ဓားတောင်ကိုဖြတ်သူနှင့် စာပေလူကြမ်းမင်းသားတို့ပေါင်းစည်းကြခြင်း
ဆရာဦးမြလှိုင် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေတဲ့ ပေဖူးလွှာမဂ္ဂဇင်းမှာ ကျွန်တော် က စာရေး ဆရာများ နဲ့ အင်တာဗျူး ကဏ္ဍအပါအ၀င် ပေါ့ပ်ကဏ္ဍများ ကိုပါ တာဝန်ယူ ရေး သားခဲ့ရပါ တယ်။ လတစ်လအတွက် အင်တာဗျူး လုပ်ရမယ့် စာရေး ဆရာကို အယ်ဒီတာအဖွဲ့က တစ်လကြို ရွေးပေးလေ့ရှိပြီး ကျွန်တော် က အဲ့ဒီဆရာနဲ့ ပတ်သက်တဲ့ ကောင်းနိုးရာရာများ ကို တစ်လအတွင်း အတတ်နိုင်ဆုံး ပြည့်စုံအောင် ဖတ်ရပါတယ်။ မေးခွန်းများ ချရေး ထားပေမယ့် ဆရာများ ရဲ့ အဖြေ ပေါ်မူတည်ပြီး ထပ်ဆင့်မေးသွားရတာ ဖြစ်လို့ တစ်ခါတစ်လေမှာ မှန်းထားတာထက် ပိုပြီးကြာမြင့်တဲ့ အင်တာဗျူး တွေ ဖြစ်ခဲ့ပါတယ်။
မှတ်မှတ်ရရ ပြောရရင် ဆရာကြီး မန်းတက္ကသိုလ်ဆန်းထွန်းကို အင်းလျားလမ်းမှာ ရှိတဲ့ ဆရာများ ရိပ်သာမှာ သွားရောက်တွေ့ ဆုံမေးမြန်းတော့ ကျွန်တော့် ထုံးစံအတိုင်း ဆရာ စာပေ လောကထဲ ရောက်ရှိလာပုံ သိပါရစေလို့ မေးလိုက်တဲ့ မေးခွန်းကို ဆရာဖြေလိုက်တာ C60 တိပ်ခွေ နှစ် ဖက် ကုန် သွားပါတယ်။ အင်တာဗျူး လုပ်တဲ့ အတွေ့ အကြုံအရ တစ်ဖက်ဆိုရင် တစ်လ လုံလောက်ပါတယ်။ ဒါပေမဲ့ နှစ် ဖက်ကုန်သည့်တိုင်အောင် ဆရာက ပထမမေးခွန်းကို ဖြေနေဆဲပါ။ အနီးဆုံး ဖြစ်တဲ့ လှည်းတန်းဈေးကို ပြေးပြီး တိပ်ခွေဝယ်ဖို့ ဆရာဦးမြလှိုင်ရဲ့ ယာဉ်မောင်း ဖြစ်တဲ့ ကိုတွတ်ကို ခိုင်းရပါတယ်။
ဆရာကြီး ဦးဆန်းထွန်းဆိုတာ ကျွန်တော် နဲ့ ယှဉ်လိုက်ရင် အဘိုးနဲ့ မြေးလောက် ၀ါရော၊ သမ္ဘာရော ကွာခြားပါတယ်။ ဒါ့ကြောင့် လေးစားသမှု နဲ့ ဆရာဦးမြလှိုင်ရော၊ ဆရာမှူးသမိန် (ဗိုလ်မှူး ကြီးစောမြင့်) တို့ပါ လိုက်လာခဲ့ကြတာပါ။ အဲဒီ နေ့က တိပ်ခွေ ၃ ခွေ ကုန်ခဲ့ပါတယ်။ တတိယ မြောက်အခွေ Side B ကို ပြောင်းချိန်မှာ ဆရာဦးမြလှိုင်က နောက်ထပ်မမေးနဲ့တော့ဆိုတဲ့ သဘော နဲ့ မျက်ရိပ်မျက်ခြည် ပြပါတယ်။ လူကြီးနှစ် ယောက် စလုံးလည်း ပန်းနေကြပြီမို့ နားချင်ကြပြီ ထင်ပါတယ်။ ဆရာဦးဆန်းထွန်း ကတော့ ပြောလို့ ကောင်းနေတုန်းပါပဲ။
ဆရာမြသန်းတင့်ကို မေးရမယ်လို့ ရွေးချယ်ပေးတဲ့အခါမှာ ကျွန်တော် ၀မ်းမြောက်ဝမ်းသာ ရှိခဲ့ပါတယ်။ ဆရာနဲ့ ပတ်သက်ပြီး မေးချင်တာတွေ ၊ ကျွန်တော့် ရင်ထဲမှာ အများ ကြီး ရှိလို့ပါပဲ။ စကားစပ်မိလို့ ပြောရရင် ဆရာက ကျွန်တော် တွေ့ ဖူးသမျှ စာရေး ဆရာများ ထဲမှာ စာရေး သားခြင်း ကို အလုပ်တစ်ခုလို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ မနက်အိပ်ရာထရင် ကျန်းမာရေး အတွက် လမ်းလျှောက်ထွက်ပါတယ်။ အိမ်ပြန်ရောက်ရင် ရေမိုးချိုး နံနက်စာစားပြီး ရုံးတက်တဲ့ သဘော လက်နှိပ်စက်ရှေ့ကို ရောက် သွားပါတော့တယ်။ များ ပြားလှစွာ သော စာမူတောင်းခံထား တဲ့ မဂ္ဂဇင်းတွေ အတွက် ကလောင်အမည် ပေါင်းများ စွာ နဲ့ စာမူတစ်ပုဒ်ပြီးတစ်ပုဒ် ရေး လိုက်တာ နေ့လယ် ထမင်းစားချိန် အထိပါပဲ။ ထမင်းစားပြီးရင် ခဏတဖြုတ် နားပြီးတာနဲ့ စာဆက်ရေး ပါ တယ်။ ဒီလိုဆရာမျိုးဆီက ကျွန်တော် သိချင်၊ မေးချင်၊ လိုချင်တာတွေ အများ ကြီးပါပဲ။ ကျွန်တော် မေးသမျှကို ဆရာကလည်း မညည်းမညူ ဖြေပေးခဲ့ပါတယ်။ ဒါကြောင့် လည်း စာပေနဲ့ ပတ်သက်တဲ့ အတွေးအခေါ်များ စွာ ပါတဲ့ မှတ်တမ်းတစ်စောင်ကို ကျွန်တော် ပြုစုနိုင်ခဲ့ပါတယ်။
ဆရာအောင်သင်းဆိုတာ ကတော့ ကျွန်တော် စာပေဝေဖန်ရေး နဲ့ ပတ်သက်ပြီး လေးစား တန်ဖိုးထားတဲ့ ဆရာ တစ်ယောက် ဖြစ်ပါတယ်။ ဆရာ့ကို မေးရတဲ့အခါမှာ လည်း သိချင်တာတွေ အများ ကြီးအတွက် အဖြေတွေ ရခဲ့ပါတယ်။ ပေဖူးလွှာမှာ ဖော်ပြခဲ့တဲ့ ဆရာအောင်သင်း အင်တာဗျူး ကို ကျွန်တော် က ‘စာပေလူကြမ်းမင်းသားနှင့် တွေ့ ဆုံခြင်း’ လို့ ခေါင်းစဉ်တပ်လိုက် ရာကအစ နယ်ပယ်အသီးသီးမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ကာတွန်းဆရာ များ က ဆရာအောင်သင်းရဲ့ အဖြေများ ဟာ သူတို့ကို ထိခိုက်စေတယ်လို့ ယူဆတာကြောင့် ပေဖူးလွှာမဂ္ဂဇင်းမှာ ကာတွန်းမပို့တော့ဘူးရယ်လို့ သပိတ်မှော က်လိုက်ကြပါတယ်။ တချို့ကလည်း တရားတဘောင် ဖြစ်လိုတဲ့အထိ ပြောဆိုလာခဲ့ကြပါတယ်။ အကြောင်းတစ်ခုကြောင့် အကျိုးတရား ပေါ်ပေါက်တယ်ဆိုတာ အမှန်ပါပဲ။
ကာတွန်းဆရာများ သပိတ်မှော က်မှု ကြောင့် ပေဖူးလွှာမှာ ကာတွန်းကဏ္ဍ အခက်အခဲ တွေ့ လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် ပေဖူးလွှာက ကာတွန်းဆရာအသစ်များ ကို မွေးဖွားပေးလိုက် ပါတယ်။ အော်ပီကျယ်၊ ငဘကြည်၊ စိုးသော်တာ၊ စောမင်းဝေ အစရှိတဲ့ မျိုးဆက်သစ် ကာတွန်း ဆရာများ ပေါ်ပေါက်လာခြင်းပါပဲ။ တကယ်လို့ ဆရာ့အပြောစကားများ ကို သူတို့ မနာဘဲရှိခဲ့ရင် ပေဖူးလွှာကလည်း ကာတွန်းဆရာအဟောင်းများ နဲ့သာ သံသရာလည်ပြီး အသစ်များ ပေါ်လာစရာ အကြောင်းလည်း မရှိပါဘူး။
ဆရာနဲ့ ကျွန်တော့်  အင်တာဗျူး ဟာလည်း ပေဖူးလွှာမှာ မှတ်မှတ်ထင်ထင် ရှိခဲ့ဖူးတဲ့ အင်တာဗျူး ပါ။ အခု ပိတောက်ရနံ့ စာပေတိုက်က ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့ သူနှင့် တွေ့ ဆုံခြင်း၊ စာပေလူကြမ်းမင်းသားနှင့် တွေ့ ဆုံခြင်း တို့ကို နှစ် အုပ်ပေါင်းပြီး တပေါင်းတစည်း တည်း ထုတ်ဝေချင်တယ်လို့ ဆိုလာတဲ့အခါမှာ ပေါင်းထားတဲ့စာအုပ်ကို ကျွန်တော် ကိုယ်တိုင်လည်း လိုချင်တာကြောင့် ထုတ်ဝေခွင့်ပြုခဲ့ပါတယ်။။ ဒီနှစ် အုပ်က အရင်ကလည်း သုံးလေးကြိမ်လောက် ထွက်ခဲ့ဖူးတဲ့ အင်တာဗျူး များ ဖြစ်ပါတယ်။ ဒါပေမဲ့ တပေါင်းတည်း ကတော့ တစ်ကြိမ်မှ မထွက်ခဲ့ဖူး ပါဘူး။ စာဖတ်ပရိသတ်များ ကျေနပ်အားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
လေးစားစွာ ဖြင့်
ဝင်းငြိမ်း
မြသန်းတင့်နှင့် တွေ့ ဆုံခြင်း
ခုနစ်နှစ် မြောက် ပေဖူးလွှာမဂ္ဂဇင်း စာဖတ်သူများ နှင့် တွေ့ ဆုံပေးခြင်းကဏ္ဍကို ထူးခြားစေချင်တဲ့အတွက် စာဖတ်ပရိသတ်များ နှစ် ရှည်လများ မျှော်လင့်တောင့်တခဲ့တဲ့ ဆရာမြသန်းတင့်နဲ့ တွေ့ ဆုံပေးပါလို့ စာတည်းအဖွဲ့က ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆရာမြသန်းတင့်နဲ့ တွေ့ ဆုံဖို့ဆိုရင်တော့ ကျွန်တော့် ဘက်က တာဝန်တော် တော် ကြီးပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်တော့် အသက်နဲ့အမျှ စာရေး သက်တမ်းအတွင်းမှာ ဆရာရေး ခဲ့တဲ့ ပင်ကိုရေး လုံးချင်းတွေ ၊ ဘာသာပြန်ဝတ္ထုကြီးတွေ ၊ ကလောင်နာမည် အမျိုးမျိုးနဲ့ ရေး ခဲ့တဲ့ ၀တ္ထု၊ ဆောင်းပါးတွေ …ဒါတွေ အများ ကြီး အချိန်ယူဖတ်ဖို့ လိုပါတယ်။ ‘ဓားတောင်’ တစ်ပုဒ်တည်းကိုပဲ ပြန်ဖတ်ဖို့ တော် တော် ကြာမယ်၊ ဘာသာပြန်ထဲကဆိုရင် ‘စစ်နဲ့ ငြိမ်းချမ်းရေး ’ ၊ ‘ပါရီကျဆုံးခန်း’ စတဲ့…စတဲ့…ဂန္တ၀င်ဝတ္ထုပေါင်းများ စွာ ရှိပါတယ်။ အားလုံး ဖတ်ဖို့ မှတ်ဖို့ဆိုတာ မလွယ်တဲ့အနေအထားမှာ ရှိတာကြောင့် ဆရာ ဘယ်စာအုပ်တွေ အထူးပြုဖတ်စေချင်သလဲလို့ ညှိကြည့်ပါတယ်။
ဆရာက ကိုဝင်းငြိမ်း ဖတ်ချင်တာသာ ဖတ်ပါလို့ ဆိုပါတယ်။ ပေဖူးလွှာ အယ်ဒီတာအဖွဲ့ဝင်တွေ က ဒီကဏ္ဍမှာ စာရေး ဆရာ တစ်ယောက် ကို တစ်ကြိမ်သာ တွေ့ ဆုံခွင့်ရမှာ ဆိုတော့ အခွင့်အရေး ရတဲ့ ဒီတစ်ကြိမ်မှာ ကျွန်တော့် ဘက်က ပြည့်စုံချင်တယ်။ ကိုယ်က မမေးနိုင်တဲ့တွက် ပရိသတ် သိချင်တာ၊ သိသင့်တာ၊ သိထိုက်တာတွေ ကျန်သွားတာမျိုး မရှိစေချင်ဘူး။ ကျွန်တော့် ဆန္ဒ ထပ်ပြောပြတော့ ဆရာက ကိုဝင်းငြိမ်းအတွက် ဟောဒီစာတမ်း ကတော့ လမ်းညွှန်ချက် ရကောင်းရနိုင်လိမ့်မယ်ဆိုပြီး စာကြည့်တိုက် ဒီပလိုမာသင်တန်းအမှတ်စဉ် (၈) က သင်တန်းသူ မ၀င်းနွယ် (သိပ္ပံဘွဲ့) ၁၉၈၇ ခုနှစ် က တင်သွင်းခဲ့တဲ့ စာတမ်းတစ်စောင် ထုတ်ပေးခဲ့ပါတယ်။
ဒီစာတမ်းက စာကြည့်တိုက်ပညာ ဒီပလိုမာအတွက် တင်သွင်းထားတဲ့ ‘စာစုစာရင်း’ ပါပဲ။ ၁၉၄၉ ခုနှစ် ကနေ ၁၉၈၆ ခုနှစ် အထိ ဆရာမြသန်းတင့် ဘာတွေ ရေး ခဲ့တယ်၊ ဘယ်ကလောင်နာမည် နဲ့ ရေး ခဲ့တယ်ဆိုတာ ဖော်ပြထားတဲ့အတွက် ကျွန်တော့် အတွက် အထောက်အကူ ရစေပါတယ်။ ဒါကြောင့် မ၀င်းနွယ်ကိုလည်း ကျေးဇူးတင်စကား ဆိုပါရစေ။
မြသန်း၊ မြသန်းတင့်၊ စောယွမ်း၊ ထက်အောင်၊ မေမေလှိုင်၊ မင်းနန္ဒာ၊ ရဲအောင်ဇေ၊ မောင်သစ်တည် ဆိုတဲ့ ကလောင်နာမည် ရှစ်မျိုးနဲ့ စာပေကဏ္ဍစုံမှာ ရေး သားနေတဲ့ ဆရာမြသန်းတင့်နဲ့ တွေ့ ဆုံခွင့်ရလိုက်လို့ ကျွန်တော့် ရင်ထဲမှာ နှစ် ရှည်လများ ရှိခဲ့တဲ့ ဆန္ဒတစ်ခု ပြည့် သွားပါတယ်။ ဒီလို တွေ့ ဆုံခွင့်ရအောင် စီစဉ်ပေးခဲ့တဲ့ ပေဖူးလွှာစာတည်းအဖွဲ့နှင့် တကွ အချိန်ယူဖြေကြားပေးတဲ့ ဆရာမြသန်းတင့်ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ပဏာမစကား ပြောကြားရင်း ကျွန်တော့်  တွေ့ ဆုံပေးခြင်းကဏ္ဍကို စတင်လိုက်ပါတယ် ခင်ဗျား…။
ကျွန်တော် တို့ ဆရာ့စာပေဘ၀ကစပြီး ပြောလိုက်ကြရအောင်လား ဆရာ။
ကျွန်တော့် စာပေဘ၀ဆိုတော့ ကျွန်တော် ဘယ်လို စာရေး ဆရာ ဖြစ်လာသလဲ။ စာတွေ ကို ဘယ်လိုရေး ခဲ့သလဲဆိုတာတွေ ပါမယ်လို့ ကျွန်တော် ထင်တယ်။ ကိုဝင်းငြိမ်းပြောတဲ့ စာပေဘ၀ဆိုတာ မဖြေခင် ကိုဝင်းငြိမ်းရဲ့ တွေ့ ဆုံမေးမြန်းခန်းနဲ့ ပတ်သက်တဲ့ ကျွန်တော့်  သဘောထားကို နည်းနည်း ပြောချင်တယ်။
အနောက်နိုင်ငံမှာ တော့ စာပေမဂ္ဂဇင်းတွေ က အများ အားဖြင့် စာရေး ဆရာတွေ ကို တွေ့ ဆုံပြီး မေးမြန်းခန်းလုပ်လေ့ရှိကြတယ်။ အများ အားဖြင့် လို့ ပြောတာ ကတော့ တစ်ခါတလေမှာ သမိုင်းဆရာတို့ ဘာတို့ ပါလာတတ်လို့ပါ။ အမေရိကန်ထုတ်တဲ့ ဒိုင်ယာလော့ခ်မဂ္ဂဇင်းမှာ ဆိုရင် တွေ့ ဆုံမေးမြန်းခန်း အမြဲလိုလို ပါတတ်တယ်။ ဒီမှာ တော့ ကိုဝင်းငြိမ်းတို့ မဂ္ဂဇင်းဟာ ပထမဆုံး လုပ်တာပဲလို့ ထင်တယ်။ ကောင်းပါတယ်။ သိသင့် သိထိုက်တာတွေ ကို သိရတဲ့အတွက် စာဖတ်ပရိသတ်မှာ အနည်းနဲ့အများ အကျိုးရှိနိုင်ပါတယ်။
မှတ်မိဦးမလား မသိဘူး။ ကိုဝင်းငြိမ်းရဲ့ တွေ့ ဆုံမေးမြန်းခန်းကို ကျွန်တော် ရှောင်ခဲ့တယ်။ အရင်တုန်းက ကျွန်တော့် ကို တွေ့ ဆုံမေးမြန်းဖို့ တစ်ခါနှစ် ခါ ချဉ်းကပ်ခဲ့သေးတယ်လေ။ ဒါပေမဲ့ ကျွန်တော် ငြင်းခဲ့တယ်။ တခြားကြောင့် မဟုတ်ပါဘူး။ စာရေး ဆရာရဲ့ အလုပ်ဟာ စဉ်းစားချင့်ချိန်ပြီးရေး တဲ့ စာလုံးတွေ နဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်လို့ပါ။ Writer’s business is considered words ပေါ့ဗျာ။ သူ့ကိစ္စက လက်တန်းပြောတဲ့ကိစ္စမဟုတ်ဘူး။ နှစ် ယောက် ချင်း စကားပြောရတာ ကောင်းတယ်။ သုံးလေးယောက် လက်ဖက်ရည်ကြမ်းဝိုင်းမှာ ထိုင်ပြီး စကားပြောရတာ ဟာလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒီလို လွယ်လွယ်ပြောတဲ့စကားတွေ ကို မှတ်တမ်းတင်ရတော့မယ်ဆိုရင်တော့ တစ်မျိုး ဖြစ်လာပြီ။ ကျွန်တော် က အပြောကို အားမရဘူးလေ။ ရေး ရတာ ကို အားသန်တယ်။ ဒါကြောင့် မို့ ကျွန်တော် ငြင်းခဲ့တာပါ။
ဒါဖြင့် ခုရော ကျွန်တော့်  တွေ့ ဆုံမေးမြန်းခန်းကို ဘာ ဖြစ်လို့ လက်ခံရတာ လဲ ဆရာ။
အကြောင်းနှစ် ကြောင်း ရှိတယ်။ တစ်ကြောင်းက စာပေနဲ့ ပတ်သက်တဲ့ အယူအဆလေးတွေ ကို တင်ပြချင်တာ ရှိတယ်။ အကြောင်းအရာကလေးတွေ က နည်းနည်း များ တော့ ဆောင်းပါးတစ်ပုဒ်စီ ရေး မနေနိုင်ဘူး။ သိတဲ့အတိုင်း ဆောင်းပါးတစ်ပုဒ်တည်းမှာ ကိုယ်ပြောချင်ရာ ကိုယ်ရေး ချင်ရာတွေ ကို အကုန်ထည့်ရေး လို့ ဖြစ်တာမဟုတ်ဘူး။ ဆောင်းပါးမှာ သူ့ပုံစံနဲ့သူ၊ သူ့အင်္ဂါရပ်တွေ နဲ့ သူ ရှိတယ်။ အကြောင်းအရာတစ်ခုကို ရေး ရင်လည်း ဒီအကြောင်းကိုပဲ ပြောလို့ရတယ်။ အကြောင်းအရာက သတ်မှတ်ထားတဲ့ ဘောင်ကို ကျော်ပြောလို့ မရဘူး။ ဒီတော့ ဆောင်းပါးတစ်ပုဒ်တည်းမှာ ထွေရာလေးပါးတွေ လျှောက်ပြောနေလို့ မရဘူး။ တွေ့ ဆုံမေးမြန်းခန်းမှာ တော့ တွေ့ ဆုံသူက မေးတာကို ကောက်ဖြေသွားလို့ ရတယ်။ ကြုံရာဆုံရာ ပြောသွားလို့ရတယ်။ ကိုယ်ပြောချင်တာတွေ ကို တစ်ထိုင်တည်းမှာ ပြောသွားလို့ရတယ်။ ဒါက အကြောင်းတစ်ကြောင်း။
နောက်တစ်ကြောင်း ကတော့ ကျွန်တော် ကိုယ်ရေး ကိုယ်တာနဲ့ ဆိုင်တယ်။ ဒီနှစ် ဟာ ကျွန်တော့် စာရေး သက် အနှစ် လေးဆယ် ပြည့်တဲ့နှစ် ။ ကျွန်တော် စာရေး တာ ကျွန်တော့် စာ ပုံနှိပ်စာလုံး ဖြစ်တာ အနှစ် လေးဆယ် ပြည့်တဲ့နှစ် ။ စာရေး သက် အနှစ် လေးဆယ်ပြည့်တဲ့နှစ် မှာ စာဖတ်သူတွေ ရဲ့ ရှေ့မှာ နှစ် လေးဆယ်အတွင်း မိမိရေး ခဲ့တဲ့စာတွေ ကို ဝေဖန်သုံးသပ်ပြသင့်တယ်လို့ ထင်တယ်။ စနစ်တကျမဟုတ်တောင် ကိုယ့်စာပေနဲ့ ပတ်သက်လို့ ကိုယ့်ဘာသာကိုယ်ပြန်ပြီး ထင်မြင်ချက်လေး ပေးသင့်တယ်လို့ ထင်တယ်။ လူ တစ်ယောက် ဟာ အသက်လေးဆယ်အရောက်မှာ ကိုယ်ဖြတ်သန်းလာရတဲ့ဘ၀ကို ငဲ့စောင်းကြည့်သလိုပေါ့။ အနှစ် လေးဆယ်ရောက်တဲ့အခါမှာ ကိုယ့်စာရေး ဆရာဘ၀ကို ဖြစ်စေ၊ ကိုယ်ရေး ခဲ့တဲ့စာတွေ ဖြစ်စေ၊ အနီးအဝေး၊ မှန်အောင် ပိုပြီး ကြည့်နိုင်လာတယ်လို့ ထင်တယ်လေ။
ဒီလိုဆိုရင် စာပေအကြောင်း မေးလိုက်တဲ့ ကျွန်တော့်မေးခွန်းနဲ့ အတော် ဖြစ်သွားတာပေါ့။
ကျွန်တော် စာရေး ဆရာ ဖြစ်လာပုံက သိပ်ထူးထူးခြားခြား မရှိပါဘူး။ ငယ်ငယ် ရှစ်နှစ် ၊ ကိုးနှစ် သားလောက်ကတည်းက စာဖတ်ဝါသနာပါလို့ စာတွေ ကို ဖတ်တယ်။ ဖတ်တော့ သူတို့လို ရေး ချင်လာတယ်။ ရေး တတ်ချင်လာတယ်။ စာရေး ဆရာ ဖြစ်ချင်တယ်။ ဒါကြောင့် တစ်ယောက် တည်း စိတ်ကူးတည့်ရာတွေ ကို လျှောက်ရေး တယ်။ ဘယ်သူမှ ဖတ်မယ့်သူ မရှိဘူး။ စာဖတ်သူဆိုလို့ ကိုယ် တစ်ယောက် တည်း ရှိတယ်။ နောက် တက္ကသိုလ်တို့ ဘာတို့ရောက်တော့ မဂ္ဂဇင်းတိုက်တွေ ကို ပို့တယ်။ ပါတဲ့အခါလည်း ပါတယ်။ အပယ်ခံရတဲ့အခါလည်း ရှိတယ်။ ဒါပေမဲ့ ရေး မြဲရေး နေတာပဲ။ ဒီလို ရေး ရင်းရေး ရင်း စာရေး ဆရာရယ်လို့ ဖြစ်သွားတာပဲ။ အမေရိကန်စာရေး ဆရာ အာစကိုင်းကော့ဒ်ဝဲ ပြောတဲ့ စကားတစ်ခွန်းကို ကျွန်တော် သဘောကျတယ်။ သူက သူ့စာပေဘ၀ကို စာအုပ်တစ်အုပ်ရေး ရာမှာ အဲဒီ စာအုပ်ကို ‘အတွေ့ အကြုံလို့ခေါ်ပါ’ (Call it Experience) လို့ နာမည် ပေးလိုက် တယ်။ သဘော ကတော့ စာရေး ဆရာ တစ်ယောက် ဖြစ်လာဖို့ဟာ ရေး နေရမယ်။ ရေး တဲ့အကျင့်ကို လုပ်နေရမယ်။ ရေး တဲ့အတွေ့ အကြုံကို ဖြတ်သန်းရမယ်။ ဒီလိုနဲ့ စာရေး တဲ့ အတတ်ပညာဟာ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာတယ်။ ဒီလိုနဲ့ စာရေး ဆရာရယ်လို့ ဖြစ်လာတာပါပဲ။ စာမရေး ရင် ဘယ်မှာ စာရေး ဆရာ ဖြစ်လာနိုင်ပါမလဲ။
ဒါဖြင့် စာရေး တိုင်း စာရေး ဆရာ ဖြစ်ရောလား ဆရာ။
ကျွန်တော် ပြောလိုက်တာ ကတော့ လိုရင်းကိုချုပ်ပြီး ပြောလိုက်တာ။ အဆင့်တွေ တော့ အများ ကြီး ရှိတာပေါ့။ စာရေး ဆရာ ဖြစ်ချင်ရင်သူ တစ်ယောက် ဟာ စာဖတ်တာကိုတော့ ၀ါသနာပါရမယ်။ ဒါက အနည်းဆုံး လိုအပ်တဲ့ အခြေခံအချက်။ စာရေး ဆရာဆိုတာ စာဖတ်ဖို့မလိုဘူးဆိုတဲ့ အယူအဆ တစ်ခုရှိခဲ့ဖူးတယ်။ ကျွန်တော် ကတော့ ဒီလိုမမြင်ဘူး။ စာရေး ဆရာ ဖြစ်ချင်သူ တစ်ယောက် ဟာ စာမဖတ်လို့ကို မ ဖြစ်ဘူး။
စာဖတ်ဝါသနာမပါလို့ကို မ ဖြစ်ဘူး။ ကျွန်တော့် အတွေ့ အကြုံနဲ့ ယှဉ်ပြီးပြောမယ်။ ကျွန်တော် ရှစ်နှစ် ကိုးနှစ် သားလောက်ကတည်းက စာဖတ်ဝါသနာပါတယ်။ ဒီထက်တောင် စောချင်စောဦးမယ်။ အဲဒီ အရွယ်လောက်မှာ ကျွန်တော့် မျက်စိရှေ့မှာ တွေ့ သမျှစာကို အကုန်ဖတ်တာပဲ။ နားလည်တာလည်း ပါတယ်။ နားမလည်တာလည်း ပါတယ်။ ဥပမာ - အဲဒီ တုန်းက ကျွန်တော် ဖတ်တဲ့ လယ်တီဆရာတော် ရဲ့ ‘ပရမတ္တသံခိပ်ကျမ်း’ ကို ကျွန်တော် ဖတ်တယ်။ ဒီစာအုပ်ရဲ့ နာမည် ကိုတောင် ကျွန်တော် နားမလည်ဘူး။ ဒါပေမဲ့ ကျွန်တော် ဖတ်တယ်။ အဲဒီ ထဲမှာ ကျွန်တော် နားလည်တာတွေ သွားတွေ့ တယ်။ ဥပမာ-အဲဒီ ကျမ်းထဲမှာ ဆရာတော် ကြီးက ငရဲကြီးရှစ်ထပ်ကို ကျတဲ့သူတွေ ဘယ်လိုခံစားရတယ်ဆိုတာကို အကျယ်တ၀င့် ရေး ထားတယ်။ လူကြီးသူမတွေ နှုတ်နဲ့ပြောပြဖူးတာထက် စုံတယ်။ ငရဲကြီးရှစ်ထပ်ကို ကြောက်စရာကောင်းအောင် ရေး ထားတယ်။ ဒီမှာ ကျွန်တော် စာရဲ့ အရသာကို သိသွားတယ်။ တစ်ခါ ညောင်ကန်ဆရာတော် ဦးဗုဓ်ရေး တဲ့ ‘ဒါနဖလုပ္ပတ္တိကျမ်း’ ဆိုတာရှိတယ်။ အဲဒီ စာအုပ်ကိုလည်း ကျွနတော် ကောက်ဖတ်ပစ်လိုက်တာပဲ။ စာအုပ်နာမည် ကို ကျွန်တော် အဓိပ္ပာယ်နားမလည်ဘူး။ ဒါပေမဲ့ အဲဒီ အထဲမှာ အလှူဒါနရဲ့ အကျိုးကျေးဇူးတွေ ကို ကျွန်တော် သွားတွေ့ ရတယ်။ နောက် ‘ငါးရာ ငါးဆယ်’ တို့၊ ‘ဇိနတ္တပကာသနီ’ တို့ကို ဖတ်တယ်။ ဖတ်လို့ကောင်းတယ်။ ကျွန်တော် မရောက်ဖူးတဲ့နေရာတွေ ကို ရောက်သွားတယ်။ ဟိမ၀န္တာ ရောက်တယ်။ သိဒ္ဓတ္တမင်းသားရဲ့ နန်းဆောင်ထဲကို ရောက်သွားတယ်။ ဂင်္ဂါမြစ်ကမ်းကို ရောက်သွားတယ်။ ဒီမှာ တင် စာဖတ်ရတာ ကို ပျော်သွားတယ်။
