
အခန်း (၁)
Don't let the behavior of others
destroy your inner peace.
Dalai Lamn
OPENING
အအေးဆိုင် တစ်ဆိုင်ထဲတွင် ဖြစ်သည်။
အသက် 20 ၀န်းကျင် လူငယ်သုံးယောက် စားပွဲတစ်လုံးတွင် ထိုင်ရင်းရောက်တတ်ရာရာ ၀ါကျ အချို့ကို ပြုံးရွှင်စွာ ပြောဆိုနေကြသည်။
ပြောဆိုဝိုင်းဖွဲ့နေကြသည်ဆိုသော်ငြားလည်း ထိုသူငယ် သုံးယောက် ထဲမှ တစ်ဦးတည်းသော မိန်းကလေးကသာ ထိုစကားဝိုင်းကို ဦးဆောင်စိုးမိုးထားပါသည်။
ယောက်ျားလေးနှစ် ယောက် ကတော့ အအေးပုလင်းကိုယ်စီကို တစ်ငုံစုပ်လိုက် ထိုမိန်းကလေး ပြောဆိုသမျှကို ခေါင်းငုံ့ထောက်ခံပေးလိုက် ၊ မျက်လုံးကလေးပြူးပြီး အံ့သြပြလိုက်နှင့် သာ ရှိနေကြ၏ ။
ပြောဆိုဝိုင်းဖွဲ့နေကြသည်ဆိုသော်ငြားလည်း ထိုလူငယ်သုံးယောက် ထဲမှ တစ်ဦးတည်းသော မိန်းကလေးကသာ ထိုစကားဝိုင်းကို ဦးဆောင်စိုးမိုးထားပါသည်။
ယောက်ျားလေးနှစ် ယောက် ကတော့ အအေးပုလင်းကိုယ်စီကို တစ်ငုံစုပ်လိုက် ထိုမိန်းကလေး ပြောဆိုသမျှကို ခေါင်းငုံ့ထောက်ခံပေးလိုက်၊ မျက်လုံးကလေးပြူးပြီး အံ့သြပြလိုက်နှင့် သာ ရှိနေကြ၏ ။
'နောက်ဆုံးမှာ တော့ အဲဒီ အရိုးပျော့ ရောဂါ သည် ပိုလီယိုသမားလေးက သူ့ရဲ့ ကြိုးစားအားထုတ် မှု ၊ စိတ်ရှည်ဇွဲသန်ပြီး စိတ်ဓာတ်ပြင်းပြမှု တွေ ကြောင့် ဂျိုဆောင်ပြည်ရဲ့ အကောင်းဆုံး၊ အတော် ဆုံး ဓား သမား တစ်ယောက် ဖြစ်လာခဲ့တယ်ဟ…'
'ဟာ…'
'မိုက်တယ်ကွာ..'
ကောင်မလေးရဲ့ စကားအဆုံးမှာ ကောင်လေးနှစ် ယောက် က အထက်ပါအတိုင်း ဟာမိုနီလိုက် ပေးနေ၏ ။ ကောင်မလေးကပြောပြီး အာခြောက်သွားဟန်ဖြင့် စားပွဲပေါ်က အအေးခွက်ကို မက်မက် စက်စက် မော့သောက်ပစ်လိုက်သည်။ ပြီး..သူမ လက်သေးသေးကလေးမှာ အလှဝတ်ဆင်ထားသည့် Fancy နာရီသေးသေးလေးကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး
'အိုး ဆယ်နာရီထိုးတော့မှာ ပါ့လား'ဟု တီးတိုးရွတ်ဆိုနေ၏ ။ နောက် သူမ လွယ်အိတ်သေးသေး လေးအတွင်းမှ တစ်စုံတစ်ခုကို ရှာဖွေနေလေ၏ ။
'မေသူ.. ဆက်ပြောလေဟာ… ဘာတွေ လုပ်နေတာလဲ'
'ဟုတ်တယ်..ဒီမှာ ဇာတ်ရှိန်က တက်နေပြီနော်… မေသူ အစုတ်ပလုတ်မ နင် မညစ်နဲ့.. ဆက်ပြော..အဲဒါနဲ့ဘတ်ဒုံဆိုးက ဘာဆက်လုပ် ဦးမှာ လဲ..'
ကောင်လေးနှစ် ယောက် ၏ ၀ါကျနှစ် ခု အပြီးမှာ တော့ သူမရှာဖွေနေသော ပစ္စည်းက သူမလက် ထဲမှာ အသင့်ရောက်နေချေပြီ။
တခြားတော့မဟုတ်…လက်ကိုင်ဖုန်းတစ်လုံးသာ ဖြစ်သည်။ သူမက အမေးဝါကျတွေ ကို ချက်ချင်း ပြန်မဖြေသေးဘဲ Touch Screen ပေါ်မှ icon တွေ ကို ဟိုပွတ်ဒီပွတ် အရင်လုပ်နေသေး၏ ။ ပြီးမှ…
'သိုင်းသမားဘတ်ဒုံဆိုးဇာတ်လမ်းကို ငါနောက်နေ့မှ ဆက်ပြောမယ်ဟာ.. အခု ဆယ်နာရီထိုး တော့မယ်ဟ' ဟု ဆိုကာ သူမက သူမလွယ်အိတ်သေးသေးထဲကို နောက်တစ်ကြိမ် ဟိုရှာဒီရှာ လုပ်နေ ပြန်ပါသည်။
'မေသူ … နင် မညစ်နဲ့နော်၊ ငါတို့ နင့်ကို အအေးလည်းတိုက်ထားတယ်နော်.. ပြော… ဇာတ်လမ်းကို ဆက်ပြော…'
'ဟုတ်တယ်.. ကောင်းခန်းကိုရောက်နေပြီ ဆက်ပြော..'
သူမက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချပြီး ထိုနှစ် ကောင်သားကို ဘုရှိုးရှိုးလိုက်၏ ။ နောက်.. လွယ်အိတ်ထဲက ear phone (နားကျပ်)လေးကို သူမ ဖုန်းမှာ ချိတ်ဆက်လိုက်ပြီး…
'ညက ငါလည်း အဲဒီ အထိပဲ ကြည့်လိုက်ရတာ ဟ.. မြ၀တီက ပျက်လိုက်.. မီးကပျက်လိုက်နဲ့ ဇာတ်လမ်းက ဟိုရောက်ဒီရောက် ဖြစ်နေတာ၊ နင်တို့ကို ငါမနည်းဆက်စပ်ပြီး ပြောပြနေရတာ ..နေဦး နောက်ရက်မှ လမ်းဘေးခွေဆိုင်တွေ ထဲက အဲဒီ အခွေ ရှာဝယ်ပြီး ကြည့်လိုက်ဦးမယ်
သူမ စကားအဆုံးမှာ နှစ် ကောင်သား မှိုင်သွားကြသည်။ သူမကိုလည်း ပွစိပွစိ လုပ်နေကြပါ သေးသည်။ အကျယ်အကျယ်တော့ မပြောရဲ။
သူမ ကတော့ earphone ကို နားမှ ကျကျနနတပ်ပြီး ဟိုပွတ်ဒီပွတ် လုပ်နေလေ၏ ။ အတော် ကြာတော့မှ တစ်ယောက် က သူမကိုပြောလာ၏ ။
'နေစမ်းပါဦး မေသူရဲ့ … နင်က ဆယ်နာရီမှာ ဘာလုပ်ရမှာ မို့လဲ၊ ဘယ်သူနဲ့ချိန်းထားတာရှိလဲ.. ငါသိသလောက် နင့်မှာ ချိန်းတွေ့ ရမယ့် ရည်စားတွေ ဘာတွေ လည်း မရှိပါဘူး..'
