(၁)
လူတစ်ယောက် အခန်းထောင့်တခုထဲက ထွက်အလာ နောက်မှလူသုံးယောက်က ဝိုင်းပီးသေနတ်နဲ့ ချိန်ထားသည်။
ဘုရားဘုရား သူတို့တကယ်ပစ်တော့မှာ လား။
“ဒိုင်း”
“ရွှီး”
“အွန့် ”
သည်လောက် သေနတ်မှန်တာတောင် ရှေ့ကလူကမဖြုံ။ ပြန်လှည့်ပီး အားရပါးရ ပြန်ပစ်နိုင်သေးသည်။
‘ဒိုင်း…’
ဟေ့ကောင် အောင်စည်၊ ဒါဘာလုပ်နေတာလဲ
ဘေးနားမှခပ်ဝဝလူကြီးတစ်ယောက်ရဲ့ ကြုံးအော်သံကြောင့် မျက်မှန်တပ်ထားသည့် အနှီး သကောင့်သားမှာ ကွန်ပြူတာ စခရင်မ်ကို ကြည့်နေရင်းလန့် ဖျန့်သွားသည်။
‘ဟာ…. ဂျာကြီး’
‘ဘာခုမှဂျာကြီးလဲ။ မင်း ပရိုဂရမ် Program မရေးပဲ Game ဆော့နေပြန်ပီလား။ မင်းကို အလုပ်ချိန်မှာ ဂိမ်းမဆော့ပါနဲ့ ဆိုတာ ဘယ်နှစ်ခါပြောရမလဲ’
‘ဒီ ဒီလိုပါ ဂျာကြီး ကျွန်တော်ဂိမ်းဆော့တာ ဆော့ချင်လို့ ဆော့တာမဟုတ်ပါဘူး။ ပရိုဂရမ် ရေးတဲ့အခါ ဒီဇိုင်းအပြင် Graphic User Interface တက်အောင်လို့ ပါ။ ဂိမ်းတွေရဲ့  ဒီဇိုင်းကအားလုံးအလန်းတွေချည်းပဲမို့ လား’
‘အံမယ် အပြောကတော့ချောလို့  ပြီးမှလုပ်လိုက်ရင် တလွဲ။ မင်းတော့လား ဟင်း…….ဟင်း’
……………………………………………………………………………………………
အင်း အောင်စည်ကတော့ ထုံးစံတိုင်း ဂိမ်းခိုးဆော့လို့ ဂျာကြီးလေသေနတ်မိနေပီ။ ခွေးကောင် အလုပ်ချိန်မှာ ဂိမ်းတွေခိုးခိုးဆော့ပီး အချိန်တန်လို့ ပရိုဂရမ် တွေ မအပ်နိုင်ရင်သူ့ ပဲလာလာ အပူကပ်နေကျ။
သူ့ နာမည်က မျိုးသန့်မောင် ပါ။ Asia Teach ကုမ္ပဏီက ပရိုဂရမ်မာ Programmer တစ်ယောက်ပေါ့။ပရိုဂရမ်မင် ကို ငယ်ငယ်ကတည်းကဝါသနာပါလို့  အလုပ်ထဲမှာ တော့ အလုပ်လောဘကြီးသူလို့  နာမည်ကြီးတယ်။ ရူပါကလဲ ခပ်ဖြောင့်ဖြောင့်မို့  နှုတ်ခမ်းနီမလေးတွေရဲ့ မျက်နှာဖုံးသတင်းလေးပေါ့။ဒါပေမယ့် မျိုးသန့်မောင် ကိုယ်တိုင်ကတော့ အခုချိန်ထိသူရဲ့အချစ် ပရိုဂရမ်ကလေးကို ဟုတ်တိပတ်တိ မရေးဖြစ်သေးပါဘူး။
ခဏနေတော့ မျိုးသန့်မောင် သူ့စားပွဲရှေ့က Lap top ကွန်ပြူတာလေးကိုဖွင့်ပီး CD တစ်ချပ်ထည့်လိုက်သည်။
‘ဓမဿဝနကာလော အယံဘဒန္တာ’
တရားသံလည်းကြားရော ဟိုဘက်စားပွဲက အကုသိုလ်ကောင် အောင်စည်က….
