နိဒါန်း
သာရမဏ္ဍ၊ ၀ရတသွန်၊ သာရမွန်နှင့် ကဲလွန်မြတ်ထ၊ ဘဒ္ဒကမ္ဘာ၊ ကပ်ငါးဖြာတွင် ၊ ငါးကြာနိမိတ်၊ ငါးအောင်ဟိတ်ကြောင့် ၊ ၀ှန်ထိတ်သီရိန်၊ ငါးမုနိန်တို့သည်၊ ငါးကြိမ်အောင်ပွဲ၊ ငါးမာရ်ရှဲသား၊ စောကဲသယမ္ဘူ၊ ထွတ်ငါးဆူတို့၊ နိဗ္ဗူတာရုံ၊ မြေခုံဗောဓိ၊ အပ္ပရာဇိဟု၊ ဘူမိကြငှန်း၊ မြိုက်ငါးနန်း၌ ၊ တက်လှမ်းအောင်စည်၊ ငါးကြိမ်လည်လျက်၊ မြိုက်ရည်ဓမ္မ၊ တိုက်ကျွေးငှမည့် ၊ ဘဒ္ဒမည် သာ၊ ဤကမ္ဘာ၌ ၊ ပထမာဒိက၊ သမ္မတ မှသည်၊ ဧကာဒသ, မြောက်၊ လျှံတောက် ဘုန်းရောင် ၊ ပြောင်ပြောင်ဝင်းလျှံ၊ သုံးမည် ခံလျှက်၊ နက်စံဓမ္မ၊ ညီမောလှသော ၊ မဟာသမ္မတမင်း မှသည်၊ ၀ံသမပျက်၊ နွယ်ဆက်မျိုးကိန်း၊ ဂဏန်းထိန်းသော်၊ နှစ် သိန်း, ငါးသော င်း, နှစ် ထောင့်, ငါးရာ, ငါးကျိပ်, ခြောက်ယောက် , မြောက်တွင် ၊ လျှံတော် တေဇာ၊ ဥက္ကာကရာဇ်အနွယ်၊ စင်ကြယ်ဝံသာ၊ အညွန့်ဖြာသော ၊ ဥက္ကာမုခ၊ သာကိယဂုဏ်ထူး၊ မင်းညွန့်ဖူးမှသည်၊ သောက်ရှူးလျှံဖြာ၊ စန္ဒာရ၀ိန်၊ ရောင် ပေါင်းထိန်သကဲ့သို့ ၊ အသမ္ဘိန္န၊ သာကိယမင်းပေါင်း၊ ရှစ်သော င်းနှစ် ထောင်, တစ်ကျိပ်သုံး၊ ပေါင်းရုံးတွက်ကိန်း၊ ဂဏန်းထိန်းသော်၊ သုံးသိန်း, သုံးသော င်း, လေးထောင့်, ငါးရာ, ခြောက်ကျိပ်, ကိုးယောက် မြောက်တွင် ၊ လျှံတောက်တေဇ၊ သာကိယထိပ်ခေါင်၊ ဥသျှောင်ဓိပတိ၊ ပစ္ဆိမဘ၀ိက၊ သာကိယအုပ်ဆောင်း၊ ပွင့်ကြောင်းရှာလတ်၊ မင်းသိဒ္ဓတ်သို့ ရောက်လေ၏ ။
သိဒ္ဓတ်စောထီး၊ ပွင့်နီးသာကိယ၊ မင်းမြတ်လှသည်၊ ဒေ၀ဒဟ၊ ကောလိယနှင့် ၊ ကပိလမည် ၊ ရွှေပြည်မဏ္ဍိုင်၊ သုံးခရိုင်ကို၊ ရောင် ဆိုင်သဟတ်၊ လေးကျွန်းပတ်လည်၊ နေနတ်တေဇိန်၊ ထိန်ထိန်းလျှံဝင်း၊ သုံးကျွန်းလင်းသကဲ့သို့ ၊ လူမင်းမြတ်အ ဖြစ်၊ ဓမ္မရာဇ်စည်းစိမ်၊ အခေါင်နှိမ်ကို၊ နှောင်အိမ်အသွင်၊ ထင်မြင်တော် မူလတ်ရကား၊ ဘုရားတို့ဓမ္မတာ၊ ငါးဖြာပရိစာဂ၊ စရိယသုံးလီ၊ ပါရမီတန်းဆောင်၊ သမ္ဘာရောင် တို့ဖြင့် ၊ ရွှေညောင်ဗုဒ္ဓဟေ၊ ပလ္လင်ဗွေ၌ ၊ လေးထွေခြောက်ဝ၊ ဒသဥာဏံ၊ ဆယ့်ရှစ်တန်ဂုဏ်၊ သဗ္ဗညုံဟု၊ ပိုက်ခြုံဝိသယ၊ သုံးခေတ္တကို၊ အတုလအမည် တော် ဖြင့် ၊ လွှံ့ကျော်ကြေညာလျက်၊ ဤမဟာဘဒ္ဒ၊ ဘမ္ဘာမ၌ ၊ စတုတ္ထမြောက်၊ လျှံတောက်ထွန်းပ၊ မဂ်နန်း ရသော ဂေါတမမုနိန်၊မာရဇိန်သည်ကား၊ အောင်ငြိမ်အမတ၊ မြိုက်ရည်ငှလျက်၊ ဓမ္မစည်တော် ၊ ရိုက်ဆော်ရွမ်းလည်၊ ကျွတ်ပွဲစည်ကို၊ အရည်အလျောက်၊ ချီးမြှော က်ချေချွတ်တော် မူသတည်း။
ယင်းသို့ ပြဆိုခဲ့သော မဟာသမ္မတမင်းမှစ၍ ၊ ကပိလဘူမိန်၊ ရာဇိန္ဒာဓိပတိ၊ သီရိလျှံဖြ၊ ဥက္ကာမုခ-မင်းမြတ်မှလျှင်၊ သာကိယရှစ်သော င်း၊ နှစ် ထောင်လောင်းပြီးနောက်၊ မင်းပေါင်းလွှံ့ကျော်၊ မြတ်နွယ်တော် တို့မှ၊ မွေ့လျော်မပျက်၊ ယာယီတော် ထွက်ခဲ့သော ၊ ကနက်ဖြန့်ခင်း၊ သာကိဝင်မင်း တို့သည်၊ ပိုင်နင်းချုပ်ချာ၊ သုနာပရန်၊တမ္ပဒီပ၊ မြန်မာ့ရင်းမြစ်၊ ဂုဏ်နှစ် ညွှန့်ပေါင်း၊ မြို့တကောင်း၌ ၊ ရွှေ့ပြောင်းတည်လစ်၊ ထီးသစ်နန်းဦး၊ စိုးမှူးဆက်စဉ်၊ ရာဇ၀င်ကို၊ အလျဉ်ရှေးဦး ဖွင့်လေ၏ ။
ရှေးဆက်စဉ်လာ၊ ရာဇ၀င်ရေး ကြသော အခါ၌ လည်း၊ ဆရာကြီး အသီးသီးတို့သည်၊ ထုံးနည်းစံရ၊ မိမိဆို့ဆန္ဒဖြင့် ၊ ဖော်ပြရေး သားခဲ့သည်မှာ -တကောင်းရာဇ၀င်၊ သရေခေတ္တရာ- ရာဇ၀င် မွန်ရာဇ၀င်၊ ယိုးဒယားရာဇ၀င်၊ ဇင်းမယ်ရာဇ၀င်၊ တောင်ငူရာဇ၀င်၊ သံလျင်ရာဇ၀င်စသည် ဖြင့် မိမိတို့မြို့ရွာ၊ တည်ရာကာလ၊ မည် မျှမင်းဆက်၊ ဆင်းသက်ပြန့်ပွား၍ လာကြောင်းကို၊ စုပေါင်း ထုတ်ဆောင်၍ ၊ တစ်စောင်တစ်ဖွဲ့စီ၊ သညီသွယ်သွယ်၊ ရာဇ၀င် ကျမ်းငယ်များ ကိုသာ၊ ရေး သားခဲ့ ကြပေကြောင်း။
ပုဂံရာဇ၀င် လေးစောင်ရှိသည်အနက် ရာဇ၀င်ဟောင်းသုံးစောင်မှာ အကျဉ်းမျှသာဖော်ပြ၍ ငှက်ပစ်တောင်ဆရာ ဂေါဓာဝရသူမြတ် ရေး သော မဟာရာဇ၀င်၌ မူ တကောင်း သရေခေတ္တရာ ပုဂံ ဟူသော သုံးပြည်ထောင်ကိုချုပ်၍ ထုတ်ချဲ့ရေး သားတော် မူလေ၏ ။ ယင်းသို့ တီထွင်ကြသော ရာဇ၀င်အစောင်စောင်တို့၌ လည်း တစ်စောင်နှင့် တစ်စောင်ကို အဆိုမညီ၊ အလီလီကွဲပြား ရှိကြသည်ကိုလည်းကောင်း၊ ထုံးမမီယ ဘူးနန်းစံတို့နှင့်၊ ပုဂံတွင် ရန်သူငါး၊ တကောင်းတွင် နဂါး၊ သရေခေတ္တရာတွင် လုံပျံစကား၊ အသူရာ အောင်ပုံများ မှစ၍ ဖတ်ကြားလျှင်လည်း ယုတ္တိမကောင်း၊ နားမျက်စိသာ ညောင်းဖွယ် ရှိချေ၏ ။
ယင်းသို့ ဖြစ်ရာ၌ အနှစ် သာရရှိသော အဓိပ္ပာယ်တို့ကို ထုတ်ယူ၍ ၊ ဇမ္ဗူမြန်လုံး၊ မင်းသုံး စိုးသုံး၊ လွှတ်ရုံးငါးရပ်၊ ရေး မှတ်သုံးစွဲကြသော စကားအစီအစဉ်မျိုးဖြင့် အကိုးအထောက် စုံစုံလင်လင်၊ ယခင် ပြခဲ့သော ရာဇ၀င်တို့၌ စီစဉ်ဖော်ပြကြသော အကြောင်းအချက် အမျိုးမျိုးတို့မှ ကောင်းနိုးရာကို ထုတ်ဆောင်လျက် တစ်စောင်တစ်ဖွဲ့တည်းနှင့် ပြီးပြေရှင်းလင်းစေခြင်းငှာ၊ ရာဇ၀င်အရာ၊ ရေး သားနည်းပညာနှင့်၊ စဉ်အလာထုံးတမ်းတွင် ၊ ဖက်ကမ်းရောက် ကျော်ကြားသော စဥ့်ကိုင်သူဌေး-ဒေ၀သေဋ္ဌ၊ သူဌေးကတော် မဏိသြဃတို့၏ သား ဦးကုလားသည် ထင်ရှားလှ စွာ သော ဤမဟာရာဇ၀င်ကြီးကို ရေး သားလေသတည်း။
ထိုမဟာရာဇ၀င်ကြီးကို ရေး သားရာ၌ ဂေါတမပူရဏ်စသော လောကီကျမ်း, သီလ က္ခန် ပါဠိတော် , အဠကထာ စသော သာသနိကကျမ်းတို့မှ လာသော မဟာ သမ္မတမင်းအဆက်၊ ဗုဒ္ဓ၀င်၊ မဟာဝင်တို့မှ လာသော သကျသာကိယမင်းဆက်၊ မဟာဝင်မင်းဆက်၊ ရာဇ၀င်တို့မှလာ သော ရာဇ၀င်မင်းဆက်တို့ကို အစီအစဉ်မပျက်၊ ဆက်လက်ဖော်ပြရန် အားထုတ်ရသည် ဖြစ်၍ ရေး သားရာ၌ ပါဝင် ထောက်ထားရသော ကျမ်းတို့ကား -
သီလက္ခန်ပါဠိတော် ၊ အဋ္ဌကထာ၊ ဋီကာ၊ မဟာဝင်အဋ္ဌကထာ၊ ဋီကာ၊ ပါရာဇိကဏ် အဋ္ဌကထာ၊ ဂေါတမပူရဏ်၊ သာရတ္ထသင်္ဂဟ၊ သာရတ္တဒီပနီ၊ ဋီကာကျော်၊ သင်္ခေပ၀ဏ္ဏနာ၊ မဏီမဉ္ဇူသာ၊ ကမ္ဘာလောင်ကျမ်း၊ ရှေးမဟာရာဇ၀င်ကျမ်း၊ ဇမ္ဗူဒီပဥဆောင်း၊ ၎င်း စာတမ်း၊ ရွှေဘုံနိဒါန်း၊ ပဉ္ဇနိပါတ် အင်္ဂုတ္တိုရ်၊ ၎င်းဋီကာ၊ မိလိန္ဒပဥှာ၊ ဇာတာပုံရာဇ၀င်၊ မွန်းကိုရေး စေတီဝင်၊ ပုဂံရာဇ၀င်ကျမ်း၊ ရာဇနီတိ၊ တေမိယဇာတ်၊ သုဝဏ္ဏသာမဇာတ်၊ တစသာရဇာတ်၊ မဟာသရဇာတ်၊ လောကီဗေဒင်ကျမ်း၊ သုမင်္ဂလ၀ိလာသိနီအဋ္ဌကထာ၊ သာဓုဇန၀ိလာသနီဋီကာ၊ လိနတ္ထ ပကာသနီ ဋီကာဟောင်း၊ တကောင်းရာဇ၀င် ၂၊ သရေခေတ္တရာ ရာဇ၀င်၊ ပုဂံရာဇ၀င်ပါဌ် ပုဂံရာဇ၀င်ဟောင်း ၂၊ သီဟိုဠ်ရာဇ၀င်၊ တောင်ငူရာဇ၀င်၊ ရာဇ၀င်၊ ရာဇ၀င်ကျော်၊ ရာဇ၀င်ချုပ်၊ သထုံရာဇ၀င်၊ မွန်ရာဇ၀င်၊ ဇင်းမယ်ရာဇ၀င်၊ ယိုးဒယားရာဇ၀င်၊ တရုတ်ရာဇ၀င်၊ ပုတကေရာဇ၀င်၊ ရခိုင်ရာဇ၀င်၊ ရာဇာဓိရာဇ်အရေး တော် ပုံ၊ ဆင်ဖြူများ ရှင်အရေး တော် ပုံ၊ ဓည၀တီအရေး တော် ပုံ၊ သီရိခေတ္တရာသမိုင်း၊ ပုဂံသမိုင်းဟောင်း၊ ဘုရားသမိုင်းဟောင်း၊ ကျောက်စာအမျိုးမျိုး၊ ဧချင်းဟောင်း ၁၂၊ မင်းရာဇလျှောက်ထုံး၊ လျှောက်ထုံး၊ လျှောက်စာ, သွင်းစာ အမျိုးမျိုးအားဖြင့် ကျမ်းပေါင်း ခုနှစ် ဆယ်ကျော်တို့နှင့် ညှိနှိုင်းရေး သားကြောင်း တွေ့ ရသည်။
ယင်းသို့ပင် ရေး သားစီရင်လင့်ကစား ဤမဟာရာဇ၀င်ကြီး ဆရာသည် ပမာဒလေခ၊ ခလိတအချက်၊ ယွင်းကွက်ပြောဆိုလိုက်သော အရာ မပါရှိနိုင်ဟု မပါရှိနိုင်ဟု မဆိုသာချေ။ နှစ် ရေကာလ၊ ရှည်ဝေးလှသဖြင့်၊ တစ်ဆင့်မှတစ်ဆင့်၊ အသင့်ရေး ကူးရာ၌ ၊ မူစာမှားယွင်း၍ ၊ အချင်းချင်း မညီညွတ်သော အရောများ ကိုလည်း ထင်ရှားမျက်မြင် ကိုယ်ထင်လက်တွေ့  ဖြစ်ချေ၏ ထိုသို့သော အကြောင်းများ ကြောင့် ကောင်းမြတ်သော လုံ့လ၊ အာသီသမေတ္တာဖြင့် ၊ ကြိုးပမ်းကာ ရေး သားပေသော ရှေးဆရာကြီး ဖြစ်လေရကား ထောက်ထားငဲ့ကွက်၊ ခလိတအချက်၊ မနှစ်သက် ဖွယ်၊ အကယ်ပါရှိစေကာမှု ၊ ပြစ်ယူဆကဲ၊ ငါကကဲဟု၊ စွတ်စွဲကော်ကတ်၍ နေရန်မလို၊ ကိုယ် စွမ်းနိုင်သော အရာတွင် ၊ ပြင်ဆင်၍ ယူခြင်းသာလျှင်၊ ပညာရှင်တို့၏ ပမာဏ ဖြစ်ချေ၏ ။
သို့ရာတွင် ရှေးပုဂံရာဇ၀င်ဟောင်း လေးစောင်တွင် ထုတ်ဆောင်ဖော်ပြကြသည်ကား - အကြောင်းတစ်ပါးတည်း ဖြစ်လျက် အနက်သဘောသွား ကွဲခြားတိမ်းယိမ်း၍ နေသော အရာများ စွာ ပင်ရှိလေသော ကြောင့် ပုဂံရာဇ၀င်ကို ပြောလျှင် “ထုတ်ထမ်း၍ ပြော” ဟု ဥဒါန်းစကားထင်ရှားရှိခဲ့ ပေသည်။ သို့ ဖြစ်၍ စာပေရေး သားရာ၌ ပုဂ္ဂိုလ်ကွဲလျှင် သဘောအယူအဆ၊ ဆန္ဒသီးခြား၊ ကွဲပြားမြဲ မှာ ၊ ဓမ္မတာ ဖြစ်လေ၏ ထိုကြောင့် မိမိအယူနှင့် မသင့်ရှိစေကာမူ အခါကာလ၊ ဒေသပုဂ္ဂိုလ်၊ ဆိုလိုရင်းပရိယာယ်၊ေ၀၀ုစ်လှယ်တို့နှင့်၊ တင့်တယ်ပြေပြစ်အောင်ယူရာ၏ ။ ယင်းသို့ ယူ၍ မှ အာဂမာ၊ သဘာဝ၊ မညီမျှခဲ့သော် ဆန္ဒနှင့်လည်း နှိုင်းညှိ၊ ယုတ္တိနှင့်လည်း စဉ်းစားလျက် ပယ်ရှား ပြင်ဆင်ထိုက်သော အရာသို့ ရောက်မှသာ ပယ်ရှားပြင်ဆင် ပေရာသည်။
ဤအရာ၌ မဟာရာဇ၀င်သစ် ကိုရေး သော တွင်းသင်းတိုက်ဝန် ဟာစည်သူ၊ မှန်နန်း မဟာရာဇ၀င်တော် ကြီး၊ မုံရွေးမဟာရာဇ၀င်တော် ကြီး၊ ရာဇ၀ံသဒီပကကျမ်း၊ ဆရာတို့သည် မိမိတို့ ဆန္ဒအလျောက် ရေး သားကြသော်လည်း ရာဇ၀င်စာသားမှာ မူ ဦးကုလား ရေး သော ဤမဟာရာဇ၀င်ကြီး စကားအတိုင်း ရေး သားတည်ရှိစေပြီးလျှင် သဘောအယူအဆ၊ နှစ် ကာလ၊ သက္ကရာဇ်တို့မှာ သာလျှင် အချို့သော နေရာ၌ ပြင်ဆင်ကြလေသည်။
သို့သော်လည်း ရာဇ၀င်သစ်၊ မှန်နန်း မဟာရာဇ၀င်ကြီး၊ မုံရွေးရာဇ၀င်ကြီး၊ ရာဇ၀ံသဒီပက တို့၌ ရာဇ၀င်ဟောင်းများ တွင် ပါရှိမြဲ ဖြစ်သော ဒိန္နသဲသင့်၊ ဂြိုလ်နေ-ဂြိုလ်တိုက်၊ ရာသီရပ်ဟူသော ဗေဒင်ကိန်းခန်းများ အရကို တွက်ချက်ပြင်ဆင်သည်ဟု အမှာ အဆို တစ်စုံတစ်ခုမျှ မတွေ့ ရချေ။ ပါမြဲ ဖြစ်သော ဗေဒင်ကိန်းခန်းများ သည် နှစ် သက္ကရာဇ်ကို ဆုံးဖြတ်ရာ၌ အမှန်ဆုံးသော နေရာသို့ ရောက်နိုင်ပေမည် ။ ထိုသို့ ဗေဒင်ကိန်းနှင့် တွက်ချက်နှိုင်းညှိခြင်းကို မပြုကြသော ကြောင့် ပုဂံမင်းတို့ တွင် စလေငခွေးမင်းသို့ ရောက်ကာလ နှစ် ပေါင်း(၃၀)သုံးဆယ်၊ ကျန်စစ်သားမင်းသို့ ရောက်ကာလ နှစ် ပေါင်း(၂၀)နှစ် ဆယ်တိုင်တိုင် လွဲမှား ခြားနားကြလျက် တွေ့ ရပေသည်။
အကြောင်းထူးမှာ ကား - အထက်ပါ နောက်ပေါ် ရာဇ၀င်ကြီးကို ရေး ကြရာ၌ ဤ မဟာရာဇ၀င်ကြီး စာသားကို မပြင်ဘဲ ပညာရှင်အကျော်၊ ပုဂ္ဂိုလ်မောကိတ္တိ၊ က၀ိမြောက်အာဇာနည် များ ဖြစ်ကြလျက်ပင် မဟာရာဇ၀င်ကြီး စကားအစဉ်ကို၊ ယူငင်သွင်းစု၊ အခြေပြုရသော ကြောင့် ကျမ်းဆရာကြီး ဦးကုလား၏ ဂုဏ်ထူးကို၊ ချီးကျူးသွယ်ဝှဲ့၊ နိဒါန်းသွဲ့၍ ၊ ချဲ့ရန် မလိုတော့ချေ။
ထို မဟာရာဇ၀င်ကြီး ပေါ်ပေါက်လာသော ကာလကား သက္ကရာဇ် ၁၀၇၆-ခုနှစ် ၊ အင်းဝမြို့ တွင် မင်းပြုသော လေးကျွန်းမာရ်အောင်၊ လောကမာရ်အောင် စေတီတော် ဒါယကာညောင်ရမ်း ၁၀ ဆက်အ၀င်၊ ၉-ဆက်မြောက်ဘုရင်၊ မှန်နန်းဆင်ဖြူရှင် တနင်္ဂနွေမင်းတရားကြီးလက်ထက် စဥ့်ကိုင်သူဋ္ဌေး ဒေ၀သေဋ္ဌ၊ သူဋ္ဌေးကတော် မဏိသြဃတို့၏ သား၊ ပညာရှိ ဦးကုလားသည် အဆိုပါ ကျမ်းများ နှင့် ညှိနှိုင်း၍ ၊ ဆစ်ပိုင်းကျန၊ လောက-ဓမ္မ၊ ရာဇတမွတ်၊ ရွှေလွှတ်ရွှေရုံး၊ မင်းသုံးထိုက်တန်၊ စကားမွန်တို့ဖြင့် ၊ ထူးချွန်တင့်တယ်၊ ပုလဲကုံး သွယ်သကဲ့သို့ ၊ ခြယ်လှယ်ရေး သား ပြုစု၍ ထားအပ်သော မဟာရာဇ၀င်ကြီး ဖြစ်ချေ၏ ။
