Cover

စာရေးသူ၏ အမှာ စာ

ဤစာအုပ်ပါ ဆောင်းပါးများ အနက် ခုနှစ်ပုဒ်မှာ 7 Day News Journal တွင် ရေးသားခဲ့ပြီး၊ ကျန် ဆောင်းပါးများ မှ Knowledge Bridge မဂ္ဂဇင်း၊ Fashion Image မဂ္ဂဇင်း၊ ပန်းအလင်္ကာ မဂ္ဂဇင်း Youth မဂ္ဂဇင်း၊ Teen မဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်များ ကို စုစည်း ဖော်ပြထားခြင်းဖြစ်ပါသည်။

ယနေ့စာရေးသူတို့၏ နိုင်ငံသည် လွတ်လပ်ပွင့်လင်းသည့် ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ အသွင်ကူးပြောင်းနေသည့် transitional period ဖြစ်ပါသည်။ ဒီမိုကရေစီ နိုင်ငံတော်သစ် နှင့်အတူ စာရေးသူတို့ မြန်မာပြည်သူပြည်သားအပေါင်း အမျိုး သားကြီးပွားတိုးတက်ရေး ၊ တို့ မြန်မာများ အာရှကျားဖြစ်ရေး ကြိုး ပမ်းဆောင်ရွက်ကြရာတွင် ဗီတာမင်အားဆေးများ သဖွယ် စားသုံးဖတ်ရှုနိုင် ရေးအတွက် ဤဆောင်းပါးစုကလေးများ ကို တင်ဆက်လိုက်ရပါသည်။

အသက် ၂၃ နှစ်အရွယ် လူငယ်စာရေးဆရာတစ်ယောက်၏ သူ့နိုင်ငံနှင့် လူမျိုး အပေါ် ရှုမြင်သုံးသပ်ခံစားပုံကို စာဖတ်သူတို့အနေဖြင့် ခံစားနားလည်နိုင်ကြမည်ဟု ယုံကြည်ပါသည်။

Country is every first
လင်းသိုက်ညွန့် (မြန်မာ့မြေ)

စင်ကာပူမှာ နေချင်လား

ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ လေယာဉ်ကြီးက ငြိမ့်ခနဲတက်သွားတော့ ရင်ထဲမှာ ဟာတာ တာကြီးဖြစ်သွားသလို ခံစားလိုက်မိသည်။ မွေးကတည်းက ကိုယ်နေထိုင်ကျက်စားခဲ့ရသော မြို့  တော်ကြီးကို ခုလို မြေပြင်မှာ ပြားပြားဝပ်ဝပ်ကလေး တွေ့လိုက်ရတော့လည်း ရင်ထဲမှာ ဘာ လိုလိုနဲ့၊ ဒါတောင် သူက သူများ တွေလို နိုင်ငံခြားကို အပြီးထွက်လာတို့၊ နှစ်နှင့်ချီပြီး အလုပ် လာလုပ် တာတို့မဟုတ်။ ဆယ်တန်းစာမေးပွဲ ဖြေပြီးသွားလို့ အားနေတာနဲ့ ဘိုးဘိုးက စင်ကာပူ ကို အလုပ် ကိစ္စတစ်ခုရှိလို့သွားရင်း အလည်လိုက်လာခဲ့ခြင်းသာ။ သူ့ဘေးနား ကပ်ရပ်မှာ တော့ ဘိုးဘိုးက ဖိုင်တွဲ တွေ တစ်ပုံကြီးနှင့် အလုပ်ရှုပ်နေသည်။ စင်ကာပူ ရောက်ရောက်ချင်း တက် ရမယ့် အစည်းအဝေး တစ်ခုအတွက် ပြင်ဆင်နေတယ်ထင်ပါရဲ့ ။

လေယာဉ်ပေါ်က ပတ်ဝန်းကျင်ရှုခင်းတွေကို ငေးမိရင် သူငယ်ငယ်က ဖတ်ခဲ့ရတဲ့ ရှင်မဟာရဌသာရရဲ့ ကဗျာတစ်ပုဒ်ကိုတောင် သတိရမိသေး။ ဘာတဲ့ တို့ပြည်ပြု ဗ္ဗာရှေ့ ဆီမှာ နှင့်၊ ဘာသာ မတူ၊ အမူကွဲခြမ်း ၊ မြို င်တောဝှမ်းငယ်၊ အချမ်းမတူ၊ အပူမမျှ၊ ကြုံ ဘိရ၏ တဲ့ ရှင်မဟာရဌသာရက ညည်းခဲ့တာ။ သည်လိုပါပဲ။ ရှေ့လျှောက်ကိုယ့်မြေ၊ ကိုယ့်ရေမဟုတ်သည့် ဒေသမှာ ဘာတွေ ကြုံ ရမလဲဆိုတာကို တွေးပြီး သူလည်းရင်တော့ ခုန်မိပါရဲ့ ။