နောက်တော့ ကာလပေါ်ဝတ္ထုတွေ ဖတ်တယ်။ ကျွန်တော် တို့ ငယ်ငယ်တုန်းက ပေါ်ခဲ့တဲ့ ပီမိုးနင်းတို့၊ တက်ထွန်းတို့၊ ရွှေဥဒေါင်းတို့၊ မဟာဆွေတို့၊ ဇ၀နတို့၊ ရဲထွတ်တို့၊ မြမျိုးလွင်တို့၊ ဒဂုန်ခင်ခင်လေးတို့ ၀တ္ထုတွေ ဖတ်တယ်။ အဲဒီ ထဲမှာ နဂါးနီကထုတ်တဲ့ နိုင်ငံရေး စာအုပ်တွေ ကို တွေ့ လိုက်ရင်လည်း ဖတ်ပစ်လိုက်တယ်။ အဲဒါတွေ ကိုလည်း အကုန်နားလည်တာ မဟုတ်ဘူး။ ဥပမာ-ဦးနုရေး တဲ့ ‘လူမွဲတို့၏ ထွက်ရပ်လမ်း’ ဆိုတဲ့စာအုပ် ရှိတယ်။ ရုရှား အောက်တိုဘာတော် လှန်ရေး အကြောင်းကို ရေး ထားတာ။ အကုန်လုံးကို နားမလည်ဘူး။ ဥပမာ-အဲဒီ အထဲမှာ ဘော်လ်ရှီဗစ်တို့၊ မင်ရှီဗစ်တို့ ဆိုတဲ့စကားလုံးတွေ ပါတယ်။ နိုင်ငံရေး ၊ သဘောတရားတွေ ပါတယ်။ ဒါတွေ ကို ကျွန်တော် ဘယ်နားလည်မလဲ။ ဒါပေမယ့် ကျွန်တော် နားလည်တဲ့အချက်တွေ ပါတယ်ဆိုပါတော့။ ဘုန်းတော် ကြီး ဂေပွန်းက ခေါင်းဆောင်ပြီး ဇာဘုရင်ရဲ့ ဟေမန္တနန်းတော် ကို ၀ိုင်းတာ၊ ရုရှားအလုပ်သမားတွေ ဆင်းရဲတာ၊ လယ်သမားတွေ ဆင်းရဲတာ ဒါတွေ ကို ကျွန်တော် နားလည်တယ်။ ဒီတင် ကျွန်တော် စာဖတ်ရတာ ပျော်သွားပြန်တယ်။ ကျယ်ပြန့်လာတဲ့ မိုးကုပ်စက်ဝိုင်းပေါ်မှာ ကိုယ်မမြင်ဖူးတဲ့ မကြားဖူးတဲ့ အသစ်အဆန်းတွေ ကို တွေ့ ရမြင်ရတော့ စိတ်ဝင်စားတာပေါ့။
အဲဒီ တုန်းက ပြင်သစ်တော် လှန်ရေး သမား တစ်ယောက် ဖြစ်တဲ့ ဘလင်ကွီအကြောင်းကို ရေး ထားတဲ့ စာအုပ်တစ်အုပ် ရှိတယ်။ စာအုပ်နာမည် က ‘သူရဲကောင်း’ တဲ့။ အဲဒီ စာအုပ် မထွက်ခင်မှာ ကြော်ငြာတွေ့ လိုက်တယ်။ ‘သူသည် သေသော အခါတွင် ပျဉ်ချပ် လေးချပ်ကြားတွင် သေသွားရပြီး အသက်ရှင်စဉ်ကလည်း အုတ်နရံလေးဖက်ထဲတွင် အသက်ရှင်ခဲ့ရ၏ ’ ဆိုတဲ့ ကြော်ငြာတွေ့ လိုက်တော့ ဒီလူဟာ ဘယ်လိုလူလဲဆိုတာ ကျွန်တော် သိချင်လာတယ်။ အဲဒီ စာအုပ်ကို ရှာဖတ်တယ်။ ဒီတုန်းက ကျွန်တော် ဘာမှ နားမလည်သေးဘူး။ ပြင်သစ်တော် လှန်ရေး လည်း မသိဘူး။ ဘလင်ကွီ ဆိုတဲ့အကြောင်းကိုလည်း ဘာမှန်းသိတာ မဟုတ်ဘူး။ ပီမိုးနင်းရဲ့ ‘နေရီရီ’ ကိုဖတ်ပြီး အဲ့ဒီတုန်းက ဇာတ်လိုက် မောင်နေ၀င်းဟာ ပင်လယ်ကမ်းစပ်သော င်ပြင်မှာ သူ့ချစ်သူ ရီရီကို တမ်းတပြီး ‘နေရီရီ’ ဆိုတဲ့ စာလုံးကလေးတွေ ကို တုတ်ချောင်းကလေးနဲ့ ရေး ခြစ်နေတယ်။ ဒါကိုဖတ်ပြီး ကျွန်တော် မောင်နေ၀င်းကို သနားနေတယ်။
ရဲထွတ်ရဲ့ ‘ဝေလီဝေလင်း’ ကိုဖတ်ပြီး အဲဒီ ထဲက ကောင်မလေးက ကောင်လေးရဲ့ အုတ်ဂူမှာ သွားပြီး ပန်းကလေးတွေ ခြွေနေတာကို ဖတ်လိုက်ရတော့ ကောင်မလေး သနားနေတယ်။ မဟာဆွေရဲ့ ‘၀ါဝါ၀င်း’ ကို ဖတ်ရတော့ အဲဒီ ၀တ္ထုထဲက ဇာတ်လိုက်တင်လှနဲ့ ၀င်းမေတို့အကြောင်းကို ဖတ်ပြီး ကြည်နူးရတယ်။ ဒဂုန်မဂ္ဂဇင်းမှာ ပါတဲ့ ကိုကိုလေးရဲ့ ‘မှော်ဆရာမှတ်တမ်း’ ကို ဖတ်တော့ တစ်ယောက် တည်း အိမ်သာ မသွားရဲဘူး။ ဒါပေမဲ့ အဲဒီ ၀တ္ထုကို ဖတ်ချင်နေတယ်။ ကြောက်ရတာ လေးကိုက အရသာ ရှိနေတယ်။ ဇ၀နရဲ့ ‘ကောလိပ်ကျောင်းသား’ ကို ဖတ်ရတော့ အဲဒီ ၀တ္ထုထဲက ဇာတ်လိုက် ကောလိပ်ကျောင်းသားလူနောက် သိန်းဖေကိုကြည့်ပြီး ပျော်နေတယ်။ သူရိယမဂ္ဂဇင်းက ရွှေဥဒေါင်းရဲ့ ‘စုံထောက်မောင်စံရှား’ ကို ဖတ်ရတော့ အမှု တစ်ခုကို မောင်စံရှား စုံစမ်းထောက်လှမ်းပြီး ရှာဖွေဖော်ထုတ်ရသွားတဲ့အခါမှာ ကျေနပ်အားရသွားတယ်။ သင်္ချာပုစ္ဆာတစ်ခုကို မှန်အောင် တွက်လိုက်ရတဲ့အခါမှာ ကျေနပ်သွားသလို။ ပျော်သွားတယ်။
အဲဒီ ၀တ္ထုတွေ ကို ဖတ်တုန်း ကတော့ ဇာတ်လမ်းလောက်ကိုပဲ အဓိကထား ဖတ်သွားတာပဲ။ ကောင်မလေးနဲ့ ကောင်လေး ရသွားရင် ကျေနပ်အားရသွားတာပဲ။ ပြဿနာတစ်ခု ပြေလည်သွားရင် ပျော်သွားတာပဲ။ အချစ်ဝတ္ထုတွေ ကို ဘာ ဖြစ်လို့ ဖတ်သလဲ။ ကိုယ်ကလည်း ငယ်တုန်း၊ အဲဒီ ထဲမှာ ပါဝင်လှုပ်ရှားတဲ့ ဇာတ်ဆောင်တွေ ကလည်း လူငယ်တွေ ၊ ဇာတ်လမ်းကလည်း အချစ်ဇာတ်လမ်းဆိုတော့ တစ်ခါတစ်လေမှာ သူတို့တစ်တွေ ရဲ့ လှုပ်ရှားပုံတွေ ဟာ ကိုယ့်ကိုကိုယ်ပြုစားနေတယ်လို့ ထင်တယ်။ ဒါကြောင့် သူတို့ ချစ်ပြီးပေါင်းသွားကြရင် ကျေနပ်တယ်။ အချစ်ဝတ္ထုကို ဖတ်ရတာ ဟာ ရောင့် ရဲကျေနပ်မှု ကို ရစေတယ်။
ဒါဖြင့် ငယ်ငယ်က အချစ်ဝတ္ထုဖတ်တာဟာ ရောင့် ရဲကျေနပ်မှု ကို လိုချင်လို့ ဖတ်တာပေါ့ ဆရာ။
ဟုတ်တယ်။ ဒါက ကြီးလာတော့မှ ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားလို့ရတဲ့ ကောက်ချက်ပါ။ ငယ်ငယ်တုန်း ကတော့ ဘယ်သိမလဲ။ ၀တ္ထုဆိုတာ ပျော်ချင်လို့ ဖတ်တာ၊ ကြည်နူးချင်လို့ ဖတ်တာ၊ အပျင်းပြေချင်လို့ ဖတ်တာလို့ ပြောနေကြတယ်။ တစ်လုံးတည်းနဲ့ ပြောရရင် ကျေနပ်ရောင့် ရဲမှု ကို လိုချင်လို့ ဖတ်တာပဲ။ အင်္ဂလိပ်လိုပြောရရင် Gratification ပေါ့ဗျာ။ ဒါကြောင့် မို့ ရုပ်ရှင် ဖြစ် ဖြစ်၊ ၀တ္ထု ဖြစ် ဖြစ် ဇာတ်လိုက်မင်းသားနဲ့ မင်းသမီိးမပေါင်းရရင် ဘာမှန်းလည်း မသိဘူး စိတ်ညစ်စရာကြီးလို့ ပြောနေကြတာပေါ့။ စုံထောက်ဝတ္ထုမှာ လည်း သည်အတိုင်းပဲ။ ပုစ္ဆာတစ်ခု၊ ပြဿနာတစ်ခု ရှင်းသွားမှ ကျေနပ်ရောင့် ရဲသွားတယ်။ ပြဿနာကို မရှင်းနိုင်တဲ့ စုံထောက်ဝတ္ထုကို ဘယ်သူကြိုက်ပါ့မလဲ။
ဒါဖြင့် တခြားစာအုပ်တွေ ကရော ခုတင်က ဆရာပြောခဲ့တဲ့ ကျမ်းတွေ နဲ့ နဂါးနီကထုတ်တဲ့ စာအုပ်တွေ ဆိုပါတော့။
နဂါးနီစာအုပ်တွေ အကြောင်း ကတော့ နောက်မှ ပြောမယ်။ စောစောက ကျွန်တော် ပြောခဲ့တဲ့ စာမျိုးတွေ ကို ကျွန်တော် ငယ်ငယ် ငယ်ရွယ်ရွယ်နဲ့ ဖတ်တာ ကတော့ သိချင်လို့၊ စူးစမ်းချင်လို့ ဖတ်တာ။ လူဟာ ကိုယ်မသိသေးတာကို သိချင်တယ်၊ စူးစမ်းချင်တယ်၊ ဒါကြောင့် အဲဒီ စာအုပ်တွေ ကို ကျွန်တော် ဖတ်တာ။ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ အတွေ့ အကြုံကို ဆက်ပြောရဦးမယ်။ အဲဒီ အရွယ်တုန်းက ၉ နှစ် ၊ ၁၀ နှစ် သားလောက်ဆိုပါတော့ အချစ်ဝတ္ထုတွေ ကိုပဲ အဖတ်များ တယ်။ ကျန်တဲ့စာအုပ်တွေ လည်း ဖတ်တာပါပဲ။ ဒါပေမဲ့ သဘာဝကျစွာ ပဲ အချစ်ဝတ္ထုကိုပဲ အဖတ်များ တာပေါ့။ နောက်တော့ အချစ်ဝတ္ထုဟာ နည်းနည်း အီလာတယ်။ နောက်ဆုံးမှာ ညားကြလေသတည်းနဲ့ ဆုံးမှာ ပဲဆိုတာ သိနေတယ်။ စာအုပ်အမြီးပိုင်းကို လှန်ကြည့်ဖို့ မလိုတော့ဘူး။ ဘယ်လောက်ပဲ ကွဲခဲ့ကွဲခဲ့ နောက်ဆုံးမှာ တော့ ညားကြလေသတည်းနဲ့ အဆုံးသတ်မှာ ပဲဆိုတာကို သိနေတယ်။ ဒီတုန်းမှာ မြန်မာ့အလင်းသတင်းစာက အခန်းဆက်ဝတ္ထုတစ်ပုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ ရေး သူက ရွှေကျေးတဲ့။ ၀တ္ထုနာမည် က ‘အိုတံငါ’ တဲ့။ ဇာတ်လိုက်က ထွန်းထွန်းဆိုတဲ့ ဆယ်နှစ် သား ကလေး တစ်ယောက် ၊ ကိုယ်ကလည်း ဆယ်နှစ် သားလောက်ရှိတော့ သိပ်စိတ်ဝင်စားတာပေါ့။ ထွန်းထွန်းအဖေ ဆုံးသွားတော့ အမေက နောက်အိမ်ထောင်သစ် ထူတယ်။ ပထွေးနဲ့ နေရတယ်။ ဒီတင် ထွန်းထွန်းဟာ မောင်းမကန်မှာ လား ဘယ်မှာ လား မသိဘူး။ အမျိုးတွေ နဲ့ သွားနေရတယ်။ ဟိုမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတယ်။ ငါးဖမ်းပိုက်တွေ ကို လျှော်ရတယ်။ လှန်းရတယ်။ ဖာရတယ်။ ဒီဝတ္ထုက အချစ်ဝတ္ထုလို့ ပြောလို့ မရဘူး။ ဘ၀ကို ရေး ထားတဲ့ ၀တ္ထု၊ ဒီတော့မှ ၀တ္ထုဆိုတာ အချစ်အကြောင်းကြီးပဲ ရေး တာမဟုတ်ပါလား။ ဒါမျိုးတွေ ကိုလည်း ၀တ္ထုရေး လို့ ရပါလားဆိုတာ ကျွန်တော် တွေ့ လာတယ်။
အမှန် ကတော့ ဒီဝတ္ထုက ဒစ်ကင်းရဲ့ ‘ဒေးဗစ်ကော်ပါးဖီး’ ကို မှီးထားတာ။ ဒစ်ကင်းတို့ ခေတ်တုန်းက စက်မှု တော် လှန်ရေး ပြီးတော့ အင်္ဂလန်မှာ အရွယ်မရောက်သေးတဲ့ ကလေးတွေ အလုပ်ကြမ်းလုပ်ရတာ တို့ ဘာတို့ကို ရေး ထားတာ။ ဒါ ကတော့ ကြီးမှ သိလာရတာ ပေါ့လေ။ ငယ်ငယ်တုန်း ကတော့ ‘အိုတံငါ’ ထဲက ထွန်းထွန်းကိုပဲ ကျွန်တော် စွဲနေတယ်။ သူ့ကို သနားနေတယ်။ စာနာနေမိတယ်။ ၀တ္ထုဆိုတာ အချစ်အကြောင်းချည်းတင် မဟုတ်ဘူး။ ဘ၀ကို ဖွဲ့ထားတာပါကလားဆိုတာ ကျွန်တော် ပထမဆုံး စတွေ့ တာပဲ။ ဒီမှာ တင် အဲဒီ လိုဝတ္ထုမျိုးတွေ ကို ကျွန်တော် ဖတ်လာတယ်။ ဖတ်ချင်လာတယ်။
ဒီလို အချစ်ဝတ္ထုရော၊ ဘာသာရေး ရော၊ နိုင်ငံရေး ရော တွေ့ ရာတွေ့ ရာတွေ ကို ကျွန်တော် လျှောက်ဖတ်နေတုန်းမှာ ခေတ်စမ်းစာပေကို ကျွန်တော် သွားတွေ့ တယ်။ အဲဒီ တုန်းက ဒဂုန်မဂ္ဂဇင်းမှာ တက္ကသိုလ်ကဏ္ဍတစ်ခု ပါတယ်။ အဲဒီ ထဲမှာ သိပ္ပံမောင်ဝတို့၊ ဇော်ဂျီတို့၊ မင်းသုဝဏ်တို့၊ နွယ်စိုးတို့ကို သွားတွေ့ တယ်။ တက္ကသိုလ်မဂ္ဂဇင်းတို့၊ ဂန္တလောကတို့မှာ လည်း သူတို့စာတွေ ကို သွားတွေ့ တယ်။ သူတို့စာတွေ ဆိုတာ ကဗျာတွေ ၊ ၀တ္ထုတွေ ၊ ဆောင်းပါးတွေ အားလုံးပါတယ်။သူတို့အရေး အသားနဲ့ သူတို့အတွေးအခေါ်တွေ က ဆန်းသစ်နေတယ်။ အကြောင်းအရာကလည်း ဆန်းသစ်တယ်။ ပုံသဏ္ဍာန်ကလည်း ဆန်းသစ်နေတယ်။ ရေး ဟန်ကလည်း ဆန်းသစ်နေတယ်။ အကြောင်းအရာ ဆန်းသစ်တယ်ဆိုတာ အချစ်မဟုတ်ဘူး။ အချစ်မဟုတ်တဲ့ အကြောင်းတွေ ကို ရေး ထားတာ။ ဥပမာ သိပ္ပံမောင်ဝရဲ့ ‘စည်းစိမ်’ တို့၊ ‘အင်းဝ’ တို့ စတဲ့ ၀တ္ထုဆောင်းပါးတွေ ၊ ဇော်ဂျီရဲ့ ‘အောင်ဘော်နဲ့ လေးလုံး’ တို့၊ မင်းသုဝဏ်ရဲ့ ‘ဘကြီးအောင် ညာတယ်’ တို့ ၊ နွယ်စိုးရဲ့ ‘ငါးပိ’ တို့ဆိုတဲ့စာတွေ အကြောင်းအရာတွေ က အချစ်မဟုတ်ဘူး။ ကိုဝင်းငြိမ်း သိပါတယ်။ ပုံသဏ္ဍာန်ဆန်းသစ်တယ်ဆိုတာ ပုံသဏ္ဍာန်က ကျွန်တော် တို့ ဖတ်နေတဲ့ ၀တ္ထုတွေ နဲ့ မတူဘူး။ ရေး ဟန်ကလည်း ကျွန်တော် တို့ ဖတ်နေကျ အရေး အသားတွေ နဲ့ မတူဘူး။ ခေတ်စမ်းရဲ့ စကားပြေမှာ တင် မကဘူး။ ကဗျာမှာ လည်း အရင်တုန်းက ကဗျာတွေ နဲ့ မတူဘူး။ အကြောင်းအရာရော၊ ပုံသဏ္ဌာန်ရော၊ ရေး ဟန်ပါ ဆန်းသစ်လာတယ်။ အချစ်မှတစ်ပါး အခြားအကြောင်းအရာတွေ ကိုလည်း ရေး လို့ ရပါကလား။ အခြားသော ပုံသဏ္ဍာန်၊ အခြားသော ရေး ဟန်များ နဲ့လည်း ရေး လို့ရပါကလားလို့ သိလာတယ်။ စာပေမိုးကုတ်စက်ဝိုင်းဟာ ကျယ်ပြန့်လာတယ်။ ဂန္တလောကမှာ ၊ ဒဂုန်မဂ္ဂဇင်းမှာ ၊ ကြီးပွားရေး မဂ္ဂဇင်းတို့ ဘာတို့မှာ သူတို့အရေး အသားတွေ က နေရာယူလာတယ်။ နောက်ပိုင်းမှာ မောင်ဖြူုးတို့၊ ညိုမြတို့၊ သိန်းနေနွယ် (သိန်းဖေမြင့်) နဲ့ မန်းတင်တို့၊ တက္ကသိုလ်ထင်ကြီးတို့၊ ဒဂုန်တာရာတို့၊ ခင်လေးမောင်တို့၊ မောင်အာယုတို့၊ စံဝင်းတို့ စာတွေ ကို ကျွန်တော် ကြိုက်လာတယ်။ သူတို့လို ရေး ကြည့်ချင်လာတယ်။ သူတို့ ရေး တဲ့အကြောင်းတွေ ကို ကျွန်တော် ရေး တတ်ချင်လာတယ်။ ဒဂုန်မဂ္ဂဇင်းမှာ ပါတဲ့ ‘တရေး ရေး ’ ဆိုတဲ့ ဒဂုန်တာရာရဲ့ ၀တ္ထုမှာ ‘ကောင်းကင်သည် ပြာ၏ ၊ ကြယ်တို့သည် တလွင်လွင်လက်၏ ။ သူမသည် ကားကို ဖိတ်ခေါ်၏ ’ ဆိုတဲ့ အရေး အသားကို တွေ့ လိုက်တော့ ကျွန်တော် ယစ်မူးသွားတယ်။ ကောင်းတာ မကောင်းတာကို ကျွန်တော် မပြောဘူးနော်။ ဆန်းသစ်လာတာကို ကျွန်တော် ပြောနေတာ။ စောစောက အချစ်ဝတ္ထုတွေ က ကျွန်တော့် ကို ကျေနပ်ရောင့် ရဲမှု ပေးခဲ့တယ်။
ခု ခေတ်စမ်းစာပေကျတော့ ကျွန်တော့် ကို ဘ၀အသိ ဘ၀အမြင်တွေ ပေးလိုက် တယ်။ ကိုယ့်ဘ၀၊ ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်တတ်မြင်တတ်အောင် သင်ပေးလိုက် တယ်။ သိပ္ပံမောင်ဝရဲ့ ‘မင်းလတ်’ ကို ကြည့်လေ။ ‘မင်းလတ်’ ဆိုတဲ့ ဧရာဝတီသင်္ဘောကြီးပေါ်မှာ လိုက်လာတဲ့ ခရီးသည်တွေ အကြောင်းကို ရေး သွားတယ်။ ရေး တတ်ရင် ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေ အကြောင်း ရေး စရာတွေ အများ ကြီးပါလားဆိုတာ သိလာတယ်။
ခေတ်စမ်းစာပေနဲ့ မရှေးမနှောင်းမှာ နဂါးနီစာအုပ်တွေ ရှိတယ်။ နဂါးနီစာပေဆိုပေမယ့် နိုင်ငံရေး စာပေ။ အဲဒီ ခေတ်ဟာ အမျိုးသားလွတ်မြောက်ရေး အတွက် အရှိန်ယူနေဆဲခေတ်။ သခင်လှုပ်ရှားမှု ဟာ အရှိန်ကောင်းစပြုလာတဲ့ခေတ်။ နဂါးနီစာအုပ်အသင်းက ထုတ်တဲ့ စာအုပ်အားလုံးကို ကျွန်တော် ကောင်းကောင်း နားမလည်ဘူး။ ဘယ်မှာ နားလည်နိုင်ပါ့မလဲ။ ကျွန်တော် အသက် ဆယ်နှစ် လောက်ပဲ ရှိသေးတာ။ နဂါးနီနိုင်ငံရေး စာပေမှာ အယူအဆအမျိုးမျိုး ရောနေတယ်။ ဆိုရှယ်လစ်ဝါဒလည်း ပါတယ်။ ဆိုရှယ်လစ်ဒီမိုကရက်ဝါဒလည်း ပါတယ်။ ဖေဗီယန် ဆိုရှယ်လစ်ဝါဒလည်း ပါတယ်။ အမျိုးသားရေး ၀ါဒလည်း ပါတယ်။ အိုင်ယာလန်တော် လှန်ရေး ကို အားကျတဲ့ အယူအဆတွေ လည်း ပါတယ်။ ဘင်္ဂလားက အကြမ်းဖက်ဝါဒကို အားကျတဲ့ အယူအဆတွေ လည်း ပါတယ်။ ဒါပေမယ့် အယူအဆ ဘယ်လောက်ပဲကွဲကွဲ မြန်မာနိုင်ငံကို လွတ်လပ်တဲ့ နိုင်ငံ ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ နေရာမှာ တော့ တူကြတယ်။
အဲဒီ စာပေတွေ ကို နဂါးနီက တွင် တွင် ကြီးဖြန့်ချိတော့ ကျွန်တော် လည်း ဖတ်တယ်။ ဖတ် ဖြစ်တယ်။ တချို့ကိုလည်း နားလည်တယ်။ တချို့ကိုလည်း ကျွန်တော် နားမလည်ဘူး။ ဒါပေမယ့် သူတို့ လှုံ့ဆော်တဲ့ အမျိုးသားလွတ်မြောက်ရေး လှုံ့ဆော်သံကို ကျွန်တော် ကြားနေရတယ်။ အဲဒီ ရနံ့ကို ကျွန်တော် ရှုနေရတယ်။ ကျွန်တော် တင် မကပါဘူး။ ကျွန်တော် နဲ့ ရွယ်တူတွေ ဟာ အဲဒီ သြဇာအောက်မှာ ကြီးပြင်း လူလားမြောက်ခဲ့ရတယ်။
ကိုဝင်းငြိမ်း စဉ်းစားကြည့်လေ…။ ကျွန်တော် မွေးခါစ တစ်ဝိုက်လောက်မှာ ဆရာစံ အရေး တော် ပုံကြီး ပေါ်လာတယ်။ ကျွန်တော် စကားပီနားကြား အရွယ်ရောက်တဲ့အချိန်ဟာ ဆရာစံ အရေး တော် ပုံအကြောင်းကို လူတွေ တဖွဖွ ပြောနေကြတုန်း၊ ရေး နေကြတုန်းပဲ ရှိသေးတယ်။ ဆရာကြီး သခင်ကိုယ်တော် မှိုင်းက ဆရာစံကို မဟာလေးချိုးကြီးတွေ နဲ့ ဂုဏ်ပြုနေတယ်။ နောက် ခေတ်စမ်း၊ နောက် ၁၉၃၆ ကျောင်းသား သပိတ်ကြီး၊ နောက် ၁၃၀၀ ပြည့် အရေး တော် ပုံကြီး၊ နောက် အင်္ဂလိပ်တော် လှန်ရေး ၊ နောက် ကမ္ဘာစစ်၊၊ နောက် ဖက်ဆစ်တော် လှန်ရေး စတဲ့ ဂယက်တွေ ရှိနေတယ်။ တစ်ဖက်က ဒီလို ဖြစ်နေတဲ့အချိန်မှာ ကျွန်တော် တို့ စာပေထဲမှာ လည်း ဒီသြဇာတွေ အနည်းနဲ့အများ သက်ရောက်နေတယ်။
ခေတ်စမ်း၊ နဂါးနီ ကျွန်တော် ပြောချင်တာက လူ့အဖွဲ့အစည်း၊ ဒါမှမဟုတ် ခေတ်နဲ့စာပေဟာ ခွဲမနေဘူး။ ဥခွံကလေးထဲမှာ သီးခြားအောင်းနေတဲ့ လူတွေ အတွက်သာလျှင် ခွဲလို့ရလိမ့်မယ်။ ဒါပေမယ့် ဒါက အင်မတန် ရှားလိမ့်မယ်။ ဒီတော့ဒါတွေ ကို ဖတ်ရင်း ဒီခေတ်တွေ ကို ဖြတ်သန်းရင်း ကျွန်တော် ကြီးပြင်းလာခဲ့တယ်။ ဂျပန်ခေတ်ရောက်တော့လည်း ဂျပန်ဖက်ဆစ်စနစ်ရဲ့ အရှေ့အာရှတိုက် သာတူညီမျှကောင်းစားရေး ကို ၀ါဒဖြန့်ပေးတဲ့စာတွေ ထွက်ခဲ့တယ်။ကျွန်တော် ဖတ်တာပဲ။ ဒါပေမယ့် သူတို့ရေး ထားတဲ့ စာတွေ နဲ့ လက်တွေ့ ဘ၀နဲ့ မလိုက်တော့ အဲဒီ စာတွေ အပေါ်မှာ လူတွေ အယုံအကြည်ကင်းမဲ့လာတယ်။ အဲဒီ တော့ ကျွန်တော် လူမှန်းသိပြီ။ အသက် ဆယ့်လေးငါးနှစ် ရှိပြီ။ ဒီတုန်းမှာ ဂျပန်တော် လှန်ရေး မြေအောက်စခန်းက ထုတ်တဲ့ စာပေတွေ ကို ဖတ်ရတယ်။ နိုင်ငံရေး စာပေတွေ လည်း ပါတယ်။ ၀တ္ထုလိုလိုဟာမျိုးတွေ လည်း ပါတယ်။ ဥပမာ - ဆိုဗီယက် အမျိုးသမီးကလေး တန်ညာအကြောင်းတို့၊ ကဗျာဆရာ ဂျူးလိယက်ဖူးချစ်အကြောင်းတို့ ဘာတို့ ဆိုပါတော့။
ဂျပန်ခေတ်မှာ ကျွန်တော် စာတွေ အများ ကြီး ဖတ် ဖြစ်တယ်။ အတွေ့ အကြုံတွေ အများ ကြီိးရလိုက်တယ်။ ကျွန်တော် တို့ မြို့မှာ ပဲ ကျွန်တော် တို့ ဆရာဘုန်းကြီးက ဦးစီးပြီး ‘မတောင့်တ’ စာကြည့်တိုက်ဆိုပြီး ထောင်တယ်။ ရှေးဂန္တ၀င်စာတွေ များ ၊ ခေတ်စာပေတွေ တော် တော်များများ ရှိတယ်။ အဲဒါတွေ ကို ထိုင်ဖတ်တယ်။ အဲဒီ စာကြည့်တိုက်မှာ ကျွန်တော် တို့ ဂျပန်တော် လှန်ရေး အတွက် စုစည်းကြတယ်။ စာပေတွေ အများ ကြီးဖတ် ဖြစ်တယ်ဆိုတာက မြန်မာစာပေနဲ့ပတ်သက်လို့ ရှေးဟောင်း ပျို့၊ ကဗျာ၊ လင်္ကာတွေ တော် တော် များများ ကို ဖတ် ဖြစ်တယ်။ ဂန္တ၀င်စာပေရဲ့ ခမ်းနားတဲ့ နန်းဆောင်ထဲကို ရောက်ခဲ့တယ်။ ကိုယ့်ဂန္တ၀င်စာပေရဲ့ အတိမ်အနက်ကို ထောက်မိလာတယ်။ သာမန်အချိန်မှာ ဆယ်နှစ် ၊ ဆယ့်ငါးနှစ် လောက်ကြာမှသာ ရနိုင်တဲ့အတွေ့ အကြုံမျိုးတွေ ကို စစ်ကာလသုံးနှစ် အတွင်းမှာ ကျွန်တော် တို့ ရလိုက်တယ်။ စာတွေ ဖတ်၊ အတွေ့ အကြုံတွေ ရလာတော့ စာရေး ဆရာ ဖြစ်ချင်တယ်။ ကျောင်းမဂ္ဂဇင်းမှာ အယ်ဒီတာလုပ်တယ်။ ကိုယ်တိုင်လည်း ရေး တယ်။ နောက် ဂျပန်တော် လှန်ရေး ထဲ ပါသွားတယ်။ ဒီလိုနဲ့ အတွေ့ အကြုံ ရတယ်။