ပြဆိုခဲ့သော ခေတ်မှ ယခုခေတ်သို့တိုင်ရောက်အောင် ဤ မဟာရာဇ၀င်ကြီးကို ရှေးတီးသမယ၊ ကာလအတိတ်တွင် ၊ ပုံနှိပ်လုပ်ဆောင်ခြင်း မရှိ၍ ၊ က၀ိခံလို၊ များ ပုဂ္ဂိုလ်တို့၊ အလိုရှိ တိုင်း မကြည့်မရှုသာ၊ ပေစာ၌ သာ ရှိလေရကား၊ အများ ကိုမနှံ့၊ ရနံ့ညွန့်လမ်း၊ မဉ္ဇူပန်းကို၊ တင်လွှမ်း၊ ထိန်းအုပ်၊ ရွှေပခြုပ်၌ ၊ သိမ်းထုပ်၍ ထားသကဲ့သို့ ဖြစ်လေရာ၊ လေညာလေအောက်၊ တစ်လျောက်ညင်းညံ့၊ သွင်းရနံ့တို့ဖြင့် ၊ သင်းပျံ့ကြိုင်လှိုင်စေ၊ ဖွင့်လေသည့်ပမာ၊ မြန်မာပြည် သုတေသနအသင်း လူကြီးမင်းတို့သည်၊ အခင်းသင့်လျှင်၊ ဤသို့စင်ကို၊ မြော်မြင်တော် မူကြသည့် အတိုင်း ဖော်ပြခဲ့သော မဟာရာဇ၀င်ကြီး၏ အမိန့်အဆိုကို၊ မငြိုမငြင်၊ လိုအင်ပြည့်ဝ၊ သုဇနအပေါင်းတို့၊ နှစ် ထောင်းကြည်လင်၊ ဆင်ခြင်သမှု ၊ ကြည့်ရှုမှတ်သားကြစေခြင်းငှာလည်း ကောင်း၊ အရိုးအရွက်၊ မ၀ှက်မဖုံး၊ အဟောင်းသုံး အကောင်းဆုံး၊ ရွှင်ပြုံးပီတိ၊ နှစ်သက် ဖွယ်ရှိလှ သော ၊ဤ မဟာရာဇ၀င်ကြီးကို ပုံနှိပ်ပြီး ရှိစေခြင်းငှာ လည်းကောင်း မြန်မာပြည်သုတေသန အသင်း လူကြီးမင်းတို့လွှဲအပ်ချက်အရ ရန်ကုန် ယူနီဘာစီတီ ကောလိပ်ကျောင်းပါဋ္ဌိပရိုဖက်ဆာ ဖေမောင်တင် B.Litt., နှင့် ဂုဏ်ထူးဆောင် ဆရာပွားတို့က အယ်ဒီတာပြုလုပ်၍ ပုံနှိပ်လုပ်ဆောင် ပါသည်။
ပုံနှိပ်လုပ်ဆောင်ရာ၍ လည်း ရာဇ၀င်ဟောင်း အမျိုးမျိုးတို့ကို အထောက်အထားပြု၍ မူအစောင်စောင်တို့နှင့် တိုက်ဆိုင်ပြီးမှ မူရင်းအတိုင်း ကျနမှန်ကန်စွာ ရှိစေရန် သေချာစေ့စပ်စွာ ပြင်ဆင်ထားပါသည်။ သို့ ဖြစ်၍ ရှေးရာဇ၀င်ဟောင်းများ နှင့် ၎င်းရာဇ၀င်ကြီး နောက်မှ ဖြစ်သော အထက်ပါ ရာဇ၀င်ကြီးများ ကို အနီးတွင် ထား၍ ၊ မှန်မှားယှဉ်ပြိုင်၊ ကိုယ်တိုင်တိုက်ဆိုင်၍ ကြည့်ရဘိ သကဲ့သို့ က၀ိခံလို၊ ပုဂ္ဂိုလ်တစ်ဆူ၊ စာကြည့်သူတို့၌ ၊ လွယ်ကူစွာ သိရှိနိုင်ကြစေရန်၊ ရည်သန်ပြုပြင် ၍ ၊ ရာဇ၀င်မူကွဲများ တွင် ၊ ခဲရာခက်ချက်၊ ကွဲလွဲချက်များ ၌ ၊ နှိုင်းယှဉ်လျက်ရှိသော ၊ အောက်ခြေမှတ် ချက်၊ ရှင်းလင်းချက်များ နှင့် တကွ သီးသန့်ရေး သားဖော်ပြပြီးလျှင် ပထမတွဲ မှသည် သတ္တမတွဲ သို့ အထိ၇ တွဲ ကို ဒုတိယစာအုပ် ပြုလုပ်လျက် ဗဟုသုတ၊ ဥာဏဆည်းဆူ၊ များ ဗိုလ်လူတို့၊ လွယ်ကူစွာ ကြည့်ရှုကြစေခြင်းငှာ၊ ကျမ်းစာထိုထို၊ မြန်ဗဟိုဟု၊ ချီးဆိုဘွဲ့ပုံ၊ ဥာဏ်မျိုးနုလှသော ရန်ကုန်မြို့ ဟံသာဝတီ ပုံနှိပ်တိုက်ကြီးတွင် စာလုံးမင်ကျ၊ ပီသရှင်းလင်းစွာ ပုံနှိပ်လုပ်ဆောင်ပါသည်။
အဋ္ဌမတွဲ
ရတနတ္တယံ အဟံ ၀န္ဒာမိ။ ။ သက္ကရာဇ် (၇၇၁)ခုနှစ် ရာ့ခုနှစ် ဆယ့်တစ်ခု၂ တွင် သားတော် သီဟသူကို စစ်ကိုင်းမြို့ကို ပေးတော် မူသည်။ မင်းသင်္ခယာကို ၀တီးမြို့ကို ပေးတော် မူသည်။ အထိန်းတော် ငခင်ညိုကိုလည်း တောင်ငူမြို့ကို မင်းနေမိ မရှိပြီ ဖြစ်၍ ပေးတော် မူသည်။ ဆင်မတော် တိုးခေါင်ရင့်မာ´´ ကား အ၀က ကြက်သက်ကို နှင်သည်။ ပုဂံသို့ ကြက်တက်ကို ရောက်သော ဟူ၏ ။ ဆင်မတော် စီး၍ ပုဂံရွှေစည်းခုံသို့ တစ်လ နှစ် ခေါက်သွားတော် မူ၏ ။ တစ်ရံ ရောအခါ တက်သေးသူမြတ်သည် ပုဂံဝယ် ရက်ကန်းသည်ခွန်ကို အလှူခံ၏ ။ ဘုရင်မင်းခေါင်လည်း ရှင်မိဖုရား ရှိပေသေးသည်၊ အကြောင်းကို ဆိုပါဦးမည် ဟူ၍ လျှောက်၏ ။ ဘုန်းတော် ကြီးလည်း တရားမင်းမြတ်ကို မိန်းမ အစိုးရလေသည်လော မိန့်တော် မူ၏ ။ ပြန်တော် မူ၍ ရောက်လျှင် သလွန်တော် ၀ယ် နှစ် ပါးနေကြစဉ် ပုဂံယည်ခွန်ကို တက်သေးသူမြတ် အလှူခံသော ကြောင့် မိဖုရားရှိပေသည် အကြောင်းကို ဆိုပါဦးမည် လျှောက်လျှင် တရားမင်းမြတ်ကို မိန်းမ အစိုးရသလောဟု ဆိုကြောင်းကို ပြော၏ ။ မိဖုရား ဘို့မယ်လည်း ရဟန်း ဖြစ်၍ သာ၊ လူ ဖြစ်တပြီးကား၊ ကွပ်ရလေ၏ ဟုဆို၏ ။ တစ်ကြိမ်လည်း မင်းမိဖုရားနှစ် ပါးသွားတော် မူကြ၏ ။ တက်သေးသူမြတ်လည်း လာပြန်၍ အစော ငါ့ကို သတ်မည် ဆိုသည်၊ ယခု ငါ့ကို သတ်တော် မူဟု မိန့်တော် မူ၏ ။ မိဖုရားလည်း မ၀ံ့ပါဟု လျှောက်၏ ။ ပြန်၍ နန်းတော် သို့ ရောက်လျှင် ငါတို့နှစ် ပါးသာ ရယ်မြူးလို၍ ဆိုပါသည်ကို တတ်သေးသူမြတ်ကြားရလေသည်ဟု မကြံမသာ၃ ရှိတော် မူကြ၏ ။ တစ်ရံရောအခါ လိမ္မာသော သီတင်းသုံး တစ်ယောက် ကို ခေါ်၍ တက်သေးသူမြတ် အကြောင်းကို စူးစမ်းရလေသော် ``တေပသင်´´နတ်သည် ဘုန်းကြီးတွင် မပြတ် ခစားသည်ကို သိမှပြန်၍ အကြောင်းကို လျှောက်ရ၏ ။ မင်းမိဖုရားနှစ် ပါးလည်း တစ်ကြိမ် ဘုရားရှိခိုး စုန်တော် မူရာတွင် ပုဂံယဉ်ခွန်ကို ဘုန်းတော် ကြီးအား လှူတော် မူ၏ ။ အပြန်တွင် ရွှေဖောင်တော် ကျေက်ဆောင်ဝယ် တင်သည်ကို နတ်မိန်းမ တစ်ယောက် ဖောင်တော် ကို ချသော ဟူ၏ ။ ထိုသက္ကရာဇ်(၇၇၁)တွင် စည့်ကူး လပ်၍ ဘယကာမဏိကို ပေးတော် မူသည်။ ရာဇသင်္ကြံကို အမြင့်မြို့ကို ပေးတော် မူသည်။
သက္ကရာဇ် (၇၇၁) ခုနှစ် ရာ့ခုနှစ် ဆယ့်တစ်ခုတွင် ဘုရင်မင်းခေါင်း မှူးတော် မတ်တော် အပေါင်းတို့ကို ခေါ်တော် မူ၍ မိန့်တော် မူ၏ ။ ဟံသာဝတီမြို့သို့ ငါချီတော် မူသော အခါ စစ်ချီရမည် ကာလ မဟုတ်၊ အမျက်တော် ရှိ၍ သာ ငါ ချီတော် မူသည်။ ယင်းသော အခါ စစ်သည်၊ ဗိုလ်ပါလည်း များ လှသည်။ ရိက္ခာမျိုးစေ့ကိုလည်း လောက်မျှအောင်မယူခဲ့ချေ။ မြစ်စဉ်တစ်လျှောက် ပို့သည့် မျိုးရိက္ခာတို့ကို သူက ဆီးကြို၍ တိုက်လေသော ကြောင့် ငါတို့သို့ မရောက်နိုင် ရှိချေသည်။ ပြည်ရွာတွင် ရှိသော စားသောက်ခွန်များ ကိုလည်း မီးထင်းတိုက်၍ ကုန်လေသည်။ ယင်းသို့လျှင် ငါတို့စစ်သည် ငတ်၍ အရေး မလှ ရှိချေသည်။ ယခု ချီရလျှင် မျိုးရိက္ခာ လောက်အောင်ယူ၍ မြန်မာ ပြည်၊ ရှမ်းပြည် အလုံးနှင့် လုပ်ကြံတော် မူမည် မိန့်တော် မူ၏ ။ ထိုအခါ ရမည်းသင်းစည်သူ လျှောက် သည်။ ကျွန်တော် တို့ အကြောင်းကိုလည်း မွန်တို့သိလေပြီ။ မွန်တို့ အကြောင်းကိုလည်း ကျွန်တော် တို့ သိလေပြီ ဖြစ်၍ အလျင် ချီတော် မူလော့ဟု လျှောက်၏ ။ ဘုရင်မင်းခေါင်လည်း မြန်မာပြည်၊ ရှမ်းပြည် အလုံးကို ရုံးစုတော် မူပြီးလျှင် တစ်ဆယ့်လေးတပ် စီရင်တော် မူ၍ တိုက်ဆင် ရှစ်ရာ၊ မြင်း တစ်ထောင် ၊ စစ်သည်သူရဲတစ်သော င်း ရှေ့ချီရသည်။ တပ်မတော် တွင် တိုက်ဆင် နှစ် ရာ မြင်းလေးထောင် စစ်သည်သူရဲလေးသော င်းနှင့် နောက်တပ်မ ပြု၍ ချီတော် မူသည်။ အ၀မြို့ ကို သားတော် မင်းရဲကျော်စွာ ၁ စောင့်ရသည်။
သားတော် အငယ် သီဟသူနှင့် မြစ်စဉ်တစ်လျှောက်တွင် ရှိသော မြို့စားပြစားတို့ကို ပြည်မြို့က အခိုင်နေစေ၍ မျိုးရိက္ခာပို့ရသည်။ ဆိုအပ်ခဲ့ပြီးသော စစ်အင်္ဂါလေးပါးနှင့် တကွ တောင်ငူကြောင်း ချီတော် မူရသည်။ ဟံသာဝတီသို့ ရောက်လျှင် ပြလက်ရုံးနှင့် တကွ တပ်ကြီး တပ်ခိုင် တည်၍ နေတော် မူသည်။
ရာဇာဓိရာဇ်လည်း ဘားနံအရပ်တွင် ခံ၍ နေသည်။ ရောက်၍ မိုးသောက်လျှင် မင်းနှစ် ပါး တပ်က ထွက်၍ ဆင်စီးချင်း တိုက်တော် မူကြသည်။ ယင်းသော အခါ ရာဇာဓိရာဇ် စီးသော ပက မတ်ကို ဘုရင်မင်းခေါင် စီးသော ဆင်တော် ရဲမြတ်စွာ အားမတန်၍ ဆုတ်ချေသည်။ ထိုသို့ ဆုတ် သည်ကို အုန်းပေါင်သိုကြောင်ဘွားမြင်လျှင် ချစ်မြတ်ကဲ ဟူသော ဆင်ကိုစီး၍ ချွန်းဖွင့်၍ တိုက်သည်။ ယင်းသို့လျှင် ရာဇာဓိရာဇ်ဆင် မျက်နှာသုန်၍ ပြေးလေ၏ ။ အုန်းပေါင်စော်ဘွားလည်း အလယ်ကို ထွင်း၍ ရာဇာဓိရာဇ်ကိုအရ တိုက်လေ၏ ။ ယင်းသို့ တိုက်သည်ကို တောင်တွင်းစား ရမည်းသင်းစားတို့မြင်လျှင် အမတ်သုံးကျိပ်ကျော်၊ ဆင်အစီးသုံးဆယ်ကျော်နှင့် ထပ်၍ မွန်တို့ကို တိုက်လေ၏ ။ ယင်းသို့ အထွေးထွေးတိုက်ကြစဉ်တွင် မွန်အမတ် သမိန်ဖြတ်စ ငရက်နွယ်တို့ကို စီး၍ တိုက်လေသည်။ အုန်းပေါင်စော်ဘွားဆင် အားမတန်၍ ဆုတ်ပြန်ရချေ၏ ။ သမိန်ဖြတ်စလည်း ထပ်၍ လိုက်လာသည်။ မိုးညှင်းသတိုးလည်း ဆင်သန်လျင်စွာ နှင့် ဆီး၍ ခံ၏ ။ သမိန်ဖြတ်စလည်း မြန်မာတို့က ဆင်ကူ များ သည်၊ အမြောက် စိန်ပြော်ငး မြတပူ၁ ထူထပ်လှသော ကြောင့် မတိုက်ဝံ့ ၍ တပ်ခိုင်တပ်လုံ တည်၍ နေတော် မူ၏ ။ ငါးလခန့်ရှိလျှင် မိုးကျခါနီး ပြီ ဖြစ်၍ ပြန်တော် မူသည်။
နေပြည်တော် သို့ ရောက်လျှင် မိဖုရားဘို့မယ်ကို ယုံကြည်တော် မမူ၍ နန်းက ချလျှင် ရွှေ တိုက်မှာ ထားတော် မူ၏ ။ ဘုရင်မင်းခေါင်လည်း မင်းရာဇာကို ခေါ်၍ အတွင်းသင်းမှူးသမီး ကို တောင်နန်းတင်မည် ဟူ၍ မိန့်တော် မူ၏ ။ မင်းရာဇာလည်း ဤသို့ နားတော် လျှောက်၏ ။ စင်ကြယ် စွာ တီးပြာလှန်းပြတ်၍ ထားသော မျိုးတို့မျှ ပေါက်တုံ မပေါက်တုံ ရှိသေး၏ ။ ဈေးစပါးကို မျိုးပြု၍ မပေါက်ရာ.။ ကျွန်နှင့် အရှင် ဖြစ်၍ ဟုတ်သည်ကို ရှိခိုးနားတော် လျှောက်ဝံ့သည်။ ဘုရားလက်တော် ကို မသန့်မစင် ထိလူးသော အခါ ဆေးတော် မူလျှင် စင်ပြန်သကဲ့သို့ အဖိုးအနဂ္ဃ ဖြစ်သော ပတ္တမြားဥသျှောင်ကျင်တော် သည် ရွှံ့ညွှန်ကျသော အခါ ဆေးကြောသုတ်သင်၍ ဆင်ဝတ်တော် မူပြန်သကဲ့သို့ အကြောင်းကြောင်းကို ထောက်ရှုတော် မူရမည် ဖြစ်သည်ဟု လျှောက်၏ ။ ဘုရင်မင်းခေါင်လည်း မင်းရာဇာကို အဘိုး မစ၍ တောင်နန်းသို့တင်လေတော့ဟု မိန့်တော် မူ၏ ။ မင်းရာဇာလည်း မိဖုရားကို သွန်သင်ဆုံးမ၍ နန်းသို့ တင်လေ၏ ။ မိဖုရားဘို့မယ် လည်း အဘိုး မ စ ပေသော ကြောင့် မယုတ်မကျ ရှိပေသည်ဟူ၍ ရွှေတစ်ပိဿာခုတ်သော အုပ်၂နှင့် တကွ ၀တ်တော် မူသော လက်စွပ်၅-ချည်၃ကို မင်းရာဇာအား ဆုပေးတော် မူ၏ ။
သက္ကရာဇ် (၇၇၁)ခုနှစ် ရာ့ခုနှစ် ဆယ့်တစ်ခုတွင် သားတော် မင်းရဲကျော်စွာ ဟံသာဝတီသို့ ချီတော် မူမည် ကို ခမည်းတော် ဘုရားအား ဤသို့နားတော် လျှောက်၏ ။ ရွှေနန်းသခင်မွန်ပြည်သို့ ချီတော် မူသည်။ နှစ် ကြိမ်ပင် ပျက်ချေ၏ ။ ဆင် မြင်း အလုံးအရင်းကိုလည်း သူရလေသည်။ ကျွန်ုပ် အမိနှင့် နှမကိုလည်း သူ ရလေသည်။ ရွှေနန်းသခင် မနိုင်တတ်သေးသော်နေတော် မူ၏ ။ ကျွန်ုပ် ရေကနေ၍ ရေမိကျောင်းကဲ့သို့၊ ကြည်းကနေ၍ လူသားစားတတ်သော ပေါရိသာဒ်ကဲ့သို့ ကျင့်၍ မွန်မင်းအသားကို စားရအောင် လုပ်ကြံပါမည် ။ မှူးကောင်း မတ်ကောင်း ဆင်ကောင်း မြင်းကောင်း သာ ပေးတော် မူပါဟု လျှောက်လျှင်၊ ခမည်းတော် လည်း ခွင့်ပြုတော် မူ၏ ။ ယင်းသော အခါ ရာဇာ ဓိရာဇ်က သူလျှိုထားတော် မူ၏ ။ မင်းရဲကျော်စွာ ပေါရိသာဒ်အမည် ကို ခံ၍ လုပ်ကြံမည် ဆိုသည်ကို ကြားခဲ့သည့်အတိုင်း လျှောက်၏ ။ မင်းရဲကျော်စွာ ပေါရိသာဒ် အမည် ကိုခံသော ငါ သစ်တသုံး၎ ဟူသော အမည် ကိုခံ၍ သည်မြန်မာမင်းသားသူငယ်ကို ဆုံးမမည် မိန့်တော် မူ၏ ။ ယင်းသည်နေ့ ကစ၍ “ ဗညားသစ်တသုံ” ဟူသော အမည် ကို ခံတော် မူ၏ ။ ယင်းသော အခါ သားတော် “ မင်းဖြူ” သည် မင်းရဲကျော်စာ ဟူသော အမည် ကိုခံသည်။ ယင်းသော အခါ အသက် ၁၇နှစ် ၁ ရှိပြီ မင်းသား မိန့်တော် မူ၏ ။ ရွှေနန်းသခင်အလုံးအရင်း အများ နှင့် ချီတော် မူသည်။ ချီတိုင်း နှစ် ကြိမ်ပင် ပျက်ချေ ၏ ။ ဆင်မြင်း အလုံးအရင်းကို ရလေသည်။ ငါ့မယ်တော် နှင့် ငါ့နှမတော် ကိုလည်း ရလေသည်။ ရွှေနန်းသခင်မွန်မင်းကို မနိုင်တတ်သေးလျှင် နေတော် မူစေတော့။ ကျွန်ုပ် ရေက နေ၍ မိကျောင်း ကဲ့သို့၊ လူသားစားတတ်သော ပေါရိသာဒ်ကဲ့သို့ ကျင့်မည် ။ မွန်မင်း အသားကိုစားရအောင် လုပ်ကြံရမည် ဖြစ်သော ကြောင့် မှူးကောင်း၊ မတ်ကောင်း၊ ဆင်ကောင်း၊ မြင်းကောင်းသာ ပေးတော် မူပါ။ ကိုယ်တော် တိုင်ချီ၍ လုပ်ကြံပါမည် ဟု လျှောက်၏ ။ ခမည်းတော် လည်း ခွင့်ပြုတော် မူသည်။
ယင်းသော အခါ ချီရသော တပ်ကား-တောင်ငူသား လက်ျာကြီးတစ်ထပ် ၊ ပြည်စားပျံချ တစ်ထပ် စလင်းစားနော်ရထာတစ်ထပ်၊ ပဒုံစားတစ်ထပ်၊ ပုခန်းစားတစ်တပ်၊ အုန်းပေါင်သိုကြောင် ဘွားတစ်တပ်၊ ညောင်ရွှေထောမှိုင်းကြီးတစ်တပ် သည်ကြည်း(၇)တပ်တွင် ပါသည် တိုက်ဆင် (၄၀၀) လေးရာ၊ မြင်း (၆၀၀၀)ခြောက်ထောင်၊ စစ်သည်သူရဲ (၇၀၀၀၀) ခုနှစ် သော င်း။ ရေတပ် ရှစ်တပ်တွင် ပါသည် ရဲလှေကြီး (၇၀) ခုနှစ်ဆယ်၊ ရဲလှေငယ် (၇၀၀)ခုနှစ် ရာ၊ လှော်ကား (၂၀၀) နှစ် ရာ၊ သံလှေ (၂၀၀)၊ ကုန်လှေ (၃၀၀)သုံးရာ၊ စစ်သည်သူရဲ(၇၀၀၀၀)ခုနှစ် သော င်းနှင့် သားတော် မင်းရဲကျော်စွာ ကို ဗိုလ်မှူးပြ၍ ရေအား၊ ကြည်းအား သာယာဝတီကြောင်း မွန်ပြည်သို့ ချီရသည်။ မြောင်းမြသို့ ရောက်တော် မူလျှင် မြို့ကို အကြိမ်ကြိမ်လုပ်ကြံတော် မူသည်။ မရချေ။ မြောင်းမြကို စားသော သမိန်ဖြတ်စလည်း လက်ဆောင် လက်နက်အများ နှင့် မင်းရဲကျော်စွာ သို့ စေတော် မူ၏ ။
