Cover

ကြွက်အမေးအဖြေ

ကြွက်အမေးအဖြေကြွက်တစ်ကောင်ဟာ အခြားကြွက်တစ်ကောင်ကို မေးလိုက်တယ်။ မင်းကိုယ်မင်း ဘာထင်သလဲ။အမေးခံကြွက်က မေးသူကြွက်ကို တုန့်ပြန်လိုက်တယ်။ အဖြေကို မင်းဘယ်ရှုထောင့်က လိုချင်သလဲ။မေးသူကြွက်ရဲ့ ဦးခေါင်းပေါ်မှာ လေဟာနယ်လုံး ပလုံစီသွားတယ်။အမေးခံကြွက်ဟာ ရေး လက်စကိုဒီလိုဆက်ရေး တယ်။

“အဲဒီ ပိုးသတ်ဆေးလေးထဲမှာ ထလွင့်ပျံလုမတတ် ဆေးရုံနံ့ပြစ်ပြစ်၊ ပတ်ပတ်လည်မှော င်မည်းအေးစက် သမုဒ်္ဒရာထဲဩမပ်ကျနေတဲ့ တိုက်တင်းနစ်ပေါ်မှာ အရေး ပေါ်ကြေညာနေတယ်၊ “သင်္ဘောကို စွန့်ခွာကြပါ”၊ “သင်္ဘောကို စွန့်ခွာကြပါ”။ ကိုယ့်ဘ၀ကိုယ်တောင် စီမံခန့်ခွဲဖို့ အတတ်ပညာလုံးလုံးမရှိတာ။ ဘယ်လို အရိုးနွေးရမလဲ။ အနာဂတ်ကိုပေးစရာဘာမှ မရှိသလို ဘာမှလည်း မတောင်းဆိုဘူး။ ရယ်မောခြင်းဟာ ကြွေးကြော်သံပဲ။အကယ်၍ နောက်ရာသီမှာ လူ ဖြစ်ခဲ့ရင်ပေါ့။

၁၉၈၀ ၀န်းကျင်ပို့စ်မော်ဒန် ဆင်ဆဘစ်လစ်တီ လှုပ်နှိုးဖို့ဩကိးစားခဲ့တဲ့ ကဗျာစမ်းသပ်မှု လှိုင်းအပိုင်းအစ။ Valium ပါပဲ၊ မူလလက်တင်စကားလုံးရဲ့ အဓိပ်္ပာယ်ဟာ“ကျန်းမာသန်စွမ်း”။ ကစားနည်းရဲ့ စည်းကမ်းတွေ မသတ်မှတ်ရ သေးဘူး။ ဆစ်ဂ်နီဖိုင်ရာတွေ ရဲ့ ပူးတွဲ ဗလာအောင်ပွဲတွေ ။ တော် တော် လည်း အားအားလျားလျား လူချမ်းသာတွေ ၊စိတ်ဖိစီးမှု ပိပြားတဲ့ လုပ်ငန်းရှင်တွေ ၊ ဆန်္ဒမပြည့်ဝတဲ့ အိမ်ရှင်မတွေ ။ ခန်္ဓာ လက်ခံလွယ်တဲ့ဆေး၊မျှော်လင့်ချက်လိုလို ပေးတဲ့ဆေး။ ဒါကို မူလအမှတ်စက်အ ဖြစ် ပြန်ယူလတ်သော် . .အခြားအခြားသော အဓိပ်္ပာယ်များ ဆီ လမ်းညွှန်မလား၊ လမ်းကြောင်းပေးမလား၊ပိတ်သွားရင်ကော၊ အစက်အပြောက်ကအစ အနက်ကောက်လို့ရတဲ့လျှံထွက်မှု တွေ ။ အကယ်၍ ဒီကိစ်္စဟာ မှန်ကန်ပြီး ကျွန်တော် ဟာ မှန်ကန်စွာ ပြောနိုင်ခဲ့ရင်ကျွန်တော် ပြောတာဟာ အမှန်တွေ ပါလို့ ဘယ်သူမှန်ကန်စွာ နားလည်လို့ရခဲ့ရင်။ကဗျာမဆန်ဆုံးနွေခေါင်ခေါင် ပူအိုက်စပ်တစ်ညမှာ မိမိကိုယ်မိမိ ရွေ့တွေ နဲ့မီဒီယာကြားခံပစ်္စည်းကြမ်း တစ်ခုအ ဖြစ် ချွေးဒီးဒီးနဲ့ မြင်လိုက်တယ်။ ခေတ်မစားတော့တဲ့အမှတ်ရမှု တွေ ၊ ဖတ်လိုက်ရင် ပဲ့ကျသွားတဲ့ နိမိတ်ပုံဆွေးတွေ ။ ခရိုအေးရှား စစ်ပွဲတုန်းကလည်းစစ်ဟာလူတိုင်းအတွက် ဆိုးဝါးခဲ့တာမဟုတ်ဘူး။ ဘာသာစကား ထပ်ဖန်တလဲလဲမက်နေတဲ့အိပ်မက်ထဲမှာ ငါဟာ ထပ်ဖန်တလဲလဲ ကြွက်ပဲ ဖြစ်နေတယ်။ ကြွက် ရောဂါ သည်စခန်းနဲ့ကြွက်ကျန်းမာရေး စခန်းဟာ လှောင်အိမ်သွပ်နန်းဩကိးနံရံဟိုဘက်ဒီဘက်ပဲ။ ကျွန်တော် ဟာဟိုဘက်ကူးလိုက် ဒီဘက်ကူးလိုက်နဲ့ ဖြစ်နေတာကိုမြင်နေရတာ ကဗျာဆိုတာ ကွိကွိပစ်္စည်းပဲ၊ကွိကွိ။ စာသားတစ်ခုရဲ့ အပိုင်းအစ တွေ ဟာ အခြားစာသားတွေ ထဲမှာ ရှိနေကြပြန်ရောဆိုတော့ကာ . . .