စစ်ပြီးတော့ ကျွန်တော် အင်္ဂလိပ်စာအုပ်တွေ ဖတ်တယ်။ ဘုရားရှိခိုး ကျောင်းတစ်ကျောင်းကို ဗုံးကြဲတော့ ဒစ်ကင်းရဲ့ ၀တ္ထုအတွဲ ကြီးတွေ နဲ့ ‘အကောင်းဆုံး ကမ္ဘာ့ဝတ္ထုတိုတစ်ထောင်’ ဆိုတဲ့ စာအုပ်တွဲ ကြီး ဆယ်တွဲ ကျွန်တော် ရလာတယ်။ ထည့်စရာမရှိလို့ လက်ပစ်ဗုံးသေတ္တာနှစ် လုံးနဲ့ ထည့်ပြီး တစ်အုပ်ပြီးတစ်အုပ် ကျွန်တော် ထိုင်ဖတ်တယ်။
အင်္ဂလိပ်စာ လေးငါးခြောက်တန်းပဲ သင်ဖူးတာ ကျွန်တော် ဘယ်မှာ ကောင်းကောင်းဖတ်တတ်ပါ့မလဲ။ ဒါပေမယ့် ကျွန်တော် ကြိုးစားဖတ်တယ်။ ဘယ်လိုပဲ ဖြစ် ဖြစ် ဒီစာတွေ ကို ဖတ်နေရတာ ကျွန်တော် ပျော်တယ်။ ဒီလိုနဲ့ ကျွန်တော့် စာပေ မိုးကုတ်စက်ဝိုင်းဟာ တဖြည်းဖြည်း ကျယ်လာတာပါပဲ။ ဒါဟာ ကျွန်တော် စာဖတ်လာတဲ့ အတွေ့ အကြုံကို ချုပ်ပြောလိုက်တာပဲ။ စာဖတ်တဲ့ အတွေ့ အကြုံကို မဖြတ်သန်းပဲ စာရေး ဆရာ မ ဖြစ်နိုင်ဘူး။
ဒီတော့ ကျွန်တော့် စာပေဘ၀ကို ချုပ်လိုက်ရင် စာရေး ဆရာ တစ်ယောက် ဖြစ်ချင်တဲ့သူဟာ စာမဖတ်လို့ မ ဖြစ်ဘူး။ ဒါဟာ ကကြီးခခွေးပဲ။ စာဖတ်တာကို ၀ါသနာပါတော့ စာရေး ချင်လာတယ်။ ပြောချင်လာတယ်။ ပြင်းပြတဲ့ဆန္ဒ (Urge) ပေါ်လာတယ်။ ဒီအခါမှာ စာကို စရေး တာပဲ။ ပထမတော့ ဘယ့်နှယ့်လုပ်ကောင်းနိုင်မှာ လဲ။ ဘယ့်နှယ့်လုပ် ချက်ချင်း ပြည့်စုံနိုင်မှာ လဲ။ တဖြည်းဖြည်းရေး ရင်း ရေး ရင်းနဲ့သာ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ပေါ့။ ၀ါသနာရှိပြီး ကိုယ်ကလည်း အားထုတ်လေ့ကျင့်မယ်ဆိုရင် အတတ်ပညာတစ်ခုဟာ တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးတိုးတက်လာရတာ ပဲ မဟုတ်လား။
ဒီတော့ စာရေး ဆရာဘ၀ကို ဆရာ ဘယ်လိုရောက်လာတာလဲ။ ဆက်ပါဦး…ဆရာ။
ကျွန်တော် က စာရေး ဆရာဘ၀ကို မတော် တဆ ရောက်လာတာ မဟုတ်ဘူး။ မထင်မှတ်ဘဲနဲ့ မမျှော်လင့်ဘဲနဲ့ ရောက်လာတာ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက စာရေး ဆရာ ဖြစ်ချင်တာ။ စာရူးပေရူး၊ စာရေး ဆရာရူးပေါ့ဗျာ။ စာရေး ဆရာအလုပ်ဟာ ဂုဏ်အရှိဆုံး အလုပ်တစ်ခုလို့ ငယ်ငယ်ကတည်းက ထင်ခဲ့တာ။ ဂုဏ်ဆိုတာ ပကာသနာကို ပြောတာမဟုတ်ဘူး။ ရိုးသားမှန်ကန်တဲ့ ဂုဏ်သိက္ခာကို ပြောတာ။ စာရေး ဆရာဆိုတဲ့ဘ၀ကို ဘာနဲ့မှ မလဲနိုင်ဘူး။ ခုလည်း မလဲနိုင်ဘူး။ နောင်လည်း မလဲနိုင်ဘူး။ စာရေး ခြင်းအလုပ်ကို ယုံကြည်မှု တစ်ခု၊ ယုံကြည်ခြင်းတရားတစ်ခု အနေနဲ့ ကျွန်တော် ယုံတာ၊ သဘောထားတာ။ ဒါကြောင့် ငါကြီးရင် စာရေး ဆရာ လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ စာရေး ဆရာအလုပ်ကလွဲလို့ ဘယ်အလုပ်ကိုမှ မလုပ်ခဲ့ဖူးသေးဘူး။ လူလားမြောက်ပြီး ကျောင်းက ထွက်လာကတည်းက ဒီအလုပ်ပဲ လုပ်ခဲ့တာပဲ။ ဟိုတုန်းက တစ်လကို ၀တ္ထုတိုတစ်ပုဒ်တည်းပါလို့ ငွေတစ်ရာပဲရမယ်ဆိုရင် ဒီငွေတစ်ရာနဲ့ပဲ ထမင်းစားခဲ့တာပဲ။
ဒီတော့ ကျွန်တော် စာရေး ဆရာ ဖြစ်ချင်တယ်။ ဖြစ်ချင်တော့ ကျွန်တော် စာရေး တယ်။ ပထမ ကဗျာတွေ ရေး တယ်။ မဂ္ဂဇင်းတွေ ထဲမှာ ပါတယ်။ နောက်တော့ ၀တ္ထုတိုကလေးတွေ ရေး တယ်။ ပထမဆုံး ကဗျာက ၁၉၄၈ ခုနစ် ပဒေသာမဂ္ဂဇင်းထဲမှာ ပါတယ်။ ‘ဒုက္ခသည်’ ဆိုတဲ့ ၀တ္ထုတို။ အဲဒီ တုန်းက ကျွန်တော် တို့နေတဲ့ ရန်ကုန်တက္ကသိုလ် ဥတ္တရကျောင်းဆောင် (ခု ရွှေဘိုဆောင်) မှာ ကျောင်းသားတွေ ကို အိမ်ပြန်လွှတ်ပြီး အင်းစိန်တစ်ဝိုက်က စစ်ပြေးဒုက္ခသည်တွေ ကို ထားရတယ်။ အဲဒီ ထဲက ကောင်မလေး တစ်ယောက် အကြောင်းကို ကျွန်တော် ၀တ္ထုရေး တယ်။ ကျွန်တော် တို့ ရှေ့မှာ တင် ဒီကောင်မလေး ပျက်စီးသွားတယ်။ ပြည်တွင်းစစ်ကြောင့် တောက ပြေးလာကြပြီိး ရန်ကုန်ရောက်တော့ အလားတူ ပျက်စီးသွားတဲ့ မိန်းကလေးတွေ ကို ကျွန်တော် တွေ့ နေရတယ်။ ဒါဟာ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာန် ဖြစ်တယ်။ ဒါကြောင့် ပြည်တွင်းစစ် ဖြစ်တာ မကောင်းဘူးလို့ ကျွန်တော် ရေး တယ်။
ဒုတိယ၀တ္ထုတိုကလေးကလည်း တာရာမဂ္ဂဇင်းမှာ ပါတာပဲ။ ‘တရားသေ’ ဆိုတဲ့ ၀တ္ထု။ အကြောင်းအားလျော်စွာ ကျွန်တော် ဟံသာဝတီခရိုင် မုတ်ကျွန်းပေါ်မှာ ရွာတစ်ရွာကို ရောက်သွားတယ်။ ပုလိပ်က လူတွေ ကို ညှင်းဆဲတယ်။ သူတို့ မလိုမုန်းထားတဲ့လူတွေ ကို လုပ်ကြံထားတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းတယ်။ အဲဒီ မှာ သမ္ဗန်သမား တစ်ယောက် ၊ ပုလိပ်က သူ့မိန်းမကို မဟားတရားလုပ်တယ်။ ဒီတင် သမ္ဗန်သမားက ပုလိပ်ကို ရိုက်တယ်။ ဒါပေမယ့် ပုလိပ်ဘက်က လွန်နေတော့ သူ့ကို ရိုက်မှု နဲ့မဖမ်းဘူး။ အိမ်ထဲကို ကျည်ဆန်ပစ်ပြီး လက်နက်မှု နဲ့ ဖမ်းတယ်။ သူ့ကို လက်နက်မှု နဲ့ ရုံးက ထောင်ချလိုက်တယ်။ ဒါဟာ တကယ့်အ ဖြစ်အပျက်ပဲ။ ဒါပေမယ့် သမ္ဗန်သမားမှာ သူ့အိမ်ထဲ ကျည်ဆန်တွေ့ နေတော့ တရားဥပဒေအရ မငြင်းနိုင်ဘူး။ သူ့ကျည်ဆန်မဟုတ်ပါဘူး ဆိုတာ ဘယ်လိုငြင်းငြင်း တရားဥပဒေသဘောအရ သူ့မှာ အပြစ်ရှိနေတယ်။ ဒီတော့ စကားလုံးတွေ ကို အသေကိုင်ကြတဲ့အတွက် တစ်ခါတစ်လေမှာ တရားဥပဒေဟာ အမှန်ဘက်မှာ မရှိတော့ဘဲ အမှားလုပ်တဲ့သူတွေ အတွက် အကာအကွယ် ဖြစ်နေတယ် ဆိုတဲ့သဘောကို အဲဒီ ၀တ္ထုမှာ ကျွန်တော် ရေး တယ်။
တတိယတစ်ပုဒ် ကတော့ တာရာမဂ္ဂဇင်းမျာပဲ ပါတယ်။ အညာမှာ ကျွန်တော် တွေ့ ခဲ့ရတဲ့ ပဒေသရာဇ်ကြီး တစ်ယောက် အကြောင်းကို ရေး ထားတာ။ အဲဒီ ပဒေသရာဇ်ကြီးက မြန်မာဘုရင်တွေ လက်ထက်ကတည်းက အမှု ထမ်းခဲ့တဲ့ မင်းမှု ထမ်းမျိုး။ သူ့ကျွန်ခေတ် ရောက်တော့လည်း အင်္ဂလိပ်အစိုးရဆီမှာ သစ္စာခံပြီး တိုက်သူကြီးမျိုးရိုး ဖြစ်လာတယ်။ ဂုဏ်ထူးဘွဲ့ထူးတွေ ရလာတယ်။ မိန်းမတွေ အများ ကြီးယူတယ်။ တစ်ရွာလုံးက ထန်းလက်တဲကလေးတွေ ကြားထဲမှာ သူ့တိုက်ကြီးကလည်း ဟည်းလို့။ သူ့သားကျတော့ ကောလိပ်ကျောင်းပို့တယ်။ တရားမ၀င်ရတဲ့ သား တစ်ယောက် က သူ့အိမ်မှာ မြင်းထိန်းအလုပ်ရတယ်။ ပညာမတတ်ဘူး။ သူတို့နှစ် ယောက် ဟာ အဖေတူအမေကွဲ ညီအစ်ကိုတွေ ။ ဒါပေမယ့် တစ်ယောက် ကို တစ်ယောက် ညီအစ်ကိုမှန်း မသိကြဘူး။ မြင်းထိန်းလုပ်တဲ့သားက လုပ်ရဲကိုင်ရဲ ရှိတယ်။ သတ်ရဲဖြတ်ရဲတယ်။ ခပ်ပေပေ ခပ်မိုက်မိုက် ဆိုပါတော့။ သခင် ဖြစ်တဲ့ (သူ့ဖအေနဲ့ သူ့အစ်ကို) ကို သစ္စာရှိတယ်။ အဲဒီ တိုက်သူကြီးမှာ တခြားမိန်းမနဲ့ ရတဲ့ တရားဝင်သားတွေ လည်း အများ ကြီးရှိသေးတယ်။
တိုက်သူကြီးသေတော့ တရားဝင်သားတွေ ထဲမှာ အမွေလုကြတယ်။ ဒီတင် ကောလိပ်ကျောင်းသား ဖြစ်တဲ့ သားက မြင်းထိန်းလုပ်တဲ့သူ (သူ့ညီ)ကိုခေါ်ပြီး တခြားအမွေလုဖက် အဖေတူ အမေကွဲညီကို အသတ်ခိုင်းတယ်။ အဲဒီ မြင်းထိန်းက အမွေလုဖက်ကို တောလိုက်ခေါ်သွားပြီး နှစ် လုံးပြုးသေနတ်နဲ့ ပစ်သတ်တယ်။ ကောလိပ်ကျောင်းသားက အမွေတွေ ရသွားတယ်။ သူ့အတွက် လူသတ်ပေးရတဲ့ မြင်းထိန်းကိုတော့ ငွေအလုံအလောက်ပေးပြီး တခြားနယ်မှာ သွားနေခိုင်းလိုက်တယ်။ ဖအေတူအမေကွဲ ညီအစ်ကို သုံးယောက် ရဲ့ ဇာတ်ရှုပ်ကြီး၊ တရားမ၀င်သား ဖြစ်တဲ့ မြင်းထိန်းဟာ ကြာထဲက ဓားစာခံ ဖြစ်သွားတယ်။ သူမသိတဲ့ သူ့အစ်ကို တစ်ယောက် အတွက် သူမသိတဲ့ တခြားအစ်ကို တစ်ယောက် ကို သတ်ပေးရတယ်။
အဲဒီ အ ဖြစ်အပျက်ကို ကျွန်တော် တွေ့ လာတယ်။ တောမှာ အာဏာရဗိုက်ကျနေတဲ့ မြေရှင်ပဒေသရာဇ်တစ်ဦးရဲ့ အကြောင်းကို ကျွန်တော် မြင်လာခဲ့ရတယ်။ ဒီမှာ တင် ကျွန်တော် ၀တ္ထုတိုလေးတစ်ပုဒ် ရေး လိုက်တယ်။ အဲဒီ ၀တ္ထုနာမည် က ‘ဦးရာတင်’ တဲ့။ ဦးရာတင်ဆိုတဲ့ ပဒေသရာဇ်ကြီး တစ်ယောက် အကြောင်းကို ရေး ထားတာ။
နောက်တစ်ပုဒ်က ‘အမြတ်အစွန်း’ ဆိုတဲ့ ၀တ္ထု။ ရန်ကုန်မြို့ လမ်းဘေးမှာ စာအုပ်ဟောင်းရောင်းတဲ့ ကုလားကြီး တစ်ယောက် မြူနီစီပါယ်ပုလိပ်က ဖမ်းတဲ့အကြောင်း။ နောက်တစ်ပုဒ်က ဂျပန်တော် လှန်ရေး တုန်းက တွေ့ ခဲ့ရတဲ့ အ ဖြစ်အပျက်။
ဂျပန်တော် လှန်ရေး တုန်းက ကျွန်တော် တို့ မြေအောက်လုပ်ငန်း လုပ်ြ ကတော့ ကျွန်တော် တို့ ခေါင်းဆောင် ကိုတင်ဦး ဆိုတာရှိတယ်။ အဲဒီ တုန်းက ကျွန်တော် တို့က ၁၅ နှစ် ၊ ၁၆ နှစ် ၊ သူက အသက် ၂၀ လောက် ရှိပြီ။ တစ်နေ့တော့ ဂျပန်ကင်ပေတိုင်က သတင်းရသွားပြီး ကျွန်တော် တို့ကို လိုက်ဖမ်းတယ်။ ဒီတင် ကျွန်တော် တို့တစ်တွေ လူစုခွဲပြီး တောရွာတွေ မှာ လျှောက်ပြေးပြီး ပုန်းနေကြရတယ်။ ဂျပန်ကလည်း သတင်းရတဲ့ရွာတွေ ကို ၀င်ရှာတယ်။ ၀တ်ပုတ်ဆိုတဲ့ရွာမှာ ကိုတင်ဦး ပုန်းနေတုန်း အဲဒီ ရွာကို ဂျပန်က ၀င်ရှာတယ်။ ကိုတင်ဦးက ခေါင်းကို မျက်နှာသုတ်ပ၀ါနဲ့ ပေါင်း၊ အင်္ကျီကိုယ်တုံးလုံးနဲ့ လယ်သမားဟန်ဆောင်ပြီး ပြောင်းရိုးစဉ်းနေတယ်။ ဂျပန်က သူ့ကို ဘယ်သိမလဲ။ ရွာကပြန်မယ်အလုပ်မှာ သူတို့နဲ့အတူလိုက်လာတဲ့ ဂျပန်စကားပြန်က ကိုတင်ဦးကို ကောင်းကောင်းသိတယ်။ သူက ကိုတင်ဦးကို လက်ညှိုးထိုးပြတယ်။ ဒီတင် ဂျပန်က ကိုတင်ဦးကိုဖမ်း၊ ကြိုးနဲ့တုပ်ပြီး ရွာပြင်ခေါ်သွားတယ်။ ရွာပြင်ရောက်တော့ ကိုတင်ဦးကို ကြိုးဖြေပေးပြီး ကိုယ့်ကျင်းကိုယ် တူးခိုင်းတယ်။ ကိုတင်ဦး တစ်နေကုန် ကျင်းတူးရတယ်။ ကျင်းတူးပြီး ညနေစောင်းတော့ သူ့ကို လက်ပြန်ကြိုးတုပ်၊ မျက်နှာကို အ၀တ်စည်းပြီး ကျင်းနှုတ်ခမ်းမှာ ဒူးထောက်အထိုင်ခိုင်းတယ်။ ဂျပန်ကင်ပေတိုင် စစ်ဗိုလ်က သူ့ကို ဓားနဲ့ ခုတ်သတ်ပစ်လိုက်တယ်။ အဲဒီ တုန်းက ကျွန်တော် က အနားက ရွာတစ်ရွာမှာ ပုန်းနေတယ်။ သွားမကြည့်ရဲဘူး။ ဂျပန်က ကျန်တဲ့လူတွေ ကို လိုက်ရှာတယ်။ အဲဒီ တော့ မုံရွာဘက်မှာ အင်္ဂလိပ်တပ်တွေ ၀င်နေပြီ။။ ဒီတော့ ကျွန်တော် တို့ ဂျပန်နယ်ထဲမှာ မနေရဲဘူး။ အင်္ဂလိပ်တပ်တွေ သိမ်းထားတဲ့ နယ်ဘက်ကို ပြေးရ တယ်။ အင်္ဂလိပ်တပ်တွေ ကျွန်တော် တို့မြို့ကို သိမ်းတော့မှ ကျွန်တော် ပြန်လာတယ်။ အင်္ဂလိပ်တပ်တွေ နဲ့အတူ ဂျစ်ကားပေါ်မှာ ဘယ်သူ့ကို တွေ့ ရတယ်ထင်သလဲ။ ကိုတင်ဦးကို လက်ညှိုးထိုးပြတဲ့ ဂျပန်စကားပြန်။ ဘယ်လိုကနေ ဘယ်လို ရောက်သွားသလဲတော့ မသိဘူး။ သူက ဘီအိုင်စီလို့ခေါ်တဲ့ ဗြိတိသျှ ထောက်လှမ်းရေး တပ်ဖွဲ့မှာ သတင်းပေးအ ဖြစ် လိုက်လာတယ်။ နောက် အဲဒီ လူဟာ လွတ်လပ်ရေး ရပြီးတော့ အဖွဲ့တစ်ခုကို ၀င်သွားပြီး အမတ် ဖြစ်လာတယ်။ ဒါဟာ ပုံပြင်မဟုတ်ဘူး၊ တကယ့်ဘ၀…။ ၀တ္ထု မဟုတ်ဘူး။ တကယ့်အ ဖြစ်…။
ဒီတော့ အဲဒီ အ ဖြစ်အပျက်ကလေးကိုလည်း လင်းယုန်ဂျာနယ်ထဲမှာ ကျွန်တော် ၀တ္ထုတိုလေးအ ဖြစ် ရေး လိုက်တယ်။ တစ်နေ့မှာ ဒီအကြောင်းကို ၀တ္ထုရှည်ကြီးအ ဖြစ် ပြန်ရေး ရဦးမယ်။ ဟိုတုန်းက ကိုယ်က ကောင်းကောင်းမရေး တတ်တော့ ၀တ္ထုတိုကို အားမရဘူး။ မပီပြင်ဘူးလို့ ထင်နေတယ်။
တစ်ခါ ဂျပန်တော် လှန်ရေး အတွင်းမှာ ပဲ ကျွန်တော် တို့ကို ဂျပန်က လိုက်ဖမ်းတော့ စာရွက်စာတမ်းတွေ နဲ့ လက်နက်တွေ ကို ကျွန်တော် တို့ထဲက ရဲဘော် တစ်ယောက် ရဲ့ အမေ ဖြစ်တဲ့ ထန်းတက်သမားရဲ့ ဇနီးသည်အမျိုးသမီးကြီးက ၀ှက်ပေးထားတယ်။ ဒီအကြောင်းကိုလည်း ‘မျက်ရည်နှစ် စက်’ ဆိုပြီး လင်းယုန်ဂျာနယ်ထဲမှာ ၀တ္ထုတိုကလေး ရေး ခဲ့တယ်။
ဒီအကြောင်းတွေ ကို ကျွန်တော် ပြန်ပြောနေတာဟာ တခြားကြောင့် မဟုတ်ဘူး။ စာရေး ဆရာ တစ်ယောက် ရဲ့ စာဟာ သူ့ဘ၀နဲ့ ဆက်နွှယ်နေတယ်ဆိုတာကို ပြောချင်လို့ ကျွန်တော် ပြောနေတာ။ ကိုယ်ကလည်း စာတွေ ကို ဖတ်တယ်။ စာရေး တာကိုလည်း ၀ါသနာပါတယ်။ အတွေ့ အကြုံကိုလည်း ဖြတ်သန်းရတယ်။ စာပေရေး သားတဲ့ အတတ်ပညာကိုလည်း တိုးတက်ဖွံ့ဖြိုးအောင် ကြိုးစားတယ်။ ဒီလိုနဲ့ စာရေး ဆရာရယ်လို့ ဖြစ်လာတာပါပဲ။ စာရေး ဆရာ တစ်ယောက် ဖြစ်ဖို့ဟာ ဒီအချက်တွေ တော့ အနည်းဆုံးရှိဖို့ လိုလိမ့်မယ် ထင်တယ်။ ဒီတော့ ကျွန်တော် စာရေး ဆရာ ဖြစ်လာတဲ့ အကြောင်းကို ပြန်ချုပ်လိုက်ရင် ဒီအချက်တွေ နဲ့ ကျွန်တော် အနည်းနဲ့အများ ပြည့်စုံအောင် ကြိုးစားတယ်။ ဒီလိုနဲ့ ကျွန်တော် စာရေး ဆရာဘ၀ကို ရောက်လာတယ်။ ရောက်လာတဲ့အခါမှာ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အတွေ့ အကြုံတွေ ကို ၀တ္ထုအ ဖြစ် ဖန်တီးတယ်။ ဘ၀သရုပ်ဖော်လို့ခေါ်နေတဲ့ ၀တ္ထုနဲ့ အစပြုရေး ခဲ့တယ်။ ၀တ္ထုဆိုတာ ဘ၀အကြောင်းပဲ။ ဒီတော့ ဘ၀သရုပ်ကိုဖော်တဲ့ ၀တ္ထုကို မရေး လို့ ဘာကိုရေး ရမှာ လဲ။ ပြီးတော့ ဒီလိုရေး ရာမှာ လည်း ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့ အကြုံကိုပဲ ရေး မှာ ပေါ့။ စာရေး ဆရာ ဖြတ်သန်းလာရတဲ့ အတွေ့ အကြုံနဲ့ ကင်းသော စာပေရယ်လို့ရော ဘယ်မှာ များ ရှိလို့လဲ ကိုဝင်းငြိမ်း။ အနည်းနဲ့အများ သူဖြတ်သန်းခဲ့ရတဲ့ ဘ၀ကိုတော့ ထင်ဟပ်ကြတာပါပဲ။
ဒါဖြင့် စာရေး ဆရာဘ၀ကကော ဆရာ။
ဟုတ်တယ်၊ ကိုဝင်းငြိမ်းရဲ့ မေးခွန်းထဲမှာ စာရေး ဆရာ ဖြစ်လာပုံနဲ့ စာရေး ဆရာဘ၀ဆိုပြီး နှစ် ပိုင်းပါတယ်။ စာရေး ဆရာဘ၀မှာ အခက်အခဲတွေ ၊ အကျပ်အတည်းတွေ တော့ ရှိတာပေါ့ဗျာ။ ဒါပေမယ့် ဒါတွေ ကို သိပ်မပြောတော့ပါဘူး။ ဒါပေမယ့် အရေး ကြီးတယ်လို့ ကျွန်တော် ထင်တဲ့ အချက်တစ်ချက်ကိုတော့ ပြောချင်တယ်။ စာရေး ဆရာရယ်လို့ စာဖတ်ပရိသတ်က အသိအမှတ်ပြုခံလာရပြီ။ စာရေး ဆရာရယ်လို့ ဖြစ်လာပြီဆိုတဲ့အခါမှာ အဲဒီ စာရေး ဆရာအဖို့ အရေး ကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချရမယ့်အချိန်တစ်ချိန်ကို ရောက်လာတတ်တယ်။ အဲဒါက ဘာလဲဆိုတော့ အပျော်တမ်းစာရေး ဆရာပဲ လုပ်နေမလား၊ စာရေး ခြင်းနဲ့ အသက်မွေးတဲ့ စာရေး ဆရာ (Professional Writer) ပဲ လုပ်မလားဆိုတဲ့ ဆုံးဖြတ်ချက်ကို ချရမယ့်အချိန်ပဲ။ ဒါဟာ စာရေး ဆရာတိုင်း တွေ့ ရတဲ့ ပြဿနာပဲ။
ဆမ္မားဆက်မွန်ဟာ ဆရာဝန်လုပ်ရင်း စာတွေ ရေး ပြီး အောင်မြင်စ ပြုလာတယ်။ ဒီတော့ သူ့အဖို့ နားကြပ်ကိုင်ရင်း အပျော်တမ်းစာရေး ဆရာ လုပ်မလားဆိုတာ စဉ်းစားလာခဲ့ရတယ်။ ချက်ကော့ဗ်လည်း ဒီအတိုင်းပဲ။ ၀တ္ထုတွေ ရေး ပြီး အောင်မြင်လာတော့ နားကြပ်ကိုစွန့်ပြီး ကလောင်ကို ကောက်ကိုင်မလားဆိုတာကို စဉ်းစားလာရတာ ပဲ။ သူတို့တင်မကဘူး၊ ပီမိုးနင်းတို့လည်း ဒီအတိုင်းပါပဲ။ ပီမိုးနင်းဟာလည်း သူ့လမ်းကို သူရွေးခဲ့ရတာ ပဲ။ ခရစ်ယာန်တရားဟောဆရာ၊ အယ်ဒီတာစတဲ့ အလုပ်တွေ ကိုစွန့်ပြီး စာရေး ဆရာလိုနေပြီး စာရေး ဆရာလို သေသွားတာပဲ။ တခြား ဥပမာတွေ လည်း အများ ကြီးပဲ။ ဒီတော့ ကျွန်တော့် ဘ၀မှာ လည်း ဒီလို ကိုယ့်လမ်းကိုယ်ရွေးရမယ့် အချိန်မျိုးဆိုက်လာတယ်။ စာရေး ဆရာရယ်လို့တော့ ဖြစ်ပြီ။ ဒါပေမယ့် စာရေး ခြင်းနဲ့ အသက်မွေးမယ်လို့ ဆုံးဖြတ်မလား မဆုံးဖြတ်ဘူးလား။ ဒါကို ကိုယ့်ကိုကိုယ် မေးရတယ်။ သိတဲ့အတိုင်း စာရေး ဆရာဆိုတာ ဘာအာမခံချက်မှ ရှိတဲ့အလုပ် မဟုတ်ဘူး။ အဆင်မသင့်ရင် ငတ်နိုင်တယ်။ ဆင်းရဲနိုင်တယ်၊ ဘ၀ပျက်သွားနိုင်တယ်။ စာရေး ဆရာအ ဖြစ် အောင်မြင်ဦးမှ၊ အောင်မြင်ရင်လည်း ဒီအောင်မြင်မှု ကို အရှည်တည်အောင် ထိန်းတတ်ဦးမှ တော် ကာကျတယ်။ ဘာမှ မသေချာဘူး။ ဒီတော့ ဖောင်ဖျက်ပြီး ကူးရဲအောင် သတ္တိတော့ မွေးရတယ်။ ကျွန်တော် ဥပဒေတန်းအောင်တော့ တစ်ဖက်က ရှေ့နေလိုက်၊ တစ်ဖက်က စာလေးဘာလေး ရေး မလားလို့ စိတ်ကူးသေးတယ်။ ဒါပေမယ့် ရှေ့နေလုပ်ရင် စာပေနဲ့ ဝေးနိုင်တယ်။ တစ်ခါ ဆရာဦးမျိုးမင်းက ခေါ်လို့ မဟာဝိဇ္ဇ္ဇာတန်းတက်ပြီး သူ့အင်္ဂလိပ်စာဌာနမှာ ကျောင်းဆရာလုပ်မလားလို့ စိတ်ကူးသေးတယ်။ ရှေ့နေလုပ်တာနဲ့စာရင် စာနဲ့ပေနဲ့တော့ နီးစပ်တယ်။ ဒါပေမယ့် ဒါလည်း တက္ကသိုလ် ပရ၀ုဏ်ထဲမှာ နစ်မြုပ်ပြီး ကျောင်းစာတွေ နဲ့ အချိန်ကုန်မှာ ပဲ။ နောက်တော့ ကျွန်တော် စာရေး ဆရာအ ဖြစ် အသက်မွေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ မဟာဝိဇ္ဇာကိုလည်း ပြီးအောင် မတက်တော့ဘူး။ မတတ်နိုင်ဘူးလေ။ ကိုယ်က စာရေး ဆရာ ဖြစ်ချင်တာကိုး။ ဘ၀မှာ တစ်ခုလိုချင်ရင် တစ်ခုကို ပေးရမယ်။ တစ်ခုရချင်ရင် တစ်ခုကို စွန့်ရမယ်။ စာရေး ခြင်းနဲ့ အသက်မွေးတဲ့အခါကျတော့ ထင်တဲ့အတိုင်း ငတ်တစ်ခါ ပြက်တစ်လှည့်ပါပဲ။ ဒီအထဲမှာ ကျွန်တော် က ငြိမ်းချမ်းရေး လှုပ်ရှားမှု တို့၊ အဖွဲ့အစည်းတို့ ဘာတို့တွေ ထဲမှာ ပါတော့ စာတောင် ကောင်းကောင်းမရေး နိုင်ပြန်ဘူး။ တစ်လမှ ၀တ္ထုတို တစ်ပုဒ်လောက်ရေး နိုင်တော့ ဒီစာရေး ခကလေးနဲ့ပဲ စားခဲ့ရတာ ပဲ။ ဒါတွေ ထားပါတော့။ ကျွန်တော် ပြောချင်တာက စာရေး ခြင်းနဲ့ အသက်မွေးတဲ့ စာရေး ဆရာအကြောင်းကို ပြောချင်တာပါ။
