
တိတ်ဆိတ်ငြိမ်သက်နေသော အအေးဆိုင်လေးအတွင်း အနည်းငယ်တုန်ယင်နေသော လေသံကလေးဖြင့် စကားစတင်လိုက်သူမှာ ဆောင်းသဇင် ဖြစ်လေသည်။
``ကိုမိုး တကယ် ဆုံးဖြတ်ပြီးပြီလား´´
``အသေအချာကို ဆုံးဖြတ်ထားခဲ့ပြီးပြီ´´
``ကိုမိုးမိဘတွေ က ကိုမိုးနဲ့ ဆောင်းကို သဘော တူကြပါ့မလား … ဟင်´´
``ဟင့်အင်း… မတူဘူး…တူကြမှာ မဟုတ်ဘူး´´
``အို…ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ´´
``သူတို့က သဘောမတူဘူးလို့ပဲ ပြောတာလေ၊ ခိုးမပြေးနဲ့၊ မယူနဲ့လို့ ပြောတာမှ မဟုတ် တာ။ ကိုမိုး ဆောင်းကို ခိုးပြေးမယ်။
``ဘုရားရေ…ခိုးပြေးမယ်´´
``အစစ်ပေါ့… ဒီနေ့ပဲ ဆောင်းကိုခိုးပြေးပြီး တရားရုံးမှာ လက်ထပ်မယ်။ ဒါကြောင့် အ၀တ် အစားတွေ ထည့်လာခိုင်းတာပေါ့။ ကိုမိုးမှာ တဲ့ ကုတ်အင်္ကျီတွေ ထည့်လာခဲ့ရဲ့ လား´´
``ထည့်လာပါတယ်နော်။ နေပါဦး … ကိုမိုးက ဆောင်းကိုဘာ ဖြစ်လို့ ကုတ်အင်္ကျီတွေ ပဲ ၀တ်စေချင်တာလဲ´´
``ဆောင်းက ကုတ်အင်္ကျီဝတ်ရင် ပိုပြီးလှလို့၊ ပြီးတော့ ကိုမိုးတို့သွားတဲ့နေရာက အေးတဲ့ အရပ် ဖြစ်ချင် ဖြစ်မယ်၊ ခုပဲကြည့်… ကိုမိုးလက်ဆောင်ဝယ်ပေးထားတဲ့ နှစ် ထပ်ကုတ်အင်္ကျီ အနီ လေးနဲ့ ဘယ်လောက်ကြည့်လို့ကောင်းလဲ´´
``ကိုမိုးက ဆောင်းကိုတော့ အ၀တ်အစားတွေ ထည့်လာခိုင်းပြီး၊ ကိုမိုးကျတော့ကော ဘာမှမ ပါဘူးလား´´
မိုးအာကာက တို့အတွက် အရာအရာ စီမံထားခဲ့ပြီး ဖြစ်၏ ။
`` ကိုယ့်အ၀တ်အစားတွေ ကို သော င်းထိုက်ဆီမှာ ထားခဲ့တယ်။ တအောင့်နေရင် သော င်း ထိုက် ရောက်လာလိမ့်မယ်။ သူ့ကားနဲ့ ကိုယ်တို့ တရားရုံးတစ်ခုခုမှာ သွားပြီးလက်ထပ်ကြမယ်။ ပြီး ရင် သူ ကိုယ်တို့ကို ဘူတာလိုက်ပို့လိမ့်မယ်။
``ဆောင်းတို့ ဘယ်သွားမှာ လဲဟင် …´´
``မပြောတက်သေးဘူး၊ ရှမ်းပြည်နယ်လည်း ဖြစ်ချင် ဖြစ်မယ်။ ကိုယ် ကတော့ ရန်ကုန်နဲ့ဝေး ရင်ပြီးရော၊ ဘာရထားလက်မှတ်ရရ စီစဉ်ပေးဖို့ သော င်းထိုက်တို့ကို ပြောထားပြီးသား။ ဘယ်လိုလဲ ဆောင်း… ကိုယ့်လို ကျောင်းပြီးကတည်းက စန္ဒရားတီးလိုက်၊ ပန်းချီဆွဲလိုက်နဲ့ လူပေါ်ကြော့တစ် ယောက် ရဲ့ နောက်ကို တကယ်လိုက်ရဲရဲ့ လား´´
မိုးအာကာ၏ အမေးအား ဆောင်းသဇင်က ချစ်စရာမျက်ဆောင်းလေးထိုးရင်း ပြန်ဖြေ သည်။
`` မလိုက်ရဲဘဲနဲ့ သူချိန်းတဲ့နေရာကို ဆောင်း ရောက်လာပါ့မလား… ကဲ´´
``တကယ်နော်´´
`` တကယ်ပေါ့ …၊ ဒါပေမဲ့ … တစ်ခုတော့ရှိတယ်´´
`` ဘာ ဖြစ်လဲ ..ဆောင်း´´
`` ရင်တော့ နည်းနည်း ခုန်တယ်´´
ဘုရားရေ … ရင်ခုန်တယ် ဟုတ်လား … ဒေါက်တာ ဦးငွေစိုးကြည်´´
`` ကိုယ် တကယ်ပြောနေတာပါ သဒ္ဒါချို … ကိုယ် (သီရေတာ ) ထဲ ၀င်ခါနီး တိုင်း၊ ခွဲစိတ် ဓါးကို ကိုင်ခါနီး တိုင်း ဘယ်တုန်းကမှ ရင်မခုန်ခဲ့ဖူးဘူး။ ဒါပေမယ့် … ဒီနေ့ မင်း ကိုယ့်ကို အရေး တ ကြီးပြောစရာရှိလို့ အိမ်ကိုလာခဲ့ပါလို့ ဖုန်းဆက်တော့ ကိုယ်တကယ်ရင်ခုန်ခဲ့ရတယ်။ အလုပ်မှာ လဲ အလွဲလွဲအမှားမှားတွေ ဖြစ်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ် လလောက်ကတည်းက မင်းကိုပေးဖို့ဝယ်ထား တဲ့ ဟော့ဒီရေမွှေးပုလင်းတွေ တောင် မေ့ကျန်ခဲ့လို့ တစ်ခေါက်ပြန်ယူရသေးတယ်။ ဒီလောက်ဆိုရင် မင်းနဲ့ပက်သက်ပြီး ကိုယ့်ရဲ့ စိတ်လှုပ်ရှားမှု တွေ ကို မင်းခန့်မှန်းမိလောက်ရောပေါ့ သဒ္ဒါချို ´´
ဒေါက်တာငွေစိုးကြည်၏ စကားတို့က လှိုက်လှိုက်လှဲလှဲ ရှိလှသဖြင့် သဒ္ဒါချို အနည်းငယ် တည်ငြိမ်သွားရ၏ ။
တကယ်တော့ လွန်ခဲ့သည့် နှစ် နှစ် လောက်ကတည်းက သူမ၏ မိဘများ မှတစ်ဆင့် နား ဖောက်ကမ်းလှမ်းလာခဲ့သော ငွေစိုးကြည်အပေါ် သဒ္ဒါချို ငြင်းစရာ တစ်ကွက်မှ ရှာမတွေ့ ခဲ့ပါ။ ထို့အ တူ ထူးထူးထွေထွေလည်း ရင်မခုန်ခဲ့။
သူမှ မဟုတ်။ နောက်ဆုံးနှစ် စာမေးပွဲ ပြီးဆုံးချိန်အထိ တက္ကသိုလ်မှ တခြားယောင်္ကျားလေး များ အပေါ်လည်း သဒ္ဒါချို ရင်ခုန်ကြည့်၍ မရ။
ခွဲစိတ်ဆရာဝန် ငွေစိုးကြည် ကတော့ သဒ္ဒါချို အပေါ် ရင်ခုန်ရုံမျှမက မျှော်လင့်ချက်တွေ တ နင့်တပိုး ထားခဲ့သည်။ အိမ်သို့ အကြောင်းအမျိုး မျိုး ရှာကာ ၀င်ထွက်ရုံနှင့် အားမရ၊ ကျောင်းသို့ ပင် မ ကြာခဏ အလည်လာတက်သဖြင့် …
``ကျောင်းကိုတော့ ခဏခဏမလာပါနဲ့ကိုစိုး၊ သဒ္ဒါနဲ့ကိုစိုးက ဘာမှဟုတ်သေးတာ မဟုတ် ဘူး။ ပြီးတော့ ခု နောက်ဆုံးနှစ် ကို သဒ္ဒါက အမှတ်ကောင်းကောင်းနဲ့ အောင်ချင်လို့ စာတွေ မနည်း လိုက်နေရလို့ပါ´´
ဟုတားယူရသည် အထိပင်။
ဒီနေ့တော့ သူတို့နှစ် ယောက် အကြား အဖြေတစ်ခုခုထွက်ပေါ်လာတော့မည် မှန်း နှစ် ယောက် စလုံး ရိပ်မိနေကြ၏ ။ အမှန်တကယ်အဖြေပေးရမည့် သူ ကတော့ သဒ္ဒါချို ပဲ ဖြစ်သည်။
တကယ်တော့ သူမလို ၀ိဇ္ဇာဘွဲ့ရ မိန်းကလေး တစ်ယောက် အနေနှင့် ရိုးသားကြိုး စားသော ဆရာဝန် တစ်ယောက် အပေါ် ငြင်းရက်စရာ မရှိပါ။
`` သဒ္ဒါ ကိုစိုးကို နှစ် နှစ် တိတိ စောင်းကြည့်လေ့လာခဲ့ပါတယ် ကိုစိုး … ´´
`` အဲဒီ တော့ … သဒ္ဒါ ဆိုလိုချင်တာက´´
``သဒ္ဒါ … သဒ္ဒါ ကိုစိုးကို ငြင်းစရာအကြောင်းမရှိပါဘူး´´
`` သဒ္ဒါ … ဟို … မင်း ကိုယ့်ကို တကယ်ပြောနေတာပါနော် … ´´
``တကယ်ပါ … ဒါပေမယ့် …´´
သဒ္ဒါချို ၏ ဒါပေမယ့်ကြောင့် … ဂိုးဝင်ပြီးမှ စည်းကြပ်ဒိုင်၏ အလံထောင်ပြထားတာကို တွေ့  လိုက်ရသူ တစ်ယောက် ပမာ ငွေစိုးကြည် အောင့်သက်သက် ဖြစ်သွားရ၏ ။ သဒ္ဒါချို က ငွေစိုးကြည် ၏ မျက်နှာအရိပ်အကဲကို အကဲခတ်ရင်း ပြုံး သဲ့သဲ့စကားဆက်လိုက်သည်။
´´ဒါပေမယ့် သဒ္ဒါက B.A လောက်နဲ့ မကျေနပ်သေးဘူး ကိုစိုး၊ မဟာဝိဇ္ဇာဘွဲ့အထိ လိုချင် သေးတာ။ ဒီတော့ အနည်းဆုံးတော့ ကျမ်းပြု ဆဲအဆင့်လောက်ရောက်မှ လက်ထပ်ဖို့စဉ်းစားထား တယ်။ ခု လောလောဆယ်တော့ … ´´
``ဘာလဲ … သဒ္ဒါ …ခုလောလောဆယ် ကိုယ် သဒ္ဒါ့ကို ဆက်စောင့်နေရဦးမယ်လို့ ဆိုလို တာလား။
သနားစရာကောင်းတဲ့ ဆရာဝန်ပဲ။
သဒ္ဒါချို ခပ်ရိပ်ရိပ်လေး ပြုံး လိုက်ပြီးမှ ထိုအပြုံး အား ငွေစိုးကြည် မမြင်အောင် ခေါင်းငုံ့ကာ ကာကွယ်ကာ ခပ်တိုးတိုး တုံ့ပြန်လိုက်သည်။
`` သဒ္ဒါ ပြောပြီးပြီးလေ၊ ကိုစိုးကို ငြင်းစရာမရှိပါဘူးလို့။ ဒါပေမယ့် လက်ထပ်တာကိုတော့ မဟာဝိဇ္ဇာပြီးမှပဲ ဖြစ်ချင်တယ်´´
ပထမတော့ သဒ္ဒါချို ၏ စကားကို ငွေစိုးကြည် သိပ်သဘောမပေါက်၊ နောက်မှ တဖြည်းဖြည်း နားလည်လာပြီး သူ၏ ပျော်မြူး ခြင်းတို့ အထွတ်အထိတ်သို့ ရောက်ရှိသွားကြလေသည်။
`` အိုကေ … ကိုယ် သဘောပေါက်ပြီ။ သဒ္ဒါက မင်္ဂလာပွဲကို (M.A) ပြီးမှ ဖြစ်ချင်တယ်။ ဒါ ပေမယ့် ဒီအတောအတွင်း ကိုစိုးတို့ဘက်က စေ့စပ်ကြောင်းလမ်းထားချင်တယ်ဆိုရင် သဒ္ဒါဘက်က ငြင်းစရာမရှိဘူး။ အဲ့လိုမဟုတ်လား သဒ္ဒါ၊ ဟုတ်တယ် မဟုတ်လား၊ ဟင် … ကိုယ်ပြောတာ မှန် တယ်မဟုတ်လား။
သဒ္ဒါချို က ရှက်ကိုးရှက်ကန်း ခေါင်းညိတ်ပြလိုက်တော့ ငွေစိုးကြည်က ဆက်တီပေါ်ထိုင်နေ ရာမှ ၀မ်းသာအားရ ထရပ်လိုက်သည်။ သာမန်အားဖြင့် ရပ်ပါက ဘာမှ ဖြစ်မည် မဟုတ်သော် လည်း ၀မ်းသာမှု ကြောင့် အရှိန် အနည်းလွန်သွားသဖြင့် …
စားပွဲပေါ်မှ ရေမွှေးပုလင်းတို့ ရုတ်တရက် လဲပြို ကာ ကျကွဲကြကုန်၏ ။ အဖိုးတန်ရေမွှေးနံ့၏ သင်းပျံ့မှု က ချက်ချင်း ပင် ဧည့်ခန်းတစ်ခုလုံး လွှမ်းခြုံ မွှေးကြို င်သွားလေသည်။
``ဟာ … ဆောရီး သဒ္ဒါ … ဆောရီး၊ ကိုယ် … ကိုယ် အပျော်လွန်ပြီး …´´
``ရပါတယ် ကိုစိုး … ကောင်းမလေးတွေ ခေါ်ပြီး လှဲခိုင်းလိုက်ပါ့မယ်။ ခုလို တစ်အိမ်လုံး ရေ မွှေးတွေ နဲ့ မွှေးပျံ့သွားတဲ့အတွက် အတိတ်နမိတ်ကောင်းလို့တောင် ယူဆလို့ရပါသေးတယ်။
`` အိုး … အအေးတောင်သောက်မသွားတော့ဘူးလား ကိုစိုး´´
``မသောက်တော့ဘူး သဒ္ဒါ။ သဒ္ဒါ စကားတွေ ကြောင့် ကိုယ့်ရင်မှာ အအေးဘူးတွေ ထက် ပို ပြီး အေးမြသွားပြီ။ ကိုယ် အိမ်ကိုအမြန်ပြန်ပြီး မိဘတွေ ကို ဖွင့်ပြောချင်ပြီ။ သဒ္ဒါနဲ့စေ့စပ်ဖို့ကိစ္စကို လည်း အမြန်ဆုံးအကောင်အထည်ဖော်ချင်ပြီ´´
သဒ္ဒါချို ဘာမှ မပြောဘဲ ခေါင်းညိတ်ပြလိုက်တော့ ငွေစိုးကြည်က ဒရိုင်ဘာ ရပ်စောင့်နေရာ ၎င်း၏ ကားဆီသို့ သုတ်သီးသုတ်ပြာနှင့် ထွက်ခွာ သွားပါသည်။
သဒ္ဒါချို ကတော့ ကြမ်းပြင်ပေါ်မှ ကွဲကြေနေသော ရေမွှေးပုလင်းများ ကို ပြုံး ကြည့်ရင်း၊ မွှေး ပျံ့သော အခန်းထဲ၌ တစ်ယောက် တည်း ကျန်ရစ်ခဲ့လေသည်။
မှိုရသော မျက်နှာနှင့် ကားဆီသို့ ပြန်ရောက်လာသော ငွေစိုးကြည်ကို ဒရိုင်ဘာက တအံ့တ သြ ဖြစ်နေမိသည်။ သူ့ဆရာ ခုလို အူမြူး နေတာမျိုး တစ်ခါမှမတွေ့ ဖူးခဲ့။ ငွေစိုးကြည် ကတော့ ဒရိုင် ဘာ၏ အံ့သြနေမှု ကို ဂရုမစိုက်ဘဲ ကားပေါ်သို့ ခပ်မြန်မြန်တက်ကာ ခပ်သွက်သွက်ကြီး ပြောချ လိုက်သည်။
`` အိမ်ကို မောင်းကွာ၊ အနီးဆုံးလမ်းကို ရွေးပြီး အမြန်ဆုံးသာမောင်း၊ မြန်နိုင်တကာ့အမြန် ဆုံးမောင်းနော် … ငါ အိမ်ကိုရောက်ချင်လှပြီ ´´
``သူတို့ချင်း ယခုတိုင်အောင် တစ်ယောက် ကို တစ်ယောက် မြဲမြံစွာ ဆုပ်ကိုင်ထားကြဆဲ ဖြစ်သည်´´
မကြာခင် ကြုံ တွေ့ ရတော့မည့်  ဘ၀အပြောင်းအလဲအတွက် တစ်ယောက် ကို တစ်ယောက် အားပေးနေကြခြင်း ဖြစ်သလို၊ တသက်လုံးလက်တွဲ မဖြု တ်စတမ်းဟု တိတ်ဆိတ်စွာ သစ္စတိုင်တည် နေကြခြင်းလည်း ဖြစ်သည်။ ထိုအချိန်မှပင် သူ့တို့ထိုင်နေရာ ဆိုင်ကလေး၏ ကားလမ်းတစ်ဖက်ခြမ်း ၌ ကားအဖြူ လေးတစ်စီး ထိုးဆိုက်လာလေသည်။
``ဟိုမှာ သော င်းထိုက်ကား ရောက်လာပြီ´´
ဒီတစ်ခါ စကားစတင်လိုက်သူ ကတော့ မိုးအာကာပဲ ဖြစ်သည်။
သော င်းထိုက်က ကားပေါ်မှ မဆင်းဘဲ အချိန်မရဘူးဟူသော သဘောဖြင့် လက်လှမ်းပြ၏ ။ အမှန်တကယ်လည်း ယခုအချိန်လောက်ဆိုလျှင် မိုးအာကာတို့၏ လက်ထပ်ပွဲအတွက် သက်သေ လိုက်ကောင်းချီးပေးရန် ကျန်သူငယ်ချင်းတစ်စု တရားရုံးရှေ့၌ ရုတ်စုရုတ်စု ဖြစ်နေလောက်ပြီ။
သော င်းထိုက်၏ ကားရောက်အလာကို စိတ်စောစွာ စောင့်မျှော်နေခဲ့ကြသော မိုးအာကာနှင့် ဆောင်းသဇင်တို့က ပြို င်တူလိုလို ထိုင်ရာမှထရပ်ကာ သောက်ထားသော အအေးဖိုးရှင်းလိုက်ကြပြီး ကားဆီသို့ သွားရန် ပြင်ဆင်လိုက်ကြသည်။
``မင်းရဲ့ အိတ် ကိုမိုးကိုပေး``
``အိုး … မဟုတ်တာ လုံချည်တွေ ပါတယ် … ကိုမိုးရဲ့ ၊ တော် ကြာကိုမိုး ငရဲကြီးနေပါ့မယ်``
``မကြာခင် လင်မယားတွေ ဖြစ်ကြရတော့မယ့်ဥစ္စာ၊ ငရဲကြီးကော ငရဲလေးကော ဂရုမ စိုက်ဘူး။ နောက်ပြီး ဦးထုပ်ဆောင်းဦး၊ အပြင်မှာ နေပူတယ်´´
``မ ဖြစ်စလောက်ပူတာပါ ကိုမိုးရဲ့ ´´
``ဘာပဲ ဖြစ် ဖြစ် အဲဒီ မ ဖြစ်စလောက် အပူရှပ်မှာ ကိုပဲ ကိုယ်က စိုးရိမ်နေတာလေ။ ပြီးတော့ … အဲဒီ ဦးထုပ်နဲ့ မင်းဝတ်ထားတဲ့ နှစ် ထပ်ကုတ် အနီလေးက လိုက်လွန်းလို့ဆောင်းခိုင်နေတာ´´
ဆောင်းသဇင်က ပိုရန်ကော ဟူသော သဘောဖြင့် မျက်စောင်းထိုးလိုက်သော်လည်း စားပွဲ ပေါ်မှ မိန်းမဆောင်းအနီရောင် ဦးထုပ်လှလှလေးကိုတော့ ကောက်ယူဆောင်းလိုက်ပါသည်။
ဆိုင်ထဲမှစားပွဲထိုးတွေ ကတော့ အနီရောင် ကုတ်အင်္ကျီ၊ အနီရောင် ဦးထုပ်လေးဖြင့် လှချင် တိုင်းလှနေသော ဆောင်းသဇင်နှင့် ယောကျာ်းပီသစွာ ခံ့ညားလှသော မိုးအာကာတို့အတွဲ ကို ငေး မောကာ ကျန်ရစ်ခဲ့ကြ၏ ။
မိုးအာကာနှင့် ဆောင်းသဇင်က ဆိုင်ထဲ၌ ထိုင်နေကြစဉ် တစ်လျှောက်လုံး လက်ချင်းဆုပ် ကိုင်ထားကြသလို ဆိုင်ထဲမှထွက်၍ လမ်းကူးတော့လည်း လက်တွဲ မဖြု တ်ခဲ့ကြပါ။
``တစ်အောင့်ကြာရင် ဆောင်းဟာ ကိုယ့်ရဲ့ တရားဝင် ဇနီးမယား ဖြစ်တော့မယ်။ အဲ့ဒါကို ဆောင်း တွေးမိရဲ့ လား``
လမ်းကူးရင်း မိုးအာကာက စကားစလိုက်တော့ ဆောင်းက ချစ်စဖွယ် မျက်ဆောင်းခဲလေ သည်။
``ကိုမိုးနော် … သိသိကြီးနဲ့ မဏ္ဍပ်တိုင် တက်ပြမနေနဲ့``
