Cover

ကံကြမ္မာ (သို့ ) အချိန်၏

ပုံသဏ္ဌာန် ရုပ်ဆင်းအင်္ဂါသည်

“စက်ဝိုင်း” ပုံစံပင် ဖြစ်သည်။

တကယ်တော့ …… ဖူးစာဆိုတာ

မှော်ဆရာတစ်ဦးရဲ့

မန်းမှု တ်ခြင်း ခံလိုက်ရသလိုပါပဲ ……

တစ်ယောက် နဲ့ တစ်ယောက်

တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့ပေမယ့်

ဂါထာတိုတိုကလေးတစ်ပုဒ်အတွက်နဲ့

ဝေး …….

သွား …..

နိုင်…….

တယ်…..

လေ…….။

ကမ္ဘာမှာ ….

လူတော် တော် များများ ပြောတတ်ကြတဲ့

စကားတစ်ခွန်းရှိတယ် …..။

‘Time is the Money’

(or)

‘Time is thef life’

ဟုတ်တယ် ….. တကယ်တော့ …..

အချိန်ဟာ အချိန်ပါပဲ …..

(အဲဒါမှ မဟုတ်ရင်တော့ )

အချိန်ဟာ …….

ကျွန်တော့် အတွက် ဘ၀တစ်ခုပါပဲ …….။ ။

တကယ်တော့ ……. Valentine’s Day ဆိုတာ

အားလုံးတွေးထင်ထားခဲ့သလို …….

(တကယ်ပဲ …..)

ပျော်ရွှင်ကြည်နူးစရာကောင်းသော နေ့တစ်ရက်လား ?

ရင်ခုန်တက်ကြွစရာ နေ့တစ်ရက်လား ?

…………. ……………… ……………… ။

(ဒါမဟုတ်)

…….. ……… ……… ………

………. ……… ……… …….။

Day - 14

Month - February

Year - 2013

Time - 1:00 PM

For Love …….. and …….,

VALENTINE’S DAY ………..

(A)

Happy Valentine’s Day xxx တို့နှစ် ယောက် အတူဆုံမယ့်နေ့ xxx အမှတ်တရအတူ နှစ် ယောက် တွဲ xxx အနမ်းတွေ လည်း ပေးခဲ့ဖူးတယ် xxx

အမိုးပွင့် (GTR) ပြိုင်ကား အနီရဲရဲကလေးတစ်စီးအတွင်း တွင် ဆိုတေး၏ Velentine’s တေးသီချင်းလေးက လဲ့လဲ့လွင်လွင် စီးဆင်းနေ၏ ။

ပြိုင်ကားအနီလေးက ရန်ကုန်မြို့၏ အထင်ကရလမ်းမကြီး တစ်ခုအပေါ်မှာ သင်းသင်းသဲ့သဲ့ ပြေးလွှားနေပါသည်။

ပြိုင်ကားလေးအတွင်းမှာ တော့ အသက် (၂၀) ၀န်းကျင် စုံတွဲ တစ်တွဲ ။

မကြာခဏ မျက်ဝန်းချင်း ဆုံမိကြသလို ….. တမင်တကာ အပြုံးများ ကိုလည်း ဖလှယ်မိကြပါ၏ ။

အကဲပိုပုံရသည့် ထိုစုံတွဲ က တစ်ယောက် လက်ကို တစ်ယောက် ဆုပ်ကိုင်ထားပြီး သမီးရည်းစားတို့သဘာဝ ခိုးခိုးခစ်ခစ်လည်း မကြာမကြာ ရယ်နေကြပါသေးသည်။

ဟုတ်ပါသည်။

သည်ကနေ့သည် အားလုံးတွေးထင်ထားသည့် ချစ်သူများ နေ့ပင် ဖြစ်သည်။

တိတိပပဆိုရသော် သက္ကရာဇ် ၂၀၁၃ ၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (ကြာသာပတေးနေ့)။ နေ့လယ် ၁: ၀၀ နာရီချိန်တိတိတွင် ဖြစ်သည်။

Valentine’s Day ဆိုသည့်အတိုင်း လမ်းပေါ်မှာ ၊ ဆိုင်မျိုးစုံတွေ ထဲမှာ ၊ ပန်းခြံတွေ ထဲမှာ ၊ ပလက်ဖောင်းတွေ ပေါ်မှာ ……. စသဖြင့် စုံတွဲ ကြီးငယ်တို့ကို လက်ချင်းချိတ်လျက်၊ ပခုံးကိုဖက်လျက် စသဖြင့် ကြင်နာယုယပုံ မျိုးစုံတို့ဖြင့် ကြည်နူးပြုံးပျော်စွာ တွေ့ မြင်နေရ၏ ။

“မောင် ….. ဒီနေ့က ဘာနေ့လဲဆိုတာကိုရော သိရဲ့ လား”

တစ်စုံတစ်ရာ ဆန္ဒနှင့် မေးလာသည့် ကောင်မလေးကို ကောင်လေးက မျက်မှော င်ကလေးကို မဆိုစလောက်ကလေးကုတ်ပြီး ကားမောင်းနေရင်းဖြင့် တစ်ချက် လှည့်ကြည့်သည်။

ကောင်မလေးက အပြုံးနှင့် ကောင်လေးအဖြေကို ငံ့လင့်နေ၏ ။

“အင်း ….. ဒီနေပက ဘာနေ့လဲဆိုတော့ ချစ်သူများ နေ့လေ”

ကောင်လေးစကားအဆုံးမှာ ကောင်မလေးက ဆုပ်ကိုင်ထားခြင်းခံရသည့် သူမလက်တစ်ဖက်ကို ဆတ်ကနဲ ဆွဲယူပစ်လိုက်ပြီး နှုတ်ခမ်းကလေးစူကာ တစ်ဖက်သို့ မျက်နှာလွှဲပစ်လိုက်ခြင်းဖြင့် စိတ်ကောက်ခြင်းကို သိသိသာသာ ကိုယ်ထင်ပြလိုက်၏ ။

ထိုအပြုအမူကို ကြည့်ပြီး ကောင်လေးက သဘောတကျကြိတ်ရယ်၏ ။ ပြီးမှ -

“စိတ်ကောက်လိုက်တာကလည်း မြန်လိုက်တာ ကောင်မလေးရယ် …… မောင်က တမင်နောက်လိုက်တာပါကွာ ….. ဒီလိုနေ့ရက်မျိုးကို မောင်က မသိဘဲနေမတဲ့လား”

“ဒါဆို ……. ပြောပြ”

ကောင်မလေးအသံက အက်အက်ရှရှ …..

နှုတ်ခမ်းလေးကို တမင်စူပုပ်ထားသည့် ချစ်ရသူကောင်မလေးကို မြတ်မြတ်နိုးနိုး ငေးကြည့်ပြီး ကောင်လေးက တိုးတိုးရှရှ ရယ်သွမ်းသွေးလိုက်သေးသည်။ ပြီးမှ -

“ဒီနေ့ဟာ မောင်နဲ့ ဆုမွန်တို့ရဲ့ ချစ်သူသက်တမ်း ၂ နှစ် ပြည့်တဲ့ Special Valentine’s Day ပဲလေ”

“အဟဲ ….. မဆိုးဘူး၊ မောင်တော် တယ်”

လမင်းနှင့် ခပ်ဆင်ဆင်တူသည့် ကောင်မလေး၏ အပြုံးမျက်နှာနှင့် ချိုလင်းကြည်စင်လှသည့် စကားသံတို့ကြောင့် ကောင်လေးက ခပ်ဟဟ ရယ်နေ၏ ။

ထိုစဉ် -

“ဟိုးထား …… ဟိုထား …….”

ရုတ်တရက် ထွက်ပေါ်လာသည့် ကောင်မလေး၏ အထိတ်တလန့် အော်သံကြောင့် GTR ပြိုင်ကားကလေးကို လမ်းဘေးသို့ ကပျာကယာ ထိုးရပ်ပေးလိုက် ရသည်။

“ဆုမွန်လေး …… ဘာ ဖြစ်လို့လဲဟင်”

ကောင်လေး၏ အသံလှိုင်းတို့တွင် စိုးရိမ်စူးစမ်းမှု တို့ လင်းဖြာဝေနေ၏ ။

“အဟီး ….. ဘာမှ မ ဖြစ်ပါဘူး မောင်ရဲ့ …… ဟိုမှာ တွေ့ လား”

ကောင်မလေး ညွန်ပြရာသို့ ကောင်လေး လှမ်းကြည့်လိုက်သည်။

‘For Love’ ……. ဟု အမည် ရသည့် ရေခဲမုန့်ဆိုင်ကို သူထင်ထင်လင်းလင်းကြီး တွေ့ မြင်လိုက်ရသည်။ သို့မှ ကောင်လေးသည် သက်ပြင်းချလိုက်နိုင်၏ ။

“ရေခဲမုန့်ဆိုင်ပဲ”

“ဟုတ်တယ်လေ မောင်ရဲ့ ….. ဆုလည်း ရေခဲမုန့်စားချင်လို့ ….. အဲဒါ”

“သြော် ….. ဒါနဲ့ပဲ အထိတ်တလန့် ကားရပ်ခိုင်းရတယ်ဆိုပါတော့ ”

ကောင်လေးရဲ့ ခပ်ထေ့ထေ့အပြောကို ကောင်မလေးက “အဟီး ” ဆိုပြီး မချိုမချဉ် မျက်နှာလေးနှင့် ခပ်ပြောင်ပြောင်ကလေး တုံ့ပြန်ရှာပါသည်။

ဟုတ်ကဲ့ ……

သူမသည် ထိုကဲ့သို့ အထိတ်တလန့် ဖြစ်စဉ်များ ကို ဖန်တီးရာတွင် အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်လှပါသည်။ သို့ သော်လည်း သူမသည် လှချင်တိုင်း လှပြနေသည့် သူ့ရင်ခွင်တွင်းမှ ထာဝရ လမင်းတစ်စင်းပင် ဖြစ်ပါ၏ ။

“မောင် …. ဒီမှာ ခဏစောင့်၊ ဆု ရေခဲမုန့်ဆင်းဝယ်လိုက်ဦးမယ် …… မောင်ရော စားမယ်မဟုတ်လား”

“မောင်တို့နှစ် ယောက် ဆုံစည်းမှု သမိုင်းမှာ ဒီ For Love ဆိုတဲ့ ရေခဲမုန့်ဆိုင်လေးကလည်း သမိုင်းဝင်ပဲ မဟုတ်လား။ ဒီလို နေ့ရက်မျိုးမှာ မှ မောင် ရေခဲမုန့်မစားခဲ့ရင် ရာဇ၀င်ရိုင်းသွားမှာ ပေါ့ ဆုရယ် …..”

