လင်းသိုက်ညွန့် (မြန်မာ့မြေ)
မြန်မာတွေအောင်မြင်ဖို့ အမှတ် (၂)
စာရေးသူ၏ အမှာ စာ
(Writer’s message)
မြန်မာတွေအောင်မြင်ဖို့ (၁) ကို တစ်ခဲနက် အားပေးခဲ့ကြသော စာဖတ်ပရိသတ်များ ကို အထူးကျေးဇူးတင်ရှိသော အားဖြင့် ယခုမြန်မာတွေ အောင်မြင်ဖို့ (၂) ကို တင်ဆက်လိုက် ရပါသည်။ ယခု မြန်မာတွေအောင်မြင်ဖို့ (၂) တွင် ခေါင်းစဉ်ခွဲ (Categories) (၆) ခုအထိ တိုး ချဲ့ကာ စာဖတ် ပရိသတ်များ ၏ ကာယ၊ စိတ္တ၊ ဥာဏ၊ သုခ အဖက်ဖက်မှ တိုးတက်ရေး အတွက်သာမက စာရေးသူတို့၏ လူ့အဖွဲ့အစည်း တိုးတက်အောင်မြင် ဖွံ့ဖြိုး လာရေးအတွက် လည်း Society Development ကဏ္ဍတစ်ခုကိုလည်း တိုးချဲ့ တင်ဆက်ထားပါသည်။ လာ မည့် ဒီဇင်ဘာလလောက်တွင်လည်း Traders Hotel တွင် ကျင်းပ ပြု လုပ်ခဲ့သည့် စာရေး သူ၏ ဟောပြောပွဲကို Live VCD ရိုက်ကူးထား သည့် ဘဝရဲ့ အောင်မြင်မှု (Success of life) Success and Motivational talk VCD အား ချို ကြည်သာတေးသံသွင်းနှင့် ဗီဒီယိုထုတ်လုပ် ရေးမှ ဖြန့်ချိမည့်ဖြစ်ရာ မြန်မာတွေအောင်မြင်ဖို့ စာအုပ် Series များ နှင့် VCD တွဲ ဖက်ကြည့်ရှု ပါက ပိုမိုထိရောက်နိုင်မည်ဖြစ်သည်။ ယနေ့ စာရေးသူ တို့၏ နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးနယ်ပယ် အသီးသီးတွင် ပြု ပြင်ပြောင်းလဲမှု များ ပြု လုပ်၍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေကြသည်ဖြစ်ရာ အနာဂတ်ခေတ်၊ အနာဂတ်ကမ္ဘာတွင် စာရေးသူတို့၏ နိုင်ငံ နှင့်လူမျိုး ကမ္ဘာ့အလယ်တွင် မြင့်မားဝင့်ထည် အောင်မြင်လာရေး အတွက် အပြု သဘောဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် အလေးအနက် မျှော်လင့်ပါသည်။
See you at the top!
လင်းသိုက်ညွှန့် (မြန်မာ့မြေ)
(၁)
Success and wealth
ချမ်းသာမှု သို့ လမ်းမများ
Roads to Riches
(၁)
မိတ်ဆွေ။ သင်ချမ်းသာချင်ပါသလား။ ဘယ်လောက်ချမ်းသာချင်တာလဲ။ သိန်းတစ်ရာ လား။ သိန်းတစ်ထောင်လား။ သိန်းတစ်သောင်းလား။ ပထမဆုံး သင်ဘယ်လောက်ထိချမ်း သာချင်သလဲဆိုတာ ကိုယ့်ကိုကိုယ် တိတိကျကျပြန်မေးရပါမယ်။ အဲ့..အဲသလို မေးကြည့်လို့ တိတိကျကျအဖြေရပြီဆိုရင်တော့။ သင့်ကိုယ်သင် မောင်းတင်ပြီး အောက်ဖော်ပြပါ လမ်းမကြီးများ အတိုင်း မောင်းနှင်လိုက်ပါ။ ချမ်းသာမှု ဆီကို သင်မုချရောက်ပါလိမ့်မယ်။