ဘာကြားခံအသိမှ မရှိတဲ့“ရိုးအ”စွာ ဖတ်မှု နဲ့ ဘယ်ဘက်ကမ်းဟာ ဘာကမ်း။နေ့ရဲ့ အမှိုက်ပုံးကို ဖွင့်လိုက် တော့ အမှိုက်တွေ ကြားမှာ နေလုံးဟာ ပြူတစ်ပြူတစ်နဲ့ခံစားချက်ဖွင့်ဟဖော်ထုတ်မှု သီအိုရီအသုဘမှာ ဝေတဲ့ ယပ်တောင်ပေါ်အရေး အသားဖတ်ဖူးလား။ “ပန်းပျိုးသူဟာ သူ့ပန်း တွေ ကို ရေမွှေးမဖျန်းဘူး”တဲ့ အဲဒီ စကားဟာ . . . .။”

မေးသူကြွက်က အမေးခံကြွက်ကို မေးလိုက်တယ်။

မင်းရေး နေတာတွေ ဟာ ဘာအဓိပ္ပာယ်ရှိလို့လဲ။ ။

၂၁၊ ဖေဖေါ်ဝါရီ၊ ၀၉

ရသဗေဒ၀ိဘာဂနှင့် ဆာလောင်နေသော အူများ

တခမ်းတနား စားပွဲသောက်ပွဲပြင်ထားသည့် ပိုစတာနှင့် ဖြတ်ကြည့်သွားသူကြားအဓိပ်္ပာယ်ဆက်သွယ်မှု တစ်ခုယူထားသည့် အူခွေများ ပေါ်လွင်သည်(သကဲ့သို့ )အူခွေအကြောင်းပြောရင် လိုအင်အာဟာရနှင့် တွဲ စပ်ငတ်မွတ်တတ်ဖို့လိုပါသည်အနုပညာအသည်းအသန်ချေးဖို့လာသူအား အူခွေအကြောင်းပြောရခက်ပါသည်အူ့အလို အာ့တ်(Art)လိုက်နိုင်ပါ့မလား ???

တော် လ်စတွိုင်းအူက ဘယ်လို အာရင်ဘာ့ဂ်အူက ညာလိုအ၀တ်အထည်အူကအစ အင်္ဂါဩဂိဟ်လလေ့လာရေး ဩဂိလ်တုအူအဆုံးအိပ်စ်ပရက်ရှင်နစ်ဇင်းအူကအစ(နှစ် နှစ် ခံ)ပဋိသနေ်္ဓတားအူခွေအဆုံးပရိယေသနအူလမ်းကြောင်းကအစ ရသ၀ိဘာဂအူဟောင်းလောင်းအဆုံးလုံးချာလည်ဘီးကျွံစကားလွန်လက်လွန်ကြက်သွန်စွန်ပလွန်အူပင်အောက်မှာ ကဗျာလေးနည်းနည်း ပါမှ ဗိုက်ဆာတာပိုမလှဘူးလား ကိုချောရေသွက်သွက်ခါဗင်ဂိုးပန်းချီကားထဲက လယ်သမားစီးဘွတ်ဖိနပ်နွမ်းတစ်ရံနဲ့ချာဂျင်ပြည့် အင်ဒီဝါးဟိုးရဲ့ “စိန်မှု န့်စီဖိနပ်”