“ရသွားပြန်ပြီ တစ်မှတ်”

“သြော် …… မောင် တကယ်ပြောနေတာနော်၊ ဘာလဲ မောင်ပြောတာ မဟုတ်လို့လား”

“ဟုတ်ပါတယ် …… ဒီတော့ မောင့်အကြိုက်ချောကလက်နဲ့ ဆုအတွက် စတော် ဘယ်ရီ နှစ် ခွက်ဝယ်ခဲ့မယ် ဟုတ်ပြီလား”

ပြောပြီး ကောင်မလေးက ကားတံခါးကို ဖွင့်ဆင်းလိုက်သည်။ နောက်တော့ နုနယ်သွက်လက်လှသော ခြေလှမ်းများ ဖြင့် For Love ဆီသို့ ဦးတည်လိုက်သည်။

“ဆု …. လမ်းကို ဂရုစိုက်ကူးနော်”

“ဟုတ်ကဲ့ ”

တစ်ခါတစ်ရံတွင် လည်း သူမသည် ထိုကဲ့သို့ ချစ်စဖွယ် ယဉ်ကျေးလွန်းလှပါသည်။

ကားလမ်းမကြီးပေါ်မှာ တော့ ရောင် စုံကားများ ၊ အရောင် စုံလူများ ၊ အရောင် စုံအသံများ ရောယှက်ပြေးလွှားနေကြ၏ ။

ကောင်မလေး ကတော့ လမ်းတစ်ဖက်ရှိ ရေခဲမုန့်ဆိုင်လေးအတွင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အနီရဲရဲ အရောင် ရှိ အမိုးဖွင့် GTR ပြိုင်ကားလေး အတွင်းမှ ကောင်လေးမှာ တာ့ -

“အား ”

မျက်လုံးကိုမှိတ်၊ ခေါင်းကိုငုံ့၊ လက်နှစ် ဖက်က စတီယာရင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိ၏ ။

တစ်စုံတစ်ရာ ထူးခြား ဖြစ်စဉ်တစ်ခုကို ကြုံတွေ့ ခါနီး တိုင်း ခံစားရလေ့ရှိသည့် ခေါင်းကိုက်ဝေဒနာကို သူ ရုတ်တရက်ဆိုသလို ဆိုးဆိုးဝါးဝါးကြီး ခံစားနေရ၏ ။

“အား …… ကျွတ်ကျွတ် ….. ခေါင်းကိုက်လိုက်တာ”

သူ့ဦးနှောက်တစ်ခုလုံးကို သံချွန်များ နှင့် ထိုးဆွနေသလို သူ့မှာ အခံရခက်လွန်းလှသည်။ မှိတ်ထားတဲ့ မျက်လုံးထဲမှာ တော့ အနက်ရောင် များ ထူးခြားလှစွာ ဖုံးအုပ်ထား၏ ။ ထို့နောက် -

ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလို သူ ခံစားနေရပြန်သည်။ နောက်တော့ …… ခေါင်းကိုက်ဝေဒနာဆိုးကြီးက ရုတ်ချည်း ကျပျောက်သွားပြီး ပုံရိပ်များ ….. အသံများ ….. တစ်စွန်းတစ်စ မပီဝိုးတ၀ါး ထွက်ပေါ်လာ၏ ။

ထိုပုံရိပ်တွေ ထဲတွင် -

• For Love ရေခဲမုန့်ဆိုင်ရှေ့မှ လမ်ဖြတ်ကူးတော့မည့်  သူမ …… (ရေခဲမုန့်နှစ် ခုကို ကိုင်လျက်)

• လမ်းမပေါ်မှာ လွင့်ကျသွားသည့် ရေလဲမုန့်လေးနှစ် ခု …….

• အရှိန်ပြင်းပြင်းမောင်းနှင်လာသည့် သစ်လုံးတင်ကားကြီး တစ်စင်း …….

• ကြည်လင်ဝင်းပနေသည့် သူမ၏ အပြုံးများ …….

• တစ်စုံတစ်ခုကို အော်ဟစ်တာဆီးနေသည့် သူ့ပုံရိပ်များ ….. နောက် ……

• ရှုပ်ထွေး ၀ိုင်းအုံနေသည့် လူများ ….. မျက်ရည်စက်များ ….. အသံစုံများ …..

နောက်တော့ ထိုပုံရိပ်များ အားလုံးကို အနီရောင် လှိုင်းကြီးတစ်ခုမှ ဖုံးအုပ်ပစ်လိုက်လေ၏ ။

“ ဟင် ….. ဒါ ….. ဘာတွေ လဲ”

ချွေးသီးချွေးပေါက်တွေ တွဲ ခိုနေသည့် မျက်နှာပြင်တစ်ခုလုံးကို ကောင်လေးက ခပ်ကြမ်းကြမ်း သုတ်ဖယ်ပစ်လိုက်သည်။

“ဟာ …. ဘာတွေ လဲ ….. ဘာ ဖြစ်မှာ လဲ”

သူ အထိတ်တလန့်ဖြင့် ကားတံခါးကို ဖွင့်ဆင်းလိုက်၏ ။ လမ်းတစ်ဖက်မှ ရေခဲမုန့်ဆိုင်လေးကို သူကြည့်မိတော့ လမ်းဖြတ်ကူးရန် ကားအပြတ်ကို စောင့်ဆိုင်းနေသည့် သူမကို တွေ့ ရသည်။

သူ့ကို မြင်သွားသည့် ကောင်မလေးက လက်တစ်ဖက်ကို မြှော က်ပြပြီး လမင်းနှင့် တူသည့် အပြုံးတစ်ခုကို ဖွင့်ထုတ်ပြနေ၏ ။

သူ အရှေ့ကို မျှော်ကြည့်မိတော့ ……

“ဟင် ”

သူ သွေးပျက်မတတ် ထိတ်လန့်သွားမိ၏ ။

“မ ဖြစ်ဘူး ….. မ ဖြစ်ဘူး …..”

အရှိန်ပြင်းပြင်း မောင်းနှင်လာသည့် သစ်လုံးတင်ကားကြီး တစ်စီး။

“ဆု ….. မကူးခဲ့နဲ့ ….. မကူးခဲ့နဲ့ ….. အဲဒီ မှာ ရပ်နေ”

သူ တစ်စုံတစ်ခုကို သဘောပေါက်မိသွားပြီး အာခေါင်ခြစ် အော်ဟစ်တားဆီးလိုက်၏ ။

ကောင်မလေး ကတော့ သူ့အသံကို ကြားဟန်မတူပါ။ လမ်းဖြတ်ကူလာခဲ့ပြီ ဖြစ်သည်။

“ဆု ….. မလာခဲ့နဲ့”

“တီတီ …… ကျွီ ……”

“ဒုန်း”

“ဟာ”

“အား”

အ ဖြစ်အပျက်က လျှပ်ပြက်သလို မြန်ဆန်လှ၏ ။

သူ့ဦးနှောက်ထဲတွင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြန်ပြီ ဖြစ်သည်။ လမ်းမအလယ်မှာ တော့ ရေခဲမုန့်လေးနှစ် ခု ပိုင်ရှင်မဲ့သွားခဲ့ပြီ ဖြစ်သည်။

ကားတချို့ ထိုးရပ်သွားခဲ့၏ ။

လူတစ်ချို့ ၀ိုင်းအုံသွားကြ၏ ။

သူ ကတော့ အရူး တစ်ယောက် လို အော်ဟစ်ငိုကြွေးနေခဲ့၏ ။

ထိုနေ့သည်-

14-2-2013 (THU)

တစ်နည်းအားဖြင့် -

Valentine’s Day ……. နေ့ခင်းအချိန် တစ်နာရီတိတိတွင် ဖြစ်ခဲ့လေ၏ ။

သက္ကရာဇ် ၂၀၀၀ ခုနှစ်

မေလ

(A)

ရန်ကုန်မြို့၏ ပုဂ္ဂလိက မူလတန်းကျောင်းတစ်ကျောင်းတွင် ဖြစ်သည်။

အချိန်က ကစားချိန် / အားလပ်ချိန်။

ထုံးစံအတိုင်း ကလေးတစ်သိုက်က ဆူညံစွာ အော်ဟစ်ကစားနေကြသည်။ တချို့က ပြေးလွှားခုန်ပေါက်နေကြ၏ ။

ထိုကလေးများ ပုံစံမျိုးစုံဖြင့် ဆော့ကစားနေကြပုံမှာ အင်မတန် အပြစ်ကင်းစင်ပြီး ချစ်စဖွယ် ကောင်းလွန်းလှပါသည်။

သို့ သော် ထိုကလေးများ ကစားနေကြသည့်အထဲမှ လင်းထက်တို့အုပ်စု ၀ိုင်းဖွဲ့ကစားနေကြပုံမှာ အနည်းငယ် စိတ်ဝင်စားဖို့ ကောင်းလွန်းပါသည်။

သိပ်ထူးဆန်းခမ်းနားသည့် ကစားနည်းမျိုးတော့ မဟုတ်ပါ။ စိတ်ဝင်စားဖို့ကောင်းသည် ဆိုသည်မှာ …..

“ခေါင်းစုံ” (လင်းထက် အော်သံ)

“ပန်းစုံကွာ ” (အခြားကလေး တစ်ယောက် အသံ)

“ဘက်ကွာ” ( ။ )

“ကဲ …. ပြီးရင် ငါလှန်ပြီနော် ……” (ထိုကစားပွဲ၏ ဒိုင်လုပ်နေသော ကလေးအသံ)

“လှန်ကွာ” (ပြိုင်တူပြောသံ)

ဒိုင်လုပ်သည့် ၀တုတ်တုတ်ကလေးလေးက မှော က်အုပ်ထားသည့် လက်နှစ် ဖက်ကို လှပ်ဖယ်ပြလိုက်သည်။

“ဟေး” (ပျော်ရွှင်မြူးတူးသွားသည့် လင်းထက်အသံ)

“ဟာကွာ” (စိတ်ပျက်ညည်းညူသံ)

“အစားခံရပြန်ပြီ” ( ။ )

“ဟာ ….. ဒီနေ့ ….. လင်းထက်ကိုပဲ လျော်နေရပါလား” (သိပ်မကြည်လင်တော့သည့် ဒိုင်ရဲ့ မသံ)

“အဲဒါကြောင့် ငါ မပြောဘူးလား၊ လင်းထက်ကို ဒိုင်အလုပ်ခိုင်း၊ မဟုတ်ရင် ငါတို့ပုံတွေ အားလုံး ပြောင်းသွား မယ်လို့၊ ဒီကောင့် မှာ နတ်မျက်စိရှိတယ်ကွ” (အခြားကလေး တစ်ယောက် အသံ)

“ဒီကောင် ကံကောင်းနေတာပေါ့ကွာ”

“ကံကလည်း ကောင်း ကောင်းနိုင်လွန်းတယ်ကွာ၊ တစ်ခါမှ ကို အစားမခံရသေးဘူး”

“ကဲ …. ကဲ …. ကြာတယ်ကွာ ….. တော် ကြာ အတန်းက တက်ရတော့မှာ လျော်စရာရှိတာ မြန်မြန်လျော် ဖက်တီး၊ ပုံ ၂၀ ထိုးထားတာနာ်”

ဒိုင်လုပ်နေသည့် ကလေးခမျာမှာ တော့ ပွဲတိုင်း အိတ်စိုက်လျော်ပေးနေရသဖြင့် သိပ်မကြည်လင်လှ။ ထို့ကြောင့် ခပ်ဆောင့်ဆောင့်ပင် ထုတ်ပေးလိုက် ၏ ။

“ရော့ကွာ ….. ကဲ ….. လှည့်ပြီနော် …… ထိုးထား ”

