Cover

တကယ့် ဘဝ
စကားပြေကဗျာများ
ဒီစာကို ဖတ်ပြီးရင် မနက်ဖြန်ကို မှတ်မိမှာ မဟုတ်ဘူး။

ဒီစာကို ဖတ်ပြီးရင် မနက်ဖြန်ကို မှတ်မိမှာ မဟုတ်ဘူး။ စာမျက်နှာ လှန်နိုင်သေးလား။ အိပ်ခန်းထဲ ငါးသွားမျှားတာကပဲ ပိုကောင်းမလို။ သိပ် ပြီးအရိပ်ဆန်တာတော့ မဟုတ်ခဲ့သလိုပဲလို့နောက်ကွယ်ကြိုးဆွဲကမင်းသမီး ရုပ်သေးရုပ်နဲ့ ပြည့်ဝစွာ ပန်းဆွတ်ပြီး ဇိမ်ညည်းညည်းတယ်။ ပညာရေး ၊ အဲဒါကအဓိက။ မသေမချင်းသင်ယူစရာ တစ်ပုံကြီးရှိနေသေးတော့ ဘယ် သူဟာ တက္ကသိုလ်ဘွဲ့ရလဲ။ ဘဝဟာ ထိုးဇာတ်လောက်တိကျခဲ့ရင် ခင်ဗျားနဲ့ ကျွန်တော် ဟာ ကဗျာတစ်ပုဒ်ထဲ ရေဆင်းချိုး ဖြစ်ချင်မှ ကူး ဖြစ်မှာ ။ မာယာ အများ ဆုံး၊ အသေးစိတ်အတိကျဆုံး ဇာတ်ကျောပဟေဠိဖွဲ့သူနဲ့ စိတ်ခြင်း စီးချင်းထိုးရတာ ဟာ တောင်ထိပ်ကိုရောက်ပြီး တောင်ကို မမြင်ရ သလိုဘဲ။ပြင်သစ် တစ်ယောက် ပြောဖူးတာ ကတော့ သူဟာ အဆုံးမဲ့ နောက်ကြောင်း ပြန်ခြင်းနဲ့ အဆုံးမဲ့ရှေ့တိုးနေခြင်းရဲ့ မြေဇာပဲတဲ့။

ဝံပုလွေ များ ၊ နှင်းခဲများ ၊ ပင်ပန်းဒုက္ခစိုက်ရခြင်းများ ရဲ့ ဖခင်ဂျက်လန်ဒန် ဘာပြော အုံးမလဲ မသိဘူး။ လူ တစ်ယောက် ရဲ့ ရေး ဟန်ဟာ အမြဲတမ်းအသား တက်ဖို့ လိုနေတယ်။ အသံမဲ့သူများ ကို အသံပေးရမှာ ။ ကိုယ်စား အသံဟာကြာလာတော့ ကာ ယကံရှင်ကို ဝတ္ထုလုပ်ပစ်တယ်လို့ ၁၅ ရာစု က မထင်မရှားကိုးကွယ်မှု ရဲ့ ဘုန်းကြီးတစ်ပါးမှတ်သားမိတာကို ဘယ်မှာ တွေ့ ခဲ့မှန်းကို မသိဘူး။ ဒီ အကြောင်းကို တစ်နေ့ကဘဲ ကျွန်တော် သူ့ကို ပြောခဲ့တယ်။ အသိသက်သေတော့ မရှိဘူးပေါ့။ ဒါပေမယ့် အချက် အလက်စုဆောင်းခြင်း၊ အရာရာကိုတန်ဖိုး ဖြတ်ခြင်းထဲမှာ မိမိကို ဖြတ်တိုက်သွားတဲ့ လေပြည်ဘယ်နှစ် အောင်စပါသလဲ။ နေ့စဉ်ဘဝရဲ့ အစွယ်ဖွေးဖွေးကြီးတွေ ၊ အမွေးထူထူကြမ်း ကြမ်းကြီးတွေ ရဲ့ မျက်လုံး။ ဘာသာစကားဟာ သင်ခန်းစာကို ဖြတ်ပြီး အတွေ့ အကြုံကိုရောက်တယ်။

