အခန်း (၁)
ရဟန်းတော် များ သည် ဗုဒ္ဓဘာသာ မီးရှူးတန်ဆောင်ကို ဆက်လက် ထွန်းပြောင်စေနိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြ၏ ။ လူဒါယကာများ သည် မည် မျှ ပင် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြစေကာမူ ထိုရဟန်းတော် များ လို ပြုလုပ်နိုင်ကြမည် မဟုတ်ပေ။ ဝိနည်းသိက္ခာပုဒ်တော် ကို မလေးစား သဖြင့် ရဟန်းတော် များ ပျက်စီးလာလျှင် မည် သူတစ်ဦး တစ်ယောက် မျှ ဗုဒ္ဓဘာသာဆက်လက်တည်တံ့ရေး ကို ဆောင်ရွက်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ပင် ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်တော် မူသော အခါ၌ ဝိနည်းသိက္ခာပုဒ်များ ကို ရဟန်းတော် များ လေးစားလိုက်နာမှု ၏ အရေး ကြီးပုံကို အလေးအနက်ပြု ရာ၌ မဟာသာဝကကြီးများ ၊ တစ်စိတ်တစ်ဝမ်းတည်း ရှိခဲ့ကြပေသည်။ ရဟန်းတော် များ ဝိနည်းတော် ကို ရိုသေလေးစားခြင်းသည် ဗုဒ္ဓဘာသာ၏ အသက်သွေး ဖြစ်သည်ဟူသော မိန့်ကြားချက်ကို အချို့သော သာဝကကြီး များ က မိန့်ကြားခဲ့ကြလေ၏ ။
သာမဏေများ အတွက် သိက္ခာပုဒ် ဆယ်ပါး
သာမဏေတစ်ပါးအတွက် သိက္ခာပုဒ်များ သည် ဝိနည်းတော် လောက် တင်းကျပ်ခြင်းမရှိချေ။ သိက္ခာပုဒ်ဆယ်ပါးကိုသာ လိုက်နာရမည် ။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
သဘောတူညီချက် (ခွင့်ပြုချက်)ကို ရယူရန် သုဒိန္နအား မိန့်ကြားတော် မူခဲ့ ၏ ။ သုဒိန္နသည် မိဘများ ကို ချဉ်းကပ်ပြောဆိုသော အခါ တစ်ဦးတည်းသော သား ဖြစ်သော ကြောင့် သူ၏ တောင်းပန်မှု ကို ငြင်းပယ်ခဲ့ကြ၏ ။ သုဒိန္နသည် မိဘများ ထံမှ ခွင့်ပြုချက်မရပါက သေသည့်တိုင်အောင် အစာငတ်ခံဆန္ဒပြမှု ကို ဆက်လက်ပြုလုပ်ပြီး အစာမစားဘဲနေမည် ဟု ခြိမ်းခြောက်ခဲ့၏ ။ နောက် ဆုံးတွင် မိဘများ က အလိုလိုက်ခဲ့ရသည်။ သုဒိန္နသည် ရဟန်းဘောင်သို့ ဝင်နိုင်ခဲ့၏ ။
ကာလအတန်ကြာပြီးနောက် ရှင်သုဒိန္နကို သူ့မိဘများ က သူတို့၏ နေထိုင်ရာအိမ်သို့ ဆွမ်းခံကြွတော် မူပါရန် ပင့်ဖိတ်ခဲ့လေ၏ ။ ရှင်သုဒိန္နသည် မိဘအိမ်သို့ ကြွတော် မူသော အခါ သူ၏ မိဘများ က ရဟန်းဘဝမှ ထွက်ရန် (လူထွက်ရန်)သူ့ကို သွေးဆောင်တိုက်တွန်းခဲ့ကြ၏ ။ ရှင်သုဒိန္နက ပြတ်ပြတ် သားသား ငြင်းဆိုခဲ့၏ ။ ထို့နောက် သူ၏ မယားဟောင်းများ သည် အကောင်း ဆုံးသော ဝတ်ကောင်းစားလှတို့ကို ဝတ်ဆင်ပြီး သူ့ကို သွေးဆောင်ဖြားယောင်း ကြလေ၏ ။ သူက သူ့အနေဖြင့် ရဟန်းဘဝမှာ ပျော်ရွှင်နေပြီ ဖြစ်၍ သူတို့ထံမှ ရှောင်ခွာတော့မည် ဟု ပြန်လည်ပြောကြားခဲ့၏ ။
သို့သော်ငြားလည်း မိခင်က အလွယ်တကူ လက်လျှော့အရှုံးမပေး ခဲ့ပေ။ သူသည် သားဆီသို့သွား၍ ...