(၂)
လမ်းမ (၁) ကိုယ်ပိုင်စီးပွားရေး တစ်ခုလုပ်ကိုင်ပါ။
သင်အခု ဝန်ထမ်းလုပ်နေတာလား။ ကိုယ်ပိုင်စီးပွားရေး လုပ်နေတာလား။ တစ်ကယ် လို့ ဝန်ထမ်းလုပ်နေတယ်လို့ဆိုရင် အခုချက်ချင်း အလုပ်ကထွက်ပြီး ကိုယ်ပိုင်စီးပွားရေး (Own Busin ess) တစ်ခုကို စတင်လိုက်ပါ။ ယနေ့ အမေရိကန်မှာ ရှိတဲ့ သန်းကြွယ်သူဌေးကြီး တော်တော်များများ ။ ဥပမာ Microsoft တည်ထောင်သူ ဘီလ်ဂိတ်၊ Oracle ရဲ့ CEO Ellison , Google ရဲ့ CEO စတဲ့သူတွေအားလုံး ဒီလမ်းမကြီး၊ ဒီနည်းလမ်းနဲ့ ချမ်းသာမှု ဆီကို ချီတက်ခဲ့ကြတာပါ။ ဒီလို ကိုယ်ပိုင်အလုပ်တစ်ခု စီးပွားရေးလုပ်ငန်းတစ်ခုကို စွန့်စားလုပ်ကိုင် လိုက်လို့ တခြားတစ်ဘက်မှာ လစာကောင်းတဲ့ အလုပ်အကိုင်တွေ၊ အလုပ်အာမခံချက်တွေ (Job Security) စတောတွေက သင့် ကို စိန်ခေါ်ကောင်း စိန်ခေါ်နေပါလိမ့်မယ်။ ဒါပေမယ့် မိတ်ဆွေ ရဲဝံ့မှု ၊ စွန့်စားမှု ၊ မဟာဗျူ ဟာတွေး ခေါ်မှု နဲ့ ဒီလမ်းကို ရဲရဲဝံ့ဝံ့လျှောက်လိုက်ပါ။ ချမ်းသာမှု တွေက သင့်ကို စောင့်ကြို နေပါလိမ့်မယ်။
လမ်းမ (၂) ကျော်ကြားမှု နဲ့ ချမ်းသာမှု ကိုရယူပါ။
တကယ်လို့ သင့်အနေနဲ့ စီးပွားရေး လုပ်ကိုင်ဖို့ ဝါသနာအထုံမပါဘူး။ စိတ်မဝင်စားဘူး ဆို ရင်တော့ ကိုယ့်အနုပညာ Talent ဘာပါသလဲ။ ဒါမှမဟုတ် ကိုယ်က ဘယ်လိုနယ်ပယ် တွေမှာ ထူး ချွန်သလဲ။ စဉ်းစားသုံးသပ်ပါ။ ပြီးရင် အဲ့ဒီနယ်ပယ်မှာ ကိုယ့်ရဲ့ ဘဝတစ်ခုလုံး မြှု ပ်နှံပြီး ထိပ်ဆုံးအထိ ထူးချွန်အောင် ကြိုး စားပါ။ ကမ္ဘာကျော် မီဒီယာ သူဌေးကြီး ရူးပတ် မားဒေါ့ (Rupert Mur doch) ဟာ ဒီနည်းလမ်းနဲ့ ချမ်းသာမှု ဆီကို ချီတက်ခဲ့တာပါ။ သင် အောင်မြင်ကျော်ကြားလာတဲ့အခါ ချမ်းသာမှု တွေက သင့်ဆီကို အလိုလို ရောက်လာပါလိမ့် မယ်။
လမ်းမ (၃) နည်းယူ အတုခိုးယူပါ။
ချမ်းသာအောင်မြင်လိုတဲ့သူတွေအတွက် နည်းယူခိုးတတ်ဖို့ဟာ အလွန်အရေးကြီးပါ တယ်။ ဥပမာ- သင့်စိတ်ထဲမှာ သိန်းဘယ်လောက်ချမ်းသာချင်တယ်ဆိုပါစို့။ တကယ့် ပြင်ပ လောကမှာ အဲ့သလောက် အတိုင်းအတာအထိ ချမ်းသာနေတဲ့ သင့်ရဲ့ သူရဲကောင်း (Hero) တစ်ယောက် ရှိကိုရှိပါတယ်။ သူလက်ရှိ ဘယ်လိုစီးပွားရေးတွေလုပ်နေလဲ။ သူ့ရဲ့ ဘဝက ဘယ်လိုလဲ။ သူ့ရဲ့ စီမံခန့်ခွဲမှု အယူအဆ(Management philosophy) ကဘယ်လို လဲ။သူ့ရဲ့ စီးပွားရေးမဟာဗျူ ဟာ (Business- Strategy) တွေက ဘာတွေလဲ။ အသေအချာ လေ့လာပြီး နည်းယူအတုခိုးပါ။ သင်လည်း ချမ်းသာမှု ဆီကို သေချာပေါက် ရောက်လာပါလိမ့် မယ်။