'အေးလေ.. သီချင်းနားထောင်ချင်တာများ အိမ်မှာ နားထောင်လည်း ရရဲ့ သားနဲ့…'
သူမက ဘုမသိ ဘမသိ ၀င်ပြောသည့် ထိုနှစ် ယောက် ကို အထင်သေးသလို တစ်ချက်ကြည့် လိုက်ပြီး…
'ဒီမှာ မသိဘဲနဲ့ ဘာတွေ ပြောနေတာလဲ'ဟု မာဆတ်ဆတ် ပြန်ပြောလိုက်၏ ။
'အေးလေ..မသိလို့မေးနေတာပေါ့.. နင်ရုတ်တရက်ကြီး ဖုန်းတစ်လုံးနဲ့ ဘာတွေ ထအလုပ်ရှုပ် နေတာလဲ'
'ဟုတ်တယ်..'
'FM နားထောင်မလို့..'
'ဟမ်…'
'….'
ရုတ်တရက်မို့ နှစ် ယောက် သား နားမလည် ဖြစ်သွားသွားကြပြီး တစ်ယောက် မျက်နှာတစ် ယောက် ကြည့်လိုက်ကြ၏ ။ ပြီး..သူမကို ပြန်ငေးကြည့်ပြီး ပြိုင်တူဆိုသလို ပြန်မေးလိုက်ကြသည်။
'(ဘာ FM လဲ ??)2'
'Angel FM"
"ဟင်!!"
"…."
သူမ စကားအဆုံးမှာ နှစ် ယောက် သား မျက်မှော င်ကုတ်သွားကြသည်။ တစ်ယောက် မျက်နှာကို တစ်ယောက် လည်း နောက်တစ်ကြိမ်ကြည့်မိကြပြန်ပါသည်။ နောက်.. နှစ် ယောက် သား တီးတိုးရေရွတ် နေကြပြန်၏ ။ မျက်နှာပေါ်မှာ တော့ နားမလည်နိုင်မှု တို့က အထင်းသား။
'အိန်းကျယ်လ် အက်ဖ်အမ်..'
'….'
'ဟုတ်တယ်… အိန်ဂျယ်လ်အက်ဖ်အမ်…'
'ဘာလဲ အိန်ဂျယ်လ်အက်ဖ်အမ်…'
'အိန်ဂျယ်လ်အက်ဖ်အမ်ပါဆိုမှ..နတ်သမီး အက်ဖ်အမ်ပေါ့ဟ…'
သူမက အထက်ပါအတိုင်း ခပ်ရွဲ့ရွဲ့ပြန်ဖြေတော့…
'ဟ..ဒါတော့ ငါတို့မေးတာက အဲဒါက ဘာ FM လိုင်းလဲလို့မေးတာ'
အမေးစကားအဆုံးမှာ သူမက ထိုနှစ် ယောက် မျက်နှာကို စေ့စေ့ကြည့်ပြီး..
'နင်တို့ ငါ့ကို နောက်နေတာလား'ဟု မေးလိုက်၏ ။
'ငါတို့က နင့်ကို ဘာနောက်ရမှာ လဲဟ'
'အေးလေ..မေသူ နင် ဒီနေ့ဘာ ဖြစ်နေတာလဲ၊ နင့်ပါးစပ်က ထွက်ကျလာသမျှစကားတွေ က အထူးအဆန်းတွေ ချည်းပါလား'
သူမက ကောင်လေးနှစ် ယောက် မျက်နှာကို အသေအချာတစ်လှည့်စီကြည့်၏ ။ (မသိရင်..သူခိုး နှစ် ယောက် ကို ရိုက်စစ်နေသလို အထာမျိုး) မသင်္ကာစရာ မတွေ့ ရ။
'ဟဲ့..နင်တို့တွေ တကယ်ပဲ Angle FM ကို မသိကြဘူးပေါ့'
'အင်း'
'အေး'
နှစ် ယောက် စလုံးက ရုပ်ရောအသံပါ အဖြေပေးတော့ သူမက ခေါင်းတရမ်းရမ်းနှင့် ။
'နင်တို့တွေ ခေတ်လူငယ်တွေ ဖြစ်ပြီး တော် တော် တုံးကြတာပဲ'ဟု ဆရာမ ကြီးအထာနှင့် ပြော၏ ။
'နင်ပြောလည်း ခံရုံပဲ .. ငါတို့တကယ် Angle FM ကိုမသိဘူး'
'ဒီလောက် နာမည် ကြီးနေတဲ့ FM ကိုတောင် မသိကြတာတော့ ငါတကယ်အံ့သြတယ်'
'ကဲပါ မေသူရာ.. ပြောမှာ သာ ပြောစမ်းပါ။ အဲဒီ FM က ဘာလဲ။ ဘယ်လိုမျိုးလဲ..'
'Angel FM က အသစ်တော့ အသစ်ဟ.. ဒီနှစ် ထဲမှ စလွှင့်တာ၊ ဒါပေမဲ့ အချိန်တိုလေး အတွင်းမှာ အရမ်းနာမည် ကြီးပြီး အရမ်းအောင်မြင်လာတာ… အထူးသဖြင့် လူငယ်တွေ ကြားမှာ ဒီ FM က ပိုရေပန်းစားတယ်'
နှစ် ယောက် သား သူမပြောသမျှကို စိတ်ဝင်တစား နားထောင်နေကြပြီး..
'ဒီ FM က ဘာတွေ ရေပန်းစားပြီး ဘာတွေ နာမည် ကြီးပြီး ဘာတွေ ရေပန်းစားလဲဆိုတော့ဟာ Story ကဏ္ဍဟ..'
'ပုံပြင်လား'
'အေး.. တခြားအစီအစဉ်တွေ ကတော့ တခြား FM တွေ လိုပါပဲ.. အဲဒီ အထဲမှာ လူအကြိုက် အများ ဆုံးနဲ့ အအောင်မြင်ဆုံး ကတော့ Angel FM ရဲ့ အထူးကဏ္ဍ ဖြစ်တဲ့ Story FM အစီအစဉ်ပဲ..'
