ဝန်ကြီးချုပ်ဦးနု
၏
စကားကြီးသုံးခွန်း
တိုင်းရင်းသားစည်းလုံးရေး
နိုင်ငံခြားရေး
စာရေး ဆရာကြီးဦးနု၏ (၁၀၆)နှစ် မြောက်မွေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ငါတို့စာပေမှ ထုတ်ဝေသည်။
၁၉၄၇ ခုနှစ် မှစ၍ ၁၉၅၂ခုနှစ် အထိ ငါးနှစ် မျှသာ ကာလအတွင်း၌ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုသည် ဖ.ဆ.ပ.လ အဖွဲ့ချုပ်ဥက္ကအ ဖြစ်ဖြင့် လည်းကောင်း နိုင်ငံတော် အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ် ဖြင့် လည်းကောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် ၌ ပေါ်ပေါက်လာသော အတိတ်၊ ပစ္စုပ္ပန်၊ အနာ ဂတ်အရေး အရာ အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ မိန့်ခွန်းစကားများ စွာ ပြောကြားခဲ့ပေသည်။ ထိုမိန့်ခွန်း စကားများ ကို အားလုံးခြုံ၍ ကြည့်လျှင် (၁) ဒီမိုကရေစီတည်ဆောက်ရေး (၂) တိုင်းရင်းသား စည်းလုံးရေး (၃) နိုင်ငံခြားရေး ဟူ၍ နိုင်ငံတော် ကြီး၏ တိုးတက်ရာတိုးတက်ကြောင်း အဓိက အရေး ကြီးသုံးပါးသည် ထင်ရှားစွာ ထွက်ပေါ်လျက်ရှိလေသည်။ ဤအရေး ကြီးသုံးပါးနှင့် စပ်လျဉ်း၍ ၀န်ကြီးချုပ် ဦးနု၏ မြွက်ကြားချက်များ သည် နိုင်ငံတော် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါး နှင့် သက်ဆိုင်သည် ဖြစ်၍ ပြည်ထောင်စုသားအားလုံးတို့သည် ကွက်ကွက်ကွင်းကွင်း ထင်လင်း သေချာစွာ ဖတ်ရှုနှလုံးသွင်းနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့် ငါးနှစ် အတွင်း ၀န်ကြီးချုပ်၏ များ စွာ သော မိန့်ခွန်းတို့မှ သင့်ရာသင့်ရာ အချက်အလက်တို့ကို ထုတ်နုတ်၍ “၀န်ကြီးချုပ်၏ စကားကြီး သုံးခွန်း”ဟူသော အမည် ဖြင့် စာတစ်အုပ် ပြုလုပ်ထုတ်ဝေလိုက်ပါသတည်း။
ဒီမိုကရေစီတည်ဆောက်ရေး
တစ်လမ်းပဲရှိတော့သလား
