(စာရေး သူ၏ အမှာ စာ)
လေးစားအပ်သော စာဖတ်သူသို့
ဦးစွာ ဝန်ခံရသည်မှာ ဤ ‘ချစ်သူမင်းနန္ဒာ’သည် မည် သည့်ရာဇဝင်သမိုင်းကျမ်း တွင် မျှ မပါရှိသော ၊ စာရေး သူ၏ စိတ်ကူးသက်သက်ဖြင့် ဖန်တီးထားသော ဝတ္ထု ဖြစ်သည် ဆိုသည့် အချက်ပင်။
မူရင်းဇာတ်ကိုယ်နှိုက်ကပင် စိတ်ကူးယဉ် ဒဏ္ဍာရီတွင် လည်း သူ့အလှနှင့် သူ ရှိနေ ပေသည်။ ထိုဒဏ္ဍာရီအပေါ်တွင် ကျွန်တော် ထပ်ဆင့် စိတ်ကူး ‘ယဉ်’ပါသည်။ (စိတ်ကူးယဉ် ဆိုသည်မှာ စိတ်ကူးရိုင်းမဟုတ်ဟု အနက်တစ်ခုဖွင့်သော် သင့်လေမည် လား မသိပါ။)
ထို စိတ်ကူးယဉ်ထဲတွင် ကျွန်တော် သည် ခေတ်တစ်ခေတ်၊ ကာလတစ်ခု၊ အခြေ အနေတစ်ရပ်ကိုမူတည်ဆောက်ယူလိုက်ပါသည်။ ထိုအခြေအနေမှာ မြန်မာနိုင်ငံသို့ ကိုလိုနီ နယ်ချဲ့စနစ်၏ ရှေးဦးလက်တံများ စတင်စမ်းသပ်ထိကိုင်သာအစပြုသည့်အခြေအနေ ပင် ဖြစ်သည်။ ကမ္ဘာတွင် ရေကြောင်းကူးသန်းရောင်းဝယ်သူ တို့သည် ကိုလိုနီစနစ်ကို စတင် မျိုးစေ့ချသူများ ဖြစ်သည်ဟု ဆိုပါသည်။ ထိုအဦးအစ လူမျိုးများ အနက်တွင် ဒတ်ခ်ျ၊ စပိန်၊ ပေါ်တူဂီတို့သည် အပြိုင်းအရိုင်း စထွက်ခဲ့ကြသူများ ဖြစ်သည်။ မြန်မာပဒေသရာဇ်လူ့အဖွဲ့ အစည်းတွင် ထိုကိုလိုနီသမားတို့နှင့် ပတ်သက်ရာပတ်သတ်ကြောင်းများ လည်း ဖြစ်ပွားခဲ့ သည်။ (ဥပမာ- တောင်ငူခေတ်၊ နတ်သျှင်နောင်၊ ဒီဘရစ်တို၊ မဟာဓမ္မရာဇာဘုရင်…)။
မူရင်းဇာတ်သည် ဒဏ္ဍာရီဇာတ် ဖြစ်လေရကား၊ ကျွန်တော် တည်ဆောက် ယူလိုက် သော ကာလအပိုင်းအခြားမှာ လည်း၊ တကယ့်သမိုင်းဝင်ကာလအပိုင်းအခြားနှင့် မရော ထွေးမငြိစွန်းရအောင်၊ဒီဘရစ်တိုတို့မတိုင်မီ(ဒီဘရစ်တိုတို့မရောက်မီ) ကာလဟု သတ်မှတ် ယူလိုက်ပါသည်။
ဤသို့ သတ်မှတ်လိုက်ခြင်းအားဖြင့် သက်ဆိုင်ရာ ဒေသနောက်ခံသမိုင်းများ (ဥပမာ- ဒဂုံသမိုင်း၊သန်လျင်သမိုင်း) မှာ လည်း အထိအခိုက် အပွန်းအပဲ့မရှိနိုင်ဟု ရိုးသား စွာ မှတ်ယူမိပါသည်။ မှတ်ယူမိသည်နှင့် အမျှလည်း သတိထားရှောင်ရှားရေး သား ပါသည်။
ယင်းသို့ ရေး သားအားထုတ်သည့်အထဲက (အမှားမကင်းစင်နိုင်သော လူတို့၏ သဘာဝ အရ) အပြစ်ဆိုစရာရှိနေပါက၊ ထိုအပြစ်ကိုကျွန်တော် သည်တစ်စုံတစ်ရာ ငြင်းဆန် ခုခံချေပခြင်းပြုမည် မဟုတ်စေကာမူမိမိ၏ နှလုံးသားကိုအားကိုးအားထားပြုကာ လျှောက်လဲ စရာ တစ်ခုတော့ ရှိလာနိုင်ပါသည်။
ထိုလျှောက်လဲချက်သည် ဝတ္ထု၏ အဆုံးတွင် ပေါ်ပေါက်လာလိမ့်မည် ။
“ချစ်သူမင်းနန္ဒ”တွင် ကျွန်တော် ကိုလိုနီစနစ်၏ ပြယုဂ်ဇာတ်ဆောင် အချို့ကို ခွဲစိတ် တင်ပြပါသည်။ (အန်တိုနီယို၊ ဒေါ်လ်ဆင်)။ သူတို့နှင့် ဆန့်ကျင်အားပြိုင်သော ဇာတ် ဆောင်များ ထဲတွင် စာရေး သူ၏ ဝိညာဉ်အစိတ်အပိုင်းများ ဟိုတပြန့် သည်တပြန့် ပါဝင်နေပါ လိမ့်မည် ။
နိဂုံးမှာ -
“ချစ်သူမင်းနန္ဒာ” အတွက် ကျမ်းကိုးများ ဖြစ်ပါသည်။
စာရေး သူ၏ စိတ်ကူးယဉ်ဇာတ်ဟု ဆိုထားခဲ့သည့် အားလျော်စွာ ဤဝတ္ထုအတွက် အရန် အကိုးအကားစာအုပ်များ မှာ -
၁။ ရှင်မွေးလွန်း မင်းနန္ဒာဇာတ်ထုပ်။
၂။ မွေ့နွန်းရကန် (ရွှေတောင်နန္ဒသူ) - တို့ ဖြစ်ကြပြီး ပင်မ အကိုးအကား စာအုပ်မှာ စာရေး သူ၏ နှလုံးသားပေါ်မှာ စာလုံးများ ပင် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
လေးစားသော
ချစ်ဦးညို
၃၁.၅.၈၃
အခန်း (၁)
“ကေဗင်” အခန်းထဲမှထွက်ပြီး သင်္ဘောကုန်းပတ်ပေါ်သို့ သူတက်လာချိန်တွင် နေလုံးသည် ပင်လယ်ဝတစ်ဘက်သို့ မြုပ်ကျလုဆဲဆဲ ဖြစ်နေပေပြီ။
ဝင်လုဆဲနေနီ၏ လက်တံရှည်ရောင် ခြည်များ သည် ပင်လယ်မျက်နှာပေါ်တွင် လျှော တိုက်ပြေးလွှာလာရာမှ သူ့သင်္ဘော “ပရင့်ဆက်စ်” ပေါ်သို့ အနီရောင် များ ကို ပက်ကြဲ ပေး ထားသည်။ ကုန်းပတ်တစ်ခုလုံး နေနီရောင် ဖြင့် ခြင်းခြင်းရဲနေသည်။ ရွက်တိုင်များ နှင့် ရွက် များ မှာ တစ်ခြမ်းနီ တစ်ခြမ်းနက် ဖြစ်နေသည်။
စပျစ်ရည်စက်များ တစ်စွန်းတစ်စ ပေကျံနေသည့် နှုတ်ခမ်းမွေးနှင့် ပါးမြိုင်းမွေးများ ကို သူ့လက်ခုံဖြင့် သုတ်လိုက်သည်။ ပြန်ချလိုက်သော လက်သည် ခါးစည်းကြားမှ ဓားရိုး ပေါ်သို့ ရောက်သွားလေသည်။
သူ့‘လူ’များ ကို တစ်ချက်ဝေ့ကြည့်သည်။ စပျစ်ရည်လိမ်းကျံထားအပ်သော မျက်လုံး အရောင် များ ဖြင့် သူ့လူများ ကသူ့ကိုကြည့်နေကြသည်။ သူတို့၏ တွဲ လောင်းချထားသော လက်များ ၊ ခပ်ကားကား ချဲရပ်ထားသော ခြေများ က သူ့နှုတ်မှ အမိန့်တစ်စုံတစ်ရာကို ရရ ချင်း မဆုတ်မဆိုင်း လှုပ်ရှားတော့မည့် ဟန်ဖြင့် ကြွကြွရွရွ ဖြစ်နေကြသည်။
သူရှေ့တိုးသွားသည်။ သူ့လူများ က နောက်သို့ တိမ်းပေးကြသဖြင့် သွားသာရုံ လမ်းကြောင်း ဖြစ်ပေါ်လာသည်။ ဝဲယာလူများ အကြားမှ သူ့ခြေသံပြင်းပြင်း လျှောက်ခဲ့ သည်။ လက်ရှည်သားရေပျော့ ဖိနပ်ခွာတွင် သံမှိုပွင့်များ စွဲထားသော ကြောင့် ကုန်းပတ်နှင့် ဖိနပ်ခွာရိုက်သံသည် ဖြောင်းဖြောင်း မြည် နေသည်။
သင်္ဘောနံရံဘက်သို့ သူလျှောက်သွားပြီး လက်ရန်းပေါ်တွင် လက်ထောက်ကာ ရပ်လိုက်သည်။ နေနီရောင် ဟပ်နေသော အဝေးဆီမှ ကမ်းခြေကို ပျပျရေး ရေး တွေ့ ရ လေသည်။ မုတ်ဆိတ်ကျင်စွယ်ကိုဘယ်လက်ခုံဖြင့် သပ်ကာ ညာလက်ကို ဘေးဘက် သို့ ဆန့်ထုတ်လိုက်သည်။ သူ့လူ တစ်ယောက် က သူ့လက်ထဲသို့ မှန်ပြောင်းတစ်လက် ထည့် ပေးသည်။ မှန်ပြောင်း၏ ကြည့်ပေါက်ကို သူ့မျက်လုံးဆီသို့ ဖိကပ်လိုက်လေသည်။
အဝေးအနီး၊ အမှု န်အပြတ်ကို သူချိန်သည်။
မှန်ပြောင်း၏ စက်ဝိုင်းမျဉ်းအတွင်း သူလိုချင်သော ထင်ရှားပြတ်သားမှု ကို ရပေပြီ။ ကမ်းခြေ၊ သော င်ခုံ၊ တံငါတဲ၊ ပိုက်စင်၊ စဥ့်အိုးများ ၊ ထို့နောက် လှုပ်လှုပ်ရွရွလူများ ။
မှန်ပြောင်းကို မျက်နှာမှခွာလိုက်သည်။ သူ့လူ တစ်ယောက် က မှန်ပြောင်းကိုလာ သိမ်းသွားသည်။ မည် သူမျှမြင်သည်မဟုတ်ပါဘဲ သူနှစ် ခြိုက်အားရစွာ ပြုံးသည်။ ကမ်းဘက် သို့ မျက်နှာမူထားရာမှ သင်္ဘောအတွင်းဘက်သို့ သူပြန်လှည့်လိုက်ချိန်တွင် ကား ထိုအပြုံး သည် မရှိတော့။ အပြုံးအစား ခက်ထန်သော အသွင်ကိုသာ သူ့လူများ တွေ့ ကြရသည်။
“ရွက်ဖြုတ်”
အနီးအနားမှ သူ့လူနှစ် ယောက် ၊ သုံးယောက် ကြားရုံသာ သူအမိန့်ပေးသည်။ သို့ သော် ထိုအမိန့်သည် သူ့လက်ထောက်၏ နှုတ်မှတစ်ဆင့် အော်ဟစ်အမိန့်ပေးသံအ ဖြစ် ပြောင်းလဲသွားလေသည်။
“ရွက်ဖြုတ်”
ရွက်တိုင်မကြီးပေါ်သို့ တစ်ယောက် တက်သွားသည်။ ကြိုးလှေကားမှာ ယိမ်းခါနေ လေသည်။ မကြာမီမှာ ပင် “ပရင့်ဆက်စ်”ဟူသော စာလုံးနီနီ ရဲရဲရေး ထိုးထားသည့် ရွက်ကြီး ပြုတ်သွားလေသည်။ ရွက်မကြီးနှင့် မရှေးမနှောင်းမှာ ပင် သင်္ဘောဦးပိုင်းရှိ ရွက်တိုင်များ မှ လည်း ရွက်များ သိမ်းပြီး ဖြစ်သွားသည်။
“တက်ကိုင်”
စောစောကလိုပင် သူ့အမိန့်ကို တစ်ယောက် က ထပ်ဆင့်အော်ဟစ်ဖြန့်ဝေသည်။
“တက်ကိုင်”
ကောင်းစွာ လေ့ကျင့်သင်ကြားထားသော စစ်သည်တော် များ ကဲ့သို့ပင် သူ့လူများ သည် သင်္ဘောတစ်ဖက်တစ်ချက် လှော်တက်ခုံများ သို့ဝင်ထိုင်ကြသည်။ လက်ထောက် တစ်ယောက် က အမျိုးအမည် မသိတတတ်နိုင်သည့် လေးလေးတွဲ့ တွဲ့  အော်သံကြီးဖြင့် ‘တိုင်’ပေးလိုက်သည်။ တက်ကိုင်သူများ က တောခွေးအုပ်များ တညီတည်း အူလိုက်သည့် ပမာညာသံပေးကာ အော်ကြသည်။
သင်္ဘောအရှိန် မြန်လာသည်နှင့် အမျှ ရွက်မရှိသော ရွက်တိုင်ထိပ်မှ အလံနက်သည် တဖျပ်ဖျပ် လွန့်ခါနေတော့သည်။ ထိုအလံ တဖျပ်ဖျပ်လှုပ်ခတ်တိုင်း၊ ထိုအသံကို နားထောင် မိတိုင်း သူ့တစ်ကိုယ်လုံးရှိသွေးများ ဆူပွက်လာစမြဲပင်။ အလံနက်၏ လှုပ်ခတ်သံသည် သူ့အတွက်သက်ရှိထင်ရှားလူသား တစ်ယောက် ၏ စကားပြောသံလို ဖြစ်နေသည်။ထိုလူသား မှာ လည်း ယောကျာ်းမဟုတ်၊ မိန်းမ ဖြစ်သည်။
“ဟိုရှေ့မှာ ရန်သူရှိနေပြီလေ၊ ရန်သူကိုတွေ့ နေရပြီလေ၊ ဓားကောက်ကို အသင့် ပြင်ထား၊ ပစ္စတိုကိုအသင့်ပြင်ထား၊ အမြောက်တွေ ကို အသင့်ပြင်ထား၊ သူတို့ဟာ ရှင့်ရန်သူ တွေ ပဲ၊ မောရစ်။ဟုတ်တယ်။ သူတို့ကို ရှင်က မသတ်ရင်၊ ရှင့်ကိုသူတို့က သတ်ပစ်ကြမှာ ပဲ။ ပင်လယ်ဓားပြ တစ်ယောက် အတွက်မိမိမှလွဲရင်ကျန်အားလုံး ဟာ ရန်သူပဲ၊ ဒါကို ရှင်သိထား မောရစ်ရေ…”
အလံနက်၏ တဖျပ်ဖျပ်လှုပ်ခတ်သံသည် သူ့နားထဲသို့ မိန်းမ တစ်ယောက် ၏ အသံ အ ဖြစ်တွန်းထိုးဝင်ရောက်လာသည်။ ထိုအသံရှင်မိန်းမကား သူ့တစ်သက်တွင် တစ်ခါသာ ပေါ်ပေါက်ခဲ့သော ၊နောက်ထပ်ပေါ်ပေါက်ဖို့လည်း မရှိတော့သော ၊ဝေဒနာ တစ်ရပ်ကို ပိုင်စိုး သည့် မိန်းမ ဖြစ်သည်။ ထိုဝေဒနာကားအချစ်။
ဟယ်လင်ကို သူချစ်လွန်းသော ကြောင့် မူလအမည် ဟယ်လီနာကိုပင် ဇွတ်ပြောင်း ခိုင်းကာထရွိုင်းမြို့စစ်ပွဲမှအလှနတ်သမီးဟယ်လင်၏ အမည် ကိုခံယူစေခဲ့သည်။ ဟယ်လင် ကိုသူချစ်လွန်းသော ကြောင့် ဌာနချုပ်ရှိရာ‘ဂိုဝါ’မြို့ကို သူ စွန့်ခွာခဲ့သည်။ ဟယ်လင်ကြောင့် ပင် ရည်းစားလုဘက် ဒတ်ခ်ျလူမျိုး ဆိပ်ကမ်းအရာရှိ တစ်ယောက် နှင့် သူ့လိုပေါ်တူဂီ လူမျိုး ဖြစ်သော ဂိုဝါမြို့စောင့်တပ်မှကက်ပတိန် တစ်ယောက် ကို သူလောကအပြင်သို့ မောင်း ထုတ် ခဲ့သည်။ ထို့နောက်သွေးစွန်းသော ဓားနှင့် ယမ်းငွေ့မပြယ့် တပြယ် ပစ္စတိုတစ်လက်ကို ခါးကြားမှာ ထိုး၊ ဟယ်လင်ကို တစ်ဖက်မှ ပွေ့ချီကာ ပင်လယ် ပြင်သို့ သူထွက်လာခဲ့ သည်။
သူ့တစ်သက်တွင် သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့သော ဘဝသို့ သူရောက်ခဲ့ လေ သည်။ တကယ်တမ်း သူ ဖြစ်ချင်သည်မှာ အိန္ဒိယကျွန်းစုတစ်ဝိုက်နှင့် ရွှေရောင် ဝင်း သော မြေကမ္ဘာဟု နာမည် ကြီးသည့်မြန်မာပြည်တစ်ဝိုက်တွင် ကျင်လည်ကျက်စားရင်း အောင်မြင် ကျော်ကြား ကြွယ်ဝချမ်းသာသည့် ကုန်သည်ကြီးတစ်ဦး။
သို့သော် ခေါမကျောက်ရုပ်တစ်ရုပ်လို လှလွန်းသည့် ဟယ်လင့် အပေါ် သူအရူး အမူးချစ်ခဲ့မိသော ကြောင့် ထိုဝေဒနာနှင့် တကွ ဖြစ်ပေါ်လာသော အပေါင်းပါ အကျိုးဆက် များ ကိုပါ သူ မလွဲမသွေ လက်ခံယူရတော့သည်။
ဖြစ်ချင်သည်က ချမ်းသာကြွယ်ဝသည့် နိုင်ငံလှည့်ကုန်သည်ကြီး။
တကယ်တမ်း ဖြစ်လာသည်ကား ပင်လယ်ဓားပြဗိုလ်။
ချစ်သူ၏ အလိုဆန္ဒနောက်သို့ သူတစ်ရွေးတစ်စေ့မတိမ်းလျှောက်ခဲ့သည်။ ဟယ်လင် ကဂိုဝါဘုရင်ခံကတော် ထက်သုံးဆမျှသော စည်းစိမ်ရတနာကိုပိုင်ဆိုင်လိုသည် ဟု တစ်ခွန်း သာဆိုရသည်။ တစ်လအတွင်းသင်္ဘောပေါင်းဆယ့်လေးစင်းကို သူတိုက် ခိုက်ကာ ၊ ရသမျှ ရတနာတို့ကို ဟယ်လင်အား စုပုံပေးခဲ့သည်။
သူ့သင်္ဘောကိုပင်လျှင် ပင်လယ်ဓားပြ သင်္ဘောတစ်စင်းနှင့် လုံးဝလိုက်ဖက်ခြင်း မရှိသော အမည် တစ်ခု သူပေးခဲ့သည်။ ထိုအမည် ကား ပရင့်ဆက်စ်မင်းသမီး ပရင့်ဆက်စ် ဟူသော အမည် ကို ဟယ်လင်ကိုဂုဏ်ပြု၍ သူမှည့်ခေါ်ထားခြင်း ဖြစ်သည်။ ရွက်မတိုင်ထိပ် ကအလံကိုလည်းအခြားသော ပင်လယ်ဓားပြသင်္ဘောအလံများ ကို အရိုးခေါင်းနှင့် ကြက်ခြေ ခတ်ရိုး သူမတပ်။ ဟယ်လင်ကို ဂုဏ်ပြုသော အားဖြင့် နှင်းဆီနီ အပွင့်သုံးပွင့် တံဆိပ် ဖော်ထားသည်။ ပင်လယ်ဓားပြသင်္ဘောအလံအနေဖြင့် သာ အလံ၏ အရောင် ကို အနက် ရောင် ထားခဲ့သည်။