'ပုံပြင် နားထောင်ချင်တာများ မေသူရာ .. စာအုပ်တွေ …'
'နင်.. ဘာမှ ဂဃနဏ မသိသေးဘဲ ဖြတ်မပြောနဲ့…'
စကားမဆုံးသေးခင် သူမက ပိတ်ပြောလိုက်သည်ကြောင့် နှစ် ယောက် သား တိတ်သွားကြ သည်။
ပြီးမှ သူမက ဆက်ပြောပြ၏ ။
'ပုံပြင်ဆိုပေမယ့် နင်တို့ငါတို့ ကြားဖူးနေကျ အပေါစားပုံပြင်တွေ လိုမျိုး မဟုတ်ဘူးဟ… အချစ် ပုံပြင် ထူးထူးဆန်းဆန်းလေးတွေ ..လုံးဝ Own Story အသစ်တွေ ချည်းပဲ…. ပုံပြင်ထဲက ဒိုင်ယာလော့ တွေ ကလည်း အမိုက်စားတွေ … ပြီးတော့ သင်ခန်းယူစာရတွေ လည်းပါတယ်…တွေးခေါ်စရာတွေ လည်း ပါတယ်.. နောက်ပြီး တစ်ပတ်ကိုတစ်ခါ ထူးထူးခြားခြား နတ်သမီးပုံပြင်လေးတွေ လည်း လွှင့်သေးတယ်။ နတ်သမီး အချစ်ဇာတ်လမ်းလေးတွေ ပေါ့။ ဒီနေ့က နတ်သမီးပုံပြင်အသစ် လွှင့်မယ့်နေ့လေ…'
'သြော်..အဲဒါကြောင့် နင်က Handset နဲ့ FM နားထောင်တော့မယ်ဆိုပါတော့…'
'Right! … ဒါက ငါ့ခရေစီတစ်ခုပဲလေ….'
သူမက မချိုမချဉ်ပြောတော့ နှစ် ယောက် သား ခေါင်းတညိတ်ညိတ် လုပ်နေကြ၏ ။ သူမက..
'အထင်တော့ မသေးနဲ့နော်.. အဲဒီ FM ကလွှင့်တဲ့ Story တွေ ကို ရုပ်ရှင်ထုတ်လုပ်ရေး တစ်ခုက အကုန်ဝယ်ပြီး Series လိုက် ဗီဒီယိုရိုက်တော့မှာ တဲ့နော်. .နင်တို့လည်း တစ်ခါလောက် နားထောင်ကြည့်လိုက်ဦး၊ စွဲသွားစေရမယ်… အဲဒီ ပုံပြင်ပြောတဲ့လူရဲ့ အသံကလည်း အရမ်းစွဲဆောင်မှု ရှိတယ်။ ပုံပြောသူ တစ်ယောက် မှာ ရှိသင့်တဲ့ အရည်အချင်းအပြည့်ရှိတယ်။ ငါတောင် အဲဒီ အသံလေးကု ကြွေနေတာ..'
' ရောဂါ .. ရောဂါ ..'
သူမက နားကျပ်ကလေးကို အသေအချာတပ်ပြီး Screen ပေါ်ကလိုင်းတွေ ကို ဟိုရွှေ့ဒီရွှေ့ လုပ်ပြီး ရှာနေ၏ ။ ခဏနေတော့..
'အယ်..လာတော့မယ်.. ဒီကြော်ငြာတွေ ပြီးရင် Story FM လာတော့မှာ .. နင်တို့ရော နားထောင်ကြည့်ပါလား၊ အပေါစားဇာတ်လမ်းတွေ ကို တခမ်းတနား ရုံတင်ပြနေတဲ့ ဇာတ်ကားတွေ ကို အချိန်ကုန်ငွေကုန်ခံပြီး ကြည့်နေမယ့်အစားတော့ ဒီ FM က ပုံပြင်လေးတွေ ကိုပဲ နားထောင်ခံစားတာ ကမှ အကျိုးရှိပါဦးမယ်..'
'ဟုတ်ပါပြီ မေသူရာ..'
'Speaker ဖွင့်လိုက်လေဟာ.. ငါတို့လည်း နားထောင်လို့ရအောင်'
'အဟီး… ဟုတ်သားပဲ … ငါဖွင့်ပြီးပြီ မှတ်နေတာ…'
သူမက စပီကာဖွင့်ပေးပြီး Handset လေးကို စားပွဲပေါ်သို့ တင်ပေးလိုက် ၏ ။
'အားလုံးပဲ မင်္ဂလာပါခင်ဗျာ ×××× Angel FM ရဲ့ Story FM အစီအစဉ်လေးကနေ နှုတ်ခွန်း ဆက်သလိုက်ပါတယ် ××× ဒီနေ့မှာ တော့ နတ်သမီးပုံပြင်အသစ်တစ်ပုဒ်ကို ထုတ်လွှင့်ပေးမှာ ဖြစ်ပါ တယ်ဗျာ…'
'….'
'….'
လူငယ်လေး သုံးယောက် တို့သည် FM လိုင်းတစ်ခု၏ သိမ်းသွင်းမှု အောက်တွင် ပိရိသေသပ်စွာ စီးမျောသွားကြပြီ ဖြစ်လေတော့၏ ။
'နောက်ဆုံး အဲဒီ ဥစ္စာစောင့်မလေးက ဘာ ဖြစ်သွားလဲ လင်းခက်'
အဒေါ် ဖြစ်သူ ဒေါ်ပွင့်ခက်ရဲ့ စကားအဆုံးမှာ တူ ဖြစ်သူ လင်းခက်က ညစ်ကျယ်ကျယ် တစ်ချက် ပြုံးပြီး…
'အန်တီပဲ..နားမထောင်ချင်ပါဘူးဆို.. ခု ဘယ်လို ဖြစ်ရတာ လဲအန်တီရဲ့ ..'
'နင်ပဲ ရွာတစ်ရွာမှာ တကယ် ဖြစ်ခဲ့တဲ့ ဇာတ်လမ်းဆို..'
'ဟုတ်တယ်လေ..'
'အေးလေ..အဲဒီ တော့ ငါလည်းနားထောင်ရင်း နားထောင်ရင်းနဲ့ ဇာတ်လမ်းလေးကို စိတ်ဝင် စားလာတာပေါ့ဟ.. ခုမှ နင် ညစ်ပတ်မနေနဲ့။ လင်းခက်.. ဆုံးအောင် ဆက်ပြောပြ..'
အဒေါ် ဖြစ်သူက ဖောင်းမို့နေသော ပါးစောင်ကြီးတွေ ကို နှုတ်ခမ်းစူပြီး ပြောပြနေသည်ကြောင့် ပစ်တိုင်းထောင်အရုပ်နှင့် ပင် တူနေသေး၏ ။
လင်းခက်က အဒေါ် ဖြစ်သူမျက်နှာကို တစ်ချက်ကြည့်ပြီး သဘောတကျရယ်နေလိုက်သေး သည်။ ပြီးမှ….
'ဟုတ်ပါပြီ အန်တီရယ်.. အဲဒီ ဥစ္စာစောင့်မလေးက နောက်ဆုံးကျတော့ သူ့သိုက်နန်ညးက ဘိုးဘိုးကြီးက လူ့လောကနဲ့ မအပ်စပ်ဘူးဆိုပြီး ပြန်ခေါ်သွားတာပေါ့ အန်တီရာ..'
