Cover

အခန်း(၁)

''အသက်တမျှ''

ချစ်ခြင်းမသိသော သူသည် ဘုရားသခင်ကိုမသိ။

ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းအစများ အ ဖြစ် အရပ်ရှစ်မျက်နှာသို့ လွင့်စဉ်သွားသလို ခံစား လိုက်ရသည်။ မိုင်ပေါင်းများ စွာ ရှည်လျားသော သွေးကြောတို့၏ စီးဆင်းလည်ပတ်မှု သည် စက္ကန့် အတန်ကြာ ရပ်ဆိုင်းသွားကြ၏ ။

မှားခဲ့ပြီဟူသော အသိကရင်အစုံကို တငွေ့ငွေ့လောင်မြိုက်စေသည်။ ပြန်လည်ရယူရန် မ ဖြစ်နိုင်တော့သော တမ်းတတိမ်မူးဖွယ်ရာ အတိတ်ကာလများ ဆီသို့ ပြန်ပြောင်းတသရင်း နှလုံးသားသည် နောင်တတရားတို့နှင့် အတူ တစ်စစီပဲ့ကြွေ၏ ။

နှောင်းလွန်းခြင်းဟူသည် နှလုံးသည်းပွတ်တို့ကို အဆုံးစွန်ပူလောင်သွေ့ခြောက်စေရုံက လွဲ၍ မည် သည့်မျှော်လင့်ချက်ကိုမှ မပေးစွမ်းနိုင်တော့ကြောင်းကို ကြေကွဲစွာ နားလည်လိုက် မိသည်။

သက်ပြင်းတစ်ချက်ကို ရှိုက်လျက် `မျိုးရယ်…´ဟုဖွဖွညည်းတွားမိစဉ်မှာ ပင် မျက်ဝန်းသည် မျက်ရည်တို့ဖြင့် စွတ်စိုဝေသီ၍ လာသည်။

အပိုင်း(၁)

(၁)

`ကျွန်မရင်တွေ ခုန်နေတယ် သိလား´

`ဘာ ဖြစ်လို့လဲ´

`ကိုသက်ဝေ ကျွန်မကိုရည်းစားစကားပြောတော့မယ်ဆိုတာသိလို့ပေါ့´

`ဒါ…ရေလာမြောင်းပေးစကားလား မျိုး´

`ဟင့်အင်း…ရေလာမှာ စိုးလို့ ကြိုပြီးမြောင်းပိတ်လိုက်တာ´

`အချစ်ဆိုတာပိတ်ပင်တားဆီးလို့ရနိုင်တဲ့ အရာတစ်ခုလို့ မျိုး ယူဆထားသလား´

`သိဘူးလေ´

“ကျွန်တော် မျိုးကို ချစ်တယ်”

“… … …”

“မျိုး”

“ကျွန်မ သိနေပြီပဲ ကိုသက်ဝေ”

“ဒါပေမယ့် မျိုးတစ်ခါမှ အလေးအနက်မထားခဲ့ဘူး၊ ပြီးတော့ ဘာမှ ပြန်မပြောခဲ့ဘူး”

“ကိုသက်ဝေက ဘာပြန်ပြောစေချင်လို့လဲ”

“တစ်ခုခုပေါ့ မျိုး”

“ဒါဆို . . .ခု ကျွန်မ ဗိုက်ဆာနေတယ် . . . ကဲ”

“ဒါ အဖြေလား”

“အဟင်း ထင်တာပဲ”

“မျိုး သိပ်လည်တယ်၊ ပြီးတော့ . . . ”

“ကျွန်မ ကော်ပြန့်သုတ် တစ်ပွဲမှာ လိုက်မယ်လေ၊

တစ်ယောက် တစ်ဝက် စားရအောင်”

“. . . . . . . . . ”

“ကိုသက်ဝေ”

“. . . . . . . . . ”

“ဘာလဲ . . . စိတ်ကောက်တာပေါ့ ဟုတ်လား၊ အဟင်း ကိုသက်ဝေကလဲ ကလေးလေး ကျနေတာပဲ၊ သူငယ်ချင်းတွေ ဆိုတာ စိတ်မကောက်ရဘူးလေ”

“ဘယ်သူက သူငယ်ချင်းလို့ ပြောလဲ”

“ကျွန်မ ပြောတာပေါ့၊ ကဲပါ စိတ်ကောက် မနေစမ်းပါနဲ့ ၊ ရော့ . . .”

လက်ညှိုးနှင့် လက်ခလယ်ကို ကွင်းလေးသဖွယ် လိမ်ယှက်၍ ကမ်းပေးလာသည်။ သူမ၏ ဆင်စွယ်ရောင် လက်အစုံကို ငေးကြည့်နေမိသည်။ ကလေးများ တစ်ယောက် နှင့် တစ်ယောက် စိတ်ကောက်ကြသည့်အခါ ခေါ်မလား၊ မခေါ်ဘူးလားဟု မေးသည့်ပုံစံမျိုး။ ထိုလက်နှစ် ခုကို ဖိညှစ် လိုက်ပါက ခေါ်မည် ။ ဆွဲဖြတ်လိုက်ပါက မခေါ်ဘူးဟု အဓိပ္ပယ်ရသည်။ (နှလုံးသား ပြဿနာကို ကလေး ကစားစရာနည်းနဲ့ ဖြေရှင်းမလို့လားမျိုး၊ အချစ်ဆိုတာဟာ အပျင်းပြေကစားစရာ တစ်ခု လို့များ မျိုးယူဆထားပါသလား။)

မွေးညင်းစိမ်းကလေးများ ယှက်သန်းနေသည့် သူမ၏ လက်ချောင်း သွယ်သွယ်လေးများ ကို အတန်ကြာ ငေးကြည့်နေမိသည်။

“ကိုသက်ဝေ”

ရုတ်တရက် လေးတွဲ စွာ ခေါ်လိုက်သော သူမ၏ အသံကြောင့် ခေါင်းကို မော့လိုက်မိသည်။ မှိုင်းမှု န် ဝေသီသော မျက်ဝန်းညိုအစုံနှင့် စိုက်ကြည့်နေသည့် သူမကို တွေ့ ရ၏ ။

မျက်တောင်ကော့ရှည်ကြီးများ ကို တဖျက်ဖျက် ပုတ်ခတ်ရင်း စတော် ဘယ်ရီရောင် အောက် နှုတ်ခမ်းပါး အိအိလေးကို သွားနှင့် ဖိကိုက်ရင်း၊ ကွင်းလေးသဖွယ် လိမ်ယှက်ထားသည့် ညာဘက်လက်ကို ဆန့်တန်းထားရင်း၊ စူးရှသော မျက်လုံးတို့ဖြင့် စိုက်ကြည့်နေသည့် သူမကို ငေးနေမိသည်။ သူမ ငိုတော့မယ်ထင်ပါရဲ့ ၊ ဒါမှမဟုတ်လည်း ငိုတော့မယ်လို့ထင်အောင် ဟန်ဆောင်နေတာ ထင်ပါရဲ့ ၊ သူမရဲ့ ကလေးဆန်တဲ့ ကစားနည်းမှာ ဝင်မပါတဲ့ လူ တစ်ယောက် အတွက် သူမ စိတ်ညစ်နေမှာ ပေါ့။

သက်ပြင်းတစ်ချက်ကိုရှိုက်ရင်း သူမ၏ လက်အစုံကို ဖိညှစ်လိုက်မိသည်။ မှိုင်းဝေနေသော သူမ၏ မျက်လုံးများ ဖျတ်ခနဲ အရောင် လက်သွားသလို ထင်လိုက်မိသည်။

သူမ ပျော်သွားသလား။ ပျော်ပါစေလေ။ သူမပျော်ဖို့ အရေး ကြီးသည်ပဲ။

စားပွဲပေါ်မှ ရေနွေးကြမ်းကို တစ်ငုံငုံရင်း ဆိုင်ထဲသို့ ဝေ့ဝဲ ကြည့်လိုက်မိသည်။ ခေါင်းချင်း ဆိုင်၍ တွတ်ထိုးနေသော စုံတွဲ နှစ် တွဲ သုံးတွဲ ကို တွေ့ ရသည်။ သူတို့ ပျော်နေကြမှာ ပဲဟူသည့် အတွေးက မရည်ရွယ်ဘဲနှင့် ရင်ထဲသို့ တိုးဝှေ့ ဝင်ရောက်လာသည်။

“ကိုသက်ဝေ”

သူမ၏ ခပ်တိုးတိုး ခေါ်သံကြောင့် လှည့်ကြည့် လိုက်မိသည်။ သူမက မခို့တရို့အပြုံးတစ်ခုကို ပြုံး၍ စိုက်ကြည့်ရင်း . . . .

“ဘာလဲ . . . အားကျနေသလား”

အခန်း(၂)

အရှိန်ပြင်းစွာ မောင်းလာပြီး ရုတ်တရက်ဘရိတ်အုပ်၍ ရပ်လိုက်သော ကြောင့် လမ်းနှင့် ကားဘီးထိတွေ့ ပွတ်တိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကားတံခါးဖွင့်၍ ဆင်းလာသော မျိုးကိုငေးကြည့်နေမိသည်။ လိမ္မော်ရောင် ကောင်းကင်အောက်မှ ဆင်စွယ်ရောင် အသားအရေနှင့် သူမ။

လွယ်အိတ်လွယ်ရမှာ ပျင်းသော သူမ၏ အကျင့်အတိုင်း စာအုပ်သုံးလေးအုပ်ကိုလက် ထဲတွင် ပိုက်၍ ကိုင်လာသည်။ တံတောင်ဆစ်အထိ လက်ခေါက်၍ ၀တ်ထားသော နီနိုရှပ်အင်္ကျီပွပွ ကြီးက ကြမ်းတမ်းသော လေအဝှေ့တွင် သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းကို အချိုးကျစွာ ပေါ်လွင် စေသည်။

လေထဲမှာ လွင့်မျောလသည့်နှယ် မခို့တရို့နှင့် တစ်လှမ်းချင်း လျှောက်လှမ်းလာသော သူမ၏ လမ်းလျှောက်ဟန်က ပဲရစ်မြို့ဖက်ရှင်ရှိုး (Paris, Fashion Show) များ မှကိုယ်ဟန်ပြမယ်များ လမ်းလျှောက်သလိုရင်ဖိုချင်စရာ ကောင်းလှသည်။ တစ်ချက်တစ်ချက်တွင် အထက်သို့ အနည်းငယ် တက်သွားတတ်သည့် အညိုရင့်ရောင် ဂန့်ဂေါလုံချည်လေးကြောင့် ၀င်းဝါနုညက်သည့် ခြေသလုံး သားလေးများ ကို လှစ်ခနဲမြင်လိုက်ရတိုင်း ရေငတ်သော ဝေဒနာကို ခံစားလိုက်ရသည်။

