စာရေး သူ၏ အမှာ စာ
(Writer’s Message)
ယနေ့စားရေး သူတို့နိုင်ငံဟာ ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အားလျော်စွာ . . .ကဏ္ဍအသီးသီး နယ်ပယ်အရပ်ရပ်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး (Human Rsource Development) ကိုအားသွန်ခွန်စိုက် ဆောင်ရွက် နေကြချိန် ဖြစ်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်ရေး ဆိုတာဟာ စီမံခန့်ခွဲသူများ ၊ ကုမ္ပဏီအဖွဲ့အစည်းများ ၊ စီးပွားရေး လုပ်ငန်းများ နဲ့သာ သက်ဆိုင်တာမဟုတ်ပဲ လူတိုင်းလူတိုင်းနဲ့ သက်ဆိုင်ပါတယ်။
လူတစ်ဦးချင်းစီ တစ်ဦးချင်းစီက မိမိတို့ရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်ရေး ကြိုးပမ်းဆောင်ရွက်ကြပါမှ . . . အဖွဲ့အစည်းတစ်ခု ချင်းစီရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ၊ တစ်နိုင်ငံလုံးရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတတ်လာမှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးများ ဟာ စာရေး သူအနေနဲ့ အဓိကအားဖြင့် HR ဂျာနယ်မှာ ရေး သားခဲ့တဲ့ဆောင်းပါးများ ကို စုစည်းဖော်ပြထားတာ ဖြစ်ပြီး အခြားဂျာနယ်၊ မဂ္ဂဇင်းများ မှ . . . ဆောင်းပါးများ လည်းပါဝင်ပါတယ်။ အဓိကအားဖြင့် ဒီဆောင်းပါးများ ဟာ လူ့စွမ်းအား အရင်းအမြစ် (HR) နဲ့ အောင်မြင်မှု (Success) ကိုဆက်စပ်ရေး သား ထားတာ ဖြစ်ပြီး စာဖတ်သူများ အနေနဲ့ မိမိတို့ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်ရေး ဆင့်ပွားအတွေးများ ရရှိလာကြစေဖို့ ရည်ရွယ်ပါတယ်။
See You at the Top!
လင်းသိုက်ညွန့်(မြန်မာမြေ)
CEO & Founder
Myanmar’s Land, Success & Motivation
And Management Institute
(အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီဝင်)
Brands တွေ Trademarks တွေ ကို Franchise လုပ်သလို HR ကို Franchise လုပ်လို့ရသလား
ယနေ့ စာရေး သူတို့ နိုင်ငံတွင် မကြာမီ ဒီမိုကရေစီစနစ်သစ် New Political System ကစတင်တော့မည် ။ ထို့အတူ ၂၀၁၅ ခုနှစ် တွင် အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှု ဇုန် (ASEAN Free Trade Agreement, AFTA) ကအသက်ဝင်တော့မည် ။ ဒါ့ထက်အရေး ကြီးတာက ‘ကမ္ဘာ့ အသိဥာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် အဖွဲ့အစည်း’ (World Intellectual Property Organization, WIPO) နှင့် သဘောတူညီမှု အရ ၂၀၁၃ခုနှစ် တွင် ပြည်တွင်း၌ မူပိုင်ခွင့်ဥပဒေ (Copy Right Law) များ စတင်သက်ရောက်လာတော့မည် ။
ထိုသို့ Copy Right Law များ စတင်အသက်ဝင်လာသည်နှင့် ပထမဆုံးအခက်အခဲ စတွေ့ ရမည့်  ပြည်တွင်းကုမ္ပဏီများ က အများ အပြား၊ နိုင်ငံတကာရှိ နာမည် ကျော် Brand အမှတ်တံဆိပ်များ ၊ Trademarkes များ ကို လုံးဝထပ်တူ သော်လည်ကောင်း၊ တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း ကူးယူသုံးစွဲထားကြသည့် ပြည်တွင်းကုမ္ပဏီ အမြောက်အမြားကို ယနေ့စာရေး သူတို့တွေ့ နေရသည်။ Trademark ဆိုရာ၌ လည်းကုန်အမှတ် တံဆိပ်အသွင်အပြင် (Trade Dress)(ဥပမာ IBM ၏ စာလုံးမှ ကန့်လန့်ဖြတ်အစင်းများ ) Shape Mark (ဥပမာ ဇစ်ပိုမီးခြစ်၏ Shape) စသည်ဖြင့် အမျိုးမျိုးကွဲပြားခြားနားကြသေးသည်။ AFTA အရ အလုံးအရင်း ၀င်ရောက်လာကြမည့်  ပြည်ပကုမ္ပဏီ အမြောက်အများ ကို ပြည်တွင်းကုမ္ပဏီများ မည် သို့ ရင်ဆိုင်ကြပါမည် နည်း။ ထိပ်တိုက်ရင်ဆိုင် မရသည့်အဆုံး လတ်တလော မိမိတို့၏ ပြည်တွင်းဈေးကွက် (Local Market Share) များ မပျောက်ပျက်ရေး အတွက် နိုင်ငံတကာ ကုမ္ပဏီများ နှင့် တရားဝင် Franchise လုပ်ခြင်းကမဟာဗျူဟာမြောက်အဖြေ (Strategic Solution) တစ်ရပ် ဖြစ်လာသည်။
Franchising လုပ်ခြင်းအားဖြင့် ပြည်တွင်းကုမ္ပဏီများ အနေဖြင့်
(၁) သင်တန်းတတ်ရောက်ခွင့် (Traning)
(၂) ဒေသဆိုင်ရာ ကြော်ငြာများ ကို ပြည်တွင်း၌ အခမဲ့ သုံးစွဲနိုင်ခြင်း (National and Regional Advertisting)
(၃) လုပ်ငန်းလုပ်ဆောင်ပုံများ နှင့် လုပ်ငန်းလည်ပတ်ရေး အကူအညီများ (Operating Procedures and Operational Assistance)
(၄) ကြီးကြပ်မှု နှင့် စီမံခန့်ခွဲမှု အကူအညီများ (Supervision and Management Support)
(၅) တစ်ကြိမ်တည်းတွင် အမြောက်အမြား ၀ယ်ယူသည့်အတွက် ဈေးနှုန်းနှင့် သယ်ယူပို့ဆောင်မှု ကဲ့သို့ သော အထွေထွေ ကုန်ကျစရိတ်များ သက်သာခြင်း (Increased spending power, access to bulk purchasing and economies of scale) စတဲ့ အကျိုးအမြတ်များ ကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ပြည်တွင်းဈေးကွက် အခြေအနေအရ (Frachise) လုပ်ရန် နိုင်ငံတကာကုမ္ပဏီကြီးမှာ ၏ (Franchising Fees) များ မှ များ စွာ မြင့်မားနိုင်သော်လည်း နောင်ပေါ်ထွန်းလာမည့်  စီးပွားရေး စနစ်သစ် (New Economic Platform) များ အတွက် များ စွာ စဉ်းစားစရာ ဖြစ်ပါသည်။
ယေဘုယျအားဖြင့် Franchise လုပ်တယ်ဆိုတဲ့နေရာမှာ သူ့ကုမ္ပဏီရဲ့ Logo နဲ့ နာမည် ကိုယူပြီး ကိုယ့်ရုံး သို့ မဟုတ် ဆိုင်မှာ တပ်ပြီးရင် သူ့ဆီက သင်ထားတဲ့ နည်းစနစ်၊ လုပ်ထုံးလုပ်နည်းတွေ အတိုင်း Product ဒါမှမဟုတ် Service ကို ထုတ်လုပ်ပြီး Customer တွေ ကိုရောင်း စသည်ဖြင့် သာ ယေဘုယျနားလည်လေ့ ရှိကြသည်။ အမှန်စင်စစ် Franchising ၏ အနှစ် သာရမှာ ၎င်းထက် များ စွာ ပိုပါသည်။ အထူးသဖြင့် Franchise ပြုလုပ်ခြင်းအားဖြင့် ကုမ္ပဏီ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်မှု (Human Resources Development) အတွက် များ စွာ သက်ရောက်မှု ရှိသလို HR မန်နေဂျာများ အနေဖြင့် လည်း Franchising ပြုလုပ်ရာတွင် အဓိအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။
ဆိုပါစို့။ စာရေး သူမှာ အမေရိကန်နိုင်ငံရှိ နာမည် ကျော် Mc Donald’s Fast Food ဆိုင်ကို Franchise ယူပြီး Local မှာ ဖွင့်တယ်ဆိုပါစို့။ Franchising ၏ သဘောတရားအရ ကုန်ပစ္စည်းထုတ်လုပ်ပုံ၊ သုံးသည့်ကုန်ကြမ်း၊ Management Philosophy and Style ဆိုင်အပြင်အဆင်မှအစ အမေရိကန်နိုင်ငံမှ မူရင်း Mc Donald’s ဆိုင်များ နှင့် တစ်ထပ်တည်းတူညီအောင် မလွဲမသွေ ဆောင်ရွက်ရလိမ့်မည် ။