ဟယ်လင်လက်ညှိုးညွှန်ရာသို့ သူ့ဓားနှင့် ပစ္စတိုပြောင်းလှည့်ခဲ့သည်။ လုယက်တိုက် ခိုက်ခြင်းသည် သူ့အတွက်မူချစ်သူအား အလုပ်အကျွေးပြုခြင်းအမှု ပင် ဖြစ်သည်။
အချစ်စိတ်ကြောင့် ပေါက်ပွားလာသော ကြမ်းတမ်း ရက်စက်မှု သည်ပို၍ ခါးသီး ပြင်းထန်လေသလားဟု သူတွေးမိသည် ဟယ်လင်၏ ချမ်းသာကြွယ်ဝလိုမှု လောဘ ဇောကို လည်း သူချစ်နေသည်။ ထို့ကြောင့် သူပို၍ ပို၍ လုယက်တိုက်ခိုက်သည့် ရက်စက် ကြမ်းကြုတ်မှု များ ကို အချစ်စိတ်ဖြင့် သူအရူးအမူးပြုခဲ့သည်။
ထိုအခါ သူ့အမည် အရင်း ‘မိုရယ်လီဘလန့်’ဟူသော အသုံးအနှုန်း ပျောက်ကွယ် ကာ၊ ပင်လယ်ပြင်ဒေသတွင် သွေးစွန်းသော ဘလန့်၊ သွေးဆာသော ဘလန့်၊ သွေးငတ် သော ဘလန့်၊ ရိုင်းမိုက်ရက်စက်သော ဘလန့်… စသော ဂုဏ်ပုဒ်များ ကို ကိုယ် စားပြုသည့် အမည် တစ်ခုကို သူရလာသည်။
သွေးစွန်းသော ဘလန့်၊ ဘလဒ်ဒီဘလန့်။
ဟယ်လင်ကမူ သူ့ကို မောရစ်ဟုချစ်စနိုးခေါ်လေသည်။ ထိုအမည် နှစ် မျိုးစလုံးကိုသူ နှစ် ခြိုက်စွာ ခံယူသည်။ သူ့ဘဝသည် ထိုအမည် နှစ် ခုအကြားတွင် ရှိသည်ဟု သူ ယုံကြည် ထားသည်။ ပစ္စည်းဥစ္စာ အများ အပြားပါသော သင်္ဘောတစ်စင်းတစ်လေကို တိုက်ခိုက် လုယက်ပြီးနောက် အောင်ပွဲခံ ညစာစားပွဲကျင်းပသည့် အခါမျိုးတွင် ၊ သူသည်ဝိုင်ပုလင်းကို ပွေ့၍ ရွက်တိုင်ထိပ်ဖျားသို့ တက်ကာ
င့ါကို မိုရယ်လီဘလန့် လို့ခေါ်ခဲ့ကြဖူးတယ်၊ ဒါပေမယ့် မိုရယ်လီဟာ သေဆုံး သွား ပြီ။ အခုငါဟာ မောရစ်ခေါ် ဘလဒ်ဒီဘလန့် ဖြစ်တယ်။ ဒီနာမည် နှစ် ခုအပေါ်မှာ ဟယ်လင်၊ ဝိုင်အရက်၊ ပစ္စတိုနဲ့ဓားတို့ကို တည်ဆောက်ထားတယ်။ အဲဒါဟာ ငါပဲ… ဟု အဓိပ္ပာယ် ထွက်သော သီချင်းကို သူ့ဘာသာသူနှုတ်မှ လက်တန်းရေရွတ် အော်ဟစ် လေ့ရှိသည်။
ထို့နောက် ဝိုင်အရက်ပြင်းပြင်းတစ်ပုလင်းကို ခံတွင်းထဲသို့ ဆက်တိုက်လောင်း ချကာ ရွက်တိုင်ဖျားမှပြန်ဆင်းလာခဲ့သည်။ ရွက်တိုင်အခြေတွင် ဟယ်လင်က ဆီးကြိုကာ၊ သူ့ကို ပွေ့ဖက်သည်။ ထို့နောက် ဗျတ်ဆောင်းသံ၊ ဓားပြားဖြင့် သင်္ဘောနံရံကို ထုသံ၊ ဓားရိုး ဖြင့် သင်္ဘောကြမ်းပြင်သို့ ဆောင့်သံတို့ပါဝင်ဖွဲ့စည်းထားသော ဂီတအတိုင်းသူနှင့် ဟယ်လင် ကကြသည်။ ဝိုင်အရက်စည်ကို ပစ္စတိုဖြင့် ပစ်ဖောက်ကာ ဖိတ်အန်လာသော ဝိုင်များ ကို ပါးစပ်ဖြင့် ခံ၍ သောက်သည်။ သူ့လူများ က ဝူးဝူးဝါးဝါး အော်ဟစ် ကောင်းချီးပေးကြသည်။
အရက်မူးလာကြသော အခါ သူ့စိတ်ကြိုက် လူနှစ် ယောက် ကို ရွေးချယ် နပန်းပွဲ ကျင်းပစေသည်။ အနိုင်ရသူကို ဆုချပြီး၊ ရှုံးသွားသူကိုမူ ဟယ်လင်စွန့်ပစ်ထားသော ဂါဝန် အပွများ ဝတ်ဆင်စေကာ အကခိုင်းသည်။ ပရင့်ဆက်စ်သင်္ဘောကြီး တစ်စင်းလုံး ရယ်မော အော်ဟစ်သံများ ညံမစဲ။
သို့သော်…
ထိုရယ်သံများ သူ့အတွက်ဆိတ်သုဉ်းခဲ့သည်မှာ သုံးနှစ် ရှိခဲ့ပြီ။
ပရင့်ဆက်စ်၏ အရှင်သခင်မသည် လေပြင်းမုန်တိုင်း ထန်နေသော ပင်လယ်ပြင်၏ ညတစ်ညဝယ် ပရင့်ဆက်စ်ပေါ်မှာ ပင် မီးမဖွားနိုင်သော ဝေဒနာဖြင့် ကွယ်လွန်ခဲ့ပြီ ဖြစ်လေ သည်။ ထိုစဉ်က ပရင့်ဆက်စ်ပေါ်တွင် သုံ့ပန်အ ဖြစ်ဖမ်းမိထားသော ဆရာဝန်တစ်ဦးရှိသော် လည်း ဆရာဝန်က ပင်လယ်ဓားပြ၏ ဇနီးကို မီးဖွားမပေးနိုင်ဟု ခါးသီးစွာ ငြင်းဆိုသဖြင့် ထို ဆရာဝန်ကိုသတ်ပစ်လိုက်လေသည်။သော ကကိုမခံနိုင်တော့သည့်အဆုံးသူသည် အရက် ပြင်းများ ကို တစ်ခွက်ပြီးတစ်ခွက်သောက်ကာ ကေဗင်ထဲမှာ သာလဲနေခဲ့သည်။ ဟယ်လင်၏ အလောင်းကိုခမ်းနားစွာ ပင်လယ်ထဲသို့ ပစ်ချသင်္ဂြိုလ်ပြီးသည့် အချိန်မှစ၍ သူ့ဘဝသည် လည်း ဟယ်လင်နှင့် အတူပင်လယ်အော်ကသို့ ဆုံးဆုံးမြုပ်သွားခဲ့ပြီဟု သူနားလည်လိုက် သည်။ မောရစ်ဟုခေါ်မည့် သူမရှိတော့သော အခါဘလဒ်ဒီဟု ခေါ်မည့် သူများ ဆီသို့ သူလုံးဝ အာရုံစိုက်လိုက်တော့သည်။
သို့ သော် လုယက်တိုက်ခိုက်တိုင်းမှာ ပင် ဟယ်လင်ပြောနေကျ စကားကိုအမြဲကြား ယောင်သည်။ သင်္ဘောတစ်စင်းသို့ ကပ်ခါနီး ဖြစ်စေ၊ကမ်းခြေသို့ ကပ်ခါနီး ဖြစ်စေ၊ ပရင့်ဆက်စ် ၏ ရွက်တိုင်ထိပ်မှ နှင်းဆီသုံးပွင့် အလံတဖျပ်ဖျပ်လှုပ်ခါလေတိုင်း ဟယ်လင့်အသံဟု ကြား ယောင်လေသည်။
“သူတို့ကို ရှင်က မသတ်ရင် ရှင့်ကို သူတို့က သတ်ပစ်ကြမှာ ပဲ၊ ပင်လယ်ဓားပြ တစ်ယောက် အဖို့ မိမိမှလွဲရင်ကျန်အားလုံးဟာ မိမိရဲ့ ရန်သူပဲ၊ ဒါကိုရှင်သိထား မောရစ် ရေ…”
ကိုယ်နားလည်ပါတယ်အချစ်ရယ်ဟု ရင်ထဲမှကြုံးဝါးရင်း သူဓားကိုဖွင့် ပစ္စတိုကို ဝင့်ကာ သွေးစိမ်းရှင်ရှင်သောက်ခဲ့လေသည်။ သွေးစွန်းသော ဘလန့်ဟု ကြွေးကြော်ရင်း သူကြုံးဝါးလေသည်။
“င့ါရဲ့ အချစ်လှဲလှောင်းရာ ၊ ဟောဒီပင်လယ်ထဲမှာ ၊ ဘယ်သင်္ဘောမှ မရှိစေရဘူး။ ငါ့ဟယ်လင်ရဲ့ အထက်ရေပြင်ပေါ်မှာ ၊ပရင့်ဆက်စ်ကလွဲပြီးဘယ်သင်္ဘောမှမသွားလာရဘူး”
“အမြောက်တွေ အသင့်ပြင်ရတော့မလား ဘလဒ်ဒီ”
ဘေးကအသံတစ်သံ ကြားရတော့မှပင် သူ့အတွေးရပ်သွားသည်။ သူ့လက်ထောက် ဒီဒေရို ဖြစ်သည်။ ဒီဒေရိုသည် ဟယ်လင်၏ အားထားရဆုံး သက်တော် စောင့်။ အခုတော့ ဟယ်လင်မရှိတော့သော အချိန်မှာ …
ပျံ့လွင့်ချင်သော အတွေးကို သူကြိုးစားရပ်တန့်လိုက်ရသည်။
“ကျွန်တော် တို့ ကမ်းဘက်ကို အမြောက်တွေ ချိန်ထားတယ် ဘလဒ်ဒီ”
သူ့ကို သူ့လူများ က ကက်ပတိန်ဟု မခေါ်ကြ။ ပင်လယ်တွင် စိုးမိုးကျော်ကြားသည့် အမည် နာမအတိုင်းသူ့ကိုဂုဏ်ပြုခေါ်ဝေါ်ကြသည်။ သူကလည်း ဤအမည် ကို ကြိုက်သည်။
ဒီဒေရိုဘက်လှည့်၍ သူ ခေါင်းယမ်းပြလိုက်သည်။
“အမြောက်တွေ ကို သုံးစရာမလိုဘူး။ အခုတိုက်မှာ က စစ်သင်္ဘောလဲ မဟုတ်ဘူး။ မြို့ရိုးဆိပ်ကမ်းလဲ မဟုတ်ဘူး။ တံငါရွာလေးတစ်ရွာပဲ”
“ဟင် တံငါရွာ ”
“ဟုတ်တယ် ဒီဒေရို၊ တံငါရွာဆိုပေမယ့် မင်းအထင်သေးလို့မရဘူး။ ပင်လယ်ကမ်း ခြေ သော င်ခုံတစ်နေရာက ဒီရွာလေးမှာ မင်းတို့အတွက် အလွန်စိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်”
“လျှို့ဝှက်ချက် ဟုတ်လား ဘလဒ်ဒီ”
သူပြုံး၍ ခေါင်းညိတ်သည်။ ဒီဒေရိုထံသို့ လက်ကမ်းသည်။ ဒီဒေရိုက အလိုက် တသိပင်၊ သူ့လက်ထဲသို့ မှန်ပြောင်း ထည့်ပေးလိုက်လေသည်။ မှန်ပြောင်းဖြင့် ချိန်ကြည့်ပြီး မှမှန်ပြောင်းပြန်ပေးသည်။
“ရော့ ဒီဒေရို၊ ငါပြတဲ့နေရာကို ကြည့်စမ်း”
ဒီဒေရိုက သူညွှန်ပြသည့်နေရာကို မှန်ပြောင်းဖြင့် ကြည့်သည်။
“ဘာတွေ့ ရသလဲ”
“စဥ့်အိုးတွေ ပဲ ဘလဒ်ဒီ၊ သူတို့ တံငါရွာဆိုတာ ငါးတွေ ကို ဆားနဲ့ နယ်ပြီးတော့ ငံပြာရည်လုပ်ပြီး စဥ့်အိုးတွေ နဲ့ သိုလှောင်ထားလေ့ရှိတာပဲ။ တံငါရွာမှာ စဥ့်အိုးတွေ ရှိတာ ဘာဆန်းလို့လဲ ဘလဒ်ဒီ”
“သေချာကြည့်စမ်း ဒီဒေရို၊ စဥ့်အိုးတွေ ကိုမင်းမျက်မှန်းနဲ့ ရေတွက်ကြည့်စမ်း”
“အင်း…သုံးဆယ်၊ လေးဆယ်…ဟာ နှစ် ရာကျော်တော့ ရှိမယ် ဘလဒ်ဒီရေ”
“အေး ဒီလိုနေရာမျိုးက၊ ဒီလိုတံငါရွာ သေးသေးလေးမှာ စဥ့်အိုးတွေ နှစ် ရာကျော် လောက် ရှိနေတာဟာ မထူးခြားဘူးလား”
“ဟုတ်ပါရဲ့ ”
“အဲဒါ မင်းခုနက ပြောတဲ့ ငါးပိနဲ့ ငံပြာရည်အိုးတွေ မဟုတ်ဘူး”
“ဒါဆိုရင် ဘာတွေ ထည့်ထားသလဲ ဘလဒ်ဒီ၊ ရွှေ ငွေ ရတနာတွေ လား”
“အေး…ရွှေ ငွေ ရတနာဆိုရင်လဲ မမှားဘူး၊ ဒါပေမယ့် အဲဒီ စဥ့်အိုးတွေ ထဲမှာ တကယ်ရှိနေတာတွေ ကတော့ ဟင်းခတ်အမွှေးအကြိုင်တွေ ဟုတ်လား”
“ဟုတ်တယ်”
“ဒါတွေ ကို ကျွန်တော် တို့က ဘယ်လိုလုပ်ရမှာ လဲ၊ ပရင့်ဆက်စ်ပေါ်မှာ ဟင်းခတ် အမွှေးအကြိုင်တွေ တင်ပြီး ဂိုဝါကိုသွားရောင်းရမှာ လား”
ဒီဒေရို၏ ဟာသကို သူမရယ်။ တင်းမာသော မျက်နှာထားဖြင့် -
“ဂိုဝါက ဘုရင်ခံချုပ်ရဲ့ ကိုယ်ရံတော် တပ်မှူး တစ်ယောက် ရှိတယ်။ သူ့နာမည် က မေဂျာစတီပင်လို့ခေါ်တယ်။ စတီပင်ဟာ အစိုးရကိစ္စနဲ့၊ ဒီနိုင်ငံကိုရောက်လာတယ်။ ဒီနိုင်ငံက ဘုရင်နဲ့ တွေ့ ဆုံဖို့ ဘုရင်ခံချုပ်က လွှတ်လိုက်တာပဲ။ အခုစတီပင်ပြန်တော့မယ်။ အပြန်မှာ ဒီမေဂျာကောင်ဟာ ကုန်သည်တွေ ဆီက ဟင်းခတ်အမွှေးအဝကြိုင်တွေ ကို ဘုရင်ခံချုပ်ရဲ့ အမိန့်ဆိုပြီး မတရားသိမ်းပိုက်ခဲ့တယ်။ ဒါတွေ ကို အမှန်က သူယူခွင့်မရှိဘူး။ မသမာနည်းနဲ့သူစီးပွားရှာတာပဲ။ ဘုရင်ခံချုပ်ရဲ့ ကိုယ်စားလှယ်အနေနဲ့ သူဟာ သူနဲ့ ဆိုင်တဲ့ နိုင်ငံရေး ကို မလုပ်ဘဲ စီးပွားရှာတယ်။ ဒီပစ္စည်းတွေ ကို ဒီနိုင်ငံရဲ့ ငါးပိအိုးတွေ အ ဖြစ်နဲ့ သူ သယ်သွားမယ်လေ။ ဒါကြောင့် လျှို့ဝှက်ပြီး ဒီမှာ လာထားတာပဲ။ အခုငါတို့ဒီပစ္စည်း တွေ ကို သွားပြီး ဖျက်ဆီးပစ်ရမယ်။ ပြီးတော့ မေဂျာစတီပင်ဆိုတဲ့ ကောင်ကို သုတ်သင်ပစ် ရမယ်”
ဒီဒေရိုက တအံ့တဩ ငေးကြည့်သည်။
“ဟင်းခတ်အမွှေးအကြိုင်သယ်မယ့်ဗိုလ်မှူး တစ်ယောက် ကို သုတ်သင်မယ်၊ ပစ္စည်း တွေ ကို ဖျက်ဆီးပစ်မယ် ဟုတ်လား။ ဒါဟာ ၊ ဘလဒ်ဒီဘလန့်ဆိုတဲ့ ပင်လယ်ဓားပြဗိုလ် တစ်ယောက် ရဲ့ အလုပ်လား ဘလဒ်ဒီ”
သူပြုံးသည်။ အေးစက်သော အပြုံး ဖြစ်သည်။
“ဒီအလုပ်ကို ဘလဒ်ဒီဘလန့်မှ မလုပ်ရင် ဘယ်သူလုပ်မလဲ”
“ကျွန်တော် နားမလည်ပါလား ဘလဒ်ဒီ”
သူ့မျက်နှာပေါ်မှ အပြုံး ပျောက်ကွယ်သွားသည်။
“ရှင်းရှင်းလေးပါ ဒီဒေရို၊ မေဂျာစတီပင်ဆိုတာဟာ ဟယ်လင့်ကို မီးဖွားမပေးနိုင်ဘူး လို့ ငြင်းပယ်ခဲ့တဲ့ ဟိုဆရာဝန်ရဲ့ ညီအရင်း”
မှော င်စပျိုးချိန်မှာ ပင် ပင်လယ်ဝကို ဖြတ်၍ သန်လျင်မြစ်ထဲသို့ ဝင်နိုင်ခဲ့ကြသည်။ ပရင့် ဆက်စ် ဓားပြများ မှာ ဂိုဝါဘုရင်ခံချုပ်၏ ဗိုလ်မှူး တစ်ယောက် နှင့် သူ့တပ်ကို ရင်ဆိုင် တိုက်ရ တော့မည် ဆိုခြင်းကြောင့် ခါတိုင်းထက် တက်ကြွနေကြလေသည်။ အထူးသဖြင့် မူ သူတို့ချစ် သော ၊ပရင့်ဆက်စ်၏ ဧကရီဟယ်လင်အတွက်လက်စားချေရေး တိုက် ပွဲ ဖြစ်ကြောင်း သိကြရ သဖြင့် အကြမ်းတမ်းဆုံး တိုက်ပွဲဝင်ရန် အသင့်ရှိနေကြသည်။
“အမြောက်ကို ဘာလို့အသုံးမချတာလဲ ဘလဒ်ဒီ”
ဒီဒေရိုက ပစ္စတိုကို ခါးတစ်ဖက်တစ်ချက်စီတွင် ထိုးရင်းမေးသည် ။
“ဒီဘက်ဒေသက တိုင်းပြည်အကြောင်းကို ငါ ကောင်းကောင်းမသိသေးဘူး ဒီဒေရို။ ဒီတိုင်းပြည်က လူမျိုးတွေ အကြောင်းကိုလဲ ငါမသိရသေးဘူး။ ငါတို့ပေါ်တူဂီ ကုန်သည် ကြီး တွေ ဆီကရတဲ့ သတင်းအရတော့ ၊ ဒီနိုင်ငံက လူတွေ ဟာ ရိုးသားအေးဆေးတဲ့ လူတွေ ပဲ။ မေဂျာစတီဗင်ကို လက်စားချေတဲ့တိုက်ပွဲမှာ သူတို့အကြောင်းကိုလဲ ဘာမှ မသိရ၊ ငါတို့အကြောင်းကိုလဲ ဘာမှ မသိသေးတဲ့ ဒီလူမျိုးတွေ နဲ့အချည်းနှီး ရန်မပွားချင်ဘူး။ ပြီး တော့ဒီရွာဟာသာမန်တံငါရွာလေးတစ်ရွာ။ ဟိုမိစ္ဆာကောင်တွေ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာမသိရပဲနဲ့၊ တံငါရွာတစ်ရွာကို ငါ့ရဲ့ အမြောက်တွေ နဲ့ ရမ်းမပစ်ချင်ဘူး”
