Cover

မင်္ဂလာရှိစွာ အောင်မြင်ခြင်း

'အသေဝနာစ ဗာလာနံ ပဏ္ဍိတာနဉ္စသေဝနာ'

တကယ်တော့ စာရေး သူအနေနဲ့ ဒီမင်္ဂလာ ရှိစွာ အောင်မြင်ခြင်း ဆိုသည့် ဆောင်းပါးစုများ ကို ရေး သားရန် အာသီသရှိခဲ့သည်မှာ ကာလ အတော် ကြာပြီ ဖြစ်သည်။ သို့သော် စာဆိုတော် ရာသီမှဆက်၍ စာဆိုတော် နေ့ စာပေဟောပြော ပွဲများ ၊ မြန်မာနိုင်ငံအနှံ့ စာပေဟောပြောပွဲ ခရီးများ ဆက်တိုက်ဆိုသလို ထွက်နေရ၍ ယခုအချိန်မှ ရေး ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ယခုလည်း စာပေဟော ပြောပွဲခရီးများ မှ ခေတ္တနားစဉ် ယခု ကဲ့သို့ စတင်ရေး သား ဖြစ်အောင် အားထုတ်ရေး သားခဲ့ပါသည်။ သို့ ဖြစ်၍ ထေရဝါဒဗုဒ္ဓဘာသာ၏ ဘာသာရေး ခေါင်းဆောင် ဂေါတမဗုဒ္ဓ၏ ကမ္ဘာကျော်အောင် မြင်ရေး လမ်းညွှန် ဖြစ်သည့် 'မင်္ဂလသုတ်' ပါ ၃၈ ဖြာ မင်္ဂလာတရားတော် များ ကို ဘဝအောင်မြင်ရေး ရှုထောင့်၊ နောက်ဆုံး ပေါ်အောင်မြင်ရေး သဘော ထားအမြင်များ နှင့် ချိန်ထိုးသုံးသပ်ကာ Job seeker ဂျာနယ်တွင် ယခုအပတ်မှစတင်၍ အပတ်စဉ် ရေး သား တင်ပြသွားမည် ဖြစ်ကြောင်း စာဖတ်ပရိသတ်များ အား လေးစားစွာ အသိ ပေးအပ်ပါသည်။

ယနေ့ခေတ်စာရေး သူတို့ လူငယ်အများ စုဟာ အောင်မြင်ရေး စာအုပ်တွေ ၊ တက်ကျမ်းစာ အုပ်တွေ တော် တော် များများ ကို တရှိုက် မတ်မတ် နှစ် ခြိုက်စွာ ဖတ်ရှုကြသည်ကို တွေ့ ရသည်။ ခေတ်စနစ်၏ လိုအပ်ချက်အရ လူငယ်များ အနေဖြင့် ယခုလို ဘဝအောင်မြင် တိုးတက်ရေး စာပေများ ကို ဖတ်ရှုလာကြသည်မှာ ဝမ်းမြောက် ဝမ်းသာ ကြိုဆိုစရာ ဖြစ်သည်။

များ သော အားဖြင့် ဘဝအောင်မြင်ရေး စာ အုပ်များ ဟု ဆိုရာ၌ ဒေးလ်ကာနက်ဂျီ၊ ဇစ်ဇစ် ဂလာ၊ ဂျွန်စီမက်စ်ဝဲလ် စသည့် ကမ္ဘာကျော် အောင်မြင်ရေး စာရေး ဆရာကြီးများ ၏ မူရင်း စာအုပ်များ ၊ ဘာသာပြန် စာအုပ်များ ကို နှစသက် စွာ ဖတ်ရှုကြသလို ပီမိုးနင်း၊ ဦးဗဂျီငို စသည့် ပြည်တွင်းအောင်မြင်ရေး စာရေး ဆရာ ကြီးများ ၏ စာပေများ ကိုလည်း နှစသက် စွာ ဖတ်ရှုကြသည်ကို တွေ့ ကြရမည် ဖြစ်သည်။ သို့သော် ခုလို ကမ္ဘာ့အရပ်ရပ်မှ အောင်မြင်ရေး စာပေများ ကို အာသာငမ်းငမ်း ဖတ်ရှု နေကြသည့် ဗုဒ္ဓဘာသာ မြန်မာလူမျိုး စာဖတ်သူများ အဖို့ နီးလျက်နှင့် ဝေးဆိုသလို မိမိတို့နှင့် အနီးကပ်ဆုံး၊ အရင်းနှီးဆုံး တည်ရှိနေသည့် အောင်မြင်ရေး လမ်းညွှန်ကောင်းကြီးတစ်စောင်ကို သတိမမူ ဂူမမြင် ဆိုသလို မမြင်ဘဲ ဂရုမပြုဘဲ ဖြစ်နေကြသည်။ ယင်းကား အခြားမဟုတ်၊ စာရေး သူတို့ မြန်မာနိုင်ငံတွင် ကလေး လူကြီး အရွယ် သုံးပါးမရွေး ရင်းနှီးကျွမ်းဝင်ကြသည့် 'မင်္ဂလသုတ်' ပင် ဖြစ်ပါသည်။

ဂေါတမဗုဒ္ဓသည် သူ၏ တပည့်သာဝကများ ကို လောကုတ္တရာ အထွတ်အထိပ်အောင် မြင်မှု များ အတွက် စနစ်ကျနစွာ နည်းပေး လမ်းပြ ညွှန်ကြားတော် မူခဲ့သလို လောကီရေး ရာ အောင်မြင်မှု များ ကို လည်း လျစ်လျူမရှုဘဲ နည်းပေးလမ်းပြညွှန်ကြားတော် မူခဲ့ပါသည်။ 'မင်္ဂလသုတ်' သည် အသေအချာလေ့လာကြည့်ပါက 'အသေဝနာစ ဗာလာနံ' အစချီ၍ လူသား တစ်ယောက် စတင်မွေးဖွားချိန်မှ ကျင့်ကြံ လိုက်နာစရာများ ကို ညွှန်ကြားထားပြီး နောက်ဆုံး ၃၈ ခုမြောက် မင်္ဂလာ ဖြစ်သည့် 'အသော ကံ ဝရဇံ ခေမံ' ဟူသည့် နိဗ္ဗာန်ကို မျက်မှော က်ပြုသည် အထိ လောကီလောကုတ္တရာ နှစ် ဖြာသော အောင်မြင်ရေး နည်းလမ်းများ ကို တိကျစွာ ညွှန်ကြားပြသထားသည့် အဖိုးအနဂ္ဃထိုက်တန်လှ သည့် ကျမ်းကြီးတစ်စောင် ဖြစ်ပါသည်။

လူသားရယ်လို့ ဖြစ်လာကတည်းက ရခဲလှသည့် လူ့ဘဝတွင် လူသားတိုင်း လူသားတိုင်း လောကီလောကုတ္တရာ အောင်မြင်မှု တစ်ခုခုကို လိုလားကြသည်ချည်းသာ ဖြစ်သည်။ ယင်းသို့ ရခဲလှသည့်လူ့ဘဝတွင် လူသားတိုင်းမင်္ဂလာရှိ စွာ အောင်မြင်ကြစေနိုင်ရန်အတွက် ဂေါတမဗုဒ္ဓက 'မင်္ဂလသုတ်' တွင် ဘဝအောင်မြင်ကြောင်း နည်းလမ်း ကောင်း ၃၈ ခုကို အတိအလင်း ညွှန်ကြားတော် မူခဲ့ပါသည်။

နည်းလမ်း(၁)

'အသေဝနာစ ဗာလာနံ ပဏ္ဍိတနဉ္စ သေဝနာ'

'အသိဉာဏ်ကင်းမဲ့ ပညာမဲ့တဲ့ သူတွေ နဲ့ မပေါင်းသင်းဘဲ အသိဉာဏ်ရှိ ပညာရှိသူများ နဲ့သာ ပေါင်းသင်းပါ'

လူဆိုတာ လူမှု ရေး သတ္တဝါ ဖြစ်တဲ့အတွက် 'အူဝဲ' လို့ ကြွေးကြော်ပြီး လူ့လောကကြီးအတွင်း ကို ချဉ်းနင်း ဝင်ရောက်လာစဉ် ကတည်းက အပေါင်းအသင်းကို မှီခိုကြရစမြဲ ဖြစ်သည်။ မွေးခါစ လူမမယ် ကလေးဘဝကတည်းက မိခင်၊ ဖခင်တည်းဟူသော အပေါင်း အသင်းများ ကို မှီခိုကြရသည်။ နားလည်စအရွယ်ရောက်လာသည့်အခါ ဆွေမျိုး အပေါင်းအသင်းများ နှင့် ဆက်ဆံပြောဆိုနေထိုင်ကြရသည်။ ပညာ သင်ကြားသည့် အရွယ်ကိုရောက်တော့ သူငယ်ချင်း အပေါင်း အသင်း များ နှင့် ဆက်ဆံနေထိုင်ကြရသည်။ အချိန်တန် ဘဝကြင်ဖော် ရှာချိန် ရောက်တော့လည်း မိမိတို့ဘဝကြင်ဖော်၊ ဘဝလက်တွဲ ဖော်များ နှင့် ပေါင်းသင်းနေထိုင်ကြရသည်။ ထို့အတူ ဘဝရှင်သန်ရပ်တည်ရေး စီးပွားရေး လုပ်ငန်း၊ အလုပ်အကိုင်များ လုပ်ကိုင်ကြသည့်အခါတွင် လည်း လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းများ ဖြင့် ဆက်ဆံလုပ်ကိုင် ဆောင်ရွက်ကြရသည် ဖြစ်ရာ လူသားတို့၏ ဘဝတစ်လျှောက်တွင် အပေါင်းအသင်းမိတ်ဆွေများ နှင့် အချိန်ပြည့်၊ ရာနှုန်းပြည့်နီးပါး ပြောဆိုဆက်ဆံနေထိုင်ကြသည်ကို တွေ့ ကြရမည် ဖြစ်သည်။

သို့ ဖြစ်၍ ဘဝတွင် တိုးတက်အောင်မြင်လို သူတစ်ဦးအနေဖြင့် ပထမအဆင့်တွင် အခြေခံ အကျဆုံးအနေဖြင့် မိမိတို့၏ အပေါင်း အသင်း မိတ်ဆွေများ ကို ပေါင်းသင်းရာ၌ အသိဉာဏ် ကင်းမဲ့သူ၊ ပညာမဲ့ သူများ နှင့် မပေါင်းသင်းဘဲ အသိဉာဏ်ရှိသူ၊ ပညာရှိသူများ ကို ရွေးချယ် ပေါင်းသင်းနိုင်ပါက ဘဝအောင်မြင်ရေး အတွက် များ စွာ အထောက်အကူ ဖြစ်နိုင်ကြောင်း လမ်းညွှန်ထားခြင်း ဖြစ်သည်။

သို့သော် ဤနေရာတွင် ပညာရှိသူနှင့် ပညာမဲ့သူအကြား ကွာခြားချက်ကို အသေအချာ သဘောပေါက်နားလည်သိရှိကြရန် လိုအပ်လာ မည် ဖြစ်သည်။ ဂေါတမဗုဒ္ဓ၏ အဓိပ္ပါယ်ဖွင့်ဆို ချက်အရ 'ပညာမဲ့သူ' ဆိုသည်မှာ -

- မကောင်းတာတွေး

- မကောင်းတာပြော

- မကောင်းတာလုပ်

သူများ ကို ဆိုလိုခြင်း ဖြစ်ပြီး'ပညာရှိသူ' ဆိုသည်မှာ -

- ကောင်းတာတွေး

- ကောင်းတာပြော

- ကောင်းတာလုပ်သူ

များ ကို ဆိုလိုသည် ဖြစ်ရာ ပညာရှိသူများ နှင့် ရွေးချယ် ပေါင်းသင်း လာနိုင်သည်နှင့် အမျှ ဘဝ တွင် မင်္ဂလာရှိစွာ အောင်မြင်လာရေး ပိုမိုနီး ကပ်လာကြမည် ဖြစ်ပါသည်။ ။

•••


မင်္ဂလာရှိစွာ အောင်မြင်ခြင်း

'အသေဝနာစ ဗာလာနံ ပဏ္ဍိတာနဉ္စသေဝနာ'

(၁)

ယခင်အပတ်က မင်္ဂလသုတ်အကြောင်းကို အတန်အသင့် မိတ်ဆက် ရေး သားခဲ့ပြီး ဖြစ်ပါ သည်။ ယခုတစ်ပတ်တွင် တော့ ယခင် ဆောင်းပါးမှာ တင်ပြရေး သားရန် ကျန်ရစ်ခဲ့သော အကြောင်းအရာ အနည်းငယ်ကို ဆက်လက် ရေး သားလိုပါသည်။ စာရေး သူအနေဖြင့် JOB seekers တွင် 'မင်္ဂလသုတ်' နှင့် ဘဝအောင်မြင်ရေး အကြောင်းကို ယခင်အပတ်မှစ၍ မိတ်ဆက် ရေး သားခဲ့သည်ကို စာဖတ်သူများ မှ စိတ်ဝင်တစား ဖတ်ရှုခဲ့ကြသည်ကို သိရှိရ၍ ဝမ်းမြောက်ရပါသည်။

သို့သော် စာရေး သူ၏ စာဖတ်ပရိသတ် လူငယ်အချို့က 'မင်္ဂလသုတ်' ဆိုသည်ကို ရွတ်ဖတ်ရသည့် ဘုရားစာအ ဖြစ်သာ ရှုမြင် ကြကာ ဘဝ တိုးတက်အောင်မြင်ရေး အတွက် များ စွာ အထောက်အပံ့ ဖြစ်စေနိုင်သည် ဆိုသည့်အချက်ကို သံသယရှိနေကြသည်ကိုလည်း ပြန်လည် ကြားသိရပါသည်။ သို့ ဖြစ်၍ ယင်းလူငယ် စာဖတ် ပရိသတ် များ အတွက် 'မင်္ဂလသုတ်' စတင် ဖြစ်ပေါ်လာပုံ အကြောင်းအရင်းကို အနည်းငယ် တင်ပြရေး သားလိုပါသည်။