ဘယ်ဟာ အနုပညာပန်းသီးနဲ့ပိုတူသလဲ ခပ်ဆာဆာပဲမေးရတယ်ဆာလောင်မှု အနုပညာတစ်ဖက်ကမ်းခတ်သူများ (မျက်ခမ်းစပ်သူများ )အကြွေးယူ၊ ရောင်းပြီးဆပ်၊ လမ်းဘေးဗန်းကလေးထဲက ဘန်ဂလိုလိုပန်းသီးလားဒီနှစ် မှာ ပန်းသီးအထူးဈေးကျလို့ ကမ်္ဘာ့ပစ်္စည်းမဲ့များ စားရတဲ့စီးပွားရေး လားကမ်္ဘာကြီးဟာ တစ်ခြမ်းအိပ်မပျော်ဘူးတဲ့ တစ်ခြမ်းမနိုးသေးဘူးတဲ့ကမ်္ဘာကြီးဟာ ပန်းသီးကို တစ်ခြမ်းကိုက်ပြီး တစ်ခြမ်းကို စိုက်နေတယ်တဲ့ကမ်္ဘာကြီးဟာ ကျွန်တော့် လိုဗန်းအတွက်တော့

ခေါင်းတစ်ခြမ်းကိုက်နေတဲ့ ကမ်းပါးကြီးပဲ (ကျွန်တော့် ခေါင်း)၂

အဲဒီ ကမ်းပါးကြီးထဲမှာ     ရှေ့တိုးနောက်ငင်ပြုလို့ရတာ
         ကွေ့ပတ်ပြီး ကြည့်လို့ရတာ
         အပေါ်စီးအောက်စီးက ကြည့်လို့ရတာ ကို

“အနက်”လို့ ခေါ်တယ် (လို့ ယောင်ယောင်ဝါးဝါးကြားဖူးတယ်)

ကဗျာမှာ ကော ဘ၀မှာ ကော ဦးနှောက်အလုပ်လုပ်ပုံမှာ ကော . . . ကောပန်းသီး(ချင်းတောင်လား၊ ၀ါရှင်တန်လား၊ သဘာဝ သီးပင်လား၊မျိုးဗီဇ ကညော့ထားတာလား)ထဲမှာ ကော မီးမလာရင်အေးမလားကမ်းပါးကြီးဟာ နွေးထွေးမလား အဲဒီ ပန်းသီးပေါက်ပြီလားကူးရဲရင်ကူးလို့ရတာ သက်ပြင်းတစ်ချချရေရှိတယ် ရော့ ရေသောက် သောက် သောက် သောက် စာမျက်နှာပေါ် ဂလု ဂလုမြည် အောင်သောက်ကုန်ကျစရိတ်ဘောက်ချာကို လူကြီးမင်းထံပို့လိုက်ရင် ဒင်း အူတိုသွားမလားမာစီးဒီးတစ်စီးနဲ့ ကမ်္ဘာကြီးကို ပန်းသီးထဲမောင်းလို့ရမလားတောင်မရောက် မြောက်မရောက် သူငယ်ချင်း၊ မင်းကွာ . . .ငါ့ဆီ ပန်းသီးရဲ့ အနုပညာလာတောင်းနေတာ အူသံလို . . .။     ။