ဤသို့ ဆိုလျှင် ၀န်ထမ်းတွေ ကရော. . .၊ သူတို့သည်လည်း အမေရိကန်နိုင်ငံမှ အခြား Mc Donald’s ၀န်ထမ်းများ နည်းတူ စွမ်းဆောင်ရည် ပြည့်ဝကြရမည် ။ လိုအပ်ပါက Traning အဆင့်ဆင့်ကို မူရင်း Mc Donald’s မှ စီစဉ် ဆောင်ရွက်ပေးလိမ့်မည် ။ သို့ ဖြစ်၍ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ Mc Donald’s ယူနီဖောင်းဝတ် အရည်အချင်းမီ ၀န်ထမ်းများ ရှိသလို မိမိတို့၏ နိုင်ငံတွင် လည်း Mc Donald’s ယူနီဖောင်းဝတ် အရည်အချင်းမီ မြန်မာဝန်ထမ်းများ ရှိလာမည် ဖြစ်သည်။ တစ်နည်းအားဖြင့် Mc Donald’s ၏ Brands နှင့် Product ကိုသာမက HR ကိုပါ Franchise လုပ်လိုက်ခြင်းပင်။ ဤကဲ့သို့ လုပ်ငန်းစုံ၊ နယ်ပယ်စုံ HR Franchise ပြုလုပ်ဆောင်ရွက်နိုင်ပါက နိုင်ငံ၏ စီးပွားရေး တိုးတတ်မှု နှုန်း (State Economic Development Rate) မှာ လည်း အချိန်တိုကာလအတွင်း တိုးတတ်မြင့်မားလာမည် ဖြစ်ပါသည်။
ဤကဲ့သို့ HR Franchise ပြုလုပ်မှု များ အကောင်အထည်ဖော် အောင်မြင်လာရေး အတွက် HR မန်နေဂျာများ ၏ အခန်းကဏ္ဍမှာ များ စွာ အရေး ပါလျက်ရှိပြီး HR Franchise Process များ ချောမွေ့ အောင်မြင်ရေး အတွက် HR မန်နေဂျာများ အနေဖြင့်
ယဉ်ကျေးမှု ကွာခြားမှု (Culture Differences)
စီမံခန့်ခွဲမှု ပုံစံကွာခြားမှု (Management Style Differenses)
စီမံခန့်ခွဲမှု ဖီလော်ဆော်ဖီကွာခြားမှု (Management Philosophy Difference)
အလုပ်သမားဈေးကွက် (Labour Market) စသည့် fssues များ ကို စနစ်တကျ ထိန်းညှိ ဆောင်ရွက်သွားနိုင်ကြရန်အထူးလိုအပ်လာမည် ဖြစ်ပါသည်။
Ref : WIPO Magazine No.5
(October, 2010)
(WIPO, Gemeva)
HR Plan ဆွဲခါနီး ရင် ဘာတွေ စဉ်းစားရမလဲ
HR Plan ဆိုတာ အဖွဲ့အစည်းတွေ ၊ ကုမ္ပဏီတွေ အတွက်များ စွာ အရေး ကြီးပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ အဖွဲ့အစည်းရေရှည်အောင်မြင်ရေး (Longterm Success) အတွက် HR Plan ဟာအသက်သွေးကြော (Life-blood) သဖွယ်အရေး ပါပါတယ်။ အထူးသဖြင့် ယနေ့ခေတ်ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီကြီးတွေ ဟာ သူတို့ရဲ့ Long-term HR Plan ကိုစနစ်တကျ ရေး ဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေကြပါပြီ။ အဲ့သလိုပါပဲ နိုင်ငံတစ်နိုင်ချင်းစီအနေနဲ့ ကြည့်မယ်ဆိုရင်လည်း HR Plan စနစ်တကျရေး ဆွဲဆောင်ရွက်နေကြတဲ့ နိုင်ငံတွေ ကသာယနေ့ကမ္ဘာကြီးကို ဦးဆောင်နေ ကြတာပါ။
ဆိုပါစို့။ ကုမ္ပဏီမှာ လစ်လပ်နေတဲ့ ရာထူးတစ်ခုအတွက် အလုပ်လျှောက်လွှာခေါ်ပြီး ၀န်ထမ်းရွေးချယ်ခန့်အပ်ရတော့မယ်ဆိုပါစို့။ ယနေ့အချိန်အထိ စာရေး သူတို့ ပြည်တွင်းကုမ္ပဏီ တော် တော် များများ ဟာ အဲသလို အလုပ်ခေါ်ြ ကတော့မည် ဆိုရင် ဖော်ပြပါပုံအတိုင်း -
အလုပ်လာလျှောက်သူမှာ ရှိတဲ့ Skill ဟာ လတ်တလောလိုအပ်နေတဲ့အလုပ်ရာထူး (Position) မှာ လိုအပ်တဲ့ Skill နဲ့ကိုက်ညီ (Equal) ဖြစ်နေရင် ဒါမှမဟုတ် ကျော်လွန်ကောင်းမွန် (Greater) ဖြစ်နေရင် အလွယ်တကူအလုပ်ခန့်အပ်လိုက်ကြတာပါပဲ။
အဲ. . .ဒါပေမဲ့ HR Plan စနစ်တကျရေး ဆွဲ အကောင်အထည်ဖော်ဆောင်ရွက်တဲ့ ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီကြီးတွေ မှာ တော့ ဖော်ပြပါပုံအတိုင်. . .