ဂေါတမဗုဒ္ဓသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော် ၌ သီတင်းသုံးနေစဉ် တစ်ညသ၌ ညဥ့်ဦးယံလွန်၍ သန်းခေါင်ယံ အရောက် တွင် နတ်သားတစ်ပါး ရောက်ရှိလာပြီး ဗုဒ္ဓကို အောက်ပါအတိုင်း လျှောက်ထားပါသည်။

''ဘုန်းတော် ကြီးမြတ်လှသော မြတ်စွာ ဘုရား၊ နတ်အပေါင်း တို့သည်လည်းကောင်း၊ လူအပေါင်းတို့သည်လည်းကောင်း စင်ကြယ်စွာ သော နိဗ္ဗာန်ချမ်းသာကို လိုချင်ကြသည်၊ တောင့်တကြသည် ဖြစ်ပါ၍ မည် သည့်တရားသည် စီးပွားချမ်းသာခြင်း၏ အကြောင်း ဖြစ်သော မင်္ဂ လာတရားတော် ဖြစ်သနည်း ဟူ၍ တစ်ဆယ့်နှစ် နှစ် တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ်ကြံဆခဲ့ ကြပါသည်ဘုရား၊ ယင်းသို့ ကြံစည်တွေးဆကြ ပါသော်လည်း မင်္ဂလာတရားအမှန်ကို မည် သူမျှ တွေးကြံ၍ မသိနိုင် ကြပါဘုရား၊ သို့အတွက်ကြောင့် စီးပွားချမ်းသာခြင်း၏ အကြောင်း ဖြစ်သော မင်္ဂလာတရားဟူသည် မည် သည့်တရား ဖြစ်ကြောင်း အရှင်ဘုရားက စတင် ထုတ်ဖော်၍ ဟောကြားတော် မူပါဘုရား'' ဟု လျှောက်ထားသည့်အတွက် ဂေါတမဗုဒ္ဓက မင်္ဂလသုတ်တရားတော် မြတ် ကို ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ သို့ ဖြစ်၍ သုံးလောကထွဋ်ထား သဗ္ဗညုတရွှေ ဉာဏ်တော် ရှင် မြတ်ဗုဒ္ဓ၏ စီးပွားချမ်းသာကြောင်း လမ်းညွှန်ချက်များ ဖြစ်၍ လူငယ်များ အနေဖြင့် အလေးဂရုပြု၍ လေ့လာအားထုတ် ဆောင်ရွက်ကြပါက မုချ အောင်မြင်နိုင်ပါကြောင်း ထပ်လောင်းတင်ပြလိုက်ရပါသည်။

•••


(၂)

ယခင်အပတ်က ဖော်ပြခဲ့ပြီး ဖြစ်သည့် 'အသေဝနာစ ဗာလာနံ ပဏ္ဍိတာနဉ္စသေဝနာ' 'အသိဉာဏ်ကင်းမဲ့ ပညာမဲ့တဲ့သူတွေ နဲ့ မပေါင်း သင်းဘဲ အသိဉာဏ်ရှိ ပညာရှိသူများ နဲ့သာ ပေါင်းသင်းပါ' ဆိုတဲ့ မင်္ဂလာတရားတော် အကြောင်းကို ဆက်လက်တင်ပြရေး သားလိုပါ သည်။ အမှန်စင်စစ် ဤမင်္ဂလာနှစ် ပါးသည် နှစ် ပါးတစ်တွဲ ဖြစ်သည့် အတွက် ပညာမဲ့သူကို မပေါင်းပါနှင့် ဟု ဆိုသည်နှင့် ပညာရှိသူကို ပေါင်းရမည် ဟု အလိုအလျောက် သိကြရမည် ဖြစ်ပါသည်။

သို့ သော် ဤနေရာတွင် 'အသေဝနာစ ဗာလာနံ' ပညာမဲ့ သူများ နှင့် မပေါင်းသင်းပါနှင့် ဟု ဆိုလိုက်သည်နှင့် အချို့သူများ က ''ဟာ ..ဒါဆိုရင် ပညာမဲ့သူတွေ ကို ပညာရှိသူတွေ က မပေါင်းမသင်း ဘဲထားရင် ဝိုင်းကြဉ်ခွဲခြားဆက် ဆံသလို ဖြစ်ပြီး ပိုဆိုးသည်ထက် ဆိုးသွားကြမှာ ပေါ့'' ဟု စောဒကတက်ကြတာမျိုးလည်း ရှိပါသည်။

စာရေး သူအနေဖြင့် တော့ ဤနေရာတွင် ပေါင်းသင်း ဆက်ဆံ သည်ဟု ဆိုရာ၌ ၃ မျိုး ၃ဝစား ခွဲခြားလိုပါသည်။ ယင်း ၃ မျိုးမှာ -

(၁) စိတ်ပေါင်းလူပေါင်း(ကိုယ်ပေါင်း) ပေါင်းသင်းခြင်း၊

(၂) စိတ်ပေါင်းကိုယ်ခွာ ပေါင်းသင်းခြင်း၊

(၃) ကိုယ်ပေါင်းစိတ်ခွာ ပေါင်းသင်းခြင်း

ဟူ၍ ဖြစ်ပါသည်။

(၁) စိတ်ပေါင်းလူပေါင်း (ကိုယ်ပေါင်း)ပေါင်းသင်းခြင်း

ဒါ ကတော့ ရှင်းပါသည်။ မိမိအပေါ်ကို ကောင်းမွန်သော မိတ်ကောင်း ဆွေကောင်း၊ ပညာရှိ သူတော် ကောင်းများ ကို စာရေး သူ တို့ အနေဖြင့် စိတ်ရောလူပါ စိတ်ပေါင်းကိုယ်ပေါင်း ပေါင်းသင်းကြရမည် ဖြစ်ပါသည်။

(၂) စိတ်ပေါင်းကိုယ်ခွာ ပေါင်းသင်းခြင်း

ဒါ ကတော့ တချို့ မိမိအပေါ်ကောင်းမွန်သော မိတ်ကောင်း ဆွေမွန်များ ၊ ပညာရှိသူတော် ကောင်းများ အနေဖြင့် မိမိအနားမှာ အကြောင်းကြောင်းကြောင့် နီးကပ်စွာ မရှိတာမျိုး၊ ဥပမာ- နိုင်ငံရပ်ခြား သို့ ရောက်နေကြတာမျိုး ဖြစ်နိုင်ပါသည်။ ယခုကဲ့သို့ ICT နည်းပညာ များ ၊ ဆက်သွယ်ရေး နည်းပညာများ တိုးတက်ထွန်းကားလာသော ခေတ်ကြီးတွင် ထိုသို့သော မိတ်ကောင်း ဆွေမွန်များ ကို စာရေး သူတို့ အနေဖြင့် တယ်လီဖုန်း၊ အင်တာနက်၊ အီးမေးလ်တို့မှတစ်ဆင့် ဆက်သွယ်ဆောင်ရွက် ပေါင်းသင်းတာမျိုးကို 'စိတ်ပေါင်းကိုယ်ခွာ ပေါင်းသင်းခြင်း' ဟု ခေါ် ဆိုခြင်း ဖြစ်သည်။

(၃) ကိုယ်ပေါင်းစိတ်ခွာပေါင်းသင်းခြင်း

ကိုယ်ပေါင်းစိတ်ခွာ ပေါင်းသင်းခြင်းဆို သည်မှာ အချို့မိမိ အပေါ် မကောင်းမှန်းလည်း သိသူ၊ ပညာမဲ့သူ လူမိုက်ဟု သိသော် လည်း လူသားသည် လူမှု ရေး သတ္တဝါ ဖြစ်သည်နှင့် အညီ အလုပ် သဘော သဘာဝ အရသော်လည်း ကောင်း မ ဖြစ်မနေ ပေါင်းသင်း ဆက်ဆံပြောဆိုကြရပါက ကိုယ်ကပေါင်းသင်းနေရသော်လည်း စိတ်ချင်း ကင်းကွာနေခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်သည်။

ယခုလောက်ဆိုလျှင် စာဖတ်သူတို့အနေဖြင့် မြတ်ဗုဒ္ဓ၏ မင်္ဂလာတရားတော် နှစ် ပါးကို မိမိတို့၏ လက်တွေ့ ဘဝတွင် ချိန်ထိုး အသုံးချ နိုင်ကြလောက်ပြီဟု ယုံကြည်ပါသည်။

•••


မင်္ဂလာရှိစွာ အောင်မြင်ခြင်း

'ပတိရူပ ဒေသဝါသော စ'

တတိယမြောက်မင်္ဂလာ ကတော့ 'ပတိရူပ ဒေသဝါသော စ' သင့်တင့်လျောက်ပတ်သော အရပ်ဒေသ၌ နေထိုင်ခြင်း ဖြစ်ပါသည်။ မှန်ပါ သည်။ လူ တစ်ယောက် အောင်မြင်တိုးတက်လာဖို့ အတွက် သူနေထိုင်တဲ့ အရပ်ဒေသ (Place) ဟာ အလွန်အရေး ကြီးပါသည်။ ဂေါတမဗုဒ္ဓဟာ လူသားတွေ အပေါ် သူတို့ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုး သက်ရောက်မှု (Influence) ကို နားလည်သဘော ပေါက်တော် မူတဲ့အတွက် တတိယ မြောက် မင်္ဂလာမှာ ခုလို 'သင့်တင့်လျောက်ပတ်သော အရပ်ဒေသ' မှာ နေထိုင်ဖို့ ညွှန်ကြားတော် မူခဲ့ခြင်း ဖြစ်သည်။

လူသားသည် ပေါင်းသင်းဆက်ဆံရေး သတ္တဝါ ဖြစ်သည်နှင့် အညီ ပေါင်းသင်းဆက်ဆံမှု ပြီးသည့်နောက် ၄င်းမှီတင်းနေထိုင်ရာ အရပ် ဒေသကိုလည်း အထူးဆန်းစစ်သတိပြုရမည် ဖြစ်သည်။ ယနေ့ ခေတ်စီမံခန့်ခွဲမှု (Management) ပညာအရ လူသား တစ်ယောက် ၏ စွမ်းဆောင်ရည် (Performance) ကို ရရှိဖို့အတွက် ရလဒ်အနေဖြင့် သုညကိုသာ ရရှိလာနိုင်မည့်  သဘော ဖြစ်ပါသည်။

သို့ ဖြစ်၍ လူ တစ်ယောက် စွမ်းဆောင်ရည် မြင့်မား အောင်မြင် လာရေး အတွက် အခွင့်အလမ်း (Opportunity) နှင့် များ စွာ ဆက်စပ် သက်ဆိုင်နေသည် ဖြစ်ရာ အခွင့်အလမ်းများ ထွက်ပေါ်ရာ အဓိက နေရာ၊ အခွင့်အလမ်းများ ရှိသည့် သင့်တင့်လျောက်ပတ်သော ဒေသ များ တွင် နေထိုင်ရေး အတွက် ဂေါတမဗုဒ္ဓက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ် နေရာဟူသည် လူတစ်ဦး တစ်ယောက် အတွက် ပင် မဟုတ်၊ သက်မဲ့အရာ ဝတ္ထုများ အတွက်ပင် များ စွာ အရေး ပါသည်။ ဥပမာ-စာရေး သူတို့ မြန်မာစကားတွင် ..'အိုင် တွေ့ တိုင်း ခြေဆေး သည်' ဟူသည့်စကားကို မိန်းကလေးတော် တော် များများ ပြောလေ့ ရှိကြသည်။ ဤစကားကို ပြန်လည် ဆန်းစစ် သုံးသပ်ကြည့်ပါ။ အမှန် စင်စစ် အိုင်တွေ့ တိုင်း ခြေဆေးရဲသည်ဟူသည်မှာ အဘယ်ကြောင့် နည်း။ အိုင်ထဲမှ 'ရေ' ဖြစ်နေသော ကြောင့် သာ ဆေးရဲကြခြင်း ဖြစ်သည်။

အကယ်၍ ဤ'ရေ'မှာ ရေသန့်ဘူးထဲမှ ရေ သာ ဖြစ်ပါက စာရေး သူတို့ အနေဖြင့် ခြေဆေးရဲပါသလော။ စဉ်းစားစရာ ဖြစ်ပါ သည်။ သက်မဲ့ အရာဝတ္ထုတောင်မှ 'နေရာ' ကွာခြားသွားသည်နှင့် တန်ဖိုးကွာခြားသွားမည် ဆိုလျှင် လူသား ဆိုလျှင် ဆိုဖွယ်ရာမရှိ ဖြစ်ပါသည်။ နေရာဟူ သည် တန်ဖိုးနှင့် တိုက်ရိုက်အချိုးညီသက်ရောက် မှု ရှိနေသည်ကို စာရေး သူတို့အနေဖြင့် အထူး သတိချပ်ကြရမည် ဖြစ်ပါသည်။

တစ်ခါတစ်ရံ၌ လူသား တစ်ယောက် အနေဖြင့် မိမိရရှိနေ၊ ရောက်နေသည့်နေရာပေါ် မူ တည်၍ ကျေနပ်မှု ၊ မကျေနပ်မှု စသည် ဖြင့် ခံစားချက်များ ရှိနေပါသည်။ ဥပမာ-မိမိမွေးဖွားလာ သည့်ဒေသ၊ မိမိ လက်ရှိလုပ်ကိုင်နေရသည့် အလုပ်အကိုင်၊ မိမိမွေးဖွား ပေါက်ဖွား လာသည့် မိသားစု အသိုင်းအဝိုင်း စသည်တို့နှင့် ပတ်သက်၍ မကျေနပ်သည့် ခံစားချက်များ ၊ စိတ်ခံစားမှု များ ရှိနိုင်ပါသည်။

ဘဝဟူသည် တစ်ခါတစ်ရံ မိမိလျှောက်ချင်သည့် လမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက် မ ဖြစ်မနေ လျှောက်လှမ်းရမည့် လမ်းကို ပထမဦးဆုံး ပြီးဆုံးအောင် လျှောက်လှမ်းရမည် ဖြစ်ကြောင်းကို သတိပြုသင့်ကြပါသည်။ တစ်ခါတစ်ရံ ကိုယ်လျှောက်ချင်သည့် လမ်း က မရှိသေးလျှင် လမ်းဖောက်သင့်ပါက အသစ်ဖောက်ကြရမည် ။ ဤသည်မှာ ဓမ္မတာပင် ဖြစ်သည်။

ဂေါတမဗုဒ္ဓ၏ ညွှန်ကြားချက်အရ သင့်တင့်လျောက်ပတ်သော အရပ်ဒေသ၌ နေထိုင်ခြင်းဆိုသည်မှာ လူတစ်ဦး တစ်ယောက် အနေ ဖြင့် ..