၃၁၊ မတ်၊ ၂၀၀၉

ငါတို့ကိုယ်ငါတို့ လေယာဉ်ပျံတစ်စီးလိုတည်ဆောက်ကြ

ငါတို့ကိုယ်ငါတို့ လေယာဉ်ပျံတစနို့၊ ခင်ဗျားပြောတဲ့စကားရဲ့ အဓိပ္ပာယ်ကို ခင်ဗျား ပေါင်းတတ်ပြီလား။
တစ်ချိန်တုန်းက မင်းကတော် ရဲ့ အလောင်းဈေး ၁၅ သိန်းကို ပေါင်းကူးတတ်ပြီလား။
အတွေ့ အဩကံဟာ အသိအမြင်မိုးလေ၀သကို ပြောင်းလဲစေတယ်ကို ပေါင်းခံတတ်ပြီလား။
ငါတွေးတာဟာ ငါမှတ်ထားတာတွေ ပဲ၊ မရှင်သန်လာကြဘူးနဲ့ ပေါင်းခြုံတတ်ပြီလား။
အရှိတရားတစ်ကွက်ကို ငါဆုတ်ဖြဲလိုက်တယ်
အဲဒီ ကွက်လပ်ကို ကဗျာတစ်ပုဒ်နဲ့ ငါဖုံးအုပ်လိုက်တယ်
အဲဒါ ပေါင်းစပ်ညှိနှိုင်းတတ်ပြီလား
ပေါင်းတင်တတ်ပြီလား ကောင်းကင်ကြီးဟာ ငါတို့
အကြောင်းစဉ်းစားရလွန်းလို့ အိပ်မပျော်နိုင်ဘူးတဲ့
မြေကြီးဟာ ငါတို့ အိပ်မောကျနေတုန်း ငါတို့ ရှိသေးရဲ့ လား
လာလာစမ်းတယ်ကို ပေါင်းဖက်တတ်ပြီလား
ပေါင်းယှက်တတ်ပြီလားလေ
ရေကို ရေနဲ့ဆေးကြောရသလို
ကဗျာကို ကဗျာနဲ့ပဲ ဆေးကြောရတယ်
ပြောလွန်းကြတာ လက်လွန်နေပြီ ပေါင်းနှုတ်တတ်ပြီလား
အရင်းရှင်အသပြာသည် အရင်းရှင်၏
အရင်းအနှီးဘ၀သို့ ပြောင်းလဲသွားပြီး
ခေါင်းပုံဖြတ်ကိရိယာ ဖြစ်လာခဲ့ပေသည်
ဆိုရှယ်လစ်အသပြာမှာ မူကား လူ
သုံးကုန်ပစ်္စည်းများ ဖြန့်ဝေရာတွင် အသုံးပြုသော
ဖြန့်ဝေရေး ကိရိယာသာလျှင် ဖြစ်တော့သည်စီးလိုတည်ဆောက်ကြ
“လူတို့၏ ကုန်လုပ်ဆက်ဆံရေး သမိုင်း” ဧပြီ၊ ၁၉၆၈
ပစ်္စုပ္ပန်ကို ပြန်မထုတ်လုပ်တဲ့ အနာဂတ်ဆီသို့
ပေါင်းသင်တတ်ပြီလား
ဂါးထရု(ဒ်)စတိုင်းန်ရဲ့ ပုံတူပန်းချီကားကို ပီကာဆို
ဆွဲအပြီးမှာ ကြည့်သူတွေ က “ဟင် . . . တူလည်း မတူဘူး”
ပီကာဆိုပြော(ဟော)လိုက်တယ် “တစ်နေ့တူလာလိမ့်မယ်”
ပေါင်းသင်းတတ်ပြီလား အဲဒါ
ကဗျာဆိုတာ ကွိကွိပစ်္စည်းကို စာလုံးပေါင်း သတ်ပုံမှန်ပြီလား။
ဒါဆိုရင် ခင်ဗျားနဲ့ ကျွန်တော် ဆက်စကားပြောလို့ရတယ်။
ဒါမှမဟုတ်၊ ခင်ဗျားနဲ့ ကျွန်တော် ကြား ပြောစရာ ဘာမှ မရှိတော့ဘူး။
ဟုတ်ပြီလား။
အဲဒီ တော့ ခင်ဗျားပြောတဲ့စကားရဲ့ အဓိပ္ပာယ် . . . . . . .။     ။

၂၃၊ မတ်၊ ၂၀၀၉

Your World Today ယနေ့ သင့်ကမ္ဘာ

ပြွတ်သိပ်ကျပ်ညပ်နေတဲ့ လူ့အဖွဲ့အစည်းအစွန်အဖျားမှာ
ရှေးဟောင်းရာဇ၀င်ဘတ်စ်ကား

ဆင်ခြင်မှု အဓိက၀ါဒနီးပါးနဲ့ ဖွဲ့စည်းထားတဲ့
(ဘာပဲ ဖြစ် ဖြစ်) အခုထိမမွေးသေး
အသက်ပိုရှည်ဖို့ အရေး ကြီးတယ် သြ၀ါဒလိုလို အမိန့်လိုလို
“သာမန်ဘ၀တွေ ကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်ဝါဒ ၉/၁၁”
အဲသလိုဆို ကမ္ဘာကြီးဟာ မှော င်မိုက်နေလိုက်မယ့် ဖြစ်ခြင်း