``မဏ္ဍပ်တိုင်တက်တာမဟုတ်ဘူး၊ မကြာခင် ကိုယ် အိမ်ဦးနတ် ဖြစ်တော့မယ်ဆိုတဲ့အ ကြောင်း ဆောင်း သိအောင် သတိပေးတာ။ ကိုယ့်ရဲ့ အိမ်ဦးနတ်ကို ဆောင်း ရိုသေရမယ်``
``ဟုတ်ကဲ့ရှင့်၊ ကျွန်မရိုသေပါ့မယ် အိမ်ဦးနတ်ကြီးရယ်``
``အဲဒီ လို လိမ္မာမှပေါ့ ဆောင်းကလေးရဲ့ ``
ဘာရယ်မဟုတ်ဘဲ သူတို့ရယ်ကြလေသည်။ ထိုရယ်သံလွင်လွင်များ ကို ထွင်းဖောက်ကာ ရုတ်တရက်ထွက်ပေါ်လာသည်က သော င်းထိုက်၏ အော်သံ ဖြစ်သည်။
`` အာကာ ဟေ့ကောင် အာကာ … ၊ ကား … ကား …´´
ပထမတော့ သော င်းထိုက်၏ အလန့်တကြားအော်သံနှင့် စိုးရိမ်တကြီးမျက်နှာကို သူတို့နား မလည်နိုင်ကြပါ။ နောက်မှ သော င်းထိုက်လှည့်ကြည့်ရာကို ကြည့်လိုက်တော့ အနက်ရောင် ကား တစ်စီးက သူတို့ရှိရာသို့ အရှိန်ပြင်းပြင်း ဦးတည်မောင်းနှင်လာကြောင်း အထိတ်တလန့် တွေ့ လိုက် ရလေသည်။
ထိုကားမှာ လမ်းကြောင်းထဲမှ ရုတ်တရက် ချိုး ကွေ့ထွက်ပေါ်လာခြင်း ဖြစ်သဖြင့် သူတို့သတိ မပြု မိလိုက်ကြခြင်း ဖြစ်သည်။ ကား၏ အမြန်နှုန်းနှင့် ဦးတည်မောင်းနှင်လာသော လားရာကိုကြည့်၍ နှစ် ယောက် စလုံး မည် သို့ မှလွှတ်နိုင်ဖွယ်မရှိကြောင်း မိုးအာကာနားလည်လိုက်သည်။
ထို့ကြောင့် ချက်ချင်း ပင် အသိဝင်လျှက် ဆုပ်ကိုင်ထားမိသော ဆောင်းသဇင်၏ လက်ကို ဆတ်ခနဲ ရုန်းဖယ်ကာ သူမအား တစ်ဖက်သို့ အရှိန်နှင့် တွန်းပို့ လိုက်၏ ။
ကံဆိုးပါသည်။
အလွန်ကံဆိုးသော ထိုအ ဖြစ်အပျက်မှာ ဒရိုင်ဘာ၏ နားလည်မှု လွှဲမှားခြင်းကြောင့် ဖြစ်သလို၊ မိုးအာကာ၏ အစိုးရိမ်ကြီးမှု ကြောင့် လည်း ဖြစ်သည်။
ကားသည် အခြားတစ်ဖက်မှ ရှောင်ရမည့် အစား ဆောင်းသဇင်အား တွန်းပို့လိုက်သည့် ဘက်သို့ ရှောင်တိမ်းလိုက်ခြင်းဖြင့် ကြေကွဲဖွယ် အ ဖြစ်အပျက်တို့က ၀မ်းနည်းဖွယ် ဖြစ်ပျက်ခဲ့လေ တော့သည်။
``ဟာ … တိုက်သွားပြီ´´
``ရပ် … ရပ် … ဟေ့ ကားသမားရပ်´´
`` လူနာကို အမြန်သွားထူကြလေ``
ဆိုင်ထဲမှ ပြေးထွက်လာကြသည့် စားပွဲထိုးများ နှင့် သော င်းထိုက်အပါအ၀င် ဘေးလူတို့၏ အော်သံများ က ချက်ချင်း ပင်ဆူညံသွားကြသော်လည်း မိုးအာကာ ကတော့ ယခုတိုင်အောင် တိတ် ဆိတ် မှင်တက်မိနေဆဲ ဖြစ်သည်။
အနီရောင် ကုတ်အင်္ကျီလေးတစ်ထည် ပုံကျသွားသလို လဲပြို သွားသော ဆောင်းသဇင် …
သူမ၏ ဦးခေါင်းမှတစ်ဆင့် ပလက်ဖောင်းဆီသို့ လိမ့်ထွက်သွားသည့် အနီရောင် မိန်းမ ဆောင်းဦးထုပ်လှလှလေးတစ်လုံး … ။
တဖက်စီလွှင့်စဉ်သွားကြသည့် အနီရောင် ဒေါက်မြင့် ဖိနပ်လေးတစ်စုံ … ။
အနီရောင် ဖုံးလွှမ်းသော ထိုအ ဖြစ်အပျက်တို့အား ရုပ်ရှင်အနှေးပြကွက်တစ်ခုပမာ မိုးအာ ကာ မြင်တွေ့ ခဲ့ရခြင်း ဖြစ်သည်။
``ဒရိုင်ဘာကို ဆွဲထုတ်ကွာ ``
``ဒီကောင် သောက်ရမ်းမောင်းလို့ဒီလို ဖြစ်ရတာ ´´
လူအုပ်၏ အသံကြောင့် မိုးအာကာ သတိဝင်လာပြီး ချက်ချင်း ပင် (မျက်နှာငယ်လေးနှင့် ရပ် နေသည့်) ဒရိုင်ဘာဆိုသူနားသို့ အလွန်လျှင်မြန်စွာ ရောက်ရှိသွားသည်။
ထို့နောက် ဒရိုင်ဘာဆိုသူ၏ အင်္ကျီရင်ဘတ်ကိုဆွဲကာ ၎င်း၏ မျက်နှာကို တစ်အားကုန် ဆွဲ ထိုးပစ်လိုက်၏ ။ နောက်တစ်ကြိမ်ထိုးရန်ပြင်လိုက်စဉ် သူ့နောက်ဘက်မှ တိုလျှိုး တောင်းပန်သော အ သံတစ်ခုကို ကြားလိုက်ရလေသည်။
``တဆိတ်ဗျာ၊ သူ့ကိုဘာမှ မလုပ်ကြပါနဲ့၊ ကျွန်တော် စိတ်လောကြီးပြီး အမြန်မောင်းခိုင်းလို့ ခုလို ဖြစ်ရတာ ပါ။ ကျွန်တော် ဆရာဝန်ပါ။ လူနာကို ခဏလောက်ကြည့်ပါရစေ``
စကားသံထွက်ပေါ်လာရာသို့ သူဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ တောင်းပန်သော မျက်ဝန်း တို့နှင့် အတူ ကျနစွာ ၀တ်ဆင်ထားသော ဆရာဝန်ဆိုသူအား တွေ့ လိုက်ရသည်။
ဆရာဝန်ဟူသော စကားကြောင့် လူအုပ်၏ ဒေါသက အနည်းငယ်ပြေသွားဟန်ရှိသော်လည်း ဆူဝေနေသော သူ၏ ဒေါသတို့ ကတော့ လျှောကျ ပြေလျော့ရန် မ ဖြစ်နိုင်ပါ။ အထူးသဖြင့် … ``ကျွန် တော် မောင်းခိုင်းလို့´´ဟူသော စကားက မိုးအာကာ၏ ဒေါသတို့အား ရေဆူမှတ်သို့ ရောက် ရှိသွားစေသည်။
``သြော် … ခင်ဗျား အမြန်မောင်းခိုင်းလို့ ခုလို ဖြစ်ရတာ ပေါ့ ဟုတ်လား´´
စကားဆုံးသည်နှင့် ဆရာဝန်ဆိုသူအား ပြေးထိုးရန်ပြင်လိုက်စဉ်မှပင် သော င်းထိုက်သူ့နား သို့ ရောက်ရှိလာပြီး ပြေးဆွဲလေသည်။ ဆရာဝန်ဆိုသူ ကတော့ မိုးအာကာ၏ အပြု အမူနှင့် ပက်သက် ၍ ဘာမှခံစားရပုံမပေါ်ပဲ လူနာရှိရာသို့ သာ ၎င်း၏ ဆေးအိတ်ကိုဆွဲ၍ ဦးတည်လျှောက်လှမ်း သွားပါ သည်။
`` အာကာ… စိတ်ကိုထိန်းလေကွာ၊ခုချိန်မှာ အရေး ကြီးတာ ဆောင်းသဇင်ကွ၊ မင်းရဲ့ ဒေါသ တွေ ကို ဖောက်ခွဲချင်ရင် နောင်မှဖောက်ခွဲ၊ စိတ်ကို လျှော့စမ်းပါ သူငယ်ချင်းရာ´´
သော င်းထိုက်၏ ချွေးသိပ်စကား မဆုံးခင်မှာ ပင် ဆရာဝန်ဆိုသူထံမှ ကြေညာချက်ထွက်ပေါ် လာသည်။
`` လူနာက လန့်ပြီးမေ့သွားတာပါ၊ ဦးခေါင်းပိုင်း ဘာမှထိခိုက်ပုံမရဘူး၊ ပွန်းပဲ့ဒဏ်ရာလဲ တစ်ခုမှ မရှိဘူး။ ဆေးရုံပို့ပြီး ဓာတ်မှန်ရိုက်ကြည့်ဖို့တော့လိုမယ်။ ဒါပေမဲ့ အသက်အန္တရာယ် အ တွက် ကတော့ ဘာမှမစိုးရိမ်ပါနဲ့။ ကျွန်တော် ဆရာဝန်ပါ။ နောင်ကြီးကို ကျွန်တော် ကတိပေးပါတယ်၊ ခင်ဗျားလူနာ ဘာမှမ ဖြစ်စေရဘူး´´
နောက်ဆုံးစကားကိုတော့ ဆရာဝန်ဆိုသူက မိုးအာကာအား ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်သည်။
ထို့နောက်တော့ ဆောင်းသဇင်အား ကားနှစ် စီးနှင့် အတူ ဆေးရုံပို့ရန် ပြင်ဆင်ကြရလေ သည်။
အ ဖြစ်အပျက်တို့မှာ ကြာရှည်လွန်းသည်ဟု ထင်စရာရှိသော လည်း တကယ့် တကယ်တော့ မိနစ်ပိုင်းလေးမျှသာ ဖြစ်၏ ။ ထိုမိနစ်ပိုင်းလေးသည်ပင် နောင်တစ်ချိန်၌ မိုးအာကာ၏ ဘ၀အတွက် အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်စေရန် အစပျိုး ခဲ့ခြင်း ဖြစ်လေသည်
မိုးအာကာမှအပ ဆေးရုံတစ်ရုံလုံး ပျာယာခတ်နေကြသည်။
အထူးသဖြင့် ဤဆေးရုံမှ ခွဲစိတ်ဆရာဝန်၏ (Case) ကေ့(စ်) ဖြစ်သဖြင့် ထိုမျှ ပျာယာခတ် နေကြခြင်းခြင်း ဖြစ်သည်။ ထိုထဲ၌ သော င်းထိုက်လည်းမနေသာပါ။
ဆေး ပြေးဝယ်လိုက်၊ ဓာတ်မှန်ခန်း ပြေးလိုက်၊ မိုးအာကာထံလာအားပေးလိုက် နှင့် အလှုပ် ရှုပ်နေခဲ့နေခဲ့သော်လည်း မိုးအာကာတော့ ဆောင်းသဇင်၏ ခရီးဆောင်အိတ်လေးဆွဲကာ ဆေးရုံအ ပြင်ဘက် ခုံတန်းလျား၌ ငြိမ်ငြိမ်သက်သက်လေး ထိုင်နေခဲ့၏ ။
အမှန်တော့ … ငြိမ်သက်နေခြင်းမဟုတ်၊ သူ၏ စိတ်တို့ လှုပ်ရှားရလွန်းသဖြင့် ခန္ဓာကိုယ်ပါ မ လှုပ်နိုင်အောင် နွမ်းရိသွားရခြင်း ဖြစ်သည်။
ပုံကျ… သွားသော ကုတ်အင်္ကျီအနီလေးတစ်ထည်၊
လိမ့်ထွက်သွားသော မိန်းမဆောင်းဦးထုပ်တစ်လုံး၊
လွင့်စဉ်သွားကြသည့် ဒေါက်မြင့်ဖိနပ်တစ်စုံ
အရာရာသည် သူ၏ အာရုံထဲ၌ နှေးကွေးလေးလံစွာ အဖန်တလဲလဲ မြင်ယောင်နေမိဆဲ ဖြစ် သည်။
အဲဒီ ကားဟာ ဘာ ဖြစ်လို့ အဲ့လောက်မြန်မြန်ဆန်ဆန် မောင်းလာရတာ လဲ။
သူနဲ့ (ခုလောက်ဆို လက်ထပ်ပြီး ဖြစ်လောက်မယ့် ဇနီးလောင်းကိုမှ ) ဘာ ဖြစ်လို့ ရွေးပြီး တိုက်ခဲ့ရတာ လဲ … ။
အရာရာအား အံ့သြတုန်လှုပ်စွာ ဖြင့် မိုးအာကာ မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။
ဒါဟာ … အိပ်မက်တစ်ခုလား။
ဒါမှမဟုတ် မျက်လှည့်ဆရာ တစ်ယောက် ရဲ့ အပေါစားဆန်ဆန် ပြကွက်တစ်ခုများ လား … ။
အအေးဆိုင်အတွင်းလက်ချင်းဆုပ်လျက် သော င်းထိုက်ကားကို စောင့်စဉ် သူတို့ချင်း ပြော ခဲ့သည်များ ကို ပြန်လည်ကြားယောင်လာမိ၏ ။
``ကိုမိုးရဲ့ မိဘတွေ က ချမ်းသာတော့ဆောင်းလို ဆင်းရဲတဲ့ လက်လုပ်လက်စား ကောင်မ လေး တစ်ယောက် နဲ့ သဘောမတူနိုင်ပါဘူးဆိုပြီး လိုက်ခွဲရင် ဘယ်လိုလုပ်မလဲ´´
``သူတို့မခွဲရက်ပါဘူး´´
``ဘာ ဖြစ်လို့လဲ´´
``ကိုမိုးက အရမ်းအစွဲအလမ်းကြီးမှန်း သူတို့သိတယ်လေ။ တစ်ခုခုကို စွဲလမ်းမိပြီဆိုရင် ဘယ်လိုမှ ဖျောင်းဖျလို့မရမှန်း သူတို့သိပြီးသား။ အဲဒါကြောင့် ခုလိုမျိုး ကိုမျိုး တဇွတ်ထိုးလုပ်သွား တာကို သူတို့သိရင်တောင် ဒေါသပဲထွက်မယ်။ လိုက်တော့ခွဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်စိုးရိမ်နေ တာ တစ်ခုတော့ရှိတယ်။
``ဘာလဲဟင် … ´´
``ဆောင်းက ကိုယ့်ကို စပြီး ခွဲသွားမှာ ကိုပေါ့´´
``အံမယ် ဝေးသေး … ဆောင်းကဖြင့် ကိုမိုးကို စပြီးမခွဲသေးဘူး … ´´
``တကယ်လား´´
``တကယ်ပေါ့´´
``အာကာ … ဟေ့ကောင် အာကာ´´
သော င်းထိုက်စကားသံကြောင့် မိုးအာကား၏ အတွေးတို့ လွင့်စဉ်ကာ သူ့ရှေ့၌ ရပ်နေသော သော င်းထိုက်မျက်နှာကို အလန့်တကြားမော့ကြည့်လိုက်မိသည်။
``ငါ … နိုင်ဦးတို့အုပ်စုကို သွားခေါ်လိုက်ဦးမယ်။ တရားရုံးကို ရောက်ချိန်တန်လျက်ရောက် မလာရင် သူတို့စိတ်ပူနေမှာ စိုးလို့´´
``မင်း ဆိုလိုတာက … ဆောင်းအခြေအနေ ကတော့ စိတ်ပူစရာမရှိဘူးပေါ့ဟုတ်လား… ´´
သူ၏ ငေါ့တော့တော့လေသံအား သော င်းထိုက်က အေးဆေးစွာ တုံ့ပြန်ပါသည်။သူ့ဘေးနား ၀င်ထိုင်ကာ ရှင်းပြခြင်း ဖြစ်သည်။
``ပွင့်ပွင့်လင်းလင်းပြောရရင် ဆောင်း နံရိုးတစ်ချောင်းကျိုး သွားတယ်။ ဒါပေမဲ့ အလုပ်သင် ဆရာဝန် တစ်ယောက် ကတော့ ဒါဟာ စိုးရိမ်လောက်စရာအခြေအနေ မဟုတ်ပါဘူးတဲ့။ ဘာ ဖြစ်လို့ လဲဆိုတော့ ဒေါက်တာငွေစိုးကြည်ဟာ ဒီဆေးရုံမှာ အတော် ဆုံးဆရာဝန်မိုလို့ပါပဲတဲ့ … ၊ ဒေါက်တာ ငွေစိုးကြည် အာမခံတယ်ဆိုရင် ဘာမှစိတ်မပူပါနဲ့တဲ့ …၊ အဲဒီ တော့ စိတ်အေးအေးထားပါသူငယ် ချင်း ´´
``မင်းရဲ့ လေသံက အဲ့ဒီငွေစိုးကြည်ဆိုတဲ့ ဆရာဝန်ရဲ့ လေသံအတိုင်းပါပဲလား´´
သူ၏ ငေါက်ဆတ်ဆတ်လေသံအား သော င်းထိုက်ကစိတ်မဆိုးဘဲ သူ့ပုခုံးကို လှမ်းပုတ်ကာ အားပေးသည်။
``စိတ်ပူစရာမရှိဘူးလို့ ငါကိုယ်တိုက်က ယုံကြည်လို့ မင်းကို အားပေးနေတာပါ။ မင်းသိ အောင်ငါပြောမယ်၊ ခွဲစိတ်ခန်းထဲသွင်းခါနီး ဆောင်း သတိပြန်ရလာတယ်၊ ငါ့ကိုတွေ့ တော့ မင်းအ ကြောင်းမေးတယ်၊ ဆောက်းအတွက် စိတ်ပူလွန်းလို့ အပြင်မှာ ထွက်ထိုင်နေတယ်ဆိုတော့ … မင်း ကိုပြောလိုက်ပါတဲ့ သူကစပြီး လက်တွဲမဖြု တ်ပါဘူးတဲ့၊ ပြီးတော့ မင်းနဲ့ဆောင်း လက်ထပ်ဖို့ တရား ရုံးသွားခါနီး ခုလို ဖြစ်ရတာ ပါလို့ ဒေါက်တာငွေစိုးကြည်ကို ပြောပြတော့ သူလည်းတော် တော် စိတ်မ ကောင်း ဖြစ်သွားပုံရတယ်၊ အကောင်းဆုံး ဖြစ်စေရပါမယ်လို့ ငါ့ကိုထပ်ပြီးအာမခံတယ်၊ အဲဒီ ဆရာဝန် က စိတ်မကောင်းသာ ဖြစ်သွားတယ်။ ခွဲစိတ်ခန်းထဲဝင်တော့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်နဲ့ ၀င် သွားတာ။ ဒါကြောင့် ငါ ဆောင်းအတွက်စိတ်ချပြီး နိုင်ဦးတို့ကိုသွားခေါ်ဖို့ ဆုံးဖြတ်လိုက်တာ၊ မင်းကို ချက်ချင်လာမပြောတာက မင်းက အစွဲအလမ်းကြီးတက်လွန်းလို့´´
သော င်းထိုက်စကားကြောင့် မိုးအာကာ စိတ်အေးသွားသော်လည်း မရှင်းတာတစ်ခုကို တော့ ပြန်မေးလိုက်မိသည်။
``နေပါဦး၊ မင်းပြောတော့ ဆောင်းက နံရိုးကျိုး သွားတာဆို ဘာ ဖြစ်လို့ ခွဲစိတ်ခန်းထဲသွင်းရ တာလဲ´´
``အဲဒါတော့ … ငါလည်း ရှင်းမပြတက်ဘူး အာကာ။ ဒေါက်တာငွေစိုးကြည် ထွက်လာတဲ့ အခါမေးကြည့်ပေါ့၊ ငါတော့ အဲဒီ ဆရာဝန်ရဲ့ တည်ငြိမ်တဲ့ပုံကို ကြည့်ပြီး ဆောင်းအတွက် စိန်ချသွား တယ်။ ကဲ … ငါ နိုင်ဦးတို့ဆီသွားလိုက်ဦးမယ်´´
သော င်းထိုက်က သူ့အား နှုတ်ဆက်ကာ ထွက်ခွာ သွားပါသည်။
ငွေစိုးကြည်၏ ခွဲစိတ်ဆရာဝန် သက်တမ်းတစ်လျှောက် လက်တုန်ခြင်း၊ ရင်ခုန်ခြင်း တစ်ခါ မှ မ ဖြစ်ဖူးခဲ့။
ယခုတော့ အခြေအနေက တစ်မျိုး ဖြစ်၏ ။
သူခွဲစိတ်နေသော လူနာသည် (အကယ်၍ သူ့ကားနှင့် သာ မတိုက်မိပါက ၎င်း၏ ချစ်သူ မိုး အာကာနှင့် လက်ထပ်ပြီး ဖြစ်နေလောက်မည့် လူနာ) ဖျတ်ခနဲ သဒ္ဒါချို ၏ မျက်နှာကို မြင်ယောင်ကာ သူ ရင်ခုန်ချင်သလိုလို ဖြစ်လာသဖြင့် စိတ်ကိုပြင်ထိန်းလိုက်ရသည်။
ဟင့်အင်း …