စာရေး ခြင်းနဲ့ အသက်မွေးတဲ့ စာရေး ဆရာမှာ ကောင်းတာတွေ advantages ရှိသလို၊ မကောင်းတာတွေ dis-advantages ရှိတယ်။ ကောင်းတာတွေ ကတော့ လူထုနဲ့ နီးစပ်တယ်။ အထက်တန်း၊ အလယ်တန်း၊ အောက်တန်း စတဲ့ ဘ၀အမျိုးမျိုး၊ အလွှာအသီးသီးက လူတွေ နဲ့ တွေ့ ထိလို့ရတယ်။ အဲဒီ ဘ၀တွေ မှ ကျင်လည်နိုင်တယ်။ ကိုယ့်မှာ ဘာမှ အတားအဆီး မရှိဘူး။ အဟန့်အတား မရှိဘူး။ အချုပ်အနှောင် မရှိဘူး။ လွတ်လပ်တယ်။ သူကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်မှာ အလုပ်လုပ်နိုင်တယ်။ အငတ်သာခံနိုင်ရင် မလုပ်ဘဲလည်း နေလို့ရတယ်။ ကိုယ့်ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်နိုင်တယ်။ ကိုယ်မှန်တယ်ထင်တာကို ထုတ်ဖော်နိုင်တယ်။ အမှန်တရားကို လွတ်လပ်စွာ ရှာဖွေနိုင်တယ်။ စာရေး ဆရာဟာ အမှန်တရားကို ရှာဖွေနေတဲ့ အနုပညာရှင် အဘိဓမ္မဆရာ ဖြစ်တယ်။ သူဟာ အမှန်တရားကို ရှာနေတဲ့နေရာမှာ အဘိဓမ္မာရဲ့ အလုပ်ကိုလုပ်နေပြီး တင်ပြတဲ့နေရာမှာ အနုပညာရှင်ရဲ့ အလုပ်ကို လုပ်နေသူ ဖြစ်တယ်။
ဒါဟာ စာရေး ခြင်းနဲ့ အသက်မွေးတဲ့ စာရေး ဆရာ တစ်ပန်းသာမှု ၊ အခွင့်သာမှု ပဲ။ ဒါပေမယ့် မကောင်းတဲ့အချက်တွေ လည်း ရှိတယ်။ တစ်ပန်းရှုံးတဲ့ အချက်တွေ လည်း ရှိတယ်။ နောက် စာရေး ခြင်းနဲ့ အသက်မွေးတဲ့ စာရေး ဆရာဟာ အတွေ့ အကြုံသစ်တွေ ကို နောက်ထပ် ဖြတ်သန်းခြင်း မပြုနိုင်တော့ရင်၊ စာတွေ ကို မဖတ်တော့ရင်၊ အခန်းကျဉ်းကလေးထဲမှာ ပဲ စာတွေ ရေး နေရတာ နဲ့ အချိန်ကုန်နေရင်၊ အဲဒီ စာရေး ဆရာဟာ ရေး စရာ အသစ်မရှိတော့ဘဲ ကုန်ခန်းသွားတတ်တယ်။ တချို့စာရေး ဆရာတွေ မှာ ရေး စရာ ကုန်ခန်းသွားတယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး။ အတွေ့ အကြုံအသစ်တွေ ကို မရတော့လို့ စာမဖတ်တော့လို့၊ စာရေး တာနဲ့ အချိန်ကုန်ပြီး လူတွေ နဲ့ ဝေးသွားလို့ ကုန်ခန်းသွားရတာ ။ ဒါက အခွင့်မသာမှု တစ်ချက်။ နောက်တစ်ချက် ကတော့ စာရေး ခြင်းနဲ့ အသက်မွေးတဲ့ စာရေး ဆရာဟာ ပရိသတ်အလိုကို လိုက်ရတာ တွေ ရှိတယ်။ မလိုက်လို့ မ ဖြစ်ဘူးလေ။ ရေး ချင်ရာတွေ ကိုချည်း စွတ်ရေး နေလို့ သူ့စာကို ဖတ်မယ့်သူမရှိရင် ဒီစာရေး ဆရာဟာ ထမင်းငတ်သွားမှာ ပေါ့။
တစ်ခါတစ်လေမှာ စာရေး ဆရာဟာ မတတ်သာလွန်းလို့ ပရိသတ်အလိုကို လိုက်ရပေမယ့် သူ့ရင်ထဲ အများ ကြီးခံစားလိုက်ရတယ်။ သူ့ဆီက အမြဲတမ်း အဆင့်အတန်းမြင့်တာတွေ ၊ စာပေအရာဝင်တာတွေ ချည်း ဘယ့်နှယ့်လုပ် ထွက်နေနိုင်ပါ့မလဲ။ ဒီတစ်ခါ သူစိတ်ဆင်းရဲရမယ်။ ဒေါသ ထွက်ရမယ်။ တစ်ခုပဲ ရှိတယ်။ အဲဒီ စာတွေ ဟာ အဆိပ်တောက်တွေ ကို ဖြန့်နေတဲ့ စာပေတွေ ၊ လူတွေ ကို လမ်းလွှဲရောက်အောင်လုပ်နေတဲ့ စာတွေ မ ဖြစ်ဖို့တော့ လိုတာပေါ့၊ တစ်ခါတလေမှာ စားဝတ်နေရေး အင်မတန် အကျပ်အတည်းတွေ့ လို့၊ ခက်ခဲလို့ ပရိသတ်အကြိုက်ကို နည်းနည်း ပါးပါး လိုက်ရေး ရတဲ့အခါမျိုးမှာ တစ်ဖက်စောင်းနင်းနိုင်တဲ့ စာရေး ဆရာတွေ ၊ တစ်ဖက်တစ်လမ်းက ၀င်ငွေရှိနေတဲ့ အပျော်တမ်းစာရေး ဆရာတွေ နဲ့ မပူမပင် မကြောင့် မကြ ဇိမ်နဲ့ ထိုင်စားနေနိုင်တဲ့အပျော်တမ်း စာရေး ဆရာတွေ က စာရေး ခြင်းနဲ့ အသက်မွေးတဲ့ စာရေး ဆရာတွေ ကို လှောင်ပြောင်တာတွေ ၊ ဝေဖန်တာတွေ ရှိတတ်တယ်။ ဒီလို လှောင်ပြောင်ဝေဖန်နေမယ့်အစား ကိုယ့်ညီနောင်တွေ ကို စာနာစိတ်နဲ့ ကြည့်သင့်တယ်လို့ ကျွန်တော် ထင်တယ်။ အဆိပ်အတောက်တွေ ရေး နေတယ်ဆိုရင်တော့ ဝေဖန်ရမှာ ပေါ့။ ရှင်းပစ်ရမှာ ပေါ့။
အသက်ရှင်ဖို့ စာမရေး ဘူး၊ စာရေး ဖို့ အသက်ရှင်မယ်ဆိုတဲ့ စကားတစ်ခွန်း ရှိတယ်။ သဘော ကတော့ ထမင်းစားဖို့ စာမရေး ဘူး၊ စာရေး ဖို့ ထမင်းစားနေတာလို့ ပြောတာထင်တယ်။ ဘယ်သူပြောခဲ့တဲ့ စကားလဲဆိုတာတော့ ကျွန်တော် မမှတ်မိတော့ဘူး။ ဒီစကားဟာ ပိုက်ဆံကြောင့် စာရေး နေတဲ့သူ၊ စာရေး ပြီး ပိုက်ဆံရှာနေတဲ့လူတွေ ကို ပြောတာပဲ ဖြစ်မယ်။ ကျွန်တော့် အမြင် ကတော့ စာရေး ခြင်းနဲ့ အသက်မွေးတဲ့ စာရေး ဆရာဟာ စာရေး ဖို့ အသက်ရှင်ရမယ်။ အသက်ရှင်ဖို့ စာရေး ရမယ်။ Live to write and write to live ပဲ ဖြစ်လိမ့်မယ်။ စာရေး ခြင်းနဲ့ အသက်မွေးတဲ့ စာရေး ဆရာတွေ ဟာ ၀မ်းရေး ကြောင့် ရေး ရတာ တွေ မရှိဘူး မဟုတ်ဘူး။ အများ ကြီးရှိတယ်။ ဒါပေမယ့် ပိုက်ဆံလိုချင်လို့၊ ချမ်းသာချင်လို့ စာရေး တာတော့ မဟုတ်ဘူး။
ဒါကိုတော့ ကျွန်တော် တစ်ထစ်ချ ပြောရဲတယ်။ ပိုက်ဆံလိုချင်လို့ ရေး တယ်ဆိုရင်လည်း အဲဒီ ဆရာဟာ မိုက်မဲတဲ့ စာရေး ဆရာပဲ ဖြစ်လိမ့်မယ်။ အမှန် ကတော့ ဒီလိုလူကို စာရေး ဆရာလို့တောင် မခေါ်သင့်ဘူး။ လောလောဆယ် ၀မ်းရေး ဖြေရှင်းဖို့အတွက် ရေး ရတဲ့ စာရေး ဆရာတွေ အများ ကြီးပဲ။ ဒါတွေ ကို ဥပမာပြရရင် ကုန်နိုင်မှာ တောင် မဟုတ်ဘူး။ ပီမိုးနင်းတို့၊ မဟာဆွေတို့၊ ရန်အောင်တို့၊ နိုင်ငံခြားမှာ လည်း ဆင်မြူယယ်ဂျွန်ဆင်တို့၊ ဂိုးလ်စမစ်တို့ ဆိုတဲ့ စာရေး ဆရာတွေ အများ ကြီးပဲ။ ဒါပေမယ့် ဒီစာရေး ဆရာကြီးတွေ ဟာ ပိုက်ဆံအတွက် ရေး တာမဟုတ်ဘူး။ ချမ်းသာချင်လို့ ရေး တာ မဟုတ်ဘူး။ ဒီလောက် အစွမ်းအစနဲ့ ဒီလောက် အားထုတ်လို့ရင် စာရေး တာထက် ပိုက်ဆံရတဲ့ အလုပ်တွေ အများ ကြီး ရှိသားပဲ။ ဒါပေမယ့် သူတို့ မလုပ်ခဲ့ကြဘူး။ လောလောဆယ် ၀မ်းရေး ဖြေရှင်းပေးဖို့ ကတော့ ရေး ရမှာ ပေါ့။ မရေး ရင် သူ့ကို ဘယ်သူကလာပြီး ထမင်းအလကား ကျွေးမှာ လဲ။ ဒီတော့ တစ်ခါတစ်လေ ပရိသတ်အကြိုက်ကို လိုက်ရတဲ့ စာရေး ခြင်းနဲ့ အသက်မွေးတဲ့ စာရေး ဆရာတွေ ကို အထင်မသေးသင့်ဘူး။ စာနာစိတ်နဲ့ ကြည့်သင့်တယ်။ မူမရှိဘဲ အဆိပ်အတောက်တွေ ရေး နေရင်တော့ ပြောပေါ့။
တကယ်တော့ အဲဒီ လိုလူတွေ ဟာ စာပေကိုချစ်လို့၊ စာရေး ဆရာ ဘ၀ကို ခုံမင်လွန်းလို့ ဖောင်ဖျက်လာခဲ့ကြသူတွေ ။ သူ့ဘာသာသူ ၀မ်းရေး အတွက်ပဲ ရေး ရေး ၊ သူရေး တဲ့စာကို ကြည့်ပေါ့။ စာရေး ခြင်းအလုပ်ဆိုတာ ခဏတစ်ဖြုတ် လမ်းကြုံလို့ ၀င်လုပ်ရမယ့်အလုပ်မျိုး မဟုတ်ဘူး။ အပျင်းပြေ ၀င်လုပ်ရမယ့် အလုပ်မျိုး မဟုတ်ဘူး။ အားအားယားယား ရှိလို့ ၀င်လုပ်ရမယ့် အလုပ်မျိုး မဟုတ်ဘူး။ တကယ့်ကို စွဲစွဲမြဲမြဲလုပ်ရမယ့် အလုပ်။ အချိန်မရွေး လုပ်ရမယ့်အလုပ်။ တစ်သက်လုံးလုပ်ရမယ့် အလုပ်လို့ မြင်တယ်။ စာရေး ခြင်းဟာ စာရေး ဆရာရဲ့ အဓိက ရည်မှန်းချက်ပဲ။ စာရေး ရင်း အောင်မြင်သွားပြီ၊ ကောင်းကောင်းမွန်မွန် နေနိုင်သွားရင်တော့ ကံကောင်းတယ်လို့ ဆိုရမှာ ပေါ့။
ဆရာ စာတွေ အများ ကြီးရေး တော့ ဆရာစာရေး ရင် ဘယ်လိုများ ရေး ပါသလဲ။ စာရေး ပုံကို ပြောပြပါဦး။
ကျွန်တော် ဟာ စာရေး ခြင်းတစ်ခုတည်းဖြင့် အသက်မွေးတဲ့သူ၊ တခြားဘယ်ကမှ ၀င်ငွေမရှိဘူး။ စာရေး ပြီးထမင်းစားရတာ ကို ဂုဏ်ယူတယ်။ တချို့စာရေး ဆရာတွေ ဟာ စာရေး ပြီး ထမင်းမစားဘူးလို့ လွဲမှားစွာ ဂုဏ်ယူနေကြတယ်။ စာရေး ခြင်းနဲ့ အသက်မွေးတဲ့ စာရေး ဆရာတွေ ဟာ စာရေး ပြီး ထမင်းမစားရင် ဘာနဲ့ သွားစားရမှာ လဲ။ ဒီတော့ စာရေး ချင်စိတ်ပေါ်မှ၊ စိတ်ပါမှ စာရေး တယ်ဆိုတဲ့ စည်းစိမ်မျိုး၊ အရသာမျိုးကို ကျွန်တော် ခံစားမနေနိုင်ဘူး။ ကိုဝင်းငြိမ်း။ ၀မ်းရေး က ရှိနေတော့ အင်္ဂလိပ်လို ပြောရင်တော့ No Professional writer can afford only to write when he feels like it ပေါ့၊ စိတ်ပါပါ မပါပါ ရေး နေရတာ ပဲ။ စိတ်ပါအောင် ခုပြောပြောနေကြတဲ့ ဈာန်ဝင်အောင်စောင့်နေရင် ဘယ်မှာ စာတွေ ဒီလောက်အများ ကြီး ရေး နိုင်မှာ လဲ။ ကိုယ်စိတ်ပါမှ ဈာန်ဝင်မှသာ ရေး တမ်းဆိုရင် တစ်လနေလို့ တစ်ပုဒ်တောင် ထွက်မှာ မဟုတ်ဘူး။ ဒီတော့ စာရေး ခြင်းနဲ့ အသက်မွေးတဲ့ စာရေး ဆရာဟာ စာရေး ချင်စိတ်ပေါ်လာအောင် အာရုံကို သွင်းယူရတယ်။ ဈာန်ကို သွင်းယူရတယ်။ စားပွဲမှာ အချိန်မှန်မှန် ထိုင်ပြီး ရေး ရတယ်။ ဒီလိုနဲ့ ကြာတော့ အကျင့် ဖြစ်ပြီး အချိန်မှန်ရေး ဖြစ်သွားတာပဲ။ လမ်းလျှောက်ပြန်လာ ရေမိုးချိုး၊ လက်ဖက်ရည်တို့ ဘာတို့ သောက်ပြီးရင် စာရေး စားပွဲကို အလိုလိုရောက်သွားပြီး အလိုလို ရေး ဖြစ်သွားတာပဲ။
ဆရာ့စာဖတ်အတွေ့ အကြုံနဲ့ ဆရာ့စာပေဘဝတို့ကို ပြောသွားတာ တော် တော် ပြည့်စုံ ပါတယ်။ စာရေး ဆရာဘဝ အတွေ့ အကြုံကနေပြီး စာရေး သူတွေ ရဲ့ ယေဘုယျအနေအထားကို ဆွဲထုတ်ပြသွားတာဟာလည်း တော် တော် လေးပြည့်စုံတယ်လို့ ထင်ပါတယ်။ ကျွန်တော် သိချင် တာတွေ အကုန်လောက်ပါပါတယ်။ ဒီတော့ ကျွန်တော် နောက်မေးခွန်းကလေးတစ်ခု ဆက်လိုက် ချင်တယ် ဆရာ။
မေးပါ။ ကျွန်တော် ဖြေနိုင်တာ ဖြေတတ်တာဆိုရင် ဖြေမှာ ပေါ့။
ဆရာက တာရာမဂ္ဂဇင်းမှာ 'စာပေသစ်သံတမန်' ဆိုတဲ့ခေါင်းစဉ်နဲ့ တာရာမဂ္ဂဇင်းဟာ မြန်မာစာပေမှာ အရေး ကြီးသော အခန်းမှာ ပါဝင်သည်လို့ ရေး ခဲ့ပါတယ်။ တာရာမဂ္ဂဇင်းနဲ့ အလှမ်း မမီတော့တဲ့ ဒီနေ့ လူငယ်စာဖတ်ပရိသတ်အတွက် ကြုံကြိုက်တုန်း ရှင်းပြပေးစေချင်ပါတယ်။
ကျွန်တော် မှတ်မိသလောက် တာရာမဂ္ဂဇင်းဟာ ၁၉၄၆ ခုနှစ် မှာ စတင်ထုတ်ဝေပြီး ၁၉၅၀ ပြည့်နှစ် မှာ ရပ်ဆိုင်းသွားတယ်။ တာရာမဂ္ဂဇင်း ရပ်ဆိုင်းသွားတာဟာ မျိုးဆက်တစ်ဆက်ခွဲနီးပါး ကြာသွားပြီ။ မျိုးဆက်တစ်ဆက်ကို နှစ် ပေါင်း ၃၀ လို့ ပျမ်းမျှ သတ်မှတ်ကြတာကိုး။ ဒီတော့ တာရာ မဂ္ဂဇင်းအကြောင်းကို ခုခေတ်လူငယ်စာဖတ်ပရိသတ်တွေ သိချင်မှာ ဓမ္မတာပဲ။ ဒဂုန်တာရာက လည်း တော် တော် များများ တော့ ရေး ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒဂုန်တာရာရဲ့ အမြင်ဟာ ဒဂုန်တာရာရဲ့ အမြင်ပဲ။ ကျွန်တော့် ရဲ့ အမြင်ဟာ ကျွန်တော့် ရဲ့ အမြင်ပဲ။ အထူးသဖြင့် ကျွန်တော့် ဆောင်းပါးကို ရည်ညွှန်းပြီးမေးလိုက်တော့ ကျွန်တော့် အမြင်ကို ရှင်းရမယ့်တာဝန် ရှိလာတယ်။ ပြီးတော့ ကျွန်တော့် ဘဝဟာလည်း တာရာမဂ္ဂဇင်းနဲ့ အများ ဆုံး ဆက်စပ်နေတာကိုး။
ကျွန်တော့် အမြင်ကို မပြောခင်မှာ စစ်ပြီးခေတ်စာပေဘဝ၊ စစ်ပြီးခေတ် စာပေလှုပ်ရှားမှု နဲ့ ကောက်ကြောင်းပုံကြမ်းကိုတော့ နောက်ခံကားအ ဖြစ် သိထားဖို့ လိုလိမ့်မယ်။ ၁၉၄၅ ခုနှစ် မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားပြီး ကျွန်တော် တို့တစ်တွေ ဖက်ဆစ်သံဖနောင့်အောက်က လွတ်မြောက်လာခဲ့ကြတယ်။ စစ်နဲ့ တော် လှန်ရေး အတွေ့ အကြုံတွေ ကို ဖြတ်သန်းလာခဲ့ကြပြီးတဲ့ နောက် အမျိုးသားလွတ်လပ်ရေး ၊ ဒီမိုကရေစီရေး နဲ့ ဆိုရှယ်လစ်ရေး ဆိုတဲ့ ပဲ့တင်သံတွေ မြည် ဟည်း လာခဲ့တယ်။ ကျွန်တော် တို့ စာပေတို့ ဂီတတို့ စတဲ့ အနုပညာတွေ မှာ လည်း ဒီဂယက်တွေ ရိုက်လာ ခဲ့တယ်။ စာပေအနုပညာဟာ သူ့ဘာသာသူ သီးခြားနေတာမဟုတ်ဘူး။ ခေတ်ရဲ့ အရောင် ရိုက်ခတ်မှု တော့ အနည်းနဲ့ အများ ရှိတာပဲ။ အဲဒီ တုန်းက ထုတ်ဝေခဲ့တဲ့ စာနယ်ဇင်းတွေ ကိုပြန်ကြည့် ရင် ဒီအချက်ကို သိနိုင်တယ်။ အဲဒီ တုန်းက ဂျာနယ်ကျော်၊ ဇဝနဂျာနယ်၊ ဒီးဒုတ်ဂျာနယ်၊ အရှေ့တိုင်းမဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်း၊ သစ်ဆန်းစာစောင်၊ တာရာမဂ္ဂဇင်း စတဲ့ ဂျာနယ်တွေ ၊ မဂ္ဂဇင်းတွေ ပေါ်လာတယ်။ တခြား ကျွန်တော် မမှတ်မိတာတွေ လည်း ရှိမှာ ပေါ့လေ။ ဒီဂျာနယ်တွေ ၊ မဂ္ဂဇင်းတွေ ထဲမှာ ပါတဲ့ ဆောင်းပါးဝတ္ထုအများ စုဟာ စစ်နဲ့ တော် လှန်ရေး အတွင်းက တွေ့ ကြုံ ဖြတ်သန်းခဲ့ရတာ တွေ ကို ဖော်ပြကြတာပဲ။ ဒါမှမဟုတ်ရင်လည်း အမျိုးသားလွတ်လပ်ရေး နဲ့ ဒီမိုကရေစီရေး မျှော်မှန်းချက်တွေ ကို ဖော်ပြကြတာပဲ။ ဝတ္ထုတွေ မှာ လည်း ဒီအတိုင်းပဲ။ မောင်ထင်ရဲ့ 'ငဘ'ဝတ္ထု၊ ရွှေဒုံးဘီအောင်ရဲ့ 'ပြောက်ကျား ၉' ဝတ္ထု၊ ဘုန်းကြွယ်ရဲ့ 'ပန်းရောင် စက္ကူ' ဝတ္ထု၊ ဇဝနရဲ့ 'ရွှေဝါဆန်' ဝတ္ထု၊ မဟာဆွေရဲ့ 'ကိုးသန်းရှင်' ဝတ္ထုတို့ဟာ စစ်ကာလအတွေ့ အကြုံ တွေ ၊ စစ်ပြီး မြန်မာလူထုရဲ့ မျှော်မှန်းချက်တွေ ကို ဖော်ပြကြတယ်။
စစ်ပြီးကာလ မျိုးဆက်သစ်လူငယ်တွေ ကလည်း စစ်နဲ့ တော် လှန်းရေး ကာလကို ဖြတ်သန်း ခဲ့ရတဲ့ အတွေ့ အကြုံတွေ ကို ဖော်ပြချင်ကြတယ်။ အဲဒီ အချိန်ဟာ အမျိုးသားလွတ်လပ်ရေး တိုက်ပွဲ ဆိုတဲ့ မုန်တိုင်းကြီးမလာခင် မုန်တိုင်းအကြိုကာလ ဖြစ်တယ်။ အဲဒီ တုန်းက ကျွန်တော် တို့လူထုဟာ အမျိုးသားလွတ်လပ်ရေး ၊ ဒီမိုကရေစီရေး နဲ့ ဆိုရှယ်လစ်ရေး ကို မျှော်မှန်းနေကြတယ်။ ကမ္ဘာမှာ နာဇီဝါဒနဲ့ ဖက်ဆစ်ဝါဒ ကျဆုံးသွားပြီးတဲ့နောက် နိုင်ငံတော် တော် များများ ဟာ လွတ်မြောက်လာခဲ့ ကြတယ်။ အမျိုးသားလွတ်လပ်ရေး ၊ ဒီမိုကရေစီရေး ၊ ဆိုရှယ်လစ်ရေး ဆိုတဲ့ ပဲ့တင်သံတွေ ဟာ ကျွန်တော် တို့နိုင်ငံမှာ သာမက ကမ္ဘာတစ်ဝန်းမှာ မြည် ဟည်းနေတယ်။ အမျိုးသားလွတ်လပ်ရေး ကို မျှော်မှန်းနေကြတဲ့ နိုင်ငံတော် တော် များများ ဟာ ဆိုဗီယက်ယူနီယံနဲ့ တရုတ်တော် လှန်ရေး ကို လှမ်းမျှော်ကြည့်နေကြတယ်။ လက်ဝဲဝါဒခေါ်တဲ့ ဆိုရှယ်လစ်ဝါဒဟာ အဲဒီ ခေတ်ရဲ့ စကားလုံး ဖြစ်လာတယ်။ ဒါဟာ ကျွန်တော် နိုင်ငံရေး ကိုပြောနေတာမဟုတ်ဘူးနော်။ အဲဒီ ခေတ်ရဲ့ ယေဘုယျ ရှုခင်းကြီးကို ပြောနေတာ။ ကျွန်တော် တို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အဲဒီ ခေတ်ရဲ့ ရှုခင်းဟာ ဒီအတိုင်း ဖြစ်နေတယ်။ ဒီတော့ စာပေဟာလည်း ဒီခေတ်ရဲ့ အရောင် ဟပ်မှု တွေ ဘယ်မှာ မရှိဘဲနေပါ့မလဲ။
အဲဒီ ခေတ်က လူငယ်တွေ ဟာ လက်ဝဲဝါဒလို့ခေါ်တဲ့ ဆိုရှယ်လစ်ဝါဒကို ယုံကြည်သက်ဝင် လာကြတယ်။ ကမ္ဘာမှာ လည်း ဆိုရှယ်လစ်ဒီရေမြင့်သစ်ဟာ အရှိန်ပြင်းစွာ နဲ့ တက်နေတယ်။ တခြားကိုမကြည့်နဲ့၊ အင်္ဂလန်လို တိုင်းပြည်မျိုးမှာ တောင် ဆိုရှယ်လစ်ဝါဒရဲ့ သြဇာအရှိန်အဝါဟာ သိပ်ကြီးနေတယ်။
အင်္ဂလန်မှာ စစ်မ ဖြစ်မီ ၁၉၄၀ တစ်ဝိုက်လောက်တုန်းကစပြီး အင်္ဂလိပ်ပညာတတ် တော် တော် များများ ၊ စာရေး ဆရာ တော် တော် များများ ဟာ လက်ဝဲဝါဒကို ယုံကြည်ပြီး လက်ဝဲသမား တွေ ဖြစ်သွားကြတယ်။ နောင်မှာ လက်ဝဲဝါဒကို စွန့်သွားကြတာကတစ်ပိုင်း။ ဒါပေမယ့် အဲဒီ တုန်း ကတော့ ပညာတတ်တော် တော် များများ ဟာ လက်ဝဲဝါဒကို သက်ဝင်ယုံကြည်ခဲ့ကြတယ်။
ဥရောပမှာ နာဇီဝါဒကြီးစိုးလာတဲ့အခါကျတော့ နာဖီဝါဒကို အတွေးအခေါ်အရ တိုက်နိုင်တဲ့ အယူအဆဟာ လက်ဝဲဝါဒသာရှိတယ်ဆိုပြီး စာရေး ဆရာ၊ ကဗျာဆရာ၊ ပါမောက္ခ တော် တော် များများ ဟာ လက်ဝဲဝါဒသမားတွေ ဖြစ်သွားကြတယ်။ စတီဖဲင်စပင်ဒါး၊ စီဒေးလူးဝစ်၊ အာသာကိုအက်စလား၊ ခရစ္စတိုဖာကော့ဒဝဲ၊ ဂျော့သွန်မဆင်၊ အားနဲလ်ကက်တယ်၊ ရာ့ဖောက်စ် စတဲ့ စာရေး ဆရာတွေ ၊ ကဗျာဆရာတွေ ၊ ပါမောက္ခတွေ ပါတယ်။ ဒါကြောင့် အဲဒီ ကာလကို အင်္ဂလိပ်စာသမိုင်းဆရာတွေ က 'လက်ဝဲဝါဒမှာ ပညာတတ် နက္ခတ်ကြီးစိုးချိန်' Intellectual climate of the left လို့တောင် ခေါ်ခဲ့ကြတယ်။ အင်္ဂလိပ်လက်ဝဲဂိုဏ်းထဲမှာ ပါမောက္ခတွေ ၊ စာရေး ဆရာတွေ ၊ ကဗျာဆရာတွေ စတဲ့ ပညာတတ်တွေ သြဇာလွှမ်းမိုးလာခဲ့တယ်။