‘ ဟာ………… ဟေ့ကောင်မျိုးသန့်  ဘာတွေဖွင့်တာလဲကွာ’
‘ဟ…ပရိတ်ကြီး ၁၁ သုတ် ဖွင့်တာလေကွာ။ မင်းမကြားဘူးလား’
‘ဟ…ဒီအချိန်ကြီး တရားခွေ ဖွင့်စရာလားကွာ’
‘တရားခွေ ဖွင့်တာပဲ ဘယ်အချိန်ဖွင့်ဖွင့်ပေါ့ကွ။ကွန်ပြူတာဆိုတာ တရားခွေ ခဏခဏ ဖွင့်ပေးရတယ်။ ဒါမှကွန်ပြူတာထဲကို ဗိုင်းရပ်စ်Virus တွေ ဘာတွေမဝင်မှာ ။ အိမ်တွေမှာ အန္တရယ်ကင်း ပရိတ်ရွတ်သလိုပေါ့ကွ’
အမ် သူ့ကျမှကွန်ပြူတာမှာ ဗိုင်းရပ်စ်Virus မဝင်အောင်ပရိတ်ကြီး (၁၁) သုတ်ဖွင့်ရသတဲ့။ ကြား………..ကြားဖူးပေါင်။
မျိုးသန့်မောင်တို့ က တခါတလေ အဲ့လိုအူကြောင်ကြောင်နဲ့  ဒါကြောင့်သူငယ်ချင်းတွေက သူ့ကိုပေးထားတဲ့ နာမည်က’မျိုးသန့်ကြောင်’တဲ့။
ညနေရုံးဆင်းလို့  ဖယ်ရီပေါ်တက် လိုက်ကတည်းက နွမ်းနယ်လာတဲ့ စိတ်တွေက အိမ်ရှေ့ ရောက်လို့  ကားပေါ်ကဆင်းလိုက်မှ နည်းနည်းပြန် လန်းသွားသည်။
အိမ်ထဲရောက်တော့ အခန်းထဲဝင်ပြီး အဲယားကွန်း Air-Con အေးစိမ့်စိမ့် ကလေးနဲ့  ဇိမ်ကျကျနှပ်မယ် လုပ်တုန်း မေမေကဆီးပြီး
‘သားရေ မနက်ကျရင် ရွာက မင်းဘကြီး အဘဇိန်ဒီကိုရောက်မယ်တဲ့ ။ အဲဒါမင်းရုံးမသွားခင် ကားဂိတ်မှာ သွားကြိုလိုက်နော်’
‘ဗျာ…….. အဘဇိန်လာမယ်’
‘အေးလေ သားရဲ့’
သူ့ ရဲ့ အလန့် တကြား အာမေဍိတ်အသံကို မေမေ ကမသိချင်ယောင်ဆောင်ပီး အိမ်သာထဲဝင်သွားသည်။ အီး အဲဒီ အဘဇိန် ဆိုတာ ရွာမှာ မှော်ဆရာ လိုလို ဘိုးတော်လိုလိုဆိုလားပဲ။ ခု သူဒီအိမ်ကို လာမယ် ဆိုတော့ မျိုးမင်းသန့် ရေ မင်းကတော့ မလွယ်ကြောပဲ။
ရုံးက နွမ်းနယ် လာတဲ့စိတ်ရယ် အိမ်ရောက်မှ ခပ်နောက်နောက် ဖြစ်သွားတဲ့ အာရုံရယ် နှစ်ခုပေါင်းပီး မျိုးသန့် အဲကွန်းခန်းထဲမှာ ရေခဲတုံးလုပ်ပီး ဘီယာနဲ့ မျှောချလိုက်သည်။ (ဟီး ဟီး ဘာမှလည်းမဆိုင်ဘူးနော်)
