Cover

မူရင်းစာရေး သူ အမှာ စာ

ဗမာပြည်၏ ဘုရင် ဖြစ်သူ သီပေါမင်းမှာ ကုန်းဘောင်မင်းဆက်မှ ဖြစ်သည်။ မင်းဧကရာဇ်တို့ကို ဗမာလူမျိုးများ က စကြ၀ဠာကို ပိုင်သ,သော သူအ ဖြစ် မှတ်ယူကြပြီး တိုင်းသူပြည်သားများ က ဘုရင် ဖြစ်သူအား ဘုရားအလောင်းနီးပါး ကိုးကွယ်ကြသည်။ သူ၏ မိဖုရား ဖြစ်သူ စုဖုရားလတ်သည် သီပေါမင်းအပေါ်တွင် များ စွာ လွှမ်းမိုးနိုင်ခဲ့ပြီး သီပေါမင်း နန်းသက် ဖြစ်သည့် ၈ နှစ် တာကာလမှာ စုဖုရားလတ် အုပ်ချုပ်သည့်ကာလဟု ဆိုနိုင်ပေသည်။

၁၈၈၅ ခုနှစ် နှောင်းပိုင်းတွင် ဗြိတိသျှတို့နှင့် တိုက်ပွဲ၌ သီပေါမင်း အရေး နိမ့်သွားပြီး ကိုယ်လေးလက်ဝန်ရှိနေသော စုဖုရားလတ်မိဖုရား၊ အသက်အရွယ် ငယ်သေးသော သမီးတော် ကလေး နှစ် ပါးနှင့် မိဖုရားငယ် ဖြစ်သော စုဖုရားကလေးတို့ကို အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ခဲ့ကြသည်။ မြို့ကြီးများ ၌ မထားဘဲ မြို့သေးသေးကလေးတစ်ခု ဖြစ်သော ရတနာဂီရိသို့ ပို့ဆောင်ထားကာ ထိုမြို့တွင် နှစ် ပေါင်း ၃၀ ကျော် စံနေခဲ့ကြရသည်။

ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထသမီးတော် များ ဟု ဗြိတိသျှတို့က ကင်ပွန်းတပ်ထားသော သမီးတော် လေးပါး၌ ဘွဲ့အသီးသီး ရှိသည်။ ထိုဘွဲ့တို့မှာ သာမန်အမည် များ ထက် ရှည်လျားလှသဖြင့် ဗြိတိသျှအစိုးရက အခေါ်ရလွယ်ကူစေရန် ကြီးစဉ်ငယ်လိုက် နံပါတ်တပ်ကာ ခေါ်ဆိုခဲ့ခြင်းပင် ဖြစ်သည်။ သမီးတော် လေးပါးမှာ ရတနာဂီရိတွင် ကြီးပြင်းခဲ့ကြသည်။ မိဘတို့မှာ မူ ဆုံးရှုံးခဲ့သော သူတို့၏ ထီးနန်းအတွက် နာကျင်မှု ဝေဒနာကို ကုစားရင်း ရတနာဂီရိ၌ နေထိုင်ခဲ့ကြရသည်။ မိဘများ ကဲ့သို့ပင် မင်းသမီးများ အားလည်း ရတနာဂီရိမြို့တွင်း၌ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် မပြုခဲ့ကြပေ။ ထို့ကြောင့် ရတနာဂီရိရှိ ကျောင်းများ တွင် ပညာသင်ကြားခြင်း၊ သာမန်ကလေးငယ်များ နှင့် ကစားခြင်းတို့မှာ မေးဖွယ်ရာ မရှိလောက်အောင်ပင် ဖြစ်သည်။ အကယ်၍ ဗြိတိသျှတို့က ခွင့်ပြုခဲ့လျှင်ပင် မိဘများ က ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် စံအိမ်အတွင်း၌ ပင် အစေအပါးများ နှင့် နေထိုင်ကြရသည်။ အသက်အရွယ် ၃၀ ရောက်သည်အထိ သမီးတော် တို့မှာ ပြင်ပမှ လူများ နှင့် ထိတွေ့ မှု မရှိကြပေ။ ထိုအချိန်ကာလအတွင်း သမီးတော် နှစ် ပါးမှာ လွန်စွာ မသင့်လျော်သော အမျိုးသားနှစ် ဦးနှင့် မေတ္တာသက်ဝင်ခဲ့ကြသည်။ သမီးတော် လေးပါးစလုံးပင် သူတို့ ဆင်းသက်လာသည့် မျိုးရိုးဂုဏ်ကို စောင့်ထိန်းရကောင်းမှန်း မသိဟု ဆိုရပေမည် ။ ပညာမတတ်သည်က တစ်ကြောင်း၊ ပြင်ပလောကနှင့် ထိတွေ့ မှု မရှိသည်က တစ်ကြောင်းကြောင့် ဤသို့ ဖြစ်ရသည်ဟု ယူဆသည်။

သီပေါမင်းသည် ၁၉၁၆ ခုနှစ် တွင် သူ ပိုင်ဆိုင်ခဲ့သော တိုင်းနိုင်ငံကို နောက်ထပ်တစ်ကြိမ် ခြေချခွင့်မကြုံတော့ဘဲ နတ်ရွာစံခဲ့ရသည်။ မိဖုရားငယ်မှာ သီပေါမင်းထက် တစ်နှစ် စောကာ ကံတော် ကုန်ခဲ့၏ ။ သူတို့နှစ် ပါးစလုံး၏ ရုပ်ကြွင်းများ ကို ရတနာဂီရိတွင် ဂူသွင်းသဂြုင်္ိဟ်ထားခဲ့ရာ ယနေ့တိုင် ရှိနေသေးသည်။ ၁၉၁၉ ခုနှစ် ပထမကမ္ဘာစစ်အပြီး မကြာမီတွင် စုဖုရားလတ်နှင့် သမီးတော် တို့အား ဗြိတိသျှတို့ သိမ်းပိုက်ထားသည့် ရန်ကုန်မြို့သို့ ပြန်ခွင့်ပြုခဲ့သည်။

ယခုစာအုပ်သည် သီပေါမင်း၊ သူ့မိဖုရားများ ၊ သူ့သမီးတော် များ ၊ သူ့မြေးတော် များ အကြောင်း ဖော်ပြထားသည့် စာအုပ် ဖြစ်သည်။ ဤစာအုပ်ကို ရေး သားရာ၌ ၀တ္ထုတစ်ပုဒ်ကဲ့သို့ ရေး သားခဲ့ခြင်း မဟုတ်ပေ။ ကျွန်မသည် တကယ့်အ ဖြစ်အပျက်များ ကို သုတေသနပြုကာ ရေး ဖွဲ့ခဲ့ခြင်းသာ ဖြစ်သည်။ (ကံကြမ္မာ၏ အလှည့်အပြောင်းဆိုသည်မှာ လူတို့ လုပ်ကြံရေး သားသော ၀တ္ထုပါအကြောင်းအရာများ ထက် များ စွာ ဆန်းကြယ်ပါသည်။) ဤစာအုပ်ကို ရေး သားရသည့် ရည်ရွယ်ချက်မှာ ပထမရည်ရွယ်ချက်အနေဖြင့် မည် မျှပင် သြဇာအာဏာ ရှိပြီး ချမ်းသာသူပင် ဖြစ်စေကာမူ တစ်ခဏအတွင်း၌ ဆင်းရဲသွားပြီး အထီးကျန် ဖြစ်သွားသည်ကို သိစေချင်လို၍ ဖြစ်သည်။ ဒုတိယရည်ရွယ်ချက်မှာ ဘုရင်၏ မိသားစုအနေဖြင့် နန်းချခံရပြီး တစ်ပြည်တစ်ရွာတွင် မည် ကဲ့သို့ နေထိုင်ခဲ့ကြရသည်ကို သိစေလို၍ ဖြစ်သည်။ ဤစာအုပ်ကို ရေး သားရန်အတွက် သုတေသနပြုလုပ်ရာတွင် ကျွန်မသည် တတိယသမီးတော် ကံတော် ကုန်သည့် ၁၉၆၂ ခုနှစ် ဇူလိုင်လအထိသာ ရေး သားပြီး အဆုံးသတ်မည် ဟု ရည်ရွယ်ခဲ့ပါသည်။ သို့ရာတွင် ကျွန်မ လေ့လာလေလေ အဆုံးသတ်ထိ ရေး ရန် လိုအပ်သည်ဟု ထင်မြင်လာလေလေ ဖြစ်သည်။ မင်းသမီးငယ်များ ၏ ဘ၀ကို ကလေးဘ၀ကစပြီး ရေး သားဖော်ပြသည်မှာ နန်းချခံရသော လူကြီးများ သာမက ကလေးများ အပေါ်တွင် လည်း သက်ရောက်မှု ရှိခဲ့သည်ကို ပြောလိုခြင်းကြောင့် ဖြစ်သည်။

ပထမပိုင်းမှာ ဘုရင်နှင့် မိဖုရားတို့ မန္တလေးတွင် စိုးစံအုပ်စိုးစဉ်ကာလကို ဖော်ပြထားခြင်း ဖြစ်သည်။ နန်းကျဘ၀ ရေး သားရန်အတွက် နောက်ခံသမိုင်းကြောင်းသည်လည်း စာဖတ်သူအနေဖြင့် သိရှိထားရန် လိုအပ်သည်ဟု ယူဆသဖြင့် ရေး သားခြင်း ဖြစ်သည်။ ပထမပိုင်းကို ရေး သားရန်အတွက် ကျွန်မသည် သုတေသနပြုမှု နှင့် သမိုင်းနောက်ခံများ အပေါ်တွင် ၀တ္ထုဇာတ်ကြောင်းသဖွယ် ရေး သားဖော်ပြသည်။ ထိုအကြောင်းအရာများ သည် အမှန်တကယ် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ ဖြစ်သည်ဟု ကျွန်မ ယုံကြည်ပါသည်။ မန္တလေးနန်းတွင်း နောက်ခံစာအုပ်နှစ် အုပ် ဖြစ်သော The Lacquer Lady နှင့် Thibaw’s Queen တို့မှာ နန်းတွင်း၌ စုဖုရားလတ်အပါးတွင် ခစားခဲ့ကြသော အပျိုတော် များ နှင့် အစေအပါးတို့အား တွေ့ ဆုံမေးမြန်းကာ ရေး သားခဲ့သော စာအုပ်များ ပင် ဖြစ်သည်။ အကြောင်းအရာ အချက်အအလက်များ နှင့် စကားပြောများ ကို ထိုစာအုပ်များ မှ ရယူခဲ့ပြီး ကျွန်မ၏ အခြားရင်းမြစ်များ ထံမှလည်း ရယူခဲ့ပါသည်။

အပိုင်း-၂ နှင့် အပိုင်း-၃ တို့မှာ ကျွန်မ သုတေသနပြုခဲ့သော ဤစာအုပ်၏ နှလုံးသား ဖြစ်သည်ဟု ဆိုချင်ပါသည်။ နန်းကျဘ၀တွင် မိသားစုတို့အကြောင်းကို ဖော်ပြထားခြင်းကြောင့် ဖြစ်ပါသည်။ ဤအပိုင်းများ တွင် ၀တ္ထုဆန်သော အကြောင်းအရာများ ကို လုံးဝ ဖော်ပြထားခြင်း မရှိပါ။ (ပုံနှိပ်ထုတ်ဝေခြင်း မပြုရသေးသော ဂျိမ်းစ်ဟောလီဒေး (ခ) ဒေးဗစ်ဆိုင်မင်တန်၏ လက်ရေး မူများ မှ အကြောင်းအရာတချို့ကိုမူ ထည့်သွင်းဖော်ပြထားပါသည်။ သူသည် ရတနာဂီရိတွင် ကော်လိုက်တော် အရာရှိအ ဖြစ် တော် ၀င်မိသားစုတို့ ရန်ကုန်သို့ ပြန်သွားပြီးနောက် ၁၀ နှစ် လုံးလုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ အကြောင်းအရာနှစ် ခုကို သူ့လက်ရေး မူမှ ကျွန်မ ယူခဲ့ပါသည်။ ပထမအကြောင်းအရာမှာ မစ္စတာတဲရင့်စ်က စတုတ္ထသမီးတော် အား ချဉ်းကပ်ခြင်းနှင့် ဒုတိယအကြောင်းအရာမှာ ဘုရင်မင်းမြတ် နတ်ရွာစံပြီးနောက် စံအိမ်ရှေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်တို့ ဖြစ်သည်။) သို့ရာတွင် ကျွန်မ အဓိကအားထားသည်မှာ အပိုင်း-၃ ဖြစ်သည်။ ထိုအပိုင်းမှာ သက်ရှင်ထင်ရှား ရှိသူတို့၏ ပြောပြချက်များ အပေါ်တွင် မူတည်ရေး ဖွဲ့ခဲ့ခြင်း ဖြစ်သည်။ အမှတ်တရရှိသည်တို့ကို ပြောပြသည်ဆိုရာ၌ လူ့လောဘ သဘာဝအတိုင်း ပြောပြသူ၏ စိတ်ခံစားချက်အပေါ်တွင် များ စွာ မူတည်ပါသည်။ ပြောပြချက်များ ကို နားထောင်ပြီး ဖြစ်နိုင်ချေရှိလောက်သည်ဟု ကျွန်မကိုယ်တိုင်က ယူဆသော အချက်များ ကိုသာ ထည့်သွင်းဖော်ပြထားပါသည်။ တစ်ခါတစ်ရံတွင် အ ဖြစ်အပျက် တစ်ခုတည်းကို နားထောင်ရသည်မှာ ပြောပြသူ၏ ခံစားချက်အပေါ် မူတည်၍ ကွဲပြားခြားနားမှု ရှိခြင်းကြောင့် ဖြစ်သည်။ အ ဖြစ်အပျက် အစစ်အမှန်များ နှင့် လူတို့၏ စိတ်ကူးစိတ်သန်းဖြင့် ပုံဖော်မှု တို့မှာ ကွဲပြားခြားနားပါသည်။ အ ဖြစ်အပျက်အားလုံးမှာ မှတ်တမ်းတင်နိုင်ခဲ့ခြင်း မရှိသည့် အတွက် တစ်ဆင့်စကား တစ်ဆင့်နား ပြောပြသည်များ မှာ ဖြစ်နိုင်ချေရှိသည်တို့ကို ဆန်းစစ်သုံးသပ်ကာ ရေး ဖွဲ့ထားပါသည်။ အ ဖြစ်အပျက်တို့မှာ လွန်လေပြီးသော နှစ် ပေါင်းများ စွာ က ဖြစ်သဖြင့် အမှန်များ ပါနိုင်သကဲ့သို့ လွဲမှားသည်များ လည်း ရှိနိုင်ပါသည်။ ထို့ကြောင့် ဤစာအုပ်ကို ရေး သားရာတွင် တချို့အချက်အလက်များ နှင့် ပတ်သက်၍ တစ်ဦး တစ်ယောက် ပြောပြချက်ကိုသာ ကောက်နုတ်ဖော်ပြသည်လည်း ရှိပါသည်။

စာရေး ဆရာ ဗစ်ကရန်ဆက်သ်က သူ ရေး သားသည့် Two Lives အမည် ရှိ စာအုပ်တွင် `အတ္ထုပ္ပတ္တိကို ရေး သားကြရာတွင် အချို့သော အကြောင်းအရာတို့မှာ ပုဂ္ဂလိက အကြောင်းအရာများ ဖြစ်သဖြင့် ပြည့်ပြည့်စုံစုံ ရေး သားဖော်ပြနိုင်ရန် လိုအပ်ပေသည်။ တချို့သော ပုဂ္ဂိုလ်တို့မှာ သက်ရှင်ထင်ရှား ရှိသဖြင့် သူတို့နှင့် ပတ်သက်သည့်အကြောင်းအရာများ ကို ကမ္ဘာသို့ ပွင့်ပွင့်လင်းလင်း တင်ပြရန် မလိုလားသည်များ လည်း ရှိကြသည်´ ဟုဆိုခဲ့သည်။ ကျွန်မ ဤစာအုပ်ကို ရေး သားရာတွင် မကြာခဏဆိုသလိုပင် တချို့အချက်အလက်များ ကို ထည့်သွင်းဖော်ပြရန် သင့်မသင့် ကိုယ့်စိတ်နှင့် ကိုယ် နပန်းလုံးရပါသည်။ အထူးသဖြင့် အပိုင်း-၂ နှင့် အပိုင်း-၃ ကို ရေး ရာ၌ ဖြစ်သည်။ သက်ရှိထင်ရှား ကျန်ရစ်သော အနွယ်တော် များ ကို ကျွန်မ အင်တာဗျူး မေးမြန်းရာ၌ တချို့အကြောင်းအရာတို့မှာ တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်နေသည်ကို တွေ့ ရသည်။ ထိုအကြောင်းအရာများ ကို မထည့်သွင်းဘဲ ထားလိုက်ပြန်လျှင်လည်း ပြီးပြည့်စုံသော အတ္ထုပ္ပတ္တိတစ်ခု မ ဖြစ်မည် ကို ကျွန်မ စိုးရိမ်ပါသည်။ ယခုစာအုပ်တွင် ဖော်ပြထားသည့် အကြောင်းအရာအချို့မှာ အနွယ်တော် များ အနေဖြင့် လူသိရှင်ကြား မသိစေချင်သော အကြောင်းအရာများ ပါဝင်ကောင်း ပါဝင်နိုင်ပါသည်။ ထိုအကြောင်းအရာများ ကို ရေး သားရာ၌ ကျွန်မသည် အကြိမ်ကြိမ် ချိန်ဆကာ ရေး သားခဲ့ခြင်း ဖြစ်သဖြင့် သဘောထားချင်း မတိုက်ဆိုင်သော အကြောင်းအရာများ ပါဝင်ခဲ့သည်ဆိုပါက နားလည်ပေးပါရန် မေတ္တာရပ်ခံပါသည်။

အမှန်စင်စစ်တွင် ကျွန်မသည် ဤစာအုပ်ကို ရေး သားရာ၌ မှန်ကန်တိကျသော အကြောင်းအရာများ ချည်း ဖော်ပြလိုပါသည်။ သို့သော် နှစ် ပေါင်းများ စွာ က အကြောင်းအရာများ ဖြစ်သဖြင့် ကျန်ရစ်သည့် အနွယ်တော် များ အနေနှင့် နားလည်နိုင်မည် ဟု ယုံကြည်ပါသည်။ အကြောင်းအရာတစ်ခုကို ဖော်ပြရန် သင့်မသင့် အကြိမ်ကြိမ် ချိန်ဆကာ ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။ လေ့လာမှု ပေါင်းများ စွာ ကို နှစ် ပေါင်းများ စွာ အချိန်ယူပြုလုပ်ပြီးချိန်တွင် ကျွန်မ သဘောပေါက်လိုက်သည်မှာ နန်းချကာ တစ်ပြည်တစ်ရွာသို့ ပို့ဆောင်ထားခြင်းက ဘုရင်နှင့် မိဖုရား၏ ဘ၀သာမက သမီးတော် လေးပါးနှင့် သူတို့မှ ဆင်းသက်လာသော အနွယ်တော် များ အထိ ရိုက်ခတ်မှု ရှိခဲ့သည်ကို နားလည်သဘောပေါက်ခဲ့ရပါသည်။

* * * * *


စာရေး ဆရာ မောင်သန်းဆွေ (ထားဝယ်) ၏ အမှာ စာ

၂၀၀၅ ခုနှစ် အစပိုင်းတွင် မွန်ဘိုင်းမြို့မှ (ဤစာအုပ်ရေး သူ) မစ္စက်ဆူဒါရှားနှင့် အဆက်အသွယ် ရပါသည်။ သူက ရန်ကုန်မှ အငြိမ်းစားတက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူး၊ ဒေါက်တာ သော်ကောင်း၏ သား၊ ဦးသန့် သော်ကောင်း စာအုပ်ဆိုင်သို့ အီးမေးလ်နှင့် ဆက်သွယ်ခဲ့သည်မှာ ရတနာဂီရိမှ သီပေါမင်းတရား၏ မိသားစုအကြောင်းကို စာအုပ်တစ်အုပ် ရေး ရန် သုတေသန ပြုနေကြောင်း၊ သို့ ဖြစ်၍ ဤကိစ္စနှင့် ပတ်သက်ပြီး သူမေးနိုင်မြန်းနိုင်မည့်  မြန်မာပြည်မှ လူများ ကို ဆက်သွယ်ပေးပါဟု ပြောသည်ဆို၏ ။ ဒေါက်တာသော်ကောင်းက ရန်ကုန်မြို့တွင် နေသော ဦးစိန်မောင်ဦး (ရှေးဟောင်းသုတေသန-ငြိမ်း) နှင့် ပထမဆက်သွယ်ပေးသည်။ ထို့နောက် စာရေး သူနှင့် လည်း ဆက်သွယ်ပေးပါသည်။ ဦးစိန်မောင်ဦးကလည်း စာရေး သူနှင့် ဆက်သွယ်ရန် မစ္စက်ဆူဒါရှားအား ပြောပြလိုက်သည် ဆိုပါသည်။ သူသည် ရန်ကုန်ရှိ စာရေး သူ၏ အိမ်၊ အီးမေးလ်မှတစ်ဆင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

