(ဒါရီမာတီရာ၏ စကားဦးအမှာ စာ)
ရထားတဲ့သတင်းအစအနက စိတ်ဝင်စားစရာ။ ဒီသတင်းကို ခြေရာကောက်ပြီး ဖြစ်ရပ်မှန်ကို ဖော်ပြသင့်တာလည်း အမှန်ပဲ။ ပရက်စလေရဲ့ လူမသိသူမသိ သမီး တစ်ယောက် ကြောင်း ဖော်ထုတ်ရေး နိုင်မယ်ဆိုရင် ဈေးကွက်မှာ ရောင်းကောင်းမယ့် စာအုပ်တစ်အုပ် ဖြစ်မှာ ပေါ့။ စာအုပ်မထုတ်ဘဲ အခန်းဆက်ရေး ချင်တယ်ဆိုရင် တင်ပြပုံကောင်းကောင်းနဲ့ ရေး နိုင်မယ်ဆိုရင် မဂ္ဂဇင်းကြီးတွေ စိတ်ဝင်စားနိုင်တယ်။ သူတို့နှစ် ယောက် အချစ်က ဆယ်ကျော်သက်တွေ ရဲ့ ကောက်ရိုးမီး အချစ်မျိုး မဟုတ်ဘဲ ဖွဲမီးလို တငွေ့ငွေ့ လောင်ကျွမ်းနေတဲ့ အချစ်စစ်၊ အချစ်မှန်ဆိုတော့ မဂ္ဂဇင်း အယ်ဒီတာတွေ စိတ်ကြိုက် ဇာတ်လမ်း တစ်ပုဒ် လည်း ဖြစ်မယ်။
ရေး ဖို့ သွေးဆောင်ကြည့်တိုင်း သူမက ရှောင်ဖယ်သွားတာချည်းပဲ။ လော့(စ) အိန်ဂျလိ(စ) မှာ ရှိတဲ့ အဆက်အသွယ်တွေ ရဲ့ ပြောပြချက်အရ သူမဟာ အင်တာဗျူး အလုပ်ခံရဖို့ ရင်ခုန်လှုပ်ရှားနေသတဲ့။ စိတ်လှုပ်ရှားကြောက်ရွံ့နေတဲ့ သူမကို နှစ် သိမ့်ထားလိုက်ရတယ်။ တစ်စွန်းတစ်စ သိထားရတဲ့ ဇာတ်ကြောင်းကို ပြည်ပြည့်စုံစုံသိခွင့်မရခြင်းက စိတ်ပျက်စရာ မဟုတ်ပါဘူး။ ဒါပေမယ့်သူမက ဒီဇာတ်လမ်းကို လူသိရှင်ကြား မ ဖြစ်စေချင်လို့ပါဆိုတဲ့ အချက်က သတင်းသမား တစ်ယောက် အနေနဲ့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူ့ကိစ္စကို ခဏမေ့ထားပြီး တခြားတာဝန်တွေ နဲ့ အလုပ်ရှုပ်နေတုန်း ခြောက်လလောက်အကြာမှာ မိုင်ယာမီက ကျွန်တော့်အိမ်ကို ဖုန်းဆက်လာပါတယ်။ ဖုန်းဆက်သူက “ဒီဇိုင်းယားရီး”။ ဒီကလေးမ စကားပြောပုံက သိမ်မွေ့တယ်။နှုးညံ့တယ်။ စကားပြောတဲ့နေရာမှာ လည်း သတိထားပြီး ထိန်းပြောနေပုံ ရပါတယ်။ ဒီဇိုင်းယားရီးက စကားပြောဖို့အတွက် စိတ်ဝင်စားပါတယ်တဲ့။ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူးလို့ဆိုတယ်။ နောက်ထပ် ဆက်သွယ်ပါဦးမယ်တဲ့။ ဒါဆိုရင် အခြေအနေတွေ က တော် တော် လေးကောင်းလာပြီးလို့ ဆိုရမယ်။ နောက်ခြောက်လအတွင်းမှာ ကလေးမလေး အကြိမ်တော် တော် များများ ဆက်သွယ်ပါတယ်။
ဆက်သွယ်လာရတဲ့အချိန်တိုင်း သူကချည်းမေးခွန်းတွေ မေးတာပဲ။ ဘယ်လိုပုံစံမျိုးနဲ့ ရေး ဖို့ စိတ်ကူးထားသလဲ။ ဘယ်မဂ္ဂဇင်းမှာ ပါမှာ လဲ စသဖြင့် ပေါ့။ သူ့မေးခွန်းတွေ ကို အတတ်နိုင်ဆုံး ကြိုးစားပြီး အကောင်းဆုံး ဖြစ်အောင် ဖြေနေပေမယ့် ဘယ်ပုံစံနဲ့ ရေး ရမယ်ဆိုတာ ကိုယ်တိုင်မသိသေးဘူး။ သူ့ကို မေးခွန်း တစ်ခုပြန်မေးလိုက်တော့ ကလေးမက ဘယ်တော့မှ မဖြေပါဘူး။ တစ်ကြိမ်မှာ တော့ ဒီဇိုင်းယားရီး ဖုန်းဆက်လာပြီး လာမယ့် ရက်သတ္တပတ်ထဲမှာ အမေရိကန်နိုင်ငံ တောင်ပိုင်းခရီးစဉ်တစ်ခုကအပြန် မိုင်ယာမီမှာ တစ်ထောက်နားဖို့ရှိတယ်။ သူ့ကို အကောက်ခွန်အခန်းမှာ လာတွေ့ နိုင်မလားတဲ့။ သူမပုံစံကို ပြေပြတယ်။ အရပ်မြင့်မြင့် ၊ပိန်ပိန်သွယ်သွယ် နက်မှော င်တဲ့ ဆံပင်အရှည်နဲ့တဲ့။ ပြီးတော့ ပိုပြီး သိသာအောင် နေကာမျက်မှန်ကိုင်း အဖြူတစ်ဖက် အနက်တစ်ဖက် တပ်ထားမယ်လို့ပြောတယ်။
“ကျွန်မကိုတွေ့ ရင် ချက်ချင်း သိမှာ ပါ။ ကျွန်မက ဖေဖေနဲ့ ရုပ်ချင်းတူပါတယ်” လို့ သူမက ပြောတယ်။
လေယာဉ်က တစ်နာရီ နောက်ကျနေတယ်။ မိုင်ယာမီအကောက်ခွန် အခန်းထဲက ရေး စီးကြောင်းတစ်ခုလို စီးထွက်လာတဲ့ မျက်နှာပေါင်း ထောင်နဲ့ချိပြီး လိုက်ကြည့်ရတယ်။ ခရီးသည် ကိုးဆယ်ကိုး ရာခိုင်နှုန်းလောက်က အနက်ရောင် ဆံပင်တွေ နဲ့ တစ်ယောက် မှ ထူးခြားတာ မတွေ့ ရဘူး ။ဒီဇိုင်းယားရီးနဲ့ လွဲသွားပြီးလို့ ထင်လိုက်ပါတယ်။
အဲဒီ အချိန်မှာ သူမ ထွက်ပေါ်လာတယ်။ သံသယ ဖြစ်စရာ လုံးဝမရှိပါဘူး။ သူမ ဖော်ပြခဲ့တဲ့ပုံစံကလည်း အတိအကျပဲ။ အရပ်မြင့်တယ်တဲ့။ ဒေါက်မြင့်ဖိနပ်နဲ့ဆိုရင် ခြောက်ပေလောက်ရှိတယ်။ ပိန်ပိန်သွယ်သွယ်ပဲ။ နက်မှော င်သန်စွမ်းတဲ့ ဆံပင်ရှည်ကြီးနဲ့။ ဒီဇိုင်းယားရီး သူ့ပုံစံကို ပြောပြတုန်းက အရေး ကြီးတဲ့ စကားတစ်ခုကျန်သွားခဲ့တယ်။ အဲဒီ စကားက “လှတယ်”ဆိုတဲ့ အချက်ပါပဲ။ လူတွေ အများ ကြီးထဲမှာ ဒီဇိုင်းယားရီးရဲ့ အလှက ထူးထူးခြားခြား ပေါ်လွင်နေတယ်။ ပါးရိုးမြင့်မြင့်ကထူးခြားတယ်။ သူမရုပ်ရည်ကြည့်ပြီး ဘယ်နိုင်ငံသားရယ်လို့ ခွဲခြားပြောဖို့ရာ ခက်ပါတယ်။ လက်တင်လို့ မပြောနိုင်သလို ဥရောပတိုက်သူလို့လည်း မဆိုနိုင်ပြန်ဘူး။ အနီးစပ်ဆုံးပြောရရင် အမေရိကန် အင်းဒီးယန်း အချောစား မိန်းကလေး တစ်ယောက် လို့ပဲ ဆိုရပါလိမ့်မည် ။ သူချောပုံကို “ကယ်(လ) ဗင်ကလိုင်း” (အမေရိကန်အလှကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း) ကုမ္ပဏီကထုတ်တဲ့ ပစ္စည်းတစ်ခုနဲ့ တင်စား ပြောရမလိုဘဲ။
အနားကိုနီးလာလေလေ သူ့အလှက ပိုပြီးပီပြင်လာလေပါပဲ။ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေမိတယ်။ ကလေးမလေးက ပရက်စလေနဲ့ သိပ်တူတာပဲ။ တူတာမှ ကိုယ်ပွားတစ်ခုလို တူတာမို့ ကြက်သီးမွေးညင်းတောင်ထသွားမိတယ်။ အနားရောက်လာတော့ သူ့မျက်မှန်ကို သတိထားကြည့်လိုက်မိတယ်။ ကိုင်းက အဖြူတစ်ဖက်၊အနက်တစ်ဖက်။ ဒါဆိုရင် လူမှားစရာအကြောင်း မရှိတော့ဘူးပေါ့။ ဒီဇိုင်းယားရီးနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်တယ်။ သူမက အစစ အရာရာ နှုတ်လုံလွန်းပါတယ်။ ယုတ်စွအဆုံး သူမရဲ့ ခရီးစဉ်က ဘာအတွက် သွားတယ်ဆိုတာတောင် မပြောပါဘူး။ အဲဒီ အတွက် တော် တော် ကလေး အံ့သြမိတယ်။ တယ်လီဖုန်းနဲ့ အကြိမ်ပေါင်းများ စွာ စကားပြောခဲ့ဖူးတယ်။ အင်တာဗျူး အကြောင်းလည်း ဆွေးနွေးဖူးတယ်။ စိတ်ထဲမှာ တွက်ထားတာကတွေ့ ရင် သူကပဲ ဒီကိစ္စ စ,ပြောလိမ့်မယ့်ပေါ့။
ဒီဇိုင်းယားရီးက အဲဒီ လို မဟုတ်ဘူး။
စာနယ်ဇင်းသမား သက်တမ်းတစ်လျှောက် အတွေ့ အကြုံအရ အခြေအနေကို သိလိုက်တယ်။ အင်တာဗျူး လုပ်ခဲ့တဲ့သူပေါင်း နှစ် ထောင်ကျော် ရှိခဲ့ပြီပဲ။ ကလေးမ ကြောက်နေတယ်။ တုန်လှုပ်နေတယ်။ သူ့ကိုယ်သူ မရေမရာ ဖြစ်နေတယ်။ မေးခွန်းအမှားတစ်ခု စမေးလိုက်ရင် ချက်ချင်း ထွက်ပြေးမယ့်ပုံစံပဲ။ သူ့ပုံစံကရဲရင့်ဟန်ရှိပေမယ့် တကယ်တော့ ရှက်နေတယ်။ ရိုးသားဖြူစင်တဲ့ အသက် နှစ် ဆယ့်ငါးနှစ် အရွယ် မိန်းကလေး တစ်ယောက် ။ စာပေသမား တစ်ယောက် ကတစ်ဆင့် သူဘယ်သူဘယ်ဝါ ဖြစ်ပါတယ်ဆိုတာ အသိပေးရတော့မှာ ဆိုတော့ တုန်လှုပ်နေတာပေါ့။ ဇာတ်လမ်းကို ဘယ်လိုရေး ရမှန်း မသိသေးပေမယ့် လက်ရှိအခြေအနေကိုတော့ ကျွန်တော် ဖြေရှင်းတတ်ပါတယ်။
စကားနည်းနည်း ပါးပါး ပြောကြပြီးတော့ ဝိုင်တစ်ခွက်စီ် သောက်ကြတယ်။ သူမရယ်ရယ် မောမော ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တစ်နာရီလောက်ကြာတော့ ဒီဇိုင်းယားရီး ပုံမှန်အခြေအနေ ရောက်နေပြီ။
“အိုကေ . . . မေးခွန်းတွေ စတော့ . . .