'ငါ၏ ချစ်လှစွာ သော သားသုဒိန္န၊ ငါတို့သည် အလွန့်အလွန် ချမ်းသာကြ၏ ။ ထို့ကြောင့် သင် ရဟန်းဘောင်မှာ နေချင်သပဆိုလျှင် ငါတို့၏ အလွန်ကြီးမားသော စည်းစိမ်ဥစ္စာကို အမွေဆက်ခံရန် သင်တို့၏ သားမျိုးစေ့ကို ငါတို့အား ပေးပါ။ သို့မဟုတ်လျှင် ငါတို့ကွယ်လွန်သော အခါ ငါတို့၏ စည်းစိမ်ဥစ္စာကို ဘုရင်က သိမ်းယူပါလိမ့်မည် 'ဟု ပြောကြားလေ ၏ ။ သား ဖြစ်သူသည် မိခင်၏ အကြိမ်ကြိမ်တောင်းပန်မှု ကို နားထောင်ရန် ငြင်းပယ်ခဲ့သော်လည်း အတင်းအကျပ်တောင်းဆိုသော အခါ တောင်းပန်ချက် ကို သဘောတူလိုက်လေ၏ ။ တစ်နေ့တွင် သူ့မိခင်သည် မယားဟောင်းများ အနက်မှ တစ်ယောက် ကို ခေါ်လာခဲ့၏ ။ ရှင်သုဒိန္နကလည်း အနီးအနားက တောထဲသို့ သူ့မယားဟောင်းကို ခေါ်သွားခဲ့၏ ။ ယင်းတောထဲတွင် သူ၏ မယားဟောင်းနှင့် သုံးကြိမ်တိုင် မေထုန်မှု ကို ပြုခဲ့လေ၏ ။
ဤသတင်းစကားကို ကြားသိသည့်အခါ မြတ်စွာ ဘုရားရှင်သည် ရဟန်းတော် များ ကို ခေါ်တော် မူ၍ မယားဟောင်းများ အနက်မှ တစ်ယောက် နှင့် မေထုန်မှု ပြုခြင်းနှင့် ပတ်သက်သည့် သတင်းစကားသည် မှန်ကန်သလား ဟု ရဟန်းတို့၏ ရှေ့မှော က်တွင် ရှင်သုဒိန္နကို မေးတော် မူခဲ့၏ ။ ရှင်သုဒိန္နက ထိုသို့ပြုလုပ်မိကြောင်း ဝန်ခံလျှောက်ထားခဲ့သည်။ ထိုအခါ ဘုရားရှင်က ရှင်သုဒိန္နအား ကဲ့ရဲ့ ရှုတ်ချတော် မူ၍ မေထုန်မှီဝဲခြင်းသည် ဆင်းရဲဒုက္ခ၏ အဆုံးသို့ ပို့ဆောင်နိုင်သော အဓိက ဖြစ်သည့် ထိုးထွင်းသိမြင်နိုင်သည့် ဥာဏ် (အရဟတ္တမဂ်ဥာဏ်)သို့ သွားရာလမ်းမှာ ကြီးစွာ သော အတားအဆီးတစ်ခု ဖြစ် ကြောင်း ဟောကြားတော် မူလေ၏ ။ ထိုသို့ဟောကြားတော် မူပြီးနောက် ဘုရား ရှင်သည် ရဟန်းတော် များ အတွက် ပထမပါရာဇိကသိက္ခာပုဒ်ကို အောက်ပါ အတိုင်း ပညတ်တော် မူခဲ့၏ ။
၁။ ရဟန်းတစ်ပါးသည် မေထုန်မှု ပြုခဲ့လျှင် သူသည် ရဟန်းဘောင်သို့ ဝင်ရောက်နိုင်ရန် အခွင့်အရေး အလိုအလျောက် ထာဝရဆုံးရှုံး၏ ။ သူသည် ရဟန်းကောင်းများ နှင့် ပေါင်းဖော်ခြင်းကို ဘယ်တော့မှ မရနိုင်တော့ပေ။