ကျွန်တော် တို့ဆီမှာ စောစောကပြောတဲ့ အမျိုးသားလွတ်လပ်ရေး ၊ ဒီမိုကရေစီရေး နဲ့ ဆိုရှယ် လစ်ရေး ဆိုတဲ့ ပဲ့တင်သံတွေ မြည် ဟည်းနေချိန်မှာ သူတို့ရဲ့ စာပေတွေ ၊ ကဗျာတွေ ၊ ဝတ္ထုတွေ ၊ စာပေသဘောတရားတွေ ကို ကျွန်တော် တို့ ဖတ်လာရတယ်။ အင်္ဂလိပ်လက်ဝဲပညာတတ်တွေ ထုတ်ဝေတဲ့ မော်ဒန်ကွာတာလေးဆိုတဲ့ သုံးလတစ်ကြိမ်ထုတ် မဂ္ဂဇင်းစာအုပ်ကို ကျွန်တော် တို့ ဖတ်ရတော့ စာပေနဲ့ပတ်သက်တဲ့အယူအဆတွေ ကို ကျွန်တော် တို့ သိလာရတယ်။ ထူးထူးခြားခြား အဲဒီ မဂ္ဂဇင်းထဲမှာ မော်စီတုန်းရဲ့ 'ယင်အန်းစာပေအနုပညာမိန့်ခွန်း' ကို သွားတွေ့ တယ်။ အဲဒီ တုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ မပေါ်သေးဘူး။ ကျွန်တော် တို့လည်း လွတ်လပ်ရေး မရသေး ဘူး။ သူကိုယ်တိုင် ကဗျာဆရာ ဖြစ်တဲ့ မော်စီတုန်းက ၁၉၄၂ ခုနှစ် ၊ ယင်အန်းမှာ ရှိတဲ့ သူ့ဌာနချုပ်မှာ စာရေး ဆရာတွေ ကို မိန့်ခွန်းတစ်ခု ပြောတယ်။ အဲဒါကို လန်ဒန်က ထုတ်ဝေတဲ့ မော်ဒန်ကွာတာ လေးမဂ္ဂဇင်းက အင်္ဂလိပ်လို ဘာသာပြန်ပြီး ဖော်ပြထားတာ။
သူ့မိန့်ခွန်းအချုပ် ကတော့ စာရေး ဆရာတွေ ဟာ ဘယ်သူ့အတွက် စာရေး မလဲ။ အများ စုကြီး ဖြစ်တဲ့ အလုပ်သမား၊ လယ်သမားတွေ နဲ့ စစ်သားတွေ အတွက် စာရေး သင့်တယ်။ ဘယ်လိုရေး မလဲ။ သူတို့ဘဝအကြောင်း ရေး ထားတဲ့စာတွေ ကို သူတို့ဖတ်နိုင်အောင် အနုပညာမြောက်စွာ ရေး ရမယ်။ အလုပ်သမားတွေ ၊ လယ်သမားတွေ အတွက် ရေး တဲ့စာဟာ အမျိုးစားသစ် ဖြစ်တဲ့ စာပေ ဖြစ်တယ်။ အနှစ် သာရက ဆိုရှယ်လစ်အနှစ် သာရ ဖြစ်ပြီး ပုံသဏ္ဌာန်က အမျိုးသားပုံသဏ္ဌာန် ဖြစ်ရမယ်။ စာပေသစ်ဟာ အနုပညာအဆင့်အတန်းမြင့်ရေး ကိုလည်း ဦးတည်ရမယ်။ တစ်ပြိုင်နက် တည်းမှာ လူတွေ နားလည်အောင်လည်းရေး ဖို့ ကြိုးစားရမယ်။ အနုပညာ အဆင့်အတန်းမြင့်ရေး ကို ချည်း သိပ်ဦးစားပေးလွန်းရင် သာမန်လူထုတွေ ၊ စာဖတ်ပရိသတ်တွေ နဲ့ သိပ်ဝေးသွားတတ်တယ်။ လူထုတွေ နားလည်အောင်ဆိုပြီး သူတို့အကြိုက်ကိုချည်း လိုက်နေရင်လည်း အနုပညာ အဆင့် အတန်း နိမ့်သွားတတ်တယ်။ နိုင်ငံရေး ကြွေးကြော်သံတွေ ၊ တရားဟောတာတွေ ဖြစ်သွားတတ် တယ်။ ဒါကြောင့် မို့ အဆင့်အတန်းမြင့်ရေး ကိုလည်း ဦးတည်၊ တစ်ပြိုင်နက်တည်းမှာ ကို လူထုတွေ ကြိုက်အောင်လည်း လုပ်ရမယ်။ အဆင့်အတန်းမြင့်ရေး Raising standard နဲ့ လူအများ ကြိုက်ရေး Popularisation ကို ပြေပြစ်အောင် ပေါင်းစည်းသင့်တယ်လို့ သူက ပြောခဲ့တယ်။
တစ်ပြိုင်တည်းလောက်မှာ ဆိုဗီယက်ယူနီယံကထုတ်တဲ့ 'ဆိုဗီယက် စာပေမဂ္ဂဇင်း' ကို ဖတ်ရတယ်။ အမေရိကန်ကထုတ်တဲ့ 'လူထုနဲ့ ပင်မရေစီး' ကို ဖတ်ရတယ်။ အဲဒီ မဂ္ဂဇင်းတွေ ထဲမှာ လည်း စာပေနဲ့ပတ်သက်တဲ့ အယူအဆတွေ အများ ကြီးပါတယ်။
အဲဒီ စာအုပ်တွေ ကို သခင်ကျော်စိန် ဦးစီးတဲ့ ပြည်သူ့စာပေတိုက်က တင်သွင်းရောင်းချနေ တယ်။ သခင်ကျော်စိန်က ပြည်သူ့စာပေတိုက်ကနေ တိုးတက်တဲ့စာပေတွေ ကို ဖတ်နိုင်၊ ဆွေးနွေး နိုင်အောင်ဆိုပြီး ပြည်သူ့စာပေကော်မတီဆိုတာ ဖွဲ့ထားတယ်။ အဲဒီ ထဲမှာ အပြင်က စာရေး ဆရာ တချို့အပြင် ကျောင်းသားလူငယ်ထဲက ကျွန်တော် ရယ်၊ မောင်ကြည်လင်ရယ်၊ ကိုမောင်မောင် ကျော် (ဒေါက်တာ မောင်မောင်ကျော်) ရယ် သုံးယောက် ပါကြတယ်။ အဲဒီ အချိန်နဲ့ မရှေးမနှောင်း လောက်မှာ ပဲထင်တယ်။ ကိုစောဦး (ဂျာနယ်ကျော် စောဦး) တို့က ဦးစီးတဲ့ ဘဝသစ်စာပေလှုပ်ရှားမှု ဆိုတဲ့ အဖွဲ့လေးတစ်ဖွဲ့လည်း ရှိသေးတယ်။ အဲဒီ အဖွဲ့ကလည်း တိုးတက်တဲ့စာပေတွေ ကို လေ့လာ ကြ၊ ဆွေးနွေးကြတယ်။ နိုင်ငံရေး လေ့လာတာမဟုတ်ဘူး။ စာပေကိုပဲ လေ့လာကြတယ်။ စာပေ အယူအဆတွေ ကိုပဲ လေ့လာကြတာ။ အဲဒီ အဖွဲ့ကလေးထဲလည်း ကျွန်တော် တို့ ပါတာပဲ။ နားထောင်ကြ၊ ဆွေးနွေးကြ၊ ငြင်းခုံကြတယ်။
အဲဒီ တုန်းမှာ စာပေလောကကို ဂယက်ထသွားစေတဲ့ ဆောင်းပါးတစ်စောင် ထွက်လာ တယ်။ အဲဒီ ဆောင်းပါး ကတော့ သိန်းဖေမြင့်ရဲ့ 'ခေတ်နောက်ပြန်ဆွဲနေသော စာရေး ဆရာများ ' ဆိုတဲ့ ဆောင်းပါးပါပဲ။ သိန်းဖေမြင့်ရဲ့ ဆောင်းပါးဟာ နာမည် ကျော်စာရေး ဆရာကြီး တော် တော် များများ ကို ဝေဖန်ထားတယ်။ သူ့အဆို ကတော့ အဲဒီ စာရေး ဆရာကြီးတွေ ဟာ ခေတ်ကို နောက်ပြန်ဆွဲနေတယ်လို့ ဆိုတယ်။ အချက်အလက်အချို့မှာ သူနဲ့ သဘောမတူသော်လည်း ယေဘုယျအားဖြင့် ၊ မူအားဖြင့် သူနဲ့သဘောတူတယ်။ တချို့စာရေး ဆရာတွေ ကို သူဝေဖန်ပုံက ပြင်းထန်လွန်းသည့်တိုင်အောင် ကျွန်တော် တို့စာပေကို အမြင်သစ်နဲ့ကြည့်သင့်ပြီဆိုတာကို ကျွန်တော် သဘောတူတယ်။ ဒါကြောင့် ကျွန်တော် နဲ့ မောင်ကြည်လင်က သူ့ကို ထောက်ခံတဲ့ ဆောင်းပါးတွေ ဂျာနယ်မှာ ရေး ခဲ့တယ်။ ဂျာနယ်ကျော်ကလည်း ထည့်ပေးခဲ့တယ်။ အဲဒီ တော့ ကျွန်တော် တက္ကသိုလ်ကိုရောက်ပြီ။ ဒါဟာ ကျွန်တော် စာကိုစတင်ပြီးရေး တဲ့အချိန်မှာ ဖြစ်ပျက် နေတဲ့ စာပေရှုခင်းရဲ့ ပုံကြမ်းပဲ။ တာရာမဂ္ဂဇင်းမှာ လည်း ကျွန်တော် စာစရေး နေပြီ။ ဝတ္ထုတိုကလေး တွေ အပြင် ဆောင်းပါးတို့ ဘာတို့လည်း ရေး နေပြီ။ ကိုဝင်းငြိမ်းပြောတဲ့ 'တာရာမဂ္ဂဇင်းဟာ စာပေသစ်ရဲ့ သံတမန် ဖြစ်တယ်' လို့ ရေး တဲ့အချိန်ဟာ ဒီအချိန်ပဲ။ တာရာမဂ္ဂဇင်းဟာ ဘာကြောင့် စာပေသစ်ရဲ့ သံတမန်လို့ ကျွန်တော် ပြောခဲ့သလဲ။ ဘာအဓိပ္ပာယ်လဲ။ ဒါကို မပြောခင် ဆိုခဲ့တဲ့ စာပေရှုခင်းကို နောက်ခံကားအ ဖြစ် သိထားဖို့တော့ လိုလိမ့်မယ်။ အဲဒီ နောက်ခံကားပေါ်မှာ ကြည့်မှ သာလျှင် ကျွန်တော့် အဖြေဟာ ပြည့်မီလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါကြောင့် ရှည်ရှည် လျားလျား ပြောနေခြင်း ဖြစ်တယ်။
ဒီတော့ တာရာမဂ္ဂဇင်းဟာ စာပေသစ်ရဲ့ သံတမန် ဖြစ်တယ်။ မြန်မာစာပေမှာ အရေး ကြီးတဲ့ အခန်းကဏ္ဍကပါတယ်လို့ ကျွန်တော် ဘာကြောင့် ပြောခဲ့သလဲ။ ကျွန်တော် တို့မှာ အမျိုးအစား အသစ် ဖြစ်တ့ စာပေအယူအဆ၊ တစ်နည်း စာပေသစ်အယူအဆဟာ ဖွဲ့စည်းခါစ၊ အရည်တည်ခါစ ရှိသေးတယ်။ စာပေသစ်လှုပ်ရှားမှု ဟာလည်း အားယူခါစ၊ သန္ဓေတည်ခါစပဲရှိသေးတယ်။ ဒါဖြင့် ကျွန်တော် တို့ပြောတဲ့ စာပေသစ်ဆိုတာဘာလဲ။ စာပေသစ်ဟာ အရင်းရှင်စနစ်ကို ဝေဖန်သရုပ်ဖော် ရမယ်။ အလုပ်သမား၊ လယ်သမား စတဲ့ လှုပ်ရှားမှု တွေ အကြောင်းကို သရုပ်ဖော်ရမယ်လို့ ကျွန်တော် တို့ ခံယူတယ်။
စစ်ပြီးခါစတုန်းက ကျွန်တော် တို့ လူငယ်တွေ ဟာ အရင်းရှင်စနစ်ရဲ့ မတရားမမျှတမှု တွေ ကို သဘောပေါက်လာကြတယ်။ ဒါကြောင့် အရင်းရှင် လူ့အဖွဲ့အစည်းရဲ့ မတရားမမျှတတဲ့ လူနေမှု စနစ်ကို သရုပ်ဖော်ချင်နေကြတယ်။ ရေး ချင်နေကြတယ်။ ကျွန်တော် တို့ရှေ့မှာ တင် အလုပ်သမား၊ လယ်သမားတွေ ဆင်းရဲဒုက္ခတွေ ကို တွေ့ နေကြတယ်။ ဒါ့ကြောင့် သူတို့ရဲ့ ဘဝကို သရုပ်ဖော်တဲ့ စာမျိုးတွေ ကို ရေး စေချင်နေကြတယ်။ ကျွန်တော် တို့ရှေ့မှာ တင် အမျိုးသားလွတ်လပ်ရေး ၊ ဒီမိုကရေစီသစ်နဲ့ ဆိုရှယ်လစ်ရေး ကို မျှော်မှန်းတဲ့ လှုပ်ရှားမှု တွေ ကို မြင်နေရတယ်။ အဲဒီ အထဲမှာ ကျွန်တော် တို့ ပါနေကြတယ်။ ဒီအကြောင်းတွေ ကို ရေး ချင်နေကြတယ်။ ဒီမှာ တင် ခေတ်ရဲ့ တောင်းဆိုချက်နဲ့အညီ စာပေသစ်ဟာ အယူအဆတစ်ရပ်အနေနဲ့ တဖြည်းဖြည်း ဖွဲ့စည်းမိလာတာ ဖြစ်တယ်။ ဒီတော့ စာပေသစ်အယူအဆနဲ့ အနက်အဓိပ္ပာယ်ကို ချုပ်ကြည့်လိုက်ရင် စာပေသစ်ဟာ အရင်းရှင်လူ့လောင်ကို ဝေဖန်သရုပ်ဖော်ရမယ်။ အလုပ်သမား၊ လယ်သမားအများ စုရဲ့ ဘဝကို သရုပ်ဖော်ရမယ်။ ဒီမိုကရေစီသစ်နဲ့ ဆိုရှယ်လစ် မျှော်မှန်းချက်တွေ အတွက် ဆင်နွှဲတဲ့တိုက်ပွဲတွေ ကို သရုပ်ဖော်ရမယ်လို့ အဓိပ္ပာယ်ထွက်လာတယ်။
ဒီလိုခံယူချက်ရှိနေတဲ့ ကျွန်တော် တို့လူငယ်တွေ ဟာ တာရာမဂ္ဂဇင်းကို သွားတွေ့ ကြတယ်။ စစ်ပြီးခေတ်မှာ ပေါ်ထွက်လာတဲ့ မဂ္ဂဇင်းတွေ ထဲမျာလည်း အမျိုးသားလွတ်လပ်ရေး ၊ ဒီမိုကရေစီရေး စတဲ့ မျှော်မှန်းချက်တွေ ကို ဖော်ပြထားတဲ့ ဆောင်းပါး၊ ဝတ္ထုတွေ ပါသင့်သလောက်ပါတာ မှန်ပါ တယ်။ ဒါပေမယ့် တာရာမဂ္ဂဇင်း ကတော့ အမျိုးသားလွတ်လပ်ရေး ၊ ဒီမိုကရေစီရေး တင်မ ကတော့ ဘူး။ သူ့အထဲမှာ ဆိုရှယ်လစ်ရေး နဲ့ပတ်သက်တဲ့ မျှော်မှန်းချက်တွေ ကိုဖော်ပြတဲ့ ဆောင်းပါးတွေ ၊ ဝတ္ထုတွေ ပါတယ်။ တာရာမဂ္ဂဇင်းမှာ အဲဒီ ခေတ်က အတွေးအခေါ်မှာ ရော၊ အရေး အသားမှာ ရော ရှေ့တန်းရောက်တဲ့ စာရေး ဆရာတွေ ရေး ကြတယ်။ တာရာမဂ္ဂဇင်းမှာ ခေတ်စမ်းစာပေတံခွန်ကို လွှင့်ထူခဲ့တဲ့ စာရေး ဆရာတွေ ပါတယ်။ စစ်ပြီးခေတ်မှ ပေါ်ထွန်းလာတဲ့ လူငယ်စာရေး ဆရာတွေ ပါတယ်။ လူငယ်စာရေး ဆရာတွေ ထဲမြှ စောစောကပြောခဲ့တဲ့ စာပေသစ်အယူအဆကို လက်ခံထား တဲ့ လူငယ်စာရေး ဆရာသစ်တွေ လည်း ပါဝင်ရေး သားလာကြတယ်။ ဒါပေမယ့် တာရာမဂ္ဂဇင်းဟာ စာပေသစ်လမ်းကြောင်းပေါ်ကို တည့်တည့်မတ်မတ် မလျှောက်နိုင်သေးဘူး။ တာရာမဂ္ဂဇင်းထဲမှာ ပုဂ္ဂလိက ခံစားချက်ကို အသားပေးပြီး အနုပညာဟာ အနုပညာသာ ဖြစ်တယ်ဆိုတဲ့ အနုပညာ သန့်သန့် အယူအဆကို သက်ဝင်သူတွေ ၊ အဲဒီ သက်ဝင်မှု အရ ရေး နေတဲ့သူတွေ ပါသေးတယ်။
ဒါကြောင့် တာရာမဂ္ဂဇင်းဟာ စာပေသစ်ပန်းတိုင်ကို ရှေးရှုနေပေမယ့် သူ့အထဲမှာ အယူ အဆရေး အရ ရောထွေးနေတာတွေ ရှိသေးတယ်။ သို့ တိုင်အောင် တာရာမဂ္ဂဇင်းဟာ စာပေသစ် အင်အားစုတွေ စုဝေးရာ ဖြစ်တယ်။ ဒီအင်အားစုတွေ မွေးဖွားပေးရာ ဖြစ်လာတယ်။ စာပေသစ်ကို ကြိုဆိုတဲ့ ရှေ့ပြေး ဖြစ်လာတယ်၊ အင်္ဂလိပ်လိုပြောရရင်တော့ (A-Van-Garde) ဖြစ်တယ်။ ဒါကြောင့် ခေတ်စမ်းဟာ မြန်မာစာပေရဲ့ သမိုင်းမှာ အရေး ကြီးတဲ့ မှတ်တိုင်တစ်တိုင် ဖြစ်တယ်လို့ ကျွန်တော် ယူဆတယ်။ တာရာမဂ္ဂဇင်းဟာ စာပေသစ်အယူအဆရှိတဲ့ လူငယ်စာရေး ဆရာတွေ ကို အင်အားတစ်ရပ် ဖြစ်လာအောင်၊ လှုပ်ရှားမှု တစ်ရပ် ဖြစ်လာအောင် စုစည်းပေးလိုက် တယ်။
စစ်ပြီးခေတ် ကျွန်တော် တို့လူငယ်တွေ ဟာ ရေး ရိုးရေး စဉ်၊ တွေ့ ရိုးတွေ့ စဉ် ဝတ္ထု၊ ဆောင်းပါး တွေ ကို အားမရြ ကတော့ဘူး။ ခေတ်က တောင်းဆိုလာတဲ့ အမျိုးအစားအသစ် ဖြစ်တဲ့ စာပေကို ရေး ချင်နေကြတယ်။ ဒီလိုရေး နိုင်ဖို့အတွက် တာရာမဂ္ဂဇင်းဟာ ရေခံမြေခံကောင်းကို ဖန်တီးပေး လိုက်တယ်။ ဒါ့ကြောင့် တာရာမဂ္ဂဇင်းဟာ မြန်မာဟာပေမှာ အရေး ကြီးတဲ့ အခန်းကပါတယ်လို့ ကျွန်တော် ပြောရခြင်း ဖြစ်တယ်။ ဒီ့ပြင်ဟာ မကြည့်ပါနဲ့။ ဘဝသရုပ်ဖော်စာတွေ ဟာ တာရာမဂ္ဂဇင်း မှာ အများ ဆုံး ပါခဲ့တာပဲ မဟုတ်လား။
ဆရာ့ဆိုလိုချက်ကို နားလည်ပါပြီ ဆရာ။ ဘဝသရုပ်ဖော်ဆိုလို့ ကျွန်တော် မေးစရာ တစ်ခု သတိရလာပါတယ်။ နဂိုကတည်းက မေးမယ်လို့ ရေး မှတ်ထားခဲ့ပြီးသားပါ။ (Realism) ကို မြန်မာစာပေမှာ ဘဝသရုပ်ဖော်လို့ ဆိုကြပါတယ်။ ဆရာ ဘယ်လိုသဘောရပါသလဲ။
တချို့က Realism ကို ဘဝသရုပ်ဖော်လို့ ဆိုကြတယ်။ အတိုကောက်အားဖြင့် သရုပ်ဖော် လို့လည်း ဆိုကြတယ်။ တချို့ ကတော့ သရုပ်မှန်လို့လည်း ဆိုကြတယ်။ နှစ် ခုစလုံးဟာ Realism ကို ပြောကြတာချည်းပါပဲ။ သရုပ်ဖော်ဆိုတဲ့ ဝေါဟာရက ပထမခေါ်ခဲ့တာပါ။ နောက်တော့ စာရေး ဆရာ တစ်ယောက် (အမည် ကိုတော့ ထားပါတော့) ရဲ့ စာကို အခြားစာရေး ဆရာ တစ်ယောက် (သူ့အမည် ကိုလည်း ထားလိုက်ပါတော့) က ဝေဖန်ရာမှာ သူ့စာပေဟာ သရုပ်ဖော် စာပေမဟုတ်ဘူး။ သရုပ်ပျက်စာပေသာ ဖြစ်တယ်လို့ စပြီးသုံးတယ်။ သရုပ်ကို မှန်အောင်မရေး နိုင် ဘူးလို့ ပြောတယ်။ သရုပ်ကို မှန်အောင်မရေး နိုင်ရင် သရုပ်ပျက်စာပေ၊ သရုပ်ကို မှန်အောင် ရေး နိုင်မှ သရုပ်မှန်စာပေ ဖြစ်တယ်လို့ ရေး တယ်။ ဒီမှာ တင် သရုပ်မှန်စာပေ ဆိုတဲ့ ဝေါဟာရ ပေါ်လာရတယ်။ ဒီဝေါဟာရကို လက်ခံဖို့ အဲဒီ စာရေး ဆရာက ကျွန်တော့် ကို ဆွေးနွေးတယ်။ ကျွန်တော် လက်မခံလိုက်ဘူး။ နှစ် ခုစလုံး ကတော့ Realism ကို ပြောတာချည်းပဲ။ ကျွန်တော် ကတော့ ဒီစကားနှစ် လုံးနဲ့ပတ်သက်လို့ အစွဲသိပ်မရှိလှပါဘူး။ ဒါပေမယ့် သရုပ်ဖော်ဆိုတဲ့ စကားလုံးကို ပိုကြိုက်တယ်။ ဆိုလို့ကောင်းတယ်လို့ ထင်တယ်။
ဒီနေ့ ဘဝသရုပ်ဖော်လို့ ကြွေးကြော်နေကြတဲ့ ဝတ္ထုတွေ နဲ့ပတ်သက်လို့ ဆရာ ဘယ်လိုမြင်ပါ သလဲ။
ဘဝသရုပ်ဖော်ဆိုတော့ Realism ပေါ့ဗျာ။ မူရင်း ကတော့ အဘိဓမ္မာပညာရပ်ကလာတဲ့ ဝေါဟာရပဲ။ Realism နဲ့ပတ်သက်လို့ ကျွန်တော် တစ်ချက်ပဲပြောချင်တယ်။ Realism လို့ခေါ်တဲ့ ဘဝသရုပ်ဖော်စာပေ ဘယ်လိုပေါ်လာသလဲ ဘာလဲဆိုတဲ့ သမိုင်းကြောင်းကိုတော့ မပြောတော့ ဘူး။ ပြောရရင် အရှည်ကြီး။ သူ့ကိုပြောရင် ဂန္ထဝင်ဝါဒတို့၊ စိတ်ကူးယဉ်ဝါဒတို့ပါချီပြီး ဥရောပ စာပေသမိုင်းကိုပါ ပြောနေရမှာ ။ ဒီတော့ ဒါတွေ ကိုတော့ မပြောတော့ဘူး။ သိချင်ရင် ဋီကာ အစောင်စောင်ရှိတယ်။ ရှာဖတ်ကြပေတော့။ တစ်နေ့ အခွင့်ကြုံရင်တော့ ဆောင်းပါးရေး မယ်လို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် Realism ဆိုတဲ့ ဘဝသရုပ်ဖော်ဝါဒနဲ့ပတ်သက်လို့ နားလည်ပုံ ကွဲလွဲနေတာကလေးတစ်ချက်ကိုတော့ ကျွန်တော် ပြောချင်တယ်။
ဘဝသရုပ်ဖော်ဝါဒနဲ့ပတ်သက်လို့ ကျွန်တော် တို့ဆီမှာ နားလည်ပုံ ကွဲနေတယ်။ ကျွန်တော် တို့ဆီမှာ တင်မကဘူး။ ကမ္ဘာမှာ လည်း နားလည်ပုံချင်း ကွဲနေတယ်။ နားလည်ပုံဆိုတာ အဓိပ္ပာယ် ဖွင့်ဆိုပုံချင်း ကွဲနေတာကို ပြောတာ။ တချို့က အနုပညာမှာ ဘဝသရုပ်ဖော်ဝါဒကို အယူအဆ တစ်ရပ် Attitude အ ဖြစ် အနက်ဖွင့်ကြတယ်။ ဓမ္မဓိဌာန်ကျတဲ့ အ ဖြစ်အပျက်အမှန် Objective Reality ကို ဖော်ပြတာတိုင်းဟာ Realism ပဲလို့ ဆိုကြတယ်။ ဒါကြောင့် ဘယ်ဘဝ၊ ဘယ်အလွှာ၊ ဘယ်လူတန်းစား အကြောင်းကိုပဲရေး ရေး အ ဖြစ်အပျက်အမှန်ကို ဖော်ပြရင် ဘဝသရုပ်ဖော်ဝါဒလို့ပဲ အနက်ဖွင့်ကြတယ်။ ဒီလို အနက်ဖွင့်လိုက်တဲ့အခါကျတော့ ဂျူးလိယက်ဆီဇာအကြောင်းကို ရေး တာဟာလည်း ဘဝသရုပ်ဖော်စာပေ ဖြစ်တယ်ဆိုတဲ့သဘောကို ရောက်သွားတယ်။ သီပေါ မင်းနဲ့ စုဖုရားလတ်တို့အကြောင်းရေး တာ၊ ရှိတ်စပီးယားရဲ့ ပြဇာတ်တွေ ထဲမှာ စုန်းမတွေ ကို ရေး တာ၊ ဣန္ဒာဝံသမင်းသားက မင်းသမီးတွေ အများ ကြီး ရည်းစားထားတာ၊ မြစလွယ်ရဲ့ ဝတ္ထုထဲက စုန်းမတွေ အကြောင်းကိုရေး တာ၊ လမ်းမတော် ဖိုးတုတ်ဆိုတဲ့ လူမိုက်ကြီး တစ်ယောက် ကိုရေး တာ၊ ရာဂကြီးတဲ့ ဇရာအို ရွတ်တွအဘိုးကြီး တစ်ယောက် အငယ်အနှောင်းကလေးတွေ နဲ့ ရှုပ်ပွေတာ၊ ရွှေမင်းသမီးကလေး တစ်ယောက် အသည်းကွဲတာ၊ ဒါတွေ အားလုံးဟာလည်း Realism ဘဝ သရုပ်ဖော်စာပေဆိုတဲ့သဘောကို ရောက်သွားတယ်။ သူတို့အကြောင်းတွေ ဟာလည်း ဒိဋ္ဌဓမ္မ ဖြစ်နေတဲ့အကြောင်းတွေ ကိုး။ စာရေး ဆရာက သူ့စိတ်ကူးနဲ့သူ တီထွင်ဖန်ဆင်းရေး ထားတဲ့ Fantasy တွေ မှ မဟုတ်ဘဲ။ ဒီအတိုင်းဆိုရင် Abstract Art စိတ္တဇအနုပညာမှလွဲရင် အားလုံးသော အနုပညာရပ်များ ၊ ဝတ္ထုများ ဟာ သရုပ်ဖော်စာပေတွေ ၊ သရုပ်ဖော်အနုပညာတွေ ချည်း ဖြစ်နေတော့ မှာ ပေါ့။ ဒီလိုအနက်ဖွင့်လိုက်တဲ့အတွက် တချို့က ဂရိစာဆို ဟိုးမားတို့၊ ရှိတ်စပီးယားတို့၊ မီလ်တန်တို့။ ပန်းချီမှာ ဆိုလည်း မိုက်ကယ်အင်ဂျယ်လိုတို့၊ အယ်ဂရီကိုတို့ရဲ့ လက်ရာတွေ ဟာ သရုပ်ဖော်အနုပညာတွေ လို့ သတ်မှတ်ကုန်ကြတာပေါ့။ ဟုတ်တယ်လေ Objective ဒိဋ္ဌဓမ္မ ကျတဲ့ ဖြစ်ရပ်တွေ ကို ဖွဲ့တာ အားလုံးကို Realism ဘဝသရုပ်ဖော်ဝါဒလို့ခေါ်ရင် သူတို့ရေး တဲ့စာတွေ ဟာလည်း တကယ့်လူဘဝ၊ တကယ့်လူအကြောင်းတွေ ပဲ ဖွဲ့တာပဲမဟုတ်လား။ ဘဝသရုပ်ဖော် ဝါဒကို အနုပညာ အယူအဆတစ်ရပ် Attitude တစ်ခုအနေနဲ့ အနက်ဖွင့်ရင် ဒီအတိုင်းပဲ ဖြစ်လာမှာ ပဲ။
တချို့ကျတော့လည်း ဘဝသရုပ်ဖော်ဝါဒကို Attitude တစ်ခုအနေနဲ့မဟုတ်ဘဲ အနုပညာမှာ နည်းတစ်ခု (Artist method) အနေနဲ့ အနက်ဖွင့်ကြတယ်။ အနုပညာမှာ နိမိတ်ပုံဝါဒ တို့၊ သင်္ကေတဝါဒတို့၊ ဆန္ဒစွဲဝါဒတို့ စတဲ့ မိမိအမြင်ကို ဖော်ပြတဲ့ အနုပညာနည်းပညာတွေ ရှိသလို ဘဝသရုပ်ဖော်ဝါဒဟာလည်းောဖ်ပြတဲ့အနုပညာနည်းနာတစ်ရပ်လို့ ယူဆကြတယ်။ ဥပမာ အားဖြင့် စာပေမှာ ဟင်နရီဖီးလ်ဒင်းတို့၊ ဒစ်ကင်းတို့၊ တော် လ်စတွိုင်းတို့၊ ဂေါ်ကီတို့။ ပန်းချီမှာ မာနေးတို့၊ စေဇန်းတို့ စတဲ့ ဆရာကြီးတွေ ရဲ့ နည်းဟာ ဘဝသရုပ်ဖော်နည်းနာများ လို့ ဆိုကြပြန် တယ်။ သူတို့အဆိုကို ချုပ်ပြီးပြောရရင် ဘဝသရုပ်ဖော်ဝါဒဟာ မိမိရဲ့ အမြင်ကို ဖော်ပြတဲ့ နည်းနာ တစ်ခုမျှသာ ဖြစ်တယ်။ ပုံသဏ္ဌာန်တစ်ခုမျှသာ ဖြစ်တယ်။ အယူအဆတစ်ခု မဟုတ်ဘူးဆိုတဲ့ သဘောပဲ။
သူတို့ဆီမှာ သရုပ်ဖော်ဝါဒဟာ နည်းနာ Method လား၊ အယူအဆ Attitude လားလို့ ကွဲနေသလို ကျွန်တော် တို့ဆီမှာ လည်း အနက်အဓိပ္ပာယ်ဖွင့်ပုံချင်း ကွဲနေတယ်လို့ ထင်တယ်။