လက်တစ်ကမ်းအကွာလေးလောက် အရောက်မှာ ပင် မွှေးပျံ့သင်းထုံသော သူမ၏ ကိုယ် သင်းရနံ့ကိုရှုရှိုက်လိုက်ရသည်။

`ရောက်နေတာကြာပြီလား ကိုသက်ဝေ´

`ဘတ်(စ်)ကားတစ်စီးစောင့်ရလောက်ပါ´

`ဒါဆိုအကြာကြီးနေပါပေါ့၊ ကျွန်မခေါင်းလျှော်နေတာနဲ့နည်းနည်း နောက်ကျသွားတာ´

ဘေးမှာ ချထားသည့် လွယ်အိတ်ကိုကောက်လွယ်၍ မတ်တပ်ရပ်လိုက်မိသည်။ အတန်း တက်ရန် မိနစ် (၂၀)ခန့်လိုသေးသော ကြောင့် ကျောင်းထဲမှာ လူရှင်းနေသည်။

`ကိုသက်ဝေ စိတ်ဆိုးလား´

`ဘာကိုလဲ´

`ကျွန်မနောက်ကျလို့လေ´

`ဘာဆိုင်လဲ မျိုးရဲ့ ၊ မဆိုးပါဘူး´

`မဆိုးလဲကျွန်မတောင်းပန်ပါ့မယ်´

သူမစကားကြောင့် ပြုံးလိုက်မိသည်။

`ဒီလောက်ဆိုကျွန်တော် သဘောပေါက်ပြီ၊ မျိုးဘာပြောချင်လို့လဲပြော´

ဆည်းလည်းခတ်သံတစ်ခုလို ချိုမြသာယာသော ရယ်သံလွင်လွင်ကို ပြုရင်း----

`ကျွန်မစမိုင်းမှာ (Smile) လက်ဖက်ရည်လိုက်တိုက်မလို့၊ တောင်းပန်တဲ့အနေနဲ့လေ၊ ကိုသက်ဝေကလိုက်သောက်ပေါ့ ဟတ်လား´

`ကိုယ်သောက်ချင်ရင် သောက်ချင်တယ် ပြောတာမဟုတ်ဘူး၊ သွားချင်သွားလေ၊ ဒါပေမယ့် အတန်းအမီတော့ပြန်လာမှ ဖြစ်မယ်´

`ပြန်လာမှာ ပေါ့၊ ခဏလေးပြန်ရောက်မှာ ပဲ၊ လာပါ´

ငြင်းဆန်နေ၍ လည်း အကျိုးထူးမည် မဟုတ်သဖြင့် အလွယ်တကူခေါင်းညိတ် ဖြစ်သည်။ တကယ်တော့လည်းကန့်ကွက် ငြင်းဆန်းခြင်းဟူသည် ဝေါဟာရကိုသူမနှင့် တွေ့ ကတည်းက မေ့လျော့ထားခဲ့သည်။ ကားပေါ်ရောက်သည်နှင့် သူမ၏ အကျင့်အတိုင်း လီဗာကိုအသာနင်း၍ ကလပ်ကိုဆောင့်လွှတ်ရင်း ဝေါခနဲမောင်းထွက်သည်။

လေအေးစက်ဖွင့်ထားသည့် ကားလေးတစ်စီး၏ ရှေ့ခန်းတွင် သူမနှင့် အတူတူထိုင်၍ သူမ၏ ကိုယ်သင်းရနံ့ကိုရှူရှိုက်ရင်း သူမမောင်းသော ကားကို စီးနေရခြင်းသည် ရင်ခုန်စရာကောင်းလှ သည်။ အင်းလျားလမ်းမီးပွိုင့်အရောက် ဘရိတ်မနင်းဘဲဂီယာနှင့် ဖမ်း၍ အရှိန်ပြင်းစွာ ကွေ့လိုက် သော ကြောင့် တာယာပွတ်သံကျယ်လောင်စွာ ထွက်ပေါ်လာသည်။

`Smile မှာ သောက်မယ်ဆို´

`ဟင့်အင်း၊ ကျွန်မစိတ် ပြောင်းသွား ပြီး´

ကျွန်တော် သိပါတယ်၊ ကျောင်းပြေးမလို့ မဟုတ်လား´

`ဘယ်သူပြောလဲ ´

`ကျွန်တော် ပြောတယ်´

သူမက တစ်ချက်ရယ်ရင်း `ဘာ ဖြစ်လို့ ဒီလောက်တော် နေရတာ လဲ´ ဆိုသည်။ ပိကေ (ဂျွမ်းကမ်း)၀ါးရင်းရှေ့မှကားကို ကျော်တက်ရန်သာ စိတ်ဝင်စားနေသည့် သူမကိုငေးကြည့်နေမိ သည်။

နက်မှော င်ထူထပ်သော မျက်ခုံးတန်းတစ်စုံနှင့် တောက်ပကြည်လဲ့သည့် ညှို့ဝန်းအစုံကိုပိုင် ဆိုင်သော ။

ဖြောင့်စင်းသည့် နှာတံနှင့် နီးစွေးပါးလျသည့် နှုတ်ခမ်းပါးကလေးများ ကို ပိုင်ဆိုင်သော ။

ဝင်းမွတ်နုညက်သည့်လည်တိုင်ပြေပြေလေးနှင့် ကနုကမာရောင် လက်သည်းချွန်ချွန်လေး များ ကိုပိုင်ဆိုင်သော ။

ပြီးတော့သူ၏ နှလုံးသားကိုပါ ထာဝရပိုင်ဆိုင်သော သူမကိုငေးကြည့်နေမိသည်။

ဘာကြောင့် များ သည်လောက်အောင် လှနေပါသလဲ မျိုး---

တစ်ဖက်လူအသက်ရှူကျပ်စေလောက်အောင်၊ နှလုံးသွေးများ ဆူဝေစေလောက်အောင်၊ သွေးခုန်နှုန်းများ မြန်စေလောက်အောင် ဘာ ဖြစ်လို့များ သည်လောက်လှနေရပါသလဲ။

`ကျွန်မကို အဲလိုဆက်ကြည့်နေမယ်ဆိုရင် ကျွန်မကားရပ်လိုက်တော့မယ်´

နှင်းဆီဖူးငုံ နှုတ်ခမ်းအစုံကိုစူလျှက် ခပ်နှဲ့နှဲ့ပြောလိုက်သော သူမအသံကြောင့် ပင့်သက် တစ်ခုကိုရှိုက်ရင်း အကြည့်တို့ကို ရုပ်သိမ်းလိုက်ရသည်။

ထိုနေ့က အတန်းမတက် ဖြစ်၊ ရွှေတောင်တန်းထိပ်မှာ ကြေးအိုးသောက်ပြီး ဘားလမ်းမှ ကိုတင်အုန်းအအေးဆိုင်မှာ သွားထိုင် ဖြစ်ကြသည်။

(၃)

စားပွဲပေါ်မှာ စီးကရက် တစ်လိပ်ကိုယူ၍ မီးညှိလိုက်၏ ။ အဆိပ်ငွေ့တို့ကို မက်မောစွာ ဖွာ ရှိုက်ရင်းပြတင်းပေါက်မှတဆင့် အပြင်သို့ ငေးကြည့်နေမိသည်။ ခြံစည်းရိုးပေါ်မှာ နားနေကြသော စာကလေးအချို့သည် တစ်ကောင်နှင့် တစ်ကောင် တွန်းထိုးလျှက်ဆူညံစွာ အော်မြည် နေကြ၏ ။ လေတစ်ချက်အဝှေ့တွင် ပြတင်းပေါက်မှာ တပ်ထားသည့် ခန်းဆီးစလေးမှာ လူးလွန့်သွားသည်။

လက်ထဲမှ စီးကရက်ပြာကို ဆေးလိပ်ခွက်ထဲသို့ခြွေချရင်း စားပွဲပေါ်မှာ လက်ဖက်ရည်ကို တစ်ငုံ ငုံလိုက်မိသည်။ ပြင်းရှသော လက်ဖက်ရည်ခါးခါး၏ အရသာကို ခံစားရင်းမျိုးကိုသတိရ လိုက်မိသည်။ မျိုးလည်းသူ့လိုပင် လက်ဖက်ရည်စွဲမက်သူ ဖြစ်သည်။ `တစ်နေ့ကိုအနည်းဆုံး တစ်ခါ လောက်တော့ လက်ဖက်ရည်သောက်ရမှ နေသာထိုင်သာ ဖြစ်သွားတယ်´ တစ်ခါတုန်းက မျိုး ပြောခဲ့ဖူးသည့်စကားကို သတိရလိုက်မိသည်။

တကယ်တော့ မျိုးနှင့် တွေ့ ရခြင်းသည် အောင်မင်းကြောင့် ပင် ဖြစ်သည်။ ဥပဒေယူသော အောင်မင်းနှင့် ရူပဗေဒယူသော သူမှာ အဓိကဘာသာရပ်ခြင်း မတူသော်လည်း တက္ကသိုလ်မှာ ကတည်းကတွဲ ဖြစ်ခဲ့ကြသည်။ အောင်မင်းမှာ ဥပဒေသမားပီပီ ဟိုစပ်စပ်သည်စပ်စပ်နှင့် အငြိမ် မနေတတ်။ ဟိုရှာသည်ရှာလုပ်တတ်သည်။ ပြီးတော့ထိုသို့ လုပ်တိုင်းလည်း တစ်ယောက် ယောက် အဖော်ညှိတတ်သည်။ စိတ်ဝင်စားလာအောင် ဆွယ်တရားဟော၍ အမှု တွဲ ထဲသို့ ဆွဲထည့်တတ် သည်။

ကျောင်းပြီးတော့ သူ့ထုံးစံအတိုင်း ဟိုစပ်စပ်သည်စပ်စပ်နှင့် (အိုင်အက်ဖီအယ်လ်တတ်ချင် လာသည် ဖြစ်လာ၏ ။ နိုင်ငံခြားဘာသာ သိပ္ပံဝင်ခွင့်ဖြေရအောင် သက်ဝေရာဟုအဖော်ညှိလာသည်။ ပထမတော့ စိတ်မ၀င်စားစွာ ငြင်းခဲ့သည်။

`ဘာလုပ်ရအောင်လဲ အောင်မင်းရာ၊ မင်းအရည်အချင်းနဲ့ဝင်ဖြေရင် စာမေးပွဲကြေးဆုံးရုံပဲ ရှိမှာ ပေါ့´