သူနှင့် အဆက်အသွယ်ရ၍ သူ မေးမြန်းသမျှကို ဖြေခဲ့ပါသည်။ သူသည် စာရေး သူအား ဖုန်းဖြင့် လည်းကောင်း၊ အီးမေးလ်ဖြင့် လည်းကောင်း ဆက်သွယ်၍ မေးခွန်းပေါင်းများ စွာ မေးခဲ့ခြင်း ဖြစ်၏ ။ စာရေး သူကလည်း အင်္ဂလိပ်လိုရေး မည့်  သူ့စာအုပ်သည် ကမ္ဘာနှင့် အ၀ှမ်း ဖြန့်ချိမည် ဖြစ်၍ ကြိုးစားပြီး စာရေး သူ သိသမျှကို အိတ်သွန်ဖာမှော က် ဖြေကြားခဲ့ပါသည်။ သက်ဆိုင်ရာ ဓာတ်ပုံများ ကိုလည်း ပေးခဲ့ပါသည်။ သူ့အနေဖြင့် ဖြစ်နိုင်က မြန်မာပြည်သို့ လာသင့်ကြောင်း၊ မြန်မာပြည်တွင် သက်ရှိထင်ရှား သီပေါမင်း၏ မြေးတော် သုံးပါး ရှိသေးကြောင်း၊ ထို့အပြင် မန္တလေးတွင် ပြန်ဆောက်ထားသော မြနန်းစံကျော် နန်းတော် ကြီးကိုလည်း ကြည့်သင့်ကြောင်း စသဖြင့် အကြံပေးလိုက်ပါသည်။ သူသည် ၂၀၀၅ ခုနှစ် မတ်လထဲတွင် ရန်ကုန်သို့ ရောက်လာပါသည်။ တော် ဘုရားကလေးနှင့် လည်းကောင်း၊ ဦးစိန်မောင်ဦးနှင့် လည်းကောင်း၊ စာရေး သူနှင့် လည်းကောင်း တွေ့ ဆုံမေးမြန်း သွားပါသည်။ မန္တလေးသို့သွား၍ နန်းတော် ကြီးကိုလည်း ကြည့်သည်။ ပြင်ဦးလွင်သွားပြီး တော် ဘုရားနှင့် လည်း တွေ့ သည်။ မန္တလေးမှ ပြန်လာသော အခါ စာရေး သူနှင့် လာတွေ့ ပါသည်။၏

သူသည် သုတေသနကိစ္စအတွက် အတော် ငွေကုန်ခံသည်။ သူ သိလိုသည့်အကြောင်းအရာနှင့် ပတ်သက်သမျှ မြန်မာလိုရေး သားသည့် စာအုပ်၊ စာရွက်၊ စာတမ်းများ ကို စာရေး သူထံမှ တောင်းယူပါသည်။ တစ်မျက်နှာ တစ်ဒေါ်လာပေး၍ ဘာသာပြန်ခိုင်းသည်ဟု သိရသည်။ အိန္ဒိယရှိ သူ နေသည့် မွန်ဘိုင်းမြို့သည် ယခင်က ဘုံဘေမြို့ ဖြစ်သည်။ ရတနာဂီရိနှင့် မဝေးပါ။ သို့ကြောင့် ရတနာဂီရိသို့ သူ အကြိမ်ကြိမ် ရောက်ပြီးသည်ဟု ဆိုသည်။ ရတနာဂီရိရှိ မြေးတော် တုတုနှင့် အဆက်အသွယ်ဟူသမျှကိုလည်း သူ မေးမြန်းလေ့လာပြီးပြီ။ ရတနာဂီရိကောလိပ်တော် အရာရှိရုံးမှ စာရွက်စာတမ်းဟူသမျှကိုလည်း မွှေနှောက်ဖတ်ပြီးပြီ။ ထိုစဉ်က ရတနာဂီရိကို ဘုံဘေပြည်နယ်မှ ဘုရင်ခံက အုပ်ချုပ်ရသည် ဖြစ်ရာ ဘုံဘေရှိ မှတ်တမ်းဟူသမျှတွင် လည်း စာရွက်စာတမ်းများ ရှာဖွေပြီးပြီ။ မဒရပ်ကိုလည်း သွားပြီးပြီဟု ပြောသည်။ စာရေး သူက-

"ခင်ဗျား ဒါလောက်တောင် ရှာနိုင်ဖွေနိုင်၊ သွားနိုင်လာနိုင်တာ ဒုတိယသမီးတော် ကြီးရဲ့ မွေးစားသား မောင်လူကြီးဆိုတာ ကာလကတ္တားမှ ရှိသေးတယ်၊ သူနဲ့ သွားတွေ့ နိုင်ရင်တော့ ဒုတိယသမီးတော် ကြီးရဲ့ အကြောင်း ကောင်းကောင်းသိရလိမ့်မယ်"

ဟု ပြောလိုက်ပါသည်။ ပြောသည့်အတိုင်း ချက်ချင်း ပင် အဆက်အသွယ် ပြုလုပ်၍ မောင်လူကြီးနှင့် တွေ့ ဆုံပါသည်။

ထိုသို့ တွေ့ ဆုံရာမှ စာရေး သူ၏ ဆက်သွယ်ပေးမှု ဖြင့် သီပေါမင်းတရား၏ မြစ်တော် ဦးစိုးဝင်း (ထိုစဉ်က နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ်) နှင့် မစ္စက်ဆူဒါရှားတို့ အကျိုးဆောင်မှု ကြောင့် မောင်လူကြီး၏ လက်တွင် ရှိသည့် ဒုတိယသမီးတော် ၏ အရိုးပြာသည် ရန်ကုန်မြို့ရှိ မိဖုရားခေါင်ကြီး စုဖုရားလတ်၏ အုတ်နန်းပြသာဒ်တော် ရင်ပြင်တွင်းသို့ မြှုပ်နှံထားလိုက်ရသည်အထိ ဖြစ်ခဲ့ပါသည်။ စာရေး သူကပင် ကမ္ဗည်းကျောက်စာ ရေး ပေးပြီး ကုန်ကျစရိတ် ခံခဲ့ပါသည်။

ပထမတစ်ခေါက်လာစဉ်က သူနှင့် အတူ သီပေါမင်း၏ လက်ထက်တော် မှ အသုံးအဆောင်ပစ္စည်း ဓာတ်ပုံများ ပါလာပါသည်။ သူသည် အဘယ်ကြောင့် ဤကိစ္စများ ကို စိတ်ဝင်စားကြောင်း မသိရပါ။ သူ၏ အပြောအရ The Glass Plalace စာအုပ်ကို ဖတ်ပြီး စိတ်ဝင်တစား ဖြစ်လာကြောင်းဟု ပြောပါသည်။ သို့သော် သူ၏ ပြောပုံဆိုပုံအရ ဦးစိန်မောင်ဦးတို့ တော် တော် (တော် ဘုရားကလေး)တို့နှင့် စာရေး သူ ခန့်မှန်းရသည်မှာ သူသည် သီပေါမင်းတရား ရတနာဂီရိတွင် နှစ် ပေါင်း ၃၀ ခန့် စံတော် မူစဉ် ပတ်သက်ခဲ့သူတစ်ဦးဦး၏ အဆက်အနွယ် ဖြစ်မည် ဟူ၍ ပင် ဖြစ်ပါသည်။

ဆူဒါရှားသည် ၂၀၀၆ ခုနှစ် ၊ နိုဝင်ဘာလတွင် ခင်ပွန်းသည်နှင့် အတူ ရန်ကုန်သို့ ဒုတိယတစ်ခေါက် ပြန်လာပါသည်။ ဤတစ်ခေါက်တွင် တော် ဘုရားကလေးက မရှိပြီ။ ဇွန်လ ၁၀ ရက်နေ့တွင် ကံတော် ကုန်သွားပြီ ဖြစ်သည်။ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထိပ်စုဘုရားကြီးနှင့် တွေ့ သည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ တစ်နေ့လုံး ကုန်သည်ကြီးများ ဟိုတယ်တွင် စာရေး သူနှင့် တွေ့ ကြပါသည်။ ညနေ ၅ နာရီထိုးသည်အထိ သူ သိချင်နေသည်များ ကို မေး၍ မကုန်သေးပါ။ သူ့ခင်ပွန်း "မင်း… မလွန်လွန်းဘူးလား၊ ဦးသန်းဆွေဘက်ကလည်း ကြည့်ပါဦး၊ တစ်နေကုန် ညောင်းညာရောပေါ့၊ မန္တလေးက ပြန်လာမှ ဆက်တွေ့ ပါကွာ" ဟု စိတ်တိုတိုနှင့် ပြောရသည်အထိ ဖြစ်ခဲ့ပါသည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် သူတို့ဇနီးမောင်နှံ စာရေး သူအိမ်သို့ ရောက်လာကြပြန်သည်။ ပြင်ဦးလွင်မှ တော် ဘုရားနှင့် လည်း တွေ့ သေးကြောင်း ပြောပြပါသည်။ ၀င်ဆာလမ်း (ယခု ရှင်စောပုလမ်း) သို့သွားပြီး ဆင်ဖြူမရှင် နေခဲ့သည့် အိမ်ကို ကြည့်သည်။ ဓာတ်ပုံရိုက်သည်။ စုဖုရားလတ်နေခဲ့သည့်အိမ် မရှိတော့ပါဟု ပြောသော်လည်း နေရာကို ဓာတ်ပုံရိုက်ချင်သည်ဟု ဆို၍ ဇီဝိတဒါနဆေးရုံ အနောက်ဘက် အိမ်တော် ဟောင်းနေရာကို သွားပြပြီး ဓာတ်ပုံရိုက်ကြသည်။ စတုတ္ထသမီးတော် တို့ မိသားစု ရန်ကုန်မြို့တွင် အဆက်ဆက်နေခဲ့သည့် အိမ်များ ကိုလည်း သွားကြည့်ပြီး ဓာတ်ပုံရိုက်ပါသည်။ ဤမျှ စိတ်ဝင်တစား ရှိလှသူ ဖြစ်၏ ။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် အဖွဲ့ (စာရေး သူက ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးအနေဖြင့် ပါသည်။) ရတနာဂီရိသို့ သွားသည်။ မွန်ဘိုင်းမြို့သို့ အရောက်တွင် ဆူဒါရှားက စာရေး သူတို့ တည်းခိုသည့်ဟိုတယ်တွင် လာတွေ့ ပါသည်။ နိုင်ငံတော် သမ္မတကြီးနှင့် လည်း တွေ့ ဆုံလိုက်ရ၏ ။ သူက နိုင်ငံတော် သမ္မတကြီးအဖွဲ့နှင့် အတူ ရတနာဂီရိသို့ လိုက်ချင်သည်။ အတူလိုက်၍ ရတနာဂီရိတွင် လိုက်ပြရန် ဖြစ်၏ ။ သို့သော် စာရေး သူတို့က ရဟတ်ယာဉ် ၃ စီးဖြင့် သွားရမည် ဖြစ်၍ နေရာမရသော ကြောင့် ကျန်ခဲ့သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးတွင် ပြုလုပ်သော ဧရာဝတီ စာပေပွဲတော် သို့ သူ လာခဲ့သည်။ စာရေး သူနှင့် တွေ့ ဆုံကြပြန်၏ ။ သူ ရေး ထားသည့် The King in Exile (The Fall of the Royal Family of Burma) စာအုပ်ကြီး ပြီးပြီ ဖြစ်၍ စာရေး သူအား လက်ဆောင်ပေးပါသည်။ သူက စာအုပ်နေရာပေါင်းများ စွာ ၌ -

"စာရေး ဆရာ ဦးသန်းဆွေကမူ မည် သို့ပြောပါသည်။ မည် သို့ ယူဆပါသည်။"

ဟု ရေး သားထားသည်။ သို့ကြောင့် ဤစာအုပ်ကြီးကို စာရေး သူအား မြန်မာဘာသာပြန်ခိုင်းသော်လည်း စာရေး သူ မပြန်ခဲ့ပါ။ စာရေး ဆရာ၊ ဆရာဝင်းငြိမ်းအား ဘာသာပြန်ပေးရန် စာရေး သူကပင် ကြားမှ ညှိပေးခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် ဆရာဝင်းငြိမ်း၏ ဘာသာပြန်ချက်များ ကို စာရေး သူ နှစ်သက် ၍ ဖြစ်၏ ထို့ကြောင့် ဆရာဝင်းငြိမ်းက ယခု ဤစာအုပ်ကို ဘာသာပြန်လိုက်ရခြင်း ဖြစ်ပါသည်။

ဆရာ ဦးဝင်းငြိမ်းက သူဘာသာပြန်ထားသည့် စာအုပ်ကို (၁၀ . ၄ . ၂၀၁၅) နေ့က စာရေး သူထံ ပို့ပေးသည်။ သူ့အရေး အသားအချို့နှင့် ပတ်သက်၍ ထီးဟန်နန်းဟန်၊ ထီးသံနန်းသံများ ကို ပြင်ပေးရန် ဖြစ်သည်။ သင်္ကြန်ရုံးပိတ်ရက်အတွင်း ပြီးအောင် ပြင်ပေးလိုက်သည်။

ဆူဒါရှား၏ စာအုပ်ထဲတွင် အချို့ရေး သားချက်များ သည် မမှန်ပါ။ ဆူဒါရှားက မည် သည့်စာအုပ်ထဲမှသော်လည်းကောင်း၊ မည် သူပြောပြသည့် အချက်များ မှသော်လည်းကောင်း သိရ၍ ရေး ခြင်း ဖြစ်သည်ဟု မဖော်ပြခဲ့ပါ။ ထိုရေး သားချက်များ မှာ မင်းတုန်းမင်းတရာ၏ ဈာပနအပြီးတွင် ဆင်ဖြူမရှင်နှင့် အပျိုတော် မာတီတို့ရှေ့၌ စုဖုရားလတ်က စိန်ဘယက်ကြီးကို ၀တ်ဆင်ပြသည့်အကြောင်းနှင့် သီပေါမင်းအား နန်းတွင်းအစဉ်အလာကို ဖောက်ဖျက်၍ မိမိအား ဘုရင်နှင့် လာရောက်နေထိုင်ရန် အမိန့်တော် ချမှတ်ပါဟု စုဖုရားလတ်က ပူဆာသဖြင့် ဘုရင်နှင့် အတူ သွားရောက်စံနေခဲ့သည့် အကြောင်းတို့ ဖြစ်သည်။ သူ့စာအုပ်တွင် ဆူဒါရှားက ဤသို့ လွဲမှားစွာ ရေး ခဲ့လေသည်ကို စာဖတ်ပရိသတ်က စာရေး သူ ပြောပြ၍ ရေး ခြင်း ဖြစ်သည်ဟု ထင်ကြမည် စိုးသော ကြောင့် မြို့တော် မဂ္ဂဇင်း၊ အတွဲ (၂၃၁)၊ ၂၀၁၄ ခုနှစ် တွင် စာရေး ဆရာမ ဆူဒါရှား၏ နန်းကျသီပေါဘုရင် စာအုပ်ရှင်းတမ်း ဟုပင် ဆောင်းပါးတစ်စောင် ရေး လိုက်ရဖူးပါသည်။

ဧပြီလ ၁၉ ရက်နေ့က သူ့ထံမှ အီးမေးလ်တစ်စောင် ရောက်လာပြန်သည်။ သူ့စာအုပ်နှင့် ပတ်သက်၍ အမေရိကတွင် မိတ်ဆက်ပွဲ သွားလုပ်ရန် ရှိသဖြင့် နောက်တစ်ပတ်၌ နယူးယောက် မြို့သို့ သွားမည် ဖြစ်သည်။ နယူးယောက် မြို့မှ မြန်မာကောင်စစ်ဝန်နှင့် ဆက်သွယ်ပေးရန် စာရေး သူကို အကူအညီတောင်းသည်။ မ ဖြစ်နိုင်ပါ။ သို့ ဖြစ်၍ စာရေး သူ၏ တူနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် လိပ်စာကို ပေးလိုက်သည်။ နယူးယောက် မှ မြန်မာများ နှင့် အဆက်အသွယ် ပြုရန် ဖြစ်၏ ။

ယခုအခါ ဆရာဝင်းငြိမ်း ဘာသာပြန်သည်ကလည်း ပြီးပြီ ဖြစ်၍ စာရေး သူအား အမှာ စာရေး ပေးရန် မေတ္တာရပ်ခံသော ကြောင့် စာအုပ် ဖြစ်ပေါ်ရခြင်းမှာ စာရေး နှင့် လည်း မကင်းတရားရှိခဲ့၍ ဤအမှာ စကားကို ရေး သားလိုက်ရခြင်း ဖြစ်ပါသည်။

ဤစာအုပ်ကို ထိုင်းဘာသာသို့လည်း ပြန်ပြီး ဖြစ်သည်။ ဆရာဝင်းငြိမ်း၏ မြန်မာပြည်စာအုပ်ကို မြန်မာပရိသတ်က နှစ်သက် ကြမည် ဟု ထင်ပါသည်။ ရတနာဂီရိနှင့် ပတ်သက်၍ စာရေး သူက ရတနာဂီရိ နိဒါန်း (ဤစာအုပ်နှင့် ပင် အမျိုးသားစာပေဆုကို ၂၀၀၈ ခုနှစ် တွင် ရရှိခဲ့သည်။) ရတနာဂီရိနိဂုံး၊ ရတနာဂီရိ၏ နောက်ဆက်တွဲ စာမျက်နှာများ ဟူ၍ ရတနာဂီရိနှင့် ပတ်သက်ပြီး စာအုပ် ၃ အုပ် ရေး ခဲ့ပါသည်။ ယခု မစ္စက်ဆူဒါရှားအနေဖြင့် ဒေသခံ တစ်ယောက် ၏ ခံစားမှု နှင့် အတွေးအမြင်ပေါ် ရေး သားထားသည့် မြန်မာတို့၏ အရှင်နှစ် ပါးနှင့် မိသားစုအကြောင်းကို ဆရာဝင်းငြိမ်း ဘာသာပြန်ချက်ဖြင့် သိကြရပါလိမ့်မည် ။

* * * * *


ဘာသာပြန်သူ၏ အမှာ စာ

၂၀၁၃ ခုနှစ် က ကျွန်တော် လှေခါးထစ်ပေါ်က ချော်ကျပြီး အိမ်မှာ နားနေရသည့်အချိန် ဆရာမောင်သန်းဆွေ (ထားဝယ်)က လူနာမေးလာရင်း စာအုပ်တစ်အုပ် ပေးခဲ့သည်။ စာအုပ်က ကျွန်တော် ဖတ်ချင်နေသည့် စာရေး ဆရာမ ဆူဒါရှား ရေး သားသော သီပေါဘုရင်အကြောင်း ဖြစ်သည်။ ဆရာက ဖတ်ဖို့သာ မဟုတ် ဘာသာပြန်ပါဟု တိုက်တွန်းခဲ့၏ ။ ရွှေအမြုတေတွင် အဲလစ်ဇဘက်တေလာအကြောင်း ရေး နေသည့် ရမ္မက်ဇော အခန်းဆက်ရှည် ဖော်ပြနေဆဲ ဖြစ်သဖြင့် ကြာလိမ့်ဦးမည် ဟု ဆိုသော အခါ ဆရာက လုံးချင်းရေး ပါဟု တိုက်တွန်းသည်။

အားလပ်နေခိုက် စတင်ရေး သားခဲ့သည်။ ဆရာ မောင်သန်းဆွေမှတစ်ဆင့် မူရင်းစာရေး ဆရာမ နှင့် အီးမေးလ်အဆက်အသွယ် ရသည့်အခါ သူကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။ မြန်မာဘုရင်အကြောင်း ရေး သားထားသည့် စာအုပ်ကို မြန်မာဘာသာဖြင့် ထွက်စေချင်သည်ဟု ဆို၏ ။ ကျွန်တော့် မှာ ထုတ်ဝေမည့် သူလည်း အဆင်သင့်ရှိသဖြင့် ရေး သား ဖြစ်ခဲ့သည်။ စာအပြန်အလှန် ရေး ကြရင်း ဆရာမ က မူပိုင်ခွင့်အတွက် တန်ဖိုးတစ်စုံတစ်ရာ ပေးရမည် ဟု ဆိုလာသည်။ မြန်မာစာပေလောကတွင် ဘာသာပြန်စာအုပ်များ အတွက် မူပိုင်ခွင့် ပေးရသော စနစ် မရှိသေးသဖြင့် ကျွန်တော် နှင့် စကားပြောထားသော ထုတ်ဝေသူက နောက်ဆုတ်သွား၏ ။ ရေး လက်စ ကျွန်တော့် မှာ လည်း ရပ်သွားတော့သည်။

၂၀၁၄ ခုနှစ် ဧရာဝတီ စာပေပွဲတော် သို့ ဆရာမ ရောက်လာသော အခါ ငါတို့စာပေတိုက်မှ ဆရာမြေမှု န်လွင်က သူ ထုတ်မည် ဆိုသဖြင့် ဆရာမ ကို သွားရောက်တွေ့ ဆုံကြသည်။ စကားပြောကြရင်း မူပိုင်ခွင့်အတွက်လည်း အဆင်ပြေသွားသည်။ ဆရာမ က မူပိုင်ခွင့်အတွက် ရရှိသည့် ငွေကြေးကို သူ ယူသွားမည် မဟုတ်ဘဲ မြန်မာနိုင်ငံတွင် ရှိသည့် ဆွေတော် မျိုးတော် များ ဖောင်ဒေးရှင်းသို့ လှူလိုက်ပါဟု ဆိုသည်။ ဤသို့ ဖြင့် ကျွန်တော် ဆက်ရေး ဖြစ်ခဲ့သည်။ ရေး နေကျ ဘာသာပြန်စာအုပ်များ နှင့် မတူ တစ်မူထူးခြားနေသည်မှာ ထီးသုံးနန်းသုံးစကားများ ဖြစ်သည်။ ထိုစကားများ နှင့် ကျွန်တော် အကျွမ်းမ၀င်ခြင်းကြောင့် ဆရာမောင်သန်းဆွေ (ထားဝယ်)ကပင် အစအဆုံး စိစစ်ပေးရပြန်ပါသည်။ ထီးသုံးနန်းသုံးစကားများ ကလည်း ကြွယ်ဝလှသည်။ ဥပမာ အာဏာလက်ရှိ ရှိနေချိန် ရှင်ဘုရင်တစ်ပါး ကွယ်လွန်ပါက `နတ်ပြည်စံသည်´ ဟု ဆိုပြီး အာဏာလက်မဲ့ချိန် ကွယ်လွန်ပါက `နတ်ရွာစံသည်´ ဟု သုံးစွဲကာ မင်းသား၊ မင်းသမီးတစ်ပါး ကွယ်လွန်ပါက `ကံတော် ကုန်သည်´ ဟု ဆိုပြန်သည်။ ဆင်ဖြူတော် ကွယ်လွန်ခြင်းကို `ကံငြိမ်းသည်´ ဟု သုံးစွဲရပြန်သည်။ ဤသို့သော အသုံးအစွဲများ ကို ဆရာ မောင်သန်းဆွေ (ထားဝယ်)ကသာ တာဝန်ယူ စိစစ်ပေးခဲ့ပါသည်။