ဒီအစိုးရကို ဖြုတ်ချဖို့ဟာ လက်နက်နဲ့ သူပုန်ထပြီး ဖြုတ်ချဖို့နည်းလမ်းတစ်လမ်းပဲရှိတော့ သလား။ ကျွန်တော် ဟာ နဂိုရ်အားဖြင့် သွေးထွက်သံယိုမှု ကို မလိုလားပေ။ အင်္ဂလိပ်တွေ လက် အောက်မှာ နေတုန်းကဆိုရင် အခြေအနေအရ လက်နက်စွဲပြီး သူပုန်ထတာကို ထောက်ခံမယ်ဆို ရင်ထောက်ခံနိုင်သေးတယ်။ ဘာ ဖြစ်လို့လည်းဆိုရင် အင်္ဂလိပ်လက်အောက်မှာ နေရတုန်းက ဗမာ တစ်မျိုးသားလုံး တစ်ယောက် မကျန် အင်္ဂလိပ်တွေ ထွက်သွားရမယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချမှတ်ကြပေတဲ့ အင်္ဂလိပ်တွေ ထွက်သွားရမယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်ကြပေတဲ့ အင်္ဂလိပ်တွေ ထွက်ပေးမှာ မဟုတ်ဘူး။ ဘာ ဖြစ်လို့လည်းဆိုရင် အင်္ဂလိပ်တွေ ထွက် ပေးရေး မထွက်ပေးရေး ဆုံးဖြတ်နိုင်တဲ့ အာဏာဟာ ဗမာ့လူထုကြီးရဲ့ လက်ထဲမှာ မရှိပဲ ဘိလပ်ပါလီ မန်ရဲ့ လက်ထဲမှာ သာ ရှိနေတာကိုး။
အခုတော့ ဒီအတိုင်းပဲလား ဒီအတိုင်းမဟုတ်တော့ဘူး။ ဗမာတစ်မျိုးလုံး တစ်ယောက် မကျန် ကတောင် မဟုတ်ဘူး။ ဗမာ့လူထုကြီးထဲက ထက်ဝက်ကျော်ကျော်လောက်က ဒီအစိုးရကို မကျေနပ်ဘူးလို့ ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲနဲ့ဆုံးဖြတ်လိုက်ရင် ဒီအစိုးရက ပြုတ်ကျရမယ်။
ဒီမိုကရေစီနည်းနဲ့ဖြုတ်ချနိုင်တယ်
အခြေခံအုပ်ချုပ်ရေး စည်းမျဉ်းဥပဒေရဲ့
အခန်း ၁။ နိုင်ငံတော် ဖွဲ့စည်းပုံအပိုဒ်(၄)မှာ အတိအလင်းဆိုထားပါတယ်။ နိုင်ငံတော် ရဲ့ အချုပ်အခြာအာဏာများ ဖြစ်ကြတဲ့ ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှု အာဏာ၊ တရားစီရင်မှု အာဏာတို့ ဟာ တိုင်းသူပြည်သားများ က အာဏာအပ်နှင်းတဲ့လူတွေ ဟာ အစိုးရတက်လုပ်အပ်နှင်းခြင်းမခံရတဲ့ လူတွေ ဖယ်ပေးကြ အင်မတန် ရှင်းပါတယ်။ အခုအခါမှာ ဗမာနိုင်ငံမှာ ဘယ်အစိုးရကိုမဆို အဲဒီ လို ဒီမိုကရေစီနည်းနဲ့ ဖြုတ်ချနိုင်တယ်။ ဘယ်သူပဲ ဖြစ် ဖြစ် အစိုးရအာဏာကို လိုချင်တယ်ဆိုရင် အဲဒီ လို ဒီမိုကရေစီနည်းနဲ့ရနိုင်တယ်။
ဘယ်လိုလူတွေ လည်း
အဲဒီ လို နည်းလမ်းကြီးရှိလျက်သားနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့ မသွားပဲ သူပုန်ထပြီး အာဏာ လုချင်တယ်ဆိုတဲ့ လူတွေ ဟာ လူထုကို မယုံကြည်တဲ့လူတွေ ရင်လည်း ဖြစ်ရမယ်။ လူထုရဲ့ ငြိမ်းချမ်းရေး ကို ဖျက်ဆီးစော်ကားလိုတဲ့ လူတွေ ရင်လည်း ဖြစ်ရမယ်။ ကိုယ့်ရဲ့ နိုင်ငံရေး လမ်းစဉ်ကို ကိုယ့်ဟာကိုယ် မယုံကြည်တဲ့ လူတွေ ရင်လည်း ဖြစ်ရမယ်။ နှစ် မျိုးစလုံးလည်း ဖြစ်ရမယ်။