ကျွန်တော့် သဘော ကတော့ ဘဝသရုပ်ဖော်ဝါဒဟာ အနုပညာနည်းနာတစ်ရပ်လို့ ပြောရင် ကျွန်တော် တို့အတွက် ပိုပြီး လက်တွေ့ အသုံးကျလိမ့်မယ်လို့ ထင်တယ်။ သရုပ်ဖော်စာပေ၊ သရုပ်ဖော်ဝတ္ထုဟာ တစ်စုံတစ်ခုသော လူမှု ဖြစ်ပေါ်တိုးတက်မှု ၊ တစ်စုံတစ်ခုသော လူ့အဖွဲ့အစည်း ရဲ့ ဘဝ၊ တစ်စုံတစ်ခုသော ခေတ်ကို ထင်ဟပ်ဖော်ပြတာမျိုး ဖြစ်သင့်တယ်လို့ ကျွန်တော် ထင်တယ်။ ဒိဋ္ဌဓမ္မ တကယ့်အ ဖြစ်အပျက်အမှန်ကို ရေး တာတော့ ဟုတ်ပါရဲ့ ။ ဘဝကို သရုပ်ဖော် တာတော့ မှန်ပါရဲ့ ။ ဒါပေမယ့် အဲဒီ သရုပ်ဖော်တာဟာ လူ တစ်ယောက် တည်း သို့ မဟုတ် လူစု ကလေးတစ်စုရဲ့ ဘဝကိုသာ သရုပ်ဖော်တာ ဖြစ်ပြီး ခေတ်ကြီးရဲ့ ဘဝကို သရုပ်မဖော်နိုင်ရင်၊ အများ စုကြီးရဲ့ ဘဝကို တစ်စုံတစ်ခုသော လူမှု တိုးတက် ဖြစ်ပေါ်မှု ၊ တစ်စုံတစ်ခုသော လူ့အဖွဲ့ အစည်းကို သရုပ်မဖော်နိုင်ရင် သရုပ်ဖော်စာပေလို့ ကျွန်တော် မခေါ်ချင်ဘူး။ ရွှေဥဒေါင်း မကြာ ခဏပြောတဲ့ Mystery of the Count of London ဆိုတဲ့ စာအုပ်ကြီးရှိတယ်။ ဝိတိုရိယဘုရင်မကြီး လက်ထက် အင်္ဂလိပ်နန်းတွင်းမှာ မျောက်မ ထားကြတာတွေ ၊ အကောက်ကြံတာတွေ ၊ ခြေထိုးကြ တာတွေ ကို ရေး ထားတယ်။
အ ဖြစ်အပျက် ကတော့ အမှန်တွေ ပဲ။ ဒီအတိုင်းပဲ ဒုတိယမြောက် ဇာဘုရင်လက်ထက်က ဇာဘုရင်ရဲ့ နန်းတွင်းမှာ ရပ်စ်ပြူတင် ဆိုတဲ့ ပျောက်စေဆရာနဲ့ မိဖုရားတို့ ကိုးရိုးကားရား ဖြစ်တာ တွေ ၊ နန်းတွင်းသူတွေ နဲ့ ရှုပ်ပွေတာတွေ ကို ရေး ထားတဲ့ဝတ္ထုတွေ အများ ကြီးရှိတယ်။ သူတို့ဟာလည်း တကယ့်အ ဖြစ်အပျက်မှန်တွေ ပဲ။ ဒါပေမယ့် သူတို့ကို ဘဝသရုပ်ဖော်စာပေလို့ ကျွန်တော် မခေါ်ချင်ဘူး။ သူတို့အ ဖြစ်အပျက်တွေ ဟာ အဲဒီ ခေတ်က လူ့အဖွဲ့အစည်းကြီးရဲ့ ဖြစ်ပေါ် တိုးတက်မှု ကို ထင်ဟပ်မပြနိုင်ဘူး။ ဒါပေမယ့် တော် လ်စတွိုင်းရဲ့ 'စစ်နဲ့ငြိမ်းချမ်းရေး ' ကျတော့ အဲဒီ ခေတ်က အများ စုကြီးရဲ့ ဘဝကို ထင်ဟပ်ပြနိုင်တယ်။ အဲဒီ ခေတ်ရဲ့ လူမှု တိုးတက် ဖြစ်ပေါ်မှု တွေ ကို သရုပ်ဖော်ပြသွားနိုင်တယ်။ ဒီတော့ ဘဝသရုပ်ဖော်စာပေအကြောင်းကို ချုပ်လိုက်ရင် အယူအဆ Attitude လား၊ နည်းနာ Method လားဆိုပြီး အနက်ဖွင့်တာ နှစ် မျိုးကွဲနေတယ်။
အမှန် ကတော့ ဒိဋ္ဌဓမ္မကျတဲ့ အ ဖြစ်အပျက်ကို ရေး တယ်လို့ပြောဦး၊ စာရေး ဆရာဟာ ဘယ်လောက် ဒိဋ္ဌဓမ္မကျနိုင်မှာ လဲ။ ဒိဋ္ဌဓမ္မကျတဲ့အ ဖြစ်အပျက်ကို ကြည့်တဲ့နေရာမှာ သူ့ပင်ကို စရိုက်၊ သူရောက်နေတဲ့ခေတ်၊ သူကိုယ်စားပြုနေတဲ့ လူတန်းစားဇာစ်မြစ်၊ သူ့စရိုက်၊ သူ့အတွေ့  အကြုံ နောက်ခံတွေ ကိုကျော်ပြီး သူ မကြည့်နိုင်ဘူး။ သူ့ရပ်တည်ချက်၊ သူ့အမြင်ဟာ ပါနေမှာ ပဲ။ ဆိုပါတော့ ပန်းချီဆရာ တစ်ယောက် သဘာဝ လောကကြီး၊ အစစ်အမှန်လောကကြီး၊ ဒိဋ္ဌဓမ္မ လောကကြီးကိုကြည့်ပြီး ပန်းချီဆွဲနေတယ်။ ဟုတ်တယ်။ သဘာဝ ရှုခင်းကြီးဟာ တကယ့်အစစ် အမှန်။ ဒါပေမယ့် ဆွဲလိုက်တဲ့ပန်းချီကားဟာ သူနဲ့ သီးခြားကင်းလွတ်ပြီးနေတဲ့ သဘာဝ ကြီးတော့ မဟုတ်ဘူး။ သူ့ခံစားမှု တွေ ၊ သူ့အတွေ့ အကြုံတွေ ကတစ်ဆင့် သူမြင်ရတဲ့ သဘာဝ ရှုခင်းကြီး ဖြစ်သွားပြီ။ ရေး သူ အနုပညာရှင်ရဲ့ အတွေ့ အကြုံကိုလိုက်ပြီး ပြောင်းသွား ပြီ။
ဒီတော့ ချုပ်လိုက်ရင် ဘဝသရုပ်ဖော်ဝါဒဆိုတာ အယူအဆ Attitude လား၊ နည်းနာ Method လားဆိုပြီး အနက်ဖွင့်တာ နှစ် မျိုးကွဲနေကြတယ်။ တစ်ခါတလေမှာ ရောထွေးနေကြ တယ်။ ဒါက ကျွန်တော် တို့ဆီမှာ တင်မဟုတ်ဘူး။ ကမ္ဘာနဲ့အဝန်း။ ကျွန်တော် ကတော့ ဘဝသရုပ် ဖော်ဝါဒဟာ အနုပညာနည်းနာတစ်ခုလို့ လက်ခံချင်တယ်။ အယူအဆတစ်ခုလို့ လက်မခံချင်ဘူး။ သဘောက ဘဝသရုပ်ဖော်စာပေဆိုတာဟာ ဘယ်အလွှာ၊ ဘယ်လူတန်းစားကို ဖြစ် ဖြစ် အ ဖြစ်မှန် ကိုဖွဲ့တာဟာ ဘဝသရုပ်ဖော်လို့ မခေါ်ချင်ဘူး။ ခေတ်ကိုထင်ဟပ်နိုင်တဲ့၊ လူမှု ဖြစ်ပေါ်မှု (ဝါ) လူမှု အပြောင်းအလဲကို ဖော်ပြနိုင်တဲ့ လူအဖွဲ့အစည်းရဲ့ ဘဝကို ဖော်ပြနိုင်တဲ့စာပေမျိုးကိုမှ ဘဝ သရုပ်ဖော်လို့ လက်ခံချင်တယ်။
ဒီတော့ ကျွန်တော် အဲဒီ အမြင်နဲ့ပြောရရင် ဒီနေ့ရေး နေကြတဲ့ ဘဝသရုပ်ဖော်လို့ ပြောနေ ကြတဲ့ ဝတ္ထုတွေ ဟာ ခေတ်ကို အနည်းနဲ့အများ ထင်ဟပ်နိုင်တယ်လို့ မြင်တယ်။ ဘဝသရုပ်ဖော် စာပေနဲ့ ရေစီးကြောင်းဟာ အားကောင်းနေတယ်။ အခိုက်အတန့် သော င်ထွန်းတာတို့၊ ရေကြောင်း ကျပ်တာတို့ ရှိနိုင်တယ်။ ဒါပေမယ့် ရေရှည်အမြင်နဲ့ကြည့်ရင် ဘဝသရုပ်ဖော်စာပေရေစီးကြောင်း ဟာ အားကောင်းတယ်လို့ ပြောနိုင်တယ်။ စစ်ပြီးခေတ်မှပေါ်လာတဲ့ ကျွန်တော် တို့ လူငယ်စာရေး ဆရာတွေ ဟာ စစ်မ ဖြစ်ခင်က စာရေး ဆရာတွေ ထက် ဘဝသရုပ်ဖော်ရာမှာ ထက်မြက်လာကြ တယ်။ ခေတ်လူငယ်စာရေး ဆရာတွေ ဟာ ကျွန်တော် တို့ထက်ပိုပြီး စူးရှလာကြတယ်။ အတွေ့  အကြုံတွေ ကြွယ်ဝလာကြတယ်။ နှစ် ဆယ်ရာစု ကုန်ခါနီး ခေတ်ကြီးကိုက ရှုပ်ထွေးပြားတဲ့ ခေတ်သစ်ကြီး ဖြစ်တဲ့အတွက် သူတို့အတွေ့ အကြုံတွေ ဟာလည်း ထွေပြားကြတယ်။ ကြွယ်ဝကြ တယ်။ သူတို့နောက်မှ တက်လာတဲ့ အနာဂတ်လူငယ်စာရေး ဆရာတွေ ဟာလည်း ဘဝကို သရုပ်ဖော်တဲ့နေရာမှာ သူတို့ထက် စူးရှထက်မြက်လာမှာ အမှန်ပဲ။ သမိုင်းဆိုတာ ရှေ့ကိုပဲ တက်နေတယ်ဆိုတော့ ကျွန်တော် တို့ထက် သူတို့က ပိုပြီး စူးရှနိုင်တယ်။ နောက်လာမယ့် မျိုးဆက်က သူတို့ထက် စူးရှထက်မြက်နိုင်တယ်။
ဒီနေ့ရေး နေကြတဲ့ လူငယ်စာရေး ဆရာ တော် တော် များများ ဟာ ဘဝသရုပ်ဖော်တွေ ကို ရေး နေကြတယ်။ အရင်တုန်းက Pop လို့ခေါ်တဲ့ အများ ကြိုက်ဝတ္ထုတွေ ကိုရေး နေတဲ့ စာရေး ဆရာ တွေ တောင် ဘဝသရုပ်ဖော်ကို ရေး လာကြတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်။ သူတို့မှာ အနုပညာအတွေ့ အကြုံ နည်းသေးလို့၊ စာရေး တဲ့အတွေ့ အကြုံ နည်းသေးလို့ ပုံသဏ္ဌာန်မှာ အနည်းနဲ့အများ ချွတ်ယွင်းချက်၊ အားနည်းချက် ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် အကြောင်းအရာ တွေ က ကောင်းတယ်။ ပုံသဏ္ဌာန် ကတော့ တဖြည်းဖြည်း ကောင်းသွားမှာ ပဲ။
ဘဝသရုပ်ဖော်ရေး နိုင်ဖို့အတွက် စာရေး ဆရာ တစ်ယောက် ဟာ ကိုယ်တိုင်ကွင်းဆင်း လေ့လာဖို့ လိုပါသလားဆရာ။ စာတွေ့ နဲ့ရော မရေး နိုင်ဘူးလား။
ကွင်းဆင်းတယ်ဆိုတဲ့ စကား ကတော့ ထားပေါ့ဗျာ။ လေ့လာရေး ခရီးထွက်တာတို့၊ ကွင်းဆင်းတာတို့ ကတော့ ခဏတစ်ဖြုတ်သွားကြည့်တဲ့သဘော ရောက်နေတယ်။ ဘယ်လိုပဲ ဖြစ် ဖြစ် ကောင်းပါတယ်။ စာရေး ဆရာ တစ်ယောက် မှာ စာရေး ဖို့ ကုန်ကြမ်း (အကြောင်းအရာ) ရနိုင်တဲ့နည်း နှစ် နည်းရှိတယ်။ တစ်နည်းက အတွေ့ အကြုံကို ကိုယ်တိုင်ဖြတ်သန်းပြီး အတွေ့ အကြုံ ရတဲ့နည်း။ ကိုယ်တိုင်ဖြတ်သန်းရတယ်ဆိုရာမှာ ကိုယ်တိုင်ခံစားရတာ ၊ မြင်တာ၊ တွေ့ တာ၊ ကြားတာ အကုန်ပါတယ်။ ဒီလိုအတွေ့ အကြုံကို ကိုယ်တိုင်ဖြတ်သန်းပြီးမှရတဲ့ ရေး စရာအကြောင်းအရာ ရတဲ့နည်းက တစ်နည်း။ ဒီနည်းဟာ ကောင်းပါတယ်။ ဒါပေမယ့် နေရာတကာမှာ အတွေ့ အကြုံ တွေ ကို ကိုယ်တိုင် မခံစားနိုင်ဘူး။ ဆိုပါတော့ စာရေး ဆရာဟာ စက်ရုံအလုပ်သမား တစ်ယောက် အကြောင်းကို ရေး တယ်။ နောက်တစ်ပုဒ်ကျတော့ လယ်သမား တစ်ယောက် အကြောင်းကို ရေး တယ်။ နောက်တစ်ပုဒ်ကျတော့ မှော င်ခိုသမား တစ်ယောက် အကြောင်းကို ရေး တယ်။ နောက်တစ်ပုဒ်ကျတော့ မီးဖွားခါနီး အမျိုးသမီး တစ်ယောက် အကြောင်းကို ရေး တယ်။ စာရေး ဆရာ တစ်ယောက် ဟာ ဘဝအမျိုးမျိုးက လူတွေ အကြောင်းကို ရေး ပြတာပဲ။
ဒါပေမယ့် အဲဒီ ဘဝတွေ ကို သူကိုယ်တိုင် ဖြတ်သန်းနေဖို့ဆိုတာ လက်တွေ့ အားဖြင့် လည်းကောင်း၊ ခန္ဓာကိုယ်အားဖြင့် လည်းကောင်း မ ဖြစ်နိုင်ဘူး။ အချိန်လည်း မရှိဘူး။ အမျိုးသား စာရေး ဆရာ တစ်ယောက် က မီးဖွားခါနီး အမျိုးသမီး တစ်ယောက် ရဲ့ ဝေဒနာကို ကိုယ်တိုင်ခံစား ကြည့်လို့ ဘယ့်နှယ့်လုပ် ဖြစ်နိုင်မှာ လဲ။ ဘဝတိုင်း ဘဝတိုင်းကို ဖြတ်သန်းနေဖို့ အတွေ့ အကြုံကို ကိုယ်တိုင်ရှာနေဖို့ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ။ ဒီတော့ သူများ တွေ ပြောတဲ့ အတွေ့ အကြုံတွေ ကို နားထောင်ရတယ်။ စာအုပ်တွေ ကို ဖတ်ရတယ်။ သူတို့ဆီကတစ်ဆင့် ပြန်ယူရတယ်။ ဖိနပ်ချုပ် သမားများ လိုပေါ့။
တစ်ခါတလေမှာ သားရေကြမ်းကို ကိုယ်တိုင် ချောအောင်နယ်ပြီးမှ ဖိနပ်ချုပ်တယ်။ တစ်ခါ တလေမှာ သူများ နယ်ပြီးသား သားရေအချောကိုယူပြီး ဖိနပ်ချုပ်တယ်။ စာရေး ဆရာမှာ လည်း ဒီအတိုင်းပဲ။ စာရေး ဆရာ ကုန်ကြမ်းကို ကိုယ်တိုင်မှာ ၊ ကိုယ်တိုင်ချောယူရတာ ရှိတယ်။ တစ်ခါ တလေမှာ သူများ ဆီက စာအုပ်တွေ ထဲက ချောပြီးသားကိုယူပြီး ကိုယ့်ဘာသာကိုယ် ဝတ္ထုတစ်ပုဒ် ဖန်တီးယူရတယ်။ အတွေ့ အကြုံကို ကိုယ်တိုင်ဖြတ်သန်းပြီး ရေး နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် သူများ ဆီက တစ်ဆင့်ခံပြီးမှ စာတွေ့ အရ သိပြီးမှရေး တိုင်းလည်း မကောင်းဘူးလို့ မဆို နိုင်ပါဘူး။ သူ ဘယ်လောက်အမြင်စူးရှသလဲ၊ ဘယ်လောက်ခံစားတတ်သလဲ၊ ဘယ်လောက် ကြည့်တတ်မြင်တတ်သလဲ။ သူမြင်တာကို လက်ရာမြောက်အောင် ဘယ်လောက်ဖော်ပြနိုင်သလဲ ဆိုတဲ့ အချက်ပေါ်မှာ တည်တာပေါ့။
အမှန်တကယ် ဖြစ်ရပ်တိုင်းကို ဘဝသရုပ်ဖော်ဝတ္ထုအ ဖြစ် ရေး ဖွဲ့တင်ပြသင့်ပါသလား။
ကိုဝင်းငြိမ်းမေးခွန်းထဲမှာ 'တင်ပြသင့် မသင့်' ဆိုတဲ့ အသုံးအနှုန်း ပါနေတယ်။ ဒါ ကတော့ ကျင့်ဝတ်ဗေဒ Ethics နဲ့ဆိုင်တဲ့ စကားလုံး ဖြစ်နေတယ်။ သင့် မသင့်ဆိုတဲ့ကိစ္စ ကတော့ အဲဒီ စာရေး ဆရာ မှီတင်းနေထိုင်တဲ့ ထုံးတမ်းစဉ်လာတွေ ၊ ယဉ်ကျေးမှု တေါ၊ စည်းကမ်းတွေ နဲ့ ဆိုင်တယ်။ တစ်ခုတော့ ရှိတယ်ပေါ့လေ။ သူရေး တဲ့စာဟာ ဘယ်လိုစာမျိုးလဲ။ သူ့စာက ပြောချင်တဲ့ အမှာ စကား Message ၊ ဒါမှမဟုတ် ဦးတည်ချက်ဟာ ဘာလဲဆိုတာ ရေး ဖို့ သင့် မသင့်ကို ဆုံးဖြတ် သွားတဲ့အခါလည်း ရှိတယ်။ ဦးတည်ချက်က အများ အကျိုးအတွက် ဦးတည်တယ်။ ရလဒ်ကလည်း ကောင်းမယ်ဆိုရင် အမှန်တကယ် ဖြစ်ရပ်တွေ ကိုလည်း ရေး နိုင်တာပါပဲ။ ဘဝသရုပ်ဖော်ဝတ္ထု ဖြစ်ဖို့ ကတော့ စောစောတုန်းက ကျွန်တော် ပြောခဲ့သလို အဲဒီ အ ဖြစ်ဟာ ခေတ်ကို ထင်ဟပ်နေ သလား၊ လူမှု တိုးတက် ဖြစ်ပေါ်မှု ကို ဖြစ်ပေါ်နေသလားဆိုတာတွေ နဲ့ စံထားကြည့်ရလိမ့်မယ် ထင်တယ်။ နောက်ပြီးတော့ သူရေး ပြီးတဲ့စာဟာ အနုပညာမြောက်သလားဆိုတဲ့ အတတ် ပညာစံနဲ့လည်း တိုင်းရလိမ့်မယ်ထင်တယ်။ အနုပညာဆိုတာ တကယ့်အ ဖြစ်ကို အနုပညာရှင်ရဲ့ စိတ်ကူးနဲ့ ဖန်တီးထားတဲ့ပစ္စည်း၊ အ ဖြစ်အပျက်တွေ ကို လျှောက်ရေး ရုံနဲ့ အနုပညာ ဖြစ်တာ မဟုတ်ဘူး။ ဝတ္ထုရေး ရင် ဝတ္ထုရဲ့ အင်္ဂါရပ်၊ အနုပညာဖန်တီးရင် အနုပညာမြောက်တဲ့ အရည်အသွေး တွေ တော့ ရှိရမှာ ပေါ့။ ဖြစ်ဂရပ်မှန်ကို အရင်းအတိုင်းဖော်ပြရင် သဘာဝ ဝါဒ Naturalism ပဲ ဖြစ်နေမှာ ပေါ့။
ဒါဖြင့် ဝတ္ထုကောင်းတစ်ပုဒ်ဆိုတာ ဘာလဲ ဆရာ။
ဒီနေရာမှာ လည်း ဝေါဟာရကို အရင် ခွဲခြားထားဖို့ လိုလိမ့်မယ်။ ကျွန်တော် တို့ဆီမှာ ရော သူတို့ဆီမှာ ပါ ဒီဝေါဟာရဟာ ရောထွေးနေတယ်။ သူတို့ဆီမှာ Novel နဲ့ Fiction သို့ မဟုတ် Romance ဆိုပြီး ခွဲခြားထားကြတယ်။ ခွဲပေမယ့် သူတို့လည်း ရောနေတာပဲ။ Novel လို့ခေါ်တဲ့ အခါ ခေါ်တယ်။ Fiction လို့ ခေါ်တဲ့အခါ ခေါ်တယ်။ မကွဲဘူး။ ကျွန်တော် တို့ဆီမှာ လည်း ဒီအတိုင်းပဲ။ ကျွန်တော် တို့ဆီမှာ တော့ အားလုံးကို ဝတ္ထုလို့ ခေါ်ကြတာပဲ။ သူတို့ဆီက စာပေ ပညာရှင်တွေ က Novel နဲ့ Fiction သို့ မဟုတ် Romance ကို စည်းခြားပေးလိုက်ကြတယ်။ ဒါဖြင့် သူတို့ ခြားထားတဲ့ Novel နဲ့ Fiction ရဲ့ ခြားနားချက်က ဘာလဲ။ Fiction သို့ မဟုတ် Romance ဆိုတာ စွမ်းစွမ်းတမံရှိတဲ့လူတွေ အကြောင်းကို ရေး ထားတဲ့ ပုံဝတ္ထု။ အဲဒီ ပုံဝတ္ထုဟာ တကယ်ရှိချင်မှ ရှိမယ်။ မရှိချင်လည်း မရှိဘူး။ ဇာတ်ဆောင်တွေ ကလည်း အလှတွေ ၊ အကောင်းအညွန့်တွေ ချည်းပဲ။ အညံ့တွေ ၊ အဖျင်းတွေ ၊ အရုပ်ဆိုးတာတွေ ဆိုလို့ တစ်ယောက် မှ မပါဘူး။ ကျွန်တော် တို့ မြန်မာမှာ ရှိတဲ့ ရတနာကြေးမုံလိုဝတ္ထုမျိုးဟာ Fiction သို့ မဟုတ် Romance အတန်းအစားထဲမှာ ပါလိမ့်မယ်ထင်တယ်။ Novel ဆိုတာ ကတော့ လူ့လောကမှာ တကယ်ရှိတဲ့လူမျိုးတွေ ကို ဇာတ်ဆောင်လုပ်ပြီး ရေး ထားတာ။ သူတို့မှာ တော် တာတွေ ရှိသလို ညံ့တာတွေ လည်း ရှိမယ်။ ပြည့်စုံတာတွေ ရှိသလို မပြည့်စုံတာတွေ လည်း ရှိမယ်။ လူ့သဘာဝ ၊ လောကသဘာဝ ကို ရေး ထားတဲ့စာ။ အဲဒါကိုမှ Novel လို့ ဆိုကြတယ်။
ကောင်းပြီ၊ ဒီတော့ ကိုဝင်းငြိမ်း မေးတာက ဝတ္ထုဆိုတာ Novel ကိုပြောတာလို့ ကျွန်တော် ယူဆတယ်။ Fiction သို့ မဟုတ် Romance အကြောင်းကိုတော့ ပြောစရာမလိုတော့ပါဘူး။ ဝတ္ထုကောင်းတစ်ပုဒ်ဟာ အခြေခံအားဖြင့် လူ့သဘာဝ ၊ လောကသဘာဝ ကို ဖော်ပြနိုင်စွမ်းရှိရမယ်။ ဒါက ပထမဆုံးလိုအပ်တဲ့ အခြေခံအချက်။ အဲဒီ အချက်ပေါ်မှာ မူတည်ရမယ်။ စဉ်းစားပြီးတဲ့နောက် ဇာတ်လမ်းကို ဘယ်လိုတည်ဆောက်မလဲ။ ဒီဇာတ်လမ်းမှာ ဘယ်လိုဇာတ်ဆောင်တွေ ကို ထည့်မလဲ။ ဦးတည်ချက်ရယ်၊ ဇာတ်လမ်းရယ်၊ ဇာတ်ဆောင်ရယ်၊ ဒီသုံးချက်ကို ညီညွတ်အောင် ပေါင်းစည်းပေးနိုင်ရင် ဝတ္ထုကောင်းလို့ပဲ ပြောချင်တယ်။ တချို့ဝတ္ထုဟာ ဇာတ်လမ်းမှာ သိပ်ကောင်း တယ်။ ဒါပေမယ့် ဇာတ်ဆောင်စရိုက်ကို ဖွဲ့ရာမှာ အားနည်းနေတာတွေ ရှိတယ်။ တချို့ဝတ္ထုတွေ ကျတော့လည်း ဇာတ်လမ်းအားနည်းနေပြီး ဇာတ်ကောင်စရိုက်အဖွဲ့ ကောင်းပြန်တယ်။ တချို့ ဝတ္ထုကျတော့လည်း ဒီနှစ် ခုစလုံး ကောင်းပါလျက်နဲ့ ဦးတည်ချက် Theme ကို မဖော်နိုင်ဘူး။ ဖော်တဲ့ဦးတည်ချက်ဟာလည်း လောကအမြင်၊ ဘဝအမြင်ကို ဘာမှမပေးနိုင်တဲ့ ဦးတည်ချက်မျိုး မဟုတ်ဘူး။ ဒါကြောင့် မို့ ယေဘုယျပြောရရင် ဝတ္ထုကောင်းတစ်ပုဒ်ဟာ ဇာတ်လမ်းဇာတ်ကွက် သဘောအရ လောကသဘာဝ ကို ပေါ်လွင်စေရမယ်။ ဇာတ်ဆောင်ရဲ့ လူ့သဘာဝ အဖွဲ့ဟာ ပီသရမယ်။ ဦးတည်ချက်ဟာ လောကအမြင်၊ ဘဝအမြင်ကို ပေးနိုင်တဲ့ ဦးတည်ချက်မျိုး ဖြစ်ရ မယ်။ ဒီအချက်နဲ့ ညီညွတ်ရင် ဝတ္ထုကောင်းတစ်ပုဒ်လို့ ပြောချင်တယ်။
စာရေး တဲ့နေရာမှာ စေတနာပါရမယ်လို့ ဆိုကြတယ်။ အဲဒါဟုတ်ပါသလား ဆရာ။ ဘာ့ကြောင့် ပါလဲ။
စေတနာဆိုတာ တိုက်တွန်းနှိုးဆော်ခြင်း၊ စိတ်ကို လှုံ့ဆော်ခြင်းလို့လည်း အနက်ထွက် တယ်။ သူတစ်ပါးအကျိုးကို လိုလားခြင်းလို့လည်း အနက်ထွက်တယ်။ ဒုတိယအဓိပ္ပာယ်နဲ့ ပြောတာပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော့် ကို ပြောဖူးတာ ကတော့ ဆရာ ဇော်ဂျီပဲ။ ကျွန်တော် တို့ စာရေး ဆရာ ဖြစ်စတုန်းက ဆရာဇော်ဂျီက မကြာခဏ ပြောဖူးတယ်။ စာရေး ဆရာမှာ စေတနာဟာ အရေး ကြီးတဲ့အကြောင်း၊ စေတနာမပါတဲ့စာဟာ အတတ်ပညာပိုင်း အရ ဘယ်လောက်ပဲ ကောင်းစေကာမူ စာကောင်းတစ်ပုဒ် မ ဖြစ်နိုင်တဲ့အကြောင်း ပြောဖူးတယ်။ ကျွန်တော် လည်း သဘောတူတယ်။ စာရေး ဆရာ ဒါမှမဟုတ် အနုပညာရှင်တိုင်းမှာ လုပ်ငန်း တာဝန် Mission တစ်ခုရှိတယ်။ အဲဒီ အလုပ် ကတော့ လူ့လောကကြီးကို ကောင်းကျိုးပြုဖို့၊ လူ့အဖွဲ့ အစည်းကို ကောင်းကျိုးပြုဖို့ ဖြစ်တယ်။ လူ့လောကမှာ ရှိတဲ့ မတရားမှု ၊ မမျှတမှု ၊ မမှန်ကန်မှု တွေ ကို တင်ပြဖို့ ဖြစ်တယ်။ တစ်လုံးတည်းနဲ့ပြောရရင် အမှန်တရားကို ရှာဖွေဖို့ ဖြစ်တယ်။ ဒါကြောင့် သူ့စာ သူ့ရဲ့ အနုပညာဟာလည်း လောကကြီးကို သယ်ပိုးတဲ့ စေတနာတွေ ပါရမယ်။ ဒါဟာ စာရေး ဆရာ ရဲ့ အမြင့်ဆုံး ရည်မှန်းချက်၊ အမြင့်ဆုံးပန်းတိုင် ဖြစ်တယ်။ ထင်ရှားပြီး ကြီးကျယ်တဲ့ စာရေး ဆရာ ကြီးတိုင်းဟာ သူတို့စာပေတွေ နဲ့ လောကကောင်းကျိုးကို ပြုခဲ့ကြတယ်။ အနည်းဆုံး သူတို့မှီတင်း နေထိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးကို ဆောင်ကြတယ်။ တော် လ်စတွိုင်းကို ကြည့်မလား၊ တဂိုးကို ကြည့်မလား၊ သခင်ကိုယ်တော် မှိုင်းကို ကြည့်မလား၊ ရှိတ်စပီးယားကို ကြည့်မလား၊ ထင်ရှားကြီးကျယ်တဲ့ စာရေး ဆရာတိုင်းဟာ လောကကို ကောင်းကျိုးပြုခဲ့ကြတာချည်းပဲ။