လမ်းမ (၄) သင်ယူပါ။
သင်ယူမှု (Learning) ဟာ လူတစ်ယောက် ထိပ်ဆုံးကိုရောက်ဖို့ မရှိမဖြစ်အရေးပါတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ပြောင်းလဲမှု တွေ များ ပြားလှတဲ့ ယနေ့ခေတ် ကမ္ဘာကြီးမှာ စဉ် ဆက်မပြတ် သင်ယူ (Continuous Learning) လုပ်နေတဲ့ သူတွေသာ နယ်ပယ်အရပ်ရပ်မှာ ဦးဆောင်နေကြတာ ဖြစ်ပါတယ်။ မိတ်ဆွေ သင်ယူမှု ဆိုတာ လမ်း လျှောက်နေသလိုပါဘဲ။ ကိုယ်က တစ်နေရာရာမှာ ရပ်လိုက်တာနဲ့ ကိုယ့်ကို သူများ က ကျော် တက် သွားပါလိမ့်မယ်။
လမ်း (၅) နည်းလမ်းတကျ ရင်းနှီးမြှု ပ်နှံပါ
ရင်းနှီးမြှု ပ်နှံမှု (Investment) ဟာ စီးပွားရေးရဲ့ အသက်ပါ။ တကယ်လို့ သင့်အနေနဲ့မှန်မှန်ကန်ကန် ရွေးချယ် (Right Choice) ပြီး မှန်ကန်တဲ့နေရာ (Right place) တွေမှာ သာ စနစ်တကျ ရင်းနှီးမြှု ပ်နှံနိုင်မယ်ဆိုရင် ချမ်းသာမှု ဆီကို အနှေးနဲ့အမြန် ရောက် လာမှာ ဖြစ်ပါတယ်။ ငွေကြေးရဲ့ တိုးပွားမှု အဟုန်ကို မှန်မှန်ကန်ကန် စီးနင်းပြီး ချမ်းသာမှု ဆီကို ချီတက်ကြရအောင်ပါ။
လမ်းမ (၆) လူမှု ရေးကွန်ယက် (Social Network) ကိုချဲ့ထွင်ပါ။
တတ်နိုင်သမျှ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ရန်သူနည်းပြီး မိတ်ဆွေတိုးပွားလာအောင် အားထုတ်ပါ။ ယနေ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ လူမှု ရေးကွန်ယက် (Social Network) ကျယ်ပြန့်အားကောင်းတဲ့ သူတွေသာ ထိပ်တန်းကိုရောက်နေကြတယ်ဆိုတာ မမေ့ပါနဲ့။ အလွှာစုံ နယ်ပယ်စုံက မိတ်ဆွေတွေဟာ ကိုယ့်ရဲ့ ချမ်းသာမှု ဆီ ချီတက်တဲ့ခရီးလမ်းမှာ များ စွာ အကူအညီပေးကြပါလိမ့် မယ်။ လူတွေကို ယုံကြည်ပြီး အောင်မြင်မှု ကို ပူးပေါင်းတည်ဆောက် တတ်တဲ့ အလေ့အထကို လေ့ကျင့်မွေးယူပါ။
လမ်းမ (၇) ဖြတ်လမ်းတွေကို လစ်လျူ ရှုနိုင်အောင် ကြိုး စားပါ။
ချမ်းသာမှု ဆီကို ချီတက်တဲ့ခရီးလမ်းမှာ သင့်အနေနဲ့ ဖြတ်လမ်းတွေကို မကြာမကြာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါတွေဟာ တကယ့်ဖြတ်လမ်း အစစ်အမှန်တွေ မဟုတ်ပါဘူး။ သင့် ကို လမ်းမှားကိုရောက်ပြီး ချောက်ကမ်းပါးတွေဆီကို ပို့ဆောင်ပေးမယ့် အတုအယောင်ဖြတ်လမ်း တွေသာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ချမ်းသာမှု ဆီကိုရောက်ဖို့ ဘယ်လို ဖြတ်လမ်းမှ မရှိဘူးဆိုတာ သတိပြု ပါ။
