နိဒါန်း
မြန်မာရာဇ၀င်နှင့် စပ်လျဉ်း၍ ရာဇ၀င်ကျမ်းအများ ပေါ်ထွက်ခဲ့သည့်အနက် မဟာရာဇ၀င် ကြီး (ခေါ်) ဦးကုလား ရာဇ၀င်မှာ မှန်နန်းရာဇ၀င် မပေါ်မီအထိ အပြည့်စုံ ဆုံးသော ရာဇ၀င် ကြီးတစ်စောင် ဖြစ်ခဲ့သည်သာမက အစောဆုံးသော မြန်မာရာဇ၀င်ကျမ်းတစ်စောင်ဟူ၍ လည်း အသိအမှတ်ပြုကြရပေသည်။ ထိုရာဇ၀င်ကြီးကို မပြုစုမီက ပေါ်ထွက်လျက်ရှိသော ရာဇ၀င်ငယ်များ မှာ စစ်ကိုင်း၊ ပင်းယ၊ မင်းဆက်လောက်အထိသာဖော်ပြသော ရှင်သီလ၀ံသ ၏ ရာဇ၀င်ကျော် (ခေါ်) မဟာသမ္မတ၀ံသကျမ်း၊ အကျဉ်းမျှသာဖြစ်သော ပုဂံရာဇ၀င်သုံး ကျမ်း၊ ငှက်ပစ်တောင်ဆရာ ဂေါဓာဝရ စီရင်သည့် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ ဟူသော သုံးပြည်ထောင်အကြောင်းအရာ အကျဉ်းမျှပါဝင်သည့် ပုဂံရာဇ၀င်ကျမ်းနှင့် ပုဏ္ဏား အဇာဂရု စီရင်သည့်ဇာတာပုံရာဇ၀င် စသည်မျှလောက်သာဖြစ်၍ ပြည့်ဝစုံလင်သော ရာဇ၀င်ကျမ်းများ မဟုတ်ခဲ့ပေ။ ထို့ကြောင့် ပေါ်လတ္တံ့သော ရာဇ၀င်အစောင်စောင်ကို မှီငြမ်းပြုရာ ရှေ့ပြေးခေတ်ဦး ရာဇ၀င်ကျမ်းကြီးတစ်ဆူ ဖြစ်သည့်ပြင် မြန်မာစကားပြေ အရေး အသား၌ လည်း စံထားလောက်သော ကျမ်းတစ်စောင်အဖြစ် စာပေသမိုင်းတွင်ထင် ရှားခဲ့ပေသည်။
ရာဇ၀င်ကြီးကို ရေး သားခြင်း
ဦးကုလားသည် ဤမြန်မာရာဇ၀င်ကြီး၌ စကားလုံးကျဉ်း၍ အဓိပ္ပယ်လေးနက်ပြည့်ဝသော စကားလုံးများ ကိုသုံးစွဲကာ ရှင်းလင်းပေါ်လွင်သော အရေး အသားဖြင့် ရေး သားပြုစုခဲ့ရုံမက၊ သက္ကရာဇ်များ အတွက် ဆုံးဖြတ်ထောက်ဆရာတွင် နောင်အခါ ချင့်ချိန်ကိုက်ညှိစေနိုင်ရန်ဒိန္နိသဲသင့် ဂြိုဟ်နေ၊ ဂြိုဟ်ရပ်၊ ဗေဒင်ကိန်းခန်းတို့ကိုပါ တွက်ချက် ညှိနှိုင်းခဲ့သည့်ပြင်ဤရာ ဇ၀င်ကို ပြုစုရာ၌ လည်း အောက်ပါ ကျမ်းဂန်အရပ်ရပ်၊ မှတ်တမ်းအဆူဆူကို ကိုးကားညှိ နှိုင်းခဲ့ကြောင်းသိရှိရပေသည်။
ကိုးကားရာ ကျမ်းများ
၁။ သီလက္ခန်ပါဠိတော် အဠကထာ၊ ဋီကာ။
၂။ မဟာဝင် အဋ္ဌကထာ၊ ဋီကာ။
၃။ ပါရာဇိကဏ် အဋ္ဌကထာ။
၎။ ဂေါတမပူရဏ်။
၅။ သာရတ္တဒီပနီ။
၆။ သာရတ္တဒီပန်။
၇။ ဋီကာကျော်။
၈။ သင်္ခေပ၀ဏ္ဏနာ။
၉။ မဏီမဉ္ဖူသာ။
၁၀။ ကမ္ဘာလောင်ကျမ်း။
၁၁။ ရှေးမဟာရာဇ၀င်ကျမ်း။
၁၂။ ဇမ္ဗူဒီပ ဦးဆောင်းကျမ်း။
၁၃။ ဇမ္ဗူဒီပစာကျမ်း။
၁၄။ အင်ရုံစာတမ်း။
၁၅။ ပဉ္ဖနိပါတ်အဂုင်္တ္တိုရ်၊ ဋီကာ။
၁၆။ မိလိန္ဒပဉ္ဇာ။
၁၇။ ဇာတာပုံရာဇ၀င်။
၁၈။ မွန်ကိုရေး စေတီဝင်။
၁၉။ ပုဂံရာဇ၀င်ကျမ်း။
၂၀။ ရာဇနီတိ။
၂၁။ တေမိယဇာတ်။
၂၂။ သုဝဏ္ဏသာဇာတ်။
၂၃။ တစသာရဇာတ်။
၂၄။ မဟာသာရဇာတ်။
၂၅။ လောကီဗေဒင်ကျမ်း။
၂၆။ သုမင်္ဂလ၀ိလာသိနီ အဋ္ဌကထာ။
၂၇။ သာဓုဇန၀ိလာသနီ ဋီကာ။
၂၈။ လိနတ္ထပကာသနီ ဋီကာဟောင်း။
၂၉။ တကောင်းရာဇ၀င် ၂ စောင်။
၃၀။ သရေခေတ္တရာ ရာဇ၀င်။
၃၁။ ပုဂံရာဇ၀င်ပါဠ်။
၃၂။ ပုဂံရာဇ၀င်ဟောင်း။
၃၃။ သီဟိုဠ်ရာဇ၀င်။
၃၄။ ဇင်းမယ်ရာဇ၀င်။
၃၅။ ယိုးဒယားရာဇ၀င်။
၃၆။ တရုတ်ရာဇ၀င်။
၃၇။ ပုတကေရာဇ၀င်။
၃၈။ ရခိုင်ရာဇ၀င်။
၃၉။ ရာဇာဓိရာဇ် အရေး တော်ပုံ။
၄၀။ ဆင်ဖြူများ ရှင် အရေး တော်ပုံ။
၄၁။ ဓည၀တီ အရေး တော်ပုံ။
၄၂။ သီရိခေတ္တရာသမိုင်း။
၄၃။ ပုဂံသမိုင်းဟောင်း။
၄၄။ ဘုရားသမိုင်းဟောင်း။
၄၅။ ကျောက်စာအမျိုးမျိုး။
၄၆။ ဧချင်းဟောင်း ၁၂ စောင်။
၄၇။ မင်းရာဇာ လျှောက်ထုံး။
၄၈။ လျှောက်စာသွင်း အမျိုးမျိုး။
စုစုပေါင်း ကျမ်း ၇၀ ကျော် ရှိလေသည်။
ရာဇ၀င်ဆရာ အတ္ထုပ္ပတ္တိ
ရာဇ၀င်ဆရာဦးကုလားမှာ တနင်္ဂနွေမင်းတရားလက်ထက် စဉ်ံကူးသူဌေး ဒေ၀သေဋ္ဌနှင့် သူ ဋ္ဌေးကတော် မဏိသြဃတို့မှ ဖွားမြင်သော သားရတနာ ဖြစ်လေသည်။
ဦးကုလား၏ မိခင် မဏိသြဃမှာ ဆင်းစံဝတီနှင့် မြို့သာစား မုနောဒိုင်းမှူးကျော်ထင်တို့၏ သမီးဖြစ်၍ ၊ ဖခင်ဒေ၀သဋ္ဌမှာ ကား သူဋ္ဌေးမျိုးနွယ်ပင်ဖြစ်သည်။ ဦးကုလားမှာ အင်းဝမြို့ ဇာတိပင် ဖြစ်သည်။ ဦးကုလားမှာ အင်းဝမြို့ ဇာတိပင် ဖြစ်သော်လည်း ဖွားသက္ကရာဇ်ကိုကား မသိရှိရပေ။ ဦးကုလား၏ မိခင်ဘက်မှ ဆွေစဉ်မျိုးဆက်တို့မှာ ကားအောက်ပါအတိုင်း စူးစမ်းသိရှိရပေသည်။
စလုံကြီး
(ဟံသာဝတီ ဆင်ဖြူရှင်လက်ထက် မိုးညှင်းစော်ဘွား)
သား-စလုံငယ်
သား-စမော်ခန်း
(ဆင်ဖြူရှင်လက်ထက် ရမ္မသူရဲဘွဲ့၊ နန္ဒမိတ်ဘွဲ့နှင့် ၀ါဂရုမြို့ကို စားရ၍ ၊ ငါးဆူဒါယကာလက်ထက် သင်္ခယာဘွဲ့နှင့်တလုပ်မြို့ကို စားရသည်)
သား-ကော်လှ
(ပိဿလောက်စော်ဘွားသမီးနှင့် လက်ထပ်သည်)
(ညောင်ရမ်းမင်းတရားလက်ထက် ကော်တော်ရ န္တမိတ်ဘွဲ့ရ၍ အနောက်ဘက်လွန်မင်းလက်ထက် မိဖုရား၏ အချီတော်ခန့်ထားခြင်း ခံရသည်၊ စလေမြို့ကို စားရသည်)
သမီး-ဆင်းစံဝတီ
(ပထမနေမျိုးကျော်ထင်နှင့် လက်ထပ်သည်)
(ဒုတိယ နေမျိုးကျော်ထင်လွန်၍ မုနောဒိုင်းမှူးကျော်ထင်နှင့် လက်ထပ်သည်)
သမီး-မဏိသြဃ သား-ရွှေပြည်မြင်းခေါင်း ဦးစံညီ
(စဥ့်ကိုင်းသူဋ္ဌေး ဒေ၀သေဋ္ဌနှင့် လက်ထပ်)
သား-ဦးကုလား
ပုံနှိပ်ခြင်း
ထိုရာဇ၀င်ကျမ်းကြီး ပေါ်ထွက်လာသည်မှာ ညောင်ရမ်းကိုးဆယ်မြောက် တနင်္ဂနွေမင်း တရားကြီးလက်ထက်တော်တွင် ဖြစ်လေသည်။ ထိုကျမ်းကို ပြုစုသူဦးကုလားသည် ထိုမဟာရာဇ ၀င်ကြီးသာမက ရာဇ၀င်လတ်၊ ရာဇ၀င်ချုပ်တို့ကိုလည်း ပြုစုရေး သားခဲ့ပေသေးသည်။စုစုပေါင်းရာဇ ၀င်သုံးစောင်မှာ ပေအင်္ဂါ ၁၁၀ မျှရှိရာ၊ ထိုမျှလောက် များ ပြားသော စာပေများ ကို ရှာဖွေပြုစု ရေး သားနိုင်ခဲ့သော ဦးကုလားကို များ စွာ ပင် ချီးကျူးထိုက်လှပေသည်။
မဟာရာဇ၀င်ကြီးအတွဲ အားဖြင့်၂၁ တွဲ ပါဝင်၍ ပေချပ်အားဖြင့် ၆၃ အင်္ဂါ၊ ၁ချပ် ရှိလေသည်။ ထို၂၁ တွဲ သော ရာဇ၀င်ကြီးသည် စတင်ရေး သားပြုစုခဲ့သည်မှစ၍ နှစ်ပေါင်း ၂၀၀ ကျော်မျှ ပေထက်တွင်ပင်ရှိခဲ့ရာ ၁၂၈၇ခု၊ တပေါင်းလ တွင် ပထမတွဲ မှ သတ္တမတွဲ အထိကို ပထမအုပ်အဖြစ် လည်းကောင်း၊၁၂၉၃ခုနှစ်တွင် အဋ္ဌမတွဲ မှ စုဒ္ဒသမတွဲ အထိကို ဒုတိယအုပ်အဖြစ်လည်းကောင်း မြန်မာနိုင်ငံသုသေသနအသင်းမှ ဂုဏ်ထူးဆောင် မြန်မာဆရာကြီး ဆရာပွားအားတည်းဖြတ်စေ လျက် ရိုက်နှိပ်ထုတ်ဝေခဲ့လေသည်။ ထိုသို့ ရိုက်နှိပ်ထုတ်ဝေရာတွင် ပထမအုပ်နှင့်ဒုတိယအုပ်တို့မှာ စာအုပ်စဉ် ၅ နှင့် ၂၁အဖြစ် ၆နှစ်မျှခြားကွာ၍ ပေါ်ထွက်ခဲ့ပြီး၊ ကြွင်းကျန်သော ပန္နရသမတွဲ မှ ဧက၀ီသတိမတွဲ အထိ ၇တွဲ မှာ ဆက်လက်ရိုက်နှိပ်ခြင်း၊ မပြုဖြစ်ခဲ့ဘဲ ရှိလေသည်။ ထိုသို့ ဆက်လက် မရိုက်နှိပ်ဖြစ်ခြင်းမှာ ပန္နရသမ (၁၅)တွဲ မှ ဧက၀ီသတိမ (၂၁)တွဲ အထိ အကြောင်းကြောင့်ပင် ဖြစ်ဖွယ်ရှိပေသည်။ သို့ ရာတွင် ဦးကုလားရာဇ၀င်နောက်မှ ပြုစုကြသော ရာဇ၀င်သစ်၊ မှန်နန်းမဟာ ရာဇ၀င်တော်ကြီး၊မုံရွေးရာဇ၀င်တော်ကြီး၊ ရာဇ၀ံသဒီပက စသော ရာဇ၀င်များ သည် ဦးကုလား ရာဇ၀င်ပါ စာသားအကြောင်းအရာများ အတိုင်းလိုပင် လက်ခံသွင်းယူလျက် သဘောအယူအဆ၊ နှစ်ကာလ သက္ကရာဇ်တို့၌ သာ ပြင်ဆင်မှတ်ယူခဲ့ကြလေသည်။ ထို့ကြောင့် ရာဇ၀င့်ဖခင်ဟု ဆိုထိုက်သော ဦးကုလား၏ မဟာရာဇ၀င်ကြီးကို အပြည့်အစုံ ဖတ်ရှုလေ့လာနိုင်ကြစေရန် ပုံမနှိပ် သေးဘဲ ကြွင်းကျန်လျက်ရှိသေးသော ရာဇ၀င် ၇ တွဲ ကို တတိယအုပ်အဖြစ် ပြည်ထောင်ယဉ်ကျေး မှု ၀န်ကြီးဋ္ဌာန၊ ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှု ဋ္ဌာနစိတ်မှ တည်းဖြတ်သုတ်သင်၍ စက်တင်ပုံနှိပ်ခြင်း ပြုရပေသည်။
မဟာရာဇ၀င်ကြီးကို တည်းဖြတ်ရာတွင် နိုင်ငံတော်စာကြည့်တိုက်ရှိ ကင်းဝန်မင်းကြီးပေမူ၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေး ၀န်ရုံ (ကျောက်စာရုံး) မှ စာမူတို့နှင့်တကွ ထိုရာဇ၀င်ကြီးကို အထူးတလည် ထောက်မှီးခဲ့သော မှန်နန်းရာဇ၀င်တော်ကြီးတို့ကို ညှိနှိုင်းတိုက်ဆိုင်၍ တည်းဖြတ် ခြင်းပြုရပေသည်။
ရာဇ၀င်အစူအစဉ်
မဟာရာဇ၀င်တော်ကြီးကို သုံးအုပ်ခွဲခြား ပုံနှိပ်ရသည်ဖြစ်၍ ပထမအုပ်ဖြစ်၍ ဒုတိယအုပ်ကို ရှာဖွေဖတ်ရှုရန် ခဲယဉ်းခြင်းရှိသူတို့အတွက် သော်လည်းကောင်း၊ လေ့လာဖတ်ရှုသူတိုင်းရှေးရာဇ၀င်ဆက်ကို တပြေးတည်းဆက်စပ် နှလုံးသွင်းမိနိုင်ကြစေရန် သော်လည်းကောင်း ပထမတွဲ မှအစ ဧက၀ီသတိမတွဲ အထိ အခန်းကှဏ္ဍခွဲခြားပုံ အကျဉ်းချုပ်ကို ဖော်ပြလိုက်ရပေသည်။
ပထမအုပ်
ပထမတွဲ ။ ။စကြ၀ဠာ တည်ပုံ ပျက်ပုံမှ မင်းတို့ကျင့်ရာ တရားများ အထိ။
ဒုတိယတွဲ ။ ။အဇာတသတ်မင်းမှစ၍ သီရိဓမ္မာသော ကမင်းကြီး နတ်ရွာစံခြင်းသည် အထိ။
တတိယတွဲ ။ ။ သရေခေတ္တရာပြည်တည်ခြင်းမှ ကျန်စစ်သားမင်း ပဋိသန္ဓေတည်ခြင်း အထိ။
စတုတ္ထတွဲ ။ ။ အရည်းကြီးအကြောင်းမှ အလောင်းစည်သူမင်းကြီးနတ်ရွာစံသည်အထိ။
ဆဋ္ဌမအတွဲ ။ ။ နရသူနန်းတက်သည်မှ ကျော်စွာ မင်းကြီးကို ညီနောင်သုံးပါးနန်းချသည် အထိ။
သတ္တမအတွဲ ။ ။ ရာဇာဓိရာဇ်၊ မြောင်းမြစား လောက်ဖျားကို တိုက်ယူခြင်းမှ ဘုရင်မင်းခေါင် ဆင်ကဲကို ကွပ်မျက်သည် အထိ။
ဒုတိယအုပ်
အဋ္ဌမအတွဲ ။ ။အ၀မင်းခေါင်အကြောင်းမှ မိုးညှင်းမင်းတရား နတ်ရွာစံသည်အထိ။
န၀မအတွဲ ။ ။ မင်းရဲကျော်စွာ နန်းတက်သည်မှ နရပတိ နတ်ရွာစံ၍ အ၀ပျက်သည်အထိ။
ဒသမအတွဲ ။ ။ ရှမ်းသိုဟန်ဘွား နန်းတက်သည်မှ တပင်ရွှေထီးအား ပြည်ဘုရင်အညံ့ခံ သည်အထိ။
ဧကာဒသမ (၁၁)တွဲ ။ ။အုန်းဘောင်ခုံမှိုင်း နန်းတက်သည်မှ ဟံသာဝတီ ဆင်ဖြူရှင်လက်ထက် သမိန်ထောရာမ မုတ္တမက ပြေးသည်အထိ။
ဒွါဒသမ (၁၂) တွဲ ။ ။ သမိန်ထောရာမကို ကွပ်မျက်သည်မှ ကောင်းမှု တော် တည်ရန်စီမံသည် အထိ။
တေရသမ(၁၃)တွဲ ။ ။ ကောင်းမှု တော် ဌာပနာသွင်းသည်မှ စော်ဘွားသုံးပါးသမီးတော်ဆက်လာ သည်အထိ။
စုဒ္ဒသမ (၁၄)တွဲ ။ ။ ကုသိုလ်တော်များ ပြုသည်မှ ရှမ်းပြည်မြောက်ပိုင်း ပုန်ကန်၍ ချီတက်သည် အထိ။
တတိယအုပ်
မန္နရသမ (၁၅)တွဲ ။ ။ ဘုရင့်နောင်ခေါ် ဟံသာဝတီ ဆင်ဖြူများ ရှင်မင်းတရားကြီးအကြောင်း အဆက်၊ သားတော် အနော်ရထာစောအား ဇင်းမယ်ပေးခြင်း အထိ။
သော ဠသမ ( ၁၆)တွဲ ။ ။ လင်းဇင်းမင်းကို နှိမ်နင်းခြင်းမှ ရှမ်းပြည်မြောက်ပိုင်း ပုန်ကန်၍ ချီတက် သည် အထိ။
သတ္တရသရ (၁၇)တွဲ ။ ။ ညောင်ရမ်းမင်းတရားကြီးမှ အနောက်ဘက်လွန်မင်းသံလျင်ကို လုပ်ကြံအောင်မြင်ခြင်းအထိ။
အဋ္ဌာရသမ (၁၈)တွဲ ။ ။ အနောက်ဘက်လွန်မင်း ထားဝယ်သို့ ချီခြင်းမှ သာလွန်မင်းတရားကြီး လက်ထက် ရခိုင်သံများ လာရောက်ခြင်းအထိ။
ဧကူန၀ီသမ (၁၉)တွဲ ။ ။ သာလွန်မင်းတရားကြီးအဆက်မှ ပြည်မင်းလက်ထက်အမည်အရည်များ ပေးခြင်းအထိ။
ဝီသတိမ (၂၀)တွဲ ။ ။ ပြည်မင်းအဆက်မှ မင်းရဲကျော်ထင်လက်ထက် မြို့စား၊ ရွာစားများ ပေးခြင်းအထိ။
ဧက၀ီသတိမ(၂၁)တွဲ ။ ။ မင်းရဲကျော်ထင်နတ်ရွာစံခြင်းမှ စနေမင်းလက်ထက်သားတော်ကို အိမ်ရှေ့ပေးခြင်း အထိ။
ကျမ်းကိုးအတိုမှတ်စာရင်း
၁။ တွင်းသင်း တွင်းသင်းတိုက်ဝန် မဟာစည်သူ ဦးထွန်းညို၊ မဟာရာဇ၀င်သစ် (ညောင် ရမ်းဆက်)၊ တတိယတွဲ ၊ ဦးသိန်းလှိုင်၊ ဒုတိယညွှန်ကြားရေး မှူး၊ တက္ကသိုလ်များ သမိုင်းသုတေသန တည်းဖြတ်သည်။ ရန်ကုန်၊ မိဘမေတ္တာလူမှု ရေး အဖွဲ့၊ ၁၉၉၇။
၂။ မှန်နန်း မှန်နန်းမဟာရာဇ၀င်တော်ကြီး၊ တတိယတွဲ ၊ ပဉ္စမအကြိမ်၊ ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ဖေဖော်ဝါရီ ၂၀၀၃။
၃။ ယဉ်ကျေးမှု ဦးကုလား မဟာရာဇ၀င်ကြီး (တတိယအုပ်) ၊ ရန်ကုန်၊ ပြည်ထောင်စုယဉ် ကျေးမှု ၀န်ကြီးဌာန၊ ၃နိုဝင်ဘာ ၁၉၆၁။
၎။ ဟံသာ ဦးကုလား မဟာရာဇ၀င်ကြီး၊ တတိယအုပ်၊ ဆရာဦးခင်စိုး တည်းဖြတ်သည်။ ရန်ကုန်၊ ဟံသာဝတီပိဋကတ်ပုံနှိပ်တိုက်၊ ၁၉၆၁။
၅။ (……….) ကွင်းအဖွင့်အပိတ် အတွင်းရှိစာသားသည် စာဆက်ပြတ်၍ ကျကျန်ခဲ့သည် ဟု ယူသော် ရနိုင်ကောင်းသော ကြောင့် မှန်နန်း၊ တွင်းသင်း၊ ယဉ်ကျေးမှု ၊ ဟံသာများ နှင့် တိုက်ဆိုင်ထည့်သွင်းသည်။
ဓာတ်ပုံ၊ ရုပ်ပုံများ အညွှန်း
အချပ်ပို(က) ဟံသာဝတီ အိမ်ရှေ့မင်း မဟာဥပရာဇာနှင့် ယိုးဒယားမင်း ဗြနရစ်ဆင်စီး ချင်းတိုက်ပွဲ၊ တောင်ငူခေတ် ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီ နန်းတော်ရာ တူးဖော်မှု မှ ရရှိသော န၀ရတ်လက်စွပ်၊ ညောင်ရမ်းခေတ်၊ ကျောက်ဆစ်ရုပ်တု၊ ဗြိတိသျှပြတိုက်ရှိ ပုဂံခေတ် နှောင်းပိုင်း မြန်မာ့လက်ရာ ကြေးဆင်းတုတော်များ ၁၀၀-၁၀၁
အချပ်ပို(ခ) ညောင်ရမ်းမင်းနှင့် သာလွန်မင်း နန်းတော်ပန္နက်ပုံစံများ ၊ ကောင်းမှု တော်ရာ ဇမဏိစူဠာစေတီတော်၊ တိလောကဂုရု လိုဏ်ဂူရှိ နံရံပန်းချီများ ၁၉၆-၁၉၇
အချပ်ပို(ဂ) ၁၇ရာစုနှင့် ၁၉ရာစုအကြား နံရံဆေးရေး ပန်းချီများ ၃၀၀-၃၀၁
ခံစားရသော ရာဇ၀င်ဆရာဦးကုလား
မြန်မာရာဇ၀င်သည် မြန်မာစာပေကဲ့သို့ ပင် ရှေးကျသည် ။ရှေးအကျဆုံး ရာဇ၀င်ဟု သတ်မှတ်ခြင်းခံရ သည့်ရာဇ၀င်မှာ မဟာသမ္မတ၀ံသ ခေါ် ရာဇ၀င်ကျော်ပင်ဖြစ်သည်။ ရာဇ၀င်ကျော်ကို ခရစ်နှစ် ၁၅၂၀ ပြည့်တွင် ရေး သားခဲ့သည်။ ပြုစုခဲ့သည့် ပုဂ္ဂိုလ်မှာ ရဟန်းတစ်ပါးဖြစ်သော ရှင်မဟာ သီဟ၀ံသဖြစ်သည်။ ရှင်မဟာသီလ၀ံသသည် ၁၅ ရာစုနှင့် ၁၆ရာစုနှစ်များ တွင် ထင်ရှားသော စာဆိုကျော်တစ်ဦးဖြစ်သည်။ မဟာသမ္မတ၀ံသသည် ရာဇ၀င်ကျော် အမည်ဖြင့်သာ ထင်ရှားခဲ့သည်။
မဟာသမ္မတ၀ံသသည် ရာဇ၀င်အထောက်အထားအနေဖြင့်မူ စိတ်ပျက်ဖွယ် ကောင်း သည်။ မြန်မာနိုင်ငံအကြောင်း အနည်းငယ်သာ ပါရှိပြီး အိန္ဒိယနှင့်သီဟိုဠ်ရှိ ဗုဒ္ဓသာသနာအကြောင်း သာအများ ဆုံး ပါဝင်သည်။ အဟာသမ္မတ၀ံသတွင် သီဟိုဠ်ရာဇ၀င် ဖြစ်သော မဟာဝံသမှ ထုတ်နုတ်ချက်များ အများ ဆုံး ဖော်ပြထားသည်။ ကျမ်း၏ ခုနှစ်ပုံတစ်ပုံမျှသာ ပုဂံနှင့်အင်းဝခေတ်မင်းများ စာရင်း၊ ၎င်းတို့၏ ကုသိုလ်တော်များ အကြောင်း ဖော်ပြထားသည်။
မဟာဝံသရာဇ၀င်ရေး ဟန်ကို ရာဇ၀င်ကျော်က အတုယူဟန်ရှိသည်။ ရာဇ၀င်ကျော် သည် မဟာဝန်သကျမ်းကို ဆက်၍ ရေး သားသည်ဟုဆိုနိုင်သည်။ ရာဇ၀င်ကျော်သည် ပြီးပြည့်စုံ သော ရာဇ၀င်မဟုတ်ပေ။ မြန်မာရာဇ၀င်များ အနက် ပထမဦးဆုံး အပြည့်စုံဆုံးသော ရာဇ၀င်မှာ ဦးကုလားရာဇ၀င်ခေါ် မဟာရာဇ၀င်ဖြစ်သည်။
မဟာရာဇ၀င်ကို ရေး သားပြုစုသူမှာ ဦးကုလားဖြစ်သည်။ ဦးကုလားသည် မဟာရာဇ ၀င်ကြီး၊ ရာဇ၀င်လတ်၊ ရာဇ၀င်ချုပ် ဟူ၍ ကျမ်းသုံးကျမ်းကို ပြုစုခဲ့သည်။ မျိုးရိုးအားဖြင့် အဘမှာ သူ ဋ္ဌေးမျိုး၊ အမိမှာ စော်ဘွားမျိုးနှင့် မြို့စား မျိုးဖြစ်သည်။ ဦးကုလားကို စဥ့်ကိုင်းသူဋ္ဌေး ဒေ၀သေဌနှင့် အမိမဏိသြဃတို့မှ မွေးဖွားခဲ့သည်။
ဦးကုလားသည် အင်းဝမြို့တွင်မွေးဖွားခဲ့သော်လည်း မွေးသက္ကရာဇ် အတိအကျမသိ ရပေ။ မဟာရဇ၀င်ကြီးကို ညောင်ရမ်းမင်းဆက်မှ ``သီရိပ၀ရမဟာဓမ္မရာဇာဓိပတိ´´ဘွဲ့တံဆိပ်ကို ခံယူသော လေးကျွန်းမာရ်အောင်၊ လောကမာရ်အောင် စေတီတော်ဒါယကာမှန်နန်း ဆင်ဖြူရှင် တနင်္ဂနွေမင်းလက်ထက်တွင် ရေး သားပြုစုခဲ့ခြင်း ဖြစ်သည်။
ဦးကုလားသည် သူကြွယ်မျိုးနှင့် မြို့စားမျိုးရိုးတို့မှ ဆင်းသက်လာသူ ဖြစ်၍ လည်း သုတေသနကိုမပူမပင် မကြောင့်မကြရဘဲ အချိန်ယူ လုပ်ကိုင်နိုင်ခြင်းဖြစ်သည်။ မြန်မာရာဇ၀င် ကျမ်းများ ကိုပြုစုသူများ သည် များ သော အားဖြင့် ရဟန်းတော်များ နှင့် မှူးမတ်ကြီးများ သာဖြစ်ကြ သည်။သို့ ဖြစ်၍ လည်း ၎င်းတို့၏ အမြင်၊ အကျိုးစီးပွားနှင့် လေ့ကျင့်မှု တို့တွင် အကန့်အသက်များ ရှိ နေပေသည်။ ရဟန်းတော်များ တွင် သာသနာရေး နှင့် ကိုယ်ကျင့်တရားကို ငဲ့ကွက်ရခြင်း၊ မှူးမတ်များ တွင် ပျပ်ဝပ်ကျိုးနွံရခြင်းစသော ကန့်သတ်ချက်များ ရှိနေသဖြင့် ရာဇ၀င်ရေး သားရာတွင် အဟန့်အတားများ ရှိနေပေသည်။
ဦးကုလားသည် ရဟန်းလည်းမဟုတ် ၊ မှူးမတ်လည်းမဟုတ်သဖြင့် ရာဇ၀င်ရေး သား ရာတွင် အနှောင်အဖွဲ့၊ အကန့်အသက်များ မှ လွတ်ကင်းပြီး မိမိဖော်ပြလိုသည်ကို လွတ်လွတ်လပ်လပ် ရေး သားနိုင်သည့် အခွင့်အရေး ရှိသည်။
ဦးကုလား၏ ရာဇ၀င်ရေး ဟန်သည် ခေတ်ရှေ့ပြေးသည်ဟု ဆိုနိုင်သည်။ သို့ ရာတွင် ၎င်းအသုံးပြုသော အထောက်အထားများ သည် ခေတ်သစ်သမိုင်းဆရာများ က ဒဏ္ဍာရီဆန်သည် ဟု ယူဆသည့် အထောက်အထား များ သည် ဖြစ်သည်။ ဦးကုလားရာဇ၀င်တွင် မြန်မာတို့၏ စကြ၀ဠာပေါ်ပေါက်လာပုံကို အယူအဆ၊ အိန္ဒိယတွင် ဗုဒ္ဓသာသနာထွန်းကားလာပုံ၊ အိန္ဒိယမင်းတို့ ၏ ကြိုးပမ်းမှု များ ၊ မြန်မာနိုင်ငံတွင် ပဒေသရာဇ်နိုင်ငံများ ထူထောင်ပုံတို့ကို ဖော်ပြထားသည်။
ဦးကုလား၏ ရာဇ၀င်သည် မင်းတို့၏ အကြောင်းကိုသာ အဓိကထားဖော်ပြထား သည်။ ဦးကုလားသည်မိမိတတ်စွမ်းသမျှ မင်းတို့၏ မျိုးရိုးအဆက်အနွယ်နှင့် အိမ်ရှေ့စံ မင်းသားဘ၀အကြောင်းတို့ကို ဖော်ထုတ်လေ့ ရှိသည်။ မြန်မာမင်းတို့၏ အကြောင်းကို ဖော်ထုတ် ရာတွင်အစောဆုံးမင်းမှ စဥ့်ကူးမင်းသား မဟာဥပရာဇာအား အိမ်ရှေ့စံအဖြစ် အပ်နှင်းသည့် အခမ်း အနားကျင်းပပုံဖြင့် အဆုံးသတ်ထားသည်။
ဦးကုလားသည် မဟာရာဇ၀င်တွင် ၁၆ရာစုနှင့် နောက်ပိုင်းအုပ်စိုးသော မင်းတို့၏ အကြောင်းကို ဖော်ပြခဲ့သည်မှာ ထူးခြားချက်ပင်ဖြစ်သည်။ ထို့ပြင် ဦးကုလားသည် ၎င်း၏ ရာဇ၀င် တွင်အရေး ပါသော အဖြစ်အပျက်အချို့ကိုလည်း အသေးစိတ် ထည့်သွင်းဖော်ပြထားသည်။ ဥပမာ- မင်းတို့၏ ရာဇဘိသိက်ခံပွဲများ ၊ ယိုးဒယားသို့ စစ်ချီပုံတို့ကို ဖော်ပြခြင်းမျိုးပင် ဖြစ်သည်။
ယင်းဖြစ်စဉ်များ သည် ဘုရင့်နောင်မင်းတရားကြီးလက်ထက် (၁၅၅၁-၈၁)က ဖြစ်စဉ် များ ဖြစ်သည်။ တစ်နည်းဆိုရသော် မဟာရာဇ၀င်ကြီး မရေး သားမီ အနှစ် နှစ်ရာခန့်က ပေါ်ပေါက်ခဲ့ သော ဖြစ်စဉ်များ ဖြစ်သည်။ သို့ ဖြစ်၍ ဦးကုလားသည် တောင်ငူခေတ်က နန်းတွင်းအရာရှိများ ၏ ခေတ်ပြိုင်မှတ်တမ်းများ ကို သုံးစွဲခွင့် ရမည်ဟု ယူဆနိုင်ပေသည်။
မဟာရာဇ၀င်ကြီး၏ အခြားထူးခြားချက်တစ်ရပ်မှာ ခေတ်ပြိုင်မင်း သက်ရှိထင်ရှား ရှိစဉ်က ၁၅နှစ်အတွင်း အဖြစ်အပျက်များ ကို ရေး သားခဲ့ခြင်းဖြစ်သည် ။ရှင်မဟာသီလ၀ံသနှင့် အခြားရာဇ၀င်ဆရာများ သည် မင်းတပါးနတ်ရွာစံပြီးမှသာ ထိုမင်းအကြောင်းကို ရေး သားလေ့ရှိ သည်။ ဦးကုလားသည် သူ၏ မဟာရာဇ၀င်ကြီးတွင် မင်းတစ်ပါး၏ ဘ၀ကို ရေး သားရာတွင်မွေးဖွား သည့် အချိန်မှစ၍ နတ်ရွာစံသည်အထိ သက္ကရာဇ်စဉ်အလိုက် ဖော်ပြလေ့ရှိသည်။
ဦးကုလားသည် မဟာဝံသ ရာဇ၀င်ရေး ဆရာနှင့် မတူဘဲ မင်းတို့အုပ်စိုးသည့် ကာလ အတွင်း ပေါ်ပေါက်ခဲ့သည့်အဓိက အဖြစ်အပျက်များ ကို ခြွင်းချန်ခြင်းမရှိဘဲ ရေး သားလေ့ရှိသည်။ ဦးကုလားသည် ရာဇ၀င်ရေး သားရာတွင် မင်းတို့အား မတည်မြဲသည့် သဘောကို ထောက်ပြလေ့ရှိသည်။
ဦးကုလား၏ မဟာရာဇ၀င် တတိယအုပ်၌ ဘုရင့်နောင်မင်းတရားကြီး၏ နောက်ဆုံး နန်းသက်ကာလများ ၊ ၎င်းကို ဆက်ခံသော ငါးဆူဒါယကာဘွဲ့ခံ နန္ဒဘုရင်လက်ထက် အခြေအနေ နှင့်ညောင်ရမ်းမင်းတရားကြီး၏ ညောင်ရမ်းမင်းဆက် အကြောင်းတို့ကို ဖော်ပြထားသည်။
မဟာရာဇ၀င် တတိယအုပ်တွင် ဖော်ပြပါရှိသော အကြောင်းအရာများ တွင် မြန်မာ ယိုးဒယားဆက်ဆံရေး ၊ ပေါ်တူဂီလူမျိုး ငဇင်ကာ၊ မြန်မာနှင့် အရှေ့တောင်အာရှရှိ နိုင်ငံအချို့နှင့် ဆက်ဆံရေး တို့မှာ ခေတ်ပြိုင် မှတ်တမ်းများ နှင့် တိုက်ဆိုင်ခွင့်ရသဖြင့် အကျိုးများ သည်ဟု ဆိုနိုင် သည်။ ဥပမာ-နန္ဒဘုရင်လက်ထက် ဖြစ်ပွားသော စီးချင်းထိုးပွဲတွင် မြန်မာအိမ်ရှေ့မင်းသား ကျဆုံး ရခြင်းမှာ ပြိုင်ဘက် ယိုးဒယားမင်း၏ လက်ချက်ဖြင့် ကျဆုံးရခြင်း ဖြစ်သည် ဟူသော အဆိုအမိန့် ကို ဦးကုလားရာဇ၀င်က အောက်ပါအတိုင်း ချေပခဲ့သည်။
``…….မဟာဥပရာဇာကို မြင်လျှင် ဆင်ကို မဟာဥပရာဇာရှိရာသို့ အပြင်း လွှတ်လာသည်။ ဇာမရိုးစားလည်း ဗြနရစ် လွှတ်လာသည်ကို တိုက်မည်ဟု မျက်နှာ ကိုအုပ်၍ ထားသော ပုဆိုးကိုဖွင့်သည်ကို ဗြနရစ်စီးသော ဆင်ကိုကား မဝှေ့၊ နောက် သို့ ပြန်၍ မဟာဥပရာဇာစီးသော ဆင်ကို အပန်းတကြီး ဝှေ့လေ၍ မဟာဥပရာဇာ လည်း အပန်းတကြီး တိုက်တော်မူရချေသည်။ ယင်းသို့စဉ်တွင် ဆင်ကလည်ချေ သည်နှင့် ယိုးဒယားက လွှတ်လိုက်သော စိန်ပြောင်းသင့်၍ ဆင်ဦးတွင်ပင် မဟာ ဥပရာဇာဆုံးချေသည်။…..´´
အထက်ပါဖြစ်စဉ်ကို ကြည့်လျှင် ယိုးဒယားရာဇ၀င်များ တွင် ဖော်ပြထားသကဲ့သို့ မြန်မာအိမ်ရှေ့မင်းကျဆုံးရသည်မှာ ယိုးဒယားမင်း ဗြနရစ်၏ လှံချက်ဖြင့် ကျဆုံးရခြင်း မဟုတ်ဘဲ ယိုးဒယားဘက်မှ ပစ်လွှတ်လိုက်သော စိန်ပြောင်းကြောင့် ကျဆုံးရခြင်း ဖြစ်ကြောင်း သိသာ ထင်ရှားပေသည်။ ယင်းအဖြစ်အပျက်သည် ဦးကုလား၏ ရာဇ၀င် မရေး သားမီ အနှစ် ၂၀၀က အဖြစ်အပျက်ဖြစ်သော ကြောင့် မြန်မာဘက်က မှားယွင်း ချွတ်ချော်စရာ အကြောင်းမရှိကြောင်း သုံးသပ်နိုင်ပါသည်။
ဦးကုလား၏ မဟာရာဇ၀င် တတိယအုပ်တွင်ပင် မြန်မာတို့၏ နိုင်ငံခြားဆက်ဆံရေး နှင့် စပ်လျဉ်း၍ ဂရုကွန္တာ (Golcoda) ပြည်ထောင်၊ က၀ါပိတ်စရည်း (Goa Viceroy) မှ သံတမန် ရောက်ရှိခြင်းတို့ကို ဖတ်ရှုရသည်။ သို့ဖြစ်၍ ၁၆ ရာစုခေတ် မြန်မာ့ နိုင်ငံခြားဆက်ဆံရေး အခြေ အနေကိုပါ လေ့လာခွင့်ရရှိသဖြင့် အကျိုးများ သည်ဟု ဆိုနိုင်ပါသည်။
မည်သို့ဆိုစေ ဦးကုလား၏ မဟာရာဇ၀င်ကြီးတွင် အားနည်းချက် အနည်းငယ် ရှိစေကာမူ မြန်မာရာဇ၀င်ကို ကနဦးမှ ညောင်ရမ်းခေတ်အထိ အပြည့်အစုံ ဖော်ပြနိုင်ခြင်း၊ နောက်ပိုင်းတွင် ပေါ်ပေါက်လာသော ရာဇ၀င်များ က ရာဇ၀င်ကြီးကို စံထားရခြင်း၊ ကျမ်းပြုဆရာ ဦးကုလား၏ မဟာရာဇ၀င်တွင် ပါရှိသော တောင်ငူခေတ်နှင့် ညောင်ရမ်းခေတ်၏ အရေး ပါသော အဖြစ်အပျက် အကြောင်းအရာ အချို့ကို တိုက်ဆိုင် စစ်ဆေးခွင့် ရသဖြင့် ဦးကုလားအား စံထားရ သော ရာဇ၀င်ဆရာ ဘွဲ့နာမကို ပေးထိုက်ကြောင်း တင်ပြလိုက်ရပါသည်။
ဒေါက်တာကျော်ဝင်း
ပါမောက္ခ၊ဌာနမှူး
သမိုင်းဌာန
ရန်ကုန်တက္ကသိုလ်
ခရစ်နှစ်၊ မဟာသက္ကရာဇ်၊ သာသနာသက္ကရာဇ်၊ ကောဇာသက္ကရာဇ်များ နှင့် စပ်လျဉ်း၍ မှတ်သားရန်
အမှတ်စဉ် ၁ မှ ၉ ရက်စွဲများ ကို ဒေါက်တာဗိုလ်လေး အောင်သူ (ဆေး - ၁) ဗုဒ္ဓဇာတာတော်နှင့် ဖြစ်စဉ် လက်တွေ့ သုတေသနကျမ်း၊ ရန်ကုန် မင်္ဂလာပုံနှိပ်တိုက်၊ ၁၉၈၉ မှ ရယူပါသည်။ အမှတ်စဉ် ၁၀ မှ၃၉ ရက်စွဲများ ကို ဦးကျော်ငြိမ်း၊ ညွှန်ကြားရေး မှူး တက္ကသိုလ်များ သမိုင်း သုတေသန ဦးစီးဌာန ပြုစုပါသည်။
ပန္နရသမ (၁၅)တွဲ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဿ။
သက္ကရာဇ် (၉၃၄)ခု၊ ၀ါဆိုလ တွင် ကောင်းမှု တော်လေးဆူထားသော ဇရပ်သို့ မြန်မာ ဆရာတော်၊ မွန်ဆရာတော်၊ ယွန်းဆရာတော် အပေါင်းတို့အား ပင့်တော်မူ၍ ဆွမ်းလုပ်ကျွေးတော်မူ သည်။ တရားလည်း နာတော်မူသည်။ သင်္ကန်းလျာ ပိတ်အုပ်ခါသာနှင့်တကွ ရဟန်းပရိက္ခရာလည်း များ စွာ လှူတော်မူသည်။ မွန်းယိမ်းသော အခါ၌ လည်း ရဟန်းတို့နှင့်လျောက်ပတ်သော အဖျော်ယမကာတို့ကို စီရင်၍ လှူတော်မူသည်။ ပါဠိ အဋ္ဌကထာ ဋီကာကျနတော်မူသော ဆရာတော်တို့အားလည်း ``ဤဇရပ်တွင် စာပေပို့သ သင်ကြားတော်မူပါ´´ဟူ၍ တောင်းပန်တော် မူ၍ ပို့သသင်ကြားရသည်။ ၎င်းထိုနေ့တွင် ကောင်းမှု တော် ဆံတော်ကို ဌာပနာတော်မူသည်။ စားတော်ခေါ်သော မုနောလင်ပန်း၊ သော က်ရေတော်ဖလား၊ သော က်ရေတော်မြူတာနှင့်တကွ ရွှေအင်း၊ ရွှေကြုတ်တို့ကို ကိုယ်လေးတော်ဘုရား သွန်းစေ၍ န၀ရတ်ကိုးပါး ခြယ်လှယ်စီမံပြီးလျှင် ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏ စီးပွားအလို့ငှာ ရွှေဇရပ်တွင် အစောင့်အနေနှင့်တကွ ထားတော်မူသည်။
၎င်းထိုသက္ကရာဇ်တွင် ဟံသာဝတီမြို့တော်မှာ အလျား တစ်ဆယ့်ငါးလံ သုံးတောင်၊ အ၀လေးလံရှိသော သင်္ဘောခုနှစ်စင်း တည်တော်မူသည်။ ပြီးလျှင် အရင်းအနှီးနှင့် ကုန်တော်ဝယ်မဲ့လပုတ် သို့ လွှင့်ရသည်။ ၎င်းထိုလတွင် ကောင်းမှု တော် မဟာစေတီကို ထီးဖြူတစ်ရာ၊ ကုက္ကားတစ် ရာ၊ တန်ဆောင်တိုင်တစ်ရာ၊ ရွှေပေါက်တစ်ရာ၊ ငွေပေါက်ပေါက် ဆီမီးတန်ဆောင်ထွန်း၍ ပူဇော် တော်မူသည်။ ကိုယ်လေးတော် ရှေးဘုရား တွင်လည်း သရီရ ဓာတ်တော် အဆူသုံးရာ ဌာပနာ တော်မူသည်။ ၀တ်တော်မူသော နီလာကောင်းနှစ်စေ့ကိုလည်း မျက်လုံးတော်တွင် တပ်တော်မူ သည်။ ထိုအခါ မြေကြီးငလျင်ပြင်းစွာ လှုပ်သည်။
၎င်းဝါခေါင်လပြည့်ကျော် ၆ရက်၊ အင်္ဂါနေ့ သားတော် အိမ်ရှေ့မင်း မိုးကောင်းကပြန်၍ ဟံသာဝတီသို့ ရောက်တော်မူ၏ ။ လင်းဇင်းမြို့မှာ လည်း လင်းဇင်းမင်း ဗြစ်စစ်သည် ဆင်မြင်းဗိုလ်ပါ အများ နှင့် လ၀ိုက်သို့ ချီ၍ လုပ်ကြံလေသည်ကို လ၀ိုက်မင်းက ဆီးကြို၍ တိုက်လေသည်။ လင်းဇင်း မင်းဗြဲစဲစစ်လည်း ဆုံးလေ၏ ။ ဆင်းမြင်းဗိုလ်ပါ အများ လည်း ရလေသည်။ ယင်းသို့ ဖြစ်လျှင် လင်းဇင်းမင်းအမတ် ဗညားငသည် မည်သော သူသည် လင်းဇင်းမင်းဆင်မြင်းဗိုလ်ပါတို့ကို သိမ်းယူပြီးလျှင် မညီမညွတ်သော အမှူးအမတ်တို့ကို သတ်၍ လင်းဇင်းမြို့ကို မင်းပြုတော်မူ လေ၏ ။ သားကိုလည်း ဗညားလကွန်းဟူသော အမည်နှင့် အိမ်ရှေ့ပေးလေ၏ ။
၂။ လင်းဇင်းအရေး ဆွေးနွေးခြင်း
ထိုအကြောင်းကို ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရား ကြားတော်မူလျှင် ညီ တော် သားတော် မှူးတော် မတ်တော် အပေါင်းတို့ကို ခေါ်တော်မူ၍ ``လင်းဇင်းမြို့သည် မဟာနဂ ရတိုင်းဖြစ်၍ ထင်းရှားသော ပြည် ဖြစ်သည်။ ထိုပြည်ကို အစဉ်မင်းပြုသော ဧကရာဇ်တို့သည်လည်း အဘမရှိလျှင် သားမင်းပြုသည်။ သားမရှိလျှင် ညီးမင်းပြုရသည်။ ယခုလည်း လင်းဇင်းမင်းကြီးသား ဗြဲစဲစစ် ညီဥပရာဇာသည် သားတော် အရင်းနှင့်အတူ မှတ်တော်မူ၍ အလုံးအရင်း ဆင်မြင်း သနားတော်မူ၍ မပြတ်မြဲစွဲရသော ၊ ဥပရာဇ် မင်းပြုမည့်သူ ရှိလျက်ကို ဗညားငသည် လင်းဇင်းမြို့ကို မင်းပြုသာသည် မဟုတ်သေး၊ မဟာဥပရာဇာ သားအစဉ်အတိုင်း မင်းပြုရမည်´´ ဟူ၍ အမိန့်တော် ရှိသည်။ ဗညားဒလလည်း မှူးတော်မတ်တော်တို့နှင့် တိုင်ပင်၍ စေသည်။ ရာဇသံတွင် မှာ သည် စကားကား-