ပထမပါရာဇိကသိက္ခာပုဒ်အတွက် ဒုတိယပြင်ဆင်ဖြည့်စွက်ချက် (အနုပညတ်)ရှိခဲ့၏ ။ ထိုပြင်ဆင်ချက် မည် သို့မည် ပုံ ဖြစ်ပေါ်ခဲ့သည်ကို ကျွန်ုပ်တို့တစ်ဖန် ရှုမြင်သုံးသပ်ကြပါစို့။
ရဟန်းတစ်ပါးသည် ရဟန်းဘောင်မှ ထွက်လိုလျှင် (လူထွက်လို လျှင်) သူသည် ဆောင်ရွက်မှု နှစ် ခုကို ပြုလုပ်ရမည် ။ ပထမအနေဖြင့် သူသည် ရဟန်းဘောင်မှ ထွက်လိုသော ကြောင့် ရဟန်းတစ်ပါးအ ဖြစ် သူ့ကို အသိအမှတ်မပြုဘဲ သာမဏေတစ်ပါးအ ဖြစ်သာ သူ့ကို အသိအမှတ်ပြုပါရန် ရဟန်းတော် အချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ကို တောင်းပန်ရမည် ။ တောင်းပန်မှု ကို ဝတ်ကျေတန်းကျေ မပြုလုပ်သင့်။ ထိုတောင်းပန်မှု ကို ပြုလုပ်နေစဉ် ထို လူဝတ်လဲမှု ကို ဆောင်ရွက်သော ရဟန်းသည် ရဟန်းတစ်ပါးမဟုတ်တော့ ကြောင်း အစစ်အမှန် ခံစားမှု ရှိရမည် ဆိုသော အချက်သည် အထူးလိုအပ် သော အချက် ဖြစ်၏ ။ ဤအချက်သည် တာဝန်သိသော ရဟန်းအချို့တို့က သူတို့ယုံကြည်သည်အထိ အကြိမ်များ စွာ တောင်းပန်မှု ထပ်မံပြုရလောက် အောင် အလွန်အရေး ပါသော ကြောင့် သူတို့သည် ရဟန်းအ ဖြစ် ဆက်လက် မရပ်တည်တော့ကြောင်း ယုံကြည်လာကြရ၏ ။
အခန်း (၂)
ဒုတိယပါရာဇိကသိက္ခာပုဒ် ပညတ်ပြီးနောက် ကာလတစ်ခုမှာ ဆဗ္ဗဂ္ဂီရဟန်းဟု လူသိများ သော ရဟန်းခြောက်ပါးအုပ်စုတစ်စုသည် ခဝါ သည်များ ထံမှ အဝတ်တစ်ထုပ်ကို ခိုးယူခဲ့ကြ၏ ။ ရဟန်းကောင်းတို့က ဒုတိယပါရာဇိကနှင့် ပတ်သက်ကြောင်း ယင်းဆဗ္ဗဂ္ဂီရဟန်းတို့ကို စွပ်စွဲပြောဆို ကြသော အခါ ယင်းဆဗ္ဗဂ္ဂီရဟန်းတို့က ဒုတိယပါရာဇိကသိက္ခာပုဒ်သည် မြို့တွင်းမှာ ဖြစ်သော ကိစ္စရပ်များ တွင် သာ အသုံးပြုနိုင်ကြောင်း၊ သက်ဆိုင် ကြောင်း၊ ကျေးလက်ဒေသနယ်မြေများ မှာ ဖြစ်ပေါ်သော ကိစ္စရပ်များ နှင့် ပတ်သက်၍ မည် သည့်ဆုံးဖြတ်ချက်မှ မရှိကြောင်း ပြန်လည်ပြောကြားခဲ့ကြ ၏ ။