ရုတ်တရက် ကလေးမကပြောလာတော့ လန့်သွားမိတယ်။ ဒီဇိုင်းယားရီးကိုမေးဖို့ မေးခွန်းတွေ တစ်လှေကြီး ပါလာခဲ့ပါတယ်။ ဒါပေမယ့် သူ့ဘက်က အဖြေလုံးဝမရှိဘူး။ သူ့အမေနဲ့ ပရက်စလေတို့ ဆက်ဆံရေး နဲ့ပတ်သက်ပြီး မေးတဲ့ ပထမဆုံးမေးခွန်းဆယ်ခုကို “ကျွန်မ မသိပါဘူး” တို့၊ ပခုံးတွန့်ပြတာ တို့နဲ့ပဲဖြေသွားတယ်။ သူ့အမေနဲ့ ပရက်စလေတို့ ဘယ်မှာ တွေ့ ခဲ့ကြတယ်၊ ဘယ်လိုတွေ့ ခဲ့ကြတယ်၊ ဘယ်လောက်ကြာတဲ့အထိ အဆက်အသွယ်ရှိခဲ့ကြတယ်ဆိုတာလည်း မသိဘူး။ အချုပ်ပြောရရင် သူဟာ ပရက်စလေသမီးပါလို့ ဘာကြောင့် ပြောနိုင်တယ်ဆိုတာတောင် မသိပါဘူး။ သူ့ကိုယ်သူ ပရက်စလေသမီးပါဆိုတာပဲ ပြောနိုင်တယ်။ အင်တာဗျူး အတွေ့ အကြုံ နည်းတဲ့သူ တစ်ယောက် သာ ဆိုရင်တော့ ဒီကောင်းမလေး ညာနေတာလို့ ပြော ဖြစ်လိမ့်မယ်။ ကျွန်တော့် သက်တမ်းတစ်လျှောက် တွေ့ ခဲ့ဖူးတာပဲ။ ပိပိရိရိလိမ်တတ်တဲ့လူတွေ ကို အလိမ်ဖော်စက် နဲ့အောင်အောင်တောင် ဖြေနိုင်ကြလိမ့်မယ်။ ဒါပေမယ့် ညာနေတယ်ဆိုတာ သိနေတာပဲ။ မေးခွန်းတွေ ကို ချောချောမွေ့မွေ့ဖြေနိုင်အောင် လေ့ကျင့်ထားမယ်။ အမူအရာက ကောင်းမယ်။
ဒီဇိုင်းယားရီးကိုကြည့်ရတာ ဒီလိုလိမ်လည် လှည့်ဖြားနေတဲ့ အမူအရာပုံစံလုံးဝမရှိဘူး။ ပကတိရိုးသားဖြူစင်နေတယ်။ ကျွန်တော့် အနေနဲ့ သူ့ကို ဘာကြောင့် ပိုပြီး စိတ်ချသွားသလဲဆို တော့ပရက်စလေနဲ့ ပတ်သက်ပြီး ဗဟုသုတသူ့မှာ နည်းပါးလွန်းလို့ပါပဲ။ လိမ်ချင်တဲ့သူသာဆိုရင် တော့ပရက်စလေနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကလေးကအစ လေ့လာပြီး သူဆင်တဲ့ ဇာတ်လမ်းထဲမှာ အကွက်ကျကျ ထည့်ပြောသွားလိမ့်မယ်။ ဒီဇိုင်းယားရီး ကတော့ ပရက်စလေ ဘယ်တုန်းက စစ်မှု ထမ်းခဲ့တယ်ဆိုတာတောင် မသိပါဘူး။ ဒီအချက်က သာမန်စိတ်ဝင်စားသူ တစ်ယောက် တောင် သိနိုင်တာပဲ။ ဒီဇိုင်းယားရီးရဲ့ မွေးနေ့က ပရက်စလေစစ် မှု ထမ်းဖို့ဝင်တဲ့ရက်နဲ့ တော် တော် ကလေး ကပ်နေတယ် ။ အဲဒါတောင် သူမသိဘူး။ သူပြောနေတာ အမှန်တွေ ချည်းပဲ။ သူသိမျှနည်းနည်း ပါးပါးပဲ ကျွန်တော့် ကို ပြောနေတယ်ဆိုတာ အမှန်ပါပဲ။
ကျွန်တော့်  အင်တာဗျူး က ခရီးမပေါက်မှန်း သိတော့ ဒီဇိုင်းယားရီးက ခပ်ဟဟကလေးရယ် ပြီး “အမေနဲ့တွေ့ ဖို့ကောင်းတယ်၊ ဒီမေးခွန်းတွေ ကို အမေပဲ ဖြေနိုင်ပါလိမ့်မယ်” လို့ဆိုတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း သူ့အမေကို တွေ့ ချင်တာပါပဲ။ နောက်ထပ်သုံးလ ကြာသွားပြန်ပါ တယ်။ ဒီအတောအတွင်းမှာ ဒီဇိုင်းယားရီးနဲ့ သူ့အမေ ဘယ်လို တိုက်ပွဲတွေ နွှဲကြသလဲတော့ ကျွန်တော် မသိဘူး။ အမေ ဖြစ်တဲ့ လူစီက ဖြစ်ခဲ့သမျှ ပြည်ဖုံးကားချထားချင်တယ်။ ဒီဇိုင်းယားရီးက တော့ သူ့ဘဝအတွက် အရေး ပါအရာရောက်တဲ့ကိစ္စ ဖြစ်လို့ ဖွင့်ပြောစေချင်တယ်။ ပြောအောင်လည်း တိုက်တွန်းတယ်။
နောက်ဆုံးတော့ လူစီက ကျွန်တော့် ကို ဒါးလက်(စ)မြို့က Marriot Guorum မှာ ဆုံတွေ့ ဖို့ သဘောတူလိုက်ပါတယ်။ ကျွန်တော့် ကို အင်မတန်သေးကွေးပြီး အနက်ရောက်ဆံပင်၊ တောက်ပတဲ့ မျက်လုံးစိမ်းစိမ်းတွေ ရှိပြီး ဆွဲဆောင်မှု ရှိတဲ့ အမျိုးသမီး တစ်ယောက် နဲ့ မိတ်ဆက်ပေးပါတယ်။ သူ့အပြုံးတွေ က တောက်ပပေမယ့် အသက်မပါသလိုဘဲ။ အဲဒါ ပရက်စလေ ရဲ့ ချစ်သူလူစီးပါပဲ။ တွေ့ စပထမနေ့မှာ တော့ ဟိုဟိုဒီဒီလျှောက်လည်ကြရင်း တစ်ယောက် နဲ့ တစ်ယောက် ရင်းနှီးမှု ရအောင် ကြိုးစားပါတယ်။ ဒုတိယနေ့ မွန်းလွဲပိုင်းမှ လူစီကစ,စ စကားပြောပါတယ်။ စပြီးငိုပါတယ်။ အဲဒီ နေ့က စပြီး လူစီ့ခံစားချက်ကို ရင်နာနာနဲ့ နားထောင်ခဲ့ရတာ နောက်ထပ် လပေါင်းနှစ် ဆယ်ထိပါပဲ။ လူစီ့အ ဖြစ်က ကြေကွဲဝမ်းနည်း စရာကောင်းသလည်းကောင်းပါတယ်။ အချစ်ဆိုတဲ့ သာမန်စကားလုံးလေး တစ်လုံးကနေ ပေါက်ဖွားလာခဲ့တဲ့ ဇာတ်လမ်း၊ ဇာတ်လမ်းရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ထားတဲ့ သမီး တစ်ယောက် ရှိခဲ့တယ်။ သမီးရဲ့ ပလက်စလေရဲ့ ထင်ပေါ်ကျော်ကြားမှု မှာ မဝေခွဲနိုင်ဘဲ မျိုသိပ်နေခဲ့ရတဲ့ မိန်းမ တစ်ယောက် ရဲ့ အဖြေပါ။ သူမဟာ လူငယ်ကလေး တစ်ယောက် နဲ့ ချစ်ခဲ့တယ်။ အောင်မြင်တဲ့သူကို ချစ်ခဲ့တာမဟုတ်ပါဘူး။ လူ တစ်ယောက် ကိုချစ်ခဲ့တယ်။ စူပါစတား တစ်ယောက် ကို ချစ်တာမဟုတ်ပါဘူး။ သူတို့နှစ် ယောက် ဆက်ဆံရေး ဟာ အလျှံညီညီ တောက်လောင်မှု အဆင့်ထိ မရောက်ခဲ့သလို ဘယ်တော့မှလည်း အေးစက်မသွားခဲ့ပါဘူး။ ဆယ့်ခြောက်နှစ် သမီးအရွယ် ပထမဆုံး အကြိမ် ချိန်းတွေ့ ခဲ့ရာက ပေါက်ဖွား လာတဲ့အချစ်ကို နှစ် ဆယ့်လေးနှစ် လုံးလုံး ထိန်းသိမ်းရှောက်ထားနိုင်ခဲ့တယ်ဆိုတော့ လူစီ့အချစ်က အိပ်မက်ထဲက အချစ်ကို မပုပ်သိုးသွားရအောင် အအေးခန်းထဲမှာ ထည့်ထားတာနဲ့တူတယ်။
လူစီ့ဘဝ အစအဆုံး ပြောပြနိုင်ဖို့ နှစ် , နှစ် အချိန်ယူခဲ့ရပါတယ်။ အသေး စိတ်အချက်အလက် ကလေးတွေ က သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ မြှုပ်နှံထားတာ ကြာပြီဆိုတော့ အပြည်အစုံ ဆက်စပ်ယူနိုင်ဖို့အတွက် တစ်စချင်း ဆွဲထုတ်ယူရပါတယ်။ ကျွန်တော် တို့နှစ် ယောက် တစ်ကြိမ်တွေ့ တိုင်း လူစီ့ခမျာ စိတ်ပန်းလူနွမ်း ဖြစ်ကျန်ရစ်ခဲ့တာ ချည်းပါပဲ။ ကျွန်တော့် အနေနဲ့ သားသေတဲ့အမေ၊ ခင်ပွန်းသည်တွေ ဆုံးရှုံးခဲ့ရတဲ့ ဇနီးမယားတွေ ၊ အဓမ္မအကျင့်ခံခဲ့ရတဲ့ မိန်းကလေးတွေ စသဖြင့် ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်မျိုးစုံနဲ့ ကြုံတွေ့ ရဖူးပေါင်းများ စွာ ကို အင်တာဗျူး လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လူစီ့လို နှလုံးသားတစ်စစီဖဲ့ ခြွေပြောရတဲ့ သူမျိုးနဲ့ တစ်ကြိမ်မှ မဆုံဖူးပါဘူး။
ဒီဇိုင်းယားရီးလိုပဲ လူစီဟာလည်း၊ ပရက်စလေနဲ့ပတ်သက်ပြီး သူနဲ့ ပတ်သက်တာပဲ ပြောနိုင်တယ်။ တခြားကိစ္စတွေ သူဘာမှ မသိပါဘူး။ သာမန်ပရိတ်သတ်တွေ တောင် သိတဲ့ကိစ္စမျိုး ကိုတောင်မှ လူစီ မသိပါဘူး။ ပရက်စလေတပ်ထဲဝင်တဲ့နေ့ အတိအကျကို လူမသိဘူး။ အစွန်းဆုံးပြောရရင် သူမရဲ့ သွေးအုပ်စု၊ ပရက်စလေရဲ့ သွေးအုပ်စုနဲ့ သမီး ဒီဇိုင်းယားရီူးရဲ့ သွေးအုပ်စုကိုလည်းမသိဘူး။ ပရက်စလေနဲ့ ပတ်သက်ပြီး တချို့စာအုပ်တွေ က လုပ်ကြံလီဆည် ပြီး ရေး ကြတဲ့အကြောင်းတွေ လည်း သူမသိဘူး။ သူသိတာက သူနဲ့ ပရက်စလေရဲ့ ဆက်ဆံရေး ။ ဒါပဲ သူသိတယ်။ သူပြောတဲ့အချက်အလက်တချို့ကို ကျွန်တော် က ပရက်စလေရဲ့ အရင်းအနှီး လူတချို့ကို မေးမြန်းတိုက်ဆိုင်ကြည့်တော့ မှန်နေတာတွေ့ ရတယ်။
လူစီပြောသမျှ အားလုံး အမှန်ချည်းပဲ ဆိုတာ တွေ့ ရတယ်။
လူစီက သူ့ကို ပရက်စလေက ချစ်ခဲ့တယ်ဆိုတဲ့ကြောင်း၊ သူဘယ်လောက်ချစ်ခဲ့တယ်ဆို တဲ့အကြောင်းကို ပြောပြရာမှ အသေးစိတ် အချက်အလက်လေးတွေ ကအစ တိတိကျကျ ပြောနိုင် ခဲ့တယ်။ သူတို့နှစ် ယောက် စတွေ့ ကြတဲ့ ၁၉၅၃ ခုနှစ် ကအစ၊ ၁၉၇၇ ခုနှစ် သြဂုတ်လ (၁၆)ရက် ပရက်စလေကွယ်လွန်တဲ့နေ့အထိ ပြောပြခဲ့ပါတယ်။
ဒီစာအုပ်ကို ရေး တဲ့နေရာမှာ လူစီက အချက်အလက်အားလုံး အခြွင်းမချန် ရေး စေပါတယ်။ သူ့ကို ထိခိုက်မယ့်ကိစ္စပဲ ဖြစ် ဖြစ်၊ ပရက်စလေကို ထိခိုက်မယ့်ကိစ္စပဲ ဖြစ် ဖြစ် အားလုံးကို မှတ်တမ်းတစ်ခု ဖြစ်စေချင်တဲ့ သဘောပါပဲ။ ပရက်စလေ ပရိတ်သတ်အနေနဲ့ ကိုယ်တိုင်မေးချင် ကြမယ့် မေးခွန်းအားလုံးကို ဖျက်ဆီးတဲ့ကစ္စ၊ မိန်းမမူပွေတဲ့ကိစ္စ။ ကာနယ်(လ) ပါကားကို ဘာကြောင့် လက်မလွတ်နိုင်ဘဲ ဖက်တွယ်ထားရသလဲ။ ပါးမြိုင်မွေးရှည်ထားတဲ့ လူတစ်စုရဲ့ ပတ်ဝန်းကျင်မှာ ဘာကြောင့် လက်ထက်ပြီးမှ လျစ်လျူရှုထားခဲ့တာလဲ။ ဒီမေးခွန်းတွေ ကို ပရက်စလေက ဖြေခဲ့တယ်။ လူစီဆိုတာ သူအောင်မြင်မှု မရခင်ကတည်းက ချစ်ခင်စွဲလမ်းခဲ့တဲ့ မိန်းမ၊ သူယုံကြည်အားထားတဲ့မိန်းမ ဖြစ်လေတော့ သူဖြေခဲ့တယ်၊ လူစီကတစ်ဆင့် ကျွန်တော် တို့အနေနဲ့ ပရက်စလေရဲ့ အတွင်းစိတ်ကို သိခွင့်ရနိုင်ပါတယ်။ လူစီအနေနဲ့ ပရက်စလေရဲ့ အနီးကပ်ဆုံး လူတွေ ကိုတောင် မသိနိုင်ခဲ့တဲ့ အချက်အလက်များ နဲ့ ပရက်စလေရဲ့ ဘဝဇာတ်ကြောင်းကို ပုံတူပန်းချီးကားတစ်ချပ် ရေး ဆွဲသလို ရေး နိုင်ခဲ့ပါတယ်။
လူစီက သူ့နှလုံးသားထဲမှာ စွဲထင်ကျန်ရစ်ခဲ့တာ အားလုံးကို အိတ်သွန်ဖာမှော က် ပြောပြခဲ့တယ်။ နှစ် ဆယ့်လေးနှစ် တာ ကာလကို အသေးစိတ် ပြောရတာ ဆိုတော့ အချို့အချက်အလက် တွေ က ခင်ဗျားတို့ ၊ ကျွန်တော် တို့ မေ့သလို ခုထက်ထိအတိအကျ ပြောနိုင်သေးပေမယ့် ဘယ်နှစ် ဘယ်ချိန်က ပြောခဲ့တယ်ဆိုတာကိုတော့ သူ သိပ်မမှတ်မိတော့ဘူး။ ဥပမာအားဖြင့် နှစ် ယောက် ချိန်းတွေ့ တဲ့ ဟိုတယ်ရဲ့ ကော်ဇော်အရောင် ၊ ခန်းဆီးအရောင် တို့ကို မှတ်မိပေမယ့် ဟိုတယ် နာမည် ကိုတော့ မမှတ်မိတော့ဘူး။ သူ့ဆီက အပိုင်းအစတွေ တူးဆွဖော်ထုတ်တဲ့နေရာမှာ ကျွန်တော် မညှာမတာ မေးခဲ့တယ်။ သူကပြောလိုက်၊ ကျွန်တော် က မေးလိုက်နဲ့အတူတူ အလုပ်လုပ်ခဲ့ကြရတာ လူပင်ပန်းတာထက် စိတ်ပင်ပန်းမှု က ပိုခဲ့ပါတယ် ။
လူစီပြောတဲ့ စကားအားလုံးမှန်တယ်၊ အမှန်ဘူးဆိုတာကို စိတ်ပညာ ပါရဂူတစ်ဦး ဖြစ်တဲ့ မိုင်ယာမီ ဆေးတက္ကသိုလ်က စိတ်ပညာပါမောက္ခ Ginette Dreytuss-Diederich (စိတ်ပညာဆိုင်ရာ အရေး ပေါ် ကုသရေး အဖွဲ့ ညွှန်ကြားရေး မှုး၊ Jackson Memorial Hospital ရဲ့ စိတ်ပညာဆရာဝန်လည်း ဖြစ်ပါတယ်) ရဲ့ အဖြေစကားက ကျွန်တော့် ကို ရွှင်လန်းတက်ကြွစေခဲ့ ပါတယ်။ သူက . . .