လမ်းမ(၈) သူများ တွေရဲ့ ငွေအရင်းအနှီး (Capital) တွေကို စနစ်တကျ အသုံးချပါ။
တစ်ခါတလေ ထူးချွန်ထက်မြက်သူတွေဟာ သူများ တွေရဲ့ ငွေအရင်းအနှီး (Capital) (ဥပမာ- ဘဏ်ချေးငွေ၊ အစုရှယ်ယာ ထည့်ဝင်ငွေ) စတာတွေနေ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှု ကို ပါးပါးနပ်နပ် တည်ဆောက်တတ်ကြပါတယ်။ အဓိက စူးရှထက်မြက်တဲ့ အမြင်၊ စနစ်ကျန တဲ့ ငွေကြေးစီမံ ခန့်ခွဲမှု ကို ဆောင်ရွက်တတ်ဖို့ပါပဲ။ ကိုယ့်ရဲ့ အားထုတ်မှု ဟာ ကိုယ်ကိုယ်တိုင် ကိုသာမက အခြားသူတွေပါ ကြွယ်ဝချမ်းသာစေလို့ အပြန်အလှန် အကျိုး ရှိတဲ့ win win relationship ကိုပါ တည်ထောင်နိုင်ပါတယ်။
Ref: Finding Your Road to Riches
By: Ken Fisher (Success Magazin, Jan, 2011)
See you at the top
(၂)
အရှုံးများ နှင့် ကခုန်ခြင်း
(Dencing With Failures)
(၁)
“အရှုံး”။ ဤ “အရှုံး” ဟူသော စကားလုံးကို လူတိုင်း နှစ်မြို့  ကြမည် မဟုတ်။ မနှစ်မြို့  သည့်အပြင် လိုလားကြမည်လည်းမဟုတ်။ ထို့အတူ ဤအရှုံးဟူသောစကားနှင့် လုံးဝ ပတ်သက်လိုကြမည်လည်းမဟုတ်။ ဤကဲ့သို့ သော ပုဂ္ဂို လ်သတ္တဝါအပေါင်းက တညီတညွှတ် တည်း လုံးဝလိုလားခြင်းမရှိသော အရှုံး(Failture) ဟူသောအရာကို စာရေးသူက လိုလား သည်။ အလိုရှိသည်ဟုဆိုအံ့။ စားရေးသူ တစုံတရာ ချွတ်ချော်မှားယွင်းနေပြီဟု စာဖတ်သူများ က ထင်လိမ့်မည်။ ဤအကြောင်း နှင့်ပတ်သက်၍ ရှေ့ဆက်ရှင်းလင်းရအံ့။
(၂)
တကယ်တော့ စာရေးသူတို့ဘဝတွင် အရှုံး ဟူသည်ဘယ်တုန်း။ ဘယ်တုန်း။ ဘယ်တုန်းက မှမရှိခဲ့။ သို့ ဆိုလျှင် စာဖတ်သူများ က ဒါဆိုရင် ကျွန်တော် ကျွန်မတို့ ငယ်တယ် တုန်းက စာမေးပွဲတချို့  မှ မအောင်မြင်ဘဲ ကျခဲ့ရှုံးခဲ့တာတွေဟာ ဘာတွေလဲ။ မကြာသေး မီလောလောလတ်လတ် အလုပ်က ရာထူးတိုး ပရိုမိုးရှင်းစာမေးပွဲမှာ လုပ်ဖော်ကိုင်ဖက်တွေက ရာထူးတိုးသွားပြီး ကိုယ်တစ်ယောက်တည်းပဲ ကွက်ကျန်ခဲ့တာဘာကြောင့်လဲ စသည်ဖြင့် လဲပေါင်းများ စွာ မေးခွန်းများ စွာ မေးမြန်းလာနိုင်ပါသည်။
ဟုတ်ပါသည်။ သို့ ဆိုလျှင် စာရေးသူက ပြန်ဖြေ၊ ပြန်ပြောရပါလိမ့်မည်။ ဤအရာတွေ အားလုံးသည်။