ဟုပင်နောက်ခဲ့သေးသည်။

`ငါကဥရောပတိုက်သူတွေ ထဲကဆိုရင် ဂျာမန်မတို့၊ ပြင်သစ်မတို့၊ အာရှသူထဲကဆိုရင် ဂျပန်မတို့မှ ယူမယ့်ကောင်ဆိုတော့ အိုင်အက်ဖ်အယ်လ်တော့ တက်မှ ဖြစ်လိမ့်မယ်၊ မင်းလဲစိတ်ကူး မလွဲနဲ့သက်ဝေ၊ မင်းရုပ်မင်းရည်နဲ့ဆိုရင် အာဖရိကသူတို့ အီသီယိုးပီးယားသူတို့ ရနိုင်တယ်။ ဒီတော့ မင်းလဲငါနဲ့အတူတူလိုက်တက်´

အောင်မင်းက မဟာစီမံကိန်းကြီးကို ရွတ်ပြရင်းသူ့ကို ဆွယ်ခဲ့သည်။ မေမေကလည်း တက်ချင်တက်ပါလားသားရယ်ဟု တိုက်တိုက်တွန်းတွန်း စကားဆိုသည်။ သို့ နှင့် အောင်မင်းနှင့် အတူတူဝင်ခွင့်စာမေးပွဲ ၀င်ဖြေ ဖြစ်ခဲ့သည်။ ဖြေသာဖြေလိုက်ရသော်လည်း ပါမည် ဟုမထင်ခဲ့။

သို့ သော်အံ့သြစရာပင် သူရောအောင်မင်းပါ ဂျပန်ဘာသာအဓိကဖြင့် တက်ခွင့်ရခဲ့သည်။ ကျောင်းစတက်သည့်နေ့က `ဂျပန်စာသင်ရမှာ ဆိုတော့ ဂျပန်မပဲယူတော့မယ်ကွာ´ဟု အောင်မင်း က အပြောင်အပြက်စကားကို ဆိုခဲ့သည်။

သည်လိုနှင့် (အ၊အိ၊အု၊အဲ၊အော့) ကျက်ရင်း ( ) လုပ်ရင်း အတန်းမတက်ခင် အင်းလျား လမ်းထိပ်မှစမိုင်းမှာ သွားထိုင်ရင်း (အိုင် အက်ဖ်အယ်လ်) ညနေခင်းများ ကို ပျော်ရွှင်စွာ ဖြတ်သန်း ဖြစ်ခဲ့သည်။

သည်တုန်းက (တာဘိုဂျီအက်စ်တာ)ကားနီနီလေးနှင့် ကျောင်းတက်သည့်အသားဖြူဖြူ ဆံပင်ရှည်ရှည် ကောင်မလေး တစ်ယောက် နှင့် ဆုံစည်းရလိမ့်မည် ဟု အိမ်မက်ပင်မမက်ဖူးခဲ့။

သို့ သော်အံ့သြစရာ ကောင်းလောက်အောင်ပင် သူမနှင့် အမှတ်မထင်စွာ ဆုံစည်း ဖြစ် ခဲ့သည်။

ထိုနေ့သည် (၁၉၈၆)ခုနှစ် ၏ တစ်ခုသော အင်္ဂါနေ့ကလေး ဖြစ်သလို၊ အောင်မင်းမပါသဖြင့် တစ်ယောက် တည်း ငေါင်တောင်တောင်နှင့် ကျောင်းတက်ရသော နေ့တစ်နေ့လည်း ဖြစ်လေသည်။

အပိုင်း (၂)

သင်သည် ငါ့နှလုံးသားကို လုယူပြီ။

သင်၏ မျက်စိတစ်ကြည့် ---

လည်ပင်း တစ်လှည့်ဖြင့် ----

ငါ့နှလုံးကို လုယူပြီ။ ။

အံ့သြစိတ်ဖြင့် ငေးကြည့်နေမိသည်။ သူ့ကိုခေါ်တာမှဟုတ်ပါ့မလားဟုလည်း ဇဝေဇ၀ါ ဖြစ် နေမိသည်။

သို့ သော် ကော်ရစ်တာတစ်လျှောက်မှာ လူရှင်းနေသဖြင့် `ဒီမှာ ဒီမှာ ´ဟူသော ချိုမြသာယာ သည့်ဆည်းလည်းခတ်သံတစ်ခုသည် သူ့အတွက်မှလွှဲ၍ အခြားသူအတွက်မ ဖြစ်နိုင်ပါ။ သူ့ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသော အသံရှင်ကိုငေးကြည့်နေမိသည်။ ဘရွတ်ရွှီးလ်လိုနက်မှော င် ထူထပ်သော မျက်ခုံး မျက်ခုံးတန်း၊ ဖြောင့်စင်းပေါ်လွင်သော နှာတံနှင့် ဥရောပဆန်လှသော ကောင်မလေး တစ်ယောက် ဖြစ်သည်။

တီရှပ်အဖြူပေါ်တွင် ဂျင်းဂျက်ကတ်ကို ထပ်ဝတ်ထားသည်။ လက်ထဲတွင် စာအုပ်သုံး လေးအုပ် ကိုင်ထားသဖြင့် သူလိုပင် ကျောင်းသား တစ်ယောက် ဖြစ်လိမ့်မည် ဟု တွေးလိုက်မိသည်။ တဖြည်းဖြည်း နီးကပ်လာချိန်တွင် သူမထံမှ မွှေပျံ့သော ရနံ့တစ်မျိုးကိုရှုရှိုက်လိုက်ရ၏ ။ စိတ်ဓာတ်ကြံ့ခိုင်သူကိုပင် တိမ်းညွှတ်သွားစေမည့်  မိန်းမူးဖွယ်ရာ ကိုယ်သင်းနံ့ ဖြစ်သည်။

“ယူ့ နာမည် ကိုသက်ဝေလား”

သာယာနာပျော်ဖွယ်ကောင်းသော အသံချိုချိုလေးက ပျံ့လွင့်နေသော စိတ်တို့ကို စုစည်းမိ စေသည်။ ပြီးတော့အံ့သြမှု အတိုင်းအဆကိုလည်း ပို၍ ကြီးမားလာစေသည်။ လူသူကင်းမဲ့သော ကော်ရစ်တာတစ်လျှောက်မှာ လမ်းလျှောက်လာသည့်သူကို လှမ်ခေါ်၍ “ရှင့်နာမည် ကိုသက်ဝေ လား” ဟုမေးမြန်းသော ကိစ္စမျိုးသည် သူ့အတွက် နေ့စဉ်ကြုံတွေ့ ရသည့် သာမန် ဖြစ်ရိုး ဖြစ်စဉ် ကိစ္စတစ်ခုတော့ မဟုတ်။

“ကြားပါတယ်နော်”

ချက်ချင်း အဖြေပြန်မပေးမိသဖြင့် သူမ အနည်းငယ်စိတ်တိုသွားပုံရသည်။

“သြော်…….ဟုတ်ကဲ့ကြားပါတယ်၊ ဟုတ်ပါတယ် ကျွန်တော် သက်ဝေပါ”

“ဒါ ယူ့ စာအုပ်လား”

ကမ်းလင့်လာသည့် သူမ၏ လက်ထဲမှ အရာကိုကြည့်လိုက်မိသည်။ အနက်ရောင် သားရေဖုံး ဒိုင်ယာရီစာအုပ်လေးတစ်အုပ် အဖုံးမှာ သက်ဝေဟူ အင်္ဂလိပ်လို စာတန်းလေးတပ် ထားသည်။ ဒါ သူစာအုပ်ပဲ။ အစစ်ပဲပေါ့။ စောစောတုန်း လွယ်အိတ်ထဲမှ စာအုပ်ကို လှမ်းယူရင်း ကျေးဇူးတင်စကားကို ပြော ဖြစ်သည်။

“ရပါတယ်၊ ကျွန်မလည်း ဟိုနားလေးမှာ ကျနေတာတွေ့ လို့ ယူ့ဆီက ကျကျန် ခဲ့တာ လားမသိဘူးဆိုပြီး ကောက်လာတာ၊ ကိုယ်ချင်းစာတယ်လေ ဒိုင်ယာရီဆိုတာက တခြားလူတွေ အတွက် ဘာမှတန်ဖိုးမရှိပေမယ့် ပိုင်ရှင်အတွက်တော့ အရေး ကြီးတာ မဟုတ်လား”

“အစစ်ပဲ၊ နောက်ပြီး ဖုန်းနံပါတ်တွေ လိပ်စာတွေ လဲ ဒီထဲမှာ မှတ်ထားမိတာ၊ ပျောက်သွားရင်တော့ အခက်ပဲ”

သူမက ခေါင်းတစ်ချက်ညိတ်ရင်း ပတ်ဝန်းကျင်တို့ေ၀၀ဲကြည့်လိုက်သည်။ အတန်းလွှတ် လိုက်သည်မှာ ဘာမှမကြာသေးသော်လည်း ကျောင်းဝင်းထဲတွင် လူရှင်းစပြုနေသည်ကို သူမ သတိထားမိပုံ ရသွား၏ ။

“သွားဦးမယ်နော်”

ပြောပြောဆိုဆိုနှင့် သူမလှည့်ထွက်သွား၏ ။ ခါးအထိရှည်လျားသည့် ဆံပင်ရှည်ကြီးများ ကို ကြည့်ရင်း တစ်ခုခုကိုလက်လွှတ်ဆုံးရှုံးလိုက်ရသလို နှမြောတသစွာ ခံစားလိုက်ရသည်။

သူမ၏ ဆင်စွယ်ရောင် မျက်နှာသွယ်သွယ်လေးကို ငေးကြည့်ရင်း သူမ၏ စကားသံချိုချို လေးများ ကိုဆက်၍ နားထောင်နေချင်သေးသည်။ သို့ သော် မ ဖြစ်နိုင်ကြောင်းကို တွေ့ လိုက် မိသည်။ နောက်နေ့လည်း တွေ နိုင်သေးတာပဲလေ။ ရုတ်တရက်သူမ၏ မျက်နှာကို မြင်ဖူးကြောင်း ၀ိုးတ၀ါးသတိရမိသည်။ ဘယ်မှာ မြင်ဖူးသာပါလိမ့်၊ အတန်းထဲမှာ ပဲထင်ပါရဲ့ အတန်းထဲမှာ ပင် ဖြစ်မည် ဟုတွေးလိုက်မိသည်။ အမြဲတမ်းနောက်ကျမှ ကျောင်းလာ၍ စောစောပြန်တတ်သော အကျင့်ကြောင့် သတိမထားမိတာ ဖြစ်နိုင်သည်။