တစ်လက်စတည်းမှာ ပင် ဖက်တီး ဟု အမည် ရသည့် ကလေးက ကစားပွဲ နောက်တစ်ပွဲကို စတင်လိုက်သည်။

“ထိုးကြလေကွာ …….. ဒီမှာ အုပ်ထားရတာ လက်ညောင်းလှပြီဟ”

“ငါတို့ လင်းထက် ဘာထိုးမလဲစောင့်ကြည့်နေတာ၊ ဒီကောင် ထိုးတာ လိုက်ထိုးမလို့”

“ဟုတ်တယ် …… လင်းထက် မင်း ဘာထိုးမှာ လဲ”

“ငါလား ” ဟု ဆိုကာ ပုံ ၄၀ တိတိကို ပုံထိုးလိုက်သည်။

“ ဖြစ်နိုင်ပါဦးမလား ….. ခေါင်းစုံကျတာ ၃ ခါ ရီပြီလေ”

အခြားကလေး တစ်ယောက် ၏ မယုံမရဲစကားကြောင့် ဒိုင်လုပ်သူ ဖက်တီးက

“မင်းတို့ပဲ လင်းထက်က နတ်မျက်စိ ရှိတယ်ဆို၊ လိုက်ထိုးကြလေကွာ …. ဒီတစ်ခါရော နိုင်ဦးမလား၊ စောင့်ကြည့်ရတာ ပေါ့” ဟု လင်းထက်ကို အငေါ်တူးသလို အထာနှင့် ပြောလေ၏ ။

လင်းထက် ကတော့ ခပ်ပြုံးပြုံးပင် လုပ်နေလေသည်။

“ဘာပဲ ဖြစ် ဖြစ်ကွာ ငါ ကတော့ လင်းထက် ထိုးတာပဲ လိုက်ထိုးမှာ ပဲ၊ ခေါင်းစုံ ၁၀ ပုံကွာ”

“ငါ ကတော့ ဒီတစ်ခါ ဘက်ကျမယ်ထင်တာပဲ၊ ဘက် ပုံ ၂၀ ကွာ”

“ကဲ …. အားလုံးပြီးရင် ငါလှန်ပြီနော်” (ဖက်တီးအသံ)

“လှန်ကွာ” (ပြိုင်တူအော်သံ)

ဖက်တီး၏ လက်နှစ် ဖက် ဖယ်လိုက်ချိန်မှာ တော့ အကြွေစေ့လေး ၂ စေ့ အပေါ်က လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို အခန့်သားတွေ့ လိုက်ကြရလေ၏ ။

နောက်တစ်နေ့ ………

“ပန်းစုံကွာ” (လင်းထက်အော်သံ)

“ငါတို့လည်း ပန်းစုံပဲ” (အခြားကလေးအသံ)

“ငါရောပဲ ” (အခြားကလေးအသံ)

“အတူတူပဲ ဖက်တီးလှပ်တော့” (အခြားကလေးအသံ)

ဖက်တီး တစ်ယောက် လက်တွေ တဆတ်ဆတ်တုန်ခါနေ၏ ။ ထိုးထားသည့် ပုံအရေအတွက်ကလည်း မနည်းလှ။ ပန်းစုံဘက်မှ ပုံတွေ ပုံနေ၏ ။ အခြားဘက်မှ တစ်ပုံမှမရှိ။

လက်တွေ တုန်မည် ဆိုလည်း တုန်လောက်ပါသည်။ စ ကစားကတည်းက ဒိုင်လုပ်သည့် ဖက်တီး တစ်ယောက် တစ်လှည့်မှ မစားရသေး။ ပွဲတိုင်း လျော်နရသည်။ အရင်လို လင်းထက် တစ်ယောက် တည်းကို လျော်နေရသည်မဟုတ်တော့ ပိုဆိုးသည်။

အားလုံးက လင်းထက်မှာ နတ်မျက်စိရှိသည် ဟု ယုံကြည်ကာ သူထိုးသမျှကိုသာ လိုက်ထိုးနေကြသည်။ လင်းထက် ထိုးသမျှ က မှန်နေတော့လည်း အခက်သားလား။

“ဖက်တီး လုပ်တော့လေကွာ၊ ဘာလုပ်နေတာလဲ”

“သွေးပျက်နေတာလား”

“ဘာမှ သေးပျက်စရာ မရှိဘူး။ မင်းတို့ပြီးအောင် စောင့်နေတာ ……”

ဟန်မပျက်ပြန်ပြောနေသည့် ဖက်တီးအသံက ….. ဟန်ပျက်နေ၏ ။ လင်းထက် ကတော့ ဖက်တီး၏ လက်နှစ် ဘက်အောက်တွင် ထွက်ပေါ်လာမည့်  အကြွေစေ့ကလေးကိုသာ ပြုံးစစနှင့် စိုက်ကြည့်နေပါသည်။

“ကဲ ……လှပ်ပြီကွာ”

“ဟေး” (ပြိုင်တူအော်ဟစ်သံ)

“ဟာ” (ဖက်တီးအသံ)

ထုံးစံအတိုင်း လင်းထက်အနိုင်ရပြန်သည်။

ထုံစံအတိုင်း ဖက်တီး ရှုံးသွား၏ ။ အဆုံးမှာ တော့ ဖက်တီး တစ်ယောက် လက်မြှော က်အရှုံးပေးလိုက် ရ၏ ။

“ကဲ ….. ငါတော့ ပါသမျှပုံတွေ ပြောင်ပြီကွာ၊ ဒါနဲ့ စကားမစပ် မင်း တကယ်ပဲ ဘာကျမယ်ဆိုတာကို နတ်မျက်စိနဲ့ ကြိုမြင်နေတာလား လင်းထက်”

“ …… ”

ဖက်တီးအမေးကို အခြားသော သူငယ်ချင်းများ ကလည်း စိတ်ဝင်စားလှသဖြင့် လင်းထက်အဖြေကို နားစွင့်နေကြ၏ ။

ဂိုက်ပေးကြမ်းလှတဲ့ ဆရာသမား လင်းထက်က တော် တော် နှင့် ပြန်မဖြေသေးဘဲ အနိုင်ရရှိထားသည့် ပုံတွေ ကို သိမ်းဆည်းနေသေးသည်။ ပြီးမှ “အေး” ဟု တစ်လုံးတည်းဖြေပြီး အတန်းထဲ ၀င်သွားလေတော့၏ ။

• ဒီကလေးဟာ တကယ်ပဲ နတ်မျက်စိရှိနေတာလား ……

• ထူးဆန်းလွန်းတဲ့ တိုက်ဆိုင်မှု တွေ့ ကြောင့် များ လား……….

အထက်ပါ သို့လော …. သို့ လော …. မေးခွန်းတွေ ကိုတော့ ကာယကံရှင် ဖြစ်သည့် မောင်လင်းထက်မှတစ်ပါး အခြား မည် သူတစ်ဦး တစ်ယောက် မျှ ဖြေဆိုနိုင်ကြလိမ့်မည် မဟုတ်ပါ ……..။

*


သက္ကရာဇ် ၂၀၀၇ ခုနှစ်

ဇူလိုင်လ

(B)

တီဗီဖန်သားပြင်ရှေ့တွင် တနူအရီးနှစ် ယောက် ဘောလုံးပွဲ ကြည့်ရင်း ငြင်းခုန်နေကြ၏ ။

တီဗီမှာ က ချဲလ်ဆီးအသင်းနှင့် လီဗာပူး (လ်) အသင်းတို့ ယှဉ်ပြိုင်ကစားနေကြပုံကို တိုက်ရိုက် ထုတ်လွှင့်ပြသနေခြင်းလည်း ဖြစ်ပါသည်။

“ဂိုး ….. ဂိုး ….. ဒါမှ လမ်းပတ်ကွ …… လုပ်ထား ငါ့ကောင်တွေ ၊ နောက်တစ်လုံးသွင်းပြီးရင် အပြည့်နိုင်ပြီ ….. ဟားဟား ”

ချဲလ်ဆီးအသင်းမှ လမ်းပတ်က လွတ်ထွက်လာတဲ့ ဘောလုံးကို အသာပြေးပြီး ကန်သွင်းလိုက်ခြင်း ဖြစ်သဖြင့် တစ်ဖက်အသင်း ဂိုးသမားလည်း မကာကွယ်နိုင်တော့ဘဲ လဲကျသွားလေသည်။

ဦးဖိုးလုံး အော်သံက ဒီပွဲမှာ လောင်းထားမှန်း သိသာလှပါသည်။ အတော် လည်း ကျေနပ်ပျော်ရွှင် နေပုံရသည်။

သို့ သော် တူ ဖြစ်သူ လင်းထက်စကားကြောင့် ဦးဖိုးလုံး တစ်ယောက် ကြောင်စီစီ ဖြစ်သွားရ၏ ။

“အဲဒါ မဂိုးဘူး ဦးဖိုးလုံး”

“ဟေ”

“ဟုတ်တယ် ….. ဒိုင်က မကြာခင်မှာ လူကျွံဘောအ ဖြစ် သတ်မှတ်လိမ့်မယ်”

“လင်းထက် ….. တူအရီးအချင်းချင်း လာမစားနဲ့ကွာ၊ ငါနိုင်ရင် မင်းကို မုန့်ဘိုးပေးမယ်”

“တကယ်ပြောနေတာ ….. အဲဒါ မဂိုးဘူး ဦးဖိုးလုံး ”

အတည်ပေါက်ကြီးပြောနေသည့် လင်းထက်စကားကြောင့် ဦးဖိုးလုံးမျက်နှာ တစ်ချက် တည်သွားသည်။

“ဟိုမှာ ကြည့်လေ …… ဂိုးလို့ လမ်းပတ်တောင် ကွင်းကို ပတ်ပြီး အောင်ပွဲခံနေတာ …..ဟော ….. ဟော …… အနှေးပြကွက်တောင် ပြန်ပြနေသေးတယ် …. လှလိုက်တဲ့ ဂိုးကွာ”

“ကြည်ထား ဦးဖိုးလုံး ….. အဲဒါပြီးရင် ဒိုင်က ခရာမှု တ်ပြီး လူကျွံဘောအကန်ခိုင်းလိမ့်မယ်”

“ဘယ်လို …….”

“ဟုတ်တယ် ….. ဒိုင်နဲ့ ချဲလ်ဆီးအသင်းနဲ့တောင် စကားများ နေလို့ ပွဲကို ခဏရပ်နေရလိမ့်ဦးမယ် …… ကြည့်ထား”

ဦးဖိုးလုံး တစ်ယောက် တူ ဖြစ်သူကို အံသြတကြီး တထူးတဆန်း ငေးကြည့်နေစဉ်မှာ ပင် တီဗီဖန်ားပြင်ပေါ်၌ လင်းထက် ကြိုပြောထားသလို အ ဖြစ်အပျက်များ က အစဉ်တကျ ဖြစ်ပေါ်လာလေ၏ ။

“ကျွန်တော် မပြောဘူးလား ဦးဖိုးလုံး ၊ ဟိုမှာ ဒိုင်နဲ့ ပြဿနာ တက်ကုန်ကြပြီ”

လင်းထက်စကားကြောင့် ဦးဖိုးလုံးအကြည့်တို့က တီဗီဖန်သားပြင်ပေါ်ကို ပြန်ရောက်သွားပြီး မှင်သက်နေလေတော့သည်။

“ကဲ …… ကျွန်တော် ပြာတာ မမှန်ဘူးလား …… အဲဒါ လူကျွံဘောပါလို့”

“သြော် …… အေး ….. ဒါ တိုက်ဆိုင်တာပါကွာ ”

ဦးဖိုးလုံးအသံက တစ်စုံတစ်ရာ အတွေးတစ်ခုကြောင့် ….. အနားသတ်တွေ တုန်ယင်နေ၏ ။

“တိုက်ဆိုင်တာ မဟုတ်ပါဘူး၊ ကျွန်တော် ကြိုမြင်ထားတာ”

“မ ဖြစ်နိုင်တာ လင်းထက်ရာ …… တိုက်ဆိုင်သွားလို့ပါ မင်းပြောတာက …..”