လျှောက်လိုက်သည်ကား-
“ ကျွန်တော် မြောင်းမြစား ရှိခိုး နားတော် လျှောက်ဝံ့သည် ရွှေနန်းသခင်သားတော် ။
မြောင်းမြကို တစ်ဆယ့်နှစ် နှစ် ပင် လုပ်ကြံတော် မူတော် လည်း ရတော် မူမည် မဟုတ် ရဲမက်တော် တို့သာ ပင်ပန်းမည် ဖြစ်သည်။ ကျွန်တော် တို့လည်း ဦးရီးတော် သစ္စာ တော် နှင့် ဖြစ်သည်။ အမှု တော် ကို အသက်စွန့်၍ ထမ်းရမည် ဖြစ်သည်။ ဦးရီးတော် လည်း မုတ္တမ လိုင်ပြွဲစား၂ သော င်းကျန်းလေ၍ ချီတော် မူလေသည်။ ယခု လိုင်ပြွိမြို့ ကို အောင်မြင်တော် မူ၍ ပြန်တော် မူလှာပြီ ကြားသည်။ ဦးရီးတော် ရောက်လျှင် စစ်နှစ် ဖက်ညှပ်ရှိမည် အကြောင်းကို ရှိခိုး နားတော် လျှောက်ဝံ့သည် ””
ဟူ၍ ဆက်လှာ၏ ။ မင်းရဲကျော်စွာ လည်း သမိန်ဖြတ်စ ငါ့ကို ကြောက်ရွံ့ခန့်ညား၍ လျှောက်လှာသည် မိန့်တော် မူပြီးမှ ပဏ္ဏာကာရအများ ပေးတော် မူလိုက်၏ ။
မိုးသောက်လျှင် မြောင်းမြကသည် ပုသိမ်သို့ ချီတော် မူ၍ မြို့ကို လုပ်ကြံတော် မူသည်။ မရချေ။ ပြောင်းသေနတ် ထူထပ်လှသော ကြောင့် မြို့ကခွာ၍ တပ်ခိုင်တပ်လုံနှင့် ၀န်းရံ၍ နေလေ၏ ။ ပုသိမ်စား အမတ်ဒိန်လည်း လက်ဆောင် လက်နက်အများ နှင့် တူ စန္ဒရာသီကို လျှောက်လှာရ၏ ။
လျှောက်လိုက်သည်ကား-
“ကျွန်တော် ပုသိမ်စား အမတ်ဒိန်မဏိရွတ် ရှိခိုးနားတော် လျှောက်ဝံ့သည် ရွှေန်းသခင်သားတော် …ဦးရီးတော် ဆင်ဖြူသခင်သည် ပုသိမ်မြို့တွင် နေ၍ အရှင်သားတော် ချီတော် မူလှာလျှင် ခံနိုင်အောင် ခံ ဟူ၍ အမိန့်တော် ရှိ သည်။ ကျွန်တော် တို့လည်း ဦးရီးတော် သစ္စာတော် နှင့် ဖြစ်၍ မြို့ပြကျုံး မြောင်း အစရှိသော ကတုတ်ရင်တားတို့ကို ခိုင်ခံ့အောင် စီရင်၍ ၃-နှစ်၊ ၄-နှစ် စာ မျိုးရိက္ခာသွင်း၍ နေရသည်။ အရှင်သား အနှစ် နှစ် ပင် လုပ်ကြံတော် မူသော်လည်း ကျွန်တော် တို့မြို့ကို ရတော် မူမည် မဟုတ်။ ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့ ဆင်းရဲခြင်းသို့ ရောက်မည် အကြောင်းသာ ဖြစ်သည်။ ဥာဏ်တော် နှင့် ထောက်ရှုတော် မူမည် အကြောင်းကို ရှိုခိုးနားတော် လျှောက် ၀ံ့သည်။”
ဟူ၍ စေတော် မူ၏ ။
မင်းရဲကျော်စွာ လည်း အမတ်ဒိန်မဏိရွတ်သည် ငါ့ကိုကြောက်ရွံ့၍ လျှောက်လှာသည်ဟု မိန့်တော် မူပြီးမှ ပေးဖွယ်ကမ်းဖွယ်အများ ပေးတော် မူ၍ သံတို့ကို လွှတ်လိုက်၏ ပုသိမ်တွင် အမတ်ဒိန်ခံသည်၊ မရနိုင်ချေသော ကြောင့် ခဲပေါင်၁သို့ ချီတော် မူသည်။ ခဲပေါင်တွင် လည်း သံကျယ်အခိုင်ခံ၍ ထိုးပစ်နှင့် သော ကြောင့် မရချေ။
ယင်းသို့လျှင် မင်းရဲကျော်စွာ မှူးကြီးမတ်ခိုင်တို့ကို ခေါ်၍ တိုင်ပင်တော် မူ၏ ။ ထိုအခါ ရမည်းသင်းစည်သူ လျှောက်သည်။ ယခုမွန်ပြည်နယ်ကို မလုပ်ကြံသင့်သေး၊ ကျွန်တော် တို့နိုင်ငံ ဖြစ်သော ရခိုင်မြို့ကို သူလုပ်ကြံ၍ ရလျှင် နရမိတ်လှ၂ကို နန်းတင်လေသည်။ နိုင်ငံတော် ရခိုင်သို့ ချီ၍ လုပ်ကြံတော် မူဦး။ ရခိုင်ကိုရမှ သူ့ပြည်သူ့ရွာကို လုပ်ကြံတော် မူသင့်သည်လျှောက်၏ ။ မင်းရဲကျော်စွာ လည်း သည်အရေး သည် သင့်လှပေသည် ဟူ၍ မိန့်တော် မူပြီးမှ တပ်ကိုနုတ်၍ ချီတော် မူ၏ ။
ပြည်မြို့သို့ရောက်လာလျှင် လှေတပ်က ရဲမက်ကို ကြည်းတပ်ဖွဲ့၍ ရခိုင်သို့ချီတော် မူ၏ ။ လှေတက်များ ကိုလည်း မြစ်စဉ်တစ်လျှောက် မြို့ရွာက အ၀သို့ရောက်အောင် ပို့ရ၏ ။ မင်းရဲ ကျော်စွာ လည်း ရခိုင်သို့ရောက်လျှင် နရမိတ်လှ ဆင်လုံးမြင်းရင်း အများ နှင့် ခံနှင့် သည်ကို သုံးစုခွဲ၍ ရွပ်ရွပ်ချွံချွံ လုပ်ကြံတော် မူသည်။ နရမိတ်လှ မခံနိုင်၍ ပျက်လေ၏ ။၃ ပျက်လျှင် ရဲလှေကြီးတစ်စင်းနှင့် သာ ကုလားပြည်သို့ ပြေးလေ။ ယင်းသို့လျှင် ရခိုင်ကို ရတော် မူ၍ လက်ျာကြီးကို မြို့စားထည့်ခဲ့၍ တောင်စည်ခုနှစ် ခရိုင်ကို လုပ်ကြံတော် မူသည်။ ရခိုင်သံတွဲ မြို့ကို ရလျှင် စုက္ကတေးအမတ်ကို မြို့စားတည်းခဲ့၍ ပြန်တော် မူခဲ့၏ ။ အ၀သို့ ရောက်တော် မူလျှင် ခမည်းတော် ဘုရား အားရတော် မူ၍ စားတော် ကွမ်းခွက်၊ သောက်ရေတကောင်းဖုံး၊ စားတော် လက်ဖက်အိုးတစ်စုံ ဆုပေးတော် မူသည်။
ရခိုင်မြို့သံတွဲ မြို့ကို မင်းရဲကျော်စွာ လုပ်ကြံရလေသည်။ နရမိတ်လှမူကား - နတ်လှေ၊ (ရဲလှေ) တစ်စင်းနှင့် သာ ကုလားပြည်သို့ ပြေးလေသည် ဟူ၍ ရခိုင်သားတို့ ရာဇာတိရာဇ်ကို လျှောက်လေသည်။ ရာဇာဓိရာဇ်လည်း သက္ကရာဇ် ၇၇၃-ခု၎တွင် အမိန်ဗြပိုက်၊ သမိန်အဲ ကောင်းပိန် တို့ တိုက်ဆင် (၅၀) ငါးဆယ်၊ မြင်း (၂၀၀) နှစ် ရာ၊ စစ်သည်သူရဲ (၅၀၀၀၀) ငါးသော င်းခန့်၍ သံတွဲ မြို့သို့ ချီလာရသည်။ သံတွဲ စား စုက္ကတေးလည်း မြို့ပြကျူံးမြောင်း ကတုတ်ရင်တား ပြင်ဆင် ၍ ခံ၏ ။ ရှည်လတ်သော် မခံနိုင်၍ ရခိုင်မြို့သို့ ပေါင်းလေ၏ သမိန်ဗြပိုက်၊ သမိန်အဲကောင်းပိန်တို့ လည်း သံတွဲ မြို့ကို အခိုင်နေလေ၏ ။
ထိုအကြောင်းကို ဘုရာမင်းခေါင် ကြားတော် မူလျှင် သားတော် မင်းရဲကျော်စွာ တို့ ၇-တပ်ကို တိုက်ဆင် (၃၀၀)သုံးရာ၊ မြင်း (၃၀၀၀)သုံးထောင်၊ စစ်သည်သူရဲ (၈၀၀၀၀) ရှိသော င်းနှင့် ချီရလေ၏ ။
သံတွဲ သို့ရောက်လျှင် မြို့ကိုအကြိမ်ကြိမ်လုပ်ကြံတော် မူသည်။ သမိန်ဗြပိုက်၊ သမိန် အဲကောင်းပိန်တို့ ခံနှင့် သည်။ မြို့ပြ ခိုင်လှသော ကြောင့် မရချေမှ ရံတပ်လုပ်ပြီးလျှင် ဆုတ်၍ နေလေ၏ ။ မြို့တွင် ကလည်း တပ်မင်း ဗြသံပိုက် စီရင်၍ ညဉ့်ကို မီးနှစ် ကြိမ်တိုက်၍ မင်းရဲကျော်စွာ တပ်ကို လောင်လေသော ကြောင့် တပ်၇-တပ်လုံး ဖြန့်၍ လူသူရဲမက်အများ စောင့်ရ၏ ။
ယင်းသို့လျှင် သုံးလခန့် ၀န်းရံ၍ နေတော် မူသည်။ ထိုအခါမြို့တွင်းသား မွန်တို့ငတ်မွတ် လှသော ကြောင့် လွှား၊မှော က်တိုတို့ကိုသာ ချက်ပြုတ်၍ စားရ၏ ။ ယင်းသို့ရှိလတ်သော် သမိန်ဗြပိုက် ဤသို့ဆို၏ ။ ယခုလည် မျိုးရိက္ခာကုန်၍ ငါတို့စစ်သည် ငတ်မွတ်လှချေပြီ။ ရှေ့တစ်ဆယ်-ကိုးရက်ကြာလျှင် သူ့ကျွန် ဖြစ်တော့မည် ။ ပရိယာယ်ေ၀၀ှစ်ဖြင့် မင်းရဲကျော်စွာ ကို ပြန်လေအောင် ကြံမှ ငါတို့ သူ့ လက်က လွှတ်မည် ဟူ၍ ပါသည့် အမှူးအမတ်တို့ကို ဆို၏ ။ ကြံသည်ကား ရာဇာဓိရာဇ်က ပေးမှာ သည် အဟန်စာစီပြီးသော လူ၅-ယောက် ကို ပို့လာရ၏ ။ စာတွင် ပါသည်ကား -
”ငါ အမိန့်တော် ရှိသည် သမိန်ဗြပိုက်၊ သမိန်အဲကောင်းပိန် အမှူးအမတ် အပေါင်းတို့ ….မင်းတို့ကို မင်းရဲကျော်စွာ ၀န်းရံ၍ လုပ်ကြံလာသည်။ မင်းတို့ခံ၍ ထိုးပစ်ရှနသည် များ သော ကြောင့် အနိုင်စွာ ၍ တပ်နှင့် နေသည်ကိုလည်း မင်းတို့က ထွက်၍ မီးတိုက်ရသည် ဟူ၍ ငါကြားတော် မူသည်။ မင်းတို့ကိုလည်း မှူးကြီး,မတ်ကြီးအရာသို့ ဖြစ်အောင် ပြုစုသည် အကျိုး ငါခံတော် မူရပေသည်။ မင်းတို့ဝတ် ကုန်ပေပြီ။ ငါကိုယ်တော် ပင် ရေကြောင်း၊ ကြည်းကြောင်း ဥယျာဉ်ပု၁သို့ ချီတော် မူမည် ။ မင်းတို့လည်း ခံနိုင်အောင် ခံ၍ နေ။ ယခုငါလည်းအမိန်ဖြတ်စနှင့် အမတ်ဒိန်မဏိရွတ်ကို တိုက်ဆင် (၅၀) ငါးဆယ်၊ မြင်း (၂၀၀)နှစ် ရာ၊ ဗိုလ် (၄၀၀၀၀) လေးသော င်းနှင့် လင်းပတေ့ကြောင်း ချီလာစေသည်။ ပိုက်ကမြင်” တို့ကို လည်း မုတ္တမသားများ နှင့် လွန်းကြင် (၁၀၀)တစ်ရာခန့် မျိုရိက္ခာတင်၍ မင်းတို့ကို မော်ဓင်္ကရာဇ်ကြောင်း ပို့လေစေပြီ။ မင်းရဲကျော်စွာ ခွာသော်လည်း မခွာစေနှင့် ၊ နောက်ထပ်လိုက်၍ တိုက်။ ငါလည်း အလုံးအရင်း အများ နှင့် ဥယျာဉ်ပုကြောင်း၂ချီ၍ ဆီးမည် ”ဟု စာရေး ပြီးမှ တပ်မင်း၊ မယား၊ တပ်မင်း သားများ က စာခွေလည်း အများ ပင်။ သည်စာ များ ကို ပူတာ၁တွင် ထည့်၍ အ၀တ်အစား မုန့်ထုပ်ပဲထုပ် အမွှေးအကြိုင် ထည့်၍ ကတ္တီပါအိတ်တွင် သွတ်ပြီးသော် တံဆိပ်လက်ရာ ခတ်ပြီးမှ လူမာ ၅ - ယောက် ကို ညဥ့်က ထွက်လေ စေ၍ မိုးသောက်လျှင် ပဲကူးကလာ သည်အဟန် မြန်မာတို့က ကင်းစောင့်မြင်အောင် တောကထွက်၍ သံတွဲ မြို့ တွင်းသို့ အပြေးဝင်ခဲ့ဟု စေ၏ ။
မြန်မာကင်းစောင့်တို့မြင့်၍ လိုက်သော် ပူတာခေါင်ယက်ကို ချ၍ မြို့တွင်းသို့ ၀င်လေ၏ ။ မင်းရဲကျော်စွာ ကင်းစောင့်တို့လည်း ပူတာခေါင်ယက်ကို ယူ၍ ဆက်၏ မင်းရဲကျော်စွာ လည်း ပူတာထဲတွင် ပါသည်ကို ကြည့်ရှုစေသော် စာကိုတွေ့ ၍ ဖတ်ရ၏ ။ စာတွင် ပါကြောင်းကို ကြားတော် မူလျှင် မှူးတော် မတ်တော် အပေါင်းတို့ကို ခေါ်၍ တိုင်ပင်တော် မူ၏ ။ ယင်းသော ခါ ရမည်းသင်းစည်သူ လျှောက်သည်ကား သည်အကြောင်းကို ထောက်သော် အမိန်ဖြတ်စ၊ အမတ်ဒိန်တို့သည် လင်းပတေ့ကြောင်း ချီမည် ဆိုသည်။ ရာဇာဓိရာဇ်လည်း ဥယျာဉ်ပုကြောင်း ချီလမည် ။ သည်တွင် အရှည်နေချေသော် စစ်သုံးမျက်နှာလုံးပိတ်၍ ရှိချိမ့်မည် ။ သံတွဲ အရပ်လည်း တောင်ကမ်းများ ၍ ဆင်ခင်းမြင်းခင်း မသာသည် ဖြစ်သည်။ အလျင်ခွာ၍ ပြန်တော် မူဦးတော့။ ရှေ့မိုးစဲလေသာကိုမှ စစ်သုံးကြောင်း စီရင်တော် မူ၍ တစ်ကြိမ် ချီဦးတော့ဟု လျှောက်၏ ။ မင်းရဲကျော်စွာ လည်း သည့်အရေး သည် သင့်လှပြီဟု တပ်ကိုနုတ်၍ ပြန်တော် မူ၏ ။
ထိုသက္ကရာဇ်(၇၇၂)ခုနှစ် ရာ့ခုနှစ် ဆယ့်နှစ် ခု၂ တွင် ပင် ရာဇာဓိရာဇ်အမတ် သမိန်ဗြပိုက်, သမိန်အဲကောင်းပိန်တို့လည်း မင်းရဲကျော်စွာ ခွာ၍ အ၀သို့ ရောက်ပြီကြားလျှင် ရခိုင်မြို့ကို ချဉ်း၍ လုပ်ကြံလေ၏ ။ ရခိုင်စား လက်ျာကြီးနှင့် စုက္ကတေးလည်း အလုံးအရင်း အများ နှင့် ရခိုင်မြို့က ခံ၏ ။ ရှည်လတ်သော် အ၀က စက်ကူရောက်ခဲသည်နှင့် ရခိုင်သားတို့ မွန်နှင့် တစ်ချက်တည်း ဖြစ်လေသော ကြောင့် မခံနိုင်၊ ပျက်လေ၏ ။ ရခိုင်ပျက်ခဲ့လျှင် နရမိတ်လှ၃ ကို နန်းတင်၍ လက်ျာကြီး နှင့် စုက္ကတေးကို ဟံသာဝတီသို့ ယူလေ၏ ။
သက္ကရာဇ် (၇၇၃)ခုနှစ် ရာ့ခုနှစ် ဆယ်သုံးခု၎တွင် သိန်းနီစော်ဘွား အလုံးအရင်း အများ နှင့် အ၀သို့ လုပ်ကြံမည် ချီလာ၏ ။ ထိုအကြောင်းကို အုန်းပေါင်သိုကြောင်ဘွားက လျှောက်၍ ဘုရားမင်းခေါင် ကြားတော် မူလျှင် သားတော် မင်းရဲကျော်စွာ ကို ဗိုလ်မှူးခန့်တော် မူ၍ ပုဂံတရဖျား တစ်တပ်,ရမည်းသင်းစည်သူ တစ်တပ်၊ ကလေးကျေးတောင်ညို တစ်တပ်၊ မိုးညှင်းသတိုး တစ်တပ်၊ စည့်ကူးဘယကာမဏိ တစ်တပ်၊ သည် ၇-တပ်ကို တိုက်ဆင် (၂၀၀) နှစ် ရာ၊ မြင်း(၄၀၀၀) လေးထောင်၊ စစ်သည်သူရဲ (၇၀၀၀၀) ခုနှစ် သော င်းနှင့် ဆီးကြို၍ တိုက်လေဟု ခန့်တော် မူ၏ ။ မင်းရဲကျော်စွာ တို့ဆင်ခေါင်းဝက်ဝင် အလွန်သို့ရောက်လျှင် မြင်းတပ်ချင်း တွေ့ ၍ တိုက်ကြလေသော် သိန်းနီစော်ဘွားမြင်းတပ် ပျက်လေ၏ ။ မင်းရဲကျော်စွာ လည်း ထပ်၍ လိုက်တော် မူသည်။ စော်ဘွားလည်း သား၊ သမက်နှင့် တကွ ဆီးကြို၍ ဆင်နှင့် ခံလှာ၏ ။ ထိုအခါ မင်းရဲကျော်စွာ ဆင်တော် ငချစ်ခိုင်ကို စီး၍ တိုက်တော် မူသည်။ စော်ဘွားဆင်နှင့် မနန်းကြာ ဝှေ့ကြ စဉ်တွင် စော်ဘွားသား ဆင်နှင့် ကူလာသည်ကို ကျေးတောင်ညိုဆင်ချွန်းဖွင့်၍ တိုက်သည်။ စော်ဘွားသားဆင် လဲ၍ ပြေးလေ၏ ။ စော်ဘွားသမက် ဆင်နှင့် ကူ၍ တိုက်ပြန်လှာသည်ကို မိုးညှင်းသတိုး ကြို၍ တိုက်ပြန်လေ၏ ။ စော်ဘွားသမက် ဆင် လဲလေ၏ ။ မင်းရဲကျော်စွာ လည်း စော်ဘွားယစ်သည်ကို သိတော် မူသည်နှင့် သူ့ဆင်သို့ ခုန်၍ စော်ဘွားနှင့် ကုန်းလယ်, နောက်ပဲ့ ကို ခုတ်၍ ချလေ၏ ယင်းသို့လျှင် စော်ဘွားစစ်သည်တို့ ပျက်၍ ပြေးလေ၏ စော်ဘွားစီးသော ဆင်နှင့် တကွ ဆင် ၆-စီးမြင်း (၂၀၀) နှစ် ရာ၊ လူ(၈၀၀) ရှစ်ရာ ရတော် မူ၏ ။ ရှမ်းစစ်သည်တို့လည်း သုံးရာကျော်ခန့် သေလေ၏ ။ စော်ဘွားသေ၍ စစ်ပျက်လျှင် သား၊ သမက်တို့လည်း ဗိုလ်ပါးရုံးစု၍ ပြန်လေ၏ ။