အလုပ်လာလျှောက်သူမှာ ရှိတဲ့ Skill ဟာ လတ်တလောလိုအပ်နေတဲ့ အလုပ်ရာထူးမှာ လိုအပ်တ့ Skill အပြင် ကုမ္ပဏီ၏ HR Plan နှင့် အခြား Marketing စသည့် Business Plan များ အရ အနာဂတ်တွင် လိုပ်လာမည့်  Skill (ဥပမာ-နောက်တစ်နှင်တွင် တိုးချဲ့ဖွင့်မည့် ရုံးခွဲ) များ နဲ့ ကိုက်ညီ (Equal) ဒါမှမဟုတ်ကျော်လွန်ကောင်းမွန် (Greater) ဖြစ်နေတဲ့လူတွေ ကိုသာ အလုပ်ခန့်အပ်ကြပါတယ်။ ဒါဟာ HR Plan ရှိတဲ့ ကုမ္ပဏီနဲ့ HR Plan မရှိတဲ့ ကုမ္ပဏီရဲ့ အဓိကကွာခြားချက် တနည်းအားဖြင့် အောင်မြင်နေတဲ့ ကုမ္ပဏီတွေ နဲ့ မအောင်မြင်တဲ့ ကုမ္ပဏီတွေ ရဲ့ အဓိကကွာခြားချက် ဖြစ်ပါတယ်။
ဒီတော့ HR Plan ကိုဘယ်လိုဆွဲမလဲ။ HR Plan ဆွဲခါနီး ရင် ဘာတွေ စဉ်းစားရမလဲ။ မေးစရာရှိလာပါတယ်။ ယေဘုယျအားဖြင့် HR Plan တစ်ခုဆွဲတော့မယ်ဆိုရင် အဓိကအားဖြင့် မေးရမယ့် မေးခွန်း (၅) ခုရှိပါတယ်။ အဲဒါတွေ ကတော့
(၁) မိမိတို့ဘယ်နေရာမှာ ရောက်နေလဲ (Where are we now?)
ပထမဆုံး ကိုယ့်ကုမ္ပဏီအနေနဲ့ ဘယ်နေရာရှိနေ၊ ရောက်နေလဲဆိုတာသိရပါမယ်။ ကိုယ့်ကုမ္ပဏီက ကိုယ့်ရဲ့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ ဦးဆောင်နေတဲ့ Leaderလား။ နောက်လိုက် Follower လား။ ဈေးကွက်မှာ ဝေစု Market Share ဘယ်လောက်ရနေလဲ၊ စသည်ဖြင့် ပါ။
(၂) မိမိတို့ကဘယ်နေရာကိုရောက်ချင်တာလဲ။ (Where do we want to be?)