“ဦးဖိုးလုံး”

“အေး …..”

တူအရီးနှစ် ယောက် မျက်လုံးချင်းဆုံမိကြသည်။

“ကျွန်တော့်ကို ကျောင်းက သူငယ်ချင်းတွေ က ဘယ်လိုခေါ်လဲ သိလား”

ဦးဖိုးလုံးက ခေါင်းယမ်းပြ၏ ။ ပြီးမှ

“ပြောပါဦး ….. ဘယ်လိုခေါ်ကြတာလဲ”

“နတ် …… မျက် …….. စိ …… တဲ့”

“ဘာ”

*


သက္ကရာဇ် ၂၀၀၈ ခုနှစ်

မတ်လ

(C)

“သား စာကို သေချာလုပ်နော် …..ဖေဖေနဲ့ မေမေတို့ ခရီးသွားနေတယ်ဆိုပြီး ဂိမ်းတွေ ချည်း ကစားမနေနဲ့ဦး”

“သား …. လင်းထက်၊ မင်းအမေပြေတာ ကြားတယ်နော်”

သူက ဖေဖေနှင့် မေမေတို့ကို တစ်လှည့်စီကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

အဖေ ဖြစ်သူ ဦးလင်းကိုက -

“ ၁၀ တန်းဆိုတာ ဘ၀တစ်ဆစ်ချိုး စာမေးပွဲပဲနော်၊ အရေး ကြီးတယ် ….. အိမ်ကိုလည်း ဂရုစိုက်။ ပြီတော့ ဦးဖိုးလုံးရဲ့ စကားကိုလည်း နားထောင်၊ ပြန်လာရင် ဘာအသံမှ မကြားချင်ဘူးနော်”

“ဟုတ်ကဲ့ပါ ဖေဖေနဲ့ မေမေရယ် …. သားကို စိတ်ချပါ”

ထုံးစံဝတ္တရားမို့သာ မိဘတွေ ကလည်း မှာ ကြားနေရခြင်း ပင် ဖြစ်၏ ။ တကယ်တမ်းတော့ လင်းထက်က ခပ်ပေပေေ ခပ်ဆိုးဆိုးထဲက မဟုတ်ဘူးဆိုတာကို အားလုံးက သိထားပြီးသား။

“ကဲ …. ဒီလိုဆိုရင်လည်း မေမေတို့ သွားတော့မယ်၊ ကဲ …… လာ ….. ဖေကြီး၊ အချိန်တောင် အတော် ကပ်နေပြီ”

အမေ ဖြစ်သူက လက်မှ နာရီကို တစ်ချက်ကြည့်ပြီး ခရီးဆောင်အိတ်တစ်လုံးကို အဆင့်သင့်ဆွဲကိုင် လိုက်ရင်းမှ ပြော၏ ။

ဦးဖိုးလုံးက အိတ်တချို့ကို ကားအနောက်ခန်းထဲသို့ လိုက်ပို့ပေးနေ၏ ။

“ပြန်လာရင် ….. သားအတွက် Laptop အသစ်တစ်လုံး ပါအောင် ၀ယ်ခဲ့ပါနော်”

“မင်းသာ ၁၀ တန်းကို ALLD ပါအောင် ကြိုးစားပါ။ လိုချင်တာ အားလုံးရရစေမယ် …… ဖေဖေ ကတိပေးတယ်”

“သားကို စိတ်ချထားခဲ့၊ ဖေဖေတို့သာ လမ်းခရီးကို ဂရုစိုက်”

“လေယာဉ်မမီ ဖြစ်နေကြဦးမယ်နော်”

ဦးဖိုးလုံးက သတိပေးသလိုပြောမှ ဖေဖေရော မေမေပါ ကားပေါ်တက်သွားကြသည်။ ဒရိုင်ဘာနေရာမှာ တော့ ဦးဖိုးလုံးက အဆင်သင့် ဖြစ်နေလေပြီ။

“ကဲ ….. သားလေးရေ သွားပြီနော်၊ တာတာ့”

“ဟုတ်ကဲ့”

မေမေ့ကို သူ လက်ပြန်ပြရင်းမှ ခြံဝန်းထဲမှ ထွက်ခွာသွားသည့် ကားနောက်ပိုင်းလေးကို သူငေးကြည့်ကျန်ရစ်ခဲ့သည်။

တစ်ဦးတည်းသော သားလေးမို့ထင် …… ဒေါ်ထက်ထက်လွင်နှင့် ဦးလင်းကိုကိုတို့က လင်းကထ်ကို အသည်းပေါက်မတတ် ချစ်ကြသည်။

အမေ ဖြစ်သူ ဒေါ်ထက်ထက်လွင်၏ အစ်ကို ဦးဖိုးလုံးက လည်း လင်းထက်ကို သား တစ်ယောက် နှင့် မခြား ချစ်ခင်သူပင် ဖြစ်သည်။

ဦးလေး ဖြစ်သူ ဦးဖိုးလုံးက တစ်ကိုယ်တည်း လူပျိုကြီးလည်း ဖြစ်၏ ။ လင်းထက်ကို ငယ်စဉ်ကတည်းက ထိန်းကျောင်းလာခဲ့ရသူလည်း ဖြစ်သည်။

လင်းထက်မိဘတွေ နှစ် ယောက် လုံးက ကုမ္ပဏီလုပ်ငန်းရှင် စီးပွားရေး သမားတွေ မို့ အိမ်ကပ်ရသည် သိပ်မရှိ။ သား ဖြစ်သူ လင်းထက် ကိစ္စအ၀၀ကို ဦးဖိုးလုံးနှင့်သာ အပြီးလွှဲထားပြီး စီးပွားကိုသာ လင်မယားနှစ် ယောက် တက်ညီလက်ညီ ရှာဖွေနေခဲ့သည်။

ထို့ကြောင့် လည်း ယနေ့အချိန်မှာ လင်းထက် တစ်ယောက် လိုတရဘ၀ကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်၏ ။

အချိန်နာရီဝက်ခန့်ကြာမြင့်ချိန်မှာ တော့ ဖေဖေ မေမေတို့ကို လိုက်ပို့ပေးသည့် ဦးဖိုးလုံး ပြန်ရောက်လာသည်။

“လင်းထက်ရေ ….”

“ဦးဖိုးလုံး ….. ပြန်ရောက်ပြီလား၊ ဖေဖေမေမေတို့ရော လေယာဉ်မီရဲ့ လား”

“မီ ပါတယ်ကွာ ….. လာ ….. ဒီမှာ …… မင်းကြိုက်တဲ့ ရေခဲမုန့်တောင် ၀င်ဝယ်ခဲ့သေးတယ်”

ဦးဖိုးလုံးက လက်ထဲက အထုပ်ကလေးကို မြှော က်ပြရင်း ပြောတော့ လင်းထက် အတော် မြူးသွားရသည်။

“ဟာ ….. ဦးဖိုးလုံးကြီးက တကယ်အလိုက်သိတယ်ဗျာ၊ အဲဒါကြောင့် ချစ်ရတာ ”

လင်းထက်က လက်ထဲက ရေခဲမုန့်ထုပ်ကို ယူရင်း ခပ်ချွဲချွဲကလေးပြောတော့ ဦးဖိုးလုံးက -

“ဟေး ….. သိပ်ဖားမနေနဲ့ ကောင်လေး၊ ရေခဲမုန့် စားပြီးရ၈် ကိုယ့်စာ ကိုက်ဆက်လုပ် ….. ဒါပဲ ….. သိတယ်မို့လား ….. ဒီအချိန်မှာ ငါ အကြီးဆုံးပဲ”

“ဘာလဲဗျ”

“အာဏာကို ပြောတာကွ၊ အာဏာ”

ဦးဖိုးလုံး၏ ခပ်ဆောင့်ဆောင့် စကားကြောင့် လင်းထက် ဇက်ကလေး ပုသွားသည်။

“ ဒါနဲ့ ဒီနေ့ music channel က လေဒီဂါဂါ live show ပွဲလွှင့်မှာ နော်”

“ဟေ …. ဟုတ်သလားဟ”

ဦးဖိုးလုံးအသံက လမ်းမှာ ပိုက်ဆံ ၇သိန်း လောက် ကောက်ရလာသည့် လေသံမျိုး။ (ပျော်ရွှင်အားရနေပုံ ပြောပါတယ်)

ပျော်မည် ပေါ့။ ဦးဖိုးလုံက လေဒီဂါဂါ ရဲ့ အမာခံ ပရိသတ်လေ ….။ သူ့ပွဲဆို မလွတ်တမ်း အားပေး ကြည့်ရှုသူပေါ့။

လေဒီဂါဂါ ကို ဘာတွေ နှစ်သက် သဘောကျနေသည်တော့ မသိ။ လေဒီဂါဂွ ရှိုးပွဲကြည့်တိုင်း ဦးဖိုးလုံး တစ်ယောက် မျက်တောင်မခတ်တော့ ။ ပါးစပ်ကြီး ဟပြီး မကြာမဏ တံတွေးတွေ မြိုချနေတတ်သည်။ (ဘာကြောင့် မှန်း မသိ။ တစ်ခါ တစ်ခါ သွားရည်တွေ စီးကျနေတတတ်ပြန်သည်။)

“ဟုတ်တယ် ဦးဖိုးလုံးရဲ့ ”

“ဘယ်နှာနာရီ လာမှာ လဲ”

“နောက်ဆယ့်ငါးမိနစ်လောက်ဆို လာပြီ၊ ကျွန်တော် လည်း အဲဒါ …..”

စကားမဆုံးသေးခင် ဦးဖိုးလုံးက ပိတ်ပြောလာသည်။

“တော် ….. မင်း မကြည့်ရဘူး”

“ဟာဗျာ …..”