လှေကားထစ်လေးများ ပေါ်မှ ဆင်း၍ ရပ်ထားသော ကားအနီလေးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသော သူမကိုလှမ်းကြည့်လိုက်မိသည်။ သူမဦးတည်၍ လျှောက်သွားသော ကားလေး သည် သူနှင့် အောင်မင်းမကြာခဏ မြင်ဖူးနေကျ ကားလေးပင် ဖြစ်သည်။ အမြဲတမ်းခပ်ကြမ်းကြမ်း မောင်းတတ်ပြီးမှန်အနက်များ ကပ်ထားသည့် တိုတာဘိုကားနီနီလေးသည် ကျောင်းသားတစ် ယောက် ၏ ကား၊ ဒါမှမဟုတ် ဆရာ တစ်ယောက် ၏ ကားပင် ဖြစ်လိမ့်မည် ဟုသူ့တို့ ထင်ခဲ့ကြ၏ ။

သို့ သော်ယခုတော့ ထိုကားနီနီကလေး၏ ပိုင်ရှင်သည်အသားဖြူဖြူ ဆံပင်ရှည်ရှည်နှင့် ချစ်စရာကောင်မလေး တစ်ယောက် ဖြစ်နေသည်။ သူငေးကြည့်နေစဉ်မှာ ပင် တာယာပွတ်သံ တကျီကျီမြည် ရင်း ကားထွက်သွားသည်။ သက်ပြင်းတစ်ချက်ချရင်း ကျောင်းထဲမှဖြေးညင်းစွာ လျောက်လာမိ၏ ။ ကျောင်းပေါက်ဝရောက်တော့ ကားကလေးကိုမြင့်လို မြင့်ငြားလိုက်ကြည့်မိသေး သည်။

သို့ သော်ကားလေး၏ နောက်မီးရောင် မှိန်မှိန်လေးကိုပင် တွေ့ ခွင့်မရလိုက်။ ကားမှတ်တိုင် သို့ ရောက်လာရင်းမှ သူမ၏ နာမည် ကိုပင် သိခွင့်မရလိုက်ပါလားဟု တွေးလိုက်မိသည်။

သူမနှင့် တွေ့ ခဲ့ပုံ အစအဆုံးကိုနောက်နေ့၌ အောင်မင်းကိုပြန်ပြောပြခဲ့သည်။

`ဒါပဲလား´

ဆေးပေါ့လိပ်ကို အငွေ့တထောင်းထောင်းထအောင် ဖွာရှိုက်ရင်း သူ့စကားဆုံးတော့ အောင်မင်းကလှမ်းမေးသည်။

`ဒါပဲပေါ့´

`မင်းဥစ္စာကလဲ ဟိုစာရေး ဆရာမ ရေး တဲ့ ၀တ္ထုကျနေတာပဲ၊ ပြီးတော့လဲဘာမှ မဟုတ်ဘူး´

`ဘာဟုတ်ရဦးမှာ လဲ၊ တွေ့ လို့ကောက်ပြီးလာပေးတယ်၊ ကျေးဇူးတင်တယ်ဒီလောက်ပဲပေါ့

`ဘယ်ဟုတ်မလဲကွ၊ အနည်းဆုံးနာမည် လေးလောက်တော့ မေးလိုက်ဖို့ကောင်းတာပေါ့ကွ

`ဗြောင်တင်ကြီးသွားမေးလို့ ကောင်းမလားကွ´

သူ့စကားကြောင့် အောင်မင်းက မျက်စိကိုမှေးစင်ကြည့်၏ ။

`ဘာလို့မကောင်းရမှာ လဲ မင်းကလဲ၊ ကျေးဇူးတင်လိုက်တာဗျာ၊ ခင်ဗျားကိုတွေ့ ဖူးသလိုလို ပဲ၊ အတန်းထဲကပဲနဲ့တူတယ်၊ နာမည် လေးဘယ်လိုခေါ်သလဲဟင်၊ အတော် ပဲဗျာ၊ လာမယ့် အပတ်ထဲမှာ ကျွန်တော့် ဦးလေးနှစ် ၀မ်းကွဲ မင်္ဂလာဆောင်လေ၊ လာဖိတ်မယ်နော်၊ အိမ်လိပ်စာလေး ပေးခဲ့ပါလား၊ ဘာညာနဲ့နည်းနည်း ပါးပါးတော့ မေးမှပေါ့ကွ´

အမူအရာနှင့် လုပ်ပြနေသော အောင်မင်းကိုကြည့်ရင်း ရယ်ချင်လာသည်။

`မင်းနည်းနည်း ပါးပါးကလဲ ကြောက်စရာကြီးပါလား အောင်မင်းရာ၊ များများ စားစားသာဆို ဆွေစဉ်မျိုး ခုနှစ် ဆက်လုံး အကုန်ပေါ်မယ့်ကိန်းပဲ´

အောင်မင်းကရယ်ရင်း ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့သောက်သည်။

`နေစမ်းပါဦး၊ အဲဒီ ကောင်မလေးက ဘယ်ပုံလဲ´

သည်တော့မှသူ၏ ပုံကိုစဉ်းစားမိသည်း အသားဖြူဖြူဆံပင်ရှည်ရှည်နှင့် ဥရောပဆန်စွာ လှသော သူမကို မျက်စိထဲမှာ မြင်ယောင်လာမိသည်။

`ခပ်လှလှလေးပါကွာ´

သူ့စကားကြောင့် အောင်မင်းက အသံမထွက်ဘဲ လှမ်းဆဲ၏ ။

`ဒါ ကတော့မင်းပြောနေစရာ မလိုဘူး သက်ဝေ၊မင်း ဖြစ်နေတဲ့ပုံကို ငါမြင်ကတည်းက ဒီ ကောင်မလေးလှလိမ့်မယ်ဆိုတာ ငါအကဲခတ်ပြီးသား၊ ငါမေးတာက သူ့ပုံစံကိုမေးတာ´

ဒီလိုကွာ၊ အသားဖြူဖြူ ဆံပင်ရှည်ရှည်နဲ့ အရပ်မြင့်မြင့် မျက်ခုံးကထူတယ်၊ နှာတံကလည်း တော် တော် ပေါ်တယ်၊ သူ့မျက်နှာက ရုတ်တရက်ကြည့်ရင် ဘရွတ်ရှီးလ်နဲ့ခပ်ဆင်ဆင်´

`သုံးစက္ကန့် ဘရွတ်ရှီးလ်ဆိုပါတော့´

`အထူးခြားဆုံး ကတော့ လမ်းလျှောက်တဲ့စတိုင်လ်ပဲ၊ လေထဲမှာ လွှင့်လာသလို တစ်လှမ်း ချင်းနဲ့ ရွရွလေးလျှောက်တယ်´

`ကိုယ်လုံးကိုယ်ထည်ကရော´

`အနေတော် ပေါ့´

`ဒါပြောတာမဟုတ်ဘူးလေကွာ´

အောင်မင်းစကားကြောင့် သူအောင်မင်းကို ခပ်တိုးတိုးလှမ်းဆဲရင်း

`မင်းကဒါပဲစိတ်ဝင်စားတဲ့ကောင်´

`အလကားနောက်တာပါကွာ မင်းပြောတဲ့ကောင်မလေးကို ငါမြင်ဖူးတယ်´

`တကယ်လား´

ငါပြောမယ်၊အဲဒီ ကောင်မလေးက ရှပ်အကျီတို့တီရှပ်တို့ စပို့ရှပ်တို့ ၀တ်တတ်တယ်´

`ဟုတ်တယ်ငါတွေ့ တုန်းက တီရှပ်အဖြူပေါ်မှာ လီဗိုင်းဂျင်းဂျက်ကတ် ထပ်ဝတ်ထားတယ်'

`သေချာတာပေါ့ အဲဒါမျိုးစန္ဒီအောင်ပဲ´

အပိုင်ပြောချလိုက်သော အောင်မင်း၏ စကားကြောင့် မော့ကြည့်လိုက်မိသည်။ အောင်မင်း ၏ မျက်နှာက ခပ်တည်တည်ပင်။

`သေချာရဲ့ လားကွ´

`သိပ်သေချာတာပေါ့၊ ဘာ ဖြစ်လို့လဲဆိုတော့ ငါကသူ့ကိုကြိုက်နေတဲ့ကောင်ပဲ´

အောင်မင်း၏ မျက်နှာက နောက်ပြောင်ဟန်မရှိ။ မျက်လုံးအစုံကို မှေးစင်းရင်း သူ့ကိုစိုက် ကြည့်နေ၏ ။

သူ့အမေးကြောင့် အောင်မင်းက တဟားဟားရယ်လိုက်သည်။

`အလကားပါကွာ၊ ကြိုက်နေတာ မဟုတ်ပါဘူး ကြိုက်ရင်ကောင်းမလားလို့ ကြံစည်ခဲ့တာပါ၊ ဒါပေမယ့်ငါ့က ဂျပန်မမှယူမယ့်ကောင်ဆိုတော့ မ ဖြစ်ပါဘူး၊ ဘာလဲမင်းစိုးရိမ်သွားလို့လား´

`စိုးရိမ်တာမဟုတ်ပါဘူး၊ အံ့သြသွားတာပါ၊ နေစမ်းပါဦး၊ သူ့နာမည် ကမျိုးစန္ဒီအောင်ဆိုတာ သေချာရဲ့ လား´

`မင်းကိုငါဘယ်တုန်းက မသေချာတာပြောဖူးလို့လဲ၊ မင်းစိတ်ဝင်စားရင်သူနေတဲ့နေရာပါ ငါပြောလိုက်မယ်၊ ခြောက်မိုင်ခွဲမှာ နေတယ်၊ တိုက်ကြီးကနည်းတာကြီး မဟုတ်ဘူး၊ တအားချမ်းသာ တယ်။ သူစီးတဲ့ကားက တာဘိုကား၊ ကျောင်းထဲမှာ တောင် မင်းငါ့ကိုပြဖူးတဲ့ တာဘိုအနီလေးလေ ကွာ´

`ဒါလောက်ဆိုငါယုံပြီ´

`ငါဘာလို့သိလဲဆိုတော့ ငါ့ဦးလေးတွေ က သူ့တို့ဘေးခြံမှာ နေတာ၊ ကြိုက်ရင်တော့ ငိုက်မနေနဲ့သက်ဝေ၊ လိုက်သာလိုက်၊ ငါ ကတော့ဂျပန်မ တစ်ယောက် ယောက် မတွေ့ မချင်း အပျော် တမ်းအကြံပေးအရာရှိအ ဖြစ် ဆက်နေနေရဦးမှာ ပဲ´