'ဟယ်..ဒါဆိုရင်တော့ ကောင်လေး သနားပါတယ်နော်'
ဒေါ်ပွင့်ခက် မျက်နှာက ချက်ချင်း ဆိုသလို ညှိုးကျသွားသည်။ မကြာခင်မှာ ဒေါ်ပွင့်ခက် မျက်ရည်တွေ စီးကျလာတော့မည် ကို ရိပ်မိသည့် လင်းခက်က ချက်ချင်း သူ့ဇာတ်လမ်းအကြောင်းကို ၀န်ခံပစ်လိုက်ရ၏ ။
'ကဲ..ထားလိုက်ပါတော့ အန်တီရယ်. .အဲဒီ ဇာတ်လမ်းက ဘာ ဖြစ်ရပ်မှန်မှ မဟုတ်ပါဘူးဗျာ.. ကျွန်တော် FM မှာ အသစ်လွှင့်မယ့် ကျွန်တော့် ရဲ့ စိတ်ကူးယဉ် ပုံပြင်အသစ်လေးပါ.. အရမ်းကြီး ခံစား မနေနဲ့ဦး…'
'ဟင်.. ဒါဆို ဒီတစ်ခါလည်း ငါ အညာခံထိပြန်ပြီပေါ့ ဟုတ်လား လင်းခက်..'
လင်းခက်က စပ်ဖြဲဖြဲနှင့် ခေါင်းညိတ်ပြတော့ ဒေါ်ပွင့်ခက်က သူ့ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြိးကို မနည်းအားယူထပြီး လင်းခက်ကို ထုရန် ထလာ၏ ။
သဘောပေါက်လွယ်သည့် လင်းခက်ကလည်း ချက်ချင်း ထပြေးသည်။
'နင်မပြေးနဲ့ လင်းခက်.. ငါ့မှာ တော့ အဟုတ်မှတ်လို့ ဆိုင်သွားမယ့်ဟာတောင် နောက်ကျခံပြီး နားထောင်ပေးနေရတာ .. နင် မိလို့ ကတော့ အသေပဲ'
'ဒါ ကတော့ အန်တီလေး နားထောင်နေလို့ ပြောပြနေတာပဲလေ'
'ဟုတ်ပါတယ် ငါ့အမှားပါ… ငါကိုယ်က အမှတ်မရှိတာ၊ နင် လုပ်ကြံပြောသမျှ ပုံပြင်ဇာတ်လမ်း တွေ ကို နားထောင်ပြီး ယုံယုံသွားတာကိုက ငါ့အပြစ်'
'အဟဲ.. ဒါ ကတော့ ကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲလေ အန်တီရဲ့ …'
သူရယ်ကြဲကြဲနဲ့ပြန်ဖြေတော့ ဒေါ်ပွင့်ခက်က နာရီကိုတစ်ချက်ကြည့်ပြီး..
'ကဲကဲ..ငါလည်း ဆိုင်ကိုသွားတော့မယ်။ အတော် တောင် နောက်ကျနေပြီ.. ဒီနေ့ ပစ္စည်းသစ် တွေ ရောက်ဖို့ရှိသေးတယ်။'ဟုဆိုကာ သွားဖို့ ပြင်နေလေ၏ ။ ဒါကို လင်းခက်က နောက် ဖြစ်အောင် နောက်လိုက်ပါသေးသည်။
'အန်တီ.. ကျွန်တော့် မှာ နတ်သမီးလေးနဲ့ကောင်လေး တစ်ယောက် တို့ ချစ်ကြတဲ့ ဇာတ်လမ်း တစ်ပုဒ် ရှိသေးတယ်..နားထောင်ပါဦးဗျ'
'တော် တော် ..'
'ဒါလည်း တကယ့် ဖြစ်ရပ်မှန်ပဲနော်..'
သည်တစ်ခါတော့ ဒေါ်ပွင့်ခက်က မဲ့ရွဲ့ပြကာ..
'ဒီမယ်.. ကိုယ့်ဘာသာပဲ ပြောပြပြီး ကိုယ့်ဘာသာပဲ နားထောင်နေတော့ ဟုတ်ပြီလား.. တစ်ခုတော့ ရှိတယ်နော်.. ဂေါက်သွားရင်တော့ အန်တီက အရူးထောင်သွားပို့မှာ နော်.. ဟုဆိုကာ သူ့ခန္ဓာကိုယ်အကြီးအစားကြီးနှင့် အိပဲ့အိပဲ့လှုပ်ကာ ထွက်ခွာသွားလေတော့၏ ။
လင်းခက် ကတော့ အဒေါ် ဖြစ်သူ ပြောပုံကိုနားထောင်ကာ သဘောတကျပြုံးရင်း ကျန်နေခဲ့လေ တော့သည်။
Stereo ခန်းတစ်ခန်းထဲတွင် ဖြစ်သည်။ ပို၍ တိတိကျကျဆိုရပါသော ယနေ့ နာမည် အတော် ရ နေသော Angel FM ၏ စတီရီယို အခန်းတစ်ခန်းထဲတွင် ဖြစ်သည်။
လူငယ် ငါးယောက် တို့သည် မိမိတို့ဦးစီးတည်ထောင်ထားသော Angel FM ၏ လုပ်ငန်းစဉ်များ နှင့် တင်ဆက်မှု Program များ အကြောင်းကို ပုံမှန်ဆွေးနွေးနေကြလေ၏ တစ်ပတ်တစ်ခါ ပုံမှန်ပြုလုပ် နေကြ အသေးစား Meeting လေးတစ်ခုလည်း ဖြစ်သည်။
'ကြော်ငြာ အပိုင်း ကတော့ အားရစရာကောင်းတယ်.. နောက်ထပ် ဆေးကုမ္ပဏီငါးခုက ကမ်းလှမ်းထားတယ်ဟ…'
Angel FM ၏ ကြော်ငြာအပိုင်းကို တာဝန်ယူထားသော မေဇင်လင်းက ၀မ်းသာအားရ တင်ပြ တော့ Program စီမံမှု အပိုင်းကို တာဝန်ယူထားသော ဇူလိုင်ဖြိုးက..
'အမယ် ဟုတ်လှချည်လား.. ငါတော့ အစီအစဉ်တစ်ခု ထပ်တိုးရတော့မယ်ထင်တယ်နော်'ဟု ဆိုလာသဖြင့် အားလုံးက စိတ်ဝင်တစား ပြိုင်တူဆိုသလို ပြန်မေးလာကြ၏ ။
'ဘာအစီအစဉ်လဲ ဇူလိုင်ရဲ့ …'
'ကြော်ငြာတာဝန်ခံ မေဇင်လင်းနှင့် တွေ့ ဆုံမေးမြန်းခြင်းဆိုတဲ့ အစီအစဉ်လေ…'
သို့ မှ တည်ပေါက် နောက်နေသည့် ဇူလိုင်ဖြိုးစကားကို အားလုံးသဘောပေါက်သွားကြသည်။ မေဇင်လင်း ကတော့ အသံထွက် မေတ္တာပို့နေ၏ ။
'မသာမ.. ငါက အကောင်းမှတ်လို့ နားထောင်နေတာ..လာနောက်နေသေးတယ်'
'အေးဟာ..ငါ ကတော့ ဘာပဲ ဖြစ် ဖြစ် ကျေနပ်တယ်၊ ၀မ်းသာတယ်'
ရုတ်တရက်ကြီး ၀င်ပြောလာသည့် လင်းလင်းထိုက်စကားကြောင့် အားလုံး န၀တိမ်တောင် ပြန် ဖြစ်သွား၏ ။ လင်းထင်းထိုက်က အုပ်ချုပ်မှု အပိုင်းကို တာဝန်ယူထားသူလည်း ဖြစ်သည်။
'ဘာလဲဟာ.. လင်းလင်းထိုက်ရ..'