“မင်း ဘာနားလည်လို့လဲ၊ ထိုင်းမှာ လား ကိုရီးယားမှာ လား မသိတော့ဘူး ….. လေဒီဂါဂါ ရှိုးပွဲကို အစိုးရက အသက်မပြည့်သေးတဲ့ လူတွေ မကြည့်ရ ….. လို့ အမိန့်ထုတ်ထားတယ် …… မင်း မကြည့်ရဘူး၊ ဒါပဲ ……”

“သား …… ဆယ့်ခြောက်……”

“တိတ် ….. ဆယ့်ရှစ်နှစ် ပြည့်မှ ကြည့်၊ သွား ….. စာသွားလုပ်တော့”

လင်းထက် တစ်ယောက် ပွစိပွစိနှင့် အခန်းထဲဝင်ရန် ပြင်နေစဉ် -

“အား ”

တူ ဖြစ်သူ၏ ရုတ်တရက် စူးစူးရှရှ အော်ဟစ်သံကြောင့် ဦးဖိုးလုံး တစ်ယောက် အပြေးရောက်သွားရ၏ ။

“သား ဘာ ဖြစ်တာလဲ”

“အား …… ခေါင်းတွေ ထိုးကိုက်လာတယ် …… အား ……”

“တူလေး …… အဆင်ပြေလား။ ဆရာဝန်ခေါ်လိုက်ရမလား”

ဦးဖိုးလုံး တစ်ယောက် တူ ဖြစ်သူ လင်းထက် နာကျင်ခံစားနေရပုံကိုကြည့်ပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေသည်။

လင်းထက် အသိအာရုံမျက်ဝန်းထဲမှာ ကား ……

ပုံရိပ်တွေ ၊ လျှပ်ပြက်သလို ပြေးလွှားနေကြ၏ ။

“ဟာ ….. ဘာတွေ လဲ ”

“လင်းထက် ၊ တူလေး …… အဆင်ပြေရဲ့ လား”

လင်းထက် တစ်ယောက် စိတ်နှင့် ကိုယ်နှင့် မကပ်ဘဲ ဖြစ်နေပုံရသည်။

ထွက်ကျလာသည့် စကားလုံးတို့က အဓိပ္ပါယ်မဲ့သလို ……။ အဆက်အစပ်မရှိသလို၊ စိုးရိမ်ထိတ်လန့်နေသလို ဟိုရောက်ဒီရောက် ဖြစ်နေ၏ ။

“မ ဖြစ်နိုင်ဘူး …… မ ဖြစ်ရဘူး ….. ဖေဖေ ……. မဟုတ်ဘူး …. မေမေ …..”

“တူလေး ……. ဘာ ဖြစ်တာလဲ၊ ဦးဖိုးလုံးရှိတယ်လေ …… စိတ်ကိုလျှော့…..”

လင်းထက် တစ်ယောက် ပြူးကြောင်ကြောင်မျက်ဝန်းတွေ နှင့် ဦးဖိုးလုံးကို ငေးကြည့်ပြီး ရေခွက်ကို ယူကာ တရှိန်ထိုး မော့သောက်ပစ်လိုက်၏ ။

ဦးဖိုးလုံးက သူ့မျက်နှာပေါ်မှ ချွေးစက်များ ကို သုတ်ဖယ်ပေးနေ၏ ။

လင်းထက်ပုံစံက ရန်သူ့တပ်ထဲက ထွက်ပြေး လွတ်မြောက်လာခဲ့သည် စစ်သုံ့ပန်း တစ်ယောက် လို မောပန်းထိတ်လန့် နွမ်းလျနေသည်။

“တူလေး …. အဆင်ပြေရဲ့ လား၊ သက်သာလား”

“ကျွန်တော် ပုံရိပ်တွေ ကို မြင်ရတယ်”

“ဟင်”

လင်းထက်စကားကြောင့် ဦးဖိုးလုံးပင် အတော် ထိတ်လန့်သွေးပျက်နေမိသည်။

“ဟုတ်တယ်၊ ကျွန်တော် သေသေချာချာ မြင်လိုက်ရတယ်”

“ဘာ …… ဘာတွေ မြင်တာလဲဟင်”

ဦးဖိုးလုံးအသံတွေ က တစ်စုံတစ်ခုကို ကြိုတင်သိရှိနေသလို မလုံမလဲပုံစံနှင့် ထိတ်လန့်နေ၏ ။

“လေယာဉ်ကြီး တစ်စီး ပျက်ကျသွားတယ်”

“ဘယ်လို ……”

“ဟုတ်တယ် ……. ဖေဖေနဲ့ မေမေရဲ့ …… အော်ဟစ်အကူအညီ တောင်းနေတဲ့အသံတွေ ကြားနေရတယ်”

“ …………..”

ဦးဖိုးလုံး တစ်ယောက် ပို၍ ပို၍ ပင် ထိတ်လန့်အံ့သြနေမိပါသည်။

စိတ်ထဲမှာ တော့ …….

“မ ဖြစ်ဘူး လင်းထက်၊ တူလေး မင်း အဲသလို မ ဖြစ်ပါစေနဲ့”

“ဦးဖိုးလုံး ဖေဖေနဲ့ မေမေတို့လေယာဉ် …….”

လင်းထက်၏ အထိတ်တလန့်စကားကြောင့် ဦးဖိုးလုံးအတွေးတို့ ပြတ်တောက်သွားပြီး လင်းထက်ကို အဓိပ္ပါယ်အချို့ ပျော်ဝင်နေသည့် မျက်လုံးများ နှင့် ကရုဏာသက်စွာ ငေးကြည့်နေမိသည်။

သို့ ကြောင့် လည်း …….. လင်းထက်စကားကို တမင်ပိတ်ပြောပစ်လိုက်ရ၏ ။

“အလကားပါ တူလေးရယ် …… ညဥ့်နက်သန်းခေါင် အထိ စာကျက်တာတွေ များ ပြီး ရက်ဆက် အိပ်ရေး တွေ ပျက်တော့ အားနည်းပြီး ခေါင်းတွေ ကိုက်တာပါ …… လျှောက်တွေးမနေနဲ့ တူလေး။ ဒါ ….. အားနည်းလို့ သွေး လေ ချောက်ချားပြီး မြင်ချင်တာတွေ လျှောက်မြင်နေတာ ….. စိတ်ထဲ ထားမနေနဲ့”

“မဟုတ်ဘူး …… ကျွန်တော် သိတယ်၊ ခံစားလို့ ရနေတယ် ….. ဖေဖေမေမေတို့လေယာဉ် တစ်ခုခု ဖြစ်နေပြီ ဦးဖိုးလုံး ”

“မ ဖြစ်နိုင်ပါဘူး တူလေးရယ် လာ…… ထိုင် …… ဦးဖိုးလုံးနဲ့ အတူတူ စိတ်ပြေလက်ပျောက် လေဒီဂါဂါပွဲ ကြည့်ရအောင်နော် ……. ဒီနေ့တစ်နေ့လုံး နားလိုက်တော့နော် ….. စာလုပ်မနေနဲ့တော့”

“………”

ဦးဖိုးလုံးက လင်းထက်ကို ဆိုဖာပေါ် အထိုင်ခိုင်းပြီး music chnnel ကို ဖွင့်လိုက်၏ ။

တီဗီဖန်သားပြင်မှာ တော့ ….. လေဒီဂါဂါက သူမ၏ super heavy fashion design တွေ နှင့် အပီအပြင် ဟစ်နေလေသည်။

သို့ သော် …… ဦးဖိုးလုံးစိတ်ထဲမှာ တော့ လေဒီဂါဂါအသံတွေ ပျောက်ရှနေပြီး လင်းထက်စကားသံတွေ ပျံဝဲနေ၏ ။

“မဟုတ်ဘူး …… ကျွန်တော် သိနေတယ်၊ ခံစားလို့ရနေတယ်၊ ဖေဖေ မေမေတို့ လေယာဉ် …”

လင်းထက် ကတော့ ခုံပေါ်မှာ ကျောက်ရုပ် တစ်ရုပ်လို ငြိမ်သက်နေသည်။

ထိုစဉ် တီဗီဖန်သားပြင်ပေါ်တွင် လေဒီဂါဂါ၏ သီချင်းတစ်ပုဒ် ပြီးဆုံးသွားပြီ Breaking News တချို့ကို ကြေငြာလေ၏ ။

“မြန်မာနိုင်ငံမှ ….. အချိန်တွင် ထွက်ခွာသွားသော အမှတ် ……လေယာဉ်သည် ရုတ်တရက် စက်ချွတ်ယွင်းပြီး အမြင့်ပေ …..”

ဦးဖိုးလုံးက တီဗီကို ရုတ်တရက် ထပိတ်ပစ်လိုက်သည်။

“ဦးဖိုးလုံး ……. ဖေဖေတို့ …..”

ထိုစဉ် …..

“ကလင် ….. ကလင် …….. ကလင် …….”

ရုတ်တရက် ဖုန်းမြည် လာသဖြင့် ဦးဖိုးလုံး တစ်ယောက် တူ ဖြစ်သူစကားကို မကြားဟန်ဆောင်ပြီး ထကိုင်လိုက်၏ ။

“ဟုတ်ကဲ့ ….. အမိန့်ရှိပါ၊ ဦးလင်းကို တို့ အိမ်ကပါခင်ဗျာ”

“ xxxx xxxx ”

“ဟုတ်ကဲ့ ”

“ xxxx xxxx”

“ဗျာ”

ဦးဖိုးလုံးလက်ထဲမှ တယ်လီဖုန်းပြုတ်ကျသွားသည်။

လင်းထက်အကြည့်တွေ က ဦးဖိုးလုံးမျက်နှာပေါ်မှာ အဖြေရှာနေ၏ ။

ထိုနေ့သည် လင်းထက်အတွက် နေမင်း ပျောက်သော နေ့၊ လမင်း ပျောက်သော ည ….. နှင့် ကမ္ဘာပျက်သော နေ့ တစ်ရက်အ ဖြစ် သမိုင်းဝင်သွားခဲ့လေတော့၏ ။

အချစ်နဲ့တွေ့ တော့

င့ါနှလုံးသားလည်း တစ်ကျွန်းအကျခံလိုက်ရသလို

ခု ….

မိမွေးတိုင်း ဖမွေးတိုင်း မဟုတ်တော့ဘူး

ခေါင်းနောက်တယ် …..

ရေဆာတယ် …..