``တိုင်းကြီးပြည်ကြီးအပေါင်း ထီးဆောင်း မင်းတကာတို့၏ အရှင် ဆင်ဖြူ ဆင်နီများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရား အမိန့်တော်ရှိသည် ဗညားငသည် …..လင်းဇင်းပြည်သည် မဟာနဂတိုင်းဖြစ်သည်။ ထိုတိုင်းကို အစဉ်မင်းပြုသော သူတို့သည်လည်း အဘမရှိလျှင် သားမင်း ပြုသည်။ ယခုလည်း ငါ့အပါးတော်တွင် လင်းဇင်းမင်းအကြီးသား ဗြစဲစစ်ညီ ဥပရာဇ်သည် သားတော် အရင်းနှင့် အတူမှတ်တော်မူ၍ ဆင်လုံးမြင်းရင်းအများ နှင့် မင်းပြုမည်သူ ရှိသည်ကို ဗညားင သည် လင်းဇင်းကို မင်းပြုရာမှာ မင်းပြုသာမည်မဟုတ်။ ဥပရာဇ် အစဉ်အတိုင်း မင်းပြုရာမည် ဖြစ်သည်။ဗညားငသည်ကိုလည်း မရှုတ်မချ၊ ငါသူကောင်းပြုရမည်´´ဟူ၍ ရွှေပေတွင် ရေး စေပြီးလျှင် သမန္တရတ်နှင့် တုရင်ကျော်သူကို စေတော်မူသည်။
လင်းဇင်းသို့ ရောက်၍ မှာ တော်မူသည့် စာကို ဗညားငသည် ကြားလျှင် မကျစ်မလျစ်မချေ မငံသော စကားကိုဆို၍ သံတို့ကို သတ်မည်ကြံသည်။ ထိုအခါ ဗညားငသည် ဆရာဖြစ်သော မဟာရတ် အမည်ရှိသော ပုဂ္ဂိုလ်သည် ဤသို့ ဗညားငသည်ကို ဆိုလေ၏ ။ ``ရှေးမင်းတကာတို့ သည် စေသော တမန်တို့ကို သတ်ညှစ်သည်ဟူ၍ မကြားစဖူးလေ၊ သို့ သည် သံကို သတ်မည်ဆို သည့် အရာမှာ သတ်သင့်သည် မဟုတ်၊ အကြောင်းမှာ လည်း ဟံသာဝတီမင်းတရားကြီးသည် ဖြစ်ဆန်းဧကရာဇ် မဟုတ်ချေ၊ သား သမတ် ညီ စသော မှူးကောင်း မတ်ကောင်း ဆင်ကောင်း မြင်း ကောင်း သူရဲသူခက်ကောင်းတို့သည်လည်း မြေကြီးအထုနှင့်အတူ များ လှသည်။ အကြိမ်ကြိမ် ချီလာသမျှလည်း ခံ၍ မတိုက်ဝံ့ချေ။ ပြည်ရွာအပေါင်းတို့သည် ပျက်စီးကြေမွ၍ ရှိချေသည်``ဟု ဆိုမှ သံတို့ကို နှင်လိုက်လေသည်။ သံတို့လည်း ညဥ့်နေ့မဆိုင်း ပြေးလာ၍ ဟံသာဝတီသို့ ရောက် လျှင် ဗညားငသည် ဆိုသော စကားကို အကြွင်းမဲ့ နားတော်လျှောက်လေ၏ ။
၃။ လင်းဇင်းအရေး ဗညားဒလ လျှောက်ခြင်း
ဆင်ဖြူများ သခင် ဘ၀ရှင် မင်းတရားကြီးဘုရားလည်း အမျက်တော်ပြင်းစွာ ရှိသော်လည်း အမျက်တော်မရှိသကဲ့သို့ ချုပ်ရုပ်တော်မူ၍ ညီတော်သားတော် မှူးတော် မတ်တော် မင်းပြုသော ဗညားငသည် ငါက စေတော်မူသည်ကို မချေမငံ အတောင့်အတင်းသာ ဆို၍ နေလေသည်။ မိုးကောင်းစား, မိုးညှင်းစားငယ်တို့လည်း သော င်းကျန်းထောင်ထားရလေသည်။ ဤသို့ ပြည်ထဲ မငြိမ်မ၀ပ် ရှိသည်များ မှာ ငါ့ညီတော် သားတော် မှူးတော် မတ်တော်အပေါင်းတို့သည် ကျေးဇူးတော်ကိုသာ စား၍ အမှု တော်ကို ကြိုးစားအားထုတ် ထမ်းမည်ဟူ၍ မလျှောက်ကြကုန်´´ အမိန့်တော်ရှိသည်ကို ဗညားဒလ ဤသို့ နားတော်လျှောက်သည်။
``လင်းဇင်းကျေးစပ် သော င်ရက်သို့ ကျွန်တော် သွား၍ ဗညားငသည်ကို အရေး အရာဆို မည်။ ယင်းသို့ ဆို၍ အရေး တော် မပြီးမှ ညီတော် သားတော်တို့ကို အလုံးအရင်း အများ နှင့် ချီစေ ၍ လုပ်ကြံတော်မူသင့်သည်´´ဟူ၍ နားတော်လျှောက်သင့်သည်။
၎။ ဗညားဒလ အရေး တော်ဆိုရန် ချီခြင်း
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ``သည်အရေး သည် သင့်လှသည်၊ ဗညားဒလသွား၍ အရေး အရာဆိုချေ´´အမိန့်တော်ရှိပြီးလျှင် ဗညားဒလတွင် တိုက်ဆင်တစ်ရာ၊ မြင်း တစ်ထောင်၊ ဗိုလ်တစ်သော င်း၊ တောင်ပိုမြို့ကိုစားသော ဝေလုသုမဏကို စစ်ကဲခန့်တော်မူ သည်။ သမိန်ပိုက်ညဲတပ်တွင် တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ ဗိုလ်တစ်ထောင်၊ စွယ်ယမြို့ကို စားသော သရေပုညကို စစ်ကဲခန့်တော်မူသည်။ သည်နှစ်တပ်ကို သော င်ရက်သို့ အလျင်ချီရလေသည်။ ဇင်းမယ်ကလည်း ဗညားငသည်လုံးတစ်တပ်၊ ဗညားသံလိုက်တစ်တပ်၊ သည်နှစ်တပ်ကို တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ ဗိုလ်တစ်သော င်းနှင့် သော င်ရက်သို့ ချီလေဟူ၍ စေတော်မူ သည်။ ယိုးဒယားကလည်း သြယားပိဿလောက်တစ်တပ်၊ သြယားသုဝဏ္ဏလောက်တစ်တပ်၊ သြ ယားပိတ်စဲ တစ်တပ်၊ သည်သုံးတပ်ကို တိုက်ဆင်သုံးရာ၊ မြင်းတစ်ထောင့်ငါးရာ၊ ဗိုလ်သုံးသော င်း နှင့် သော င်ရက်သို့ ချီလေတော်မူသည်။ ဗညားဒလတို့ နှစ်တပ်သားလည်း ဇင်းမယ်ကို မငံ့ဘဲ သော င်ရက်သို့ အလျင်ချီလေ၏ ။ သော င်ရက်သို့ ရောက်လျှင် လင်းဇင်းမင်းက အရေး အရာ မဆိုသော ကြောင့် ဗညားဒလကား ဤသို့ စေ၏ ။ ရာဇသံတွင် မှာ သည်ကား-
``ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ၊တိုင်းကြီးပြည်ကြီးအပေါင်းထီးဆောင်းမင်းတကာတို့၏ အရှင်ဖြစ်တော်မူသော ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရား အဂ္ဂမဟာသေနာပတိအကြောင်းကြား ရောက်သည်။ လင်းဇင်းနိုင်ငံတော်အပေါ်၌ နေသော ခပ်သိမ်းသော သတ္တ၀ါအ ပေါင်းတို့ကို ရင်တော်၌ ဖြစ်သော သားတော်ရင်းကဲ့သို့ သနားတော်မူ၍ ဆင်းရဲအပေါင်းတို့ကို ရင်တော်၌ ဖြစ်သော သားတော်ရင်းကဲ့သို့ သနားတော်မူ၍ ဆင်းရဲအပေါင်းတို့ကို ပယ်တော်မူခြင်းငှာ အလိုတော်ရှိသော ရေမြေသခင် ဘ၀ရှင် မင်းတရားကြီးဘုရားလည်း မြတ်သော ရွှေနှလုံးတော်နှင့် ပြည့်စုံတော်မူ၍ ချီတော်မူလေရာရာ အောင်ခြင်းကိုသာရတော်မူသည်။ထိုသို့ ဘုန်း လက်ရုံး အာဏာ ပညာ အမြင်နှင့် ပြည်စုံတော်မူသော ဧကရာဇ်မင်းမြတ်တို့ကို သင့်မသင့်၊ ရာမရာကို ဟံသာဝတီ ရွှေပြည်တော်တိုင်အောင် လျှောက်လာကောင်းလျက် မလျှောက်သော ကြောင့် သေနာပတိ သွား၍ အရေး အရာ ဆိုချေ။ သို့ ဆိုလျက်ကို အရေး အရာမပြီးလျှင် မြေကြီအထုနှင့် တူသော ဆင်လုံး မြင်းရင်း အများ နှင့် ချီတော်မူ၍ ငါလုပ်ကြံတော်မူမည်။ အမိန်တော် အရေး တော် စမ်းလာစေသည်´´
ဟူ၍ ရာဇသံတွင် မှာ သည်။
၅။ ဗညားဒလ လင်းဇင်းမင်းကို တိုက်ရန်ကြံခြင်း
ယင်းသို့ မှ လင်းပတေ့စားနှင့် ဇာပန်းစားကို သော င်ရက်ကသည် လင်းဇင်းသို့ စေသည်။ ရောက်၍ ရာဇသံစာကို လင်းဇင်းဗညားငသည် ကြားလျှင်သံနှစ်ကောင်ကို သတ်မည်အခြင်းအရာ ကို ပြုလေ၏ ။ ထိုအကြောင်းကိုဗညားငသည် ဆရာ မဟာရတ် ပုဂ္ဂိုလ်ကြားလျှင် သို့ ဆိုလေ၏ ။ ``ရှေးအထက်က မင်းတရားကြီး စောလာသော ခါလည်း မချေမငံဆို သံကိုသတ်မည်ပြုသော ကြောင့် မဟာရတ် ပုဂ္ဂိုလ်ဆို၍ အရေး မပျက် ရှိဖူးလေပြီ၊ ယခုသေနာပတိက စေလာသော သံတို့ ကိုသတ်မည်ပြုပြန်သည် အရာသည် မင်းဧကရာဇ်တို့၏ အကျင့်မဟုတ်´´ ဟူ၍ မိန့်တော်မူသည်။ ယင်းသို့ မှ ဆင်းကောင်းမြင်းကောင်း ရှိသရွေ့ကို သံတို့ကို ပြပြီးလျှင် ``ယခုငါ့ကို ရန်ပြုမည်ဟူ၍ လာသည်မှာ သေနာပတိ ဗညားဒလလာသည်ကို မဆိုနှင့်ဦး၊ မင်းတရားကြီးပင် လာသော်လည်း ငါ့ ဆင်အစွယ် အကုန်ကျိုးလေမှ ငါ့ကိုနိုင်မည်´´ဟူ၍ မှာ လိုက်ပြီးလျှင် သံတို့ကို လွှတ်၍ ပြန် လာသည်။ သံတို့ရောက်၍ မှာ သည့်စကားကို ဗညားဒလကြားလျှင် ``ငါသို့ သော အဂ္ဂမဟာသေနာပတိက အရေး စကားဆိုသည်ကို ဗညားငသည်မချေမငံသော စကားကို ဆိုရလေသည်။ ယခုပင် ငါချီ၍ လင်းဇင်းသားတို့ကို တိုက်တော်မူမည်´´ဆိုသည်ကို တပ်မှူးစစ်ကဲတို့ ဤသို့ ဆိုကုန်၏ ။ ``ယခုလင်းဇင်းသို့ ချီ၍ လုပ်ကြံမည် မင်းကြီးလုပ်ရာမှာ ကျွန်ုပ်တို့တွင် ပါသည့် အလုံးအရင်းလည်း နည်းလှသည်၊ ဆင်မြင်းလည်း ဆင်ငယ်သာဖြစ်သည်။ သူ့ဆင်ကို အားမတန် ချေ။ယိုးဒယားက သြယားပိဿလောက်၊ သြယားသုဝဏ္ဏလောက်၊ သြယားပိတ်စဲတို့သည် ယခုတိုင်အောင်မှ မရောက်။ ဇင်းမယ်က ဗညားငသည်လုံး၊ ဗညားသံလန်တို့လည်း ယခုမရောက်။ ကျွန်ုပ်တို့လည်း သော င်ရက်တွင် ခုနှစ်လခန့်ရှိပြီး မျိုးရိက္ခာကုန်၍ ရှာကြံသော်လည်း မရသော ကြောင့်ရဲမက်အပေါင်းတို့လည်း ငတ်မွတ်ညှိုးငယ်ကြကုန်သည်။ ယင်းသို့ကို ယခုချီမည် မိန့်တော် မူသည့် အရာသည် သင့်မည်မထင်။ ယင်းသို့ ဖြစ်သော ကြောင့် ယိုးဒယားကျေးလတ်သားတို့ရေ ကြောင်းချီလာမည် ဆိုသည်ကို မျိုးစေ့ရက္ခာ ရှာရမည်နှင့် ဆီးကြို၍ ပေါင်းမိသည်ဖြစ်မှ တစ်ချက် တည်း ရေကြောင်း၊ ကြည်းကြောင်းလင်းဇင်းသို့ သင့်မည်´´ ဟူ၍ ဆိုကုန်သည်။
၆။ ဗညားဒလ ကြမ္မာကုန်ခြင်း
ဗညားဒလသည်း ``အစားအသော က်မရှိသည် အမှန်ဖြစ်တော့သည်။ သည်တွင် ရှာစေ သော်လည်း စားလောက်အောင်မရ၊ အခက်ပင်ဖြစ်တော့သည်။ အစ်ကိုတို့ တပ်မှူး စစ်ကဲစိတ်ညီ လျှင်မျိုးစေ့ရိက္ခာရှာမည်နှင့် ရေကြောင်းချီလာသူတို့ကို ဆီးကြိုတော့´´ဆိုသည်။ တပ်မှူး စစ်ကဲ အပေါင်းတို့သည် တစ်ချက်တည်း နှလုံးညီကြပြီးဖြစ်၍ ယိုးဒယားကျေးလက်သို့ ဆီးကြိုမည်ဟူ၍ ပြန်၍ ချီကြသည်။ သြယားပိဿလောက်တို့က ရေကြောင်းချီလာသည်။ ဗညားဒလတို့ သော င်ရက် က ပြန်လာပြီးဟူ၍ ကြားလျှင် အရေး ပြီး၍ ပြန်လာသည် အမှတ် ရှိသော ကြောင့် မိမိတို့မြို့သို့ ပြန် ကြလေသည်။ ဇင်းမယ်က ချီလာသော ဗညားငသည်လုံး၊ ဗညားသံလန်တို့လည်း ဗညားဒလပြန် လာပြီးဟူ၍ ကြားလျှင် သော င်ရက်သို့ အရောက်မချီဘဲ ခရီးလမ်းက ပြန်၍ ဗညားဒလပြန်လာ ကြောင်းကို ရွှေဖ၀ါးတော်အောက်သို့ လျှောက်လာသည်။ ဆင်ဖြူများ သခင် ဘ၀ရှင် မင်းတရားကြီး ဘုရားလည်း ဗညားဒလကို အမျက်တော်ရှိ၍ အလုပ်အကျွေး ကျွန် ၅ ယောက်နှင့်သာ ဇနကံ ဟူသော ယိုးဒယားကျေးတွင် ထားတော်မူ၏ ။ ပိုက်ညဲ အစရှိသော တပ်မှူး စစ်ကဲ အပေါင်းတို့ကိုမူ ကားပင်းသကားနှင့်ချည်း ဟံသာဝတီသို့ ယူတော်မူပြီးလျှင် စစ်မေးတော်မူ၍ ကျေးကျွန်သင်းပင်းတို့ ကို ရုပ်ယူတော်မူသည်။ ဗညားဒလကို ထားတော်မူ၍ ငါးလခန့်ရှိလျှင် ဇနကံ ဟူသော အရပ်သည် နာဖျားတတ်သည်ဟု ယိုးဒယားမင်းက ယူ၍ မန်ပိုက်တွင် ထားစေသည်။ ဗညားဒလကို ပြောင်း၍ ထားကြောင်းကိုလည်း ယိုးဒယားက ရွှေဖ၀ါးတော်အောက် လျှောက်လာသည်။ မည်သို့ မျှ အမိန့်တော်မရှိ။ ဗညားဒလလည်း ကမန်ပိုက်သို့ ရောက်၍ တစ်လခန့်ရှိလျှင် ကြမ္မာကုန်လေ၏ ။
၇။ဒဂုံဆံတော်ရှင်ဘုရားထီးတော်တင်ခြင်း
သက္ကရာဇ်(၉၄၃)ခု၊ သီတင်းကျွတ်လပြည့်ကျော် ၂ရက်၊ တနင်္လာနေ့ ဒဂုံဆံတော်ရှင်ဘုရား မြတ်စွာ ကို ထီးတော်တင်တော်မူသည်။ သဘင်ခံတော်မူ၍ ရက်လည်အောင် ဆွမ်းလုပ်ကျွေးတော် မူသည်။ ပရိက္ခရာရှစ်ပါးလည်း အစုံခုနှစ်ရာ လှူတော်မူသည်။၎င်းတပို့တွဲ လဆန်း ၄ ရက် တနင်္လာ နေ့ မကာရစန်းလဂ်ကို သားတော် သင်္ဃတတ္တ ဆံချတော်မူသည်။ သက္ကရာဇ် (၉၃၅)ခု၊ နယုန်လ ဆန်း ၁၀ ရက် စနေနေ့ နဦးယည်တော်တွင် သီးသော အုန်းသီး ၊ ကွမ်းသီး၊ လိမ္မော်၊ ခရမ်း၊ ပိန်း စသော သစ်သီးဖိုး၊ စံပယ်ကြရုန်း အစရှိသော ပန်းဖိုးရသည့် ကြေးစင်တစ်ထောင်ကို ဘုရားကြီး သွန်းတော်မူသည်။ ထိုနေ့၌ ဆင်တော် ဟူသရွေ့ကို အမည်သမုတ်တော်မူသည်။ ၎င်းသီးတင်း ကျွတ်လပြည့်ကျော် ၇ ရက် ဗုဒ္ဓဟူးနေ့ အနန်က ဆင်ဖြူရောက်လာ၍ နန်းတွင်းသို့ သွင်းတော်မူ သည်။
၈။ သိန်းဃိုက သမီးတော် ဆက်သလာခြင်း
၎င်းသီတင်းကျွတ်လကွယ် တနင်္လာနေ့ သိန်းဃိုမင်းက ချစ်မြတ်နိုးလှစွာ သော သမီးကို အခြွေအရံနှင့်တကွ သင်္ဘောတွင် တင်၍ ဆင်လာသည်။ ပုသိမ်သင်္ဘောဆိပ်သို့ ရောက်လာသော အကြောင်းကို လျှောက်လာ၍ ကြားလျှင် လှော်ကားနှစ်စင်းတွင် သာယာလှစွာ သော ဒ၀ယ်နှစ်ထပ် လုပ် လုပ်စေ၍ အမိုးအရံဇရပ် လုပ်စေပြီးလျှင် ကတော်ကြီးလေးပါးတို့ကို အဆောင်ယောင်းကျင်းပ စေလျက် ဖောင်တွင်စီးစေ၍ သင်္ဘောဆိပ်တိုင်အောင် ကြိုသည်။ ဖောင်ကိုလှော်ကားနီ လေးစီးငင် ရသည်။ မှူးတော်မတ် တော်အပေါင်းတို့ကိုလည်း မိမိတို့ရသော လှေမှတ်နှင့်လှော်ကားကြော့လှေ သုံးရာကျော် ၀န်းရံ၍ လိုက်ရသည်။ စည် မောင်း ခရာ ပတ်သာ စောင်း ငြင်း ဗုံ လင်းကွင်း မြစ်လုံးပဲ့ တင်ထပ်မျှတီးမှု တ်စေလျက် ပုသိမ်သင်္ဘောဆိပ်ကသည် ဟံသာဝတီသို့ ဆောင်ယူသည်။ ရောက်လျှင် မှူးတော် မတ်တော် ရဲမတ် ဗိုလ်ပါအများ ခြံရံစေ၍ မုတ်လှနှင့် သွင်းတော်မူရသည်။ နန်းတွင်းမှာ လည်း ကောင်းမွန်သာယာလှစွာ သော အိမ်နှင့် အထိန်းအချီ ပေး၍ နေရသည်။
၎င်းနတ်တော်လပြည့်ကျော် ၂ ရက် တနင်္လာနေ့ ကြေးဘုရားကြီး ထားစရာ ထူးစန်းလှစွာ သော ပြာသာဒ်ကို ဆောက်တော်မူသည်။ ယင်းသည့်နေ့ပင် ဇင်းမယ်မှာ မဟာစေတီဘုရားကြီး ပြိုပျက်လေသည်ကို ငွေ ၃၀၀ ကျပ် လှူတော်မူ၍ အုတ်ဖိုးငွေ သုံးရာ ငါးပိဿာ လှူတော်မူ၍ လုပ်ပြန်ရသည်။
၉။ သားတော်၊ သမီးတော်များ အားချီးမြှင့်ခြင်း
၎င်းတပို့တွဲ လပြည့်နေ့ သားတော် ဥတ္တမရာဇ်ကို သမီးတော် ခင်းဘုန်းမြတ်နှင့် စုံဖက်တော် မူသည်။ ကွမ်းခွက်ရှစ်မြှောက်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြားငါးရစ်စီထွေးအင်၊ ရွှေချက်တစ်စင်းမြင်းရွှေကြိုးရွှေက၊ ဆင်ပေါင်ဝန်း၊ ရွှေရေး စည် ခုနှစ်လုံး၊ နှဲသုံးစင်း၊ ခရာနှစ်စင်း၊ အမတ် သား တစ်ကျိတ်၊ ဆင် ဆယ်စီးနှင့်တကွ စစ်ကိုင်းမြို့ကို ပေးတော်မူသည်။ သမီးတော်ကိုလည်းပတ္တမြားမြိတ်ရစ် မြိတ်ဆံနှင့်တကွ ကွမ်းခွက်။ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြားသုံးရစ်စီထွေးအင်၊ ကျိုင်းကြီး ရွှေချက်၊ ကျိုင်းငယ် ရွှေချက်နှစ်စင်း၊ အပျိုစီးဝေါ ပေးတော်မူသည်။
သားတော် ရှင်နန်းမြင့်ကိုလည်း သမီးတော် သီလ၀တီနှင့် စုံဖက်တော်မူ၍ ကွမ်းခွက် ရှစ်မြှောင့်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြား တစ်ရစ်စီ ထွေးအင်၊ ရွှေချက်တစ်စင်း၊ မြင်းရွှေကြိုးရွှေက၊ ဆင်ပေါင်ဝန်း၊ ရွှေရေး စည်ခုနှစ်လုံး၊ နှဲ ၊ ခရာ ။ အမတ်သား တစ်ကျိပ်၊ ဆင် ဆယ်စီးနှင့် တကွ တောင်တွင်းမြို့ကို ပေးတော်မူသည်။ သမီးတော်ကိုလည်း ပတ္တမြားမြိတ်ရစ် မြိတ်ခံနှင့်တကွ ကွမ်းခွက်ရှစ်မြှောင့်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြားသုံးရစ်စီ ထွေးအင်၊ ကျိုင်းကြီး ရွှေချက်၊ ကျိုင်းငယ် ရွှေချက်နှစ်စင်း၊ အပျိုစီးဝေါ ပေးတော်မူသည်။
သားတော် ရှင်ဥပုတ်ကိုလည်း သမီးတော် နဲသီလနှင့် စုံဖက်တော်မူ၍ ကွမ်းခွက် ရှစ်မြှောင့်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြား တစ်ရစ်စီ ထွေးအင်၊ ရွှေချက်တစ်စင်း၊ ရွှေကြိုးရွှေက၊ ဆင်ပေါင်ဝန်း၊ ရွှေရေး စည်ခုနှစ်လုံး၊ နှဲ၊ ခရာ ။
အမတ်သား တစ်ကျိပ်၊ ဆင် ဆယ်စီးနှင့် တကွ ညောင်ရမ်းမြို့ကို ပေးတော်မူသည်။ သမီးတော်ကိုလည်း ပတ္တမြားမြိတ်ရစ် မြိတ်ခံနှင့်တကွ ကွမ်းခွက်ရှစ်မြှောင့်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြားသုံးရစ်စီ ထွေးအင်၊ ကျိုင်းကြီး ရွှေချက်၊ ကျိုင်းငယ် ရွှေချက်နှစ်စင်း၊ အပျိုစီးဝေါ ပေးတော်မူသည်။
သားတော် ၀ရဓမ္မကိုလည်း သမီးတော် သုခ၀တီနှင့် စုံဖက်တော်မူ၍ ကွမ်းခွက် ရှစ်မြှောင့်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြား တစ်ရစ်စီ ထွေးအင်၊ ရွှေချက်တစ်စင်း၊ မြင်းရွှေကြိုးရွှေက၊ ဆင်ပေါင်ဝန်း၊ ရွှေရေး ၊ အမတ်သား တစ်ကျိပ်၊ ဆင် ဆယ်စီးနှင့် တကွ မော်လမြိုင်မြို့ကို ပေးတော်မူသည်။ သမီးတော်ကိုလည်း ပတ္တမြားမြိတ်ရစ် မြိတ်ခံနှင့်တကွ ကွမ်းခွက်ရှစ်မြှောင့်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြားသုံးရစ်စီ ထွေးအင်၊ ကျိုင်းကြီး ရွှေချက်၊ ကျိုင်းငယ် ရွှေချက်နှစ်စင်း၊ အပျိုစီးဝေါ ပေးတော်မူသည်။
၎င်းတပို့တွဲ လပြည့်ကျော် ၂ ရက် သော ကြာနေ့ ကောင်းမှု တော် မဟာစေတီတော် မျက်နှာက ဟံသာဝတီတွင် မင်းအဆက်ဆက်တို့ မဆောက်မလုပ်ဖူးလေအပ်သော ကောင်းမွန်လှစွာ သော သုဒဓ္မရာဇရပ်ကို ဆောက်လုပ်တော်မူ၍ အတွင်းပြင်ကို ရွှေအပြည့် ထည့်တော်မူသည်။
၎င်းတပေါင်းလဆန်း ၇ ရက် ဗုဒ္ဓဟူးနေ့ ရာဇဒေ၀ီ ရှင်မိဖုရားသားတော် မင်းသားစစ်ကို ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ သမီးတော် ဆင်ဖြူရှင် မယ်တော်နှင့် စုံဖက်တော်မူသည်။ ယင်းသည်နေ့ပင် ရာဇဒေ၀ီ ရှင်မိဖုရား သမီးတော် ရာဇဓာတုကလျာကို နားထွင်းတော်မူသည်။
၁၀။ ဒဂုံဆံတော်ရှင်ဘုရားသို့ ကြွရောက်ခြင်း
၎င်းတပေါင်းလပြည့်နေ့ ရှင်မိဖုရား အစရှိသော သားတော်၊ သမီးတော် မောင်းမမိဿံမှူးတော် မတ်တော် ကတော်စိုးမင်း ခြံရံလျက် ရတနာ အတိပြီးသော ဟင်္သာရုပ်ရွှေဖောင်တော်စီး၍ လှေရံလှော်ကားသုံးရာကျော် တိုက်လှေ ကတ္တူ လွန်းကြင်တစ်ကောင် မြစ်လုံး ပဲ့တင်ထပ်၍ ရေကြောင်း ဒဂုံဆံတော်ရှင်ဘုရားသို့ ကြွတော်မူသည်။ ကြည်းမှာ လည်း တပ်နှစ်ဆယ် စီရင်တော်မူ၍ ချီရသည်။ ရောက်တော်မူလျှင် သဘင်ကြီးစွာ ခံတော်မူသည်။ ထီးကျလေသည်ကို တင်တော်မူသည်။ ရွှေဆည်းလည်း၊ မိုးကြိုးဆည်းလည်း၊ ငွေဆည်းလည်း လှူတော်မူသည်။ ဆင်တော်မူသော မကိုဋ်တော်နှင့်တကွ ရွှေအချိန် သုံးဆယ့်နှစ်ပိဿာကိုလည်း မျက်ပါးခတ်၍ ထီးချရာသီးကသည် မြေကြီးတိုင်အောင် ရွှေထည့်တော်မူသည်။ ဆီမီးမြင်းမိုရ်လည်း နှစ်ဖက်ဆောက်လုပ်စေ၍ ဆီမီးလှူတော်မူသည်။ ဘုရားတွင် ငါးရက်နေတော်မူ၍ ရေအား၊ ကြည်းအား နှင့် ပြန်တော်မူသည်။
၁၁။ ဘုရားအနေကဇာတင် အလှူတော်ပေးခြင်း
ရွှေနန်းတော်သို့ ရောက်တော်မူလျှင် ရွှေရုပ်တု၊ မိုးကြိုးရုပ်ထု၊ ငွေရုပ်တု၊ ပဉ္စလောဟာ ရုပ်တုတို့ကို အနေကဇာတင်တော်မူသည်။ ယင်းသော ခါ ပင့်သော သံဃာတော်ကား မြန်မာပြည် အလုံး၊ မွန်ပြည်အလုံး၊ ယွန်းပြည်အလုံး၊ ရှမ်းပြည်အလုံးတွင် ရှိသော ကျောင်းနေပုဂ္ဂိုလ်အပေါင်း သုံးထောင် ငါးရာငါးကျိပ်ငါးတို့ကို ဘုရားဝန်းကျင်တွင် မဏ္ဍပ်ကနားကြီး အဆောင်ဆောင် ဆောက်၍ ဆွမ်းလုပ်ကျွေးတော်မူသည်။ ပရိက္ခရာ ရှစ်ပါးနှင့်တကွ ခါသာ, ပိတ်အုပ်, အုံး , မွေ့ရာ, ကော်ဇော, ငြုပ်, ကွမ်းသီး, ဘယဆေးများ စွာ အစေ့အနှံ လှူတော်မူသည်။
ဟံသာဝတီ ရွှေမြို့တော်တွင်ရှိသော မစားရတတ် မ၀တ်ရတတ်သော သူတို့အားလည်း ပုဆိုးတစ်ထည် , အင်္ကျီတစ်ထည် , ကြေးသုံးပိဿ, ဆန်တစ်စိတ် လှူတော်မူသည်။ ပုဆိုးပေါင်း ငါးထောင့်လေးရာ, ကြေးပေါင်း တစ်သော င်းခြောက်ထောင်နှစ်ရာ၊ ဆန်ပေါင်း အတင်း သုံးရာငါးဆယ် သည် အလှူတော်များ ကို တံခါးတွင် မှူးတော် မတ်တော်များ ကို ကြပ်မတ်၍ လှူရသည်။ ဗျတ္တိ ဗလနှင့် ပြည့်စုံသော မြန်မာသာမဏေတို့ကိုလည်း ယင်းသည်နေ့ပင် ကလျာစီသိမ်တွင် ပဉ္ဇင်းခံတော်မူသည်။ အဋ္ဌကထာဋီကာကျမ်း တစ်ရာတစ်ဆယ့်လေးကျမ်း ကိုလည်း အဝေးသံဃာတို့အား တစ်ကျမ်းစီ အပ်တော်မူသည်။ ဆန်၊ ဆား၊ ငါးပိလည်း သုံးဆောင်လောက်အောင် အဝေး သံဃာတို့အား လှူတော်မူ၍ ကောင်းမွန်စွာ ပို့ရသည်။
၁၂။ သားတော်၊ သမီးတော်များ အား ချီးမြှင့်ပြန်ခြင်း
၎င်းတပေါင်းလပြည့်ကျော် ၁၂ ရက် တနင်္ဂနွေနေ့ သမီးတော် ခင်ဖုန်းမြင့်ကို ၀က္ကမူ မင်းကြီး သားတော် နန္ဒမိတ်နှင့် စုံဖက်တော်မူ၍ ကျပ်မြင်းမိုရ်၊ လက်ဖက်အိုး၊ ပတ္တမြား တစ်ရပ်စီ၊ ကျိုင်းရိုး ကြံဆစ် ပေးတော်မူ၍ နေရာလွတ်နေရသည်။ သမီးတော်ကိုလည်း ပတ္တမြားမြိတ်ရစ် မြိတ်ခံနှင့် ကွမ်းခွက်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြားသုံးရစ်စီ ထွေးအင်၊ ကျိုင်းကြီး ရွှေချက်၊ ကျိုင်းငယ် ရွှေချက်နှစ်စင်း၊ အပျိုစီးဝေါ ပေးတော်မူသည်။
သမီးတော် ခင်ဖုန်းသစ်ကိုလည်း ပခန်းမင်းကြီးသားတော် မင်းစည်သူနှင့် စုံဖက်တော်မူ၍ ကျပ်မြင်းမိုရ်၊ လက်ဖက်အိုး၊ ပတ္တမြား တစ်ရပ်စီ၊ ကျိုင်းရိုး ကြံဆစ် ပေးတော်မူ၍ နေရာလွတ်နေရသည်။ သမီးတော်ကိုလည်း ပတ္တမြားမြိတ်ရစ် မြိတ်ခံနှင့်တကွ ကွမ်းခွက်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြားသုံးရစ်စီ ထွေးအင်၊ ကျိုင်းကြီး ရွှေချက်၊ ကျိုင်းငယ် ရွှေချက်နှစ်စင်း၊ အပျိုစီးဝေါ ပေးတော်မူသည်။
သမီးတော် မင်းအကြီးကို ပုသိမ်မင်းကြီးသားတော် နန္ဒကျော်ထင်နှင့် စုံဖက်တော်မူ၍ ကျပ်မြင်းမိုရ်၊ လက်ဖက်အိုး၊ ပတ္တမြား တစ်ရပ်စီ၊ ကျိုင်းရိုး ကြံဆစ် ပေးတော်မူ၍ နေရာလွတ်နေရသည်။ သမီးတော်ကိုလည်း ပတ္တမြားမြိတ်ရစ် မြိတ်ခံနှင့် ကွမ်းခွက်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြားသုံးရစ်စီ ထွေးအင်၊ ကျိုင်းကြီး ရွှေချက်၊ ကျိုင်းငယ် ရွှေချက်နှစ်စင်း၊ အပျိုစီးဝေါ ပေးတော်မူသည်။
သမီးတော် သုဂန္ဓ၀တီကို ဒ၀ယ်မင်းကြီး သားတော် ရမ္မယော်ဓာနှင့် စုံဖက်တော်မူ၍ ကျပ်မြင်းမိုရ်၊ လက်ဖက်အိုး၊ ပတ္တမြား တစ်ရပ်စီ၊ ကျိုင်းရိုး ကြံဆစ် ပေးတော်မူ၍ နေရာလွတ်နေရသည်။ သမီးတော်ကိုလည်း ပတ္တမြားမြိတ်ရစ် မြိတ်ခံနှင့်တကွ ကွမ်းခွက်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြားသုံးရစ်စီ ထွေးအင်၊ ကျိုင်းကြီး ရွှေချက်၊ ကျိုင်းငယ် ရွှေချက်နှစ်စင်း၊ အပျိုစီးဝေါ ပေးတော်မူသည်။
သမီးတော် မြတ်မျိုးဖုန်းဝေကို ပြည်ဘုရင် သတိုးဓမ္မရာဇာ သားတော် နန္ဒယော်ဓာနှင့်စုံဖက်တော်မူ၍ ကျပ်မြင်းမိုရ်၊ လက်ဖက်အိုး၊ ပတ္တမြား တစ်ရပ်စီ၊ ကျိုင်းရိုး ကြံဆစ် ပေးတော်မူ၍ နေရာလွတ်နေရသည်။
၁၃။ မိုးကောင်းသို့ ချီတော်မူခြင်း
သက္ကရာဇ် (၉၃၆) ခု၊ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ မိုးကောင်း၊ မိုးညှင်းသို့ ဗန်းမော်စော်ဘွား တစ်တပ်၊ မိုးမိတ်စော်ဘွား တစ်တပ်၊ အုန်းဘောင်စော်ဘွား တစ်တပ်၊ သိန်းနီစော်ဘွား တစ်တပ်၊ မိုးနဲစော်ဘွား တစ်တပ်၊ ညောင်ရွှေစော်ဘွား တစ်တပ်၊ ပုဂံစားတစ်တပ်၊ တလုပ်စား တစ်တပ်၊ ပုခန်းကြီးစား တစ်တပ်၊ အမြင့်စား တစ်တပ်။ ဗဒုံစား တစ်တပ်၊ ကန်နီစား တစ်တပ်၊ တပယင်းစား တစ်တပ်၊ မြေတူးစား တစ်တပ်၊ သမက်တော် အ၀ဘုရင်သတိုးမင်းစောကို တပ်မပြု၍ ချီရသည်။ သည်တစ်ဆယ့်ငါးတပ်တွင် ပါသည့် တိုက်ဆင်ရှစ်ရာ၊ မြင်းရှစ်ထောင်၊ စစ်သည် သူရဲခြောက်သော င်းနှင့် ချီရသည်။
ရောက်လျှင် မိုးကောင်းစော်ဘွား၊ မိုးညှင်းစော်ဘွားတို့လည်း မြို့တွင်မခံဝံ့၍ အလုံးအရင်းနှင့်တကွ တောသို့ ပြေးလေ၏ ။ အ၀ဘုရင် သတိုးမင်းစောတို့ ၁၅ တပ်သားလည်း မိုးကောင်းတွင် အနေအထား ပြုတော်မူ၍ လိုက်လံရှာကြံရသည်။ မတွေ့ ချေ။
၁၄။ လင်းဇင်းသို့ ချီတက်ခြင်း
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ညီတော် သားတော် မှူးတော် မတ်တော် အပေါင်းတို့ကို ခေါ်တော်မူ၍ ဤသို့ လျှင် မိန့်တော်ရှိသည်။ ``မဟာနဂရတိုင်းဖြစ်သော လင်ဇင်းမြို့ကို ငါ့သားဥပရာဇ် မင်းပြုမည်၊ သူရှိလျက် ယခု ဗညားငသည် မင်းပြုလေသော ကြောင့် ဗညားဒလကို စေ၍ အရေး အရာ ဆိုစေသော်လည်း အရေး မပြီးချေ။ ယင်းသို့ ဖြစ်သော ကြောင့် ကိုယ်တော်တိုင် ချီ၍ ငါ့သား ဥပရာဇ်ကို နန်းတင်မည်´´ ဟု အမိန့်တော်ရှိပြီးလျှင် လင်းဇင်းသို့ ချီမည်ကို စီရင်ခန့်ရန်တော်မူသည်။ သီရိဇေယျနော်ရထာတစ်တပ်၊ ယိုကရတ်တစ်တပ်၊ သီရိဓမ္မာသော ကတစ်ထပ်၊ ဗညားအရိန္ဒမ တစ်တပ်၊ ဥတ္တမသီရိ ဇေယျသူရတစ်တပ်၊ သမိန်ပွန်စည် တစ်တပ်၊ မင်းကျော်ထင် တစ်တပ်၊ သမိန်ဗြတ်စ တစ်တပ်၊ နန္ဒသူရိယ တစ်တပ်၊ ညီတော် တောင်ငူဘုရင်မင်းခေါင် တပ်မပြု၍ ချီရသည်။ သည် ၁၀ တပ်တွင် ပါသည့် တိုက်ဆင်ခြောက်ရာ၊ မြင်းခြောက်ထောင်၊ စစ်သည်သူရဲ တစ်သိန်းတစ်သော င်းနှင့် တစ်ကြောင်းချီရသည်။
နေမျိုးကျော်ထင် တစ်တပ်၊ သမိန်သံလိုက်တစ်တပ်၊ ရာဇသင်္ကြတစ်တပ်၊ သမိန်ရဲသင်ရံ တစ်တပ်၊ မင်းမဟာတစ်တပ်၊ သမိန်ဇော်ကရတ်တစ်တပ်၊ ရာဇသင်္ကြကြီး တစ်တပ်သမိန်ပရမ်း တစ်တပ်၊ ဘယကျော်သူတစ်တပ်၊ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ တပ်မပြု၍ ချီရသည်။ သည် ၁၀ တပ်တွင် ပါသည့် တိုက်ဆင်ခြောက်ရာ၊ မြင်းခြောက်ထောင်၊ စစ်သည်သူရဲတစ်သိန်း တစ်သော င်းနှင့် တစ်ကြောင်းချီရသည်။
ဘယကာမဏိတစ်တပ်၊ အဲမွန်တယာ တစ်တပ်၊ ဇေယျဘယသင်္ကြတစ်တပ်။ သမိန်လကွန်းအိမ် တစ်တပ်၊ ဇင်းမယ်ဗညားငသည်လုံးတစ်တပ်၊ ဗညားသံလန်တစ်တပ်၊ ယိုးဒယားက သြယားပိဿလောက်တစ်တပ်၊ သြယားသုဝဏ္ဏလောက် တစ်တပ်၊ သြယားပိတ်စဲ တစ်တပ်၊ သားတော် မဟာဥပရာဇာ တပ်မပြု၍ ချီရသည်။ သည် ၁၀ တပ်တွင် ပါသည် တိုက်ဆင် ခြောက်ရာ၊ မြင်းခြောက်ထောင်၊ စစ်သည်သူရဲ တစ်သိန်းတစ်သော င်းနှင့် တစ်ကြောင်း ချီရသည်။
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီး တပ်တော်တွင် ၀င်းတော်လေးမျက်နှာသား လေးထောင်ကို ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ ရွှေလှံစွဲစေ၍ လက်ဝဲလက်ယာ ရှေ့နောက် တစ်ထောင်စီ လိုက်ရသည်။ ရွှေဦးရစ်တွင် ရွှေပန်း ပန်စေသော ကုလားပသီ လေးထောင်တို့ကိုလည်း သေနတ် ကိုင်စေ၍ လက်ဝဲ လက်ယာ ရှေ့နောက် တစ်ထောင်စီ လိုက်ရသည်။ ၀မ်းဘဲနှုတ်သီး ဦးထုတ်ဆောင်းစေ၍ ဗောင်းနက်ဝတ်စေသော ကုလားဘရင်ဂျီ လေးရာတိုပကိုလည်း အမြောက်လေးရာ စွဲစေ၍ လက်ဝဲလက်ယာ ရှေ့နောက် မြင်းတစ်ရာစီ လိုက်ရသည်။ ရွှေမှော က်တိုတွင် ရွှေပန်း ပန်စေ၍ ရွှေချပ် ၀တ်စေပြီးသော မြင်းသည်လေးထောင်တို့ကိုလည်း လက်ဝဲ လက်ယာ ရှေ့နောက် မြင်းတစ်ထောင်စီ စီလိုက်ရသည်။ မှူးသား မတ်သား၊ ဆင်းစီးလိမ္မာသသူ လေးရာတို့ကို တိုက်ဆင် လေးရာနှင့် လက်ဝဲလက်ယာ ရှေ့နောက် တစ်ရာစီ လိုက်ရသည်။ ရှေ့ဝင်းတော်က သီရိဇေယျကျော်ထင်ကို တပ်မှူး၊ လက်ဝဲရန္တမိတ်ကို စစ်ကဲခန့်တော်မူသည်။ လက်ယာဝင်းတော်က သက်ရှည်ကျော်ထင်ကို တပ်မှူး၊ လက်ယာရန္တသူကို စစ်ကဲခန့်တော်မူသည်။ လက်ဝဲ၀င်းတော်က နန္ဒကျော်ထင်ကို တပ်မှူး၊ ဇေယျရန္တမိတ်ကို စစ်ကဲခန့်တော်မူသည်။ နောက်ဝင်းတော်က ဘယကျော်ထင်ကို တပ်မှူး၊ ဓမ္မသီရိကို စစ်ကဲခန့်တော်မူသည်။ ဟံသာဝတီတွင် တရဖျားနှင့် သမိန်စိတ်ပွန်ကို မြို့စောင့်ခန့်တော်မူသည်။ ဗညားလောနှင့် မင်းစည်သူကို အနောက်ပုသိမ် တစ်လွှားကို အစောင့်အနေခန့်တော်မူသည်။ ဤသို့ ခန့်ရန်တော်မူပြီးမှ သိကြားမင်း၏ အသရေကဲ့သို့ အလွန်တင့်တယ်စွာ (၉၆၃)ခု၊ သီတင်းကျွတ်လပြည့်ကျော်၊ ၇ ရက် ဗုဒ္ဓဟူးနေ့ လင်းဇင်းသို့ ချီတော်မူသည်။