အချို့နေရာများ တွင် မူရင်း စာရေး စာရာမက နိုင်ငံခြားသားများ နားလည်စေရန် မြန်မာမှု အချို့ကို ရှင်းလင်းတင်ပြထားသည်များ ကိုမူ မြန်မာစာဖတ်ပရိသတ်အတွက် ကျွန်တော် အထူးတလည် ဖော်ပြခြင်း မပြုဘဲ ချန်လှပ်ထားခဲ့ပါသည်။ ဥပမာ သနပ်ခါးကို မြန်မာများ နားလည်စေရန် အထူးတလည် ရှင်းလင်းရန် မလိုအပ်ဟု ယူဆပါသည်။ အတတ်နိုင်ဆုံး သတိထားရေး ဖွဲ့ထားပြီး အဆင့်ဆင့် စိစစ်ထားသော်လည်း အချို့နေရာများ တွင် အသုံးအစွဲများ မှားယွင်းမှု ရှိကောင်း ရှိနိုင်ပါလိမ့်မည် ။ ထိုမှားယွင်းမှု များ အတွက် အဓိကတာဝန်ရှိသည်မှာ ကျွန်တော် ပင် ဖြစ်ပါသည်။

ဤစာအုပ်ကို ဘာသာပြန်ခွင့် ရခဲ့သည့်အတွက် ကျွန်တော် ကျေနပ်အားရခဲ့မိသည်။ ယခင် ရေး သားခဲ့သော အနုပညာရှင်များ ၏ အတ္ထုပ္ပတ္တိများ နှင့် မတူ မြန်မာနိုင်ငံ၏ သမိုင်းကြောင်း တစ်စိတ်တစ်ဒေသကို ရေး ဖွဲ့ရခြင်းကြောင့် ကျေနပ်ခြင်း ဖြစ်ပါသည်။ အကယ်၍ အချို့နေရာများ တွင် မရှင်းမလင်း ဖြစ်ခဲ့ပါကလည်း ဘာသာပြန်သူ ကျွန်တော် ၏ တာဝန်သာ ဖြစ်ပါသည်။ ဉာဏ်မီသလောက် အကောင်းဆုံး ဖြစ်ရန် ကြိုးစားအားထုတ်သည်မှာ ၂၀၁၃ ခုနှစ် ၊ အောက်တိုဘာလမှ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီလမှ အဆုံးသတ်နိုင်ခဲ့ပါသည်။ ဤမျှ ကြာမြင့်ရခြင်းမှာ ဆိုခဲ့သည့် အသုံးအနှုန်းများ ကြောင့် တစ်ကြောင်း၊ ကျွန်တော် ကိုယ်တိုင်က လက်ဖြင့် မရေး သားနိုင်ခြင်းကြောင့် စာစီပေးမည့်  တပည့်ဝန်ထမ်းကလေး အားလပ်သည့်အချိန်ကို စောင့်ဆိုင်းနေရခြင်းကြောင့် တစ်ကြောင်း ဖြစ်ပါသည်။ အချို့ဆရာများ ဘာသာပြန်သကဲ့သို့ အုပ်စုဖွဲ့ကာ အခန်းခွဲပြီး ဘာသာပြန်သည့် စနစ်ကိုမူ ကျွန်တော် မနှစ်သက် သဖြင့် နိုင်သရွေ့ကိုသာ တဖြည်းဖြည်းချင်း ပြန်ဆိုပေးလိုက်ပါသည်။ စာဖတ်သူများ သီပေါဘုရင်၊ စုဖုရားလတ်မိဖုရား၊ စုဖုရားကလေး မိသားစုတို့ ရတနာဂီရိသို့ ရောက်ရှိသွားပြီး နေထိုင်ကြပုံ အ ဖြစ်အပျက်များ ကို ဖတ်ရှုရာ၌ ကျွန်တော် တို့ ယခင်က မသိခဲ့သော အ ဖြစ်အပျက်များ စွာ ကို တွေ့ ကြရမှာ ဖြစ်သည်။

ဤအ ဖြစ်အပျက်များ ကို မူရင်းစာရေး သူသည် ၇ နှစ် ကြာမျှ သုတေသနလုပ်ကာ ရေး ဖွဲ့ခဲ့ခြင်း ဖြစ်ပါသည်။ သူ့စာကြောင်း တစ်ကြောင်းတိုင်းသည် သူ့သဘောနှင့် သူ ရေး သားသည် မဟုတ်ဘဲ အကိုးအကား အပြည့်အစုံ ရှိပါသည်။ ယင်းအကိုးအကားများ ကိုမူ ယခု စာအုပ်တွင် ထည့်သွင်းခြင်း မပြုတော့ဘဲ ချန်လှပ်ထားခဲ့ပါသည်။

* * * * *


အပိုင်း (၁)

နန်းမကျမီ

သီပေါနှင့် စုဖုရားလတ်

ငယ်ရွယ်စဉ်ကပင် သူမသည် နန်းတွင်း၌ အရေး ပေးခံရသော မင်းသမီးတစ်ပါး ဖြစ်သည်ကို စုဖုရားလတ်က သိရှိခဲ့သည်။ ၁၈၅၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မီးရှူးသန့်စင်ခဲ့သော စုဖုရားလတ်သည် မဟာဆီမဟာသွေးစစ်စစ် ဖြစ်သည်။ ခမည်းတော် မှာ မင်းတုန်းမင်း ဘုရင်မင်းမြတ် ဖြစ်ပြီး သက်ဦးဆံပိုင် ရေမြေ့သနင်း ဖြစ်၏ ။ မယ်တော် မှာ ဆင်ဖြူမရှင်မိဖုရား ဖြစ်ပြီး မင်းတုန်းမင်း၏ မိဖုရားများ နှင့် ကိုယ်လုပ်တော် ၆၃ ဦးအနက်တွင် တစ်ဦး ဖြစ်သည်။ ဆင်ဖြူမရှင်သည် မင်းတုန်းမင်းနှင့် မောင်နှမ၀မ်းကွဲလည်း တော် စပ်၏ ။ ထိုအချိန်ကာလများ က မြန်မာဘုရင်မင်းမြတ်တို့သည် ကုန်းဘောင်မျိုးရိုးအတွင်းသို့ သာမန်လူတန်းစားတို့၏ သွေးမနှောစေရန်အတွက် သွေးနီးသူချင်း ထိမ်းမြားလက်ထပ်လေ့ရှိရာ အဖေတူ အမေကွဲမောင်နှမများ ပင် လက်ထပ်ထိမ်းမြားလေ့ ရှိသည်။ ဆင်ဖြူမရှင်မိဖုရားသည် မင်းတုန်းဘုရင်၏ မိဖုရားခေါင်ကြီး မဟုတ်သော်လည်း နန်းရမိဖုရားလေးပါးတွင် တစ်ဦးအပါအ၀င် ဖြစ်သည်။ ဆင်ဖြူမရှင်သည် ဉာဏ်ရည်ထက်မြက်ကာ အမြော်အမြင် ကြီးမားသူ ဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်ရာ နန်းတွင်း၌ အရေး ပါအရာရောက်သူ ဖြစ်သည်။

မင်းတုန်းဘုရင်မင်းမြတ်သည် အမရပူရထီးနန်းကို သိမ်းပိုက်စံမြန်းစဉ် မန္တလေး ရွှေနန်းတော် ကြီးကို တည်ဆောက်ခဲ့သည်။ နန်းတော် ကြီး၏ အလယ်တွင် သစ်သားများ ဖြင့် တည်ဆောက်ပြီး ဘုံခုနှစ် ဆင့် ပါဝင်သော ပြသာဒ်ရှိသည်။ ယင်းပြသာဒ်မှာ စကြ၀ဠာ၏ ဗဟိုချက်မကို ပြသော နေရာဟု ဆိုကြသည်။ နန်းတော် မှာ ရွှေမြို့တော် ၏ အလယ်တည့်တည့်တွင် ရှိသည်။ ဘုရင့်မိသားစုဝင်အားလုံး နန်းတော် အတွင်း၌ စံကြသည်။ ၀န်ကြီးများ ၊ မင်းမှု ထမ်းများ မှာ နန်းမြို့တော် အတွင်း၌ နေထိုင်ကြသည်။ နန်းတော် ၏ ပတ်လည်တွင် မြို့ရိုးများ ဖြင့် ကာရံထားသည်။ နန်းမြို့ကို လေးထောင့်စပ်စပ် တည်ဆောက်ထားပြီး ကျယ်ဝန်းသော ကျုံးက ပတ်ထား၏ ။ ကျုံးအတွင်း၌ တစ်နှစ် ပတ်လုံး ပွင့်နေသည့် ပန်းရောင် နှင့် အနီရောစပ်သော ကြာပန်းများ က အနီရောင် မြို့ရိုးနှင့် ပနံရစေသည်။ သာမန်လူတန်းစားများ နေထိုင်သည့် မန္တလေးမြို့ဆိုသည်မှာ ကျုံးအပြင်ဘက်တွင် တည်ရှိ၏ ။ စုဖုရားလတ်၏ ကမ္ဘာသည် ရွှေနန်းတော် အတွင်း၌ သာ ရှိပြီး စုလစ်မွမ်းချွန်တို့နှင့် တင့်တယ်လှပသော နေရာ ဖြစ်ကာ ဂရုတစိုက် ပြုပြင်ထားသော ပန်းဥယျာဉ်များ လည်း ရှိသည်။ သူမ၏ ကြီးမားလှသော မိသားစုဝင်များ သည် ရွှေနန်းတော် ကြီး၏ ပြင်ပသို့ ထွက်ဖူးပုံမရပေ။

မှူးကြီးမတ်ရာ သေနာပတိတို့၏ မိသားစုများ မှ ပေါက်ဖွားလာသော မိန်းကလေးများ ၊ မင်းသမီးငယ်များ များ စွာ ရှိသော်လည်း စုဖုရားလတ်အတွက် တရင်းတနှီး ပေါင်းဖော်ရမည့် သူ နည်းပါးလှသည်။ သူမက သူမအပေါ် ထာဝရရိုသေကျိုးနွံမည့်  မိန်းကလေးကိုသာ ရွေးချယ်သည်။

ဆယ်ကျော်သက်အရွယ်သို့ ရောက်ရှိလာချိန်တွင် စုဖုရားလတ်က အမျိုးသားကလေးတစ်ဦးအသွင် ၀တ်စားဆင်ယင်ပြီး အမျိုးသားများ သာ ရှိသော မြောက်ဥယျာဉ်တော် သို့ သွားလေ့ရှိသည်။ မြောက်ဥယျာဉ်တော် မှာ အမျိုးသားများ အတွက် သီးသန့်သတ်မှတ်ထားသည့် နေရာ ဖြစ်ပြီး ဆန့်ကျင့်ဘက်လိင်များ မ၀င်ရောက်ရန် ကန့်သတ်ထားသော နယ်မြေ ဖြစ်သည်။ စုဖုရားလတ်က သူမ စိတ်ဝင်စားသော အစ်ကိုတော် ဖြစ်သည့် သာဂရမင်းသားကို သွားရောက်ရှာဖွေခြင်း ဖြစ်သည်။ သာဂရမင်းသားကို ရှာဖွေမတွေ့ ချိန်တွင် အဆင်သင့်တွေ့ သော သီပေါမင်းသားအား ရှာဖွေပေးရန် အကူအညီ တောင်းခံခဲ့သည်။ သီပေါမင်းသားသည် ယောက်ျားကလေးတစ်ဦးအသွင် ၀တ်စားထားသော စုဖုရားလတ်ကို မမှတ်မိသဖြင့် သာဂရမင်းသားအား ရှာဖွေပေးရန် တွန့်ဆုတ်နေမိသည်။ စိတ်မရှည်သည့် စုဖုရားလတ်က သီပေါမင်းသား၏ ခေါင်းကို ပုတ်ကာ မြောက်ဥယျာဉ်တော် မှ ပြန်လည်ထွက်ခွာခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ နေရာအနှံ့ ရှာဖွေပါသော်လည်း သာဂရမင်းသားကို ရှာ၍ မတွေ့ ခဲ့ချေ။ စိတ်ပျက်သွားသော စုဖုရားလတ်က အမျိုးသမီးဆောင်ဘက်သို့ ပြန်လာခဲ့သော်လည်း သူမ၏ ရင်တွင်း၌ သီပေါမင်းသား၏ ရုပ်သွင်က စွဲငြိ၍ ပါလာခဲ့သည်။ သမီးတော် ၏ မလျော်မကန်သော အပြုအမူကို မကြာမီပင် ဆင်ဖြူမရှင် မိဖုရားကြီး ကြားသိသွားခဲ့သည်။ ထိုစဉ်ကာလက မန္တလေးနန်းတွင်း၌ နေရာအနှံ့ အထောက်တော် များ ရှိနေခဲ့ပြီး မိဖုရားတို့၏ အခွင့်အရေး ပေးမှု ကို ရရှိနိုင်ရန် မျက်နှာလို မျက်နှာရ လျှောက်တင်လေ့ရှိကြသည်။ ဆင်ဖြူမရှင် မိဖုရားကြီးက သမီးတော် စုဖုရားလတ်ကို သင့်တော် သူတစ်ဦးဦးနှင့် အမြန်ဆုံး နေရာချထားပေးရန် စီစဉ်တော် မူတော့သည်။ သို့ရာတွင် သင့်တော် သူ ရုတ်တရက် ရှာဖွေနိုင်ရန် မ ဖြစ်နိုင်သော ကြောင့် အဆောင်တွင်း၌ သာ နေထိုင်ရန် ကြပ်မတ်ခံရသော စုဖုရားလတ်ကို လွတ်လပ်ခွင့်ပေးလိုက်ရသည်။

ထိုစဉ်အချိန်၌ သီပေါမင်းသားသည် ပညာရေး ဆုံးခန်းတိုင်လုပြီ ဖြစ်သည်။ ငယ်စဉ်က သူနှင့် အတူ နောင်တော် များ ၊ ညီတော် များ မှာ မန္တလေး၌ သာသနာပြု ဘုန်းတော် ကြီး ဒေါက်တာ ဂျွန်မာ့ခ် ဖွင့်လှစ်ထားသည့် သာသနာပြုကျောင်း၌ ပညာသင်ကြားခဲ့ကြသည်။ ထိုစဉ်က ကျောင်းတက်သည့်မင်းသား၊ မင်းသမီးများ တွင် စုဖုရားလတ်လည်း အပါအ၀င် ဖြစ်သည်။ (ကျောင်းတက်လာသည့် မင်းသားများ ၏ ပထမဆုံးနေ့မှာ မှတ်သားလောက်ပါသည်။ မင်းသားတစ်ပါးစီက လှပစွာ တန်ဆာပလာများ ဆင်ယင်ထားသည့် ဆင်များ ကို စီးကာ မိုးပေးရသည်။ မင်းသားများ ၏ အပါးတွင် ရတနာစီခြယ်ထားသည့် ကွမ်းအစ်တော် ကိုင်များ ၊ ထွေးခံတော် ကိုင်သူများ ကလည်း လိုက်ပါလာကြသည်။ မင်းသားများ ကျောင်းအတွင်း ၀င်လာချိန်တွင် ကျောင်း၌ ပညာသင်ယူနေသော အရပ်သူ အရပ်သားများ က ဖိနပ်များ ချွတ်ကာ ကြမ်းပေါ်၌ ၀ပ်ကြပြီး ရိုသေစွာ ရှိခိုးဦးချကြသည်။ ယင်းသို့ပြုရခြင်းမှာ တော် ၀င်မိသားစုဝင်တိုင်းကို တွေ့ မြင်ရချိန်တွင် သာမန်အရပ်သားများ က ပြုလုပ်ရသည့် ဓလေ့ပင် ဖြစ်သည်။ ဒေါက်တာမာ့ခ်က ကျောင်းသားတစ်ဦးချင်းဆွဲထူပြီး ခုံပေါ်ထိုင်စေသော်လည်း သူ မျက်ကွယ်ပြုလိုက်သည့်နှင့် တစ်ပြိုင်နက် ကျောင်းသာများ က ကြမ်းပေါ်သို့ ပြန်ရောက်သွားကြသည်ချည်းပင် ဖြစ်သည်။ ကြိမ်ဖန်များ စွာ ဒေါက်တာမာ့ခ်ကိုယ်တိုင် အပြစ်မရှိပါကြောင်း၊ အာမခံချက်ပေးသည့်အခါမှပင် အရပ်သူ အရပ်သားတို့မှာ စားပွဲများ တွင် ထိုင်ရဲကြသည်။)

သာသနာပြုကျောင်းတွင် သီပေါမင်းသားသည် အခြားဘာသာရပ်များ အပြင် အင်္ဂလိပ်စာနှင့် ခရစ်ကတ်ကစားနည်းကိုလည်း သင်ကြားတတ်မြောက်ခဲ့သည်။ စန္ဒရားတီးနည်းကိုလည်း တတ်မြောက်ခဲ့ပြီး နန်းတွင်း၌ မြန်မာ့ဂီတကို မင်းသား၊ မင်းသမီးအားလုံး သင်ကြားရသည်။ မြန်မာတို့၏ မင်းသား၊ မင်းသမီးများ သည် အသက် ၁၆ နှစ် အရွယ် ရောက်လာလျှင် ဓားခုတ်၊ လှံထိုး၊ မြင်းစီး အစရှိသည့် အဋ္ဌာရသ ၁၈ ရပ်ကို တတ်မြောက်အောင် သင်ကြားရ၏ ။ သာသနာပြုကျောင်း ဖွင့်လှစ်ခဲ့သော ဒေါက်တာမာ့ခ်က သီပေါမင်းသားနှင့် ပတ်သက်၍ သူ့မှတ်တမ်းတွင် ရေး ဖွဲ့ခဲ့ရာတွင် -

သီပေါမင်းသားသည် နှုတ်ဆိတ်ပြီး အခြားသူများ နှင့် ငြင်းခုံခြင်း အစရှိသည့် ဆန့်ကျင်ဘက်ကိစ္စများ ကို ပြုလုပ်လေ့မရှိသော ယဉ်ကျေးသိမ်မွေ့သည့် မင်းသားတစ်ပါး ဖြစ်သည်။ သူသည် ရိုကျိုးပြီး အမိန့်နာခံတတ်သော်လည်း ပြဿနာအနည်းငယ် ရှိသည်။ မင်းသားသည် မည် သည့်အခါမျှ ဦးစားပေးမှု ခံယူရရန် မျှော်လင့်ထားခြင်း မရှိပေ။ ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊ ယုံလွယ်တတ်သူလည်း ဖြစ်၏ ။ ကံအကြောင်းမလှစွာ ဖြင့် မင်းသားသည် ကျွန်ုပ်တို့နှင့် အတူ သူ၏ ကောင်းမြတ်သော အကျင့်စရိုက်များ ကို ပိုမိုခိုင်မာလာစေရန် ပြုစုပျိုးထောင်ခွင့် မရရှိခဲ့ပေ။

ဟု ဖော်ပြခဲ့သည်။

သာသနာပြုကျောင်းတွင် နှစ် အနည်းငယ် ပညာသင်ယူပြီးနောက် သီပေါမင်းသားသည် သင်္ကန်းဆီးသွားခဲ့သည်။ သင်္ကန်းဆီးခြင်းမှာ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသားတိုင်း လုပ်ဆောင်ရသည့် ကိစ္စ ဖြစ်သည်။ အနည်းဆုံး ရက်ပိုင်းမျှ သင်္ကန်းဆီးကြရသည်။ သင်္ကန်းဆီးပြီးနောက် လူထွက်ချိန်တွင် သာမန်အရပ်သားများ ကဲ့သို့ နေထိုင်ခွင့်ရသည်။ သီပေါမင်းသားသည် ရွှေကျောင်းတော် ကြီး ဘုန်းတော် ကြီးကျောင်းတွင် သုံးနှစ် သုံးမိုး ပိဋကတ်သုံးပုံပညာ သင်ယူခဲ့သည်။ ပိဋကတ်သုံးပုံ စာပြန်ပွဲများ တွင် သီပေါမင်းသားသည် ထူးချွန်ပြောင်မြောက်သဖြင့် ခမည်းတော် ဖြစ်သူ မင်းတုန်းဘုရင်မင်းမြတ်က အားရတော် မူသည်။ သီပေါမင်းသားသည် သားတော် တစ်ဦးပင် ဖြစ်သော်လည်း ခပ်စောစောပိုင်းက မင်းတုန်းမင်းကြီးက အထင်မကြီးခဲ့ပေ။ (သီပေါမင်းသားသည် ရှက်တတ်သော မင်းသားငယ်တစ်ဦး ဖြစ်ပြီး ဘုရင်မင်းမြတ်၏ မျက်နှာသာ အပေးမခံရသော လောင်းရှည်မိဖုရားမှ ထွန်းကားခဲ့သည်။ လောင်းရှည်မိဖုရားကို ဘုန်းကြီးတစ်ပါးနှင့် ရင်းနှီးလွန်းသဖြင့် မိဖုရားအရာမှ ချကာ သီလရှင် ၀တ်စေခဲ့သည်။) ပိဋကတ်သုံးပုံ ထူးချွန်သော သီပေါမင်းသားသည် အရေး ပါအရာရောက်သည့် မင်းသားတစ်ပါး ဖြစ်လာခဲ့သည်။ မင်းတုန်းမင်းကြီးက သီပေါမင်းသားသည် နောက်ပွင့်မည့် ဘုရားအလောင်း ဟုပင် အထင်ရောက်ခဲ့သည်ဟု ဆိုသည်။ စာပြန်ပွဲတွင် အောင်ပွဲခံနိုင်ခဲ့သော သီပေါမင်းသားကို ခမည်းတော် က ခမ်းနားစွာ ဂုဏ်ပြုပြီး ရွှေထီးလေးလက် ဆောင်းခွင့်ပြုခဲ့၏ ။ မြန်မာတို့၏ ဓလေ့ထုံးစံတွင် တိုင်းပြည်ကိုအုပ်ချုပ်သော ဘုရင်မင်းမြတ်များ သာလျှင် ထီးဖြူရှစ်လက် ဆောင်းခွင့်ရှိသည်။