ကိုယ်ဘယ်ရောက်နေလဲဆိုတာ သိပြီးရင် ကိုယ်ဘယ်ရောက်ချင်သလဲဆိုတာသိရပါမယ်။ ဥပမာ-အခုကိုယ့်ရဲ့ ကုမ္ပဏီမှာ အရည်အချင်းပြည့်ဝတဲ့မန်နေဂျာ ဘယ်နှစ် ယောက် ရှိသလဲ၊ နောက်တစ်နှစ် အတွင်းမှာ ဘယ်နှစ် ယောက် ရှိလာချင်တာလဲ။ လက်ရှိကုမ္ပဏီမှာ Master ဘွဲ့၊ ဒေါက်တာ Ph.D ဘွဲ့ရတဲ့သူ ဘယ်နှစ် ယောက် ရှိပြီး နောက်ဘယ်နှနှစ် လောက်အတွင်းမှာ ဘယ်နှယောက် လောက်ရှိလာစေချင်တာလဲ။ ကိုယ့်အဖွဲ့အစည်းကို အချိန်ကာလ ဘယ်လောက်လောက် အတွင်းမှာ သင်ယူမှု အဖွဲ့အစည်း (Learning Organization) ဖြစ်လာစေချင်တာလဲ စသည်ဖြင့် ပါ။ ဒီနေရာမှာ အရေး ကြီးတာက ကိုယ့်ရဲ့ ရည်မှန်းချက်ကို တိကျအောင် SMART ဖြစ်အောင် စနစ်တကျ သတ်မှတ်ရပါမယ်။
SMART ဖြစ်တဲ့ ရည်မှန်းချက်ဆိုတာ ကတော့ ရှင်းပါတယ်။ ဥပမာ-ကလေး တစ်ယောက် ကို စာရေး သူက ‘သားကြီးလာရင်ဘာ ဖြစ်ချင်လဲ’ လို့မေးတယ်ဆိုပါစို့။ သူက ‘ဆရာဝန်ကြီး ဖြစ်ချင်တယ်’ လို့ပြန်ဖြေပါတယ်။ ဒါဆိုရင် သူ့ရည်မှန်းချက်က SMART မ ဖြစ်သေးပါဘူး။ ဒါနဲ့ နောက်ကလေး တစ်ယောက် ကို ထပ်မေးလို့ အဲဒီ ကလေးက ‘သားကြီးလာလို့ အသက် ၄၀ ပြည့်တဲ့အခါ ခွဲစိတ်အထူးကုဆရာဝန်ကြီး တစ်ယောက် ဖြစ်ချင်တယ်’ လို့ ပြန်ဖြေရင် သူ့ရည်မှန်းချက်က SMART ကျပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီ ကလေးဟာ သူရောက်ချင်တဲ့နေရာကို အသေအချာ အတိအကျ သိလို့ပါ။
(၃) အဲဒီ နေရာကို ရောက်အောင် မိမိတို့ ဘယ်လိုလုပ်နိုင်မလဲ။ (How can we get there?)
ဥပမာ-ကိုယ့်ရဲ့ ကုမ္ပဏီမှာ သုံးနှစ် အတွင်း Master ဘွဲ့ရတဲ့ မန်နေဂျာ ငါးယောက် ရှိလာစေချင်တယ် ဆိုပါစို့။ လုပ်လို့ရနိုင်သမျှ နည်းလမ်းတွေ ကိုစာရင်းပြုစုပါ။ Master ဘွဲ့ရပြီးသားမန်နေဂျာကို အသစ်ထပ်ခန့်မလား၊ ရှိပြီးသား ရိုးရိုးဘွဲ့ရ မန်နေဂျာတွေ ကိုပဲ Master ဘွဲ့ဆက်တတ်ခိုင်းမလား စသည်ဖြင့် ပါ။
(၄) ဘယ်နည်းလမ်းက အကောင်းဆုံးလဲ။ (Which way is best?)
ပြီးရင် အဲဒီ နည်းလမ်းတွေ ထဲက ဘယ်နည်းလမ်းဟာ ကိုယ့်ရဲ့ ကုမ္ပဏီအတွက် အသင့်တော် ဆုံး ဖြစ်မလဲဆိုတာ ရွေးချယ်ပါ။ အဲ့သလို ရွေးချယ်တဲ့အခါမှာ ကိုယ့်ကုမ္ပဏီရဲ့ အားသာချက်၊ ငွေရေး ကြေးရေး ၊ ရင်းမြစ် (Resources) တွေ ရရှိနိုင်မှု စသည်ဖြင့် အဘက်ဘက်က ချိန်ထိုးစဉ်းစား ကြရပါမယ်။
(၅) ကိုယ့်ရည်မှန်းချက် အောင်မြင်ပြီ၊ ရောက်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ (How can we ensure arrival?)