“ကျွန်တော် ဟာ သူရဲကောင်း မဟုတ်ရိုးအမှန်ပါ” ဟု ၀န်ခံကြောင်း
ဥရောပဟာ အမေရိကန်ကို အကြွေးတင်သလို
သူ့လောဘဟာ သေအထိကံကို အကြွေးတင်တယ်
မကိုင်တွယ်ရသေးတဲ့ အပြဲကြီးတွေ စိတ်္တလူမှု
အင်အားမဲ့စွာ လက်ပိုက် မကြည့်ရင်
ကျောခိုင်းထွက်ခွာသွားရတယ် ရ၀မ်ဒါ/ကုလသမဂ်္ဂ

ဘတ်စ်ကားပေါ်မှာ လည်း ဗုံးဖောက်ခွဲကြတယ်
မိန်းကလေးတွေ ကိုလည်း နှာခေါင်းဖြတ်ပစ်တယ်
မွေးကင်းစကလေးငယ်တွေ ကိုလည်း
သေခြင်းချိုချိုတိုက်ကျွေးတယ်

ကမ္ဘာကြီးရဲ့ ဘယ်နေရာ
သင့်ကမ္ဘာကြီးရဲ့ ယနေ့ဘယ်နေရာ
ဒီလိုမျိုးအချိန်မှာ လေက တောင်ကပဲတိုက်တိုက်
လေကပဲ တိုက်တိုက် သန့်စင်သပ်ရပ်တဲ့ တိုက်ပွဲပဲ ဖြစ်ပါစေ
“သူတို့ ကတော့ ရတယ်၊ ပိုက်ဆံရှိတာကိုး”ပဲ ပြောပြော
ကိုယ့်ပုဂ်္ဂလိက ကိစ်္စကိုလည်း ကိုယ်စွက်ဖက်ပိုင်ခွင့်မရှိတော့ပါ
၂၁ ရာစုထဲ ရောက်ခဲ့ပြီလို့ လည်ဆယ်ပြောလိုပြော

အစွန်းရောက်ပျော်ရွှင်မှု ထဲမှာ ဆေးခန်းမှိန်ပျပျလင်းနေတယ်

ရွေးချယ်မှု တစ်ခုဟာ သူ့လိပ်ပြာ
သူဓားနဲ့ အကြိမ်ကြိမ်မွှန်း
ဘယ်သူမှတော့ မသိပါဘူး လူချောလူလှ
ငါဟာ လူငယ်လူရွယ် ကမ္ဘာကြီးကိုသိမ်းပိုက်မယ်

ညတွင်းချင်းပဲ မုသားတွေ ဟာ ဘက် ပြောင်းသွား တယ်
ကျွန်တော့် ကို ဖက်လှဲတကင်းဆက်ဆံလာတယ်
ကျွန်တော့် ဝှက်ထားတဲ့ ဒဏ်ရာတွေ ကို လှန်ပြီးလျက်ပေးတယ်

သြရှဝစ်တ်ဇ်ကနေ သင်လွတ်မြောက်ခဲ့ပြီတဲ့
သတင်းနဲ့ ဓာတ်ပုံမှတ်တမ်းနဲ့ အယ်ဒီတာ့အာဘော်နဲ့
အဲဒီ ကနေ

ပြေးရင်းလွှားရင်း

အမြစ်ထူထူထဲထဲကြီးကို

ခလုတ်တိုက် တောကောင်တွေ နဲ့ မျက်လုံးချင်းဆုံ ပူပူပန်ပန်
အငွေ့ပျံ ဘာပရိသတ်မှ မရှိခဲ့ပါဘူး

အရေး အသားရဲ့ အစွန်အဖျားမှာ အသံမဲ့အက္ခရာဝက်လို
အရိုးအသား ရှာမတွေ့ ဘူးလို့လည်း အရပ်က သဲ့သဲ့ ထွက်တယ်လား။     ။