“မိန်းမ တစ်ယောက် ဟာ သူချစ်တဲ့သူနဲ့ အချိန်ကာလတိုတိုကလေးအတွင်း မှာ ပဲ ဆုံစည်းခွင့် ရခဲ့တယ်ဆိုရင် ဒီမိန်းမဟာ ဒီကာလတိုကလေးနဲ့ ပတ်သက်တဲ့အသေးစိတ် အချက်အလက်တွေ ကို တစ်သက်လုံးတသသရှိနေလိမ့်မယ်။ လူစီရဲ့ ကိစ္စမှာ တော့ ဒီထက်ပိုတယ်။ ဆိုးရွားလှတဲ့ သူ့ဘဝကြီးထဲမှာ ပရက်စလေနဲ့တွေ့ နေရတဲ့ အချိန်ကာလလေးတွေ ဟာ သာယာကြည်နှုးစရာ အချိန်ကလေးတွေ ဖြစ်နေမယ်။ ဘဝမုန်တိုင်းထန်နေတဲ့ မိန်းမ တစ်ယောက် က ခဏနားခိုခွင့်ရတဲ့ သာယာကြည်နှုးမှု ကို အမြဲအမှတ်တရ ရှိနေမှာ ပေါ့။ အသေးစိတ်မှတ်မိနေတယ်။ ဆိုတာ ကျွန်တော် မအံ့သြပါဘူး။ ဒီလိုပဲ ဖြစ်မယ်ဆိုတာ မျှော်လင့်ပြီး သားပါ” တဲ့။
ဒီလိုပြောလိုက်လို့ လူစီက သူ့အလိုအလျောက် စိတ်ဝင်တစား ပြောတာလို့တော့ မှတ်ယူလို့မရဘူး။ တချို့ကိစ္စတွေ ဟာ သူ့အတွက် နာကြည်းစရာကောင်းလွန်းလို့ ဖွင့်မပြောဘဲ ထိန်ချန်ထားတာတွေ လည်း အများ ကြီးရှိတယ်၊ ဖွင့်ပြောသမျှ အားလုံး ကတော့ မုသားတစ်ခုမှ မပါဘဲ အမှန်တရားတွေ ချည်းပြောသွားခဲ့တာပါ။ သူဖွင့်မပြောတာတွေ ကို ကျွန်တော် ဖော်ထုတ်မေးမြန်းနိုင်ခဲ့ပါသပါတယ်။ ချန်လှပ်ထားတာတွေ ကို အလွှဲသာလို့ ပြောပြရာမှာ သူ့ဘက်က အသည်းခိုက်အောင် နာကျင်ခံစားရတယ်ဆိုတာ သဘောပေါက်ခဲ့ရပါတယ်။ ဖုံးကွယ်ထားတာကို တူးဆွဖော်ထုတ်တတ်တဲ့ စာနယ်ဇင်းသမားရဲ့ ဥာဉ်ကြောင့် နောက်ဆုံးမှာ တော့လူစီ လုံးဝဖုံးကွယ်ထားတဲ့ ကိစ္စအားလုံး မကြွင်းမကျန် ပေါ်လာခဲ့ပါတော့တယ်။
နောက်ဆုံး အံ့သြစရာကောင်းတဲ့အချက်တစ်ခု ပြောပြချင်ပါသေးတယ်။ နာရီပေါင်းများ စွာ မျက်ရည်တွေ ၊ နှလုံးသား နာကျင်ပေါက်ကွဲမှု တွေ စတေးပြီး ဒီစာအုပ် ဖြစ်မြောက်ရေး အတွက် ကျွန်တော် နဲ့အတူတကွ လက်တွဲ လုပ်ခဲ့ကြပေမယ့် လူစီနဲ့သူ့သမီး ဒီဇိုင်းယားရီးတို့ဟာ အကျိုးအမြတ် တစ်ပြားတစ်ချပ်မှ မတောင်းခံခြင်းပါဘဲ။ တကယ်လို့ ဒီအကြောင်းတွေ ကို မဂ္ဂဇင်းတစ်ခုမှာ အခန်းဆက်ဖော်ပြမယ်ဆိုရင် ကျွန်တော် က စာမူခရမယ်။ လူစီ ကတော့ ကျွန်တော် ဆီက“ ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားတစ်ခွန်းပဲ ရလိမ့်မယ်။ ဒီအကြောင်းတွေ အားလုံး ဖော်ထုတ်ပြောရတဲ့ လူစီ့ဘက်က အရင်းအနှီးက ကြီးလှပါတယ်။ ဒါကြောင့် ကျွန်တော် ကပဲ လူစီ့ကို လုံးချင်းတစ်အုပ် ရေး ပါလားလို့ အကြံပေးတယ်။ လူစီက ငြင်းပါတယ်။ သူ့စိတ်ထဲမှာ ဒီလိုစာအုပ်တစ်အုပ်ထုတ်လုပ်လိုက်တဲ့အတွက် သူနဲ့ ပရက်စလေရဲ့ ဆက်ဆံရေး အပေါ်မှာ သူ အမြတ်ထုတ်ရာ ရောက်သွားမယ် လို့ထင်နေတယ်။ သားအမိနှစ် ယောက် စလုံးက ပရက်စလေ ကျန်ရစ်ခဲ့ အမွေပစ္စည်း တစ်စုံတစ်ရာကိုမှ မမက်မောတဲ့အပြင် စာအုပ်ထုတ်လို့ရမယ့် ပိုက်ဆံကို ပါစွန့်ကြတယ်။ လောဘနည်းခြင်းဟာ ကောင်းတယ်ဆိုပေမယ့် တစ်သက်လုံး လျှို့ဝှက်လာခဲ့တဲ့ကိစ္စ မပေါ်ပေါက်ဘဲ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော့် မှာ ဥာဏ်အမျိုးမျိုးနဲ့ လှည့်ပတ်ပြီး လူစီ့ကို သူ့ဘဝဇာတ်ကြောင်း တစ်ထောင့်တစ်ည ပုံပြင်ရှည်ကြီးကို ပြောပြခိုင်း ရတယ်။
နောက်ဆုံးတစ်ကြိမ် တွေ့ လိုက်ရတဲ့ အင်တာဗျူး က ကျွန်တော့်  ကိုယ်ပေါ်ကို ဗုံးတစ်လုံးပစ် ချလိုက်သလို ခံစားလိုက်ရပါတယ်။ ကျွန်တော် မေးသမျှ ဒီဇိုင်းယားရီး မဖြေခဲ့တာ သူမကိုယ်တိုင် ဘာမှ မသိလို့ဆိုတဲ့ အဖြေထွက်သွားလို့ပါပဲ။ သူမသိတာက သူမဟာ ပရက်စလေရဲ့ သမီး ဖြစ်တယ်ဆိုတဲ့ သမီး ဖြစ်တယ်ဆိုတဲ့ အချက်တစ်ခုပဲသိတယ်။ တခြားဘာမှ မသိဘူး။ လူစီ့အနေနဲ့ သူ့သမီးကို ဖြစ်ပျက်ခဲ့သမျှအကြောင်းတွေ ပုံပြင်ရှည်ကြီးတစ်ခုလို ပြောပြချင်တယ်။ ဒါကြောင့် လည်းနောက်ဆုံး သူဖွင့်ချလိုက်တာပါပဲ။
ကျွန်တော် ကတစ်ဆင့် သူ့သမီး ဒီဇိုင်းယားရီးကို သူမအနေနဲ့ ပရက်စလေနဲ့ ပျော်ခဲ့ရတဲ့ အချိန်လေးတွေ အကြောင်း မျှဝေခံစားနိုင်သလို သမီးနဲ့ ပတ်သက်ပြီး ဘာကြောင့် လျှို့ဝှက်ခဲ့ရတယ် ဆိုတဲ့ အကြောင်းတွေ ကိုလည်း ပြောပြခွင့်ကြုံ သွားပါတယ်။ နှစ် ယောက် တည်း သိခဲ့တဲ့ဇာတ်လမ်း ကို ပရိတ်သတ်ဆီ ချပြတာလည်း သင့်တော် ပါတယ်။ ဘာကြောင့် လဲဆိုတော့ ပရက်စလေဟာ ပရိတ်သတ်အားလုံးနဲ့ ဆိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်နေလို့ပါပဲ။ ယုတ်စွအဆုံး သူ့ဘဝဟာလည်း ပရိတ်သတ်နဲ့ ဆိုင်နေတယ်။ နှစ် ယောက် တည်း သိခဲ့ကြတဲ့ အချစ်ဇာတ်လမ်းကို လုံးဝ မပေါက်ကြားစေရအောင် ပိတ်ပင်ထားခဲ့တာလည်း လူစီဆန္ဒကြောင့် ပါ။ ပရက်စလေရဲ့ ဆန္ဒကြောင့် မဟုတ်ပါဘူး။ နောက်ဆုံးမှာ သမီးမွေးလာတော့ ပရိတ်သတ်မပြောနဲ့ ပရက်စလေတောင် သိခွင့်ရမသွားခဲ့ပါဘူး။
ကကယ်လို့ ပရက်စလေသာ သိခဲ့ရင် ကမ္ဘာကို ကြေညာခဲ့မှာ အမှန်ပါ။
အဲ(လ)ဗစ္စ ဖြစ်ပျက်ခဲ့တာတွေ နဲ့ပတ်သက်လို့ ကျွန်မအပြစ်တင်ချင်တာ တွေ အများ ကြီးပါပဲ။ သူ့နားမှာ ဝိုင်းနေတဲ့ သူတွေ ဟာ သူ့ကို ကာကွယ်စောင့်ရှောက်ဖို့ သင့်ကြပေမယ့် သူတို့ကိုယ်တိုင် ကအဲ(လ)ဗစ္စကို ဒုက္ခပေးခဲ့ကြသလို သူ့ကိုယ်သူ ဒုက္ခပေးအောင်လည်း သူတို့က ခွင့်ပြုထားခဲ့ကြ တယ်။ သူကသိပ်ယုံလွယ်တယ်။ ပြီးတော့ စိတ်ထိခိုက် လှုပ်ရှားလွယ်တယ်။ သူ့အပေါ်သစ္စာ ဖောက်သွားကြတဲ့ သူတွေ က သူတို့ထင်တာထက် သူ့ရင်မှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိခိုက်စေခဲ့တာ အမှန်ပါပဲ။ ကျောခိုင်းထွက်ခွာသွားတဲ့ အဲ(လ)ဗစ္စရဲ့ မိတ်ဆွေတိုင်းက သူ့နှလုံးသားကို တစ်ဖဲ့စီ ခြွေသွားကြသလိုပါပဲ။
ကျွန်မအခန်းကဏ္ဍကို ကျွန်မကခဲ့တယ်။ သူမသိအောင် လျှို့ဝှက်ချက်တစ်ခုထားခဲ့တယ်။ ဒီလျှို့ဝှက်ချက်က ကျွန်မတို့နှစ် ယောက် စလုံးကို ဘဝပျက်လုမတတ် ဖြစ်စေခဲ့ပါတယ်။
ပျက်စေခဲ့တာလည်း ဖြစ်နိုင်တာပဲ။
ကျွန်မ မသိဘူး။
အဲ(လ)ဗစ္စရဲ့ ဘဝနိဂုံး ဆိုးဆိုးရွားရွား အဆုံးသတ်လိမ့်မယ်ဆိုတာ ကျွန်မကြိုတင်သိမြင်ခွင် သာ ရခဲ့ပါရင် သူ့ဘဝ ဒီထက်နည်းနည်း ကလေး အသက်ပိုရှည်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ တစ်ဖက်က တွေးကြည့်ပြန်တော့လည်း သူ့ဘဝ ဒီလို ဖြစ်သွားစေခဲ့တဲ့ အကြောင်းရင်းတွေ ထဲမှာ ကျွန်မကြောင့် လည်း တစ်စိတ်တစ်ဒေသ ပါကောင်းပါနိုင်ပါတယ်။
ကျွန်မ မသိတော့ပါဘူး။
နောက်ကြောင်း ပြန်တွေးကြည့်ရင် ဘာကိုမှ မသိခဲ့ခြင်းက ကျွန်မရင်ကို ပြင်းပြင်းထန်ထန် နာကျင်စေပါတယ်။ တကယ်လို့ ကျွန်မ ဆုံးဖြတ်ချက်ဟာမှားယွင်းခဲ့တယ်ဆိုရင် ဘုရားသခင် ခွင့်လွှတ်တော် မူလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မဟာ အဲ(လ)ဗစ္စရဲ့ ဇနီးမယား ဖြစ်လိုခြင်း ထက်ဘယ်အရာကိုမှ ပိုပြီး မလိုလားခဲ့ပါဘူး။ သူကျွန်မကို လက်ထက်ခွင့် ကြိမ်ဖန်များ စွာ တောင်းခဲ့ဖူးပါတယ်။ ကျွန်မ တစ်ယောက် တည်းအတွက်သာ တွေးမယ်ဆိုရင်တော့ သူ့ရင်ခွင်ထဲ ပြေးဝင်လိုက်ဖို့ရာ အလွယ်ကလေးပေါ့။ အဲဒီ လိုလည်း လုပ်ချင်ပါရဲ့ ၊ ဒါပေမယ့် ကျွန်မ မလုပ်ခဲ့ပါဘူး။ ကျွန်မ ဒီလိုသာလုပ်ခဲ့မယ်ဆိုရင် ထိခိုက်နစ်နာသွားမယ့်သူတွေ အများ ကြီးရှိခဲ့တာ ကိုး။ သူနဲ့အတူနေဖို့ မျှော်လင့်ချက်ကို ကျွန်မဘယ်တုန်းကမှ အလျှော့မပေးခဲ့ပါဘူး။ သူ့ကို ကျွန်မသိပ်ချစ်တယ်။ ကျွန်မတို့နှစ် ယောက် တန်ဖိုးထားခဲ့ကြတာ တစ်ခုက နှစ် ယောက် စလုံး ဒုက္ခတွေ ရင်ဆိုင်ရတဲ့နှစ် တွေ ၊ ကာလတွေ တစ်လျှောက်လုံး အချစ်ကို အမြဲရှင်သန်အောင် သိုသို သိပ်သိပ် ထားနိုင်ခဲ့ကြခြင်းပါပဲ။