ဤသတင်းစကားကို ကြားသိတော် မူသော အခါ ဘုရားရှင်က ရဟန်းတော် များ ကို စုရုံးစေ၍ ကြားသိရသော သတင်းစကားသည် မှန်ကန် သလားဟု ဆဗ္ဗဂ္ဂီရဟန်းတို့ကို မေးတော် မူ၏ ။ ဆဗ္ဗဂ္ဂီရဟန်းတို့က ထိုသတင်း စကားသည် မှန်ကန်ပါကြောင်း ဝန်ခံခဲ့ကြ၏ ။ ထို့ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ ပြစ်တင်တော် မူပြီး ဘုရားရှင်သည် အောက်ပါအနုပညတ်ကို ပညတ် တော် မူ၏ ။
၂(က)။ 'ရဟန်းတစ်ပါးသည် မြို့တွင်းမှာ ဖြစ်စေ၊ ကျေးလက်မှာ ဖြစ်စေ အစိုးရက ကြိမ်ဒဏ်၊ သို့မဟုတ် ထောင်ဒဏ်၊ သို့မဟုတ် ပြည်နှင်ဒဏ်၊ သို့မဟုတ် သေဒဏ်အပြစ်တို့ကို ပေးနိုင်သော ခိုးမှု မြောက်စေရန် အနိမ့်ဆုံး အားဖြင့် သတ်မှတ်ထားသော ခိုးမှု တွင် အကျုံးဝင်သည့် ငွေကြေးကို ဖြစ်စေ၊ ဥစ္စာပစ္စည်းကိုပင် ဖြစ်စေ၊ ခိုးယူခဲ့လျှင် သူသည် ရဟန်းဘောင်သို့ဝင်ရန် အခွင့်အရေး ထာဝစဉ် အလိုလိုဆုံးသည်။ သူသည် ရဟန်းကောင်းတို့နှင့် ပေါင်းဖော်ခွင့် ဘယ်တော့မှ မရတော့ပေ'
(၃) တတိယပါရာဇိကသိက္ခာပုဒ်
မြတ်စွာ ဘုရားသခင်သည် ဝေသာလီမြို့အနီး မဟာဝုန်တော၌ သီတင်းသုံးနေထိုင်တော် မူစဉ် ရဟန်းအချို့သည် ကိုယ့်ကိုယ်ကိုယ် သတ်သေ ကြ၏ ။ ရဟန်းအချို့ကမူ သူတို့ကိုသတ်ရန် ရဟန်းတုတစ်ပါးကို တောင်းပန် ခဲ့ကြ၏ ။ ဘုရားရှင်သည် ထိုအကြောင်းကို သိတော် မူသော အခါ ရဟန်း တော် များ ကို စုဝေးစေ၍ (ဆင့်ခေါ်၍ ) ထိုသတင်းစကားသည် မှန်ကန်ပါ သလားဟု ရဟန်းတို့ကို မေးတော် မူ၏ ။ ရဟန်းတို့က မှန်ကန်ပါကြောင်း ဝန်ခံလျှောက်ထားကြ၏ ။ ထို့ကြောင့် သက်ဆိုင်သည့် ရဟန်းတို့ကို ကဲ့ရဲ့ အပြစ်တင်တော် မူပြီး နောက် ဘုရားရှင်က အောက်ပါအတိုင်း တတိယ ပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော် မူ၏ ။