မင်းရဲကျော်စွာ လည်း ရသည့် သုံ့ပန်း ဆင်းမြင်းတို့ကို ခမည်းတော် ကို ဆက်စေ၍ သိန်းနီသို့ အရောက် ချီတော် မူ၏ ။ သိန်းနီစော်ဘွား သား၊ သမက်တို့လည်း တရုတ်တို့ကို စစ်ကူခေါ်၍ မြို့ကို ခိုင်ခံ့အောင် လုပ်ပြီးလျှင် မျိုးရိက္ခာသွင်း၍ ခံ၏ ။ မင်းရဲကျော်စွာ လည်း သိန်းနီမြို့ကို အကြိမ်ကြိမ် လုပ်ကြံသည်၊ မရချေ။ ၅-လခန့် နေတော် မူ၏ ။ ယင်းသို့စဉ်တွင် တရုတ်တို့က မြင်းသည် (၂၀၀၀) နှစ် ထောင်၊ ခြေသည် (၂၀၀၀၀) နှစ် သော င်း စစ်ကူမည် လာသည်ကို မင်းရဲကျော်စွာ ကြားတော် မူလျှင် သိန်းနီမြို့က မသိရအောင်ညဥ့်က ခွာတော် မူခဲ့၍ စင်ခန်တောတွင် တိုက်ဆင် (၂၀၀) နှစ် ရာ၊ မြင်း (၃၀၀၀) သုံးထောင်၊ စစ်သည်သူရဲ (၄၀၀၀၀) လေးသော င်းနှင့် နေလေ၏ ။ တရုတ်တို့ စစ်ကူလာသည်ကို ၃-စုခွဲ၍ တောကထွက်၍ တိုက်လေသည်။ တရုတ်တို့ ပျက်လေ၏ ။ တရုတ်အမတ် ၅-ယောက် နှင့် မြင်း (၁၀၀၀) တစ်ထောင် ကျော်၊ လူ(၂၀၀၀) နှစ် ထောင်ကျော် သုံ့ပန်းရ၏ ။ မြင်း (၅၀၀) ငါးရာကျော်ခန့် သေလေ၏ ။ တရုတ်တို့ကို အောင်မြင်လျှင် သိန်းနီမြို့ကို ရံမြဲ ရံ၍ နေပြန်၏ ။
ရာဇာဓိရာဇ်လည်း မင်းရဲကျော်စွာ သိန်းနီကို ချီသည် ကြားလျှင် ကြည်းတပ် ရှစ်ထပ်၊ ရေထပ်ဆယ့်နှစ် တပ် စီရင်၍ ပြည်မြို့ကို လုပ်ကြံမည် ချီလှာ၏ ။ ကြည်းတပ်မှာ တိုက်ဆင်(၃၀၀) သုံးရာ၊ မြင်း (၈၀၀၀)ရှစ်ထောင်၊ စစ်သည်သူရဲ တစ်သိန်းနှစ် သော င်း နှင့် ချီတော် မူ၏ ။ ပြည်စားပျံချီ လည်း ကျူံးမြောင်း မြို့ပြ ကတုတ်ရင်တား ခိုင်ခံ့အောင် လုပ်ပြီးလျှင် မျိုးရိက္ခာသွင်း၍ ခံ၏ ။ ရာဇာဓိရာဇ်လည်း အကြိမ်ကြိမ်လုပ်ကြံသည်။ ပြောင်းသေနတ် အမြောက်မြတပူ ထူထပ်လှ၍ ရဲမက်ဗိုလ်ပါ အသေအပျောက် များ လှသည်နှင့် မြို့ကခွာ၍ ကြည်းရေ၀န်းရံလျက် နေလေ၏ ။ တစ်လခန့်ရှိလျှင် မုတ္တမကျေး ယေးမြို့ကို ယိုးဒယားတို့ တိုက်လေသော ကြောင့် ဟံသာဝတီ မြို့စောင့်တို့က ရာဇာဓိရာဇ်ကို လျှောက်၍ ကြားလျှင် သားတော် ဗညားပုသိန်ကို ဗိုလ်မှူး၊ သမိန်အဲပရဲကို စက်ကဲခန့်ကို သမိန်သံကျယ်၊ သမိန်ဥပါကောင်း၊ သမိန်သံလိုက်၊ သမိန်လောက် နရဲ၊ သမိန်လောက်ရှိန်၊ သမိန်လောက်ပင်၊ သမိန်စောခံခက်၁၊ သမိန်ဥရိန်၊ သည်အမတ် သူရဲကောင်းများ နှင့် တိုက်ဆင် (၂၀၀) နှစ် ရာ၊ မြင်း (၄၀၀) လေးရာ၂၊ စစ်သည်သူရဲ (၅၀၀၀၀) ငါးသော င်းနှင့် ပြည်မြို့ကို ၀န်းရ၍ နေလေ၏ ။ ရာဇာဓိရာဇ်မူကား ရေကြောင်း၊ ကြည်းကြောင်း မုတ္တမသို့ ချီတော် မူ၏ ။
အ၀ဘုရင် မင်းခေါင်လည်း ဟံသာဝတီဘုရင် ရာဇာဓိရာဇ်သည် သား ဗညားပုသိန်ကို ပြည်မြို့ ရံတပ်တွင် လုံခြုံအောင် အစောင့်ထား၍ ၊ မုတ္တမမြို့သို့ ချီ၍ ယိုးဒယားသားတို့ကို တိုက်မည် ဟု ရေကြောင်း စုန်သွားကြောင်းကို ကြားတော် မူလျှင် ၇-တပ် စီရင်ခန့်ရန်တော် မူ၏ ။ ထို၇-တပ်တွင် ပါသည့် တိုက်ဆင် (၄၀၀)လေးရာ၊ မြင်း(၆၀၀၀) ခြောက်ထောင်၊ စစ်သည်သူရဲ (၂၀၀၀၀)နှစ် သော င်းနှင့် ကြည်းကြောင်း ချီတော် မူစေသည်။ ရာဇာဓိရာဇ်သား ဗညားပုသိန်လည်း မှူးကြီးမတ်ခိုင်တို့ကို ပြည်မြို့တွင် ခံနေစေ၏ ။ အနောက်ဘက်ကလဲ စီးသို့ ကူး၍ တပ်ခိုင်တပ်လုံ တည်၍ နေလေ၏ ။
ဘုရင်မင်းခေါင်မူကား သားတော် မင်းရဲကျော်စွာ သိန်းနီမြို့က ပြန်၍ အ၀သို့ မရောက်သေး သည်ကို ငံ့တော် မူ၏ ။ သားတော် မင်းရဲကျော်စွာ လည်း သိန်းနီမြို့က အလျင် ချီခဲ့၍ အ၀သို့ ရောက်လျှင် ကတ္တူ၊ လွန်းကြင်၊ ရဲလှေ၊ လှော်ကားသံလှေ၊ ကုန်လှေ အစရှိသော တိုက်လှေအများ စီရင်ခန့်ရန်တော် မူ၍ ပြည်သို့ ချီတော် မူပြီးလျှင် မြို့ပတ်လည် ကြည်း၊ ရေ၊ ၀န်းရံ၍ နေတော် မူသည်။ ပြည်မြို့တွင်းသား မွန်တို့လည်း ဘုရင်မင်းခေါင်၊ မင်းရဲကျော်စွာ တို့ ရောက်၍ ကြည်း၊ ရေ၀န်းရံတော် မူလျှင် ရှားပါးငတ်မွတ်၍ ရှိလေ၏ ။ ထိုသို့ရှားပါးငတ်မွတ်ကျဉ်းမြောင်း၍ ရှိကြောင်းကို ဟံသာဝတီဘုရင် ရာဇာဓိရာဇ် မုတ္တမက ကြားတော် မူလျှင် ရဲလှေ ၁၀-စင်းနှင့် အပြင်း မုတ္တမမြို့က ဆန်တော် မူခဲ့၍ ပြည်မြို့သို့ေ၇ာက်တော် မူလျှင် ပြည်မြို့တွင် ၀န်းရံ၍ နေသော အ၀ဘုရင် မင်းခေါင်သား မင်းရဲကျော်စွာ တို့နှင့် ပြည်မြို့တွင် ရဲလှေ၁၀-စင်းချင်း တိုက်ကြ၍ အထိ အပါးအရှအန များ သည်နှင့် မြို့တွင်းသားများ လည်း ငတ်မွတ်ရှားပါးလှ၍ ပြည်မြို့တွင် ရံနေစေသော သမိန်လကွန်းအိန်နှင့် တကွ ရာဇာဓိရာဇ်သည် ထိုညဥ့်တွင်းပင် အလုံးအရင်းနှင့် တကွ ဟံသာဝတီသို့ စုန်ပြေးလေ၏ ။
ဘုရင်မင်းခေါင်နှင့် မင်းရဲကျော်စွာ လည်း ဆင်း မြင်း လှေတက် မပျက် စုရုံး၍ တလုံးတည်း ရေအားကြည်အား ထပ်၍ လိုက်တော် မူ၏ ။ ဟံသာဝတီသို့ ရောက်တော် မူလျှင် တမိုးတွင်း ပတ်လုံး နေ၍ လုပ်ကြံတော် မူသော်လည်း မရချေ။ နောက်လျှင် ရဲမက်ဗိုလ်ပါ ဆင်မြင်း လူသူတို့လည်း အပင်အပန်း ရှိသည်နှင့် ဟံသာဝတီမြို့ ပတ်လည်ရတော် မူသော ဆင် မြင်း လူသူ သုံ့ပန်းတို့ကို ယူတော် မူ၍ ဟံသာဝတီမှသည် အ၀နေပြည်တော် သို့ ရေအား၊ ကြည်းအား ဆန်တော် မူသည်။
နေပြည်တော် အ၀ ရွှေမြို့တော် သို့ ရောက်တော် မှု လျှင် သားတော် မင်းရဲကျော်စွာ ကို အိမ်ရှေ့ပေးတော် မှု သည်။ အိမ်ရှေ့မင်းရဲကျော်စွာ မိဖုရားကား ပုခန်းကြီးကို စားသော မင်းတရာ့ ဖျားသမီးတော် စောမင်းလှနှင့် အထက်က ပြည်စားပျံချီနှင့် စုံဖက်တော် မှု သည်။ နောက်ပြည်စားပျံ ချီ မရှိလျှင် စုက္ကတေးကို ပေးတော် မှု ပြန်သည်။ စုက္ကတေးနှင့် စုံဖက်၍ ၇ - လရှိလျှင် စုက္ကတေးကို ရုပ်၍ သားတော် မင်းရဲကျော်စွာ နှင့် ထိန်းမြားတော် မှု ပြန်၍ အိမ်ရှေ့မိဖုရား ဖြစ်သည်။
သက္ကရာဇ် (၇၇၄) ခုနှစ် ရာ့ခုနှစ် ဆယ့်လေးခု၁ တွင် တောင်ငူ ကေတုမတီမြို့ကို စားသော မင်းလက်ျာကြီးကို ငါ့ကျွန် အိုမင်းပြီး၊ ကျေးစွန်ရွာနားနှင့် မတန်ဟု တောင်ငူ ကေတုမတီမြို့ကို နုတ်၍ ပြင်စည်မြို့ကို ပေးတော် မှု သည်။ တောင်ငူ ကေတုမတီမြို့ကိုမူကား စောလူးသင်္ခယာကို ပေးတော် မူသည်။ ပုဂံကိုလည်း ပုခန်းတရဖျားကို ပေးတော် မူသည်။ ပုခန်းမြို့ကို မူကား သားတော် အလတ် မင်းရဲကျော်ထင်ကို ပေးတော် မူ၍ ကံကျွေးခံရသည်။ သားတော် အငယ် သီဟသူကိုကား ပြည်မြို့ကို ပေးတော် မူသည်။ စစ်ကိုင်းမြို့ကို အမတ်ရာဇသင်္ကြံကို ပေးတော် မူသည်။ မြေတူးမြို့ ကိုသက်တော် ရှည်ကို ပေးတော် မူသည်။ စကုမြို့ကို ငခင်ညိုကို ပေးတော် မူသည်။ ပေါက်မြိုင်ကို စည်သူကြီးသား စည်သူငယ်ကို ပေးတော် မူသည်။
ထိုသက္ကရာဇ် (၇၇၄) ခုနှစ် ရာ့ခုနှစ် ဆယ့်လေးခုတွင် ပင် စလင်းစား နော်ရထာပျံချီ သားရဲ မြတ်လှကို သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ တွင် စားတော် ကွမ်းရေကိုင် ခန့်တော် မူ၍ နောက်တော် တွင် အမြဲ ကွမ်းရေကိုင်၍ လိုက်ရသည်။
သက္ကရာဇ် (၇၇၄) ခုနှစ် ရာ့ခုနှစ် ဆယ့်လေးခုတွင် နိုင်ငံတော် ဖြစ်သော မြေတူးမြို့ကို မော်တုံ မော်ကယ်စား ရှမ်းတို့က ထိပါးလာကြောင်းကို လျှောက်လာ၍ ဘုရင်မင်းခေါင် ကြားတော် မူသော ကြောင့် သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ ကို ၁၁ - တပ် စီရင်ခန့်ရန်တော် မူ၍ ချီရသည်။ ထို ၁၁-တပ် တွင် ပါသည့် ဆင်လုံး မြင်းရင်းကား တိုက်ဆင့် (၃၀၀) သုံးရာ၊မြင်း (၄၀၀၀) လေးထောင်၊ စစ်သည်သူရဲ ရှစ်သော င်းနှင့် မင်းရဲကျော်စွာ နောက်တပ်မ ပြု၍ ချီတော် မူသည်။ မြေတူးသို့ ရောက်တော် မူလျှင် အဆီးအတား အရပ်အနေမရှိ၊ ရွပ်ရွပ်ချွံချွံ လုပ်ကြံတော် မူလျှင် မော်တုံမော် ကယ်စားတို့တပ် မခံနိုင်၍ ပျက်စီးခြင်းသို့ ရောက်လေ၏ ။ ထိုသို့ ပျက်စီးလေလျှင် မော်တုံမော်ကယ်စား ညီအစ်ကိုနှစ် ယောက် တို့ ရုံးမိသမျှသော ရဲမက် လူသူနှင့်တကွ မြင်းစီး၍ တရုတ်ပြည်သို့ ပြေးလေ၏ ။ သားတော် မင်းရဲကျော်စွာ လည်း သင်းတို့ သားမယား ဆင်မြင်း လူသူ သုံ့ပန်းကို ယူ၍ အ၀သို့ပြန်တော် မူခဲ့၏
သက္ကရာဇ် (၇၇၇) ခုနှစ် ရာ့ခုနစ်ဆယ့်ခုနှစ် ခု၂ တွင် သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ ခမည်းတော် ဘုရင်မင်းခေါင်အား အောက်မွန်ပြည်သို့ ချီ၍ လုပ်ကြံရမည် အကြောင်းကို လျှောက်သော ကြောင့် ကြည်းတပ်။ ရေတပ် စီမံခန့်ရန်တော် မူသည်ကား- ကြည်းတပ်ရှစ်တပ်မှာ တိုက်ဆင် လေးရာ, မြင်းခြောက်ထောင်’’ , စစ်သည်သူရဲရှစ်သော င်း၊ ရေတပ် ခြောက်တပ်တွင် ပါသည် ရဲလှေကြီးတစ်ဆယ့်နှစ် စင်း, ရဲလှေငယ်ငါးရာ, လှော်ကားသံလှေရှစ်ရာ , ရိက္ခာတင် ကုန်လှေငါးရာ, စစ်သည်သူရဲ တစ်သိန်းသုံးသော င်းနှင့် ကြည်းပါ ရေပါ များ စွာ သော ဆင်မြင့်လှေ တက်နှင့်တကွ ချီတော် မူသည်။ မင်းရဲကျော်စွာ မူကား ကြည်းကြောင်းချီတော် မူ၍ “ပေါက်မြိုင်မြို့” သို့ ရောက်တော် မူလျှင် ပေါက်မြိုင်မြိုကို လုပ်ကြံတော် မှု သည်။ ပေါက်မြိုင်မြို့ မခံနိုင်၍ မြို့ကို ရတော် မူသည်။ “ပေါက်မြိုင်မြို့’’ စား သမိန်ရဲသင်ရံလည်း သေလေ၏ ။ နောက် အ၀က ရိက္ခာပို့ လာသူတို့ကို ဆီးကြို၍ တော် ပုန်းတိုက်နှင့် လေသော ကြောင့် တပ်တော် သို့ ရိက္ခာမပေါက်နိုင်၍ ရှားပါးငတ်မွတ်တော် မူချေသည်။ မွန်တို့လည်း ရေကြောင်း၊ ကြည်းကြောင်း ဆီးဆို့ခံ၍ နေလေ၏ ။
တောင်ငူ ကေတုမတီသို့ ကြည်းကြောင်း မွန်တို့ ချီလေရာမှာ တောင်ငူမြို့ကို စားသော စောလူးသင်္ခယာ ဆင်လုံးမြင်းရင်းနှင့် ဆီးကြို၍ တိုက်သော ကြောင့် မွန်တို့တပ် ပျက်၍ မွန်တို့ကို ရလိုက်၏ ရေကြောင်းမှာ လည်း မွန်အမတ် သမိန်မောခွင် ခံသည်နှင့် ရေတပ်သား ရဲမက်များ နှင့် တိုက်ကြရာတွင် မွန်တို့တပ် ပျက်၍ မွန်အမတ် သမိန်မောခွင်နှင့် အမတ်တစ်ကျိပ်ကျော်၊ ဆင် မြင်း လှေတက် လူသူအများ ရလိုက်၏ ။
သားတော် မင်းရဲကျော်စွာ လည်း မွန်မင်း ရာဇာဓိရာဇ်သမက် သမိန်ပရမ်း ပကမတ်ဟူသော ဆင်ကို စီး၍ ခံသည်ကို လိုက်ထပ်၍ တိုက်တော် မူလျှင် မွန်တို့တပ် ပျက်၍ သမက်တော် စီးသော ဆင်ပကမတ်နှင့် တကွ သမိန်ပရမ်းကိုလည်း ရတော် မူ၏ ။ ဆင်, မြင်း, လူသူအများ လည်း ရတော် မူ၏ ။ ယင်းကသည်နောက် ပုသိမ်သို့ချီတက်တော် မူ၍ လုပ်ကြံတော် မူသည်။ ပုသိမ်မြို့တွင် လည်း ရာဇဓိရာဇ်အမတ် မဏိရွတ်, အမတ်ဒိန် နှစ် ယောက် အမြောက်သေနတ်များ နှင့် ခံနေလေသော ကြောင့် မရချေ။ ပုသိမ် ကျေးလက်သားတို့မှု ကား လူတစ်ထောင့်ငါးရာခန့် ကျွန်တော် ခံလာ၏