'အေးလေ.. တစ်ယောက် တည်း ဘာတွေ ကျေနပ်ပြီး အာတွေ ၀မ်းသာနေတာလဲဟ…'
ထုံစံအတိုင်း မျက်ခုံးကြီးများ ကိုတွန့်ပြီး လင်းလင်းထိုက် အမည် ပေါက်ပုဂ္ဂိုလ်က ဆိုလာပါ သည်။
'ဒီလိုလေကွာ.. ငါတို့သူငယ်ချင်း ငါးယောက် တက်ညီလက်ညီနဲ့ လုပ်လိုက်တဲ့ FM လေးက မထင်မှတ်ဘဲ အရမ်းအောင်မြင်ကျော်ကြားလာတာကို ပြောတာဟ..'
'သြော်.. ဒါ ကတော့ ကြိုးစားမှု ရဲ့ အကျိုးရလာဒ်ပေါ့ဟ..'
'အထူးသဖြင့် လူငယ်ပရိသတ်တွေ ရဲ့ စိတ်ဝင်စားမှု ကို ရလိုက်တာဟာ ဘုရားပေးတဲ့ ဆုလာဒ် တစ်ခုပဲ…'
အထက်ပါအတိုင်း သက်စိုးဦးက ၀င်ထောက်တော့ အားလုံးက သဘောတူညီစွာ ခေါင်းညိတ် အသိမှတ်ပြုပေးကြသည်။ သက်စိုးဦးက FM အတွက် သတင်းတင်ပြမှု အပိုင်းကို တာဝန်ယူထားသူ လည်း ဖြစ်၏ ။ ဇူလိုင်ဖြိုးက..
'လူငယ်ပရိသတ်တွေ ကို အဓိကဆွဲဆောင်နိုင်တာ ကတော့ လင်းခက်ရဲ့ ကျေးဇူးပဲ…'ဟု ဆိုတော့ အားလုံးက ထောက်ခံကြသည်။
'ဟုတ်တယ်..လင်းခက်ရဲ့ Story FM ကဏ္ဍက အတော် ထိရောက်တယ်ဟ'
'ဟဲ့..လင်းခက်..'
'….'
'ဟိတ်ကောင်..'
အားလုံးက သူ့ကို ချီးမွမ်းခန်းဖွင့်နေတာတောင် လင်းခက်အမည် ပေါက် ဆရာသမားက အင်းမလုပ် အဲမလုပ်နှင့် ငြိမ်သက်နေ၏ ။ အာရုံက ဘယ်ရောက်နေသည်မသိ။ သူတို့ပြောဆိုဆွေးနွေး သမျှကိုလည်း ကြားဟန်မတူချေ။
'လင်းခက်.. ဟိတ်ကောင်..ဘာ ဖြစ်နေတာလဲ'
အနားနီးသည့် သက်စိုးဦးက သူ့လက်မောင်းကို လှုပ်ပြီးမေးတော့မှ ပစ္စုပ္ပန်တည့်တည့်ကို ပြန် ရောက်လာပုံရသည်။ အိပ်မက်ယောင်သူ တစ်ယောက် ၏ တုံ့ပြန်မှု နှင့် ပင် တူနေသေးတော့သည်။
'သြော်..အင်း..ဘာလဲ..'
သူ့တုံ့ပြန်မှု ကို အားလုံးက စိတ်ပျက်သလို ခေါင်းရမ်းကြည့်နေကြ၏ ။ တစ်ခါတစ်ရံတွင် လင်းခက်ပုံစံသည် အတော် နားလည်ရခက်၏ ။ ယခုလို တစ်ယောက် တည်း ငြိမ်သက်နေသည်များ ရှိ သလို သိပ်ကိုတက်ကြွပြီး အရမ်းစကားများ တတ်သည့် အချိန်အခါများ လည်းရှိ၏ ။ ဆိုက်ကိုတစ်မျိုးဟု သာ ဆိုကြပါစို့။
စိတ်တူကိုယ်တူ သူငယ်ချင်းတွေ လည်း ဖြစ်၊ အထက်တန်းကတည်းက ကျောင်းပြီးသည်အထိ မခွဲအတူ တွဲ လာကြသည့် သူငယ်ချင်းတွေ လည်း ဖြစ်သည်ကြောင့် အားလုံးက တစ်ယောက် အကြောင်း တစ်ယောက် သိပြီးသားမို့ အထူးအထွေတော့ ပြဿနာမရှိ။
'ငါ့ကို ဘာပြူးပြီး ၀ိုင်းကြည့်နေတာလဲ.. ပြောလေ ဘာလဲ?"
" ဟဲ့.. ပြူးကြည့်ကြမှာ ပေါ့.. ဒီအခန်းလေးထဲမှာ ရှိနေတာတောင် ခေါ်မကြား အော်မကြားနဲ့ တကယ်တည်း..'
မေဇင်လင်းက အထက်ပါအတိုင်းပြောမှ သူအနည်းငယ် သဘောပေါက်သွားပြီး ပြုံးဖြီးဖြီးလေး ဖြစ်လာသည်။
'အယ်.. ဆောရီးပဲ.. ငါ့ပုံပြင်အစ်ကို တွေးနေတာနဲ့ မကြားလိုက်တာ..ပြန်ပြောပြလေ..ဘာလဲ..'
'ငါတို့ FM လေး တရှိန်ထိုးနဲ့အောင်မြင်လာတာ မင်းရဲ့ ပုံပြင်ကဏ္ဍကြောင့် လို့ ပြောနေကြတာ'
'ဟာ… ဒီလောက်ကြီးလဲ မဟုတ်ပါဘူးကွာ၊ အားလုံးတက်ညီလက်ညီနဲ့ ကြိုးစားကြလို့ပါ.. ငါ တစ်ယောက် တည်းနဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ'
သူ့ချေပမှု က မှန်နေသည်ကြောင့် မည် သူမျှ အတွန့်ဆက်မတက်တော့ဘဲ အလုပ်စကားကိုပဲ ဆက်ပြော ဖြစ်ကြသည်။
'ဒါနဲ့ ..လင်းခက်..မနက်ဖြန် 10 နာရီ မင်း နတ်သမီးပုံပြင်အသစ်လွှင့်ရမှာ နော်…'
'အေး.. အဲဒီ အတွက်လဲ အခု ငါတွေးရင်းနဲ့ ဈာန်ဝင်သွားတာ ရပါပြီ.. ပုံပြင်လေးက ချစ်စရာ လေး…'
'တွေးလည်းတွေးပေါ့ကွာ.. တော် ကြာ တွေးရင်းနဲ့ လူကိုယ်တိုင်လည်း ပုံပြင်ထဲရောက်သွားဦး မယ်'
သက်စိုးဦးက ခပ်နောက်နောက်ကလေး ၀င်ပြောတော့ အားလုံးရယ် ဖြစ်ကြသည်။
'ပုံပြင်ထဲရောက်သွားတော့လည်း ကောင်းတာပေါ့ကွာ..နိုင်ငံခြားကားတွေ ထဲက Jumper တွေ လို နေရာစုံရောက်ဖူးတော့ မိုက်တာပေါ့'
သူက အထက်ပါအတိုင်း ဖြေပြီးချိန်မှာ တော့ လင်းလင်းထိုက်က သက်စိုးဦးကို မေးလိုက်၏ ။
'ဒါနဲ့ ငသက်.. မနေ့က Facebook မှာ နာမည် ကြီးနေတဲ့ MIss မိုးစက်ဝိုင်နဲ့ စာရေး ဆရာ မိုးစက်ဝိုင် နာမည် တူနေတဲ့ကိစ္စကိုပါ ထည့်မေးလိုက်တယ်'
'အေးလေ ကောင်းပါတယ်.. ငါက စိတ်ပူလို့မေးကြည့်တာပါ။ အဲဒီ စာရေး ဆရာက မေးရမြန်းရ အတော် ဂွကျလို့ မင်းနဲ့ အင်တာဗျူး ကိစ္စကို စိုးရိမ်နေတာ.. သူက ကောင်မလေးငယ်ငယ်ချောချော လေးတွေ view မှ အဆင်ပြေတာလေ..'