သင်ခန်းစာဟာ အတွေ့ အကြုံကိုဖြတ်ပြီး ဘာသာစကားကိုရောက်တယ်။ အတွေ့ အကြုံဟာ ဘာသာစကားကိုဖြတ် ပြီး သင်ခန်းစာကိုရောက်တယ်။ ဒါပေမယ့် ကျွန်တော် စကားစပြန်ကောက် ပါရစေ။ ခရမ်းချဉ်သီးနီနီ တစ်လုံးကို ကျွန်တော် ပါးစပ်ထဲထည့်ပြီး ကိုက်ပစ် လိုက်တာ 'ဗျစ်'ကနဲပဲ။ ခရမ်းချဉ်သီးရဲ့ ချက်ကြိုးဟာ ကျွန်တော့် ကို 'တကယ့်ဘဝ' အကြောင်း မပြောဘူး။

တစ်ကမ္ဘာလုံးမှာ သူတစ်အုပ်ထဲရှိ၊ လူတိုင်းလည်း လက်လှမ်း မီနိုင်ပြီး လိုအပ်သမျှအဖြေပါတဲ့စာအုပ်ထဲမှာ ကျွန်တော် မတွေ့ တာ နှစ် ခုပျမ်းမျှရှိတယ်။ (၁) ခင်ဗျားရဲ့ စိတ်၊ (၂) ခင်ဗျား ရဲ့ စိတ်နဲ့ဖုံးထားတဲ့ ခင်ဗျားရဲ့ စိတ်၊ (၃) ခင်ဗျားရဲ့ စိတ်ဟာ ခင်ဗျားကို သိမသိ။ 'ကျွန်မရဲ့ အ ဖြစ်အပျက်အားလုံး၊ ခံစားမှု အားလုံး၊ ဆက်စပ်မှု အားလုံး၊ အဓိပ္ပာယ် ပဋိပက္ခအားလုံးကို ကျွန်မသူတို့ချည်းအတိုင်း မကွယ် မဝှက်ပြောချရရင် ကျွန်မကိုယ်တိုင်တောင် ကျွန်မယုံမှာ မဟုတ်ဘူး။' သူမ ဟာ ဘယ်သူလဲ။ အရှိန်နဲ့ပြေးနေတဲ့ လျှပ်စစ်ရထားပေါ်က ခုန်ဆင်းပြီး သိုးကလေး တစ်ကောင်ကို ဘာကြောင့် သွားကယ်တာလဲ။ ဘာ ဖြစ်လို့ သူမရဲ့ မျက်နှာပေါ်မှာ ကြေကွဲမှု နဲ့ ကပ်နေတဲ့ မျက်နှာဖုံးအပြုံးရှိနေတာလဲ။ သန်းခေါင်ယံထိတ်လန့်တုန်လှုပ်မှု မှာ ချုပ်ရိုးတွေ ပြေနေတယ်။ ပျော်ရွှင်မှု နဲ့ အဆုံးသတ်တဲ့ ဇာတ်လမ်းဟာ လျော့ရိလျော့ရဲ ဆီလျော်ပေမယ့် နည်း နည်းချဉ်စော်နံမနေဘူးလား။ အဲဒါကြောင့် ဖြစ်မယ်။ ပင်လယ်လိပ်ကြီးတွေ သဲကန္တာရကိုဖြတ်ပြီး တစ်ဖက်ပင်လယ်ဆီ သွားနေကြတာကို လေယာဉ်ပျံ ပေါ်က မြင်ရတယ်တဲ့။ အစ ကတော့ မိမိရဲ့ ဇာတိစိတ်နောက်လိုက်တာ ဟာ အမှန်ဆုံးပဲလို့ထင်ဖူးကြတယ်။ ကျွန်တော် တို့ဟာ ကိုယ့်ကိုကိုယ် အဆင်ပြေသလို လှည့်စားနေထိုင်တတ်တဲ့ ပညာမှာ တစ်ဖက်ကမ်းခပ်ပဲ။ ဘဝဆိုတာ ခြေသလုံးအိမ်တိုင်ပေါ်က စုတ်ပြဲနေတဲ့ အဝတ်စတစ်ခု ဖြစ် မ ဖြစ် ခင်ဗျားလည်း တွေးဖူးမှာ ပါပဲ။ ဘာတွေ့ ရှိသလဲ။ တွေးပြီး ဘာ ဖြစ် သလဲ။ ဘာမှမ ဖြစ်ပါဘူး။ ပညာသည်ပီသစွာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ ညနေခင်းလိုလိုမှာ ပက်လက်ကုလားထိုင်တစ်လုံးလိုလိုနဲ့ ကိုယ်နှစ်သက် ရာ ကာမဂုဏ်အာရုံတစ်ခုခုနဲ့ လူမှု ရေး မျက်နှာဖုံးစွပ်ပြီး လူလိမ္မာ ချောဆီ လူးနေမှာ ပေါ့။ မိန်းမပျိုလေးရဲ့ ဘယ်ဘက်ရင်သားရဲ့ ရင်သီးအောက်က မှဲ့ကလေးဟာ အထူးချိုမြိန်တယ်ဆိုပဲ။ ဟော ... ရထားခုတ်မောင်းသံဟာ မိုးသံဖုံးသွားပြီ။ ခွင့်လွှတ်ပါ။ ကျွန်တော် လမ်းချော်သွားပြန်ပြီ။ ရှင် ကျွန်မ ကို တကယ်ချစ်ရင် ကျွန်မကို လုပ်ပေးပါ။ ဟင့်အင်း၊ ဟင့်အင်း ... လုပ်ပေး ပါ။ ကျွန်မကို လုပ်ပေးပါ။ ရာသီဥတုအပြောင်းအလဲကို ရံဖန်ရံခါ လိုအပ် တယ်။ မိစ္ဆာကောင်ရဲ့ ခြေသည်းအောက်မှာ အခုဘာရာသီလဲ။ ဇလဗေဒ အားဖြင့် ပိုပြီးအေးခဲနေတတ်တာဟာ ခရီးသွားအပြန် လှန်ကြည့်တဲ့ဓာတ်ပုံ တစ်ပုံထဲ ကောက်ရမိပြန်ရော။ ဒါပေမယ့် အဲဒါ ဘာမှမဆိုင်တဲ့အပြင် လိုရင်း နဲ့ လွဲချင်တိုင်း လွဲနေပြန်တယ်။ အခုကျွန်တော့်  ခေါင်းထဲမြည် နေတဲ့ အသံက သူမရဲ့ ပဲ့တင်သံတွေ ပဲ။