၃။ 'ရဟန်းတစ်ပါးသည် လူ တစ်ယောက် ကို သတ်လျှင်၊ သို့မဟုတ် အခြား သူတစ်ဦးကို သူ့ကိုယ်သူ သတ်သေစေရန် ကြံရွယ်ချက်ဖြင့် သူ၏ အနီးမှာ သေစေနိုင်သော လက်နက်ကိုချထား၍ (ထိုလက်နက်ဖြင့် ထိုသူသတ်သေ) လျှင် သူသည် ရဟန်းဘောင်သို့ ဝင်ရောက်နိုင်ရန် အခွင့်အရေး ထာဝစဉ်အလို လိုဆုံးရှုံးသည်။ သူသည် ရဟန်းကောင်းများ နှင့် ပေါင်းဖော်ခွင့် ဘယ်တော့မှ မရတော့ပေ။
ဤသတ်ဖြတ်မှု ဖြစ်ပြီးနောက် ကာလတစ်ခုတွင် ဘုရားရှင်သည် တတိယပါရာဇိကသိက္ခာပုဒ်နှင့် ပတ်သက်၍ အနုပညတ်တစ်ခုကို ပညတ်ခဲ့ ၏ ။ ထိုအမှု မည် သို့မည် ပုံ ဖြစ်ပျက်ခဲ့သည်ကို ရှုမြင်သုံးသပ်ကြည့်ကြပါစို့။
လူ တစ်ယောက် ရှိခဲ့ဖူး၏ ။ သူ့မှာ အလွန်နှစ် လိုဖွယ်ကောင်းသော ဇနီး တစ်ယောက် ရှိ၏ ။ ခဝါသည်များ ထံမှ အဝတ်ထုပ်ကို ခိုးခဲ့ကြသော ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအလွန်နှစ် လိုဖွယ်ကောင်းသော ဇနီးကို အရူးအမူး စွဲလမ်းခဲ့ကြ၏ ။ တစ်နေ့မှာ လင်ယောက်ျားသည် ဖျားနာတော့သည်။ ခြောက်ပါးအနက် တစ်ပါးက သူ့လင်ယောက်ျားသေမှသာလျှင် သူတို့သည် နှစ် လိုဖွယ်အလွန်ကောင်းသော အမျိုးသမီးနှင့် မေထုန်မှု ပြုရန် အခွင့်အရေး ရနိုင်မည် ဖြစ်သော ကြောင့် လင်ယောက်ျားမြန်မြန်သေစေရန် သူတို့၏ အစွမ်းဖြင့် အရာရာတိုင်းကို ပြုလုပ်ကြရမည် ဟု ပြောဆိုခဲ့၏ ။ အခြားငါးပါးက သဘော တူလက်ခံခဲ့ကြသည်။ သူတို့သည် ဖျားနေသော လင်ကို တွေ့ ကြသော အခါ 'သင်သည် ကုသိုလ်ကောင်းမှု များ စွာ ကို ပြုလုပ်ခဲ့ပြီးပြီ။ သင်သည် မည် သည့် မှားယွင်းသော အလုပ်ကိုမျှ မပြုလုပ်ဖူးပေ။ ထို့ကြောင့် သင်သေလွန်သော အခါ နတ်သား တစ်ယောက် အ ဖြစ် ကျိန်းသေပြန်လည် ဖြစ်လာပေလိမ့်မည် ။ နတ် သား၏ ဘဝသည် သင်၏ လက်ရှိဘဝထက် နှိုင်းယှဉ်မရအောင် (နှိုင်းဘက် မဲ့)ပိုမိုကောင်းမွန်ပါသည်'ဟု ဤသို့ဤပုံ ချဉ်းကပ်မြှူဆွယ်ခဲ့ကြ၏ ။
သာယာကြပြီး သူတို့အလှူခံခဲ့ရသော အလှူဝတ္ထုပစ္စည်းတို့ကို သိုမှီး သိမ်းဆည်းထားကြလေသည်။ ဤရဟန်းများ သည် ပထမသူခိုးကြီးများ ဖြစ်ကြ၏ ။