အဲ့ဒီလိုမ ဖြစ်စေနဲ့၊ မင်းစိတ်ကို မင်းရဲ့ လက်၊ မင်းရဲ့ ဓားသွားထက်မှာ ထားစမ်း။
ဘေးနားမှာ အကူဆရာဝန်နှင့် အကူသူနာပြု များ ကတော့ သူ့အပေါ် ယုံကြည်မှု အပြည့်ရှိနေ ကြဆဲပင်။ မယုံကြည်နိုင်သည်က သူ့ကိုယ်သူ့ ဖြစ်၏ ။
တကယ်တော့ လူနာမှာ နံရိုးကျိုး ခြင်းမဟုတ်။ နံရိုးကြေကာ အရိုးစတစ်စက အသည်း၌ စိုက်ဝင်နေခြင်း ဖြစ်သည်။ ဆိုးဆိုးဝါးဝါးအဟုတ်သော်လည်း ကောင်းကောင်းမွန်မွန် လွယ်လွယ်ကူ ကူ အခြေအနေမျိုး တော့မဟုတ်ပါ။
``နောင်ကြီးကို ကျွန်တော် ကတိပေးတယ်´´
``ခင်ဗျားလူနာ ဘာမှမ ဖြစ်စေရဘူး´´
ဘုရားမလို့ သူပေးခဲ့တဲ့ ကတိအတိုင်း တည်နိုင်ပါစေ။
သူ လက်တစ်ဖက်ကို ဖြန့်ပေးလိုက် တော့ ဘေးနားမှ ဆရာမ က သူ့လက်ထဲသို့ ခွဲစိတ်ကိရိ ယာတစ်ခု ဆတ်ခနဲထည့်ပေးလိုက် လေသည်။
မိုးအာကာ၏ အတွေးတို့က သူတို့ထိုင်ခဲ့ဖူးသော ဆိုင်လေးထဲသို့ ပြန်လည် ၀င်ရောက်သွာ ပါသည်။
``ဒါဖြင့် … ပြောလေ … ဘာနဲ့သက်သေပြမလဲ´´
``ကိုမိုးလက်ကို ကိုင်ထားမှပေါ့´´
``ဘယ်လို … ´´
``ဟော့ဒီလို ကိုင်ထားမယ်လို့ပြောတာ´´
ဖျတ်ခနဲ သူ့လက်ကိုဆုပ်ကိုင်လာသော ဆောင်းသဇင်အား သူ တအံ့တသြ ကြည့်လိုက်မိ သည်။
`` ဆောင်းကစပြီး ဆုပ်ကိုင်တဲ့ လက်တစ်ဖက်ကို ဆောင်းကစပြီး ဘယ်တော့မှ လက်တွဲ မဖြု တ်တက်ဘူး ကိုမိုး၊ ကိုမိုးကို ဆောင်းကစပြီးချစ်ခဲ့မိတာ၊ ဒါကြောင့် ဆောင်းကစပြီး ဘယ်တော့ မှ လမ်းခွဲမသွားဘူး။အဲ့ဒါကို ကိုမိုး စိတ်ချလက်ချယုံ၊ ဒီဘ၀အတွက်ရော၊ နောက်ဘ၀အတွက်ပါ က တိပေးတယ်´´
သူ ယုံပါသည်။ ဆောင်းသဇင်၏ ကတိအပေါ် သူအကြွင်းမဲ့ ယုံကြည်ခဲ့သည်။
ခုလည်း သော င်းထိုက်က ပြောသွားသည်။ ခွဲစိတ်ခန်းထဲဝင်ခါနီး ``ဆောာင်းဘက်ကစပြီး ဘယ်တော့မှ လက်တွဲ မဖြု န်ဘူး … တဲ့။ ဒါဟာ သူ့ကို ဆောင်းသဇင်ကစပြီး လမ်းမခွဲဘူးဆိုတဲ့ သ ဘောပေါ့ … ´´
ကိုယ် ယုံတယ် ဆောင်း။
(မင်းရဲ့ စကားကို အမြဲတမ်း အစွဲအလမ်းကြီးကြီးနဲ့ ယုံနေပါ့မယ်။)
မိုးအာကာ အိတ်ကပ်ထဲမှ စီးကရက် တစ်လိပ်ကို ထုတ်ယူကာ နှုတ်ခမ်း၌ တပ်လိုက်သည်။ ထိုအချိန်မှာ ပင် မီးတောက်တစ်ခုက သူ့စီးကရက်ရှေ့သို့ ဖျတ်ခနဲ ရောက်လာလေသည်။
ထိုမီးတောက်ပိုင်ရှင်က ဘယ်သူများ ပါလိမ့်။
မော့ကြည့်လိုက်ချင်သော်လည်း ခံတွင်းချဉ်နေသဖြင့် စီးကရက်ကို အရင်မီးညှိပြီးမှ မီး တောက်ပိုင်ရှင်ကို အသာအယာမော့ကြည့်လိုက်တော့ ယုံကြည်မှု အပြည့်ဖြင့် ခွဲစိတ်ခန်းထဲဝင်သွား သည်ဆိုသော ဒေါက်တာငွေစိုးကြည် ဖြစ်နေလေသည်။
သော င်းထိုက်အမွှမ်းတင်ခဲ့သည့် ၎င်း၏ ယုံကြည်မှု ကိုရှာကြည့်သော်လည်း ယုံကြည်မှု အစား တစ်စုံတစ်ရာကို မကျေမနပ် ဖြစ်နေမှု မျိုးသာ သူ ရှာတွေ့ ခဲ့ပါသည်။
``ကိုမိုးအာကာ´´
၎င်း၏ အသံ ကတော့ အံ့သြဖွယ် တည်ငြိမ်လှပါသည်။
``ဟုတ်ကဲ့ … ပြောပါ ဒေါက်တာ ´´
``ကျွန်တော် ရှုံးသွာတယ်´´
``ဗျာ´´
``ဟုတ်တယ်၊ ကျွန်တော် ရှုံးသွားတယ်၊ စိတ်မကောင်းပါဘူး … ကိုမိုးအာကာ၊ ခင်ဗျားရဲ့ ချစ်သူ ဆောင်းသဇင် စောစောကပဲ ဆုံး သွားပါတယ်´´
``ဘာ´´
နှုတ်ခမ်းထက်မှ စီးကရက် ဆတ်ခနဲ ပြု တ်ကျသွားသလို သူကိုယ်တိုင်လည်း ထိုင်ရာမှ ၀ုန်း ခနဲ ထရပ်လိုက်မိသည်။
``ဘာပြောတယ်။ ကျွန်တော့် ချစ်သူ ဆောင်းသဇင် ဘာ ဖြစ်သွားတယ်ဆိုတာ နောက်တစ် ခေါက်ထပ်ပြောပါဦး ဒေါက်တာ´´
``သူဆုံး သွားပါပြီ ကိုမိုးအာကာ၊ လွန်ခဲ့တဲ့ နှစ် မိနှစ် ကပဲ ညင်ညင်သာသာနဲ့ မနာမကျင်ဘဲ အသက်ထွက်သွားတာပါ´´
``ဆုံးသွားပြီ။ ကျွန်တော့် ချစ်သူ။ ကျွန်တော် နဲ့ ဒီနေ့ပဲ လက်ထပ်တော့မယ့် ကျွန်တော့် ချစ် သူဆုံးသွားပြီ ဟုတ်လား။ မ ဖြစ်နိုင်ဘူး။ ကျူ ပ် လုံးဝမယုံဘူး။ သူ့ဘက်ကစပြီး ဘယ်တော့မှ မခွဲပါ ဘူးလို့ ကတိပေးခဲ့တဲ့ ဆောင်းသဇင် ဆုံးသွားပြီဆိုတာကို ကျူ ပ် လုံးဝမယုံဘူး´´
မာကျောလာသော လေသံဖြင့် ကမှုးရှူး ထိုး အော်နေသော မိုးအာကာကို ငွေစိုးကြည် ကရု ဏာ သက်နေမိ၏ ။ငွေစိုးကြည်၏ ဆရာဝန်ဘ၀၌ ယခုလိုလူနာရှင်မျိုး မြောက်များ စွာ တွေ့ ဖူးခဲ့သဖြင့် ၎င်းတို့၏ မယုံကြည်နိုင်မှု ၊ ရုတ်တရက် လက်မခံနိုင်မှု တို့ကို သူ နားလည်လိုက်ပါသည်။
သို့ သော် ကောက်ခါငင်ခါ သူ့အားမေးလာသော မိုးအာကာ၏ စကားကိုတော့ ငွေစိုးကြည် နားမလည်နိုင်ပါ။
``ခင်ဗျား ၀ှက်ထားတာမဟုတ်လား … ဒေါက်တာ´´
``ဗျာ´´
``ဟုတ်တယ်၊ ခင်ဗျား ကျု ပ်ချစ်သူကို သေပြီဆိုပြီး တမင်ဝှက်ထားတာပဲ ဖြစ်ရမယ်။ ပထမ ဆုံး ကျု ပ်ချစ်သူကို ခင်ဗျားကားနဲ့တိုက်တယ်၊ နောက် ဘာမှမ ဖြစ်စေရပါဘူးဆိုပြီး ခင်ဗျားရဲ့ ဆေးရုံ ကိုခေါ်လာတယ်၊ နောက်ဆုံးမှတော့ သေပြီဆိုတဲ့စကားနဲ့ ကျု ပ်ချစ်သူကို ခင်ဗျားဝှက်ထားလိုက် တယ်။ ကျု ပ်ချစ်သူကို ထုတ်ပေးပါ ဒေါက်တာ၊ ကျု ပ် တောင်းပန်ပါတယ်။ သူဟာ ကျု ပ်ဘ၀ပါ …´´
``ကိုမိုးအာကာ စိတ်ကိုထိန်းပါဗျာ။ ခင်ဗျားမယုံရင် ခင်ဗျားချစ်သူရဲ့ အလောင်းကို ၀င် ကြည့်ပါ။ ခင်ဗျားရဲ့ စိတ်ကိုတော့ နည်းနည်း ဖြစ် ဖြစ် ထိန်းလိုက်ပါ´´
``ကျု ပ်စိတ်ကိုထိန်းစရာမလိုတော့ဘူး ဒေါက်တာ၊ထိန်းစရာမလိုလောက်အောင် ခင်ဗျား တစ်စစီဖြို ခွဲပစ်ခဲ့ပြီ။အဲ့ဒီတော့ ခင်ဗျားကိုမေးခွန်းတစ်ခုပဲမေးချင်တယ်။ကျု ပ်ချစ်သူ ဘယ်မှာ လဲ…´´
`` ကျွန်တော် ပြောပြီးပါပြီ ကိုမိုးအာကာ၊ ခင်ဗျားရဲ့ ချစ်သူ ဆုံးသွာပါပြီ´´
``ဆုံးသွားပြီ´´
ထိုစကားအား နာကျင်စွာ ပဲ့တင်ထပ်ရေရွတ်လိုက်ပြီး နောက် မိုးအာကာ နာနာကြည်း ကြည်း ပြုံး လိုက်လေသည်။
``ခင်ဗျားဟာ လူညာပဲ ဒေါက်တာ၊ ခင်ဗျားကို လူညာတွေ နဲ့ ထိုက်တန်တဲ့ လက်ဆောင် တစ်ခု ကျု ပ်ပေးမယ်၊ အဲ့ဒီ လက်ဆောင်ကိုမပေးခင် ခင်ဗျားသိထားအောင် ကျု ပ်ပြောလိုက်ဦးမယ်၊ ဆောင်းသဇင်ဆုံးပြီ ဆိုတာကိုကျု ပ်မယုံဘူး၊ အခုမယုံသလို နောက်လည်းမယုံဘူး၊ ကျု ပ် အသက် ရှုနေသရွေ့ ဘယ်တော့မှ မယုံဘူး။ ကျု ပ် သွားမယ်´´
မိုးအာကာ လှည့်ထွက်ရန်ပြင်ပြီးမှ ရုတ်တရက် ငွေစိုးကြည်ဘက်သို့ ပြန်လှည့်လာ၏ ။
``ဆောရီးပဲ … ခင်ဗျားကို လက်ဆောင်ပေးဖို့ ကျု ပ် မေ့တော့မလို့´´
မိုးအာကာ၏ လက်ဆောင် ကတော့ ငွေစိုးကြည်အား ကြမ်းပြင်ပေါ်သို့ ပစ်လှဲသည်အထိ အားရပါးရ ဆွဲထိုးလိုက်ခြင်းပဲ ဖြစ်သည်။
``အဲဒါ ခင်ဗျားလို လူညာဆရာဝန်။ သူများ ချစ်သူကို ခိုးယူတက်တဲ့ ဆရာဝန် တစ်ယောက် အတွက် ကျု ပ်ရဲ့ လက်ဆောင်ပဲ´´
စကားဆုံးသည်နှင့် ဆောင်းသဇင်၏ ခရီးဆောင်အိတ်ကလေးကို လက်က ကိုင်လျက် အ ပြေးတစ်ပိုင်းနှင့် မိုးအာကာ ထွက်ခွာသွားလေသည်။ သူ၏ ပါးစပ်မှ တောက်လျှေက်ရွတ်ဆိုသွား သည် ကတော့ ``ဆောင်း သေတယ်ဆိုတာ ကျု ပ်မယုံဘူး´´ ဟူ၍ ဖြစ်သည်။
မိုးအာကာထွက်သွားပြီး သိပ်မကြာခင်မှာ ပင် ငွေစိုးကြည်နားသို့ အလုပ်သင်ဆရာဝန်တစ် ချို့  ၀ိုင်းအုံရောက်ရှိလာကြသည်။``ဆရာ… ဆူဆူညံညံအသံတွေ ကြားလိုက်တယ်။ ဘာ ဖြစ်တာ လဲ´´
ထိုအချိန်၌ ကြမ်းပြင်ပေါ်မှ ကောင်းစွာ ထရပ်နေနိုင်ပြီ ဖြစ်သော ငွေစိုးကြည်က အေးဆေးစွာ အဖြေပေးလိုက် သည်။
``ဘာမှမဟုတ်ပါဘူး၊ သူလက်ထပ်တော့မယ့် သူ့ ချစ်သူ ဆုံးပြီဆိုတာကို ရုတ်တရက် လက်မခံနိုင်လို့ ငါ့ကိုရန်လုပ်သွားတာပါ´´
``ဆရာ ဘာမှ ပြန်မလုပ်လိုက်ဖူးလား´´
``မလုပ်ဘူး၊ ဘာ ဖြစ်လို့လဲဆိုတော့ ငါကိုယ်တိုင်လဲ ငါ သိပ်ချစ်တဲ့ကောင်မလေးဆီက လက်ထပ်ပါ့မယ် ဆိုတဲ့ ကတိစကားကို ဒီနေ့ပဲ ရခဲ့တာလေ။ ဒီတော့ သူ့ရဲ့ ခံစားချက်ကို ငါ ကောင်း ကောင်းနားလည်နိုင်ပါတယ်´´
``ဘာပဲ ဖြစ် ဖြစ် ကျွန်တော် တို့ကို ခေါ်လိုက်ရောပေါ့။ သူ့ချစ်သူ တကယ်ဆုံးသွားပြီိဆိုတာ သူနားလည်အောင် ကျွန်တော် တို့ ၀ိုင်းရှင်းပြမှာ ပေါ့´´
ငွေစိုးကြည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းရင်း ခပ်အေးအေး ပြောလိုက်သည်။
``မလိုပါဘူးကွာ၊ အဲ့ဒီကိစ္စကို သူ အခုလက်မခံလည်း အသုဘချတဲ့နေ့ကျရင် သူ့ချစ်သူ တကယ်ဆုံးသွားပြီဆိုတာကို လက်ခံလာမှပါ။´´
သို့ သော် ငွေစိုးကြည်ထင်သလို ဆောင်းသဇင်၏ အသုဘသို့ မိုးအာကာ ရောက်ရှိမလာခဲ့ ပါ။ ထိုမျှမက ၎င်း၏ မိဘများ ထံသို့ လည်းကောင်း၊ သော င်းထိုက်အပါအ၀င် အခြားသော သူငယ် ချင်းအိမ်သို့ လည်းကောင်း ရောက်မလာဘဲ ထိုနေ့မှစ၍ မိုးအာကာ တစ်ယောက် ရန်ကုန်မြို့  မှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေတော့သည်။
ဇာတ်သွား (တစ်)
``ရှင်တို့ပြောတော့ ပြင်ဦးလွင်က မအေးဘူးဆို´´
``အေးလေ … ဘယ်မှာ အေးလို့လဲ သဒ္ဒါချို ရဲ့ ´´
``ရှင်တို့ ကတော့ တောင်ပေါ်သူတွေ ဆိုတော့ ပြောအားရှိမှပေါ့။ ကျု ပ်မှာ တော့ ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေပြီ´´
သဒ္ဒါချို က လက်ကလေးနှစ် ဖက်ကိုပိုက်လျက် ခိုက်ခိုက်တုန်ဟန်လုပ်ပြတော့ ပြင်ဦးလွင်သူ တင်ဇာနှင့် တောင်ကြီးသူ လွင်မျိုး အေးက သဘောကျဟန်ဖြင့် အသံများ ထွက်၍ ပင် ရယ်မောပါ လေသည်။
သဒ္ဒါချို က မျက်စောင်းခဲလိုက်တော့မှ ၎င်းတို့နှစ် ယောက် က မျက်နှာပိုးသတ်ကာ စကားစ ကြသည်။
``ရှင်က ဒီနေ့မှ ပြင်ဦးလွင်ရောက်စမိုလို့ပါဟာ။ နောက်ရက်တွေ ကျရင် ဒီက ရာသီဥတုနဲ့ အသားကျသွားမှာ ပါ။ပြီးတော့ ရှင့်ကို ကျု ပ်တို့ ၀ိုင်းပြောသားပဲ။ ပြင်ဦးလွင် တန်းတက်ရအောင်ဆို တာကို မတက်သေးဘဲ မန္တလေးမှာ တစ်ပတ်လောက်လည်ခဲ့သေးတာကိုး၊ အဲ့ဒီတော့ မန္တလေးက အပူနဲ့ ဒီကအအေးနဲ့ စဆုံကာစ ဆိုတော့ နဂိုထက်ပိုအေးတယ် လို့ ထင်တာ ဖြစ်မှပေါ့´´
``တင်ဇာပြောတာ ဖြစ်နိုင်တယ် သဒ္ဒါ … ရှင် စဉ်းစားကြည့်လေ၊ မန္တလေးဆိုတာ ပူတဲ့မြို့  ၊ ပြီးတော့ ကျု ပ်တို့ဒီကိုတက်လာတာက မန္တလေးရဲ့ အပူဆုံးအချိန် နေ့လယ်ကြီး၊ လမ်းမှလည်း ဗျူး ပွို င့်ဝင်လိုက်၊ (၂၁) ၀င်လိုက်နဲ့ ဒီရောက်တော့ နေစောင်းခါနီး ဖြစ်နေပြီ။ ရောက်တာနဲ့ အ၀တ်အ စားလဲပြီး ရုက္ခဗေဒဥယျဉ်ပို့ပေးပါဆိုလို့ ကျု ပ်တို့ ချက်ချင်း ပဲ အိမ်က ပြန်ထွက်လာကြတာမဟုတ် လား။ အဲဒီ တော့ ဟိုက အပူဆုံးအချိန်နဲ့၊ ဒီက အေးစပြု တဲ့အချိန် အပြောင်းအလဲကြောင့် ပိုအေး တယ်လို့ ရှင့်စိတ်က ထင်နေတာပါ´´
သူတို့ အကြောင်းပြချက်နဲ့ သူတို့ ကတော့ ဟုတ်လို့ပါ။သို့ သော် သဒ္ဒါ ကတော့ ယခုတိုင်ချမ်း နေဆဲ ဖြစ်သည်။
``ငါက ရုက္ခဗေဒဥယျဉ်ကြီးကို အရမ်းရောက်ဖူးချင်တာဟ၊ ဒါကြောင့် နင့်အိမ်ရောက်တာနဲ့ ဒီကို အတင်းလိုက်ပို့ခိုင်းရတာ ´´
``နောက်နေ့တွေ ရော ရှင် ဘယ်သွားချင်သေးသလဲ သဒ္ဒါချို ´´
``သွားသင့်တဲ့နေရာမှန်သမျှ အကုန်လိုက်ပို့ဟာ၊ ပြင်ဦးလွင်မှာ ပို့စရာနေရာကုန်သွားရင် လွင်မျိုး အေးမိဘတွေ ရှိတဲ့ တောင်ကြီးကိုသွားမယ်။ နောက် … ကလော၊ အောင်ပန်း၊ ပင်းတယ၊ရွှေ ညောင်၊ အင်းလေး…´´
``ဘုရား ဘုရား … ရှင် မြေပုံပေါ်က မြို့  နာမည် တွေ အကုန်လျှောက်ရွတ်နေတာလား သဒ္ဒါ ချို ´´
``မဟုတ်ဘူး၊ ငါ တကယ် ရောက်ဖူးချင်လို့ ပြောတာ၊ ငါ စိတ်ရှိတဲ့အတိုင်းသာဆိုရင် ရွှေလီ ထိတောင် သွားလိုက်ချင်သေးတာ´´
အစက ဤခရီးကိုထွက်ရန် သဒ္ဒါချို ၌ စိတ်ကူးမရှိပါ။
ဒေါက်တာငွေစိုးကြည်ခေါ် ကိုစိုးကြောင့် ဤခရီးကို ထွက် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ သူမအား နှစ် နှစ် တိတိ ပိုးပန်းကာ လက်ထပ်ခွင့် တစာစာတောင်းနေသော ကိုစိုး (သို့ ) ဒေါက်တာငွေစိုးကြည်ကို ကျောင်းပြီးချိန်၌ သူမ လက်ခံခဲ့၏ ။
သို့ သော် ချက်ချင်း ကြီးလက်ထပ်ရန် သဘောတူခဲ့ခြင်းမဟုတ်။ မဟာဝိဇ္ဇာပြီးမှသာ လက် ထပ်မည် ဟူသော ခြွင်းချက်ဖြင့် သူမအား စိတ်မချသဖြင့် စေ့စပ်ထားပါရစေဆိုတော့ ၎င်းဆန္ဒအ တိုင်း သဘောတူ စေ့စပ်ခဲ့၏ ။
စေ့စပ်ပြီးသိပ်မကြာခင်မှာ ပင် ကိုစိုးက ``အိမ်ထောင်သည်ဘ၀နဲ့ (M.A) ဆက် တက် လည်းရပါတယ် သဒ္ဒါချို ရယ်´´ ဟု ဆိုကာ တစ်ဆင့်တက်လာခဲ့သည်။