အချစ်ကို စစ်လိုတော့ တိုက်ခိုက်မယူချင်ခဲ့

ငါဆိုတဲ့ကောင်က

လက်နက်မဲ့ နှလုံးလှလူမိုက်ပါကွယ် ……။ ။

*


(D)

သူမ အိမ်မှာ တစ်ယောက် တည်း ပျင်းနေမိသည်။ မိခိုင်တို့ အင်ကြင်းတို့ကလည်း ဒီအချိန်လာက်ဆို ….. သူတို့ဘဲဘဲတွေ နှင့် ပျော်ရွှင်ကြည်နူးနေကြလောက်ပြီ။

သူမမှာ သာ ကျောင်းဖွင့်ရက်မှန်းသိသိရက်နှင့် ….. ကျောင်းမသွား ဖြစ်ဘဲ အိမ်မှာ တစ်ယောက် တည်း ဘူနေရ၏ ။

အယ်ဒီနှင့် မာမီတို့ကလည်း ကုမ္ပဏီမှာ မို့ တစ်ဦးတည်းသော သမီး ဖြစ်သည့် သူမမှာ ကျောင်းပိတ်ရက်တွေ ကို သိပ်မနှစ် မြို့လှပေ။ ကျောင်းမှာ ဆို သူငယ်ချင်းတွေ ဖြစ်သည့် မိခိုင်တို့ အင်ကြင်းတို့နှင့် ဟိုသွားဒီစားလုပ်လိုက်နှင့် အရမ်းပျော်ဖို့ကောင်းသည်။

အခုတော့ …… အိမ်မှာ အသက်ခပ်ကြီးကြီး အိမ်ဖော်မကြီး တစ်ယောက် နှင့် ခြံစောင့်ဦးကုလားတို့သာ ရှိနေသည်။ သူတို့ကလည်း သူတို့အလုပ်နှင့် သူတို့ရှုပ်နေကြသည်။

“၀ှား ….. ပျင်းလိုက်တာနော် …… ကောင်မတွေ …. နောက်နေ့ ကျောင်းရောက်မှတွေ့ ဦးမယ်”

သူမ တစ်ယောက် တည်း တီးတိုးရွတ်ဆိုပြီး တီဗီဖွင့်ကြည့်လိုက်သည်။ ထူးမခြားနား အစီအစဉ်တွေ မို့ …… သူမ ပို၍ ပျော်သွားရသည်။

“စာအုပ် ငှားဖတ်ရင် ကောင်းမယ်”

“အို …. သည်နေ့ခေတ်စာရေး ဆရာတွေ ကလည်း ထင်သလို လျှောက်ရေး နေကြတာပါလေ”

သူမ ကိုယ်တိုင် တင်သွင်းမိသည့် အဆိုကို သူမဘာသာ ပြန်ပယ်ဖျက်ပစ်လိုက်ပြီး အခန်းထဲမှာ ဟိုလျှောက် ဒီလျှောက် လုပ်နေမိသည်။

“ပူလိုက်တာနော်”

အထပ်ပါ ညည်းညူသံနှင့် အတူ နံရံအထက်က Aircon: ကို တစ်ချက်ကြည့်လိုက်မိ၏ ။

“ဟွန်း”

ထုံးစံအတိုင်းမီးပျက်နေသဖြင့် Aircon: က အလုပ်မလုပ်။ ရာသီဥတကြလည်း နွေရာသီထဲ ခြေတစ်လှမ်းသာသာလွန်နေပြီမို့ ပူအိုက်လှပြီ။

“ဟာ ….. ဟုတ်ပြီ၊ အပျင်းပြေ လမ်းလျှောက်ထွက်ရင်း ရေခဲမုန့် သွားဝယ်စားရမယ်”

သူမက သူမအတွေးကို သူမကိုယ်တိုင် အတည်ပြုပြီး သူမကိုယ်တိုင်ပင် စတင်အကောင်အထည်ဖော်ပစ်လိုက်သည်။

“ဒေါ်ထားရေ ….. ဒေါ်ထား ”

“ရှင် …… မမလေး”

သူမ၏ အသံစာစာကလေး မဆုံးခင်မှာ ပင် ပြန်ထူးသံနှင့် အတူ အိမ်ဖော်အစ်မကြီး ဒေါ်ထား တစ်ယောက် ရောက်လာသည်။

“မမလေး ….. ဘာခိုင်းစရာရှိလို့လဲ”

“ဘာမှ မခိုင်ပါဘူး ….. သမီး အပြင်ခဏထွက်ပြီး ရေခဲမုန့်သွားဝယ်စားမလို့၊ အဲဒါ …. ဒယ်ဒီတို့ ပြန်လာလို့ သမီးကို မတွေ့ ရင် စိတ်ပူနေမှာ စိုးလို့ ဒေါ်ထားကို မှာ ခဲ့တာ”

“သြော် …..အေး … သမီးလေး သွား ….. သွား ….. စိတ်ချ ….. ဒေါ်ထား သေချာပြောလိုက်မယ်”

သူမက ပိုက်ဆံအိတ်ခပ်သေးသေးတစ်လုံးကို ကိုင်ပြီး နုပျိုလတ်ဆတ်လှသော ခြေလှမ်းအစုံဖြင့် ပျင်းရိခြောက်သွေ့ခြင်းတချို့ကို စတင်ဖောက်ခွဲ ပစ်လိုက်လေသည်။

လမ်းမအထက်တွင် လူအတော် များများ ကို တွေ့ ရသည်မှာ သိပ်ထူးခြားဆန်းကြယ်လှသော ဖြစ်စဉ်တစ်ခုကို မဟုတ်ပါ။

သို့ သော် ….. သမားရိုးကျတွေ့ မြင်နေကျပုံစံများ လည်း မဟုတ်ပြန်သဖြင့် သူမ တစ်ချက်ခေါင်းစားသွားသည်။

သူမ ခေါင်းစားရသည်ဆိုသည်မှာ လမ်းမထက်က လူများ သည် ခြေထောက်နှစ် ချောင်းကို မိုးပေါ်ထောင်ပြီး ကင်းမြီးကောက် ပုံစံမျိုးဖြင့် သွားလာနေကြသည့် ကိစ္စမျိုးတော့ မဟုတ်ပါ။

လမ်းမထက်တွင် စုံတွဲ ကြီးငယ်အသွယ်သွယ်ကို ကြည်နူးပျော်ရွှင်ပုံ အမျိုးမျိုးဖြင့် တွေ့ မြင်လိုက်ရသော ကြောင့် ပင် ဖြစ်ပါသည်။

နောက်မှ …..

သူမ သည်နေ့ ကျောင်းမသွား ဖြစ်ရသည့် အကြောင်းရင်း၊ သူငယ်ချင်းတွေ ဖြစ်သည့် မိခိုင်နှင့် အင်ကြင်းတို့နှစ် ယောက် ချစ်သူများ ဖြင့် လျှောက်လည်ကြပုံ၊ လမ်းမထက်က အတွဲ များ နှင့် လှမ်းမြင်နေရသည့် ရေခဲမုန့်ဆိုင်တို့ အထူးလူစည်နေခြင်းတို့ကို ထောက်ရှုပြီး သူမ သဘောပေါက်သွားသည်။

ဟုတ်သည်ပဲ ….. သည်ကနေ့က ၂၀၁၀ ခုနှစ် Valentine’s Day ပဲ။

ချစ်သူများ နေ့မှာ ပြုံးပျော်နေကြသည့်စုံတွဲ များ ကို တွေ့ နေရသည်မှာ သဘာဝပဲ ဖြစ်သည်။

ပြီးတော့ ….. သည်နေရာကလေးက စုံတွဲ အတော် များများ ၏ ကြည်နူး ဆုံတွေ့ နေရာ အထင်ကရပန်းခြံတစ်ခုနှင့် လည်း နီးကပ်နေသည် မဟုတ်ပါလား။

သူမအတွေးနှင့် သူမ ပြုံးလိုက်မိပြီး လမ်းဆက်လျှောက်လာခဲ့သည်။

Happy Valentine’s Day တဲ့။

သူမမှာ တော့ ချစ်သူရည်စားလည်း မရှိသဖြင့် ချစ်သူများ နေ့ဆိုပြီး အထူးပျော်ရွှင်ခံစား နေသည်လည်း မဟုတ်ပါ။ သာမန်နေ့တွေ ထဲက ထူးမခြားနားနေ့တစ်နေ့ပင် ဖြစ်ပါသည်။

ထို့ထက် ဆိုးဆိုးရွားရွား ပြောရပါမူ သာမန်နေ့တွေ ထက်ပင် သူမအတွက် ပျင်းရိဖွယ် ကောင်းနေပါသေးတော့သည်။

ရေခဲမုန့်ဆိုင်ရှေ့ကိုရောက်တော့ အပြင်ကအဆင်သပ်ရပ်ထူးခြားလှသည့် ဆိုင်ကလေး၏ နာမည် ကို သူမ တစ်ချက်ကြည့်လိုက်မိ၏ ။

For Love

အချစ်အတွက် တဲ့ …..

သူမ ဒုတိယအကြိမ် ပြုံးယောင်သမ်းသွားသည်။

“ကျွန်မ ကတော့ ကျွန်မအတွက် ရေခဲမုန့်လာဝယ်စားတာပါရှင့် ၊ ဘယ်အချစ်အတွက်မှ မဟုတ်ရပါဘူး”

စိတ်ထဲကနေ အထက်ပါအတိုင်းပြောပြီး ….. “For Love” အမည် ရှိ ရေခဲမုန့်ဆိုင်ကလေးထဲကို သူမ ၀င်ခဲ့မိသည်။

သူမအရင် ရောက်နှင့် နေသည့် အတွဲ တစ်တွဲ ကို ပြီးအောင် စောင့်ပြီးမှ သူမအလှည့်သို့ ရောက်၏ ။

“ကျွန်မအတွက် စတော် ဘယ်ရီပေးပါ”

“ဟုတ်ကဲ့ပါ”

ကျသင့်ငွေကို ပေးချေပြီး နောက်ကို သူမ ပြန်လှည့်လိုက်ချိန်မှာ တော့ ထိုနေ့ (Valentine’s Day) က သူမအတွက် ထူးခြားမှု ကို စတင်ဆောင်ကြဉ်းပေးလေတော့သည်။

“အင့်”

“ဟာ”

“အို ”

“ဆောရီးပါ …. ညီမ ”

အ ဖြစ်အပျက်က ရုတ်တရက်မို့ လျှပ်ပြက်သလို မြန်ဆန်လှသည်။

“ရပါတယ်ရှင်၊ ကျွန်မကိုက သတိမထားမိဘဲ နောက်လှည့်ပစ်လိုက်မိတာပါ”

သူမက အထက်ပါအတိုင်း မော့မကြည့်မိဘဲ အင်္ကျီပေါ်ကို ပေကျံသွားသည့် ရေခဲမုန့်တွေ ကို ဖယ်ရှားရင်း ပြောလိုက်၏ ။

“မဟုတ်တာပဲ ညီမရယ် …. ကိုယ့်အမှားပါ။ ညီမ အင်္ကျီတွေ လည်း ကိုယ့်ရေခဲမုန့်ကြောင့် ပေကုန်ပြီ”

“ရပါတယ်”

ပြောရင်းဖြင့် သူမ မော့ကြည့်လိုက်မိချိန်မှာ တော့ ရင်တစ်ချက် ဆောင့်ခုန်သွားသည်။

အိုး ……. ချောလိုက်တဲ့လူကြီး …..

မျက်လုံးတွေ ကလည်း တောက်ပစူးရှလိုက်တာ …….

ပြီး …. သူမ ခေါင်းပြန်ငုံ့လိုက်ပြီး မရှိတော့သည့် ရေခဲမုန့်တွေ ကို အင်္ကျီပေါ်မှ ခါထုတ်နေမိသည်။

“ဘယ်ဟုတ်ပါ့မလဲ …… ကိုယ့်ကြောင့် ညီမ ရေခဲမုန့်ကလေးလည်း ပြုတ်ကျသွားရပြီ မဟုတ်လား”

သည်တော့မှ သူမကိုယ်တိုင်လည်း သတိထားမိသွားသည်။

ဟုတ်ပါရဲ့ ။ ငါ့ရေခဲမုန့်လေး ပြုတ်ကျသွားပြီပဲ ……

“ဘယ်လိုမှ သဘောမထားပါနဲ့ …. ကိုယ် ပြန်ဝယ်ပေးပါရစေနော်”

ထိုခပ်ချောချောလူ၏ အသံက တောင်းပန် ခ ယ သံလည်း မဟုတ်။ အမိန့်သံလည်း မဆန်လှဘဲ တစ်မျိုးလေးနှင့် နားထောင်လို့ ကောင်းလွန်းလှပါသည်။

“ရပါတယ် …. ကျွန်မကြောင့် ရှင့်ရေခဲမုန့်လည်း ပြုတ်ကျသွားတာပဲလေ ….. ကျွန်မပဲ ပြန်ဝယ်ပေးပါရစေ”

သူမအသံက သာမန်ထက် အနည်းငယ်တိုးလျစွာ ဖြေနေမိသည်။

“မဟုတ်တာပဲ ညီမရယ် …..”