ကျွန်မ သူ့အနားက ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ ကျွန်မပုန်းနေခဲ့တယ်။ ကျွန်မ သူ့ကို အကာအကွယ်ပေးဖို့ ကြိုးစားခဲ့တယ်။ ကျွန်မတတ်နိုင်တာအားလုံး သူ့အတွက် လုပ်ပေးခဲ့ပါတယ်။ ခြွင်းချက်တစ်ခုတော့ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ အဲ(လ)ဗစ္စ ကျွန်မကို မချစ်ဘဲနေနိုင် အောင် ကျွန်မ မကြိုးစားခဲ့ခြင်းပါပဲ။ အဲဒါ ကတော့ ကျွန်မ မလုပ်နိုင်ခဲ့ဘူး။ ကျွန်မသူ့ကို အရမ်းလို အပ်ခဲ့လိုပါပဲ။
သူဟာ လူတွေ မြင်နေကြတဲ့ “မင်းသား” ဆိုတဲ့ ပုံရိပ်အောက်က ယောကျာ်း တစ်ယောက် ပါ။ မကြောက်မရွံ့ဘဲ ကျွန်မချစ်ခဲ့ရတဲ့ တစ်ဦးတည်းသော ယောကျာ်းပါ။ သူနဲ့မတွေ့ ခင်ကဆိုရင် ကျွန်မ သိပ်ကြောက်တယ်။ သူနဲ့ တွေ့ တော့မှ နာကျင်ခြင်းဝေဒနာတွေ ပျောက်လွင့်သွားခဲ့တာပါ။ သူဟာ ခိုင်မာတည်ကြည်ပြီး သူ့ယုံကြည်ချက်တွေ အတွက် အမြဲတမ်း ကိုယ့်ကိုယ်ကို သေချာမှု ရှိတဲ့လူပါ။ သူဟာ ညင်သာတယ်၊ ကြင်နာတယ်၊ သိမ်မွေ့တယ်၊ ချစ်တတ်တယ်။ ကျွန်မဘဝအတွက် သူဟာ ချစ်သူ ဖြစ်သလို ဘဝတစ်ခုလုံး ပုံပေးခဲ့တဲ့သူလည်း ဖြစ်ခဲ့ပါတယ်။
သူ့မှာ အမှားတွေ ရှိခဲ့တယ်။ ဒါကိုတော့ကျွန်မမငြင်းလိုပါဘူး။အဲဒီ အပြစ်ကလေးတွေ ဟာ သူကောင်းခဲ့တာတွေ နဲ့ယှဉ်လိုက်ရင် အင်မတန်သေးငယ် သွားပါတယ်။ ကျွန်မအနေနဲ့ဆိုရင် သူ့ကို အပြစ်မြင်လို့တောင် မရတော့ပါဘူး။ သူနဲ့ ပတ်သက်ခဲ့တာတွေ ကို ထုတ်ဖော် တင်ပြခြင်းအားဖြင့် သူ့အပေါ် မကောင်းမြင်မြင်တတ်ကြတဲ့ သူတွေ အတွက် ကျွန်မတို့ အပြစ်ရှာခွင့် ပေးလိုက်ပါပြီ။ ကျွန်မအတွက် သူလုပ်ပေးခဲ့တာတွေ ၊ ကျွန်မဘဝအတွက် သူဟာ ဘယ်လောက်အရေး ပါခဲ့တယ် ဆိုတာတွေ ကို လေ့လာကြည့်ရင် သူဟာ တကယ့်ယောကျာ်းကောင်း တစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာတွေ့ ရပါတယ်။
သူနဲ့ပတ်သက်တဲ့ ကျွန်မဘဝအတွက် ပျော်စရာ၊ ကြည်နှုးစရာ ၊ အမွေကလေးတစ်ခု ကျွန်မ ရထားခဲ့ပါတယ်။ ကျွန်မသမီး ဒီဇိုင်းယားရီးကလေးဟာ ရုပ်ခန္ဓာကိုယ်အရ သိပ်လှသလို နှလုံးသားကလည်း လှပါတယ်။ သမီးကိုမြင်တိုင်း သူ့ကို ကျွန်မ သိပ်သတိရတယ်။ ခုတော့ သမီးက ကျွန်မနှစ် ရှည်လများ ငြင်းပယ်ခဲ့တဲ့သူ ဘယ်သူလဲဆိုတာ အတိအကျသိချင်နေပြီ။ သမီးအတွက် ကျွန်မစိတ်ပူတယ်။ သမီးက သူ့အဖေနဲ့သိပ်တူတယ်။ ဘယ်သူ ဘာပြောပြော နားထောင်တတ်တဲ့ အကျင့်ရှိတယ်။ လူတကာကို ယုံလွယ်တယ်။ ရုပ်ရည်ချောမောလှပတဲ့ သမီးမှာ အားနည်းချက် တစ်ခုရှိတယ်။ အဲဒီ အားနည်းချက်က သူ့အဖေပျက်စီးခဲ့ရတဲ့ အားနည်းချက်မျိုးပဲ။ သူ့အားနည်းချက် ကလူတွေ က အခွင့်အရေး ယူကြတယ်။ အဲဒါကို ရှင်းပြဖို့ရာ တော် တော် ခက်ပါတယ်။ ဒါပေမယ့် အဲ(လ)ဗစ္စရဲ့ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့သူတွေ လည်း ဒါကိုသိကြမှာ ပါ။
တစ်စုံ တစ်ယောက် ကြောင့် ကျွန်မသမီးလေး နာကျင်ခံစားရမှာ ကို ကျွန်မသိပ်ကြောက် ပါတယ်။ သမီးဘဝမှာ နာကျင်ခံစားခဲ့ရပြီးပါပြီ။ ဒီလိုခံစားရအောင်လုပ်ခဲ့တဲ့သူက ကျွန်မ။ ဒီလိုလုပ်ခဲ့ရတာ ကလည်း ချစ်လွန်းလို့ဆိုတာ သမီးနားလည်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ သမီးအကြောင်း ဘာကြောင့် အဲ(လ)ဗစ္စကို မပြောခဲ့သလို အဲ(လ)ဗစ္စအကြောင်း သမီးကို ဘာကြောင့် မပြောခဲ့တာဆိုတာ သမီးနားလည်နိုင်ပါစေလို့ဘုရားသခင်ထံမှာ ကျွန်မ ဆုတောင်း ပါတယ်။ ဒီလိုမပြောခဲ့တာ သူတို့နှစ် ယောက် စလုံး ကာကွယ်ပေးခဲ့တာပါ။ ကျွန်မ ဒီလိုလုပ်ခဲ့တာ မှန်တယ်လို့လည်း ယုံကြည်ထားခဲ့ပါတယ်။
ခုတော့ ကျွန်မကိုယ် ကျွန်မ သိပ်မသေချာတော့ဘူး။ မကြာသေးခင်က ကျွန်မအိပ်မက်မက် တယ်။ အဲ(လ)ဗစ္စက ကျွန်မနဲ့ အတူ ရှိနေပြီး အောင်မြင်ကျော်ကြားမှု ရအောင် သူ့ဘဝကို ရုန်းကန် ကြိုးစားနေသတဲ့။ ကျွန်မဘဝ ဟိုးအစကို ရောက်သွားပြီး အောင်မြင်မှု လမ်းစရှာနေတဲ့ အဲ(လ)ဗစ္စဆိုတဲ့ လူငယ်လေး တစ်ယောက် ၊ ချိုသာတဲ့အပြုံးနဲ့ ဂစ်တာတစ်လက်ပိုင်ရှင် ကောင်လေး တစ်ယောက် ဘဝကို ပြန်မြင်ယောက် မိတယ်။ သူက ဇွဲကြီးတယ်။ သူ့ရည်ရွယ်ချက်ပန်း တိုင်ကို ဘယ်တော့မှ အပျက်မခံတဲ့သူ တစ်ယောက် ။ အိပ်ရာက နိုးလာတော့သူနဲ့ပတ်သက် တာတွေ အများ ကြီး သတိရလာခဲ့တယ်။ ကျွန်မ ညတိုင်းမိုးကောင်ကင်က ကြယ်ကလေးတွေ ကို ကြည့်ရင်း သူ့အကြောင်းမတွေးဘဲ ကြည့် ဖြစ်တဲ့ ညရယ်လို့ မရှိပါဘူး။ သစ်ရွက်ကြွေတွေ ၊ စိမ်းလန်းနေတဲ့ တောင်ကုန်း၊ နွေရာသီ ဒါတွေ အားလုံးက သူ့ကို သတိရနေစေတဲ့ အချက်တွေ ပါပဲ။ ရေဒီယိုထဲက သူ့အသံကြားနေရဆဲ ၊ နေရာတိုင်းမှာ သူ့ရုပ်ပုံလွှာတွေ ကပ်ထားကြဆဲ။ ညတိုင်း ရုပ်မြင်သံကြားအစီအစဉ် ဖွင့်လိုက်ရင်လည်း ဘဝမှာ ဘာကိုမှ အလေးမထားဘဲ ပျော်ရွှင်နေတဲ့ သူ့သီချင်းဆိုဟန် ရုပ်ပုံလွှာတွေ ကို မြင်ရပြန်ရော။ ဒါတွေ မြင်နေရတော့ သူဟာ ခုထက်ထိ ကျွန်မတို့နဲ့ အတူ ရှိနေသလိုပဲ ခံစားရပြန်ပါတယ်။
တစ်ခုပဲရှိတယ်။ ကျွန်မ တယ်လီဖုန်းလေးက အသံတိတ်နေရှာတယ်။ ညဥ့်နက်သန်းခေါင် ဖုန်းဆက်ပြီး သူ့အောင်မြင်မှု တွေ အကြောင်း အာပါးတရပြောတတ်တဲ့ သူ့အသံ ၊ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ပတ်သက်ပြီး စိတ်ပျက်အားငယ်ညည်းညူတတ်တဲ့ သူ့အသံ၊ ဒါတွေ မကြားရတော့ဘူး။ အသေးအဖွဲ့ကိစ္စလေးတွေ ဟာ သူ့ကို အကြီးအကျယ် ထိခိုက်နာကျင်စေခဲ့ပါတယ်။
သူ့ရုပ်ပုံလွှာတွေ ရှင်သန်နေဆဲ ဖြစ်ပေမယ့် အဲ(လ) ဗစ္စ ကတော့ သွားရှာပါပြီ။
ကျွန်မအခုချရေး ပြတော့မယ့် ကိစ္စလေးတွေ နဲ့ပတ်သက်လို့ လူတွေ က ဝေဖန်သုံးသပ် ဆုံးဖြတ်ကြလိမ့်မယ်ဆိုတာ ကျွန်မသိပါတယ်။ သူကျဆုံးချိန်မှာ ကျွန်မ ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာ ကြည့်ကြလိမ့်မယ်။ ကျေးဇူးပြု၍ နားလည်ပေးကြပါ။ ကျွန်မလုပ်ခဲ့တာတွေ ဟာ သူ့အတွက် အကောင်းဆုံး ဖြစ်မယ့် ထင်တာတွေ လုပ်ပေးခဲ့တာပါ။ ကျွန်မအတွက် လုံးဝမဟုတ် ပါဘူး။ ဘယ်တော့မဆို သူ့ကိုသာ ရှေ့ဆုံးကထားပြီး ကျွန်မ စဉ်းစားဆုံးဖြတ်ခဲ့တာပါ။ အထူးသဖြင့် သူ့ပရိတ်သတ် နားလည်စေချင်တယ်။ ပရိတ်သတ်က သူ့ကို ချစ်တာပဲ သိခဲ့ကြပြီး သူဘာတွေ ဖြစ်ခဲ့ တယ်ဆိုတာ မသိခဲ့ကြပါဘူး။ သူကွယ်လွန်သွားတဲ့ အချိန်တုန်းက ဂရေ့(စ)လဲ(န)(ဒ) စံအိမ်ရှေ့မှာ ရောက်နေခဲ့ကြတဲ့ ပရိတ်သတ်တွေ လိုပဲ ခြံအပြင်ဘက်မှာ ပါ။ ပရိတ်သတ်တွေ ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ ၊ နာကျင်ကြေကွဲမှု ကို ကျွန်မ မြင်တွေ့ ခဲ့ရပါတယ်။ အားလုံးသူ့ကို တန်ဖိုးထားခဲ့ကြတယ်။ ကျွန်မနဲ့အတူ မျှဝေငိုကြွေးခဲ့ကြသည်။ အဲဒီ လို ဖြစ်လို့လည်း ကျွန်မနှစ် သိမ့် နိုင်ခဲ့ပါတယ်။
ကျွန်မအတိတ်ဘဝကို ပြန်ပြီးတူးဖော်ရတာ တကယ်တော့ မလွယ်လှပါဘူး။ ဘဝအစိတ် အပိုင်းတချို့က အရုပ်ဆိုးအကျည်းတန်ပါတယ်။ ဒါတွေ ကို အားလုံးကျွန်မနှလုံးသားထဲမှာ တံခါးပိတ်ထားခဲ့ပါတယ်။ မေ့ထားနိုင်ရင် နှလုံးသားက ဒဏ်ရာတွေ ပြေပျောက်သွားလို့ သွားငြားပေါ့။ ကျွန်မဘဝထဲက အိပ်မက်ဆိုးတွေ က မှိန်ပျပျ ဝိုးတဝါး ဖြစ်ရုံသာ ဖြစ်သွားပြီး လုံးဝ တော့ပျောက်ကွယ်မသွားခဲ့ပါဘူး။ အဲ(လ)ဗစ္စနဲ့ပတ်သက်တာတွေ တွေးလိုက်ရင် ဟိုတုန်းက ဒီဒဏ်ရာတွေ သက်သာသွားခဲ့ပေမယ့် ခုတော့ အဲ(လ)ဗစ္စနဲ့ ပတ်သက်တာတွေ ကပါ အနာတိုးလာ စေသလို ဖြစ်လာခဲ့ပါသည်။ သူ့ကို စ,ချစ်ခဲ့တာကနေ ခုထက်ထိ လျော့မ သွားပါဘူး။ ကျွန်မစိတ်ထဲ မှာ သူ့ကိုချစ်တဲ့ အချစ်ဟာ ခုထက်ထိ မပြယ်နိုင်သေးပါဘူး။ သူ့အတွက် ပူဆွေးသော က ရောက်နေတာကလည်း ၁၉၇၇ ခုနှစ် တုန်းက သူရုတ်တရက် ကွယ်လွန်သွားချိန်မှာ ခံစားခဲ့ရသလို ခံစားနေရတုန်းပါပဲ။