အောင်မင်းစကားကြောင့် ရယ်ရင်း ------

`မင်း ရောဂါ ကလဲမလွယ်ပါလား အောင်မင်းရာ´

`မင်းဆိုရင်ပိုဆိုးမယ် သက်ဝေ´

`ဘာကိုလဲ´

`မင်း ဖြစ်နေတဲ့ ရောဂါ ကို ပြောတာ၊ ခုမ ဖြစ်လဲနောင် ဖြစ်လာမယ့် ရောဂါ ပေါ့၊ မျိုးစန္ဒီအောင် ရောဂါ လေ´

အောင်မင်းစကားကြောင့် သူပြုံးလိုက်မိ၏ ။ ဒါပေမယ့်ရင်ထဲမှာ တော့ အနည်းငယ်စိုးရိမ်သွား မိသည်ပေါ့ မမျိုးစန္ဒီ။

အခန်း(၃)

ကျောင်းဝင်းထဲသို့ ချိုးကွေ့ဝင်လာသည့် ကားနီနီလေးကို မြင်လိုက်သည်နှင့် လှိုက်ခနဲရင်ဖို သွားမိသည်။ သူမမြင်မှမြင့်ပါ့မလား။ မြင်ရင်ကောမှတ်မိပါ့မလားဟု တွေးပူနေမိသည်။ တကယ်လို့ မြင်သွားတဲ့အခါ မှတ်မိသွားတဲ့အခါ ဘာလုပ်ရမလဲ ပြုံးပြလိုက်ရမလား။ ဒါမှမဟုတ်သူမအနားကပ် သွားပြီး တစ်ခုခုပြောရရင် ကောင်းမလား။

`နေကောင်းလား´

`ထမင်းစားပြီးပြီလား´

`မနေ့ကကိစ္စအတွက်ကျေးဇူးတင်ပါတယ်´ တစ်ခုခုပေါ့။

အတွေးတို့ဖြင့် ရင်ခုန်လှုပ်ရှားနေမိသည်။ အောင်မင်း၏ အပြော ကတော့ သူမသည်နေရာက ဖြတ်ကိုဖြတ်ရမည် ။ သည်နေရာသည် မဟာဗျူဟာအကျဆုံးနေရာ ---တဲ့။ ဖြစ်နိုင်သည်ဟု တွေးမိ သည်။ ပြီးတော့သည်နေရာမှ ဖြတ်ကျော်ပြီး အတန်းသို့ သွားနိုင်သည်ပဲ။

`ဟေ့ကောင်လာနေပြီ´

တံတောင်ဆစ်နဲ့တို့ပြီး သတိပေးလိုက်သော အောင်မင်း၏ အသံကြောင့် လှမ်းကြည့်လိုက်မိ ၏ ။ လေထဲမှာ လွှင့်မျောလာသည့်နှယ် တစ်လှမ်းချင်းလျှောက်လာသည့် သူမကိုတွေ့ ရသည်။

သည်နေ့အပြာနုရောင် မိကျောင်းစပို့ရှပ်လေး ၀တ်ထားသဖြင့် မျက်စိထဲမှာ တစ်မျိုးလေး ဖြစ် နေသည်။ လုံချည် ကတော့ ထုံးစံအတိုင်းအရောင် ရင့်ရင့်မှိုင်းမှိုင်း ဗြောင်လုံချည်ပင် ဖြစ်သည်။ ဂန့်ဂေါလားဘာလားတော့အသေအချာမသိ။

ခေါင်းကိုငုံ့ရင်းလျှောက်လာသဖြင့် မြင့်မှမြင်ပါ့မလားဟု စိတ်ပူနေမိသည်။ တစ်လှမ်း၊ နှစ် လှမ်း၊ တဖြည်းဖြည်းနှင့် နီးလာပြီ ဖြစ်သည်။ ဘေးဘီဝဲယာကို မကြည့်ဘဲအောက်ကိုသာ ငုံ့၍ လျှောက်လာသော သူမကိုကြည့်ရင်းရင်ထဲမှာ မချင့်မရဲ ဖြစ်နေမိသည်။

ရုတ်တရက်အောင်မင်းက လက်ကုတ်လိုက်၏ ။ လှည့်ကြည့်သော အခါ သွားလေဟူသော သဘောဖြင့် မေးဆတ်ပြသည်။ နှုတ်ဆက်ရမည် ပေါ့၊ ဟုတ်တယ်၊ ဘာပဲ ဖြစ် ဖြစ်နှုတ်ဆက်လိုက်တာ ကောင်းမည် ။ ပင်စည်ကိုဝင်းရံ၍ ပြုလုပ်ထားသည့် ခုံတန်းလျားပေါ်မှ ခုန်ဆင်းရင်းသူမဆီသို့ လျှောက်သွားမိသည်။

`မ--မျိုး--စန္ဒီ--အောင်´

တုံ့ဆိုင်းလေးတွဲ စွာ ခေါ်လိုက်တော့သူ့အသံကြောင့် သူမလှည့်ကြည့်၏ ။ ပထမတော့ အနည်းငယ်ဇဝေဇ၀ါ ဖြစ် နေပုံရသည်။ မျက်မှော င်ကြုတ်၍ စဉ်းစားနေသည်။ နောက်မှမှတ်မိသွား ၏ ။ ကြည်လဲ့ရွန်းစိုသော စတော် ဘယ်ရီရောင် အပြုံးတစ်ခုကို လှစ်ခြွေရင်း --

`သြော်´

ဟုအာမေဍိတ်သံပြုသည်။

`ကျွန်မနာမည် ဘယ်လိုလုပ်သိသလဲ ကိုသက်ဝေ´

နဖူးပေါ်ဝေ့၀ဲကျနေသည့် ဆံစနွယ်လေးများ ကို လက်နှင့် သပ်ရင်း အံ့သြဟန်နှင့် မေးလာ သည်။ သူမ၏ အမည် ကိုခေါ်လိုက်သဖြင့် အံ့သြသွားသော သူမ၏ အံ့သြမှု သည် `ကိုသက်ဝေ´ ဟူ သော အမည် ကို အမှတ်တရပြန်ခေါ်၍ ခေါ်ဝေါ်လိုက်သဖြင့် အံ့သြသွားသော သူ၏ အံ့သြ၀မ်းသာမှု ထက်မပိုနိုင်ကြောင်း သူမကိုပြန်ပြောပြလိုက်ချင်သည်။

`ဘာလဲကျွန်မဒိုင်ယာရီ ကိုသက်ဝေကောက်ရထားလို့လား´

သူမ၏ အမေးကိုမဖြေဘဲ တုံ့ဆိုင်းနေမိသည့် သူ့ကိုကြည့်ရင်း ထပ်မေးလာသည့်သူမ၏ ဒုတိယမေးခွန်းကြောင့် ပြုံးလိုက်မိသည်။

`မနေ့ကကိစ္စအတွက် ကျေးဇူးတင်တယ်ဆိုတာ ထပ်ပြောချင်လို့ပါ မမျိုးစန္ဒီအောင်”

ပြောမိပြောရာ ပြောလိုက်သော သူ့စကားကြောင့် သူမက ရယ်ရင်း …

“သြော် …ဘာများ လဲလို့ ရပါတယ် ကိုသက်ဝေရဲ့

မနေ့ကလည်း ကျေးဇူးတင်ကြောင်းပြောပြီးပြီပဲဥစ္စာ

(ဒိုးအီတာရှိ မတ်ရှိတော့) ပါ

ကိစ္စမရှိပါဘူး ဟူသော စကားကို ပြော၏ ။

“ ဖြစ်နိုင်ရင် နေ့တိုင်းတောင် ကျေးဇူးတင်ကြောင်း ပြောချင်နေတာ”

သူ့စကားကြောင့် သူမက မခို့တရို့အပြုံးတစ်ခုကိုပြုံး၏ ။

ပြီးတော့ “သွားမယ်နော်” ဟု နှုတ်ဆက်စကားဆိုသည်။

ဟုတ်ကဲ့ ဟု ပြောရင်း သူကျန်ရစ်ခဲ့သည်။

တရွေ့ရွေ့ဝေးသွားသော သူမကိုကြည့်ရင်း နှမြောသတစွာ ခံစားရသည်။ လူ တစ်ယောက် ကို အချိန်ကိုဆွဲပြီး စကားကြာကြာ မပြောတတ်သည့် ကိုယ်နှုတ်ကိုပင် ပထမဆုံးအကြိမ်အ ဖြစ် အပြစ်တင်လိုက်မိသည်။

“ဘာပြောသွားလဲ”

အနားသို့ ရောက်လာသော အောင်မင်းကလှမ်းမေးသည်။

ဒိုးအီတာရှီ မတ်ရှီတော့တဲ့

လာကွာ၊ စမိုင်းသွားထိုင်ရအောင်”

အောင်မင်းက လက်မောင်းကို လှမ်းဆွဲရင်း လက်ဖက်ရည်ဆိုင်သွားရန် ပြော၏ ။ လက်ထဲမှ နာရီကို လှမ်းကြည့်လိုက်မိသည်။

“မသွားနဲ့တောကွာ ၊ အချိန်မရှိတော့ဘူး”

“ဘာလဲ၊ အတန်းထဲမြန်မြန်ဝင်ချင်နေပြီ မဟုတ်လား။

လာစမ်းပါကွာ၊ မင်းငတိဓက ဘာမှ ထွက်ဓားပြေးပါဘူး၊ ခုမူအ ဖြစ်သည်း မနေစမ်းပါနဲ့ ”

တစ်ခုခုလုပ်ချင်တိုင်း တစ်ဖက်သားကိုဟောင်းဖွာဟောင်ဖွာနှင့် ရေအရ စည်းရုံးတတ်သော အောင်မင်း၏ အကျင့်ကိုသိထားသဖြင့် ငြင်းနေ၍ လည်း အကျိုးထူးမည် မဟုတ်ကြောင်းနားလည်း လိုက်မိ၏ ။

“အတန်းမီအောင်တော့ ပြန်ဝင်မယ်ကွာ၊ ပထမအချိန်တွေ ပျက်တာများ နေပြီ”

အောင်မင်းကို သတိပေးစကားဆိုရင်း ကျောင်းထဲမှထွက်လာခဲ့ကြသည်။ ယဉ်ဆွေရှေ့ ရောက်တော့ အောင်မင်းကစကားစသည်။

မင်း အစက မျိုးစန္ဒီအောင်ကို တကယ်သတိမထား မိတာလား”

“အေးကွာ ……ဘယ်လိုပြောတာလဲ၊ ဘာသိဘာသာပေါ့၊ နောက်ပြီး မင်းလဲသိသားပဲ၊ အေးအေးဝင်းနဲ့ကိစ္စ”

“ဖက်စ်ယီးယားတုန်းက ဟိုကောက်မလေးလာ”