သူတို့စာတိုင်းမှာ စေတနာပါတယ်။ 'စစ်နှင့် ငြိမ်းချမ်းရေး ' မှာ တော် လ်စတွိုင်းရဲ့ စေတနာ ဟာ ဘာလဲ။ အဲဒီ အချိန်တုန်းက နပိုလီယံစစ်ပွဲဟာ ကမ္ဘာမှာ အကြီးကျယ်ဆံုးစစ်ပွဲကြီး။ ဒီစစ်ပွဲမှာ အပြစ်မရှိတဲ့လူတွေ သေခဲ့ရတယ်။ ဒဏ်ရာရခဲ့ကြတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ တချို့က ပြင်သစ်စစ်ဘုရင် နပိုလီယံကြောင့် ဒီလို ဖြစ်ရတာ လို့လည်း ပြောကြတယ်။ တချို့ကလည်း ဇာဘုရင်ကြောင့် လို့ ပြောကြတယ်။ တချို့ကလည်း သံတမန်တွေ မလိမ္မာလို့လို့ ပြောကြတယ်။ တော် လ်စတွိုင်းက သူတို့အားလုံးပြတဲ့အကြောင်းတွေ ကို စိစစ်ပြတယ်။ အကြောင်းနဲ့ အကျိုးတို့ရဲ့ အဘိဓမ္မာသဘောအရ ဆက်နွှယ်နေပုံ၊ အကြောင်းနဲ့ အကျိုးတို့ရဲ့ သမိုင်းရေး အရ ဆက်စပ်နေပုံ တို့ကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး သူတို့ပြတဲ့ အကြောင်းတရားတွေ ချည်းကြောင့် တော့ မဟုတ်တန် ရာဘူး။ တခြားတစ်ပါးသော အကြောင်းတရားတွေ လည်း ရှိရဦးမယ်။ ဒီအကြောင်းတရားတွေ ကို ရှာဖွေရမယ်။ အကြောင်းတရားများ စွာ ဆုံစည်းတိုက်ဆိုင်မှု ကြောင့် သာလျှင် ဒီအ ဖြစ်အပျက်ကြီး ဒီစစ်ကြီး ပေါ်ပေါက်လာရခြင်း ဖြစ်တယ်။ ဒီအကြောင်းတရားတွေ ကို ကျွန်တော် တို့ မရှာဖွေနိုင် သေးသမျှ စစ်တွေ ဖြစ်နေလိမ့်ဦးမယ်လို့ ရေး ခဲ့တယ်။ သူ့စေတနာဟာ လူ့လောကကြီး သာယာ စည်ပင်ရေး ကို လိုလားတဲ့စေတနာ ဖြစ်တယ်။ စေတနာနည်းတဲ့ စာပေတိုင်းဟာ သေးနုပ်သိမ်ဖျင်း တဲ့စာပေတွေ ဖြစ်ပြီး လူ့လောကကြီးတစ်ခုလုံးကို လွှမ်းခြုံတဲ့စေတနာမျိုးကို ထားနိုင်တဲ့စာပေမျိုး ဟာ ကြီးကျယ်တဲ့စာပေ ဖြစ်တယ်။ ရှိတ်စပီးယားလည်း ဒီအတိုင်းပဲ။ ရိုမီယိုနဲ့ ဂျူးလိယက်မှာ သူ့စေတနာဟာ မိသားစုရန်ငြိုးတွေ ကြောင့် အပြစ်မရှိတဲ့ချစ်သူနှစ် ဦးဟာ သေပွဲဝင်ကြရတယ်။ သူတို့ခေတ်မှာ အားကောင်းခဲ့တဲ့ မြေရှင်ပဒေသရာဇ်လူတန်းစား၊ မင်းစိုးရာဇာလူတန်းစားတွေ ထဲက ရန်ငြိုးတွေ ကြောင့် အပြစ်မရှိတဲ့လူငယ်တွေ သေရတယ်ဆိုတာကိုပြောတာ။ ဒီစနစ်ဆိုးကြီး ပျောက်ကွယ်စေလိုတဲ့ စေတနာနဲ့ရေး တာ။ ဒါကြောင့် မို့ သူ့စာဟာ ကြီးကျယ်ထင်ရှားနေတာ။ သခင်ကိုယ်တော် မှိုင်းရဲ့ ကဗျာကြီးတွေ ဟာ ဖိနှိပ်မှု အောက်က လွတ်မြောက်ပြီး မြန်မာပြည်သူတွေ လွတ်လပ်တဲ့လူမျိုး ဖြစ်စေချင်တဲ့ စေတနာနဲ့ရေး တာ။ ဒါကြောင့် မို့ သူ့မဟာကဗျာကြီးတွေ ဟာ ကြီးကျယ်ထင်ရှားနေတာ။ စေတနာကြီးမားသည်နှင့် အမျှ စာတစ်ပုဒ်ရဲ့ ဂုဏ်သတင်းဟာ ကြီးကျယ်မှာ ပဲ။ စေတနာနည်းသည်နှင့် အမျှ စာတစ်ပုဒ်ရဲ့ ဂုဏ်သတင်းဟာ သေးသိမ်မှာ ပဲ။ စေတနာ လွှမ်းခြုံနိုင်တဲ့စာမျိုးကို ရေး နိုင်သည်နှင့် အမျှ အဲဒီ စာရေး ဆရာရဲ့ ဂုဏ်သိက္ခာ ကြီးကျယ် မှာ ပဲ။ စေတနာ မလွှမ်းခြုံနိုင်တဲ့ စာမျိုးကိုရေး သည်နှင့် အမျှ အဲဒီ စာရေး ဆရာရဲ့ ဂုဏ်သိက္ခာဟာ လည်း သေးသိမ်မှာ ပဲ။
နောက်မေးခွန်းတစ်ခု ဆက်လိုက်ကြရအောင်လား ဆရာ။ ဘာသာပြန်တစ်ခုဟာ စာပေမှာ မွေးစားသားသမီး ဖြစ်ကြောင်း၊ သို့ ရာတွင် ဘာသာပြန်သူက တွယ်တာလာသည့်အခါတွင် ထိုဘာသာပြန်သည် သားသမီးအရင်းသဖွယ် ဖြစ်လာတတ်ကြောင်း၊ 'မိဖုရားဖွားစော' ဝတ္ထုနဲ့ ပတ်သက်ပြီး ဆရာ ရေး ခဲ့ဖူးပါတယ်။ 'မိဖုရားဖွားစော' လို တွယ်တာတဲ့ တခြားဘာသာပြန်တွေ ရောရှိပါသလား။ ဘာကြောင့် တွယ်တာမိပါသလဲ။
စာတစ်ပုဒ်၊ ဝတ္ထုတစ်ပုဒ်ကိုရေး ရတာ ဟာ စာရေး ဆရာ တစ်ယောက် အဖို့ သားသမီး တစ်ယောက် ကို မွေးရတာ နဲ့တူတယ်။ ဒါကို စာရေး သူတိုင်း နားလည်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဆိုပါတော့ ကိုယ့်ရင်ထဲမှာ စာရေး ဖို့ စိတ်ကူးတစ်ခုရပြီဆိုကတည်းက အဲဒီ စိတ်ကူးကလေးကို ပျောက်မသွားအောင်၊ ခက်မငါးဖြာ စုံလာအောင်၊ တဖြည်းဖြည်း ကြီးထွားလာအောင် မွေးယူရ တယ်။ ကိုယ်က ပြုစုစောင့်ရှောက် ရင်ထဲမှာ မွေးမြူပြီး မွေးထုတ်လိုက်တဲ့အခါ အင်္ဂါလည်း စုံတယ်။ သားကောင်းသမီးကောင်းလည်း ဖြစ်တယ်ဆိုရင် မိဘ စိတ်ချမ်းသာရတယ်။ ကြည်နူးရတယ်။ စာရေး ဆရာမှာ လည်း ဒီအတိုင်းပဲ။ ကိုယ်က စာတစ်ပုဒ်ကို ရင်ထဲမှာ ခက်မငါးဖြာစုံအောင် မွေးမြူ လာရပြီး မွေးထုတ်လိုက်တယ်။ အနုပညာလည်းမြောက်တယ်။ စောစောကပြောသလို အကျိုးပြု နိုင်တဲ့ စာတစ်ပုဒ်လည်း ဖြစ်သွားတယ်ဆိုရင် အဲဒီ စာကို တွယ်တာရမယ်။ သူ့ကိုကြည့်ပြီး ကြည်နူး ရတယ်။ ဂုဏ်ယူရတယ်။ စိတ်ချမ်းသာရတယ်။ ကိုယ့်စာဟာ ရည်ရွယ်ချက်တော့ ကောင်းပါရဲ့ ။ ဒါပေမယ့် အနုပညာမမြောက်ရင် နည်းနည်း ညံ့နေရင်၊ အင်္ဂါမစုံရင် စိတ်မကောင်း ဖြစ်ရတယ်။ သနားရတယ်။ တစ်ခါ ကိုယ့်စာဟာ အင်္ဂါတော့ စုံပါရဲ့ ။ အနုပညာတော့ မြောက်ပါရဲ့ ။ ဒါပေမယ့် ဦးတည်ချက်က မှားနေရင် ကိုယ်မျှော်မှန်းတဲ့ အကျိုးသက်ရောက်မှု မျိုးမရဘဲ ပြောင်းပြန်အကျိုး သက်ရောက်မှု မျိုးကို ရလာရင် စိတ်ဆင်းရဲရတယ်။ သားသမီး ဘယ်လောက်ပဲဆိုးဆိုး ကိုယ့်သားသမီး မဟုတ်ဘူးလို့ ပြောလို့မရတော့ဘူး။ ကိုယ်က မွေးထုတ်ထားပြီးပြီ။ ဒီမှာ လည်း ဒီအတိုင်းပဲ။ ကိုယ့်စာက မကောင်းတဲ့ရလဒ်တွေ ကို ဖြစ်စေရင်၊ အဆိပ်အတောက်တွေ ဖြစ်နေရင် ကိုယ့်စာမဟုတ်ဘူးလို့တော့ ပြောလို့မရတော့ဘူး။ ကိုယ်က ရေး ထုတ်ပြီးပြီ။ သားဆိုးသမီးဆိုးက တော် သေးတယ်။ သားဆိုးသမီးဆိုးကို စွန့်လွှတ်ကြောင်းကြေညာရင် လူ့အဖွဲ့အစည်းက လက်ခံ သေးတယ်။ အသိအမှတ်ပြုသေးတယ်။ ကိုယ်ရေး တဲ့စာကို မိမိ၏ စာတစ်ပုဒ်အ ဖြစ်မှ စွန့်လွှတ် လိုက်ပြီ ဖြစ်ပါ၍ နောင်တွင် မည် သို့မျှ သက်ဆိုင်ခြင်းမရှိတော့ပါကြောင်းလို့ ကြေညာလို့ ဖြစ်တာ မဟုတ်ဘူး။ ဒါကြောင့် စာရေး ဆရာရဲ့ စာတစ်ပုဒ်ဟာ ကိုယ်မွေးတဲ့ သားသမီးနဲ့တူတယ်။
တစ်ခါတလေမှာ ကိုယ့်မှာ လည်း သားသမီးရှိတယ်။ ဒါပေမယ့် သူများ မွေးထားတဲ့ သားသမီးက လိမ္မာရေး ခြားရှိတယ်။ ချစ်စရာကောင်းတယ်ဆိုရင် မွေးစားချင်ကြတယ်။ မွေးစားလေ့ ရှိကြတယ်။ ဘာသာပြန်စာတစ်ပုဒ်ဟာလည်း ဒီအတိုင်းပဲ။ မူလက သူများ မွေးထားတဲ့သားသမီး။ သူများ ရေး ထားတဲ့စာ။ သူ့ကိုတွေ့ လိုက်တော့ တွယ်တာမိတယ်။ ချစ်မိတယ်။ သဘောကျမိတယ်။ ငါ့သားသမီးလေး ဖြစ်ရင် ဘယ်လောက်ကောင်းမလဲလို့ တောင့်တမိသလို ငါရေး တဲ့စာ ဖြစ်ရင် ဘယ်လောက်ကောင်းမလဲလို့ တောင့်တမိတယ်။ ဒါပေမယ့် ကိုယ်က သူ့လိုမရေး နိုင်ဘူး။ ဒီအခါမှာ ဘာသာပြန်တယ်။ ဒါကြောင့် ဘာသာပြန်စာတစ်ပုဒ်ဟာ မွေးစားသားသမီးနဲ့တူတယ်။
ဒီသဘောမျိုးကို 'မိဖုရားဖွားစော' ဝတ္ထု ဘာသာပြန်တုန်းက အမှာ အ ဖြစ် ကျွန်တော် ရေး ခဲ့ ဖူးတယ်။ မိဖုရားဖွားစောအကြောင်းကို ကျွန်တော် တို့ရာဇဝင်မှာ ဖတ်ခဲ့ရဖူးတယ်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးရေး တဲ့ 'မိဖုရားဖွားစော' မှာ လည်း ကျွန်တော် တို့ ဖတ်ခဲ့ရဖူးတယ်။ ခုတစ်ခါ မောရစ် ကောလစ်ရေး တဲ့ဝတ္ထုကို ဖတ်ရပြန်တယ်။ မိဖုရားဖွားစောဟာ ဉာဏ်အမြော်အမြင်ကြီးတဲ့ အမျိုးသမီး၊ ဇနပုဒ်ကလေးမှာ မွေးတဲ့ တောသူ၊ နန်းတော် ထဲရောက်သွားတဲ့အခါမှာ အလွန် အမြော်အမြင်ရှိတဲ့ မိဖုရားတစ်ပါး ဖြစ်လာတယ်။ ဒါကို ကျွန်တော် တို့သိပြီးသား။ ဒါပေမယ့် 'မိဖုရား ဖွားစော' ဝတ္ထုမှာ မောရစ်ကောလစ်ဖွဲ့သွားပုံက သရုပ်ပေါ်လွန်း၊ ကောင်းလွန်းတော့ သူ့ကိုဖတ်ပြီး ပီတိ ဖြစ်ရတယ်။ အားကျရတယ်။ တွယ်တာရတယ်။ ဒီစာမျိုးရေး နိုင်တဲ့စာရေး ဆရာ ဖြစ်ချင်တယ်။ ဒါပေမယ့် ကိုယ်က ရေး နိုင်စွမ်းမရှိဘူး။ မွေးနိုင်စွမ်းမရှိဘူး။ ဒီတော့ သူ့ကို ကျွန်တော် မွေးစား တယ်။ ဘာသာပြန်တယ်။ မွေးစားရင်း ကိုယ့်သားသမီးအရင်းလိုပဲ တွယ်တာလာတယ်။
တခြား ကျွန်တော် ဘာသာပြန်တဲ့ ဝတ္ထုတွေ မှာ လည်း ဒီအတိုင်းပဲ။ ကျွန်တော် သဘောကျမှ၊ တွယ်တာမှ၊ နှစ်သက် မှ ဘာသာပြန်တယ်။ တစ်ခါတလေ ထုတ်ဝေသူတို့က ဘာတို့က ဒီစာအုပ်ကို ပြန်ပေးပါလို့ ပြောတိုင်း ကျွန်တော် ဘာသာမပြန်ဘူး။ ကျွန်တော် ဘာသာပြန်တဲ့ဝတ္ထုဟာ ကျွန်တော် ကြိုက်လို့ ပြန်တာချည်းပဲ။ ကျွန်တော် တွယ်တာလို့ ပြန်တာချည်းပဲ။ ဘာကြောင့် တွယ်တာရသလဲဆိုတာ ကတော့ စောစောကပြောတဲ့အတိုင်းပါပဲ။ သူများ က မွေးထုတ်ထားပေမယ့် အဲဒီ ကလေးက လိမ္မာရေး ခြားရှိတာကိုး။ ချစ်စရာကောင်းတာကိုး၊ တွယ်တာစရာကောင်းတာကိုး။
ဆရာ့ဆောင်းပါးတစ်ပုဒ်ကိုကိုးကားပြီး မေးချင်ပါတယ်။ ငွေကြေးတတ်နိုင်လျှင်သော်လည်းကောင်း၊ အသိုင်းအဝိုင်းကောင်းလျှင်သော်လည်းကောင်း စာအုပ်တစ်အုပ်ကို ထုတ်ဝေနိုင်သော်လည်း စာဖတ်ပရိသတ်အား မိမိ၏ စာကို အတင်းလက်ခံခိုင်း၍ မရလို့ မိုးဝေမဂ္ဂဇင်းမှာ 'မြင်းကို အတင်းရေသောက်ခိုင်းလို့မရနိုင်' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာ ရေး ခဲ့ဖူးပါတယ်။ ဒီနေ့ ကျွန်တော် တို့ စာပေလောကမှာ အင်အားရှိတဲ့သူတွေ က သူတို့အင်အားနဲ့ လုံးချင်းလောကမှာ တင်မဟုတ်တော့ဘဲ မဂ္ဂဇင်းလောကမှာ ပါ ဝင်လာတာ တွေ့ ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာ ဘယ်လိုသဘောရပါသလဲ။
စာရေး ခြင်းအလုပ်ဟာ လူတိုင်းရဲ့ မွေးရာပါအခွင့်အရေး ဖြစ်ပါတယ်။ ငါမှ ရေး ရမယ်။ သူတို့တော့ မရေး ရဘူးလို့ ပြောလည်း မပြောနိုင်ဘူး။ ပြောလည်း မပြောသင့်ဘူး။ လူတိုင်း ရေး နိုင်တယ်။ ဒါပေမယ့် စာရေး ဆရာဟာ ဖြတ်လမ်းကလိုက်လို့တော့ မရဘူး။ ရရင် ခဏပဲရမှာ ပဲ။ စာရေး ဆရာတင်မဟုတ်ဘူး။ အနုပညာလုပ်ငန်းတိုင်းဟာ ဖြတ်လမ်းနဲ့ မရဘူး။ ရေရှည်လုပ်ရတဲ့ အလုပ်တွေ ။ စာရေး ဆရာစိတ် ထားနိုင်ဖို့က ပိုပြီး မလွယ်သေးတယ်။ ကျွန်တော် လည်း ကြိုးစား တုန်းပဲ။ ဒါဖြင့် စာရေး ဆရာစိတ်ထားဆိုတာ ဘာလဲ။ စာရေး ဆရာဟာ ကလောင်ကလေး တစ်ချောင်း လူလားမြောက်လာဖို့ ကြိုးကြိုးကုတ်ကုတ် လုပ်ခဲ့ရတာ ။ ဒီတော့ ဒီလို ခဲခဲကတ်ကတ် မွေးလာရတဲ့ ကလောင်ကလေးကို ရိုသေရမယ်။ ကလောင်ရဲ့ သိက္ခာကို စောင့်ထိန်းရမယ်။ စာရေး ဆရာရယ်လို့ ဖြစ်လာတော့ စာရေး ဆရာ စောင့်ရမယ့်ကျင့်ဝတ်တွေ ရှိတယ်။ ဘယ်ဥပဒေနဲ့မှ ပြဋ္ဌာန်းထားတာတော့ မဟုတ်ဘူး။ အစဉ်အလာ လိုက်နာခဲ့ကြတဲ့ ကျင့်ဝတ်တွေ ရှိတယ်။ အဲဒါ တွေ ကို လိုက်နာသင့်တယ်။ ဖြတ်လမ်းကလိုက်လာတဲ့ စာရေး ဆရာ ကတော့ အဲဒီ ကျင့်ဝတ်တွေ ကို မလိုက်နာတော့ဘူး။ ကလောင်တစ်ချောင်းကို ပိုင်တယ်ဆိုရင်ပဲ ရေး သင့် မရေး သင့် မစဉ်းစားြ ကတော့ဘူး။ ကိုယ်နဲ့ ပုဂ္ဂိုလ်ရေး အရ မသင့်မြတ်သူ၊ ဒါမှမဟုတ် တစ်ဖက်သားကို ထိခိုက်နစ်နာ အောင် လုပ်တာမျိုးတွေ ရှိလာတတ်တယ်။ ဒါဟာ တကယ့်စာရေး ဆရာရဲ့ ကျင့်ဝတ်မဟုတ်ဘူး။ အယ်ဒီတာတွေ မှာ လည်း ဒီအတိုင်းပဲ။ ဟိုတုန်းက အယ်ဒီတာ တစ်ယောက် ဖြစ်ဖို့ သိပ်ခက်ခဲတယ်။ ခုခေတ်မှာ တော့ အကြောင်းကြောင်းကြောင့် စာရေး ဆရာ တစ်ယောက် အမည် ခံဖို့ လွယ်သလို အယ်ဒီတာ တစ်ယောက် ဖြစ်ဖို့ကလည်း လွယ်တယ်။ အယ်ဒီတာထဲမှာ ဖြတ်လမ်းက ရောက်လာ သူတွေ ရှိတော့ စာစောင်တွေ ၊ မဂ္ဂဇင်းတွေ ထဲမှာ မထည့်သင့်တာတွေ ထည့်တယ်။ တစ်ဖက်သား ကို ထိခိုက်နစ်နာမလား။ စာဖတ်သူကို အကျိုးပြုရဲ့ လားဆိုတာကို မစဉ်းစားတော့ဘူး။ လှုပ်လှုပ် ရှားရှား ဖြစ်ရင်၊ ကိုယ့်စာစောင်မဂ္ဂဇင်းကို လူစိတ်ဝင်စားရင် ပြီးရောဆိုပြီး မထည့်သင့်တာတွေ ထည့်နေကြတာတွေ ရှိတယ်။ စာရေး ဆရာမှာ လို အယ်ဒီတာမှာ လည်း စာရွက်ပေါ်မှာ ရေး မထားတဲ့ ထုံးတမ်းစဉ်လာတွေ ရှိတယ်။ ကျင့်ဝတ်တွေ ရှိတယ်။
စောစောက ကိုဝင်းငြိမ်းပြောတဲ့ ဆောင်းပါးကို ရေး မိတာ ကတော့ အဲဒီ အချက်တွေ ကို မြင်လို့ ရေး တာပဲ။ ယေဘုယျအားဖြင့် ပြောရရင်တော့ စရေး ဆရာတွေ များ လာတာဟာ ကောင်းတဲ့ အရာတစ်ခုပါပဲ။ သူတို့မှာ အတွေ့ အကြုံတွေ ကို ဖြတ်သန်းလာခဲ့ကြတယ်။ ရေး စရာတွေ ရလာခဲ့ကြ တယ်။ သူတို့အတွေ့ အကြုံတွေ ကို ဖော်ထုတ်ပြောချင်တဲ့ဆန္ဒတွေ ပေါ်လာခဲ့ကြတယ်။ ဒါကြောင့် စာရေး ကြတာပဲ။ အထူးသဖြင့် လူမှု အပြောင်းအလဲကြီးတွေ ပေါ်လာတဲ့အခါ၊ ခေတ်ကြီး ပြောင်းသွား တဲ့အခါမှာ အတွေ့ အကြုံသစ်တွေ ရတတ်တယ်။ အဲဒီ အခါမှာ ဒီအတွေ့ အကြုံသစ် တွေ ကို ဖော်ပြချင်ကြတယ်။ ကိုယ်တွေ့ ကြုံခံစားရတာ တွေ ကို ဖော်ပြချင်ကြတယ်။ ဒီမှာ စာကို စရေး တာပဲ။ ဒါကြောင့် တိုင်းပြည်တစ်ပြည်မှာ ကလောင်ကိုင်သူတွေ အရေအတွက် များ ပြားလာ ခြင်းဟာ ယေဘုယျအားဖြင့် ကောင်းတဲ့အရာတစ်ခု ဖြစ်တယ်။
ဒါပေမယ့် အရေအတွက်များ ရုံနှင့် မပြီးသေးဘူး။ အရည်အချင်းပါ ကောင်းလာဖို့ လိုသေးတယ်။ လွန်ခဲ့တဲ့ တစ်နှစ် ကျော် နှစ် နှစ် လောက်က မိုးဝေမဂ္ဂဇင်းထဲမှာ ကိုဝင်းငြိမ်းပြောတဲ့ 'မြင်းကို အတင်းရေသောက်ခိုင်း၍ မရနိုင်' ဆိုတဲ့ဆောင်းပါးတစ်ပုဒ် ကျွန်တော် ရေး ခဲ့တယ်။ မြင်းကို ရေဆိပ်ကို ဆွဲသွားလို့ရတယ်။ ဒါပေမယ့် မြင်းကို အတင်းရေသောက်ခိုင်းလို့ မရဘူးဆိုတဲ့ အင်္ဂလိပ် စကားပုံတစ်ခုရှိတယ်။ တရုတ်မှာ လည်း အလားတူ စကားပုံတစ်ခုရှိတယ်။ သူ ကတော့ မြင်းမဟုတ် ဘူး။ နွားလို့ သုံးထားတယ်။ ထားပါတော့။ အဲဒီ စကားပုံကို သဘောကျပြီး ခေါင်းစဉ်တပ်လိုက် တာပါ။ ကျွန်တော် ပြောချင်တဲ့ သဘောက ငွေကြေးတတ်နိုင်ရင်၊ အရှိန်အဝါရှိရင်၊ အသိုင်းအဝိုင်း ကောင်းရင် စာအုပ်တစ်အုပ်ရေး ပြီး ထုတ်နိုင်တယ်။ စာရေး ဆရာလို့လည်း အမည် ခံနိုင်တယ်။ ဒါပေမယ့် စာဖတ်ပရိသတ်ကို အတင်းလက်ခံခိုင်းလို့မရဘူး။ သူသဘောကျမှ လက်ခံတာ။ ဒါကြောင့် စာရေး ဆရာတွေ များ လာတာဟာ ကောင်းပေမယ့် တကယ့်စာရေး ဆရာ ဖြစ်အောင် လုပ်ဖို့လိုတယ်။ တကယ့်စာရေး ဆရာ ဖြစ်ဖို့အတွက် အမည် ခံရုံ၊ ကတ်ပြားကိုင်ရုံနဲ့မရဘူး။ စာရေး ဆရာစိတ် ရှိဖို့လိုတယ်။ စာရေး ဆရာဆိုတာ ခန့်လို့ရတာ မဟုတ်ဘူး။ ဖြတ်လမ်းလိုက်လို့ရတာ မဟုတ်ဘူး။ တကယ် ယုံယုံကြည်ကြည်နဲ့ စာပေကို အစဉ်တစိုက်ရေး နေမှ စာရေး ဆရာ ဖြစ်တာ။ ဒီတော့ ကိုဝင်းငြိမ်းရဲ့ မေးခွန်းကို ချုပ်ပြီးဖြေလိုက်ရင် စာရေး ဆရာတွေ များ လာတာဟာ ကောင်းတယ်။ ဒါပေမယ့် ဖြတ်လမ်းနဲ့ စာရေး ဆရာ ဖြစ်ချင်ရင်၊ စာပေကိုမချစ်ဘဲ စာရေး ဆရာ ဖြစ်ချင်ရင်တော့ မကောင်းဘူး။
စာရေး ချင်တဲ့သူ တစ်ယောက် အနေနဲ့ စာကို စိတ်ပါပါ မပါပါရေး နေမှ တိုးတက်မှု ရမယ်လို့ ဆရာကြီး ဆမ္မားဆက်မွမ်က ယူဆတယ်။ ဆရာရော ဘယ်လိုယူဆသလဲ။
ဆမ္မားဆက်မွမ်ပြောခဲ့တဲ့ ဒီစကားကို ကိုဝင်းငြိမ်း ဘယ်မှာ တွေ့ ခဲ့ဖူးသလဲဆိုတာကိုတော့ ကျွန်တော် မပြောတတ်ဘူး။ ဒါပေမယ့် ကျွန်တော် မှတ်မိတာတစ်ခုတော့ ရှိတယ်။ ၁၉၅၈ ခုနှစ် တစ်ဝိုက်လောက်တုန်းက ဆမ္မားဆက်မွမ် ရန်ကုန်ကိုရောက်လာပြီး စထရင်းဟိုတယ်မှာ တည်းနေ တယ်။ အဲဒီ တော့ ဆရာကြီးက အသက် ၈၀ ကျော်လောက်ရှိပြီ။ အဲဒီ မှာ ကျွန်တော် တို့ စာရေး ဆရာတစ်စုကနေပြီး ဆရာကြီးကို လက်ဖက်ရည်ပွဲလေးတစ်ခုနဲ့ ဧည့်ခံတယ်။ အဲဒီ မှာ ကျွန်တော် တို့က ရေး သူဖတ်သူ ဆွေးနွေးပွဲသဘောမျိုး မေးခွန်းတွေ မေးကြတယ်။ အဲဒီ တုန်းက ကျွန်တော် က မေးခွန်းတစ်ခုမေးတယ်။
ကျွန်တော် မေးတာ ကတော့ စာရေး ဆရာ တစ်ယောက် ဖြစ်ချင်ရင် ဘယ်လိုလုပ်ရမလဲလို့ မေးတာမဟုတ်ဘူး။ ကျွန်တော် က ဆရာကြီးရဲ့ အင်္ဂလိပ်စာအရေး အသားကို သဘောကျတယ်။ ဒါကြောင့် ဒီလို စကားပြေ အရေး အသားကောင်းအောင် ဘယ်လိုရေး ရမလဲလို့ မေးတယ်။ ဒီတော့ ဆရာကြီးက စာအရေး အသားကောင်းချင်ရင် ရေး နေရမယ်လို့ ပြောသွားတယ်လို့ ကျွန်တော် မှတ်မိနေတယ်။ သဘော ကတော့ အလေ့အကျင့်လုပ်ရမယ်လို့ ပြောသွားတာပါပဲ။ စကားပြေ အရေး အသား တိုးတက်ကောင်းမွန်ရေး နဲ့ပတ်သက်လို့ ပြောသွားတာပါ။ ဒါက စာရေး နေတဲ့ စာရေး ဆရာတွေ နဲ့ ဆိုင်တယ်။
ကိုဝင်းငြိမ်းမေးတဲ့ မေးခွန်းက စာရေး ဆရာ မ ဖြစ်သေးသူတွေ နဲ့ ဆိုင်တဲ့မေးခွန်း။ စာရေး ဆရာ ဖြစ်ချင်သူတွေ နဲ့ ဆိုင်တဲ့မေးခွန်း။ စာရေး ဆရာ ဖြစ်ချင်သူ တစ်ယောက် ဟာ စိတ်ပါပါ မပါပါ ရေး နေရမယ်။ ဒါမှ တိုးတက်မှု ရမယ်ဆိုတဲ့ မေးခွန်း။ မေးခွန်းနှစ် ခုက နည်းနည်း လေး ကွာနေတယ်။ တစ်ခုက ရေး နေသူနဲ့ပတ်သက်တဲ့မေးခွန်း။ ရေး ချင်စိတ်ရှိတယ်ဆိုရင် စိတ်မပါဘူးဆိုတဲ့ ပြဿနာ မပေါ်တော့ဘူး။ ကျွန်တော့် အနေနဲ့ ပြောရရင် စာရေး ချင်တဲ့သူဟာ ရေး နေရမယ်။ စာရေး ဆရာ ဖြစ်ချင်သူဟာလည်း သူကိုယ်တိုင်က ရေး ချင်နေပြီပဲ။ စိတ်ပါပါ မပါပါဆိုတဲ့ပြဿနာ မပေါ်တော့ ပါဘူး။
