တပ်မှူးများ နှင့် အမှူးအမတ်တို့သည်လည်း နန်းစောရှင်ကို မကြည့်ဘဲ မိမိတို့၏ ရှေ့တူရူဆီသို့သာ မမှိတ်မသုန် ငေးငိုင်နေကြသည်။
``သီလ၀ါကျွန်းစစ်ပွဲ အောင်မြင်မှု ရဲ့ အောင်ပွဲအ ဖြစ် ဘုရားစေတီတစ်ဆူ တည်သင့်ပါသည်´´ ဟု ဗညားမွန်ထော်က ညီလာခံစတင်ပြုလုပ်သည့်အချိန်တွင် သုခမုခနန်းစောရှင်အား အကြံပေးတိုက်တွန်းခဲ့သည်။ ``ဘုရားစေတီတည်ဖို့ တကယ်လိုအပ်နေသလား´´ ဟု နန်းစောရှင်က မေးသော အခါ ပုထိုးစေတီတည်ဆောက်မှု တွင် အဦးအစီး တာဝန်ယူရသော အမတ်က နာခံတော် တစ်ဦးထံမှ ပုရပိုက်ကိုယူပြီး ပါဒဘုရင်အစဉ်အဆက် တည်ခဲ့သည့် ဘုရားစေတီများ ၏ မော်ကွန်းကမ္ဗည်းကို ဖတ်ကြားလိုက်သည်။
သုခမုခနန်းစောရှင်သည် အမတ်၏ ဖတ်ကြားသံ မဆုံးမီမှာ ပင် ပြင်းထန်သော အသံဖြင့် အော်ငေါက်လိုက်သည်။ ထိုအချိန်မှစ၍ ညီလာခံသဘင်သည် နန်းစောရှင်၏ ဒေါသတို့ဖြင့် သာ လွှမ်းမိုးသွားခဲ့လေသည်။
``ဘုရားပုထိုးတွေ နဲ့ ပြည့်နေတဲ့ ပါဒနိုင်ငံရဲ့ ပြင်ပကို လှမ်းကြည့်လိုက်ကြစမ်း၊ အရှေ့ဘက်မှ အနောက်ဘက်မှာ မြောက်ဘက်မှာ အရပ်ရှစ်မျက်နှာဝန်းကျင်မှာ ယူဇနာပေါင်းများ စွာ ဝေးကွာတဲ့ ဟိုး… မဇ္ဈိမဒေသက အသားမည်းနက်တဲ့ ရန်သူတွေ ဟာ ပါဒနိုင်ငံတော် ရဲ့ ဘုရားစေတီတွေ ရဲ့ အထဲက ဌာပနာတွေ ကို ဖောက်ပြီး အထဲက ရတနာတွေ ကို လုယူဖို့၊ သိမ်းပိုက်ဖို့ ကြံစည်ကြိုးစားနေကြမယ်ဆိုတာကို မသိကြဘူးလား၊ ဒါကို မတွေးကြမိဘူးလား… ဟင်၊ ပြောကြစမ်းပါဦး´´
`သမိန်စက္က၀တ်ဘွဲ့ကို ခံယူပြီးတဲ့နောက်ပိုင်းမှာ နန်းစောရှင်က ပိုပြီးခက်ထန်လာတယ်၊ သီလ၀ါကျွန်းစစ်ပွဲဟာ သူ့ရဲ့ ခက်ထန်မောက်မာမှု ကို မီးမြှိုက်ပေးလိုက်သလို ဖြစ် သွားပါပကောလား´
နန်းရင်းဝန်ကြီးသည် ဖြူလွသော ကျောက်သားရင်ပြင်ကို ငေးကြည့်ရင်း စိတ်ထဲမှ ရေရွတ်နေမိလေသည်။
`မဇ္ဈိမဒေသက အသားမည်းနက်တဲ့ ရန်သူတဲ့၊ ပါဒနိုင်ငံတော် ရဲ့ ဘုရားစေတီပုထိုးတွေ မှာ ဒီလိုပြင်းထန်တဲ့ ရန်သူတွေ ၀ိုင်းဝိုင်းလည်နေတယ်ဆိုတာ ဘယ်ဘုရင်လက်ထက်တုန်းကမှလည်း မသိခဲ့ရပါလား၊ ဘာမှလည်း မ ဖြစ်ခဲ့ပါလား၊ အင်း… သမိန်စက္က၀တ်ဟာ သူ့ရဲ့ ဆူပွက်နေတဲ့ စစ်သွေးကို အချည်းနှီး အသုံးချချင်လို့ မရှိတဲ့အရေး ကိစ္စကို အရေး တကြီး လုပ်နေတာပဲ၊ ခက်တယ်လေ… သူကလည်း ရက်များ မကြာမီမှာ ပါဒနိုင်ငံရဲ့ ဘုရင်ဧကရဇာ် ဖြစ်လာတော့မှာ ကိုး၊ ခက်ထန်မောက်မာပြီး စစ်သေးတွေ ဆူနေတဲ့ အသက်နှစ် ဆယ်မပြည့်သေးတဲ့ မင်းပျို တစ်ယောက် ရဲ့ အုပ်ချုပ်မှု အောက်မှာ ဘာတွေ ဖြစ်လာမလဲ မသိဘူး´´