၁၅။ လင်းဇင်းမင်း အမတ်တို့ကို သတ်၍ ပြေးခြင်း
လင်းဇင်းမင်း ဗညားငသည်လည်း ဘ၀ရှင်မင်းတရားကြီးဘုရား ဆင်မြင်းဗိုလ်ပါ အများ နှင့် ချီလာပြီဟူ၍ ကြားလျှင် ဆင်ကောင်းရှိသမျှကို တောင်တောနက်ရာမှာ ၀ှက်ခဲ့၍ ထားပြီးလျှင် အလုံးအရင်းနှင့် ပြေးမည်အခြင်းအရာကို စီရင်၏ ။ ထိုအခါ လင်းဇင်းမင်းသား အိမ်ရှေ့ဥပရာဇာက ခမည်းတော် လင်းဇင်းမင်းကို ဤသို့ လျှောက်သည်။ “ကျွန်တော်တို့သည် လင်းဇင်းမင်းအရိုးအစဉ်ဖြစ်၍ မင်းပြုစေသည်မဟုတ်၊ ကျွန်တော်တို့အရှင် ဗြစဲစစ် မရှိလျှင် အစဉ် အရိုးသာ မင်းပြုမည့်သူ မရှိချေသော ကြောင့် မင်းပြုရချေသည်။ ကျွန်တော်တို့ကို လိုသော သူလည်း ရှိသည်။ မလိုသော သူလည်း ရှိသည်။ အကြောင်းမှာ လည်း မင်းတရားက စေတော်မူသော အခါ သာယာချေငံသော စကားကို မလျှောက်ချေ။ သော က်ကျန်းရိုင်းပျသော စကားကို ဆိုချေသည်။ ထိုသို့ ပုန်ကန်သော စကားကို ဆိုလေပြီးသည်ကိုလည်း ပြေး၍ သင့်မည် မဟုတ်ပြီ၊ သူ့ဆင်ကို နိုင်အောင် အသက်ကိုစွန့်၍ တိုက်လေသည် ဖြစ်မှ သင့်မည်။ ယင်းသို့ မတိုက်ဝံ့သည်ရှိသော် ကျေးစွန်းရွာလက် အပေါင်းတို့ကိုသာ ဖျက်သည် မည်ချိမ့်မည်၊ ကိုယ်ကိုလည်း ဖျက်သည် မည်ချိမ့်မည်၊ သူ့ကို ပုန်ကန်သော င်းကျန်းလေပြီးသည်ကို သေလိုလည်းသေ၊ ရှင်လိုလည်း ရှင်၊ အသက်ကိုစွန့်၍ တိုက်သည် ဖြစ်မှသင့်မည်။ ယင်းသို့ မစွန့်ဝံ့သည်ရှိသော် သူ့အကဲ့ရဲ့ ကိုလည်း ခံရမည်။ လင်းဇင်းအရပ်လည်း သူ့အရပ်ဖြစ်လိမ့်မည်´´ ဟူ၍ လျှောက်သည်။ လင်းဇင်းမင်းလည်း ဤသို့ ဆိုပြန်သည်။ ``မင်း ဆိုသည်အတိုင်း ဆီးကြို၍ တိုက်ချေသော် မခက်ချေလော၊ အရေး ကို ထောက်ရှုသော် အခိုက်အတန့်ကို ရှောင်ရှား၍ နေရမှ သင့်မည်၊ ငါတို့ကို ရှာဖွေ၍ သူစစ်သည် ပင်ပန်းငတ်မွတ်၍ နာဖျားညိုးနွမ်းမှ တိုက်ရသော်သာ သင့်မည်၊ ယခု တိုက်ချေသည်ရှိသော် သူ့ကို တတ်နိုင်ချိမ့်မည်လော၊ သူတို့ တပ်မှူးစစ်ကဲ အပေါင်းတို့သည်လည်း အသက်ကိုစွန့်၍ အမှု ကို ထမ်းမည်သူချည်း ဖြစ်သည်။ ယင်းသို့ ဖြစ်သော ကြောင့် အခိုက်အတန့်ကို ရှောင်လွှဲ၍ နေဦးမည်။ ငါတို့မြို့ကို ဖျာမူ၍ လိပ်ယူရမည်လော´´ ဟု လင်ဇင်းမင်း ဆိုသသည် စကားကို လင်ဇင်းမင်းသား ဥပရာဇာ ကြားလျှင် ဤကဲ့သိုပ လျှောက်ပြန်သည်။ ``လင်ဇင်းဗြစဲစစ် ရှိသည်ကာလ ဟံသာဝတီသားတို့နှင့် တိုက်ကြသည်၊ ကျွန်တော်တို့က စိတ်ဝမ်းကြီး သသူသာ အသက်ကိုစွန့်၍ တိုက်ချေသည်။ တချို့ စိတ်ဝမ်းငယ်သသူတို့သည် သူ့ကိုမြင်လျှင် မရပ်မတည်နိုင် ရှိချေသော ကြောင့် ကျွန်တော်တို့က စစ်ပျက်ဖန် များ ချေသည်။ ထို့ကြောင့် သူတို့ အားတက်ရလေသည်။ ယခုမူကား ကျွန်တော်တို့နှင့်အတူတကွ အသက်ကို အသေခံမည့်သူ အမျိုးအဆွေ အရင်းအချာတို့ကို ရွေး၍ တိုက်ဆင်ကောင်း အစီးတစ်ရာခန့်၊ ဗိုလ်ပါရှစ်သော င်း စီရင်၍ ဟံသာဝတီမင်းတရားကြီး စစ်သည်တို့ကို တိုက်ပါမည်။ နိုင်လျှင်လည်း နိုင်စေ၊ မနိုင်လျှင်လည်း သေစေ၊ ယင်းသို့ အသက်ကိုစွန့်၍ တိုက်ရသည်ဖြစ်မှ လင်ဇင်းဟူသော အရပ်သည် ကျွန်တော်တို့ အရပ် ဟူ၍ မှတ်ရမည်၊ ယင်းသို့ မဟုတ်လျှင် လင်ဇင်းဟူသော အရပ်သည် သူ့အရပ် ဖြစ်လေတော့မည်´´ ဟူ၍ လျှောက်သည်။
ထိုစကားကို လင်ဇင်းမင်း ကြားလျှင် ဤသို့ ဆိုပြန်သည်။ ``ဆင်အစီးတစ်ရာ၊ ဗိုလ်ရှစ်သော င်းခန့် သူ့ကို တိုက်မည်ဆိုရာမှာ သူက တိုက်ဆင် လေးထောင်၊ ငါးထောင်၊ ဗိုလ်ငါးသော င်း၊ ခြောက်သော င်းရှင်ကို တိုက်၍ ဖြစ်နိုင်ရာသည် ရှိသလော။ ဗြစဲစစ်လက်ထက် ဟံသာဝတီက အကြိမ်ကြိမ် ချီလာသည်ကို ခံ၍ တိုက်လံချေသည်။ မည်သည့်ကာလတွင်မျှ အောင်ခြင်းသို့ မရချေ´´ဟူ၍ လင်းဇင်းမင်းဆိုသည်။ ထိုစကားကို အမတ်တို့ ကြားလျှင် နှလုံးနှစ်ခွ ရှိလေ၏ ။ လင်းဇင်းမင်းလည်း အမတ်တို့ စိတ်မညီသည်ကို သိလျှင် အမတ်သုံးကျိပ်ကျော် နှင့် ဆင်ပေါက်မ ၄၀ ကျော်ကို ရဲမက် ၀န်းရံစေပြီးလျှင် စိန်ပြောင်း အမြောက် သေနတ်နှင့် ပစ်သတ်၍ မှူးကြီးမတ်ကြီးတို့ သေမှ လင်းဇင်းမြို့က ထွက်၍ ပြေးလေ၏ ။
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း လင်ဇင်းသို့ ရောက်တော်မူလျှင် အရေး ဆိုတော်မူလိုသည်။ အရေး ခံမည့်သူ မရှိလျှင် ဗိုလ်မှူးတပ်မှူး အပေါင်းတို့ကို အမျက်တော်ရှိ၍ အပြစ်တော်တင်သည် များ ၏ ။ ဤသို့ လည်း အမိန့်တော်ရှိသည်။ ``ယခု လင်းဇင်းမင်းသည် တောသို့ ပြေး၍ အတိုက်အလံသော်လည်း မခံ၊ အရာရာသော်လည်း မသိ၊ ပြုကျင့်သည့် အရာသည် ရဲမက်တော်တို့ လိုက်လံရှာဖွေ၍ ရှည်ကြာလျှင် ငတ်မွတ်နာဖျားလိမ့်မည်၊ ယင်းသို့ လျှင် ပြန်လေ တော့မည် အမှတ်ရှိ၍ လင်းဇင်းကျေးလက်တွင် ရှိသော အမတ်သူဋ္ဌေး သူကြွယ် ပြည်သူလူရဟန်း အပေါင်းတို့ကို အဝေးသို့ နှင်လိုက်ရ၍ သွားရလေသည်။ ထိုသို့ အပေါင်းတို့ကို တစ်ချက်တည်း ရှိအောင် ရုံးစုပြန်ရမည့် အရေး သည် အလွန်ခက်ခဲလှသည်´´ ဟူ၍ အမိန့်တော် ရှိပြီးလျှင် မှိုင်းစံမြို့တွင် ကြီးစွာ သော တပ်ကို ဖွဲ့စေ၍ စပါးထည့်စရာ ကျီကြတို့ကို များ စွာ ဆောက်စေပြီးလျှင် ကျေးစွန်ရွာလက်၌ ရှိသော စပါးများ ကိုယူ၍ ကျီတွင်ချည်း အပြည့် ထားရံသည်။ ယင်းသို့ မှ နေမျိုးကျော်ထင် တစ်တပ်၊ ဗညးကျန်းတော တစ်တပ်၊ ရာဇသင်္ကြ တစ်တပ်၊ ဗညားပရံ တစ်တပ်၊ သည်လေးတပ်ကို ဥပရာဇ်နှင့်အတူ ထိုတပ်တွင် ထားတော်မူသည်။ ခရီးဆုံ၊ ခရီးခွ ရှိသမျှတွင်လည်း အမိန့်တော်ချက် စာဆွဲရသည်။ စာတွင်ပါသည်ကား -
``ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော ရွှေတွင်းသခင်၊ ပတ္တမြားတွင်းသခင်၊ ပယင်းတွင်းသခင်၊ ဆင်ဖြူဆင်နီများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရား အမိန့်တော်ရှိသည်။ လင်းဇင်းမင်း အရပ်၌ နေသော အမှူးအမတ်သူဌေး သူကြွယ်ပြည်သူလူရဟန်းအပေါင်းတို့ … ယခု လင်ဇင်းသို့ ငါချီလာသော အကြောင်းကား လင်းဇင်းမြို့ရွာကို ဖျက်ဆီးလိုသော ကြောင့် ငါချီတော်မူလာသည်မဟုတ်။ ငါ့သား ဥပရာဇ်သည် လင်းဇင်းမင်းရိုးသား ဖြစ်သည်။ ဗြစဲစစ် မရှိလျှင် ငါ့သား ဥပရာဇ်သာ မင်းပြုရမည်ကို ဗညားငသည်ငယ် မင်းပြုလေ၍ အရေး အရာ ငါက စေတော်မူသည်ကို အတောင့်အမာ ဆိုသော ကြောင့် ဗညားငသည် ကို နန်းကချ၍ ငါ့သား ဥပရာဇ်ကို နန်းတင်မည် ငါချီတော် မူလာသည်။ ဗညားငသည်ကို မတွေ့ ရဘဲကို ငါပြန်တော်မမူပြီ။ စည်းစိမ်မပျက် အသက်မသေလိုသသူသည် ငါ့သား ဥပရာဇ်ရှိရာ မှိုင်းစံသို့ ၀င်ကုန်´´
ဟူ၍ အစာအစောင်စောင် ရေး စေပြီးလျှင် ခရီးဆုံ ခရီးခွ ရှိတိုင်း ဆွဲရလေသည်။
ဥပရာဇ်လည်း အမိန့်တော်ကိုကြားလျှင် ဦးသုံးကြိမ်ချ၍ ဤသို့ နားတော်လျှောက်သည်။ ``ကျွန်တော်ကို သားတော် ဥပရာဇ်တို့ ရ၍ ရွှေဖ၀ါးတော်အောက်သို့ ရောက်လျှင် မရှုတ်မချ၊ ကျွန်တော်ရင်းကဲ့သို့ မှတ်တော်မူသည်။ ထိုကျေးဇူးတော်သည် နိဗ္ဗာန်သို့ မရောက်သေးသော ကာလပတ်လုံး ဆပ်သော်လည်း မပိုင်နိုင်ရာ၊ အကြောင်းမှာ ဗညားငသည် ဗြစဲစစ် မရှိလျှင် မှူးရိုးမတ်စဉ်တို့ကို သတ်ညှစ်၍ မိမိဆွေရင်းမျိုးချာတို့ကို သူကောင်းပြုပြီးလျှင် အမှု ကို ထမ်းရသည်။ ထိုသူတို့နှင့်တိုင်ပင်၍ မြေမိုး ကြယ်တိုင် ပုန်းလျှိုး ရှောင်လွဲ၍ နေလေသည်ကို ဘုန်းကြီးလှသော ဘ၀ရှင် ကိုယ်မှစ၍ ညီတော် သားတော် မှူးတော်မတ်တော် အပေါင်းတို့ ချမ်းသာစွာ နေတော်မမူရ။ လိုက်လံရှာဖွေရာတွင် ပင်ပန်းငတ်မွတ်၍ နာဖျားညှိုးနွမ်းမည်ကိုသာ ကျွန်တော် စိုးရိမ်သည်´´ ဟူ၍ နားတော်လျှောက်သည်။
ဥပရာဇ် လျှောက်သော စကားကို ကြားတော်မူလျှင် ဤသို့ အမိန့်တော် ရှိပြန်သည်။ ``ဟံသာဝတီပြည်တော်ကသည် လင်းဇင်းသို့ ငါချီလာကြောင်းသည် အခြား အကြံတော်ရှိ၍ ချီလာသည်မဟုတ်၊ ငါ့သား ဥပရာဇ်သည် လင်းဇင်းကို မင်းပြုစေလို၍ ငါချီတော်မူလာသည်။ ဗညားငသည်ကို ရ၍ ငါ့သား ဥပရာဇ်အား နန်းမတင်ရဘဲကို ငါပြန်တော်မမူ´´ အမိန့်တော်ရှိပြီး လိုက်လံသော အခါ လင်းဇင်းအမှူးအမတ် သူဋ္ဌေသူကြွယ် အပေါင်းတို့သည် ရဲမက်တော် (တို့) အရှေ့အနောက် တောင်မြောက် မြေပြင်ပြည့်မျှရှာ၍ မလွတ်သာလျှင် ဆင်မြင်းနှင့်တကွ ခြေရင်းတော်ကို ဦးတင်လာကုန်သည်။ တချို့သော အမှူးအမတ် သူဋ္ဌေးသူကြွယ် အပေါင်းတို့သည် အမိန့်တော်စာကို ကြားလျှင် အခြွေအရံနှင့်တကွ ဥပရာဇ်တပ်သို့ ၀င်လာကုန်သည်။ စာကို မကြားသော သူတို့မူကား သေမည်ကို ကြောက်၍ ဆင်မြင်း အခြွေအရံနှင့်တကွ ပုန်းလျှို၍ နေလေသည်။ ထိုသူတို့ကို ဗိုလ်မှူးတပ်မှူးအပေါင်းတို့ လိုက်လံရှာဖွေ၍ ရလျှင် အခြွေအရံ စည်းစိမ်ဥစ္စာတို့ကို ဖျက်ဆီး သိမ်းယူ၍ ခြေရင်းတော်သို့ ဆက်လာသည်။
ဇင်းမယ်က ပြေး၍ လင်းဇင်းသို့ ၀င်လေသော ဗညားလကွန်း၊ ဗညားနန်း၊ ဗညားတုရိုင်း၊ ဤအမတ်သုံးယောက်တွင် ဗညားနန်းမူကား အထက်က နောင်ဟန် ဟူသော အရပ်တွင် စလင်းမင်းကျော်ထင်နှင့် ဆင်စီးချင်း တိုက်ကြရာတွင် ဆုံးလေသည်။ ဗညားလကွန်းသည် လင်းဇင်းမင်း ဗြစဲစစ်နှင့်အတူ လ၀ိုက်သို့ ချီ၍ လုပ်ကြံရာမှာ ဆုံးလေသည်။ ဗညးတုရိုင်းမူကား အခြွေအရံနှင့်တကွ ပုန်းလျှိုး၍ နေသည်ကို ရဲမက်တော် (တို့) ဖမ်း၍ ရလျှင် ရွှေဖ၀ါးတော်အောက်သို့ ဆက်လာသည်။ ဆင်ဖြူများ သခင် ဘ၀ရှင် မင်းတရားကြီးဘုရားလည်း ဗညားတုရိုင်းကို အနှောင်အဖွဲ့မှ လွတ်စေ၍ ရေမိုးချိုးစေပြီးလျှင် အ၀တ်အစား လဲစေ၍ မှူးတော်မတ်တော် ဗညားအပေါင်းနှင့် အတူနေ၍ ခစားရသည်။ ဘယ်သို့ မျှ စိတ်ဝမ်း ထားတော်မမူ သုခ၊ ဒုက္ခ ဟောပြောတော်မူသည်။
ယင်းသော အခါ ဗညားတုရိုင်း ထ၍ ဦးသုံးကြိမ် ချပြီးလျှင် ဤသို့ နားတော်လျှောက်သည်။ ``ဘုန်းတော်ကြီးလှသော ဘ၀ရှင်ဘုရား သစ္စာတော်ကို နတ်တို့သည် နဖူး၌ ရေး မှတ်ထားဘိသကဲ့သို့ ရှိသည်။ ကျေးဇူးတော် သစ္စာတော် နှစ်ပါးကို ချေမိသော ကြောင့် ဘုန်းတော်ကြီးလှသော ဘ၀ရှင် ကိုယ်မှစ၍ ညီတော် သားတော် မှူးတော် မတ်တော်အပေါင်းတို့သည် ချမ်းသာစွာ စံတော်မမူရ။ လင်းဇင်းသို့ ချီတော်မူလာ၍ ပင်ပန်းဆင်းရဲတော်မူရလေသည်။ ယင်းသော အခါလည်း မင်းဧကရာဇ်တကာ အပေါင်းတို့ထက် ကြီးမြတ်တော်မူသော ဘ၀ရှင် မင်းတရားကြီး အမျက်တော်ကြောင့် အထူးထူးသော ဘေးဘယသို့ ရောက်လတ္တံသည်ကို ကြောက်၍ ခြေရင်းတော်သို့ မ၀င်ဝံ့ ရှိသည်။ ယခု ခြေရင်းတော်သို့ ရောက်၍ ကျွန်တော်တို့ မျက်နှာကို မြင်တော်မူလျှင် ကျွန်တော်ရင်းကဲ့သို့ မှတ်တော်မူ၍ မဟာကရုဏာတော်ဖြင့် တိုက်တွန်းတော်မူခြင်းသည်ကား သဗ္ဗညုဘုရားရှင်အလောင်းတော်ဖြစ်၍ သနားတော်မူသည် ဖြစ်တော့သည်။ ဘုန်းတော်ကြီးလှသော ဘ၀ရှင်ဘုရားကို ကျွန်တော် ပြစ်မှားမိသည်။ ဘုရားသခင်အား ဒေ၀ဒတတ် ပြစ်မှားသည်နှင့် အတူဖြစ်တော့သည်။ယခု ကွပ်မျက်တော်မူ၍ စုတေရသည်ရှိသော် အပါယ်လေးပါး၌ ခံရမည်အကြောင်း ဖြစ်တော့သည်´´ ဟူ၍ နားတော်လျှောက်သည်။
ဆင်ဖြူများ သခင် ဘ၀ရှင် မင်းတရားကြီးဘုရားလည်း ဤသို့ အမိန့်တော် ရှိသည်။ ``ဗညား ပြုကျင့်လေသည်ကို ငါ အမျက်တော် မရှိသည် မဟုတ်၊ အမျက်တော် ရှိသည်ပင် ဗညားမျက်နှာကို မြင်တော်မူလျှင်ပင် လူ၏ အဖြစ် ရခဲခြင်းကို ထောက်ရှုတော်မူ၍ ငါအမျက်တော်ပြေသည်´´ ဟု အမိန့်တော် ရှိသည်။
ထိုအခါ တောင်ငူသား မီးဖောက်သမား တစ်ယောက်သည် တော၌ ရှာ၍ ရသည့် မိန်းမ ယောက်ျား သုံးကျိပ်ကျော် လေးကျိပ်ခန့်ကို ယောက်ျားမှာ ပင်းသကားနှင့် မိန်းမမှာ ခါးကြိုးချည်၍ ဆက်လာသည်။ ထိုသို့ ဆက်လာသော သူတို့တွင် ယောက်ျားတစ်ယောက်ကို ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီး မြင်တော်မူလျှင် သည်သူကား သူရဲကောင်း လက္ခဏာ ရှိသည်ဟု အမိန့်တော် ရှိပြီးလျှင် ရွှေကြို့စေ အကျပ် ၁၀ ပေး၍ ရွေးတော်မူသည်။ ထိုသူမှ တစ်ပါး ရသော လူသူ ကျွဲနွားတို့ကို ရသသူ ယူရသည်။ ကြို့စေအျကပ် ၁၀ ပေး၍ ရွေးသော သူကို ရှေ့တော်သို့ ခေါ်၍ ``မမတ်အမည်ကို အဘယ်သို့ ဆိုသနည်း´´ ဟူ၍ မေးတော်မူသည်။ ထိုသူလည်း ဦးသုံးကြိမ်ချ၍ ``ကျွန်တော်အမည်ကို မိုင်န´´ ဟူ၍ နားတော်လျှောက်သည်။ ``မမတ်ကား သူရဲလော´´ ဟူ၍ မေးတော်မူပြန်သည်။ ``သူရဲဟုတ်ကြောင်း´´ ကို နားတော်လျှောက်ပြန်သည်။ ယင်းသို့ မှ ``မမတ်ဆင်းရဲကို ငါ ကယ်တော်မူသည်။ မမတ် ငါ့အမှု တော်ကို တော်မှန်စွာ ထမ်းမည်လော့´´ ဟူ၍ မေးတော်မူသည်။ ``မယိုးမပယ် အမှု တော်ကို ထမ်းပါမည်´´ ဟူ၍ နားတော်လျှောက်သည်။ ယင်းသို့ ထိုသူကို သစ္စာတော်ခံစေပြီးလျှင် ဆုလာဘ်ပေးတော်မူ၍ ဤသို့ မှာ တော်မူသည်။ ``ယခု ပုန်းလျှိုး၍ နေသော သူအပေါင်းတို့ကို ရအောင် ဖြားယောင်းသွေးဆောင်၍ မမတ်ရွာတွင် စုရုံး၍ ထား လေ၊ ရဲမက်တော်တို့ တွေ့ ၍ ဖမ်းဆီးလုယူမည်ပြုလျှင် သည်ပုတ်စာကို ပြလေ´´ ဟူ၍ မှာ တော်မူသည်။ ရဲမက်တော် ၅ ယောက်ကိုလည်း ထည့်တော်မူလိုက်သည်။
ထိုသူတို့ကို လွတ်တော်မူ၍ မိုင်ဝိုင်သို့ ရောက်လျှင် ထိုသူသည် ထွက်၍ သွားမည် အခြင်းအရာကို ပြုသည်။ ရဲမက်တော် ၅ ယောက်တို့လည်းဆီးတားလေ၏ မိုင်နဟူသော အသက်ကြီးလည်း ဤသို့ ဆို၏ ။ ``ငါ့အရပ်သို့ ရောက် လေပြီးသည်၊ မမတ်တို့ကား နိုင်မည်လော့၊ မမတ်တို့လည်း ဘ၀ရှင်မင်းတရားကြီး အမှု တော်ကို ထမ်းသည်။ ငါလည်း ဘ၀ရှင်မင်းတရားကြီး၏ အမှု တော်ကိုထမ်းသူ ဖြစ်သည်။ မမတ်တို့ ရှာ၍ ရသော သုံ့လူကိုလည်း သည်အရပ်တွင် ထားရမည်။ ငါရှာ၍ ရသော သုံ့လူကိုလည်း သည်အရပ်တွင် ထားမည်´´ ဆိုပြီးလျှင် ထိုသူ ငါးယောက်သားလည်း ရခဲသော သူတို့ကို အမှီပြု၍ ရသော သူတို့ကို ထိုအရပ်၌ နေစေသည်။ ယင်းသို့ မှ ရသော သုံ့လူသုံးရာကျော် လေးရာကိုလည်း ခြေရင်းတော်သို့ လာ၍ ဆက်လာရသည်။
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရား အားရတော်မူ၍ မှူးတော် မတ်တော် အပေါင်းတို့ကို ခေါ်တော်မူ၍ ဤသို့ အမိန့်တော် ရှိသည်။ ``ကြို့စေအကျပ် ၁၀ နှင့် ငါရွေးတော်မူသော မိုင်န ဟူသော အသက်ကြီးသည် ကျေးဇူးတော်ကို သိ၍ အမှု တော်ကို ထမ်းပေသည်။ မိန်းမ ယောက်ျား သုံ့လူ သုံးရာကျော် လေးရာခန့် ရသည်။ မှူးတော် မတ်တော်တို့သည် ကျေးဇူးတော်ကိုသာ ခံ၍ အမှု တော်ကို ကြိုးစားအားထုတ်၍ မထမ်းသော ကြောင့် အရေး တော်ပြီးခဲသည်´´ ဟူ၍ အမိန့်တော်ရှိပြီးလျှင် ထိုမိုင်နဟူသော အမတ်ကြီးကို ဆုလာဘ်များ စွာ ပေးတော်မူ၍ အမျိုးအဆွေတို့ကိုလည်း ခေါ်ရလေသည်။ ၀န်းကျင်၌ ရှိသော ရွာသူကြီး အပေါင်းတို့ကိုလည်း ခေါ်ရသည်။ ရောက်လျှင် ရွာသူကြီးတို့ကို သစ္စာတော်ခံစေ၍ ဆုလာဘ်ပေးပြီးလျှင် ရွာသား ရွာနေတို့ကို ခေါ်ပြန်ရလေသည်။ ရောက်လျှင် မိန်းမ ယောက်ျား လေးထောင်ကျော် ငါးထောင်ဟူသော အသက်ကြီးကိုလည်း အလွန် အားရတော်မူ၍ အဆောင်အယောင်နှင့်တကွ မိုင်မော်ဟူသော မြို့ကို ပေးတော်မူသည်။ ` ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားကား လင်းဇင်းမြို့တွင် အရှည်အကြာ နေတော်မူသည်။ ၀ါကျွတ်လျှင် ဤသို့ မိန့်တော်ရှိသည်။ ``လင်းဇင်းမင်း ဗညားငသည်လည်း ငါသည်တွင် နေတော်မူသည်ရှိသော် မျက်နှာမပြ၀ံ့ပြီ၊ ငါပြန်တော်မူမှ ကိုယ်ကိုပြ၍ အထင်အရှား နေ၀ံ့မည်။ ယင်းသို့ မှ ငါဖမ်းတော်မူရမည်´´ ဟူ၍ အမိန့်တော် ရှိပြီးလျှင်၊ နောင်ဟန် ကသည် မှိုင်းစံသို့ ပြန်တော်မူသည်။ ရောက်တော်မူလျှင် မှိုင်းစံတွင် နေစေသော ဥပရာဇ်သို့ ၀င်လာသော အမှူးအမတ်တို့ကိုလည်း သစ္စာတော်ခံစေပြီးလျှင် အဆောင်အယောင် အမည်အရည် ကျေးရွာမြို့ပြ အထိုက်အလျောက် ပေးတော်မူသည်။ ယင်းသို့ ဥပရာဇ်ကို သားတော် အစဉ် မြေးတော် အဆက် မြစ်တော်အညွန့် မဖောက်မပြန် မသွေမဖယ်ဟူ၍ သစ္စာတော်ခံစေပြီးလျှင် မင်းမြောက်တန်ဆာ ငါးပါး မင်းဆောင် မင်းယောင် မင်းခမ်း မင်းနားနှင့်တကွ လင်းဇင်းမြို့အလုံးကိုပေးတော်မူ၍ မင်းပြုရသည်။ ဤသို့ လည်း အမိန့်တော်ရှိသည်။ ``ငါ့သားဥပရာဇ်ကို ငါ့ရင်တော်၌ ဖြစ်သော သားတော်ရင်းကဲ့သို့ မှတ်တော်မူ၍ လင်းဇင်းတိုင် ချီတော်မူ၍ နန်းတင်သည်။ ငါ့သားဥပရာဇ်သည် ငါ့ကိုချစ်လျှင် ပြည်သူကို ချစ်လိမ့်မည်၊ ငါ့အကျိုးတော်ကို လိုလျှင် ပြည်သူတကာတို့ အကျိုးစီးပွားကို လိုရလိမ့်မည်´´ ဟု များ သော အဆုံးအမတို့ကို ဆုံးမတော် မူသည်။ တောင်းတင်း စည်း ချိန်ခွင်တို့ကိုလည်း ဟံသာဝတီ နေပြည်တော်နှင့် တစ်ချက်တည်း ထားတော်မူသည်။ ဘုရားပုထိုး ဂူကျောင်း၊ ဇရပ်၊ သိမ်၊ ပျက်စီးနေသည်များ ကိုလည်း လုပ်ဆောင်ပြင်ဆင်စိမ့်မည် ဟူ၍ ငွေတစ်ရာ ဥပရာဇ် (ကို) အပ်တော်မူသည်။
``ငါ့သား ဥပရာဇ် မင်းပြုသည် မလုံလေ´´ ဟူ၍ ဗညားကျန် တစ်တပ်၊ ဗညားပရံတစ်တပ်၊ ဗညးဗြဲတစ်တပ်၊ ဗညားငသည်လုံး တစ်တပ်၊ သည်လေးတပ်ကို ဥပရာဇ်နှင့်အတူ ထားတော် မူခဲ့သည်။ ယင်းသော အခါ ရတော်မူသော ဗညားတုရိုင်းကို ဤသို့ မေးတော်မူသည်။ ``ဗညားသင်လည်း နောက်တော်သို့ လိုက်၍ ခြေရင်း တော်တွင်လည်း မြဲမည်လော၊ လင်းဇင်းတွင် ငါ့သား ဥပရာဇ်နှင့် တည်း နေရစ်မည်လော´´ မေးတော်မူသည်ကို ဗညားတုရိုင်း မလျှောက်ခင် ဗညားငသည်လုံး ဤသို့ နားတော်လျှောက်သည်။ `` ကျွန်တော် ဗညားတုရိုင်းကို ဘုန်းတော်ကြီးလှသော ဘ၀ရှင်ဘုရား အထက်ဇင်းမယ်တွင် ပြုစုတော်မူသည် လွန်ကဲသော အဆောင်အယောင် အခမ်းအနားနှင့်တကွ ပြုစုတော်မူသည်။ ထိုသို့သော ကျေးဇူးတော်ကို မသိ၊ မပြစ်မှားကောင်းသော အရာကို ပြစ်မှား၍ ရွှေနန်းတော်တွင်းမျှ ချမ်းသာစွာ စံတော်မမူရ၊ ဝေးလံသော အရပ်သို့ ချီတော်မူ၍ လုပ်ကြံတော်မူသ်ည။ ထိုသို့သော ကျေးဇူးတော်ကို မသိ၊ မပြစ်မှားကောင်းသော အရာကို ပြစ်မှား၍ ရွှေနန်းတော်တွင်းမျှ ချမ်းသာစွာ စံတော်မမူရ၊ ဝေးလံသော အရပ်သို့ ချီတော်မူ၍ လုပ်ကြံတော်မူရသည်။ မှူးတော် မတ်တော် ဆင်ကောင်း မြင်းကောင်း သူရဲသူခက်ကောင်းတို့လည်း ပင်ပန်းနာဖျား၍ ယွင်းယိုဖိတ်စဉ်ရလေသည်။ ယင်းသို့ ကို ထောက်သဖြင့် ရှေ့တော်တွင် ကျွန်တော်ကို ခစားရသည်လည်း ကြောက်ရွံ့ခန့်ညားလျက် ခစားသည်ကို သည်းခံတော်မူ၍ ဗညားတုရိုင်း အဘကို လွှတ်တော်မူသော ကောင်းမှု တော် အကျိုးကြောင့် သက်တော်ရာကျော် ပတ်လုံ့း ရှည်တော်မူ၍ ဗမ္ဗူဒိပ်မြေပြင်အလုံးကို အစိုးရတော်မူမည်။ သားတော် အစဉ် မြေးတော်အဆက် မြစ်တော် အညွန့် တိုင်အောင်လည်း ဥဒါန်းမော်ကွန်း ထင်ရှားစွာ ဖြစ်မည်´´ ဟူ၍ နားတော်လျှောက်သည်။ ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ဗညားတုရိုင်းကို ဇင်းမယ် အမတ်များ နှင့်အတူ ဇင်းမယ်သို့ ပြန်ရသည်။
ဤသိုပ လင်းဇင်းမြို့အလုံးကို စီရင်ခန့်ရန်တော်မူ၍ သက္ကရာဇ် (၉၃၇) ခု၊ ကဆုန်လဆန်း ၇ ရက်၊ မှိုင်းစံက ပြန်တော်မူ၍ ၀ါဆိုလပြည့်ကျော် ၁၂ ရက်နေပ ဟံသာဝတီသို့ ရောက်တော်မူသည်။ ပုသိမ်၊ မြောင်းမြ အစရှိသော အနောက်မြို့ တစ်လွှားကိုလည်း ရခိုင်နှင့် နီးသည်ကို အကြောင်းထောက်တော်မူ၍ သီရိဇေယျအနော်ရထာနှင့် ညီငင်သိမ်ကို အစောင့်အနေ ခန့်တော်မူသည်။
ယင်းသို့ မှ သမိန်ရဲသင်ရံတစ်တပ်၊ သီရိဓမ္မာသော က တစ်တပ်၊ သမိန်သံကြည် တစ်တပ်၊ နန္ဒသူရိယ တစ်တပ်၊ သမိန်ယိုးကရတ်တစ်တပ်၊ ညီတော် တောင်ငူဘုရင် မင်းခေါင်တစ်တပ်၊ သည်ခြောက်တပ်တွင် ပါသည့် တိုက်ဆင် ၇ ရာ၊ မြင်း ၇ ထောင်၊ စစ်သည်သူရဲ ၇ သော င်းနှင့် တစ်ကြောင်း ချီရလေသည်။ မင်းကျော်ထင် တစ်တပ်၊ သမိန်သံလိုက် တစ်တပ်၊ ရာဇသင်္ကြ တစ်တပ်၊ အဲမွန်တယာ တစ်တပ်၊ ဘယသင်္ကြ တစ်တပ်၊ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ တစ်တပ်၊ သည် ၆ တပ်တွင် ပါသည့် တိုက် ဆင် ၇ ရာ၊ မြင်း ၇ ထောင်၊ စစ်သည် သူရဲ ၇ သော င်း နှင့် တစ်ကြောင်းချီရသည်။ သမိန်လကွန်းအိမ် တစ်တပ်၊ မင်းမဟာ တစ်တပ်၊ သမိန်ဇော်ကရတ် တစ်တပ်၊ စုက္ကတေးတစ်တပ်၊ ဗညားပတ် တစ်တပ်၊ သားတော် မဟာဥပရာဇာ တစ်တပ်၊ သည် ၆ တပ်တွင် တိုက်ဆင် ၇ ရာ၊ မြင်း ၇ ထောင်၊ စစ်သည် သူရဲ ၇ သော င်း နှင့် တစ်ကြောင်းချီရသည်။
ရေတပ်မှာ ဥပါကောင်း တစ်တပ်၊ နန္ဒကျော်ထင် တစ်တပ်၊ ဗညားစက်တစ်တပ်၊ သီရိဇေယျကျော်ထင်တစ်တပ်၊ သမိန်စိပ်ပွန်တစ်တပ်၊ သမိန်ငေါ်ခွင်တစ်တပ်၊ သမိန်သင်္ကြတစ်တပ်၊ သည် ၇ တပ်ကို ရှေ့ချီစေ၍ ယင်းကမှာ ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားသည် ဘုံ ၁၁ ဆင့် ရှိသော ရတနာအတိပြီးသော ဟင်္သာရုပ်ရွှေဖောင်တော်စီးတော်မူ၍ ရွှေလှော်ကား ရှေ့ ၈ စင်း နောက် ၈ စင်း ငင်ရသည်။ ရွှေလှော်ကား တစ်ဆယ့်နှစ်စင်းကိုလည်း မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားတင်၍ ရွှေဖောင်ဝန်းကျင် လိုက်ရသည်။ ၀င်းတော်လေးမျက်နှာသား တို့ကိုလည်း တိုက်လှေကြီး ဇလာကပင်း လေးရာတွင် ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ၊ ရွှေလှံ စီစဉ်စေ၍ ဖောင်တော်လက်ဝဲ လက်ယာ ရှေ့နောက်လိုက်ရ သည်။ ရွှေစက်ကွင်းတစ်ရာကိုလည်း ဖောင်တော်ဝန်းကျင် လိုက်ရသည်။ ၀င်းမှူးလေးပါးကိုလည်း မိမိတို့ရသည့် လှေမှတ်နှင့် လက်ဝဲလက်ယာ ရှေ့နောက် လိုက်ရသည်။
တပ်တော်တွင် နေမျိုးကျော်ထင်ကို တပ်မှူး၊ ဇေယျကျော်ထင်ကို စစ်ကဲခန့်တော်မူသည်။ နောက်တော်က ချီရသော တပ်စဉ်ကား ဘယကျော်ထင်တစ်တပ်၊ သမိန်ပရမ်း တစ်တပ်၊ နန္ဒဘယသင်္ကြ တစ်တပ်၊ သမိန်ဗြပိုက် တစ်တပ်၊ ဘယကျော်သူ တစ်တပ်၊ သမိန်ပေါ့ကျော် တစ်တပ် ဇေယျကာမဏိတစ်တပ်၊ သမိန်ဗြပိုက်တစ်တပ်၊ သမက်တော်အငယ် မင်းရဲကျော်ထင် တစ်တပ် တပ်မတော်နှင့်တကွ လှေတပ် တစ်ဆယ့်ရှစ်တပ်တွင် ပါသည့် ဇလာကပင်း၊ ကူရွပ်၊ သမ္ဗန်၊ ကတ္တူ၊ လွန်းကြင်၊ တိုက်လှေပေါင်း နှစ်ရာ၊ လှော်ကားသံလှေ ငါးရာ၊ ရိက္ခာတင် ကုန်လှေ တစ်ထောင်၊ စစ်သည်သူရဲ နှစ်သိန်းနှစ်သော င်း။ သက္ကရာဇ် (၉၃၇) ခု၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက် စနေနေ့ ဟံသာဝတီ နေပြည်တော်က ချီတော်မူသည်။ ဆင်ဖြူကြီး နှစ်စီးကိုလည်း လှေနှစ်စင်း တွဲ ဖောင်တွင် သာယာလှစွာ သော ဒ၀ယ်နှစ်ထပ်နှင့် ဆောင်ယူတော်မူသည်။
သားတော် မဟာဥပရာဇာ၊ ညီတော် ပြည်မင်း၊ တောင်ငူမင်းတို့ကိုလည်း ဟံသာဝတီကသည် ရတနာပူရတိုင် ရွှေလှော်ကားနှင့် နောက်တော်တွင် လိုက်ရသည်။ တပ်ချတိုင်း သဘင်ခံတော်မူသည်။ ဒဂုံဆံတော်ရှင် သို့ ရောက်လျှင် သံဃာတစ်ရာ့တစ်ပါးပင့်၍ ဆွမ်းလုပ်ကျွေးတော်မူသည်။ ပရိက္ခရာလည်း လှူတော်မူသည်။ တံခွန်ကြီး ၄ ဆူ၊ တန်ဆောင်းကြီး ၄ တိုင် လှူတော်မူသည်။ ယင်းသို့ မှ ဒဂုံက ချီတော်မူ၍ ပြည်သို့ ရောက်တော်မူလျှင် ပြည်ဆံတော်ရှင်ဘုရားကို ဝေါပြာသာဒ်စီး၍ တက်တော်မူသည်။ စားတော် လက်ဖက်အိုးကိုလည်း ရွှေမျက်ပါးခတ်၍ စေတီထည့်ရသည်။ ပြည်က ချီတော်မူ၍ စကုဆိပ်သို့ ရောက်တော်မူလျှင် ရွှေစက်တော်ရာ နှစ်ဆူကို ထီးတံခွန်နှင့်တကွ တန်ဆောင်းကြီး တစ်ဆယ့်နှစ်တိုင် လှူတော်မူ၍ စားတော် ကွမ်းလိပ်ကို ရွှေမျက်ပါးခတ်၍ ထည့်လေသည်။ စကုဆိပ်က ချီတော်မူ၍ ပုဂံသို့ ရောက်တော်မူလျှင် ရွှေစည်းခုံသို့ တက်တော်မူ၍ သံဃာတစ်ရာ့တစ်ပါးကို ဆွမ်းလုပ်ကျွေးတော်မူသည်။ ရဟန်း ပရိက္ခရာရှစ်ပါးနှင့် တကွ လှူဖွယ်လှူခင်းလည်း အများ လှူတော်မူသည်။ ဘုရားရှင်ကိုလည်း တံခွန်ကုက္ကား အများ လှူတော်မူသည်။ ပုဂံက ချီတော်မူ၍ အင်းဝသို့ ရောက်တော်မူလျှင် ဆရာတော် ရှင်တိသာသန အစရှိသော သံဃာတစ်ရာ့တစ်ပါး ပင့်တော်မူ၍ ဆွမ်းလုပ်ကျွေး တော်မူသည်။ သင်္ကန်းလျာ ခါသာအုပ်လည်း အများ လှူတော်မူသည်။ ရှင်ဖြူ ရှင်လှ ပုညစေတီ စသော မြို့တွင်း ရွှေစည်းခုံ၊ ပန်းရရွှေစည်းခုံ ဘုရားများ ကိုလည်း တံခွန် ကုက္ကား မလေးပွား ဆီမီး တန်ဆောင်များ စွာ လှူတော်မူသည်။ ယင်းသို့ မှ သားတော် မဟာဥပရာဇာ ညီတော် ပြည်မင်း၊ တောင်ငူမင်းတို့ ၁၈ တပ်သားကို စစ်ကိုင်းက ကြည်းကြောင်း ချီရလေသည်။ ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားမှာ ရေကြောင်း တပ်စဉ်အတိုင်း ချီတော်မူသည်။ မိုးတားလက်ပံသို့ ရောက်တော်မူလျှင် မိုးတားတွင် လှေတပ်အပေါင်းကို ထားတော်မူ၍ ရဲမက်ဗိုလ်ပါတို့ကို ကြည်းတပ်ဖွဲ့စေပြီးလျှင် မိုးကောင်းသို့ ချီတော်မူသည်။
၁၇။ မိုးကောင်း၊ မိုးညှင်းသို့ ချီတက်တော်မူခြင်း