“ရပါတယ် ….. နေပါစေ …..”

သည်တစ်ခါတော့ ကိုလူချောက သူမကို ပြန်ဖြေမနေတော့ ဘဲ ရေခဲမုန့်သည်ကိုသာ လှမ်းပြောနေ၏ ။

“အစ်မရေ …. ကျွန်တော့်ကို စတော် ဘယ်ရီ တစ်ခုနဲ့ ချောကလက် တစ်ခု ပေးပါ”

“ဟုတ်ကဲ့ပါ”

“ ……”

သူမ ကတော့ နှုတ်ဆိတ်နေပြီး သူ့ကိုသာ ခိုးကြည့်နေမိ၏ ။ ကိုယ်တော် ချောက ပိုက်ဆံအိတ်ထဲမှ ငွေအချို့ထုတ်ပေးပြီး သူမကို

“ရော့ ….. ညီမအတွက် ကိုယ့်ရဲ့ လက်ဆောင်လို့ပဲ သဘောထားပြီး ယူလိုက်ပါ”

ဟု ဆိုကာ ရေခဲမုန့်ကလေးကို ထိုးပေးလိုက် သည်။

“အားနာလိုက်တာရှင်ရယ်”

သူမရင်ထဲမှာ ရုတ်တရက်စီးဆင်းလာသည့် ကြည်နူးရိပ်တချို့ကို သိမ်းဆည်းဖုံးကွယ်ပြီး လျလျလေးပြုံးပြပေးလိုက် မိသည်။

မူမမှန်သည့် သူမရင်ခုန်သံကြောင့် သူမကိုယ်သူမလည်း ရှက်သွားမိပါသည်။

“သူ့မှာ ကောင်မလေး ပါလာရင် ….. အို ….. ငါ တစ်ယောက် တည်း ဘာတွေ တွေးနေမိပါလိမ့်”

သူမအတွေးတို့ကို အဓမ္မရပ်တန့်ပစ်လိုက်ရသည်။

“ဒါနဲ့ …. ညီမက တစ်ယောက် တည်းလား”

“ရှင် ……”

“ Sorry ……ကိုယ် စကားပြောလောကြီးသွားတယ် …. ကိုယ်ဆိုလိုတာက …. တစ်ယောက် တည်း မုန့်လာဝယ်စားတာလားလို့ မေးတာပါ”

“သြော် …. ဟုတ်ကဲ့ ”

“တိုက်ဆိုင်လိုက်တာဗျာ”

“ရှင်”

သူမ ဒုတယအကြိမ် “ရှင် ” မိသွားပြန်သည်။ နောက်ပြီး …. ရှက်ရွံ့သလိုလို ဘာလိုလိုလည်း ခံစားနေရပါသေးသည်။

“ကိုယ်ပြောတာက ကိုယ်လည်း တစ်ယောက် တည်းလာဝယ်စားတာလေ ….. အဲဒါ တိုက်ဆိုင်တယ်လို့ ……”

“သြော် ….. အင်း ……”

တစ်ယောက် တည်းပဲတဲ့လား ……..

ထိန်းချုပ်ထားသည့်ကြားက သူမနှလုံးခုန်သံတွေ က အဆမတန်မြန်ဆန်နေသည်။

ရှင် ဘယ်သူလဲ။ ဘယ်လိုလူမျိုးလဲ။ ဘာကြောင့် ….. ကျွန်မစိတ်တွေ ကို ကစဥ့်ကလျား ဖြစ်နေစေတာလဲ ……

သေချာသည် ကတော့ သူမကို ရုပ်၊ အသံ၊ နောက် ….. တစ်စုံတစ်ရာစွမ်းအားတစ်ခုနှင့် ဆွဲငင်ဆွဲငင်ထားပြီဆိုတာကိုပါပဲ ……

“ဒါထက် ထူးဆန်းတိုက်ဆိုင်တာတစ်ခုကို ကိုယ်ပြောပြရင် ညီမ ယုံနိုင်မလား”

“ဘာများ လဲရှင်”

မပြောသေးခင် ကိုလူချောက သူမမျက်ဝန်းတွေ ကို စူးစူးစိုက်စိုက် တစ်ချက်ငေးကြည့်နေသေး သဖြင့် သမမှာ မနေတတ်မထိုင်တတ် ဖြစ်နေရသေးသည်။

“ဒီလိုပါ ….. ချစ်သူများ နေ့မှာ ကောင်မလေး တစ်ယောက် နဲ့ ရေခဲမုန့်ဆိုင်မှာ ၀င်တိုက်မိမယ်တဲ့။ ပြီးတော့ အဲဒီ ကောင်မလေးနဲ့ ကိုယ်နဲ့ ရင်းနှီးသွားကြလိမ့်မယ်တဲ့ …. အဲဒါကို ကိုယ်က မယုံလို့ လာဝယ်စားကြည့်တာ ….. ခုတော့ ဒါ တကယ်ပဲ ဖြစ်နေပြီလေ”

“သြော်”

“ကိုယ့်စကားကို ညီမ မယုံဘူးမို့လား …. ကြုံတုန်း ဇာတ်လမ်းဝင်ရေး နေတယ် ထင်နေတာမို့လား ညီမ”

“ရှင်”

သည်စကားကိုတော့ သူမ တကယ်ပဲ အံ့သြသွားမိပါသည်။ ရှင် …… ကျွန်မအတွေးတွေ ကို ကြိုပြီး သိနေတာလား …. ဒါမှမဟုတ် ရှင်က Mind Reader တစ်ယောက် လား။

သူမ အံ့သြတုန်လှုပ်နေတုန်းမှာ ပဲ ကိုလူချောက -

“နောက်တော့ ကိုယ်ပြောတာကို ညီမယုံကြည် သွားပါလိမ့်မယ် ဆုမွန်”

“ရှင်”

မျက်ဝန်းနှစ် စုံ လင်းခနဲ ဆုံမိသွားသည်။

“ရှင် …. ကျွန်မနာမည် ကို သိနေတယ်”

ကိုလူချောက ညင်ညင်သာသာလေး ခေါင်းညိတ်ပြ၏ ။

“ရှင် ကျွန်မကို သိလို့လား။ ရှင် ဘယ်သူလဲ ….. ဘာကြောင့် ကျွန်မကို သိနေရတာ လဲ”

သူမမေးခွန်းတွေ တစ်ဟုန်ထိုး ပြေးထွက်နေပေမယ့် ကိုလူချော ကတော့ သကာထက်ချို့တဲ့ အပြုံးနှင့် ပင် တုံ့ပြန်နေ၏ ။

သူ့အပြုံးက (မသိရင်) ကလေး တစ်ယောက် ကို အပေါစားမျက်လှည့်တစ်ကွက်ချပြပြီး အံ့သြ၀မ်းသာနေတဲ့ကလေးကို ကြည့်ပြီး ပြုံးနေတဲ့ အပြုံးမျိုးပေါ့။

“ကိုယ်တို့ သိပ်ချစ်ကြလိမ့်မယ် ဆုမွန်”

“ရှင်”

“ ဟုတ်တယ် ….. ကိုယ်တို့ ချစ်သူတွေ ဖြစ်ကြလိမ့်မယ်”

“အရူး …. ရှင် အရူးပဲ ”

အရူး တစ်ယောက် လို သွေးရူးသွေးတန်းပုံစံနှင့် သူမ တုံ့ပြန်နေမိ၏ ။

“အဓိပ္ပါယ်မရှိလိုက်တာရှင် ….. ခုမှ စတွေ့ တဲ့ မိန်းကလေး တစ်ယောက် ကိုများ ….”

ပြောသာ ပြောလိုက်ရပေမယ့်လည်း သူမစိတ်ထဲမှာ ကိုသူချောကို ရင်းနှီးနေမိသလို ခံစားနေရသည်။ ဘယ်မှာ ဆုံဖူးတာလဲ။ မိတ်ဆွေဟောင်း တစ်ယောက် လား …. ကျောင်းတုန်းက သူငယ်ချင်းများ လား ….

ဟင့်အင်း …. သူ့ကို ငါမသိဘူး။ ဒါပေမယ့် ရင်းနှီးလွန်းနေတယ် …..

ရှင် ….. ဘယ် ….. သူ ….. လဲ …..။

“နောက်တော့ တဖြည်းဖြည်းနဲ့ အဓိပ္ပါယ်တွေ ရှိလာပါလိမ့်မယ် ဆုမွန်လေးရယ်၊ ခုတော့ …. ကိုယ့်ကို ခွင့်ပြုပါဦးနော်”

“ ……”

ပြောပြီး ကိုယ်တော် ချောက လှည့်ထွက်သွားသည်။ သူမမှာ သာ အတွေးတချို့နှင့် မတ်တတ်မေ့နေမိသည်။

နောက်မှ အသိဝင်ပြီး

“ဟေ့လူ ….. ဟေ့လူကြီး …..နေဦး”

သူမ အပြေးလိုက်ပြီး …. နောက်ကနေ လက်တို့ခေါ်ဖို့ ဟန်ပြင်နေစဉ် ကိုလူချောက ရုတ်တရက် ချာကနဲလှည့်လာသဖြင့် နမ်းမိမလိုအခြေအနေပင် ဖြစ်သွားရသည်။

“အိုး ….”

“Sorry ”

သူမ မျက်နှာကလေး ကြက်သွေးရောင် လွှမ်းသွား၏ ။

သို့ သော် …..