“တကယ်လို့ ဒီတံငါရွာဟာ မေဂျာစတီဗင်ရဲ့ လူတွေ ဖြစ်ကုန်ပြီဆိုရင်ကော”
“ဒါဆိုရင်ကော သူတို့ကိုပါရန်သူစာရင်းထဲ သွင်းရမှာ ပေါ့ ဒီဒေရိုရယ်”
နေ့အလင်းနှင့် ညဥ့်အမှော င် ကူးပြောင်းချိန်မှာ ပရင့်ဆက်စ်သည် ကမ်းနှင့် မနီး မဝေး ပင်လယ်ပြင်တစ်နေရာတွင် ကျောက်ချ ရပ်နားမိလေသည်။
သူခေါင်းဆောင်သည့် ရှေ့ဆုံးမှ လှေငယ်အပါအဝင်၊ လှေငါးစင်းနှင့် အင်အားငါး ဆယ့်သုံးယောက် ပါဝင်သာ သူတို့အဖွဲ့သည် အမှော င်ထုကိုဖောက်လျက် ကမ်းဆီသို့ ချဉ်းကပ် ခဲ့ကြသည်။
တံငါရွာလေးသည် စောစောစီးစီး အိပ်ရာဝင်ခဲ့ဟန်တူသည်။ လရောင် မှိန်ချိုသော သော င်ခုံထက်တွင် လူရိပ်လူရောင် မတွေ့ ရ။ သင်္ဘောပေါ်တုန်းက မြင်တွေ့ ခဲ့ရသည့် စဥ့်အိုး များ မှာ လရောင် အောက်တွင် တစ်မျှော်တစ်ခေါ်ကြီး ၊ စီရရီ။
ကျင့်သားရပြီးသော ခြေထောက်များ သည် စဥ့်အိုးများ ကြားတွင် တိတ်ဆိတ်စွာ ရွေ့လျားနေကြသည်။ သူ့လူများ ကို နေရာချပြီးနောက် သူကမူကုန်းပိုင်းအတွင်း ဘက်ကျ ကျ နေရဆီမှ ၊ မီးရောင် ထိန်ထိန်လင်းနေသော တဲတစ်တဲဆီသို့ချဉ်းကပ်ခဲ့သည်။ သူ့လက် ထဲတွင် ပစ္စတိုနှစ် လာက်ကို အသင့်ကိုင်လာသည်။
မီးရောင် လင်းနေသော မေဂျာစတီဗင်နှင့် တပ်သားများ ညစာစားနေကြသော တဲ ဖြစ်သည်။တဲဘေးသို့ သူ တိတ်တဆိတ်တိုးဝင်သည်။ဓနိရွက်ခြောက် ကာထားသော တဲ နံရံများ ကြားမှအထဲသို့ သူချောင်းကြည့်လိုက်သည်။ခေါင်မိုးထုပ်တန်းတွင် ချိတ်ဆွဲထားသော မီးအိမ်အလင်းရောင် ဖြင့် တဲအတွင်းမှ မြင်ကွင်းကို သူ ကောင်းစွာ မြင်လိုက် ရလေသည်။
မေဂျာစတီပင်သည် စားပွဲထိပ်တွင် ထိုင်နေသည်။ သူ့ရှေ့စားပွဲပေါ်တွင် ကားအရက် ပုလင်းများ ၊ ဖန်ခွက်များ ကို တွေ့ ရသည်။ ဘုရင်ခံချုပ်၏ ကိုယ်ရံတော် ဗိုလ်မှူး ဝတ်စုံသည် မေဂျာစတီပင်၏ ကိုယ်ပေါ်တွင် ဖရိုဖရဲ ဖြစ်နေသည်။ အဆီပြန်နေသော မျက်နှာကို ပဝါဖြင့် သုတ်ကာ၊ တဟားဟား ရယ်နေသည်။ မေဂျာစတီပင်၏ နောက်ကွယ် မီးရောင် ကောင်းစွာ မရောက်သော အမှော င်ရိပ်တွင် မူ အစေခံ ဖြစ်ဟန်တူသော လူသုံးလေး ယောက် မတ်တတ် ရပ်နေကြသည်။ သူ့အတွေးထဲတွင် သူခိုး ဓားပြရဲ့ မိန်းမကို ကျုပ်မီးဖွားမပေးနိုင်ဘူး။ ဓားပြ လူဆိုးရဲ့ သွေးဆက်လောကထဲရောက်လာအောင်ကျုပ်မလုပ်ပေးဘူး”ဟုခါးသီးစွာ ငြင်းဆန် နေသော ဆရာဝန်၏ စကားများ ကို ကြားယောင်လာလေသည်။ လက်ထဲရှိ ပစ္စတိုကို တင်းကျပ်စွာ ဆုပ်ကိုင်မိလိုက်သည်။ မေဂျာစတီပင်ကား သူ့အစ်ကို ဆရာဝန်နှင့် ရုပ်ချင်းတူ လှပေသည်။
ခါးခါးသီးသီးမုန်းတီးစက်ဆုပ်လာသော ဒေါသကို သူကြာရှည်စွာ မမျိုသိပ်နိုင်တော့ ဘူး။ သူ့နှလုံးမှ အော်မြည် နေသော ကလဲ့စားခေါ်သံကို သူ့ဘာသာသူပင် ပြန်ကြားနေရပြ ဟု ထင်သည်။
လေမုန်တိုင်းတစ်ခု ဝင်မွှေသလို တဲတံခါးဝတွင် သူဝုန်းကနဲ ပြေးဝင်ကာ ရပ်လိုက် သည်။ ပစ္စတိုနှစ် လက်သည် အဆင်သင့်။
ဆရာဝန့်ညီ မေဂျာစတီပင်၏ အံ့ဩကြောက်ရွံ့ပြူးကြောင်သည့်မျက်လုံးများ ကို သူအရသာခံကြည့်ရင်း ပစ္စတိုကို တဖြည်းဖြည်း မြှောက်ယူလိုက်သည်။ မေဂျာစတီပင်၏ ရင်ဝကိုပစ္စတိုပြောင်းဖြင့် တည့်မတ်စွာ ချိန်ရွယ်မိသည်အထိ၊ အားလုံးမှင်တက်မိကာ ငေးငိုင် နေကြလေသည်။
“မင်းငါ့ကိုသိပါတယ်။ မေဂျာစတီပင်။ ပရင့်ဆက်စ်ရဲ့ ကက်ပတိန်ဘလန့်ကို မင်းတို့ ညီအစ်ကိုနှစ် ယောက် စလုံးသိကြပါတယ်။
ပြောပြောဆိုဆိုပင် ပစ္စတိုမောင်းကို သူညှစ်လိုက်သည်။
သူ့အမှားပင်၊ သူရင်ဆိုင်လိုက်သည့် သာမန်ပေါ်တူဂီ တစ်ယောက် မဟုတ်ဘဲ စစ် သား တစ်ယောက် ဖြစ်သည်ဆိုခြင်းကို ကလဲ့စားချေလိုသော ဒေါသကြောင့် သူ သတိလစ် သွားသည်။
ပစ္စတိုပြောင်းဝမှ ကျယ်လောင်သော ပေါက်ကွဲသံ ပေါ်လာသည့် အချိန်မှာ ပင် စားပွဲ ထိပ်မှ မေဂျာစတီပင်သည် စားပွဲအောက်သို့ ဖျတ်လတ်စွာ လှိမ့်ချလိုက်ပြီးပြီ ဖြစ် လေသည်။
သူ့ပစ်မှတ်လွဲချော်သွားပြီ ဖြစ်ကြောင်းကိုလည်း သူသိလိုက်သည်။ သို့သော် ပစ္စတို ပြောင်းဝမှ ပေါက်ကွဲသံကား ထွက်သွားချေပြီ။ သော င်ခုံအနှံ့ စဥ့်အိုးများ ကြားတွင် နေရာယူ ထားကြသော လူများ ကလည်း သူ့အမိန့်အတိုင်း ပစ္စတိုသံဖြင့် တိုက်ပွဲကိုဖွင့်လိုက်ပြီဟု ယူဆကာ စဥ့်အိုးများ ကို စတင်ဖျက်ဆီြး ကတော့သည်။
အခြေအနေတစ်ခုလုံး ရှုပ်ထွေးသွားခဲ့လေပြီ။ တဲအတွင်းမှာ ဝရုန်းသုန်းကား ဖြစ်သွားသည်။ မေဂျာစတီပင်သည် ပါးနပ်ကျွမ်းကျင်စွာ ပင် မီးအိမ်ကို ပစ်ခတ်ဖောက်ခွဲ လိုက်သည်။ရုတ်တရက်မှော င်ကျသွာသည်။အမှော င်အတွင်း၌ အတိုးတိုးအဝှေ့ဝှေ့ ပြေးလွှား အော်ဟစ်သံများ ပေါ်လာသည်။ သူ့မျက်လုံးများ လည်း ပြာဝေသွားသည်။ မေဂျာစတီပင်၏ အော်ဟစ်အမိန့်ပေးသံကို နားစွင့်ရင်း အမှော င်ထဲတွင် ရန်သူကိုအကြားအာရုံဖြင့် လိုက်ရှာ သည်။ သို့သော် သူ့အတွက် အခြေအနေ အခွင့်အလမ်းမသာတော့။ စတီပင်၏ တပ်သား များ သည် ညာသံပေးကာ တဲဆီသို့ ပြေးလာနေကြသည်။ တဲကို စွန့်ခွာကာ သူ့လူများ ရှိရာ သို့ ဆုတ်ခွာရမည် ဖြစ်ကြောင်း သူသိလိုက်သည်။ တိုက်ပွဲကြီးကြီးကျယ်ကျယ် ဖြစ်လိမ့်မည် မဟုတ်ဟု တွက်ခဲ့သော သူ့အတွေးတွေ မှားယွင်းခဲ့လေပြီ။ မေဂျာစတီပင်ကို သူပစ်သတ် လိုက်ချိန်နှင့် မရှေးမနှောင်းမှာ ပင် သူ့လူများ ကလည်းဟင်းခတ်အမွှေးအကြိုင်များ သိုလှောင် ထားသည့် စဥ့်အိုးများ ကိုဖျက်ဆီးရမည် ဟူသော သူ၏ အစီအစဉ်လည်း အထမမြောက် တော့။
ဆုတ်ကွယ်လခြမ်းကို တိမ်တိုက်ကြီးတစ်ခုက ဖုံးအုပ်လိုက်သဖြင့် အပြင်ဘက် သော င်ခုံတစ်လုံးလည်း မည်းမှော င်သွားပြန်သည်။ ထိုအမှော င်ထဲမှာ ပင် ပစ်ခတ်သံ၊ အော်ဟစ်သံများ စီကနဲ ပေါ်လာလေတော့သည်။
“အဲဒါ ဘလဒ်ဒီဘလန့်ပဲဟေ့။ သူရဲ့ ပင်လယ်ဓားပြ ခွေးကောင်တွေ ကိုပါ သတ် ပစ်ကြ။ စဥ့်အိုးတွေ ဆီပြေးကြ”
မေဂျာစတီပင်၏ အော်သံကို အမှော င်ထဲတွင် သူကြားနေရသည်။ အသံကြားရာ နောက်သို့ သူတစ်ဟုန်ထိုး ပြေးလိုက်ခဲ့သည်။ သေနတ်ကျည်များ သူ့မျက်နှာ ဘေးမှ တဝှီး ဝှီးပျံသန်းသွားကြသည်ကို သတိမထားနိုင်အား။ မေဂျာစတီပင်၏ အသံကြားရသည့် နေရာ တိုင်းသို့ ပစ္စတိုကို ထိုးချိန်ကာ မောင်းကို ညှစ်ချသည်။ သေနတ်ပြောင်းမှ အပူငွေ့သည် သေနတ်ဒင်မှတစ်ဆင့်သူ့လက်ဖဝါးပြင်သို့ ကူးခတ်လာသည်အထိအဆက်မပြတ်ပစ် သည်။ ပစ်လိုက်တိုင်းတွင် အော်သံ၊ ထိမှန်သံတို့ကိုကြားရသည်။ သို့သော်ရန်သူ၏ အသံမဟုတ်။ ပေါ်တူဂီ စစ်သားများ ၏ အော်သံ။ ထို့အပြင်…သူ မကြားဘူးသော ဘာသာစကားတစ်မျိုး ဖြင့် အော်သံ…။
သူတုန်လှုပ်သွားသည်။ အမှော င်ထုအောက်တွင် ရုတ်ရုတ်သဲသဲ အော်ဟစ် ပြေးလွှားနေကြသူများ ထဲတွင် ပေါ်တူဂီ စစ်သားများ သာမက တံငါရွာမှ တိုင်းရင်းသားပါ ပါဝင်နေကြပေပြီ။ အပြစ်မဲ့သော ဒေသခံများ ၏ သွေးတို့ဖြင့် သူ့လက်မှာ စွန်းပေပြီဟု သူသိလိုက်သည်။
သော င်ခုံဘက်ဆီမှ တဝူးဝူးအော်သံများ ကို ကြားလိုက်သည်။ သူ့လူများ ၏ အသံ ပင်။ ဟင်းခတ်အမွှေးအကြိုင် စဥ့်အိုးများ ကို အောင်မြင်စွာ ဖျက်ဆီးပစ်လိုက် ကြသည့် အသံ၊ ထို့နောက် ဓားသွားချင်း တချွင်ချွင်ခတ်သံ။
သူ့လူများ နှင့် ပေါ်တူဂီစစ်သားတို့ ရင်ဆိုင်တိုက်နေကြပေပြီ။
နှစ် ဘက်စလုံး ရက်စက်ကြမ်းတမ်းစွာ ထိုးခုတ်နေကြပြီ ဖြစ်ကြောင်း သူသိလိုက် သည်။ တိုက်ပွဲကား အကြီးအကျယ် ဖြစ်ခဲ့ပေပြီ။ သူ့အနေဖြင့် ကား မေဂျာစတီပင်ကို မတွေ့  သေး။ ရန်သူသည် လွတ်မြောက်လျက်ပင် ရှိသေးသည်။
အလွန်ရိုးစင်းသော တိုက်ကွက်တစ်ခုကို သူမလွှဲမရှောင်သာအသုံးပြုလိုက်ရ သည်။ စင်စစ်မူ အပြစ်မဲ့သော ဒေသခံတံငါရွာလေးတစ်ရွာအပေါ် သူဤသို့မလုပ်ချင်။ သို့ သော် မတတ်သာတော့ ။အမှော င်ထုသည် သူ့ကို တပန်းရှုံးစေသည် ဖြစ်သော ကြောင့် ထိုအမှော င်ထုကို သူဖယ်ရှားရတော့မည် ။
မီးဖိုတစ်ခုမှ ရဲရဲတောက်နေသော ထင်းတုံးကို ကောက်ယူကာ ထူထပ်သော တဲ ခေါင်မိုးစုဆီသို့ ပစ်လွှတ်လိုက်သည်။ ပင်လယ်လေသည် ရုတ်ခြည်းပင်ကြီးမားသော မီး တောက် ကြီးတစ်ခု ဖြစ်အောင် ကူညီပေးလေသည်။ မီးလျှံများ သည် တံငါတဲများ ကို တစ်ခု ပြီးတစ်ခု ကူးစက်ကုန်ကြသည်။ သော င်ခုံ တပြင်လုံး မီးတောက်မီးလျှံ အလင်းဖြင့် ပြိုးပြက် သွားသည်။
တိုက်ပွဲသည် သူ့ဘက်မှ အရေး တပြန်သာသွားလေသည်။ မီးတောက်ကြီးမှာ မှ အလင်း ဖြင့် မေဂျာစတီပင်ကို သူရှာသည်။ တဲ တစ်ခုမှ တစ်ခု၊ တစ်နေရာမှ တစ်နေရာသို့ အရပ်အနားမရှိပြေးခဲ့သည်။ ရှေ့တွင် ဆို့ဆီးတိုက်ခိုက်လာသော စစ်သားများ ကိုလည်း သူပြေးပြေးပြစ်ပြစ် ရှင်းလင်းခဲ့သည်။ မီးရောင် ထဲတွင် သွေးပျက်ခမန်း အော်ဟစ်ပြေးလွှား နေကြသော ဒေသခွ တံငါသည်များ ကို လည်းတွေ့ နေရသည်။တံငါရွာတစ်ခုလုံးကား မီး တဟုန်းဟုန်း။
ငှက်ခါးရောင် အင်္ကျီရှည်နှင့် အဖြူရောင် ဘောင်းဘီကျပ်ဝတ်ထားသော သဏ္ဌာန် တစ်ခုကို ရိပ်ခနဲ တွေ့ လိုက်သည်။ ထိုသဏ္ဌာန်သည် မီးတောက်ကူးစက်စ တဲတစ်တဲ အတွင်းသို့ ဝင်သွားသည်။ မေဂျာစတီပင်ကိုတွေ့ င်္ပြီ။
တဲထဲသို့ သူပြေးဝင်ခဲ့သည်။
တဲထောင့်တွင် ကပ်လျက် ပြူးကြောင်ကြောင်သော မျက်လုံးများ ဖြင့် ကြည့်နေသော ရန်သူကို သူရင်ဆိုင်လိုက်သည်။ သို့သော် မေဂျာစတီပင်သည် အကာအကွယ် ကောင်း တစ်ခုကိုရထားချေသည်။ ထိုအရာကား လေးနှစ် အရွယ်ကလေး တစ်ယောက် ပင် ဖြစ် သည်။ မေဂျာစတီပင်သည် ဘယ်လက်ဖြင့် ကလေးငယ်ကို အနှီးများ ပါ ရစ်ပတ်လုံးထွေး မ ချီကာ သူ့ရှေ့တွင် ပွေ့ပိုက်ကာကွယ်ထားသည်။ ညာလက်တွင် ကား ဓားကိုကိုင်လျက်၊ ဓားဦးကို သူ့ဆီသို့ထိုးချိန်ထားသည်။
ပစ္စတိုကို ချိန်ရွယ်ထားရသော်လည်း သူမောင်းမဖြုတ်သာ။
“ပစ်လိုက်လေ… ဘလဒ်ဒီရဲ့ ၊ ကျုပ်ကို မထိခင်၊ ဟောဒီကလေးအလျင်သေမှာ ပဲ… ပစ်လေ… ပစ်စမ်းပါ”
မေဂျာစတီပင်သည် ပစ္စတိုမောင်းခလုတ်ပေါ်ရှိ သူ့လက်ချောင်းဆီမှအကြည့်တစ် ချက် မရွှေ့ဘဲ ပြောနေသည်။
“လူယုတ်မာ”
ကလေးကား မေဂျာစတီပင်၏ ရင်ခွင်ထဲမနေ၍ သူ့ကို မည်းနက်ဝိုင်းစက်သော မျက်လုံးကြီးများ ဖြင့် ကြည့်နေလေသည်။
“ဟေ့ လူယုတ်မာ၊ အဲဒီ ကလေးကို ဖယ်လိုက်။ သူဟာ ဒီရွာကကလေး တစ် ယောက် ”
“ဒါပေါ့၊ ဒီတံငါရွာက ကလေးပေါ့။ အမှန်ဆိုရင် တခြားကလေးမဟုတ်ဘဲ ခင်ဗျားနဲ့ ဟိုကောင်မ ဟယ်လင်က မွေးတဲ့ ခင်ဗျားတို့ရဲ့ ကလေးဆို ပိုကောင်းမှာ ။ ဟဲဟဲ… ဘလဒ်ဒီ ဘလန့်။ ခင်ဗျား မပစ်ရဲပါဘူးလေ”
“ခွေး၊ မိစ္ဆာကောင်”
ပစ္စတိုခလုတ်ကို ဆွဲညှစ်အံ့ဆဲဆဲ ဖြစ်သွားသည်။ သို့သော် ကလေးငယ်၏ မျက်လုံးများ က အင်အားကြီးစွာ ပင် သူ့လက်ညှိုးကို တုံ့ဆွဲထားသည်။
ထိုအခိုက်မှာ ပင် တဲဝမှာ လှုပ်ရှားမှု တစ်ခု ရိပ်ကနဲ ပေါ်လာသည်။ သူ၏ လျင်မြန် သော လက်က အလိုလိုပင်တဲဝဆီသို့ ရွေ့သွားသည်။ တစ်ပြိုင်တည်းမှာ ပင် ခလုတ် ပေါ်က လက်ညှိုးကိုလည်း ကွေးညှစ်ပြီးသား။ တစ်ဆက်တည်းမှာ ပင်လူ တစ်ယောက် ၏ စူးစူး နစ်နစ် အော်သံထွက်လာသည်။