ခုတော့ မျက်ရည် ခဏခဏ မကျတော့ပေမယ့် ခန်ခြောက်သွားတယ်ရယ်လို့ မရှိပါဘူး။
ကျွန်မကို ဝေဖန်ကြမယ်ဆိုတာ သိပေမယ့် အမှန်တရားကို ဖွင့်ပြောရပါတော့မယ်။ ဒီအမှန်တရားကို ပြောပြလိုက်တဲ့အတွက် အဲ(လ)ဗစ္စရဲ့ ပရိတ်သတ်တင် မဟုတ်ပါဘူး။ ကျွန်မသမီးကိုယ်တိုင် လည်း တုန်လှုပ်ချောက်ချားသွားလိမ့်မယ်ဆိုတာ သိပါတယ်။ ကျွန်မ အဲဒီ လို မလုပ်ချင်ပါဘူး၊ မလုပ်ချင်ဘဲနဲ့ ဘာကြောင့် လုပ်ရသလဲဆိုတော့ ကျွန်မသမီးကို သူ့အဖေနဲ့ ကျွန်မ ဘယ်လိုပတ်သက်ခဲ့တယ်ဆိုတာ ပြောပြချင်တာတစ်ကြောင်း၊ ကျွန်မလုပ်ခဲ့တာတွေ ဟာ ဘာအကြောင်းကြောင့် လုပ်ခဲ့ရတယ်ဆိုတာ ပြောပြချင်တာတစ်ကြောင်းကြောင့် ဖြစ်ပါတယ်။ သမီးအနေနဲ့ တိတိကျကျ သိသင့်တယ်။ ကျွန်မတို့နှစ် ယောက် ရဲ့ ပျော်စရာအချိန်၊ ဝမ်းနည်းစရာ အချိန်၊ ရမ္မက်နဲ့ ဒေါသ၊ ဒါတွေ အားလုံး သိစေချင်တယ်။
သူ့အပြစ်နည်းနည်း ။
ကျွန်မအပြစ်များများ ။
ဒီဇိုင်းယားရီး သမီးလေးရယ် မေမေ ဒီအကြောင်းတွေ ကို ရင်ထဲမှာ နှစ် ရှည်လများ သိမ်းထားရာက ဖွင့်ပြောလိုက်တာ သမီးကို ချစ်လွန်းလို့ဆိုတာ နားလည်စေချင်ပါတယ်။ သမီးမသိအောင် မေမေလျှို့ဝှက်လွန်းလို့ သမီးလေးစိတ်ပျက်ရတဲ့ အကြိမ်တွေ ၊ ဒေါသထွက်ရတဲ့ အကြိမ်တွေ မနည်းတော့ပါလား။ မေမေ နားလည်ပါတယ် သမီးရယ်၊ ဒါကြောင့် လည်း သမီးကို မေမေက ထူးထူးခြားခြား လေးစားခဲ့တာပေါ့။ သမီးဒေါသနဲ့အတူ အားမွေးထားပါတော့။ ရှေ့ဆက်ဖတ်မယ်ဆိုရင် သမီးအတွက် ခွန်အားရှိဖို့ လိုအပ်လို့ပါပဲ။
အခန်း (၁)
မီးလောင်နေတာကို မှတ်မိတယ်။ အဲဒါ ကျွန်မ ပထမဆုံးမှတ်မိတဲ့အရာပါပဲ။ ကျွန်မအသက် သုံးနှစ် ပဲရှိသေးတယ်၊ ကျွန်မတို့ အမျိုးတွေ စုရုံးကြပြီး တိတ်ဆိတ်စွာ နဲ့ ဝက်သစ်ချပင်ကြီးတွေ အောက်မှာ ရပ်နေကြတယ်။ လူကြီးအချို့က ကျွန်မတို့ရဲ့ သစ်သားအိမ်ကြီး ပတ်ပတ်လည်ကို အရည်တချို့ ဖျန်းပက်နေကြတယ်။ ခပ်ပိန်ပိန် လူ တစ်ယောက် က မီးတုတ်တစ်ခုကို ကျွန်မတို့အိမ် ထဲပစ်သွင်းလိုက်ပြီး ခုန်ထွက်လာခဲ့ပါတယ်။ ဝှန်းခနဲ မီးထတောက်တဲ့အသံ ကြားလိုက်ရပြီး မီးအပူရှိန်က ကျွန်မပါးနှစ် ဖက်ကို ပူလာစေပါတယ်။ ကျွန်မတို့အိမ်ကြီး မီးလောင်သွားပြီ။ တစ်ယောက် ကမှ ဒီမီးကို ငြိမ်းသတ်ဖို့ မကြိုးစားကြပါဘူး။ ကျွန်မက မေမေ့ခြေထောက်ကို ဖက်ထားရင်း အဝါရောင် မီးတောက်တွေ ကို ကြည့်နေမိတယ်။ အဓိပ္ပာယ်လည်း နားမလည်ခဲ့ပါဘူး။
အရာအားလုံးဟာ လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့တာပါပဲ။ ကျွန်မမှတ်ဥာဏ်ထဲမှာ အသံတွေ ၊ အရောင် တွေ ၊ လူတွေ အားလုံးဟာ ဝိုးတဝါး ထွေပြားနေပါတယ်။ ကျွန်မဖေဖေက ခရီးဝေးကြီးက ပြန်ရောက်လာခါစပဲ ရှိပါသေးတယ်။ သူပြန်ရောက်လာတိုင်း ထုံးစံအတိုင်း မိသားစုတစ်ခုလုံး စုစု ဝေးဝေး စားပွဲကျင်းပကြပါတယ်။ စားသောက်ပြီးတော့ ကလေးတွေ ကို အပေါ်ထပ်သွားခိုင်းကြပြီး လူကြီးတွေ က အရက်သောက်ရင်း စကားဆက်ပြောကြတာပေါ့။ ပါတီးပြီးတဲ့အထိ ကျွန်မအိပ် မပျော်သေးပါဘူး။ အသံဗလံတွေ ကြားပြီးရင်ခုန်နေတော့ အိပ်မပျော်ဘူးပေါ့။ အောက်ထပ်ကို ကျွန်မဆင်းလာတော့ ဖေဖေက လှုပ်ကုလားထိုင်တစ်ခုပေါ်မှာ ထိုင်နေတယ်။ ကျွန်မကို မြင်သွားတော့ ပြုံးလိုက်ပြီး လက်နှစ် ဖက် ဆန့်တန်းကြိုပါတယ်။ ပြေးသွားပြီး ဖေဖေ့ပေါင်ပေါ် တက်ထိုင်နေုလိုက်တယ်။
ကျွန်မ မမတွေ ပြောခဲ့တာက ဖေဖေ့နာမည် က “အဲ(လ)ဖရက်ဂျိုးဇက်ဒီဘာဘင်” လို့ခေါ် ပြီး ဖေဖေဟာ အရပ်မြင့်မြင့်နဲ့ မီးခိုးရောင် ဆံပင်ထူထူ၊ မျက်လုံးပြာပြာပိုင်ရှင် လူချော တစ်ယောက် လို့ ဆိုပါတယ်။ အမြဲတမ်း သပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီး ဆု(တ)ကိုလည်း အတွင်းခံ ဝေ့(စ)ကုတ်အထိ ပြည့်ပြည့်စုံစုံ ဝတ်တတ်ပါသတဲ့။ ကုတ်အပေါ်အိတ်ထဲက တွဲ လွဲကျနေတဲ့ ရွှေကြိုးကလေးက အတွင်းအိတ်မှာ ထည့်ထားတဲ့ အိတ်ဆောင်နာရီကြိုးလို့လည်း ပြောပြကြပါတယ်။ အရောင် အသွေး တောက်ပတဲ့ လည်စည်းကို မကြာခဏ စည်းတတ်ပြီး ဒူးဆစ်အထိ ရှည်တဲ့ ဘွတ်ဖိနပ်ကို နှစ် ခြိုက် ခဲ့ပါတယ်။ ဒီဘွတ်ဖိနပ်ကို လည်း အရောင် တဖိတ်ဖိတ် တောက်နေအောင် အမြဲတမ်း ဆေးတိုက်ထားပါတယ်။ ဖေဖေ့ကို ပဲရစ်(စ)မှာ မွေးခဲ့ပြီး၊ ပဲရစ်(စ)မှာ ပဲ ကြီးပြင်းခဲ့ပါတယ်။ ဖေဖေ့အမျိုးတချို့ဆိုရင် ပြင်သစ်အစိုးရအဖွဲ့မှာ ထင်ရှားတဲ့သူတွေ ဖြစ်ကြသတဲ့။ ၁၉၀၀ ပြည့်နှစ် များ မှာ ကျွန်မရဲ့ နှစ် ဖက်သော အမျိုးအနွယ်များ ဟာ အမေရိကားကို ရွှေ့ပြောင်းခဲ့ကြပြီး ဘော်စတွန်မှာ အခြေချ နေထိုင်ခဲ့ကြပါသည်။ ဖေဖေ အသက်လေးဆယ်ကျော် ငါးဆယ်နီးမှ ဆယ့်ခြောက်နှစ် သမီး မေမေ့ကို စတွေ့ ခဲ့တာပါ။ ဖေဖေနဲ့မေမေဟာ တကယ်တော့ ပုံသဏ္ဌာန် အားဖြင့် ဆန့်ကျင်ဘက်တွေ ပဲ။ မေမေက သေးသေးကွေးကွေးကလေး၊ ဖေဖေက ထောင်ထောင် မောင်းမောင်း ၊ မေမေ့အရပ်က ငါးပေတောင်မပြည့်ဘူး။ မျက်လုံးအပြာရောင် နဲ့ နက်မှော င်တဲ့ဆံပင် တွေ က မေမေ့ခါးကို တောင်ကျော်သေးတယ်။ ဒီဆံပင်အရှည်ကြီးကို ညတိုင်း မေမေက ရှင်းလင်းဖြီးသင့်လေ့ရှိပါတယ်။ လည်တောင်ရှည်ဝတ်ဆုံဝတ်တဲ့နေ့ဆိုရင် မေမေက သူ့ဆံပင်တွေ ကို ဆံညှပ်ကြီးနှစ် ခုနဲ့ ခေါင်းပေါ်ပင့်တင်ထားတတ်ပါတယ်။
ဖေဖေနဲ့မေမေ အိမ်ထောင်ပြု ကတော့ နှစ် ဖက်စလုံးက မကျေနပ်ကြပါဘူး။ မေမေဟာ အိမ်ထောင်ရှင်မကောင်း တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးလို့ ဖေဖေအမျိုးတွေ က ယူဆကြ တယ်။ ဖေဖေတို့က ပြင်သစ်နိုင်ငံ “နိုက်(စ)မြို့က အဆက်အနွယ်ဆိုတော့ “ပဲရစ်”က ဖေဖေတို့ကို မိန်းကလေး မပီသသူတွေ လို့ သတ်မှတ်ကြပါတယ်။ ပြီးတော့ အသက်ချင်းက ကွာလွန်းတယ်လေ။ ဘယ်လိုပဲ ပြစ်တင်ကြသည် ဖြစ်စေ ဖေဖေနဲ့မေမေတို့ရဲ့ အိမ်ထောင်က တည်တံ့ခိုင်မြဲခဲ့ကြပါတယ်။ မေမေက သားသမီး(၁၃) ယောက် မွေးခဲ့ပြီး (၇)ယောက် ကတော့ ငယ်ငယ်ကလေးတွေ မှာ ပဲ ဆုံးသွားခဲ့ကြတယ်။ ကျွန်မက နို့ညှာပေါ့။
အဆက်အနွှယ်တွေ ထဲက တစ်ခု ဖြစ်ပြီး ဘော်စတွန်ကနေ ကယ်(လ)မက်တီး၊ လွီစီယားနား ကို ရောက်လာခဲ့ကြပါတယ်။ နယူအော်လီး(န) (စ) ကနေ မိုင်အနည်းငယ်သာဝေးတဲ့ ပြင်သစ်ရွာ ကလေးပဲ ဆိုကြပါဆို့။ ကျွန်မအဘိုးက အမေရိကန် နိုင်ငံကို ပြင်သစ်အစိုးရက ကိုလိုနီအ ဖြစ် သိမ်းပိုက်လိုက်တော့ လွီစီယားနားပြည်နယ်မှာ အကောက်ခွန်အရာရှိအ ဖြစ် တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့ရာက ကျွန်မတို့ အမျိုးအနွယ်တွေ ဆင်းသက်ပေါက်ဖွားခဲ့ကြတာပါ။ ဖေဖေ့လက် ထက်မှာ မြို့နယ်မှုး ခဏလုပ်လိုက်သေးတယ်။ ဒါပေမယ့် နောက်တော့ခရီးခဏခဏ ထွက်ရတဲ့ မွေးမြူရေး လုပ်ငန်းကို ပိုစိတ်ဝင်စားတာနဲ့ အလုပ်ထွက်ခဲ့တာပေါ့။
ဖေဖေ့ပေါင်ပေါ်မှာ ကျွန်မတက်ထိုင်တဲ့ညက ဖေဖေ့အသက်(၇၅)နှစ် ရှိပါပြီ။ ဖေဖေက အရယ်သန်သလို သီချင်းဆိုလည်းကောင်းတယ်။ ပြင်သစ် ဖြစ်ရတာ ဂုဏ်ယူတဲ့အတွက် သူ့ကလေး တွေ အားလုံး အင်္ဂလိပ်စာမသင်မီ ပြင်သစ်စာကို အရင်သင်ယူစေပါတယ်။ အဲဒီ အရွယ်တုန်းက ကျွန်မ ပြင်သစ်ဘာသာစကားသာ တက်သေးပြီး မေမေကလည်း ပြင်သစ်လို အမြဲစကားပြောပါ တယ်။ အဲဒီ ညက ဖေဖေက “သမီးငယ်လေး သမီးဟာ တစ်နေ့ကျရင် မိန်းမချောကလေးတစ် ယောက် ဖြစ်လာပြီး နိုက်တင်ဂေး(လ)ငှက်ကလေးလို သီချင်းဆိုကောင်းလိမ့်မယ်” လို့ပြောပြီး သီချင်းတစ်ပုဒ် ညည်းပါတယ်။ အဲဒီ သီချင်း နာမည် က “ပွဲပြီးတဲ့အခါ” (After the Ball is over)လို့ အမည် ရပါတယ်။ “သမီးဖေဖေနဲ့ အတူတူလိုက်ဆို” တဲ့။ ဖေဖေက အခေါက်ခေါက်ခါခါ ဆိုနေတယ်။ အင်္ဂလိပ်သီချင်း ဖြစ်နေတော့ စာသားတွေ ကို ကျွန်မကြိုးစားဆိုကြည့်နေပါတယ်။ ရုတ်တရက်ပဲ ဖေဖေ ချောင်းတအားဆိုးလာတယ်။ ကျွန်မကို ရေတစ်ခွက် သွားခပ်ခိုင်းတယ်။ မီးဖိုချောင်ဘက် ကျွန်မပြေးပြီး ရေသွားခပ်ပေမယ့် ရေပိုက်ခေါင်းကို ကျွန်မ မမီပါဘူး။ ဖေဖေ့ကို ပြန်ပြောမယ်လို့ ပြေးသွားတယ်။ ဒါပေမယ့် တစ်စုံ တစ်ယောက် က ကျွန်မကို ဆွဲထားလိုက်ပါတယ်။ ခြေထောက်တွေ ကြားကနေ ဖေဖေ့ကို ချောင်းကြည့်တော့ မေမေက ဖေဖေ့ခေါင်းကို ပွေ့ထားပြီး ငိုနေပါတယ်။