ဒီအချက်က Plan တစ်ခုလုံးမှာ အရေး ကြီးဆုံးပါ။ ကျွန်တော် တို့ တော် တော် များများ ဟာ ကိုယ့်ရဲ့ Plan တွေ ကို အားရပါးရချမှတ်ကြပြီး များ သော အားဖြင့် ဒီအချက်ကို မေ့နေလေ့ရှိပါတယ်။
ဥပမာ-ကိုယ်က နယူးရောက်ကို သွားချင်တယ်ဆိုပါစို့။ ဒါဆိုရင် ကိုယ့်ရဲ့ ရည်မှန်းချက်က နယူးယောက် ကို ရောက်ရှိရေး ပါ။ ဒီလိုဆိုရင် ကိုယ်နယူးယောက် ကို ရောက်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ လွယ်ပါတယ်။ အင်ပါယာစတိတ်အဆောက်အအုံကြီးတို့၊ လေဘာတီရုပ်တုကြီးတို့ကို မြင်ရရင် သင့်အနေနဲ့ နယူးယောက် ကို ရောက်ပြီဆိုတာ အသေအချာသိနိုင်ပါတယ်။
အဲသလို့ပါပဲ။ ဥပမာ-သင်ကသင့်ရဲ့ Plan မှာ ခြောက်လအတွင်း ကုမ္ပဏီရဲ့ ရောင်းအား တတ်လာတယ်ဆိုတာ ဘာကိုဆိုလိုတာပါလဲ။ လက်ရှိရောင်းအားရဲ့ ၅၀ ရာခိုင်နှုန်းလား၊ ၃၀ ရာခိုင်နှုန်းလား စသဖြင့် စံသတ်မှတ်ချက်ညွှန်းကိန်း (Indicationg Criteria) အသေအချာအတိအကျ သတ်မှတ်ထားသင့်တဲ့ သဘောပါ။
ကုမ္ပဏီတွေ အတွက် အရေး ကြီးလှတဲ့. . . Internal Markting
ဒီနေ့ခေတ်မှာ Marketing ဆိုတဲ့ဝေါဟာရဟာ စာရေး သူတို့ စီးပွားရေး လောကမှာ နေရာအနှံမကြားချင်မှအဆုံး ကျယ်ကျယ်လောင်လောင် ကြားနေကြရတဲ့ ဝေါဟာရတစ်ခုပါ။ ဒါပေမဲ့ စီးပွားရေး လုပ်ငန်းတွေ ၊ ကုမ္ပဏီတွေ တော် တော် များများ လုပ်ကိုင်ဆောင်ရွက်နေကြတာက ပြင်ပ Customer တွေ နဲ့ ထိတွေ့ ဆက်ဆံဆောင်ရွက်ရတဲ့ ဈေးကွက်ရှာဖွေမှု External Marketing က အရေး ပါသလို၊ မိမိရဲ့ ၀န်ထမ်းတွေ နဲ့ ကုမ္ပဏီတွင်း ဆောင်ရွက်ရတဲ့ Internal Marketing ကလည်း ထပ်တူအရေး ပါပါတယ်။
ဒီတော့ Internal Marketing ဆိုတာဘာလဲလို့ မေးစရာရှိလာပါတယ်။ ယေဘုယျအားဖြင့် Internal Marketing ဆိုတာကို ‘Internal Marketing is a strategy if treating a company’s employees as customers, and provding for their wants and needs’ ကိုယ့်ကုမ္ပဏီမှာ ရှိတဲ့ ၀န်ထမ်းများ ကို Customer များ သဖွယ် မှတ်ယူဆက်ဆံပြီး သူတို့ရဲ့ လိုအပ်ချက်နဲ့ လိုအင်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့ မဟာဗျူဟာတစ်ရပ် လို့အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ ဆိုလိုတာက ပြင်ပ Customer ဆိုတာက အဝေးကြီးပါ။ (Employee) ဆိုတာ Company ရဲ့ အနီးကပ်ဆုံး Customer အ ဖြစ် မှတ်ယူဆောင်ရွက်တဲ့ သဘောပါ။
နောက်တစ်ဖက်မှာ လည်း ကိုယ့်ရဲ့ ကုမ္ပဏီမှာ ရှိတဲ့ ၀န်ထမ်းတွေ ဟာ ကိုယ့်ကုမ္ပဏီကထုတ် လုပ်ရောင်းချတဲ့ ကုန်ပစ္စည်း (Product)၊ ၀န်ဆောင်မှု (Service) စတာတွေ ကို အထင်ကြီး ရှိရမယ့်အပြင် ခုံခုံမင်မင်သုံးစွဲကြရပါမယ်။ ဥပမာ-ရှုးဖိနပ် ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ ဆိုပါစို့။ ကိုယ့်ကုမ္ပဏီမှာ ရှိတဲ့ အမျိုးသား Marketing မန်နေဂျာတွေ အခြားဌာနတွေ က မန်နေဂျာတွေ စီးတဲ့ ရှုးဖိနပ်တွေ ကို ကြည့်လိုက်ရင် ကိုယ့်ရဲ့ ကုမ္ပဏီကထုတ်လုပ်တဲ့ ရှုးဖိနပ် Brand တွေ ချည်းပဲ ဖြစ်နေပါမယ်။ အဲ့သလို မှမဟုတ်ပဲ တခြားရှုးဖိနပ် Brand တွေ ဖြစ်နေရင်တော့ အဆိုပါကုမ္ပဏီအနေနဲ့ Internal Marketing အားနည်းနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒါဆိုရင် Internal Marketing အားကောင်းလာအောင် ဘယ်လိုလုပ်မလဲ။ာ လုပ်ဆောင်စရာနည်းလမ်းတွေ အများ ကြီးရှိပါတယ်။