သဒ္ဒါချို မိဘများ ကလည်း ငွေစိုးကြည်၏ တောင်းဆိုမှု ကို ခြွင်းချက်မရှိသဘောတူခဲ့ကြ၏ ။
သို့ သော် မပြတ်သားသည်က သဒ္ဒါချို ဖြစ်သည်။
သူမ၏ အပျို စင်ဘ၀ကို စွန့်လွှတ်ရမှာ နှမြောသလိုလို၊ ကိုစိုးနှင့် လက်ထပ်ရမှာ ကိုပဲ စိုးရွံ့သ လိုလို တွေ ဝေနေမိသည်။ ထိုအချိန်၌ သဒ္ဒါချို အတွက် အကောင်းဆုံးထွက်ပေါက်တစ်ခုကို ရရှိ လိုက်သည်။ သဒ္ဒါ၏ အကောင်းဆုံးသူငယ်ချင်းနှစ် ယောက် ဖြစ်သူ တင်ဇာနှင့် လွင်မျိုး အေးတို့ ၎င်း တို့နယ်သို့ အလည်ပြန်ဦးမယ်ဟူသော သတင်း ဖြစ်သည်။
ထိုအခွင့်အရေး ကို သဒ္ဒါချို လက်လွှတ်မခံခဲ့ပါ။
``သဒ္ဒါ … တင်ဇာတို့နဲ့ ရှမ်းပြည်နယ်ကို အလည်လိုက်သွားချင်တယ် ကိုစိုး´´
ပထမတော့ ငွေစိုးကြည်က အင်တင်တင် ဖြစ်နေသေး၏ ။ နောက်ဆုံးတော့ သူမ၏ တောင်း ဆိုမှု အား သဘောထားကြီးစွာ လိုက်လျောခဲ့ပါသည်။
`` ဘယ်လိုလဲ ဒေါ်သဒ္ဒါချို … ရှမ်းပြည်နယ်နဲ့ပက်သက်တဲ့ ရှင့်ရဲ့ စိတ်ကူးယဉ်ခရီးစဉ်တွေ ဒါအကုန်ပဲလား´´
`` ဘာလဲ လွင်မျိုး အေး … နင် ဘာမေးလိုက်တာလဲဟင်´´
`` သြော် … ရှမ်းပြည်နယ်နဲ့ ပက်သက်တဲ့ ရှင့်ရဲ့ စိတ်ကူးယဉ်မှု တွေ ဒါအကုန်ပဲလားလို့ မေး တာပါ´´
ထိုမခါ သဒ္ဒါချို တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် မခို့တရို့ ပြုံး လိုက်ပြီး …
``ကျန်သေးတယ်ဟ၊ ရှမ်းပြည်နယ်ရောက်ရင် ငါသိပ်လုပ်ချင်တဲ့ အလုပ်တစ်ခု ကျန်သေး တယ်၊ ရှင်တို့မရယ်ကြနဲ့နော် … ´´
``ဘာလဲ … မောင်သိန်းဆိုင်ဝတ္တု ထဲကလို ဒိုင်ဗင်ထိုးဆင်းပြီး ရေကူးချင်တာမျိုး လား´´
``အဟဲ … မဟုတ်ဘူး တင်ဇာရဲ့ ၊ မြင်းစီးချင်တာ´´
``ဗုဒ္ဓေါရေ … ရှင်က မြင်းစီးမယ်၊ ရှင်မြင်းစီးဖူးလို့လား သဒ္ဒါချို ´´
``စီးဖူးတာပေါ့ဟ၊ ငယ်ငယ်တုန်းက တစ်ပတ်စီးရင် တစ်ကျပ်ဆိုတဲ့မြင်းကို ငါ့အဖေက ငှား ပြီး ခြံထဲမှာ တစ်ပတ်ပြီးတစ်ပတ် စီးခိုင်းခဲ့တာ၊ ဖေဖေက ရှေ့ကဆွဲ၊ ငါက မြင်းကုန်းနှီးကို ကိုင်ပြီး မြင်းပေါ်ထိုင်လိုက်ရတာ သိပ်အရသာရှိတာပဲ´´
``ဘုရား … ဘုရား ရှင့်အတွေ့ အကြုံ ကတော့ အံ့ဖွယ်ဘနန်းပါပဲလား သဒ္ဒါချို … ´´
ပြောပြောဆိုဆို တင်ဇာနှင့် လွင်မျိုး အေးတို့က ဟက်ဟက်ပက်ပက် ရယ်မောကြလေသည်။
``မိန်းမတွေ နော် … ဒါ လှောင်စရာလား၊ ဒီက တကယ်ပြောနေတာ၊ ရုပ်ရှင်တွေ ကြည့် တော့ တောင်းတန်းကြီးတွေ နောက်ခံထားပြီး မြင်းစီးသွားတဲ့အခန်းဆို သိပ်သဘောကျတာပဲ။ ဒါ ကြောင့် ရှမ်းပြည်နယ်ရောက်ရင် မြင်းစီးမယ်၊ မြင်းစီးတက်အောင် သင်မယ်လို့ ငယ်ငယ်လေးက တည်းက စိတ်ကူးယဉ်ခဲ့တာ၊ အဲ့ဒီတော့ ကျု ပ်စိတ်ကူးကို ရှင်တို့ အကောင်အထည် ဖော်ပေးပေ တော့ …´´
``မြင်းစီးတယ်ဆိုတာ စက်ဘီးစီးသလိုပဲ ခုသင်ခုတက်တာမျိုး မဟုတ်ဘူး မိရွှေသဒ္ဒါရဲ့ ။ ဘာပဲ ဖြစ် ဖြစ် ရှင်မြင်းကုန်းနီးပေါ်မှာ ထိုင်ပြီးလိုက်ရဖို့အတွက်တော့ ကျု ပ်တာဝန်ယူတယ်။ မနက် ဖြန် ကျု ပ်ဦးလေးကို အကူအညီတောင်းပြီး မြင်းတစ်ကောင် ရှာခိုင်းထားမယ်။ ကဲ … ကျေနပ်ပြီ မ ဟုတ်လား။ ဒါဆို … ပြန်ကြရအောင်၊ ဗိုက်ကလည်း ဆာပြီ၊ နေလဲ စောင်းတော့မယ်´´
သူတို့သုံးယောက် ရုက္ခဗေဒဥယျာဉ်ထဲမှ ပြန်ထွက်လာကြပြီး ရပ်ထားသော ကားရှိရာသို့ ဦး တည်လျှောက်လှမ်းရင်း လွင်မျိုး အေးက ပြောသည်။
`` ဒီနေ့ပဲ ရှမ်းပြည်နယ်အစပ် ပြင်ဦးလွင်ရောက်တယ်။ ရှမ်းပြည်နယ်နဲ့ပက်သက်ပြီး ရှင့်ခံ စားချက်တွေ ကလည်း များ လှချည်လား သဒ္ဒါချို ရယ် … ´´
`` ဒါ ကတော့ … ကျု ပ်ရဲ့ အပျို စင်ခရီးကို စိတ်လွှတ် ကိုယ်လွှတ် ပျော်ဖို့ အားခဲထားတာကို ရှင့်´´
``ဘာရယ်မဟုတ်ပဲ သူတို့ရယ်လိုက်ကြသည်။ သို့ သော် သူတို့၏ ရယ်မောပျော်ရွှင်မှု က တင်ဇာ၏ ကား အကောင်းစားကြီးပေါ်ရောက်၍ စက်နှိုးချိန်မှာ တော့ ကြက်ပျောက်ငှက်ပျောက်ဆို သလို ပျောက်ကုန်ပါတော့သည်။
တင်ဇာ့ကား၏ တအီးအီး အော်မြည် သော်လည်း စက်နှိုးသံ ကတော့ ထွက်ပေါ်မလာပါ။
``ရှင့်ကားအကောင်းစားကြီးက ဘယ်လို ဖြစ်သွားတာလဲ … တင်ဇာ´´
``ကျု ပ်လဲ ဘယ်သိပါ့မလဲ၊ ဘက်ထရီပဲ ဒေါင်းသွားသလား မသိဘူး´´
``ငါ သိတယ်၊ ငါ့စိတ်ထင်တော့ အပ မှီသွားတာပဲ ဖြစ်ရမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဒီနေ ရာက … ´´
``ဟာ … စိတ်ညစ်ရတဲ့ကြားထဲ ဒီဗရွတ်ရွှတ်တမိန်းမက တစ်မျိုး ´´
အတည်ပေါက်လိုလို နောက်သလိုလိုနှင့် နောက်ခန်းမှ လှမ်းပြောသော လွင်မျိုး အေးကို တင်ဇာက လှည့်ဟောက်ရင်း … မြင်းလှည်းငှားပြီး စက်ပြင်ဆရာသွားခေါ်မယ် ဟု ဆိုသည်။
``အဝေးကြီးလား … တင်ဇာ´´
``သိပ်မဝေးပါဘူး၊ မင်္ဂလာရုပ်ရှင်ရုံနားလေးတင်ပါ´´
``ဘာလဲ … ရှင် မလိုက်ဖူးလား သဒ္ဒါ´´
``ဟင့်အင်း ကားပေါ်မှာ ထိုင်ပြီး လေညင်းခံချင်လို့၊ ကက်ဆက်နားထောင်ဖို့ လိုရမယ်ရ ကားသော့ ပေးထားခဲ့ ´´
``ဒါဆိုလဲ ပြီးရော ငါတို့ အမြန် ပြန်လာခဲ့မယ်´´
တင်ဇာနှင့် လွင်မျိုး အေးတို့က မြင်းလှည်းတစ်စီး လှမ်းငှားကာ ထွက်ခွာသွားလေသည်။
ပုဇွန်ဆီရောင် သန်းစပြု လာသော ကောင်းကင်ကြီးကို ငေးမောရင်း လေညင်းခံချင်သဖြင့် ကားတံခါးကိုဖွင့်၍ ကားကိုမှီနွဲ့ကာ ရပ်လိုက်သည်။ နားထဲ၌ … `` မင်းပြန်လာမယ့်အချိန်ကို ကိုယ် စိတ်ရှည်လက်ရှည်စောင့်နေပါ့မယ် သဒ္ဒါ ´´ ဟူသော ကိုစိုး၏ စကားကို ဖျတ်ခနဲ ကြားယောင် လိုက်မိသည်။ တကယ်လည်း သူမအား မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်မှာ အလွန်သေချာပါ သည်။
သူ ဤနေရာ၌ မည် မျှကြာအောင် ထိုင်နေမိမှန်း ကိုယ့်ကိုယ်ကိုယ်ပင် မမှတ်မိတော့။ ထုံ ကျင်ကိုက်ခဲစ ပြု လာသော ခြေထောက်ကြွက်သားများ ကြောင့် နာရီပေါင်း အတော် ကြာကြာ ထိုင်ခဲ့ မိတာ ကတော့ သေချာပါသည်။
ထူးထူးခြားခြား ဒီနေ့မှ သူ့စိတ်တွေ လေလွင့်နေသဖြင့် တစ်အိမ်ထဲ အတူနေဖော် ကို ကောင်းအား … `` ကိုကောင်း … ကျွန်တော် ပျင်းတယ်ဗျာ။ စိတ်တွေ လည်း လေနေတယ်´´
``ပျင်းရင် ကားယူပြီး မြို့  ပေါ် သွားပါလား အာကာ။ ရုပ်ရှင်လေး ဘာလေး ကြည့်ပေါ့၊ ဒါမှမ ဟုတ်လဲ မင်းကို စိတ်ဝင်စားနေတဲ့ ရှမ်းခေါက်ဆွဲဆိုင်က ညီအစ်မတွေ ဆီသွားပြီး စကားလေးဘာ လေးပြောပေါ့၊ အပြန်ကျရင်တော့ ည … ငါတို့မြည်းဖို့ အခေါက်ကင်၊ အသားကင် ဖြစ် ဖြစ်၊ ဘဲကင် ဖြစ် ဖြစ် ဆွဲခဲ့စမ်းပါ။ အမဲခြောက်တွေ နဲ့ချည်းပဲ နှစ် ပါးသွားနေရတာ ကြာပြီကွ၊ ဒီညတော့ အမြည်း ကောင်းကောင်းလေးနဲ့ အူစိုချင်တယ်ကွာ´´
ကိုကောင်း၏ နောက်ဆုံးမှကြားချက်သာမပါလျှင် သူ မြို့  ပေါ်တက်မိလိမ့်မည် မဟုတ်ပါ။ သို့ သော် … ဒီည အူစိုချင်တယ် ဟူသော စကားကြောင့် ကိုကောင်း၏ ဟိုင်းလတ်ပစ်ကပ်ကိုယူကာ မြို့  ပေါ်သို့ တက်လာခဲ့သည်။
ကိုကောင်း၏ အကြံပေးချက်အတိုင်း ရုပ်ရှင်ရုံဆီသို့ ဦးတည်ပါသည်။ သို့ သော် ရုံရှေ့ ရောက်တော့ ရုပ်ရှင်ကြည့်ချင်သည့်စိတ် ကုန်းခန်းသွားပြီး ရုံနောက်ဘက်ရှိ ဘားသို့ ၀င်ကာ ပုလင်း တစ်ပြားနှင့် ရေသန့်တစ်ဘူးဝယ်၍ မရောက်တာကြာပြီ ဖြစ်သော ဤနေရာသို့ ထွက်လာခဲ့ခြင်း ဖြစ် သည်။
လူက ထိုင်နေသော်လည်း သူ၏ စိတ်တို့ ကတော့ ရမ်အရသာ၏ အကူအညီဖြင့် အတိတ် ဆီသို့ ကူးချည်းသန်းချည် သွားလာနေခဲ့၏ ။
………………………………………………………………………………………………………….
………………………………………………………………………………………………………….
`` ကျု ပ် မယုံဘူး ဒေါက်တာ၊ ဆောင်း သေပြီဆိုတာကို ကျု ပ် လုံးဝမယုံဘူး´´
မကောင်းဆိုးဝါးဆရာဝန်၏ စကားကြောင့် သူ၏ စိတ်ဓာတ်တွေ ဖရိုဖရဲ၊ ယုံကြည်မှု တွေ ပြို လဲလျက် ဆေးရုံထဲမှ ပြေးထွက်လာခဲ့သည့်အချိန်မှစ၍ သူ ရန်ကုန်မှ ပျောက်ကွယ်သွားခဲ့ပြီဟု အ များ က ထင်ခဲ့ကြသည်။
သို့ သော် သူရန်ကုန်မှ ချက်ချင်း မခွာခဲ့ပါ။
ယာဉ်တိုက်မှု နှင့် ပက်သက်၍ ဘယ်လိုအဆုံးသတ်သွားသလဲ ဆိုသည်ကို သိချင်သော ကြောင့် ရက်အတန်ကြာအောင် သူ ရန်ကုန်၌ ခိုကပ်နေခဲ့သည်။အမှု နှင့် ပက်သက်၍ အမိန့်ချတော့ တရားရုံးသို့ ပင် သူ ရောက်ရှိသွားခဲ့ပါသေးသည်။
ရက်ပေါင်းများ စွာ မရိတ်သဖြင့် ထူထပ်ရှည်လျားနေသော မုတ်ဆိတ်မွေး၊ ပါးမြို င်းမွေးများ ၊ မပြု မပြင်သဖြင့် နီကျင်ရှည်လျားနေသည့် ဆံပင်ရှည်ရှည်များ ၊ အနက်ရောင် မျက်မှန် နှင့် ခပ်ငိုက် ငိုက်ဆောင်းထားသည့် ကမ်းထရီးဦးထုပ်တို့ကြောင့် သူ့အား ဘယ်သူမှ မမှတ်မိကြပါ။
ပရိတ်သတ်၏ နောက်ဘက် ခပ်လှမ်းလှမ်း၌ လူအုပ်နှင့် ကွယ်ကာ ပုန်းလျှိုး ကွယ်လျှိုး နေရာ ယူထားခဲ့ခြင်းကြောင့် လည်း ဖြစ်နိုင်ပါသည်။
ယဉ်မောင်းသူ ဒရိုင်ဘာအား ထောင်ဒဏ်လေးနှစ် အမိန့်ချတော့ နည်းနည်း လွန်သည်ဟု ယူဆကာ မကျေမနပ် ဖြစ်မိသေး၏ ။ ပို၍ မကျေမနပ် ဖြစ်ရသည်က (ကိုမိုးကို ဘယ်တော့မှ ခွဲမသွား ဘူး) ဟုအတန်တန် အထပ်ထပ်ကတိပေးခဲ့သော ဆောင်းသဇင်အား သေပြီဟု လိမ်ညာပြောဆိုခဲ့ သည့် ဒေါက်တာငွေစိုးကြည်ကို မိန်းကလေး တစ်ယောက် နှင့် ယှဉ်တွဲ လျက် တွေ့ လိုက်ရခြင်း ဖြစ် သည်။
ဘေးနားမှ ပရိတ်သတ်တစ်ချို့  ၏ တီးတိုးစကားများ အရ ထိုမိန်းကလေးနှင့် ဒေါက်တာငွေ စိုးကြည်တို့မှာ မကြာမီ စေ့စပ်တော့မည် ဖြစ်ကြောင်း သူ သိခဲ့ရ၏ ။
ဘယ်လောက်များ မတရားလိုက်ပါသလဲ။
ဆောင်းကို သေပြီဆိုတဲ့စကားနဲ့ သူ့လက်ကလုယူပြီး ဒင်းကိုယ်တိုင်ကျတော့ မိန်းမချော ချောလေး တစ်ယောက် နဲ့ မကြာခင်စေ့စပ်တော့မတဲ့ … ။ သူ ခံပြင်းစိတ်ဖြင့် တောက် တစ်ချက်ကို ခပ်တိုးတိုးခေါက်ကာ တရားရုံးထဲမှ ချခနဲ လှည့်ထွက်လာခဲ့သည်။
( လူ တစ်ယောက်းအား သေစေမှု ဖြင့် ယာဉ်မောင်းသူကို ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း သူ ကတော့ ဆောင်းသေပြီဆိုသည်ကို မည် သည့်နည်းနှင့် မျှ လက်မခံနိုင်ပါ။
ဒါဟာ မကောင်းဆိုးဝါးဆရာဝန်ရဲ့ အပေါစားဆန်ဆန် လုပ်ရပ်တွေ ပဲ ဖြစ်ရမယ်။ သေချာပါ တယ်။
သူ ထင်တဲ့အတိုင်းပဲ ဖြစ်မှပါ။
ထို့နောက်တော့ … သူ ရန်ကုန်ကို မပြီးတိုင် စွန့်ခွာခဲ့တော့သည်။
မြို့  ပြကို စွန့်ခွာပြီးနောက် ( ရန်ကုန်နှင့် မိုင် ငါးရာခန့်ဝေးသော ) ကိုကောင်း၏ ခြံကျယ်ကြီး ထဲသို့ သူရောက်ရှိသွားခဲ့၏ ။ ကိုကောင်းမှာ သူ့ထက် အသက် လေးနှစ် နီးပါး ကြီးသူ ဖြစ်၏ ။
ပြင်ဦးလွင်အလွန် မန္တလေး-လားရှိုး လမ်းမကြီးမှ အတွင်းဘက် အတော် ဝေးဝေး ချောင်ကျ ကျနေရာ၌ ခြံစိုက်ကာ ခွေးသုံးကောင်ကို အဖော်ပြု လျက် တစ်ကိုယ်တည်းနေထိုင်သူ ကိုကောင်း နှင့် သူ မှာ …
နောက်ဆုံးနှစ် စာမေးပွဲ ဖြေခါနီး လအနည်းငယ်အလိုမှ ရန်ကုန် အနုပညာအသင်းကို ဗဟို ပြု လျှက် သိကျွမ်းခဲ့ကြခြင်း ဖြစ်သည်။
သိချိန် တိုတောင်းသော်လည်း သူတို့နှစ် ယောက် အား ညီအစ်ကို အရင်းအရာချာများ သ ဖွယ် ရင်းနှီးသွားစေသော အချက်မှာ နှစ် ယောက် စလုံး စန္ဒရားတီးခြင်း၌ ရူးသွပ်စွာ ၀ါသနာကြီးကြ ခြင်း ဖြစ်သည်။ ကိုကောင်းနှင့် သူ ထိုမျှရင်းနှီးခဲ့ကြသော်လည်း ကျန်သူငယ်ချင်းများ နှင့် ကိုကောင်း မရင်းနှီးခဲ့ပါ။
ယင်းအချက်က သူ ကိုကောင်းထံ လာရောင် ခိုအောင်းရန် လုံလောက်စေခဲ့၏ ။ `` ငါ မင်း လို (စတိန်းဝေး) အကောင်းကြီးတော့ မကိုင်နိုင်ဘူး အာကာ … ၊ ဒါပေမယ့် ငါ့ပီယာနိုလေးက လည်း အသံထွက်မဆိုးလှပါဘူး။ လမ်းကြုံ လို့ပဲ ဖြစ် ဖြစ် တစ်ခေါက်လောက်အလည်လာပြီး ၊ ငါ့ရဲ့ စန္ဒရားအိုလေးကို တီးကြည့်စမ်းပါဦး´´
ကျောင်းပြီး၍ နယ်ပြန်ခါနီး ၌ ကိုကောင်းက သူ့အား အတန်တန် ဖိတ်ကြားသွားခဲ့သည်။ ထို့ ကြောင့် ကိုကောင်းထံသို့ အိတ်တစ်လုံးနှင့် သူ ရောက်သွားတော့ ကိုကောင်းက သူ့ကို မြင်သည် နှင့် အားပါးတရပြုံး ကာ ဆီးပြောလေသည်။