၁၁၊ မတ်လ၊ ၂၀၀၉

နောက်ဆုံးဝိုင်

နှုတ်ခမ်းသားနဲ့ ဆက်စပ်နယ်မြေအနေအထား ကင်းထောက်ဖို့
ရီဝေေ၀ ကျလာတယ် အခြေအနေ မသဲကွဲတဲ့ စံပယ်တင်မှဲ့
တ၀ိုက်မှာ စွန့်စွန့်စားစား တွားသွားလို့ ဖြစ်ချင်တော့
နယ်မြေဟာ မြေပုံထဲ မပါရှိဘူး အဲဒီ နေရာကိုလည်း
ငွေကြေးဟာ ဖိဖိစီးစီး သိမ်းပိုက်ထားတယ် လမ်းရဲ့
ဝဲဘက်ကနေ ငွေချိန်ခွင်ပေါ်တင်ပြီး မှေးကြည့်တဲ့အကြည့်နဲ့
တရစပ် ပစ်ခတ်ခံရပြန်တယ် နဖူးလွင်ပြင်မှာ ပြင်းထန်တဲ့
အပစ်အခတ်အနမ်းတွေ အရေပြားအောက်က ဗျူဟာတွေ
အစဉ်အလာတိုက်ကွက်ကို ပြောက်ကြားစစ် လျှပ်တစ်ပြက်ဆင်
လက်တွေ ခြေတွေ နားရွက်တွေ နှာခေါင်းတွေ ရင်ဘတ်တွေ ရှုပ်ထွေးသွားတယ်
စတုဂံနဲ့ တြိဂံခဏခွဲပြီး ဆေးလိပ်တစ်ရှိုက်နဲ့
ရရှိတဲ့ သတင်းကို နည်းစနစ် မပီပြင်စွာ စစ်ဆေးလိုက်တယ်
““လင်းယုန်မှ ချယ်ရီ လင်းယုန်မှ ချယ်ရီ အနေအထားကို တင်ပြပါ
ဒါပဲ”” အနေအထားဟာ နားရွက်တစ်ဖက်ထဲ ၀င်စနည်းနာတယ်
မျက်နှာတစ်ခုဟာ မှဲ့တစ်ခုကို ခလုတ်နှိပ်လိုက်တယ်
သုံ့ပန်း မယူကြေး ပခုံးကမူလေးမှာ တရစပ်ပစ်ခတ်
လည်တိုင်မှာ ပေါ်ပီခင်းတွေ ရဲခနဲကွက်ပြီး ကူးစက်သွားတယ်
နှာမှု တ်သံပစ်ကူနဲ့ အချက်အချာဒေသကို ကျားကုတ်ကျားခဲ
သိမ်းပိုက်လိုက်နိုင်တယ် လျှို့ဝှက်ဒေသခံတွေ ဟာ
သစ်သီးတွေ ပန်းတွေ ကောင်းကင်ပြာတွေ ပင်လယ်လှိုင်းလုံးကြီးတွေ နဲ့
လှိုက်လှိုက်လှဲလှဲ ထွက်ကြိုဆိုကြတယ်
မှိတ်အမ်းနေတဲ့ မျက်လုံးတစ်စုံဟာ အောင်လံလို
ပြူးကျယ်သွားပြီး အံ့သြတောင်းဆိုတွန့်ဆုတ်လှုပ်ရှား
သည်းထန်အကြည့်ကြီး ငွားငွားစွင့်စွင့်
အကြာကြီးလို့ထင်ရတဲ့ တစ်ခဏ
တစ်ခဏလို့ထင်ရတဲ့ တမေ့တမော
နှစ် ပေါင်းများ လျှောကျသွားပြီးတဲ့အထိ
အမှတ်ရမှု ရဲ့ ရင်ခွင်ထဲမှာ တအုံနွေးနွေး ဟုန်းတောက်တယ်
အဲဒီ ဘက်က ဘာသတင်းမှ ပြန်မလာဘူး
ရာဇ၀င်ရဲ့ အရိုးပေါ်မှာ အသားတွေ တက်လာတယ်
နှုတ်ခမ်းချင်းမခွဲမီမှတ်မှတ်ရရ
ဥယျာဉ်ထဲက ရွှမ်းမှည့်စတော် ဘယ်ရီသီးတွေ စားခဲ့ကြတယ်။     ။

၈၊ မေ၊ ၂၀၀၈



ဝန်ဇင်းချစ်သူများ ဇေယျာလင်း ၏ “ ကဗျာဆိုတာပြုလုပ်ခြင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တကယ့် ဘဝ စကားပြေကဗျာများ

ကဗျာဆန်နေခြင်း