သွေးအိုင်ထဲတွင် ခွေလဲနေသည်ကား ထဘီ ရင်ရှားထားသော မိန်းမ တစ်ယောက် ။
“မေမေ…”
မေဂျာစတီပင်၏ ရင်ခွင်ဆီမှ ပေါ်လာသော အသံပင်။
သူ့တစ်ကိုယ်လုံး တုန်သွားချေသည်။
“ဟဲ… ဟဲ… ဘယ်လိုလဲ ဘလဒ်ဒီဘလန့်… ခင်ဗျားဟာအပြစ်မဲ့တဲ့ ကလေးအမေ တစ်ယောက် ကို သတ်ပစ်လိုက်ပြန်ပြီ၊ ခင်ဗျားဟာ လူယုတ်မာ ပင်လယ်ဓားပြဗိုလ် ပီသပါပေတယ်”
မေဂျာစတီပင်၏ ရယ်သွမ်းသွေးစကားနှင့် ကလေးငယ်၏ ‘အမေ’ ဟု အော် လိုက်သော အသံတို့သည် သူ့ကို ကတုန်ကယင် ဖြစ်လာစေသည်။
“မထူးပါဘူးလေ၊ အမေ မရှိတော့တဲ့ ကလေးကို ဘာကြောင့် အရှင်ထား နေတော့ မလဲ။ ပစ်လိုက်စမ်းပါ၊ ဟောဒီမယ်… ကျုပ်- ရင်ခွင်ထဲမှာ လေ၊ ပစ်လိုက်စမ်းပါ၊ ဟော ဒီမယ်… ကျုပ်- ရင်ခွင်ထဲမှာ လေ၊ ပစ်လိုက်စမ်းပါ”
သူ့တစ်ကိုယ်လုံး ပေါက်ကွဲလွင့်စင်သွားပြီဟု ထင်လိုက်သည်။ သူ့ကိုယ်သူ အပါ အဝင် အရာရာကို စက်ဆုပ်ခြင်း ကြီးစွာ ဖြင့် အလွန်မိုက်ရူးရဲဆန်သော အလုပ် တစ်ခုကို စွန့်စွန့်စားစား လုပ်လိုက်လေသည်။
ပစ္စတိုပြောင်းသည် အထက်သို့ အနည်းငယ် မြောက်သွားသည်။ သူ့စိတ်ထဲက မှန်းရွယ်ထားသော အချိန်အဆ ရှိရာသို့ ရောက်သည်နှင့် သူမျက်စိကို စုံမှိတ်ကာ ခလုတ် ကို ညှစ်ချလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ပေါ်လာသည်။ အော်သံ မကြားရ။ ယမ်းနံ့များ လွင့်သွားသည်။ မှိတ်ထားသည့် မျက်စိကိုပြန်ဖွင့်သည်။ မျက်စိ ပြန် အဖွင့်တွင် မြင်တွေ့ ရမည့် မြင်ကွင်းကို သူကြောက်ရွံ့ ချောက်ချားစွာ စောင့်မိတော့သည်။
ယမ်းငွေ့နှင့် မီးခိုးများ ရောထွေးနေသည်။ တဲအမိုးကို တဖျစ်ဖျစ် လောင်ကျွမ်း လာသော မီးတောက်တို့၏ အော်သံတွင် သူတုန်လှုပ်နေသည်။ မီးခိုးလုံးများ ၏ ဟိုမှာ ဘက် က ဝိုးတဝါး မြင်ကွင်းကို မျက်ရည်ဝေ့နေသော မျက်လုံးများ ဖြင့် သူကြိုးစား၍ ကြည့်လိုက် သည်။
“ဘုရားသခင်…”
နှလုံးသည်းပွတ်အတွင်းတွင် ဂယက်ရိုက်သွားသည်။
တဲထောင့်တွင် အနှီးအဝက် တထွေးတပွေ့နှင့် ကလေးငယ်သည်သူ့ကို ဝိုင်းစက် ပြူးကျယ်သော မျက်လုံးများ နှင့် ကြည့်နေဆဲ။
လက်ထဲမှ ပစ္စတိုကို ရွံရှာစွာ ပစ်ပေါက်လိုက်သည်။ ကလေးငယ်ဆီသို့ သူပြေးသွား သည်။ တုန်ယင်သော လက်များ ဖြင့် ထွေးပွေ့ကာ ကလေးငယ်၏ ပါးပြင်ကို သူ့မျက်နှာနှင့် ကပ်လိုက်သည်။ ကလေးငယ်၏ ပါးပြင်တွင် သူ့မျက်ရည်များ စိုစွတ်သွားလေသည်။
မီးစွဲလောင်နေသော သစ်သားတန်းတစ်ခု သူ့ပခုံးပေါ် ပြုတ်ကျလာတော့မှ လှိုက်လှဲ သည်းထန် ဝေဒနာထဲက သူနိုးကြားလာသည်။ ကလေးကိုရင်ခွင်တွင် တင်းကျပ်စွာ ပွေ့ကာ တဲအပြင်သို့ ခုန်ထွက်လိုက်သည်။ တဲတစ်ခုလုံး မီးတဟုန်းဟုန်း လောင်နေပြီ။
တိုက်ပွဲ၏ အရှုံးအနိုင်ကို သူဆုံးဖြတ်၍ မရ။
တစ်ချက်မျှပင် မအော်နိုင်ဘဲ မျက်နှာတစ်ခုလုံး ပွင့်ထွက်လာရုပ်ပျက်ဆင်းပျက် သေဆုံးသွားစေသည်အထိ မေဂျာစတီပင်ကို သူအနိုင်ရခဲ့သည်။ ရန်သူကို သူ့လက်ဖြင့် သုတ်သင်နိုင်ခဲ့ပြီ။ သူတို့ သယ်ယူမည့် ဟင်းခတ်မွှေးအကြိုင်တွေ ကိုလည်း ဖျက်ဆီးပစ် နိုင်ခဲ့ပြီ။ သူ့အမိန့်အတိုင်း သူ့လူများ က စွမ်းဆောင်ခဲ့ကြပြီ။ သို့သော် ဤတိုက်ပွဲတွင် သူ အနိုင်ရခဲ့သလား ဟု သူကိုယ်သူ မေးနေမိသည်။ သူ့ မေးခွန်းကို သူကိုယ်တိုင်က ခေါင်းခါ သည်။
တဲဝဆီမှ ရိပ်ကနဲ လှုပ်ရှားမှု ။ ပစ္စတိုခလုတ်ကို ကွေးညှစ်လိုက်သော အထိအတွေ့ ။ ပေါက်ကွဲသံ။ စူးစူးနစ်နစ် အော်သံ။ သွေးအိုင်ထဲမှ မိန်းမ ‘မေမေ’ ဟူသော ကလေးငယ်၏ အသံ။ သူ့ရင်ခွင်ထဲမှ ကလေး။ ဤတိုက်ပွဲတွင် သူရှုံးခဲ့ပြီလား။ ရှုံးခဲ့ပြီဆိုလျှင် သူ့ရင်ခွင်ထဲမှ ကလေးသည် ထိုအရှုံးအတွက် သူ အကောင်းဆုံး ပေးဆပ်ရမည့်  ကြွေးမြီးရှင် ဖြစ်ပါစေ။ သော င်ခုံကိုဖြတ်၍ ကမ်းစပ်သို့ သူပြေးလာခဲ့သည်။
မီးတဟုန်းဟုန်းလောင်ဆဲ။ ပစ်ခတ်သံ၊ ပေါက်ကွဲသံ၊ အော်ဟစ်သံများ ဆူညံ ရှုပ်ထွေးဆဲ။ တံငါရွာလေးကို ကြည့်ရင်း ရင်ခွင်ထဲမှ ကလေးကို တင်းတင်းကျပ်ကျပ် ပွေ့မိ ပြန်သည်။ သူ့ကိုယ်သူစဉ်းစားချိန်ပေးရန်ပင်မစောင့်တော့ဘဲကျန်လက်တစ်ဖက်က ခါးစည်း ကြိုးပေါ်သို့ ရောက်သွားသည်။
ခါးစည်းကြိုးပေါ်တွင် စလွယ်သိုင်းလွယ်ထားသော ကျွဲချိုတံပိုး တွဲ လောင်း ကျနေ သည်။ ကျွဲချိုတံပိုးကို သူကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ အက်ကွဲခြောက် သွေ့ နှုတ်ခမ်းတွင် တံပိုးကို တင်လိုက်သည်။
တိုက်ပွဲသိမ်းတံပိုးသံ။ အားလုံး လှေဆီသို့ အမြန်ပြန်လာကြရန်အမိန့်ပေးသည့် တံပိုးသံ။ ပရင့်ဆက်စ်ဆီသို့ အမြန်ပြန်ကြရန်ခေါ်သည့် တံပိုးသံ။
သူ့ရင်ခွင်ထဲမှ ကလေးသည် တံပိုးသံသုံးဆင့်ကို နားစိုက်ထောင်နေပြီးနောက် လက်ခုပ်တီးကာ ဝူးဝူးဝါးဝါး အော်၍ ရယ်နေသည်။
ကလေးငယ် တစ်ယောက် ၏ ရယ်သံ၊ ဤမျှ ပြင်းထန် စူးရှလိမ့်မည် ဟုသူမထင်မိ။ ဆတ်ဆတ်ခါသွားသော နှလုံးသား၏ သက်သာရာရကြောင်းကို ကယောင်းကတမ်း ရှာဖွေ သည့်အနေဖြင့် ကလေးငယ်ကို ရင်ခွင်တွင်းသို့ ပို၍ တင်းကျပ်စွာ ပွေ့ဖက်လိုက်လေတော့ သည်။
အခန်း (၂)
တစ်မျှော်တစ်ခေါ် ပင်လယ်ပြင်၊ တဝေးတဆန့် ကောင်းကင်ပြင်ကို ချစ်သော ကြောင့် ‘အပြာရောင် ’သည် စွဲလမ်းစရာ အရောင် တစ်ခု အရောင် တစ်ခု ဖြစ်လာခဲ့လေသည်။ ပင်လယ်နှင့် ကောင်းကင်သည် အတိုင်းအဆမဲ့ ကျယ်ပြောသည်ဟုလည်း ထင်သည်။ ထို့ကြောင့် အပြာရောင် သည် လွတ်လပ်ခြင်းအရောင် ဖြစ်သည်ဟုလည်း အမှတ်သညာ ပြုမိသည်။
ထို့ကြောင့် ဘလဒ်ဒီဝတ်ဆင်ထားသော အဝတ်အစားတစ်ပုံတစ်ခေါင်း ထဲတွင် အပြာရောင် ဂါဝန်၊ အပြာရောင် ဘောင်းဘီ၊ အပြာရောင် ခေါင်းစည်းပဝါ၊ အပြာရောင် ခါးစည်းကြိုး…အားလုံးအပြာရောင် အဝတ်အစားများ ကိုချည်း ရွေးယူခဲ့သည်။ လက်ဝတ် ရတနာများ ကိုလည်း အပြာရောင် ၊ အပြာသွေးရှိသော ရတနာများ ကိုသာ ရွေးယူသည်။ ဘလဒ်ဒီ ကတော့ ရလာသမျှ လက်ဝတ်ရတနာအားလုံးကို ပုံတိုက်ကာ ရှေ့မှာ ချပေး သည်။
“ဘေဘီ ကြိုက်တာယူ၊ အို…အားလုံးကြိုက်လဲ အားလုံးယူလိုက်၊ ဟိုကောင်တွေ ဖို့ တစ်ခုမှမကျန်လဲနေပစေ၊ ဒီကောင်တွေ ကရွှေငွေရတနာနဲ့ တန်တဲ့ကောင်တွေ မဟုတ်ဘူး”
ဟုလည်း ဘလဒ်ဒီကပြောတတ်သည်။
သို့သော် ထိုရတနာ အပုံလိုက်ထဲက သီးသီးသန့်သန့် ရွေးယူမိသည်ကား နီလာ များ ချည်းပင်။ နီလာလက်စွပ်၊ နီလာဘယက်၊ နီလာနားဆွဲ၊ နီလာဆံထိုး၊ ရွှေရောင် ငွေရောင် မကြိုက်။ ပတ္တမြားနှင့် စိန်ကိုလည်း မကြိုက်။
ကြေးမုံကိုကြည့်တိုင်း၊ ကြည့်တိုင်းလည်း ကိုယ့်မျက်လုံးကိုယ် မကျေမနပ် ဖြစ် နေ သည်။ ဘလဒ်ဒီ၊ ဒီဒေရို၊ ပြီးတော့ …ဟိုထောင့်မကျိုးသည့် ဒေါ်လ်ဆင်…။ အို …အား လုံး ပါပဲလေ။ ပရင့်ဆက်စ်ပေါ်က လူတွေ အားလုံးလိုလိုမှာ အပြာရောင် မျက်လုံးများ ရှိကြ သည်။ ထိုမျက်လုံးမျိုးကို ပိုင်ဆိုင်ချင်သည်။ မျက်လုံးပြာပြာလေးနဲ့ဆိုရင် ဘယ်လောက် လှမလဲဟု တွေးမိသည်။ မိမိ၏ မျက်လုံးများ က အနက်ရောင် ဖြစ်နေသည်။ နက်သည်မှ မည်းမှော င်ခြင်းတွင် အရောင် ရှိလေသလားဟု ထင်လောက်အောင် နက်သည့် အနက် ရောင် ။
ဘလဒ်ဒီ ကတော့ ဤမျက်လုံးနက်များ ကိုပင် ချီးကျူးစကားပြောသည်။
“အံမယ်လေး ဘေဘီရယ်၊ မျက်လုံးနက်နက်လေးတွေ ဟာ ဘယ်လောက်လှသလဲ။ ဘုရားသခင်က ဒီမျက်လုံးမျိုးကို ထူးခြားတဲ့ လူနည်းစုကိုပဲ ပေးသနားထားတာ။ ဂိုဝါက ပေါ်တူဂီမတွေ ဆိုရင် မျက်လုံးနက်ချင်လိုက်တာမှ မျက်အိမ်ကို ဆေးဆိုးလို့ ရရင် ဘယ်လောက်ပေးရ ပေးရ အနက်ရောင် ဆိုးနေတဲ့ ဟာမတွေ အပုံအပင် ”
ဟိုထောင့်မကျိုးသည့်ဒေါ်လ်ဆင်ကလည်း
“ မျက်လုံးလေးတွေ နက်နေလို့ ဘေဘီိပိုလှတာ”ဟုပြောတတ်သည်။
သူတို့ဘာပြောပြော မျက်လုံးပြာက ပိုလှသည်ဟု ထင်မိသည်ကားအမှန်။
တစ်ခုတော့ရှိသည်။ ဘလဒ်ဒီနှင့် တကွ သူတို့အားလုံး၏ ဆံပင်အရောင် များ ကိုမူ မကြိုက်။ တချို့ကပြောင်းဖူးမွေးလိုလို၊ တချို့က ရေညှိတက်နေသော ကြေးနီပြား လိုလို၊ တချို့က မီးပြင်းပြင်းထိုးထားသော ဒယ်အိုးဖင် လိုလို။ ဆံပင်အရောင် တွေ က အမျိုးမျိုး ဖြစ်နေကြသည်။
မိမိဆံပင်က အနက်ရောင် ။
အနက်ရောင် ဆံပင်များ ကို တထွေးတအိပိုင်ဆိုင်ထားရခြင်းအတွက်တော့ ဂုဏ်ယူ မိသည်။ အနက်ရောင် ဆံကေသာထက်တွင် နီလာအပွင့် အကြီးကြီး ဆံထုံးကို ပန်ထား လိုက်ရလျှင်၊ အလိုလိုပင် ရင်ထဲက ပျော်ရွှင်လာတတ်လေသည်။ ပရင့်ဆက်စ် သင်္ဘော တစ်စင်းလုံးကလည်း ဤဆံပင်များ ကိုချီးကျူးကြသည်။ ဒီဒေရိုကြီးဆိုလျှင် အရက်တွေ မူးမူးနှင့် သူ့စောင်းကြီးကိုတီးကာ မိမိ၏ ဆံပင်အနက်ရောင် အကြောင်း လက်တန်းရွက်ကာ သီချင်းဆိုတတ်သည်။
ဒီဒေရိုသီချင်းဆိုသော အခါ ဘလဒ်ဒီကလည်း ကတော့သည်။ ဘလဒ်ဒီ၏ ခြေ ထောက်များ လျင်မြန်စွာ ရွေ့လျားသွားပုံမှာ ကြည့်ကောင်းလှသည်။ သို့သော် ဘလဒ်ဒီက သူ့ဘာသာသူမကဘဲ “ဘေဘီ..လာလေ… ကကြရအောင် လာစမ်းပါဘေဘီရဲ့ ” ဟု ဇွတ်ခေါ်တတ်သည်။ ငြင်း၍ မရ။
အစ ကတော့ ကရမည် ကို ရှက်နေသည်။ တဖြည်းဖြည်းနှင့် ရဲလာတသည်။ ကတတ်လာသော အခါတွင် လည်း ကရသည်ကို ပျော်လာသည်။ လည်ရှည်သားရေပျော့ သံခွာတပ် ဘွတ်ဖိနပ်ကိုစီးပြီး၊အမြန်ကရလျှင် ပိုကြိုက်သည်။ ဂါဝန်ကို ခြေသလုံး ပေါ်အောင် အသာမကာ ပရင့်ဆက်စ် ကြမ်းပြင်အနှံ့ ကပစ်လိုက်သည်။
ထိုအခါ ပရင့်ဆက်စ်ပေါ်ရှိ သူတို့တတွေ အားလုံးလည်း သီချင်း သံပြိုင်အော်၍ ဆိုကြလေတော့သည်။ စပိန်ဂစ်တာ အတီးကောင်းသော ဒေါ်လ်ဆင်သည် သူ့ဂစ်တာကြီး ကို ပွေ့ကာ ရွက်တိုင် ကြိုးလှေကားပေါ်သို့ တက်၍ တီးတတ်သည်။ သူတို့အားလုံး အားရ အောင် သီချင်းဆိုကြ၊ ကကြပြီး တော့မှ မောမောဖြင့် ဝိုင်အရက်ကို အငမ်းမရ သောက်ကြ ပြန်သည်။
အားလုံးထက်ပို၍ သောက်နိုင်သူကား ဘလဒ်ဒီပင်။ ဘလဒ်ဒီသည် အမွှေးအမျှင် ထူထပ်လှသော သူ့လက်ကြီးဖြင့် ဝိုင်အရက်စည်ကို မြှောက်ကာ ပါးစပ်အတွင်းသို့ တသွင် သွင်လောင်းချတတ်သည်။ဝိုင်အရက်များ သည်မုတ်ဆိတ်ပါးမြိုင်းထူလှသော သူ့မျက်နှာကြီး တစ်ခုလုံးတွင် ရွှဲရွှဲစိုသွားလေသည်။ ဝိုင်ကုန်သွားသော စည်အလွတ်ကို တပည့်တစ် ယောက် ယောက် ဆီိသို့ ပစ်ပေါက်လိုက်ပြီးနောက်သူလည်းသင်္ဘောကုန်းပတ်ပေါ်သို့ ခြေပစ် လက်ပစ် လဲကျသွားသည်။ ထို့နောက် လက်နှစ် ဘက်ကို ကောင်းကင်ဆီသို့ ဆန့်တန်းကာ တေးတစ်ပုဒ်ကို အသံဝါကြီးဖြင့် အော်ဆိုလေတော့သည်။
ထိုတေးမှာ လည်း ဘလဒ်ဒီကိုယ်တိုင်စပ်ထားသော ကိုယ်ပိုင်တေး ဖြစ်သည်။ တေးသွားက တစ်ခါဆို တစ်မျိုးပြောင်းပြောင်း နေတတ်သော်လည်း တေးစာ သားမှာ မူမပြောင်းလဲ …။
“လွန်ခဲ့တဲ့ ဆယ့်နှစ် နှစ် ကာလ…
သရယမ်လို့ခေါ်တဲ့ ရွာလေးကို ပရင့်ဆက်စ်ရောက်ခဲ့တယ်
မိစ္ဆာကောင်တွေ ကို တိုက်ခိုက်အောင်မြင်တဲ့ပွဲ….