ရှက်ဖို့လည်းကောင်းလိုက်တာ။ ဒါပေ မယ့် စိတ္တဇဆန်ဆန်ချိုမြိန်မှု အပြည့်။ ကျွန်တော် ဘယ်လိုပြောရတော့မလဲ ဗျာ။ ကူပါဦး။ ခင်ဗျားဆို ကျွန်တော် နားလည်အောင် ဘယ်လိုပြောမလဲ။ သံသယ သံသရာ။ ဒီစာဟာ လူ တစ်ယောက် အဖို့ ကဗျာဆရာ ဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်လို့ အဓိပ္ပာယ်အစအနတောင်မပေးတဲ့အတူ ဘာ ကြောင့် သစ်ရွက်တစ်ရွက်၊ လေစိမ်းတစ်ခု၊ ကမ်းခြေတစ်ထည်လို ရှိနေတာ လဲ။ သို့မဟုတ် အဇ္ဈတ္တဂီတပညာရှင် သို့မဟုတ် စံချစ်သူ၊ စံအိမ်ထောင် ဘက် သို့မဟုတ် ...။ မုတ်သုန်မိုးပြင်းတွေ ဟာ တွင်းအောင်ြးေ>ွမတွေ ကို ကြာပွတ်နဲ့ ရိုက်ပြီး မြေပေါ်ထွက်လာစေတယ်။ များ လိုက်တာ။ များ လိုက် တာ။ မြေပြင်တစ်ခုလုံး ချွဲကျိကျိနဲ့ ခြေချစရာ မကျန်အောင် 'သက်ရှိကော် ဇော' ဖြစ်သွားသတဲ့။ 'အကယ်၍ ဗင်ဂိုးကို ပန်းချီရေး ဆွဲနေတုန်း သူ့ရဲ့ သွေးကြောတစ်ချောင်းကို ဖြတ်ပြီး သွေးဖိအားတိုင်းစက်နဲ့ တိုင်းကြည့်ရင် သူ့ပန်းချီကားတွေ ထဲကလို လှိုင်းတွေ ကို တိုင်းထွာချက်မှာ မြင်ရမှာ သေ ချာတယ်။' ဒါက ဂျပန်ပန်းချီဆရာ ယာမာဝါကီ ပြောတာ။ အက်ဗဆဒ် ပြဇာတ်ဖခင်တစ်ဦး ဖြစ်တဲ့ အာသာအာဒါမော့(ဗ်)က ဟောသလိုဆိုတယ်။ 'လူသားဟာ နားမလည်ဘူးလို့ ရုတ်တရက်သဘောပေါက်သွားတဲ့အခိုက် မှာ စတင်နားလည်တော့တာပဲ။' ဖိစီးမှု အားလုံးရဲ့နောက်ကွယ်က အာဏာ ပိုင်တွေ ဟာ ဖိစီးမှု အားလုံးထဲက မထွက်တတ်ကြတဲ့ အသံတွေ ပဲ။ မီးခိုး ရောင် တိတ်ဆိတ်မှု လွင်ပြင်မှာ အထီးကျန်ရထားတစ်စင်း အသံကြိတ် ခုတ် မောင်းနေတာ မျက်စိရှေ့ဖြတ်သွားတယ်။ နှစ် ကိုယ်ထဲသိတဲ့ အတွင်းရေး ကျောက်သံပတ္တမြားဟာ အများ သူငါ ထိန်ချန်ထားကြတဲ့ အရေခွံတွေ လည်း ဖြစ်နေပြန်ရော။ လူ့ဘီလူးကြီးရဲ့ ခင်မင်မှု ကို လူ့ဘဝဘယ်နှစ် ကန့် ပေးရမလဲ။ ပဋိသရုပ်မှန်ဘဝအမြင်နဲ့ နဝသရုပ်မှန်ဘဝ အမြင်ဟာ မျက်စိ တစ်ဖက်စီနဲ့ ဇာတ်ရံ တစ်ယောက် ပဲ။ တတိယမျက်လုံးရှင်ဟာ လေထဲပျံဝဲ နေတဲ့ ငါးလှလှလေးတွေ ဖြစ်တယ်။ သက်တံရောင် တွေ သူတို့ကိုယ်ပေါ်က သက်ဆင်းလာကြပြီး ကျွန်တော် တို့ရဲ့ ကြောင်တောင်ကန်းမျက်လုံးခွံတွေ ပေါ်မှာ အလဟဿကျကြတယ်။ နယ်ပယ်သစ်လေ့လာရေး ဘဝ ခရီးရှည် ကြီးဟာ ကြီးကျယ်မြင့်မြတ်ခမ်းနားတဲ့ ဆုံးရှုံးမှု မှာ ပြီးဆုံးတယ်။ တစ်ခု ပြီးတစ်ခုပဲ။ လူမှု ဟာသဖွဲ့တွေ ၊ သရော်စာတွေ ၊ ကဗျာတွေ ၊ ကြေကွဲပြဇာတ် တွေ ဟာ မှေးမှိန်သွားကြပြီး သူနဲ့သူမပဲ နောက်ဆုံးညှိုးချုံးခြောက်ကပ် သွားကြဖို့ ကျန်ခဲ့ကြတယ်။ မပြီးဆုံးနိုင်တဲ့ သူတို့နှစ် ဦးဟာ ပကတိပြည့်စုံ တဲ့ အချစ်ရဲ့ ကလူနှိပ်စက်ညှဉ်းပန်းသူနဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူ ကိုယ်စီနဲ့ အခန်းပြောင်းခွင့် ရထား။ ။