ကွန်မြူနစ်တို့ရဲ့ ကြွေးကြော်သံတွေ ဟာ လူထုအင်မတန်ကြိုက်နိုင်တဲ့ ကြွေးကြော်သံတွေ ပဲ။ နိုင်ငံခြားပိုင် ပစ္စည်းတွေ ကို လျော်ကြေးမပေးပဲနဲ့ သိမ်းမယ်။ နိုင်ငံခြားကြွေးတွေ ကို ပြန်မဆပ်ဘူး။ လယ်သီးစားခ ပြန်မပေးနဲ့ လယ်တွေ ကို လယ်သမားတွေ ပိုင်စေ လူထုဘက်ကနေကြည့်ရင် ဒီကြွေး ကြော်သံတွေ ထက် ကောင်းတာမရှိတော့ဘူး။ လူထုကြီးက ချင့်ချိန်ပြီး ဒီကြွေးကြော်သံတွေ ဟာ ကြွေးကြော်ရုံသာကောင်းတဲ့ ကြွေးကြော်သံတွေ မကဘူး။ အဟုတ်တကယ်ကို လက်တွေ့ လုပ်လို့ရ တဲ့ ကြွေးကြော်သံတွေ ဆိုတာ ယုံကြည်ရင် ကွန်မြူနစ်တွေ နောက်ကိုလိုက်ကြမှာ ပဲ။ လျော်ကြေးပေး မယ် ကြွေးဆပ်မယ် လယ်ခွန်တော် နှစ် ဆ လယ်သီးစားခ ပေးရမယ်ဆိုတဲ့ ဖ.ဆ.ပ.လကို စွန့်ပစ်ကြ မှာ ပဲ။ အဲဒီ လမ်းကိုဘာ ဖြစ်လို့ ကွန်မြူနစ်တွေ မလိုက်နိုင်ကြတာလည်း။ လူထုကိုမယုံကြည်လို့လား ကိုယ့်ကြွေးကြော်သံနဲ့ကိုယ့်လုပ်ငန်းစဉ်ကိုပဲ ကိုယ်မယုံလို့လား နှစ် ခုစလုံးကြောင့် ပဲလား။
လူထုကြီးက ရွေးကောက်တင်မြှောက်လျှင်
ရွေးကောက်ပွဲမှာ လူထုကြီးက ကွန်မြူနစ်တွေ ကို အများ ကြီးရွေးကောက်တင်မြှောက်လိုက် ကြရင် အစိုးရဖွဲ့နိုင်ရုံသာမကဘူး။ သူတို့ မကြိုက်ဘူးဆိုတဲ့ နု-အက်တလီခေါ် အင်္ဂလိပ်-ဗမာစာချုပ် ကြီးကိုလည်း လွှတ်တော် ထဲမှာ ပယ်ချပစ်နိုင်တာပဲ။ လျော်ကြေးမပေးပဲနဲ့တောင် နိုင်ငံခြားသားတွေ ရဲ့ ပစ္စည်းတွေ ကို သိမ်းနိုင်တယ်ဆိုရင် ဒီစာချုပ်ကြီးကို လွှတ်တော် ထဲမှာ ပယ်ချဖို့ဟာ မခက်ခဲတော့ ပါဘူး။ အဲဒီ လိုလုပ်နိုင်တဲ့ နည်းတွေ ရှိပါလျက်သားနဲ့ ကွန်မြူနစ်တွေ ဘာကြောင့် မလုပ်ကြသလည်း။ ဘာပဲ ဖြစ် ဖြစ် သွေးထွက်သံယိုမှု ကြီးကို လုပ်ရမှာ ပဲ ကျေနပ်မယ်ဆိုတဲ့ သဘောကြောင့် လား။
လမ်းနှစ် လမ်း
လက်နက်နဲ့တိုက်ပြီး အာဏာကို လုယူရမယ်ဆိုတာ စာအုပ်ကြီးထဲမှာ ပါပေမယ့်လည်း ဒီလမ်းအပြင် တခြားလမ်းရှိတော့ဘူးလို့ဆိုရင်တော့ မှားလိမ့်မယ်။ ကွန်မြူနစ်တို့ရဲ့ အဓိပတိကြီး ဖြစ် တဲ့ စတာလင်ကတောင်မှ အင်္ဂလန်ပြည် လေဘာပါတီက ရုရှားသို့ စေလွှတ်လိုက်တဲ့ ဟရိုးလပ် စကီဆိုသူ ခေါင်းဆောင်တဲ့ မိတ်ဆက်အဖွဲ့ဝင်တွေ နဲ့ တွေ့ ဆုံစဉ်တုန်းက ဆိုရှယ်လစ်နိုင်ငံကြီးသို့ ရောက်ဖို့အတွက် လမ်းနှစ် သွယ်ရှိတယ်။ တစ်လမ်းမှာ ဗြိတိသျှလမ်း အခြားတစ်လမ်းမှာ ဆိုဗီယက်လမ်း ဗြိတိသျှလမ်းမှာ နှေးနှေးနှင့် မှန်မှန်ရောက်နိုင်တယ်။ ဆိုဗီယက်လမ်းမှာ မြန်မြန် ရောက်တယ်။ သို့ ရာတွင် သွေးထက်သံယိုမှု ရှိတယ်လို့ အတိအလင်းပြောတယ်ဆိုတာ ကျွန်တော် တို့ ဖတ်လိုက်ရပါတယ်။
ဗြိတိသျှလမ်းဆိုတာက တခြားဟာမဟုတ်ဘူး။ လူထုဆီက ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲများ ဖြင့် အာဏာရအောင်ယူပြီး ဆိုရှယ်လစ် နိုင်ငံကို ထူထောင်တဲ့နည်း ဖြစ်တယ်။ ဆိုဗီယက်နည်းဆိုတာ ကတော့ လက်နက်စွဲကိုင်၍ အာဏာကိုအတင်းလုယူပြီး ဆိုရှယ်လစ်နိုင်ငံ ထူထောင်တဲ့နည်းပင် ဖြစ်ပါတယ်။
ဇွတ်မှိတ်လိုက်ရင် မှားလိမ့်မယ်
အဲဒီ တော့ ဆိုရှယ်လစ်နိုင်ငံကို ရောက်နိုင်တဲ့လမ်းက နှစ် လမ်းရှိပါလျက်နဲ့ တစ်လမ်းထဲကို သာ ဇွတ်မှိတ်ပြီးလိုက်နေမယ်ဆိုရင် မှားလိမ့်မယ်။ ဆိုဗီယက်မှာ လုပ်တာနဲ့ အတင်းလိုက်ပြီး လုပ်မယ်ဆိုရင်လည်း မှားလိမ့်မယ်။ ဆိုဗီယက်နိုင်ငံမှာ လုပ်ရတာ က သူ့ပတ်ဝန်းကျင်နဲ့ သူ့အခြေ အနေကို ကြည့်ပြီးလုပ်ရတာ ။
ဆိုဗီယက်တို့ လက်နက်စွဲကိုင်ပြီး တော် လှန်ပုန်ကန်ကြတဲ့အချိန်တုန်းက ရုရှားပြည်မှာ ဇာဘုရင်အုပ်စိုးနေတယ်။ အဲဒီ တော့ အုပ်ချုပ်ရေး အာဏာ ဥပဒေပြုရေး အာဏာ တရားစီရင်ပိုင်ခွင့် အာဏာအစရှိတဲ့ အချုပ်အခြာအာဏာမှန်သမျှဟာ ဇာဘုရင်က ဆင်းသက်တယ်။ ရုရှားလူထုကြီး က ဇာဘုရင်ကို မလိုချင်ဘူးလို့ ဘယ်လိုပင်ဆုံးဖြတ်ပေမယ့်လည်း ဆုံးဖြတ်တာပဲရှိမှာ ပဲ။ လူထုလက်ထဲမှာ အာဏာမှမရှိပဲကိုး ဇာဘုရင်က ဘယ်မှာ ဖယ်ပေးမလည်း။ အဲဒီ တော့ လူထုက လက်နက်ကိုင်ပြီး အတင်းတိုက်ထုတ်ရတာ ပေါ့။
ဗမာနိုင်ငံမှာ ဒီလိုမဟုတ်တော့ဘူး
အခု ဗမာနိုင်ငံမှာ ဒီလိုမဟုတ်တော့ဘူး အချုပ်အခြာအာဏာဟာ လူထုမှဆင်းသက်တယ်။ အဲဒါကို အခြေခံအုတ်ချုပ်ရေး စည်းမျဉ်းကြီးထဲမှာ အတိအလင်းဖော်ပြထားတယ်။ အဲဒီ တော့ အစိုးရ အဖွဲ့တစ်ဖွဲ့ဟာ ဆိုးသွမ်းလာလို့သူ့ကို ဖြုတ်ချချင်တယ်ဆိုရင် လူထုဆီမှာ သွားပြီး ဒီမိုကရေစီနည်းနဲ့ အာဏာကိုတောင်းပါ။ ဒီမိုကရေစီနည်းနဲ့ အာဏာတောင်းတယ်ဆိုတာ ကတော့ တခြားမဟုတ်ဘူး။ အစိုးရအဖွဲ့မကောင်းကြောင်းကို လူထုရှေ့ချပြ လူထုက ယုံကြည်ရင် အဲဒီ အဖွဲ့က အမတ်ဦးရေများ ပြီး အစိုးရအဖွဲ့က အမတ်ဦးရေနည်းတာနှင့် တစ်ပြိုင်နက် အစိုးရအဖွဲ့ပြုတ်ကျ သူတို့အစိုးရ တက်ဖွဲ့ အဲဒါပဲ။ အာဏာကို သွေးထွက်သံယိုမရှိပဲနဲ့ ရအောင်ယူတယ်ဆိုတာ ဒီနည်းရှိလျက်သားနဲ့ သွေးထွက်သံယိုနည်းကိုသာ ဇွတ်လိုက်တယ် ဆိုတာ ကတော့ ဆင်ခြင်တုံတရားသိပ်ပြီး ကင်းမဲ့ လွန်းရာ ကျနေတာပဲ။
ဒီမိုကရေစီနည်းနဲ့ အာဏာယူနိုင်လျက်သားနဲ့ ဒီနည်းကိုလက်မခံပဲ အဓမ္မနည်းနဲ့အာဏာကို လုယူတာဟာ ဆင်ခြင်တုံတရား သိပ်ပြီးကင်းမဲ့လွန်းရာ ကျနေတာရဲ့ အပြင် ပြောစရာတွေ ရှိပေ သေးတယ်။
အာဏာလုပွဲအတွင်းမှာ သွေးချောင်းစီးလောက်အောင် တစ်ယောက် နဲ့ တစ်ယောက် သတ်ရဖြတ်ရမယ်။ အဲဒီ စကားကိုပြောတာနဲ့ ဘယ်တော့မှ တိုက်ဖို့မလိုဘူးလို့ ကျွန်တော့် ကို အထင် မလွဲစေလိုပါ။ လူထုဆီက တရားသော နည်းလမ်းတို့ဖြင့် အာဏာတောင်းယူရတဲ့ ဒီမိုကရေစီနည်း ဟာ ဘယ်နည်းနဲ့မှ မ ဖြစ်နိုင်တော့ဘူး။ သွေးထွက်သံယို ဖြစ်ပြီး အာဏာလုတဲ့ နည်းတစ်နည်းပဲရှိ တော့တယ်ဆိုတဲ့အခါမှာ လက်နက်ကိုင်ပြီး လုကြပါ ကျွန်တော် ဘာမှမပြောလိုပါဘူး။ ကျွန်တော် ပြောနေတာက တခြားမဟုတ်ဘူး။ လူထုဆီက တရားတဲ့နည်းနဲ့ အာဏာကိုတောင်းယူနိုင်တဲ့ နည်းလမ်းကြီးလည်း ထင်ထင်ရှားရှားကြီး ရှိနေတဲ့အခါ အလကားသက်သက်ဇွတ်မှိတ်ပြီး သွေး ထွက်သံယိုလမ်းကို လိုက်နေကြတာကိုသာ ပြောတာပါ။
လက်နက်နဲ့အာဏာလုတယ်ဆိုတာ
အဲဒီ တော့ လက်နက်နဲ့ အာဏာလုတယ်ဆိုတာဟာ အာဏာလုပွဲအတွင်းမှာ လည်း သွေးချောင်းစီးလောက်အောင် သတ်ကြဖြတ်ကြဦးမယ်။ ရှုံးမလား နိုင်မလား ဆိုတာကို မသိရသေး ခင်က အတော် ပဲသေကျေပျက်စီးကြပြီး ရှုံးသွားပြန်ရင်လည်း အာဏာလုတဲ့လူတွေ ကို နောင်ကြဉ် အောင်အစိုးရက နှိပ်ကွပ်ပစ်ရတာ နဲ့ အဲဒီ ရှုံးတဲ့လူတွေ ဟာ တော် တော် နဲ့ နလံမထူနိုင်ဘူး။ ဒါကြောင့် မို့လည်း အာဏာလုဖို့ စိုင်းပြင်းရတော့မယ့်ခေါင်းဆောင်ကောင်းများ ဟာ လက်နက်နဲ့တော် လှန်မှု ကို ဗြုန်းကနဲအရင်စလိုမလုပ်ကြပဲ . . .