စင်ကာပူနိုင်ငံ “ချန်ဂီ” လေဆိပ်ကို ရောက်တော့ သူက တောသားမြို့  ရောက်ဖြစ် နေသည်။ အားပါးပါး၊ ကြီးလိုက်တဲ့ လေဆိပ်ကြီး၊ များ လိုက်သည့် လေယာဉ်တွေ၊ လူတွေက သူတို့ကိစ္စကိုယ် စီနှင့် ခပ်သုတ်သုတ်၊ ဥဒဟိုသွားလာနေကြသည်။ သြော် … အရှေ့တောင် အာရှ၏ စီးပွားရေးကို ဦး ဆောင်နေသည့် ခြင်္သေ့တို့ရဲ့ မြို့  တော်ပဲ ။ ဒီလောက်တော့ ရှိမှာ ပေါ့။

ဘိုးဘိုးကတော့ အကောက်ခွန်ဌာနတို့၊ ၀န်စည်စလယ် (Luggage)ထုတ်တာတို့ကို ကျွမ်းကျွမ်းကျင်ကျင် သူ့ရှေ့က ဦးဆောင်လုပ်သွားသည်။ သူကနောက်က ဟိုးငေး၊ ဒီငေး လုပ်ပြီး လိုက်ခဲ့ရုံသာ။ တစ်ချက်တစ်ချက် မြင်ရသည့် စကတ်တိုတိုလေးတွေနှင့် စင်ကာပူ တရုတ်မလေး တွေက ချောတော့ချောရှာကြပါသည်။ သို့ သော် သူ့စိတ်ထဲမှာ တော့ သင်္ကြန်မိုး ရုပ်ရှင်ကားထဲက သလုံးသားမပေါ်သည့် ရွှေခြေချင်းသံ တချွင်ချွင်နဲ့ မန္တလာသူတွေကို မီ သည်လို့ မထင်ခဲ့။

ညပိုင်းရောက်တော့ ဘိုးဘိုးက သူ့ကို ဆန်တိုဆာဂါးဒင်းသို့ ခေါ်လာသည်။ သူ့မိတ်ဆွေ နိုင်ငံခြားသားတွေက ညစာစားဖို့ ဖိတ်ထားသည်တဲ့။ ဒါနဲ့ မြေးအဘိုးနှစ်ယောက် တစ်နာရီ လောက်စောထွက်လာခဲ့ကြသည်။ သူ့ကို ဆန်တိုဆာမှာ ဟိုဟိုဒီဒီလိုက်ပြရဦးမယ် မဟုတ်လား။

ဆန်တိုဆာ ညခင်းဆန်တိုဆာဂါးဒင်းကတော့ ဒစ္စကိုမီးရောင်တို့နှင့် တဖိတ်ဖိတ် တောက်ပနေသည်။ သည်မှာ ပဲ စင်ကာပူတို့ရဲ့ အထိမ်းအမှတ် သင်္ကေတ “ရေခြင်္သေ့” ရုပ် အဆောက် အအုံကြီးရှိလေရဲ့ ။ မီးရောင်ဝင်းဝင်းနဲ့ ရေခြင်္သေ့ကြီးရဲ့ မျက်လုံးတွေကတော့ စင်ကာပူသားတွေရဲ့ အားမာန်ကို ဖော်ပြနေသယောင်ယောင်။

ဆန်တိုဆာရဲ့ မီးရောင်စုံလှတပတတွေကြားမှာ သူကတော့ ပျော်သလိုလို၊ အားကျ သလိုလို ခံစားမိနေသည်။ ဒါပေမယ့် သူ့စိတ်ထဲမှာ တေ့ ၀ါဒ်ဇ်ဝါ့တ်(သ်) William Wordsworth ရဲ့ ကဗျာလေးတစ်ပိုဒ်ကို သတိရမိသည်။ ဘာတဲ့ ….