* * *



ကျွန်တော် ခင်ဗျားရဲ့ လေဟာနယ် နည်းနည်း ယူမယ်နော်။

ကျွန်တော် ခင်ဗျားရဲ့ လေဟာနယ် နည်းနည်း ယူမယ်နော်။ ယူပြီး ဘာလုပ်မှာ လဲ။ မြို့ကြီးပြကြီးတည်မယ်ဗျာ။ အင်္ဂါစုံတဲ့ မြို့ကြီးပြကြီးပေါ့။ တစ်ချိန်မှာ မြေပုံ ဖြစ်လာမယ့် မြို့ကြီးပြကြီးပေါ့။ ပြီးတော့ လိုအပ်တဲ့ မြို့ တော် သူမြို့တော် သားတွေ ၊ အကျင့်စရိုက်တွေ ၊ အနုပညာတွေ ၊ လျှပ်စစ် မီးဖွေးညတွေ ။ ကောင်းပါပြီရဲ့ ။ ခင်ဗျားရဲ့ မြို့ကြီးပြကြီးတစ် ဖြစ်လဲ ကျွန် တော့်  လေဟာနယ်နည်းနည်း ထဲမှာ ကိုယ့်အိမ်ထဲပြည်နှင်ဒဏ်ခံနေရတဲ့ စိတ်ကလေးကို ဘယ်နေရာမှာ ထားမလဲ။??? ။ နေရာမဟုတ်တဲ့ ဇုံ။ ဥပမာ ပျက်မှု ဇုံ၊ ဇုံနယ်မြေ၊ ဇုံစကား၊ ဇုံစိတ်နေစိတ်ထား၊ ဇုံသားသီဝရီ၊ ကျွန်တော် တို့ဟာလည်း ကျွန်တော် တို့ပဲပေါ့။ တစ်ပေါင်းတစ်စည်းထဲ စု စည်းမှု အစား ဗဟိုလွတ်ပြန့်ကြဲခြင်း အဇ္ဈတ္တဗေဒကို ပြောင်းသောက်ကြည့် ရအောင်။ စားသုံးသူစိတ်ကြိုက်ရောင် စုံအခွံကိစ္စဟာ ခင်ဗျားမဟုတ်သလို ကျွန်တော် လည်း ဝိုးတဝါးပဲ။

ဘဝဆိုတာရဲ့ ရှင်သန်နေတဲ့ သယံဇာတ အရိုင်းတုံးကြီးဟာ ကျွန်တော် ထဲမှာ ရှိပြီးရှိရင်းပဲ။ မီးမပျက်ခင်အထိပေါ့။ အိမ်ခန်းလေးကို သော့ ခတ်ခဲ့ပြီး အရပ်တပါးမခွာသွားမီပေါ့။ စက္ကူပေါ်က စကားလုံးတွေ ဟာ ကိုယ့်ကို လာလာလုပ်တယ်။ ကျွန်တော် တို့ ပသို့ဆိုစေ ဆက်ဖတ်ကြတယ်။ ကျွန်တော် တို့ တစ်နည်းအားဖြင့် အဓိပ္ပာယ်ဖော်ကြ တယ်။ ကျွန်တော် တတ်နိုင်သလောက် တိတိကျကျ သွယ်ဝိုက်ဖို့ စက တည်းက မရည်ရွယ်ခဲ့ရိုးအမှန်ပါ။ ဒီလေကို ပြန်ရှူကြည့်ရမယ်။ နယ်န မိတ်တွေ ဖြိုချပြီး အမျိုးမတူတာတွေ ကို ရောမွှေတဲ့ 'ဗဟုယဉ်ကျေးမှု ဝါဒ'ဆို လား။ သူကိုယ်တိုင်က ဇုံ။ ပါဒါတာတိတဘုံ။ သူ ကျွန်တော့် ကိုမေးတာက 'အဲဒီ လိုင်းတွေ ရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ'။ သို့မဟုတ် 'အဓိပ္ပာယ်ဖွဲ့စည်းမှု စနစ်တစ်ခုအားဖြင့် အောက်ပါစာပိုဒ်ကို ပုံဖော်ပါ'။ သဲပြင်ကြီးရဲ့ အဆုံးမှာ မိုးကုပ်စက်ဝိုင်းဟာ လူသေတစ်ကောင်ရဲ့ ပွင့်နေတဲ့မျက်လုံးကြီး။ တောင် ထိပ်ကစေတီပျက်နားမှာ ကျောက်စာတိုင်တွေ ရှိသတဲ့။ ပညာရှင်များ ရဲ့ (လာပြန်ပြီ ... အဲဒီ ကုလားအုတ်ကြီးတွေ ) ဖွင့်ဆိုချက် 'အဓိပ္ပာယ်ဖော်ထုတ်မှု တစ်ခုဟာ သမိုင်း၊ ခေတ်ပေါ်စာပေဝေဖန် ရေး ၊ လက်ရှိလူမှု စီးပွားရေး အနေအထား၊ အထွတ်အထိပ်ထားကြတဲ့ ပန်း တစ်ပွင့်ရဲ့ အခြေအနေအခါအလိုက် အရောင် ပြောင်းခြင်း၊ အလေးချိန်တိုး ခြင်း၊ လျော့ခြင်း စသည်ဖြင့် တို့နှင့် မဆန့်ကျင်သမျှကာလပတ်လုံး ၄င်း အား မှန်ကန်သည်ဟု ခေါ်ဆိုရချေအံ့။ အဓိပ္ပာယ်ဖော်ထုတ်ရန် ပေးအပ် ရရှိထားသော အချက်အလက်အားလုံးကို တစ်ခုမကျန်ထည့်သွင်းပေါင်း စပ်ပြီး ကျန်ရှိသော အချက်အလက်များ ကို လိုအပ်သော အချက်အလက် စာရင်းမှ လိမ္မာစွာ နှုတ်ပယ်ပစ်ပြီးသကာလ အနည်းဆုံးကျောင်းတော် မဲ့ ဂိုဏ်းတစ်ဂိုဏ်းမှ