စာပြန်ပွဲမကျင်းပမီ စုဖုရားလတ်နှင့် တွေ့ ဆုံပြီး မကြာမီမှာ ပင် သီပေါမင်းသားက စုဖုရားလတ်အား ချစ်သ၀ဏ်လွှာတစ်စောင် ရေး သားကာ စုဖုရားလတ် ယုံကြည်စိတ်ချသော အပျိုတော် တစ်ပါးမှတစ်ဆင့် ပေးပို့ခဲ့သည်။

နှမတော် က မောင်တော် ရဲ့ မြောက်သားတော် ဖြစ်သင့်ပါတယ်၊ မောင်တော် တို့ နှစ် ယောက် ထာဝစဉ်လက်တွဲ ကြပြီး အနိစ္စတရားက ခွဲသည်အထိ ပေါင်းဖက်ကြပါမည် ။ မောင်တော် က ယခု ပထမကြီး အောင်မြင်စေရန်အတွက် လေ့လာသင်ယူနေပါသည်။ ဗဟိုစည်စင်မြင့်မှ မောင်းသံကြားတိုင်း မောင်တော့်မှာ အထီးကျန်မှု ခံစားနေရပါပြီ။ မောင်တော့် မျက်ဝန်းထဲတွင် စုစု၏ မျက်နှာကိုသာ တ၀ဲလည်လည် မြင်ယောင်နေမိပါသည်။ စုစု၏ မျက်နှာကို မြင်ယောင်နေမိသဖြင့် မောင်တော် စာအံရာတွင် စိတ်မဖြောင့်နိုင်ပါ။

ဟု ဖော်ပြခဲ့သည်။

သီပေါမင်းသား၏ ချစ်သ၀ဏ်လွှာကို ဖတ်ရှုရသော အခါ စုဖုရားလတ်၏ ရင်ထဲ၌ ပီတိ ဖြစ်မိသော်လည်း သ၀ဏ်လွှာယူဆောင်လာသော အပျိုတော် အား အလိုမကျဟန်ဖြင့် ပြစ်တင်မောင်းမဲခဲ့၏ ။ ထို့ကြောင့် သီပေါမင်းသားထံ ချစ်သ၀ဏ်လွှာကို ပြန်လည်ပေးပို့စေဟု အပျိုတော် အား အမိန့်ပေးခဲ့သည်။ သို့ရာတွင် ထိုအပျိုတော် အား ပေးလိုက်သည့် သ၀ဏ်လွှာမှာ သီပေါမင်းသား ရေး သားပေးပို့ခဲ့သည့် သ၀ဏ်လွှာမဟုတ်ဘဲ မင်းသားအား ပြန်ကြားသည့် သ၀ဏ်လွှာ ဖြစ်သည်။

နှမတော် ကလည်း မောင်တော် ၏ ကြင်နာမြတ်နိုးမှု ကို စောင့်မျှော်နေမိပါသည်။ နှမတော် ဆံထုံးထုံးနိုင်သည့် အပျိုဖော်ဝင် အရွယ်ကတည်းက မောင်တော် ၏ မေတ္တာကို ငံ့လင့်နေခဲ့မိပါသည်။ တစ်နေ့တွင် မောင်တော် သည် ခမည်းတော် ၏ အရိုက်အရာကို ဆက်ခံနိုင်ခွင့် ရှိလာပါလိမ့်မည် ။ ထိုကာလတွင် နှမတော် အပေါ် သစ္စာစောင့်သိစေလိုပါသည်။ နှမတော် ဘက်က နှလုံးသားတွင် မောင်တော် အား ထည့်သွင်းမြှုပ်နှံထားပါမည် ။ ယသော်ဓရာ မိဖုရားက သိဒ္ဓတ္ထမင်းသားအား ရိုကျိုးမြတ်နိုးသကဲ့သို့ နှမတော် ကလည်း မောင်တော် အား ရိုသေလေးစားပါမည် ။

ဟု ရေး သားထားခြင်း ဖြစ်သည်။

အကျိုးအကြောင်းမသိသော အပျိုတော် က သူ့သခင်မ၏ သ၀ဏ်လွှာကို ပိုးပ၀ါဖြင့် ရစ်ပတ်ကာ သီပေါမင်းသားထံ ပြန်လည်ပေးပို့ခဲ့သည်။ ကုန်းဘေင်မင်းဆက်တို့၏ အကြောင်းများ ကို ရေး သားလေ့ရှိသည့် စာရေး ဆရာ ဦးသန်းဆွေက ကျွန်မအား ဖြစ်ရပ်မှန်ကို အောက်ပါအတိုင်း ပြောပြခဲ့ပါသည်။

"ဒါ နှမတော် လေးရဲ့ ပြန်စာလား"

ဟု သီပေါမင်းက မေးသည်။

"မဟုတ်ကြောင်းပါ ဘုရား၊ စုစုက ကျွန်တော် မျိုးမအပေါ်မှာ အမျက်မာန်ရှပြီး အရှင်မင်းသားရဲ့ သ၀ဏ်လွှာကို ပြန်ပေးခိုင်းကြောင်းပါ ဘုရား"

ဟု ဖြေ၏ ။

သီပေါမင်းသားသည် သိသာထင်ရှားစွာ မျက်နှာပျက်သွားပြီး "စုစုက ကိုယ်တော့် သ၀ဏ်လွှာကို ဖတ်တော် မမူဘူးလား" ဟု မေးရင်း သ၀ဏ်လွှာအား ပတ်ထားသည့် ပိုးပ၀ါဖြေကာ ကြည့်လိုက်ရာ သီပေါမင်းသား၏ မျက်နှာပေါ်တွင် ပြုံးရိပ်သန်းလာသည်။ သီပေါမင်းသား၏ အပြုံးကို မြင်လိုက်ရသဖြင့် သ၀ဏ်လွှာ ယူဆောင်လာသော အပျိုတော် ကြီးသည် အ ဖြစ်မှန်ကို ရိပ်မိသွားခဲ့သည်။ သီပေါမင်းသားက အလျင်အမြန် ပြန်စာရေး ကာ အပျိုတော် ကြီးအား ပေးလိုက်ပြန်သည်။

"အဘွားကြီး၊ သီပေါမင်းသားဆီ သွားပြီးပြီလား"

ဟု စုဖုရားလတ်က မေးသည်။

"မှန်ပါ့၊ သခင်မလေး မျက်မာန်ရှပြီး ကျွန်တော် မျိုးမကို သ၀ဏ်လွှာ ပြန်လည်ပေးပို့ခိုင်းကြောင့် လျှောက်ထားလိုက်တဲ့အခါ မင်းသားရဲ့ မျက်နှာ ပျက်သွားပြီး သူ့သ၀ဏ်လွှာကို မီးပုံထဲ ပစ်ထည့်လိုက်ကြောင်းပါ ဘုရား"

ဟု အပျိုတော် ကြီးက ပြန်လည်လျှောက်ထားသည်။

"ဘာ… မင်းသားက ဖတ်တောင် မကြည့်ဘူးလား"

ဟု တုန်လှုပ်သွားသော စုဖုရားလတ်က မေးလိုက်သည်။

"မဖတ်ကြောင်းပါ"

ဟု အပျိုတော် ကြီးက ပြန်လည်လျှောက်ထားလိုက်ချိန်တွင် စုဖုရားလတ်၏ မျက်နှာတော် မှာ ညှိုးငယ်သွားသည်။ ထိုအချိန်တွင် အပျိုတော် ကြီးက "စုစုရယ်… စုဖုရားက ကျွန်တော် မျိုးမအတွက် သမီးကလေး တစ်ယောက် လိုပါပဲ၊ နောင်ကို မညာပါနဲ့တော့၊ ဟော ဒီမှာ သီပေါကိုယ်တော် လေးရဲ့ ပြန်ကြားလိုက်တဲ့ သ၀ဏ်လွှာပါ" ဟု ပြောကြားကာ ဆက်သလိုက်သည်။

စုဖုရားလတ်သည် အပျိုတော် ကြီးအား ချက်ချင်း လက်ငင်းပင် စိန်ဆံထိုးတစ်ခု ဆုချလိုက်သည်။ ယင်းစိန်ဆံထိုးမှာ မယ်တော် ဖြစ်သူ ဆင်ဖြူမရှင်က စုဖုရားလတ်အား ပေးသနားထားခဲ့ခြင်း ဖြစ်၏ ။ အပျိုတော် ကြီးလည်း ၀မ်းမြောက်ဝမ်းသာဖြင့် သူ့ဆံထုံးထက်တွင် စိန်ဆံထိုးကို ထိုးလိုက်သည်။

ထိုသို့ဖြင့် ချစ်သူနှစ် ဦးကြားတွင် သ၀ဏ်လွှာများ အဆင်ချောမွေ့စွာ အပြန်အလှန် ရှိနေခဲ့သည်။ သီပေါမင်းသား၏ သ၀ဏ်လွှာများ မှာ အထူးပြုလုပ်ထားသော ပန်းနုရောင် စာရွက်များ ပေါ်တွင် ရွှေမင်ဖြင့် ရေး သားပြီး စုဖုရားလတ်ထံ ဆက်သလေ့ ရှိသည်။ စုဖုရားလတ်သည် သီပေါမင်းသား၏ သ၀ဏ်လွှာများ ကို ဖတ်ရှုရတိုင်း ကျေနပ်ဝမ်းသာလျက် ရှိပြီး အချို့သ၀ဏ်လွှာများ ကို စုဖုရားလတ်က သူငယ်ချင်းသဖွယ် ပေါင်းသင်းသည့် ဂရိအမျိုးသမီးကလေး မာတီကာလိုဂရီဒီကို ပြလေ့ရှိပါသည်။ (မာတီမှာ ဂရိနှင့် မြန်မာ မောင်နှံတို့မှ ပေါက်ဖွားလာသူကလေး ဖြစ်ပြီး နောင်တွင် ဥရောပအပျိုတော် များ ထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။) ရွှေနန်းတော် အတွင်း၌ သူလျှိုတာဝန် ထမ်းဆောင်နေသူများ အများ အပြား ရှိသဖြင့် သီပေါမင်းသားနဲ့ စုဖုရားလတ်တို့၏ သ၀ဏ်လွှာများ အကြောင်းကို ဆင်ဖြူမရှင် မိဖုရားကြီး သိရှိသွားခဲ့သည်။ သို့ရာတွင် ဆင်ဖြူမရှင်သည် မျက်မာန်တော် မရှဘဲ ခပ်မဆိတ်သာ နေခဲ့သည်။ ဆင်ဖြူမရှင်သည် ရည်မှန်းချက်ကြီးမားသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး သီပေါမင်းသားကိုလည်း မျက်စိတွေ့ သူတစ်ဦး ဖြစ်သဖြင့် ခပ်မဆိတ်နေခြင်း ဖြစ်သည်။ မိဖုရားကြီးတွင် သမီးတော် သုံးပါးသာ ထွန်းကားခဲ့ရာ သားတော် တစ်ဦးမျှ မပါဝင်ခဲ့သဖြင့် ဘုရင့်မယ်တော် ဖြစ်နိုင်ခွင့် ရှိနိုင်မည် မဟုတ်။ သို့ရာတွင် ဘုရင့်ယောက္ခမ ဖြစ်နိုင်ရန် အခွင့်အလမ်းရှိသည်ကို နားလည်ထားသူ ဖြစ်သည်။

မြန်မာနန်းဆက်များ တွင် ဘုရင်အရိုက်အရာကို ဆက်ခံခြင်းနှင့် ပတ်သက်၍ တိတိကျကျ သတ်မှတ်ထားသော စည်းမျဉ်း မရှိချေ။ ဘုရင် ဖြစ်သူက ရွေးချယ်သူသာလျှင် အရိုက်အရာ ဆက်ခံမည့် ဘုရင် ဖြစ်လာနိုင်သည်။ အကြီးဆုံးသားတော် များ ကို ဘုရင်အ ဖြစ် ဆက်ခံခွင့်ပေးခဲ့သည်မှာ အစဉ်အလာအားဖြင့် ရှိခဲ့သော်လည်း ဘုရင်၏ သဘောတစ်ခုသာ ဖြစ်သည်။ အကယ်၍ အကြီးဆုံးသားသည် ကံတော် ကုန် သွားပါက မည် သူဆက်ခံရမည် ကို ပြဋ္ဌာန်းခြင်း မရှိပေ။ မင်းတုန်းမင်းကြီးက သူ၏ အရိုက်အရာကို ဆက်ခံရန်အတွက် အိမ်ရှေ့မင်းသားအ ဖြစ် ညီတော် ဖြစ်သူ ကနောင်မင်းသားကို ရွေးချယ်ခဲ့သည်။ ထိုကဲ့သို့ ရွေးချယ်ခြင်းကို မင်းတုန်းမင်း၏ သားတော် များ အနက် မင်းသားနှစ် ပါးက မကျေနပ်သဖြင့် ၁၈၆၆ ခုနှစ် တွင် ပုန်ကန်ခြားနားခဲ့ကြပြီး ကနောင်မင်းသားအား လုပ်ကြံခဲ့ကြသည်။ မင်းတုန်းမင်းကြီး၏ သားတော် အကြီးဆုံး ဖြစ်သူ မလွန်မင်းသားမှာ လည်း ယင်းအရေး အခင်းတွင် လုပ်ကြံခြင်း ခံခဲ့ရသည်။ ဘုရင်မင်းမြတ်တွင် သားတော် ၄၈ ပါး ထွန်းကားခဲ့သော်လည်း အချို့သားတော် များ မှာ ငယ်စဉ်ကတည်းက ကံတော် ကုန်ခဲ့ကြပြီး သားတော် နှစ် ပါးကလည်း ပုန်ကန်ခြားနားသွားကြသဖြင့် လက်ရှိတွင် သားတော် ၂၂ ပါးသာ ရွေးချယ်ရန် ကျန်တော့သည်။ ကျန်ရှိနေသည့် မင်းသားများ အနက် အကြီးဆုံး ဖြစ်သည့် သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသားတို့မှာ အလားအလာ ကောင်းသည်ဟု ယူဆရသည်။ သုံးဆယ်မင်းသားမှ လက်ရှိတွင် အကြီးဆုံးသားတော် ဖြစ်ပြီး မက္ခရာမင်းသားက ရဲစွမ်းသတ္တိရှိကာ တိုက်ရည်ခိုက်ရည် ကောင်းသူ ဖြစ်သည်။ ညောင်ရမ်းမင်းသားမှာ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်သဖြင့် ခမည်းတော် ဘုရင်ကြီး၏ အချစ်ဆုံးသားတော် တစ်ပါး ဖြစ်သည်။ ညောင်ရမ်းမင်းသားကို ပြည်သူအများ က ထောက်ခံအားပေးကြသည်။

မင်းတုန်းမင်းကြီးသည် သားတော် များ ထဲတွင် ၄၁ ယောက် မြောက် သားတော် ဖြစ်သော သီပေါမင်းသားကို ဘာသာရေး နှင့် ပတ်သက်၍ အားရကျေနပ်တော် မူသော်လည်း ထီးမွေးနန်းတွေ အတွက်မူ ထည့်သွင်းစဉ်းစားခြင်း မရှိဟု ဆိုကြသည်။ အကယ်၍ သီပေါမင်းသားကိုသာ ထီးမွေးနန်းမွေ ပေးခဲ့ပါက တိုင်းပြည်၏ လွတ်လပ်ရေး ဆုံးရှုံးလိမ့်မည် ဟုလည်း တွက်ဆခဲ့ပုံ ရပါသည်။ သို့ရာတွင် ၁၈၇၈ ခုနှစ် စက်တင်ဘာလ၌ မင်းတုန်းမင်းကြီးသည် ၀မ်း ရောဂါ ဖြင့် နာမကျန်း ဖြစ်ကာ သလွန်ထက်တွင် လဲလျောင်းနေရသော အ ဖြစ်သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် ဆင်ဖြူမရှင်က ကျွမ်းကျင်ပါးနပ်စွာ ဖြင့် မှူးကြီးမတ်ရာများ ဖြစ်သော ကင်းဝန်မင်းကြီး အပါအ၀င် ၀န်ကြီးများ ကို သီပေါမင်းသားအား အိမ်ရှေ့အရာ အပ်နှင်းရန်အတွက် နားသွင်းနိုင်ခဲ့သည်။ (အချို့က ဆင်ဖြူမရှင်သည် ရွှေစင်ပိဿာ ၅၀ အသုံပြုကာ ၀န်ကြီးများ အား သိမ်းသွင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။) ၀န်ကြီးများ ကလည်း သီပေါမင်းသားမှာ သူတို့ ကြိုးဆွဲရာ က,မည့် မင်းသားအ ဖြစ် ဆင်ဖြူမရှင် မြင်သကဲ့သို့ မြင်ခဲ့ကြသည်။

ဆင်ဖြူမရှင်က မင်းတုန်းမင်းကြီးသည် ကနောင်မင်းသားအား အိမ်ရှေ့အရာ အပ်နှင်းရန် ရွေးချယ်ခဲ့သည်ကို မင်းသားများ အား အသိပေးခဲ့ခြင်းကြောင့် ပုန်ကန်ခြားနားမှု ပေါ်ပေါက်ခဲ့သည်ကို နားလည်သဘောပေါက်ခဲ့သည်။ ထို့ကြောင့် နောက်တစ်ကြိမ် ထိုကဲ့သို့ မပေါ်ပေါက်စေရန် ပိပိရိရိ စီစဉ်တော့သည်။ ဘုရင်မင်းမြတ်၏ အမိန့်တော် မပါဘဲ သားတော် များ အားလုံး သလွန်အနီးတွင် စုစည်းစေဟု အမိန့်ထုတ်ခဲ့သည်။ မင်းသားအားလုံး မမျှော်လင့်သည့် အမိန့်တော် ကြောင့် အံ့အားသင့်ကာ ခမည်းတော် အပါးသို့ အခစား ရောက်လာခဲ့ကြသည်။ ရောက်ရှိလာသည့် မင်းသားများ ထဲတွင် ညောင်ရမ်းမင်းသားနှင့် ညောင်အုပ်မင်းသားတို့ မပါဝင်ခဲ့ကြချေ။ မင်းသားနှစ် ပါးက သားတော် အားလုံးကို အပါးတော် ၌ ခစားစေရန် အမိန့်တော် ထုတ်ခြင်းကို သံသယရှိခဲ့ကြသည်။ အခြားမင်းသားများ ဘုရင်မင်းမြတ်၏ စက်ရာအဆောင် အ၀အရောက်တွင် အားလုံးကို ဖမ်းဆီးကာ ထောင်တွင်းသို့ သွင်းစေခဲ့သည်။