'အေးဆေးပေါ့ကွာ… ငသက်က ပိုင်မှကိုင်တာပါ… ဒီမှာ ကြည့်လေ… ဒီလထုတ် Angel Magizine အသစ်တောင် ငါ့ကိုလက်မှတ်ထိုးပြီး လက်ဆောင်ပေးသွားသေးတယ်'
သက်စိုးဦးက ခုံပေါ်မှ Quality magazine ထူကြီးတစ်အုပ်ကိုပါ ထောင်ပြတော့ ဘာရယ် မဟုတ် သူငေးကြည့်လိုက်မိသည်။
သူသူငါငါ မြင်ဖူးနေကျ Quality magazine တစ်အုပ်သာ ဖြစ်သည်။ Angel Magzine ၏ မူ အတိုင်း မျက်နှာဖုံးမှာ တက်သစ်စ မော်ဒယ်လ်ကောင်မလေး တစ်ယောက် ကို ချစ်စရာနတ်သမီးတစ်ပါး အသွင်နှင့် ပုံနှိပ်ဖော်ပြထားသည်။
အထူးချုပ်လုပ်ထားပုံရသည့် အဖြူရောင် ဂါဝန်ရှည်လေးကို နောက်ကျောဘက်မှာ အတောင်ပံ နှစ် ခုကိုပါ တပ်ဆင်ထားသည်ကြောင့် ပုံစံလေးက တစ်မျိုးဆန်းနေပါသည်။ ချောချော မော်ဒယ်လ်မလေးနှင့် လည်း အထူးလိုက်ဖက်လွန်းနေ၏ ။
'ငသက်…ငါ့ကို စာအုပ်ခဏပေးစမ်းပါ'
'ရော့လေ'
သူ စာအုပ်မျက်နှာဖုံးမှ ပုံလေးကို အနီးကပ်အသေအချာစိုက်ကြည့်နေမိသည်။ ရင်ထဲမှာ လည်း ကြည့်ရင်း ကြည့်ရင်းနှင့် စိမ့်ခနဲ အေးခနဲ ခံစားလိုက်ရ၏ ။
ဟင်..ဘာ ဖြစ်တာလဲဟ။
ထိုခံစားချက်ကို သူကိုယ်တိုင်လည်း ခေါင်းစဉ်မပေးတတ်ပါ။ အခန်းလေးအတွင်းရှိ Aircon ပယောဂဟုပင် အလွယ်သတ်မှတ်ထားလိုက်မိ၏ ။
'ဘာလဲဟ…မော်ဒယ်မလေးကို ခိုက်သွားတာလား'ဟု မေဇင်လင်းကမေးတော့ သူပြန်မဖြေ ဖြစ်။ အစပ်အဟပ်မတည့်သည့် ၀ါကျတစ်ခုကိုသာ ထွက်ကျသွားစေခဲ့သည်။
'ငသက်..ငါ့ကို ဒီစာအုပ်ငှားပါလား'
ရုတ်တရက် သက်စိုးဦးလည်း ယောင်နနနှင့် ပင် ပြန်ဖြေ ဖြစ်၏ ။
'သြော်..အေး ရတယ်လေ.. ယူ သွားပါ..'
'ဒီနေ့ meeting က ဒီလောက်ပဲမို့လား'
ဒီတစ်ခါတော့ လင်းလင်းထိုက်က ၀င်ဖြေလိုက်၏ ။
'အေး..ဘာ ဖြစ်လို့လဲ လင်းခက်..'
'ဘာမှမ ဖြစ်ပါဘူး.. Meeting ပြီးရင် ငါသွားတော့မယ်'
'အင်း..'
အဖြေစကားပင် မဆုံးသေး လင်းခက် တစ်ယောက် တံခါးဝကိုပင် ရောက်သွားပြီ ဖြစ်သည်။ လက်ထဲမှာ တော့ Angel Magzine လေးက အခန့်သား
အားလုံး ကတော့ လင်းခက်ပုံစံကိုကြည့်ပြီး ကြောင်စီစီနှင့် ကျန်ခဲ့ပြီး တစ်ယောက် မျက်နှာတစ် ယောက် ကိုသာ ငေးမောအဖြေရှာလျက်…။
ကမ္ဘာတစ်ဖက်က လိပ်ပြာလေး တစ်ကောင်ရဲ့
အတောင်ပံ တစ်ချက် ခတ်သံကြောင့်
ကမ္ဘာတစ်ဖက်မှာ ကြီးကျယ်ခမ်းနားတဲ့
လေမုန်တိုင်းတွေ ဖြစ်မလာနိုင်ဘူးလို့
ဘယ်သူတွေ အတည်ပြုဝံ့ပါသလဲ…
ည …
ညသည် အေးချမ်းတိတ်ဆိတ်နေ၏ ။ သို့ သော်.. လမ်းမဘက်မှ ပြန့်လွင့်လာတတ်သော ကားဟွန်းသံများ နှင့် ဂျစ်ပစီဆန်သော လူငယ်အချို့၏ ဟီးဟီးဟားဟားရယ်မောသံများ ၊ သီချင်းအော် ဆိုသံများ ကိုတော့ ရံဖန်ရံခါဆိုသလို ကြားနေရ၏ ။
အဘယ့်ကြောင့် ဆိုသော် ယနေ့ညသည် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့ မြတ်/ညထူးညမြတ် ဖြစ်လေ၏ ။ ဆေးပေါင်းခတဲ့ည သူခိုးကြီးများ ညဟု နာမည် ကျော်ကြားသော တန်ဆောင်မုန်းလပြည့်ညပင် ဖြစ်သည်။
ထိုညတွင် ကြယ်တာယာနက္ခတ်တို့ အစုံအလင် ထွက်ပေါ်သည်ဟုလည်း ဆိုကြ၏ ။ အန်တီပွင့် ကတော့ အစောက ဆေးပေါင်းခတဲ့ မဲဇလီဖူးသုပ်ဟုဆိုကာ အတင်းစားခိုင်းသဖြင့် တစ်ဇွန်းနှစ် ဇွန်း ကျေနပ်အောင် စားပြခဲ့ရသည်။ အနာမျိုး 96 ပါး ပျောက်ကင်းသည်ဟုလည်း ပြောလိုက်ပါသေးသည်။
ရန်ကုန်မြို့၏ အထင်ကရနေရာများ ကတော့ ဘာရှိုးပွဲ ညာရှိုးပွဲတွေ နှင့် ဆူညံပွက်လောရိုက်နေ လောက်ချေပြီ။ သို့ သော်.. သူ့အခန်းလေးအတွင်းရှိ တန်ဆောင်မုန်းလပြည့်ညလေး ကတော့ အေးဆေး တိတ်ဆိတ်နေတာ သေချာလွန်းလှပါ၏ ။
လင်းခတ်သည် ကော်ဖီတစ်ခွက်ကို အဖော်ပြုရင်း Angel Magzine တစ်အုပ်နှင့် အတွေးနယ် ချဲ့နေသော ကြောင့် ပင် ဖြစ်ပါသည်။
ဘာကြောင့် ရယ်မသိ မျက်နှာဖုံးပေါ်က မော်ဒယ်နတ်သမီးမလေးကို ကြည့်ကြည့်ပြီး အမျိုးအမည် ဖော်ရခက်သည့် ခံစားမှု တစ်မျိုးကို ခံစားနေရ၏ ။
ရင်ထဲမှာ လည်း စိမ့်ခနဲ အေးခနဲ ခံစားနေရသည်။ မကြာမကြာ ကြက်သီးများ လည်း ဖြန်းခနဲ ဖြန်းခနဲ ထလာတတ်ပါသေးသည်။
သူမဂ္ဂဇင်းစာအုပ်ကို စားပွဲပေါ်မှာ ထောင်ပြီး Dreambed ပေါ်ကနေ စိမ်ပြေနပြေ ပြောင်းကြည့် လိုက်၏ ။ ခံစားချက်က ပြောင်းမသွား။
ဒါ.. ဘာ ဖြစ်ရတာ လဲ..