၂။ ကောက်ကျစ်သော ရဟန်းအချို့သည် ဘုရားရှင်၏ တရားတော် များ ကို သင်ယူခဲ့ကြသည်။ သို့သော်လည်း လူဒါယကာများ က သူတို့သည် ထိုတရား တော် ကို ဘယ်နေရာဒေသမှ ရရှိကြပါသနည်းဟု မေးသော အခါ သူတို့က ထိုတရားသည် ဆရာမ ရှိ၊ မိမိအလိုလိုသိသော တရား ဖြစ်သည်ဟု ပြန်လည် ဖြေကြားကြ၏ ။ ဤရဟန်းများ သည် ဒုတိယသူခိုးကြီးများ ဖြစ်ကြ၏ ။
၃။ ကောက်ကျစ်သော ရဟန်းအချို့တို့သည် ဝန်တိုမစ္ဆရိယကြောင့် သီလ စင်ကြယ်သော ရဟန်းကောင်းတို့ကို မေထုန်မှု ပြုကြကုန်၏ ဟု မမှန်ကန်သော စွပ်စွဲချက်ဖြင့် စွပ်စွဲပြောဆိုကြကုန်၏ ။ ဤရဟန်းတို့သည် တတိယမြောက် သူခိုးကြီးများ ဖြစ်ကြကုန်၏ ။
၎။ ကောက်ကျစ်သော ရဟန်းအချို့တို့သည် ပို၍ ကြီးမားများ ပြားသော တုံ့ပြန်လှူဒါန်းမှု ကို မျှော်လင့်လျက် သူတို့ပိုင် အနည်းငယ်သော ဝတ္ထုပစ္စည်း ကို ပေးကြ၏ ။ ဤရဟန်းများ သည် စတုတ္ထမြောက်သူခိုးကြီးများ ဖြစ်ကြ ကုန်၏ ။
၅။ ကောက်ကျစ်သော ရဟန်းအချို့တို့သည် ဈာန်ကိုလည်းကောင်း၊ မဂ်Óဏ် ကိုလည်းကောင်း မရရှိသည်ကို ပြည့်ပြည့်စုံစုံ ကောင်းစွာ သိပါလျက် သူတို့ သည် ဈာန်၊ မဂ်ဖိုလ်တရားတို့ကိုရရှိဘိသကဲ့သို့ ဒါယကာတို့အား လိမ်လည် ပြောဆိုကြ၏ ။ ဤသူခိုးများ အနက် ဤရဟန်းတို့သည် အကြီးဆုံးသော သူခိုးများ ဖြစ်ကြ၏ ။
ဝဂ္ဂုမုဒါမြစ်ကမ်းနားမှာ ဝါဆိုခဲ့ကြသော ရဟန်းများ ကို ကဲ့ရဲ့ ပြစ်တင်တော် မူပြီးနောက် ဘုရားရှင်သည် စတုတ္ထမြောက် ပါရာဇိကသိက္ခာ ပုဒ်ကို အောက်ပါအတိုင်း ပညတ်တော် မူခဲ့၏ ။
၎။ ရဟန်းတစ်ပါးသည် ဈာန်၊ မဂ်ဖိုလ်တရားတို့အနက် မည် သည့်တရားကိုမျှ သူမရကြောင်း ပြည့်စုံကောင်းစွာ သိပါလျက် သူသည် ဈာန်၊ မဂ်ဖိုလ်တရား တို့ကို ရဘိသကဲ့သို့ အခြားသူများ ကို လိမ်လည်ပြောဆိုခဲ့လျှင် သူသည် နောက်မှ သူ၏ အပြစ်ကို ဝန်ခံလင့်ကစား ရဟန်းဘဝကို ရရှိရန်အခွင့်အရေး ထာဝစဉ် အလိုလိုဆုံးရှုံး၏ ။ သူသည် ရဟန်းကောင်းတို့နှင့် ပေါင်းဖော်ခွင့်ကို ဘယ်တော့မှ မရနိုင်တော့ပေ။