နောက် မြောင်းမြမြို့ကို လုပ်ကြံတော် မူပြန်သော်လည်း မရချေ၍ မြောင်းမြမြို့ကို ပတ်လည်ရံ၍ သာ နေရ၏ ။ သားတော် မင်းရဲကျော်စွာ မူကား အလျင်က ရတော် မူသည် ရာဇဓိရာဇ် သမက် သမိန်ပရမ်းနှင့်တကွ မွန်အမတ် နှစ် ကျိပ်ကျော်ကို ယူ၍ ရွှေလှော်ကား ရှစ်စင်းနှင့် အမှတ်မဲ့ အ၀သို့ ဆန်တော် မူသည်။ ၁၁- ရက်နှင့် အ၀သို့ ရောက်တော် မူ၏ ။ ဘုရင်မင်းခေါင်လည်း သားတော် မင်းရဲကျော်စွာ ရောက်လှာ၍ စတုရဂ်သူ, လက်ဝဲယော်ဓာတို့ ပွဲရကြောင်းကို လျှောက် ၍ ကြားတော် မူလျှင် အားရတော် မူ၍ စတုရင်္ဂသူကို နန္ဒသူရိ, လက်ဝဲယော်ဓာကို နန္ဒကျော်သူ ဟူသော အမည် ကို သနားတော် မူသည်။ သားတော် မင်းရဲကျော်စွာ လည်း အ၀တွင် ခုနှစ် ရက် နေတော် မူပြီးလျှင် မြောက်သားတော် စောမင်းလှကို ယူ၍ အောက် ဒလမြို့သို့ စုန်တော် မူပြန် သည်။ လေးညဥ့် - ၅ ရက်နှင့် ဒလမြို့သို့ ရောက်တော် မူ၏ ။ ယင်းသော ခါ မွန်မင်း ရာဇာဓိရာဇ် လည်း ဇာတာတော် မသန့်သည်ဟူ၍ ကျိန်းခန်းကာလဗေဒင်သိမြင်သော ပညာရှိ ပုရောဟိတ်တို့ လျှောက်သော ကြောင့် ဟံသာဝတီမှသည် မုတ္တမမြို့သို့ကူး၍ နေတော် မူသည်။ ပုသိမ်မြို့ကို စောင့်သော အမတ်ဒိန်မဏိရွတ်တို့ကို ခေါ်တော် မူ၍ ဟံသာဝတီမှာ မြို့စောင့်ထားတော် မူခဲ့၍ စောင့်နေ့ရသည်။ ပုသိမ်မြို့ကို အမတ်မောခွင် စောင့်ရသည်။ နောက်လျှင် ပုသိမ်၊ မြောင်းမြ စသော အနောက်တစ်လွှား မြို့ကျေးစားတို့သည်များ စွာ သော လက်ဆောင်ပဏ္ဏာကာရဆက်၍ မြို့နေရွာသား ကျေးစားတို့နှင့်တကွ ကျွန်တော် ခံဝင်လှာ၏ ။ တဂုံမြို့၊ သံလျင်မြို့ကိုမှု ကား မခံချေသော ကြောင့် ရေတပ်, ကြည်းတပ် ပတ်လည်ဝန်းရံ၍ ဆီးဆို့၍ ခံနေတော် မူရချေသည်။
အ၀ နေပြည်တော် မှာ လည်း အထက်က မင်းရဲကျော်စွာ တိုက်ရာတွင် မော်တုံမော်ကယ်စား တို့ရှုံး၍ သင်းတို့ သားမယားကို သားတော် မင်းရဲကျော်စွာ သိမ်းယူခဲ့၍ အ၀မှာ ရှိသည်နှင့် မော်တုံ မော်ကယ်စား ညီအစ်ကိုသာ မြင်းနှင့် တရုတ်မြို့သို့ ပြေး၍ လွတ်လေသော ကြောင့် မော်တုံမော် ကယ်စား ညီအစ်ကိုတို့ တရုတ်ဦးတည်သွားသို့ သွား၍ ကျွန်တော် တို့ သားမယားကို နေထွက် ဘုရင်အထံမှာ သိမ်းယူထား၍ ရှိရလေသည်။ နေထွက်ဘုရင်မှာ တောင်း၍ သနားတော် မူပါမှ သားမယားကို ရပါမည် ဟု တောင်းပန်ကြလေသော ကြောင့် တရုတ်ဦးတည်ဘွားက တရုတ်မြို့ ကျေး အဝေးအနီး၌ ရှိနေကုန်သော စော်ဘွားတို့ကို ခေါ်တော် မူ၍ နေထွက်ဘုရင်မှာ မော်တုံမော် ကယ်စား သားမယားတို့ကို တောင်း၍ မော်တုံမော်ကယ်စားတို့ကို ပေးလေ၊မပေးလျှင် တိုက်လေ ဟူ၍ တိုက်ဆင်နှစ် ရာ, မြင်းနှစ် ထောင်, ခြေသည်သူရဲ လေးသော င်းချီလာ၍ ရောက်လျှင် ရောဝ ကသည် တပ်ကြီး, ကြေးမြင်တိုင်, တောင်ဘီလူး, လုံးတော် , ပေါက် တိုင်အောင် တပ်တည်၍ နေလေ၏ ။ ဘုရင်မင်းခေါင်လည်း စစ်ကြီးတွေ့ မည် စီရင်သည်။ ပဲကူးသို့ မင်းရဲကျော်စွာ နှင့် အမှူး အမတ် စစ်သည် ကွဲချေသော ကြောင့် သူစစ်အင်ကြီးလေ့၍ မြို့ပြကျုံးမြောင်း ပြင်ဆင်၍ ခံ၏ ။ တရုတ်တို့လည်း မြို့ကို ရဲလေ၏ ။ တစ်လခန့် ရှိလျှင် မျိုးရိက္ခာ ကုန်၍ မြို့တွင်းသို့ စေလှာ၏ ။ စေဟန်ကား -
မော်တုံမော်ကယ်စား သားမယားကိုသော်လည်း မပေး၊ ထွက်၍ သော်လည်း မတိုက်နေ သည်။ သို့ပင်နေသော် သုံးနှစ် လည်အောင်နေ၍ လုပ်ကြံမည် ။ ထွက်၍ အရေး မဆိုလျှင်လည်းတို့ က မြင်းတစ်စီး, နေထွက်ဘုရင်က မြင်းတစ်စီး, သူရဲ တစ်ယောက် ချင်း ထွက်လာစေ၊ တို့သူရဲနှင့် မြင်းစီးချင်းတိုက်၍ တို့သူရဲ ရှုံးလျှင်လည်း ပြန်တော့မည် ။ ရွှေနန်းသခင်က ရှုံးလျှင်လည်း မော်တုံ မော်ကယ်စား သားမယားကို ပေးပါတော့ ဟူ၍ စေလှော၏ ။ တရုတ်တို့စကားကို ဘုရင်မင်းခေါင် ကြားတော် မူလျှင် ဆင်စီးမြင်းစီး သူရဲကောင်းတို့သည် သားတော် မင်းရဲကျော်စွာ နှင့် မွန်ပြည်နယ် မှာ ချည်း ရှိလေသော ကြောင့် သူရဲယောင်္ကျားကောင်းကို မေးတော် မူသော် တစ်ယောက် မျှ ထွက်ဝံ့သသူ မရှိချေလျှင် မည် သို့မျှ မိန့်တော် မှု ၊ တိတ်တိတ် နေတော် မူ၏ ။ ထိုအခါပေါင်းတည် စားသည် နားတော် လျှောက်၏ ။ ရာဇဓိရာဇ်သမက် သမိန်ပရမ်းသည် လက်ဖျံတစ်လုံးတည်း၊ ထိုသူ ကိုသားတော် ရ၍ ဆက်လှာသသူကို သံခြေချင်းခတ်၍ ထားသည်ရှိသည် မဟုတ်လော။ ယင်းသည် သူကို မေးတော် မူ၍ စုံစမ်းသော်လည်း သင့်မည် ဟူ၍ လျှောက်သည်ကို ကြားလျှင် သမိန်ပရမ်းကို မေးရလေ၏ သမိန်ပရမ်းလည်း ကျွန်ပ်ကျွန်ကို သံခြေချင်းနှင့်ချင်းတွင် ဓားတစ်စင်း လွှားတစ်ချပ်, ဆင်တစ်စီးချင်း, မြင်းတစ်စီးချင်း, တစ်ယောက် ချင်းတွေ့ သော်လည်း ဇမ္ဗူဒိပ် မြေပြင်ဝယ် ကျွန်ပ်တွင် ခံနိုင်မည် လော။ ကြောက်သည်ဟူ၍ မရှိဟု သမိန်ပရမ်း လျှောက်။ ကြားတော် မူလျှင် သံခြေ ချင်းကို ချွတ်စေ၍ ခေါ်တော် မူ၍ ခေါင်းဆေးစေ၏ ။ ကျွေးမွေးတော် မူပြီးလျှင် တရုတ်တို့သူရဲကို မင်းမြင်းစီးချင်းနိုင်လျှင် ရာဇာဓိရာဇ်ပေးသည်ထက် ပေးတော် မူ၍ ငါသူကောင်းပြုတော် မူမည် ဟူ၍ မိန့်တော် မူ၏ ။ သမိန်ပရမ်းလည်း ဦးခိုက်၍ အားမခံ၏ ။
တရုတ်သူရဲ ကာမဏိလည်း ဆင်စီးချင်း, မြင်းစီးချင်း, ခြေကျင် ယောက်ျားသူရဲချင်းလျှင် အဖက်မရှိ ပြုသည်။ မြင်းနီကြီးကို ရွှေကထိုး၍ စီးသည်။ သံချပ်, မျက်နှာမည်းဓားကို ပတ္တမြားအ ပြည့်စီ၍ စွဲသည်။ ရွှေလုံချောင်းလုံး, အောင်၁ ၇- ဆင့်နှင့် နတ်မြင်းသည်နှင့်အတူ တရုတ်တို့ မှတ်သည်။ ဘုရင်မင်းခေါင်လည်း သမိန်ပရမ်းကို အ၀မြို့တွင် ရှိသရွေ့ မြင်းကို ယူ၍ ပြသည်။ သမိန်ပရမ်း စိတ်နှင့် ကြိုက်သည် မြင်းတစ်စီးမျှ မရ။ နောက်မှ ကျုံးနားတွင် စား၍ နေသော မြင်းနီ မကျည်းစေ့တစ်စီးကို မြင်မှ ကြိုက်၍ ယူ၏ ။ အသက် အသံ သိအောင် ခုနှစ် ရက်လည်အောင် စီးစေ ပြီးမှ ရှေ့ ၇ ရက်သည် ယောက်ျားကောင်းချင်း တွေ့ စိမ့်မည် ဟူ၍ တရုတ်တို့ကို ဆိုလေစေ၏ ။ တရုတ်တို့သူရဲ ကာမဏိ ကြားလျှင် သောက်စားကြိမ်းဝါး၍ နေနှင့်၏ ။ ချိန်းချက်သည်နေ့ စေ့လျှင် သမိန်ပရမ်းကို ရှင်ဘုရင်မင်းခေါင် သုံးသပ်၍ မိန့်တော် မူ၏ ။ သူရဲ အမှူးအမတ်တွင် တန်ခိုးသတင်းအရဲအရင့် နှလုံးကြမ်းကြီးသည်။ ကြားသည်နှင့် ညီလှပေ၏ ဟူ၍ မိန့်တော် မူ၏ ။ သမိန်ပရမ်းလည်း မြင်းနီ မကျည်းစေ့ကို စီးလည်။ ဘုရင်မင်းခေါင်လည်း သမိန်ပရမ်းကို စီးတော် မူသော ပတ္တမြားက , လက်သုံးတော် စွဲ ပတ္တမြားဓားကို ပေးတော် မှု သည်။ ယင်းသော အခါ သမိန်ပရမ်းကို ``ငါသား သည်တစ်ခါကို မြဲမြံအောင် နှလုံးပြုပါ´´ မိန့်တော် မှု သည်။ သမိန်ပရမ်းလည်း နိုင်စိမ့်မည် ၊ ကျွန်ပ်ဖို့ထား ဟူ၍ အာမခံ၏ ။ ခြင်းတစ်လုံးကိုမြင်းတွင် ဆွဲ၍ ကျွန်ပ် ထိုး၍ ကျလျှင် ခေါင်းကို ချွန်းနှင့် ချိတ်ငင်၍ ဖြတ်ယူမည် ။ ချိတ်စရာ ချွန်းပေးတော် မူပါဟူ၍ လျှောက်၏ ။ မြန်မာတို့လည်း ကြားလျှင်ဆို၏ ။ ``ယုန်မရမီက သံပရာရှာသော ´´ဟူ၏ သို့ ဆို၏ ။ သမိန်ပရမ်းလည်း ဘုရင်မင်းခေါင်ကို ဦးခိုက်၍ ထွက်မည် ပြု၏ ။ တရုတ်ဘာသာတတ်သော သူတို့ကိုလည်း ၀န်းရံစေ၍ ထွက်ရ၏ ။ မြို့ထက်ကလည်း ရဟန်းလူသူ ဖြီးမျှ၂ ကြည့်ကြကုန်၏ ။ သမိန်ပရမ်း ထွက်သည်ကိုမြင်လျှင် တရုတ် ကာမဏိလည်း မြင်းနီကြီးကို ရွှေကတင်၍ တပ်ကသည် မြင်းစီး၍ ကျုံးနားတိုင်အောင် လာ၏ ။ ယင်းတွင် မှ သမိန်ပရမ်းနှင့် ဆိုင်၍ စကားပြော ကြ၏ ။ ငါတို့နှစ် ယောက် သည် အမှူးအမတ် သူရဲကောင်း ဖြစ်ကြသည်။ ခြေကာ, လက်ကာ, စနောင်စနင် မပြုကြနှင့် ၊ အများ ကြည့်ကြပစေဟု ဆို၏ ။ ယင်းသို့မှ သမိန်ပရမ်းသည် ကိုယ်ကို ချုံ့၍ မြင်း အလျင်စီးသည်။ ကာမဏိလည်း တု၍ လည်းကောင်း စီး၏ ။ သမိန်ပရမ်းလည်း ရပ်၍ စီးပြန်၏ ။ ကာမဏိလည်း ဆန့်၍ စီးပြန်၏ ။
ယင်းသို့စီးရာတွင် ချပ်တစ်ဖက်ကြိုးပြတ်သည်ကို သမိန်ပရမ်းမြင်လျှင် ဆို၏ ။ တို့နှစ် ယောက် စီးကြသည်၊ သုံးကြိမ်စေ့ပြီ။ ယခုသော်ကား ရကြအောင်သာ ပြုရတော့မည် ဆိုပြီးလျှင် သမိန်ပရမ်း လှံကို နောက်ထား၍ လက်တစ်ဖက်ကို ဆန့်၍ စီးသည်။ ကာမဏိလည်း လက်ကိုဆန့်၍ လိုက်၏ ။ ကာမဏိလည်း လက်ကိုဆန့်၍ လိုက်၏ ။ သမိန်ပရမ်းလည်း အပါးသို့ ရောက်လျှင် မြင်းကို ရုတ်ခြည်းလှည့်၍ လက်ယာပတ်ပြီးသော် တရုတ်ကာမဏိလည်း ဓားကိုမြှောက်၍ ခုတ်မည် မိုးရာတွင် ဆန့်သည်လက်အောက် ချပ်ကြိုးပြတ်၍ နံစပ်အသား လေးသစ်ခန့်မျှ လပ်သည်ကို ထိုးမိလျှင် လက်ဝဲကသည် လက်ယာသို့ ပေါက်၍ ကျလေ၏ ။ သမိန်ပရမ်းလည်း ချွန်းနှင့် ချိန်၍ ကာမဏိအကောင်ကို ငင်ပြီးလျှင် ခေါင်းကိုဖြတ်၍ ခြင်းတွင် ထည့် ၍ မြို့တွင်းသို့ ၀င်ခဲ့၏ ။ တရုတ်တို့လည်း လူမဟုတ်ပြီ၊ နတ်ကဲ့သို့ ဖြစ်ပေသည် ဟူ၍ အံသြကြကုန်၏ ။
ဘုရင်မင်းခေါင်လည်း အားရတော် မူ၍ ဆုလာဘ်များ စွာ ပေးပြီးလျှင် တလုပ်ရာဇသူ သမီးအငယ်နှင့် စုံဖက်တော် မူ၍ ၁ မင်းညီမင်းသားတို့ အဆောင်ယောင် အကုန်နှင့် လယ်ကိုင်းမြို့ ကို ပေးတော် မူ၏ ။ ပြည်သူအပေါင်းတို့လည်း များ စွာ ဆုလာဘ်ပေးကြကုန်၏ ။ တရုတ်တို့လည်း ဆိုသည်စကား ကတိအတိုင်း သမိန်ပရမ်းကို ကာမဏိ ရှုံးလျှင် ပြန်ကြလေကုန်၏ ။
မင်းရဲကျော်စွာ လည်း ခမည်းတော် ဘုရင်မင်းခေါင်သို့ စာဆက်ရလေ၏ ။ စာတွင် ပါသည်ကား-
``ရွှေဖ၀ါးတော် အောက် ရှိခိုးနားထောင်လျှောက်ဝံ့သော ဘုန်းတော် ကြီးလှသော ဘ၀ရှင်ဘုရား…ယခု ဘကြီးတော် ဗညားနွဲ့သည် ကျွန်ုပ်ကို မတွေ့ ဝံ့၍ မုတ္တမသို့ ပြေးလေသည်။ ကျွန်ုပ်ကို ကြောက်လန့်၍ ရေတွင် ဆင်းသေသော်လည်း တံငါတို့ကို ကွန်နှင့် စွန့်စေ၍ အကောင်ကို သဂြို င်္လ်ရမှနေမည် ။ ပဲကူးကိုလုပ်ကြံ၍ ရမူကား အကျွန်ုပ်လက်ရ ဖြစ်တော့သည်။ ဘုန်းကြီးသည် အရှင်အရာတော် ရတနာဆင်မြင်းကတော် စိုးမင်းကိုစိစစ်၍ စာရေး မည် သူသာ လာပါစေဘုရား´´
ဟု သည်စာနှင့် ငလတ်ကိုစေ၍ ဆက်ရလေ၏ ။
ဘုရင်မင်းခေါင်လည်း ငလတ် ရောက်လာ၍ စာကို ကြားတော် မူလျှင် လက်ခုပ် လက်ဘက် တီး၍ ရယ်မောတော် မူပြီးမှ မိန့်တော် မူ၏ ။ ငါသားလည်း မဟုတ်သည် စကားကို ဆိုသည်။ ရာဇာဓိရာဇ်သည် မင်းကိုယ်ချင်းတွင် ဆင်ချင်း`မြင်းချင်း, လေးချင်း၂တွင် သူ့ကို ဆိုစရာမရှိ။ ဇာတာတော် မသန့်၍ အရှေ့ဘက်သို့ ကူး၍ နေသည်သာ ဖြစ်မည် ။ ဇာတာပေတာ သန့်က သူ နေဘိမည် လော။ ယင်းသို့ ဖြစ်သော ကြောင့် ငါးသားနှင့် ဗိုလ်မင်းတပ်မင်း အားလုံးသည် မလျင်စေနှင့် ၊ ကြည့်ရှု၍ အရေး နှင့် ညီအောင် မြော်တင်း၍ လုပ်ကြံလေ။ ငါ့သား မင်းရဲသီဟသူနှင့် သတိုးကိုလည်း တောင်ငူကြောင်း ချီလှာစေ၍ စရပ်မြို့ကို လုပ်ကြံလှာစိမ့်မည် မိန့်တော် မူပြီးလျှင် ငလတ်ကို နင် အလျင် သွားလေဟူ၍ မိန့်တော် မူ၏ ။ ငလတ် ဒလသို့ ရောက်လှာလျှင် မင်းရဲကျော်စွာ လည်း စလင်းစားကို မိန့်တော် မူသည်။ ငဗောငယ်သည် ၀င်လှာသည်ဟူ၍ ပြုလျှင် ဆင်မြီးကိုခုတ်၍ မြို့သို့ ပြေးဝင်ပြန်လေသည်။ ယခု မြန်မာတို့ သုံးလေးယောက် သော်လည်း မွန်တစ်ရာ ငါးကျိပ်ကိုမျှ မတွေ့ လို မိန့်တော် မူ၏ ။
စလင်းမင်းလည်း စစ်သည်များ ကို ရဲစိမ့်မည် ဟူ၍ နားတော် လျှောက်၏ ။ ယခု ညီတော် သီဟသူကို ချီလှာစေ၍ စရပ်မြို့ကို လုပ်ကြံလှာစိမ့်မည် ဟု စီရင်သည်ကို ငလတ် နားတော် မလျှောက်သည်လော။ ယခု ဘုန်းကြီးသည်အရှင် အကြာအမြင့်နေ၍ လုပ်ကြံတော် မူသည့် အလုပ် အကြံသည် ညီတော် ရောက်လှာလျှင် ညီတော် အတတ်အကြံလည်းကောင်း ဖြစ်ပြန်လမည် ။ လူတို့ ပုံဆိုသည်။ ``ညဦးငိုနှင့် မိုးသောက်ငို အတူတူ´´ဟူ၏ ။ သို့ ဖြစ်ချေတော့မည် လျှောက်၏ ။ မင်းရဲကျော်စွာ ကြားတော် မူလျှင် အလွန် ရယ်မောတော် မူ၏ ။