ဘာ ဖြစ်ပြန်တာတဲ့လဲ..
သူ Magzine Cover Photo ကို မကြည့်ဘဲလည်း မနေနိုင် ဖြစ်နေသည်။ ကြည့်မိပြန်တော့ လည်း ခံစားမှု က အသည်းယားဖွယ်ပင်။
ဒါ .. ဘာနတ်သမီးများ လဲ။ သူတစ်ကိုယ်တည်း မေးခွန်းထုတ်ပြီး အာရုံပြောင်းကြည့်လိုက်၏ ။
အင်း..အတော် ပံလေးတွေ နဲ့ဆိုတော့ လိပ်ပြာနတ်သမီးလေးပေါ့။
ည ကတော့ သူ့အခန်းကျဉ်းလေးပေါ်မှာ တိတ်တဆိတ် ပြန်ဝဲနေ၏ ။ နာရီသံချောက်ချက် ချောက်ချက်ကလေးများ နှင့် စိန်ပြေးတန်းကစားနေကြပုံရသည်။
' ××× ဒင် ××× '
ရုတ်တရက်ကြီး ထမြည် လာသည့် နာရီပြန်ဆယ့်နှစ် ချက် တီးသံကြောင့် ယောက်ျားကြီးတန်မဲ့ သူတစ်ချက် တုန်ယင်သွားသည်။
နောက်တော့လည်း ထုံးစံအတိုင်း စားပွဲပေါ်က လိပ်ပြာနတ်သမီးပုံလေးကိုသာ ပြန်ငေးကြည့် နေမိပြန်ပါသည်။
အချိန်တွေ မည် မျှ ကုန်ဆုံးသွားသည်ကို သူမသိ။ သတိလည်း မထားမိ။ သူ အမှတ်တရ သတိထားမိတာ တစ်ခုပဲရှိ၏ ။
သူမျက်လုံးတွေ ရုတ်တရက် လေးလံလာခဲ့ခြင်းပင် ဖြစ်သည်။ Cover Photo လေးကို ငေးကြည့်နေရင်းဖြင့် သူ့အမြင်အာရုံတွေေ၀၀ါးလာခဲ့သည်။
ဟာ.. ဘာ ဖြစ်တာလဲဟ။ အရမ်းကြီး အိပ်ချင်လာပါရော။ ကော်ဖီလည်း သောက်ထားပါတယ်။ ဒီမှာ နောက်အပတ်ထဲ Angel FM အတွက် နတ်သမီးပုံပြင်အသစ်လေး စဉ်းစားမလို့ဟာကို။
သူ ခေါင်းကို ဘယ်ညာခါရမ်းပြီး မျက်လုံးကို ပွတ်သပ်ပစ်လိုက်၏ ။ သို့ သော် .. အိပ်ချင်စိတ်က တော့ တစ်စက်ကလေးမှ လျော့ပါးမသွား။ ပို၍ ပင် တိုးလာလေ၏ ။
တစ်စက္ကန့်…
နှစ် စက္ကန့်…
သုံးစက္ကန့်…
…. ….။
နောက်ဆုံးမှာ တော့..
သူအိပ်ရာပေါ်သို့ ပင် မသွားနိုင်တော့ဘဲ Dreambed ကလေးအပေါ်မှာ သာ နှစ် နှစ် ခြိုက်ခြိုက် အိပ်မောကျသွားလေတော့၏ ။
စားပွဲပေါ်က မဂ္ဂဇင်းမျက်နှာဖုံးရှင် လိပ်ပြာမလေးကတော့ သူ့ကိုငေးကြည့်လို့…
တန်ဆောင်မုန်းလပြည့်ည၏ ကောင်းကင်ပြင် အခင်းအကျင်းသည် လှပလတ်ဆတ်လွန်းနေ ၏ ။ ငယ်ငယ်က ကြားဖူးနေကြ ဖိုးရွှေလမင်းကြီးသည်လည်း ကြယ်ရံသင်းပင်းများ နှင့် ထိန်ထိန်ငြီးနေ သည်။
ဘယ်ဂြိုဟ် ဘယ်နက္ခတ်တွေ စုံလင်ပြီး ဘယ်တာရာက ဘယ်ဂြိုဟ်နှင့် ငြိပြီး ဘယ်လိုဆေး ပေါင်းခသည်တော့ မပြောတတ်ပါ။
နားလည်းမလည်သလို ကြယ်တာရာ နက္ခတ်တွေ ကိုလည်း မကြည့်တတ်။ သို့ ပေမယ့် ဒီညမှာ တော့ ကောင်းကင်ပြင်တစ်ခုလုံး ကြယ်အပြည့်လင်းနေတာတော့ သေချာလွန်းလှပါသည်။
သူ့အစုလေးနှင့် သူ လင်းလိုက် မှိတ်လိုက်။ ရံဖန်ရံခါ မျက်စိမှော က်မှားမှု ကြောင့် များ လားဟု ပင်ထင်ရသည်။ ကြယ်ကလေးတွေ ဟိုဒီပြေးလွှားနေကြသလို တွေ့ ရ၏ ။ တစ်ခါတရံ မျက်စိရှေ့မှာ တင် ကြယ်ကလေးတွေ မှိတ်လိုက်ပျောက်လိုက် ပေါ်လာလိုက်ပင် ဖြစ်နေတတ်ပါသေးသည်။
နက္ခတ်စုံသော ညလည်း ဖြစ်နိုင်ပါသည်။ သို့ ကြောင့် လည်း ရှေးလူကြီးတွေ က ဒီလိုညမျိုးမှာ အဠာဝကဆေးတွေ ၊ ပီယဆေးတွေ ၊ တုတ်ပြီးဓားပြီးဆေးတွေ ကို ဆေးမင်ကြောင်ထိုးကြတာ ဖြစ်မည် ။
ထားတော့..