မိုးကောင်းစော်ဘွား၊ မိုးညှင်းစော်ဘွားတို့လည်း ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီး ဘုရား၊ေ၇ကြောင်း၊ ကြည်းကြောင်း ရဲမက်ဗိုလ်ပါ ဆင်လုံး မြင်းရင်း အများ နှင့် ချီတော်မူလာပြီ ဟူ၍ ကြားလျှင် မိမိဆွေမျိုး အမှူးအမတ်တို့ကို ခေါ်၍ ဤသို့ ဆိုသည်။ ``ယခုဘ၀ရှင်မင်းတရားကြီးဘုရား ကိုယ်တော် ဆင်လုံး မြင်းရင်း အများ နှင့် ချီတော်မူလာရာမှာ ငါတို့တွင် ရှိသော အလုံးအရင်းနှင့်ထောက်သော် သူတို့မှာ စကြ၀ဋ္ဌာတိုက်ဝကဲ့သို့ ဖြစ်လေသည်။ ငါတို့မှာ မူကား ဖယောင်းကြုတ်ဖုံးမျှသာ ဖြစ်ချေသည်။ သည်အရေး ကို ပသို့ ကြံရသော် သင့်မည်နည်း´´ ဟူ၍ ဆိုသည်။ ထိုစကားကို မိုးကောင်းစော်ဘွားကျွန် ပေါလသိုင်းစား ကြားလျှင် ဤသို့ မိုးကောင်း စော်ဘွားကို လျှောက်သည်။ ``ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီး ဘုရားတွင် ဆင်လုံး မြင်းရင်း စစ်သည်ဗိုလ်ပါ များ ၍ ဘုန်းအာဏာတော်ကြီးကြောင်းကို ယခုမှ သိတော်မူသည်လော၊ သူ့ကျွန်ဖြစ်၍ လင်းဇင်းသို့ နောက်တော်လိုက် ခေါ်သည်ကို လိုက်လည်း သူ့အရပ်မှာ သေရမည်၊ မလိုက်လည်း တို့အရပ်တွင် သေရမည် ဖြစ်သည်။ သူ့အရပ်မှာ သေသည်ထက် တို့အရပ်တွင် သေရသော် မြတ်၏ ဟူ၍ သူ့ကို ပုန်ကန်သော င်းကျန်းလေပြီးသည်ကို ယခု ကိုယ်နိုင်အောင် တိုက်တော်မူတော့လော့။ အောင်မြင်လျှင် အောင်မြင်စေ၊ မအောင်မြင်လျှင်လည်း သေပေစေတော့လော့၊ ယခုသူရောက်လာ၍ အလုံးအရင်းများ သည်ကို ကြားမှ ဤစကားကို မိန့်တော်မူသည့်အရာမှာ မိန့်တော်မမူသင့်။ အမှူးအမတ် သူရဲသူခက် ကြားလေသော်လည်း နှလုံးဝမ်းငယ်မည် အကြောင်း ဖြစ်သည်။ ယခုမှကို ပြေး၍ လွတ်သာမည် မဟုတ်ပြီ၊ ယင်းသို့ ဖြစ်သော ကြောင့် မိုးညှင်းစော်ဘွားက သူရဲကောင်း နှစ်ထောင့်ငါးရာနှင့် တစ်တပ်၊ သည်တပ်တွင် တိုက်ဆင် ငါးဆယ် ခြောက်ဆယ်ခန့်နှင့် မိုးညှင်းစော်ဘွားနှင့် ကျွန်တော်ကသာ ခရီးတောက အောင်း၍ မင်းတရားကြီး အမှတ်မဲ့ ချီတော်မူလာသည့်အခိုက်တွင် တိုက်တော့မည်။ နိုင်လျှင်နိုင်စေ၊ မနိုင်လျှင်လည်း ဆင်ဦးတွင် သေစေ´´ ဟူ၍ ဆိုပြီးလျှင် စော်ဘွားနှစ်ဦးလည်း ပေါလသိုင်းစား အရေး သို့ လိုက်ကြ၍ မိုးကောင်းစော်ဘွားကို အဝေးသို့ နှင်လိုက်ပြီးလျှင် မိုးညှင်းစော်ဘွားနှင့် ပေါလသိုင်းစားတို့ ဆင်ခြောက်ဆယ်၊ ဗိုလ်ငါးထောင် ခန့်နှင့် ကသာက မိုးကောင်းသို့ တက်သည့် ခရီးတောတွင် ပုန်း၍ နေလေ၏ ။
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း၊ ကသာကထက် မိုးတား လက်ပံ ခရီးက တက်တော်မူ၍ မိုးကောင်းသို့ ရောက်တော်မူလျှင်၊ မိုးညှင်းစော်ဘွားနှင့် ပေါလသိုင်းစား အလုံးအရင်းနှင့်တကွ ကသာခရီးတောက ဆီးကြို၍ နေကြောင်းကို ကြားတော်မူလျှင် သမက်တော် အ၀ဘုရင် သတိုးမင်းစော တစ်တပ်၊ သမိန်ရဲသင်ရံ တစ်တပ်၊ နန္ဒသူရိယ တစ်တပ်၊ သမိန်လကွန်းအိမ် တစ်တပ်၊ ရာဇသင်္ကြ တစ်တပ်၊ အဲမွန်တယာ တစ်တပ်၊ မင်းမဟာ တစ်တပ်၊ သမိန်ဇော်ကရတ် တစ်တပ်၊ နန္ဒကျော်ထင် တစ်တပ်၊ ဗညားပတ် တစ်တပ်၊ သည် ဆယ်တပ်တွင် ပါသည့် တိုက်ဆင် ငါးရာ၊ မြင်းငါးထောင်၊ စစ်သည် သူရဲ တစ်သော င်းနှင့် မိုးညှင်းစား။ ပေါလသိုင်းစားငယ်ကို ရအောင် ဖမ်းလေ အမိန့်တော်ရှိ၍ မိုးကောင်းက ကသာသို့ ပြန်၍ ချီရသည်။
၁၈။ တောတွင်း တိုက်ပွဲ
ရောက်လျှင် တောအုပ်ကို ၀န်းရံ၍ ရှာသည်။ မိုးညှင်းစော်ဘွား၊ ပေါလသိုင်းစားတို့လည်း တောက ထွက်၍ တိုက်လာသည်ကို သမက်တော် အ၀ဘုရင် သတိုးမင်းစော တိုက်သည်။ မိုးညှင်းစော်ဘွားလည်း ဆင်ဦးတွင်ပင် ဆုံးလေသည်။ ပေါလသိုင်းစားနှင့်တကွ အမတ်တစ်ဆယ်၊ ရဲမက်အလုံးကိုလည်း အရှင်ပင် ရတော်မူသည်။ ယင်းသို့ မှ မိုးကောင်းသို့ ချီ၍ ရောက်လျှင် ရသည့် ဆင်၊ မြင်း လူသူတို့ကို ဆက်လေ၏ ။
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ပေါလသိုင်းစားကို ခေါ်တော်မူလျှင် နှုတ်တော်ဖြင့် ဤသို့ အမိန့်တော်ရှိသည်။ ``ကျေးဇူးတော် သစ္စာတော်ကို သွေဖည်၍ မိုးကောင်းစား၊ မိုးညှင်းစားငယ်တို့သည် သော င်းကျန်းပုန်ကန်လေသည်။ အစက ဘယ်သူစကားကို နာ၍ ပြုကျင့်လေသနည်း´´ ဟု မေးတော်မူသည်။ ပေါလသိုင်းစားကလည်း ဤသို့ နားတော်လျှောက်သည်။ ``ကျွန်တော် မိုးကောင်းစား၊ မိုးညှင်းစား တို့သည် လင်းဇင်းသို့ ချီတော်မူသော အခါ နောက်တော်လိုက် ခေါ်ချေတော်မူသည်။ မိုးညှင်းစော်ဘွားက ဆိုသည်၊ နောက်တော် လိုက်လည်း သူ့အရပ်မှာ သေရမည် ဖြစ်သည်။ နောက်တော်မလိုက်လည်း အပြစ်တော်နှင့် တို့အရပ်တွင် သေရမည်။ ထိုသို့ သေရမည်အတူတူကို တို့အရပ်တွင် သေရသော် မြတ်၏ ဟူ၍ ဘုန်းတော်ကြီးလှသော ဘ၀ရှင်မင်းတရားကို သော င်းကျန်းပုန်ကန်လေသည်နှင့်ယခုချီလာရာတွင် စော်ဘွားနှစ်ဦးတို့သည် နှလုံးဝမ်းငယ်သော စကားကို ဆိုသော ကြောင့် သူ့ကို ပုန်စားလေပြီးသည်ကို သည်ကဲ့သို့ ပြု၍ မသင့်ပြီ။ သေလိုလည်း သေ၊ ရှင်လိုလည်း ရှင်၊ အသက်ကို စွန့်၍ တိုက်ရမှ သင့်မည်ဟု ကျွန်တော်တို့ ဆိုပေသည်။ ယင်းသို့ ဆိုပြီးမှ ကျွန်တော်အရှင် မိုးကောင်းစော်ဘွားအဝေးမှာ ကျွန်တော်ဝှက်ထား၍ မိုးညှင်းစော်ဘွားနှင့် ကျွန်တော် တိုင်ပင်၍ ဘုန်းတော် ကြီးလှသော ဘ၀ရှင်ဘုရား ကသာဆိပ်က အတက်ကို ဆီးကြို၍ တိုက်မည် ဆင်လုံးမြင်းရင်းနှင့် နေသည်ကို ဘုန်းတော်တန်ခိုးတော်ကြီးသော မင်းဧကရာဇ် ဖြစ်တော်မူ၍ အခြားလမ်းကို တက်တော်မူလေသော ကြောင့် မတိုက်ရ ရှိလေသည်။ ယခုလည်း ဘုန်းတော် အလွန်ကဲ သော ကြောင့် မိုးညှင်းစော်ဘွားလည်း ဆုံးလေသည်။ ကျွန်တော်တို့လည်း ရတော်မူသည်။ ယခု တစ်စုံတစ်ရာသော ပယောဂဖြင့် ကွပ်မျက်တော်မူသော်လည်း ဘုန်းတော်ကြီးလှသော ဘ၀ရှင်ဘုရား၍ မကောင်းမှု မဖြစ်ပြီ´´ ဟူ၍ နားတော်လျှောက်သည်။
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးလည်း ပေါလသိုင်းစား လျှောက်သော စကားကို ကြားတော်မူသော် မည်သို့မျှ အမိန့်တော်မရှိ၊ ရွှေတိုက်စိုးကို အပ်၍ ထားတော်မူသည်။ ယင်းကမှ ညီတော် သားတော် မှူးတော် မတ်တော် အပေါင်းတို့နှင့်တကွ မိုးကောင်းစော်ဘွား ပြေးလေရာ ကျေးစွန်းသို့ လိုက်တော်မူသည်။ စော်ဘွား နေရပ်ကို အတပ်မသိသော ကြောင့် မရချေ။ ယင်းသို့ လျှင် အမျက်တော်ရှိ၍ ညီတော် သားတော် မှူးတော် မတ်တော် အပေါင်းတို့ကို ရအောင်ရှာလေ အမိန့်တော်ရှိ၍ ခဲယဉ်းစွာ သော တောတောင်၊ ခဲယဉ်းစွာ သော ချောင်းမြောင်း ကမ်းပါးတို့ကို တက်သက်၍ ရှာသည်။ ရှည်လတ်သော် ဆင်မြင်းဗိုလ်ပါတို့သည် အလွန်ငတ်မွတ် ပင်ပန်း၍ နာဖျားကြချေသည်။ ထိုအကြောင်းများ ကို ကြားတော်မူလျှင် ခေါ်တော်မူ၍ ပြန်ရသည်။ သားတော် မဟာဥပရာဇာတို့ ၇ တပ်နှင့် သမက်တော် အ၀ဘုရင် သတိုးမင်းစောတို့ ၇ တပ်ကို ခန္တီးခန့်ငြင်တိုက်အောင် လိုက်ရသည်။
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း လူနာ လူဖျားတို့ကို ရုံးစုတော်မူ၍ အတပ်တပ်သားနှင့်တကွ မိုးကောင်းသို့ ပြန်၍ နေတော်မူသည်။ ရောက်တော်မူလျှင် ရွှေတိုက်စိုး၌ အပ်၍ ထားသော ပေါလသိုင်းစားကို ခေါ်တော်မူ၍ ဆုလာဘ် ပေးပြီးလျှင် သစ္စာတော်ခံစိမ့်မည် ဟူ၍ သစ္စာတော်စာကို ဖတ်ရသည်။ ပေါလသိုင်းစားလည်း ``ယခု ကျွန်တော်ကို သစ္စာပေးသည်၊ အဘယ်သို့ အမှု တော်ကို ထမ်းရမည်နည်း´´ ဟူ၍ သစ္စာတော် မခံခင် နားတော် လျှောက်သည်။ ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ဤသို့ နှုတ်တော်နှင့် အမိန့်တော်ရှိသည်။ ``မမတ်ကို ငါ့ရဲမက်တော်နှင့် မိုးကောင်းစော်ဘွားရှိရာ သွား၍ ဖမ်းစေလိုသော ကြောင့် သစ္စာတော်ပေးသည်´´ ဟူ၍ အမိန့်တော်ရှိသည်။
ပေါလသိုင်းစားလည်း အမိန့်တော်ကို ကြားလျှင် ဦးသုံးကြိမ်ချ၍ ဤသို့ နားတော်လျှောက်ပြန်သည်။ ``မိုးကောင်းစော်ဘွားတို့ သော င်းကျန်းပုန်ကန်လေသည်လည်း ကျွန်တော်အစီရင်ဖြစ်သည်။ ချီတော်မူလာသည် ဟူ၍ ကြားလျှင် မိုးကောင်းစော်ဘွားကို ပြေးစေသည်လည်း ကျွန်တော်အတတ်ပင် ဖြစ်သည်။ ဘုန်းကြီးလှသော ဘ၀ရှင်ဘုရား ကသာဆိပ်က တက်တော်မူလျှင် ဆီးကြို၍ တိုက်မည် ကြံသည်လည်း ကျွန်တော်အတတ်ပင် ဖြစ်သည်။ ဘုန်း၊ လက်ရုံး အာဏာကြီးတော်မူလှသော ဧကရာဇ်မင်းဖြစ်တော်မူ၍ စိတ်အလိုအတိုင်း မဖြစ်မူ၍ ခြေရင်းတော်သို့ ကျွန်တော် မဖြစ်နိုင်ပြီ။ ကျွန်တော်အရှင် ပေးသော သစ္စာသည် စက္ကူတွင် ရေး ၍ မီးဖုတ်ပြီးလျှင် ထိုအကျွမ်းပြားကို ရေ၌ ဖျော်၍ သော က်ရသည်။ ထိုသစ္စာတော်ရေသည် ကျွန်တော်ဝမ်းတွင် မကြေ ရှိသည်။ မိုးကောင်းစော်ဘွား မပေးကောင်းလော ဟူ၍ ဤဘ၀တွင်ကို ထားဘိဦး၊ နောင်ဘ၀တိုင်အောင် သတ်တော်မူသော်လည်း သေရလေတော့မည်သာ။ ကျွန်တော်အရှင် သစ္စာကို မဖျက်ပြီ´´ ဟူ၍ နားတော်လျှောက်သည်။
ထိုသို့ သော စကားကို ကြားတော်မူလျှင် ရှေ့တော်၌ ခစား၍ နေသော မှူးတော်မတ်တော် အပေါင်းတို့ကို ဤသို့ အမိန့်တော်ရှိသည်။ ``အို အမတ်တို့ ပေါလသိုင်းစား ငယ်သည် ပေါလသိုင်းရွာ အိမ်ခြေ ခုနှစ်ဆယ်၊ ရှစ်ဆယ်ခန့်မျှကို မိုးကောင်းစော်ဘွား ပေး၍ စားရသည်။ ဤသို့ သော ကျေးဇူးတော်ကို အောက်မေ့သဖြင့် ဆိုသည် စကားကို ကိုယ်ကို အသေခံ၍ လျှောက်သည်။ ထိုသို့သော သင့်စည်းစိမ်သည်ကား အမတ်တို့တွင် ရှိသော ကျွန်တစ်ယောက် စည်းစိမ်ခန့်မျှ မရှိ။ သင်းဆိုသော စကားကို အမတ်တို့ကြားလျှင် မရှက်ပါလော´´ ဟု အမိန့်တော်ရှိပြီးလျှင် ပေါလသိုင်းစားကို ``မိုးကောင်းစော်ဘွားကို ဖမ်း၍ မပေးလျှင်နေတော့။ နေရပ်နေရာကို ပြညွှန်းမည်လော´´ ဟူ၍ မေးတော်မူသည်။ ပေါလသိုင်းစားလည်း ပြညွှန်းမည် အကြောင်းကို နားတော်လျှောက်သည်။ ယင်းသို့ မှ သစ္စာတော်ခံ စေ၍ ရွှေဓားမှူးနှင့်တကွ သွားရလေ၏ ။
မိုးကောင်း ကလေးစခန်းရောက်လျှင် ပေါလသိုင်းစား ထွက်၍ ပြေးလေ၏ ။ ထိုအကြောင်းကို ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရား ကြားတော်မူလျှင် အမျက်တော် ပြင်းစွာ ရှိ၍ ရွှေဓားမှူးငယ်ကို သတ်လေဟု အမိန့်တော် ရှိသည်။ ယင်းသော အခါ ရတော်မူသော မိုးညှင်း စော်ဘွားကျွန် စော်ရဲ ဟူသော အမတ် ဤသို့ နားတော်လျှောက်သည်။ ``ကျွန်တော် ပေါလသိုင်းစား ထွက်ပြေးလေရာမှာ မိုးကောင်းစော်ဘွားကို မချွတ်ရတော်မူမည်´´ ဟု နားတော် လျှောက်သည်။ ``ရမည် အကြောင်းကို ပသို့ ထင်သနည်း´´ ဟူ၍ မေးတော်မူသည်။ စောရဲလည်း ဤသို့ နားတော် လျှောက်ပြန်သည်။ ပေါလသိုင်းစားငယ်သည် ကြီးသော အပြစ် ရှိကြောင်းကို ကျွန်တော်တို့ အသိဖြစ် တော့သည်။ ယင်းသို့ အကြံအစည်ကြောင့် သို့ သည် အပြုအမူကို စော်ဘွားတို့ ပြုရသည် ဖြစ်တော့သည်။ သို့ သည်အပြစ်နှင့် လူကို လက်တော်သို့ ရောက်၍ ကွပ်မျက်တော်မမူဘဲ ထားတော်မူသည်။ သည်သာမဟုတ်၊ ဆုလာဘ်ပေး၍ အမှု တော်ကို ထမ်းပြန်ရသည်။ ထိုအကြောင်းကို မိုးကောင်းစော်ဘွား အစရှိသော အမှူးအမတ် ပြည်သူလူအပေါင်းတို့ ကြားသော်သင်းအပြစ်နှင့် တကွသော လူကို ရတော်မူသော်လည်း မကွပ်မမျက် ထားတော်မူသည်။ ငါတို့မှာ အပြစ်မရှိ ဟူ၍ မိုးကောင်းစော်ဘွားနှင့်အတူ ပါလေသော ရှမ်းအပေါင်းတို့သည် မိုးကောင်းစားကို ခွာ၍ ခြေရင်းတော်သို့ ရောက်လာမည် မချွတ်။ ရောက်လာသော သူတို့လည်း မိုးကောင်းစား နေရာကို ပြမည် မချွတ်။ ဤသို့ သော အကြောင်းများ ကို မြင်သည်´´ ဟူ၍ လျှောက်သည်။ ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း စောရဲလျှောက်သော စကားကို ကြားတော်မူလျှင် ရွှေဓားမှူးကို ထွက်သော အမျက်တော် ပြေ၍ စောရဲကိုလည်း ပုဆိုး၊ ၀တ်လုံ၊ ရွှေဓား၊ ငါးပတ်ခံတွင်း ပေးတော်မူသည်။
၁၉။ လင်းဇင်း ဗညားသေည်ကို ရရှိခြင်း
ယင်းသို့ မိုးကောင်းမြို့တွင် နေတော်မူစဉ် လင်းဇင်းမှာ ဗညားသေည်လုံး၊ ဗညားပရံ၊ ဗညားကျန်း၊ ဗညားဗြဲ၊ ဤဗညားလေးဦးကို ဥပရာဇ်နှင့် မှိုင်းစံတွင် နေလေရာမှာ လင်းဇင်းမင်း ဗညားသေည်သည် ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရား ဟံသာဝတီသို့ ပြန်ပြီဟူ၍ ကြားလျှင် ဆင်မြင်းဗိုလ်ပါ စုရုံး၍ ဥပရာဇ်နှင့် ဗညားလေးဦးကို တိုက်မည်ဟု စီရင်လေ၏ ။ ဥပရာဇ်သို့ ၀င်လာသော လင်းဇင်းမင်း အမတ်တို့နှင့်တိုင်ပင်၍ ဥပါယ်တံမျဉ်ဖြင့် ဗညားသေည် သားအဘကို ဖမ်းရလေ၏ ။ ဗညားသေည် သားအဘကို ရ၍ ဟံသာဝတီသို့ ပြန်တော့မည် ဟူ၍ ဗညားလေးဦး စီရင်ခန့်ရန်ရာတွင် ဗညားသေည်လုံဟူသော အမတ် ဤသို့ အကြံရှိသည်။ ``ဥပရာဇ်သည် ငါနှင့် အမျိုးတူဖြစ်၍ အတူမေတ္တာရှိကြသည်ကိုလည်း ဘ၀ရှင်မင်းတရားကြီးအသိ ဖြစ်တော်မူသည်။ ယခုလည်း လင်းဇင်းမြို့ကို ဥပရာဇ် မင်းပြုသည်၊ ငါလည်း ဇင်းမယ်မြို့တွင် နေ၍ အမှု တော်ကို ထမ်းရမည်။ ဥပရာဇ်နှင့် အဆွေခင်ပွန်းအချစ် အလေးအမြတ် ဖြစ်ကြသည် အခြင်းအရာကို ပြု၍ မသင့်ချေ´´ ဟု အကြံရှိပြီးလျှင် ဥပရာဇ်သို့ စေ၍ ဤသို့ ဆိုရလေသည်။ ``ငါနားတော်လေဆာက်သည်၊ လင်းဇင်းမင်း သူပုန်ဖြစ်သော ဗညားသေည်နှင့်တကွ အမှူးအမတ် သူဌေးသူကြွယ်တို့ကို ရပြီ၊ ထိုသူတို့သည် အလွန်ရက်ရော ကြမ်းကြုတ်ကုန်သည်။ ထိုသူတို့ကို လင်းဇင်းမြို့၌ နေစေသည်ရှိသော် နောင်လာနာဂတ်၌ ဘ၀ရှင်မင်းတရားကြီးဘုရား နှလုံးတော် နှောင့်ယှက်မည် အကြောင်း ဖြစ်သည်၊ ယင်းသို့ ဖြစ်သော ကြောင့် ဗညားသေည်သားအဘနှင့်တကွ အမှူးအမတ်တို့ကို ခြေရင်းတော်သို့ ဆက်မည်။ အလျင် ယူခဲ့စေ´´ ဟူ၍ တောင်းလေသည်။ လင်းဇင်းမင်း ဥပရာဇ်လည်း ထိုအမှူးအမတ်တို့သည် အမျိုးအဆွေချည်း ဖြစ်သည်ဟူ၍ မပေး နေလေသည်။
နှစ်ကြိမ်၊ သုံးကြိမ် တောင်း၍ ဗညားသေည်လုံးလည်း ဗညားကျန်း၊ ဗညားပရံ၊ ဗညားဗြဲ တို့ကို ရုံးက ခေါ်၍ လင်းဇင်း ဥပရာဇ်နှင့်တကွ စည်းဝေးပြီးလျှင် ဗညားသေသည်လုံး ဤသို့ ဆို သည်။ ``လင်ဇင်းမင်းသည် ငါက သုံ့လူတို့ကို တောင်းသည်ကို မပေးနေသည်ကား ငါတို့ သခင် ဆွေတော် မျိုးတော်ဖြစ် ၍ လည်း နေသည်လော၊ ယင်းသို့ မဟုတ် ငါတို့သခင် ရန်သူတော်နှင့် ဆင်စီးချင်း တိုက်၍ အောင်မြင်ဖူးသသူ ဖြစ်သည် ဟူ၍ လည်း ဆိုမည်လော၊ အစ်ကိုလည်း အထက်က ငါတို့ကဲ့သို့ သုံ့လူပင် ဖြစ်သည်။ ဘုန်းတော်ကြီးလှသော ဘ၀ရှင်ဘုရားသည် သူကောင်းအမျိုးကို သနားတော်မူတတ်သော မင်းဧကရာဇ် ဖြစ်တော်မူ၍ ငါတို့ကို ရတော်မူလျှင် မကွပ်မမျက် မဖျက်မဆီးဘဲ သူကောင်းပြုတော်မူသည်။ အစ်ကိုတို့လည်း သားတော် မဟာဥပရာဇာတို့ မှိုင်းစံတွင် ရ၍ ဆက်လျှင် မရှုတ်မချ မွေးကျွေးတော်ူမ၍ ယခု လင်းဇင်းမြို့ကိုပေး တော်မူသည်။ သို့သည်ကျေးဇူးတော်ကို ဆပ်မည်ကား မကြံ၊ ပြည်ရွာ၏ အဆူးငြောင့်ဖြစ်သော လူသွမ်းလူဖျက်တို့ကို လက်ခံထားသည့် အရာသည် နောင်လာနာဂတ်၌ ငါတို့သခင် နှလုံးတော်ကို နှောင့်ယှက်အောင်ကြံသည် မဟုတ်လော၊ နှောင့်ယှက်မည်အကြောင်းကို သိမြင်လျှင် နားတော် မလျှောက်ဘဲ နေခြင်းသည်လည်း အရှင်ကို ဖီဆန်သည် မဟုတ်လော၊ ပြည်ရေး ရွာမှု ရှိသော အခါ ငါ့ချည်းသာ မကြံအပ်ချေ။ ပညာရှိ ရှိသမျှနှင့် တိုင်ပင်၍ မလျှောက်ရချေလော´´ဟူ၍ ဆိုသည်ကို ဥပရာဇ်ကြားလျှင် ဤသို့ဆိုသည်။ ``ဗညားဆိုသော လူဟူသမျှသည် ငါ့အဆွေအမျိုးဖြစ်၍ သိမ်း ယူပါသည်။ ထိုသို့ သိမ်းယူခြင်းကို ဗညားအလိုမရှိသည်လော၊ ဘ၀ရှင် မင်းတရားကြီး ငါ့ကို သူကောင်းပြုတော်မူသည်။ အဆွေအမျိုး အပေါင်းနှင့်တကွ အမှု တော်ကို ထမ်းစေလို၍ သူကောင်း ပြုတော်မူသည်ဖြစ်သည်။ ယင်းသို့ ဗညားသေည်လုံးသည် အဆွေအမျိုးတို့ကို ပျက်စီးအောင် ဆိုသည် မဟုတ်လော´´ ဟူ၍ ဆို၏ ။
ယင်းသော အခါ လင်းဇင်းမင်း ဥပရာဇ်နှင့် ဗညားသေည်လုံး မနည်းကြာပင် တွေးဆိုကြ သည်။ ထိုသို့ တွေးဆိုသော် ဗညားကျန်း၊ ဗညားပရံ၊ ဗညားဗြဲတို့ သုံးဥဋ္ဌီးက ``မင်းနှစ်ပါးဆိုသည် စကားသည်အရေး ရှိကြသည်ချည်းဆိုသည်ဖြစ် တော့သည်။ သို့ရာတွင် ငါတို့သခင် ဘ၀ရှင် မင်းတရားကြီးဘုရား အမိန့်တော်ကိုနာခံ၍ သင့်ရာဖြစ်ကြလိမ့်မည်။ ဗညားသေည် သားအဘကို ယူဦးတောမည်၊ အမှူး အမတ် သူဌေး သူကြွယ်တို့မှာ သင့်ရာ ဖြစ်ရမည်´´ ဟူ၍ ဆိုပြီးလျှင် ဟံသာဝတီသို့ပြန်မည် အစီအရင်ကို စီရင်ခန့်ရန်ကြသည်။ ယင်းသော အခါ လင်းဇင်းမင်း ဥပရာဇ် လည်း ဗညားလေးဦးတို့ကို ဆင်ပေါက်တစ်စီး၊ မြင်းကြိုးကအစုံ၊ ၀တ်လုံ၊ ငွေတစ်ဆယ်စီ ပေးလိုက် သည်။ စစ်ကဲလေးဦးကိုလည်း မြင်းကြိုးကအစုံ၊ ငွေငါးပိဿာစီပေး၍ ပြန်ရကုန်သည်။ ဇင်းမယ်သို့ ရောက်လျှင် ဗညားသေည်လုံးလည်း ဇင်းမယ်တွင်နေ၍ အမှု တော်ကို ထမ်းသည်။
ဗညားသုံးဦးတို့လည်း ဗညားသေည် သားအဘကို မြဲမြံစွာ ဆောင်ယူ၍ ဟံသာဝတီသို့ ရောက်လျှင် ဆင်ဖြူများ သခင် ဘ၀ရှင် မင်းတရားကြီးဘုရား မိုးကောင်းမှာ ရှိတော်မူရာသို့ လုံခြုံ အောင် ယူ၍ ဆက်ရလေ၏ ။ ဆင်ဖြူများ သခင် ဘ၀ရှင် မင်းတရားကြီးဘုရားလည်း ဗညားသေည် ကို အကျဉ်းထားရာက လွှတ်တော်မူ၍ သားအဘ နှစ်ယောက်ကိုပင် သာယာစွာ နေရသည်။
၂၀။ မင်းတရားကြီး နေပြည်တော်သို့ပြန်ခြင်း
သားတော် မဟာဥပရာဇာ်၊ သမက်တော် အ၀ဘုရင် သတိုးမင်းစောတို့ မိုးကောင်းစော်ဘွား ပြေးလေရာသို့ လိုက်ရာမှာ ခန္တီးခန့်ငြားကသည် မိုင်းလုံတိုင်အောင် လိုက်တော်မူ လေ၏ ။ တောင်ကမ်းကြီး၍ ဆင် မစီးသာလျှင် မြင်းစီး၍ လိုက်တော်မူကြသည်။ မြင်း မစီးသာသော ခရီးသို့ ရောက်လျှင် သန်းလျင်း၁စီး၍ လိုက်တော်မူကြသည်။ သန်လျင်း မစီးသာ သော ခရီးသို့ ရောက်လျှင် ခြေကျင်တောင်ဝှေးထောက်၍ လိုက်တော်မူကြသည်။ မိုးကောင်းက ချီ၍ တစ်လကျော်ခရီးသို့ ရောက်လျှင် ဆီးနှင်းတို့သည် အိုးစရည်းရှိရှိ အခဲအစိုင် မရီးမသွားသာ အောင်ရှိသည်။ ထိုဆီးနှင်းခဲတို့သည် မွန်းတည့်မှ အလိုလိုကြေ၍ ရေဖြစ်လေ၏ ။ ထမင်းချက် စရာ ရေရှာ၍ မရလျှင် ဆီးနှင်းခဲကိုပင် ရေပြု၍ ထမင်းချက်ရသည်။ ထိုအကြောင်းများ ကို ဘ၀ရှင် မင်းတရားကြီးဘုရားကြားတော်မူလျှင် သားတော်၊ သမက်တော်တို့ကိုခေါ်တော်မူ၍ မိုးကောင်းသို့ ပြန်တော်မူကြသည်။ သားတော်၊ သမက်တော်တို့ ရောက်လျှင် လိုက်ရသည့် ဆင်၊ မြင်း၊ လူသူတို့ကို သိမ်းယူတော်မူ၍ ညီတော်၊ သားတော်၊ မှူးတော်၊ မတ်တော်အပေါင်း တို့နှင့်တကွ သက္ကရာဇ် (၉၃၈)ခု၊ ကဆုန်၊လပြည့်ကျော် ၃ရက်၂ စနေနေ့ မိုးကောင်းက ပြန်တော်မူ၍ လပြည့် ကျော် ၁၃ရက်၃ အင်္ဂါနေ့ မိုးတားလက်ပံဆိပ်သို့ ရောက်တော်မူသည်။ ကဆုန်လပြည့်ကျော် ၁၄ရက်၎ ဗုဒ္ဓဟူးနေ့ မိုးတားက ရတနာရွှေဖောင်တော်နှင့်စုန်တော်မူသည်။ နယုန်လဆန်း ၉ ရက် ၅ စနေနေ့ ရတနာပူရသို့ ရောက်တော်မူသည်။ ရတနာပူရတွင် နှစ်ရက်နေတော်မူ၍ နယုန်လဆန်း ၁၁ရက် ၆ တနင်္လာနေ့ စုန်တော်မူ၍ ၀ါဆို လဆန်း ၁၂ ရက်၇ ဗုဒ္ဓဟူးနေ့ နေပြည်တော် ဟံသာဝတီသို့ ရောက်တော်မူသည်။ ဆယ်ရက်ခန့် ရှိလျှင် လင်းဇင်းဗညားသည် သား အဘခမည်းတို့ကို အဆောင်ယောင်နှင့်တကွ အရပ် ပေးတော်မူ၍ ရွှေလွှတ်တော်တွင် မြဲရ သည်။
လင်းဇင်းက ပြန်လာသော ဗညားကျန်၊ ဗညားပရံ၊ ဗညားဗြဲတို့ သုံးဦးကိုလည်း အဆောင် အယောင် ဆုလာဘ်များ စွာ ပေးတော်မူသည်။ ဗညားသုံးဦး လျှောက်သည်။ `` ကျွန်တော် ဗညား သေည်လုံးနှင့် လင်းဇင်းမင်း ဥပရာဇာသည် အဆွေအမျိုးဖြစ်သော အမှူးအမတ်တို့ကို သိမ်းယူ မည် ဆိုရာတွင် မနည်းကြာပင် တွေးဆကြသည်။ ဗညားသေည်လုံးလည်း အရှင်သစ္စာတော် တည် မည် အကြောင်းကို ဆိုပေသည်။´´ ဟူ၍ နားတော်လျှောက်သည်။ ထိုအကြောင်းများ ကို ကြား တော်မူလျှင် ဗညားသေည်လုံးကို အားရတော်မူ၍ ချီးမွှမ်းတော်မူသည်။ မှူးတော် မတ်တော် အပေါင်းတို့ကိုလည်း ဤ သို့ အမိန့်တော်ရှိသည်။ `` အို အမတ်များ တို့၊ ငါ့ဘုန်းတော်ကြောင့် ထီးဆောင်းတကာတို့၏ အရှင်မြတ်ဖြစ်တော်မူ၍ တိုင်းကား နိုင်ငံတော်အပေါင်းတို့တွင် ထီးဆောင်းမင်းတို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချိန်းချက်သည့်စကားကြား သည်ရှိသော မကောင်းသော သူသည်လည်း ကောင်းအောင်ကျင့်လေရာသည်၊ ကောင်းပြီး သော သူသည်လည်း အလွန်ပျပ်ဝပ် ယဉ်မိန်းလေရာသည်။ အခါခပ်သိမ်း မကောင်းသော အကြံကို မကြားဝံ့ရာ၊ ထိုသို့ မသွေမဖည် ၀ံ့သည်ဖြစ်မှ တိုင်းကားနိုင်ငံ ငြိမ်းချမ်းသာယာသည်ဖြစ်၍ ပြည်သူ လူရဟန်း အပေါင်းတို့သည် ဒါန သီလ စသော ပါရမီကိုဖြည့်၍ နိဗ္ဗာန် မဂ်ဖိုလ်ချမ်းသာကို ရလေ ရာသည်။ ငါတို့ မင်းဧကရာဇ်အားလည်း ကုသိုလ်ပွားများ ရာသည် ´´ ဟူ၍ အမိန့်တော် ရှိပြီးလျှင် ဗညားသေည်လုံးကို အားရတော်မူ၍ ပုဆိုးကောင်း၊ သက္ကလတ်၊ ဇော်ကရတ်၊ မူရီး၊ ရထီး၊ ခါသာ များ စွာ ဇင်းမယ်သို့ သွား၍ ဆုပေးရသည်။
၂၁။ သိန်းဃိုက စွယ်တော်မြတ် ဆက်သလာခြင်း
သက္ကရာဇ်(၉၃၈)ခု၊ ပထမ ၀ါဆိုလဆန်း ၈ ရက်နေ့၁ မဟာဝိဇယာစေတီကို ဌာပနာတိုက် လုပ်စပြုသည်။ ၄င်းဒုတိယ၀ါဆိုလဆန်း ၁၁ရက်၂ ကြာသပတေးနေ့ ဒ၀ယ်က ဆင်ဖြူမတစ်စီး ရောက်သည်။ ၄င်းဒုတိယ၀ါဆိုလပြည့်ကျော် ၃ရက်၂၃ တနင်္လာနေ့ သိန်းဃိုကျွန်းကို အစိုးရသော ဓမ္မပါလ မင်းက လက်ဆောင်လက်နက်အများ နှင့် ဘုရားသခင် စွယ်တော်မြတ်ကို ရွှေစေတီ၌ ဌာပနာ၍ သင်္ဘောနှစ်စင်းတွင် တစ်စင်းမှာ လက်ဆောင်တော်၊ တစ်စင်းမှာ စွယ်တော်မြတ်ကို တင် ၍ အမတ်လေးယောက် ကြပ်မတ်စေလျက် ဆက်လာ၍ ပုသိမ်သင်္ဘောသို့ ရောက်လာသည်။
ထိုအကြောင်းကို ပုသိမ်က လျှောက်၍ ကြားတော်မူလျှင် အားရတော်မူ၍ သင်္ဘောဆိပ်တွင် စွယ်တော်မြတ်ကို တည်ထားစရာ ကောင်းမွန်လှစွာ သော မဏ္ဍပ်ကနားကို ဆောက်ရသည်။ ထိုမှ တစ်ပါး စွယ်တော်မြတ်ကို တည်ထားစရာ စီရင်တော်မူသည်ကား ပတ္တမြားကြုတ်စီရင်တော်မူ သည်။ လေးကျွန်းဆီမီး ဟူသော အဖိုးအတိုင်းမသိသော ဗညားပရံ ၀တ်သော ကျောက်တစ်လုံး၊ မိုးမိတ်စော်ဘွားက ဆက်သော အဖိုးအတိုင်းမသိသော ကျောက်တစ်လုံး၊ဓမ္မစေတီ ၀တ်သော အဖိုးအတိုင်းမသိသော ကျောက်တစ်လုံး၊ ယိုးဒယားမင်းက ဆက်သော အဖိုး အတိုင်း မသိသော စိန်ကျောက်တစ်လုံး၊ သည်ကျောက်လေးလုံးကို ရွှေကြုတ်လေးမျက်နှာတွင် စီ၍ ပတ္တမြား အပြည့် စီသော ကြုတ်တွင် သွတ်သည်။
ထိုပတ္တမြားကြုတ်ကို စားတော်ခေါ်သော ပတ္တမြား လက်ဖက်အိုးတွင် သွတ်သည်။ ပတ္တမြား လက်ဖက်အိုးကို စားတော်ခေါ်သော ပတ္တမြားကွမ်းခွက်တွင် သွတ်သည်။ ပတ္တမြားကွမ်းခွက်ကို န၀ရတ် ၉ ပါးဖြင့်ပြီးသော ရတနာစေတီတွင် တည်တော်မူပြန်သည်။ ထိုရတနာစေတီကို ရတနာ အတိပြီးသော ပြဿဒ်တွင် တင်ပြီးမှ စီးတော်မူသော ရွှေလှော်ကားတွင် တင်၍ ရွှေတက်ညီမျှ လှော်ကားရသည်။
ထိုလှော်သော သူတို့ကိုလည်း ရွှေဦးထုပ် ဆောင်းစေပြီးလျှင် ဘယက်လည်မှာ ဒွါဒရာ လက်ကောက် ဆင်ယင်စေ၍ ဖောင်တော်ရှေ့က ခင်း၍ လှော်ကားရသည်။ သည်နောက် ရွှေ လှော်ကား လေးစင်းမှာ လည်း နတ်သမီးအသွင်ကဲ့သို့ ပုတီး နားတောင်း ဘယက်တန်ဆာ ဆင်ယင်ဝတ်စားစေ၍ ရွှေတက်နှင့်လှော်၍ လိုက်ရသည်။ ယင်းကမှာ ဟင်္သာရုပ် ပတ္တမြားငုံ၍ ပျံဟန် ရတနာရွှေဖောင်တော်ကို စီးတော်မူ၍ ရှေ့တော်က ရွှေလှော်ကားရှစ်စင်း၊ နောက်တော်က ရွှေလှော်ကားရှစ်စင်း ငင်ရသည်။ ရွှေစက်ကွင်းလှော်ကား သုံးရာတို့ကိုလည်း ပဉ္စင်တူရိယာ ပတ်သာ စည် စောင်းငြင်းတင်၍ မြစ်လုံးပဲ့တင်ထပ်မျှ တီးမှု တ်လျက် ဖောင်တော်ဝန်းကျင် ရွှေတက် နှင့်ချည်း လှော်၍ လိုက်ရသည်။
ထိုမှတစ်ပါး ရဲမက်တော်တို့မှာ အထူးထူးသော သိုးရုပ်၎၊ စာမရီရုပ်၊ ကျွဲရုပ်၊ ကျားရုပ်၊ မိကျောင်းရုပ်၊ မကန်းရုပ်၊ ကရ၀ိတ်ရုပ်၊ ကြိုးကြာရုပ်၊ ဟင်္သာရုပ်၊ ကိန္နရာရုပ်လှေ စသော သားလှေ ငှက်လှေ အပေါင်းတို့တွင် ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ၊ ရွှေလှံ စီရင်ကျင်းပစေ၍ တိုက်လှေငါးရာတို့ ကို ဖောင်တော် လက်ဝဲ လက်ယာ ရှေ့နောက် လိုက်ရသည်။
ထိုမှတစ်ပါး စစ်သည်တော် အပေါင်းတို့မှာ ဇလာကပင်း ကူရွပ်၊ သမ္ဗန် ကတ္တူ လွန်းကြင် စသော ရဲလှေတစ်ထောင်တွင် စိန်ပြောင်း မြတပူ တင်၍ လိုက်ရသည်။ ညီတော် သားတော် မှူးတော် မတ်တော် အပေါင်းတို့မှာ လည်း မိမိတို့ရသည့် လှော်ကားလှေမှတ်နှင့် နရည်းခရာ ပတ်သာ စောင်းငြင်း တီးမှု တ်၍ အဆောင်အယောင် ကျင်းပလျက် နောက်တော်က လိုက်ရသည်။ ယင်းသို့သော အစီအရင်ဖြင့် မြစ်လုံး ပဲ့တင်ထပ်မျှ ဟံသာဝတီ ရွှေမြို့တော်ကသည် ပုသိမ် သင်္ဘောဆိပ်တိုင်အောင် ကြိုတော်မူသည်။
သဘောင်္ဆိပ်တို့ ရောက်တော်မူလျှင် ရတနာဆယ်ပါးတို့ကို ပန်းပေါက်ပေါက် ပြုတော်မူ၍ စွယ်တော်မြတ်ကို ပူဇော်တော်မူသည်။ ထိုမှတစ်ပါး ရွှေတန်ဆောင် ငွေတန်းဆောင်၊ ရွှေတံခွန် ငွေတံခွန်တို့ဖြင့်လည်း များ စွာ ပူဇော်တော်မူသည်။ ယင်းသို့မှ သိန်းဃိုမင်း အမတ်လေးယောက် တို့လည်း ပါသည့် လက်ဆောင်တော်နှင့် ရာဇသံစာကို ဆက်သည်။ ရာဇသံစာတွင် ပါသည်ကား သာယာချေငံစွာ နှိမ့်ချသော စကားဖြင့် စာခေါင်းတပ်ပြီးလျှင် ဆင်ဖြူများ သခင် ဘ၀ရှင် မင်းတရား ကြီးဘုရား ဘုန်းတန်ခိုးတော်ကို ချီးမြှောက်ပြီးမှ `` သိန်းဃိုကျွန်းကို ၄စုခွဲ၍ မင်းပြုကြသည်။ ကွတ်တည်း၁ မင်းတစ်စု၊ ခန်းတည်း၂ မင်းတစ်စု၊ သီတာဝက်၃ မင်းတစ်စု၊ ဓမ္မပါလမင်းတစ်စု၊ သည်လေးစုသော မင်းတို့တွင် ကွတ်တည်းမင်း၊ ခန်းတည်းမင်း၊ သီတာဝက်မင်းတို့သည် ဘုရား သခင် သာသနာတော်ကို မချီးမြှောက်ပါ။ မိစ္ဆာဒိဌိ အယူကိုသာ ယူ၍ သာသနာတော် ညစ်နွမ်းရွေ့ လျော့ရသည်။ ဇမ္ဗူဒိပ် မြေပြင်ဝယ်ရှိသော မင်းတကာတို့ထက်မြတ်တော်မူသော သာသနာတော် မြတ် စီးပွားကို အလိုရှိသော မဟာဓမ္မရာဇ်မင်းမြတ်သည် သိန်းဃိုကျွန်းဝယ် လေးစုခွဲ၍ မင်ပြုသော ကွတ်တည်းမင်း၊ ခန်းတည်းမင်း၊ သီတာဝက်မင်းတို့ကို အလုံးအရင်း အာဏာတော်နှင့် ဆုံးမနှိမ်နင်းတော်မူပါသည် ဖြစ်မှ သာသနာတော်မြတ်အတိုင်းထက် အလွန် ထွန်းပစည်ပင်ရာ ဖြစ်ပါမည်။ မဟာဓမ္မရာဇ်မင်းမြတ်သည် ဇမ္ဗူဒိပ်ဝယ် အပြည်ပြည်ထောင်သော မိစ္ဆာဒိဌိတို့ကို သမ္မာဒိဌိဖြစ်အောင် ဆုံးမတော်မူလေ့ရှိသော သာသနာဒါယကာမင်းဖြစ်၍ ယခု ဘုရားရှင် စွယ်တော်စစ်ကို ကိုးကွယ်တော်မူခြင်းငှာ ဆက်လာပါစေသည်´´ ဟူ၍ စာတွင်ပါသည်။