စတုတ္ထပါရာဇိကသိက္ခာပုဒ်ကို ပညတ်ပြီး တစ်ချိန်မှာ အချို့သော ရဟန်းတို့နှင့် ပတ်သက်သည့် ကိစ္စရပ် အနည်းငယ် ဖြစ်ပေါ်ခဲ့၏ ။ ဤရဟန်း များ သည် ရဟန်းကောင်းများ ဖြစ်ကြ၏ ။ သူတို့သည် ကြီးမားသော သဒ္ဓါ တရားနှင့် လုံ့လဝီရိယတို့ဖြင့် ကမ္မဋ္ဌာန်းတရားကို အားထုတ်ခဲ့ကြ၏ ။ သူတို့၏ စိတ်ပိုင်းဆိုင်ရာ စူးစိုက်မှု (သမာဓိ)သည် အလွန်အားကောင်းလာသော အခါ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ညစ်နွမ်းမှု (ကိလေသာ)တို့ကို လွှမ်းမိုးအောင် နိုင်ခဲ့၏ ။ ဤကိလေသာတို့၏ ကင်းမဲ့မှု ကြောင့် သူတို့သည် စတုတ္ထမြောက်နှင့် နောက်ဆုံး ဖြစ်သော မဂ်Óဏ်ကို ရပြီးပြီဟု ရိုးသားစွာ ယုံကြည်ခဲ့ကြ၏ ။ ထို့ကြောင့် သူတို့သည် နောက်ဆုံးမဂ်ဥာဏ်ကို ရရှိပြီးခဲ့ကြပြီဟု သူတို့၏ သီတင်းသုံးဖော်ရဟန်းတို့အား ပြောကြားခဲ့ကြ၏ ။ သို့သော်လည်း အတန်ကြာ ပြီးနောက် သူတို့၏ သမာဓိအားနည်းလာသော အခါ ကိလေသာတို့သည် တစ်ဖန် ဖြစ်ပေါ်လာခဲ့၏ ။ သူတို့သည် အမှားတစ်ခုကို ပြုလုပ်မိခဲ့ကြပြီဟု သီတင်းသုံးဖော် ရဟန်းတို့အား ဝန်ခံခဲ့ကြ၏ ။ သူတို့သည် ဘုရားရှင်၏ အလုပ်အကျွေး ဖြစ်သော ရှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီး စတုတ္ထပါရာဇိက သိက္ခာပုဒ်သည် သူတို့နှင့် ပတ်သက်၍ သက်ဆိုင်နိုင်ပါသလားဟု စုံစမ်း လျှောက်ထားခဲ့ကြ၏ ။ ရှင်အာနန္ဒာသည် ဘုရားရှင်ထံတော် သို့ ချဉ်းကပ်၍ စုံစမ်းမေးလျှောက်မှု အချို့ကို ပြုခဲ့၏ ။ ဘုရားရှင်က ရဟန်းတို့ကို စုရုံးစေ၍ စတုတ္ထမြောက် ပါရာဇိကသိက္ခာပုဒ်၏ အနုပညတ်ကို အောက်ပါအတိုင်း ပညတ်တော် မူလေ၏ ။
၎(က)။ 'စတုတ္ထပါရာဇိကသိက္ခာပုဒ်သည် သဘောရိုးဖြင့် မှားယွင်းမှု များ ကို ပြုမိသော ရဟန်းတို့နှင့် မသက်ဆိုင်ပေ'
ဂန္ဓာလရာဇ် | လူထုအောင်သံ | ဝန်ကြီးချုပ် ဦးနု နှင့် စကားကြီး သုံးခွန်း |