- ကောင်းသော အလုပ်အကိုင် အကြံအစည်များ လုပ်ကိုင်

ကြံစည်နိုင်သော အရပ်၊

- အကုသိုလ်တရားများ နှင့် မနီးစပ်သော အရပ်၊

- မိမိအထုံဗီဇ ဝါသနာပါသော အလုပ်အကိုင်များ နှင့် နီးစပ်

ပတ်သက်သော အရပ်၊

- ပညာရှိ သူတော် ကောင်းများ ပေါများ ရာအရပ်၊

- လွတ်လပ်မျှတသော အရပ်။

တွင် နေထိုင်သင့်သည်ဟု စာရေး သူ ကတော့ ယူဆပါသည်။

•••


မင်္ဂလာရှိစွာ အောင်မြင်ခြင်း

'ပုဗ္ဗေစ ကတ ပုညတာ'

စတုတ္ထမြောက် မင်္ဂလာတရားတော် ကတော့

'ပုဗ္ဗေစ ကတ ပုညတာ'

'ရှေးကတင်ကြိုပြုခဲ့ဖူးသော ကောင်းမှု အထူး ရှိခြင်း' ဖြစ်ပါ သည်။ ဂေါတမဗုဒ္ဓက ၄င်း၏ ကမ္ဘာ ကျော်သီအိုရီ ဖြစ်သည့် ကြောင်းကျိုးနိယာမ (Law of Cause & Effect) အရ လူသား တစ်ယောက် အနေဖြင့် ဘဝမှာ တိုးတက်အောင်မြင်လိုပါက လုံလောက် သည့် အားထုတ်မှု (Effort) ရှိရန် လိုအပ်ကြောင်းကို ဤစတုတ္ထမင်္ဂလာ တွင် ညွှန်ကြားတော် မူခဲ့ခြင်း ဖြစ်သည်။

မှန်ပါသည်။ လူသား တစ်ယောက် တိုးတက် အောင်မြင်လာမှု သည် မည် သည့်အခါကမျှ မတော် တဆ ဖြစ်ပေါ်လာရိုးထုံးစံမရှိပါ။ ဤကမ္ဘာ ပေါ်ရှိ အောင်မြင်မှု ၊ တိုးတက်မှု ၊ ထွန်းကားမှု မှန်သမျှသည် ပြည့်စုံစွာ ကြိုတင်ပြင်ဆင်ထားသည့် လုံလောက်သည့် အားထုတ် ကြိုးပမ်းမှု များ ကြောင့် သာလျှင် စနစ်တကျ အဆင့်ဆင့်တိုးတက် ဖြစ် ထွန်းပေါ်ပေါက်လာကြခြင်း ဖြစ်ပါသည်။ ခိုင်မာသော သုတေသန စစ်တမ်းများ အရ ဤကမ္ဘာပေါ်ရှိ အောင်မြင်လာသူမှန်သမျှဟာ ထီပေါက်လို့၊ ကံအကြောင်းတရား တိုက်ဆိုင်လို့၊ မျက်စိလည် လမ်းမှားလို့ အောင်မြင်လာကြခြင်းမဟုတ်ဘဲ လွန်ခဲ့သော နှစ် ပေါင်းများ စွာ ၊ ၄င်းတို့ ခုလို မအောင်မြင် လာကြခင်ကတည်းက တိကျခိုင်မာသော စီမံကိန်း (Plan) များ ဖြင့် စနစ်တကျ အောင်မြင်လာကြခြင်း ဖြစ်ကြောင်း တွေ့ ရှိရပါသည်။

'As a man grows so shall he reap'

'သင်စိုက်ပျိုးသမျှ သင်ရိတ်သိမ်းရမည် ' ဟူသည့် စကားပုံ ရှိပါသည်။ ပဲပင်စိုက်သူအဖို့ ပဲပင် ကိုသာ ရိတ်သိမ်းနိုင်မည် ဖြစ်ပြီး ပဲပင်ကို စိုက်ပြီး စပါးကို ရိတ်သိမ်းချင်၍ မရပေ။

လူအချို့သည် အကြောင်းကိစ္စတစ်ခုကို စွဲစွဲမြဲမြဲ တစ်စိုက် မတ်မတ် အားမထုတ်ဘဲ ကောက်ရိုးမီးကဲ့သို့ ခေတ္တခဏ စိတ်ပါတုန်းသာ အားထုတ်ကြပြီး မအောင်မြင်ကြသော အခါ ကံတရားကို ယိုးမယ်ဖွဲ့လေ့ ရှိကြသည်။ ''ကျုပ်တို့လည်း တတ်နိုင်သလောက် ကြိုးစားကြတာပဲ၊ ဖြစ်မှ မ ဖြစ်လာတာ'' စသည်ဖြင့် ပြောကြ၊ ဆိုကြ၊ ညည်းညူကြလေ့ ရှိသည်။ လုံလောက်သော ကြိုတင်အားထုတ်မှု (ဝါ) ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ကောင်းမှု မရှိပါက အောင်မြင်ဖို့၊ ကံကောင်းဖို့ ဆိုသည်မှာ မ ဖြစ်နိုင်ပေ။ ထီပေါက်ရန်ပင် ထီလက်မှတ်ကို ကြိုတင် ဝယ်ယူရမည် ။ ဤသည်မှာ မဖောက်ပြန်သော ရိုးရှင်းသည့် ထာဝရမှန်ကန်သော 'ကမ္မနိယာမ' ပင် ဖြစ်သည်။

မကောင်းအတိတ်ကံ မည် မျှပင် ရှိခဲ့သည် ဖြစ်ပါစေ၊ ယခု မျက်မှော က်ပစ္စုပ္ပန်ကာလ၌ စိတ်စေတနာကောင်းများ မွေးမြူကာ သူတော် ကောင်း တရားများ ပွားများ နိုင်ပါက အတိတ်က ရှိခဲ့ဖူးသည့် အကုသိုလ်ကံများ မှေးမှိန်ပြီး ကုသိုလ်ကံများ လျင်မြန်စွာ အကျိုးပေး နိုင်သလို အနာဂတ် အတွက်လည်း 'ပုဗ္ဗေစကတပုညတာ - ရှေးက တင်ကြိုပြုခဲ့ဖူးသည့် ကောင်းမှု အထူးရှိပါစေ' ဆိုသည့်အတိုင်း ကံကောင်းခြင်း၊ မျိုးစေ့များ ကို စိုက်ပျိုးပြီး ဖြစ်ပေလိမ့်မည် ။ သို့ ဖြစ်၍ အနာဂတ်ကာလ တွင် လည်း မိမိစိုက်ပျိုးခဲ့သော 'ကံကောင်းခြင်း မျိုးစေ့' များ ကြောင့် 'ကံကောင်းအောင်မြင်ခြင်း သစ်သီး' များ ကို ဆွတ်ခူး စားသုံးကြရကာ လောကီ၊ လောကုတ္တရာ အောင်မြင်မှု ပန်းတိုင်များ ကို ဆွတ် လှမ်းအောင်မြင်နိုင်ကြမည် ဖြစ်သည်။

လူတော် တော် များများ သည် ယနေ့တိုးတက် အောင်မြင်ထိပ်တန်း ရောက်နေသော ပုဂ္ဂိုလ်များ ကို ရှုမြင်ကြရာ၌ အောက်ဖော်ပြပါပုံအတိုင်း ရှုမြင်လေ့ရှိကြသည်။

Cover

အောင်မြင်နေသူများ ၏ ယနေ့အောင်မြင် ထိပ်တန်း ရောက်နေ ကြပုံများ ကိုပဲ မြင်ပြီး သူတို့၏ အားထုတ်ခဲ့မှု ၊ ရှေးကတင်ကြိုပြုခဲ့ဖူးသည့် အားထုတ်မှု များ ကိုတော့ ရှုမြင်ရန်၊ လေ့လာသင် ယူမှု (learn) လုပ်ရန် မေ့လျော့နေကြခြင်း ဖြစ်သည်။ အမှန်စင်စစ် ယနေ့ ၄င်းတို့၏ များ စွာ သော တင်ကြိုကြိုးပမ်း အားထုတ်ခဲ့မှု များ ဖြစ်ကြောင်း သတိချပ် ကြရမည် ဖြစ်သည်။

ယနေ့ ကံကောင်းခြင်း၊ ကံဆိုးခြင်း၊ အောင်မြင်ခြင်း၊ မအောင်မြင် ခြင်းသည် မနေ့က မိမိပြု လုပ်ခဲ့သည်များ နှင့် သက်ဆိုင်နေပြီး မနက်ဖြန် ကံကောင်းရန်မှာ လည်း ယနေ့ မိမိ ပြုလုပ် အားထုတ်မှု များ နှင့် သက်ဆိုင်ပါသည်။ သို့ ဖြစ်၍ မှန်ကန်သော ကြိုးပမ်းအားထုတ်မှု များ ကိုသာ လုံလောက် တိကျသည့် အစီအမံ (Plan) များ ဖြင့် အားထုတ် ကြိုးပမ်းနိုင် ကြပါက လူတိုင်းလူတိုင်းမှာ အတိုင်းအတာတစ်ခု အထိ အောင်မြင်လာနိုင်ကြမည် ဖြစ်ပါသည်။

•••


မင်္ဂလာရှိစွာ အောင်မြင်ခြင်း

'အတ္တသမ္မာပဏိဓိစ'

ဆဋ္ဌမမြောက် မင်္ဂလာတရားတော် ကတော့

'အတ္တသမ္မာပဏိဓိစ'

'မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း' မင်္ဂလာ ဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓက လူသား တစ်ယောက် အနေဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိရှိ ကောင်းစွာ ဆောက်တည်နေထိုင်ခြင်းအားဖြင့် အောင်မြင်မှု အလီလီကို ဆွတ်ခူးရရှိနိုင်မည် ဖြစ်ကြောင်း ဤဆဋ္ဌမမြောက် မင်္ဂလာတရားတော် မှာ ညွှန်ကြားတော် မူခဲ့တာ ဖြစ်ပါတယ်။

မှန်ပါတယ်။ လူသား တစ်ယောက် အနေဖြင့် ဘဝမှာ မိမိထား ရှိသော တန်ဖိုးထားမှု (Value) များ အပေါ် အခြေခံပြီး မိမိကိုယ်ကို ယုံကြည်မှု ရှိရှိ ဆောက်တည်၊ တည်ဆောက် ကြိုးစားနိုင်မှသာ ဘဝ အောင်မြင်မှု တွေ ကို ရရှိခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

တချို့ကပြောကြပါတယ်၊ 'ဘဝမှာ ကိုယ်ကလည်း သူများ ကို ဘယ်တော့မှ မဟုတ်တာ၊ မတရားတာမလုပ်ဘူး၊ အဲ .. ကိုယ့်ကို လည်း လာပြီး မဟုတ်တာ၊ မတရားတာ လာမလုပ်နဲ့၊ နည်းနည်း လေး မှ ခံမှာ မဟုတ်ဘူး' စသည်ဖြင့် ပါ။ တကယ်တော့ မိမိကိုယ်ကို ယုံကြည် မှု ရှိရှိနဲ့ ကောင်းစွာ ဆောက်တည်နိုင်သူများ ဟာ 'ဘယ်သူ တရား ပျက်ပျက်၊ ကိုယ်မပျက်စေနဲ့' လို့ဆိုတဲ့ အတိုင်း ပတ်ဝန်းကျင်ကြောင့် အရောင် ပြောင်းလဲ သွားလေ့မရှိကြဘဲ ဘယ်သူတွေ ကောင်းကောင်း၊ မကောင်းကောင်း၊ ကိုယ် ကတော့ ကောင်းအောင် အားထုတ်နိုင် ကြပါတယ်။

စာရေး သူတို့အနေနဲ့ တစ်ခါတလေ ဘဝမှာ အခြေအနေ (Conditions) တွေ ကို မပြုပြင် မစီရင် မဖန်တီးနိုင်ကြတဲ့အခါ အဲ့ဒီ အခြေအနေ တွေ အပေါ် မိမိတို့ရဲ့ တုံ့ပြန်မှု (Response) ကို ထိန်းချုပ် ဆောင်ရွက်နိုင်ကြဖို့ လိုပါတယ်။ မကောင်းတဲ့အခြေအနေ၊ မကောင်း တဲ့အ ဖြစ် အပျက်တစ်ခုက မိမိကို ရိုက်ခတ်လာတိုင်း မိမိက မကောင်းတဲ့ တုံ့ပြန်မှု နဲ့ တုံ့ပြန်ကြမယ်ဆိုရင်တော့ မိမိကိုယ်ကို ဆောက်တည်ထိန်းချုပ် နိုင်စွမ်းအားနည်းတဲ့ သူလိုငါလို သာမန်လူ တွေ ၊ မအောင်မြင်တဲ့လူတွေ သာ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဂေါတမဗုဒ္ဓက စက် ၄ ပါးဆိုပြီး အတိအလင်း ဟောကြားထား တာ ရှိပါတယ်။ 'စက်' ဆိုတဲ့အဓိပ္ပာယ် ကတော့ ပင်နယံသွားတွေ လို တစ်ခုနဲ့တစ်ခု လည်ပတ်ပြီး သွားလာတဲ့သဘောကို ဆိုလိုတာပါ။ အဲ့ဒီစက် ၄ ပါး ကတော့ ..