“အစစ်ပေါ့၊ အဲဒီ တုန်းကတည်းက ငါမိန်းကလေးတွေ ကို တော် တော် ဖြုံသွားတာ”

ခုတော့ အဖြုံတော့ဘူးပေါ့ ဒီလိုလား၊ မင်းမျိုး

စန္ဒီအောင်ကရော အေးအေးဝင်းလို မဟုတ်ဘူးလို့ ပြောလို့ ရမလား”

အောင်မင်း၏ စကားကြောင့် ထိတ်ခနဲ ဖြစ်သွားမိသည်။ ဟုတ်တယ်။သူမကော အေးအေးဝင်းလိုမလှည့်စားပါဘူးလို့ ပြောနိုင်ပါမလား။

ရင်မှာ စိုးရွံ့စိတ်ဖြင့် မွန်းကျပ်လာမိ၏ ။

(၃)

သည်တုန်းကသူရူမဗေဒ ပထမနှစ် ကျောင်းသား ဖြစ်သည်။ လှိုင်နယ်မြေ၊ ထိုစဉ်က အာစီတူးမှာ တက်ရသည်။ ကျောင်းတက်ရင်း သိပ်မကြာခင်မှာ ပင် အေးအေးဝင်းနှင့် တွေ့ သည်။ ခုံနံ ပါတ်ချင်းကပ်နေသဖြင့် လက်တွေ့ အတူတူလုပ်ကြရင်းမှ ရင်းနှီးလာခဲ့သည်။

အသားညိုညို၊ သနပ်ခါးရည်ကျဲလေးနှင့် အမြဲတမ်းရိုးရိုးယဉ်ယဉ်လှသော သူမသည်ဤမျှ အထိရက်စက်စွာ လှည့်စားသော အတတ်ပညာကို တတ်ခဲ့လိမ့်မည် ဟု သူမမျှော်လင့်ခဲ။ သို့ သော် ဘယ်လိုမှ မယုံကြည်နိုင်လောက်အောင်ပင် သူမရက်စက်စွာ လှည့်စားသွားခဲ့သည်။

သည်တုန်းကသူသည် ရင်ခုန်တတ်ခါမနူးမနပ်အရွယ် ဖြစ်သည်။ ပြီးတော့အရူးအမူးစွဲလမ်း တတ်သော အချိန်လည်း ဖြစ်သည်။ နေ့စဉ်တွေ့ မြင်နေကျ သနပ်ခါးအဖွေးသားနှင့် ညိုညက်ညက် မျက်နှာဝိုင်းဝိုင်းလေးတစ်ခုကို ညစဉ်အိမ်မက်ထဲထည့်မက်ရင်း သူအေးအေးဝင်းကိုစွဲလမ်းလာခဲ့ သည်။

လက်ဖက်ရည်ဆိုင် အတူတူထိုင်ရင်းရုပ်ရှင်အတူတူကြည့်ရင်း သူကျောင်းပျက်တဲ့အခါ အေးအေးဝင်းကစာကူပေးရင်း သူဆေးလိပ်သောက်သည့်အခါ `ကိုသက်ဝေနော် ဆေးလိပ် မသောက်ပါနဲ့ဆိုတာ ပြောလို့ကိုမရဘူး´ဟု မကျေမနပ်စကားကိုဆိုရင်း၊ စိတ်ကောက်ရင်း၊ ချော့ရင်း အေးအေးဝင်းအဆောင်သို့ သွားလည်ရင်းသူတို့နှစ် ယောက် ဇတ်လမ်း စခဲ့သည်။

ပျော်လိုက်တာသည်တုန်းက အမှန်တကယ်ပင်သူပျော်ခဲ့သည်။ ဘ၀မှာ ပထမဆုံးအကြိမ် အ ဖြစ်ထားဖူးသော ရည်းစားဦးလေးနှင့် စာသင်နှစ် တစ်နှစ် ကို ပျော်ရွှင်စွာ သူဖြတ်သန်းခဲ့သည်။

စာမေးပွဲကြီးပြီး၍ ကျောင်းပိတ်ချိန်မှာ တော့ အေးအေးဝင်းနှင့် မခွဲချင်ဘဲခွဲခဲ့ရသည်။ နယ်အပြန် ဘူတာလိုက်ပို့ရင်း သံဇကာကွက်ကြားမှ သူမ၏ လက်ကလေးကိုဆုပ်၍ `စာရေး နော် အေး´ဟု တတွတ်တွတ်မှာ ဖြစ်ခဲ့သည်။

`ကိုဝေလဲ အေးကိုမေ့မနေနဲ့နော်၊သတိရလို့ရှိရင် စာထည့်လို့မရတောင်မှ ဘာပဲ ဖြစ် ဖြစ် ရေး ထား အေးပြန်လာတဲ့အခါဖတ်မယ်´

ရထားထွက်သွားတော့ လွတ်ဆွတ်စွာ သူကျန်ရစ်ခဲ့သည်။ ကျောင်းပြန်ဖွင့်မည့် ရက်ကို လက်ချိုးရေတွက်ရင်း ရင်မောစွာ အောက်မေ့တသစွာ စောင့်မျှော်နေခဲ့ရသည်။

`လွမ်းလိုက်တာအေးရယ်´ ဟူသော စာကြောင်းလေး တစ်ကြောင်းတည်းကိုပင် တစ်ရာ့ နှစ် ဆယ်တန်စာအုပ်အပြည့် သူလျှောက်ရေး ခဲ့မိသည်။ ကျောင်းပြန်ဖွင့်တဲ့အခါ အေးအေးဝင်းကို ပြမယ်ပေါ့။ အမှတ်တရပေါ့။ သည်လိုပင်စိတ်ကူးတွေ ယဉ်ခဲ့မိသည်။

သို့ သော်ကျောင်းပြန်ဖွင့်သော အခါ အေးအေးဝင်းပြန်ရောက်မလာခဲ့တော့။ အစ ကတော့ သူ စိတ်ပူခဲ့ရသည်။ ဘာများ ဖြစ်ပါလိမ့်၊ ဘာလို့များ အခုချိန်ထိ ပြန်မလာသေးပါလိမ့်။ စိုးရိမ်ကြောင့်ကြ ဖြစ်ခဲ့ရသည်။ အေးအေးဝင်း၏ နယ်သို့ ပင် လိုက်သွားရန်သူကြိုးစားခဲ့သေးသည်။

သို့ သော်အေးအေးဝင်းနှင့် တစ်မြို့တည်းနေသော သူမ၏ သူငယ်ချင်း သူ့ကိုတားခဲ့သည်။ ဝေးကွာနေသော ချစ်သူအတွက် ပူလောင်ပြင်းပြစွာ ခံစားနေရသော သူ့ကိုအေးအေးအကြောင်း ရှင်းပြခဲ့သည်။ အေးအေးဝင်းကသူ့အပြင် ရည်းစား တစ်ယောက် ရှိသေးသည်ဟု ဆိုသည်။ သူမ၏ အမပင် ဖြစ်သည်။ ထိုရည်းစားရှိလျှက်နှင့် ပင် သူ့ကိုလည်းတစ်ပြိုင်နက်တည်း တွဲ ခဲ့သည်။ ငါးရံ့နှစ် ကောင်ကိုအိုးတစ်လုံးစီးနှင့် ဖမ်းထားခြင်းပေါ့။

သူမနယ်ပြန်သွားတော့ ဟိုရည်းစားနှင့် ပြန်တွေ့ ပြီး လွန်လွန်ကျူးကျူး ဖြစ်သွားကြသည်ဟု ဆိုသည်။ အဆုံးတတ်တော့ ကျောင်းပြန်မတတ်တော့ဘဲ သူမဟုတ်သည့်အခြား ရည်းစားတစ် ယောက် နှင့် အေးအေးဝင်းခိုးရာလိုက်ပြေးသွားခဲ့သည်။ `ရက်စက်လိုက်တာအေးရယ်´ ဟု ကြေကွဲ စကားဆိုရုံမှလွဲ၍ သူဘာမှမတတ်နိုင်ခဲ့။

သူ၏ ပထမဆုံးချစ်သူသည် သူ့နှလုံးသားတွင် ပထမဦးဆုံး ဒဏ်ရာကိုဖန်တီးပေးခဲ့ပါလား ဟူသော ၀မ်းနည်းစိတ်ဖြင့် သူယူကျုံးမရ ဖြစ်ခဲ့ရသည်။ ထိုနေ့မှစ၍ အထူးသဖြင့် နှလုံးသားတွင် အက်တက်တက် ဒဏ်ရာငယ်လေးတစ်ခုကို ပိုင်ဆိုင်လိုက်ရသော ထိုအချိန်မှစ၍ မိန်းကလေး များ ကို လန့်သွားခဲ့သည်။

မိန်မအားလုံးကို ရက်စက်သူအကြင်နာမဲ့သူများ အ ဖြစ် ဦးနှောက်က မသတ်မှတ်သော် လည်း နှလုံးသားကမူ အေးအေးဝင်းလိုမိန်ကလေး တစ်ယောက် တလေနှင့် များ တွေ့ ခဲ့လျှင်ဟူ သော စိုးရိမ်စိတ်ဖြင့် ပူပန်မိခဲ့၏ ။ မိန်းကလေးများ ကို တတ်နိုင်သမျှ ရှောင်ရှား ဖြစ်ခဲ့သည်။ အရော တ၀င်မနေတော့။ မကြည့်တော့၊ စကားမပြောတော့၊ မချစ်တော့ဟုစိတ်ကို ပိုင်းဖြတ်ရင်းအချိန် ကာလများ စွာ ကို ဖြတ်သန်း ဖြစ်ခဲ့၏ ။ သို့သော်ကြာရှည်လေးမြင့်စွာ ဖနှိပ်ချုပ်ချယ်မှု ကို ခေါင်းငုံ့ခံခဲ့ရ သော နှလုံးသားသည် မျိုးစန္ဒီအောင်ဟူသော သူမကိုအတွေ့ မှာ ပင် သူ့ကိုတော် လှန်ပုန်ကန်လာ တော့သည်။

အံ့သြစရာကောင်းလိုက်တာ။ အမြဲတမ်းအမှတ်တမဲ့နေတတ်သော သူ့အကျင့်ကြောင့် တစ်တန်းတည်း ဖြစ်လျှက်နဲ့ သတိမထားခဲ့မိသော သူမသည်အမှတ်တမဲ့နိုင်လှစွာ ပင် သူ့နှလုံးသား ထဲသို့ ၀င်ရောက်လာခဲ့သည်။ စတွေ့ သည့်နေ့မှာ ပင် သူ့ရင်ကိုပြင်းထန်စွာ လှုပ်ရှားစေခဲ့သည်။ သူမ၏ မျက်နှာလေးကို ငေးကြည့်ရင်းသူမ၏ စကားသံချိုချိုကို နားထောင်နေရသည့် အချိန်များ တွင် သူ့ဘ၀တစ်လျှေက်လုံး ဘယ်တုန်းကမျှမရခဲ့ဘူးသော ခံစားမှု တစ်မျိုးကို ခံစားခဲ့ရ သည်။