ဘာဏုရာဇာ နေမင်းကြီး၏ လက်တံတို့ ကအဝေးပြေး ကားဂိတ် ကလေးကို KTV က အန်ကယ်လ်ကြီးတို့ လက်သံအတိုင်း တင်းကျပ်နေအောင်ထွေးပွေ့ ထားသည်။ မျိုးသန့်ကတော့ နေမင်းကြီး ရဲ့ လက်တံတွေ ထဲကရုန်းထွက်ပီးလူအုပ်တွေကြားမှာ အဘဇိန် ကို ရှာဖွေရေးလုပ်နေရသည်။
ဂိတ်တွေ ဂိတ်တွေ မှာ ကားတွေ ကားတွေ တစ်စီးပီး တစ်စီးသာထိုးရပ်သွားသည်။ အဘဇိန်ကို အရိပ်အရောင်လေး တောင်မတွေ့ ။ အဲ့သလိုနဲ့  ရှာမရဖြစ်နေတုန်း အရေးပေါ်အခြေအနေ အရ မျိုးသန့် တယောက် အိမ်သာဘက်ကို လစ်လာခဲ့ရသည်။
‘ကျွီ…..’
အိမ်သာတံခါးလဲ ဆွဲဖွင့်လိုက်ရော။ အဘဇိန်က အိမ်သာထျွှဲာ အထုပ်အပိုးတွေနဲ့  ကျကျနန ထိုင်နေသည်။
‘ဟာ အဘက ဒီရောက်နေတာကို ကျွန်တော့မှာ ရှာလိုက်ရတာ နှံ့ နေပီ’
‘အိမ်း ….. အဘက မင်းဒီရောက် လာမှာ ကြိုသိတယ်’
‘မင်း သိပ်အံ့သြသွားလား။ မအံ့သြပါနဲ့ ကွာ။ လူတွေရဲ့ကံကြမ္မာ ဆိုတာ အကျအနရေးထားတဲ့ ဒိုင်ယာရီစာအုပ်လိုပဲကွ။ အားလုံးက စနစ်တကျရှိပြီးသား။’
အင်း….. အဘဇိန်ကတော့ ရောက်ရောက်ချင်း လုပ်ချလိုက်ပြန်ပီ။
……………………………………………………………………………………………
အိမ်ကိုရောက်တော့ မေမေကအိမ်ရှေ့မှာ ထွက်ကြိုနေသည်။
‘အိမ်း သမီးတော်ကြီး ကျန်းမာ ချမ်းသာလို့ မာပါစေ’
‘အဘရဲ့ မေတ္တာကြောင့် ကျန်းမာ ချမ်းသာလျက်ရှိကြောင်းပါ အဘ’
အံမယ်။ အံမယ်သူ့ ဟာနဲ့ သူတော့ ဟုတ်နေသည်။
‘အဘ အခုဒီကိုရောက်လာတာ အလကားမဟုတ်ဘူးကွဲ့ ’
‘မှန်ပါ၊ အမိန့် ရှိပါအဘ’
‘အေး ထူးခြားတဲ့ အဓိဋ္ဌာန် တစ်ခုကို အကောင်အထည်ဖော်ဖို့ လာတာ’
‘မှန်ပါ မိန့် ပါအဘ’
‘အိမ်း… အဲဒါက သမီးတော်ကြီးရဲ့အိမ်ကို ဓါတ်ခန်းအဖြစ် ဗဟိုပြုပီး ခုနှစ်ရက်သားသမီးအပေါင်းကိုကယ်တင် မလို့ ကွယ့်’