(၁) ပတိရူပဒေသဝါသ

(သင့်တင့်လျောက်ပတ်သော အရပ်ဒေသတွင် နေထိုင်ခြင်း)

(၂) သပ္ပုရိသူပနိဿယ

(သူတော် ကောင်းများ ဖြင့် ပေါင်းသင်းနေထိုင်ခြင်း)

(၃) အတ္တသမ္မာပဏိဓိ

(မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်နေထိုင်ခြင်း)

(၄) ပုဗ္ဗေစကတပုညတာ

(ရှေးကကောင်းမှု ပြုဖူးခြင်း) တို့ ဖြစ်ပါတယ်။

ဒီစက် ၄ ပါးဟာ ဖော်ပြပါပုံအတိုင်း ဆက်စပ်လည်ပတ် နေတာပါ။

လူသား တစ်ယောက် အနေနဲ့ သင့်တင့်လျောက်ပတ်တဲ့ အရပ် ဒေသမှာ နေထိုင်နိုင်တာနဲ့အမျှ သူတော် ကောင်း၊ လူတော် လူကောင်း များ နဲ့ ပေါင်းဖက်ရမှာ ဖြစ်ပါတယ်။ အဲ့သလို သူတော် ကောင်းများ နဲ့ ပေါင်းဖက်နေထိုင် လုပ်ကိုင်လာရရင် ကုသိုလ်ကောင်းမှု မျိုးစေ့များ ကို ရှေးက တင်ကြိုပြုခဲ့ဖူးသည့် ကောင်းမှု အထူးရှိပါစေ ဆိုတဲ့အတိုင်း ဆောင်ရွက် လုပ်ကိုင်နိုင်မှာ ဖြစ်ပြီး ကောင်းမှု ကုသိုလ်များ ကို ကြိုတင် ဆောင်ရွက်နိုင်တာနဲ့အမျှ သင့်တင့်လျောက်ပတ်တဲ့ အရပ်ဒေသများ ကို ပြန်လည်ရောက်ရှိလာပြီး စက်(၄)ပါးဟာ လည်ပတ်နေတာ ဖြစ်ပါ တယ်။

ကိုယ့်ကိုယ်ကို ကောင်းအောင်၊ မိမိကိုယ်ကို ကောင်းအောင် ကြိုးပမ်း အားထုတ် ဆောက်တည် ဆောင်ရွက်တယ်ဆိုတဲ့ နေရာမှာ ကဏ္ဍမျိုးစုံ အကျုံးဝင်ပါတယ်။ မိမိရဲ့ စိတ်ထား (Attitude) တွေ ၊ သင်ယူမှု (Learning) တွေ ၊ ပညာဆင်ခြင်တုံတရားတွေ ၊ ကောင်းမှု ကုသိုလ်ပြုလုပ်ဖို့ သဒ္ဒါတရားတွေ ၊ သူတစ်ပါးအပေါ် ထားရှိရမယ့် မေတ္တာစိတ်တွေ စသဖြင့် ကဏ္ဍမျိုးစုံ ပါဝင်ပါတယ်။

မိမိကိုယ်ကို ကောင်းစွာ ဆောက်တည် ဆောင်ရွက်နိုင်ဖို့ အသိ ဉာဏ်ပညာနဲ့ သင်ယူမှု (Learning)ဟာ များ စွာ အရေး ပါပါတယ်။ ဘဝမှာ သင်ယူမှု ဆိုတာဟာ ဘယ်တော့မှ ပြည့်စုံ ကုံလုံသွားပြီ၊ ပြီးပြည့်စုံသွားပြီဆိုတာ မရှိပါဘူး။ ထေရဝါဒ ဗုဒ္ဓဘာသာ အရတော့ နိဗ္ဗာန်ကို ရောက်မှ သင်ယူမှု ဆိုတာ ပြီးပြည့်စုံနိုင်တာပါ။

ပုထုဇဉ်လူသားတွေ အနေနဲ့ ကတော့ ဘဝခရီးလမ်းမှာ သင်ယူ မှု ကို ဘယ်တော့မှ ရပ်တန့်ပစ်လို့ မရပါဘူး။ သင်ယူမှု ကို ဒီနေ့ရပ်လိုက် တာနဲ့ မနက်ဖြန်မှာ ကိုယ်က သူများ ထက် တစ်လှမ်း နောက်ကျသွား မှာ ပါပဲ။ သင်ယူမှု ရဲ့ သဘောသဘာဝ ကိုက ဘယ်တော့မှ တန့်နေ တယ်၊ ရပ်နေတယ်လို့မရှိဘဲ တက်ရင်တက်နေ၊ ကျရင်ကျနေတာမို့ ဘဝမှာ သင်ယူမှု ကို စဉ်ဆက်မပြတ် တိုးတက်နေချင်တယ်ဆိုရင် စဉ်ဆက်မပြတ် သင်ယူနေဖို့ နည်းလမ်းတစ်လမ်းပဲ ရှိမှာ ဖြစ်ပါတယ်။

Cover

လူသား တစ်ယောက် အနေနဲ့ သင်ယူမှု (Learning) ကို စဉ်ဆက် မပြတ် ဆောင်ရွက်အား ထုတ်လာတာနဲ့အမျှ မိမိကိုယ်ကို ပိုမိုဆောက် တည်ပြီး ကောင်းစွာ ဆောင်ရွက်လာနိုင်ကာ အောင်မြင်မှု များ ဆီသို့ နီးသည်ထက် နီးအောင် ချဉ်းကပ်လာနိုင်မှာ ဖြစ်ပါတယ်။

•••


မင်္ဂလာရှိစွာ အောင်မြင်ခြင်း

'ပတိရူပ ဒေသဝါသော စ'

သတ္တမမြောက် မင်္ဂလာ ကတော့ ...

'ပတိရူပ ဒေသဝါသော စ'

(အကြားအမြင် ဗဟုသုတရှိခြင်း)

ဖြစ်ပါသည်။ မှန်ပါသည်၊ မင်္ဂလာရှိစွာ အောင်မြင်ထွန်းပေါက်နိုင်ဖို့အတွက် အကြားအမြင် ဗဟုသုတကလည်း များ စွာ အရေး ပါပါသည်။ အကြား အမြင် ဗဟုသုတဟု ဆိုရာ၌ စာရေး သူ တို့အနေဖြင့် ယေဘုယျအားဖြင့် ၃ မျိုးခွဲခြားနိုင်ပြီး ယင်းတို့မှာ -

၁။ အသိပညာဗဟုသုတ (Knowledge)

၂။ စွမ်းဆောင်ရည်၊ တတ်ကျွမ်းမှု (Skill)

၃။ စိတ်နေစိတ်ထား (Attitude)

တို့ ဖြစ်သည်။

အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု ၊ စဉ်းစား ဝေဖန်ပိုင်းခြားနိုင် မှု တို့မှာ အသိပညာဗဟုသုတကို အခြေခံ၍ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပြီး ကားမောင်းခြင်း၊ ကွန်ပျူတာ ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း စသည်တို့မှာ စွမ်းဆောင်ရည် (Skill) များ ဖြစ်ကြသည်။

စာရေး သူတို့ မြန်မာဘာသာ၊ မြန်မာစကား တွင် 'လူတော် လူကောင်း' ဟူသည့် အသုံးအနှုန်း ရှိသည်။ ယင်းအသုံးအနှုန်းမှာ လူတော် တစ်ယောက် ဖြစ်လာဖို့အတွက် အသိပညာ ဗဟုသုတ (Knoeledge) နှင့် ကျွမ်းကျင်တတ်မြောက်မှု (Skill) တို့ရှိရန်လိုအပ်ပြီး လူကောင်း တစ်ယောက် ဖြစ်လာဖို့အတွက် ကတော့ စိတ်နေစိတ်ထား (Attitude) ကောင်းရန် လိုအပ်မှာ ဖြစ်သည်။

စာရေး သူတို့အနေဖြင့် ဘဝမှာ ယင်းအကြားအမြင် ဗဟုသုတများ ပြည့်ဝလာရေး အတွက် စဉ်ဆက်မပြတ် သင်ယူအားထုတ်မှု (Continuous Learning) ပြုလုပ်နေကြရာမှာ ဖြစ်သည်။

Cover

အကြားအမြင် ဗဟုသုတပြည့်စုံရေး သင်ယူမှု (Learning)ကို ဆောင်ရွက်ကြရာ၌ လည်း သင်ယူပုံ သင်ယူနည်း၊ နည်းလမ်းတွေ က များ စွာ ရှိသေးသည်။ ကဲ .. ဘာတွေ လဲဆိုတာ ကြည့် ကြပါဦးစို့။

တစ်ဦး တစ်ယောက် ချင်း သင်ယူမှု (Individual Learning)

စာပေဖတ်ရှုခြင်း၊ မိမိအတွေ့ အကြုံမှ သင်ယူခြင်း၊ စဉ်းစား တွေးခေါ်၍ သင်ယူခြင်း စသည်တို့သည် တစ်ဦး တစ်ယောက် ချင်း သင်ယူ ပုံများ ဖြစ်သည်။ ယင်းနည်းလမ်းများ ဖြင့် သင်ယူခြင်း အားဖြင့် လည်း ဘဝတွင် အကြားအမြင် ဗဟုသုတများ ကို တစ်စတစ်စ စုဆောင်းနိုင်ကြ မည် ဖြစ်သည်။

အုပ်စုလိုက်သင်ယူမှု Group Learning)

ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်များ ရှိ စာသင်ခန်း (Classroom) များ တွင် သင်ယူခြင်း၊ အဖွဲ့လိုက် အပြန်အလှန်ဆွေးနွေးမှု (Group Discussion) များ ပြုလုပ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ (Workshop) များ တွင် ဆွေးနွေးခြင်း စသည်တို့မှာ အုပ်စုလိုက် သင်ယူပုံနည်း လမ်းများ ဖြစ်ပြီး အကြားအမြင် ဗဟုသုတများ တိုးတက်မြင့်မားလာရေး အတွက် အုပ်စုလိုက်သင်ယူမှု (Group Learning) များ ပြုလုပ်နိုင်ကြ မည် ဖြစ်သည်။

အကြားအမြင် ဗဟုသုတများ ပြည့်စုံပြီး ဘဝမှာ မင်္ဂလာရှိစွာ အောင်မြင်လာရေး အားထုတ် ကြိုးပမ်းကြရာ၌ အသိပညာဗဟုသုတများ ၊ တတ်ကျွမ်းမှု များ တိုးတက်မြင့်မားလာအောင် အားထုတ်ကြိုးပမ်းကြသလို စိတ်နေစိတ်ထား (Attitude) များ မြင့်မားလာအောင်လည်း အား ထုတ်ကြိုးပမ်းကြရမှာ ဖြစ်သည်။

ဂေါတမဗုဒ္ဓ ကတော့ လူသား တစ်ယောက် ၏ ဘဝတွင် စိတ်နေ စိတ်ထား (Attitude) များ တိုးတက်မြင့်မားလာပြီး အောင်မြင်လာရေး အတွက် အဓိကအားဖြင့် လိုအပ်ချက်(၃)ရပ်ရှိကြောင်း ညွှန်ကြားတော် မူ ခဲ့သည်။ ယင်းလိုအပ်ချက် ၃ဝရပ်မှာ -

၁။ သီလ (Morality)

၂။ သမာဓိ (Right Concentration)

၃။ ပညာ (Wisdom) တို့ ဖြစ်သည်။

သီလ (Morality) ဆိုသည်မှာ လူသားတစ် ယောက် အနေဖြင့် ၄င်းရောက်ရှိနေသည့် နေရာ၊ အဆင့်အတန်း၊ အလုပ်အကိုင်၊ အသက် မွေးဝမ်းကျောင်း စသည်တို့အပေါ် မူတည်ပြီး စောင့်ထိန်း နိုင်မှု ကို ဆိုလိုခြင်း ဖြစ်သည်။

သမာဓိ (Right Concentration) ဆိုသည် ကတော့ လူသား တစ်ယောက် အနေဖြင့် ၄င်းဘဝတွင် မျှော်မှန်းထားသည့် ဘဝရည်မှန်း ချက် ပန်းတိုင်များ ၊ တန်ဖိုးထားမှု များ အပေါ် မှန်မှန်ကန်ကန် စူးစိုက်နိုင်မှု ကို ဆိုလိုခြင်း ဖြစ်သည်။

ပညာ (Wisdom ဆိုသည် ကတော့ မည် သည့် အရာက မှန်သည်၊ မည် သည့်အရာက မှားသည် စသည်ဖြင့် ဝေဖန်ဆန်းစစ်ပိုင်းခြားနိုင်ရုံမက-

- မှန်ကန်သည့်အရာတွေ ကို တွေး၊

- မှန်ကန်သည့်အရာတွေ ကို ပြော၊

- မှန်ကန်သည့်အရာတွေ ကို လုပ်ရဲသည့် သတ္တိကိုလည်း ဆိုလိုခြင်း ဖြစ်ပါသည်။

လူသား တစ်ယောက် အနေဖြင့် ၄င်း၏ ဘဝ တွင် သီလ၊ သမာဓိ၊ ပညာ အကျင့်သိက္ခာ သုံးရပ် ပြည့်စုံအားကောင်းလာပါက မှန်ကန် သည့် စိတ်နေစိတ်ထား (Right Attitude) များ ၊ အပြုသဘောဆောင် သည့် စိတ်နေစိတ်ထား (Positive Attitude) များ ရှိလာကြမှာ ဖြစ်ပြီး ယင်းသို့ရှိလာသည်နှင့် အမျှ အကြားအမြင် ဗဟုသုတများ ပြည့်စုံလာပါက ဘဝမှာ တစ်စတစ်စ အောင်မြင်ထိပ်တန်းရောက်လာကြမှာ မုချဧကန် ဖြစ်ပါသည်။

•••


မင်္ဂလာရှိစွာ အောင်မြင်ခြင်း

'ဝိနယောစ သုသိက္ခိတော'

ရှစ်ခုမြောက် မင်္ဂလာ ကတော့ ...