ရန်သူ့အပေါ်မှာ အောင်ပွဲ ရယူခဲ့တယ်…
အို- အဖဘုရားသခင်…
အောင်ပွဲရဲ့ ဆုလာဘ်ကို ပေးသနားတော် မူတယ်…
ငါ့ရင်ခွင်ထဲကို လူသားမိန်းကလေး တစ်ယောက် ရောက်ရှိလာ
မီးတောက်တွေ နဲ့ ကျည်ဆန်တွေ ကြားထဲမှာ
မည်းနက်ဝိုင်းစက်တဲ့ မျက်လုံးလှလှကြီးတွေ နဲ့
ငါ့ရင်ခွင်ထဲပါလာတဲ့ ကလေးရယ်
သူဟာ ဘလဒ်ဒီရဲ့ သမီးငယ်
ဘေဘီ…ဘေဘီ…
ပရင့်ဆက်စ်ရဲ့ အငယ်ဆုံး အလှဆုံး ဧကရီ”
“ဘေဘီ ဘေဘီ ပရင့်ဆက်စ်ရဲ့ အငယ်ဆုံး အလှဆုံးဧကရီ” ဟူသော သံပြိုင် ပိုဒ်ကို အားလုံးက ဝိုင်းအော်ကြလေသည်။ ဘလဒ်ဒီသည် တေးကို ထပ်ကာတလဲလဲ အော်ဟစ်ပြီးနောက် လဲကျသွားသည်။ သူ အလွန်အကျွံ မူးသွားပြီ ဖြစ်သည်။
လဲကျမသွားခင် မူးမူးနှင့် ရေရွတ်တတ်သည်။
“သမီး… ဘေဘီ၊ သမီးလေး… ဘလဒ်ဒီ ပါပါကို ပစ်မ သွားပါနဲ့သမီးရယ်”
“ဘလဒ်ဒီတို့ ပေါ်တူဂီဆိုတာ ဘယ်မှာ ရှိသလဲဟင်”
“ဟိုး အဝေးကြီးမှာ ပေါ့ ဘေဘီ…”
“ဘယ်လောက်ဝေးသလဲဟင်”
“ဒီလိုပင်လယ်မျိုးတွေ ကို အများ ကြီးဖြတ်သွားရတယ်”
“ပေါ်တူဂီပြည်ဟာ လှသလား ဘလဒ်ဒီ”
“လှတာပေါ့ ဘေဘီ၊ မြောက်ဘက်မှာ ဆိုရင် မင်ဟိုနဲ့ နူရိုဆိုတဲ့ မြစ်ကြီးနှစ် စင်း၊ တောင်ဘက်မှာ ဆိုရင် ဂူးနဲ့ ဂွာဒီယားနားဆိုတဲ့ မြစ်ကြီးနှစ် စင်း၊ အဲဒီ မြစ်ကြီးလေးစင်း ဝန်းရံ နေတာပေါ့။ မြောက်ဘက်ပိုင်းမှာ ဆိုရင် ၊ တောင်တန်းတွေ လဲရှိတယ်”
“တောင်တန်းတွေ ဟုတ်လား”
“အင်း”
“ဘေဘီ တောင်တန်းတွေ ကို သိပ်မြင်ဖူးချင်တာပဲ”
ဆွတ်ဆွတ်ပျံ့ပျံ့ပင် ပြောမိသွားသည်။ တကယ်လည်း တောင်တန်းဆိုသည်ကို မတွေ့ ဘူးခဲ့။ လောကကြီးကို သိတတ်သော မျက်စိဖြင့် ဖွင့်ကြည့်လိုက်သော အခါကစပြီး ကောင်းကင်ပြာ၊ ပင်လယ်ပြာ၊ ပရင့်ဆက်စ်၊ ပြီးတော့ ပင်လယ်ဓားပြများ ကိုသာ တွေ့ မြင်ခဲ့ ရသည်။ ငယ်ငယ်တုန်းကဆိုလျှင် ကမ္ဘာကြီးဟူသည်မှာ ပင်လယ်ပြင် ဖြစ်သည် ဟု ပင် အတွေးရောက်ခဲ့ဖူးလေသည်။
ဘလဒ်ဒီ၏ ကြင်နာသော အကြည့်များ ကို မသိကျိုးကျွန်ပြုကာ ပခုံးနှစ် ဖက်ပေါ် ကျနေသော ဆံပင်များ ကိုသိမ်းလိုက်သည်။ အတွေးထဲတွင် မူ တောင်တန်းကြီးတွေ ရှိသည် ဟူသော ဘလဒ်ဒီတို့၏ ပေါ်တူဂီပြည်ကိုမြင်ယောင်ကြည့်နေသည်။ သို့သော် ပုံဖော်မရ။
“ဘလဒ္ဒီ”
“ဘာလဲ ဘေဘီ”
“ပေါ်တူဂီပြည်မှာ ပင်လယ်လိုပဲ လေမုန်တိုင်းတွေ ၊ လှိုင်းလုံးကြီးတွေ ရှိသလား ဟင်”
ဘလဒ်ဒီက ခြောက်သွေ့စွာ ရယ်လေသည်။
“ဘယ်ရှိမလဲ ဘေဘီ၊ ပူနွေးတဲ့ နေခြည်တွေ ရှိတယ်။ အရောင် စုံတဲ့ ပန်းဥယျာဉ် တွေ ရှိတယ်။ စိမ်းစိုနေတဲ့ စပျစ်ခြံတွေ ထဲမှာ ပျားတွေ ၊ လိပ်ပြာလေးတွေ က ဝဲပျံနေကြ တယ်။ ဝိုင်အရက်ချက်ကြတဲ့ ပွဲရာသီရောက်ပြီဆိုရင် အဆင်စုံ၊ အသွေးစုံဝတ်ကောင်းစား လှ ဝတ်ထားတဲ့ လုံမပျိုလေးတွေ ဟာ စပျစ်ခြံတွေ ထဲမှာ တေးတွေ ဆိုကြ၊ ကခုန်ကြနဲ့ သိပ်ပျော်စရာကောင်းတယ်
“သိပ်ပျော်စရာကောင်းတယ်”
ဘလဒ်ဒီ၏ စကားကို အမှတ်တမဲ့ သံယောင်လိုက်မိသွားသည်။
“ဒါနဲ့များ ဘလဒ်ဒီက ဒီလောက်လှပပြီး ပျော်စရာကောင်းတဲ့ နေရာကို စွန့်ခွာခဲ့ သေးတယ်နော်။ ဘာကြောင့် ပေါ်တူဂီပြည်မှာ မနေဘဲ၊ ဒီပင်လယ်ကြီးထဲမှာ ပရင့်ဆက်နဲ့ ပင်လယ်ဓားပြဗိုလ်ကြီး လာလုပ်နေတာလဲဟင်..”
ဘလဒ်ဒီ့ အမူအရာပျက်သွားကြောင်း သတိထားလိုက်မိသည်။
“ဘေဘီ…သမီးရယ်၊ ဘေဘီ ဒါတွေ ကို မသိချင်ပါနဲ့၊ ဘေဘီ ငယ်ပါသေးတယ်”
“ဟင့်အင်း …ဘေဘီ မငယ်တော့ပါဘူး၊ ဆယ့်ခြောက်နှစ် ရှိပြီလေ”
“ဟား…ဟား၊ ဘလဒ်ဒီပါပါရဲ့ အသက်ခြောက်ဆယ့် တစ်နှစ် ရှိပြီဆိုတာကိုကော သမီးမေ့သွားပြီလား။မသိချင်စမ်းပါနဲ့ဘေဘီရယ်။အဘိုးကြီး တစ်ယောက် ရဲ့ နောက်ကြောင်း အတိတ်တွေ ဟာ အဲဒီ အဘိုးကြီးလိုပဲ အိုမင်းဆွေးမြေ့နေပါပြီ”
“အင်းလေ၊ ဘလဒ်ဒီ မပြောချင်ဘူးဆိုရင်ဘေဘီမမေးတော့ပါဘူး”
“အေး သမီးကလိမ္မာပါတယ်”
“သမီး” ဟူသော အသုံးအနှုန်းကို ဘလဒ်ဒီ၏ နှုတ်မှ ကြားလေတိုင်း ရင်ထဲမှာ တစ်မျိုး ဖြစ်သွားတတ်သည်။ ဘလဒ်ဒီကလည်း စကားပြောတိုင်း ဘေဘီတစ်မျိုး၊ သမီး တစ်မျိုးအခါခါ သုံးတတ်သည်။ ယခုလည်း သမီးဟူသော ခေါ်သံကြောင့် ရင်ထဲမှာ လှုပ်ရှား ရပြန်ပေပြီ။
ဘလဒ်ဒီက ‘သမီး’ခေါ်သည်ကို ကြည်နူးမိသော်လည်း၊ ဘာကြောင့် မှန်းမသိ။ ဘလဒ်ဒီကိုတော့ သူ့ကိုယ်သူ ပြောသလို ‘ဘလဒ်ဒီ ပါပါ’ဟု တစ်ခါမျှ မခေါ်မိ။ အများ ခေါ်သလို ဘလဒ်ဒီ ဟုသာ ခေါ် ဖြစ်နေသည်။
“ဘေဘီတို့ အခုဘယ်အရပ်ကို ရွက်လွှင့်နေတာလဲဟင်”
အစိုးမရသော အတွေးများ ကြောင့် မေးမိမေးရာ မေးမိလေသည်။
“မြောက်ဘက်ကိုလေ ဘာ ဖြစ်လို့လဲ ဘေဘီ”
“ကမ်းကို ဘယ်တော့ရောက်မလဲ”
“ဘေဘီက တကယ်သိချင်နေလို့လား”
“သိချင်လို့ပေါ့ ဘလဒ္ဒီ”
ဘလဒ္ဒီက ကေဗင်ခန်းပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ အော်ခေါ်သည်။ မကြာ မီပင်ဒေါ်လ်ဆင်ရောက်လာသည်။ ပဝါအနီကို လည်တွင် စည်း၍ လက်မောင်းအိုးပွပွ၊ အဖျား ကျပ်ကျပ် ဇာပန်းထိုးအင်္ကျီရှည် ဝတ်ထားသော ဒေါ်လ်ဆင်မှာ ပင်လယ်ဓားပြတစ် ယောက် နှင့် မတူဘဲ မင်းညီမင်းသား တစ်ပါးလို ကြွကြွရွရွ ဖြစ်နေသည်။
“ဘလဒ်ဒီ ကျွန်တော့် ကိုခေါ်သလား”
“ခေါ်တယ်၊ မင်းမြေပုံကို ထုတ်စမ်း၊ တွက်ပြစမ်း။ ကမ်းခြေရောက်ဖို့ ဘယ်လောက် လိုသေးလဲ ၊ ဘေဘီက သိချင်လို့”
ဒေါ်လ်ဆင်က ပခုံးပေါ်ဝဲကျနေသော သူ့ရွှေရောင် ဆံပင်များ ကို ဟန်ပါပါသပ်ကာ တစ်ချက်ပြုံးကြည့်သည်။ သူ့အပြုံးကို မမြင်ချင်ဟန်ပြုလိုက်သည်။ နံရံတွင် လိပ်တင်ထား သော မြေပုံစာရွက်ကြီးကို ဒေါ်လ်ဆင်က ကြိုးဆွဲ၍ ဖြုတ်ချသည်။ ထို့နောက် ကွန်ပါနှင့် ငွေရိုးတပ် တုတ်တံကို ကိုင်၍ မြေပုံရှေ့တွင် ခပ်ကြွားကြွားရပ်သည်။
ဒေါ်လ်ဆင်မှာ ဟန်ရေး ပန်ရေး များ လှသူ တစ်ယောက် ဖြစ်စေကာမူ သူ့အလုပ်ကို သူကျွမ်းကျင်သည်ကားအမှန်ပင်။
မြေပုံပေါ်သို့ ကွန်ပါဖြင့် ထောက်၊ တုတ်တံအဖျားဖြင့် ရွှေ့၊ စားပွဲပေါ်ရှိ မင်အိုးထဲသို့ ငှက်မွှေးကလောင်ကိုနှစ် ၍ စာရွက်ပေါ် ဟိုဟို ဒီဒီခြစ်ကာ-
“ရာသီဥတုကောင်းနေတယ်၊ လေလဲကောင်းတယ်၊ ဒီအတိုင်းသာဆိုရင် နောက် ဆယ့်ငါးရက်၊ အလွန်ဆုံးတစ်လလွှင့်ပြီးရင် ကမ်းကိုရောက်မယ်”
ငွေရိုးတပ် တုတ်တံဖျားဖြင့် သူ့ပါးကို ခပ်ဖွဖွရိုက်ကစားရင်း ဒေါ်လ်ဆင်ကပြုံးကြည့် နေပြန်သည်။ မသိမသာ ကျဉ်းမြောင်းသော သူ့မျက်လုံးအိမ်ပြာပြာကို သဘောမကျ။ ပြောပုံဆိုပုံကလည်းအထက်စီးဆန်ချင်သည်ဟုထင်သဖြင့် တမင်ပင်ကပ်ဖဲ့မေး လိုက်သည်။
“ကမ်းကို ရောက်တာတော့ဟုတ်ပြီ။ ဘယ်ကမ်းလဲ၊ ဘယ်တိုင်းပြည်လဲ၊ လူမသိ၊ နာမည် မရှိတဲ့ ကျွန်းတစ်ကျွန်းလား ၊ ပေါ်တူဂီပြည်လား၊ ကောင်းကင်ဘုံရဲ့ ကမ်းခြေလား”
ဒေါ်လ်ဆင်ကမူ အပြုံးမပျက်။
“အား ဘေဘီ့မေးခွန်းက အင်မတန်ခက်တယ်။ ဒါပေမယ့် ကျုပ်ဖြေနိုင်ပါလိမ့်မယ်”
“မသိရင် မသိဘူးပြောစမ်းပါ ဒေါ်လ်ဆင်။ ဘယ်ကမ်းခြေလဲ”
“သိတာပေါ့ ဘေဘီ။ ဖြေမှာ ပေါ့။ ဒီလိုရာသီဥတုမျိုး၊ ဒီလိုလေတိုက်နှုန်းမျိုး၊ ဒီလို ကာလမျိုးမှာ ပဲ၊ လွန်ခဲ့တဲ့ ဆယ်နှစ် ကျော်က ပရင့်ဆက်စ်ဟာ အခုလို မြောက်အရပ်ဆီ သင်္ဘော ဦးတည်ပြီး လွှင့်ခဲ့သေးတာပဲ။ ဒါကို အခုလေးတင်ကပဲ ကျုပ်ပဲ့စင်ပေါ်မှာ ထိုင်ရင်း၊ ကျုပ်ရဲ့ မှတ်တမ်းတွေ ပြန်ဖတ်ကြည့်ရင်း အဖြေထုတ်နေခဲ့သေးတာကိုး”
“ဟင်…တကယ်လား၊ ဒါဆို…”
“တကယ်ပေါ့ ဘေဘီ ၊ ဒါပေမယ့် ဘလဒ်ဒီဆီက အကူအညီ တောင်းရလိမ့်မယ်”
ဒေါ်လ်ဆင်က အပြုံးမပြယ်သော မျက်နှာဖြင့် ပြောသည်။ ထို့နောက် ပြောပြော ဆိုဆို ဘလဒ်ဒီဆီဘက်သို့ လှည့်ကာ ဦးညွတ်ပြန်သည်။
“ကျွန်တော် သာ အမှတ်မမှားဘူးဆိုရင် ကျွန်တော် တို့ဟာ အန်ဒမန် ကျွန်းစုရဲ့ မြောက်စူးစူး အရပ်ကနေပြီး၊ ပိုပြီးမြောက်ဘက်ကျတဲ့ ဒေသတစ်ခုဆီကိုရွက်လွှင့်နေကြ တယ်လို့ ပြောပါရစေ။ ဒီခရီးကို မှန်မမှန်အတည်ပြုနိုင်ဖို့အတွက် ကက်ပတိန် ဘလန့်အနေနဲ့ ပရင့်ဆက်စ်ရဲ့ လွန်ခဲ့တဲ့ဆယ့်နှစ် နှစ် ကာလ၊ ခုလိုရာသီမှာ လွှင့်ခဲ့တဲ့ ခရီး စဉ်မှတ်တမ်းကို ကြည့်ခွင့်ပေးလိမ့်မယ်လို့ထင်ပါတယ်”
ဒေါ်လ်ဆင်၏ အသွင်မှာ အလွန်အရေး ကြီးသော စစ်ပွဲကြီးတစ်ပွဲကို ဦးဆောင်သည့် ရေတပ်ဗိုလ်ချုပ်ကြီး တစ်ယောက် နှယ် ခမ်းနားသိုက်မြိုက်နေသည်။
“ကျေးဇူးပြု၍ ကက်ပတိန် ဘလန့်ခင်ဗျား…ရေကြောင်းပြမြေပုံကျွမ်းကျင်သူ တစ်ဦးအနေနဲ့၊ မှတ်တမ်းကို ကြည့်ခွင့်ပေးပါလို့ ကျွန်တော် တောင်းဆိုနေပါတယ်”
ဒေါ်လ်ဆင်၏ ပြုံးစစအသွင်မှာ ချက်ချင်း ပင် တည်ကြည်တင်းမာသွားသည်။ ဒေါ်လ်ဆင် ဘာကြောင့် ဤသို့အမူအရာ ပြောင်းသွား သည်ကို မသိ။ သို့ သော် ဘလဒ်ဒီ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်ကိုမူ သတိမထားမိလိုက်သည်။ သို့သော်လည်း ဘလဒ်ဒီ ထံမှ တုံ့ပြန်အဖြေစကား ထွက်မလာခဲ့။
“ဒေါ်လ်ဆင်က မှတ်တမ်းတွေ တောင်းနေတယ်၊ ပေးလိုက်လေ ဘလဒ္ဒီ”
ဘလဒ္ဒီ၏ အငူသား ဆုတ်ဆိုင်းဆိုင်းဟန်ကို အားမလို အားမရစွာ ဝင်ပြောမိ တော့သည်။
ဘလဒ်ဒီက နှုတ်ခမ်းကို လျက်လျက်
“ဒေါ်လ်ဆင် မင်း တကယ်ပြောနေတာလား”
“တကယ်ပြောနေတာပေါ့ ဘလဒ္ဒီ၊ အခုဘလဒ္ဒီက လှမ်းခေါ်လို့သာ၊ မခေါ်ရင်လဲ ဒီကိစ္စ အတွက် ကျွန်တော် လာမလို့ပဲ။ အခုတော့ ဘေဘီက သိချင်နေတယ်ဆိုတော့လဲ ပိုပြီး အဆင်ပြေသွားတာပေါ့”
“ဘုရားသခင်၊ ငါတို့ဟာ တကယ့်ကို အတိအကျတိုက်ဆိုင်နေတဲ့လား”
“ပရင့်ဆက်စ်အတွက် ပင်လယ်ပြင်ဟာ ကျဉ်းကျဉ်းလေးပါ ဘလဒ်ဒီ၊ ပရင့်ဆက်စ် မှာ သာ ခြေထောက်ရှိရင်၊ ပြီးတော့ ပင်လယ်မှာ သာ အရာထင်ကျန်ရစ်နိုင်တဲ့ အမာခံရှိရင် ပင်လယ်ပေါ်မှာ ပရင့်ဆက်စ်ရဲ့ ခြေရာတွေ ဟာ ထပ်ပြန်တလဲလဲ ပေါ်နေမှာ ပါပဲ”
ကြံကြံဖန်ဖန် ပြောတတ်လေသော ဒေါ်လ်ဆင်၏ စကား အသုံးအနှုန်းကို သဘော ကျ၍ ခစ်ခနဲ တစ်ချက်ရယ် ဖြစ်သည်။ သူတို့နှစ် ဦးသားမှာ ကား၊ မိမိကို မေ့လျော့နေကြဟန် တူသည်။ တင်းမားစူးရှသော မျက်လုံးများ ဖြင့် တစ်ယောက် ကို တစ်ယောက် မရွှေ့တမ်း စိုက်ကြည့်နေကြသည်။