‘မှန်ပါ အဆင်သင့်လှပါတယ် အဘ။သမီးတော်ကြီးလည်း မနက်ဖြန်ပဲ တရားစခန်းဝင် စရာရှိလို့  အိမ်မှာ သားတော်မောင် တစ်ယောက်တည်း စိတ်မချဖြစ်နေတာ။ခုလို အဘရောက်လာတော့ အတော်ပါပဲ’
‘အိမ်း……. ကောင်းပေစွ၊ ကောင်းပေစွ’
အီး မောင်မျိုးသန့် ရေ အိမ်မှာ ဓာတ်ခန်းဖွင့်မလို့ တဲ့။
‘ဂဟတိ ဒေဝီ စန္ဒာဒေဝီ၊ စန္ဒာဒေဝီ ၊ မိန္ဒာဒေဝီ ၊ က္ကုန္ဒာဒေဝီ ၊ သူရိယာဒေဝီ ၊ သူရဿတိဒေဝီ ဆိုပီး ဒေဝီ(၇)ပါးရှိတယ်ကွ’
‘ ဟုတ်ကဲ့အဘ အဲ့ဒီဒေဝီတွေက မော်ဒယ်လ် အေဂျင်စီထောင်ထားတာလား’
‘ခွီးမှပဲ ကောင်းကောင်းနားထောင်စမ်း ၊ အဲဒီ ဒေဝီ(၇)ပါးက (၃၇) မင်းနတ်တွေနဲ့  အဆက်အသွယ်ရှိတယ်ကွ ၊ ပြီးတော့ လူတွေဘာတွေလဲ ပြုစားလို့ ရတယ်’
‘ဗျာ…. ပြုစားလို့ ရတယ်၊ ဟုတ်လား အဘ’
‘အေး ဟုတ်တယ်ကွ၊ သူတို့ ချစ်လို့ ပဲဖြစ်ဖြစ်၊ မုန်းလို့ ပဲဖြစ်ဖြစ် ပြုစားတတ်ကြတယ်’
‘အဟီး ကြောက်စရာကြီး’
အဘနဲ့ သူအဲလိုစကားကောင်းနေတုန်း အိမ်ရှေ့က
‘အဘရေ ………….. အဘ’
‘ဟော……. ဧည့်သည်လာတယ်ထင်တယ်၊ အိမ်ရှေ့မှာ သွားကြည့်ဦး’
‘ဟုတ်……. ဟုတ်ကဲ့ အဘ’
………………………………………………………………………….
အဘက ‘လောကမဟိဒ္ဓိ ဂမ္ဘီရဆရာကြီး’ လေ။ နာမည်က ‘အဘဇိန်’ တဲ့။ သူ့ လုပ်ငန်း သူ့ Field မှာ တော့ ၊ ဘာကျွမ်းသလဲ မမေးနဲ့ ၊ စုန်းတိုက် နတ်တိုက် လာမလား ၊ အစီအရင် လာမလား။ အကုန်ရတယ် ။ လုပ်ငန်းက လဲ ဘယ်လောက် အောင်မြင်သလဲဆိုတော့ သူငယ်ငယ်ကလေးတည်းက ဒီအလုပ်တခုတည်းနှင့် တိုက်နဲ့ ကားနဲ့ ဟမ်းဖုန်းနဲ့ ထားနိုင်တာကိုပဲကြည့်ပါလား။ အင်း အခုလဲ အိမ်ရှေ့မှာ အဘဧည့်သည်ထင်ပါရဲ့။
‘သားရေ အဘရှိလား’
‘သြော်…….. ဟုတ်ကဲ့ ရှိတယ် အန်တီ ဓာတ်ခန်းထဲမှာ ’
‘အေး အေး အန်တီဝင်သွားလိုက်မယ်နော် ’
မင်္ဂလာရှိစွာ အောင်မြင်ခြင်း | တို့မြန်မာတွေအာရှကျားဖြစ်စေဖို့ အပါအ၀င် ဗီတာမင်ဆောင်းပါးများ | သင့်အတွက် အောင်မြင်ရေးဗီတာမင်များ |