“ရှုံးနိမ့်မှု (Failture)” တွေ လုံးဝ လုံးဝ မဟုတ်။
“ရလဒ် (Feedback and Result)” တွေသာဖြစ်ပါသည်။ စာမေးပွဲမအောင်မြင်ခြင်းမှာ တကယ်တော့ ရှုံးနိမ့်မှု (Failture) မဟုတ်ပါ။ အသေအချာ ပြန်စဉ်းစားကြည့်ပါ။ စာရေးသူ တို့ဘဝတွင် စာမေးပွဲကျတယ်ဆိုတာ ဘယ်သောအခါမှ မရှိပါ။ ဥပမာ-၉ တန်းမအောင်သော ကျောင်းသားတစ်ယောက်သည် ၈ တန်းသို့ စာမေးပွဲကျ (အတန်းပြန်ချ) ခြင်းခံရတာ မျိုး မဟုတ်ဘဲ နောက်တစ်တန်း (၁၀ တန်း/တက္ကသိုလ်ဝင်တန်း) သို့ မတက်ရောက်ရခြင်းသာ ဖြစ်ပါသည်။ သို့ ဖြစ်၍ စာရေးသူတို့ ဘဝတွင် စာမေးပွဲကျတယ်ဆိုတာ ဘယ်သောအခါမှ မရှိပါ။ စာမေးပွဲအောင်မြင်ရန် အရည်အသွေးမမီ၊ အမှတ်မမီသေးခြင်းသာ ဖြစ်ပါသည်။ နောက်တကြိမ် အောင်မြင်အောင် ကြိုး စားခွင့်သည် စာရေးသူတို့ အားလုံးတွင် ညီတူမျှတူ ရှိနေပါသည်။
(၃)
တကယ်တော့ ဘဝကစားပွဲ (Life Game) မှာ ကိုယ်ကအရှုံးပေးပြီဆိုမှ တကယ် ရှုံးတာပါ။ ကာယကံရှင် မိမိကိုယ်တိုင်က အရှုံးမပေးမချင်း ဘယ်တော့မှ မရှုံးပါဘူး။ ဘဝဆိုတဲ့ ကစားပွဲက ဘောလုံးတစ်ပွဲလိုပါဘဲ။ ကိုယ်က ဂိုးစပေးလိုက်ရတိုင်း ရှုံးသွားတာမဟုတ်ပါဘူး။ ပွဲချိန် (Game Time) မပြီးမချင်း ချေပဂိုးပြန်သွင်းနိုင်ဖို့ အနိုင်ဂိုးတွေသွင်းနိုင်ဖို့ ကြိုး စားခွင့် တွေ ရှိနေပါသေးတယ်။ အဲ..အဲ့သလိုမှမဟုတ်ဘဲ ကိုယ်က ဂိုးပေးလိုက်ရတာ နဲ့ ညစ်ကန်ကန် ပြီး လူချကစားရင်တော့ ဘောလုံးပွဲမှာ အနီကတ်၊ အဝါကတ်တွေ အပြခံရပြီး ထုတ်ပယ်ခံ ရနိုင်သလို ဘဝကစားပွဲမှာ လည်း ခံရနိုင်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။
တကယ်တော့ ဘဝမှာ အမှန်တကယ် ရှုံးနိမ့်တယ်ဆိုတာ တစ်ခုပဲရှိပါတယ်။ အဲ့ဒါက ကိုယ့် ရဲ့ ရလဒ် (Result) တွေ၊ အတွေ့အကြုံ တွေကနေ သင်ခန်းစာမယူဘဲ လဲကျနေရာက ပြန်မထတာကမှ အမှန်တကယ်ရှုံးနိမ့်တာပါ။ ဘယ်နှစ်ကြိမ် လဲကျလဲကျ လဲကျတဲ့အကြိမ် တိုင်းမှာ ကျွန်တော် တို့ပြန်ထနိုင်ရင် ဘယ်တော့မှ မရှုံးပါဘူး။ ခုနှစ်ခါလဲရင် ရှစ်ခါပြန်ထရမှာ ပါပဲ။ ရှစ်ခါလဲရင်လည်း ကိုးခါပြန်ထကြရမှာ ဖြစ်ပါတယ်။ အဓိကက လဲကျနေရာကနေ ပြန်ထ ဖြစ်အောင် ထကြဖို့ဖြစ်ပါတယ်။
(၄)