ရာဇသံတွင် ပါသော စကားကို ကြားတော်မူလျှင် စွယ်တော်စစ်ပေဟူ၍ အတိုင်းထက် အလွန် ပီတိသော မနဿ ရှိတော်မူ၍ အဖန်တလဲလဲ ဖူးမြော်တော်မူသည်။ ယင်းသော အခါ သီရိဇေယျနော်ရထာ လျှောက်သည်ကား `` ဘုရားဘေးလောင်းတော် အနော်ရထာစော၎ လက်ထက်တော်၌ လည်း လက်ဆောင်တော်ပြု၍ ရဟန္တာမြတ် ရှင်အရဟံနှင့်တကွ တောင်းသော ခါလည်း စွယ်တော်စစ်ကို မရ၊ စွယ်တော်ပွားကိုသာ ရချေသည်။ ဘေးလောင်းတော် အလောင်း စည်သူ၅ လက်ထက်တော်၌ လည်း တရုတ်ပြည်မှာ ကိုယ်တိုင်တော်ချီ၍ တောင်းတော်မူသည်။ စွယ်တော်စစ်ကို ထား၍ စွယ်တော်ပွားကိုမျှ မရချေ။ ယခုမူကား ဘုန်းတော်ကြီးလှစွာ သော အရှင် ဘုရား ဘုန်းတော်တန်ခိုးတော်သည် လွန်ကဲလှသော ကြောင့် တောင်းတော်မမူရ၊ စွယ်တော် စစ်ကို ဆက်ရောက်လာပေသည်။ သည်အကြောင်းများ သည် သာသနာတော် ငါးထောင်တိုင်အောင် ဥဒါန်းမော်ကွန်း ဖြစ်ရစ်လေတော့မည်´´ ဟူ၍ နားတော်လျှောက်သည်။
သီရိဇေယျနော်ရထာ လျှောက်သော စကားကို ကြားတော်မူလျှင် `` ငါလည်း ကေတုမတီ ပြည်ကြီးကို အလိုတော်ရှိ၍ ဘိသိက်ခံသည့်ကာလ သဗ္ဗညုတဘုရားရှင် သာသနာတော်ကို ချီးမြှောက်နိုင်သည် ဖြစ်စေသော ဟု ဓိဌာန်တော်မူသည်နှင့်အညီ အပြည်ပြည်ထောင်သော မင်းတို့ ကို လုပ်ကြံတော်မူ၍ မိစ္ဆာဒိဌိ အယူမှသည် သမ္မာဒိဌိချည်းဖြစ်စေ၍ ပရိယတ္တိ၊ ပဋိပတ္တိ သာသနာ တော်ကို တည်စေသည်။ ထိုသို့သော ကုသိုလ်စေတနာ အကျိုးအားဖြင့် မင်းတကာတို့ မကိုးကွယ် ရဖူးသော စွယ်တော်စစ် ရောက်တော်မူ၍ ငါ ကိုးကွယ်တော်မူရပေသည်´´ ဟု အမိန့် တော်ရှိသည်။
ယင်းသို့မှ ဘုရားရှင် ထင်ရှားရှိသည်ကာလ ကိုယ်တိုင်တော် ကြွလာတော်မူသကဲ့သို့ အလွန်ရိုသေ ခယမ်းစွာ မဏ္ဍပ်ကသည် ရွှေလှော်ကား ပြာဿဒ်သို့ ရတနာဆင်ဖြူထက်တင်ပြီး လျှင် ကိုယ်တော် သားတော်၊ မှူးတော် ၊ မတ်တော် အပေါင်းခြံရံ၍ ပင့်ဆောင်တော် မူသည်။ ယင်းသို့မှ စွယ်တော်မြတ်ကို ရွှေတန်ဆောင်၊ ငွေတန်ဆောင်၊ ရွှေတံခွန်၊ ငွေတံခွန်တို့ဖြင့် များ စွာ ပူဇော်တော်မူပြန်၍ စွယ်တော်တင်သည့် လှော်ကားကို ရှေ့ဖျား လှော်ရသည်။ ယင်းကမှ သားတော် မဟာဥပရာဇာ အစရှိသော ညီတော်၊ သားတော်၊ မှူးတော်၊ မတ်တော် စီးသော လှော် ကားတွင် ထီးဖြူ စသော တံခွန်၊ ကုက္ကား၊ မုလေးပွားတို့ကို စိုက်စေ၍ တံပိုး၊ ခရာ ပတ်သာ စည် စောင်း ငြင်း တီးမှု တ်လျက် စွယ်တော်တင်သော လှော်ကားဝန်းကျင် လိုက်ရသည်။ ယင်းကမှ ကတ္တူ၊ လွန်းကြင် အစရှိသော တိုက်လှေကြီးအပေါင်းတို့တွင် ထီးဖြူစသော တံခွန်၊ ကုက္ကား၊ မုလေးပွားတို့ကို စိုက်စေ၍ တံပိုး၊ ခရာ ၊ ပတ်သာ ၊ စည်၊ စောင်၊ ငြင်း တီးမှု တ်လျက် စွယ်တော်တင်သော လှော်ကားဝန်းကျင် လိုက်ရသည်။
ယင်းကမှ ကတ္တူ ၊ လွန်ကြင် အစရှိသော တိုက်လှေကြီးအပေါင်းတို့တွင် စိန်ပြောင်း မြတပူ ကြီး တင်၍ ၀န်းရံလျက် လိုက်ရသည်။ ယင်းကမှ ဆင်ဖြူများ သခင် ဘ၀ရှင် မင်းတရားကြီးဘုရား ရတနာ ရွှေဖောင်တော်နှင့် သိကြားမင်း၏ အသရေကဲ့သို့ အလွန်တင့်တယ်စွာ မြစ်လုံးပဲ့တင်ထပ် မျှ ပုသိမ်သဘောင်္ဆိပ်ကသည် ဟံသာဝတီ ရွှေမြို့တော်တိုင်အောင် ဆောင်ယူတော်မူသည်။
ဟံသာဝတီသို့ ရောက်တော်မူလျှင် နတ်သဘင်ကဲ့သို့ ကြီးစွာ သော သဘင်ကို ခံတော်မူ၍ ခပ်သိန်းသော ပြည်သူ လူ ရဟန်း အပေါင်းတို့လည်း ဘုရား ထင်ရှားရှိသည်ကာလ ကိုယ်တိုင် တော် ကြွတော်မူလာသကဲ့သို့ ပီတိသော မနဿ လွန်စွာ ကြီးကြ၍ မိမိတို့ဝတ်သော ရွှေ၊ ငွေ တန်ဆာတို့ ကိုယ်ကချွတ်၍ လှူကုန်၏ ။ ထီး၊ တံခွန်၊ ကုက္ကား ၊ မုလေးပွားတို့ကို လှူကုန်သည်ကား မရေတွက်နိုင်။ ယင်းသို့မှ စွယ်တော်မြတ်ကို ကိန်းဝပ်ရာ ရတနာစေတီမြတ်ကို ခေါင်းရင်းတော်၌ ထား၍ ကိုးကွယ်တော်မူသည်။ မင်းဆက်တကာတို့ မလုပ်ဖူးလေသော ထူးဆန်း ကောင်းမွန်လှစွာ သော ပြာဿဒ်သစ် သစ်ပြောက်တို့ကိုလည်း ထုလုပ်နှင့်ရသည်။
၂၂။ သိန်းဃိန်းအရေး ဆွေးနွေးခြင်း
ယင်းသို့မှ သိန်းဃိုမင်းက လျှောက်လိုက်သော အရေး ကို ညီတော် သားတော် မှူးတော် မတ်တော် အပေါင်းတို့နှင့် တိုင်ပင်တော်မူသည်။ ယင်းသော အခါ ဗညားဒလအမည် နောက်ခံ သော အမတ် လျှောက်သည်ကား- `` သိန်းဃိုကျွန်းကို အစိုးရသော ဓမ္မပါလမင်းသည် ဘုန်းတော် ကြီးလှသော ဘ၀ရှင်ဘုရား ဘုန်းလက်ရုံး အာဏာတော်သည် ဗမ္ဗူဒီပါ မြေပြင်အလုံး ကျော်စော သည်ကို ကြားလေသော ကြောင့် ရွှေစက်တော်ရိပ်ကို လှုံရမှ သိန်းဃိုကျွန်း၌ မင်းသုံးပါးတို့ကို နှိမ် နင်း၍ သာသနာတော် ပွင့်လင်းစည်ပင်မည်ကိုရည်၍ မင်းဆက်တကာတို့ မကိုးကွယ်ဖူးသော စွယ်တော်စစ်ကို ပို့ဆက်လာသည်။ ထိုသို့သော အရေး ကို ထောက်သဖြင့် ရွှေဖ၀ါးတော်အောက် မကူမညီ၍ မသင့်ချေ။ ယင်းသို့ဖြစ်သော ကြောင့် သင်္ဘောငါးစင်း၊ သူရဲကောင်း နှစ်ထောင်ကျော် သုံးထောင်ကျော်ခန့် ရွေးကောက်၍ အလျင်ချီလေ စေမှ သင့်မည် ထင်သည်`` ဟူ၍ နားတော် လျှောက်သည်။
ဗညားဒလ လျှောက်သော စကားကို သီရိဇေယျကျော်ထင်ကြားလျှင် ဤသို့ နားတော် လျှောက်ပြန်သည်။ `` သိန်းဃိုကျွန်းသည် သာသနာတော်မြတ်တည်ရာဖြစ်၍ ဗမ္ဗူဒိပ်ကျွန်းအလုံး ကျော်စောထင်ရှားသော ပြည် ဖြစ်သည်။ ရွှေဖ၀ါးတော်အောက်က အ၀ှန်အ၀ါရှိအောင် ချီစေ၍ နှိမ်နင်းရသည်ဖြစ်မှ အရေး တော်သင့်မြတ်မည် `` ဟူ၍ နားတော်လျှောက်သည်။ ဆင်ဖြူများ သခင်ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ``အ၀ှန်အ၀ါရှိအောင် ဘယ်သို့ချီစေရသော် သင့်မည် နည်း`` ဟူ၍ အမိန့်တော်ရှိသည်ကို ဗညားဒလ လျှောက်သည်။ `` ရဲမက်တော် လူမျိုးအပေါင်း တို့တွင် ဓား လှံ လေး မြား ပြီးစီး၍ ၊ ရက်ရောကြမ်းကြုတ်သူတို့ကို ရွေး၍ ၊ နှလုံးတော်သင့်လိမ္မာ သော အမတ်တို့ကို တပ်မှူး စစ်ကဲ ခန့်တော်မူ၍ သင်္ဘောငါးစင်း၊ လူနှစ်ထောင်ကျော် သုံးထောင် ခန့်နှင့် အလျင်ချီလေ စေ၍ သိန်းဃိုကျွန်း၏ လက္ခဏာကို သိရမှ ညီတော်၊ သားတော်၊ မှူးတော် မတ်တော် အလုံးအရင်း ခန့်ရန်တော်မူ၍ ချီရမည် ဖြစ်သည်`` ဟု နားတော်လျှောက်သည်။
၂၃။ သိန်းဃိုကျွန်းသို့ စစ်ချီခြင်း
ဘ၀ရှင်မင်းတရားကြီးဘုရားလည်း အမတ်နှစ်ဦး လျှောက်သော အရေး ကို ကြိုက်တော်မူ၍ `` သည်အတိုင်း စီရင်လေ `` အမိန့်တော်ရှိသည်။ သီရိဇေယျကျော်ထင်၊ ဗညားဒလတို့ကို လည်း လူဖြစ်ပြီးစီး ကြမ်းကြုတ်ခက်ထန်သော သူတို့ကို ရွေးကောက်၍ ယိုးဒယားသားတစ်ရာ၊ တနင်္သာရီသား တစ်ရာ၊ လင်းဇင်းသားတစ်ရာ၊ ဇင်းမယ်သားတစ်ရာ၊ ကျိုင်းတုံသားတစ်ရာ၊ ကသည်းသားတစ်ရာ၊ ဒ၀ယ်သားတစ်ရာ၊ မိုင်းမောသားတစ်ရာ၊ စည်ခွင်သားတစ်ရာ၊ တရုတ်သား တစ်ရာ၊ ရှမ်းစောလုံငါးရာ၊ မွန် ငါးရာ ၊ မြန်မာငါးရာ၊ သည်နှစ်ထောင့်ငါးရာသော ရဲမက်တို့ကို အထူးထူးသော မှော က်တို မှော က်လူ မိန်ညို သံချပ်နှင့်ချည်း ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ ၊ ရွှေလှံ စွဲစေ၍ စန္ဒသူရိယကို တပ်မှူး၊ ရာဇဗညားကို စစ်ကဲခန့်တော်မူသည်။ ထိုသူတို့ စီးစရာ ဆင်နှစ်စီး နှင့် တကွ ဆုလာဘ် ပေးစရာလည်း ငွေအများ ပေးတော်မူလိုက်သည်။ သိန်းဃိုမင်းသို့ လည်း ဆင်အစီးနှစ်ဆယ်နှင့် တကွ မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားအများ ပေးတော်မူလိုက်သည်။ ယင်းသို့ စီရင်ခန့်ရန်တော်မူ၍ စစ်သည်တော် နှစ်ထောင့်ငါးရာကို သင်္ဘောငါးစင်းတွင် တစ်စင်း ငါးရာစီ စီးစေ၍ လွှင့်ရလေသည်။ ဘုန်းတော်ကြောင့် လွှင့်လေသည့် သင်္ဘောလည်း ထိုလတွင်ပင် ရောက်လေသည်။
သိန်းဃိုကျွန်းကို အစိုးရသော ဓမ္မပါလမင်းလည်း ရဲမတ်တော်သို့ ဇမ္ဗူဒိပ်ကျွန်းက ရောက်လာပြီဟူ၍ ကြားလျှင် ၀မ်းမြောက်ဝမ်းသာ ၀ါလိကာမ သင်္ဘောဆိပ်တိုင်အောင်ကြို၍ များ စွာ သော ရွှေငွေတို့ကို သုံးစွဲစားသော က်စရာ ဆုလာဘ်ပေးနှင့်ရသည်။ စန္ဒသူရိယ၊ ရာဇဗညား တို့သည် ပါးတော်မူလိုက်သော အဆောင်အယောင်တို့ကို ဆက်သည်။ သိန်းဃိုမင်းလည်း ရဲမတ် တော်တို့ကို နေစရာ သာယာကောင်းမွန်လှစွာ သော မဏ္ဍပ်တို့ကို ဆောက်စေ၍ နေရသည်။ ရဲမတ် တော်အပေါင်းတို့လည်း ခြင်္သေ့မင်း၏ ရဲခြင်းနှင့်တူသော နှလုံးဖြင့် ရပ်နေတည်တံ့စွာ သင်္ဘောဆိပ်၌ တပ်ချ၍ နေကုန်သည်။
ဓမ္မပါလမင်းလည်း မိမိကစေသော အမတ်တို့ကိုခေါ်၍ ဟံသာဝတီမှာ အကြောင်းမျိုးကို မေးလေ၏ ။ အမတ်တို့လည်း ဟံသာဝတီဝယ် အမှူးအမတ် ဆင် မြင်း ဗိုလ်ပါ များ ကြောင်း၊ တိုင်းနိုင်ငံ ကျယ်ဝန်းကြောင်းကို လျှောက်လေ၏ ။ စန္ဒသူရိယ၊ ရာဇဗညားတို့လည်း ရဲမတ်တော်အ ပေါင်းတို့ကို ရွှေငွေ ဆုလာဘ်ပေးပြီးလျှင် စားသော က်စေ၍ ကျွဲ၊ နွား၊ ဆိတ်၊ ၀က်တို့ကို မြင်လျှင် လှံနှင့်ထိုး၍ အချို့ အရေဆုတ်သည်၊ အချို့ကား အသားကို လှီး၍ နုပ်နုပ်စဉ်းပြီးလျှင် ချင်း၊ ကြက်သွန်ထည့်၍ သွေးရဲရဲပင် ခံတွင်းပြည့်မျှ စားသော က်ကြသည်။ အချို့ကား ထိုအသားတို့ကို ဖုတ်ကင်၍ မချက်ဘဲ သွေးနှင့် ရဲရဲကိုပင် စားသော က်ကြသည်။ ယင်းသို့ စားသော က်ပြီးလျှင် ဒိုင်းရေး လွှားရေး ကာရေး လှံရေး ကစားကုန်၍ တစ်ယောက်ကိုတစ်ယောက် ခုတ်ကြကုန်သည်။
ထိုအကြောင်းများ ကို သိန်းဃိုကျွန်းသားတို့မြင်လျှင် မိမိတို့သည် ကျည်းရှိန်တူ ဖြစ်၍ ကျွဲ နွား တို့ကို အမိ, အဘနှင့်အတူ မှတ်ကုန်သည်။ ထိုသို့ အယူရှိသော ကျွဲနွားတို့ကို သတ်၍ အစိမ်းစားသော က်သည်ကိုမြင်လျှင် သည်သူတို့သည် လူမဟုတ်၊ ဘီလူးဖြစ်သည်ဟူ၍ အလွန်ကြောက်ရွံ့ခြင်း ပြင်းစွာ ဖြစ်၍ သိန်းဃိုကျွန်းကို လေးစုခွဲ၍ မင်းပြုသော မင်းတို့ကို သူတို့ အပင်းအသင်းဖြစ်သော သူတို့သည် ခုံတမင် သွားကုန်၍ လေးစုခွဲ၍ မင်းပြုသော မင်းတို့ကို သူတို့ အပင်းအသင်းဖြစ်သော သူတို့သည် ခုံတမင် သွားကုန်၍ ဤသို့ လျှောက်ကုန်၏ ။ ``ယခု ဇမ္ဗူဒီပါ ကျွန်းက ရောက်လာသော ဆင်ဖြူများ သခင် ရဲမတ်တို့သည် လူမဟုတ်၊ ဘီလူးချည်းဖြစ်သည်။ ကျွဲ၊ နွား၊ ဆိတ်၊ ၀က်စသော ခပ်သိမ်းသော သတ္တ၀ါတို့ကို တွေ့ မြင်လျှင် သတ်ညှစ်၍ အသက်မ သေခင်အသားကိုလှီး၍ အစိမ်းပင် စားသော က်ကြသည်။ ထိုသို့ သာ မဟုတ်သေး၊ သော က်စား ယစ်ဝလျှင် တစ်ယောက်ကိုတစ်ယောက် ဓား, လှံနှင့် ပစ်ခတ်ကြသည်။ အရှအန မရှိ၊ သံတိုင်ကဲ့သို့ ဖြစ်ချေသည်။ အညံ့ခံတော်မူမှ သင့်မည် သင့်မည်´´ ဟူ၍ လျှောက်ကြသည်။
စန္ဒသူရိယ၊ ရာဇဗညားတို့လည်း ဓမ္မပါလမင်းကို ဤသို့ လျှောက်ကုန်သည်။ ``ယခု အကျွန်ုပ်တို့ ရောက်သည် တစ်လကျော်ခန့် ရှိပြီ၊ မင်းသုံးပါးကို နန်းမှာ တက်၍ ဖမ်းမည့်အကြောင်း ကို အလျင်သိရအောင် စေတော်မူ´´ဟူ၍ လျှောက်လျှင် ဓမ္မပါလမင်းလည်း ´´ ဇမ္ဗူဒိပ်မြေပြင်ဝယ် ရှိသော ထီးဆောင်းမင်းတကာတို့၏ အရှင်ဖြစ်တော်မူသော ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရား ကြီး ဘုရားက သဗ္ဗညုဘုရားရှင် သာသနာတော် ညစ်နွမ်းလေသည်ကို စည်ပင်ထွန်းပစေခြင်းငှာ ဆုံးမ၍ သိန်းဃိုကျွန်းအလုံး ညီညွတ်မည်ဟူ၍ အမတ်နှစ်ယောက်နှင့် နတ်စစ်သည်ကဲ့သို့ ဖြစ်သော ရဲမတ်တော်တို့ကို စေတော်မူ၍ အညီအညွတ် ရွက်ဆောင်မည်ဖြစ်လျှင်လည်းသိသာ အောင် ဆိုရမည်။ ယင်းသို့ မဟုတ် မကျိုးမနွံ မပျက်မ၀ပ်လျှင်လည်း ယခုပင်တိုက်မည်´´ဟူ၍ စေသည်။
ကွပ်တည်းမင်း၊ ခန်းတည်းမင်း၊ သီသက်ဝက်မင်းတို့လည်း ``ဆင်ဖြူများ သခင် ဘ၀ရှင်မင်း တရားကြီးဘုရား ရဲမတ်တော်တို့ကို အန်မတုပြီ။ အဆုံးအမတော်ကိုခံ၍ သာသနာတော်ကိုရွက် ဆောင်ပါတော့မည်´´ ဟူ၍ စေသည်။
ကွပ်တည်းမင်း၊ ခန့်တည်းမင်း၊ သီတာဝက်မင်းတို့လည်း ``ဆင်ဖြူများ သခင် ဘ၀ရှင်မင်း တရားကြီးဘုရား ရဲမက်တော်တို့ကို အန်မတုပြီး။ အဆုံးအမတော်ကိုခံ၍ သာသနာတော်ကို ရွက်ဆောင်ပါတော့မည်´´ ဟူ၍ မှာ လိုက်သည်။ ယင်းသို့ မှ ရဲမက်တော်တို့ကို ဆုတောင်း လာဘ် ကောင်းပေးစရာ ရွှေငွေအများ ယူ၍ ဓမ္မပါလမင်းနန်းသို့ မင်းသုံးပါးလာသည်။ ဓမ္မပါလမင်းလည်း မင်းသုံးပါး ရောက်လာလျှင် စန္ဒသူရိယ၊ ရာဇဗညားတို့ကို ခေါ်၍ အမှာ တော်အတိုင်းမင်းတို့ကို ပြန်ရသည်။ မင်းသုံးပါးတို့လည်း ``အမိန့်တော်အတိုင်း မဖောက်မပြန်၊ ဓမ္မပါလမင်းနှင့် အညီအ ညွတ် သာသနာတော်စီးပွားကို ရွက်ဆောင်ပါတော့မည်´´ဟူ၍ ဆိုပြီးလျှင် များ စွာ သော ရွှေငွေ၊ အထူးထူးသော အ၀တ်အစားတို့ကို အမတ်နှစ်ဦးနှင့် ရဲမက်တော်တို့အား ဆုလာဘ်ပေးသည်။
ယင်းသို့ မှ မင်းလေးပါး တိုင်ပင်၍ သိန်းဃိုကျွန်း၌ ဖြစ်သော ပုဆိုး၊ ပိုးချည်ဖြင့်ပြီးသော ပုဆိုး၊ ၀ါချည်ဖြင့်ပြီးသော ပုဆိုး၊ ဤသို့ အထူးအထူးသော ပုဆိုးတို့ဖြင့် လည်းကောင်း၊ ထိုမှတစ်ပါး အထူးထူးသော နံ့သာမျိုးတို့ကို လည်းကောင်း မင်းလေးပါးအသီးသီး သင်္ဘောလေးစင်းတွင်စတင် ၍ စန္ဒသူရိယ၊ ရာဇဗညားတို့နှင့် အတူလိုက်၍ ဆက်လာရသည်။ စန္ဒသူရိယ၊ ရာဇဗညားတို့လည်း များ စွာ သော ရွှေငွေ အ၀တ်အစား၊ မင်းလေးပါးက ပေးသည့် ဆုလာဘ်တို့ကို ခံ၍ ဟံသာဝတီ နေပြည်တော်သို့ ပြန်ရသည်။ ရောက်၍ အကြောင်းများ ကို လျှောက်လျှင် ဆင်ဖြူများ သခင် ဘ၀ရှင် မင်းတရားကြီးဘုရားလည်း အားရတော်မူ၍ စန္ဒသူရိယကို မဟာယော်ဓာ ဟူသော အမည်နှင့် အဆောင်အယောင် စားကျေးစားလက် ပေးတော်မူသည်။ ရာဇဗညားကိုလည်း ဇေယျယော်ဓာ ဟူသော အမည်နှင့် အဆောင်အယောင် စားကျေးစားလက် ပေးတော်မူသည်။ ရဲမက်တော် နှစ်ထောင့်ငါးရာတို့ကိုလည်း ရွှေ ငွေ စပါး အ၀တ်အစား ပေးတော်မူသည်။
၂၄။ ပါတလီပုတ်မြို့စား ဗညားပတ်အရေး မေးတော်မူခြင်း
ထိုသက္ကရာဇ်တွင် လင်းဇင်းမင်းကျွန်ဖြစ်သော ၊ ပါတလိပုတ်မြို့ကို စားသော ဗညားပတ်မည် သော သူသည် လင်းဇင်းမင်း ဗြစဲစစ်ရှိသည် ကာလကပင် ဗြစဲစစ်ကျွန်ကို မခံပြီ ဟူ၍ ပါတလိပုတ် မြို့ကို စွန့်၍ ရွှေဖ၀ါးတော်အောက် ရောက်လာသည်။ ဘ၀ရှင် မင်းတရားကြီးဘုရားလည်း ကြီးစွာ သော အဆောင်အယောင်နှင့်တကွ ယိုးဒယားအ၀င်ဖြစ်သော စကြို့မြို့ကို ပေးတော်မူ သည်။ နောက် လင်းဇင်းမြို့ကို အလိုတော်ပြည့်လျှင် ပါတလိကိုပင် ပေးတော်မူပြန်သည်။ ထိုးဗ ညားပတ်မည်သော သူသည် ပါတလိပုတ်မြို့ကို တစ်ဖန်စွန့်ပြန်၍ ၊ ရွှေဖ၀ါးတော်အောက်သို့ သားမယားကို ယူ၍ အလုံးအရင်းနှင့်တကွ ရောက်လာသည် ။ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ဗညားပတ်ရောက်လာလျှင် အကြောင်းကို ခေါ်၍ မေးတော်မူသည်။ ဗညားပတ်လည်း ဤသို့ နားတော်လျှောက်သည်။ ``လင်းဇင်းကျေး ပါတလိပုတ်မြို့ကို ကျွန်တော် စွန့်၍ ရွှေဖ၀ါးတော် အောက် ရောက်ကြောင်းကား လင်းဇင်းကျေးနှင့်စပ်သော စည်းစိမ်ကို ကျွန်တော် အလိုမရှိပါ။ ဟံသာဝတီ မဟာရာဇဋ္ဌာနီပြည်ကြီးသည်သာသနာတော်၏ တည်ရာဖြစ်သည်။ ဘုန်းတော် တန်ခိုး တော်ကြီးသော မင်းဧကရာဇ် ရွှေဖ၀ါးတော်အောက် မပြတ်ခစားမြဲစွဲ၍ ကံအလျှောက်သေရသော် လည်း နတ်ပြည်သို့ သာ ဖြစ်လေရာသည်။ ကျေးစွန်းရွာနားဝယ် သေရသည်ရှိသော် မကောင်းသော အာရုံကြောင့် အပါယ်လေးပါးသို့ လားရာသည်။ ထိုအကြောင်းများ ကို ကျွန်တော်မြင်၍ ရွှေဖ၀ါး တော် အောက်သို့ ရောက်ပေသည်´´ ဟူ၍ နားတော်လျှောက်သည်။
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ဗညားပတ်ကို ဆုလာဘ်ပေးတော်မူ ပြီးလျှင် အကွက်ချ၍ နေရသည်။ မပြတ်လည်း အမတ်တကာတို့နည်းခစားရသည်။ တစ်ရံရောအခါ ဗညားပတ် အဆွေခင်းပွန်းဖြစ်သော အမတ်တို့ ဗညားပတ်ကို ဤသို့ ဆိုကုန်သည်။ ``ဟံသာဝတီ တွင်ရှိသော မြို့ကြီးကား ပုသိမ်၊ မြောင်းမြ၊ မုတ္တမ၊ ဒလ၊ ဒဂုံ၊ သည်မြို့များ သည် အလွန် ကြီးကျယ် လှသည်။ တစ်နှစ်ကို အခွန်ငွေ တစ်ရာ, ကိုးဆယ်ရသည်။ သည်မြို့များ ကို စားသော မှူးကြီးမတ် ခိုင်တို့သည်လည်း အလွန်ယောက်ျားကောင်း (မည်) သည်ဖြစ်၍ ပွဲလမ်းရသည် များ သော ကြောင့် စားရသည်ဖြစ်သည်။ လင်းဇင်းဟူသော အရပ်သည် ဗညားငသည် အရပ်ဖြစ်သည်။ ဘ၀ရှင် မင်းတရားကြီးဘုရားက ပေးတော်မမူသော်လည်း နားတော်လျှောက်၍ စားရအောင်ပြုကောင်း သည်။ သို့ ကိုလျက် စားရသည်မြို့ကိုပစ်၍ ရွှေဖ၀ါးတော်အောက်သို့ ရောက်လာသည်ကား အကြောင်းပသို့ နည်း´´ဟုမေးကြသည်။
ဗညားပတ်လည်း ဤသို့ ဆိုပြန်သည်။ ``လင်းဇင်းမင်း ဗြစဲစစ်ရှိသော အခါ ငါနှင့်မကြည် မသာရှိကြသည်လည်း မဟုတ်၊ ယင်းသို့ ကို ငါ့စိတ်တွင် ထိုအရပ်၌ နေချေသည်ရှိသော် ရောက်လာ သည်။ ထိုသို့ ငါထင်သည့်အတိုင်း ငါ့မှာ စည်းစိမ်ချမ်းသာ မပျက်ပေ၊ လင်းဇင်းတစ်ပြည်လုံးမူကား အတိုင်းမသိအောင် ပျက်စီးကြေမွလေတော့သည်။ ယခုလည်း လင်းဇင်းမြို့ကို ဥပရာဇ်အား ပေးတော်မူ၍ မင်းပြုရလေသည်။ ငါနှင့် ဥပရာဇ်လည်း ကြီးဖော်ငယ်ချင်းဖြစ်၍ အစ်ကိုအရည်ကို လည်း ငါသိရသည်။ ဥပရာဇ်တို့ အမျိုးအနွယ်သည် သူ့ကျေးဇူးကို မသိတတ်သူချည်း ဖြစ်သည်။ ယခုမူကား ဥပရာဇ်သည် သူ့အရှင်ဖြစ်သည်။ သူ့အရှင်မင်းတို့၏ သဘောကား အကျင့်နှင့် ပြည်စုံမှ သာ ခပ်သိမ်းသော ပြည်သူတို့စီးပွားကို ဆောင်နိုင်သည်။ ယင်းသို့ မဟုတ် အကျင့်မကောင်းသည်ရှိ သော် မိမိကိုလည်း ဖျက်၊ မိမိနှင့်စပ်လျဉ်းသသူလည်း ဖျက်၊ ယင်းသို့ ရှိမည်ကိုငါမြင်၍ ရွှေဖ၀ါး တော်အောက်သို့ ငါရောက်သည်။ ငါဆိုသည့်အရေး ကို ရှေးနှစ်နှစ် သို့ ရောက်သော အခါ ထင်လေ တော့မည်´´ ဟူ၍ ဆိုသည်။ အမှူးအမတ်တို့လည်း ``သည်ကဲ့သို့ ထင်သည် မှန်လျှင် လာသင့်သည်ဖြစ်တော့သည်´´ဆိုကြသည်။
(၉၃၈)ခု၊ ၀ါဆိုလပြည့်ကျော် ၅ ရက်နေ့ ပြည်ဆံတော်ရှင်ဘုရားရှင်ကို ထီးချရားသီးက သည်မြေတိုင်အောင် ရွှေထည့်တော်မူသည်။ ၎င်းတန်ဆောင်မုန်းလဆန်း ၁၃ ရက် သော ကြာနေ့ ကောင်းမှု တော် မဟာဝိဇယစေတီကို ဌာပနာတော်မူသည်။
၂၅။ မိုးကောင်း၊ မိုးညှင်းသို့ ထပ်မံစေလွှတ်ခြင်း
၎င်းနတ်တော်လဆန်း ၅ ရက် စနေနေ့ သားတော်အငယ် မင်းသားစစ်ကို ဗိုလ်မှူးပြုစေ၍ ``မိုးကောင်း၊ မိုးညှင်းမှာ အရေး တော်မပြီးသည်ကိုချီ၍ လုပ်ကြံလေ´´ စေတော်မူသည်။ ချီရသော တပ်စဉ်ကား စကုစားတစ်တပ်၊ စလင်းစားတစ်တပ်၊ စလေစားတစ်တပ်၊ ပုခန်းငယ်စား တစ်တပ်၊ ညောင်းရမ်းစားတစ်တပ်၊ ပြင်စည်စားတစ်တပ်၊ စစ်ကိုင်းစားတစ်တပ်၊ ရမည်းသင်းစား တစ်တပ်၊ ညောင်းရမ်းတစ်တပ်၊ ပြင်စည်စားတစ်တပ်၊ စစ်ကိုင်းစားတစ်တပ်၊ စလေစားတစ်တပ်၊ အမြင့်စား တစ်တပ်၊ ဗဒုံစားတစ်တပ်၊ ကန်နီစားတစ်တပ်၊ တပယင်းစားတစ်တပ်၊ မိုးနဲစော်ဘွား တစ်တပ်၊ ညောင်ရွှေစော်ဘွားတစ်တပ်၊ သီပေါစော်ဘွားတစ်တပ်၊ အုန်းပေါင်စော်ဘွားတစ်တပ်၊ မိုးမိတ် စော်ဘွားတစ်တပ်၊ ခြေရင်းတော်က ဗညားစက်တစ်တပ်၊ ဗညားကျန်းတစ်တပ်၊ ဗညားပရံတစ်တပ်၊ ဗညားလောတစ်တပ်၊ မင်းသားစစ်တစ်တပ်၊ သည် ၂၆ တပ်တွင်ပါသည့် တိုက်ဆင် တစ်ထောင့်သုံး ရာ၊ မြင်း တစ်သော င်းသုံးထောင်၊ ဗိုလ်တစ်သိန်းခြောက်သော င်းနှင့်ချီရသည်။ မိုးကောင်းသို့ ရောက်လျှင် မိုးကောင်းတွင် တပ်မနေ၍ နှစ်တပ်တကွဲ၊ သုံးတပ်တကွဲ အသွယ်သွယ် လိုက်လံ၍ မိုးကောင်းစော်ဘွားကို ရှာရသည်။
ဟံသာဝတီတွင် ၀ိဇယစေတီ တည်တော်မူသော အကြောင်းကား အထက်က သမိန်ထော ရာမနှင့် ဆင်စီးချင်း တိုက်တော်မူသော အခါ ``ငါ မင်းဖြစ်တော်မူလျှင် သည်အရပ်၌ ဘုရားတည် တော်မူမည်´´ ဟူ၍ ဓိဋ္ဌာန်တော်မူသော ကြောင့် မဟာဝိဇယစေတီကို တည်တော်မူသည်။ ဋ္ဌာပနာ တော်မူမည်´´ စီရင်ခန့်ရန်သည်ကား ဓာတ်တော်တင်စရာ ရတနာအတိပြီးသော ပြာဿဒ်ကို ရတနာဆင်ဖြူထက် တင်ပြီးလျှင်၊ ထိုပြဿဒ်၌ စွယ်တော်မြတ်နှင့်တကွ ရွှေအဆင်းနှင့်တူသော သ ရီရဓာတ်တော်၊ ပုလဲအဆင်းနှင့်တူသော သရီရဓာတ်တော်၊ ချရားစေံအဆင်းနှင့်တူသော သရီရဓာတ်တော်တို့ကို ပတ္တမြားစေတီတွင် ကိန်းဝပ်စေ၍ တင်တော်မူသည်။ ထိုမှတစ်ပါး ဆံတော် ဓာတ်၊ ပုလဲအဆင်းနှင့် ပင်းတင်းဓာတ်၊ ရေဓာတ်၊ ပေါကျိုဓာတ်၊ သည်ဓာတ်တော်တို့ကိုလည်း ရွှေ စေတီ၊ ငွေစေတီတို့တွင် ကိန်းဝပ်စေ၍ ရတနာဆင်ဖြူထက် တင်တော်မူသည်။ ထိုမှတစ်ပါး ရွှေးဆင်းတု၊ ငွေဆင်း၊ ပဉ္စလောဟာဆင်းတု၊ ပတ္တမြားဆင်းတု၊ မြဆင်းတု၊ ပယင်းဆင်းတု၊ သည်ဆင်းတုတို့ကိုလည်း ရွှေပေတွင်ရေး ၍ ရွှေစာထောက်နှင့်တကွ ယတြာရသော ဆင်ဖြူတွင် တင်၍ ရွှေတန်ဆောင်၊ ငွေတန်ဆောင်၊ ရွှေတံခွန်၊ ငွေတန်ခွန်၊ ထီး ကုက္ကားယမားများ စွာ ပူဇော်တော်မူ၍ ကမ္ဘောဇသာဓိ ရွှေနန်းတော်ကသည် ကောင်းမှု တော်တိုင်အောင် လမ်းမြောင်နှစ် ဖက်ကို ထောင့်ခြံကာစေ၍ ငှက်ပျောပင်၊ ကြံပင်စိုက်စေပြီးလျှင် ယမြားရေအိုးတို့ဖြင့် တန်ဆာ ဆင်စေ၍ သုဒဿန နတ်လမ်းမကဲ့သို့ အံ့ဖွယ်သရဲသော ခရီးကို မွန် မြန်မာ ရှမ်း ကုလား သူဋ္ဌေးသူကြွယ် အမှူး အမတ် ဆွေတော်မျိုးတော် မင်းညီမင်းသား အပေါင်းတို့သည် အထူအထူး အပြားပြား တန်ဆာတို့ကို ဆင်ယင်ဝတ်စားကုန်လျက် ကြီးစွာ သော သဘင်တော်ကို ခံ၍ ကောင်းမှု တော်သို့ ပို့ရသည်။
၎င်းပြာသိုလဆန်း ၆ ရက် တနင်္လာနေ့ ကောင်းမှု တော် မဟာဝိဇယစေတီအနောက်တွင် သာယာလှစွာ သော သဘင်တဲတော် ဆောက်စေ၍ သဘင်နန်းတော်၌ နေတော်မူသည်။ ၎င်းနေ့ မဟာဥပရာဇာ အစရှိသော ညီတော် သားတော် မှူးတော် မတ်တော် သူဋ္ဌေး သူကြွယ်အပေါင်းတို့ လက်ဆောင်တော်ဆက်သည်။ ထိုလက်ဆောင်တော်ကို ကောင်းမှု တော် မဟာဝိဇယစေတီတွင် သုဓမ္မာဇရပ်ကို တည်စရာ လှူတော်မူသည်။ ပြာသိုလပြည့် ၁ ရက်နေ့ ကောင်းမှု တော်ကို ဒုတိယ ဌာပနာတော်မူသည်။ ၎င်းပြာသိုလပြည့်ကျော် ၁၂ ရက် တနင်္လာနေ့ တတိယဌာ ပနာတော်မူသည်။ ယင်းသော အခါ သဘင်တဲတော်ကလည်း ကောင်းမှု တော်သို့ ညီတော် သားတော် မှူးတော် မတ်တော် ကိုယ်လုပ်မောင်းမ အပေါင်းနှင့်မွေတော် ဓာတ်တော်ခေါ်သည့် ကွမ်းခွက်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ သော က်တော်မူသော ဖလားနှင့်တကွ ရွှေတစ်ဆယ့်သုံးပဿာ ခုနှစ်ဆယ်ကို မျက်ပါးခတ်၍ ပြီးလျှင် သိင်္ခရာဇာ၊ ငဆွေညို၊ ငရဲထောင်တို့နှင့် ဆရာတော် နန္ဒသာရ သာသနဂုရုတို့ကို ကြပ်မတ်၍ ရွှေထည့်ရသည်။
၎င်းသက္ကရာဇ် တပေါင်းလဆန်း ၉ ရက် တနင်္ဂနွေနေ့ သားတော်မင်းသား ရှင်သစ္စာကို သမီးတော် မင်းဖုန်းမြတ်နှင့် စုံဖက်တော်မူ၍ ကွမ်းခွက်ရှစ်မြှောင့်၊ လက်ဖက်အိုး၊ ပတ္တမြားတစ်ရစ်စီ မြင်းရွှေကျိုင်းရွှေက၊ ဆင်ပေါင်ဝန်းရွှေရေး ပေးတော်မူသည်။ သမီးတော်ကိုလည်း ပတ္တမြာမိတ်ရစ် မြိတ်ခံနှင့်တကွ ကွမ်းခွက်၊ လက်ဖက်အိုး၊ ပတ္တမြားစီ ကျိုင်းကြီးရွှေချက်၊ ကျိုင်းငယ်ရွှေချက်၊ အပျိုစီး ဝေါပေးတော်မူသည်။ကောင်မှု တော်မဟာဝိဇယစေတီကို လုပ်၍ ပြီးလျှင် သက္ကရာဇ် (၉၃၉)ခု၊ ကဆုန်လဆန်း ၁၁ ရက်နေ့ ထီးတင်တော်မူသည်။ ယင်းသော အခါ ပင့်တော်မူသည်ကား ယိုးဒယား၊ လင်းဇင်း၊ သော က်ကတဲ၊ တနင်္သာရီ၊ ပိဿလောက်၊ လကွန်းသီမာ၊ အကျော်၊ မှိုင်းစံ၊ ကျိုင်းတုံ၊ ဇင်းမယ်၊ မိုးနဲ၊ ညောင်ရွှေ၊ သိန်းနီ၊ သီပေါ၊ မိုးမိတ်၊ ဗန်းမော်၊ စစ်ကိုင်း၊ အင်းဝ၊ စလင်း၊ တောင်တွင်း၊ ပြည်၊ တောင်ငူ၊ သာယာဝတီ၊ မွန်သုံးရပ်၊ ဒ၀ယ်၊ သည်မြို့များ တွင်ရှိသော မြန်မာ ပုဂ္ဂိုလ်၊ မွန်ပုဂ္ဂုလ်၊ ရှမ်းပုဂ္ဂိုလ်တို့ကို ပင့်တော်မူ၍ မဟာဝိဇယစေတီဝန်းကျင် ရက်သုံးခါလည် အောင် ဆွမ်းလုပ်ကျွေးတော်မူသည်။ ယင်းသော အခါလှူတော်မူသည်ကား-သံဃာတစ်ပါးကို ပရိက္ခရာ ရှစ်ပါးနှင့်တကွ ပိတ်အုပ်၊ ခါသာအုပ်၊ ကရမက်၊ ခင်းနှီး၊ ထီး၊ တရပတ်၊ သားရေနယ်၊ မွေ့ရာ၊ အုံး၊ သင်ဖြူး၊ နံ့သာနီ၊ နံ့သာဖြူ၊ ကရမက်၊ အကျော်၊ စမ္မာ၊ ငရုတ်၊ ကွမ်းသီး၊ ဘယဆေးအ စေ့အနံ့ လှူတော်မူသည်။ ပိဋကတ်သုံးပုံ ပါဠိအဋ္ဌကထာ ဋီကကျမ်းတို့ကိုလည်း အဝေး သံဃာတို့ အားတစ်ပါးတစ်ကျမ်း အပ်တော်မူသည်။ ပဉ္စင်း သာမဏေ ပြုလိုသူကိုလည်း သုံးရာလေးဆယ် ခုနှစ်ပါး ရဟန်းသံဃာတော်အပေါင်းကား ခုနှစ်ကား ခုနှစ်ထောင့်နှစ်ရာငါးဆယ်ခုနှစ်ပါး၊ ထိုအရိယာ သံဃာတော်တို့ကို ခုနှစ်ရက် သုံးခါလည်အောင် ဆွမ်းလုပ်ကျွေးတော်မူသည်။ သဘင် လည်း ၂၁ ရက်တိုင်နတ်သဘင်ကဲ့သို့ ခံတော်မူသည်။ သိန်းဃိုကျွန်းက ရောက်လာသော အမတ်တို့ကိုလည်း မှူးတော်မတ်တော် အပေါင်းနှင့်အတူ ပွဲလမ်းခံ၍ သာဓုခေါ်ရသည်။ သာဓုခေါ်ပြီးလျှင်သိန်းဃိုသံတို့ကို လွှတ်တော်မူပြန်ရသည်။