ယင်းသော အခါ ပဲကူးလည်း ငတ်သည်။ ဒလတွင် လည်း ဟင်းရွက်မျှရှာ ၍ မစားရသော ကြောင့် အလွန်ငတ်ချေသည်။ ရာဇာဓိရာဇ်လည်း တန်ဆောင်မုန်းလ၁တွင် အရှေ့ဘက်သို့ ကူးတော်မူသည်။ တပို့တွဲလ၂မှာ ပဲကူးသို့ပြန်တော် မူသည်။ ရောက်တော် မူလျှင် ဟူးရာတတ် ရာဇ ပုရောဟိတ် တစ်ယောက် မဟာသမိန် တစ်ယောက် ဘုန်းတော် ကြီး တစ်ယောက် , ရှင်မထေရ် တစ်ယောက် ၊ သည်လေးယောက် ကို ဇာတာတော် ပြ၏ ။ ဘဇာလသည် မြန်မာမင်းသားကို နိုင်မည် နည်းဟူ၍ မေးတော် မူ၏ ။ ရှင်မထေရ်လည်း ဇာတာတော် သန့်ပြီ၊ (၇၇၈)ခုနှစ် ရာ ခုနှစ် ဆယ့်ရှစ်ခု တန်ခူးလဆန်း ၄-ရက် ၄-ဟူးနေ့၃ကို တိုက်တော် မူလျှင် နိုင်၏ ။ မဟာသမိန်ကလည်း ယင်းသည် တန်ခူးလဆန်း ၄-ရက် ၄-ဟူးနေ့ကို တိုက်တော် မူလျှင်မင်းရဲကျော်စွာ ကို ရလိမ့်မည် ။ ဘုန်းတော် ကြီးလည်း ယင်းသည် ၄ - ဟူးနေ့ကို ရံဟူသော ဆင်ကိုစီး၍ အစွယ်နှစ် ချောင်းကို သိုက်ဝါးထက် တင်စေပြီးလျှင် သွား၍ တိုက်တော် မူ၊ မင်းရဲကျော်စွာ ကို ရေကန်နားတွင် ရမည် ။ ရာဇပုရောဟိတ်လည်း ယင်းသည် ၄ - ဟူးနေ့ကို တိုက်တော် မူ၊ မင်းရဲကျော်စွာ ကို ဆင်ခါ၍ ကျလိမ့်မည် ။ ခါးကို ဆင်ခတ်၍ ခါးကျိုးလေလျှင် ရေကန်နားဥနှဲပင်အောက်တွင် ရမည် ဟူ၍ လျှောက်၏ ။ ဟူးရာတတ် ၄ - ယောက် ကိုလည်း ဆုပေးတော် မူ၏ ။ ယင်းသည်နေ့ကို နိုင်၍ ရမည် ဟု လျှောက်သည်။ မင်းတို့ကဲ့သို့ သူမှာ ဟူးရားတတ်ရှိ၍ သိလေသော် သူ တပ်က ထွက်လာဘိမည် လော ဟူ၍ မိန့်တော် မူသည်ကို ရာဇပုရောဟိတ် နားတော် လျှောက်၏ ။ ယင်းသည်နေ့ကို သူတပ်ကထွက်၍ တိုက်သော် နိုင်ရမည် ကို နားတော် လျှောက်သည်။ သူ တပ်ကထွက်၍ မတိုက်သော် နားတော် မလျှောက်ဝံ့ပါဘုရား။ ပုရောဟိတ်စကားကို အမိတ်ဒိန် ကြားလျှင်ဆို၏ ။ ယင်းသည်နေ့ကို နိုင်၍ ရမည် သာ မှန်ပါစေ၊ မင်းရဲကျော်စွာ တပ်က ထွက်အောင်ကိုသော်ကား ကျွန်ုပ်ဖို့တာ ဟူ၍ အာမခံ၏ ။
ဟူးရားတတ်တို့ကို ပိတ်လေးအုပ် ပေးတော် မူပြီးလျှင် ရှင်ဘုရင် ရာဇာဓိရာဇ်လည်း ငါ့သား နှင့် သမိန်အ၀နိုင်တို့ ဒလမှာ နေပလေသည်၊ အကြောင်းအခြင်းကို ငါ မသိရ။ ယခု ဒလသို့ ချီတော် မူမည် ကိုလည်း ကိုယ်တို့ မသိပလေ။ ငါ ချီတော် မူမည် အကြောင်းကို ပသူလျှင် သွား၍ ဆိုပါချိမ့်မည် နည်းဟု မိန့်တော် မူသည်ကို အဲမွန်တရာ သွားမည် ဟူ၍ လျှောက်၏ ။ မင်း သွားမည် ကား ဆိုပြီ။ ပသို့ သွားဟန် သွားမည် နည်းဟု မေးတော် မူ၏ ။ အဲမွန်တရာလည်း ကျွန်ုပ် သွားလေလျှင် မင်းရဲကျော်စွာ ကို ၀င်စား၍ ဆိုမည် ။ ဘကြီးတော် ကို လူကို ထားဘိ၍ ဘီလူးကို သော်လည်းမရှောင်၊ တိုက်မည် မှတ်သည်။ ငါတို့ကျွန် ဖြစ်သော အမှူးအမတ် သူရဲတို့ရှေ့တော် ၀ယ် အသက်ကိုစွန့်၍ အမှု တော် ကို ထမ်းရမည် ဟု မှတ်သည်။ မင်းဧကရာဇ်စင်လျက် စစ်ကို မြင်လျှင် သို့ စင် နှလုံးဝမ်း ငယ်ခဲ့သည်။ မုတ္တမ ကသည် ယခု ပဲကူးသို့ ရောက်တုံသော်လည်း ဒလမှာ သမိန်အ၀နိုင်တို့ကို သူ ရံသည်ကို အရံမဖြေ။ အမတ်ဒိန်လည်း သေနာပတိဟူ၍ ဆိုသည်။ သေနာပတိ မဟုတ်၊ အရာမျှ မ၀င်။ သည်စကားကို ကျွန်ုပ် ဆိုသည်ကို အမတ်ဒိန်သည် နင့်အရည် သူရဲရှားသည်လော၊ ဧကရာဇ်ကို စင်သို့ သည်စကားကို ဆိုသည်။ ဆိုကောင်းမည် လော။ နင့်ကို သတ်ကောင်း၏ ဆိုပြီးလျှင် ကျွန်ုပ်မယား သားကိုလည်း သံခြေချင်းခတ်၍ ထား ဆိုသည်။ ကျွန်ုပ် အမှူးအမတ် ယောက်ျားကောင်း၊ မင်းဧကရာဇ် ကျေးဇူးကိုစားသည်။ အသက်နှင့် အမျှ မင်းဧကရာဇ်ကျေးဇူးကို ဆပ်မည် ကြံသည်။ အရှင်မင်းဧကရာဇ်နှင့် သင့်သည် စကားဟူ၍ ဆိုပါသည်ကို မသင့်တမုံ့ ဟူ၍ အမတ်ဒိန်သို့ စင် ကျင့်လေသည်။ ရွှေနန်းသခင် သားတော် မှာ မှ ငါတို့ သူရဲကောင်းတို့၏ အရည်အထူးကို သိမည် ဟူ၍ ရွှေနန်းသခင် သားတော် ခြေရင်းတော် ကို ပြေးခဲ့ပေသည် ဆိုမည် ဟူ၍ နားတော် လျှောက်၏ ။ ရာဇာဓိရာဇ်ကြားတော် မူလျှင် မင်းအကြံသည် သင့်၏ ဟု မိန့်တော် မူ၏ ။ သားတော် တို့ကို ရွှေကိုးပြား ပေးတော် မူလိုက်၏ ။ အမှူးအမတ်များ နှင့် ဒလမြို့သားတို့ကို ဝေပလေစေ ဟူ၍ မှာ တော် မူ၏ ။ အဲမွန်တရာလည်း ကျွန်အရှင်ကိုးယောက် နှင့် ရှင်ဘုရင်ကို ဦးခိုက်၍ ဒလသို့ သွားလေ၏ ။
မြန်မာတို့သည် ရေကြောင်း၊ ကြည်းကြောင်း အထပ်ထပ်ပင် ရံ၍ အဲမွန်တရာလည်း ရောက်လေလျှင် ဒလ ခြင်္သေ့ဆိပ်တွင် ပန်းပဲထောင်မှူးနှင့် မြို့တောင်စား အဆီတွင် ရပ်၍ နေ၏ ။ မြို့တော် စား မြင်လျှင် ပသူလဲဟု ခေါ်၍ မေး၏ ။ အဲမွန်တရာလည်း ငါ့သခင်ကို ငါ ၀မ်းနည်း၍ ရွှေနန်းသခင်သားတော် ကျွန်ခံမည် လာသည်ဟု ဆို၏ ။ မြို့တောင်စားလည်း မေး၏ ။ အဲမွန်တရာ လည်း ရှင်ဘုရင်ကို လျှောက်သည် စကားအတိုင်း ဆိုပေ၏ ။ ကြားလျှင် ပုဆိုး၊ အင်္ကျီ၊ ခေါင်းထုပ် ပေး၏ ။ ယင်းသို့ မှ အဲမွန်တရာကို မြို့တောင်စား မင်းရဲကျော်စွာ ကို ဆက်၏ ။ မင်းရဲကျော်စွာ လည်း အဲမွန်တရာကို မြို့တောင်စား မင်းရဲကျော်စွာ ကို ဆက်၏ ။ မင်းရဲကျော်စွာ လည်း အဲမွန်တရာကို မေးတော် မူ၏ ။ ယခင် မြို့တောင်စားကို ဆိုသည့်အတိုင်း လျှောက်ပြန်၏ ။ ရာဇသင်္ကြံလည်း ကြားလျှင် နားတော် လျှောက်၏ ။ ဘုန်းတော် ကြီးလှ၍ အဲမွန်တရာသည် အမတ်သူရဲ၊ ဘကြီးတော် တွင် အမှု ထမ်းသူရဲကောင်း ဖြစ်သည်။ နားတော် လျှောက်သည်အတိုင်း မှန်ပေသော် ပဲကူးကို အလိုတော် ပြည့်လျှင် ကိုယ်ကြိုက်သည့်မြို့ကို စားစေကောင်းတော့သည် ဟူ၍ ရာဇသင်္ကြံ နားတော် လျှောက်သည်ကို ကြားလျှင် အဲမွန်တရာ ဆို၏ ။ ကျွန်ုပ်သည် အရှင်ကို ၀မ်းနည်း၍ ရွှေနန်းသခင် ခြေရင်းသို့ ရောက်လှာပြီးသည်။ ရှေ့သို့ အမှု တော် ကို ထမ်း၍ အကျွန်ုပ်တို့နှင့် ဇာတိ ဖြစ်သော မွန်တို့ကို ခုတ်မှ ယုံကြည်တော် မူမည် ဟု အဲမွန်တရာ လျှောက်၏ ။ အဲမွန်တရာကို ဆုလာဘ်များ စွာ ပေးတော် မူ၏ ။ မိုးသောက်လျှင် တံခါးပြင် ကျူံးပစ္စင် ရင်တားတွင် မွန်တို့ မြို့ကထွက်၍ နေသည်ကို မြန်မာတို့ မြင်လျှင် ၀င်၍ ခုတ်သည်။ ယင်းသည် မြန်မာနှင့် အတူ အဲမွန်တရာလူ လိုက်လေ၍ ဒလမြို့သား မွန်နှစ် ယောက် ကို ခုတ်၍ တွဲ ၍ မြို့တွင်းသို့ သွင်းလေသည်ကို မြန်မာတို့ မြင်၍ သည်အတိုင်း မင်းရဲကျော်စွာ ကို နားတော် လျှောက်လေ၏ ။ မင်းရဲကျော်စွာ လည်း အဲမွန်တရာလူ ခုတ်မိသသူကို ဆုပေးတော် မူ၏ ။
တစ်နေ့လျှင် အဲမွန်တရာကို ဆင်ဦး စီးစေ၍ စလင်းမင်းမူ ကုန်းအလယ် စီးရသည်။ တပ်ကသည် မြို့ကျုံးနားသို့ လာသည်ကို မြို့က မွန်တို့ထွက်၍ တိုက်လေလျှင် စလင်းမင်းတွင် ပါသည့် မွန်မြန်မာ အားလုံး ပြေးချေသည်ကိုမြင်လျှင် ငါ ဓားသွားကိုင်၍ သက်၍ ခုတ်မည် ဟု စလင်းမင်းကို ဆိုလျှင် ဆင်ကသက်၍ ခုတ်မည် အဟန် ပြု၏ ။ ကျွန်နှင့် တကွ မွန်တို့ကို ခုတ်မည် အဟန် လိုက်လေလျှင် မခုတ်ဘဲ ဓားလွှားကိုပစ်၍ ဒလမြို့တွင်းသို့ ပြေးဝင်လေ၏ ။ စလင်းမင်းလည်း အဲမွန်တရာ ၀င်လေသည်ကို နားတော် လျှောက်၏ ။ မင်းရဲကျော်စွာ ကြားတော် မူလျှင် လက်ခုပ်တီး၍ မသက်မသာ ရှိတော် မူ၏ ။ မင်းရဲကျော်စွာ က ရှင်ဘုရင်သားတော် ဗညားဒလကို ဟစ်၍ ဆိုရသည်။ အဲမွန်တရာသည် ဥပါယ်နှင့် မဟုတ်သော စကားကို ဆို၍ ငါတို့က မလေးမစား ပြုချေ၍ ၀င်ရလေသည်။ အဲမွန်တရာသည် မြို့ကထွက်၍ ဘကြီးတော် သို့ ရောက်အောင် ပြန်နိုင်လေသော် ငါက အဲမွန်တရာ(ကို) ဆုလာဘ်များ စွာ ပေးမည် ဟု ဟစ်၍ ဆိုရ၏ ။ ဗညားဒလလည်း မြန်မာတို့ ဆိုသည် ဟူ၍ အဲမွန်တရာကို ဆို၏ ။ အဲမွန်တရာလည်း ``ဘုန်းကြီးသည် အရှင်သားတော် …နက်ဖြန်သည် အဲမွန်တရာ ပဲကူးသို့ တက်လေမည် ´´ ဟု ဟစ်၍ ဆိုစေ၏ ။ မြန်မာတို့လည်း အဲမွန်တရာ နင် အတောင်ရှိ၍ ပျံမည် လော၊ နဂါးမြွေမူ၍ မြေကို လျှိုးမည် လော။ ဥပါယ်နှင့် ပြုသော ကြောင့် နင် ၀င်ရလေသည်ဟု မြန်မာတို့ ဟစ်၍ ဆိုပြန်ရ၏ ။ အဲမွန်တရာလည်း ငါထွက်မည် ၊ နင်တို့ မည် သို့ စောင့်မည် ကိုသာ စောင့်တော့ ဆိုပြန်ရ၏ ။ မြန်မာ တို့လည်း ကြည်းကြောင်း၊ ရေကြောင်း အထပ်ထပ်ပင် စောင့်၏ ။ မင်းရဲကျော်စွာ ကလည်း တပ်မင်း စစ်ကဲ ဟူသရွေ့ကို နက်ဖြန်သည် အဲမွန်တရာ ထွက်မည် ဆိုသည်၊ ရအောင် စောင့်ဟူ၍ လည်း ဆို၏ ။
အဲမွန်တရာလည်း ပေးတော် မူလိုက်သည် ရွှေပြားကို ရှင်ဘုရင်သား ဗညားဒလသို့ ဆက်၍ အမှူးအမတ်၊ မြို့သားတို့ကို ဝေစေပြီးလျှင် မိုးမသောက်ခင် ငှက်ပျောဖောင် လုပ်စေ၍ ၊ မိမိစွဲဓားကို ငှက်ပျောတုံးတွင် လျှို၍ ၊ အဲမွန်တရာကို လူကောင်သေအဟန်ပြု၍ ၊ နနွင်းပါးနားလိမ်း၍ ၊ သပေါ့ဆိုးနှင့် လိပ်၍ ၊ မိန်းမ လေးငါးယောက် ကိုလည်း ဦးဆံကိုဖြေရ၍ ရင်ဘတ်တီး၍ ဟစ်၍ ငိုရ၏ ။ သူများ လင်မူကား မယား, သားနှင့် ကောင်းအတူ၊ မကောင်းအတူသို့သည် စစ်မက်ကြီးတို့တွင် ငတ်မွတ်ခြင်း ခံရသည်။ ယခု မင်း ငါတို့ကို ပစ်၍ သွားခဲ့သည်။ သို့ သည်စစ်ကြီးမက်ကြီးရံ၍ ငတ်မွတ်ခြင်းကို ငါမယား ပသို့ တတ်နိုင်ပါမည် နည်းဟု ဖက်၍ ငိုရ၏ ။ ယင်းသို့ ငိုသည်ကို ရှမ်းသေတံခါးပါးအဆီတွင် နေသည့် မြန်မာတို့လည်း ကြည့်၍ နေကုန်၏ ။ အဲမွန်တရာကို ငှက်ပျောဖောင်တွင် အသာတင်ထည့်စေပြီးလျှင် မြေပန်းကန်နှင့် ဆန်တစ်ခွက်၊ ကြက်သငယ်တစ်ခု ခေါင်းရင်းက ထား၍ ဆီမီးညှိပြီးလျှင် ဖောင်ကို ချောင်းလယ်သို့ တွန်းလိုက်၏ ။ မိန်းမများ လည်း ငါတို့ကို မင်း ပစ်၍ သွားလေတော့မည် လောဟု ရင်ဘတ်တီးလျက် ဟစ်၍ ငိုလိုက်၏ ။ ဖောင်မျော၍ မြန်မာတို့လှေအဆီသို့ ရောက်လျှင် လူကောင်တမုံ့ဟူ၍ ၀ါးနှင့် ချည်း မြန်မာတို့ တွန်းလိုက်လေ၏ ။ ရေလည်း တက်သည်၊ ပြင်းသည်နှင့် ဖောင်မျောလေ၍ တပေါ့ထငေါက်သို့ ရောက်လျှင် မြန်မာတို့ လှေတပ်ကို လွန်လေပြီးသော ကြောင့် ငှက်ပျောတုံးတွင် ဓားကိုယူ၍ အဲမွန်တရာ ပဲကူးသို့ တက်ခဲ့၏ ။
နေမြင်လျှင် အဲမွန်တရာ ထွက်မည် ဆိုသည်၊ ထွက်လှာတော့လော။ ပသို့ပြု၍ မထွက်သနည်းဟု ဟစ်၍ ဆိုရပြန်၏ ။ မြို့တွင်းကလည်း အဲမွန်တရာ နံနက်ကပင် ပဲကူးသို့ တက်လေပြီဟု ဟစ်၍ ဆိုပြန်၏ ။ မြန်မာတို့ကလည်း မယုံ၊ အသွမ်း သွေးကြကုန်၏ ။ မိုးချုပ်လျှင် မင်းရဲကျော်စွာ က ရှင်ဘုရင်သားတော် ဗညားဒလနှင့် သမိန်အ၀နိုင်သို့ လူဝင်၍ ဆိုလှာရသည်။ အဲမွန်တရာ ပဲကူးသို့ တက်မည် ဟု ငါတို့ မိုးချုပ်အောင်ပင် စောင့်၍ နေသည်၊ ပသို့ သော ကြောင့် မတက်ဘဲ နေသနည်းဟု မေးရ၏ ။ ရှင်ဘုရင်သားတော် ဗညားဒလနှင့် သမိန်အ၀နိုင်လည်း နောင်တော် မင်းရဲကျော်စွာ မသိသည်လော၊ မိုးသောက်လျှင်ပင် အဲမွန်တရာ ပဲကူးသို့ တက်လေပြီ ဟူ၍ မှာ လိုက်၏ ။ မင်းရဲကျော်စွာ ကျွန်လည်း သည်အတိုင်း မင်းရဲကျော်စွာ ကို လျှောက်၏ ။ ကြားတော် မူလျှင် အံ့၏ ။ မယုံ၍ လက်ျာထောင်မှူးကို စာနှင့် ပဲကူးသို့ စေ၏ ။
``အလွန်တရာ ချစ်လေးမြတ်စွာ ၍ ကြားရောက်အပ်သော ဘကြီးတော် ရာဇာဓိရာဇ်… ဘကြီးတော် သည် မုတ္တမသို့ ပြေးလေပြီဟူ၍ ကြားသည်။ ယခု ဘကြီးတော် ပြန်လှာသည်။ ငါ၏ အလိုအတိုင်း ဘကြီးတော် ကို ဆင်စီးချင်း တိုက်ရတော့မည် မှတ်သည်။ ဘကြီးတော် သည် မုတ္တသို့ ပြေးလေသော ကြောင့် သာ ဒလတွင် ငါနေသည်။ ဘကြီးတော် သည် တက်လည်း မတက်ဝံ့၊ သက်လည်း မသက်ဝံ့။ မင်းဧကရာဇ်သည် စစ်ကိုမြင်လျှင် နှလုံးဝမ်းငယ်သည်၊ ဘကြီးတော် ကဲ့သို့ မရှိပြီ။ ငါတို့ကို တက်စေလိုလျှင်လည်း ပဲခူးတိုင်အောင် တက်လှာမည် ။ သက်လှာလျှင်လည်း ငါကြို နှင့် မည် ။´´
သည်စာနှင့် မြင်းခံတစ်စီး ရွှေကနှင့် ပတ္တမြားအစုံ မင်းရဲကျော်စွာ ရှင်ဘုရင် ရာဇာဓိရာဇ်သို့ ပေးလိုက် ၏ ။
လက်ျာထောင်မှူးကိုလည်း အဲမွန်တရာကို မင်းကြည့်ခဲ့၊ မြင်လျှင် သည်မြင်းကနှင့် တကွ ကတ္တီပါဝတ်လုံ အဲမွန်တရာကို မင်းဆုပေးခဲ့ဟူ၍ ပေးတော် မူလိုက်သည်။ လက်ျာထောင်မှူးလည်း ပဲကူးသို့ ရောက်လေ၏ ။ ယင်းသော အခါ ဘုရင်ရာဇာဓိရာဇ်လည်း သဖြူးချောင်း၁မှာ နေတော် မူ သည်။ ရှင်ဘုရင်က လက်ျာထောင်မှူးကို ကြိုရ၍ ရောက်လျှင် မင်းရဲကျော်စွာ က ပါးလိုက်သည့် လက်ဆောင်နှင့် စာကို ဆက်၏ ။ စာကို ကြားတော် မူလျှင် လက်ျာထောင်မှူးကို မှာ တော် မူ၏ ။