လွယ်လွယ် ထတိုက်လို့မရဘူး
(၁) အစိုးရရဲ့ အင်အားကိုလည်း အင်မတန်တွက်ကြရပါတယ်။ (၂) ကိုယ့်အင်အားကိုလည်း အင်မတန်တွက်ကြရပါတယ်။ (၃) ပြီးတော့လည်း အစိုးရကို ရန်သူတွေ က အဘက်ဘက်က မရှု မလှဝိုင်းတိုက်နေတဲ့အချိန်ကိုလည်း တိကျမှန်ကန်အောင် ရွေးကြရပါသေးတယ်။ လွယ်လွယ်ပြော ပြီး လွယ်လွယ် ထတိုက်လို့မရပါဘူး။
သွေးချောင်းစီးမှု ထပ်ပြီးပေါ်ဦးမယ်
အဲဒီ လိုတွက်တာတွေ အားလုံးမှန်ကန်လို့ တော် လှန်မှု ကြီးဟာ နိုင်ပြီဆိုပါဦး ဘာ ဖြစ်မလဲ အာဏာလုပွဲအတွင်းက ဖြစ်ပေါ်ခဲ့တဲ့သွေးချောင်းစီးမှု ကြီးအပြင် နောက်ထပ်သွေးချောင်းစီးမှု ကြီး တစ်ခု ထပ်ပြီးပေါ်ပေါက်လာဦးမယ်။ ဒါ ကတော့ တခြားဟာမဟုတ်ဘူး။ နိုင်သူတွေ က ရှုံးသူတွေ မသင်္ကာသူတွေ ကို မည်းကနဲမြစ်ရာအတင်းလိုက်သတ်ရာမှ ပေါ်ပေါက်လာမယ့် သွေးချောင်းစီမှု ကြီးပင် ဖြစ်ပါတယ်။
ဒါလောက်နဲ့မပြီးသေးဘူး
ဒါလောက်နဲ့ ပြီးပြီလား မပြီးသေးဘူး။ ဒီလူတွေ ကိုယ်တိုင်က အာဏာကို အတင်းလုထားရ တဲ့ လူတွေ ဖြစ်နေတော့ သူတို့ရဲ့ လက်ထဲကလဲ အာဏာကိုပြန်လုမှာ စိုးရတဲ့အတွက် ဖိနှိပ်မှု တွေ ၊ ချုပ်ချယ်မှု တွေ ပြင်းပြင်းထန်ထန်ကြီးကို လုပ်ကြရလိမ့်မယ်။
လွတ်လပ်မှု တွေ ပျောက်ကုန်ကြမယ်
အဲဒီ အခါမှာ လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ ရေး သားခွင့် လွတ်လပ်စွာ စည်းရုံးခွင့် ဆိုတဲ့ လူတို့ရဲ့ အကြီးဆုံး အခွင့်အလမ်းကြီးတွေ ဟာ နိုင်ငံအတွင်းက ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြရမယ်။ ဒါတွေ တင်မကသေးဘူး။ တိုင်းသူပြည်သား ရှင်လူအများ မှာ လည်း နေ့စဉ် နှင့် အမျှ တထိတ်ထိတ်တလန့်လန့်နဲ့ နေကြရလိမ့်မယ်။ ခိုးတတ်တဲ့ လူဟာ ရိုးတတ်တယ်ဆိုတဲ့ ဗမာစကားပုံကို အာဏာလုထားရတဲ့လူတွေ ဟာ သူတို့ရဲ့ လက်ထဲကလည်း အာဏာပြန်လုလိမ့် မယ်လို့ လူတိုင်းကိုပြန်ပြီး သင်္ကာမကင်း ဖြစ်နေမှာ ပဲ။ အဲဒီ တော့ အာဏာပြန်ပြီး အလုမခံရအောင် ဖိနှိပ်ချုပ်ချယ်မှု တွေ ကို ပြင်းထန်နိုင်သမျှ ပြင်းထန်အောင် နေ့ရှိသရွေ့ စီမံစိုင်းပြင်းနေကြရလိမ့် မယ်။