'ဝိနယောစ သုသိက္ခိတော'

(လူတွေ ရဲ့ စည်းမျဉ်းစည်းကမ်းများ ၊ ဝိနည်းများ ကို လိုက်နာခြင်း)

ဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓက လောကမှာ စစ်မှန်စွာ အောင်မြင်လိုသူများ အနေနဲ့ လူတွေ ရဲ့ စည်း မျဉ်းစည်းကမ်း၊ ဝိနည်း၊ နည်းဥပဒေများ ကို လေ့လာကြရမှာ ၊ လိုက်နာကြရမှာ ဖြစ်တယ်လို့ ဤရှစ်ပါးမြောက် မင်္ဂလာတရားတော် မှာ အတိအလင်း ညွှန်ကြားတော် မူထားတာပါ။

မှန်ပါတယ်။ သက်ဆိုင်ရာ မိသားစုတစ်ခု၊ အသင်းအဖွဲ့တစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းနယ်ပယ် (industry) တစ်ခု၊ နိုင်ငံတစ်ခု စသည်ဖြင့် အဆင့်ဆင့်တိုင်းမှာ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း (Rules & Regulations)တွေ ၊ ဥပဒေ (Law) တွေ ရှိကြပါတယ်။ မင်္ဂလာရှိစွာ အောင်မြင်လိုသူတွေ အတွက် မိမိရဲ့ မိသားစု၊ မိမိနဲ့သက်ဆိုင်တဲ့ အသင်းအဖွဲ့၊ လူ့အဖွဲ့အစည်း၊ လုပ်ငန်း နယ်ပယ်၊ မိမိရဲ့ နိုင်ငံ စတာတွေ ရဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ၊ ဥပဒေတွေ ကို မ ဖြစ်မနေ လိုက်နာကြရမှာ ပါ။

စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ဥပဒေတွေ ကို လိုက်နာ ကြတယ်လို့ဆိုရာမှာ -

(၁) နားလည်ရပါတယ်။

(၂) လေးစားရပါတယ်။

(၃) ဒါမှ လိုက်နာနိုင်ကြမှာ ဖြစ်ပါတယ်။ ဥပဒေဆိုတာ မသိလို့ ကျူးလွန်မိတာပါလို့ ပြော လို့မရတဲ့အတွက် ကိုယ်နဲ့သက်ဆိုင်တဲ့ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေတွေ ကို သိရှိနားလည် သဘောပေါက်အောင် လေ့လာ ထားကြရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဥပဒေလို့ ပြောလိုက်တာနဲ့ ကျင့်ဝတ် (Ethic) ဆိုတာကိုလည်း ပြောဖို့၊ ဆွေးနွေးဖို့ လိုအပ်လာပါတယ်။ ကျင့်ဝတ် ဆိုတာ ကတော့ ရှင်းပါတယ်။ သူက စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ ဥပဒေတွေ လို တရားဝင် သတ်မှတ်ပြဋ္ဌာန်းထားတာ မဟုတ်ပါ ဘူး။ ဒါပေမဲ့ ကျင့်ဝတ်ဆိုတာက စာရေး သူတို့ရဲ့ အပြုအမူတွေ ကို ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုပြီး ဖော်ပြပါပုံအတိုင်း သတ်မှတ် ပိုင်းခြားပေးနိုင်ပါတယ်။

Cover

ဒါပေမဲ့ တစ်ခါတလေမှာ တချို့ကိစ္စရပ်တွေ ဟာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းတွေ အရ မှန်နေပေမဲ့ ကျင့်ဝတ် (Ethic) အရ မှားနေနိုင်တာကိုလည်း သတိချပ်ရကြပါမယ်။ အဲ့သလို အခါမျိုးမှာ တော့ စာရေး သူတို့ အနေနဲ့ မိမိတို့ရဲ့ အသိဉာဏ်နဲ့ ချင့်ချိန် စဉ်းစား လုပ်ကိုင်တတ်ကြဖို့ လိုအပ်ပါတယ်။

စည်းမျဉ်းစည်းကမ်း၊ ဥပဒေလို့ ပြောလိုက်ရင် အဓိပ္ပာယ်က တော် တော် ကျယ်ပြန့် သွားပါတယ်။ ယေဘုယျအားဖြင့် စာရေး သူတို့ တစ်တွေ လူ့အဖွဲ့အစည်းအတွင်းမှာ လေးစားလိုက်နာကြရမယ့် စည်းမျဉ်းစည်းကမ်း ၄ ဆင့်ရှိပါတယ်။

အဲ့ဒါတွေ ကတော့-

၁။ အက်တစ်ကတ် (Etiquette)

၂။ ကျင့်ဝတ်(Ethic)

၃။ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း

(Rules & Regulations)

၎။ ဥပဒေ (Law)

တို့ ဖြစ်ပါတယ်။

ဒီ ၄ ဆင့်ဟာ တစ်ဆင့်ပြီး တစ်ဆင့်တက် သွားကြတာ ဖြစ်ပါတယ်။

၁။ အက်တစ်ကတ် (Etiquette)

အက်တစ်ကတ် ဆိုတာ ကတော့ 'လူကြီး လူကောင်းများ လိုက်နာရန်စည်းမျဉ်း' လို့ အဓိပ္ပာယ်ရပါတယ်။ အက်တစ်ကက် ဆိုတဲ့ နေရာမှာ ညစာစားပွဲမှာ ဇွန်း၊ ခက်ရင်း ဘယ်လိုကိုင်ရတယ်ဆိုတာက အစ၊ စာကြည့်တိုက်ထဲမှာ အသံကျယ်ကျယ်နဲ့ စကားအော်မပြောရတဲ့ အထိ ပါဝင်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက လူ တစ်ယောက် ဟာ အက်တစ်ကတ်ကို မသိရင် လူကြီးလူကောင်း (Gentleman) မဟုတ်ဘူးလို့ တော့ သတ်မှတ်လို့ ရပါတယ်။ ဒါပေမဲ့ လူဆိုး လို့တော့ သတ်မှတ်လို့ မရပါဘူး။

၂။ ကျင့်ဝတ်(Ethic)

ကျင့်ဝတ် (Ethic) ဆိုတာ ကတော့ မိမိရဲ့ အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင်၊ နေရာ စတာတွေ ပေါ် မူတည်ပြီး လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ကို ဆိုလိုတာပါ။ ဥပမာ- ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ် စသည်ဖြင့် ပါ။ ဆရာ တစ်ယောက် ဟာ ဆရာ့ကျင့်ဝတ်ကို ဖောက်ဖျက်ရင် ဆရာ မပီသတဲ့အတွက် လူကောင်း တစ်ယောက် မဟုတ်ဘူးလို့ သတ်မှတ် လို့ရပေမဲ့ ကျင့်ဝတ်ကို ဖောက်ဖျက်တဲ့အတွက် ဥပဒေအရ အရေး ယူလို့တော့ မရပါဘူး။

၃။ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း

(Rules & Regulations)

ကျောင်းမှာ လည်း ကျောင်းစည်းကမ်း၊ ရုံး မှာ လည်း ရုံးစည်းကမ်း စသည်ဖြင့် Rules & Regulations တွေ ရှိကြပါတယ်။ ဒါပေမဲ့ ဥပမာ ဝန်ထမ်း တစ်ယောက် ဟာ ရုံးစည်းကမ်းကို ဖောက်ဖျက်ရင် ရုံးမှာ ပဲ အရေး ယူခံရပါမယ်၊ လူ့ အဖွဲ့အစည်းတစ်ခုလုံးနဲ့ သက်ဆိုင်ခြင်းတော့ မရှိပါဘူး။

၎။ ဥပဒေ (Law)

ဥပဒေ (Law) ကတော့ အမြင့်ဆုံး ဖြစ်ပါတယ်။ ဥပဒေကို ဖောက်ဖျက်ရင် လူ့အဖွဲ့ အစည်းတစ်ရပ်လုံး အတိုင်းအတာနဲ့ အရေး ယူနိုင်ပါတယ်။ ဥပမာ-လူသတ်တာတို့၊ သူတစ်ပါးရဲ့ ပစ္စည်းကို ခိုးယူတာတို့ စသည်ဖြင့် ပါ။

မင်္ဂလာရှိစွာ အောင်မြင်လိုသူ တစ်ယောက် အနေနဲ့ 'ဝိနယောစ သုသိက္ခိတော' လို့ဆိုတဲ့ အတိုင်း ဒီ ၄ ခုစလုံးကို လိုက်နာနိုင်ရင် အကောင်းဆုံးပါ။

•••


မင်္ဂလာရှိစွာ အောင်မြင်ခြင်း

'သုဘာသိတာစ ယာဝါစာ'

ဆယ်ပါးမြောက် မင်္ဂလာ ကတော့ ...

'သုဘာသိတာစ ယာဝါစာ'

ကောင်းသော စကားကို ပြောခြင်း ဖြစ်ပါတယ်။ လူဆိုတာ ပေါင်းသင်း ဆက်ဆံရေး သတ္တဝါ ဖြစ်တာနဲ့အညီ အပြောအဆိုဟာ အလွန်အရေး ကြီးပါတယ်။ ဒီသတ္တလောကကြီးမှာ ရှိတဲ့ သတ္တဝါတွေ ၊ သက်ရှိတွေ ထဲမှာ လူသားတွေ ကိုသာ 'လူ' လို့ခေါ်ဆိုကြပြီး၊ ကျန်သက်ရှိသတ္တဝါတွေ ကို တိရစ္ဆာန်လို့ ခေါ်ဆိုရခြင်းအကြောင်း ကတော့-

(၁) အသိဉာဏ် စဉ်းစားဆင်ခြင်မှု ရှိခြင်း၊

(၂) ဘာသာစကားဖြင့် ပြောဆိုဆက်ဆံနိုင်ခြင်း၊

တို့ကြောင့် ဖြစ်ပါတယ်။ လောကမှာ ပြောတတ်၊ ဆိုတတ်၊ ဆက်ဆံတတ် လာတာနဲ့အမျှ မင်္ဂလာရှိစွာ အောင်မြင်လာနိုင်ကြဖို့ ပိုမိုအထောက်အကူ ပြုလာမှာ ဖြစ်ပါတယ်။

မှန်ပါတယ်။ ဂေါတမဗုဒ္ဓဟာ လူသားတွေ ရဲ့ စကားပြောဆိုမှု နဲ့ ပတ်သက်လို့ ယေဘုယျ အားဖြင့် အင်္ဂါရပ် ၄ ရပ်သတ်မှတ်ပြဋ္ဌာန်း ညွှန်ကြားတော် မူခဲ့ပါတယ်။ အဲ့ဒါတွေ ကတော့-

(၁) ကာလေန ဝက္ခာမိနော အကာလေန

စကားဆိုတာဟာ မှန်ကန်တဲ့အချိန်၊ ပြောသင့်တဲ့အချိန်မှာ ပြောရမယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် မှန်ကန်တဲ့အချိန် (ျွငါ့အွှငာန)၊ မှန်ကန်တဲ့နေရာ (ျွငါ့အ ဏူခေန) မှာ ပြောရမယ်လို့ ဆိုလိုတာပါ။

(၂) သဏှေန ဝက္ခာမိနော ဖရုသေန

စကားပြောဆိုတဲ့အခါ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ ပြောရမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မိမိရောက်ရှိနေတဲ့နေရာ၊ ရာထူး အဆင့်အတန်း စတာတွေ နဲ့ လျော်ညီအောင် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်ရမယ်လို့ ဆိုပါတယ်။ 'နှုတ်ချို သျှိုတစ်ပါး' ဆိုတဲ့ မြန်မာစကားပုံ လည်း ရှိပါတယ်။

(၃) မေတ္တာစိတ္တေန ဝက္ခာမိနော ဒေါသန္တရော

စကားပြောဆိုတဲ့အခါမှာ မေတ္တာစိတ်နဲ့ ပြောရမယ်။ ဒေါသစိတ်နဲ့ မပြောရဘူးလို့ ဆိုပါတယ်။ မှန်ပါတယ်၊ စီးပွားရေး (Business) နဲ့ ဆိုင်တဲ့ ဆက်ဆံပြောဆိုမှု များ မှာ ပဲ ဖြစ်စေ၊ လူမှု ရေး (ှသခငေူ) နဲ့ဆိုင်တဲ့ ဆက်ဆံပြောဆိုမှု များ ပဲ ဖြစ်စေ၊ ဒေါသကို ရှေ့တန်းမတင်ဘဲ မေတ္တာနဲ့ ယှဉ်ပြီး ပြောဆိုဆက်ဆံကြမယ်ဆိုရင် မိမိရော၊ မိမိတို့နဲ့ ဆက်ဆံပတ်သက် တဲ့ သူတွေ ပါ နှစ် ဦးနှစ် ဖက် အကျိုးရှိတဲ့ (Win-Win Relationship) ဆက်ဆံရေး တွေ ကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။

(၄) အတ္ထသံဟိတေန ဝက္ခာမိနော အနတ္ထ သံဟိတေန

ကိုယ်ပြောဆိုတဲ့ စကားဟာ အဓိပ္ပာယ်၊ အနှစ် သာရရှိပြီး အကျိုးစီးပွားကို ဖော်ဆောင်နိုင် ရပါမယ်။ တချို့စကားတွေ ဟာ ပြောသာ ပြောလိုက်ရပေမယ့် အနှစ် သာရ ကင်းမဲ့ပြီး ဘာအကျိုးကျေးဇူးမှ မရရှိနိုင်ဘူးဆိုရင်တော့ ဆိတ်ဆိတ်နေတာက ပိုကောင်းပါတယ်။

ဒါ့ကြောင့် မို့ မိမိနေ့စဉ် ပြောဆို ဆက်ဆံနေရတဲ့ လူ့ဘောင် ပတ်ဝန်းကျင်မှာ စကားပြောဆို ဆက်ဆံကြတဲ့နေရာမှာ ဒီအင်္ဂါ ၄ ရပ်နဲ့ ညီညွတ်အောင် ပြောဆိုနိုင်ရင်တော့ နှစ် ဦးနှစ် ဖက် အကျိုးရှိတဲ့ ဆက်ဆံရေး တွေ ကို တည်ထောင် နိုင်ကာ မင်္ဂလာရှိစွာ အောင်မြင်နိုင်ကြမှာ ဖြစ်ပါတယ်။

'ကောင်းသော စကားကို ပြောခြင်း' လို့ဆို တဲ့နေရာမှာ မိမိက သူတစ်ပါးကို ပြောတဲ့စကား တွေ သာ မဟုတ်ပါဘူး။ မိမိကိုယ်ကို ပြောဆိုတဲ့ စကား (Self-Talk) ကို ပြောဆိုတဲ့နေရာမှာ လည်း ကောင်းသော စကားတွေ ပြောကြားနိုင်ဖို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ်၊ စာရေး သူတို့ တွေ ဟာ နေ့စဉ် ကိုယ့်ကိုယ်ကို ပြောတဲ့စကား (Self-Talk) တွေ အမြောက်အမြား ပြောဆိုနေကြပါတယ်။ မိမိတို့တကယ် ပြင်ပကို ပြောတဲ့ စကား (Physical Talk) တွေ ကသာ မုသားပြောတာမျိုး၊ ဟန်ဆောင် ပြောတာမျိုး ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ပြောတဲ့စကား ကတော့ ဘယ်တော့မှ မုသားမပါပါဘူး။ ရိုးသားကြတာ များ ပါတယ်။

ဒါ့ကြောင့် မို့ မိမိကိုယ်ကို ပြောတဲ့စကား (Self-Talk) ကိုလည်း ကောင်းမွန်သော စကား၊ မင်္ဂလာရှိသော စကားများ ပြောဆိုနိုင်ကြမယ်ဆို ရင် ပိုမိုပြီး မင်္ဂလာရှိစွာ အောင်မြင်လာနိုင်ကြမှာ ပါ။ မိမိကိုယ်ကို ပြောတဲ့စကား (Self-Talk) ကနေ တဖြည်းဖြည်း ပြင်ပကို တကယ် ပြောတဲ့စကား (Physical Talk) အ ဖြစ် ပြောင်းလဲလာ ပါတယ်။ အဲ့ဒီကမှ တစ်ဆင့် တကယ့်လုပ်ဆောင်မှု (Physical Action) အ ဖြစ် ပြောင်းလဲ လာတာ ဖြစ်ပါတယ်။ ပိုပြီး ရှင်းလင်းသွားအောင် အောက်ပါပုံကို ကြည့်နိုင်ပါတယ်-

Cover

ဒါကြောင့် မို့လို့ စာရေး သူတို့အနေနဲ့ မိမိ ကိုယ်ကို ပြောဆိုကြတဲ့ စကားများ ကို ကောင်းသော စကားများ ပြောကြားနိုင်ကြပါက ပြင်ပကို ပြောဆိုတဲ့ (Physical Talk) များ ကလည်း ကောင်းသော စကားများ ဖြစ်လာကာ လက်တွေ့  လုပ်ဆောင်မှု များ မှာ လည်း ကောင်းသော လုပ် ဆောင်မှု များ ဖြစ်လာကြပြီး မင်္ဂလာရှိစွာ အောင်မြင်လာနိုင်ကြမှာ ဖြစ်ပါတယ်။ ။

•••


မင်္ဂလာရှိစွာ အောင်မြင်ခြင်း

'မာတာပိတု ဥပဋ္ဌာနံ'

ဆယ့်တစ်ပါးမြောက် မင်္ဂလာ ကတော့ ...