ဖေဖေသေ သွားပါပြီ။ နောက်တော့မှ ကျွန်မသိရတာ က ဖေဖေ့မှာ အဆုတ်နာ ရောဂါ ရှိနေခဲ့တယ် ဆိုတာပါပဲ။ ပြင်သစ်အမျိုးအနွယ်တွေ ရဲ့ အယူအဆအတိုင်း ဒီ ရောဂါ ပိုးမပြန့် ပွှားနိုင် အောင်လို့ ကျွန်မတို့အိမ်ကြီးကို နောက်နေ့မှာ မီးတင်ရှို့လိုက်ကြပါတော့တယ်။ ကျွန်မမှာ ဖေဖေ့ကို ဆုံးရှုံ့းရုံတင် မကပါဘူး။ အိမ်ကိုပါ ဆုံးရှုံးသွားတယ်။ ကျွန်မတို့ မိသားစုအားလုံး အသည်းနှလုံးမရှိ၊ မေတ္တာတရားခေါင်းပါးလှတဲ့ မေမေ့ဘက်က ဘွားရဲ့ အရိပ်အောက်မှာ ခိုလှုံရပါတယ်။ အဘွားက “နိုက်(စ)” အမျိုးအနွယ်က။ ပေါက်ဖွားလာတဲ့ ကျွန်မတို့ကို မေတ္တာမရှိပါဘူး။ သံဝါယားကြိုးခွေကို ကိုင်းလုပ်ထားတဲ့ မျက်မှန်အောက်က မျက်လုံးတွေ က အမြဲအပြစ်မြင်နေတတ်ပါတယ်။ ဘွားဘွား က အမေရိကန်နိုင်ငံရော၊ အမေရိကန်နိုင်ငံသားတွေ ကိုပါ အမြဲမုန်းပါတယ်။ ဝမ်းနည်းကြေကွဲမှု ဝတ်စုံ ဖြစ်တဲ့ အနက်ရောင် ဝတ်ရုံကြီးကို အမြဲဝတ်ထားပါတယ်။ တုတ်ကောက်နဲ့လမ်းလျှောက်ပြီး အဲဒီ တုတ်ကောက်နဲ့ ပဲ အားလုံးကို လမ်းညွှန်ခိုင်းစေပါတယ်။ ဘွားဘွားက သေတဲ့အထိမုန်းရုံမက ဘူး ဖေဖေ့သမီး ကျွန်မတို့ကိုပါ ဆက်မုန်းနေခဲ့ပါတယ်။ ရုတ်တရက်ပဲ ဘာမှအသုံးမကျတဲ့ဘဝ ရောက်သွားခဲ့ကြပါတော့တယ်။
ဖေဖေ အသက်ရှင်တုန်းက တော် တော် ကလေး ချမ်းသာတယ်လို့ ဆိုရပါမယ်။ အိမ်အကြီးကြီးမှာ နေခဲ့ရတယ်။ အိမ်ထောင်ပရိဘောဂ အပြည့်အစုံရှိခဲ့တယ်။ ကျွန်မတို့အတွက် လိုအပ်တာ ဘာမှမရှိစေရပါဘူး။ ဖေဖေသေတာနဲ့ တစ်ပြိုင်နက် ဒါတွေ အားလုံး မီးတောက်နဲ့အတူ ပျောက်ကွယ်သွားခဲ့ရပါပြီ။ ဖေဖေချမ်းသာသမျှကို ဘွားဘွားက လက်ဝါးကြီးအုပ်လိုက်တဲ့အတွက် ကျွန်မတို့ အားလုံး နေ့ချင်းညချင်း ဆင်းရဲမွဲတေသွားပြီပေါ့။ မေမေ့ကို သာမန်အိမ်စေ မိန်းမ တစ်ယောက် လို ခိုင်းစေပြီး ကျွန်မနဲ့ အသက်ငါးနှစ် အရွယ်ရှိတဲ့ ကျွန်မအစ်မ မေရီတို့ကို ဘော်စတွန်ကို ပို့လိုက်ပါတယ်။ ကျွန်မမောင်နဲ့အစ်မနှစ် ယောက် ကတော့ ကယ်(လ) မက်တီးမှာ ပဲ ကျန်ရစ်ခဲ့ကြပါတယ်။ ကျွန်မတို့မိသားစုကို ဘာကြောင့် ဒီလို ခွဲပစ်လိုက်တယ်ဆိုတာ ကျွန်မဘယ် တုန်းကမှ သဘောမပေါက်ခဲ့ပေမယ့် အဲဒီ အရွယ်ကတည်းက ဘွားဘွားက ကျွန်မကို အမုန်းဆုံးဆို တာကိုတော့ ခံစားနားလည်ခဲ့ပါတယ်။ တစ်ခါတုန်းက ဘွားဘွားက“အဖေရော၊ အမေရော မျက်လုံးပြာရှိပါလျက်နဲ့ညည်းက မျက်လုံးအစိမ်း ဖြစ်နေတယ်၊ အဲဒါ မကောင်းဆိုးဝါးလက္ခဏာပဲလို့” ကျွန်မကို ပြောခဲ့ဖူးပါတယ်။
ဘော့စတွန်မှာ ကျွန်မတို့ ညီအစ်မနှစ် ယောက် ကို “နီနီကော်ဒီယာ”နဲ့ နေရပါတယ်။ နီနီဘယ်သူလဲဆိုတာ ကျွန်မတို့ကို ဘယ်သူကမှ ရှင်းမပြခဲ့ပါဘူး။ နောက်မှသိရတာ က သူဟာ ဖေဖေ့ညီ တစ်ယောက် ရဲ့ ဇနီး ဖြစ်ခဲ့တယ်ဆိုတာပါပဲ။ ကျွန်မတို့က သူ့ကို “အန်တီနီနီ”လို့ခေါ်ကြပါ တယ်။ နီနီက သုံးထပ်တိုက်ကြီးတစ်လုံးမှာ တစ်ယောက် တည်းနေတာပါ။ တိုက်ကြီးက မြင့်လိုက် တာ ကျွန်မ အိပ်ခန်းပြတင်းပေါက်က ကြည့်ရင် မြို့ထဲက မီးရောင် တွေ ကို မြင်ရပါတယ်။ သာသာ ယာယာနေရပေမယ့် မိသားစုနဲ့ခွဲလာရတဲ့အတွက် ကျွန်မ မပျော်ပါဘူး။
ကျွန်မငါးနှစ် အရွယ်ရောက်လာတော့ ကျွန်မထက် အသက်ကြီးတဲ့အိမ်နီးချင်းမိန်းကလေး တွေ နဲ့ အပြင်ထွက်လည်တယ်။ မြင်းလှည်းကြီးတစ်စီးကို စီးပြီး တောထဲမှာ မနားတမ်း တောပန်းတွေ လျှောက်ခူးကြတာပေါ့။ ကျွန်မက ဖိနပ်ချွတ်ပြီး လှည်းနောက်မြီးမှာ ခြေတွဲ လောင်းချ ထိုင်နေတယ်။ တခြား မိန်းကလေးတွေ က သူတို့ စိမ်ပြေးတမ်းကစားနေတုန်း ကျွန်မအဲဒီ မှာ ငြိမ်ငြိမ်ကလေး ထိုင်နေဖို့ ပြောထားကြတယ်။ လှည်းပေါ်မှာ ထိုင်နေရတာ ပျင်းလာတာကြောင့် ခပ်လှမ်းလှမ်းမှာ ရှိတဲ့ ဗွက်ထဲခုန်ချဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါတယ်။ မြေကြီးပေါ် ရောက်သွားတော့ ကျွန်မခြေထောက် တအားနာသွားကာ ခံစားလိုက်ရပါတယ်။ ပြန်ထတော့ ကျွန်မခြေထောက်က သွေးတွေ ထွက်နေတယ်။ သူငယ်ချင်းတွေ ပြေးလာကြပြီး ကျွန်မ မငိုအောင် ချော့ကြပြီး ဒီလို ဖြစ် တာကို ဘယ်သူ့ကိုမှ မပြောနဲ့လို့ပိတ်ထားကြတယ်။
နောက်ထပ် လပေါင်းတော် တော် ကြာလာတဲ့အထိ ခြေထောက်က အနာက မသက်သာဘဲ ဆိုးသထက် ဆိုးလာပါတယ်။ သူငယ်ချင်းတွေ ကလည်း ဘယ်သူမှ မပြောပါနဲ့ လို့ တားမြစ်နေကြ တုန်းပဲ။ ကျွန်မကလည်း သူတို့စကားနားထောင်ပြီး နာတာကို ကြိတ်ခံနေခဲ့ပါတယ်။ သိပ်မကြာခင် မှာ ဘဲ အန်တီနီနီက ကျွန်မဟာ အသက်ငယ်လွန်းပြီး အမေနဲ့ခွဲနေရတာ ကို စိတ်ထိခိုက်လွန်းနေ တယ်ဆိုပြီး မေမေ့ဆီ ပြန်ပို့ပေးခဲ့ပါတယ်။ ကျွန်မ အရမ်းပျော်တာပေါ့။ ဒါပေမယ့် ခြေထောက်က နာနေတာကြောင့် ပျော်သင့်သလောက် မပျော်နိုင်ခဲ့ပါဘူး။ ကမလက်မြို့ကို ပြန်ရောက်တဲ့အခါ ကျွန်မ ကွန်ဗင့်ကျောင်း တက်ရပါတယ်။ ခြေထောက်က နာတော့ ထော့ကျိုး ဖြစ်နေတာပေါ့။ တော် တော် လေး ရက်ကြာလာတော့ အဲဒီ ခြေထောက်က ရောင် ကိုင်းလာတာမို့ ရှူးဖိနပ်တောင် စီးလို့မရတော့ပါဘူး။ တခြားကလေးတွေ က ကျွန်မကို ခြေထောက်မသန်တဲ့ကလေးလို့ အောက်မေ့ပြီး အပေါင်းအသင်းမလုပ်ကြပါဘူး။
အပေါင်းအသင်းမရှိတော့ ကျွန်မက ကျောင်းစာကိုပိုပြီး ဂရုစိုက်ပါတယ်။ စာကိုပဲ ဖိကြိုးစား လို့ဆုတွေ ဘာတွေ တောင် ရလာတယ်။ အင်္ဂလိပ်စာလိုက်နိုင်အောင် ပိုပြီးကြိုးစားတယ်။ ဒါပေမယ့် အပေါင်းအသင်းမရပါဘူး။ ခြေထောက်ကြောင့် ပဲဆိုတာ ကျွန်မသိလာပါတယ်။ နာကျင်သမျှကို ကြိတ်မှိတ်ခံခဲ့ပါတယ်။ ဘော်စတွန်က ကျွန်မ သူငယ်ချင်းတွေ အပေါ် ထားခဲ့တဲ့ ကတိမဖျက်ချင်လို့ ပါ။ ကျွန်မကြောင့် သူတို့ဒုက္ခမရောက်စေချင်ပါဘူး။
ကျွန်မအဖေဘက်က တော် တဲ့ဦးလေး “ဂေါ်ဖရီဘယ်လီဗူးဒီဘာဘင်” မမျှော်လင့်ဘဲ တစ်နေ့မှာ ပြင်သစ်ကနေ ရောက်လာပါတယ်။ ဦးလေးက ပျော်ပျော်နေတတ်သူ ဖြစ်ပြီး ဖေဖေနဲ့လည်း ရုပ်တော် တော် တူပါတယ်။ မတူတာက ဦးလေးရဲ့ ဆံပင်တွေ က နက်မှော င်ပြီး နပန်းဆံတွေ ကလည်း ထူထူကြီး ဖြစ်နေတာပါ။ ဦးလေးက ဆရာဝန်ဆိုတော့ ကျွန်မခြေထောက်အ ကြောင်းပြင်သစ်စကားနဲ့မေးပါတယ်။ ဦးလေးကို ပွင့်ပွင့်လင်းလင်း ဝန်ခံဖို့ ဆုံးဖြတ်လိုက်ပြီး လှည်းပေါ်ကခုန်ချစဉ် ရွံ့ဗွက်ထဲ ကျခဲ့ရာက ဖြစ်ပျက်သမျှ ပြောပြလိုက်ပါတယ်။ ဦးလေးက ကျွန်မ ဒဏ်ရာ အမာရွတ်ကို စစ်ဆေးကြည့်ပြီး အထဲမှာ တစ်စုံတစ်ခုရှိနေတဲ့အတွက် ခွဲထုတ်ဖို့ ပြောပါ တယ်။ ကျွန်မကို ဘော်စတွန် ပို့ပေးဖို့နဲ့ ခွဲစိတ်ကုသပေးမယ်လို့ မေမေ့ကို ပြောတယ်။