“ဒေါ်လ်ဆင်”
“ဟုတ်ကဲ့၊ ကက်ပတိန်။ အမိန့်တစ်ခုခုကို ကျွန်တော် စောင့်နေပါတယ်”
ဘလဒ်ဒီ၏ မျက်လုံးပြာကြီးများ တောက်ပလာသည်ဟု ထင်ရလေသည်။
“ဒေါ်လ်ဆင်၊ မင်းအခုပြောနေတာဟာ၊ သရယမ်ကိုပြောနေတာလား”
“အဲဒီ အတိုင်းပါပဲ ကက်ပတိန်ဘလန့်ခင်ဗျာ”
“သရယမ်ကမ်းခြေ”
“ဟုတ်ပါတယ်ခင်ဗျာ”
“ဒါဆိုရင် ဒါကိုဟုတ်မဟုတ် အတည်ပြုဖို့ တို့များ မှတ်တမ်းတွေ ကို ပြန်ကြည့် ရမှာ ပေါ့”
“ဒါကိုပဲ ကျွန်တော် ပြောနေခြင်း ဖြစ်ပါတယ် ကက်ပတိန် ဘလန့်”
တကယ်ပင် သူတို့နှစ် ယောက် မိမိကိုမေ့သွားပြီ ဖြစ်ကြောင်း သိရတော့သည်။ ဘလဒ်ဒီသည် သူ၏ ကြီးမားသော ခါးပတ်ပြားကြီး အတွင်းမှ ကြေးနန်း ခပ်အိတ်ရှုံ့ တစ်လုံးကို ထုတ်ယူကာ အိတ်ကို စားပွဲပေါ်သို့ ခေါက်ချသည်။ ရွှေသားပကတိ ကွင်း တစ်ကွင်းနှင့် တွဲ ထားသော ကြေးသော့ ကြီး တစ်ချောင်းကျလာသည်။ ထိုသော့ ကြီးကို တယု တယ ကောက်ကိုင်ကာ ဘလဒ်ဒီ အမိန့်ပေးသည်။
“မင်း မြေပုံကို ပြန်ပြီးလိပ်တင်လိုက်စမ်း ဒေါ်လ်ဆင်”
ဒေါ်လ်ဆင်က ပိုးကြိုးစကို ဆွဲသည်။ တကျွိကျွိအသံနှင့် အတူ မြေပုံ ချပ်ကြီး ပြန်တက်သွားသည်။ အစိမ်းနုအရောင် သုတ်ထားသော နံရံပြန်ပေါ်လာသည်။ ဘလဒ်ဒီ၏ လက်သည်နံရံပေါ်တွင် ချိတ်ထားသော ပန်းချီကားချပ်ကြီးဆီသို့ ရွေ့သွားသည်။ ပန်းချီကား မှာ ပရင့်ဆက်စ်၏ ပုံပင် ဖြစ်သည်။
ကြီးမားသော ပန်းချီကားချပ်ကြီးကို ဘလဒ်ဒီက တွန်းဖယ်သည်။ လေးပင်စွာ ရွေ့ သွားသော ပန်းချီကားကြီး၏ နောက်နံရံတွင် ကြေးကွင်းတပ်ထားသော အံဖုံးတစ်ခု ပေါ်လာသည်။ အံဖုံးရှိ သော့ ပေါက်ထဲသို့ ဘလဒ်ဒီကကြေးသော့ ကို ထိုးသွင်းလိုက်သည်။ အံဖုံးပွင့်လာသည်။ အခန်းငယ်တစ်ခုကို မြင်ရသည်။ အထဲတွင် လက်မောင်းလုံးခန့် ရှည် မျောမျော ကြေးဘူးများ စီရရီရှိနေသည်။ ဘလဒ်ဒီက သေနတ်ပြောင်းနှင့် တူသော ကြေး ဘူးကို ထုတ်ယူလိုက်သည်။ ဘူးအဖုံးကိုဖွင့်၍ ခေါက်ချသည်။ စက္ကူလိပ်တစ်လိပ် ထွက် လာလေသည်။
စက္ကူလိပ်ကို ဖြန့်၍ နှစ် ယောက် သားစားတော့၊ ဝါးတော့မတတ် ငုံ့ကြည့်ရင်း လက်ညှိုးကို ရွှေ့ကာ ထောက်ကြသည်။ စကားမပြောကြ။
“ဟောဒီမယ် ကက်ပတိန်၊ ၁၅၇၂- ခုနှစ် မှတ်တမ်း”
စက္ကူချပ်ပေါ်တွင် ကိုင်ကြည့်နေကြသည့် သူတို့အပေါ်မှ ကျော်ကာ လှမ်းကြည့်လိုက်သော်လည်း သဲသဲကွဲကွဲမမြင်ရ။
တိတ်ဆိတ်မှု ထဲတွင် သူတို့နှစ် ယောက် အတော် ကြာနစ်မြုပ်နေကြသည်။ နှစ် ယောက် စလုံး ထံမှ ပြင်းထန်သော အသက်ရှူသံကိုပင် ကြားနေရလေသည်။
ဦးစွာ ကိုယ်ကို ပြန်မတ်လိုက်သူမှာ ဘလဒ်ဒီ ဖြစ်သည်။
“ဟုတ်တယ် သရယမ်ပဲ”
“ဟုတ်တယ် ကက်ပတိန်၊ လဒ်တီတွဒ်၊ လောင်ဂျီတွဒ် အမှတ်တွေ ၊ လေတိုက် နှုန်းတွေ ၊လ၊ရက် ၊အချိန်တွေ ဘာမှမလွဲဘူး။ အားလုံးထပ်တူနီးပါး ဖြစ်နေတယ်။ ကျွန်တော် တို့ဟာ မြောက်ဘက်စူးစူးမှာ တစ်ခုတည်းသော ကမ်းခြေဆီကို ဦးတည်သွားနေကြတယ်။ အဲဒါဟာ သရယမ်ပဲ”
ဘလဒ်ဒီထံမှ သက်ပြင်းရှိုက်သံတစ်ချက် ပေါ်လာသည်။ သက်ပြင်းရှိုက်သံနှင့် အတူ မိမိဆီသို့ ဖြတ်ကနဲ လှမ်းကြည့်လိုက်သည်ကို သတိပြုမိသည်။ ဘလဒ်ဒီ၏ မျက်လုံးပြာ ကြီးများ ရီဝေနေကြဟန်ပင်။
“ငါ သရယမ်ကို မသွားချင်ဘူး ဒေါ်လ်ဆင်၊ အဲ သရယမ် ကမ်းခြေဆီ ပြန်မ ရောက်ချင်ဘူးဆိုရင် ပိုမှန်မယ်”
သူတို့ပြောနေသည့် သရယမ်ကမ်းခြေဆိုသော စကားလုံးကိုကြားဖူးသလိုလို ရှိနေသည်။ ထိုအမည် ကို တစ်နေရာရာမှ ကောင်းစွာ ကြားဖူး ရင်းနှီးဖူးနေသည်။ သို့ သော် သဲသဲကွဲကွဲ မသိ။
“ငါတို့ပရင့်ဆက်စ်ကို တောင်ဘက်အရပ်ဆီ ပြန်လှည့်ရလိမ့်မယ်”
“ပင်လယ်ဘက်ကို ပြန်လှည့်မယ်လို့ ကက်ပတိန် ဆိုလိုပါသလား”
“ဒါပေါ့ ဒေါ်လ်ဆင်၊ သရယမ်ကို ရှောင်ဖို့အတွက် ပင်လယ်ကိုပဲ ဦးတည်ရတော့မှာ ပေါ့”
“နောက် လေးဆယ့်ငါးရက်နဲ့ အရက်ခြောက်ဆယ်အတွင်း၊ မုတ်သုံလေပြင်းဟာ မကုန်မဆုံးနိုင် မုန်တိုင်းတွေ နဲ့အတူ ပင်လယ်ပြင်ထဲမှာ ကျရောက်တော့မယ် ဆိုတာကို ကက်ပတိန် မေ့နေပြီထင်တယ်”
“ဟေ့ကောင် ဒေါ်လ်ဆင်၊ မင်းစကားကို ရိုးရိုးသားသား ပြောစမ်း၊ မင်းလေသံနဲ့ အမူအရာတွေ ကို ငါမကြိုက်ဘူး။ ငါ့ကိုလဲ ခါတိုင်းခေါ်သလိုဘလဒ်ဒီလို့ပဲခေါ်။ ကက်ပတိန် တို့ ဘာတို့ လုပ်မနေစမ်းပါနဲ့”
တစ်ချိန်းလုံး လေးတွဲ့ ပျော့ညံ့နေသော ဘလဒ်ဒီထံမှ ပထမဆုံးအကြိမ် ဒေါသ သံကို ကြားရလေသည်။ ဤသို့သော အခါမျိုးတွင် ဘလဒ်ဒီသည် တကယ်ပင် ကြောက်စရာ ကောင်းပေသည်။
“ဟုတ်ကဲ့၊ ကောင်းပါပြီ ဘလဒ်ဒီ”
“ဒါပဲ၊ ပရင့်ဆက်စ်ကို မုန်တိုင်းထဲ ထိုးသွင်းလိုက်တော့မှာ လား၊ နောက် နှစ် လ ကျော်ရင် ဖြစ်ပေါ်လာတော့မယ့်၊ မုန်တိုင်းကို ကျွန်တော် တို့ တစ်သက်လုံး ရှောင် ကွင်းခဲ့ကြတာ မဟုတ်လား”
“ဘာပဲ ဖြစ် ဖြစ်၊ သရယမ်းခြေနဲ့စာရင် မုန်တိုင်းကိုပဲ ငါရွေးချယ်ချင်တယ်။ သရယမ် က တကယ့် မုန်တိုင်းထက်ပိုပြီး ကြီးကျယ်တဲ့ မုန်တိုင်းတစ်ခု ဖြစ်သွားမှာ ကို ငါစိုးရိမ် နေတယ် ဒေါ်လ်ဆင်”
“စဉ်းစားပါဦး ဘလဒ်ဒီ။ ဒီမုန်တိုင်းဟာ ကျွန်တော် တို့ အားလုံးကိုပင်လယ် အောက် ကြမ်းပြင်ကို ဆွဲခေါ် သွားမယ့် တကယ့်မုန်တိုင်းပါ ကျွန်တော် တို့အားလုံး တစ် ယောက် မှ အသက်ရှင်မှာ မဟုတ်ဘူး၊ မြောက်ဘက်က သရယမ် ကမ်းခြေ ကိုသွား ရင်ကျွန်တော် တို့အသက်ချမ်းသာမယ်”
“ဒေါ်လ်ဆင်၊ သရယမ်နဲ့ ပတ်သက်တဲ့ ကိစ္စကို မင်းမေ့နေသလား”
လှိုင်းလုံးကြီး တစ်လုံး ပုတ်လိုက်သလို ဘလဒ်ဒီ၏ အသံကြီး ဟိန်း၍ ထွက်လာ သည်။ ဒဏ်ရာသည်းသော သားကောင်ကြီး တစ်ကောင်အော်လိုက်သည့် အသံမျိုးနှင့် တူသည်။
“သရယမ်နဲ့ ပတ်သက်တဲ့ ကိစ္စကို မင်းမေ့နေသလား”
လှိုင်းလုံးကြီး တစ်လုံးပုတ်လိုက်သလို ဘလဒ်ဒီ၏ အသံကြီးဟိန်း၍ ထွက်လာ သည်။ ဒဏ်ရာသည်းသော သားကောင်ကြီးတစ်ကောင် အော်လိုက်သည့် အသံမျိုးနှင့် တူသည်။
“သရယမ်နဲ့ ပတ်သက်တဲ့ကိစ္စ၊ ဟုတ်လား ဘလဒ်ဒီ ၊ဒါကို ကျွန်တော် တို့ ဘယ်မေ့ လို့ရမလဲ၊ ဘေဘီ တစ်ယောက် လုံး”
“တိတ်စမ်း၊ လူမိုက်။ မင်း ပါးစပ်ပိတ်လိုက်စမ်း”
ဘာကိုအကြောင်းပြု၍ သူတို့နှစ် ယောက် သည်လောက်အထိ ပေါက်ကွဲပြင်း ထန်နေကြသလဲ။ အနားမှာ တစ်ချိန်လုံး ရှိနေသည့်တိုင် ဘာကိုမှနားမလည်။ သရယမ် ကမ်းခြေဆိုသော ဒေသဆီသို့ ဦးတည်သွားနေသည်။ နောက်တစ်လကြာလျှင် ထိုဒေသသို့ ရောက်မည် ။ ဘလဒ်ဒီက မသွားချင်။ ပင်လယ်ပြင်ဘက်ကို ပြန်လှည့်မည် ဟုဆိုသည်။ သို့ သော် ပင်လယ်ပြင်မို့ ပြန်လှည့်လျှင် နောက်နှစ် လအလွန်ကျလာမည့်  မုတ်သုံရာသီ၏ လေပြင်းမုန်တိုင်းများ နှင့် တိုးမည် ။ ထိုမုန်တိုင်းများ ထဲတွင် ပရင့်ဆက်စ်နစ်သွားမည် ။ အားလုံးအသက်ဆုံးမည် ။ ဘလဒ်ဒီ ကတော့ ပင်လယ်ထဲက တကယ့်မုန်တိုင်းကိုပဲ ရင်ဆိုင်လိုက်ချင်သေးသည်၊ သရယမ်ကမ်းခြေသို့မသွားချင်တဲ့။
သရယမ်ဆိုသော ဒေသသည် ဘယ်လောက်ထိများ ဆိုး ဆိုးရွားရွား အတိတ်ရှိနေ လေသနည်း။
“ဘလဒ္ဒီ”
လှမ်းခေါ်လိုက်သည်။ ပြန်ကြည့်လိုက်သော သူ၏ မျက်လုံးများ တွင် တစ်စုံတစ်ရာကို ကြောက်ရွံ့နေသည့် သဏ္ဌာန်ပေါ်နေလေသည်။ အဘိုးကြီးကို သနားသွားသည်။ ဘလဒ်ဒီကို ရက်စက်ကြမ်းတမ်းသော ပင်လယ်ဓားပြဗိုလ်ကြီးအ ဖြစ်မမြင်မိဘဲ မိမိအပေါ် အလွန်ချစ်ကြင်နာ သံယောဇဉ်ကြီးရှာသည့် အသက်ခြောက်ဆယ်ကျော်အဘိုးကြီး တစ် ယောက် အ ဖြစ်သာ မြင်မိလေသည်။
စားပွဲကို ကွေ့လျှောက်ကာ ဘလဒ်ဒီ၏ ဘေးသို့ ဝင်ရပ်ရင်း သူ့ပခုံးကျယ်ကြီးကို ဆုပ်ညှစ်လိုက်သည်။ အမြဲလိုလို စွင့်စွင့် မတ်နေတတ်သော ဘလဒ်ဒီ၏ ပခုံးသည် လျော့လျည်းတွဲ အိနေကြောင်း သတိထားမိသည်။
“ဘလဒ္ဒီ”
“ေဘဘီ”
ဝေရီ မျက်လုံးများ ဖြင့် ကြည့်ရင်း တိုးတိမ်စွာ ပြန်ထူးသည်။
“သရယမ်ဆိုတဲ့ ဒေသက ဘာ ဖြစ်လို့လဲဟင်”
ဘလဒ်ဒီ၏ ပခုံး ဖျဉ်းကနဲ ဖြစ်သွားသည်ကိုဆုပ်ကိုင်ထားသော လက်၏ အထိ အတွေ့ မှတစ်ဆင့် သိသိသာသာကြီး ခံစားလိုက်ရလေသည်။
“ဘေဘီ၊ ဘလဒ်ဒီ ပါပါနေမကောင်းဘူး၊ အနားယူချင်တယ်၊ ပါပ့ါကိုခွင့်လွှတ်ပါ”
မေးခွန်းကို တမင်ရှောင်လွှဲမှန်း သိလိုက်သည်။ သို့ သော် တကယ်ပင် အဘိုးကြီး၏ မျက်နှာ မှာ သွေးရောင် များ လျော့ကာ ဖြူဖပ်ဖြူရော် ဖြစ်နေကြောင်း တွေ့ ရလေသည်။
“ခွင့်လွှတ်ပါ သမီး”
ပခုံးကို အသာရုပ်သည်။ ဆုပ်ထားသော လက်ကို လွှတ်ပေးလိုက်သည်။ လေးကန် သော ခြေလှမ်းများ ဖြင့် စားပွဲ၏ တစ်ဖက်သို့ လျှောက်သွားသည်။
“ဒေါ်လ်ဆင် မှတ်တမ်းတွေ ၊ မြေပုံတွေ ကို ပြန်သိမ်းပြီး ငါ့အခန်းထဲကို အခုလိုက်ခဲ့”
ဒေါ်လ်ဆင်ကို အမိန့်ပေးပြီး အခန်းထဲမှ ထွက်သွားသည်။ ဒေါ်လ်ဆင်က ပခုံး နှစ် ဖက်တွန့်ပြီး ပစ္စည်းများ ကို သိမ်းနေသည်။ သူတို့နှစ် ယောက် စလုံး ၏ လှုပ်ရှားမှု များ မှာ အသက်ကင်းမဲ့ လွန်းလှသည်ဟု ထင်မိလေသည်။
ပစ္စည်းများ သိမ်းပြီးနောက် ဒေါ်လ်ဆင်လည်း တိတ်ဆိတ်စွာ ထွက်သွားသည်။ ကေဗင်ထဲတွင် တစ်ယောက် တည်း ကျန်ရစ်ခဲ့သည်။ ဘလဒ်ဒီ၏ အခန်းရှိရာ သင်္ဘော ဝမ်းဗိုက်ထဲသို့ လိုက်သွားမည် စိတ်ကူးပြီးမှ အဘိုးကြီးတကယ်နေမကောင်းသည် ကို သတိရပြီး မသွားတော့ဟု ဆုံးဖြတ်လိုက်သည်။
ကေဗင်ခန်း၏ ပြတင်းမှတစ်ဆင့် အပြင်သို့ ရည်ရွယ်ချက်မဲ့စွာ ငေးမိသည်။ နှစ် ပေါင်းများ စွာ ၊ လပေါင်းများ စွာ ၊ နေ့နေ့ညည တွေ့ မြင်နေကျမြင်ကွင်း။ ဘယ်နေရာ ကြည့်လိုက် ကြည့်လိုက်၊ ကောင်းကင်ပြာ၊ ပင်လယ်ပြာ၊ အပြာရောင် တပြန့်တပြော မြင်ကွင်း။
သရယမ်…သရယမ် ဟူသော စကားလုံးများ က အတွေးထဲတွင် ပဲ့တင်မြည် နေကြ ချေသည်။
“အယ်လ်ဖွန်ဆို” ၏ အသက်ကို ပရင့်ဆက်စ်ပေါ်ရှိ မည် သူတစ်ဦး တစ်ယောက် မှ အတိအကျမသိကြချေ။ အချို့က ရှစ်ဆယ်ကျော်ဟု ဆိုသည်။ အချို့က ကိုးဆယ့်ငါးနှစ် ဟုဆိုသည်။ အချို့ ကတော့ “အဘိုးကြီး အိုစာကျနေလို့ပါ၊ ခုနစ်ဆယ်တောင်မပြည့် သေးပါ ဘူး” ဟုပြောကြသည်။