အင်အားကုန်ခမ်း ယုတ်လျော့နေသော်လည်း မင်းတုန်းမင်းကြီးသည် သားတော် တစ်ပါးမျှ အပါးသို့ ခစားခြင်းမပြုသည်နှင့် ပတ်သက်၍ သတိထားမိသော ကြောင့် သားတော် များ အား တဖွဖွ မေးတော့သည်။ အထူးသဖြင့် ညောင်ရမ်းမင်းသားမှာ နာမကျန်း ဖြစ်နေသော ခမည်းတော် အပါးတွင် နေ့စဉ် ဗုဒ္ဓ၀င်စာပေများ ကို ဖတ်ရှုပြလေ့ ရှိသဖြင့် သတိထားမိခြင်း ဖြစ်သည်။ နန်းတွင်း၌ လည်း သားတော် များ အား ဖမ်းဆီးချုပ်နှောင်ခြင်းသတင်း ပျံ့လွင့်လာသဖြင့် မိဖုရားငယ်များ နှင့် ကိုယ်လုပ်တော် များ မှာ ကြောက်ရွံ့ထိတ်လန့်ကုန်ကြသည်။ အ ဖြစ်အပျက်မှန်များ ကို ဘုရင်မင်းမြတ်အား လျှောက်ထားခြင်း မပြုရန် ခြိမ်းခြောက်ထားခြင်းလည်း ခံနေရသည်။ ဘုရင်မင်းမြတ်က သားတော် အားလုံးကို သူ့အပါး ခစားစေဖို့ ကိုယ်တော် တိုင် အမိန့်ထုတ်လိုက်သည်။ မင်းသားများ အားလုံး ထောင်တွင်းမှ ထုတ်ကာ ခမည်းတော် အပါးသို့ ရောက်ရှိလာခဲ့ကြသော်လည်း မန္တလေးရှိ ဗြိတိသျှသံရုံးသို့ ၀င်ရောက်ခိုလှုံသွားသော ညောင်ရမ်းနှင့် ညောင်အုပ်မင်းသားတို့မှာ မပါဝင်ခဲ့ကြချေ။ မင်းသားများ ရောက်ရှိလာချိန်တွင် မင်းတုန်းမင်းကြီးက ခမည်းတော် အနေဖြင့် နိုင်ငံ့ထီးနန်းကို သုံးပိုင်းပိုင်းကာ အုပ်ချုပ်စေချင်သည်ဟု မိန့်တော် မူသည်။ သုံးပိုင်းပိုင်းထားသော နိုင်ငံထီးနန်းကို သားတော် များ ဖြစ်သည့် သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသားတို့က အုပ်ချုပ်ကြရမည် ဟုလည်း မိန့်တော် မူသည်။ ကျန်မင်းသားများ က မိမိတို့ လိုလားနှစ်သက် သည့် နောင်တော် များ အုပ်ချုပ်ရာဒေသတွင် သွားရောက်နေထိုင်ကာ နောင်တော် များ အား ကူညီကြရန် ဖြစ်သည်။ ဘုရင်မင်းမြတ်က သားတော် များ အား နှုတ်ဆက်စကားဆိုသည့်အပြင် မိမိပိုင်ဆိုင်တော် မူသော မီးသင်္ဘောအား သုံးလိုရာသုံးနိုင်ကြောင်းကိုလည်း ခွင့်ပြုခဲ့သည်။ သားတော် များ စွာ မွေးဖွားခဲ့သည့် မင်းတုန်းမင်းကြီးသည် နိုင်ငံရေး ပရိယာယ်များ ကို နားလည်သူ ဖြစ်သည့်အလျောက် မကြာမီကာလအတွင်း မန္တလေး ရွှေနန်းတော် ကြီး၌ သွေးထွက်သံယိုကိစ္စများ ပေါ်ပေါက်တော့မည် ကို ရိပ်စားမိခဲ့ပုံရပါသည်။

သားတော် များ အား ကိုယ်တိုင်ကိုယ်ကျ အမိန့်တော် ပေးခဲ့သော်လည်း နာမကျန် ဖြစ်နေသည့် မင်းတုန်းမင်း၏ အမိန့်တော် များ မှာ လျစ်လျူရှုခြင်း ခံခဲ့ရသည်။ နန်းတွင်း၌ ပေါက်ရောက်သော ကင်းဝန်မင်းကြီးက ထီးနန်းအား သုံးပိုင်းပိုင်းခြင်းကို လက်မခံကြောင်း ကန့်ကွက်ခဲ့သည်။ ယင်းသို့ ပိုင်းခြားလိုက်ပါက ပြည်သူအများ မငြိမ်မသက် ဖြစ်ကုန်မည် ဟု အကြောင်းပြသည်။ ကုန်သွယ်မှု ပိုင်းတွင် ပြဿနာပေါ်ပေါက်နိုင်ပြီး အဓိကကုန်သွယ်နေသည့် ဗြိတိသျှတို့ကလည်း ယခုပင်လျှင် တစ်မျိုးပြီးတစ်မျိုး ရမယ်ရှာနေကြရာ ထီးနန်းကို သုံးပိုင်းပိုင်းလိုက်ပါက ပိုပြီး ပြဿနာတက်လာမည် ဟု ဆိုသည်။ ကင်းဝန်မင်းကြီးနှင့် ဆင်ဖြူမရှင် မိဖုရားကြီးတို့ တိုင်ပင်ကြပြီးနောက် မင်းသားများ မန္တလေးနန်းတွင်းမှ စွန့်ခွာခြင်း မပြုနိုင်မီပင် ပြန်လည်ဖမ်းဆီးလိုက်ကြပြီး ထောင်သွင်းအကျဉ်းချလိုက်ကြသည်။ ဖမ်းဆီးခြင်းခံရသော မင်းသားများ ၏ ဆွေတော် မျိုးတော် များ မှာ လည်း နားမကျန် ဖြစ်နေသော ဘုရင်ကြီး၏ အပါးသို့ မည် သူမျှ ၀င်ရောက်ဖူးမြော်ခြင်း မပြုနိုင်ရန် တားမြစ်ထားသည်။

ဤအခြေအနေအားလုံး အဘက်ဘက်မှ စီစဉ်ဖန်တီးပြီးချိန်တွင် ဆင်ဖြူမရှင် မိဖုရားကြီးက သီပေါမင်းသားအား အိမ်ရှေ့မင်းသားအ ဖြစ် ခန့်ထားရန် နာမကျန် ဖြစ်နေသော မင်းတုန်းမင်းအား နားသွင်းတော့သည်။ သီပေါမင်းသားအား အိမ်ရှေ့မင်းသားအ ဖြစ် ခန့်ထားရန် ဆင်ဖြူမရှင် မိဖုရားကြီးက မင်းတုန်းမင်းကြီး၏ သဘောတူညီချက်ကို မည် သို့မည် ပုံ ရယူခဲ့သည်ဆိုသည်မှာ မည် သူမျှ တိတိကျကျ မသိနိုင်ခဲ့ချေ။ ပြောကြားချက်တစ်ခုတွင် ဆင်ဖြူမရှင်က မင်းတုန်းမင်းကြီးထံ ခစားချိန်တွင် ပုရပိုက်တစ်ခု ယူဆောင်သွားပြီး ယင်းပုရပိုက်ပေါ်တွင် သုံးဆယ်၊ မက္ခရာ၊ ညောင်ရမ်း၊ သီပေါဟူသော မင်းသားလေးပါး၏ အမည် များ ရေး ထားခဲ့သည်ဟု ဆိုသည်။ သီပေါမင်းသား အမည် နံဘေးတွင် ၀န်ကြီးများ ၏ ဆန္ဒဟု ဆိုကာ သင်္ကေတနှစ် ခု ရေး ထားသည်ဟုလည်း ဆိုပါသည်။ ဆင်ဖြူမရှင်က ဘုရင်မင်းမြတ်အနေဖြင့် သုံးဆယ်၊ မက္ခရာ၊ ညောင်ရမ်းမင်းသားတို့ကို နယ်မြေများ ပေးသနားပြီး ဖြစ်ခြင်းကြောင့် မင်းသားတို့မှာ မိမိတို့အပိုင်စားရမည့်  နယ်မြေများ သို့ ထွက်သွားကြပြီ ဖြစ်ကြောင်း၊ သို့ ဖြစ်ရာ မင်းသားများ မရှိသည့် အခိုက်တွင် သီပေါမင်းသားအား အိမ်ရှေ့မင်းသားအ ဖြစ် အပ်နှင်းရန် အသင့်လျော်ဆုံး ဖြစ်ပါကြောင်း လျှောက်ထားခဲ့သည်ဟု ဆိုသည်။ ဘုရင်မင်းမြတ်၏ တုံ့ပြန်စကားကို စောင့်ဆိုင်းခြင်းမပြုတော့ဘဲ ဆင်ဖြူမရှင်က ဘုရင်မင်းမြတ်၏ လက်အတွင်းသို့ ကညစ်ကို ထိုးထည့်ကာ သူ့လက်ဖြင့် အပေါ်မှ ဆုပ်ကိုင်ပြီး သီပေါမင်းသား၏ အမည် နံဘေးတွင် ထင်ရှားသည် အမှတ်အသားကို ပြုစေခဲ့သည်ဟု ဆိုသည်။ ထိုနည်းဖြင့် ၁၈၇၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် သီပေါမင်းသားသည် အိမ်ရှေ့မင်းသား ဖြစ်လာတော့သည်။ နောက်ရက်အနည်းငယ်အကြာတွင် မင်းတုန်းမင်း၏ ကျန်းမာရေး အခြေအနေမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း အိမ်ရှေ့အရာ တင်မြှောက်ပြီး ဖြစ်သည့် သီပေါမင်းသား၏ အရေး ကိစ္စကို တစ်စုံတစ်ရာ မိန့်တော် မူခြင်း မပြုတော့ချေ။

၁၈၇၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မင်းတုန်းဘုရင်မင်းမြတ် နတ်ပြည်စံတော် မူသည်။ ဘုရင်မင်းမြတ်၏ ရုပ်အလောင်းတော် ကို မှန်နန်းဆောင်အတွင်းရှိ ပျားရုပ်ခံပလ္လင်ရှေ့တွင် ထားရှိကာ ဂါရ၀ပြုစေသည်။ မင်းတုန်းမင်း၏ ရုပ်ကလာပ်နံဘေးတွင် များ စွာ သော မိဖုရားများ ၊ မင်းသမီးများ တို့ ဒေါင်းတောင်တော် ဆက်၍ ဒူးထောက်ကာ ငိုကြွေးခဲ့ကြသည်။ အခြားတစ်ဖက်တွင် ဒေါင်းမြီးယပ်များ ဖြင့် နန်းတွင်းဓလေ့အတိုင်း ယပ်တော် ဆက်နေကြသည်။ မင်းတုန်းမင်း၏ ရုပ်အလောင်းကို ပိတ်ဖြူဖြင့် ထုပ်ပိုးထားပြီး မျက်နှာတော် ၊ လက်တော် နှင့် ခြေတော် တို့ကို ရွှေချထားသည်။ အလောင်းတော် ၏ အပေါ်တွင် ရွှေစင်ရွှေသားဖြင့် ပြုလုပ်ထားသော လိပ်ပြာတစ်ကောင်ကို ချိတ်ဆွဲထားသည်။ ဓလေ့ထုံးစံအရ ဘုရင်၏ ၀ိညာဉ် (လိပ်ပြာ)သည် ယင်းရွှေလိပ်ပြာတွင် ကိန်းဝပ်နေသည်ဟု ယူဆကြသည်။ တိုင်းသူပြည်သားများ လည်း နတ်ပြည်စံတ်ာမူသော မင်းတုန်းဘုရင်မင်းမြတ်အား လာရောက်ဂါရ၀ ပြုလိုက ပြုခွင့်ပြုထား၍ တိုင်းသူပြည်သားများ လာရောက် ရှိခိုးဦးချကြသည်။ မင်းတုန်းဘုရင်မင်းမြတ်သည် ဉာဏ်ပညာကြီးမားပြီး တိုင်းသူပြည်သားများ အပေါ်တွင် ကောင်းကျိုးများ စွာ ဆောင်ရွက်ပေးခဲ့သော မင်းမြတ် ဖြစ်သဖြင့် ပြည်သူများ ၀မ်းနည်းကြေကွဲကြသည်မှာ အမှန်ပင် ဖြစ်သည်။ ၀မ်းနည်းကြေကွဲကြသည်နှင့် အမျှ တိုင်းပြည်တွင် ကုန်းဘောင်မင်းဆက်တို့ အာဏာလုကြစဉ်က သွေးချောင်းစီးခဲ့ကြသည်ကို အမှတ်ရသဖြင့် မန္တလေးရွှေမြို့တော် ၌ ဖန်လာမည့်  အရေး ကို တွေးကာ စိတ်မအေးနိုင်အောင် ဖြစ်ခဲ့ကြသည်။

မင်းတုန်းမင်းကြီး၏ ဈာပနအခမ်းအနားကို ၁၈၇၈ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည်။ ဗြိတိသျှသာသနာပြုပုဂ္ဂိုလ် ဒေါက်တာမာ့ခ်နေရာတွင် အစားထိုးခန့်ထားသည့် ဘုန်းတော် ကြီးကိုးလ်ဘက်က ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ပြီး အသေးစိတ် မှတ်တမ်းတင်ခဲ့သည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

သမီးတော် မင်းသမီးအပါး ၅၀ ခန့်တို့က မင်းတုန်းမင်း၏ ရုပ်ကလာပ်တင်ဆောင်ထားသော လှည်းကို ပိတ်ဖြူကြိုးများ ဖြင့် ဆွဲယူလာကြသည်။ မင်းတုန်းမင်း၏ ရုပ်ကလာပ်ကို နေမထိုးစေရန်အတွက် ထီးဖြူရှစ်လက်ဖြင့် ကာမိုးထားပြီး မိဖုရားများ က ရုပ်ကလာပ်ဘေးတွင် လိုက်ပါလာခဲ့ကြသည်။ သီပေါမင်းသားက ဖခမည်းတော် ၏ ဈာပနအခမ်းအနားကို ကြွချီရာတွင် ရာဇပလ္လင်ပုံစံ ပြင်ဆင်ထားသည့် ဝေါဖြင့် ကြွချီလာခဲ့သည်။ သန်မာသည့် အမျိုးသားများ ပခုံးထက်တွင် ထမ်းကာ ရောက်ရှိလာသည့် သီပေါမင်း၏ ဝေါပေါ်တွင် အမျိုးသမီးငယ်ကလေးများ က ထောင့်တစ်ခုလျှင် တစ်ဦးကျ ရှိခိုးလျက် လိုက်ပါလာကြသည်။ ၀န်ကြီးများ နှင့် ကိုယ်ရံတော် များ က ဝေါ၏ ပတ်ဝန်းကျင်တွင် စောင့်ရှောက်ကာ ခြေလျင်လျှောက်လာခဲ့ကြ၏ ။ ဈာပနအခမ်းအနား ကျင်းပမည့်  နေရာသို့ ကြွချီလာသော သီပေါမင်းသည် ၀မ်းနည်းပူဆွေးနေသော သူများ ၀တ်ဆင်ရမည့်  အဖြူရောင် ၀တ်စုံကို ဆင်မြန်းခြင်း မပြုဘဲ ရွှေရောင် တောက်ပသည့် အ၀ါရောင် ၀တ်စုံကို ဆင်မြန်းထားသည့်အပြင် ဦးခေါင်းထက်တွင် လည်း မကိုဋ်ကို ဆောင်းထား၏ ။ သီပေါမင်း ရောက်ရှိလာချိန်တွင် ဈာပနအခမ်းအနား တက်ရောက်လာသည့် သူများ အားလုံး မြေပေါ်တွင် ပြားပြားဝပ် ဦးတိုက်ခစားကြသည်။ ခဏအကြာတွင် ၀န်ကြီးတစ်ပါး ရောက်ရှိလာပြီး မင်းတုန်းမင်းကြီး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို သဂြုင်္ိဟ်ခွင့်ပြုရန် လျှောက်ထားရာ သီပေါမင်းက ကောင်းမွန်စွာ သဂြုင်္ိဟ်ကြရန် အမိန့်ချမှတ်ခဲ့သည်။ သီပေါမင်းသည် အမိန့်ချမှတ်ပြီးလျှင် ပြီးချင်း ယင်းနေရာမှ နောက်ပါအခြွေအရံများ နှင့် တကွ ရွှေနန်းတော် သို့ ပြန်လည်ကြွချီသွားသည်။ ဤကဲ့သို့ ဈာပနာအခမ်းအနားတွင် ကြာရှည်မနေဘဲ ပြန်လည်ကြွချီခြင်းမှာ ထကြွသော င်းကျန်းနေသည့် သူပုန်များ ၏ ရန်ကို စိုးရိမ်ရသဖြင့် ဖြစ်သည်။ ဈာပနအခမ်းအနား တစ်ခုလုံးကို ဆင်ဖြူမရှင် မိဖုရားက ဦးစီးဆောင်ရွက်ခြင်း ဖြစ်ပြီး ရှေးထုံးအစဉ်အလာအတိုင်း မီးသဂြုင်္ိဟ်ခြင်း မပြုဘဲ မင်းတုန်းမင်းကြီး၏ နောက်ဆုံးဆန္ဒအတိုင်း ဂူသွင်းသဂြုင်္ိဟ်ခြင်း ဖြစ်သည်။

၁၈၇၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် သီပေါမင်းသည် ရှေးထုံးအစဉ်အလာအတိုင်း ဘုရင်မင်းမြတ်အ ဖြစ် ဘိသိက်ခံယူပွဲ ကျင်းပသည်။ ယင်းအခမ်းအနားတွင် နန်းတွင်း၌ တာဝန်ထမ်းဆောင်ကြသည့် အမှု ထမ်းကြီးငယ်တို့က အောက်ပါအတိုင်း ကျမ်းသစ္စာ ကျိန်ဆိုကြရသည်။

ကျွန်တော် မျိုးသည် အရှင်တစ်ပါးတည်းကိုသာ သခင်အ ဖြစ် မှတ်ယူပါမည် ။ လက်ဖ၀ါးကဲ့သို့ မကျင့်၊ ခြေဖ၀ါးကဲ့သို့ တစ်သမတ်တည်း ကျင့်သုံးပါမည် ။ အမျိုး၊ ဘာသာ၊ သာသနာနှင့် နိုင်ငံတော် အတွက် စွမ်းအားရှိသမျှ အကောင်းဆုံးဆောင်ရွက်ပါမည် ။ ဆင်ခြေပေးခြင်းဖြင့် တာဝန်ဝတ္တရားများ ကို ရှောင်လွှဲခြင်းမပြုပါ။ မိမိနေထိုင်ရာဒေသနှင့် ရတနာပုံ နေပြည်တော် တို့တွင် ဗုဒ္ဓ၏ အဆုံးအမနှင့် ဆန့်ကျင်သည့် မည် သည့်အပြုအမူကိုမျှ မဆောင်ရွက်ပါ။ ယင်းသို့ ဆောင်ရွက်သူတစ်စုံတစ်ဦးအား တွေ့ ရှိပါကလည်း တားမြစ်မည် ဖြစ်သည့်အပြင် သက်ဆိုင်ရာများ သို့ သတင်းပေးပို့ တိုင်ကြားပါမည် ။

စသည့် ကတိသစ္စာကို ဆိုကြရသည်။ ဤကတိသစ္စာကို မစောင့်ထိန်းပါက မည် သို့ မည် ပုံ ဖြစ်မည် ဆိုသည့် ကျိန်စာများ ကိုလည်း ရွတ်ဆိုကြရသည်။ သစ္စာတော် ခံသည့် ၀န်ထမ်းများ အား ဘုရင်မင်းမြတ်က ဆုတော် လာဘ်တော် များ စွာ ပေးသနား၏ ။

ဘိသိက်ခံယူပွဲအပြီးတွင် သီပေါဘုရင်သည် ဘွဲ့ထူးဂုဏ်ထူးများ စွာ ခံယူရသည်။ ဥပမာ ရေမြေ့သခင်၊ သူရိယနေမင်း၏ အရှင်၊ ထီးဆောင်းမင်း ၁၀၁ ပါးတို့၏ အရှင်သခင်၊ ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာ၊ တွင်းထွက်ကျောက်သံ ပတ္တမြားတို့ကို ပိုင်သ,တော် မူသော ၊ ဆင်ဖြူများ ရှင်၊ သာသနာပြုမင်း၊ စကြာရှင် (စကြာဆိုသည်မှာ ဟိန္ဒူဘာသာဝင်တို့ ကိုးကွယ်သော နတ်ဘုရားအင်ဒရာ၏ လက်နက် ဖြစ်သည်။)၊ နေမင်းမှ ဆင်းသက်လာသော ဘုရင်မင်းမြတ်၊ ပြည်သူပြည်သားတို့၏ သက်ဦးဆံပိုင်ဘုရင်မင်းမြတ် အစရှိသည့် ဘွဲ့ထူးများ ဖြစ်သည်။ ၁၈၅၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့သော သီပေါဘုရင်သည် အသက် ၂၀ အရွယ်တွင် ကုန်းဘောင်မင်းဆက်တို့ ပိုင်ဆိုင်ခဲ့သော ဘွဲ့ထူး၊ ဂုဏ်ထူးအားလုံးကို ဆက်ခံသူ ဖြစ်ခဲ့သည်။ သင်္ကန်းဆီးနေသူဘ၀မှ ရာဇပလ္လင်ထက်သို့ ရောက်ရှိကာ ဘုရင်မင်းမြတ် ဖြစ်လာသည်မှာ နေ့ချင်းညချင်းဟု ဆိုနိုင်သည်။ ထို့ကြောင့် သီပေါမင်းသည် နိုင်ငံတော် ၏ အရေး အခင်းကိစ္စ မှန်သမျှကို မသိနားမလည်သူ ဖြစ်သည်။ နိုင်ငံတော် အား စီရင်အုပ်ချုပ်ရန် သင်ယူလေ့လာခွင့် မရှိသဖြင့် အတွေ့ အကြုံ လုံးဝမရှိချေ။ ယင်းသို့သော အကြောင်းကြောင့် မိမိအပါးတွင် ၀ိုင်းရံခစားနေသော မင်းမြှောက်များ ၏ အကြံပေးချက်များ ကိုသာ လက်ခံကျင့်သုံးနေရသည်။ ဤအခြေအနေမှာ ဆင်ဖြူမရှင် မိဖုရားနှင့် ၀န်ကြီးများ လိုလားသည့်အခြေအနေ ဖြစ်သဖြင့် သီပေါ နန်းတက်လာခြင်းကို ၀မ်းသာပီတိ ဖြစ်နေခဲ့ကြသည်။