ကြည်နူးခြင်း၊ ကျေနပ်ဝမ်းသာခြင်း၊ ဒါမမဟုတ်ရင်ခုန်လှုပ်ရှားခြင်း၊ တစ်ခုခုတော့ ဖြစ်မည် ။ ဘယ်လိုပါဟုမည် မည် ရရ အမည် တပ်၍ မရသော ခံစားမှု မျိုး ဖြစ်သည်။ ဒါကိုပင်အချစ်ဟု ခေါ်ကြ ခြင်း ဖြစ်မည်ထင်သည်။ ယင်းသို့ဆိုလျှင် သူမျိုးစန္ဒီအောင်ကို ချစ်နေမိပြီပေါ့။

`မမျိုးစန္ဒီအောင်´

ရုတ်တရက်ခေါ်လိုက်သော အသံကြောင့် သူမလန့်သွား၏ ။ ဘယ်သူပါလိမ့်ဟူသော အံ့သြ ဟန်နှင့် သူမလှည့်ကြည့်၏ ။ သူ့ကိုမြင်တော့မှတ်မိသွားပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော အပြုံး တစ်ခုကိုပြုံးသည်။

`ဘယ်သူများ လဲလို့ လန့်သွားတာပဲ´

ကားထဲမှဖွင့်ထားသည့် ကတ်ဆက်ကိုလှမ်းပိတ်ရင်း ပြော၏ ။ ယာဉ်မောင်းသူဘက် ပြတင်း ပေါက်၏ အပြင်ဘက်တွင် လွယ်အိတ်ကိုပိုက်၍ ခပ်ယို့ယို့လေးရပ်နေသော သူ့ကိုကြည့်ပြီးသူမ ရယ်ချင်နေသလားဟု အားငယ်စိတ် ဖြစ်မိသည်။

`မမျိုးစန္ဒီအောင် အစောကြီးရောက်နေတာပဲ´

`နာရီအကြည့်မှားပြီးအစောကြီး ထွက်လာမိတာလေ၊ ဒီရောက်တော့ လူအရမ်း ရှင်းလွန်းနေ တာနဲ့အတန်းထဲ မ၀င်သေးဘဲကားထဲမှာ ပဲ ထိုင်နေမိတာ´

ယာဉ်မောင်းသူနေရာတွင် ထိုင်နေရာမှအပြင်သို့ထွက်၍ သူနှင့် ယှဉ်ရပ်ရင်း ပြောသည်။

`ကျွန်တော် လဲမနေ့က နေမကောင်း ဖြစ်နေတာနဲ့ ကျောင်းမတတ် ဖြစ်လိုက်ဘူး၊ အဲဒါလွတ် သွားတဲ့စာတွေ ပြန်ကူးချင်လို့ မမျိုးစန္ဒီအောင်များ စာအုပ်ခဏငှားနိုင်မလားလို့´

အမှန်တကယ်မနေ့က သူကျောင်းမတတ် ဖြစ်ခဲ့။ သို့ သော်နေမကောင်း ဖြစ်၍ တော့မဟုတ်၊ အောင်မင်း၏ အကြံဥာဏ်ကြောင့် ဖြစ်သည်။

`ကျောင်းမတက်နဲ့တော့ကွာ၊ ဒါမှနောက်နေ့ကျရင် ကျောင်းပျက်လို့ပါဆိုပြီး မျိုးစန္ဒီအောင် ဆီစာအုပ်သွားငှား´

`ဒီလိုပဲကွ၊ အခြေအနေဆိုတာ တစ်ခါတလေကိုယ်က ဖန်တီးယူရတယ်´

အောင်မင်း၏ စကားသံက နားထဲမှာ ရစ်ဝဲနေသည်။ ငှားမှငှားပါ့မလားဟူသော စိုးရိမ်စိတ်ဖြင့် သူမ၏ မျက်နှာကို ငေးကြည့်နေမိသည်။ သူမကပြုံးယောင်ယောင် မျက်နှာထားဖြင့် စိုက်ကြည့်ရင်း...

`ကျွန်မလဲနေ့က ကျောင်းမတတ် ဖြစ်ဘူး ကိုသက်ဝေ´

ဖြစ်မှ ဖြစ်ရတတ်ပလေဟု ညည်းတွားလိုက်ချင်သည်။ အကြံပေးပုဂ္ဂိုလ်အောင်မင်းကိုလည်း စိတ်ထဲမှာ ကျွိန်ဆဲလိုက်မိသည်။

`ကိုသက်ဝေနေမကောင်း ဖြစ်ပုံက တစ်မျိုးပဲနော်´

`ခင်ဗျာ´

`သြော်--မနေ့ကကိုသက်ဝေကို စမိုင်းထဲကထွက်လာတာတွေ့ လိုက်လို့ပါ။ နေမကောင်း ဖြစ်တဲ့လူကလျှောက်သွားလို့ရတယ်နော်´

သူမ၏ စကားကြောင့် ရှက်သွားမိ၏ ။ တကယ်ဆိုသည်လိုမျိုး ဖြစ်နိုင်တာ စဉ်းစားမိဖို့ကောင်း သည်။

`ဒီလိုပါမမျိုးစန္ဒီအောင်၊ မနေ့ကနည်းနည်း နေမကောင်းချင်သလို ဖြစ်လာတာနဲ့ စမိုင်းမှာ ဖက်လက်ရည်ဝင်သောက်ပြီး အိမ်ပြန်သွားတာလေ´

`သြော် --သြော်´

မျက်ခုံးကိုပင့်၍ အံ့သြဟန်ပြု၏ ။ တကယ်အံ့သြတာရောဟုတ်ရဲ့ လား မျိုး။ ဘယ်ဘက် ကိုပိုက်ပြီး ညာဘက်လက်ကိုထောင်၍ မေးစေ့ချွန်ချွန်လေးကို ကိုင်ထားရင်းခက်နွဲ့နွဲ့ရပ်နေသော သူမကို ငေးကြည့်နေမိသည်။ နီညိုရောင် ရှပ်အကျီကွက်ကျဲနှင့် လုံချည်အရောင် ရင့်ရင့်တို့ကြောင့် သူမ၏ အသားအရေမှာ ပို၍ ၀င်းဝါလာသလိုထင်ရ၏ ။

နှုတ်ဆိတ်စွာ ရပ်နေမိသော်လည်း တစ်ခုခုတော့ပြောမှကောင်းမည် ဟု စဉ်းစားနေမိသည်။ ဘာပြောရင်ကောင်းမလဲ ရုတ်တရက်သူမ၏ စကားသံထွက်ပေါ်လာသည်။

`ကျောင်းဝမှာ ထိုင်နေရာ ကိုသက်ဝေသူငယ်ချင်းမဟုတ်လား´

ကျောင်းဝအုတ်ခုံမှာ ဆောင့်ဆောင့်လေးထိုင်၍ စောင့်နေသော အောင်မင်းကိုသူမ တွေ့ သွားဟန်တူ၏ ။

ဟုတ်ကဲ့ဟုဖြေလိုက်မသည်။

`သနားစရာနော်၊ သူမခမျာထိုင်စောင့်နေရရှာတယ်၊ ကိုသက်ဝေသွားစရာရှိလို့လားဟင်၊ သွားချင်ရင်သွားလေ ကျွန်မလဲအတန်းထဲဝင်တော့မှာ ´

အရိပ်အမြွက်ပြသော စကားဟုနားလည်လိုက်မိသည်။

`သွားစရာမရှိပါဘူး၊ မမျိုးစန္ဒီအောင်နဲ့စကားပြေချင်တာပါ´

ဟုပြန်ပြောလိုက်ချင်သော်လည်း သူနှုတ်ဆွံ့နေမိသည်။

တော် ပြီလေ။သည်လောက်ဆို နားလည်ဖို့ကောင်းပြီပေါ့။ သူမမှသူနဲ့စကားရပ်မပြောချင်ဘဲ။ တကယ်တော့လည်း မိန်းကလေးဆိုတာ သူစိမ်းယောက်ျားလေး တစ်ယောက် နဲ့အကြာကြီး စကား ရပ်ပြောနေလို့ ဘယ်ကောင်းပါ့မလဲ။

သူမအတွက် ငဲ့ညှာသော အတွေးတို့ကို တွေးရင်းစိတ်ဖြေလိုက်မိသည်။

`သွားမယ်နော်´

နှုတ်ဆက်စကားဆိုရင်း ဖြည်းညင်းစွာ လှည့်ထွက်လာမိသည်။

ပညာသားပါပါနှင့် ကျိုးကြောင်းဆီလျော်စွာ ငြင်းဆန်ခြင်း အတတ်ပညာကိုတတ်ကျွမ်း သော နှုတ်ခမ်းတွန့်ကွေး အပြုံးလေးတစ်ခုကို ဖန်တီးရုံမျှနှင့် တစ်ဖက်သား၏ ရင်ထဲမှ ကြိုတင်စီစဉ် လာမှု များ ကို ကထောက်ကမ ဖြစ်စေနိုင်သော ၊ ပြီးတော့စွဲမက်တွယ်ငြိဖွယ် ရင်ခုန်တိမ်းမူးဖွယ် နံဘေးမှဖြည်းဖြည်းလေး လှည့်ထွက်လာမိသည်။

အခန်း(၄)

တိုးဝင်ငြိတွယ်ရန် ကင်းလင့်လာခြင်းတို့ကို ပညာသားပါပါနှင့် ပုတ်ခတ်ငြင်းဆန်းခြင်းခံရပြီး ကတည်းကသူ မျိုးစန္ဒီအောင်ကို သတိထား၍ ရှောင်ခဲ့မိသည်။ အောင်မင်း၏ မြှောက်ပင့် သွေးထိုးခြင်းတို့ကို မသိကျေးကျွန်ပြု၍ ရယ်မောဖယ်ရှားရင် ပုံမှန်အနေအထားအတိုင်း ရောက်အောင်သူကြိုးစားခဲ့သည်။

ညညသက်ပြင်းတွေ ချရင်း မျိုးစန္ဒီအောင်၏ မျက်နှာကို မြင်ယောင်မူးရစ်သည်မှအပ သမာရိုး ကျအနေအထားအတိုင်း သူဟန်ဆောင်နိုင်ခဲ့သည်။