ကျွန်မခြေထောက်ကို ဦးလေးခွဲထုတ်လိုက်တော့ ဆူးတစ်ချောင်း စူးဝင်နေတာ ထွက်လာပါ တယ်။ ဒီဆူးက လှည်းပေါ်က ခုန်ချလိုက်တုန်း ကတော့ ခြေမနားမှာ စူးဝင်သွားခဲ့တာပါ။ နှစ် တွေ ကြာလာတော့ခြေဖဝါး အလယ်နားလောက်အထိ တဖြည်းဖြည်းရွေ့လာတယ်။ ဦးလေးက ဒီ လောက်ဆူးကြီးဝင်သွားတာတောင် ပိုးမဝင်တာ၊ ကျွန်မခြေထောက်ကို မဖြတ်လိုက်ရတာ တော် တော် ထူးဆန်းတယ်လို့ပြောပါတယ်။ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ အနာပျောက်သွားတာ ထက်ရှူးဖိနပ် ပြန်စီးနိုင်တော့မို့ပါ။ ခုဆိုရင် ကျွန်မဟာ သာမန်ကလေးတွေ လို ဆော့ကစားနိုင်သွား ပြီ။ သူများ တွေ ကြဉ်ထားခံရတဲ့ဘဝကလည်း လွတ်ပြီပေါ့။ နာကျင်ခြင်း၊ ရှက်ရွံ့ခြင်းတွေ က ကင်းဝေးသွားတာနဲ့အမျှ ကျွန်မအလှဟာလည်း ပွင့်လန်းလာပါတော့တယ်။ မကြာခင်မှာ ဘဲ ကျွန်မ မှာ အပေါင်းအသင်းတွေ အများ ကြီး ရလာခဲ့ပါတယ်။
ကျွန်မအမေ ကတော့ အိမ်စေမကြီး တစ်ယောက် အ ဖြစ် အိမ်တကာလှည့်ပြီး သန့်ရှင်းရေး လုပ်ပေးရတာ တို့၊ ပြတင်းပေါက်တွေ ဆေးကြောပေးရတာ တို့ လုပ်နေရဆဲပါ။ မေမေ့ခမျာ ရိုးပေါ် အရေတင် ဖြစ်နေရှာပြီ ၊အိမ်ပြန်ရောက်လာရင် အမေမောပန်းနွမ်းနယ်နေပြီ၊ မေမေ့မျက်နှာမှာ အပြုံးဆိုတာ မတွေ့ ရတော့ဘူး။ ခက်တာက မေမေက အင်္ဂလိပ်စကား မပြောတတ်တော့ သူ့အတွက် အလုပ်အကိုင်အခွင့်အလမ်းက ပိုပြီး နည်းပါးတာပေါ့။ ဖေဖေနောက်ဆုံးပြောသွားခဲ့တဲ့ စကားက ကျွန်မရင်ထဲမှာ စူးနစ်နေတယ်၊ သီချင်းဆိုကောင်းတဲ့ မိန်းမချောကလေး ဖြစ်လာမယ် ဆိုတာလေ၊ မေမေ့ကို ကူညီပေးနိုင်ဖို့အတွက် ကျွန်မ အောင်မြင်မှု လိုချင်လှပါတယ်။ ဒါကြောင့် ကျွန်မ နေ့တိုင်း သီချင်းဆိုလေ့ကျင့်တယ်။ အော်ပရာသီချင်းတွေ ကနေ ခေတ်ပေါ် သီချင်းများ အထိ လေ့လာခဲ့ပါတယ်။ အသံကို ထိန်းချုပ်နည်း Toneပြောင်းနည်းတွေ ကျွန်မလေ့လာတယ်။ ကျွန်မ ဆယ့်တစ်နှစ် သမီးအရွယ်ရောက်တော့ ကျောင်းက သီလရှင်တွေ က “ပါဒူးဝါး” က စိန့်အန် ထော်နီလို့ခေါ်တဲ့ အလွန်တစ်ရာလှပတဲ့ ဘုရားကျောင်းမှာ သီချင်းဆိုခိုင်းပါတယ်။ လူထုပရိတ် သတ်ကြီးရှေ့မှာ လက်တင်ဘာသာနဲ့ ဆိုပရာနိုသံစဉ်တွေ ကို ကျွန်မ တစ်ယောက် တည်း ဆိုပြခဲ့ရပါ တယ်။
တစ်နေ့တော့ ကျွန်မတို့ ကျောင်းအုပ် မယ်သီလရှင်ကြီးကို ကျွန်မအဘွားက လာတွေ့ သွား တယ်လို့ပြောပါတယ်။ သီလရှင်ရဲ့ ပြောစကားအရ ကျွန်မဟာ မကြာမီမှာ ဘဲ ဒီကနေ တခြားကို သွားရမယ်ထင်တယ်တဲ့။ ကျွန်မမယုံပါဘူး။ နေရာတစ်ခုမှာ ကျွန်မ အခြေကျနေမှ တခြားကို ကျွန်မမသွားချင်ပါဘူး။
အိပ်ပြန်ရောက်တော့ ပါတီပွဲတစ်ခုက စနေပါပြီ။ တစ်အိမ်လုံး သူစိမ်းတွေ ပြည့်နေတာပဲ။ အများ စု ကတော့ ယောကျာ်းတွေ ပါ။ ဝတ်ကောင်းစားလှဝတ်ထားတဲ့ အမျိုးသမီးကြီး တစ်ယောက် က သူ့ကိုယ်သူ မိတ်ဆက်လာပါတယ်။ သူ့ကို အန်တီဗစ်တိုးရီးယားလို့ ခေါ်ပါတယ်တဲ့။ ညစာစားပွဲ ပြီးတော့ကျွန်မကို သီချင်းဆိုခိုင်းပါတယ်။ ဒါ ကတော့ အိမ်မှာ ပါတီပေးတိုင်း ဆိုနေကျပဲ။ ဆိုပြရတာ ကိုကျွန်မကလည်းကျေနပ်တယ်။မကြာသေးမီကမှ ကျွန်မရထားတဲ့သီချင်းသစ် “မားသားမာ(ချ)ရီ” သီချင်းကို မေမေ့အတွက် ရည်ညွှန်း ဆိုပြလိုက်ပါတယ်။ ကျွန်မ သီချင်းဆိုနေတော့ မေမေ့မျက် အိမ်ထဲမှာ မျက်ရည်တွေ ပြည့်နေတာ မြင်လိုက်မိသေးတယ်။
နောက်တော့မေမေက ပြောပြတယ်။ ဧည့်သည်တွေ အားလုံးဟာ ဘွားဘွားဧည့်သည်တွေ ဖြစ်ပြီး ကျွန်မကြောင့် ရောက်လာကြတာတဲ့။ သူတို့အားလုံးက ကျွန်မ ဂီတသင်တန်း ဆက်တက် နိုင်အောင် ကူညီဖို့ စိတ်ဝင်စားကြတယ်တဲ့။ သူတို့က ကျွန်မတို့ မိသားစုကို အိမ်းကောင်းကောင်း လေးတစ်လုံးလည်းပေးမယ်၊ အစစ အဆင်ပြေအောင် ကူညီကြလိမ့်မယ်တဲ့။ အဲဒီ လိုဆိုရင် မေမေ လည်းခက်ခက်ခဲခဲ ပင်ပန်းတဲ့အလုပ်တွေ မလုပ်ရတော့ဘူးပေါ့။ ကျွန်မအရမ်း ရင်ခုန်သွားတယ်။ အသက်ဆယ့်တစ်နှစ် အရွယ်မှာ သီချင်းဆိုခြင်းနဲ့ မေမေ့ကို ကူညီနိုင်ပြီပေါ့။
ရက်များ စွာ မကြာမီမှာ ဘဲ မေမေဟာ လွီစီးယားနားပြည်နယ် မွန်ရိုးမြို့မှာ ရှိတဲ့ အိမ်သစ်မှာ နေဖို့ ထွက်ခွာ သွားပါတယ်။ ကျွန်မ ကတော့ အန်တီဗစ်တိုးရီးယားရဲ့ စောင့်ရှောက်မှု အောက်မှာ နေရတယ်။ အန်တီက အသက်လေးဆယ်ကျော် အရွယ်လောက်ရှိပြီး နက်မှော င်ကောက်ကွေးတဲ့ ဆံပင်တို့နဲ့ပါ။ အန်တီက ချမ်းသာတာတော့ သေချာပါတယ်။ သူ့ဗီရိုထဲမှာ သားမွေးကုတ်တွေ အပြည့်ရှိပြီး စိန်လက်စွပ်၊ စိန်နားကပ်၊စိန်လည်ဆွဲတွေ လည်း ရှိပါတယ်။ ကျွန်မကိုလည်း သူဝတ်သလို ဝတ်ဆင်စေပါတယ်။ အဝတ်အစားသစ်တွေ ကို ကျွန်မသဘောကျတယ်။ အဝတ် သစ်တွေ ကိုဝတ်ပြီး မှန်ရှေ့မှာ မိန်းမကြီးတွေ လို အိုင်တင်လုပ်ကြည့်ရတာ အမော၊ မြို့ထဲထွက်ပြန် တော့လည်း ကျွန်မမှာ သစ်သစ်လွင်လွင်နဲ့။ ကျွန်မဆံပင်က နက်မှော င်ပြီး အရှည်ကြီးဆိုတော့ ဆံပင်ပုံစံအမျိုးမျိုး ထုံးဖွဲ့စမ်းသပ်ကြည့်ပါတယ်
တစ်နေ့တော့ ကျွန်မအင်္ကျီလဲနေတုန်း အန်တီဗစ်တိုးရီးယား မြင်သွားတော့ “လူစီး . . . မင်းဟာ မိန်းမချေကလေးပဲ၊ ကြည့်ပါဦး . . . ရင်သားတွေ ကလည်း ကြီးလိုက်တာ၊ မင်းအသက် ထက်ပိုပြီး အရွယ်ရောက်နေသလိုပဲ၊ လူငယ်တွေ က မင်းကို စိတ်ဝင်စားကြမှာ အမှန်ပဲ၊ မင်းအသက် အရမ်းငယ်သေးတယ်ဆိုတာ ဘယ်သူမှ မပြောနဲ့” လို့ပြောတယ်။
အဲဒီ လိုပြောတာ ကျွန်မ မကြိုက်ပါဘူး။ ကျွန်မရင်သားတွေ ကြီးနေတာနဲ့ ပတ်သက်လို့ ကိုယ့်စိတ်ကိုယ် မလုံပါဘူး။ ကျွန်မ သူငယ်ချင်းတွေ နဲ့ တူချင်တာကိုး။ သူတို့ဆိုရင် ရင်သားတွေ ၊ တင်ပါးတွေ ပြားချပ်ချပ်နဲ့ဆိုတော့ စမောကင်းထိုးထားတဲ့ ဝတ်စုံလှလှလေးတွေ ဝတ်လို့ရတယ်။ ကျွန်မမှာ တော့ တစ်နေ့တခြား ကြီးလာတဲ့ရင်ကို သူများ တွေ မသိအောင် အမြဲတမ်း အဝတ်အစား ပွပွကြီးတွေ ပဲ ဝတ်ဆင်နေရတာ ။
နောက်နှစ် ပတ်ကြာတော့ အန်တီဗစ်တိုးရီးယားက ကျွန်မဘွားဘွားလာလိမ့်မယ်၊ ကျွန်မ နောင်ရေး ကို ဆွေးနွေးဖို့လို့ပြောပါတယ်။ သိပ်မကြာပါဘူး ဘွားဘွားရောက်လာပြီး ကျွန်မအနေနဲ့ မိသားစုရဲ့ ဆန္ဒပြည့်သွားအောင် ပူးပေါင်းကူညီသင့်တယ်လို့ ဆိုတယ်။ ဘွားဘွားက ကျွန်မကို မျက်လုံးစိမ်းများ နဲ့ မိန်းကလေးတွေ ဟာ စောစောစီးစီး အိမ်ထောင်မပြုခဲ့ရင် ပျက်စီးသွားတတ်တယ် တဲ့။ ဘွားဘွား ပြောနေတာတွေ ကို ကျွန်မ မယုံနိုင်လောက်အောင်ပါဘဲ။ လက်ထပ်ရမတဲ့။ ကျွန်မ အသက်က ၁၁ နှစ် သာရှိသေးတယ်။ ရည်းစားဆိုတာလည်း မရှိသေးပါဘူး။
ကျွန်မ ဘယ်သူ့ကို ယူရမှန်းမသိဘူး၊ လက်လည်း မထပ်ချင်သေးပါဘူး၊ စာပဲသင်ချင်သေး တယ်ဆိုတော့ ဘွားဘွားက အိမ်ထောင်ပြုဖို့ သူ့အတွက် စိတ်ပူစရာမလိုကြောင်း၊ အစစရာရာ သူတို့စီစဉ်ထားပြီးပြီလို့ ဆိုပါတယ်။ ကျွန်မကို သိပ်ချောတာပဲဆိုပြီး သဘောကျနေတဲ့ လူတစ် ယောက် က လက်ထပ်ယူဖို့ သဘောတူပြီးပြီတဲ့။ ကျွန်မ သူနဲ့ လက်ထက်ဖို့အတွက် မစ္စစ္စပီတာဂျက် ဆင်ကို သွားရမယ်တဲ့။
“ကျွန်မ မလုပ်နိုင်ဘူး ဘွားဘွား၊ မေမေသိရင်လည်း လုံးဝ သဘောတူမှာ မဟုတ်ပါဘူး” လို့ခပ်ပြတ်ပြတ် ငြင်းလိုက်တော့ ဘွားဘွားက ကျွန်မအနေနဲ့ သူ့စကားနားမထောင်ရင် မေမေ့ကို အိမ်သစ်ကလေးကနေ နှင်ချပြီး အိမ်စေပြန်လုပ်ခိုင်းမယ်တဲ့။ “ညည်းအမေ သေလောက်အောင် ကျွန်ခံနေရမှာ ကို ညည်းမြင်ချင်သလား” တဲ့။ ဘွားဘွားစကားက ကျွန်မကို ဆွံ့အသွားစေပါတယ်။
ပြီးတော့မေမေဆီကို ကျွန်မသဘောအတိုင်း အိမ်ထောင်ပြုတော့မယ့်အကြောင်း၊ အိမ် ထောင်ပြုပြီးရင် ကျွန်မ ပျော်မှာ ပါလို့ အကြောင်းကြားဖို့ ညွှန်ကြားပြန်ပါတယ်။ ရက်သတ္တတစ်ပတ် ကုန်လွန်သွားခဲ့တယ်။ ဒီရက်တွေ ဟာ ကျွန်မအတွက် အိပ်မက်ဆိုးတွေ မက်နေရသလိုပါပဲ။ တစ်နေ့မှာ ဘွားဘွားနဲ့ အန်တီဗစ်တိုရီးယားတို့ရောက်လာကြပြီး ကျွန်မပစ္စည်းတွေ သိမ်းဆည်းဖို့ အမိန့်ပေးကြပြီး ကားအနက်ကြီးတစ်စီးနဲ့ ကျွန်မကို မစ္စစ္စပီကို ခေါ်သွားကြတယ်။ ဟိုရောက်တော့ လူ တစ်ယောက် နဲ့ မိတ်ဆက်ပေးပါတယ်။ သူ့ကို အိမ်မှာ သီချင်းဆိုပြရတဲ့ ပါတီတုန်းက မြင်ဖူးပါ တယ်။ အရပ်က ခြောက်ပေလောက် မြင့်တယ်၊ ပိန်တယ်၊ အသားအရေက မည်းမည်းကြမ်းကြမ်း၊ ဆံပင်ကလည်း တချို့တစ်ဝက် ဖြူနေပြီ။ သူ့အသက်က အနည်းဆုံး လေးဆယ့်ငါးနှစ် အထက်မှာ ရှိပြီး အရက်နံ့ကလည်း ရနေသေးတယ်။