“I traveled among unknown man ,
In lands beyong the sea :
Nor, England ! did I know till then
What love I bore to thee”

သူစိမ်းတွေကြား
ရေခြား၊ မြေခြား တစ်နေရာ၌
ခရီးသည်တစ်ယောက်
ရောက်ခဲ့ရမိ။
အို .... အမိ အင်္ဂလန်နိုင်ငံ
သူစိမ်းမြေငါမရောက်ခင်က
သည်လောက်ကွယ်
သင့်ကိုတွယ်တာကြောင်း

ငါမသိခဲ့ ... တဲ့။ သည်လိုပါပဲ ။ အခုသူလည်း ကမ္ဘာ့အလှပဂေး ကမ္ဘာကျော် ဥယျာဉ် ကြီးထဲကနေ သူ့မိခင်နိုင်ငံရဲ့ အငွေ့အသက်တွေကို ပြန်လွမ်းနေမိသည်။ သြော် ..... ကိုယ့်ဒေသကို မြတ်နိုးတယ်။ တွယ်တာတယ်။ အထွဋ်အမြတ်တင်တယ်ဆိုတာက ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ တိုးတက် ခြင်း၊ မတိုးတက်ခြင်းတွေနဲ့ မဆိုင်မှ မဆိုင်တာပဲလေ။

“ကဲ …. ဘိုးဘိုးမိတ်ဆွေတွေ လာတော့မယ်။ စားသောက်ဆိုင်ကို သွားရအောင်”

ဘိုးဘိုးရဲ့ စကားသံကို ကြားတော့မှ သူ့အတွေးတိမ်မျှင်တို့ ပြတ်သွားသည်။ သြော် .. ဟုတ်ပါရဲ့ ။ ဘိုးဘိုးတို့ ချိန်းထားတဲ့ အချိန်တောင် ရောက်တော့မှာ ပဲ။

စင်ကာပူသားတို့ရဲ့ ခန့်ညားမှု က စားသောက်ဆိုင်ရဲက အပြင်အဆင်၊ ၀န်ဆောင်မှု (Service)တွေ အပေါ်မှာ ထင်ဟပ်သက်ရောက်နေသည်။ အရာရာ အားလုံးက ပြောစရာမလို အောင် စနစ်တကျ ကျကျနန။

ဘိုးဘိုး၏ မိတ်ဆွေ နိုင်ငံခြားသားတွေက စုစုပေါင်း သုံးဦးဖြစ်သည်။ နှစ်ဦးကတော့ စင်ကာပူနွယ်ဖွား တရုတ်တွေထင်သည်။ နောက်တစ်ဦးကတော့ ဂျာမန်လူမျိုး “မစ္စတာ အပ်ဒ၀င်” တဲ့။ ဘိုးဘိုးနဲ့ ဖက်စပ်လုပ်တဲ့ ဂျာမန်စက်ယန္တရား ကုမ္ပဏီကြီးက ဒါရိုက်တာ တစ်ယောက်ပေါ့။

စားပွဲဝိုင်းကိုရောက်ရောက်ချင်း ဘိုးဘိုးက သူ့ကို မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးသည်။ ဒါက “ငါ့မြေး လင်းသိုက်ညွန့် ဒီနှစ် ငါတို့နိုင်ငံရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေပြီးပြီ” စသည်ဖြင့်ပေါ့။ ဒီတော့ မစ္စတာ အပ်ဒ၀င်က သူ့ကို တစ်ခုမေးသည်။

“ဟာ … ဒါဆို မင်းစင်ကာပူမှာ ကျောင်းဆက်မတက်ချင်ဘူးလား” တဲ့ ။ ဒီတော့ .. သူက-

“ဟုတ်ကဲ့ တက်မှာ ပါ။ ကျွန်တော့်မှာ အစီအစဉ်ရှိပါတယ်” သူ့ဖြေသံလည်း ကြားရော မစ္စတာ အပ်ဒ၀င်က ရယ်ပြီး ….

“ ကောင်းတယ်၊ ကောင်းတယ်။ ဒါနဲ့ စင်ကာပူက ပျော်စရာကြီးနော်။ မင်း စင်ကာပူမှာ မနေချင်ဘူးလား”လို့ မေးသည်။ သူပြန်ဖြေလိုက်တဲ့ အဖြေကိုလည်း ကြားရော မစ္စတာအပ်ဒ၀င် ရော ကျန်တဲ့သူတွေပါ သူ့ကိုဝိုင်းပြီး လက်ဆွဲနှုတ်ဆက်ကြသည်။ ဘိုးဘိုးကတော့ ပြုံး ပြီး သူ့ကို ကြည့်နေသည်။ သူပြန်ဖြေလိုက်တာက “မနေချင်ပါဘူး။ ကျွန်တော် စင်ကာပူမှာ ကျောင်းပဲ တက်မှာ ပြီးရင် ကျွန်တော့်နိုင်ငံ ကျွန်တော်ပြန်မှာ ။ ကျွန်တော် ကျွန်တော့် နိုင်ငံကိုပဲ စင်ကာပူ လိုဖြစ်အောင် လုပ်ချင်တာ”

အဲဒီ နေ့က ဆန်တိုဆာရဲ့ မီးရောင်တွေအောက်မှာ မစ္စတာ အပ်ဒ၀င်က သူ့ကိုဆက်ပြီး ပြောလိုက်တဲ့ စကားတစ်ခွန်းကိုလည်း သတိရမိသေးသည်။ သူပြောတာက ….