ကျောင်းသို့ တမင်နောက်ကျ၍ သွားပြီး အတန်းလွတ်ချိန်မှာ အောင်မင်း၏ ကားနှင့် စောစီးစွာ ပြန်လျှက် မျိုးစန္ဒီအောင်နှင့် မျက်နှာချင်းမဆိုင်မိအောင် တတ်နိုင်သမျှ ရှောင်ဖယ်ခဲ့သည်။ အောင်မင်းနှင့် စကားပြောတိုင်း သူမအကြောင်းမပါအောင် သတိကြီးစွာ ထား၍ ဆင်ခြင်နေရခြင်း သည် အားအင်မကုန်ခန်းသော်လည်း ပင်ပန်းနွမ်းနယ်လွန်းလှသည်။

ရင်၌ နက်ရှိုင်းစွာ တည်ရှိနေသော သူမကို တမင်မေ့လျော့ထားရခြင်းသည် ကိုယ့်ကိုယ်ကို ပြန်၍ လှည့်စားခြင်း ဖြစ်ရုံသာမက နှလုံးသားကိုပါ ထိခိုက်နာကျင်စေကြောင်း နားလည်မိသော် လည်း ယင်းသည်ပင် အကောင်းဆုံးထွက်ပေါက် ဖြစ်နိုင်သည်ဟု ဆင်ခြင်မိ၏ ။ ဘယ်လိုမှဖမ်းဆုပ် ထိကိုင်ရန် မ ဖြစ်နိုင်သည့် မြင့်မြတ်စွာ မြင့်မားသော အရာကို မျှော်မှန်းမိခြင်းသည် မိုက်မဲသော လုပ်ရပ်တစ်ခုပင် ဖြစ်နိုင်သည်ပဲလေ။

တကယ်တော့ သူစဉ်းစားမိခဲ့ဖို့ကောင်းသည်။ တာဘိုကားနီနီလေးကို ကိုယ်တိုင်မောင်းတဲ့ ခပ်ချောချောကောင်မလေး တစ်ယောက် ဟာ(၁၂)သီးသန့်နဲ့ ကျောင်းတက်တဲ့ သာမန်အလယ် အလတ်တန်းစား ကောင်လေး တစ်ယောက် ကို ဘယ်လိုလုပ်ပြီးတော့များ အထင်ကြီးစိတ်ဝင်စား နိုင်မှာ တဲ့လဲ၊ ဘွဲ့တစ်ခုနဲ့ အသင့်အတင့် ချောင်လည်သည့် အိမ်စီးပွားရေး တစ်ခုခုမှလွဲ၍ အခြားသော ပြောပလောက်စရာ ထူးထူးခြားခြား ဂုဏ်ပုဒ်တစ်မျိုးမျိုးကို မပိုင်ဆိုင်ခဲ့ပါလားဟူသော အသိက အားငယ်စိတ်ကို ဖြစ်စေခဲ့သည်။

`မင်းကွာ၊အစ ကတော့ ကောင်းပြီးကောင်းရက်နဲ့ ခုမှဘယ်လို ဖြစ်သွားရ ပြန်တာလဲ´

သူ့အခြေအနေကို ရိပ်မိသော အောင်မင်းက မချင့်မရဲစကားကို ဆိုသည်။ သည်တုန်းက ဘာမှမ ဖြစ်သေးသည့် ပုံစံမျိုးနှင့် ဟက်ဟက်ပက်ပက်ရယ်မောရင်း---

`ဘာမှမဟုတ်ပါဘူးကွာ၊ ဒီလိုပါပဲ၊ တွေ့ တုန်းခဏစိတ်ဝင်စားမိတာ လောက်ပါ။ ကြာတော့ လဲစိတ် ပြောင်းသွား ပေါ့ကွာ။ ငါ့စိတ်ကသိပ်ငြိမ်တာမှ မဟုတ်တာ´

သညိလိုပင် သူပြန်ပြောခဲ့သည်။ သို့ သော်ရင်ထဲမှာ တော့ စွဲလမ်းတမ်းတစွာ တွယ်ငြိလျှက်ရှိသေးကြောင်း ကိုယ့်ကိုကို သိနေသည်။

`မင်းကွာ၊ ဟုတ်တော့မလိုလိုနဲ့ အဖျားရှူးသွားတယ်

အောင်မင်းကသူ့ အခြေအနေမှန်ကို ရိပ်မိသော်လည်း ဘာမှမမေးဘဲ မကျေနပ်စကား ကသာဆိုခဲ့သည်။ သည်လိုနှင့် ရက်သတ္တပတ်ကျော်ကျော်လောက်ကို တည်ငြိမ်လေဟန်နှင့် ပင်ပန်းခက်ခဲစွာ ဟန်ဆောင်ရင်း ကျောင်းခေတ္တပိတ်သွားခဲ့သည်။ နီးကပ်စွာ ရှိနေသော အချိန်များ ၌ ဝေးလေသယောင် ဟန်ဆောင်နိုင်ခဲ့သော်လည်း တကယ်ဝေးခဲ့သော အချိန်မှာ တော့ နှလုံးသား သည် နီးကပ်စွာ ရှိနေချင်သော ဆန္ဒတို့ဖြင့် ပူလောင်ရပြန်သည်။

အတန်းထဲမှာ တုန်းက ရိုးတိုးရိပ်တိတ်နှင့် တစ်ချက်တစ်ချက်မြင့်ခဲ့ရသော ဆံပင်ရှည်ရှည် လေးများ ဖုံးလွှမ်းနေသည့် သူမ၏ နောက်ကျောပြင်လေးကို သတိတရနှင့် မြင့်ယောင်တမ်းတလာမိ သည်။ တွေ့ မြင့်နေကျ အချိန်များ တွင် တည်ငြိမ်စွာ ကြိုးစား ဟန်ဆောင်နိုင်ခဲ့သော်လည်း မတွေ့  ဖြစ်တော့သည့် ကျောင်းပိတ်ရက်များ မှာ တော့ တင်းထားသမျှကို ဖြေလျော့ချလိုက်သဖြင့် စိတ်သည် ဆောက်တည်ရာမဲ့စွာ လင့်မျောခဲ့၏ ။

တမ်းတတိမ်းမူးလွယ်သော စိတ်ကိုအိမ်အလုပ်ကူလုပ်ရင်း ဂစ်တာတီးရင်း၊ လက်ဖက် ရည်ဆိုင်ထိုင်ရင်း၊ ပျင်းသည့်အချိန်များ တွင် အောင်မင်းရုံးသို့ သွားလည်ရင်းနှင့် ပင် ကြိုးစားဖြေ ဖျောက်ရပြန်သည်။

တကယ်တော့ ထိုအတိုင်းတစ်လတန်သည် နှစ် လတန်သည်ဆက်၍ နေသွားနိုင်လျှင် စွဲလမ်းတမ်းတလွယ်သော စိတ်သ်ညအနည်ထိုင်သွားနိုင်စရာ ရှိသော်လည်း ကံတရားသည်ထိုမျှ အထိအခြေအနေမပေးခဲ့။ တည်ငြိမ်ရင့်ကျက်လုလု နှလုံးသားကိုပျက်ပြား ယိမ်းယိုင်စေသော အကြောင်းတစ်ခုက ပေါ်ပေါက်လာခဲ့သည်။

ဖန်တီးသူ ကတော့ သူ၏ မမျိုးစန္ဒီအောင်ပင် ဖြစ်သည်။

ထိုနေ့က အိမ်မှာ ဘုရားကိုးဆူထပ်ရန် သူတို့မိသားစု မြို့ထဲသို့ သွား၍ ပစ္စည်းဝယ်ကြသည်။ ပထမဆုံးသိမ်ကြီးဈေးမှာ ဆင်း၍ သစ်သီးစုံနှင့် နို့ဆီ သကြားဝယ်ကြသည်။ ၀ယ်ပြီးတော့ အစီအစဉ်က တစ်မျိုး ပြောင်းသွား သည်။ မေမေနှင့် ညီမလေးက မင်္ဂလာဈေးသို့ ထက်သွားချင်သည် ဟု ဆိုလာသည်။ လက်ထဲမှာ လည်း ပစ္စည်းတွေ က တစ်ပွေ့တစ်ပိုက်ကြီး ဖြစ်နေသည်။

`ဒီလိုလုပ်သားရယ်၊ မေမေနဲ့မီးနဲ့ မင်္ဂလာဈေးဆက်သွားလိုက်မယ်၊ သားကအိမ်ပြန်နှင့် ပေါ့၊ မပြန်ခင်ဗိုလ်ချုပ်ဈေးထဲက အန်တီသိမ့်တို့ဆီဝင်ပြီး ဘုရားကိုးဆူဖိတ်စာ ၀င်ပေးလိုက်၊ ဟုတ်လား´

(၂၇)လမ်းထိပ်ရောက်မှာ မေမေတို့က မင်္ဂလာဈေးကားဆက်စီးသွား ကြသည်။ သူ ကတော့ ပစ္စည်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ တစ်ဘက်ခြမ်းသို့ ကူး၍ ဈေးထဲသို့ဝင်သည်။ အသားဖြူဖြူ ဆံပင်ရှည်ရှည်နှင့် ကောင်မလေးတွေ ကို မြင်တော့မျိုးစန္ဒီအောင်ကို ဖျတ်ကနဲသတိရလိုက် မိသေးသည်။

အန်တီသိမ့်တို့ဆိုင်ရောက်တော့ ဖိတ်စာပေးပြီး မေမေမှာ လိုက်သည်များ ကို ပြောပြသည်။ `မောင်သက်ဝေ၊ နေဦးနော်၊ အအေးသောက်သွားဦး´ အန်တီသိမ့်က တားနေသေး၏ ။ `ရပါတယ် အန်တီ၊ကျွန်တော် ၀င်စရာ ရှိသေးလို့´ ဟုပြန်ပြောရင်း အတင်းထွက်လာခဲ့၏ ။

ဆင်းဒ၀တ်လမ်း ကုန်းကျော်တံတားမှ ဖြတ်၍ ယောက် လမ်းထိပ်မှာ ကားသွားစီးမည် ဟူသော အစီအစဉ်ဖြင့် အရှေ့စီရုံနှင့် ဒီရုံကြားမှ ဖြတ်ထွက်လိုက်မိသည်။

ထိုသို့အထွက်မှာ ပင် မျှော်လင့်နေသော သူမနှင့် မမျှော်လင့်စွာ ပက်ပင်းတိုးလေတော့သည်။



ဝန်ဇင်းချစ်သူများ နေနော် ၏ “ အသက်တမျှ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လေပြင်းခြွေတဲ့နွေ

ဆိပ်ကမ်းမဲ့မြစ်

သင်နှင့်တကွ အပေါင်းအပါများ သိသာရန်