နန်းသိမ်းပွဲ ခံယူပြီးသော်လည်း ဆင်ဖြူမရှင်သည် နန်းလုမည့်  အရေး ပုန်ကန်မှု များ ကို အစဉ် သတိဝီရိယဖြင့် ရှိနေခဲ့သည်။ ထို့ကြောင့် ပြင်ပတွင် ကျန်နေသော မိဖုရားများ ၊ မင်းသားများ ၊ မယ်တော် များ ၊ နှမတော် များ ၊ ကိုယ်လုပ်တော် များ ၊ သမီးတော် များ ၊ မင်းသမီးများ ကို အချိန်မဖြုန်းတော့ဘဲ ထောင်သွင်းအကျဉ်းထားစေခဲ့သည်။ ထိုမျှသာမက အကျဉ်းသွင်းခံရသည့် ပုဂ္ဂိုလ်များ ပိုင်ဆိုင်သည့် လက်ဝတ်ရတနာများ ကိုလည်း သိမ်းယူစေခဲ့သည်။ မင်းတုန်းမင်းကြီး၏ ဈာပနအပြီး ရက်အနည်းငယ်အကြာတွင် ဆင်ဖြူမရှင်၊ စုဖုရားလတ်နှင့် မာတီတို့သုံးဦး အတူတကွ ထိုင်ကြကာ သိမ်းဆည်းထားသည့် လက်ဝတ်ရတနာများ ကို ကြည့်နေကြသည်။ တဖိတ်ဖိတ် တလက်လက် တောက်ပနေသည့် ရတနာပုံထဲမှ စိန်ဘယက်တစ်ကုံးကို စုဖုရားလတ်က ကောက်ယူကာ သူမ၏ လည်တိုင်အနီးတွင် ကပ်လိုက်ပြီး မာတီအား ဤသို့ ၀တ်ဆင်လိုက်ပါက မိဖုရားတစ်ပါးနှင့် တူ၊ မတူ မေးမြန်းလိုက်သည်။ စုဖုရားလတ်၏ မေးခွန်းအဆုံးတွင် ဆင်ဖြူမရှင်သည် ဒေါသကြီးစွာ ဖြင့် စုဖုရားလတ်၏ လက်တွင်းမှ စိန်ဘယက်ကို ဆောင့်ဆွဲယူလိုက်သည်။ ပါးစပ်မှလည်း "လောလောဆယ်မှာ မိဖုရားဆိုတာ တစ်ပါးပဲ ရှိတယ်ဟေ့" ဟု ဆိုလိုက်၏ ။ နန်းတွင်း အရေး အခင်းများ ရှုပ်ထွေးနေချိန်တွင် ဆင်ဖြူမရှင်သည် မန္တလေးနန်းတွင်း၌ သြဇာညောင်းနိုင်မည့်  မိဖုရားမှာ မိမိတစ်ဦးတည်းသာ မ ဖြစ်နိုင်ကြောင်း တွက်ဆမိသည်။ တစ်ပြိုင်တည်းမှာ ပင် သမီးတော် ဖြစ်သူ စုဖုရားလတ်၏ ရည်မှန်းချက်ကိုလည်း တွေ့ မြင်လိုက်သည်။

လက်ရှိ မန္တလေးနန်းတွင်း၌ သီပေါဘုရင်နှင့် အဖေတူ အမေကွဲ မင်းသမီးများ စွာ ရှိပြီး ထိုမင်းသမီးများ ထဲမှ မိဖုရားကြီးလေးပါး ဖြစ်လာနိုင်သူများ လည်း ရှိနေသည်။ အထူးသဖြင့် နတ်ပြည်စံသွားသည့် မင်းတုန်းမင်းကြီး၏ ချစ်မြတ်နိုးမှု ကို ရရှိကာ တစ်ပင်တိုင်နန်းအ ဖြစ် ချီးမြှင့်ခံရသော စလင်းမင်းသမီးမှာ အရေး ပါအရာရောက်သော မင်းသမီး ဖြစ်သည်။ နန်းတွင်းအစဉ်အလာအရ တစ်ပင်တိုင်နန်း ချီးမြှင့်ခြင်းခံရသော မင်းသမီးမှာ နောက်တက်လာမည့်  ဘုရင်၏ မိဖုရားခေါင်ကြီးအ ဖြစ် သတ်မှတ်ခြင်းခံရသူ ဖြစ်သည်။ မင်းတုန်းမင်းကြီးက စလင်းမင်းသမီးမှာ မိမိ၏ မယ်တော် လွန်တော် မူပြီးနောက် ၀င်စားသူဟု အယူရှိသဖြင့် ချစ်မြတ်နိုးတော် မူသည်။ ထို့အပြင် စုဖုရားလတ်၏ အစ်မတော် ဖြစ်သည့် စုဖုရားကြီးမှာ လည်း သီပေါမင်း၏ မိဖုရားခေါင်ကြီး ဖြစ်နိုင်သူ ဖြစ်၏ ။ သီပေါမင်းသား ဘုရင် ဖြစ်လာချိန်တွင် စုဖုရားလတ်နှင့် မေတ္တာသက်ဝင်နေသည်ကို သိရှိထားသော စလင်းမင်းသမီးက သီလရှင် ၀တ်သွားခဲ့၏ ။ စလင်းမင်းသမီးကို ထည့်သွင်းစဉ်းစားရန် မလိုတော့သော်လည်း ကျန်ရှိနေသည့် မင်းသမီးများ မှာ မိဖုရားကြီးလေးပါးနေရာအတွက် အလားအလာရှိသော မင်းသမီးများ ဖြစ်နေကြသည်။

အခြေအနေကို ရိပ်စားမိသော စုဖုရားလတ်က သီပေါဘုရင်အား သေချာအောင် ချဉ်းကပ်ထားနိုင်မျှသာလျှင် မိဖုရားခေါင် ဖြစ်လာနိုင်မည် ကို ရိပ်စားမိသည်။ သာမန်မင်းသားငယ်တစ်ပါး ဘ၀မှ ဘုရင် ဖြစ်လာသည့် သီပေါအပေါ်တွင် စုဖုရားလတ်သည် မေတ္တာသက်ဝင် ချစ်ခင်မှု လည်း ရှိသဖြင့် လက်လွတ်ဆုံးရှုံးရမည့်  အရေး ကို ပူပန်စိုးရိမ်ခဲ့သည်။ သီပေါမင်းသားသည် ဘုရင် ဖြစ်လာသဖြင့် အခြားမင်းသမီးများ အနေနှင့် ဘုရင်ကတော ဖြစ်ရန် စိတ်ဝင်စားနိုင်သကဲ့သို့ ရုပ်ရည်အားဖြင့် လည်း ချောမောသူ ဖြစ်ခြင်းကြောင့် စုဖုရားလတ်မှာ သော ကပိုလျက် ရှိ၏ ။ သီပေါမင်းသားအား မလွတ်တမ်း ဖမ်းနိုင်မည့်နည်းမှာ အပါးတွင် အစဉ်အမြဲ ရှိနေမှသာ ဖြစ်တော့မည် ဟု စုဖုရားလတ်က တွေးမိသည်။ ထို့ကြောင့် သီပေါမင်းသား နန်းတွင်းအစဉ်အလာကို ဖောက်ဖျက်ပြီး မိမိအား ဘုရင်၏ အပါးတွင် လာရောက်နေထိုင်ရန် အမိန့်တော် ချမှတ်ပါဟု ပူဆာခဲ့သည်။ အကြောင်းပြချက်မှာ ဘုရင်၏ ဆံတော် ကို ရှင်းပေးရန်အတွက်ဟု အကြောင်းပြခိုင်းသည်။ ယင်းအမိန့်ကို ယနေ့ညနေ နေမ၀င်မီ ထုတ်ပြန်ပေးပါဟုလည်း တောင်းဆိုခဲ့၏ ။

သမိုင်းမှတ်တမ်းများ တွင် စုဖုရားလတ်၏ ယင်းပူဆာမှု ကို သီပေါမင်းက လိုက်လျောခဲ့သည် (သို့ မဟုတ်) ငြင်းပယ်ခဲ့သည်ကို မှတ်တမ်းမတင်ခဲ့ကြသော်လည်း ကျွန်မတို့အနေဖြင့် သီပေါမင်းသည် စုဖုရားလတ်၏ အလိုကိုလိုက်ကာ သူ စံမြန်းသည့် အဆောင်တွင် ခေါ်ယူထားမည် ဆိုသည်ကို အလိုလို သဘောပေါက်နိုင်ပါသည်။ နန်းတွင်းအစဉ်အလာများ တွင် ဤသို့သော ဖြစ်ရပ်မျိုးမှာ မည် သည့်အခါကမျှ မပေါ်ပေါက်ခဲ့ဖူးချေ။ မြန်မာနန်းတွင်း ဓလေ့ထုံးစံများ သည် စည်းစနစ်တကျ ဆောင်ရွက်ခဲ့သော်လည်း မဟာဆီ မဟာသွေးစစ်စစ် ဖြစ်သော စုဖုရားလတ်လက်ထက်တွင် ချိုးဖောက်ခဲ့သည်။ မိဖုရားအရာ မြှောက်တင်ခြင်း မပြုသေးမီမှာ ပင် ဘုရင်နှင့် အတူ သွားနေခဲ့၏ ။ စုဖုရားလတ် လုပ်ဆောင်လိုက်ခြင်းမှာ အလွန်ပင် စွန့်စားရာ ရောက်သည်။ အကယ်၍ သီပေါမင်းက သူ့ကို ငြီးငွေ့သွားသဖြင့် မိဖုရားအရာ မတင်မြှောက်ပါက မင်းသမီးအနေဖြင့် အခြားမင်းသားတစ်ပါးပါးနှင့် လက်ဆတ်ရန် ခက်ခဲသွားမည် ဖြစ်သည်။ စုဖုရားလတ်၏ လုပ်ရပ်ကြောင့် နန်းတွင်းတစ်ခုလုံး ဂယက်ရိုက်သွားပြီး ဆင်ဖြူမရှင် မိဖုရားကြီးက စုဖုရားလတ်အား သူ့အဆောင်တွင် ပြန်လည်စံနေရန် အမိန့်ထုတ်ခဲ့သည်။ သို့သော် ဘုရင် ဖြစ်သည့် သီပေါမင်း၏ ခွင့်ပြုချက်ရရှိပြီး ဖြစ်သော ကြောင့် စုဖုရားလတ်က မယ်တော် ဆင်ဖြူမရှင်၏ အမိန့်ကို လျစ်လျူရှုခဲ့၏ ။ ဘုန်းကြီးလူထွက် သာမန်မင်းသားကလေးတစ်ပါးကို ဘုရင် ဖြစ်အောင် စွမ်းဆောင်ခဲ့သော ဆင်ဖြူမရှင်မိဖုရားကြီးသည် သူ့သမီးတော် စုဖုရားလတ်နှင့် ပတ်သက်၍ မူ စူးရှသော အာဏာ သက်ရောက်စေရန် မည် သို့မျှ ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့ချေ။

ဆင်ဖြူမရှင်အပါအ၀င် ၀န်ကြီးများ လည်း မည် သို့မျှ ဆောင်ရွက်၍ မရနိုင်ချိန်တွင် စုဖုရားလတ်၏ သြဇာသည် သီပေါမင်းအပေါ်တွင် ပိုမိုလွှမ်းမိုးလာခဲ့၏ ။ ဘုရင်မင်းမြတ်၏ အဆောင်တွင် မိဖုရားအရာ တင်မြှောက်ခြင်း မပြုရသေးသည့် မင်းသမီးတစ်ပါး လာရောက်နေထိုင်ခြင်းမှာ လုံးဝမသင့်တော် ပါကြောင်း လျှောက်ထားကြသော်လည်း သီပေါမင်းက "စုစုသဘောပါပဲ၊ ငါ ကိုယ်တော် ရဲ့ အဆောင်မှာ စံမြန်းချင်တယ်ဆိုရင်လည်း ဆက်လက်စံမြန်းနိုင်ပြီး အဆောင်ကို ပြန်မယ်ဆိုရင်လည်း ပြန်ခွင့်ပြုပါတယ်" ဟုသာ ဆိုခဲ့သည်။ သီပေါမင်း၏ အမတ်ကြီးများ ထဲရှိ သြဇာရှိသည့် အမတ်တစ်ပါး ဖြစ်သော တိုင်တားမင်းကြီးက သီပေါဘုရင်အား ဘုရင်မင်းမြတ်ဆိုသည်မှာ မာန်ရှိရန် လိုကြောင်း၊ ယခုပင် မိဖုရားရှစ်ပါး တစ်ပြိုင်တည်း သိမ်းပိုက်သင့်ပါအကြောင်း လျှောက်ထားခဲ့သည်။ ယင်းသို့ သိမ်းပိုက်ခြင်းမှာ နန်းတွင်းအစဉ်အလာဟုလည်း ဆိုသည်။ ကင်းဝန်မင်းကြီးကလည်း ထိုအတိုင်းပင် တင်လျှောက်သည်။ မိဖုရားများများ ထားခြင်းအားဖြင့် ဘုရင်မင်းမြတ်၏ အာရုံကို မိဖုရားတစ်ပါးတည်းအပေါ်တွင် မသက်ရောက်တော့ကြောင်း တင်လျှောက်၏ ။ သို့သော် နံနက်လင်းချိန် စက်ရာမှ ထရာတွင် ဆံတော် ရှင်းပေးသော စုဖုရားလတ်ကိုသာ စွဲလမ်းတော် မူသော သီပေါမင်းက နောက်ထပ် မိဖုရားများ မလိုအပ်ကြောင်း၊ စုဖုရားလတ်တစ်ပါးတည်းကိုသာ ပေါင်းသင်းမည် ဖြစ်ကြောင်း ပြန်ကြားခဲ့သည်။ သို့ရာတွင် သက်ဦးဆံပိုင် ဘုရင်မင်းမြတ် ဖြစ်သော်လည်း အချို့သော နန်းတွင်းဓလေ့ထုံးစံများ ကို လိုနာရသည့် အစဉ်အလာ ရှိပါသည်။ ထို့အပြင် စုဖုရားလတ်၏ ခွင့်ပြုချက်ကြောင့် ဟု ယူဆရသော ဆုံးဖြတ်ချက်တစ်ရပ်ကို သီပေါမင်း ချမှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်မှာ စုဖုရားလတ်၏ အစ်မတော် ဖြစ်သော စုဖုရားကြီးကို စုဖုရားလတ်နှင့် အတူ တစ်ပြိုင်တည်း မဟေသီ ဘိသိက်ခံမည် ဟူသော ဆုံးဖြတ်ချက် ဖြစ်သည်။ စုဖုရားကြီးမှာ ရိုးသားသိမ်မွေ့ အေးဆေးသဖြင့် သီလရှင်တစ်ဦးနှယ် ဖြစ်သော ကြောင့် စုဖုရားလတ်က အခြားမိဖုရားများ နှင့် စာလျှင် စုဖုရားကြီးမှာ သူ ထားရာနေ၊ စေရာသွားမည့် သူ ဖြစ်သည်ကို သဘောပေါက်ခဲ့သည်။ ထို့ကြောင့် လည်း ယင်းအစီအစဉ်ကို လက်ခံခဲ့ခြင်း ဖြစ်သည်။ စုဖုရားလတ်သည် မြန်မာအမျိုးသမီး တစ်ယောက် အနေဖြင့် မိန်းမချောစာရင်းဝင် မဟုတ်။ ထို့ကြောင့် သူ့ကိုယ်သူ ပြုပြင်ထိန်းသိမ်းကာ ကြည့်ပျော်ရှုပျော် ဖြစ်အောင် အစဉ်အမြဲ နေလေ့ရှိ၏ ။ အရပ်ပုပြတ်ပြတ်၊ လူကောင်သေးသေး ဖြစ်သော်လည်း ပြုပြင်ပြင်ဆင်တတ်မှု ကြောင့် အခြားချောမောလှပသော မင်းသမီးများ နှင့် ယှဉ်လျှင်ပင် စုဖုရားလတ်ကိုသာ သတိထားမိလေ့ ရှိကြသည်ဟုလည်း ဆိုသည်။

ဗမာပြည်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပေါင်းဖက်နေထိုင်ရန်အတွက် သတ်မှတ်ထားသော ထိမ်းမြားမင်္ဂလာဆောင်နှင်းခြင်းမှာ အတိအကျ မရှိပေ။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထမင်းလက်ဆုံစားပြီး ပတ်ဝန်းကျင်က အကြင်လင်မယားအ ဖြစ် သတ်မှတ်လျှင် ၎င်းတို့နှစ် ဦးသည် အကြင်လင်မယား ဖြစ်သည်။ သို့ရာတွင် သီပေါမင်းနှင့် စုဖုရားကြီး၊ စုဖုရားလတ်နှင့် မဟေသီဘိသိက်ခံရာတွင် တခမ်းတနား ဆောင်ရွက်ခဲ့ကြသည်။ ဘုရင်မင်းမြတ်တစ်ပါးတွင် မိဖုရားကြီးလေးပါး ထားခွင့်ရှိသည်။ တောင်နန်းစံမိဖုရားသည် အကြီးဆုံးမိဖုရား ဖြစ်ပြီး နောက်နန်းစံ၊ အလယ်နန်းစံ၊ အနောက်နန်းစံတို့မှာ ကြီးစဉ်ငယ်လိုက်ပင် ဖြစ်သည်။ စုဖုရားကြီးမှာ အစ်မတော် ဖြစ်သဖြင့် တောင်နန်းစံ ဖြစ်ပြီး စုဖုရားလတ်မှာ မြောက်နန်းစံမိဖုရား ဖြစ်လာခဲ့၏ ။

သီပေါမင်းနှင့် မိဖုရားနှစ် ပါးတို့၏ မဟေသီဘိသိက်ခံခြင်းအမှု မပြုမီတွင် မင်းသမီးနှစ် ပါးတို့အား ယာယီစံနန်းများ အ ဖြစ် ဆောက်လုပ်ထားသော စံနန်းများ တွင် စံမြန်းကြကာ ခေါင်းဆေးမင်္ဂလာ ပြုကြရသည်။ မြန်မာလူမျိုးတို့က တစ်ကိုယ်လုံးတွင် ဦးခေါင်းသည် အမြင့်မြတ်ဆုံး အစိတ်အပိုင်း ဖြစ်သည်ဟု ယူဆသဖြင့် အရေး ပါသော အခမ်းအနားများ မကျင်းပမီတွင် ခေါင်းဆေးမင်္ဂလာ ပြုကြရသည်။ နန်းတွင်းဓလေထုံးစံအတိုင်း မိဖုရားများ ဆင်ယင်အပ်သည့် ဒွာဒရာတို့ ၀တ်ဆင်ကြသည်။ ထဘီမှာ ဘရိုကိတ် ဖြစ်သည်။ မင်္ဂလာအချိန် မကျရောက်မီ ယာယီစံနန်းအတွင်း၌ စောင့်ဆိုင်းနေကြရ၏ ။ ၁၈၇၈ ခုနှစ် နိုဝင်ဘာလ၏ တစ်နေ့သော ရက် မွန်းလွဲပိုင်းတွင် မင်းသမီးနှစ် ပါးတို့သည် သီပေါမင်းအား တစ်ဖက်တစ်ချက် လက်တွဲ ကာ မှန်နန်းတော် ဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။ မင်းမြောက်တန်ဆာများ ၀တ်ဆင်ထားသည့် သူတို့သုံးဦးသည် ပျားရုပ်ခံသော ပလ္လင်တွင် ထိုင်ကြကာ ပုဏ္ဏားတော် ကြီးများ က ရွတ်ဖတ်သရဇ္ဈာယ်ပေးကြသည်။ ထို့နောက် သံတော် ဆင့်က မင်္ဂလာရတုသုံးပုဒ်ကို ရွတ်ဖတ်၏ ။ မှတ်တမ်းများ ၌ စုဖုရားလတ်သည် ယင်းနေ့တွင် ထူးထူးခြားခြား ချောမွေ့နေပြီး စိတ်လှုပ်ရှားမှု ကြောင့် သူမ၏ အညိုရောင် မျက်ဝန်းများ ကလည်း တောက်ပနေသည်ဟု ဆိုသည်။

မိဖုရားအ ဖြစ် စံမြန်းရမည့်  မင်္ဂလာဦးညတွင် စုဖုရားကြီးသည် သူမ၏ အဆောင်တော် တွင် တစ်ပါးတည်း စံမြန်းနေခဲ့ရ၏ ။ ဘုရင်မင်းမြတ်က သူ့အဆောင်တွင် စုဖုရားလတ်နှင့် အတူစက်တော် ခေါ်၏ ။ ယင်းသည်ပင်လျှင် နန်းတွင်းဓလေ့ထုံးစံကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။ စုဖုရားလတ် မိဖုရားသည် မြောက်နန်းသို့ ပြောင်းရွှေ့စံမြန်းခြင်း မပြုဘဲ ဘုရင်၏ အဆောင်တွင် သာ စံမြန်းနေခဲ့သည်။ ပထမညတွင် သာမက နောက်ရက်များ တွင် လည်း စုဖုရားလတ်မိဖုရားသည် သီပေါမင်း၏ အဆောင်တွင် သာ ဆက်လက်စံမြန်းနေခဲ့သည်။ စုဖုရားကြီးသည် သီပေါမင်း၏ မိဖုရားခေါင်ကြီး ဖြစ်သော်လည်း လက်တွေ့ တွင် စုဖုရားလတ်သည်သာ သီပေါမင်းအပါးတွင် အစဉ်အမြဲ ရှိနေခဲ့သည်။

သီပေါမင်း၏ နန်းသိမ်းမင်္ဂလာဘိသိက်ခံပွဲကို ၁၈၇၉ ခုနှစ် ဇွန်လခပ်စောစောပိုင်းတွင် ကျင်းပခဲ့သည်။ ကုန်းဘောင်နန်းဆက် ဆက်လက်သိမ်းမြန်းရာ၌ ထီးဖြူများ မိုးကာ မကိုဋ်ဆောင်းပြီး သားမြီးယပ်၊ ခြေနင်း၊ သန်လျက် (ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်ခဲ့သော အလောင်းဘုရား ကိုင်ဆောင်ခဲ့သည်ဟု အဆိုရှိသည်။) အစရှိသည့် မင်းမြောက်တန်ဆာ ငါးပါးကို ၀တ်ဆင်ပြီး နန်းသိမ်းပွဲ ခံယူသည်။ ထိုနေ့မှစတင်ကာ သီပေါမင်းသားသည် မန္တလေး ရွှေမြို့တော် ၏ သီပေါဘုရင်မင်းမြတ်အ ဖြစ်သို့ ရောက်ရှိခဲ့သည်။