လူဆိုတာ ထမင်း၀၀စားပြီး အ၀တ်အစားကောင်းကောင်းဝတ်ရတာ လောက်နဲ့ မပြီးသေး ဘူး။ ၀၀စား ကောင်းကောင်းဝတ် ကောင်းကောင်းနေရတာ တွေ ပြင် လူ့လွတ်လပ်ခွင့်တွေ ကိုလည်း တင်းပြည့်ကျပ်ပြည့်ခံစားချင်ကြသေးတယ်။ အဲဒါကြောင့် အာဏာလုဖို့နေတဲ့လူတွေ က ရွှေထမင်းနဲ့ ရွှေဟင်းတွေ ကို ကျွေးပြီး ရွှေအ၀တ်အစားကြီးတွေ ကို ဆင်မယ်ဆိုတောင်မှ လူ့လွတ်လပ်ခွင့်တွေ မရှိတဲ့ ဒီအဓမ္မသမားတွေ ရဲ့ အောက်မှာ တော့ ရဟန်းရှင်လူ တိုင်းသူပြည်သားတွေ ဟာ ဘယ်နည်း နဲ့မှ ပျော်ပျော်ရွှင်ရွင်ကြီး နေနိုင်ကြမယ်မဟုတ်ဘူး။
အာဏာရူးတွေ ခလောက်ဆန်တိုင်း
နောက်ပြီးတော့လည်း ဒီလိုအာဏာကို အဓမ္မလုတာကို လက်ပိုက်ပြီးကြည့်နေလိုက်မယ် ဆိုရင် နောင်ကိုအာဏာလုပွဲဟာ အစဉ်အလာ ဖြစ်သွားကုန်ကြမှာ ပဲ။ အာဏာငန်းငန်းတက်သမား တွေ ဗမာမြေကြီးပေါ်မှာ ပေါ်လာတိုင်း တိုင်းနေပြည်သူရှင်လူအများ ဟာ ချမ်းချမ်းသာသာနဲ့ နေနိုင် တော့မယ်မဟုတ်ဘူး။ ဒီအာဏာရူးတွေ ခလောက်ဆန်တိုင်း ရဟန်းရှင်လူပြည်သူ အများ ဟာ အလကားသက်သက်ကိုယ်စိတ်နှစ် ဖြာ မချမ်းမသာ ဖြစ်ကြရတော့မယ်။
ဘယ်ဘက်ကိုလိုက်မလည်း
အဲဒီ တော့ ဒီအချိန်ကစပြီး ကျွန်တော် တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြီးမှာ စည်းတား ထားရလိမ့်မယ်။ အဓမ္မကို ကြိုက်တဲ့လူတွေ အဓမ္မသမားတွေ ရဲ့ စည်းဝိုင်းထဲကိုဝင်ကြ။ လူထုကြီး ဆီက ဒီမိုကရေစီနည်းနဲ့ အာဏာတောင်းယူမှု ကို ကြိုက်တဲ့လူတွေ ဒီမိုကရေစီစည်းဝိုင်းထဲကိုဝင် ကြ။ ဟိုလိုလို ဒီလိုလို ယောင်ဝါးဝါးတော့ လုပ်မနေကြနဲ့။ ဒီလိုယောင်ဝါးဝါးလုပ်နေတာဟာ လုပ်တဲ့ လူမှာ လည်း နှစ် ဘက်စလုံးရဲ့ အယုံအကြည်ကင်းမဲ့ခြင်းကိုခံရမယ်။ တိုင်းပြည်မှာ လည်း အကျိုး ယုတ်မယ်။ ကျွန်တော့် အတွက်ဆိုရင်တော့ ဒီမိုကရေစီဘက်ကို ရွေးပြီးပြီ။ ကျွန်တော့် လိုပဲ ဒီမိုကရေစီဘက်ကို ရွေးချယ်တဲ့လူတွေ နဲ့ အတူတူလက်တွဲ ပြီးပြီ။ အဓမ္မသမားတွေ ရဲ့ ဘေးမှ ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြီးကို အစွမ်းကုန် ကျွန်တော် တို့ကာကွယ်ရလိမ့်မယ်။