ပုဂ္ဂိုလ်တစ်ပါးပါးက သူ့အတွက်အဟုတ်ကြီးမဟုတ်တောင် သင့်တင့်လျောက်ပတ်စွာ ရံဖန်ရံခါ ပေါင်းသင်းနေထိုင်နိုင်လျှင် လည်း မှန်ကန်သည်ဟု ခေါ်ဆိုရချေအံ့'

'ဘယ်သူ့အတွက်' 'မှန်ကန်' တာလဲ။ ဂျွန်ဟော့(ပ်)ကင်း(စ်)တက္ကသိုလ်က (အဲ ... မြို့ကြီးပြကြီးတည်ရင် တက္ကသိုလ်လိုတယ်နော်) အောက်တိုဘာ ၁၉၆၆ ဟာ သိပ်မထူးဆန်းတာကို ဝင်ရောက်သိမ်းပိုက်လာပြန်တယ်။ 'အဓိပ္ပာယ်ဖော်မှု ' ကို နှစ် မျိုးနှစ် စား အဓိပ္ပာယ်ဖော်လို့ရသတဲ့။ ကျွန်တော် ဆက်ပြောမယ်နော်။ ဒါပေမယ့် ကျွန်တော် ပြောနေတာမဟုတ်ဘူးဆိုတာကို တော့ ခင်ဗျားလက်ခံရမယ်နော်။ နားမလည်ရင်နေ လက်တော့ခံရမယ်။ တစ်မျိုးက ပဟေဠိထဲမှာ အမှန်တရားတစ်ခု မြုပ်နေတာကို လက်ခံပြီး မတွေ့  တွေ့ အောင်ရှာတယ်။ (မတွေ့ သေးတဲ့ အမှန်တရား ... ကဗျာဆန် တယ်ဗျာ)။ ကျန်တစ်မျိုးက ပဟေဠိရဲ့ နောက်ကွယ်မှာ ရှာသူရဲ့ ပုဂ္ဂလအတ္တ ခရီး အစရှိသတဲ့။ အဲဒီ ပဟေဠိနဲ့ပဲ သွားလို့ရသတဲ့။ ချွတ်ရှာခြင်းနဲ့ ဝင်သွား ခြင်းပဲလို့ ထင်ရမှာ ပဲပေါ့နော်။ ခင်ဗျားရော ဘယ်လိုမြင်သလဲ။ ဆေးလိပ် ငတ်လိုက်တာ။ မြို့တော် ကြီးမှာ ဆေးလိပ်တွေ အလကားဝေရမယ်နော်။ လိင်စိတ်ကြွမျက်လုံးတွေ ကို တားမြစ်ရမယ်။ မတွေးခေါ်မနေရ ဥပဒေ မနက်စာ မစားမီ ရွတ်ရမည် ။ စာပေအရေး အသား၊ အပြောအဆိုတိုင်းရဲ့ ဇုံထဲရှိ စကားလုံးနဲ့ကမ္ဘာကြီးရဲ့ သတ္တုစပ်။ ခင်ဗျားပြောဖူးတာမှတ်မိတယ်။ အိပ်မက်သံတမန်လဲလှယ်တဲ့ ညစာစားပွဲမှာ လေ။ 'သားစပ် ဖြစ်နိုင်ပါတယ်။ ကျွန်တော် မငြင်းပါဘူး။ ထိုးဇာတ်မဟုတ်ပါဘူးဆိုတာကို ဘယ်လိုအယူခံဝင်ရမလဲ။ သားစပ်ပြရမလား။