“နေပါဦး …. ရှင် ဘယ်သူလဲဆိုတာ ကျွန်မကိုပြောပါဦး ပြီးတော့ …. ဒီနေ့ဒီအချိန်မှာ ကျွန်မနဲ့ ဒီလိုဆုံမယ်ဆိုတာကရော ရှင့်ကို ဘယ်သူက ပြောလိုက်တာလဲ”

ကိုလူချောက သူမကို အဖြေမမေးသေးဘဲ ညှို့ဓာတ်အပြည့်ပါသည့် မျက်ဝန်းတွေ နှင့် ပြုံးကြည့်နေပါသည်။

မှိုင်းမိသူ တစ်ယောက် လို သူမလည်း ပြန်စိုက်ကြည့်နေမိ၏ ။

အတော် ကလေးကြာတော့မှ ကိုယ်တော် ချောက ခပ်တိုးတိုးလေးပြောပြီး ထွက်သွားလေတော့သည်။

“အိပ် …. မက် …. ထဲ …. မှာ ”

*


(E)

“ဟင် ….. နင့်ဟာကြီးကလဲ …. ဘယ်လိုကြီးလဲ ဆုမွန်ရယ်”

“အေးလေ ….. ဟုတ်ပါ့ ….. ကြောင်တောင်တောင်နဲ့”

သူမက မနေ့က ကြုံတွေ့ ခဲ့ရသည့် အ ဖြစ်အပျက်အားလုံးကို canteen မှာ ထိုင်ရင်း ခရေစေ့တွင်းကျ ပြောပြတော့ မိခိုင်က အထက်ပါအတိုင်း မှတ်ချက်ပြုပြီး အင်ကြင်းက ထပ်မံအတည်ပြုပေးနေသည်။

“မဟုတ်ဘူးဟ …. သူ့ပုံစံက အဲလိုကြောင်တောင်တောင်ပုံစံမျိုးလည်း မဟုတ်ဘူးဟ …. ရုပ်ရည်ကလည်း တကယ့် အထက်တန်း စားထဲကမှန်း သိသာတယ် …. ခပ်ဖြောင့်ဖြောင့်ပဲ”

“အဟမ်း ….. အဟမ်း ”

သူမစကားကို အင်ကြင်းက လုပ်ချောင်းဆိုးပြီး ကလိလိုက်၏ ။ ထုံးစံအတိုင်း မိခိုင်ကလည်း အချွန်နှင့် ၀င် မ ပေးရှာပါသည်။

“ဒါဆို …. နင့်လူကြီးက အကြားအမြင်ရနေတဲ့ ခေတ်ပေါ်နတ်ဆရာကြီး များ လား၊ နောက်တစ်ခါထပ်တွေ့ ရင် ခေါ်ခဲ့စမ်းပါ မိဆုရယ်”

“ ဟဲ့ …..နင်က ဘာလုပ်မလို့လဲ”

“ရှေ့ ဖြစ်ဟောခိုင်းရအောင်လို့လေ”

အတိုင်အဖောက်ညီညီနှင့် ခပ်လှောင်လှောင် လုပနေကြသည့် အင်ကြင်းနှင့် မိခိုင်တို့ကို သူမ တကယ်ပဲဖုသွားမိသည်။

(“ ဖု” သည်ဆိုသည်မှာ တစ်စုံတစ်ခုနှင့် ထိခိုက်မိ၍ ၊ သွေးသွားဓာတ်မတည့်၍ ထိုးထွက်လာခဲ့သော လူ့ခန္ဓာကိုယ်မှ “အဖု” မဟုတ်ပါ။ “တင်း” သွားသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ “တင်း ” သည် ဆိုသည်မှာ လည်း ဗိုက်တင်းခြင်း၊ ကြိုးတင်းခြင်းများ ကို ပြောခြင်းမဟုတ်ပါ။ စိတ်ဆိုး / စိတ်တို / ဒေါသ ဖြစ်သွားခြင်းကိုသာ အထူးရည်ရွယ်ရေး သားခြင်း ဖြစ်ပါသည်။ )

“နင်တို့ မနောက်ကြနဲ့ဟာ”

“ဟေး …. ငါတို့ ဒီနေ့ အစောကြီး ရောက်လာတာပဲလေ …… နောက်ကျတာလေ နင်လေ ”

“အေးလေ”

မိခိုင်နှင့် အင်ကြင်းတို့က ရုပ်တည်ကြီးနဲ့ အရူးကွက်နင်းနေကြသဖြင့် သူမ ပိုတင်သွားသည်။

“ ငါ အတည်ပြောနေတာနော်”

“အေးပါဟယ်၊ ငါတို့က နင် စိတ်ဆိုးရင် ချစ်စရာပိုကောင်းလို့ တမင်နောက်နေတာပါ”

သည်လိုကျတော့လည်း မိခိုင်တို့က အလျှောက်ကောင်းသည်။

“ဒါပေမယ့် တစ်ခုတော့ ရှိတယ်နော်”

အင်ကြင်းအပြောကြောင့် သူမ စိတ်ဝင်စားမိသွားသည်။

“ဘာလဲဟ”

“အဲဒီ လူက စိတ်ကျန်းမာရေး ဆေးရုံက ထွက်ပြေးလာတာတော့ မဟုတ်လောက်ပါဘူးနော်”

ရုတ်တရက်မို့ ထိုစကား၏ အဓိပ္ပါယ်ကို သူမ နားမလည်နိုင်သေး။

အကြောင်းသိ မိခိုင်က တခွီးခွီး ကြိတ်ရယ်မှ သူမ သဘောပေါက်မိသွားသည်။

“မသာမ ….ပြောလေကဲလေ”

“အဟဲ …… နောက်တာပါဟာ၊ ဒီမယ် ….. ဆုမွန် ….. ဒီကိစ္စကို ဘာမှခေါင်းစားမနေနဲ့၊ မေ့ပစ်လိုက်တော့ ”

“ဘာ ဖြစ်လို့”

“နင် ….. တစ်ခါမှ ရည်းစားမထားဖူးသေးတော့ ဒီကိစ္စကို နင့်စိတ်ထဲမှာ feel ဖြစ်နေတာပါ။ ယောက်ျားတွေ အကြောင်း နင်မသိသေးပါဘူး ဆုမွန်ရာ”

အလဲ့ …. ပြောပုံက …. မသိရင် သူပဲ “ကျား” ကျမ်း ကြေနေတဲ့ ဆရာမ ကြီး အထာမျိုး။

သို့ ပေမယ့်လည်း ကိုယ့်ကိစ္စ ဖြစ်နေသည်မို့ သူမ အတော် အောင့်သည်းခံပြီး နားထောင်ပေးလိုက် ပါသည်။

“လုပ်စမ်းပါဦး အင်ကြင်းရယ်၊ ငါလည်း မှတ်ထားရအောင် လို့”

မိခိုင်က အတည်လိုလိုနှင့် အင်ကြင်းကို မြှော က်ပေးနေ၏ ။ ဟိုကလည်း မြှော က်ပေးရင် “အ၀ှာ” တက်အောင် “က ” တတ်သူဆိုလေတော့ ……

“မှတ်ထားဟ၊ ယောက်ျားဆိုတာ ငယ်ငယ်ကြီးကြီး တကယ်တမ်းတော့ အားလုံးအတူတူပါပဲ”

“ဟင်”

အရင်းမရှိ အဖျားမရှိနှင့် အဓိပ္ပါယ် အမျိုးမျိုးထွက်ပေါ်နေသည့် အင်ကြင်း၏ မဟာဒဿနကြောင့် သူမလည်း မျက်လုံးပြူးသွားမိသည်။ မိခိုင်က

“အင်ကြင်း …… ဘာကိုဆိုလိုတာလဲဟင် ….. ငါ ….. ငါ …. ကြက်သီးတွေ ထတယ်နော် ….. အမလေး ”

“ဟဲ့ ငါပြောတာက အသက်ကြီးကြီးငယ်ငယ် ယောက်ျားတွေ ရဲ့ စိတ်နေသဘောထားက အိုင်တွေ့ ရင် ခြေဆေးချင်တယ် ….. အိုင်ခပ်ကြီးကြီး တွေ့ ရု ရေပါ ၀င်ချိုးတတ်တဲ့ အမျိုးတွေ ချည်းပဲလို့ ပြောတာလေ ….. အဲဒါ ….. အဲဒါ ….”

“သြော် ….. တော် ပါသေးရဲ့ ”

သူမလည်း ခုမှ သက်ပြင်းချရဲတော့သည်။

“အဓိက ငါ ပြောချင်တာက ဆုမွန်ရယ် …. အဲ့ဒီလူအတွက် နင်နဲ့ကြုံတုန်း ၀င်ရောသွားတာရော၊ အခြေအနေ ကောင်းရင် ဆက်လုံးမယ်ပေါ့လေ …… ဘာမှ ခေါင်းထဲထည့်မနေဲ့”

“သူ့ပုံစံက အဲလိုလည်း မဟုတ်ဘူးဟဲ့ ….. တကယ်ကို လေးလေးနက်နက်ကြီးကို ပြောသွားတာဟ ….. သူ့မျက်လုံးတွေ က အဲသလို မရိုးသားတဲ့ အရိပ်အယောက် တွေ လည်း မရှိဘူး။ ပြီးတော့ သူ့ကို ငါ့စိတ်ထဲကနေ တစ်ခါမှ မတွေ့ ဖူး မမြင်ဖူးဘဲနဲ့ အရမ်းကြီး ရင်းနှီးနေမိတယ် ….. အဲဒါ မထူးဆန်းလွန်းဘူးလားဟင်”

Feel အပြည့်နှင့် ပြောလာသည့် သူမကိုကြည့်ပြီး မိခိုင်က အင်ကြင်းကို မျက်စပစ်ပြသည်။

သဘောက ရောဂါ တက်နေပြီးဆိုတဲ့ သဘော။

အင်ကြင်းက ခေါင်းပြန်ယမ်းပြပြီး

“မရတော့ဘူး ….. အရူးရင့်သွားပြီ၊ ဒါတောင် ….. ၃ မိနစ်လောက် တွေ့ ခဲ့ရလို့နော် ….. မဟုတ်ရင်တာ့ …..”

စကားစကို ရပ်ထားပြီး အင်ကြင်းက မိခိုင်နှင့် အကြည့်ချင်း ဆုံပြီး မေးဆတ်ပြသည်။

နောက်တော့ အောက်ပါသီချင်းတစ်ပိုင်းတစ်စကို သံပြိုင်ဆိုပြီး ထောပနာပြုလိုက်ကြလေသည်။

Xxx ပြဿနာတွေ တက် xx ဟေ့ xx ပြဿနာတွေ တက် xxx အဲ့ဒီမှာ ပြဿနာတွေ တက် xx အွန့် xx ပြဿနာတွေ တက် xxxx

သူမမှာ သာ သူငယ်ချင်းတွေ ရဲ့ ခပ်ပြောင်ပြောင်ရုပ်နှင့် အသံပူးတွဲ တင်ဆက်မှု ကြောင့် ရယ်ရအခက် ငိုရအခက်နှင့် မအီမလည် ကြီး ဖြစ်နေရလေတော့သည်။

မှတ်ချက် - “ပြဿနာတွေ တက်” အမည် ရှိ Hip- Hop တေးသီချင်းလေးသည် စင်ကာပူနိုင်ငံတွင် ကျောင်းတက်နေသော မြန်မာကျောင်းသူလေး “ရှင်ထွေးအိမ်” ကိုယ်တိုင် ရေး သားသီဆိုပြီး you tube တွင် တင်ထားသော သီချင်းလေး ဖြစ်ပါသည်။ သူမ၏ own tune သီချင်းလေးသည် အင်တာနက်ပေါ်တွင် အထူးရေး ပန်းစားလျက် ရှိပြီး မြန်မာလူငယ်အများ အပြား၏ အားပေးလက်ခံမှု ကိုလည်း များ စွာ ရရှိထားပါသည်။ သမီးရည်းစားများ ကြားတွင် ဖြစ်လေ့ ဖြစ်ထရှိသော relationship တစ်ခုကို ဟာသဖောက်ပြီး သီဆိုထားသော အပျော်သီချင်းလေးလည်း ဖြစ်ပါသည်။



ဝန်ဇင်းချစ်သူများ မင်းတခေတ် ၏ “ သရီးမိနစ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


EXIT

THE VILLAGE

အိန်ဂျယ်(လ်) စတိုရီ