ကောင်းမှု တော် မဟာဝိဇယစေတီ ပထမဌာပနာတော်မူစဉ်က ဟံသာဝတီရွှေမြို့တော်က သည် ကောင်းမှု တော်တိုင်အောင် လူရဟန်းတို့ အရိပ်ခိုစိမ့်သော ငှာ လမ်းနှစ်မြောင့်ကို ထန်းပင်၊ တစ်ဥယျာဉ်၊ အနောက်တစ်ဥယျာဉ်လုပ်စေ၍ လှူတော်မူသည်။ ယင်းသည် ဥယျာဉ်တွင်သီးသော လိမ္မော်၊ ခရမ်း၊ ပိန်းစသော သစ်သီးတို့ကိုလည်းကောင်း၊ စံပယ်၊ ကြက်ရုန်းစသော ပန်းတို့ကို လည်းကောင်း သင်ပုတ်ဆွမ်းဖြစ်စေ၍ ရွှေသပိတ် ငွေသပိတ်၊ စိမ့်သော ငှာ လင်းဇင်းသား အိမ်ခြေ ငါးဆယ်၊ မွန်အိမ်ခြေငါးဆယ်၊ မြန်မာအိမ်ခြေငါးဆယ်လှူတော်မူသည်။ ထိုမှတစ်ပါး ကောင်းမှု တော်တွင် အဆိတ်မညံ တီးမှု တ်စိမ့်သော ငှာ ပတ်သည်, စည်သည်တို့ကိုလည်းလှူတော်မူသည်။
နှမတော် ဓမ္မဒေ၀ီ ရှင်မိဖုရား ကေတုမတီက လာတော်မူ၍ ကောင်းမှု တော်ကို သာဓုခေါ် သည်ကို အတူရေစက်ချတော်မူပြီးလျှင် ဓမ္မစေတီ ဟူသော အမည်နှင့်ပင် ဘိသိက်ခံတော်မူစေ၍ မိဖုရားကြီးတို့၏ အဆောင်အယောင်နှင့်တကွ ရွှေချက်နှစ်စင်း ရွှေဝေါပေးတော်မူ၍ ကေတုမတီသို့ အလုံးအရင်းနှင့်တကွ ပြန်တော်မူ၍ စကြောသုံးထပ် အိမ်ဖြူနှင့်ချမ်းသာစွာ နေတော်မူသည်။
၂၇။ မိုးကောင်းစော်ဘွားကိုဖမ်းမိခြင်း
သားတော် သာယာဝတီမင်းတို့ မိုးကောင်းသို့ ချီလေရာမှာ ပေါလသိုင်းစား ပြေးလေ၍ မိုး ကောင်းစော်ဘွားသို့ ရောက်လျှင် မိုးကောင်းစော်ဘွားအမတ်တို့သည် တောအုံ တောင်ကနမ်းတွင်္င် အရှည်အကြာ ဆင်းရဲမခံနိုင်၍ သားတော် သာယာဝတီမင်းသို့ ၀င်လာကုန်သည်။ ယင်းသို့ မှ မိုးကောင်းစော်ဘွားနေရာအရပ်သို့ ပြ၍ ဖမ်းရလေသည်။ စော်ဘွားကို ရလျှင် မိုးကောင်းမြို့ကို ပန်း လဲားကို ပေးတော်မူ၍ သားတော် သာယာဝတီမင်းတို့ မိုးကောင်းစော်ဘွားနှင့် သားမယားကို ယူ၍ ပြန်သည်။
သီတင်းကျွတ်လပြည့်ကျော် ၃ ရက် အင်္ဂါနေ့ ခြေရင်းတော်သို့ ရောက်လာသည်။ ရောက်၍ ရခဲ့သည့် စော်ဘွားနှင့်အတူ သားမယား ဆင်မြင်း လူသူတို့ကို ဆက်လျှင် အားရတော်မူ၍ လက် တော်နှစ်ဖက်တွင် ၀တ်တော်မူသော မတ္တမြားလက်ကောက်၊ ပတ္တမြားလက်စွပ်၊ ၀တ်တော်မူသော ၀တ်လုံ၊ စီးတော်မူသော ဆင်သီရိမဟာငယ်ကို ဆုလာဘ်ပေးတော်မူသည်။ နော်ရထာမင်းစောဟူ သော အမည်ကိုလည်း သမုတ်တော်မူသည်။ သားတော်နှင့် မိုးကောင်းသို့ ချီရသော စော်ဘွား စော် ခံ မှူးတော် မတ်တော်အပေါင်းတို့ကိုလည်း အဆောင်အယောင်စားကျေး စားလက် အဖို့ အလျောက် ပေးတော်မူသည်။
ထိုသို့ ဗိုလ်ရှုသဘင်အလယ်၌ မိုးကောင်းစော်ဘွားကို ခေါ်တော်မူ၍ ဤသို့ အမိန့်တော်ရှိ သည်။ ``မိုးကောင်းစော်ဘွားငယ်သည် မိုးကောင်းကို ငါအထက်က လုပ်ကြံတော်မူ၍ ရလျှင် သင်ဘ မိုးစားလည်း တစ်ဆယ်ခုနှစ်ရွယ်က ငါ့ကို ဆက်၍ အပါးတော်တွင် နေ့ညဥ့်မြဲစေသည်။ စာ ပေလည်း ငါသင်တော်မူသည်။ ငါးတော်စားတော်ခေါ်လျှင် ရွှေခွက်နှင့်ငါ လက်တော် ထည့်၍ စားစေသည်။ အ၀တ်ကိုလည်း ငါ့လက်တော်နှင့် လျာထား၍ ၀တ်စေသည်။ အင်္ကျီကိုလည်း ငါ့လက်တော်နှင့် လျာထားပြီးလျှင် တခြားသူကို ချည်စေ၍ ၀တ်ရသည်။ ဤကဲ့သို့ ငါသနားတော်မူ သည်နှင့်အညီ ရွှေနန်းရိပ်တွင်ကြီးသည်။ သင့်ဘမိုးကောင်းစော်ဘွားမရှိလျှင်လည်း သင့်ဘထွေးတို့ လည်း လုပ်ရည်ကြံရည်နှင့်တကွ အမှု တော်ကိထမ်းပေသည်ဖြစ်၍ မိုးကောင်းနှင့် ထိုက်လျေက်သ သူချည်းဖြစ်ပေသည်။ ယင်းသို့ ဖြစ်လျက် သင့်ဘထွေးတို့ကို ငါးပေးတော်မမူ။ သင့်ကို ငါသနား တော်မူသော ကြောင့် မင်းမြောက်တန်ဆာ ငါးပါးနှင့်တကွ သူကောင်းပြုတော်မူသည်။ ထိုသို့ သော ကျေးဇူးတော်ကို အောက်မေ့သဖြင့် သားတော်အစဉ် မြေးတော်အဆက်တိုင်အောင် မသင့်မတင့်သော အကြံအစည်ကို မကြံအပ်။ ထိုသို့ မကြံအပ်သော အကြံအစည်ကို ကြံလေသော ကြောင့် ဆင် မြင်း ဗိုလ်ပါ မှူးကြီး မတ်ကြီးမတ်ခိုင်တို့ ဆုံးပါးလေသည်။ ငါ့သားတော်မောင် အိမ်ရှေ့မင်း စသော မှူးတော် မတ်တော် မတ်တော် အပေါင်းတို့လည်း ပင်ပန်းညှိုးနွမ်းစွာ ချည်း လိုက်ရလေသည်။ ငါ လည်း တောကြိုတောကြား ဆီးနှင့်းခံ၍ ရှိရချေသည်။ ယခုမူကား ငါ့ဘုန်းတော်ကြောင့် အမျိုး အဆွေနှင့်တကွ ရတော်မူသည်။ တစ်ပါး သော မင်းဧကရာဇ်ဖြစ်သော် မျက်နှာကိုမျှ မြင်ရမည် မဟုတ်ပြီ။ အထူးထူးသော ဘေးဘယသို့ ရောက်လေတော့မည်´´ ဟူ၍ အမိန့်တော်ရှိသည်။
ထိုအမိန့်တော်ကို မိုးကောင်းစော်ဘွားကြားလျှင် ဦးသုံးကြိမ်ချ၍ ဤသို့ နားတော်လျှောက် သည်။ ``ကျွန်တော် သည်သို့ သည်အကြံအစည်ကို ကြံမိသည်။ ယခု တစ်စုံတစ်ခုသော ဘေးဘ ယဖြင့် ကွပ်မျက်တော်မူသော်လည်း မကောင်းမှု ရှိတော်မမူပြီ။ ထိုသို့ မှားသော အယူရှိသော သူကို မဟာကရုဏာတော်ဖြင့် မိန့်တော်မူသော အမိန့်တော်ခွန်းကို ကြားရလျှင် ကျွန်တော်ဦးခေါင်း၌ ခုနှစ်ချက်သော မိုးကြိုးတို့သည် တပြိုင်ကျဘိသကဲ့သို့ ထင်သည်။ ကျွန်တော့်ကို ကွပ်မျက်တော်မူ၍ သော ရသော်လည်း အပါယ်လေးပါး၌ ခံရမည်အကြောင်းဖြစ်တော့သည်´´ ဟူ၍ နားတော် လျှောက်သည်။ ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ``မိုးကောင်း စားငယ် အသက်ကို ငါလွှတ်တော်မူတော့သည်။ မိုးကောင်းစားငယ်နှင့် တစ်ချက်တည်း အတိုင်အပင်ပြု သော သူတို့ကိုမူကား စိစစ်၍ သင်္ဘောကုလားပြည်မှာ ရောင်းလေစေ´´ အမိန့်တော်ရှိသည်။ ၀န်တို့လည်း စစ်ကြော ၍ ရသည့် လူတစ်ရာကျော်ကို သင်္ဘောတွင်တင်၍ ကောလကွန်းတား မြို့မှာ ရောင်းရလေသည်။
မိုးကောင်းစားကိုလည်း သံခြေချင်းနှင့် ရွှေမြို့တော် တံခါးနှစ်ဆယ်တွင် တစ်တံခါးကို ခုနှစ် ရက်စီ လည်ကို ညှစ်၍ ထားတော်မူသည်။ ရက်စေ့၍ လွှတ်တော်မူလျှင် အလုပ်အကျွေးတစ်ဆယ်ကျော်ပေး၍ ချမ်းသာစွာ နေရသည်။
၂၈။ ဆင်ဖြူတော်ရခြင်းနှင့် ကောင်းမှု တော်ပြုခြင်း
၎င်းတန်ဆောင်မုန်းလဆန်း ၅ ရက်နေ့ ညီတော်ပြည်ဘုရင် သတိုးဓမ္မရာဇာနှင့် တောင်ငူဘု ရင် မင်းခေါင်ကို ထွက်စည်ဝင်စည် ပေးတော်မူသည်။ သမက်တော် အ၀ဘုရင်သတိုးမင်းစော ကိုလည်း ၀င်စည် ပေးတော်မူသည်။ ယင်းသည့်နေ့ပင် တနင်္သာရီက ဆင်ဖြူရောက်သည်။ ထိုဆင်ဖြူကို ဒ၀ယ်စားကလည်း ကျွန်တော် တွေ့ ရင်းဖြစ်သည်။ တနင်္သာရီစားကလည်းကျွန်တော် ဖမ်း၍ ရသည်ဟူ၍ အလုအယက် အငြင်းအခုံ လျှောက်လဲကြသည်။ဆင်ဖြူများ သခင် ဘ၀ရှင် မင်းတရားကြီးဘုရားလည်း ``အရင်းကို စစ်လျှင် အမြစ်မြေကြီးမှာ ဆိုသော ပုံကဲ့သို့ ဖြစ်ချေသည်။ သနားတော်မူသည့် ဆုကို ၃စု စု၍ နှစ်စုကို ဒ၀ယ်စားရစေ၊ တစ်စုကို တနင်္သာရီစားရစေ´´ စီရင်တော်မူသည်။ ၎င်းတန်ဆောင်မုန်းလဆန်း ၉ ရက်သော ကြာနေ့ သားတော် သင်္ဃတ္ထကို ဦးသျှောင်ထုံးတော်မူသည်။ ၎င်းတန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် တနင်္ဂနွေနေ့ ရဟန္တာတို့ သမုတ်သော သိမ်ကို သူပုန်တို့ ဖျက်ဆီးလေသည်ကိုလည်း ရွှေဇရပ်အသစ် ဆောက်တော်မူသည်။
၎င်းနတ်တော်လဆန်း ၁၅ ရက်နေ့ ကောင်းမှု တော် မဟာဝိဇယစေတီတွင် သိမ်သမုတ် တော်မူသည်။ယင်းသည့်နေ့ပင် ကောင်းမှု တော်တံတိုင်းတွင်းတွင် အရှေ့ကတစ်ဆောင်၊ မြောက်က တစ်ဆောင် သုဓမ္မာဇရပ်ဆောက်တော်မူသည်။ ကျောင်းကျွန်လည်း တစ်ကျောင်း နှစ်ဆယ်စီဝယ်၍ လှူတော်မူသည်။ ယင်းသည်နေ့ပင် ကျောင်းတော် ရှစ်ဆယ်လေးကျောင်း မဟာရံတစ်ထပ်နှင့် လှူတော်မူသည်။
၎င်းပြာသိုလပြည့်ကျော် ၃ ရက် စနေနေ့ ဆင်ဖြူမကို ဖမ်းတော်မူသည်။ ဟံသာဝတီ ရွှေမြို့  တော်ဝန်းကျင် ဥယျာဉ်တော်တွင် သီးပွင့်သော သစ်သီးဖိုး, ပန်းဖိုးတို့ကို ရုံးစုတော်မူ၍ ထိုကြေးကို လူငှား၍ ကောင်းမှု တော် မဟာဝိဇယစေတီတွင် ရေကန်တူးရသည်။ ယင်းသည်နေ့ပင် မင်းဆက် တကာတို့ မလုပ်ဖူးလေသော ကြီးလှစွာ သော ဥယျာဉ်ကို လုပ်တော်မူ၍ စိတ္တလတာဥယျာဉ်ဟူ၍ မှည့်တော်မူသည်။ ထိုဥယျာဉ် ရေကန်တွင် စံတော်မူစရာ ဟင်္သာရုပ်ဖောင်နှစ်စင်းလုပ်စေ၍ ရွှေအပြည့်ချသည်။ ကောင်းမှု တော်မဟာဝိဇယ စေတီသို့ လည်း တစ်လလေးသီတင်း ကြွတော်မူသည်။ ဆရာတော်လေးပါး တစ်သီးတင်းစီ တရားနာတော်မူသည်။ သင်္ကန်းလျာ ခါသာ အုပ်၊ ပိတ်အုပ်၊ လက်ဖက်ချောင်းလည်း လှူတော်မူသည်။
သက္ကရာဇ် (၉၄၀)တွင် ဟံသာဝတီရွှေမြို့တော် အရှေ့တောင်ကမ်းများ ၌ မြေတလင်းသည် ညီညွတ်စွာ မရှိဟူ၍ တူးဖြိုရသည်။ ဘုရားသိမ်ကို လည်း လုပ်တော်မူသည်။ အမြ၀တီကိုလည်း အသစ်တည်တော်မူသည်။ ၎င်း (၉၄၀)၊ ၀ါဆိုလပြည့်ကျော် ၅ ရက် ဗုဒ္ဓဟူးနေ့စွယ်တော်ထားစရာ ထူးဆန်းလှစွာ သော ရတနာပြာဿဒ်ကို ဆောက်တော်မူသည်။ ၎င်းတန်ဆောင်မုန်းလပြည့်ကျော် ၅ ရက် ဗုဒ္ဓဟူးနေ့ စွယ်တော်ကို ပြာဿဒ်သို့ တင်တော်မူသည်။ ၎င်းပြာသို့ လပြည့်ကျော် ၈ ရက်သော ကြာနေ့ တောင်ငူ ဆံတော်ရှင်ဘုရားကို ထီးတင်တော်မူသည်။
၂၉။ သားတော်နော်ရထာစောအား ဇင်းမယ်ကိုပေးခြင်း
၎င်းတပို့တွဲ လဆန်း ၅ ရက် ဗုဒ္ဓဟူးနေ့တွင် သုဝဏ္ဏဘုမ္မိဟူသော ဇင်းမယ်ပြည်ကြီးကို အစိုး ရသော အဟာဒေ၀ီမိဖုရားလွန်၍ ထိုမိဖုရား ဆောင်ယောင်သော မင်းခမ်းမင်းနားနှင့်တကွ ဆင်ကောင်းနှစ်စီးကို လက်ဆောင်တော်ပြု၍ ဗညားသေလုံး၊ ဗညားသံလန်တို့ရွှေဖ၀ါးတော် အောက်သို့ လာ၍ ဆက်လာသည်။ သုဝဏ္ဏဘုမ္မိမည်သော ဇင်းမယ်ပြည်ကြီးလပ်လျှင် ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရာလည်း သားတော်မဟာဥပရာဇာ အစရှိသော မှူးတော် မတ်တော် အပေါင်းတို့ကို ခေါ်တော်မူ၍ ဤသို့ အမိန့်တော်ရှိသည်။
``ဟရိပုဉ္စတိုင်းဖြစ်သော ဇင်းမယ်ပြည်ကြီးသည် မြတ်စွာ ဘုရား ထင်ရှားရှိသည် ကာလကပင် သာသနာတော်မြတ် တည်ရာဖြစ်သည်။ တိုင်းကားနိုင်ငံ ကျယ်သော ကြောင့် ကျေးရွာမြို့ပြများ သည် မှူးကောင်း မတ်ကောင်း ဆင်ကောင်း မြင်းကောင်း သူရဲသူခက်ကောင်း လည်း များ သည်။ ဘုန်းတော်မြတ် မင်းဧက္ကရာဇ်မင်းတို့၏ နေရာလည်းဖြစ်သည်။ ထိုဇင်းမယ်မြို့ လပ်လေသည်။ ညီတော် သားတော် အပေါင်းတို့တွင် ဘယ်သူအားပေးရသော် သင့်မည်နည်း´´
ဟူ၍ စိုင်းပြင်းခင်းကျင်းပြသတော်မူသည်ကို သားတော် မဟာဥပရာဇာ လျှောက်သည်။ ညီတော် ဘုရင် သတိုးဓမ္မရာဇာကို ပေးတော်မူ၍ မင်းပြုရသော သရေခေတ္တရာပြည်ကြီးသည် ဘုန်းကြီး သော မင်းဧက္ကရာဇ်တို့၏ နေရာဖြစ်သည်။ ယင်းသို့ သာလည်း မဟုတ်၊ ရခိုင် ဓည၀တီပြည်ကြီးနှင့် လည်းအနီးအစပ် ဖြစ်သည်။ ဧရာဝတီမြစ် အနောက်ဘက် ရခိုင်ကျေးစပ်တွင် ရှိသော စကု၊ စလင်း၊ ဘောင်းလင်း၊ လယ်ကိုင်း၊ မင်းတုန်း၊ မင်းတပ် စသော မြို့နေမြို့သားတို့လည်း သရေခေတ္တာရာ ပြည်ကြီးကို အားပြု၍ ခံနေရလေသည်။ ယင်းသို့ ဖြစ်၍ သီရိခေတ္တရာမတိုင်းဖြစ်သော သရေ ခေတ္တရာ ပြည်ကြီးသည် ညီတော်ပြည်ဘုရင် သတိုးဓမ္မရာဇာနှင့်သာ ထိုက်တန်သည်။ ညီတော် တောင်ငူဘုရင်မင်းခေါင်ကို ပေးတော်မူ၍ မင်းပြုရသော ကေတုမတီပြည်ကြီးလည်း ဘုန်းကြီး သော မင်းဧကရာဇ်တို့၏ နေရာ နန်းမြို့ပင်ဖြစ်သည်။ယင်းသို့ သာမဟုတ်၊ ယောက်စောက်၊ ညောင် ရွှေစသော ရှမ်းပြည်ကြီးများ လည်း အနီးအစပ်ဖြစ်သည်။ တောင်တွင်းကြီး၊ ရမည်းသင်း၊ ၀တီး၊ ယင်းတော်၊ လှိုင်းတက်၊ ညောင်ရမ်းစသော မြို့နေမြို့သားတို့လည်း ကေတုမတီပြည်ကြီးကို အားပြု၍ ခံနေရသည်။ ယင်းသို့ ဖြစ်၍ ဇေယျဝဍ္ဎနတိုင်း ဖြစ်သော ကေတုမတီပြည်ကြီးသည် ညီ တော်တောင်ငူဘုရင်မင်းခေါင်နှင့်သာ ထိုက်တန်သည်။ သမက်တော် အ၀ဘုရင် သတိုးမင်းစောကို ပေးတော်မူ၍ မင်းပြုရသော ရတနာမူရပြည်ကြီးသည်လည်း ဘုန်းကြီးသော မင်းဧကရာဇ်တို့၏ နေရာ နန်းတည်မြို့ပင်ဖြစ်သည်။ ယင်းသို့ သာမဟုတ် အုန်းပေါင်၊ မိုးမိတ်၊ မိုးညှင်း စသော ရှမ်းပြည် ကြီးများ နှင့်လည်း နီးသည်။ ထိုရှမ်းပြည်တို့ ကျေးစပ်တွင် ရှိသော မြေတူး၊ ငရနဲ၊ စည်ပုတ္တရာ၊ စည်သာ၊ တပယင်းစသော မြို့သားတို့လည်း ရတနာပူရပြည်ကြီးကို အားပြု၍ ခံနေရပေသည်။ ယင်းတို့ကို ထောက်သဖြင့် တမ္ပဒီပတိုင်းဖြစ်သော ရတနာပူရပြည်ကြီးသည် သမက်တော် သတိုးမင်းစောနှင့်သာ ထိုက်တန်သည်။
``ဟရိပုဉ္စတိုင်းဖြစ်သော ဇင်းမယ်ပြည်ကြီးသည်လည်း ယိုးဒယား၊ လင်းဇင်းစသော ကျိုင်းရုံး, ကျိုင်းတုံ, ဤရှမ်းပြည်ကြီးများ နှင့်လည်း နီးလေသည်။ ဆွေတော်မျိုးတော် မည်မည်ဝါးဝါး ကိုပေးတော်မူ၍ မသင့်ချေ။ သားတော်နော်ရထားစောလည်း သာယာဝတီမြို့နှင့်သာ မတန်လေ ဖြစ်သည်။ နော်ရထားစောကို ပေးတော်မူသည်ဖြစ်မှ မြစ်တော် အညွန့်တိုင်အောင် သစ္စာတော်ကို မဖောက်မပြန် ပျပ်ဝပ်ကျိုးနွံမည်´´ ဟူ၍ နားတော်လျှောက်လေသည်။
ဆင်ဖြူများ ရှင်ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ဤသို့ အမိန့်တော်ရှိသည်။ ``နော်ရထား စောကို ငါသူကောင်းပြု၍ အရှည်သူကောင်းဖြစ်မည် မဟုတ်၊ မောင်အိမ်ရှေ့မင်းညီ၍ သူကောင်းပြုမည်ဖြစ်မှ အရှည်သူကောင်းပြုမည်´´ဟူ၍ မိန့်တော်မူပြီးလျှင် သက္ကရာဇ်(၉၄၀)၊ တပေါင်းလဆန်း ၅ ရက် ဗုဒ္ဓဟူးနေ့ လွှတ်တော်သို့ ထွက်တော်မူ၍ သုဝဏ္ဏဘုမ္မိမည်သော ဇင်းမယ် ပြည်ကြီးကို နော်ရထာမင်းစောအား ပေးတော်မူသည်။ ယင်းသည်နေ့ပင် ဗြဲတိုက် ရွှေပြာသာဒ် တော်သို့ နော်ရထားမင်းစောကို ခေါ်တော်မူ၍ ဤသို့ အမိန့်တော်ရှိသည်။ ``ဟရိပုဉ္စတိုင်းဖြစ်သော ဇင်းမယ်ပြည်ကြီးကို ငါ့ဘုန်း ငါ့လက်ရုံးကြောင့် ရတော်မူသည်။ မြန်မာပြည်၊ မွန်ပြည်၊ ရှမ်းပြည် မတန်ပလေ။ မင်းဘထွေး ပြည်မင်း၊ တောင်ငူမင်း၊ အ၀မင်းတို့၏ နိုင်ငံကား အကျဉ်းသာဖြစ်သည်။ ဇင်းမယ်ပြည်ကြီသည်ကား တိုင်းနိုင်ငံလည်း ကျယ်၏ ။ မြို့ပြခရိုင်လည်း များ ၏ ။ မှူးကောင်း၊ မတ် ကောင်း ဆင်ကောင်း မြင်းကောင်း သူရဲသူခက်ကောင်းလည်းများ လှသည်။ နောက်နောင်လည်း သူ နှိပ်စက်မည်မဟုတ်။ သို့ သည်မြို့ကို မောင်အိမ်ရှေ့မင်းကို အရှင်လည်းမှတ်၊ အစ်ကိုလည်း မှတ်။ ယင်းသို့ မဟုတ်ဘဲ လူဆိုး လူသွမ်းတို့ စကားကို နာ၍ အထွေအရာရှိလျှင် ယိုးဒယား၊ လင်းဇင်း၊ ဂုံ၊ မျက်နှာမည်းစသော ဤပြည်ကြီးများ သည် အစထော်ရရော် ရှိရာသည်။ ယင်းသို့ မငြိမ်မ၀ပ်လျှင် သာသနာတော် အရောင်အ၀ါလည်း ညံ့လေရာသည်။ ပြည်သူ လူ ရဟန်း အပေါင်းတို့အားလည်း ပင်ပန်း၍ ပစ္စုပ္ပန်,သံသရာစီးပွားနှစ်ပါးမှ ယုတ်၍ အပါယ်လေးပါးသို့ သွားရလိမ့်မည်အကြောင်း ဖြစ်သည်။ယင်းသို့ ဖြစ်သော ကြောင့် ငါ့အမိန့်တော်ကို မင်းမှတ်အမိန့်တော်အတိုင်း တည်သော မင်း သည် ဘုန်းကြီးသက်ရှည်ရှိမည်။ သံသရာ၌ လည်း အကျိုးများ မည်။ ယခု ငါချစ်သနားတော်မူသော ယောက်ျား, မိန်းမ, ကျွန်တော်မျိုးတို့သည် နောက်နောင် ရောက်ပေါက်လာလျှင် သိမ်းမြန်းကျွေး မွေးပါ၊ မျက်နှာမလွှဲပါနှင့်´´ ယင်းသော ခါ ရှေ့တော်တွင် ညီလာခံသည့် ဗညားကျန်းတော၊ ဗညားပရံ၊ အဲမွန်တယာ၊ လက်ယာပျံချီ၊ သည်အမတ်များ ကို ``ငါ့အမိန့်တော်ကို မှတ်´´ဟူ၍ အမိန့်တော်ရှိသည်။
``ဇင်းမယ်သို့ ရောက်လျှင် ဇင်းမယ်တွင် ရှိသော ဗညားဇာပန်၊ ဗညားလောင်၊ ဗညားနန်း တို့ကို ဘကြီးတော်ဟူ၍ ခေါ်၊ ဗညားသံလန်၊ ဗညားလကွန်း၊ ဗညားကျိုင်းသေည်၊ ဗညားခွင်၊ ဗညားတုရိုင်တို့ကို နောင်တော်ဟူ၍ ခေါ်။ သူတို့ဝယ်ရှိသော ဆင်ကောင်း၊ မြင်းကောင်းတို့ကိုလည်း မလိုချင်နှင့်၊ မင်းကျေးမင်းကျွန် သားမြေးတို့လည်း မြို့ရွာတွင် လုစား ယက်စား မပြုစေနှင့်၊ နိုင်အောင်မြစ်။ ထိုမှတစ်ပါးအကောက်အအောင်ပွဲ၊ တည်ဆိပ်၊ တံခါး၊ ကင်းသင်းစသည်တို့ကို လည်း ထုံးစံနှင့် အညီသာကောက်စားသိမ်းခံစေသည်သာ ပြည်ရေး ဖြစ်သည်´´ဟု မိန့်တော်ရှိသည်။
သက္ကရာဇ် (၉၄၁)ခု၊ ကဆုန်လပြည့်ကျော် ၆ ရက် တနင်္လာနေ့ ကောင်းမှု တော် မဟာစေတီ သို့ ထွက်တော်မူ၍ အနောက်ရွှေဇရပ်တွင် နေတော်မူ၍ ဆရာတော်ရှင်သဒ္ဓမ္မပါလ၊ ဆရာတော်ဥရု ၀ဠ၊ ဆရာတော် ဘားတော၊ ဆရာတော် ဘားမဲ့၊ ဆရာတော် ဇော်တိယာယံ၊ ဆရာတော်မဟာ သင်္ဃရာဇာ၊ ဆရာတော် သဒ္ဓမ္မဒိဝါကရ၊ နော်ရထာမင်းစောဆရာတော်သဒ္ဓမ္မသက္ကသာမိ၊ ဤဆရာ တော်အပေါင်းတို့ကို ပင့်၍ ရှေ့တော်တွင် ဤသို့ မိန့်တော်ရှိသည်။
``မောင်အိမ်ရှေ့မင်းသည် နော်ရထာစောကို ကျွန်တော်ဟူ၍ လည်း မှတ်၊ ညီဟူ၍ လည်း မှတ်၊ နော်ရထားစောလည်း မောင်အိမ်ရှေ့မင်းကို အရှင်ဟူ၍ လည်းမှတ်၊ အစ်ကိုဟူ၍ လည်းမှတ်၊ မောင်တို့နှစ်ပါးသည် ငါဆုံးမတော်မူသည့်အတိုင်းတည်၍ ချစ်ကြည်လေးမြတ်ကြသည်။ဖြစ်မှ ငါနှစ် လများ စွာ လုံ့လပြုတော်မူ၍ လက်ရုံးတော်အားဖြင့် ရသော တိုင်းနိုင်ငံအပေါင်းတို့သည် အကွဲမပြို အစဉ်ရှည်စွာ မြဲမြံအံ့သည်။ နှစ်လများ စွာ ဆည်းပူးတော်မူအပ်သော ကောင်းမှု ကုသိုလ်သည် သာသနာတော် စီးပွား၊ လူ ရဟန်း စီးပွားလည်း များ အံ့သည်။ ယင်းသို့ ဆုံးမတော်မူသည်ကို မတည်ကြက နှစ်လများ စွာ လုံ့လပြု၍ ရတော်မူသော တိုင်းနိုင်ငံတော်၊ နှစ်လများ စွာ ဆည်းပူး တော်မူသော ကောင်းမှု တော်တို့သည် ပျက်စီးလေအံ့သည်။ ထိုသို့ သော မကောင်းမှု ကြောင့် မောင်တို့နှစ်ဦးသည် အပါယ်သို့ လားရာလေသည်။ ယင်းသို့ ဖြစ်သော ကြောင့် တမင်း၊ တစိုး၊ အဆွေ အမျိုး ကျေးဆိုး ကျွန်ဆိုးတို့ ဖျက်ဆီးသော အခါ ဤသို့ ငါ့လက်တော်က ချွတ်၍ ပေးသော လက်စွပ်နှစ်ခြည်ကို မောင်တို့နှစ်ဦး တစ်ယောက်တစ်ခြည် အမြဲဝတ်၍ ရှေ့သို့ သည် လက်စွပ်ကို မြင်လျှင် ငါတို့ခမည်းတော် မှာ တော်မူခဲ့သော အမိန့်တော်သည် အလွန်ဖြစ်ခဲလှသည်ဟု နောင့်ယှက်သော နှလုံးကိုဖြေ၍ ချစ်ကြည် လေးမြတ်ကြကုန်။ ငါ့သားတော်တို့အား ငါမှာ တော်မူ သည်ကိုလည်း ဆရာတော်အပေါင်းတို့ မှတ်ပါကုန်။ တစ်ကြောင်းမှာ မောင်နော်ရထားစောလည်း ဗညားသံလန်သည် ဘာသာလ၀ါတူသည်ဟူ၍ သူ့ရှေ့သူ့မှော က်တွင် စကားစမြည် ပြောဟော သည် မများ စေနှင့်၊ အပြောအဟော များ လျှင် ဗညားသေည်လုံး အစရှိသော ဗညားများ ၀မ်းနည်း ပေလိမ့်မည်။ အစ်ကို့တို့မူကား ၀မ်းနည်းသူမဟုတ်၊ ငါ့အမိန့်တော်ကို မှတ်ကုန်´´ ဟူ၍ ဆင်ဖြူဆင်နီများ သခင် ဘ၀ရှင် မင်းတရားကြီးဘုရားလည်း အမိန့်တော်ရှိသည်။
ထိုအမိန့်တော်ကို ဆရာတော်အပေါင်းတို့ကြားတော်မူလျှင် ကောင်းချီးပေးတော်မူသည်။ ယင်းသည်နေ့ပင် နော်ရထာစော ဇင်းမယ်သို့ အလုံးအရင်း အခြွေအရံပေါင်းနှင့် ချီတော်မူသည်။ ဗညားပရံနှင့်ရဲသင်ရံတို့ ကြပ်မတ်၍ ပို့ရသည်။ တုလောင်းတောင်သို့ ရောက်လျှင် ဇင်းမယ်မိဖုရား သားတော်ကို မျက်နှာမြင်သည်။ တုလောင်းတောင်တွင် ဖွားမြင်သည်ကို အကြောင်းပြု၍ ``မင်းသားတုလောင်း´´ ဟူ၍ မှည့်တော်မူသည်။ ၎င်းဒုတိယ ၀ါဆိုလဆန်း ၁၀ ရက်ကြာသပတေး နေ့ နော်ရထာမင်းစော ဇင်းမယ်သို့ ၀င်၍ နန်းတက်တော်မူသည်။
သော ဠသမ (၁၆) တွဲ
ယင်းသည်နှစ်တွင် ရဟန်းသံဃာတို့ ဥယျာဉ်ပန်းမန်စေ့ပျိုးလုပ်ဆောင်သည်ကို ရဟန်း၊ တရားနှင့်မညီဟူ၍ ဥယျာဉ်ပန်းမန်တို့ကို ဖျက်ဆီးရသည်။ ဆုံးမမြစ်တား၍ မနိုင်သော ရဟန်းတို့ ကိုလည်း လူပြုသည်။
လင်းဇင်း၌ ဥပရာဇ်မင်းပြုရာမှာ လည်း ဘ၀ရှင်မင်းတရားကြီးဘုရား ဆုံးမတော်မူသည်ကို မယူ၊ ဥပရာဇ်သည် မှူးကြီး (မတ်ကြီး) တို့ကို မပေးမကမ်းမပြုစု။ မိမိအဆွေအမျိုးတို့ကိုသာ ချီးမြှောက်ပြုစုသော ကြောင့် လင်းဇင်းအမှူးအမတ် သူဋ္ဌေးသူကြွယ် အပေါင်းတို့သည် မသေဘဲရောက်ပြန်လာသည် အဟန် ဥပါယ်တံမျဉ် ပရိယာယ်ေ၀၀ုစ်ဖြင့် အထွေထွေကြံကြ၍ ဥပရာဇ်ကို စွန်ပစ်ပြီးလျှင် တောကြီးတစ်ခု၌ စည်းရုံးတိုင်ပင်၍ အမှူးအမတ် သူဋ္ဌေးသူကြွယ်အ ပေါင်းတို့ ခြားနား လေကုန်သည်။
ဥပရာဇ်မှာ မူကားမိမိအဆွေအမျိုးနှင့် အလုံးအရင်းစုံရာသာ ရှိချေသည်။သည်အကြောင်း များ ကို နားတော်လျှောက်လာ၍ ကြားတော်မူလျှင်၊ သားတော် မဟာဥပရာဇာ အစရှိသော မှူးတော်မတ်တော် အပေါင်းတို့ကို ခေါ်တော်မူ၍ ``ယခုလင်းဇင်းမှာ အရေး တော်ပျက်သည် ဟူ၍ ကြားသည်ကို ပသို့ ထင်ကြသနည်း´´ဟု မေးတော်မူသည်။
ယင်းသော အခါ ဗညားလော လျှောက်သည်။ ``ဥပရာဇ်သည် အဆုံးအမတော်အတိုင်း မတည်ရ၊ မှူးကြီးမတ်ရာတို့ကို နှလုံးမကြည်ရှိအောင် ပြုကျင့်လေ့ရှိသော ကြောင့် အရေး တော် ပျက်သည်။ ရွှေဖ၀ါးတော်အောက်က ညီတော်၊ သားတော်တို့ကို ချီစေ၍ လုပ်ကြံတော်မူလျှင် အန်တုဝံ့မည် မဟုတ်။ တောအုံနက်ရာ၊ တောင်ကမ်းကြီးရာကို ပြေးပုန်းရှောင်လွှဲ၍ နေလျှင် အရေး တော် ရှည်ကြာမည် တစ်ချက်သာ ရှိသည်´´ ဟူ၍ နားတော်လျှောက်သည်။
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း သားတော် မဟာဥပရာဇာကို ``မောင်အိမ်ရှေ့မင်း ချီမှ အရေး တော် ပြီးလွယ်မည်´´ ဟူ၍ အမိန့်တော်ရှိသည်။ မဟာဥပရာဇာလည်း ``အမိန့်တော် ရှိသော်လည်း ကျွန်တော် မကြောက်´´ ဟူ၍ နားတော်လျှောက်သည်။
၃၁။ မဟာဥပရာဇာ လင်းဇင်းသို့ ချီတက်ခြင်း
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ``ငါကား အိုမင်းပြီ၊ အမောင် တို့သာ´´ ဟူ၍ အမိန့်တော်ရှိပြီးလျှင် လင်းဇင်းသို့ ချီတက်မည်ကို ခန့်ရန်တော်မူသည်ကား - နန္ဒကျော်ထင် တစ်တပ်၊ သမိန်ဇိပ်ပွန်တစ်တပ်၊ ဘယကျော်ထင်တစ်တပ်၊ သမိန်သံကြည် တစ်တပ်၊ ဘယကာမဏိ တစ်တပ်၊ ဗညား ကျန်းထော တစ်တပ်၊ သီရိဓမ္မာသော က တစ်တပ်၊ သမိန်သံလိုက် တစ်တပ်၊ ရာဇသင်္ကြ တစ်တပ်၊ ဗညားလော တစ်တပ်၊ ယိုးဒယားက သြယား သော က္ကတဲ တစ်တပ်၊ သြယား ပိဿလောက် တစ်တပ်၊ သြယား သုဝဏ္ဏလောက် တစ်တပ်၊ သြယား ပိတ်စဲ တစ်တပ်၊ သြယား ကမန်းပိုက် တစ်တပ်၊ ဇင်းမယ်က ဗညားငသည်လုံး တစ်တပ်၊ ဗညားသံလံ တစ်တပ်၊ ဗညားနန်း တစ်တပ်။ ဗညားဖည်း တစ်တပ်၊ ဗညားတုရိုင် တစ်တပ်၊ ဗညးလကွန်း တစ်တပ်၊ ဗညားခွင် တစ်တပ်၊ သားတော် သင်္ဃတတ္ထ တစ်တပ်၊ သားတော် မဟာဥပရာဇာ တစ်တပ်၊ သည်နှစ်ဆယ့်လေးတပ်တွင် ပါသည့် တိုက်ဆင် တစ်ထောင့်နှစ်ရာ၊ မြင်း တစ်သော င်းနှစ်ထောင်၊ စစ်သည်သူရဲ နှစ်သိန်းနှစ်သော င်းနှင့် သက္ကရာဇ် (၉၄၁) ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်နေ့ လင်းဇင်းသို့ ချီရသည်။
မှိုင်းစံသို့ ရောက်တော်မူလျှင် လင်းဇင်းမင်း ဥပရာဇ်လည်း အလုံးအရင်းနှင့်တကွ ဆီးကြို၍ မဟာဥပရာဇာ ရှိရာသို့ ရောက်လာသည်။ အကြောင်းမျိုးကို လျှောက်၍ စေ့ငုစွာ သိတော်မူလျှင် ဥပရာဇ်နှင့်တကွ လင်းဇင်းအမတ်တို့ရှိရာ မိုးကောင်းသို့ ချီတော်မူသည်။ လင်းဇင်းမင်း အမတ်တို့လည်း မခံဝံ့၍ အချို့ပြေးလေ၏ ။ အချို့သော အမှူးအမတ်တို့လည်း မဟာဥပရာဇာတပ်သို့ ၀င်လာသည်။ ၀င်လာသသူတို့ကိုလည်း သစ္စာတော်ပေး၍ မိမိတို့ ကျေးစည်စိမ်ကိုပင် စားမြဲ စားရသည်။ ပြေးသသူတို့ကိုမူကား အစုစုခွဲ၍ လိုက်ရလေသည်။
ဟံသာဝတီမှာ လည်း ထိုသက္ကရာဇ် တပေါင်းလပြည့်ကျော် ၄ ရက် ကြာသပတေးနေ့ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ၊ ညီတော် တောင်ငူဘုရင် မင်းခေါင်၊ သမက်တော် အ၀ဘုရင် သတိုးမင်းစောတို့ သုံးပါးကို မကိုဋ် ထီးဖြူ ရွှေချက်ရွှေစင်း ရွှေလောင်း ဧကရာဇ်မင်းတို့၏ အယောင်အဆောင် အစေ့အစုံ ပေးတော်မူသည်။
မဟာဥပရာဇာတို့ ချီလေရာမှာ လည်း ရဲမက်တော်တို့ကို အကွဲကွဲ လိုက်လံရှာဖွေ လုပ်ကြံစေသော်လည်း တောအုံတောင်ကမ်းကြီးရာသို့ ပြေးပုန်းလေသည်နှင့် အကုန်အစင် မတွေ့ ရချေ။ ကျေးစား အပေါင်းတို့ကို သစ္စာတော်ခံစေပြီးမှ လိုက်လံရှာဖွေ၍ ရသည့် အမတ် ၅၀ ကျော်၊ သုံ့လူ သုံးထောင်ကျော်၊ ဗြစဲစစ်သမီး ဗြကျော် တို့ကို သိမ်းယူတော်မူခဲ့၍ လင်းဇင်းက ပြန်တော်မူသည်။
(၉၄၂) ခု၊ တန်ခူးလဆန်း ၈ ရက် တနင်္ဂနွေနေပ ဟံသာဝတီသို့ ရောက်တော်မူသည်။ ရောက်လျှင် ရခဲ့သည့် အမှူးအမတ် သုံ့လူတို့ကို ဆက်သည်။ ခမည်းတော်ဘုရား အားရတော်မူ၍ စားတော်ခေါ်သည့် ကွမ်းခွက်၊ လက်ဖက်အိုး၊ သော က်ရေတော် တကောင်းဖုံး ဆုပေးတော်မူသည်။ တပ်မှူးစစ်ကဲ အပေါင်းတို့ကိုလည်း အဆောင်အယောင် စားကျေးစားလက် အထိုက်အလျောက် ဆုပေးတော်မူသည်။
၃၂။ ကုသိုလ်တော်များ ပြုလုပ်ခြင်း
သက္ကရာဇ် (၉၄၂) ခု၊ ကဆုန်လဆန်း ၅ ရက် တနင်္ဂနွေနေ့ ကောင်းမှု တော် မဟာမုနိ ဘုရားရှင်ကို ဌာပနာတော်မူသည်။ ဌာပနာတော်မူသည်ကား - ရွှေဆင်းတု၊ မိုးကြိုးဆင်းတု၊ ပဉ္စလောဟာဆင်းတု၊ ပတ္တမြားဆင်းတု၊ မြဆင်းတု၊ နီလာဆင်းတု၊ ဥဿဖရားဆင်းတု၊ ကျောက်မြက် ရွဲဆင်းတု၊ သန္တာဆင်းတု၊ ဒက္ခိဏသာခါဆင်းတု၊ နံ့သာနီ ဆင်းတု၊ နံ့သာဖြူ ဆင်းတု၊ ကရမက်ဆင်းတု၊ ဆင်စွယ်ဆင်းတု၊ သည်ဆင်းတုတော် သုံးသော င်းလေးထောင် လေးရာ နှစ်ဆယ့်ရှစ်ဆူတို့ကိုဌာပနာတော်မူသည်။ ရဟန္တာရုပ်တုတော် ရွှေ၊ မိုးကြိုး၊ ပဉ္စလောဟာ ရုပ်တုတော်ပေါင်း လေးထောင့်ခုနှစ်ရာ နှစ်ဆယ့်နှစ်ဆူ တို့ကိုလည်း ဌာပနာတော်မူသည်။ ဓါတ်တော်နှင့်တကွ ရွှေစေတီ၊ မိုးကြိုးစေတီ၊ ငွေစေတီ၊ ပဉ္စလောဟာစေတီ၊ ပယင်း စေတီအပေါင်း တစ်ထောင်သုံးရာ ခြောက်ဆယ့်ရှစ်ဆူ တို့ကိုလည်း ဌာပနာတော်မူသည်။ မွေတော်၊ ဓါတ်တော်၊ ရုပ်တုတော် စေတီတော်တို့ကို ပို့သော အခါ စီရင်တော်မူသည်ကား ရွှေနန်းကသည် ကောင်းမှု တော်တိုင်အောင် လမ်းနှစ်ဖက်ကို ရာဇမတ်ကာစေပြီးလျှင် ငှက်ပျောပင်၊ ကြံပင်တို့ကို စိုက်စေပြီး၍ ပြည့်သော ရေအိုးတို့ဖြင့် တန်ဆာဆင်စေပြီးမှ မြတ်သော ဆင်ဖြူတော်ပေါ်ထက် တင်စေ၍ မင်းညီမင်းသား မင်းဆွေစိုးမျိုး မှူးတော် မတ်တော် သူဌေး သူကြွယ် အပေါင်းတို့ဖြင့် ခြံရံလျက် သဘင်ကြီးစွာ ခံ၍ ပို့ရသည်။
ယင်းသော အခါ ကောင်းမှု တော် မဟာဝိဇယစေတီနှင့် ကျိုက်ကို့ဘု၇ား အံ့ဖွယ် သရဲသော ပြာဋိဟာကို ပြတော်မူသည်။
တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်နေ့ ကောင်းမှု တော် မဟာဝိဇယစေတီကို ရွှေအပြည့်မွမ်းမံ၍ ပတ္တမြားအတိစသော ထီးကို တင်တော်မူသည်။ ပတ္တမြား ဆည်းလည်း နှင့်တကွ ရွှေချိန်ပေါင်း လေးဆယ့်ငါးပိဿာ ရှစ်ဆယ် ကုန်သည်။ ယင်းအသော အခါ အရည၀ါသီ ပုဂ္ဂိုလ် ခုနှစ်ရာ ခုနှစ်ဆယ့်ခုနှစ်ပါး တို့ကို ပင့်တော်မူ၍ ရက်လည်အောင် ဆွမ်းလုပ်ကျွေးတော်မူသည်။ ပရိက္ခရာ ရှစ်ပါးနှင့်တကွ ခါသာအုပ်၊ ပိတ်အုပ်၊ လက်ဖက်ချောင်း၊ အစေ့အနှံ လှူတော်မူသည်။ ၎င်း ယင်းသည်နေ့ပင် ကျိုက်ကို့ဘုရားရှင်ကိုလည်း ထီးတင်တော်မူသည်။ ယင်းသည်နေ့ပင် ဆရာတော် ဥရုဝေဠကဿပ ကျောင်းတော်ရှေ့တွင် စေတီကိုလည်း များ စွာ သော ပတ္တမြားစေတီ၊ ရွှေစေတီ၊ မိုးကြိုးစေတီ၊ ပယင်းစေတီတွင် သရီရဓါတ်တော်တို့ကို သီတင်းသုံးစေ၍ ဌာပနာတော်မူသည်။
ကောင်းမှု တော် မဟာစေတီ၊ ရတနာမဏိစေတီ၊ ကျိုက်ကို့စေတီ၊ သည်ကောင်းမှု တော် တို့ကိုလုပ်ရာတွင် ဆော်လှော်စီရင်သော အမှူးအမတ်၊ ဗိသုကာ၊ လက်သမား၊ ပန်းရွဲ၊ ပန်းတော့ တို့ကိုလည်း အထိုက်အလျောက် အမည်အရည် ကျေးရွာ ရွှေဖလား၊ ၀တ်လုံ၊ ပုဆိုး အင်္ကျီ ဆန်စပါး အစေ့အနှံ့ ဆုပေးတော်မူသည်။
တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ ကောင်းမှု တော် မဟာစေတီ ရောင်တော်ပြသည်ကို ရွှေတန်ဆောင်၊ ငွေတန်ဆောင်၊ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် ပူဇော်တော်မူသည်။ ၀တ်တော်မူသော ရွှေလက်ကောက် တစ်ရန်၊ ရှင်မိဖုရားကြီး စားတော် ခေါ်သော ကွမ်းခွက်၊ သည်များ ကိုလည်း ရွှေမျက်ပါးခတ်စေ၍ ကျိုက်ကို့ဘုရားကို ထီးချရာ သီးကသည် မြေတိုင်အောင် ရွှေထည့်တော်မူသည်။ ဟံသာဝတီအရှေ့ဘက် ဇလပ်မြို့တွင် ကျင်၍ ရသည့် ရွှေဖလား အချိန် ၅၄ ကျပ်ကိုလည်း ရွှေမျက်ပါးခတ်စေ၍ ကျိုက်ကို့ပေါဘုရားကို ရွှေထည့်တော်မူသည်။
၃၃။ ရခိုင်သို့ ချီတော်မူခြင်း
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ယင်းသော အခါ ဤသို့ အမိန့်တော် ရှိသည်။ ``ရခိုင်ဘုရင်သည် ငါနှင့် သစ္စာတော်ရှိလျက် ငါ့တိုင်းနိုင်ငံတော် ရပ်စွန်းပြည်နားတို့ကို ထိပါး၍ မလုပ်မဆောင်သာအောင် ရှိသည်။ အစ်ကို သစ္စာကို ပျက်ပြီးဖြစ်သော ကြောင့် အစ်ကို တိုင်းနိုင်ငံ အလုံးကို ငါသိမ်းယူတော်မူမည်´´ ဟူ၍ အမိန့်တော်ရှိပြီးလျှင် သံတွဲ သို့ ရေကြောင်း ချီလေဟူ၍ ဗညားပရံတစ်တပ်၊ နန္ဒယော်ဓာ တစ်တပ်၊ ဗညားလော တစ်တပ်၊ သီရိဓမ္မာသော က တစ်တပ်၊ ဗညားကျန်းထောတစ်တပ်၊ နန္ဒကျော်ထင် တစ်တပ်၊ ဗညားပတ် တစ်တပ်။ မင်းမဟာ တစ်တပ်၊ သည်ရှစ်တပ်ကို ဇလာကပင်း၊ ကူရွပ်၊ သမ္ဗန်၊ ကတ္တူ၊ လွန်းကြင်ရှစ်ရာ၊ တံစွက်သံလှေ နှစ်ရာ၊ စစ်သည်သူရဲ ရှစ်သော င်းနှင့် ၎င်း တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်နေ့ သံတွဲ သို့ မော်တင်္ကရာဇ်ကြောင်း ချီ၍ မြို့ပြ လုပ်စေပြီးလျှင် စပါးဆန်ရေ အလုံးအရင်းသွင်း၍ အခိုင်အလုံ နေရသည်။
၃၄။ မင်းတရားကြီး ပိဋကတ်တော်များ လှူတော်မူခြင်း
၎င်း တပို့တွဲ လပြည့်ကျော် ၇ ရက် ဗုဒ္ဓဟူးနေ့ ဆရာတော် အရှင်ဥရုဝေဠကဿပ စေတီကို ထီးတင်တော်မူသည်။ ၎င်းတန်ဆောင်မုန်း လပြည့်ကျော် ၁၁ ရက်၊ တနင်္လာနေ့ အမြ၀တီမှာ ကျောင်းကြီး နှစ်ကျောင်း၊ ကျောင်းရံ ၃၀ နှင့်တကွ ဆောက်တော်မူ၍ ပိဋကတ်ပါဠိအဋ္ဌကထာ၊ ဋီကာ၊ ကျနတော်မူသော ပုဂ္ဂိုလ်တို့ကို တောင်းပန်တော်မူ၍ သီတင်းသုံးရသည်။ သိမ်လည်း သမုတ်တော်မူသည်။ ယင်းသည် နှစ်ပင် ပိဋကတ် ကျမ်းဂန်များ စွာ ပြုတော်မူ၍ ယိုးဒယားသို့ တစ်ပုံ၊ သော က္ကတဲသို့ တစ်ပုံ၊ ပိဿလောက်သို့ တစ်ပုံ၊ တနင်္သာရီသို့ တစ်ပုံ၊ ဒ၀ယ်သို့ တစ်ပုံ၊ အမြ၀တီသို့ တစ်ပုံ၊ ကျိုင်းတုံသို့ တစ်ပုံ၊ အကျော်သို့ တစ်ပုံ၊ မိုးနဲသို့ တစ်ပုံ၊ ညောင်ရွှေသို့ တစ်ပုံ၊ သီပေါသို့ တစ်ပုံ၊ အန်းပေါင်သို့ တစ်ပုံ၊ သိန္နီသို့ တစ်ပုံ၊ မိုးမိတ်သို့ တစ်ပုံ၊ မိုးကောင်းသို့ တစ်ပုံ၊ မိုးညှင်းသို့ တစ်ပုံ၊ စစ်ကိုင်းသို့ တစ်ပုံ၊ သရေခေတ္တရာသို့ တစ်ပုံ၊ ကေတုမတီသို့ တစ်ပုံ၊ သာယာဝတီသို့ တစ်ပုံ ပို့၍ သင်ကြားရသည်။
သိန်းဃိုကျွန်းသို့ လည်း ပိဋကတ်သုံးပုံ ပါဠိအဋ္ဌကထာ ဋီကာနှင့်တကွ သင်္ဘောတွင်တင်၍ မဟာယော်ဓာကို ပို့လေစေသည်။
၎င်းတပို့တွဲ လပြည့်ကျော် ၁၂ ရက် ဗုဒ္ဓဟူးနေ့ ကလေးမြို့ကို တည်တော်မူ၍ အလုံးအရင်းနှင့်တကွ ဇိတ်သင်ရံကို ခန့်၍ နေရလေသည်။ ၎င်းတပို့တွဲ လတွင် သားတော် ညောင်ရမ်းမင်းကြီး ရှင်ဥပုတ် အနိစ္စရောက်တော်မူသည်။
၃၅။ သားတော် ရှင်သစ္စာအား ညောင်ရမ်းမြို့ကို စားစေခြင်း။
ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီး ဘုရားလည်း သားတော်အငယ် ရှင်သစ္စာကို ခေါ်တော်မူ၍ ``ပုသိမ်မြို့၊ ဒလမြို့၊ သာယာဝတီမြို့၊ စလင်းမြို့၊ တောင်တွင်းကြီးမြို့၊ ရမည်းသင်းမြို့၊ ညောင်ရမ်းမြို့၊ သည်ရှစ်မြို့တွင် ကြိုက်ရာမြို့ကို အမောင်စား´´ အမိန့်တော်ရှိ၍ ပညာရှိတို့နှင့် တိုင်ပင်တော်မူ၍ စာရေး တံ ကောက်သော် ညောင်ရမ်းမြို့ကိုရ၍ အကြောင်းကို ခမည်းတော် ဘုရားကို လျှောက်သော် ခမည်းတော်ဘုရားလည်း သားတော် ဇာတာကို ယူ၍ ကြည့်တော်မူသော် ``ဇာတာစန်းလဂ် ကောင်းလှသည်၊ ရှေ့ဆိုသော် ငါကဲ့သို့ ဖြစ်မည်´´ ဟူ၍ အမိန့်တော်ရှိပြီးလျှင် ကွမ်းခွက်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြားစီရွှေထွေးခံ၊ ရွှေချက်၊ ဝေါပလာ၊ မြင်းရွှေကြိုး ရွှေက၊ တင်ရမ်းအဖြူ မြေထိ ရွှေကတောင်နှင့်တကွ အမတ်သား တစ်ဆယ်၊ မြင်းတစ်ဆယ် ပေးတော်မူသည်။ လူလွတ်တို့ကို စိစစ်တော်မူ၍ ရသည့ လူတစ်ထောင်ကျော်တို့ကိုလည်း ပေါင်သန် ရွှေထီး၊ ရွှေချက်၊ တစ်စင်း၊ ကွမ်းခွက်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြား တစ်ရစ်စီ ထွေးအင် ပေးတော်မူသည်။
ပြည်ဘုရင် နရပတိ အနွယ်တော်ဖြစ်သော ရှင်မန်အောင်ကိုလည်း ဝေါမှူး ခန့်တော်မူသည်။ ဝေါထမ်းလည်း မွန် ၅ ကျိပ် ပေးတော်မူသည်။ ``ငါ့သားတော် ကျွန်ခံလိုသသူ ခံစေ´´ အမိန့်တော်ရှိ၍ ကျွန်တော်ခံသသူလည်း အများ ခံကြသည်။ ယင်းသို့ စီရင်ခန့်ရန် တော်မူ၍ ၎င်း တပေါင်းလဆန်း ခုနှစ်ရက် သော ကြာနေ့ သားတော် ရှင်သစ္စာကို ညောင်ရမ်းမြို့ကို ပေးတော်မူသည်။
၃၆။ မိုးညှင်း၊ ဇင်းရုံ နှင့် ဗန်းမော် စော်ဘွားတို့ ရောက်ခြင်း
သက္ကရာဇ် (၉၄၃) ခု နယုန်လဆန်း ၃ ရက် ကြာသပတေးနေ့ မိုးညှင်းစော်ဘွားသည် အဆွေအမျိုး အမှူးအမတ်နှင့်တကွ ရွှေဖ၀ါးတော်အောက်သို့ လာ၍ လက်ဆောင်တော် လှံ၊ တရုတ်ပုဆိုး၊ သိုး၊ ကတိုး၊ အောင်း၊ တင်ရမ်းများ စွာ လက်ဆောင်တော်ဆက်လက်လာသည်။ ၎င်း နယုန်လဆန်း ၆ ရက် တနင်္ဂနွေနေ့ ဇင်းရုံစော်ဘွား အမှူးအမတ် အလုံးအရင်းနှင့်တကွ လာ၍ ထီးဖြူမကိုဋ်၊ မင်းမြောက်တန်ဆာ၊ ရွှေကြိုး၊ ရွှေနွယ်၊ ဆင်၊ မြင်း၊ ရွှေ၊ ငွေ၊ တရုတ်ပုဆိုး၊ သိုး၊ ကတိုး၊ အောင်း၊တင်ရမ်းများ စွာ လက်ဆောင်တော်ဆက်၍ ခြေတော်ဦးတင်လာသည်။ သိမ်းယူတော်မူပြီးမှ ထီးဖြူမကိုဋ်၊ မင်းမြောက်တန်ဆာငါးပါး နှင့် ရွှေကြိုးရွှေနွယ် ဆင်၊ မြင်းကို ပေးတော်မူပြန်သည်။
ဗန်းမော်စော်ဘွား အနိစ္စရောက်ရာမှာ လည်း စော်ဘွားကတော်သည် သား သမက် အမှူးအမတ် ဆင်မြင်းဗိုလ်ပါနှင့်တကွ လာ၍ စော်ဘွားအဆောင်အယောင် မင်းခမ်းမင်းနားတို့ကို ဆက်လာသည်။ ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ဗန်းမော်စော်ဘွား သားကိုပင် အဘအဆောင်အယောင် အစီးအနင်းနှင့်တကွ ဗန်းမော်မြို့ကို ပေးတော်မူ၍ စော်ဘွားပြုရသည်။
၃၇။ သာသနာတော် ချီးမြှောက်တော်မူခြင်း
၎င်းကဆုန်လဆန်း ၁၃ ရက်၁တနင်္ဂနွေနေ့ သာသနာတော်၏ အမြစ်ဖြစ်စေခြင်းငှာ ကျမ်းဂန်သိမြင်သော သာမဏေတို့ကို ရွေးတော်မူ၍ ၆၅ ပါးကို ကိုယ်တော်ကြပ်မတ်၍ ကလျာဏီသိမ်၌ ပဉ္ဇင်းခံတော်မူသည်။ ပြီးလျှင် လက်တော်နှင့်ပြင်၍ ဆွမ်းလုပ်ကျွေးတော်မူသည်။ နေလွဲသော အခါ၌ လည်း အဖျော်ယမကာစီရင်၍ လှူတော်မူသည်။ ဆရာ ၃၂ ပါးနှင့် ပဉ္ဇင်းသစ် ၆၅ ပါးကိုလည်း ပရိက္ခရာရှစ်ပါးနှင့်တကွ ခါသာအုပ်၊ ပိတ်အုပ်၊ လက်ဖက်ချောင်း၊ ကွမ်းပွဲလှူတော်မူ သည်။ ၄င်း နယုန်လပြည့်ကျော် ၈ ရက်၂ ဗုဒ္ဓဟူးနေ့၊ မဟာဝါသကျောင်းတော်ကိုတင် (လှူ) တော် မူသည်။ ပိဋိကတ်သုံးပုံလည်း အပ်တော်မူသည်။ အလုပ်အကျွေး ကပ္ပိယကာရကလည်း သုံးကျိပ် လှူတော်မူသည်။ သိမ်စောင့်လည်း ၅ ယောက် လှူတော်မူသည်။ ၄င်း နယုန်လပြည့်ကျော် ၁၀ ရက်၃ သော ကြာနေ့ ဒဂုံဆံတော်ရှင် မြတ်စွာ ဘုရားတွင် ဆောက်သော သုဓမ္မာဇရပ်ကို စားတော် ကွမ်းခွက်၊ စားတော်လက်ဖက်အိုး၊ သော က်ရေတော် တတောင်းဖုံးတို့ကို မျက်ပါးခတ်စေ၍ မြေက သည် မှန်ကင်းဖျားတိုင်အောင် ရွှေထည့်တော်မူသည်။
၃၈။ သားတော် သင်္ဃတတအား မုတ္တမမြို့ကို စားစေခြင်း
ယင်းသည်နေ့ပင် သားတော် သင်္ဃတတ္ထကို သီရိသုဓမ္မရာဇာ ဟူသော အမည်ကို မှည့်တော်မူ၍ စားတော်ခေါ်သည့် ကွမ်းခွက် ကွမ်းလိပ်နှင့်တကွ ပေးတော်မူသည်။ မုတ္တာ ရွှေပန်း နှင့်တကွ မျက်သုတ်ကိုလည်း ပေးတော်မူသည်။ ၀တ်တော်မူသော ၀တ်လုံနှင့်တကွ ဆန်းကြယ်စွာ သော စလွယ် ၁၁ သွယ်ကိုလည်း ပေးတော်မူသည်။ ပတ္တမြားဖလားနှင့် တကွ ရွှေသော က်ရေတင် လည်းပေးတော်မူသည်။ ပတ္တမြားလက်ဖက်အိုး၊ ရွှေလက်ကောက်၊ မြလက်စွပ်၊ ဆင်မှာ လည်း အပကွမ်း၎ ဟူသော စီးတော်ဆင်နှင့်တကွ ဆင်ဆယ်စီး၊ အမတ်သားတစ်ကျိပ် ပေးတော်မူသည်။ မုတ္တမမြို့ကိုလည်း ပေးတော်မူသည်။ ယင်းသော အခါ မင်းဆွေစိုးမျိုး မင်းမှူးမင်းမတ် ဒေါဗညား အပေါင်းတို့ကလည်း ဆက်ဖွယ်အများ ဆက်ကပ်ရသည်။
ဇင်းမယ်ဘုရင် နော်ရထာမင်းစောနှင့် ညီတော် သီရိသုဓမ္မရာဇာကိုလည်း တစ်နေရာ တည်းတွင် နေစေ၍ ပေးဖွယ် ကမ်းဖွယ်အများ ပေးတော်မူသည်။ အခါတန်လျှင်လည်း စည်၊ တံပိုး၊ နှဲ၊ ခရာ နှင့်တကွ ဆွေတော်မျိုးတော် မှူးတော်မတ်တော် ဒေါဗညား အပေါင်းတို့ကို သီရိသုဓမ္မာရာဇ အိမ်တော်သို့ ပို့ရသည်။
၎င်းဝါဆိုလဆန်း ၁ ရက်၊ ဗုဒ္ဓဟူးနေ့၅ဟံသာဝတီရွှေမြို့တော် လေးထောင့်တွင် စေတီ လေးဆူ တည်တော်မူသည်။
၃၉။ ဒဂုံသို့ ဘုရားဖူးထွက်ကြွတော်မူခြင်း
ယင်းသည်နေ့ပင် အမြ၀တီမြို့မှာ စေတီတည်ရလေသည်။ ယင်းသည်နေ့ပင် ဟင်္သာရုပ် ရွှေဖော်တော် စီးတော်မူ၍ ရွှေလောင်း ရွှေလှေ အစရှိသော တိုးရုပ်၊ စာမရီရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်၊ မိကျောင်းရုပ်၊ မကန်းရုပ်၊ ဤသို့ အစရှိသော ရဲလှေထွန်းကြင် အစင်းသုံးရာကျော်တွင် မင်းညီမင်းသား ဆွေတော်မျိုးတော် မှူးတော်မတ်တော် အပေါင်းတို့ကို စီးစေ၍ ဗုံ မောင်း ခရာ ပတ်သာ စည် စောင်းငြင်း တီးမှု တ်စေ၍ မြစ်လုံးပဲ့တင်ထပ်မျှ ဒဂုံဆံတော်ရှင်ဘုရားသို့ ရှိခိုးကြွ တော်မူသည်။ ၀ါဆိုလဆန်း ၃ ရက်၁သော ကြာနေ့ ရောက်တ်ာမူလျှင် ဒဂုံမြတ်စွာ ဘုရားကို ထီးဖြူ ၁၀ စင်းနှင့်တကွ ရွှေတန်ဆောင် ငွေတန်ဆောင်၊ ရွှေတံခွန်၊ ငွေတံခွန်၊ ရွှေပန်း ငွေပန်း များ စွာ လှူ တော်မူသည်။ ဆရာတော် ဆယ်ပါးတို့ကိုလည်း ဆွမ်းလုပ်ကျွေးတော်မူ၍ သင်္ကန်းလျာ ခါသာအုပ်၊ ပိတ်အုပ်၊ လက်ဖက်ချောင်း၊ ကွမ်းပွဲ လှူတော်မူသည်။ ဘုရား၌ နှစ်ရက် နေတော်မူသည်။ တစ်နေ့တစ်ခေါက် တက်တော်မူ၍ ဖူမြော်တော်မူသည်။ လဆန်း ၅ ရက်နေ့ ဒဂုံက ပြန်တော်မူ သည်။ လဆန်း ၇ ရက်နေ့ဟံသာဝတီ ရွှေနန်းတော်သို့ ရောက်တော်မူသည်။
ဝါဆိုလဆန်း ၁၀ ရက် သော ကြာနေ့ ရွှေမြို့တော် လေးထောင့်စေတီတွင် ဓာတ်တော် အိမ် ပတ္တမြားစေတီ၊ ရွှေစေတီ၊ ငွေစေတီ၊ ပတ္တမြားဆင်းတု၊ မြဆင်းတု၊ ပယင်းဆင်းတု၊ ရွှေဆင်းတု ငွေဆင်းတု၊ ပဉ္စလောဟာဆင်းတုတို့ကို ငှာပနာတော် မူသည်။ ၀ါဆိုလဆန်း ၁၂ ရက် တနင်္ဂနွေ နေ့ ၀ိဇယ၀ါသကျောင်းကို တင်တော်မူသည်။ ပိဋကတ်သုံးပုံလည်း အပ်တော်မူသည်။ အလုပ်အကျွေး ကပ္ပိယကာရကလည်း ၃၀ အပ် တော်မူသည်။ သိမ်စောင့်လည်း ၅ ယောက် လှူတော်မူသည်။ဝါခေါင်လဆန်း ၁ ရက် သော ကြာနေ့ ရွှေမြို့တော် လေးထောင့်တွင် စေတီတော် လေးဆူကို ရွှေစလောင်း တင်တော်မူသည်။
ယင်းသည် နေ့ပင် မိုးဝန်းစော်ဘွား လွန်သည်ဟူ၍ နားတော်လျှောက်လာသည်။ ၀ါခေါင်လဆန်း ၃ ရက် တနင်္ဂနွေနေ့ ပေါက်မှိုင်းကို စော်ဘွားတို့၏ အဆောင်အယောင် တံဆိပ်လက်ယာနှင့်တကွ ပေးတော်မူ၍ မိုးဝန်းမြို့ကို စော်ဘွားပြုရသည်။
၎င်း တော်သလင်းလဆန်း ၅ ရက် ဗုဒ္ဓဟူးနေ့ လင်းဇင်းမှာ တစ်ဆူ၊ ပစ္စပုံမှာ တစ်ဆူ၊ မိုးဝန်းမှာ တစ်ဆူ၊ စေတီတည်စိမ့်မည်ဟု သိရီရ ဓါတ်တော်နှင့်တကွ ရွှေစေတီ ငွေစေတီ ရွှေဆင်းတု၊ ငွေဆင်းတု၊ ပဉ္စလောဟာဆင်းတု၊ စန္ဒရကန် ဆင်းတုတို့ကို တစ်နေ့တည်း ပို့၍ တည်ရလေသည်။
၄၀။ ဆင်ဖြူများ ရှင် နတ်ရွာစံတော်မူခြင်း
၎င်း သီတင်းကျွတ်လဆန်း ၁ ရက် တနင်္လာနေ့ ဗညားဒေါငသည် တစ်တပ်၊ ဘယကျော်သူ တစ်တပ်၊ သမိန်လကွန်းအိမ် တစ်တပ်၊ ဘယကျော်ထင်တစ်တပ်၊ ဗညားဣန္ဒတစ်တပ်၊ စုက္ကတေး တစ်တပ်၊ အဲမွန်ဓယာတစ်တပ်၊ နန္ဒသူရိယ တစ်တပ်။ သမိန်စိတ်ပွန်တစ်တပ်၊ သည်တပ် ၁၁ တပ်တွင် ပါသည့် တိုက်ဆင် ခြောက်ရာ၊ မြင်းရှစ်ထောင်၊ စစ်သည်သူရဲ တစ်သိန်းရှစ်သော င်း နှင့်သီရိသုဓမ္မရာဇာကို ဗိုလ်မှူးခန့်တော်မူ၍ လင်းပတေ့ကြောင်း ရခိုင်သို့ ချီရသည်။
သမိန်ငေါခွင်တစ်တပ်၊ ရာဇသင်္ကြတစ်တပ်၊ သမိန်ရဲသင်ရံတစ်တပ်၊ သက်ရှည်ကျော်ထင် တစ်တပ်၊ သမိန်အဲပရဲတစ်တပ်၊ ဘယကာမဏိတစ်တပ်၊ ဗညားအရိန္ဒမတစ်တပ်၊ စည်သူကျော်ထင် တစ်တပ်၊ သမိန်သံလိုက်တစ်တပ်၊ ဥတ္တမသီရိ ဇေယျသူရတစ်တပ်၊ သမက်တော် မင်းရဲကျော်ထင် တစ်တပ်၊ သည် ၁၁ တပ်တွင် ပါသည့် တိုက်ဆင်ခြောက်ရာ၊ မြင်းရှစ်ထောင်၊ စစ်သည်သူရဲ တစ်သိန်းတစ်သော င်းနှင့် မင်းရဲကျော်ထင်ကို ဗိုလ်မှူးခန့်တော်မူ၍ ဥယျာဉ်ပုကြောင်း ရခိုင်သို့ ချီရသည်။
သံတွဲ သို့ ရောက်လျှင် သံတွင်တွင် ရှိသော ရဲမက်တော် ရှစ်တပ်သားနှင့် ရုံးစည်း၍ ရေအား၊ ကြည်းအား ရခိုင်မြို့သို့ ချီရမည်ဟူ၍ စီရင်သည်တွင် တိုင်းကြီးပြည်ကြီးအပေါင်း ထီးဆောင်း မင်းတကာတို့၏ အရှင်ဖြစ်တော်မူသော ဆင်ဖြူဆင်နီများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရား နတ်ပြည်စံတော်မူ၍ ခေါ်ရလေသည်။
သားတော် သီရိသုဓမ္မရာဇာ၊ သမက်တော် မင်းရဲကျော်ထင်တို့ တပ်ပေါင်း သုံးဆယ်သားလည်း ရေအား၊ ကြည်းအား၊ ရုံးစု၍ ပြန်လာရသည်။
၄၁။ ဆင်ဖြူများ ရှင် အတ္ထုပတ္တိအကျဉ်း
သီရိတြိဘ၀နာဒိဒတျာပ၀ရ ပဏ္ဍိတ သုဓမ္မရာဇာ မဟာဓိပတိ အမည်တော်ရှိသော ဘ၀ရှင် မင်းတရားကြီး ဘုရား ဖွားတော်မူသော သက္ကရာဇ်ကား (၈၇၇) ခု တပို့တွဲ လဆန်း ၁၂ ရက် ဗုဒ္ဓဟူးနေ့ နေတက် ခုနစ်ဖ၀ါး၊ မိဿလက်၊ မေထုန်စန်းတွင် ဖွားတော်မူသည်။ သက်တော် ၁၉ နှစ်၊ သက္ကရာဇ် (၈၉၆) ခုတွင် မင်းတရားရွှေထီး နှမတော် မင်းအကြီးနှင့် စုံဖက်တော်မူသည်။ ကျော်ထင်အနော်ရထာ ဟူသော အမည်ကိုလည်း ခံတော်မူသည်။ ရွှေကျပ်ကွမ်းခွက်လည်း ပေးတော်မူသည်။ သက်တော် ၂၃ နှစ်၊ သက္ကရာဇ် (၉၀၀) ပြည့် တွင် ဘုရင့်နောင် ခံတော်မူသည်။ သက်တော် ၃၄ နှစ်၊ သက္ကရာဇ် (၉၁၁) ခုတွင် ဟံသာဝတီပြည်ကြီးကို အလိုတော်ပြည့်၍ ရွှေနန်းကို တက်၍ မင်းပြုတော်မူသည်။ မင်းစည်းစိမ် ကေတုမတီတွင် ၂ နှစ်၊ ဟံသာဝတီမှာ ၃၀ ၊ နှစ်ပါး ပေါင်း ၃၂ နှစ်ပတ်လုံး သာသနာတော်မြတ်စီးပွား၊ ကိုယ်တော်မြတ်စီးပွား၊ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တို့စီးပွား၊ ပြည်သူလူတကာတို့၏ စီးပွားကို ဆောင်တော်မူ၍ သက္ကရာဇ် (၉၄၃) ခု တန်ဆောင်မုန်းလပြည့်နေ့ တွင် ချက်တစ်ဖြုတ် နာတော်မူ၍ နတ်ပြည်စံတော်မူသည်။
၄၂။ နတ်ပြည်စံလိုသော တိတ်နိမိတ်များ
နတ်ပြည်စံတော်မူလိုလျှင် ကောင်းမှု တော်မဟာစေတီနှင့် ကျိုက်ကို့ဘုရား ရောင်တော်ပြ သည်။ ရေကြီး၍ ဟံသာဝတီမြို့တွင်း၌ လှေစီးရသည်။ ဒေးပသွယ် အရပ်၌ ပတ္တမြားမိုးရွာသည်။ တောင်က ကြယ်အခိုးထွက်သည်။ နှင်းများ စွာ ကျသည်။
၄၃။ ဆင်ဖြူများ ရှင် မင်းတရားကြီး၏ နိုင်ငံတော်များ
ဘုန်းလက်ရုံး အာဏာတော်ဖြင့် လုပ်ကြံတော်မူ၍ ရသော တိုင်းကား နိုင်ငံတော်အပေါင်းကား ကေတုမတီပြည်ကြီး၊ သရေခေတ္တရာပြည်ကြီး၊ သာယာဝတီပြည်ကြီး၊ စလင်းပြည်ကြီး၊ တောင်တွင်းပြည်ကြီး၊ ရမည်းသင်းပြည်ကြီး၊ ပေါက္ကာရာမပြည်ကြီး၊ မြင်းစိုင်းပြည်ကြီး၊ မက္ခရာ ပြည်ကြီး၊ ပင်းယပြည်ကြီး၊ ရတနာပူရပြည်ကြီး၊ ကလေးပြည်ကြီး၊ ကသည်းပြည်ကြီး၊ စန္ဒာပြည်ကြီး၊ မိုးကောင်းပြည်ကြီး၊ မိုးညှင်းပြည်ကြီး၊ ဗန်းမော် ပြည်ကြီး၊ မိုးမိတ်ပြည်ကြီး၊ မိုးဝန်းပြည်ကြီး၊ မိုင်းမောပြည်ကြီး၊ စည်ခွင်ပြည်ကြီး၊ ဟိုသာပြည်ကြီး၊ လာသာပြည်ကြီး၊ မိုးနားပြည်ကြီး၊ မိုင်းလည်ပြည်ကြီး၊ ကိုင်းမာပြည်ကြီး၊ သိန်းနီပြည်ကြီး၊ အုန်းပေါင်ပြည်ကြီး၊ သီပေါ ပြည်ကြီး၊ မိုင်းခိုင်းပြည်ကြီး၊ မိုင်းပတ်ပြည်ကြီး၊ ယောက်စောက်ပြည်ကြီး၊ နောင်မွန်ပြည်ကြီး၊ ညောင်ရွှေပြည်ကြီး၊ လင်းဇင်းပြည်ကြီး၊ မှိုင်းစံပြည်ကြီး၊ အကျော်ပြည်ကြီး၊ လ၀ိုက်ပြည်ကြီး၊ မျက်နှာမည်းပြည်ကြီး၊ သော က္ကတဲပြည်ကြီး၊ ပိဿလောက်ပြည်ကြီး၊ ဒွါရာဝတီပြည်ကြီး တနင်္သာရီပြည်ကြီး၊ ဒ၀ယ်ပြည်ကြီး၊ မုတ္တမပြည်ကြီး၊ ပုသိမ်ပြည်ကြီး။ ဤသို့ ရေး ခဲ့ပြီးသော ထီးဆောင်းမင်းတကာတို့၏ နေရာဖြစ်သော တိုင်းကြီး ပြည်ကြီး အပေါင်းတို့ကို ဘုန်းလက်ရုံး အာဏာတော်ဖြင့် နှိမ်နှင်းတော်မူ၍ ပျပ်ဝပ်ကျိုးနွံစွာ လက်နက်နိုင်ငံတော်ချည်းနှင်နှင် ဖြစ်သည်။
သမုဒ္ဒရာခြားလေသော သိန်းဃိုကျွန်းကို အစိုးရသော ဓမ္မပါလ အမည်ရှိသော မင်းသည် ဘုန်းလက်ရုံးအာဏာတော်ကို ကြားလေသော် ``မိစ္ဆာဒိဋ္ဌိတို့သည် သာသနာတော်ကို ဖျက်ဆီးလေသည်။ ချီးမြှောက်တော်မူပါ´´ ဟူ၍ စွယ်တော်ပွား၊ သပိတ်တော်နှင့်တကွ သမီးကို လက်ဆောင်တော် ဆက်၍ ခယမ်းရိုသေစွာ သော စကားဖြင့် လျှောက်လာ၍ အမတ်စန္ဒသူရိယ၊ ရာဇဗညားတို့နှင့်တကွ နတ်စစ်သည်နှင့် တူသော ရဲမက်တော် ၂၅၀၀ ကို သင်္ဘောနှင့်ကူး၍ နှိမ်နင်းဆုံးမစေလျက် သမ္မာဒိဋ္ဌိချည်းဖြစ်၍ သာသနာတော် လွန်စွာ ထွန်းပလေ၏ ။ မိစ္ဆာဒိဋ္ဌိတို့ ဖျက်ဆီးလေ၍ မစုံမစေ့သော ပါဠိအဋ္ဌကထာ ဋီကာကျမ်းတို့ကိုလည်း ရေး ကူးစေ၍ ၁၁၈ ကျမ်း သင်္ဘောနှင့် ပို့ရလေသည်။ အထူးထူးသော အ၀တ်ပုဆိုး နံ့သာမျိုးတို့ကို သံဖက်တော်မူ၍ ဘုန်းတန်ခိုးတော်ကို ကြားလျှင် အလျှင် ဆက်နှင့်ချေ ဟူ၍ အထူးထူးသော ပုဆိုးကောင်း၊ သက္ကလတ်၊ ဇော်ကရတ်၊ ရမတီ၊ ပူရီ၊ ခါသာ၊ ပင်ကာ၊ ပတ္တုနီ စသော စိန် မြ ပုလဲတို့ကို များ စွာ ဆက်လာသည်။
ကောလကွန်တာ ကျည်းမင်းကလည်း အထူးထူးသော ပုဆိုးကောင်း အပြားပြားသော နံ့သာမျိုးတို့ကို လက်ဆောင်တော် ပြု၍ နှိမ့်ချရိုသေသော စကားဖြင့် ရွှေပေတွင် ရေး ၍ ဆက်လာရသည်။
ပင်းသကာရှိန်းထူမင်းကလည်း မင်းဆက်တကာတို့၏ လက်ထက် မဆက်မရောက်ဖူးသေးသော ပတ္တုနီ အနံ ၃ ထွာ၊ အလျား ၂၅ တောင် ငှက်ပျောညွှန့် သဏ္ဌာန်ရှိသော တစ်အုပ်ကို အချိန် ၃ ပိဿာစီးသော ပတ္တုနီ အုပ် ၃၀၀ ကို ရွှေကြုတ်၊ ငွေကြုတ် တွင် ထည့်ပြီးလျှင် နှိမ့်ချပျပ်ဝပ်သော စကားဖြင့် ရွှေပေတွင် ရေး ၍ ကိုယ်တော်စား ဆက်လာရသည်။
ရှမ်းစောလုံ ကိုးပြည်ထောင်တို့သည် မိစ္ဆာဒိဋ္ဌိအယူကိုယူ၍ သာသနာတော် မတည်လေသည်ကိုလည်း ကောင်းစွာ ဆုံးမတော်မူ၍ သမ္မာဒိဋ္ဌိအယူ၌ တည်စေပြီးမှ ပရိယတ္တိ၊ ပဋိပတ္တ သာသနာတော်ကို ပို့ဆောင်တော်မူ၍ ယနေ့ ထက်တိုင်အောင် သာသနာတော်မြတ် တည်ရာ ဖြစ်လေ။ ထိုမှတစ်ပါး အပြည်ပြည်ထောင်သော မင်းတို့သည်လည်း ဘုန်းလက်ရုံးအာဏာတော်ကို ကြားလျှင် မနေ၀ံ့၍ အထူးထူးအပြားပြားသော လက်ဆောင် ပဏ္ဏာကာရတို့ဖြင့် နှိမ့်ချရိုသေစွာ သော စကားဖြင့် ရွှေပေတွင် ရေး ၍ ရွှေဖ၀ါးတော်အောက် ဆက်ရောက်လာသည်ကား များ ၏ ။
ဆင်ဖြူဆင်နီများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားကား ရတနာသုံးပါး၌ ယုံကြည်တော်မူ၍ ကုသိုလ်ကောင်းမှု ၌ မွေ့လျော်တော်မူ၍ ကုသိုလ်ကောင်းမှု ပြုသော သူတို့အားလည်း နှစ်လိုတော်မူတတ်၏ ။ ပညာရှိတို့အားလည်း ချစ်ကြည်မြတ်နိုး တော်မူတတ်၏ ။ ပညာရှိ လျှောက်သော စကားကို ယူတော်မူ၍ အရေး တော်ပြီးသည်များ ၏ ။ သူ့ကျေးဇူးကို သိတော်မူသော ကြောင့် မှူးကောင်းမတ်ကောင်း သူရဲသူခက်ကောင်း များ ၏ ။ သစ္စာတည်မတ်တော်မူ၏ ။ ရာဇမာယာ၌ အလွန်လိမ္မာတော် မူသည်ဖြစ်၍ ဆောင်တော်မူသော အမှု တို့သည် အောင်ဖန်များ ၏ ။ ပြုတော်မူသော ကောင်းမှု တော်ကား မရေတွက်နိုင်တည်း။
၄၄။ မင်းတရားကြီး၏ သားတော်၊ သမီးတော်များ
သားတော် သမီးတော်ကား အတုလသီရိမဟာရာဇဒေ၀ီ ရှင်မိဖုရားတွင် မြင်သည် အ၀ဘုရင် သတိုးမင်းစော မြောက်သားတော် တစ်ပါး၊ မဟာဥပရာဇာ တစ်ပါး၊ သည်နှစ်ပါးတည်း။ ရာဇဒေ၀ီ ရှင်မိဖုရားတွင် မြင်သည့် ဇင်းမယ်ဘုရင် အနော်ရထာမင်းစောတစ်ပါး၊ နှမတော် ရာဇဓါတုကလျာတစ်ပါး၊ မုတ္တမဘုရင် သီရိသုဓမ္မရာဇာ တစ်ပါး၊ သည်သုံးပါးတည်း။ စန္ဒာဒေ၀ီ ရှင်မိဖုရားတွင် မြင်သည့် သမီးတော် တောင်ငူရွှေနန်းတည်မင်း မိဖုရား မင်းခင်စော တစ်ပါးသာတည်း။ ထီးဆောင်းမင်း တကာတို့၏ သမီးတွင် မြင်သည့် သားတော်၊ သမီးတော်ကား ယောက်ျား သုံးကျိပ် ငါး၊ မိန်းမ ငါးကျိပ်ခြောက်၊ နှစ်စုပေါင်း ကိုးကျိပ် တစ်ပါးတည်း။
ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ရွှေတွင်း၊ ငွေတွင်း၊ ပတ္တမြားတွင်း ပယင်းတွင်း သခင်။ ဆင်ဖြူ ဆင်နီများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရားလည်း လူ့ပြည်ငြီး၍ နတ်ပြည်စံတော်မူလျှင် သားတော် အိမ်ရှေ့မင်း မဟာဥပရာဇာသည် ခမည်းတော် ဘုရား အလောင်းတော်ကို ဆရာတော်အပေါင်းနှင့် တိုင်ပင်တော်မူ၍ စကြ၀တေးမင်းကို သဂြိုဟ်သကဲ့သို့ မင်းညီမင်းသား မင်းဆွေစိုးမျိုး မှူးတော် မတ်တော်အပေါင်း ခြံရံလျက် ရွှေနန်းတော်ရှေ့တွင် သဂြိုလ်တော်မူသည်။
၄၅။ သားတော် နန္ဒဘုရင် ထီးနန်းဆက်ခံခြင်း
ယင်းသို့ မှ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက် တနင်္ဂနွေနေ့ ခမည်းတော် အရိုက်အရာ ရွှေထီးရွှေနန်းကို သိမ်းအုပ်စိုးဆောင်တော်မူသည်။ ယင်းသည်နေ့ပင် သားတော်မင်းကြီးစွာ ကို မဟာဥရာဇာဟူသော အမည်နှင့် အိမ်ရှေ့ပေးတော်မူသည်။ အိမ်ရှေ့မိဖုရားကား အ၀ဘုရင် သတိုးမင်းစော သမီးတော် နတ်ရှင်မယ်တော်တည်း ယင်းသည်နေ့ပင် ဆွေတော် မျိုးတော် မှူးတော်တို့ကို အမည် အရည်၊ အဆောင်အယောင်၊ စားကျေး စားလတ် အထိုက်အလျောက် ပေးတော်မူသည်။ သက္ကရာဇ် (၉၄၄) ခု၊ကဆုန်လ ဘထွေးတော် တောင်ငူဘုရင်မင်းခေါင် သမီးတော် သုံးပါးကို ယူ၍ မိဖုရား မြှောက်တော်မူသည်။ ၎င်းနယုန်လတွင် ဟံသာဝတီသို့ ယိုးဒယားမင်း ဗြနရစ် အလုံးအရင်းနှင့်တကွ ရောက်လာ၍ ခြေတော်ဦးတင်လာသည်။
၄၆။ စန္ဒား၊ သော င်းသွပ်သို့ ချီတက်ခြင်း
၎င်း သီတင်းကျွတ်လ စန္ဒား၊ သော င်းသွပ်စားတို့ သော င်းကျန်းပုန်ကန်လေ၍ ချီရသော တပ်စဉ်ကား - သာယာဝတီစား တစ်တပ်၊ စကုစားတစ်တပ်၊ စလင်းစားတစ်တပ်၊ ပုခန်းငယ်စား တစ်တပ်၊ တလုပ်စား တစ်တပ်၊ ပုခန်းကြီးစား တစ်တပ်၊ အမြင့်စား တစ်တပ်၊ ဗဒုံစားတစ်တပ်၊ ကန်နီစားတစ်တပ်။ ဒီပဲယင်းစား တစ်တပ်၊ မြေတူးစား တစ်တပ်။ ဘထွေးတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ ကို ဗိုလ်မှူးခန့်တော်မူ၍ သည် ၁၂ တပ်ကို တိုက်ဆင် ငါးရာ၊ မြင်းခြောက်ထောင် စစ်သည်သူရဲ ရှစ်သော င်းနှင့် တစ်ကြောင်းချီရသည်။ ခြေရင်းတော်က သီရိဓမ္မာသော က တစ်တပ်၊ သမိန်ရဲသင်ရံ တစ်တပ်၊ ဘယကျော်ထင် တစ်တပ်၊ ဗညားကျန်းတောတစ်တပ်၊ တောင်တွင်းစား တစ်တပ်၊ ရမည်းသင်းစား တစ်တပ်၊ မိုးနဲစော်ဘွား တစ်တပ်၊ ညောင်ရွှေစော်ဘွား တစ်တပ်၊ သိန်းနီစော်ဘွား တစ်တပ်၊ အုန်းပေါင်စော်ဘွား တစ်တပ်၊ မိုးမိတ်စော်ဘွား တစ်တပ်၊ ညီတော် ဇင်းမယ်ဘုရင် နော်ရထာမင်းစောကို ဗိုလ်မှူးခန့်တော်မူသည်။ သည် ၁၂ တပ်ကို တိုက်ဆင် ငါးရာ၊ မြင်း ရှစ်ထောင်၊ ဗိုလ် ရှစ်သော င်း နှင့် တစ်ကြောင်းချီရသည်။ စန္ဒားသို့ ရောက်တော်မူကြလျှင် စန္ဒားစားလည်း ဆီးကြို၍ မတိုက်ဝံ့၊ မြို့ကို ၀န်းရံသာသည် မရွေ့လော အမှတ်ရှိ၍ မြို့ကို ခိုင်လုံအောင် ပြု၍ ခံလေ၏ ။ ပြည်ဘုရင် သတိုးဓမ္မရာဇာ၊ ဇင်းမယ်ဘုရင် အနော်ရထာမင်းစောတို့လည်း အစားအသော က် မျိုးစေ့ရိက္ခာ မသွင်းရအောင် တောင်ခြေရင်းက ၀န်းရံ၍ နေနှင့်သည်နှင့် ငါးလခန့်ရှိလျှင် မြို့တွင်းသားတို့ ကျဉ်းမြောင်း၍ ပျက်လေ၏ ။ ပြည်ဘုရင် ဇင်းမယ်ဘုရင်တို့လည်း စန္ဒားစားနှင့်တကွ သုံ့ပန်း ဆင် မြင်း လူသူတို့ကို ယူ၍ ပြန်လာသည်။ သက္ကရာဇ် တက်မှ သာယာဝတီ သို့ ရောက်သည်။ ရခိုင်ဘုရင်ကလည်း ပြည်ထောင်ချင်း မင်းနှစ်ပါး မဟာမိတ် ဖြစ်ပါရမည် အကြောင်းကို ပဏ္ဏာကာရ အများ နှင့် သံစေလာသည်။
၄၇။ အင်းဝဘုရင် သတိုးမင်းစောနှင့် ဟံသာဝတီ ငါးဆူဒါယကာ စစ်ဖြစ်ရခြင်း