ယနေ့ ကမ္ဘာပေါ်မှာ ထိပ်တန်းကရပ်တည် အောင်မြင်နေတဲ့သူ အားလုံးကို ကြည့် ကြည့်ပါ။ အားလုံးကကြီးကြီးကျယ်ကျယ်ရှုံးနိမ့်ပြီးမှ ကြီးကြီးကျယ်ကျယ် အောင်မြင်လာကြ တဲ့သူတွေပါပဲ။ အက်ဒီဆင် လျှပ်စစ်မီးကို မတီထွင်နိုင်မီက အကြိမ်ပေါင်းများ စွာ မအောင် မမြင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အက်ဒီဆင်က ဒါကို “အရှုံး (Failture)” လို့မယူဆပါဘူး။ အောင်မြင်မှု (Success) ကိုသွားတဲ့လမ်းမှာ အလုပ်မဖြစ်တဲ့နည်းကလေးတွေကို တွေ့တယ် လို့ပဲ ယူဆခဲ့ပါတယ်။ ဒီခံယူချက်ကပဲ သောမတ်အယ်လ်ဖာအက်ဒီဆင်ကို ကမ္ဘာ့အကြီးကျယ် ဆုံး တီထွင်သူကြီးအဖြစ် တွန်းပို့ပေးခဲ့တာ ဖြစ်ပါတယ်။
(၅)
ကမ္ဘာကျော် အောင်မြင်ရေးဟောပြောသူ ဒေးလ်ကာနက်ဂျီရဲ့ အရှုံးနဲ့ပတ်သက်ပြီး မှတ်သားဖွယ် စကားလေးတစ်ခွန်းရှိပါတယ်။ ဘာတဲ့။
“Develop success from failture. Discouragement and Failture are two of the surest stepping stones to success.”
(Dail Carnegie)
“ရှုံးနိမ့်ရာကနေ…အောင်မြင်မှု ကို ရှာဖွေယူပါ။ အခက်အခဲတွေနဲ့ ရှုံးနိမ့်မှု ဆိုတာ အောင်မြင်မှု ဆီ သွားတဲ့ လမ်းမှာ သေချာပေါက် တွေ့ရမယ့် မှတ်တိုင်တွေပါပဲ”
ဒေးလ်ကာနက်ဂျီ
“အရှုံးတွေကို ဘယ်လိုရင်ဆိုင်မလဲ”
တစ်ကယ်တော့ ရှုံးနိမ့်မှု ရလဒ်တွေကို ရင်ဆိုင်ဖို့ဆိုတာပါးစပ်ကပြောရတာ လွယ်သ လောက် စာရွက်ပေါ်မှာ ရေးပြရတာ လွယ်သလောက် လက်တွေ့မှာ အတော်လုပ်ရခက်တဲ့ အလုပ်တစ်ခုပါ။ ဒီတော့ စာဖတ်သူ သင်ရော အရှုံးရလဒ်တွေကို ရင်ဆိုင်တွေ့လာတဲ့အခါ ဘာလုပ်ပါမလဲ။
လွယ်လွယ်လေးပါ။ တကယ်လို့ သင်မှားနေပြီဆိုရင်“ပြောင်းလဲဖို့လိုအပ်တာတွေကို ပြောင်းလဲဖို့ မနှောင့်နှေးပါနဲ့။ သင်ကစပြီး ပြောင်းလဲပါ”
တကယ်လို့ သင်လုပ်နေတာတွေက အလုပ်မဖြစ်တော့ဘူးဆိုရင်။
“အခြားမတူတွေကို ပြောင်းလုပ်ပါ။ လုပ်ရိုးလုပ်စဉ် သမားရိုးကျဘောင်တွေကနေ ရဲရဲဝံ့ဝံ့ ခွဲထွက်လုပ်ကိုင်လိုက်ပါ။”
ဒါဆိုရင် သင်ရဲ့ ရှုံးနိမ့်မှု ဟာ သင့်ကိုအောင်မြင်မှု ဆီကို တစ်လှမ်းပိုနီးသွားစေပါ လိမ့်မယ်။ မိတ်ဆွေ ရှုံးနိမ့်မှု များ နဲ့ပျော်ရွှင်စွာ ကခုန်လိုက်ပါ။ အောင်မြင်မှု ကလည်း သင်နဲ့ လာရောက် ကခုန်ပါလိမ့်မယ်။
See you at the top!
![]() သင့်အတွက် အောင်မြင်ရေးဗီတာမင်များ | ![]() Dream Job အလုပ်ကောင်းကောင်း ရဖို့ နည်းလမ်းများ | ![]() တို့မြန်မာတွေအာရှကျားဖြစ်စေဖို့ အပါအ၀င် ဗီတာမင်ဆောင်းပါးများ |