`` ငါ ထင်သားပဲ … ငါ့ရဲ့ စန္ဒရားအိုလေးကိုတီးဖို့ တစ်နေ့မဟုတ်တစ်နေ့ မင်းရောက်လာ လိမ့်မယ်ဆိုတာ … ကဲလာ … အာကာ´´
ကိုကောင်းက ဘာမပြော ညာမပြောနှင့် သူ့လက်ကိုဆွဲကာ နှစ် ဆောင်ပြို င်အိမ်ကြီးဆီကို ခေါ်သွားပြီး၊ ၎င်း၏ စန္ဒရားရှေ့သို့ ၀င်ထိုင်စေခဲ့သည်။ သူကလည်း ဘာမှမပြောပဲ လက်ထဲမှ အိတ် ကိုချကာ အနည်းငယ် လက်သံစမ်းလိုက်ပြီး …
(ဆိုလို) တစ်ပုဒ်ကို ခပ်ကြမ်းကြမ်းလက်သံဖြင့် ခံပြင်းနာကျင်စွာ တီးပစ်လိုက်သည်။ သူ့ တေးသွားဆုံးတော့မှ ကိုကောင်းက တောက်တစ်ချက်ခေါက်ရင်း ချီးကျူး စကားဆိုသည်။
``ကောင်းလိုက်တဲ့ လက်သံကွာ၊ ရင်ထဲက မကျေနပ်ချက်တွေ ကို စန္ဒရားခလုတ်တွေ ပေါ် သွန်ချလိုက်တဲ့အတိုင်းပဲ။ငါတောင် အဆီမဆိုင် အံတွေ ဘာတွေ ကြိတ်လိုက်မိတယ်။´´
ထို့နောက် သူ၏ နီကျင်ကျင် ဆံပင်ရှည်များ ၊ မုတ်ဆိတ်မွှေး၊ ပါးမြို င်းမွှေးများ ကို ဝေ့၀ဲ အကဲ ခတ်လိုက်ပြီး …
`` အဟုတ်မှလွှဲရော မင်းကြည့်ရတာ တစ်ယောက် ယောက် ဆီက အကူအညီသော်လည်း ကောင်း၊ နားလည်မှု သော်လည်းကောင်း လိုအပ်နေပုံပဲ´´
`` အမှန်ပဲ ကိုကောင်း … လောလောဆယ် ကျွန်တော် ခင်ဗျားဆီက အကူအညီတစ်ခု လို ချင်တယ်။ တခြားမဟုတ်ပါဘူး၊ ကျွန်တော် ခင်ဗျားဆီမှာ ရက်ကြာကြာနေချင်တယ်။
`` ရက်လောက်၊ လလောက်ကို စကားထဲထည့်ပြောမနေစမ်းပါနဲ့ အာကာရာ။ မင်းပျော်ရင် ငါ့ဆီမှာ တစ်သက်လုံးနေနိုင်တယ်။ တစ်ခုတော့ရှိတယ်၊ မင်းကို ရန်လုံတို့နဲ့တော့ မိတ်ဆက်ပေး ထားမှ ဖြစ်မယ်။ ဒီနေ့တောင် ဒီကောင်တွေ ကို ယာခင်းဘက်လွှတ်လိုက်လို့။ နို့မို့ဆို မင်း ငါ့ခြံထဲကို ခုလိုမျိုး အေးအေးလူလူ လမ်းလျှောက်ပြီး ၀င်လာဖို့ဆိုတာမလွယ်ဘူး´´
ရန်လုံတို့ဆိုတာက ကိုကောင်း မွေးထားသော ခွေးသုံးကောင်းကို ဆိုလိုခြင်း ဖြစ်သည်။ ကို ကောင်းက သူနှင့် ၎င်း၏ ခွေးများ ကို မိတ်ဆက်ပေးထားမှ ဖြစ်မယ်ဆိုသဖြင့် ကြွားသည်ဟု သူ ထင် မိသေးသည်။
ကိုကောင်းက ရှေးဟောင်းတူမီးသေနတ်စုဆောင်းတာ ၀ါသနာပါသည့်အပြင် ၊ ရံဖန်ရံခါဆို သလို သူ၏ ခွေးသုံးကောင်နှင့် အတူ အမဲပစ်ထွက်တက်၏ ။
၎င်း၏ ခွေးများ က အားကိုးရသလို ကြောင်စရာခွေးများ လည်း ဖြစ်သည်။
`` တစ်ခါတုန်းက တောင်ခြေရွာက နွားပေါက်ကလေးမျက်စိလည်ပြီး ငါ့ခြံထဲဝင်လာတယ်။ ဒီကောင်တွေ ဘာလုပ်လိုက်တယ်အောက်မေ့လဲ´´
`` ကိုတာမှ အသေကိုက်တာ အာကာ၊ တစ်ကောင်က နောင်ခြေကို ခဲတယ်၊ တစ်ကောင် က ကျေကုန်းပေါ်ခုန်တက်ပြီး ကုတ်ကိုခဲတယ်။ နွားပေါက်လဲသွားတော့ တိုးလုံက လည်မျို ကို မ လွှတ်တမ်းခဲတော့တာပဲ၊ သေသွားမှ ဒီကောင်းသုံးကောင် မနိုင့်တနိုင်နဲ့ ငါ့ဆီ တရွတ်တိုက်ဆွဲလာ တယ်။ ငါ့မှကွာ … နွားတစ်ကောင်ဖိုး မသားလွတ်လျော်လိုက်ရတယ်။ တစ်ခုတော့ ကောင်းတယ် … ဒီကောင်တွေ အကြောင်းသိလို့ ငါ့ခြံနား ဘယ်သူမှ မလာကြဘူး လူဆိုရင်လဲ သူတို့ အသေကိုက် မလားမသိဘူး။ ဒါ့ကြောင့် ဒီကောင်တွေ ကို ငါ့နားက ဘယ်မှမလွှတ်ရဲဘူး။ ငါ မြို့  သွားချင်တဲ့အခါ အဘအိုက်စံတို့ဆီ သွားနေဆိုပြီး လွှတ်လိုက်ရတယ်။
အဘအိုက်စံနှင့် ဖွားဇုံမှာ ခြောက်ဧကလောက် ကျယ်သော ကိုကောင်းယာခင်းကို လာ ရောက်စောင့်ရှောက်ပေးသည့် အဘိုးကြီး အဘွားကြီး ဖြစ်၏ ။ (သူတို့ကိုတော့ မကိုက်ပါ။) ထို့အတူ ထိုအဘိုးကြီး အဘွားကြီးများ ကလည်း ခွေးတွေ ကို အမိန့်ပေး၍ အရ ဟု ဆိုသည်။
`` ဒီလိုဆိုတော့လဲ ခင်ဗျားခွေးတွေ နဲ့ ကျု ပ်ကို မြန်မြန်မိတ်ဆက်ပေးပါဗျာ ကိုကောင်း´´
`` စိတ်မပူပါနဲ့၊ မိတ်ဆက်ပေးရုံတင် မဟုတ်ဘူး၊ မင်း သူတို့ကို အမိန့်ပေးရင် နာခံလာ အောင် ငါ သင်ပေးမယ်။ နည်းနည်း တော့ အချိန်ယူရလိမ်မယ်´´
(နောက်ပိုင်း ကိုကောင်းက သူနှင့် ခွေးများ ရင်းနှီးသွားစေရုံမက သူ အမိန့်ပေးလျှင် နာခံ တက်အောင်ပါ သင်ပေးခဲ့ပါသည်။) ကိုကောင်းက ခွေးသုံးကောင်နှင့် အပျော်တမ်းခြံစိုက်ရင်း ဘ၀ ကိုကျေနပ်စွာ ဖြတ်သန်းနေသူ ဖြစ်၏ ။
သူ ကတော့ နာကြည်းချက်များ စွာ ဖြင့် တစ်စစီ ဖြစ်နေသော သူ့ဘ၀ကို ပြန်လည်ဆက်စပ် ဖာထေးနေရသူ ဖြစ်လေသည်။ ယခုတော့ သူ့ဘ၀က အနည်းငယ် အနည်ထိုင်စ ပြု လာပြီ ဖြစ်သ လို၊ ကိုကောင်း၏ ခြံ၌ လည်း ဧည့်သည်သဖွယ် မဟုတ်တော့ဘဲ အိမ်သား တစ်ယောက် ပမာ ကို ကောင်း၏ ခြံစိုက်ခြင်းကိစ္စများ ကို ကူညီလုပ်ကိုင်ပေးတက်ခဲ့ပြီ ဖြစ်၏ ။
`` ဒီနေ့ပဲ ရှမ်းပြည်နယ်အစပ် ပြင်ဦးလွင်ကို ရောက်တယ်၊ ရှင့်ရဲ့ တောင်းဆိုမှု တွေ ကလဲ များ လှချည်လား သဒ္ဒါချို ရယ်´´
`` ဒါ ကတော့ ကျု ပ်ရဲ့ အပျို စင်ခရီးကို စိတ်လွတ်ကိုယ်လွတ် ပျော်ဖို့ အားခဲထားတာကိုး ရှင့်´´
``မိန်းကလေးသုံးယောက် ၏ စကားသံနှင့် ရယ်သံကြောင့် မိုးအာကာ၏ အတွေးတို့ တိခနဲ ပြတ်တောက်သွားကြပြီး အသံလာရာသို့ ဖျတ်ခနဲ ကြည့်လိုက်မိသည်။ ( မိန်းကလေးများ ကတော့ သူ့အား မြင်ပုံမရပါ။) သူက တိတ်ဆိတ်နေသော ၀န်းကျင်၌ ရယ်သံလွင်လွင်များ ထွက်ပေါ်လာ သော ကြောင့် အမှတ်တမဲ့ လှမ်းကြည့်လိုက်မိခြင်းသာ ဖြစ်ပြီး ချက်ချင်း မျက်နှာ ပြန်လွှဲလိုက်ပါသည်။
သို့ သော် ထိုသို့ မျက်နှာလွှဲပြီး ပြီးချင်းမှာ ပဲ သူ့ခေါင်းထဲသို့ အဟေဠိအတွေးများ ၀င်ရောက် လာကြသည်။ အကြောင်းမှာ ယနေ့မှ ပြင်ဦးလွင်သို့ ရောက်သည်ဆိုသော မိန်းကလေးကို သူ မြင် ဖူးသလိုလို ရှိခြင်းကြောင့် ဖြစ်သည်။
သဒ္ဒါချို …တဲ့။
ဘယ်သူများ ပါလိမ့်။ ဒီနေ့မှ ပြင်ဦးလွင်ကိုရောက်တယ်ဆိုတော့ ပြင်ဦးလွင်သူ မ ဖြစ်နိုင်တာ ကတော့ အလွန်သေချာပါသည်။ ကျောင်းတုန်းက မိန်းကလေးမိတ်ဆွေများ လား … ။ဟင့်အင်း … မ ဖြစ်နိုင်ပါ။
သူ့၌ ဆောင်းသဇင်မှလွှဲ၍ မည် သည့် မိန်းကလေးမိတ်ဆွေ သူငယ်ချင်းမျှ မရှိခဲ့ … ။ဒါဖြင့် ဘယ်သူလဲ။
၎င်းတို့ ထွက်ခွာရာသို့ မမှိတ်မသုန် သူ ငေးကြည့်နေမိသည်။ ၎င်းတို့ သုံးယောက် ကားပေါ် တက်ပုံ၊ ကားစက်နှိုးမရ၍ ပြန်ဆင်းပုံ၊ နှစ် ယောက် က မြင်းလှည်းငှား၍ ထွက်ခွာသွားပုံ။ ( ကြည့် ရတာ စက်ပြင်ဆရာ သွားခေါ်ပုံရ၏ ။
သူ ကားမပြင်တက်သော်လည်း ၎င်းတို့၏ အင်ဂျင်ရုန်းသံအရ ဘက်ထရီဝပ်နေခြင်း ဖြစ် လိမ့်မည် ဟု သူ တွေးလိုက်မိသည်။ ကားပေါ်၌ တစ်ယောက် တည်းကျန်ခဲ့သည့် သူ မြင်ဖူးသော မိန်းကလေးက ကားပေါ်မှ ဆင်းလာပြီး၊ ကားကိုယ်ထည်ကို မှီနွဲ့ကာ ရပ်လိုက်သည်။
ဝင်းဝါသော အသား၊ ခါးစပ်နီးပါးရှည်လျားသည့်ဆံပင်၊ အနည်းငယ်မြင့်မားသည့် မရပ်။ (ဘယ်မှာ မြင်ဖူးတာပါလိမ့်)
မိန်ကလေးက မနည်းငယ် ချမ်းအေးလာဟန်ဖြင့် လက်နှစ် ဖက်ကို ပိုက်လိုက်သည်။ ထိုသို့ လက်ပိုက်လိုက်စဉ် ခဏမှပင် လျှပ်ပြတ်လိုက်သလို သူ၏ အသိဥာဏ်တို့ ဖျတ်ခနဲ လင်းလက်သွား ကြလေသည်။
သေချာပါတယ် … ။ တရားရုံးမှာ တုန်းကလည်း ဟို ဆရာဝန်ရဲ့ ဘေးနားမှာ သူ ဒီပုံစံအ တိုင်း လက်ပိုက်ပြီးရပ်နေခဲ့တာပဲ … ။
`` ဟို … အသားဖြူဖြူ ရုပ်ချောချောကောင်မလေးကို တွေ့ လား၊ သူနဲ့ ဆရာဝန်နဲ့က စေ စပ်ြ ကတော့မှာ လေ။ အမှု ဖြစ်နေလို့ သူတို့စေ့စပ်ပွဲကို ခဏဆိုင်းထားတာ၊ ချစ်စရာလေးနော် … ´´
`` နောက်ဆုံး အပျို စင်ခရီးကို စိတ်လွှတ် ကိုယ်လွှတ် ပျော်ဖို့ အားခဲထားတာ … ´´
ဒါဖြင့် … ဆရာဝန်နဲ့ ဒီကောင်မလေးနဲ့ စေ့စပ်ရုံ စေစပ်ထားပြီး လက်မထပ်ကြရသေးဘူး ပေါ့ … ၊ ဘယ်လောက်များ အဆင်ပြေလိုက်သလဲ။
သိပ်မကြာခင် လက်ထပ်တော့မယ် သတို့သမီးလောင်း တစ်ယောက် ရုတ်တရက်ကားတိုက် ခံရလို့ သေ သွားပါပြီဆိုရင် ဟို ဆရာဝန် ဘယ်လိုခံစားရမလဲ ။ အထူးသဖြင့် …
အဲဒီ သတင်းကို ဦးဦးဖျားဖျားအသိပေးသူဟာ ဆောင်းသဇင်ရဲ့ ချစ်သူ မိုးအာကာပါဆိုရင် အဲ့ဒီဆရာဝန် ဘယ်လိုနေမလဲ … ။
အိတ်ကပ်ထဲမှ ကိုကောင်း၏ ဟိုင်းလပ်ကားသော့ ကို စမ်းလိုက်ပြီး ထိုင်ရာမှ ထရပ်ကာ ကားရှိရာသို့ လျှောက်လှမ်းလာ၏ ။ ထိုအချိန်မှပင် ကိုကောင်း၏ စကားကို ဖျတ်ခနဲ ကြားယောင် လိုက်မိ၏ ။ `` လူနဲ့ တိရစ္ဆာန်နဲ့ အဓိက ကွာခြားချက် ကတော့ အမှားအမှန်နဲ့ အကောင်းအဆိုးကို ခွဲ ခြားတက်ခြင်းပဲ။ တိရစ္ဆာန်က အမှန်နဲ့ အမှားကို မခွဲခြားတက်ဘူး။ အကောင်းအဆိုးကိုလည်း နာမ လည်ဘူး။ ကိုယ့်ရန်သူ ဟုတ်မဟုတ် ဆိုတာလဲ မတွေးဘူး။ အပြစ်မဲ့တဲ့ ယုန်တစ်ကောင်ကို ဘာရန် ငြိုး ရန်စမှ မရှိဘဲ ကိုက်သတ်ချင် သတ်လိုက်မှပဲ။ လူ ကတော့ အဲ့လိုမဟုတ်ဘူး အာကာ၊ အကောင်း အဆိုး၊ အမှား အမှန်ကို ဝေဖန် ပိုင်းခြားတက်ကြတယ်။ အဲ့လိုမှ မဟုတ်ရင် လူ မဟုတ်တော့ဘူး၊ လူ ယောင်ဆောင်ထားတဲ့ တိရစ္ဆာန် ဖြစ်သွားပြီ´´
မဆီမဆိုင် နားထဲသို့ ရစ်ဝဲတိုးဝင်လာသည့် ကိုကောင်း၏ စကားသံကြောင့် သူ၏ ခြေလှမ်း တို့ လေးလံနှေးကွေးသွားကြလေသည်။
`` ငါ တိရစ္ဆာန် အ ဖြစ်ခံမလား။ ( ဟင့်အင်း … အ ဖြစ်မခံနိုင်ဘူး။)
ဒါဖြင့် ဒီကောင်မလေးကို ဒီတိုင်း လွှတ်လိုက်ရမလား။
ဟင့်အင်း မလွှတ်နဲ့၊ လုံးဝ မလွှတ်နဲ့။
ပုလင်းပြားလေး၏ အကူအညီဖြင့် ဆူဝေနေသော သူ၏ ဦးနောက်တို့က ချက်ချင်း ပင် ငြင်း ဆန်ပါသည်။ အဲ့ဒီ ကောင်မလေးကို အပိုင်ကိုင်ပြီး၊ ဟိုဆရာဝန်ဆီကနေ ဆောင်းသဇင်ကို ရအောင် ပြန်တောင်းရင်ကော … ဟုတ်တယ်၊ အဲ့ဒီအတိုင်းပဲ လုပ်သင့်တယ်။
မိုးအာကာ၏ သွေးတို့ ပြန်လည်ပူနွေးလာပြီး ဟိုင်းလပ်ဆီသို့ ဦးတည်ထားသော သူ၏ ခြေ လှမ်းများ ကို ကန်၏ မြောက်ဘက် လမ်းထိပ်၌ ရပ်ထားသည့် သဒ္ဒါချို တို့ ကားဆီသို့ ချက်ချင်း ပင် ဦး တည်လိုက်ပါသည်။
`` မင်းကြည့်ရတာ ဒီအရပ်က အဟုတ်ဘူးနဲ့တူတယ် ´´
နှင်းဆီနုရောင် ကောင်းကင်နှင့် ရေပြင်ကို ငေးရင်း အတွေး၌ နစ်မြောနေသော သဒ္ဒါချို တစ်ယောက် ရုတ်တရက်ထွက်ပေါ်လာသည့် စကားသံကြောင့် သူမ၏ ကိုယ်ကလေး ဆတ်ခနဲ တုန်သည်အထိ လန့်သွားလေသည်။
မုတ်ဆိတ်မွှေး၊ ပါးပြို င်းမွှေးများ ၊ ဆံပင်ရှည်ရှည်များ နှင့် (အသက် ကတော့ သိပ်ကြီးပုံ မရ သော လူ တစ်ယောက် ကို တွေ့ ရသည်။ ခပ်နွမ်းနွမ်းဆွယ်တာနှင့် ဖြူ လျော်လျော် ဂျင်ဘောင်းဘီတို့ ၀တ်ဆင်ထားသော ၎င်း၏ ပုံက ဂျစ်ပစီလို၊ ရက်အင်းဒီးယန်းလိုလို သပ်သပ်ရပ်ရပ် မရှိလှပါ။
သူ ဘာလာလုပ်တာလဲ။ ငါ့ကိုများ အန္တရာယ်ပြု မလို့လား။
`` မင်း ငါ့ကို မကြောက်ပါနဲ့။ ငါ မင်းကို စေတနာနဲ့ သတိပေးချင်လို့ပါ။မင်းက ဒီမြို့  သူ မဟုတ်လို့ ဒီက ရာသီဥတုနဲ့ ဒီနေရာအကြောင်း သိပုံမရဘူး။ ဒီမှာ က နေ၀င်တာ သိပ်မြန်တယ်။ ခု လင်းလင်းရှင်းရှင်းရှိနေပေမယ့် နောက် ဆယ့်ငါးမိနစ်၊ အလွန်ဆုံးမိနစ် နှစ် ဆယ်ဆိုရင် ညသန်း ခေါင်လို မှော င်အတိကျသွားလိမ့်မယ်။ ပြီးတော့ မင်း အခု ကားရပ်ထားတဲ့နေရာက ကန်မြောက် ဘက်လမ်း ၊ ဒီလမ်းက နာမည် ကြီး´´
`` ပြေပါဦးရှင့် … ဒီလမ်းက ဘာ ဖြစ်သလဲ´´
`` ဒီလမ်းကလား … အရင်တုန်းကဆိုရင် ညမှော င်ပြီဆိုတာနဲ့ ယောက်ျားလေးတွေ တောင် မသွားရဲကြဘူး။ ပစ္စည်းလုတယ်၊ လူသတ်တယ်၊ မိန်းကလေးတွေ ဆိုရင်တော့ … အင်း … ´´
ပြင်ဦးလွင်သားတွေ သာကြားလျှင် မိုးအာကာ အရိုက်ခံရမှာ သေချာသည်။ သို့ သော် မတက် နိုင်ပါ။ ညာလက်စနှင့် ဆက်ညာရပါလိမ့်မည် ။
`` ဒါပေမယ့် … ခုတော့ … လုံခြုံ ရေး ၀န်ထမ်းတွေ ကြောင့် အဲ့ဒီအ ဖြစ်တွေ နည်း သွားပါပြီ။ မရှိသလောင်ပဲဆိုပါတော့၊ ခုချိန်ထိရှိနေကြတာတော့ … ´´
`` ဘာလဲဟင် ´´
`` မင်း မကြောက်ဘူးဆိုရင်တော့ ပြောပြပါမယ်၊ ခု ချိန်ထိ ရှိနေကြတာ ကတော့ သူရဲတွေ ပဲ´´
``ဘုရား … ´´
နဂိုကမှ အသည်းငယ်ရသည့်ကြားထဲ ထိုလူ့ အဖြေစကားကြောင့် သဒ္ဒါချို ဆတ်ခနဲတုန် သွားကာ ကြောက်လန့်စိတ်များ တိုး၍ လာလေသည်။ ဒီကြားထဲ လွင်မျိုး အေး ပြောခဲ့သည့် တစ် ပိုင်းတစ်စ စကားတစ်ချို့  ကို သတိရလိုက်မိသေး၏ ။ `` ငါ့စိတ်ထင်တော့ ကားပျက်တာ အပမှီတာ ပဲ ဖြစ်ရမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ … ဒီနေရာက … ´´ ဆိုပြီး ရပ်ဆိုင်းသွားခဲ့သည် မဟုတ်ပါ လား။