[လူထားတဲ့ သညာအတွဲ အစပ်ဟာ ရုတ်တရက်ကို ကောက် စိတ်ပြီး ဆင်ခြင်ယုတ္တိတယ်ပေမယ့် နားလည်မပွင့်ရဘူး(အံ့)]

ကျီးကန်းတွေ အတွဲ လိုက်ပြန်သွားတာ ညနေခင်းပဲ ဖြစ်ရမယ်။ ဘာကြောင့် လဲဆိုတော့ အသိကို ဆင်ဆာလုပ်ထားလို့။ အပိုင်းကြီး ၈၊ အပိုင်းငယ် ၁၇ ဟာ တိုပေမယ့် ထိရောက်တယ်။ 'အမိန့်ချမှတ်ချက်တွေ ရောက်မလာမချင်း ခေတ္တဆိုင်းငံ့ထားရန်။ အကယ်၍ သာ အဲဒီ စာတမ်းဟာ ဦးနှောက်ဇုံပိုင်း အင်တိုက်အားတိုက်ရှိတဲ့ တသီးပုဂ္ဂိုလ်တစ်ဦးရဲ့ ဖန်တီးမှု အရေး အသား ဖြစ်ခဲ့ရင် ခင်ဗျားလည်း အနည်းဆုံးတော့ အဲဒီ စာတမ်းရဲ့ ကျွမ်းကျင်လိမ္မာစွာ ထွင်ချဲ့၊ ထိုးထွင်းထားမှု ကို မလေးစားပဲနေနိုင်မှာ မဟုတ်ဘူး။ ဝမ်းနည်းဖို့ကောင်းတာက

မှန်နေပုံပေါက်လို့ဗျာ။ ဒီတစ်ခါ ကျွန်တော် အိုက်(ခ)မန်းရဲ့ ငရဲခန်းတွင် ဓာတုလက်နက် လူမျိုးရေး သန့်စင်မှု သုတ်သင်ပွဲတွေ ၊ လူအုပ်စုကြီးများ ရဲ့ ဓားစာခံအ ဖြစ် ထိန်းသိမ်းခြိမ်းခြောက်မှု တွေ ၊ တင်းပုတ်သံ တွေ မြည် တဲ့ လျှပ်စစ်မီဒီယာ ဂူအောင်းသားတွေ ။ လရဲ့ ညတစ်ခြမ်းကို တစ်ယောက် စီထမ်းထားကြတာပဲ။ နို့မို့ရင် လေပြည်အေးတွေ ပွင့်မှာ မ ဟုတ်ဘူး။ ခင်ဗျားညာဘက်လက်ဝါးပြင်ရဲ့ ပင်လယ်ထဲ ကျွန်တော် နဲ့အတူ ရွက်လွှင့်မလား။ ရွှေငါးလေးတွေ ကို ငါးမန်းစာကျွေးပြီး ကြီးထွားစေရမယ်။ မြို့ကြီးပြကြီးတစ်ခုမှာ ဧရာမငါးကန်ကြီးတစ်ကန်ကို အမြင့်ဆုံးမိုးမျှော် တိုက်နဲ့ အပြိုင်အဆိုင်ဆောက်ထားဖို့လည်း လိုမယ်နော်။ အဲဒီ မှန်ကန်ကြီး ထဲက ဖြတ်သန်းလာတဲ့ နေရောင် ကို ခင်ဗျားလည်းပိုင်တယ်။ ဘယ်နဲ့လဲ။ ကျွန်တော် တောင်းဆိုတာက ခင်ဗျားရဲ့ လစ်လပ်နေသေးတဲ့ လေဟာနယ်ရဲ့ နည်းနည်း လေး။ OK ။ ပြီးတော့  နေလို့ထိုင်လို့ရမယ်ထင်ရတဲ့ အဓိပ္ပာယ် နည်းနည်း လေး။ ။

* * *





ဝန်ဇင်းချစ်သူများ ဇေယျာလင်း ၏ “ တကယ့် ဘဝ စကားပြေကဗျာများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကဗျာဆိုတာပြုလုပ်ခြင်း

ကဗျာဆန်နေခြင်း