* * * * *


အပိုင်း (၂)

စိုးစံတော် မူသော ပထမနှစ်

ဗမာဘုရင်များ သည် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူပြည်သားများ အပေါ်တွင် အာဏာသက်ရောက်မှု ရှိသည်။ အသက်အိုးအိမ် စည်းစိမ်တို့ကိုသာမက ကျေးကျွန်များ အထိ အာဏာသက်ရောက်၏ ။ ဗမာနိုင်ငံ၏ ဆိပ်ကမ်းမြို့ ဖြစ်သော ရန်ကုန်အပါအ၀င် အစိတ်အပိုင်း တော် တော် များများ မှာ ဗြိတိသျှအစိုးရနှင့် စစ် ဖြစ်ခဲ့သော ၁၈၂၄-၂၆ နှစ် ၁၈၅၂-၅၃ တို့တွင် လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ကုန်းဘောင်မင်းဆက်သည် အထက်ဗာမာနိုင်ငံကိုသာ ပိုင်ဆိုင်တော့သည်။ လွှတ်တော် တွင် ရှိသော ၀န်ကြီးလေးပါးအနက် လွှမ်းမိုးနိုင်သော သြဇာအာဏာရှိသည့် ကင်းဝန်မင်းကြီးက ကျန်ရှိသော ဗမာနိုင်ငံ၏ နယ်နိမိတ်ကို ကိုယ်ပိုင်အုပ်ချုပ်မှု ဖြင့် လွတ်လပ်လိုသော ဆန္ဒရှိသည်။ ထို့ကြောင့် ကင်းဝန်မင်းကြီးက နန်းတွင် မှာ ပင် အုပ်ချုပ်ပုံစနစ်ကို ပြုပြင်ပြောင်းလဲလိုသည်။ ကင်းဝန်မင်းကြီးသည် အနောက်တိုင်းမှ အုပ်ချုပ်ပုံစနစ်များ ကို လေ့လာဖူးသူလည်း ဖြစ်၏ ။ ဗြိတိသျှတို့ တောင်းဆိုထားသော ကုန်သွယ်မှု ကိစ္စရပ်များ ကို လိုက်လျောလိုသူလည်း ဖြစ်သည်။ သီပေါမင်း နန်းတက်ပြီးနောက်တွင် ကင်းဝန်မင်းကြီးက ၀န်ကြီးအသစ်များ ဖြင့် ဖွဲ့စည်းပုံကို ပြောင်းလဲလို၏ ။ အသစ်ခန့်ထားသည့် ဘဏ္ဍာရေး ၀န်ကြီးသည် ဘုရင်၏ ဆွေတော် မျိုးတော် များ အသုံးစရိတ်အပါအ၀င် အားလုံးကို ကြီးကြပ်ကွပ်ကဲရမည် ဖြစ်သည်။ ဆွေတော် မျိုးတော် များ ဆိုရာတွင် ဘုရင်ကိုယ်တိုင်လည်း ပါဝင်သည်။ အရေး ပါအရာရောက်သော ဆုံးဖြတ်ချက်မှန်သမျှကို ၀န်ကြီးအားလုံး စုံညီစွာ ညီလာခံပြီးမှသာလျှင် ဆုံးဖြတ်ရမည် ဖြစ်ပြီး ယခင်ကဲ့သို့ ဘုရင်တစ်ပါးတည်းက အရာရာကို ဆုံးဖြတ်ပိုင်ခွင့် မပြုတော့ချေ။ တစ်နည်းဆိုရလျှင် ဘုရင်ကို ရုပ်ပြအ ဖြစ်သာ ထားပြီး ဖွဲ့စည်းပုံစည်းမျဉ်းနှင့် အစစအရာရာကို စီမံဆုံးဖြတ်ကာ ဘုရင်၏ လုပ်ပိုင်ခွင့်များ ကို လျှော့ချလိုက်ခြင်းပင် ဖြစ်သည်။

ယင်းသို့ ဖွဲ့စည်းပုံအသစ်ဖြင့် နိုင်ငံတော် ကို အုပ်ချုပ်မှု မပြုမီ ကင်းဝန်မင်းကြီးက သီပေါမင်းအနေဖြင့် ပြည်ပနိုင်ငံများ သို့ အလည်အပတ် သွားရောက်ရင်း လေ့လာမှု ပြုရန်လည်း တိုက်တွန်းခဲ့၏ ။ ဤသို့ ပြည်ပနိုင်ငံများ သို့ သွားရောက်လည်ပတ်ခြင်းအားဖြင့် သီပေါမင်းအနေနှင့် အမြင်ကျယ်လာမည့် အပြင် အပြင်လောကမှ ဗဟုသုတများ ကိုလည်း ရရှိလာနိုင်လိမ့်မည် ဟု မျှော်လင့်ခဲ့သည်။ ခရီးစဉ်အတွင်း သီပေါမင်း၏ အသိပညာ တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် ဘဏ္ဍာရေး ၀န်ကြီးက ဖြစ်ပေါ်လာမည့်  ဖွဲ့စည်းပုံများ ကို ရေး သားထားသော အစီအစဉ်များ ဖတ်ရှုနိုင်ရန် စီစဉ်ထားသည်။ သီပေါမင်းကလည်း ကင်းဝန်မင်းကြီး၏ အစီအစဉ်ကို အားတက်သရော သဘောတူခဲ့သည်။ သူသည် နန်းတွင်းမှ နန်းပြင်သို့ရောက်ရန် ခဲယဉ်းပြီး မန္တလေးမြို့မှလွဲ၍ အခြား မည် သည့်မြို့ကိုမျှ ရောက်ဖူးသူ မဟုတ်ပေ။ သို့ရာတွင် စုဖုရားလတ်က တစ်မျိုးစဉ်းစားသည်။ ကင်းဝန်မင်းကြီး လျှောက်ထားသော ဖွဲ့စည်းပုံပြောင်းလဲမှု ကို တစ်စုံတစ်ရာ ၀င်ရောက်စွက်ဖက် ပြောဆိုခြင်းမပြုသော်လည်း ဘုရင်၏ သြဇာအာဏာကို လျှော့ချသည့်အပိုင်းနှင့် ပတ်သက်၍ မူ သဘောတူနှစ် ခြိုက်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် မယ်တော် ဖြစ်သူ ဆင်ဖြူမရှင်၊ သီပေါမင်းနှင့် ခင်မင်ရင်းနှီးသော ရနောင် (မောင်မောင်တုတ်)တို့နှင့် တိုင်ပင်ကာ ပြည်ပခရီးထွက်ရန် အစီအစဉ်ကို ဖျက်သိမ်းစေခဲ့သည်။ စုဖုရားလတ်၏ စကားကြောင့် ပြည်ပခရီးစဉ်မှာ ပျက်ပြယ်ခဲ့ရသည်။

စုဖုရားလတ်က မိမိရောက်ရှိနေသော နေရာကို လေ့လာသုံးသပ်ကြည့်ရာတွင် သူသည် မြောက်နန်းမိဖုရားသာ ဖြစ်ပြီး မိဖုရားခေါင် မဟုတ်သည်နှင့် ပတ်သက်၍ အစ်မတော် ဖြစ်သူ စုဖုရားကြီးအပေါ်တွင် ငြိုငြင်လာသည်။ စုဖုရားကြီးက သီပေါမင်းအား စုန်းအတတ်ပညာဖြင့် ပြုစားထားသည်ဟုလည်း ယူဆသည်။ မယ်တော် ဖြစ်သူ ဆင်ဖြူမရှင်က စုဖုရားကြီး၏ လုံခြုံရေး ကို စိုးရိမ်လာသဖြင့် စုဖုရားကြီးအနေနှင့် မိဖုရားခေါင်ကြီးများ စံမြန်းရသော အဆောင်တော် တွင် စံနေခြင်းမပြုတော့ဘဲ မိမိနှင့် သာ အတူလာရောက် စံနေရန် ခေါ်ယူလိုက်ရတော့သည်။ သမိုင်းသုတေသီတို့ အဆိုအရ သီပေါမင်းက စုဖုရားကြီးကို မိဖုရာခေါင်ကြီး မြှောက်ခဲ့သော်လည်း သီပေါမင်းက တစ်ကြိမ်တစ်ခါမျှ စုဖုရားကြီး၏ အဆောင်တော် သို့ မကူးခဲ့ဘူးဟု ဆိုပါသည်။ ထို့ကြောင့် စုဖုရားလတ်သည် သီပေါမင်း၏ တစ်ပါးတည်းသော မိဖုရား ဖြစ်လာခဲ့သည်။ မိဖုရားခေါင် မဟုတ်သော်လည်း သြဇာအာဏာအရှိဆုံး မိဖုရားကြီး ဖြစ်သွားသည်။

မကြာမီမှာ ပင် စုဖုရားလတ်က ကင်းဝန်မင်းကြီး အကြံပေးချက်အရ ခန့်ထားသော ၀န်ကြီးအသစ်များ ကို ထုတ်ပယ်စေခဲ့သည်။ ယင်းသို့ထုတ်ပယ်ရာတွင် ဘဏ္ဍာရေး ၀န်ကြီးလည်း ပါသွားမည် ဆိုသည်မှာ သံသယ ဖြစ်ဖွယ်ရာ မရှိချေ။ ဘဏ္ဍာရေး ၀န်ကြီး မရှိတော့ခြင်းကြောင့် ဆွေတော် မျိုးတော် များ ထုတ်ယူသုံးစွဲထားသော ငွေစာရင်းမှန်သမျှမှာ လည်း ပျောက်ကွယ်သွားတော့သည်။ ကင်းဝန်မင်းကြီး၏ အကြံပေးချက်များ ကို မနှစ်သက် သော စုဖုရားလတ်က နန်းတွင်းရေး ရာကိစ္စများ ကို တိုင်တားမင်းကြီးနှင့် သာ တိုင်ပင်တော့၏ ။ တိုင်တားမင်းကြီးနှင့် အပေါင်းအပါတို့သည် အုပ်ချုပ်ရေး ပိုင်းတွင် အသိပညာ နည်းပါးလှသော သီပေါမင်း၏ ပုံစံကို မနှစ်သက် ကြသူများ ဖြစ်သည်။ ထို့အပြင် ကင်းဝန်မင်းကြီးနှင့် လည်း ကိုယ်ရေး ကိုယ်တာ အကျိုးစီးပွားကိစ္စများ ကြောင့် အဆင်မပြေကြသူများ ဖြစ်သည်။ ထို့ကြောင့် နန်းတွင်း၌ ပေါ်ပေါက်လာသော အရေး ကိစ္စများ ကို ညီလာခံတွင် တိုင်ပင်ညှိနှိုင်းကြရာ၌ တိုင်တားမင်းကြီးအုပ်စုသည် ကင်းဝန်မင်းကြီးအုပ်စုနှင့် အမြဲတစေ ဆန့်ကျင့်ဘက် ဖြစ်လေ့ရှိသည်။ (ကင်းဝန်မင်းကြီးသည် ဗြိတိသျှတို့၏ အုပ်ချုပ်မှု စနစ်ကို လေ့လာဖူးသူ ဖြစ်ပြီး တိုင်တားမင်းကြီးမှာ ပင် လက်ရုံးအားကိုးဖြင့် နောက်ခံအင်အားကြောင့် နေရာရလာသူ ဖြစ်သည်။ ကင်းဝန်မင်းကြီးက ဗြိတိသျှတို့နှင့် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ရန် လိုလားသော်လည်း တိုင်တားမင်းကြီးက အရာရာတွင် ဗြိတိသျှတို့အား ဆန့်ကျင်ဘက် အမြင်ရှိသူ ဖြစ်သည်။) တိုင်တားမင်းကြီး၏ ကျောထောက်နောက်ခံမှု အပြည့်အ၀ရရှိလာသော စုဖုရားလတ်သည် ကင်းဝန်မင်းကြီးအား လူသိရှင်ကြား ဆန့်ကျင်လာသည့်အပြင် သီပေါမင်းအားလည်း ကင်းဝန်မင်းကြီးနှင့် ပတ်သက်၍ မျက်နှာသာမပေးရန် တိုက်တွန်းလာတော့သည်။ ဤသို့ဖြင့် နိုင်ငံတော် အား အုပ်ချုပ်နေသည့် သြဇာအာဏာသည် ၀န်ကြီးများ ၏ လက်တွင် မရှိတော့ဘဲ ဘုရင်နှင့် စုဖုရားလတ်တို့၏ လက်တွင် သာ ရှိတော့သည်။

သီပေါမင်း ဘုရင် ဖြစ်လာသည့်အခါတွင် ငယ်ရွယ်စဉ်က ကျောင်းတက်ခဲ့ဖူးသော သာသနာပြုကျောင်းမှ ဒေါက်တာမာ့ခ်က သီပေါမင်းအား ဂုဏ်ပြုလွှာတစ်စောင် ရေး သားပေးပို့ခဲ့သည်။ ယင်းသ၀ဏ်လွှာတွင် "ဘုန်းတော် ကြီးအနေဖြင့် ဘုရင်မင်းမြတ်သည် ဖခမည်းတော် ကဲ့သို့ တိုင်းသူပြည်သားများ အပေါ်တွင် ကျောသားရင်သား မခွဲခြားဘဲ ကြင်နာသနား ညှာတာတတ်လိမ့်မည် ဟု မျှော်လင့်ပါသည်။ အထူးသဖြင့် မေတ္တာရပ်ခံလိုသည်မှာ ဘုရင်မင်းမြတ်၏ ညီတော် နောင်တော် များ ဖြစ်သော မင်းသားများ နှင့် ကျောင်းနေဖက် သူငယ်ချင်းများ အပေါ်တွင် ညှာထောက်ထားလိမ့်မည် ဟု မျှော်လင့်မိပါသည်။" ဟု ရေး သားခဲ့သော်လည်း ငယ်ဆရာ ဖြစ်သော ဘုန်းတော် ကြီး ဒေါက်တာမာ့ခ်၏ ဆန္ဒမှာ မပြည့်ဝခဲ့ပေ။

၁၈၇၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်၍ နောက် သုံးရက်တိုင်တိုင် တော် ၀င်မိသားစုများ ဖြစ်ကြသော မင်းသားများ ၊ မိဖုရားများ ၊ မင်းသမီးများ စုစုပေါင်းအပါး ၈၀ တို့ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသည်။ ထိုသို့ သုတ်သင်ရှင်းလင်းခံရသည့်အထဲတွင် သာဂရမင်းသားလည်း ပါဝင်သွားသည်။ (သာဂရမင်းသားကို စုဖုရားလတ် ငယ်စဉ်က မေတ္တာသက်ဝင်ခဲ့ဖူးသည်။) သုံးဆယ်မင်းသား၊ မက္ခရာမင်းသားတို့လည်း ပါဝင်သွားသည်။ (မက္ခရာမင်းသားက အသနားခံလျှောက်ထားလိုသော သုံးဆယ်မင်းသားအား "နောင်တော် ဘုရား၊ အသက်ရှင်ဖို့အရေး အသနားခံသော်လည်း အချည်းနှီးသာ ဖြစ်ပါမည် ။ ညီတော် တို့ အားလုံး သေကြရမည် သာ ဖြစ်သည်။ ဤသည်မှာ မြန်မာ့နန်းတွင်းဓလေ့ပင် ဖြစ်ပါသည်။ အကယ်၍ နောင်တော် သာ မင်းအ ဖြစ်ကို ရောက်ရှိပါကလည်း ဤသို့ပင် အမိန့်ထုတ်မည် ဖြစ်ပါသည်" ဟု လျှောက်ထားခဲ့သည်ဟု ဆိုသည်။ ယင်းသို့ သုတ်သင်ရှင်းလင်းရာတွင် မင်းတုန်းမင်းကြီး၏ အလွန်ငယ်သော သားတော် ကလေးများ နှင့် ရပ်ဝေးသို့ ထွက်ပြေးလွတ်မြောက်သွားသော သားတော် များ သာ အသက်ဘေးမှ လွတ်ခဲ့ကြသည်။ ဆွေတော် မျိုးတော် ၊ မင်းညီမင်းသားတို့အား သုတ်သင်ရှင်းလင်းရာတွင် သွေးမြေမကျစေရန်အတွက် နန်းတွင်းအစဉ်အလာအတိုင်း လည်မျိုးကို တုတ်ဖြင့် ရိုက်သတ်ကြရသည်။ မိဖုရားများ နှင့် မင်းသမီးများ ကိုမူ လည်ပင်အား ရိုက်သတ်ကြရသည်။ မင်းသား၊ မင်းသမီးများ အား သုတ်သင်ရှင်းလင်းနေချိန်တွင် ကြောက်လန့်တကြား အော်ဟစ်ကြသည့် အသံများ ကို ပြင်ပမှာ မကြားစေရန်အတွက် အငြိမ့်ပွဲများ ကို မြို့တော် တစ်ခွင်တွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေစေခဲ့သည်။ ကျယ်လောင်သည့် ဆိုင်းသံဗုံသံများ ကြောင့် မင်းသား၊ မင်သမီးတို့၏ အော်ဟစ်သံများ ကို မကြားကြရဟု ဆိုသည်။

မင်းသား၊ မင်းသမီးများ အား မသုတ်သင်မီအချိန်တွင် ထွက်ပြေးလွတ်မြောက်သွားသော မင်းသားများ က သူတို့အား ထောက်ခံသူများ ၏ အကူအညီဖြင့် သီပေါမင်းအား နန်းချနိုင်ရန် ကြိုးပမ်းကြလိမ့်မည် ဟု ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။ မင်းသား၊ မင်းသမီးများ ၊ ဆွေတော် မျိုးတော် များ အား သုတ်သင်ရှင်းလင်းခြင်းမှာ ဆင်ဖြူမရှင်ကြောင့် ဟု အချို့က ဆိုပြီး အချို့ကမူ စုဖုရားလတ်၏ အမိန့်ဖြင့် သုတ်သင်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ လေ့လာသုံးသပ်ကြည့်ပါလျှင် ဆင်ဖြူမရှင်၏ အမိန့် ဖြစ်နိုင်ခြေက ပိုများ ပါသည်။ ဆင်ဖြူမရှင်သည် ဘုရင်၏ ယောက္ခမ ဖြစ်ပြီး နန်းတွင်း၌ လည်း အတွေ့ အကြုံများ စွာ ရှိသူ ဖြစ်သဖြင့် ထွက်ပြေးလွတ်မြောက်သွားသော မင်းသားများ က သီပေါမင်းအား နန်းလုနိုင်သည်ဟု တွက်ဆနိုင်သူ ဖြစ်သည်။ အကယ်၍ သီပေါမင်းသာ နန်းကျ သွားပါက သူနှင့် သူ့သမီးတို့အပေါ်တွင် သက်ရောက်လာမည့်  အကျိုးဆက်ကိုလည်း ဆင်ဖြူမရှင်က တွက်ဆနိုင်သူ ဖြစ်သည်။ သူတို့တွင် ရန်သူများ စွာ ရှိသည်ကိုလည်း ကောင်းစွာ သိသူ ဖြစ်၏ ။ သုတ်သင်ရန်ကိစ္စကို စုဖုရားလတ်အား တိုင်ပင်ကောင်း တိုင်ပင်နိုင်သော်လည်း နှုတ်ပိတ်စေမည် သာ ဖြစ်သည်။ (စာရေး ဆရာ ဦးသန်းဆွေကမူ `ဒီအရေး ကိစ္စကို စုဖုရားလတ် သိနိုင်ပါတယ်၊ ဒါပေမယ့် သူကိုယ်တိုင် ပါဝင်ပတ်သက်တာတော့ မ ဖြစ်နိုင်ပါဘူး´ ဟု ဆိုသည်။)

ရနောင် (မောင်မောင်တုတ်) နှင့် တိုင်တားမင်းကြီးတို့သည် မင်းညီမင်းသားများ အား သုတ်သင်သည့်ကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သူများ ဖြစ်သည်။ ဤအရေး ကိစ္စတွင် နန်းတွင်းမှ အရေး ပါအရာရောက်သူများ လည်း သိရှိထားပြီး ဖြစ်သည်ဟု ယူဆရပါသည်။ ကင်းဝန်မင်းကြီးသည်ပင်လျှင် သိနိုင်ပါသည်။ ဤသို့ ရှင်းလင်းလိုက်မှသာလျှင် နန်းတွင်းအရေး မှာ တည်ငြိမ်မှု ရှိလာမည် ဟု ယူဆကြပုံရပါသည်။ နောင်တွင် သီပေါမင်းက ညီတော် နောင်တော် များ ၊ ဆွေတော် မျိုးတော် များ အား သုတ်သင်ရှင်းလင်းခြင်းကို သူ လုံးဝမသိဟု ငြင်းဆိုခဲ့သည်။ သူ၏ ငြင်းဆိုချက်ကို အားလုံးကလည်း ယုံကြည်လက်ခံကြပါသည်။