`` အဲ့ဒီတော့ … မင်းဒီနေရာက မြန်မြန်ကားမောင်းထွက်သွားရင် ကောင်းလိမ့်မယ် အမျိုး သမီး၊ ကျု ပ် မင်းကို စေတနာနဲ့ အကြံပေးတာ´´
ကောင်မလေးက ငိုမဲ့မဲ့မျက်နှာနှင့် ကားက စက်နိုး၍ မရသဖြင့် သူမ သူငယ်ချင်းနှစ် ယောက် ရုပ်ရှင်ရုံနားမှ ၀ပ်ရှော့ဆရာသွားခေါ်ကြောင်း ရှင်းပြသည်။
`` ကျွန်မ ဘာလုပ်ရမလဲ တဆိတ် အကြံပေးပါဦးရှင်။ မြင်းလှည်းငှားပြီး သူတို့နောက် လိုက်သွားရင် ကောင်းမလား။ ဒါမှမဟုတ် … ´´
`` ခဏလေး … ကျု ပ်က အရင်က ၀ပ်ရှော့မှာ လုပ်ခဲ့ဖူးတယ်၊ မင်းကားကို နည်းနည်း ကြည့်ပေးမယ်။ ရလို ရငြားပေါ့ … ´´
ကားစက်ဖုံးဖွင့်၍ ဟိုနှိုက်ဒီနှိုက်လုပ်ဟန်ပြု ပြီး ဟွန်းတီးကြည့်တော့ ဟွန်းသံက အစ်တစ် တစ်မို့ မိုးအာကာထင်သလို ဘက်ထရီ ဒေါင်းသွားမှန်း သေချာသွာပါသည်။ သူ ဘောနက်ကို ပြန်ပိတ်ပြီး …
`` ကောင်း သွားပါပြီ။ ဒါပေမယ့် တွန်းနှိုးရလိမ့်မယ်´´
ထိုအချိန်၌ မြင်းလှည်းတစ်စီး ရောက်လာသဖြင့် သဒ္ဒါချို ၏ အဖော်မိန်းကလေးများ လားဆို ပြီး သူ လန့်သေး၏ ။ သို့ သော် မဟုတ်ပါ၊ သူနှင့် သိသော မြင်းလှည်းသမား ဖြစ်နေသည်။
သူ့အား နှုတ်မဆက်ခင်မှာ ပင် သူက မျက်စိတစ်ဖက် မှိတ်ပြလိုက်၏ ။
`` ဒီမှာ မိန်းကလေး တစ်ယောက် တည်း ကားပျက်နေလို့ နည်းနည်း ကူညီစမ်းပါ။ ဘယ် ဘက်ကွေ့ပြီး ကုန်းဆင်းအတိုင်း တွန်းနှိုးရုံပါပဲ။ ပြီးတော့ ဒီနေရာအကြောင်းလည်း မင်းတို့အသိပဲ´´
`` ဟုတ်တယ် ဒီိနေရာမျိုး မှာ ကြာကြာနေဖို့ မကောင်းဘူး။ နေလဲ စောင်းနေပြီ´´
မကင်းပါးသော မြင်င်းလှည်းဆရာက သူ့စကားအတိုင်း နင်း၍ လိုက်လာပါသည်။ နေလည်း စောင်းနေပြီဆိုတာ ကတော့ အမှန်တကယ် နေစောင်းသဖြင့် ပြောခြင်း ဖြစ်သော်လည်း သဒ္ဒါချို က တော့ နေ၀င်မြန်တယ်ဟူသော သူ့စကားကို ပိုမို ယုံကြည်သွာပါလိမ့်မည် ။
မြင်းလှည်းဆရာအပြင် ကူညီတက်ပုံရသော ခရီးသည် နှစ် ဦးကပါ ဆင်းတွန်းပေးသဖြင့် ကားက အလွယ်တကူ နှိုးသွားလေသည်။ ကားပေါ်တက်၍ နှိုးသူ ကတော့ ၀ပ်ရှော့မှာ လုပ်ဖူးတယ် ဟူသော စကားဖြင့် စက်ဆရာအိုက်တင်ဖမ်းထားသော မိုးအာကာပဲ ဖြစ်သည်။
`` အစ်ကိုတို့ ဒီနေရာက မြန်မြန်သွားကြနော် …´´
မြင်းလှည်းထွက်တော့ နုတ်သွက်လျှာသွက် ရေချိန်မှန်နေဟန်တူသော မြင်းလှည်းဆရာက ထိုစကားကို အော်ပြောသွာပါသေးသည်။
`` ကဲ … မင်းကြားတဲ့ အတိုင်းပဲ ၊ ငါ ဆင်းပေးပြီး မင်းဘာသာ ဒီနေရာက မြန်မြန်သွားစေ ချင်ပါတယ်။ ဒါပေမယ့် ခက်နေတာက လီဗာကို လွှတ်လို့မရဘူး။ လီဗာ လွှတ်လိုက်ရင်စက်သေပြီး အရင်ကအတိုင်း ပြန် ဖြစ်သွားလိမ့်မယ်။ အဲ့ဒီတော့ မင်းနောက်ခန်းက တက်ပါ။ မင်းသူငယ်ချင်းတွေ သွားတဲ့ ၀ပ်ရှော့ကို ငါ လိုက်ပို့ပေးမယ် ´´
`` သူတို့ လာလို့ လွဲသွားရင် ဘယ်လိုလုပ်မလဲ´´
`` မလွဲပါဘူး သူတို့လာစရာက တစ်လမ်းပဲရှိတယ်။ အဲဒီ လမ်းအတိုင်း မောင်းပေးမှပါ။ အ ကြောင်းအမျိုး မျိုး ကြောင့် လွဲသွားရင်တောင် စက်ဆရာတွေ ကို သူတို့ဝပ်ရှော့ပြန်ပို့ပေးရမှာ ပဲ မ ဟုတ်လား။ အဲ့ဒီတော့ ၀ပ်ရှော့ရှေ့မှာ ကားရပ်ပြီးသူတို့ပြန်အလာကို မင်းစောင့်ပေါ့ … ´´
မိုးအာကာ၏ စကားက ယုတ္တိတန်နေသဖြင့် မိန်းကလေး မငြင်းသာတော့ပဲ နောက်ခန်းတံ ခါးဖွင့်ကာ ၀င်ထိုင်ပါသည်။ သူမ ၀င်ထိုင်ပြီးသည်နှင့် မိုးအာကာ ဝေါခနဲ အမြန်ဆုံး မောင်းထွက် လိုက်သည်။ သူမ၏ သူငယ်ချင်းများ နှင့် မဆုံဆည်းစေရန် အလျင်စလို မောင်းထွက်ခဲ့ခြင်း ဖြစ် သည်။ နေ၀င်စ ပြု နေပြီ ဖြစ်သဖြင့် …
ရုပ်ရှင်ရုံဘက်မှလာမည့်  ၎င်း၏ သူငယ်ချင်းများ နှင့် မဆုံစေရန် လမ်းတစ်ချို့  ကို ကွေ့ကာ ပတ်ကာနှင့် ရှောင်မောင်းရသော ကိစ္စမှာ မိုးအာကာအတွက် သိပ်မခက်လှပါ။ ထို့အတူ ကားမှန် ရော တံခါးချက်ပါ ဗဟိုခလုတ်မှ ဂျက်ချ၍ မြို့  ပြင်သို့ ခပ်မြန်မြန်မောင်းလာပြီး သူမအား ခြိမ်း ခြောက်ရသော ကိစ္စကလည်း သူ မျှော်လင့်ထားသလောက် မခဲယဉ်းပါ။ `` ကျု ပ် မင်းကို အဆုံး သတ်မရတဲ့ ပုံပြင်တစ်ပုဒ် ဘယ်လို အဆုံးသတ်သင့်သလဲ အကူအညီတောင်းချင်လို့ ခေါ်လာတာ။ မင်း မှည့်တစ်ပေါက် မစွန်းစေရဘူး၊ အိမ်ကြီးတစ်အိမ်မှာ အထူးဧည့်သည် တစ်ယောက် လို ပြု စုထား မယ်။ ကျု ပ်ရဲ့ ပုံပြင်အတွက် အဖြေထွက်ပြီဆိုတာနဲ့ မင်းကို ပြန်ပို့ပေးမယ်။ တစ်ခုတော့ ရှိတယ်၊ ခု ချိန်ကစပြီး မင်း အနေအထိုင်တက်ဖို့တော့ လိုလိမ့်မယ် အမျိုး သမီး ´´
လျင်မြန်လှသော အ ဖြစ်အပျက် အပြောင်းအလဲတို့ကြောင့် သဒ္ဒါချို ကြောက်လန့် တုန်ယင်ကာ မှင်တက်နေမိသည်။
မိုးအာကာက အဝေးပြေးလမ်းမကြီးမှတစ်ဆင့် မြေညီလမ်းသွယ်သို့ ဖဲ့ဆင်းပြီး ကွေ့ကာ ၀ိုက်ကာနှင့် ဆယ်မိနစ်ခန့်မောင်းလိုက်တော့ ကိုကောင်း၏ အိမ်ကြီးဆီသို့ ရောက်လာခဲ့ပါသည်။ ကားရပ်လိုက်သည်နှင့် ရန်လုံတို့က ကားဆီသို့ တစ်ဟုန်ထိုးပြေးလာကြ၏ ။ ကားကို တစ်ပတ် ပတ် ပြီးသည်နှင့် လူစိမ်း တစ်ယောက် ပါလာသည်ကို သိသည့်အလား သဒ္ဒါချို ထိုင်နေရာ ကားအပြင် ဘက်၌ မာန်ဖီသံ ပေးနေကြပါတော့သည်။
`` မင်းကို တစ်ခု သတိပေးပါရစေ။ ကျု ပ်က ဆင်းလို့မပြောဘဲနဲ့ ကားပေါ်က လုံးဝမဆင်း ပါနဲ့။ ဒီခွေးတွေ က မင်းလို မိန်းကလေး တစ်ယောက် ကိုမပြောနဲ့ နွားပေါက်တစ်ကောင်တောင် အသေကိုက်နိုင်တဲ့ အမဲလိုက်ခွေးတွေ ။ တဆိတ် … မင်းလက်ထဲက လက်ကိုင်ပုဝါလေး ခဏ လောက် လှမ်းလိုက်စမ်းပါ´´
သဒ္ဒါချို လက်ထဲမှ လက်ကိုင်ပုဝါကို အမှု မဲ့ အမှတ်မဲ့ လှမ်းပေးလိုက် မိတော့ သူက သူမ၏ လက်ကိုင်ပုဝါအား ကားမှန်ချ၍ အပြင်သို့ ပစ်ပေးလိုက် သည်။ မြေပြင်သို့ ညင်သာစွာ ကျသော လက်ကိုင်ပုဝါရှိရာသို့ ခွေးသုံးကောင်၏ ဦးခေါင်းများ က လျင်မြန်စွာ ရောက်ရှိသွာပြီး ခဏလေး အ တွင်းမှာ ပင် သူမ၏ အဖြူ ရောင် လက်ကိုင်ပုဝါလေးက အပိုင်းအစလေးများ အ ဖြစ်သို့ ကူးပြောင်း သွားပါတော့သည်။
ဘုရားရေ … အဲ့ဒီလက်ကိုင်ပုဝါနေရာမှာ … ငါသာဆိုရင် …
အတွေး တစ်ပိုင်းတစ်စနှင့် ပင် ကျေချမ်းသွားကာ ဤအိမ်ရောက်သည်နှင့် ထွက်ပြေးမည် ဟူ သော သူမ၏ ဆုံးဖြတ်ချက်ကိုလည်း ချက်ချင်း ပင် မေ့ပစ်လိုက်ရပါတော့သည်။
`` မင်း ကားပေါ်မှာ ခဏထိုင်နေဦး´´
မိုးအာကာ ကားတံခါးဖွင့်ကာ ကားပေါ်မှ ဆင်းလာသော်လည်း ရန်လုံတို့ ကတော့ ကားနား ၌ ၀ိုင်းအုံစောင့်ဆိုင်းကာ ကျန်ရစ်ခဲ့ပါသည်။
`` ဘယ်လိုလဲ အာကာ နောက်ကျလှချည်လား ´´
`` ဟုတ်တယ် ကိုကောင်း … ကျွန်တော် နည်းနည်း နောက်ကျသွားတယ်။ ပြီးတော့ ဧည့် သည် တစ်ယောက် လဲ ခေါ်လာခဲ့မိတယ်။
`` ကိုယ်သိပါတယ် … သဒ္ဒါချို မဟုတ်လား´´
`` ကိုကောင်း ဘယ်လိုလုပ်ပြီးသိတာလဲ အကြားအမြင်တွေ ဘာတွေ များ ရနေသလား ´´
သူ တအံ့တသြမေးလိုက်တော့ … ကိုကောင်းက နားလည်ရခက်စွာ ပြုံး လိုက်ပြီး …
`` အကြားအမြင်ရလို့မဟုတ်ပါဘူး၊ တစ်နဲ့ တစ်ကို ပေါင်းကြည့်လိုက်တာပါ။ ဒါနဲ့ ငါတို့ ကားကို မင်းဘယ်နားမှာ ရပ်ထားခဲ့သလဲ´´
ဒီတော့မှ ဟိုင်လပ်ကားကိုသတိရပြီး ရပ်ထားခဲ့သည့်နေရာနှင့် သဒ္ဒါချို အားဘယ်လို ကား တင်ခေါ်လာခဲ့သည်ကိုပါ အကျဉ်းချုံး ၍ ပြေပြလိုက်သည်။
`` ဒါဆို သဒ္ဒါချို ပျောက်သွားတာဟာ တစ်ယောက် ယောက် က ကားတင်ပြေးတာလို့ ဟို နှစ် ယောက် က ချက်ချင်း ထင်ကြဦးမှာ မဟုတ်ဘူး။ အကြောင်းတစ်ခုခုကြောင့် ကားစက်ပြန်နိုးသွား ပြီး အိမ်ပြန်သွားတာ၊ ဒါမှမဟုတ် သူတို့ကို နောက်ချင်လို့ ကားလျှောက်မောင်းရင်း လမ်းပျောက်နေ ကြတာလို့ပဲ ထင်ကြလိမ့်မယ်။ ရဲစခန်းတွေ ဘာတွေ လည်း ချက်ချင်း တိုင်ဦးမှာ မဟုတ်ဘူး။ ပြီးရင် ဟိုင်းလပ်ကိုဝင်ယူပြီး မင်းမေ့ခဲ့တဲ့ဘဲကင်တို့ ၊ အခေါက်ကင်၊ အသားကင်တို့လဲ ၀င်ဝယ်ရမယ် ´´
(အမှန်တကယ်လည်း ကိုကောင်း တွေးသလိုပင် တင်ဇာတို့က ပျက်နေသော ကားတစ်စီး နှင့် မိန်းကလေး တစ်ယောက် ပျောက်သွားခြင်းအား ကားတင်ပြေးခံရခြင်းဟု မထင်ခဲ့ကြပါ။ ထူး ဆန်းသော နောက်ပြောင်မှု တစ်ခုအ ဖြစ်သာ ယူဆလျက် အိမ်ပြန်ရှာလိုက်။ သဒ္ဒါချို သွားနိုင်သော နေရာများ ကို မှန်းဆကာ လိုက်ရှာလိုက်နှင့် ဗျာများ နေခဲ့ကြသည်။)
`` ကဲ … မင်းရဲ့ ဧည့်သည်ကောင်မလေးကို အိမ်ထဲခေါ်လိုက်တော့ အာကာ၊ ငါ ကားချင်း သွားလဲလိုက်ဦးမယ်´´
`` မဟုတ်တာပဲ။ ဒီကိစ္စက ကျွန်တော့် ကိစ္စပါ ကိုကောင်း၊ ဒီကား သွားပို့တာရော၊ ဟိုင်း လပ်ပြန်ယူတာရော ကျွန်တော် ပြန်ယူတာရော ကျွန်တော် လုပ်ပါ့မယ်´´
`` မင်းကိစ္စဟာ ငါ့ကိစ္စပဲပေါ့ အာကာရ၊ ကဲပါ … အချိန်တွေ ကြာအောင် မလုပ်စမ်းပါနဲ့။ လာ … မင်းကောင်မလေးကို လိုက်ခေါ်၊ ငါ့သူ့ကားယူပြီး အမြန်လစ်တော့မယ်´´
ကိုကောင်း၏ စကားကို မလွန်ဆန်တော့ဘဲ ကားရှိရာသို့ လျှောက်လာခဲ့ကြသည်။
``ကဲ … ရန်လုံတို့ … ခပ်ဝေးဝေးမှာ သွားနေကြ။ ငါတို့အိမ်ထဲဝင်ပြီးမှ အိမ်နားကို ပြန်လာခဲ့။ ကိုင်း … ကားပေါ်က အမျိုး သမီးခင်ဗျား အောက်ကိုဆင်းနိုင်ပါပြီ ´´
သူ့စကားဆုံးသည်နှင့် ထိတ်လန့်နေသော ယုန်မလေးသဖွယ် သဒ္ဒါချို ကားပေါ်မှ ရိုကျိုး စွာ ဆင်းလာလေသည်။ ကိုကောင်း ကားထွက်ပြီးသည်နှင့် သဒ္ဒါချို အား အိမ်မကြီးဆီသို့ ခေါ်လာခဲ့ သည်။
`` ဒီအိမ်ကြီးဟာ အင်္ဂလိပ်ခေတ်တုန်းက အရေး ပိုင်းမင်း တောလာပစ်ရင် အနားယူဖို့ ဆောက်ထားခဲ့တဲ့ အိမ်ပေါ့။ ဒါကြောင့် မလိုအပ်ပဲနဲ့ သိပ်ပြီးခမ်းနားလွန်းနေတာ၊ အပေါ်ထပ်မှာ အိပ်ခန်း ခြောက်ခန်းရှိတယ်၊ ကျု ပ်တို့နှစ် ယောက် က အောက်ထပ်မှာ ပဲ အိပ်တာဆိုတော့ … အပေါ် ထပ်က ကြို က်ရာအိပ်ခန်းတစ်ခန်းမှာ ခင်ဗျား အိပ်နိုင်တယ်။ အကောင်းဆုံး ကတော့ ဒီရောက်ခါစ ကျု ပ် စိတ်ကြို က်ပြင်ထားတဲ့ အခန်းတစ်ခန်းရှိတယ်၊ အဲ့ဒီအခန်းမှာ အိပ်မယ်ဆိုရင်တော့ အထူးတ လည် ပြင်ဆင်စရာ မလိုတော့ဘူးပေါ့ ´´
သဒ္ဒါချို က ချမ်းအေးဟန်ဖြင့် လက်နှစ် ဖက်ကိုပိုက်ကာ သူပြောသမျှ ငြိမ်သက်စွာ နား ထောင်နေသည်။ ဤအရပ်က သစ်ရိပ် တောရိပ်ကြောင့် ပြင်ဦးလွင်မြို့  ပေါ်မှာ ထက် ပို၍ ချမ်းအေး ပါသည်။
`` ကဲ မင်းနေဖို့အခန်းလိုက်ပြမယ်၊ သြော် … ခဏလေး ´´
သဒ္ဒါချို အား ဧည့်ခန်းအလယ်၌ ထားခဲ့ပြီး၊ ကိုကောင်း၏ တူမီးသေနတ်များ ထားရာသို့ လျှောက်လာခဲ့သည်။ ထို့နောက် သင့်တော် မည့်  သေနတ်တစ်လက်ကို ရွေးချယ်ယူလိုက်ပြီး၊ ယမ်း မှု န့်နှင့် ခဲသီးတို့ကိုထည့်ကာ ပစ်ရန်အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်လိုက်သည်။
သဒ္ဒါချို အား ပြန်ရောက်တော့ သေနတ်ကိုထောင်ပြပြီး သူ ပြောလိုက်သည်။
`` ဒါ … တူမီးသေနတ်လို့ခေါ်တယ်။ ရှေးဟောင်းသေနတ်ဆိုပေမယ့် အထင်မသေးနဲ့ လူ တစ်ယောက် ကို သေအောင်ပစ်လို့ရတယ်´´
သူ့ စကားကြောင့် သဒ္ဒါချို ကိုယ်ကလေး ဆတ်ခနဲတုန်သွားသဖြင့် သူ ပြုံး လိုက်မိသည်။
`` မကြောက်ပါနဲ့ အမျိုး သမီး၊ ဒီသေနတ်က မင်းအတွက်ပါ။ ကျု ပ် ဖြစ် ဖြစ် ကိုကောင်း ဖြစ် ဖြစ် မင်းအခန်းထဲကို အကြောင်းမရှိဘဲ ၀င်လာရင် ဟော့ဒီခလုတ်ကိုသာ ဆွဲလိုက်၊ ဟုတ်ပြီလား။ ဒီ သေနတ်ဟာ ကိုကောင်းနဲ့ ကျု ပ်ရဲ့ ကိုယ်ကျင့်တရားအတွက် အာမခံချက်တစ်ခုလို့ သဘောထား လိုက်ပါ´´
`` ရှင့်ရဲ့ သေနတ်က ပစ်ချင်ရင် မောင်းခလုတ်ကို ဆွဲလိုက်ရုံပဲလား´´
`` အသေအချာပေါ့ … မင်းပစ်ချင်တဲ့ ပစ်မှတ်ဘက်ကို သေနတ်ပြောင်းထိုးချိန်ပြီး ခလုတ် ကို အသာလေးဆွဲလိုက်ရုံပဲ´´