'မာတာပိတု ဥပဋ္ဌာနံ'

'အမိအဘကို လုပ်ကျွေးမွေးမြူခြင်း'

ဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓက လောကမှာ မင်္ဂလာရှိစွာ အောင်မြင်ချင်ရင် မိမိရဲ့ မိဘနှစ် ပါးကို အလုပ်အကျွေးပြုရမယ်လို့ ညွှန်ကြားတော် မူ ထားပါတယ်။ မှန်ပါတယ်။ မိဘဆိုတာဟာ မိမိ ရဲ့ အဓိကရ မွေးကျေးဇူး၊ ကျွေးကျေးဇူးရှင်များ ဖြစ်တဲ့အတွက် မိဘတွေ ရဲ့ ကျေးဇူးကို ကျေပွန် အောင် ဆပ်ခြင်းအားဖြင့် ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်ဆိုတဲ့ စကြဝဠာ နိယာမ (The Law of Universe) အရ မင်္ဂလာရှိစွာ အောင်မြင်လာနိုင်ကြမှာ ဖြစ်ပါတယ်။

စာရေး သူကို စာရေး သူနဲ့ ရင်းနှီးတဲ့ ထိပ်တန်း သူဌေးကြီး တစ်ဦးက ခုလို ပြောဖူးပါတယ်။ သူငယ်စဉ်ကတည်းက ညီအစ်ကို၊ မောင်နှမတွေ များ စွာ ရှိတဲ့အနက် အမေက ခိုင်းရင်၊ ဥပမာ-

'သားရေ ..သမီးရေ.. ဒါလေးကို အမေ့ ကို ဈေးထဲ သွားဝယ်ပေးပါဦး' လို့ပြောရင်၊ ခိုင်းရင် သူက မဆိုင်းမတွ လုပ်ပေး လေ့ရှိပါသတဲ့။ ဟော ..အရွယ်လည်း ရောက်လာ၊ အသက်အရွယ်လည်း ရလာရော၊ မိဘကို သိတတ်ပြီး မဆိုင်းမတွ လုပ်ပေးတဲ့ အဲ့ဒီသူက ထိပ်တန်းသူဌေးကြီးတစ်ဦး ဖြစ်လာပြီး မသိလိုက် မသိဘာသာ၊ ဖာသိဖာသာ နေခဲ့တဲ့ သူ့ရဲ့ ညီအစ်ကို၊ မောင်နှမတွေ ကတော့ သူ့လောက် မအောင်မြင်ကြပါဘူးတဲ့။

ဒါဟာ ရုတ်တရက် ရိုးရိုးလေးကြည့်ရင် မိဘကို သိတတ်တဲ့ အတွက် အောင်မြင်မှု ရတယ် ဆိုတဲ့ သဘောပါပဲ။ ဒါပေမဲ့ အဲ့ဒီသူဌေးကြီး ရဲ့ စကားတွေ ကပဲတစ်ဆင့် သူဟာ ငယ်စဉ်ကတည်းက မိဘခိုင်းတာကို မဆိုင်းမတွ လုပ်ခဲ့တဲ့အတွက် ဥပမာ- သူအမေနဲ့ သူဟာ ဈေးသွားရင် အမြဲ လိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီ သူဌေးကြီးရဲ့ အမေဟာ အိမ်ထောင်မှု ထိန်းသိမ်းတဲ့ နေရာမှာ လည်း အလွန်နိုင်နင်းတယ်လို့ ဆိုပါတယ်။ ဒီတော့ ဟင်းတစ်မယ်ကို ချက်တာကအစ ဟင်းရဲ့ အရည်အသွေး (Quality) အရသာကို ထိန်းသိမ်းဖို့အတွက် ဟင်းထဲမှာ ပါဝင်တဲ့အရာ (Ingredient) တစ်ခုချင်းစီရဲ့ အရည်အသွေးကို ဂရုစိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဥပမာ- ဒီ ဟင်းရွက်က သိပ်ပြီး မလတ်ဆတ်ရင် ချက်ချင်း ပြန်လဲတာမျိုး စသည်ဖြင့်ပါ။ ဒါဟာ သေသေချာချာ ဆန်းစစ်ကြည့်ရင် အသေးစိတ်စီမံခန့်ခွဲမှု (Micro-Management) သဘောတရားတွေ များ စွာ ပါဝင်ပြီး ဒီသူဌေးကြီးဟာ ငယ်စဉ်ကတည်းက မိခင်ရဲ့ Micro-Management သဘောတရားတွေ ကို အနီးကပ်လေ့လာခဲ့ရတဲ့အတွက် အရွယ်ရောက်လာလို့ သူ လုပ်ငန်းတည်ထောင် ဆောင်ရွက်လာတဲ့အခါ မှာ အသေးစိတ်စီမံခန့်ခွဲမှု သဘောတရားများ ကို များ စွာ ကြေညက်နား လည်သဘောပေါက်ခဲ့တဲ့အတွက် ခုလို အောင်မြင်ကြီးပွား ချမ်းသာ လာတယ်လို့ ဆိုပါတယ်။

ဒါဟာ မီးဖိုချောင်က အသေးစိတ်စီမံခန့်ခွဲမှု (Micro-Management) သဘောတရားများ ကို လုပ်ငန်းခွင်အသုံးချ Micro-Management သဘောတရားများ ဖြစ်လာအောင် ဖန်တီး ဆောင်ရွက်ပြောင်း လဲနိုင်တဲ့ သူဌေးကြီးရဲ့ ပင်ကို အရည်အချင်း၊ အရည်အသွေးတွေ လည်း များ စွာ ပါဝင်နေတာ မှန်ပေမဲ့ တစ်ဖက်က ပြောရရင် သူဌေးကြီးဟာ မိဘကို သိတတ်ပြီး အလုပ်အကျွေး ပြုခဲ့တဲ့အတွက် မိဘကျေးဇူးကို သိတတ်လို့ သိပ္ပံနည်းကျကျ ကောင်းကျိုးကုသိုလ် အကျိုးကို ပြန်ခံစားရ တယ်လို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။

အနောက်ဥရောပနဲ့ အမေရိကန်တို့လိုမျိုး နိုင်ငံတွေ မှာ တော့ မိဘတွေ ဟာ အသက်အရွယ် ကြီးရင့်အိုမင်း လာကြတဲ့အခါမှာ သားသမီး တွေ နဲ့ နေထိုင်ကြရလေ့မရှိဘဲ ဘိုးဘွားရိပ်သာတွေ ၊ အဆင့်မြင့် ဘိုးဘွား စောင့်ရှောက်ရေး ဂေဟာ တွေ စတာတွေ မှာ နေထိုင်ကြရလေ့ ရှိပါတယ်။ စာရေး သူတို့နိုင်ငံမှာ တော့ များ သော အားဖြင့် မြန်မာသားသမီးတွေ ဟာ မိမိတို့ရဲ့ မိဘတွေ အိုမင်း အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ အိမ်ဦး ခန်းမှာ တရိုတသေထားပြီး အသေအချာ ကျွေးမွေး ပြုစုစောင့်ရှောက်လေ့ ရှိကြတာကို ဝမ်းမြောက်ဂုဏ်ယူဖွယ် တွေ့ ကြရမှာ ပါ။

ဒီလိုကောင်းမွန်တဲ့ အစဉ်အလာတွေ ရှိတဲ့ စာရေး သူတို့ မြန်မာ လူမျိုးတွေ ဟာ ယနေ့ခေတ်မှာ မှ အကြောင်းကြောင်းကြောင့် ၊ အမျိုးမျိုးသော ဖိအားများ ကြောင့် မိဘနဲ့ သားသမီးအကြား ဆက်ဆံရေး ပျက်ယွင်းမှု အချို့ကို ဝမ်းနည်းဖွယ် ကြုံတွေ့ လာကြရတာ ကိုလည်း တွေ့ ရပါတယ်။ တကယ်တော့ မိဘဆိုတာဟာ မိမိဘဝအတွက် အောင်မြင်မှု မှန်သမျှရဲ့ ရင်းမြစ် (Source of Success) ကြီးလည်း ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ 'လက်ဦးဆရာ မည် ထိုက်စွာ ၊ ပုဗ္ဗာစရိယ မိနှင့် ဖ' ဆိုတဲ့အတိုင်း မိဘဆိုတာဟာ လောကကြီးထဲကို စာရေး သူတို့ စတင် ဝင်ရောက်ချိန်ကတည်းက စာရေး သူတို့ကို လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံ၊ လုပ်နည်းကိုင်နည်း မှန်သမျှကို သင်ကြားပြသ လမ်းညွှန်ခဲ့တဲ့ အောင် မြင်မှု ဦးဆောင်သူများ ပါ။

တစ်ခါ .. စာရေး သူတို့ အာရှတိုက်မှာ ရှိတဲ့ ကော်ပိုရေး ရှင်းကြီး တွေ ၊ စီးပွားရေး လုပ်ငန်းကြီးတွေ မှန်သမျှဟာလည်း မိသားစုစီးပွားရေး ပုံစံ (Family Business) ကို အခြေခံပြီး ကြီးထွား အောင်မြင်လာကြတာကို တွေ့ ကြရမှာ ပါ။ ဥပမာ-ကိုရီးယားနိုင်ငံမှာ ဆိုရင် တစ်နိုင်ငံလုံးမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်း အတော် များများ ဟာ အဓိက စီးပွားရေး အုပ်စုကြီး (၁ဝ) ခုရဲ့ လက်အောက်မှာ ပဲ ရှိကြတာကို တွေ့ ကြရမှာ ပါ။ ဒီ အဓိက စီးပွားရေး အုပ်စုကြီး(၁ဝ)ခုဟာလည်း မိသားစုကို အခြေခံပြီး လည်ပတ်နေ ကြတာ ဖြစ်တဲ့အတွက် မိဘများ ကို ပြုစုစောင့်ရှောက်ခြင်း၊ မိဘများ ကို အလုပ်အကျွေး ပြုခြင်းဟာ မိမိတို့ရဲ့ ဘဝအောင်မြင်မှု ၊ ကြွယ်ဝချမ်းသာမှု တို့နဲ့လည်း ပတ်သက် ဆက်စပ်နေတာကို တွေ့ ကြရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မို့ စာရေး သူတို့ မြန်မာလူမျိုးများ အနေနဲ့ မိမိတို့ မြန်မာ့ယဉ်ကျေးမှု မှာ အခြေခံရှိပြီးသား 'မာတာပိတု ဥပဋ္ဌာနံ' 'အမိ အဘကို လုပ်ကျွေးမွေးမြူခြင်း' မင်္ဂလာကို လိုက်နာကျင့်သုံးကာ မင်္ဂလာရှိစွာ အောင်မြင်ကြပါစို့ လို့ ညွတ်နူးစွာ တိုက်တွန်းလိုက်ရပါ တယ်။ ။

•••


မင်္ဂလာရှိစွာ အောင်မြင်ခြင်း

'ပုတ္တဒါရဿ သင်္ဂဟော'

ဆယ့်နှစ် ပါးမြောက် မင်္ဂလာ ကတော့ ...