တန်ဆောင်မုန်းလပြည့်ည၏ အခင်းအကျင်းသည် သာမန်ညတွေ နှင့် မတူညီတာတွေ သေချာ ပါသည်။
ထို့အပြင် ထိုည၏ သန်းခေါင်ယံအချိန်တွင် ထူးခြားစွာ ဖြစ်ပျက်ပြောင်းလဲသွားသော ကောင်းကင်ယံ၏ တစ်စုံတစ်ခုကိုတာ့ လူနည်းစုအချို့သာ မြင်လိုက်ကြရမည် ဖြစ်ထင်ပါသည်။
ရာသီဥတု အခြေအနေသည်လည်း မိနစ်ပိုင်းခန့် ရုတ်တရက် ပြောင်းလဲသွားခဲ့လေ၏ ။ ယင်းမှာ ..
'ဂျိန်း'
ကြယ်တာရာ စုံလင်လှပနေသော ညကောင်းကင်ပြင်တစ်ခုလုံးသည် တိမ်မည်းပုပ်များ ရုတ်ချည်းရောက်ရှိလာပြီး မည်းမှော င်၍ သွားပြီး မိုးကြိုးပစ်သလို အသံကျယ်ကြီးတစ်ခုကို ကြားလိုက် ရ၏ ။
ကြမ်းတမ်းခက်ထန်လှသော လေတချို့သည်လည်း ဝေါခနဲ ဗြောခနဲ တိုက်ခတ်နေသေးသည်။ မိုးတော့ မရွာ။
သို့ သော် ရာသီဥတုပြောင်းလဲမှု က မိနစ်ပိုင်းမျှသာ ဖြစ်သည်။ နောက်တော့လည်း ကောင်းကင် ပြင်တစ်ခုလုံးသည် ပြန်လည်ကြည်စင်ဝင်းပ၍ နေပါသည်။
ကြယ်အစုလေးပေါင်းများ စွာ ပေါင်းစပ်စုဝေးထားသော (ဂလက်စီအစုအဝေး)/နဂါးငွေ့တန်း လေးအတွင်းမှာ တော့ ထူးခြားလင်းပလှသော အနီရောင် စဉ်တချို့ ဖြတ်ပြေးနေလေ၏ ။ သီတင်းကျွတ် တွင် အသုံးပြုလေ့ရှိသော အဆင့်မြင့်မီးရှူးမီးပန်းတစ်ခုလိုပင် တောက်ပမှု က ကြည့်၍ ကောင်းလှ၏ ။
နောက်တော့ အဆိုပါ အနီရောင် အလင်းတန်းလေးက ကမ္ဘာမြေပြင်အတွင်းရှိ တစ်နေရာသို့ လျင်မြန်စွာ ပြေးဆင်းသွားခဲ့လေတော့၏ ။
ဤအချင်းအရာကို မြင်လိုက်ရသူဟူ၍ …
ထိုညသည် တန်ဆောင်မုန်းလပြည့်ည၏ နက္ခတ်စုံလင်လှသော အချိန်အခါတစ်ခုတွင် ပြိုးပျက် လျင်မြန်စွာ အမှန်တကယ် ဖြစ်ခဲ့လေတော့၏ ။
ထိုအနီရောင် အလင်းတန်းလေး၏ ဦးတည်ရာသည်ကား….။
ထူးခြားဆန်းကြယ်မှု တို့သည် ရံဖန်ရံခါတွင် ပြောပြ၍ မတတ်နိုင်လောက်အောင်ကို အံ့သြရစေခဲ့ ပါသည်။
လင်းခက်သည် Dreambed ကလေးပေါ်တွင် နှစ် ခြိုက်စွာ အိပ်မောကျနေဆဲပင် ဖြစ်သည်။ သူ၏ အခန်းလေးအတွင်းသို့ ပြတင်းပေါက်မှတစ်ဆင့် အနီရောင် အလင်းတန်းတချို့သည် လျှပ်ပြက် သလို ရုတ်ချည်းဝင်ရောက်လာပြီး စားပွဲပေါ်တွင် ထောင်ထားသော Angle Magzine လေးအတွင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားလေသည်။
နောက်တော့….
…………….။
……………………………………………………...
……………………………………………………... ……………………………………………………...
လင်းခက်သည် နှစ် ခြိုက်စွာ အိပ်မောကျနေရာမှ ခေါင်းတခါခါနှင့် အိပ်မက်ယောင်နေလေ၏ ။
'နတ်သမီး လိပ်ပြာနတ်သမီးးးး မင်း… မင်း..'
အလင်းတန်းဝင်သွားသော Magzine စာအုပ်လေး၏ Cover ပုံလေးထဲမှ နတ်သမီးလေးသည် ကား ထူးဆန်းအံ့သြဖွယ်ရာ မျက်တောင်တစ်ချက်ခတ်လိုက်ပြီး အိပ်မက်ယောင်နေသော လင်းခက်ကို ပြုံး၍ စိုက်ကြည့်နေလေ၏ ။
နောက်တော့ စာအုပ်မျက်နှာဖုံးပုံလေးထဲမှ နတ်သမီးလေးသည် သူမ၏ တောင်ပံလေးကို တဖျတ်ဖျတ်လှုပ်ခတ်ကာ လူ့လောက ပြင်ပကမ္ဘာလေးထဲသို့ အိပ်မက်ဆန်ဆန် ဆင်းသက်ရောက်ရှိ လာခဲ့လေတော့၏ ။
လင်းခက်မှာ က ယောင်ရမ်းညည်းညူနေဆဲပင် ဖြစ်သည်။
'နတ်သမီးလေး… မင်း…'
နက္ခတ်စုံလင်လှသော ဆေးပေါင်းခသော တန်ဆောင်မုန်းလပြည့်ညလေး၏ သန်းခေါင်ယံ အချိန်တွင် ဘယ်တိုင်းပြည်ကမှန်းမသိသော အတောင်ပံတပ် နတ်သမီးလေးတစ်ပါးသည် နက္ခတ်မိ ကာ (သို့ ) နက္ခတ်လွဲမှားကာ လူ့ပြည်လူ့ရွာသို့ အသက်ဝင်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မိတ်ဆွေ..
သင်ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ ထိုညတွင် ထိုကိစ္စသည် အမှန်တကယ် ဖြစ်ပွားခဲ့ပြီးပင် ဖြစ်လေတော့၏ ။
လင်းခက် နိုးထလာချိန်မှာ တော့…
![]() OTHER SIDE | ![]() နိုင်းနိုင်းနိုင်း | ![]() သရီးမိနစ် |