သဒ္ဒါချို အား ပြောရင်း တူမီးသေနတ်များ ထားရာ ဗီရိုဆီသို့ ပြန်လျှောက်လာပြီး၊ ဗီရိုတံခါးကို ပြန်ပိတ်ကာ သော့ ခတ်လိုက်၏ ။ ထို့နောက် သဒ္ဒါချို ဘက်ကို ဖြည်းညင်းစွာ ပြန်လှည့်လိုက်ချိန်မှာ တော့ သူမက သေနတ်ပြောင်းကို သူ့ဘက်သို့ တည့်တည့်ကြီးချိန်ရွယ်ထားတာကြောင့် တအံ့တသြ တွေ့ လိုက်ရလေသည်။
`` ကဲ … အခု ရှင်ပြောတဲ့အတိုင်း ရှင့်ကို သေနတ်နဲ့ ချိန်ထားပြီး၊ ကျွန်မ ခလုတ်ဆွဲလိုက် ရင် ရှင် ဘာ ဖြစ်သွားမလဲ´´
မိုးအာကာ ပခုံးတစ်ချက် တွန့်ရင်း ခပ်အေးအေးပြန်ပြောလိုက်သည်။
`` ကျု ပ် သေသွားမှာ ပေါ့ … အမျိုး သမီးရဲ့ ´´
`` ဟုတ်ပြီ၊ ဒါဆို အခု ရှင့်ကို ပစ်မယ်။ ရှင့်သူငယ်ချင်းပြန်လာရင် ရှင့်သူငယ်ချင်းကို ပစ် မယ်။ နောက် ရှင်တို့ရဲ့ ခွေးတွေ ကို ပစ်မယ်။ ပြီးရင် ကျွန်မ ဒီအိမ်ထဲကနေ အေးအေးဆေးဆေး ထွက်သွားမယ် … ဘယ်နှယ့်လဲ ´´
သူ မအောင့်နိုင်ဘဲ အသံထွက်ကာ ရယ်မောလိုက်တော့ သဒ္ဒါချို က အံကို မသိမသာ ကြိတ် လိုက်ပါသည်။
`` ဘာလဲ … ရှင်က ကျွန်မ တကယ်မလုပ်ရဲဘူးထင်လို့လား … ´´
`` မဟုတ်ပါဘူး၊ မင်း တကယ် လုပ်ရဲမှန်းသိပါတယ်။ တကယ် လုပ်ချင်နေမှန်းလည်းသိ တယ်။ ဒါပေမယ့် … မင်း လက်ထဲကသေနတ်က မောင်းပြန်သေနတ်မဟုတ်ဘူး … အမျိုး သမီးရဲ့ ။ တူမီးသေနတ်လို့ခေါ်တယ်။ တူမီးသေနတ်ရဲ့ သဘောက တစ်ချက်ပဲ ပစ်လို့ရတယ်။ နောက် တစ် ချက် ထပ်ပစ်ချင်ရင် ယမ်းမှု န့်ထပ်ထည့်ရမယ်၊ ခဲသီးထည့်ရမယ်၊ မောင်းတင်ရမယ်။ အဲဒါတွေ အား လုံးကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့အတွက် ကျွမ်းကျင်မှု လိုတယ်။ယမ်းမှု န့် အချိုး အစား ဘယ် လောက်ထည့်ရမယ် ၊ နားလည်ဖို့လိုတယ်´´
သူ့စကားဆုံးချိန်မှာ တော့ သဒ္ဒါချို မျက်နှာပေါ်မှ မျှော်လင့်ချက်တို့ တရွေ့ရွေ့ လျှောကျသွား ပါတော့သည်။ သို့ သော် လုံးဝ စိတ်ဓာတ်ကျသွားခြင်းမျိုး တော့မဟုတ်။
`` ကောင်းပြီလေ … ဒီသေနတ်က တစ်ချက်ပဲပစ်လို့ရတယ်ဆိုရင်လဲ တစ်ချက်ပဲ ပစ်လိုက် ရုံပေါ့ ´´
`` ကျု ပ်ကိုလား ´´
`` ဟင့်အင်း … ကျွန်မကို ကျွန်မ … ´´
မြတ်စွာ ဘုရား ဒီလို ဖြစ်နိုင်တယ်ဆိုတာ ဘာ ဖြစ်လို့ မတွေးမိပါလိမ့်။
သူ ထိတ်ခနဲ ဖြစ်သွားကာ သွေးခုန်နှုန်းတို့ မြန်လာလေသည်။ သို့ သော်… သူမ ရိပ်မိအောင် တော့ဖြင့် မူမပျက်ခဲ့ပါ။
`` မင်းလို ပညာတတ် ထက်ထက်မြက်မြက် မိန်းမ တစ်ယောက် ဟာ အဲ့ဒီလောက်ထိ အ သိဥာဏ်မဲ့လိမ့်မယ်လို့ ကိုယ်မထင်ဘူး … သဒ္ဒါချို ၊ ဒါကြောင့် မင်းလက်ထဲကို သေနတ်တစ် လက် ထည့်ပေးခဲ့တာပေါ့ ´´
`` ဘာရယ် … သဒ္ဒါချို ဟုတ်လား၊ ရှင် ကျွန်မနာမည် ကို သိနေသလား ´´
`` အသေအချာကို သိနေတာပေါ့ သဒ္ဒါချို ၊ မင်းနာမည် တင် မဟုတ်ဘူး၊ မင်း ရန်ကုန်ပြန် ရောက်ရင် မင်းနဲ့စေ့စပ်ထားတဲ့ ဆရာဝန်နဲ့ လက်ထပ်တော့မယ်ဆိုတာကအစ သိထားတယ် ´´
`` သြော် … လက်စသတ်တော့ အဲ့ဒါကြောင့် ရှင်က ကျွန်မကို ပြန်ပေးဆွဲလာတာကိုး ´´
`` အဲ့ဒီလိုမဟုတ်ပါဘူး၊ ဒါပေမယ့် … အဲ့ဒီလို ထင်ချင်ရင်လဲ ထင်နိုင်ခွင့်ရှိတယ်။ ကဲ … မင်းလဲ သေနတ်ကြီးနဲ့ချိန်ထားရတာ လက်မောင်းအောင့်လှရောပေါ့၊ လာ … မင်းနေဖို့အခန်း လိုက် ပြမယ်၊ ကိုကောင်း ပြန်ရောက်မလာခင် ခဏတဖြု တ် အနားယူလိုက်ဦးပေါ့ … ၊ သူ ပြန်လာမှ ညစာ စားဖို့ လာခေါ်မယ် ´´
အပေါ်ထပ်သို့ တက်ရာ လှေကားကျယ်ကြီးဆီသို့ သူ ဦးတည်လျှောက်လှမ်းလားသော် လည်း ကျော ကတော့ သိပ်မလုံပါ။ သူ့နောက်မှ သေနတ်တစ်လက်ဖြင့် လိုက်ပါလာသည့် အမျိုး သ မီးသာ စိတ်ပေါက်ပေါက်နှင့် မောင်းခလုတ်ကို ဆွဲလိုက်မယ်ဆိုပါက သူ ပွဲချင်းပြီးသွားနိုင်သည်။
သို့ သော် ခပ်တည်တည်နှင့် ပင် အမျိုး သမီးအား အပေါ်ထပ်အိပ်ခန်းရှိရာသို့ ခေါ်ဆောင်လာ ခဲ့၏ ။
`` ကျွန်မ ဗိုက်မဆာဘူး၊ ခု ဆင်းလာတာ ရှင်တို့ကျွေးမယ့် ညစာကို စားဖို့မဟုတ်ဘူး၊ ရှင် ပြောပြမယ်ဆိုတဲ့ အဆုံးမသတ်ရသေးတဲ့ ပုံပြင်ကို နားထောင်ချင်လို့ တမင်ဆင်းလာတာ ´´
သေနတ်ကို လက်တစ်ဖက်က ကိုင်ကာ ကုလားထိုင်၌ ခပ်တည်တည်ဝင်ထိုင်ရင်း သဒ္ဒါချို က မိုးအာကာကို လှမ်းပြောလိုက်သည်။
မိုးအာကာက ၎င်းရှေ့ ဖန်ခွက်ထဲမှ နီညို ညို အရည်တစ်ခွက်ကို ဂွက်ခနဲ မော့ချလိုက်တော့ သူမ နှာခေါင်းရှုံ့လိုက်မိသည်။ သူမ၏ အ ဖြစ်ကို သတိပြု မိဟန်တူသော ကိုကောင်းဆိုသူက ၀င် ပြောသည်။
`` ကျွန်တော် တို့ အနည်းအကျဉ်းသောက်ကြတာကို ခွင့်လွှတ်ပါ … မသဒ္ဒါချို ၊ ဒီအရပ်က အရမ်းအေးတဲ့အပြင် ငှက်ဖျားလည်းရှိလို့ တိုင်းရင်းဆေးနဲ့ရောပြီး ဆေး ဖြစ်ဝါး ဖြစ် မှီဝဲကြတာပါ။ မိုး အာကာရဲ့ ပုံပြင်ကိုတော့ သူ့ကိုယ်စား ကျွန်တော် ကပဲ ပြောပြပါ့မယ် ´´
`` ဘယ်လို မိုးအာကာ ဟုတ်လား ၊ အဲ့ဒီနာမည် ကို ကျွန်မ ကြားဖူးနေသလိုပဲ ´´
`` ကြားဖူးတာမဟုတ်ဘူး သဒ္ဒါချို ၊ မင်း အသေအချာကို ကြားဖူးခဲ့တာ၊ ကိုကောင်း ပြောပြ ရင်း ဇာတ်ရည်လည်လာတဲ့အခါ မင်း သဘော ပေါက်လာပါလိမ့်မယ်။ ကဲ … ကိုကောင်း ကျွန် တော် ယာခင်းဘက် ခဏသွားပြီး ယုန်ထောင်ထားတာတွေ သွားကြည့်လိုက်ဦးမယ်´´
မိုးအာကာ ထွက်သွားပြီး တစ်အောင့် အကြာ၌ ကိုကောင်းက မိုးအာကာ၏ ဇာတ်လမ်းအား စတင်ပြောပြသည်။ ပုံပြင်ကလေးက စိတ်ဝင်စားစရာကောင်းသလို သနားစရာလည်း ကောင်းလှ ပါသည်။
`` အကယ်၍ သူမကိုသာ ဤအိမ်ကြီးသို့ အကျဉ်းသားသဖွယ် ခေါ်ဆောင်မလာခဲ့ပါက မိုး အာကာအပေါ် သူမ တကယ် သနားမိပါလိမ့်မည် ။ သို့ သော် ယခုတော့ မိုးအာကာက သူမအား ဤ အိမ်ကြီးသို့ ခေါ်ဆောင်လာခဲ့သဖြင့် ၎င်း၏ အ ဖြစ်က သနားစရာကောင်းသော်လည်း သူမ ကရုဏာ သက်၍ မရနိုင်ဘဲ ဖြစ်နေခဲ့သည်။
`` တကယ်တော့ မိုးအားကာက အရမ်းစိတ်နုတဲ့လူပါ။ အစွဲအလမ်းကလည်းသိပ်ကြီး တယ်၊ ဆောင်းသဇင်ဟာ သူ့ဘ၀ပဲ၊ အဲ့ဒီလောက်ထိ ဆောင်းကို သူချစ်တယ်´´
`` သူ့မိဘတွေ က ဆောင်းနဲ့သူ့ကို သဘောမတူကြဘူး၊ ဒါကြောင့် သူ့ချစ်သူနဲ့ တရားရုံး သွားလက်ထပ်ကြမယ်ဆိုပြီး လမ်းဖြတ်ကူးတယ်။ လမ်းတစ်ဝက်မှာ ကားတိုက်ခံရတယ်၊ ဆေးရုံ ရောက်ပြီး မိနစ်ပိုင်းအတွင်း ဆောင်းသေပြီလို့ လာပြောတယ်။ မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်အ တွင်းမှာ အ ဖြစ်အပျက်တွေ က ဘယ်လောက်မြန်ဆန်လိုက်သလဲ၊ ဘယ်လောက်အိပ်မက်ဆန်လိုက် သလဲ၊ အဲ့ဒီလောက်မြန်မြန်ဆန်ဆန် အခြေအနေကြီးမှာ သူ သိပ်ချစ်တဲ့ ဆောင်း သေပြီိဆိုတာကို မယုံနိုင်လောက်အောင် ဖြစ်သွားတယ်၊ ပြီးတော့ ဆောင်း သူ့ကို ပြောခဲ့တဲ့စကားတစ်ခွန်းကလည်း သူ့သံသယကို ပိုပြီးကြီးထွားသွားစေပုံရတယ် ´´
`` ဆောင်းက သူ့ကို ဘယ်တော့မှ စမခွဲပါဘူး … ´´ တဲ့ အဲ့ဒီတော့ ဆောင်းသေပြီဆိုတာ သူ လက်မခံနိုင်လောက်အောင် ဖြစ်ခဲ့ရတာ သိပ်တော့မဆန်းဘူး၊ ကျွန်တော် ဆိုလဲ သူ့လို ခံစားရ မှာ ပဲ ´´
`` ဘယ်နှယ့်မဆန်းရမှာ လဲ၊ သိပ်ဆန်းတာပေါ့၊ ဆောင်း အသုဘကို သူ ဘာ ဖြစ်လို့ မသွား သလဲ၊ တကယ်လို့ သူသာ ရောက်သွားရင် အ ဖြစ်မှန်ကို သူ နားလည်မှာ ပေါ့´´
`` အဲ့ဒါ ကတော့ ဆောင်းသေပြီဆိုတာကို လက်မခံနိုင်တဲ့ သံသယတွေ က သိပ်ကြီးမားနေ လို့ ဖြစ်မှာ ပါ ´´
`` ဒါဖြင့် … ကိုစိုး … အဲ … ဒေါက်တာငွေစိုးကြည်ရဲ့ ဒရိုင်ဘာ ယာဉ်တိုက်မှု ကြောင့် ထောင်ကျသွားခဲ့တယ်၊ အဲ့ဒါကိုရော သူ မသိဘူးလား … ´´
`` သိတာပေါ့ သဒ္ဒါချို ၊ အမိန့်ချတဲ့နေ့က တရားရုံးကို သူ ရောက်လာသေးတယ်၊ ဒါကြောင့် ခင်ဗျားကို ဒေါက်တာငွေစိုးကြည်ရဲ့ ဇနီးလောင်းအ ဖြစ် မြင်ဖူးသွားပြီး၊ ခုချိန်ထိ မှတ်မိနေခဲ့တာ ပေါ့´´
သဘောကောင်းပုံရသော ကိုကောင်းကို အနည်းငယ် ပြောရဲ ဆိုရဲ ရှိလာသဖြင့် သဒ္ဒါချို အ လွန်သိချင်နေသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
`` သူ ကျွန်မကို ဘာရည်ရွယ်ချက်နဲ့ ဒီအိမ်ကို ခေါ်လာတာလဲ ကိုကောင်း ´´
`` ကျွန်တော့် စိတ်ထင် ဒေါက်တာငွေစိုးကြည်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ဖို့ ထင်တာပဲ၊ ဒါကလဲ ကြို တင်ရည်ရွယ်ထားတာ မ ဖြစ်နိုင်ဘူး၊ မမျှော်လင့်ဘဲ ပြင်ဦးလွင်မှာ ခင်ဗျားကို တွေ့ လိုက်ရာကနေ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်သွားပုံရတယ်။ တမင်ကြံစည်မယ် ဆိုရင် တောင် ခုလောက် လွယ်ကူမှာ မဟုတ်ဘူး။ ဒါနဲ့ စကားမစပ် ခင်ဗျား ကျွန်တော့် ကို တစ်ခုလောက် ကူညီနိုင်မလား မသဒ္ဒါချို ´´
`` ဘာကူညီရမလဲ ကိုကောင်း ´´
`` အာကာ့ရင်ထဲက အစွဲကြီး ပျောက်သွားအောင် ဖျောက်ဖို့အတွက်ပါ၊ ဆောင်းမသေ သေးဘူးဆိုတဲ့ သံသယအစွဲကြီး ပျောက်သွားအောင် ကျွန်တော် တို့ ၀ိုင်းကြိုး စားကြမယ်၊ အဲဒီ အ တွက် ခင်ဗျားရဲ့ အကူအညီတွေ အတော် များများ လိုအပ်နေပါတယ် … မသဒ္ဒါချို ´´
သဒ္ဒါချို အတန်ကြာအောင် ငြိမ်သက်သွားပြီးမှ ပြတ်သားစွာ ပြန်ပြောလိုက်သည်။
`` ကျွန်မ ကူညီချင်ပါတယ် ကိုကောင်း၊ ဒါပေမဲ့ … ကူညီပါ့မယ်လို့တော့ ကတိမပေးနိုင် ဘူး ´´
`` ကိစ္စမရှိပါဘူး၊ ကူညီချင်စိတ်ရှိတယ်ဆိုရင်ပဲ ကျွန်တော် ၀မ်းသာလှပါပြီ ´´
ထိုအချိန်မှပင် အိမ်ရှေ့မှ တံခါးဖွင့်သံနှင့် အတူ မိုးမာကာ ပြန်လည် ရောက်ရှိလာသည်။ လက်ထဲ၌ ယုန်သုံးကောင်ကို ဆွဲလျက် ကမ်းထရီးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းကာ လောင်း ကုတ်ရှည်ကြီးဝတ်ထားသော ၎င်း၏ ပုံက ကောင်းဘွို င် တစ်ယောက် ပမာ ဖြစ်နေလေသည်။
`` ခင်ဗျားတို့ ထမင်းစားပြီးပြီလား ကိုကောင်း´´
`` စကားကောင်းနေတာနဲ့ မစား ဖြစ်ကြသေးဘူး ´´
`` ဒါဖြင့် လဲ ဆက်ပြီးစကားကောင်းနေကြဦး၊ ကျွန်တော် ယုန်သားဟင်းတစ်ပွဲ အမြန်သွား ချက်လိုက်ဦးမယ် ´´
ပြောပြောဆိုဆို မိုးအာကာ မီးဖိုချောင်ဘက်သို့ ၀င်သွား၏ ။
မိနစ်အနည်းငယ်ကြာတော့ အငွေ့တထောင်းထောင်းထကာ အလွန်မွှေးကြို င်လှသော ယုန် သားဟင်း ပန်းကန်နှင့် အတူ သူ ပြန်ရောက်လာပါသည်။ မွှေးကြို င်လှသော ဟင်းနံ့ကြောင့် ညနေ ကတည်းက ဘာမှမစားခဲ့ရသေးသော သူမ၏ ၀မ်းဗိုက်က တကျု ပ်ကျု ပ်မြည် လာပါသည်။
`` မင်းလဲ ဆာရောပေါ့ … သဒ္ဒါချို ကျု ပ်လက်ရာ ယုန်သားဟင်းကို နည်းနည်း လောက် မြည်းစမ်းကြည့်ပါဦး ´´
ယုန်သားဟင်းများ ကို သူမ ပန်းကန်အပြည့်ခပ်ထည့်ပေးရင်း သူပြောသည်။ တစ်ခါမှ မစား ဖူးသော ယုန်သားဟင်းကို အနည်းငယ်မြည်းကြည့်လိုက်တော့ သူမ မျှော်လင့်ထားသည်ထက် ပိုမို ကောင်းမွန်နေသဖြင့် ဟန်ပင် မဆောင်နိုင်တော့ဘဲ တစ်ပွဲလုံးကုန်အောင် စားပစ်လိုက်ပါသည်။
အိပ်ခန်းတံခါးကို ဂျက်အသေပိတ်ကာ သေနတ်ကိုခေါင်းရင်းမှာ ထောင်ရင်း နှစ် နှစ် ခြို က် ခြို က် အိပ်ပျော်သွားသော သဒ္ဒါချို အား ည နှစ် နာရီခွဲအချိန်၌ အိပ်ယာမှ နိုးထလာစေသော အရာမှာ ဂီတာသံတစ်ခုကြောင့် ဟုဆိုလျင် အလွန်ရယ်စရာ ကောင်းပါလိမ့်မည် ။
သို့ သော် အမှန်တကယ်ပင် ဂီတာသံတစ်ခုက သူမအား အိပ်ယာမှ နိုးထလာစေခဲ့၏ ။
ဒီအချိန်ကြီး ဘယ်သူကများ ကက်ဆက်ဖွင့်နေပါလိမ့်။
တေးသွားမှာ `` သတို့သမီး မပါသော ဟန်းနီးမွန်း ´´ ဖြစ်ပြီး အဆိုမပါ အတီးသက်သက် ဖြစ်၏ ။ ကြားဖူးနေကျမဟုတ်သော တီးလုံးဆန်းများ အား တအံ့တသြ နားထောင်နေစဉ်မှပင် ထိုဂီ တသံမှာ ကက်ဆက်သံမဟုတ်ဘံ စန္ဒရားတစ်လုံး၏ အသံ ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်ပါ သည်။
ဘာကိစ္စများ ညနှစ် နာရီခွဲလောက်ကြီး စန္ဒရားထတီးနေကြပါလိမ့်။
တစ်စုံတစ်ခုကို သိချင်လာပြီဆိုလျှင် ချက်ချင်း အကောင်အထည်ဖော်တက်သော သူမ၏ အကျင့်အတိုင်း ထောင်ထားသော သေနတ်ကိုယူကာ အိပ်ခန်းတံခါးဖွင့်၍ လှေကားထိပ်ဆီသို့ လျှောက်လာခဲ့သည်။
လှေကားထိပ်မှ အောက်ထပ်သို့ ငုံ့ကြည့်သော်လည်း ဘာမှမမြင်ရသဖြင့် လှေကားနှစ် ထစ် ခန့် ဆင်းလိုက်တော့မှ စန္ဒရားရော၊ စန္ဒရားတီးသူပါ သဒ္ဒါချို ၏ မြင်ကွင်းထဲသို့ ထင်ထင်ရှားရှား ၀င် ရောက်လာသည်။ တစ်ခါတရံ တိုးသက်ညင်သာသွားလိုက်၊ တစ်ခါတရံ ကျယ်လောင်ကြမ်းတမ်း လာလိုက်နှင့် စန္ဒရားကို တီးခတ်နေသူမှာ မိုးအာကာပဲ ဖြစ်လေသည်။