မန္တလေးမြို့တွင် နေထိုင်သော ဗြိတိသျှကိုယ်စားလှယ်က သုတ်သင်ရှင်းလင်းခြင်းခံရသော မင်းသမီးများ အနက် အတော် များများ ကို တွေ့ ဆုံဖူးသူ ဖြစ်ပြီး ယင်းမင်းသမီးများ သည် မိန်းမပီသခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း အပြည့်အ၀ရှိသူများ ဖြစ်သဖြင့် ထိုကဲ့သို့ သုတ်သင်ရှင်းလင်းရာတွင် ပါဝင်သွားခြင်းကို လက်မခံနိုင်အောင် ဖြစ်ရကြောင်း ဗြိတိသျှအစိုးရထံသို့ သတင်းပို့ခဲ့သည့်အပြင် မန္တလေးနန်းတော် သို့လည်း ယခုကဲ့သို့ မင်းသား၊ မင်းသမီးများ အား သုတ်သင်ရှင်းလင်းခြင်းကို ရှုတ်ချပါကြောင်း စာပေးပို့ခဲ့သည်။ ထို့အပြင် နောင်တွင် ယခုကဲ့သို့သော ကိစ္စမျိုး ကြုံတွေ့ လာပါက ဗြိတိသျှအစိုးရအနေဖြင့် မန္တလေးတွင် ကိုယ်စားလှယ်ရုံး ထားရှိခြင်းကို ရုတ်သိမ်းမည် ဖြစ်ကြောင်းလည်း အသိပေးခဲ့သည်။ ကင်းဝန်မင်းကြီးက ဗြိတိသျှအစိုးရအနေဖြင့် မိမိအလုပ်ကိုသာ မိမိဆောင်ရွက်ရန် ယဉ်ကျေးသိမ်မွေ့သော စကားလုံးများ ရွေးချယ်ကာ ပြန်ကြားခဲ့၏ ။ ကင်းဝန်မင်းကြီးက နိုင်ငံတိုင်းတွင် တိုင်းပြည်အေးချမ်းငြိမ်သက်မှု အတွက် ယခုကဲ့သို့သော ကိစ္စမျိုး ရှိပါကြောင်းနှင့် အစဉ်အလာအရ ဆောင်ရွက်ခြင်းသာ ဖြစ်ပါကြောင်းလည်း ဖော်ပြခဲ့သည်။

ဗြိတိသျှအစိုးရက သီပေါမင်းသည် ဘုရင်အ ဖြစ် အုပ်ချုပ်ရန် မသင့်တော် ကြောင်း အလေးအနက် ခံယူလာပြီး ညောင်ရမ်းမင်းသားအား ဘုရင်အ ဖြစ် နန်းတင်ရန် စဉ်းစားလာခဲ့သည်။ ညောင်ရမ်းမင်းသားက အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိ၏ ။ ကုန်းဘောင်မင်းဆက်များ နှင့် ဗြိတိသျှတို့၏ ဆက်ဆံရေး မှာ စစ်ပွဲနှစ် ပွဲ တိုက်ခိုက်ပြီးကတည်းက တင်းမာလျက်ရှိသည်။ ယင်းသို့ တင်းမာရခြင်းမှာ အဓိကအကြောင်း ၃ ချက်ရှိ၏ ။ ပထမအချက်မှာ မင်းတုန်းမင်းလက်ထက်တွင် ဗမာဘုရင်တို့သည် ပြင်သစ်တို့နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိနေခဲ့သည်။ ထိုအချိန်တွင် ဗြိတိသျှတို့က နေမ၀င်အင်ပါယာကို ထူထောင်နေချိန် ဖြစ်သည်။ ထို့ကြောင့် ဗမာနိုင်ငံတွင် ပြင်သစ်တို့ လွှမ်းမိုးမှု ရှိနေခြင်းကို ဗြိတိသျှတို့က မကြည်ဖြူနိုင် ဖြစ်ခဲ့ရသည်။ ဒုတိယအချက်မှာ အောက်ဗမာနိုင်ငံတွင် ရှိသော ဗြိတိသျှစီးပွားရေး လုပ်ငန်းရှင်များ က အမြတ်အစွန်း ပိုမိုရရှိမည့်  လုပ်ငန်းများ ကို အထက်ဗမာပြည်အထိ ချဲ့ထွင်လုပ်ကိုင်လိုခြင်းကြောင့် ဖြစ်သည်။ ဗမာဘုရင်များ က ဗမာနိုင်ငံထွက် ကုန်ပစ္စည်းအချို့ပေါ်တွင် တင်းကျပ်သော ထိန်းချုပ်မှု များ ပြုလုပ်ထားခြင်းကြောင့် ဗြိတိသျှကုန်သည်များ အနေဖြင့် မိမိတို့သဘောထားအတိုင်း အလွယ်တကူ ဆောင်ရွက်နိုင်ခြင်း မရှိချေ။ ထို့အပြင် ဗြိတိသျှနိုင်ငံသားတို့ ခရီးသွားလာရာတွင် လည်း လုံခြုံမှု မရှိပေ။ တတိယအချက်မှာ မန္တလေးတွင် အခြေစိုက်နေထိုင်သော ဗြိတိသျှကိုယ်စားလှယ်မှာ ဗမာဘုရင်ထံ အလွယ်တကူ ၀င်ရောက်တွေ့ ဆုံကာ ညှိနှိုင်းတိုင်ပင်လိုသော ကိစ္စများ ဆောင်ရွက်နိုင်ခွင့် မရှိခြင်း ဖြစ်သည်။ ဗမာ့ဘုရင်ထံ အလွယ်တကူ ၀င်ရောက်ခြင်း မရှိသည်မှာ လည်း ဗမာ့တို့ဘက်မှ ကန့်သတ်ထားသော ဘုရင့်၏ ရှေ့မှော က်တွင် ၀င်ရောက်တွေ့ ဆုံလိုပါက နန်းတွင်းသို့ ၀င်ကတည်းက မင်းမှု ထမ်းများ ကဲ့သို့ ဖိနပ်ချွတ်ရမည့်ကိစ္စ ဖြစ်သည်။ နန်းတွင်းနေရာဆိုသည်မှာ ဒဏ္ဍာရီများ တွင် လာသော မေယုတောင်၏ အစိတ်အပိုင်း ဖြစ်သည်ဟု ဗမာတို့က ယုံကြည်ထားသဖြင့် နန်းတွင်း၌ ဖိနပ်စီးခွင့် မရှိခြင်း ဖြစ်သည်။ မေယုတောင်ဆိုသည်မှာ ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားသည့် နတ်ဘုရားများ ကိန်းဝပ်စံပယ်ရာ ဖြစ်ပြီး ဘုရင်ဆိုသည်မှာ လည်း နတ်ဘုရားများ ၏ ကိုယ်စားလှယ်ဟု ခံယူထားကြသည်။ (ဗမာတို့၏ ဓလေ့ထုံးစံများ နှင့် ယုံကြည်ချက်အတော် များများ တို့မှာ အိန္ဒိယမှ ဆင်းသက်လာခြင်း ဖြစ်သည်။) ဗြိတိသျှတို့ကလည်း ဗမာဘုရင်များ ရှေ့တော် မှော က်သို့ ၀င်ရောက်ရာတွင် ဖိနပ်ချွတ်ရမည် ဆိုသည်ကို ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် မန္တလေးတွင် ရုံးစိုက်နေသော ဗြိတိသျှကိုယ်စားလှယ်မှာ သီပေါဘုရင်ရှေ့မှော က်သို့ ရောက်ရှိနိုင်ခြင်း မရှိပေ။ ယင်းပြဿနာကို ဗြိတိသျှအစိုးရက `ဖိနပ်ပြဿနာ´ ဟု သတ်မှတ်ထားပြီး ယင်းပြဿနာသည်ပင်လျှင် ဗြိတိသျှနှင့် မြန်မာတို့အကြားတွင် လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည်။

သီပေါမင်းအား နန်းချပြီး ညောင်ရမ်းမင်းသားအား နန်းတင်ရေး ကိစ္စကို ဗြိတိသျှတို့က အလေးအနက် စဉ်းစားခဲ့ကြသော်လည်း နောင်တွင် ကမ္ဘာအရပ်ရပ်မှ အခြားပြဿနာများ ကြောင့် ညောင်ရမ်းမင်းသားအား နန်းတင်ရေး ကိစ္စမှာ လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ပေ။ နှစ် ဦးနှစ် ဖက် တင်းမာနေကြပြီး လအနည်းငယ်အကြာ ၁၈၇၉ ခုနှစ် အောက်တိုဘာလ၌ ဗြိတိသျှအစိုးရက မန္တလေးတွင် ထားရှိသော ဗြိတိသျှကိုယ်စားလှယ်ကို ရုတ်တရက် ရုတ်သိမ်းသွားခဲ့သည်။ ယင်းသို့ ရုတ်သိမ်းလိုက်ခြင်းကြောင့် သီပေါမင်းနှင့် တကွ မှူးကြီးမတ်ရာတို့မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏ ။ မန္တလေးမှ ကိုယ်စားလှယ် ရုတ်သိမ်းလိုက်ခြင်းမှာ စစ် ဖြစ်နိုင်သည့် အလားအလာဆိုသည်ကိုလည်း ခံစားမိကြသည်။ ကင်းဝန်မင်းကြီး၏ အကြံပြုချက်အရ သီပေါမင်းက ရန်ကုန်ရှိ အိန္ဒိယအစိုးရထံသို့ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ အမြန်စေလွှတ်ခဲ့သည်။ (ထိုစဉ်က ဗြိတိသျှတို့ သိမ်းပိုက်ထားသည့် အောက်ဗမာနိုင်ငံကို ယင်းတို့၏ လက်အောက်ခံအိန္ဒိယနိုင်ငံ၏ ပိုင်နက်အတွင်း သွတ်သွင်းထားခြင်းကြောင့် ရန်ကုန်ရှိ အိန္ဒိယအစိုးရဆိုသည်မှာ ဗြိတိသျှအစိုးရကို ဆိုလိုခြင်းပင် ဖြစ်သည်။) စေလွှတ်လိုက်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဘုရင်မင်းမြတ်ကိုယ်တိုင် ရေး သားထားသော သ၀ဏ်လွှာတစ်စောင်ကိုလည်း ပါးလိုက်ကာ လက်ဆောင်ပဏ္ဍာအ ဖြစ် ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာခဲ့သည့် ဆံထိုးတစ်ခုကိုလည်း လက်ဆောင်ပါးလိုက်သည်။ သို့ရာတွင် ဗြိတိသျှအစိုးရက မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ကို သရက်မြို့အောက်ပိုင်းသို့ ၀င်ခွင့်ပြုရန် ငြင်းဆန်ခဲ့သည်။ ထိုစဉ်က သရက်မြို့မှာ အထက်မြန်မာနိုင်ငံနှင့် အောက်ဗမာနိုင်ငံသို့ စည်းခြားထားရာ နယ်စပ်မြို့ ဖြစ်၏ ။ နောက်ထပ်လပေါင်းများ စွာ လည်း သီပေါမင်းက ဗြိတိသျှအစိုးရနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိရန် ကိုယ်စားလှယ်အဖွဲ့များ ကို အကြိမ်ကြိမ် စေလွှတ်ခဲ့သော်လည်း ဗြိတိသျှအစိုးရက လက်ခံခြင်း မပြုခဲ့ပေ။ သရက်မြို့တွင် ၇ လ ကြာသည့်တိုင်အောင် စခန်းချနေထိုင်ခဲ့သော ချစ်ကြည်ရေး အဖွဲ့သည် မန္တလေးမြို့သို့ ပြန်လာခဲ့ရ၏ ။

ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဖြင့် ပြေငြိမ်းမှု ရရှိအောင် လပေါင်းများ စွာ ကြိုးစားခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့ခြင်းကြောင့် သီပေါမင်းသည် ဗြိတိသျှတို့အပေါ်တွင် မျက်မာန်ရှခဲ့သည်။ ထို့ကြောင့် မန္တလေးတွင် ရုံးစိုက်နေသော ဗြိတိသျှကိုယ်စားလှယ်ကိုသာမက မြန်မာနိုင်ငံအတွင်း လာရောက်စီးပွားရှာလျက်ရှိသော ကုန်သည်များ ကိုပါ နိုင်ငံတော် ၏ မည် သည့်အစိတ်အပိုင်းတွင် မျှ နေထိုင်ခွင့်မပြုဘဲ တိုက်ထုတ်မည် ဟု ကြုံးဝါးခဲ့သည်။ မည် သည့်အခါမျှ မျက်နှာဖြူကုလားတို့ ဖူးမြော်ခြင်းကို ခံမည် မဟုတ်ဟုလည်း ဆုံးဖြတ်ခဲ့၏ ။ တစ်ခါတွင် စုဖုရားလတ်မိဖုရားက အပျိုတော် များ အား `ဘုန်းတော် ကြီးဘုရား (သီပေါမင်း) ရဲ့ ဘုန်းတော် ရိပ်ကို ခိုလှုံဖို့ မ၀ံ့တော့ဘဲ အင်္ဂလိပ်တွေ ကိုတော့ ဘုန်းတော် ကြီးဘုရားက မောင်းထုတ်လိုက်ပြီ။ ခြေမ မကောင်းရင် ခြေမ၊ လက်မမကောင်းရင် လက်မ ဖြတ်ထုတ်ရမှာ ပဲ" ဟု မိန့်တော် မူခဲ့သည်ဟု ဆိုသည်။

မျက်နှာဖြူကုလားတစ်ဦး ဖြစ်သည့် ကတ်မဲန်းဖင်လေး ဆိုသူက သီပေါမင်း စိုးစံတော် မူသည့် ပထမနှစ် တွင် ဘုရင်နှင့် မျက်နှာချင်းဆိုင် တွေ့ ခဲ့ဖူးပုံကို မှတ်တမ်းတင်ခဲ့သည်။ (သီပေါမင်းက မျက်နှာဖြူများ အား အဖူးအမြော် မခံတော့ဟု မဆုံးဖြတ်မီကာလက ဖြစ်သည်။) ကတ်၏ လက်ရေး ဖြင့် ရေး သားခဲ့သော မှတ်တမ်းတွင် -

ကျွန်တော် တို့အား နန်းမဆောင်၏ တစ်ဖက်တွင် ရှိသော အဆောင်တစ်ခုသို့ လမ်းပြခေါ်ဆောင်သွားသည်။ ယင်းအဆောင်မှာ ဆောက်လုပ်ပြီးစ အသက်စက်စက် အဆောင်တစ်ခု ဖြစ်၏ ။ လှပတင့်တယ်စွာ ဆင်ယင်ထားသော အဆောင် ဖြစ်သည်ကို သတိပြုမိသည်။ အဆောင်၏ တစ်ဖက်တွင် ခပ်မြင့်မြင့် ပြင်ဆင်ထားသော စင်မြင့်ကဲ့သို့ အပြင်အဆင်တစ်ခုလည်း ရှိသည်။ ယင်းစင်မြင့်၏ အလယ်တွင် သုံးပေခန့် ကျယ်ဝန်းသော ၀င်ပေါက်တစ်ခု ရှိသည်။ ကတ္တီပါများ ၊ လှပတင့်တယ်သည့် ရွှေထည်ပစ္စည်းများ အလှဆင်ထားသည့်အပြင် ကတ္တီပါကူရှင်၊ ရွှေထွေးခံ၊ ရွှေကွမ်းအစ်တို့ကိုလည်း တွေ့ မြင်ရသဖြင့် ဘုရင်မင်းမြတ် ထွက်တောမူလာမည် ကို သတိထားမိသည်။ စင်မြင့်ရှေ့ အောက်ကြမ်းပြင်ပေါ်တွင် အရေအတွက်အားဖြင့် ၁၅၀ ခန့်ရှိမည် ဖြစ်သော မှူးကြီးမတ်ရာများ ၊ အရာရှိများ ခစားလျက် ရှိကြသည်။ လုံခြုံရေး အစောင့်အရှောက်များ မှ လွဲလျှင် ခန်းမအတွင်းရှိ ပရိသတ်အားလုံးမှာ ကြမ်းပေါ်တွင် ပြားပြားဝပ်လျက် ခစားနေကြသည်။ သို့ရာတွင် အရာရှိ၊ အရာခံတို့မှာ တူညီဝတ်စုံများ ၀တ်ဆင်ထားခြင်း မရှိသည်မှာ ထူးဆန်းလှသည်။ မိနစ်အနည်းငယ်အကြာတွင် ဘုရင်မင်းမြတ်သည် စင်မြင့်ပေါ်သို့ ရောက်ရှိလာသည်။ စင်ပေါ်ရှိ ကတ္တီပါကူရှင်ပေါ်၌ လက်တင်ကာ ထိုင်တော် မူသည်။ ၀န်ကြီးတစ်ပါးက စာအုပ်တစ်အုပ်ကို ကိုင်ကာ ကျယ်လောင်သော အသံဖြင့် ကျွန်တော် တို့အဖွဲ့ ဘုရင်မင်းမြတ်အား လာရောက်ဖူးမြော်ခြင်းကို လျှောက်ထားသည်။

ထိုဝန်ကြီးကပင် ကျွန်တော် တို့အဖွဲ့ဝင်များ ၏ အမည် များ ကို အထစ်ထစ်ဖြင့် ဖော်ပြလျှောက်ထားသည်။ မကြာမီပင် ၀န်ကြီးတစ်ပါးက ကျွန်တော် တို့အဖွဲ့ဝင်များ အား ဘုရင့်အမိန့်တော် ဖြင့် ပတ္တမြားလက်စွပ်တစ်ကွင်းစီး၊ ငွေခွက်နှစ် ခွက်စီ၊ သားမွေးအင်္ကျီ တစ်ထည်စီး လက်ဆောင်အ ဖြစ် ချီးမြှင့်ခဲ့၏ ။ သီပေါဘုရင်၏ လက်ဆောင်များ မှာ တန်ဖိုးရှိပါသည်။ ကျွန်တော် တို့က ဘုရင်မင်းမြတ်အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရာ ပထမ၀န်ကြီးကပင် စိတ်လှုပ်ရှားစွာ ၊ စိတ်မသက်သာစွာ ဖြင့် ဘာသာပြန်ကာ လျှောက်ထားပေးသည်။ ဘုရင်မင်းမြတ်သည် အသက်အလွန်ငယ်ရွယ်ပြီး ဥရောပမှ ရောက်ရှိလာသော အဖွဲ့တစ်ဖွဲ့အား လက်ခံတွေ့ ဆုံခြင်းမှာ လည်း ပထမဆုံးအကြိမ်ပင် ဖြစ်တော့သည်။

ဘုရင်မင်းမြတ်က သူ၏ ၀န်ကြီးများ ဘက်သို့ လှည့်ပြီး ထုံးတမ်းစဉ်လာအတိုင်း ညီလာခံ ပုံမှန်တက်ရောက်ကြရန်နှင့် တိုင်းပြည်အား တရားမျှတစွာ အုပ်ချုပ်ကြရန်၊ တည်ငြိမ်အေးဆေးသော အသံဖြင့် မိန့်ကြားတော် မူသည်။ ထိုသို့ မိန့်ကြားပြီးနောက်တွင် သီပေါဘုရင်သည် သက်တော် စောင့်များ ဖြင့် ညီလာခံမှ ထွက်ခွာသွားသည်ကို တွေ့ လိုက်ရ၏ ။

ဟု မှတ်တမ်းတင်ခဲ့သည်။

ဘုရင်မင်းမြတ်သည် လွှတ်တော် အပေါ်တွင် အုပ်ချုပ်သည်ဆိုသော်လည်း ကိစ္စအ၀၀ကို လွှတ်တော် မှ ၀န်ကြီးများ ကသာ ဆောင်ရွက်ပြီး ပြည်ပမှ ဧည့်သည်များ အား လက်ခံတွေ့ ဆုံရန် ရှိမှသာ ညီလာခံသဘင် ကျင်းပလေ့ ရှိသည်။ သီပေါဘုရင် စိုးစံတော် မူသော ပထမနှစ် မှာ ဘုရင်သည် ဆင်ဖြူမရှင်မိဖုရားကြီး ကြိုးဆွဲရာ က,ခဲ့ရသော နှစ် ဟု မှတ်တမ်းတင်ရမည် ဖြစ်သည်။ ဆင်ဖြူမရှင်သည် ယင်းပထမနှစ် တွင် သီပေါဘုရင် ရာဇာပလ္လင်ထက်၌ တည်မြဲနိုင်ရေး ကို ကြိုးပမ်းအားထုတ်ခဲ့ပြီး သမီးတော် ဖြစ်သူ စုဖုရားလတ်အားလည်း လိုအပ်သည့် အကြံဉာဏ်များ ပေးခဲ့သည်။ မယ်တော် ၏ အကြံဉာဏ်များ သည် စုဖုရားလတ်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာများ ဖြစ်ခဲ့သည်။ လက်တွေ့ တွင် စုဖုရားလတ်သည်သာ အထက်မြန်မာနိုင်ငံကို အုပ်ချုပ်နေသူ ဖြစ်၏ ။ ထိုစဉ်က စုဖုရားလတ်ကို `ဓားထက်တယ်´ ဆိုခဲ့ကြသည်။ ၁၈၇၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နံနက် ၃ နာရီအချိန်တွင် စုဖုရားလတ်သည် ပထမဆုံးသော သားတော် တစ်ပါးကို ဖွားမြင်လိုက်သဖြင့် ဘုန်းတော် ကြီးဘုရား သီပေါဘုရင်၏ အရိုက်အရာကို ဆက်ခံနိုင်တော့မည် ဟု ဆိုနိုင်ခဲ့သည်။

* * * * *




ဝန်ဇင်းချစ်သူများ ၀င်းငြိမ်း ၏ “ နန်းကျဘုရင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အချစ်နှင့် စစ်

အထီးကျန်ည

ရွှေ ၆၇ ရွှေအမြုတေ ဝတ္ထုတို ၆၇ ပုဒ် စုစည်းမှု