မည် သို့ရှိစေ အယ်လ်ဖွန်ဆိုသည် ပရင့်ဆက်စ်ပေါ်တွင် အသက်အကြီးဆုံး ဖြစ် သည်ကိုမူကား ငြင်းစရာမရှိ။ ပြီးတော့ အယ်လ်ဖွန်ဆို၏ သက်တမ်း သုံးပုံနှစ် ပုံမှာ ပင်လယ် ပြင်တွင် အချိန်ကုန်ခဲ့သည်။ ထိုအနက်မှ ထက်ဝက်သော ကာလကိုပရင့်ဆက်စ် ပေါ်တွင် ကုန်လွန်စေခဲ့သည်။ ထိုအချိုးအစားအတိုင်း တွက်ကြည့်လျှက်ပင် အယ်လ်ဖွန်ဆို ၏ ပရင့်ဆက်စ်သင်္ဘောသားဘဝသည် အနှစ် သုံးဆယ်နီးပါးရှိခဲ့လေပြီ။
အယ်လ်ဖွန်ဆို ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ ကြွေးကြော်တတ်သည်။
“ကမ္ဘာပေါ်မှာ ရှိတဲ့ ပင်လယ်ဓားပြတွေ ထဲမှာ ငါဟာ အသက်အကြီးဆုံးကွ” ဟူ၍ ။
တစ်ခါတစ်ရံလည်း အယ်ဖွန်ဆိုသည် မူးမူးနှင့် ပြောတတ်ရှိသေးသည်။
“ဟေ့…အယ်လ်ဖွန်ဆိုတဲ့ကောင်ဟာ လောကမှာ ဘုရားသခင်အလိုတော် အရ ပင်လယ်ဓားပြ လုပ်ဖို့ မွေးဖွားလာတဲ့ကောင်ကွ၊ နားလည်လား”
သူသည် ပျော်ပျော်နေတတ်သူ ဖြစ်သည်။ လောကမှာ အပျော်ဆုံးလူဟုပင် ထင်စရာရှိသည်။ အရာခပ်သိမ်းသည် ပျော်စရာ ဖြစ်နေသည်ဟု အယ်လ်ဖွန်ဆိုက ပြော သည်။ တိုက်ပွဲများ တွင် ဒဏ်ရာရခဲ့ဖူးပေါင်းလည်း မနည်းတော့။ သေကောင်ပေါင်းလဲ ဖြစ်ဖူးသည်မှာ လည်း အကြိမ်ကြိမ်။ သို့ သော် ဒဏ်ရာဖြင့် အိပ်ရာထဲလဲနေစဉ်မှာ ပင် “ကြည့် စမ်း၊ ဘုရားသခင်ပေးတဲ့ ဒီကိုယ်ခန္ဓာဟာ ဖန်ဆင်းထားတဲ့အတုင်း တသမတ်တည်း ရှိနေ ရင် ငြီးငွေ့စရာကြီး ဖြစ်နေမှာ ။ အခုတော့ ဒဏ်ရာလေး ဘာလေးရ ကိုယ်ထဲမှာ ရှိတဲ့ သွေးလေးဘာလေးထွက်လာတော့ ငြီးငွေ့စရာမကောင်းတော့ဘူး၊ အာရုံတစ်မျိုး ပြောင်း သွားတယ်။ နာကျင်တယ်ဆိုတာကိုက ခါးသီးတဲ့ပျော်စရာ တစ်မျိုးပဲ” ဟု ပြောတတ် သော အဘိုးကြီးပင်။
အယ်လ်ဖွန်ဆိုသည် စကားပြော ကောင်းသူလည်း ဖြစ်သည်။ လေဆက်ကောင်းစွာ မမိတော့သော သူ့အသံတုန်တုန်ကြီးနှင့် တေးဆိုလိုက်လျှင် သာယာနာပျော်ဖွယ် မကောင်း သော်လည်း ထူးခြားသော ဂီတသံ ဖြစ်လာတတ်သည်။ အယ်လ်ဖွန်ဆို၏ အရည်အချင်း တစ်ရပ်မှာ သူပြောလိုသော စကားကို စကားအ ဖြစ်မပြောဘဲ စိတ်ကူးတည့်သလို၊ တေးစာ သားအ ဖြစ်ကောက်ကာငင်ကာ၊ အသံနေ အသံထားဖြင့် ဆိုပြော ပြောတတ်ခြင်း ဖြစ်သည်။
များ သော အားဖြင့် အယ်လ်ဖွန်ဆို၏ တေး (စကား)များ သည် သူဖြတ်သန်းခဲ့သော ပင်လယ်ဓားပြ အတွေ့ အကြုံများ ပင် ဖြစ်လေသည်။ ကုန်သင်္ဘောများ ၊ ဘုရင့်တပ်မတော် သင်္ဘောများ နှင့် ရင်ဆိုင်တိုက်ခိုက်ရသော တိုက်ပွဲများ အကြောင်းကို သူပြောပြီဆိုလျှင် နားထောင်၍ မငြီး ဖြစ်လေသည်။ ပရင့်ဆက်စ်၏ အောင်ပွဲများ အကြောင်းကို ပြောသော အခါတွင် တက်ကြွစရာတေးများ ဖြစ်လာတတ်ပြီး ပရင့်ဆက်စ်အရေး မလှ ဖြစ်ရ သော ပွဲများ အကြောင်းဆိုလျှင် ဝမ်းနည်းစရာထက်ရယ်စရာ ဖြစ်လာတတ်သည်။ ပင်လယ် ဓားပြတွေ သေပြေး ရှင်ပြေး ပြေးကြပုံကို သူက ဟာသ ဖြစ်အောင် ပြောတတ်သည်။
တစ်ခုထူးခြားသည်ကား ထိုတိုက်ပွဲများ အကြောင်းပြောတိုင်း သူ့ကိုယ်တိုင်၏ စွန့်စားခန်းမှာ တစ်ခုတလေမှ မပါခြင်း ဖြစ်သည်။
“အဲဒီ တုန်းက အယ်လ်ဖွန်ဆို ဘာလုပ်နေတုန်း” ဟု မေးလျှင်-
“ငါလား…ရေထဲဆင်း၊ ပဲ့နောက်ပုန်းရင်း၊ တိုက်ပွဲကိုကြည့်နေတာပေါ့”
ဟုပြောင်ချော်ချော်ဖြေတတ်သည်။
မည် သို့ပင်ဆိုစေ၊ အယ်ဖွန်ဆိုကား….ပရင့်ဆက်၏ သက်တော် ရှည် နန်းရင်းဝန်ကြီး သဖွယ် ဖြစ်နေလေသည်။ သူ့မှာ မကုန်နိုင်၊ မဆုံးနိုင်သော ပင်လယ်ဓားပြ ဇာတ်လမ်း တွေ အများ ကြီးရှိကြောင်း အားလုံးက အသိအမှတ်ပြုထားကြသည်။ တစ်နည်းအားဖြင့် လည်း အယ်ဖွန်ဆိုသည် ပရင့်ဆက်စ်အဖွဲ့သားများ အတွက် ပကာသနီကျမ်းကြီး သဖွယ် ဖြစ် သည်။ ထိုပကာသနီကျမ်းကြီးကိုဘယ်နေရာလှန်လိုက် လှန်လိုက်၊ကျသည့် စာမျက်နှာ မှနေ၍ သိလိုသော အကြောင်းအရာကို တွေ့ ရမည် ဖြစ်သည်။ အယ်ဖွန်ဆို ကိုယ်တိုင် ကလည်း သူ့ဆီသို့ လိုလိုလားလား လာမေးမည့် သူ၊ စုံစမ်းမည့် သူ မည် သူကိုမဆို ဝမ်းမြောက်ဝမ်းသာကြိုဆိုနေတတ်သည်။ ကြွယ်ဝစုံလင်လှသော သူ့အတွေ့ အကြုံများ ကို မမော တမ်း သူပြောနေနိုင်သည်။ ထိုသို့ မေးလာသူများ ရှိလျှင် သူကိုယ်တိုင်ကပင် ဝိုင် အရက်ပြင်းပြင်းနှင့် ဧည့်ခံဦးမည် ဖြစ်သည်။
ထိုသို့သော အဘိုးကြီး အယ်လ်ဖွန်ဆို။
စင်စစ်မူ အယ်လ်ဖွန်ဆိုကို စိတ်ဝင်စားလှသည် မဟုတ်ချေ။ အထူးသဖြင့် သူ၏ အိုမင်းရွတ်တွအသွင်ကိုမကြည့်ချေ။ လေဆင်မမိသော အသံတုန်တုန် ယင်ယင်ကိုလည်း နားဝင်မချို။ ပြီးတော့ အဘိုးကြီးစကားကြောရှည် လှသည်ကိုလည်း သည်းမခံချင်တတ်။
သို့သော် ဤကိစ္စတွင် အယ်လ်ဖွန်ဆိုသည်သာ အသင့်တော် ဆုံး ပုဂ္ဂိုလ် ဖြစ်နေ သည်။ မိမိသိချင်သော ဖြစ်ရပ်အလုံးစုံကို အယ်လ်ဖွန်ဆိုထံမှ တစ်ပါး မည် သူ့ဆီကမှ အပြည့်အစုံ သိနိုင်မည် မဟုတ်ကြောင်းနားလည်လာသည်။ လေကြောရှည်လှသော သူ့ စကားလုံးများ ကို သည်းခံနားထောင်ခြင်းအားဖြင့် သိလိုသော အရာများ ကို ပါးနပ်စွာ မေး တော့မည် ဟု ဆုံးဖြတ်လိုက်သည်။
ပရင့်ဆက်စ်တစ်စင်းလုံး အိပ်မောကျချိန်ဝယ် အယ်လ်ဖွန်ဆိုရှိတတ်သည့် နေရာသို့ တိတ်တဆိတ် ကူးလာခဲ့သည်။ စကားဝိုင်းတွင် အယ်လ်ဖွန်ဆိုနှင့် မိမိနှစ် ဦးတည်းမှအပ ဘယ်သူမှရှိမနေဖို့လိုသည်။
ရွက်ကြိုးများ အခွေလိုက်စုပုံထားသော ချောင်ထဲတွင် အဘိုးကြီးကို တွေ့ ရ လေသည်။ ထိုနေရာကား အယ်လ်ဖွန်ဆို၏ ညဥ့်နေရာ ဖြစ်သည်။ အယ်ဖွန်ဆိုသည် ဆေး တံရှည်ကြီးကို ကိုက်ဖွာရင်း ကြိုးပုံကြားထဲတွင် လက်နှစ် ဖက်ထဲသို့ ခေါင်းကိုမှီ၍ ကောင်းကင်ကို ကြည့်နေလေသည်။
“အယ်လ်ဖွန်ဆို” ဟု တီးတိုးခေါ်လိုက်သည်။
လရောင် ရိပ်တွင် အဘိုးကြီး၏ မျက်နှာမှာ မသဲမကွဲ။
“အယ်လ်ဖွန်ဆိုတဲ့ ငါ့ကိုခေါ်တဲ့ အသံပါလား၊ ဒီလောက်သာယာချိုအေးတဲ့ အသံ ဟာ ဘေဘီ့အသံပဲ ဖြစ်ရမယ်။ ဘေဘီ မဟုတ်လား။ ညကြီး မင်းကြီး အချိန် မတော် ဘာများ ဖြစ်လို့လဲ ကလေး။
“အယ်လ်ဖွန်ဆိုနဲ့ စကားပြောချင်လို့”
“စကားပြောချင်လို့ ဟုတ်လား။ အား…လောကမှာ အကောင်းဆုံးအလုပ်ပဲ။ လာ… ထိုင် ဘေဘီ၊ အဲဒီ မှာ ကျုပ်ရဲ့ အနွေးထည် ပုံထားတယ်၊ အဲဒီ ပေါ်တက်ထိုင်လိုက်။ ကြိုးထုံး တွေ ပေါ် ထိုင်ရင် ကလေးအသားတွေ ပွန်းပဲ့ကုန်မယ်။ အင်း…နူးညံ့လှပတဲ့သူများ တယ်လဲ အနေအထိုင်ရှားပါးသကိုး… ထိုင်…ထိုင်…ဘေဘီ”
ဘာမှ မမေးရခင်ကတည်းက အဘိုးကြီး စကားကြောရှည်သည်ကို သည်းမခံ ချင် ဖြစ်လာသည်။ သို့သော် စိတ်ရှည်ရှည်ထားရတော့မည် သာ။
“ဆိုစမ်း….ဘေဘီ၊ ပကာသနီကျမ်းကြီးကို ဘယ်စာမျက်နှာမှာ လှန်ချင်သလဲ၊ မေးချင်တာမေး၊ ဟား ဟား”
အသံခပ်အုပ်အုပ်ဖြင့် ရယ်သည်။ ရယ်သော အခါ သူ့အသံ တုန်တုန်မှာ ပို၍ နား ဝင်မချိုစရာ ဖြစ်လေသည်။
“အယ်လ်ဖွန်ဆို၊ ပင်လယ်ဓားပြဆိုတာ ဘာလဲဟင်”
“အိုး…ဘုရားသခင်၊ ကက်ပတိန် ဘလန့်ရဲ့ သမီးက လောကမှာ အထူးဆန်းဆုံး စကားကိုဆိုနေပါကလား။ ပင်လယ်ဓားပြဆိုတာဘာလဲတဲ့။ အင်း…တခြားလူမေးတာ မဟုတ်ဘူး။ ဘေဘီက မေးတာဆိုတော့ ဒါအကြောင်းရှိလို့မေးတာ ဖြစ်မှာ ပဲ။ ဒီကလေး ဘာအဓိပ္ပာယ်နဲ့များ မေးတာပါလိမ့်”
“ကျွန်မမေးတာကိုပဲ ဖြေစမ်းပါ အယ်ဖွန်ဆို”
“ကောင်းပြီလေ၊ ပကာသနီကျမ်းကြီးပေပဲ။ အမေးရှိရင် အဖြေရှိရမပေါ့။ အား… ပင်လယ်ဓားပြဆိုတာ လောကမှာ အလွတ်လပ်ဆုံး၊ ပျော်စရာ အကောင်းဆုံးနဲ့ အရက် စက်ဆုံး မကောင်းမှု ပဲ ကလေး”
“ဒါဖြင့် …”
“နေဦးလေ၊ ကျုပ်စကားမဆုံးသေးဘူး။ အဲဒီ မကောင်းမှု ဟာနိုင်ငံတစ်ခုခု၊ ဘုရင် တစ်ပါးပါး၊လူမျိုးတစ်မျိုးမျိုးကိုသာဆန့်ကျင်တာမဟုတ်ဘူး၊ လူ့လောက တစ်ခုလုံးနဲ့ ဆန့်ကျင် တဲ့ အသက်မွေးဝမ်းကျောင်းပဲ။ ကိုင်း… အဖြေဆုံးပြီ၊ ပြောစရာရှိတာဆက်ပြော”
“လူ့လောကတစ်ခုလုံးနဲ့ဆန့်ကျင်တဲ့ အသက်မွေးဝမ်းကျောင်း ဖြစ်တဲ့ မကောင်းမှု ကို အယ်ဖွန်ဆိုတို့၊ ဘလဒ်ဒီတို့၊ အို…ကျွန်မအပါအဝင် ဒီ ပရင့်ဆက်စ်အဖွဲ့ သားတွေ က ဘာလို့လုပ်နေကြတာလဲ။ ကုန်းပေါ်တက်ပြီး အလုပ်တစ်ခုခု လုပ်ရင်မ ဖြစ်နိုင်ဘူးလား။ ဒါမှ မဟုတ် ပင်လယ်ထဲမှာ ပဲ တခြားကုန်ကူးတဲ့ သင်္ဘောတွေ လို အလုပ်လုပ်ရင် မ ဖြစ်ဘူးလား အယ်လ်ဖွန်ဆို”
“ဟာဟ …တယ်လဲ ကျတဲ့မေးခွန်း။ တခြား အလုပ်တဲ့၊ ဪ… ဘေဘီ…ဘေဘီ၊ ကလေးက ငယ်သေးတာကိုး၊ အင်းလေ…ငယ်တဲ့သူ သူကိုလဲ ငယ်တဲ့အလျောက် ပြောပြရ တော့မှပေါ့၊ ဒီလိုဘေဘီ…”
အဘိုးကြီးက ဆေးတစ်စုံ ထပ်ဖြည့်သည်။တိတ်ဆိတ်စွာ စောင့်နေရလေသည်။
“ကလေးပြောသလို ကုန်းပေါ်တက်ပြီး တခြားအလုပ်တစ်ခုခု သို့မဟုတ် ပင်လယ် ထဲမှာ ကုန်သင်္ဘောကူးတဲ့ အလုပ်မျိုးကို ကျုပ်တို့ လုပ်နိုင်ဖို့အတွက် ဘယ်သူက အခွင့်ပြု မှာ လဲကလေး။ ကျုပ်တို့ ကုန်းပေါ်တက်ပြီ ဆိုကြပါစို့။ ကုန်းပေါ်မှာ တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်တစ်ပါးပါးက ကျုပ်တို့ကို သူ့စစ်တပ်နဲ့ တိုက်ခိုက်လုယက်လိမ့်မယ်။ ပင်လယ်ထဲမှာ ကုန်ကူးတယ်ဆိုရင်လဲ တခြားပင်လယ်ဓားပြ သင်္ဘောတွေ က ကျုပ်တို့ရဲ့ သင်္ဘောကို တိုက်ခိုက် လုယက်လိမ့်မယ်”
“အယ်လ်ဖွန်ဆိုပြောဆိုပုံက ကုန်းပေါ်မှာ ကော၊ ရေပြင်မှာ ကော တစ်ယောက် ကို တစ်ယောက် လုယက်တိုက်ခိုက်နေကြတာနဲ့ပဲ အချိန်ကုန်နေပါလား”
“ဒီအတိုင်းပဲ ဖြစ်နေတာကလား ကလေး။ ကိုင်း ဒီပရင့်ဆက်စ်ပေါ်မှာ ရှိတဲ့ ပင်လယ် ဓားပြတွေ ကို ကြည့်စမ်း။ ကက်ပတိန်ဘလန့်ကစပြီး ဟိုးစားပွဲထိုးကောင် ပိုးဟပ်ဖြူလေး အထိ စစ်ဆေးကြည့်စမ်း။ သူတို့ပင်လယ်ဓားပြ ဖြစ်လာကြတာဟာ ကုန်းပေါ်က လူတွေ နဲ့ ရေထဲကလူတွေ အားလုံးက ဖန်တီးပေးလိုက်တာချည်းပဲ။ ကလေးရယ်…ဒီမှာ ၊ လောကကြီး ဟာ လူနှစ် မျိုးပဲရှိပါတယ်။ တိုက်ခိုက်လုယက်သူနဲ့ တိုက်ခိုက်လုယက်ခံရတဲ့သူ၊ ဒါပဲ”