“မင်းတို့နိုင်ငံမှာ မင်းလိုသူတွေသာ အများ ကြီးဆိုရင် မင်းတို့နိုင်ငံ ခဏလေးနဲ့ ချမ်းသာ သွား နိုင်တယ်” တဲ့။

7 Day News Journal
Vol:7,No-31
အောက်တိုဘာ ၂၃ ရက် ၊ ၂၀၀၈ ခုနှစ်

ငြိမ်းချမ်းချင်သလား၊ လွယ်ပါတယ်

ဒီနေ့ ညနေပိုင်း ၊ နည်းနည်းအားနေတာနဲ့ ကျွန်တော်လည်း တီဗီရှေ့ထိုင်ပြီး (CNN)တို့၊ (Asia News)တို့၊ (CCTV)တို့ကို ဟိုဖမ်းသည်ဖမ်း လျှောက်ကြည့်ဖြစ်ပါတယ်။ အဲဒီ လို သတင်း ချန်နယ်လ်တွေ ဖမ်းကြည့်လိုက်တိုင်း၊ ဖမ်းကြည့်လိုက်တိုင်း “အဂ္ဂဒက် မှာ တော့ ဗုံးပေါက်လို့ ဘယ် နှစ်ယောက်သေသွားပြီ” ၊ “အာဖရိကမှာ တော့ ဘယ်နိုင်ငံမှာ သမ္မတကို ဘယ်အတိုက် အခံက သေနတ်နဲ့ ချောင်းပစ်လို့”၊ “ဟောလိဝုဒ်မှာ တော့ ဘယ်မင်းသားက အဆိပ်သောက်ပြီး သေကြောင်းကြံလို့” စသည်ဖြင့် အနိဌာရုံသတင်းတွေနဲ့ပဲ ပြည့်နှက်နေတာကို တွေ့ရပါတယ်။ တော်တော်ကို တုန်လှုပ်စရာပါပဲ။

တကယ်တမ်း စဉ်းစားကြည့်လိုက်ရင် ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက်၊ လူသားအဖွဲ့ အစည်းကြီး (Society)ငြိမ်းချမ်းဖို့အတွက် သူတို့အနောက်နိုင်ငံတွေလောက်လုပ်တာ သူတို့ ပါပဲ။ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် ညီလာခံ (Convention) ကြီးတွေ၊ ဆွေးနွေးပွဲကြီးတွေ လုပ်ကြတာလည်း သူတို့ပါပဲ။ ပညာဥာဏ် (Wisdom) ပိုင်းနဲ့ကြည့်ရင်လည်း အောက်စဖို့ဒ်၊ ကိန်းဘရစ်တဲ့ ထိတ်ထိတ်ကြဲ တက္ကသိုလ်ကြီးတွေ၊ ထိတ်ထိတ်ကြဲ ပညာရှင်ကြီးတွေ ပါမောက္ခ ကြီးတွေလည်း သူတို့ဆီမှာ ပဲ ရှိတာပါပဲ။ ကိုင်း …. ဒါဆို သူတို့တွေခုထိ ဘာကြောင့် မငြိမ်းချမ်း ကြသေးတာပါလဲ။

ဒီကြားထဲ ကိုလိုနီကာလတစ်လျှောက် ကျွန်တော်တို့လို နိုင်ငံငယ်လေးတွေကို မတရား အမြတ်ထုတ်၊ ဂုတ်သွေးစုပ်ပြီး ကျိကျိတက်ချမ်းသာလာကြတဲ့ အရင်းရှင်နိုင်ငံကြီးတွေက သူတို့ရဲ့ ယုတ်မာမှု တွေကို မသိကျိုး ကျွံပြု ပြီး ယနေ့မှာ သူတော်ကောင်းလုပ်ကာ မင်းတို့နိုင်ငံ တွေ ဆင်းရဲတာ လူ့အခွင့်အရေးမရှိလို့ ၊ ဘာ(Right)မရှိလို့၊ ညာ (Right)မရှိလို့နဲ့ သူခိုးက လူပြန်ဟစ်လိုက်ကြ ပါသေးတယ်။