``မျက်နှာတွေ အောက်ငုံ့ပြီး မှိုင်တွေ မနေစမ်းပါနဲ့၊ ဒါဟာ ဘုရားတစ်ဆူတည်ပြီး ရေစက်ချတဲ့ ဓမ္မသဘင်မဟုတ်ဘူး၊ ဒါဟာ ရှင်ဓမ္မဉာဏရဲ့ ၀ိဟာရမဟုတ်ဘူး၊ သမိန်စက္က၀တ်ရဲ့ ညီလာခံ´´
နန်းစောရှင်သည် ပလ္လင်ထက်မှ ဆင်းလာသည်။
ဗညားမွန်ထော်သည် ရီဝေသော ၊ သို့သော် စူးရှင်နေဆဲ ဖြစ်သော မျက်လုံးများ ဖြင့် နန်းစောရှင်ကို မော့ကြည့်လိုက်လေသည်။
``အရှင့်သား… ဘုရားပုထိုးစေတီ တည်ဖို့ကိစ္စဟာ ပါဒနိုင်ငံသူ နိုင်ငံသားတွေ အတွက် ပင်ပန်းဆင်းရဲတဲ့တာဝန်တော့ မ ဖြစ်ကောင်းပါဘူး၊ ဒါပေမယ့် ဒီလိုကိစ္စမျိုးကို ခုနေခါမှာ မဆွေးနွေးသင့်ဘူး ထင်ပါတယ်၊ အရှင်ဗုဒ္ဓဉာဏနဲ့ အရှင်ဓမ္မဉာဏ မထေရ်မြတ်နှစ် ပါးကိုယ်တိုင် ဦးစီးဆွေးနွေးတိုင်ပင်မှသာ အရာရောက်ပြီးပြတ်မယ်လို့လည်း ထင်ပါတယ်´´
သမိန်ဗြက်ဇနှင့် အခြားတပ်မှူးများ ၊ အမှူးအမတ်မျာသည် ဗညားမွန်ထော်၏ စကားကို လက်ခံသဘောတူသည့်အသွင်ဖြင့် ငုံ့ထားကြသော ၊ ငေးငိုင်နေကြသော မျက်နှာများ ၊ မျက်လုံးများ ကို ပြန်၍ လှုပ်ရှားလိုက်ကြသည်။
``ကောင်းပြီလေ၊ နန်းရင်းဝန်ကြီး ပြောတလည်း မဆိုးပါဘူး၊ ပြီးတော့ ကျုပ်ဟာ ပါဒနိုင်ငံတော် ရဲ့ အစဉ်အလာကိုတေ့ မဖောက်ဖျက်ကောင်းဘူး မဟုတ်လား၊ ကဲ… ကောင်းပြီ၊ အခုပဲ ၀ိဟာရကို သွားကြစို့၊ ဒီလို ဘုရားတည်တဲ့ကိစ္စမျိုးနဲ့ သမိန်စက္က၀တ်ရဲ့ အချိန်တွေ ကို အချည်းနှီးအ ဖြစ်မခံနိုင်ဘူး၊ ကိုင်း… နန်းရင်းဝန်ကြီး ၀ိဟာရကို သွားဖို့ စီစဉ်ပါ´´
သမိန်ဗြက်ဇနှင့် ဗညားမွန်ထော်တို့သည် အလိုအလျောက် တစ်ယောက် ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်မိကြသည်။ ထိုမျက်လုံးနှစ် လုံးတို့၏ အတွင်း၌ ရှိသော အဓိပ္ပါယ်များ သည် အသီးသီး အသက တူညီနေကြမည် ဟုလည်း နှစ် ဦးစလုံး နားလည်နေမိကြလေသည်။
ရတနာဂီရိ အကျဉ်းသား | ဟိမ၀န္တာ ခရီးသည် | မဏီစန္ဒာဥဒါန်း |