တစ်ချို့ Product ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ ကတော့ သူတို့ရဲ့ Product တွေ ကိုတခမ်းတနားပုံဖော်ပြီး ကိုယ့်ရဲ့ ၀န်ထမ်းတွေ မြင်သာအောင် ခင်းကျင်းပုံဖော်ထားလေ့ရှိပါတယ်။ ဥပမာ- ကိုယ့်ကုမ္ပဏီ ကိုယ့်စက်ရုံက ထုတ်လုပ်တဲ့ Product တွေ ကို တခမ်းတနားစင်မြင့်ကြီးတွေ ပေါ် မှာ မီးအလင်းအမှော င်စနစ်တကျနဲ့ ကုမ္ပဏီဝင်ပေါက်၊ စက်ရုံဝင်ပေါက် ကိုယ့်ရဲ့ ၀န်ထမ်းတွေ မြင်သာမယ့် နေရာမျိုးမှာ ခင်းကျင်းပြသထားတာမျိုးပါ။ ဒါဆိုရင် ကိုယ့်ရဲ့ ၀န်ထမ်းတွေ နေ့စဉ်ရုံးတတ်၊ ရုံးဆင်းမှာ သူတို့ထုတ်လုပ်နေတဲ့ ကုန်ပစ္စည်းကို လှလှပပခမ်းခမ်းနားနား မြင်တွေ့ ရတဲ့အတွက် ကိုယ့်ရဲ့ Product ကိုယ့်ရဲ့ Product Brand ပေါ်မှာ ယုံကြည်စိတ်ချ အထင်ကြီးမှု တွေ ပိုမိုမြင့်မားလာမှာ ဖြစ်ပါတယ်။
နောက်တစ်ခါ ၀န်ဆောင်မှု (Service Providing) လုပ်တဲ့ ကုမ္ပဏီဆိုရင်တော့ Internal Marketing ကပိုအရေး ပါလာပါတယ်။ ကိုယ့်ကုမ္ပဏီက ၀န်ထမ်းတွေ အားလုံးအနေနဲ့ ကုမ္ပဏီရဲ့ Vision, Mission တွေ နဲ့ တစ်သားတည်း ဖြစ်နေဖို့လိုအပ်သလို၊ အထူးသဖြင့် Customer များ နဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရတဲ့ Front Office ၀န်ထမ်းများ အနေနဲ့ အမြဲတမ်း အပြုသဘောဆောင်ဖျက်လတ်တက်ကြွနေကာ ကိုယ့်ကုမ္ပဏီအပေါ် နှစ် နှစ် ကာကာယုံကြည်မှု ရှိနေဖို့ အထူးလိုအပ်ပါတယ်။
ကုမ္ပဏီတစ်ခုမှာ ၎င်းရဲ့ သက်ဆိုင်ရာဝန်ထမ်းများ ကိုယ်တိုင်က အဆိုပါကုမ္ပဏီရဲ့ မကောင်သတင်း၊ အတွင်းရေး စသည်များ ကို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို လှိုင်လှိုင်ပြောနေပြီဆိုရင်တော့ အဲဒီ ကုမ္ပဏီမှာ Internal Marketing ပြုလုပ်ဖို့များ စွာ လိုအပ်နေပြီလို့ ယူဆနိုင်ပါတယ်။ အဓိကအားဖြင့် HR မန်နေဂျာနဲ့ သက်ဆိုင်ရာ Line Manager များ အနေနဲ့ ကိုယ့်ဝန်ထမ်းများ ရဲ့ စိတ်ဓာတ်ရေး ရာမြင့်မားလာရေး ၊ ကုမ္ပဏီနှင့် တစ်သားတည်း ဖြစ်လာရေး အတွက် စနစ်တကျ ထိန်းညှိဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
Internal Marketing Process များ စနစ်တကျအကောင်အထည်ပေါ်လာရေး အတွက် အဓိကအားဖြင့် Best Practices (၆) ခုရှိပါတယ်။ အဲဒီ Best Practices (၆) ခုကို ဖော်ပြပါ ပုံကိုကြည့်ပြီး လေ့လာနိုင်ပါတယ်။ သက်ဆိုင်ရာ Practices များ နဲ့ လုပ်ငန်းခွင်ဆက်စပ်မှု ကို အခြေခံပြီး လုပ်ငန်းခွင်အတွေ့ အကြုံ (Workplace Experience) လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်မှု (Implementation)၊ နောက်ခံအကြောင်းအရာ (Contex) ဆိုပြီး ၃ပိုင်းထပ်မံခွဲခြားနိုင်ပါတယ်။