တကယ်တမ်း ကမ္ဘာကြီး ငြိမ်းချမ်းချင်ပါသလား။ လူသားအချင်းချင်းကို သွေးစည်း ချစ်ကြည်ချင်ပါသလား။ လူအချင်းချင်း သေနက်တွေဆွဲကိုင်ပြီး အလုအယက် အသေသတ်နေ ကြ တဲ့အဖြစ်ဆိုးကြီးတွေက လွတ်မြောက်ချင်ပါသလား။ လွယ်ပါသည်။ အလွန့်ကိုလွယ်ပါ သည်။ အဓိကက လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ဂေါတမဗုဒ္ဓဟောကြားခဲ့တဲ့အတိုင်း ကျွန်တော် တို့အားလုံး အစွန်းမရောက်ကြဖို့လိုသည်။ တစ်နည်းအားဖြင့် အလယ်အလတ် မဇ္ဇျိမလမ်း (Middle Path) ပေါ်မှာ လျှောက်လှမ်းနိုင်ကြဖို့ လိုပါသည်။ သည်လိုဆိုလျှင် ငြိမ်း ချမ်းဖို့ရာအလွန့်ကို လွယ် သွားပါပြီ။

ဒီလိုဆိုရင် ဂေါတမဗုဒ္ဓရဲ့ အလယ်အလတ်လမ်း (Middle Path)ဆိုတာဘာလဲ။ အဓိက (Main)ကတော့ မဂ္ဂင်ရှစ်ပါး (Noble Eightfold Path)ပဲဖြစ်ပါတယ်။ အဲဒီ မဂ္ဂင်ရှစ်ပါးကတော့ ။

၁။    သမ္မာဒိဌိ    -    မှန်ကန်သောအမြင် (Right View/Right Understanding)

၂။    သမ္မာသင်္ကပ္ပ    -    မှန်ကန်သောအကြံ (Right Thougth)

၃။    သမ္မာဝါစာ    -    မှန်ကန်သောစကား (Right Speech)

၎။    သမ္မာကမန္တ    -    မှန်ကန်သောအလုပ် (Right Action)

၅။    သမ္မာအာဇီဝ    - မှန်ကန်သောအသက်မွေးဝမ်းကျောင်း (Right Livelihood)

၆။    သမ္မာဝါယာမ    -    မှန်ကန်သောအားထုတ်မှု (Right Effort)

၇။    သမ္မာသတိ    -    မှန်ကန်သောနှလုံးသွင်းမှု (Right Mindfulness)

၈။    သမ္မာသမာဓိ    -    မှန်ကန်သောတည်ကြည်စူးစိုက်မှု (Right Concentration) တို့ပဲဖြစ်ပါတယ်။

ကမ္ဘာသူ ကမ္ဘာသားတွေအနေနဲ့ ဒီလမ်းစဉ်ရှစ်ရပ်ကိုသာ အတိအကျ လိုက်နာ ကျင့်သုံးနိုင်ကြပါစေ။ ကမ္ဘာကြီးနဲ့ လူ့အဖွဲ့အစည်းဟာ အလွယ်တကူ ငြိမ်းချမ်းနိုင်မှာ ပါပဲ။

ဒီတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တွေအနေနဲ့ မျက်မှော က်ကာလမှာ အနောက်နိုင်ငံကြီးတွေထက် စီးပွားရေး၊ နည်းပညာတို့မှာ အောက်ကျကောင်းအောက်ကျနေ ပေမယ့် ဒီလို ဗုဒ္ဓရဲ့ အထူးမြင့်မြတ်လှတဲ့ (Morality) ပိုင်းဆိုင်ရာ၊ (Ethic)ပိုင်းဆိုင်ရာ အဆုံး အမကောင်းတွေ ရှိနေတာမို့ ငြိမ်းချမ်းသာယာဝပြောတဲ့ မေတ္တာလူ့ဘောင် (Peaceful Society)ကိုတည်ထောင်ပြီး အနာဂတ်ကမ္ဘာကြီးကို ဦးဆောင်ကြပါစို့ဟု အားသစ်လောင်း ရေးသားလိုက်ပါတယ်။

7 Day News Journal
Vol:7 ‘ No -15 ဇူလိုင် ၃ ရက်၊ ၂၀၀၈ ခုနှစ်



ဝန်ဇင်းချစ်သူများ လင်းသိုက်ညွှန့်(မြန်မာမြေ) ၏ “ တို့မြန်မာတွေအာရှကျားဖြစ်စေဖို့ အပါအ၀င် ဗီတာမင်ဆောင်းပါးများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မြန်မာတွေအောင်မြင်ဖို့ အမှတ် (၂)

လုပ်ငန်းခွင်ဆိုင်ရာ အမေးအဖြေများ

အိုင်တီကဝေ