၎င်းသက္ကရာဇ်တွင် မဟာဥပရာဇာနှင့် အိမ်ရှေ့မိဖုရား နတ်ရှင်မယ်တော် မကြည်ရှိတော်မူကြ၍ တွန်းဖယ်ရာတွင် သလွန်တော်စွန်းနှင့် (အိမ်ရှေ့) မိဖုရား၊ နဖူးတော်ကို ထိ၍ သွေးယိုတော်မူချေသည်။ ထိုသွေးကို ၀တ်လဲတော်နှင့် သုတ်ပြီးလျှင် ဘူးတွင် သွတ်၊ တံဆိပ်လက်ရာနှင့် ခမည်းတော် အ၀ဘုရင် သတိုးမင်းစောသို့ ဆက်ရလေ၏ ။ ဤသို့ လည်း မှာ သည်။ ``မဟာဥပရာဇာသည် ဇင်းမယ်ဘုရင်နှမ ဓါတုကလျာသို့ သာ နှလုံးတိမ်ညွတ်၍ မပြတ် အစေအပါး ပြုလေသည်။ ကျွန်ုပ်ကိုမူကား မချစ်မနှစ်လို၊ ဖြစ်ဆောင့်ဖြစ်ဆန်းသာ ပြုသော ကြောင့် စိတ်ဆင်းရဲလှသည်´´ ဟူ၍ လျှောက်ရလေသည်။
ထိုအကြောင်းများ ကို ကြားတော်မူလျှင် အ၀ မိဖုရားလည်း ``ငါသည် မောင်ကောင်း နှမ၊ အဘကောင်း သမီးမူကား ဖြစ်ပါ၏ ။ လင်ကောင်းမယား မဖြစ်ပါ´´ ဟု ဆိုဖန်များ သည်နှင့် အားကျတော်မူ၍ `` ငါမရှိလျှင် ငါ့သမီး သူ့ကျွန် ဖြစ်ရလေတော့မည်´´ အကြံတော်ရှိ၍ ရှမ်းပြည်ကိုး စော်ဘွားသို့ ``ယောက်ဖတော် ကို ခြားနားတော်မူမည်။ ငါကတည်း ညီမည်လော၊ ယောက်ဖတော်ကလည်း ညီမည်လော´´ ဟူ၍ စေတော်မူသည်။ စော်ဘွားတို့ကလည်း ``ဘုန်းကြီးသည့် အရှင်ကသာ ညီမည်၊ ဟံသာဝတီက မညီ´´ ဟူ၍ လျှောက်လိုက်သည်။
ထိုအကြောင်းများ ကို ဟံသာဝတီမင်းတရားကြီးက ကြားတော်မူလျှင် ရှည်သဖြင့် အရေး သည် မသင့်ချေ၊ အကြံတော်ရှိ၍ စကု၊ စလင်း၊ ဘောင်လင်း၊ လယ်ကိုင်း၊ ပုဂံ၊ ပုခန်း၊ တလုပ်၊ တောင်တွင်း၊ ရမည်းသင်းတွင်ရှိသော လူစု ဆင်မြင်းတို့ကို ဟံသာဝတီ နေပြည်တော်သို့ ချည်းသွင်းရသည်။
ညီတော် ညောင်ရမ်းမင်းကိုလည်း ဆင် တစ်ဆယ်၊ လူလွတ် လူလတ်တို့ကို စစ်ကြော၍ ရသည့် တစ်ထောင်ကျော်ကိုလည်း အမှု ထမ်း နည်းသည်ကို အကြောင်းထောက်တော်မူ၍ ပေးတော်မူသည်။ မြို့ပြ လုံခြုံခိုင်ခံ့အောင် လုပ်၍ ကြံ့ခိုင်နေလေ ဟူ၍ အမိန့်တော်ရှိသည်။
ထိုသက္ကရာဇ်တွင် ဟံသာဝတီကသည် လဟာတိုင်အောင် ချောင်းကြီးတူးရသည်။ မွန်ရဟန်းတို့ ၀ိနည်းကျမ်းဂန်နှင့်အညီ မကျင့်သမျှကိုလည်း စစ်ကြော၍ လူပြုရသည်။ ၎င်းသက္ကရာဇ် သီတင်းကျွတ်လ တွင် ငလျင်ကြီးလှုပ်၍ ဘုရားပုထိုး ဂူကျောင်း ပြိုပျက်သည်။ ၎င်း တပေါင်း လပြည့်ကျော် ၁ ရက် အင်္ဂါနေ့ တံခွန် ထွန်လုံးခန့် ထွက်သည်။ သက္ကရာဇ် (၉၄၅) ခု၊ ကဆုန်လ တွင် တောင်ငူတွင်ရှိသော မင်းသမီးများ ကို ဟံသာဝတီသို့ ယူတော်မူသည်။
ထိုသက္ကရာဇ် ၀ါဆိုလ တွင် သတိုးမင်းစောက မင်းတရား ကျွန်သီးမှူးကို ``နောင်တော် တောင်ငူဘုရင် ဟံသာဝတီသို့ ချီ၍ လုပ်ကြံတော်မူမည်။ အစ်ကိုတို့ စိတ်တွင် ပသို့ ထင်သနည်း´´ ဟု စေတော်မူသည်။ နောင်တော် ပြည်ဘုရင်သို့ လည်း မြင်းမူစားကို စေတော်မူသည်။ ဇင်းမယ်တို့လည်း အ၀ဘုရင် သတိုးမင်းစောက စေတော်မူသည်ကို စိတ်ညီတော်မမူကြ၍ လာသသူသံတို့ကို ဟံသာဝတီသို့ချည်း ပို့ရလေသည်။
ထိုသူတို့ ရောက်၍ ယောက်ဖတော် အ၀ဘုရင် သတိုးမင်းစော စိတ်ကွဲကြောင်းကို အတပ်သိတော်မူလျှင် မှူးတော် မတ်တော် အပေါင်းတို့ကို ခေါ်တော်မူ၍ တိုင်ပင်တော်မူသည်။ ယင်းသော အခါ နန္ဒကျော်ထင် လျှောက်သည်။ ``ယခု ယောက်ဖတော်သာ ခြားနားမည်မထင်၊ ရှမ်းပြည်ကိုးစော်ဘွားလည်း အ၀မင်းက ကူညီမည် လက္ခဏာရှိချေသည်။ မြောက်ဘက်တစ်လွှား မြို့စားတို့လည်း အ၀မင်းက ကူညီကြချိမ့်မည်။ ယင်းသို့ ဖြစ်သော ကြောင့် ပြည်မင်း၊ တောင်ငူမင်း တို့ကိုလသာ ခန့်၍ မသင့်ချေ။ ယိုးဒယား။ လင်းဇင်း၊ ဇင်းမယ်၊ ပြည်၊ တောင်ငူအားနှင့်တကွ ကိုယ်တော်ချီမှ သင့်မည် ထင်သည်´´ ဟူ၍ နားတော်လျှောက်သည်။
ဟံသာဝတီမင်းတရားလည်း နန္ဒကျော်ထင် လျှောက်သော အရေး ကို ကြိုက်တော်မူ၍ ``ယိုးဒယား၊ လင်းဇင်းသို့ ငါရတနာပူရသို့ ချီတော်မူ၍ ယောက်ဖတော်ကို လုပ်ကြံသည်၊ အလုံးအရင်းနှင့်တကွ အလျင် ရောက်စေ´´ စေ့ဆော်ရလေသည်။
၎င်း သက္ကရာဇ် တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့ လ တံခွန်ပြသည်။ ၎င်း နတ်တော်လ စိတ်တော်မယုံကြည်သော အမတ်သုံးကျိပ်ကျော်ကို ကူလီခ တွင် စင်းလှောင်၍ မီးတိုက်လေသည်။ ဟံသာဝတီနှင့် တောင်ငူအကြားတွင်လည်း ချောင်းကို တူးရသည်။ ယင်းသို့ မျ အ၀ကို ချီမည်ကို စီရင် ခန့်ရန် တော်မူသည်။ နန္ဒကျော်ထင် တစ်တပ်၊ ဗညားပရံ တစ်တပ်၊ ဗညား ကျန်းတော တစ်တပ်၊ ဘယကျော်ထင် တစ်တပ်၊ သမိန်ရဲသင်ရံတစ်တပ်၊ နေမျိုးကျော်ထင် တစ်တပ်၊ ဗညားပတ် တစ်တပ်၊ ဘယကာမဏိတစ်တပ်၊ အဲမွန်တယာ တစ်တပ်၊ ဘယကျော်သူ တစ်တပ်၊ သမိန်ငေါခွင် တစ်တပ်၊ ရာဇသင်္ကြတစ်တပ်၊ သမိန်စိတ်ပွန်တစ်တပ်၊ သက်ရှည်ကျော်ထင် တစ်တပ်၊ ဗညားပတ် တစ်တပ်၊ ဘယဂါမဏိ တစ်တပ်၊ ယင်းကမှ ဘ၀ရှင်မင်းတရားကြီးဘုရား တပ်မပြု၍ ချီတော်မူသည်။ သည် ၁၇ တပ်တွင် ပါသည့် တိုက်ဆင် တစ်ထောင့်ငါးရာ မြင်း တစ်သော င်းငါးထောင်၊ စစ်သည်သူရဲ တစ်သိန်းငါးသော င်း ပါသည်။ ပြည်မင်း၊ တောင်ငူမင်း တို့မှာ လည်း ပြည်အား၊ တောင်ငူအားနှင့် တစ်ကြောင်း ချီရသည်။ ဇင်မယ်မင်း၊ လင်းဇင်းမင်းတို့မှာ လည်း မိုးနဲကြောင်း အ၀သို့ ချီရသည်။ သားတော် မဟာဥပရာဇာကို မြို့စောင့်ခန့်တော်မူ၍ သက္ကရာဇ် (၉၅၄) ခု၊ တန်ခူးလပြည့်နေ့ အ၀သို့ ချီတော်မူသည်။ ရောက်တော်မူလျှင် ပင်းယတွင် တပ်ချ၍ နေတော်မူသည်။ ပြည်မင်း၊တောင်ငူမင်း၊ ညောင်ရမ်းမင်း တိုပလည်း ရောက်လာ၍ တပ်နှင့်ချည်း နေတော်မူကြသည်။
ယင်းသော အခါ အ၀ဘုရင် သတိုးမင်းစောကို ပြင်စည်စား လျှောက်သည်။ ``ယခု ဟံသာဝတီ ရှင်ဘုရင် ချီလာသည်။ ဆင်လုံး မြင်းရင်း များ လှသည်။ ကျွန်တော်တို့မှာ ရှမ်းပြည်တစ်လွှားက မရောက်လာသေး။ ယင်းသို့ ဖြစ်သော ကြောင့် တံတားဦးကို ပတ်၍ တပ်ခိုင် တပ်လုံတည်မှ အရေး တော်သင့်မည်´´ ဟူ၍ နားတော်လျှောက်သည်။ အ၀ဘုရင် သတိုးမင်းစောလည်း မတည်ဘဲပင် ငါတိုက်မည်။ ခံနိုင်မည်လော၊ ပျက်တော့မည်´´ ဟူ၍ မိန့်တော်မူပြီးလျှင် မြင်းတော်သည်တို့ကို ညဥ့်ကိုပင် မြင်းနှင့် ရှာရလေသည်။ မြင်းတော်သည်တို့လည်း ညဥ့်မိုးသော က်သော ကြောင့် သည်ကား ရှင်ဘုရင်တပ်၊ သည်ကား ပြည်မင်း၊ တောင်ငူမင်းတပ်ဟူ၍ အတပ်မသိကြောင်းကို လျှောက်လာ၏ ။
၄၈။ မင်းနှစ်ပါး ဆင်စီးချင်း တိုက်တော်မူခြင်း
မိုးသော က်လျှင် အ၀ဘုရင် သတိုးမင်းစောက ``ငါနှင့် ဆင်စီးချင်း တိုက်မည်။ အမှူး အမတ် ဗိုလ်ပါတို့ကို ကြည့်နေစေ´´ ဟူ၍ ယောက်ဖတော်တပ်သို့ စေတော်မူမည်။ ယောက်ဖတော် ဟံသာဝတီ ရှင်ဘုရင်လည်း ``သင့်လှပြီး၊ ငါ စီးချင်းတိုက်မည်´´ ဟူ၍ မှာ တော်မူသည်။ ယင်းတော် အ၀ဘုရင် ဆင် သန်မြင်စွာ ကို တစ်ပါးဆင်များ အားတူသော်လည်း အဝှေ့အစူးမတူချေ။ ဆင်တော် စောရန်နင်းမှသာ အားလည်း တန်သည်၊ အဝှေ့အစူးလည်း တန်ချိမ့်မည်´´ ဟူ၍ နားတော်လျှောက်သည်။ ယင်းသို့မှ သက္ကရာဇ် (၉၄၆) ခု။ ကဆုန်လပြည့်ကျော် ၁ ရက် အင်္ဂါနေ့ ရဲမက်တော် အကြပ်တပ်သားတို့ကို စစ်မျက်နှာဖြန့်စေ၍ ဆင်တော်စောရန်နင်းကို ရွှေကွန်ရွက်လွှမ်းပြီးလျှင် ဇေယျဗလကို နောက်တော်ထိုင်ရသည်။ ရာဇတမန်ကို ကုန်းလယ်တင်၍ လက်ဝဲတော်က ဆင်ကူ ၃၀၊ လက်ယာတော်က ဆင်ကူ ၃၀ နေစေ၍ ပင်းယမြောက် သစ်ဆိမ့်အရပ်တွင် စစ်အင်ကျင်း၍ နေတော်မူသည်။
အ၀ဘုရင် သတိုးမင်းစောလည်း ဆင်တော် သန်မြင်စွာ ကို ရွှေကွန်ရွက်လွှမ်းပြီးလျှင် ကျောက်ရစ်စားကို နောက်တော်ထိုင်ရသည်။ ဘယရာဇသူကို ကုန်းလယ်တင်၍ လက်ဝဲတော်က ဆင်ကူ ၃၀၊ လက်ယာတော်က ဆင်ကူ ၃၀ စီရင်တော်မူ၍ မြို့က ထွက်၍ တံတားဦးသို့ ရောက်တော်မူလျှင် ရဲမက်တော်တို့ကို စစ်မျက်နှာဖြန့်စေ၍ မင်းနှစ်ပါး တိုက်တော်မူမည် ဟူ၍ စီရင် ခင်းကျင်းသည်တွင် ဟံသာဝတီရှင်ဘုရင် ကျွန်တော် တရုတ်မော်စား ရဲမြတ်စွာ ဟူသော ဆင်ကို စီး၍ အ၀ဘုရင်သတိုးမင်းစော ရှိရာသို့ လွှတ်လာသည်ကို အ၀ဘုရင် သတိုးမင်းစော ကျွန်တော် ပြင်စည်စား နာဂ၀ရဟူသော ဆင်ကိုစီး၍ ခံသည်။ တရုတ်မော်စားဆင်နှင့် မနည်းကြာ ဝှေ့ကြစဉ်တွင် အ၀ဘုရင် သတိုးမင်းစော လိုက်သိပ်၍ တိုက်တော်မူသည်။ တရုတ်မော်စား ဆင် မျက်နှာသုန်၍ ပြေးရာတွင် ကုန်းလယ်ထက်က ဘယရာဇသူ လှံနှင့်လွှတ်သည်။ နံကို လှံသင့်၍ ဆင်တော်ထက်က ကျ၍ သေလေ၏ ။ ဆင်ကိုလည်း ရတော်မူသည်။
ယင်းသို့ စဉ်တွင် ဟံသာဝတီရှင်ဘုရင် ဆင်တော်စောရန်နင်းနှင့် ပြင်စည်စား စီးသော ဆင်ကို တိုက်တော်မူသည်။ ပြင်စည်စား စီးသော ဆင် အားမတန်၍ မျက်နှာအသုန်တွင် ဆင်က ကျ၍ ပြင်စည်စားကို အရှင်ပင် ရတော်မူသည်။ ယင်းသို့ မှ မင်းနှစ်ဦး ယှဉ်၍ တိုက်တော်မူကြသည်။ ဘုန်းတော်ကြီးသော မင်းချည်းဖြစ်၍ တစ်ပါးကို တစ်ပါး မဖျက်ဆီးနိုင်။ မင်းနှစ်ပါးတွင် ဆင်ကူခန့်သသူတို့လည်း ကူညီ၍ မတိုက်ဝံ့ကြ၊ ကြည့်၍ သာ နေကုန်သည်။ ယင်းသို့ စဉ်တွင် အ၀ဘုရင် သတိုးမင်းစောသည် ဆင်တော်ကို ဆုတ်စေ၍ အားယူစေပြီးမှ ချွန်းဖွင့်၍ ယောက်ဖတော်ကို တိုက်တော်မူသည်။ ဟံသာဝတီရှင်ဘုရင်စီးသော ဆင်တော်စောရန်နင်းကို ထိုးမိသည်။ စွယ်လုံး ကျွံ၍ ခိုက်ခိုက်တုန်ရှိချေသည်။ ယင်းသို့ စဉ်တွင် ဟံသာဝတီရှင်ဘုရင် လက်ဝဲ၊ လက်ယာ ဆင်ကူအမတ်တို့ ဆင်နှင့်လွှတ်လာလျှင် အ၀ဘုရင် သတိုးမင်းစောလည်း ဆင်တော် ပန်းလှသည်နှင့် ဆုတ်တော်မူရချေသည်။ ဟံသာဝတီ ရှင်ဘုရင်လည်း ဆင်တစ်စီးသို့ တက်တော်မူ၍ ဆင်တော်ကို ဆင်နှစ်စီး တွဲ မှီ၍ ယူတော်မူသည်။ ဆယ်တာခန့် ရောက်လျှင် ဆင်တော် မှားချေ၏ ။
၄၉။ သတိုးမင်းစော ပြေးရာတွင် အနိစ္စရောက်ခြင်း
အ၀ဘုရင် သတိုးမင်းစောလည်း ဆင်တော်ပန်းလှသည်ကို ရေစိမ်စေသည်နှင့် ``ငါ့ ဆင်တော် အလိုရဦးမည်လော´´ ဟူ၍ မေးတော်မူသည်ကို ``ဆင်တော် ပင်ပန်းလှသည်။ ရေကို ဆင်းချေသည်၊ အလိုတော် မရှိပြီ´´ ဟူ၍ နားတော်လျှောက်လျှင် ဟံသာဝတီရှင်ဘုရင်လည်း ဥပေါသထဟူသော ဆင်တော်ကို စီးတော်မူ၍ လက်ဝဲဆင်ကူ၊လက်ယာဆင်ကူနှင့် ထွက်တော်မူသည်။ ရဲမက်တော်တို့လည်း အ၀ဘုရင် သတိုးမင်းစော ဆုတ်သည်ကို မြင်လျှင် လိုက်ထပ်၍ တိုက်သည်နှင့် မခံနိုင်ချေ၍ ရုံးမိသမျှသော ရဲမက်နှင့် တံတားဦးကသည် အ၀မြစ်ကို ကူး၍ မန္တလေးအရှေ့ ဖုန်းကန်ကြီး တောင်ခြေရင်းတွင် တပ်နှင့်ခံ၍ နေတော်မူသည်။ ``နောက်လျှင် ငါ့တွင် ဆင်ကောင်း မြင်းကောင်း မရှိချေ။ ရဲမက်ဗိုလ်ပါလည်း နည်းလှသည်၊ ငါသည်တွင် ခံ၍ မသင့်ပြီ၊တရုတ်ပြည်သို့ သွား၍ ဦးတည်ဘွားကို စစ်ကူတောင်းပြီးလျှင် တရုတ်စစ်သည်နှင့် တကွ ဟံသာဝတီတိုင်အောင် ချီ၍ လုပ်ကြံရမှ သင့်မည်´´ အကြံတော်ရှိ၍ မြင်း ခုနှစ်ဆယ်၊ လူနှစ်ထောင်နှင့် တရုတ်ပြည်သို့ သွားတော်မူသည်။ ခန္တီးသို့ ရောက်လျှင် အနိစ္စရောက်တော်မူသည်။
အ၀ဘုရင် သတိုးမင်းစောတွင် သမီးတော် အိမ်ရှေ့မိဖုရား နတ်ရှင်မယ်တော် တစ်ပါးသာ မြင်သည်။ အခြား သားတော် သမီးတော် မရှိ။ ဟံသာဝတီမင်းတရားကြီးဘုရားလည်း အ၀ကို အလိုတော်ပြည့်လျှင် နှမတော် အ၀မိဖုရားကို လှော်ကား နှစ်စင်း (တွဲ ) ဖောင်တွင် ကိုယ်လုပ်တော် မောင်းမနှင့်တကွ စီးစေ၍ လှေရံအများ နှင့် ဆောင်တော်မူသည်။ ဟံသာဝတီသို့ ရောက်လျှင် သာယာလှစွာ သော အ၀အိမ်တော်ကဲ့သို့ စကြောသုံးထပ်နှင့်အိမ်ဖြူဆောက်၍ အခြွေအရံ ကိုယ်လုပ် မောင်းမနှင့်တကွ ငြိမ်းချမ်းသာယာစွာ နေတော်မူရသည်။
၅၀။ ယိုးဒယားမင်း ဗြနရစ် ချီလာခြင်း
ယိုးဒယားမင်း ဗြနရစ်ကို အ၀သို့ နောက်တော် လိုက် ခေါ်တော်မူသည်။ ဖင့်နွှဲ၍ နောက်မှ ၁၂ တပ် စီရင်၍ တိုက်ဆင် သုံးရာ၊ မြင်း သုံးထောင်၊ စစ်သည် သူရဲ ခြောက်သော င်းခန့်နှင့် ချီလာသည်။ ဟံသာဝတီ မင်းကြီး အ၀သို့ ချီတော်မူပြီး ဟူ၍ ကြားလျှင် နောက်တော်ကား မလိုက် စစ်တောင်း လက်ယာက သည် ဟံသာဝတီသို့ ချီလာသည်။ ထိုအကြောင်းကို ဟံသာဝတီ မြို့စောင့်သော သားတော် မဟာဥပရာဇာ ကြားလျှင် ``ခမည်းတော်ဘုရား အ၀သို့ ချီတော်မူပြီး၊ အ၀သို့ လိုက်လေတော့´´ ဟူ၍ ဆိုစေသော်လည်း အ၀သို့ မချီ၊ ဟံသာဝတီသို့ ချီလာကြောင်းကိုသာ ကြားသော ကြောင့် မဟာဥပရာဇာလည်း ကျုံးမြောင်းပြင်၍ ၊ အမြောက်၊ သေနတ် တင်၍ အတပ် အကြပ် ခံတော်မူရချေသည်။ ယိုးဒယားမင်း ဗြနရစ် လည်းမြို့ရင်းသို့ ချီ၍ တပ်တောင်တာနေစဉ် ဟံသာဝတီမင်းတရားကြီး ဘုရား အ၀ကို အလိုတော်ပြည့်၍ ပြန်တော်မူလာ ကြောင်းကိုဗြနရစ် ကြားလျှင် ဟံသာဝတီကသည် မုတ္တမသို့ ပြန်၍ အရှေ့ဘက် တစ်လွှားတွင် ရှိသော လူများ ကို သိမ်းယူ၍ ယိုးဒယားသို့ ပြန်လေ၏ ။
ထိုအကြောင်းများ ကို ဘ၀ရှင်မင်းတရားကြီး ဘုရား ကြားတော်မူလျှင် ဗညားကျန်းတော တစ်တပ်၊ သက်ရှည်ကျော်ထင်တစ်တပ်၊ ဗညားပရံတစ်တပ်၊ ဘယဂါမဏိတစ်တပ်၊ သည်လေးတပ် ကိုတိုက်ဆင် လေးရာ၊ မြင်းလေးထောင်နှင့် အ၀က အလျင်ချီ၍ လိုက်ရလေသည်။အ၀ကို မင်းတရား ရွှေထီးသားတော် မင်းလကျာ်ကို ကွမ်းခွက်၊ လက်ဖက်အိုး ပေးတော်မူ၍ မြို့ဝန်ခန့်တော် မူသည်။ အ၀နှင့် နီးစပ်သမျှကို ပျပ်ဝပ်ကျိုးနွံမည့် သူတို့ကို ကျေးစားခံတော်မူပြန်သည်။
၅၁။ ဟံသာဝတီမင်းတရား ယိုးဒယားသို့ ချီခြင်း
ဟံသာဝတီသို့ ရောက်တော်မူလျှင် ယိုးဒယား သို့ ချီလေသည်။ အင်အားနည်း လေသည် ဟူ၍ သမိန်လကွန်းအိမ်တစ်တပ်၊ ရာဇသင်္ကြံတစ်တပ်၊ သမိန်ရဲသင်ရံတစ်တပ်၊ နန္ဒကျော်ထင် တစ်တပ်၊ ဗညားလောတစ်တပ်၊ သီရိဓမ္မာသော ကတစ်တပ်၊ သားတော်မဟာဥပရာဇာတစ်တပ်၊ သည် ၇ တပ်ကို တိုက်ဆင်ငါးရာ၊ မြင်းငါးထောင်၊ စစ်သည်သူရဲ ခုနှစ်သော င်းနှင့် ချီပြန်ရသည်။ ယိုးဒယားသို့ ရောက် လျှင် အချင်ချီလေသော ဗညားကျန်းတောတို့ လေးတပ်နှင့် ပေါင်း၍ ယိုးဒယားမြို့မြောက် စုက္ကလိဟူသော အရပ်တွင် တပ်တည်၍ နေသည်ကို ယိုးဒယားမင်း ဗြနရစ်မြို့က ထွက်၍ တိုက်လေသည်။ အရပ်အနေ မသင့်ချေ၍ ရဲမက်တော်တို့ ရွေ့ချေသည်။ ထို အကြောင်းများ ကို ဟံသာဝတီမင်းတရားကြီးဘုရား ကြားတော်မူလျှင် ``အလုံးအရင်း ဆင်မြင်း လည်းနည်းလေသည်။ ယိုးဒယားမြို့လည်း အလုပ်အကြံခဲခက်လှသည်။ ယခုလည်း မိုးလေ ကျတော့မည်နီးပြီ။ ပြန်ခဲ့တော့´´ ခေါ်တော်မူ၍ သားတော် မဟာဥပရာဇာတို့ ၁၁ တပ်လုံး ပြန်ရ သည်။ ယိုးဒယားမင်း ဗြနရစ်လည်း ဥပရာဇာတို့ ပြန်လေပြီ ဟူ၍ ကြားလျှင် ``ငါ့အကြံအပြီး သို့ ရှေုာက်ပြီ´´ ဟူ၍ ကြုံးဝါးသံပလေသည်။
၅၂။ တောင်ငူမင်း လွန်ခြင်း
သက္ကရာဇ် (၉၄၆) ခု ၀ါဆိုလ ဘထွေးတော် တောင်ငူဘုရင်မင်းခေါင် လွန်တော်မူ၍ မင်းခေါင် သားတော် မင်းရဲကျော်ထင်ကို မင်းရဲသီဟသူ ဟူသော အမည်နှင့် တောင်ငူမြို့ကို ပေးတော်မူ၍ မင်းပြုရသည်။ ခမည်းတော် တောင်ငူဘုရင်မင်းခေါင် အဆောင်အယောင် အစီးအနင်းကိုလည်း ပေးတော် မူသည်။ တောင်ငူဘုရင်မင်းခေါင် မိဖုရားကား ထူပါရုံဒါယကာ နရပတိ သားတော်သုံးပါး၊ သမီးတော်ငါးပါး၊ ပေါင်းရှစ်ပါးတွင် ပြည်မြို့ကို မင်းပြုရသည့် သားတော် အလတ် မင်းဆင်များ ၊ မင်းကြီးစွာ ခံ သမီးတော် မင်းဖုန်းထွဋ်နှင့် ထူပါရုံဒါယကာ သမက်တော် ကလေး မင်းရဲကျော်စွာ ငယ်နှင့် စုံဖက်တော်မူရာတွင် သမီးတော် ဘိုးတော်ချစ်မိကို မြင်သည်။ ဘိုးတော်ချစ်မိ ကို ပြည်ဆင်ဖြူရှင် သတိုးမင်းစော သားတော် ဘုရင်ထွေး မိဖုရားမြှောက်ရာတွင် ပြည် မင်းခေါင် တစ်ပါး၊ သမီးတော် ငယ်ကလွန် တစ်ပါး၊ ညီမတော် တစ်ပါး၊ အောက်မင်းသား တစ်ပါး၊ ပေါင်းလေးပါး မြင်သည်။
ပြည်နရပတိမင်းဖြစ်တော်မူလျှင် နှမတော်တစ်ပါးကို မင်းတရားရွှေထီးသို့ ဆက်လေသည်။ မင်းတရားရွှေထီးလည်းတောင်ငူ လေးကျွန်းဥယျာဉ်တွင် သာယာလှစွာ သော အိမ်ဆောက်စေ၍ ထားတော်မူသည်ကို အကြောင်းပြု၍ လေးကျွန်း မိဖုရားဟု တွင်သည်။ နောင် ဆင်ဖြူများ သခင် ဘ၀ရှင်မင်းတရားကြီးဘုရား ညီတော် ကိုးသိန်းသခင် ဘုရင်မင်းခေါင် နှင့် မင်းတရားရွှေထီး စုံဖက်တော်မူသည်။ သားတော် သမီးတော်ကား - သားတော် တောင်ငူကို မင်းပြုသည် သီဟသူ တစ်ပါး၊ ညီတော် ကောလိယမင်း တစ်ပါး၊ မင်းရဲကျော်ထင် တစ်ပါး၊ နှမတော် (မင်း)ဖြူတစ်ပါး၊ ညီမတော် မင်းမရင် တစ်ပါး၊ ညီမတော် အဆွေ တစ်ပါး။ ယောကျာ်း၂ ၊ မိန်းမ ၃ ၊ ပေါင်း ၅ ပါး။ ညီအစ်မ သုံးပါးသည် ဟံသာဝတီမင်း မိဖုရားချည်း။ ကိုယ်လုပ်တော်တွင် မြင်သည် မင်းသမီးတစ်ပါး။
၎င်းသက္ကရာဇ် တပို့တွဲ လဆန်း ၅ ရက်နေ့ ကြေးဘုရားကြီး အလျင်သွန်းတော်မူသည်။ ၎င်း တပေါင်းလဆန်း ၃ ရက် တနင်္ဂနွေနေ့ ဘုရားငါးဆူ သွန်းတော်မူသည်။ ကညင်သစ် ကိုလည်း လှေလုပ် ရသည်။
၅၃။ ယိုးဒယားသို့ ဒုတိယအကြိမ် ချီခြင်း
သက္ကရာဇ်(၉၄၇)ခု တန်ခူးလ တွင် သက် ရှည်ကျော်ထင်တစ်တပ်၊ ဗညားကျန်းတော တစ်တပ်၊ ဘယဂါမဏိတစ်တပ်၊ ဗညားလောတစ်တပ်၊ နန္ဒကျော်ထင် တစ်တပ်၊ ဗညားပရံတစ်တပ်၊ နန္ဒသူရိယ တစ်တပ်၊ သမိန်သံကြည် တစ်တပ်၊ သီရိဇေယျကျော်ထင်တစ်တပ်၊ ဗညားပတ် တစ်တပ်၊ သီရိဓမ္မာသော က တစ်တပ်၊ ဇင်းမယ်က ဗညား ငသည်လုံး တစ်တပ်၊ ဗညားသံလံ တစ်တပ်၊ ဗညားနန်းတစ်တပ်၊ သမိန်ဗညားဖျည်တစ်တပ်၊ သမိန်ရဲသင်တစ်တပ်၊ ဗညားလကွန်း (အိန်) တစ်တပ်၊ ဗညားတုရိုင်တစ်တပ်၊ မဟာဥပရာဇာ တစ်တပ်၊ သည် ၁၉ တပ်တွင် ပါသည် တိုက်ဆင် တစ်ထောင် မြင်း တစ်သော င်းနှစ်ထောင် ၊ စစ်သည် သူရဲ တစ်သိန်း နှစ်သော င်းနှင့် ယိုးဒယားသို့ ချီပြန်ရ သည်။ လကွန်းဟူသော အရပ်သို့ ရောက်လျှင် ယိုးဒယားမင်း ဗြနရစ် ၁၅ တပ် စီရင်၍ ကြိုလာသည်။ နန္ဒကျော်ထင်၊ ဘယဂါမဏိ၊ ဗညားကျန်းတော၊ သက် ရှည်ကျော်ထင်သို့ လေးတပ်ခွဲ၍ တိုက်သည်။ ဗြနရစ် က ခံသည်၊ တပ်ဦးသား ငါးတပ် ပျက်၍ စုက္ကလိ ဟူသော အရပ်တိုင်အောင် ဆုတ်လေ၏ ။
၅၄။ ယိုးဒယားမင်း၏ စုက္ကလိခံတပ်
ရဲမက်တော် ၁၉ တပ်သားတို့လည်း ထပ်၍ လိုက်သည်။ ဆင်၃၀ကျော်၊ လူနှစ်သော င်း၊ ခန့်ရတော် မူသည်။ ဗြနရစ်လည်း စုက္ကလိဟူသော အရပ်တွင် အထက်ကပင် ခံတပ်တည်၍ ထားသော ကြောင့် ထိုတပ်၌ ၀င်၍ ခံလေ၏ ။ ရဲမက်တော်တို့လည်း ထိုတပ် ကို နှစ်ကြိမ် လုပ်ကြံသည်။ စိန်ပြောင်း မြတပူ ထူ ထပ်သော ကြောင့် မပျက်ချေ။ ယင်းသို့ လျှင် တပ်ခိုင် တပ်လုံ တည်၍ နေရချေသည်။ တစ်လခန့်ရှိလျှင် သားတော်မဟာဥပရာဇာလည်း တပ်မှူးစစ်ကဲ အပေါင်း တို့ကို ခေါ်တော်မူ၍ ``ယခုသည် သူ့တပ်ကို လည်း ပျက်စီးအောင် မတိုက်နိုင်ချေ၊ ငါတို့တပ်ကို လည်း သူက မတိုက်၊ အရေး ကို မျှော်ရှု၍ သာ နေလေ သည်။ ရှည်လတ်သော် မျိုးရိက္ခာ ကုနု၍ ငါတို့ရဲမက် ငတ်ချိမ့်မည်။ ယင်းသို့ လျှင် ငါတို့တပ်ကို နုတ်၍ အဆုတ်ခက်ချိမ့်မည် ဖြစ်သော ကြောင့် အချက် ဆို၍ တိုက်ရစေတော့။ ယင်းသို့ မှ အရေး တော် ပြီးလွယ် မည်´´ ဟူ၍ မိန့်တော်မူ သည်။ ထိုအမိန့်တော်ကို ဗညားငလုံး ကြားလျှင် ဤသို့ နားတော် လျှောက်သည်။ ``ယခု သူ့တပ်ကို တိုက်ရမည်လည်း သူကခံသည်။ တပ်ခိုင်လုံလှသည်။ ကျုံးလည်း ကျယ်လှသည်၊ လက် နက်ကိရိယာလည်း ထူထပ်လှသည်။ သူ့ကျွန်အမတ် အပေါင်း တို့လည်း အသက်သေမည်ကို မကြောက်၊ သူတို့အရှင် ဗြနရစ်ကိုသာကြောက်သည်။ ယခု အချက်ဆို၍ အမိန့်တော်ရှိရာမှာ သူ့အရပ်ဖြစ်၍ တောင်ထက် ၀ါးထိုးကြရလေသည်ကို သူထွက်၍ တိုက်ဘိမည်လော၊ ယင်းသို့ ဖြစ် သော ကြောင့် ဆုတ်ယောင်ပြု၍ သူ့ကို အလိုက်ခံမှ တိုက်ရသော် မသင့်လော´´ ဟု နားတော် လျှောက်သည်။
၅၅။ မဟာဥပရာဇာ ဆုတ်ဟန်ပြု၍ တိုက်ခိုက်ခြင်း
မဟာဥပရာဇာလည်း သည်အရေး သည် သင့်လှပြီဟူ၍ မိန့်တော်မူပြီးလျှင် တပ်ကို နုတ်၍ သွားမည် ဟန်ပြုသည်။ ယိုးဒယားမင်း ဗြနရစ်လည်း ဆင်မြင်း က၍ နောက်ထပ် လိုက်လာသည်ကို ဘယဂါမဏိ တစ်တပ်၊ နန္ဒကျော်ထင် တစ်တပ်၊ ဗညားကျန်းတော တစ်တပ်၊ သမိန်ရဲသင်ရံ တစ်တပ်၊ သမိန်လကွန်းအိမ် တစ်တပ်၊ ဗညားငသည်လုံးတစ်တပ်၊ သည် ၆ တပ် တွင် တိုက်ဆင် သုံးရာ၊ မြင်းလေးထောင်၊ ဗိုလ်ခြောက်သော င်းနှင့် လက်ယာကြောင်း စစ် မျက်နှာဖြန့်၍ ခံသည်။ ဗညားပရံတစ်တပ်၊ နန္ဒသူရိယတစ်တပ်၊ သမိန်သံကြည်တစ်တပ်၊ သီရိ ဓမ္မာသော က တစ်တပ်၊ ဗညားနန်းတစ်တပ်၊ ဗညားလောတစ်တပ်၊ သည် ၆ တပ်မှာ တိုက်ဆင် သုံးရာ၊ မြင်းလေးထောင်၊ ဗိုလ်ခြောက်သော င်းနျင့် လက်ဝဲကြောင်း စစ်မျက်နှာဖြန့်၍ ခံသည်။ သက် ရှည်ကျော်ထင် တစ်တပ်၊ ဗညားဖျည်တစ်တပ်၊ သီရိဇေယျကျော်ထင်တစ်တပ်၊ ဗညားပတ်တစ်တပ်၊ ဗညားသံလံတစ်တပ်၊ ဗညားတုရိုင်တစ်တပ်၊ မဟာ ဥပရာဇာ တစ်တပ်၊ သည်ခုနှစ်တပ်မှာ တိုက်ဆင် လေးရား၊ မြင်း လေးထောင်၊ ဗိုလ်ခြောက်သော င်း နှင့် အလယ်ကြောင်း စစ်မျက်နှာဖြန့်၍ ခံသည်။ ယိုးဒယား မင်း လိုက်လာ၍ နီးလျှင်လက်ယာကြောင်း ဘယ ဂါမဏိ၊ နန္ဒကျော်ထင်တို့ ၆ တပ်ကို တိုက်ပြန်လေ သည်။သံမျိုးနှင့်အတူ ခံသည်ကိုမြင်လျှင် ဗြနရစ် မတိုက်ဝံ့၍ ဆုတ်လေ၏ ။ ပျက်သည် တပ်များ တွင် လူသူ ဆင်မြင်းတို့ကို သုံ့ပန်းဖမ်း၍ ခံတပ်သို့ ပြန်လေ ၏ ။ ဘယဂါမဏိတို့ ခြောက်တပ်သားလည်း ပျက်လေ သည့် တပ်သားတို့ကို ရုံးစု၍ မဟာဥပရာဇာ ဆုတ် လျှင် သည်တစ်ကြိမ်ကို ခမည်းတော် ဘုရား က ခေါ်တော်မမူသော်လည်း ပြန်တော်မူတော့မည် ဟူ၍ လျှောက်ကြလျှင်၊ မဟာဥပရာဇာ လျှင် ဆင်မြင်း လူသူတို့ကို ရုံးစု၍ ပြန်တော်မူသည်။ သက္ကရာဇ် (၉၄၈) ခု ၀ါခေါင်လမှ ဟံသာဝတီသို့ ရောက်တော်မူသည်။
၅၆။ အ၀မင်းလကျာ်လွန်ခြင်း၊ သားတော်မင်းရဲကျော်စွာ အား အ၀ကိုပေးခြင်း
သက္ကရာဇ် (၉၄၈) ခု သီတင်းကျွတ်လတွင် အ၀ကို ၀န်ပြုသော မင်းလကျာ်လွန်သည် ဟူ၍ လျှောက်လာလျှင် ဘ၀ရှင်မင်းတရားကြီး ဘုရားလည်း သားတော် မဟာဥပရာဇာ အစရှိသော မှူးတော် မတ်တော် အပေါင်းတို့ကို ခေါ်တော်မူ၍ “အ၀မြို့ကိုဘယ်သူအားအပေးသော် သင့်မည်နည်း” ဟူ၍ တိုင်ပင်တော်မူသည်ကို သီရိဇေယျနော်ရထာ လျှောက်သည်ကား “ရတနာ ပူရ အ၀ပြည်ကြီးသည် ဘုန်းကြီးသော မင်းတို့၏ နေတော်မူရာ နန်းတည်မြို့ လည်း ဖြစ်သည်။ အရှေ့ရှမ်းပြည်၊ မြောက်ရှမ်းပြည်နှင့် လည်း အနီးအစပ်ဖြစ်သည်။ ရှမ်းတို့လည်း ရွှေနန်းကို တက်၍ မင်းပြုရဖူးသည်။ ဆွေတော်မျိုးတော် မည်မည်ဝါးဝါးကို ပေးတော်မူ၍ မသင့်ချေ။ သားတော် အလတ်ကို မင်းရဲကျော်စွာ ဟူသော အမည်နှင့် အ၀ ဘုရင် သတိုးမင်းစော အဆောင်အယောင် အစီး အနှင်းနှင့်တကွ အမတ်သား တစ်ကျိပ်၊ ဆင်တစ် ဆယ် ပေးတော်မူသည်။ ပြည်ရေး ရွာမှု ရှိသော အခါ တိုင်ပင်ဘက်ဖြစ်စေဟူ၍ လည်း အချီတော် ဘယယော်ဓာ၊ လက်ရွေးကြီး မြင်းမှူးတို့ကို ထည့်တော်မူ၍ ထိုသက္ကရာဇ် တပေါင်းလ မှာ အ၀သို့ ဆန်ရသည်။
၅၇။ ယိုးဒယားကိစ္စဆွေးနွေးခြင်း
ဘ၀ရှင်မင်းတရားကြီးဘုရားလည်း မှူးတော် မတ်တော် အပေါင်းတို့ကို ခေါ်တော်မူ၍ “ယိုးဒယားကို အကြိမ်ကြိမ်ချီ၍ လုပ်ကြံစေသည်။ အရေး တော် မပြီးချေ။ ဘယ်သို့ ခန့်ရန် စီရင်တော် မူ၍ လုပ်ကြံသော်လည်း အရေး တော်ပြီးလွယ်မည်” အမိန့်တော်ရှိသည် ကို ဗညားကျန်းတော လျှောက်သည်ကား - “ယခုသည် ပြည်ရေး ရွာမှု ကို ထောက်ရှုသော် ယိုးဒယား သော င်းကျန်း ပုန်ကန်လေသည်ကို အလိုတော် မပြည့်ချေက လင်းဇင်း၊ မိုင်းစံ၊ အကျော်၊ လ၀ိုက် အစရှိသော ရှမ်းပြည်၊ ယွန်းပြည် အပေါင်း တို့သည် အစ ထော်ရရော် ရှိချေသည်။ ယိုးဒယားကို အလိုတော် ပြည့်ည်ဖြစ်မှ ခမည်းတော်ဘုရား နိုင်ငံတော်အလုံးသည် သားတော်အစဉ် မြေးတော် အဆက် မြစ်တော်အညွန့်တိုင်အောင် ပျပ်ဝပ်ကျိုးနွံ မည်။ ယင်းသို့ ဖြစ်သော ကြောင့် အလုံးအရင်း ဆင်မြင်း အများ နှင့် ဘုရားကိုယ်တော် ချီ၍ လုပ် ကြံတော်မူသည်ဖြစ်မှ အရေး တော်ကောင်းမည်” ဟူ၍ နားတော်လျှောက်သည်။
၅၈။ ယိုးဒယားသို့ တတိယအကြိမ် ချီခြင်း
ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ဗညား ကျန်းတော လျှောက်သော အရေး ကို ကြိုက်တော်မူ၍ နန္ဒကျော်ထင်တစ်တပ်၊ သမိန်ရဲသင်ရံတစ်တပ်၊ သက်ရှည်ကျော်ထင်တစ်တပ်၊ ဗညားလော တစ်တပ်၊ နန္ဒသူရိယတစ်တပ်၊ ဗညားပရံတစ်တပ်၊ သီရိဇေယျကျော်ထင် တစ်တပ်၊ သမိန်လကွန်းအိမ် တစ်တပ်၊ ဘယဂါမဏိတစ်တပ်၊ ဗညားပတ်တစ်တပ်၊ သီရိဇေယျနော်ရထာ တစ်တပ်၊ သမိန်ငေါခွင် တစ် တပ်၊ ရာဇသင်္ကြံန်တစ်တပ်၊ အဲမွန်တယာတစ်တပ်၊ နေမျိုးကျော်ထင် တစ်တပ်၊ သမိန်သံကြည်တစ်တပ်၊ သီရိဓမ္မာသော က တစ်တပ်၊ တောင်ငူအားနှင့် တောင်ငူဘုရင် တစ်တပ်၊ သားတော်နတ်ရှင်နောင် တစ်တပ်၊ ဇင်းမယ်က ဗညားငသည်လုံးတစ်တပ်၊ ဗညားနန်း တစ်တပ်၊ ဗညားဖျည်တစ်တပ်၊ ဗညား တုရိုင်တစ်တပ်၊ ယင်းကမှ ဘ၀ရှင်မင်းတရားကြီး ဘုရား တပ်မပြု၍ ချီတော်မူသည်။ သည် ၂၄ တပ်တွင် ပါသည့် တိုက်ဆင် တစ်ထောင့်နှစ်ရာ၊ မြင်း တစ်သော င်း နှစ်ထောင်၊ စစ်သည်သူရဲ ငါးသိန်း ငါးသော င်းနှစ်ထောင်နှင့် သက္ကရာဇ် (၉၄၈) ခု တန်ဆောင်မုန်းလဆန်း ၉ ရက် တနင်္ဂနွေနေ့ ယိုးဒယားသို့ ချီတော်မူသည်။
၅၉။ သားတော်ကို မှာ ကြားခြင်း
သားတော်မင်းရဲကျော်စွာ ကို အ၀မြို့ကို ပေးတော်မူ၍ သွားရမည့် အချိန်ကာလကို ဗေဒင် တို့ကို တွက်ချက်စေသော် တပေါးလဆန်းမှ သင့် မည်ဟူ၍ ပညာရှိတို့ လျှောက်သည်နှင့် အညီ တပေါင်းလဆန်းမှ အ၀သို့ ဆန်ရစ်ရသည်။ ယင်းသော အခါ သားကိုမှာ သည်ကား “ရတနာ ပူရမြို့ကြီးသည် ဘုန်းကြီးသော မင်းတို့၏ နေရာ ဖြစ်သည်။ အရှေ့ရှမ်းပြည်၊ မြောက်ရှမ်းပြည်နှင့်လည်း နီးလေသည်။ အခြားမင်းညီ မင်းသားနှင့် မတန်သော ကြောင့် အမောင်ကို ငါ ပေးတော် မူသည်။ ပြည်သူ လူ ရဟန်းအား ၀မ်းထွက်သားကဲ့သို့ သနားကြင်နာပါ”မှာ တော်မူပြီးလျှင် သားတော် ကို ပေးဖွယ် ကမ်းဖွယ် အများ ပေးတော်မူ၍ ယိုးဒယားသို့ ချီတော်မူသည်။
![]() ရာဇ၀င်ချုပ် | ![]() မဟာရာဇ၀င်ကျမ်း ဒုတိယအုပ် |