အဆိုပါ Best Practices ၆ ချက်မှာ -
၁။ Senior Management ၏ ပူးပေါင်းပါဝင်မှု
အဖွဲ့အစည်း၏ ခေါင်းဆောင်များ အနေဖြင့် Internal Marketing ဆိုင်ရာလုပ်ငန်းများ ကို ဦးစီးဦးဆောင်ပြုကာ နောက်လိုက်ဝန်ထမ်းများ ၏ စံပြ ဖြစ်အောင်ဆောင်ရွက်ပြုမူကြရမည် ။
၂။ ပူးပေါင်းဆောင်ရွက်မှု ရှိသည့် Organizational Stracture
အဓိကအားဖြင့် အဖွဲ့အစည်းရဲ့ Structure ဖြစ်တဲ့ Organization Chart ဟာ အပေါ်အောက် (Vertically) ရော၊ အဆင့်တူဘေးတိုက် (Horizontally) ရော အဆင်ပြေလိုက်လျောညီထွေ Fit ဖြစ်နေရပါမယ်။ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ Decision marking process လိုဟာမျိုးကိုလည်း တတ်နိုင်သမျှအဖွဲ့ဝင် ၀န်ထမ်းအားလုံးပူးပေါင်း ပါဝင်ချမှတ်တာမျိုး ဖြစ်သင့်ပါတယ်။
၃။ မဟာဗျူဟာမြောက် Marketing ဆောင်ရွက်မှု
ယနေ့ကမ္ဘာနှင့် အ၀န်း အောင်မြင်နေတဲ့ ကုမ္ပဏီတွေ အားလုံးဟာ ပြင်ပ External Marketing ကို လူအင်အားငွေအင်အား အလုံးအရင်းအသုံးပြုပြီး ဆောင်ရွက်ကြသလို၊ Internal Marketing ကိုလည်း တန်းတူအာရုံစိုက် ဆောင်ရွက်ကြပါတယ်။
၎။ လူ့စွမ်းအားအရင်းအမြစ်အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Partnership ပုံစံ အကောင်အထည်ဖော်မှု
ကုမ္ပဏီရဲ့ HR Plan တွေ ၊ Function တွေ အားလုံးက ကုမ္ပဏီကိုရော၊ ၀န်ထမ်းတွေ ရဲ့ အကျိုးစီးပွားကိုရော ဖော်ဆောင်ပေးနိုင်ရုံသာမက ကုမ္ပဏီရဲ့ အခြားသော Marketing Plan စတဲ့ Plan များ နဲ့လည်း အဆင်ပြေလိုက်လျောညီထွေ ဖြစ်ရပါမယ်။
၅။ အလုပ်ခွင်နှင့် တစ်သားတည်း ဖြစ်ရန် အားထုတ်ဆောင်ရွက်မှု
ကုမ္ပဏီအတွင်းမှာ ရှိတဲ့ အဖွဲ့ဝင်ဝန်ထမ်းမှန်သမျှဟာ ကုမ္ပဏီနဲ့တစ်သားတည်း ဖြစ်နေပြီး နေ့စဉ်လုပ်ငန်းခွင်မှာ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်ရှိကြရပါမယ်။ အထူးသဖြင့် ခိုင်းမှလုပ်တဲ့ Reactive Work တွေ ထက် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ရှေ့ရေး ကို ကြိုတွေးပြီး ဆောင်ရွက်တဲ့ Preactive Work တွေ များများ လုပ်လာနိုင်ရပါမယ်။
၆။ အဖွဲ့အစည်းအတွင်း Internal Brand တည်ဆောက်ဆောင်ရွက်နိုင်မှု
Internal Marketing ကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြတဲ့ ကုမ္ပဏီတွေ ဟာ သူတို့ရဲ့ ကုန်အမှတ်တံဆိပ် Brand တွေ ပေါ်မှာ သာမက၊ ၀န်ထမ်း (Employees) တွေ ပေါ်မှာ ပါ တည်ဆောက်နိုင်ကြပါတယ်။ အထူးသဖြင့် Service အထူးပြုလုပ်ငန်းများ အနေနဲ့ Internal Branding ဟာ များ စွာ အရေး ပါပါတယ်။ သန့်ရှင်းဖော်ရွေတတ်ကြွနေတဲ့ ၀န်ထမ်းတွေ ဟာ ကိုယ့်ကုမ္ပဏီရဲ့ Brand Image ကို များ စွာ မြှင့်တင်ပေးနိုင်ပါတယ်။
Ref: Internal Marketing Best Practices
(Forum for People Performance
Management and Measurement)
Northwestern University
မစ္စတာတို့ နှင့် အောင်မြင်မှု | အိုင်တီကဝေ | မြန်မာတွေအောင်မြင်ဖို့ အမှတ် (၂) |