(၁၉၄၈ ခုနှစ် ဧပြီလ ၃ ရက်နေ့ည အသံလွှင့်မိန့်ခွန်း)
ဒီမိုကရေစီမဏ္ဍိုင်
တတိယမဏ္ဍိုင်ကြီး ကတော့ ဒီမိုကရေစီသစ်မဏ္ဍိုင်ကြီးပါပဲ။ ဒီမဏ္ဍိုင်ဟာ အခြားမဟုတ် တရားမျှတရေး ဒီမိုကရေစီမဏ္ဍိုင်ကြီး ဖြစ်ပါတယ်။ ကိုယ့်အရေး ကိုယ့်အတွက် အသက်စည်းစိမ် ထက် ကျော်လွန်မောက်ဖြိုးပြီး တိုင်းပြည်နဲ့လူမျိုးအတွက် အသဲစွဲချစ်နိုင်တာတွေ တရားမျှတနိုင် တာတွေ ဟာ သာမန်လူသားတို့ ကျင့်ကြံနိုင်တဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ ပြီးတော့ နိုင်ငံအတွင်းမှာ ရှိကြတဲ့ ပြည်သူလူထု လူမျိုးစုအားလုံးတို့အပေါ်မှာ ထင်တိုင်းကျင့်ရင် ကျင့်လို့ရတဲ့ ပြည်သူ အာဏာကို ခြွင်းချက်မရှိ လက်ဝယ်ရောက်နေလျက်နဲ့ မတရား မမျှတမှု တွေ ကို ရဲရဲကြီးသုတ်သင် နှိမ်နင်းပြီး နိုင်ငံသစ်တည်ဆောက်ရေး မှာ ကမ္ဘာကအံ့သြချီးကျူးလို့မကုန်နိုင်တဲ့ တရားမျှတတဲ့ အခြေခံကြီးတွေ ကို လူထုဆန္ဒအရ အသက်သွေးတွေ အဆုံးခံပြီး ကျွန်တော် တို့ ယူကြုံးမရ ဖြစ် လောက်အောင် ကွယ်လွန်သူခေါင်းဆောင်ကြီးတွေ ဟာ တည်ထောင်ပေးခဲ့ကြတယ်။ အဲဒီ လို မဏ္ဍိုင်မျိုးတည်ဆောက်နိုင်တာဟာ နယ်နယ်ရရမဟုတ်ပါဘူး။ ဒီနိုင်ငံမှာ ဖြစ် ဖြစ် ဘယ်နိုင်ငံမှာ ဖြစ် ဖြစ် များ သော အားဖြင့် နိုင်ငံရေး ခေါင်းဆောင်တွေ ဟာ အာဏာမရခင်တော့ တရားမျှတရေး ဆို တဲ့ အပြောနဲ့စခန်းသွားပြီး အာဏာရြ ကတော့ ကိုယ့်အတွက်လည်းကောင်း ကိုယ့်ဆွေမျိုးလူမျိုး အုပ်စုကလေးအတွက်သော်လည်းကောင်း ကျင့်သုံးကြတာတွေ ဟာ နေ့စဉ်နှင့် အမျှ ရာဇ၀င်မှာ အထင်အရှားပါ။ ဒါကြောင့် ဒီလိုတွေ့ ရခဲ့တဲ့ တရားမျှတရေး ဒီမိုကရေစီသစ် မဏ္ဍိုင်ကြီးကိုသာ ပြည်သူလူထုကြီးဟာ ဆည်းပူးကြ မြတ်နိုးကြပေတော့။
(ဗိုလ်ချုပ်အမှူးရှိသော ခေါင်းဆောင်ကြီးများ ၏ ဈာပနတွင် မြွက်ကြားသော မိန့်ခွန်း (၁၉၄၈ ခုနှစ် ဧပြီလ ၁၂ ရက်))
တပည့်များ | ရှေ့တန်းခေါင်းဆောင် ဖြစ်လိုသော် | ကာမတဏှာ |