'ပုတ္တဒါရဿ သင်္ဂဟော'

'သားမယားကို ထောက်ပံ့ပေးကမ်း ချီးမြှောက်ခြင်း'

ဖြစ်ပါတယ်။ မှန်ပါတယ်။ ယနေ့အောင်မြင်နေ၊ ထိပ်တန်းရောက်နေသူတွေ အားလုံးကို ကြည့်ကြည့်ပါ။ အားလုံးနီးပါးဟာ သူတို့ရဲ့ သားမယားတွေ ၊ မိသားစုတွေ ကို လုံလောက်ပြည့်စုံစွာ ထောက်ပံ့ချီးမြှောက်ထားတာကို တွေ့ ကြရမှာ ဖြစ်ပါတယ်။

မှန်ပါတယ်။ တကယ်တော့ ဘဝဆိုတာ ကားတစ်စီးလိုပါပဲ။ ဘဝကားကို မောင်းနှင်ကြ တဲ့အခါမှာ တစ်ခါတလေ စာရေး သူတို့အနေနဲ့ ကားမောင်းသူ (Driver) နေရာကနေ မောင်းနှင်ကြရသလို တစ်ခါတလေ ခရီးသည်နေရာက စီးရတာ မျိုးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ-မိမိရဲ့ မိသားစုမှာ တော့ အိမ်ထောင်ဦးစီး တစ်ယောက် ဟာ ကားမောင်းသူ (Driver) ဖြစ်ပြီး မိမိရဲ့ မိသားစုဝင်တွေ ကတော့ မိမိရဲ့ ကားကို လိုက်ပါ စီးနင်းကြတဲ့ ခရီးသည်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ ပဲ မိမိဟာ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းအ ဖြစ် လုပ်ကိုင်နေတယ်ဆိုရင် မိမိ အလုပ်လုပ်နေတဲ့ ကုမ္ပဏီဆိုတဲ့ ကားလမ်းပေါ်မှာ တော့ မိမိက ခရီးသည် ဖြစ်ပြီး ကားမောင်းသူ (Driver) ကတော့ ကုမ္ပဏီရဲ့ ဦးဆောင်သူ MD ဖြစ်မှာ ပါ။ ဒါ့ကြောင့် မို့ သားမယားဆိုတာ မိမိရဲ့ ဘဝကားပေါ်မှာ လိုက်ပါစီးနင်းမယ့် ခရီးသည် ဖြစ်တဲ့အတွက် ဘဝမှာ မင်္ဂလာရှိစွာ အောင်မြင်ချင်တယ်ဆိုရင် သားမယားကိုလည်း ထောက်ပံ့ ပေးကမ်း ချီးမြှောက်ကြရပါတယ်။

ဒီနေရာမှာ သားမယားကို ထောက်ပံ့ ပေးကမ်းချီးမြှောက်တယ်လို့ ဆိုတဲ့နေရာမှာ ငွေကြေး ဥစ္စာပစ္စည်းတွေ ထောက်ပံ့ပေးကမ်းတာချည်းကို ဆိုလိုတာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးကမ်း ဖို့လည်း လိုအပ်ပါတယ်။ ယေဘုယျအားဖြင့် မိမိရဲ့ သားမယားကို စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်း(၅)မျိုး ရှိပါတယ်။ အဲ့ဒါတွေ ကတော့ ...

(၁) အချိန်ပေးပါ

လင်ယောက်ျား တစ်ယောက် အနေနဲ့ မိမိရဲ့ သားမယားအတွက် အချိန်ပေးတာဟာ ကြီးစွာ သော ပေးကမ်းချီးမြှောက်မှု တစ်ခု ဖြစ်တယ်ဆိုတာကို သတိချပ်ကြဖို့ လိုပါတယ်။

(၂) နားထောင်ပါ

မိမိရဲ့ သားမယားက မိမိကို ပြောချင် ဆိုချင်တာတွေ ကိုလည်း တခုတ်တရ အလေးထား နားထောင်ပေးသင့်ပါတယ်။

(၃) အသိအမှတ်ပြုပါ

အိမ်ထောင်ရှင်မ တစ်ယောက် အနေနဲ့ မိမိရဲ့ အိမ်ထောင်ဦးစီး တစ်ယောက် ရဲ့ အသိအမှတ် ပြုမှု ဟာ ကြီးစွာ သော ပေးကမ်းချီးမြှောက်မှု တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် မို့ အသေးအဖွဲ့ ကိစ္စလေးတွေ ကအစ မိမိရဲ့ သားမယားကို အသိအမှတ်ပြုပေးပါ။

(၄) တိုးတက်ဖွံ့ဖြိုးအောင် ကူညီပါ

အိမ်ထောင်ဦးစီး တစ်ယောက် အနေနဲ့ မိမိရဲ့ သားမယား အပါ အဝင် မိမိရဲ့ မိသားစုရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။

(၅) အကောင်းဆုံးအရည်အသွေးတွေ ကို ဖော်ထုတ်ပါ။

အိမ်ထောင်ဦးစီး တစ်ယောက် အနေနဲ့ မိမိရဲ့ သားမယား အပါ အဝင် မိမိရဲ့ မိသားစု အဖွဲ့ဝင်တွေ ရဲ့ ဘဝမှာ စွမ်းဆောင်ရည် (Performance) တွေ အမြင့်မားဆုံး ဖြစ်လာအောင် ကြိုးပမ်းအားထုတ် ကူညီပေးဖို့ တာဝန်ရှိပါတယ်။ ဥပမာ- မိမိ သားမယားရဲ့ အားနည်းချက်၊ အပြစ်အနာအဆာတွေ ရှိရင် နှစ် ဦးနှစ် ကိုယ်ကြား ဆုံးမလမ်း ညွှန်သင့်ပြီး မိမိသားမယားရဲ့ အားသာချက်၊ ထူးချွန်ထက်မြက်မှု စတာတွေ ကိုတော့ လူသိရှင်ကြား၊ အများ ဗိုလ်ပုံအလယ်မှာ ထုတ်ဖော် ချီးကျူးသင့်တာ ဖြစ်ပါတယ်။

လူ တစ်ယောက် ရဲ့ စွမ်းဆောင်ရည် (Performance) နဲ့ ပတ်သက်လို့ ကမ္ဘာ့ HR လောကမှာ နာမည် ကြီးတဲ့ ညီမျှခြင်း (Equation) လေး တစ်ခု ရှိပါတယ်။ ဒါ ကတော့ AMO Model လို့ ခေါ်ပါတယ်။

Cover

လူ တစ်ယောက် ရဲ့ စွမ်းဆောင်ရည်ကို လိုချင်ရင် လုပ်ဆောင်နိုင် စွမ်း (Ability) ရယ်၊ လုပ်ဆောင်ချင်စိတ် (Motivation) ရယ်၊ အခွင့် အလမ်း (Opportunity) ရယ် မြှောက်ရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ဒီကိန်းသုံးလုံးကို မြှောက်ထားခြင်း ဖြစ်ပြီး ပေါင်းထားတာ မဟုတ်ဘူး ဆိုတာ အထူးသတိချပ်ကြရပါမယ်။ အပေါင်း နဲ့ အမြှောက်အကြား သဘောသဘာဝ က အလွန်ခြားနားပါတယ်။

ဥပမာ- ၁ဝဝ၊ ၁ဝဝ၊ ဝ ဆိုတဲ့ကိန်း ၃ လုံး ကို ပေါင်းရင် ရလဒ်အ ဖြစ် ၂ဝဝ ကို ရရှိနိုင်ပေမဲ့ ဒီ ၁ဝဝ၊ ၁ဝဝ၊ ဝ ဆိုတဲ့ ကိန်း ၃ လုံးကို မြှောက်ရင်တော့ ရလဒ် သုညပဲ ရနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မို့ လူ တစ်ယောက် ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်ဖို့ဆိုရင် လုပ်ဆောင်နိုင်စွမ်း ရော၊ လုပ်ဆောင်ချင်စိတ်ရော၊ အခွင့်အလမ်းရော စတာတွေ ဟာ အချိုးညီညီ လိုအပ်ပြီး အကယ်၍ တစ်ခုခုက သုည ဖြစ် သွားပါက စွမ်းဆောင်ရည် ရလဒ်အ ဖြစ် သုညကိုပဲ ရရှိကြမှာ ပါ။

ဒါ့ကြောင့် မို့ အိမ်ထောင်ဦးစီး လင် ယောက်ျားများ အနေနဲ့လည်း မိမိတို့ရဲ့ သားမယားအပါအဝင် မိမိတို့ရဲ့ သားသမီး စတဲ့ မိသားစုဝင် တွေ ကို ပုတ္တဒါရဿသင်္ဂဟောဆိုတဲ့ မင်္ဂလာတရားတော် နဲ့အညီ မိမိ သားမယား မိသားစုဝင်တွေ ရဲ့ လုပ်ဆောင်ချင်စိတ်၊ လုပ်ဆောင်နိုင်စွမ်း၊ လုပ်ဆောင်ဖို့ အခွင့်အလမ်း စတာတွေ ကို အချိုးညီညီ မျှမျှတတ ဖွံ့ဖြိုးတိုး တက်မြင့်မားလာအောင် ပေးကမ်းချီးမြှင့် ထောက်ပံ့ ဆောင်ရွက် သွားကြပါက တစ်စတစ်စ ဖြင့် မင်္ဂလာရှိစွာ အောင်မြင်လာနိုင်ကြမှာ ဖြစ်ပါတယ်။

•••


မင်္ဂလာရှိစွာ အောင်မြင်ခြင်း

'အနာကုလာစ ကမ္မန္တာ'

ဆယ့်သုံးပါးမြောက် မင်္ဂလာ ကတော့ ...

'အနာကုလာစ ကမ္မန္တာ'

'မိမိလုပ်ကိုင်သော အလုပ်များ ကို စေ့စပ် သေချာစွာ လုပ်ကိုင်ခြင်း'

ဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓက မင်္ဂလာရှိစွာ အောင်မြင်လိုသူတစ်ဦးအနေနဲ့ မိမိလုပ်ကိုင်တဲ့ လုပ်ငန်းဆောင်တာများ ကို စေ့စပ်သေချာ သေသပ်စွာ လုပ်ကိုင်ရမယ်လို့ အတိအလင်း ညွှန်ကြားတော် မူခဲ့ပါတယ်။

မှန်ပါတယ်။ မိမိရဲ့ လုပ်ငန်းခွင်မှာ စေ့စပ် သေချာစွာ လုပ်ကိုင် ဆောင်ရွက်ကြခြင်းအားဖြင့် မိမိကိုယ်တိုင်ကိုရော၊ မိမိရဲ့ လုပ်ဖော်ကိုင်ဖက် တွေ ကိုရော၊ မိမိရဲ့ ဝယ်သူဖောက်သည် (Customer) တွေ ကိုရော ကောင်းမွန်အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ခေတ်သစ်စီမံခန့်ခွဲမှု လောကမှာ တော့ စေ့စပ်သေချာတိကျမှု နဲ့ ပတ်သက်ပြီး-

- စစ်ဆေး (Check)

- ပြန်လည်စစ်ဆေး(Re-Check)

- အထပ်ထပ်ပြန်လည်စစ်ဆေး (Counter-check)

ဆိုပြီး အတိအလင်း ညွှန်ကြားထားတာ ရှိပါတယ်။ လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လေ့ရှိတဲ့ အမှားအယွင်းတွေ ၊ ထိခိုက်နစ်နာဆုံးရှုံးမှု တွေ မှာ ယေဘုယျအားဖြင့် -

- မတော် တဆ ဖြစ်ပွားမှု

- ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်မှု

တို့ကြောင့် ဖြစ်လေ့ရှိရာမှာ လုပ်ငန်းဆောင်တာများ ကို စေ့စပ်သေချာ သေသပ်စွာ ဆောင်ရွက်ကြခြင်းအားဖြင့် မတော် တဆ ဖြစ်ပွားမှု ကြောင့် ဖြစ်ပေါ်တဲ့ အမှားအယွင်းတွေ ၊ ထိခိုက်နစ်နာ ဆုံးရှုံးမှု တွေ ကို လျှော့ချနိုင်ကြမှာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ လုပ်ငန်းဆောင်တာများ ကို တိကျ သေချာဆောင် ဆောင်ရွက်ကြတဲ့နေရာမှာ ပုံမှန်အားဖြင့် -

- မှန်ကန်တဲ့ အချိန်(Right Time)

- မှန်ကန်တဲ့ နေရာ (Right Place)

- မှန်ကန်တဲ့ သူ (Right Person)

- မှန်ကန်တဲ့ စကားလုံး (Right World)

ဖြစ်အောင် ကြိုးစားအားထုတ် ဆောင်ရွက်နိုင်ကြဖို့ လိုအပ်ပါတယ်။

မှန်ကန်တဲ့ အချိန် (Right Time)

လုပ်ငန်းဆောင်တာများ ကို ဆောင်ရွက်တဲ့ နေရာမှာ အချိန်ကိုက် ဆောင်ရွက်နိုင်ဖို့ကလည်း အလွန်အရေး ကြီးပါတယ်။ ဥပမာ-သက်ဆိုင်ရာ မီဒီယာတစ်ခုခုမှာ မိမိတို့ပြုလုပ်မယ့် ဏမသာသအငသည ပွဲကြော်ငြာကို မှားယွင်းပြီး ရက်နောက်ကျ ထည့်မိတာမျိုး၊ ဓာတုဗေဒပစ္စည်းတစ်မျိုးကို ကုန် ထုတ်လုပ်ရာမှာ ထည့်ရမယ့်အချိန်မှာ မထည့်မိတာမျိုး စတာတွေ ဟာ များ စွာ ထိခိုက်နစ်နာစေနိုင်ပါတယ်။

မှန်ကန်တဲ့ နေရာ (Right Place)

နေရာပေါ်မူတည်ပြီးတော့လည်း လုပ်ငန်းဆောင်တာတွေ ၊ အရာဝတ္ထုပစ္စည်းတွေ ရဲ့ အရေး ပါအရာရောက်မှု တွေ ဟာ ကွဲပြားသွားနိုင်ပါ တယ်။ ဥပမာ-တာယာတစ်လုံးဟာ သာမန် လမ်းမပေါ်မှာ တော့ ဘာမှ သိပ်အရေး မပါလှပေမဲ့ သင်္ဘောတစ်စီး နစ်မြုပ်နေတဲ့အချိန်မှာ တော့ ခရီးသည်တွေ အတွက် များ စွာ တန်ဖိုးရှိ နေနိုင်ပါတယ်။ နေရာမှန်ရင် တန်ဖိုးများ စွာ ရှိပြီး နေရာလွဲရင်တော့ အမှိုက် ဖြစ်မယ့် သဘောပါ။

မှန်ကန်တဲ့ သူ (Right Person)

မှန်ကန်တဲ့သူ (Right Person) ဖြစ်ဖို့ကလည်း စေ့စပ်သေသပ်ဖို့ အတွက် အလွန်အရေး ကြီးပါတယ်။ ဥပမာ-လုပ်ငန်းခွင်အတွင်းမှာ အကြွေးတောင်းခံလွှာလိုမျိုး စာရွက်စာတမ်းတွေ ကို အကြွေးမရှိတဲ့ သူတွေ ဆီကို မှားယွင်း ပို့မိတာမျိုးတွေ ၊ ဝယ်သူတွေ ဆီကို သူတို့ဝယ်ယူ ထားတဲ့ပစ္စည်းတွေ ပို့ဆောင်တဲ့အခါမှာ မှားယွင်းပို့တာမျိုးတွေ ဟာ မိမိရဲ့ လုပ်ငန်းကို များ စွာ ထိခိုက်နစ်နာစေပါတယ်။ လက်ရှိမှာ လည်း ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေ မှာ တောင် ဥပမာ-မယ်ဘွဲ့ (Miss) ပေးပြီးတဲ့သူကိုတောင် အမှတ်မှားပေါင်းမိလို့ပါ ဆိုပြီး ပြန်သိမ်း တာမျိုးတွေ တွေ့ နေရပါတယ်။