ငါ့တူတော် ကို ဆိုပါလေ။ ပဲကူးသို့ မတက်လာနှင့် တော့၊ ငါ့ကို ခံနိုင်မည် ကိုသာ စီရင်၍ အသင့်နေနှင့် တော့။ ဒလသို့ ငါ သက်လှာတော့မည် မိန့်တော် မူ၏ ။ ယင်းသို့ မှ လက်ျာထောင်မှူး ရှင်ဘုရင်ကို နားတော် လျှောက်၏ ။ ကျွန်တော် အဲမွန်တရာသည် ဆင်ဖြူသခင် ခြေရင်းတော် သို့ ရောက်လေပြီဟူ၍ ဆိုသည်။ ရောက်မှန်းကို ဆင်ဖြူသခင်တူတော် သိတော် မူလိုသည် ဟူ၍ လျှောက်၏ ။ ကြားတော် မူလျှင် အဲမွန်တရာကို ခေါ်၍ ပြတော် မူ၏ ။ လက်ျာထောင်မှူးလည်း အဲမွန်တရာကို မြင်လျှင် မင်းရဲကျော်စွာ က ပေးလိုက် သည့် မြင်းရွှေကနှင့် ကတ္တီပါဝတ်လုံကို ဆုပေးခဲ့၏ ။ ရှင်ဘုရင် ရာဇာဓိရာဇ်က မင်းရဲကျော်စွာ ကို ကတ္တီပါဝတ်လုံ အစိမ်း၊ ပုဆိုး ကိုယ်တွင်း ပြည့် ဧကနံ ၅-အုပ် ပေးတော် မူလိုက်၏ ။ လက်ျာထောင်မှူးကိုလည်း ပုဆိုးကောင်း ၁-ပေးတော် မူ လိုက်၏ ။ လက်ျာထောင်မှူးလည်း ဒလသို့ သက်လေ၏ ။
အ၀မှာ ဘုရင်မင်းခေါင်းလည်း မုတ္တမက ရှင်ဘုရင်ရာဇာဓိရာဇ် ပဲကူးသို့ ပြန်၍ ရောက်သည် ကို ကြားတော် မူလျှင် သားတော် သီဟသူ တစ်တပ်, သတိုးတစ်တပ်, ဘုရင်ကျော်စစ်ကဲတစ်တပ်, သည်သုံးတပ်တွင် ပါသည် တိုက်ဆင် (၅၀) ငါးဆယ်၊ မြင်း ၅၀၀ (ငါးရာ)၊ သူရဲတစ်သော င်းနှင့် စရပ်မြို့ကို လုပ်ကြံလှာရသည်။ ယင်းသော အခါ စရပ်မြို့ကို သမိန်ဗြတ္တပစားသည် လူ (၂၀၀၀၀) နှစ် သော င်း၁၊ တိုက်ဆင် (၅) ငါးစီး၊ မြင်း (၃၀) သုံးဆယ်နှင့် မြို့ကခံ၏ ။ ရာဇာဓိရာဇ်လည်း ကျတ်စနာတွင် တန်ဆောင်းဆောက်၍ (၇၇၈-ခု) တပေါင်းလပြည့် ၅-တေးနေ့၂ ခေါင်းဆေးတော် မူ သည်။ သားတော် ဗညားဓမ္မရာဇာ, သားတော် ဗညားရံ, အမှူးအမတ်များ နှင့် တကွ ခေါင်းဆေးရ၏ ။ ယင်းသို့ မှ ဆင်နှင့် သူရဲသူခက် ရှိသရွေ့ကို ခေါင်းဆေးရ၏ ။ ဆင်ကောင်းဟူသရွေ့ကို ခုနစ်ရက် လည်အောင် အစွယ်ချွန်ရ၏ ။ အမှူးအမတ်, ကျေးစားသင်းမှူုး သူရဲသူခက် ရှိသရွေ့ကိုလည်း ရွှေငွေဆုလာဘ်များ စွာ ပေးတော် မူ၏ ။ အားလုံးကို ကျွေးမွေးစားသောက်ရ၏ ။
(၇၇၈-ခု) တပေါင်းလပြည့်ကျော် ၈-ရက် ၆-နေ့၃ဒလသို့ ချီတက်တော် မူ၏ ။ ရာဇာဓိရာဇ် တပ်တော် တွင် အမတ်ဒိန်တပ်မင်း၊ ရဲကမန်စစ်ကဲ၊ သားတော် ဗညားဓမ္မရာဇာ တပ်မင်း၊ ပိုက်ကမံ စစ်ကဲ၊ သားတော် ဗညားရံတပ်မင်း၊ စောနုသိုင်းစစ်ကဲ၊ ရှင်ဘုရင်သားတော် ဗညားရံ ဆင်လမတ်ပသွယ် မုန်နှင့် ကို စီးသည်။ ကနီ, ကတောင်နီ, ဥရန်းနီ, ဆင်ခြေဖုံးလှံ, ဆင်တပ်သား, ဆင် (၂၀)နှစ် ဆယ်, လူ (၅၀၀၀) ငါးထောင်နှင့် ရှေ့ဖျား ချီရသည်။
သားတော် ဗညားဓမ္မရာဇာ ဆင်ဧပေါက်သားကို စီးရသည်။ ရွှေက၊ ရွှေကတောင်၊ ရွှေဥရန်း၊ ရွှေတံခွန်၊ ရွှေလွှား၊ ဆင်ခြေဖုံးမိုးနဲရွှေလှံ၊ ဆင်ထက်တွင် ထီးဖြူကနက္ကဒဏ် ဖြန့်ချီရသည်။ တပ်သားဆင် (၃၀) သုံးဆယ်၊ လူလက်နက်ကိရိယာကိုင် တစ်သော င်း၊ ရှင်ဘုရင် ဆင်ရံကို စီးတော် မူသည်။ ဆင်က အနက်၊ ကတောင် အနက်၊ ဆင်ခြေဖုံးလှံ အနက်၊ ထီးဖြူအုပ်၍ ချီတော် မူသည်။
မင်းရဲကျော်စွာ လည်း ရာဇာဓိရာဇ် ချီလာသည် ကြားတော် မူလျှင် တပ်မင်း စစ်ကဲအမှူး အမတ်များ ကို ခေါ်၍ တိုင်ပင်တော် မူ၏ ။ တိုင်ပင်တော် မူသည်ကို ရာဇသင်္ကြံ ဤသို့ နားတော် လျှောက်၏ ။ ရာဇာဓိရာဇ်သည် နှလုံးဝမ်းကြီး၎သည်၊ စစ်တွင်းကို ခွာခဲသည်၊ သွားခဲသည်မင့် ယခု ချီလာလေပြီ။ ကျွန်ုပ်တို့ မြို့ကို အရံမဖြုတ်ဘဲ သို့ ပင်နေသော် ရာဇာဓိရာဇ်ကလည်း အုံလုံးကျွတ်တို့ ကို တိုက်လေမည် ။ ဒလမြို့ကလည်း အုံလုံးကျွတ် ထွက်၍ တိုက်လမည် ။ ယင်းသို့ နှစ် ဖက်ညှပ် ၍ တိုက်သော် မခက်ချေလော။ ကျွန်ုပ်တို့ ကျွန်တော် တကာ အရေး ကို ယူတော် မူလော့။ မြို့ကို အရံဖြုတ်၍ ရေတပ်၊ ကြည်းတပ် ဟူသရွေ့သည် ရုံး၍ တပ်အခိုင်လုပ်၍ နေမည် ။ သူရောက်လာ၍ အရေး ကိုသိမှ သူတိုက်လာလျှင်လည်း တို့ခံမည် ။ သူ မတိုက်လာလျှင်လည်း တို့က ထွက်၍ တိုက် မည် ။ သည်အရေး ကို သင့်မည် ဟူ၍ ရာဇသင်္ကြံ လျှောက်သည်ကို ကြားတော် မူလျှင် သင့်ပေ၏ ဟူ၍ မိန့်တော် မူပြီးမှ မြို့ကို အရံဖြုတ်၍ ရေတပ်၊ ကြည်းတပ် ရုံး၍ ဇပသိကန်၁ တွင် တပ်လုပ်၍ အခိုင်နေ၏ ။
ရာဇာဓိရာဇ်လည်း ဒလသို့ ရောက်တော် မူလျှင် ``ကျတ်တလည်း´´တွင် တပ်ချ၍ နေတော် မူ၏ ။ ယင်းသို့ မှ ဆင်ပေါက်စီတော် မူ၍ သူရဲတစ်ထောင်လောက်နှင့် ဒလမြို့တွင်းသို့ ၀င်တော် မူ၏ ။ ရှင်ဘုရင်သားတော် ဗညားဒလ၊ သမိန်အ၀နိုင်၊ အမှူးအမတ်၊ မြို့သူမြို့သား ရောက်တော် မူသည်ကို အလွန် အားပါးရကုန်၏ ။ ကိုယ်တို့ အားလုံးကိုလည်း ဆုလာဘ်ပေးတော် မူ ပြီးမှ သမိန်အ၀နိုင်ကို မေး၏ ။ သည်မြန်မာမင်းသား သူငယ်သည် တပ်က ထွက်၍ တိုက်လိုမူး ကြက်နျင့်အတူ ကြက်ဖတစ်ပါးကို မြင်က အလွန်လိုလားသကဲ့သို့ အလွန်လိုလားလှသည်ဟူ၍ လျှောက်၏ ။ ယင်းသို့ သော်ကား - မြန်မာမင်းသားကို ငါတို့ အလျင်ရတော့မည် ဟူ၍ မိန့်တော် မူ၏ ။
ယင်းသို့ မှ စားတော် ကွမ်းရေကိုင် သွယ်လကွန်းဆံကို မိန့်တော် မူ၏ ။ မင်း ဆင်သည် ပေါလှ သည်၂။ သူရဲ သုံးထောင်လောက်နှင့် မင်းရဲကျော်စွာ တပ်ပါးသို့ သွား၍ မြှူချေ။ သူထွက်၍ တိုက် လျှင် မကျီစားနှင့် ၊ ရက်ရက်ခွာခဲ့ ဆို၏ ။ သွယ်လကွန်းဆံလည်း ရှင်ဘုရင်ကို ဦးခိုက်၍ ဆင်စီးသူရဲ သုံးထောင်လောက်နှင့် သွားလေ၏ ။ မင်းရဲကျော်စွာ မြင်တော် မူလျှင် ကလေးမင်းကို မြင်းသုံးထောင်လောက်နှင့် တပ်ကထွက်၍ လိုက်စေ၏ ။ သွယ်လကွန်းဆံလည်း မြင်းကိုမြင်လျှင် ပြန်ခဲ့၏ ။ မြင်းထပ်၍ လိုက်လေ၏ ။ မြင်းမီလျှင် ပြန်၍ တိုက်လေ၏ ။ ဘယ်ပြန်ညာပြန် ကျီစားရာတွင် ဆင်အချက်တစ်ရာလောက် ရှချေ၏ ။ မြင်တော် မူလျှင် အမျက်ထွက်၍ လက်ခုပ်တီး၍ ပေါင်ကို ခတ်တော် မူ၏ ။ သွယ်လကွန်းဆံ ရောက်လာလျှင် ငါ့အမိန့်တော် ကို လွန်သည်ည။ အပေါင်အလတ် ဖျက်၍ ပစ်လေဟု အဲမွန်တရာကို အပ်တော် မူသည်ကို သမိန်အ၀နိုင် နားတော် လျှောက်သည်။ ကျွန်တော် သူငယ် ဖြစ်သော ကြောင့် မလိမ္မာ၍ မှားသည်။ အသက်ကို ဘုရားနှလုံး သုံးတော် မူပါ ဟူ၍ တောင်းပန်မှ သံခြေချင်းခတ်၍ ထားရ၏ ။ ရာဇာဓိရာဇ်လည်း တပ်သို့ ပြန်တော် မူ၏ ။
တပ်သို့ ရောက်လေလျှင် ပကမတ်ဦးစီး ငပျံကို ခေါ်၍ မိန့်တော် မူ၏ ။ ယခု ငါတို့ဆင် ပကမတ်ကို သူက ရလေသည်။ ငါတို့ဆင် အားလုံးတွင် ပကမတ်ကို ဘက်မည့် ဆင် မရှိ။ ပသို့ စီရင်သော် သင့်မည် နည်းဟူ၍ တိုင်ပင်တော် မူ၏ ။ ဦးစီးငပျံလည်း ကျွန်ုပ်စိတ်တွင် သော် ဆင်မလေးစီးတွင် သူကောင်းသား ဓားလှံချက် နားလည်သသူကို တင်မည် ။ ကျွန်ုပ်အသံကို ကြားလျှင် ဆင်မကို မဝှေ့ပြီ။ ဆင်မနှင့် ချဉ်း၍ ပကမတ်ကို စီးသည့် ဆင်သည် အမတ်ကို ထိုးချစေပြီးလျှင် ယှဉ်၍ ကျွန်ုပ်တက်မည် ။ သည်အရေး ကို ကြိုက်တော် မမူလျှင် မြန်မာတို့ အိမ်ပျော် စဉ်ကို မသိရအောင် ကျွန်ုပ် အရောက်ဝင်၍ ပကမတ် ဖိနပ်နှစ် ဖက်ကို တပ်က မထွက်တတ်အောင် မယ်နုနှင့် နှက်ချိမ့်မည် ၁။ သည်အရေး နှစ် ချက်တွင် ကြိုက်တော် မူသည်ကို ရွေးတော် မူဟူ၍ ပကမတ်ဦးစီး ငပျံ နားတော် လျှောက်သည်ကို ကြားတော် မူလျှင် ညဥ့်အရောက်ဝင်မည့်  အကြောင်းကို ကြိုက်တော် မူသည်ဟု ဆို၏ ။ ဦးစီး ငပျံကိုလည်း ဆုလာဘ်များ စွာ ပေးတော် မူမှ ငပျံနှင့် အတူ ဗောဒဂို၂၊ မပို၊ သည်သုံးယောက် အရောက်ဝင်မည် သွားလေ၏ ။ ငပျံလည်း ကြံသုံးချောင်းကို သတ်၍ ပကမတ်ကို ပေးမည် ယူလေ၏ ။ မြန်မာတို့ အိပ်ပျော်လျှင် ကိုယ်တို့သုံး ယောက် တပ်တွင်းသို့ ရောက်လေ၏ ။ ပကမတ်ကို ချည်သည့် တင်းကုပ်သို့ ၀င်လေ၏ ။ ပကမတ်လည်း လေအနံ့ယူ၍ သိလျှင် အထိန်းဟောင်းအနံ့ကိုသိ၍ နားမခတ်ဘဲ နေလေ၏ ။ ငပျံလည်း ယူလာသည့် ကြံသုံးချောင်းကို ပကမတ်အား ပေးပြီးမှ ဆို၏ ။
ယခု ငါရောက်လာသည့် အကြောင်းသည် မင်းဖိနပ်ကို မယ်နုနှင့် နှက်ချေ ဟူ၍ ရှင်ဘုရင် စေတော် မူ၍ ရောက်သည်။ ယခု မင်းကို ငါမြင်လျှင် မှာ တော် မူတိုင်း မင်းကို ငါမပြုပြီ။ မင်းသည် ငါနှင့် မင်းညီသုံးယောက် ၃ ကို ချစ်သော် နက်ဖြန်သည် မြန်မာတို့ ထွက်၍ တိုက်မည် ။ က လျှင် အကမခံဘဲ တပ်တွင်းတွင် ဆင်မြင်းလူသူတို့ကို လိုက်လံ၍ ဝှေ့ပါ။ ငါတို့လေးယောက် ကို မင်း ချစ်၍ ဒီအတိုင်း ကျင့်ပါမှ ငါတို့လေးယောက် အသက်ရပါမည် ဟူ၍ ငပျံ ဆိုလျှင် ပကမတ်လည်း လည်ညိတ်၏ ။ မျက်ရည်လည်း ယို၏ ။ ဗောဒဂိုနှင့် မပိုလည်း မင်းနှင့် ငါတို့ကို ရှင်ဘုရင်စေတော် မူ သည့်အကြောင်းသည် နက်ဖြန် တိုက်တော် မူမည် ဖြစ်သော ကြောင့် ပကမတ်ကို မထွက်တတ် အောင် ဖိနပ်ကို ဖျက်ချေဟူ၍ စေသည်။ ယခု မင်း မဖျက်ရသော် မင်းကိုယ်ကိုသာ သိတော့သည်။ ငါတို့နှင့် ကင်းပါစေ ဟူ၍ ဆို၏ ။ သို့ ဆိုလျှင် ထွက်၍ ပြန်ခဲ့၏ ။ ရာဇာဓိရာဇ်လည်း ကိုယ်တို့ သုံးယောက် အရောက် ၀င်လေသော ကြောင့် စက်တော် မခေါ်ဘဲ ငံ့၍ နေတော် မူ၏ ။ ကိုယ်တို့သုံး ယောကလည်း ညဉ့်သုံးချက်တီးလောက်တွင် တပ်တော် သို့ ရောက်လှာ၏ ။ ရှင်ဘုရင်လည်း အမိန့် တော် အတိုင်း ပြီးခဲ့၏ လောဟူ၍ မေးတော် မူ၏ ။ ဦးစီးငပျံလည်း ပကမတ်ကို ဆိုခဲ့သည့်အတိုင်း နားတော် လျှောက်၏ ။ ကြားတော် မူလျှင် ပါးကို ပုတ်ရ၏ ။ နင်သည် အမိန့်တော် အတိုင်း ကျင့်သော် ငါ သူကောင်းပြုမည် ကြံတော် မူသည်။ နင့်ဆင် နင်ဆိုသည်အတိုင်း မကျင့်သော ခါမှ နင့်ကို သားမယားနှင့် တကွ မီးတိုက်မည် ဟူ၍ မိန့်တော် မူ၏ ။
(၇၇၈-ခု) တန်ခူးလဆန်း ၄-ရက် ၄-ဟူးနေ့၅ တိုက်တော် မူတော့မည် ဟု စစ်အင်ကျင်း၍ စီရင်တော် မူ၏ ။ ရှင်ဘုရင်သားတော် ဗညားဓမ္မရာဇာ ယံကိမိန်ဟူသော ဆင်ကို စီးတော် မူသည်။ ဆင်ခြေဖုံးလှံအနက် တစ်ထောင်၊ လွှားအနက်တစ်ထောင်၊ စစ်ဝတ်သည် အနက်ချည်း ၀တ်တော် မူ သည်။ သားတော် ဗညားဓမ္မရာဇာနောက်တွင် ရှင်ဘုရင် စစ်သည်တော် ။ ရှင်ဘုရင် ရံ ဟူသော ဆင်ကို စီးတော် မူသည်။ ရွှေက၊ ပတ္တမြားကတောင်၊ ရွှေတံခွန်၊ မိုးနဲရွှေလှံတစ်ထောင်၊ ရွှေလွှားတစ် ထောင်၊ ထီးဖြူဖွင်၍ အထိန်းတော် သား သမိန်ပိုက်ကမံကို ကုန်းလယ် တင်တော် မူသည်။ အောင်စည်တီး၍ နတ်စစ်သည်နှင့် အတူ ``မောဂနိုင်း´´အရပ်တွင် စစ်အင် ကျင်းပ၍ နေတော် မူ သည်။ ရှင်ဘုရင် လက်ယာတော် က အမတ်ဒိန် သူရဲတစ်ထောင်ကျော်နှင့် ရာဇပေါက်သားကိုစီး သည်။ ရှင်ဘုရင် လက်ဝဲတော် က အမတ်မဟာသမွန် သူရဲ ရှစ်ရာလောက်နှင့် မဟာဝိဇံကို စီးသည်။ ရှင်ဘုရင် သားတော် ဗညားရံ သူရဲတစ်ထောင်ကျော်နှင့် ပစွယ်လမံကို စီးသည်။ အဲမွန်တရာကလည်း ရွှေဓားနှင့် သားတော် ဗညားရံရှေ့တွင် ထမ်း၍ လိုက်ရသည်။ ရှင်ဘုရင် သားတော် ဗညားဒလလည်း သူရဲတစ်ထောင်ကျော်နှင့် သီရိမကုန်ကို စီးသည်။ ထီးဖြူ ကနက္ကဒဏ် ဖြန့်၍ ဒလမြို့ပါးက နေသည်။ သမိန်အ၀နိုင်လည်း သူရဲနှစ် ထောင်နှင့် ဆင်ငရက်နွယ်ကို စီးသည်။ ရှင်ဘုရင်သားတော် ဗညားဒလအပါးတွင် နေသည်။
မင်းရဲကျော်စွာ လည်း ရှင်ဘုရင် ``ကျပ်တလည်း´´တွင် နေတော် မူသည်ဟူ၍ ကြားလျှင် တိုင်ပင်ပွဲ တန်ဆောင်းကြီးတွင် နေတော် မူ၍ အမှူးအမတ်အများ နှင့် တိုင်ပင်တော် မူသည်ကို ရာဇသင်္ကြံ နားတော် လျှောက်၏ ။ စစ်ရေး တို့သဘောသည် ကြက်ဥတွင် ကြက်သငယ်အတူ အမည်းအဖြူ မသိသာသော ကြောင့် ဗိုလ်မင်း၊ တပ်မင်း၊ စစ်ကဲများ နှင့် တိုင်ပင်တော် မူ၍ အရေး ကို မလွန်စေနှင့် ဟု နားတော် လျှောက်၏ ။ စလင်းမင်း တုရင်သိန်းစည်းတို့လည်း ရာဇသင်္ကြံလျှောက် သည် အရေး သည် သင့်လှသည်ဟု ထင်၍ နားတော် လျှောက်၏ ။ မင်းရဲကျော်စွာ လည်း အမှူးအမတ်များ နှင့် တိုင်ပင်တော် မူ၍ အရေး ကို မလွန်စေနှင့် ဟူ၍ သောက်စား၍ နေ၏ ။