သူမ ရပ်နေရာ အပေါ်ထပ် လှေကားထိပ်မှာ မှော င်နေပြီး သူရှိရာနေရာ ကတော့ လင်းနေ သဖြင့် သူမအား သူ မတွေ့ နိုင်ပါ။ မီးချောင်းရောင် ကြောင့် တစ်ချက်တစ်ချက် လက်ခနဲ ဖြစ်သွား သော ၎င်း၏ မျက်လုံးများ ကို သူမ သတိပြု လိုက်မိတော့ ငိုနေတာလား၊ မျက်ရည်ဝဲနေတာလားဟု သူမ သိချင်လာပါသည်။
သို့ သော် … ထိုမျှအထိ သူမ မစပ်စုသင့်ပါ။
ထိုအချိန်မှာ ပင် တီးလုံးသံများ ရပ်ဆိုင်းသွားပြီး စန္ဒရားခလုတ်များ ပေါ်သို့ ခေါင်းငိုက်စိုက် ချ လိုက်သည်။ ဘုရားရေ … သူ ဘာ ဖြစ်သွားတာပါလိမ့်။
အို … ဘာပဲ ဖြစ် ဖြစ် ငါနဲ့ ဘာဆိုင်လို့လဲ။
သူမ သိချင်စိတ်တို့ကို တိခနဲ ဖြစ်ကာ အိပ်ခန်းဆီသို့ ပြန်လာပြီး တံခါးကို သေချာပိတ်၍ သေနတ်ကို ခုတင်ဘေးတွင် ထောင်ကာ မွေ့ရာပေါ်သို့ ပစ်လှဲလိုက်၏ ။
`` တကယ်တော့ မိုးအာကာက အရမ်းစိတ်နုတဲ့လူပါ၊ ပြီးတော့ အစွဲအလမ်းလဲ သိပ်ကြီးတယ် ´´
မဆီမဆိုင် ကိုကောင်း၏ စကားသံအား ဖြတ်ခနဲ ကြားယောင်လိုက်မိသည်။ သို့ သော် ထို အတွေးတို့ကို ချက်ချင်း ပင်မောင်းထုတ်ကာ သူမ အိပ်ပျော်အောင် ကြိုး စားလိုက်၏ ။ ဒါပေမဲ့ ထိုည က သူမ တော် တော် နှင့် အိပ်အပျော်ခဲ့ပါ။
မနက်အိပ်ရာထတော့ သူမ၏ လက်ပက်နာရီအရ နေအတော် မြင့်နေပြီ ဖြစ်ကြောင်း သတိ ပြု လိုက်မိသည်။သူမ အောက်ထပ်သို့ ဆင်းမည် ပြု တော့ အကျင့်ပါနေသဖြင့် ခုတင်ဘေးမှ သေနတ် ကိုပါ ဆွဲယူလာခဲ့သည်။
`` နိုးပြီလား သဒ္ဒါချို … ညက အိပ်လို့ပျော်ရဲ့ လား ´´
ဧည့်ခန်၌ ထိုင်နေသော ကိုကောင်းက သူမအား ဆီးကြို နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။
`` ဒီလိုပါပဲ … ကိုကောင်း၊ အိပ်ရာအပြောင်းအလဲမို့လားမသိဘူး၊ ပျော်လိုက် မပျော်လိုက် ပါပဲ။ ဒါနဲ့ စကားမစပ် ညက စန္ဒရားတီးသံ ကြားလိုက်မိသလိုပဲ၊ ကျွန်မ စိတ်ထင်လို့ပဲလား မသိ ဘူး´´
သိလျက်နှင့် သူမ တမင်စပ်စုလိုက်တော့ ကိုကောင်းက အသာအယာပြုံး လျက် ခေါင်းညိတ် သည်။
`` စိတ်ထင်တာ မဟုတ်ပါဘူး သဒ္ဒါချို ၊ ခင်ဗျား တကယ်ကြားလိုက်တာပါ၊ အာ့ကာ့လက်သံ ပေါ့၊ ဒီကောင်က ဆောင်းကို သတိရတဲ့အခါ အဲလိုပဲ ညကြီးသန်းခေါင် စန္ဒရားတီးချင်တီးနေတက် တာ၊ ကဲ … မနက်စာ စားလိုက်ပါဦး …မသဒ္ဒါချို ကျွန်တော် တို့စားနေကျ ထမင်းကြမ်းနဲ့ ယုန်သား ကင်လို မနက်စာမျိုး ဆိုရင် ခင်ဗျား မစားနိုင်မှာ စိုးလို့ ကော်ဖီရယ် ပေါင်မှု န့် ထောပတ်သုတ်ရယ်၊ ကြက်ဥကြော်ရယ် လုပ်ထားတယ် … ´´
`` ကိုကောင်းတို့ကော စားပြီးပြီလား ´´
`` မစားရသေးဘူး၊ မသဒ္ဒါချို နိုးမှ အတူတူစားမယ်ဆိုပြီး တမင် ထိုင်စောင့်နေတာ ´´
သူတို့ ငါ့အပေါ် ဧည့်သည် တစ်ယောက် လို တကယ်ဧည့်ဝတ်ကျေရှာသားပဲ ဟူသော အတွေးနှင့် လက်ထဲ၌ သေနတ်ကြီးတကားကား ကိုင်ထားမိသော ကိုယ့်အ ဖြစ်ကို ကိုယ့်ဘာသာ ကိုယ် ရှက်လာမိ၏ ။ ဒါပေမဲ့ ဒီသေနတ်ဟာ တစ်ချိန်ကျလျှင် သူမအတွက် အသုံးဝင်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။
ကိုကောင်းက ထမင်းစားခန်းဆီသို့ ဦးတည်ခေါ်ဆောင်လာချိန်၌ သူမ အမှတ်တမဲ့ မေး လိုက်မိသည်။
`` ဟို တစ်ယောက် ကော မနိုးသေးဘူးလား ကိုကောင်း ´´
`` အာကားလား … ၊ အနက်အစောကြီးကတည်းက ကားယူပြီး ထွက်သွားလေရဲ့ …´´
ကိုကောင်း၏ အဖြေက ည နှစ် နာရီခွဲ သုံးနာရီတိုင်အောင် စန္ဒရားတီးနေသဖြင့် တော် တော် နှင့် အပ်ရာမှ နိုးဦးမည် မဟုတ်ဟု ထင်မြင်ယူဆထားမိသော သူမ၏ အထင်တို့ကို ပါစင်အောင် လွဲ မှားသွားစေပါသည်။
`` သူ အဲ့ဒီလိုပဲ ကားတစ်စီးနဲ့ သွားချင်ရာ လျှောက်သွားနေတက်သလား ကိုကောင်း၊ ပြီး တော့ စန္ဒရားကိုရော အချိန်အဟုတ် အခါမဟုတ် တီးချင်သလိုတီးနေတာပဲလား´´
`` ခင်ဗျားဘာရည်ရွယ်ချက်နဲ့ အဲဒီ မေးခွန်းကို မေးသလဲဆိုတာ ကျွန်တော် သဘောပေါက် ပါတယ် သဒ္ဒါချို ၊ အာကာ့ကို ပုံမှန်မဟုတ်ဘူးလို့ ခင်ဗျားထင်နေတယ်မဟုတ်လား၊ အဲဒီ အကြောင်း ကို ကော်ဖီသောက်ရင်း အေးအေးဆေးဆေးဆွေးနွေးကြတာပေါ့ ´´
ကိုကောင်းက သူမ ထိုင်ရန် စားပွဲထိပ်မှခုံကို ဆွဲပေးသဖြင့် ထမင်းစားပွဲ၌ သူမ အသာမယာ ၀င်ထိုင်လိုက်ပါသည်။
အေးစက်နေပြီ ဖြစ်သော ကော်ဖီခွက်ကို ရှေ့ချကာ ငွေစိုးကြည် တစ်ယောက် ကျောက်ရုပ် တစ်ရုပ်ပမာ ငြိမ်သက်စွာ ထိုင်နေမိသည်မှာ မည် မျှကြာပြီမသိ။ သူ့ရင်ထဲမှာ တော့ ချော်ရည်ပူတို့ ပွက်ပွက်ဆူကာ လောင်မြို က်နေကြသည်။
`` ကျွန်မ စိတ်မကောင်းပါဘူး ကိုငွေစိုးကြည်၊ သဒ္ဒါချို မနေ့ညနေစောင်းကတည်းက ပျောက်နေတယ်´´
ဒီနေ့ ဂျူ တီနားရက်မို့ အေးအေးဆေးဆေး အိပ်ရန်ကြံစည်ထားသော ငွေစိုးကြည်အား ခုတင်ဘေးရှိ အနီရောင် တယ်လီဖုန်းက စူးစူးဝါးဝါးအော်မြည် နိုးထစေလျက် အထက်ပါသတင်းစိုး ကို သူ၏ နားထဲသို့ ဆိုးဆိုးဝါးဝါး တိုးဝင်စေခဲ့ပါသည်။
တင်ဇာ ဖုန်းဆက်လာချိန်က နံနက်ဝေလီဝေလင်းအချိန် ဖြစ်သော်လည်း သူ၏ အိပ်ချင်စိတ် တို့ ချက်ချင်း ပင် လွင့်စဉ်သွားခဲ့သည်။
`` ဘာပြောတယ် မတင်ဇင်၊ သဒ္ဒါပျောက်နေလို့ … ဟုတ်လား … ´´
`` ဟုတ်တယ် ကိုငွေစိုးကြည်၊ မနေ့က ရုက္ခဗေဒဥယျဉ်က အထွက် ကားဘက်ထရီ ၀ပ်သွားလို့ လွင်မျိုး အေးနဲ့ ကျွန်မ ၀ပ်ရှော့ဆရာသွားခေါ်တယ်၊ သူက ၀ပ်ရှော့ကို မလိုက်ဘူး၊ ကားပေါ်မှာ ပဲ နေခဲ့မယ်လို့ပြောတယ်၊ ကျွန်မတို့ စက်ဆရာခေါ်ပြီး ပြန်လာတော့ ကားရော သူရော မရှိတော့ဘူး၊ ကားက ဘက်ထရီဝပ် သွားတာဆိုတော့ လူနှစ် ယောက် သုံးယောက် လောက်ကို အကူအညီတောင်းပြီး တွန်းနှိုးရင် နိုးသွားနိုင်တယ်၊ ကားနိုးသွားတော့ ကျွန်မတို့ကို ကျီစယ်ချင် တာနဲ့ကားလျှောက်မောင်းတာ ဖြစ် မယ်လို့ ထင်ပြီး သူ သွားနိုင်တဲ့နေရာတွေ လိုက်ရှာတယ်။
`` မတွေ့ ဘူး မဟုတ်လား ´´
`` အဲ့ဒီညက ကျွန်မတို့ ညစာစားဖို့ တိုင်ပင်ထားတဲ့ စားသောက်ဆိုင်နားမှာ ကားကို အကောင်းပကတိ ပြန်တွေ့ တယ်၊ သူကိုတော့ မတွေ့ သေးဘူး၊ ညတွင်းချင်း ရဲစခန်းမှာ တိုင်ချက်ဖွင့် ပြီး ရှင့်ဆီဆက်လို့မရဘူး၊ ခုမနက်မှ ရတာ ´´
`` ကောင်းပြီ… ကျွန်တော် အခုပဲ ပြင်ဦးလွင်ကို တက်လာခဲ့မယ်… ´´
`` ဒီနေ့တစ်ရက်တော့ အခြေအနေ စောင့်ကြည့်လိုက်ပါဦး ကိုငွေစိုးကြည်၊ ဘာ ဖြစ်လို့လဲ ဆိုတော့ လွင်မျိုး အေးရော ကျွန်မပါ သဒ္ဒါ ကျွန်မတို့ကို တမင်နောက်တယ်လို့ပဲ ယုံကြည်နေကြ တယ်၊ စက်ဆရာ သွားခေါ်တော့ မလိုက်ဘဲ တမင်ချန်နေခဲ့တာရယ်၊ ကက်ဆက်နားထောင်မယ် ဆိုပြီး ကားသော့ တောင်းထားလိုက်တာရယ်ဟာ သူ့မှာ အကြံရှိလို့ ဖြစ်မယ်လို့ လွင်မျိုး အေးက ယူ ဆတယ်။ ဒီနေ့ ကျွန်မတို့ ပြင်ဦးလွင်က ဟိုတယ်တွေ အားလုံးမှာ လိုက်ရှာမယ်လို့ ဆုံးဖြတ်ထား တယ်၊ အကြောင်းထူးတာနဲ့ ရှင့်ဆီ ကျွန်မတို့ ဖုန်းဆက်လိုက်မယ် ´´
`` ခင်ဗျားတို့ဆီက ဖုန်းမလာမချင်း ကျု ပ်ဘာလုပ်နေရမှာ လဲ မတင်ဇာ´´
`` ဆေးရုံက ခွင့်ယူပြီး အိမ်မှာ ပဲ ကျွန်မတို့ဖုန်းကို မျှော်နေပါ ကိုငွေစိုးကြည် ဒီနေ့တော့ သဒ္ဒါ့ကို ပြန်တွေ့ မှာ ပါ၊ တကယ်လို့ ဒီနေ့မှ မတွေ့ ရင် ရှင် ပြင်ဦးလွင်ကို တက်လာခဲ့ပါ ´´
`` ကျွန်တော် ကတော့ ခု ချက်ချင်း ကို တက်လာချင်တာ၊ ကောင်းပြီလေ၊ ခင်ဗျား အကြံ ပေးသလိုပဲ ကျွန်တော့် စိတ်ကို ရှည်ရှည်ထားပြီး ခင်ဗျားတို့ဆီက ဖုန်းကို မျှော်နေပါ့မယ် ´´
ထိုသို့ ဝေလီဝေလင်း အချိန်၌ တင်ဇာ သူ့ထံသို့ ဖုန်းဆက်ပြီးကတည်းက အလွန် ပူလောင် ပြင်းထန်သော မီးတောင်ကြီးတစ်လုံးကို ငွေစိုးကြည်ရင်ထဲ၌ ပွေ့ပိုက်ထားခဲ့ရခြင်း ဖြစ်သည်။ ခြောက်နာရီလောက်က သူ၏ အိမ်ဖော်ဖျော်ပြီး လာချပေးသွားသော ကော်ဖီခွက်လည်း ဆောင်းငွေ့ ဖြင့် အေးစက်နေကြပြီ ဖြစ်၏ ။
ဘယ်လို ဖြစ်တာလဲ၊ ဘာ့ကြောင့် စားသောက်ဆိုင်နားမှာ ကားရပ်ပြီး သဒ္ဒါချို ပျောက်သွားရ တာလဲ၊ ဒါဟာ တင်ဇာတို့ပြောသလို နောက်ပြောင်ကျီစယ်မှု တစ်ခု ဟုတ်ရဲ့ လား၊ တကယ့်ရိုးသားမှု ဖြစ်နှိုင်ပါ့မလား။
အတွေးတို့ ယောက် ယက်ခတ်ကာ ပူပန်မှု ဖြင့် သူ့စိတ်ထဲ၌ လေးလံနေကြ၏ ။ ဒါဟာ ရိုးသား မှု တစ်ခုအ ဖြစ် သူ ဘယ်လိုမှ လက်ခံ၍ မရပါ။ ထိုသို့ တွေးမိလေ၊ သဒ္ဒါချို အတွက် စိုးရိမ်စိတ်တို့က က ပိုမိုရုန်းကြွလာလေ ဖြစ်သည်။
ထိုအချိန်မှပင် သူ အလွန် မျှော်လင့်နေပြီး အလွန်လည်း စိုးရွံ့နေသော တယ်လီဖုန်းသံက စူးရှစွာ ထွက်ပေါ်လာပါသည်။ နာရီကိုကြည့်လိုက်တော့ ၈ နာရီထိုးပြီးကာစ …
တင်ဇာတို့ အကြောင်းကြားမှု က မြန်ဆန်လှချည်လား ဟူသော အတွေးနှင့် သူ၏ စိတ်တို့ ပေါ့ပါးရမည် လား၊ လေးလံရမည် လား ဝေခွဲမရဘဲမ တယ်လီဖုန်းဆီသို့ လျှောက်လာခဲ့သည်။
`` ဒေါက်တာငွေစိုးကြည်လား ´´
တင်ဇာ သို့ မဟုတ် လွင်မျိုး အေး ဖြစ်မည် ဟု သူမျှော်လင့်ထားသော်လည်း ဖုန်းထဲမှ ထွက် ပေါ်လာသည့်အသံက သူ နားစိမ်းသော ယောကျာ်းသံတစ်ခု ဖြစ်နေပါသည်။
`` ကျွတ်တော် ငွေစိုးကြည်ပါ၊ ခင်ဗျား ဘယ်သူလဲ ´´
`` ခင်ဗျားရဲ့ ဦးနောက်တွေ မပျက်စီးသေးဘူးဆိုရင် ခင်ဗျားကျု ပ်ကို သိမှပါ၊ ကျု ပ်နာမည် မိုးအာကာ၊ ခင်ဗျားကားနဲ့ ၀င်တိုက်ခဲ့တဲ့ ဆောင်းသဇင်ရဲ့ ချစ်သူ ´´
သူ့ခေါင်းထဲ၌ မေ့လောက်ပြီ ဖြစ်သော အမည် နာမတို့ကြောင့် တစ်ကိုယ်လုံး တောင့်ခနဲ ဖြစ် သွား၏ ။ ဆောင်းသဇင်ရဲ့ ချစ်သူ မိုးအာကာ … တဲ့။ဒါဖြင့် သဒ္ဒါချို ပျောက်နေတာဟာ သူ့ရဲ့ ပယောဂ ပဲ ဖြစ်မှပေါ့။
`` ကိုမိုးအာကာ၊ခင်ဗျား သဒ္ဒါချို ကို တစ်ခုခုများ … ´´
သူ့စကား တစ်ပိုင်းတစ်စ ရပ်ဆိုင်းသွားချိန်၌ မိုးအားကာဆိုသူက ခပ်အစ်အစ် ရယ်မော လျက် တုံ့ပြန်သည်။
`` ဘယ်ဆိုးလို့လဲ ဒေါက်တာ၊ ခင်ဗျားက ဆရာဝန်သာဆိုတယ်၊ စုံထောက်ဥာဏ်ရှိသားက ပဲ။ ဟုတ်တယ်၊ သဒ္ဒါချို ကျွန်တော့် ဆီရောက်နေတယ် ´´
`` ခင်ဗျား … ခင်ဗျား သူ့ကို ဘာလုပ်ထားသလဲ ´´
သူ စိုးရိမ်တကြီးမေးလိုက်တော့ တစ်ဖက်မှ ရယ်သံ ခပ်အုပ်အုပ် ပေါ်လာ၏ ။
`` ကျု ပ်က ခင်ဗျားကြည့်ဖူးတဲ့ ခပ်ညံ့ညံ့ ဗီဒီယိုကားတွေ ထဲက လူကြမ်းမျိုး မဟုတ်ပါဘူး ဒေါက်တာ၊ သဒ္ဒါချို ကို အထူးဧည့်သည် တစ်ယောက် လို ကောင်းကောင်းမွန်မွန်ပဲ ဧည့်ခံထားပါတယ် ခင်ဗျား သဒ္ဒါချို ကို ပြန်လိုချင်ရင် ကျု ပ်နဲ့ အပေးအယူတစ်ခုတော့ လုပ်ရလိမ့်မယ် ´´
`` ခင်ဗျား ဘာလိုချင်သလဲ၊ ငွေလား၊ ကျု ပ် ဘယ်လောက်ပေးပြီး ရွေးရမလဲ … ´´
`` ကျု ပ်လိုချင်တာ ငွေမဟုတ်ဘူး ဒေါက်တာ ´´
`` ဒါဖြင့် ဘာလဲ ´´
`` ဆောင်း ´´
`` ဘာ ´´
`` ကျု ပ်ရဲ့ ဆောင်းသဇင်ကို ပြန်လိုချင်တယ်၊ ခင်ဗျားရဲ့ သဒ္ဒါချို နဲ့ ကျု ပ်ရဲ့ ဆောင်းသဇင် ကို အလဲအလှယ် လုပ်ကြမယ်။ဘယ့်နှယ့်လဲ ´´
`` ခင်ဗျား ရူးနေလား ကိုမိုးအာကာ၊ ဆောင်းက သေပြီပဲ ´´
`` ခင်ဗျားပါးစပ်ထဲမှာ သေပေမယ့် ကျု ပ်အတွက်တော့ ဆောင်း မသေသေးဘူး ဒေါက်တာ၊ အဲဒါကို ကျု ပ် သိနေတယ်၊ ဒီတော့ သဒ္ဒါချို ကို အမြန်ဆုံးပြန်လိုချင်ရင် ကျု ပ်ရဲ့ တောင်း ဆိုမှု ကိုလဲ အမြန်ဆုံး လိုက်လျေနိုင်အောင် ကြိုး စားပါ၊ နောက် ငါးရက်ကြာရင် ကျု ပ် ဖုန်းထက် ဆက်လိုက်မယ်၊ အဲဒီ အခါကျရင် ခင်ဗျားကျု ပ်ကို ပြတ်ပြတ်သားသား အဖြေပေးပါ၊ ဒီအတောအ တွင်း ရဲတိုင်တာတွေ ဘာတွေ မလုပ်ပါနဲ့ တက်နိုင်သမျှ ရဲနဲ့ ခပ်ကင်းကင်းနေပါ ´´
စကားဆုံးသည်နှင့် တစ်ဖက်မှ ဖုန်းချသွား၏ ။ ငွေစိုးကြည်ဖုန်းခွက်ကို ဆောင့်ချလိုက်ပြီး `` အရူး ´´ ဟု ခပ်တိုးတိုးဆဲလိုက်မိသည်။
![]() အလင်းဖျော့ကောင်းကင် | ![]() ကောင်းကင်ခါးခါး | ![]() နေလောင်ခံပန်းတစ်ပွင့်၏သမိုင်း |