အဲဒီ လူက ကျွန်မခင်ပွန်းလောင်းတဲ့။ တစ်ခါမှ အနမ်းတောင် မခံရဖူးသေးတဲ့ ကျွန်မ၊ အသက် လေးဆယ့်ငါးနှစ် အရွယ် လူကြီး တစ်ယောက် ရဲ့ မယား ဖြစ်ရတော့မတဲ့။
ကျွန်မကို မျက်နှာကြက် အမြင့်ကြီးတွေ ရှိပြီး ကျယ်ဝန်းတဲ့အိမ်အိုကြီး တစ်လုံးဆီ ခေါ်သွား ကြတယ်။ ကော်ဇောတွေ ကလည်း ညစ်ပတ်စုတ်ပြတ်လို့။ အဲဒီ လူကြီးရဲ့ ညီမဆိုသူက ကျွန်မကို လက်ထပ်ဖို့ လိုအပ်တာတွေ ပြင်ဆင်ပေးဖို့ ရောက်လာပါတယ်။ သူ့ပုံစံကလည်း အိမ်အိုကြီးပုံစံ အတိုင်း ညစ်ထေးထေးနဲ့ စုတ်ပြတ်လို့။ အဲဒီ မိန်းမကြီးက ကျွန်မကို ကြည့်ပြီး “ညည်းက ဘာ ဖြစ်နေ တာလဲ”တဲ့။ ကျွန်မက ကြောက်လွန်းလို့ မျက်နှာမှာ သွေးမရှိတော့ဘဲ ဖြူဖပ်ဖြူရော် ဖြစ်နေတာကိုး ကြောက်လွန်းလို့ ရေချိုးခန်းထဲမှာ အကြောကြီး ပိတ်နေလိုက်သေးတယ်။
ဒုတိယမြောက်ရောက်လာတဲ့ အမျိုးသမီးကြီးကလည်း ပထမ မိန်းမကြီးလိုပါပဲ၊ စုတ်စုတ် ပြတ်ပြတ်နဲ့ ။ သူကကျွန်မဝတ်ဖို့ စကတ်တစ်ထည်၊ဘလောက်(စ) တစ်ထည်နဲ့ ဂျက်ကက်တစ် ထည်၊ ထုတ်ပေးတယ်။အဲဒါကျွန်မအတွက် သတို့သမီး ဝတ်စုံပါပဲ။ ဟိုလူကြီးက အကျယ်ချဲ့ မင်္ဂလာမဆောင်ချင်လို့ ဒီလိုပဲ အကျဉ်းရုံး လုပ်လိုက်တာတဲ့။ ကျွန်မသိပါတယ်။ ကျွန်မအသက်ငယ် လွန်းလို့ မင်္ဂလာပွဲ မလုပ်ဝံ့ကြတာပါ။ အဝတ်လဲဖို့အတွက် ကျွန်မ တစ်ယောက် ထည်း ထားခဲ့ကြ တယ်။
မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့်ပြီး ဘာကြောင့် များ ဒါလောက်ဆိုးရွားတာတွေ ဖြစ်လာရ သလဲလို့ မေးနေမိတယ်။ ဘုရားသခင်ဟာ ဘယ်လိုကိစ္စပဲ ဖန်တီးသည် ဖြစ်စေ သူ့မှာ အကြောင်း တစ်ခုရှိလို့ပဲဟု ကျွန်မကိုယ်ကျွန်မပြောမိပါသေးတယ်။ ထွက်ပြေးဖို့ ကျွန်မ စဉ်းစားသေးတယ်။ ဒါပေမယ့် ဘယ်လောက်ပြေးမလဲ။ ကျွန်မ မရောက်ဖူးတဲ့အရပ်ဒေသ။ တကယ်လို့ ကျွန်မလွတ် သွားတယ် ထား၊ မေမေ့ကို ဒုက္ခပေးကြလိမ့်မယ်။ စိတ်ကိုတင်းလိုက်ပြီး မျက်ရည်တွေ ကို ဘယ်သူမှ မမြင်အောင် သုတ်လိုက်ရပါတယ်။
ကားတစ်စီးရဲ့ အနောက်ခန်းမှာ ဟိုလူကြီးနဲ့ သူ့ညီမကြား ထိုင်ခိုင်းပြီးခေါ်သွားကြတယ်။ ဘယ်သူကမှလည်း ဘာမှ မပြောကြပါဘူး။ အဲဒီ တုန်းက မိုးတွေ ရွာနေတာကျွန်မ မှတ်မိတယ်။ ကျွန်မကို လူကြီး တစ်ယောက် ရှေ့ခေါ်သွားကြတယ်။ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားပြီး ငြိမ်းချမ်းခြင်းနဲ့ တရားမျှတမှု တွက် ဆောင်ရွက်နေတဲ့ တရားသူကြီးပဲပေါ့။ သူကစကားလုံး တချို့ကို ရေရွတ်လိုက်ပြီး ကျွန်မကို “သဘောတူပါတယ်လို့ ပြောခိုင်းတယ်” အမိန့်ပေးခံရတဲ့အတိုင်း ကျွန်မ ပြောလိုက်ပါတယ်။ ကျွန်မဘေးမှာ ဟိုလူကြီးရပ်နေပြီး နောက်မှာ လူစိမ်းနှစ် ယောက် ရပ်နေကြ တယ်။ ဒီလိုနဲ့ပဲ ကျွန်မလက်ထပ်ပွဲပြီးခဲ့ရတယ်။
အိမ်အိုကြီး ပြန်ရောက်တော့ မိန်းမကြီးနှစ် ယောက် ပြန်သွားကြတယ်။ ကျွန်မ တစ်ယောက် ထဲ ဟိုလူကြီးနဲ့ ကျန်ရစ်ခဲ့ရပါတယ်။ အဲဒီ ညမှာ ဟိုလူကြီးနား ကျွန်မမရောက်အောင် ကျွန်မတတ် နိုင်သမျှ ရှောင်နေပါတယ်။ အင်မတန်ဆိုးရွားတဲ့ အ ဖြစ်အပျက်တစ်ခု ဖြစ်တော့မယ်ဆိုတာ ကျွန်မ အလိုလိုသိနေပေမယ့် ဘာလဲဆိုတာတော့ မသိပါဘူး။ ဘယ်သူကမှလည်း ကျွန်မကို ပြောမပြခဲ့ကြ ပါဘူး။ သူ ကတော့ ကျွန်မအနားကပ်ပြီး သူ့လက်ကြီးတွေ နဲ့ သိမ်းပိုက်ဖို့ ကြိုးစားနေတော့တာပဲ။ သူ့ကို ကျွန်မ တွန်းပစ်ခဲ့ပြီး အပေါ်ထပ် တက်ပြေးတယ်။ အသင့်တွေ့ ရှိတဲ့ ဗီရိုကြီးတစ်ခုထဲ ဝင်ပုန်း နေလိုက်ပါတော့တယ်။ ဗီရိုထဲမှာ ဒူးထောက်ပြီး ဒီအိပ်မက်ဆိုးက လွတ်မြောက်ပါစေတော့လို့ ဘုရားသခင်ထံမှာ ဆုပန်နေမိပါတယ်။ ဒါပေမယ့် ဗီရိုတံခါးရွက်တွေ ထုပြီး ဒေါသတကြီး အော်ဟစ်နေတဲ့ ဟိုလူကြီးအသံပဲ ကြားရပါတယ်။
“ဟေ့….ဒီထဲမှာ မင်းရှိတယ်ဆိုတာ ငါသိတယ်၊ ငါစောင့်ရတာ စိတ်မရှည်တော့ဘူး။ ခု ချက်ချင်း ထွက်ခဲ့တဲ့ ” တဲ့။ ကျွန်မ လေးဘက်သွားပြီး ဗီရိုနောက်နားအထိ သွားကပ်နေမိတယ်။ သူက တံခါးကို ပြင်းပြင်းထန်ထန် ထုပြီး အော်သထက် အော်နေတော့တာပဲ။ နောက်ဆုံးမှာ တော့ ဗီရိုတံခါးဖွင့်သွားအောင် သူ့ကိုယ်စောင်းနဲ့ တိုက်တယ်။ ကျွန်မ ကြောက်လွန်းလို့ တအားကုန်းအော် မိတာပေါ့။ ကျွန်မ ဘယ်တော့မှ မမေ့တော့ပါဘူး။
လူစီက ဒီနေ့ထက်ထိ နားလည်း မလည်းသေးဘူး၊ လက်လည်းမခံသေးတာက ဘာလဲဆို တော့ သူ့ကို ကျွန်မအ ဖြစ် ဈေးအမြင့်ဆုံး ပေးနိုင်တဲ့သူလက်ရောင်းစားခံခဲ့ရတယ်ဆိုတဲ့ အချက်ပဲ။ လူစီအိမ်မှာ သူ့အဘွားပါတီပေးပြီး သီချင်းဆိုခိုင်းခဲ့တာက ဝယ်သူကို ပစ္စည်းပြခဲ့တာပဲ။ အန်တီဗစ် တိုးရီးယားဆိုတာကလည်း ဒီလိုကိစ္စတွေ ကို ဆောင်ရွက်တဲ့ ပွဲစားမကြီးပဲ ဖြစ်ဖို့များ ပါတယ်။ လူစီရဲ့ သီချင်းဆိုဟန်က လေလံဆွဲမယ့်သူတွေ ရဲ့ ပိုက်ဆံအိတ်တွေ ပွင့်စေခဲ့တယ်။
ဒီလေလံပွဲမှာ အောင်နိုင်သွားသူက “ရစ်ချတ်ဒစ်(က)ဆီဗလျူဒီဝဲယား”ဆိုတဲ့ပုဂ္ဂိုလ်ပါ။ ရစ်ချက်က မြေအရောင်းအဝယ်လုပ်တဲ့ မြေရှင်မိသားစုက ဆင်းသက်လာခဲ့တာပဲ။ လူစီ့အမေကို မွန်ရိုးမှာ အိမ်တစ်လုံးပေးတယ်ဆိုတာက ဝယ်ဈေးရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်မှာ ပေါ့။ ဆယ့်တစ်နှစ် သမီးကလေး တစ်ယောက် ကိုခြေတော် တင်ရတာ ဒါလောက်တော့ သူ့ဘက်က စွန့်ရမှာ ပဲ။ အထက် မှာ ဖတ်ခဲ့ရတဲ့ လူစီလက်ထပ်ခဲ့ရပုံဟာ မယုံနိုင်စရာ ဖြစ်ကောင်း ဖြစ်နေမယ်။ ၁၉၄၇ ပတ်ဝန်းကျင် မှာ ဒီလိုမင်္ဂလာပွဲမျိုးက တော် တော် ရှားနေပါပြီး။ ပြင်သစ် လူမျိုးတွေ မှာ အဲဒီ လို လူကြီးချင်း စီစဉ် လက်ထပ်ပေးတဲ့ အလေ့အထ ရှိပါတယ်။ အဲဒီ ဓလေ့ကို marriages de convence လို့ခေါ်ပါတယ်။ ၁၉၆၁ ခုနှစ် ကလေ့လာခဲ့တဲ့ ဒေါက်တာ Welley D,Camp ကဥရောပ တိုက်သား တွေ ထဲမှာ ပြင်သစ် လူမျိုးများ ဟာ အစောဆုံး အိမ်ထောင်ပြုလေ့ရှိတယ်လို့ ဆိုခဲ့တယ်။
၁၉၈၀ ပြည့်နှစ် က အမေရိကားမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အမျိုးသမီး ၃,၂၈၄,၆၈၂ တို့က အသက်၁၅ နှစ် နဲ့ အောက်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်တယ်ဆိုတာ တွေ့ ရတယ်။ တစ်နှစ် ထက်တစ်နှစ် ဒီစံချိန်က လျော့ပါးလာပြီး ၁၉၈၂ ခုနှစ် စစ်တမ်းအရ ၉၂၁၄ ဦးတို့သာ ရှိခဲ့ပြီး ဒီအထဲမှာ ၆၇ဦးက အသက် ၁၂ နှစ် ၊ ၁၉၈ ဦးတို့က ၁၃ နှစ် နဲ့ ၁၉၄၈ ဦးတို့က ၁၄နှစ် မှာ လက်ထပ် ခဲ့ကြတာ ဖြစ်တယ်။ (နိုင်ငံတော် ဥပဒေက အသက် ၁၂ အောက် လက်ထက်ခြင်းကို တရားဝင် အသိအမှတ်မပြုတဲ့အတွက် ဒီအရွယ်ကလေးတွေ စာရင်းဇယားမှာ မပါပါဘူး။)အဲဒါအပြင် တချို့က လက်ထပ်ရာမှ အသက်ညာပြောတာတွေ လည်း ရှိကြပါတယ်။ လူစီကို မစ္စစ္စပီခေါ်ပြီးမှ လက်ထပ် ယူတာအကြောင်းရှိတယ်။ ၁၉၄၇ ခုနှစ် တုန်းက လွီစီယားနားမှာ အုပ်ထိန်းသူရဲ့ သဘောတူညီချက် နဲ့ တရားဝင် လက်ထပ်ခွင့်ပြုတဲ့ အငယ်ဆုံး အသက်က ၁၆ နှစ် ပါ။ မစ္စစ္စပီမှာ တော့ အဲဒီ တုန်းက ၁၂ နှစ် လို့ သတ်မှတ်ထားတယ်။ ၁၉၈၇ ခုနှစ် မှာ မစ္စစ္စပီပြည်နယ်အစိုးရက တရားဝင် အသက်ကို ၁၅နှစ် ဖြစ်ရမယ်လို့ သတ်မှတ်လိုက်တော့ နယူယောက် ၊ အလာဘာမားတို့ထက် တစ်နှစ် ပို သွားပါ တယ်။)
![]() ရွှေ ၆၇ ရွှေအမြုတေ ဝတ္ထုတို ၆၇ ပုဒ် စုစည်းမှု | ![]() ဆင်စွယ်နန်းတော်ပေါ်ကမင်းသမီး (သို့မဟုတ်) အင်ဂျလီနားဂျိုလီ | ![]() အချစ်နှင့် စစ် |