မှန်ကန်တဲ့ စကားလုံး (Right World)

မှန်ကန်တဲ့စကားလုံးကို ရွေးချယ်သုံးစွဲ ပြောဆိုတတ်မှု ဟာ ဆက်ဆံရေး မှာ သာမကဘဲ စေ့စပ်သေချာ တိကျစွာ ဆောင်ရွက်တတ်မှု အတွက်လည်း အရေး ပါနေပါတယ်။ တစ်ခါတလေမှာ မိမိရဲ့ စိတ်ဆန္ဒ စေတနာက ကောင်းနေပေမဲ့ သင့်လျော်မှန်ကန်တဲ့ စကားလုံး ရွေးချယ် မသုံးစွဲနိုင်တဲ့အတွက် အဆင်မပြေမှု တွေ ၊ အထင်အမြင်လွဲမှားမှု တွေ ၊ ဝေဖန်ခံရမှု တွေ ဖြစ် ပေါ်နေတာလည်း အားလုံးအသိ ဖြစ်ပါတယ်။

စေ့စပ်သေချာမှု နဲ့ ပတ်သက်လို့ ကတော့ စကားလုံးတွေ ဟာ တစ်ခါတလေမှာ အဓိပ္ပာယ် နှစ် ခွ (Unambiguous) ဖြစ်နေနိုင်ပါတယ်။ ဥပမာ-မာကက်တင်း စစ်တမ်းတစ်ခုမှာ -

'သင် ပုံမှန်ဈေးဝယ်ထွက်လေ့ရှိပါသလား'

ဆိုတဲ့မေးခွန်းကို မေးထားတယ် ဆိုပါစို့။ အဲ့ဒီ မေးခွန်းကို လူ ၃ ယောက် က-

'ဟုတ်ကဲ့၊ ပုံမှန်ဈေးဝယ် ထွက်လေ့ရှိပါတယ်' လို့ ဖြေထားပါ တယ်။ ဒါပေမဲ့ သူတို့က 'ပုံမှန်ဈေးဝယ်ထွက်တယ်' ဆိုတာကို သူတို့ရဲ့ ကိုယ်ပိုင် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ နဲ့ အဓိပ္ပာယ် ဖွင့်ဆိုထားကြတာ ဖြစ်တဲ့အတွက်-

'ပထမ တစ်ယောက် ရဲ့ ပုံမှန်ဈေးဝယ်ထွက် တယ်ဆိုတာက တစ်ပတ် တစ်ခါ ဈေးဝယ်ထွက်တာကို ဆိုလိုတာပါ'

'ဒုတိယ တစ်ယောက် ရဲ့ ပုံမှန်ဈေးဝယ်ထွက် တာက သုံးရက် တစ်ခါထွက်တာကို ဆိုလိုတာပါ'

'တတိယ တစ်ယောက် ရဲ့ ပုံမှန်ဈေးဝယ် ထွက်တယ်ဆိုတာက တစ်လ တစ်ခါ ထွက်တယ် ဆိုတာကို ဆိုလိုတာပါ'

ဒီလောက်ဆိုရင်တော့ စကားလုံးတစ်လုံးရဲ့ အဓိပ္ပါယ် သက်ရောက်မှု နဲ့ ရွေးချယ်မှု အကြောင်း ကို နားလည် သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။

မှန်ကန်တိကျသေသပ်စွာ စေ့စပ်သေချာစွာ ဆောင်ရွက်လာ နိုင်တာ နဲ့အမျှ မင်္ဂလာရှိစွာ အောင်မြင်လာနိုင်ကြမှာ ဖြစ်ပါတယ်။

•••


မင်္ဂလာရှိစွာ အောင်မြင်ခြင်း

'ဒါနဉ္စ'

ဆယ့်လေးပါးမြောက် မင်္ဂလာ ကတော့ ...

'ဒါနဉ္စ'

'အလှူပေးခြင်း' ဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓက မင်္ဂလာရှိစွာ အောင်မြင်လိုသူများ အနေနဲ့ အလှူဒါနပြုလုပ်ပေးကမ်း ရမည် ဟုလည်း အတိအလင်း ညွှန်ကြားတော် မူခဲ့ပါသည်။ ဤနေရာတွင် 'ဒါန' ဆိုသည်မှာ 'ထမင်းရည်ချောင်းစီး မောင်းတီးပြီး' လှူသည့် အလှူကြီးအတန်းကြီး များ ကိုသာ ဆိုလိုသည် မဟုတ်ဘဲ လုပ်အားဒါနလှူဒါန်းခြင်း၊ အိမ်နီးနားချင်းများ ကို စားသောက်စရာများ လှူဒါန်းခြင်း စသည်ဖြင့် ဒါနအားလုံး အကျုံးဝင်ကြောင်းကိုလည်း သတိချပ်ကြရမည် ဖြစ်သည်။

စီးပွားရေး လုပ်ငန်းများ အနေဖြင့် လူ့အဖွဲ့အစည်းပေါ် တာဝန် သိတတ်မှု (Corporate Social Responsibility) ဆိုသည်မှာ လည်း ယနေ့ ကမ္ဘာနှင့် အဝန်း ခေတ်စားလာသည့် သဘောတရား တစ်ရပ် ဖြစ် သည်။ ဂေါတမဗုဒ္ဓ ကတော့ ဤသဘောတရားကို လွန်ခဲ့သော နှစ် ပေါင်း ၂၅ဝဝ ကျော်ကတည်းက အတိအလင်း ညွှန်ကြားတော် မူခဲ့ခြင်း ဖြစ်သည်။ မှန်ပါသည်။ စာရေး သူတို့အနေဖြင့် မိမိတို့၏ ဘဝတွင် အောင်မြင် တိုးတက်ကြီးပွား ချမ်းသာလာကြသည်နှင့် အမျှ မိမိတို့၏ ကြွယ်ဝချမ်းသာ မှု များ ကို မိမိတို့၏ လူ့အဖွဲ့အစည်း (Society) ကို မျှဝေပေးကြရပါမည် ။

ဥပမာဆိုရပါက လမ်းတစ်လမ်းထဲတွင် လမ်းအလယ်ရှိ မိမိတို့ အိမ်တစ်အိမ်ထဲ တိုက်နှင့် တာနှင့် ကြွယ်ဝချမ်းသာနေပြီး ကျန်တစ်လမ်း လုံးမှာ ဆင်းရဲမွဲတေ နုံချာနေပါက မိမိအနေဖြင့် လည်း ထိုလမ်းထဲတွင် နေထိုင်ရသည်မှာ သာယာချမ်းမြေ့ပျော်ရွှင်ဖွယ် မကောင်းသလို၊ မိမိတို့၏ စည်းစိမ်ဥစ္စာများ ၏ လုံခြုံရေး ကိုလည်း စိုးရိမ်နေရသည့်သဘော ဖြစ်သည်။ သို့ ဖြစ်၍ မိမိပတ်ဝန်းကျင်ကို ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်ခြင်းသည် မိမိကိုယ်တိုင် ကောင်းမွန် တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေခြင်းလည်း မည် ပေသည်။

အလှူပေးခြင်းအမျိုးမျိုးရှိသည့်အနက် ဓမ္မ အလှူပေးခြင်း၊ စာပေ အလှူပေးခြင်း၊ မိမိ၏ အောင်မြင်မှု (success)ကို မျှဝေအလှူ ပေးခြင်း နှင့် ပတ်သက်၍ အနည်းငယ်ရှင်းလင်း ရေး သားလိုပါသည်။

ဤလောကတွင် ရှိရှိသမျှ သက်ရှိသတ္တဝါ အားလုံးအနက် လူသားများ ကိုသာ 'လူ' ဟုခေါ်တွင် ပြီး ကျန်သတ္တဝါအားလုံးကို 'တိရစ္ဆာန်' ဟု ခေါ်ဆိုရခြင်း အဓိကအကြောင်းအရင်းမှာ လူသားများ ၏ စဉ်းစားချင့်ချိန်နိုင်စွမ်း၊ ဆင်ခြင်တုံတရားများ ကြောင့် ဖြစ်သည်။ တိရစ္ဆာန် လောကတွင် အောင်မြင်မှု (success) ဟူသည် တစ်ကောင် အောင်မြင်ဖို့ အတွက် ကျန်တစ်ကောင် မှာ သေဆုံးပေးရသည်။ ရှုံးနိမ့်ပေးရသည့် (Win-Lose Relationship) ပုံစံမျိုး ဖြစ်သည်။

လူသားလောကမှာ တော့ 'သူတည်း တစ်ယောက် ၊ ကောင်းဖို့ ရောက်မူ၊ သူ တစ်ယောက် ကား ပျက်လင့်ကာသာ ဓမ္မတာတည်း' ဟုဆို သည့်အတိုင်း အမြဲတမ်း တစ်ယောက် နိုင်ဖို့အတွက် ကျန် တစ်ယောက် မှာ ရှုံးနိမ့်ပေးဖို့ မလိုတော့၊ နှစ် ဦးနှစ် ယောက် စလုံး အနိုင်ရရှိ၊ အကျိုးရှိစေနိုင်သည့် (Win-Win Relationship) များ ကို တည်ဆောက်လာနိုင်ပြီ ဖြစ်သည်။

ရွာတစ်ရွာတွင် တစ်ရွာလုံးမှော င်အတိပြီး နေချိန်၌ အိမ်တစ်အိမ် တွင်းမှာ ပဲ ဆီမီးတိုင်တစ်တိုင် ထွန်းလင်းနေသည် ဆိုပါစို့။ အဆိုပါ အိမ်မှ ဆီမီးတိုင်၏ အလင်းကို ရွာရှိ အခြားအိမ်များ သို့ ခွဲဝေထွန်းညှိ ပေးခြင်းအားဖြင့် အဆိုပါ အိမ်ရှိ ဆီမီးတိုင်၏ အလင်းရောင် မှာ မယုတ် လျော့သွားသကဲ့သို့ လူ တစ်ယောက် ၏ အောင်မြင်မှု များ ၊ ကုသိုလ်တရား များ ကိုလည်း အများ သို့ ဝေငှပေးခြင်းအားဖြင့် ယုတ်လျော့သွားရိုး ထုံးစံ မရှိသည့် သဘော ဖြစ်သည်။ သို့ ဖြစ်၍ လူသား တစ်ယောက် အနေဖြင့် ၄င်းအောင်မြင်မှု (success) ကို လူအများ သို့ ဝေငှမျှဝေပေးလေလေ၊ ၄င်းတွင် ပိုမိုတိုးပွားလာလေလေ ဖြစ်သည်။

ဥပမာ- Apple ကုမ္ပဏီကြီး၏ CEO ဖြစ်သူ မစ္စတာ စတိဘ်ဂျော့ အနေဖြင့် ၄င်းကိုယ်တိုင် ၄င်း၏ ဘဝကို အောင်မြင်တိုးတက်လာအောင် ကြိုးစားနိုင်သည်နှင့် အမျှ ယနေ့ Apple ကုမ္ပဏီကြီးတွင် အလုပ်လုပ်ကိုင်နေသည့် အရာရှိကြီးများ ၊ အင်ဂျင်နီယာချုပ်များ စသည့် လူများ စွာ တို့၏ ဘဝများ စွာ ကိုပါ မျှဝေအောင်မြင်လာစေ နိုင်သည့်သဘော ဖြစ်သည်။

ငွေကြေးဥစ္စာ၊ အစာရေစာ၊ အဝတ်အစား၊ အဆောက်အအုံ စသဖြင့် လှူဒါန်းဖွယ်ရာ အလှူပစ္စည်းမျိုး များ စွာ ရှိသည့်အနက် အလှူခံပုဂ္ဂိုလ် များ ၏ ဘဝများ မြင့်မားတိုးတက်လာရေး စိတ်ဓာတ်ရေး ရာ လှူဒါန်းဆောင်ရွက် အားထုတ်နိုင်ပါက အမွန်မြတ်ဆုံး ဖြစ်ပေလိမ့်မည် ။

ကမ္ဘာ့စီမံခန့်ခွဲမှု (Management) လောကတွင် နာမည် ကျော်ကြားသည့် စကားတစ်ခွန်း ရှိသည်-

'စစ်မှန်တဲ့ ခေါင်းဆောင်များ ဟာ နောက်လိုက်တွေ ကို ဘယ်တော့မှ မွေးမထုတ်ဘူး'

'စစ်မှန်တဲ့ ခေါင်းဆောင်များ ဟာ ခေါင်းဆောင်တွေ ကိုသာ မွေးထုတ်ပါတယ်'

ဒီစကားကိုမှီးပြီး စာရေး သူကလည်း အလှူဒါန ပြုခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း ရေး သားလိုပါသည်-

'စစ်မှန်တဲ့လှူဒါန်းသူတွေ ဟာ အလှူခံပုဂ္ဂိုလ်တွေ ပိုမို များ ပြား လာအောင် မလှူဒါန်းဘူး'

'စစ်မှန်တဲ့လှူဒါန်းသူတွေ ဟာ နောက်ထပ် လှူဒါန်းတဲ့သူတွေ များ ပြားလာအောင် မွေးထုတ် ဆောင်ရွက်ကြပါတယ်'

စာရေး သူတို့လည်း ဘဝမှာ စစ်မှန်စွာ လှူဒါန်း လာနိုင်ကြ တာနဲ့အမျှ မင်္ဂလာရှိစွာ အောင်မြင်လာကြမှာ ဖြစ်ပါတယ်။

•••




ဝန်ဇင်းချစ်သူများ လင်းသိုက်ညွှန့် (မြန်မာ့မြေ) ၏ “ မင်္ဂလာရှိစွာ အောင်မြင်ခြင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အောင်မြင်မှုနှင့် HR

သင့်အတွက် အောင်မြင်ရေးဗီတာမင်များ

အောင်မြင်ခြင်း လက်ဆောင်