ကိုဝင်းငြိမ်းပြောတဲ့ စာရေး ဆရာ ဖြစ်ချင်သူမှာ လည်း ဒီအတိုင်းပါပဲ။ ရေး နေရမှာ ပဲ။ လေ့ကျင့် နေရမှာ ပဲ။ အတတ်ပညာတစ်ခုဟာ လေ့ကျင့်နေမှ တိုးတက်လာမယ် မဟုတ်လား။ စောင်းတတ် ချင်တဲ့သူဟာ စောင်းနဲ့ ကင်းကွာလို့မ ဖြစ်ဘူး။ တင်းနစ်ရိုက်ချင်တဲ့သူဟာ ညနေတိုင်း တင်းနစ်ကွင်း ကို ရောက်နေရမယ်။ ဒါဟာ စာရေး ဆရာနဲ့ရော၊ စာရေး ဆရာ ဖြစ်ချင်သူနဲ့ရော ဆိုင်တယ်လို့ ထင်တယ်။
နိုင်ငံခြား စာပေဝေဖန်ရေး နဲ့ ကျွန်တော် တို့ဆီက စာပေဝေဖန်ရေး ဘယ်လိုကွာခြားပါသလဲ။
တူတာတွေ လည်း ရှိတယ်။ ကွာခြားတာတွေ လည်း ရှိတယ်။ ကျွန်တော် တို့ဆီမှာ ပြင်းပြင်း ထန်ထန် ဝေဖန်ကြတာတွေ ရှိသလို သူတို့ဆီမှာ လည်း ရှိတာပဲ။ ကျွန်တော် တို့ဆီက ဝေဖန်ရေး မှာ နှစ် မျိုးသွားတွေ့ တယ်။ တစ်မျိုးက ပုံသဏ္ဌာန်ကိုအသားပေးတဲ့ ဝေဖန်ရေး ။ နောက်တစ်မျိုးက အကြောင်းအရာကို အသားပေးတဲ့ဝေဖန်ရေး ၊ ဒါဟာ အစွန်းနှစ် ဖက်လို့ထင်တယ်။ ပုံသဏ္ဌာန် ဝေဖန်ရေး နဲ့ အကြောင်းအရာဝေဖန်ရေး နှစ် ခုစလုံးကို ပေါင်းစပ်ဖို့ လိုမယ်ထင်တယ်။ ကျွန်တော် တို့ဆီက ဝေဖန်ရေး နဲ့ သူတို့ဆီက ဝေဖန်ရေး မှာ ကွာခြားချက်တွေ လည်း ရှိတယ်။ ကွာခြားချက် ကတော့ သူတို့ဆီက ဝေဖန်ရေး က ရင့်ကျက်တယ်။ ကျွန်တော် တို့ဆီက မရင့်ကျက်သေးဘူး။ ပညာရှင်ပုံသဏ္ဌာန်ကို အသားပေးလွန်းနေတယ်။ ကျွန်တော် တို့ဆီက ဝေဖန်ရေး က ပုံသဏ္ဌာန် ထက် အကြောင်းအရာကို ဦးစားပေးဝေဖန်တယ်။ သူတို့ဆီက ဝေဖန်ရေး က ပုဂ္ဂလဓိဋ္ဌာန် အစွဲ နည်းတယ်။ ကျွန်တော် တို့ဆီက ပုဂ္ဂလဓိဋ္ဌာန်သဘော များ တယ်။ သူတို့ဆီမှာ က ခေတ်ဟာ အပြောင်းအလဲနည်းပြီး တည်ငြိမ်နေတဲ့ခေတ် ဖြစ်လေတော့ စာပေမှာ ငြင်းခုံရတာ ၊ အကြောင်း အရာပိုင်းမှာ ငြင်းခုံရတာ နည်းတယ်။ ကျွန်တော် တို့ ကတော့ ဖွံ့ဖြိုးဆဲပြောင်းလဲမှု တွေ ကို ဖြတ်သန်း ရဆဲ နိုင်ငံ ဖြစ်လေတော့ လူမှု အပြောင်းအလဲတွေ လည်း များ တယ်။ များ တဲ့အလျောက် အကြောင်း အရာတစ်ခုနဲ့ပတ်သက်လို့ ရှုမြင်ပုံတွေ လည်း ကွဲပြားတတ်တယ်။
တလောက တိုင်းမဂ္ဂဇင်းမှာ အမေရိကန်သမိုင်းဆရာ ပေါလ်ကနေဒီရေး တဲ့ 'အင်အားကြီး နိုင်ငံများ ပေါ်ထွန်းလာပုံနှင့် ကျဆုံးပုံ' ဆိုတဲ့ သမိုင်းကျမ်းကို ဝေဖန်သွားတာကို ဖတ်လိုက်ရတယ်။ ပြီးတော့ အဲဒီ မဂ္ဂဇင်းမှာ ပဲ လက်တင်အမေရိကတိုက် နိုဗယ်ဆုရ စာရေး ဆရာကြီး ဂါဆီယာ မားကွက်ဇ် 'ကာလဝမ်း ရောဂါ ကပ်ထဲက အချစ်' ဆိုတဲ့ဝတ္ထုနဲ့ ရေဝတီအမျိုးသားနိုဗယ်ဆုရ စာရေး ဆရာကြီး အိုင်းဇက်ဘာရှီဗစ်ဆင်းဂါးရဲ့ ဝတ္ထုတိုပေါင်းချုပ်ကိုဝေဖန်တဲ့ ဝေဖန်ချက်တွေ ကို ဖတ်လိုက်ရတယ်။ အဲဒီ ဝေဖန်ချက်တွေ အားလုံးမှာ ဝေဖန်ရေး ဆရာက ကောင်းကွက်ရော၊ အားနည်းချက်ရော နှစ် ဖက်စလုံးကို ဆစ်ဆစ်ပိုင်းပိုင်း ထောက်ပြသွားတယ်။ ကျွန်တော် တို့ဆီမှာ လို စာအုပ်တစ်အုပ်ကို စုတ်ပြတ်နေအောင် ဝေဖန်တာမဟုတ်ဘူး။ သူတို့ဆီက ဝေဖန်ရေး ဟာ ဓမ္မဓိဋ္ဌာန်ကျပြီး ကျွန်တော် တို့ဆီက ဝေဖန်ရေး ကတော့ ပုဂ္ဂလဓိဋ္ဌာန်ကျတယ်လို့ထင်တယ်။ ကျွန်တော် တို့ဆီမှာ ကောင်းတယ်လို့ထင်ရင်လည်း မိုးရောက်အောင် အလွန်အမင်း ချီးမြှောက် ရေး သွားတယ်။ သူ့လောက်တော် တဲ့စာရေး ဆရာမျိုး မြန်မာပြည်မှာ မရှိသေးဘူးဆိုတဲ့ အလွန်အကျွံ အပြောမျိုး၊ သည်စာအုပ်ဟာဖြင့် မီးရှို့ဖို့ပဲ ကောင်းတယ်ဆိုတဲ့ လက်လွယ်စပယ်ပြောတာမျိုး ရှိတယ်။ တချို့ဝေဖန်ရေး ဆရာတွေ ကျတော့လည်း နာမည် ကြီး စာရေး ဆရာ၊ နာမည် ကြီးစာအုပ်ကို ဝေဖန်ရင် လှုပ်လှုပ်ရှားရှား ဖြစ်မှာ ပဲဆိုတဲ့သဘောနဲ့ စတန့်လုပ်တဲ့ ဝေဖန်ရေး တွေ ကို တွေ့ ရတယ်။ ကျွန်တော် တို့ဆီက ဝေဖန်ရေး ဟာ သူငယ်နာမကင်းသေးဘူးလို့ပဲ ပြောချင်တယ်။
တချို့ဝေဖန်ရေး ကျတော့လည်း ဝေဖန်ရေး သဘောတရားတွေ ရေး ပြနေတာနဲ့ပဲ ပြီးနေ တယ်။ ဝေဖန်ရေး သဘောတရားဟာ ကျောင်းတွေ မှာ သင်ဖို့ လိုကောင်းလိုမယ်။ အခြေခံသိဖို့ လိုကောင်းလိုမယ်။ ဒါပေမယ့် လက်တွေ့ ဝေဖန်ရေး က ပိုအရေး ကြီးတယ်။ ဒါကြောင့် ကျွန်တော် တို့ ဆီက ဝေဖန်ရေး သဘောတရားတွေ ထက် သူတို့ဆီက လက်တွေ့ ဝေဖန်ရေး ဆောင်းပါးတွေ ကို ပိုပြီး လေ့လာဖတ်သင့်တယ်လို့ ထင်တယ်။ သူတို့ဝေဖန်ထားတဲ့ မူရင်းစာအုပ်တွေ နဲ့ သူတို့ဝေဖန်ရေး ဆောင်းပါးတွေ ကို ဖတ်ကြည့်လိုက်ရင် ကျွန်တော် တို့အဖို့ ပိုပြီး လက်တွေ့ မှာ အသုံးတည့်လိမ့်မယ် လို့ထင်တယ်။ ကျွန်တော် တို့ ဝေဖန်ရေး ဆရာတွေ ဟာ စာဖတ်နည်းနေတယ်လို့ထင်တယ်။
နောက်တစ်ချက်မေးချင်တာ ကတော့ ဇာတ်ဆောင်စရိုက်နဲ့ပတ်သက်တဲ့ မေးခွန်းပါ။ ဇာတ်ဆောင်စရိုက်ကို ဖန်တီးရာမှာ ဆရာ ဘယ်လိုဖန်တီးတယ်ဆိုတာ ပြောစေချင်ပါတယ် ဆရာ။
ဝတ္ထုအားလုံးမှာ ဇာတ်ဆောင်ဟာ အရေး ကြီးတယ်။ ဝတ္ထုရဲ့ အလုပ်ဟာ တရားဟောဖို့ မဟုတ်ဘူး။ အဘိဓမ္မာတွေ ကို ပြောနေဖို့မဟုတ်ဘူး။ ကဗျာတွေ ကို ရွတ်နေဖို့မဟုတ်ဘူး။ စာအနု အလှတွေ ကို ရေး ဖို့မဟုတ်ဘူး။ ဇာတ်ဆောင်တွေ ကို ဖန်တီးဖို့ ဖြစ်တယ်။ အဲဒီ ဇာတ်ဆောင်တွေ မှ တစ်ဆင့်သာလျှင်၊ လောကရဲ့ သဘာဝ ၊ လူ့ရဲ့ သဘောကို ဖွဲ့ပြနိုင်တယ်။ ဝတ္ထုတွေ ကို ကျွန်တော် တို့ နှစ်သက် ခဲ့တယ်ဆိုတာ ဇာတ်လမ်းထက် ဇာတ်ဆောင်တွေ့ို အစွဲပြုပြီး နှစ်သက် ကြတာ။ တခြား မကြည့်နဲ့ စုံထောက်မောင်စံရှားဝတ္ထုတွေ ကို အများ ကြီး ဖတ်ခဲ့ဖျူးကြတာပဲ။ ဒါပေမယ့် ဇာတ်လမ်း တွေ ကို ကျွန်တော် တို့ ဘယ်မှတ်မိတော့မလဲ။ ဒါပေမယ့် အဲဒီ ထဲက စုံထောက်မောင်စံရှားကို ကျွန်တော် တို့ မှတ်မိနေတယ်။ လူ့ဘဝကြီးကို ပုစ္ဆာတစ်ပုဒ်လိုကြည့်တဲ့၊ ယုတ္တိဗေဒနဲ့ ကျိုးကြောင်း ဆင်ခြင်မှု ကို အလွန်အမင်း အသားပေးတဲ့ မောင်စံရှားကို မှတ်မိနေတယ်။ ကပျစ်ကညစ်နေတတ် တဲ့ သူ့အလုပ်အတွက် အသုံးဝင်တဲ့အရာကလွဲရင် ဘာကိုမှ စိတ်ဝင်စားခြင်းမရှိတဲ့ မောင်စံရှားကို ကျွန်တော် တို့မှတ်မိနေတယ်။ မူရင်း ရှားလော့ဟုမ်းဝတ္ထုမှာ ဒေါက်တာဝပ်ဆင်က ကိုပါနီကပ်ရဲ့ စကြဝဠာကြီးအကြောင်းကို ပြောပြတယ်။ ကမ္ဘာကြီးဟာ နေကို လှည့်ပတ်သွားလာနေတယ်ဆိုတဲ့ စကားကို ရှားလော့ဟုမ်း ပထမဆုံးအကြိမ် ကြားဖူးတာပဲ။
သူ့တစ်သက်မှာ ပထမဆုံးအကြိမ် သိရခြင်း ဖြစ်သည့်တိုင် သူ့အဖို့ အရေး မကြီးသလို ဖြစ်နေတယ်။ ရှားလော့ဟုမ်းက သူ့ဦးနှောက်ထဲမှာ ဒါတွေ ထည့်မထားနိုင်ဘူးတဲ့။ ကမ္ဘာကြီးက နေကို လှည့်ပတ်နေခြင်း မနေခြင်းဟာ အကြောင်းမဟုတ်ဘူးတဲ့။ သူ့စုံထောက်လုပ်ငန်းမှာ ဘာမှ အထောက်အကူမပေးဘူးတဲ့။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ ရှားလော့ဟုမ်းဝတ္ထုတွေ ကို မမှတ်မိ တော့သည့်တိုင် ရှားလော့ဟုမ်းဆိုတဲ့ ဇာတ်ဆောင်ကို မှတ်မိနေကြတာ။ အလားတူပဲ 'စစ်နဲ့ ငြိမ်းချမ်းရေး ' မှာ မာနကြီးတဲ့ မင်းသားကလေး အင်ဒရေး ၊ နမော်နမဲ့နိုင်ပြီး စိတ်နှလုံးကောင်းရှိတဲ့ ပီယာ၊ စိတ်ကစားပြီး ရိုးသားအပြစ်ကင်းတဲ့ နာတာရှာ၊ လူတွေ ကို ကျွေးချင်မွေးချင်တဲ့ စိတ်ကောင်း ရှိပြီး နောက်ဆုံးမှာ ကုန်းကောက်စရာရှိအောင် မွဲသွားတဲ့ နာတာရှာတို့အဖေ မြို့စားကြီး ရော့စတော့။ ဘာသာတရားကို ကိုင်းရှိုင်းပြီး အဖေကို ကြောက်ရသလောက် ယောက်ျားပျိုးတွေ ကို မြင်ရင် ရှက်တတ်တဲ့မင်းသမီး မေရီ။ သူ့ကျေးဇူးရှင်တွေ အပေါ်မှာ သစ္စာစောင့်သိတတ်တဲ့ ရော့စတော့ရဲ့ မွေးစားသမီး ဆွန်ယာ စတဲ့ ဇာတ်ဆောင်တွေ ကို ကျွန်တော် တို့ မှတ်မိနေတယ်။ ဒီအတိုင်းပဲ 'ပန်းသာ မစာဥ' ရဲ့ ဇာတ်လမ်းကို ကျွန်တော် တို့ မမှတ်မိတော့ပေမယ့် အဲဒီ ဝတ္ထုထဲက 'အု' ဆိုတဲ့ ကျေးတောသူမလေးနဲ့ လူရှုပ်လူပွေ ပန်းသာမောင်မောင်ကိုတော့ ကျွန်တော် တို့ မှတ်မိ နေကြတယ်။ ဝတ္ထုထဲက ဇာတ်ဆောင်များ ကို အင်္ဂလိပ်စာရေး ဆရာကြီး အီးအမ်းဖော်စတားက Homo Fictus စိတ်ကူးလူလို့ခေါ်ခဲ့တယ်။ စာရေး ဆရာဟာ လူတွေ တော် တော် များများ ကို တွေ့ ပြီးမှ အဲဒီ လူတွေ အားလုံးပါဝင်တဲ့၊ လက္ခဏာချက်တွေ အားလုံးပါဝင်တဲ့ ဖာတ်ဆောင် တစ်ယောက် ကို စိတ်ကူးနဲ့ ဖန်တီးလိုက်ခြင်း ဖြစ်တယ်။ ကျွန်တော် ဟာ စာရေး မကလေး တစ်ယောက် ရဲ့ စရိုက်ကို ဖွဲ့မယ်ဆိုရင် စာရေး မကလေးပေါင်းများ စွာ ရဲ့ စရိုက်တွေ ကို ချုံ့ယူပြီး အဲဒီ ဇာတ်ဆောင် စာရေး မကလေး တစ်ယောက် အ ဖြစ် ဖွဲ့ယူရတယ်။ သူတို့အားလုံးကို ကိုယ်စားပြု နိုင်တဲ့ ဇာတ်ဆောင် တစ်ယောက် ကို ဖွဲ့ယူရတယ်။ ဒါမှသာလျှင် ကိုယ်ဖွဲ့လိုက်တဲ့ ဇာတ်ဆောင်ဟာ သရုပ်ပီပြင်မယ်။ ရုရှားစာရေး ဆရာကြီး တူရဂေးညက်ရဲ့ 'အဖေနဲ့ သား' ဆိုတဲ့ ဝတ္ထုထဲက ဇာတ်ဆောင် ဘာဇာရော့ဗ်ဟာ စာရေး ဆရာက မီးရထားပလက်ဖောင်းပေါ်မှာ တွေ့ လိုက်ရတဲ့ အဲဒီ ခေတ်က ရုရှားပြည်က နတ္ထိကဝါဒီတစ်ဦးကို ဖွဲ့လိုက်တာ ဖြစ်ပေမယ့် သူ့ဇာတ်ဆောင်ဟာ အဲဒီ ခေတ်က ရုရှားပြည်မှာ ရှိခဲ့တဲ့ နတ္ထိကယါဒီအားလုံးကို ကိုယ်စားပြုနိုင်တယ်။ ဒါ့ကြောင့် သူ့ဝတ္ထုထဲက နတ္တိကယါဒီ ဇာတ်ဆောင် ဘာဇာရော့ဗ်ဟာ သက်ဝင်လှုပ်ရှားနေခြင်း ဖြစ်တယ်။ တော် လ်စတွိုင်းဟာ 'စစ်နဲ့ ငြိမ်းချမ်းရေး ' ထဲက နာတာရှာရဲ့ စရိုက်ကို ဖွဲ့တဲ့နေရာမှာ သူ့ခယ်မ ဖြစ်တဲ့ တီတီယန်နာဘားစ်ကိုကြည့်ပြီး ဖွဲ့ခြင်း ဖြစ်သည့်တိုင် အဲဒီ ခေတ်က ရုရှားမင်းစိုးရာဇာ သေနာပတိ လူတန်းစားထဲက မြီးကောင်ပေါက်ကလေးတွေ ကို ကြည့်ပြီး ဖွဲ့ခဲ့ခြင်း ဖြစ်တယ်။
စာရေး ဆရာဟာ ဇာတ်ဆောင်ကို ဖန်တီးရာမှာ လူ တစ်ယောက် တည်းကိုသာကြည့်ပြီး ပုံတူရေး တာမျိုးမဟုတ်ဘူး။ အလားတူပုဂ္ဂိုလ်တွေ ကိုကြည့်ပြီး သူတို့ရဲ့ တူညီတဲ့အချက်တွေ ကို ချုံ့ယူပြီး သူလိုချင်တဲ့ ဇာတ်ဆောင်မျိုးကို ဖန်တီးယူတာ။ ဖလောဘေးဟာ မဒမ်ဗိုဗာရီကို ရေး ခဲ့ပြီးတဲ့အခါကျတော့ သူ့ဝတ္ထုထဲက ဘယ်သူ့ကိုကြည့်ပြီး ရေး တာမဟုတ်လားလို့ စာဖတ် ပရိသတ်တွေ ဆီက စာတွေ အများ ကြီးလာတယ်။ သူမသိတဲ့ နိုင်ငံခြားက အမျိုးသား တစ်ယောက် ကတော့ (သစ္စာမရှိတဲ့ သူ့မိန်းမကို) သူ့အတွက် လက်စားချေပေးရာရောက်လို့ ဖလောဘေးကို ချီးကျူးလိုက်တယ်။ အာဖရိကတိုက်က အမျိုးသား တစ်ယောက် က အာဖရိကတိုက်မှာ ရှိတဲ့ မျက်နှာဖြူဆရာဝန် တစ်ယောက် ရဲ့ မိန်းမနဲ့ မဒမ်ဗိုဗာရီနဲ့ တူလွန်းလို့ဆိုပြီး စာလာတယ်။ မဒမ်ဗိုဗာရီဝတ္ထုထဲက အ ဖြစ်အပျက်ဟာ တစ်ခုမှ ဖြစ်ရပ်မှန် မဟုတ်ပါဘူး။ စာရေး ဆရာ စိတ်ကူးနဲ့ တီထွင်ဖန်တီးထားတာသာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီ ထဲမှာ ဖြစ်ရပ်မှန်လို့ ထင်စရာများ ပါလာ ခဲ့ရင် သူ့ဝတ္ထုဟာ ဒိဋ္ဌဓမ္မကျလို့သာ ဖြစ်တယ်လို့ ဖလောဘေး ပြောခဲ့တယ်။
ဒီလောက်ဆိုရင် ဇာတ်ဆောင်တွေ ကို ဖန်တီးတာနဲ့ပတ်သက်လို့ ရှင်းလောက်ပြီထင်ပါ တယ်။ ကျွန်တော့် ဇာတ်ဆောင်များ ဟာလည်း ဒီလို ဖန်တီးခဲ့ကြတာပါပဲ။ အခြားသော စာရေး ဆရာ များ ရဲ့ ဇာတ်ဆောင်များ ဟာလည်း ဒီအတိုင်း ဖန်တီးခဲ့တာ ဖြစ်မယ်လို့ ထင်ပါတယ်။ အမြင်စူးရှရင် စူးရှသလောက်၊ တင်ပြပုံကောင်းရင် ကောင်းသလောက် ပရိသတ်ရဲ့ စိတ်ထဲမှာ အစစ်အမှန်လို့ မြင်သွားကြတာပါပဲ။ 'လိုက်ခဲ့တော့ မြနန္ဒာ' ရေး တုန်းက ပဒေသရာဇ်ာစော်ဘွား တစ်ယောက် ရဲ့ သမီးပျို တစ်ယောက် ကို ကျွန်တော် ဇာတ်ဆောင်ထားရေး ခဲ့တယ်။ ပဒေသရာဇ်သမီးပျို တော် တော် များများ ကိုကြည့်ပြီး သူတို့စရိုက်တွေ ကို ချုံ့ယူပြီး မြနန္ဒာကို ကျွန်တော် ဖန်တီးခဲ့တာပါ။ 'ဓားတောင်' မှာ လည်း 'သံချောင်း' ဖန်တီးရာမှာ အဲဒီ လို လူငယ်တွေ ကိုကြည့်ပြီးမှ ကျွန်တော် ဖန်တီးခဲ့တာပါ။ ဒီလိုဖန်တီးရာမှာ လူဘယ်နှယောက် ကိုပေါင်းပြီး ဖန်တီးမယ်၊ ဘယ်သူ့ကိုကြည့်ပြီး ဖန်တီးမယ်ရယ်လို့ သိစိတ်ရှိရှိနဲ့ ဖန်တီးတာတော့မဟုတ်ဘူး။ ဇာတ်ကောင်၊ ဇာတ်ဆောင်ကို ရေး ရင်း ရေး ရင်းနဲ့ ခေါင်းထဲ အလိုလိုရောက်လာပြီး ဖန်တီးမိလျက်သား ဖြစ်သွားတာပါပဲ။ တခြား စာရေး ဆရာများ ဟာလည်း ဒီနည်းအတိုင်းပဲ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။
နောက်မေးခွန်းတစ်ခု ကတော့ 'ကျွန်တော် ဆက်၍ ရေး ချင်သော ဝတ္ထုများ ' အကြောင်းပါပဲ။ အဲဒီ ဝတ္ထုတွေ ကို ရှုမဝမဂ္ဂဇင်းမှာ ရေး ခဲ့တာကို ဖတ်ရပါတယ်။ တစ်ဒါဇင်လောက် ရှိမယ်ထင်ပါတယ်။
ဆယ်ပုဒ်ပါ။
ဟုတ်ကဲ့၊ အဲဒီ ဝတ္ထုတွေ ကို ဆရာ ဘယ်လိုစိတ်ကူးရပါသလဲ။ ဆက်ပြီးရေး ချင်တယ်ဆိုတော့ မူလဝတ္ထုတွေ ဟာ ပြီးပြည့်စုံမှု မရှိသေးဘူးလို့ အဓိပ္ပာယ်မသက်ရောက်ပေဘူးလား။ ဆက်၍ ရေး ချင်သော ဝတ္ထုများ ကို နောက်ထပ် ဘာ ဖြစ်လို့ မရေး တော့တာလဲ။ ဆရာ ဆက်ရေး ချင်တဲ့ဝတ္ထုတွေ ကုန်သွားပြီလား။
၁၉၇၃ ခုနှစ် ကစပြီး ရှုမဝမဂ္ဂဇင်းမှာ ကျွန်တော် ဆယ်ပုဒ် ဆယ်လ ရေး ခဲ့ပါတယ်။ နောက် လုံးချင်းအ ဖြစ် ထုတ်ခဲ့ပါတယ်။
ဒီဝတ္ထုတွေ စိတ်ကူးရလာပုံ ကတော့ နည်းနည်း ဆန်းတယ်လို့ ဆိုရမလား မသိဘူး။ ကျွန်တော် ဟာ တစ်ခါတုန်းက ကာလအတန်ကြာ တစ်ယောက် တည်းနေခဲ့ရပါတယ်။ 'တောရ' မှာ 'ဧကစာရီ' ကျင့်တယ် ဆိုပါတော့။ ဖတ်စရာစာအုပ်လည်း မရှိဘူး။ စကားပြောဖက်လည်း မရှိဘူး။ ဒီတော့ ကျွန်တော့် ဘဝကိုရော၊ ကျွန်တော် ဖတ်ဖူးခဲ့တဲ့စာတွေ ကိုရော ကျွန်တော် ပြန်စဉ်းစား တယ်။ စဉ်းစားတဲ့အလုပ်ပဲရှိတယ်ဆိုပါစို့။ ဒီလို စဉ်းစားရင်း ကျွန်တော် ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ ဝတ္ထုတွေ ကို ပြန်စဉ်းစားမိတယ်။ အဲဒီ အထဲကမှ ကျွန်တော် နှစ်သက် စွဲလမ်းခဲ့တဲ့ဝတ္ထုတွေ ကို ပြန်စဉ်းစားပြီး အဲဒီ ဝတ္ထုကြီးတွေ ကို ဒီလိုဆက်ရေး ရင် ကောင်းမှာ ပဲလို့ အတွေးပေါ်လာတယ်။ ဆက်ပြီးရေး ချင်တယ်။ အဲဒီ ဝတ္ထုကြီးတွေ ကို ပြန်လှန်ပြီး သုံးသပ်ကြည့်တယ်။ ကျွန်တော် နှစ်သက် စွဲလမ်းတဲ့အချက်တွေ လည်း တွေ့ တယ်။ အားနည်းချက်တွေ ကိုလည်း တွေ့ တယ်။ အားနည်းချက် ဆိုတာ ကတော့ ကိုယ်ထင်တာပေါ့လေ။ တကယ် ဟုတ် မဟုတ်ဆိုတာ ကတော့ အငြင်းပွားနိုင် ပါတယ်။ ဒီတော့ ကိုယ်စွဲလမ်းခဲ့တဲ့ ဝတ္ထုကြီးတွေ ကို ဂုဏ်ပြုရာလည်းရောက်အောင်၊ ဝေဖန်တဲ့ သဘောလည်းရောက်အောင်ဆိုပြီး အဲဒီ ဝတ္ထုတွေ ကို ရေး တာပါပဲ။ မပြည့်စုံဘူးထင်လို့ ရေး တာ တော့ မဟုတ်ပါဘူး။ အဲဒီ ဝတ္ထုတွေ ဟာ သူ့နည်းနဲ့သူတော့ ပြည့်စုံနေကြတာပါပဲ။ စာရေး ဆရာ ကလည်း ပြည့်စုံပြီထင်လို့၊ ရေး စရာကုန်ပြီထင်လို့ ဒီအတိုင်း ဇာတ်သိမ်းပစ်ခဲ့ကြတာပါပဲ။ ဆက်ရေး တာ ကတော့ အဲဒီ ဝတ္ထုကြီးတွေ ကို တစ်ဖက်က ခံစားပြရင်း တစ်ဖက်က ဝတ္ထုသဏ္ဌာန်နဲ့ ဝေဖန်တဲ့သဘောပါပဲ။
ဆက်ရေး ချင်သော ဝတ္ထုများ ကို နောက်ထပ်မရေး သေးတာ ကတော့ ရေး စရာဝတ္ထု ကုန်သွား လို့မဟုတ်ပါဘူး။ 'ဆက်၍ ရေး ချင်သော ဝတ္ထုများ ' ဆယ်ပုဒ်ကို ၁၉၃၀ ပြည့်တစ်ဝိုက်ကစပြီး ၁၉၄၃ ခု တစ်ဝိုက်လောက်အထိ ပေါ်ထွက်ခဲ့တဲ့ မြန်မာဝတ္ထု ဆယ်ပုဒ်အကြောင်းကို ကျွန်တော် ရေး ထား ပါတယ်။ ဒီနောက် စစ်ပြီးတဲ့အချိန်လောက်ကစပြီး ၁၉၆၀ ပြည့်တစ်ဝိုက်လောက်အထိ ပေါ်ထွက် ခဲ့တဲ့ဝတ္ထုတွေ ကိုလည်း အဲဒီ ပုံသဏ္ဌာန်နဲ့ပဲ ဆက်ရေး မယ်လို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် တချို့ ဝတ္ထုတွေ အချိန်သိပ်နီးနေတော့ အချိန်စောင့်ရမယ်။ အဝေးအနီး မှန်အောင်ကြည့်နိုင်ဖို့၊ ဓမ္မဓိဋ္ဌာန် ကျဖို့၊ ပုဂ္ဂိုလ်စွဲဆန္ဒမပါဖို့၊ အချိန်စောင့်ဖို့လိုပါတယ်။ ဒါကြောင့် မရေး သေးတာပါ။
ကျွန်တော် မှတ်မိသလောက် ဆရာရေး ခဲ့တဲ့ ကိုယ်ပိုင်လုံးချင်းဝတ္ထုတွေ ထဲမှာ 'မာယာဘုံ' ဝတ္ထုဟာ နောက်ဆုံးပဲလို့ထင်ပါတယ်။ ဒီနောက်တော့ ကိုယ်ပိုင်လုံးချင်းရေး တာကို မတွေ့ ရတော့ ပါဘူး။ ဘာ ဖြစ်လို့ပါလဲ။ ရေး ဖို့ရော အစီအစဉ်ရှိပါသလား။
'မာယာဘုံ' ဝတ္ထုကို ၁၉၇၆ ခုနှစ် မှာ ကျွန်တော် ရေး ခဲ့ပါတယ်။ အဲဒီ နောက်မှာ ခုအချိန်ထိ ကိုယ်ပိုင်လုံးချင်းရယ်လို့ ကျွန်တော် တစ်ပုဒ်မှ မရေး ရသေးပါဘူး။ ဘာသာပြန်တွေ ပဲ များ ပါတယ်။ အကြောင်းတွေ ကတော့ အများ ကြီးပါပဲ။ ရေး ဖို့တော့ စိတ်ကူးထဲမှာ အများ ကြီး ရှိပါတယ်။ မကြာခင် ရေး ဖြစ်လိမ့်မယ်ထင်ပါတယ်။
![]() အချစ်နှင့် စစ် | ![]() ဆင်စွယ်နန်းတော်ပေါ်ကမင်းသမီး (သို့မဟုတ်) အင်ဂျလီနားဂျိုလီ | ![]() မင်းမှုထမ်း |