“အယ်လ်ဖွန်ဆိုကကော”
“ကျုပ်…ဟား ဟား ကျုပ်လဲ ဘာကောင်မို့လဲ၊ စပိန်ကောင်တွေ က ကျုပ်ရဲ့ မိသားစု အားလုံးကိုသတ်ပစ်လိုက်တယ်။ ပြီးတော့ သူတို့ သင်္ဘောပေါ်မှာ ကိုးနှစ် လုံးလုံး ကျွန် ဖြစ်ခဲ့ တယ်။ အနှိပ်စက်အမျိုးမျိုး ခံခဲ့ရတယ်။ နောက်ဆုံးတော့ စပိန်သင်္ဘော မာလိန်မှူး ကို သတ်ပြီး ပင်လယ်ထဲထွက်ပြေး၊ ပေါ်တူဂီပင်လယ်ဓားပြသဘောင်္တွေ မှာ တစ်စင်းပြီး တစ် စင်း ဝင်အလုပ်လုပ်၊ ဟော အခုတော့ ပရင့်ဆက်စ်မှာ ကျုပ်ဘဝ အခြေခိုင်သွားပြီ”
“အယ်ဖွန်ဆို ပြောသလိုဆိုရင် ကမ္ဘာကြီးတစ်ခုလုံး တစ်ယောက် ကို တစ်ယောက် တိုက်ခိုက်နေကြတာပေါ့”
“အား အမှန်ဆုံး စကားပဲ။ အဲဒီ တိုက်ပွဲကြီးထဲမှာ အလွတ်လပ်ဆုံး၊ ပျော်စရာ အကောင်းဆုံး၊ အစွန့်စားရဆုံး၊ စိတ်အလှုပ်ရှားရဆုံး ဘဝ ကတော့ ပင်လယ်ဓားပြဘဝပဲ ကလေးရေ”
မေးချင်သော မေးခွန်းအတွက် လုံလောက်သော နိဒါန်းကို ရပြီဟု စိတ်မှာ မှတ်ထားလိုက်သည်။ လေကြောရှည်သော အဘိုးကြီးသည် မိမိ၏ အမေးစကားထဲသို့ လိုက်ပါ တွယ်ငြိလာပေပြီ။
“ကိုင်း အဲဒါ ထားပါတော့လေ၊ ကျွန်မထပ်မေးချင်တာက”
“မေးချင်တာ ဟုတ်လား၊ အင်မတန်ကောင်းတဲ့ အလုပ်ပဲ လောကကြီးမှာ လူတစ် ယောက် ကမေး၊ လူ တစ်ယောက် ကဖြေ။ အဲဒါလောက် အပြစ်ကင်းတဲ့အလုပ် မရှိတော့ဘူး။ မေး မေးစမ်း ဘေဘီ”
“အယ်လ်ဖွန်ဆို ဘယ်တိုင်းပြည်တွေ ကို ရောက်ဖူးသလဲ”
“အား အများ ကြီးပေါ့။ စပိန်၊ ဒတ်ခ်ျ၊ ဖရန်စစ်၊ အင်္ဂလန်ကျွန်း၊ ကမ်းခြေတွေ ၊ မြို့တွေ အများ ကြီး ရောက်ခဲ့ဖူးတာပေါ့”
“အဲဒီ နေရာတွေ အနက်မှာ တစ်ခုတလေမှ တိုက်ခိုက်လုယက်တာ ကင်းမဲ့တာ မရှိဘူးလား၊ အေးချမ်းငြိမ်သက်တဲ့ဒေသလေ”
“တိုက်ပွဲကင်းတဲ့ဒေသ၊ အေးချမ်းငြိမ်သက်တဲ့ ဒေသ။ ဟုတ်လား… မရှိဘူး ကလေး။ တစ်ခုမှ မရှိဘူး။ စပိန်ဟာအဆိုးဆုံးပေါ့။ ပေါ်တူဂီလည်း မကောင်းပါဘူးလေ၊ ကိုယ့်တိုင်းပြည် ကိုယ်ပြောရတာ ၊ ပေါ်တူဂီဆိုရင်”
“ထားပါတော့ အယ်လ်ဖွန်ဆို၊ ကျွန်မထပ်သိချင်တာက၊ ဒီပင်လယ်ပြင်ရဲ့ တစ်နေရာ ရာမှာ ရှိနေမယ့် ကမ်းခြေဒေသတစ်ခု၊ တိုင်းပြည်တစ်ခု ဆိုပါတော့။ အဲဒီ ဒေသတစ်ခု တလေများ ၊ တိုက်ခိုက်လုယက်ခြင်းကင်းတဲ့ ဒေသမျိုးမရှိနိုင်ဘူးလား”
“မရှိနိုင်ဘူး၊ ကျုပ်လောင်းရဲတယ်။ အဲဒီ လို ဒေသမျိုးများ ရှိနေရင် အယ်လ်ဖွန်ဆို ဟာ သူအမြတ်နိုးဆုံး ဖြစ်တဲ့ ပင်လယ်ဓားပြဘဝကို စွန့်လွှတ်လိုက်မယ်လို့ လောင်းကြေး ထပ်ရဲတယ်”
“ဒီမှာ အယ်လ်ဖွန်ဆို”
အကြောပြိုင်းပြိုင်း လက်ကိုဆုပ်ကိုင်ရင်း ရှေ့သို့တိုးမိသည်။
“ကျွန်မ ဒေသတစ်ခုရဲ့ အမည် ကိုပြောပြမယ်။ အဲဒီ ဒေသဟာ အေးချမ်းငြိမ်သက် သလား၊ တိုက်ပွဲတွေ ချည်း ရှိနေသလား၊ အယ်ဖွန်ဆို စဉ်းစားပြီးဖြေစမ်းပါ”
“ပြောပါလေ”
“သရယမ်”
“ဘာတဲ့ ထပ်ပြောစမ်း”
“သရယမ်”
အဘိုးကြီး အသံထွက်မလာ။ သို့သော် နှုတ်ခမ်းများ လှုပ်နေသည်ကို ကြည့်ခြင်း အားဖြင့် သရယမ်ဟူသော အမည် ကို ထပ်ကာ တလဲလဲ ရေရွတ်နေခြင်း ဖြစ်ကြောင်း သိသာသည်။
“စဉ်းစားလို့ရလား အယ်လ်ဖွန်ဆို”
“သရယမ်တဲ့။ နေစမ်းပါဦး၊ ဒီနာမည် ကို ငါရင်းရင်းနှီးနှီး သိနေတာပါ။ ဘယ်နေရာ မှာ ကြားဖူးတာပါလိမ့်၊ တေးတစ်ပုဒ်ထဲမှာ လား”
အဘိုးကြီးကောင်းစွာ စဉ်းစားနိုင်ရန် တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။
“သရယမ်၊သရယမ်…အိုး…ဘုရားသခင်၊ ကြည့်စမ်း။ ငါ့မှတ်ဉာဏ်တွေ ကျောက်စူးနဲ့ ချည်ပြီး၊ ပင်လယ်အောက် မြှုပ်ပစ်လိုက်ဖို့ပဲ ကောင်းတော့တယ်။ ဒီလောက်ထိများ နှေးကွေးရတယ်လို့”
“အယ်လ်ဖွန်ဆို မမှတ်မိတော့ဘူး မဟုတ်လား”
“ပကာသနီကျမ်းကြီး ဆိုတဲ့ဘွဲ့ကိုပင်လယ်ထဲ ပစ်ချရုံပဲ ရှိတော့တာပေါ့။ အယ်လ်ဖွန်ဆို ဆိုတဲ့နာမည် ကိုလဲ ငါးမန်းစာကျွေးပစ်ရုံရှိတော့တာပေါ့”
“ကျွန်မ မေးတာကိုပဲ ဖြေစမ်းပါ အဘိုးကြီး”
“ဟား ဟား …ဖြေမလို့ပဲလေ”
“အယ်လ်ဖွန်ဆို…ဒါ …ဒါဖြင့် အဲဒီ နေရာကို မှတ်မိပြီပေါ့ ဟုတ်လား”
“ဘေဘီ ၊ အိုမင်း ဟောင်းနွမ်းလှပြီ ဖြစ်တဲ့ အဘိုးကြီး တစ်ယောက် ကို အဲဒီ လောက် ဆွဲယမ်းလှုပ်ခါနေရင် ဒီနေရာမှာ ပဲ အရိုးတွေ ဖျစ်ဖျစ်မြည် ပြီး ကျိုးကြေကုန်လိမ့်မယ်၊ ကျုပ်အသက်မရှူနိုင်တော့ဘူး၊ လွှတ်ပါဦး”
“အို… ကျွန်မ သိပ်စိတ်အားထက်သန်သွားလို့ပါ အယ်လ်ဖွန်ဆို”
အယ်လ်ဖွန်ဆိုသည် သူ့ကိုယ်သူ ပြင်ထိုင်ရင်း ခေါင်းကို အထက်မော့်ကာ အသက်ရှူနေသည်။ တကယ်လည်း အသက်ရှူကျပ်သွားပုံရသည်။
“နားထောင်ဘေဘီ။ သရယမ်ဆိုတဲ့ ဒေသဟာ အခုကျုပ်တို့ သင်္ဘော ဦးတည် ရွက်လွှင့်နေတဲ့ မြောက်ဘက်စူးစူးမှာ ရှိတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ် ကျော်က ကျုပ် ပရင့်ဆက်စ်နဲ့ ရောက်ခဲ့ဖူးတယ်”
“ဟုတ်ပြီ အယ်လ်ဖွန်ဆို၊ အဲဒီ သရယမ်ဟာ ဘယ်လိုနေသလဲ”
“သရယမ်ဟာ အင်း”
အဘိုးကြီး မျက်စိမှိတ်၍ စဉ်းစားပြန်သည်။
“ပင်လယ်ဝကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ အလွန်လှတဲ့ မြစ်ကျဉ်းတစ်ခုအတိုင်း ဝင်သွားရတယ်။ ပြန့်ပြူးတဲ့ သော င်ခုံတွေ ကို လွန်သွားပြီးရင် အပြိုင်းအရိုင်းထနေတဲ့ ဓနိတောကြီးတွေ ရှိတယ်။ အင်း….ဟုတ်တယ်၊ သရယမ် အလွန်လှတဲ့ ဒေသပဲ”
အယ်ဖွန်ဆိုက ရိုးရိုးစကားပြောနေသည်မှန်သော်လည်း အလွန်ကြွယ်ဝသော တေးလင်္ကာရှည်ကြီးတစ်ပုဒ်ကို နားထောင်နေရသလို ညွတ်နူးလာလေသည်။
“ဓနိတောကြီးတွေ ကို လွန်သွားပြီးရင် အင်း…နေပါဦး၊ ပြန့်ပြောတဲ့ ကမ်းပါး ဆင်ခြေလျှောတွေ ၊ ဟုတ်တယ်၊ ကမ်းရိုးပေါ်မှာ အုန်းပင်တွေ က ထိုးထွက်နေတယ်၊ မြစ်ဆိပ်နဲ့ကမ်းကြားမှာ သော င်ခုံတွေ ရှိတယ်။ သော င်ခုံတွေ ပေါ်မှာ စိုက်ခင်းတွေ နဲ့ စိမ်းစိုလို့”
“ရွာတွေ ရှိလားအယ်လ်ဖွန်ဆို၊ ရွာတွေ ”
“ရွာတွေ ၊ အို…ရှိတာပေါ့။ တံငါရွာလေးတွေ လေ ။ သော င်ခုံမှာ ပိုက်လှမ်းထားတဲ့ စင်တွေ ၊ ငါးလှမ်းထားတဲ့ စင်တွေ အများ ကြီးပေါ့”
“စစ်တပ်တွေ ကောဟင်”
“စစ်တပ်၊ ဟင့်အင်း မရှိဘူး၊ မြို့ရိုးတွေ ၊ ရဲတိုက်တွေ မရှိဘူး၊ အမြောက်တွေ သေနတ်တွေ လဲ မရှိဘူး”
“ဒါ ဒါဖြင့် သရယမ်ဟာ အေးချမ်းငြိမ်သက်တဲ့ ဒေသပေါ့ အယ်လ်ဖွန်ဆို”
“အေးချမ်းငြိမ်သက်တဲ့ ဒေသဟုတ်တယ်။ အို…မဟုတ်ဘူး၊ မဟုတ်သေးဘူး၊ အဲဒီ မှာ တိုက်ပွဲ ဖြစ်သေးတာပေါ”
“တိုက်ပွဲ ဖြစ်တယ် ဟုတ်လား။ တံငါရွာလေးတွေ ရှိတဲ့ သရယမ်မှာ ဘယ်သူတွေ က တိုက်ပွဲ ဖြစ်အောင် လုပ်ကြသလဲ အယ်လ်ဖွန်ဆို”
အဘိုးကြီးထံမှ လှုပ်ရှားမှု တစ်ခုတွေ့ လိုက်ရသည်။ သူ့နေရာပြင်ထိုင်သည်။ စူးရှစွာ ကြည့်သည်။ လရောင် ရိပ်တွင် အယ်လ်ဖွန်ဆို၏ မျက်လုံးများ တောက်ပြောင်နေသည်။ အရည်လဲ့နေသလို ထင်ရသည်။
“အေးချမ်းတဲ့ ဒီဒေသလေးမှာ တိုက်ပွဲ ဖြစ်အောင် လုပ်ကြတဲ့သူတွေ က တခြား ဟုတ်ပါရိုးလား ဘေဘီ။ ဂိုဝါ ဘုရင်ခံချုပ်ရဲ့ ကိုယ်ရံတော် စစ်တပ်တစ်တပ်ပေါ့”
“အဲဒီ ကိုယ်ရံတော် စစ်တပ်က ဂိုဝါကနေပြီး ပင်လယ်ကိုဖြတ်၊ ပြီးတော့ ဒီဒေသ ကိုလာပြီး တံငါရွာကလေးတွေ ကို တိုက်သတဲ့လားဟင်”
“စစ်တပ်နဲ့ တံငါရွာ တိုက်ပွဲ ဖြစ်ကြတာမဟုတ်ဘူး ဘေဘီ။ အိုဘုရားသခင်၊ ငါဖြေဖူးခဲ့သမျှမေးခွန်းထဲမှာ ဒီမေးခွန်းဟာအခက်ဆုံးပါလား။ ငယ်ရွယ်လှပတဲ့ မိန်းကလေး တစ်ယောက် ရဲ့ မေးခွန်းဟာ ဒီလောက်ထိကြီးကျယ်လိမ့် မယ်လို့ ငါမထင်ခဲ့မိပါ လား”
“အယ်လ်ဖွန်ဆို ကျွန်မမေးနေတယ်လေ”
“ပြောပါမယ် ဘေဘီ၊ ကျုပ်မပြောလို့ မ ဖြစ်တော့ဘူး။ နှုတ်က မပြောချင်ပေမယ့် ဟောဒီ ရင်ဘတ်ထဲက ပြောဖို့တိုက်တွန်းနေပြီ။ ဂိုဝါဘုရင်ခံရဲ့ ကိုယ်ရံတော် တပ်နဲ့ တိုက်ခိုက်သူတွေ က တခြားမဟုတ်ဘူး၊ ပရင့်ဆက်စ်ပဲ”
“ဟင်”
“ဟုတ်တယ် ကလေးရေ၊ မင်းရဲ့ ဘလဒ်ဒီပါပါ အမှူးပြုတဲ့ ပရင့်ဆက်စ် ပင်လယ် ဓားပြတွေ ပဲ”
ထပ်မေးစရာမလိုတော့။ ဝမ်းဗိုက်ပေါက်သွားသော သင်္ဘောခန်းထဲသို့ ရေများ တရကြမ်း ကျလာသည့်နှယ် အဘိုးကြီး အယ်ဖွန်ဆို၏ နှုတ်မှစကားလုံးများ တသွင်သွင် ထွက်ကျလာလေသည်။
ကိုယ်ရံတော် တပ်မှူး စတီပင်။ ဘလဒ်ဒီနှင့် ဟယ်လင်။ အရှေ့အိန္ဒိယမှသယ် လာသော ဟင်းခတ်အမွှေးအကြိုင်များ ကိုတိတ်တဆိတ် လက်ပြောင်းယူသည့် စတီပင်၏ အစီအစဉ်။ ထို့နောက်တိုက်ပွဲ။ မီးဟုန်းဟုန်းတောက်နေသော တံငါရွာလေး။
အခြားမဲ့မူ၌ ကား…
လရောင် နှင့် ပင်လယ်ပြင်သည်အရုပ်ဆိုးအကျည်းတန်သွားသည်။
ပရင့်ဆက်စ်ကိုပထမဆုံးအကြိမ်မုန်းတီးသွားသည်။
ဘလဒ်ဒီ၏ တုန်လှုပ်ချောက်ချားနေသော အသွင်ကို နားလည်လိုက်သည်။
ဝိုးတဝါး အတွေးထဲတွင် မီးတောက်များ ကို မြင်ယောင်နေသည်။
ကျွဲချိုတံပိုးမှု တ်နေသည့် မုတ်ဆိတ်ဖွားဖွား လူကြီး တစ်ယောက် ၏ မျက်နှာ။ တံပိုးသံ သည် ဝေးလံသော တစ်နေရာဆီမှ သဲ့သဲ့ယဲ့ယဲ့ ပျံ့လာသယောင်။
မိမိ၏ မည်းနက်သော မျက်လုံးအိမ်များ နှင့်ဆံပင်များ ။ ပရင့်ဆက်စ်ပင်လယ်ဓားပြ တို့၏ မျက်လုံးပြာများ ၊ ရွှေရောင် ငွေရောင် ဆံပင်များ ။
ဘလဒ်ဒီသည် အဝေးကွာဆုံးသို့ ရွေ့လျားကာ သေးငယ်သွားသည်။ ဆုံးစမဲ့ ပင်လယ်ပြာသည် ညှို့ယူဖမ်းစားအားကြီးလှသော အကျဉ်းထောင်ကြီး ဖြစ်သွားသည်။
ပါးပြင်နှစ် ဖက် ပူနွေးသွားသည်ကို သိလိုက်သည်။
ဆို့နစ်သည်းထန်ငိုကြွေးပြီးသည့်နောက်တွင် တစ်ကိုယ်လုံးသည် ပင်လယ်ပြင် ထဲသို့ လွင့်စဉ်သွားသည်ဟု ထင်ရသည်။ ရင်ထဲတွင် ဗလာဟင်းလင်း။ နတ္ထိအ ဖြစ်ကို တနင့်တပိုးခံစားရသော နှလုံးသည် ကျယ်လောင် မြည် ဟည်းနေမည် ။ တစ်စုံတစ်ခုကို တောင်းဆိုနေသည့် အသံ ဖြစ်သည်။
မိမိသည် တစ်လောကလုံးနှင့် မသက်ဆိုင်တော့။
လောကအပြင်သို့ အဟုန်ပြင်းစွာ ရွေ့လျားသွားသည်။
တစ်နေရာဆီသို့ ပျံသန်းနေသည်ဟု ထင်ရသည်။
ထိုနေရာတွင် ‘သရယမ်’ဆိုသော ပင်လယ်ကမ်းခြေရွာလေးတစ်ရွာရှိသည်။
ချစ်သော ပါဒဧကရီ | ၀ိဇိတာဝီ | ယာဇ |