ရာဇာဓိရာဇ်လည်း စစ်အင်ကျင်း၍ နေတော် မူပြီးလျှင် အမတ်ဒိန် မင်းရဲကျော်စွာ ကို ထွက်စိမ့်မည် ဟူ၍ အာမခံသည့်အတိုင်း ထွက်အောင် စီရင်လောဟု မိန့်တော် မူ၏ ။ ကြာလျှင် အမတ်ဒိန် ဆင်မရွှေက ပေါင်းဝန်းကို စီး၍ ထီးနီဖြန့်၍ နေရာကသည် ဆင်မလေးငါးစီး၊ လူ ခုနစ်ရာ၊ ရှစ်ရာကို ခြင်း၊ တူးရွင်း၊ တာဝါးကြိုးနှင့် တကွ ယူလေ၍ ဆင်သင်ကန်၁တွင် မင်းရဲကျော်စွာ တပ်သို့ အမတ်ဒိန် သွားလေ၏ ။ တပ်နှင့် မနီးမဝေးတွင် ရပ်၍ တာထိုး၍ ကြိုးနှင့် တန်းစေလျက် ပန္နက်တိုင် စိုက်စေ၏ ။ မင်းရဲကျော်စွာ တန်ဆောင်းကမြင်လျှင် ``ဟယ်…မွန်၊ နင်တို့ ပစာပြုလှာကုန် သနည်း´´ဟု မေးတော် မူ၏ ။ မွန်တို့ကလည်း အမတ်ကြီး သေနာပတိအရေး ရှင်ကို ရှင်ဘုရင် စေတော် မူ၍ လာရသည်။ မင်းရဲကျော်စွာ တပ်ကို ရံမည် အစီအရင်ကို တာဝေလှာရသည်ဟူ၍ မွန်တို့ ဆိုသည်ကို မင်းရဲကျော်စွာ ကြားတော် မူလျှင် အမှူးအမတ်များ ကို မိန့်တော် မူ၏ ။ မွန်မင်းကို သာ ငါတို့ လုပ်ကြံလှာရသည်။ ယခု ငါတို့တပ်ကို ရံမည် ပြုသည်ကို အသို့ အရံခံရမည် နည်း။ ထွက်၍ တိုက်တော့မည် ဟု မိန့်တော် မူ၏ ။ ဆင်တော် ငချစ်ခိုင်ကိုက စေပြီးလျှင် အမှူးအမတ်များ ကိုလည်း မင်းတို့ တပ်သို့ သွားလေကုန်တော့။ ဆင်မြင်းက၍ ငါ့ကို မီအောင် လိုက်လှည့်ဟု မိန့်တော် မူ၏ ။ အမှူးအမတ်တို့လည်း တပ်သို့ ပြန်လေကုန်၏ ။ ဆင်တော် ငချစ်ခိုင်ကို နေ့တိုင်း အရက်နှစ် အင် တိုက်သည်။ ယင်းသည်နေ့ သုံးအင်တိုက်သည်။ မင်းရဲကျော်စွာ လည်း နေ့တိုင်းထက် လွန်၍ သောက်တော် မူသည်။ မင်းရဲကျော်စွာ ထွက်တော် မမူမီပင် မိဖုရား စောမင်းလှကို သုံးသပ်၍ မှာ တော် မူ၏ ။ ``ငါ့မြောက်သား…မင်းဘကြီးမွန်မင်းပိုင်သရွေ့ ငါလက်နက်သွင်းတော် မူမည် ။ ငါ့ဆင်တော် ငချစ်ခိုင်သည် စစ်တွင် ကြိုးကြာသံမြည် က ငါ အောင် တော် မူမည် ။ မိုးညှင်းတွင် ကြိုးကြာသံ မြည် လျှင် မိုးညှင်းကို ငါ အလိုတော် ပြည့်သည်။ ယခုလည်း ကြိုးကြာသံ မြည် သည်။ ပဲကူသည် ငါ့လက်တွင် မလွတ်နိုင်ပြီ´´ဟူ၍ မိဖုရားစောမင်းလှကို မှာ ခဲ့ ပြီးလျှင် ပြင်သို့ ထွက်တော် မူ၏ ။ မြေတူးစားကို ပကမတ်ကို တင်တော် မူသည်။ တပ်မင်း စစ်ကဲ အမှူးအမတ်တိုင်းကိုလည်း ဆင်မြင်းကပြီးလျှင် အလျင် ထွက်၍ တိုက်ပြန်၏ ။ မင်းရဲကျော်စွာ လည်း ကြုံးဝါးတော် မူပြီးမှ ဆင်သို့ တက်၍ စီးတော် မူ၏ ။ အထိန်းတော် သား အနန္တသူရိယကို ကုန်းလယ် တင်တော် မူသည်။ ရှမ်းကလေးသား တစ်ထောင်ကို သင်တိုင်းမည်းလက်တို အနက်ချည်း ၀တ်ရ၍ လှံတို သုံးစင်းစီ ကိုင်ရသည်။ မြန်မာ တစ်ထောင်ကိုလည်း ရွှေမောက်တို ရွှေလွှား ဒေါင်းမြီးတပ်၍ လှံတို သုံးစင်းစီ ကိုင်ရသည်။ မှော က်တိုမည်းနက်ပြောက်ဝတ်သော ရွှေကာကိုင် တစ်ထောင်ကို လည်း လှံတို သုံးစင်းစီ ကိုင်ရသည်။ ရွှေမှော က်တို ရွှေချပ်ဝတ်မြင်းသည် သူရဲသုံးထောင်နှင့် စည်တော် ကို သုံးခါတီးမှ ဆင်တော် ငချစ်ခိုင် ပေါ်လာသည်နှင့် တပ်က ထွက်တော် မူလျှင် အပြင်းပင် လာ၍ အားမတန်ဘဲ သူရဲစစ်သည်နှင့် တစ်စုတည်းရုံး၍ လွှတ်သည်။ မင်းရဲကျော်စွာ ထွက်တော် မူလေလျှင် ကလေးမင်း ရဲသော်တုံ ဟူသော ဆင်ကိုစီး၍ တပ်သားဆင် (၅၀) ငါးဆယ်၊ မြင်း (၇၀၀) ခုနစ်ရာ၊ စစ်သည်သူရဲ (၅၀၀၀) ငါးထောင်လောက်နှင့် ထွက်သည်။ ရခိုင်မင်းလည်း ချစ်မြတ်ကဲကို စီး၍ တိုက်ဆင် (၅၀) ငါးဆယ်၊ မြင်း (၅၀၀) ငါးရာ၊ စစ်သည်သူရဲ ခုနစ်ထောင်နှင့် ထွက်သည်။ စလင်းမင်း နော်ရထာလည်း ရဲမြတ်စွာ ဟူသော ဆင်ကို စီး၍ တိုက်ဆင် (၅၀) ငါးဆယ်၊ မြင်း (၅၀၀) ငါးရာ၊ စစ်သည်သူရဲတစ်သော င်းနှင့် တပ်က ထွက်၏ ။ မြေတူးစား သက်တော် ရှည်လည်း ပကမတ်ကို က၍ စီးသည်။ လည်ဘက် တိုင်က ကွာလျှင် ဆင်ခါ၍ ကျချေ၏ ။ ပကမတ်လည်း မြေတူးစားကျလျှင် တပ်တွင်းတွင် ရှိသော တင်၊ မြင်း၊ လူသူတို့ကို လိုက်လံဝှေ့ပတ်၍ ပရမ်းပတာ ပြိုကွဲ၍ ရှိချေ၏ ။ သည်တွင် ရဲမက်တော် တို့ မင်းရဲကျော်စွာ ကို မမီ၊ တန့်၍ ရှိပချေ၏ ။
ရာဇာဓိရာဇ်လည်း ရွှေဖလားနှင့် ဦးကင်းထက်တွင် ဓိဋ္ဌာန်တော် မူ၏ ။
``သာသနာတော် ငါးထောင် စောင့်သော နတ်မြတ်…သည် တိုင်းနိုင်ငံသည် ခမည်း တော် ဆင်ဖြူသခင် နိုင်ငံတော် ဖြစ်သည်။ ခမည်းတော် ဆင်ဖြူသခင်နှင့် မင်းရဲကျော်စွာ ဘိုးလည်း သန်လျင်တွင် သစ္စာပြုကြ၍ အရေး တော် ပြီးသည်။ မင်းရဲကျော်စွာ ဘနှင့် ငါနှင့် လည်း ပြည်ဆံတော် ရှင်ရှေ့ဝယ် သစ္စာပြုကြသည်။ သည်အတိုင်းမှန်လျှင် သည်စစ်ကို ငါအောင်မြင်၍ မင်းရဲကျော်စွာ ကိုယ်ကို ငါ ရစေသော ။ သည်အတိုင်း မဟုတ်ချေလျှင်လည်း မင်းရဲကျော်စွာ ကို ငါ ရှုံးပစေ´´
ဟူ၍ ဓိဋ္ဌာန်၍ နတ်ရေသွန်းတော် မူ၏ ။
ယင်းသို့ စင် မင်းရဲကျော်စွာ ရှေ့လွန်လာလျှင် ကလေးကျေး တောင်ညိုလည်း မိမိတပ်သား နှင့် မင်းရဲကျော်စွာ ကို အမီလိုက်သည်။ ကလေးကျေးတောင်ညို စီးသော ဆင်းရဲသော်တုံ မုန်ပြင်း လှသော ကြောင့် နောက်က မြင်းကတောင်သံ၊ ကာသံ၊ လွှားသံကို ကြားလျှင် နောက်သို့ ပြန်၍ ဝှေ့လေသော ကြောင့် အထွေးထွေးရှိကြရာတွင် ခြေသည်၊ မြင်းသည် ကွဲချေသော ကြောင့် မင်းရဲကျော်စွာ ကို မမီ၊ စစ်သည်တော် တို့ ပျက်၍ ရှိချေ၏ ။ မင်းရဲကျော်စွာ လည်း ပါသည့် အလုံးအရင်းနှင့် သာ မွန်တပ် ခြောက်စုခွဲ၍ နေသည်ကို အလျင် စည်တော် ကို တီးစေ၍ ဆင်တော် ငချစ်ခိုင်ကို ချွန်းဖွင့်၍ ဗညားဓမ္မရာဇာတပ်ကို တိုက်တော် မူသည်၊ ပျက်လေ၏ ။ ယင်းကသည် ဗညားရံတပ်ကို တိုက်သည်၊ ပျက်ပြန်လေ၏ ။ ယင်းကသည် ဗညားကျန်းတပ်ကို တိုက်သည်၊ ပျက်ပြန်လေ၏ ။ ယင်းကသည် ရာဇာဓိရာဇ်တပ်ကို တိုက်သည်၊ ပျက်ပြန်လေ၏ ။ သားတော် သုံးပါးလည်း တပ်ပျက်လျှင် တောသို့ ၀င်၍ နေလေ၏ ။
ယင်းကမှ သမိန်အ၀နိုင် တပ်ကို တိုက်တော် မူသည်။ ဆင်တော် ပန်းလှသည်နှင့် နောက်တော် က ဆင်ကူအမတ်တို့ မမီလှာသော ကြောင့် ဆင်တော် ရပ်ချေ၏ ။ သမိန်အ၀နိုင်လည်း သူရဲသုံးထောင်နှင့် ခံ၍ တိုက်လေ၏ ။ ရာဇာဓိရာဇ် သားတော် သုံးပါးလည်း ရဲမက်တော် တို့ နောက်တပ် မမီသည်ကို သိလျှင် တောက ထွက်၍ မင်းရဲကျော်စွာ စီးသော ဆင်ကို အစီးသုံးဆယ် ခန့် အုံညီ၍ တိုက်လေ၏ ။ မင်းရဲကျော်စွာ လည်း ဆင်တော် ပန်းသည်နှင့် စစ်ကူမမီ၍ ဆင်တော် ကို လှံချက်တစ်ရာလောက် ကျလျှင် နာလှ၍ ဆင်တော် ခါချေ၏ ။ ယင်းသို့ လျှင် ဆင်တော် ထက်က လျှောကျတော် မူ၍ ပေါင်တော် ကို ဆင်ထိချေ၏ ။၁ ရပ်တော် မမူနိုင်၊ တွား၍ ရေကန်နား ဥနှဲပင် အောက်သို့ ၀င်၍ နေတော် မူ၏ ။ ကုန်းလယ်တင်သော အထိန်းတော် သား အနန္တသူရိယလည်း ဆုံးချေ၏ ။ နောက်တော် တွင် ပါသည့် မြင်းသည်၊ ခြေသည်တို့လည်း ထိပါး သေပျောက်သည် များ ချေ၏ ။ မွန်တို့လည်း ဆင်တော် ထက်တွင် မင်းရဲကျော်စွာ ကိုမမြင်မှ ဆင်တော် ကို ၀န်းရံ၍ ဖမ်းလေ၏ ။ ရလျှင် ဆင်တော် နောက်ထိုင် ``ငနတ်တော် ´´ကို စစ်မေးသော် ကျွန်ုပ်အရှင်ကို ရှာသော်လည်း မရ။ ကျွန်ုပ်လည်း မသိ ဟူ၍ ဆို၏ ။ ရာဇာဓိရာဇ်သည် ငါ့တူတော် ကို ရသော်လည်း ငါအပြစ်မပြုသာ၊ ပြပါဟူ၍ မိန့်တော် မူလျှင် ကျွန်ုပ်တို့အရှင်ကို တွေ့ တော် မူလိုလျှင် သစ်ငုတ်၊ သစ်ပင်တို့ကို ကြိုးဖြင့် နှောင်ပတ်၍ ရှာတော် မူ ဟူ၍ လျှောက်လျှင် ရှာရ၏ ။ မင်းရဲကျော်စွာ လည်း ဆင်ထိတော် မူသည်အရာ နာလှသော ကြောင့် သွားတော် မမူနိုင်ချေ။ ဥနှဲပင်အောက်တွင် နေတော် မူသည်ကို မွန်တို့ တွေ့ လျှင် ထမ်းယူ၍ ဆက်လေ၏ ။ ရာဇာဓိရာဇ်လည်း ``ငါ့သား…မင်း သူငယ် ဖြစ်သသူကို ငါ ၀မ်းမနည်းဘူး၂။ အစ်ကို သည်ဆေးဝါး ထမင်းကိုသာ စားပါ။ လွတ်အောင် ကုမ၍ လွတ်လျှင် သည်တွင် နေလိုလျှင်လည်း ငါ့သမီးတော် နှင့် စုံဖက်၍ အိမ်ရှေ့အရာကို ငါ ပေးတော် မူမည် ။ အ၀သို့ သွားလိုသော စိတ်ရှိလျှင် ငါက အမှူးအမတ်တို့နှင့် ပို့စိမ့်မည် ။ ကိုယ်ကို သာ ကျန်းအောင်ပြုပါ´´ဟူ၍ ဆေးလည်း ပေးတော် မူ၏ ။ မွန်တို့ ပေးသော ဆေးဝါး ထမင်းကို ငါ မစားပြီ။ ဟံသာဝတီကို မရဘဲ မပြန်ပြီ ဟူ၍ ငါ ဓိဋ္ဌာန်ရင်း ရှိသည်။ ယခု ငါတို့ ဖြစ်ခဲ့ပြီးသော် သူ့ကျွန် ဟူသော အမည် ကို ငါ မခံပြီ။ ငါ့အသက် ရှင်သော ထက် သေသော် မြတ်၏ ။ ငါ့ကို သတ်မည့်  အခင်းကိုသာ စီရင်တော့ ဆိုလျှင် ရာဇာဓိရာဇ်လည်း မင်းရဲကျော်စွသြည် သေခါနီး တိုင် အောင်မျှ စိတ်ကို မလျှော့။ နောင်သော် ငါ့ကိုပင် ကြံပြန်လိမ့်မည် ဟု ထိုညဥ့်တွင် လုပ်ကြံ၍ မိုးသောက်လျှင် ဆင်ထိတော် မူသော အနာ သည်း၍ အနိစ္စရောက်သည် အဟန်ကောင်းမွန်စွာ သဂြိုလ်လေ၏ ။
လျှောက်တင်ပုံ အထူး
မင်းရဲကျော်စွာ ဆုံးသော သက္ကရာဇ်ကား (၇၇၈)ခုနစ်ရာ့ ခုနစ်ဆယ့်ရှစ်ခု၊ တန်ခူးလဆန်း ၄-ရက်၊ ၄-ဟူးနေ့၁ တွင် ဆုံးတော် မူသည်။ မင်းရဲကျော်စွာ ဆုံးတော် မူသည့် ညဥ့်တွင် ကုက္ကိုပင်စောင့် သော နတ်သည် ကိုယ်ထင် ပြ၍ မင်းရဲကျော်စွာ ဆုံးချေပြီ ဟူ၍ ဆိုသော ဟူ၏ ။
တပ်မှူး စစ်ကဲ အပေါင်းတို့လည်း မင်းရဲကျော်စွာ ဆုံးတော် မူ၍ မိုးသောက်လျှင် ဆုံတော် မူ သော အကြောင်းကို စာရေး ၍ ပင်လယ်ကျေး သင်္ဃရာဇာ မွေးသော လင်းတလည်တွင် စာခွေ စွပ်၍ လွှတ်လိုက်သည်။ အင်းဝသို့ သုံးချက်တီးချိန်ကို ရောက်လာ၏ ။ ဘုန်းတော် ကြီးက ဘုရင်မင်းခေါင်သို့ ဆက်မိသော ဟူ၏ ။
ရာဇာဓိရာဇ်ဆင် ပကမတ်လည်း မြေတူးစာကို ခါချပြီးလျှင် တပ်တွင်းတွင် ရှိသည် ဆင်၊ မြင်း၊ လူသူတို့ကို လိုက်လံဝှေ့ပက်၍ ၊ တပ်က ထွက်၍ မွန်တို့တပ်သို့ သွားလေ၏ ။ ရာဇာဓိရာဇ်မြင် လျှင် ဦးစီးငပျံကို သံခြေချင်းခတ်၍ ထားရာက လွှတ်၍ ကြိုရ၏ ။ ပကမတ်လည်း ဦးစီးငပျံကို မြင်လျှင် နှာမောင်းနှင့် ပိုက်ပြီးမှ တပ်သို့ ၀င်၏ ။ ရာဇာဓိရာဇ်လည်း အားရတော် မူ၍ ကြံ၊ ငှက်ပျော ကျွေးပြီးလျှင် အမည် နှင့် ဇာလမန်ဟူသော ရွာကို ပေးတော် မူသည်။
ရာဇာဓိရာဇ်လည်း ဟံရနဲ၃ကို ခေါ်တော် မူ၍ မင်းဘ စရပ်စား သမိန်မောခွင်ကို မင်းရဲသီဟသူ ရံ၍ နေသည်ကို ဖြေချေဟု စေတော် မူ၏ ။ ဟံရနဲလည်း ကျွန်ုပ် ကျွန်တွင် အလုံးအရင်း ခွန်အားမရှိ။ ပသို့ ဖြေနိုင်မည် နည်း ဟူ၍ လျှောက်၏ ။ ရာဇာဓိရာဇ်လည်း နတ်တောင် စားကို ခေါ်လေ။ တပ်သို့ မရောက်ခင် နတ်တောင်စားကို အလျင် လွှတ်လိုက်။ နတ်တောင်စားကို မေးလေက အစ်ကို သေသည်ကို ဆိုလိမ့်မည် ကိုကား - ဟူ၍ မိန့်တော် မူ၏ ။ ဟံရနဲလည်း နတ်တောင်စားကို စေလိုက်၍ ရောက်လေလျှင် မေးသော် နောင်တော် လွန်၍ ပျက်ချေသည် အကြောင်းကို ဆိုလျှင် စရပ်ကို အရံဖြုတ်၍ ပြန်လေ၏ ။
ဒလတွင် လည်း မင်းရဲကျော်စွာ ကို ရာဇာဓိရာဇ် ရတော် မူ၍ လွန်လေလျက်ပင် ရေတပ်၊ ကြည်းတပ်၊ ဗိုလ်မင်း၊ တပ်မင်းတို့သည် ရုံးစည်း၍ အခိုင်ပင် နေကုန်၏ ။ ရှင်ဘုရင် ရာဇာဓိရာဇ်က နှစ် ကြိမ်၊ သုံးကြိမ် လုပ်ကြံသည်။ မနိုင်ချေသော ကြောင့် အမတ်ဒိန် လျှောက်သည်။ ကျွန်ုပ်တို့ ပြည်ရွာကို မြန်မာမင်းသားသည် အကြိမ်ကြိမ် ချီလာ၍ ဖျက်ဆီးနှိမ်နင်းလေလျှင် ပျက်စီးရိပွပ်လှချေ သည်။ မင်းသား မင်းရဲကျော်စွာ လည်း ဗိုလ်မင်းတပ်မင်း မှူးကြီးမတ်ကြီးများ အရေး ကိုမယူ။ ကိုယ်လိုတူသော ပြုသော ကြောင့် ရတော် မူသည်။ ယခု မင်းသား မရှိလျှင် ဗိုလ်မင်းတပ်မင်း မှူးကြီး မတ်ကြီးများ ဗိုလ်မင်း၊ တပ်မင်းများ သည် အရေး အရာနှင့် ချည်း။ လုပ်ကြံတော် မူသော်လည်း ရခက်ချိမ့်မည် ။ ကျွန်တော် မြောင်းမြစားသား စလင်းစားကို အရေး နှင့် စေတော် မူ။ စလင်းစား ကျွန်ုပ်တို့သို့ စိတ်ညီက အားလုံးစုံကို အလွယ်နှင့် အောင်မြင်တော် မူမည် ဟု လျှောက်၏ ။ သည်အမတ်ကြီးအရေး သည် သင့်လှပေသည် ဟူ၍ စာနှင့် စေတော် မူ၏ ။ စာတွင် မှာ သည်ကား -
![]() မဟာရာဇ၀င်ကြီး တတိယအုပ် | ![]() ရာဇ၀င်ချုပ် |